id stringlengths 16 16 | title stringlengths 3 116 | date stringlengths 11 19 | text stringlengths 2 2.17k | url stringlengths 42 722 |
|---|---|---|---|---|
voa-mm-000000208 | အင်းလေးအတွက် သုတေသန | ၃၀ အောက်တိုဘာ၊ ၂၀၂၃ | အဲဒါအပြင် ကျနော်တို့ တွဲလုပ်ဖြစ်တဲ့အပိုင်းမှာ အများလည်း သိပါတယ်။ | https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html |
voa-mm-000000209 | အင်းလေးအတွက် သုတေသန | ၃၀ အောက်တိုဘာ၊ ၂၀၂၃ | အရင် NLD အစိုးရလက်ထက်မှာ နိုင်ငံတော်အတိုင်ပင်ခံရဲ့ မေတ္တာရပ်ခံချက်နဲ့ မြန်မာနိုင်ငံအစိုးရ ပြီးတော့ JICA ကနေ တိုက်ရိုက်ပဲ အင်းလေးကန်ကြီးရဲ့ ရေဝေရေလဲဒေသတွေ ဖွံ့ဖြိုးကောင်းမွန်ဖို့ ဆိုတဲ့ စီမံကိန်းကို ဂျပန်နိုင်ငံရဲ့ကမ္ဘာလုံးမှာ လိုက်ကူညီပေးနေတဲ့ သစ်တောဆိုင်ရာကျွမ်းကျင်သူတွေ ပေါ့နော်။ | https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html |
voa-mm-000000210 | အင်းလေးအတွက် သုတေသန | ၃၀ အောက်တိုဘာ၊ ၂၀၂၃ | အဲဒီထဲက ဦးဆောင်သူ တယောက်ကတော့ ကျနော်ရဲ့ မိတ်ဆွေကြီးပါ။ | https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html |
voa-mm-000000211 | အင်းလေးအတွက် သုတေသန | ၃၀ အောက်တိုဘာ၊ ၂၀၂၃ | အဲဒါကြောင့်လည်း ကျနော်တို့ တွဲပြီးလုပ်ဖြစ်တဲ့ အပိုင်းလေးတွေ ရှိတယ်။ | https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html |
voa-mm-000000212 | အင်းလေးအတွက် သုတေသန | ၃၀ အောက်တိုဘာ၊ ၂၀၂၃ | သူတို့ကနေပြီးတော့ ရေဝေရေလဲ ဒေသတိုးတက်ဖို့ကို အထူးသဖြင့် အနောက်ဘက်နဲ့ အနောက်မြောက်ဘက်မှာ ရှိတဲ့ တောင်ကြောတွေ ကနေပြီးတော့ အနည်တွေ စုပုံကျတာကိုလျှော့ချဖို့ဆိုပြီးတော့ တိုင်းထွာမှုတွေ အသေးစိတ်လုပ်တယ်။ | https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html |
voa-mm-000000213 | အင်းလေးအတွက် သုတေသန | ၃၀ အောက်တိုဘာ၊ ၂၀၂၃ | လုပ်ပြီးတော့မှ အဲဒါကို တားဆီးဖို့ ဆိုပြီးတော့ ဇကာလို ပုံစံမျိုးတွေ နည်းပညာနဲ့လုပ်ဖို့ဟာတွေနဲ့ ကောင်းမွန်အောင် ပြင်ဆင်တဲ့အပိုင်းတွေကို စလုပ်ဖြစ်နေပါတယ်။ | https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html |
voa-mm-000000214 | အင်းလေးအတွက် သုတေသန | ၃၀ အောက်တိုဘာ၊ ၂၀၂၃ | ဒေါက်တာမိုးကျော်သူပါ။ | https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html |
voa-mm-000000215 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ဆည်ကြီးတွေတည်ဆောက်တာဟာ မြေပြင်ကိုဝန်ပိစေပြီး ငလျင်လို မြေထုလှုပ်ရှားမှုတွေဖြစ်စေတယ်လို့ ဘူမိနည်းပညာ အင်ဂျင်နီယာ ဒေါက်တာချစ်ကိုကိုက ပြောပါတယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000216 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ဘယ်လိုဆက်နွယ်နေတာပါလဲ။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000217 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | မြန်မာနိုင်ငံမှာ တည်ဆောက်ဖို့ စဉ်းစားနေတဲ့ မြစ်ဆုံဒေသကဆည်တွေအတွက်ရော အန္တရာယ်ရှိပါသလား။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000218 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000219 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | မေး။ဆည်ကြီးတွေတည်ဆောက်တာနဲ့ မြေထုလှုပ်ရှားတာကို ဆက်စပ်ပြီး ရှင်းပြပေးပါ။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000220 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ဒေါက်တာချစ်ကိုကို။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000221 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ဆည်တွေတည်ဆောက်တဲ့အခါမှာ ဆည်တည်ဆောက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ငလျင် ဆိုတာကို စပြီးတော့သိရှိလာတာက ၆၀ ခုနှစ်တွေ နောက်ပိုင်းမှာပါ။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000222 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ငလျင်တွေလှုပ်တဲ့အခါ သူက သဘာဝအလျှောက် လှုပ်တဲ့ငလျင်လို့ပဲ လူတွေကယူဆခဲ့ကြတယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000223 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ဆည်ကြောင့် ငလျင်တွေလှုပ်နိုင်ပါလား ဆိုတဲ့ကိစ္စတွေက နည်းပညာတွေ၊ သိပ္ပံပညာတွေ တိုးတက်လာတာ ကနေ သိရှိလာခြင်း ဖြစ်တယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000224 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ဆည်တွေအကြီးကြီးတွေဆောက်တဲ့အခါကျရင် အဲဒီ အကြီးကြီးတွေဆောက်လို့၊ ထွက်ပေါ်လာတဲ့ ငလျင်တွေက ရစ်ချတာစကေး ၆ အကျော်အထိ ဖြစ်တာကို သိရှိလာရတာပေါ့။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000225 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | မေး။ဆည်တည်ဆောက်လို့၊ မြေထုထဲက အခြေအနေတွေ ပြောင်းသွားတာလား။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000226 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ဘာကြောင့် ပြောင်းလဲ။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000227 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ဘယ်လို ပြောင်းလဲ? အဲဒါကို ဘူမိနည်းပညာရှင်တယောက်အနေနဲ့ ရှင်းပြပေးပါ။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000229 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ဆည်တည်ဆောက်လို့ ဖြစ်တဲ့ ငလျင်ပေါ့နော်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000230 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | အဲဒါကို သူတို့က ခေါ်တာက Reservoir Induce Seismicity ဒါမှမဟုတ် Reservoir Triggered Seismicity လို့ အခုနောက်ပိုင်းမှာ ခေါ်လာတာရှိတယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000231 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ကဲ ဟုတ်ပြီ။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000232 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ဆည်ကြောင့်မို့ ငလျင်လှုပ်နိုင်တယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000233 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ဒါဖြင့်ရင် ဘာကြောင့်လဲ။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000234 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | သူ့ရဲ့ အကြောင်းတရားတွေက ဘာတွေလဲ။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000235 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ဆည်တွေက များသောအားဖြင့်က ပြတ်ရွေ့ကြောင်းတွေနဲ့ ဆက်စပ်နေတယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000236 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | အဲဒီ ပြတ်ရွေ့ကြောင်းထဲကို စီးဆင်းလာတဲ့ ရေရဲ့ဖိအားတွေရယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000237 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | နောက်တခါ ဆည်အောက်မှာရှိတဲ့ ဖေါင်းဒေးရှင်းမှာရှိတဲ့ ကျောက်လွှာတွေရဲ့အက်ကွဲကြောင်း သေးသေးလေးတွေထဲကို ရေတွေက ဝင်ပြီးတော့ အဲဒီ ရေတွေရဲ့ပေးတဲ့ဖိအားတွေကြောင့် အဲဒါက pore water pressure ပေါ့ ဒီဥစ္စာက- စောစောကပြောတဲ့ ရေထုအလေးချိန်၊ ဆည်ရဲ့ အလေးချိန်၊ ဒီဆည်ရဲ့အနက် (water column)၊ အဲဒီ ရေထုကမြင့်လေ သူက ပိုပြီးတော့ ငလျင်လှုပ်ဖို့ ... | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000238 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | pressure ရေထု ဖိအားတွက်တဲ့အခါ ကျတော့ သူ့ဖေါ်မြူလာ ရှိတယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000239 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | သူ့ အမြင့် height နဲ့ သိပ်သည်းဆ density ပေါ်မူတည်တယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000240 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ဖိအားများခြင်းသည် သူ့ရဲ့အမြင့်ပေါ် မူတည်နေတယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000241 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | အမြင့်က ပိုလာလေလေ ဖိအားက များလာလေလေဖြစ်တယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000242 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | မေး။ဆိုတော့ ရေရဲ့ ဖိအားပေါ့နော်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000243 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ဒီ ရေရဲ့ဖိအားပေါ်မှာလည်း မူတည်တယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000244 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ဒီငလျင်လှုပ်တာတွေက။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000245 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | နောက် ဘယ်အချက်တွေပေါ်မှာ မူတည်နေပါသေးလဲ။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000247 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | လွယ်လွယ်ကူကူ ပြောရလို့ရှိရင်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000248 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ကျနော်တို့ တုတ်တချောင်းကို အလေးတွေနဲ့ဆွဲဆွဲပေးရင် ဒီတုတ်က ကျိုးတဲ့သဘောရှိတယ်လေ။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000249 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | အဲဒီတော့ ပြတ်ရွေ့ ရှိနေတဲ့နေရာမှာ ဆည်ရဲ့ရေတွေကို ဖိထားတဲ့အခါကျလို့ရှိရင် ပြတ်ရွေ့ကိုလည်း အဲဒီအလေးချိန်ကြောင့် ရွေ့လျားမှုကိုဖြစ်ပေါ်စေတယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000250 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ပြတ်ရွေ့တခု ရွေ့လျားမှုဖြစ်တယ်ဆိုတာက ကျနော်တို့သိတဲ့အတိုင်းပဲ ငလျင်လှုပ်မှုကို ဖြစ်ပေါ်စေတာပါ။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000251 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | နောက်တခုက အရင်တုန်းက ဒါကို မသိရတဲ့အကြောင်းရင်းက ဆည်တွေက သေးတဲ့အခါကျတော့ သူလှုပ်တဲ့ ရစ်ချတာစကေးက ၄ တို့ ၅ တို့ ပတ်ဝန်းကျင် လောက်ပဲရှိတယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000252 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ဆိုတော့ ၄ တို့ ၅ တို့ လောက်ရှိတဲ့ငလျင်သည် ဆည်ရဲ့ ကြံ့ခိုင်မှုကိုလည်း ထိခိုက်ခြင်းမရှိဘူး။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000253 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ပျက်စီးယိုယွင်းမှုကိုလည်း မဖြစ်စေဘူး။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000254 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | အဲဒါ ဆည်ကြီးတွေရှိလာမှ သတိထားမိတာ။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000255 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | မေး။ဆည်နဲ့ ဆက်စပ်ပြီးတော့ ငလျင်လှုပ်တာကို ဆည် ဘယ်လောက် များများမှာ တွေ့ရပါလဲ။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000256 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ဒေါက်တာ ချစ်ကိုကို။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000257 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ဆည်ဆောက်လို့ ဆည်ကြောင့်ဖြစ်တဲ့ငလျင်သည် ကမ္ဘာ့တိုက်ကြီး ၆ ခုမှာ ၁၀၀ ကျော်လောက် ရှိတယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000258 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | မေး။တရုတ်နိုင်ငံက စီချွမ်းငလျင်ဆိုရင် အခုလို ဆည်တည်ဆောက်တာနဲ့ များ ဆက်စပ်နေပါသလား။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000260 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | စီချွမ်းငလျင်က အဲဒီအချိန်က ဇီပင်ပု (Zipingpu) ဆိုတဲ့ဆည်ကို ဆောက်နေတဲ့အချိန်ပါ။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000261 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | အဲဒီ ဆည်ကိုတည်ဆောက်တဲ့အချိန်မှာဖြစ်တာဖြစ်လို့ သူ့ကြောင့်ဖြစ်တဲ့ငလျင် ဖြစ်နိုင်တယ်ဆိုပြီး သုံးသပ်ကြတာရှိတယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000262 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | အဲ တချို့တွေကလည်း မဟုတ်ဘူး။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000263 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ဒါ သဘာဝအလျှောက် ဖြစ်တဲ့ငလျင်ဆိုပြီးတော့ပြောတယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000264 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | အထူးသဖြင့် အမေရိကန် ကိုလံဘီယာတက္ကသိုလ်က Christian Klose က တွက်ပြထားတာရှိတယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000265 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | အဲဒီ ဆည်ရေတွေထည့်လိုက်တဲ့အတွက်ကြောင့်မို့လို့ - ပုံမှန် ကျောက်လွှာတွေ ရွေ့လျားမှု tectonic movement ဟာရဲ့ တနှစ်အတွင်းမှာဆို ၂၅ ဆ ပိုဖြစ် သွားတယ်လို့ ပြောတယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000266 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | သူက အတိအကျ အဲလို တွက်ပြီးပြောတယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000267 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ဒီ စီချွမ် ငလျင်ကလည်း တော်တော်ကြီး လူတွေ အသေအပျောက်များတယ်လေ။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000268 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | လူ ၈ သောင်းလောက် သေတယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000269 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | နောက်တခါ ဒီ ပြတ်ရွေ့ကျောကြီးကလည်း ကီလိုမီတာ ၃၀၀ ကျော် လောက်ထိအောင် အက်ကွဲကြောင်းကြီးဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေ ပြောထားတာဖြစ်ပါတယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000270 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ဒီတရုတ်ပြည်မှာ ဆည်ကြောင့်ဖြစ်တဲ့ငလျင် Reservoir Induce Seismicity ဆိုတာ သေချာပေါက်ဖြစ်တဲ့ ဆည်တခုကတော့ ဇင်ဖင်န် ဂျီရန် Xinfeng jiang ဆိုတဲ့ဆည်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000271 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | အဲဒီဆည်ကတော့ သူက ဂွမ်ဒေါင်းပြည်နယ်မှာရှိတယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000272 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | သူက ၁၀၅ မီတာ မြင့်တယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000273 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | သူ့ရဲ့တာရိုးအရှည်က ၄၆၆ မီတာ ကျော်တယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000274 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | သူက တရုတ်ပြည်မှာ ပထမဆုံး မီတာ ၁၀၀ အထက် ဆောက်တဲ့ဆည်ဖြစ်တယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000275 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | အဲဒီဆည်ရဲ့ ရေသိုလှောင်နိုင်တဲ့ပမာဏ storage capacity က ရေထု ၁၇.၈ ကုဗ ကီလိုမီတာတောင် ရှိတယ်သူက။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000276 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ပြီးတော့ သူ့ရဲ့ ရေမျက်နှာပြင် အကျယ်အဝန်း surface area က စတုရန်းကီလိုမီတာ ၅၇၀ ကျော် လောက်ရှိတယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000277 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | သူတို့က စစချင်း သိတာကတော့ ၁၉၅၉ ခုနှစ်မှာ သူတို့က အဲဒီမှာ ၄ တို့ ၅ တို့ ငလျင်တွေ တော်တော်လှုပ်တယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000278 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ၁၉၆၂ ခုနှစ်မှာတော့ ရစ်ချ်တာစကေး ၆.၁ ရှိတဲ့ ငလျင်လှုပ်တယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000279 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | သူ့ရဲ့ ငလျင်ဗဟိုချက် epicenter က ဆည်ရဲ့အောက် မီတာ ၁၀၀ မှာပဲ ဖြစ်တယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000280 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ဆိုတော့ သဘာဝငလျင်တွေက အဲလောက် မကဘူး။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000281 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | သဘာဝငလျင်တွေက တိမ်မယ်ဆိုရင်တောင်မှ ကီလိုမီတာလောက် သွားနေတာ။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000282 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | အဲဒါက ငလျင်လှုပ်တဲ့ ဗဟိုချက်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000283 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ဆိုတော့ အဲဒါက သေချာပေါက် ဆည်ကြောင့်ပဲ ဖြစ်ရမယ်ဆိုတဲ့ သဘော ရှိတာပေါ့။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000284 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | နောက်ပြီးတော့ ၈၂ မီတာလောက်ရှည်တဲ့ အက်ကွဲကြောင်းကြီးဖြစ်သွားတာပေါ့နော်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000285 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ဒါက သဘာဝငလျင်နဲ့ ဘယ်လိုမှမဆက်စပ်နိုင်ဘူးဆိုတာကို သေချာပေါက်ပြောနိုင်တာပေါ့နော်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000286 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | နောက် အိန္ဒိယမှာလည်း အဲလိုပဲ အလားတူ သေချာပေါက်ပြောနိုင်တဲ့ ကိုအီးနားဆည် (Koyna Dam) ပေါ့။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000287 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | အဲဒီ ဆည်ကလည်း ခုနပြောသလိုပဲ ရစ်ချ်တာ စကေး ၆ အထက်လောက်ရှိတဲ့ မဟာ ရတ်ရှတာ ပြည်နယ်မှာ ရှိတယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000288 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | မေး။အဲဒီ ဆည်က တော်တော် ကြီးလို့လား။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000290 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | သူလည်း ဆည်ကြီးစာရင်းထဲမှာ ပါတယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000291 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | အခု ငလျင်လှုပ်တဲ့ဟာတွေအကုန်လုံးက ဆည်ကြီးစာရင်းထဲမှာ ပါတယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000292 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | မေး။အခု မြန်မာနိုင်ငံ မှာ ကျတော့လည်း ဒီ မြစ်ဆုံ ဘက်မှာ ဆည်တွေ ဆောက်ဖို့ လုပ်နေတယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000293 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ဒါ တခုတည်းတောင်မဟုတ်ဘူး။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000294 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ၇ ခုလောက် ဆောက်မယ် ဆိုတော့။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000295 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ဒါနဲ့ ပတ်သက်ပြီးတော့ သူက ဆည်ကြီး စာရင်းထဲဝင်ပါသလား။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000296 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | နောက် ဒီလို ငလျင်တွေ ဖြစ်ပေါ် စေမယ့် အလားအလာရော ရှိပါသလား။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000298 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ဒီဥစ္စာက အသေအချာဖြစ်စေနိုင်တယ်လို့ ပြောလို့ရပါတယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000299 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | မြန်မာနိုင်ငံမှာ ဆောက်ပြီးသားဆည်ကြီးတွေလည်း ရှိပါတယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000300 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ဒါပေမယ့် မြန်မာနိုင်ငံမှာက သုတေသနပြုချက်တွေ မရှိတာတခုပါပဲ။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000301 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | မြစ်ဆုံဆည်က ဒီ အဓိကပေါ့နော်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000302 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ငလျင်ကိုဖြစ်စေနိုင်တဲ့ အကြောင်းတရားက မြစ်ဆုံဆည်က မေခ ၊ မေလိခနဲ့ နောက်မြစ်ဆုံရယ်ပေါ့။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000303 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | အားလုံးပေါင်း ၇ ခု။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000304 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | အဲဒီအထဲမှာက မြစ်ဆုံကတော့ အကြီးဆုံးပေါ့။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000305 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | မြစ်ဆုံဆည်ရဲ့အမြင့်ကလည်း ၁၃၉ မီတာရှိတယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000306 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ကျန်တဲ့ဆည်တွေကလည်း အလားတူပဲ။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000307 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | ၁၀၀ ကျော်တွေချည်းပဲ။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000308 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | အဲဒီလို ဆည်ကြီးစာရင်းထဲမှာဝင်နေတဲ့အတွက်ကြောင့်မို့လို့။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000309 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | သူတို့ကငလျင်ကို ဖြစ်ပေါ်စေဖို့ရာ အကြောင်းတရား အများကြီးရှိတယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000310 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | အဲဒီလို ရှိရုံတင်မကဘူး။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000311 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | နောက်တခုက အရေးကြီးတာက မြစ်ဆုံမှာ ဆည်တွေဆောက်မယ့် မေခရော မလိခရော မြစ် ၂ ခုစလုံးသည် ဒီ စစ်ကိုင်းပြတ်ရွေ့ကနေ ဖြာထွက်လာတဲ့ ပြတ်ရွေ့ကြောင်း ၂ ကြောင်းပေါ်မှာ ကျနေတယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
voa-mm-000000312 | ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား | ၁၄ မေ၊ ၂၀၂၃ | အဲလိုတင်မကဘဲ နောက်လည်း သူက အောက်ခံကလည်း ပြတ်ရွေ့အခြေခံရှိနေတယ်။ | https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.