id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,342,801 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ဒိဋ္ဌာ၊ မြင်ရသောကြောင့်။ |
1,342,802 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ဒီဝါရတ္တိံ၊ နေ့ညပတ်လုံး။ |
1,342,803 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | န သုပါမိ၊ မကျိန်းစက်နိုင်။ |
1,342,804 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | လိုချင်သောဆု |
1,342,805 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ၇၀။ ဧကရတ္တံ ဝါ၊ တစ်ညဉ့်မျှပင် ဖြစ်သော်လည်းကောင်း။ |
1,342,806 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ဒိရတ္တံ ဝါ၊ နှစ်ညဉ့်မျှပင် ဖြစ်သော်လည်းကောင်း။ |
1,342,807 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ဥမ္မာဒန္တီ၊ ရှင်မ ဥမ္မာဒန္တီသည်။ |
1,342,808 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | မမ၊ ငါ၏။ ဂေဟေ၊ ရွှေနန်းတော်၌။ |
1,342,809 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ဘဝေယျ-ဘဝတု၊ စံနေလာသည် ဖြစ်ပါလေလော့။ |
1,342,810 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ဥမ္မာဒန္တျာ၊ ရှင်မ ဥမ္မာဒန္တီနှင့်။ |
1,342,811 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ရမိတွာန၊ မွေ့လျော်ပျော်ရွှင်၍။ |
1,342,812 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | အဘိပါရကော၊ အဘိပါရက စစ်သူကြီးသည်။ |
1,342,813 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ဘဝ၊ ဖြစ်ဦးလော့။ |
1,342,814 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | တတော ပစ္ဆာ၊ ထို နောင်မှ။ |
1,342,815 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | သိဝိရာဇာ၊ သိဝိမင်းသည်။ |
1,342,816 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | သိယ-ဘဝါဟိ၊ ဖြစ်ဦးတော့။ |
1,342,817 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | စေ ဒဇ္ဇေ၊ ပေးလာငြားအံ့။ |
1,342,818 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | သောစ ဝရော- တဉ္စ ဝရံ၊ ထိုဆုကိုပင်လည်း။ |
1,342,819 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | လဘေထ- လဘေယျ၊ ရချင်လှပါ၏။ |
1,342,820 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | စစ်သူကြီး သိလေပြီ |
1,342,821 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ထိုသိဝိမင်း မြည်တမ်းသောအခါ မှူးတော်မတ်တို့သည် အဘိပါရက စစ်သူကြီးအား ထိုအကြောင်းကို ကြားကြကုန်၏။ |
1,342,822 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | အရှင်စစ်သူကြီး... အရှင်မင်းမြတ်သည် မြို့တော်ကို လက်ယာရစ် လှည့်လည်တော်မူသည်ရှိသော် အရှင်စစ်သူကြီး အိမ်တံခါးသို့ ရောက်တော်မူလျှင် ပြန်လည်တော်မူခဲ့၍ ရွှေနန်းသို့ တက်တော်မူ၏ ဟု အဘိပါရက စစ်သူကြီးအား ကြားကြကုန်၏။ |
1,342,823 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ထိုအခါ အဘိပါရက စစ်သူကြီးလည်း မိမိအိမ်သို့သွားပြီးလျှင် မယားဥမ္မာဒန္တီကို ခေါ်၍ ရှင်မ ဥမ္မာဒန္တီ.အရှင်မင်းမြတ်အား ရှင်မကိုယ်ကို ပြသလော ဟု မေး၏။ |
1,342,824 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | အရှင်ရထားစီး၍လာသော ကြီးသော ဝမ်းဗိုက်ရှိသော၊ ကြီးစွာသော အစွယ်ရှိသောယောက်ျားတစ်ယောက်သည် ရှိ၏။ |
1,342,825 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | အကျွန်ုပ်သည် ထိုဝမ်းဗိုက်ကြီးနှင့် ရထားစီး၍လာသော ယောက်ျားကို မင်းဟူ၍လည်းကောင်း၊ မင်းခစားယောက်ျား ဟူ၍လည်းကောင်း မသိပါ၊ အရှင်တစ်ပါးဟူ၍ ပြောဆိုကြလျှင်ကား လေသာပြတင်းဝ၌ ရပ်လျက်နေ၍ ပန်းတို့ဖြင့် ထိုအရှင်ကို ပစ်လိုက်မိပေ၏။ |
1,342,826 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ထိုအရှင်သည် ထိုပစ်စဉ်ခဏ၌ပင်လျှင် ပြန်လည်၍ သွားလေ၏ဟု ပြောဆိုလေ၏။ |
1,342,827 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | နတ်ပူဇော်ခြင်း |
1,342,828 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ထိုအဘိပါရကသည် မယားဥမ္မာဒန္တီ ပြောဆိုသောစကားကို ကြားရလျှင် ရှင်မသည် ငါ့ကို ဖျက်ဆီးအပ်၏ ဟု ဆို၍ နက်ဖြန်နေ့၌ စောစောကလျှင် နန်းတော်သို့တက်၍ ကျက်သရေရှိသော အိပ်ရာတိုက်ခန်းတံခါးဝ၌ ရပ်၍ ဥမ္မာဒန္တီကို အမှီပြု၍ ယောင်ယမ်းမြည်တမ်းသော သိဝိမင်း၏ အသံကို ကြား၍ ဤမင်းသည် ဥမ္မာဒန္တီ၌ တပ်စွန်းသောစိတ် ရှိသည်ဖြစ်၏။ |
1,342,829 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ဥမ္မာဒန္တီကို မရသည်ရှိသော် သေလတ္တံ့၊ မင်းအားလည်းကောင်း ငါ့အားလည်းကောင်း အကျိုးမရှိခြင်းမှ လွတ်စေ၍ ဤမင်းအား ငါသည် အသက်ကိုပေးခြင်းငှာ သင့်၏ ဟု နှလုံးသွင်း၍ မိမိအိမ်သို့ သွားပြီးလျှင် မြဲမြံလုံခြုံစွာသော အတိုင်အပင်ရှိသော အလုပ်အကျွေး တစ်ယောက်ကိုခေါ်စေ၍ အမောင်... ဤမည်သောအရပ်၌ အခေါင်းရှိသော လူတို့၏ ပူဇော်ရာ သစ်ပင်သည် ရှိ၏။ |
1,342,830 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | အမောင်သည် တစ်စုံတစ်ယောက်သောသူကို မသိစေမူ၍ နေဝင်သည်ရှိသော် ထိုအရပ်သို့သွား၍ သစ်ခေါင်းတွင်း၌ နေနှင့်လော့၊ ငါသည် ထိုလူတို့ပူဇော်ရာ သစ်ပင်၌ ပူဇော်ပသသောအမှုကို ပြုလျက် ထိုအရပ်သို့ ရောက်လျှင် နတ်အား ရှိခိုးလျက် အရှင်နတ်မင်းတို့ အရှင်မင်းမြတ်သည် မြို့တော်ပွဲသဘင် ခံသည်ရှိသော် ကြည့်ရှု ရွှင်မြူးတော်မမူဘဲလျှင် ကျက်သရေရှိသော အိပ်... |
1,342,831 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ငါတို့သည် ထိုအရှင်မင်းကြီး အမူအရာတော်၌ အကြောင်းကို မသိပါကုန်၊ အရှင်မင်းမြတ်သည် နတ်တို့အား များစွာ ကျေးဇူးပြုတော်မူ၏။ |
1,342,832 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | နှစ်စဉ်မပြတ် တစ်ထောင်သော ဥစ္စာကိုစွန့်၍ ပူဇော်ပသသော အမှုကို ပြုတော်မူ၏။ |
1,342,833 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ဤမည်သောသူကို အမှီပြု၍ မြည်တမ်းယောင်ယမ်းတော်မူ၏ ဟု ကြားကုန်၏။ |
1,342,834 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ငါတို့ အရှင်မင်းမြတ်အား ဇီဝိတဒါနကို ပေးပါကုန်လော့ ဟု ဆို၍ တောင်းပန်လာအံ့၊ အမောင်သည် ထိုခဏ၌ အသံကို ဖောက်ပြန်စေ၍ စစ်သူကြီး... သင်တို့အရှင်သိဝိမင်းအား အနာမည်သည်ကား မရှိ။ |
1,342,835 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ထိုသိဝိမင်းကြီးသည်ကား သင့်မယားဖြစ်သော ဥမ္မာဒန္တီ၌ တပ်စွန်းသောစိတ် ရှိ၏။ |
1,342,836 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ထိုဥမ္မာဒန္တီကို အကယ်၍ ရအံ့၊ အသက်ရှင်လတ္တံ့၊ မရအံ့ သေလတ္တံ့။ |
1,342,837 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ထိုသိဝိမင်း အသက်ရှင်ခြင်းကို အကယ်၍ အလိုရှိအံ့၊ ဥမ္မာဒန္တီကို ထိုမင်းအား ပေးလော့ ဟု ဆိုလော့ ဟု ထိုအလုပ်အကျွေးကို သင်၍ လွှတ်လိုက်၏။ |
1,342,838 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ထိုအလုပ်အကျွေးလည်း သွားလေ၍ ထိုသစ်ပင်ခေါင်း၌ ဝင်အောင်းနေနှင့်၍ နက်ဖြန် မိုးသောက်သောနေ့၌ စစ်သူကြီးသည် အမတ်အပေါင်း ခြံရံလျက် ထိုအရပ်သို့သွား၍ ခစားတောင်းပန်သည်ရှိသော် ထိုစစ်သူကြီးမှာ လိုက်တိုင်းဆို၏။ |
1,342,839 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | အခစားဝင်ပြီ |
1,342,840 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | စစ်သူကြီး အဘိပါရကသည် ကောင်းပြီ ဟု ဆို၍ နတ်ကို ရှိခိုးလျက် အမတ်တို့ကို ကြားသိစေပြီးလျှင် မြို့သို့ ဝင်သဖြင့် နန်းတော်သို့တက်၍ ကျက်သရေရှိသော အိပ်ရာတိုက်ခန်း တံခါးကို ခေါက်၏။ |
1,342,841 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | သိဝိမင်းသည် သတိကိုဖြစ်စေ၍ ဤသူသည် အဘယ်သူနည်း ဟု မေး၏။ |
1,342,842 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | အရှင်မင်းမြတ်... အကျွန်ုပ် အဘိပါရကပါတည်း ဟု တင်လျှောက်၏။ |
1,342,843 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ထိုသို့ တင်လျှောက်သောအခါ သိဝိမင်းသည် ထိုအိပ်ရာတိုက်ခန်း တံခါးကို ဖွင့်တော်မူ၏။ |
1,342,844 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | မယားကို လှူခြင်း |
1,342,845 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ထိုအဘိပါရကသည် အိပ်ရာတိုက်ခန်းသို့ဝင်၍ သိဝိမင်းကို ရှိခိုးလျက် အကြောင်းကို တင်လျှောက်လိုရကား- |
1,342,846 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ၇၁။ ဘူတာနိ မေ ဘူတပတီ နမဿတော၊အာဂမ္မ ယက္ခော ဣဒမေတဒဗြဝိ။ |
1,342,847 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ရညော မနော ဥမ္မာဒန္တျာ နိဝိဋ္ဌော၊ဒဒါမိ တေ တံ ပရိစာရယဿု။ |
1,342,848 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ၇၁။ ဒေဝ၊ အရှင်မင်းမြတ်။ |
1,342,849 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ဘူတာနိ၊ နတ်တို့ကို။ |
1,342,850 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | နမဿတော၊ ရှိခိုးသော။ |
1,342,851 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ဘူတပတီ၊ နတ်တကာတို့၏ အရှင်ဖြစ်သော။ |
1,342,852 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ယက္ခော၊ နတ်မင်းသည်။ |
1,342,853 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ရညော၊ သင်တို့အရှင်သိဝိမင်း၏။ |
1,342,854 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | မနော၊ စိတ်တော်သည်။ |
1,342,855 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ဥမ္မဒန္တျာ၊ ဥမ္မာဒန္တီ အမည်ရှိသော မိန်းမ၌။ |
1,342,856 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | နိဝိဋ္ဌော၊ သက်ဝင်တော်မူ၏။ |
1,342,857 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | တံ၊ ထိုဥမ္မာဒန္တီကို။ |
1,342,858 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | တုမှာကံ၊ အရှင်မင်းမြတ်တို့၏။ |
1,342,859 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ပရိစာရိကံ၊ အလုပ်အကျွေးတော်ကို။ |
1,342,860 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ဒဒါမိ၊ ဆက်ပါ၏။ |
1,342,861 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | တာယ၊ ထို ဥမ္မာဒန္တီအမည်ရှိသော မိန်းမနှင့်။ |
1,342,862 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ပရိစာရယဿု၊ မွေ့လျော် စံပျော်တော်မူပါလော့။ |
1,342,863 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ရှက်၍ အလှူမခံ |
1,342,864 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ထိုသို့ တင်လျှောက်သောအခါ အဘိပါရက စစ်သူကြီးကို သိဝိမင်းသည် အရွယ်တူ အဘိပါရက၊ ဥမ္မာဒန္တီ၌ တပ်စွန်းတော်မူသော စိတ်ရှိသည်၏အဖြစ်ကြောင့် ယောင်ယမ်း မြည်တမ်းတော်မူသည်၏အဖြစ်ကို နတ်တို့သည်လည်း သိကြချေကုန်ပြီလော ဟု မေးတော်မူ၏။ |
1,342,865 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | အရှင်မင်းမြတ်... သိကြလေကုန်ပြီ ဟု တင်လျှောက်၏။ |
1,342,866 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ခပ်သိမ်းသော လောကသည် ငါယုတ်မာသည်၏ အဖြစ်ကို သိကြချေကုန်သတတ် ဟု ထိုသိဝိမင်းသည် သူတော်ကောင်းသဘော၌ တည်၍ စစ်သူကြီး အဘိပါရကအား အကြောင်းကို ပြန်ကြားတော်မူလိုရကား- |
1,342,867 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ၇၂။ ပုညာ စ ဓံသေ အမရော န စမှိ၊ဇနော စ မေ ပါပမိဒဉ္စ ဇညာ။ |
1,342,868 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ဘုသော စ တျဿ မနသော ဝိဃာတာ၊ဒတွာ ပိယံ ဥမ္မာဒန္တိံ အဒဋ္ဌာ။ |
1,342,869 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ၇၂။ သမ္မ အဘိပါရက၊ အရွယ်တူ အဘိပါရက။ |
1,342,870 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | တာယ၊ ထိုဥမ္မာဒန္တီနှင့်။ |
1,342,871 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ကိလေသဝသေန၊ ကိလေသာ၏ အစွမ်းအားဖြင့်။ |
1,342,872 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ပရိစာရော၊ စံစားမွေ့လျော် ပျော်ရွှင်တော်မူချေက။ |
1,342,873 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ပုညာ စ၊ ကောင်းမှုမှလည်း။ |
1,342,874 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ဓံသေ၊ ရွေ့လျောရာ၏။ |
1,342,875 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | အမရော စ၊ မသေမကျေ နေရသည်လည်း။ |
1,342,876 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | န အမှိ၊ မဖြစ်ချေ။ |
1,342,877 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ဇနော စ၊ လူအပေါင်းသည်လည်း။ |
1,342,878 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | မေ၊ ငါ၏။ ဣဒံ ပါပဉ္စ၊ ဤ ယုတ်မာသည်၏ အဖြစ်ကိုလည်း။ |
1,342,879 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ဇညာ၊ သိရာချေ၏။ |
1,342,880 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | တဝ၊ သင်၏။ ပိယံ၊ မယားဖြစ်သော။ |
1,342,881 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ဥမ္မာဒန္တိံ၊ ဥမ္မာဒန္တီကို။ |
1,342,882 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ဒတွာ၊ ဆက်သ၍။ |
1,342,883 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | အဒဋ္ဌာ၊ မမြင်ရသောကြောင့်။ |
1,342,884 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ဘုသော- ဧကန္တေန၊ စင်စစ်သဖြင့်။ |
1,342,885 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | တေ-တဝ၊ သင့်အား။ |
1,342,886 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ဝိဃာတော စ၊ ပင်ပန်းခြင်းသည်လည်း။ |
1,342,887 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | အဿ၊ ဖြစ်လေရာ၏။ |
1,342,888 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ထပ်ကာလှူ၍ ငြင်းဆန်ပုံများ |
1,342,889 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ထို့နောင်မှ အဘိပါရက စစ်သူကြီးသည် အကြောင်းနှင့်တကွ တင်လျှောက်၍ ဥမ္မာဒန္တီကို ဆက်သပြန်လိုရကား- |
1,342,890 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ၇၃။ ဇနိန္ဒ နာညတြ တယာ မယာ ဝါ၊သဗ္ဗာပိ ကမ္မဿ ကတဿ ဇညာ။ |
1,342,891 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ယံ တေ မယာ ဥမ္မာဒန္တီ ပဒိန္နာ၊ဘုသေဟိ ရာဇာ ဝနထံ သဇာဟိ။ |
1,342,892 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ၇၃။ ဇနိန္ဒ၊ လူတို့ကို အစိုးရတော်မူသောမင်းမြတ်။ |
1,342,893 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | တယာ ဝါ၊ အရှင်မင်းမြတ်ကို လည်းကောင်း။ |
1,342,894 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | မယာ ဝါ၊ အကျွန်ုပ်ကို လည်းကောင်း။ |
1,342,895 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | သဗ္ဗာပိ ပဇာ၊ အလုံးစုံသော လူတို့သည်လည်း။ |
1,342,896 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ကတဿ၊ ဥမ္မာဒန္တီကို ဆက်သခြင်းကို ပြုအပ်သော။ |
1,342,897 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ကမ္မဿ၊ အမှုကို။ |
1,342,898 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | န ဇည- န ဇာနိဿန္တိ၊ မသိကုန်လတ္တံ့။ |
1,342,899 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ယံ ယေန ကာရဏေန၊ အကြင့်ကြောင့်။ |
1,342,900 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥမ္မာဒန္တီဇာတ် | ဥမ္မာဒန္တီ၊ ဥမ္မာဒန္တီကို။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.