id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,352,901
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၅၈။ မည်သူမျှ စီမံခန့်ခွဲရေးနည်းလမ်းအရ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လက်မှတ်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုသည့်ကာလအတွင်း အဆိုပါ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကို ဖွင့်လှစ်ခြင်းမပြုရ။
1,352,902
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၅၉။ မည်သူမျှ-
1,352,903
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(က) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လျှောက်လွှာတွင် အချက်အလက်များကို မမှန်မကန်ဖော်ပြခြင်းမပြုရ၊
1,352,904
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ မှတ်ပုံတင်လက်မှတ်ပါ အချက်အလက်တစ်ခုခုကို ကြီးကြပ်ရေးအဖွဲ့ သို့မဟုတ် သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ပြင်ဆင် ပြောင်းလဲခြင်း မပြုရ၊
1,352,905
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဂ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့်စပ်လျဉ်း၍ မမှန်မကန်ကြော်ငြာခြင်း မပြုရ၊
1,352,906
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဃ) ဤဥပဒေနှင့်အညီ မှတ်ပုံတင်ထားခြင်းမရှိဘဲ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းအဖြစ် ကြော်ငြာခြင်း မပြုရ၊
1,352,907
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(င) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လက်မှတ်ကို အခြားသူ သို့မဟုတ် အဖွဲ့အစည်း တစ်ခုခုအား လွှဲပြောင်းသုံးစွဲခွင့် မပြုရ၊
1,352,908
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(စ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကို ကြီးကြပ်ရေးအဖွဲ့ သို့မဟုတ် သက်ဆိုင်ရာ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ အပြီးပိတ်သိမ်းခြင်း သို့မဟုတ် အချင်းချင်းပေါင်းစည်းခြင်း မပြုရ။
1,352,909
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၆၀။ မည်သူမျှ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏အမည်နှင့်စပ်လျဉ်း၍ ပြည်တွင်း သို့မဟုတ် ပြည်ပရှိကျောင်း သို့မဟုတ် ပညာရေးအဖွဲ့အစည်းတစ်ခုခုနှင့် တရားဝင်ပေါင်းစပ်မှုရှိသည်ဟု အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေသော အမည်နှင့် အသုံးအနှုန်းများကို သုံးစွဲခြင်းမပြုရ။
1,352,910
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၆၁။ မည်သူမျှ ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ်မရှိသောသူကို ပုဂ္ဂလိကကျောင်းဆရာအဖြစ် ခန့်အပ်ခြင်း သို့မဟုတ် သင်ကြားစေခြင်း မပြုရ။
1,352,911
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၆၂။ မည်သူမျှ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ ပရိဝုဏ် သို့မဟုတ် အဆောက်အဦတွင် ဥပဒေနှင့် ဆန့်ကျင်သော လုပ်ဆောင်မှုများ၊ အများပြည်သူကို ထိခိုက်နစ်နာစေသော လုပ်ဆောင်မှုများ၊ ကျောင်းလုပ်ငန်းနှင့် လျော်ကန်မှုမရှိသော လုပ်ဆောင်မှုများ မပြုလုပ်ရ။
1,352,912
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၆၃။ မည်သူမျှ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းတွင် နိုင်ငံတော်တည်ငြိမ်ရေး၊ လုံခြုံရေး၊ သို့မဟုတ် အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေနိုင်သော လုပ်ရပ်များ မပြုလုပ်ရ။
1,352,913
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၆၄။ မည်သူမျှ ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ်မရှိဘဲပုဂ္ဂလိကကျောင်းဆရာအဖြစ် ဆောင်ရွက်ခြင်း မပြုရ။
1,352,914
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၆၅။ မည်သူမျှ စီမံခန့်ခွဲရေးနည်းလမ်းအရ ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ကို ကာလ အကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုသည့် ကာလအတွင်း ပုဂ္ဂလိကကျောင်း ဆရာအဖြစ် ဆောင်ရွက်ခြင်းမပြုရ။
1,352,915
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၆၆။ မည်သူမျှ-
1,352,916
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(က) ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လျှောက်လွှာတွင် အချက်အလက်များကို မမှန်မကန်ဖော်ပြခြင်း မပြုရ၊
1,352,917
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ပါ အချက်အလက်တစ်ခုခုကို ခွင့်ပြုချက်မရဘဲ ပြင်ဆင် ပြောင်းလဲခြင်းမပြုရ၊
1,352,918
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဂ) ပုဂ္ဂလိကကျောင်းဆရာမှတ်ပုံတင်လက်မှတ်ကိုအခြားသူအား လွှဲပြောင်းခြင်းမပြုရ။
1,352,919
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၆၇။ မည်သူမျှ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများတွင် ဘာသာရေးကို ထိခိုက်စေမည့် အကြောင်းအရာများ၊ မြန်မာ့ယဉ်ကျေးမှုနှင့် မလျော်ညီသော အကြောင်းအရာများကို ဟောပြောခြင်း၊ ပို့ချခြင်း၊ ထည့်သွင်း ပြောကြားခြင်း၊ သင်ကြားခြင်း၊ ဆွေးနွေးခြင်း သို့မဟုတ် ထိုသို့ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ခြင်းမပြုရ။
1,352,920
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၆၈။ မည်သူမျှ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများတွင် နိုင်ငံတော်မူဝါဒနှင့် ဆန့်ကျင်သော ပါတီနိုင်ငံရေးဆိုင်ရာ အကြောင်းအရာများနှင့် နိုင်ငံရေးအကြောင်းအရာများကို ဟောပြောခြင်း၊ ပို့ချခြင်း၊ ထည့်သွင်းပြောကြားခြင်း၊ သင်ကြားခြင်း၊ ဆွေးနွေးခြင်း သို့မဟုတ် ထိုသို့ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက် ခြင်း မပြုရ။
1,352,921
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၆၉။ ကိုယ်ပိုင်သို့မဟုတ် ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လက်မှတ်တွင် ဖော်ပြထားသူမှအပ မည်သူမျှ တည်ထောင်သူနှင့် စီမံအုပ်ချုပ်သူအဖြစ် ဆောင်ရွက်ခြင်းမပြုရ။
1,352,922
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၇၀။ မည်သူမဆို ပုဒ်မ ၅၇ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကိုထောင်ဒဏ်အနည်းဆုံးတစ်နှစ်မှ အများဆုံးနှစ်နှစ်ထိဖြစ်စေ၊ ငွေဒဏ်အနည်း ဆုံး ကျပ်သိန်း ၃ဝ၀ မှ အများဆုံး ကျပ်သိန်း ၅၀၀ ထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
1,352,923
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၇၁။ မည်သူမဆို ပုဒ်မ ၅၈ ၊ ပုဒ်မ ၅၉ နှင့် ပုဒ်မ ၆၀ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံး ခြောက်လမှ အများဆုံးတစ်နှစ်ထိဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး ကျပ်သိန်း ၂၀၀ မှ အများဆုံး ကျပ်သိန်း ၃၀၀ ထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
1,352,924
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၇၂။ မည်သူမဆို ပုဒ်မ ၆၁၊ ပုဒ်မ ၆၂ နှင့် ပုဒ်မ ၆၃ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံးတစ်နှစ်မှ အများဆုံး နှစ်နှစ်ထိဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး ကျပ်သိန်း ၃ဝဝ မှ အများဆုံး ကျပ်သိန်း ၅၀၀ ထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။
1,352,925
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၇၃။ မည်သူမဆို ပုဒ်မ ၆၄ နှင့် ပုဒ်မ ၆၅ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်အနည်းဆုံး ကျပ်သိန်း ၃၀မှ အများဆုံး ကျပ်သိန်း ၅၀ ထိချမှတ်ရမည်။
1,352,926
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၇၄။ မည်သူမဆို ပုဒ်မ ၆၆၊ ပုဒ်မ ၆၇ နှင့် ပုဒ်မ ၆၈ ပါတားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံးခြောက်လမှ အများဆုံး တစ်နှစ်ထိဖြစ်စေ၊ ငွေဒဏ် အနည်းဆုံး ကျပ်သိန်း ၃၀ မှ အများဆုံး ကျပ်သိန်း ၅၀ ထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
1,352,927
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၇၅။ မည်သူမဆို ပုဒ်မ ၆၉ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကိုထောင်ဒဏ်အနည်းဆုံးခြောက်လမှ အများဆုံး တစ်နှစ်ထိဖြစ်စေ၊ ငွေဒဏ် အနည်းဆုံး ကျပ်သိန်း ၅၀ မှ အများဆုံး ကျပ်သိန်း ၁၀၀ ထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
1,352,928
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၇၆။ တည်ထောင်သူ သို့မဟုတ် စီမံအုပ်ချုပ်သူသည် ငွေကြေး၊ စက်ပစ္စည်း၊ ကျောင်းသုံးပစ္စည်း၊ နည်းပညာ၊ မူပိုင်ခွင့်အခွင့်အရေး၊ မြေ၊ အဆောက်အအုံ၊ စာသင်ခန်း၊ ပရိဘောဂတို့ကို လှူဒါန်းရရှိခြင်းဖြစ်လျှင် လှူဒါန်းခြင်းသဘောတူညီမှု အထောက်အထား၊ လှူဒါန်းသူအမည်၊ လှူဒါန်းပစ္စည်းအမျိုးအစားနှင့် အရေအတွက်၊ လိုအပ်သော အထောက်အထားများနှင့် ၎င်းတို့ကို အသုံးပြုမှုနှင့် စီမံခန့်ခွဲမှုတို့ကို တိကျစွာ ဖော်ပြထားသော မှတ်တမ်းထားရှိရမည်။
1,352,929
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၇၇။ ဤဥပဒေအရ ချမှတ်သည့် စီမံခန့်ခွဲရေးဆိုင်ရာပြစ်ဒဏ်သည် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်း အရဖြစ်စေ အရေးယူခြင်းကို ပိတ်ပင်ခြင်းမရှိစေရ။
1,352,930
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၇၈။ ဤဥပဒေအရ -
1,352,931
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(က) အရေးယူသောပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။
1,352,932
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) တရားစွဲဆိုရာတွင် ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုမိန့် ရယူရမည်။
1,352,933
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဂ) ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူတစ်ဦးကို နစ်နာသူက မိမိ၏နစ်နာမှုအတွက် တရားမကြောင်းအရ လည်း တရားစွဲဆိုနိုင်သည်။
1,352,934
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၇၉။ ကိုယ်ပိုင်သို့မဟုတ်ပုဂ္ဂလိကကျောင်းသည်မှတ်ပုံတင်လက်မှတ် ရရှိသည့်နေ့မှစ၍ ၎င်း၏အမည်၊ အမှတ်တံဆိပ်တို့ဖြင့် ဆောင်ရွက်ပိုင်ခွင့်၊ စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုခွင့်နှင့် တရားစွဲဆိုခံပိုင်ခွင့် ရှိစေရမည်။
1,352,935
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၈၀။ ဤဥပဒေအာဏာမတည်မီ တည်ထောင်ထားသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ အားလုံးသည် ဤဥပဒေအာဏာ တည်သည့်နေ့မှစ၍ တစ်နှစ်အတွင်း ဤဥပဒေနှင့်အညီ မှတ်ပုံတင်၍ ဆောင်ရွက်ရမည်။
1,352,936
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၈၁။ (က) ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေ (၂၀၁၁ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၄) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
1,352,937
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည့် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေအရ ထုတ်ပြန်ခဲ့သော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းများနှင့် စည်းကမ်းများကို ဤဥပဒေနှင့် မဆန့်ကျင်ပါက ဆက်လက်ကျင့်သုံးနိုင်သည်။
1,352,938
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၈၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် -
1,352,939
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(က) ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
1,352,940
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
1,352,941
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဂ) ကြီးကြပ်ရေးအဖွဲ့နှင့် ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့တို့သည် အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။
1,352,942
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကျွန်ုပ် လက်မှတ်ရေးထိုး သည်။
1,352,943
မြန်မာနိုင်ငံ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ခုနှစ်၊ ရေချိုငါးလုပ်ငန်းဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ
၁။ ဤဥပဒေကို ရေချိုငါးလုပ်ငန်းဥပဒေကို ရုပ်သိမ်းသည့်ဥပဒေဟု ခေါ်တွင်စေရမည်။
1,352,944
မြန်မာနိုင်ငံ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ခုနှစ်၊ ရေချိုငါးလုပ်ငန်းဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ
၂။ ရေချိုငါးလုပ်ငန်းဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁/၉၁) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
1,352,945
မြန်မာနိုင်ငံ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ခုနှစ်၊ ရေချိုငါးလုပ်ငန်းဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ်ရေးထိုး သည်။
1,352,946
မြန်မာနိုင်ငံ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ခုနှစ်၊ ရေချိုငါးလုပ်ငန်းဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ
Category:Category:မြန်မာနိုင်ငံ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဥပဒေများ
1,352,947
လင်္ကာ, မြန်မာဘာသာ, မြန်မာကဗျာများ, ယဉ်ကျေးလိမ္မာ, ဝတ်ရွတ်စဉ်
၅၂၈-သွယ် မေတ္တာပို့
၁။ သတ္တမည်ကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
1,352,948
လင်္ကာ, မြန်မာဘာသာ, မြန်မာကဗျာများ, ယဉ်ကျေးလိမ္မာ, ဝတ်ရွတ်စဉ်
၅၂၈-သွယ် မေတ္တာပို့
၂။ ပါဏ မည်ကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
1,352,949
လင်္ကာ, မြန်မာဘာသာ, မြန်မာကဗျာများ, ယဉ်ကျေးလိမ္မာ, ဝတ်ရွတ်စဉ်
၅၂၈-သွယ် မေတ္တာပို့
၃။ ဘူတမည်ကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
1,352,950
လင်္ကာ, မြန်မာဘာသာ, မြန်မာကဗျာများ, ယဉ်ကျေးလိမ္မာ, ဝတ်ရွတ်စဉ်
၅၂၈-သွယ် မေတ္တာပို့
၄။ ပုဂ္ဂလမည်ကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
1,352,951
လင်္ကာ, မြန်မာဘာသာ, မြန်မာကဗျာများ, ယဉ်ကျေးလိမ္မာ, ဝတ်ရွတ်စဉ်
၅၂၈-သွယ် မေတ္တာပို့
၅။ ခန္ဓာရှိကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
1,352,952
လင်္ကာ, မြန်မာဘာသာ, မြန်မာကဗျာများ, ယဉ်ကျေးလိမ္မာ, ဝတ်ရွတ်စဉ်
၅၂၈-သွယ် မေတ္တာပို့
၆။ မိန်းမမည်ကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
1,352,953
လင်္ကာ, မြန်မာဘာသာ, မြန်မာကဗျာများ, ယဉ်ကျေးလိမ္မာ, ဝတ်ရွတ်စဉ်
၅၂၈-သွယ် မေတ္တာပို့
ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း ခညောင်း ကြပါစေ။
1,352,954
လင်္ကာ, မြန်မာဘာသာ, မြန်မာကဗျာများ, ယဉ်ကျေးလိမ္မာ, ဝတ်ရွတ်စဉ်
၅၂၈-သွယ် မေတ္တာပို့
၇။ ယောက်ျားမည်ကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
1,352,955
လင်္ကာ, မြန်မာဘာသာ, မြန်မာကဗျာများ, ယဉ်ကျေးလိမ္မာ, ဝတ်ရွတ်စဉ်
၅၂၈-သွယ် မေတ္တာပို့
၈။ အရိယာဖြစ်ကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
1,352,956
လင်္ကာ, မြန်မာဘာသာ, မြန်မာကဗျာများ, ယဉ်ကျေးလိမ္မာ, ဝတ်ရွတ်စဉ်
၅၂၈-သွယ် မေတ္တာပို့
၉။ ပုထုဇဉ်ဖြစ်ကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
1,352,957
လင်္ကာ, မြန်မာဘာသာ, မြန်မာကဗျာများ, ယဉ်ကျေးလိမ္မာ, ဝတ်ရွတ်စဉ်
၅၂၈-သွယ် မေတ္တာပို့
၁၀။ နတ်ဗြဟ္မာမည်ကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
1,352,958
လင်္ကာ, မြန်မာဘာသာ, မြန်မာကဗျာများ, ယဉ်ကျေးလိမ္မာ, ဝတ်ရွတ်စဉ်
၅၂၈-သွယ် မေတ္တာပို့
၁၁။ လူသားမည်ကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
1,352,959
လင်္ကာ, မြန်မာဘာသာ, မြန်မာကဗျာများ, ယဉ်ကျေးလိမ္မာ, ဝတ်ရွတ်စဉ်
၅၂၈-သွယ် မေတ္တာပို့
၁၂။ ဝိနိပါတိက၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
1,352,960
လင်္ကာ, မြန်မာဘာသာ, မြန်မာကဗျာများ, ယဉ်ကျေးလိမ္မာ, ဝတ်ရွတ်စဉ်
၅၂၈-သွယ် မေတ္တာပို့
၁။ အရှေ့အရပ်နေကြ၊ များလှစွာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
1,352,961
လင်္ကာ, မြန်မာဘာသာ, မြန်မာကဗျာများ, ယဉ်ကျေးလိမ္မာ, ဝတ်ရွတ်စဉ်
၅၂၈-သွယ် မေတ္တာပို့
၂။ အရှေ့တောင်အရပ်နေကြ၊ များပြားလှစွာ၊ သတ္ထဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
1,352,962
လင်္ကာ, မြန်မာဘာသာ, မြန်မာကဗျာများ, ယဉ်ကျေးလိမ္မာ, ဝတ်ရွတ်စဉ်
၅၂၈-သွယ် မေတ္တာပို့
၃။ တောင်အရပ်နေကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
1,352,963
လင်္ကာ, မြန်မာဘာသာ, မြန်မာကဗျာများ, ယဉ်ကျေးလိမ္မာ, ဝတ်ရွတ်စဉ်
၅၂၈-သွယ် မေတ္တာပို့
၄။ အနောက်တောင်အရပ်နေကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
1,352,964
လင်္ကာ, မြန်မာဘာသာ, မြန်မာကဗျာများ, ယဉ်ကျေးလိမ္မာ, ဝတ်ရွတ်စဉ်
၅၂၈-သွယ် မေတ္တာပို့
၅။ အနောက်အရပ်နေကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
1,352,965
လင်္ကာ, မြန်မာဘာသာ, မြန်မာကဗျာများ, ယဉ်ကျေးလိမ္မာ, ဝတ်ရွတ်စဉ်
၅၂၈-သွယ် မေတ္တာပို့
၆။ အနောက်မြောက်အရပ်နေကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
1,352,966
လင်္ကာ, မြန်မာဘာသာ, မြန်မာကဗျာများ, ယဉ်ကျေးလိမ္မာ, ဝတ်ရွတ်စဉ်
၅၂၈-သွယ် မေတ္တာပို့
၇။ မြောက်အရပ်နေကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
1,352,967
လင်္ကာ, မြန်မာဘာသာ, မြန်မာကဗျာများ, ယဉ်ကျေးလိမ္မာ, ဝတ်ရွတ်စဉ်
၅၂၈-သွယ် မေတ္တာပို့
၈။ အရှေ့မြောက်အရပ်နေကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
1,352,968
လင်္ကာ, မြန်မာဘာသာ, မြန်မာကဗျာများ, ယဉ်ကျေးလိမ္မာ, ဝတ်ရွတ်စဉ်
၅၂၈-သွယ် မေတ္တာပို့
၉။ အထက်အရပ်နေကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
1,352,969
လင်္ကာ, မြန်မာဘာသာ, မြန်မာကဗျာများ, ယဉ်ကျေးလိမ္မာ, ဝတ်ရွတ်စဉ်
၅၂၈-သွယ် မေတ္တာပို့
၁၀။ အောက်အရပ်နေကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
1,352,970
လင်္ကာ, မြန်မာဘာသာ, မြန်မာကဗျာများ, ယဉ်ကျေးလိမ္မာ, ဝတ်ရွတ်စဉ်
၅၂၈-သွယ် မေတ္တာပို့
၁၁။ ဤသို့ပြုရ၊ ကုသလ အဖုံဖုံ၊ အစုံစုံ အဝဝ၊ အဖို့ဘာဂ၊ အမျှ အမျှ ဝေ။
1,352,971
လင်္ကာ, မြန်မာဘာသာ, မြန်မာကဗျာများ, ယဉ်ကျေးလိမ္မာ, ဝတ်ရွတ်စဉ်
၅၂၈-သွယ် မေတ္တာပို့
၁၂။ နတ်ဗြဟ္မာထု၊ ဤကောင်းမှု၊ သာဓု ခေါ်ပါစေ။
1,352,972
လင်္ကာ, မြန်မာဘာသာ, မြန်မာကဗျာများ, ယဉ်ကျေးလိမ္မာ, ဝတ်ရွတ်စဉ်
၅၂၈-သွယ် မေတ္တာပို့
၁၃။ လူနတ်ဗြဟ္မာ၊ သတ္တဝါထု၊ ဤကောင်းမှု၊ သာဓု သာဓု သာဓု ခေါ်ပါစေ. . .