title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
လေ့ကျင့်ခန်းလုပ် ခြင်းကြောင့် အိပ်စက်ခြင်းကို ထိခိုက်စေနိုင်လား
လေ့ကျင့်ခန်းလုပ် တာနဲ့ ပတ်သက်ပြီးအိပ်ချိန်နဲ့ အရမ်းနီးကပ်အောင် မလုပ်သင့်ဘူးလို့ ပြောတာ ကြားဖူးကြမှာပါ။ ဘာကြောင့်လဲဆိုတော့ အိပ်ခါနီးအချိန်နဲ့ နီးနေတော့မှ ကိုယ်ကာယလေ့ကျင့်ခန်းကို အပြင်းအထန် လုပ်တဲ့အခါကြွက်သားတွေ နာကျင်တာ၊ ဦးနှောက်က နိုးကြားတက်ကြွတဲ့ ဟော်မုန်းတွေ အဆက်မပြတ် ထုတ်လုပ်နေတာ၊ မောပန်းမှုကြောင့် ဗိုက်ဆာလာတာတွေ ဖြစ်နိုင်လို့ပါပဲ။ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် အနည်းဆုံးလေ့ကျင့်ခန်းနဲ့ အိပ်ချိန်ကို ၂ နာရီလောက်တော့ ခွာပေးနိုင်ရင် အကောင်းဆုံးပါပဲ။ လေ့ကျင့်ခန်း အမျိုးအစားအရ ပြောမယ်ဆိုရင် ကိုယ်ခန္ဓာ ကြွက်သားနဲ့အားအင်တွေကို အပြည့်အဝ စိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းတွေကို မနက်ပိုင်း သို့မဟုတ် ညနေခင်းလောက်မှာ ကစားပေးပြီး ညနောက်ကျပြီဆိုရင်တော့ တင်းနေတဲ့ကြွက်သားတွေကို ပြေလျော့စေမယ့် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းမျိုး လုပ်ပေးတာ အကောင်းဆုံးပါပဲ။အနည်းဆုံးတော့အိပ်ချိန်နဲ့ တစ်နာရီလောက် ခွာပြီး လေ့ကျင့်ခန်းလုပ် လို့ ရပါတယ်။ ဒီလေ့ကျင့်ခန်းတွေဟာ အင်အား အများကြီး စိုက်ထုတ်စရာ မလိုဘဲ ကိုယ့်ရဲ့ကိုယ်အလေးချိန်၊ ခန္ဓာကိုယ်အချိုးအစားအတိုင်း ပေါ့ပါးစွာ လုပ်လို့ ရပါတယ်။ ဒါ့အပြင် ကြွက်သားနာကျင်ကိုက်ခဲတာကို ပြေလျော့အောင် လေ့ကျင့်ခန်း လုပ်ပြီးရေနွေးလေးနဲ့ ချိုးကာ အိပ်ရာထဲ ဝင်လိုက်ရင် ညဘက်မှာ ကောင်းကောင်း အိပ်ပျော်ဖို့ကို အထောက်အကူ ပေးနိုင်ပါတယ်။အဓိက ခွန်အားသုံးပြီး ချွေးအများကြီး ထွက်နိုင်တဲ့ လေ့ကျင့်ခန်းတွေ မှန်သမျှ မလုပ်သင့်ပါဘူး။ ဥပမာ ပြောရမယ်ဆိုရင်။ဒီလေ့ကျင့်ခန်းတွေကိုတော့ မနက်အစောပိုင်း သို့မဟုတ် ညအိပ်ရာ မဝင်ခင် အနည်းဆုံး ၃ – ၄ နာရီလောက်ခြားပြီး လုပ်ပေးရင်း အကောင်းဆုံးပါပဲ။ လေ့ကျင့်ခန်းလုပ် တဲ့အချိန် နည်းနည်း နောက်ကျသွားရင်တော့ ဗိုက်အဆာပြေ မုန့်တစ်ခုခုစား၊ ရေအဝ သောက်ပြီးမှ အိပ်ပေးသင့်ပါတယ်။ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လုပ်ပြီးချိန်မှာ အကြောကို သေချာလျှော့တာ၊ ရေနွေးနဲ့ ရေချိုးတာမျိုး လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။၁။ ကိုယ့်ရဲ့ တစ်နေ့တာအိပ်ချိန်ကို သက်ရောက်မှု ရှိစေတာ လေ့ကျင့်ခန်း တစ်ခုတည်း မဟုတ်ပါဘူး။ စားသောက်နေထိုင်မှုပုံစံ၊ အိပ်စက်မှုပုံစံ၊ အိပ်ချိန်မှန်ခြင်း စတာတွေလည်း သက်ရောက်မှု ဖြစ်စေပါတယ်။၂။အိပ်ချိန်ကို နေ့စဉ် ပုံသေ သတ်မှတ်ပြီး အိပ်စက်အနားယူဖို့ အကျင့်လုပ်ပေးခြင်းက ကိုယ့်ကို အချိန်မှန် အိပ်ချင်တဲ့စိတ် ဖြစ်ပေါ်လာစေနိုင်ပါတယ်။၃။ အိပ်ခါနီးမှာ မျက်စိအလင်းစူးစေနိုင်တဲ့ ကွန်ပျူတာ၊စမတ်ဖုန်းအသုံးပြုခြင်းကို တတ်နိုင်သလောက် ရှောင်ပေးပါ။၄။ ကိုယ်အိပ်တဲ့ နေရာသည် အသံလုံပြီး အေးချမ်းတဲ့ နေရာလေး တစ်ခုဖြစ်ပါစေ။၅။ စိတ်ကို ပြေလျော့သွားစေဖို့နဲ့ ကြွက်သားတွေ တင်းနေတာ သက်သာစေဖို့ အိပ်ရာဝင်တေးဂီတသံစဉ်တွေကို မတိုးမကျယ် အသံနဲ့ ဖွင့်ပြီး အိပ်လို့လည်း ရပါတယ်။၆။ အိပ်ခါနီးမှ ရင်ပြည့်စေမယ့် အစာတွေ အများကြီးစားတာ၊ အဆီအစိမ့်တွေ၊ အချိုတွေ၊ အပူအစပ်တွေ စားတာမျိုးကို တတ်နိုင်သလောက် ရှောင်ပေးပါ။၇။ နေ့လယ်နေ့ခင်း တစ်ရေးတမော အိပ်တာကို တတ်နိုင်သလောက် ရှောင်ပေးပါ။ မဖြစ်မနေ အိပ်မယ်ဆိုရင်လည်း နာရီဝက် အကြာဆုံး အိပ်ပြီး ပြန်ထပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/can-exercises-disturb-sleep/
ဘေဘီလေး လိုချင်တဲ့ စုံတွဲတိုင်း စားပေးသင့်တာလေးတွေက
အိမ်ထောင်သက်တမ်းကလည်း ကြာပြီ။ သားဆက်ခြားနည်း တစ်ခုခုလည်း မသုံးထားပါဘဲနဲ့ ဘေဘီလေး လိုချင်တာကို အခုထိ မရသေးဘူး ဆိုတဲ့ စုံတွဲလေးတွေကကလေးရစေမယ့် အစားအစာတွေကို မေးလေ့ရှိပါတယ်။တကယ်လည်း ဘေဘီလေး လိုချင်တဲ့ စုံတွဲတိုင်း အနေနဲ့ အနေအထိုင် အစားအသောက်လေးတွေကို သေချာလေး ဂရုစိုက်ပေးဖို့ လိုပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေး လိုချင်တဲ့ စုံတွဲတိုင်း စားပေးသင့်တာလေးတွေက ဘာလေးတွေ ဖြစ်မလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ဒါတွေစားရင် ကလေးရကို ရမယ်ဆိုတဲ့ အစားအစာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် Fertility expertတွေရဲ့ ပြောကြားချက်အရ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရ မျှတတဲ့ စားသောက်မှုတွေကသားသမီးရရှိနိုင်စွမ်းအပေါ်မှာ အများကြီး သက်ရောက်မှု ရှိနေတယ်လို့ သိရပါတယ်။ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရမျှတတဲ့ အစားအသောက်တွေ၊ဗီတာမင် နဲ့ အာဟာရဓာတ်တွေကြွယ်ဝစွာ ပါဝင်နေတဲ့ အစားအစာတွေက မမျိုးဥနဲ့သုက်ပိုးတွေရဲ့ အရည်အသွေးကို မြှင့်တင်ပေးနိုင်ပါတယ်။စိတ်ဖိစီးမှု များတာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဘ​ဝနေထိုင်မှုပုံစံတွေက မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ လိုအပ်တဲ့ အာဟာရတွေ မပြည့်ဝတာကလည်း ကလေးရဖို့ ကြာနေရတဲ့ အကြောင်းရင်း တစ်ခုပါပဲ။အထူးသဖြင့်တော့omega-3၊ ဗီတာမင် C၊ co-enzyme Qတို့က ဘေဘီလေး ရရှိစေဖို့ ကူညီပေးနိုင်ပါတယ်။ နောက်ထပ် ဇာတ်လိုက် တစ်ဦးကတော့ ဖောလစ်အက်ဆစ်ပါ။ သွေးထဲမှာဖောလစ်အက်ဆစ်ပြည့်ဝစွာ ရှိနေတာက ဘေဘီလေးကိုမွေးရာပါ ချို့ယွင်းချက်မဖြစ်စေဖို့ပါ ထောက်ကူပေးပါတယ်။ဘေဘီလေး လိုချင်တဲ့ စုံတွဲတိုင်း အနေနဲ့ကလေးရစေမယ့် အစားအစာလေးတွေကို စားပေးဖို့ လိုပါမယ်။ ဒါတွေကတော့။အစေ့အဆန် နဲ့ သစ်သီးခြောက်တွေမှာ အရေးပါတဲ့ ပရိုတင်း၊ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ သစ်ကြားသီးမှာ မမျိုးဥတွင်းက ခရိုမိုဆုမ်း ပျက်စီးမှုကို လျှော့ချပေးနိုင်တဲ့ selenium ကြွယ်ဝစွာ ပါဝင်နေပါတယ်။မျိုးအောင်နိုင်ခြေကို မြှင့်တင်ပေးပြီး မမျိုးဥ ထုတ်လုပ်မှုကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေး ရရှိဖို့ဆိုရင် အစေ့အဆန်နဲ့ သစ်သီးခြောက်တွေကို စားပေးဖို့ လိုပါမယ်။ဘေဘီလေးလိုချင်တဲ့ လေဒီလေးတွေအနေနဲ့ နေ့စဉ် စားသုံးမှုရဲ့ ပမာဏ ထက်ဝက်ကို ကောက်နှံတွေ စားသုံးပေးဖို့ လိုပါမယ်။ အပင်ကနေ ရရှိတဲ့ ပရိုတင်းတွေက ဘေဘီလေး ရရှိနိုင်ခြေကို မြှင့်တင်ပေးနိုင်ပါတယ်။ ကောက်နှံလေးကရာသီစက်ဝန်း မှန်စေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ငှက်ပျောသီးမှာ မျိုးဥကြွေခြင်း ဖြစ်စဉ်ကို အဓိကထောက်ပံ့ပေးတဲ့ ဗီတာမင် B6 ပါဝင်နေပါတယ်။ ဒါတင်မကသေးပါဘူး။ ဗီတာမင် C နဲ့ ပိုတက်ဆီယမ်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ပိုတက်ဆီယမ် နဲ့ ဗီတာမင် B6 ချို့တဲ့မှုက မမျိုးဥကိုရော သုက်ပိုးရဲ့ အရည်အသွေးကိုပါ ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေး လိုချင်တဲ့ စုံတွဲတိုင်း အနေနဲ့ မနက်စာမှာ ငှက်ပျောသီး ပါအောင် စားပေးပါ။ထောပတ်သီးမှာ မျိုးဆက်ပွားခြင်းကို အားပေးတဲ့ ပြည့်ဝဆီ အများအပြားပါဝင်တဲ့ အသီးပဲ ဖြစ်ပါတယ်။ ထောပတ်သီးကို များများစားတဲ့ အမျိုးသမီးများဟာ မစားသူတွေထက် ကလေးရနိုင်ခြေ ၃ဆ ပိုများပြားပါတယ်။တစ်ပတ်ကို သုံးကြိမ်ခန့်စားပါ။ နေကြာစေ့မှာ အရည်အသွေးကောင်းတဲ့ မျိုးဥတွေကိုဖြစ်စေဖို့ ဟော်မုန်းတွေကို ဟန်ချက်ထိန်းညှိပေးတဲ့ ဇင့်ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ ဒါ့အပြင် ဆဲလ်များ ဖွံ့ဖြိုးကြီးထွားရာမှာ အလွန်အရေးပါတဲ့ ဖောလစ်အက်ဆစ်ဓာတ်လည်း ပါဝင်ပါတယ်။ ဖောလစ်အက်ဆစ်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာလည်း အများအပြား လိုအပ်ပါတယ်။ပရိုတိန်းများပြီး ကာဘိုဟိုက်ဒရိတ်နည်းတဲ့ စားသောက်မှုပုံစံဟာ ပရိုတိန်းနည်းပြီး ကာဘိုဟိုက်ဒရိတ်များတဲ့ စားသောက်မှုပုံစံထက် ကိုယ်ဝန်ဆောင်နိုင်ခြေ ပိုများပါတယ်။ ဒီတော့ ပရိုတိန်းများများ စားပါ။ ပရိုတိန်းအတွက် အကောင်းဆုံးရင်းမြစ်ကတော့ အမိုင်နိုအက်ဆစ်ပါတဲ့ ဥအမျိုးမျိုးပဲ ဖြစ်ပါတယ်။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/superfoods-to-boost-fertility/
နံနက်ခင်းတိုင်းမှာ လန်းဆန်းတက်ကြွနေချင်တယ်ဆိုရင်
အိပ်ရာကနေထလိုက်ပြီး ရုံး၊ ကျောင်းကိုသွားနေချိန်အထိ လူက အိပ်ချင်မူးတူး၊ အဝတ်အစားက ဖရိုဖရဲနဲ့ ပြေးပြေးလွှားလွှားသွားနေရတာတွေ များနေပြီလား။ဒီမနက်တော့ စောစောထပြီး ပြင်ဆင်မယ်ကွာဆိုပြီး ကြိမ်းဝါးနေပေမယ့် မနက်တိုင်းမှ မနက်စာကို တစ်ဝက်တစ်ပျက်နဲ့ အလျင်စလိုစားသောက်ပြီး ပြေးလွှားသွားနေရတာချည်းပဲ ကြုံနေရပြီလား။သူများတွေလို မနက်ခင်းတိုင်းမှာ လန်းဆန်းတက်ကြွစွာနဲ့ ကြွကြွရွရွ လှလှပပလေး လုပ်ငန်းခွင်တွေ၊ စာသင်ခန်းတွေဆီသွားဖို့ ကိုယ်က ဘာလို့ ခက်ခဲနေတာပါလိမ့်။တကယ်တမ်း လိုအပ်တာက အလေ့အကျင့်ပါပဲ။ မှန်ကန်တဲ့ အလေ့အကျင့်လေးရှိမယ်ဆိုရင် သင်လည်း မနက်စောစောမှာ လန်းဆန်းတက်ကြွစွာနဲ့ နေ့သစ်ကို စတင်နိုင်မှာပါ။ ဒီလိုမနက်ခင်းလေးတွေကို ပိုင်ဆိုင်စေဖို့ဆိုရင် အောက်ပါနည်းလမ်းတွေကို နေ့စဉ် လိုက်နာပေးဖို့ လိုပါလိမ့်မယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/wakeup-tips/
ဘာလို့ ကိုယ်ဝန်မရ သေးတာလဲ
အိမ်ထောင်ရက်သားကျပြီးတဲ့စုံတွဲတွေတိုင်းရဲ့ အိပ်မက်တွေထဲမှာ ချစ်စဖွယ်ရင်နှစ်သည်းချာ သားသားမီးမီးလေးတွေ မွေးဖွားပြီး ပြုစုပျိုးထောင်ပေးဖို့ဆိုတဲ့ အချက်က အမြဲတမ်းဦးစားပေးလို့ ဆိုလို့ရပါတယ်။ ဒါပေမယ့် ကြိုးပမ်းသမျှ အဖတ်မတင်ဖြစ်ပြီး ကိုယ်ဝန်မရ သေးတာမျိုးလည်း ကြုံရတတ်ပါတယ်။ကိုယ်က သားသားမီးမီးလေးတွေ လိုချင်ပါတယ်ဆိုမှ မရရင် ပိုပြီးလိုချင်။ လိုချင်လျက်နဲ့ မရဆိုရင် သို့လောသို့သောတွေနဲ့ စိတ်ညစ်ညူးစရာ၊ စိတ်ပျက်စရာအခြေအနေတွေကို ပိုင်ဆိုင်လာရတတ်တဲ့အထိပါပဲ။ကျန်းမာသန်စွမ်းတဲ့ အမျိုးသား အမျိုးသမီးတိုင်းဟာကိုယ်ဝန်ရဖို့မခက်ခဲနိုင်ဘူးလို့ ယေဘုယျအားဖြင့် သတ်မှတ်ထားကြပေမယ့် တကယ်တမ်းမှာတော့ ခြွင်းချက်အခြေအနေတွေရှိနေပါသေးတယ်။ ကျန်းမာသန်စွမ်းပေမယ့် ကိုယ်ဝန်ရနိုင်ခြေကို နှောင့်ယှက်နေတဲ့ အချက်တွေက အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ ရှိတတ်ပါတယ်။ကိုယ်ဝန်မရ တိုင်း ကိုယ်မစွမ်းလို့ သူမစွမ်းလို့ဆိုတာမျိုး တစ်ထစ်ချတွေးထင်လို့တော့ မရပါဘူး။ တခြားသော ကျန်းမာရေးပြဿနာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ အရွယ်ကောင်းဖြစ်ပြီး ကိုယ်ဝန်ရဖို့ ကြိုးပမ်းတာလည်း ၆ လ ထက်မနည်းကြာမြင့်လာချိန်မျိုးမှာ ကိုယ်ဝန်မရသေးဘူးဆိုရင် တစ်ချို့များက မြုံနေလို့ တစ်ခုခုချို့ယွင်းနေလို့လို့ ထင်တတ်ကြပါတယ်။ဒါပေမယ့် မတော်တဆကြုံရတတ်တဲ့ ကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်နိုင်ခြေပိုများပါတယ်။ လူတိုင်းက အကြောင်းမဲ့ ကိုယ်ဝန်မရတာမျိုးမဖြစ်တတ်ပါဘူး။ အကြောင်းမတိုက်ဆိုင်သေးလို့ မရတာသာ ပိုများတာကြောင့်ပါ။လေ့လာချက်တွေအရ စုံတွဲ ၂၀% လောက်ဟာ ကိုယ်ဝန်ရယူရာမှာ ခက်ခဲတဲ့ပြဿနာနဲ့ ရင်ဆိုင်ရတတ်ပါတယ်တဲ့။ ၁၅% လောက်ဟာ သိသာထင်ရှားတဲ့ ချို့ယွင်းချက်ရှာဖွေလို့မရဘဲ ဖြစ်နေတတ်ပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ သဘာဝအတိုင်းဖြစ်တတ်တဲ့ ပြဿနာတစ်ချို့ကြောင့်လို့ဆိုရမှာပါ။ဒါကြောင့် ကျန်းမာသန်စွမ်းတဲ့ အမျိုးသား အမျိုးသမီးတွေဖြစ်နေပါလျက်နဲ့ ဘာကြောင့် ကိုယ်ဝန်ရဖို့ ခက်ခဲနေတာလဲဆိုတဲ့ အကြောင်းအရင်းလေးတွေကို ပြောပြချင်ပါတယ်။ကျန်းမာသန်စွမ်းတဲ့ အမျိုးသားတွေမှာဆိုရင် မျိုးပွားနိုင်စွမ်းကို အဓိက အနှောင်အယှက်ပေးနေတဲ့ ပြဿနာက သုက်ပိုးပါပဲ။ သုက်ပိုးနဲ့ပတ်သက်တဲ့ အခြေအနေတစ်ခုခုကြောင့် မျိုးပွားနိုင်ခြေ၊ ကိုယ်ဝန်ရအောင် စွမ်းဆောင်နိုင်ခြေကျဆင်းရတာများပါတယ်။ ဒီပြဿနာဟာ အခြေခံအကျဆုံး ပြဿနာတစ်ရပ်လို့ဆိုရမှာပါ။အဖြစ်များတဲ့ သုက်ပိုးဆိုင်ရာ ပြဿနာတွေကတော့။ဒါ့အပြင် အမျိုးသားတွေဟာ အသက် ၃၀ ကျော်လာတာနဲ့ တစ်နှစ်ကို ၁% လောက် သုက်ရည်အရည်အသွေးကျဆင်းလာတတ်တာကလည်း ပြဿနာဖြစ်တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။အမျိုးသမီးတွေ ကိုယ်ဝန်ရနိုင်ခြေ နည်းစေတဲ့ အဓိက ပြဿနာကတော့ သားအိမ်ကနေ မမျိုးဥကို အောင်အောင်မြင်မြင်မထုတ်လုပ်နိုင်တာပါပဲ။ ပြောရရင် သုက်ကောင်နဲ့ထိမိကာ ကိုယ်ဝန်ရစေမယ့်မမျိုးဥကို သားအိမ်ကနေ မထုတ်လုပ်ပေးနိုင်တဲ့ အခြေအနေပါ။ အဖြစ်များတဲ့ ရောဂါကတော့ polycystic ovary syndrome သားဥအိမ်အရည်အိတ်တည်ခြင်း ရောဂါစုပဲ ဖြစ်ပါတယ်။သားအိမ်ကနေထုတ်လုပ်လိုက်တဲ့ သားဥတွေဟာ သားအိမ်ပြွန်ကနေ ကောင်းစွာထွက်မလာနိုင်တာကြောင့်လည်း ကိုယ်ဝန်ရနိုင်ခြေနည်းပါးသွားတတ်ပါတယ်။ သားအိမ်ပြွန်ဟာ တစ်ခါတစ်ရံမှာ ရောဂါပိုးကူးစက်မှုလို အခြေအနေမျိုးတွေ၊ တစ်သျှူးဆဲလ်တွေကြောင့် ယာယီအားဖြင့် ပိတ်ဆို့နေတာမျိုးဖြစ်တတ်ပြီး  ဒီအချက်ကလည်း အမျိုးသမီးတွေ ကိုယ်ဝန်ရနိုင်ခြေကို တားဆီးထားတတ်ပါတယ်။နောက်ထပ် အမျိုးသမီးတွေ ကိုယ်ဝန်ရနိုင်ခြေ နည်းပါးသွားစေတတ်တဲ့ ပြဿနာတစ်ခုကတော့ ဆေးလိပ်နဲ့ အရက်သေစာ မှီဝဲခြင်းကြောင့်ပါ။ ဒါ့အပြင် ကိုယ်အလေးချိန်မြင့်မားခြင်း သို့အဝလွန်အဆင့်ရောက်နေခြင်းတွေကလည်း ကိုယ်ဝန်ရဖို့ ခက်ခဲအောင် အနှောင့်အယှက်ပေးနိုင်ပါသေးတယ်။ဒါ့အပြင်cervical mucusလို့ခေါ်တဲ့ မိန်းမကိုယ်အချွဲကလည်း မအင်္ဂါအတွင်း ဝင်ရောက်လာတဲ့ သုက်ပိုးတွေကို ထိခိုက်အောင်လုပ်တာ ဒါမှမဟုတ် သူတို့ရဲ့ လုပ်ငန်းစဉ်တွေကို နှေးကွေးအောင်လုပ်တာမျိုးတွေ ပြုလုပ်တတ်ပါတယ်။ ဒီအချက်ကလည်း ကိုယ်ဝန်ရရှိရေးမှာ အတားအဆီးတစ်ရပ်ပါပဲ။အရေးအကြီးဆုံးအချက်တစ်ခုကတော့ အမျိုးသမီးတွေဟာ အသက် ၃၅ နှစ်အရွယ်ကျော်လွန်လာရင် မျိုးပွားနိုင်စွမ်းကျဆင်းလာတတ်တာပါ။ အသက် ၄၅ နှစ်အထက်မှာ ကိုယ်ဝန်ရနိုင်ခြေကတော့ အလွန်ကိုနည်းပါးလှပြီး ရှားပါးဖြစ်ရပ်အဖြစ် သတ်မှတ်ထားကြပါတယ်။သားအိမ် ဒါမှမဟုတ် သားဥပြွန်မှာ သွေးလုံးတည်နေတာကြောင့် သုက်ပိုးနဲ့ မမျိုးဥ ပေါင်းဆုံဖို့အတွက်ရော၊ ပေါင်းဆုံသန္ဓေအောင်ပြီး သားအိမ်မှာ လာတွယ်ဖို့အတွက်ရော အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒီရောဂါက ရာသီလာချိန်နဲ့လိင်ဆက်ဆံချိန်မှာ နာကျင်ခြင်းကို ဖြစ်စေပါတယ်။ ကံကောင်းတာက ကုသပျောက်ကင်းနိုင်ပါတယ်။ရာသီစက်ဝန်းမှာ ပြဿနာ တစ်ခုခု ရှိတဲ့အခါ ဖြစ်တတ်ပါတယ်။ ရာသီစက်ဝန်းက တိုလာနိုင်တယ်၊ ကြာလာနိုင်တယ်။ တည်တည်ငြိမ်ငြိမ်လည်း မရှိတော့ပါဘူး။ ပိုဆိုးတာကတော့ မျိုးဥကို မကြွေတော့တာပါ။ ၂၀-၄၀%သော အမျိုးသမီးတွေက ဒီပြဿနာနဲ့ ကြုံရတတ်ပါတယ်။မျိုးဥမကြွေတာက အကြောင်းအရာအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာ ဟော်မုန်းများ မူမမှန်ခြင်း၊ လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်း သို့မဟုတ် အဝလွန်ခြင်းနဲ့ စိတ်ဖိစီးမှု အလွန်များခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။မျိုးဥမကြွေတဲ့ ပြဿနာတွေကိုတော့ မျိုးဥကြွေဆေးများနဲ့ ကုသနိုင်ပါတယ်။ IVF (ခန္ဓာကိုယ်ပြင်ပမှာ မျိုးအောင်စေပြီး ကိုယ်အတွင်းသို့ ပြန်လည် ပို့ပေးခြင်းဖြင့် ကိုယ်ဝန်တည်စေခြင်း)ကို အသက်ကြီးတဲ့ လင်မယားများအတွက် အသုံးပြုနိုင်ပါတယ်။မမျိုးဥ ရောဂါ တစ်မျိုး ဖြစ်ပြီး ဟော်မုန်း မညီမျှခြင်းကို ဖြစ်စေပါတယ်။ ရောဂါလက္ခဏာတွေက ရှုပ်ထွေးပြီး လူတစ်ယောက် နဲ့ တစ်ယောက် မတူပါဘူး။ ရောဂါလက္ခဏာတွေ ကတော့ မျိုးဥမကြွေတော့ခြင်း၊ ရာသီစက်ဝန်း မမှန်ခြင်း၊ ကိုယ်အလေးချိန် အလွန်တက်လာခြင်း၊ ဝက်ခြံ ထွက်ခြင်း၊ မျက်နှာမှာ အမွေးအမျှင်များ ပေါက်လာခြင်းနဲ့ မျိုးမအောင်တော့ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဘယ်လိုကုသရမယ်ဆိုတာဟာရောဂါလက္ခဏာတွေပေါ်မှာ မူတည်နေပါတယ်။ကိုယ်အလေးချိန်အရမ်းများတာ၊ အရမ်း နည်းတာက ကလေးရခြင်း၊ မရခြင်း အပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ အဆီများတဲ့ အစားအစာတွေ စားတာ၊ အာဟာရချို့တဲ့တာတွေက ဟော်မုန်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကို နှောင့်ယှက်နိုင်ပါတယ်။ဒါ့အပြင် ဆေးလိပ် သောက်ခြင်း နဲ့ အရက်သေစာ သောက်သုံးခြင်းက သုက်ပိုး အရေအတွက်ပေါ်မှာ ဆိုးကျိုးတွေ သက်ရောက်နိုင်တာကြောင့် ရှောင်ရှားဖို့ အကြံပြုထားပါတယ်။ကိုယ်ဝန်ဆောင်ဖို့ မကြိုးစားခင်မှာ ကျွမ်းကျင်သူ ဆရာဝန်နဲ့ ပြသတာက အကြံကောင်း တစ်ခု ဖြစ်ပါတယ်။ အကြောင်းရင်းကို စောစောတွေ့ရှိမယ် ဆိုရင် သေချာ ကုသပြီး ကလေးရနိုင်ခြေလည်း မြင့်မားသွားပါလိမ့်မယ်။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/fertility-problems-and-treatment/understanding-infertility-in-couples/
နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါကြောင့်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲရောဂါများ
ရောဂါတွေအကြောင်းသိထားမှ ကိုယ့်ကိုကိုယ်ကျန်းမာအောင်နေထိုင်နိုင်မှာပါ။နေ့စဉ်ဝမ်းရေးအတွက် မနားမနေရုန်းကန်နေရသူတွေဆိုရင် ကိုယ်တိုင်ရောဂါ ခံစားနေရတာတောင် မသိလိုက်မိဘဲရောဂါကတော်တော်လေးဆိုးလာမှဆေးရုံဆေးခန်းကို သွားပြမိတာမျိုးတွေရှိတတ်ကြပါတယ်။ အချို့ရောဂါတွေက မမြင်ရတဲ့နေရာမှဖြစ်နေတာမို့ မသိတာကဖြေသာပေမယ့်မြင်သာရက်နဲ့ မသိလိုက်တာကတော်တော်လေးစိတ်မကောင်းဖြစ်စရာပါ။ အခုတစ်ခေါက်တော့ မျက်စိနဲ့ မြင်ရုံနဲ့တင်သိနိုင်တဲ့ရောဂါတစ်ခုအကြောင်းပြောပြပေးမယ်နော်။နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (CVI) ဆိုတာကသွေးပြန်ကြောနံရံ နဲ့ခြေထောက်သွေးပြန်ကြောထဲက တစ်ဖက်ပွင့်အဆို့ရှင်တွေကောင်းကောင်းအလုပ်မလုပ်တော့တဲ့ အနေအထားကြောင့်ဖြစ်လာတဲ့ရောဂါအခြေအနေတစ်ရပ်ပါ။ ဒီလိုအခြေအနေမျိုးမှာခြေထောက်ဆီကသွေးတွေက နှလုံးဆီကိုပြန်လည်ရောက်ရှိဖို့ ခက်ခဲသွားစေနိုင်ပါတယ်။ CVIရောဂါခံစားရတဲ့အခါသွေးပြန်ကြောထဲမှာသွေးတွေစုမိနေတာမျိုး ပိုလျှံနေတာမျိုးဖြစ်နိုင်ပါတယ်။သွေးပြန်ကြောထဲမှာ လိုအပ်တဲ့သွေးပမာဏထက်ပိုများနေတာကိုသွေးပြန်ကြောနာလို့ခေါ်ကြပါတယ်။ခြေထောက်အပေါ်ယံအရေပြားအောက်မှာသွေးကြောလေးတွေ ထုံးနေတာလိုမျိုးလေးတွေမြင်တွေ့ရနိုင်ပါတယ်။သွေးပြန်ကြောတွေက ခန္ဓါကိုယ်အစိတ်အပိုင်းတွေဆီကသွေးတွေကိုနှလုံးဆီကိုပြန်ပို့ပေးရတာပါ။ နှလုံးဆီကိုသွေးတွေရောက်ရှိစေဖို့ဆိုရင်ခြေထောက်ကသွေးတွေကသွေးပြန်ကြောတွေဆီကနေခန္ဓါကိုယ်အထက်ပိုင်းဆီကို စီးဆင်းသွားရပါမယ်။သွေးတွေ ခန္ဓါကိုယ် အထက်ပိုင်းကို စီးဆင်းစေဖို့ဆိုရင်ခြေသလုံးကြွက်သားတွေနဲ့ခြေထောက်မှာရှိနေတဲ့ ကြွက်သားတွေကတဆင့်ချင်းညှစ်ပြီးသွေးပြန်ကြောကနေတဆင့်သွေးတွေကို အထက်ပိုင်းဆီကိုပြန်လည်စီးဆင်းစေပါတယ်။သွေးတွေခန္ဓါကိုယ်အထက်ပိုင်းကို အဆင်ပြေပြေစီးဆင်းသွားပြီး ဘက်ပြန်စီးဆင်းတာမျိုး မဖြစ်ဖို့ဆိုရင်သွေးပြန်ကြောထဲမှာရှိနေတဲ့ တစ်ဖက်ပွင့် အဆို့ရှင်ကကောင်းကောင်းအလုပ်လုပ်ဖို့လိုအပ်မှာပါ။နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (CVI) ခံစားရတဲ့အခါ အဆို့ရှင်ကပျက်စီးသွားပြီးသွေးတွေက ဘက်ပြန်စီးဆင်းမှုဖြစ်လာပါတယ်။များသောအားဖြင့်ကတော့ရောဂါလက္ခဏာတွေကခြေထောက်မှာတွေ့ရတာများပါတယ်။ဒီလိုအခြေအနေမျိုးတွေခံစားနေရပြီဆိုရင်သေချာကုသမှုခံယူတာမျိုးလုပ်ဖို့လိုအပ်ပါမယ်။ တကယ်လို့ သင့်အနေနဲ့ ကုသမှုမခံယူဘဲထားမယ်ဆိုရင်ခြေထောက်မှာရှိတဲ့ဆံချည်မျှင်သွေးကြောလေးတွေပျက်စီးသွားပြီး အရေပြားမှာ အညိုကွက်တွေဖြစ်တာမျိုးခံစားရနိုင်ပါတယ်။ အထူးသဖြင့်ခြေချင်းဝတ်နားမှာ အဖြစ်များပါ။ ဒီလိုကနေတဆင့် အချိန်ကြာလာတာတဲ့အခါခြေထောက်တွေရောင်ရမ်းလာတာ၊အနြာဖစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ ဒီအနာတွေက အနာကျက်ဖို့ခက်ခဲပြီး ပိုးဝင်ကူးစက်နိုင်ခြေကတော်တော်လေးများပါတယ်။နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ပြဿနာတွေကတော်တော်လေးတော့များပါတယ်။ ဒီလိုမျိုးနောက်ဆက်တွဲပြဿနာတွေ ခံစားရမှုကနေ ကာကွယ်နိုင်ဖို့ဆိုရင်သေချာကုသမှုခံယူဖို့လိုအပ်မှာပါ။မြန်မြန်ဆန်ဆန်ကုသမှုခံယူနိုင်လေလေ ထိရောက်မှုရှိလေလေပါ။နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (CVI) ခံစားရတဲ့အခါ –။(၁) ခြေထောက်လေးလံခြင်း၊ နာခြင်း၊ ကြွက်တက်ခြင်း။(၂) ပင့်ကူမျှင်သွေးကြောထုံး။(၃) ကောက်ကွေးကြီးမားသောသွေးကြောထုံး။(၄) ဖောရောင်ခြင်း။(၅) ခြေထောက်အညိုအမဲစွဲခြင်း။(၆) အနာကျက်သောခြေထောက်အနာ။(၇) အနာမကျက်သော ဆိုးရွားသည့်သွေးပြန်ကြောအနာ ဆိုပြီး အဆင့်ဆင့်ကွဲပြားနိုင်ပါတယ်။နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါတွေကို အချိန်ကြာမြင့်စွာမကုသဘဲထားမယ်ဆိုရင် အခုလိုမျိုးနောက်ဆက်တွဲရောဂါတွေခံစားလာရနိုင်ပါတယ်။သွေးပြန်ကြောထဲမှာသွေးခဲပိတ်ဆို့ခြင်းရောဂါ (Superficial venous thrombophlebitis)– အပေါ်ယံအရေပြားအောက်ဘက်ပိုင်းမှာရှိတဲ့သွေးပြန်ကြောထဲမှာသွေးခဲပိတ်ဆို့တဲ့အခြေအနေမျိုးပါ။ အရမ်းနာကျင်နိုင်သလို အခြားရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။သွေးထွက်ခြင်း – ထိခိုက်မှုတစ်ခုခုဖြစ်ဖြစ်တဲ့အခါတော်တော်နဲ့သွေးမတိတ်တဲ့အနေအထားမျိုးပါ။ အသက်အရွယ်ကြီးရင့်သူတွေမှာ ပိုပြီးဖြစ်နိုင်ခြေများပါတယ်။ အရမ်းပြင်းထန်မယ်ဆိုရင်တော့ အသက်အန္တရာယ်စိုးရိမ်ရနိုင်ပါတယ်။သွေးပြန်ရည်လမ်းပိတ်ခြင်း (Lymphedema)–အရေပြားအောက်ဘက်က တစ်ရှုးတွေမှာပြန်ရည်တွေစုနေတာမျိုးပါ။ခြေထောက်ပြည်တည်နာ (Venous ulcers)– နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါရဲ့ အပြင်းထန်ဆုံးသောနောက်ဆက်တွဲရောဂါကသွေးပြန်ကြောကြောင့်ဖြစ်တဲ့ခြေထောက်ပြည်တည်နာ (Venous ulcers) ပါ။ခြေထောက်အောက်ဘက်ပိုင်းတွေ နဲ့ ခြေချင်းဝတ်တွေမှာအဖြစ်များပါတယ်။ နာကျင်နိုင်ပြီးပြည်တွေဖြစ်နေတာမျိုးဖြစ်နိုင်ပါတယ်။ အနာကတော်တော်လေးကြီးနိုင်ပါတယ်။ ဒီဝေဒနာကပြန်ဖြစ်လာနိုင်တဲ့အနေအထားရှိပါတယ်။ဒီလိုမျိုးရောဂါတွေမခံစားချင်ဘူးဆိုရင်တော့ အကောင်းဆုံးနည်းလမ်းတစ်ခုရှိပါတယ်။ ကြိုတင်ကာကွယ်တာပါ။ဒီအလေ့အထလေးတွေကိုမွေးမြူပြီး နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (CVI) နဲ့ ဒီရောဂါကြောင့်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲရောဂါတွေကို ကာကွယ်လိုက်ပါ။ကျန်းမာပျော်ရွှင်ရောဂါကင်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း………..။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/%e1%80%94%e1%80%ac%e1%80%90%e1%80%ac%e1%80%9b%e1%80%be%e1%80%8a%e1%80%ba-%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%95%e1%80%bc%e1%80%94%e1%80%ba%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%8a%e1%80%be/
မိုးရာသီမှာ သတိထားရမယ့် စားသောက်ပုံအာဟာရ
ပတ်ဝန်းကျင်လေထုက စိုစွတ်ထိုင်းမှိုင်းတတ်တဲ့မိုးရာသီမှာ ရေနဲ့ အစားအစာတွေကတဆင့် ကူးစက်ဖြစ်ပွားစေတဲ့ ရောဂါတွေရှိတတ်ပါတယ်။ ဗိုင်းရပ်စ်၊ မှိုပိုးနဲ့ ဘက်တီးရီးယားတွေကြောင့် အရေပြား၊ အသက်ရှူလမ်းကြောင်းနဲ့ အစာချေစနစ်တွေမှာ ရောဂါဝင်စေတတ်ပါတယ်။ ကိုယ်ခံအားစနစ် နဲ့ အစာချေစနစ်တို့က စိုထိုင်းတဲ့ရာသီဥတုမှာ ထိခိုက်ဖို့ပိုလွယ်တာကြောင့်အအေးမိခြင်း၊ဖျားခြင်း၊ ဝမ်းပျက်ခြင်း၊အစာမကြေခြင်းတို့လို အဖြစ်များတဲ့ရောဂါတွေနဲ့ ဒုက္ခရောက်ကြရပါတယ်။ရေနဲ့ အစားအစာကတဆင့် ကူးစက်ဖြစ်ပွားနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက မိုးတွင်းမှာ အမြဲပိုဖြစ်လွယ်ပြီး ပိုးမွှားတွေနဲ့ ဘက်တီးရီးယားတွေကလည်း စီးဆင်းမှုမရှိတဲ့ ရေမြောင်း၊ရေအိုင်တွေနဲ့ စိုထိုင်းတဲ့နေရာတွေ မှာပေါက်ဖွားကြတာများပါတယ်။ဒါ့ကြောင့် မိုးရာသီမှာ ကိုယ့်ရဲ့အစားအသောက်ကို သတိပြု ဂရုစိုက်နိုင်ဖို့ အရေးကြီးပါတယ်။ လမ်းဘေးအစားအစာတွေကို ရှောင်ပြီး အိမ်မှာပဲ ချက်ပြုတ်စားသောက်နိုင်ရင်လည်းအကောင်းဆုံးဖြစ်ပါတယ်။အတော်များများက မိုးရာသီမှာ ချဉ်ချဉ်စပ်စပ်လေးတွေ စားချင်တတ်ကြတာကြောင့် လမ်းဘေးက လွယ်လွယ်ဝယ်စားတတ်ကြပါတယ်။ ဒီရာသီမှာတော့ ဆင်ခြင်သင့်ပါတယ်။ ကျန်းမာရေးနဲ့ညီတဲ့ အစာအာဟာရတွေကိုရွေးချယ်မှသာ သင့်ကို မိုးရာသီမှာဖြစ်တတ်တဲ့ ရောဂါဝေဒနာတွေရန်က ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ဒါတွေအပြင် ပန်းဂေါ်ဖီစိမ်း၊ တရုတ်နံနံ၊ ဟင်းနုနွယ်နဲ့ တခြားအစိမ်းရောင်အသီးအရွက်တွေကိုလည်း စားပေးနိုင်ပါတယ်။ အသီးအရွက်တွေမှာ မသန့်ရင် အင်းဆက်တွေ၊ ရောဂါပိုးတွေကပ်ငြိပါလာနိုင်တာကြောင့် သေချာဆေးကြောသန့်စင်ဖို့တော့ သတိထားရပါမယ်။အထက်ပါအချက်တွေကိုလိုက်နာမယ်ဆိုရင် မိုးရာသီအတွင်းမှာဘေးကင်းကျန်းမာနေပါလိမ့်မယ်။ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတာ မမေ့ပါနဲ့။နောက်ထပ်အရေးကြီးတဲ့တစ်ချက်က သန့်ရှင်းတဲ့ရေကို သောက်ဖို့ပါပဲ။ မိုးတွင်းမှာ ရေကို ကျိုချက်သောက်ပါ။ ရေသန့်စက် သို့မဟုတ် ရေသန့်ဘူးက ရေကိုလည်း သောက်နိုင်ပါတယ်။ အစားမစားခင် အမြဲလက်ဆေးပါ၊ အသီးအရွက်တွေကို အစိမ်းစားခြင်း၊ အခွံမနွှာဘဲ သစ်သီးစားခြင်းများကိုရှောင်ကြဉ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/best-foods-for-rainy-season/
မှန်ကန်သော ကလေးနို့တိုက်တဲ့ပုံစံ ဆိုတာဘာလဲ
မိခင်အသစ်စက်စက်လေးတွေ အတွက်ကလေးကို နို့တိုက်ရခြင်းဟာ အလွန်ခက်ခဲမှာပါ။ ပုံစံအနေအထားမမှန်ကန်ပါက မိခင်ရောကလေးကိုပါ ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်စေမှာပါ။ အကယ်၍ သင့်မှာအတွေ့အကြုံမရှိသေးဘူးဆိုရင်တော့ မှန်ကန်တဲ့နို့တိုက်တဲ့ပုံစံကဘာလဲ ဘယ်လိုလုပ်ရမလဲဆိုတာကို လေ့လာကြည့်ရအောင်လား။မှန်ကန်တဲ့နို့တိုက်တဲ့ပုံစံမှာ နို့သီးခေါင်းနဲ့ သူ့ဘေးပတ်လည်က ပန်းနုညိုရောင်သန်းနေတဲ့ အဝိုင်းကွက်လေး ပါဝင်ရပါမယ်။ ထိုအကွက်လေးဟာ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အရောင်ရင့်လာပြီး ကြက်သီးထသကဲ့သို့ ဗြုတ်လေးတွေ ထလာပါတယ်။ ထိုသဘာဝတရားအရဖြစ်ခြင်းက ကလေးငယ်လေးကို နို့သီးခေါင်းကိုတင်မဟုတ်ဘဲ သူ့ဘေးပတ်လည်က အညိုကွက်လေးကိုပါ စို့ရမယ်ဆိုတဲ့ အသိကိုဖြစ်စေပါတယ်။ မိခင်နို့ရည်ဟာ နို့သီးခေါင်းမှာရှိတဲ့ အပေါက်ငယ်လေးတွေက ထွက်လာတာပါ။ ဒါပေမဲ့သူ့ဘေးပတ်လည်က အညိုကွက်လေးနဲ့ သူ့အောက်က နို့သိုလှောင်ရာနေရာလေးတွေကို ဖိအားသက်ရောက်ပေးဖို့လိုပါတယ်။ ထို့သို့မလုပ်ပေးပါက မိခင်နို့ရည်လည်း ထွက်လာမှာ မဟုတ်တော့ပါဘူး။မိခင်ဖြစ်သူဟာ လက်တစ်ဖက်ကိုသုံးပြီး ကလေးငယ်ကိုမှန်ကန်တဲ့ အနေအထားရောက်အောင် လုပ်ပေးပါ။ ကျန်လက်တစ်ဖက်နဲ့ ရင်သားကို ထိန်းကိုင်ထားရပါမယ်။လက်မကို ကလေးငယ် နှာခေါင်းလာထိနေမယ့် နို့သီးခေါင်းနဲ့သူ့ဘေးပတ်လည်ကအညိုကွက်လေးအပေါ်မှာထားလိုက်ပါ။ လက်ညိုးကိုကလေးငယ်ရဲ့မေးစေ့လာထိနေမယ့် နေရာမှာထားပါ။ မိခင်ဟာ ကလေးငယ်လေး နို့စို့ဖို့ ပါးစပ်နဲ့အဆင်ပြေတဲ့ပုံစံဖြစ်အောင် နို့အပေါ်ကို အနည်းငယ်ဖိပေးရပါမယ်။ကလေးငယ်ကိုမိခင်နို့နဲ့နီးကပ်အောင်ထားပါ။ ကလေးငယ်ကိုပါးစပ်ဖွင့်စေပြီးမိခင်နို့ရှိရာဘက်ကိုမျက်နှာမူပေးလိုက်ပါ။ မိခင်နို့နဲ့ ကလေးနှုတ်ခမ်းထိတဲ့အခါ ပါးစပ်ကျယ်ကျယ် ဟတတ်အောင် ကလေးငယ်ကို ကျင့်ပေးပါ။ မိခင်ရဲ့နို့သီးခေါင်းနဲ့သူ့ဘေးပတ်လည်က အညိုကွက်လေးကို ကလေးပါးစပ်ထဲရောက်အောင် လုပ်ပေးပါ။ ထိုသို့လုပ်ရာတွင် ကလေးငယ်လန့်မသွားအောင် ညင်ညင်သာသာလုပ်ဖို့လိုပါတယ်။ အစပိုင်းမှာ ကလေးငယ်ရဲ့ပါးစပ်က အညိုကွက်လေးကို အပြည့်အဝ ဖုံးအုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ကလေးငယ်ရဲ့ပါးစပ်ထဲမှာမိခင်နို့ရဲ့နို့ရည်ထုတ်ပေးတဲ့ အရေးကြီးတဲ့အပိုင်း ရှိနေလို့အဆင်ပြေစေမှာပါ။မှန်ကန်တဲ့ နို့တိုက်တဲ့ပုံစံဆိုတာ ကလေးရဲ့မေးစေ့နဲ့ နှာသီးဖျားလေးက မိခင်ရဲ့ရင်သားနဲ့ထိနေရမှာပါ။ ငါးတစ်ကောင်ကဲ့သို့ ကလေးပါးစပ်က မိခင်နို့ကို အပြည့်အဝဖုံးအုပ်နိုင်ရမှာပါ။ မိခင်နို့ထိပ်ပိုင်းလေးကို ကလေးပါးစပ်ကထိရုံလေးပဲ မဖြစ်စေရပါဘူး။ နောက်ဆုံးမှာ ကလေးငယ်ကို ကိုယ့်ဘာသာမိခင်နို့စို့တတ်ပါစေ။ မိခင်ကနို့တိုက်ဖို့ပုံစံအနေအထားလုပ်ပေးလိုက်တာနဲ့ ကလေးငယ်က ဘာဆက်လုပ်ရမယ်ဆိုတာ သိနေရမှာပါ။ကလေးငယ်ကို နို့တိုက်ရာမှာ မှန်ကန်တဲ့ပုံစံအနေအထားရှိဖို့က အရေးအကြီးဆုံးပါပဲ။ မှန်ကန်တဲ့နို့တိုက်တဲ့ပုံစံမဟုတ်ပါက မိခင်နို့ရှိနို့ထုတ်ပြွန်တွေက နို့ထုတ်ပေးမှာမဟုတ်ပါဘူး။ ဒါဆို ကလေးငယ်ဟာကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့မိခင်နို့ကို လုံလောက်စွာမရနိုင်တော့ပါဘူး။ ဒါ့အပြင် မိခင်နို့ဘေးပတ်လည်ရှိ အညိုကွက်လေးမှာအက်ကွဲခြင်းတွေဖြစ်ပြီး ပြင်းထန်တဲ့နာကျင်မှုကို ခံစားရမှာပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/%e1%80%99%e1%80%be%e1%80%94%e1%80%ba%e1%80%80%e1%80%94%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac-%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%94%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%ad%e1%80%af/
အသားဖြူဆေးသောက်ရင် ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်သလဲ ။ ။
ကိုရီးယားကားတွေကြည့်တိုင်း ရုပ်ရှင်ထဲက ဖြူဖြူဖွေးဖွေး ချစ်စရာမင်းသမီးလေးတွေရဲ့ အသားအရေမျိုး လိုချင်တယ်ဟုတ်။ ခုခေတ်ကြီးကလည်း အရမ်းကိုတိုးတက်လာတော့ အရင်က မဖြစ်နိုင်တာတွေ ခုခေတ်မှာ အကုန်ရနိုင်ပြီလေ။ ဒီထဲမှာ ကိုယ့်ရဲ့ ညိုညစ်နေတဲ့အသားအရေကို ဖြူအောင်ဆေးသောက်မလား၊ ဆေးထိုးမလား၊ စိတ်တိုင်းမကျတဲ့ အစိတ်အပိုင်းကို ခွဲစိတ်ပြုပြင်မလား။ အကုန်အကုန်လုပ်လို့ရနေပြီဆိုတော့ အဲဒီ သဘာဝကို ဆန့်ကျင်တဲ့ အလှအပ လုပ်ငန်းတွေနောက်က ဆိုးကျိုးတွေလည်း ကပ်လိုက်လာပြီပေါ့။ ဒီဆောင်းပါးထဲမှာတော့ အသားနာမှာကြောက်လို့အသားဖြူအောင် ဆေးပဲ သောက်တော့မယ်လို ဆုံးဖြတ်ထားတဲ့ သူလေးတွေအတွက် အသားဖြူဆေးတွေရဲ့ နောက်ကွယ်က ဆိုးကျိုးတွေကို ပြောပြပေးတော့မှာပါ။ကဲ ….. အသားဖြူဆေးသောက်ရင် ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်သလဲ ။ ။ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။အသားဖြူဆေးသောက်ရင် ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်သလဲ ။ ။ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။အသားဖြူဆေးတွေက ကိုယ်ခန္ဓာအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ ဆိုတော့။အသားဖြူဆေးတိုင်း ဖြစ်တယ်လို့တော့မဆိုလိုပါဘူး။အရေပြားဆရာဝန်တော်တော်များများက မထောက်ခံထားတဲ့ ဒီအသားဖြူဆေးဈေးကွက်မှာ FDA ထောက်ခံချက်မရတဲ့ ဆေးတွေ တစ်ပုံကြီးရှိတာကြောင့် ဆိုးကျိုးများစေတဲ့ ဆေးကို ရွေးဝယ်သောက်မိတာမျိုးတွေ ဖြစ်သွားတတ်ပါတယ်။အရည်အသွေး စိတ်မချရတဲ့အသားဖြူဆေးတော်တော်များများကခေါင်းကိုက်တာ၊ ပျို့အန်ချင်တာ၊ ခေါင်းခဲနေတာ၊ ဝမ်းလျှောတာ၊ ဝမ်းချုပ်တာ၊ ညညအိပ်မပျော်တာနဲ့ အရမ်းအိပ်ချင်နေတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ကို ဖြစ်စေတတ်ပါတယ်။ ကိုယ်သောက်နေတဲ့ အသားဖြူဆေးက ကိုယ့်ကို ဒီလို လက္ခဏာတွေ ခံစားစေရတယ်ဆိုရင် ချက်ချင်း ရပ်လိုက်ပါ။အရေပြားပေါ်မှာ နေရောင်ခြည်ထဲကပါတဲ့ခရမ်းလွန်ရောင်ခြည်တွေကို ပြန်တုန့်ပြန်ဖို့အတွက်melaninလို့ခေါ်တဲ့ ရောင်ခြယ်ပစ္စည်းလေးတွေရှိပါတယ်။ အရှင်းဆုံးပြောရရင် melanin များများရှိလေ အသားရောင် ပိုရင့်လေလေပါ။ အသားဖြူဆေးတွေဆိုတာ ဒီ ကိုယ်ခန္ဓာက melanin ထုတ်လုပ်နေမှုကို တားဆီးလိုက်တာပါပဲ။ ဒါပုံမှန်ဖြစ်နေတဲ့အရာကို ဆန့်ကျင်သလိုဖြစ်တဲ့အပြင် အခြားကိုယ်တွင်းက ဟော်မုန်းတွေကိုပါ အပြောင်းအလဲဖြစ်စေပြီးအရေပြားရဲ့ လုပ်ငန်းစနစ်တွေလည်း ကပြောင်းကပြန် ဖြစ်သွားစေနိုင်ပါတယ်။ကိုယ်သောက်လိုက်တဲ့ ဘယ်ဆေးမဆို ကိုယ်နဲ့ဓာတ်မတည့်တာမျိုး ရှိတတ်ပါတယ်။အသားဖြူဆေးတွေလည်း ဒီအတိုင်းပါပဲ။ အခြားဆေးတွေလိုပဲ သောက်လိုက်တဲ့သူမှာ ဓာတ်မတည့်တာမျိုးတွေကို ဖြစ်စေပါတယ်။ ပုံမှန် ဖြစ်တတ်တာတွေကတော့အင်ပြင်ထတာ၊ အသားအရေတွေ ယားတာ၊လည်ချောင်းယားတာ၊ မျက်နာကြီးထူအမ်းအမ်းဖြစ်နေတာနဲ့ လျှာထုံနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ တချို့တွေဆို အသက်ရှူကျပ်လာတဲ့အထိတောင် ဖြစ်တတ်ပြီး ဆေးကုသမှု အမြန်ခံယူရတတ်ပါတယ်။အသားဖြူဆေး အပါအဝင် ကိုယ်သောက်လိုက်တဲ့ ဘယ်ဆေးမဆိုအသည်းကပဲ ချေဖျက်ပေးပြီး သွေးထဲကို ပို့ဆောင်ပေးတာပါ။ တချို့ FDA ထောက်ခံချက်မရတဲ့ မယုံကြည်ရတဲ့ အသားဖြူဆေးတွေမှာကျ အသည်းက ခံနိုင်တာထက်ပိုတဲ့ ဆေးပမာဏ အများကြီးပါနေတတ်ပါတယ်။ ဒီဆေးတွေ သောက်လိုက်မိရင်အသည်းဆဲလ်တွေကို ထိခိုက်သွားစေပြီး မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ပိုဖြစ်စေပါတယ်။FDA ထောက်ခံချက်မရတဲ့ အရည်အသွေးစိတ်မချရတဲ့ အသားဖြူဆေးတွေမှာကင်ဆာဖြစ်ဖို့ အားပေးတဲ့ ပါဝင်ပစ္စည်းတွေ ပါနေတတ်တာကြောင့် တွေ့ကရာဆေးတွေကို ဝယ်မသောက်စေချင်ပါဘူး။ ကိုယ်သောက်မယ့်ဆေးရဲ့ ပါဝင်ပစ္စည်းတွေကို ဆေးဘူးနောက်မှာသေချာ ဖတ်ကြည်သင့်ပါတယ်။ဒ့ါကြောင့် ဟိုဆေးလေးကကောင်းတယ်၊ ဒီဆေးလေးကကောင်းတယ်ဆိုပြီး အသားဖြူစေတဲ့ ဆေးတွေ လျှောက်မသောက်တာ အကောင်းဆုံးပါ။ သောက်ချင်လွန်းတယ်ဆိုရင်လည်း FDA ထောက်ခံထားတဲ့ ဆေးတွေ ကို အဓိကရွေးဝယ်သောက်ပါ။ ကိုယ်သောက်မယ့် ဆေးရဲ့ ဆေးဘူးမှာ ပါဝင်ပစ္စည်းတွေ အကြောင်း ထည့်မထားရင် အဲဒီဆေးကို ယောင်လို့တောင် လှည့်မကြည့်လိုက်ပါနဲ့။ ကိုယ့်အသားအရေအတွက် အဆိုးတွေကိုပဲ ဖြစ်စေပါလိမ့်မယ့်။အသားလည်းဖြူချင်တယ် ဆေးလည်းမသောက်ချင်ဘူးဆိုတဲ့ သူတွေကျတော့ သဘာဝ သစ်သီးတွေနဲ့ ပေါင်းတင်တာမျိုး၊ ကိုယ့်ရဲ့ စားသောက်မှုပုံစံကို ပြောင်းပေးတာမျိုး၊ ကိုယ့်အသားအရေကို ဂရုစိုက်တာမျိုးတွေ လုပ်ပေးလို့ရပါတယ်။ရေးသားသူ- Dr Thin Yadanar@ Frances။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/skin-whitening-pills/
နှလုံးမကောင်းရင်ဘာတွေဖြစ်နိုင်သလဲ
နှလုံးဆိုတဲ့အစိတ်အပိုင်းဟာ ခန္ဓာကိုယ်အတွက် ဘယ်လောက်တောင် အရေးကြီးသလဲဆိုတာအထူးပြောပြနေစရာတောင်လိုမယ်မထင်ပါဘူး။ စက္ကန့်နဲ့အမျှ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့သွေးတွေကို တစ်ကိုယ်လုံးနေရာအနံှ့ရောက်အောင်ညှစ်ထုတ်ပေးနေသလို အခြေအနေအရလိုအပ်လာရင်လည်း ပုံမှန်ထက်ပိုပြီး အလုပ်လုပ်ပေးရပါသေးတယ်။ ဒီလိုပိုအားစိုက်ထုတ်ရတဲ့အကြိမ်ရေများလာရင် နှလုံးကြွက်သားတွေလည်း ပိုထူထဲလာပြီး သွေးကြောတွေကလည်း သွေးပမာဏများများပို့ပေးနိုင်အောင် ညှစ်ရတဲ့အတွက် ပုံမှန်ထက်ပိုကျဉ်းလာနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့ နှလုံးကြွက်သားတွေပိုအားနည်းလာပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သွေးပမာဏမထောက်ပံ့ပေးနိုင်တော့ဘူးဖြစ်လာပါမယ်။ သွေးနဲ့အတူပါဝင်တဲ့အောက်ဆီဂျင်ပါ မရရှိတော့တဲ့နောက် မူးဝေေ၀ဖြစ်တာ၊ အသက်ရှုမဝတာ၊ ခြေလက်ဖောရောင်တာလို လက္ခဏာတွေပြပြီး နောက်ဆုံးနှလုံးမကောင်းတော့တဲ့ အခြေအနေဆီ ဦးတည်သွားပါတော့တယ်။တကယ်တော့ နှလုံးမကောင်းတဲ့ပြဿနာက ပျောက်ကင်းအောင် ပြန်ကုသလို့မရဘဲ ရောဂါပိုမဆိုးလာအောင် ဆေးသောက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ အစားအသောက်ဆင်ခြင်တာ၊ ခွဲစိတ်ကုသတာမျိုးတွေပဲ ပြုလုပ်နိုင်ပါတယ်။ အခုဒီဆောင်းပါးမှာတော့ နှလုံးမကောင်းရင် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ပြောပြလိုက်ရပါတယ်။နှလုံးခုန်စည်းချက်မမှန်တော့ခြင်း။ပုံမှန်နှလုံးတစ်ခုမှာ နှလုံးရဲ့သွေးလွှတ်ခန်း၊ သွေးညှစ်ခန်း ၄ ခန်းက စည်းချက်ညီညီအလုပ်လုပ်ပြီး တစ်ကိုယ်လုံးကို သွေးတွေပျံ့နှံ့ရောက်ရှိစေပါတယ်။ ဒါပေမဲ့ နှလုံးကြွက်သားတွေမကောင်းတော့ရင် အလုပ်လုပ်တာစည်းချက်မမှန်တော့ဘဲ ပုံမှန်ထက် နှလုံးခုန်နှေးသွားတာ၊ မြန်လာတာ၊ စည်းချက်မမှန်တာတွေဖြစ်လာပါတေ့တယ်။ ဒီပြဿနာဖြစ်လာရင် သွေးတွေပုံမှန်မဟုတ်ဘဲ စုပုံလာပြီး သွေးခဲဖြစ်သွားတတ်ပါတယ်။ သွေးခဲကသွေးကြောတလျှောက်ဖြတ်သန်းသွားပြီး ရောက်တဲ့နေရာတိုင်းမှာ ပြဿနာကြီးကြီးမားမားပေးတတ်ပါတယ်။ ဥပမာ ဦးနှောက်ထဲမှာသွေးခဲပိတ်ရင် လေဖြတ်သွားတာ၊ အဆုတ်ထဲရောက်သွားပြီး အဆုတ်သွေးခဲပိတ်တာ စတာတွေခံစားရနိုင်ပါတယ်။နှလုံးအဆို့ရှင်များပျက်စီးလာခြင်း။နှလုံးရဲ့သွေးလွှတ်ခန်း၊သွေးညှစ်ခန်း ၄ ခန်းမှာ အဆို့ရှင်လေးတွေရှိပါတယ်။ အခန်းတစ်ခန်းကနေ တစ်ခန်းကိုသွေးပို့လွှတ်တဲ့အခါ ဒီအဆို့ရှင်တွေက စည်းချက်ညီညီဖွင့်လိုက်ပိတ်လိုက်လုပ်ပေးပါတယ်။ နှလုံးက ပုံမှန်ထက်ပိုအလုပ်လုပ်ရပြီး ဒဏ်ဖြစ်လာတဲ့အခါ ဒီအဆို့ရှင်တွေပါ တဖြည်းဖြည်းပျက်စီးကုန်ပါတော့တယ်။ကျောက်ကပ်ပျက်စီးသွားခြင်း။ကျောက်ကပ်ဟာလည်း ခန္ဓာကိုယ်ကအစိတ်အပိုင်းတစ်ခုပဲမို့ ပုံမှန်အလုပ်လုပ်နိုင်အောင်သွေးလိုအပ်ပါတယ်။ လိုအပ်တဲ့သွေးပမာဏလုံလုံလောက်လောက်မရရင် ကျောက်ကပ်တွေဟာကိုယ်တွင်း အညစ်အကြေးစွန့်ထုတ်တဲ့အလုပ်ကိုကောင်းကောင်းမလုပ်နိုင်တော့ပါဘူး၊ ဒီအခါ ကျောက်ကပ်တွေတဖြည်းဖြည်းပျက်စီးလာပါတယ်။ ကျောက်ကပ်ပျက်စီးတာကို ကျောက်ကပ်မှန်မှန်ဆေးပေးတာ ဒါမှမဟုတ် ကျောက်ကပ်အစားထိုးတဲ့နည်းတွေနဲ့ကုသနိုင်ပါတယ်။သွေးပေါင်ချိန်မြင့်လာခြင်း။ကျောက်ကပ်တွေက ကိုယ်တွင်းအညစ်အကြေးတွေတင်မဟုတ်ဘဲ ပိုလျှံနေတဲ့ရေတွေကိုလည်း စွန့်ထုတ်ပေးပါသေးတယ်။ ကျောက်ကပ်ပျက်စီးသွားရင် ကိုယ်တွင်းမှာရေဓာတ်တွေစုပုံလာပြီး သွေးပေါင်ချိန်ကိုပုံမှန်ထက် မြင့်တက်လာစေပါတယ်။အသည်းပျက်စီးခြင်း။အသည်းကလည်း ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကို ဖြိုခွဲဖျက်ဆီးပေးပြီး စွန့်ထုတ်နိုင်အောင်လုပ်ဆောင်ပေးပါတယ်။ ဒါပေမဲ့ နှလုံးမကောင်းတဲ့အခါ အသည်းအတွက်လိုအပ်တဲ့သွေးပမာဏကိုနှလုံးက ပိုသုံးစွဲရတာကြောင့် အသည်းလည်းပုံမှန်လုပ်ငန်းတွေမလုပ်နိုင်တော့ပါဘူး။အဆုတ်ရေဝိုင်းခြင်း။မကောင်းတဲ့နှလုံးက အဆုတ်ထဲကသွေးတွေကို အချိန်မီပြန်မသန့်စင်ပေးနိုင်တော့ပါဘူး။ ဒီအခါ အဆုတ်ထဲပြန်ဝင်တဲ့သွေးတွေကြောင့် အဆုတ်သွေးပြန်ကြောဖိအားမြင့်တက်လာစေပါတယ်။ အဆုတ်ရဲ့လေအိတ်ငယ်လေးတွေထဲအထိ ရေတွေဝင်လာတဲ့အခါမှာတော့လူနာအနေနဲ့ အသက်ဝအောင်ရှုဖို့ခက်ခဲသွားပါတော့တယ်။ ဒါကိုအဆုတ်ရေဝိုင်းခြင်းလို့ ခေါ်ဆိုပါတယ်။ရေးသားသူ – Dr. Htoo Tint Ko Ko။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%80%94%e1%80%be%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%99%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%84%e1%80%ba%e1%80%98%e1%80%ac%e1%80%90%e1%80%bd%e1%80%b1%e1%80%96/
ဝက်ရူးပြန်ရှိနေတဲ့ ကိုယ့်ဘဝလက်တွဲဖော်ကို ဘယ်လိုကူညီပံ့ပိုးပေးမလဲ
ကိုယ့်ဘဝလက်တွဲဖော်မှာ ဝက်ရူးပြန်ရောဂါရှိပြီလား။ အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး လက်တွဲဖော်က သူ့ကိုယ်သူ စိတ်ဓာတ်ကျနေပြီလား၊ စိတ်ပျက်နေပြီလား။ ကူညီပံ့ပိုးပေးချင်ပေမယ့်လည်း ဘာလုပ်လို့၊ဘာကိုင်ရမှန်းမသိဖြစ်နေလား။ အောက်ပါနည်းလမ်းတွေနဲ့ အတူ အခြေအနေတွေကို ပြန်လည်ထိန်းချုပ်နိုင်လာနိုင်ပါမယ်။မိမိကြင်ဖော်က ဘာတွေဖြတ်သန်းရတော့မယ်၊ ဘယ်လိုတွေခံစားရတော့မယ်ဆိုတာ နားလည်ထားဖို့အရေးကြီးပါတယ်။ အဲဒါမှ မှန်မှန်ကန်ကန်ကူညီပေးနိုင်မှာပါ။ အတက်ရောဂါ၊ ဝက်ရူးပြန်ရောဂါနဲ့ ပတ်သတ်ပြီး ပုံမှန်စကားပြောနေကျပုံစံအတိုင်းသာ ပြောပေးပါ။ သို့မှသာ သူ့ရဲ့ကြောက်စိတ်တွေနဲ့ စိုးရိမ်မှုတွေပြောပြတဲ့နေရာမှာ သက်သောင့်သက်တာရှိတယ်လို့ခံစားရမှာပါ။ သင့်စိတ်ခံစားမှုတွေ မသိုဝှက်ထားဖို့လည်း လိုအပ်ပါတယ်။ ကိုယ့်ချစ်သူ ဝက်ရူးပြန်နေတာကို မြင်မိပြီး ကြောက်စရာကောင်းတယ်လို့ထင်ရင်လည်း ပြောပြလိုက်ပါ။ သူကိုသင် ရိုးရိုးသားသား ပြုမူဆက်ဆံမယ်ဆိုရင် သူလည်းသင့်ကို ပြန်ရိုးသားပေးပါလိမ့်မယ်။အရက်သောက်မသောက်က သူ့တို့ ကိုယ်ပိုင်ရွေးချယ်မှုဖြစ်သော်လည်း အရက်ရဲ့ ဝက်ရူးပြန်ရောဂါပေါ်မှာရှိသော သက်ရောက်မှုတွေ ပြောပြပြီး အရက်မသောက်ဖို့ တိုက်တွန်းပေးပါ။ ဝက်ရူးပြန်ရှိတဲ့လူဟာ တစ်နေ့ကို အရက် ၁ယူနစ်ကနေ ၂ယူနစ်အထိသာ သောက်သုံးသင့်ပါတယ်။ ဒါပေမယ့်လည်း တတ်နိုင်သမျှ မသောက်တာက ပိုကောင်းပါတယ်။ အရက်က ဝက်ရူးပြန်အတွက်ဆေးများတွေ၏ ဘေးထွက်ဆိုးကျိုးတွေကို ပိုဆိုးစေပါတယ်။ ဒါမှမဟုတ် အရက်ရဲ့ ခန္ဓာကိုယ်အပေါ်သက်ရောက်မှုကို ပိုများစေပါတယ်။ ဒါ့အပြင် အချို့လူတွေမှာ အရက်က အတက်ရောဂါကို ပိုဆိုးစေပါတယ်။ အိပ်စက်မှုပုံစံကို ပြောင်းလဲစေခြင်းဖြင့် အတက်ရောဂါကို ပိုဆိုးစေပါတယ်။ကိုယ့်ချစ်သူကို ဂရုစိုက်ကူညီပေးနေခြင်းက စိတ်ကျေနပ်စရာကောင်းသော်လည်း တစ်ခါတလေတော့ ပင်ပန်းတယ်လို့ ခံစားရနိုင်ပါတယ်။ အပြစ်ရှိမှုတွေ၊ စိတ်ပျက်မှုတွေ၊ ဒေါသဖြစ်မှုတွေနဲ့ အကူအညီမဲ့မှုတွေကို ခံစားနေရမယ်ဆိုရင် ဒါဟာပုံမှန်ပါပဲ။ ကိုယ့်ချစ်သူကို တတ်နိုင်သမျှ ကူညီပံ့ပိုးပေးချင်နေသော်လည်း အလုပ်တွေ၊ ဝင်ငွေတွေကို မပြစ်ပယ်လိုက်သင့်ပါဘူး။ သူ့ကို ပိုမိုကူညီပေးနိုင်ရန် အနားယူလို့လိုအပ်ပါတယ်။ ဒါကြောင့် အမြဲကြီး အာရုံစိုက်မနေပါနှင့်။ သင့်လိုအင်ဆန္ဒတွေနဲ့ လိုအပ်မှုတွေအပေါ်မှာလည်း ဂရုစိုက်သင့်ပါသေးတယ်။ မိမိကိုယ်ကို ဂရုစိုက်ဖို့၊ အချိန်ပေးဖို့ အလွန်အရေးကြီးပါတယ်။ကိုယ့်ကြင်ဖော်မှာ အရေးကြီးတဲ့ ချိန်းဆိုမှုတွေ ရှိနေပြီဆိုရင် လိုက်ပေးနိုင်ဖို့ တောင်းဆိုပါ။ သူက ဘေးမှာရှိနေပေးဖို့၊ အရေးကြီးအချက်အလက်တွေ လိုက်မှတ်နေပေးဖို့ လူတစ်ယောက်လိုအပ်နိုင်ပါတယ်။ အဲလူက သင်ပဲဖြစ်ပေးလိုက်ပါ။ ဒါ့အပြင် အဲဒါဟာ သူ့ရောဂါအခြေအနေဘယ်လိုရှိနေတယ်ဆိုတာသိဖို့နဲ့ သူတို့လိုအပ်မယ့် ကုသမှုတွေ ရွေးချယ်နိုင်အောင် ကူညီပေးဖို့ အခွင့်အရေးပါပဲ။ သူက ဝက်ရူးပြန်နေချိန်မှာ ဖြစ်နေတဲ့ အကြောင်းအရာတွေကို သိမှာမဟုတ်ပါဘူး။ သင်ကသာ ဆရာဝန်ကို ပြောပြပေးရမှာပါ။အရေးကြီးလိုအပ်မယ့် ဖုန်းနံပါတ် အမြဲဆောင်ထားဖို့လိုအပ်ပါတယ်။ ဆရာဝန်၊ ဆေးရုံနဲ့ ဆွေမျိုးဖုန်းနံပါတ်တွေကို ဖုန်းထဲမှာလည်း ထည့်ထားသင့်သလို၊ အိတ်ကပ်ထဲမှာလည်း ဆောင်ထားသင့်ပါတယ်။ လိုအပ်နိုင်မယ့်လူ ဒါမှမဟုတ် အသိပေးဖို့လိုတဲ့လူတွေနဲ့ အမြဲတမ်းအချိန်မရွေးဆက်သွယ်နိုင်နေပါစေ။မိမိဘဝလက်တွဲဖော်မှာ အတက်ရောဂါရှိနေခြင်းက သူ့ကိုယ်တိုင်သာမက မိမိတို့ရဲ့ ဆက်ဆံရေး၊ လက်တွဲရေးတွေမှာလည်း သက်ရောက်မှုတွေရှိပါတယ်။ ဒါ့အပြင် တက်တယ်ဆိုတာဟာ ခန့်မှန်းလို့မရနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာရောဂါလက္ခဏာတစ်ခုလို့ သတ်မှတ်လို့ရနိုင်ပါတယ်။ ဒါပေမယ့်လည်း သင့်ဘဝလက်တွဲဖော်ကို ရောဂါနဲ့ပတ်သတ်ပြီး မှန်ကန်တဲ့နည်းလမ်းတွေဖြင့် ကူညီပံ့ပိုးပေးမယ်ဆိုရင်တော့ သူ့ကိုသာမက သင်တို့ဆက်ဆံရေးကိုလည်း ကာကွယ်ပေးနိုင်မှာပါဖြစ်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/%e1%81%80%e1%80%80%e1%80%b9%e1%80%9b%e1%80%b0%e1%80%b8%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%9b%e1%80%bd%e1%80%ad%e1%80%b1%e1%80%94%e1%80%90%e1%80%b2%e1%80%b7-%e1%80%80%e1%80%ad%e1%80%af%e1%80%9a/
မိမိ ကိုယ်အလေးချိန် က ကလေးရဖို့ ခက်စေနိုင်သလား၊၊
ကိုယ်အလေးချိန် များခြင်း၊ နည်းခြင်းက နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်တယ်ဆိုတာ သိထားကြမှာပါ၊၊ နောက်ထပ်သိထားသင့်တာက အစွန်းရောက်တဲ့ ကိုယ်အလေးချိန် (ဝလွန်းခြင်း၊ပိန်လွန်းခြင်း) ကမျိုးအောင်နိုင်စွမ်းပေါ်မှာလည်း သက်ရောက်မှု ရှိတယ်ဆိုတာပါပဲ၊၊ ဒါ့ပြင်  ဒီအချက်က အမျိုးသားရော၊ အမျိုးသမီးမှာပါ သက်ရောက်နေတဲ့ အချက်ဖြစ်တာကြောင့် ကလေးယူဖို့ ကြိုးစားနေတဲ့ စုံတွဲတိုင်း မိမိကိုယ်အလေးချိန်က ကလေးရဖို့ ခက်နိုင်သလားဆိုတာကို သိထားသင့်ပါတယ်၊၊။ကျန်းမာတဲ့ ကိုယ်အလေးချိန် တစ်နည်းအားဖြင့် စုံတွဲတွေအတွက် ကလေးရဖို့ လွယ်ကူစေတဲ့ ကိုယ်အလေးချိန်ကိုBMIနဲ့ အလွယ်ဆုံး စစ်ဆေးနိုင်ပါတယ်၊၊။ပိန်လွန်းတဲ့ ကိုယ်အလေးချိန် – BMI 18.5 အောက်။ကျန်းမာတဲ့ ကိုယ်အလေးချိန်- BMI 18.5-24.9။ကိုယ်အလေးချိန်များ- BMI 25-29.9။အဝလွန်တဲ့ ကိုယ်အလေးချိန်- BMI 30နဲ့ အထက်။ချွင်းချက်တချို့ ရှိပေမယ့် BMIက တွက်ရအလွယ်ဆုံးနဲ့ ကိုယ်အလေးချိန်ကို ခန့်မှန်းရအလွယ်ဆုံးပဲ ဖြစ်ပါတယ်၊၊။အမျိုးသမီးတွေရဲ့ ကိုယ်အလေးချိန်က ကိုယ်တွင်းက မျိုးအောင်စေနိုင်တဲ့ ဟော်မုန်းတွေရဲ့ ပမာဏနဲ့ လုပ်ငန်းစဉ်အပေါ်မှာ အများကြီးသက်ရောက်မှု ရှိနေပါတယ်၊၊ လေ့လာချက်တွေအရ အစွန်းရောက်တဲ့ ကိုယ်အလေးချိန်တွေက သဘာဝအတိုင်း ကလေးရဖို့ ခက်စေသလိုဖန်ပြွန်သန္ဓေသားယူမယ်ဆိုရင်တောင် အောင်မြင်ဖို့ ခက်စေပါတယ်တဲ့၊၊။အဝလွန်ရင် ကလေးရဖို့ ခက်တယ်လို့ ပြောကြပေမယ့် ပိန်လွန်းပြန်တော့လည်းအီစထရိုဂျင်နဲ့ တခြားဟော်မုန်းတွေ နည်းသွားတာ၊ ကျန်းမာရေးပြဿနာတွေ ခံစားရတာကြောင့် ကလေးရဖို့ ခက်ပါတယ်၊၊။ဝလွန်းတဲ့ အခါကျတော့လည်း ကိုယ်တွင်းက အန်ဒရိုဂျင်၊ အမျိုးသားဟော်မုန်းတွေ များလာပြီး ကလေးရဖို့ ခက်လာပြန်ပါတယ်၊၊။ဥပမာPCOS(Polycystic ovary syndrome) လို့ခေါ်တဲ့ သားဥအိမ် အရည်အိတ်တည်တဲ့ ရောဂါစုမှာဆိုရင် အမျိုးသမီးတွေက ဟော်မုန်းမမျှတတာကြောင့် အဝလွန်လာပါတယ်၊၊ တစ်ခါ ဒီလိုအဝလွန်လာတာကြောင့် ဟော်မုန်းမမျှတမှု ပိုဆိုးပြီး သံသရာ လည်နေတတ်ပါတယ်၊၊ ဒီလို လူနာတွေမှာ သားဥကြွေဖို့ ခက်တာကြောင့် ကိုယ်ဝန်ရဖို့ တော်တော်ကြိုးစားရပါတယ်၊၊ ရောဂါပိုမဆိုးလာအောင်၊ ကလေးရဖို့ လွယ်လာအောင် ကိုယ်အလေးချိန် လျော့ခိုင်းရပါတယ်၊၊။ကလေးရဖို့ဆိုရင်သားဥကြွေဖို့က အဓိက ကျပါတယ်၊၊ အစွန်းရောက်တဲ့ ကိုယ်အလေးချိန်တွေ ( ဝလွန်း၊ ပိန်လွန်း)က ဟော်မုန်းတွေကို မမျှတစေတာကြောင့် ရာသီစက်ဝန်းကို ကမောက်ကမဖြစ်စေပြီး သားဥကြွေတာနဲ့ ရာသီလာတာကို ထိခိုက်စေပါတယ်၊၊ အစွန်းရောက် ကိုယ်အလေးချိန်တွေက။ရာသီစက်ဝန်းဆိုတာက ဟော်မုန်းတွေ အများကြီးနဲ့ ထိန်းချုပ်ထားပြီး အဆင့်ဆင့် လုပ်ဆောင်ရတဲ့ လုပ်ငန်းစဉ်တစ်ခုပါ၊၊ ဦးနှောက်ထဲက ဟိုက်ပိုသလမတ်စ်၊ ပီကျူထရီ ဒီကနေထွက်တဲ့ ဟော်မုန်းတွေက သားဥအိမ်ကနေ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းကို ထွက်စေပြီး သားဥကြွေစေ၊ ရာသီလာစေတာပဲ ဖြစ်ပါတယ်၊၊။ဒီလို ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်မှာ တစ်နေရာရာက ချို့ယွင်းသွားရင် အကုန်ကမောက်ကမဖြစ်ကုန်ပြီး ရာသီလည်း မမှန်တော့ပါဘူး၊၊။ရာသီမမှန်ဘူးဆိုရင် အဓိက အကြောင်းရင်းက သားဥမကြွေတာကြောင့် ဖြစ်နိုင်ပါတယ်၊၊ သားဥမကြွေရင် ကိုယ်ဝန်ရဖို့လည်း ခက်လာမှာပါ၊၊ ရာသီမမှန်ဘူးဆိုတဲ့ နေရာမှာ ရာသီထိမ်သွားတာအပြင် ရုတ်တရက် သွေးဆင်းများတာ၊ နည်းတာ၊ ရက်ရှည်တာ၊ ကြားဖောက်သွေးဆင်းတာ စတာတွေပါ အကျုံးဝင်ပါတယ်၊၊ ပြောရရင်တော့ လာချင်တဲ့ ပုံစံနဲ့ လာချင်သလို လာနေတာပဲ ဖြစ်ပါတယ်၊၊။ဒီလိုပဲ ရုတ်တရက် ကိုယ်အလေးချိန် ကျသွားသူ၊ နဂိုတည်းက ပိန်လွန်းတဲ့ သူတွေမှာဆိုရင် ရာသီလုံးဝပျောက်သွားတာမျိုး တစ်နည်း သားဥလုံးဝမကြွေတာမျိုး ဖြစ်တတ်ပါတယ်၊၊။သွေးထဲမှာ အီစထရိုဂျင်ဟော်မုန်း ပုံမှန်အတိုင်း ရှိနေပါမှ သားဥအိမ်ကနေ လစဉ် သားဥကြွေမှာ ဖြစ်ပါတယ်၊၊ ဒါပေမယ့် အဝလွန်လာရင် သွေးထဲမှာ အီစထရိုဂျင်တွေ များလာပြီး သားဥကြွေမှာ မဟုတ်ပါဘူး၊၊။အဝလွန်တာရဲ့ နောက်ထပ် ပြဿနာတစ်ခုက အင်ဆူလင် မတိုးတော့တာပါ၊၊ သွေးထဲမှာ အင်ဆူလင် ရှိနေပေမယ့် ဆဲလ်တွေက မတုံ့ပြန်တာကြောင့် သွေးတွင်းသကြားဓာတ်တွေများလာပါတယ်၊၊ ပိုလျှံတဲ့ သကြားဓာတ်တွေကို ခန္ဓာကိုယ်မှာ သိမ်းဆည်းတဲ့အခါ် ထပ်ပြီး အဝလွန်စေတာကြောင့် ပိုဆိုးလာပါတယ်၊၊ အင်ဆူလင် မတိုးတာက သားဥမကြွေတာ၊ ရာသီမမှန်တာတွေအပြင် ဆီးချိုရောဂါကိုပါ ဖြစ်စေနိုင်ပါတယ်၊၊။ကလေးမရဘူးဆိုရင် အမျိုးသမီးတွေကိုပဲ ပြေးမြင်တတ်သလို ကိုယ်အလေးချိန်ကြောင့် မရဘူးဆိုရင်လည်း အမျိုးသမီးတွေပဲလို့ ထင်တတ်ကြပါတယ်၊၊ တကယ်က အမျိုးသားတွေရဲ့ ကိုယ်အလေးချိန်ကလည်း အမျိုးသမီးတွေနည်းတူ ကလေးရနိုင်ခြေအပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်၊၊ အဝလွန်တဲ့ ဒါမှမဟုတ် ပိန်လွန်းတဲ့ အမျိုးသားတွေမှာ ဟော်မုန်းမမျှတမှုတွေ ဖြစ်လာတာကြောင့် ကလေးရနိုင်ခြေ ထိခိုက်နိုင်ပါတယ်၊၊။၂၀၀၆ ခုနှစ်မှာ အမျိုးသားတွေရဲ့ ကိုယ်အလေးချိန်က မျိုးအောင်နိုင်စွမ်းကို ဘယ်လိုသက်ရောက်မှု ရှိသလဲဆိုပြီး လေ့လာခဲ့ကြပါတယ်၊၊ ဒီလေ့လာချက်မှာ အမျိုးသားတွေက ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပေါင်  ၂၀တက်တိုင်းမှာ ကလေးရဖို့ ၁၀%လောက် ပိုခက်လာပါတယ်တဲ့၊၊ ဒါ့ပြင် ဇနီးရဲ့ ကိုယ်အလေးချိန်က ဘယ်လိုပဲ ရှိနေပါစေ၊၊ ဆိုလိုတာက အမျိုးသမီးမှာ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိနေမယ်ဆိုရင်တောင် အမျိုးသားက အဝလွန်နေမယ်ဆိုရင် ကလေးရဖို့ အချိန်ကြာပါလိမ့်မယ်တဲ့၊၊။အဝလွန်တာရော၊ ပိန်လွန်းတာရောက အမျိုးသားတွေရဲ့ ဟော်မုန်းမမျှတမှုကို ဖြစ်စေပြီး ဒါကတဆင့် သုက်ကောင်လေးတွေရဲ့ အရေအတွက်ကိုရော အရည်အသွေးကိုပါ ထိခိုက်စေပါတယ်၊၊ အစွန်းရောက် ကိုယ်အလေးချိန်ရှိတဲ့ အမျိုးသားတွေမှာ။ဒါကြောင့် မိန်းမကိုယ်ထဲမှာ ကြာကြာမရှင်နိုင်တာ၊ မမျိုးဥနဲ့ ပေါင်းစပ်ဖို့ ခက်တာတွေကြောင့် ကလေးရဖို့ ခက်ခဲတတ်ပါတယ်၊၊။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/how-weight-affects-your-fertility/
ရင်ဘတ်ပေါ်မှာ ဝက်ခြံတွေ ထွက်လာလို့ စိတ်ညစ်နေပြီလား
ဝက်ခြံဆိုတာ အလှအပနဲ့ပတ်သက်ပြီး အရမ်းဂရုစိုက်နေတဲ့ သူတွေအတွက်တော့ တကယ့်အိပ်မက်ဆိုးပါပဲ။ အရေပြားပေါ်က နီနီရဲရဲအဖုတွေကြောင့် ငါအရမ်းများ ရုပ်ဆိုးနေပြီလားဆိုပြီး လူမြင်ကွင်းထဲသွားတဲ့အခါ ကိုယ့်စိတ်ထဲ မလုံသလို ဖြစ်နေရတယ်။ ဒါ့အပြင် လက်နဲ့မတော်တဆလေးများ ကုတ်မိလိုက်လို့ လက်သည်းထဲက ပိုးဝင်သွားရင် အနာက တော်ရုံနဲ့မကျက်တော့ဘဲ ပိုဆိုးသွားနိုင်သေးတယ်လေ။ ဝက်ခြံတွေက နေရာတော်တော်များများမှာ ထွက်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ရင်ဘတ်ပေါ်မှာ ဝက်ခြံတွေ ထွက်လာတဲ့အခါ ဘာလုပ်ရမလဲဆိုတာကို ပြောပြပေးပါမယ်။ကျွန်တော်တို့ အရေပြားပေါ်က နီနီရဲရဲ အဖုလေးတွေကိုဝက်ခြံလို့ ခေါ်ပါတယ်။ ဝက်ခြံ ဘယ်လိုဖြစ်ရတာလဲဆိုတော့ အရေပြားပေါ်မှာ ရှိတဲ့ ချွေးပေါက်လေးတွေထဲကို ဖုန်၊ အညစ်အကြေးတွေ၊ အဆီတွေ စုမိရာကနေစပါတယ်။ ချွေးပေါက်ထဲမှာ ဒီအညစ်အကြေးတွေက ပိတ်မိနေတဲ့အခါ ဘက်တီးရီးယားပိုးတွေ ခိုအောင်းလာပြီး အခုလို နီရဲရဲ ဝက်ခြံအဖုလေးတွေ ဖြစ်လာရတာပါ။ အရေပြားမှန်ရင် ချွေးပေါက်ဆိုတာ ရှိတဲ့အတွက် မျက်နှာမှ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာဝက်ခြံပေါက်နိုင်ခြေရှိပါတယ်။ဖြစ်ရတဲ့အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ ဥပမာ မျက်နှာကို သေချာမသန့်စင်တာ၊ အပြင်က ပြန်လာရင် မျက်နှာမသစ်ဘဲ ဖုန်တွေ၊ အဆီတွေနဲ့ အကြာကြီးနေနေတာကြောင့် ဝက်ခြံပေါက်တာ များပါတယ်။ ဆယ်ကျော်သက်အရွယ်နဲ့ ကိုယ်ဝန်ဆောင်စဉ်၊ သွေးဆုံးဝေဒနာ ခံစားနေရတဲ့ အမျိုးသမီးတွေမှာလည်း ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံပေါက်နိုင်သလို ညအိပ်ချိန်မမှန်တာ၊ ကိုယ်စားသောက်နေတဲ့ အစားအစာတွေနဲ့လည်း သက်ဆိုင်ပါတယ်။ရင်ဘတ်ပေါ်မှာ ဝက်ခြံတွေ ပေါက်တာကတော့ များသောအားဖြင့် ကျပ်လွန်းပြီး လေဝင်လေထွက် မကောင်းတဲ့ အင်္ကျီတွေ ဝတ်တာ၊ နေပူထဲမှာ ချွေးတွေ၊ ဖုန်တွေနဲ့ အကြာကြီးလုပ်နေရတာ၊ ရေသေချာ မချိုးဘဲနေတာကြောင့် ဖြစ်ပါတယ်။ ဘာအကြောင်းရင်းကြောင့်ပဲ ဖြစ်ပါစေ။ ဒီဝက်ခြံလေးတွေကို အမြန်ဆုံးသက်သာစေဖို့နဲ့ နောက်ထပ် မဖြစ်စေဖို့ ကာကွယ်ပေးနိုင်မယ့် နည်းလမ်းကောင်းတွေကို ဒီနေ့ဆောင်းပါးလေးမှာ ပြောပြပေးချင်ပါတယ်။၁။ ရေမှန်မှန်ချိုးပါ။ရေချိုးတာက အခြေခံကျတဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး နည်းလမ်းပါ။ ခန္ဓာကိုယ်မှာ ချွေး‌တွေ၊ အဆီတွေ ရှိနေချိန် ရေသေချာမချိုးဘူးဆိုရင် ချွေးပေါက်တွေပိတ်ပြီး ရင်ဘတ်မှာ ဝက်ခြံတွေ ထွက်လာနိုင်ပါတယ်။ ဒါကြောင့် အနည်းဆုံး တစ်နေ့တစ်ကြိမ် ရေချိုးပါ။ ချွေးထွက်များတဲ့ အလုပ်တွေ လုပ်ပြီးရင်လည်း (ဥပမာ gymဆော့ထားရင်) ရေထပ်ချိုးသင့်ပါတယ်။၂။ ကိုယ်တိုက်ဆပ်ပြာကို သေချာရွေးဝယ်ပါ။ဆပ်ပြာဖြစ်ရင်ပြီးရောဆိုပြီး တွေ့တဲ့ဆပ်ပြာနဲ့ အရေပြားကို တိုက်ချွတ်တဲ့အကျင့်ကို မေ့ပစ်လိုက်ပါတော့။ ကိုယ်က ဝက်ခြံပေါက်နေတယ်ဆိုရင် ဒီဝက်ခြံကို အမြန်ပျောက်ဖို့ ဘက်တီးရီးယားပိုး ကာကွယ်ပေးနိုင်တဲ့ Anti-bacterial အမျိုးအစား ကိုယ်တိုက်ဆပ်ပြာတွေကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။၃။ တစ်ပတ်ကို တစ်ကြိမ်လောက် Scrub တိုက်ပေးပါ။အခုနောက်ပိုင်းမှာ Scrub အကြောင်းကို လူတွေတော်တော်များများ နားလည်ကြလာပါပြီ။ သူ့ရဲ့ တာဝန်ကတော့ အရေပြားပေါ်က ပျက်စီးနေတဲ့ဆဲလ်အသေတွေကို ခွာချပေးနိုင်တယ်။ အရေပြားဆဲလ်အသစ်တွေကို လျင်မြန်စွာ ထွက်လာဖို့ ကူညီပေးတယ်။ ချွေးပေါက်ထဲမှာ ပိတ်မိနေတဲ့ အညစ်အကြေး၊ ဆီနဲ့ ဖုန်မှုန့်တွေကို ဖယ်ရှားပေးနိုင်တာပါပဲ။Scrub လို့ဆိုရာမှာ အမျိုးမျိုး ရှိတာကြောင့် ကိုယ့်အသားအရေနဲ့ လိုက်ဖက်ညီတာကို သေချာရွေးချယ်ရင်း ရေမချိုးခင်မှာ ၅မိနစ်လောက်အချိန်ပေးပြီး Scrub တိုက်ပေးတာ အကောင်းဆုံးပါပဲ။ နေ့တိုင်းတိုက်ဖို့ မလိုပါဘူး။ ၂ရက်ခြား တစ်ခါ ဒါမှမဟုတ် တစ်ပတ်ကို တစ်ကြိမ်လောက် Scrub တိုက်ပေးနိုင်ရင် အဆင်ပြေပါတယ်။၄။ အသားအရေကို အစိုဓာတ်ပြန်ထိန်းပါ။ရေချိုးပြီးတဲ့အချိန်တိုင်း မဖြစ်မနေ လုပ်ပေးသင့်တာကတော့ အရေပြားကို အစိုဓာတ်ဖြည့်ပေးဖို့ပါပဲ။ ရေချိုးလိုက်တဲ့အခါ ကိုယ်ပေါ်က အဆီတွေကို ဖယ်ရှားပစ်လိုက်တဲ့အတွက် အသားက ခြောက်သွားပါတယ်။ ဒီလို ခြောက်သွားတဲ့အသားအရေဟာ ဝက်ခြံဖြစ်ဖို့ ပိုလွယ်ကူနိုင်ပါတယ်။ ဒါကို ကာကွယ်ပေးဖို့အတွက် အစိုဓာတ်ထိန်းခရင်မ်တစ်မျိုးမျိုး လိမ်းပေးလို့ရပါတယ်။ အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ ကိုယ်လိမ်း Lotion တွေကို သုံးမယ်ဆိုလည်း အဆင်ပြေတယ်နော်။၅။ အဝတ်လျှော်ဆပ်ပြာကို အပြင်းစားတွေ မသုံးပါနဲ့။တစ်ကိုယ်ရေသန့်ရှင်းမှုလို့ ဆိုရာမှာ ကိုယ်နေ့တိုင်းဝတ်နေတဲ့ အဝတ်အစားတွေ သန့်ရှင်းပြီး ပိုးမွှားကင်းနေဖို့လည်း အရေးကြီးတယ်မလား။ ဒီလို သန့်ရှင်းဖို့ကို အရမ်းအာရုံစိုက်ထားပြီး အပြင်းစား အဝတ်လျှော်ဆပ်ပြာတွေ သုံးမယ်ဆိုရင်တော့ အဝတ်သာမကဘဲ ကိုယ့်အရေပြားက ဓာတ်မတည့်ဖြစ်ပြီး နဂိုရှိနေတဲ့ ဝက်ခြံတွေက ပိုဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် အဝတ်လျှော်ဆပ်ပြာကို သိပ်ပြီး မပြင်းတဲ့အမျိုးအစားလေးတွေ ရွေးဝယ်ပြီး အသုံးပြုစေချင်ပါတယ်။၆။ ချောင်ချိတဲ့ ချည်သားအဝတ်တွေ ဝတ်ပါ။လေထွက်ပေါက်တောင် မရှိလောက်တဲ့အထိ အဝတ်အစားတွေ ပြည့်ကျပ်နေရင်တော့ ချွေးပေါက်ထဲ အညစ်အကြေးတွေ ပိတ်မိဖို့ ပိုပြီးလွယ်ကူတာပေါ့။ ဒါကြောင့် အိမ်မှာပဲနေနေ၊ အပြင်ပဲသွားသွား လေဝင်လေထွက်ကောင်းတဲ့ ချည်သား အဝတ်အထည်တွေကိုပဲ အဓိကဝတ်ဆင်ပေးသင့်ပါတယ်။၇။ ရေများများသောက်ပါ။ခုလို နေပူတဲ့အချိန်ဆို ကိုယ်ခန္ဓာက ချွေးတွေအရမ်းထွက်တယ်မလား။ ဒီလိုချွေးတွေ ထွက်သွားရင် ကိုယ်ခန္ဓာက ရေဓာတ်ဆုံးရှုံးသွားတာပေါ့။ ရေဓာတ်ခမ်းခြောက်တဲ့ အသားအရေက မွဲခြောက်ခြောက်ပြီး ဖြစ်ပြီး လူကိုအိုမင်းရင့်ရော်စေတယ်။ ဒါ့အပြင် ချွေးပေါက်တွေလည်း ကျယ်စေလို့ ဝက်ခြံပေါက်နိုင်ခြေ ပိုများနိုင်ပါတယ်။ ဒါကြောင့် ပူလွန်းတဲ့အချိန်ဆို ရေများများသောက်ပါ။ အရည်ရွှမ်းတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။ဒီနည်းလမ်းတွေကို ရင်ဘတ်ပေါ်က ဝက်ခြံတွေ ကို အချိန်တိုအတွင်း သက်သာစေနိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။ ဒီနည်းလမ်းတွေ သုံးကြည့်ပြီး တော်တော်ကြာတဲ့အထိကို ဝက်ခြံက ပျောက်မသွားဘူး၊ ပိုဆိုးလာတယ်ဆိုရင်တော့ အရေပြားဆရာဝန်နဲ့ သွားရောက်ပြသကြည့်ဖို့ကို အကြံပေးလိုက်ပါတယ်နော်။ အားလုံးပဲ ခုလိုနွေရာသီ ပူလွန်းတဲ့အချိန်မှာ ကျန်းမာလှပပြီး စိတ်အေးချမ်းစေဖို့ ဆုတောင်းပေးလိုက်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/acne-on-chest/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-apple/
စိတ်ဖိစီးမှုတွေ က အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်သလား၊၊
စိတ်ဖိစီးမှုတွေ က ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ သိထားပြီးမှာ ဖြစ်မှာပါ၊၊ ဒါတင်မကစိတ်ဖိစီးမှုတွေက အမျိုးသားတွေရဲ့ သုက်ကောင်တွေနဲ့ သုက်ရည်အပေါ်မှာ သက်ရောက်မှု ရှိတယ်ဆိုတဲ့ လေ့လာချက်တွေ ထွက်ပေါ်လာပါပြီ၊၊ တစ်နည်းအားဖြင့်တော့ စိတ်ဖိစီးမှုတွေက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းအပေါ် သက်ရောက်မှု ရှိနေပါပြီ၊၊။၂၀၁၄ခုနှစ်က စိတ်ဖိစီးမှုနဲ့အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းနဲ့ ပတ်သတ်ပြီးလေ့လာမှုတစ်ခုလုပ်ခဲ့ပါတယ်၊၊ ဒီလေ့လာချက်မှာ ၂၀၀၅ခုနှစ်ကနေ ၂၀၀၈ခုနှစ်အတွင်းမှာ အသက် ၃၈နဲ့ ၄၉နှစ်ကြား အမျိုးသား ၁၉၃ယောက်ကို လေ့လာခဲ့တာ ဖြစ်ပါတယ်၊၊ ဒီလေ့လာချက်မှာ လုပ်ငန်းခွင် ဖိစီးမှု၊ စိတ်ဖိစီးစရာ အဖြစ်အပျက်တွေနဲ့ ကြုံရတာ၊ စိတ်ဖိစီးမှုကို လက်ခံနိုင်စွမ်း စတာတွေကို ထည့်သွင်းလေ့လာခဲ့ပါတယ်၊၊။(စိတ်ဖိစီးမှုလို့ ဆိုတဲ့နေရာမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ညစ်စရာတွေလောက် မဟုတ်ဘဲ ပြင်းထန်တဲ့ စိတ်ဖိစီးမှုမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်၊၊)။ဒီလေ့လာချက်မှာ လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေက သုက်ရည်ရဲ့ အရည်အသွေးကို တိုက်ရိုက်ထိခိုက်စေတာမျိုး မတွေ့ရပါဘူး၊၊ ဒါပေမယ့် ထူးခြားတာကသုက်ရည်မှာ မထိခိုက်ပေမယ့် သူတို့ရဲ့တက်စတိုစတီရုန်းက သာမန်ထက် လျော့နည်းနေပါတယ်၊၊ ဒါကလည်း သုက်ကောင်ထုတ်လုပ်မှုကို ထိခိုက်စေလို့ မျိုးအောင်နိုင်စွမ်းကျသွားနိုင်ပါတယ်၊၊။ဒါတွေအပြင် စိတ်ဖိစီးတာချင်း တူရင်တောင် အလုပ်လက်မဲ့အမျိုးသားတွေက အလုပ်ရှိတဲ့ အမျိုးသားတွေထက် သုက်ရည်အရည်အသွေး ကျနေတာကို တွေ့ရပါတယ်၊၊။စိတ်ဖိစီးမှုကိုယ်တိုင်က သုက်ကောင်တွေကို ထိခိုက်စေပြီး မျိုးအောင်နိုင်စွမ်းကို ကျစေသလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စိတ်ဖိစီးမှု ဖြေဖျောက်တဲ့ နည်းလမ်းတွေကလည်း သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ကလေးရဖို့ ခက်စေပါတယ်၊၊။စိတ်ဖိစီးမှုတွေ ပြေပျောက်အောင်ဆိုပြီး။မျိုးအောင်နိုင်စွမ်းကို တိုက်ရိုက်ထိခိုက်တာ မဟုတ်ပေမယ့် စိတ်ဖိစီးမှုတွေ များနေတဲ့ အမျိုးသားက အတူနေဖို့လည်း စိတ်ပါမှာ မဟုတ်ပါဘူး၊၊ ဒီလိုမျိုး စိတ်ဖိစီးမှုကြောင့်လိင်စိတ်နည်းသွားတာ၊လိင်တံမထောင်မတ်နိုင်တာတွေကလည်း ကလေးရဖို့ ခက်ခဲစေပါတယ်၊၊။စိတ်ဖိစီးလို့ ကလေးရဖို့ခက်၊ ကလေးမရလို့ စိတ်ဖိစီးပြီး သံသရာလည်နိုင်ပါသေးတယ်၊၊။ကံကောင်းတာက စိတ်ဖိစီးမှုကြောင့် သုက်ရည်အရည်အသွေးထိခိုက်တာက ယာယီပဲဖြစ်ပြီး စိတ်ဖိစီးမှုတွေ ပြန်သက်သာရင် သုက်ရည်အရည်အသွေးလည်း ပြန်တက်လာပါတယ်၊၊ နာတာရှည်စိတ်ဖိစီးမှု မဖြစ်ဖို့၊ ခဏခဏ စိတ်ဖိစီးတဲ့ ဒဏ်မခံရဖို့တော့ လိုပါတယ်၊၊။နည်းမှန်လမ်းမှန်နဲ့ စိတ်ဖိစီးမှု လျှော့ချနိုင်ဖို့။အချိန်မှန်စား၊ အချိန်မှန်အိပ်၊ လှုပ်လှုပ်ရှားရှားနေတာက စိတ်ဖိစီးမှုကို သက်သာစေသလို ကိုယ်ကျန်းမာရေးအတွက်လည်း အထောက်အကူ ဖြစ်ပါတယ်၊၊ ဒီစကားတွေက အမြဲတမ်းကြားနေရလို့ ရိုးစင်းတယ်လို့ ခံစားရနိုင်ပေမယ့် ထိရောက်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်၊၊။အတွေးထဲမှာ စိတ်ဖိစီးစေတဲ့ အကြောင်းတွေကိုပဲ တွေးနေမိပြီဆိုရင် အချိန်တိုင်းမှာ စိတ်ပင်ပန်းနေမှာပါ၊၊ ဒါကြောင့် လက်ရှိကို အာရုံစိုက်စေတဲ့ Mindfulness techniques တွေကို သုံးနိုင်ပါတယ်၊၊ တရားထိုင်တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ စတာတွေနဲ့ စကြည့်ပါ၊၊ စစချင်းမှာ စိတ်လွင့်နေလို့ ခက်ခဲနေပါလိမ့်မယ်၊၊ ဇွဲရှိရှိ လုပ်သွားရင် စိတ်ဖိစီးမှုတွေ  အတွေးထဲက ထွက်သွားမှာပါ၊၊။အထူးသဖြင့်တော့ကလေးရဖို့ ကြိုးစားရင်းနဲ့ မရသေးလို့ စိတ်ဖိစီးနေတဲ့ အတွဲတွေအတွက်ပါ၊၊ ကြိုးစားနေပေမယ့် မရတဲ့အခါကျတော့ စိတ်ပင်ပန်းလာတာ၊ အိမ်ထောင်ရေး အဆင်မပြေတာတွေ ဖြစ်လာနိုင်ပါတယ်၊၊ ဒီတော့ ခဏလောက် ခရီးသွား၊ သေချာအနားယူပြီးမှ ပြန်ကြိုးစားပါ၊၊။စိတ်ဖိစီးမှုဆိုတာလည်း ဝေဒနာတစ်ခုဖြစ်တဲ့အတွက် ကိုယ့်ဘာသာ သက်သာအောင် ကြိုးစားလို့ မရရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်၊၊ စိတ်ဖိစီးမှုက ကလေးရနိုင်တာကို ထိခိုက်စေတာတင် မဟုတ်ဘဲ ရေရှည်မှာ တခြားကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်လို့ပဲ ဖြစ်ပါတယ်၊၊။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/stress-and-infertility-in-males/
နှလုံးရောဂါရှိသူကို စောင့်ရှောက်ခြင်း
နှလုံးဝေဒနာရှင်များကိုစောင့်ရှောက်ရသည်မှာစိန်ခေါ်မှုတစ်ခု ပင်ဖြစ်ပါတယ်။ လူနာနေ့စဉ်လုပ်ငန်းများ၊ဆေးဝါးများကို စီမံပေးရုံမျှမက စိတ်ဓါတ်ခွန်အားဖြစ်စေရန်လည်းလိုအပ် ပါတယ်။ နှလုံးလူနာများအတွက်အထောက်အကူပေးနိုင်ရန် သိသင့်သည်များကိုအောက်တွင်ဖော်ပြထားပါတယ်။ဆီကြော်မှုန့်နှင့်အဆီများသောအစားအစာများကိုရှောင်ကြဉ် သင့်ပါတယ်။ ထို့ပြင်အသားဓါတ်ရရန်အဆီမပါသောအသားများကိုစားသင့်ပါတယ်။ဆားစားသုံးမှုပမာဏကိုလည်း ဂရုစိုက်သင့်ပါတယ်။ အလွန်ငန်သောဟင်းပွဲများသည်နှလုံး လူနာများအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်ပါ သည်။ ဆားဓါတ်သည်သွေးကိုပျစ်စေပြီး နှလုံးကိုအလုပ်ပိုစေပါတယ်။ သူတို့အတွက် အစားအသောက်စီစဉ်ရသည်မှာ ခက်ခဲလျှင်အစားအသောက်ပညာရှင်နှင့်တိုင်ပင်ဆွေး နွေးနိုင်ပါသည်။နှလုံးရောဂါရှိသူများသည်ရောဂါပိုဆိုးမည်ကိုကြောက်ရွံသဖြင့်လေ့ကျင့်ခန်းလုပ်ရမည်ကိုရှောင်ကြဉ်တတ်ကြသည်။ အမှန်စင်စစ်လှုပ်လှုပ်ရှားရှားနေခြင်းသည်နှလုံးကိုပို၍ကျန်းမာစေပါတယ်။ လူနာအတွက် သင့်တော်သော လေ့ကျင့်ခန်းအစီအစဉ်ကို ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ အပေါ့ပါးဆုံးကိုယ်လက်လှုပ်ရှားမှုနှင့်စတင်၍ တဖြည်းဖြည်းသတ်မှတ်ထားသောအဆင့်ထိအားကစားပြုလုပ်သွားရန်ဖြစ်ပါတယ်။ သင်လည်းသူတို့နှင့်အတူတူကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်းဖြင့်ကျန်းမာကြံ့ခိုင်လာမှာပါ။လူနာကိုယ်တိုင်ဆေးကိုကိုင်တွယ်သင့်ပါတယ်။ ဆေး သောက်ရာတွင်မမှားအောင်ဆေးထည့်သောဘူးများဝယ် ထားသင့်ပါတယ်။ ဆရာဝန်နှင့်ပြတိုင်းသောက်ရမည့်ဆေးစာရင်း ကိုရေးမှတ်ထားသင့်သည်။ လူနာတစ်ဦးတွင်အထူးကုများစွာနှင့်ပြထားသော ကျန်းမာရေး ကိစ္စများစွာ ရှိနိုင်ပါ သည်။ လူနာသုံးစွဲနေသော ဆေးဝါးများကို သိခြင်းအားဖြင့် ဆရာဝန်၏ကုသမှုကို များစွာအထောက်အကူ ပြုနိုင်ပါ သည်။ အဘယ်ကြောင့်ဆိုသော် အချို့သောဆေးများ သည် အတူတွဲသောက်ပါက အန္တရာယ်ရှိနိုင်သောကြောင့် ဖြစ် သည်။လူနာရှင်များသည်အရေးပေါ်လက္ခဏာများကိုသိရှိရန်အရေးကြီးပါတယ်။ ပုံမှန်ဖြစ်နေကျပုံစံနှင့်မတူဘဲအသက်ရှူရခက်ခဲခြင်း၊ ဗိုက်ထဲကမအီမသာဖြစ်ခြင်း၊ပခုံးကိုက်ခြင်းစ သည်တို့သည်အရေးကြီးသောလက္ခဏာများဖြစ်ပါတယ်။ စောလျင်စွာကုလေလူနာအတွက်ကောင်းလေဖြစ်ပါတယ်။လူနာရှင်အနေနှင့် စိတ်ဖိစီးမှုများသည်မှာ ဓမ္မတာပင် ဖြစ် သည်။ ယင်းတာဝန်ကပင် သင့်ကိုပင်ပန်းစေနိုင်ပါ သည်။ လူနာရှင် တော်တော်များများသည် သူများကို ဂရုစိုက်နေရသော ကြောင့် မိမိကိုယ်ကိုဂရုမစိုက်နိုင် ကြပါဘူး။ သင်နေထိုင်ကောင်းရန် အရေးကြီးသည်ကို နားလည်ဖို့လိုအပ်ပါသည်။ သင်ပင်ပန်းသည်ဆိုလျှင် ခဏအနားယူလိုက်ပါ။ သင်လိုအပ် သောအခါတွင် တခြားသူများ ကို အကူအညီတောင်းရန် မစိုးရွံ့ပါနှင့်။ လူနာကိုကြာရှည်စွာဂရုစိုက်နိုင်ရန် ကျန်းမာနေစေရန်အရေးကြီးပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%9b%e1%80%ad%e1%80%bd%e1%80%9e%e1%80%b0%e1%80%80%e1%80%ad%e1%80%af-%e1%80%b1%e1%80%85-2/
ကိုလက်စထရောနှင့် ဆက်စပ်နေသောရောဂါများ
ကိုလက်စထရောတက်နေခြင်းက နှလုံးကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ လူအများနားလည်သဘောပေါက်ပြီးသား အကြောင်းအရာတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုလက်စထရောတက်နေခြင်းကြောင့် နှလုံးသာမက အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေပါ ထိခိုက်နိုင်တယ်ဆိုတာကိုတော့ သတိပြုမိသူ များများစားစားရှိမှာ မဟုတ်ပါဘူး။ ကိုလက်စထရောများခြင်းနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေအကြောင်း ဖတ်ရှူလေ့လာနိုင်အောင် ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။ကိုလက်စထရောများခြင်းကြောင့် သွေးလွှတ်ကြောတွေထဲ အဆီတွေအနည်ကျတဲ့အလျှောက် ၎င်းသွေးကြောတွေ မာလာပြီး artherosclerosis တစ်နည်းအားဖြင့် သွေးကြောကျဉ်းတဲ့ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာက သင့်နှလုံးကိုသာမက သင့်ဦးနှောက်ကိုပါ သက်ရောက်မှုရှိနိုင်ပြီး ဦးနှောက်ဆီသွေးထောက်ပံ့ပေးနေတဲ့ သွေးကြောတွေ ပိတ်ဆို့သွားရင် လေဖြတ်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။ဆီးချိုရောဂါအမှတ်၂ ရှိသူတွေမှာကိုလက်စထရောတက်နိုင်ချေ ပိုများပါတယ်။ ဆီးချိုရောဂါကို ကောင်းကောင်းထိန်းနိုင်ခဲ့ရင်တောင်မှ သွေးတွင်းကိုလက်စထရောပမာဏ အထူးသဖြင့် မကောင်းတဲ့ LDL ကိုလက်စထရောပမာဏ မြင့်တက်နိုင်ပါတယ်။အဝလွန်ခြင်းနဲ့ ကိုလက်စထရောတက်ခြင်းရဲ့ ဆက်စပ်မှုကတော့ သိသာထင်ရှားတယ်လို့ ဆိုနိုင်ပါတယ်။ အလွန်အမင်း အဝလွန်နေသူတွေမှာ အခြားသူတွေနဲ့ယှသ်ရင် ကိုလက်စထရောမြင့်တက်မယ့် အလားအလာ ပိုများပါတယ်။ နောက်ဆက်တွဲရလဒ်အနေနဲ့ သွေးချိုဆီးချိုရောဂါ၊ သွေးတိုးရောဂါစတဲ့ ကိုလက်စထရောမြင့်ခြင်းနဲ့ ဆက်စပ်တဲ့ရောဂါတွေ ရလာနိုင်ပါတယ်။လိင်တံဆီ သွေးထောက်ပံ့ပေးတဲ့ သွေးလွှတ်ကြောတွေထဲ အဆီစုပုံလာတဲ့အခါ ကာမစွမ်းဆောင်ရည်ကိုလည်း ထိခိုက်စေမှာ ဖြစ်ပါတယ်။ လိင်တံထောင်မတ်ဖို့ လုံလောက်တဲ့သွေးလှည့်ပတ်မှု မရှိတဲ့အတွက် လိင်ဆက်ဆံရာမှာ အခက်အခဲဖြစ်လာနိုင်ပါတယ်။ တခါတရံမှာ လိင်တံမထောင်မတ်နိုင်ခြင်းက အမျိုးသားတွေမှာ ကိုလက်စထရောတက်နေကြောင်း သတိပေးနေတဲ့ လက္ခဏာတစ်ခု ဖြစ်နေနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိချက်အရ ဒီလက္ခဏာကိုကြည့်ပြီး သွေးကြောရောဂါရှိနေနိုင်ကြောင်း ခန့်မှန်းတွက်ဆနိုင်မှာ ဖြစ်ပါတယ်။ လိင်တံမထောင်မတ်နိုင်တဲ့လက္ခဏာ စပေါ်တဲ့အချိန်ကနေ နောင် ၄၊ ၅နှစ်အတွင်း နှလုံးတိုက်ခိုက်ခံရမယ့် အလားအလာရှိတယ်ဆိုတာ သတိပြုသင့်ပါတယ်။အမေရိကန်ပြည်ထောင်စု အမျိုးသား သွေးချိုဆီးချိုရောဂါ၊ အစာချေစနစ်နဲ့ ကျောက်ကပ်ရောဂါဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းရဲ့အဆိုအရ ကျောက်ကပ်အလုပ်မလုပ်နိုင်ခြင်းဟာ သွေးတွင်းကိုလက်စထရောပမာဏ မြင့်တက်ခြင်းနဲ့ ဆက်စပ်မှုရှိတယ်လို့ သိရှိရပါတယ်။ Journal of the Society of American Nephrology မှာ ဖော်ပြခဲ့တဲ့ လေ့လာစမ်းသပ်မှုတစ်ခုမှာ အဆိုပါပြဿနာနှစ်ခုရဲ့ ရှုပ်ထွေးတဲ့ ဆက်စပ်မှုသဘောတရားကို အဖြေရှာရှင်းလင်းနိုင်ခဲ့ပါတယ်။ အပေါ်ယံကြည့်မယ်ဆိုရင် သွေးတွင်းကိုလက်စထရောမြင့်တက်နေပြီး ကျောက်ကပ်ဆေးနေရတဲ့ လူနာတွေဟာ သွေးတွင်းကိုလက်စထရောနိမ့်သူတွေထက် ပိုပြီးအသက်ရှည်ရှည်နေနိုင်ကြောင်း တွေ့ရမှာဖြစ်ပေမယ့် လေ့လာစမ်းသပ်မှုပြုလုပ်ခဲ့သူ ပညာရှင်တွေကတော့ ကိုလက်စထရောတက်တိုင်း ကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့ ကောက်ချက်ဆွဲခဲ့ကြပါတယ်။ ကျောကပ်ရောဂါရှိသူ လူနာတစ်ယောက်မှာ ကိုလက်စထရောတက်နေခြင်းဟာ ဒီလူနာက သေဆုံးသွားတဲ့သူတွေထက် အာဟာရပိုမိုရရှိပြီး ရောင်ရမ်းမှုနည်းတယ်ဆိုတဲ့ အချက်ကိုသာ ညွှန်ပြနေတယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် ဆရာဝန်တွေအနေနဲ့လည်း လူနာတွေရဲ့ သွေးတွင်းကိုလက်စထရောပမာဏအဖြေကို ကောက်ချက်ဆွဲရာမှာ အထူးသတိထားဖို့ အရေးကြီးပါတယ်။Journal of the American Academy of Nephrology မှာ လတ်တလောဖော်ပြခဲ့တဲ့ လေ့လာစမ်းသပ်မှုတစ်ခုက ကိုလက်စထထရောများခြင်းနဲ့ အယ်လ်ဇိုင်းမား ခေါ် မှတ်ဉာဏ်ချို့ယွင်းရောဂါရဲက ဆက်စပ်မှုကို တည်ဆောက်ပြသခဲ့ပါတယ်။ ကျူရှုတက္ကသိုလ်က သုတေသနပညာရှင်တစ်ဖွဲ့ကတော့ သေဆုံးပြီးသား လူ ၁၅၀ရဲ့ ဦးနှောက်တွေကို စစ်ဆေးလေ့လာခဲ့ပြီး ၎င်းတို့ထဲက သုံးပုံတစ်ပုံလောက်မှာ dementia သို့မဟုတ် အယ်လ်ဇိုင်းမား မှတ်ဉာဏ်ချို့ယွင်းရောဂါရှိနေကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒီလေ့လာမှုရဲ့ ရလဒ်တွေအရ အယ်လ်ဇိုင်းမားရဲ့ အဓိကလက္ခဏာတစ်ခုဖြစ်တဲ့ အာရုံကြောဆဲလ်တွေကြား beta-amyloid ပရိုတင်းအစုအဝေး (plaques) ရှိနေသူတွေဟာ အယ်လ်ဇိုင်းမားရောဂါမရှိသူတွေထက် ကိုလက်စထရောမြင့်တက်နေတာကို တွေ့ရှိခဲ့ပေမယ့် ဒီရောဂါရဲ့ အခြားအဓိကလက္ခဏာတစ်ခုဖြစ်တဲ့ သေဆုံးခါနီးအာရုံကြောဆဲလ်တွေထဲ ရှုပ်ထွေးလိမ်နေတဲ့ ပရိုတိန်းအမျှင် (tangles) ရှိနေသူတွေမှာတော့ ကိုလက်စထရောတက်နေတာကို မတွေ့ခဲ့ရပါဘူး။ ဒါကြောင့် ဦးနှောက်လုပ်ငန်းစဉ်အပေါ် ကိုလက်စထရောများပြားခြင်းရဲ့ အနုတ်သဘောဆောင်တဲ့ သက်ရောက်မှုတွေကို အတည်ပြုနိုင်ဖို့ နောက်ထပ်သုတေသုပြုလေ့လာမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်နေပါသေးတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
heart-health
heart-health
https://hellosayarwon.com/heart-health/cholesterol/%e1%80%80%e1%80%ad%e1%80%af%e1%80%9c%e1%80%80%e1%80%ba%e1%80%85%e1%80%91%e1%80%9b%e1%80%b1%e1%80%ac%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%86%e1%80%80%e1%80%ba%e1%80%85%e1%80%95%e1%80%ba/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%81%a4guava-%e1%80%99%e1%80%ac%e1%80%9c%e1%80%80%e1%80%ac%e1%80%9e%e1%80%ae%e1%80%b8/
Coconut Water (အုန်းစိမ်းရည်)
Coconut Water (အုန်းစိမ်းရည်) က ကျန်းမာရေးအတွက် အထောက်အကူပြုသလား! ဘယ်လို ကောင်းကျိုးတွေ ရှိလည်း ဆိုတာကို လေ့လာလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။နှစ်ပေါင်းများစွာကတည်းက Coconut Water (အုန်းစိမ်းရည်) က ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာပေးစွမ်းနိုင်တယ်ဆိုတာကို သိရှိထားပြီးဖြစ်ပါတယ်။ အုန်းစိမ်းသီးတစ်လုံးမှာ အရည်ဓါတ် ၂၀၀ မီလီလီတာ ကနေ ၁,၀၀၀ မီလီလီတာ အထိပါဝင်ပါတယ်။အုန်းစိမ်းရည်က အရာသာရှိပြီး ကယ်လိုရီပါဝင်မှုနည်းတဲ့ သဘာဝ အချိုရည်တစ်မျိုးပါ။ အုန်းစိမ်းရည်မှာ အုန်းသီးခြောက်အရည်ထက် အာဟာရဓါတ်ပိုမိုပါဝင်ပါတယ်။ အုန်းစိမ်းရည်မှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ အမိုင်နိုအက်ဆစ်၊ အင်ဇိုင်းတွေ၊ ဗီတာမင် ဘီဓါတ်တွေ၊ ဗီတာမင် စီ၊ သံဓါတ်၊ ကယ်လ်ဆီယမ်၊ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်၊ မဂ္ဂနီ နဲပ ဇင့် ဓါတ်တွေလိုမျိုး သတ္တုဓါတ်တွေပါဝင်နေပါတယ်။အုန်းစိမ်းရည်မှာပါတဲ့ အာဟာရဓါတ်တွေက ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။ အုန်းစိမ်းရည်မှာပါတဲ့cytokinin လို့ခေါ်တဲ့ အပင်ဟော်မုန်းတစ်မျိုးကလည်း အရွယ်တင်နုပျိုစေသလို ဘက်တီးရီးယားတွေနဲ့ကင်ဆာရောဂါတွေကို တိုက်ဖျက်နိုင်တဲ့အစွမ်းလည်းရှိပါ တယ်။ အုန်းစိမ်းရည်က ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပေးနိုင်သလဲဆိုတဲ့အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။အုန်းစိမ်းရည် သောက်ပေးတာက။အုန်စိမ်းရည်က အပူဒဏ်ကြောင့်ဖြစ်တဲ့ရေငတ်တာကိုပြေစေနိုင်တဲ့ သဘာဝအချိုရည်တစ်မျိုးပါ။ အုန်းစိမ်းရည်မှာပါတဲ့electrolyte compositionတွေကြောင့် ဝမ်းလျှောတာ၊အော့အန်တာနဲ့အလွန်အမင်းချွေးထွက်တာတွေကြောင့် ခန္ဓါကိုယ်ကဆုံးရှုံးသွားတဲ့ရေဓါတ်ကိုပြန်လည်ဖြည့်တင်းပေးပါတယ်။ ကာဗိုဟိုက်ဒရိတ်ပါဝင်တာကြောင့် ခန္ဓါကိုယ်ကို အားပြည့်စေပါတယ်။အုန်းစိမ်းရည်မှာ ဗီတာမင် စီ၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ပါဝင်နေတာကြောင့်သွေးတိုးရောဂါရှိသူတွေအတွက် သင့်တော်ပါတယ်။ အုန်းစိမ်းရည်မှာပါတဲ့ ပိုတက်ဆီယမ်က ကိုယ်တွင်းကအကျိုးမပြုတဲ့ ဆိုဒီယမ်ပမာဏကိုထိန်းညှိပေးခြင်းဖြင့်သွေးတိုးကျအောင်အထောက်အကူပြုပါတယ်။ကိုလက်စထရော နဲ့ အဆီပါဝင်မှုနည်းတဲ့ အုန်းစိမ်းရည်က နှလုံးကိုကျန်းမာစေပါတယ်။ ခန္ဓါကိုယ်အတွက်အကျိုးမပြုတဲ့ ကိုလက်စထရော (LDL) ကိုလျော့ကျစေပြီး အကျိုးပြုကိုလက်စထရော (HDL) ကိုတိုးစေနိုင်တာကြောင့် နှလုံးရောဂါခံစားရနိုင်ခြေကိုလျှော့ချပေးပါတယ်။အုန်းစိမ်းရည်မှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ရောင်ရမ်းမှုကိုလျော့ပါးစေတဲ့ အစွမ်းသတ္တိ နဲ့antiplatelet propertiesတွေပါဝင်နေပြီးသွေးလည်ပတ်စီးဆင်းမှုကို တိုးတက်ကောင်းမွန်စေပါတယ်။သွေးကြောတွေထဲမျာ အနယ်အနှစ်စုပုံတာမျိုးတွေကိုလျှော့ချပေးနိုင်ပြီး ရုတ်တရက်နှလုံးရပ်တာနဲ့လေဖြတ်တာမျိုးတွေကိုလည်းလျှော့ချပေးပါတယ်။အုန်းရည်က အရက်နာကျတာကို သက်သာစေနိုင်တဲ့ သဘာဝဆေးတစ်မျိုးပါ။ အရက်က ခန္ဓါကိုယ်ရဲ့ရေဓါတ်ကိုကုန်ဆုံးစေပြီးရေဓါတ်ကုန်ဆုံးမှုကနောက်တစ်နေ့မနက်မှာ အရက်နာကျတာကိုဖြစ်စေပါတယ်။ အုန်းရည်က ခန္ဓါကိုယ်ရဲ့electrolyte ကိုပြန်လည်ဖြည့်တင်းပေးပြီးရေဓါတ်ကိုပြန်လည်ဖြည့်တင်းပေးနိုင်တာကြောင့် အရက်နာကျတာကိုသက်သာစေပါတယ်။ကိုယ်အလေးချိန်ကျချင်တဲ့သူတွေအတွက် အုန်းစိမ်းရည်ကသောက်သုံးဖို့သင့်တော်ပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပြီး အစာအိမ်အတွက်လည်း အထောက်အပံ့ပြုပါတယ်။ အုန်းစိမ်းရည်မှာ အစာချေဖျက်မှုကို အထောက်အပံ့ပေးပြီး အဆီတွေချေဖျက်မှုကို တိုးမြှင့်ပေးနိုင်တဲ့bioactive အင်ဇိုင်းတွေအများအပြားပါဝင်ပါတယ်။အုန်းစိမ်းရည်မှာပိုတက်ဆီဝမ်ကြွယ်ဝစွာပါဝင်ပါတယ်။ ကိုယ်တွင်းက မလိုအပ်တဲ့အရည်တွေနဲ့ အဆိပ်အတောက်တွေကို စွန့်ထုတ်အောင်အထောက်အပံ့ပေးပါတယ်။ခေါင်းကိုက်တာ၊ခေါင်းတစ်ခြမ်းကိုက်တာအများစုက ရေဓါတ်ဆုံးရှုံးတာကြောင့်ဖြဟ်တာဖြစ်ပါတယ်။ အုန်းစိမ်းရည်က ခန္ဓါကိုယ်အတွက် လိုအပ်တဲ့electrolytesတွေကိုထောက်ပံ့ပေးရာမှာ အထောက်အကူပြုသလို ခန္ဓါကိုယ်ရဲ့ရေဓါတ်ကိုမြှင့်တင်ပေးပါတယ်။အုန်းစိမ်းရည်မှာ မဂ္ဂနီဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့်ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစားနေရသူတွေအနေနဲ့သောက်သုံးပေးသင့်ပါတယ်။ ကိုယ်တွင်းမှာ မဂ္ဂနီဆီယမ်ပမာဏလျော့နည်းလာတာကြောင့်ခေါင်းတစ်ခြမ်းကိုက်တာဖြစ်ပါတယ်။ဆိုဒီယမ် စားသုံးမှု များတာကြောင့်လေပွတာဖြစ်ပါတယ်။ အုန်းစိမ်းရည်က ခန္ဓါကိုယ်တွင်းက ဆိုဒီယမ်ပမာဏကိုလျှော့ချပေးပါတယ်။ အုန်းစိမ်းရည်မှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့် ဆိုဒီယမ်ပမာဏကိုလျှော့ချရာမှာ အထောက်အကူပြုပေးပါတယ်။အုန်းစိမ်းရည်က အယ်လ်ဇိုင်းမားလိုမျိုး အာရုံကြောထိခိုက်ပျက်စီးတဲ့ရောဂါတွေကို ကုသရာမှာ အထောက်အကူပြုနိုင်တဲ့ အရာတစ်ခုဖြစ် လာနိုင်ဖွယ်ရှိပါတယ်။ အုန်းစိမ်းရည်ထဲမှာ အပင်ဟော်မုန်းတစ်မျိုးဖြစ်တဲ့cytokinin ပါဝင်တာကြောင့် ဦးနှောက်ဆဲလ်တွေ ပျက်စီမှုကို ကာကွယ်ပေးပါတယ်။ မှတ်ဉာဏ်တွေပြန်လည်ကောင်းမွန်လာအောင်လည်း အထောက်အကူပြုပါတယ်။အမြင်အာရုံကြည်လင်စေဖို့အတွက် အုန်းစိမ်းရည်သောက်ပေးနိုင်ပါတယ်။ ဦးနှောက်နဲ့ မျက်လုံးကျန်းမာသန်စွမ်းစေဖို့အတွက် ခန္ဓါကိုယ် က ဗီတာမင် B1ကိုလိုအပ်ပါတယ်။ ဗီတာမင် B1 က မျက်လုံးကြွက်သားတွေကို သန်စွမ်းစေပြီး ညဘက်မှာလည်း မျက်လုံးအမြင်အာရုံကိုကောင်းမွန်စေပါတယ်။အသင့်စားအလွယ်စား အစားအစာတွေလိုမျိုး အက်ဆစ်ဓါတ်ပါဝင်မှုများတဲ့အစားအသောက်တွေကို အများအပြားစားသုံးတာ၊ စိတ်ဖိစီးတာ နဲ့ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကြောင့် ခန္ဒါကိုယ်ရဲ့ pH ပမာဏက အက်ဆစ်ဖြစ်လောက်တဲ့အထိမြင့်တက်သွားတဲ့အခါ ခန္ဓါကိုယ်ရဲ့ စွမ်းအင်ကိုလျော့ကျစေပြီး ဗီတာမင် နဲ့ သတ္တုဓါတ်တွေစုပ်ယူနိုင်စွမ်းကိုလည်း ကျဆင်းစေပါတယ်။pH ပမာဏမြင့်တက်သွားတဲ့အခါ အသည်းရဲ့ လုပ်ငန်းစဉ်တွေ ထိခိုက်တာ၊လေးဖက်နာ အဆစ်ရောင်ရောဂါ၊ အရိုးအဆစ်ရောင်ရမ်းနာ၊ဆီးချို (diabetes) ၊သွေးတိုး (hypertension) နဲ့ ကိုယ်ခံအားနည်းတဲ့ဝေဒနာတွေကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ အုန်းစိမ်းရည်မှာပါတဲ့ alkalineတွေက ကိုယ်တွင်းမှာ pH ပမာဏများတာကြောင့်ဖြစ်တတ်တဲ့ အစာအိမ်အချဉ်ပေါက်တာနဲ့ ရင်ပူတာတွေကို သက်သာစေသလို ကိုယ်တွင်း pH ပမာဏကိုလည်းထိန်းညှိပေးပါတယ်။အုန်းစိမ်းရည်ထဲမှာ အမိုင်နိုအက်ဆစ် နဲ့ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့အမျှင်ဓါတ်တွေပါဝင်တာကြောင့်သွေးတွင်းသကြားဓါတ်ကိုထိန်းညှိရာမှာအထောက်အကူပြုသလို ခန္ဓါကိုယ်ရဲ့ အင်ဆူလင်တုံ့ပြန်မှုကိုလည်း တိုးတက်စေပါတယ်။ဆီးချိုသမားတွေသောက်သုံးဖို့သင့်တော်ပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းညှိပေးပြီးသွေးလည်ပတ်မှုကိုလည်းကောင်းမွန်စေပါတယ်။အုန်းစိမ်းရည်က သဘာဝဆီးရွှင်ဆေးတစ်မျိုးပါ။ ဆီးပမာဏကိုတိုးစေပြီး ဆီးရွှင်စေပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (urinary tract infections) လိုမျိုးဝေဒနာတွေကိုလည်း ကာကွယ်ပေးပါတယ်။ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်တွင်း ကအဆိပ်အတောက်တွေကိုဆီးအဖြစ်နဲ့စွန့်ထုတ်စေပြီးကျောက်ကပ်မှာကျောက်တည်တာတွေကိုလည်းကျေပျက်စေနိုင်ပါတယ်။အုန်းရည်မှာ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဆီးအိမ်ကိုပိုးကူးစက်တာတွေကိုတိုက်ဖျက်ရာမှာလည်း အထောက်အပူပြုပေးပါတယ်။အုန်းစိမ်းရည်ထဲမှာ ဆဲလ်တွေနဲ့ တစ်ရှုးတွေကို အိုမင်းရင့်ရော်မှုကနေ ကာကွယ်ပေးနိုင်တဲ့အစွမ်းရှိတဲ့ cytokinin တွေပါရှိပါတယ်။ နာတာရှည်ဝေဒနာတွေနဲ့ အသက်အရွယ်ကြောင့်ဖြစ်တဲ့ရောဂါတွေဖြစ်ပေါ်ခံစားရနိုင်ခြေကို လျော့ကျစေပါတယ်။လတ်ဆတ်တဲ့ အုန်းစိမ်းရည်က အရေပြားကို နူးညံ့ချောမွေ့စေအောင် အာဟာရဖြည့်ပေးသလိုရေဓါတ်လည်းပြည့်ဝအောင်လည်းလုပ်ဆောင်ပေးပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/coconut-water-benefits/
Asparagus (ကညွတ်) ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး
Asparagus (ကညွတ်) ဟာ အာဟာရဓာတ်တွေပြည့်ဝနေတဲ့ အစားအစာဖြစ်လို့ မကြာခဏ စားသောက်သင့်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် အဆီပါဝင်မှုက မရှိသလောက်ရှိပြီး ကယ်လိုရီလည်း အရမ်းနည်းပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးတွေက များလွန်းတဲ့အတွက် စားသုံးသင့်တဲ့ အသီးအရွက်တွေထဲမှာပါဝင်ပါတယ်။Asparagus (ကညွတ်) ကို စားပေးမယ်ဆိုရင်။ဗီတာမင်ကေရဲ့ အဓိကလုပ်ဆောင်ချက်က အရိုးသိပ်သည်းမှု ပိုကောင်းစေတာပဲဖြစ်ပါတယ်။ ကညွတ်တစ်ပန်းကန်စာမှာ တစ်နေ့တာအတွက်လိုအပ်တဲ့ ဗီတာမင်ကေပမာဏရဲ့  ၇၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ကယ်လ်စီယမ်စုပ်ယူမှုကို ပိုအားကောင်းစေပြီး အရိုးပွရောဂါနဲ့ အရိုးကျိုးအက်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ကညွတ်ကအမျိုးအစား၂ ဆီးချိုရောဂါ၊ ကင်ဆာရောဂါနဲ့နှလုံးရောဂါတို့ကို ကာကွယ်နိုင်၊ ကုသနိုင်ပြီး ၎င်းမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း glutathione က အိုမင်းရင့်ရော်မှုကိုနှေးကွေးစေပါတယ်။ ခရမ်းလွန်ရောင်ခြည် သို့မဟုတ် ပြင်ပလေထုညစ်ညမ်းပစ္စည်းတွေကြောင့် အရေပြားရောင်ရမ်းမှုတွေကိုလည်း ကာကွယ်ပေးပါတယ်။အစိမ်းရောင်နဲ့ အရောင်ရင့် နှစ်မျိုးရှိတဲ့အထဲမှာ အရောင်ရင့်ရင့်ကညွတ်မှာ အန်သိုဆိုင်ယာနင်ဓာတ်တွေအပြည့်အဝပါဝင်တာကြောင့် အရေပြားထဲက အဆိပ်အတောက်ဓာတ်တွေကိုလျော့ပါးစေပြီး နေလောင်ဒဏ်ကို ကာကွယ်ပေးပါတယ်။သဘာဝဆီးရွှင်ဆေးဖြစ်နေတဲ့ ကညွတ်က ခန္ဓာကိုယ်ထဲက ရေတွေကို ထုတ်ပယ်ပေးပြီး မလိုလားအပ်တဲ့ အငန်ဓာတ်နဲ့ အရည်ဓာတ်ပါဝင်မှုကို လျော့နည်းစေပါတယ်။ သွေးတိုးရောဂါ ဒါမှမဟုတ် ဖောရောင်ခြင်း ခံစားနေရတဲ့သူတွေအတွက် အကျိုးပြုပေးနိုင်တဲ့ ဓာတ်စာဖြစ်ပါတယ်။ ဒါ့အပြင်ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို သက်သာပျောက်ကင်းစေနိုင်တဲ့ အာနိသင်လည်းရှိတယ်လို့ သိရပါတယ်။ကညွတ်မှာ အစာချေစနစ်အတွက် အရေးပါတဲ့ အမျှင်ဓာတ်တွေ အများအပြားပါရှိပါတယ်။ အစာအာဟာရကရရှိတဲ့ အမျှင်ဓာတ်တွေဟာ အူထဲမှာရှိတဲ့ အကျိအမြှေးကပ်ငြိမှုတွေနဲ့ တခြားအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အူလမ်းကြောင်းကို ကောင်းမွန်စေလို့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီးအူမကြီးကင်ဆာကိုလည်း ကာကွယ်ပေးပါတယ်။မိခင်လောင်းတွေအနေနဲ့ ကိုယ်ဝန်ဆောင်ကာလမှာ အထောက်အကူဖြစ်စေဖို့ ကညွတ်ကို စားပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ဓာတ်ဖြစ်တဲ့folateပါဝင်မှု မြင့်မားတာကြောင့်လည်း မိခင်လောင်းတွေ စားသုံးသင့်ပါတယ်။ဖောလစ်အက်စစ်ဓာတ်ကြောင့်ကိုယ်ဝန်ပျက်ကျမှုနဲ့မွေးရာပါချို့ယွင်းချက်ဖြစ်နိုင်ခြေလျော့နည်းစေပြီး ပေါင်မပြည့်ခြင်း၊ လမစေ့ဘဲမွေးဖွားခြင်းတို့လည်း ကာကွယ်ပေးပါတယ်။ကညွတ်မှာပါတဲ့glutathione က ခန္ဓာကိုယ်ထဲက ကင်ဆာဖြစ်စေတဲ့ဆဲလ်တွေကို တိုက်ဖျက်ပေးပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို ပြန်လည်ဖြစ်ပေါ်စေပါတယ်။ အရိုး၊ ရင်သား၊အဆုတ်၊ ပန်ကရိယ၊ သားအိမ်ခေါင်းနဲ့ အူမကြီးကင်ဆာတွေအတွက် ကာကွယ်ရာမှာ ထိရောက်မှုရှိပါတယ်။ကယ်လိုရီနည်းတဲ့ ကညွတ်ကိုစားသုံးခြင်းဖြင့် အစာစားချင်စိတ်များနေတာကို တားဆီးနိုင်တာကြောင့် ဆိုးကျိုးပေးမယ့် သရေစာတွေကို မစားဖြစ်တော့လောက်ပါဘူး။ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်တွေ ပေါများတာကြောင့် အစာစားချင်စိတ်ကို ထိန်းချုပ်နိုင်စေတာဖြစ်ပါတယ်။ ဗီတာမင်B complex ပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ကညွှတ်မှာပါဝင်တဲ့ ဗီတာမင် ဘီက ခန္ဓာကိုယ်ထဲကhomocysteineပမာဏကို လျော့နည်းစေပြီး ကိုလက်စထရောကို ကျဆင်းစေပါတယ်။အမျိုးအစား ၂ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပြီး ကယ်လ်စီယမ်ကြောင့် အင်ဆူလင်စွန့်ထုတ်မှုကို ထိန်းညှိတဲ့ ပန်ကရိယဆဲလ်တွေအပေါ်  တိုက်ရိုက်အာနိသင်ရှိပါတယ်။Niacin လို့ခေါ်တဲ့ဒြပ်ပေါင်းက ဝက်ခြံပျောက်ကင်းစေပြီး အရေပြားရောင်ရမ်းမှုကိုလျော့ပါးစေပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်း glutathione က free radicalsတွေကို ခုခံတိုက်ခိုက်ပြီး အရေပြားနေလောင်မှုကို ကာကွယ်ပေးတဲ့အပြင် အနာကျက်မြန်စေပါတယ်။ ကော့ပါးနဲ့ ဗီတာမင်B12ကြောင့်လည်း အရွယ်မတိုင်မီ ဆံပင်ဖြူခြင်း၊ ဆံပင်ပါးခြင်းကို ကာကွယ်ပေးပါတယ်။အမျိုးသမီးတွေ ရာသီလာချိန်မှာဖြစ်တဲ့ ဝေဒနာတွေ၊ ကိုက်ခဲတာတွေ၊ သွေးဆင်းများတာတွေကို သက်သာစေပါတယ်။ဗီတာမင် အီးက အမျိုးသမီးနဲ့ အမျိုးသား အားလုံးမှာ လိင်ဟော်မုန်းနဲ့ ဆဲလ်တွေရဲ့ အရည်အသွေးကို တိုးတက်စေပါတယ်။ သုက်ပိုးတွေကို ကျန်းမာစေပြီး သားအိမ်အမြှေးတွေကို ထူထဲစေပါတယ်။ဗီတာမင် စီက သုက်ပိုးဆဲလ်တွေကို အားဖြည့်ပေးပြီး သုက်ပိုးအရေအတွက်ကိုတိုးစေပါတယ်။ Folateကြောင့် ဆဲလ်တွေကို သန္ဓေအောင်ဖို့လိုအပ်တဲ့ မှန်ကန်တဲ့ ခရိုမိုဆုန်းတည်ဆောက်ပုံကို ရရှိစေပါတယ်။အဆစ်အမြစ်နာရောဂါ၊ အထူးသဖြင့် လေးဖက်နာရောဂါကို ကညွတ်က ကာကွယ်ပေးပါတယ်။ Niacin က အရိုးအဆစ်ရောင်ရမ်းမှုကို လျော့ကျစေပြီး ကော့ပါးက တွယ်ဆက်တစ်ရှူးတွေကို ပြန်လည်ကောင်းမွန်စေတာကြောင့် နာကျင်မှုတွေ၊ တောင့်တင်းမှုတွေကို သက်သာစေနိုင်ပါတယ်။သွေးဖိအားနဲ့ ပတ်သက်တဲ့ အာနိသင်တွေရှိတဲ့ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် သွေးတိုးကို ထိန်းနိုင်ပြီး ကယ်လ်ဆီယမ်နဲ့ Rutinကြောင့်လည်း ပိုအကျိုးရှိစေတာဖြစ်ပါတယ်။လေပြွန်ရောင်ရောဂါနဲ့ တီဘီရောဂါတို့ကို ကုသရာမှာ ကညွတ်ရဲ့အမြစ်က ထိရောက်တဲ့အာနိသင်ရှိတယ်လို့ သိကြပါတယ်။ ကညွတ်အမြစ်က အဆုတ်ထဲက တစ်ရှူးတွေရဲ့ လုပ်ဆောင်ချက်ကိုကောင်းမွန်စေပြီး လည်ချောင်းပိုးဝင်ခြင်းတွေကို သက်သာစေပါတယ်။ဗီတာမင် B6ကြောင့်homocysteineကို ထိန်းပေးနိုင်ပါတယ်။ Homocysteine ပမာဏမြင့်မားရင် သွေးကြောဆိုင်ရာရောဂါတွေ ဖြစ်စေနိုင်ပြီး သွေးကြောထဲက အဆီတွေစုပုံကာသွေးလည်ပတ်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ရောဂါတွေကို တိုက်ထုတ်နိုင်ပြီး ခန္ဓာကိုယ်ကို ထိခိုက်စေမယ့်ဘေးက ကာကွယ်ပေးနိုင်ဖို့ ကိုယ်ခံအား ကောင်းဖို့ လိုပါတယ်။ ဗီတာမင်စီကြောင့် ကိုယ်ခံအားကို ကောင်းစေပြီး အအေးမိခြင်းနဲ့ ဗိုင်းရပ်စ်တွေ ကူးစက်မခံရအောင် ကာကွယ်ပေးပါတယ်။Thiamine ဓာတ်က အစာချေလမ်းကြောင်းနံရံကြွက်သားတွေကို အထောက်အကူပေးပြီး အာဟာရဓာတ်စုပ်ယူမှုအတွက် လိုအပ်တဲ့ဟိုက်ဒရိုကလိုရစ်အက်စစ်ကိုထုတ်ပေးနိုင်ပါတယ်။ကျန်းမာရေးအကျိုးကျေးဇူးများတယ်ဆိုပေမယ့် ကညွတ်ကို စားတာများလွန်းရင်လည်း ဘေးဖြစ်နိုင်တဲ့အတွက် တန်ဆေးလွန်ဘေး ဆိုတာကို သတိချပ်သင့်ပါတယ်။ တချို့လူတွေမှာဆို ဓာတ်မတည့်မှုကြောင့် နည်းနည်းလောက်စားရုံနဲ့ ဒုက္ခရောက်တတ်ပါတယ်။ဓာတ်မတည့်မှုလက္ခဏာပျော့ရင်တော့ အရေပြားနဲ့ မျက်စိမှာ ယားယံနီရဲစေနိုင်ပြီး ဗိုက်အောင့်ဗိုက်နာဖြစ်တတ်ပါတယ်။ ပြင်းထန်လာရင်တော့ နှာပိတ်ခြင်း၊ ဖောရောင်ခြင်း၊ ချွဲကြပ်ခြင်း၊ ပန်းနာရင်ကြပ်၊ ဝမ်းလျှောခြင်း၊ ခေါင်းမူးခြင်းတို့ ဖြစ်လာနိုင်ပါတယ်။တချို့မှာလည်း ဆီးအနံ့ပြင်းလွန်းတာတွေ ရှိတတ်ပါတယ်။ကညွတ်က ဆီးရွှင်စေပြီး ခန္ဓာကိုယ်ထဲမှာ လီသီယမ်ဓာတ်တွေများစေနိုင်တာကြောင့် အများကြီးစားရင် လီသီယမ်များခြင်းရဲ့ ဆိုးကျိုးတွေ ရှိလာစေနိုင်ပါတယ်။ စားသုံးမှုလွန်ကဲရင် သန္ဓေသားရဲ့ ဖွံ့ဖြိုးမှုကိုထိခိုက်စေပြီး မိခင်နို့ကိုပါ အဆိပ်အတောက်ဖြစ်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေအနေနဲ့ အာဟာရအဖြစ်သာစားသင့်ပြီး ဆေးဝါးအဖြစ်အများကြီးမစားသင့်ပါဘူး။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/asparagus-health-benefits/
null
null
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/how-to-take-care-hair-breakage/
null
null
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/41-%e1%80%95%e1%80%90%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%b1%e1%80%9c%e1%80%b8/
ခေါင်းမူးမှ သွေးတိုးတာ မဟုတ်ပါ
“သွေးတိုးရှိနေတာ မသိဘူးလား။”။“သိပါတယ်ဆရာ”။“ဆေးပုံမှန်မသောက်ဘူးလား၊ အခုသွေးပေါင်ချိန်က ၂၂၀/၁၃၀ ဖြစ်နေတာ၊ ဦးနှောက်သွေးကြောပြတ်သွားတာ ဖြစ်နိုင်တယ်”။“ဟင်ဟုတ်လား လုပ်ပေးပါဦး ဆရာရယ်၊ သူက ခေါင်းမူးမှ သွေးကျဆေး သောက်တာ။”။ဦးထွန်းအေး၏ အမျိုးသမီးနှင့် ဆရာဝန်တို့ အပြန်အလှန်ပြောနေကြခြင်းဖြစ်သည်။ ဦးထွန်းအေးတစ်ယောက်အလုပ်တွင် ရုတ်တရက်မေ့လဲ၍ ဆေးရုံခေါ်လာကြရခြင်းဖြစ်သည်။သွေးတိုးရောဂါသည် ကမ္ဘာတစ်လွှား အဖြစ်များသော ရောဂါများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ယခုနောက်ဆုံးသတ်မှတ်ချက်အရ သွေးပေါင်ချိန်၁၃၀/၈၀ နှင့်အထက်ကို သွေးတိုးပြီဟုသတ်မှတ်ထားသည်။ သွေးတိုးရောဂါ၏ နောက်ဆက်တွဲရောဂါများမှာလည်း များပြားလှပါသည်။သွေးတိုး၏လက္ခဏာများ။သွေးတိုးရောဂါသည်မည်သည့်လက္ခဏာမှမပြဘဲ ရှိနေတတ်သော အသံတိတ်လူသတ်သမားတစ်မျိုးပင်ဖြစ်သည်။ သွေးတိုးလာလျှင် ခေါင်းမူးသည် ခေါင်းကိုက်သည်ဟု ပြောလေ့ရှိကြသော်လည်း ထိုလက္ခဏာများသည် သွေးတိုးရှိတိုင်း ပေါ်လေ့ရှိသည်မဟုတ်ပါ။ တချို့ဆိုလျှင် သွေးတိုးရှိလို့ရှိမှန်းပင်မသိဘဲ။သွေးတိုး၏ နောက်ဆက်တွဲ ရောဂါတစ်ခုခုပေါ်မှသိကြသည်လည်းရှိသည်။သွေးတိုးရောဂါ၏ နောက်ဆက်တွဲများ။သွေးတိုးရောဂါသည်အလွန်ဆိုးသော ရောဂါ တစ်ခုဖြစ်သည်။ သွေးတိုးရောဂါကိုသေချာမထိန်းမိလျှင် ဦးနှောက်သွေးကြောပြတ်ခြင်း၊ လေဖြတ်ခြင်း၊ သွေး အရမ်းတိုး၍ သတိလစ်ခြင်း၊ နှလုံးကြီးခြင်း၊နှလုံးအားနည်းခြင်း၊ နှလုံးသွေးကြောနှင့် တခြားသွေးကြောများ ပိတ်ခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်း၊ မျက်စိထိခိုက်ခြင်း စသည့်နောက်ဆက်တွဲဆိုးကျိုးများ များပြားလှပါသည်။ခေါင်းမူးမှ သွေးတိုးတာလား။အထက်တွင်ဖော်ပြခဲ့သလို အများစုသည် ခေါင်းမူးမှ သွေးတိုးသည်ဟု ထင်တတ်ကြသည်။ ခေါင်းမူးမှ သွေးပေါင်ချိန်ခြင်း၊ သွေးးတိုးကျဆေးများ သောက်လေ့ရှိတတ်ကြသည်။ အမှန်မှာ သွေးတိုးရောဂါသည် မည်သည့်လက္ခဏာမှမပြဘဲရှိနေတတ်သည်။ လက္ခဏာ မပြဘဲ ရှိနေသော သွေးတိုးသည် ခန္ဓာကိုယ်။အစိတ်အပိုင်းများကို ဖြည်းဖြည်းခြင်းဖျက်ဆီးနေတတ်ပြီး အထက်ပါ နောက်ဆက်တွဲရောဂါများပေါ်လာချိန်မှ သိလိုက်ရသည်များ ရှိသည်။ တစ်ခါတစ်ရံအသက်ကိုပင်ချက်ချင်း နုတ်ယူသွားသည်အထိဖြစ်တတ်သည်။သွေးတိုးနေမှန်း ဘယ်လို သိမလဲ။လက္ခဏာမပြဘဲ ရှိနေတတ်သည့် သွေးတိုးရှိမရှိသိရှိနိုင်ရန်မှာ သွေးပေါင်ချိန်ကြည့်မှပင်ရပါမည်။ အသက်၄၀ ကျော်လာသူများအနေဖြင့် သွေးတိုးမရှိသေးလျှင်ပင်၅ နှစ်တစ်ခါခန့် ပုံမှန်သွေးပေါင်ချိန်ကြည့်ခြင်းရန်လိုအပ်သည်။ ထိုမှသာ သွေးတိုးရှိနေလျှင်ရှိနေကြောင်းစောလျင်စွာ သိ၍ နောက်ဆက်တွဲဆိုးကျိုးများမှ ကာကွယ်နိုင်မည်ဖြစ်သည်။အစားအသောက် အနေအထိုင်နှင့် သွေးတိုး။သွေးတိုးရောဂါသည် အစားအသောက်ဆင်ခြင်ရမည့် ရောဂါတစ်မျိုးဖြစ်သည်။ သွေးတိုးလျှင် အငန်ရှောင်ရမည်ကို လူတိုင်းနီပါး သိကြပါသည်။ သို့သော် မြန်မာလူမျိုးတို့အကြိုက် အစားအစာများထဲတွင် အငန်ဓာတ်ဖြစ်သည့် ဆိုဒီယမ်ဓါတ်များသော အစားအစာများပါဝင်လေ့ရှိပါသည်။ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊။အချိုမှုန့်၊ အသားမှုန့်စသည်တို့တွင် ဆိုဒီယမ်ဓာတ်များများ ပါဝင်တတ်ကြသည်။ ဂျုံနှင့်လုပ်သော အစားအသောက်များဖြစ်သည့် အီကြာကွေး၊ ပဲပြုတ်စသည်တို့တွင်လည်း ဆိုဒါ ထည့်လေ့ရှိရာ ထိုဆိုဒါဓာတ်သည်လည်း ဆိုဒီယမ်ဓာတ်ပင်ဖြစ်သည်။ ထို့ကြောင့် ထိုအစားအစာများကိုလည်း အများကြီးမစားသင့်ချေ။နောက်ထပ်သတိပြုရန်မှာ နွယ်ချိုပါသော ဆေးများ အစားအစာများပင်ဖြစ်သည်။ အငန်တော့ရှောင်ပါသည်။ အစာကြေအောင်ဆိုပြီး နွယ်ချိုပါသော လျက်ဆားလေးတော့အမြဲစားနေပါသည်ဆိုသော လူနာများလည်း တွေ့ဖူးပါသည်။ သွေးတိုးသမားနှင့်မတည့်ပါ။ အရက်သောက်ခြင်းသည်လည်း သွေးတိုးရောဂါကို ပိုဆိုးစေနိုင်သော အကြောင်းရင်းတစ်ခုဖြစ်ပါသည်။ ပုံမှန်လမ်းလျှောက်ခြင်းကဲ့သို့သော လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းသည်လည်း သွေးတိုးကို ထိန်းရန်အတွက်သော်လည်းကောင်း၊ သွေးတိုး၏ နောက်ဆက်တွဲရောဂါများကို ကာကွယ်ထိန်းသိမ်းရန်သော်လည်းကောင်း အကျိုးရှိရာ သွက်လက်တက်ကြွစွာ နေထိုင်သင့်ပါသည်။သွေးတိုးကျဆေးကို ပုံမှန် သောက်ရမှာလား။သွေးတိုးရှိသူများ အနေဖြင့်လည်း ခေါင်းမူးမှသွေးတိုးသည်၊ သွေးပေါင်ကျဆေးသောက်ရတော့မည်ဟုမှားယွင်းစွာ ယူဆမိတတ်ကြပါသည်။ အမှန်မှာ သွေးပေါင်ကျဆေးသည် နေ့စဉ်ပုံမှန်သောက်ရမည့်ဆေးဖြစ်သည်။ သွေးပေါင်ကို ပုံမှန်ဆေးသောက်ပြီး ထိန်းပါမှ သွေးတိုးကြောင့်နောက်ဆက်တွဲ ထိခိုက်မှုများကို။ကာကွယ်နိုင်မည်ဖြစ်သည်။ခေါင်းမူးမှဆေးသောက်ပါက ခေါင်းမမူးဘဲ တိုးနေတတ်သော သွေးတိုး၏နောက်ဆက်တွဲ ပြဿနာများကို ကျိန်းသေပေါက်ခံစားကြရပါလိမ့်မည်။ သွေးပေါင်ကျဆေးသောက်ရင် သွေးပေါင်အရမ်းကျသွားမှာပေါ့ဟု စိုးရိမ်ကြသူများကိုလည်းတွေ့ဖူးပါသည်။ သွေးပေါင်ကျဆေးသောက်ရာတွင်လည်း သွေးပေါင်ကိုပုံမှန်အနေအထားအတွင်း ထိန်းနိုင်မထိန်းနိုင်ပုံမှန်တိုင်းကြည့်ရန်လိုပါသည်။ဆရာဝန်များဘက်မှလည်း သွေးပေါင်ကျဆေးပေးရာတွင်လူနာတစ်ဦးချင်းစီအနေအထားပေါ် မူတည်၍ ဆေးကို ပေးကြရသည်ဖြစ်ရာ သွေးပေါင်အလွန်ကျသွားခြင်းမဖြစ်အောင် ထိန်းညှိပေးထားကြသည်သာဖြစ်သည်။ သွေးတိုးရောဂါရှိသူများအနေဖြင့်လည်း သွေးပေါင်ကျဆေးသောက်နေရင်းနှင့် ဝမ်းလျှောခြင်း၊ သွေးအများကြီးထွက်ခြင်း၊ မူးခြင်းစသည်များဖြစ်လာပါက သွေးပေါင်ပုံမှန်အနေအထားရှိမရှိ ပြန်လည်စစ်ဆေးနိုင်ရန်ဆရာဝန်နှင့် ပြန်လည်တိုင်ပင်သင့်ပါသည်။ သွေးပေါင်ကျဆေးကိုလည်း သူများအပြောနှင့်လိုက်မသောက်ဘဲ ဆရာဝန်နှင့်စနစ်တကျ တိုင်ပင်ပြီး သောက်သုံးသင့်ပါသည်။သွေးပေါင်အရမ်းတက်နေရင်။သွေးတိုးရောဂါ၏ နောက်ထပ်ထူးခြားချက်တစ်ခုမှာ သွေးပေါင်အရမ်းတက်နေချိန်တွင် သွေးပေါင်ကို အမြန်ချတိုင်းလည်း မကောင်းသည့်အချက်ပင်။ သွေးပေါင်၁၈၀/၁၂၀ ကျော်နေသည့်အချိန်တွင် သွေးပေါင်ကိုချသင့်သည့် အနေအထားထက်ပိုပြီး အမြန်ချလိုက်လျှင်ပင် အန္တရာယ်ရှိနိုင်ပြီး လေဖြတ်သည်အထိပင်ဖြစ်နိုင်ပါသည်။သွေးပေါင်အမြန်ချရမည့်အနေအထားများတွင် နှလုံးဖောက်ခြင်း၊ သတိလစ်ခြင်း၊ ကျောက်ကပ်ထိခြင်း၊ သွေးကြောမကြီးနံရံကွဲခြင်းစသည်တို့ပါဝင်ပြီး တခြားအနေအထားများတွင် သွေးပေါင်ကိုသောက်ဆေးနှင့်သာ ဖြည်းဖြည်းချင်းချရပါသည်။ ထို့ကြောင့် သွေးအရမ်းတိုးတိုင်းလည်း သွေးပေါင်အမြန်မချရသည့်အချက်ကိုလည်း နားလည်သဘောပေါက်စေချင်ပါသည်။ ယခုနောက်ပိုင်းတွေ့ရှိချက်များအရ အရင်က သွေးပေါင်အမြန်ချရန်သုံးလေ့ရှိသည့် သွေးပေါင်ကျဆေးကိုလျှာအောက်ငုံစေခြင်းသည်း ကောင်းကျိုးထက် သွေးပေါင်ရုတ်တရက်ကျသွားနိုင်သည့် ဆိုးကျိုးပိုများကြောင်းတွေ့ရှိရပါသည်။အချုပ်အားဖြင့်ဆိုရလျှင် သွေးတိုးရောဂါသည် ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်သောရောဂါတစ်မျိုးဖြစ်ပြီး သေချာမကုသမိပါကလည်း နောက်ဆက်တွဲ ဆိုးကျိုးများသောရောဂါဖြစ်သည်။ ကုသလျှင်လည်း ဆေးကို သောက်လိုက် မသောက်လိုက်လုပ်၍ မရဘဲ ဆရာဝန်၏ ညွှန်ကြားချက်နှင့်အညီ ဆေးပုံမှန်သောက်၊အစားအသောက်ဆင်ခြင်၊ လေ့ကျင့်ခန်းပုံမှန်လုပ်ကာ ထိန်းသိမ်းသွားသင့်သော ရောဂါပင်ဖြစ်ပါသည်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/%e1%80%b1%e1%80%81%e1%80%ab%e1%80%84%e1%80%b9%e1%80%b8%e1%80%99%e1%80%b0%e1%80%b8%e1%80%99%e1%80%bd-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%ac-%e1%80%99/
ရင်သားပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်း
ရင်သားရောဂါပိုးဝင်ခြင်း၊ တနည်း ရင်သားရောင်ရမ်းခြင်းဟာ သွေးဆုံးပြီးချိန်မှာတွေ့ရတတ်တဲ့ရောဂါတစ်ခုဖြစ်ပြီး တခါတရံမှာ နို့တိုက်နေတဲ့မိခင်တွေမှာပါတွေ့ရတတ်ပါတယ်။ နို့မတိုက်ရတဲ့အမျိုးသမီးတွေမှာလည်းဖြစ်နိုင်ပါတယ်။ ရင်သားတစ်သျူးထဲရောဂါပိုးဝင်ခြင်း၊ ရောင်ခြင်းကြောင့်ဖြစ်ပြီး နို့သီးခေါင်းအက်ကွဲခြင်း၊ နာကျင်ခြင်း၊ ရင်သားတွင် အဖုအကျိတ်များပေါ်ခြင်း၊ နီရဲခြင်း၊ ပူနေခြင်းတို့သတိထားမိနိုင်ပါတယ်။ ပြင်းထန်သောအခြေအနေတွေမှာဆိုရင် လိုအပ်တာထက်ပိုစောစော ကလေးကိုနို့ဖြတ်ရတတ်ပါတယ်။ဒါကြောင့် ထိုဖြစ်လေ့ဖြစ်ထရှိတဲ့အခြေအနေအကြောင်းသိပြီး ဘယ်လိုဖြေရှင်းရမလဲသိရဖို့ ကြည့်လိုရအောင်။Staphylococcus aureus လို့ခေါ်တဲ့ သာမန်အရေပြားမှာတွေ့ရတတ်တဲ့ ဘတ်တီးရီးယားတစ်မျိုးကြောင့် ရင်သားရောင်ရမ်းတတ်တယ်။ ထိုဘတ်တီးရီးယားက ထိခိုက်ခြင်းကြောင့်အရေပြားအက်ကွဲခြင်း မှတဆင့် ရင်သားအရေပြား သို့ နို့သီးခေါင်းထဲဝင်လာတတ်ပါတယ်။ ထို့နောက်မှာတော့ အဆီတစ်သျူးတွေထဲမှာနေကာ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ အရေပြားအက်ကွဲခြင်းတို့ဖြစ်လာစေပါတယ်။ တဖြေးဖြေး ရောင်ရမ်းခြင်းကြီးလာကာ နို့ရည်ပြွန်တွေပါ ပိတ်သွားပါတယ်။ နို့တိုက်မိခင်တွေမှာထိုအခြေအနေတွေခံစားရတတ်တယ်။ များသောအားဖြင့်မိခင်တွေကနို့ရည်တွေမထုတ်တဲ့အခါ နို့ရည်ပြွန်များခဲလာပြီး ရင်သားရောဂါပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တခြားတစ်ဖက်မှာတော့ နို့တိုက်မိခင်မဟုတ်ဘဲ ရင်သားရောင်ရမ်းပါက ရင်သားကင်ဆာလက္ခဏာဖြစ်တယ်။အောက်ပါပုံမှန်မဟုတ်သောအချက်များတွေ့ပါက ရင်သားရောင်ရမ်းခြင်းဟုထင်ရနိုင်ပါတယ်။ထိုအချက်များကြုံရပါက ဆရာဝန်ဆီဖြစ်နိုင်သမျှမြန်မြန် သွားတွေ့သင့်ပါတယ်။ရင်သားရောင်ရမ်းခြင်းဖြစ်ပါကဘတ်တီးရီးယားများဖယ်ပစ်ဖို့၊ နာကျင်မှုသက်သာဖို့ဆေးများစွာသောက်ရနိုင်တယ်။ နာကျင်မှုသက်သာစေသောဆေး၊ ပိုးသတ်ဆေးများပါနိုင်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေး ၁၀ ရက်မှ ၁၄ ရက်လောက်ထိ သောက်ရနိုင်တယ်။ ပိုးသတ်ဆေးသောက်ပြီး ၁ ရက် ၂ ရက် အကြာမှာ နေရထိုင်ရကောင်းလာပါလိမ့်မယ်။ ဒါပေမယ့် ဘတ်တီးရီးယားတွေအကုန်သေအောင် ဆေးအကုန် ပြတ်အောင် သောက်ရပါလိမ့်မယ်။ ဒါ့အပြင် သင်ရနိုင်တဲ့ အနာပျောက်ဆေးတစ်မျိုးမျိုးလည်းသောက်ရပါလိမ့်မယ်။ရင်သားရောင်ရမ်းခြင်းဟာ မိခင်ကျန်းမာရေးသာမက လတ်ဆတ်ကောင်းမွန်တဲ့နို့ရည်မရနိုင်တာကြောင့် ကလေးငယ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် စောစီးစွာရှာဖွေသိရှိနိုင်ဖို့ ရင်သားနဲ့ နို့သီးခေါင်းကို ပုံမှန်ဂရုစိုက်စစ်ဆေးနေရပါမယ်။ ထိုနည်းဖြင့်သာ သင့်အခြေအနေကို အလွယ်တကူကုသနိုင်ပြီး မဖြစ်သင့်တဲ့ နောက်ဆက်တွဲပြဿနာတွေကိုရှောင်နိုင်ကာ သင့်ကလေးငယ်ရဲ့ဘဝနေ့ရက်အစလေးတွေမှာ လုံလောက်တဲ့နို့ရည်ချိုပေးနိုင်မှာဖြစ်ပါတယ်။Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%9d%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%81%8a-%e1%80%9b%e1%80%b1%e1%80%ac/
ခုခံအားကျဆင်းမှုရောဂါ ဘဝသံသရာ
၂၀၁၄ ကမ္ဘာ့ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်း မှတ်တမ်းအရ လူ ၁.၂ သန်းသည် AIDS ရောဂါကြောင့် သေဆုံးနေကြပါသည်။ ခုခံအား ကျဆင်းသော ပိုးမွှား သို့မဟုတ် HIV ရောဂါပိုးမွှားများ သို့မဟုတ် AIDS ရောဂါများ ဖြစ်ပွားစေသော ရောဂါပိုးမွှားများ ဖြစ်ပါသည်။ အောက်ဖော်ပြပါ အချက်များဖြင့် ရောဂါပိုးမွှားများ အကြောင်း ရှင်းပြပေးပါမည်။ထို ရောဂါပိုးမွှားများသည် ကိုယ်ခန္ဓါ၏ ခုခံအားကို ကျဆင်းစေပါသည်။ အဘယ်ကြောင့်ဆိုသော် CD4 ဆဲလ်ပမာဏကို လျော့ကျစေသောကြောင့် ဖြစ်သည်။HIV ပိုးမွှားသည် CD4 ပမာဏကို သုံး၍ ခန္ဓါကိုယ် အနှံ့အပြားကို ပွားများစေပါသည်။ ထိုဖြစ်စဉ်ကို HIV ဘဝသံသရာဟု ခေါ်ပါသည်။ HIV ဆေးများသည် ထိုကဲ့သို့ သံသရာ အဆင့်ဆင့်တွင် တစ်ဆင့်ချင်း ပိတ်သွားပြီး ကုသခြင်း ဖြစ်ပါသည်။ပိုးမွှားဘဝသံသရာ ၇ ဆင့် ရှိပါသည်။၁။ ကပ်ခြင်း ၂။ ပေါင်းခြင်း ၃။ ပြန်ကပ်ခြင်း ၄။ ကွဲခြင်း။၅။ ပုံတူကူးခြင်း ၆။ ပွားခြင်း ၇။ အတက်ထွက်ခြင်း တို့ ဖြစ်ပါသည်။ပို၍ အသေးစိတ်ရှင်းပြပါဦးမည်။၁။ ကပ်ခြင်း –ပိုးမွှားများသည် CD4 ဆဲလ်၏ မျက်နှာပြင်ကို ကပ်ပါသည်။၂။ ပေါင်းခြင်း –ပိုးမွှားမျက်နှာပြင်နှင့် CD4 မျက်နှာပြင် ပေါင်းခြင်းဖြင့် ပိုးမွှားသည် ဆဲလ်အတွင်းသို့ ဝင်သွားနိုင်ပါသည်။၃။ ပြန်ကပ်ခြင်း –ဆဲလ်အတွင်းတွင် ပိုးမွှားများ လွှတ်၍ အင်ဇိုင်းတစ်မျိုး ထုတ်ပါသည်။ ထိုအင်ဇိုင်းသည် HIV ARN ကို HIV DNA သို့ ပြောင်းလဲသွားစေပါသည်။ ထိုမှတစ်ဆင့် ဆဲလ် ဗဟိုသို့ ရောက်သွားပြီး DNA ဖြစ်သွားစေပါသည်။၄။ ကွဲခြင်း –ဆဲလ်ဗဟိုတွင် HIV သည် အင်ဇိုင်းထုတ်ပြီး ပိုးမွှား၏ DNA ကို ဆဲလ်၏ DNA ဖြစ်အောင် ပြောင်းလိုက်ပါသည်။၅။ ပုံတူကူးခြင်း –ဆဲလ်၏ DNA အဖြစ် ပြောင်းလဲပြီးပါက ပိုးမွှားသည် ပရိုတင်း ကွင်းဆက် အရှည်တစ်ခု ဖန်တီးလိုက်ပါသည်။ ထိုမှတစ်ဆင့် တဖြည်းဖြည်း ပွားများလာပါသည်။၆။ ပေါင်းခြင်း –HIV ပရိုတင်းများသည် တခြားသော HIV ပိုးမွှားများကို သွား၍ပေါင်းနိုင်ပါသည်။၇။ အတက်ထွက်ခြင်း –အသစ်ဖြစ်ပေါ်လာသော HIV ပိုးမွှားသည် ဆဲလ်အပြင်ဘက်သို့ ထွက်လာပါသည်။ Protease ဟုခေါ်သော အင်ဇိုင်းတစ်မျိုး ထွက်လာပါသည်။ ထိုအင်ဇိုင်းက ပရိုတင်း ကွင်းဆက်ကို ဖြတ်၍ ဖြစ်လာသော ကွင်းဆက်ငယ်များသည် တခြားသော ဗိုင်းရပ်စ်ပိုးမွှားများကို သွားပေါင်းပါသည်။ART သည် HIV ရောဂါများအတွက် သုံးသောဆေး ဖြစ်ပါသည်။ ခုခံအားကို တိုးမြှင့်ပေးပါသည်။ဆေးအမျိုးအစား များစွာ ရှိပါသည်။ ဆေးအမျိုးအစားအလိုက် ပိုးမွှား၏ ကြီးထွားဖြစ်စဉ် တစ်ခုချင်းတွင် တားမြစ်ပါသည်။လူနာများသည် အနည်းဆုံး ဆေးနှစ်မျိုးတွဲ၍ သုံးစွဲကြပါသည်။အဘယ်ကြောင့်ဆိုသော် ဆေးတစ်မျိုးချင်းစီသည် ပိုးမွှား၏ ကြီးထွားမှု အဆင့်မတူသည့် နေရာများတွင် သွားရောက် သက်ရောက်မှု ရှိသောကြောင့် ဖြစ်ပါသည်။ ကိုယ်ခံအား တိုးမြှင့်ခြင်းဖြင့် HIV ရောဂါ ပြန့်ပွားမှုကို ကာကွယ်ပေးသည့်အပြင် AIDS ရောဂါ ဖြစ်ပွားမှုနှုန်းကိုလည်း လျော့ကျစေပါသည်။ ART ဆေးများသည်လည်း ဆေးယဉ်ပါးခြင်းကို လျော့ကျစေပါသည်။ART ဆေးသည် HIV ရောဂါကို ပျောက်ကင်းအောင် မကုသနိုင်ပါ။ အပြီးအပြတ် မကုသနိုင်သော်လည်း သက်တမ်းစေ့ နေနိုင်အောင် ပြုလုပ်ပေးပါသည်။ ကာမစပ်ယှက်မှုမှ ရသော ရောဂါပိုးမွှားများကိုလည်း လျော့ကျစေပါသည်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/%e1%80%81%e1%80%af%e1%80%81%e1%80%b6%e1%80%b6%e1%80%a1%e1%80%ac%e1%80%b8%e1%80%80%e1%80%ba%e1%80%86%e1%80%84%e1%80%b9%e1%80%b8%e1%80%99%e1%80%bd%e1%80%af%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab/
အစာခြေစနစ်အတွက် အမျှင်ဓါတ်က ဘယ်လိုအကျိုးပြုတာလဲ
သင်က ဟင်းသီးဟင်းရွက်တွေကို မနှစ်သက်တတ်သူလည်းဖြစ်နိုင်ပါတယ်။ ဒါဟာ ထူးဆန်းတဲ့အရသာတွေကို မကြိုက်တတ်တဲ့သင့်ကြောင့်ဖြစ်နိုင်သလို တစ်ခါတလေမှာလည်း အစားအစာရဲ့ အရသာမရှိမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ သူတို့မှာတော့ အမျှင်ဓါတ်တွေအများကြီးပါနေပါတယ်။ ဒီအမျှင်ဓါတ်တွေက သင့်ရဲ့ အစာခြေစနစ်အတွက် အရမ်းကိုကောင်းတာပါ။ အမျှင်ဓါတ်ဆိုတာဘာလဲ။ သင့်ရဲ့ အစာခြေစနစ်ကို ဘယ်နည်းဘယ်ပုံအကျိုးပြုနေသလဲဆိုတာကတော့..။Dietary fiber (အစားအသောက်မှာပါတဲ့အမျှင်ဓါတ်)ကို roughage ဒါမှမဟုတ် bulk လို့လည်း သိကြပါတယ်။ ဒီအမျှင်ဓါတ်ဟာ သင့်ခန္ဓါကိုယ်က အစာမခြေနိုင်တဲ့ ဒါမှမဟုတ် မစုပ်ယူနိုင်တဲ့ အပင်တွေရဲ့အစိတ်အပိုင်းမှာ ပါပါတယ်။ အမျှင်ဓါတ်ကို ယေဘုယျအားဖြင့် အုပ်စု ၂စု ခွဲခြားနိုင်ပါတယ်။ဒီအမျှင်ကတော့ ရေနဲ့ပျော်ဝင်နိုင်ပြီး ဂျယ်လ် ပုံစံဖြစ်သွားပါတယ်။ဒီအမျှင်တွေကိုတော့ အများအားဖြင့် အုတ်ဂျုံ၊ ပဲပိစပ်၊ ပဲအမျိုးမျိုး၊ အက်စစ်ဓါတ်ပါတဲ့အသီးတွေ စတာတွေမှာ တွေ့ရတတ်ပါတယ်။ သူကတော့ သင့်သွေးထဲမှာရှိတဲ့ ဂလူးကို့စ်လယ်ဗယ်နဲ့ ကိုလက်စထရောကို လျှော့ချပေးတဲ့နေရာမှာ အထောက်အကူဖြစ်ပါတယ် ။ဒီအမျိုးအစားကတော့ သင့်ရဲ့အစာခြေစနစ်တစ်လျှောက်အရာဝတ္ထုတွေသွားနှုန်းကို ထောက်ပံ့ပေးပြီး မစင်ပမာဏပိုတိုးစေပါတယ်။ ဒီအမျှင်တွေကိုတော့ လုံးတီးဂျုံမှုန့်တွေ၊ အခွံမာသီးတွေ၊ ပဲတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ တွေ့ရပါတယ်။အပင်ကိုအခြေခံတဲ့စားစရာအများစုမှာ အမျှင်၂မျိုးလုံးပါပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစားအသောက်တစ်ခုစီမှာပါဝင်တဲ့အမျှင်ပမာဏဟာ ပြောင်းလဲနိုင်ပါတယ်။ယေဘုယျအားဖြင့်တော့ အမျှင်ဓါတ်ရင်းမြစ်တွေဟာ လုံးတီးအနှံတွေနဲ့ပြုလုပ်ထားတဲ့အရာတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေ၊ ပဲပိစပ်နဲ့ ပဲအမျိုးမျိုး၊ ခွံမာသီးတွေနဲ့ အစေ့တွေဖြစ်ကပါတယ်။ဒါ့အပြင် Metamucil, Citrucel , FiberCon တို့လို အမျှင်ဓါတ်ပါဝင်တဲ့ ဖြည်းစွက်စာတွေရှိနေပါသေးတယ်။ ဒါပေမယ့် သူတို့ကတော့ တကယ့်စားစရာတွေလိုမျိုး အမျှင်အမျိုးမျိုးကို မဖန်တီးပေးနိုင်ပါဘူး။ အချို့သောစားစရာတွေမှာ အမျှင်ဓါတ်တွေကိုပေါင်းထည့်ပေးလို့ရပါတယ်။ဥပမာ-cereal, granola bars , ရေခဲမုန့်နဲ့ ဒိန်ချဉ်တို့လိုပေါ့။ ထပ်တိုးလိုက်တဲ့ အမျှင်တွေကိုတော့ insulin သို့မဟုတ် chicory root လို့ တံဆိပ်ကပ်ပါတယ်။စည်သွပ်ထားတဲ့အသီးတွေနဲ့ဟင်းသီးဟင်းရွက်တွေလို ပြန်လည်ပြုပြင်ထားတဲ့အစာတွေမှာတော့ အမျှင်ဓါတ်နည်းပါးပါတယ်။ အနှံတွေကို ပြန်လည်ပြုပြင်တဲ့လုပ်ငန်းစဉ်မှာဆိုရင် ဒီအနှံတွေရဲ့ အပေါ်ယံလွှာကို ဖယ်ရှားပစ်ရပါတယ်။ ဒါကပဲ အမျှင်ပါဝင်မှုကို လျော့သွားစေတာပါ။အူကျန်းမာရေးကို အထောက်အပံ့ဖြစ်စေပါတယ်။ အစားအသောက်မှာပါတဲ့အမျှင်တွေက သင့်ရဲ့မစင်ကို အလေးချိန်ရော အရွယ်အစားပါတိုးစေတဲ့အတွက် ပျော့ပျောင်းစေပါတယ်။ ရလဒ်အားဖြင့်တော့ ဝမ်းမချုပ်စေဘူးပေါ့။တကယ်လို့သင့်မှာ အရည်ပါတဲ့ဝမ်းသွားနေတယ်ဆိုရင် အမျှင်တွေက ရေတွေကိုစုပ်ယူပြီး မစင်ပမာဏထပ်တိုးစေခြင်းအားဖြင့် ခဲပစ်ပါတယ်။ ဒါ့အပြင် အမျှင်တေါက Hemorrhoids ဖြစ်ပေါ်မှုနဲ့ အူထဲမှာ အိတ်ငယ်လေးတွေဖြစ်ပေါ်မှုကို ကာကွယ်ပေးပါတယ်။ပျော်ဝင်နိုင်တဲ့အမျှင်တွေက သိပ်သည်းဆနည်းတဲ့ lipoprotein ကိုလျှော့ချလိုက်ခြင်းအားဖြင့် ကိုလက်စထရောစုစုပေါင်းပမာဏကို လျော့ကျသွားစေပါတယ်။ လေ့လာမှုတွေအရ အမျှင်ဓါတ်ကြွယ်ဝတဲ့ စားစရာတွေဟာ နှလုံးကျန်းမာရေးအတွက်ကောင်းမွန်ပြီး သွေးဖိအားနဲ့ ရောင်ယမ်းခြင်းကိုလျော့ကျစေပါတယ်။ဒါ့အပြင် ပျော်ဝင်နိုင်တဲ့ အမျှင်တွေဟာ ဆီးချိုရောဂါရှိသူတွေမှာတော့ သကြားဓါတ်စုပ်ယူခြင်းကို နှေးကွေးစေတာကြောင့် သူတို့ရဲ့ သွေးတွင်းသကြားဓါတ်လယ်ဗယ်ကို တိုးတက်လာစေပါတယ်။ အခြားတစ်ဘက်မှာလည်း မပျော်ဝင်နိုင်တဲ့ အမျှင်တွေက type 2 ဆီးချိုဖြစ်နိုင်ချေတွေကို လျှော့ချပေးပါတယ်။အမျှင်များတဲ့ အစားအစာတွေက အခြားသောအစာတွေထက် အချိန်ကြာကြာ ဗိုက်ပြည့်စေပါတယ်။ ဒါနဲ့ပဲ သင်နေ့တိုင်းစားနေတဲ့ ကယ်လိုရီတွေကို လျှော့ချပေးနိုင်တာပေါ့။ကင်ဆာကာကွယ်ပေးခြင်း : အမျှင်တွေဟာ အူမကြီးကင်ဆာမဖြစ်အောင်ကာကွယ်ပေးတယ်လို့ ဆိုကြပေမယ့် ဒါအတွက် အတည်ပြုနိုင်တာမျိုးတော့ သေသေချာချာမရှိသေးပါဘူး။prebiotics လို့ခေါ်တဲ့ အချို့သော အမျှင်တွေဟာ Probiotic တွေကို အထောက်အပံ့ဖြစ်စေပြီး အူလမ်းကြောင်းတွေကို ချောမွေ့စေပါတယ်။ (probiotic ဆိုတာကတော့ အစာခြေစနစ်ရဲ့ကျန်းမာရေးကို တိုးတက်စေတဲ့ ဘက်တီးရီးယားပါ) ။ဒါတွေကို ဘယ်မှာတွေ့နိုင်လဲဆိုတော့ ဒိန်ချဉ်တွေ ဒါမှမဟုတ် အခြားသော အချဉ်ဖောက်ထားတဲ့ အစားအစာတွေမှာတွေ့ရတတ်ပါတယ်။ အခြားသော ရင်းမြစ်တွေကတော့ ငှက်ပျောသီး၊ လုံးတီးဂျုံတွေနဲ့ ပြောင်းတွေ ဖြစ်နိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%85%e1%80%ac%e1%80%81%e1%80%bc%e1%80%b1%e1%80%85%e1%80%94%e1%80%85%e1%80%ba%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%a1%e1%80%99%e1%80%bb%e1%80%be%e1%80%84%e1%80%ba%e1%80%93/
42 ပတ်သားကလေး
ဘယ်လိုဖွံ့ဖြိုးလာလဲ။ခုအရွယ်မှာဆိုရင် သင့်ရင်သွေးလေးဟာ ယုံကြည်ချက်ရှိရှိ တစ်ယောက်ထဲထိုင်နိုင်ပြီ၊ ပရိဘောဂတွေကိုကိုင်ကာ လမ်းလျှောက်နိုင်ပြီ၊ အကူအညီမလိုဘဲ မတ်တပ်ရပ်နိုင်နေပါပြီ။ မတ်တပ်ရပ်ရင်းကနေ အရုပ်တွေဘာတွေတောင် ကုန်းကောက်နိုင်နေလောက်ပါပြီ။ တကယ်လို့ သင့်ကလေးကလမ်းစမလျှောက်သေးဘူးဆိုလည်း စိတ်မပူပါနဲ့။ ကလေးများစုဟာ ၁၂လသားမှာ ပထမဆုံးခြေလှမ်းလှမ်းတတ်ကြတယ်ဆိုပေမယ့် တချို့ကလေးတွေက ၁၈လသားလောက်မှ လမ်းစလျှောက်တာမျိုးလည်းရှိပါတယ်။ခုအချိန် ဆယ်လပြည့်ပြီးလို့ နှစ်ပတ်မြောက်အချိန်မှာဆိုရင်တော့ သင့်ရင်သွေးလေးဟာ-။• ဝမ်းလျားမှောက်ရာမှ ထထိုင်တတ်ပြီ။• လက်ခုပ်တီးတတ်၊ တာ့တာ ပြတတ်ပြီ။• ပစ္စည်းသေးသေးလေးတွေကိုပါ လက်မနဲ့ လက်ညှိုးနဲ့ ညှပ်ပြီးသေသေချာချာကိုင်တတ်လာပါပြီ (ဒါကြောင့် အန္တရာယ်များတဲ့ အရာတွေကို ကလေးတွေလက်လှမ်းမမီနိုင်မယ့်နေရာမှာထားပါ)။• ပရိဘောဂတွေကိုင်ပြီးလမ်းလျှောက်တတ်ပြီ။• ‘မလုပ်ရဘူး’ စသကဲ့သို့ အငြင်းဝါကျကိုနားလည်လာပြီ (အမြဲလိုက်နာမှမဟုတ်ပေမယ့်ပေါ့)။သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ။မုန်လာဥနီအစိမ်းလိုက်လိုမျိုး၊ စပျစ်သီးအလုံးလိုက်လိုမျိုး နင်နိုင်တဲ့စားစရာတွေကျွေးခြင်းမှရှောင်ပါ။ အသီးအရွက်ဆိုလျှင် သေချာချက်ပြုတ်ပြီး သေးသေးလေးတွေလှီးဖြတ်ပြီး၊ အသီးအနှံဆိုလျှင် အတုံးသေးသေးလေးတွေတုံးပြီး လှီးဖြတ်ပြီး ကျွေးရပါမယ်။ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။ဒီအရွယ်မှာ ပုံမှန်စစ်ဆေးဖို့ ရက်ချိန်းမပေးတတ်ပါဘူး။ ဒါပေမယ့် တကယ်လို့တစ်ခုခု စိတ်ပူစရာမျိုးရှိရင်တော့ ဆရာဝန်ချက်ခြင်းသွားပြပါ။ဒီအရွယ်မှာဆိုရင် ပိုးမွှားလေးတွေကိုက်တာ ထိုးတာမျိုးတွေ ရှိလာနိုင်ပါပြီ။ လူကြီးတွေအတွက် ဘာမှပြဿနာမကြီးပေမယ့် ကလေးငယ်တွေအတွက်တော့ အန္တရာယ်များပါတယ်။တကယ်လို့ကလေးငယ်ဟာ ထိုပိုးကောင်ရဲ့အဆိပ်ကို ဓါတ်မတည့်တာမျိုးမရှိဘူးဆိုရင်တော့ အကောင်ထိုးတာဟာ စိတ်ရှုပ်ရတာအပြင် အသက်ကိုတော့ အန္တရာယ်မပေးပါဘူး။အောက်ပါအချက်တွေကို လိုက်နာကြည့်ပါ-။• ကိုက်နေတဲ့ပိုးမွှားကို အသာအယာသာသပ်ဖယ်ပါ။• ကိုက်သွားတဲ့နေရာကို ဆပ်ပြာ၊ ရေနှင့်ဆေးကြောပါ။• ရောင်ရမ်းနာကျင်မှုအတွက် ရေခဲ ၁၅ မိနစ်ခန့်ကပ်ခြင်း ဒါမှမဟုတ် မုန့်ဖုတ်ဆော်ဒါကိုရေဖျော်ပြီးလည်း သုံးနိုင်ပါတယ်။ အနာပျောက်ဖို့ဆေးမပေးခင် ဆရာဝန်ကိုအရင်မေးပါ။• တကယ်လို့ ၂၄ နာရီအတွင်း ဝမ်းလျှောခြင်း၊ အဖျားတက်ခြင်း၊ အန်ခြင်း၊ ပိုမိုရောင်ရမ်းလာခြင်းများ ရှိလျှင်တော့ ဆေးခန်းချက်ခြင်းသွားပါ။ ကိုက်သွားတဲ့နေရာမှာ ပိုရဲလာခြင်း၊ ပိုနာလာခြင်း၊ ပိုရောင်လာခြင်းများကဲ့သို့ ရောဂါပိုးဝင်သောလက္ခဏာများတွေ့ပါကလည်း ဆေးခန်းချက်ခြင်းသွားပါ။လူ့ခန္တာကိုယ်က ဓါတ်မတည့်တဲ့အရာတစ်ခုနဲ့ ထိတွေ့တဲ့အခါ သွေးလန့်ခြင်းတစ်မျိုးဖြစ်ပေါ်တတ်ပါတယ်။ ထိုအခါမှာ သွေးပေါင်တွေကျမယ်၊ ရောင်ရမ်းယားယံမယ်၊ အသက်ရှူရခက်တာတွေဖြစ်လာနိုင်ပါတယ်။ အင်းဆက်ပိုးမွှားကိုက်ခြင်းကြောင့် သွေးလန့်တာမျိုးကတော့ဖြစ်လေ့သိပ်မရှိဘဲ ကလေးကကိုက်လိုက်တဲ့ပိုးမွှားရဲ့ အဆိပ်ကို ဓါတ်မတည့်ကာမှဖြစ်နိုင်ချေရှိပါတယ်၊ ဒါပေမယ့် ဓါတ်တည့်မတည့်ဟာလည်း အကိုက်မခံရသေးမခြင်းမသိနိုင်တာကြောင့် သတိထားဖို့တော့လိုပါတယ်။တကယ်လို့ကလေးက ဓါတ်မတည့်ဘူးဆိုရင်-။• အသက်ရှူကြပ်လာမယ်၊ အသက်ရှူရာမှာ တရွှီးရွှီးမြည်လာမယ်။• မူးမယ်၊ ဗိုက်အောင့်မယ်၊ အန်မယ်။• မျက်နှာတွေရဲလာမယ်။• အနီစက်တွေပေါ်လာမယ်။• လျှာ၊ လက်၊ မျက်နှာမှာရောင်ရမ်းလာမယ်။• တကယ်လို့ကလေးမှိန်းနေမယ်၊ ရီဝေဝဖြစ်နေမယ်ဆိုရင်တော့ သွေးလန့်တဲ့လက္ခဏာဖြစ်နေပါပြီ။ထိုလက္ခဏာတွေရှိလာပြီဆိုရင်တော့ ဆေးခန်းချက်ခြင်းသွားပါ။ပိုးမွှားကိုက်ခြင်းကို ဘယ်လိုကာကွယ်နိုင်မလဲ။ပိုးမွှားတွေအကုန်လုံးကို မသုတ်သင်နိုင်သလို ကလေးကိုလည်း အမြဲအိမ်ထဲမှာပဲ ဖွက်ထားလို့မရပါဘူး။ ကလေးငယ်တွေအတွက်သင့်တော်တဲ့ ပိုးမွှားသတ်လိမ်းဆေးအသုံးပြုခြင်း၊ အင်္ကျ ီလက်ရှည် ဘောင်းဘီရှည်ဝတ်ပေးခြင်းတို့ဖြင့်ကာကွယ်နိုင်ပါတယ်။ အရောင်ဖျော့ဖျော့အဝတ်အစားတွေဟာလည်း ပိုးမွှားတွေကို ဆွဲဆောင်အားနည်းပြီးတော့ ကိုက်ဖို့အဝတ်ပေါ်မှာကပ်နေရင်လည်း အလွယ်တကူတွေ့နိုင်ပါတယ်။ အထူးသဖြင့် ပိုးမွှားတွေပေါနိုင်တဲ့နေရာမျိုးမှာ အပြင်ထွက်စားတဲ့အခါ သတိထားပါ။ ကလေးအတွက် အမွှေးနံ့ပါတဲ့ ဆပ်ပြာနဲ့ ခရင်များကိုလည်းတတ်နိုင်သမျှရှောင်ပါ။ဘာတွေစိတ်ပူလဲ။ဒီအရွယ်စိတ်ပူရတဲ့ကိစ္စတွေအများကြီးထဲမှာ ဆံပင်ဆွဲတာလည်း တစ်ခုအပါအဝင်ဖြစ်မှာပါ။ကလေးတွေဆံပင်ဆွဲရခြင်းဟာ နှစ်ချက်ကြောင့်ဖြစ်နိုင်ပါတယ်။ပထမအချက်- သူတို့ငယ်စဉ်နို့စို့အရွယ်တုန်းက မိခင်ရဲ့ရင်ဘက်၊ ပါးစသည်ကို ပွတ်သပ်ဆုပ်ကိုင်ရာမှ ဒါမှမဟုတ် ဆံပင်ကိုဆုပ်ကိုင်ရာမှ ရရှိတတ်တဲ့ စိတ်သက်တောင့်သက်သာ လုံခြုံမှုဖြစ်မှုကိုပြန်လိုချင်တာကြောင့်၊။ဒုတိယအချက်- ထိုကဲ့သို့ စိတ်သက်တောင့်သက်သာဖြစ်ခြင်းကို ခုအချိန်သူတို့ အလွန်အမင်းပင်ပန်းချိန်၊ ဒါမှမဟုတ် စိတ်ရှု့ပ်ထွေးချိန်မှာ ပိုမိုလိုချင်တာကြောင့်……. သူတို့ဆံပင်ကို သူတို့ဆွဲရခြင်းပါ။ဒီအရွယ်ကလေးတွေသူတို့ဆံပင်ကိုပွတ်သပ်ဆုပ်ကိုင်ခြင်း၊ လိမ်ခြင်း၊ ဆွဲခြင်းတွေဟာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပြီး ထိခိုက်မှုမရှိဘဲ ငယ်ဘဝတစ်လျှောက်မှာ ကျန်ရှိတတ်ပါတယ်။ ဒါပေမယ့် ဆက်တိုက်ဆံပင်ကိုကိုင်နေတာမျိုး၊ ဆံပင်တွေကျွတ်သွားသည်ထိဆွဲတာမျိုးကတော့ တားသင့်ပါတယ်။ တားဖို့အတွက်ဆိုရင်-။• ကလေးကိုအာရုံပိုစိုက်ပြီး အထူးသဖြင့် သူစိတ်ရှုပ်နေမယ့်အချိန်တွေမှာ စိတ်သက်တောင့်သက်သာပိုဖြစ်အောင် ဂရုတစိုက်ထားပါ။• ဆံပင်ကိုဆုပ်လို့မရအောင် တိုတိုညှပ်ပေးထားပါ။• အာရုံလွှဲဖို့အတွက် တခြားဆုပ်ကိုင်စရာတစ်ခုခုပေးထားပါ။ဘယ်လိုမှလုပ်လို့မရတော့ရင်တော့ ဆရာဝန်သွားပြဖို့ အကြံပေးပါရစေ။နောက်တစ်ပတ်မှာလည်း သင့်ရင်သွေးလေးဘယ်လိုနေမလဲ စောင့်ကြည့်ရအောင်..။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/42-%e1%80%95%e1%80%90%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%b1%e1%80%9c%e1%80%b8/
မီးဖွင့် ပြီး အိပ်တာ ကျန်းမာရေးအတွက် ကောင်းလား။
လူတိုင်းအတွက်အိပ်စက်ခြင်းဟာ ခဏတာ အတွက်ရော၊ ရေရှည် အတွက်ပါ အရေးပါတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပြီး ကောင်းမွန်တဲ့ အိပ်စက်ခြင်းရမှသာ စိတ်ရော၊ လူပါ အမြဲ ကျန်းမာရွှင်လန်းနေနိုင်မှာ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့အတွက် တချို့ကတော့ မီးပိတ်ပြီးမှ အိပ်တတ်တယ်၊ တချို့ကတော့မီးဖွင့်ထားမှ အိပ်ပျော်တယ် စသည်ဖြင့် အိပ်တာနဲ့ ပတ်သတ်ပြီး အမျိုးမျိုး ကွဲပြားနေကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မီးဖွင့်ပြီး အိပ်ခြင်းနဲ့ ကျန်းမာတဲ့အိပ်စက်ခြင်း ဘယ်လို ဆက်နွယ်နေတယ်ဆိုတာလေးကို မျှဝေပေးသွားချင်ပါတယ်။ကျန်းမာတဲ့ အိပ်စက်ခြင်းဟာ။၁။ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို ထိန်းသိမ်းပြုပြင်ပေးနိုင်ခြင်း။၂။ဖျားနာခြင်းတွေနဲ့နာတာရှည်ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ခြင်း။၃။စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေနိုင်ခြင်း။၄။ ကြွက်သားတွေ ပင်ပန်းနွမ်းနယ်မှုကို ပြန်လည် သန်စွမ်းလာအောင် ကူညီပေးနိုင်ခြင်း စတဲ့ ကောင်းကျိုးတွေ အပြင်။၅။ ကလေးငယ်တွေအတွက်လည်းဖွံ့ဖြိုးကြီးထွားလာအောင် အများကြီး အထောက်အကူပြုနိုင်ပါတယ်။မီးဖွင့်ပြီး အိပ်ခြင်းဟာ သင့်အတွက် ကျန်းမာတဲ့ အိပ်စက်ခြင်းမျိုးကို မရစေနိုင်ပါဘူး။ မအိပ်ခင် (သို့) အိပ်နေတဲ့ အချိန်မှာအလင်းရောင်နဲ့ ထိတွေ့တဲ့အခါ သင့်ဦးနှောက်ကmelatoninလို့ခေါ်တဲ့ သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်မယ့် ဟော်မုန်းလေးတွေကို သိပ်မထုတ်တော့ပါဘူး။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် တစ်ခုဖြစ်တဲ့ sleep-wake cycle ကိုနှောင့်ယှက်နိုင်ပါတယ်။ အဲဒီအတွက် အိပ်စက်ခြင်းမှာ အဟန့်အတား တစ်ခုဖြစ်လာစေပါတယ်။ အလင်းရောင်မှာ အခန်းမီး၊ လမ်းမီး တွေမှ မဟုတ်ပါဘူး။ တီဗွီ ၊ ဖုန်း၊ ကွန်ပြူတာ စတဲ့လျှပ်စစ်ပစ္စည်းတွေက နေထွက်တဲ့ blue light လို့ခေါ်တဲ့ အလင်းတန်းတွေကလည်း သင့်အတွက် ကောင်းမွန်တဲ့ အိပ်စက်ခြင်းမျိုးမရအောင် နှောက်ယှက်နိုင်ပါတယ်။ ဒါ့ကြောင့် မီးဖွင့်ပြီး အိပ်လေ့ရှိတဲ့ သူတွေမှာ။၁။ စိတ်ဓာတ်ကျခြင်း၊ စိတ်ခံစားချက် မကောင်းခြင်း။၂။ အာရုံစူးစိုက်နိုင်မှု အားနည်းလာခြင်း။၃။အဝလွန်ခြင်း။၄။ သွေးတိုး၊ နှလုံး နဲ့ ဆီးချို စတဲ့ နာတာရှည်ရောဂါများ အဖြစ်များခြင်း။၅။ တစ်နေကုန် ပင်ပန်းနွမ်းနယ်နေခြင်း၊ အားမရှိခြင်း။၆။ ကလေးများတွင် ဉာဏ်ရည်နှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အားနည်းခြင်း စတဲ့ ဆိုးကျိုးတွေ ဖြစ်လာစေပါတယ်။မီးဖွင့်ပြီး အိပ်စက်ခြင်းက ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်စေနိုင်တဲ့ အတွက် ဖြစ်နိုင်ရင်တော့ မီးပိတ်ပြီးအိပ်ဖို့ အကြံပေးချင်ပါတယ်။ တချို့တော့ မီးဖွင့်ပြီး အိပ်နေတာအကျင့် တစ်ခုလို ဖြစ်နေတာ (သို့) အမှောင်ကြောက်တာ ဆိုရင်တော့ စစချင်း အနေနဲ့ မီးသီးအသေးလေးတွေ၊ ညအိပ်မီးသီးတွေကို အသုံးပြုပြီး အိပ်ဖို့ ကြိုးစားကြည့်ပါ။ ညအိပ်မီးသီး အသေးလေးတွေကို ရွေးချယ်တဲ့ နေရာမှာ blue light ပိုများတဲ့ LED အမျိုးအစားတွေကို ရှောင်ပြီး အနီရောင် မှိန်ပြပြ မီးသီးလေးတွေကို ရွေးချယ်သင့်ပါတယ်။ အဲလို ညအိပ်မီးသီးလေးတွေ အသုံးပြုရင်း အမှောင်ကို နေသားကျလာတဲ့အခါ ညအိပ်မီးသီးလေးတွေပါ မသုံးဘဲ အိပ်ဖို့ အဆင်ပြေလာနိုင်ပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ အရက် နဲ့ ကော်ဖီ စတာတွေ ရှောင်တာ ၊ နေ့စဉ် အချိန်မှန်အိပ်တာ မျိုးတွေကလည်း ကောင်းကောင်းအိပ်ပျော်ဖို့ အကူညီပေးနိုင်ပါတယ်။၁။ မိမိအိပ်ခန်းက လမ်းမီးတွေတိုက်ရိုက် ကျနေတဲ့ နေရာဖြစ်မယ်ဆိုရင်လည်း တတ်နိုင်သလောက် အဲဒီမီးကို အခန်းထဲ မရောက်အောင် လိုက်ကာဖြစ်ဖြစ် အကာအကွယ်တစ်ခုခု တပ်ဆင်ခြင်း (သို့) မျက်လုံးအကာ အသုံးပြုခြင်းတွေ လုပ်နိုင်ပါတယ်။၂။ ဖုန်း၊ laptop ၊ ကွန်ပြူတာ ၊ တီဗွီစတဲ့ လျှပ်စစ်ပစ္စည်းလေးတွေကိုလည်း အိပ်တဲ့ အချိန်မှာ အိပ်ခန်းထဲမှာ မထားဖို့၊ တတ်နိုင်သလောက် အိပ်မယ့်နေရာနဲ့ ဝေးဝေးမှာ ထားဖို့ အကြံပြုချင်ပါတယ်။၃။ ဖုန်းကို အိပ်ယာ အနီးနားမှာထားပြီး ဖုန်းနှိုးစက်နဲ့ ထတဲ့သူတွေအနေနဲ့ ဖုန်းအစား နာရီ နှိုးစက်မျိုးကို ပြောင်းသုံးသင့်ပါတယ်။၃။ မအိပ်ခင် ၂နာရီ၊ ၃နာရီလောက်မှာ ဖုန်း၊ ကွန်ပြူတာ စတဲ့ ပစ္စည်းတွေ အသုံးပြုခြင်းကို ဂရုတစိုက်ရှောင်ကြဉ်သင့်ပါတယ်။ကျန်းမာကြပါစေ။ရေးသားသူ- Khine Phoo Ngon။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/%e1%80%99%e1%80%ae%e1%80%b8%e1%80%96%e1%80%bd%e1%80%84%e1%80%b7%e1%80%ba-%e1%80%95%e1%80%bc%e1%80%ae%e1%80%b8-%e1%80%a1%e1%80%ad%e1%80%95%e1%80%ba%e1%80%90%e1%80%ac-%e1%80%80%e1%80%bb%e1%80%94/
ခုခံအားကျဆင်းမှူ ကူးစက်ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) မှ ပြောကြားချက်များအရ ၂၀၁၃ ခုနှစ်တွင် ၁.၅ သန်းသော လူများသည် HIV ရောဂါနှင့် အသက်ဆုံးရှုံးနေရပါသည်။ HIV ရောဂါသည် ခန္ဓါကိုယ် အရည်များ၊ ဥပမာ – သွေး၊ ယောနိမှ ထွက်သော အရည်၊ သုတ်ရည်နှင့် နို့ရည်တို့မှ ကူးစက်နိုင်ပါသည်။ ရောဂါ ကူးစက်နိုင်ပုံများကို အောက်တွင် ဆက်လက် ဖော်ပြပါမည်။HIV ရောဂါအတွက် စိတ်ဝင်စားမှုမှာ လွန်ခဲ့သော ဆယ်စုနှစ်မှ စတင်၍ စိတ်ဝင်စားမှု ရရှိလာပါသည်။ ကမ္ဘာ အနှံ့အပြားတွင်လည်း အရေးကြီးသော ကျန်းမာရေး ပြဿနာ ဖြစ်ပါသည်။ သေနှုန်းမြင့်မားခြင်းကြောင့် ထိုရောဂါကို ကူးစက်မှုနှုန်း လျော့နည်းအောင် လုပ်ဆောင်ရပါမည်။HIV ရောဂါသည် ခန္ဓါကိုယ်အရည်များ၊ ဥပမာ – သွေး၊ ယောနိမှ ထွက်သောအရည်၊ သုတ်ရည်နှင့် နို့ရည်တို့မှ ကူးစက်နိုင်ပါသည်။ခန္ဓါကိုယ်ပြင်ပသို့ ရောက်ရှိသွားပါက ဗိုင်းရပ်စ်ပိုးမှာ ကြာရှည်စွာ အသက်မရှင်နိုင်ပါ။ မျိုးလည်း မပွားနိုင်တော့ပါ။ HIV ဗိုင်းရပ်စ်ပိုးသည် –။HIV ပိုးရှိသောသူများမှ ဗိုင်းရပ်စ်ပမာဏ လျော့နည်းသွားသည် ဆိုပါက ကူးစက်နိုင်မှု ပမာဏသည်လည်း လျော့နည်းသွားနိုင်ပါသည်။ HIV ရှိသောသူ ဖြစ်လင့်ကစား ဆေးသောက်နေသော သူများ ဗိုင်းရပ်စ်ပိုးမွှား ပမာဏ သွေးထဲတွင် နည်းနေပါက တခြားသူများကို ကူးစက်နိုင်မှုသည် ဗိုင်းရပ်စ်ပိုးမွှားများ သွေးတွင်းတွင် ရှိသောသူများထက် ပို၍ ကူးစက်နိုင်မှု လျော့နည်းနိုင်ပါသည်။သို့သော် HIV ရောဂါရှိသူမှာ မိမိသွေးထဲတွင် ဗိုင်းရပ်စ်ပိုးမွှားများ အနည်းငယ်သာ ရှိသော်လည်း တခြားသူများသို့ ကူးစက်နိုင်ပါသေးသည်။အဘယ်ကြောင့်ဆိုသော် –။HIV ရောဂါသည် သွေးမှ အများဆုံး ကူးစက်ပါသည်။ သွေးသွင်းခြင်းသည် မိမိကို သွေးလှူသော လူများအဖို့ ရောဂါရှိနေပါက ကူးစက်နိုင်ခြေ များပါသည်။ သွေးသွင်းခြင်းဖြင့် ကူးစက်နိုင်သောကြောင့် မသွင်းခင် ဆေးစစ်ခြင်းမှာ ၁၉၈၅ ခုနှစ်မှစ၍ လုပ်လာကြပါသည်။ သွေးလှူသူများသည် ရောဂါပိုးရှိသည်ဟူ၍ ပေါ်ပေါက်လာပါက လှူ၍ မရနိုင်ပါ။ ထိုသို့ စမ်းသပ်မှု ပြုလုပ်ပြီးသည့်တိုင် မပေါ်ပေါက်သော ပမာဏ ရှိနိုင်ပါသေးသည်။ ကူးစက်နှုန်း အနည်းငယ် ရှိနိုင်ပါသည်။တားမြစ်ဆေးများကို တခြားသူများနှင့် အတူတူ ဆေးထိုးအပ် မျှဝေ၍ အသုံးပြုပါကလည်း ရောဂါပိုး ပို၍ ကူးစက်နိုင်ပါသည်။ သို့သော် သွေးသွင်းခြင်းလောက် ကူးစက်နိုင်မှု မများပြားပါ။ စီဒီစီ အဖွဲ့၏ ခန့်မှန်းချက်များအရ လူ ၁၀၀၀၀ တွင် ၆၃ ဦးသည် ဆေးထိုးအပ် မျှသုံးခြင်းမှ ကူးစက်နိုင်ပါသည်။ ဆေးထိုးအပ် စူးခြင်းမှာ လူ ၁၀၀၀၀ တွင် ၂၃ ဦး ကူးစက်နိုင်ပါသည်။ကိုက်ခြင်း၊ တံတွေးထွေးခြင်းနှင့် ခန္ဓါကိုယ် အရည်များ (သုတ်ဦးရည်၊ တံတွေး) စသော အရည်များမှ ကူးစက်မှုနှုန်းသည် မပြောပလောက်ပါ။HIV ရောဂါပိုး ရှိသောသူများနှင့် လိင်ဆက်ဆံပါက ကူးစက်မှုနှုန်း များပြားပါသည်။ပါးစပ်နှင့် ဖြစ်စေ၊ စအိုမှ ဖြစ်စေ လိင်ဆက်ဆံပါက အထူးသဖြင့် ကွန်ဒုံး မပါဘဲ အသုံးပြုပါက ပို၍ ကူးစက်နိုင်ပါသည်။ပါးစပ်နှင့် ဆက်ဆံခြင်းသည် ကူးစက်မှုနှုန်း အနည်းဆုံး ဖြစ်ပါသည်။ သို့သော် ပါးစပ်ထဲတွင် သုတ်ရည်လွှတ်ပါက ကူးစက်မှုနှုန်း မြင့်မားနိုင်ပါသည်။ထို့ကြောင့် လိင်ဆက်ဆံနေစဉ် မိမိကိုယ်ကို အမြဲ ဂရုစိုက်ရပါမည်။ တခြားသော သူများနှင့် လိင်ဆက်ဆံမည် ဆိုပါက သုတ်ပိုး၊ ယောနိအရည်များကို ကာကွယ်နိုင်သော ကွန်ဒုံးသုံး၍ဖြစ်စေ၊ ကာကွယ်မှု ယူခြင်းဖြင့် HIV ရောဂါကို ကာကွယ်နိုင်ပါသည်။ကွန်ဒုံးအသုံးပြု၍ လိင်ဆက်ဆံခြင်းသည် ပေါက်ခြင်း၊ ပြဲခြင်းများ ရှိသည့်အတွက် မည်မျှ ကူးစက်နှုန်း ရှိသည်ကို မခန့်မှန်းနိုင်ပါ။ မိမိသည် လိင်ဆက်ဆံသူဖြစ်လျှင် အချင်းချင်း တိုင်ပင်ပြီး မိမိလုံခြုံရေးအတွက် ဆေးစစ်ထားသင့်ပါသည်။သွေးနှင့် ခန္ဓါကိုယ် အရည်များအပြင် အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားချိန်နှင့် နို့တိုက်ချိန်များတွင် မိမိ၏ကလေးသို့ ကူးစက်နိုင်ပါသည်။ HIV ရှိသော မိခင်သည် နို့မတိုက်သင့်ပါ။ နို့ရည်မှတစ်ဆင့် ကလေးကို ကူးစက်တတ်သောကြောင့် ဖြစ်ပါသည်။ HIV ရောဂါပိုးသည် မိခင် သို့မဟုတ် စောင့်ရှောက်ပေးသူမှ ကလေးကို အစားအစာ ဝါးကျွေးခြင်းကြောင့်လည်း ကူးစက်နိုင်ပါသည်။ သို့သော် ထိုသို့သော ဖြစ်စဉ်မှာ ရှားပါသည်။AIDS ရောဂါသည် HIV ရောဂါပိုးမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ ခန္ဓါကိုယ်၏ ခုခံအားစနစ်ကို တိုက်ဖျက်ခြင်းဖြင့် အန္တရာယ်ပေးပါသည်။ ရောဂါတားဆေးများသည် ရောဂါပိုးကို တခြားသူများသို့ ကူးစက်ခြင်းမှ လျော့နည်းစေပါသည်။ သို့သော် ဆေးတစ်မျိုးတည်း သောက်သုံးခြင်းံသည် အပြည့်အဝ ကာကွယ်မှုမပေးနိုင်ပါ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/hiv-aids/
48 ပတ်သားကလေး
ဘယ်လိုဖွံ့ဖြိုးလာလဲ။တကယ်လို့သင့်ရင်သွေးလေးက ခုထိလမ်းမလျှောက်သးဘူးဆိုရင် မကြာခင်စလျှောက်တော့မှာပါ။ တကယ်လို့မလျှောက်သေးရင်လည်းမပူပါနဲ့၊ လုံးဝပုံမှန်ကလေးတချို့ဟာ ၁၆လ၊ ၁၇လသားလောက်မှ လမ်းစလျှောက်တတ်ပါတယ်။ဒီအရွယ်မှာဆိုရင် သင့်ရင်သွေးလေးဟာ-။• တစ်ယောက်ထဲကောင်းကောင်းမတ်တပ်ရပ်တတ်ပြီ။• လမ်းကောင်းကောင်းလျှောက်တတ်ပြီ။• ငိုတာအပြင် တခြားနည်းလမ်းနဲ့ သူလိုချင်တာကိုပြောတတ်ပြီ။• ဘောလုံးကစားတတ်ပြီ။• ခွက်ကနေအကူမလိုဘဲသောက်တတ်ပြီ။• မသိရင် တခြားဘာသာစကားတစ်ခုပြောနေသလို မပီကလာပီကလာ လျှောက်ပြောတတ်လာပြီ။• ခြေဟန်လက်ဟန်မပြတော့လည်း တချို့အမိန့်စကားတွေကို လိုက်လုပ်တတ်လာပြီ။• မေမေ ဖေဖေ အပြင် စကားလုံးတွေအများကြီးပိုပြောလာပါပြီ။သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ။အမြဲတမ်းလိုပဲ သင့်ရင်သွေးလေးက စွမ်းရည်အသစ်တွေလေ့ကျင့်နေချိန်မှာ လုံခြုံတဲ့ပတ်ဝန်းကျင်တစ်ခုဖန်တီးထားပေးပါ။ ကလေးစောင့်ရှောက်မှုနည်းတွေလေ့လာပြီး ကလေးကိုဘယ်တော့မှပစ်မထားနဲ့။ ပြီးတော့…… ကင်မရာအသင့်သာပြင်ထားပါတော့။သင့်ကလေးငယ်ပထမဆုံးခြေလှမ်းကိုကြည့်ရတာလောက် ပျော်စရာကောင်းတာလောကကြီးမှာမရှိတော့ပါဘူး။ သူတို့ရှေ့မတ်တပ်ရပ်လို့ဖြစ်စေ၊ ဒူးထောက်ရင်းဖြစ်စေ သင့်လက်တွေကိုဆန့်ထုတ်ထားပြီး သူတို့လမ်းလျှောက်တာကိုအားပေးပါ။ ဒါမှမဟုတ် သူတို့လက်ကိုကိုင်ထားပေးရင်း သင့်ဆီသူတို့လျှောက်လာပါစေ။ ကလေးအများစုလိုပဲ သင့်ကလေးဟာ ပထမဆုံးခြေလှမ်းတွေမှာ ဟန်ချက်ညီစေဖို့အတွက် တံထောင်ကွေးထားလျက်လက်ကို ဘေးကိုဆန့်ထုတ်ရင်း ၊ ခြေထောက်တွေကဘေးကားပြီး ဝမ်းဗိုက်ကရှေ့ထွက်၊ အောက်ပိုင်းကနောက်ကျန်ခဲ့ရင်းလျှောက်ကြပါလိမ့်မယ်။ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။ဒီအရွယ်မှာ ပုံမှန်စစ်ဆေးဖို့ရက်ချိန်းမရှိတတ်ပါဘူး။ ဒီအရွယ်ကလေးငယ်တွေဟာ ဆရာဝန်ဆီသွားရတာကို မကြိုက်တဲ့အပြင် အခြားလူတွေကိုစိမ်းနေတတ်သေးတဲ့စိတ်ကြောင့် ဆရာဝန်တွေကဘယ်လောက်ပဲ နွေးထွေးခင်မင်စရာဟန်ဖြစ်နေပါစေ၊ တွေ့ချင်မှမဟုတ်ပါဘူး။ ဒါပေမယ့် တကယ်လို့တစ်ခုခု စိတ်ပူစရာမျိုးရှိရင်တော့ ဆရာဝန်ချက်ခြင်းသွားပြပါ။ရေကျောက်ပေါက်ခြင်းလက္ခဏာတွေသိထားရင်ကောင်းပါတယ်။ အနီစက်တွေ၊ အထူးသဖြင့်ကလေးက အခြားရေကျောက်ပေါက်နေတဲ့ကလေးတွေနဲ့ထိတွေ့မိတယ်ဆိုရင်ပေါ့…။ ထိတွေ့ပြီးချိန်မှ လက္ခဏာတွေပေါ်လာဖို့ ၁၀ ရက်နေ ၂၁ ရက်ထိကြာနိုင်ပါတယ်။လက္ခဏာတွေ။ပထမဆုံးခန္တာကိုယ်နဲ့ ဦးရေပြားကစလို့ ယားယံတဲ့အနီရောင်အစက်လေးတွေပေါ်လာပါလိမ့်မယ်။ ထိုအစက်ကလေးတွေမှတဆင့် ပန်းရောင်အောက်ခြေနဲ့ အရည်ကြည်များပြည့်နေသော အရည်ကြည်ဖုလေးတွေအဖြစ်ပြောင်းသွားပြီး နောက်ဆုံးမှာ အညိုရောင်ခြောက်သွေ့သောအရာများကျန်ရှိခဲ့ပါလိမ့်မယ်။ ခန္တာကိုယ်နဲ့ ဦးရေပြားကတဆင့် မျက်နှာ၊ လက်၊ ခြေထောက်တွေဆီပျံနှံ့သွားပါတယ်။ ကလေးက အလွန်ပင်ပန်းနွမ်းမယ်ဟန်ပေါ်မယ်၊ အစားစားချင်စိတ်မရှိဘဲ အဖျားငွေ့ငွေ့လည်းရှိနိုင်ပါတယ်။ဘာလုပ်ရမလဲ။ဆရာဝန်နဲ့တိုင်ပင်ပါ။ ရောဂါပိုးဝင်ခြင်း၊ အမာရွတ်ကျန်ခြင်းကို ရှောင်ရှားရန် ကလေးငယ်လက်သည်းတွေကိုညှပ်ထားပြီး အနာနေရာကိုကုတ်ခြင်း၊ ဖဲ့ခြင်းမပြုပါစေနဲ့။ ဒါမှမဟုတ် ကလေးငယ်ကိုလက်အိတ်လေးတွေစွတ်ပေးထားနိုင်ပါတယ်။ ရေအေးအေးဖြင့်ချိုးပေးခြင်း၊ ပြီးလျှင်အပူလောင်ခြင်းအတွက်ကောင်းသော လိုးရှင်းတစ်မျိုးမျိုးလိမ်းပေးခြင်းများဖြင့် သက်သာစေနိုင်ပါတယ်။ အဖျားအတွက် ပါရာစီတမောမှတပါး အခြားအကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေးမသုံးပါနဲ့။လက္ခဏာတွေပိုဆိုးလာပါက ဆရာဝန်ကိုပြောပြပါ။• အနာများပိုဆိုးလာခြင်း၊ ပိုများလာခြင်း။• မျက်လုံး၊ ပါးစပ်ထဲပေါက်ခြင်း၊။• ရက်ကြာအောင်အဖျားမကျခြင်း။• အရေပြားရောင်ရမ်းခြင်း၊ နာကျင်ခြင်း အလွန်အမင်းနီရဲခြင်း။ဘာတွေစိတ်ပူလဲ။ဒီအရွယ်မှာဆိုရင် သင့်မှာစိတ်ပူစရာတွေအများကြီးရှိပါတယ်။ တစ်ခုကတော့ ချိုလိမ်စို့ခြင်းပါ။ ကလေးကိုသူနှစ်သက်ရာကနေ ခွဲခွာရမှာ သနားကောင်းသနားနေနိုင်ပါလိမ့်မယ်၊ ဒါပေမယ့် ကျွမ်းကျင်သူတွေပြောစကားအရ ခုအချိန်ဟာ ချိုလိမ်ကိုစွန့်လွှတ်ဖို့ အကောင်းဆုံးအချိန်ပါ။ အကြောင်းပြချက်နှစ်ခုရှိပါတယ်။ပထမတစ်ချက်- ကလေးကချိုလိမ်ကိုကြာကြာအသုံးပြုလေလေ၊ ပြတ်ဖို့ခက်လေလေဖြစ်ပါလိမ့်မယ်။ နောက်တစ်ချက်တော့ စကားပြောခြင်းတိုးတက်စေဖို့ပါ။ ကလေးဟာ ပါးစပ်ထဲမှတစ်ခုခုရှိနေရင် စကားပြောနည်းသွားပါလိမ့်မယ်။ ချိုလိမ်ဖယ်ပစ်ရတာခက်ခဲပါလိမ့်မယ်။ နေ့ဘက်မှာအချိန်သက်မှတ်ပေးထားပြီး ညဘက်မှအသုံးမပြုတော့စေခြင်းဖြင့် တဖြေးဖြေးကျင့်ယူပါ။ အခြားအရုပ်တစ်ခုခုနဲ့အာရုံပြောင်းခြင်းဖြင့်လည်း ကြိုးစားကြည့်နိုင်ပါတယ်။နောက်တစ်ပတ်မှာလည်း သင့်ရင်သွေးလေးဘယ်လိုနေမလဲ စောင့်ကြည့်ရအောင်..။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/48-%e1%80%95%e1%80%90%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%b1%e1%80%9c%e1%80%b8/
မိန်းမကိုယ်ဆေးကြောသန့်စင်ခြင်း
အမျိုးသမီးတွေဟာ မိန်းမကိုယ်ကထွက်တဲ့ အနံ့ဆိုးတွေနဲ့ ဓမ္မတာလာပြီး ရာသီသွေးအကြွင်းအကျန်တွေကို ဖယ်ရှားဖို့၊ လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ဖို့၊ ကိုယ်ဝန်မရအောင် တားဆီးဖို့ မိန်းမကိုယ်သန့်စင်ဆေးရည် အမျိုးမျိုးကို အသုံးပြုကြတာဖြစ်ပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူဆရာဝန်တွေရဲ့ အဆိုအရ မိန်းမကိုယ်သန့်စင်ဆေးရည် အသုံးပြုခြင်းဟာ စောစောကပြောခဲ့တဲ့ ရည်ရွယ်ချက်တွေကို ဖြည့်ဆည်းဖို့ ထိရောက်တဲ့နည်းလမ်း မဟုတ်တဲ့အပြင် ရောဂါပိုးကူးစက်နိုင်ချေ၊ ကိုယ်ဝန်ဆောင်စဉ် နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ အခြားကျန်းမာရေးပြဿနာများ ဖြစ်ပွားနိုင်ချေကို မြင့်စေတယ်လို့ သိရှိရပါတယ်။Douche ဆိုတဲ့ ဝေါဟာရဟာ ပြင်သစ်စကားလုံးဖြစ်ပြီး “ဆေးကြောသည်” သို့မဟုတ် “စိုစွတ်စေသည်” လို့ အဓိပ္ပါယ်ရပါတယ်။ Douching ဆိုတာကတော့ ရေ ဒါမှမဟုတ် အခြားအရည်တစ်မျိုးမျိုးကို အသုံးပြုပြီး မိန်းမကိုယ်အတွင်းထဲအထိ ဆေးကြောသန့်စင်ခြင်းကို ဆိုလိုပါတယ်။ ပိုးသတ်ဆေးနဲ့ မွှေးရနံ့ပါတဲ့ မိန်းမကိုယ်သန့်စင်ဆေးရည်တွေကို ဆေးဆိုင်တွေနဲ့ စူပါမားကတ်တွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။ ဒီဆေးရည်တွေကို ပုလင်း ဒါမှမဟုတ် အိတ်ပုံစံနဲ့ ရရှိနိုင်ပြီး ထိပ်ဝမှာတပ်ဆင်ထားတဲ့ ပြွန်ငယ်ကတဆင့် မိန်းမကိုယ်ထဲဝင်အောင်ဖြန်းပြီး အသုံးပြုရတာဖြစ်ပါတယ်။တကယ်တော့ မိန်းမကိုယ်သန့်စင်ဆေးရည် အသုံးပြုခြင်းကြောင့် ဘယ်လိုကောင်းကျိုးရလဒ်တွေ ရလာနိုင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ကိုယ်ဝန်မဆောင်မီ ၆လအတွင်း မိန်းမကိုယ်သန့်စင်ဆေးရည် အသုံးပြုခြင်းဟာ လမစေ့ဘဲ ကလေးမွေးဖွားနိုင်ချေကို လျော့ကျစေတယ်လို့ လေ့လာမှုတစ်ခုက ဖော်ပြထားပေမယ့် ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း မိန်းမကိုယ်သန့်စင်ဆေးရည် အသုံးပြုခြင်းကတော့ လမစေ့ဘဲကလေးမွေးဖွားခြင်းနဲ့ ဆက်စပ်မှုရှိကြောင်း တွေ့လာရပါတယ်။ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင် မိန်းမကိုယ်သန့်စင်ဆေးရည် အသုံးပြုခြင်းကြောင့် ရလာမယ့် ဆိုးကျိုးတွေက ကောင်းကျိုးထက် ပိုများပါတယ်။မိန်းမကိုယ်ပိုးဝင်ခြင်း (ဘက်တီးရီးယားပိုးမွှား ကူးစက်ခံရခြင်း)။သန့်စင်ဆေးရည်အသုံးပြုခြင်းဟာ မိန်းမကိုယ်အတွင်းပိုင်းရဲ့ ပုံမှန် pH ပမာဏကို ပြောင်းလဲစေပြီး ဘက်တီးရီးယားပိုးမွှားများ ရှင်သန်ပေါက်ဖွားဖို့ ပိုမိုလွယ်ကူစေပါတယ်။ တစ်ပတ်တစ်ကြိမ် မိန်းမကိုယ်သန့်စင်ဆေးရည် အသုံးပြုသူတွေဟာ လုံးဝအသုံးမပြုသူတွေထက် ပိုးဝင်နိုင်ချေ ငါးဆပိုများတယ်လို့ လေ့လာမှုအချို့က ဆိုထားပါတယ်။ မိန်းမကိုယ်ပိုးဝင်ခြင်းဟာ လမစေ့ဘဲ ကလေးမီးဖွားနိုင်ချေနဲ့ သားအိမ်တစ်ရှူး နေရာလွဲမှားနိုင်ချေကိုလည်း မြင့်စေပါတယ်။မမျိုးပွားအင်္ဂါများရောင်ရမ်းခြင်း။မိန်းမကိုယ်သန့်စင်ဆေးရည် အသုံးပြုခြင်းကြောင့် သားအိမ်၊ သားဥပြွန်နှင့် သားဥအိမ် စတဲ့ မမျိုးပွားအင်္ဂါတွေဆီ ရောဂါပိုးပျံ့နှံ့ပြီး နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ သန့်စင်ဆေးရည်အသုံးပြုတဲ့အမျိုးသမီးတွေမှာ ဒီပြဿနာဖြစ်နိုင်ချေ ၇၃ရာခိုင်နှုန်း ပိုများပါတယ်။ကိုယ်ဝန်နောက်ဆက်တွဲပြဿနာများ။တစ်ပတ်တစ်ကြိမ် မိန်းမကိုယ်သန့်စင်ဆေးရည် အသုံးပြုသူတွေဟာ လုံးဝအသုံးမပြုသူတွေနဲ့ယှဉ်ရင် ကိုယ်ဝန်ရနိုင်ချေ နည်းသွားတတ်ပါတယ်။ သန့်စင်ဆေးရည်အသုံးပြုခြင်းဟာ နေရာလွဲမှား သန္ဓေတည်နိုင်ချေ (သားအိမ်ပြင်ပ သန္ဓေတည်နိုင်ချေ) ကိုလည်း ၇၆ရာခိုင်နှုန်းအထိ မြင့်တက်စေပါတယ်။သားအိမ်ခေါင်းကင်ဆာ။မိန်းမကိုယ်သန့်စင်ဆေးရည် တစ်ပတ်တစ်ကြိမ် အသုံးပြုသူတွေဟာ သားအိမ်ခေါင်းကင်ဆာဖြစ်ဖို့ အလားအလာ ပိုများပါတယ်။မိန်းမကိုယ်ဟာ သူ့သဘာဝအလျောက် အချွဲထုတ်လုပ်ပြီး သွေး၊ သုတ်ရည်နဲ့ မိန်းမကိုယ်ကထွက်တဲ့ အရည်တွေကို သန့်စင်နိုင်စွမ်းရှိပါတယ်။ သန့်စင်တဲ့ မိန်းမကိုယ်မှာလည်း တစ်နေ့တာအတွင်းပြောင်းလဲနိုင်တဲ့ အပျော့စားအနံ့တစ်ခု ရှိတယ်ဆိုတာကိုတော့ သတိပြုဖို့ လိုပါလိမ့်မယ်။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းကြောင့်လည်း မိန်းမကိုယ်က အနံ့ပြင်းပြင်းထွက်တတ်ပါတယ်။တကယ်တော့ သင့်မိန်းမကိုယ်ကို သန့်ရှင်းကျန်းမာနေစေဖို့ မိန်းမကိုယ်အပြင်ဘက်ကို ရေနွေး၊ အမွှေးနံ့မပါတဲ့ဆပ်ပြာတစ်မျိုးမျိုး အသုံးပြုပြီး ဆေးကြောပေးရုံနဲ့ လုံလောက်ပါတယ်။ အနံ့ပါဝင်တဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်း၊ ပေါင်ဒါနဲ့ ဖြန်းဆေးတွေဟာ မိန်းမကိုယ်ပိုးဝင်နိုင်ချေကို များစေပါတယ်။မိန်းမကိုယ်ဟာ သဘာဝအလျောက် သန့်စင်နိုင်စွမ်းရှိတဲ့အတွက် သန့်စင်ဆေးရည်အသုံးပြုပြီး ဆေးကြောဖို့ မလိုအပ်ပါဘူး။ မိန်းမကိုယ်သန့်စင်ဆေးရည်တွေဟာ သင့်ခန္ဓါကိုယ်မှာ ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်စေနိုင်တာကို သတိပြုသင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/%e1%80%99%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%86%e1%80%b1%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%9e%e1%80%94%e1%80%b7%e1%80%ba/
ခုခံအားကျဆင်းမှုရောဂါ ဘယ်လိုကူးစက်လဲ
HIV ရောဂါပိုးသည် ခန္ဓါကိုယ်ရှိ အရည်များမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ ဥပမာ – သွေး၊ သုတ်ရည်၊ သုတ်မလွှတ်ခင် ထွက်သော အရည်၊ စအိုမှ အရည်၊ ယောနိမှ အရည်နှင့် နို့ရည်တို့ ဖြစ်ပါသည်။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်ကို အတူတကွ သုံးစွဲခြင်း တို့သည် ရောဂါပိုး ကူးစက်နိုင်သော အခြေအနေများ ဖြစ်ပါသည်။အောက်ဖော်ပြပါ အချက်များရှိလျှင် ရောဂါပိုး ကူးစက်နိုင်ခြေများပါသည်။ပါးစပ်နှင့် လိင်ဆက်ဆံခြင်းသည် ကူးစက်နိုင်ခြေ နည်းပါးပါသည်။ သို့သော် ပါးစပ်ထဲသို့ ရောဂါရှိသူ၏ သွေး၊ သုတ်ရည်နှင့် တခြား အရည်များ ဝင်လျှင် ရောဂါဖြစ်နိုင်ပါသည်။ လိင်ဆက်ဆံရေး လမ်းကြောင်းတွင် အနာများရှိလျှင် ကူးစက်နိုင်ပါသည်။ပါးစပ်တွင် အနာရှိခြင်း၊ သွားဖုံး သွေးယိုခြင်း၊ လိင်အင်္ဂါ အနာဖြစ်ခြင်း ကာလသားရောဂါ ရှိခြင်းသည် ပါးစပ်နှင့် လိင်ဆက်ဆံသော်လည်း ကူးစက်နိုင်ပါသည်။ဆေးအလွဲသုံးစားလုပ်ခြင်း၊ဆေးသုံးခြင်းသည် တိုက်ရိုက် မသက်ဆိုင်သော်လည်း ဆေးထိုးခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆေးစားခြင်း၊ ဆေးရှူခြင်းများသည်လည်း ရောဂါဖြစ်ပွားမှုနှုန်းကို မြင့်တက်နိုင်ပါသည်။ ထို အခြင်းအရာများသည် လိင်ဆက်ဆံခြင်းကို အားပေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုနှုန်း များပြားနိုင်ပါသည်။ ဆေးထိုးအပ်ကို မျှ၍သုံးခြင်း တခြားသော ထိုးဆေးများကို သုံးခြင်းသည် HIV ရောဂါ ဖြစ်ပွားမှု ပို၍ များပြားစေပါသည်။ ထို့အပြင် လူတစ်ဦး၏ ကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပါသည်။ ခုခံအား ကျဆင်းခြင်းကြောင့် ရောဂါပိုး ပြန့်ပွားမှုကို ပို၍ မြန်ဆန်စေပါသည်။ ဆေးတိုးမှုနှုန်းကို လျော့ကျစေပါသည်။တက်တူးထိုးခြင်း၊ အပေါက်ဖောက်ခြင်းသည်လည်း မသန့်ရှင်းသော အပ်ကို အသုံးပြုပါက ရောဂါပိုး ကူးစက်နိုင်ပါသည်။သွေး၊ သုတ်ရည်၊ မိန်မကိုယ်အင်္ဂါ အရည်၊ အနာများမှလည်း ကူးနိုင်ပါသည်။မိခင်မှလည်း ကူးစက်နိုင်ပါသည်။ရောဂါပိုးရှိသော မိခင်မှ မွေးသော ကလေးများသည်လည်း ရောဂါပိုး ကူးစက်နိုင်ပါသည်။အသက် ၁၃ နှစ်အောက် ကလေးများသည် မိခင်များမှ ရောဂါပိုးကူးခြင်း ဖြစ်ပါသည်။ခုခံအားကျဆင်းခြင်းရောဂါ AIDS သည် HIV ရောဂါပိုးမှ ကူးစက်တတ်ပါသည်။ ဆေးသုံးလျှင်၊ အကာအကွယ် မပါဘဲ ကာမ ဆက်ဆံလျှင်၊ ပိုးရှိသော မိခင်မှတစ်ဆင့် ကလေးကို ကူးနိုင်ပါသည်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/%e1%80%81%e1%80%af%e1%80%81%e1%80%b6%e1%80%a1%e1%80%ac%e1%80%b8%e1%80%80%e1%80%bb%e1%80%bb%e1%80%86%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%be%e1%80%af%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab/
ဟင်းချက်ခြင်းက စိတ်ကျန်းမာရေးကို အထောက်အကူပြုသလား
ဟင်းချက်တယ်ဆိုတာက အိမ်ရှင်မတွေအတွက်ကတော့ နိစ္စဒူဝ အလုပ်ဆိုပေမယ့်ဟင်းချက်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်တဲ့။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ဟင်းချက်ခြင်းက စိတ်ကျန်းမာရေးကို အထောက်အကူပြုသလား ….. ဘယ်လိုတွေ အထောက်အကူပြုပေးနိုင်တယ်ဆိုတာတွေကို ပြောပြပေးသွားပါမယ်။ဟင်းချက်တာက ပျော်စရာကောင်းလား မကောင်းဘူးလားဆိုရင် လေဒီလေးတွေ ငယ်ငယ်က အိုးသေးသေးလေးတွေ ခွက်သေးသေးလေးတွေနဲ့ ဟင်းချက်တမ်း ကစားရရင် ပျော်နေတာပဲဟုတ်။ကိုယ်တိုင် အရွက်တွေခူး၊ အပင်စုံကို လိုက်ခူးပြီး လှီးချွတ်ဆေးကြော ချက်ပြုတ်ကြတယ်လေနော်။ ဒီလိုမှ မဟုတ်ရင်လည်း မေမေချက်ထားတဲ့ ထမင်းဟင်းလေးတွေကို အိုးလေးတွေထဲ ဖြည့်ပြီး ကိုယ်တိုင်ချက်သလို သရုပ်ဆောင်ရင်း ချက်ပြုတ်ကြတယ်ဟုတ်။အရွယ်ရောက်လာချိန်မှာလည်း စားချင်တဲ့ ဟင်းလေးတွေကို ချက်ပြီး ကိုယ်တိုင်ရော မိသားစုဝင်တွေပါအရသာရှိရှိ စားရတာက ပျော်စရာ ကောင်းလှပါတယ်။ ဒါကြောင့်လည်း ဟင်းချက်တာက ပျော်စရာတစ်ခုပါလို့ ဆိုရတာပေါ့။ဟင်းချက်တာက ကျန်းမာရေးကို အထောက်အကူပြုပေးပါတယ်။ ဘယ်လို ထောက်ကူပေးလဲဆိုတော့ –။ကျန်းမာတဲ့ အစားအစာတွေ စားဖြစ်စေတယ်။ကိုယ်တိုင်ဟင်းချက်တော့ ဆီကအစ ကျန်းမာတဲ့ဟင်းချက်ဆီကိုပဲ သုံးတာကြောင့် ဆီတွေကြောင့် ကျန်းမာရေးကို ထိခိုက်တာမျိုး မဖြစ်စေတော့ဘူးပေါ့။ ဆီအပြင် ဆားဆိုလည်း ထိုက်သင့်သလောက်၊ ဟင်းခတ်မှုန့်ကိုလည်း  အလွန်အကျွံ မသုံးထားတာကြောင့် ကျန်းမာတဲ့ အစားအစာလေးတွေကို စားဖြစ်စေတာပေါ့။အပြင်စာတွေ စားမိနိုင်​ခြေ နည်းသွားစေတယ်။အိမ်မှာပဲ ကိုယ်တိုင် ချက်ပြုတ်စားသောက်တာက စရိတ်ကုန်ကျမှု သက်သာစေသလို အပြင်စာတွေ စားနိုင်ခြေလည်း နည်းသွားတော့တာပေါ့။ အပြင်စာတွေမှာ ပြုပြင်ထားတဲ့ အစားအစာတွေ၊တာရှည်ခံ အစားအစာတွေကို စားမိနိုင်ခြေ နည်းသွားတာက ကင်ဆာအပါအဝင် နာတာရှည် ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပြီးသား ဖြစ်စေမှာပါ။သွေးတိုးနဲ့ ဆီးချိုဖြစ်နိုင်ခြေ နည်းစေတယ်။အိမ်မှာ ချက်တဲ့အခါ  ဆား၊ ငံပြာရည် အပြင်ဟင်းခတ်မှုန့်တွေကို သတိထားပြီး ထည့်တော့ သွေးတိုးနိုင်ခြေ နည်းသွားပါတယ်။ နှလုံးကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ အချို၊ အငန်၊ အဆီ စတာတွေကို ထိန်းထိန်းသိမ်းသိမ်းထည့်တော့ သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ဟင်းချက်တာက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုတင် ပေးစွမ်းတာမဟုတ်ဘဲစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကိုလည်း ထောက်ကူပေးနိုင်ပါသေးတယ်။ဟင်းချက်တာက –။စိတ်ဖိစီးမှု ပြေလျော့စေတယ်။ဟင်းချက်တာက စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်သလိုစိတ်ပျော်ရွှင်မှုကိုပါ ပေးစွမ်းနိုင်ပါတယ်။ အကြောင်းကတော့ ဟင်းချက်တာက ဂိမ်း ကစားသလိုပါပဲ။ ပါဝင်ပစ္စည်းလေးတွေကို ထည့်၊ အချိန်လေး ပေးစောင့်ရပြီး အချိန်ကိုက်လေး လိုအပ်တာလေးတွေကို ထည့်ရတာကလည်း ပျော်ရွှင်စရာ တစ်မျိုးပါပဲ။အာရုံစူးစိုက်မှု ကောင်းစေတယ်။ဟင်းချက်တာကစိတ်ဖိစီးမှုကိုတင် ပြေလျော့စေတာ မဟုတ်ပါဘူး။ ပါဝင်ပစ္စည်းတွေကို မမေ့လျော့စေဖို့ အာရုံစိုက်ထားရသလို ဆီသတ်တာ ကျက်လာရင်၊ ဆီပူလာရင် စသဖြင့် ပါဝင်ပစ္စည်းတွေကို အချိန်ကိုက် ထည့်နိုင်ဖို့ အာရုံစိုက်ထားရတာကြောင့် အာရုံစူးစိုက်မှု ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။မိသားစုဝင်တွေကြားမှာ ချစ်ခြင်းတိုးပွားစေတယ်။အိမ်မှာ အတူတကွ ချက်ပြုတ်စားသောက်တာက မိသားစုတွေကို ထမင်းလက်ဆုံ စားဖြစ်စေဖို့ ထောက်ကူပေးပြီး မိသားစုဝင်တွေကြားမှာ ချစ်ခြင်းတွေကို တိုးပွားစေဖို့ ထောက်ကူပေးနိုင်ပါတယ်။လူမှုဆက်ဆံရေး ကောင်းစေတယ်။အပြင်မှာ ဟင်းချက်သင်တန်းတွေ သွားတက်တာဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ ဟင်းစုချက်တာပဲ ဖြစ်ဖြစ် အချင်းချင်း ကူညီတာ၊ ဟင်းတွေကို မျှဝေတာတွေကြောင့် လူမှုဆက်ဆံရေးကို ကောင်းမွန်စေပါတယ်။တီထွင်ဖန်တီးနိုင်စွမ်း ကောင်းစေတယ်။ဟင်းချက်တဲ့အခါ ပိုစားကောင်းစေဖို့ အမြင်အားဖြင့် စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်တာကတီထွင်ဖန်တီးနိုင်စွမ်း ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် တီထွင်ဖန်တီးမှု ကောင်းချင်တယ်ဆိုရင် ဟင်းချက်ပါ။ဟင်းချက်စားတာက စိတ်ရော ကိုယ်ပါ ကျန်းမာစေပါတယ်။ အထူးသဖြင့် ဟင်းချက်တာက စိတ်ဖိစီးမှုများနေသူ၊စိုးရိမ်ပူပန်မှုများနေသူတွေအတွက်therapyတစ်ခုလို့တောင် ပြောလို့ ရပါတယ်။ ဟင်းချက်တာက ခက်ခဲတယ်လို့ ထင်ရပေမယ့် တကယ်တမ်း ဟင်းတစ်ခွက်ကို ပြီးမြောက်အောင် ချက်နိုင်သွားတဲ့အခါ ကိုယ့်ကိုယ်ကို စိတ်ကျေနပ်မှုနဲ့ လုပ်နိုင်စွမ်းကို ခံစားရတာ အမှန်ပါပဲ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/is-home-cooking-really-good-for-the-soul/
ရာသီလာစဉ် နာကျင်ကိုက်ခဲမှု ဝေဒနာအကြောင်း သိကောင်းစရာ
အမျိုးသမီးအတော်များများဟာ ရာသီမလာခင်နဲ့ ရာသီလာနေစဉ်အတောအတွင်း ဝမ်းဗိုက်အောက်ပိုင်း ဆီးစပ်တဝိုက် နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားရတတ်ပါတယ်။ များသောအားဖြင့်တော့ ဒါဟာ စိုးရိမ်စရာကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ သားအိမ်ကြွက်သားများကို ကျုံ့စေနိုင်တဲ့ ပရိုစတာဂလန်ဒင် (Prostagladins)အမည်ရှိ ဟော်မုန်းတစ်မျိုးကြောင့် ဒီဝေဒနာကို ခံစားရတာဖြစ်ပြီး ၎င်းဟာ သားအိမ်ကြွက်သားတွေကို ကျုံ့စေခြင်းအားဖြင့် မိန်းမကိုယ်မှတဆင့် ရာသီသွေးဆင်းနိုင်အောင် ကူညီပေးမှာ ဖြစ်ပါတယ်။ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာ ခံစားရနိုင်ချေ ပိုများသူတွေကတော့။ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာဟာ မျိုးရိုးလည်းလိုက်တတ်ပါတယ်။ သင့်မိသားစုဆွေမျိုး အမျိုးသမီးတွေထဲမှာ ဒီဝေဒနာခံစားရသူတွေရှိမယ်ဆိုရင် သင့်ဆီကို မျိုးရိုးလိုက်နိုင်ပါတယ်။ သင့်အနေနဲ့ အစ်မ၊ ဝမ်းကွဲညီအစ်မ၊ အမေ၊ အဒေါ်၊ အဘွား စတဲ့ အမျိုးသမီး ဆွေမျိုးနီးစပ်တွေကို ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း ရှိမရှိ မေးမြန်းကြည့်ပြီး အကြံဉာဏ်ရယူနိုင်ပါတယ်။ ကောင်းတဲ့အချက်ကတော့ ဒီဝေဒနာဟာ သင်အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်း လျော့ပါးသက်သာသွားမှာ ဖြစ်ပါတယ်။ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို သက်သာအောင် အကူအညီပေးနိုင်တဲ့ အိမ်တွင်းကုထုံးတွေကတော့။အကယ်၍ အထက်မှာပြောခဲ့တဲ့ အိမ်တွင်းကုထုံးတွေနဲ့ မလုံလောက်ဘူးဆိုရင်လည်း အခြားရွေးချယ်စရာ ဆေးဝါးကုသမှု နည်းလမ်းများစွာရှိပါတယ်။ ဝေဒနာဖြစ်ပွားစေတဲ့ အကြောင်းအရင်းနဲ့ လက္ခဏာပြင်းထန်မှုအပေါ် မူတည်ပြီး အောက်ဖော်ပြပါ ဆေးဝါးများအနက် သင်နဲ့အသင့်တော်ဆုံး အမျိုးအစားကို သင့်ဆရာဝန်က ညွှန်ကြားပေးမှာ ဖြစ်ပါတယ်။ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းဟာ ဆယ်ကျော်သက်နဲ့ အမျိုးသမီးငယ်တွေမှာ ဖြစ်လေ့ဖြစ်ထများပေမယ့် အချို့မိန်းကလေးတွေမှာတော့ ရာသီသွေးဆင်းများပြီး နာကျင်ကိုက်ခဲမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။ ဒီဝေဒနာဟာ မိန်းကလေးတွေကို ကျောင်းမလာနိုင်အောင်၊ အားကစားမလုပ်နိုင်အောင်၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် မသွားလာနိုင်အောင် အနှောင့်အယှက်ပေးတတ်တဲ့ ပြဿနာတစ်ခုလို့ဆိုရင်လည်း မမှားပါဘူး။ဒီဆောင်းပါးကို ဖတ်ရှုခြင်းအားဖြင့် ရာသီမလာခင် နာကျင်ကိုက်ခဲမှုဝေဒနာကို ရင်ဆိုင်ကျော်လွှားရာမှာ အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%9c%e1%80%ac%e1%80%85%e1%80%89%e1%80%ba-%e1%80%94%e1%80%ac%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%81-2/
44 ပတ်သားကလေး
ဘယ်လိုဖွံ့ဖြိုးလာလဲ။ခုအရွယ်မှာဆိုရင် သင့်ရင်သွေးလေးဟာ-။• ငိုတာအပြင် တခြားနည်းလမ်းတွေနဲ့ သူတို့လိုချင်တာကိုပြောတတ်လာပါပြီ။• ဘောလုံးကစားတတ်ပြီ။• အကူအညီမလိုဘဲ ခွက်ကနေသောက်တတ်ပြီ။• ပစ္စည်းသေးသေးလေးတွေကိုပါ လက်မနဲ့ လက်ညှိုးနဲ့ ညှပ်ပြီး သေသေချာချာကိုင်တတ်လာပါပြီ (ဒါကြောင့် အန္တရာယ်များတဲ့အရာတွေကို ကလေးတွေလက်လှမ်းမမီနိုင်မယ့် နေရာမှာထားပါ)။• အခြားဘာသာစကားတစ်ခုကိုပြောနေသလိုပဲ မပီကလာ ပီကလာနဲ့ စကားတွေဗလုံးပထွေး လျှောက်ပြောတတ်လာပြီ။• မေမေ ဖေဖေ အပြင်ပြောတတ်လာပြီ။• ခြေဟန် လက်ဟန်ပြပြီး ခိုင်းတဲ့အမိန့်ကို ပြန်တုံ့ပြန်တတ်လာပြီ ( ‘ဒီကိုပေး’ ဆိုပြီး လက်ဖြန့်တောင်းတာမျိုး)။• လမ်းကောင်းကောင်းလျှောက်တတ်လာပါပြီ။သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ။ကလေးငယ်လေးဟာ ခုဆိုရင် သူ့ကိုညွှန်ပြမှုတွေကိုနားလည်နေပါပြီ သင်က ‘မလုပ်နဲ့ မကိုင်နဲ့’ စသည့်ဖြင့် တားမြစ်တာတိုင်းကို လိုက်နာမှာတော့မဟုတ်ပေမယ့်ပေါ့…။ ဒါကြောင့် သင့်စကားနည်းနည်းအရာရောက်စေဖို့ တကယ်လိုအပ်ပြီး အရေးကြီးတဲ့အခါမျိုးမှသာသုံးတာပိုကောင်းပါလိမ့်မယ်။ သေချာပေါက် ကလေးက သင်ဒီနေ့ပြောတာကို မနက်ဖြန်မှတ်မိတော့မှာမဟုတ်ပေမယ့် စည်းကမ်းသတ်မှတ်ချက်လေးတစ်ချို့ သတ်မှတ်ဖို့မစောလွန်းတော့ပါဘူး။ ဒါကြောင့် တချို့အရေးကြီးတာလေးတွေကို ပြောပြသင်ပေးထားသင့်ပါပြီ၊ မှားရာမှမှန်အောင်၊ ဘေးမကင်းရာမှ ကင်းအောင်ပေါ့..။သင့်ရဲ့ကိုယ်ပိုင်အကောင်းဆုံးဝေဖန်ပိုင်းခြားနိုင်စွမ်းက ပြဌာန်းလမ်းညွှန်ချက်ပါ။ ဥပမာ- ကလေးငယ်က ကြောင်အမြီးကိုသွားဆွဲရင် သူတို့လက်ကိုဖယ်လိုက်ပြီး သူတို့မျက်လုံးကိုတည့်တည့်ကြည့်ကာ ‘မလုပ်ရဘူးလေ၊ ကြောင်လေးနာသွားမှာပေါ့’ စသည့်ဖြင့် အကြောင်းသင့် တားမြစ်ပြောဆိုပြီး သူတို့လက်လေးကိုယူကာ ကြောင်လေးကိုပွတ်သပ်ပေးလိုက်ပါ။ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။ဒီအရွယ်မှာ ပုံမှန်စစ်ဆေးဖို့ ရက်ချိန်းမပေးတတ်ပါဘူး။ ဒါပေမယ့် တကယ်လို့တစ်ခုခု စိတ်ပူစရာမျိုးရှိရင်တော့ ဆရာဝန်ချက်ခြင်းသွားပြပါ။ဒီအရွယ်မှာ စိတ်ပူစရာက အသက်ရှူအောင့်ထားတတ်တဲ့ အကျင့်ပါပဲ။ နောက်ပြီး ခုအချိန်ဆိုတာ သူတို့အတွက် ဖိနပ်လေးတွေရွေးဖို့၊ ဆံပင်တွေကို ဂရုစိုက်ပေးဖို့အချိန်လည်း ဟုတ်လာပါပြီ။အသက်ရှူအောင့်ခြင်းအကျင့်။တကယ်လို့ကလေးက သတိမေ့လောက်သည်ထိ အသက်ရှူခဏအောင့်ထား၊ ရပ်သွားတယ်ဆိုရင်တောင် စိတ်မပူပါနဲ့။ ဒီကိစ္စအတွက် ကုသပေးဖို့မလိုပါဘူး။ ဒါပေမယ့် ကလေးတွေမှာ အသက်ရှူခဏရပ်သွားစေနိုင်တဲ့ စိတ်အခြေအနေတွေကို ရှောင်ရှားပေးလို့ရပါတယ်။• ကလေးကိုလုံလောက်စွာအနားယူပါစေ။ ပင်ပန်းလွန်းတဲ့ကလေးဟာ ကောင်းကောင်းအနားရတဲ့ကလေးထက် ဒီလိုဖြစ်နိုင်ချေပိုများပါတယ်။• ကလေးနဲ့အစဉ်မသင့်၊ အငြင်းပွားရခြင်းတွေကို တတ်နိုင်သမျှလျှော့ပါ။ အရမ်းများလွန်းခြင်းဟာ ကလေးကိုစိတ်မကျေမနပ်ဖြစ်မှုများစေပါတယ်။• ကလေးကိုငိုလိုက်၊ ရယ်လိုက် စိတ်မငြိမ်ဖြစ်ခြင်းမှ အရုပ်၊ သီချင်း ၊ အခြားအာရုံလွှဲစရာများနှင့် ချော့ယူပါ။ (စားစရာတော့မသုံးပါနဲ့၊ နောက်ထပ်အကျင့်ဆိုးတချို့ဖြစ်သွားစေပါလိမ့်မယ်)။• သင့်ကလေးနဲ့ တခြားလူတွေကြားက စိတ်ဖိစီးမှုတွေကို လျှော့ဖို့ကြိုးစားကြည့်ပါ။• ဒါပေမယ့် ကလေးကဒီလိုအသက်ရှူရပ်၊ အသက်ရှူအောင့်လိုက်တာနဲ့ သင်ကအလျှော့ပေးလိုက်တာမျိုးလည်းမလုပ်ပါနဲ့။ ကလေးက ဒီလိုလုပ်ခြင်းအားဖြင့် လူလိုချင်တာရမှန်းသိရင် ခဏခဏဒီအပြုအမူကိုပြုလုပ်နေပါလိမ့်မယ်။ အထူးသဖြင့် ခုလိုခြယ်လှယ်လိုစိတ်ကြီးတဲ့အရွယ်ရောက်လာရင် ပိုလုပ်လာပါလိမ့်မယ်။• တချို့သုတေသနတွေကတော့ ဒီလိုအသက်ရှူအောင့်ခြင်း၊ ရပ်ခြင်းဟာတခါတရံ သံဓါတ်အားဆေးတိုက်ခြင်းဖြင့် ရပ်တန့်သွားတတ်တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် သင့်ကလေးနဲ့ ဒီနည်းလမ်းအဆင်ပြေမလား ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်ပါတယ်။တကယ်လို့ ကလေးရဲ့ ခုလိုအသက်ရှူအောင့်ထားခြင်း၊ အသက်ရှူရပ်ခြင်းက တစ်မိနစ်ထက်ပိုကြာနေမယ်၊ နာကျင်မှု မကျေနပ်မှုတွေနဲ့လည်းမဆိုင် ၊ ငိုခြင်းလည်းမရှိဘူးဆိုရင် ဒါမှမဟုတ် တခြားအကြောင်းအရာတွေကို သင်စိတ်ပူတယ်ဆိုရင်တော့ အမြန်ဆုံးဆရာဝန်သွားပြဖို့ အကြံပေးပါရစေ။ကလေးဖိနပ်လေးတွေ။သက်တောင့်သက်သာရှိစေမယ့်ဖိနပ်လေးတွေက ကလေးတွေကို လှုပ်ရှားဖို့လွယ်ကူစေရုံသာမကဘဲ ခြေထောက်နုနုလေးတွေကိုပါ ကာကွယ်ပေးထားမှာပါ။ ဒါကြောင့် ဒီအချက်လေးတွေအရ ရွေးချယ်နိုင်ပါတယ်-။• ကောင်းစွာကွေးကောက်နိုင်သော အောက်ခံပြားပျော့ပျော့ပါခြင်း၊။• ဒေါက်၊ ချောသောအခံနှင့်မဟုတ်သည့် ဖိနပ်အပါးဖြစ်ခြင်း၊။• စီးရ လျှိုရလွယ်ခြင်း၊။• ကလေးခြေထောက် ကျယ်ကျယ်ဝန်းဝန်းဆန့်ခြင်း၊။• ပုံမှန်ပုံသဏ္ဍာန်ရှိခြင်း။ဆံသားစောင့်ရှောက်မှု။ကလေးဆံသားတွေသန့်ရှင်းအောင် စောင့်ရှောက်ထားခြင်းက ကလေးကို ဦးရေပြားရောဂါမှကင်းဝေးစေပါတယ်။ ဆံပင်သန့်ရှင်းပေးရာမှာ ရုန်းကန်ရနည်းရအောင် ဒီအချက်တွေကိုလိုက်နာနိုင်ပါတယ်။• ခေါင်းလျှော်ရည်မထည့်ခင် ဆံပင်တွေကိုအရင်ရှင်းပါ၊ ခေါင်းလျှော်ရည်ထည့်လိုက်လို့ ပိုရှုပ်ထွေးသွားမှာကို ကာကွယ်နိုင်ပါလိမ့်မယ်၊။• ခေါင်းလျှော်ရည်နဲ့ ပျော့ဆေး တခါတည်းရောထားပြီးသားဖြစ်သော အမျိုးအစားကိုသုံးပါ။• အသွားကျဲကျဲဘီး၊ ဒါမှမဟုတ် အသွားထိပ်မှာ ပတ်လတ်စတစ်အစွပ်ဘုလေးတွေပါသော ဘီးကိုသုံးပါ၊ ဆံပင်အစိုကိုဖီးရပိုလွယ်ပါစေလိမ့်မယ်။• ဆံပင်အဖျားလေးတွေကနေ စရှင်းပါ၊ ဆံပင်ရှင်းနေရင် အခြားလက်တစ်ဖက်က အရင်းကိုကိုင်ထားပါ၊ ဒါဟာ ဆံပင်ကျွတ်ခြင်းနဲ့ နာကျင်မှုကိုသက်သာပါစေလိမ့်မယ်။• ဒရိုင်ယာ(ခေါင်းမှုတ်စက်)မသုံးပါနဲ့။• ကျစ်ဆံမြီးကျစ်ပေးထားခြင်း၊ ကြပ်ကြပ်စည်းပေးထားခြင်းမျိုးမလုပ်ပါနဲ့။ ဆံပင်ကျွတ်စေပြီး ခေါင်းပြောင်စေပါလိမ့်မယ်။• ကလစ်သေးသေးလေးတွေ၊ ဒါမှမဟုတ် အစိတ်အပိုင်းသေးသေးလေးတွေကပ်ထားသော ကလစ်မျိုးမသုံးပါနဲ့၊ ကလေးကမျိုချပါလိမ့်မယ်။• မသိပ်ခင် ခေါင်းကကလစ်၊ ခေါင်းစည်းကြိုး အကုန်ဖြုတ်ပါ။• ကလေးငယ်များအတွက်သင့်တော်သော ဆံပင်ညှပ်ဆိုင်မျိုးမှာသာညှပ်ပါ။• ရှေ့ဆံပင်များ မျက်ခုံးလောက်ရောက်လာပါက ညှ့ပ်ပစ်ပါ။• ကလေးကမပင်ပန်းတဲ့အချိန်၊ ဗိုက်မဆာတဲ့အချိန်၊ လေထိုးလေအောင်မရှိတဲ့အချိန်မျိုးမှာသာ ဆံပင်ရှင်းပါ။ ကစားစရာနဲ့ အာရုံရနေတဲ့အချိန်ဆိုရင် ပိုကောင်းပါတယ်။• သူတို့ပါမြင်နိုင် ကြည့်နိုင်အောင် မှန်ရှေ့မှာဖီးသင်ပါ။ တဖြေးဖြေးနဲ့ ရလဒ်ကိုကျေနပ်လာတတ်ပါလိမ့်မယ်။ဘာတွေစိတ်ပူလဲ။ဒီအချိန်မှာဆိုရင် သင်စိတ်ပူရမှာတွေကတော့-။ကလေးငယ်ရဲ့ပင်ကိုစရိုက်။ကလေးငယ်ရဲ့ပင်ကိုစရိုက်ဟာ သူတို့ကသူတို့ပတ်ဝန်းကျင်နဲ့ ပတ်သတ်လို့ ဘယ်လိုတွေးလဲ၊ ဘယ်လိုပြန်တုံ့ပြန်လဲ ဆိုတာတွေပါ။ အိပ်ခြင်း စားခြင်းပုံစံကစလို့ အခြားလူများနဲ့ ဆက်ဆံပုံ၊ သဘောတူညီတတ်မှု၊ သူတို့ကိုချော့မြှူခြင်းနဲ့ အခြားအရာတွေကို ဘယ်လိုတုံ့ပြန်လဲဆိုတာတွေအထိ ပါဝင်ပါတယ်။ တချို့ကနူးညံ့သိမ်မွေ့တတ်ကြတယ်၊ တချို့ကတော့ အနည်းငယ်ဆက်ဆက်ထိမခံဖြစ်တတ်ပြီး အခြေအနေအသစ်တွေကို လိုက်လျောညီထွေဖြစ်ဖို့ နည်းနည်းခက်ခဲတတ်ပါတယ်။ တချို့တွေကတော့ သန်မာကြံ့ခိုင်ပြီး တက်ကြွတဲ့စရိုက်ပုံစံမျိုးရှိတတ်ကြပါတယ်။ ကလေးငယ်တွေရဲ့ပင်ကိုစရိုက်ဟာ သူတို့အပေါ်လွှမ်းမိုးတဲ့ ပြင်ပအချက်တွေထက် မွေးရာပါစိတ်တစ်ခုဖြစ်တယ်လို့ ဆိုကြပါတယ်။ကလေးငယ် ၃၊ ၄ လလောက်ကစပြီး သူတို့ရဲ့စရိုက်ပုံစံလေးတွေကို မှန်းလို့ရလာပါပြီ၊ ၁၀လသားအရွယ်မှာပိုထင်ရှားလာပြီး မတူညီကွဲပြားတဲ့ အခြေအနေတွေကိုလိုက်ပြီး သူတို့ဘယ်လိုပြန်တုံ့ပြန်လဲ၊ လိုက်လျောညီထွေနေထိုင်လဲ ဆိုတာတွေကိုကြည့်ပြီး သူတို့ကြီးလာရင် ဘယ်လိုပုံစံဖြစ်လာမယ်ဆိုတာကို ပိုတိတိကျကျမှန်းကြည့်လိုရနေပါပြီ။ ဒါပေမယ့် အမူအကျင့်တစ်ခုထဲမဟုတ်ဘဲ အားလုံးခြုံကြည့်ဖို့တော့လိုတာပေါ့…။တကယ်လို့ သင့်ကလေးမှာ သင်မကြိုက်တဲ့အချက်မျိုးရှိမယ်၊ ဒါမှမဟုတ် ပြင်ပေးချင်တဲ့အချက်မျိုး (ဥပမာ-ရှက်တတ်တာမျိုး) ရှိမယ်ဆိုရင် ပထမဆုံး မဝေဖန်ဘဲ နားလည်ပေးဖို့ကအရေးကြီးပါတယ်။ ကလေးကိုအပြစ်တင်တာမျိုး၊ ဝေဖန်ရှုံချတာမျိုးမလုပ်ပါနဲ့၊ သူတို့ကအပြစ်ရှိနေသလို မခံစားရပါစေနဲ့။ ထိုအစား သူတို့ကိုသနားကြင်နာပြပြီး ဘယ်လိုပုံစံမျိုးပြင်ဆင်သင့်ကြောင့် အားပေးပြောဆိုကာ သူတို့ပြောင်းလဲပြုမူပါက ချီးမွမ်းပေးပါ။ ကလေးရဲ့ ပင်ကိုယ်စရိုက်ကလိုအပ်ချက်၊ ယိမ်းယိုင်ချက်အားလုံးကို ဘယ်လိုမှပြင်လို့မရဘူးဆိုတာသိပါ။ ထိုအစား အချို့သောပြုမူပုံတွေကိုသာပြောင်းလဲပေးနိုင်ပြီး သူတို့ကို ဒီထက်ပိုကောင်း၊ ပိုသင့်လျော်တဲ့ နေထိုင်မှုပုံစံမျိုးသာ အကြံပေးသင်ပြကူညီနိုင်ပါလိမ့်မယ်။ ဒါတွေကတော့ သင်တွေ့ကြုံရမယ့် သင့်ကလေးရဲ့ဖွံ့ဖြိုးပြောင်းလဲလာမှုတွေနဲ့ သင်လုပ်ပေးနိုင်တာတွေပါ။နောက်တစ်ပတ်မှာလည်း ကလေးကဘယ်လိုတွေ ပြောင်းလဲလာဦးမလဲ ကြည့်လိုက်ကြရအောင်….။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/44-%e1%80%95%e1%80%90%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%b1%e1%80%9c%e1%80%b8/
null
null
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/45-%e1%80%95%e1%80%90%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%b1%e1%80%9c%e1%80%b8/
ရင်သားအရည်အိတ်တည်ခြင်း
ရင်သားအရည်အိတ်တည်ခြင်း က ဘာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။Fibrocystic breast changes ခေါ် ရင်သားအရည်အိတ်တည်ခြင်းဟာ အမျိုးသမီးတွေမှာ အလွန်အဖြစ်များတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဒီပြဿနာကြောင့် သင့်ရင်သားမှာ အလုံးအကျိတ်ပေါ်ခြင်း၊ ထိမိကိုင်မိတဲ့အခါ နာကျင်ခြင်း၊ ရံဖန်ရံခါ ရောင်ရမ်းခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။ တကယ်တော့ ရင်သားအရည်အိတ်တည်ခြင်းလို့ ဆိုရာမှာ အောက်ပါအခြေအနေ ၂မျိုး ပါဝင်ပါတယ်။ရင်သားအရည်အိတ်တည်ခြင်းက သင့်ရင်သားကို ပုံသဏ္ဍာန်ပြောင်းသွားစေနိုင်ပါတယ်။ ဒါပေမယ့် ပြောင်းလဲမှုတွေဟာ ရင်သားနှစ်ဘက်စလုံးမှာ အတူတူဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ သင့်နို့သီးခေါင်းက အညိုရောင် သို့မဟုတ် အစိမ်းရောင်အရည်တွေ စိမ့်ထွက်လာနိုင်သလို ဓမ္မတာလာချိန်မှာလည်း ရင်သားအကျိတ်တွေရဲ့ အရွယ်အစား ပြောင်းသွားနိုင်ပါတယ်။ဓမ္မတာမလာမီအချိန်မှာတော့ နာကျင်မှု ပိုဆိုးလာနိုင်ပြီး သင့်ကို နေရထိုင်ရခက်စေနိုင်ပါတယ်။အမျိုးသမီးအများစုဟာ အိမ်ထောင်သားမွေးပြုနိုင်တဲ့ အသက်အရွယ်မှာ ရင်သားအရည်အိတ်တည်တဲ့ ပြဿနာနဲ့ ကြုံတွေ့ရတတ်ပါတယ်။ မီးယပ်သွေးဆုံးပြီးသူတွေမှာ ဒီပြဿနာ ဖြစ်လေ့မရှိပေမယ့် ဟော်မုန်းကုထုံး ခံယူနေရသူတွေမှာတော့ ဖြစ်နိုင်ချေရှိပါတယ်။ဒါကြောင့်လည်း သိပ္ပံပညာရှင်တွေက ရင်သားအရည်အိတ်တည်ခြင်းဟာ ဟော်မုန်းနဲ့ ဆက်စပ်မှုရှိတယ်လို့ ယူဆထားပေမယ့် ဟော်မုန်းကြောင့် ရင်သားအရည်အိတ်တည်တဲ့ အခြေအနေထိ ဘယ်လိုဖြစ်လာရလဲဆိုတာကိုတော့ သေသေချာချာ မသိရသေးပါဘူး။ ယခင်က ရင်သားအရည်အိတ်တည်ခြင်းကို Fibrocystic breast changes အစား Fibrocystic breast disease ဆိုပြီး ရောဂါတစ်ခုအဖြစ် သတ်မှတ်ခေါ်ဝေါ်ခဲ့ကြပါတယ်။ ဒါပေမယ့် ၎င်းဟာ ရင်သားပြဿနာတစ်ခုသာဖြစ်ပြီး ရောဂါတစ်ခုမဟုတ်တဲ့အတွက် နောက်ပိုင်းမှာ အမည်ပြောင်းလဲ ခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်။ရင်သားအရည်အိတ်တည်ခြင်းဟာကင်ဆာမဟုတ်သလို သင့်ကျန်းမာရေးကိုလည်း မထိခိုက်စေနိုင်ပါဘူး။ ဒါပေမယ့် ဒီပြဿနာကြောင့် ရင်သားကို စမ်းသပ်စစ်ဆေးရတာ ခက်ခဲမှုရှိနိုင်တဲ့အတွက် သင့်ရင်သားမှာ ပြောင်းလဲမှုတစ်ခုခု သတိပြုမိတာနဲ့ သင့်ဆရာဝန်ကို အသိပေးဖို့ လိုပါလိမ့်မယ်။သင့်ဆရာဝန်အနေနဲ့ သင့်ရင်သားနှစ်ဖက်လုံးကို စမ်းသပ်စစ်ဆေးမှာဖြစ်ပြီး အာလ်ထရာဆောင်းနဲ့ mammogram ရိုက်ဖို့ လိုအပ်နိုင်ပါတယ်။ သင့်ရင်သားတစ်ရှူးအနည်းငယ်ကို အသားစယူပြီး ဓာတ်ခွဲစစ်ဆေးခြင်းအားဖြင့် ကင်ဆာဟုတ်မဟုတ် သိရှိနိုင်ပါတယ်။များသောအားဖြင့် ရင်သားအရည်အိတ်တည်ခြင်းအတွက် အထူးတလည် ကုသမှုခံယူစရာမလိုပါဘူး။အရည်အိတ်တွေရှိနေရင် ၎င်းတို့ကို ဖောက်ထုတ်ပြီး နာကျင်မှုနဲ့ ဖိအားဒဏ်များ သက်သာအောင် ပြုလုပ်နိုင်ပေမယ့် နောက်တစ်ကြိမ်ပြန်ဖြစ်လာနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ တခါတရံမှာ ရင်သားအရည်အိတ်တွေဟာ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။သိပ္ပံနည်းကျ သက်သေပြထားခြင်း မရှိသေးပေမယ့် အချို့သော လူနာတွေရဲ့ ပြောဆိုချက်တွေအရ ကဖင်းဓာတ်ပါဝင်တဲ့ အစားအသောက်တွေကို ဖြတ်လိုက်ပြီးတဲ့ အမျိုးသမီးတွေမှာ အရည်အိတ်တည်ခြင်းရဲ့ လက္ခဏာတွေ သက်သာလာတယ်လို့ သိရှိရပါတယ်။ ဒီနည်းလမ်းအပြင် အောက်မှာဖော်ပြထားတဲ့လူနေမှုဘဝဆိုင်ရာ ပြောင်းလဲမှုတွေကို ကြိုးစားဆောင်ရွက်ကြည့်ဖို့ အကြံပြုလိုပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/fibrocystic-breast-changes/
46 ပတ်သားကလေး
ဘယ်လိုဖွံ့ဖြိုးလာလဲ။ခုဆိုရင်ကလေးဟာ စာရွက်တွေလျှောက်လှန်ရတာ၊ စာအုပ်တွေကြည့်ရတာကို နှစ်သက်လာပါပြီ။ စာရွက်တစ်ရွက်ချင်းစီလှန်ဖို့ကတော့ မဖြစ်နိုင်သေးပေမယ့်ပေါ့။ အရုပ်အကြီးကြီးတွေပါတဲ့ စာအုပ်တွေကိုသူတို့သဘောခွေ့ကြမှာပါ။ ကလေးတွေစာဖတ်ချိန်မှာ အမျိုးစုံဖို့အတွက်၊ သူတို့ဘယ်လိုစာအုပ်မျိုးပိုနှစ်ခြိုက်လဲသိရအောင် ကိုယ်ပိုင်စာကြည့်တိုက်ငယ်လေးတည်ဆောက်ပေးတာ၊ ဒါမှမဟုတ် မိသားစုစာအုပ်စင်မှာ ကလေးအတွက်တစ်ကန့်ထားပေးတာမျိုး၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ စာအုပ်ဖလှယ်တာမျိုး လုပ်ပေးပါ။ဒီအရွယ်မှာဆိုရင် သင့်ရင်သွေးလေးဟာ-။• လက်ခုပ်တီးတတ်၊ တာ့တာ ပြတတ်ပြီ။• ပရိဘောဂတွေကိုင်ပြီးလမ်းလျှောက်တတ်ပြီ။• လိုချင်တာကို ညွှန်ပြတတ်ပြီ။• စာအုပ်တွေကြည့်ရ၊ စာရွက်တွေလျှောက်လှန်ရတာကို နှစ်သက်တတ်လာပါပြီ။သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ။သင့်ကလေးဟာ ပြီးခဲ့တဲ့လတွေမှာ သင်နဲ့ခွဲနေရမှာကိုပူပန်တဲ့စိတ်တွေနဲ့ သတ်ပုတ်နေခဲ့ရမှာပါ။ ဒါဟာသဘာဝကျပါတယ်၊ ဘာလို့လည်းဆိုတော့ သူတို့ကသင့်ကိုချစ်ပြီး မှီခိုတာကိုး..။ ဒါကိုသက်သာစေဖို့ ခွဲနေရချိန်ကိုတတ်နိုင်သမျှတိုပါစေ။ ကလေးကို နေ့ကလေးထိန်းကျောင်း၊ ဒါမှမဟုတ် အိမ်မှာကလေးထိန်းနဲ့ထားခဲ့ရတဲ့အခါ ကလေးကိုသေချာပြောခဲ့ပါ၊ ဒါပေမယ့် အကြာကြီးနှုတ်ဆက်လိုက်၊ ငိုလိုက်နဲ့ ပိုစိတ်ညစ်စရာကောင်းအောင်တော့မလုပ်ပါနဲ့။ သူတို့က ခဏနေရင် ပြန်ရွှင်မြူးမှာပါ။အချိန်ပြည့်ဘေးကနေ့ အရိပ်တကြည့်ကြည့်လုပ်တာလျှော့ခြင်းဖြင့် သူတို့ကိုအမှီအခိုကင်းအောင် ကူညီနိုင်ပါတယ်။ ဒါပေမယ့် သင်ကသူတို့ဘေးမှာအမြဲရှိနေတယ်၊ မှီခိုလို့ရတယ် ဆိုတာကိုသူတို့သိနေဖို့တော့လိုသေးတာပေါ့လေ။ ဒါကြောင့် ကလေးကတခြားအခန်းကိုရောက်သွားပြီဆိုရင် ချက်ခြင်းလိုက်မသွားသေးဘဲ ခဏနေတာမျိုး၊ သင်ကတခြားအခန်းရောက်သွားရင် ရောက်သွားပြီးမှ သူတို့ကိုလှမ်းခေါ်တာမျိုးလုပ်ပါ၊ သူတို့အော်တိုင်းလည်း ပြန်ပြေးမလာပါနဲ့ဦး။ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။ဒီအရွယ်မှာ ပုံမှန်စစ်ဆေးဖို့ရက်ချိန်းမရှိတတ်ပါဘူး။ ဒီအရွယ်ကလေးငယ်တွေဟာ ဆရာဝန်ဆီသွားရတာကို မကြိုက်တဲ့အပြင် အခြားလူတွေကိုစိမ်းနေတတ်သေးတဲ့စိတ်ကြောင့် ဆရာဝန်တွေကဘယ်လောက်ပဲ နွေးထွေးခင်မင်စရာဟန်ဖြစ်နေပါစေ၊ တွေ့ချင်မှမဟုတ်ပါဘူး။ ဒါပေမယ့် တကယ်လို့တစ်ခုခု စိတ်ပူစရာမျိုးရှိရင်တော့ ဆရာဝန်ချက်ခြင်းသွားပြပါ။ဒီအရွယ်မှာစိတ်ပူရမှာကတော့ ဖြည့်စွတ်စာပြောင်းကျွေးဖို့နဲ့၊ သွားထိခိုက်မှုတွေပါပဲ။ဖြည့်စွတ်စာပြောင်းကျွေးခြင်း။သင်ကခုထိ မိခင်နို့တိုက်နေတုန်းဆိုရင်တော့ ဘယ်တော့နို့ဖြတ်မလဲဆိုတာ သင်နဲ့သင့်ကလေးပေါ်မှာမူတည်ပါတယ်။ ဒါက သင်တို့ရဲ့သက်ဆိုင်ရာအခြေအနေပေါ်လိုက်ပြီး သင့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ။ တခါတလေတော့ ကလေးကအချက်ပြတတ်ပါတယ်၊ နို့စို့ဖို့ကိုစိတ်မဝင်စား၊ အာရုံမလာတော့တာမျိုးနဲ့ပေါ့။ နို့ဖြတ်ရင်ကောင်းမလား မကောင်းမလားကို သင်ဒွိဟဖြစ်နေနိုင်ပါတယ်။ စိတ်သက်သာရာတစ်ခုဖြစ်မယ်ဆိုပေမယ့် ဒီလိုကလေးနဲ့ အထူးချည်နှောင်ချိန်လေးကိုလည်း မပြီးစေချင်သေးဘူးလေ။ တချို့မိခင်တွေက တော်တော်ကြာသည်ထိ နို့ဆက်တိုက်တတ်ကြပါတယ်၊ ဒါပေမယ့် တစ်နှစ်သားအရွယ်ဟာ နို့ဖြတ်လေ့ရှိကြတဲ့ အရွယ်လည်းဖြစ်တယ်။တစ်နေ့ကိုမိခင်နို့တိုက်နှုန်းတဖြေးဖြေးလျှော့ပြီး ထိုနေရာမှာ နို့မှုန့်၊ (ဆရာဝန်ကလက်ခံပါက) နွားနို့၊ အစားထိုးတိုက်နိုင်ပါတယ်။ ကလေးကနို့ဘူးသဘောမကျရင်တော့ ခွက်နဲ့တိုက်နိုင်ပြီး ဒီလိုဆိုရင်နောက်နို့ဘူးထပ်ဖြတ်ရတဲ့ ဒုက္ခကနေတောင် သက်သာသွားပါသေးတယ်။ တချို့ကလေးတွေကတော့ သူတို့ဖာသာနို့စို့ချိန်လျော့လျော့သွားပြီး ပြတ်သွားတတ်ကြပါတယ်။ တစ်ခါတစ်ခါနို့တိုက်ချိန်ကိုလည်း လျှော့နိုင်ပါတယ်။ဒီအချက်လေးတွေကို စမ်းကြည့်နိုင်တယ်-။• နို့စို့ချိန်ရတဲ့နွေးထွေးမှုကို အစားထိုးအနေနဲ့ ပိုပြီးဂရုစိုက်ပေးပါ။• တကယ်လို့ ကလေးကနို့စို့ချင်ဟန်ပေါက်ရင် အာရုံပြောင်းကြည့်ပါ။ တခြားစိတ်ဝင်စားတာရှိလား၊ ခွက်ထဲကနေသောက်မလားစမ်းကြည့်ပါ။• အိပ်ချိန်မှာ ကလေးကနို့စို့ဖို့မတောင်းဆိုအောင် တခြားတစ်ယောက်ကိုသိပ်ခိုင်းကြည့်ပါ။• တကယ်လို့ရင်သားရောင်ရမ်းလာရင် ရေခဲကပ်တာမျိုး၊ နို့စုပ်ခွက်နဲ့စုပ်ထုတ်တာမျိုးလုပ်နိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးလည်းသောက်နိုင်ပါတယ်။• တကယ်လို့ကလေးက အတင်းငြင်းနေတယ်ဆိုရင်တော့ ဖြစ်နိုင်ရင်ခဏလောက်စောင့်လိုက်ပြီမှ ထပ်ကြိုးစားကြည့်ပါ။ကလေး သွားများထိခိုက်မှု။ခုသွားဖြူဖြူသေးသေးလေးတွေက တစ်ချိန်မှာအကုန်ကြွေကျပြီး လူကြီးသွားလဲမှာဖြစ်တဲ့အတွက် တစ်နေ့နဲ့တစ်နေ့ သင့်ရဲ့ကလေးချော်လဲတဲ့ အကြိမ်အရေအတွက်ကျေးဇူးနဲ့ သူ့သွားလေးတွေနည်းနည်းပဲ့သွားတတ်တာ စိတ်ပူစရာမရှိပါဘူး။ သွားပဲ့သွားပါက ချွန်နေတဲ့အစွန်းလေးကျန်မကျန်ကြည့်ပြီး ချွန်နေပါကသွားဆေးခန်းသွားပြီး တုံးလိုက်ပါ။ဒါပေမယ့် ကလေးက-။• ရက်အနည်းငယ်ကြာပြီးတာတောင် နာနေမယ်။• သွားကနေရာရွေ့သွားတာမျိုး၊ ရောဂါပိုးဝင်တာ၊ သွားဖုံးရောင်ရမ်းတာရှိရင်။• ပဲ့သွားတဲ့သွားအလယ်မှာ ပန်းရောင်အစက် အကွက်လေးတွေတွေ့ရင်။သွားဆေးခန်း ချက်ခြင်းသွားဖို့ အကြံပေးပါရစေ။ ဒီလိုလက္ခဏာတွေပေါ်လာတယ်ဆိုတာ ပဲ့သွားတဲ့အပိုင်းလေးက အာရုံကြောကိုသွားထိတာဖြစ်နိုင်ပါတယ်။ သွားဆရာဝန်က သွားနှုတ်ပစ်ရမလား၊ အာရုံကြောကိုကုရမလားဆိုတာ ဓါတ်မှန်ကြည့်ဆုံးဖြတ်ဖို့လိုပါလိမ့်မယ်။ အာရုံကြောကိုထိခိုက်သွားခြင်းဟာ မကုသဘဲထားပါက နောက်ကြီးသွားအတွက် ထိခိုက်မှုတွေရှိနိုင်ပါတယ်။ ကလေးဘဝမှာအခက်အခဲ ပြဿနာတွေရှိသွားနိုင်ပါတယ်။ဘာတွေစိတ်ပူလဲ။ဒီအချိန်မှာစိတ်ပူစရာတွေ အများကြီးရှိမှာပါ။ဆီး၊ ဝမ်းကျင့်ပေးခြင်း။အရင်တုန်းကကျင့်မပေးဖူးဘူးဆိုရင်တော့ ၁၈လ-၂၄ လအရွယ်ကျင့်ပေးဖို့အကောင်းဆုံးဖြစ်မှာပါ။ ဒီအရွယ်ဟာ အဆင်သင့်ဖြစ်လောက်တဲ့အရွယ်ဖြစ်ပါတယ်။ရုပ်ပိုင်းဆိုင်ရာအရ။သူတို့ကိုဆီးဝမ်းလေ့ကျင့်ပေးဖို့ အဆင်ပြေနိုင်လောက်ပြီဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာလကဏာတွေကတော့-။ဝမ်းသွားချိန်မှန်ခြင်း။• ဆီးတစ်ခါတစ်ခါကြား အနည်းဆုံးနှစ်နာရီလောက်ခြားခြင်း။• ဆီးသွားလျှင် အပြီးထိကုန်အောင်သွားတတ်လာခြင်း။• ဘောင်းဘီချွတ်ဖို့ ဝတ်ဖို့၊ သူတို့ဆီးအိုးပေါ် ဒါမှမဟုတ် အိမ်သာပေါ်တက်ဖို့ဆင်းဖို့ သင့်ကိုကူညီလုပ်ကိုင်တတ်လာခြင်း။• တခြားလက္ခဏာတွေကတော့ ထိုဆီးသွား ဝမ်းသွားခြင်းနဲ့ ဆိုင်တဲ့စကားလုံးတွေကို နားလည်ပြီး လိုက်နာတတ်လာခြင်း ဖြစ်ပါတယ်။စိတ်ပိုင်းဆိုင်ရာအရ။စိတ်ပိုင်းဆိုင်ရာအရဆိုရင်တော့-။• သူတို့သေးခံထဲရှူးပေါက်ချလိုက်တဲ့အခါမျိုးဆို သိနေပါပြီ၊ ထောင့်တစ်ထောင့်မှာသွားထိုင်တာမျိုး၊ သင့်ကိုခြေဟန်လက်ဟန်နဲ့ ပြောပြတာမျိုးလုပ်ပါလိမ့်မယ်။• သေးခံစိုသွား ညစ်ပတ်သွားရင် မနေတတ်ဖြစ်လာပါပြီ။ဒီအချက်တွေရှိလာပြီဆိုရင်တော့ ကလေးက ဒီအရေးကြီးတဲ့စွမ်းရည်ကို သင်ယူဖို့အဆင်သင့်ဖြစ်နေပြီလို့ ယူဆလို့ရပါပြီ။နောက်တစ်ပတ်မှာလည်း ဘယ်လိုပြောင်းလဲဖွံ့ဖြိုးလဲ ကြည့်လိုက်ရအောင်…။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/46-%e1%80%95%e1%80%90%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%b1%e1%80%9c%e1%80%b8/
null
null
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/%e1%80%85%e1%80%ac%e1%80%b8%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%90%e1%80%ac%e1%80%85%e1%80%ac%e1%80%b8-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%80%e1%80%ba%e1%80%b1%e1%80%86%e1%80%b8%e1%80%b1/
Orthotics (ခြေစွပ်တွေ) ဟာ သင့်ရဲ့ ခြေမအောက်ခြေက အရိုးဘုလုံး( bunions) ကို ဘယ်လို ဖြေရှင်းပေးတာလဲ
Bunions ဆိုတာ ခြေမအောက်ခြေမှာရှိတဲ့ အဆစ်ပေါ်က ဘုလုံးကြီးပါ။ Bunion ဟာဆိုးရွားလာလွန်းမှနဲ့ သိသိသာသာနာကျင်လာတဲ့အခါ၊ သင့်ကို မသက်မသာဖြစ်စေလွန်းတဲ့အခါတွေမှသာ ကုသမှုခံယူဖို့လိုပါတယ်။ Orthotics ဆိုတာကတော့ Bunion ကြောင့်ဖြစ်တဲ့ မသက်မသာဖြစ်မှုတွေနဲ့ နာကျင်မှုတွေကို သက်သာစေတဲ့ ခွဲစိတ်စရာမလိုတဲ့ ကုသမှုတစ်ခုပါပဲ။Orthotics ကို ဖိနပ်အတွင်းခံပြားလို့သိကြသလို ဒါတွေဟာ ရှူးဖိနပ်တွေရဲ့ အတွင်းဘက်မှာထားရတဲ့ Buions တွေအတွက် ပစ္စည်းတစ်မျိုးပါ။ Bunions ဖြစ်နေသူတွေ ရွေးချယ်နိုင်ဖို့ orthotics တွေအများကြီးရှိပါတယ်။ အပြင်မှာ အလွယ်တကူဝယ်လို့ရနိုင်သလို သင့်ခြေထောက်ပေါ်မူတည်ပြီး သီးသန့်ပြုလုပ်ခိုင်းလို့လည်းရပါတယ်။ ဒါကတော့ သင်တို့ တစ်ဦးချင်းစီရဲ့ အခြေအနေတွေနဲ့ Bunion ရဲ့ ပြင်းထန်မှုတွေပေါ် မူတည်နေပါတယ်။Orthotics တွေကို အများအားဖြင့်တော့ ခြေဖဝါးပေါ်က ခြေမအဆစ်နောက်မှာ ထားလေ့ရှိပါတယ်။ သူတို့တွေဟာ ခြေမပေါ်က ဖိအားတွေကို ဖယ်ရှားပေးနိုင်ပြီး လူတွေလမ်းလျှောက်တဲ့အခါ ခန္ဓါကိုယ်က အလေးချိန်ကို ပြန်ချိန်ညှိပေးပါတယ်။ဒီခြေစွပ်ဟာ ပုံမှန်မဖြစ်နေတဲ့ ခန္ဓါကိုယ်ယန္တရားရဲ့ အလုပ်လုပ်ပုံတွေကို ပြန်ပြင်ပေးနိုင်ပြီး ဒါကြောင့်ပဲ နာကျင်မှုတွေကို လျှော့ချပေးလို့ ပိုပြီးကောင်းမွန်တဲ့ အနေအထားရလာအောင် ထောက်ပံ့ပေးနိုင်ပါတယ်။ ခြေထောက်ပုံပျက်မှုကို ကာကွယ်ပေးနိုင်ပြီး ခြေထောက်ရဲ့ ဇီဝယန္တရားအလုပ်လုပ်ပုံအားလုံးကို တိုးတက်လာစေနိုင်ပါတယ်။လေ့လာမှုတစ်ခုကတော့ ခြေမအဆစ်နာကျင်မှုတွေနဲ့ bunion တွေကို အကောင်းဆုံးသက်သာသွားစေနိုင်ဖို့အတွက် Orthotic တစ်ခုဟာ ကြမ်းနဲ့ထိတွေ့နေရတဲ့ metatarsalအရိုးရဲ့ အနေအထား (ထောင့်)ကို အရင်ဆုံး ထောက်ပံ့ရပါတယ်။ Orthotics တွေဟာ သင့်ခြေထောက်ကို မှန်ကန်တဲ့ အနေအထားဖြစ်စေပြီး Bunions တွေနဲ့ နာကျင်မှုတွေကိုဖြစ်စေတဲ့ ခြေမအဆစ်က ဖိအားတွေကို လျှော့ချပေးတာပါတယ်။အကောင်းဆုံးရလဒ်ကို ရရှိနိုင်ဖို့ Orthotics တွေဟာ သင့်ခြေဖဝါးအကွေးကို တင်းတင်းကြပ်ကြပ်စည်းထားရမှာဖြစ်ပြီး ဒါမှသာ မြေပြင်က သင့်ရဲ့ ပထမ metatarsal အရိုးကို ပြန်လည်တွန်းကန်တာကို ကာကွယ်ပေးထားနိုင်မှာပါ။ ဒီလိုတင်းတင်းကြပ်ကြပ်စည်းထားတဲ့ Orthotics တွေကိုတော့ “total contact orthotics” လို့ခေါ်တတ်ကြပါတယ်။ တကယ်လို့များ Orthotics တွေရဲ့ တင်းကြပ်မှုက မလုံလောက်ခဲ့ဘူးဆိုရင် ခြေဖဝါးဟာ ပြားနေမှာဖြစ်ပြီး orthotics ကို ထိနေပါလိမ့်မယ်။ဒါက first metatarsl အရိုးအောက်မှာ ဖိအားတွေကိုဖြစ်စေပြီး ရှေ့ကို လမ်းလျှောက်လိုက်တိုင်း ခြေမအဆစ်ပေါ်က ဖိအားတွေကို တိုးလာစေပါလိမ့်မယ်။Bunion ရှိတဲ့ လူတွေဟာ Bunion splints တွေကိုလည်း အသုံးပြုနိုင်ပါသေးတယ်။ ဒါတွေကိုတော့ ခြေထောက်အပေါ်ပိုင်းမှာစွပ်ရပြီး ခြေမကို သူ့ရဲ့ အလိုင်းမန့်ဖြောင့်အောင် ညီအောင် ကူညီပေးရတာပါ။ Splints တွေကိုတော့ နေ့ရော ညပါသုံးနိုင်ပါတယ်။Toe spacers တွေကလည်း bunions ကြောင့်ဖြစ်တဲ့ နာကျင်မှုတွေကို လျော့နည်းစေတယ်လို့ယုံကြည်ကြပါတယ်။ ဒါပေမဲ့ toe spacers သို့မဟုတ် အခြားသော Orthotics တွေကို အသုံးပြုမှုမှာတော့ အကန့်အသတ်ရှိနေပါတယ် ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ Bunions တွေနဲ့ ထိတွေ့နေဖို့ဆိုတာ ရှူးဖိနပ်အတွင်းက ကန့်သတ်ထားတဲ့ နေရာတွေမှာပဲ ဖြစ်နိုင်တာ မဟုတ်လား။လူတွေဟာ နာကျင်မှုတွေကိုလျှော့ချပေးပြီး ခြေထောက်တွေကို အထောက်အကူပြုစေနိုင်တဲ့အပြင် ဝတ်ရတာလည်း သက်တောင့်သက်သာရှိတဲ့ Orthotics အစုံကို ရှာဖွေဖို့ တော်တော်ခက်ခဲတတ်ကြပါတယ်။ Orthotics တွေ သင့်လျော်မှန်ကန်ဖို့ဆိုတာကလည်း သိပ်ကိုအရေးကြီးလှတာကြောင့် ခြေထောက်ပြဿနာတွေနဲ့ ခြေထောက်ရောဂါတွေအတွက် ရောဂါရှာဖွေကုသတဲ့နေရာမှာ အထူးကျွမ်းကျင်တဲ့ Podiatristsတွေကို မေးမြန်းလို့ သင့်အတွက် အကောင်းဆုံးအဖြေကို ရွေးချယ်သင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/orthotics-%e1%80%81%e1%80%bc%e1%80%b1%e1%80%85%e1%80%bd%e1%80%95%e1%80%ba%e1%80%90%e1%80%bd%e1%80%b1-%e1%80%9f%e1%80%ac-%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%9b%e1%80%b2%e1%80%b7-%e1%80%b1/
စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တဲ့ ဗီတာမင်များ
စိတ်ဖိစီးနေပြီလား!စိတ်ဖိစီးတယ်ဆိုတာက လူတိုင်း ဘဝသက်တမ်း တလျှောက်မှာ တစ်ကွေ့မဟုတ် တစ်ကွေ့မှာ ကြုံတွေ့ရတဲ့ အခြေအနေ တစ်ရပ်ပါ။ အလုပ်ခွင် အခြေအနေကြောင့် စိတ်ဖိစီးနိုင်သလို ငွေရေးကြေးရေး ကိစ္စတွေ၊ မိသားစုကိစ္စတွေကြောင့်လည်း စိတ်ဖိစီးနိုင်ပါတယ်။ စိတ်ဖိစီးတာကို သေချာလေး မဖြေရှင်းဘူးဆိုရင်တော့ ရေရှည်မှာ စိတ်ကျန်းမာရေးရောရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးတာကို သေချာလေး ဖြေရှင်းဖို့ လိုပါမယ်။ ဒါကြောင့် အခုတစ်ခေါက်တော့ စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တဲ့ ဗီတာမင်များ အကြောင်း ပြောပြပေးချင်ပါတယ်။ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကျန်းမာစေဖို့အတွက် စိတ်ဖိစီးမှုတွေကို သေချာ ဖြေရှင်းဖို့ လိုပါမယ်။ ဒီတော့ စိတ်ဖိစီးမှုကို ပြေလျော့စေဖို့ ဘယ်လို ဗီတာမင်တွေကို မှီဝဲသင့်လဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တဲ့ ဗီတာမင်များ ကို ပုံမှန်လေး မှီဝဲပေးမယ်။ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို လိုက်နာမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေမှာပါ။စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တဲ့ ဗီတာမင်များကတော့။ဗီတာမင် B အုပ်စုက  ကျန်းမာစေသလို ခန္ဓာကိုယ်ကို ဟန်ချက်ညီညီ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဗီတာမင် B အုပ်စုက စိတ်ခံစားမှုကို ကောင်းမွန်စေဖို့ ထောက်ကူပေးပါတယ်။ဗီတာမင် B1လို့ခေါ်တဲ့ သီရာမင်းကစိတ်ဖိစီးမှုကို ပြေလျော့စေနိုင်သလို စိတ်ခံစားမှု ကောင်းမွန်စေပြီး စိတ်ဓာတ်ကျတာကို သက်သာစေနိုင်ပါတယ်။ဗီတာမင် B3 နဲ့ B9 အပြင် ဗီတာမင် B12 တို့က စိတ်ခံစားမှု ကောင်းမွန်စေသလိုအာရုံကြောစနစ်ကို ကျန်းမာစေပြီး ဦးနှောက် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဗီတာမင် B အုပ်စုက စွမ်းအင် ပြည့်ဝစေသလို စိတ်ခံစားမှု ကောင်းမွန်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ဗီတာမင် C ကအအေးမိ တုပ်ကွေးစတာတွေကို တိုက်ဖျက်ပေးသလို စိတ်ဖိစီးမှုကိုလည်း တိုက်ထုတ်ပေးပါတယ်။ စိုးရိမ်စိတ်တွေကို ပြေလျော့စေဖို့လည်း ထောက်ကူပေးပါတယ်။စိုးရိမ်စိတ်များနေတဲ့သူတွေ အနေနဲ့ ဗီတာမင် C ကို စားသုံးပေးတာက စိတ်ဖိစီးမှုကို  ပြေလျော့စေဖို့ ထောက်ကူပေးပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝစွာ ပါဝင်နေတာက ကိုယ်တွင်းက ကော်တီစော ပမာဏကို ထိန်းညှိပေးပြီး စိတ်ဖိစီးမှု ပြေလျော့စေဖို့ ထောက်ကူပေးပါတယ်။ဗီတာမင် D က နေရောင်ကနေ ရရှိတဲ့ ဗီတာမင် တစ်မျိုးပါ။ လူတော်တော်များများက နေရောင်နဲ့ ထိတွေ့မှု နည်းလာတာကြောင့် ဗီတာမင် D ချို့တဲ့မှုတွေ များလာပါတယ်။ဗီတာမင် Dက အရိုးနဲ့ သွားတွေကို ကြံ့ခိုင်စေပြီူ ဦးနှောက် ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးပါတယ်။ ဒါတင် မကသေးပါဘူး။ ဗီတာမင် D က စိတ်ဖိစီးတာကိုလည်း သက်သာစေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ဆံသားနဲ့ အရေပြား ကျန်းမာစေဖို့ ထောက်ကူပေးတယ်လို့ လူသိများတဲ့ ဗီတာမင် E ကလည်း ဗီတာမင် C လိုပဲ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်တာကြောင့် စိတ်ဖိစီးမှုကို ပြေလျော့စေသလိုစိတ်ခံစားမှု ကောင်းမွန်စေပြီး ခန္ဓာကိုယ်ကိုလည်း ကျန်းမာစေပါတယ်။ဗီတာမင် E က စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။စိတ်ဖိစီးတာကို သက်သာစေဖို့ ဒီဗီတာမင်တွေကို နေ့စဉ် စားသုံးတဲ့ အစားအစာတွေမှာ ပါဝင်အောင် စားသုံးပေးလို့ ရသလို ဖြည့်စွက်အာဟာရတွေကို မှီဝဲပေးတာကလည်း အဆင်ပြေပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/surprising-vitamins-to-help-reduce-stress/
ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ဟာ တကယ်ပဲ အန္တရာယ်ကင်းပြီလား
HIVဆိုတာ လိင်ဆက်ဆံခြင်း ကနေ အများဆုံး ကူးစက်တဲ့ ရောဂါဖြစ်ပြီးလိင်အင်္ဂါကထွက်တဲ့ အရည်၊ သွေးတွေကို ထိတွေ့မိရာကနေ ကိုယ်ခန္ဓာထဲ ဝင်ရောက်ပြီးဖြစ်စေ၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲရာကဖြစ်စေ၊မိခင်က သန္ဓေသားကိုဖြစ်စေ ကူးစက်ပါတယ်။ HIV နဲ့ ပတ်သက်ပြီး လူတော်တော်များများ မေးတတ်ကြတဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ဟာHIVပိုး ကူးစက်နိုင်လား၊ မကူးစက်နိုင်ဘူးလား ဆိုတဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။ပါးစပ်နဲ့ လျှာကို အသုံးပြုပြီး ယောက်ျားတွေရဲ့လိင်တံ၊ မိန်းမတွေရဲ့ယောနိဒါမှမဟုတ်စအိုဝကို လှုံ့ဆော်ပေးတာဖြစ်ပါတယ်။လိင်တူ၊ လိင်ကွဲဆက်ဆံကြတဲ့ အမျိုးသားတွေ သဘောကျနှစ်သက်ကြပြီး အမျိုးသမီးတချို့လည်း ပါးစပ်ဖြင့် လိင်ဆက်ဆံတာကို နှစ်သက်ကြပါတယ်။အတိအကျပြောလို့ ခက်တဲ့ အရာဖြစ်ပေမယ့် ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့အခါ HIV ပိုး ကူးစက်ခံရနှုန်း အင်မတန် နည်းတယ်လို့ ဆိုလို့ ရပါတယ်။ မိန်းမကိုယ် ဒါမှမဟုတ် စအိုဖြင့်အကာအကွယ်မဲ့လိင်ဆက်ဆံတာထက်ကို ကူးစက်တဲ့ ရာခိုင်နှုန်း အလွန်နည်းပါတယ်။ကူးစက်မှုရာခိုင်နှုန်းကို မြင့်တက်စေတဲ့ အချက်တွေကတော့ ပါးစပ်မှာအနာပေါက်နေတာ၊ သွားခွဲစိတ်ထားတာ၊ ပွန်းပဲ့ဒဏ်ရာဖြစ်နေတာ၊ သွားဖုံးက သွေးယိုစီးနေတာ၊ မိန်းမကိုယ်က ရာသီသွေးတွေက ထိခိုက်ရှနာရှိနေတဲ့ပါးစပ်ထဲ ဝင်တာ၊ ထိခိုက်ဒဏ်ရာရှိနေတဲ့ ပါးစပ်ထဲမှာ သုက်လွှတ်လိုက်တာ စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။HIV ပိုး ကူးစက်ဖို့ ရာခိုင်နှုန်းအလွန်နည်းပေမယ့် တခြား လိင်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကိုတော့ မေ့ထားလို့ မဖြစ်ပါဘူး။ ကာလသားရောဂါ၊ လိင်အင်္ဂါရေယုန်၊ ဆီးပူညောင်းကျရောဂါတွေအပြင် စအိုကို ပါးစပ်နဲ့ ဆက်ဆံရင် အသည်းရောင် အသားဝါ အေပိုး၊ ဘီပိုး၊ အူလမ်းကြောင်းမှာ ရှင်သန်တဲ့ ပိုးတွေ၊ ဘက်တီးရီးယား၊ မှိုကြောင့်ဖြစ်တဲ့ အရေပြားရောဂါတွေ ကူးစက်နိုင်ပါတယ်။၁။ လိင်ဆက်ဆံဖော် အမျိုးသားကို ပါးစပ်ထဲမှာ သုက်မလွှတ်မိစေဖို့ ပြောပေးပါ။ ပါးစပ်ရဲ့ အပြင်မှာ သုက်လွှတ်တာဟာ ကူးစက်ရာခိုင်နှုန်းကို ထပ်ပြီး လျှော့ချပေးနိုင်ပါတယ်။၂။ ကူးစက်ဖို့ ရာခိုင်နှုန်းနည်းတယ်ဆိုပေမယ့် ပေါ့လို့မဖြစ်တဲ့အတွက် ကွန်ဒုံးကို အသုံးပြုပေးပါ။ ကွန်ဒုံးဟာ HIV သာမက တခြား လိင်ကတစ်ဆင့် ကူးစက်ရောဂါတွေ၊ အရေပြားရောဂါတွေ မကူးစက်မိစေဖို့ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။၃။ HIV ပိုးမရှိပေမယ့် ကူးနိုင်ခြေ များတဲ့သူတွေက ဆရာဝန်နဲ့ တိုင်ပင်ပြီး PrEP လို့ ခေါ်တဲ့ ကာကွယ်ဆေးကို ပုံမှန်သောက်ပေးနေလို့ ရသလို၊ HIV ပိုး ရှိသူတွေအနေနဲ့လည်း HIV ပိုးကို ထိန်းပေးနိုင်တဲ့ ART ဆေးကို ပုံမှန်သောက်နေတယ်ဆိုရင် ပိုးကူးစက်ဖို့ ရာခိုင်နှုန်းကို လျှော့ချပေးနိုင်ပါတယ်။၄။ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်အရေအတွက်ကိုလျှော့ချပါ။၅။ အမျိုးသမီး ရာသီလာနေစဉ် လိင်ဆက်ဆံမယ်ဆို အကာအကွယ်သေချာ သုံးပေးပါ။၆။ ပါးစပ်မှာ အနာပေါက်နေစဉ်၊ သွားခွဲစိတ်ထားတဲ့ ဒဏ်ရာမကျက်သေးဘူးဆိုရင် ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း ကို ရှောင်ကြဉ်သင့်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/lowering-risks-of-oral-sex/
Cervical Spondylosis လည်ပင်းကျီးပေါင်းတက်ခြင်း
လည်ပင်းကျီးပေါင်းတက်ခြင်း (cervical spondylosis) ဆိုတာဘာလဲ။လည်ပင်းကျီးပေါင်းတက်တယ်ဆိုတာ အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ အဆစ်တွေနဲ့ လည်ပင်းအဆစ်ကြား အချပ်ပြားတွေကိုထိခိုက်စေတဲ့ဝေဒနာတစ်ခုပါ။ လည်ပင်း (ဂုတ်) မှာအဖြစ်များပါတယ်။ လည်ပင်းအရိုးအဆစ်ရောင်ရမ်းတာလို့လည်းခေါ်ကြပါတယ်။ အရိုးနုနဲ့အရိုးတွေ ထိခိုက်ပျက်စီးမှုကြောင့် လည်ပင်ကျီးပေါင်းဖြစ်လာရတာပါ။အသက် ၆၀ နှစ်နဲ့အထက်လူတွေရဲ့ ၈၅ ရာခိုင်နှုန်းကျော်မှာ အရိုးကျီးပေါင်းဝေဒနာခံစားကြရတယ်၊ လို့လေ့လာမှုစစ်တမ်းတွေအရ သိရပါတယ်။ လည်ပင်းကျီးပေါင်းဖြစ်တဲ့အခါ နာတာရှည် နာကျင်ကိုက်ခဲမှုကိုပြင်းပြင်းထန်ထန်ခံစားရတာ၊ လည်ပင်းကတောင့်တောင့်ကြီးဖြစ်နေတာမျိုးခံစားရလေ့ရှိပေမယ့်တော်တော်များများကတော့ ပုံမှန်လုပ်နေကျအလုပ်တွေကို လုပ်ဆောင်နေနိုင်ကြပါတယ်။လည်ပင်းကျီးပေါင်း (cervical spondylosis) ရဲ့လက္ခဏာတွေက ဘာတွေလဲ။လည်ပင်းကျီးပေါင်းခံစားနေရသူတော်တော်များများမှာရောဂါလက္ခဏာတွေမပြတတ်ကြပါဘူး။ရောဂါလက္ခဏာပြတဲ့အခါမျိုးမှာလည်း လည်ပင်း (ဂုတ်) ကနာကျင်တာ၊တောင့်တောင့်ကြီးဖြစ်နေတာမျိုးကိုခံစားရနိုင်ပါတယ်။အရိုးကျီးပေါင်းကပြင်းထန်လာတဲ့အခါမျိုးမှာတော့ –။နာကျင်မှုကနေ့စဉ်လုပ်ဆောင်မှုတွေကိုပါ မလုပ်ဆောင်နိုင်အောင်ဖြစ်လာပြီဆိုရင်တော့ မဖြစ်မနေဆရာဝန်နဲ့ သွားရောက်ပြသဖို့လိုပါမယ်။လည်ပင်းကျီးပေါင်း (cervical spondylosis)ဖြစ်နိုင်ခြေကိုမြင့်တက်စေရတဲ့ အကြောင်းအရင်းတွေ။လည်ပင်းကျီးပေါင်းဖြစ်နိုင်ခြေကိုမြင့်တက်စေရတဲ့ အကြောင်းအရင်းတွေကတော့ –။လည်ပင်းကျီးပေါင်း (cervical spondylosis) ကိုဘယ်လိုအတည်ပြုသလဲ။အရိုးတွေက အထိမခံနိုင်အောင်နာနေတဲ့အခါ ဆရာဝန်ဆီသွားပြရင် ဆရာဝန်က အရင်ဆုံး ဘယ်လို လက္ခဏာတွေခံစားနေရလဲဆိုတာကိုမေးပါလိမ့်မယ်။ အရင်ဆုံး physical examတွေလုပ်ခိုင်းပါလိမ့်မယ်။ ဂုတ်၊ကျောကုန်း၊ ပခုံးတွေမျာနာနေလားဆိုတာမျိုးပေါ့။ လက်မောင်းတွေ၊ လက်ဖျား၊ခြေဖျားတွေမှာ ထုံကျဉ်တာတွေဖြစ်နေလားဆိုတာကို စစ်ဆေးမယ်။ လမ်းလျှောက်တာကိုကြည့်တာမျိုးလုပ်ပါလိမ့်မယ်။နေက်ထပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ X-rays၊computed tomography (CT) နဲ့ magnetic resonance imaging (MRI) တို့ကို အသုံးပြုပြီး စစ်ဆေးမှုတွေလုပ်ဆောင်ပါလိမ့်မယ်။ MRI ကတော့ပုံရိပ်တွေကို အကောင်းဆုံးဖော်ပြပေးနိုင်ပါတယ်။လည်ပင်းကျီးပေါင်း (cervical spondylosis) ကိုဘယ်လိုကုသသလဲ။လည်ပင်းကျီးပေါင်းကို ကုသတဲ့အခါ –။တကယ်လို့ လည်ပင်းကျီးပေါင်းဖြစ်နေတာက အချိန်အတော်ကြာနေပြီဆိုရင်တော့ လိုအပ်ရင်ခွဲစိတ်ကုသတာမျိုး လုပ်ဆောင်ရနိုင်ပါတယ်။ ကျီးပေါင်းကို ခွဲစိတ်ကုသမှုခံရတာက ရှားတော့ရှားပါတယ်။လည်ပင်းကျီးပေါင်း (cervical spondylosis)ကြောင့်နောက်ဆက်တွဲ ဘာတွေခံစားရနိုင်လဲ။လည်ပင်းကျီးပေါင်းကြောင့် ပင်မအာရုံကြောတွေကို သွားဖိမိတာမျိုးရှိလာနိုင်ပါတယ်။ ဒီအခြေအနေက အချိန်ကြာလာတဲ့အခါ ခန္ဓါကိုယ်မှာနာတာရှည် ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/cervical-spondylosis-%e1%80%9c%e1%80%8a%e1%80%b9%e1%80%95%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%ba%e1%80%ae%e1%80%b8%e1%80%b1%e1%80%95%e1%80%ab%e1%80%84%e1%80%b9%e1%80%b8%e1%80%90%e1%80%80/
အတူမနေတာကြာတဲ့အခါ အမျိုးသမီးတွေမှာ ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်လဲ။
အရွယ်ရောက်ပြီးသူတွေမှာ သဘာဝတရားရဲ့ လိုအပ်ချက်အရ အတူနေဖို့ (လိင်ဆက်ဆံဖို့) ခန္ဓာကိုယ်ဖွဲ့စည်းမှုနဲ့ ဟော်မုန်းတွေရဲ့ အချိုးအစားကို စီစဉ်ထားပြီးသားပါ။ ဒါပေမယ့် လူတွေက တစ်ယောက်နဲ့ တစ်ယောက် အကြောင်းရင်းခံချင်းက တူကြတာ မဟုတ်ဘူးလေ။ ဒီတော့ အတူမနေနိုင်တဲ့ အနေအထားမှာ ရှိနေသူတွေအနေနဲ့က အခက်အခဲ ရှိတာပေါ့။ ပြဿနာကတော့ အတူမနေတာ ကြာလာတဲ့အခါ ယောက်ျားရော မိန်းမမှာပါ ဆိုးကျိုးတွေရှိလာပါတယ်။ ဒီဆောင်းပါးမှာတော့ အတူမနေတာကြာတဲ့အခါ အမျိုးသမီးတွေမှာ ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်လဲဆိုတာကို ပြောပြပေးသွားမှာပါ။အတူမနေတာကြာတဲ့အခါ အမျိုးသမီးတွေမှာ ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်လဲ ဆိုတော့။အတူနေတာကစိတ်ဖိစီးမှုကို လျော့ကျစေတဲ့ နည်းလမ်းတွေထဲက တစ်ခုပါ။ သွေးလည်ပတ်မှု ကောင်းမွန်သွားတာနဲ့ အတူနေတဲ့အခါ ထွက်ပေါ်လာတဲ့ ဟော်မုန်းတွေက စိတ်ဖိစီးမှု လျော့ကျသွားစေဖို့ အကြီးအကျယ် အထောက်အကူပြုပြီး နုပျိုကျန်းမာ စေပါတယ်။အတူမနေတာ ကြာရင်တော့ စိတ်ဖိစီးမှု လျော့ကျစေတဲ့ ဟော်မုန်းတွေ မထွက်တော့ အသေးအဖွဲလေးတွေကအစ စိတ်တိုတာ၊ စိတ်ဆတ်လာတာတွေ ဖြစ်နိုင်ပါတယ်။ ကြားဖူးတယ် မလား။ အပျိုကြီးတွေ စိတ်ဆတ်လွယ်တယ် ဆိုတာလေ။အတူနေတဲ့အခါ သွေးလည်ပတ်မှု အားကောင်းတာ၊ ဟော်မုန်းတွေ ထွက်ရှိတာက ခန္ဓာကိုယ်ကို သက်သောင့်သက်သာ ဖြစ်စေပြီး စိတ်ဖိစီးမှုတွေ လျော့ကျစေပါတယ်။ ဒီလို အကျိုးသက်ရောက်မှုရှိတာက ကိုယ်ခံအားစနစ်အတွက် ကောင်းမွန်နိုင်စေပါတယ်။ဒါပေမယ့် အတူမနေတာ ကြာပြီဆိုရင်တော့ ပြောင်းပြန် ဖြစ်သွားပြီးကိုယ်ခံအားနည်းလာမယ်၊ မကြာခဏ ဖျားလာတတ်လာမယ်ပေါ့။FA တွေ အတွက်တော့ ဝမ်းနည်းစရာပါပဲ။ အတူနေတာက ပိုမိုကျန်းမာတဲ့ ဘဝနဲ့ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ရရှိစေနိုင်ပါတယ်။ ပိုမိုပျော်ရွှင်ပြီး စိတ်ဖိစီးမှု နည်းတယ်ဆိုတဲ့ သဘောပေါ့။ဒီလိုမှ မဟုတ်ရင်တော့ စိတ်ဖိစီးမှုတွေများလာမယ်၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ပိုမိုပြင်းထန်လာပြီး ဝမ်းနည်းတဲ့ ခံစားချက်တွေ မကြာခဏ ဝင်ရောက်လာမယ်။ နောက်ပိုင်းမှာတော့ စိတ်ဓာတ်ကျဆင်းတာ အထိပါ ဖြစ်လာနိုင်ပါတယ်။အတူနေတာက ကယ်လိုရီတွေကို လောင်ကျွမ်းနိုင်တဲ့ အကြောင်းရင်းခံ ကောင်းကောင်း တစ်ခုဆိုတာတော့ သိပြီးကြမှာပါ။ အတူနေခြင်းကနှလုံးကျန်းမာရေးနဲ့ ခန္ဓာကိုယ် ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အကျိုးရလဒ်တွေကို ပေးစွမ်းနိုင်ပါတယ်။ဒီတော့ အတူမနေတာ ကြာတဲ့အခါ လေ့ကျင့်ခန်း မှန်မှန် မလုပ်ဖြစ်သလိုမျိုး ဖြစ်သွားပြီးကိုယ်အလေးချိန်တက်လာနိုင်တာပေါ့။ နောက်တစ်ခု ကတော့ စိတ်ဖိစီးမှုများမယ်။ စိတ်ဖိစီးမှု များရင် ပိုစားမယ်။ ဒီတော့ ဝိတ်တက်လာပြန် တာပေါ့။အတူမနေတာ ကြာလာလေလေ ယောက်ျားရော မိန်းမမှာပါ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းလာလေပဲ ဖြစ်ပါတယ်။ အတူမနေတာ ကြာတဲ့အခါမှာ လိင်ပိုင်းဆိုင်ရာ ကြွက်သားတွေက အားလျော့လာပြီး ဆက်ဆံတဲ့အခါမှာ တင်းပြည့်ကျပ်ပြည့် စိတ်ကျေနပ်မှုကို ရရှိမှု လျော့နည်း လာပါလိမ့်မယ်။နောက်တစ်ခု ကတော့ အတူမနေတာ ကြာတဲ့အခါမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ ကျဆင်းလာနိုင်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု နည်းရင် ဘယ်နေရာမှ အလုပ်မဖြစ်ဘူး ဆိုတော့ ဒီကိစ္စကလည်း အတူတူပဲပေါ့။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/effects-on-women-when-no-sex-for-so-long/
ကလေး ယူတော့မယ်ဆို ရှောင်ရှားသင့်တဲ့ အစားအသောက်တွေ
ကလေး ယူတော့မယ် လို့ စဉ်းစားတဲ့အချိန်မှာ ဘာကို အရေးကြီးဆုံးလို့ ထင်ပါသလဲ။ ကလေးရဖို့ သားဆက်ခြားနည်းကို ရပ်တန့်ထားဖို့လား၊ ဆရာဝန် သွားပြဖို့လား၊ အားဆေးတွေ သောက်ဖို့လား။ ဒါတွေ အကုန်လုံးဟာ အလေးထား လုပ်ဆောင်ရမယ့် အထဲတော့ ပါဝင်ပါတယ်။ဒါပေမယ့် အရေးကြီးဆုံး အချက်က မိခင်လောင်း ရဲ့ ကျန်းမာရေး နဲ့ အာဟာရ ပါပဲ။ ကိုယ်ဝန် ကို ဆောင်မယ့် မိခင်လောင်းရဲ့ ခန္ဓာကိုယ်က ရောဂါကင်းပြီး အားပြည့်နေရမှာပါနော်။ အားရှိအောင်၊အာဟာရဓာတ်တွေ ပြည့်ဝအောင်၊ ကိုယ်ခံအား ကောင်းအောင် အစားကို အစုံစားရမယ် ဆိုပေမယ့် သတိထားရမယ့်၊ ကြိုရှောင်သင့်တဲ့ အစားအသောက် တွေ ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ ကလေး ယူတော့မယ်ဆို ရှောင်ရှားသင့်တဲ့ အစားအသောက်တွေ က ဘာတွေ ဖြစ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ကလေး ယူတော့မယ်ဆို ရှောင်ရှားသင့်တဲ့ အစားအသောက်တွေ ကတော့။ရှောင်ပါ လို့ဆိုပေမယ့်လည်း နေ့စဉ်အာဟာရ မှာ အပြီးအပြတ်ရှောင်ဖို့က ခက်ပါတယ်။ ကိုယ်ဝန် အတွက် မဟုတ်တဲ့ ပုံမှန်ကျန်းမာရေး အတွက်လည်း လုပ်သင့်တဲ့အချက်မို့ အတတ်နိုင်ဆုံး ကန့်သတ် စားသုံးတာကတော့ ကျန်းမာရေး အတွက် ဘေးအကင်းဆုံး ပါပဲ။ဆီများတဲ့ ကိတ်မုန့်တွေ၊ ဘီစကစ်တွေ၊ အာလူးကြော် တို့လိုအသွင်ပြောင်းဆီ(Trans Fat)ပါဝင်တဲ့ အစားအသောက်တွေကို ကန့်သတ်စားသုံးသင့်ပါတယ်။ သုတေသနတွေအရ အသွင်ပြောင်းဆီ ပါဝင်တဲ့ အစားအသောက်တွေက အမျိုးသမီးတွေရဲ့ သန္ဓေအောင်နိုင်စွမ်းနဲ့ တိုက်ရိုက်ဆက်နွှယ်မှု ရှိတယ် လို့ သိရပါတယ်။ တစ်နေ့ကို အသွင်ပြောင်းဆီ ၂ ရာခိုင်နှုန်း ပိုစားရုံနဲ့ သန္ဓေအောင်နိုင်စွမ်းကို ၇၅ ရာခိုင်နှုန်း အထိ ထိခိုက်စေနိုင်ပါတယ်။ကျန်းမာရေးနဲ့ ညီတဲ့ စားသောက်မှုပုံစံကို ရနိုင်ဖို့ အချိုများတဲ့ အစားအသောက်တွေနဲ့ ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအသောက်တွေကို အကန့်အသတ်နဲ့ စားသောက်သင့်ပါတယ်။ ဒါပေမယ့် ကလေး ယူဖို့ ကြိုးစား နေတဲ့ အချိန်မှာတော့ ဒါတွေကို ရှောင်တာ ကောင်းပါတယ်နော်။သန့်စင်ထားတဲ့ သကြားနဲ့ ကာဗိုဟိုက်ဒရိတ်တွေ ပါဝင်တဲ့ အစားအစာတွေဟာ သူတို့ကို ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်အတွင်းမှာပဲ သန္ဓေအောင်နိုင်စွမ်းအတွက် အရေးပါတဲ့အာဟာရဓာတ်တွေကို ဆုံးရှုံးစေခဲ့တာမို့ပါ။ နောက်တစ်ချက်က သကြားနဲ့ ကာဗိုဟိုက်ဒရိတ် များနေတာက ခန္ဓာကိုယ်ထဲက အင်ဆူလင်ပမာဏကို မြင့်တက်စေမှာ ဖြစ်ပြီး မျိုးဥအိမ် ကို ထိခိုက်စေတဲ့အပြင် ကလေး ရနိုင်ခြေကို လျော့နည်းစေပါတယ်။ပဲပိစပ်က ကျန်းမာရေး အကျိုးကျေးဇူး များတာ လူတိုင်း သိကြပြီးသားပါ။ ဒါပေမယ့် ကလေး ရဖို့ ကြိုးစားနေတဲ့ မိခင်လောင်းတွေ အနေနဲ့ ပဲနို့ အပါအဝင် ပဲပိစပ်နဲ့ ပတ်သက်တာတွေကို သိပ်မစားသုံးသင့်ပါဘူး။ သူတို့မှာ ပါဝင်တဲ့ ဒြပ်ပေါင်းတချို့က အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အတွင်းအက်စထရိုဂျင်ဟော်မုန်းနဲ့ အလားတူလုပ်ဆောင်ချက်တွေရှိနေတာ တွေ့ရပါတယ်။ကလေး ယူဖို့ ကြိုးစားနေချိန်မှာ အရက်၊ ဘီယာ၊ ဝိုင် အစရှိတဲ့ အယ်လ်ကိုဟော တွေကို ရှောင်သင့်ပါတယ်။ ဒါ့အပြင် တာရှည်ခံပစ္စည်း၊ ဆိုးဆေး၊ အနံ့တု၊ သကြားအတု တို့လို ပါဝင်ပစ္စည်းများများနဲ့ ပြုပြင်စီမံထားတဲ့ အချိုရည်တွေကိုလည်း ရှောင်သင့်ပါတယ်။ ဒါတွေက ခန္ဓာကိုယ်ကို အဆိပ်အတောက်တွေ ဖြစ်စေပြီး တကယ်လိုအပ်နေတဲ့ အာဟာရဓာတ်တွေကို စုပ်ယူဖို့ ခက်ခဲသွားစေနိုင်ပါတယ်။ဟင်းသီးဟင်းရွက် တွေကို အစိမ်းစားရင် သူတို့မှာ ပါတဲ့ အာဟာရဓာတ်တွေကို ပိုရနိုင်မယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် ကလေး ယူဖို့ ရည်ရွယ်ထားတဲ့ အမျိုးသမီးတွေ ပိုသတိထားသင့်တာက သေချာသန့်စင်ထားပြီး လတ်ဆတ်တဲ့ အစားအစာဖြစ်ဖို့ပါပဲ။ အသီးအရွက်တွေ၊ အသီးအနှံတွေကို သေချာသန့်စင်ရမှာဖြစ်ပြီး ပဲပင်ပေါက်၊ မုန်လာဥ တို့လို တချို့သော ဟင်းသီးဟင်းရွက်တွေမှာတော့ ဘက်တီးရီးယားတွေပါလာနိုင်ခြေ ပိုများတာကြောင့် အစိမ်းမစားတာကောင်းပါတယ်။မာကျူရီ နည်းတဲ့ ငါး ဒါမှမဟုတ် မာကျူရီ မပါတဲ့ ငါးတွေကို စားဖို့ ကိုယ်ဝန်ယူမယ့် မိခင်လောင်းတွေကို အကြံပြုကြပါတယ်။ မက်ခရယ်၊ တူနာ၊ ကမာ၊ ကျောက်ပုစွန် တို့လို ငါးနဲ့ ပင်လယ်စာတချို့ကို ရှောင်သင့်ပါတယ်။ဥပမာကြက်ဥကာကျက် လိုမျိုး၊ အတွင်းပိုင်းသေချာမကျက်တဲ့အသားကင်တို့လို သေချာမကျက်တဲ့ အစားအစာတွေကို ရှောင်သင့်ပါတယ်။ဒီလိုတွေ လုံလောက်တဲ့ အပူချိန်နဲ့ ကျက်အောင်မချက်ထားတဲ့ အစားအစာတွေကနေ အစာအဆိပ်သင့်စေတဲ့Salmonellaဗိုင်းရပ်စ် ရရှိနိုင်ခြေများပါတယ်။ ဒီဗိုင်းရပ်စ်က ကိုယ်ဝန်ရရှိနိုင်ခြေကို တိုက်ရိုက် ထိခိုက်စေနိုင်ပါတယ်။ဒီလောက်ဆို ကလေး ယူတော့မယ့် မေမေလောင်းတွေ ဆင်ခြင်စားသုံးဖို့အတွက် အထောက်အကူ ဖြစ်မယ် ထင်ပါတယ်။ ဒါတွေ ဘာလို့ ဂရုစိုက်နေရလဲ ဆိုတော့ ကိုယ်ဝန် ဆောင်ဖို့ ကြိုးစားချိန်ဟာ ကိုယ်ဝန်ဆောင်ချိန် လိုပဲ ဂရုတစိုက်နဲ့ ကျန်းမာရေး စောင့်ရှောက်သင့်တဲ့ အရေးကြီးတဲ့အချိန်တစ်ခု ဖြစ်နေလို့ပါပဲ။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/food-to-avoid-if-you-are-planning-to-get-pregnant/
တံတွေးဂလင်းပိုးဝင်ခြင်း
တံတွေးဂလင်းပိုးဝင်ခြင်း(Salivary Gland Infection) ဆိုတာကတော့ ဘက်တီးရီးယား ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုးတမျိုးမျိုးဟာ တံတွေးဂလင်း ဒါမှမဟုတ် တံတွေးထွက်ရာလမ်းကြောင်းအတွင်းကို ဝင်ရောက်ကူးစက်ခြင်း ဖြစ်ပါတယ်။တံတွေးထွက်ရာလမ်းကြောင်းမှာ ရောင်ရမ်းခြင်း၊ ပိတ်ဆို့ခြင်း စတာတွေကြောင့် တံတွေးထွက်တဲ့ အခြေအနေလျော့ကျသွားရင် ရောဂါပိုးဝင်ရောက်ခြင်း ဖြစ်နိုင်ပါတယ်။လူတယောက်မှာ တံတွေးဂလင်းဟာ အဓိကအားဖြင့် သုံးစုံရှိပါတယ်။ မျက်နှာရဲ့တဖက်တချက်မှာ ရှိကြပါတယ်။ အကြီးဆုံးဂလင်းကတော့ ပရော့တစ်ဂလင်းဖြစ်ပြီး ပါးတဖက်စီမှာ နားရွက်ရဲ့ရှေ့ပိုင်းမှာ ရှိပါတယ်။ အဆိုပါ ဂလင်းများကို ပိုးဝင်ပြီး ရောင်ရမ်းရင်တော့ပါးချိတ်ရောင်ခြင်းဖြစ်ပေါ်စေပါတယ်။တံတွေးဟာအစာချေဖျက်ခြင်းနဲ့ခံတွင်းသန့်ရှင်းရေးအတွက် အရေးပါပါတယ်။ ဘက်တီးရီးယားများနဲ့ စားကြွင်းစားကျန်များကို သန့်ရှင်းရာမှာ အထောက်အကူပြုပါတယ်။ ခံတွင်းအတွင်းမှာ အကျိုးပြုဘက်တီးရီးယားများနဲ့ ဆိုးကျိုးပေးတဲ့ဘက်တီးရီးယားတွေကို ဟန်ချက်ညီအောင် ထိန်းသိမ်းပေးပါတယ်။ အကယ်၍ ပါးစပ်အတွင်းကို တံတွေးလုံလောက်စွာ ထွက်မလာတဲ့အခါ ဘက်တီးရီးယားများနဲ့အစာအကြွင်းအကျန်များကို ကောင်းစွာဖယ်ရှားနိုင်ခြင်းမရှိတော့ဘဲ ရောဂါပိုးဝင်ရောက်ကူးစက်ခြင်း ဖြစ်နိုင်ပါတယ်။တံတွေးဂလင်းပိုးဝင်ခြင်းကို များသောအားဖြင့် ဘက်တီးရီးယားများက ဖြစ်စေပါတယ်။ Staphylococcus aureus ဟာ အဖြစ်အများဆုံး ဘက်တီးရီးယားပိုးဖြစ်ပါတယ်။ တခြားဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားများကတော့။• Streptococcus viridans။• Haemophilus influenzae။• Streptococcus pyogenes။• Escherichia coli။စတာတွေ ဖြစ်ပါတယ်။ တံတွေးထွက်တာနည်းရင် အဆိုပါ ပိုးမွှားတွေ ဝင်ရောက်နိုင်ပါတယ်။ များသောအားဖြင့် တံတွေးထွက်ရာ ဂလင်းလမ်းကြောင်းမှာ ရောင်ရမ်းပိတ်ဆို့မှုကြုံရတဲ့အခါ ဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးနဲ့ တခြားရောဂါအခြေအနေတွေကလည်း တံတွေးထွက်ခြင်းကို လျော့နည်းစေပါတယ်။ အဆိုပါ အခြေအနေတွေကတော့။– ကာကွယ်ဆေးမထိုးရသေးသော ကလေးငယ်များတွင် ပါးချိတ်ရောင်ခြင်း။– HIV။–တုပ်ကွေး။– ရေယုန်။– တံတွေးဂလင်းတွင် ကျောက်တည်ခြင်း။– အဖုအကျိတ်ဖြစ်ခြင်း။– ခံတွင်းခြောက်သွေ့စေသော Sjogren ရောဂါလက္ခဏာစု။– ရေဓာတ်ခန်းခြောက်ခြင်း။–အာဟာရချို့တဲ့ခြင်း။– ဦးခေါင်းပိုင်းနှင့် လည်ပင်းပိုင်းအတွက် ဓာတ်ရောင်ခြည်ကုသမှု ခံယူခြင်း။– ခံတွင်းသန့်ရှင်းရေးအားနည်းခြင်း စတာတွေ ဖြစ်ပါတယ်။တံတွေးဂလင်းကို ရောဂါပိုးဝင်ရောက်တဲ့အခါ ကြုံတွေ့နိုင်တဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။– ပါးစပ်အတွင်း ပုံမှန်မဟုတ်သော၊ ဆိုးရွားသော အရသာတမျိုးမျိုး ရနေခြင်း။– ပါးစပ်ကို အပြည့်အ၀ မဟနိုင်ခြင်း။– ပါးစပ်ဖွင့်သည့်အခါ၊ အစာစားသည့်အခါ နာကျင်ခြင်း၊ နေရခက်ခြင်း။– ပါးစပ်အတွင်းပိုင်း ပြည်တည်ခြင်း။– အာခေါင်ခြောက်ခြင်း။– ပါးစပ်အတွင်း သို့မဟုတ် မျက်နှာတွင် နာကျင်ကိုက်ခဲခြင်း။– မေးရိုးအရင်း သို့မဟုတ် မေးရိုးအောက်ပိုင်းတွင် နီရဲရောင်ရမ်းခြင်း။– မျက်နှာနှင့်လည်ပင်း ရောင်ရမ်းခြင်း။– အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း။အကယ်၍ အဖျားကြီးနေရင်၊အသက်ရှူရခက်ရင်၊ အစာစားရခက်ရင် ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။ဘယ်လိုကုသရသလဲကုသမှုဟာ ရောဂါပိုးဝင်တဲ့ အခြေအနေ၊ အကြောင်းအရင်းနဲ့ ရောဂါလက္ခဏာများပေါ် မူတည်ပြီး အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သင့်တော်တဲ့နည်းလမ်းကို ဆရာဝန်က ရွေးချယ်ပါလိမ့်မယ်။ ဘက်တီးရီးယားပိုးဝင်ခြင်းဆိုရင် ပဋိဇီဝဆေးတွေ သောက်သုံးရနိုင်ပါတယ်။ ပြည်တည်နေရင် ပြည်ကို ဖောက်ထုတ်ရတတ်ပါတယ်။အိမ်တွင်းကုထုံးများအနေနဲ့ ဆားရည်နဲ့ အာလုတ်ကျင်းခြင်း၊ ရောင်နေတဲ့နေရာအပေါ် ရေနွေးအိတ်ကပ်ခြင်း၊ တံတွေးအထွက်များအောင် အချဉ်အရသာရှိသော သကြားလုံးများစုပ်ခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။တံတွေးဂလင်းပိုးမဝင်အောင် ကာကွယ်နည်းဆိုပြီး တိကျစွာ မရှိပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေနည်းအောင် ခံတွင်းသန့်ရှင်းရေးကို ပုံမှန်ပြုလုပ်ပေးရပါမယ်။ တရက်ကို နှစ်ကြိမ် သွားတိုက်သင့်ပါတယ်။ ရေများများသောက်သင့်ပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/salivary-gland-infections/
အဆီပြန်တတ်တဲ့သူလေးတွေ သိထားဖို့လိုမယ့် အကြောင်းအရင်း
လူဆီ ရမယ်၊ လူဆီ ဆိုတာကကြော်ငြာထဲမှာပဲ ရယ်ရတာပါ။ လက်တွေ့ဘဝမှာအဆီပြန်တာက တော်တော်လေး ခံရခက်စေတယ်နော်။ ဒီတစ်ခေါက်တော့ အဆီပြန်တာကြောင့် အလှပျက်နေရတဲ့ Hello ဆရာဝန် ပရိသတ်ကြီးတွေ အတွက်အဆီပြန်တဲ့အသားအရေထိန်းသိမ်းနည်းလေးကို ပြောပြမယ်နော်။ အလှအပ မဟုတ်တဲ့အသားအရေထိန်းသိမ်းနည်းကို ပြောပြမှာ ဆိုတော့လေဒီတွေတင် မဟုတ်ဘဲကိုကိုတွေပါဖတ်လို့ရပါတယ်နော်။ ကဲ …… အဆီပြန်တတ်တဲ့သူလေးတွေ သိထားဖို့လိုမယ့် အကြောင်းအရင်း လေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။အဆီပြန်တတ်တဲ့သူလေးတွေ သိထားဖို့လိုမယ့် အကြောင်းအရင်း လေးတွေကို  အတူတူ ကြည့်လိုက်ရ။တော်တော်များများသတိမထားမိတဲ့အချက်ကအသားအရေအမျိုးအစားတွေဆိုတာကလည်း အမွေဆက်ခံမှုတစ်ခုပါပဲနော်။ အထူးသဖြင့် အဆီပြန်တတ်တဲ့ အသားအရေ၊ခြောက်သွေ့တဲ့အသားအရေ၊ပေါင်းစပ်အသားအရေဆိုတာတွေကမေမေဖေဖေတို့ဆီကနေ ဆက်ခံထားတဲ့အမွေတစ်ခုပါပဲနော်။ အဆီပြန်ရတယ်ဆိုတာက Sebumတွေအရမ်းထွက်လို့ပါ။ ဒီလိုဆိုတာနဲ့ Sebum က မကောင်းဘူးလို့ မဆိုလိုပါဘူးနော်။ အသားအရေခြောက်သွေ့မှုကင်းစေပြီး စိုပြေနေစေဖို့က Sebumလေးရှိမှာဖြစ်မှာပါ။ ဒါပေမယ့် အရမ်းများလွန်းရင်တော့ချွေးပေါက်တေါကျယ်စေပြီး အဆီတွေပြန်စေတော့တာပေါ့။ ဒီလိုမျိုးမှာ အပြင်ကို အဆီတွေထွက်မလာဘူးဆိုရင်လည်းချွေးပေါက်တွေထဲမှာဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေနဲ့ပေါင်းလို့ချွေးပေါက်ပိတ်ပြီး အရေပြားပြဿနာတွေဖြစ်စေနိုင်ပါတယ်။အသားအရေအမျိုးအစားတစ်ခုချင်းစီတိုင်းမှာ သူ့ပုံစံနဲ့သူရှိတတ်ကြပါတယ်။ အဆီပြန်တတ်သူတွေမှာဆိုရင်တော့ –။ဘယ်လိုစမ်းသပ်မလဲ။အဆီပြန်တတ်သူသေချာသွာပြီဆိုရင်တော့ ဒီအဆင့်လေးတွေ ဆက်လုပ်ကြမယ်နော်။ရေနွေးနွေးလေးသုံးမယ်။မျက်နှာကို တဘက်စသန့်သန့်လေးမှာရေနွေးနွေးလေး ဆွတ်ပြီး မျက်နှာကို ခပ်ဖွဖွလေးဆွဲသုတ်ပေးပါ။ အဆီတွေသက်သာစေဖို့ပါ။ရေနွေးငွေ့ခံပေးလို့လည်းရပါတယ်နော်။မျက်နှာသစ်မယ်။အဆီပြန်တတ်သူဖြစ်တာကြောင့် အဆီပြန်တဲ့အသားအရေပိုင်ရှင်လေးတွေအတွက်သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆေးမျိုးကိုရွေးချယ်ပါ။ ဒါမှ တစ်နေ့တာမှာ အဆီပြန်တာကို သက်သာစေတော့မပေါ့။ မျက်နှာသစ်တဲ့အခါ လက်ချောင်းလေးတွေကို သုံးလို့ စက်ဝိုင်းသဏ္ဍာန်လေးနှိပ်နယ်ပေးပါ။သွေးလည်ပတ်မှုကောင်းစေပြီးချွေးပေါက်တွေထဲမှာ အဆီတွေနဲ့ ဆဲလ်သေတွေ ပိတ်ဆို့တာကို ကာကွယ်နိုင်မှာပါ။ဆဲလ်သေတွေဖယ်ရှားပါ။အသားအရေအမျိုးအစားတိုင်းကျော်သွားလို့မရတဲ့ အဆင့်တစ်ခုပါ။ အနည်းဆုံး တစ်ပတ်ကို တစ်ကြိမ်လောက် ဆဲလ်သေတွေဖယ်ရှားပေးပါ။ ဒါမှ ကျန်းမာစိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။တိုနာသုံးပါ။အဆီပြန်တတ်သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ တိုနာကို ဂွမ်းစသန့်သန့်လေးမှာ ဆွတ်ပြီး မျက်နှာပြင်အနှံ့ကို သုံးပေးပါ။ အယ်လ်ကိုဟောနဲ့အမွှေးနံ့ကင်းတဲ့ တိုနာမျိုးကိုသုံးပေးပါ။Moisturizerသုံးပါ။အဆီပြန်နေတာပဲ အစိုဓါတ်ထိန်းဖို့ မလိုဘူးလို့ မထင်ပါနဲ့နော်။ ဘယ်အသားအရေအမျိုးအစားပဲဖြစ်ဖြစ် အသားအရေနဲ့ လိုက်ဖက်မယ့်Moisturizer လူဖို့လိုပါမယ်နော်။ အစိုဓါတ်ထိန်းမှာSebumထွက်ရှိမှုကို တားဆီးနိုင်မှာပါနော်။ ဒါကြောင့် ဒီအဆင့်လေးကိုလည်းကျော်မသွားပါနဲ့နော်။Sunscreen လိမ်းမယ်။အဆီပြန်တာပိုဆိုးသွားမယ်ဆိုပြီးနေလောင်ကာခရင်မ်မလူးဘဲမနေပါနဲ့နော်။ အသားအရေကို ထိခိုက်နိုင်တာကြောင့်ပါ။ ဒါကြောင့် အဆီပါဝင်မှုနည်းတဲ့နေလောင်ကာခရင်မ်ကို လူးပေးပါနော်။မျက်နှာပေါင်းတင်မယ်။တစ်ပတ်ကိုတစ်ကြိမ်လောက်တော့ လုပ်သင့်တဲ့အရာပေါ့။ မျက်နှာပေါင်းတင်တဲ့အခါ အသင့်တော်ဆုံးဖြစ်မယ့်mask အမျိုးအစားတွေက Clay mask နဲ့Charcoal-Based mask တို့က အဆင်ပြေဆုံးပါနော်။စိတ်ဖိစီးမှု ကင်းနိုင်သမျှ ကင်းအောင်နေဖို့နဲ့၊ အသီးအရွက်များများစားဖို့၊ရေသောက်ဖို့ နဲ့ အချိုတွေ လျှော့စားဖို့ မမေ့ပါနဲ့နော်။ ဒီအဆင့်လေးတွေကို သတိထား လုပ်ဆောင်ကြည့်ပြီး အဆီပြန်တာကြောင့် အလှအပကို မထိခိုက်အောင် ထိန်းသိမ်းစောင့်ရှောက် လိုက်ပါနော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/skin-care-routine-for-oily-skin/
သုက်ကောင်ရေတိုးပြီး မျိုးအောင်စေမယ့် သဘာဝနည်းလမ်းတွေ
အမျိုးသားတွေအတွက်လိင်မှုဘဝဆိုတာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အိမ်ထောင်ရေးသုခပြီးပြည့်စုံမှုအပြင် ကျန်းမာဖွံ့ဖြိုးတဲ့ရင်သွေးငယ်လေးဖွားမြင်နိုင်ဖို့ အမျိုးသားတွေရဲ့သုက်ကောင်တွေဟာ ကျန်းမာနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သုက်ကောင်ရေ နဲ့ ကျန်းမာရေးကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ဒီတော့ ကျန်းမာတဲ့ ရင်သွေးငယ်လေး ရရှိစေဖို့အတွက် သုက်ကောင်ရေတိုးပြီး မျိုးအောင်စေမယ့် သဘာဝနည်းလမ်းတွေ ကို လေ့လာလိုက်ရအောင်နော်။မျိုးအောင်ဖို့အတွက် သုက်ကောင်ရေ ပမာဏ များရမယ်။ သုက်ပိုးတွေ ကျန်းမာရမယ်။ ဒါဆိုရင် အမျိုးသားတွေ မျိုးအောင်ဖို့ ဘာတွေ လုပ်သင့်လဲ။ သုက်ကောင်ရေ ပမာဏတိုးစေဖို့ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ဆောင်ရန်၊ ရှောင်ရန်အချက်လေးတွေနဲ့ သဘာဝနည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။စစ်တမ်းကောက်ကြည့်လိုက်တဲ့အခါမှာ ကျန်းမာပြီး သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေး၊ လိင်မှုဘဝကို ပိုင်ဆိုင်ကြတဲ့ အမျိုးသားတွေဟာ လေ့ကျင့်ခန်း နေ့စဉ်ပုံမှန်လုပ်ကြတာကို တွေ့ရပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် စိတ်ကို ပျော်ရွှင်လန်းဆန်းစေတယ်။ လုပ်ငန်းခွင်မှာ အာရုံစူးစိုက်နိုင်စေတယ်။ မိမိကိုယ်ကိုယုံကြည်မှုတိုးစေတယ်။ ကျားဟော်မုန်းပိုမိုထုတ်လွှတ်ပေးနိုင်တယ်။ ပြီးပြည့်စုံတဲ့ ကာမသုခကိုလည်း ပိုင်ဆိုင်ရနိုင်ပါတယ်။အမျိုးသားမှ မဟုတ်ပါဘူး။ လူသားတိုင်းအတွက် ညဘက်မှာအိပ်ချိန်မှန်ဖို့နဲ့ အိပ်ချိန်ပြည့်ဝဖို့ အလွန်အရေးကြီးပါတယ်။ တစ်နေ့ကို အနည်းဆုံး ၇နာရီကနေ ၈နာရီထိ အိပ်ချိန်ပြည့်ဝမှသာ ခွန်အားပြည့်လန်းဆန်းနေမယ်။ လူကို ကျန်းမာစေတယ်။ ဒါ့အပြင် သုက်ပိုးတွေကိုလည်း အားကောင်းစေပြီး မျိုးအောင်တဲ့ နေရာမှာ ကူညီပေးနိုင်ပါတယ်။စိတ်ဖိစီးမှုဆိုတာ ဘယ်သူ့အတွက်မှ ကောင်းတဲ့အရာတစ်ခု မဟုတ်ပါဘူး။ အသက်အရွယ်မရွေး၊ လူမျိုးမရွေး စိတ်ဖိစီးမှုတွေ တွေ့ကြုံရနိုင်ပါတယ်။ ဒီအခါမှာ လေ့ကျင့်ခန်းလုပ်တာ၊ယောဂကျင့်တာမျိုးနဲ့ ကိုယ့်ရဲ့ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုဟာ စိတ်နဲ့ ကိုယ်ခန္ဓာကျန်းမာရေးအပေါ် သက်ရောက်မှု ရှိတဲ့အပြင် သုက်ပိုးထုတ်လွှတ်နိုင်စွမ်းနဲ့လည်း သွားပြီး သက်ဆိုင်နေပါတယ်။ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးအတွက် ဆိုးရွားစွာ ဒုက္ခပေးနိုင်တဲ့အပြင် သုက်ပိုးကျန်းမာရေးကိုပါ သွားပြီး ထိခိုက်စေနိုင်ပါတယ်။ ဆေးလိပ်သောက်သူတွေမှာ အဆုတ်၊ နှလုံး၊ ခံတွင်း၊ လည်ချောင်းရောဂါတွေအပြင် ကင်ဆာရောဂါဖြစ်နိုင်ခြေ မြင့်တက်စေနိုင်တာကြောင့် သာယာလှပ အိမ်ထောင်ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဆေးလိပ်သောက်တဲ့အကျင့်ကို ခုကတည်းက ရပ်လိုက်တာ အကောင်းဆုံးပါပဲ။ဆေးလိပ်လိုပါပဲ၊အရက်တွေ၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေမှာလည်း မျိုးမအောင်တဲ့ ပြဿနာအပြင် မွေးလာတဲ့ သန္ဓေသားမှာပါ ကျန်းမာရေးချို့တဲ့တာ၊ မကြာခဏ ချူချာတာ၊ နေမကောင်းဖြစ်တာ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းတာပါ ဖြစ်စေနိုင်ပါတယ်။ကိုယ့်မှာ ရှိတဲ့ ရောဂါတစ်ခုခု၊ ကျန်းမာရေးအခြေအနေ၊စိတ်ရောဂါကုထုံး ဆေးဝါးတချို့မှာ ပါတဲ့ ဘေးထွက်ဆိုးကျိုးကြောင့် သုက်ကောင်ရေ နည်းသွားနိုင်ပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ် ဆေးရပ်လိုက်တာမျိုး မလုပ်ပဲ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဆေးပြောင်းသောက်လိုက်ရင်တော့ ဒီပြဿနာကို ဖြေရှင်းနိုင်မှာပါ။ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ရဖို့ ကိုယ့်ရဲ့ နေ့စဉ် စားသုံးနေရတဲ့ အစာအာဟာရကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အသား၊ ငါး၊ ဥ၊ နို့ထွက်ပစ္စည်း၊ အစေ့အဆန်၊ ပဲ အစရှိသဖြင့် စုံလင်စွာ စားပေးသင့်ပါတယ်။ ဒါ့အပြင် သုက်ပိုးကျန်းမာဖို့နဲ့ မျိုးအောင်ဖို့အတွက် ဗီတာမင် D နဲ့ ကယ်လ်စီယမ်ဓာတ် လုံလောက်စွာ ရရှိဖို့ လိုအပ်ပါတယ်။ နေ့စဉ် စားသုံးတဲ့ အစားအစာကနေ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လုံလောက်စွာ မရရှိဘူးလို့ ခံစားရရင်တော့ ဆရာဝန်ရဲ့ ခွင့်ပြုချက်နဲ့ ဖြည့်စွက်စာဆေးဝါးတွေ သောက်ပေးနိုင်ပါတယ်။ကိုယ်တွင်းအင်္ဂါတွေကို ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ ကူညီပေးတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါတွေကို ခုခံတားဆီးပေးနိုင်တယ်။ စိတ်ကို ကျန်းမာစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်တယ်။ ဒါ့အပြင် Antioxidant ပေါများတဲ့ အစားအစာတွေဟာ အမျိုးသားတို့ရဲ့ သုက်ကောင်ရေကိုလည်း တိုးစေနိုင်ပါတယ်။ကိုယ်ခန္ဓာကို ဘေးဥပါဒ်ဖြစ်စေနိုင်တဲ့အပြင် ကိုယ်အလေးချိန်တက်စေတယ်။ နောက်ဆက်တွဲ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာရောဂါတွေ ဖြစ်စေနိုင်ပြီး စိတ်ဓာတ်ကျစေတယ်။ လိင်မှုဘဝကိုပါ ထိခိုက်လာနိုင်ပြီး ကျန်းမာတဲ့ သုက်ကောင်ရေ တွေ မထွက်လာနိုင်တော့ပါဘူး။ ဒါကြောင့် အဆီ၊ အချို၊ အငန် လျှော့စားပါ။ ငါးကြီးဆီ (Omega-3 နဲ့ Omega-6) တွေကတော့ ကျန်းမာရေးကောင်းမွန်စေနိုင်တဲ့အပြင် သုက်ပိုးတွေကိုလည်း အားဖြစ်စေနိုင်တာကြောင့် မဖြစ်မနေ စားပေးသင့်ပါတယ်။မသန့်ရှင်းတဲ့ အစားအစာအပြင် ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အဆိပ်ငွေ့တွေ၊ ဓာတုဗေဒပစ္စည်းတွေဟာလည်း ရေထု၊ လေထုကို ညစ်ညမ်းစေတယ်။ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်။ မျိုးမအောင်တဲ့ အခြေအနေထိပါ ပြဿနာတွေ ဆိုးလာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို အဆိပ်အတောက် နည်းနိုင်သမျှ နည်းအောင် ပြုပြင်ပါ။ လေထု၊ ရေထု ညစ်ညမ်းတဲ့ နေရာတွေကိုလည်း မကြာခဏ သွားတာမျိုး ရှောင်ကြဉ်ပါ။ကိုယ်ခန္ဓာအတွက်သာမက သုက်ကောင်လေးတွေကိုပါ ကျန်းမာစေတဲ့ ဖောလစ်အက်ဆစ်နဲ့ ဇင့်ဓာတ်ကို နေ့စဉ် လုံလောက်စွာ ရရှိဖို့ အရေးကြီးပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/boosting-male-fertility/
null
null
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/hiv-%e1%80%b1%e1%80%86%e1%80%b8%e1%81%8f-%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9%e1%80%86%e1%80%80%e1%80%b9%e1%80%90%e1%80%bc%e1%80%b2-%e1%80%86%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%ba/
သွားတွေ ဘာကြောင့် ဝါသလဲ၊ သွားမဝါအောင် ဘယ်လိုလုပ်ကြမလဲ
သွားဝါတယ်၊ သွားအရောင်ပြောင်းတယ်ဆိုတာ ကြည့်ရဆိုးတဲ့ ပြဿနာတစ်ခုပါ။ မျက်နှာရဲ့အလှအပကို ပေါ်လွင်စေမယ့် သွားတွေ ဝါကျင်ကျင်ဖြစ်နေတာကို လူတိုင်းမြင်ဖူးကြတယ်မဟုတ်လား။ ကြည့်ရဆိုးရဲ့နော်။ ခုဆောင်းပါးမှာတော့ သွားဝါတာမျိုးမဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြသွားမှာပါ။ဒီနေရာမှာ သိထားသင့်တာက ခြုံငုံပြီးသွားဝါတယ်လို့ ခေါ်ဆိုကြပေမယ့် တကယ်တမ်းမှာတော့ သွားအရောင်ပြောင်းလဲတာကိုဆိုလိုတာဖြစ်ပြီး သွားဟာ အဝါ၊ အညို၊ အမည်း၊ မီးခိုး၊ ပန်းရောင်နဲ့fluorideလွန်ကဲပြီး ဖြူလွန်းနေတာမျိုးတွေ ပါဝင်ပါတယ်။သွားဝါစေတဲ့အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အဓိကဖြစ်စေတဲ့ အချက်တွေကတော့ဆေးလိပ်သောက်သုံးတာနဲ့ ပုံမှန်စားသုံးနေတဲ့အစားအစာတွေကြောင့်ပါပဲ။ သွားဝါခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်းတွေကို ပြောပြချင်ပါတယ်။ အောက်ပါအတိုင်းဖြစ်ပါတယ်။Chlorhexidine mouth wash –ခံတွင်းသန့်ဆေးတွေကို အလွန်အကျွံသုံးစွဲတာကလည်း သွားကို ဝါစေနိုင်ပါတယ်။သွားဝါခြင်းဟာ ကာကွယ်လို့ရတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီးတော့ ကုသနိုင်တဲ့နည်းလမ်းတွေလည်း ရှိပါတယ်။အရင်ဆုံးအနေနဲ့ ကာကွယ်နိုင်တဲ့နည်းလမ်းတွေကို ပြောပြချင်ပါတယ်။ သွားဝါခြင်းကို ကာကွယ်ချင်တယ်ဆိုရင်တော့။သွားကျန်းမာရေးကို ဂရုစိုက်ပါ၊။သွားဝါကျင်တာကို ကုစားနိုင်မယ့်နည်းလမ်းတွေလည်း ရှိပါသေးတယ်။ ကိုယ့်ရဲ့သွားက ဝါကျင်နေတယ်လို့ သတိထားမိလာပြီဆိုရင် အရင်ဆုံး အောက်ပါနည်းလမ်းတွေကို အသုံးချကြည့်ပါ။အထက်ပါနည်းလမ်းတွေကတော့ သွားဝါခြင်း၊ အရောင်ပြောင်းလဲခြင်းကို ကုစားရာမှာ အသုံးတည့်စေမယ့် နည်းလမ်းတွေဖြစ်ပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/dental-conditions/tooth-discoloration/
အပ်ကြောက် လို့ ကာကွယ်ဆေးမထိုးချင်ဘူးဆို ဒီနည်းလမ်းတွေ လုပ်ကြည့်ပါ။
ကာကွယ်ဆေးတွေက စထိုးနေပြီဆိုတော့ မကြာခင် ကိုယ့်အလှည့် ဒါမှမဟုတ် ကိုယ့်မိသားစုထဲက တစ်ယောက်ယောက်အလှည့် ရောက်လာမှာပါ။ ကာကွယ်ဆေးထိုးဖို့လည်း စာရင်းဝင်တယ်။ တခြားဓာတ်မတည့်တာ ဘာညာလည်း မရှိဘူး။ တစ်ခုပဲ။အပ်ကြောက်တယ်။ အပ်မြင်တာနဲ့ကို နေစရာမရှိအောင် ကြောက်လာတာ။ ဘယ်လောက်ပဲ ပုရွက်ဆိတ်ကိုက်သလောက်ပဲ နာတာပါပြောပြော အဲ့ဒီအပ်ကြီး စိုက်ဝင်နေတာကို မကြည့်နိုင်တာ။ဒါပေမယ့်ကိုဗစ်ကာကွယ်ဆေးကလည်း ရတုန်းလေးထိုးရမှာ။ ကိုယ့်ဟာကိုယ်ထိုးဆို ဘယ်နားသွားဝယ်ရမလဲတောင် မသိ။ မြန်မြန်ထိုးမှ ကိုယ့်ကိုယ်ရော၊ သူများကိုပါ ကာကွယ်နိုင်ပြီး ဒီကပ်ရောဂါကြီးပြီးမှာဆိုတော့ ထိုးကလည်း ထိုးချင်၊ ကြောက်ကလည်းကြောက်။ ဒီလို ဝေခွဲမရဖြစ်နေပြီဆိုရင်တော့ ဒီဆောင်းပါးက သင့်ကို ကူညီနိုင်မှာပါ။အပ်ကြောက် တယ်ဆိုတာကိုTrypanophobiaလို့ ခေါ်ပြီး ကြောက်စိတ်တစ်မျိုးလို့ လက်ခံထားကြပါတယ်။ အမြင့်ကြောက်တာ၊ အလုံပိတ်အခန်းတွေ ကြောက်တာလိုမျိုး ကြောက်စိတ်တစ်ခုပါပဲ။ အထူးသဖြင့် ဆေးကုသဖို့၊ ဆေးစစ်ဖို့၊ ကာကွယ်ဆေးထိုးဖို့ အပ်တွေသုံးတဲ့အခါ ဆောက်တည်ရာမရအောင် ကြောက်နေတာပါ။လူတိုင်းကတော့ အပ်နဲ့ထိုးမှာကို ပျော်တဲ့သူမရှိပါဘူး။ အပ်နဲ့ထိုးခံရမယ်ဆို အနည်းအများတော့ ကြောက်ကြတာပဲ။ ဒါပေမယ့် အပ်ကြောက်တဲ့သူတွေကျတော့ ဆေးထိုးခံရတော့မယ်ဆိုရင်။ပညာရှင်တွေက ဘာကြောင့်ဖြစ်ရတာလဲဆိုတာ မသိကြသေးပါဘူး။ ဒါပေမယ့် အပ်ကြောက် တာက မျိုးနဲ့ရိုးနဲ့ ကြောက်တတ်တယ်လို့ ဆိုကြပါတယ်။ ဒါ့ပြင် ဟိုးအရင်က ကိုယ့်ရှေ့မှာ ဆေးထိုးပြီး ဓာတ်မတည့်ဖြစ်တာကို ကြုံဖူးတာ၊ ဆေးထိုးတဲ့နေရာက သွေးတွေထွက်တာကို ကြုံဖူးတာကနေလည်း ကြောက်တတ်ပါတယ်တဲ့။အပ်ကြောက်တာက ဆေးထိုးဖို့ကြုံလာတဲ့အခါမှ မထိုးချင်ဘူးလို့ ငြင်းဆန်ကြတာတွေလည်း ရှိသလို အပ်နဲ့ဝေးဝေးနေချင်လို့၊ အပ်ကို မြင်ရသာ မသက်မသာဖြစ်တာကြောင့် ဆေးရုံဆေးခန်း လုံးဝမသွားတဲ့သူတွေလည်း ရှိပါတယ်။ ဆေးထိုးရမှာ ကြောက်တာလည်း ပါတာပေါ့။ ဒါကြောင့် လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရဖို့ ခဲယဉ်းပါတယ်။မဖြစ်မနေကုသမှုခံယူရမယ့် အချိန်မျိုးထိ ဆေးထိုးရမှာကြောက်လို့ ဆရာဝန်ဆီမသွားဘဲ နေတာမျိုး၊ ခုလိုမျိုး အရေးကြီးတဲ့ ကာကွယ်ဆေးတွေ မထိုးဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။ဆေးက လတ်တလောမှာ အသက် ၁၈နှစ်အထက်တွေကိုပဲ ထိုးပေးနေတာဆိုတော့ အားလုံးက ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့ လူကြီးတွေပါပဲ။ ဒါကြောင့် ထိုးချင်း၊ မထိုးချင်းက တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဆန္ဒပါ။ အတင်းအကြပ်ထိုးခိုင်းတာမျိုး မဟုတ်ပါဘူး။ဒါပေမယ့် ဆေးပညာအရပြန်စဉ်းစားရင် ဒီကပ်ရောဂါကြီးကို ထိန်းချုပ်နိုင်ဖို့ လူဦးရေရဲ့ ၆၀-၇၀ ရာခိုင်နှုန်းလောက် ကာကွယ်ဆေးထိုးထားမှ ရမှာပါ။ ၁၈နှစ်မပြည့်သေးတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ကိုဗစ်သံသယလက္ခဏာရှိတဲ့သူတွေက လတ်တလောမှာ မထိုးနိုင်သေးပါဘူး။ တချို့ဆို ဆေးနဲ့ လုံးဝမတည့်လို့ မထိုးရတဲ့သူတွေလည်း ရှိပါတယ်။ တချို့ကျတော့လည်း ကျန်းမာရေး အခြေအနေအရ ဆေးထိုးဖို့ ဆိုင်းငံ့ထားပါတယ်။ဒီလူတွေနဲ့တင် ၆၀-၇၀ ရာခိုင်နှုန်း ပြည့်ဖို့ ခဲယဉ်းမှာပါ။ သူတို့တွေ ပြန်ထိုးနိုင်မယ့်အချိန်အထိစောင့်ရမယ်ဆိုရင်ကပ်ရောဂါကို ထိန်းချုပ်ဖို့ပိုကြာသွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ အပ်ကြောက်တာကလွဲပြီး တခြားကျန်းမာရေးပြဿနာမရှိရင်၊ ထိုးဖို့အချက်တွေ ကိုက်ညီရင် ထိုးဖို့ အကြံပေးချင်ပါတယ်။ဟိုအရင်နှာခေါင်းစည်းတပ်၊လက်ဆေးသလိုပဲ ကာကွယ်ဆေးထိုးတာက ကိုယ့်ကိုယ်ကိုရော၊ ကိုယ်ကနေ သူများကို ရောဂါမကူးအောင်ပါ ကာကွယ်ပေးနိုင်တာကြောင့်ပါ။ဒီအပ်လေးနဲ့ ထိုးတာပဲ၊ ဘာကြောက်စရာရှိလဲ၊ ပုရွက်ဆိတ်လေး ကိုက်သလောက်ပဲ၊ ခဏပဲကြာမှာ ဒီလိုပြောရုံနဲ့တော့ အဆင်မပြေပါဘူး။ ဒီလို ကြောက်တဲ့ရောဂါမျိုးက သာမန်အကြောက်တရားထက် ပိုတာကြောင့် ဒီလို ကိုယ်ချင်းမစာဘဲ ပြောလိုက်လို့တော့ မဖြစ်ပါဘူး။နိုင်ငံခြားမှာဆို ဒီလိုအကြောက်ရောဂါမျိုးကို စိတ်ရောဂါအထူးကုနဲ့တောင် ပြကြတာပါ။ ဒီမှာလည်း ပြလို့ရပါတယ်။ ပြပြီးနှစ်သိမ့်ဆွေးနွေးမှုတွေ ခံယူတာ၊ လိုအပ်ရင် ဆေးဝါးတွေနဲ့ ကုသတာမျိုး လုပ်လို့ရပါတယ်။ အပ်ကြောက်တာက ရေရှည်မှာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့ အခက်အခဲဖြစ်လာနိုင်တဲ့အတွက် ပေါ့သေးသေးတော့ မဟုတ်ပါဘူး။လတ်တလောမှာ စိတ်ရောဂါအထူးကုနဲ့တော့ မပြချင်သေးဘူး။ ကိုဗစ်ကာကွယ်ဆေးလေးတော့ အားတင်းပြီး ထိုးလိုက်မယ်ဆိုရင်တော့ အောက်က နည်းလမ်းတွေကို လုပ်ကြည့်ဖို့ အကြံပြုလိုပါတယ်။ အပ်ကြောက် တဲ့သူကို အတင်းအကြပ်ဆေးထိုးဖို့ ပြောတာထက်စာရင် သူတို့ကို အကြောက်သက်သာအောင် လုပ်ပေးတာက ပိုကောင်းပါတယ်။ကာကွယ်ဆေး ထိုးခါနီးရင်။ဆေးထိုးပြီဆိုရင်။ဆေးထိုးပြီးတဲ့အခါ။လူတိုင်းက ဒီနည်းလမ်းနဲ့ အဆင်ပြေချင်မှ ပြေမှာပါ။ တကယ်လို့ ဆေးထိုးမယ့် နေရာရောက်မှ ဘယ်လိုမှ မခံစားနိုင်ဘူး။ မရတော့ဘူးဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်ကို အကျိုးအကြောင်း ပြောပြလိုက်တာက အကောင်းဆုံးပါပဲ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/needle-fear-and-covid-vaccine/
သွေးပေါင်ကျတတ်တာလား ဒါလေးတွေသတိထားနော်
သွေးပေါင်ကျတယ်ဆိုတာကဖြစ်လေ့ဖြစ်ထရှိတဲ့ကျန်းမာရေးပြဿနာတစ်ခုပါ။ အရမ်းစိုးရိမ်ရတာမျိုးမဟုတ်ပေမယ့်သေချာဂရုစိုက်ဖို့တော့လိုအပ်တဲ့ ကျန်းမာရေး အခြေအနေတစ်ခုပါ။သွေးပေါင်ချိန်တိုင်းကြည့်လိုက်လို့ အပေါ်သွေးက ၉၀ mmHgအောက်သွေးက ၆၀ mmHgဖြစ်နေမယ်ဆိုရင်သွေးပေါင်ကျနေပြီလို့ပြောပါရစေ။ ပုံမှန်အားဖြင့်တော့ လူတစ်ယောက်က အပေါ်သွေး ၁၂၀ mmHg နဲ့အောက်သွေး ၈၀ mmHg မှာရှိရမှာဖြစ်ပါတယ်။သွေးပေါင်ကျတာကြောင့်ပြင်းပြင်းထန်ထန်လက္ခဏာတစ်ခုခုမရှိဘူးဆိုရင် စိုးရိမ်စရာမရှိပေမယ့်သွေးပေါင်ကျတာကြောင့် ခန္ဓါကိုယ် အစိတ်အပိုင်းတွေဆီကိုသွေးလုံလောက်စွာမရောက်တာမျိုးဖြစ်လာမယ်ဆိုရင် စိုးရိမ်စရာကောင်းနေပါပြီ။သွေးပေါင်ကျတာကရေရှည်မှာပြင်းထန်တဲ့ ကျန်းမာရေးအကျိုးဆက်တွေအနေနဲ့။သွေးပေါင်ကျတိုင်းဆေးရုံဆေးခန်းသွားဖို့မလိုပါဘူး။ အချို့သောအပြုအမူလေးတွေကိုပြင်ဆင်မှုက ကိုယ့်ကိုကိုယ်သွေးပေါင်ကျတဲ့ကျန်းမာရေးပြဿနာနဲ့ ခပ်ကင်းကင်းနေနိုင်အောင် အထောက်အပံ့ပေးနိုင်မှာပါ။ ဘာတွေများသတိထားရမလဲ အတူတူဆက်ကြည့်လိုက်ကြမလား။ဆားစားပေးပါ– ဆားကို အလွန်အကျွံမစားသင့်ပေမယ့် လုံးဝမစားဘဲနေတာတော့ မဖြစ်သင့်ပါဘူး။သွေးပေါင်ကျတတ်တယ်ဆိုရင် ဆားကို နည်းနည်းလောက်တော့စားပေးပါ။ရေများများသောက်ပါ– အရည်ဓါတ်ကသွေးထုထည်ကိုတိုးစေနိုင်ပါတယ်။နောက်တစ်ချက်က ခန္ဓါကိုယ်ကိုရေဓါတ်ပြည့်ဝစေနိုင်တာပါ။သွေးပေါင်ကျတာကို သက်သာစေဖို့အတွက်ရောခန္ဓါကိုယ်ကျန်းမာစေဖို့အတွက်ပါရေများများသောက်ပေးပါ။သောက်နေရတဲ့ဆေးဝါးတွေနဲ့ ပတ်သက်လို့ ဆရာဝန်နဲ့တိုင်ပင်ပါ– တစ်ခါတလေမှာသွေးပေါင်ကျတာကသောက်နေရတဲ့ဆေးဝါးတွေကြောင့်လည်းဖြစ်နေနိုင်ပါတယ်။ ဒါကြောင့်ဆေးတွေစသောက်ပြီးတဲ့အခါသွေးပေါင်ကျတဲ့လက္ခဏာမျိုးခံစားရမယ်ဆိုရင် ဆရာဝန်နဲ့သေချာဆွေးနွေးတိုင်ပင်ကြည့်ပါ။နည်းနည်းချင်းနဲ့ အကြိမ်များများစားပေးပါ-အစားစားတဲ့အခါ နည်းနည်းချင်းစီနဲ့ ခဏခဏစားပေးပါ။ ဒီနည်းလမ်းကသွေးပေါင်ကျတဲ့သူတွေအတွက် အသုံးတည့်နိုင်ပါတယ်။ ဒီနည်းက တစ်ခါတည်းအများကြီးစားတာထက်သွေးပေါင်ကျတာကို ပိုပြီး သက်သာစေနိုင်ပါတယ်။ရုတ်တရက် ခန္ဓါကိုယ်နေဟန်ထားပြောင်းတာမျိုး မလုပ်ပါနဲ့– ရုတ်ရက်ထိုင်ချလိုက်တာ၊ မတ်တတ်ရပ်လိုက်တာမျိုးမလုပ်ပါနဲ့။မိုက်ခနဲမူးတာ၊ခေါင်းထဲမှာ မူးဝေတာမျိုးခံစားရနိုင်ပါတယ်။သွေးပေါင်ကျတတ်သူတွေအနေနဲ့ ရုတ်တရက်ကိုယ်နေဟန်ထားပြောင်းတာမျိုးကမလုပ်သင့်တဲ့ အပြုအမူတစ်ခုပါ။ အိပ်ရာက နိုးတဲ့အခါ အရင်ထိုင်ပြီးမှာဖြည်းဖြည်းချင်းမတ်တတ်ထပေးပါ။ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ရမယ့်သူက ကိုယ်တိုင်ဖြစ်တာကြောင့် ဒီအချက်လေးတွေကို သတိထားပေးဖို့ပြောပါရစေနော်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%b1%e1%80%95%e1%80%ab%e1%80%84%e1%80%b9%e1%80%80%e1%80%ba%e1%80%90%e1%80%90%e1%80%b9%e1%80%90%e1%80%ac%e1%80%9c%e1%80%ac%e1%80%b8-%e1%80%92%e1%80%ab%e1%80%b1/
နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါကို ဖြစ်စေနိုင်တဲ့ မြန်မာနိုင်ငံမှာ အတွေ့အများဆုံး အကြောင်းအရင်း ၈ ချက်။ ။
နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါကဘာလဲဆိုတာ အရင်မပြောခင်ကိုယ်ခန္ဓာသွေးကြောစနစ်ရဲ့ အဖွဲ့ဝင်တွေနဲ့ အရင်မိတ်ဆက်ပေးချင်ပါတယ်။ သွေးကြောစနစ်မှာ သွေးလွှတ်ကြော ( arteries)၊သွေးပြန်ကြော( veins)၊ နဲ့ပြန်ရည်ကြော( lymphatic) ဆိုပြီး အဖွဲ့ဝင် ၃ ယောက်ရှိပါတယ်။ အဲ့ဒီတော့ သူတို့အထဲကမှ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါရဲ့ ပင်မဇာတ်လိုက်ဖြစ်တဲ့ သွေးပြန်ကြော အကြောင်းကိုပြောပြချင်ပါတယ်။ သွေးပြန်ကြောရဲ့ တာဝန်ကတော့ တစ်ကိုယ်လုံးကသွေးတွေကိုနှလုံးဆီပြန်သယ်လာရတာဖြစ်ပါတယ်။ သွေးပြန်ကြောရဲ့ အဓိက ပင်မစခန်းချတဲ့ နေရာကတော့ခြေထောက်မှာလို့ ပြောရပါလိမ့်မယ်။ ခြေထောက်မှာရှိတဲ့သွေးပြန်ကြောတွေက ကမ ္ဘာမြေကြီးရဲ့ ဆွဲအားနဲ့ ဆန့်ကျင်ပြီး နှလုံးဆီ သွေးတွေကို ပြန်ပို့ပေးနေရတာပါ။ သူ့မှာပါတဲ့ တစ်ဖက်ပွင့် အဆို့ရှင်လေးတွေက နှလုံးဆီကိုပဲသွေးတွေစီးစေပြီးတော့ ခြေထောက်ထဲသွေးတွေပြန်စီးဝင်တာကို တားဆီးပေးပါတယ်။ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါဆိုတာ veins လို့ခေါ်တဲ့ သွေးပြန်ကြောတွေ ပုံမှန် မဟုတ်တော့လို့ ဖြစ်ရတာပါ။နာတာရှည်ခြေထောက်သွေးပြန်ကြော ရောဂါဆိုတာ ကမ ္ဘာမှာသာမက မြန်မာနိုင်ငံမှာပါ အဖြစ်များတဲ့ ရောဂါတစ်ခုပါ။ တခြား နာမည်ကြီးဆီးချို၊သွေးတိုး၊ ကင်ဆာတွေ ရှိနေတော့ သူ့ကိုသတိမထားမိကြလို့ မသိကြတာပါ။ သိပ်မသိကြတော့ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါဖြစ်စေနိုင်တဲ့ အရာတွေကို ဂရုမမူမိဘဲ လုပ်နေမိတတ်ကြပါတယ်။ ပြီးတော့နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါဆိုတာ မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်လို့ရတဲ့ ရောဂါတစ်ခုပါ။ နာတာရှည်ခြေထောက်သွေးပြန်ကြော ရောဂါကို အများဆုံးဖြစ်စေနိုင်တဲ့ အရာတွေကို ကြိုရှောင်လိုက်ရင် ရောဂါကို လည်း ကာကွယ်ပြီးသားဖြစ်တာပေါ့။ ဒါကြောင့် ဘယ်အရာတွေက သူ့ကို အများဆုံးဖြစ်စေလဲဆိုတာ ဆက်ကြည့်ရအောင်။ ။အထိုင်များပြီး လှုပ်ရှားမှု မရှိတော့ သွေးလှည့်ပတ်မှုမကောင်းတော့ဘဲ နှလုံးဆီကို ပြန်စီးနေတဲ့လမ်းကြောင်း နှေးသွားပြီးသွေးတွေ ခြေထောက်မှာပြန်အိုင်နေတတ်ပါတယ်။ ဒီလိုအထိုင်များပြီး ခြေထောက်ဖောင်းလာတာကို ခြေထောက် သွေးကျတယ်လို့ ခေါ်ကြပါတယ်။ ဒီလိုဖြစ်လာပြီဆို သွေးပြန်ကြောတွေထဲမှာ ဖိအားတွေတက်လာပြီး ကြာလာရင် အဆို့ရှင်လေးတွေအားနည်းလာပါတော့တယ်။ အထိုင်များတာတင် မကပါဘူး၊မတ်တတ်ရပ်ေနတာ ၂ နာရီထက်ကျော်သွားရင်လည်း ကမ ္ဘာမြေကြီးရဲ့ ဆွဲအားကို ဆန့်ကျင်ပြီးတော့ နှလုံးဆီကို သွေးပြန်ပို့ဖို့ သွေးပြန်ကြောတွေ ပိုအလုပ်လုပ်ရတဲ့ အတွက် သွေးပြန်ကြောတွေ အားနည်းပြီး ရောဂါတွေစဖြစ်လာပါတော့တယ်။ အထိုင်များတဲ့ ခုခေတ်လူနေမှုစနစ်ကိုက ရောဂါ ဖြစ်စေဖို့ အတွက်လမ်းစဖော်ပေးနေတာမို့ တစ်နေ့တာ အချိန်ဇယားထဲမှာ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အတွက် သပ်သပ်အချိန်တစ်ခုဖယ်ထားသင့်တယ်နော်။ဆေးလိပ်မှာပါတဲ့ နီကိုတင်းနဲ့ ဓါတုပစ္စည်းတွေက သွေးကြောနံရံကို ကျဉ်းစေလို့ သွေးစီးဆင်းတာကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါ့အပြင် နီကိုတင်းက သွေးတွေကိုလည်းခဲစေတာကြောင့် သွေးပြန်ကြောတွေ ပိတ်ပြီး ခြေထောက်ပုတ်ကာ ဖြတ်ပစ်လိုက်ရတဲ့ အကြောင်းတွေ ကြားဖူးမှာပါ။ ဒါကြောင့် ဆေးလိပ်သောက်တာဟာနာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါကို ဖြစ်စေတဲ့ အကြောင်းတွေထဲက ထိပ်ဆုံးမှာပါဝင်နေတာ မဆန်းပါဘူး။ ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ချင်ရင်တော့ ဆေးလိပ်ကိုဖြတ်လိုက်တာကသာ အကောင်းဆုံးပါ။ကိုယ်ဝန်ဆောင်တာကလည်းနာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါကို ဖြစ်စေတဲ့ အကြောင်းတွေထဲ တစ်ခုပါပဲ။ ကိုယ်ဝန်သည်တွေမှာ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါက အကြောင်းအရင်း ၂ ချက်ကြောင့်ဖြစ်ရတာပါ။အဝလွန်တဲ့လူတွေမှာ ခြေထောက်သွေးကြောတွေ ဖောင်းနေတာ၊ ထုံးနေတာ၊ သွေးကြောပြတ်သလို အရာတွေပေါ်နေတာမျိုး မြင်ဖူးကြမှာပါ။ ဒီလိုဖြစ်ရတာကတော့ ဝရင် ခြေသလုံးမှာစုလာတဲ့ အဆီတွေက သွေးပြန်ကြောကို ဖိမိသလိုဖြစ်လို့ သွေးကြောအတွင်း ဖိအားကိုတက်စေပါတယ်။ အဲ့ဒီ အခါမှာတော့ သွေးပြန်ကြောတွေ ဖောင်းလာ၊ ထုံးလာပြီးတော့ ခြေထောက်တွေ လေးလာ၊ နာလာပါတော့တယ်။ ဒါကြောင့် မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ရအောင် အစားအသောက်တွေ ဆင်ခြင်ပြီး ကိုယ်အလေးချိန်ကို ထိန်းသင့်ပါတယ်။ ဝနေတဲ့သူတွေလည်း လေ့ကျင့်ခန်းလုပ်ပြီးကိုယ်အလေးချိန်ေလျှာ့ချဖို့ မပျင်းပါနဲ့။နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါဆိုတာ မျိုးရိုးလိုက်တဲ့ ရောဂါတစ်ခုပါ။ ဒါကြောင့် အမျိုးတွေထဲမှာနာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါဖြစ်ဖူးတဲ့ သူရှိရင် သင့်အနေနဲ့ ကြိုတင်ကာကွယ်သင့်ပါတယ်။ အထိုင်မများဘဲ လေ့ကျင့်ခန်းလုပ်ပြီး ကိုယ်အလေးချိန်ထိန်းထားပါ။၊ ဆေးလိပ်သောက်ရင်လည်း ဆေးလိပ်ကို ဖြတ်လိုက်ပါ။ခြေထောက်မှာ သွေးကြောထုံးတယ်ဆိုတာ သင့်ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတစ်ယောက်မဟုတ် တစ်ယောက်ဆီမှာ မြင်တွေ့နေကြဖြစ်တဲ့ အရာတစ်ခုပါ။ သွေးကြောထုံးတွေကနာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါရဲ့ အစလို့တောင်ပြောလို့ရပါတယ်။ သွေးကြောထုံးတွေကြောင့် သွေးပြန်ကြောထဲရှိတဲ့ အဆို့ရှင်တွေ မလုံတော့ဘဲ ခြေထောက်မှာသွေးတွေပြန်ပြန်အိုင်နေတတ်လို့ ခြေထောက်ဖောပြီး နာလာတာဖြစ်ပါတယ်။ ဒါကြောင့် သင့်မှာ သွေးကြောထုံးနေပြီဆိုတာနဲ့ ဆေးကုသမှုသေချာ ခံယူသင့်ပါတယ်။ကင်ဆာ တင်မဟုတ် ကင်ဆာကိုကုဖို့ သွင်းတဲ့ ဆေးတွေကလည်းနာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါကိုဖြစ်စေနိုင်ပါတယ်။ ကင်ဆာကြောင့် အများဆုံးဖြစ်တာက Deep Vein Thrombosis (DVT) လို့ခေါ်တဲ့ သွေးပြန်ကြောတွင်းသွေးခဲတာဖြစ်ပါတယ်။ Deep Vein Thrombosis (DVT ) ကလည်း သွေးပြန်ကြောရောဂါ တစ်ခုပါ။ ကင်ဆာထဲမှာဆို ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနဲ့အဆုတ်ကင်ဆာတို့က နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါကို ပိုဖြစ်စေနိုင်ပါတယ်။ချော်လဲတာပဲဖြစ်ဖြစ်၊ ယာဉ်တိုက်တာပဲဖြစ်ဖြစ် ခြေထောက်မှာ ဒဏ်ရာရသွားပြီဆိုရင် အပြင်မှာတင် ဒဏ်ရာရတာမဟုတ်ပါဘူး၊ အတွင်းသွေးကြောလေးတွေလည်း ထိခိုက်ပြီး ရောင်သွားနိုင်ပါတယ်။ ဒါ့အပြင် ဒဏ်ရာရရင် သွေးတိတ်အောင် ထွက်လာတဲ့ တချို့သွေးခဲတွေက သွေးပြန်ကြောအပေါ်ကိုဖိလို့ သွေးကောင်းကောင်း မစီးနိုင်တော့တဲ့အပြင် သွေးပြန်ကြောလည်း ရောင်လာနိုင်ပါတယ်။ ဒါကြောင့်ဒဏ်ရာရသွားရင်လည်း အိပ်ရာပေါ်မှာပဲ လှဲမနေဘဲ လမ်းလျှောက်နိုင်ရင် လျှောက်ပေးပါ။ မလျှောက်နိုင်ရင်လည်း ခြေထောက်ကို အားသိပ်မသုံးဘဲ လှုပ်လှုပ်ပေးသင့်ပါတယ်။ ဒါမှ သွေးစီးဆင်းမှုကို ကောင်းစေမှာပါ။ခုပြောပြခဲ့တာတွေကတော့နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါကို အများဆုံးဖြစ်စေနိုင်တဲ့အကြောင်းတွေပဲဖြစ်ပါတယ်။ နာတာရှည်ခြေထောက် သွေးပြန်ကြောရောဂါကို ပေ့ါဆပြီး မကုဘဲထားမယ်ဆိုရင် ခြေထောက်ဖြတ်ပစ်ရတာတွေနဲ့ ၊အနာတွေကနေ ပိုးတွေဝင်ပြီး သွေးဆိပ်သင့်ကာ အသက်ဆုံးရှုံးတဲ့ အထိဖြစ်နိုင်ပါတယ်။ ဒါကြောင့် အပေါ်မှာ ပြောပြခဲ့တဲ့နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါဖြစ်စေနိုင်တဲ့အချက်တစ်ချက်ချက်နဲ့ ကိုက်ညီနေပြီ၊ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါလည်းဖြစ်နေပြီဆို ဆရာဝန်နဲ့ သေချာကုသဖို့ အရေးကြီးပါတယ်။ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါဆိုတာ မြန်မြန်သိ မြန်မြန်ကု မြန်မြန်ပျောက်တဲ့ ရောဂါတစ်ခုဖြစ်တာမို့ ကိုယ့်မှာ ရောဂါရှိတယ်ဆိုတာ သေချာတာနဲ့ ချက်ချင်းကုသမှုခံယူနိုင်ရင် အကောင်းဆုံးပါပဲ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/venous-insufficiency/
Tailbone (Coccyx) Injury ( မြီးညှောင့်ရိုးထိခိုက်မိခြင်း)
မြီးညှောင့်ရိုး(coccyx)ဟာ ကျောရိုးရဲ့ အောက်ဖက်အဆုံးဖြစ်ပါတယ်။ ရေခဲပြင် ဒါမှမဟုတ် လှေကားထစ်လိုမျိုး မာကျောတဲ့ မျက်နှာပြင်တွေပေါ် ချော်လဲကျတဲ့အခါမှာ မြီးညှောင့်ရိုးထိခိုက်ခံရတတ်ပါတယ်။ နာကျင်မှုကများသောအားဖြင့် အရိုးထိခိုက်တာကြောင့်ဖြစ်နိုင်သလို အရွတ်တွေဆွဲ့ဆန့်မိသလို ဖြစ်သွားတာကြောင့်လည်းဖြစ်နိုင်ပါတယ်။မြီးညှောင့်ရိုးကျိုးတာရှားပါးပြီး မြန်မြန်လည်း ပြန်လည်ကောင်းမွန်ကြပါတယ်။ ဒါကြောင့်ဓါတ်မှန်ရိုက်ဖို့ မလိုအပ်ပါဘူး။ အဆစ်လွဲတာကတော့ တော်တော်လေးရှားသွားပါပြီ။ ဒါပေမယ့်လည်း လွဲသွားမယ်ဆိုရင်လည်း ဆရာဝန်က ပြန်လည်တည့်မတ်ပေးဖို့လိုလာပါပြီ။ တင်ပါးနှစ်ခုကြား အကွဲကြောင်း၏ အပေါ်ပိုင်းတွင် နာကျင်မှုရှိမရှိကို ကြည့်ခြင်းအားဖြင့် မြီးညှောင့်ရိုးထိခိုက်မှုရှိမရှိကို စစ်ဆေးတွေ့ရှိနိုင်ပါတယ်။အဓိကလက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။မြီးညှောင့်ရိုးထိခိုက်မှုတွေကို ကာကွယ်ဖို့ အောက်ပါတို့ ပြုလုပ်သင့်ပါတယ်။နှင်းတောထဲသွားတဲ့အခါမျိုး၊ ရေခဲပြင်ပေါ်လမ်းလျှောက်တဲ့အခါမျိုးမှာ ချော်မလဲတဲ့ ဖိနပ်တွေ ဝတ်ဆင်ပါ။နာကျင်မှုကများသောအားဖြင့် အရိုးထိခိုက်တာကြောင့်ဖြစ်နိုင်သလို အရွတ်တွေဆွဲ့ဆန့်မိသလို ဖြစ်သွားတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ မြီးညှောင့်ရိုးကျိုးတာရှားပါးပြီး မြန်မြန်လည်း ပြန်လည်ကောင်းမွန်ကြပါတယ်။ ဒါကြောင့်ဓါတ်မှန်ရိုက်ဖို့ မလိုအပ်ပါဘူး။ အဆစ်လွဲတာကတော့ တော်တော်လေးရှားသွားပါပြီ။ ဒါပေမယ့်လည်း လွဲသွားမယ်ဆိုရင်လည်း ဆရာဝန်က ပြန်လည်တည့်မတ်ပေးဖို့လိုလာပါပြီ။ တင်ပါးနှစ်ခုကြား အကွဲကြောင်း၏ အပေါ်ပိုင်းတွင် နာကျင်မှုရှိမရှိကို ကြည့်ခြင်းအားဖြင့် မြီးညှောင့်ရိုးထိခိုက်မှုရှိမရှိကို စစ်ဆေးတွေ့ရှိနိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။မြီးညှောင့်ရိုးထိခိုက်မိမယ်ဆိုရင် များသောအားဖြင့် သုံးလေးပတ်လောက် နာကျင်နေပါလိမ့်မယ်။ ကလေးကို အစီတာမီနိုဖန် ဒါမှမဟုတ် အိုင်ဗျူပရိုဖန်အား ၂ရက်၃ရက်ခန့်ပေးပါ။ ရော်ဘာကွင်း ဒါမှမဟုတ် ကူရှင်ခံထားတဲ့ ထိုင်ခုံကို ပြောင်းပြန်ထိုင်ခြင်းက မြီးညှောင့်ရိုးပေါ်မှာ ဖိအားမသက်ရောက်နေအောင် လုပ်ပေးနိုင်ပါတယ်။ ရေနွေးအိတ်လည်း အလုပ်ဖြစ်နိုင်ပါတယ်။ အူလှုပ်ရှားမှုတွေက နာကျင်မှုတွေ ဖြစ်စေနိုင်တာကြောင့် သောက်ရန်ပြုလုပ်ထားသော ရေနှံဆီ လက်ဖက်ရည်ဇွန်း၁ဇွန်း၊၂ဇွန်းလောက် တစ်နေ့၂ကြိမ်ခန့်သောက်ပေးပါ။မြီးညှောင့်ရိုးထိခိုက်ဒဏ်ရာရမှုရဲ့ လက္ခဏာတွေရှိမယ် ဒါမှမဟုတ် ဘယ်လိုမှသေချာမသိနိုင်တဲ့ နေမထိထိုင်မသာမှုမျိုးကို မြီးညှောင့်ရိုးနေရာမှာ ခံစားနေရပြီဆိုရင် ဆရာဝန်ဖြင့် ဆက်သွယ်ပေးပါ။ နာကျင်တာက ထိခိုက်မိတာကြောင့်လား ဒါမှမဟုတ် အခြား ပိုဆိုးတဲ့ အကြောင်းအရာ တစ်ခုခုကြောင့်လားဆိုတာကို ဆရာဝန်သေချာဆုံးဖြတ်ဖို့လိုပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/fractures-broken-bones/tailbone-coccyx-injury-%e1%80%99%e1%80%bc%e1%80%ae%e1%80%b8%e1%80%8a%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%91%e1%80%ad%e1%80%81%e1%80%ad/
အိမ်ထောင်ရေး ဖောက်ပြန်မှု ကနေ နာလန်ထူနိုင်စေမယ့် နည်းလမ်း (၉) ခု
အိမ်ထောင်ရေး ဖောက်ပြန်မှု ၊ သမီးရည်းစား ဖောက်ပြန်မှု တစ်ခုကို ကြုံရတဲ့အခါ တုံ့ပြန်ပုံက အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ အဖော်နဲ့ သူရဲ့ နောက်တစ်ယောက်ကို ဒေါသထွက်တာ၊ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်တာ၊ ဘယ်သူ့ကို အပြစ်တင်ရမှန်းမသိဘဲ ရင်ဘတ်ထဲမှာ တင်းကျပ်နေတာတွေက ကိုယ့်ကျန်းမာရေးကို ဖျက်လိုဖျက်ဆီး ဖြစ်စေပါတယ်။ ဖောက်ပြန်မှုနဲ့ ကြုံတွေ့ရတာက ဘဝကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အတွေ့အကြုံဖြစ်တာကြောင့် ဒီကနေ  နာလန်ပြန်ထူနိုင်ဖို့ အချိန်လိုပါတယ်။ဘာကြောင့်ပဲ ဖြစ်ပါစေ။ ဖောက်ပြန်မှု ဖြစ်တာက ဖြစ်ပြီးခဲ့ပါပြီ။ ဖောက်ပြန်မှု တစ်ခုနဲ့ ကြုံတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ တုံ့ပြန်မှုက မတူပါဘူး။စစချင်းမှာတော့ ဒေါသဖြစ်မယ်၊ ငါ့ကျမှ ဘာလို့ ဖြစ်တာလဲဆိုပြီး မချင့်မရဲတွေ ဖြစ်မယ်။ ငါဘာများ မှားလို့လဲဆိုပြီးကိုယ့်ကိုယ်ကို အပြစ်တင်မယ်။ သစ္စာဖောက်ခံရတာကြောင့် ကျားနာကျသလို အကုန်လုံးကို ရန်တွေ့ချင်နေမယ်။ တုံဏိဘာဝေနဲ့ ဒါဟာ အိပ်မက်တစ်ခု ဖြစ်မှာပါဆိုပြီး အဖြစ်မှန်ကို လက်မခံရဲတာလည်း ဖြစ်နိုင်ပါတယ်။နည်းနည်းလေး စိတ်နဲ့ လူနဲ့ ကပ်လာချိန်မှာတော့ ဒီဆက်ဆံရေးကို ရပ်လိုက်တာမျိုးလည်း ရှိနိုင်သလို တစ်ခါလောက် အခွင့်အရေး ပေးကြည့်တာပေါ့လို့ ဆုံးဖြတ်လိုက်တဲ့ အတွဲတွေလည်း ရှိမှာပါ။ အိမ်ထောင်သည်တွေဆိုရင်တော့ ကိုယ့်ခံစားချက်အပြင် ကလေးတွေကိုပါ ထည့်သွင်းစဉ်းစားကြမှာပါ။ဒီနေရာမှာ အရေးကြီးတာက အပြင်လူအနေနဲ့  ဝေဖန်တာ၊ အကြံပေး တိုက်တွန်းတာတွေ မလုပ်မိဖို့ပါပဲ။ ဒီလို ဖောက်ပြန်တတ်တဲ့သူနဲ့ ကွဲလိုက်ပါလားလို့လည်း မပြောသင့်သလို၊ ကလေးရဲ့ မျက်နှာလည်းရှိသေးတယ် သည်းခံလိုက်ပါလို့လည်း မတိုက်တွန်းသင့်ပါဘူး။ဒီအိမ်ထောင်ရေး၊ ဒီဆက်ဆံရေးကို ဒီနှစ်ဦးက လွဲပြီး ဘယ်သူကများ ပိုသိဦးမှာလဲ။ ဒါကြောင့်ကွာရှင်းသည်ဖြစ်စေ၊ ဆက်ပေါင်းသည်ဖြစ်စေ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပေးရမှာ ဖြစ်ပါတယ်။တတိယလူ ပေါ်လာတဲ့အချိန်မှာ ဖောက်ပြန်ခံရသူက အနာကျင်ဆုံး ဖြစ်မှာပါ။ ဖောက်ပြန်တဲ့သူက ကိုယ့်ရဲ့ အသိတွေထဲက ဖြစ်နေမယ်ဆိုရင် စံပယ်ရယ် သူငယ်ချင်းတွေမို့ဆိုပြီး ပိုပြီးတောင် ခံရခက်မှာပါ။ဖောက်ပြန်ခံရတာက ဘဝရဲ့ ကြီးမားတဲ့ အပြောင်းအလဲပါ။ ကိုယ်ချစ်ရင် ချစ်ခဲ့သလောက်၊ ယုံကြည်ခဲ့သလောက် ပိုပြီး နာကျင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ စိတ်ရော လူပါ ဂျုံးဂျုံးကျသွားနိုင်ပါတယ်။ဒါပေမဲ့ ဒါက ဘဝရဲ့ အဆုံးသတ်မဟုတ်ပါဘူး။ ဒီကနေ ပြန်ပြီး နာလန်ထဖို့ အတူတူ ကြိုးစားလို့ ရပါသေးတယ်။ဒါက ဖြစ်ပြီးသွားပြီဆိုတာကို အရင်လက်ခံလိုက်ဖို့ လိုပါတယ်။ ခက်ခဲတယ်ဆိုပေမယ့် အမှန်တရားကို လက်ခံလိုက်ပြီဆိုတာနဲ့ ဘာဆက်လုပ်မလဲဆိုတဲ့ လမ်းကြောင်းက ပွင့်လာမှာ ဖြစ်ပါတယ်။သူတောင် ဖောက်ပြန်တာ၊ ငါလည်း ဖောက်ပြန်မယ်လို့ မတွေးပါနဲ့။ မလုပ်ပါနဲ့။ ဒါက နောက်ဆုံးမှာ သင့်ကိုယ်ပဲ နာကျင်စေမှာပါ။ ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။ လက်တုံ့ပြန်ချင်စိတ်ကြောင့် အတွဲခံရသူအတွက်လည်း မတရားပါဘူး။ဖောက်ပြန်ခံရပြီဆိုတာနဲ့ လူတိုင်းက ‘ငါဘာများ မှားခဲ့လို့လဲ’ လို့ ကိုယ့်ကိုယ်ကို မေးလေ့ရှိပါတယ်။ ကိုယ့်ကိုယ်ကိုလည်း အပြစ်မတင်ပါနဲ့။ အဖော်နဲ့ သူ့ရဲ့ နောက်လူကိုလည်း အပြစ်မတင်ပါနဲ့တော့။အပြစ်တွေတင်ပြီး အဖြေတွေ အတင်းရှာနေတာက ကိုယ့်ကိုပဲ စိတ်ပင်ပန်းစေမှာပါ။ဒီအဖြစ်အပျက်တွေကို လက်ခံဖို့ရော၊ ဘာဆက်လုပ်မလဲဆိုတာ စဉ်းစားဖို့ရော အချိန်တစ်ခုလိုပါတယ်။ အလျင်စလို မဆုံးဖြတ်လိုက်ပါနဲ့။ တစ်ယောက်တည်း သီးသန့်နေတာဖြစ်ဖြစ်၊ခရီးသွားတာဖြစ်ဖြစ်ကိုယ့်ကိုယ်ကို အချိန်ပေးပြီး ခေါင်းအေးအေးထား ဆုံးဖြတ်ပါ။ဒီနေရာမှာ နှစ်‌ယောက်သားဆုံပြီး တစ်ယောက်နဲ့ တစ်ယောက် အပြစ်တင်ဖို့၊ အတိတ်က ကိစ္စတွေကို ပြန်တူးဆွဖို့ မဟုတ်ပါဘူး။ ရှေ့ဆက်ပြီး ဘာလုပ်ကြမလဲဆိုတာကို တိုင်ပင်ဖို့ပါ။ ကလေးရှိတဲ့ အိမ်ထောင်သည်တွေဆို ပိုပြီး အရေးကြီးပါတယ်။ ကလေးနဲ့ ပတ်သက်ပြီးဘယ်လိုတွေ အုပ်ထိန်းမယ်ဆိုတာကိုပါ ဆွေးနွေးကြဖို့ လိုပါတယ်။ပြန်ပေါင်းမလား၊ လွှတ်ပေးလိုက်တော့မလား ဆုံးဖြတ်ပြီးသွားရင် ဒီနွံထဲက တဖြည်းဖြည်း ရုန်းထွက်နိုင်ဖို့ ကြိုးစားပါတော့။ သူတို့အကြောင်းကို တတ်နိုင်သမျှ စိတ်မဝင်စားမိအောင် နေပါ။ဆိုရှယ်မီဒီယာမှာလည်း သွားသွားမကြည့်ပါနဲ့။ ပို့စ်တွေ shareပြီးလည်း သွားမခနဲ့ပါနဲ့တော့။ ဖုန်းဆက်တာတွေ၊ စာပို့တာတွေလည်း မလုပ်ပါနဲ့။ သူတို့ စက်ဝန်းထဲကို ဝင်မသွားမိအောင် ကိုယ့်ကိုယ်ကို ထိန်းပါ။ကိစ္စတွေ ဖြတ်ပြီးရင်တော့ ကိုယ့်အတွက်ကိုယ် ပြန်ကြည့်ဖို့ လိုပါပြီ။ ဒီတလောမှာ အအိပ်အစားတွေ ပျက်ထားရင် ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်ပါ။ လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာတွေ လုပ်ပါ။ အသစ်အဆန်းတွေ သင်ယူပါ။ ကိုယ်ချစ်တဲ့သူတွေကို အချိန်ပိုပေးပါ။ကိုယ့်ကိုယ်ကို ချစ်ပါ။ ဂရုစိုက်ပါ။ ဒီလိုအချိန်မှာ ကိုယ့်ထက်အရေးကြီးတာ ဘာများရှိဦးမှာလဲ။စိတ်ပင်ပန်းလွန်းတဲ့အခါနှစ်သိမ့်ဆွေးနွေးမှုခံယူပါ။ အနည်းဆုံးတော့ လုံလုံခြုံခြုံ ရင်ဖွင့်စရာ ရတာပေါ့။ အအိပ်အစားတွေ ပျက်လွန်းပြီး ကိုယ့်ကိုယ်ကို မဟုတ်တဲ့ အတွေးတွေ တွေးလာရင် စိတ်ရောဂါဆရာဝန်ရဲ့ အကူအညီကို ရယူပါ။ဒါတွေက သင်ပျော့ညံ့လို့ ဖြစ်တာ မဟုတ်ပါဘူး။ သူတို့ကို ရှုံးသွားတာလည်း မဟုတ်ပါဘူး။  တုန်လှုပ်စရာကောင်းတဲ့ အဖြစ်အပျက်ကြောင့် နေမကောင်းဖြစ်သွားတာကို ကုသတယ်လို့ပဲ တွေးပါ။ငါသန်မာမှရမယ်၊ ပြိုလဲသွားလို့ မဖြစ်ဘူးဆိုပြီး အတင်းကြီး သန်မာချင်ယောင် မဆောင်ပါနဲ့။ ပြိုလဲလို့ ရပါတယ်။ ငိုလို့လည်း ရပါတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့သာ မမေ့ပါနဲ့။လူတိုင်းက ကိုယ့်အ‌ဖော်လိုမျိုး ဖောက်ပြန်မှာ မဟုတ်ပါဘူး။ အပြင်မှာ လူကောင်းတွေ အများကြီး ရှိပါသေးတယ်။ ကိုယ့်ကို တကယ်ချစ်မယ့်သူကို ရှာတွေ့နိုင်ပါသေးတယ်။ ဒါကြောင့် အခွင့်အရေးကြုံလာတဲ့အခါ ထပ်ချစ်ကြည့်ဖို့ မကြောက်ပါနဲ့။ဒါကတော့ တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ် ကွာခြားနိုင်ပါတယ်။ အများစုကတော့။ဖောက်ပြန်ခံရတဲ့ အတွေ့အကြုံကို ပေါ့ပေါ့လေးလို့ မတွေးပါနဲ့။ ဒါက ကိုယ့်ရဲ့ စိတ်နဲ့ ကိုယ်ကို ပြိုလဲတဲ့အထိ ပြင်းထန်နိုင်ပါတယ်။ ဖောက်ပြန်ခံရသူကို ဘေးလူတွေက ကူညီဖေးမဖို့ လိုသလို ကာယကံရှင် ကိုယ်တိုင်ကလည်း နာလန်ထူဖို့ ကြိုးစားသင့်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/9-tips-to-recover-from-being-cheated/
လျှာအရောင်က ပြောပြနေတဲ့ ကျန်းမာရေး
ပါးစပ်ထဲက လျှာကအစားအစာကို အရသာခံတာထက် ပိုပါတယ်။ ဒါဆို စကားပြောဖို့ အသုံးဝင်တာလားလို့ မပြောနဲ့နော်။ လျှာက စကားပြောဖို့၊ အရသာသိဖို့အပြင်ကျန်းမာရေး အခြေအနေတွေကို ဖော်ပြပေးနိုင်ပါတယ်။  လျှာအရောင်က ပြောပြနေတဲ့ ကျန်းမာရေး အခြေအနေတွေက အမျိုးမျိုးပါ။ ဒီတော့ ကိုယ်တိုင် လျှာလေးကို စစ်ဆေးကြည့်လိုက်နော်။လူတစ်ယောက်ဟာကျန်းမာနေတယ်ဆိုရင်သူ့ရဲ့ လျှာက ပန်းရောင်သွေးသန်းပြီး အပေါ်မှာ အဖြူရောင် ခပ်ပါးပါးလေး ရှိနိုင်ပါတယ်။ ပန်းရောင်က ရင့်တာ ရှိသလို ခပ်ဖျော့ဖျော့လည်း ဖြစ်နိုင်ပါတယ်။နောက်တစ်ချက်က လျှာပေါ်မှာ အဖုလေးတွေရှိနေတာပါ။ အဖုအပိမ့်မဟုတ်ဘဲ လျှာပေါ်ကအရသာခံစားနိုင်တဲ့ အဖုသေးသေးလေးတွေ မြင်သာနေတဲ့ အနေအထားပါ။လျှာအရောင်ကို​ကြည့်ပြီးဘယ်လို ကျန်းမာရေးအခြေအနေတွေ ခံစားနေရတာလဲဆိုတာကို ဆန်းစစ်ကြည့်လိုက်ရအောင်လား။လျှာပေါ်မှာ keratin ဖြစ်နေတဲ့အခါ လျှာက မည်းနေနိုင်ပါတယ်။Keratinဆိုတာကအရေပြား၊ ဆံသားနဲ့ ခြေသည်းလက်သည်းတွေမှာ ရှိတဲ့ ပရိုတင်းတစ်မျိုးပါ။ Keratin ဖြစ်ပေါ်မှုက လျှာကို အနက်ရောင်ဖြစ်စေတာ အမွှေးတွေ ထူစေတာမျိုး ဖြစ်စေနိုင်ပါတယ်။ဒါ့ပြင် ဒီအချက်တွေကြောင့် လျှာက အနက်ရောင်ဖြစ်ရတာပါ။လျှာမှာ အဖေးတွေ ဖြစ်တာက လျှာဖြူတာ၊ လျှာမျာ အဖြူရောင် အကွက်တွေ ဖြစ်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ခံတွင်း မှက္ခရုလိုမျိုး မှိုပိုးဝင် ကူးစက်တာကြောင့်လည်း လျှာဖြူနိုင်ပါတယ်။ခံတွင်းမှက္ခရုဖြစ်တာဆိုရင် လျှာက ထူထူကြီး နဲ့ နာနေနိုင်ပါတယ်။ လျှာမှာ အဖြူရောင် ဒါမှမဟုတ် အနီရောင် အကွက်တွေ ဖြစ်ပေါ်နိုင်ပါတယ်။ မျိုချရခက်တာ၊ အစားစားရခက်တာမျိုး ဖြစ်နိုင်ပါတယ်။နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုက လျှာဖြူတာဟာဆေးလိပ်သောက်သုံးလို့ပါ။ ဓာတ်မတည့်မှု တစ်ခုခုဖြစ်တဲ့အခါမျိုးမှာလည်း လျှာဖြူတာမျိုး ရှိနိုင်ပါတယ်။လျှာက ပုံမှန်အရောင် မဟုတ်ဘဲ ခရမ်းရောင်ဖြစ်နေရတာက နှလုံးရောဂါ အခြေအနေတစ်ခုခုကြောင့် ဖြစ်နိုင်သလိုသွေးလှည့်ပတ်မှုမကောင်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုက လျှာ ခရမ်းရောင်ဖြစ်နေရတာက ရှာပါး ကျန်းမာရေးအခြေအနေ တစ်ရပ်ဖြစ်တဲ့ သွေးကြောတွေ ရောင်ရမ်းတဲ့ပြဿနာကြောင့်လည်း ဖြစ်နိုင်ပါတယ်။လျှာက အနီရောင်ဖြစ်နေတာဟာဗီတာမင် B ချို့တဲ့နေမှု လက္ခဏာတစ်ရပ်ပါ။ ဆေးဝါးတွေ အစားအစာတွေနဲ့ ဓာတ်မတည့်တဲ့အခါမျိုးမှာလည်း လျှာက အနီရောင်ဖြစ်စေနိုင်ပါတယ်။လျှာရောင်နေတဲ့အခါမျိုးမှာလည်း လျှာက အနီရောင်ဖြစ်နေနိုင်ပါတယ်။ နောက်တစ်ခုက သွေးကြောတွေ ရောင်ရမ်းနေတာကြောင့်လည်း လျှာက နီနေနိုင်ပါတယ်။လျှာက မီးခိုးရောင်ဖြစ်နေတာ၊ မီးခိုးရောင် နဲ့ အဖြူရောင်အစက်တွေ လျှာမှာ ပေါ်နေတာက လျှာမှာ အဖြူရောင်အစင်းတွေနဲ့ မီးခိုးရောင်အစက်တွေ ဖြစ်နေတာမျိုးတွေ့ရနိုင်ပါတယ်။ဒီလို ဖြစ်နေတာကနှင်းခူ ရောဂါခံစားနေရတာပါ။ နှင်းခူဖြစ်နေတဲ့အခါ လျှာက အရောင်ပြောင်းသွားပြီး မီးခိုးရောင် ဒါမှမဟုတ် အရာင် ခပ်ဖျော့ဖျော့ ဖြစ်တာမျိုး ရှိနိုင်ပါတယ်။လျှာက ပုံမှန်အရောင် မဟုတ်ဘဲ အဝါရောင် ပြောင်းနေတာက လျှာမှာဘက်တီးရီးယားတွေပေါက်ဖွားနေတယ်ဆိုတဲ့ လက္ခဏာပါ။ ခံတွင်း သန့်ရှင်းမှု အားနည်းတာ၊ ခံတွင်းခြောက်တာတွေက ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို ဖြစ်ပေါ်စေပြီး လျှာကို အဝါရောင် ပြောင်းစေနိုင်ပါတယ်။လေ့လာမှုတွေအရကတော့ ဆီးချို၊ အသားဝါရောဂါ ခံစားနေရသူတွေမှာလည်း လျှာ ဝါနိုင်တယ်ဆိုတာပါ။လျှာ လိမ္မော်ရောင်ဖြစ်တာက လျှာဝါတာနဲ့ ဖြစ်ရတဲ့ အကြောင်းအရင်းတွေက ခပ်ဆင်ဆင်ပါ။ ခံတွင်းသန့်ရှင်းမှု အားနည်းတာနဲ့ခံတွင်းခြောက်တာတို့ကြောင့် ဘက်တီးရီးယား ပေါက်ဖွားမှု များလို့ပါ။အချို့သော ပဋိဇီဝ ပိုးသတ်ဆေးတွေ၊ အစားအစာတွေကြောင့်လည်း လျှာက လိမ္မော်ရောင် ပြောင်းနိုင်ပါတယ်။ ဥပမာ ဘီတာကယ်လ်ရိုတင်း ကြွယ်ဝတဲ့မုန်လာဥနီအစားများတာကြောင့်လည်း လျှာက လိမ္မော်ရောင် ဖြစ်နိုင်ပါတယ်။လျှာက ပန်းရောင်ကနေ အစိမ်းရောင် ပြောင်းသွားတယ်ဆိုတာ လျှာ အဖြူရောင် ပြောင်းတာ၊ အဝါရောင် ပြောင်းတာတို့လိုပဲ ဘက်တီးရီးယားတွေ ပေါက်ဖွားတာကြောင့်ပါ။ တစ်ခါတလေမှာ လျှာက အစိမ်းရောင်ပြောင်းတာနဲ့အတူ အမွှေးတွေ ပေါက်တာမျိုးတောင် ရှိနိုင်ပါတယ်။လျှာက အပြာရောင်ပြောင်းတာကသွေးထဲမှာ အောက်ဆီဂျင် နည်းနေတာကြောင့်ပါ။အဆုတ်မှာ အောက်ဆီဂျင် နည်းတာ၊သွေးပြဿနာတစ်ခုခု ရှိနေတာ၊ သွေးကြောပြဿနာ တစ်ခုခု ရှိနေတာ၊ ကျောက်ကပ် ရောဂါတို့ကြောင့် လျှာက အပြာရောင် ပြောင်းနေနိုင်ပါတယ်။လျှာပြာတာက သွေးတွင်း အောက်ဆီဂျင် နည်းတာကြောင့်ဆိုရင် ချက်ချင်း ဆေးကုသမှု ခံယူဖို့ လိုပါမယ်။ လျှာကို ပြာစေနိုင်တဲ့ နောက်ထပ် အကြောင်းအရင်း တစ်ခုကတော့ နှင်းခူပြဿနာပါ။ကဲ…မှန်ရှေ့ကိုသွားပြီး လျှာထုတ်ကြည့်လို့ လျှာက ကျန်းမာရဲ့လား။ ဘာအရောင်လဲဆိုတာကို စစ်ကြည့်လိုက်ဦးနော်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/tongue-color-and-health/
တနင်္လာနေ့တိုင်း ရုံးမသွားချင်တဲ့ ပြဿနာ
တနင်္လာနေ့ရောက်မှာကို တနင်္ဂနွေ ညတည်းက ကြိုကြောက်နေတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ စဉ်းစားကြည့်ရင် တနင်္လာနေ့ဆိုတာ ရုံးပြန်တက်ရတော့မယ့်နေ့၊ ကျောင်းပြန်တက်ရတော့မယ့်နေ့ ဖြစ်သလို နောက်ထပ် ပိတ်ရက်ရောက်ဖို့ ၅ရက်ကြီးတောင် လိုသေးတယ်မလား။ စနေ တနင်္ဂနွေဆိုတာလည်း ဘာမှမနားလိုက်ရသလိုပါပဲလာ။ ဒီလို တနင်္လာနေ့တိုင်း ရုံးမသွားချင်တဲ့ ပြဿနာ ကို ဘယ်လိုများ ဖြေရှင်းရင် ကောင်းမလဲ။တနင်္လာနေ့ ရောက်မှာ ကြောက်နေတာကိုMonday bluesလို့ ခေါ်ကြပါတယ်။ ဒီပြဿနာကစိတ်ကျရောဂါ၊စိုးရိမ်ပူပန်မှုများတဲ့ရောဂါ၊ နေသားမကျတဲ့ ရောဂါတွေနဲ့ လက္ခဏာတွေ တူနေတတ်ပါတယ်။တနင်္ဂနွေညလောက်တည်းက သင့်မှာ။ကုန်ဆုံးသွားတဲ့ စနေ တနင်္ဂနွေကို နှမြောစိတ်နဲ့ အတူပေါ့။ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်နေရရင် နေ့တိုင်းက ပျော်စရာလို့ ပြောကြတယ်ဟုတ်။ ဒါနဲ့ ပြောင်းပြန် ကိုယ်က ကိုယ်ရဲ့ အလုပ်မှာ မပျော်ဘူး။ ဖိအားတွေ များနေမယ်၊ တခြားသော အဆင်မပြေတဲ့ အချက်တွေ ရှိမယ်ဆိုရင်အလုပ်သွားတဲ့အခါ စိတ်ကြည်မှာ မဟုတ်ပါဘူး။အထူးသဖြင့် တစ်ပတ်မှာ ၅ရက်လုပ်ပြီး စနေ၊ တနင်္ဂနွေ ၂ရက်တည်း နားရတဲ့သူတွေဆို Monday bluesကို ပိုပြီး ခံစားရနိုင်ပါတယ်။တချို့ပညာရှင်တွေကလည်း အလုပ်ကြောင့် Monday bluesကို ဖြစ်စေတယ်လို့ တပ်အပ် ပြောလို့ မရပါဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ ဒါက လူတစ်ယောက်ရဲ့ စိတ်ဖိစီးမှုအပေါ် တုံ့ပြန်ပုံနဲ့လည်း ဆိုင်လို့ပါတဲ့။သူပြောချင်တာက တကယ်ပဲ အလုပ်မှာ မပျော်ဘူးဆိုရင် တနင်္လာနေ့တင်မကဘဲ ရုံးဖွင့်ရက်တိုင်းမှာ Monday bluesကို ခံစားနေရမှာလို့ ဆိုလိုတာပါ။ အခုဆိုရှယ်မီဒီယာမှာ ခေတ်စားနေတဲ့ Memesလိုပေါ့။ ‘ပရော်ဖက်ရှင်နယ် ကျပါ။ တနင်္လာနေ့တင်မဟုတ်ဘဲ နေ့တိုင်းကို မုန်းတီးလိုက်ပါ’ ဆိုပြီးတော့လေ။Monday bluesကို ခံစားရနေသူတွေက တနင်္လာနေ့မှာ စိတ်မကြည်ဆုံးပါ။ တဖြည်းဖြည်းနဲ့ စိတ်အခြေအနေ ကောင်းလာပြီး TGIFလို့ခေါ်တဲ့ သောကြာနေ့ဆိုရင်တော့ အပျော်ဆုံးပေါ့။ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတော့ သူတို့တွေက ပိတ်ရက်တွေမှာ သူတို့အချိန် သူတို့ပိုင်တယ်လို့ ခံစားရလို့ပါတဲ့။ ပိတ်ရက်ဆိုရင် အိပ်ရာထ နောက်ကျလည်း ပြဿနာမရှိဘူး။ အပြင်သွားချင်လည်း သွားမယ်။ ကိုယ့်အချိန်ကိုယ် စိတ်ကြိုက်သုံးနိုင်တယ်လေ။ ဘယ်ရောက်နေလဲဆိုပြီး မေးမယ့် ဂျာကြီးမှ မရှိတာ။ဒါပေမဲ့လည်း Monday bluesဖြစ်စေတဲ့ အကြောင်းရင်းနဲ့ လက္ခဏာတွေကတော့ တစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ်ကွာခြားနိုင်တာကိုလည်း သိဖို့ လိုပါတယ်။တနင်္လာနေ့တိုင်းက ကြုံရဦးမှာဆိုတော့ တနင်္လာနေ့ရောက်တိုင်း စိတ်ညစ်နေလို့ကလည်း မဖြစ်ပြန်ပါဘူး။ ဒီတော့ စိတ်ညစ်စရာ တနင်္လာနေ့ကြီး မဖြစ်စေဖို့ ဒီလိုပြောင်းလဲလိုက်ရအောင်။သိရသလောက်တော့ ပိတ်ရက်တွေက အလုပ်ဖွင့်ရက်တွေလောက် အစီအစဉ်မကျပါဘူး။ ဆိုလိုတာက ဖွင့်ရက်တွေဆို ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုပြီး အကြမ်းဖျင်း တွက်ထားလို့ ရပေမယ့် ပိတ်ရက်တွေဆိုရင်တော့ ဒီလိုမရှိပါဘူး။မနက်ကိုလည်း နောက်ကျမှ ထမယ်။ ချိန်းထားတာရှိရင်လည်း သွားမယ်။ မရှိရင်လည်း အိပ်ရာထဲမှာပဲ ဆက်ခွေနေမယ်။ ထွေထွေထူးထူးလည်း လုပ်စရာ မရှိတော့ ပြောရမယ်ဆို လူက အကျင့်ပျက်သလို ဖြစ်သွားတာပေါ့။ဒီလိုနဲ့ တနင်္လာနေ့မှာ ပုံစံခွက်ထဲ ပြန်ဝင်ရမယ်ဆိုတော့ စိတ်ညစ်တာ သဘာဝပါပဲ။ အဲ့တော့ ပိတ်ရက်မှာလည်း တတ်နိုင်သမျှ အစီအစဉ်တစ်ခုခု ဆွဲထားပါ။ အနည်းဆုံးတော့အိပ်ချိန် ထချိန်မှန်ပါစေ။ပိတ်ရက်မှာ ကောင်းကောင်းမနားဘဲ အလုပ်ဆက်လုပ်နေရင်  တနင်္လာနေ့ရောက်တာ ခဏလေးလိုပဲလို့ ထင်နေမှာပါ။ နားချိန်တန်နား၊ အလုပ်လုပ်ချိန်တန်လုပ်ပါ။ခုနက ပြောထားသလိုပဲ ပိတ်ရက်ဆိုရင် ညအိပ်တာ၊ မနက်ထတာတွေက ပိုနောက်ကျတတ်ပါတယ်။ တတ်နိုင်ရင်တော့ အလုပ်ဖွင့်တဲ့ရက်တွေလိုပဲ အိပ်ပါ။ ထပါ။ ပိုအိပ်ချင်ရင်တောင် ၁-၂နာရီထပ် မပိုပါစေနဲ့။အိပ်ချိန်ထချိန် အကျင့်ဖြစ်သွားရင် အနည်းဆုံးတော့ မနက်ဖြန် တနင်္လာနေ့မို့လို့ အစောကြီး ထရဦးမှာပါလားလို့ တွေးကြောက်နေစရာမလိုတော့ဘူးပေါ့။တတ်နိုင်ရင်တော့ ပိတ်ရက်မှာ အလုပ်မလုပ်ဘဲ အနားယူတာ အကောင်းဆုံးပါ။ ဒါပေမဲ့ တနင်္လာရောက်မှ အလုပ်တွေ ပုံမနေချင်ဘူးဆိုရင် တကယ်အရေးကြီးပြီး မဖြစ်မနေ လိုအပ်တဲ့ အလုပ်တချို့ကို တနင်္ဂနွေညလောက်တည်းက ကြိုဖြတ်ထားပါ။ဒါဆိုရင် တနင်္လာနေ့မှာ အလုပ်ကြောင့် စိတ်ဖိစီးတာ အနည်းငယ် သက်သာပါလိမ့်မယ်။တစ်ပတ်လုံးမှာ တနင်္လာနေ့က အလုပ်မလုပ်ချင်ဆုံးပါ။ အလုပ်အများဆုံးလို့ ပြောရင်လည်း ရပါတယ်။ ပိတ်ရက်တုန်းက လွတ်သွားတဲ့ အလုပ်တွေကို တနင်္လာနေ့မှာ စုပြုံခိုင်းကြတာကြောင့် အလုပ်ဖိအားလည်း ပိုများပါတယ်။ဒါကြောင့် သိပ်အရေးမကြီးတဲ့ အလုပ်တွေကို နောက်ရက်ရွှေ့ထားပါ။ တနင်္လာနေ့ကို ပေါ့ပေါ့ပါးပါးပဲ စတင်ပါ။တနင်္လာနေ့လို့ တွေးလိုက်တာနဲ့ ‘ငါအလုပ်ပြန်တက်ရတော့မယ်။ အလုပ်တွေ ပုံနေတာပဲ။’လို့ တွေးပြီး စိတ်ညစ်နေရမှာပါ။ အဲ့လို မဟုတ်ဘဲ တနင်္လာနေ့မှာ ပျော်စရာကိစ္စ တစ်ခုခု လုပ်မယ်လို့ စဉ်းစားကြည့်ပါ။ဥပမာ တနင်္လာနေ့ ရုံးဆင်းတဲ့အခါ အရသာရှိတာ တစ်ခုခုသွားစားမယ်။ Spaသွားမယ် စသဖြင့် တစ်ပတ်တစ်မျိုး မတူတာလေးတွေ လုပ်ကြည့်ပါ။ အနည်းဆုံးတော့ တနင်္လာနေ့အတွက် motivationရတာပေါ့။Monday bluesဆိုတာ စိတ်ရောဂါ မဟုတ်ပါဘူး။အလုပ်ပင်ပန်းလွန်းတဲ့အခါ၊ လုပ်ငန်းခွင်မှာ ပျော်ရွှင်မှုမရှိတဲ့အခါ ဖြစ်တတ်ပါတယ်။ အလုပ်မှာ အဆင်ပြေတယ်ဆိုတဲ့သူတွေတောင် Monday bluesရတတ်ပါတယ်။ Monday bluesကြောင့် စိတ်ညစ်ရတယ်ဆိုရင် ခု‌ပြောတဲ့အချက်တွေကို လုပ်ကြည့်ပါ။ တကယ်လို့ တနင်္လာနေ့မှာ စိုးရိမ်ပူပန်တာတွေက သိပ်ကို ဆိုးလွန်းမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်ဖို့ အကြံပေးချင်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/dealing-with-monday-blues/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%80%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%bb%e1%80%95%e1%80%b3-%e1%80%80%e1%80%ac%e1%80%97%e1%80%ad%e1%80%af%e1%80%9f%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%bb%e1%80%92%e1%80%ad/
37 ပတ်သားကလေး
ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။သုံးဆယ့်ခုနှစ်ပတ်ရောက်ပြီဆိုရင် သင့်ရင်သွေးလေးဟာ-။• ခပ်လှမ်းလှမ်းကအရုပ်ကို သွားယူတတ်လာပြီ။• ပြုတ်ကျသွားတဲ့ပစ္စည်းကို ပြန်ရှာတတ်လာပြီ။သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ။သင်က ရက်အနည်းငယ်လောက် ခရီးသွားစရာရှိလာရင် သူ့အဖိုးအဖွားတွေ၊ ကလေးထိန်းတွေအတွက်တော့ ဒုက္ခပါပဲ။ သင့်ကလေးဟာသင့်ကိုအရမ်းတွယ်တာနေပြီး တခြားလူတွေအကုန်လုံးကိုလန့်နေလို့ပါ၊ ကလေးကိုဖြေးဖြေးချင်းသာ ချဉ်းကပ်ပြီး သူ့ဘက်ကနေစတင်လိုလားမှု၊ လှုပ်ရှားမှုကိုစောင့်ဖို့ မှာထားခဲ့ခြင်းဖြင့်တော့ နည်းနည်းလွယ်ကူသက်သာပါစေလိမ့်မယ်။ကလေးတွေဟာ ဒီအရွယ်မှာ ‘ခရီးသွားတယ်’ ဆိုတာမျိုးကိုနားမလည်သေးပါဘူး။ ဒါပေမယ့် မရောက်ဖူးတဲ့ နေရာစိမ်းတစ်နေရာရောက်နေတယ်ဆိုတာတော့ သိတတ်ကြပါတယ်။ မကြည်မသာနဲ့ သင့်နားသာတွယ်ကပ်နေမှာမို့ အသင့်ပြင်ထားပါ။ ရုပ်ပြစာအုပ်တွေ၊ အသံထွက်တဲ့အရုပ်လေးတွေ၊ အရုပ်ဆက်တာတွေ၊ လက်ထိုးရုပ်တွေနဲ့ အာရုံလွှဲပြောင်းနိုင်ပါတယ်။ တကယ်လို့ သူတို့အမြဲတမ်းကိုင်လေ့ရှိတဲ့အရုပ်လေးရှိရင်လည်း ထိုအရုပ်လေးနဲ့ပေါ့….။ ဒါ့အပြင် ကလေးစိတ်ရှုပ်မှုနည်းအောင် သူစိမ်းတွေနဲ့တွေ့ဆုံချိန်ကိုလည်း လျှော့ချပါ။ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။ဆရာဝန်တိုင်းမှာ သူတို့စစ်ဆေးစမ်းသပ်မှုပုံစံရှိကြပြီး စစ်ဆေးမှုအမျိုးအစားအရေအတွက်ဟာလည်း ကလေးတစ်ယောက်ခြင်းဆီရဲ့ လိုအပ်မှုပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။ စစ်ဆေးနိုင်တာတွေကတော့….။• အိမ်မှာမိသားစုနဲ့ ကလေးဘယ်လိုနေလဲဆိုတဲ့မေးခွန်းတွေ၊ ကလေးရဲ့စားခြင်း၊ အိပ်ခြင်း နဲ့ ကြီးထွားဖွံ့ဖြိုးလာမှုအခြေအနေတွေမေးနိုင်ပါတယ်။ တကယ်လို့သင်ကအလုပ်လုပ်နေတာဆိုရင် ကလေးထိန်းနဲ့ပတ်သတ်လို့လည်းမေးနိုင်တယ်။• ကလေးအလေးချိန်၊ အရပ်၊ ခေါင်းလုံးပတ်၊ မွေးရာကနေ ခုအချိန်ထိ ကြီးထွားဖွံ့ဖြိုးလာမှုတွေတိုင်းတာစစ်ဆေးပါလိမ့်မယ်။• သင်အလုပ်ကပြန်လာတဲ့အခါ ကလေးကိုပြုစုစောင့်ရှောက်ပုံတွေအကြောင်း မေးမြန်းနိုင်ပါတယ်။အအေးပတ်ခြင်း။ကလေးတွေဟာ ပထမနှစ်နှစ်အတွင်းမှာ ၈ကြိမ်ကနေ ၁၀ ကြိမ်လောက်ထိ အအေးမိနိုင်ပါတယ်။ သင့်အဓိကအလုပ်က သူတို့ခန္တာကိုယ်က ဗိုင်းရပ်စ်ပိုးကိုတိုက်ထုတ်ပြီး ပြန်ကောင်းလာအောင်ကြိုးစားနေချိန်မှာ ကလေးကိုသက်တောင့်သက်သာရှိအောင်ထားဖို့ပါ။• သူတို့ကိုလုံလုံလောက်လောက်နားစေပါ။ သာမန်ထက်ပိုပြီးအိပ်နိုင်ပါတယ်။• အိပ်နေရင် ခေါင်းအောက်မှာ မျက်နှာသုတ်ပုဝါကဲသို့ခံကာ ခေါင်းကိုနည်းနည်းမြင့်စေပြီး အသက်ရှူရပိုမိုလွယ်ကူအောင်လုပ်ပေးပါ။• ရေနွေးနွေးလေးနဲ့ရေချိုးပေးပါ။• နို့၊ ရေ သတိထားတိုက်ခြင်းဖြင့် ရေဓါတ်ပြည့်ဝနေပါစေ။• နှာခေါင်းထဲမှ ချွဲများ၊ နှာရည်များကို ဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်သော ပြွှန်လေးဖြင့်စုတ်ထုတ်ပေးပါ။• အသက်ရှူလမ်းကြောင်းရှင်းစေရန် အခန်းလေဝင်လေထွက်ကောင်းကာ လေသန့်နေပါစေ။• ကိုယ့်ဆန္ဒနှင့်ဆေးတိုက်ခြင်း၊ နှာခေါင်းဆေးထည့်ခြင်းများ ရှောင်ပါ။ ဆရာဝန်နှင့်အရင်တိုင်ပင်ပါ။ ပါရာစီတမောလောက်သာ တိုက်နိုင်ပြီး အခြားအကိုက်အခဲပျောက်ဆေးများလုံးဝမပေးပါနဲ့၊ ဆေးပမာဏအရေးကြီးသည့်အတွက် မသေချာပါက ဆရာဝန်ကိုမေးပါ။• ရောဂါအခြေအနေပိုဆိုးလာလျှင်၊ ၁၀ရက်မှ ၁၄ ရက်ထက် ပိုကြာနေလျှင် ဆရာဝန်ထံသွားပါ။ ကလေးအသက်ရှူသံ တရွှီရွှွီမြည်လာလျှင်၊ အသက်ရှူရခက်လာလျှင်၊ သိပ်နေရင်း နို့တိုက်နေရင်းနဲ့ကိုဆက်တိုက်မနားတမ်းငိုလျှင်၊ နားကိုမကြာခဏဆွဲနေလျှင်၊ အပူချန် ၃၈.၃ ဆယ်လ်စီးယပ်စ်ထက်ပိုနေလျှင်လည်း ဆရာဝန်ပြပါ။ကလေးအအေးမိတာကိုကာကွယ်ရန် သင့်နဲ့ ကလေးလက်ကိုပုံမှန် သေချာဆေးပါ။ အခြားလူများကိုလည်း ကလေးကိုမထိခင် လက်သေချာဆေးခိုင်းပါ။ နေမကောင်းသူ၊ ဆေးလောက်သောက်သူများအနားမကပ်စေပါနဲ့။ မိခင်နို့တိုက်တာဆိုရင်တော့ အတတ်နိုင်ဆုံးကြာကြာတိုက်ပေးပါ၊ အအေးမိနိုင်ချေလျော့ကျနိုင်ပါတယ်။အိပ်စက်ခြင်း ပုံစံပြောင်းသွားခြင်း။ကလေးငယ်တစ်ယောက်ဘယ်လောက်အိပ်လဲဆိုတာထက် သူတို့တစ်နေ့အိပ်နေတဲ့ပမာဏက အဆင်ပြေရဲ့လား နေလို့ကောင်းရဲ့လား ဆိုတာပိုအရေးကြီးပါတယ်။ တကယ်လို့ကလေးက ညစာစားပြီးကတည်းက မကြည်မလင်ဖြစ်ပြီး ပင်ပန်းနေပြီး အိပ်ချင်နေပြီဆိုရင်တော့ ပိုအိပ်ဖို့လိုနေတာပါ။ ဒါပေမယ့် တခါတလေကျတော့ သူတို့ဆော့ကစားနေ၊ လောကကြီးကိုစူးစမ်းလေ့လာနေနိုင်တဲ့ သူတို့တန်ဖို့ရှိတဲ့အချိန်တွေကို မအိပ်ချင်ကြပြန်ပါဘူး။ လုံလောက်တဲ့အိပ်စက်ခြင်းမရှိရင် နေ့ဘက်တွေမှာ မရွှင်မလန်းနဲ့ ဂျီကျနေပါလိမ့်မယ်။တကယ်လို့ ကလေးကလိုအပ်သလောက် အိပ်ချိန်မရှိဘူးထင်ရင် သင်ကဂရုပြုအားထုတ်ပေးပါ။ အဝတ်အစား သေးခံလဲပြီး နို့တိုက်ကာ ငြိမ့်ငြောင်းသာယာတဲ့သီချင်းလေးနဲ့သိပ်ကြည့်ပါ၊ မှောင်ပျပျအခန်းထဲမှာ ဘာအနှောင့်အယှက်မှမရှိဘဲ အသာယာနှိပ်နယ်ပေးရင်းသိပ်တာမျိုးက အထောက်အကူဖြစ်မှာပါ။ ချက်ခြင်းအိပ်မပျော်တာနဲ့ လက်မလျှော့လိုက်ပါနဲ့၊ တခါတလေ ငြိမ်သွားဖို့၊ အိပ်ပျော်ဖို့အချိန်လိုပါတယ်။ တကယ်လို့အလုပ်မဖြစ်ဘူးဆိုရင်တော့ တွန်းလှည်းလေးထဲထည့်ပြီးလမ်းလျှောက်တာမျိုး၊ ကားခဏပတ်မောင်းတာမျိုးလုပ်ကြည့်ပါ။ဘာတွေစိတ်ပူလဲ။စားပွဲမှာစားစေဖို့။ခုဆိုရင်သူတို့လည်း ထမင်းစားပွဲမှာ လူကြီးတစ်ယောက်ယောက်ရဲ့ ပေါင်ပေါ်ထိုင်ရင်း ထမင်းစားပွဲအမူအကျင့်တွေနဲ့ လူမှုရေးတွေစတင်ရတော့မယ့်အချိန်ပေါ့။ သူတို့ခုံအမြင့်ပေါ်မှာထိုင်စေပြီး သူ့ကိုယ်ပိုင်နေရာနဲ့စားစရာပေးထားကာ ထမင်းဝိုင်းစကားဝိုင်းမှာပါဝင်ပါစေ။မိခင်နို့စို့ဖို့ စိတ်မဝင်စားတော့ခြင်း။တကယ်လို့ကလေးက မိခင်နို့စို့ဖို့ငြင်းနေတယ်ဆိုရင်-။• တိတ်ဆိတ်အေးချမ်းတဲ့နေရာမှာ တိုက်ကြည့်ပါ။ စူးစမ်းစိတ်များတဲ့ ၈လ၊ ၉လသားလေးတွေဟာ တီဗီမှာလာနေတာတွေ၊ အပြင်ဘက်လမ်းမကမီးသတ်ကားသံ၊ နောက်ဆုံးအနားကဖြတ်သွားတဲ့ခွေးကစ စိတ်ဝင်စားတတ်ပြီး နို့စို့ဖို့အာရုံပျက်တတ်ပါတယ်။ သူလုပ်နေတဲ့အလုပ်ကို အာရုံပိုစိုက်အောင် တိတ်ဆိတ်တဲ့အခန်းထဲမှာ တိုက်ကျွေးပါ။ အသာအယာထွေးပွေ့ထားခြင်းကလည်း ကူညီမှာပါ။• အိပ်ချင်နေဆဲအချိန်တိုက်ပါ။ သူတို့နဲ့အလုပ်မရှုပ်ရခင် မနက်စောစောနိုးလာတဲ့ချိန်တိုက်နိုင်ပါတယ်။ ညဘက်ရေနွေးနွေးလေးနဲ့ချိုးပြီးတဲ့အခါ၊ အသာအယာနှိပ်နယ်ပေးပြီးတဲ့အခါ၊ ဒါမှမဟုတ် တရေးတမောအိပ်ပြီး နိုးကာစအချိန်တို့မှာ တိုက်ကျွေးနိုင်ပါတယ်။• တခါတလေ လမ်းလျှောက်နေရင်းတိုက်ကျွေးကြည့်ပါ။ တချို့ကလေးတွေက သူတို့လည်းလှုပ်ရှားမှုထဲပါနေရတာကို ပိုကျေနပ်တတ်ကြပါတယ်။• တကယ်လို့ ဆက်လက်ငြင်းဆန်နေဆဲဆိုရင်တော့ သင့်ကလေးဟာတကယ်ကို နို့စို့ရတာညည်းငွေ့လာတာဖြစ်နိုင်ပါတယ်။ သင့်အတွက် အသင့်မဖြစ်နိုင်လောက်သေးပေမယ့် ဒါနဲ့ပတ်သတ်ပြီး သင်ဘာမှမလုပ်နိုင်ပါဘူး။မိခင်နို့စို့ဖို့ငြင်းဆန်နေပါက ကလေးအနည်းဆုံးတစ်နှစ်သားလောက်ထိ မိခင်နို့ကိုနို့ဘူးထဲထည့်ပြီးတိုက်ပေးသင့်ပါတယ်။ အကြိမ်တိုင်းအတွက်နို့မညှစ်နိုင်ဘူးဆိုရင်တော့ အခြားကလေးနို့မှုန့်အစားထိုးနိုင်ပါတယ်။ နို့ဘူးထဲထည့်တိုက်တာအပြင် တခါတလေပန်းကန်လုံးလေးထဲ၊ ခွက်လေးထဲထည့်ကျွေးကြည့်ပါ။ ဒီအရွယ် စောစောစီးစီးမှာ ခွက်နဲ့စစားတတ်တယ်ဆိုရင် တော်တော် တော်တာပါပဲ။တကယ်လို့နို့ဖြတ်ပြီး ဆက်တိုက်ဖြည့်စွတ်စာပြောင်းကျွေးပြီဆိုရင်တော့ သင့်ကလေးရဲ့ကျန်းမာရေးအတွက်ရော၊ သင့်အတွက်အဆင်ပြေဖို့နည်းလမ်းကိုရွေးသင့်ပါတယ်။ ဖြေးဖြေးချင်းအစားထိုးကျွေးခြင်းက ကလေးကိုနို့တဖြေးဖြေးဖြတ်လာစေပြီး့ သင့်ကိုလည်း နို့ထွက်လျော့လာစေတာကြောင့် နာကျင်တဲ့ရင်သားရောင်ရမ်းခြင်းမှ ရှောင်ရှားစေနိုင်ပါလိမ့်မယ်။သုံးဆယ့်ခုနှစ်ပတ်မြောက်ကိုဖြတ်သန်းလာခဲ့ပြီဆိုရင်တော့ ဂုဏ်ယူပါတယ်။ မပူပါနဲ့၊ ဘယ်လိုတွေကြုံနေရ ကြုံနေရ သင်ဟာတစ်ယောက်ထဲမဟုတ်ပါဘူး။နောက်ရက်သတ္တပတ်တွေမှာလည်း သင့်ကိုကူညီပေးဖို့ ကျွန်ုပ်တို့ရှိနေမှာပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/37-%e1%80%95%e1%80%90%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%b1%e1%80%9c%e1%80%b8/
Main Character Syndrome ရှိနေလားဆိုတာကို ဘယ်လိုများ သိနိုင်မလဲ!
Main Character Syndrome ဆိုတာက ကိုယ်တိုင်တောင် မသိလိုက်ဘဲ ကိုယ့်မှာ ရှိနေနိုင်တဲ့စိတ်ကျန်းမာရေး အခြေအနေတစ်ခုပါ။ လူတော်တော်များများမှာ အခြေအနေချင်း မတူဘဲ ရှိနေတတ်ပါတယ်။ ဒီတော့ ကိုယ်တိုင်မှာရော Main Character Syndrome ရှိနေလားဆိုတာကို ဘယ်လိုများ သိနိုင်မလဲ! ဆိုတာနဲ့ ဘယ်လို လက္ခဏာတွေ ခံစားရနိုင်မလဲဆိုတာလေးကို ပြောပြပေးချင်ပါတယ်။လူတိုင်းမှာ ကိုယ်တိုင်တောင် မသိလိုက်ဘဲ Main Character Syndrome ရှိနေနိုင်ပါတယ်။ ဒါကစိတ်ကျန်းမာရေးအခြေအနေ တစ်ခုပေါ့။ Main Character Syndrome ဆိုတာက လူတစ်ဦးဦးဟာ သူတို့က လူတိုင်းကို ဦးဆောင်နေရတဲ့သူ ဒါမှမဟုတ် သူ့ဘဝမှာ သူက အရေးအပါဆုံးသောသူ၊ အရာရာကို စွမ်းဆောင်နိုင်သောသူရယ်လို့ ထင်မှတ်နေတတ်ကြသူ တွေပါ။ဒီစကားရပ်လေးက ရုပ်ရှင်တွေ ပုံပြင်တွေထဲကနေတဆင့် မွေးဖွားလာတဲ့ စကားလုံးလေးပါ။ ဇာတ်လမ်း တစ်ခုမှာ အဓိက ဇာတ်ဆောင်နေရာက ပါဝင်ရသူလို့ ကိုယ့်ကိုယ်ကိုယ် ထင်မှတ်ခြင်းလို့ပဲ အဓိပ္ပာယ်ဖွင့်ဆိုရပါတော့မယ်။ ရုပ်ရှင်တစ်ခုခုကို ကြည့်တဲ့အခါ အဓိကဇာတ်ဆောင် ( မင်းသား၊ မင်းသမီး) နဲ့ ဇာတ်ပို့ ( အခြားသော အကူသရုပ်ဆောင်တွေ) ပါတတ်ကြတယ်လေ။ ဒီလိုမျိုးထဲမှာ အဓိက ကျသူက မင်းသား မင်းသမီးဟုတ်။ဒီလိုပါပဲ။ Main Character Syndrome ရှိသူတွေကလည်း သူတို့က ဘဝမှာ ဇာတ်ပို့ဇာတ်ရံ အနေနဲ့ နေထိုင်ခြင်း မဟုတ်ဘဲ အဓိက ဇာတ်ဆောင်အနေနဲ့ ရှင်သန်နေထိုင်ရသူ အခြားသူတွေထက် သူကအရေးပါတဲ့သူလို့ ယူဆထားကြသူတွေပါ။ ဒါကြောင့်ပဲ အရာရာတိုင်းက သူ့ကို ဦးတည်ပြီး ဖြစ်နေတယ်။ သူပါမှ ပြီးမယ်ဆိုတဲ့ အထင်ကို အမြဲ လက်ကိုင်ထား လုပ်ဆောင်နေကြတာပေါ့။လူတွေရဲ့အရေးပါချင်တဲ့ စိတ်ကနေ အရင်းခံပြီး ဖြစ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ တစ်ခုပေါ့။ ဒါဆို ကိုယ်တိုင်မှာရော Main Character Syndrome ရှိနေလားဆိုတာကို ဘယ်လိုများ သိနိုင်မလဲ! ဆိုတာကို သိချင်နေပြီလား…. ဒါဆိုရင် အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။Main Character Syndrome ရှိနေလားဆိုတာကို  သိနိုင်မယ့် အချက်လေးတွေကတော့ တော်တော်များများ ရှိပါတယ်။ ဒါပေမယ့် အတွေ့ရများတဲ့ အချက်လေးတွေကတော့ အခုလိုအချက်လေးတွေပါ။အရာရာတိုင်းမှာ သူ့ကိုယ်သူဦးစားပေးပြီး တွေးတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်တာ ကောင်းပေမယ့် သူကကျတော့ ကိုယ့်တစ်ဖို့တည်းကြည့်တဲ့ဘက်ကို ပိုသွားပါတယ်။လူတိုင်းအတွက် သူက အနစ်နာခံပေးတယ်လို့ တဖွဖွ ပြောတတ်ကြပေမယ့် တကယ်ကတော့ သူ့ကိုယ်သူ အကောင်းဆုံး အခြေအနေတစ်ရပ် ရရှိနိုင်စေမယ့် ထွက်ပေါက်တစ်ခု အမြဲ ဖန်တီးထားတတ်ကြသူတွေပါ။ပတ်ဝန်းကျင်ကသူတွေက သူ့ကိုပဲအာရုံစိုက်နေတာကို လိုချင်တယ်။ လူတိုင်းရဲ့ ကိစ္စတိုင်း ဖြစ်တည်မှုတိုင်းက သူ့အပေါ်မှာပဲ အဓိက မူတည်နေစေချင်သူမျိုးပါ။ လူတွေ အာရုံစိုက် မခံရရင်လည်း attention ရအောင် ယူတတ်ကြတဲ့ attention seeker လေးတွေပါ။Main Character Syndrome ရှိနေသူတွေက Drama တအားချိုးတတ်ကြသူတွေပါ။ တစ်ယောက်ယောက်ကို ထိခိုက်အောင် သူကိုယ်တိုင်က လုပ်လိုက်ပေမယ့် သူက ခံလိုက်ရသူလိုမျိုး ပြောတတ် ငိုတတ်ကြသူတွေပေါ့။စိတ်မကောင်းဖြစ်လွယ်တယ်လို့ ထင်ရနိုင်တဲ့သူတွေပေါ့။ တကယ်ကတော့ ပြဿနာတိုင်းမှာ သူက လုပ်လုပ်၊ သူက ခံရရ အများကို သူပြောတိုင်းမှာ သူက ခံရသူဆိုတာပါပဲ။Main Character Syndrome ရှိသူမှာ တွေ့ရနိုင်တဲ့ နောက်ထပ်လက္ခဏာတစ်ခုကတော့ လက်တွေ့ကျကျ ရှင်သန်နိုင်မှု နည်းတာပါ။ နည်းနည်းလောက်ပဲ အောင်မြင်ရင်တောင် ကမ္ဘာကျော် အောင်မြင်မှုကြီးကို စွမ်းဆောင်ထားသလို ပြုမူတတ်ကြသူတွေပါ။ လက်တွေ့ဘဝကို ကင်းကွာနေရင်း ကြာလာတော့ လက်တွေ့ဘဝကို မေ့သွားတော့တာပေါ့။သူတို့က သူတို့ကိုယ်သူတို့ ရုပ်ရှင်တွေ ကာတွန်းကားလေးတွေထဲကစိတ်ထားကောင်းတဲ့ မင်းသမီးလေးတွေလို ထင်မှတ်ထားကြသူတွေပါ။ သူရဲ့ လက်တွေ့ဘဝက သူဆိုတာကို မေ့ထားရင်း လူတိုင်း သတ္တဝါတိုင်းက  သူတို့ကို ချစ်ကြတယ်။ သူက စင်ဒရဲလားလေးလိုပဲ ချစ်စရာကောင်းသူလို့ ထင်မှတ်ထားကြသူမျိုးပါ။မိသားစုမှာ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေ၊လုပ်ဖော်ကိုင်ဖက်တွေထဲမှာ ဖြစ်ဖြစ် ပြဿနာတွေ အခက်အခဲတွေ ဖြစ်လာတိုင်း အခြားသူတွေမှာ ဖြေရှင်းနိုင်စွမ်း မရှိဘူး။ သူဖြေရှင်းမှပဲ အဆင်ပြေတယ်။ အရာရာက သူမပါရင် မပြီးဘူး။ သူပဲ ဖြေရှင်းပေးနေရတယ်လို့ တွေးမှတ်ထားတတ်တဲ့ အကျင့်လေးလည်း Main Character Syndrome ပိုင်ရှင်တွေမှာ ရှိတတ်ပါသေးတယ်။Main Character Syndrome ရှိသူတွေက သူတို့ဟာ အရမ်းတော်၊ အရမ်းချစ်စရာကောင်းပြီး လူအများကြားမှာ ထင်ပေါ်နေသလို လူပုံအလယ်သွားရင်တောင် ထင်းခနဲ မြင်သာသူတွေလို့ ယူဆထားတတ်ကြပြီး ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတိုင်းက သူတို့ရဲ့နေထိုင် စားသောက်ပုံအပြုအမူတွေကို အတုခိုးနေတတ်ကြတယ်လို့ တွေးနေတတ်ကြသူတွေပါ။ပြဿနာတစ်ခုခု ဖြစ်ပြီဆိုရင် လက်တွေ့ကျကျ ဖြေရှင်းနိုင်မယ့် နည်းလမ်းအစား ရုပ်ရှင်တွေထဲကလို ကားဘီးပေါက်ရင် မင်းသားက ပေါ်လာပြီး ကားဘီးလဲပေးမယ်ဆိုတာမျိုး တွေးတတ်သူတွေပါ။ တကယ်ကတော့ ကားဘီးပေါက်ရင် ကားဘီးအပိုကိုလဲ ပေါက်သွားတဲ့ ဘီးကို တာယာပြင်ဆိုင် ပို့တာက လက်တွေ့အကျဆုံးနဲ့ အရိုးရှင်းဆုံး ဖြေရှင်းနည်းဟုတ်။အခုလောက်ဆိုရင်တော့Main Character Syndromeက ဘာလဲ။ ဘယ်လို လက္ခဏာလေးတွေ ရှိနိုင်လဲဆိုတာကို သိပြီးပြီ ဆိုတော့ ကိုယ်တိုင်မှာလည်း မတော်တဆ တစ်ခုတလေ တိုက်ဆိုင်တာမျိုး ရှိနေခဲ့ရင် ပြင်လိုက်ပါလို့ ပြောပါရစေ။ ကိုယ့်ပတ်ဝန်းကျင်ကသူတွေမှာ ဒီလို အမူအကျင့်မျိုးရှိရင်လည်း ဘယ်လို အဆင်ပြေအောင် ပေါင်းသင်းရမလဲဆိုတာကို သတိထားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။# အတက်ရောဂါဖြစ်နေသူအတွက် ရှေးဦးသူနာပြုစုနည်း။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/main-character-syndrome-explained/
6 ပတ်သားကလေး
ဘယ်လိုဖွံ့ဖြိုးလာလဲ။အပြုံးလေးတွေကတော့ ကမ္ဘာနဲ့အနှံ့ အနန္တပါပဲ။ သင့်ရဲ့ချစ်ခြင်းမေတ္တာအပြည့်နဲ့ ဂရုစိုက်မှုတွေအတွက် ပြန်ရလာမယ့် သင့်တစ်ဦးထဲအတွက်ဖြစ်တဲ့ တောက်ပရွှင်လန်းနေတဲ့ အပြုံးတွေကိုရင်ဆိုင်ဖို့အသင့်သာပြင်ထားပါတော့။ သင့်နှလုံးသားကိုအရည်ပျော်ကျသွားစေမှာပါ။ ဒီတစ်လပြည့်လို့ ဒုတိယမြောက်အပတ်မှာဆိုရင်တော့ ကလေးလေးဟာ ခေါင်းလောင်းမြည်သံစသည်ဖြင့် အသံလေးတွေကို စိုက်ကြည့်နေတာ၊ ငိုတာ ဒါမှမဟုတ် တိတ်ပြီးငြိမ်သွားတာမျိုး နည်းလမ်းတစ်မျိုးမျိုးနဲ့ ပြန်တုံ့ပြန်တတ်လာပါပြီ။သူ့ကိုဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ။တချို့အိပ်ခြင်းနဲ့ဆိုင်တဲ့သုတေသနပညာရှင်တွေကတော့ ကလေးငယ်လေးတွေကို အိပ်မပျော်သေးခင် မျက်ကြောစဉ်းနေချိန် အိပ်ရာထဲထည့်သိပ်ဖို့အကြံပေးထားပါတယ်။ ဒီနည်းဟာ ကလေးတွေကို သူ့တို့ဖာသာအိပ်ပျော်တတ်ဖို့ ကူညီပေးပါလိမ့်မယ်။ ဒါဟာ ညအချိန်မတော် သူတစ်ယောက်ထဲ နိုးလာတဲ့အခါမျိုးမှာ သူ့အတွက်ရော သင့်အတွက်ရော ကောင်းကျိုးပေးပါလိမ့်မယ်။ ဒီအချက်ကိုအောင်မြင်ဖို့အတွက် ညဘက်ရေနွေးနွေးလေးချိုးပေးတာမျိုး၊ အသာအယာနှိပ်နယ်ပေးတာမျိုး၊ အိပ်ရာဝင်ပုံပြင်ပြောပြာတာမျိုးလေးတွေနဲ့ အိပ်ချိန်မှန်အောင်ကျင့်ပေးခြင်းဖြင့် ကူညီပေးနိုင်ပါတယ်။ ဒီလိုအကျင့်တစ်ခုတည်ဆောက်ပေးလိုက်ခြင်းဟာ ကလေးငယ်ကို မိမိကိုယ်ကိုယ်အားကိုးတတ်တဲ့ အကျင့်လေးတစ်ခုလည်း မသိမသာထည့်ပေးလိုက်ရာရောက်ပါတယ်။ဆရာဝန်နဲ့ဘာတွေဆွေးနွေးသင့်လဲ။သင့်ကလေးရဲ့ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ဆရာဝန်ကရက်ချိန်းပေးစစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ပါတယ်။ ဒါပေမယ့် ခုအချိန်မှာ ဆေးခန်းသွားပြခဲ့ရင်တော့ ဒီအရာတွေ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။• ကလေးဟာ ကိုယ်အလေးချိန်တက်ဖို့နှေးနေသလား၊ ရောဂါတစ်မျိုးမျိုးရနေသလား။• ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ ကလေးကျန်းမာရေး၊ အပြုအမူ၊ အိပ်ခြင်းစားခြင်းတွေနဲ့ပတ်သတ်ပြီး ပြဿနာ၊ စိတ်ပူစရာရှိသလား။ဘာသိသင့်လဲ။သင်သိသင့်တဲ့အရာတချို့ကတော့-။ကလေးအာဟာရ။မိခင်နို့မတိုက်ကျွေးနိုင်ပါကလည်း စိတ်ပူမနေပါနဲ့၊ သင့်ကလေးအပါအဝင် ကလေးတွေကို နို့ဘူးတိုက်ခြင်းဟာလည်း နည်းစနစ်မှန်ပါက ကျန်းမာပျော်ရွှင်စေပြီး လုံလောက်တဲ့ကိုယ်အလေးချိန်ရစေပါတယ်။ အချိုးအဆများများဖျော်မိရင်တော့ အရမ်းဝလာစေပြီး တခြားပြဿနာတွေဖြစ်လာနိုင်ပါတယ်။ သူတို့အန်ထုတ်မယ်၊ ဗိုက်နာမယ်၊ အရမ်းအလေးချိန်တက်လာမယ်ဆိုရင်တော့ အချိုးများနေပါပြီ။ ကလေးလေးအတွက် တစ်ကြိမ်တိုက်ရင် ဘယ်လောက်တိုက်ရမယ် ၊ ဘယ်လိုဖျော်ရမယ်ဆိုတာ ကလေးဆရာဝန်ကညွှန်ပြပြောပြပါလိမ့်မယ်။ဒီအရွယ်မှာ ဆရာဝန်က ဗီတာမင် ဒီ၊ သံဓါတ် ကဲ့သို့ ဗီတာမင်တချို့နဲ့ အားဆေးတချို့ညွှန်ပေးပါလိမ့်မယ်။အိပ်တဲ့အနေအထား။ကလေးလေးတွေကိုသိပ်တဲ့အခါမှာ ကျောနဲ့အိပ်စေခြင်းကအကောင်းဆုံးပါ။ ကျောနဲ့အိပ်ပါက နှာခေါင်းပိတ်ခြင်း ကဲ့သို့ပြဿနာတချို့နဲ့ ဖျားနာခြင်းတို့ကိုပါသက်သာစေနိုင်တယ်လို့ ဆိုပါတယ်။ ကလေးကိုကျောနဲ့သာအိပ်တတ်ဖို့ သိပ်ပေးပါ၊ တဖြေးဖြေးနဲ့ သူတို့အကျင့်ရလာပြီး သက်တော့သက်သာရှိလာပါလိမ့်မယ်။အသက်ရှူခြင်း။မွေးကင်းစကလေးငယ်တွေရဲ့ ပုံမှန်အသက်ရှူနှုန်းဟာ နိုးနေစဉ်မှာ တစ်မိနစ်လျှင် အကြိမ်လေးဆယ်လောက်ရှိပါတယ်။ အိပ်ချိန်မှာနှေးသွားတတ်ပြီး အကြိမ်နှစ်ဆယ်လောက်ထိလျော့သွားနိုင်တယ်။ ဒါပေမယ့်သင့်ကိုလန့်စေတာကတော့ ကလေးအိပ်နေစဉ်မှာ အသက်ရှူမမှန်ဖြစ်ခြင်းပါ။ ကလေးက ၁၅ စက္ကန့် စက္ကန့် ၂၀ လောက် မြန်မြန်သွက်သွက်အသက်ရှူကာ ၁၀စက္ကန့် ဝန်းကျင်လောက်ရပ်သွားပြီး ပြီးမှတဖန်ဆက်ရှူတာမျိုးရှိပါတယ်၊ ဒါကပုံမှန်ပါ။ ဒါဟာ ကလေးငယ်တွေရဲ့ ဦးနှောက်က အသက်ရှူစနစ်ကိုထိန်းချုပ်တဲ့နေရာက ကောင်းကောင်းမဖွံ့ဖြိုးသေးလို့ပါ။ချက်သန့်ရှင်းရေး။ချက်ကြိုးနေရာ ရောဂါပိုးဝင်ခြင်းကဖြစ်ခဲပါတယ်။ သင့်ကလေးရဲ့ချက်နေရာကိုဂရုတစိုက်ထားပြီး ကလေးကလည်းခြောက်သွေ့သန့်ရှင်းနေရင် ပိုလို့တောင်ဖြစ်ခဲပါသေးတယ်။ တကယ်လို့ချက်ကြိုးက သို့မဟုတ် ချက်ကြိုးနေရာတဝိုက်အရေပြားမှာ နီရဲနေမယ်၊ အထူးသဖြင့် အနံ့ထွက်နေမယ်ဆိုရင်တော့ ဆရာဝန်ဆီအမြန်သွားပြပါ။ ရောဂါပိုးဝင်နေတာဖြစ်ပါက ဆရာဝန်က ဆေးညွှန်ပေးပါလိမ့်မယ်။ ကလေးချက်ကြိုးဟာ များသောအားဖြင့် ကလေးတစ်ပတ်သား၊ နှစ်ပတ်သားအရွယ်မှာ ခြောက်ပြီးကြွေကြတတ်ပါတယ်။ ကြွေကျစဉ်မှာ သွေးအနည်းငယ် ဒါမှမဟုတ် သွေးကဲ့သို့အရည်အနည်းငယ်စီးကျလာတတ်ပါတယ်။ ဒါဟာ ပုံမှန်ဖြစ်ပြီးစိတ်ပူစရာမလိုပါဘူး။ ဒါပေမယ့် ကြွေကျပြီး လုံးဝပိတ်မသွားဘူးဆိုရင် ဒါမှမဟုတ် နှစ်ပတ်အတွင်းတိုင်အောင် မခြောက်သေးဘူးဆိုရင်တော့ ဆရာဝန်ဆီခေါ်သွားရပါမယ်။ဘာတွေစိတ်ပူလဲ။သင်ဂရုစိုက်သင့်တဲ့အရာတွေကတော့-။ကလေးလေးရဲ့အိပ်စက်ခြင်း။သင့်ရဲ့ရင်သွေးငယ်လေးအိပ်နေတာကို ကြည့်ရတာလောက် ပျော်စရာကောင်းတာရှိတော့မှမဟုတ်ပါဘူး။ ဒါပေမယ့် ကလေးလေးကသင့်လက်ပေါ်မှာအိပ်ပျော်သွားပြီး သင့်မှာတခြားလုပ်စရာတွေရှိသေးတယ်ဆိုရင်တော့ ကလေးကိုအိပ်ရာပေါ်အသာရွှေ့ကာ ဆယ်မိနစ်ခန့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည်ထိစောင့်သင့်ပါတယ်။• ကလေးကိုအိပ်ရာပေါ်တင်လိုက်ပါ၊ ပထမရက်သတ္တပတ်တွေမှာ ကလေးသွင်းရထုတ်ရလွယ်သော ပုခတ်မျိုးအသုံးပြုပါ၊။• ကလေးအခန်းအလင်းရောင်ကိုလျှော့လိုက်ပါ။• ကလေးကိုသိပ်ရမယ့်နေရာနဲ့ သူအိပ်ပျော်သွားတဲ့နေရာဝေးပါက သင်သယ်သွားချိန် နိုးသွားနိုင်တာကြောင့် သူ့အိပ်ရာ၊ ပုခတ်နားမှာပဲ နို့တိုက်ခြင်း၊ ချော့သိပ်ခြင်း ပြုလုပ်သင့်ပါတယ်။• ကလေးကိုပုခတ်ထဲထည့်ရလွယ်မည့် လက်ပေါ်မှာသိပ်ပါ။• ခဏစောင့်ကြည့်ပြီး။• သားချော့တေးဆိုပေးပါ။ငိုခြင်း။ခုအချိန်ထိ ကလေးလေးကငိုနေတုန်းပါပဲ။ ဒါဆိုရင် သင်သုံးကြည့်နိုင်မယ့် နည်းလေးတွေပါ။ နည်းအမျိုးမျိုးသုံးကြည့်တာထက်စာရင် နည်းမှန်လမ်းမှန်သုံးတစ်မျိုးမျိုးသုံးကြည့်သင့်ပါတယ်။• ပြန်တုံ့ပြန်ပါ။ ငိုတိုင်းတုံ့ပြန်ခြင်းဟာ ကလေးကိုအလိုလိုက်ရာမကျပါဘူး။ မှီခိုလွန်းသွားမှာလည်းမပူပါနဲ့၊ ကလေးငိုတဲ့အခါ ပွေ့ချီချော့မြှူပါ။• အခြေအနေကိုသုံးသပ်ပါ။ ကလေးကငိုချင်လို့ငိုတာလို့ တွေးမယ့်အစား ဘာကြောင့်ငိုတာလဲဆိုတာကို ရှာသင့်ပါတယ်။• နီးကပ်စွာနေပါ။ တစ်နေ့အနည်းဆုံးသုံးနာရီလောက် ချီထားပေးပါက အငိုနည်းတယ်လို့ဆိုပါတယ်။• အနှီးဖြင့်သေချာထုတ်ပါ။ တင်းကျပ်စွာ အနှီးထုတ်ထားခြင်းဟာ ကလေးတွေလေထိုးလေအောင့်တတ်တဲ့အချိန်တွေမှာ အမတန်သက်သာစေပါတယ်။• ပွေ့ဖက်ပါ၊ လုံခြုံမှုခံစားရစေပါတယ်။• ကလေးငယ်ဝမ်းဗိုက်ကိုအသာအယာ သပ်ပေး၊ ဖိပေးပါ။ မအီမသာဖြစ်ခြင်းသက်သာစေပါတယ်။• နို့တိုက်ပါ၊ ချိုလိမ်ပေးထားပါ။• အပြောင်းအလဲဖြစ်ပါစေ။ တခြားလူတစ်ယောက်က ပွေ့စေခြင်းဖြင့် အပြောင်းအလဲတစ်ခုစပေးပါ။• လေကောင်းလေသန့်ရပါစေ။• နို့မတိုက်ခင် မျိုထားမိသောလေများ လျော့စေရန် လေချဉ်တက်ပါစေ။• ချော့ပါ၊ မြူပါ။ ကစားပေးပါ။• ဗိုက်ဆာလို့ငိုတာလားစစ်ဆေးကြည့်ပါ။• ဆရာဝန်နဲ့တိုင်ပင်ပါ။ဒီအခက်အခဲကို တခြားလူများဖြင့် ဝေမျှဖြေရှင်းခြင်းဖြင့် သင်လည်းစိတ်သက်သာရာရပါစေ။ဆဌမပတ်ကိုဖြတ်သန်းလာခဲ့ပြီဆိုရင်တော့ ဂုဏ်ယူပါတယ်။ မပူပါနဲ့၊ ဘယ်လိုတွေကြုံနေရ ကြုံနေရ သင်ဟာတစ်ယောက်ထဲမဟုတ်ပါဘူး။နောက် ၇ပတ်မြောက်မှာလည်း သင့်ကိုကူညီပေးဖို့ ကျွန်ုပ်တို့ရှိနေမှာပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/6-%e1%80%95%e1%80%90%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%b1%e1%80%9c%e1%80%b8/
လူတော်တော်များများသတိမထားမိတဲ့ နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ
နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါကမြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာတော်တော်လေးအဖြစ်များနေကြပါတယ်။ လူတော်တော်များများက သူတို့ဆီမှာ ဒီရောဂါခံစားနေရတာကို အချိန်တော်တော်ကြာတဲ့အထိမသိဘဲဖြစ်နေတာမျိုးလည်းရှိတတ်ပါတယ်။ တကယ်တော့ ဒီရောဂါကအဖြစ်များပါတယ်။ လူတော်တော်များများက သတိမထားမိဘဲဖြစ်နေတတ်ကြတာပါ။ ပုံမှန်အားဖြင့်ကတော့ သတိပြုမိဖို့ ခက်ခဲတတ်ပါတယ်။ ဒီရောဂါက စနစ်တကျကုသဖို့လိုပြီး မကုသဘဲထားမယ်ဆိုရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်နိုင်တာကို သတိလက်လွတ်ဖြစ်နေတတ်ကြပါတယ်။ ဒီတော့ ကိုယ်တိုင်မှာဖြစ်ဖြစ် မိသားစုဝင်တွေနဲ့ ချစ်ခင်ရသူတစ်ဦးဦးမှာဖြစ်ဖြစ်ရောဂါခံစားနေရလားဆိုတာကို သိရှိအောင်လုပ်ဆောင်နိုင်မယ့် အကြောင်းလေးကို ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးမယ်နော်။ခြေထောက်မှာရှိတဲ့သွေးပြန်ကြောရဲ့ အဆို့ရှင်ကကောင်းကောင်းအလုပ်မလုပ်နိုင်တာကြောင့်နှလုံးဆီသွေးပြန်ပို့တဲ့အခါသွေးတွေဘက်ပြန်စီးဆင်းမှုဖြစ်ပြီးသွေးပြန်ကြောထဲမှာသွေးတွေစုသွားတဲ့အခြေအနေမျိုးပါ။အပေါ်ယံအရေပြားအောက်ဘက်မှာသွေးတွေစုနေတာမျိုးသွေးကြောတွေထုံးနေတာမျိုးတွေ့ရနိုင်ပါတယ်။ခြေထောက်အောက်ဘက်ပိုင်းမှာတွေ့ရများပေမယ့် ဒီဝေဒနာက ခန္ဓါကိုယ်မှာရှိတဲ့သွေးပြန်ကြောတွေတိုင်းမှာခံစားရနိုင်ပါတယ်။ဒီဝေဒနာခံစားရတဲ့အခါမြန်နိုင်သမျှမြန်မြန်ကုသမှုခံယူဖို့လိုအပ်မှာပါ။ ကုသမှုမြန်မြန်ခံယူနိုင်မှာ ကုထုံးကထိရောက်မှုရှိပြီး သက်သာပျောက်ကင်းဖို့ အခွင့်အလမ်းများတာကြောင့်ရောဂါလက္ခဏာတွေကိုမြန်မြန်သိရှိဖို့လိုအပ်ပါမယ်။ ဒီတော့ နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ CVIရောဂါခံစားရရင်ဘယ်လိုလက္ခဏာတွေဖြစ်နိုင်လဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။ဘယ်သူတစ်ဦးတစ်ယောက်မဆို နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (CVI) ကိုခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဒီလူတွေကခံစားရနိုင်ခြေ ပိုများနေပါတယ်။(၂)ပင့်ကူမျှင်သွေးကြောထုံး။(၃)ကောက်ကွေးကြီးမားသောသွေးကြောထုံး။(၄)ဖောရောင်ခြင်း။(၅)ခြေထောက်အညိုအမဲစွဲခြင်း။(၆)အနာကျက်သောခြေထောက်အနာ။(၇)အနာမကျက်သော ဆိုးရွားသည့်သွေးပြန်ကြောအနာ။ဆရာဝန်ကိုသွားရောက်ပြသတဲ့အခါ ဆရာဝန်က ဘာရောဂါတွေခံစားခဲ့ရဖူးလဲဆိုတာကို စစ်ဆေးပါမယ်။ ဒီလိုစစ်ဆေးတာကနာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ CVIရောဂါလက္ခဏာတွေကို ခံစားနေခဲ့ရတဲ့ ကာလအတိုင်းအတာကို သိရှိနိုင်စေဖို့ဖြစ်ပါတယ်။နောက်တစ်ဆင့်အနေနဲ့ကတော့ခြေထောက်ရောင်ရမ်းနေလား၊ အရေပြားအရောင်ပြောင်းနေလား၊သွေးကြောထဲမှာသွေးခဲတာမျိုးရှိလား ။ ခြေထောက်မှာ အနာတစ်ခုခုရှိလားဆိုတာတွေကို စစ်ဆေးပါလိမ့်မယ်။Duplex ultrasound (အသံလှိုင်းသုံးရှာဖွေခြင်း)။သွေးပြန်ကြောတွင်းရှိသွေးများရဲ့ စီးဆင်းနှုန်း နဲ့ ဦးတည်ချက် ကို စမ်းသပ်ခြင်းဖြစ်ပါတယ်။သွေးတွေက ဘက်မှားစီးဆင်းနေလားဆိုတာကို ဆန်းစစ်နိုင်စေဖို့အတွက် ဒီနည်းကို အသုံးပြုတာပါ။ ဒီစစ်ဆေးမှုက အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အဆုတ်ထဲမှာသွေးခဲနေတာလိုမျိုးပြင်းထန်တဲ့ရောဂါအခြေအနေတွေကို စမ်းသပ်ဖော်ထုတ်ရာမှာ အသုံးပြုနိုင်ပါတယ်။စစ်ဆေးမှုပြုလုပ်စဉ်အတွင်းမှာ ကျွမ်းကျင်ပညာရှင်က သင့်အရေပြား ပေါ်တွင် gel တစ်မျိုးသုတ်လိမ်းပါမယ်။ ပြီးရင်တော့သေးငယ်သော ကိရိယာလေးကို အရေပြားပေါ်ထောက်ပြီး စစ်ဆေးမှာဖြစ်ပါတယ်။ ဒီကိရိယာက အသံလှိုင်းတွေကိုအသုံးပြုပြီး သွေးစီးဆင်းမှု ပုံရိပ်တွေကို ကွန်ပျူတာပေါ်မှာ မြင်တွေ့စေမှာဖြစ်ပါတယ်။ စစ်ဆေးမှုလုပ်ဖို့ မိနစ် ၃၀ ကနေ တစ်နာရီလောက်အထိကြာမြင့်နိုင်ပါတယ်။ပြီးရင်တော့ ပုံမှန်အတိုင်းလှုပ်ရှားမှုတွေလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။Magnetic Resonance Venogram (ရေဒီယိုအသံလှိုင်းသုံး ပုံရိပ်ဖော်စစ်ဆေးခြင်း)။CT Venogram (X-rays နဲ့ ကွန်ပျူတာဆော့ဝဲလ်ကိုအသုံးပြုပြီး ပုံရိပ်ဖော်စစ်ဆေးခြင်း)။Venogram (X-rays နဲ့ ပုံရိပ်ဖော်ဆေးရည်သုံး စစ်ဆေးခြင်း)။CVI ကိုကုသရာမှာ လူနာတစ်ယောက်နဲ့တစ်ယောက် ကုသမှုပုံစံချင်းကွဲပြားနိုင်ပါတယ်။ ကုထုံးတော်တော်များများကတော့ရောင်ရမ်းမှုကိုလျော့သွားစေဖို့နဲ့သွေးစီးဆင်းမှုပုံမှန်ဖြစ်လာစေဖို့ ရည်ရွယ်တာပါ။နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (CVI) ခံစားနေရသူတွေအနေနဲ့နေ့စဉ်ဘဝနေထိုင်မှုပုံစံကို အနည်းငယ်ပြောင်းလဲပေးဖို့လိုပါမယ်။ခြေထောက်ကို ခပ်မြင့်မြင့်လေးထားပေးတာကဝေဒနာခံစားရသူတော်တော်များများမှာရောင်ရမ်းမှုကိုလျော့ပါးသက်သာစေပြီးခြေထောက်ရဲ့သွေးလည်ပတ်မှုကိုကောင်းမွန်စေနိုင်ပါတယ်။ မကြာခဏဆိုသလို ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ပေးတာကလည်းသွေးလည်ပတ်မှုကောင်းစေဖို့ အထောက်အကူဖြစ်ပါတယ်။ဒီဝေဒနာကမြန်မြန်ကုသနိုင်လေလေ ထိခိုက်မှုနည်းပြီး ထိရောက်မှုရှိလေလေပါ။ ဒါကြောင့်မြင်သာတဲ့လက္ခဏာတွေတွေ့မြင်ရပြီဆိုတာနဲ့ တတ်သိနားလည်တဲ့သူတွေနဲ့ပြသပြီး ထိရောက်တဲ့ ကုသမှုခံယူဖို့ပြောပါရစေ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/%e1%80%9c%e1%80%b0%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%90%e1%80%b1%e1%80%ba%e1%80%ac%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%9e%e1%80%90%e1%80%ad%e1%80%99/
Separated shoulder (ပုခုံးကွာထွက်ဒဏ်ရာ)
ပုခုံးကွာထွက်ဒဏ်ရာဆိုတာညှပ်ရိုးနှင့်ပုခုံးပြင်ရိုးတို့ကို တွယ်ဆက်ထားသောအရွတ်များ ထိခိုက်မိခြင်းဖြစ်သည်။ဒဏ်ရာမပြင်းလျှင် အရွတ်များဆန့်ထွက်ရုံသာ ဖြစ်ပြီး ဒဏ်ရာပြင်းထန်လျှင် အရွတ်များစုတ်ပြဲသည်အထိ ဖြစ်နိုင်သည်။လူအများစုတွင် ပုခုံးကွာထွက်ဒဏ်ရာကို ခွဲစိတ်ပြုပြင်ရန်မလိုပါ။ အနားပေးခြင်း၊ ရေခဲကပ်ခြင်း၊ အကိုက်အခဲပျောက်ဆေးစသော ကုထုံးများဖြင့် နာကျင်မှုသက်သာနိုင်သည်။ အများစုတွင် ရက်သတ္တပါတ်အနညှ်ုးယ်အတွင်း ပုခုံးကိုပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ကြသည်။ပုခုံးကွာထွက်ဒဏ်ရာသည် အလွန်အဖြစ်များသည်။ အမျိုးသမီးများတွင် အမျိုးသားများထက်ပိုဖြစ်နိုင်ပြီး အသက်အရွယ်မရွေးဖြစ်ပွားနိုင်သည်။ ရောဂါဖြစ်ပွားမှု မြင့်မားစေသော အကြောင်းများကို ရှောင်ကြဉ်ခြင်းဖြင့် ကာကွယ်နိုင်သည်။ ထပ်မံသိရှိလိုသည်များကို ဆရာဝန်နှင့် တိုင်ပင်ပါ။အဖြစ်များသော လက္ခဏာများမှာ။အထက်တွင်ဖေါ်ပြခဲ့သည်နှင့် မတူသော ရောဂါလက္ခဏာများလည်းရှိနိုင်သည်။ ရောဂါလက္ခဏာများနှင့်ပတ်သတ်၍ သံသယရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။ညှပ်ရိုးအဆုံးနားတွင် နာကျင်ခြင်း အထိမခံနိုင်ခြင်းတို့ဖြစ်ပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ အထက်ပါ ရောဂါလက္ခဏာများရှိပါက၊ သိလိုသည်များရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုန်.ပြန်မှုများသည် မတူညီနိုင်သောကြောင့် သင့် ရောဂါလက္ခဏာအတွက် ဆရာဝန်နှင့်တိုင်ပင်ခြင်းသာ အကောင်းဆုံးဖြစ်သည်။အဖြစ်များဆုံး အကြောင်းအရင်းများမှာ ပုခုံးတစ်နေရာကို ရိုက်မိခြင်း၊ ချော်လဲရာတွင် ပုခုံးပေါ်တိုက်ရိုက်ကျခြင်း တို့ဖြစ်သည်။ ထိုဒဏ်ကြောင့် ညှပ်ရိုးနှင့်ပုခုံးပြင်ရိုးတို့ကို တွယ်ဆက်ထားသောအရွတ်များ ဆန့်ထွက်ခြင်း၊ စုတ်ပြဲခြင်းတို့ ဖြစ်နိုင်သည်။ဘောလုံးကန်ခြင်း၊ ဟော်ကီကစားခြင်းစသော တွန်းတွန်းတိုက်တိုက် ကစားရသည့် ကစားနည်းများ၊ ချော်လဲနိုင်ခြေရှိသော နှင်းလျှောစီးခြင်း၊ ဂျွမ်းဘား၊ ဘော်လီဘော စသော ကစားနည်းများ ကစားခြင်းသည် သင့်ကို ပုခုံးကွာထွက်ဒဏ်ရာ ရနိုင်ခြေမြင့်မားစေသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က စမ်းသပ်စစ်ဆေးခြင်းဖြင့် သိနိုင်သည်။ ဓါတ်မှန်ရိုက်ခြင်းဖြင့် ပုခုံးကွာထွက်ဒဏ်ရာဖြစ်ကြောင်းနှင့် ဒဏ်ရာအတိမ်အနက်ကိုလည်း သိနိုင်သည်။ ဒဏ်ရာမပြင်းထန်သူများတွင် အစောပိုင်းရိုက်သော ဓါတ်မှန်များသည် ပုံမှန်အတိုင်း ဖြစ်နေနိုင်သည်။အများစုတွင် မခွဲမစိတ်ဘဲကုသရုံဖြင့် ပုံမှန်အတိုင်း ပြန်ဖြစ်နိုင်သည်။ အနည်းငယ်သာကွာလျှင် တစ်ပတ်နှစ်ပတ်အတွင်း ပြန်ကောင်းနိုင်ပြီး ပိုပြင်းထန်ပါက သုံးလေးပတ် သို့မဟုတ် လနှင့်ချီ၍ ကြာနိုင်သည်။ ထိခိုက်မိသော ပုခုံးပေါ်တွင် အဖုထစမြဲဖြစ်သော်လည်း ပုခုံး၏လှုပ်ရှားမှုကိုတော့မထိခိုက်သင့်ပါ။အလွယ်တကူဝယ်ယူရရှိနိုင်သော အကိုက်အခဲပျောက်ဆေးများ ဖြစ်သည့် စမေခေနအောသူယ ငဘကစမသ်နညယ ညစေမသထနည တို့သည် ပုခုံးနာခြင်းကို သက်သာစေသည်။အနားယူခြင်း။ ပုခုံးကိုပိုနာစေသော အပြုအမူများကို ရှောင်ပါ။ အထူးသဖြင့် နာသည့်ဘက်လက်ကို ခန္ခါကိုယ်ရှေ့သို့ ကန့်လန့်ဖြတ်တင်ခြင်း။ ပုခုံးအပေါ်ဖိအားလျော့စေရန်နှင့် အနွေးဓါတ်ရစေရန် လက်ကို ယာယီသိုင်းထားပြီး မလှုပ်ရှားအောင်ထားနိုင်သည်။ရေခဲကပ်ခြင်း။ ရေခဲသည် နာကျင်ခြင်းနှင့် ရောင်ရမ်းမှုကို သက်သာစေသည်။ တကြိမ်လျှင် ၁၅မိနစ်၊ မိနစ်၂၀ခန့် ကပ်နိုင်သည်။ကိုယ်လက်လှုပ်ရှားခြင်း။ အကြောလျှော့ခြင်း၊ ပုခုံးသန်မာစေသော လေ.ကျင့်ခန်းများ လုပ်ခြင်းဖြင့် သင့်ပုခုံးကို ပြန်လည်သန်မာစေပြီး ပုံမှန်လှုပ်ရှားနိုင်စေသည်။ခွဲစိပ်ခြင်း။ နာကျင်မှုမသက်သာလျှင်၊ ပြင်းထန်သော ပုခုံးကွာထွက်ခြင်း သို့မဟုတ် ညှပ်ရိုးကျိုးခြင်းတို့ ရှိလျှင် ခွဲစိတ်ခြင်းကို ရွေးချယ်နိုင်သည်။ ခွဲစိတ်ခြင်းဖြင့် ပြဲသွားသောအရွတ်သောများကို ပြန်ဆက်ခြင်း၊ ဒဏ်ရာရသော အရိုးများကို နေရာချခြင်း၊ နေရာမရွေ့အောင်စီစဉ်ခြင်းတို့ ပြုလုပ်နိုင်သည်။သိလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/separated-shoulder-%e1%80%95%e1%80%af%e1%80%81%e1%80%b6%e1%80%af%e1%80%b8%e1%80%80%e1%80%bc%e1%80%ac%e1%80%91%e1%80%bc%e1%80%80%e1%80%b9%e1%80%92%e1%80%8f%e1%80%b9%e1%80%9b%e1%80%ac/
ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့အခါ ကူးစက်နိုင်တဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါများ။
လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါ(STDs) တော်တော်များများက လိင်အင်္ဂါမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ဒါ့ကြောင့် ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့အခါကွန်ဒုံး(သို့မဟုတ်) dental dam လို့ခေါ်တဲ့ ၆ လက်မ ပတ်လည်ခန့် စတုရန်းပုံ ရော်ဘာ အပြားလေးတွေလို အကာကွယ် နည်းလမ်းသုံးခြင်းက လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါကူးစက်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့အခါ တခြား လိင်ဆက်ဆံမှု ပုံစံတွေထက် HIV ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ နည်းတယ်ဆိုပေမဲ့ မကြာခဏ အကာကွယ်မဲ့ဆက်ဆံမိနေရင်။ကူးစက်နိုင်ခြေကို ပိုများလာစေနိုင်ပါတယ်။ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းဆိုတာ ပါးစပ်၊ နှုတ်ခမ်းနဲ့ လျှာတို့ကို အသုံးပြုပြီးလိင်တံကို လှုံဆော်ပေးခြင်း (fellatio) နဲ့ အမျိုးသမီး အင်္ဂါကို လှုံ့ဆော်ပေးခြင်း (cunnilingus) နဲ့ စအိုကို လှုံ့ဆော်ပေးခြင်း (anilingus) တို့ပါဝင်ပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဆိုတာ။လိင်ပိုင်းဆိုင်ရာ ပုံမှန်လုပ်ဆောင်မှု ရှိနေတဲ့ အရွယ်ရောက်သူတွေ အများစု လုပ်တတ်တဲ့ ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို လိင်ကွဲကြိုက်နှစ်သက်သူတွေနဲ့လိင်တူကြိုက်နှစ်သက်သူတွေလည်း လုပ်ဆောင်ကြပါတယ်။လေ့လာချက်တွေအရတော့ အနောက်နိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ ပုံမှန်လုပ်ဆောင်မှု ရှိနေတဲ့ အရွယ်ရောက်သူ ၈၅ ရာခိုင်နှုန်းအထိက သူတို့ရဲ့ဘဝမှာဆန့်ကျင်ဘက်လိင်နဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံမှု ရှိတယ်လို့ ဆိုပါတယ်။ ၂၀၀၇ ကနေ ၂၀၁၀ ခုနှစ်အတွင်း လေ့လာခဲ့တဲ့ လေလာချက်တစ်ခုမှာတော့ ဆယ်ကျော်သက် ၁၅ နှစ်ကနေ ၁၇ နှစ်အတွင်းရှိသူ လူငယ်ယောက်ျားလေးနဲ့ အမျိုးသမီး ၃၃ ရာခိုင်နှုန်းက သူတို့ရဲ့ ဆန့်ကျင်ဖက်လိင်နဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံဖူးကြောင်းတွေ့ရှိခဲ့ပါတယ်။ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကနေ STD တွေ ပြန့်ပွားနိုင်သလား။လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ (STD) နဲ့ တစ်ခြားသော ကူးစက်ရောဂါတွေဟာ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကနေကူးစက်နိုင်ပါတယ်။ လိင်မှတစ်ဆင့် ကူးစက်ရောဂါရှိတဲ့သူနဲ့ ဆက်ဆံမိသူတိုင်း STD ရောဂါတွေကို ပါးစပ်၊ လည်ချောင်း၊ လိင်အင်္ဂါနဲ့ စအိုလမ်းကြောင်းတို့ကနေ ကူးစက်နိုင်ပါတယ်။ ပါးစပ်ကနေ လိင်ဆက်ဆံရင်း STD ရောဂါ ဘယ်လောက်ကူးစက်နိုင်သလဲ ဆိုတာကတော့ အောက်ပါအချက်တွေပေါ် မူတည်ပါသေးတယ်။ အဲ့ဒါတွေက။– လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါ အမျိုးအစား၊။– လိင်ဆက်ဆံမှုကို ဘယ်လိုလုပ်ဆောင်ခဲ့သလဲဆိုတဲ့အချက်၊။– အဖော်ဖြစ်သူမှာ ဘယ်လို လိင်မှတစ်ဆင့် ကူးစက်ရောဂါ ရှိနေသလဲဆိုတဲ့အချက်နဲ့။– ဘယ်လို လိင်မှု ကိစ္စတွေကို ဘယ်နှစ်ကြိမ်လုပ်ဆောင်ခဲ့သလဲဆိုတဲ့အချက်တွေပေါ် မူတည်ပါတယ်။ယေဘုယျအားဖြင့် ပါးစပ်ဖြင့် လိင်ဆက်ဆံရင်း အဖော်ဖြစ်သူရဲ့ လိင်အင်္ဂါကနေ လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေ ကူးစက်နိုင်ပါတယ်။ အဖော်ဖြစ်သူရဲ့ ပါးစပ်နဲ့ လည်ချောင်းမှာ ကူးစက်ရောဂါ ရှိနေမယ်ဆိုရင်လည်း လိင်တံ၊ မွေးလမ်းကြောင်းနဲ့ စအိုလမ်းကြောင်းတို့မှာ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ကူးစက်ခံရနိုင်ပါတယ်။လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကို ပါးစပ်နဲ့ လိင်အင်္ဂါ၊ နှစ်မျိုးစလုံးမှာ တစ်ပြိုင်နက် ကူးစက်ခံရနိုင်ပါတယ်။ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေဟာ ကူးစက်ခံထားရတဲ့သူဆီမှာ ရောဂါ လက္ခဏာတွေ မပြနေဘူးဆိုရင်တောင် ကူးစက်နိုင်ပါတယ်။ ဒါ့ကြောင့် လူနာတစ်ယောက်အနေနဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါ ကူးစက်ခံထားရတယ်ဆိုရင် လက္ခဏာ မပြတဲ့အတွက် သူ့အနေနဲ့ မသိနိုင်ပါဘူး။ဘယ်လို လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေက ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကနေ ကူးစက်နိုင်သလဲ။၁။Chlamydiaရောဂါ။Chlamydia ရောဂါ ရှိသူနဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံရင် ဒီရောဂါ ကူးစက်နိုင်ပါတယ်။ များသောအားဖြင့် ကူးစက်နိုင်တဲ့နေရာတွေက လည်ချောင်း၊ လိင်အင်္ဂါများ၊ဆီးလမ်းကြောင်းနဲ့ စအိုလမ်းကြောင်းတွေ ဖြစ်ပါတယ်။ များသောအားဖြင့် ရောဂါ လက္ခဏာ မပြတတ်ဘဲ ပြတဲ့အခါမှာဆိုရင်လည်း လည်ချောင်းနာခြင်း၊ လိင်အင်္ဂါမှ အညစ်အကြေးများဆင်းခြင်း၊ ဆီးသွားချိန် ပူစပ်ခြင်းနဲ့ ဝှေးစေ့များရောင်ကိုင်းခြင်းတို့ ဖြစ်လာနိုင်ပါတယ်။၂။ဆီးပူညောင်းကျ(ဂနို)ရောဂါ(Gonorrhea)။ရောဂါ ရှိသူနဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံမိရင် ရောဂါ ကူးစက်နိုင်ပါတယ်။ ပထမဆုံး ကူးစက်ခံရနိုင်တဲ့နေရာတွေကတော့ ပါးစပ်၊ လိင်အင်္ဂါ၊ ဆီးလမ်းကြောင်းနဲ့ စအိုလမ်းကြောင်းတို့ ဖြစ်ပါတယ်။ များသောအားဖြင့် ရောဂါ လက္ခဏာ မပြတတ်ဘဲ ပြပြီဆိုရင် လည်ချောင်းနာခြင်း၊ လိင်အင်္ဂါများမှ အရည်များဆင်းခြင်း၊ ဆီးသွားချိန် နာကျင်ခြင်း၊ ဝှေးစေ့များ ရောင်ကိုင်းလာခြင်း၊ စအိုလမ်းကြောင်း နာကျင်ခြင်းနဲ့ အရည်များထွက်ခြင်းတို့ ခံစားရနိုင်ပါတယ်။၃။syphilisကာလသားရောဂါ။လိင်အင်္ဂါများ (သို့မဟုတ်) စအို နားမှာ ဆစ်ဖလစ် အနာနဲ့ အဖုအပိမ့်များ ရှိနေတဲ့ အဖော်ဖြစ်သူနဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံခဲ့ရင် ဆစ်ဖလစ် ကာလသားရောဂါ ကူးစက်နိုင်ပါတယ်။ ဒါမှမဟုတ် ပါးစပ်နဲ့ နှုတ်ခမ်းမှာ ဆစ်ဖလစ်အနာများ ရှိနေတဲ့ အဖော်ဖြစ်သူရဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံပေးခြင်းကိုလည်း ခံခဲ့ရင်လည်း ဆစ်ဖစ်လစ်ရောဂါ ရနိုင်ပါတယ်။ ဆစ်ဖလစ်ရောဂါ ပထမဆုံး ကူးစက်ခံရနိုင်တဲ့နေရာတွေကတော့ နှုတ်ခမ်း၊ ပါးစပ်၊ လည်ချောင်း၊ လိင်အင်္ဂါများ၊ စအိုနဲ့ စအို လမ်းကြောင်းတို့ ဖြစ်ပါတယ်။ များသောအားဖြင့် ရောဂါ လက္ခဏာမရှိဘဲ နှုတ်ခမ်း၊ ပါးစပ်၊ လည်ချောင်း၊ အရေပြား၊ လိင်အင်္ဂါနဲ့ စအိုနားတစ်ဝိုက်မှာ နာကျင်မှု မရှိတဲ့ အနာတစ်ခု (ဒါမှမဟုတ်) အနာများပေါက်နိုင်ပါတယ်။ ကိုယ်လုံး၊ လက်များနဲ့ ခြေထောက်ပြင်တို့မှာ အနီကွက်များပေါက်နိုင်ပြီး တုပ်ကွေးလို ရောဂါမျိုးကို ခံစားရနိုင်ပါတယ်။၄။ရေယုန်(herpes simplex virus types 1၊ 2)။ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့အခါ ဆက်ဆံပေးတဲ့သူပဲ ဖြစ်ဖြစ်၊ ဆက်ဆံခံရတဲ့သူပဲ ဖြစ်ဖြစ်ကူးစက်နိုင်ပါတယ်။ ကူးစက်ခံရနိုင်တဲ့နေရာတွေကတော့ နှုတ်ခမ်း၊ ပါးစပ်၊ လည်ချောင်း၊ လိင်အင်္ဂါ ဧရိယာနားတစ်ဝိုက်၊ စအို၊ စအိုလမ်းကြောင်းနဲ့ တင်ပါးတို့တွေမှာ ကူးစက်နိုင်ပါတယ်။ ပုံမှန်အားဖြင့် ရေယုန်တွေဟာ ရောဂါ လက္ခဏာတွေ ပြလေ့ မရှိဘဲ စစချင်းမှာတော့ ခေါင်းကိုက်ခြင်းနဲ့ ဖျားနာခြင်းတွေကို ဖြစ်စေပြီး နာကျင်ပြီး ယားယံတဲ့ အနာလေးတွေ ကူးစက်ခံရနိုင်ပါတယ်။ လက်ရှိအချိန်ထိ ရေယုန်တွေအတွက် ကုသစရာ ဆေးမရှိဘဲ ဗိုင်းရပ်စ်များကို တိုက်ဖျက်ပေးတဲ့ ဆေးဝါးတွေကတော့ ရေယုန်တွေ ပိုဆိုးလာခြင်းကို သက်သာစေနိုင်ပါတယ်။၅။ လိင်အင်္ဂါအသားပိုကို ဖြစ်စေနိုင်တဲ့HPV(human papillomavirus)။HPV ဗိုင်းရပ်စ်ရှိတဲ့သူနဲ့ ပါးစပ်မှတစ်ဆင့် လိင်ဆက်ဆံခံရတာပဲဖြစ်ဖြစ်၊ ပေးတဲ့အခါပဲဖြစ်ဖြစ် HPV ဗိုင်းရပ်စ်ကူးစက်နိုင်ပါတယ်။ ကူးစက်နိုင်တဲ့နေရာတွေကတော့ ပါးစပ်၊ လည်ချောင်း၊ လိင်အင်္ဂါ ဧရိယာများ၊ မွေးလမ်းကြောင်း၊ သားအိမ်ခေါင်း၊ စအိုနဲ့ စအိုလမ်းကြောင်းတို့ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ရောဂါ လက္ခဏာပြလေ့မရှိဘဲ ပြလာပြီဆိုရင် လည်ချောင်းမှာ အသားပိုများ ဖြစ်လာခြင်း (ဒီလိုဖြစ်လာတဲ့အခါ အသံပြောင်းလာခြင်း၊ စကားပြောရခက်လာခြင်းနဲ့ အသက်ရူရခက်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။) လိင်အင်္ဂါနဲ့ စအိုနားတစ်ဝိုက်တွင် အသားပိုများထွက်လာခြင်း၊ ဓါတ်ခွဲခန်းမှာ လေ့လာမှသာတွေ့နိုင်တဲ့ မွေးလမ်းကြောင်း၊ သားအိမ်ခေါင်းနဲ့ စအိုရှိဆဲလ်တွေ အတွင်းမှာ မူမမှန်ပြောင်းလဲမှု များဖြစ်လာနိုင်ပါတယ်။လိင်အင်္ဂါသားပိုတွေကို ကုသရင် ခွဲစိတ်မှုတွေနဲ့သာ အသားပိုတွေကို ဖယ်ရှားပစ်နိုင်ပြီး HPV ဗိုင်းရပ်စ်ကိုတော့ မကုသနိုင်ပါဘူး။ HPV ဗိုင်းရပ်စ်ကိုကာကွယ်ချင်တယ်ဆိုရင်တော့ ကာကွယ်ဆေးထိုးထားနိုင်ပါတယ်။၆။HIVဗိုင်းရပ်စ်(human immunodeficiency virus)။ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာ မွေးလမ်းကြောင်းဖြင့် လိင်ဆက်ဆံခြင်းနဲ့ စအိုဖြင့် လိင်ဆက်ဆံခြင်းတို့ထက် HIV ဗိုင်းရပ်စ် ကူးစက်နိုင်ခြေနည်းပေမဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကိုခံတဲ့သူပဲ ဖြစ်ဖြစ်၊ ပေးတဲ့သူပဲ ဖြစ်ဖြစ်ကူးစက်ခံရနိုင်ပါတယ်။ နောက်ထပ် HIV ဗိုင်းရပ်စ်  ပျံ့ပွားရာနဲ့ ပတ်သက်ပြီး အရေးကြီးတာတစ်ခုက ကူးစက်ခံထားရတဲ့ အဖော်ဖြစ်သူရဲ့သွေးနဲ့ ခန္ဓာကိုယ်ထွက်အရည်တွေထဲမှာ ရှိတဲ့။ဗိုင်းရပ်စ် ပမာဏ (viral load) ဖြစ်ပါတယ်။ HIV ဗိုင်းရပ်စ် နည်းနေမယ်ဆိုရင် HIV ဗိုင်းရပ်စ် ကူးစက်နိုင်ခြေ နည်းနိုင်ပါတယ်။ ကူးစက်ခံရနိုင်တဲ့နေရာကတော့ ခန္ဓာကိုယ်တစ်လျှောက်ရှိ ကိုယ်ခံအားစနစ် တစ်ခုလုံးဖြစ်ပြီး ပုံမှန်အားဖြင့် နှစ်အကြာကြီး ရောဂါ လက္ခဏာ မပြပါဘူး။ ဒါပေမဲ့ပြတယ်ဆိုရင်လည်း တုပ်ကွေးကဲ့သို့သော လက္ခဏာတွေ ပြနိုင်ပါတယ်။ လက်ရှိအချိန်ထိ HIV ဗိုင်းရပ်စ် အတွက် ကုသနည်း မရှိသေးပါဘူး။၇။trichomoniasisရောဂါ။ဒီရောဂါကလည်း ပါးစပ်ဖြင့် လိင်ဆက်ဆံရင် ဆက်ဆံတဲ့သူပဲ ဖြစ်ဖြစ်၊ ဆက်ဆံခံရတဲ့သူပဲ ဖြစ်ဖြစ် ကူးစက်ခံရနိုင်ပါတယ်။ ကူးစက်ခံရနိုင်တဲ့ နေရာတွေကတော့ မွေးလမ်းကြောင်း၊ လိင်တံ၊ ပါးစပ်၊ လည်ချောင်းတို့ ဖြစ်ပါတယ်။ စစချင်းတော့ ဘာလက္ခဏာမှ မပြဘဲ ပြလာတဲ့အခါမှာ မွေးလမ်းကြောင်း၊ လိင်အင်္ဂါမှာ စွန့်ပစ်အရည်များဆင်းခြင်း၊ မွေးလမ်းကြောင်းနီရဲလာခြင်း၊ မွေးလမ်းကြောင်း ယားယံလာခြင်း၊ ဆီးသွားချိန် ပူစပ်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။ trichomoniasis ရောဂါကို ကုသလို့ ရပါတယ်။အထက်မှာပြထားတဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ အပြင်တခြား ကူးစက်ရောဂါတွေ ဖြစ်တဲ့ အသည်းရောင် အသားဝါ A (hepatitis A virus)၊ Shigella နဲ့ အူလမ်းကြောင်းကပ်ပါးကောင် (amebiasis) တို့ဟာလည်း စအိုကို ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကနေ ကူးစက်နိုင်ပါတယ်။ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းက မွေးလမ်းကြောင်းနဲ့ စအိုဖြင့် လိင်ဆက်ဆံခြင်းတို့ ထက်စိတ်ချရရဲ့လား။လိင်မှတစ်ဆင့် ကူးစက်ရောဂါ (STDs) အများစုဟာ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကနေ ကူးစက်နိုင်ပါတယ်။ ဒါပေမဲ့ မတူညီတဲ့လိင်ဆက်ဆံပုံတွေကနေပြီး ဘယ်လောက် ရောဂါ ကူးစက်နိုင်သလဲဆိုတာကိုတော့ အတိအကျပြောဖို့ခက်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့သူအများစုဟာလည်း မွေးလမ်းကြောင်းဖြင့် စအိုဖြင့်လည်း လိင်ဆက်ဆံတတ်ကြလို့ပါ။လေ့လာချက်တွေ အရတော့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာ မွေးလမ်းကြောင်းနဲ့ စအိုဖြင့် လိင်ဆက်ဆံခြင်းတို့ထက် HIV ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ ပိုနည်းတယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ ဒီအချက်က HIV ဗိုင်းရပ်စ်အတွက်သာ ဖြစ်ပြီး တခြား လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ အတွက်တော့ မှန်မနေ နိုင်ပါဘူး။ဥပမာ လေ့လာချက်တစ်ခုအရ ဆစ်ဖလစ်ရှိတဲ့ လိင်တူ ချစ်သူ အမျိုးသား တွေကိုလေ့လာခဲ့တဲ့စစ်တမ်းတစ်ခုမှာ ၅ ယောက်အနက် ၁ ယောက် ပါးစပ်ဖြင့်သာ လိင်ဆက်ဆံခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာ မွေးလမ်းကြောင်းနဲ့ စအိုတို့ဖြင့် လိင်ဆက်ဆံခြင်းတို့ထက် အန္တရာယ်နည်းနိုင်ပေမဲ့ ကူးစက်နိုင်ခြေ ရှိပါသေးတယ်။Chlamydia နဲ့ gonorrhea တို့ လည်ချောင်းမှာ ကူးစက်ခံထားရခြင်းက လိင်အင်္ဂါတွေနဲ့ စအိုလမ်းကြောင်းမှာ ကူးစက်ခံထားရခြင်းလောက်တော့ လူတစ်ယောက်ရဲ့ ကျန်းမာရေးကို မထိခိုက်စေနိုင်ပါဘူး။ ဒါပေမဲ့ HIV ဗိုင်းရပ်စ် ကူးစက်နိုင်ခြေကို ပိုမြင့်စေနိုင်ပါတယ်။ ဒါပေမဲ့ ဆစ်ဖလစ်တို့ HIV တို့ကတော့တစ်ကိုယ်လုံးကို ပျံ့နှံ့နိုင်တဲ့အတွက် ဘယ်နေရာကနေ ရရ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကနေ STD တွေ ရနိုင်ခြေကို ပိုများစေတဲ့အကြောင်းရင်းတွေက ဘာတွေ ဖြစ်မလဲ။အောက်ပါအချက်တွေ ဖြစ်နေရင်တော့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကနေ HIV နဲ့ တစ်ခြား STD တွေရနိုင်ခြေကို ပိုများလာစေနိုင်ပါတယ်။ –။– ခံတွင်းကျန်းမာရေး ဆိုးရွားပြီး သွားပျက်ဆီးနေခြင်း၊။– သွားဖုံးပျက်ဆီးနေခြင်း၊ သွားဖုံးမှ သွေးထွက်နေခြင်း နဲ့ ခံတွင်းကင်ဆာ ဖြစ်နေခြင်း။– ပါးစပ်နဲ့ လိင်အင်္ဂါတွေမှာ အနာများပေါက်နေခြင်း၊။– အဖော်ဖြစ်သူရဲ့ သုက်မထွက်ခင် အရင်ထွက်သော အရည်ကြည်များနဲ့ ထိတွေ့မိခြင်းတို့ဖြစ်ပါတယ်။ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကနေ တစ်ဆင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ မကူးစက်တော့အောင် ဘယ်လို လုပ်ရမလဲ။ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကနေ STD တွေ ကူးစက်နိုင်ခြေကိုလျှော့ချဖို့ အတွက် ကွန်ဒုံးနဲ့ dental dam တို့ကို လိင်ဆက်ဆံတိုင်း အသုံးပြုဖို့လိုပါတယ်။STD တွေ ကူးစက်နိုင်ခြေကို အပြည့်အဝ ကာကွယ်ဖို့အတွက်တော့ မွေးလမ်းကြောင်း၊ စအိုနဲ့ ပါးစပ်တို့ကနေ လိင်ဆက်ဆံတာမလုပ်ဖို့ပါပဲ။ မလုပ်ရင် အန္တရာယ်ကင်းပါတယ်။ ဒါပေမဲ့ သင်ဟာ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှု ပုံမှန် ရှိနေသူတစ်ယောက်ဆိုရင်။– STD ရောဂါများကိုစစ်ဆေးထားပြီး ရောဂါမရှိတဲ့အဖော်ဖြစ်သူနဲ့ တစ်လင်တစ်မယား စနစ် ကျင့်သုံးခြင်း၊။– လိင်ဆက်ဆံချိန်တိုင်း ကွန်ဒုံး အသုံးပြုခြင်းတို့နဲ့ ကူးစက်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။အရေးကြီးတဲ့အချက်တစ်ချက်က STD တွေမှာ ဘာရောဂါ လက္ခဏာမှ မပြတတ်တာကြောင့် ကူးစက်ခံထားရသူကလည်း သူတို့ မကူးစက်ခံရသေးဘူးထင်ပြီး သင်ထံ STD ရောဂါတွေကို ကူးစက်စေနိုင်ပါတယ်။ ဒါ့ကြောင့်သင်ဟာလိင်ပိုင်းဆိုင်ရာ ပုံမှန် လုပ်ဆောင်နေသူတစ်ယောက်ဆိုရင် HIV ဗိုင်းရပ်စ်နဲ့ STD တွေ အတွက် ပုံမှန်စစ်ဆေးမှု ပြုလုပ်ပြီး အဖော်ဖြစ်သူကိုလည်း STD တွေ စစ်ဆေးထားသလားဆိုတာကို သေချာအောင်ပြုလုပ်သင့်ပါတယ်။ အကယ်၍ သင့်မှာ STD ရှိနေမယ်ဆိုရင် လိင်ဆက်ဆံတာကိုရပ်ပြီး နီးစပ်ရာဆေးရုံဆေးခန်းမှာ ပြသပြီး စစ်ဆေးကုသနိုင်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/more-stis-stds/stds-that-can-spread-from-oral-sex/
တစ်ကိုယ်တည်းလည်း ပျော်ပျော်နေလို့ ရပါတယ်
ဘဝမှာ နေပျော်ဖို့ဆိုရင်တော့ အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် သေချာလေး နားလည်ဖို့ပါ။ လူတော်တော်များများ ယူဆထားကြတာက တစ်ကိုယ်တည်းနေမယ်ဆိုရင် အထီးကျန်ပြီး ပျင်းစရာကောင်းမယ် ပျော်စရာလည်း မရှိဘူးလို့ပေါ့။ တကယ်ကတော့ တစ်ကိုယ်တည်းလည်း ပျော်ပျော်နေလို့ ရပါတယ် ဆိုတာကို အသိပေးချင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ပြောပြပေးချင် ပါတယ်။တစ်ယောက်တည်းလည်း ဘဝမှာ ပျော်ပျော်နေလို့ရပါတယ်။ တကယ်က ဘဝမှာ အနေပျော်ဖို့ဆိုရင် အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် သေချာလေး နားလည်ဖို့ပါ။ တစ်ခါတလေမှာ ဘေးနားမှာ ချစ်သူလက်တွဲဖော်တွေရှိပေမယ့်လည်း အထီးကျန်နေကြသူတွေ အများကြီးပါ။ ဒါကြောင့် တစ်ကိုယ်တည်းနေမှ အထီးကျန်တာ စိတ်ပင်ပန်းတာ မဟုတ်ပါဘူး။စိတ်သဘောထား မတိုက်ဆိုင်တဲ့ သူတွေနဲ့ အတူနေရတာ၊ ဝါသနာ မပါတာကို လုပ်ရတာတွေကလည်း အထီးကျန်တာကို ဖြစ်စေနိုင်ပါတယ်။ တကယ်ကတော့အထီးကျန်တယ်ဆိုတာက တစ်ကိုယ်တည်း အချိန်တွေကို ဖြုန်းနေရတာကို ဆိုလိုတာ မဟုတ်ပါဘူး။ အနီးဝန်းကျင်က အရာတွေအပေါ်မှာ စိတ်ဝင်စားမှု မရှိတော့ခြင်းကပဲ အထီးကျန်မှုကို ဖြစ်စေနိုင်တာပါ။တစ်ခါတလေမှာ တစ်ယောက်တည်းနေတာကလည်း ပျော်ရွှင်မှုကို ခံစားရစေနိုင်ပါတယ်။ ဒါပေမယ့် တစ်ခု ရှိတာက တစ်ယောက်တည်းနေရချိန်မှာ အကောင်းမြင်တတ်ဖို့တော့ လိုပါမယ်။ တစ်ယောက်တည်း ကိုယ့်ကိုယ်ကိုယ် သုံးသပ်တတ်ဖို့လည်း လိုပါမယ်။ ဒီလို လုပ်ဆောင်တာက အထီးကျန်မှု ကင်းပြီး ပျော်ရွှင်တဲ့ ဘဝကို ဖန်တီးနိုင်မှာပါ။တစ်ကိုယ်တည်းလည်း ပျော်ပျော်နေလို့ ရပါတယ် ။ ဘယ်လိုနေရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ဝါသနာ အသစ်ရှာပါ။တစ်ကိုယ်တည်း အထီးကျန်တယ်လို့ ခံစားရတဲ့ ခံစားချက်ကို ပျောက်စေပြီး တစ်ယောက်တည်း ပျော်ပျော်နေဖို့ဆိုရင်တော့ မသိသေးတဲ့ ပညာရပ် အသစ်ကို သင်ယူတာဖြစ်ဖြစ်၊ ဝါသနာပါရာ အသစ် တစ်ခုခုကို ဖြစ်ဖြစ် သင်ယူတာမျိုး လုပ်ဆောင်ပေးပါ။ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာ၊ ကြင်နာတာ၊ ဦးစားပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး အထီးကျန်မှု ကင်းစေမှာပါ။ ဒါကြောင့် ကိုယ်တိုင်ရဲ့ ကျန်းမာရေးကိုဖြစ်ဖြစ်၊ အလှအပကိုဖြစ်ဖြစ် ဂရုစိုက်ပေးပါ။ ကိုယ်တိုင် စိတ်ပျော်စေမယ့် အလေ့အထလေးတွေ ဖြစ်တဲ့ သီချင်းဆိုတာ၊ စာဖတ်တာမျိုးတွေ လုပ်ပြီး ကိုယ့်စိတ်ကိုယ် ပျော်အောင် ထားပေးပါ။ဆိုရှယ်မီဒီယာကနေ ရုန်းထွက်ပါ။ဆိုရှယ်မီဒီယာက ကောင်းတဲ့အရာတွေကို ပေးသလို မကောင်းတဲ့အရာတွေ ခံစားချက်တွေကိုလည်း သယ်ဆောင်လာပါတယ်။ ဒါကြောင့် တစ်ယောက်တည်း ပျော်ချင်တယ်။ အထီးကျန်မှု ကင်းဝေးစေချင်တယ် ဆိုရင်တော့ ဆိုရှယ်မီဒီယာကနေ ခဏလောက်ဖြစ်ဖြစ် ရုန်းထွက်လိုက်ပါ။တက်တက်ကြွကြွနေပါ။နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာကို စိတ်ရောကိုယ်ပါ လန်းဆန်းစေမယ့် ကိုယ်လက်လေ့ကျင့်ခန်းလေးကို နေ့စဉ် ၁၅ မိနစ် ကနေ နာရီဝက်လောက် လုပ်ပေးပါ။အပြင်ထွက်ပါ။လူတစ်ယောက်က ပြင်ပ ပတ်ဝန်းကျင်နဲ့ ထိတွေ့မှု နည်းလာလေလေ စိတ်ဓာတ်ကျလာလေလေပါ။ ဒီလို စိတ်ဓာတ်ကျမှုက အထီးကျန်တာကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်ကိုမိနစ် ၁၂၀ လောက်အပြင်ထွက်တာ သူငယ်ချင်းတွေနဲ့ တွေ့တာမျိုး လုပ်ပေးပါ။ကျေးဇူးတင်တတ်ပါစေ။ကျေးဇူးတင်တတ်တာက ကိုယ်တိုင်ကိုရော ကျေးဇူးတင်ခံရသူကိုပါ ပျော်ရွှင်စေနိုင်ပါတယ်။ ဒါကြောင့် ပျော်ရွှင်ပြီး အထီးကျန်မှု ကင်းစေဖို့အတွက် အကူအညီ တစ်ခုခု ရတိုင်းမှာ ကျေးဇူးတင်တယ်လို့ ပြောဖို့ မမေ့ပါနဲ့။တစ်ကိုယ်တည်း အထီးမကျန်စေဖို့အတွက် အခုပြောတဲ့ အလေ့အထလေးတွေကို လုပ်ဆောင်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/how-to-be-happy-alone/
အလုပ်များတဲ့ အိမ်ထောင်သည်အမျိုးသမီးတွေအတွက် လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း
တစ်နေ့တာမှာလုပ်စရာတွေများလွန်းလို့ ကိုယ့်ကိုကိုယ်တောင်ဂရုစိုက်မကြည့်မိဘူး။ မိုးလင်းတာနဲ့ ချက်ရပြုတ်ရ၊ ရှင်းလင်းရနဲ့ အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ တာဝန်တွေထမ်းဆောင်ရတယ်။ ပြီးရင် ပြင်ဆင်ပြီး ရုံးသွားလို့ ရုံးဝန်ထမ်းအဖြစ် တစ်နေ့တာကို ကုန်ဆုံးရပြန်တယ်နော်။ ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင်သရုပ်ဆောင်ရင်းပေါ့။ ဒီနေ့ခေတ်မှာဆိုရင်အမျိုးသမီးတွေက အရင်တုန်းကလို အိမ်မှာနေ၊ကလေးထိန်း အိမ်မှုကိစ္စလုပ်ရုံတင်မဟုတ်တော့ဘဲ အပြင်ထွက်အလုပ်လုပ်ရတဲ့အတွက် အလုပ်ပိုများလာတာတော့အမှန်ပါပဲ။ ဒီလိုအလုပ်များတဲ့လေဒီတွေအနေနဲ့ အဆင်သင့်မဖြစ်ခင်မှာ ကလေးရသွားတဲ့အခါ တစ်ပူပေါ်တစ်ပူဆင့် အလုပ်ပိုများလာမှာဖြစ်တာကြောင့် မအားတဲ့ကြားထဲကနေပဲ သားဆက်ခြားဖို့ကိုလည်း လုပ်ရပြန်ပါသေးတယ်။သားဆက်ခြားနည်းအမျိုးမျိုးကို သုံးရပြီလေ။အလုပ်များတဲ့အမျိုးသမီးတွေအတွက် သားဆက်ခြားနည်းတွေကို ထပ်သုံးရတာကလည်း နောက်ထပ်အလုပ်ပိုတစ်ခုပါ။ လေဒီတို့ရွေးချယ်နိုင်တဲ့သားဆက်ခြားနည်းတွေက။အလုပ်များတဲ့သူတွေအတွက် ရွေးချယ်စရာနည်းလမ်းနှစ်ခု။ဒီနည်းလမ်းတွေက တစ်မျိုးစီမှာအားသာချက်တွေအသီးသီးရှိကြပေမယ့် အချိန်ပေးရတာကတော့အမှန်ပါပဲ။ဆေးသောက်မယ်ဆိုရင်လည်း တစ်ရက်မပျက်သောက်ရမှာဖြစ်သလိုဆေးထိုးမယ်ဆိုရင်လည်း သတ်မှတ်ရက်မှာ ဆရာဝန်ဆီသွားပြီး ရက်အတိအကျနဲ့ဆေးထိုးရမှာပါ။ ကွန်ဒုံးဆိုရင်လည်း ဆက်ဆံမှုပြုတိုင်းမှာ သတိထားပြီး အသုံးပြုရမှာပါပဲ။ ဒီတော့ အလုပ်များတဲ့သူတွေအတွက် ရွေးချယ်စရာက နှစ်ခုကျန်တယ်။သားအိမ်တွင်းထည့်ပစ္စည်း (IUD) နဲ့ လက်မောင်းတွင်းထည့်ပစ္စည်း (Implant) တို့ကတော့ အခုပြောခဲ့တဲ့ နည်းလမ်းတွေလို အလုပ်မရှုပ်လှပါဘူး။ ဒါပေမယ့် တစ်ခုရှိတာက IUD ကရာသီလာစဉ်မှာသားအိမ်ကြွက်သားတွေပုံမှန်ထက်နာကျင်တာမျိုးတွေခံစားရနိုင်ရသလို ရာသီမလာခင်ခံစားရနိုင်တဲ့ရောဂါလက္ခဏာတွေကို ပုံမှန်ထက်ပိုမိုခံစားရတာမျိုးတွေရှိနိုင်ပါတယ်။ဟော်မုန်းပါတဲ့ သားအိမ်တွင်းထည့်ပစ္စည်းက ရာသီစက်ဝန်းရပ်တန့်သွားတာမျိုးအထိဖြစ်စေနိုင်ပါတယ်။နောက်တစ်ချက်က IUD ကလိင်ဆက်ဆံတဲ့အခါထိခိုက်မိမလား၊ အဆင်မပြေဖြစ်မလားဆိုပြီး စိတ်ပူရတာမျိုးတွေရှိနိုင်ပါတယ်။ ဒီပြဿနာတွေကနေကင်းဝေးပြီး ကိုယ်ဝန်ရရှိနိုင်ခြေကို သိသိသာသာလျှော့ချပေးနိုင်မယ့် နည်းလမ်းကောင်းတစ်ခုကတော့ လက်မောင်းတွင်းထည့်ပစ္စည်းပါ။ ဒါကြောင့်လေဒီတို့အနေနဲ့ နေ့ရက်တိုင်းကို ယုံကြည့်မှုရှိရှိနဲ့ဖြတ်သန်းလိုတယ်ဆိုရင်တော့ လက်မောင်းတွင်းထည့်ပစ္စည်းက အကောင်းဆုံး သားဆက်ခြားနည်းဖြစ်မယ်လို့ပြောပါရစေ။ဘာကြောင့် လက်မောင်းတွင်းထည့်ပစ္စည်းကိုရွေးချယ်ခိုင်းရတာလဲ။လက်မောင်းတွင်းထည့်ပစ္စည်းဆိုတာ။မီးခြစ်တံအရွယ်အစား ရှိတဲ့ ပျော့ပျောင်းတဲ့ ပစ္စည်းလေးပါ။ ထုံဆေးပေးပြီး လက်မောင်းရဲ့ အရေပြားအောက်ကို ထည့်သွင်းပေးရပါမယ်။ တတ်ကျွမ်းတဲ့သူလုပ်ပေးမှတော့ရမှာပါ။ လက်မောင်းထဲ ထည့်သွင်းတဲ့ပစ္စည်းဟာကိုယ်ဝန်ရရှိမှုကို ၉၉ ရာခိုင်နှုန်းထက်ပိုမို ကာကွယ်ပေးပြီး သုံးနှစ်အထိ အသုံးပြုနိုင်ပါတယ်။progestationalဟော်မုန်းပါဝင်တာကြောင့် သားအိမ်နဲ့သားအိမ်ခေါင်းနံရံကအချွဲမြှေးတွေကို ထူစေပြီး မျိုးမအောင်အောင်တားဆီးပေးတဲ့သန္ဓေတားနည်းလမ်းတစ်ခုပေါ့။လက်မောင်းတွင်းထည့်ပစ္စည်းရဲ့ အားသာချက်တွေ။ဒီလောက်ထိအဆင်ပြေစိတ်ချနေရမှတော့ အလုပ်များတဲ့လေဒီတွေအတွက်ရွေးချယ်သင့်တဲ့ သားဆက်ခြားနည်းတစ်ခုလို့ပြောတာမှားမယ်မထင်ပါဘူး။ဘယ်သူတွေ လက်မောင်းတွင်းထည့်ပစ္စည်းမသုံးသင့်ဘူးလဲ။တကယ်လို့လေဒီလေးကဒီလိုမျိုးတွေရှိနေရင်တော့ လက်မောင်းတွင်းထည့်ပစ္စည်းအသုံးမပြုသင့်ပါဘူး။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/reasons-why-should-choose-implant-methods/
COVID ပိုးက ဦးနှောက်ကိုပါ ဖျက်ဆီးနိုင်သလား
COVID-19 ရောဂါပိုးဟာ မတူကွဲပြားတဲ့ မျိုးစိတ်တွေရှိလာသလို ခြားနားတဲ့ လက္ခဏာသစ်တွေလည်း ပြသလာတာမို့ လေ့လာမှုတွေ ထပ်မံပြုလုပ်ခဲ့ကြရာမှာ နောက်ထပ် ထူးခြားတဲ့ တွေ့ရှိမှုတစ်ရပ်ကို သိလာရပါတယ်။ ဒါကတော့ SARS-CoV-2 ဆိုတဲ့ ကိုဗစ်ပိုးဟာ ဦးနှောက်ကိုပါ ဖျက်ဆီးနိုင်တယ် ဆိုတာပါပဲ။COVID ပိုးက ဦးနှောက်ကိုပါ ဖျက်ဆီးနိုင်သလား ဘယ်လောက်အထိတိုက်ခိုက်နိုင်လဲ တခြားဘယ်နေရာတွေကို ထိခိုက်နိုင်သေးလဲဆိုတာကို ထပ်မံလေ့လာနေကြဆဲလည်းဖြစ်ပါတယ်။ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးတစ်ခုဖြစ်တဲ့COVID-19 ရောဂါကို တွန်းလှန်ဖို့ နိုင်ငံတိုင်းက ကြိုးပမ်းနေကြပါတယ်။ ရောဂါက အသစ်အဆန်းဖြစ်နေတာမို့ကာကွယ်ဆေးတွေ၊ ကုသဆေးတွေ ထုတ်လုပ်ရာမှာ အခက်အခဲတွေနဲ့ ကြံ့ကြာမှုတွေကတော့ အတိုင်းအတာတစ်ခုမက ကြုံဆုံနေရတာပေါ့။ဒါကြောင့် ကမ္ဘာတစ်လွှားမှာ ဒီရောဂါရဲ့ သဘောသဘာဝနဲ့ ကုသနိုင်မယ့်နည်းလမ်းတွေကို အင်တိုက်အားတိုက် သုတေသနပြုနေကြတာပါ။ ဒီသုတေသနရလဒ်တွေကြောင့်ပဲ ရောဂါကို ကာကွယ်နိုင်မယ့် ကာကွယ်ဆေးတွေ ဖော်ထုတ်လာနိုင်တာဖြစ်ပါတယ်။လက်တလောမှာတော့ COVID-19 ရောဂါဖြစ်စေတဲ့ ရောဂါပိုးဖြစ်တဲ့SARS-CoV-2ဟာ ဖျားတာ၊ချောင်းဆိုးတာ၊ အနံ့ပျောက်တာ၊ လည်ချောင်းနာတာတွေကိုဖြစ်စေပြီး လူတွေရဲ့ အဆုတ်၊ ကိုယ်ခံအားစနစ်နဲ့ အသက်ရှူလမ်းကြောင်းကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။ ခေါင်းကိုက်တာ၊ ဝမ်းသွားတာနဲ့ခြေထောက်မှာ အနာပေါက်တာလိုမျိုး ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေလည်း ပြသတတ်ပါသေးတယ်။ နဂိုရောဂါအခံရှိသူတွေဆိုရင် ရောဂါကို ပိုမိုပြင်းထန်စွာ ခံစားကြရပါတယ်။COVID ပိုးက ဦးနှောက်ကိုပါ ဖျက်ဆီးနိုင်သလားဆိုတဲ့ မေးခွန်းရဲ့အဖြေကို ဆက်လေ့လာကြည့်ရအောင်။SARS-CoV-2 ပိုးဟာ လူ့ဦးနှောက်အထိ ကူးစက်ပျံ့နှံ့နိုင်ခြေရှိတယ်ဆိုတဲ့ ယူဆချက်ကို အစောပိုင်းကတည်းက သိပ္ပံပညာရှင်တွေက ကောက်ချက်ချခဲ့ကြတာပါ။ တရုတ်နိုင်ငံ ဝူဟန်မြို့က လူနာတစ်ချို့မှာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေသာမက ဦးနှောက်ကိုပါ ထိခိုက်ခဲ့တာမျိုးတွေကို ကြုံခဲ့ရတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်လည်း ကိုဗစ်နဲ့ဦးနှောက်အာရုံကြောတို့ရဲ့ ပတ်သက်ဆက်နွယ်မှုတွေကို လေ့လာမှုတွေ ဆက်လက်ပြုလုပ်ခဲ့ကြတာပါ။ ခုနောက်ဆုံး တွေ့ရှိချက်တွေအရဆိုရင် SARS-CoV-2 လို့ခေါ်တဲ့ ကိုဗစ်ပိုးဟာ ဦးနှောက်နဲ့ အာရုံကြောစနစ်ကိုလည်း ဖျက်ဆီး တိုက်ခိုက်နိုင်တာ ကို တွေ့ရှိလာရပါတယ်။ရောဂါပိုးရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို တိုက်ခိုက်နှောင့်ယှက်မှုကြောင့်ခေါင်းကိုက်တာ၊ အာရုံမကြည်တာ၊ အနံ့မရတာ၊ ခေါင်းမူးတာ၊ ကြွက်သား လှုပ်ရှားရခက်တာနဲ့ လေဖြတ်တာလိုမျိုး လက္ခဏာတွေ ကြုံလာရတာပါ။ ရောဂါပိုးဟာ ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေထဲကို ဝင်ရောက်ပြီး သွေးကြောတွေကို ထိခိုက်စေတာကြောင့် ခုလို ဝေဒနာတွေ ခံစားရတာဖြစ်တယ်လို့New England Journal of Medicineက ဖော်ပြခဲ့ပါတယ်။National Institute of Neurological Disorders and Stroke (NINDS) ရဲ့ လေ့လာချက်အရဆိုရင် ကိုဗစ်ပိုးကူးစက်ခံရသူတချို့မှာ ရောဂါပိုးရဲ့ နှောင့်ယှက်မှုကြောင့် ဦးနှောက်တစ်သျှူးတွေ ပုံမှန်မဟုတ်တာမျိုးဖြစ်တတ်ပြီး ဒီအချက်ဟာ အနံ့ပျောက်စေရတဲ့ အဓိက အချက်ဖြစ်တယ်လို့ ဆိုပါတယ်။ရောဂါပိုးတိုက်ခိုက်တာကို ခံရတဲ့ ဦးနှောက်အစိတ်အပိုင်းတွေထဲမှာ olfactory bulb ဆိုတဲ့ အစိတ်အပိုင်းလည်းပါဝင်ပြီး သူက အနံ့အာရုံခံစားမှုအတွက် အရေးပါတဲ့ အစိတ်အပိုင်းဖြစ်နေတာကြောင့်ပါ။ အဲဒီ အနံ့မရခြင်းဟာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူတွေရဲ့ အဓိက ရောဂါလက္ခဏာဖြစ်ပြီး လူနာ ၈၃% ဟာ အနံ့ပျောက်ဝေဒနာကို ခံစားခဲ့ကြရပါတယ်။SARS-CoV-2 ပိုးကို “neurotropic” virus တစ်မျိုးအဖြစ် သိပ္ပံပညာရှင်တွေက စဉ်းစားရှုမြင်လာကြပါတယ်။အာရုံကြောထဲက သွေးကြောတွေထဲကို ဝင်ရောက်တိုက်ခိုက်နိုင်တာကြောင့် ခုလို ယူဆလာတာဖြစ်ပါတယ်။ကိုဗစ်ရဲ့ ဦးနှောက်နဲ့ အာရုံကြောကိုထိခိုက်မှုက ရောဂါပိုးကူးစက်ခံထားရစဉ် အခိုက်အတန့် တစ်ခုတည်းမဟုတ်ပါဘူး။ လေ့လာချက်တွေအရ SARS-CoV-2 ကူးစက်ခံခဲ့ရသူတွေဟာ ရေရှည် ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ပြဿနာတွေ ဆက်လက်ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးထားတာတွေ ရှိနေပါတယ်။ ဒီလို သတိပေးလာရတဲ့အကြောင်းအရင်းက “neurotropic” virus လို့ ယုံကြည်လာတာကြောင့်ပါ။ရောဂါကူးစက်ခံခဲ့ရသူတွေဟာအယ်လ်ဇိုင်းမားရောဂါ၊ မှတ်ဉာဏ်ပျောက်ဆုံးတာ၊ မှတ်ဉာဏ်ချို့တဲ့တာတွေလိုမျိုး ရေရှည်အာရုံကြောဆိုင်ရာ ပြဿနာတွေကို ဆက်လက်ရင်ဆိုင်ရနိုင်ပါတယ်။ ရောဂါပိုးဟာ အာရုံကြောစနစ်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တာမို့ ရေရှည်ပြဿနာတွေကို ဆက်လက်ရင်ဆိုင်ရတာပါ။ဒါပေမယ့် ဒီအချက်ဟာ ကိုဗစ်ကပ်ဘေးတစ်ခုတည်းက ဖြစ်စေတာမဟုတ်ပဲ ယခင်တုန်းက ကမ္ဘာပေါ်မှာ ပေါ်ထွန်းခဲ့တဲ့ တုပ်ကွေးကပ်ဘေးတိုင်းမှာလည်း ပြန်လည်သက်သာလာတဲ့ လူနာတွေမှာ ဒီလိုပြဿနာမျိုးတွေ ရင်ဆိုင်ခဲ့ရတဲ့ မှတ်တမ်းတွေ ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် ဦးနှောက်နဲ့ အာရုံကြောကို တိုက်ခိုက်နိုင်တဲ့ ကိုဗစ်ပိုးရဲ့ တိုက်ခိုက်မှုတွေဟာလည်း ရေရှည်ပြဿနာတွေအဖြစ် ကြွင်းကျန်ခဲ့နိုင်တယ်လို့ လေ့လာသူတွေက ယုံကြည်နေကြတာပါ။သုတေသနပညာရှင်တိုင်းက သတိပေးတာကတော့ ရောဂါပိုးဟာ ဘယ်အစိတ်အပိုင်းတွေကို တိုက်ခိုက်နိုင်တယ်လို့ ဆိုဆို တိတိကျကျကာကွယ်တားဆီးထားနိုင်မယ်ဆိုရင် ရောဂါပျံ့နှံ့မှုကို ထိမ်းချုပ်နိုင်မှာဖြစ်သလို ကပ်ဘေးကို တားဆီးရာမှာလည်း ထိရောက်စေလိမ့်မယ်ဆိုတဲ့ အချက်ပါပဲ။ကိုဗစ်ပိုးဟာ။ရောဂါပိုး ကိုယ့်ဆီရောက်မလာဘူးဆိုရင် ကိုယ့်ရဲ့ ဘယ်အစိတ်အပိုင်းကိုမှ ရောဂါက ဖျက်ဆီးခွင့်ရရှိမှာမဟုတ်ပါဘူး။ ဒါကြောင့်ကိုယ်ခံအားကောင်းပြီး ကျန်းမာအောင်နေထိုင်ဖို့နဲ့ သတ်မှတ်ထားတဲ့ ရောဂါကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဖို့က အကောင်းဆုံး ကိုယ့်ကိုယ်ကိုကာကွယ်ခြင်းနည်းပါပဲ။မကြာခဏ လက်ဆေးမယ်၊ အပြင်သွားတိုင်းMaskတပ်မယ်၊ လူစုလူဝေးကို ဘယ်အခြေအနေမှာမဆို ရှောင်မယ်၊ မလိုအပ်ပဲ အပြင်သွားလာတာတွေကို လျှော့ချမယ်ဆိုရင် ကိုဗစ်ရောဂါဆိုးကို အကောင်းဆုံး ကာကွယ်တားဆီးနိုင်မှာပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/covid-19-research-points-to-long-term-neurological-effects/
Neck strain (ဇက်ကြောဒဏ်ဖြစ်ခြင်း)
ဇက်ကြောဒဏ်ဖြစ်တယ်ဆိုတာ ကြွက်သားအမျှင်တစ်ချို့ စုတ်ပြဲခြင်းကြောင့် ဖြစ်ပါတယ်။ ကြွက်သားအနည်းငယ်သာ စုတ်ပြဲမယ်ဆိုရင် အဆင့်၁ဖြစ်ပြီး ကြွက်သားအမျှင်၉၀%စုတ်ပြဲမယ်ဆိုရင် အဆင့်၂ဖြစ်ပါတယ်။ လုံးဝစုတ်ပြဲသွားမယ်ဆိုရင်တော့ အဆင့်၃ပါ။ အဆင့်၃ကတော့ ဇက်မှာအဖြစ်နည်းပြီး ဖြစ်မယ်ဆိုရင်လည်း ဒဏ်ဖြစ်တယ်လို့မခေါ်တော့ပါဘူး။ဦးခေါင်းနဲ့လည်ပင်းတို့ ရုတ်တရက်လှုပ်ရှားလိုက်တာမျိုး ဒါမှမဟုတ် ထိမိခိုက်မိတာမျိုးကြောင့် ဒဏ်ဖြစ်နိုင်ပါတယ်။ ပြုတ်ကျတာတို့၊ ကားအက်စီးဒင့်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Whiplash ဆိုပြီးခေါ်ကြပါတယ်။ ဖုန်းကို ခေါင်းနဲ့ပခုံးညှပ်ထိန်းထားခြင်း ဒါမှမဟုတ် အိပ်နေကျပုံစံမျိုးနဲ့မအိပ်ခြင်း ( ဥပမာ ထိုင်လျက်အိပ်ခြင်း) လိုမျိုး ကိုယ်အနေအထားမမှန်ခြင်းတို့ကို အချိန်ကြာမြင့်စွာ ပြုလုပ်နေမယ်ဆိုရင် ဇက်နာနိုင်ပါတယ်။နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။အဓိကလက္ခဏာကတော့ ဇက်နာတာပါပဲ။ ရံဖန်ရံခါ လှုပ်ရှားနိုင်မှုလျော့နည်းသွားခြင်းနဲ့လည်း တွဲနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာရပြီးနောက် ဇက်နာနိုင်သော်လည်း အစပိုင်းမှာတော့ နေသာထိုင်သာရှိနေတာမျိုး ဖြစ်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ ရောင်ရမ်းခြင်းတွေက ဖြည်းဖြည်းချင်းဖြစ်လာတတ်လို့ပါ။ ဖြစ်ဖြစ်ချင်းနာမယ်ဆိုရင်တော့ အခြေအနေက ထင်တာထက်ပိုပြင်းထန်နေမယ်ဆိုတာကို ဖော်ပြပါတယ်။ Whiplash ထိခိုက်ဒဏ်ရာရခြင်းက ဖြစ်တဲ့နေ့မှာတော့ နေရထိုင်ရအဆင်ပြေပါတယ်။ နောက်တစ်နေ့မနက်နိုးလာပြီးဆိုတာနဲ့ နာကျင်လာပြီး လှုပ်ရှားနိုင်မှုတွေ လျော့နည်းသွားပါတယ်။အခြားလက္ခဏာတွေကတော့ အရင်ကလုပ်နိုင်ခဲ့တဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို မလုပ်နိုင်တော့ခြင်းပဲဖြစ်ပါတယ်။ အားနည်းခြင်း၊ ထုံကျင်ခြင်း၊ စပ်ဖျင်းဖျင်းဖြစ်ခြင်း၊ လှုပ်ရှားမှုတွေညီညွတ်မှုမရှိတော့ခြင်းနဲ့ မူးဝေခြင်းလိုမျိုး အာရုံကြောထိခိုက်မိခြင်းနဲ့ အာရုံကြောညှပ်ခြင်း လက္ခဏာတွေကို သတိထားရပါလိမ့်မယ်။ ဇက်ကြောဒဏ်ဖြစ်ခြင်းက ပြန်ရည်ဖုတွေကိုတော့ မကြီးစေပါဘူး။ဇက်ကြောတောင့်ခြင်းဆိုးရွားလာမယ်ဆိုရင် ဇက်ကနေတစ်ဆင့်ခါးသို့ ပြန့်နှံ့သွားတတ်ပါတယ်။ ဝါးရခက်ခြင်း၊ မျိုရခက်ခြင်းနဲ့ အသက်ရှုရခက်ခြင်းတို့ကတော့ ဖြစ်ခဲပါတယ်။ ယင်းလက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်ဖြင့် ဆက်သွယ်ပေးပါ။အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်းရှိပါသေးတယ်။ လက္ခဏာတွေရှိနေမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။အထက်တွင် မဖော်ပြထားသော လက္ခဏာတွေ ခံစားနေရမယ် ဒါမှမဟုတ် မေးစရာတွေရှိနေမယ်ဆိုရင် ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံခြင်း မတူကြပါဘူး။ မိမိအခြေအနေအတွက် ဘာကအသင့်တော်ဆုံးလည်းဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။လည်ပင်းမှာ ထိခိုက်ဒဏ်ရာတွေရတာကြောင့် ဒဏ်ဖြစ်ရတာပါ။ ထိုဒဏ်ရာတွေကတော့ Whiplash လို့ခေါ်တဲ့ ဇက်နောက်လန်ခြင်းနဲ့ ဇက်အရမ်းငုံ့ခြင်းကြောင့် ဖြစ်ရတာပါ။ ဇက်လည်ခြင်းနဲ့ ဖိအားပေးခြင်း (ထိခိုက်မိတဲ့အားက ခေါင်းအပေါ်တည့်တည့်ကနေဖြစ်တာပါ) တွေကြောင့် ဇက်ကြောဒဏ်ဖြစ်ပြီး တစ်ရှုးပျော့တွေဒဏ်ရာရနိုင်ပါတယ်။မော်တော်ယာဉ်မတော်တဆမှုတွေမှာ Whiplash ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်နိုင်ပါတယ်။ ခါးပတ်ပတ်ထားတဲ့သူဟာ ကားရှေ့ကနေယာဉ်တိုက်မှုဖြစ်မယ်ဆိုရင် ခေါင်းကရှေ့ကို အားနဲ့ရွေ့သွားပြီး နောက်ကိုအားနဲ့ ပြန်လန်ပါတယ်။ ဘေးကနေတိုက်မိမယ်ဆိုရင် ခေါင်းကဘေးကို အားနဲ့စောင်းသွားပါမယ်။ နောက်ကနေတိုက်မိမယ်ဆိုရင်တော့ နောက်ကိုလန်သွားမှာ ဖြစ်ပါတယ်။ အထက်ပါတို့ကို Whiplash ဒဏ်ရာရခြင်းလို့ ခေါ်ပါတယ်။အချိန်ကြာကြာနှင့် ထပ်ခါထပ်ခါ ဇက်မတ်နေဖို့လိုတဲ့ အလုပ်တွေမှာ Microtrauma ရပြီး ဇက်ကြောဒဏ်ဖြစ်နိုင်ပါတယ်။ ကွန်ပျူတာရှေ့မှာ တစ်နေကုန်ထိုင်နေရမယ့်လူမျိုး အထူးသဖြင့် မော်နီတာက ကိုယ်နေကိုယ်ထားအမှန်နဲ့ ကြည့်ဖို့ အဆင်မပြေတဲ့ နေရာမျိုးမှာဆို ပိုဖြစ်နိုင်ပါတယ်။ ကောင်းကောင်းမွန်မွန်မလုပ်ထားတဲ့ အနီး၊အဝေးမှုန်မျက်မှန်နဲ့ဆိုရင်လည်း မော့ကြည့်ရတာကြောင့် ဇက်ကြောဒဏ်ဖြစ်နိုင်ပါတယ်။ ယခုခေတ်မှာတော့ ပုခုံးနဲ့ခေါင်းကြားမှာ ဖုန်းညှပ်ပြောခြင်းကြောင့် ဖြစ်ကြတာပါ။ အလုပ်အားနေရင်တောင်မှ ကျွန်ပျူတာအမြဲတစေအသုံးပြုနေခြင်းက ဖြစ်နိုင်ခြေပိုများစေပါတယ်။အချို့လူတွေကတော့ ကိုယ်နေကိုယ်ထားမှန်မှန်မအိပ်ရုံနဲ့တင် ဇက်ကြောဒဏ်ဖြစ်နိုင်ကြပါတယ်။နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။နာကျင်ခြင်း။နာကျင်မှုသိတဲ့ အာရုံတွေက လူတစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ဘယ်လောက်နာတယ်ဆိုတာသိဖို့ လူနာရဲ့ ဖော်ပြချက်ပေါ်မှာမူတည်ပြီး ကြည့်မှာပါ။ နာကျင်မှုကို အဆင့်ခွဲရပါလိမ့်မယ်။ အဆင့်ဝ(လုံးဝမနာကျင်ခြင်း)ကနေ အဆင့်၁၀(အဆိုးဝါးဆုံးနာကျင်ခြင်း)အထိ ရှိပါတယ်။ ယေဘုယျခြုံကြည့်ဖို့ ခက်ခဲသော်လည်း အောက်ပါလက္ခဏာတွေက ခန္ဓါကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမှာ ဒဏ်ရာရတယ်ဆိုတာ ခန့်မှန်းဖို့ ကူညီပေးပါလိမ့်မယ်။လူနာ၏နောက်ကြောင်းရာဇဝင်။ဆရာဝန်က နာကျင်မှုရဲ့အတိုင်းအတာကို အဆုံးအဖြတ်ပေးဖို့ ကြိုးပမ်းနေသလို၊ အခြားအရေးပါတဲ့ နယ်ပယ်တွေကိုလည်း အာရုံစိုက်ပါလိမ့်မယ်။ရုပ်ပိုင်းဆိုင်ရာစစ်ဆေးချက်များ။လည်ပင်းဒဏ်ဖြစ်ခြင်းအတွက် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုကို မျက်လုံးဖြင့်ကြည့်ရှုခြင်း၊ ကြွက်သားနှင့်အခြားအစိတ်အပိုင်းများကို ထိကိုင်ကြည့်ခြင်း၊ လည်ပင်းရှိသွေးကြောများကိုစမ်းသပ်စစ်ဆေးခြင်း၊ အာရုံကြောစမ်းသပ်ခြင်းတို့နှင့် နောက်ဆုံး လှုပ်ရှားနိုင်မှုစွမ်းရည်စမ်းသပ်ခြင်းဆိုပြီး အပိုင်းတွေခွဲခြားထားပါတယ်။ ထိခိုက်ဒဏ်ရာရမှုအများစုမှာတော့ အရိုးကျိုးခြင်းနဲ့ အဆစ်လွဲခြင်းတို့အတွက် ဓါတ်မှန်ရိုက် စစ်ဆေးမှုမပြီးမချင်း ရုပ်ပိုင်းဆိုင်ရာစစ်ဆေးချက်အကုန်လုံးပြီးအောင် မလုပ်ပါဘူး။မျက်လုံးဖြင့် ကြည့်ရှုစစ်ဆေးခြင်း။ဆရာဝန်က လူနာကို အခန်းထဲမှာ လမ်းလျောက်ကြည့်စေပါမယ်။လူနာ၏ ကိုယ်နေကိုယ်ဟန်၊ ခြေလှမ်း၊ မျက်နှာထား၊ စိတ်ပါမှုနဲ့ လမ်းလျောက်ရတာလွယ်ကူလား၊ ခက်ခဲနေလားဆိုတာကို ကြည့်ရှုမှာပါ။ခေါင်းကတစ်ဖက်တစ်ချက်ကို လည်သွားလားဆိုတာကိုလည်း အာရုံစိုက်ပါလိမ့်မယ်။ ထိုသို့ဖြစ်နေခြင်းက Torticollis လို့ခေါ်တဲ့ လည်ပင်းကြွက်သားအကြောဆွဲနေတာကို ပြတာပါ။လူနာ၏မေးစေ့နဲ့ဦးခေါင်း အနေအထား၊ ကိုယ်နေကိုယ်ဟန်နှင့် Trapezius ကြွက်သားကလုပ်ပေးနေသော လည်ပင်းရဲ့ ဟိုက်ဘက်ဒီဘက် ဘက်ညီမှုရှိမရှိတို့ကို မှတ်သားထားမှာပါ။လူနာထိုင်နေချိန်တစ်ခါနဲ့ ထနေချိန်တစ်ခါ ဦးခေါင်းနဲ့လည်ပင်းတို့၏ပုံစံကို ကြည့်ရှုနိုင်ပါတယ်။ထူးခြားမှုတွေကို မှတ်သားထားမှာပါ။ပခုံးအနိမ့်အမြင့်ညီမညီကိုလည်း ကြည့်ပါလိမ့်မယ်။ အနိမ့်အမြင့်မညီခြင်းက ကြွက်သားဆက်တိုက်ညှစ်နေတာကို ပြသတာပါ။လက်တစ်ဖက်မှာ သွေးလျောက်မှုပြဿနာ ရှိမရှိသိဖို့ အမြင်ဖြင့်လုံလောက်ပါတယ်။ လည်ပင်းရှိသွေးခုန်နှုန်းတွေစမ်းသပ်ပြိး သွေးတွေပြည့်ကြပ်နိုင်ခြေနဲ့ လေဖြတ်နိုင်ခြေတွေ စစ်ဆေးမှာပါ။ နားကြပ်နဲ့လည်း ပုံမှန်မဟုတ်တဲ့အသံတွေ ကြားရခြင်းရှိ၊မရှိလည်း ကြည့်အုန်းမှာပါ။ လည်ပင်းရှိ သွေးပြန်ကြောသွေးပေါင်ချိန် မြင့်မားနေသလား ရှာဖွေပါလိမ့်မယ်။ လေပြွန်ကိုလည်းစစ်ဆေးမှာပါ။ အထူးသဖြင့် အသံအောသလားကြည့်မှာပါ။လူနာ၏ ဦးခေါင်း၊ လည်ပင်း၊ ပုခုံးနဲ့ အခြားဖြစ်နိုင်ခြေရှိတဲ့နေရာတွေကို လက်ဖြင့်စမ်းသပ်ပါလိမ့်မယ်။ တစ်ရှုးတင်အား၊ ချောမွတ်မှုနဲ့ အထူးအပါး၊ နာကျင်မှု၊ ပုံမှန်မဟုတ်သော အာရုံခံစားမှုတို့ကို စမ်းသပ်တဲ့နေရာမှာ လက်ဖြင့်စမ်းသပ်ခြင်းက အသုံးဝင်ပါတယ်။ ဒါ့အပြင် အပူချိန်အပြောင်းအလဲ၊ခြောက်သွေ့မှု၊ တုန်ရီခြင်းနဲ့ ကြွက်သားညစ်ခြင်းတို့ကိုလည်း သိရှိနိုင်ပါတယ်။လည်ပင်းမှာရှိတဲ့ အာရုံကြောတွေ၊ကြွက်သားတွေ ပျက်စီးမှုရှိမရှိကို စစ်ဆေးဖို့ ကြွက်သားနဲ့အာရုံကြောစစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။ ယင်းစစ်ဆေးမှုတွေကတော့ ကြွက်သားစမ်းရည်၊ လှုပ်ရှားနိုင်စွမ်းနဲ့ အာရုံခံနိုင်စွမ်းတို့ကို သိရှိဖို့ လူနာ့ခန္ဓါကိုယ်အား မိမိဘာသာလှုပ်ရှားစေခြင်းနှင့် ဆရာဝန်အကူအညီဖြင့် လှုပ်ရှားစေခြင်းတို့ ပြုလုပ်စေမှာပါ။လူနာ၏နောက်ကြောင်းရာဇဝင်၊ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများနှင့် တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုသော ပုံရိပ်ဖော်နည်းပညာတွေအသုံးပြုခြင်းဖြင့် လည်ပင်းမှာ ဆိုးဆိုးရွားရွား ဒဏ်ရာတွေ ရှိမရှိကို ဆရာဝန် ကောက်ချက်ချစေနိုင်ပါတယ်။ ထိုသို့ကောက်ချက်ချနိုင်မှ ကုသမှုတွေကို ရွေးချယ်နိုင်မှာပါ။ဆရာဝန်က လူနာ၏အခြေအနေကို ကြည့်ရှုပြီးနောက် ဒဏ်ရာတွေကုသဖို့ မိသားစုနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ပါလိမ့်မယ်။ စဉ်းစားချိန်ပေးပါလိမ့်မယ်။ ထိုအချိန်က ပြန်လည်းကောင်းမွန်နေတဲ့ အချိန်ထဲမှာ ပါသွားနိုင်ပါတယ်။ လည်ပင်းဒဏ်ဖြစ်ခြင်းအများစုက သင့်တော်တဲ့ဂရုစိုက်မှုရှိမယ်ဆိုရင် သူ့ဘာသာသူပျောက်ကင်းသွားတတ်ကြပါတယ်။ လူတော်တော်များများဟာ အထူးကုသနည်းတွေ မလိုအပ်ကြပါဘူး။ရောဂါလက္ခဏာတွေ သက်သာစေဖို့ အနားယူပြီး ရေနွေးကပ်ပေးပါ။ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ဖြည်းဖြည်းချင်း ပုံမှန်ပြန်လည်ပြုလုပ်သွားပါ။၂ပတ်၊၃ပတ်လောက်အကြာမှာ နာကျင်မှုတွေ မပျောက်သွားဘူးဆိုရင်တော့ နောက်ထပ်ကုသမှုတွေ ထပ်လုပ်ရပါတော့မယ်။Osteopathic manipulative therapy/OMT ကုသနည်း၊ အရိုးနှင့်အဆစ်အမြစ်ပြင်ဆင်နှိပ်နယ်ပေးခြင်း၊ အပ်စိုက်ကုသခြင်းနှင့် ဗဟိဒ္ဓကုထုံးတို့ကိုလည်း အသုံးပြုနိုင်ပါတယ်။နာကျင်ကိုက်ခဲမှုကြာရှည်နေသော သူတို့အတွက် အိမ်တွင်း Cervical Traction အပါအဝင် ကုသနည်းအမြောက်အများတို့ကို ဆရာဝန်နှင့် ဗဟိဒ္ဓကုထုံးဆရာတို့ထံတွင် ရရှိနိုင်ပါတယ်။ လိုအပ်ပါက အခြားကျွမ်းကျင်သူတွေထံညွှန်ကြားပေးဖို့ ဆရာဝန်ကို တောင်းဆိုပါ။လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းဆေးနည်းများ။လည်ပင်းဒဏ်ဖြစ်ခြင်းကို ကာကွယ်နိုင်ဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။မေးစရာတွေရှိနေမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုသိရှိနားလည်စေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/neck-strain/
ပေါင်းစပ်အသားအရေအတွက် သဘာဝပစ္စည်းတွေကိုဘယ်လိုရွေးချယ်မလဲ
ပေါင်းစပ်အသားအရည်မှာ အဆီပြန်တဲ့နေရာတွေ နဲ့ ခြောက်သွေ့တဲ့နေရာ သို့မဟုတ် ပုံမှန်နေရာလေးတွေ ပေါင်းစုဖြစ်တည်နေတတ်ပါတယ်။ ပေါင်းစပ်အသားအရည်ဟာ ဟော်မုန်းကြောင့်သော်လည်းကောင်း မျိုးရိုးအရသော်လည်းကောင်း တစ်နေရာတည်းမှာ အဆီဂလင်းလေးတွေ ပိုပြီးအလုပ်လုပ်တဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။များသောအားဖြင့် ပေါင်းစပ်အသားအရည်ရှိတဲ့သူတွေဟာ T-zone နေရာမှာအဆီပြန်တတ်ကြပါတယ်။ T-zone မှာ နဖူး၊ နှာခေါင်းနဲ့၊ မေးစေ့တို့ပါဝင်ပါတယ်။ ပေါင်းစပ်အသားအရည်ဟာ အဆီပြန်တဲ့အသားအရည် သို့မဟုတ် ခြောက်သွေ့တဲ့အသားအရည်တွေထက် အနည်းငယ်ကွဲပြားတဲ့ အလှကုန် အသုံးပြုပုံတွေလိုအပ်ပါတယ်။ပေါင်းစပ်အသားအရည်ကိုဂရုစိုက်မယ်ဆိုရင် ဈေးကြီးတဲ့အလှကုန်ပစ္စည်းတွေ မလိုအပ်ပါဘူး။ သဘာဝနည်းလမ်းအနည်းငယ်ကို သင်ကိုယ်တိုင်အသုံးပြုကြည့်လိုက်ပါ။ ပြီးရင်တော့ သင့်ရဲ့ ပေါင်းစပ်အသားအရည်ဟာ သင့်ကိုဒုက္ခပေးနိုင်တော့မှာမဟုတ်ပါဘူး။သင့်အသားအရည်ကို သင့်အိမ်မှာရှိတဲ့ပစ္စည်း သို့မဟုတ် အော်ဂဲနစ်အလှကုန်တွေသုံးပြီး သဘာဝအတိုင်းသန့်စင်ပေးပါ။ ပေါင်းစပ်အသားအရည်အတွက် သဘာဝမျက်နှာသန့်စင်ဆေးကတော့ ပျားရည်စစ်စစ်ပါပဲ။ ပျားရည်စစ်စစ်က သဘာဝအကျဆုံးပါပဲ။ ပျားရည်မှာ အသားအရည်ကို ပြုပြင်ကောင်းမွန်စေနိုင်တဲ့ ဂုဏ်သတ္တိတွေရှိပြီး ပေါင်းစပ်အသားအရည်ရဲ့ ခြောက်သွေ့နေတဲ့အပိုင်းတွေကို အစိုဓါတ်ကိုထိန်းသိမ်းပေးနိုင်ပါတယ်။ပျားရည်ဟာ အသားအရည်နူးညံ့ချောမွေ့စေပြီး သဘာဝသတ္တုဓါတ်တွေနဲ့ ဗီတာမင်တွေ (ဗီတာမင် Bနဲ့ biotinကဲ့သို့သောအရာများ) နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ မြောက်များစွာပါဝင်ပါတယ်။ ပျားရည်ရဲ့ ပိုးသတ်နိုင်တဲ့ ဂုဏ်သတ္တိဟာ အရေပြားပေါ်က ဘက်တီးရီးယားတွေကိုလျှော့ချခြင်းအားဖြင့် ပေါင်းစပ်အသားအရည်ရဲ့ အဆီပြန်တဲ့နေရာတွေမှာဖြစ်တတ်တဲ့ ဝက်ခြံတွေကိုသက်သာပျောက်ကင်းစေနိုင်ပါတယ်။အသားအရည်ကို တိုနာသုံးပေးခြင်းဟာ အရေပြားထိန်းသိမ်းနည်းတွေထဲက အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ အထူးသဖြင့် အသားအရည်ကိုညီမျှအောင်လုပ်ပေးနိုင်တာမို့ ပေါင်းစပ်အသားအရည်တွေအတွက် ပိုအရေးကြီးပါတယ်။တိုနာတွေဟာ အသားပေါ်က မျက်နှာသစ်ဆေးအကြွင်းအကျန်တွေ ၊ အဆီပြန်တဲ့အပိုင်းပေါ်က ပြန်ထွက်လာတဲ့အဆီတွေကို ဖယ်ရှားပေးနိုင်ပြီး ခြောက်သွေ့တဲ့အပိုင်းကိုတော့ အစိုဓါတ်ပြန်လည်ဖြည့်ပေးနိုင်ပါတယ်။ သခွားသီးနဲ့ ပေါင်းခံရည် အရောအနှောကို မျက်နှာသစ်ပြီးတိုင်းမှာ တိုနာအဖြစ်အသုံးပြုပေးနိုင်ပါတယ်။နှင်းဆီရည်(rose water) သို့မဟုတ် အခြား hydrosols တွေဟာလည်း ပေါင်းစပ်အသားအရည်အတွက် တကယ်ကောင်းတဲ့ သဘာဝတိုနာတွေပါ။ သံပုရာရည်လို astringent toner တွေက ပေါင်းစပ်အသားအရည်အတွက် ပြင်းထန်လွန်းပါတယ်။ ဒီ astringent ပစ္စည်းတွေဟာ အရည်ပြားပေါ်ကအဆီတွေကိုဖယ်ရှားလိုက်တဲ့အခါ အပြန်အလှန်အနေနဲ့ အရည်ပြားက ဆုံးရှုံးသွားတဲ့အဆီတွေကိုပြန်ဖြည့်ဖို့ အဆီပိုတွေထုတ်ပေးနေရမှာပါ။Glycerin ကို ပေါင်းစပ်အသားအရည်အတွက် အစိုဓါတ်ဖြည့်ပေးဖို့သုံးပါ။ glycerin တစ်ဆ ပေါင်းခံရည် ၄ဆကို ရောပြီး လက်ချောင်းထိပ်လေးတွေနဲ့ အသားထဲစိမ့်ဝင်သွားအောင် နှိပ်နယ်ပေးပါ။ အေးတဲ့ရာသီတွေမှာဆိုရင်အသားခြောက်တဲ့အပိုင်းတွေကို မခြောက်သွေ့အောင် အစိုဓါတ်နဲ့ထိန်းဖို့ Moisturizer ထဲကို ဆီ(လာဗင်ဒါဆီ သို့ ဗာဒံဆီ) တစ်စက်လောက်ထပ်ထည့်ပေးပါ။ ဆီအမျိုးမျိုးနဲ့ စမ်းသုံးကြည့်ပါ။အချို့ဆီတွေက ပိုပြီးစေးကပ်ကပ်နိုင်ပြီး ဆီတစ်မျိုးချင်းစီမှာ ကိုယ်ပိုင်အနံ့တစ်ခုစီရှိပါတယ်။ glycerin ဟာ နေရောင်ခြည်ဒဏ်ကိုတော့ မကာကွယ်ပေးနိုင်ပါဘူး။ ဒါပေမဲ့ ဈေးကွက်ထဲမှာ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးနိုင်မယ့် သဘာဝပစ္စည်းတွေရှိပါတယ်။ ဒီနေရောင်ကာပစ္စည်းတွေမှာ ဓါတု ပစ္စည်းတွေအစား အများအားဖြင့် zinc oxide သို့မဟုတ် titanium oxide တွေပါဝင်ကြပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%b1%e1%80%95%e1%80%ab%e1%80%84%e1%80%b9%e1%80%b8%e1%80%85%e1%80%95%e1%80%b9%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%9b%e1%80%8a%e1%80%b9%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9/
ကိုယ့်မှာ HIV ပိုးရှိမှန်း သိပြီးသွားရင် ဘာဆက်လုပ်မလဲ
HIV ဆိုတာလိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးဖြစ်ပြီး ကိုယ်ခံအားကို အဓိကထား တိုက်ခိုက်တဲ့ ရောဂါလည်း ဖြစ်ပါတယ်။ မိခင်မှတစ်ဆင့်၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲရာမှ ဖြစ်စေ၊ ရောဂါပိုးရှိသူရဲ့ သုက်၊ သွေးကို ထိတွေ့မိရာကနေ ကူးစက်ပါတယ်။HIV ပိုးဟာကိုယ်ခံအားစနစ်ထဲမှာ ရှိတဲ့ CD4 လို့ ခေါ်တဲ့ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်တဲ့ ဆဲလ်တွေကို တိုက်ခိုက်ပါတယ်။ သေချာမကုသတဲ့အခါမှာ ကိုယ်ခံအားစနစ်ဟာ ကျဆင်းလာပြီး တခြားရောဂါတွေ အလွယ်တကူဝယ်လာနိုင်ပါတယ်။ နောက်ဆုံးမှာခုခံအားကျဆင်းမှုရောဂါ AIDSအခြေအနေထိ ဖြစ်လာနိုင်ပါတယ်။အကြောင်းအမျိုးမျိုးကြောင့် သွေးစစ်ကြည့်လိုက်တယ်။ ကိုယ့်မှာHIV ရောဂါပိုးရှိတယ် ဆိုတဲ့ ဆေးစစ်ချက်ထွက်လာတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာအရ ဘာတွေပြင်ဆင်ထားဖို့ လိုမလဲ၊ ရှေ့ဆက် ဘာတွေ ဆက်လုပ်သင့်လဲဆိုတာ ပြောပြပေးမယ်နော်။လက်ရှိမှာတော့ ရောဂါပိုးကို လုံးဝချေမှုန်းနိုင်တဲ့ ဆေးမျိုး မထွက်ပေါ်သေးပေမဲ့ ပိုးတွေ ဆက်ပြီး မပြန့်ပွားအောင်နဲ့ CD4 ဆဲလ်တွေကို မတိုက်ခိုက်အောင် ထိန်းထားနိုင်တဲ့ ဆေးတွေ ရှိပါတယ်။ ဒီဆေးတွေကို နေ့စဉ်နေ့တိုင်း အချိန်မှန် သောက်ပေးဖို့ လိုအပ်ပါတယ်။ ဒါကိုARV ကုထုံး– Antiretroviral Treatment လို့ ခေါ်ပါတယ်။ ART ဆေးလို့လည်း လူသိများကြပါတယ်။ ဒီဆေးကို ကိုယ့်မှာ ရောဂါပိုးရှိတယ်ဆိုတာ သိပြီးတာနဲ့ စတင်သောက်ပါ။ စောနိုင်သမျှ စောသောက်တာ အကောင်းဆုံးပါပဲ။ဒီရောဂါရှိမှန်း စတင်သိလိုက်ရချိန်မှာ စိတ်တုန်လှုပ်ခြောက်ခြားတာ၊ ဝမ်းနည်းတာ၊စိုးရိမ်ပူပန်တာမျိုး ဖြစ်တတ်တာ သဘာဝပါပဲ။ HIV ဟာ ART ဆေးပုံမှန်သောက်ပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ရင် သာမန်လူလိုပဲ သက်တမ်းစေ့ ကျန်းကျန်းမာမာနဲ့ နေသွားနိုင်တယ်ဆိုတဲ့ အချက်ကို အမြဲ မှတ်ထားရပါမယ်။ကိုယ့်မိသားစု၊ သူငယ်ချင်း၊ ချစ်သူကို ကိုယ့်မှာ ရောဂါရှိတဲ့အကြောင်း ဖွင့်ပြောပါ။ အတူနေနေရတဲ့သူတွေဆိုရင် သူတို့တွေလည်း ဂရုစိုက်လို့ ရအောင် ကြိုပြီး ပြောပြထားတာ အကောင်းဆုံးပါပဲ။ ဘယ်အရာမဆို တစ်ယောက်တည်း ရင်ထဲမှာ သိမ်းမထားပါနဲ့။ ကြာလာရင် စိတ်မှာ ဒဏ်ဖြစ်နိုင်ပါတယ်။ဒီရောဂါပိုးရှိမှ မဟုတ်ပါဘူး။ လူတိုင်းမှာ ကိုယ့်ရဲ့ကျန်းမာရေးကို ဂရုစိုက်ရမယ့် တာဝန်ရှိပါတယ်။ ART ဆေးကို နေ့စဉ် အချိန်မှန်သောက်ပြီး ရောဂါပိုးကို ထိန်းချုပ်ပါ။အာဟာရဖြစ်စေတဲ့ အစားအစာတွေ၊ အားရှိစေတဲ့ အစားအစာတွေကို နေ့စဉ် ပုံမှန်စားသောက်ပေးတာက ကိုယ်ခံအားကို တက်စေပြီး ကိုယ်ခန္ဓာထဲ ဝင်လာနိုင်တဲ့ ရောဂါတွေကို ကောင်းကောင်းတိုက်ထုတ်နိုင်ဖို့ အားဖြစ်စေပါတယ်။လေ့ကျင့်ခန်း လုပ်ပေးခြင်းဟာကိုယ်ခံအားကို ကောင်းစေပြီး စိတ်ကို ကျန်းမာလန်းဆန်းစေတယ်။စိတ်ဖိစီးမှုတွေကို တိုက်ထုတ်ပေးနိုင်တယ်။ ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်စွမ်းစေလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေတယ်။ ကိုယ်အလေးချိန်ကိုလည်း ဟန်ချက်ညီစေလို့ အဝလွန်တာတွေ၊ ဆီးချို၊ သွေးတိုးတွေ မဖြစ်လာအောင် ကာကွယ်ပေးနိုင်တယ်။ အစာကောင်းစွာ စားနိုင်ဖို့နဲ့ ညဘက်တွေမှာ ကောင်းစွာ အိပ်စက်နိုင်စေဖို့ ကူညီပေးနိုင်တယ်။ကျန်းမာရေးအတွက် ပိုပြီး ဂရုစိုက်သင့်တဲ့ ဒီလိုအချိန်မျိုးမှာ ကိုယ်ခန္ဓာအတွက်ရော ဆေးအာနိသင်ကိုပါ ဆိုးကျိုးတွေ ဖြစ်စေနိုင်တဲ့ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး၊ ကွမ်းတွေကို စတင်ဖြတ်သင့်နေပါပြီ။ လုံးဝမဖြတ်နိုင်သေးဘူးဆိုရင်တောင် လျှော့ပြီး သုံးစွဲဖို့ အချိန်တန်ပါပြီ။ဘယ်လောက်ပဲ စိတ်ဓာတ်ကြံ့ခိုင်တဲ့ သူဖြစ်နေပါစေ လောကဓံ၊ လုပ်ငန်းခွင်မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေအပြင် ကိုယ့်မှာ ရောဂါပိုးရှိတယ်ဆိုတဲ့ အသိက ကိုယ့်ကို စိတ်ဖိစီးမှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလိုအခါမှာ စိတ်ဓာတ်မကျပါနဲ့။ ကိုယ်ပျော်ရွှင်မယ့်အရာတွေကို များများလုပ်ပါ။ ခရီးထွက်ပါ။ ကိုယ်ချစ်ရတဲ့သူတွေနဲ့ မကြာခဏ စကားပြော၊ အတူလျှောက်လည်တာမျိုး ပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/preparations-after-hiv-positive/
ဘေဘီလေးတွေ သွားကျန်းမာရေးအတွက် အကောင်းဆုံးအစားအစာ (၅) မျိုး
ဘေဘီလေးတွေကို ကျန်းမာတဲ့ သွားတွေပိုင်ဆိုင်စေဖို့နဲ့ အစားအစာတွေကိုကောင်းကောင်းစားနိုင်စေဖို့အတွက် ငယ်စဉ်ချိန်ကတည်းက သွားနဲ့ခံတွင်းကျန်းမာစေဖို့ မိဘတွေကသေသေချာချာဂရုစိုက်ပေးဖို့လိုပါမယ်။ မိမိရင်သွေးလေးတွေကိုပြုံးအလှပိုင်ရှင်ဖြစ်စေဖို့ မိဘတွေအနေနဲ့ ငယ်စဉ်ကတည်းက ခံတွင်းနဲ့သွားတွေကို ကျန်းမာစေနိုင်တဲ့ အစားအစာတွေကို သင့်တင့်မျှတအောင်ကျွေးမွေးဖို့လိုပါမယ်။ အခုတစ်ခေါက်တော့ ရင်သွေးလေးတွေ သွားနဲ့ခံတွင်းကျန်းမာစေဖို့ ဘာတွေကျွေးမွေးရမလဲဆိုတာကိုပြောပြပေးပါရစေ။ပန်းသီး။ကလေးတွေကို ပန်းသီးကျွေးပေးမယ်ဆိုရင် သွားမှာကပ်ညှိနေတဲ့ သွားချေးလိုမျိုးအရာတွေကို ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။ ပန်းသီးတင်မဟုတ်ပါဘူး။ အမျှင်ဓါတ်ပါတဲ့ အသီးတွေကလည်း ကလေးရဲ့ သွားနဲ့ခံတွင်းကိုကျန်းမာစေနိုင်ပါတယ်။ ပန်းသီးက ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်နေတာကြောင့် သွားတွေကြံ့ခိုင်စေဖို့ အထောက်အကူပြုပေးပါတယ်။ဥအမျိုးမျိုး။ကြက်ဥ၊ဘဲဥနဲ့ငုံးဥတို့လိုမျိုး ဥတွေမှာ ကယ်လ်ဆီယမ်၊ပရိုတင်းနဲ့ဗီတာမင် D တို့လိုမျိုး ခံတွင်းကျန်းမာရေးအတွက် အရေးပါတဲ့ သတ္တုဓါတ်တွေပါဝင်နေပါတယ်။ ဗီတာမင် D က ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်အောင် အထောက်အကူပေးပါတယ်။ ကယ်လ်ဆီယမ်က အရိုးနဲ့သွားတွေကို ကြံ့ခိုင်သန်စွမ်းစေနိုင်တယ်ဆိုတာကိုတော့ဖေဖေမေမေတို့ သိပြီးဖြစ်မှာပါ။ ဥအမျိုးမျိုးမှာ DHA လို့ခေါ်တဲ့ omega-3 fatty acid တစ်မျိုးပါဝင်လို့ရွေးချယ်သင့်တဲ့အာဟာရဓါတ်စာပါပဲ။Docosahexaenoic acid (DHA) ကDHA က ကလေးတွေရဲ့ အမြင်အာရုံနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်အရေးပါသလို DHA မျှတစွာပါဝင်မယ်ဆိုရင် သင်ယူမှုစွမ်းရည်ကို တိုးတက်စေနိုင်ပါလိမ့်မယ်။နို့။နွားနို့၊ ဒိန်ခဲ၊ ဒိန်ချဉ်တွေမှာ ကယ်လ်ဆီယမ်၊casein နဲ့ phosphorus တို့လိုမျိုး သွားကြွေလွှာကို ကာကွယ်ပေးတဲ့ဓါတ်တွေပါဝင်နေပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းတွေမှာပါတဲ့ အာဟာရဓါတ်တွေက ခံတွင်းကိုကျန်းမာစေပါတယ်။ဟင်းသီးဟင်းရွက်တချို့။မုန်လာဥနီလိုမျိုး အစိမ်းလိုက်ဝါးစားလို့ရတဲ့ အမျှင်ဓါတ်ကြွယ်ဝတဲ့ အသီးအနှံတွေကရေဓါတ်လည်းကြွယ်ဝစွာပါဝင်တာကြောင့် သွားရဲ့ အပေါ်ယံမျက်နှာပြင်တွေကို သန့်စင်ပေးနိုင်ပါတယ်။ အမျှင်ဓါတ်ပါတဲ့ အသီးအနှံတွေက အချိုဓါတ်ကို ထိန်းညှိပေးပြီး သွားတွေကို သန့်စင်စေနိုင်ပါတယ်။ပန်းဂေါ်ဖီစိမ်း နဲ့ အစိမ်းရင့်ရောင်ရှိတဲ့ အသီးအရွက်တွေမှာ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် ခံတွင်းနဲ့ သွားကျန်းမာရေးအတွက်တော်တော့်ကိုအထောက်အကူပြုနိုင်ပါတယ်။ ကိုက်လန်နဲ့ဟင်းနုနွယ်လိုမျိုး အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ သွားနဲ့သွားဖုံးကို ကျန်းမာစေနိုင်တဲ့ဖောလစ်အက်ဆစ်ကြွယ်ဝစွာပါဝင်နေပါတယ်။အခွံမာသီးတွေ နဲ့ အစေ့အဆန်တွေ။အခွံမာသီးတွေနဲ့အစေ့အဆန်တွေက ခံတွင်းထဲမှာရှိနေတဲ့ သွားကြွေလွှာတွေကို ပျက်စီးစေနိုင်တဲ့ အက်ဆစ်တွေကို ဖယ်ရှားပေးနိုင် ပါတယ်။ အယ်လ်မွန်၊မြေပဲနဲ့သီဟိုဠ်စေ့တွေမှာ ကယ်လ်ဆီယမ်နဲ့phosphorus တို့များစွာပါဝင်နေတာကြောင့် သွားကျန်းမာအောင်ထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် DHAလည်းကြွယ်ဝလို့ ကလေးရဲ့မျက်စိကျန်းမာရေးနဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုမှာ အတိုင်းထက်အလွန်ကောင်းမွန်စေပါတယ်။အချိုကဲပြီးစေးကပ်ကပ်နိုင်တဲ့ အစားအစာတွေက သွားတွေကို ထိခိုက်စေနိုင်ပါတယ်။ ကလေးအနေနဲ့ အချိုများပြီးစေးကပ်ကပ်နိုင်တဲ့ အစားအစာတွေစားပြီးတဲ့အခါတိုင်း သွားနဲ့ခံတွင်းတွေကို သန့်ရှင်းအောင်လုပ်ပေးဖို့လိုပါလိမ့်မယ်။ဘေဘီလေးတွေကို သွားနဲ့ခံတွင်းကျန်းမာတဲ့ပြုံးအလှပိုင်ရှင်လေးတွေဖြစ်စေဖို့ ဘာတွေကျွေးမွေးပေးရမလဲဆိုတာဖေဖေမေမေတို့ သိလောက်ပြီထင်ပါတယ်။ ကလေးငယ်ကို ငယ်စဉ်အရွယ်ကတည်းက သွားနဲ့ခံတွင်းကျန်းမာတဲ့ဘေဘီလေးတွေအဖြစ်ပျိုးထောင်နိုင်ကြပါစေကြောင်း။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/%e1%80%98%e1%80%b1%e1%80%98%e1%80%ae%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1-%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%b1/
Broken elbow (တံတောင်ဆစ်အရိုးကျိုးခြင်း)
တံတောင်ဆစ်ထိခိုက်ဒဏ်ရာသည် လူကြီးများနှင့် ကလေးများတွင်ပါ အဖြစ်များသည်။ စောစီးစွာသိရှိ၍ ကုသမှုခံယူနိုင်ခြင်းက နောက်ဆက်တွဲဖြစ်လာမည့် ဆိုးကျိုးများကို ကာကွယ်နိုင်သည်။ တံတောင်ဆစ်ကို ပြင်းထန်သောထိခိုက်မှု ဟူသမျှ ဆေးကုသရန်လိုသည်။ အရိုးကျိုးခြင်း၊ အရိုးနေရာလွဲခြင်း စသည့် ပြင်းထန်သော ထိခိုက်မှုများသည် လှုပ်ရှားမှုအပြင် သွေးကြောနှင့် အာရုံကြောတို့၏ လုပ်ငန်းဆောင်တာများကိုပါ ထိခိုက်စေသည်။ ကလေးများတွင် အရိုးကျိုးခြင်းသည် အရိုး၏ကြီးထွားဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိနိုင်သည်။ အကြောင်းမှာ ကလေးများ၏ အရိုးတွင် အရိုးကြီးထွားမှုဖြစ်ပွားသော ဗဟိုချက်နေရာများရှိသည်။ ကလေးဘဝတလျှောက်လုံး အရိုးများသည် ဆက်လက်ကြီးထွားနေသဖြင့် အရိုးကျိုးခြင်းကြောင့် ထိုဗဟိုချက်နေရာတစ်ခု ထိခိုက်မိပါက အရိုး၏ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်နိုင်သည်။တံတောင်ရိုးကျိုးခြင်းသည် တံတောင်ဆစ်ဖြစ်လာစေသော လက်မောင်းရိုး၃ခုထဲမှ ၁ခု သို့မဟုတ် ၁ခုထက်ပို၍ ကျိုးခြင်းဖြစ်သည်။အလွန်အဖြစ်များသည်။ အမျိုးသမီးများတွင် အမျိုးသားများထက်ပို အဖြစ်များသည်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်။ ရောဂါဖြစ်ပွားမှု မြင့်မားစေသော အကြောင်းများကို ရှောင်ကြဉ်ခြင်းဖြင့် ကာကွယ်နိုင်သည်။ ထပ်မံသိရှိလိုသည်များကို ဆရာဝန်နှင့် တိုင်ပင်ပါ။အဖြစ်များသော လက္ခဏာများမှာ။သင့်တံတောင်ဆစ်တွင် အောက်ပါလက္ခဏာများ ဖြစ်နေပါက အရိုးကျိုးခြင်းသို့မဟုတ် ဆေးကုသရန်လိုသော ထိခိုက်ဒဏ်ရာ တစ်ခုခုရှိနေနိုင်သည်။ကွေးခြင်း၊ဆန့်ခြင်း တံတောင်ဆစ်ကွေးရာတွင် သင့်ပုခုံးကို လက်ချောင်းများဖြင့်ထိနိုင်ရမည်။ ဆန့်ရာတွင်လည်း လက်မောင်းကို အပြည့်အဝ ဆန့်ထုတ်နိုင်ရမည်။အတွင်းနှင့် အပြင်သို့လှည့်ခြင်း လက်မောင်းကိုခန္ဓါကိုယ်နှင့်ကပ်ထားပြီး တံတောင်ဆစ်ကို၉၀ဒီဂရီ ကွေးထားချိန်တွင် လက်ဖဝါးကို အပေါ်ဘက်သို့မျက်နှာမူလျက် လက်ကို အပြင်ဘက်သို့ လှည့်ထုတ်နိုင်ရမည်။ ထိုအနေအထားအတိုင်းပင် လက်ဖဝါးကို အောက်ဘက်သို့မျက်နှာမူလျက် လက်ကို အတွင်းဘက်သို့ လှည့်နိုင်ရမည်။တံတောင်ဆစ်မှဖြတ်သန်းသွားသော အဓိကအာရုံကြော ၃ချောင်းရှိသည်။ ဒဏ်ရာပြင်းထန်ပါက ထိုအာရုံကြောများကို ထိခိုက်မိနိုင်သည်။တံတောင်ဆစ်မှဖြတ်သန်းသွားသော သွေးကြောများလည်း အများအပြားရှိသည်။ ဒဏ်ရာရခြင်း ရောင်ရမ်းခြင်းတို့ကြောင့် အရေးပါသော သွေးကြောများ ထိခိုက်မိခြင်း ဖိမိခြင်းတို့ဖြစ်နိုင်သည်။အထက်တွင်ဖေါ်ပြခဲ့သည်နှင့် မတူသော ရောဂါလက္ခဏာများလည်းရှိနိုင်သည်။ ရောဂါလက္ခဏာများနှင့်ပတ်သတ်၍ သံသယရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။တံတောင်ဆစ်ရိုးကျိုးခြင်းသည် ပြင်းထန်သော မသန်စွမ်းဖြစ်စေနိုင်သော နောက်ဆက်တွဲဆိုးကျိုးများ ရှိလာနိုင်သည်။ သင့်တံတောင်ဆစ်ရိုးကျိုးသည်ဟူ ထင်ပါက ဆေးရုံတစ်ခုခုရှိ အရေးပေါ်ဌာနသို့ ချက်ခြင်းသွားရောက်၍ ကုသမှုခံယူပါ။အနည်းငယ်သာရောင်ရမ်းပြီး သွေးခြေဥခြင်းမရှိ ပြတ်ရှဒဏ်ရာမရှိ ထုံကြဉ်ခြင်းမရှိလျှင် အရေးပေါ်ဌာန မသွားဘဲ ဆရာဝန်နှင့်ပြနိုင်သည်။သင့်တံတောင်ဆစ်တွင် ထိခိုက်ဒဏ်ရာရပြီး အောက်ပါလက္ခဏာများ ဖြစ်နေပါက အရေးပေါ်ဌာနသို့သွားရောက်၍ ကုသမှုခံယူသင့်သည်။သံသယရှိပါက မထိခိုက်မိသော တံတောင်ဆစ်နှင့် နှိုင်းယှဉ်ကြည့်ပါ။ အဖုအထစ် တစ်ခုခုပေါ်လာပါက အရေးပေါ်ဌာနသို့သွားပါ။တံတောင်ဆစ်အရိုးကျိုးစေသော အကြောင်းများမှာ။ချော်လဲခြင်း၊ ရိုက်မိခြင်း၊ အားကစားသမားများတွင် တံတောင်ဆစ်ကို အလွန်အကျွံ အသုံးပြုခြင်း စသဖြင့် နည်းလမ်းအမျိုးမျိုးဖြင့် ဒဏ်ရာရနိုင်သည်။တံတောင်ရိုးကျိုးစေသည့် အဖြစ်များသော ဖြစ်ရပ်များမှာ။နှင်းလျှောစီးဘုတ်ပြားပေါ်မှ နောက်ပြန်လိမ့်ကျခြင်းတွင် လက်ထောက်လျက်ခံမိခြင်း။ကား သို့မဟုတ် မော်တော်ဆိုင်ကယ်တိုက်မှု ကဲ့သို့ ပြင်းအားမြင့်ထိခိုက်မှု။စကိတ်ဘုတ်၊ စက်ဘီးပေါ်မှ ပြုတ်ကျစဉ် တံတောင်ဆစ်နှင့် တိုက်ရိုက်ထောက်မိခြင်း။ကားပြတင်းပေါက်ဖွင့်လျက် တံတောင်ဆစ်ထုတ်ထားမိသောကြောင့် ဘေးတိုက်ပွတ်ဆွဲ ဒဏ်ရာ။တံတောင်ဆစ်၊ လက်ဖျံ၊ လက်ဝါး၊ ပုခုံးတို့သို့ တိုက်ရိုက်ဒဏ်ရာများ ရလျှင်လည်း တံတောင်ဆစ်ကို ထိခိုက်နိုင်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က သင်၏အထွေထွေကျန်းမာရေး အခြေအနေကို သိရှိရန် အောက်ပါမေးခွန်းအချို့ကိုမေးလိမ့်မည်။သင့်အသက်။ဘယ်သန်/ညာသန်။အလုပ်အကိုင်။လှုပ်ရှားမှုအဆင့် (အားကစားသမားလား စားပွဲတွင်ထိုင်ပြီး အလုပ်လုပ်သူလား)။လက်နှင့် တံတောင်ဆစ်တွင် ဒဏ်ရာရဖူးခြင်း၊ ခွဲစိတ်ဖူးခြင်း ရှိမရှိ။ဖြစ်ဖူးသောရောဂါများ (အရိုး၊အဆစ်၊အရွတ်၊ကြွက်သား၊အာရုံကြော၊သွေးကြောတို့ကို ထိခိုက်စေတတ်သောရောဂါများ သည်အရေးကြီးသည်။ သွေးထွက်ခြင်း၊ အနာကျက်ခြင်းဆိုင်ရာ ပြဿနာများသည်လည်း အရေးကြီးသည်။)။လက်ရှိဖြစ်နေသောရောဂါများ။သောက်နေသောဆေးများ။မတည့်သောဆေးများ။အရက်၊ဆေးလိပ် သောက်မသောက်။ထိခိုက်မှုနှင့် ပတ်သတ်သည့် အသေးစိတ်မေးခွန်းများကိုလည်း မေးလိမ့်မည်။ဘာကြောင့်ဖြစ်သလဲ၊ ဥပမာ ချော်လဲသလား၊ တခုခုနဲ့ထိမိသလား။ ချော်လဲလျှင် လက်နဲ့ထောက်မိသလား တံတောင်နဲ့ထောက်မိသလား။ဘယ်တုန်းကထိမိသလဲ။ ဘယ်အချိန်မှာစဖြစ်သလဲ။သတိထားမိသော လက္ခဏာများ ဥပမာ နာသလား။ နာပြီးရောင်သလား။ ရောင်ပြီးအရောင်ပြောင်းသလား၊။ဆရာဝန်က ထိခိုက်မိသောလက်ကို အထူးသဖြင့် စမ်းသပ်စစ်ဆေးမည်။ နှလုံး၊ အဆုတ်နှင့် ဗိုက်ကိုလည်း စမ်းသပ်ကောင်း စမ်းသပ်နိုင်သည်။ ခေါင်း၊လည်ပင်း၊ကျောနှင့် မထိခိုက်သော ခြေလက်များကိုလည်း စစ်ဆေးကြည့်လိမ့်မည်။ စမ်းသပ်ရသည့်အကြောင်းမှာ ပိုပြင်းထန်သော ဒဏ်ရာ သို့မဟုတ် ရောဂါအခြေအနေများ မရှိကြောင်း သေချာစေရန်ဖြစ်သည်။ တံတောင်ဆစ်ရိုးကျိုးသောကြောင့် အလွန်နာကျင်နေသော လူနာသည် အခြားဒဏ်ရာများ ရှိနေကြောင်းကိုပင် သတိမထားမိဘဲ ဖြစ်နေတတ်သည်။ဆရာဝန်က အခြေခံဓါတ်မှန်ရိုက်စစ်ဆေးခြင်း ပြုလုပ်လိမ့်မည်။ သင့်ကျန်းမာရေး အခြေအနေနှင့်ကုသမှုအတွက် လိုအပ်ချက်အပေါ်မူတည်ပြီး အခြားဓါတ်ခွဲစစ်ဆေးမှုများနှင့် အထူးဓါတ်မှန်ရိုက်ခြင်းတို့ကို ပြုလုပ်လိမ့်မည်။တခါတရံ ဒဏ်ရာမှ အလွန်နာသောကြောင့် အပြည့်အစုံ စမ်းသပ်စစ်ဆေးရန် မဖြစ်နိုင်ပါ။ ထိုအခြေအနေမျိုးတွင် ဆရာဝန်က တံတောင်ဆစ်ကို မလှုပ်ရှားစေဘဲ၊ မထိဘဲ ကြည့်ရုံသာ ကြည့်၍ ကနဦးစစ်ဆေးမည်။သွေးကြောနှင့် အာရုံကြောများ ကောင်းစွာ အလုပ်လုပ်ကြောင်းသိသာရန် လက်ကောက်ဝတ်နှင့် လက်ဖဝါးကို စစ်ဆေးမည်။ ထို့နောက် ဆရာဝန်သည် နာကျင်မှုကို ကုသရန်နှင့် ဓါတ်မှန်ရိုက်ရန် ဆုံးဖြတ်သည်။ ပတ်တီးစည်းခြင်း၊ အကိုက်အခဲပျောက်ဆေးပေးခြင်းတို့ဖြင့် အနာသက်သာစေပြီးမှသာ မှန်ကန်သည့်စမ်းသပ်စစ်ဆေးမှု အပြည့်အစုံကို ပြုလုပ်နိုင်မည်။တံတောင်ဆစ်အခြေခံဓါတ်မှန်ရိုက်စစ်ဆေးခြင်းကို ရှေ့နှင့်ဘေးမှ ရိုက်ယူသည်။ အခြားထောင့်၂နေရာမှ ထပ်မံရိုက်သော ဓါတ်မှန်များလည်း လိုအပ်သည်။ကလေးများတွင် မထိခိုက်မိသော တံတောင်ဆစ်ကိုလည်း ဓါတ်မှန်ရိုက်ယူသည်။ ကလေးများ၏ တံတောင်ဆစ်သည် အရိုးများနှင့်သာ ဖွဲ့စည်းထားသည်မဟုတ်ပါ၊ နောင်တွင် အရိုးဖြစ်လာမည့် အရိုးနုများသည် ဓါတ်မှန်ထဲတွင် အရိုးကျိုးသည့်နေရာနှင့် မှားနိုင်သည်။ ထို့ကြောင့် ဒဏ်ရာရသည့်ဘက်နှင့် မရသည့်ဘက် ဓါတ်မှန်များကို ယှဉ်ကြည့်ခြင်းဖြင့် ရောဂါအမည်တပ်ရ လွယ်ကူစေသည်။အခြားအာထရာဆောင်း၊ စီတီနှင့် သံလိုက်ဓါတ်မှန်တို့ ရိုက်ခြင်းဖြင့် တံတောင်ဆစ်ရှိဒဏ်ရာကို ပိုမိုပြီးပြည့်စုံစွာ ကြည့်ရှုနိုင်စေသည်။ ထိုစစ်ဆေးမှုများကို အရေးပေါ်ဌာနတွင် လုပ်ခဲသော်လည်း လုံးဝမလုပ်သည်တော့ မဟုတ်ပါ။ယေဘူယျအားဖြင့် တံတောင်ဆစ်ရိုးကျိုးသူများတွင် ဓါတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရန်မလိုပါ။ ရောဂါတစ်ခုခုရှိလျှင်၊ ဆေးသောက်နေလျှင် ဒဏ်ရာကိုခွဲစိတ်ကုသဖို့လိုလျှင်သာ ဓါတ်ခွဲစစ်ဆေးမှုများ ပြုလုပ်သည်။ဆရာဝန်က တံတောင်ဆစ်မှ ဖြတ်သန်းသွားသော သွေးကြောပြတ်မည်ကို စိုးရိမ်လျှင် သွေးကြောဓါတ်မှန်ရိုက်ရန်ညွှန်ကြားမည်။ သွေးကြောထဲသို့ ဆိုးဆေးထိုးထည့်ပြီး သွေးကြောပြတ်မပြတ် ကြည့်ခြင်းဖြစ်သည်။ သွေးကြောပျက်စီးမှုရှိပါက ခွဲစိတ်ပြုပြင်ရန်လိုသည်။ အကြောင်းမှာ ထိုသွေးကြောသည်လက်ကောက်ဝတ်နှင့် လက်ဖဝါးကို သွေးပို့ပေးနေသောကြောင့်ဖြစ်သည်။သင့်ဒဏ်ရာအမျိုးအစားပေါ်တွင် မူတည်သည်။ ပတ်တီးစည်းထားသော လက်ကို မြှောက်ထားခြင်း၊ ရောင်နေသောနေရာကို ရေခဲကပ်ခြင်း၊ အကိုက်အခဲပျောက်ဆေးသောက်ခြင်း စသည့် ရိုးရှင်းသောကုသမှုများ လည်းဖြစ်နိုင်သည်။ ထိခိုက်မိသွားသော အရိုး၊ သွေးကြော၊ အာရုံကြောတို့ကို ပြုပြင်ရန် ခွဲစိပ်ကုသမှုလည်း လိုအပ်နိုင်သည်။ ကလေးများနှင့် လူကြီးများတွင် ဒဏ်ရာရပုံရော ပျောက်ကင်းပုံပါ မတူညီနိုင်ပါ။ ထို့ကြောင့် ကုသမှုပုံစံခြင်းလည်း မတူညီနိုင်ပါ။အနာပျောက်ဆေး အမျိုးမျိုးရှိသည်။ သောက်ဆေးများမှာ မပြင်းထန်သောအနာအတွက် ဖြစ်သည်။ အကြောဆေး သို့မဟုတ် အသားဆေးများမှာ အသင့်အတင့်မှ ပြင်းထန်သောအနာအတွက် ဖြစ်သည်။ တံတောင်ဆစ်ထဲသို့ တိုက်ရိုက်ဆေးထိုးထည့်သော ဆေးများလည်းရှိသည်။တံတောင်ဆစ်အရိုးကျိုးသွားခြင်း လွဲသွားခြင်းတို့ကို ပြန်ဆက်ရာတွင် သုံးသည့် ဆေးများလည်းရှိသည်။ ထိုဆေးများသည် နာကျင်ခြင်းကို အထူးသက်သာစေသည့်အပြင် အိပ်ပျော်စေခြင်းကြောင့် ကြွက်သားများကိုလျော့စေပြီး ဆရာဝန်မှ အလုပ်လုပ်ရ အဆင်ပြေစေသည်။ ထိုဆေးနှင့် အရိုးဆက်ခြင်းပြီးသောအခါ လူနာနိုးလာလျှင် အရိုးကိုပြန်ဆက်ပြီး ပတ်တီးစီးပြီးအနေအထားနှင့် တွေ့ရသည်။ပွင့်နေသော ဒဏ်ရာ သို့မဟုတ် အရိုးအပိုင်းပိုင်းကျိုးခြင်းတို့တွင် ခွဲစိပ်ကုသခြင်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ ပွင့်နေသော ဒဏ်ရာဆိုရာတွင် တံတောင်ဆစ်ရှိ အရိုးတစ်ချောင်း/အရိုးများသည် အရေပြားမှဖောက်ထွက်နေခြင်းကို ဆိုလိုသည်။ အရိုးကို နေရာပြန်ချရုံသာမက ရောဂါပိုးမဝင်ရန် သေချာစွာသန့်ရှင်းပေးရန်လည်းလိုသည်။ ထိုလုပ်ငန်းများကို ခွဲစိပ်ခန်းတွင် လုပ်ခြင်းသာ အကောင်းဆုံးဖြစ်သည်။အာရုံကြောနှင့် သွေးကြောများကို ထိခိုက်မိသော တံတောင်ဆစ်ဒဏ်ရာများကို ခွဲစိပ်ခန်းတွင်ပြုပြင်ရမည်။ ခွဲစိပ်ခန်းအသုံးပြုခြင်းက အချို့ တံတောင်ဆစ်အရိုးကျိုး ဒဏ်ရာများကို ပိုမိုကောင်းမွန်စွာ ကုသနိုင်ကြောင်း သုတေနပညာရှင်များက တွေ့ရှိခဲ့သည်။ သင့်ဆရာဝန်က သင့်အတွက်အကောင်းဆုံးကုသမှု နည်းလမ်းကို ရွေးချယ်ရာတွင်ကူညီပါလိမ့်မည်။တံတောင်ဆစ်ထဲတွင် သွေး သို့မဟုတ် အခြားအရည်ဖြင့်ပြည့်နေပါက အရေးပေါ်ဌာနတွင် စုပ်ထုတ်ရန်လိုသည်။ ရရှိသောအရည်က ရောဂါအမည်တပ်နိုင်ရန် ကူညီမည်ဖြစ်သည်။ အရည်စုပ်ထုတ်ခြင်းဖြင့် တံတောင်ဆစ်ရှိဖိအားကို လျော့ကျစေပြီး အနာကိုလည်းသက်သာစေသည်။ အပြားခံ၍စီးသောပတ်တီး၊ လက်သိုင်းကြိုး၊ ကျောက်ပတ်တီးတို့ကိုလည်း သုံးနိုင်သည်။ဆရာဝန်များသည် ပလာစတာဖြင့်လုပ်သော အပြားကို လက်မောင်းနောက်တွင်ခံ၍ လက်တစ်ခုလုံးကို ပတ်ပတ်လည်ပလာစတာမကိုင်ဘဲထားသည်။ ထိုပလာစတာပြားများသည် တံတောင်ဆစ်ကို အနေအထားတစ်ခုတွင် ငြိမ်အောင်ထားရန် ရည်ရွယ်သည်။ တံတောင်ကွေးခြင်းနှင့် လက်လှည့်ခြင်းကို ကာကွယ်ရန်အတွက် ပုခုံးနားမှလက်ဖျံအထိ တောက်လျှောက်ခံထားသည်။ ထိုလှုပ်ရှားမှုများသည် ကုသမှုကို နှောင့်ယှက်ပြီး အဆစ်လွဲခြင်းကို ဖြစ်စေနိုင်သည်။ပလာစတာခံထားသဖြင့် လေးလံနေသော လက်မောင်းကို သက်တောင့်သက်သာရှိစေရန် ဆရာဝန်က လက်သိုင်းကြိုးပေးလိမ့်မည်။ အိမ်ရောက်လျှင် လက်သိုင်းကြိုးကို ဖြုတ်ပြီး လက်ကို ခေါင်းပေါ်မြှောက်ထားနိုင်သည်။ လက်မြှောက်ခြင်းသည် အရောင်ကျစေသည်။ ၎င်းမှာထိခိုက်မိပြီး ပထမရက်အနည်းငယ်အတွင်းတွင် အရေးကြီးသည်။ ရောင်ရမ်းခြင်းကြောင့် သွေးကြော၊အာရုံကြောများ ဖိမိနိုင်၍ ဖြစ်သည်။တံတောင်ဆစ်အရိုးများကျိုးနေလျှင်၊ အဆစ်နေရာလွဲနေလျှင် ဆရာဝန်မှ ပြန်ဆက်ပေးရန် လိုအပ်သည်။ အကြောင်းမှာ အရိုးများ သူ့နေရာနှင့်သူရှိခြင်းဖြင့်အနာသက်သာစေပြီး ကုသရန်လည်းပိုလွယ်စေသည်။ တခါတရံ ကျိုးသွားသော အရိုးအပိုင်းအစများက အာရုံကြောနှင့်သွေးကြောများကို ဖိမိခြင်း၊ ပြတ်စေခြင်းတို့ဖြစ်တတ်သည်။ အရိုးများကို နေရာမှန်ပြန်ထားခြင်းဖြင့် ထိုအပျက်အစီးတို့မှ ကာကွယ်နိုင်သည်။ အရိုးပြန်ဆက်ဖို့လိုလျှင် အနာပျောက်ဆေးနှင့် စိတ်ငြိမ်ဆေးတို့ကို သုံးနိုင်သည်။အရေးကြီးသောရှေးဦးပြုစုနည်းများမှာ။ပွင့်နေသောဒဏ်ရာဖြစ်ပါက ပတ်တီးဖြင့်အုပ်ထားပါ။ သွေးထွက်နေပါက တင်းတင်းဖိပြီး လက်ကိုမြှောက်ထားပါ။ ရောင်နေပါက ရေခဲ သို့မဟုတ် ရေအေးဝတ်ကပ်ထားပါ။ အရေးပေါ်အကူအညီ ချက်ခြင်းခေါ်ပါ။အရေးပေါ်အကူအညီမရနိုင်သည့် အခြေအနေတွင် သင်က တံတောင်ရိုးကျိုးသည်ထင်ရသောလူနာကို ဆေးရုံပို့ပေးနေပါက တံတောင်ဆစ်နေရာကို တတ်နိုင်သမျှမလှုပ်အောင် ဂရုစိုက်ပါ။ ကတ်ထူသေတ္တာကို အရွယ်အစား၊ပုံစံမှန်မှန် ဖြတ်တောက်၍ဖြစ်စေ ပတ်တီးအောက်ခံပြီးစည်းနိုင်သည်။ကျိုးနေသောအရိုးကို ဖြောင့်ရန်မကြိုးစားပါနှင့်။ ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သောသူသာ လုပ်ပါစေ။အရိုးကျိုးပြီး အရေပြားပေါ်ဖေါက်ထွက်နေလျှင်လည်း ပြန်သွင်းရန်မကြိုးစားပါနှင့်။ ပုံပျက်နေသောလက်ကို ပြင်ရန်ကြိုးစားခြင်းသည် အရိုးနှင့်အခြားအရာများကို ပို၍ပျက်စီးစေနိုင်သည်။သိလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/fractures-broken-bones/broken-elbow-%e1%80%90%e1%80%b6%e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%86%e1%80%85%e1%80%ba%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%b8/
အရေးပေါ်ဆီးစစ်တံ သုံးစွဲခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များ
အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ရှိ၊ မရှိကို ဆီးစစ်ပြီးပဲဖြစ်ဖြစ်၊ သွေးစစ်ပြီးပဲဖြစ်ဖြစ် စမ်းသပ်အတည်ပြုနိုင်ပါတယ်။ အရေးပေါ်ဆီးစစ်တံ သုံးပြီး ကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးတာက စနစ်တကျစစ်ဆေးမယ်ဆို ရာနှုန်းပြည့်နီးပါးတိကျပြီး ကိုယ့်ဖာသာလည်း အိမ်မှာအလွယ်တကူ စမ်းသပ်သိရှိနိုင်ပါတယ်။ ဒါ့ကြောင့် အရေးပေါ်ဆီးစစ်တံ သုံးစွဲခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တချို့ကို ပြောပြပေးချင်ပါတယ်။အရေးပေါ်ဆီးစစ်တံက အမျိုးသမီးရဲ့ဆီးထဲမှာပါတဲ့HCG ဟော်မုန်းကို စစ်ဆေးတာ ဖြစ်ပါတယ်။ ပုံမှန်ရာသီလာနေကျရက်မှာ ရာသီမလာတော့ရင် ဒါမှမဟုတ် ကိုယ်ဝန်ရှိတဲ့ လက္ခဏာတွေ ပေါ်လာပြီထင်ရင်ကိုယ်ဝန်ရှိ၊ မရှိအရေးပေါ်ဆီးစစ်တံနဲ့ စစ်လို့ရပါပြီ။ အရေးပေါ်ဆီးစစ်တံ သုံးစွဲခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များကို လေ့လာကြည့်ရအောင်နော်။အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ်ဝန်ရှိနေတာကို စောစောသိလေ ကောင်းလေပါပဲ။ အဲ့ဒါမှမိခင်ရော ကလေးပါကျန်းမာရေးအတွက် ပိုဂရုစိုက်နိုင်မှာဖြစ်သလို တခြားဆောင်ရန် ရှောင်ရန်တွေလည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။သတိထားရမှာက ဆီးစစ်တံ မသုံးခင်မှာ သက်တမ်းကုန်ဆုံးရက်ကို စစ်ဖို့ရန်၊ အသုံးပြုပုံအညွှန်းရယ်ကို သေချာဖတ်ဖို့ပါ။တစ်လိုင်းပေါ်ရင် ကိုယ်ဝန်မရှိဘူး။ ၂ လိုင်းဆို ကိုယ်ဝန်ရှိတယ်ဆိုတာ အမြဲမမှန်ပါဘူး။လုံးဝမရပါဘူး။ အရေးပေါ်ဆီးစစ်တံတိုင်းက တစ်ခါသုံးပါ။တချို့သော ကျန်းမာရေးအခြေအနေတွေကြောင့်ရယ်၊ တချို့သောက်ဆေးတွေရယ်ကြောင့် အဖြေမှားယွင်းနိုင်ပါတယ်။တစ်ခါတစ်လေ ရောဂါအခြေအနေတွေကြောင့် HCG ဟော်မုန်းတွေတက်ပြီး ကိုယ်ဝန်မရှိဘဲလည်း ကိုယ်ဝန်ရှိတယ်ဆိုတဲ့ အဖြေထွက်တတ်ပါတယ်။ ဒါ့အပြင်။ဓာတ်မတည့်တဲ့အခါ ပေးတဲ့ဆေးတွေ၊ ပါကင်ဆန်ရောဂါမှာ ပေးတဲ့ဆေးတွေ၊ အိပ်ဆေးတွေ၊ စိတ်ရောဂါရှိသူတွေကို ပေးလေ့ရှိတဲ့ အချို့သောဆေးတွေ၊ အတက်ရောဂါအတွက် သောက်ဆေးတွေ၊ ဆီးဆေးတွေ စတဲ့ဆေးတွေကြောင့် အရေးပေါ်ဆီးစစ်ချက်အဖြေလွဲချော်နိုင်ပါတယ်။အရေးပေါ်ဆီးစစ်တံကဟော်မုန်းကိုပဲ တိုင်းတာတဲ့အတွက် သွေးထဲကအရက်က အရေးပေါ်ဆီးစစ်တံ အဖြေအပေါ် သက်ရောက်မှုမရှိပါဘူး။ သုံးလို့ရပါတယ်။ရေးသားသူ – Dr.Htoo Tint။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/facts-need-to-know-hcg-test-kits/
ခံတွင်းကျန်းမာရေးအတွက် ဒိန်ချဉ်တစ်ခွက်
ဒိန်ချဉ်နဲ့ ပတ်သက်ပြီး ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရှိတဲ့အကြောင်း သိကြမယ်ထင်ပါတယ်။ဒိန်ချဉ်ဟာ အစာအိမ်နဲ့အူလမ်းကြောင်းကို ကျန်းမာစေတယ်။ ကိုယ်ခန္ဓာထဲမှာ ရှိတဲ့ မကောင်းတဲ့ ဘက်တီးရီးယား ရောဂါပိုးတွေကို နှိမ်နင်းဖို့အတွက်အကျိုးပြုဘက်တီးရီးယား(Probiotics) တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ဝမ်းချုပ်တတ်သူတွေအတွက်လည်း ဝမ်းကို ပုံမှန်အတိုင်း သွားစေပြီး ဝမ်းပျော့စေနိုင်ပါတယ်။ဒါတင်ပဲ ကောင်းကျိုးရှိတာလားဆိုတော့ မဟုတ်ပါဘူးနော်။ သုတေသီတွေရဲ့ လေ့လာချက်အရဒိန်ချဉ်ဟာခံတွင်းကျန်းမာရေးအတွက်ပါ အများကြီး အထောက်အကူပေးနိုင်တယ်ဆိုတာ တွေ့ရပါတယ်။ လေ့လာတွေ့ရှိချက်တွေထဲမှာ။ဒိန်ချဉ်မှာကယ်လ်စီယမ်ဓာတ်အများအပြား ပါဝင်လို့ သွားနဲ့ အရိုးတွေကို ခိုင်ခံ့စေနိုင်ပြီး အသက်အရွယ်ကြောင့် သွားများ ဆွေးမြေ့လာတာ၊ သွားကျိုးလွယ်တာကို ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေ ငယ်စဉ်ကနေဒိန်ချဉ်ပုံမှန်သောက်ပေးမယ်ဆိုရင် သွားများ ညီညာခိုင်ခံ့စေပြီး သွားရဲ့ သိပ်သည်းဆကို ပါးသွားစေခြင်းမရှိပါဘူး။အူလမ်းကြောင်းအတွက် အကျိုးပြုဘက်တီးရီးယားတွေကို ထုတ်လုပ်ပေးနိုင်တဲ့ ဒိန်ချဉ်ဟာ သွားဖုံးအတွက်လည်း တူညီတဲ့ အကျိုးကျေးဇူးရှိစေပါတယ်။ ဒီ Probiotics တွေဟာ သွားကြားနဲ့သွားဖုံးမှာ ကပ်ငြိနေတဲ့ ရောဂါပိုးတွေကို သေစေလို့ သွားဖုံးရောဂါများဖြစ်တဲ့ သွားကိုက်သွားနာခြင်း၊ သွားဖုံးရောင်ခြင်း၊ရေစီးကမ်းပြိုလိုက်ခြင်း၊ သွားဖုံးသွေးယိုစီးခြင်းတွေကို မဖြစ်စေအောင် ကာကွယ်ပေးနိုင်ပါတယ်။အစာအိမ်ကနေ အစာချေဖျက်ပြီး ပြန်ကန်တက်လာတဲ့ အရည်တွေထဲမှာ အက်စစ်ဓာတ်တွေ ပါဝင်နေပါတယ်။ ဒီအက်ဆစ်ဓာတ်ဟာ တံတွေးကနေတစ်ဆင့် ပါးစပ်ထဲ များလာတဲ့အခါ မကောင်းတဲ့ ဘက်တီးရီးယားတွေကို ပိုမိုပေါက်ဖွားစေနိုင်ပါတယ်။ဒိန်ချဉ်ဟာ ဒီအက်စစ်ဓာတ်ကို လျှော့ချပေးတဲ့အတွက် ခံတွင်းထဲရှိ ဘက်တီးရီးယား ပေါက်ဖွားနှုန်းကိုပါ ထိန်းချုပ်ပြီးသားဖြစ်စေပါတယ်။ခံတွင်းအနံ့ဆိုးဖြစ်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက သွားကြားထဲမှာ ဘက်တီးရီးယားပိုး ပေါက်ဖွားမှုများနေတာကြောင့်ပါပဲ။ ဒိန်ချဉ်ဟာ ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားပေးနိုင်တဲ့အတွက်ခံတွင်းအနံ့ဆိုးဖြစ်ခြင်းကို သက်သာစေနိုင်ပါတယ်။သွားမညီသူတွေ၊ သွားထပ်နေသူတွေ၊ သွားကျဲနေသူတွေအနေနဲ့Braceလို့ခေါ်တဲ့ သွားထိန်းကိရိယာ တပ်ထားတဲ့အခါ စားလိုက်တဲ့အစားအစာက သွားပြီး ကပ်ငြိရင် သန့်ရှင်းရေးလုပ်ရတာ နည်းနည်းခက်ခဲနိုင်ပါတယ်။ဒိန်ချဉ်ရဲ့ ကောင်းကျိုးက သွားကြားထဲ ကပ်ငြိကျန်ခဲ့ခြင်းမရှိသလို နဂိုရှိနေတဲ့ စားကြွင်းစားကျန်တွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။ ကယ်လ်စီယမ် ပါဝင်မှုလည်း များလို့ သွားကို ခိုင်ခံ့စေပြီး သွားညီစေရန်လည်း ကူညီပေးပါတယ်။ကဲ ဒီတော့ ခံတွင်းကျန်းမာရေးအတွက် တစ်နေ့ကို တစ်ခွက်လောက် ဒိန်ချဉ်သောက်ကြစို့နော်။ ဒိန်ချဉ်ဆိုတဲ့နေရာမှာသကြားလုံးဝမပါဝင်တဲ့ သဘာဝ ဒိန်ချဉ်စစ်စစ်တွေကိုသာ အဓိကရွေးချယ် သောက်သုံးပေးပါ။ ကလေးတွေအတွက် ဒိန်ချဉ်ကိုမှ သစ်သီးတွေ လှီးစိတ်ပြီး ရောကျွေးတာ၊ အစေ့အဆန်များ ကြိတ်ပြီး ရောမွှေကျွေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ သွားနဲ့ ခံတွင်းကျန်းမာရေးကို အမြဲစစ်ဆေးပေးဖို့ သွားဆေးခန်းကို ၆လတစ်ကြိမ် သွားစစ်ပေးပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/gum-mouth-diseases/%e1%80%81%e1%80%b6%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba/
သွားနှင့် ခံတွင်း ကျန်းမာရေး အကြောင်း
သွားနှင့် ခံတွင်း ကျန်းမာရေး ဟာ လူတစ်ယောက်အတွက် မဖြစ်မနေ ဂရုစိုက်သင့်တဲ့ ကျန်းမာရေးကိစ္စတစ်ခုဖြစ်ပါတယ်။ လူတစ်ဦး ကျန်းမာနေစေဖို့အတွက် သွားနဲ့ ခံတွင်းက အရေးပါလှတယ်လို့ ဆိုရမှာပါ။ သွားနဲ့ ခံတွင်း သန့်ရှင်းကျန်းမာခြင်းမရှိဘူးဆိုရင် သွားပိုးစားတာ၊သွားအခေါင်းပေါက်ဖြစ်တာနဲ့ သွားဖုံးနဲ့သက်ဆိုင်တဲ့ဝေဒနာတွေဖြစ်နိုင်သလို ဒီရောဂါတွေဟာ နှလုံးရောဂါ၊ ကင်ဆာရောဂါနဲ့ သွေးတိုးရောဂါတွေနဲ့လည်း ဆက်စပ်နေပါတယ်။သွားနဲ့ ခံတွင်းကို ကျန်းမာပြီး ကြံ့ခိုင်နေအောင် ထိန်းသိမ်းစောင့်ရှောက်တာက တစ်သက်တာလုံး မပျက်မကွက်လုပ်ဆောင်ရမယ့် ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် သွားနဲ့ ခံတွင်းကို ကျန်းမာစေဖို့ဆိုရင် မှန်ကန်တဲ့ ထိမ်းသိမ်းစောင့်ရှောက်မှုနည်းလမ်းတွေကို သိနားလည်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ဥပမာ သွားတိုက်ဖို့၊ သွားကြားထဲက အစာတွေကို သန့်စင်ဖို့၊ သကြားကို လျှော့စားဖို့ စတာတွေပေါ့။ ဒီလိုဂရုမစိုက်ပေးရင်တော့ သင့်ရဲ့သွားလေးတွေဟာ အသက်အရွယ်အိုမင်းလာချိန်အထိ ကျန်းမာနေတော့မှာမဟုတ်ပါဘူး။သွားပိုးစားတာနဲ့ သွားဖုံးဆိုင်ရာရောဂါတွေက အရမ်းကို အဖြစ်များပါတယ်။ World Health Organization ရဲ့ အဆိုအရဆိုရင်။သွားနဲ့ ခံတွင်းကျန်းမာဖို့နဲ့ ရောဂါဖြစ်နိုင်ခြေတွေကို လျှော့ချနိုင်ဖို့အတွက်ဆိုရင် အခြေခံအားဖြင့် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။ အောက်ပါအတိုင်းဖြစ်ပါတယ်။တကယ်တော့ သွားနဲ့ခံတွင်းပြဿနာတွေက ရောဂါလက္ခဏာပြသလာချိန်မှာ ဆေးခန်းသွားရမယ့် ပြဿနာမျိုးမဟုတ်ပါဘူး။ ဖြစ်နိုင်ရင် တစ်နှစ်ကို ၁ ကြိမ်လောက် သွားနဲ့ ခံတွင်းကို စစ်ဆေးပေးနေသင့်တာပါ။ တစ်ချို့ပြဿနာတွေက လက္ခဏာက နောက်လိုက်ပြီး ရောဂါကအရင်လာတာမျိုးဖြစ်နေတတ်တာကြောင့်ပါ။ဒါပေမယ့် ဘယ်လိုအကြောင်းကြောင့်ဖြစ်ပါစေ ရောဂါလက္ခဏာတွေကိုတော့ သိနားလည်ထားသင့်တာတော့ အမှန်ပါ။ သင့်မှာ သွားနဲ့ ခံတွင်းဆိုင်ရာ ပြဿနာတစ်စုံတစ်ရာရှိနေတယ်ဆိုတာကို သိနိုင်စေမယ့် လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။သင့်ခံတွင်းကို မကျန်းမာစေနိုင်တဲ့ပြဿနာတွေအားလုံးရဲ့ အရင်းခံကတော့ ဘက်တီးရီးယားတွေ၊ မှိုတွေနဲ့ ဒီအရာတွေက ပုံမှန်အားဖြင့် သင့်ခံတွင်းကို များများစားစား ဒုက္ခမပေးနိုင်ပါဘူး။ ဒါပေမယ့် သကြားဓာတ်များများစားစားရသွားရင်တော့ဖြင့် အခြေအနေက အများကြီးပြောင်းလဲသွားပါလိမ့်မယ်။သကြားဓာတ်ပမာဏကြောင့် အက်ဆစ်ဓာတ် ထုတ်လုပ်ပေးမယ့် ဘက်တီးရီးယားတွေ အပြင်းအထန် ထကြွသောင်းကျန်းကြတော့မှာပါ။ ဒီဘက်တီးရီးယားလေးတွေထုတ်လွှတ်လိုက်တဲ့ အက်ဆစ်ဓာတ်တွေဟာ သွားရဲ့ ကြွေသွားအလွှာကို ဖျက်ဆီးနိုင်သလို သွားပိုးပေါက်တွေလည်း ဖြစ်စေပါတယ်။ဘက်တီးရီးယားတွေဟာ သင့်ရဲ့ သွားဖုံးတစ်လျှောက်မှာ ပေါက်ပွားရှင်သန်နေကြပြီးတော့ ပုံမှန်သွားနဲ့ ခံတွင်းကို မသန့်စင်ပေးဘူးဆိုရင် သွားတစ်လျှောက်မှာ ပိုမိုတိုးပွားလာကြတော့မှာပါ။ သူတို့တိုးပွားလာတာကို သင့်ဘက်က မတားဆီးနိုင်ဘူးဆိုရင် ပထမအဆင့်မှာ သွားဖုံးရောင်တာ (Gingivitis) ဖြစ်မှာဖြစ်ပါတယ်။ ပိုမိုဆိုးရွားတဲ့အခြေအနေမှာ ရေစီးကမ်းပြိုရောဂါ (Periodontitis) ဖြစ်လာပါလိမ့်မယ်။သွားဖုံးရောင်တာ (Gingivitis) နဲ့ ရေစီးကမ်းပြိုရောဂါ (Periodontitis) အပါအဝင် သွားနဲခံတွင်း ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်တဲ့နောက်ထပ် အခြေအနေတွေ ရှိနေပါတယ်။ ဒါတွေကတော့။အများစုသော သွားနဲ့ ခံတွင်းပြဿနာတွေဟာ ကျွမ်းကျင်သူ သွားဆရာဝန်နဲ့ သွားစစ်ဆေးမှု (Dental Exam) ပြုလုပ်မှသာ သိရှိနိုင်ပါတယ်။ Dental Exam မှာတော့ သွားဆရာဝန်က သင့်ရဲ့။ဒီလိုစစ်ဆေးရာမှာ လိုအပ်တဲ့ နည်းပညာအကူအညီတွေကို ရယူအသုံးပြုမှာဖြစ်ပြီးတော့ သင့်ရဲ့သွားတွေ အခြေအနေကောင်းမွန်မှုရှိမရှိဆိုတာကို သိနိုင်ဖို့ X-ray ဓာတ်မှန်ရိုက်ကူးပြီး စစ်ဆေးမှာပါ။ ဒါကြောင့် မိမိဟာ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ကိုယ်ဝန်ရှိနေမယ်ဆိုရင် ဆရာဝန်ကို ကြိုတင်အသိပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ဓာတ်မှန်ရိုက်ကူးဖို့ မသင့်လျော်တာကြောင့်ပါ။ရောဂါရှာဖွေစစ်ဆေးရာမှာ အောက်ပါအရာတွေကို အသုံးပြုပြီး စစ်ဆေးနိုင်ပါတယ်။ ကင်ဆာလို့ ယူဆရင်တော့။သွားနဲ့ ခံတွင်းမှာ ဖြစ်နိုင်တဲ့ ရောဂါအမြောက်အများရှိပါတယ်။ အများစုဟာ သွားနဲ့ ခံတွင်းကို စနစ်တကျ မစောင့်ရှောက် မထိမ်းသိမ်းတာကြောင့်ဖြစ်လာတဲ့ ရောဂါတွေဖြစ်ကြပါတယ်။ ရောဂါအများစုဟာ ကာကွယ်တားဆီးလို့ရပြီး သွားနဲ့ခံတွင်းကို သန့်ရှင်းအောင်ထားဖို့သာ လိုအပ်တာပါ။ဒါပေမယ့်လည်း လေ့လာချက်တွေအရဆိုရင် လူတိုင်းဟာ သွားနဲ့ ခံတွင်းဆိုင်ရာ ပြဿနာ အနည်းဆုံး တစ်ခုကိုတော့ ဘဝတသက်တာမှာ ကြုံဆုံရလေ့ရှိပါ။ သွားနဲ့သက်ဆိုင်တဲ့ရောဂါတွေနဲ့ ခံတွင်းနဲ့သက်ဆိုင်တဲ့ရောဂါတွေဆိုပြီး ၂ ပိုင်း ခွဲခြားနိုင်ပါတယ်။ သွားနဲ့သက်ဆိုင်တဲ့ ရောဂါတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ခံတွင်း၊ ပါးစပ်တို့နဲ့သက်ဆိုင်တဲ့ရောဂါတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ခံတွင်းပြဿနာတွေထဲမှာ ကင်ဆာကလည်း အဖြစ်များပြီး ဆိုးရွားတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ခံတွင်းကင်ဆာ (Oral cancer)ဟာ အမျိုးအစားအမျိုးမျိုးရှိပြီး အောက်ပါအစိတ်အပိုင်းတွေမှာဖြစ်တာတွေကိုလည်း ဖြစ်နိုင်ပါတယ်။လူတစ်ယောက် ခံတွင်းကင်ဆာဖြစ်စေနိုင်တဲ့ အဓိကအကျဆုံးအချက်တွေကတော့ ဆေးလိပ်၊ ကွမ်းစတာတွေ မှီဝဲတာ၊ ဆေးရွက်ကြီးငုံတာတွေဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေကဆိုထားပါတယ်။ခံတွင်းကျန်းမာရေးဆိုပေမယ့် တခြားသော ပြင်ပရောဂါတွေနဲ့လည်း ဆက်နွယ်နေပါတယ်။ ခံတွင်းကို သန့်စင်အောင်မထားရှိတဲ့အခါ သွားနဲ့ ခံတွင်းသာမက ခန္ဓာကိုယ်ရဲ့ တခြားနေရာတွနဲ့ တခြားသော ရောဂါတွေကိုလည်း တွန်းအားပေးပါတယ်။နှစ်ပေါင်းများစွာ လေ့လာသုတေသနပြုချက်တွေအရ ခံတွင်းကျန်းမာရေးရဟာ ခန္ဓာကိုယ်က တခြားရောဂါတွေနဲ့ ပတ်သက်ဆက်နွယ်နေလေ့ရှိကြောင်း သိရှိထားရကြပါပြီ။ Mayo Clinic ရဲ့ အဆိုအရ အောက်ပါရောဂါတွေဟာ ခံတွင်းကျန်းမာရေးနဲ့ ဆက်နွယ်နေတယ်လို့ဆိုပါတယ်။ဒါတွေကတော့။သွားနဲ့ခံတွင်းမှာ ရောဂါကင်းနေဖို့ဆိုရင် ကိုယ်တိုင်ဂရုစိုက်ဖို့ လိုအပ်သလို တစ်နှစ် ၂ ကြိမ် ကျွမ်းကျင်သူနဲ့ ပြသကုသဖို့လည်း လိုအပ်ပါတယ်။ ဒီလိုပုံမှန်ပြုလုပ်နေမှသာ ရောဂါဖြစ်နိုင်ခြေရှိမရှိ၊ ကာကွယ်ရမယ့် အခြေအနေနဲ့ ရောဂါရှိနေခဲ့ရင် ကုသရမယ့် နည်းလမ်းတွေကို ရှာဖွေနိုင်မှာပါ။တကယ်လို့ ကိုယ့်မှာ သွားနဲ့ ခံတွင်းဆိုင်ရာ ရောဂါတစ်စုံတစ်ရာရှိနေတယ်ဆိုရင် အောက်ပါနည်းလမ်းတွေနဲ့ ကုစားနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် ခွဲစိတ်ကုသတဲ့ နည်းလမ်းတွေလည်းရှိပါတယ်။ ရောဂါအခြေအနေပြင်းထန်တဲ့အခါမျိုးတွေမှာ ခွဲစိတ်ကုသဖို့ လိုအပ်ပြီးတော့ နည်းလမ်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။သွားနဲ့ခံတွင်းကျန်းမာရေးဟာ ဂရုစိုက်ရမယ့် အရာတစ်ခုပါ။ သွားနဲ့ ခံတွင်းက သိပ်အရေးကြီးဘူးလို့ ယူဆပြီး ဂရုမစိုက်ဘဲ ထားလိုက်မယ်ဆိုရင် သွားနဲ့ခံတွင်းနဲ့ မဆိုင်တဲ့ တခြားနောက်ဆက်တွဲရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/gum-mouth-diseases/about-dental-health/
ကြွက်သားဒဏ်ဖြစ်ခြင်း
ကြွက်သားကို ဆွဲစုတ်လိုက်တဲ့အခါ ဒါမှမဟုတ် ပြဲစုတ်သွားတဲ့အခါမှာ ကြွက်သားဒဏ်ဖြစ်ခြင်း ဒါမှမဟုတ် ဆန့်သွားခြင်းဖြစ်ပေါ်လာပါတယ်။ ဒဏ်ဖြစ်တာကတော့ ဘယ်ကြွက်သားမဆိုဖြစ်နိုင်သော်လည်း ခါးအောက်ပိုင်း၊ လည်ပင်း၊ ပုခုံးနဲ့ ပေါင်နောက်ပိုင်းကြွက်သားတွေမှာတော့ ပိုဖြစ်နိုင်ပါတယ်။အသက်အရွယ်မရွေး တော်တော်လေးအဖြစ်များပါတယ်။ အန္တရာယ်ရှိအချက်များကို ရှောင်ကြဉ်ခြင်းဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ကြွက်သားဒဏ်ဖြစ်ခြင်းကို ဝေဒနာခံစားရခြင်းဖြင့်သိရှိနိုင်ပါတယ်။ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။သိပ်ဒဏ်မဖြစ်ဘူးဆိုရင်တော့ အနည်းငယ်သာ တောင့်တင်းတယ်လို့ခံစားရပြီး အသုံးပြုဖို့လှုပ်ရှားနိုင်ပါဦးမယ်။ ကြွက်သားစုတ်ပြဲသွားမယ်ဆိုရင်တော့ ဆိုးရွားစွားဒဏ်ဖြစ်သွားပါလိမ့်မယ်။ ထိုသို့ဖြစ်မယ်ဆိုရင်တော့ နာကျင်ပြီး လှုပ်ရှားနိုင်စွမ်းတွေနည်းသွားနိုင်ပါတယ်။ အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်းရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သက်ပြီး မေးစရာတွေရှိမယ်ဆိုရင်တော့ ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်ပေးပါ။သိသာပြင်းထန်တဲ့ ကြွက်သားဒဏ်ရာတွေရှိမယ် ဒါမှမဟုတ် အိမ်တွင်းဆေးနည်းတွေနဲ့ ၂၄နာရီအတွင်းမှာ မသက်သာဘူးဆိုရင် ဆရာဝန်ဖြင့် ပြသပေးပါ။ထိခိုက်မိတဲ့နေရာမှာ ဖျောက်ခနဲမြည်မယ်၊ လမ်းမလျှောက်နိုင်ဘူး၊ သိသိသာသာရောင်နေမယ်၊ နာကျင်မယ်၊ အဖျားရှိမယ် ဒါမှမဟုတ် ပြတ်ရှရာတွေရှိမယ်ဆိုရင် အရေးပေါ်ဌာနာမှာ စစ်ဆေးသင့်ပါတယ်။ အထက်တွင်ဖော်ပြထားသော လက္ခဏာတွေရှိနေမယ် ဒါမှမဟုတ် မေးစရာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံချင်းမတူကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။မမျှော်လင့်ပဲ ရုတ်တရက် ကြွက်သားစုတ်ပြဲသွားမယ်ဆိုရင် အသည်းအသန်ဒဏ်ဖြစ်လာပါလိမ့်မယ်။ ထိုအခြေအနေဟာ ထိခိုက်ဒဏ်ရာရမှုတွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။ တရားခံကတော့ အောက်ပါတို့ပါ။အသည်းအသန်ဒဏ်ဖြစ်ခြင်းတွေက အောက်ပါတို့ကြောင့်ပါ။အေးရင် ကြွက်သားဒဏ်ဖြစ်ခြင်းက ပိုဆိုးတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အပူချိန်နည်းသွားရင်ကြွက်သားတွေ ပိုတောင့်လာလို့ပဲဖြစ်ပါတယ်။ ထိုအချိန်တွေမှာ သွေးပူအောင်လုပ်ဖို့ အရေးကြီးပါတယ်။နာတာရှည် ကြွက်သားဒဏ်ဖြစ်ခြင်းကတော့ လှုပ်ရှားမှုအချို့ကို ထပ်ခါထပ်ခါလုပ်နေရခြင်း၏ အကျိုးဆက်ပါ။ အောက်ပါတို့ကြောင့်ပဲဖြစ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က ဆေးမှတ်တမ်းတွေမေးမြန်းပြီး ကိုယ်ကာယပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။ စစ်ဆေးမှုတွေမှာ ကြွက်သားလုံဝစုတ်ပြဲသွားတာလား တစ်စိတ်တစ်ပိုင်းစုတ်ပြဲသွားတာလားဆိုတာ စစ်ဆေးဖို့ အရေးကြီးပါတယ်။ လုံးဝစုတ်ပြဲသွားတာဆိုရင်တော့ ပြန်လည်ကောင်းမွန်ဖို့ကြာနိုင်တဲ့အပြင် ခွဲစိတ်ကုသမှုတွေပါလိုအပ်နိုင်ပြီး ထပ်တိုးရောဂါတွေလည်းရသွားနိုင်ပါတယ်။ထိခိုက်မှုတွေရှိမယ် ဒါမှမဟုတ် ပိုးဝင်နေမယ်ဆိုရင် ဓါတ်မှန်ရိုက်ဖို့နဲ့ ဓါတ်ခွဲခန်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့လိုအပ်နိုင်ပါတယ်။အရောင်ကျစေဖို့နဲ့ အနာသက်သာစေဖို့ ဆေးဝါးတွေအပြင် ကြွက်သားတွေပြန်လည်သန်မာစေပြီး နဂိုအတိုင်းပြန်လည်လှုပ်ရှားနိုင်စေဖို့ ဗဟိဒ္ဓကုထုံးတွေလည်း အသုံးပြုရပါလိမ့်မယ်။ အခြေအနေအရမ်းဆိုးနေမယ်ဆိုရင်တော့ ကြွက်သားတွေပြန်လည်ပြင်ဆင်ဖို့ ခွဲစိတ်ကုသမှုလိုအပ်ပါတယ်။အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ကြွက်သားဒဏ်ဖြစ်ခြင်းကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။အများစုကတော့ အိမ်မှာအလွယ်တကူ ပျောက်ကင်းနိုင်ကြပါတယ်။ အသေစားဒဏ်ဖြစ်တာတွေကတော့ အနားယူခြင်း ရေခဲကပ်ခြင်း၊ ဖိပေးခြင်းနဲ့ မြောက်ပေးခြင်း (RICE)လောက်ဖြင့် ကုသပျောက်ကင်းနိုင်ပါတယ်။အနားယူခြင်း။အထူးသဖြင့် လှုပ်ရှားလိုက်လို့နာမယ်ဆိုရင် ရက်အနည်းငယ်လောက် အနားယူဖို့လိုအပ်ပါလိမ့်မယ်။ အရမ်းအနားယူလိုက်မယ်ဆိုရင်တော့ ကြွက်သားတွေအားနည်းသွားပြီး ပြန်ကောင်းဖို့ ကြာသွားပါလိမ့်မယ်။ ၂ရက်လောက်ကြာရင်တော့ ဂရုတစိုက်နဲ့ ဖြည်းဖြည်းချင်းပြန်လှုပ်ရှားကြည့်ပါ။ အရမ်းကြီး မလှုပ်ရှားပါနှင့်။ရေခဲကပ်ခြင်း။ကြွက်သားထိခိုက်ဒဏ်ရာ ရရခြင်း ရေခဲကပ်ပေးပါ။ ရောင်တာအနည်းဆုံးဖြစ်အောင် လုပ်ပေးနိုင်ပါလိမ့်မယ်။ အရေပြားကို ရေခဲနဲ့ တိုက်ရိုက်မကပ်ပါနှင့်။ ရေခဲထုပ် ဒါမှမဟုတ် အဝတ်ထုပ်နဲ့ ကပ်ပေးပါ။ မိနစ်၂၀ခန့်ဖြစ်ပါစေ။ ပထမဦးဆုံးနေ့မှာ တစ်နာရီတစ်ခါကပ်ပေးပါ။ နောက်ရက်တွေမှာတော့ ၄နာရီခြားကပ်ပေးပါ။ဖိပေးခြင်း။အရောင်ကျစေဖို့ ဒဏ်ရာရတဲ့နေရာကို အရောင်မပျောက်မချင်း ပတ်တီးဖြင့်စီးပေးထားပါ။ တင်းကြပ်နေအောင်မစီးဖို့ ဂရုစိုက်ပေးပါ။ ဘာကြောင့်လဲဆိုတော့ သွေးလည်ပတ်မှုကို ကျဆင်းစေနိုင်လို့ပဲဖြစ်ပါတယ်။မြှောက်ပေးခြင်း။ဒဏ်ရာရတဲ့အပိုင်းကို အချိန်တိုင်း ဖြစ်နိုင်သမျှ နှလုံးထက်ပိုမြင့်အောင် မြှောက်ပေးထားပါ။အောက်ပါနည်းလမ်းတို့ဖြင့်လည်း မိမိဘာသာပျောက်ကင်းအောင် လုပ်ဆောင်နိုင်ပါတယ်။အိုင်ဗျူပရိုဖန်လိုမျိုး ဆေးဆိုင်များတွင် ဆရာဝန်ညွှန်ကြားချက်မပါဘဲ အလွယ်တကူဝယ်ယူရရှိနိုင်မယ့် အရောင်ကျဆေးတွေ အသုံးပြုနိုင်ပါတယ်။ ထိုဆေးတွေက အနာသက်သာစေနိုင်သလို၊ အရောင်လည်းကျစေနိုင်ပါတယ်။၃ရက်ကြာပြီးနောက်မှာ တစ်နေ့ကို အကြိမ်ပေါင်းများစွာ အပူကပ်ပေးပါ။ ထိုသို့ပြုလုပ်ပေးခြင်းက ဒဏ်ရာရတဲ့နေရာမှာ သွေးလည်ပတ်မှုကောင်းစေခြင်းအားဖြင့် မြန်မြန်ပျောက်ကင်းစေနိုင်ပါတယ်။အချိန်ကြာကြာကြီး ကြွက်သားကို အနားမပေးပါနှင့်။ ကြွက်သားတောင့်တင်းခြင်းတွေနဲ့ အားနည်းလာခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဖြည်းဖြည်းချင်းပြန်ဆန့်တန်းပေးပါ။ လှုပ်ရှားနိုင်မှုကို ပြန်လည်တဖြည်းဖြည်း မြှင့်တင်ပေးပါ။ပုံမှန်ပြန်လှုပ်ရှားနိုင်ပြီဆိုရင် ကိုယ်လက်လေ့ကျင့်ခန်းမလုပ်ခင်မှာ သွေးပူလုပ်ပေးဖို့ မမေ့ပါနှင့်။ခန္ဓါကိုယ် ကျန်းမာကြံ့ခိုင်နေစေဖို့ ကြိုးစာသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြွက်သားတွေ သန်မာနေရင် ဒဏ်ဖြစ်နိုင်ခြေနည်းပါးလို့ပဲဖြစ်ပါတယ်။ဒဏ်ဖြစ်တာက ပြင်းထန်မယ်ဆိုရင် ဆေးပညာပိုင်းဆိုင်ရာစောင့်ရှောက်မှု လိုအပ်ပါလိမ့်မယ်။ ကိုယ်ကာယပိုင်းဆိုင်ရာကုထုံးတွေလည်း အကြံပြုထားပါတယ်။နောက်တစ်ဆင့်ကတော့ ကာကွယ်ခြင်းပါပဲ။မေးစရာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုသိရှိနားလည်စေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/muscle-strain/
ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ဘာတွေ ခံစားရနိုင်လဲ
အခုထိဆိုကိုဗစ်ရောဂါဖြစ်ပွားနေတာ တစ်နှစ်ကျော်လာ ခဲ့ပါပြီ။ ဒါပေမယ့် အခုထိ ကမ္ဘာ အရပ်ရပ်မှာ ကိုဗစ်က ဖြစ်ပွားနေဆဲ ဖြစ်သလို သေဆုံးမှုတွေကလည်း ရှိနေဆဲပါ။ ကိုဗစ် ဖြစ်ပွားနေမှုနဲ့အတူကိုဗစ်ကာကွယ်ဆေးအပါအဝင် ကိုဗစ်ကိုကာကွယ်နိုင်မယ့် နည်းလမ်းတွေကိုလည်း အပတ်တကုပ် ရှာဖွေမှုတွေ လုပ်နေကြပါတယ်။ဒီရှာဖွေမှုတွေ၊ ကြိုးပမ်းမှုတွေရဲ့ ရလဒ်အနေနဲ့ကိုဗစ်ကာကွယ်ဆေးတွေကလည်း ကမ္ဘာ့နိုင်ငံ အချို့မှာ ထွက်ပေါ်လာခဲ့ပါတယ်။ စတင် ထိုးနှံမှုတွေကိုလည်း လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။ဒီတော့ လူတိုင်း သိချင်နေလောက်မယ့်ကာကွယ်ဆေး ထိုးနှံမှုနဲ့ ပတ်သက်တဲ့ အချက်လေးတွေကို ဒီဆောင်းပါးလေး ကနေတဆင့် ပြောပြပေးသွား ပါမယ်။ကိုဗစ်ကို ကာကွယ်ဖို့အတွက် ကိုဗစ် ကာကွယ်ဆေးထိုးပြီးတဲ့အခါ။ကိုဗစ် ကာကွယ်ဆေးထိုးပြီးတဲ့အခါမှာလည်းတုပ်ကွေးကာကွယ်ဆေးအပါအဝင် အခြားကာကွယ်ဆေးတွေ ထိုးပြီးတဲ့အခါ ခံစားရသလို။ဆေးထိုးထားတဲ့နေရာမှာ။ဒီလက္ခဏာတွေသက်သာစေဖို့အတွက်။ဖျားတာ၊ ပင်ပန်းတာတွေကို သက်သာစေဖို့ဆိုရင်။ကိုဗစ် ကူးစက်ပြီးသွားပြီဆိုရင် ကာကွယ်ဆေး ထိုးဖို့ မလိုတော့လောက်ဘူးလို့ ယူဆသူတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုဗစ်က ရောဂါဖြစ်ပြီးသူတွေမှာantibodyထွက်နေတဲ့ ၆ လအတွင်း ကူးစက်ခံရနိုင်ခြေ နည်းပေမယ့်။ ကိုဗစ်က ထပ်မံ ကူးစက်နိုင်တဲ့ ရောဂါ ဖြစ်တာကြောင့် ရောဂါ ဖြစ်ပြီးရင်တောင် ကာကွယ်ဆေး ထိုးဖို့က လိုပါဦးမယ်။ကိုဗစ် ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ကိုဗစ် မဖြစ်ပါဘူး။ အကြောင်းကတော့ ကာကွယ်ဆေး ထုတ်ဖို့သုံးထားတဲ့ ပိုးတွေက သေပြီးသား ဒါမှမဟုတ် အားပျော့နေတဲ့ ဗိုင်းရပ်စ်ကို အသုံးပြုတာကြောင့်ပါ။ကိုဗစ် ကာကွယ်ဆေးက messenger RNA (mRNA) ကို အသုံးပြုထားတဲ့ ကာကွယ်ဆေးပါ။ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ် ဝင်ရောက်လာတဲ့ ပုံစံတူ ဖန်တီးပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ဖွံ့ဖြိုးလာအောင် လုပ်တဲ့နည်းကို သုံးထားတာပါ။ ဒါကြောင့် ကာကွယ်ဆေးထိုးလိုက်လို့ ကိုဗစ် မဖြစ်ပါဘူး။ကာကွယ်ဆေးက။ကိုဗစ် ကာကွယ်ဆေးကို အခုလို အခြေအနေရှိသူတွေ မထိုးသင့်ပါဘူး။အခု ပြောခဲ့တဲ့ အခြေအနေရှိသူတွေဟာ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ ကာကွယ်ဆေးထိုးသင့်ပါတယ်။ကာကွယ်ဆေး ထိုးပြီးသည့်တိုင် လိုက်နာရမယ့်ကိုဗစ် ကာကွယ်ရေး လုပ်ငန်းစဉ်တွေ ဖြစ်တဲ့ လက်ဆေးတာ၊ အပြင်သွားတဲ့အခါပါးစပ် နဲ့ နှာခေါင်းစည်းတပ်ဆင်တာတွေကို ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ဒီ အချက်တွေအပြင် လူစုလူဝေး ရှောင်ရှားတာ၊အာဟာရ ပြည့်ဝအောင် စားသောက်တာ၊ အိပ်ရေးဝဝ အိပ်တာ၊ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာတွေကို လုပ်ဆောင်ဖို့ လိုပါမယ်။ဒါမှ ကိုယ်တိုင်ကိုရော မိသားစုဝင်နေတဲ့ အနီးဝန်းကျင်က သူတွေကိုပါ ကိုယ့်ကြောင့် ကိုဗစ် မကူးစက်နိုင်အောင် အထိရောက်ဆုံး ကာကွယ်နိုင်မှာဖြစ်ပါတယ်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/after-covid-vaccination/
ကိုယ်ဝန်ရှိ၊ မရှိ ဆီးစစ်ခြင်း ( Urine hCG test) နဲ့ အဖြေမှားတွေ မထွက်အောင် ဘာတွေ ဂရုစိုက်သင့်လဲ။
UrinehCGtest ဆိုတာ ကိုယ်ဝန်ဟော်မုန်း (သို့) hCG (Human Chorionic gonadotropin) လို့ခေါ်တဲ့ ဟော်မုန်းလေးတွေကို ဆီးထဲမှာ စစ်ဆေးတဲ့ စစ်ဆေးနည်း တစ်မျိုးဖြစ်ပါတယ်။ ပထမဆုံးဓမ္မတာမလာပြီး နောက်တစ်ရက်လောက်က စပြီး hCG ကို ဆီးထဲမှာ တွေ့ရပါတယ်။ကျားသုက်ပိုးနဲ့မမျိုးဥတွေ ပေါင်းစပ်ပြီး ရက်အနည်းငယ်လောက်မှာ ခန္ဓာကိုယ်ထဲမှာ hCG ဟော်မုန်းလေးတွေ တဖြည်းဖြည်းများလာပါတယ်။ အဲဒီဟော်မုန်းတွေဟာ ကိုယ်ဝန် ၁၀ပတ်လောက်မှာ အများဆုံးအခြေအနေကို ရောက်ရှိပြီး တဖြည်းဖြည်းပြန်လျော့သွားပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရှိ၊ မရှိ ဆီးစစ်ခြင်း လုပ်မယ်ဆိုရင် အဖြေမှားတွေ မထွက်အောင် ဘာတွေ ဂရုစိုက်သင့်လဲ ဆိုတာ သိထားသင့်ပါတယ်။အဲလိုဆီးစစ်နိုင်တဲ့ ပစ္စည်းလေးတွေဟာ ဆေးဆိုင်၊ ဆေးရုံ၊ ဆေးခန်းတွေ အတော်များများမှာ အလွယ်တူ ရနိုင်ပါတယ်။ အဲလို ဆီးစစ်ခြင်းကို ဆေးခန်းတွေမှာလည်း စစ်ဆေးနိုင်သလို ကိုယ်တိုင်အိမ်မှာလည်း စစ်ဆေးနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကိုယ်တိုင်အိမ်မှာ စစ်ဆေးတဲ့အခါ အဖြေမှားတွေ မဖြစ်ရအောင် ဂရုစိုက်သင့်တဲ့ အချက်လေးတွေကို ပြောပြပေးသွားမှာပါ။ပုံမှန်အားဖြင့်တော့ ဆီးထဲမှာ hCG ဟော်မုန်းတွေ တွေ့ပြီဆိုရင် ဆီးစစ်တဲ့ အတံလေးမှာ နှစ်ကြောင်းပေါ် ပြီး( Positive )ကိုယ်ဝန်ရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။ တစ်ကြောင်းပဲ ပေါ်ရင်တော့ (Negative) ကိုယ်ဝန်မရှိဘူးဆိုတဲ့ သဘောသက်ရောက်ပါတယ်။ဒါပေမယ့် တစ်ခါတစ်လေမှာအဖြေမှားတာမျိုးရှိနိုင်ပါတယ်။၁။ ပထမ တစ်ခုကတော့ False Positive ပါ။ ဆိုလိုတာကတော့ ကိုယ်ဝန်မရှိဘဲ အဖြေက positive ထွက်တာမျိုးပါ။ hCG ဟော်မုန်းလေးဟာ ကိုယ်ဝန်ဆောင်တွေမှ အပြင် တခြားသော ရောဂါအခြေအနေတွေမှာလည်း တွေ့နိုင်တဲ့အတွက်ကြောင့်ပါ။ (ဥပမာသားဥအိမ်ကင်ဆာ)။၂။ နောက်တစ်ခုကတော့ False Negative ဖြစ်ပြီး ကိုယ်ဝန်ရှိနေရက်နဲ့ negative (တစ်ကြောင်းပဲ) ပြတာပါ။ ဒီလို အဖြေမျိုးက အဖြစ်များပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်ဝန်က အရမ်းနုနေတဲ့အတွက် hCG ဟော်မုန်းလေးတွေက ဆီးထဲမှာ အရမ်းနည်းနေသေးတာကြောင့် negative ပြတာလည်းဖြစ်နိုင်ပါတယ်။ဒါ့အပြင် ဓမ္မတာလာတဲ့ အချိန်အတွက်မှား၊ အမှတ်မှားပီး စစ်မိရင်တာမျိုး၊ မနက်စောစောဆီးမဟုတ်ဘဲ နေ့ခင်း၊ ည စတဲ့ အချိန်တွေမှာ စစ်မိတာမျိုး ဆိုရင်လည်း negative ထွက်နိုင်ပါတယ်။ နောက်ပြီး အဖြေကို စောဖတ်မိရင်လည်း နှစ်ကြောင်မပေါ််ဘူးလို့ထင်ပြီး မှားတတ်ပါတယ်။၁။စိတ်ရှည်ရှည်စောင့်ပါ။ဓမ္မတာလာရမဲ့ရက် ကျော်တာနဲ့ ဆီးစစ်လို့ ရပြီ ဆိုပေမဲ့ ကိုယ့်စိတ်ထဲမှာ အဖြေမှားတယ်လို့ ယူဆရင် ၁ပတ်၊၂ပတ်လောက် စိတ်ရှည်ရှည်ထပ်စောင့်ပြီး နောက်တစ်ခါ  စစ်ဆေးသင့်ပါတယ်။ ပထမ ရာသီမပေါ်တဲ့လရဲ့ နောက်တစ်ရက်မှာhCGတွေ ရှိနေနိုင်ပြီဆိုပေမယ့် စစ်ဆေးပြီး မတွေ့ရနိုင်တာလည်း ဖြစ်နိုင်တာကြောင့် တိကျသေချာတဲ့ အဖြေကိုရဖို့ စိတ်ရှည်ရှည် စောင့်သင့်ပါတယ်။ ဓမ္မတာလာတဲ့ ရက်ကိုလည်း သေသေချာချာမှတ်မိဖို့၊ တွက်ချက်ထားဖို့လိုအပ်ပါတယ်။၂။ မနက်စောစောသွားတဲ့ ဆီးကိုအသုံးပြုပါ။မစစ်ဆေးခင်မှာ ရေတွေ အများကြီးမသောက်သင့်ပါဘူး။ ရေတွေသောက်တာများသွားရင် (သို့) နေ့ခင်း၊ ညနေမှ ဆီးကို ယူပြီး စစ်မယ်ဆိုရင် သောက်ထားတဲ့ရေတွေများပြီး hCG ဟော်မုန်းလေးတွေ ကျဲသွားမှာ၊ ပမာဏ နည်းသလို ဖြစ်သွားမှာ ဖြစ်ပါတယ်။ သကြားကို ရေနည်းနည်းနဲ့ ဖျော်ရင် ပိုပျစ်၊ အရသာ ပိုရှိပြီး ရေများများရောလိုက်ရင် ကျဲသွားပြီး၊ သကြားအရသာ ပျောက်သွားသလို မျိုးပေါ့။ ဒါ့ကြောင့် hCG ဟော်မုန်းတွေ ဆီးထဲမှာ အသိပ်သည်းဆုံး ဖြစ်နေတဲ့ မနက်စောစောမှာ ပထမဦးဆုံးသွားတဲ့ ဆီးကိုသုံးပြီး စစ်ဆေးသင့်ပါတယ်။၃။ ဆီးစစ်ဆေးတဲ့ ပစ္စည်းကို အသုံးမပြုခင်မှာ expired date ကို စစ်ဆေးပါ။Expired date လွန်သွားတဲ့ ပစ္စည်းတွေနဲ့ စစ်ဆေးမယ်ဆိုရင်လည်း အဖြေက မှားနိုင်ခြေများတာကြောင့် expired date ကိုလည်း မမေ့မလျော့ ကြည့်ကြပါနော်။၄။ စစ်ဆေးတဲ့ ပစ္စည်းရဲ့အညွှန်းကို သေချာဖတ်ပြီး အသုံးပြုပါ။ပစ္စည်းတစ်မျိုးနဲ့တစ်မျိုး ထုတ်လုပ်ပုံလည်း မတူတာကြောင့် အသုံးမပြုခင်မှာ အညွှန်းကို သေသေချာချာဖတ်ဖို့ အရေးကြီးပါတယ်။ တချို့ဆီးစစ်တဲ့ ပစ္စည်းလေးတွေက ဆီးသွားနေတုန်းမှာ အဖျားကို ဆီးလမ်းကြောင်း မှာထားပြီး ၅ စက္ကန့်ကိုင်ထားရတာမျိုး၊ တချို့ကတော့ ဆီးကို ခွက်ထဲသွားပြီးမှ အဲဒီခွက်ထဲကို စစ်ဆေးမယ့် ပစ္စည်းလေးထည့်ပြီး စစ်ဆေးတာမျိုး စသည်ဖြင့် နည်းလမ်းတွေ အမျိုးမျိုးရှိနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ထည့်တဲ့ ဆီးလုံလောက်မှုရှိ၊ မရှိနဲ့ လုပ်ပုံလုပ်နည်း မှန်၊ မမှန်ကိုလည်း သိနိုင်ဖို့ အညွှန်းကို သေချာဖတ်သင့်ပါတယ်။Negative ထွက်တယ်ဆိုရင်တော့ကိုယ်ဝန်မရှိတာ ပိုပြီးသေချာအောင် နောက်တစ်ပတ်လောက်မှာ ပြန်ပြီး စစ်ဆေးပေးသင့်ပါတယ်။ဒီဆောင်းပါးလေးကို ဖတ်ပြီး ကိုယ်တိုင်အိမ်မှာ ဆီးစစ်ကြည့်တဲ့အခါ နည်းလမ်းမှန်မှန် စစ်ဆေးနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။ကျန်းမာကြပါစေ။ရေးသားသူ – Khine Phoo Ngon။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/ways-to-get-true-answer-from-urine-hcg-test/
Herpes Simplex Virus Infection (ရေယုန်ရောဂါ)
ရေယုန်ဗိုင်းရပ်မှာ အမျိုးအစား၂မျိုးရှိပါတယ်။ အမျိုးအစား၁ ( ပါးစပ်တစ်ပိုက်ရေယုန်) နဲ့အမျိုးအစား၂( လိင်အင်္ဂါတစ်ဝိုက်ရေယုန်) တို့ဖြစ်ပါတယ်။အမျိုးအစား၁က ပါးစပ်နဲ့နှုတ်ခမ်းတစ်ဝိုက် အနာတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် လိင်အင်္ဂါတစ်ဝိုက်ရေယုန်ကိုလည်း ဖြစ်စေနိုင်ပေမဲ့ အဓိကအားဖြင့်တော့ အမျိုးအစား၂ကြောင့်ဖြစ်ါပတယ်။အမျိုးအစား၂က လိင်အင်္ဂါနဲ့စအိုတစ်ဝိုက်ရေယုန်ကို ဖြစ်စေပါတယ်။ အမျိုးအစား၂က အခြားနေရာတွေမှလည်း ဖြစ်နိုင်ပြိး မကြာခဏပေါက်လေ့ရှိတာကတော့ ချက်အောက်မှာဖြစ်ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့အရ အသက်၅၀အောက်လူ၃.၇သန်း ( ၆၇%) မှာ အမျိုးအစား၁ကူးစက်ခံနေရပြီး အသက်၁၅-၄၉နှစ်လူ၄၁၇သန်း (၁၁%) က အမျိုးအစား၂ကူးစက်ခံနေရကြောင်း သိရပါတယ်။ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ပါးစပ်ရေယုန်မှာတော့ လက္ခဏာတိတိကျကျမရျိပါဘူး။ အမျိုးအစား၁လူနာအများစုက ကူးစကိပိုးဝင်နေကြောင်း သိပ်သတိမထားမိတတ်ပါဘူး။ လက္ခဏာတွေက ပထမကူးစက်ပိုးဝင်ပြီးတာနဲ့ ခဏခဏပြန်ပေါ်နေမှာ ဖြစ်ပါတယ်။လက္ခဏာတွေက နာကျင်မှုကိုပေးတဲ့အရေကြည်ဖုများ နှုတ်ခမ်းနဲ့ပါးစပ်တစ်ဝိုက် အနာများပေါက်ခြင်းတို့ဖြစ်ပါတယ်။ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ ယားယံခြင်းနဲ့ ပူစပ်ပူလောင်ဖြစ်ခြင်းတွေကို အနာမဖြစ်ခင်တည်းက ပါးစပ်တစ်ပိုက်ခံစားရနိုင်ပါတယ်။လိင်အဂါၤတွေမှာဖြစခဲ့ရင်တော့ လက္ခဏာတွေက လိင်အင်္ဂါနဲ့စအိုမှာအရည်ကြည်ဖုပေါက်ခြင်း ၊ အနာဖြစ်ခြင်းတွေ ဖြစ်ပါတယ်။ လိင်အဂ်ၤါအနာတွေအပြင် ဖျားခြင်း၊ တစ်ကိုယ်လုံးကိုက်ခဲခြင်း၊ နဲ့ပြန်ရည်ကျိတ်ရောင်ြခ်ငးတွေဖြစ်နိုင်ပါတယ်။စောစောသိစောစောကုသမှုခံယူခြင်းက အခြေအနေကိုပိုမဆိုးသွားအောင်နဲ့ အရေးပေါ်အခြေအနေကနေ ကာကွယ်ပေးနိုင်တာကြောင့် ဆရာဝန်ကိုချက်ချင်းပြောပြသင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။တိုက်ရိုက်ကူးစက်နိုင်တဲ့ဗိုင်းရပ်ပိုး ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယာက်ကြား။အမျိုးအစား၁ကူးစက်ပိုးဝင်ခြင်းက အတူတူတစ်ပန်းကန်တည်းစားခြင်း၊ နှုတ်ခမ်နီများမျှသုံးခြင်းနဲ့ နမ်းခြင်းကဲ့သို့ လုပ်နေကျယေဘုယျကိစ္စတွေကြောင့် ကူးနိုင်ပါတယ်။ကလေးတွေမှာလည်း ကူးစက်ခံနေရတဲ့အရွယ်ရောက်ပြီးသူနဲ့ ထိတွေ့မိခြင်းကြေင့် ကူးနိုင်ပါတယ်။ သူတို့သက်တမ်းတစ်လျှောက် ရောဂါပိုးကိုသယ်ဆောင်သွားမျာဖြစ်ပါတယ်။အသက်အရွယ်မရွေး မည်သူမဆိုကူးစက်ခံ၇နိုင်ပါတယ်။ ကူးစက်ပိုးနဲ့ထိတွေ့မှုအပေါ် အခြေခံပြီး အန္တရာယ်ကိုဆုံးဖြတ်နိုင်ပါတယ်။ ကွန်ဒုံးကဲ့သို့အကာအကွယ်မပါဘဲ လိင်ဆက်ဆံတဲံလူတွေမှာ ဖြစ်နိုင်ချေများပါတယ်။ အခြားဖြစ်ုနိငချေများစေတဲ့အကြောင်းရင်းတွေကတော့။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရုပ်ပိုင်းဆိုင်ရာစမ်းသပ်ခြင်းကနေ ယေဘုယျအားဖြင့် အဖြေရှာအတည်ပြုနိုင်ပါတယ်။ သင့်ကိုယ်ပေါ်မှာ အနာရှိမရှိစစ်ဆေးပေးပြီး သင့်ရဲ့လတ်တလောလက္ခဏာတွေကို မေးပါလိမ့်မယ်။သင့်ဆရာဝန်က လိင်အင်္ဂါမှာအနာတွေရှိခဲ့မယ်ဆိုရင် အတည်ပြုဖို့ ရေယုန်ဗိုင်းရပ်ပိုးမွေးခြင်းကို ပြုလုပ်ပေးပါလိမ့်မယ်။ ဒီစမ်းသပ်မှုအတွင်းမှာ ဆရာဝန်ကသင့်အနာက အရည်တွေကိုဂွမ်းစနဲ့တို့ယူုပြီး ဓါတ်ခွဲခန်းပို့စစ်ဆေးခိုင်းမှာ ဖြစ်ပါတယ်။ဒါ့အပြင် အမျိုးအစား၁အမျိုးအစား၂အတွက်ဆန့်ကျင် ပဋိပစ္စည်း ကိုရှာဖို့သွေးစစ်ခြင်းကလည်း အတည်ပြုနိုင်ဖို့အတွက် သုံးပါတယ်။ အထူးသဖြင့် အနာမရှိနေတဲ့အချိန်မှာ အသုံးပြုနိုင်ပါတယ်။ရေယုန်အတွက် ကုသမှုတိတိကျကျမရှိပေမယ့်လည်း ကုသမှုတွေက လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ဆေးတွေက လတ်တလောနာကျင်မှုကိုသက်သာစေနိုင်ပြီး အနာကျက်တာမြန်စေပါတယ်။ ခဏခဏဖြစ်ခြင်းကိုလည်း နည်းစေပါတယ်။ဖမ်ဗာ၊ ဇိုဗိုင်းရပ်၊ နဲ့ဗယ်ထရက်ဆေးတွေက လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ရေနွေးနွေးနဲ့ချိုးခြင်းကလေည်း လိင်အင်္ဂါရေယုန်အနာကို ကုသပေးနိုင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများက ရေယုန်ရောဂါမဖြစ်အေင် ကာကွယ်ရာမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/genital-and-oral-herpes/herpes-simplex-virus-infection-%e1%80%9b%e1%80%b1%e1%80%9a%e1%80%af%e1%80%94%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab/
အလုပ်ခွင်ဖိအားတွေကြောင့် အဖိုးတန်နှလုံးလေးမထိခိုက်စေဖို့
ကျန်းမာခြင်းသည် လာဘ်တစ်ပါး၊ကျန်းမာခြင်းကို ရွှေပေးလို့မရဆိုတာ ကြားဖူးကြမယ်ထင်ပါတယ်နော်။ ကျန်းမာနေတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာက အဖိုးမဖြတ်နိုင်တဲ့ အရာပါ။ ခန္ဓာကိုယ်ကျန်းမာနေဖို့က လူတိုင်းတောင့်တမယ်ထင်ပါတယ်။ တိုးတက်လာတဲ့ခေတ်ကြောင့် ရောဂါတွေပိုများလာသလိုစိတ်ဖိစီးမှုကလည်း အများသားနော်။ အလုပ်ခွင်မှာလည်း သူအပြိုင်ကိုယ်အပြိုင်ကြိုးစားရင်း စိတ်ဖိစီးရတာက အမြဲလိုလိုပါပဲ။ ဒါပေမယ့် အချို့သောစိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှလျစ်လျူရှုလိုက်ဖို့ပြောပါရစေ။ အလုပ်ခွင်စိတ်ဖိစီးမှုကြောင့် နှလုံးလေးဝန်မပိစေဖို့ ဒီဆောင်းပါးလေးကနေတဆင့် Hello ဆရာဝန်ပရိသတ်ကြီးကို နည်းလမ်းကောင်းလေးတွေဝေမျှပေးပါရစေ။အလုပ်ခွင်အခြေအနေတွေက ကျန်းမာရေးကို နည်းအမျိုးမျိုးနဲ့ ထိခိုက်စေနိုင်ပါတယ်။ အလုပ်ခွင်မှာတွေ့ကြုံရတဲ့ စိတ်ဖိစီးမှုတွေကရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအပြင်နှလုံးကိုပါထိခိုက်စေနိုင်ပါတယ်။ အလုပ်ခွင်မှာ အချိန်ကြာမြင့်စွာထိုင်နေရတာက နှလုံးကို နည်းအမျိုးမျိုးနဲ့ထိခိုက်စေနိုင်ပါတယ်။ အလုပ်ခွင်ရဲ့ ဖိအားတွေက တစ်နေ့ထက်တစ်နေ့ နှလုံးရောဂါခံစားရနိုင်ခြေကိုပိုတိုးလာစေနိုင်ပါတယ်။ အချို့သော စားသောက်မှုနဲ့နေထိုင်မှုပုံစံကိုပြောင်းလဲလိုက်မယ်ဆိုရင် နှလုံးကျန်းမာရေးကို ဂရုစိုက်ပြီးသားဖြစ်သွားမှာပါ။ ဒီတော့ အလုပ်ခွင်ဖိအားတွေကြောင့် အဖိုးတန်နှလုံးလေးမထိခိုက်စေဖို့ ဘယ်လို စောင့်ရှောက်ရမလဲဆိုတာကို ကြည့်လိုက်ရအောင်လား။အလုပ်ခွင်ဖိအားတွေကြောင့် အစားပြန်မရနိုင်တဲ့ အဖိုးတန်နှလုံးလေးမထိခိုက်စေဖို့ ဆိုရင် ဒီအလေ့အထလေးတွေကို မွေးမြူလုပ်ဆောင်ဖို့လိုပါမယ်။ကဲ ….. အလုပ်ခွင်ဖိအားတွေကြောင့် အဖိုးတန်နှလုံးလေးမထိခိုက်စေဖို့ အခုပဲ နှလုံးလေးကို ဂရုစိုက်တော့မယ်ဟုတ်………..။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/simple-steps-to-keep-your-heart-healthy/
ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ
ကိုဗစ်ဖြစ်ပွားမှု တစ်နှစ်ကျော်လောက် ကြာပြီးတဲ့အခါ ဒီဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်မယ့်ကာကွယ်ဆေးတွေကို ထုတ်လုပ်ခဲ့ပြီး ပထမဆုံး ထိုးနှံမှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။Pfizerနဲ့Modernaတို့က ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေကို အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးဌာနက အရေးပေါ် အတည်ပြုမှုတွေ လုပ်ဆောင်ပေးခဲ့မှုနဲ့အတူ ကာကွယ်ဆေးတွေ ထွက်ပေါ်လာခဲ့ပါတယ်။သုတေသီတွေက ထိရောက်ပြီး စိတ်ချရမယ့်Covid-19 ကာကွယ်ဆေးတွေကို ထုတ်လုပ်နိုင်ဖို့ စမ်းသပ်မှုတွေကို လျင်လျင်မြန်မြန် လုပ်ဆောင်နေပါတယ်။ ကာကွယ်ဆေးတွေ ကျယ်ကျယ်ပြန့်ပြန့်ရရှိလာမယ်ဆိုရင် ကမ္ဘာ့လူဦးရေ အားလုံးကိုကိုဗစ်ရန်ကနေ ပိုပြီးထိရောက်စွာနဲ့ ကာကွယ်လာနိုင်မှာ ဖြစ်ပါတယ်။ဒီလို လုပ်ဆောင်နေမှုနဲ့အတူ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့myths(ယုံတမ်းစကား)တွေ အများကြီးထွက်ပေါ်နေတာကိုလည်း တွေ့ရမှာပါ။ ဒီတော့ ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ (myths about the covid-19 vaccine) က ဘာတွေ ဖြစ်မလဲ။ဒါကတော့ အထူးအဆန်း မဟုတ်ပါဘူး။ အသစ်အဆန်း တစ်ခုခု ထွက်ပေါ်လာပြီဆိုရင် ဒီ အသစ်အဆန်းနဲ့ ပတ်သက်တဲ့ သတင်းများတွေ ကောလဟလတွေကတော့ ပေါ်လာစမြဲပါ။ အခုလည်း အသစ်ထွက်ပေါ်လာတဲ့ကိုဗစ်ကာကွယ်ဆေးနဲ့အတူ ကောလဟတွေ အများကြီးထွက်ပေါ်လာခဲ့ပါတယ်။ဒီတစ်ခေါက်တော့ ကိုဗစ် ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သိထားတဲ့ အချက်တွေက မှန်လား။ ကောလဟလတွေ ဖြစ်နေမလားဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း ဆန်းစစ်ကြည့်လိုက်ရအောင်နော်။ ကိုဗစ်ကာကွယ်ဆေး နဲ့ပတ်သက်တဲ့ myths များစွာ က ဘာတွေဖြစ်မလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ကိုဗစ် ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သိထားမိနိုင်တဲ့ myths တွေက။Covid-19 ကာကွယ်ဆေးက အရေးတကြီး လိုအပ်ချက်ကြောင့် လျင်လျင်မြန်မြန် ထုတ်လုပ်လိုက်ရတယ်ဆိုပေမယ့် ကာကွယ်ဆေးတစ်ခု ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ စစ်ဆေးမှု အဆင့်တွေ အားလုံးကို ကျော်ဖြတ်ခဲ့တာပါ။အရင်အစောပိုင်းကာလ ၁၉၈၀ ခုနှစ်တွေတုန်းက ကာကွယ်ဆေး ထုတ်လုပ်ဖို့ ကြာတယ်ဆိုပေမယ့် အခုချိန်မှာ သိပ္ပံနည်းပညာတွေ တိုးတက်လာမှုကြောင့် ကာကွယ်ဆေး ထုတ်လုပ်မှုဟာ အရင်ကာလတွေလောက် မကြာတော့ပါဘူး။ ဒါကြောင့် ရောဂါ တစ်ခုခု ဖြစ်တဲ့အခါ ရောဂါ ဖြစ်စေတဲ့ဗိုင်းရပ်စ် အမျိုးအစားကို သိရှိနိုင်မှုက ပိုမြန်လာသလို ကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်မှုကလည်း ပိုမြန်လာပါတယ်။နောက်တစ်ချက်က လတ်တလောမှာ ဖြစ်ပွားနေတဲ့Covid-19 ဗိုင်းရပ်စ်က လူသားတွေမှာဖြစ်ဖူးတဲ့ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားတွေ ဖြစ်ကြတဲ့MERS၊SARSတို့နဲ့ မျိုးစိတ် တူနေတာကြောင့်လည်း စမ်းသပ်ရ ပိုမို လွယ်ကူ မြန်ဆန်တာ ဖြစ်ပါတယ်။ကာကွယ်ဆေးတွေကဘေးထွက်ဆိုးကျိုးရှိနိုင်တယ်ဆိုပေမယ့် ဓာတ်မတည့်တာမျိုးလောက်ပဲ ဖြစ်နိုင်တာပါ။ ဆေးထိုးပြီး အချိန်ကာလ အနည်းငယ်လောက်အတွင်းမှာပဲ ခံစားရတာ ဖြစ်ပါတယ်။ ရေရှည်မှာ ဆိုးကျိုး ဖြစ်စေနိုင်တာမျိုး မရှိသလို ကာကွယ်ဆေးကြောင့် ထိခိုက်တာမျိုးလည်း မရှိသလောက်နည်းပါတယ်။ကာကွယ်ဆေးထဲမှာ ကိုဗစ်ဗိုင်းရပ်စ် အရှင် မပါပါဘူး။ ဒါကြောင့်ကာကွယ်ဆေး ထိုးတာက ကိုဗစ် မကူးစက်စေနိုင်ပါဘူး။ကာကွယ်ဆေးထိုးတယ်ဆိုတာကခန္ဓာကိုယ်ကို ဗိုင်းရပ်စ်ကနေ ထုတ်တဲ့ ပရိုတင်းမျိုး ထုတ်စေပြီး ကူးစက်မှုကို ကာကွယ်ခုခံနိုင်စေဖို့ လုပ်ဆောင်ပေးတာသာ ဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးတဲ့အခါ ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်မှု အနေနဲ့ ခေါင်းကိုက်တာ၊ချမ်းတုန်တာလိုမျိုး လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ဒါတွေက ရောဂါပိုး ကူးစက်ခံရတာကြောင့် မဟုတ်ပါဘူး။ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ (CDC) ကတော့ ကိုဗစ် ကူးစက်ခံရမှုကနေပြန်လည် သက်သာလာတယ်ဆိုရင်တောင်မှ ကာကွယ်ဆေးကို ထိုးဖို့ အကြံပြုထားပါတယ်။ အကြောင်းကတော့ ကာကွယ်ဆေးကမှ ဗိုင်းရပ်စ်ကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ရောဂါအခံရှိသူတွေ အထူးသဖြင့်ဆီးချို၊သွေးတိုးရောဂါခံစားရသူတွေ ကာကွယ်ဆေးထိုးဖို့ လုံးဝ မသင့်တော်တာ မဟုတ်ပါဘူး။ ကာကွယ်ဆေး မထိုးခင်မှာ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးဖို့ လိုပါမယ်။ကိုယ်ခံအားနည်းသူတွေ အထူးသဖြင့် ကင်ဆာ ဒါမှမဟုတ် autoimmune  ရောဂါ တစ်ခုခု ခံစားနေရသူတွေ အနေနဲ့ သေချာ ပေါက် ကာကွယ်ဆေး ထိုးသင့်ပါတယ်။ ကာကွယ်ဆေးက ဗိုင်းရပ်စ် အရှင်ကို အသုံးပြုထားတာ မဟုတ်တာကြောင့်  ကာကွယ်ဆေးကြောင့် မထိခိုက်နိုင်ပါဘူး။ဒါကြောင့် ကိုယ်ခံအား နည်းသူတွေအနေနဲ့ ကိုဗစ်ကို ကာကွယ်နိုင်ဖို့ ကာကွယ်ဆေး ထိုးထားဖို့ လိုပါမယ်။ ကာကွယ်ဆေး မထိုးခင်မှာ ဆရာဝန်နဲ့ သေချာ တိုင်ပင်ဖို့တော့ လိုပါမယ်။Pfizer နဲ့ Moderna ကာကွယ်ဆေးတွေက  messenger RNA (mRNA) ကို အသုံးပြုထားတာကြောင့် ကိုဗစ် အန္တရာယ်ကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးက မျိုးဗီဇကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ကာကွယ်ဆေးက မြုံစေနိုင်တယ်ဆိုတဲ့ လေ့လာတွေ့ရှိချက်တွေ မရှိပါဘူး။ ကိုယ်ဝန်ဆောင် မိခင်တွေ အနေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရတဲ့အခါ ကိုယ်ဝန်ပျက်ကျတာ၊ လမစေ့ဘဲ ကလေးမွေးဖွားတာမျိုးတော့ ဖြစ်နိုင်ပါတယ်။CDC ကတော့ ကာကွယ်ဆေးက ကိုယ်ဝန်ဆောင်တွေ ထိုးဖို့ သင့်တော်တယ်လို့ ဆိုပါတယ်။နို့တိုက်မိခင်တွေအနေနဲ့လည်း ကာကွယ်ဆေး ထိုးထားတာက ပိုကောင်းပါတယ်။ ဒီလို ကာကွယ်ဆေးထိုးတာက ကလေကို ကာကွယ်ရာရောက်သလို နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုပါ ကာကွယ်ရာရောက်ပါတယ်။ဒါကြောင့် ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေအနေနဲ့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီး ကာကွယ်ဆေး ထိုးသင့်ပါတယ်။ကာကွယ်ဆေး ထိုးပြီးသည့်တိုင် ပါးစပ်နဲ့နှာခေါင်းစည်းကို တပ်ဆင်သွားလာဖို့ လိုသလို တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေဖို့ လိုဦးမှာပါ။ ကာကွယ်ဆေးက ရာနှုန်းပြည့် ကာကွယ်ပေးနိုင်တာ မဟုတ်သေးဘဲ ၉၅ ရာခိုင်နှုန်းလောက်ထိပဲ ကာကွယ်မှု ပေးနိုင်တာပါ။ ဒါကြောင့် ကိုဗစ် ကာကွယ်ရေး လုပ်ငန်းစဉ်တွေကို ဆက်လက် လိုက်နာဖို့ကတော့ လိုဦးမှာပါ။ကာကွယ်ဆေးက ၉၅ ရာခိုင်နှုန်း။ ကိုယ်တိုင် ကာကွယ်မှုက ၅ ရာခိုင်နှုန်းနဲ့ ကိုဗစ်ကို ကာကွယ်ရမှာပါ။ကိုဗစ်ကာကွယ်ဆေးက တုပ်ကွေး ကာကွယ်ဆေးတွေထက် ပိုထိရောက်ပါတယ်။ အကြောင်းကတော့ တုပ်ကွေးက နှစ်စဉ် မျိုးစိတ်သစ်တွေ ပြောင်းပေမယ့် covid-19 ဗိုင်းရပ်စ်ရဲ့ လူသားဆဲလ်တွေဆီကို ကူးစက်တဲ့ ပင်မပရိုတင်းက ဗိုင်းရပ်စ် သန္ဓေပြောင်းရင်တောင် ပြောင်းလဲမှု မရှိပါဘူး။ ဒီလို ပြောင်းလဲမှု မရှိတာကြောင့် ကိုဗစ်ဗိုင်းရပ်စ်က သန္ဓေပြောင်းရင်တောင် ကာကွယ်ဆေးက ထိရောက်မှု ရှိနေဦးမှာပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/myths-about-the-covid-19-vaccine/
ကလေးနို့ဖြတ်ချိန်မှာ သတိထားသင့်တဲ့အချက်များ
ကလေးနို့ဖြတ်ချိန်မှာသတိထားသင့်တဲ့အချက်များ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ကလေးတစ်ယောက်ရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် အသက်တစ်နှစ်မပြည့်ခင်ကာလက အရေးကြီးဆုံးအချိန်ပါ။ မွေးစကနေခြောက်လအတွင်းတော့ မိခင်နို့ သို့မဟုတ် နို့မှုန့်နဲ့ အာဟာရဖြည့်တင်းလာခဲ့ပေမယ့်ခြောက်လကျော်၊ တစ်နှစ်ဝန်းကျင်လောက်ဖြစ်လာရင်ကြေညက်အောင်ချေထားတဲ့ထမင်း သို့မဟုတ်ဖြည့်စွက်အာဟာရတွေပါ တွဲကျွေးလို့ရပါပြီ။ နို့ဖြတ်သင့်တဲ့ အရွယ်ကိုလည်း ရောက်လာပါပြီ။ဒါပေမယ့် နို့ချိုအာဟာရနဲ့ပဲ အမြဲအားဖြည့်လာခဲ့တဲ့ ကလေးကို နို့ဖြတ်ဖို့ ဆိုတာ လွယ်ပါ့မလား။မိခင်အတော်များများက အတွေ့အကြုံရှိသူတွေအကြံပေးတဲ့အတိုင်း ရင်သားထိပ်မှာ ဆားခါး သုတ်ထားတာ၊ ခါးတဲ့အရာ တစ်ခုခု သုတ်လိမ်းထားတာ စတဲ့နည်းတွေကို သုံးတတ်ကြပါတယ်။နောက်ဆုံးတော့နို့ပြတ်သွားတယ်ဆိုပေမယ့် ကလေးက နို့မစို့ရလို့ ငိုယို၊ လျှာမှာခါးသွားတဲ့အရသာကြောင့် ဒုက္ခရောက်နေရတာတွေကိုမြင်ရတဲ့အခါ အမေဖြစ်သူရင်ထဲမှာလည်း စိတ်မသက်မသာဖြစ်ရ၊ သနားရ နဲ့ ပင်ပန်းရပါတယ်။နို့ဖြတ်သင့်တဲ့ အချိန်ကိုရောက်လာပြီဆိုရင် ရုတ်တရက် ချက်ချင်းဖြတ်တာထက် တဖြည်းဖြည်းချင်း နို့ဖြတ်တာ ပိုကောင်းပါတယ်။ ကလေးကိုယ်တိုင်က နို့မစို့ချင်တော့ဘဲအစာအာဟာရဘက်ကို ဦးစားပေးလာအောင် ကျင့်ယူပေးရမှာဖြစ်ပါတယ်။ ဒီအနေအထားမှာ စိတ်မလောဘဲ ကလေးရဲ့ကျန်းမာစွာကြီးထွားဖွံ့ဖြိုးမှုကို အားပေးနိုင်တဲ့ အစာအာဟာရကိုဖြည့်တင်းပေးဖို့လိုပါတယ်။ ဒါ့ကြောင့် ကလေးနို့ဖြတ်တဲ့အခါမှာ နည်းလမ်းမှန်ကန်စေဖို့၊ အဆင်ပြေစေဖို့ သိထားသင့်၊ သတိထားသင့်တဲ့အချက်လေးတွေကိုဖော်ပြလိုက်ပါတယ်။ကလေးနို့ဖြတ်ချိန်မှာ သတိထားသင့်တဲ့အချက်များ ကတော့။ကလေးကို သိပ်အစောကြီး နို့ဖြတ်ပြီး အစာစကျွေးဖို့ မကြိုးစားပါနဲ့။ ကလေးဆိုတာ ခြောက်လ မပြည့်မချင်း မိခင်နို့ သို့မဟုတ် နို့မှုန့် အာဟာရသောက်သုံးဖို့ လိုအပ်ပါတယ်။ စောစောစီးစီး နို့ဖြတ်ခြင်းက တကယ်တော့ မကောင်းတဲ့ အကျိုးရလဒ်တွေ ရှိစေနိုင်ပါတယ်။ ဥပမာ -ကလေးအသက် ၃လ – ၅လ အတွင်းမှာ နို့ဖြတ်လိုက်တယ်ဆိုရင် အဲဒီကလေးကဓါတ်မတည့်မှုနဲ့ ရောဂါပိုး ဝင်နိုင်ခြေ ပိုများတာကြောင့် မကြာခဏ နာမကျန်းဖြစ်လွယ်တတ်ပါတယ်။မိခင်နို့ရည်ဟာ ကလေးကစို့လေ ပိုထွက်လေဖြစ်တာကြောင့်နို့ဖြတ်ဖို့စဉ်းစားတဲ့အခါ ချက်ချင်းကြီးအဆင်ပြေသွားဖို့မကြိုးစားပါနဲ့။ ချက်ချင်းကြီးနို့ဖြတ်လိုက်ရင် နို့ကြောင်းပိတ်တာ၊နာကျင်ရတာ၊ရောဂါပိုးဝင်တာ၊ နို့နာ ဖြစ်တာတွေ လည်း ခံစားရနိုင်ခြေများပါတယ်။ ဒါ့ကြောင့် နို့ရည်အစား အစားထိုးအာဟာရကို တွဲဖက်ကျွေးပေးရင်း ကလေးရဲ့စားသောက်ပုံကို ဖြည်းဖြည်းချင်းပြောင်းလဲပေးသင့်ပါတယ်။အသက်ခြောက်လကနေ ၁၈ လအတွင်း ကလေးငယ်တွေရဲ့ကိုယ်အလေးချိန်က တက်လွယ်ကျလွယ်ပြီး အာဟာရချို့တဲ့မှုမဖြစ်အောင်လည်း ဂရုစိုက်ရပါတယ်။ ကလေးကို နို့ဖြတ်တဲ့ အစီအစဉ်ကလည်း စနေပြီး ထမင်းစကျွေးကာစ အကူးအပြောင်းကာလမှာ ကလေးရဲ့ကိုယ်အလေးချိန်ကို စောင့်ကြည့်နေသင့်ပါတယ်။ ကလေးရဲ့ကိုယ်အလေးချိန်နဲ့ တခြားဖွံ့ဖြိုးမှု အခြေအနေတွေ မဆုတ်ယုတ်သွားဖို့ကို သတိထားရပါမယ်။ကလေးကို နို့တိုက်တာပဲ ဖြစ်ဖြစ်ရေတိုက်တာ ဖြစ်ဖြစ် ဘူးအစား ပန်းကန်လုံး၊ ရေခွက်တို့ကို သုံးပေးတာက ကလေးကိုကျင့်သားရစေပါတယ်။ ခွက်နဲ့ သောက်တတ်လာပြီဆိုရင် တဖြည်းဖြည်းနဲ့ ထမင်းစားဖို့၊ မုန့်စားဖို့ ပိုကျင့်သား ရလာမှာပါ။ နို့စို့ဖို့ပဲ အားသန်နေတော့မှာမဟုတ်တဲ့အတွက် နို့ဖြတ်ရတာပိုလွယ်စေပါတယ်။ကလေးကို အစားအစာအသစ်တွေ စကျွေးတဲ့အခါ အာဟာရ ပြည့်ပြီး ဗီတာမင်ဓါတ်တွေ အချိုးအဆ မျှတစွာ ပါဝင်ဖို့ လိုအပ်ပါတယ်။ ခြောက်လကနေ ၈ လ အတွင်း ကလေးတွေကို အစားထိုး အာဟာရ(ကြိတ်ချေထားတဲ့ထမင်း)ကို တစ်နေ့ နှစ်ကြိမ်ကနေ သုံးကြိမ် ကျွေးပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားပါတယ်။ ကိုးလလောက်ဆို တစ်နေ့ သုံးကြိမ်၊ လေးကြိမ်အထိ တိုးကျွေးပြီး တစ်နှစ်ကျော်ရင်တော့ ထမင်းကျွေးချိန်တွေကြားမှာသရေစာအနည်းငယ် ကျွေးပေးလို့ ရပါတယ်။တကယ်တော့ အရေးကြီးဆုံးက ကလေးရဲ့ဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးကို အမြဲမပြတ် စောင့်ကြည့်နေဖို့ပါပဲ။ နို့မဖြတ်သေးဘဲ ထမင်းပါတွဲကျွေးတာက ကလေးရဲ့ ကျန်းမာရေးနဲ့ဖွံ့ဖြိုးမှုအတွက်ပိုကောင်းတယ်ဆိုရင် ကလေး အသက် နှစ်နှစ်ကျော်တဲ့အထိ နို့ဆက်တိုက်လို့ ရပါတယ်။ ဒါပေမယ့် အများစုက ကလေးအသက်တစ်နှစ်ကျော်တာနဲ့ နို့ဖြတ်ဖို့ စဉ်းစားကြပါတယ်။ အစားထိုး ကျွေးမယ့် အာဟာရကို ကလေးကလက်ခံရင် ပြဿနာ မရှိပေမယ့် နို့မစို့ရချိန်မှာ တခြားအစာလည်း ဟုတ်တိပတ်တိ လက်မခံတဲ့ ကလေးတွေဆိုရင်တော့ အာဟာရချို့တဲ့မှုမရှိအောင် ဂရုစိုက်ရပါမယ်။ အပေါ်မှာပြောခဲ့သလို နို့လည်းတိုက်ရင်း အစားလည်းကျွေးရင်း တဖြည်းဖြည်းချင်း ဖြတ်ပါ။ ကလေးကိုယ်တိုင် လိုလိုလားလားနဲ့ နို့ဖြတ်နိုင်ဖို့ ကြိုးစားတာ အကောင်းဆုံးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/how-to-wean-your-child-from-breastfeeding/
နှလုံးရောဂါဖြစ်နိုင်ခြေပိုများတယ် ဆိုတော့.....ပုတာ အပြစ်လား
နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေက အများကြီးရှိပါတယ်။ တချို့က ကြွက်သားမှာဖြစ်တယ်၊ တချို့က နှလုံးခုန်နှုန်းမှာဖြစ်တယ်၊သွေးကြောကျဉ်းတာ၊သွေးကြောမာတာ၊ ထူတာ၊ နှလုံးဖောက်တာ စသည်ဖြင့်ပေါ့။လေဖြတ်တာလည်း ကျန်သေးတယ်။ ကျန်းမာရေးနဲ့မညီတဲ့ အစားအစာတွေ၊ လှုပ်ရှားမှုနည်းတာ၊ဆေးလိပ်သောက်တာစတဲ့အချက်တွေက နှလုံးရောဂါဖြစ်လာဖို့ ဆွဲဆောင်နေတဲ့အရာတွေမှန်း လူသိများကြပါတယ်။ ဒါတွေကနေသွေးတိုး၊ ဆီးချိုတွေဖြစ်လာစေပြီး နှလုံးကိုပါပြဿနာဖြစ်စေတာပါ။ဒါပေမယ့် နှလုံးရောဂါဖြစ်စေနိုင်တဲ့ တချို့တရားခံတွေကိုတော့ လူသိနည်းပါတယ်။ အဲဒီအချက်တွေထဲမှာ အရပ်ပုသူတွေအတွက် နှလုံးရောဂါဖြစ်နိုင်ခြေပိုများတယ်ဆိုတာစိတ်မကောင်းစရာပါ။ ပုတာ အပြစ်လားနော်။အသံအတိုးအကျယ်50 decibels လောက်ကစပြီး စီးတော်ယာဉ်အမျိုးမျိုးရဲ့ဆူညံသံတွေကသွေးဖိအားကိုတိုးစေပြီး နှလုံးဖောက်ခြင်းကိုဖြစ်နိုင်ခြေပိုများစေနိုင်ပါတယ်။10-decibel ထပ်တိုးလာတိုင်းမှာ နှလုံးရောဂါနဲ့လေဖြတ်နိုင်ခြေ ရာခိုင်နှုန်းက ပိုလို့တိုးလာနိုင်ပါတယ်။ ဒါကတော့ စိတ်ရှုပ်မှု၊ စိတ်ဖိစီးမှုအပေါ် ခန္ဓါကိုယ်ရဲ့တုံ့ပြန်ချက်နဲ့ သက်ဆိုင်မယ်လို့ သိပ္ပံပညာအရ ဆိုကြပါတယ်။ဘာကြောင့်လဲဆိုတာ အတိအကျမသိပေမယ့်ခေါင်းတခြမ်းကိုက်တဲ့အချိန်မှာလေဖြတ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးရုတ်တရက်ရပ်ခြင်းတို့ခံစားရနိုင်ခြေပိုများပါတယ်။နောက်ပြီး ကိုယ့်မိသားစုထဲမှာ နှလုံးရောဂါရှိတဲ့သူတွေရှိရင် ဒါမှမဟုတ် ကိုယ့်မှာနှလုံးရောဂါအခံရှိရင်triptans လို့ခေါ်တဲ့ခေါင်းတခြမ်းကိုက်ခြင်းအတွက်ပေးတဲ့ဆေးကို မသောက်သင့်ပါဘူး။ သွေးကြောတွေကျဉ်းစေတဲ့ သူတို့ရဲ့အာနိသင်ကြောင့်ဖြစ်ပါတယ်။ခေါင်းတခြမ်းကိုက်ခြင်းဖြစ်တဲ့အခါသောက်သုံးရမယ့်ဆေးကို ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။လေ့လာမှုတွေအရ သားသမီးရှိတဲ့မိဘတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေပိုများတယ်၊ ကလေးတစ်ယောက်မွေးတိုင်း ဒီဖြစ်နိုင်ခြေအန္တရာယ်က နည်းနည်းချင်းတိုးလာနိုင်ပါတယ်။ ဒီအချက်မှာ အဖေရော၊ အမေရော အတူတူပဲဆိုပေမယ့် ၁၂ နှစ်မတိုင်ခင် ရာသီစပေါ်ခဲ့တဲ့ ဒါမှမဟုတ် ၄၇ နှစ် မတိုင်ခင်သွေးဆုံးခဲ့တဲ့ အမျိုးသမီးတွေမှာလေဖြတ်နိုင်ခြေနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေပိုများပါတယ်။ ကိုယ်ဝန်ပျက်ကျဖူးတဲ့ ဒါမှမဟုတ် သားအိမ်ထုတ်ထားတဲ့ အမျိုးသမီးတွေမှာလည်းနှလုံးရောဂါအန္တရာယ်ြမင့်တက်စေတယ်လို့ သိရပါတယ်။ပျမ်းမျှပုံမှန်အရပ်ထက် ၂လက်မခွဲ ပိုနိမ့်တဲ့သူတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေ ၈% ပိုများပါတယ်။ အရပ်ပုသူတွေဟာ ကိုလက်စထရောနဲ့triglycerideသွေးတွင်းအဆီ ပိုများတတ်ပါတယ်။တစ်ပတ်ကို ၅၅ နာရီထက်မနည်း အလုပ်လုပ်ရတဲ့သူတွေဟာ ၃၅-၄၀ နာရီအလုပ်လုပ်သူတွေထက် နှလုံးရောဂါပိုဖြစ်ကြတာတွေ့ရပါတယ်။ စိတ်ဖိစီးမှုများတာ၊ အထိုင်များတာ၊ အရက်ပိုသောက်တာ စသည်ဖြင့် ပိုသွားတဲ့အရာတွေက နှလုံးရောဂါဖြစ်စေဖို့တွန်းအားတွေဖြစ်နေနိုင်ပါတယ်။ ညနက်တဲ့အထိ မအိပ်ဖြစ်သေးတာကလည်း နှလုံးနဲ့လေဖြတ်ခြင်းအတွက် အန္တရာယ်အချက်တစ်ခုဖြစ်ပါတယ်။၂၀၁၉ ခုနှစ်သုတေသနတစ်ခုအရ တုပ်ကွေးဖြစ်ပြီးနောက်ပိုင်း သိပ်မကြာခင်မှာ နှလုံးရုတ်တရက်လုပ်ဆောင်ချက်ရပ်ဆိုင်းခြင်းကြောင့်ဆေးရုံရောက်လာသူအရေအတွက်က မနည်းရှိနေကြောင်း၊ တခြားနှစ်တွေနဲ့ယှဉ်ရင် ၆ ဆပိုများနေကြောင်းတွေ့ရပါတယ်။ဖြစ်နိုင်ခြေရှိတာက ခန္ဓါကိုယ်ကရောဂါပိုးတစ်ခုခုကိုခုခံနေရချိန်မှာသွေးကပိုပျစ်လာပြီးသွေးခဲဖြစ်ပေါ်ဖို့လွယ်လာနိုင်ပါတယ်။ဒေါသထွက်ရပြီးနောက်ပိုင်းမှာ နှလုံးရုတ်တရက်ရပ်ဆိုင်းနိုင်ခြေ ၅ ဆပိုများပါတယ်။ထောင်းခနဲဒေါသဖြစ်ရပြီး ၂ နာရီအတွင်းမှာပဲ နှလုံးခုန်နှုန်းအရမ်းမြန်လာပြီးလေဖြတ်နိုင်ခြေပိုများစေပါတယ်။ပြဿနာကိုရှောင်လွှဲလို့မရဘူးဆိုရင် ကိုယ့်ဒေါသကိုထိန်းနိုင်မယ့်၊ မီးကိုငြှိမ်းနိုင်မယ့် နည်းလမ်းကိုရှာသင့်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/your-height-affects-your-health/
ခြောက်သွေ့တဲ့အသားအရည်အတွက် အကောင်းဆုံး moisturizer အစိုဓါတ်ထိန်းပစ္စည်း ကိုဘယ်လိုရွေးချယ်မလဲ
သင်ဟာအသားခြောက်တဲ့လူဆိုရင် သင့်အတွက်သင့်တော်မယ်ထင်တဲ့ Moisturizer အနည်းငယ်ကို သင်စမ်းသုံးကြည့်ပြီးဖြစ်ပါလိမ့်မယ်။ ဈေးကွက်ထဲမှာတော့ Moisturizer တွေ အများကြီးရှိပါတယ်။ အများအားဖြင့် သူတို့တွေကို ပုံမှန်အသားခြောက်တဲ့လူအတွက် (သို့) အလွန်အမင်းအသားခြောက်သူတွေအတွက် အထူးထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဈေးအမျိုးမျိုး ပုံစံအမျိုးမျိုးရှိကြပါတယ်။ဈေးသိပ်မပေးရတဲ့ဆေးဆိုင်လေးတွေကနေလည်းဝယ်လို့ရနိုင်ပြီး အချို့ကတော့ ရွှေကွပ်ထားတဲ့ပုလင်းတွေနဲ့လာပြီး ဒေါ်လာရာပေါင်းများစွာပေးရတာတွေလည်းရှိပါတယ်။အမျိုးအမည်တွေအများကြီးရှိတာကြောင့်ရွေးချယ်ရခက်နေတဲ့အချိန်မှာ သင်ဘာကိုရွေးဝယ်သင့်သလဲ။ brand နာမည်ကြည့်ပြီးလိုက်ရှာနေတာထက် ဘူးခွံပေါ်ရေးထားတဲ့ ပါဝင်ပစ္စည်းတွေကို ဆန်းစစ်ပြီး ရွေးချယ်ဝယ်ယူဖို့က ပိုအရေးကြီးပါတယ်။ဒီပါဝင်ပစ္စည်းတွေက သင်ဝယ်လိုက်တဲ့ပစ္စည်းဟာ သင့်အသားအရည်အတွက် တကယ်သင့်တော်မတော် ပြောပြပါလိမ့်မယ်။ သင်ဝယ်တဲ့အခါ ကြည့်သင့်တဲ့အဓိက ပါဝင်ပစ္စည်းတွေရှိပါတယ်။ ဒါမှသာ သင့်အတွက်အသုံးဝင်မယ့်ပစ္စည်းကို စိတ်ချလက်ချဝယ်နိုင်မှာပါ။သိပ္ပံနည်းကျကျ ခြောက်သွေ့တဲ့အသားအရည်ကို ပြန်လည်ကောင်းမွန်လာစေတယ်ဆိုတဲ့ ဒီပစ္စည်းတွေပါဝင်တဲ့ ဖော်မြူလာနဲ့ထုတ်ထားတာကို ရှာဖွေသင့်ပါတယ်။Antioxidants (ဓါတ်တိုးဆန့်ကျင်ပစ္စည်း)ဆိုတာ free-radical ကြောင့်ဖြစ်တဲ့ အသားအရည်ပျက်စီးမှုတွေ နဲ့ ပတ်ဝန်းကျင်ကြောင့် အသားအရည်ပျက်စီးမှုတွေကို လျှော့ချပေးနိုင်တဲ့ သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ပစ္စည်းတွေနဲ့ လူလုပ်ပစ္စည်းတွေပါဝင်တဲ့ အုပ်စုတစ်ခုပါ။ ဘာလို့သူကအရေးကြီးတာလဲ? အသားခြောက်ခြင်းဟာ အရေပြားရဲ့အပေါ်ယံလွှာက သူ့ရဲ့သဘာဝအစိုဓါတ်ကိုထိန်းသိမ်းနိုင်တဲ့စွမ်းအားတွေလျော့ကျလာလို့ဖြစ်ရတာပါ။သင့်ဘဝရဲ့အချိန်အများစုမှာ အသားခြောက်တာမဖြစ်ခဲ့ဖူးဘဲ ခုမှဖြစ်တယ်ဆိုရင် ဒါဟာ နေလောင်တာကြောင့်သော်လည်းကောင်း အသားအရည်ကို ကာကွယ်ပေးထားတဲ့အလွှာကို ထိခိုက်စေတဲ့ ပစ္စည်းတစ်ခုခုသုံးမိခြင်းကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။အသားလောင်သွားတာကိုလျှော့ချပေးဖို့ခဏထားပြီး နေရောင်ခြည်နဲ့ထိတွေ့တာများလွန်းလို့ဖြစ်လာတဲ့ ပျက်စီးခြင်း အချို့ကိုတောင် antioxidants က ကာကွယ်ပေးနိုင်ပါသေးတယ်။သတိကြီးကြီးထားရမှာတစ်ခုက အရေးအကြီးဆုံးဟာ antioxidant တစ်မျိုးတည်းမဟုတ်ပါဘူး ။ အကောင်းဆုံးဆိုတဲ့ moisturizers တွေဟာ သင့်အသားအရည်အတွက် စွမ်းအားပြည့်ဝတဲ့ antioxidants တွေအများကြီးသုံးထားပေးထားတာပါ။ဒီantioxidants တွေက ဘူးကိုသေချာလုံအောင်ပိတ်ထားမှသာ အကျိုးသက်ရောက်မှုက မပြောင်းမလဲဘဲတည်ရှိနေမှာပါ။ antioxidants တွေဟာ နေရောင်ခြည်နဲ့ လေကိုထိတွေ့လိုက်တာနဲ့ ပြိုကွဲသွားတတ်တာကြောင့် ဘူးကိုသေချာမပိတ်ဘဲထားလို့ကိုမရပါဘူး။အသားအရည်ကိုပြန်လည်ပြုပြင်ပေးတဲ့ပစ္စည်းတွေဆိုတာ ဆဲလ်တွေကို တစ်ခုနဲ့တစ်ခုပြန်လည် ဆက်သွယ်ပေးပြီး အရေပြားအပေါ်ယံလွှာကို ပြန်လည်ကောင်းမွန်အောင်လုပ်ပေးနိုင်တဲ့ပစ္စည်းတွေပါ။ကျန်းမာသန်စွမ်းတဲ့အရေပြားအပေါ်ယံလွှာဟာ အသားအရည်ကိုနူးညံ့ချောမွတ်စေပြီး အသားစိုစေပါတယ်။ အသားခြောက်တာနဲ့တော့ တကယ်ပြောင်းပြန်ပဲပေါ့။ အသားအရည်ပြန်လည်ကောင်းမွန်စေတဲ့ ပစ္စည်းတွေအများကြီးရှိပါတယ်။ ဥပမာ လူသိများကြော်ငြာအားကောင်းတဲ့ Hyaluronic acid, sodium hyaluronate, cholesterol နဲ့ ceramides တို့လို ပစ္စည်းမျိုးပေါ့။Emollients ဆိုတာကတော့ ရေဓါတ်ဆုံးရှုံးမှုကိုကာကွယ်ပေးပြီး အသားအရည်ကို နူးညံ့ချောမွတ်စေပြီး ကာကွယ်ပေးနိုင်တဲ့ ချောမွေ့တဲ့ ပစ္စည်းတစ်မျိုးပါ။ ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်ပေးတာက အစိုဓါတ်ထိန်းသိမ်းပေးနိုင်တာရဲ့ အဓိကသော့ချက်ပါ။Emollients တွေဟာ အရည်တွေလည်းဖြစ်နိုင်သလို အနံ့မပါတဲ့အဆီတွေ၊ petrolatumတွေနဲ့ Linoleic acid, glyceri, triglycerides, နဲ့ fatty alcohols တွေစတဲ့ fatty acidsတွေပါဝင်တဲ့ စေးပျစ်ပျစ် အမျိုးအစား လည်းဖြစ်နိုင်ပါသေးတယ်။Anti- inflammatory ingredients ဆိုတာ ရောင်ရမ်းခြင်း၊ အသားတင်းခြင်း၊ နာကျင်ခြင်း၊နီရဲ ယားယံခြင်း စတဲ့ အသားလောင်ခြင်းလက္ခဏာတွေကို လျှော့ချပေးနိုင်တဲ့ ပစ္စည်းတွေပါ။ Antioxidants အများစုဟာ ဒါတွေကိုလုပ်ဆောင်ပေးနိုင်ပေမဲ့လည်း ဒီလိုလုပ်နိုင်တဲ့ အခြားအရာတွေလည်းအများကြီးရှိပါသေးတယ်။ အကုန်လုံးကတော့ အသားခြောက်ခြင်းနဲ့ အလွန်အမင်းအသားခြောက်ခြင်းတို့အတွက် ကောင်းမွန်တာတွေပါပဲ။ကျွန်တော်တို့ဟာ အသားခြောက်တာကိုပျောက်ကင်းစေတဲ့ Moisturizer ကောင်းကောင်းမှာ ပါဝင်ရမဲ့အရာတွေကို စာရင်းပြုစုခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဘာတွေမပါသင့်ဘူးဆိုတာကလည်း အရေးကြီးနေသေးတာပါပဲ။ ယုံချင်ယုံ မယုံချင်နေပါ။အသားခြောက်သူတွေနဲ့ ထိခိုက်လွယ်သော အရေပြား (sensitive skin) တွေအတွက်လို့ တံဆိပ်ကပ်ထားတဲ့ Moisturizer အတော်များများမှာ ပြဿနာကိုပိုဆိုးသွားစေမယ့် သို့မဟုတ် ပါဝင်ပစ္စည်းတွေရဲ့ ကောင်းအောင်လုပ်ပေးနိုင်တဲ့အစွမ်းကို ဆန့်ကျင်ဘက်လုပ်ပစ်နိုင်တဲ့ ပစ္စည်းတွေပါဝင်နေပါတယ်။ ကျွန်တော်တို့က alcohol နဲ့ လာဗန်ဒါ၊ နှင်းဆီ၊ သံပရာ သို့မဟုတ် ပူရှိန်းနံ့ စတဲ့ အမွှေးဆီတွေပါဝင်တဲ့ အနံ့မျိုးကို ပြောနေတာပါ။တကယ်လို့ သင်ဝယ်မယ်လို့ရည်ရွယ်လိုက်တဲ့ Moisturizer တွေမှာ ဒါတွေထဲက တစ်ခုပါနေမယ်ဆိုရင်တော့ ခပ်ဝေးဝေးကသာရှောင်သွားလိုက်ပါ။ ဒီပစ္စည်းအတော်များများ အထူးသဖြင့် volatile plant oils တွေဟာ အရေပြား ပြဿနာတွေကဖြေရှင်းပေးနိုင်တဲ့ သဘာဝဖြေဆေးတွေဖြစ်နေပေမဲ့ ယားယံလောင်ကျွမ်းခြင်းတွေကိုဖြစ်စေနိုင်ပါတယ်။ဒါကတော့ ခြောက်သွေ့တဲ့အသားအတွက် လိုအပ်မဲ့ နောက်ဆုံးအချက်ပါပဲ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%b1%e1%80%bb%e1%80%81%e1%80%ac%e1%80%80%e1%80%b9%e1%80%b1%e1%80%9e%e1%80%bc%e1%82%95%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%9b%e1%80%8a%e1%80%b9%e1%80%a1/
Barbie ရုပ်ရှင်ကနေ ဘာတွေသင်ယူလိုက်ရသလဲ။
ဒီတလော တစ်လောကလုံးလည်း ပန်းရောင်သမ်းပြီး Barbie ဖက်ရှင်‌လေးတွေ ဝတ်ကြတာကို တွေ့မိကြမှာပေါ့။ ဘာဘီရုပ်ရှင် မဖြစ်ခင် ကာတွန်းကားဘဝတည်းက သမီးမိန်းကလေးတွေ အကြိုက်ဆုံးဖြစ်ခဲ့တာလေ။ ကာတွန်းကားတွေ အများကြီး ထွက်ခဲ့သလို ခုလို ရုပ်ရှင်ပြန်ရိုက်တော့လည်း သူ့ခေတ်ပြန်ရောက်လာတာပါပဲ။ Barbie ရုပ်ရှင်က ရုပ်ရှင်သက်သက်ပဲ မဟုတ်ပါဘူး။ Barbie ရုပ်ရှင်ကနေ သင်ယူလေ့လာစရာတွေ အများကြီး ရှိပါတယ်။ဟိုးအရင်တည်းက ထွက်ခဲ့တဲ့ ကာတွန်းကားတွေကနေ ခုလက်ရှိ Barbie ရုပ်ရှင်အထိ သင်ယူနိုင်တာတွေကတော့။ဘာဘီကာတွန်းကားတွေမှာတည်းက Barbieက ဖြူရမယ်၊ ချောရမယ်၊ မင်းသမီးလေးလို ဖြစ်နေရမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ သူက အသားအရောင်မျိုးစုံနဲ့ အလုပ်နေရာမျိုးစုံက ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ပတ်ဝန်းကျင်က အလှအပဆိုင်ရာ စံသတ်မှတ်ချက်တွေကို ကျော်လွန်ပြီး ဘယ်လိုပုံစံမျိုးပဲ ဖြစ်ပါစေ။ ဘာဘီဖြစ်နိုင်တယ်။ လူတိုင်းက ဘာဘီပဲဆိုတဲ့ အမြင်မျိုးပြသထားပါတယ်။ လူတိုင်းမှာ ကိုယ်စီတန်ဖိုး၊ ကိုယ်ပိုင်အလှရှိတယ်လို့ ပြသလိုတာ ဖြစ်ပါတယ်။Barbie ကာတွန်းကား၊ ရုပ်ရှင်တွေမှာ သူတို့ဖြစ်ချင်တဲ့ အိပ်မက်တွေကို ရိုးရိုးသားသားနဲ့ ကြိုးစားသွားကြတာကို တွေ့ကြမှာပါ။ ဒါက လူငယ်တွေကို စံနမူနာဖြစ်စေပါတယ်။ အိပ်မက်တွေက ကိုယ်နဲ့ အလှမ်းဝေးတယ်လို့ ခံစားရပေမဲ့ ကြိုးစားရင် ဖြစ်နိုင်တယ်ဆိုတာကို ပြသချင်တာ ဖြစ်ပါတယ်။Barbie ရုပ်ရှင်နဲ့ ကာတွန်းကားတွေထဲမှာ ပြဿနာတွေကို အတူတကွ ရင်ဆိုင်ဖြေရှင်းတာ၊သူငယ်ချင်းကို ကူညီအားပေးတာတွေ ကြည့်ဖူးမှာပါ။ ဒါတွေက လက်တွေ့ဘဝမှာလည်း အသုံးချလို့ ရပါတယ်။ အပေါင်းအသင်း မိတ်ဆွေကောင်းရှိခြင်းက ပြဿနာတွေရဲ့ တစ်ဝက်ကို ပြေလည်စေတယ် မဟုတ်လား။ဘာဘီကာတွန်းကားနဲ့ ရုပ်ရှင်တွေက အပြင်ပန်းအလှထက် စိတ်အလှကို ဦးစားပေးကြပါတယ်။ ရုပ်ရှင်မှာပါတဲ့ ဇာတ်ကောင်တွေက ကြင်နာတတ်တာ၊ ကိုယ်ချင်းစာတတ်တာ စတဲ့ ကောင်းမွန်တဲ့ စိတ်ထားကို ပြသပါတယ်။Barbie ရုပ်ရှင်တွေမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အမြဲတမ်း ရှိနေပါတယ်။ ဒါတွေကို အကောင်းဆုံးကျော်ဖြတ်ဖို့ ဘယ်လိုကြိုးစားရမယ်။ ပြဿနာကို ဘယ်နည်းနဲ့ ဖြေရှင်းသင့်တယ်ဆိုတာကို ပညာပေးထားပါတယ်။ဒါ့ပြင် ဒီလောကမှာ ပြဿနာဆိုတာက တစ်ခုပြီး တစ်ခုရှိနေမှာပဲ။ ဒါတွေ ကြုံတဲ့အခါ ဘယ်လိုစိတ်ထားနဲ့ နေသင့်တယ်ဆိုတာ သင်ပေးထားပါတယ်။မိန်းကလေးဆိုတာ ဘယ်လိုနေရမယ်။ ဘယ်လိုထိုင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ၊ အမျိုးသမီးဖြစ်နေတာကြောင့်ခွဲခြားဆက်ဆံမှုတွေ မရှိသင့်ဘူးဆိုတာကို ပြသထားပါတယ်။ ဒါ့ပြင် အလှအပနဲ့ စံသတ်မှတ်ချက်တွေ၊ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ စံသတ်မှတ်ချက်တွေကိုပါ ကျော်လွှားနိုင်အောင် ဖော်ပြထားပါတယ်။ဆိုလိုတာက မိန်းကလေးတိုင်းက အရုပ်တစ်ရုပ်ကို ချောနေ၊ လှနေစရာ မလိုပါဘူး။ သူ့အလှနဲ့သူ ရှိထားပြီးသားပါ။ ဆရာဝန်ဖြစ်မှ၊ အင်ဂျင်နီယာဖြစ်မှ တော်တတ်နေတာ မဟုတ်ဘူး။ လူတိုင်းက သူ့တန်ဖိုးနဲ့ သူဆိုတာကို ပြောပြနေတာ ဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/lessons-learnt-from-barbie/
မတော်တဆ ကိုယ်ဝန်ရ သွားနိုင်တဲ့ လမ်းကြောင်းအသွယ်သွယ်
ကလေးလိုချင်တဲ့ စုံတွဲတွေအတွက်ကိုယ်ဝန်ဆိုတာ ဘုရားက ပေးတဲ့ လက်ဆောင်တစ်ခုပါ။ ဒါပေမယ့် မရည်ရွယ်ဘဲ၊ မလိုချင်ဘဲ ကိုယ်ဝန်ရ သွားပြီဆိုရင်တော့ စိတ်သောကတွေ ရောက်ရပါတယ်။ ဒီနိုင်ငံမှာဆိုရင်တော့ သမီးရည်းစားဘဝမှာတင် ကိုယ်ဝန်ရသွားတဲ့အခါ ပတ်ဝန်းကျင်အမြင်၊ ဘဝတက်လမ်း စတာတွေကို စဉ်းစားရတာလည်း ပါတာပေါ့။ ဒီလိုနဲ့တရားမဝင် ကိုယ်ဝန်တွေ ဖျက်ချကြပြီး အသက်ဆုံးရှုံးကြတာတွေဖြစ်လာပါတယ်။ ဒါတွေ အားလုံးရဲ့ တရားခံကတော့ လိင်မှုကိစ္စနဲ့ ပက်သက်ပြီး လူငယ်တွေ သိပ်ဗဟုသုတ မရှိတာကို လက်ညှိုးထိုးစရာရှိပါတယ်။ ဒါကြောင့် မတော်တဆ ကိုယ်ဝန်ရ သွားနိုင်တဲ့ လမ်းကြောင်းအသွယ်သွယ် ကို သိထားဖို့ လိုကို လိုလာပါပြီ။တစ်ခုကောင်းတာက အရင်တုန်းကထက် ပိုပြီးပွင့်လင်း မြင်သာရှိလာတဲ့ အခုခေတ်ကြီးမှာ ကိုယ်သိချင်တာတွေကို အင်တာနက်မှာ ချက်ချင်းတင်မေးလို့ရပြီး အဖြေ ချက်ချင်းသိရတဲ့ ခေတ်ဖြစ်နေပါပြီ။ အောက်က မေးခွန်းတွေကလည်း မတော်တဆ ကိုယ်ဝန်ရ သွားမှာ ကြောက်လို့ မေးလာကြတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။Q ရာသီလာစဉ် လိင်ဆက်ဆံရင် ကိုယ်ဝန်ရ တတ်လား။သုက်ပိုးကောင်လေးတွေဟာ မိန်းမကိုယ်ထဲမှာ ၃-၅ရက်လောက်နေနိုင်ပါတယ်။ ကိုယ်ကလည်း ရာသီတစ်ခါလာရင် ၈ရက်လောက်လာတတ်တဲ့သူဖြစ်မယ်။ ရာသီစက်ဝန်းကလည်း ၂၄ရက်လောက်နဲ့ လာတတ်တယ်။ တစ်နည်းအားဖြင့် စက်ဝန်းတိုတယ်ဆိုရင် သတိထားပါ။၂၄ရက်တစ်ခါလောက် လာတတ်သူဆိုရင် သားဥကြွေချိန်က ရာသီစလာတဲ့ရက်ကနေ ၁၀ရက်မြောက်နေ့ပါ။ ရာသီပြီးခါနီးပြီဆိုပြီး နေလိုက်ကာမှ အဲ့နေ့က သားဥကြွေတဲ့ရက် ဒါမှမဟုတ် သားဥကြွေတဲ့ရက်နား ဖြစ်နေတယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။ရာသီလာချိန်မှာ အတူနေတာက များသောအားဖြင့် ကိုယ်ဝန်မရတတ်ဘူးဆိုပေမယ့် ကိုယ်က ရာသီရက်ရှည်ပြီး ရာသီစက်ဝန်းတိုတယ်ဆိုရင် သတိထားဖို့ လိုပါတယ်။Q သုက်ရည်ကို အထဲမှာ မထုတ်ဘဲ အပြင်မှာထုတ်ရင်ရော ကိုယ်ဝန်ရ နိုင်သလား။တော်တော်များများထင်ကြတာက လိင်ကိစ္စပြီးမြောက်ခါနီး သုက်ရည်တွေကိုမိန်းမကိုယ်ထဲ မဟုတ်ဘဲ အပြင်မှာ ထုတ်လိုက်ရင် ကလေးမရနိုင်ဘူလို့ထင်ကြပါတယ်။ ဒါက အလွန်မှားနေတဲ့ ကိစ္စတစ်ခုပါ။ပြီးခါနီးထွက်လာတဲ့သုက်ရည်တွေမှာပဲ သုက်ကောင်လေးတွေ ပါတာ မဟုတ်ပါဘူး။ လိင်ဆက်ဆံတဲ့ အချိန်ချောမွေ့စေဖို့ အစပိုင်းမှာ ထွက်လာတဲ့ ချောဆီလေးတွေမှာလည်း သုက်ပိုးလေးတွေ နည်းနည်းပါးပါး ပါနိုင်ပါတယ်။ မျိုးအောင်ဖို့ဆိုတာ သုက်ကောင်တစ်‌ကောင် ရှိရင် ရပါပြီ။ ဒီတော့ ပြီးခါနီးမှ သုက်ရည်ကို အပြင်မှာထုတ်ပေမယ့်လည်း ကလေးရနိုင်ပါသေးတယ်။Qကွန်ဒုံးသုံးရင် ကိုယ်ဝန်လုံးဝ မရနိုင်ဘူးလား။ကွန်ဒုံးဟာ ၈၀ ရာခိုင်နှုန်းလောက် ကိုယ်ဝန်နဲ့လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကိုပါ ကာကွယ်ပေးတဲ့အတွက် တကယ်ကို ကောင်းတဲ့ ပစ္စည်းတစ်ခုပါ။ ဒါပေမယ့် အခန့်မသင့်လို့ ကွန်ဒုံးပြဲသွားတဲ့အခါ၊ မိန်းမကိုယ်ထဲမှာ ကွန်ဒုံးကျန်ခဲ့တဲ့အခါမှာတော့ ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ဒီတော့ ကွန်ဒုံးကို မှန်မှန်ကန်ကန် သုံးတတ်ဖို့ လိုပါတယ်။Q စအိုနဲ့လိင်ဆက်ဆံရင် ကိုယ်ဝန်ရ နိုင်လား။စအိုနဲ့ လိင်ဆက်ဆံရင် များသောအားဖြင့် ကိုယ်ဝန် မရတတ်ပါဘူး။ ဒါပေမယ့် စအိုထဲကနေ ပြန်ထွက်လာတဲ့ သုက်ရည်လေးတွေ မိန်းမကိုယ်ထဲကို ပြန်စီးဝင်တတ်လို့ အကူးအခတ်ကောင်းတဲ့ သုက်ပိုးလေးတွေ မိန်းမကိုယ်ထဲကို ဝင်သွားနိုင်ပြီး သားဥနဲ့ သွားတွေ့ကာ ကိုယ်ဝန် ရသွားနိုင်ပါတယ်။Q ပါးစပ်နဲ့လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်လား။ သုက်ကောင်လေးတွေကို မျိုချမိရင် ကိုယ်ဝန်ရနိုင်လား။အစာအိမ်နဲ့ မိန်းမကိုယ်နဲ့က ဆက်ထားခြင်း မရှိတဲ့ အပြင် အစာအိမ်ရဲ့ အက်ဆစ်ကြောင့် ဝင်လာတဲ့ သုက်ပိုးတွေ အကုန်သေသွားလို့ ပါးစပ်နဲ့ လိင်ဆက်ဆံရင်၊ သုက်ရည်ကို မျိုချမိရင် ကိုယ်ဝန်မရနိုင်ပါဘူး။Q လိင်တံကို မိန်းမကိုယ်ထဲ ထိုးသွင်းခြင်း မရှိရင်ရော ကိုယ်ဝန်ရ တတ်လား။လိင်တံကို မိန်းမကိုယ်ထဲ မထည့်ပေမယ့်သုက်ရည်တွေပေနေတဲ့ လက်ချောင်းကိုမိန်းမကိုယ်ထဲ ထည့်မိရင်တော့ ကိုယ်ဝန်ရသွားတတ်ပါတယ်။ အဖြစ်နည်းပေမယ့် ကိုယ်ဝန်မလိုချင်သေးဘူးဆိုရင်တော့ ဒီလိုနည်းနဲ့လည်း ကိုယ်ဝန်ရတတ်ကြောင်းကို သိထားတာ အကောင်းဆုံးပါ။Q လိင်ဆက်ဆံပြီး မိန်းမကိုယ်ကို ချက်ချင်းဆေးလိုက်ရင် ကိုယ်ဝန်မရတော့ဘူး ဆိုတာ မှန်လား။လိင်ကိစ္စပြီးမြောက်တဲ့အခါ မိန်းမကိုယ်ကို ရေနဲ့ ချက်ချင်းဆေးလိုက်ရင်၊ ဆီးသွားလိုက်ရင် သုက်ပိုးလေးတွေ သေသွားပြီး ကိုယ်ဝန်မရနိုင်တော့ဘူးလို့ ထင်တတ်ကြပါတယ်။ ဒါက မှားနေတဲ့အရာတစ်ခုပါ။အပြင်မှာ ကျန်ခဲ့တဲ့သုက်ပိုးတွေပဲ သေနိုင်တာပါ။ အထဲကို ဝင်သွားတဲ့ သုက်ပိုးတွေကတော့ သူ့တာဝန်အတိုင်း မမျိုးဥရှိရာဆီကို သွားမှာဖြစ်ပါတယ်။ ဆီးလမ်းကြောင်းနဲ့ မိန်းမကိုယ်နဲ့ကလည်း ဆက်မနေတဲ့အတွက် လိင်ဆက်ဆံပြီးပြီးချင်း ဆီးသွားတဲ့အခါ ကိုယ်ဝန်မရနိုင်တော့ဘူးဆိုတာ မှားနေတဲ့ အယူတစ်ခုပါ။Q သုက်ရည်ခြောက်သွားရင်ရော ကိုယ်ဝန်ရနိုင်လား။သုက်ရည်ခြောက်သွားပြီဆိုတာနဲ့ အထဲမှာပါတဲ့ သုက်ကောင်လေးတွေ သေသွားပါပြီ။ ဒီတော့ ခြောက်နေတဲ့ သုက်ရည်ကို တက်ထိုင်မိလို့ ကိုယ်ဝန်ရသွားတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာတစ်ခုပါ။Q အတွင်းခံတွေ၊ အဝတ်တွေကို သုက်ကောင်လေးတွေ ဖြတ်သွားနိုင်လား။သုက်ကောင်လေးတွေ ကူးခတ်ဖို့အတွက် သုက်ရည်၊ မိန်းမကိုယ်ကထွက်နေတဲ့ အရည်တွေ ရှိဖို့လိုအပ်ပါတယ်။ အဝတ်တွေကိုဖြတ်ပြီး မိန်းမကိုယ်ထဲကို သုက်ကောင်လေးတွေ မဝင်နိုင်ပါဘူး။ဘယ်လိုနည်းလမ်းတွေနဲ့ ဆက်ဆံတာက ကိုယ်ဝန်ရနိုင်လဲ။ ဘယ်နည်းတွေက မရနိုင်ဘူးလဲဆိုတာကို သိမှ မတော်တဆ ကိုယ်ဝန်ရ တာကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/ways-you-can-and-cant-get-pregnant/
ှScarlet fever ( ကြက်သွေးရောင်အဖုပေါက်ဖျားခြင်း )
ကြက်သွေးရောင်အဖုပေါက်ဖျားခြင်းသည် တစ်ချို့လူများ၌ လည်ချောင်းနာပြီးနောက် ဘက်တီးရီးယားကြောင့်ဖျားခြင်း ဖြစ်ပါသည်။ Scarlatina ဟုလည်းခေါ်ပြီး ခန္ဓါကိုယ်တစ်ခုလုံး နီးပါးတွင် အနီတောက်တောက် အကွက်များထခြင်း ဖြစ်ပေါ်နိုင်ပါသည်။ ကြက်သွေးရောင်အဖုပေါက်ဖျားခြင်းမှာ များသောအားဖြင့် လည်ချောင်းနာခြင်းနှင့် အပြင်းဖျားခြင်းတို့ဖြင့် တွဲတတ်ပါသည်။ကြက်သွေးရောင်အဖုပေါက်ဖျားခြင်းသည် ကလေး ၅ – ၁၅ နှစ်အတွင်း အဖြစ်များဆုံးပင်။ ကြက်သွေးရောင်အဖုပေါက် ဖျားခြင်းကို ကလေးဘဝအပြင်းဖျားနာအဖြစ် ယူဆကြပြီး ပဋိဇီဝဆေးများဖြင့် အန္တရာယ်နည်းစေနိုင်ပါသည်။ မကုသပဲထားပါက ကြက်သွေးရောင်အဖုပေါက်ဖျားခြင်းမှ ပိုပြင်းထန်းသောအခြေအနေများဖြစ်လာပြီး နှလုံး၊ ကျောက်ကပ်နှင့် တခြားအစိတ်ပိုင်းများကိုပါ ထိသွားနိုင်သည်။ကလေးငယ်များတွင် အဖြစ်အများဆုံးဆိုသော်လည်း လူတိုင်းဖြစ်နိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ကြက်သွေးရောင်အဖုပေါက်ဖျားခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ-။အနီအဖုများထခြင်း – အဖုများသည် နေလှောင်ဒဏ်ရာနှင့်တူပြီး ကော်ပတ်ကိုကိုင်ရသလို ခံစားရသည်။ စံအားဖြင့် မျက်နှာ လည်ပင်းမှစပြီး ကိုယ်ထည် ခြေ လက်တို့ကို ပျံ့နှံ့ခြင်းဖြစ်သည်။ နီမြန်းနေသောအရေပြားကိုဖိကြည့်လျှင် အရောင်ဖျော့သွားသည်ကို တွေ့ရ၏။အနီစင်းကြောင်းများ – ပေါင်ခြံ၊ ချိုင်း၊ တံတောင်၊ ဒူးနှင့် လည်ပင်းတို့မှ အရေပြားတွန့်ခေါက်ရာများတွင် အဖုများထက်ပိုနီသော အစင်းများထခြင်းဖြစ်နိုင်၏။မျက်နှာပူနေခြင်း – ပါးစပ်တွင် အရောင်ဖျော့နေသော အကွင်းနှင့်အတူ မျက်နှာတစ်ခုလုံး ပူနေတတ်သည်။စတော်ဘယ်ရီရောင်လျှာ – လျှာတွင် နီထွေထွေးနှင့် အဖုလေးများရှိနေတတ်သည်။ ရောဂါအစောပိုင်းတွင် လျှာပေါ်၌ အဖြူရောင်အလွှာအုပ်နေတတ်၏။မျက်နှာနှင့်လျှာမှအဖုနှင့်နီမြန်းမှုများသည် ပုံမှန်အားဖြင့် တစ်ပတ်ခန့်ကြာတတ်သည်။ အထက်ပါလက္ခဏာများ ပျောက်ကင်းသွားပြီးနောက် အဖုထထားသောအရေပြား ကွာကျသွားပါမည်။တခြားသော ဆက်စပ်လက္ခဏာများ –။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။ကြက်သွေးရောင်အဖုပေါက်ဖျားခြင်းမှာ စထရပ်လည်ချောင်းနာခြင်းကိုဖြစ်စေသော ဘက်တီးရီးယားနှင့် အတူတူပင်ဖြစ်သည်။ ကြက်သွေးရောင်အဖုပေါက်ဖျားခြင်းတွင် ဘက်တီးရီးယားမှ အဆိပ်ထုတ်၏။ ထိုအဆိပ်ကြောင့် အနီအဖုများထခြင်း လျှာနီခြင်းတို့ဖြစ်ရခြင်းဖြစ်သည်။ပိုးသည် တစ်ဦးမှတစ်ဦး နှာချေစဉ် ချောင်းဆိုးစဉ်မှထွက်သော အစက်များမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ ရောဂါပိုးဝင်စမှ အဖျားစချိန်ထိကြာချိန်မှာ ၂ – ၄ရက်သာ ကြာပါသည်။ကြက်သွေးရောင်အဖုပေါက်ဖျားခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများမှာ – ကလေးအသက် ၅-၁၅ နှစ်သည် တခြားသူများထက် ဖြစ်နိုင်ချေအများဆုံးပင်။ အဖျားပိုးသည် အနီးကပ်နေထိုင်သူများဖြစ်သော မိသားစုတွင်း အခန်းဖော်များအတွင်း အလွယ်တကူပျံ့နှံ့တတ်ပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။စမ်းသပ်စဉ်တွင် ဆရာဝန်မှ –။ဆရာဝန်သည် စထရပ်ပိုးကြောင့်ဖြစ်ကြောင်း သံသယရှိပါက အာသီးနှင့် လည်ချောင်းနောက်ပိုင်းအား ဂွမ်းစနှင့်တို့ကာ နမူနာစုပြီး ဓါတ်ခွဲခန်းသို့ပို့ပါလိမ့်မည်။စထရပ်ဘက်တီးရီးယားကိုစစ်ဆေးခြင်းက အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော တခြားသောအခြေအနေများကလည်း ကြက်သွေးရောင်အဖုပေါက်ဖျားခြင်းလို လက္ခဏာများကို ဖြစ်စေနိုင်ပြီး တခြားသောကုထုံးများကို လိုကောင်းလိုနိုင်သောကြောင့်ဖြစ်သည်။ စထရပ်ဘက်တီးရီးယား မတွေ့ဘူးဆိုပါက တခြားသောအချက်များကို ရှာရမည်ဖြစ်သည်။ဆရာဝန်မှ ပဋိဇီဝဆေးများ အရည်များကို ၅ရက် သို့မဟုတ် ၁၀ ရက်ကြာသောက်ရန် ပေးပါလိမ့်မည်။ သင်ရော သို့မဟုတ် ကလေးရော တစ်ရက်နှစ်ရက်အတွင်း ကောင်းလာသလို ခံစားရပါလိမ့်မည်။ သို့သော်လည်း ဆေးကို အကုန်သောက်ရမည်မှာ အရေးကြီးပါသည်။ပဋိဇီဝဆေးများကိုသောက်ရာတွင်။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် ကြက်သွေးရောင်အဖုပေါက်ဖျားခြင်း ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။အဖျားနှင့် နာကျင်မှုကိုကုပါ – ibuprofen (Advil, Children’s Motrin, others) or acetaminophen (Tylenol) တို့ကိုသုံးပြီး အဖျားနှင့် လည်ချောင်းနာမှုကိုထိန်းပါ။ အရည်များများသောက်ပါ။ ကလေးအား လည်ချောင်းစိုစွတ်ပြီး ရေဓါတ်မခမ်းစေရန် ရေများများတိုက်ပါ။ဆားငံရည်နှင့်ပလုတ်ကျင်းပါ – ကလေးပလုတ်ကျင်းတတ်လျှင် ဆားငံရည်နှင့်ကျင်းခိုင်းပြီး ထွေးခိုင်းပါ။ ထိုမှ လည်ချောင်းနာမှုကို သက်သာစေပါသည်။ လေထုကို စိုစွတ်အောင်လုပ်ပါ။ ခြောက်သွေ့သောလေသည် လည်ချောင်းနာခြင်းကို ပိုဆိုးစေပါသည်။ငုံဆေးပြားများတိုက်ပါ – အသက် ၄ နှစ်အထက် ငုံ့ဆေးစုပ်တတ်သောကလေးများကို လည်ချောင်းနာခြင်းကို သက်သာစေပါသည်။သက်သာသောအစာများကိုပေးပါ။ စွပ်ပြုတ်နှင့် အအေးများသည် လည်ချောင်းနာမှုအား သက်သာစေပါသည်။ ဆေးလိပ်ငွေ့ကင်းအောင် လည်ချောင်းကိုစပ်စေသည့်အရာများ ကင်းအောင် ပြုလုပ်ပေးပါ။အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/scarlet-fever-%e1%80%80%e1%80%bc%e1%80%80%e1%80%ba%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%a1%e1%80%96%e1%80%af%e1%80%95%e1%80%b1%e1%80%ab%e1%80%80/
null
null
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/happens-when-you-wear-high-heels/
အမျိုးသမီး‌တွေ အသ‌က်ကြီးမှ ကလေးယူမယ်ဆိုရင်
အမျိုးသားဖြစ်ဖြစ်အမျိုးသမီးဖြစ်ဖြစ် အသက်ကြီးလာလေ မျိုးဆက်ပွားစွမ်းရည် ကျဆင်းလာလေပါပဲ။ အသက် ၃၀ ကျော်ရင် ကလေးရဖို့ ခက်ခဲလာသလို ကိုယ်ဝန်ပြဿနာတွေနဲ့ ကလေးမှာ နောက်ဆက်တွဲဆိုးကျိုးတွေလည်း ပိုများလာတတ်ပါတယ်။ အခုဒီဆောင်းပါးမှာတော့ အမျိုးသမီးတွေအနေနဲ့ အသ‌က်ကြီးမှ ကလေးယူမယ်ဆိုရင် ဘာတွေ သတိထားရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ပုံမှန်ဆို မိန်းကလေးတွေက အသက် ၂၀ လောက်မှာ ကိုယ်ဝန်ဆောင်ဖို့အကောင်းဆုံးဖြစ်ပြီး အသက် ၃၀ ကျော်လာရင်တော့ ကလေးရနိုင်ခြေ ကျဆင်းလာပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မိန်းကလေးတစ်ယောက် အသက်ကြီးလာလေ သားဥအိမ်ထဲက ထုတ်ပေးနိုင်တဲ့ သားဥအရေအတွက်ရော အရည်အသွေးပါ ကျဆင်းလာတာကြောင့်ပဲ ဖြစ်ပါတယ်။နောက်ပြီးကိုယ်တွင်းဟော်မုန်း အပြောင်းအလဲတွေပါ ဖြစ်တဲ့အတွက် ကိုယ်ဝန်ရသွားရင်တောင် ကျန်းမာတဲ့ ကိုယ်ဝန်ဖြစ်ဖို့ ခက်ခဲပါတယ်။ သားအိမ်အလုံးအကျိတ်နဲ့ endometriosis လို မီးယပ်ရောဂါ ဖြစ်ပွားမှုတွေ ကလည်း အသက်ကြီးတာနဲ့ ဆက်စပ်နေတာကြောင့် ထည့်စဉ်းစားစရာ အချက်တစ်ချက်ဖြစ်နေပါတယ်။ Endometriosis မီးယပ်ရောဂါဆိုတာ ပုံမှန်သားအိမ်နံရံမှာ တွေ့ရတဲ့အသားစတွေက သားအိမ်အပြင်ဖက်ထိ ကြီးထွားလာတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အမျိုးသမီးရဲ့ မျိုးဆက်ပွားအင်္ဂါတွေကို ပုံစံပြောင်းစေတာကြောင့် ကိုယ်ဝန်ရဖို့ ခက်ခဲစေပါတယ်။အသက်ကြီးမှ ကလေးယူတဲ့အမျိုးသမီးတွေ အဓိကခံစားရနိုင်တဲ့ အခြေအနေ ၃ မျိုးရှိပါတယ်။ ဒါတွေကတော့။၁။ ကလေးမှာမွေးရာပါချို့ယွင်းချက်ပါလာခြင်း။အမေရိကန်ဗဟိုကူးစက်ရောဂါ ထိန်းချုပ်ရေးစင်တာက ထုတ်ပြန်ချက်အရဆို အမေရိကန်နိုင်ငံမှာ မွေးဖွားတဲ့ ကလေး ၃၃ ယောက်မှာ တစ်ယောက်က မွေးရာပါချို့ယွင်းချက်တစ်ခုခု ပါနေတယ်လို့ ဆိုပါတယ်။ အသက် ၄၀ နဲ့အထက် အမျိုးသမီးတွေ မွေးဖွားတဲ့ကလေးတွေမှာ craniosynostosis လို့ခေါ်တဲ့ ဦးခေါင်းခွံအရိုးတွေ ပေါင်းစပ်မှု မမှန်တာ၊ hypospadias ခေါ်တဲ့ဆီးလမ်းကြောင်းအပေါက်နေရာလွဲနေတာ၊ esophageal atresia ခေါ်တဲ့ အစာရေမျိုပြွန်နဲ့ အစာအိမ် ဆက်စပ်မနေတာစတဲ့ ပြဿနာတွေဖြစ်ပွားမှုများတာလည်း လေ့လာမှုတွေအရ တွေ့ရှိထားပါတယ်။နောက်ပြီး ကိုယ်ဝန်ဆောင်မိခင်အသက်ကြီးလေ မွေးလာမယ့်ကလေးမှာ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမမှန်တဲ့ ဒေါင်းရောဂါလက္ခဏာစု (Down syndrome) ဖြစ်ပွားနိုင်ခြေတက်လာတာလည်း တွေ့ရပါတယ်။ အသက် ၂၀ အရွယ်မှာ ကိုယ်ဝန်ဆောင်ရင် ကလေးအယောက် ၁၅၀၀ လောက်မှာမှ တစ်ယောက်ပဲ ဒေါင်းရောဂါလက္ခဏာစု ဖြစ်ပွားနိုင်တာဖြစ်ပြီး အသက် ၄၅ နှစ်လောက်မှ ကိုယ်ဝန်ဆောင်ရင်တော့ မွေးလာမယ့်ကလေး ၃၅ ယောက်မှာ တစ်ယောက်ဖြစ်ပွားနိုင်တဲ့အထိ မြင့်တက်လာတာကို တွေ့ရပါတယ်။၂။သားပျက်သားလျှောဖြစ်ခြင်း။ကိုယ်ဝန်ဆောင်တဲ့မိန်းကလေးတိုင်းမှာ သားပျက်သားလျှောဖြစ်နိုင်ခြေရှိတာ မှန်ပါတယ်။ ဒါပေမဲ့ အသက်ကြီး လာလေ ဒီပြဿနာခံစားရနိုင်ခြေများလေဆိုတာအမှန်ပါပဲ။ ယေဘုယျပြောရရင် ကိုယ်ဝန်ဆောင်တိုင်းမှာ သားပျက်သားလျှောဖြစ်နိုင်ခြေ ၁၃% လောက်ရှိပြီး အသက်၄၅ နှစ်ကျော် အမျိုးသမီးတွေမှာ ဒီပမာဏက ၅၃% အထိ မြင့်တက်သွားပါတယ်။ဆိုလိုတာကတော့ အသက် ၄၅နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး ၂ ယောက်မှာ တစ်ယောက်ကတော့ သားပျက်သားလျှောဖြစ်နိုင်ခြေ ရှိနေပါတယ်။ ဒါပေမဲ့လည်း သားပျက်သားလျှောဖြစ်တဲ့ကိစ္စက အသက်အရွယ်တစ်ခုတည်းနဲ့ သက်ဆိုင်တာတော့ မဟုတ်ပါဘူး။ အရင်ကကိုယ်ဝန်ပျက်ကျဖူးတာ၊ နာတာရှည်ရောဂါတစ်ခုခုရှိလို့ ကျန်းမာရေးသိပ်မကောင်းတာ လိုအပ်ချက်တွေကိုလည်း ထည့်စဉ်းစားရပါမယ်။၃။သွေးပေါင်ချိန်မြင့်တက်ခြင်း။ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ချိန် အလွန်အမင်းမြင့်တက်ခြင်းက မိခင်နဲ့ ကလေးသေဆုံးစေတဲ့ အဓိက ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်း အသက်အရွယ်မရွေး ကိုယ့်သွေးပေါင်ချိန်ကို မှန်မှန်စစ်ဆေးဖို့အကြံပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင်တိုင်းဖြစ်ပွားနိုင်ပြီး အသက် ၄၀ ကျော်သူတွေဆိုရင်တော့ ဖြစ်နိုင်ချေပိုများပါတယ်။ဒါကိုကိုယ်ဝန်ဆိပ်တက်ခြင်း(Preeclampsia) လို့လည်း ခေါ်ပါတယ်။ Preeclampsia လက္ခဏာတွေထဲမှာ သွေးပေါင်ချိန်တက်တာအပြင် မျက်နှာနဲ့လက်တွေ ဖောရောင်တာ၊ ဆီးသွားနည်းသွားတာ၊ မောလာတာ၊ အရမ်းဝလာတာ၊ အမြင်ဝေဝါးလာတာ၊ ခေါင်းကိုက်တာ၊ မူးဝေအော့အန်တာ တွေလည်းပါဝင်နေပါတယ်။အသက်ကြီးမှ ကလေးယူရင် ကလေးရနိုင်ခြေနည်းတယ်၊ ချို့ယွင်းချက်တွေ များနိုင်တယ်ဆိုပေမဲ့ မယူရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီခေတ်မှာ အမျိုးသမီးတွေက ပညာရေး၊ စီးပွားရေး အခြေအနေတွေကြောင့် အသက် ၃၀လောက်မှ ကလေးယူရကြပါတယ်။ တော်တော်များများလည်း ကျန်းမာတဲ့ ကလေးတွေ မွေးကြပါတယ်။တစ်ခုရှိတာကတော့ ကလေးမယူခင်မှာ သားဖွားမီးယပ်ဆရာဝန်နဲ့ ကြိုတိုင်ပင်ပါ။ လိုအပ်တဲ့ အားဆေးတွေ သောက်ထားပြီး ကျန်းမာရေးကို ဂရုစိုက်မယ်ဆိုရင် ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ရေးသားသူ – Dr.Htoo Tint။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/pregnancy-in-old-age/
စုံတွဲတွေ ရုပ်တူလာတာ ဘာကြောင့်လဲ
တွဲတာကြာလာတဲ့ စုံတွဲတွေ၊ လက်ထပ်ထားတဲ့ စုံတွဲတွေက ကြာလာလေလေ ရုပ်တူလာတယ်ဆိုတာကို သတိထားမိကြမှာပါ။ စုံတွဲတွေ ရုပ်တူလာတာ ဘာကြောင့်လဲ ဆိုတာကို သိပ္ပံနည်းကျ ရှင်းပြထားတာတွေ အများကြီး ရှိပါတယ်။စုံတွဲတွေ ရုပ်တူလာတာနဲ့ ပတ်သက်ပြီး သုံးသပ်ချက်တွေ အများကြီး ရှိပါတယ်။ ဥပမာ စုံတွဲတွေက ကိုယ်နဲ့ လူမျိုးတူ၊ နိုင်ငံတူတဲ့ သူကို ကြိုက်တာကြောင့် ရုပ်လေးတွေက ခပ်ဆင်ဆင်ဖြစ်နေတာပါတဲ့။တချို့တွေကျတော့လည်းလက်တွဲဖော်ကို ကိုယ့်အမေနဲ့ တူတဲ့သူ၊ ကိုယ့်အဖေနဲ့ တူတဲ့သူကို တွေးထားတော့ ဒီလိုရုပ်မျိုးတွေတွေ့ရင် အလွယ်တကူ ကြိုက်မိသွားတတ်ပါတယ်။စစချင်းက ရုပ်မတူတဲ့ ရုပ်မတူတဲ့ စုံတွဲတွေ တောင်မှ နောက်ပိုင်းမှာ နေထိုင်တဲ့နေရာ၊ စားတဲ့ အစားအသောက်၊ အကျင့်တွေ တူလာတဲ့အခါကျတော့ တဖြည်းဖြည်း ကိုယ်လုံးကိုယ်ပေါက်တွေ တူလာတာ၊ ရုပ်တူလာတာတွေ ဖြစ်တတ်ပါတယ်။အလေ့အကျင့်တူလို့ ရုပ်တူလာတဲ့ စုံတွဲတွေအတွက် သူတို့ရဲ့ စားသောက်နေထိုင်ပုံက နှစ်ယောက်လုံးမှာ သက်ရောက်မှု ရှိပါတယ်။ ဥပမာ တစ်ယောက်က တစ်နေကုန် TVကြည့်လို့ နောက်တစ်ယောက်ကပါ ဘေးကနေ အဖော်လုပ်ပြီး ကြည့်နေရင် နှစ်ယောက်လုံး အထိုင်များနေမှာပါ။ဒါနဲ့ ပြောင်းပြန် မနက်တိုင်း လမ်းထလျှောက်တတ်တဲ့ ဇနီးရှိတယ်ဆိုရင် ခင်ပွန်းကိုပါကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ တိုက်တွန်းပြီးသား ဖြစ်မှာပါ။သွေးတိုးတို့ ဆီးချိုတို့ဆိုတာ လင်ကနေ မယားကို ကူးတတ်တာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့  ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အကျင့်တွေကို အတူတူလုပ်မိနေမယ်ဆိုရင်တော့ ဒီလိုနာတာရှည်ရောဂါတွေက နှစ်ယောက်လုံးမှာ ဖြစ်လာနိုင်ပါတယ်။ဒါတင် မကသေးပါဘူး။ ကိုယ့်ရဲ့သားသမီးတွေအတွက် မိဘတွေက စံနမူနာဖြစ်အောင် မနေနိုင်ခဲ့ရင် ကလေးတွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အဝလွန်တာတွေ ဖြစ်လာနိုင်ပါတယ်။စုံတွဲတွေမှာ ရုပ်တူရုံသာမက ကျန်းမာပြီး အချိန်ကြာကြာ အတူတူရှိနေဖို့စားသောက်နေထိုင်ပုံတွေကို ပြောင်းလဲပစ်ဖို့ လိုပါတယ်။နှစ်ယောက်တည်းမို့လို့ ချက်မနေနဲ့ အလုပ်ရှုပ်တယ်ဆိုပြီး အပြင်စာတွေ ခဏခဏစားမိတယ်ဆိုရင် ဒါမှမဟုတ် အိမ်မှာပဲ အသင့်စားအစားအစာတွေကို စားနေတယ်ဆိုရင် ဒီအချက်ကို ပြင်ရပါမယ်။အိမ်မှာပဲ အာဟာရပြည့်အောင် ချက်ပြုတ်စားသောက်ကြည့်ပါ။ နှစ်ယောက်အတူတကွ ချက်ပြုတ်တဲ့အခါ ပိုပြီးတော့လည်း ပျော်စရာကောင်းပါတယ်။အိမ်မှာ ချက်တဲ့အခါမှာလည်းဆီကြော်စာတွေထက် အသီးအရွက်၊ အသားငါး၊ ဥ၊ ပဲ စတာတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်ပြုတ်စားသောက်ပါ။သရေစာစားရင်လည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစေ့အဆန်တွေ၊ အသီးအနှံတွေကို ဦးစားပေး စားပါ။ အအေးတွေ၊ အရက်၊ ဘီယာတွေအစား သစ်သီးဖျော်ရည်တွေ သောက်ပေးပါ။စုံတွဲထဲက တစ်ယောက်ကလေ့ကျင့်ခန်း လုပ်ချင်ရင်တောင် တစ်ယောက်တည်းဖြစ်နေလို့ဆိုပြီး ပုံမှန်လုပ်ဖြစ်ဖို့ ခက်ပါတယ်။ ဒါကြောင့် နောက်တစ်ယောက်ကိုပါ စွဲဆောင်ပါ။ အတူတူလေ့ကျင့်ခန်း လုပ်ပါ။လေ့ကျင့်ခန်း မလုပ်ဖြစ်ရင်တောင် အတူတူရေကူးတာမျိုး၊ ကြက်တောင်ရိုက်တာမျိုး နှစ်ယောက်အတူလုပ်လို့ရတဲ့ လှုပ်ရှားမှုလေးတွေ လုပ်ပေးပါ။နှစ်ယောက်သား ညနက်အောင်TVအတူကြည့်၊ ဖုန်းသုံးမယ့်အစား စောစောအိပ်ပြီး အိပ်ချိန်ပြည့်အောင် ကြိုးစားကြည့်ပါ။ အိပ်ရေးပျက်တာက ရေရှည်မှာ အဝလွန်တာနဲ့ နာတာရှည်ရောဂါတွေကို ဖြစ်စေနိုင်တယ်လေ။ စောစောစီးစီးအိပ်ဖို့ တစ်ယောက်နဲ့ တစ်ယောက် သတိပေးပါ။ရောဂါတွေဆိုတာ စောစောသိရင် စောစောကုနိုင်တာကြောင့်ပုံမှန်ကျန်းမာရေး စစ်ဆေးဖို့လည်း လိုပါတယ်။ Screening packageတွေမှာ စုံတွဲလိုက် စစ်နိုင်အောင် စီစဉ်ပေးထားတာကြောင့် နှစ်စဉ်စစ်ဆေးကြည့်ပါ။အတူတူနေလာရင်းနဲ့ ပြင်ပပြဿနာတွေ၊နှစ်ကိုယ်ကြား ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ စိတ်ဖိစီးစရာ၊ စိုးရိမ်ပူပန်စရာတွေ ကြုံလာရနိုင်ပါတယ်။ ဒါတွေကလည်းစိတ်ကျန်းမာရေး ပြဿနာတွေပဲမို့လို့ အချင်းချင်းဖေးမပြီး နှစ်သိမ့်ပေးဖို့ လိုပါတယ်။စုံတွဲတွေဆိုတာ အချိန်ကြာလာနဲ့အမျှ ရုပ်တူလာတာတင်ဟုတ်ဘဲ ဒုက္ခ သုခတွေကိုပါ မျှဝေခံစားရပါတယ်။ ဒီထဲမှာ ကျန်းမာရေးပြဿနာတွေလည်း ပါပါတယ်။ နှစ်ဦးသား အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာ အတူနေနိုင်ဖို့ အခုကစပြီး ကျန်းမာတဲ့ အလေ့အကျင့်တွေကို မွေးမြူကြဖို့ တိုက်တွန်းလိုပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/reasons-why-many-couples-look-alike/
သင့်နှလုံးမှာ ဘယ်လို ပြဿနာတွေ ဖြစ်နိုင်သလဲ ။ ။
နှလုံးဆိုတာ လူ့ကိုယ်ခန္ဓါ တစ်ခုအတွက် တစ်ကယ်ကို အရေးအပါဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သူနဲ့ ပက်သက်ဆက်နွယ်ပြီး ဖြစ်တဲ့ ရောဂါ တွေကလည်း အများကြီးပါ။ ကြားဖူးပြီးသားဖြစ်တဲ့သူတွေလည်း ရှိကြသလိုနှလုံးရောဂါဘယ်နှစ်မျိုးရှိလဲ ။ ဘာတွေလဲဆိုတာ မသိကြသေးတဲ့သူတွေ ရှိကြမယ်လို့လည်းထင်ပါတယ်။ ဒါဆို သင့်နှလုံးမှာ ဘယ်လို ပြဿနာတွေ ဖြစ်နိုင်သလဲ ။ ။ခန္ဓါ ဗေဒအရ နှလုံးတစ်ခုကို။သင့်နှလုံးမှာ ဘယ်လို ပြဿနာတွေ ဖြစ်နိုင်သလဲ ။ ။ ဆိုတော့။အမေ့ဗိုက်ထဲမှာနေတဲ့ အချိန်တည်းက ဖွံဖြိုးမှု အပိုင်းမှာ တစ်စုံတစ်ရာချို့ယွင်းခဲ့လို့ မွေးရာပါ နှလုံးရောဂါ ဖြစ်ရတာပါ။နှလုံးကြွက်သား myocardium မှာ အများဆုံးဖြစ်တဲ့ ပြဿနာတွေပါ။နှလုံးနဲ့ သွေးကြောတွေကြားထဲက သွေးတွေ အဝင်အထွက်လုပ်ရင် အဖွင့်အပိတ်တာဝန်ကို ယူထားရတဲ့ အဆို့ရှင်လေးတွေဟာ မွေးရာပါချို့ယွင်းချက်ကြောင့်ပဲဖြစ်ဖြစ်၊ ဗိုင်းရပ်စ်ပိုး ကြောင့်ပဲဖြစ်ဖစ်၊သွေးတိုးရောဂါကြော့င့် ဖြစ်ဖြစ် ပြဿနာတက်နိုင်ပါတယ်။ ဒါ့အပြင်Endocarditisလို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် နှလုံးပိုးဝင်တဲ့အခါမှာ အဆို့ရှင်လေးတွေ ထိနိုင်သလိုrheumatic feverကြောင့် နှလုံးထိသွားတဲ့Rheumaticheart diseaseမှာလည်း အဆို့ရှင်လေးတွေ ပြင်းပြင်းထန်ထန်ထိခိုက်နိုင်ပါတယ်။အဖြစ်အများဆုံး နှလုံးရောဂါ တစ်ခုပါ ။ အသက်ကြီးလာလို့နှလုံးသွေးကြောတွေ တောင့်လာတာ၊ အဆီတွေ စားများလို့ သွေးကြောထဲ အဆီစုပြီး နှလုံး သွေးကြောကျဉ်းတာ၊ဆေးလိပ် ေကြာင့်၊စိတ်ဖိစီးမှုကြောင့်၊ သွေးကြောတွေ ကျဉ်းသွားတာမျိုးတွေဟာ(CAD)ကို ဖြစ်စေရတဲ့အကြောင်းအရင်းတွေပါ ။ ဒီလိုသွေးကြောတွေ ကျဉ်းသွားတာကြောင့်။နှလုံးခုန် စည်းချက် မမှန်တဲ့ ရောဂါ တွေဖြစ်တဲ့။ဘက်တီးရီးယားကြောင့် pericardium ရောင်တာ၊ နှလုံးနဲ့ pericardium ကြားထဲမှာ အရည်တွေ စုလာလို့ ဖြစ်တဲ့ pericardial effusion တို့ဟာလည်း ဖြစ်တတ်တဲ့ နှလုံး ရောဂါတွေပါ။အပေါ်မှာပြောထားတဲ့ အကြောင်းအရာတွေ ကြောင့် နှလုံးဆိုးဆိုးဝါးဝါးထိခိုက်ပြီး နောက်ဆုံး အဆင့်မှာ နှလုံး လုံးဝ အလုပ် မလုပ်နိုင်တော့တာမျိုးပါ။ လုံးဝကို သွေးတွေ မညှစ်နိုင်၊ မခုန်နိုင်တော့လို့ နှလုံးဆီလည်း သွေးတွေ မရောက်၊ အခြား ကိုယ်ခန္ဓါ အစိတ်အပိုင်းကိုလည်း သွေးတွေ မရောက်နိုင်တော့ဘဲ လူလည်းမောလာ၊ အသက်ရှူရခက်လာတာမျိုးပါ။ဒါတွေကတော့ နှလုံးမှာဖြစ်တတ်တဲ့ ရောဂါ အမျိုးအစားတွေပါ။ နှလုံးကိုယ်တိုင်ကြောင့်လည်းဖြစ်နိုင်လို အခြား သွေးတိုး၊ ဆီးချို၊ရောဂါ၊ စိတ်ဖိစီးမှု၊ အသက်အရွယ်၊ ကိုယ့်နဲ့နေထိုင်စားသောက်တဲ့ ပုံစံတွေနဲ့ သောက်နေတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကနေ ဒီလို နှလုံးရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/heart-diseases/
ငယ်ရွယ်စဉ်အချိန်မှာ လိင်ဆက်ဆံမှု ကြောင့် ဖြစ်နိုင်သော အန္တရာယ်များ
ငယ်ရွယ်စဉ်အချိန်မှာတော့ဆယ်ကျော်သက်တွေအတွက်အမှန်နဲ့ အမှားကို ခွဲခြားဖို့တွေ သူတို့အပြုအမူတွေရဲ့ ပြင်းထန်မှုတွေကို သတိပြုမိဖို့တွေဆိုတာ ခက်ခဲလှပါတယ်။ ဒါကပဲ ငယ်ရွယ်စဉ်အချိန်မှာ လိင်ဆက်ဆံမှု က ဘာကြောင့် ငြင်းဆန်ရခက်ခဲလဲဆိုတာရဲ့ အဖြေလည်းဖြစ်နိုင်သလို အန္တရာယ်အလွန်များတဲ့ ကိစ္စတစ်ခုလည်းဖြစ်နိုင်ပါတယ်။ မရင့်ကျက်သေးတဲ့အရွယ်မှာ လိင်ဆက်ဆံခြင်းက ရုပ်ပိုင်းဆိုင်ရာကိုသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။လိင်ကိစ္စနဲ့ ပတ်သက်လို့ ပတ်ဝန်းကျင်ရဲ့ဖိအားတွေကို ဂရုစိုက်မနေပါနဲ့။ သင့်ခန္ဓါကိုယ်ကို ဘာလုပ်လိုက်ပါတို့ ဘယ်အချိန်မှာလုပ်ပါတို့ စသဖြင့် ဘယ်သူမှ ပြောပိုင်ခွင့်မရှိပါဘူး။ လိင်ဆက်ဆံတယ်ဆိုတာလည်း အခြားသူတွေနဲ့ ဝင်ဆံ့ဖို့ နည်းလမ်းတစ်ခုမဟုတ်ပါဘူး။ မိုက်တယ်ဟ ဆိုတဲ့ ခံစားချက်မျိုးရစေမှာမဟုတ်သလို ချက်ချင်းကြီး ရင့်ကျက် အရွယ်ရောက်သွားစေမှာလည်း မဟုတ်တာ သေချာပါတယ။်။လူတိုင်းကလုပ်နေတာပဲလို့ ယူဆပြီး သင့်ကိုယ်သင်လည်း ဖိအားတွေပေးမနေပါနဲပ။ သင့်သူငယ်ချင်းတွေကတော့ သူတို့လိင်ဆက်ဆံနေကြပြိဆိုတာ ကြွားကောင်းကြွားနေပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ ကျော်ကြားဖို့၊ လူသိများဖို့ ဒါမှမဟုတ် မိုက်တယ်ဟ ဆိုပြီးအထင်ခံချင်လို့ လိမ်ညာနေတာလည်း ဖြစ်နိုင်ပါတ်ယ။ သူတို့တွေဟာ အင်တာနက်တို့၊ TV တို့နဲ့ မဂ္ဂဇင်းတွေမှာ မြင်ခဲ့ရတာတွေကို ဇာတ်လမ်းထွင်ပြောနေတာလည်း ဖြစ်နိုင်ပါတယ်။ သင့်ဖာသာ လိင်ဆက်ဆံသည်ဖြစ်စေ၊ မဆက်ဆံသည်ဖြစ်စေ၊ ဒီကိစ္စက တခြားလူတွေနဲ့ ဘာမှမဆိုင်ပါဘူး။လိင်ဆက်ဆံခြင်းကြောင့် အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကတော့ မမျှော်လင့်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းနဲ့ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေကူးစက်နိုင်ခြင်းတွေပါပဲ။ ဒီလိုရောဂါတွေထဲမှာတော့ ရေယုန်၊ chlamydia၊ လိင်အင်္ဂါကြွက်နို့၊ ကာလသားရောဂါ၊ ဂနိုးရီးယားနဲ့HIVတို့လို ရောဂါတွေ ပါဝင်ပါတယ်။ ခန္ဓါကိုယ် အပြည့်အဝမဖွံ့ဖြိုးသေးဘဲ လိင်ဆက်ဆံခြင်းက နာကျင်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ BBC ကတော့ ဆယ်ကျော်သက်အရွယ်မှာ လိင်ဆက်ဆံတဲ့ မိန်းကလေးတွေမှာ ကျန်းမာရေးပြဿနာတွေ အဖြစ်များပြီး သားအိမ်ခေါင်းကင်ဆာလို ရောဂါမျိုးတောင် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။လိင်ဆက်ဆံခြင်းဟာ သင့်ကို သင့်ရဲ့နေ့စဉ်ဘဝကနေပြီး ကာလအတော်ကြာ ခွဲခြားထားနိုင်တဲ့ ခံစားချက် ပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ တကယ်လို့များ တစ်ခုခုများယွင်းခဲ့ရင် ဒါဟာ မမေ့ပျောက်နိုင်တော့တဲ့ အမာရွတ်အဖြစ်ကျန်ခဲ့ပြီး ဒါကြီးက သူတို့ဘဝတစ်လျှောက်လုံးကို လိုက်ပြီးခြောက်လှန့်နေတော့မှာပါ။ငယ်ရွယ်စဉ်အချိန်မှာ လိင်ဆက်ဆံမှု ရွိနေတဲ့ ဆယ်ကျော်သက်အများစုအတွက်ကတော့ ကိုယ်ဝန်ရသွားမှာ ဒါမှမဟုတ် လိင်ကတစ်ဆင့် ရောဂါတွေ ကူးစက်လာမှာကို ကြောက်တဲ့စိတ်ဟာ ပြင်းထန်တဲ့ စိတ်ဖိအားတွေကို ခံစားရစေပါတယ်။လိင်မှုကိစ္စနဲ့ ပတ်သက်လိုက်တဲ့ ပတ်သက်မှုတွေအဆုံးမှာတော့ ယောက်ျားလေးရော၊ မိန်းကလေးတွေပါ သိသာထင်ရှားတဲ့ နောင်တတွေကို ပိုင်ဆိုင်ကြရပါတယ်။ ဒါပေမဲ့ မိန်းကလေးတွေက အများအားဖြင့် ယောက်ျားလေးတွေထက် ပိုပြီး ထိခိုက်ခံစားရပါတယ်။ ပြည့်စုံအောင်ပြောရမယ်ဆိုရင်တော့ လေ့လာမှုတွေအရ ယောက်ျားလေးနဲ့ မိန်းကလေးတွေကြားမှာ ကွာခြားချက်တွေ ရှိပါတယ်။ လိင်မှုကိစ္စအတွက်မှာတော့ မိန်းကလေးတွေဟာ လိင်မှုရေးရာကို သူတို့ကြားထဲက နှောင်ကြိုးတွေခိုင်မာဖို့နဲ့ ရင်းနှီးမှုတွေ ပိုလာဖို့အတွက် လို့ တွေးတတ်ကြပြီး ယောက်ျားလေးတွေကတော့ ဒါဟာ သာယာမှုတစ်မျိုးပဲလို့ ခံယူတတ်ကြတာပါ။အပြစ်ရှိတယ်လို့ ခံစားရခြင်းဟာလည်း နောင်တရခြင်းရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ ဝမ်းသာစရာတစ်ခုကတော့ ဒါဟာ သင့်ရဲ့ အသိတရားက ရှင်သန်နေဆဲဖြစ်ပြီး အလုပ်ဖြစ်နေဆဲဖြစ်တာကြောင့် သင်ဟာ ကျန်းမာနေဆဲပါလို့ ဆိုပါတယ။် အပြစ်ရှိတယ်လို့ ခံစားရခြင်းဟာ အနာဂတ်မှာလည်း ဒီလို ခံစားမှုမျိုးပြန်ရစေမယ့် မှားယွင်းတဲ့ အပြုအမူတွေလုပ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ယှဉ်ကြည့်တဲ့အခါမှာ မိန်းကလေးတွေက ယောက်ျားလေးတွေထက်ပိုပြီး အပြစ်ရှိတယ်လို့ ခံစားရပါတယ။် အထူးသဖြင့်တော့ သူတို့တွေက အရက်နဲ့ မူးယစ်ဆေးကြောင့် လိင်ရဲ့သားကောင် ဖြစ်ခဲ့ရရင်ပေါ့။ဆယ်ကျော်သက်အများစု အနီးစပ်ဆုံးဆိုရရင် တစ်နှစ်ကို ၃၀၀၀၀၀ လောက်ဟာ သူတို့မှာ ကိုယ်ဝန်ရှိနေပြီလို့ သိလိုက်တာနဲ့ ကိုယ်ဝန်ဖျက်ချဖို့ ကြိုးစားကြပါတယ်။ ကိုယ်ဝန်ဖျက်ချတယ်ဆိုတာ လူတစ်ယောက်ရဲ့အသက်ကို အဆုံးသတ်ပေးလိုက်တာပါပဲ။ ၁၈ရက်မြောက်မှာပဲ နှလုံးခခုန်နေတာ၊ တိုင်းတာနိုင်တဲ့ ဦးနှောက်လှိုင်းတွေက ရက်သတ္တ၆ပတ်မှာ ပေါ်နေတဲ့ လူတစ်ယောက်ကို သတ်ပစ်လိုက်တာပါ။အမျိုးသမီးအများစုဟာ ကိုယ်ဝန်ဖျက်ချပြီးတဲ့နောက်မှာတော့ စိတ်ဓါတ်ကျဆင်းမှုတွေခံစားရပါတယ်။ သူတို့တွေဟာ စိတ်ဓါတ်ကျတာတွေ၊ အိပ်မက်ဆိုးတွေ၊ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုတွေ ဆုံးရှုံးတာတွေနဲ့ အပြစ်ရှိတဲ့ခံစားမှုတွေ စတဲ့ အရာတွေ အားလုံးကို ခံစားကြရပါတယ်။ အချို့သူတွေကတော့ ဒီလိုမျိုးတွေ ခံစားရတာပေမယ့် အချို့လူတွေကတော့ ဒါတွေကို သိပ်ကြာကြာမခံစားနေရပါဘူး။လိင်ကိစ္စကို သင်လုပ်သင့်သည်ဖြစ်စေ၊ မလုပ်သင့်ဘူးဖြစ်စေ။ ဒါဟာသင့်ရဲ့ရွေးချယ်မှုပါပဲ။ သင့်ကို တားမြစ်ဖို့တွေနဲ့ ဒါတွေလုပ်ဖို့တိုက်တွန်းမှုတွေ လုပ်နိုင်ဖို့ ဘယ်သူ့မှာမှ အခွင့်အရေးမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် သင့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို မချလိုက်ခင်မှာအရွယ်မရောက်သေးဘဲ လိင်ဆက်ဆံတာက ယောက်ျားလေးအတွက်ရော မိန်းကလေးအတွက်ပါ နောက်ဆက်တွဲပြဿနာတွေ အကြီးအကျယ်ဖြစ်နိုင်တယ်ဆိုတာကို စိတ်ထဲမှာ မြဲနေအောင် မှတ်ထားပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/%e1%80%84%e1%80%9a%e1%80%ba%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%85%e1%80%89%e1%80%ba%e1%80%a1%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%9c%e1%80%ad%e1%80%84/
သင့်မှာ သွေးတိုးရှိနေရင် သင့်ကိုယ်သင် ဘယ်လိုဂရုစိုက်ရမလဲ
သင့်ရဲ့သွေးပေါင်ချိန်ကိုထိန်းဖို့နည်းလမ်း ၈ သွယ်ရှိပါတယ်။နေထိုင်မှုပုံစံတိုးတက်ပြောင်းလဲဖို့ကလည်းအရေးကြီးပါတယ်။ ဒါကသင့်ရဲ့သွေးတိုးကိုဆေးသောက်စရာမလိုဘဲကျစေပါတယ်။ နေထိုင်မှုပုံစံပြောင်းလဲခြင်းက သွေးတိုးကိုကြိုတင်ကာကွယ်ဖို့အတွက်အရေးကြီးသလိုထိန်းချုပ်ဖို့အတွက်လည်းအရေးပါပါတယ်။ ဒါကို နေထိုင်မှုစနစ်ကုသနည်းလို့စိတ်ထဲကမှတ်ယူပြီးစိတ်အားထက်သန်စွာလိုက်နာပါ။တကယ်လိုသင့်မှာသွေးတိုးရှိနေပြီဆိုရင် (သို့) သွေးတိုးဖြစ်ပွားဖြစ်နိုင်ချေမြင့်စေသောအရာအချို့ရှိနေလို့သွေးတိုးဖြစ်မှာစိုးရိမ်တယ်ဆိုရင် သင်သိထားရမှာတစ်ခုက သွေးတိုးဟာကုသမရပေမယ့်ထိန်း ချုပ်လို့ရတယ်ဆိုတာပါပဲ။ကျန်းမာတဲ့ နေထိုင်မှုပုံစံကိုသင်ပြောင်းလဲလိုက်တဲ့အခါသင်ဟာ။သွေးတိုးရှိနေတဲ့သူတွေရဲ့၂၀ရာခိုင်နှုန်းကသူတို့သွေးတိုးရှိနေမှန်းမသိကြပါဘူး။ ဒီလက္ခဏာမပြတဲ့သွေးတိုးကသူတို့ကိုနောက်ပိုင်းဆိုးရွားတဲ့ကျန်းမာရေးပြသနာတွေနဲ့ကြုံလာစေနိုင်ပါတယ်။ သင်ကအဲဒီထဲကတစ်ယောက်လား။ သင့်မှာသွေးတိုးရှိမရှိမသိဘူးဆိုရင်တော့ဆရာဝန်ဆီမှာသွားရောက်စမ်းသပ်စစ်ဆေးပါ။သွေးတိုးမှာကျန်းမာရေးနဲ့သင့်တော်တဲ့နှုန်းဆိုတာမရှိပါဘူး။ ဒီရောဂါနဲ့ပတ်သက်ပြီး ပေါ့ပေါ့မတွေးပါနဲ့။ သင့်ရဲ့ဆရာဝန်နဲ့ကုသနည်းတွေကိုဆွေးနွေးပြီး သွေးတိုးကိုထိန်းချုပ်ဖို့သင်လုပ်ရမယ့်အပိုင်းတွေကိုလည်း သေချာလုပ်ပါ။တကယ်လို့သင့်သွေးပေါင်ချိန်ကပုံမှန်ဆိုရင်တောင်(အပေါ်သွေး 120 mmHg အောက်၊ အောက်သွေး 80mmHg အောက်) သွေးတိုးဖြစ်မလာအောင်ကာကွယ်ရပါမယ်။ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းကကျန်းမာတဲ့ဘဝကိုရစေနိုင်ပါတယ်။နားနေချိန်တိုင်းသော သွေးပေါင်ချိန်သည် သွေးတိုးအကြိုအဆင့် (အပေါ်သွေး 120 နဲ့ 139 mmHg ကြား ၊ အောက်သွေး 80 နဲ့89 mmHg ကြား) တွင်းရောက်နေလျှင် သင့်ဆရာဝန်က နေထိုင်မှုပုံစံပြောင်းလဲခိုင်းပါလိမ့်မယ်။တကယ်လို့သင့်သွေးတိုးက 140/90 ဒါမှမဟုတ်အဲဒီထက်မြင့်နေမယ်ဆိုရင်သင့်ဆရာဝန်ကသင့်အတွက်ဆေးနည်းတွေပေးပြီး နေထိုင်မှုပုံစံ ပြောင်းလဲဖို့ပါ ပြောပါလိမ့်မယ်။ သင့်ဘဝတစ်လျှောက်လုံးနေ့တိုင်းဆေးတွေသောက်ခိုင်းမယ်ဆိုရင်တောင်ဆရာဝန်ရဲ့ညွှန်ကြားချက်ကိုလိုက်နာပါ။ သွေးတိုးရောဂါက ဘဝတစ်လျှောက်လုံးဖြစ်တဲ့ရောဂါဖြစ်တဲ့အတွက်ဆရာဝန်နဲ့ပူးပေါင်းပါ။ ထိုနည်းအားဖြင့် ကုသမှုပန်းတိုင်ရောက်ရှိကာ ကျန်းမာသော ပျော်ရွှင်သော ဘဝကို ရပါစေ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%b7%e1%80%99%e1%80%bd%e1%80%ac-%e2%80%8b%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%bd%e1%80%ad%e2%80%8b%e1%80%b1/
5 ပတ်သားကလေး
ဘယ်လိုဖွံ့ဖြိုးလာလဲ။ပထမဆုံးတစ်လပြည့်ပြီး အပတ်မှာပဲ သင့်ရင်သွေးလေးဟာ သူတို့မှောက်လျက်အနေအထားမှာဖြစ်ဖြစ် ခဏလောက်လေး ခေါင်းမော့နိုင်နေပါပြီ။ ဒါ့အပြင် တခြားလူတွေရဲ့မျက်နှာတွေကိုလည်း အာရုံစိုက်ကြည့်တတ်လာပြီ၊ အထူးသဖြင့် သူ့အနားမှာ အမြဲစောင့်ရှောက်နေတဲ့ သင့်ကိုပေါ့။ခုအချိန်မှာဆိုရင် ကလေးလေးတွေဟာ တအီအီတအဲအဲ နဲ့ သူ့တို့ခံစားချက်လေးတွေကို အသံမျိုးစုံနဲ့ ဖော်ပြတတ်လာပြီ တခါတရံမှာ အသံစူးနေအောင်ထအော်တာမျိုး၊ ခိုးခိုးခစ်ခစ်ရယ်တာမျိုးလေးတွေပါ ရှိလာတတ်ပါတယ်။သူ့ကိုဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ။သူတို့ကိုမြှူပါ၊ စနောက်ပါ၊ အမြဲသူတို့ကိုပြန်ဖြေပါ၊ စကားလေးတွေပြောပေးနေပါ။ ဒီအချိန်မှာဆိုရင် သူတို့ကအာရုံစိုက်မှုရတာကို နှစ်ခြိုက်တတ်လာပါပြီ။ ဒါကြောင့် သူတို့နဲ့တိုက်ရိုက်စကားတွေပြောပေးပါ။ ကလေးလေးတွေနဲ့အဆင်ပြေမယ့်ပုံစံမျိုးနဲ့ ပြောတာမျိုး၊ စကားလေးတွေသင်ပေးတာမျိုးလည်း ပြုလုပ်ပေးပါ။ ရင်သွေးလေးနဲ့ အမြဲဆက်သွယ်ပြောဆိုနေတာဟာ သူနဲ့မိခင်ကြားမှရင်းနှီးမှုတွေတိုးလာစေပါတယ်။ဆရာဝန်နဲ့ ဘာတွေဆွေးနွေးသင့်လဲ။သင့်ကလေးရဲ့ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ဆရာဝန်ကရက်ချိန်းပေးစစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ပါတယ်။ ဒါပေမယ့် ခုအချိန်မှာ ဆေးခန်းသွားပြခဲ့ရင်တော့ ဒီအရာတွေ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ဘာသိသင့်လဲ။သင်သိသင့်တဲ့အရာတစ်ချို့ကတော့။ပြန်ထွေးထုတ်ခြင်း။ပထမလအနည်းငယ်မှာဆိုရင် ကလေးငယ်လေးတွေဟာ ကျွေးတာကို ထွေးထွေးထုတ်တတ်ကြပါတယ်၊ တချို့ဆိုရင် ကျွေးသမျှပြန်ထွေးထုတ်တတ်တယ်။ တခါတလေမှာတော့ သူတို့စားတာများနေပြီဖြစ်တဲ့အတွက် ဉာဏ်ရှိရှိနဲ့ တမင်ထွေးထုတ်ကြတာဖြစ်တယ်။ ဒီလိုထွေးထုတ်တတ်တာအတွက် ဖြေရှင်းလို့ရမယ့်နည်းတော့မရှိပေမယ့် တခါတလေမှာ သူတို့စားချိန်မရောက်ခင်မှာ ပါးစပ်နဲ့လေရှူပြီး လေတွေမျိုချခြင်းကို လျှော့ချကြည့်နိုင်ပါတယ်။ သာမန်ထွေးထုတ်ခြင်းဟာ ကုသနည်းမရှိသလို စိုးရိမ်စရာမရှိပေမယ့် တချို့သောထွေးထုတ်ခြင်းတွေကတော့ ပြဿနာတစ်ချို့ကိုညွှန်ပြနေတာပါ။ တကယ်လို့ကလေးက ကိုယ်အလေးချိန်တွေကျလာတယ်၊ ပျို့နေတယ်၊ ချောင်းဆိုးနေတယ်၊ ဒါမှမဟုတ် အညိုရောင်၊ အစိမ်းရောင်တွေ အန်နေတယ်ဆိုရင်တော့ ဆရာဝန်ချက်ခြင်းသွားပြပါ။နို့နှင့်မတည့်ခြင်း။နို့နဲ့မတည့်ခြင်းဟာ ကလေးတွေမှာ တွေ့ရတတ်တဲ့ အစာမတည့်ခြင်းတစ်မျိုးပါ။ နို့မတည့်ခြင်း ပြင်းပြင်းထန်ထန်ရှိတဲ့ ကလေးတွေဟာ ခဏခဏအန်ခြင်း၊ ဝမ်းအရည်များသွားခြင်းရှိတတ်ပြီး တခါတလေဝမ်းထဲမှာ သွေးစများပါပါတတ်ပါတယ်။ တချို့နို့နဲ့မတည့်သော ကလေးတွေဟာဆိုရင် နို့နဲ့ထိတွေ့မိပါက နှင်းခူ၊ ယားနာများပေါက်ခြင်း၊ နှာရည်ထွက်ခြင်း၊ နှာပိတ်ခြင်းတွေပါဖြစ်တတ်ပါတယ်။ နို့နဲ့တည့်မတည့် ကြိုစမ်းသပ်လို့ရနိုင်မယ့်နည်းမရှိဘဲ ထိုကဲ့သို့ကြုံလာမှသာ သိနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ သင့်ကလေးမှာ နို့နဲ့မတည့်တဲ့လက္ခဏာတွေတွေ့နေပါက တစ်ခုခုမဆောင်ရွက်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။ဝမ်းအခြေအနေ။မိခင်နို့တိုက်ကျွေးတဲ့ ကလေးငယ်တွေမှာ ဝမ်းပျော့ပျော့သွားတာ၊ တခါတလေ ဝမ်းအရည်များသွားခြင်းဟာ သာမန်အခြေအနေဖြစ်ပါတယ်။ ဒါပေမယ့် အနံ့ပြင်းပြီး ချွဲတွေပါလာတတ်တဲ့ ဝမ်းအရည်တွေခဏခဏသွားနေရင်မယ်၊ ကိုယ်အလေးချိန်လျော့တာတွေ၊ ဖျားတာတွေပါရှိမယ်ဆိုရင်တော့ ဝမ်းလျှောတဲ့အခြေအနေဖြစ်နေပြီး မိခင်နို့တစ်မျိုးထဲသောက်နေတဲ့ ကလေးတွေမှာ ဖြစ်လေ့မရှိသင့်တဲ့အခြေအနေဖြစ်ပါတယ်။ တကယ်လို့ ဝမ်းလျှောခဲ့ရင်လည်း မိခင်နို့တစ်မျိုးသာသောက်သုံးတဲ့ကလေးတွေက နို့ဘူးသောက်ကလေးတွေထက် ပိုမြန်မြန်ပြန်ကောင်းနိုင်ပါတယ်။တချို့သောနို့ဘူးသောက်ကလေးငယ်တွေဟာ တခါတရံ ဝမ်းသွားတာ သုံးလေးရက်လောက်ခြားတတ်ပေမယ့် ဒါကသာမန်ပါ။ ဒါပေမယ့် တကယ်လို့ သူတို့ဝမ်းကပုံစံပျက်နေရင် ဒါမှမဟုတ် မာခဲနေရင် ဒါမှမဟုတ် စအိုဝထိခိုက် ကွဲရှနေပြီး နာကျင်မှုရှိရင်၊ သွေးစသွေးနပါလာတတ်ရင်တော့ ကလေးဟာဝမ်းချုပ်နေပါပြီ။ ကလေးဝမ်းချုပ်နေမှန်းသိလျှင်သိချင်း ဆရာဝန်နဲ့အမြန်ဆုံးဆက်သွယ်သင့်ပါတယ်။ ဒီအခြေအနေအတွက် ဆရာဝန်ရဲ့ညွှန်ကြားချက် အကြံဉာဏ်အတိုင်း ကလေးကိုရေများများသောက်စေသင့်ပါတယ်။ဘာတွေစိတ်ပူလဲ။ခုအချိန်မှာဆိုရင် သင်သတိထားသင့်တာတွေအများကြီးရှိပါတယ်။ပထမအနေနဲ့ ကလေးဟာအာဟာရလုံလုံလောက်လောက်ရရဲ့လားဆိုတာ ဒီအချက်တွေကိုသတိထားကြည့်သင့်ပါတယ်။သင့်ကလေးလေးကောင်းကောင်းအိပ်ရန် ဒီအချက်တွေလုပ်ပေးနိုင်ပါတယ်။ငါးပတ်မြောက်ရက်သတ္တပတ်ကို ဖြတ်သန်းလာခဲ့ပြီးပြီဆိုရင်တော့ ဂုဏ်ယူပါတယ်။နောက်တစ်ပတ်မှာလည်း သင့်ကလေးလေးက ဘယ်လိုဖွံ့ဖြိုးပြောင်းလဲဦးမလဲ ကြည့်လိုက်ရအောင်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/5-%e1%80%95%e1%80%90%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%b1%e1%80%9c%e1%80%b8/
PCR က ကိုဗစ်ရောဂါကို ဘယ်လောက်တိတိကျကျ စစ်ပေးနိုင်လဲ။
ကိုဗစ်နဲ့ ပတ်သက်လာရရင် စစ်ဆေးတဲ့ နည်းက PCR လို့ ခေါ်တဲ့ တစ်ရက်နီးပါးလောက် နေမှ အဖြေထွက်တဲ့ စစ်ဆေးနည်းရယ်၊Antigen testလို့ခေါ်တဲ့ ၁၅မိနစ်၊ နာရီဝက်လောက်နဲ့ ထွက်တဲ့ စစ်ဆေးနည်းရယ်၊Antibody testလို့ ခေါ်တဲ့ အရင်က ရောဂါဖြစ်ဖူးသလားကို စစ်ဆေးနည်းရယ်ဆိုပြီး ရှိပါတယ်။ဘယ်စစ်ဆေးနည်းကို ဘယ်မှာ သုံးလဲဆိုတာ ဒီမှာပြန်ဖတ်နိုင်ပါတယ်။ခုပြောပြပေးမှာက ကိုဗစ်ရောဂါရှာဖွေတဲ့ နေရာမှာ အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့PCR စစ်ဆေးနည်းပဲ ဖြစ်ပါတယ်။PCR ဆိုပေမယ့် ကိုဗစ်အတွက် တိတိကျကျ ပြောမယ်ဆိုရင် RT- PCRလို့ ခေါ်ပါတယ်။ Reverse transcriptase – Polymerase Chain Reaction ဖြစ်ပါတယ်။ ကိုဗစ်ဖြစ်စေတဲ့ ဗိုင်းရပ်စ်က RNA ဗိုင်းရပ်စ် ဖြစ်တဲ့အတွက် DNAဖြစ်အောင် အင်ဇိုင်းတစ်ဆင့်ခံပြီး ပြောင်းရလို့ ရှေ့မှာ RT ပါသွားတာပါ။PCR နဲ့ စစ်ဖို့ဆိုရင်။-အရင်ဆုံး ဆရာဝန်၊ သူနာပြု၊ ဆေးပညာရှင် တစ်ယောက်ယောက်က အာခေါင် ဒါမှမဟုတ်နှာခေါင်းတို့ဖတ်ယူရပါတယ်။-ပြီးရင် သန့်စင်တဲ့ ဘူးထဲကို ထည့်၊ လုံအောင်ပိတ်ပြီး ဓာတ်ခွဲခန်းကို ပို့ရပါတယ်။-ဒီလိုပို့တဲ့ နေရာမှာ လမ်းမှာ တို့ဖတ်တွေ မပျက်စီးအောင် အပူချိန်တစ်ခုမှာ ထိန်းပြီး သယ်သွားရပါတယ်။ နမူနာယူပြီး ၇၂ နာရီအတွင်း စစ်ဆေးရပါတယ်။-ဓာတ်ခွဲခန်းကို ရောက်ရင် ပညာရှင်က RNAပဲ ရအောင် အရည်တစ်မျိုး ရောရပါတယ်။ ဒါမှ တခြားမလိုအပ်တဲ့ ပရိုတင်းတွေ ရောပြီး ပါမလာမှာပါ။-ပြီးရင် primersတို့၊ probesတို့ သုံးပြီး စက်ထဲမှာ ထည့်လည်ရပါတယ်။ ဒီလို လည်တဲ့အခါ အပူချိန်ကို အတိုးအလျော့လုပ်၊ RNA ကနေ  DNAကို ပြောင်း၊ ပြီးရင် ပိုးတွေကို ပွားလာအောင် အကြိမ်ကြိမ် လှည့်ရပါတယ်။ တစ်ခါလှည့်ရင် ၂ဆပွားပါတယ်။-ဒီလို အကြိမ်ကြိမ်အခါခါ လှည့်ပြီး စက်ကဖတ်နိုင်တဲ့ အနေအထားတစ်ခုရောက်ပြီဆိုရင် ‘ပိုးရှိ’ positiveလို့ အဖြေထွက်ပါတယ်။ ဒီလို အကြိမ်ကြိမ်အခါခါ လှည့်ပြီး ပိုးတွေပွားတာကိုတော့ cycle threshold လို့ ခေါ်ပါတယ်။Cycle threshold is inversely related to viral load လို့ ပြောကြပါတယ်။ ဆိုလိုတာကဗိုင်းရပ်စ် ပမာဏများလေလေ၊ ပွားဖို့ နည်းနည်းပဲ လှည့်ရလေလေ၊ Ctနည်းနည်းနဲ့ ပိုးရှိ အဖြေထွက်လေပါ။ ဒါနဲ့ ပြောင်းပြန်။ ပိုးနည်းမယ်ဆိုရင်တော့ များများလှည့်ရတဲ့အတွက် Ct များမှာပါ။ဒီနေရာမှာ ဘယ်လောက်လှည့်ရမယ်ဆိုတဲ့ စံသတ်မှတ်ချက်တွေလည်း မရှိပါဘူး။ ဓာတ်ခွဲခန်းတစ်ခုနဲ့ တစ်ခုလည်း မတူပါဘူး။ နိုင်ငံခြားက ဓာတ်ခွဲခန်းတွေတောင် ၃၀ကျော်၊ ၄၀နီးပါးလောက်ထိ လှည့်ကြပါတယ်။Ctကို ကြည့်ပြီး ပိုးရှိခြင်း မရှိခြင်းထက် ပိုးပမာဏကိုပဲ စိတ်ဝင်စားကြပါတယ်။ ဆိုလိုတာက Ctနည်းရင် ပိုးပမာဏ များတဲ့အတွက် လူနာက အခြေအနေဆိုးနိုင်မလား၊ ပြောင်းပြန် Ct များရင် ပိုးပမာဏ နည်းတဲ့အတွက် လူနာက လက္ခဏာမပြဘဲ လူကောင်းအတိုင်းလို ဖြစ်နေမလား စသဖြင့် ဓာတ်ခွဲခန်းက အဖြေနဲ့ လက်တွေ့လူနာအခြေအနေနဲ့ကိုပဲ စိတ်ဝင်စားပြီး သုတေသနတွေ လုပ်နေကြပါတယ်။Ctနဲ့ ပိုးရှိမရှိက သိပ်ပြီး မဆက်စပ်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ ပိုးရှိမှ စပွားလို့ရမှာမို့လို့ပါ။ ဥပမာ ပိုးတစ်ကောင်လောက်ရှိမှာ တစ်ကောင်ကနေ ၂ကောင်၊ ၂ကောင်ကနေ ၄ကောင် ဒီလို ဆတိုးပွားလို့ရမှာမို့လို့ပါ။PCR မှာ 80%sensitivityနဲ့ 98-99%specificityရှိပါတယ်။ ၁၀၀ရာခိုင်နှုန်း မှန်တဲ့ ဆေးစစ်ချက်ဆိုတာ မရှိတဲ့အတွက် လက်ရှိမှာတော့ ကိုဗစ်အတွက် PCRက အတိကျဆုံးပါပဲ။ လူထုကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးဖို့အတွက်ဆို testတစ်ခုက အနည်းဆုံး 80% sensitivity ရှိရပါမယ်။ ဒါကြောင့်လည်း PCR ကို နိုင်ငံတိုင်းက လက်ခံထားတာပါ။80% sensitivityဆိုတာ ပိုးရှိရင် ရှိကြောင်း ပြနိုင်တာ ၈၀ရာခိုင်နှုန်းပါ။ ဒါဆို ကျန်တဲ့ ၂၀ရာခိုင်နှုန်းကရောလို့ မေးစရာရှိပါတယ်။ ဆေးစစ်ချက်မှာ positiveမထွက်သည့်တိုင် တခြားဆေးစစ်ချက်တွေ၊ လက္ခဏာတွေအရ ကိုဗစ်နဲ့ တူနေရင် ကိုဗစ်လိုပဲ သဘောထားပြီး ကုပါတယ်။ လိုအပ်ရင် ထပ်စစ်ပါတယ်။ ကွာရန်တင်း အပြည့်ဝင်ရပါတယ်။ စစ်ဆေးတဲ့ နေရာမှာ ချွတ်ချော်မှု မဖြစ်အောင်လို့ ကျွမ်းကျင်ပညာရှင်တွေကပဲ စစ်ဆေးပေးပါတယ်။၈၀ရာခိုင်နှုန်းလို့ ဆိုပေမယ့် လက်တွေ့မှာ ၁၁ ရက်ကျော်လို့ သူများကို မကူးနိုင်တော့သည်တိုင် PCR မှာ ပိုးရှိ အဖြေပြနိုင်ပါသေးတယ်။ ဆိုလိုတာက၁၁ရက်ကျော်ရင် လူမှာရှိတဲ့ ပိုးက သူများကို ဒုက္ခမပေးနိုင်တော့တဲ့၊ မကူးနိုင်တော့တဲ့ ပိုးအပိုင်းအစလေးအနေနဲ့ပဲ ရှိနေပါတော့တယ်။  PCRက ဗိုင်းရပ်စ်ကို ရှာနိုင်ပါသေးတယ်။ ပိုးဝင်ပြီး  ၁လလောက်အထိ ပိုးကို ရှာနိုင်ပါသေးတယ်။ ဒါပေမယ့် သူများကို မကူးနိုင်တော့တဲ့အတွက် ၁၁ရက်ပြည့်လို့ လူနာအခြေအနေကောင်းရင် PCRထပ်မစစ်ဘဲ အိမ်ပေးပြန်ပါတယ်။98-99% specificity ဆိုတာ ပိုးမရှိရင် မရှိကြောင်း ၉၉ရာခိုင်နှုန်းထိ သေချာပါတယ်။ ဒါကြောင့် သူများနိုင်ငံကလူတွေ ကိုယ့်ဆီလာတာပဲ ဖြစ်ဖြစ်၊ ကိုယ်က သူများဆီသွားတာဖြစ်ဖြစ် PCRအဖြေပြရပါတယ်။ တစ်ကမ္ဘာလုံး ဒီအဖြေပဲ ကြည့်ပါတယ်။ PCR မှာ ပိုးမရှိ အဖြေထွက်ရင် တကယ်မရှိတာဖြစ်တဲ့အတွက် ပြည်ဝင်ခွင့်ပေးပါတယ်။ခုထက်ထိတော့ PCRက ကိုဗစ်အတွက် တစ်ကမ္ဘာလုံးက လက်ခံထားတဲ့ အကောင်းဆုံး ဆေးစစ်ချက်ပါ။Test kitနဲ့ စစ်ပြီး အဖြေ မသေချာရင်တောင် PCRနဲ့ပဲ ပြန်ပြီး အတည်ပြုပါတယ်။ ခုထက်ထိတော့ PCRက Gold standardလို့ ပြောလို့ရပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/pcr-and-covid-19/
သွားမတိုက်ရင် ကင်ဆာဖြစ်မယ် သတိထား
သွားနဲ့ခံတွင်းကျန်းမာရေးအတွက် အခြေခံအကျဆုံး လုပ်ဆောင်ပေးရမယ့် အချက်ကသွားတိုက်တာပါပဲ။ တစ်နေ့ကို ၂ ကြိမ်လောက် ပုံမှန်သွားတိုက်ပေးဖို့ လိုအပ်ပါတယ်။ခံတွင်းဆိုတာ လူ့ကျန်းမာရေးရဲ့ အဓိကအကျဆုံး နေရာလို့ ဆိုကြတယ်။ခန္ဓာကိုယ်အတွက် အားဖြစ်စေမယ့် အစာအာဟာရအားလုံးဟာ ခံတွင်းကနေတဆင့် ကိုယ်တွင်းကို ဝင်ကြရတယ်မဟုတ်လား။ဒီတော့ စားလိုက်သောက်လိုက်တိုင်းမှာ ကပ်ညိကျန်ခဲ့တဲ့ သွားကြားက အစားအစာအကြွင်းအကျန်တွေကို သွားတိုက်တဲ့ နည်းလမ်းနဲ့ ဖယ်ရှားကြရတာပါ။ ဒီလို ပုံမှန်မဖယ်ရှားပေးရင် ခံတွင်းတစ်ခုလုံးရဲ့ ကျန်းမာရေးကို ထိခိုက်သွားစေမှာဖြစ်ပါတယ်။သွားပုံမှန်မတိုက်တဲ့အခါ သွားဖုံးသွေးယိုတာ၊သွားပိုးစားတာနဲ့ ခံတွင်းအနံ့ဆိုးတာအပါအဝင် ဆိုးကျိုးတွေ အများကြီးကြုံရနိုင်ပါတယ်။ အဆိုးဆုံး ကျန်းမာရေး ပြဿနာကတော့ ပါးစောင်ကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေဖြစ်စေတာပါပဲ။ပုံမှန်သွားမတိုက်ခြင်းဟာ ကင်ဆာဖြစ်နိုင်ခြေကို တိုးပွားစေတယ်လို့ နှစ်ပေါင်း ၂၀ ကြာ သုတေသနပြု လေ့လာချက်တွေကို အခြေခံပြီး ဘော်စတွန်တက္ကသိုလ်က ထုတ်ပြန်လိုက်ပါတယ်။အဓိကဖြစ်စေနိုင်တဲ့ကင်ဆာဝေဒနာတွေကတော့ ပါးစောင်ကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေဖြစ်တယ်လို့ ဆိုပါတယ်။သွားကို ပုံမှန်တိုက်ပေးတာမျိုး မလုပ်တဲ့လူတွေဟာ သာမန်လူတွေထက် သွားဖုံးနဲ့သက်ဆိုင်တဲ့ ရောဂါတွေဖြစ်နိုင်ခြေ ၅၂% အထိမြင့်မားနေမှာဖြစ်ပြီး အဲ့ဒီကနေတဆင့် အသက်အရွယ်ကြီးမြင့်ချိန်မှာ ကင်ဆာဖြစ်နိုင်ခြေပါ လိုက်ပါမြင့်မားလာတာဖြစ်ပါတယ်။ဒါ့အပြင် ပုံမှန်သွားမတိုက်ခြင်းကြောင့်သွားဆုံးရှုံးနိုင်ခြေလည်း မြင့်မားတယ်လို့ဆိုပါတယ်။ NHS ရဲ့ အဆိုအရလည်း ခံတွင်းသန့်ရှင်းမှုကို အလေးအထားတာဟာ သွားဖုံးနဲ့သက်ဆိုင်တဲ့ ဝေဒနာတွေ ခံစားရစေတဲ့ အဓိက အကြောင်းတရားလို့ဆိုထားပါတယ်။ပြီးတော့ ခံတွင်းမသန့်ရှင်းမှုကြောင့်နှလုံးရောဂါနဲ့ ဘက်တီးရီးယားပိုးကူးစက်ခံရတဲ့ရောဂါတွေလည်း ဖြစ်နိုင်ခြေမြင့်မားနေဦးမှာပါ။ဒီသုတေသနကို ဘော်စတွန်အခြေစိုက် ဟားဗက် ဆေးပညာကျောင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး အမျိုးသား ၁ သိန်းနီးပါးနဲ့ အမျိုးသမီး ၅ သောင်းနီးပါးကို နှစ် ၂၀ ကြာ စမ်းသပ်သုတေသနပြုခဲ့တာဖြစ်ပါတယ်။ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက် အရေးပါလှတဲ့ ခံတွင်း သန့်ရှင်းရေးကို သွားတိုက်တာကနေ စတင်ဖို့ လိုအပ်တယ်ဆိုတာကို နားလည်လောက်ပြီလို့ ထင်ပါတယ်။တစ်နေ့ကို သွားနှစ်ကြိမ်တိုက်ပေးဖို့ ပျက်ကွက်လိုက်ရုံနဲ့ တစ်ဘဝလုံးစာ သက်ရောက်သွားမယ် ရောဂါကြီးတွေဖြစ်သွားနိုင်တယ်လေ။ မိနစ်အနည်းငယ်လောက် ပျက်ကွက်လိုက်တာက နောင်တစ်ချိန်မှာ နောင်တအကြီးကြီးရစရာတွေဖြစ်လာနိုင်တာမို့ သတိထားရပါမယ်။သွားတိုက်ရာမှာလည်း စနစ်တကျသန့်စင်စေဖို့ အောက်ပါနည်လမ်းတွေကို လိုက်နာဖို့လိုအပ်ပါတယ်။ဒီတော့ ဒီနေ့ကနေစပြီး သွားတိုက်ဖို့ မမေ့ကြနဲ့နော်။ သွားကို သန့်စင်အောင်ထားမှ လူလည်းကျန်းမာမှာမို့ပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/not-brushing-teeth-increases-chance-developing-cancer/
စိုးရိမ်ကြောင့်ကြပူပန်မှုတွေက သွေးတိုးစေသလား
စိတ်ဖိစီးမှုတွေဖိအားတွေစိုးရိမ်ကြောင့်ကြမှုတွေက ယေဘူယျအားဖြင့်အတူတူပါပဲ။ ဒါကြောင့်ဒီလိုစိတ်အခြေအနေတွေနဲ့ သွေးတိုးခြင်းကိုတွဲမြင်ကြတာအံ့သြစရာမရှိပါဘူး။ တကယ်လို့စိတ်အခြေအနေနဲ့ သွေးတိုးကဆက်စပ်နေမယ်ဆိုရင်ဘယ်ဟာကအရင်လာမလဲ။ ဒီစိတ်အအြေနေတွေက သွေးတိုးဖြစ်စေတဲ့ ယေဘူယျအကြောင်းခံတွေလား ။လွန်ခဲ့တဲ့နှစ်၁၀၀ လောက်ကသွေးတိုးရှိနေတဲ့သူတွေကိုလေ့လာမှုတွေထဲကအစောဆုံးလေ့လာမှုတွေမှာလုပ်ငန်းအကြီးစားရဲ့ဒါရိုက်တာလိုလူမျိုးတွေအလုပ်ဝန်ပိမှုကြောင့်သူတို့ရဲ့စိတ်အခြေအနေမှာမူမမှန်တာမျိုးတွေရှိလာပြီးစိတ်လှုပ်ရှားလာတတ်ကြပါတယ်လို့တွေ့ရှိခဲ့တယ်။ အဲဒီအချိန်ကစပြီး “hypertensive personality” (သွေးတိုးဖြစ်စေတဲ့ပင်ကိုစရိုက်)ရှိလားမရှိလားဆိုတဲ့ငြင်းခုံမှုတွေစတင်ခဲ့တယ်။တချို့က သွေးတိုးရှိနေတဲ့လူနာတွေဟာသူတို့ရဲ့စိုးရိမ်ပူပန်မှုတွေစိတ်လှုပ်ရှားမှုတွေစတဲ့စိတ်အခြေအနေတွေကြောင့်ဖြစ်တယ်လို့ထင်ကြပေမယ့်တချို့ကတော့ ဒေါသကိုထိန်းချုပ်ထားရကြောင့်ဖြစ်တာပိုများတယ်လို့ထင်ကြပါတယ်။ မတူညီကွဲပြားတဲ့ထင်မြင်ချက်များစွာရှိပါတယ်။စိုးရိမ်မှုနဲ့စိတ်ဖိစီးမှုတွေကခဏတာသွေးတိုးတက်စေပေမယ့်နာတာရှည် သွေးတိုးရောဂါကိုဖြစ်မလာစေပါဘူး။ ဒီအချက်ကနာတာရှည်စိုးရိမ်ကြောင့်ကြမှု ဝေဒနာခံစားနေရသူတွေမှာပါမှန်ပါတယ်။ စိုးရိမ်ကြောင့်ကြမှုဖြစ်နေတဲ့အချိန်မှာထွက်တဲ့ဟော်မုန်းတစ်မျိုးကနှလုံးခုန်နှုန်းကိုမြန်စေပြီးသွေးကြောလေးတွေကိုကျဉ်းသွားစေပါတယ်။ ဒီအချက်နှစ်ချက်ကသွေးတိုးစေပါတယ်။ စိတ်ဖိစီးမှုကြောင့်ဖြစ်လာတဲ့သွေးတိုးကသွေးလွှတ်ကြောရဲ့ သွေးဖိအားကို၃၀ရာခိုင်နှုန်းကနေ၄၀ရာခိုင်နှုန်းထိတိုးလာစေပါတယ်။ ဒီပြောင်းလဲမှုတွေကခဏတာပါ။ စိတ်ဖိစီးမှုကြောင့်ထွက်တဲ့ ဟော်မုန်းတွေပျက်စီးသွားတာနဲ့ နှလုံးခုန်နှုန်းတွေသွေးကြောတွေနဲ့ သွေးဖိအားတွေကပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။နာတာရှည်စိုးရိမ်ကြောင့်ကြမှုရောဂါဖြစ်နေတဲ့ ဝေဒနာရှင်တွေမှာသူတို့ရဲ့စိုးရိမ်ကြောင့်ကြမှုကြောင့်သွေးတိုးတက်တာမျိုးမရှိပါဘူး။ သူတို့တွေရဲ့အာရုံကြောနဲ့နှလုံးသွေးကြောစနစ်ကစိတ်ဖိစီးမှုကြောင့်အချိန်မလပ်ထွက်နေတဲ့နာတာရှည် ဟော်မုန်းတွေကြောင့်ပုံမှန်ပြန်ဖြစ်သွားပါတယ်။စိုးရိမ်ကြောင့်ကြမှုရောဂါမရှိတဲ့သူတွေလည်းစိုးရိမ်ကြောင့်ကြတတ်သလိုနာတာရှည်စိုးရိမ်ကြောင့်ကြမှု ရောဂါရှိနေတဲ့သူတွေလည်းစိုးရိမ်ကြောင့်ကြမှုပိုများလာတဲ့အခြေအနေမျိုးရှိပါတယ်။ အဲလိုအခြေအနေတွေမှာသွေးတိုးနှုန်းတက်လာတာကအတူတူပဲဖြစ်ပါတယ်။စိတ်ဖိစီးမှုဟာ သွေးတိုးတက်ခြင်းကိုအကျိုးသက်ရောက်စေတဲ့အတွက်စိတ်ဖိစီးမှုနဲ့စိုးရိမ်ကြောင့်ကြမှုတွေကို သွေးတိုးဖြစ်စေတဲ့အကြောင်းအရင်းတွေလို့သတ်မှတ်ထားပါတယ်။ ခဏတာ သွေးတိုးတက်ခြင်းကလည်းနာတာရှည်သွေးတိုးလိုပဲဆိုးကျိုးများပါတယ်။ ဒီမတူညီတဲ့အခြေအနေနှစ်ခုမှာ သွေးကြော၊နှလုံးနဲ့ ကျောက်ကပ်ထိခိုက်မှုတွေကတော့တူညီနေပါတယ်။ခဏတာ သွေးတိုးတက်တဲ့အကြိမ်ရေများလာတာနဲ့အမျှထိခိုက်မှုတွေကလည်းများလာပါတယ်။ သွေးတိုးတက်တဲ့အခြေအနေနှစ်ခုလုံးဟာကိုယ်တွင်းအင်္ဂါများထိခိုက်ခြင်း၊နှလုံးရောဂါဖြစ်ခြင်း၊လေဖြတ်ခြင်းအပြင် နောက်ဆုံး သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။စိုးရိမ်ကြောင့်ကြမှုကနာတာရှည် သွေးတိုးကိုမဖြစ်စေနိုင်ပါဘူး။ ဒါပေမယ့်ခဏခဏစိုးရိမ်ကြောင့်ကြမှုဖြစ်နေမယ်ဆိုရင်တော့သင့်ကိုခဏခဏသွေးတိုးစေနိုင်ပါတယ်။တကယ်လို့စိုးရိမ်မှုကြောင့်သွေးတိုးခဏခဏတက်နေမယ်ဆိုရင်နာတာရှည်သွေးတိုးရောဂါလိုမျိုးပဲသင့်ရဲ့ သွေးကြောတွေနှလုံးနဲ့ကျောက်ကပ်တို့ကိုထိခိုက်စေနိုင်ပါတယ်။ သင့်မှာစိုးရိမ်ကြောင့်ကြမှုခဏခဏဖြစ်နေတယ်ဆိုရင်လည်းဆေးလိပ်သောက်ခြင်းအရက်သောက်ခြင်းအစားအလွန်စားခြင်းစတဲ့ သွေးတိုးဖြစ်စေတဲ့လုပ်ရပ်တွေကိုလုပ်လာနိုင်ပါတယ်။စိုးရိမ်ကြောင့်ကြမှုနဲ့တခြားစိတ်ရောဂါတွေကိုကုသတဲ့ Serotonin နဲ့ Norepinephrine reuptake inhibitors တွေလိုဆေးတချို့ကလည်း သွေးတိုးတက်စေပါတယ်။သွေးတိုးရောဂါကုသရာမှာဖြစ်စေတဲ့အကြောင်းအရင်းကိုလိုက်ပြီးကုသမှုများစွာရှိပါတယ်။ လက်ရှိမှာတော့မတူညီတဲ့ကုသနည်းပေါင်း၈၀ ကျော်ရှိနေပါပြီ။ စိတ်ဖိစီးမှုကြောင့် သွေးတိုးသူတွေနဲ့စိုးရိမ်ကြောင့်ကြမှုကြောင့် သွေးတိုးသူတွေကိုဘယ်လိုကုသရမလဲဆုံးဖြတ်ရတာကရှုပ်ထွေးပါတယ်။ တချို့ဆေးတွေကတစ်ခုနဲ့တစ်ခု တည့်ကြပေမယ့် တချို့ကမတည့်ပါဘူး။ တကယ်လို့သင့်မှာနာတာရှည်စိတ်ဖိစီးမှုနဲ့စိုးရိမ်ကြောင့်ကြမှုခံစားနေရရင် ဆရာဝန်ဆီသာသွားပါ။ ဆရာဝန်ကသာသင်နဲ့လိုက်ဖက်မယ် လိုအပ်တဲ့ကုသမှုကို ပေးနိုင်မှာပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%ad%e1%80%99%e1%80%b9%e2%80%8b%e2%80%8b%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e2%80%8b%e1%80%b7%e1%81%be%e1%80%80%e1%80%95%e1%80%b0/
ပြင်းထန်တဲ့ သွားဖုံးရောဂါရှိသူတွေက မှတ်ဉာဏ်ချို့ယွင်းမှုဝေဒနာခံစားရနိုင်ခြေပိုများ
သွားနဲ့ခံတွင်းကျန်းမာရေးကိုဂရုစိုက်လိုက်ရုံနဲ့နှလုံးရောဂါဖြစ်နိုင်ခြေနည်းသွားနိုင်သလို ဦးနှောက်ကိုပါ ကာကွယ်ပြီးသားဖြစ်သွားတယ်ဆိုတာ သိရဲ့လား။ မကြာသေးခင်က လုပ်ခဲ့တဲ့လေ့လာမှုတစ်ရပ်အရပြင်းထန်တဲ့ သွားဖုံးရောဂါခံစားရသူတွေက အခြားသူတွေထက် မှတ်ဉာဏ်ချို့ယွင်းမှု ခံစားရနိုင်ခြေပိုများတယ်၊လို့ သိရှိခဲ့ရပါတယ်။ ခန္ဓာကိုယ်ကိုအာဟာရဖြည့်တင်းဖို့အတွက်အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တဲ့ သွားနဲ့ခံတွင်းကို ဂရုစိုက်မှုက ကာလတိုရော ကာလရှည်မှာပါ ထိရောက်တဲ့ အချက်တစ်ခုပေါ့။လေ့လာမှုအသစ်တစ်ရပ်အရသွားဖုံးကျန်းမာရေးကို ဂရုစိုက်ပေးတာက မှတ်ဉာဏ်ချို့ယွင်းမှုမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။ ဒီလေ့လာမှုအတွက်တောင်ကိုရီးယားနိုင်ငံ ဆိုးလ်အမျိုးသား တက္ကသိုလ်ကလေ့လာသုံးသပ်သူတွေကကျန်းမာရေးစောင့်ရှောက်မှုစောင့်ကြည့်ရေး အစီအစဉ်ကနေ အချက်အလက်တွေကို ရယူခဲ့ပါတယ်။နာတာရှည် သွားဖုံးရောဂါခံစားနေရသူတွေက သွားဖုံးရောဂါမရှိသူတွေထက် မှတ်ဉာဏ်ချို့ယွင်းမှုခံစားရနိုင်ခြေပိုများနေတယ်ဆိုတာက အရင်ကလုပ်ခဲ့တဲ့လေ့လာမှုတွေမှာလည်းတွေ့ရှိခဲ့ဖူးပါတယ်။ ဒီလေ့လာမှုမှာသိရှိခဲ့တာကအရက်သောက်သုံးတာ၊ဆေးလိပ်သောက်တာ၊လေ့ကျင့်ခန်းမလုပ်တာလိုမျိုး ဘဝနေထိုင်မှုပုံစံကြောင့် မဟုတ်ဘဲ နာတာရှည်သွားဖုံးရောဂါခံစားနေရသူတွေက မှတ်ဉာဏ်ချို့ယွင်းမှုခံစားနိုင်ရခြေပိုများနေတာပါ။မှတ်ဉာဏ်ချို့ယွင်းခြင်း (dementia)ဆိုတာက မှတ်ဉာဏ်စွမ်းရည် တဖြည်းဖြည်းချင်းကျဆင်းလာတာဖြစ်ပြီး အရာရာကို မှတ်မိဖို့ခက်ခဲလာပြီး ပြင်းထန်တဲ့အခြေအနေမျိုးမှာဆိုရင် နေ့စဉ်ဘဝမှာပါ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။၂၀၁၂ ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ အပြည်ပြည်ဆိုင်ရာ အယ်လ်ဇိုင်းမားရောဂါအဖွဲ့အစည်းတို့ရဲ့ ပူးတွဲကြေညာချက်မှာ မှတ်ဉာဏ်ချို့ယွင်းမှုက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စိုးရိမ်ရတဲ့ ကျန်းမာရေးအခြေအနေတစ်ခုဖြစ်လို့လာပါပြီနော်။ ဒီတော့ အားလုံးသတိထားပြီး ကာကွယ်နိုင်သမျှ ကာကွယ်ဖို့လိုအပ်လာပါပြီနော်။လေ့လာမှုတွေအရသိလာရတာက သွားဖုံးရောင်တာကခံတွင်းထဲမှာဘက်တီးရီးယားတွေပါက်ဖွားတာကြောင့်ဖြစ်ပြီး ခံတွင်းထဲမှာ ဒီဘက်တီးရီးယားတွေအချိန်ကြာမြင့်စွာနေရာယူထားတာက သွားတွေကိုထိခိုကစေနိုင်သလိုအရိုးနဲ့ နှလုံးအပြင် မှတ်ဉာဏ်ကိုပါထိခိုက်စေနိုင်ပါတယ်နော်။ ဒါကြောင့်သွားဖုံးရောင်လာပြီ သွားတွေမှာပြဿနာရှိနေပြီဆိုရင် ချက်ချင်းကုသဖို့လိုအပ်ပါမယ်နော်။များစွာသောလေ့လာမှုတွေအရ နာတာရှည်သွားဖုံးရောဂါက မှတ်ဉာဏ်ချို့ယွင်းမှုကိုဖြစ်စေနိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။ မကြာသေးခင်က လုပ်ခဲ့တဲ့လေ့လာမှုအသစ်မှာတော့ နာတာရှည်သွားဖုံးရောဂါရှိသူတွေဟာ အခြားသူတွေထက် မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ ခံစားရနိုင်ခြေတော်တော်လေးမြင့်တက်နေတာကိုတွေ့ရှိခဲ့ရပါတယ်။ လေ့လာမှုအသစ်ကို ၂၀၀၅ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ၁၀ နှစ်ကြာလုပ်ဆောင်ခဲ့ပြီးတောင်ကိုရီးယားက အသက် ၅၀ နဲ့ ၅၀ အထက် ဖိုးဖိုးဖွားဖွား ၂၆၂၃၄၉ ဦးကိုလေ့လာခဲ့ပါတယ်။လေ့လာမှုရလဒ်အရတော့ပြင်းထန်တဲ့ သွားဖုံးရောဂါခံစားရသူတွေက အခြားသူတွေထက် မှတ်ဉာဏ်ချို့ယွင်းမှုဝေဒနာခံစားရနိုင်ခြေက ၆ ရာခိုင်နှုန်းအထိပိုများနေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒီတော့ အသက်ကြီးတဲ့အထိ မှတ်ဉာဏ်ကောင်းလာနေစေဖို့ရော အစားတွေကောင်းကောင်းစားဖို့ရော သွားနဲ့ခံတွင်းကိုသေချာလေးဂရုစိုက်ဖို့လိုပါမယ်နော်။ မနက်တစ်ခါ ညအိပ်ရာမဝင်ခင်တစ်ခါ သွားနဲ့ခံတွင်းကိုသန့်ရှင်းရေးလုပ်ပေးမယ်ဆိုရင်သွားတွေရာ သွားဖုံးတွေကိုပါကျန်းမာစေပြီး မှတ်ဉာဏ်ချို့ယွင်းမှုကိုပါ ကာကွယ်နိုင်မှာပါနော်။ဒါဆိုရင် အစားကောင်းတွေကို အသက်ကြီးတဲ့အထိစားဖို့နဲ့ကောင်းမွန်တဲ့အမှတ်တရလေးတွေကို မှတ်မိနေစေဖို့ Hello ဆရာဝန်ပရိသတ်ကြီးအနေနဲ့ သွားနဲ့ ခံတွင်းကို အခုကစလို့ ဂရုစိုက်ပေးဖို့ တိုက်တွန်းပါရစေနော်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/gum-mouth-diseases/%e1%80%95%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%91%e1%80%94%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%96%e1%80%af%e1%80%b6%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac/
သင့်ကလေးကို စကျွေးသင့်တဲ့အသီး (၅) မျိုး
ကလေးကို အစားစကျွေးတဲ့အချိန်( နို့ဖြတ်တဲ့အချိန်၊ ထမင်းစကျွေးတဲ့အချိန်)ဟာ ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုမှာ အရမ်းအရေးပါတဲ့ကာလဖြစ်ပါတယ်။ ဒါပေမယ့် နို့စို့အရွယ်ကနေ အစားစစားချိန်မှာ ကလေးကို ဘာတွေကျွေးသင့်သလဲ၊ ဘာတွေမကျွေးသင့်ဘူးလဲဆိုတာမေမေတို့အတော်များများမှာခေါင်းစားရတဲ့ပြဿနာပါ။ အထူးသဖြင့် အသီးအနှံကျွေးတဲ့အခါပေါ့။ ဒီအတွက် မေမေတို့ စိတ်မရှုပ်ရအောင် ကလေးငယ်တွေအတွက် အာဟာရဓါတ်အပြည့်ဝဆုံးနဲ့ အသင့်တော်ဆုံး အသီး (၅) မျိုးကိုဖော်ပြပေးလိုက်ပါတယ်။(၁)ထောပတ်သီး။ကလေးကို အဆီဓါတ်ပါဝင်မှုများတဲ့စားစရာတွေ မကျွေးသင့်ဘူးလို့ မိဘတော်တော်များများက ယုံကြည်တတ်ကြပါတယ်။ တကယ်တော့ အဆီဓါတ်ဟာ ဗီတာမင် A၊ C၊ D နဲ့ E တို့လို အဆီမှာပျော်ဝင်တဲ့ အာဟာရဓါတ်တွေကို စုပ်ယူပေးနိုင်တာကြောင့် ကလေးငယ်ရဲ့စားသုံးမှုအာဟာရထဲမှာမဖြစ်မနေပါဝင်သင့်တဲ့ဓါတ်တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ကလေးရဲ့အရေပြားကျန်းမာရေးနဲ့ ဦးနှောက်လုပ်ဆောင်ချက်တွေကိုလည်း အထောက်အကူပေးနိုင်ပါတယ်။ထောပတ်သီးမှာ monounsaturated fats တွေနဲ့ ဗီတာမင် E လို အကျိုးပြုအဆီဓါတ်တွေအပြင်folate ၊ ပိုတက်စီယမ်နဲ့ဗီတာမင်ဘီအုပ်စုတွေ ကြွယ်ဝတာကြောင့် ကလေးတွေအတွက် အကောင်းဆုံးအသီးတစ်မျိုးဖြစ်ပါတယ်။ကြိတ်ချေလိုက်ရင် နုညက်တဲ့အနှစ်၊ ဆိမ့်တဲ့အရသာကြောင့်လည်း အစားစားတတ်ခါစ ကလေးငယ်တွေက ထောပတ်သီးကို လက်ခံလွယ်ကြပါတယ်။ စားရတာအရသာပိုရှိစေဖို့ တခြားအသီးတွေနဲ့ရောတာမျိုး၊ ကလေးအကြိုက် အရသာသစ်ဖန်တီးတာမျိုးလုပ်ကျွေးလို့ရပါတယ်။(၂) ငှက်ပျောသီး။ငှက်ပျောသီးကို အာဟာရပြည့်ပြီးအရသာရှိတဲ့အသီးတစ်မျိုးဖြစ်တဲ့အပြင် နို့ဖြတ်ခါစ ကလေးငယ်လေးတွေအတွက် အသင့်တော်ဆုံးအဖြစ် ရွေးချယ်ကြပါတယ်။ အစာကြေညက်လွယ်တဲ့အမျှင်ဓါတ်၊ ဗီတာမင်ဘီအုပ်စုနဲ့ အကျိုးပြုကာဗိုဟိုက်ဒရိတ်တွေကြွယ်ဝလို့ ကလေးကိုလေပွခြင်း၊ မအီမသာဖြစ်ခြင်းတွေ မဖြစ်စေဘဲ ခွန်အားပြည့်စေပါတယ်။ ကလေးဝမ်းချုပ်ခြင်းနဲ့ ဝမ်းလျှောခြင်းတို့အတွက်လည်း ငှက်ပျောသီးက ကြိုတင်ကာကွယ်ပေးနိုင်၊ ကုသပေးနိုင်ပါတယ်။(၃) ပန်းသီး။ကျန်းမာရေးအကျိုးကျေးဇူးများလှတဲ့ပန်းသီးက တခြားအစားအစာတွေမစားခင်မှာ အစာခြေစနစ်ကိုလှုံ့ဆော်ပေးနိုင်ပါတယ်။ရေဓါတ်ပါဝင်မှုမများပေမယ့် အမျှင်ဓါတ်ကကြွယ်ဝပါတယ်။ ပန်းသီးမှာပါတဲ့အာဟာရဓါတ်တွေကြောင့် ဆီးချိုသွေးချိုဖြစ်နိုင်ခြေကိုလျော့နည်းစေတယ်၊ ကိုလက်စထရောပမာဏကိုလျော့ကျစေတယ်၊ မျက်စိအတွင်းတိမ်မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အပြင် ကင်ဆာဖြစ်စေနိုင်တဲ့free radicalsတွေရဲ့ဆိုးကျိုးသက်ရောက်မှုတွေကနေကာကွယ်ပေးနိုင်တဲ့အတွက် ကလေးကို စကျွေးသင့်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။(၄) စပျစ်သီး။စပျစ်သီးလေးတွေကလည်း ပန်းသီးလိုပဲ အစာခြေစနစ်အတွက် အထောက်အကူပေးတဲ့အပြင်ရေဓါတ်နဲ့အမျှင်ဓါတ်ပါဝင်မှုမြင့်မားလို့ ကလေးကိုဝမ်းမချုပ်အောင် ကာကွယ်ပေးပါတယ်။ ပိုတက်စီယမ်ပါဝင်မှုကြောင့်သွေးတိုးမဖြစ်အောင်ကာကွယ်နိုင်ပြီး ဓါတ်မတည့်မှုအန္တရာယ်ကိုလည်းလျော့နည်းစေပါတယ်။ polyphenols လို့ခေါ်တဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြောင့် အဆုတ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့အူမကြီးကင်ဆာတို့ဖြစ်နိုင်ခြေကိုနည်းပါးစေပါတယ်။(၅) ဘယ်ရီသီးများ။စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ချယ်ရီ၊ ဘလက်ဘယ်ရီအပါအဝင် ဘယ်ရီသီးနွယ်ဝင်တွေက ကလေးအတွက်ရော၊ လူကြီးအတွက်ပါ သင့်တော်ပါတယ်။ အရောင်ရင့်လေ အာဟာရဓါတ်ကြွယ်ဝလေဖြစ်တဲ့ ဘယ်ရီသီးတွေက ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပြည့်ဝပါတယ်။ ဘယ်ရီသီးတွေက ဦးနှောက်လုပ်ဆောင်ချက်ကိုမြှင့်တင်ပေးပြီး မှတ်ဉာဏ်ပိုကောင်းစေတယ်လို့ သုတေသနတွေကဖော်ပြကြပါတယ်။ ဒါ့ကြောင့် ကလေးလေးတွေကို သရေစာအဖြစ်နဲ့ ဘယ်ရီသီးတွေကျွေးတာ၊ ကြိတ်ပြီးဖျော်ရည်လုပ်ပေးတာ ဒါမှမဟုတ် အပေါ်မှာဖော်ပြခဲ့တဲ့တခြားအသီးတွေနဲ့ရောကျွေးနိုင်ပါတယ်။ဘယ်ရီသီးတွေမှာ DHA အပါအဝင် Omega-3 fatty acidsတွေလည်းကြွယ်ဝတဲ့အတွက် ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုမှာ အထောက်အကူပိုဖြစ်စေမှာပါ။ DHA (docosahexaenoic acid) ဆိုတာomega-3 fatty acid တစ်မျိုးဖြစ်ပြီး အမြင်အာရုံနဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါပါတယ်။ အရိုးကျန်းမာရေးအတွက် ကယ်လ်စီယမ်လိုအပ်သလို ဦးနှောက်အတွက် DHA လိုအပ်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/first-fruits-for-baby/
သဝန်တိုစိတ်ကို ဘယ်လို လျှော့ကြမလဲ
တစ်စုံတစ်ယောက်အပေါ်မနာလိုဖြစ်မိတယ်၊သဝန်တိုတယ်၊ အဘိဇ္ဈာပွားတယ်၊ မလိုတမာတွေးကြံနေမိတယ်ဆိုတာ ကောင်းတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ လူတစ်ဖက်သား မသိနိုင်ရင်တောင်မှ ကိုယ့်စိတ်ကိုယ်တော့ သိနေနိုင်တာပဲလေ။ဒီလိုစိတ်ထားမျိုးဟာ မကောင်းဘူး၊ မရှိသင့်ဘူးလို့ လူတိုင်းပြောတတ်ကြတယ်။ တကယ်တမ်း ကိုယ်တိုင် ဒီလိုခံစားလာရချိန်မှာ ထိမ်းချုပ်နိုင်ဖို့၊ ဖျောက်ဖျက်ပစ်ဖို့ကတော့ ခက်လှပါတယ်။ အထူးသဖြင့်အချစ်ရေးကိစ္စတွေမှာ သဝန်တိုစိတ်ဟာ အမြဲပြဿနာများစေတတ်ပါတယ်။သဝန်တိုတာကို စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုလို့ စိတ်ပညာမှာတော့ သတ်မှတ်ထားပါတယ်။ Morbid Jealousy ဒါမှမဟုတ် Pathological Jealousy လို့ ခေါ်ပါတယ်။ ရောဂါတစ်ခုသဖွယ် သတ်မှတ်ရတဲ့အခြေအနေမျိုးဆိုရင်တော့ Othello Syndrome သို့Delusional Jealousyလို့လည်းခေါ်ကြပါသေးတယ်။စိတ်ရောဂါတစ်မျိုးပေါ့။များသောအားဖြင့် သမီးရည်းစား၊ ချစ်သူ၊ အိမ်ထောင်ဖက်တွေအကြား သဝန်တိုကြတယ်ဆိုတာ တစ်ခါတစ်ရံတော့ ချစ်စရာ၊ ကြည်နူးစရာ ကိစ္စဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် များလားရင် ပြင်းထန်လာရင်တော့ ပြဿနာဖြစ်သွားတတ်ကြပါတယ်။ကိုယ့်ချစ်သူက ကိုယ့်ရဲ့ဆိုရှယ်မီဒီယာအကောင့်ကို မပြတ်စောင့်ကြည့်နေတာ၊ Password ပါယူထားပြီး ဘယ်သူတွေနဲ့ ပြောဆိုနေလဲ လိုက်စောင့်ကြည့်နေတာ၊ သူ့နဲ့ ပတ်သက်တာတိုင်းကို သိချင်နေတာ၊ အတိတ်ကဖြစ်ရပ်တွေအထိလိုက်ပြီး သဝန်တိုနေတာတွေ ကြုံလာရမယ်ဆိုရင် လူတိုင်းစိတ်ညစ်ကြမှာပါပဲ။ဒီလိုလုပ်ရပ်မျိုးတွေဟာ လူ့ကျင့်ဝတ်ကို ချိုးဖောက်ရာရောက်သလို လူတစ်ဦးချင်းလွတ်လပ်ခွင့်ကိုလည်း ပိတ်ပင်ချုပ်နှောင်ရာရောက်ပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းရဲ့ အပိုဒ် (၁၂) ကိုပါ။ အပိုဒ် ၁၂ အရဆိုရင်လည်း “ပုဂ္ဂလိကကိုယ်ရေးကိုယ်တာတွေကို ဝင်ရောက်စွက်ဖက်ခံရခြင်းမှ ကင်းဝေးခွင့်” ဆိုပြီး ပြဌာန်းထားတယ်မဟုတ်လား။ချစ်လို့၊ တန်ဖိုးထားလို့၊ စိတ်မချလို့ သဝန်တိုတာလို့ ပြောတတ်ကြတယ်။ အထူးသဖြင့်တော့ မိန်းကလေးတွေပေါ့။ ဒါပေမယ့် သဝန်တိုစိတ်ဟာ မကောင်းဘူးဆိုတာကို ခံစားရသူဘက်ကသာ တွေးဖြစ်ကြတာပါ။ သဝန်တိုသူဘက်က သိပ်မတွေးဖြစ်တတ်ကြပါဘူး။လူအများစုက သဝန်တိုတယ်ဆိုတာ မိန်းကလေးအများစု မှာပိုဖြစ်တယ်လို့ ယူဆတတ်ကြပါတယ်။ တကယ်တမ်း သိပ္ပံနည်းကျလေ့လာချက်တွေမှာတော့ သဝန်တိုစိတ်ဟာ ၅၀-၅၀ အခြေအနေမျိုးလို့ဆိုပါတယ်။ လူမှန်ရင် သဝန်တိုစိတ် အနည်းနဲ့အများဆိုသလိုပါလာတတ်ပြီး လိင်ကွဲပြားမှုနဲ့မဆိုင်ပဲ စိတ်ပိုင်းဆိုင်ရာအရ ရင့်ကျက်မှုနဲ့ပဲဆိုင်တယ်လို့ ဆိုပါတယ်။အကြမ်းဖျဉ်းအားဖြင့် သဝန်တိုစိတ်ဆိုတာ အသွင်သဏ္ဍာန်၊ လက္ခဏာအမျိုးမျိုးရှိပါတယ်။ ဆေးပညာသဘောအရဆိုရင် ရောဂါလက္ခဏာပေါ့။ အောက်ပါအတိုင်းပါပဲ။သဝန်တိုစိတ်ကို ဖျောက်ဖျက်ဖို့ဆိုတာ ပြောသလောက်တော့မလွယ်ကူပါဘူး။ ကိုယ့်ရဲ့ စိတ်ခိုင်မာဖို့လည်း လိုအပ်ပါတယ်။ ဒါပေမယ့် အောက်မှာဖော်ပြထားတဲ့ လမ်းညွှန်ချက် ၆ ချက်နဲ့ မနာလိုစိတ်ကို တဖြည်းဖြည်းချင်း လျှော့ချလို့ရပါတယ်။ကဲ ကိုယ်က သဝန်တိုတတ်လွန်းတယ်ဆိုရင် ဒီနည်းလမ်းတွေ လိုက်နာပြီး လျှော့ချကြည့်ပါ။ သဝန်တိုတယ်ဆိုတာက လူတစ်ဖက်သားကို အလွန်စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ပြဿနာဖြစ်တာမို့ ဒီစိတ်ကိုလျှော့ချပြီး ချစ်ခရီးလမ်းအဆင်ပြေစေမယ့် နားလည်မှုလေးနဲ့ အစားထိုးကြည့်စေချင်ပါတယ်နော်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/how-to-deal-with-jealousy/
အထက်လူကြီးအနေနဲ့ သင့်လက်အောက်ငယ်သားတွေကို ဘယ်လိုစောင့်ရှောက်ပေးမလဲ။
လုပ်ငန်းခွင်ဆိုတာ ဒုတိယအိမ်ပါပဲ။ ဒီနေရာမှာ တစ်နေ့ ၈နာရီထက်မနည်း နေရတာကိုး။ ဒီလိုဆို ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာလည်း ကိုယ့်ရဲ့ ဒုတိယမိသားစုပါပဲ။ တစ်နေ့ တစ်နေ့ သူတို့နဲ့ အတူရှိနေရတဲ့ အချိန်က နည်းမှ မနည်းတာ။ ဒါကြောင့် သူတို့ကို မိသားစုလို သဘောထားပြီး စောင့်ရှောက်ပေးဖို့လိုပါတယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရောပေါ့။ကောင်းမွန်တဲ့ ခေါင်းဆောင်ကောင်းဆိုတာ အလုပ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတစ်ခုတည်းကိုပဲ ရှေးရှုရတာ မဟုတ်ပါဘူး။ ဒီအလုပ်ကို တိုးတက်အောင် လုပ်ပေးနေတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးချင်းစီကိုပါ တန်ဖိုးထားတတ်ရတာပါ။ ဒါမှ သင့်ကို သူများက လေးစားမှာပါ။ ခုလို ကိုဗစ်ကာလဆို ပိုဆိုးပါတယ်။ စိတ်ရော ရုပ်ရော ပင်ပန်းနေတဲ့အချိန်မို့လို့ ပိုပြီးတောင် ဂရုစိုက်ပေးသင့်ပါတယ်။ဟုတ်ပါတယ်။ ဒါအရေးကြီးဆုံးပါပဲ။ လုပ်အားနဲ့ လိုက်ဖက်တဲ့ လစာ တစ်ခု ရှိဖို့တော့ လိုပါတယ်။ ဥပမာ ကိုဗစ်ကာလမှာ လစာကို ဘယ်လိုပေးမလဲ။ အပြည့်ပေးမှာလား။ ဒါမှမဟုတ် ရာခိုင်နှုန်းတွေ ဖြတ်မှာလား။ တတ်နိုင်သလောက် အလုပ်သမားတွေ မနစ်နာအောင် စီစဉ်ပေးရမှာပါ။ လစာငွေက အလုပ်သမားတစ်ယောက်အတွက် motivationဆိုလည်း ဟုတ်ပါတယ်။လုပ်ငန်းခွင်အချိန်ပေါ်မူတည်ပြီး သွားရေးလာရေး အဆင်ပြေအောင် စီစဉ်ပေးရမှာပါ။ ညဘက် နောက်ကျမှ ပြန်ရမယ်ဆိုရင် လုံခြုံမှုရှိအောင် အလုပ်က ကားစီစဉ်ပေးတာမျိုးပေါ့။ ကိုဗစ်ကာလဆိုရင်လည်း မဖြစ်မနေ အလုပ်လာရတဲ့သူတွေအတွက် တတ်နိုင်သမျှ လူအများနဲ့ အထိအတွေ့နည်းအောင် ကားကြပ်ချိန်ကို ရှောင်ပြီး ရုံးတက်၊ ရုံးဆင်းချိန် စီစဉ်ပေးတာ ဒါမှမဟုတ် ဖယ်ရီစီစဉ်ပေးတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။လုပ်ငန်းခွင် သန့်ရှင်းပြီး သက်သောင့်သက်သာရှိမှ ကြာကြာအလုပ်လုပ်နိုင်မှာပါ။ ဒါကြောင့် ကိုယ့်လုပ်ငန်းခွင်လေးက သန့်သန့်ရှင်းရှင်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပတ်ဝန်းကျင်မျိုးဖြစ်လို့ လိုပါတယ်။ ခုလို ကိုဗစ်ကာလမှာဆိုရင်လည်း ရုံးမှာ လက်ဆေးဖို့ ရေနဲ့ ဆပ်ပြာအလုံအလောက်ထားပေးတာမျိုး၊ လက်သန့်ဆေးရည်တွေ ထားပေးတာမျိုး၊ နှာခေါင်းစည်းတွေ ထားပေးတာမျိုး လုပ်ပေးရမှာပါ။ရုံးမှာ တစ်ချိန်လုံး ၈နာရီဆက်တိုက် အလုပ်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အလုပ်လုပ်ချိန်လုပ်၊ နားချိန်နားရမှာပါ။ ထမင်းစားချိန်မှာ အေးဆေးစားနိုင်အောင် အချိန်သီးသန့်သတ်မှတ်ထားပေးမယ်။ ကျန်းမာရေးအတွက် တိုလီထွာလီ လေ့ကျင့်ခန်းလုပ်တဲ့စက်လေးတွေ ရှိမယ်။ ကော်ဖီဖျော်သောက်လို့ရမယ်ဆိုရင် သက်သောင့်သက်သာနဲ့ အလုပ်လုပ်နိုင်မှာပါ။လက်အောက်ငယ်သားတွေမှာ ထိုက်သင့်တဲ့ အကျိုးခံစားခွင့်တွေဆိုတာ ရှိသင့်ပါတယ်။ အာမခံတွေ၊ လူမှုဖူလုံရေးတွေ၊ ခွင့်ခံစားခွင့်တွေ၊ မီးဖွားခွင့်တွေ စသဖြင့်ပေါ့။ ခုလိုအချိန်မှာ ဆိုရင်လည်း ကိုယ့်လက်အောက်ငယ်သား တစ်ယောက်ယောက် မတော်တဆ ပိုးကူးစက်ခံရရင် ဒါမှမဟုတ် ကွာရန်တင်းဝင်ရရင် ဘယ်လိုထောက်ပံ့သင့်သလဲဆိုတာ စဉ်းစားထားရမှာပါ။ရာထူးအတူတူချင်းကို ပိုပြီး အခွင့်အရေးပေးတာတို့၊ ခွဲခြားဆက်ဆံတာတို့၊ စိတ်ပိုင်း ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာအရ အနိုင်ကျင့်တာတို့ မလုပ်ရပါဘူး။ ကိုယ့်အနေနဲ့ လက်အောက်ငယ်သားတွေကို ချစ်ခင်ပြီး အားပေးနေရပါမယ်။ သူတို့အခက်အခဲကို ကူညီပေးရပါမယ်။Customer is always rightဆိုတာ တကယ်တော့ အလုံးစုံမမှန်ပါဘူး။ ကိုယ့်လက်အောက်ငယ်သား အနိုင်ကျင့်ခံရတဲ့အခါ ပြတ်ပြတ်သားသားနဲ့ အမှန်တရားဘက်က ရပ်တည်ပေးဖို့လိုပါတယ်။လုပ်ငန်းခွင်မှာ အာဏာရှင်မလုပ်ပါနဲ့။ ခေါင်းဆောင်ကောင်းပဲ လုပ်ပါ။ အာဏာရှင်ဆန်တာက ဒါဆို ဒါပဲ။ ညှိနှိုင်းမှု မရှိဘူး။ အလုပ်ပြီးတာပဲ လိုချင်တယ်။ ဘာဆင်ခြင်မှ မပေးနဲ့။ ငါ့တုန်းက ဒီလိုပဲ လုပ်ခဲ့ရတာပဲဆိုတာမျိုးပါ။ ခေါင်းဆောင်ကောင်းကတော့ ဘာလို့ မလုပ်နိုင်ရတာလဲ။ ဘာတွေ ကူညီပေးဖို့လိုလဲ။ ငါ့တုန်းကလိုမျိုး မဖြစ်အောင် သူ့ကို ဘယ်လိုကူညီရမလဲ စသဖြင့် တွေးခေါ်ပါတယ်။တစ်ခါတလေ ညစာစားပွဲလေး ဘာလေးလုပ်ပြီး ပေါ့ပေါ့ပါးပါးနေပါ။ ရယ်စရာ မောစရာလေးတွေ ပြောပါ။ အချင်းချင်း ရင်းနှီးမှုရလာတဲ့အခါ လုပ်ငန်းခွင်မှာ တစ်ယောက်နဲ့ တစ်ယောက် အလုပ်လုပ်ရတာ ပိုပြီး အဆင်ပြေလာပါလိမ့်မယ်။အလုပ်သာ လုပ်နေရတာ စိတ်ထဲမှာ စိုးရိမ်စရာတွေ၊ ပူပန်စရာတွေ ရှိနေရင် အဆင်မပြေပါဘူး။ အလုပ်ထဲမှာ အမှားတွေ ပါလာနိုင်ပါတယ်။ လက်အောက်ငယ်သားတစ်ယောက်က အမှားတွေ ဆက်တိုက်လုပ်နေပြီဆိုရင် ဆူပူနေမယ့်အစား သူဘာဖြစ်နေတာလဲဆိုတာ အရင်ရှာဖွေပါ။ မေးမြန်းပါ။ ခုလိုအချိန်ဆို ပိုဆိုးပါတယ်။ အားလုံးက ပိုးကူးခံရမှာလား။ မိသားစုတွေနဲ့ ခွဲပြီး ကွာရန်တင်းဝင်ရမှာလား။ သူကနေ မိသားစုကို ကူးသွားမှာလား စသဖြင့် စိုးရိမ်စိတ်လေးတွေ ရှိနေမှာပါ။ ဒီလိုအချိန်မှာ ပစ်မထားဘဲ အားပေးကူညီဖို့လိုပါတယ်။အလုပ်ကို စက်ကြီးတစ်ခုကို မြင်ကြည့်ရင် လက်အောက်ငယ်သားတွေ၊ လုပ်ဖော်ကိုင်ဖက်တွေဆိုတာ စက်သွားသေးသေးလေးပါပဲ။ သေးပေမယ့် သူတို့တွေ ပေါင်းထားလို့သာ၊ အလုပ်ကောင်းကောင်း လည်ပတ်နိုင်တာပါ။ ဒါကြောင့် ဒီစက်သွားသေးသေးလေးတွေကို ဂျမ်းမဖြစ်ရလေအောင် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ တတ်နိုင်သမျှ ဂရုစိုက်ပေးသင့်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/%e1%80%a1%e1%80%91%e1%80%80%e1%80%ba%e1%80%9c%e1%80%b0%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%a1%e1%80%94%e1%80%b1%e1%80%94%e1%80%b2%e1%80%b7-%e1%80%9e%e1%80%84%e1%80%ba%e1%80%b7%e1%80%9c%e1%80%80/