title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
သင်ချစ်ရတဲ့သူတွေ စိတ်ဖိစီးမှုမှ လွတ်မြောက်ဖို့ ဘယ်လိုကူညီပေးမလဲ
စိတ်ဖိစီးမှုဆိုတာ လူတိုင်းမှာရှိကြတာပါပဲ။ စိတ်ဖိစီးရတဲ့ အကြောင်းအရင်း၊ အနည်းအများသာ ကွာရင် ကွာမယ်။ လူတိုင်းက သူ့နည်း သူ့ဟန်နဲ့တော့ စိတ်ဖိစီးကြတာချည်းပါပဲ။ စိတ်ဖိစီးမှုဆိုတာ ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်အရ အနည်းငယ်တော့ လိုအပ်ပါတယ်။ ဒါမှ အရေးကြီးတဲ့အခြေအနေမျိုးမှာ ‘fight or flight response’နဲ့ တုံ့ပြန်နိုင်မှာပါ။ဒါပေမယ့် စိတ်ဖိစီးမှုက ခံနိုင်စွမ်းထက် ကျော်လွန်ပြီး များပြားလာရင်တော့ လူကို ဝါးမျိုပြီးရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေမှာ ထိခိုက်မှုတွေ ရှိလာမှာပါ။ ဒီအဆင့် ထိရောက်မသွားအောင်တော့ ကာကွယ်ဖို့လိုပါတယ်။ခုလိုကိုဗစ်ကာလမှာ လူတိုင်းက စိတ်ဖိစီးနေကြပါတယ်။ အလုပ်လုပ်တဲ့သူတွေ၊ စီးပွားရေးသမားတွေပဲ ဖိစီးတာ မဟုတ်ပါဘူး။ ဟိုးကလေးလေးက စလို့ လူကြီးပိုင်းအထိ အားလုံးက ကိုယ့်အပူနဲ့ ကိုယ်ပါ။ ကလေးလေးတွေဆိုရင်လည်း သူ့သူငယ်ချင်းတွေနဲ့ မတွေ့ရတဲ့အခါ၊ အပြင်ထွက် မဆော့ရတဲ့အခါ စိတ်ဖိစီးတာပဲ။ လူငယ်တွေဆိုလည်း ကျောင်းတွေပိတ်၊ အလုပ်တွေပိတ်ထားတော့ အနာဂတ်အတွက် ဝေဝေဝါးဝါးပါပဲ။လုပ်ငန်းလုပ်တဲ့သူတွေကတော့ ငွေရေးကြေးရေး စိတ်ပူပန်မှုတွေ ရှိတာပါပဲ။ လူကြီးတွေဆိုလည်း ဘယ်နေ့များ ကူးစက်ခံရမလဲ။ ကူးစက်ခံရရင် ငါ့ရောဂါအခံတွေနဲ့ အဆင်မှပြေပါ့မလား စသဖြင့် ကိုယ့်နည်းနဲ့ ကိုယ် စိတ်ဖိစီးနေကြတာပါပဲ။ဒါကြောင့် ဒီကာလမှာ သင်အပါအဝင် လူတိုင်းက သူ့အတိုင်းအတာနဲ့သူစိတ်ပူပန်နေကြပါတယ်။ စိတ်ဖိစီးမှုက သိပ်ကို များလာရင် လူမှာ အစစအရာရာ ထိခိုက်လာနိုင်တာကြောင့် သင့်ပတ်ဝန်းကျင်က သင်ချစ်ခင်တဲ့သူတွေ စိတ်ဖိစီးမှု လွန်ကဲနေပြီလားဆိုတာ ဂရုစိုက်ပြီး ကြည့်ကြည့်ပါ။ ဒီထက်ပိုမဆိုးခင် ကိုယ်ဘာတွေများ ကူညီနိုင်မလဲဆိုတာ တူတူအဖြေရှာ ကြည့်ရအောင်လား။စိတ်ဖိစီးမှုက အနည်းနဲ့ အများ ရှိနေတာဆိုတော့ တော်ရုံဆို ကိုယ့်ကိုယ်ကို စိတ်ဖိစီးနေမှန်း သတိမထားမိတတ်ကြပါဘူး။ ဒါပေမယ့် ဘေးလူအနေနနဲ့ဆိုရင်တော့ သူစိတ်ဖိစီးနေပြီလားဆိုတာ ဒီအချက်တွေနဲ့ ဆန်းစစ်နိုင်ပါတယ်။တစ်ခါတလေ လူက အကောင်းကြီးလို့ ထင်ရပေမယ့် စိတ်ထောင်းလို့ ကိုယ်ကြေပြီး ရောဂါမယ်မယ်ရရမရှိဘဲ အောက်က လက္ခဏာတွေ ခံစားလာရပါတယ်။ဖိစီးမှုတွေ သိပ်များလာတဲ့အခါ နေ့စဉ်အပြုအမူတွေပါ ပြောင်းလဲလာတာ တွေ့ရပါတယ်။ကိုယ့်ပတ်ဝန်းကျင်က တစ်ယောက်ယောက်မှာ ဒီလိုလက္ခဏာတွေ ရှိနေပြီဆိုရင် ဒါဟာ စိတ်ဖိစီးမှုများနေပြီဆိုတဲ့ သဘောပါပဲ။ သူတို့ကို ကောင်းကောင်း ဂရုစိုက်ပေးဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေရှည်မှာ ဒီလက္ခဏာတွေအတိုင်းသာဆိုရင် သူတို့ရဲ့ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ လုပ်ငန်းခွင်မှာပါ ထိခိုက်လာနိုင်လို့ပါပဲ။စိတ်ဖိစီးမှုဆိုတာ စိတ်ရောဂါတွေရဲ့ အစပဲမို့လို့ စိတ်ဖိစီးမှုခံစားနေရတဲ့ သူတွေကိုလည်း စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ဖေးမပေးဖို့လိုပါတယ်။ ဒါကြောင့်။ပုံမှန်ဆိုရင်လည်း စိတ်ဖိစီးမှုနဲ့ အသားကျနေတာဖြစ်တဲ့အတွက် တော်ရုံဖိစီးတာကို မမြင်နိုင်ပါဘူး။ ဘေးလူဖြစ်တဲ့ သင်ကတော့ မြင်နိုင်တဲ့အတွက် သူတို့ကို စိတ်ဖိစီးနေပြီဆိုတာ တစ်ချက်လောက် သတိပေးပေးပါ။ တချို့က သူ့ကိုယ်ကို ပြန်ပြီး ထိန်းချုပ်နိုင်တဲ့အတွက် ထင်သလောက် မဖိစီးတော့ပါဘူး။စိတ်ပိုင်းဆိုင်ရာမှာ တစ်ခုခုခံစားနေရတဲ့ သူတွေက သူတို့ပြောတာကို သေသေချာချာနားထောင်ပေးတဲ့သူကို လိုချင်ကြပါတယ်။ ပညာရှင်တွေအဆိုအရ စိတ်ဖိစီးနေတဲ့အချိန်မှာ အကြံပေးတဲ့သူထက် နားထောင်တဲ့သူကို ပိုလိုပါတယ်တဲ့။ ဒါကြောင့် သူတို့ပြောတာကို လိုလိုလားလား နားထောင်ပေးလိုက်ပါ။မေးတယ်ဆိုပေမယ့် ပညာသားပါပါစေ။ အတင်းအစ်အောက်မေးတာ မဟုတ်ဘဲ သူ့သဘောနဲ့သူ ပြောတာပဲ ဖြစ်ပါစေ။ တစ်ခါတလေမှာ ဖိစီးတဲ့အကြောင်းကို သိရရင် ကိုယ့်ဘက်က မတူတဲ့ အမြင်နဲ့ အကြံပေးနိုင်ပါတယ်။ အချင်းချင်း ဖိစီးတဲ့ အကြောင်းတွေကို ဖလှယ်ပြီး စိတ်ဖိစီးမှုကို လျှော့ချနိုင်ပါတယ်။ဘာကြောင့် စိတ်ဖိစီးတာလဲ။ တကယ်တော့ စိတ်ဖိစီးစေတဲ့အကြောင်းရင်းတွေကို ရှာကြည့်ရင် ယာယီကိစ္စတွေပါပဲ။ အများစုကလည်း ဖြေရှင်းလို့ပါတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ လက်တွေ့ကျကျ ဘာကို ကူညီနိုင်မလဲဆိုတာ ကြိုစဉ်းစားထားသင့်ပါတယ်။ လူအားလား၊ ငွေအားလား၊ စိတ်ပိုင်းဆိုင်ရာ အားပေးမှုလား တတ်နိုင်သလောက် ကူညီပေးလိုက်ပါ။စိတ်ဖိစီးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပါ ရှိလာတယ်ဆိုတာ အပေါ်မှာ ဖော်ပြပြီးပါပြီ။ အစားအသောက်တွေ ပျက်တယ်၊ အိပ်ရေးပျက်တယ်၊ ခုခံအားတွေ ကျလာပါတယ်။ ဒါတွေကြောင့် နောက်ပိုင်းမှာ ကျန်းမာရေးထိခိုက်လာမှာ မလွဲမသွေပါပဲ။ ဒါကြောင့် သူတို့ကို အာဟာရပြည့်ဝပြီး ရောဂါခုခံနိုင်စွမ်းရှိအောင် ကူညီပေးရပါမယ်။အစားအသောက်ပျက်နေတဲ့အတွက် ပုံမှန်စားနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လိုအပ်ရင် အားဆေးသောက်ပေးနိုင်ပါတယ်။ အားဆေးက စျေးကွက်ထဲမှာလည်း အမျိုးအစားအများကြီးရှိတဲ့အတွက် ကိုယ်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် အင်အားလည်း ပြည့်ဝပြီးရောဂါခုခံနိုင်စွမ်းကောင်းဖို့ဆိုရင် ဂျင်ဆင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တာကို ဦးစားပေးရွေးချယ်သင့်ပါတယ်။လေ့လာထားချက်အရဆိုရင် ဂျင်ဆင်းဟာ ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့အတွက် စိတ်ဖိစီးမှုကြောင့် ဆဲလ်တွေ ပျက်စီးတာကို တားဆီးပေးနိုင်ပါတယ်။ မှတ်ဉာဏ်နဲ့ ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းစေပါတယ်။ ခုခံအားကို ကောင်းစေတဲ့အတွက် စိတ်ဖိစီးမှုကျတာကြောင့် ခုခံအားကျတာကို ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ ပင်ပန်းမှုကို ပြေပျောက်စေပြီး စွမ်းအားပြည့်စေပါတယ်။ဒါ့ပြင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေမှာလည်း ဓာတ်တိုးဆန့်ကျင်သတ္တိတွေပါဝင်တာကြောင့် စိတ်ဖိစီးမှုကို တွန်းလှန်ဖို့ အကောင်းဆုံးဖြစ်မှာပါ။ ဂျင်ဆင်းထည့်သွင်း ပြုလုပ်ထားတဲ့ အားဆေး၊ ကို တစ်နေ့တစ်လုံး ပုံမှန် သောက်သုံးပေးတာက စိတ်ရော ကိုယ်ပါ လန်းဆန်းတက်ကြွစေပြီး စိတ်ဖိစီးမှုတွေနဲ့ ကင်းဝေးစေမှာပါ။စိတ်ဖိစီးမှုဆိုတာ လူတိုင်းမှာ ရှိတတ်ပါတယ်။ အလွန်အကျူးဖြစ်လာရင်တော့ ကျန်းမာရေးပါ ထိခိုက်လာနိုင်တာကြောင့် သင့်အနေနဲ့ သင်ချစ်တဲ့သူတွေကို စိတ်ဖိစီးမှုတွေကြား မနစ်မွန်းအောင် တတ်နိုင်သမျှ ကူညီပေးမယ်ဆိုရင် သူတို့ကောင်းကောင်းကျော်လွှားနိုင်မှာပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/ways-support-someone-who-stressed/
ဆံပင်ကျွတ်လွန်းတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ
အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ တစ်နေ့ကိုဆံပင်၅၀ကနေ ၁၀၀လောက် ကျွတ်နိုင်ပါတယ်။ ဒါက ပုံမှန်သတ်မှတ်ထားတဲ့ ကျန်းမာတဲ့ လူတစ်ယောက်ရဲ့ ဆံပင်ကျွတ်တဲ့ ပမာဏပါ။ ဒီထက်ပိုပြီး ဆံပင်ကျွတ်တာမျိုး၊ ဆံပင်အထွေးလိုက်ကြီး ကျွတ်တာမျိုး၊  အလိုအလျောက်ကျွတ်လာတာမျိုးဆိုရင်တော့ စိုးရိမ်စရာလိုလာပါပြီ။ ဆံပင်ကျွတ်လွန်းတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာကို စဉ်းစားသင့်ပါပြီ။အသက်ကြီးလာလို့ သဘာဝအတိုင်းထိပ်ပြောင်တာမျိုးမဟုတ်ဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်လာတာက တော်တော့်ကို အလှအပရေးရာအရ တော်တော်လေးကို အဆင်မပြေတဲ့ ပြဿနာပါ။ နောက်ဆက်တွဲအနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာမယ်၊ တခြားသူတွေက လှောင်ပြောင်ကြတဲ့အခါမှာ ကိုယ့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာနိုင်တယ်၊ တခြားကျန်းမာရေးပြဿနာတွေ ရှိနေမလားဆိုပြီးလည်း စိတ်ထဲ အမြဲစိုးရိမ်ပူပန်နေရမှာပါ။စိတ်ဖိစီးမှုများတဲ့အချိန်တွေမှာ ကိုယ်ခံအားစနစ် ဖောက်လွဲဖောက်ပြန်ဖြစ်ပြီး ဆံသားမွေးညှင်းပေါက်များကို ထိခိုက်စေတဲ့အတွက် ဆံပင်အများအပြား ကျွတ်တာမျိုး ဖြစ်တတ်ပါတယ်။ဆံပင်ကျွတ်တာ မျိုးရိုးလိုက်တဲ့ သူတွေမှာလည်း ဖြစ်နိုင်ပြီး အမျိုးအစား (၁) ဆီးချိုရောဂါ၊ နာတာရှည်အဆစ်ရောင် ရောဂါ အစရှိတဲ့ကိုယ်ခံအားစနစ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ရောဂါရှိသူတွေမှာ ပိုအဖြစ်များပါတယ်။Alopecia areata လို့ ခေါ်တဲ့ အမွေးအမျှင်တွေ အကွက်လိုက်ကျွတ်ကျတဲ့ ရောဂါဟာ ဦးရေပြားကနေ ဆံပင်များအပြင် မျက်ခုံးမွေးတွေ၊ မျက်တောင်မွေးတွေ၊ ခန္ဓာကိုယ်နေရာအနှံ့က တခြားအမွေးအမျှင်တွေပါ ကျွတ်လာပါတယ်။ ကျွတ်သွားတဲ့နေရာမှာလည်း ဆံပင်ပြန်ပေါက်ဖို့ အချိန်ကြာမြင့်တတ်ပြီး ပြန်ပေါက်လာရင်လည်း ထပ်ပြီး ကျွတ်နိုင်ဖို့ လွယ်ကူပါတယ်။အမျိုးသားတွေမှာ ဆံပင်ကျွတ်တဲ့မျိုးရိုးဗီဇရှိတာ၊စိတ်ဖိစီးမှုဝေဒနာကြုံတွေ့နေရတဲ့အခါ ဆံပင်ကျွတ်တတ်ပါတယ်။ နောက်တစ်ချက်က အမျိုးသားတွေဟာ တော်ရုံ ရေချိုးခေါင်းလျှော်ခြင်းမပြုတတ်ကြသလို ခေါင်းလျှော်တဲ့အခါမှာလည်း ရေလောင်းလိုက်ရုံနဲ့ ပြီးသွားတတ်ပါတယ်။ ဒီအခါ ဦးရေပြားမှာမှိုစွဲတာ၊ သဘာဝအဆီတွေ ဆုံးရှုံးမှုဖြစ်ပြီး ဆံသားခြောက်သွေ့တာတွေ ဖြစ်နိုင်ပါတယ်။ မှိုစွဲတဲ့နေရာမှာဆိုရင် ဆံပင်အကွက်လိုက်ကျွတ်ပြီး ကျန်တဲ့နေရာမှာတော့ ဆံပင်က ပုံမှန်အတိုင်း ပေါက်နေတာကို တွေ့ရတတ်ပါတယ်။ဆံပင်ကို မကြာခဏ ဖြောင့်လိုက်၊ ကောက်လိုက်၊ ဆေးဆိုးတတ်တဲ့ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမီးဖွားပြီးချိန်၊ သွေးဆုံးချိန်တွေမှာ ဖြစ်တတ်တဲ့ ဟော်မုန်းမျှခြေ ပျက်ယွင်းခြင်းကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ်။ ကိုယ်သောက်နေတဲ့တားဆေးတွေ၊ ရောဂါပျောက်ဆေးကြောင့်လည်း ဆံပင်ကျွတ်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေ ကြုံတွေ့နိုင်ပါတယ်။ဆံပင်ကျွတ်လွန်းတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုတော့။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/how-to-deal-with-hair-loss/
ကင်ဆာကုထုံး ခံယူချိန်မှာ စားပေးသင့်တဲ့ သစ်သီးများ
ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်တာက နေ့စဉ်ဘဝမှာ ကျန်းမာနေစေဖို့အတွက် အရေးပါပါတယ်။ ကျန်းမာအောင် စားသောက်တာနဲ့ လေ့ကျင့်ခန်း လုပ်တာက နေ့စဉ်ဘဝမှာ ကျန်းမာစေနိုင်သလိုကင်ဆာလိုမျိုး ပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတာက ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ရုံတင်မကပါဘူး။ နေထိုင်မကောင်းဖြစ်တဲ့အခါမျိုးနဲ့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာဖြစ်တဲ့ ကင်ဆာကုထုံး ခံယူချိန်မှာ လည်း ထိရောက်မှု ကောင်းစေဖို့နဲ့ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ဒီတစ်ခေါက်တော့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်လို့ ဆိုရမယ့် ကင်ဆာကုထုံး ခံယူနေချိန်မှာစားပေးသင့်တဲ့ သစ်သီးလေးတွေအကြောင်း ပြောပြပေးသွားပါမယ်။ကင်ဆာကုထုံး မခံယူခင်၊ ခံယူနေချိန် နဲ့ ခံယူပြီးချိန်မှာ လိုအပ်တဲ့အာဟာရဓာတ်တွေ၊ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ ပြည့်ဝစေပြီး ကျန်းမာနေစေဖို့ ဒီအသီးလေးတွေကို စားပေးလို့ ရပါတယ်။ဘလူးဘယ်ရီသီး။ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ ဘလူးဘယ်ရီသီးတွေက အာဟာရတွေ ပြည့်ဝစွာ ပါဝင်နေပါတယ်။ ကင်ဆာကို တိုက်ဖျက်ပေးနိုင်တဲ့ အကောင်းဆုံး စားစရာ တစ်မျိုးပါ။ဘလူးဘယ်ရီသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ အမျှင်ဓာတ်၊ ဗီတာမင် C၊ ဗီတာမင် K၊ မဂဂနိ့တို့ ပါဝင်တာကြောင့် ကင်ဆာကို တိုက်ဖျက်ပေးပြီး DNA မပျက်စီးစေဖို့ ကာကွယ်ပေးသလို ဦးနှောက်နဲ့ နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။သလဲသီး။သလဲသီးက အစေ့ကအစ ကင်ဆာရောဂါရှိသူတွေကို ထောက်ကူပေးနိုင်တာပါ။ သလဲသီးက ဆီးကျိတ်ကင်ဆာ အပါအဝင် ကင်ဆာရောဂါတွေကို ကာကွယ်ပေးပြီး ကင်ဆာကုထုံး ခံယူနေချိန်မှာ ထိရောက်မှု အားကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။သလဲသီးမှာ ဗီတာမင် C၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဖောလိတ်တို့ ပါဝင်နေတာကြောင့် ကင်ဆာ ကာကွယ်ပေးသလို အရောင်ကျစေနိုင်ပြီး သွေးတိုးလည်း ကျစေနိုင်ပါတယ်။သံပရိုသီး။အချဉ်ဓာတ်ကဲကဲနဲ့ သံပရိုသီးကတည်း ဗီတာမင် C ကြွယ်ဝတာကြောင့် ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ဟန့်တားပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်ကျရောဂါ မဖြစ်အောင် ကာကွယ်ပေးသလို စိုးရိမ်စိတ်ဖြစ်တာကိုလည်း လျှော့ချပေးနိုင်ပါတယ်။သံပရိုသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ ဗီတာမင် C၊ ပိုတက်ဆီယမ်၊ ဖောလိတ်၊ limonene တို့ ပါဝင်နေတာကြောင့် ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ဟန့်တားပေးသလို စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။ငှက်ပျောသီး။ငှက်ပျောသီးက ကင်ဆာခံစားနေရသူတွေကို ကျန်းမာနေစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အာဟာရ ကြွယ်ဝစွာ ပါဝင်နေသလို စားရတာလည်း လွယ်ကူပါတယ်။ ကိုယ်တွင်းမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်တိုးပစ္စည်းတွေ ရှိမနေစေဖို့ လုပ်ဆောင်ပေးပါတယ်။ ပိုတက်ဆီယမ် ကြွယ်ဝသလို electrolytesလည်း ပြည့်ဝစွာ ပါဝင်နေပါတယ်။ငှက်ပျောသီးမှာ ဗီတာမင် C၊ ပိုတက်ဆီယမ် နဲ့ အမျှင်ဓာတ်ပါဝင်နေတာကြောင့် အစာကြေစေနိုင်သလို ကင်ဆာ ကာကွယ်ပေးနိုင်ပါတယ်။Grapefruit။Grapefruitမှာ ကင်ဆာ တိုက်ဖျက်ပေးနိုင်တဲ့ အာဟာရတွေ ပါဝင်နေပါတယ်။ ချဉ်ချိုချိုလေး  အရသာရှိတဲ့ Grapefruitမှာ ဓာတုကုထုံးကြောင့် ခံစားရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို သက်သာစေနိုင်တဲ့ ကာရိုတီးနွိုက် တစ်မျိုးဖြစ်တဲ့ lycopene ပါဝင်နေပါတယ်။ လေ့လာမှုတွေအရ grapefruit က ရင်သားကင်ဆာဆဲလ်တွေ ကြီးထွားမှုကို နှေးစေနိုင်ပါတယ်။Grapefruitမှာ ဗီတာမင် C၊ ဗီတာမင် A ၊ ပိုတက်ဆီယမ် နဲ့ lycopene တို့ ပါဝင်နေပါတယ်။ပန်းသီး။ပန်းသီးက ကျန်းမာစေနိုင်တယ်ဆိုတာကိုတော့ ထွေထွေထူးထူး ပြောပြစရာ မလိုအောင် သိထားပြီး ဖြစ်မှာပါ။ ပန်းသီးက ကင်ဆာကုထုံးကို ထိရေက်မှု ကောင်းစေပြီး ဓာတုကုထုံးကြောင့် ဖောရောင်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ပိုတက်ဆီယမ် ပါဝင်မှုက ကိုယ်တွင်းရေဓာတ်ကို ထိန်းညှိပေးပါတယ်။ အမျှင်ဓာတ်၊ ပိုတက်ဆီယမ် နဲ့ ဗီတာမင် C ပါဝင်မှုက ကင်ဆာကုထုံးကနေ ပြန်လည် သက်သာလာချိန်မှာ ကျန်းမာနေစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ပန်းသီးမှာ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် C တို့ ပါဝင်နေတာကြောင့် အူမကြီး ကင်ဆာ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။စတော်ဘယ်ရီ။စတော်ဘယ်ရီမှာ ဗီတာမင် C၊ ဖောလိတ်၊ ပိုတက်ဆီယမ် တို့ ပါဝင်နေတာကြောင့် ကင်ဆာကုထုံး ထိရောက်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ရင်သားကင်ဆာကျိတ်တွေ မပွားစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ellagic အက်ဆစ်၊ ဗီတာမင် C၊ ဖောလိတ် တို့ ပါဝင်နေတာကြောင့် ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးသလို ကင်ဆာကုထုံး ထိရောက်စေဖို့ ထောက်ကူပေးပါတယ်။ချယ်ရီသီး။ချယ်ရီသီးမှာ polyphenols နဲ့ ဗီတာမင် C၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် ကင်ဆာအပါအဝင် နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို အရောင်ကျစေနိုင်ပါတယ်။ ကင်ဆာကုထုံး ခံယူချိန်မှာ ခံစားရနိုင်တဲ့ ခေါင်းကိုက်တာ၊ နာကျင်တာလိုမျိုး လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ချယ်ရီးသီးမှာ polyphenols နဲ့ ဗီတာမင် C၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ အမျှင်ဓာတ်တွေ ပါဝင်နေတာကြောင့် ကင်ဆာ ကာကွယ်ပေးသလို ကုထုံး ထိရောက်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ကဲ ….. ကင်ဆာကုထုံး ခံယူချိန်မှာ ဒီသစ်သီးလေးတွေကို စားပေးဖို့ လိုပါမယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/best-fruits-for-cancer/
null
null
health
health
https://hellosayarwon.com/health/general-health-knowledge/advice-for-first-cat-owner/
Q center ကို သွားရတော့မယ်ဆိုခဲ့ရင် ဘာတွေ ယူသွားမလဲ။
ကိုဗစ် ပထမလှိုင်းတုန်းက ဒီလောက် မဆိုးခဲ့ပေမယ့်ဒုတိယလှိုင်းကတော့ အတော်လေး ပြင်းထန်ပါတယ်။ကူးစက်နှုန်းမြန်သလိုအသေအပျောက်လည်း များလာပါတယ်။ ဒါပေမယ့် စောစောသိ စောစော ကုသရင်တော့ ကိုဗစ်က ပျောက်ကင်းနိုင်ခြေ များပါတယ်။ရောဂါအခံ ရှိသူတွေသက်ကြီးရွယ်အိုတွေကတော့ မဖြစ်ခင်က ကြိုတင်ကာကွယ်တာ အကောင်းဆုံးပေါ့။ တကယ်လို့ အမှတ်မထင် ပိုးရှိသူနဲ့ ထိတွေ့ခဲ့မိ ဆိုပါတော့။ သေချာတာကထိတွေ့လူနာဖြစ်ခဲ့ရင် Q ဝင်ရမှာပဲလေ။ ဒီတော့ Q ဝင်တဲ့အခါ ဘာတွေ ယူသွားဖို့ လိုမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ပြောပြပေးပါမယ်။ရောဂါပိုးရှိသူနဲ့ အမှတ်မထင် ထိတွေ့မှုကြောင့် Q ဝင်ရတော့မယ်ဆိုရင်။အဝတ်အစားဆိုတဲ့နေရာမှာ လှနေဖို့ သစ်လွင်နေဖို့ မလိုပါဘူး။ ဝတ်ရတာ သက်သောင့်သက်သာရှိပြီးလေဝင်လေထွက်ကောင်းတဲ့ ချည်သားပွပွချောင်ချောင်လေးတွေဆို ပို အဆင်ပြေပါတယ်။ချည်သားကအပူအအေးကို ထိန်းပေးသလိုချွေးလည်း စုပ်ပါတယ်။ နေရတာလည်း သက်တောင့်သက်သာ ရှိစေမှာပါ။ ချည်သား အဝတ် ၄ စုံ ၅ စုံလောက် ထည့်သွားပါ။ လိုရမယ်ရ အနွေးထည်လည်း ယူသွားပေးပါ။ဒါကတော့တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် မရှိမဖြစ်အရေးကြီးသလိုအသက်ရှူလမ်းကြောင်း ကျန်းမာရေးအတွက် မဖြစ်မနေ လုပ်သင့်တဲ့ သန့်ရှင်းရေးသုံး ပစ္စည်းပါ။ ဒီတော့ သွားပွတ်တံနဲ့ သွားတိုက်ဆေးလေးကို မဖြစ်မနေ ထည့်သွားပါ။ အခြားသူတွေနဲ့ မျှသုံးတာမျိုး မလုပ်ပါနဲ့။ဒီကာလမှာ အကုန်လုံးကို တစ်ဦးသုံး သီးသန့်ထားတာက အဆင်အပြေဆုံးပါ။ ဒီတော့မျက်နှာသစ်ပြီးရင်ဖြစ်ဖြစ်ရေချိုးသန့်စင်ပြီးချိန်မှာ ဖြစ်ဖြစ် အသုံးပြုဖို့ ရေချိုးတဘက် တစ်ထည်တော့ မဖြစ်မနေ ယူသွားပါ။ ခပ်ကြီးကြီးလေးဆို ပိုအဆင်ပြေပါတယ်။ရေချိုးဖို့ ရေခွက်ပါ။ ပလုပ်ကျင်းတာ၊ မျက်နှာသစ်တာတွေအတွက် အသုံးပြုဖို့ တစ်ကိုယ်ရေ လိုအပ်မယ့်အရာလေးတစ်ခုပါ။ အသုံးမပြုခင်နဲ့ အသုံးပြုပြီးတိုင်းမှာ ရေခွက်ကိုဆပ်ပြာနဲ့ တိုက်ပြီး ပိုးသတ်ဖို့ မမေ့ပါနဲ့။ရေအလွယ်တကူ မရနိုင်တဲ့ အခြေအနေမျိုး ရုတ်တရက် နှာချေမိတဲ့အခါမျိုးမှာ လက်နဲ့ အုပ်မိမယ်ဆိုရင် လက်ကို ပိုးသတ်ဖို့အတွက် ရေမလို လက်သန့်ဆေးရည်လေး တစ်ဗူးလောက်ကတော့ မဖြစ်မနေ ဆောင်သွားသင့်ပါတယ်။ဒါကတော့ မဖြစ်မနေ လိုအပ်မှာပါ။ Q စင်တာတွေမှာ ပေးတယ်ဆိုပေမယ့် အပိုဆောင်ထားတဲ့အနေနဲ့ ယူသွားနိုင်ရင် ကောင်းပါတယ်။ တစ်ခါသုံး မတ်ခ်လေးတွေကို တစ်ဗူးလုံး မဟုတ်ရင်တောင် သယ်နိုင်သလောက်လေး သယ်သွားစေချင်ပါတယ်။လိုအပ်တဲ့ သန့်ရှင်းရေးလုပ်ဖို့၊ ချွေးသုတ်ဖို့ကစလို့ လိုအပ်လာရင် အသုံးပြုဖို့အတွက် အဝတ်ကြမ်း တစ်ထည်ကလည်း မဖြစ်မနေ ထည့်သွားသင့်ပါတယ်။ ဖုန်ခါတာကအစ ရေမှောက်တာမျိုးကို သုတ်ဖို့အတွက်အသုံးဝင်ပါတယ်။သောက်နေကျဆေးတွေ ရှိမယ်ဆိုရင် တစ်ပါတည်း ယူသွားပေးပါ။ ဆေးတွေကို အချိန်မှန်သောက်မှ ခံစားနေရတဲ့ ဝေဒနာလည်းသက်သာမှာပါ။ မဟုတ်ရင်ကိုယ်ခံအားထိခိုက်ပြီး မလိုအပ်တဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။ရေသောက်ဖို့အတွက် သောက်ရေခွက် ဒါမှမဟုတ် ရေဗူးတစ်ခုခု ယူသွားပေးပါ။ နေ့တိုင်း သန့်စင်ပြီး ရေသောက်တဲ့အခါ နဲ့ အခြားသောက်စရာတွေကို သောက်တဲ့ ခါ အသုံးပြုနိုင်ပါတယ်။ အသုံးမပြုခင်နဲ့ အသုံးပြုပြီးတိုင်းမှာ သေချာ ဆေးကြောပေးပါ။အစားအစာ။Q centreတွေမှာ ထမင်းကျွေးတယ်ဆိုပေမယ့် လူအများနဲ့မို့လို့ ထမင်းချိန် နောက်ကျတတ်ပါတယ်။ ဒါကြောင့် မုန့်အခြောက်အခြမ်းလေးတွေ ယူသွားပါ။ အထူးသဖြင့် ဆီးချိုသမားတွေမှာ အစာနဲ့ ဆေး ညှိသောက်ရတဲ့အတွက် ပိုလိုအပ်ပါတယ်။ဒါတွေအပြင် ဆပ်ပြာ၊ အမျိုးသမီးလစဉ်သုံးပစ္စည်း နဲ့ အခြား တစ်ကိုယ်ရေလိုအပ်မယ့် ဆေးဝါးလေးတွေကိုလည်း ယူဆောင်သွားလို့ရပါတယ်။မတော်တဆ ထိခိုက်မှုအတွက်ပလာစတာကစလို့ အခြား လိမ်းဆေးလို အရာတွေ၊ ဖုန်း၊ ဖုန်းအားသွင်းကြိုး၊ စာအုပ်စတာတွေပေါ့။ထပ်ပြီးလိုအပ်တာရှိရင် အိမ်သားတွေကို အကြောင်းကြားပြီး Q centreကို ပစ္စည်းလာပို့ခိုင်းလို့ရပါတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာဖို့တော့ လိုပါလိမ့်မယ်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/q-center/
Generalized Anxiety Disorder ( စိုးရိမ်သောကလွန်ရောဂါ)
Generalize Anxiety disorder (GAD) ကို ကိစ္စတစ်ခုအတွက် စိုးရိမ်သောကရောက်ရန် အကြောင်းရင်းမရှိသော်လည်း အလွန်အကျူး စိုးရိမ်တတ်ခြင်း၊ ပူပန်သောကရောက်တတ်ခြင်းနှင့် သတ်မှတ်နိုင်ပါသည်။ GAD ရှိသောလူများမှာ အမြဲလိုလို အပျက်ကိုသာတွေးနေတတ်ပြီး ကျန်းမာရေး၊ ငွေကြေး၊ မိသားစု၊ အလုပ်၊ ကျောင်း စသည်တို့ကို အမြဲသောကရောက်နေတတ်သည်။ GAD ဖြစ်နေသူများ၏ ပူပန်သောကမှာ လက်တွေ့မဆန်သလို ဖြစ်နေသည့်ကိစ္စထက်ကို ပိုလွန်ကျူးနေသည်မျိုးဖြစ်သည်။ နေစဉ်ဘဝတွင် တောက်လျှောက်ပူပန်နေခြင်း၊ ကြောက်ခြင်းနှင့် စိတ်ညစ်ခြင်းတို့ ဖြစ်လာနိုင်သည်။ နောက်ဆုံးတွင် စိုးရိမ်စိတ်မှာ လူတစ်ကိုယ်လုံးကို အနိုင်ရသွားပြီး နေစဉ်လုပ်ငန်းများ အလုပ်၊ ကျောင်း၊ လူမှုရေးနှင့် ဆက်ဆံရေးတို့တွင် အနှောက်အယှက်ဖြစ်လာပါသည်။GAD သည် အသက်ကြီးသောသူများတွင် အဖြစ်များဆုံး စိုးရိမ်မှုရောဂါတစ်ခုဖြစ်ပြီး ထိုအသက်အရွယ်တွင် ဖြစ်ရသောအကြောင်းရင်းမှာ များသောအားဖြင့် ချောလဲခြင်း အပြင်းဖျားနာခြင်း စသည့် ထိခိုက်စရာ အဖြစ်အပျက်မှစတင်ခြင်းဖြစ်သည်။ အမျိုးသမီးများမှာ အမျိုးသားများထက် ၂ ဆ ပိုဖြစ်နိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ။ထို့အပြင် GAD ရှိသောသူများမှာ တခြားသော စိုးရိမ်မှုဆိုင်ရာရောဂါများ (ဥပမာ အကြောက်ရောဂါ သို့မဟုတ် ဖိုးဘီးယားများ)၊ အစွဲလွန်ရောဂါ၊ စိတ်ကျရောဂါ နှင့် မူးယစ်ဆေးပြဿနာ၊ အရက်စွဲခြင်းများပါ ရှိနေတတ်ပါသည်။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။သင်၏ပူပန်သောကများမှာ အလွယ်တကူပျောက်မသွားပဲ အချိန်နှင့်အမျှပိုပိုဆိုးလာနိုင်သည်။ စိုးရိမ်စိတ်မလွန်ကဲခင် အထူးကုနှင့်ပြသဖို့ ကြိုးစားပါ။ စောစောကုလျှင် ပိုလွယ်ကူစေပါလိမ့်မည်။တခြားသော စိုးရိမ်စိတ်ဆိုင်ရာရောဂါများကဲ့သို့ပင် GAD မှာလည်း အကြောင်းရင်းကို တိတိကျကျ နားမလည်သေးပါ။ သို့သော်လည်း မျိုးရိုးဗီဇအပြင် ဖြစ်ပွားစေသည့် အန္တရာယ်များ ရှိနေနိုင်ပါသည်။Generalize Anxiety disorder ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။အမျိုးသမီးဖြစ်ခြင်း – GAD ရှိနေကြောင်း အတည်ပြုခံရသော အမျိုးသမီးများမှာ အမျိုးသားများထက် အရေအတွက်ပိုများပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။GAD အားအတည်ပြုရန်အတွက် ဆရာဝန်မှ အောက်ပါတို့ကို ပြုလုပ်ပါလိမ့်မည်။များစွာသော ကျွမ်းကျင်သူတို့မှာ အမေရိကန် စိတ်ရောဂါအထူးကုအဖွဲ့အစည်းမှ ထုတ်ပြန်သော Diagnostic and Statistical Manual of Mental Disorders (DSM-5) ပါ အချက်များသုံးပြီး စိတ်အခြေအနေအား ရောဂါအမည်တပ်ကြပါသည်။ ထိုညွှန်တမ်းကို အာမခံကုမ္ပဏီများမှ စားရိတ်ထုတ်ပေးရန်အတွက်လည်း သုံးကြ၏။ DSM-5 အချက်များတွင် အောက်ပါတို့ပါဝင်သည်။GAD မှာ တခြားသော စိတ်ရောဂါများနှင့် တွဲဖြစ်နေတတ်သောကြောင့် ရောဂါကိုအတည်ပြုခြင်းနှင့် ကုသခြင်းမှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်စေပါသည်။ GAD နှင် တွဲနေတတ်သော စိုးရိမ်စိတ်ဆိုင်ရာရောဂါများမှာ –။e။GAD အတွက် အဓိက ကုသမှုနှစ်မျိုးမှာ စိတ်ကုခြင်းနှင့် ဆေးဝါးများဖြစ်သည်။ နှစ်ခုပေါင်းကုသခြင်းက သင့်ကိုပိုအကျိုးများစေပါသည်။ ဘယ်ကုသမှုက အကောင်းဆုံးလဲဆိုတာ သိရန်အတွက် သင့်ကိုစမ်းကုခြင်းများ ပြုလုပ်ခံရပါမည်။စိတ်ကုသမှု။စကားပြောကုထုံး သို့မဟုတ် စိတ်ပညာဆိုင်ရာ အပြုအမူကုထုံးဟုလည်းခေါ်သည့် စိတ်ကုသမှုတွင် အထူးကုနှင့်အတူတွဲကာ စိုးရိမ်စိတ်လက္ခဏာများကို လျော့မှုပါဝင်ပါသည်။ ၎င်းမှာ GAD အတွက် ကောင်းမွန်သော ကုသမှုဖြစ်သည်။Cognitive behaviourak ကုထုံးမှာ GAD အတွက် အကောင်းဆုံး စိတ်ကုသမှုပုံစံတစ်မျိုးဖြစ်ပါသည်။ ယေဘုယျအားဖြင့် ရေတိုသာကုသရပြီး သင့်စိုးရိမ်စိတ်ကြောင့် ရှောင်နေခဲ့သောအရာများကို တဖြည်းဖြည်းပြန်လုပ်လာနိုင်အောင် သင်ပေးခြင်းဖြစ်သည်။ ထိုကုထုံးကြောင့် သင့်အတွင်းစိတ်ကို အောင်မြင်အောင် တည်ဆောက်စေပြီး လက္ခဏာများပါ သက်သာလာမည်ဖြစ်သည်။ဆေးဝါးများ။GAD အတွက် ဆေးအမျိုးအစားများစွာကို သုံးပါသည်။ အောက်ပါတို့၏ အကျိုးအပြစ်များကို ဆရာဝန်နှင့် ဆွေးနွေးပါ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် Generalize Anxiety disorder ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/generalized-anxiety-disorder-%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%ad%e1%80%99%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac%e1%80%80%e1%80%9c%e1%80%bc%e1%80%94%e1%80%b9%e1%80%b1%e1%80%9b/
COVAX ဖော်ဆောင်ပေးမယ့် ကမ္ဘာ့နိုင်ငံတိုင်းအတွက် ကိုဗစ်ကာကွယ်ဆေးအိပ်မက်
ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ COVAX ဆိုတဲ့ အဖွဲ့အစည်းတစ်ခုအကြောင်း မီဒီယာတွေမှာ ပိုမိုဖော်ပြလာကြပါတယ်။ သူတို့ကCOVID-19 ကာကွယ်ဆေးကို ဈေးနှုန်းချိုသာစွာနဲ့ လူတိုင်းလက်ထဲရောက်အောင် ဖြန့်ဖြူးမယ်လို့ ဆိုထားတဲ့ အဖွဲ့အစည်းတစ်ခုပါ။COVID-19 ရောဂါဆိုးရွားလာချိန်မှာ ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့က အရေးကြီးတဲ့ လိုအပ်ချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာ ဆေးဝါးထုတ်လုပ်နိုင်ရေးက နီးစပ်နေပြီဖြစ်ပေမယ့် တခြားစိန်ခေါ်မှုတွေက ဘေးမှာကပ်လျက်ပါလာခဲ့ပါတယ်။COVID-19ကပ်ဘေးကြီးစတင်ချိန်ကတည်းက တစ်ကမ္ဘာလုံးမှာ တစ်လကို အမေရိကန်ဒေါ်လာ ၅၃၇ ဘီလီယံလောက်ဆုံးရှုံးနစ်နာနေပါတယ်။ ဒီဒဏ်ကို ဆင်းရဲ့တဲ့တိုင်းပြည်တွေက ပိုခံစားကြရပါတယ်။လက်ရှိစီးပွားရေးကဏ္ဍပြိုလဲမှုရဲ့နောက်ကွယ်မှာ ရောဂါကာကွယ်ဆေးကို လုံလောက်စွာဝယ်ယူနိုင်ခြင်းမရှိနိုင်လောက်အောင် အခြေအနေဆိုးရွားနေတဲ့တိုင်းပြည်တွေရှိလာနေတဲ့အခါ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းလိုအပ်လာပါတယ်။ ဒီအချိန်မှာ COVAX ဆိုတဲ့ အဖွဲ့အစည်းတစ်ခုပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။COVAX ဆိုတာCOVID-19 VaccinesGlobal Access Facility ရဲ့ အတိုကောက်ပါ။ Access to COVID-19 Tools (ACT) Accelerator ရဲ့ အဓိကနောက်ခံလုပ်ငန်း ၃ ခုထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ WHO က စတင်မိတ်ဆက်ခဲ့ပြီးတော့ EU နဲ့ ပြင်သစ်နိုင်ငံတို့ကလည်း ပူးပေါင်းပါဝင်ထားကြပါတယ်။COVID-19 ရောဂါစမ်းသပ်မှု၊ ကာကွယ်ဆေးနဲ့ကုသဆေးထုတ်လုပ်မှုတွေရဲ့ ရလဒ်တွေကို အစိုးရတွေ၊ ကျန်းမာရေးအဖွဲ့အစည်းတွေ၊ အလှူရှင်တွေ၊ ဆေးဝါးထုတ်လုပ်သူတွေ၊ သိပ္ပံပညာရှင်တွေနဲ့ လူမှုအခြေပြုအဖွဲ့အစည်းတွေ အတူတကွမျှဝေ အသုံးပြုဖို့၊ အချိုးကျကျ ခွဲဝေဖို့အတွက် ရည်ရွယ်ဖွဲ့စည်းထားတာပါ။COVAX ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ဒီကပ်ဘေးကာလကို အမြန်ဆုံးဖြတ်ကျော်နိုင်ဖို့နဲ့ လူတိုင်း ရောဂါကာကွယ်ဆေးကို လက်လှမ်းမှီမှီရယူနိုင်တဲ့အထိ ဖြန့်ဝေပေးနိုင်ဖို့ပါပဲ။ အကြောင်းကတော့ ဆေးဝါးထုတ်လုပ်နိုင်ဖို့ နီးစပ်နေပြီဖြစ်ပေမယ့် အမေရိကန်၊ ရုရှားနဲ့တရုတ်လိုတိုင်းပြည်တွေက ဆေးဝါးကို ချိုသာတဲ့နှုန်းထားနဲ့ ဖြန့်ချိဖို့ အစီအစဉ်မရှိထားတာကြောင့်ပါပဲ။COVAX ကို Gavi ၊ Vaccine Alliance ၊ Coalition for Epidemic Preparedness Innovations (CEPI) နဲ့ WHO တို့ ပေါင်းစပ်ဖွဲ့စည်းထားတာပါ။ သုတေသနတွေနဲ့ ဖွံဖြိုးရေးတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေပြီးတော့ လက်ရှိမှာ ရောဂါကာကွယ်ဆေးနဲ့သက်ဆိုင်တဲ့ ဈေးနှုန်းပိုင်းကိစ္စရပ်တွေကို ဆွေးနွေးမှုတွေ ဦးဆောင်ပြုလုပ်နေပါတယ်။COVAX က ကနဦးရည်မှန်းထားတာကတော့ ကာကွယ်ဆေး ၂ ဘီလီယံလောက်ကို ၂၀၂၁ ခုနှစ်မကုန်ခင်မှာ ကမ္ဘာ့အနှံ့ကို ဖြန့်ဖြူးပေးနိုင်ဖို့ပါပဲ။ ဒီပမာဏဟာ ရောဂါအန္တရာယ်ကို အနီးကပ်ဆုံးရင်ဆိုင်နေရတဲ့ကျန်းမာရေးဝန်ထမ်းတွေ၊လူမှုကူညီရေးဝန်ထမ်းတွေ၊ ရောဂါရှိသူတွေနဲ့ အနီးကပ်ဆုံးရှိနေသူတွေကို လုံလောက်စွာ ကာကွယ်ပေးနိုင်မယ့် ပမာဏဖြစ်တယ်လို့ COVAX က ယုံကြည်ထားပါတယ်။ချမ်းသာတဲ့တိုင်းပြည်တွေက ရောဂါကာကွယ်ဆေးမထွက်ခင်မှာတင် ကြိုတင်ဝယ်ယူမှုတွေ ပြုလုပ်နေတာကြောင့် ဆင်းရဲတဲ့တိုင်းပြည်တွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ကာကွယ်ဆေးဝယ်ယူရေးမှာ အခက်ကြုံနေရပါတယ်။ COVAX ကတော့ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝှမ်းက လူအများစုဟာ ကာကွယ်ဆေးလက်ဝယ်ရရှိနိုင်ဖို့ မရေရာသေးတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတာကြောင့် ဒီပြဿနာဟာ COVID-19 ရောဂါကာကွယ်ဆေးထုတ်လုပ်ရေး လုပ်ငန်းစဉ်လိုပဲ အရေးပါတဲ့ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။COVAX အနေနဲ့ ဒီပြဿနာကိုဖြေရှင်းပြီး အမှန်တကယ်လိုအပ်နေသူတွေဆီကို ကာကွယ်ဆေးဖြန့်ဖြုးပေးနိုင်မယ်ဆိုရင် ကမ္ဘာတစ်လွှားမှာ ဒုက္ခပေးနေတဲ့ ကပ်ဘေးကြီးကို တားဆီးဖို့အတွက်လည်း အထောက်အကူဖြစ်လာမှာဖြစ်ပါတယ်။လက်ရှိမှာ ကာကွယ်ဆေးထုတ်လုပ်ဖို့ ကြိုးပမ်းမှုပေါင်း ၁၇၀ ကျော်လောက်ရှိနေပြီးတော့ အဓိကကျတဲ့ စမ်းသမ်မှုတချို့ဟာ အားရဖွယ် ရလဒ်မျိုးတွေ ထွက်ပေါ်လာခြင်းမရှိသေးပေမယ့် Preclinical အဆင့်မှာ ၇% နဲ့Clinical trialsအဆင့်မှာ ၂၀% လောက် အကြမ်းဖျဉ်းအားဖြင့် အောင်မြင်နိုင်ခြေရှိနေတယ်လို့WHOက ဆိုထားပါတယ်။အဆိုပါ အခွင့်အရေးတွေကို ခုထက်ပိုလာအောင်မြှင့်တင်နိုင်ဖို့ COVAX က ပူးပေါင်းဆောင်ရွက်နေပြီး ကာကွယ်ဆေးထုတ်လုပ်ရေး ကြိုးပမ်းနေတဲ့ လုပ်ငန်း ၉ ခုနဲ့ ပူးပေါင်းဆောင်ရွက်နေတာပါ။ နိုင်ငံတကာကနေ COVAX ကို ရန်ပုံငွေထောက်ပံမှုတွေလည်း အားကောင်းစွာရှိနေပါတယ်။ သူတို့ ထုတ်ဖော်ပြောဆိုထားချက်တွေအရ ကမ္ဘာ့လူဦးရေရဲ့ ၂၀% ဆီ ဆေးဝါးလုံလောက်စွာဖြန့်ချိနိုင်အောင် ငွေကြေးအင်အားလုံလောက်တယ်လို့ ဆိုပါတယ်။ဒါကြောင့်လည်း COVAX က ပူးပေါင်းဆောင်ရွက်မှုတွေဟာ ကာကွယ်ဆေးထုတ်လုပ်အောင်မြင်နိုင်ခြေကို မြှင့်တင်နိုင်မယ်လို့ ယုံကြည်နေပြီး ကမ္ဘာတစ်လွှားကို ဆေးဝါးအမြောက်အများဖြန့်ချိပေးနိုင်အောင် စီမံနိုင်မယ်လို့လည်း ယုံကြည်ထားတာဖြစ်ပါတယ်။ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ထားတဲ့လုပ်ငန်းတွေဆီကနေ ထွက်ပေါ်လာမယ့် ကာကွယ်ဆေးတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ဖြန့်ချိသွားမှာပါ။မြန်မာနိုင်ငံအပါအဝင် ကမ္ဘာအနှံ့က အမြောက်အများသော ဖွံ့ဖြိုးဆဲတိုင်းပြည်တွေရဲ့ အခြေအနေတွေအရ ဈေးနှုန်းကြီးမြင့်တဲ့ ကာကွယ်ဆေးတွေကို ဝယ်ယူနိုင်ဖို့ ခက်ခဲနိုင်တာမို့ COVAX က တာဝန်ယူဖြန့်ချိပေးမယ့် ကာကွယ်ဆေးဝါးကသာ အဓိက မျှော်လင့်ချက်ဖြစ်နေတာတော့ အမှန်ပဲလို့ ဆိုရမှာပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covax-explained/
ရေကြီးမှုကြောင့် ထိခိုက်မှုကင်းစေဖို့
လူတွေရဲ့ စည်းကမ်းမဲ့မှုနဲ့အတူ ကမ္ဘာကြီး ပူနွေးလာပြီး ရေခဲမြစ်တွေ အရည်ပျော်တာ၊ သစ်တောတွေ ပြုန်းတီးမှုရဲ့ အကျိုးဆက်အနေနဲ့ မိုးတွင်း ရောက်လာတိုင်း ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုတဲ့ အနေအထားကို ကျော်လွန်ပြီး ရေကြီး ရေနစ်မြုပ်တဲ့ အဆင့်ကို ရောက်ရှိလာနေပါတယ်။တစ်နှစ်ထက် တစ်နှစ် ရေကြီးမှုတွေ က ပိုများလာသလို ပိုပြီးလည်း ပြင်းထန်လာနေပါတယ်။ ဒီတစ်ခေါက်တော့မိုးတွင်းမှာ မျှော်လင့်မထားတဲ့ ရေကြီးမှုတွေ အန္တရာယ်ကနေ ကိုယ်တိုင်ကိုရော မိသားစုကိုပါ ကာကွယ်နိုင်စေမယ့် နည်းလမ်းလေးတွေကို ဒီ ဆောင်းပါးလေးထဲမှာ ဖော်ပြပေးလိုက်ပါတယ်။ ရေကြီးမှုကြောင့် ထိခိုက်မှုကင်းစေဖို့ လိုက်နာစရာလေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။ရေကြီးမှုကြောင့် ထိခိုက်မှု ကင်းစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။ရေကြီး လာနိုင်တဲ့ အလားအလာတွေ ရှိနေမယ်၊ ကြိုတင် သတိပေးချက်တွေ ထုတ်ပြန်တဲ့ အခါမျိုးမှာ ဒီအချက်တွေကို ပြင်ဆင်ထားဖို့ လိုပါမယ်။ရေကြီး နေချိန်မှာ အကောင်းဆုံး စောင့်ရှောက်မှုက မဖြစ်မနေ လိုအပ်မှာပါ။ရေကြီး ပြီး ပြန်ကျသွားပြီဆိုရင်။ဒီအချက်တွေကို သေချာ ဂရုစိုက်ပြီး ရေကြီးတဲ့ အချိန်မှာ ကိုယ်တိုင်ကိုရော မိသားစုကိုပါ ရေကြီးမှုကြောင့် ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ် နဲ့ ကျန်းမာရေး ထိခိုက်မှုတွေကနေ ကာကွယ်လိုက်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/flooding-health-risks/
မျက်နှာပေါ်က အရေးကြောင်းတွေကို ဘယ်လိုလျှော့ချမလဲ
ပျိုမေတို့အတွက်ပဲဖြစ်ဖြစ် မမတို့ အန်တီတို့အတွက်ပဲဖြစ်ဖြစ် မျက်နှာပေါ်မှာအရေးကြောင်းတွေထနေတာမျိုးက ကြည့်ရဆိုးစေတယ်မဟုတ်လား။ဘယ်သူမဆို ကိုယ့်မျက်နှာပေါ်မှာ အရေးကြောင်းတွေ အမည်းစက်တွေဝက်ခြံတွေမရှိချင်ကြပါဘူး။ အထူးသဖြင့် အရေးကြောင်းတွေဟာအိုမင်းရင့်ရော်မှုရဲ့ လက္ခဏာလို့ လူတိုင်းက ယုံကြည်ထားကြပါတယ်။အသက်ကြီးလာတာနဲ့အမျှ အရေးကြောင်းတွေဟာလည်း မရှောင်လွှဲနိုင်သော ကြုံဆုံလာရမယ့်အရာတွေပါ။ အရေးကြောင်းတာကအရေပြားပေါ်ရှိ အတွန့်၊ အခေါက်၊ အရစ်တွေကို ဆိုလိုတာပါ။များသောအားဖြင့်တော့ အရေးကြောင်းတွေဟာ ၃၅ နှစ်နဲ့ ၄ဝ ကြားမှာ စတင်ပြီးပေါ်လာတတ်ပါတယ်။ အများဆုံးတွေ့နိုင်တာက မျက်နှာပေါ်မှာဖြစ်ပြီးတော့ မျက်စိ၊ ပါးစပ်၊ လည်ပင်းတဝိုက်တွေမှာပါ။ ခန္ဓာကိုယ်ကအသားအရေကို တင်းရင်းစေတဲ့ကော်လာဂျင်(collagen) နဲ့ ကျုံ့ဆန့်တစ်ရှူး (elastin) တွေထုတ်လုပ်နိုင်စွမ်းကျဆင်းလာချိန်မှာ အရေးကြောင်းတွေဖြစ်ပေါ်လာတာပါပဲ။များသောအားဖြင့် အရေးကြောင်းတွေကို တားဆီးဖို့ဆိုရင် ဆေးဝါးများသုံးစွဲကြတာများပါတယ်။ ဒါပေမယ့် သဘာဝနည်းလမ်းတွေနဲ့လည်း အရေးကြောင်းတွေကို တားဆီးလျှော့ချလို့ရနိုင်ပါတယ်။ အကြောင်းကတော့ ဆေးဝါးတွေဟာ အသုံးပြုသူရဲ့ ကိုယ်ခန္ဓာနဲ့ဓာတ်မတည့်တာမျိုးဖြစ်နိုင်တာကြောင့်ပါ။ဒါကြောင့် အရေးကြောင်းတွေကို လျှော့ချနိုင်စေမယ့် သဘာဝနည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/reducing-wrinkles/
Pica (ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါ)
ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါ ဆိုသည်မှာ ပုံမှန်မဟုတ်သော၊ အဟာရမရှိသော ပစ္စည်းတခုခု (ဥပမာ။ ရေခဲတုံး)ကို အလွန်အမင်း နှစ်ချိုက်စွာ စာသုံးတတ်သော ရောဂါ ဖြစ်ပါသည်။ သို့သော် တချို့ဝေဒနာရှင်များတွင်မှု အန္တာရာယ် ဖြစ်စေနိုင်သော အရာများ ( ဥပမာ။ အိမ်သုတ်ဆေးများ ခြောက် သွေ့ပြီးနောက် ကွာကျသော အဖတ်များ၊ သတ္တုအစအနများ ) ကိုလည်း စားတက်ပြီး ယင်းသို့ စားခြင်ကြောင့် နောက်ဆက်တွဲ အနေဖြင့် ခဲဆိပ်သင့်ခြင်းများလည်း ဖြစ်ပွားတတ်ပါသည်။ဤရောဂါသည် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များတွင် အတွေရများတတ်ပြီး နာတာရှည်ရောဂါ မဟုတ်ပါ။ အချို့သော ဉာဏ်ရည်ဖွံ ဖြိုးမှု နောက်ကျသော ရောဂါသည်များတွင်လည်း ဖြစ်တတ်ပါသည်။ ယင်း ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါသည် ဦးနှောက် ဖွံဖြိုးမှု့နောက်ကျသော ကလေးငယ်များတွင် ပိုမိုပြင်းထန်ပြီး အချိန်ကြာ မြင့်စွာ ဖြစ်ပွားတတ်ပါသည်။ ဤရောဂါ နှင့် ပတ်သက်သော အချက်အ လက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး သင့်ပါတယ်။ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာတွေကတော့ ပုံမှန် အစားအစာမဟုတ်သော အရာများကို ပုံမှန်စားသုံးခြင်း ဖြစ်ပါသည်။ ယင်းကဲ့သို့ စားသုံးနေခြင်းမှာ အနည်းဆုံးတစ်လ ကြာပြီဆိုပါက ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါဟု သတ်မှတ်နိုင်ပြီ ဖြစ်ပါသည်။အကယ်၍ သင်သည် ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါရှိနေပြီ ဆိုပါက အောက်ပါအရာများထဲမှ တခုခုကို စားသုံးမည်ဖြစ်ပါသည်။ရေခဲတုံး၊ ဆပ်ပြာခဲ၊ ကြယ်သီး၊ ရွှံ၊ ဆံပင်၊ အမှိုက်၊ သဲ၊ စီးကရက် ဖင်အစီခံ၊ ဆေးလိပ်ပြာများ၊ အိမ်သုတ်ဆေး အစအနများ၊ ကော်၊ မြေဖြူ၊ မစင် စသည်တို့ ဖြစ်ပါသည်။ ယင်းဥပမာ ပေးထားသော အရာများအပြင် အခြားအရာများလည်း စားသုံးနိုင်ပါသေးသည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသော လက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများ ရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခု ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲ ဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဤရောဂါကို ဖြစ်ပွားစေသော အကြောင်းရင်း တစ်ခုထက်ပို၍ ရှိနိုင်ပါသည်။ အချို့ဝေဒနာရှင်များတွင် သံဓါတ်၊ ဇင့်ဓါတ် ကဲ့သို့ အဟာရဓါတ်များ ချို့တဲ့နေသည်ကို တွေ့ရှိရပါသည်။ ဥပမာ။ သံဓါတ်ချို့တဲ့၍ သွေးအားနည်းနေသော ကိုယ်ဝန်သည်များ တွင် လည်း ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါကို တွေ့ရှိရပါ သည်။ သင့်တွင် ပုံမှန်မဟုတ်သော အာသီသ ရှိနေပြီဆိုလျင် သင့် ကိုယ်ထဲတွင် အဟာရဓါတ်တခုခုနဲနေပြီကို ဖော်ပြခြင်း ဖြစ်နိုင်ပါသည်။အချို့ စိတ်ကစင့်ကလျားရောဂါနှင့် စွဲလမ်းမှု့ လွန်ကဲသော စိတ်ကျန်မာ ရေးဆိုင်ရာ ပြဿနာ ရှိနေသောသူများ တွင်လည်း ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါကို တွေ့ရှိရပါသည်။အချို့သော သူများသည် အစားအစာမဟုတ်သည့် ပစ္စည်းများ၏ ပုံစံ သို့မဟုတ် အနံကို စွဲလမ်းပြီး စားချင်စိတ်ဖြစ်ပေါ်တတ်ပါသည်။ ထိုနည်းတူ အချို့သော ရိုးရာ ယဉ်ကျေးမှု့များတွင်လည်း မြေကြီးစားသုံးခြင်းကို ပုံမှန်ဟု ယူဆကြပါသည်။ ယင်းအနေအထားတွင်မူ ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါရှင်ကို မြေကြီးကြိုက်သူများဟု ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။အဟာရချို့တဲ့သူများတွင်သာ ယင်းရောဂါဖြစ်နိုင်သည် မဟုတ်ပါ။ ကိုယ်အလေးချိန် လျော့ချရန်ကြိုးစားနေသူများ သည်လည်း ပုံမှန်မဟုတ်သော အရာများကိုစား၍ ဗိုက်မဆာရန် ကြိုးစားခြင်းလည်း ရှိနိုင်ပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါကို စမ်းသပ် စစ်ဆေး ရန် စက်ကိရိယာများ မရှိသေးပါ။ ရောဂါရာဇဝင်ကို သေချာစွာ မေးမြန်း အတည်ပြုခြင်းဖြင့်သာ သိရှိနိုင်ပါသည်။သင့်အနေဖြင့် ဆရာဝန်နှင့် တွေ့ဆုံရာတွင် ရှက်ရွံခြင်း မရှိဘဲ သင်စားချင်စိတ် ဖြစ်ပေါ်နေသည်အရာကို အမှန်အတိုင်း ပြောပြရန် လိုအပ်ပါမည်။ သို့မှသာ ဆရာဝန်သည် မှန်ကန်သော ရောဂါ အမည်တပ်ရန် ဆုံးဖြတ်နိုင်မည် ဖြစ်ပါသည်။ ထိုနည်းတူ ကလေးများနှင့် ဦးနှောက်ဖွံဖြိုးမှု နောက်ကျနေသူများတွင်လည်း ယင်းရောဂါ အခြေအနေကို အတည်ပြုနိုင်ရန် သင့်အနေဖြင့် ဆရာဝန်ထံခေါ်သွားခြင်း မပြုမီ ကိုယ်တိုင် စောင့်ကြည့်ပေးရန် လိုအပ်ပါမည်။ဆရာဝန်သည် သံဓါတ်နှင့် ဇင့်ဓါတ်ကဲ့သို့သော အဟာရဓါတ်များ ချို့တဲ့မှု ရှိမရှိ သွေးဖောက်စစ်ဆေးမည် ဖြစ်ပါသည်။ သို့မှသာ အဟာရ ချို့တဲ့ခြင်း ကြောင့် ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါဖြစ်ခြင်း ဟုတ်မဟုတ် အတည်ပြုနိုင်မည် ဖြစ်ပေမည်။ဆရာဝန်သည် ရောဂါဖြစ်စေသော အကြောင်းရင်များကို ရှာဖွေပြီး ယင်းအကြောင်းအရင်းများကို ကုသမှု့ပေးရပါမည်။ (ဥပမာ။ သံဓါတ်ချို့ တဲ့ခြင်း အတွက် သံဓါတ်အားဆေး) ထိုသို့သော လိုအပ်သော အဟာရကို ပြန်လည်ဖြည့်တင်းပေးသော ကုသမှု့များအပြင် စားသောပစ္စည်း များကြောင့် အဆိပ်သင့်နိုင်ခြေကိုလည်း ထည့်သွင်းတွက်ချက်ရပါသည်။ ဥပမာ။ အိမ်သုတ်ဆေး အစအနများ စားတတ်သော လူနာများတွင် ခဲဆိပ်သင့်မှု့ ရှိနိုင်ပြီး ယင်းလူနာအတွက်မူ ဆီးမှတဆင့် ယင်းခဲဆိပ်များကို စွန့်ထုတ်ရန် ethylenediaminetetraacetic acid, or EDTAကဲ့သို့သော ဆေးများကို လိုအပ်သော ပမာဏတွက်ချက်ပြီး တိုက်ကြွေးရပါမည်။အဟာရချို့တဲ့မှု့ကြောင့် ဖြစ်ပေါ်သော ရောဂါအခြေအနေ ဆိုပါက ရိုးရိုးဗီတာမင်နှင် သတ္တုဓါတ်များပါသော အားဆေးများကို ပုံမှန်သောက်သုံး ပေးခြင်းဖြင့် လက်ရှိဖြစ်ပေါ်နေသော ပုံမှန်မဟုတ်သော အာသိသဖြစ်ခြင်းကို သက်သာရုံမျှမကဘဲ နောက်ပိုင်းမဖြစ်စေရန်ပါ ကာကွယ်နိုင်ပါမည်။စိတ်ကျန်းမာရေးချို့ယွင်းမှု့များကြောင့်လည်း ပုံမှန်မဟုတ်သော အာသိသများ ဖြစ်စေနိုင်သောကြောင့် စိတ်ကျန်းမာရေး စစ်ဆေးမှု့ များကိုလည်း လိုအပ်ပါက လိုအပ်သလို ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အကယ်၍ စိတ်ကျန်းမာရေး ချို့ယွင်းမှု့များ ရှိနေပါကလည်း ဆေးသောက်ခြင်း၊ စိတ်ကျန်းမာရေး ဆွေးနွေးသည့် ကုထုံးများ ခံယူခြင်း စသည့်ကုသမှု့များ ခံယူနိုင်ပါသည်။ယခုအထိ တွေ့ရှိရသမျှ သုတေသန တွေ့ရှိမှု့များအရ ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါအတွက် ကုသပျောက်ကင်းနိုင်သည့် ဆေးမရှိသေးပါ။ သို့သော် ရိုးရိုး ဗီတာမင်အားဆေးပြားများသည် အချို့သော ရောဂါရှင်များအတွက် ထိရောက်မှု့ရှိသည်ကို တွေ့ရှိရပါသည်။ စိတ်ကျန်းမာရေး ပြသနာကြောင့် ဖြစ်သောရောဂါရှင်များတွင်မူ အပြုအမူပိုင်း ဆိုင်ရာပြသနာများ အတွက်ပေးသောဆေးများသည် ပုံမှန်မဟုတ်သော အာသိသဖြစ်မှု့ကိုပါ သက်သာ ပျောက်ကင်း စေခြင်း၊ အာသီသလျော့နည်းစေခြင်းတို့ကို တွေ့ရှိရပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/pica-%e1%80%95%e1%80%af%e1%80%b6%e1%80%99%e1%80%be%e1%80%94%e1%80%ba%e1%80%99%e1%80%9f%e1%80%af%e1%80%90%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac-%e1%80%a1%e1%80%ac%e1%80%9e%e1%80%ad%e1%80%9e%e1%80%bc/
အသည်းအစားထိုး ကုသခြင်းအကြောင်း သိကောင်းစရာများ ။ ။
ကိုယ့်အသည်းက ခြောက်နေလို့၊အသည်းကင်ဆြာဖစ်နေလို့၊ အသည်းအလုပ်မလုပ်တော့လို့ဆိုတဲ့ ပြင်းထန်ရောဂါတွေ အကြောင်းကြားဖူးကြမှာပါ။ ရှေးတုန်းကဆို ဒီလို ရောဂါတွေဖြစ်ရင် ခဏလေးနဲ့ အသက်ဆုံးရှုံကြပေမယ့် ခုနောက်ပိုင်း ဆေးပညာတွေတိုးတက်လာတော့အသည်းအစားထိုးတဲ့ ခွဲစိတ်မှုကြီးကို လူတိုင်းကြားဖူးကြမှာပါ။ ကြားသာကြားဖူးတယ်ဘာလဲဆိုတာ သေချာသိချင်တဲ့သူတွေနဲ့ အသည်းအစားထိုးဖို့လိုအပ်တဲ့လူနာတွေအတွက် အသည်းအစားထိုးတော့မယ်ဆိုရင် ဘာတွေသိသင့်သလဲဆိုတဲ့အကြောင်း ပြောပြပေးတော့မှာပါ။ ။အသည်းအစားထိုးတယ်ဆိုတဲ့နေရာမှာ အလှူရှင်နဲ့ လက်ခံသူရှိရပါမယ်။ အလှူရှင်ရဲ့ အသည်းတစ်ခြမ်းကို လှီးပြီး လက်ခံသူကို အဲဒီ တစ်ခြမ်းအစားထိုးပေးတာဖြစ်ပါတယ်။ ဒီနေရာမှာ။Living donor transplant (သက်ရှိအလှူရှင်ဆီက အသည်း အစားထိုးခြင်း)။သက်ရှိရှိတဲ့ အလှူရှင်က သဘောတူတဲ့အခါ ၊ လက်ခံသူနဲ့ အလှူရှင်ဆေးစစ်ချက်တွေ ကိုက်ညီတဲ့ အခါမျိုးဆိုရင် အလှူရှင်ဆီက အသည်းတစ်ခြမ်းကို လက်ခံသူဆီထည့်ပေးတာကို Living donor transplant လို့ခေါ်ပါတယ်။ဒီနေရာမှာ အသည်းတစ်ခြမ်းပဲ ကျန်ခဲ့တဲ့ အလှူရှင်ဘက်မှာ ထိခိုက်သွားတာတွေရှိမလာလို့မေးစရာရှိပါတယ်။အသည်းဆိုတဲ့ ကိုယ်တွင်းအစိတ်အပိုင်းလေးမှာ regeneration လို့ခေါ်တဲ့ ဆဲလ်တွေပြန်ပွားနိုင်စွမ်းရှိတာကြောင့် အသည်းအစားထိုးခွဲစိတ်မှုလုပ်ဆောင်ပြီး လအနည်းငယ်လောက်မှာတင် ပုံမှန်အရွယ်အစားအတိုင်း ပြန်ရောက်သွားနိုင်လို့ အလှူရှင်ဆီမှာရော လက်ခံသူဆီမှာရော ထိခိုက်မှု မရှိပါဘူး။Deceased Donor liver transplant(သေဆုံးပြီး အလှူရှင်ဆီက အသည်းအစားထိုးခြင်း)။ကိုမာဝင်သွားပြီးဦးနှောက်သေသွားတဲ့လူနာတွေ ၊ရုတ်တရက် နှလုံးရပ်ပြီး သေသွားတဲ့လူနာတွေခွင့်ပြုခဲ့ရင်သော်လည်းကောင်း၊ လူနာရှင်တွေ သဘောတူရင်လည်းကောင်း သေပြီးသားသူတွေဆီက အသည်းကိုအစားထိုးတဲ့ခွဲစိတ်မှုပါ။အလှူရှင်တစ်ယောက်မှာဘယ်လို အချက်တွေရှိသင့်လဲ။အသည်းအစားထိုး ကုသမှု ခံယူပြီးသူတိုင်း ကိုယ့်ကျန်းမာရေးကို သေချာဂရုစိုက်ဖို့အရေးကြီးပါတယ်။ ဝင်လာတဲ့ အသည်းအသစ်ကို ကိုယ်ခန္ဓါခုခံအား ပြန်တိုက်မှာ စိုးတာကြောင့် ခုခံအားကို ဖိထားတဲ့ဆေးတွေ သောက်ရပါလိမ့်မယ်။ ဒါ့ကြောင့် ရောဂါပိုးတွေ မဝင်အောင် အစားအသောက်တွေ သန့်ဖို့၊ တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ဖို့ ၊ဆေးတွေ မှန်မှန်သောက်ဖို့ ဆရာဝန် ညွှန်ကြာထားတာတွေ သေချာလိုက်နာဖို့ အရမ်းအရေးကြီးပါတယ် ။ ။မကောင်းတဲ့အသည်းကို အခြားသူရဲ့ အသည်းနဲ့ အစားထိုးပြီး ကုသတယ်၊ ကုသလို့ အာင်မြင်တဲ့ရာခိုင်နှုန်းကလည်း များတယ်ဆိုတော့ သူ့လောက်ကောင်းတဲ့ ကုသမှု ရှိဦးမလား။ တိုးတက်လာတဲ့ဆေးပညာကိုကျေးဇူးတင်ရမှာပဲ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/liver-transplant/
အားဆေးဝယ်တော့မယ်ဆိုရင် ဒီအချက်တွေပါမပါ ကြည့်ပြီးမှ ဝယ်ပါ။
ဗီတာမင်ချို့တဲ့နေလို့ပဲဖြစ်ဖြစ်၊အားဆေးသောက်သင့်တယ်ဆိုလို့ သူများပြောလို့ပဲ ဖြစ်ဖြစ် ကိုယ်ကိုယ်တိုင် အားဆေးသောက်ချင်လို့ဖြစ်ဖြစ် အားဆေးဝယ်တော့မယ်ဆိုရင် သင်ပထမဆုံး ဘာကို စဉ်းစားပါသလဲ။ အားဆေးဝယ်တော့မယ်ဆိုရင် ဒီအချက်တွေပါမပါ ကြည့်ပြီးမှ ဝယ်သင့်ပါတယ်။ဈေးကွက်ထဲမှာရှိနေတဲ့ဖြည့်စွက်အားဆေးတွေ ဆိုတာ ရေတွက်လို့မရနိုင်လိုက်အောင် များပြားတဲ့အတွက် အားဆေးဝယ်တော့မယ်ဆိုရင် ဘယ်အားဆေးက ယုံကြည်စိတ်ချရလဲ၊ အရည်အသွေးပိုကောင်းလဲ ဆိုတဲ့ မေးခွန်း ခေါင်းထဲ အရင်ဆုံး ရောက်လာတယ်မဟုတ်လား။လူတော်တော်များများကအားဆေးကို ကြော်ငြာအားကောင်းလို့၊ လူပြောများနေလို့ ဆေးဆိုင်တွေမှာ တင်ထားတာတွေ့လို့ဆိုပြီး ဝယ်လာကြတာများပါတယ်။ အကောင်းဆုံး အားဆေးတစ်ခုမှာ ဘယ်လို အချက်တွေ ပါသင့်လဲ၊ ဘာလို့ ဒီအားဆေးကို ဝယ်သောက်သင့်လဲ ဆိုတဲ့ အကြောင်းတွေကို များများစားစား မသိကြပါဘူး။ တွေ့ကရာ အားဆေးတွေဝယ်လာတာထက်စာရင် အားဆေးတစ်ခုကို ဘယ်လို အချက်တွေနဲ့ စိစစ်ရွေးချယ်ပြီး ဝယ်ယူရမလဲဆိုတာ သိထားရင် ပိုမကောင်းဘူးလား။ ဒါမှ ပိုက်ဆံကုန်ရကျိုးလည်း နပ်မှာပေါ့နော့်။အားဆေးဝယ်တော့မယ်ဆိုရင် ဒီအချက်တွေကို စစ်ဆေးပါ။ဒါက အရေးအကြီးဆုံးပါ။ ကိုယ်ဝယ်သုံးနေတဲ့အားဆေးက ယုံကြည်စိတ်ချရမှု ရှိမရှိ အတိကျဆုံး အဆုံးအဖြတ်ပေးနိုင်တဲ့ တစ်ခုတည်းသော အရာဟာFDAရဲ့ ထောက်ခံချက်ပါ။ ဒါ့ကြောင့် အားဆေး တစ်ခု ဝယ်သောက်တော့မယ်ဆိုရင် ဒီထောက်ခံချက်ပါမပါ အရင်ဆုံး ကြည့်ပြီးမှ ဝယ်ယူစေချင်ပါတယ်။အခြားသူတွေက ဘယ်လောက်ပဲ ကောင်းတယ်ပြောပြော FDA ရဲ့ ထောက်ခံချက် မပါတဲ့ အားဆေးတွေကို ဝယ်မသောက်တာ အကောင်းဆုံးပါ။သိချင်တာမှန်သမျှ လိုင်းပေါ်တက်ပြီး ရှာလိုက်ရုံနဲ့ သိရတဲ့အင်တာနက်ခေတ်ဆိုတော့ ကိုယ်ဝယ်ချင်တဲ့ အားဆေးအကြောင်းကို အင်တာနက်ပေါ်မှာ အရင်ရှာကြည့်ပါ။ ဆေးထဲမှာဘာတွေပါလဲ၊ကျန်းမာရေးအတွက် ဘယ်လို အကျိုးပြုလဲ၊ သုံးစွဲပြီးသူတွေကရော ကောင်းမကောင်းဘာတွေပြောထားလဲ စတဲ့ အချက်တွေကို သေချာလေ့လာပြီးမှ ဝယ်ပါ။ကိုယ်ဝယ်သောက်မယ့်အားဆေးမှာ ဘယ်ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါတယ်။ ဘယ်လောက်ပမာဏ ပါတယ် ဆိုတာတွေကို သေချာဖတ်ကြည်သင့်ပါတယ်။ ဒါမှ ကိုယ်လိုချင်တဲ့ ဗီတာမင်က တစ်ခု၊ ကိုယ်ဝယ်သောက်လိုက်တဲ့ အားဆေးက တခြား ဆိုတာမျိုး မဖြစ်တော့မှာလေ။ဒီအားဆေးမှာတော့ဓာတ်မတည့်ခြင်းကို ဖြစ်စေတတ်တဲ့ ပစ္စည်းတွေ ပါဝင်တာကြောင့် ဘယ်သူကတွေကတော့ မသောက်သင့်ပါဘူးဆိုတဲ့ ဖော်ပြချက်တွေ၊ အသက်ဘယ်လောက်ဝန်းကျင်တွေကတော့ ဒီအားဆေးကို မသောက်သင့်ပါဘူးဆိုတဲ့ ဖော်ပြချက်တွေပါတဲ့အားဆေးမျိုးတွေက ပိုပြီး ယုံကြည်စိတ်ချရပါတယ်။ အမှန်ကို အမှန်အတိုင်းပြောထားတော့ ဝယ်သောက်တဲ့သူတွေလည်း သေချာစဉ်းစားလို့ရတာပေါ့။တချို့အားဆေးတွေမှာပါတဲ့ ပါဝင်ပစ္စည်းတွေကို ကိုယ်ခန္ဓာက ချက်ချင်းမစုပ်ယူနိုင်ပါဘူး။ အားဆေးသောက်တယ်ဆိုတာ အာနိသင်မြန်မြန်လိုချင်လို့ သောက်ပါတယ်ဆိုမှ ကိုယ်ခန္ဓာကစုပ်ယူရခက်တဲ့ အားဆေးတွေကို ဝယ်မိမယ်ဆိုရင် အချိန်ကုန် ငွေကုန်တာပဲ အဖတ်တင်တော့မှာပေါ့။ ဒါဆို ဘယ်လိုရွေးဝယ်ရမလဲ။“Bioavailable,” “optimized,” ဒါမှမဟုတ် “active form” ဆိုတဲ့ စကားလုံးလေးတွေကို ဆေးဘူးနောက်က ဆေးညွှန်းမှာ လိုက်ရှာပါ။ ဒီစာလုံးတွေရဲ့ အဓိပ္ပာယ်က စုပ်ယူရလွယ်ကူစေတယ်၊ ဆေးအာနိသင်ကောင်းတယ်ဆိုတာကို ပြောထားတာတွေပါ။ ဒီစာလုံးတွေပါတဲ့ အားဆေးတွေကို ပိုပြီး ဦးစားပေးရွေးချယ်စေချင်ပါတယ်။တစ်နေ့ ဘယ်နှစ်လုံးသောက်ရမလဲ။ ဘယ်နှစ်ကြိမ် သောက်ရမှာလဲ။ အသက်ဘယ်လောက်က စပြီး သောက်ရမှာလဲ။ အစာနဲ့တွဲပြီးလား အစာမပါဘဲသောက်ရမှာလားဆိုတဲ့ အညွှန်းတွေပါတာကို ရွေးချယ်ပါ။ ဒါမှ လိုတာထက်ပိုတဲ့ ပမာဏ မသောက်မိတော့လို့ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာမျိုး မဖြစ်တော့ဘူးပေါ့။ဒါတွေကတော့အားဆေးပဲ ဖြစ်ဖြစ် အခြား ဘာဆေးတွေပဲ ဖြစ်ဖြစ် ဝယ်ယူတဲ့အခါ မဖြစ်မနေ စစ်ကြည့်သင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီအတိုင်းတွေ့ကရာ ဝယ်လိုက်တာထက်စာရင် ဒါလေးတွေသိထားပြီး ဝယ်တော့ ပိုကောင်းတာပေါ့ ။ ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/supplement/
မာလာရှမ်းကောထဲမှာပါတဲ့ မက်ခါသီး
မာလာရှမ်းကောစားတဲ့အခါ ခပ်ထုံထုံ အရသာကိုပေးတဲ့ အရာလေးဖြစ်သလို ဟင်းကို အနံ့အရသာ တိုးစေတဲ့ မက်ခါသီးလေးက ကယားပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ ပေါများစွာထွက်တဲ့ ဒေသထွက်ဟင်းခတ် အမွှေးအကြိုင်လေးပါ။ငရုတ်ကောင်းလိုပဲ ဟင်းလျာတွေထဲမှာ အနံ့အရသာတိုးစေဖို့ ထည့်တတ်ကြပါတယ်။ ဒီလို အထုံအရသာပေးစွမ်းတဲ့ မက်ခါသီးလေးက စားကောင်းရုံတင်ပဲလား။ ကျန်းမာရေး အကျိုးကျေးဇူးရော ရှိလား သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။ဟင်းခတ်အမွှေးအကြိုင်တစ်ခု ဖြစ်တဲ့ မက်ခါသီးလေးမှာ။ခပ်ထုံထုံ ခပ်မွှေးမွှေး မက်ခါသီးလေးက။မက်ခါသီးက ကျန်းမာရေးကို တော်တော်လေး အထောက်အကူပြုပေးတာပါ။ မက်ခါသီးမှာ ပါတဲ့ ဒြပ်ပေါင်းတွေကစပါးလင်မှာပါတဲ့ ဒြပ်ပေါင်းတွေလိုပဲ လန်းဆန်းတဲ့ မွှေးရနံ့နဲ့ စိတ်ကြည်လင်လန်းဆန်းစေဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။အခြားသော ဟင်းခတ် အမွှေးအကြိုင်တွေ နည်းတူ မက်ခါသီးက အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေနိုင်ပါတယ်။လေပွတာ၊ ဗိုက်အောင့်တာကို သက်သာစေသလို ဝမ်းတွင်းက အပူအပုပ်တွေကို ကင်းစေနိုင်ပါတယ်။မက်ခါသီးမှာခန္ဓာကိုယ်ကျန်းမာစေဖို့ အထောာက်အပံ့ပေးနိုင်တဲ့ ပိုတက်ဆီယမ်၊ copper၊ manganese၊ phosphorus၊ ဇင့် နဲ့seleniumတို့ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါတင်မကသေးပါဘူးသွေးအားနည်းရောဂါမဖြစ်စေဖို့ ကာကွယ်ပေးပြီး သွေးဆဲလ်တွေဖြစ်ပေါ်စေသလို ကိုယ်တွင်း အောက်ဆီဂျင်ပမာဏကို မြှင့်တင်ပေးနိုင်တဲ့သံဓာတ်လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။မက်ခါသီးကို သွားကိုက်သွားနာသက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ မက်ခါသီးကို ရေနွေးထဲမှာ ၁၀ မိနစ်ကနေ ၁၅ မိနစ်အထိ စိမ်ပါ။ ရလာတဲ့အရည်ကိုပလုပ်ကျင်းပေးပါ။ သွားကိုက်သွားနာတာကို သိသိသာသာ သက်သာစေပါလိမ့်မယ်။မာလာရှမ်းကောကို အနံ့ရတာနဲ့ စားချင်နေတယ်ဆိုတာ မက်ခါသီးလေးရဲ့ အစွမ်းပါ။ မက်ခါသီးက ခံတွင်းပျက်နေသူတွေကို အစားစားချင်စိတ် ဖြစ်စေပြီး ခံတွင်းမြိန်စေဖို့ လုပ်ဆောင်ပေးပါတယ်။ အစားပျက်နေရင် မက်ခါသီးလေးရဲ့ အကူအညီ ယူလို့ရပါတယ်။မက်ခါသီးမှာ ပိုတက်ဆီယမ် ကြွယ်ဝတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ သွေးတိုး သက်သာစေသလိုနှလုံးကျန်းမာစေဖို့လည်း အကောင်းဆုံး အထောက်အကူပြုပေးနိုင်ပါတယ်။ မက်ခါသီးကနှလုံးသွေးကြောကျဉ်းတာ၊ ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာတွေ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/sichuan-pepper-benefits/
ကိုယ်ထဲမှာ စတီးရွိုက်တွေ များလာတဲ့အခါ
စတီးရွိုက်ဆိုတာ ခန္ဓာကိုယ်အတွက် မရှိမကောင်း ရှိမကောင်းပါပဲ။ မရှိရင်လည်း မကောင်းသလို လိုတာထက် ပိုနေပြန်ရင်လည်း နောက်ဆက်တွဲရောဂါတွေ ရလာနိုင်ပါတယ်။ ဒီတော့ ကိုယ်ထဲမှာ ရှိသင့်တဲ့ ပမာဏအတိုင်း ရှိနေတာပဲ ကောင်းပါတယ်။ စတီးရွိုက်တွေ လိုတာထက် ပိုများလာတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဘာတွေ ပြောင်းလဲသွားနိုင်ဆိုတာ ကြည့်ကြည့်ရအောင်။ကျောက်ကပ်ရဲ့ အပေါ်နားလေးမှာ အဒရီနယ်ဂလင်းဆိုတာ ရှိပါတယ်။ ဒီဂလင်းကနေကော်တီစောဟော်မုန်းလို့ခေါ်တဲ့ စတီးရွိုက်ကို သဘာဝအတိုင်း ထုတ်ပေးပါတယ်။ တစ်ခါတလေ ရောဂါတစ်ခုခုရှိတဲ့အခါ (ဥပမာပန်းနာရင်ကြပ်တို့အရေပြားလေးဖက်နာတို့) ကုသတဲ့အနေနဲ့ အပြင်ကနေ စတီးရွိုက်တွေ ပေးရပါတယ်။ ဒါကတော့ လူလုပ်စတီးရွိုက်တွေပေါ့။ကိုယ်ထဲက စတီးရွိုက်တွေပဲ ထုတ်တာများများ၊ အပြင်က လူလုပ်စတီးရွိုက်တွေပဲ သောက်တာများများ ကိုယ်ထဲမှာ စတီးရွိုက်တွေ ပုံလာပြီဆိုရင် ရောဂါတစ်ခုဖြစ်လာပါတယ်။ ဒါကိုCushing syndromeလို့ ခေါ်ပါတယ်။ကူးရှင်း ရောဂါစုပေါ့။ဒီနေရာမှာ နှစ်ပိုင်း ခွဲပြောစရာ ရှိပါတယ်။ ကိုယ်ထဲက ဘာကြောင့် စတီးရွိုက်တွေ အများကြီး ထုတ်ရတာလဲ။ လူလုပ်စတီးရွိုက်တွေရော ဘာကြောင့် အများကြီး သောက်ရတာလဲ။ကိုယ်ထဲက စတီးရွိုက်တွေ အများကြီး ထုတ်ရတဲ့အကြောင်းတွေကတော့။လူလုပ်စတီးရွိုက်တွေ ကိုယ်ထဲကို အများကြီး ဝင်လာတဲ့ အကြောင်းတွေကတော့။နောက်တစ်ချက်က စတီးရွိုက်က စားဆေး၊ ထိုးဆေး၊ ရှူဆေး၊ လိမ်းဆေး အစားစား ရှိပါတယ်။ ဒါပေမယ့် စားဆေးကပဲ အဓိကဖြစ်တာပါ။ ကျန်တာတွေကြောင့် ဖြစ်တာက ရှားပါတယ်။စတီးရွိုက်များတဲ့သူက သူ့မှာ သိသာထင်ရှားတဲ့ ပုံပန်းသဏ္ဍန်ရှိပါတယ်။ ဆေးပညာအရတော့ ဒါကို ကူးရှင်းရုပ်လို့ ခေါ်တာပေါ့။ လူကို ကြည့်လိုက်ရင်။ရုတ်တရက်ကြည့်ရင်တော့ ဆေးတွေသောက်ပြီး စားကောင်းအိပ်ပျော်လို့ ဝလာတယ်လို့ ထင်စရာရှိပါတယ်။ တကယ်က ဆေးကြောင့် အဆီတွေစုပြီး ဝနေတာပါ။ ဒါက ရောဂါပါ။ သာမန်ဝတာ မဟုတ်ပါဘူး။ ဒါ့ပြင်။ဒီလိုလက္ခဏာတွေ ပေါ်လာပြီဆိုရင် ဆရာဝန်နဲ့ ပြသပြီး အမြန်ကုသရမှာပါ။ မကုသရင်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/effects-of-steroid-overdose-in-the-body/
ရိုးရိုးအကျိတ်လား၊ ကင်ဆာကျိတ် လား ဘယ်လိုသိနိုင်မလဲ။
ခန္ဓာကိုယ်မှာ အကျိတ်တစ်ခု တွေ့ပြီဆိုရင်ရိုးရိုးအကျိတ်လား၊ကင်ဆာအကျိတ်လား ဆိုတာ သိဖို့ အရေးကြီးပါတယ်။ ဒီနှစ်ခုက ပြင်းထန်ပုံခြင်း ကွာခြားသလို ကုသနည်းတွေလည်း မတူပါဘူး။ အကြမ်းအားဖြင့်တော့ ရိုးရိုးအကျိတ်က လူကို အန္တရာယ်ပေးတာ နည်းပါတယ်။ ဒါနဲ့ ပြောင်းပြန် ကင်ဆာကျိတ် ကတော့ အန္တရာယ်များပါတယ်။ဆဲလ်တွေပွားပြီး ပုံမှန်မဟုတ်တဲ့ အလုံးအဖုတွေ ပေါ်လာပြီဆိုရင် ဒါကိုအကျိတ်လို့ သတ်မှတ်ပါတယ်။ ဒီမှာမှ ဘေးကို မပွားတဲ့ အကျိတ်ဆိုရင်  ရိုးရိုးအကျိတ် (Benign tumor) လို့ သတ်မှတ်ပြီး တခြားကို ပွားတယ်ဆိုရင်တော့ ကင်ဆာကျိတ် လို့ သတ်မှတ်နိုင်ပါတယ်။ရိုးရိုးအကျိတ်။ဒါကြောင့် ခြုံပြောရရင် ရိုးရိုးအကျိတ်တွေက ကင်ဆာအကျိတ်တွေလောက် စိုးရိမ်စရာ မရှိပါဘူး။ကင်ဆာအကျိတ်။လက္ခဏာတွေက အကြမ်းဖျင်းပဲ ပြောလို့ရပြီး အတိအကျ ခွဲခြားနိုင်ခြင်း မရှိပါဘူး။ ပိုပြီး တိကျချင်ရင်တော့ ဆဲလ်တွေကို တိုက်ရိုက် စစ်ဆေးမှပဲ ရမှာပါ။ ဒါကိုအသားစယူ စစ်ဆေးတယ်လို့ ခေါ်ပါတယ်။ အကျိတ်ကနေ အသားစ နည်းနည်း ယူလိုက်ပြီး ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ ပါမပါ၊ ဘေးနားက တစ်ရှူးတွေကို ဖောက်မဖောက် စစ်ဆေးတာပါ။ ဒါကတော့ အတိကျဆုံး နည်းပဲ ဖြစ်ပါတယ်။ကင်ဆာအကျိတ်ဆိုတာ သေချာသွားပြီဆိုရင်တော့ ဘယ်အဆင့်လဲဆိုတာ ဆက်ပြီး စစ်ဆေးရပါတယ်။ ဒါမှ အဆင့်ပေါ်လိုက်ပြီး ကုသမှုတွေ  ရွေးချယ်လို့ ရမှာပါ။ အဆင့်မြင့်လေလေ ရှုပ်ထွေးတဲ့ ကုသနည်းတွေနဲ့ ကုသရလေပါပဲ။အဆင့်သတ်မှတ်ချက်မှာလည်း။ဒီအဖြေပေါ် မူတည်ပြီး ကုသမှုနည်းလမ်းတွေ ကွာသွားနိုင်ပါတယ်။ရိုးရိုးအကျိတ်ဆိုရင်တော့ ကင်ဆာမဟုတ်ကြောင်း ဝမ်းသာစရာ သတင်းကို ကြားရမှာပါ။ ရိုးရိုးအကျိတ်တွေက မဖြစ်မနေခွဲစရာ မလိုပါဘူး။ စောင့်ကြည့်လို့ရပါတယ်။ အလုံးအကျိတ်တွေက မြင်သာတဲ့နေရာမှာ ရှိနေလို့ အမြင်မတင့်တော်ဘူးလို့ ခံစားရရင် ဒါမှမဟုတ် ဘေးနားက တစ်ရှူးတွေကို ဖိနေရင်တော့ ခွဲစိတ်ဖယ်ရှားနိုင်ပါတယ်။ခန္ဓာကိုယ်မှာ အကျိတ်တစ်ခုခု စမ်းမိရင် ရိုးရိုးအကျိတ်လား၊ ကင်ဆာကျိတ် လား ကွဲကွဲပြားပြား သိဖို့ လိုပါတယ်။ ဘာအကျိတ်လည်း ဆိုတာ သိရမှ စိုးရိမ်ဖို့ လိုမလိုနဲ့ ကုသမှု နည်းလမ်းကို ရွေးချယ်နိုင်မှာပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/benign-vs-malignant-tumors/
စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာတွေမှားသိထားကြလဲ
စိတ်ကျန်းမာရေးဆိုတာ ပုံမှန်လူသားတိုင်း နားလည်နိုင်စွမ်း အလွန်နည်းပါတဲ့ ကျန်းမာရေးခေါင်းစဉ်တစ်ခုပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံလိုမျိုး ကျန်းမာရေးဗဟုသုတနည်းတဲ့ နိုင်ငံမျိုးတင်မကဘဲ တကယ့် ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတွေမှာပါ ပြည်သူလူထုများက စိတ်ကျန်းမာရေးကို ကောင်းစွာ နားလည်နိုင်ခြင်းမရှိကြပါဘူး။စိတ်ကျန်းမာရေးဆိုတာ ဘာလဲလို့ မေးခွန်းထုတ်လိုက်ရင် လူအယောက် ၁၀၀ မှာ ၉၉ ယောက်က ရူးနေတာ၊ လွတ်နေတာ၊ ဆိုက်ကိုဖောက်နေတာ၊ နည်းနည်းလေး ကြောင်တောင်တောင်ဖြစ်နေတာဆိုပြီးတော့ ပြန်ဖြေပါလိမ့်မယ်။စိတ်ခံစားချက်၊ တွေးခေါ်ပုံ၊ အပြုအမူတွေအပေါ် သက်ရောက်မှုရှိပြီး ပြောင်းလဲစေတဲ့ တွေးခေါ်မှုပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများကို စိတ်ကျန်းမာရေးပြဿနာလို့ ခေါ်ပါတယ်။ လိင်သတ်မှတ်ချက်၊ အသားအရောင်၊ လူမျိုး၊ အသက်အရွယ်၊ ပညာရေး၊ စီးပွားရေးနောက်ခံ၊ ကိုးကွယ်ယုံကြည်ရာ ဘာသာရေး စတာတွေနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိဘဲ လူတစ်ဦးတစ်ယောက်ရဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာမှာ ပုံမှန်မဟုတ်တဲ့ ချို့ယွင်းမှုတွေ ရှိနေတာပါ။ပြောရင်တော့ ယုံချင်မှ ယုံလိမ့်မယ်။ ဒါပေမယ့် ဒီကမ္ဘာပေါ်မှာ စိတ်ကျန်းမာရေးပြဿနာ မရှိသူဟာ မရှိသလောက်ကို နည်းပါတယ်။ နေ့စဉ်ကြုံတွေ့နေရတဲ့ ဘဝအခက်အခဲတွေ၊ ငယ်စဉ်က ဖြတ်သန်းလာခဲ့ရတဲ့ နာကျင်မှု စိတ်ဒဏ်ရာတွေ၊ လောကဓံရဲ့ တိုက်စားမှုတွေ၊ ဘဝနေထိုင်မှုဆိုင်ရာ ကြပ်တည်းမှုတွေဟာ စိတ်ဓာတ်ကြံ့ခိုင်ပါတယ်ဆိုတဲ့ သူတွေကိုတောင် ယိုင်နဲ့သွားစေလောက်အောင် ဆိုးကျိုးသက်ရောက်မှု ရှိစေပါတယ်။ ဒါကြောင့်လည်း ရုပ်နဲ့ ခန္ဓာဟာ လူတွေကို အသက်ရှင်စေတဲ့ စက်ယန္တရားလို့ဆိုကြပြီး စိတ်ခံစားချက်နဲ့ အတွေးအခေါ်ဆိုတာ ထိုစက်ယန္တရားတွေကို ရွေ့လျားစေဖို့ ကူညီပေးတဲ့ လောင်စာဆီလို့ ဆိုရမှာပါ။ရူးတယ်ဆိုတာ မိမိရဲ့ ကိုယ်ပိုင်အသိစိတ် ပျောက်ဆုံးသွားတဲ့ အလွန်ပြင်းထန်တဲ့ စိတ်ရောဂါတစ်မျိုးပါ။ ဒါပေမယ့် ပုံမှန်စိတ်ဓာတ်ကျတာ၊ စိတ်ညစ်တာ၊ ဝမ်းနည်းတာမျိုးကိုတော့ ရူးတယ်လို့ သတ်မှတ်လို့ မရပါဘူး။ စိတ်ကျန်းမာရေးပြဿနာလို့သာ သတ်မှတ်လို့ ရပါတယ်။ပျော်ရင် ပျော်တယ်၊ ဝမ်းနည်းရင် ဝမ်းနည်းတယ်၊ ဒီလိုမျိုး အပေါ်ယံ ခံစားမှုမျိုးကိုတော့ လူတိုင်းခွဲခြားတတ်မှာပါ။ ဒါပေမယ့် စိတ်ကျန်းမာရေးပြဿနာဆိုတာ အဲဒီလောက် ခွဲခြားရ မလွဲပါဘူး။ ဥပမာ – ရိုးရိုး စိတ်ညစ်တာကို စိတ်ဓာတ်ကျတယ်လို့ ထင်ရင် ထင်လိမ့်မယ်။ စိတ်ခံစားချက် အပြောင်းအလဲမြန်တာကို စိတ်အတက်အကျမြန်ရောဂါလို့လည်း ထင်တဲ့သူတွေ ရှိပါတယ်။ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် ဘာခံစားလို့ခံစားနေရမှန်းမသိဘဲ အရာရာပျောက်ဆုံးနေသလို ခံစားနေတဲ့သူတွေလည်း အများကြီးရှိပါတယ်။လူငယ်တွေရော လူကြီးတွေမှာပါ ဒီလိုအမူအကျင့်တွေ ရှိတာကို ပြင်ပလောကမှာလည်း ခဏခဏ မြင်ရကြားရပါတယ်။ ကိုယ်ဒီလိုခံစားနေရတာတွေကို သူများပြောလိုက်ရင် ကိုယ့်ကိုများ အထင်သေးသွားမလား၊ ကွယ်ရာမှာ ကိုယ့်မကောင်းကြောင်းတွေကို ပြန်ပြောပြီး ဟားတိုက်ရယ်မောနေကြမလား၊ ကိုယ့်ကို အားပေးနှစ်သိမ့်တာမျိုး မလုပ်ဘဲ ဝေဖန်ကဲ့ရဲ့ကြမလား၊ အထင်သေးကြမလား၊ ကိုယ့်မိသားစုကရော ကိုယ်ဘာတွေခံစားနေရလဲ သိပြီးသွားရင် ဝမ်းနည်းကြမလားဆိုပြီး အတွေးပေါင်းစုံ ဝင်လာတာနဲ့ ပြောမယ့်အရာတွေ အကုန်မျိုသိပ်လိုက်ပြီး ကိုယ့်ဘာသာ တစ်ယောက်တည်းပဲ ငြိမ်ငြိမ်နေလိုက်ကြတော့တာပါပဲ။ဒီလိုမျိုး မျိုသိပ်လိုက်တဲ့အခါ ခံစားချက်တွေက ပျောက်သွားတာမျိုးမဟုတ်ဘဲ သဲနဲ့ဖုံးလိုက်သလို ဖြစ်သွားတဲ့အတွက် နောက်ထပ် စိတ်ညစ်စရာတွေ ဝင်လာတဲ့အခါ အရင်ခံစားနေရတာတွေရော နောက်ထပ်ခံစားရတာပါ ပေါင်းသွားပြီး လူက ပြင်းထန်တဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျရောဂါတွေ ဖြစ်လာကာ မိမိကိုယ်ကို သေကြောင်းကြံစည်တဲ့အထိ ပြုမူတတ်ကြပါတယ်။ ဒီလိုမျိုးဖြစ်ရပ်တွေကို ရှောင်ရှားဖို့အတွက် ဘေးလူတွေအနေနဲ့ ကိုယ်ချစ်တဲ့သူတွေ ဘယ်လိုပုံမှန်မဟုတ်တဲ့ အပြုအမူတွေ လုပ်နေတတ်လဲ၊ စကားမျိုးတွေ ပြောနေတတ်လဲဆိုတာ အမြဲစောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။နာမည်ကြီး အဆိုတော်တွေ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားတယ် ဆိုတဲ့ သတင်းတွေတက်လာရင် သူတို့အကြောင်း ဘာမှမသိကြတဲ့ ဘေးလူတွေက “ရုပ်ကလေး ချောနေလျက်နဲ့ ဘာလို့သတ်သေသွားရတာလဲ၊ ဝင်ငွေကလည်း ကောင်းနေတာပဲ၊ အဆိုတော်ဆိုတာ ငါတို့ဖြစ်ချင်တာတောင် ဖြစ်လို့မရဘူး၊ ကိုယ့်ဘဝကိုယ် တန်ဖိုးမထားတတ်လိုက်တာ၊ အဖန်ငါးရာ့ငါးကမ္ဘာကို မကြောက်ကြဘူးနော်၊ သူတို့ထက် အဖြစ်ဆိုးတဲ့သူတွေ လောကမှာအများကြီးမရှိတာတောင် မသတ်သေကြဘူး” အစရှိသဖြင့် ကျိုးကြောင်းဆီလျော်မှုမရှိ၊ ကာယကံရှင်နဲ့လည်း မသက်ဆိုင်တဲ့အရာတွေကို အများဆုံး ပြောတတ်ကြပါတယ်။အပေါ်မှာလည်း တစ်ခေါက်ပြောခဲ့ပြီးပါပြီ။ စိတ်ကျန်းမာရေးဆိုတာ လူမျိုးမရွေး၊ အသက်အရွယ်မရွေး၊ ဘာသာမရွေး ဖြစ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ဘယ်လိုလူမျိုးမို့လို့ စိတ်ရောဂါဖြစ်ခွင့်မရှိဘူးဆိုပြီး တရားသေသတ်မှတ်တာက လောကနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့တွေးခေါ်မှုပုံစံ ကျဉ်းမြောင်းတယ်ဆိုတာကို ပြသနေတာပါပဲ။ကိုယ်တွင်းအင်္ဂါမှာ ချို့ယွင်းချက်တစ်ခုခုရှိရင် သောက်စရာဆေးရှိတယ်၊ အာထရာဆောင်း ရိုက်ပြီး စစ်ကြည့်လို့ ရတယ်၊ မကောင်းတဲ့ ဆဲလ်တွေကို ဖယ်ထုတ်လိုက်လို့ ရတယ်၊ လွယ်တာတော့ မဟုတ်ပေမဲ့ ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေ တော်တော်များပါတယ်။ စိတ်ကျန်းမာရေးပြဿနာမှာ ဝေဒနာရှင်က စိတ်ဓာတ်ကျနေတဲ့ လက္ခဏာပြနေရင်တောင် ဒီလူဆီမှာ စိတ်ကျရောဂါရှိတယ်လို့ အတိအကျပြောလို့ မရသလို တခြားစိတ်ရောဂါတွေ မရှိဘူးလို့လည်း အလွယ်တကူသတ်မှတ်လို့ မရပါဘူး။လူနာရှင်ရဲ့ ကျော်ဖြတ်ခဲ့ရတဲ့ ဘဝနေထိုင်မှုပုံစံ၊ စကားပြောဆိုမှု၊ ခြေဟန်လက်ဟန် မျက်နှာဟန်ပန်အမူအရာတွေ၊ ပုံမှန်မဟုတ်တဲ့ အမူအကျင့်တွေ၊ ခံစားနေရတဲ့ ဝေဒနာတွေကို အချိန်အကြာကြီး ဆွေးနွေးပြီးမှ ရောဂါဇစ်မြစ်ကို သတ်မှတ်လို့ ရပါတယ်။ ရောဂါသိပြီးသွားရင်လည်း တွေးခေါ်မှုပိုင်းဆိုင်ရာ စိတ်ကုထုံးတွေ၊ စိတ်ငြိမ်စေတဲ့ ဆေးတွေ၊ စိတ်လေ့ကျင့်ခန်းတွေ စတာတွေကို လုပ်ပေးဖို့အတွက် လူနာတွေကိုယ်တိုင်က စိတ်မရှည်ကြသလို ရောဂါပျောက်ဆေးမဟုတ်တဲ့အတွက် သိပ်ပြီး ယုံကြည်မှု၊ စိတ်အားထက်သန်မှုတွေလည်း မရှိကြပါဘူး။ နောက်တစ်ချက်က စိတ်ရောဂါတွေဟာ အချိန်အကြာကြီး ရောဂါကိုပိုးမွေးသလို မွေးပြီးမှ ဖြစ်လာတဲ့ပြဿနာဖြစ်တဲ့အတွက် ကုသဖို့အချိန်ဟာလည်း နှစ်ရှည်လများစွာ ကြာမြင့်နိုင်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8%e1%80%94%e1%80%b2%e1%80%b7-%e1%80%95%e1%80%90%e1%80%ba%e1%80%9e%e1%80%80/
DHT ဟော်မုန်းကို တားမြစ်ပေးပြီး ဆံပင်သန်စေမည့် အစားအသောက် ၆ မျိုး
DHTဆိုတာကတော့ Dihydrotestosterone ဟော်မုန်းကို အတိုကောက်ခေါ်ဝေါ်တာဖြစ်ပြီး အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အဆိုပါဟော်မုန်းဟာ တက်စတိုတုန်းဟော်မုန်းနဲ့ ဆင်တူပါတယ်။သင့်ကိုယ်ခန္ဓာဟာ တက်စတိုစတီရုန်းဟော်မုန်းရဲ့ ၅ရာခိုင်နှုန်းခန့်ကို 5-Alpha redustase လို့ခေါ်တဲ့ အင်ဇိုင်းကို အသုံးပြုပြီး DHT အဖြစ် ပြောင်းလဲပါတယ်။ အစားအစာတချို့ဟာ အဆိုပါအင်ဇိုင်းကို တားဆီးပေးပြီး DHT ဖြစ်ပေါ်မှုကို လျော့နည်းစေပါတယ်။ ဒါကြောင့် သဘောတရားအရဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ်နိုင်တယ်လို့ ယူဆနိုင်ပါတယ်။ယခုဆက်လက်ဖော်ပြမှာကတော့ DHT ဟော်မုန်းကို တားဆီးပေးပြီး ဆံပင်ကျွတ်ခြင်းကို သက်သာစေမယ့် အစားအသောက်တွေပဲ ဖြစ်ပါတယ်။Green Tea မှာ epigallocatechin gallate (EGCG) လို့ခေါ်တဲ့ ဓာတ်တစ်မျိုးပါဝင်ပါတယ်။ အဆိုပါ EGCG ဟာ ကိုယ်အလေးချိန်ထိန်းပေးခြင်း၊ နှလုံးနဲ့ဦးနှောက်ကို အကျိုးပြုခြင်း စတဲ့ အကျိုးကျေးဇူးတွေအပြင် ဆံပင်မွေးညင်းပေါက်တွေကိုလည်း ကောင်းစွာဖွံ့ဖြိုးစေပါတယ်။ ဒါကြောင့် ဆံပင်များကို သန်စွမ်းစေပါတယ်။လက်ဖက်စိမ်းအခြောက်ကို ရေနွေးထဲထည့်သောက်နိုင်သလို လက်ဖက်စိမ်းအနှစ်ကို ခေါင်းမှာ လိမ်းပေးနိုင်ပါတယ်။ ဦးရေပြားမှာ လိမ်းပေးပြီး နှိပ်နယ်ရင် EGCG ကြောင့် ဆံပင်များကျွတ်ခြင်းကို သက်သာစေနိုင်ပါတယ်။အုန်းဆီဟာ အရေပြား၊ ဦးရေပြားအတွက် အကျိုးပြုသလို ဆံပင်များ သန်စွမ်းနက်မှောင်ဖို့အတွက်လည်း အထောက်အကူပြုပါတယ်။အုန်းဆီမှာ လော်ရစ်အက်ဆစ်လို့ခေါ်တဲ့ ဓာတ်တမျိုးပါဝင်ပါတယ်။ လော်ရစ်အက်ဆစ်ဟာ DHT ဟော်မုန်း ထုတ်လုပ်ခြင်းကိုလျော့နည်းစေတာကြောင့် ဆံပင်ကျွတ်ခြင်းကို သက်သာစေပါတယ်။ ဦးရေပြားရဲ့ အစိုဓာတ်ကိုလည်း ထိန်းသိမ်းပေးနိုင်ပါတယ်။ကြက်သွန်နီမှာ ကွာစီတင် (quercetin) လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတမျိုး ကြွယ်ဝပါတယ်။ ကွာစီတင်ဟာလည်း 5-Alpha reductase အင်ဇိုင်းကို တားဆီးပေးနိုင်တာကြောင့် ဓာတ်တိုးဖိစီးမှုကို လျော့နည်းစေပြီး ဆံပင်ကျွတ်ခြင်းကို သက်သာစေနိုင်ပါတယ်။ကြက်သွန်တီလိုပဲ ကွာစီတင်ဓာတ် ကြွယ်ဝတဲ့ အစားအစာများကတော့ ကညွတ်၊ ဟင်းနုနွယ်၊ ပန်းသီး၊ ဘယ်ရီသီး စတာတွေပဲ ဖြစ်ပါတယ်။နနွင်းကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ သုံးစွဲကြသလို ဆေးဘက်ဝင်ပစ္စည်းအနေနဲ့လည်း သုံးစွဲနိုင်ပါတယ်။ နနွင်းမှာ အဆစ်ရောင်ခြင်းကို သက်သာစေခြင်း၊ ကိုလက်စထရောကို ကျဆင်းစေခြင်း စတဲ့အာနိသင်တွေလည်း ရှိပါတယ်။ အဆိုပါအာနိသင်များဟာ နနွင်းမှာပါဝင်တဲ့ ကာကူမင် (Curcumin) လို့ခေါ်တဲ့ ဓာတ်တစ်မျိုးကြောင့် ဖြစ်ပါတယ်။ ကာကူမင်ဟာလည်း DHT ကို လျှော့ချပေးနိုင်တဲ့အတွက် ဆံပင်ကျွတ်ခြင်းကို အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါတယ်။ဖရုံသီးရဲ့ အစေ့တွေမှာ သံဓာတ်၊ ဇင့်၊ မဂ္ဂနီဆီယမ် စတဲ့ အာဟာရဓာတ်များစွာပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း ကြွယ်ဝပါတယ်။ ဖရုံစေ့ကနေ ထုတ်လုပ်လိုက်တဲ့ အဆီဟာလည်း ဆံပင်များကို သန်စွမ်းစေပါတယ်။သုတေသနတခုရဲ့ဖော်ပြချက်အရ ဆံပင်အကျွတ်များသူ အမျိုးသားများဟာ ရွှေဖရုံစေ့ဖြည့်စွက်စာအားဆေး ၄၀၀ မီလီဂရမ်ကို ၆လခန့် နေ့စဉ် သောက်သုံးပြီးနောက် ဆံပင်ကျွတ်ခြင်းသက်သာတဲ့အပြင် ဆံပင်များ ပြန်လည်သန်စွမ်းလာစေနိုင်ကြောင်း တွေ့ရှိရပါတယ်။ဂျပန်ပဲစိမ်းကို သရေစာအနေနဲ့ရော စားမြိန်စာအနေနဲ့ပါ စားသုံးကြပါတယ်။ပရိုတင်းနဲ့အမျှင်ဓာတ်တွေအပြင် isoflavone လို့ခေါ်တဲ့ ဓာတ်တမျိုးပါဝင်ပါတယ်။ အဆိုပါ isoflavone ဟာလည်း DHT ဟော်မုန်းပမာဏကို လျှော့ချပေးနိုင်တာကြောင့် ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/dht-blocker-foods/
COVID-19 Positive လူနာတစ်ယောက်က ဘယ်လိုနေထိုင် စားသောက်ရမလဲ
အခုဆိုရင် မြန်မာနိုင်ငံမှာ စစ်ဆေးမှုတွေကို သေသေချာချာလုပ်လာနိုင်တော့ လူနာတိုးနှုန်းကလည်း တစ်နေ့ကို ၁၀၀၀ ဝန်းကျင်အထိ ရှိလာပါတယ်။ ၁၁ရက်ကျော်ရင် ရောဂါမကူးနိုင်တော့တာကြောင့် ပိုးရှိရှိ မရှိရှိလူနာတွေကို ဆေးရုံပေးဆင်းပြီး နေအိမ်မှာပဲ ဆက်ပြီးQuarantineလုပ်ခိုင်းထားတာကြောင့် မှာ ဘယ်လိုနေထိုင် စားသောက်ရမလဲဆိုတာက အရေးပါတဲ့ မေးခွန်းတစ်ခုဖြစ်လာနေပါတယ်။ဒီလိုအခြေအနေမျိုးမှာ နေအိမ်မှာနေရတယ်ဆိုပြီး နေချင်သလိုနေတာ၊ စားချင်သလိုစားတာတွေ ပြုလုပ်လို့မရပါဘူး။ သတ်မှတ်ချက်တွေနဲ့ ညီညွတ်စွာ နေထိုင်ဖို့ လိုအပ်သလို ကျန်းမာရေးနဲ့ကိုက်ညီစွာ စားသောက်ဖို့ကလည်း အထူးအရေးကြီးပါတယ်။ကွာရန်တင်းဝင်တယ်ဆိုတာဟာ မိမိမှာ ပိုးမကူးအောင်၊ မိမိပတ်ဝန်းကျင်ကလူတွေကို ပိုးမကူးစက်အောင် ခေတ္တကာကွယ်နေထိုင်တာဖြစ်တာကြောင့် ကိုယ်တိုင်ကျန်းမာရေးကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ကိုယ့်ကိုယ့်ကို ဂရုစိုက်ပြီး ကျန်းမာအောင်နေထိုင်မှ ကိုယ်လည်း ရောဂါကင်းရှင်းပြီး တခြားသူတွေကိုလည်း ကာကွယ်ပေးနိုင်မှာမို့ ကုသိုလ်လည်းရ ကိုယ်လည်းအကျိုးရှိတဲ့ အပြုအမူမျိုးဖြစ်ပါတယ်။နေအိမ်မှာ Home Quarantine ဝင်သူတွေရဲ့ နေထိုင်၊ စားသောက်မှုပုံစံနဲ့ပတ်သက်ပြီး နိုင်ငံတကာက ကျန်းမာရေးအဖွဲ့အစည်းတွေက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေရှိပါတယ်။ ဒီလမ်းညွှန်ချက်တွေကို ပြန်လည်ပြောပြလိုပါတယ်။နေအိမ်ကွာရန်တင်းဝင်ချိန်မှာ ပုံမှန်လူတစ်ယောက်လို ပြန်နေထိုင်လို့မရသေးပါဘူး။ COVID-19 ဟာ ကူးစက်နှုန်းမြန်ဆန်တာကြောင့် အောက်ပါ လမ်းညွှန်ချက်တွေကို လိုက်နာပြီးနေထိုင်ဖို့ လိုအပ်ပါတယ်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/when-to-self-isolate-and-what-to-do/
ကိုယ့်ဆီကအဖျား ကိုယ့်သားသားမီးမီးလေးတွေဆီ မရောက်သွားအောင် ဒီလိုကာကွယ်ပါ
ဘယ်သူတစ်ဦးတစ်ယောက်မှတော့ ကိုယ့်ကြောင့် ကိုယ်ချစ်ခင်ရတဲ့မိသားစုဝင်တွေ၊သူငယ်ချင်းတွေ၊ မိတ်ဆွေတွေဖျားနာတာကိုမြင်ချင်မှာမဟုတ်ပါဘူး။ ကိုယ်တိုင်ဖျားနာလို့ စိတ်ညစ်ပါတယ်ဆိုမှာ ကိုယ့်ကြောင့်သူတို့တွေဖျားရင် အားနာရတဲ့စိတ်ကတော်တော်လေး စိတ်မကောင်းဖြစ်စေတယ်နော်။ ဒီလိုမျိုး အားနာစိတ်မကောင်းဖြစ်ရတာမျိုးမဖြစ်ချင်ဘူးဆိုရင် ဒီအချက်လေးတွေ သိထားဖို့လိုမယ်ထင်တယ်နော်။ ဒါမှ ကိုယ့်ကြောင့် ကိုယ်ချစ်ရတဲ့သူတွေဖျားနာမှုခံစားရတာကနေ ကင်းဝေးစေမှာပါ။ ကိုယ့်ဆီကအဖျား ကိုယ့်သားသားမီးမီးလေးတွေဆီ မရောက်သွားအောင် ဒီလိုကာကွယ်ပါ …။အဓိကကတော့ လူတစ်ယောက်ဆီကနေလူတစ်ယောက်ဆီကိုချောင်းဆိုးတာနှာချေတာတွေကနေတဆင့်ရောဂါပိုးတွေကလေထဲမှာပြန့်နှံ့သွားပြီး ကူးစက်တာပါ။ ဖျားနာနေတဲ့လူချောင်းဆိုး နှာချေမှုကြောင့်ခန္ဓါကိုယ်ြပင်ပကိုရောက်လာတဲ့ရောဂါပိုးတွေကလေထဲကနေတဆင့် လွှင့်သွားပြီး အနီးမှာရှိနေတဲ့သူတွေရဲ့ ပါးစပ်နဲ့နှာခေါင်းတွေဆီကိုရောက်ရှိသွားပြီး ကိုယ်တွင်းကို ကူးစက်ဝင်ရောက်တာပါ။ရောဂါရှိသူရဲ့တံတွေး၊နှာရည်တို့ထိတွေ့ထားတဲ့နေရာတွေကို ထိတွေ့မိမှုကနေတဆင့်လည်းအဖျားကူးစက်နိုင်ပါသေးတယ်။အအေးမိတုပ်ကွေးြဖစ်စေတဲ့ ဗိုင်းရပ်စ်တွေက တံခါးလက်ကိုင်ဖုတွေ၊ စားပွဲခုံတွေနဲ့ ထိုင်ခုံလိုမျိုးနေရာတွေမှာ ၂ နာရီကြာအထိရှင်သန်နေနိုင်ပါတယ်။ အချို့ဗိုင်းရပ်စ်တွေဆိုရင်ပြင်ပလေထုထဲမှာ အချိန် ၂ နာရီကျော်တဲ့ အထိရှင်သန်နေနိုင်ပါတယ်။ကိုယ့်ဆီကအဖျား ကိုယ့်သားသားမီးမီးလေးတွေဆီ မရောက်သွားအောင် ဒီလိုကာကွယ်ပါ။လက်တွေကို စင်ကြယ်အောင်ဆေးကြောပေးပါ– လက်ဆေးတာကတစ်ကိုယ်ရေသန့်ရှင်းရေးအတွက် မဖြစ်မနေလိုအပ်တဲ့ အချက်တစ်ခုပါ။ရေနဲ့ပဲဆေးကြောတာမျိုးမလုပ်ဘဲဆပ်ပြာသုံးပြီးဆေးကြောပေးပါ။ရေအလွယ်တကူမရနိုင်ဘူးဆိုရင်ရေမလိုလက်သန့်ဆေးရည်သုံးပြီးဆေးကြောသန့်စင်ပေးလိုက်ပါ။မျက်နှာကို လက်နဲ့ခဏခဏမကိုင်ပါနဲ့ –လူတော်တော်များများက တစ်မိနစ်မှာ ပျမ်းမျှအနေနဲ့ မျက်နှာကို ၂ ကြိမ်ကနေ ၃ ကြိမ်လောက်အထိကိုင်တွယ်ထိတွေ့တတ်ကြပါတယ်။ လက်မှာ မမြင်နိုင်တဲ့ဘက်တီးရီးယားများစွာကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် လက်ကိုသေချာမဆေးကြောဘဲနဲ့ မျက်နှာကို ခဏခဏ မကိုင်ပါနဲ့။ မလိုအပ်ဘဲရောဂါပိုးတွေပြန့်နှံ့နိုင်တာကြောင့်ပါ။နီးနီးကပ်ကပ်စကားပြောတာမျိုးမလုပ်ပါနဲ့– ဖျားနာနေချိန်မှာ လူတွေနဲ့ နီးနီးကပ်ကပ်စကားပြောဆိုတာမျိုးမလုပ်ပါနဲ့။ရောဂါပိုးကူးစက်နိုင်တာကြောင့်ပါ။နေမကောင်းဖြစ်နေချိန်မှာ ချစ်ခင်ရသူတစ်ဦးဦးကို နမ်းရှုတ်တာမျိုးမလုပ်မိဖို့လည်း သတိထားပါ။အသုံးများတဲ့ ပစ္စည်းတွေကို ပိုးသတ်ပါ– အသုံးများတဲ့ ပစ္စည်းတွေဖြစ်ကြတဲ့ တယ်လီဖုန်း၊ ကွန်ပျူတာ ကီးဘုတ်၊ စားပွဲခုံ၊ ထိုင်ခုံတွေနဲ့ တံခါးလက်ကိုင်၊ ရီမု နဲ့ အခြားသော မိသားစုတွေအားလုံးလိုလို အသုံးပြုနေတဲ့ ပစ္စည်းတွေနဲ့ တစ်နေ့တာမှာ ကိုင်တွယ်ထိတွေ့ရတာများတဲ့ ပစ္စည်းပစ္စယတွေကို ပိုးသတ်ပေးပါ။ ဒါမှ အခြားသူတွေကို အဖျားမကူးအောင်ကာကွယ်ပြီးသားဖြစ်မှာပါ။တစ်ယောက်တည်း သီးသန့်နေပါ-နေမကောင်းလို့ အားငယ်နေမှာသိပေမယ့်ဖြစ်နိုင်မယ်ဆိုရင် တစ်ယောက်တည်းနေတာ ပိုကောင်းပါတယ်။ ဒါမှရောဂါပိုးတွေကူးစက်ခံရမှုကိုလျှော့ချပေးနိုင်ပါတယ်။ လုပ်ဖို့ခက်ပေမယ့်နေမကောင်းတဲ့အခါ တစ်ယောက်တည်းသီးသန့်ခွဲနေလိုက်တာက ကိုယ်ချစ်ရတဲ့သူတွေကို အဖျားမကူးစက်ခံရအောင်ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံးသောနည်းလမ်းတစ်ခုပါ။ချောင်းဆိုး၊ နှာချေတဲ့အခါ ပါးစပ်နဲ့နှာခေါင်းကို အုပ်ထားပေးပါ-ဖျားနေတဲ့အချိန်မှာ ချောင်းဆိုးရင်ဖြစ်ဖြစ် နှာချေရင်ဖြစ်ဖြစ်ပါးစပ်နဲ့နှာခေါင်းကို လက်နဲ့အုပ်ထားပါ။ဖြစ်နိုင်ရင်တော့ လက်ကိုင်ပဝါ ဒါမှမဟုတ် တစ်သျှူးစနဲ့အုပ်ထားပေးပါ။ ဒီလိုလုပ်ပေးတာကရောဂါပိုးတွေပြန့်နှံ့တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ကျန်းမာရေးနဲ့ညီညွတ်တဲ့အလေ့အထတွေကိုမွေးမြူပါ –မိသားစုဝင်တွေကို ကိုယ့်ကြောင့်ဖျားနာတာမျိုးမဖြစ်စေချင်ဘူးဆိုရင်ကိုယ်ခံအားကောင်းစေဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့အလေ့အထတွေကိုမွေးမြူပေးပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာ၊ ကျန်းမာရေးနဲ့ညီညွတ်မျှတအောင် အာဟာရပြည့်ဝတဲ့အစားအစာတွေကို စားသုံးပေးတာ၊အိပ်ရေးဝအောင်အိပ်စက်တာ၊ရေဓါတ်ပြည့်ဝအောင်သောက်သုံးတာ၊ဆေးလိပ်နဲ့အရက်တွေကိုရှောင်တာလိုမျိုး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထတွေကိုမွေးမြူပေးပါ။ပစ္စည်းတွေကို မျှမသုံးပါနဲ့– အစားအသောက်တွေကို စားတဲ့အခါမှာ ဘယ်လောက်ပဲချစ်ချစ် ဖျားနေချိန်မှာတော့ ဇွန်းတွေ ခရင်းတွေနဲ့ သောက်ရေခွက်တွေကို အတူတူမျှသုံးတာမျိုးမလုပ်ပါနဲ့။ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းတွေဖြစ်တဲ့သွားပွတ်တံလိုမျိုးအရာတွေကို မျှမသုံးပါနဲ့။လေဒီတွေအနေနဲ့နောက်ထပ်သတိထားရမှာတစ်ခုက နှုတ်ခမ်းနီတစ်ခုထဲကို မျှဆိုးတာမျိုးမလုပ်ဖို့ပါ။ကြိုတင်ကာကွယ်မှုလုပ်ပါ– အအေးမိတုပ်ကွေးဖြစ်တဲ့အခါ ခံစားရတဲ့ဝေဒနာကတော်တော်လေးဆိုးပါတယ်။ ဒါကြောင့် ဖျားနာလာမှဆေးကုသမှုခံယူတာထက် မဖြစ်ခင်ကကြိုတင်ကာကွယ်လို့ရတာမျိုးကို ကြိုလုပ်ထားပေးပါ။ မြင်သာအောင်ပြောပြရရင် တုပ်ကွေးကာကွယ်ဆေးကြိုထိုးတာမျိုး၊ အဖျားငွေ့ငွေ့လေးဖြစ်ကတည်းကဆေးခန်းပြတာမျိုး၊အအေးမိတုပ်ကွေးကို ဆေးဝါး‌တွေဆောင်ထားပြီး အသုံးပြုပေးတာမျိုးပါ။အခုပြောခဲ့တဲ့အချက်လေးတွေကို လိုက်ပါလုပ်ဆောင်ကြည့်ပြီး ချစ်ရတဲ့သူတွေကို ကိုယ့်ကြောင့်ရောဂါမခံစားရအောင် ကာကွယ်ပေးလိုက်ပါနော်…..။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/respiratory-infections/how-not-to-spread-the-flu/
ကင်ဆာဆဲလ်တွေ အပွားနှေးစေဖို့
ကင်ဆာဆဲလ်တွေ က အချိန်ကြာလာတာနဲ့အမျှ ဘေးက တစ်ရှူးတွေ၊ အဝေးက အင်္ဂါအစိတ်အပိုင်းတွေဆီကို ပွားသွားတတ်ပါတယ်။ ဒါကိုကကင်ဆာရဲ့ ဝိသေသတစ်ခုပါ။ ဆဲလ်တွေ အဆမတန်ပွားပြီး ကြီးလာတာ၊ ဘေးနားက တစ်ရှူးတွေကို ထိုးဖောက်တာ၊ သွေး၊ ပြန်ရည်ကနေတဆင့် အဝေးက ကိုယ်တွင်းအင်္ဂါတွေကို ပြန့်သွားတာကြောင့်ကင်ဆာဆဲလ်တွေက ကြာလေပွားလေပါပဲ။ဒီမှာမှ တချို့ကင်ဆာတွေက နဂိုတည်းက အပွားမြန်တဲ့ ကင်ဆာတွေ ရှိသလို အပွားနှေးတဲ့ ကင်ဆာ (ဥပမာ ဆီးကျိတ်ကင်ဆာ)တွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကင်ဆာာရဲ့ သဘောကတော့ မကုသဘူးဆိုရင်  ကြာလေပွားလေဖြစ်ပြီး အဆင့်တွေ တက်လာနိုင်ပါတယ်။ကင်ဆာဆဲလ်တွေကို အပွားနှေးအောင် special diet တွေ၊ cancer diet တွေ ဆိုပြီး ပြောကြပေမယ့် ဒါတွေမှာ ထူးထူးခြားခြား အစားအစာတွေ ပါတာတော့ မဟုတ်ပါဘူး။ ပုံမှန်ဆရာဝန်တွေပြောနေကျ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ၊ ဆောင်ရန် ရှောင်ရန်တွေပဲ ဖြစ်ပါတယ်။  ဆိုလိုတာက ဒီအစားအစာတွေကို စားလို့ ကင်ဆာဆဲလ်တွေ ပွားတာ နှေးကောင်း နှေးကောင်း နှေးနိုင်ပေမယ့် ဒါတွေကိုပဲ စိတ်ချထားလို့ မရပါဘူး။အားဆေးတွေလည်း ဒီလိုပါပဲ။ လိုမှသောက်ရင်ရပါပြီ။ အစားမစားဘဲ အားဆေးတွေကိုချည်း အားကိုးတာကလည်း အလုပ်မဖြစ်ပြန်ပါဘူး။ဒီတော့ ကင်ဆာဆဲလ်တွေကို ပျောက်ကင်းစေတဲ့၊ အပွားနှေးစေတဲ့ အစားအစာတွေ၊ အားဆေးတွရယ်လို့ သီးခြား မရှိပါဘူး။ နေ့စဉ်စားတဲ့အစားအစာတွေမှာ ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို ရွေးချယ်စားတာ၊ ကျန်းမာရေးနဲ့ အညီ နေထိုင်တာကသာ အကောင်းဆုံး ဖြစ်ပါတယ်။ဒါ့ပြင် တစ်ဖက်မှာလည်း သင့်တော်တဲ့ ကင်ဆာကုထုံးတွေကို ခံယူနေရမှာလည်း ဖြစ်ပါတယ်။ကင်ဆာဆဲလ်တွေ အပွားနှေး တစ်နည်းအားဖြင့် ကင်ဆာရောဂါကို အောင်အောင်မြင်မြင် တိုက်ထုတ်နိုင်ဖို့ အောက်ပါအချက်တွေကို လိုက်နာဖို့ လိုပါတယ်။ကင်ဆာလို့ သိလိုက်ရရင်  သူသူကိုယ်ကိုယ် စိတ်ညစ်ကြတာချည်းပါပဲ။ ဒါပေမယ့် ဒီလို စိတ်ညစ်ရုံနဲ့တော့ ပြဿနာက ပြေလည်သွားတာမဟုတ်တဲ့အတွက်  အမြန်ဆုံး ရုန်းထနိုင်အောင် ကြိုးစားပါ။ စိတ်ညစ်မယ့်အစား လက်တွေ့ကျတဲ့ ကုထုံးတွေ၊ ကင်ဆာရောဂါ ကုသရာမှာ အထောက်အကူဖြစ်တဲ့ နေထိုင်စားသောက်ပုံတွေကို ပြောင်းလဲပစ်ပါ။စိတ်ဖိစီးတဲ့အခါ အစားမဝင်ပါဘူး။ ဒီတော့ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရကို မရပါဘူး။ အားနည်းတဲ့ ခန္ဓာကိုယ်က ကင်ဆာရောဂါကို တိုက်ထုတ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါ။ ဒါ့ပြင် စိတ်ဖိစီးတာက ကိုယ်တွင်းက ကောင်းတဲ့ ဆဲလ်တွေကိုဓာတ်တိုးပျက်စီးစေပါတယ်။ ဒါက ကင်ဆာဆဲလ်တွေကို ပိုပွားစေပါတယ်။စိတ်ဖိစီးမှု သက်သာဖို့ ကိုယ်စိတ်ပျော်စေမယ့် အရာလေးတွေ လုပ်ပါ။ အမြဲ အိပ်ရာထဲမှာပဲ လှဲနေစရာ မလိုပါဘူး။ အလုပ်လုပ်လို့ ရပါတယ်။ ရုံးသွား၊ ကျောင်းသွားလို့ ရပါတယ်။တစ်ရက်ကို ၇-၈ နာရီလောက်အိပ်ပါ။ အိပ်ရေးဝတာက စိတ်ခံစားချက်ကို ကောင်းစေသလို ကိုယ်အလေးချိန် မတက်အောင်လည်း ထိန်းပေးနိုင်ပါတယ်။-ပိတ်ရက်ဖြစ်ဖြစ်၊ ရုံးဖွင့်ရက်ဖြစ်ဖြစ် အိပ်ချိန် ထချိန်မှန်ပါစေ။-အိပ်ခန်းကို အိပ်ပျော်လွယ်မယ့် အပြင်အဆင်မျိုး (ဥပမာ မှောင်နေအောင် ထားတာ၊ အေးနေအောင်ထားတာ) ပြင်ဆင်ထားပါ။-အိပ်ခါနီး ဖုန်းသုံးတာ၊ တီဗွီကြည့်တာ ရှောင်ပါ။-အိပ်ခါနီး ကော်ဖီ၊ အရက်၊ သကြားပါတာတွေ မစားပါနဲ့။လေ့ကျင့်ခန်း လုပ်တာက ကင်ဆာကြောင့်၊ ကုထုံးကြောင့်  နုံးတာတွေကို သက်သာစေပါတယ်။ အဝမလွန်အောင် တားဆီးပေးပါတယ်။ ကြွက်သားတွေ သန်စွမမ်းပြီး အားရှိစေပါတယ်။ သိပ်ကို ပင်ပန်းလွန်းတဲ့ရက်က လွဲပြီး တစ်ရက်ကို မိနစ် ၂၀၊ နာရီဝက်လောက် လုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါမှာ။-ကိုယ့်အတွက် သက်သောင့်သက်သာနဲ့ ပုံမှန်လုပ်နိုင်တာာမျိုးကို ရွေးချယ်ပါ။-ရံဖန်ရံဖါ အေရိုးဗစ်လိုမျိုး ခပ်မြန်မြန်လုပ်ရတဲ့ လေ့ကျင့်ခန်းကို လုပ်ပေးပါ။-ကြွက်သားသန်မာစေတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။–အထိုင်မများပါစေနဲ့။ တစ်နာရီထိုင်ပြီးတိုင်း မကြာခဏ လမ်းထလျှောက်ပါ။-တစ်ထိုင်တည်းနဲ့ နာရီဝက်မလုပ်နိုင်ဘူးဆိုရင်  တစ်ခါလုပ် ၁၀မိနစ်နဲ့ ၃ခါလောက် ခွဲလုပ်ပါ။ကင်ဆာရောဂါအတွက်  အစားအသောက်က အရေးကြီးပါတယ်။ ကင်ဆာအတွက် special dietတွေ၊ မလိုအပ်ဘဲ အားဆေးတွေ  သောက်မယ့်အစား နေ့စဉ်အစားအစာတွေကို အာဟာရပြည့်အောင် ရွေးချယ်စားသောက်ပါ။-အသီးအရွက်များများ စားပါ။ အရင်က မစားရင် အခုစစားပါတော့ ။ တစ်ရက်ကို အသီးအရွက်ရောင်စုံ ၂မျိုး၊ ၃မျိုးလောက် စားပါ။ တစ်ခါစားရင် တရုတ်ပန်းကန်လုံး ၁လုံးစာနဲ့ တစ်ရက်ကို ၅ခါလောက် ဝင်အောင်စားပါ။–အမျှင်ဓာတ်များတဲ့ အစားအစာတွေ စားပေးပါ။ အစေ့အဆန်တွေ၊ ပဲတွေကို ဆိုလိုတာပါ။-ပရိုဘိုင်အိုတစ်၊ ပရီဘိုင်အိုတစ် ကြွယ်ဝတာတွေ စားပေးပါ။ အလွယ်ရနိုင်တာတွေ ဆိုရင် ဒိန်ချဉ် (အချိုလျှော့)၊ ကင်ချီ၊ မီဆိုဟင်းချို၊ ကီဖာ၊ ကြက်သွန်ဖြူအစိမ်း၊ ကြက်သွန်နီ အစိမ်း ဒါမှမဟုတ် ချက်ထားတာ၊ ကြက်သွန်မြိတ် စတာတွေပဲ ဖြစ်ပါတယ်။ ကင်ဆာကုထုံး ခံယူနေတဲ့သူတွေက ဝမ်းလျှောတတ်ကြပါတယ်။ ပရိုဘိုင်အိုတစ်တွေက အူလမ်းကြောင်းကို ကျန်းမာစေပြီး ဝမ်းလျှောတာကို သက်သာစေပါတယ်။-အသားလျှော့စားပါ။ အထူးသဖြင့် အနီရောင်အသားနဲ့ ကလီဇာတွေပါ။ တစ်ပတ်ကို ၂ခါလောက်ပဲ စားပေးပါ။ အသားအစားနည်းလို့ ပရိုတင်းချို့တဲ့မှာစိုးရင် အသီးအရွက်တွေကရတဲ့ ပရိုတင်းနဲ့ ကြက်သား၊ ငါးနဲ့ ဥအမျိုးမျိုးကို စားပေးနိုင်ပါတယ်။-ပြုပြင်ထားတဲ့ အသားတွေ (ဥပမာ ဝက်အူချောင်း၊ ဟော့ဒေါ့)၊ ကြာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအစာတွေကို ရှောင်ပါ။-အိုမီဂါ သရီးဖက်တီးအက်စစ် ကြွယ်ဝတာတွေကို စားပေးပါ။ အလွယ်ရနိုင်တာတွေကတော့ အစေ့အဆန်တွေ၊ ချီယာစေ့၊ နှမ်းကြတ်စေ့၊ ထောပတ်သီး စတာတွေပဲ ဖြစ်ပါတယ်။-ချိုလွန်းတဲ့အစားအစာတွေ၊ အအေးတွေ၊ ဆိုဒါတွေကို မသောက်ပါနဲ့။-ဘာမှန်းမသိတဲ့ အရွက်တွေ၊ အခေါက်တွေ၊ အရင်က စားနေကျ မဟုတ်တာတွေကို မစားဖို့လည်း လိုပါတယ်။ သဘာဝက ရတယ်ဆိုပေမယ့် ဓာတ်ခွဲခန်းမှာ သေချာ မသန့်စင်ထားရင် ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်တတ်ပါတယ်။ဒါက စားသင့်တဲ့ အစားအစာတွေပါ။ စားရမယ့်ပုံစံကတော့။-နည်းနည်းနဲ့ ခဏခဏ စားပါ။ ပန်းကန်သေးသေး၊ ခွက်သေးသေးနဲ့ပဲ စားပါ။ ဗိုက်ပြည့်ရုံလောက်ပဲ စားပါ။-ညဘက်တွေ၊ အစာစားချိန် မဟုတ်တဲ့အချိန်တွေမှာ ဆာလာရင် ရေတဝသောက်ကြည့်ပါ။ ရေဆာရင်လည်း ဗိုက်ဆာသလို ခံစားရပါတယ်။-သကြားဖြူ၊ ပေါင်မုန့်ဖြူ၊ ဆန်ဖြူ စတာတွေကို လျှော့စားပါ။ ဖြူအောင် ဖွပ်ထားတဲ့အတွက် အာဟာရဓာတ်တွေ နည်းတာကြောင့်ပါ။-ကင်ဆာဖြစ်ရင် ထမင်းမစားရဘူးဆိုတာ မဟုတ်ပါ။ ထမင်းမစားရင် ကင်ဆာဆဲလ်တွေ  ငတ်ပြီး သေသွားတယ်ဆိုတာ မဟုတ်ပါဘူး။ ကင်ဆာဆဲလ်တွေက သူတို့ သုံးစရာမရှိရင် သာမန်ဆဲလ်တွေဆီက လုယူသုံးတာမို့လို့ မစားရင် လူနာပဲ အားနည်းလာပါလိမ့်မယ်။ နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီပမာဏရအောင်တော့ စားပေးရပါမယ်။ အဝမလွန်ရင် ရပါပြီ။-အားဆေးတွေကတော့ ဆရာဝန်မညွှန်ဘဲ မသောက်တာ ကောင်းပါတယ်။ ဆေးထက် သဘာဝအစားအစာက ပိုကောင်းပါတယ်။–အရက်နဲ့ ဆေးလိပ်ကတော့ မသောက်တာ ပိုကောင်းပါတယ်။ကင်ဆာဆဲလ်တွေ ကို မပွားအောင် တားဖို့ အထူးနည်းလမ်းတွေ၊ အစားအစာတွေ၊ အားဆေးတွေ ဆိုတာ မရှိပါဘူး။ နေ့စဉ်ဘဝမှာပဲ ကျန်းမာတဲ့ အလေ့အကျင့်တွေ ရအောင် မွေးမြူပါ။ ကိုယ်နဲ့ မတည့်တာတွေကို ရှောင်ပါ။ ဒါကသာ ကင်ဆာဆဲလ်တွေကို တိုက်ထုတ်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါလိမ့်မယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/how-to-slow-down-the-growth-of-cancer/
ကျန်းမာနေစေဖို့အတွက် သက်တော်စောင့်တစ်ယောက်
အအေးမိလို့နှာစေးနှာပိတ်ြဖစ်နေပြီလား။မြန်မြန်သက်သာစေမယ့်နည်းလမ်းရှိပါတယ်။ ဒီနည်းက လူသိနည်းပါသေးတယ်။ ဒါကတော့အအေးမိဖျားနာတာနဲ့ နှာစေးနှာပိတ်တာကို အမြန်သက်သာစေတဲ့ Nasal Sprayကိုအသုံးပြုဖို့ပေါ့။ ဒီဆောင်းပါးလေးထဲမှာ Nasal sprayလေးရဲ့ ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေရှိလဲဆိုတာကို ပြောပြပေးမယ်နော်။nasal sprayတွေက အအေးမိဖျားနာတာကိုဖြစ်စေတဲ့ဗိုင်းရပ်စ်တွေကိုချေမှုန်းပေးသလို နှာစေးနှာပိတ်တာတွေကို သက်သာစေနိုင်ပါတယ်။ နှာခေါင်းက အသက်ရှုမဝလောက်အောင်ပိတ်နေပြီဆိုရင်လည်း nasal spray သုံးပေးလို့ရပါတယ်။ နှာခေါင်းတွင်းမှာအစိုဓါတ်ထိန်းပေးပြီး နှာခေါင်းထဲမှာ ပိတ်နေတဲ့ချွဲတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ အသက်ရှုရအဆင်ပြေစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။Nasal spray အမျိုးမျိုးရှိပါတယ်။Decongestants –ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ရပါတယ်။ နှာခေါင်းပိတ်တာကို သက်သာစေနိုင်ပါတယ်။ အအေးမိဖျားနာတာနဲ့ဓါတ်မတည့်မှုေကြာင့်ဖြစ်တဲ့ နှာခေါင်းပိတ်တာကို သက်သာစေနိုင်ပါတယ်။Salt-water solutions –ဒီ nasal spray ကို ” saline nasal spray” လို့လည်းခေါ်ကြပါတယ်။နှာခေါင်းထဲက ချွဲတွေကိုပျော်ဆင်းသွားစေပြီး နှာခေါင်းပိတ်တာကိုသိသိသာသာသက်သာစေနိုင်ပါတယ်။Steroid nasal sprays –ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ နှာစေးနှာပိတ်တာကို သက်သာစေနိုင်သလိုSinus infectionကိုသက်သာစေနိုင်ပါတယ်။နှာခေါင်းတွင်းမှာ ကပ်ငြိနေတဲ့ဘက်တီးရီးယားတွေ၊ဗိုင်းရပ်စ်တွေနဲ့ဓါတ်မတည့်မှုဖြစ်စေတဲ့အရာတွေကို သန့်စင်ပေးပါတယ်–နား၊နှာခေါင်း၊လည်ချောင်းဆိုင်ရာရောဂါရှိသူတွေအနေနဲ့ Nasal spray ကိုညစဉ်အသုံးပြုပေးတာကရောဂါတိုးမလာအောင်ကာကွယ်ရာရောက်ပါတယ်။သွားကိုညစဉ်တိုက်ပြီး ကာကွယ်သလိုပေါ့။လေထဲမှာ ကပ်ပါလာတဲ့မျက်စိနဲ့မမြင်နိုင်တဲ့အမှုန်တွေကြောင့် ဓါတ်မတည့်မှုဖြစ်တာတွေကနေ ကာကွယ်ဖို့အတွက်လည်း Nasal spray ကိုအသုံးပြုလို့ရပါတယ်။အစိုဓါတ်ထိန်းပေးတယ်– နှာခေါင်းအတွင်းပိုင်းက တစ်ရှုးတွေကိုခြောက်သွေ့တာ၊ယားယံတာ၊ ထိခိုက်တာမျိုးမဖြစ်စေဖို့အတွက် အထောက်အကူပြုပေးနိုင်ပါတယ်။ နှာခေါင်းတွင်း တစ်ရှုးတွေခြောက်သွေ့မှုက အခန့်မသင့်ရင်နှာခေါင်းသွေးလျှံတာကိုဖြစ်စေနိုင်ပါတယ်။ နှာခေါင်းတွင်းအစိုဓါတ်ရှိဖို့ကတော်တော်လေးအရေးပါပါတယ်။ နှာခေါင်းတွင်းအစိုဓါတ်ရှိမှရောဂါပိုးတွေကူးစက်တာကိုကာကွယ်နိုင်မှာဖြစ်ပြီးအဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကိုယ်တွင်းထဲမဝင်ရောက်နိုင်အောင်ကာကွယ်ပေးနိုင်မှာပါ။နှာခေါင်းတွင်းသန့်စင်မှုကိုတိုးတက်စေနိုင်တယ်– နှာခေါင်းထဲမှာရှိတဲ့ အမွှေးအမျှင်တွေနဲ့ ချွဲတွေက နှာခေါင်းကိုသန့်စင်ပေးတဲ့အရာတွေပါ။ နှာခေါင်းတွင်းကအမွှေးလေးတွေကတော့ပြင်ပကအရာတွေကိုယ်တွင်းဝင်ရောက်မလာအောင်တားဆီးပေးတဲ့ရှေ့တန်းတိုက်စစ်မှူးတွေပေါ့။ နှာခေါင်းတွင်း တစ်ရှုးတွေကို သန့်စင်ကျန်းမာစေဖို့လည်းလုပ်ဆောင်ပေးပါတယ်။ ချွဲတွေကတော့ရှေ့တန်းတိုက်စစ်ကမတားလိုက်နိုင်ဘဲ နှာခေါင်းတွင်းထဲကိုရောက်လာတဲ့အရာတွေကို ဖယ်ရှားသန့်စင်ပေးတဲ့အရာတွေပါ။ ဒီစနစ်လေးကောင်းကောင်းလည်ပတ်နေမှ အသက်ရှုရကောင်းသလို အနံ့အသက်တွေကိုသေချာခွဲခြားနိုင်တဲ့ ကျန်းမာတဲ့ နှာခေါင်းလေးကိုပိုင်ဆိုင်နိုင်မှာပါ။ Nasal spray အသုံးပြုပေးတာက ဒီလုပ်ငန်းစဉ်လေးကို အကောင်းဆုံးလည်ပတ်နိုင်အောင် အထောက်အပံ့ဖြစ်စေပါတယ်။နှာခေါင်းပိတ်တာကို သက်သာစေနိုင်တယ်– နှာခေါင်းပိတ်တာက ခံရခက်တဲ့ဝေဒနာတွေထဲကတစ်ခုပါ။ နှာခေါင်းပိတ်နေရင် အိပ်ကောင်းခြင်းမအိပ်ရသလို စားကောင်းခြင်းလည်းမစားရပါဘူး။ အနံ့တွေကို သဲသဲကွဲကွဲမသိရသလို အသက်တောင်ကောင်းကောင်းရှုမရတဲ့အထိဖြစ်နိုင်ပါတယ်။ဓါတ်မတည့်မှုတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်– ဝတ်မှုံတွေနဲ့ အခြားသောဓါတ်မတည့်မှုကိုဖြစ်စေနိုင်တွေကြောင့်ဖြစ်လာတဲ့ နှာစေးနှာပိတ်တာတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ဖုန်မှုန့်တွေကြာင့်ဖြစ်တဲ့ ဓါတ်မတည့်မှုတွေကို သက်သာစေနိုင်တာကြောင့် ဓါတ်မတည့်မှုကိုအလွယ်တကူခံစားရတတ်တဲ့သူတွေအနေနဲ့ သွားလေရာကို Nasal spray တစ်ဗူးလောက်တော့ဆောင်သွားပေါ့နော်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/nasal-spray-%e1%80%80-%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%b1%e1%80%9b%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%92%e1%80%ae/
စမတ်ဖုန်း အလွန်အကျွံသုံးစွဲခြင်းရဲ့ နောက်ဆက်တွဲပြဿနာများ
မရှိမကောင်း၊ ရှိမကောင်းဆိုတဲ့ အရာတွေထဲမှာစမတ်ဖုန်းတွေဟာလည်း ထိပ်ဆုံးကပါပဲ။ နည်းပညာနဲ့ ခေတ်တိုးတက်ပြောင်းလဲမှုနဲ့အတူ လိုက်ပါလာတဲ့စမတ်ဖုန်းတွေကို လူကြီး၊ လူငယ်တွေအပြင် ကလေးတွေပါ အများအပြားသုံးစွဲလာတာကို တွေ့ရပါတယ်။ ဒီတစ်ခေါက်တော့ စမတ်ဖုန်း အလွန်အကျွံသုံးစွဲခြင်းရဲ့ နောက်ဆက်တွဲပြဿနာများ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ကောင်းတဲ့ဘက်က ကြည့်ရင်တော့ လိုအပ်တဲ့ အချက်အလက်တွေကို လျင်မြန်စွာ ရှာဖွေလို့ရတယ်၊ ဝေးလံတဲ့နေရာမှာ နေထိုင်နေသူတွေနဲ့ ဆက်သွယ်စကားပြောဆိုလို့ ရတယ်၊ ကမ္ဘာ့အရေးအခင်း၊ကျန်းမာရေးသတင်းတွေကို မျက်ခြေမပြတ်တမ်း စောင့်ကြည့်လို့ရတယ်။မကောင်းတဲ့ဘက်ကနေကြည့်လိုက်တဲ့အခါ လူတော်တော်များများက စမတ်ဖုန်းကို ကောင်းတဲ့အချက်တွေထက်စာရင် ဖေ့ဘုတ်လိုလူမှုကွန်ယက်တွေ သုံးဖို့၊ ဂိမ်းဆော့ဖို့သက်သက်သာ အသုံးပြုနေတာကို တွေ့ရပါတယ်။စမတ်ဖုန်း အလွန်အကျွံသုံးစွဲခြင်းရဲ့ နောက်ဆက်တွဲပြဿနာများ ကတော့။၁။ ဖုန်းကင်မရာနဲ့ ဆယ်လ်ဖီပုံတွေ ရိုက်တဲ့အခါ ကိုယ့်မျက်နှာပုံနဲ့ အနောက်ဘက်မှာ ရှိတဲ့ ရှုခင်းတွေအကုန်ပါဖို့ လက်မောင်းကို ရှည်နိုင်သလောက် ရှည်အောင် အပေါ်ထိမြှင့်ပြီး ဆန့်တန်းထားရပါတယ်။ ဒီအခါတံတောင်ဆစ်ပတ်လည်က ကြွက်သားမျှင်တွေ ဒဏ်ဖြစ်မယ်၊ လက်ကောက်ဝတ်အနေအထားကို တွန့်လိမ်သွားစေတယ်၊ လက်မောင်းကြွက်သားများကို နာကျင်စေနိုင်ပါတယ်။ ဒီပြဿနာကို Selfie Elbow လို့လည်း ခေါ်ကြပါတယ်။၂။ လူပေါင်းများစွာနဲ့ တစ်နေ့လုံးစာရိုက်နေရတဲ့အခါ ဖြစ်တဲ့ ပြဿနာကို Texting Thumb လို့ ခေါ်ပါတယ်။ အဓိက ဖုန်းမျက်နှာပြင်ကို ခဏခဏ ထိရိုက်နေရတဲ့ လက်မအဆစ်တွေ နာကျင်လာတာ၊ဂိမ်းဆော့တဲ့အခါ လက်မကို အဓိကအသုံးပြုပြီး ကျန်တဲ့လက်ချောင်းများက ဖုန်းကို လွတ်မကျသွားစေဖို့နဲ့ ဟန်ချက်ညီအောင် ထိန်းပေးထားရတဲ့အတွက် ညောင်းကိုက်ခြင်းများကို ဖြစ်စေနိုင်ပါတယ်။၃။ အိပ်ချင်မူးတူးနဲ့ ဖုန်းအသုံးပြုနေတာ၊ညနက်တဲ့အထိ မအိပ်ဘဲ ဖုန်းအသုံးပြုနေရင်းကနေ ရုတ်တရက် ငိုက်သွားပြီး ဖုန်းက မျက်နှာပေါ် တည့်တည့်ပြုတ်ကျသွားတာမျိုး လူငယ်အများစု ကြုံဖူးကြမှာပါ။ သတ္တု၊ ဖန်သားနဲ့ ပြုလုပ်ထားတဲ့ဖုန်းက မျက်နှာပေါ်ကျတာတောင် တော်တော်နာနေရင် အခန့်မသင့်လို့ နှာရိုးနုပေါ် တည့်တည့် ပြုတ်ကျမိရင် ကျိုးသွားတဲ့အထိ အန္တရာယ်ကြီးပါတယ်။၄။ ဘေးတစ်စောင်း လှဲအိပ်ပြီး ဖုန်းကို အချိန်ကြာမြင့်စွာ အသုံးပြုခြင်းဟာ ကိုယ့်ရဲ့မျက်လုံးတစ်ဖက်ကို ထောင့်ဖက်ကို ကပ်သွားစေပြီး မျက်စိတစ်ခြမ်း စွေစောင်းတဲ့ ပြဿနာမျိုး ဖြစ်စေနိုင်ပါတယ်။၅။ ခါးကို ကုန်းထားပြီး ဖုန်းအသုံးပြုတာ၊ ဇက်ကို အတင်းအောက်ကို ငုံ့ပြီး ဖုန်းသုံးတာမျိုးကဇက်ကြောနဲ့ ခါးအရိုးအဆစ်များကို ကွေးထားသလို ဖြစ်စေပြီး အချိန်ကြာလာတာနဲ့အမျှ ညောင်းကိုက်နာကျင်ခြင်းကို ဖြစ်စေတယ်။ အသက်ကြီးလာတဲ့အခါမှာလည်း ဒီဒဏ်တွေကြောင့်အရိုးအဆစ်များ ကောက်ကွေးပြီး အလွယ်တကူ ကျိုးပဲ့စေသည်အထိ ဖြစ်စေနိုင်ပါတယ်။၆။ တစ်နေ့လုံး ဖုန်းအသုံးပြုတဲ့အခါ ဖုန်းကနေထွက်လာတဲ့ အပြာရောင်အလင်းတန်းတွေဟာ မျက်လုံးထဲကို ဝင်သွားပြီး ညအိပ်မပျော်ဘဲ မျက်စိကြောင်တာမျိုး၊ မျက်စိမှိတ်လိုက်ရင် အရောင်တွေဖြာထွက်နေတာ၊အမြင်အာရုံဝေဝါးတာ၊ မျက်လုံးခြောက်ပြီး နီတာ၊ မျက်လုံးအောင့်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/smart-phone-overused-health-risks/
ဆွမ်းမွှေးရွက် ရဲ့ ဆေးဖက်ဝင် အစွမ်းသတ္တိတွေ
ဆွမ်းမွှေးရွက် ကို မမြင်ဖူးရင်သာ ရှိမယ်၊ မကြားတဲ့သူ ဆိုတာ မြန်မာနိုင်ငံမှာ ခပ်ရှားရှားရယ်။ အနည်းဆုံးတော့ ပေါင်မုန့်မှာ ပါတာ တွေ့ဖူးကြမှာပါ။ ယူတို့ စားနေကျ မုန့်လက်ဆောင်းဖတ် စိမ်းစိမ်းလေးတွေကို သိတယ် ဟုတ်။ သူ့ကို ပြုလုပ်တဲ့ နေရာမှာ ဆွမ်းမွှေးရွက်ပါဝင်တယ်နော်။အရှေ့တောင်အာရှ နိုင်ငံတွေမှာတော့ ရနံ့လေး မွှေးဖို့ နဲ့ ဆိုးကျိုးကင်းတဲ့ သဘာဝအရောင်ဆိုးဆေး အဖြစ် သုံးဖို့ ဆွမ်းမွှေးရွက်ကို အစားအသောက်တွေမှာ ထည့်သွင်းကြတာပေါ့။ ပူတင်းပေါင်မုန့်၊ ကိတ်မုန့်၊ပေါင်မုန့်စတာတွေမှာ ထည့်သွင်းပြုလုပ်ကြသလို ထမင်းနဲ့ ဟင်းလျာတွေမှာလည်း ပါဝင်လေ့ ရှိပါတယ်။အစားအသောက်တွေမှာ အနံ့အရသာ ပြည့်စုံစေဖို့ ဆွမ်းမွှေးရွက်ကို ထည့်သွင်းလေ့ ရှိကြပေမယ့် တကယ်တမ်း သူ့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို သိရင် ပိုတောင် သဘောကျပါလိမ့်မယ်နော်။ အလွယ်တကူ ဝယ်လို့ရတဲ့ အရောင်ဆိုးဆေးတွေ သုံးမယ့်အစား ဆွမ်းမွှေးပင်ရဲ့ သဘာဝအရောင်ကို သုံးမယ်ဆိုရင် စိုက်ပျိုးရေး ဖြစ်ထွန်းပြီး ဝယ်ရမရှားတော့ဘူးပေါ့။ဆွမ်းမွှေးရွက် က –။(၁)သွေးတိုးကျစေတယ်။သွေးတိုးရောဂါက လူ့ကျန်းမာရေးအတွက် အန္တရာယ် သိပ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ ဆွမ်းမွှေး ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ သွေးတိုးကျစေခြင်းက ရှေ့ဆုံးက ပါဝင်နေပါတယ်။ ဆွမ်းမွှေးရွက်ရေနွေးကြမ်း သောက်ပေးရင် သွေးပေါင်ချိန်ကို ပုံမှန်ထိန်းညှိပေးနိုင်တဲ့ အပြင် နှလုံးကျန်းမာရေး ကိုပါ ကောင်းကျိုးပြုတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။(၂)အိပ်ပျော်စေတယ်။ညဘက် ကောင်းကောင်းအိပ်မပျော်သူတွေ၊ အိပ်ပျော်ပေမယ့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တဲ့သူတွေ အတွက် ဆွမ်းမွှေးရွက်ရဲ့ အဆီအနှစ်က ဆေးကောင်းတစ်ခွက် ဖြစ်ပါလိမ့်မယ်။ ဆွမ်းမွှေးရွက်မှာ ပါတဲ့ အယ်ကာလွိုက်ဒြပ်ပေါင်းတွေ က စိတ်နဲ့ ခန္ဓာကိုယ် တည်ငြိမ်အားပြည့်စေနိုင်တဲ့ အာနိသင်တွေ ရှိတာကြောင့် ကောင်းကောင်းအိပ်ပျော်စေပါတယ်။(၃)နာကျင်ကိုက်ခဲမှုသက်သာစေတယ်။ဆွမ်းမွှေးရွက် မှာ ပါတဲ့ နာကျင်မှု ပြေလျော့စေတဲ့ အာနိသင်ကြောင့် ခေါင်းကိုက်တာ၊ နားကိုက်တာ၊အဆစ်ရောင်နာ၊ စတဲ့ နာကျင်ကိုက်ခဲမှုအမျိုးမျိုးကို သက်သာစေနိုင်ပါတယ်။ အဆစ်အမြစ် နာကျင်တာတွေအတွက် ဆွမ်းမွှေးရွက်ကို နုတ်နုတ်စဉ်းပြီး အုန်းဆီနဲ့ ရောကျိုပါ၊ သေချာပျော်ဝင်သွားတဲ့ အထိ ဆက်မွှေပါ၊ အအေးခံပြီး နာကျင်ကိုက်ခဲတဲ့ နေရာကို နှိပ်နယ်လူးပေးလို့ ရပါတယ်။(၄)အာရုံကြောအားကောင်းစေတယ်။ဆွမ်းမွှေးရွက်က အာရုံကြော ကျန်းမာရေးအတွက်လည်း သိပ်ကို အကျိုးပြုပါတယ်နော်။ အာရုံကြောတွေ အားနည်းတဲ့ အခါ တစ်ခါတရံ ကြွက်တက်တာ၊ နာကျင်ကိုက်ခဲတာတွေ ရှိတတ်ပါတယ်။ ဒီဝေဒနာတွေ အတွက် ဆွမ်းမွှေးရွက်က ကုစားပေးနိုင်ပါတယ်။(၅) ခံတွင်းကောင်းစေတယ်။ခံတွင်းပျက်တဲ့ ပြဿနာက လူတော်တော်များများ စိတ်ညစ်ရတဲ့ ကိစ္စပါ။ စားချင်စိတ် သိပ်မရှိတာ၊ ဘာစားစား စားမကောင်းဘဲ ခံတွင်းပျက်တာက ကြာလာရင် ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ လိုအပ်တဲ့ အာဟာရဓာတ်တွေ မရတော့ဘဲ အားနည်းလာမယ်၊ ကိုယ်ခံအား ကျလာမယ်၊ ရောဂါဝင်လွယ်လာမယ်လေ။ဆွမ်းမွှေးရွက်က အစားစားချင်စိတ်ကို အားပေးလှုံ့ဆော်နိုင်စွမ်း ရှိတယ် ဆိုတော့ ဆွမ်းမွှေးရွက်ကို ကိုယ့်အစားအသောက်ထဲ ထည့်သွင်းသင့်တဲ့ အကြောင်းရင်းတစ်ခု ဖြစ်နေပါတယ်။ သူနဲ့ လုပ်တဲ့ အချိုပွဲ မုန့်လေးတွေ၊ အစားအသောက်တွေ၊ ရေနွေးကြမ်းတွေ စတဲ့ တစ်နည်းနည်းနဲ့ပေါ့။နွယ်မြက်သစ်ပင်ဆေးဖက်ဝင်တတ်ပေမယ့် ပမာဏများများ သို့မဟုတ် နေ့စဉ်ရက်ဆက် စားသုံးလို့ မဖြစ်တဲ့ အရာတွေ အများကြီး ရှိပါတယ်။ ဒါ့ကြောင့် လွန်ပြီးဘေးမဖြစ်စေဖို့အတွက် နေ့စဉ်စားသုံးနေကျအသီးအရွက်တွေက လွဲလို့ ဘယ်ဆေးဖက်ဝင်အသီးအရွက်ကို မဆို  ဆင်ခြင်စားသုံးဖို့ သတိချပ်စေချင်ပါတယ်။အခုချိန်ထိ မုန့်လုပ်တဲ့နေရာမှာ ထည့်သွင်းလေ့ရှိကြပေမယ့် ပမာဏ အနည်းငယ်သာ ထည့်သွင်းရတာ ဖြစ်ပါတယ်။ ရေနွေးကြမ်းထဲ ခတ်သောက်တဲ့ အလေ့ အာရှနိုင်ငံတချို့မှာ ရှိကြပေမယ့် ကိုယ့်မှာ ကျန်းမာရေးပြဿနာအခံ သို့မဟုတ် ရောဂါ တစ်ခုခု ရှိနေတယ်ဆို မသောက်သုံးဖို့ သတိပေးချင်ပါတယ်။ ဒီတော့ မုန့်တွေ စားတာလောက်က ဘေးမရှိပါဘူး၊ရေနွေးကြမ်းလုပ်သောက်ဖို့တော့ ပမာဏများများ ဝင်နိုင်တာမို့ သတိထားသင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-pandan-leaves/
သင်အားဆေး သောက်ဖို့လိုအပ်နေပြီလား ။ ။
အားဆေးမဖြစ်မနေသောက်ပေးမှ ကျန်းမာရေး ကောင်းမှာလား ဆိုတဲ့ မေးခွန်းတွေ ခေါင်းထဲမှာ ရှိတတ်ကြမှာပါ။ ကိုယ်ကလည်း စားလို့ကောင်း သောက်လို့ကောင်းတဲ့ အရွယ်၊ ကျန်းမာရေး ကလည်း ကောင်းနေတယ် ဆိုရင် အားဆေးမသောက်လို့ ရလား။ သင်အားဆေး သောက်ဖို့လိုအပ်နေပြီလား ။အမှန်က အားဆေး ဆိုတာအာဟာရဓာတ်တွေ ချို့တဲ့နေတဲ့ သူတွေ ရှိတာကြောင့် သူ့တို့ကို ပြန်ပြီး အာဟာရ ဖြည့်ပေးဖို့ အတွက် ပေါ်လာရတာပါ။ ဒါပေမယ့် စားလို့ကောင်း သောက်လို့ကောင်းတဲ့ သူတွေလည်း တချို့အခြေအနေတွေမှာအားဆေးသောက်ပေးဖို့ လိုနိုင်ပါတယ်။ဘယ်လိုအခြေအနေမျိုးလည်း ဆိုတော့ ကိုယ်က အစားရွေးလွန်းတယ်။ သက်သတ်လွတ်စားနေတယ်။ စားတော့စားတယ် အစားနည်းတယ်။ အသက်ကြီးတဲ့ ဘိုးဘိုးဘွားဘွားအရွယ်တွေ၊ ရောဂါအခံတွေ ရှိတဲ့ အခြေအနေမျိုးမှာပေါ့။ ဒီလို လူမျိုးတွေမှာဆို နေ့စဉ် တစ်နေ့ ၃နပ် စားနေပေမယ့်လည်း ခန္ဓာကိုယ်ကနေ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့တဲ့နေနိုင်ပါတယ်။ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့တဲ့တဲ့အခါ အောက်ပါ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ကိုယ်စားတာ ကတော့ စားတာပဲ ။ ဒါပေမယ့် ဒီလိုဗီတာမင်ချို့တဲ့တဲ့ လက္ခဏာတွေ ရှိနေပြီဆို ဘာလုပ်ရမှာလဲ။ ဒီ ဗီတာမင် တွေ အကုန်လုံးပြန်ရအောင် ကိုယ့်ရဲ့ စားသောက်မှုပုံစံကို ပြန်ညှိဖို့ လိုပါတယ်။ လတ်တလောမှာတော့ အားဆေးသောက်ပြီး ဖြေရှင်းထားကြတာပေါ့။ရေရှည်မှာတော့ အားဆေးကိုချည်း အားမကိုးဘဲ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်ကို အစားအစာကနေ ရနိုင်သလောက် ယူတာက အကောင်းဆုံးပါ။ဒါပေမဲ့ တချို့တွေမှာတော့ အားဆေးကို တစ်သက်လုံး မှီဝဲသွားရမယ့် လူတွေလည်း ရှိပါတယ်။ သူတို့တွေကတော့ အသက်ကြီးတဲ့ ဘိုးဘိုးဘွားဘွားတွေ၊ အူလမ်းကြောင်း ခွဲစိတ်မှုခံယူထားလို့ ဗီတာမင်တချို့ မရနိုင်တော့တဲ့သူတွေ၊ အာဟာရပြည့်ဝအောင် မစားဖြစ်ကြတဲ့ သက်သတ်လွတ်စားသူတွေပေါ့။ (ဒီနေရာမှာ သက်သတ်လွတ်စားတိုင်း အာဟာရချို့တဲ့တာ မဟုတ်ပါဘူး။ အသီးအရွက်တွေကနေလည်း အာဟာရ ရနိုင်လို့ သက်သတ်လွတ်စားတိုင်း အားဆေးသောက်ဖို့ လိုတာတော့ မဟုတ်ပါဘူး။)။ဒါကြောင့် ပြန်ချုပ်ရရင် နေ့စဉ် ၃နပ် ပြည့်ဝအောင် စားနေပေမယ့် စားသောက်ပုံ မမှန်တဲ့အခါ၊ မလုံလောက်တဲ့အခါ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချိုတဲ့တတ်ပါတယ်။ ဒီအခါ ဗီတာမင်အစုံပါတဲ့ အားဆေးတစ်မျိုး မှီဝဲပေးဖို့ လိုပါတယ်။ အားဆေးတွေ သောက်နေပေမယ့် တစ်ဖက်ကလည်း အာဟာရပြည့်ဝအောင် စားသုံးပါ။ အစားအသောက်ကရတဲ့ အာဟာရက အားဆေးကရတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေထက် ပိုကောင်းပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/vitamins/
နည်းနည်းလေး အေးတာနဲ့ အဖျားဝင်တာကို စိတ်ကုန်နေပြီလား
မိုးစက်လေးတွေတစ်စက်ချင်းစီကျလာတာကို ကဗျာဆန်ဆန်လေးခံစားရတာ သဘာဝရဲ့တေးသံသာလေးဖြစ်တဲ့ မိုးရေစက်လေးတွေတစ်စက်ချင်းစီကျလာတာကို ခံစားရတာကတော်တော်လေးတော့ မိုက်တယ်နော်။မိုးရာသီက စိုစွတ်ပေမယ့် စိမ်းလန်းစိုပြည်မှုတွေနဲ့အေးမြလန်းဆန်းမှုတွေကိုခံစားရနိုင် တစ်ခုတည်းသောရာသီပါ။ ဒီလိုကဗျာဆန်တဲ့ရာသီလေးမှာ သဘာဝရဲ့ အရသာကို အပြည့်အဝမခံစားရဘဲ မိုးအေးတာနဲ့ဖျားဖျားနေလို့ စိတ်ညစ်နေပြီလား။ ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြမယ်နော်။ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကနေ့စဉ်နဲ့အမျှ ပတ်ဝန်းကျင်ကဘက်တီးရီးယားတွေကိုယ်တွင်းကို ဝင်ရောက်ကူးစက်မှုမရှိအောင် တုံ့ပြန်တိုက်ခိုက်ပေးနေတာပါ။ မိုးရာသီလိုမျိုး ပတ်ဝန်းကျင်က စိုစွတ်အေးမြနေချိန်ဆိုရင်ရောဂါပိုးတွေက အခြားအချိန်တွေထက်ပိုပြီး အချိန်ကြာကြာရှင်သန်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားနည်းတဲ့ သူတွေအနေနဲ မိုးရာသီမှာအလွယ်တကူဖျားနာတာပါ။ မိုးရာသီမှာ အလွယ်တကူဖျားနာရတဲ့နောက်ထပ်အကြောင်းအရင်းတစ်ခုက အပြင်မှာမိုးတွေရွာနေတာကြောင့် အပြင်သိပ်မထွက်ဖြစ်ဘဲ အခန်းအောင်းနေရတာများနေတာ၊ လူအစုအဝေးနဲ့အနေများတာတွေကြောင့်ရောဂါပိုးတွေက အလွယ်တကူကို ကူးစက်နေတာပါ။ ဒီလိုအခြေအနေမှာ ကိုယ်ခံအားကပုံမှန်ထက်နည်းနေပြီဆိုရင်တော့ရောဂါတွေကို ခုခံဖို့ကမဖြစ်နိုင်တော့ဘူးလေနော်။သွားလေရာကို ထီးယူသွားပါ– မိုးရာသီမှာ အပြင်သွားတဲ့အခါတိုင်း ထီးလေးတော့ယူသွားဖို့လိုပါမယ်။ ဒါမှမိုးရေစိုတာကနေကာကွယ်နိုင်မှာပါ။ မိုးရွာချလာတဲ့အခါ ခန္ဓါကိုယ်ကို မိုးရေတွေထိတွေ့တာက ရုတ်တရက်ခန္ဓါကိုယ်အပူချိန်ကိုပြောင်းသွားစေပြီး အဖျားဝင်တာ အအေးမိတာတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့ ဖျားနာခြင်းကင်းတဲ့ မိုးရာသီပိုင်ဆိုင်ဖို့ဆိုရင် သွားလေရာကို ထီးလေးတော့ယူသွားနော်။အာဟာရပြည့်ဝအောင်စားသုံးပါ– အာဟာရပြည့်ဝအောင်စားသုံးတာက အဖျားကို ကာကွယ်နိုင်တဲ့ ကုန်ကျစရိတ်အနည်းဆုံးသော နည်းလမ်းတစ်ခုပါ။ မိုးရာသီမှာဗီတာမင် Cကြွယ်ဝတဲ့အစားအစာတွေကို စားသုံးပေးပါ။ ထမင်းဟင်းပူပူနွေးနွေးလတ်လတ်ဆတ်ဆတ်တွေကိုစားသုံးပေးပါ။ စွပ်ပြုတ်ပူပူလေးသောက်သုံးပေးပါ။ အအေးမိဖျားနာတာကို ကာကွယ်ပြီးဖြစ်မှာပါ။လက်ကိုသေသေချာချာဆေးကြောပေးပါ– လက်မှာမျက်စိနဲ့ အလွယ်တကူမမြင်နိုင်တဲ့ရောဂါပိုးတွေ အများကြီးကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် လက်ကို မကြာခဏသေချာသန့်စင်ဆေးကြောပေးတာကရောဂါပိုးတွေကူးစက်ပြန့်နှံ့တဲ့အန္တရာယ်ကို ကာကွယ်ပေးနိုင်မှာပါ။ လက်ဆေးတဲ့အခါ လက်ချောင်းကြား၊ လက်လက်သည်းကြားတွေကိုသေချာသန့်စင်ဆေးကြောပြီး လက်ကိုခြောက်သွေ့အောင်သုတ်ပေးပါ။ရေများများသောက်ပေးပါ– ခန္ဓါကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကိုရေဓါတ်နဲ့ဖွဲ့စည်းထားတာဖြစ်တာကြောင့်ရေဓါတ်ပြည့်ဝနေမှုက ကိုယ်ခံအားစနစ်ကို အကောင်းဆုံးတည်ဆောက်နိုင်မှာပါ။ ဒါကြောင့်မိုးရာသီမှာ ကိုယ်ခံအားကောင်းဖို့ဆိုရင် တစ်နေ့ကိုရေ ၆ ခွက်ကနေ ၈ခွက်အထိသောက်ပေးပါ။ရေနွေးသောက်တဲ့အခါမှာလည်းသံပရာသီးနည်းနည်းလောက်ညှစ်ထည့်ပြီးသောက်ပေးပါ။အဝတ်အစားအပိုတစ်စုံဆောင်ထားပါ– မိုးစိုတဲ့အခါ မိုးရေတွေစိုနေတဲ့အဝတ်တွေကို အကြာကြီးဝတ်ထားမိတာက အဖျားဝင်ဖို့ အားပေးသလိုဖြစ်တတ်ပါတယ်။ ဒါကြောင့် အပြင်သွားတဲ့အခါ အဝတ်အပိုတစ်စုံအိတ်ထဲဆောင်သွားပါ။ အိတ်ထဲအမြဲမထည့်ထားချင်ဘူးဆိုရင် ရုံးမှာထားတာဖြစ်ဖြစ် ကိုယ်အပြင်သွားခါနီးမိုးရွာတဲ့အခါ သတိလေးထားပြီး အပိုတစ်စုံယူသွားတာမျိုးလုပ်ပေးပါ။အိပ်ရေးဝဝ အိပ်ပါ– အိပ်ရေးဝအောင်အိပ်စက်တာကရောဂါတွေကို ကာကွယ်ပေးဖို့တော်တော်တပ်ကူရတာပါ။ ညဘက်ကိုဖြစ်နိုင်ရင်စောစောအိပ်ပါ။ ညနက်တဲ့အထိ အလုပ်လုပ်တာ၊ အွန်လိုင်းသုံးတာ၊ ရုပ်ရှင်ကြည့်တာ၊ ဂိမ်းဆော့တာမျိုးတွေ မလုပ်ပါနဲ့။ အိပ်စက်မှုက ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ခွန်အားတွေကိုဖြည့်ပေးသလိုကြွက်သားတွေ၊တစ်ရှုးတွေနဲ့ဆဲလ်တွေကိုပြင်ဆင်တာ အသစ်ဖြစ်ပေါ်တာတွေဖြစ်လာအောင် လုပ်ဆောင်ပေးပါတယ်။ အိပ်ရေးဝနေမှကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်ကို ပိုင်ဆိုင်နိုင်မှာပါ။ အိပ်ရေးမဝလေလေရောဂါတွေကို ဖိတ်ခေါ်သလိုဖြစ်လေလေပါ။ ဒါကြောင့် အဖိုးအခမပေးရတဲ့ ကိုယ်ပိုင် အိပ်စက်ချိန်လေးတွေကို အကြောင်းမဲ့ မဖြုန်းတီးကြပါနဲ့။စိတ်ဖိစီးမှုတွေကိုဖြေလျော့ပေးပါ– ခန္ဓါကိုယ်ထဲမှာcortisol ပမာဏများလာလေလေ စိတ်ဖိစီးမှုဖြစ်လေလေပါ။ ကိုယ်တွင်းမှာcortisol ပမာဏများလာတဲ့အခါရောဂါတွေကို တိုက်ထုတ်ပေးတဲ့သွေးဖြူဥဆဲလ်ပမာဏလျော့ကျလာပါတယ်။ ဒါကြောင့်ခန္ဓါကိုယ်ကျန်းမာနေစေဖို့ဆိုရင် စိတ်ဖိစီးမှုကိုလျော့ချမှဖြစ်မှာပါ။ ဒါကြောင့်လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။သွေးတွင်းကိုအောက်ဆီဂျင်ပိုမိုရောက်ရှိစေပြီး ကိုယ်ခံအားကိုကောင်းစေသလို စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်ပါတယ်။Nasal Spray(နှာခေါင်းဖြန်းဆေး)ဆောင်ထားပါ– အဖျားရိပ်သန်းတာနဲ့ Nasal spray ကိုသုံးပေးမယ်ဆိုရင် ဖျားနာမှုကို ကြိုတင်ကာကွယ်ရာရောက်မှာပါ။ ဒါကြောင့်နေအိမ်မှာဖြစ်ဖြစ် အိတ်ထဲမှာဖြစ်ဖြစ် Nasal spray တစ်ဗူးလောက်တော့ဆောင်ထားပါနော်။အခုပြောပြခဲ့တဲ့နည်းလမ်းလေးတွေကိုလိုက်လုပ်မယ်ဆိုရင် ဖျားနာခြင်းကင်းစင်စွာနဲ့ မိုးရာသီကို ကဗျာဆန်ဆန်လေးဖြတ်သန်းနိုင်ပါလိမ့်မယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-viral-infections/fever-in-rainy-season/
အစားအသောက်တွေ မသန့်ရှင်းတဲ့အခါ
အစားအသောက်တွေ မသန့်ရှင်းတဲ့အခါ ဘာတွေ ဖြစ်နိုင်လဲ။ စားလိုက်တဲ့အစားအစာတိုင်း သန့်ရှင်းဖို့ဘာကြောင့်အရေးပါတာလဲ။ အစားအစာသန့်ရှင်းဘေးကင်းရေးက ယနေ့ခေတ်ကာလမှာ လူတွေအကြား အများဆုံးပြောဖြစ်နေကြတဲ့ ကိစ္စရပ်တစ်ခုပါ။ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့နဲ့ ရောဂါပိုးတွေရဲ့ ရန်ကနေ ကာကွယ်ဖို့အတွက်အစာအာဟာရက တော်တော်လေးအရေးပါပါတယ်။ ဒီအရေးပါတဲ့ အစာအာဟာရကို ဘေးကင်းစိတ်ချရအောင် ဂရုစိုက်ဖို့လိုအပ်မယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ လူတိုင်းအတွက် အရေးပါတဲ့ အစားအစာဘေးကင်းရေးကအစာခြေစနစ်ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတဲ့ ကလေးတွေအတွက်ဆို နှစ်ဆတိုးပြီးတောင် ပိုအရေးကြီးပါသေးတယ်။ယနေ့ခေတ်လိုမျိုး မအားမလပ်နိုင်အောင် အလုပ်များလှတဲ့ ခေတ်ကာလထဲမှာကျန်းမာရေးကို ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။ ကျန်းမာရေးကောင်းဖို့ဆိုတာက ကျန်းမာတဲ့အစားအသောက်တွေကို စားသုံးဖို့နဲ့ ဘေးကင်းတဲ့ အစားအသောက်တွေကို စားသုံးမိဖို့ လိုပါတယ်။ ဒီတော့ အစားအစာစားတဲ့အခါ ဒီအချက်လေးတွေကို သတိထားဖို့ မမေ့ပါနဲ့။အစာအာဟာရက စားသုံးလိုက်တိုင်း အာဟာရဖြစ်စေတာမဟုတ်ပါဘူး။ အာဟာရမျှတပြီး သန့်ရှင်းမှ ခန္ဓာကိုယ် ကျန်းမာဖွံ့ဖြိုးစေဖို့ အထောက်အကူဖြစ်မှာပါ။ တကယ်လို့ စားလိုက်တဲ့အစားအစာတွေက သန့်ရှင်းမှုအားနည်းမယ်ဆိုရင်တော့ –။သန့်ရှင်းမှုအားနည်းတဲ့ အစားအစာကိုစားသုံးမိတဲ့အခါ စားသုံးမိပြီး ၄၈ နာရီအတွင်းမှာ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။ အချိန်က ဒီထက်လည်းပိုမြန်နိုင်ပါတယ်။ အစားအစာသန့်ရှင်းမှု အားနည်းတဲ့အခါ အခုလိုရောဂါပိုးတွေကူးစက်ခံရနိုင်ပါတယ်။Campylobacter ဘက်တီးရီးယား။အစာအစာတွေကနေ အများဆုံးကူးစက်နိုင်တဲ့ ရောဂါပိုးတစ်မျိုးပေါ့။ အသားစိမ်း၊ ငါးစိမ်းတွေ၊ သေချာချက်ပြုတ်မထားတဲ့ အသားတွေ၊ ပိုးသတ်မထားတဲ့ နို့တွေနဲ့ သန့်ရှင်းမှုအားနည်းတဲ့ သောက်သုံးရေတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ ဒီရောဂါပိုးက လူတစ်ဦးဆီကနေ တစ်ဦးဆီကို ကူးစက်တာတော့ သိပ်မရှိပါဘူး။ မဖြစ်နိုင်တာတော့ မဟုတ်ဘူးပေါ့။ ကြောင်တွေ၊ ခွေးတွေရဲ့ မစင်တွေကနေတဆင့်လည်း ကူးစက်နိုင်ပါသေးတယ်။ ရောဂါပိုးကူးစက်ခံရတဲ့အခါ။Salmonella ဘက်တီးရီးယား။ကြက်ဥ၊ ဘဲဥအစိမ်းတွေ၊ သေချာချက်ပြုတ်မထားတဲ့ ဥအမျိုးမျိုး၊နွားနို့အစိမ်းတွေ၊ နို့ထွက်ပစ္စည်းတွေ နဲ့ပင်လယ်စာတွေမှာ ပေါက်ဖွားရှင်သန်နေနိုင်ပါတယ်။ အစားအသောက်တွေကို ကိုယ်တွယ်မှုကနေတဆင့်လည်း ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးကူစက်ခံရတဲ့အခါ။တစ်ခါတလေမှာ ဒီရောဂါပိုးကကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိပြင်းထန်တာမျိုးဖြစ်နိုင်ပါတယ်။E coli ဘက်တီးရီးယား။သန့်ရှင်းမှုအားနည်းတဲ့ အစားအစာတွေ၊သောက်သုံးရေတွေကနေတဆင့် ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။ နွားရဲ့ မစင်ကနေ ကူးစက်နိုင်သလိုတစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတာ၊ ရေအိမ်အသုံးပြုပြီးချိန်မှာ လက်မဆေးတာတွေကြောင့် ရောဂါပိုးတွေ ကူးစက်ခံရနိုင်ပါတယ်။ ဒီရောဂါပိုးကူးစက်ခံရတဲ့အခါ။Norovirus။ဒီရောဂါပိုးကိုNorwalk-like virus (NLVs) ဒါမှမဟုတ် calicivirus လို့လည်းခေါ်ကြပါတယ်။ သန့်ရှင်းမှုမရှိတဲ့အစားအစာ၊ အသုံးအဆောင်တွေ နဲ့သန့်ရှင်းမှုအားနည်းတဲ့ ပတ်ဝန်းကျင်အခြေအနေတို့ကြောင့်ရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။ရောဂါပိုးကူးစက်ခံရတဲ့အခါ ခဏခဏအော့အန်တာမျိုးဖြစ်နိုင်တာကြောင့် နောက်ဆက်တွဲအနေနဲ့ ရေဓာတ်ဆုံးရှုံးတာမျိုးမဖြစ်စေဖို့ ဂရုစိုက်ပေးရပါမယ်။ဒီရောဂါတွေဟာ အဖြစ်များပြီးမသန့်ရှင်းတဲ့အစားအသောက်တွေကို စားသုံးမိတာနဲ့ အလွယ်တကူ ကူးစက်နိုင်တာကြောင့် အစားအသောက်ပြင်ဆင်တာပဲဖြစ်ဖြစ်၊ ရွေးချယ်ဝယ်ယူတာပဲဖြစ်ဖြစ်မှာ သန့်ရှင်းမှုကို အထူးဦးစားပေးရပါမယ်။ သန့်ရှင်းမှုစံနှုန်းတွေကို လိုက်နာပြီး အဆင့်ဆင့် ဖြတ်သန်းကျော်ဖြတ်ရတဲ့ အစားအသောက်တံဆိပ်တွေ၊ အမျိုးအစားတွေကို ရွေးချယ်ဝယ်ယူရပါမယ်။သန့်ရှင်းရေးဂရုစိုက် –တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ။ အစားအစာမပြင်ဆင်ခင် လက်ကို သေချာဆေးကြောပေးပါ။ အစားအစာပြင်ဆင်ရာမှာ အသုံးပြုတဲ့ပစ္စည်းတွေကို သေချာသန့်ရှင်းအောင်ထားပါ။ လိုအပ်ရင်ရေနွေးနဲ့ ဆပ်ပြာအသုံးပြုပြီး ဆေးကြောသန့်စင်ပါ။သီးခြားခွဲထားပါ– အသီးအနှံတွေ၊ အရွက်တွေကို အသား၊ ငါးတွေနဲ့ရောမထားပါနဲ့။ ရောဆေးတာမျိုးမလုပ်ပါနဲ့။ သီးသန့်ခွဲထားပါ။သေချာကျက်အောင်ချက်ပြုတ်ပါ– အစားအစာတွေချက်တဲ့အခါ သေချာကျက်အောင် ချက်ပြုတ်ပေးပါ။ ရောဂါပိုးတွေ ကူးစက်မှုကနေ ကာကွယ်နိုင်စေဖို့ပါ။ရေခဲသေတ္တာထဲထည့်ပါ– အချို့အစားအသောက်တွေက အခန်းအပူချိန်မှာထားရင် ရောဂါပိုးတွေ ပေါက်ဖွားနိုင်တာကြောင့်ရေခဲသေတ္တာထဲမှာ သေချာထုတ်ပိုးပြီး ထည့်ထားပါ။စားဖို့ မသင့်တော်တဲ့အခါ လွှင့်ပစ်ဖို့ မနှမြောပါနဲ့– အစားအစာတွေက သိုးသွားရင်ဖြစ်ဖြစ်၊ ရက်လွန်နေရင်၊ အရောင် ဒါမှမဟုတ် အနံ့ပြောင်းနေရင်၊ စားသုံးဖို့မသင့်တော်တဲ့ အနေအထားတစ်ရပ်ရပ်ဖြစ်နေမယ်ဆိုရင် လွှင့်ပစ်လိုက်ပါ။ မနှမြောပါနဲ့။အစားအစာဘေးကင်းစိတ်ချရမှု စံနှုန်းသတ်မှတ်ချက်ကို ကြည့်ရှုစစ်ဆေးပါ –အစားအသောက်မှာဆိုရင် အစားအစာ ဘေးကင်းစိတ်ချရမှုစံနှုန်းသတ်မှတ်ချက်နဲ့ စစ်ဆေးမှုအဆင့်တွေ ပါဝင်တတ်ပါတယ်။ အဲဒါတွေကို သေချာစစ်ဆေးဝယ်ယူပါ။ ဘေးကင်းစိတ်ချရမှုစံနှုန်းမြင့်မားတဲ့ တံဆိပ်တွေကို ရွေးချယ်ဝယ်ယူပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/foodborne-infections/complications-of-unhygienic-food/
အမြင့်ကြောက်ရောဂါဆိုတာ ဘာလဲ
သင်ဟာ တကယ်လို့ တော်တော်မြင့်တဲ့ အမြင့်တစ်နေရာကိုရောက်နေတယ်….အဲဒီအချိန်မှာ အောက်ကို ငုံ့ကြည့် လိုက်မိလို့ စိတ်ထဲမှာနည်းနည်း ကြောက်မိသွားတယ်…. အသည်းအေးသွားတယ်ဆိုပါစို့။ ဒါက ပုံမှန်ဖြစ်ရပ်ပါပဲ။ သင်မှ မဟုတ်ဘူး…လူတိုင်းနီးပါး ဒီလိုပဲဖြစ်တတ်ကြပါတယ်။အဲလိုမဟုတ်ဘဲ သင့်အနေနဲ့ ချွေးစေးတွေပါ ပြန်လာပြီး တစ်ကိုယ်လုံး တုန်တုန်ရီရီဖြစ်လာမယ်…. ခြေဖျားလက်ဖျားတွေပါ အရမ်းကိုအေးစက်ပြီး ပျို့ချင်သလိုလို အန်ချင်သလိုလို ဖြစ်လာတတ် တယ်ဆိုရင်တော့ ယျေဘုယျအားဖြင့် သင့်မှာအမြင့် ကြောက်ရောဂါ ရှိနေပြီလို့ ဆိုနိုင်ပါတယ်။လူတချို့အတွက်တော့ အမြင့်ကြောက်ရောဂါဟာ… အသက်ကြီးမှ စဖြစ်တာမျိုး…. ဒါမှမဟုတ် အသက်ကြီးမှ ပိုဆိုးတာမျိုးလဲ ဖြစ်တတ်ပါသတဲ့။ အဖြစ်များတဲ့ အရွယ်ကတော့…. အသက်ဆယ့်ငါးနှစ်ကနေ နှစ်ဆယ့်ငါးနှစ်အတွင်းလို့ ဆိုပါတယ်။“အသက်ကြီးမှ အမြင့်ကြောက်ရောဂါဖြစ်သူတွေမှာတော့…. ဘာကြောင့်ဖြစ်ရသလဲ လေ့လာကြည့်တဲ့အခါ ….. အသက်ကြီးလာတာနဲ့အမျှ ခန္ဒါကိုယ်ရဲ့ ဟန်ချက်ညီမျှမှူကို ထိန်းပေးတဲ့ အစိတ်အပိုင်းတွေ … အရင်ကလောက် အလုပ်ကောင်းကောင်းမလုပ်နိုင်တာကြောင့်ပါ” လို့ Institute Of Psychiatry, King’s College London က Professor Kevin Gournay က ဆိုပါတယ်။အမြင့်ကြောက်ရောဂါရှိသူအများစု ဟာ အမြင့်တစ်နေရာကိုရောက်ပြီဆိုရင် မောတာ.. အသက်ရှူမြန်တာ…နှလုံးခုန် မမှန်တာ နဲ့ ချွေးစေးအလွန်အမင်းပြန်တာ…. ပျို့ချင်အန်ချင်တာတွေ ဖြစ်တတ်ပါတယ်။ခေါင်းမူးတာ..ပတ်ဝန်းကျင်ကပါ ချာချာလည်နေအောင်မူးတာ.. ကြွက်သားတွေ တောင့်တင်းလာတာ..လက်တွေခြေတွေတုန်တာ.. ခေါင်းကိုက်တာတွေလဲ ဖြစ်တတ်သလို တချို့သိပ်ဆိုးတဲ့ အမြင့်ကြောက်သူတွေမှာတော့ ကိုယ့်ကိုယ် ကို သတ်သေချင်စိတ်ရှိတာရယ်မဟုတ်ဘဲ အဲဒီအမြင့်ကနေခုန် ချချင်စိတ်တွေပါ အလိုလိုပေါ်တတ်ပါသေးတယ်။တခြားအကြောက်ရောဂါတွေကို ကုသသလိုပဲ…. အမြင့်ကြောက်ရောဂါကို ကုသရတာဟာ တကယ်တမ်းတော့ခက်ပါတယ်။ Cognitive Behavourial Therapy လို့ခေါ်တဲ့ အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲမှူအတွက် နှစ်သိမ့်ဆွေးနွေးခြင်းနဲ့ ကုသလေ့ ရှိပါတယ်။ ဒီဆွေးနွေးမှူကနေ ဒီလိုအကြောက်လွန်ခြင်းဟာ ကြောက်သူရဲ့စိတ်ကူးကြောင့်သာဖြစ်ပြီး လက်တွေ့မှာတော့ အဲ လောက် ကြောက်စရာအခြေအနေမဟုတ်တာကို သူတို့ကိုယ်တိုင်နားလည်လက်ခံတဲ့အထိ နှစ်သိမ့်ဆွေးနွေးပေးတာမျိုးပါ။ အချို့ကျွမ်းကျင်သူတွေကတော့ အိပ်မွေ့ ချတာ… စိတ်ဖိစီးမှူလျှော့ချနိုင်တဲ့ စိတ်ငြိမ်ဆေးတွေပေးတာမျိုးနဲ့လဲ ကုသပေး တတ်ကြပါသေးတယ်။အချို့ကျွမ်းကျင်သူတွေကတော့…. အမြင့်ကြောက်ရောဂါရှိသူတွေကို ကုသရာမှာ “exposure therapy” လို့ခေါ်တဲ့ အမြင့်နဲ့ မကြာခဏ ထိတွေ့ပေးစေတာမျိုး အကြံပေးကြပါတယ်။ ဥပမာ… လှေကားအမြင့်တစ်ထစ်တက်ပြီးတိုင်း… တစ်ခါနားပါ။ ကိုယ်ဟာ ဒါကို ကျော်လွှားသွားနိုင်မယ်ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်စိတ်မွေးပါ။ သင့်စိတ်ထဲမှာ အဆင်ပြေပြီဆိုရင် နောက်တဆင့်ထပ်တက်ပါ။ ပြီးရင် ခုဏတုန်းကလိုပဲ တစ်ခါထပ်နားပြီး တဆင့်ထပ်တက်ပါ။ အသက်ကို ပုံမှန်ရှူပြီး စိတ်ကိုလျှော့လို့ ဖြေးဖြေးချင်းတက်ပါ။ ဒါဟာ avoidance therapy လို့ခေါ်တဲ့ ….. အမြင့်ကိုရှောင်ပြီးနေခိုင်းတဲ့ ကုသမှူထက်စာရင် ရေရှည်အတွက် ပိုကောင်းတယ်လို့ သုသေတနတွေအရ သိရပါတယ်။သင့်မှာ တကယ်ပဲ အမြင့်ကြောက်ရောဂါ ရှိနေပြီဆိုပါစို့။ အားတက်စရာ သတင်းတစ်ခုကတော့ သင်တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာပါပဲ။ ကမ္ဘာကျော် celebrity တွေဖြစ်တဲ့ ဂရမ်မီ ကိုးဆုရှင် အဆိုတော် Sheryl Crow ကလဲ …. အမြင့် ကြောက်ရောဂါကို အံတုနေရသူတစ်ဦးပါပဲ။ ကမ္ဘာကျော်မင်းသား Stallone ဟာလည်း ရင်သပ်ရှူမောဖွယ်ရာ စတန့်တွေကို သရုပ်ဆောင်ပြခဲ့သူဖြစ်ပေမယ့်…. အမြင့်ကိုတော့ သူသိပ်ကြောက်ပါသတဲ့။ ယျေဘုယျအားဖြင့်တော့…. လူတစ်ရာမှာ နှစ် ယောက်ကနေ ငါးယောက်လောက်ဟာ အမြင့်ကြောက်ရောဂါရှိကြပါသတဲ့။ လူတွေမှာသာမက တချို့သောနို့တိုက် သတ္တဝါ တွေမှာလည်း အမြင့်ကြောက်ရောဂါရှိတတ်တယ်လို့ ကျွမ်းကျင်သူတွေကတော့ ဆိုထားပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%a1%e1%80%99%e1%80%bc%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac/
ကလေးထိန်းကျောင်းမှုရဲ့ အခြေခံစည်းမျဉ်းများ
မိဘတိုင်းက ကလေးတိုင်းကို အကောင်းဆုံးဖြစ်စေချင်ကြပါတယ်။ ဘာပဲလုပ်လုပ် ပထမဆိုတာကိုပဲ ရစေချင်ပါတယ်။ ဒါကို စေတနာလောဘလို့ပဲ ခေါ်ကြမလား။ ဒါကြောင့်ပဲ သားသမီးကို မလိုအပ်တဲ့ ဖိအားတွေ ပေးလာတတ်ကြပါတယ်။ ဒါရဲ့ အစွန်းတစ်ဖက်မှာလည်း ကလေးဘာပဲလုပ်လုပ် လွှတ်ပေးထားလိုက်ဆိုတာတွေ ရှိပါတယ်။ ဒီကလေး နောက်ပိုင်းကြရင် ဘယ်လိုပုံစံနဲ့ ကြီးပြင်းလာမလဲဆိုတာ မိဘတွေရဲ့ပြုစုပျိုးထောင်မှုအပေါ် အများကြီး မူတည်နေပါတယ်။ဒါကြောင့်ပဲ ဒီနေ့ခေတ်မှာparenting tipsဆိုတာတွေ ခေတ်စားလာပြီး မိဘတွေ စိတ်ဝင်စားလာကြတာပေါ့။ မိဘတွေမှာ ပြီးပြည့်စုံတဲ့ မိဘဆိုတာ မရှိပါဘူး။ ဒါကြောင့် ကလေးမှာလည်း ပြီးပြည့်စုံတဲ့ ကလေးဆိုတာလည်း မရှိနိုင်ပါဘူး။ ဒါကို နားလည်ထားရပါမယ်။ ကိုယ့်ကလေးရဲ့ အားသာချက်၊ အားနည်းချက်ကို သိရပါမယ်။ သူ့ကို အတင်းဖိအားမပေးဖို့ လိုပါတယ်။နောက်ပိုင်း ကလေးတွေကို ပြုစုပျိုးထောင်တဲ့ ပုံစံက ဉာဏ်ရည်ဉာဏ်သွေး(IQ)ထက် ကိုယ်ရည်ကိုယ်သွေး (EQ)ကို ဦးစားပေးလာပါပြီ။ လူတော်လေး ဖြစ်ရေးထက် လူကောင်းလေး ဖြစ်ရေးကို ဦးစားပေးလာကြပါပြီ။ ဒါကြောင့် ငယ်စဉ်ကတည်းက အပြုအမူပိုင်းဆိုင်ရာတွေကို အရေးတကြီး သင်ကြားပေးလာကြပါပြီ။ ဒီတော့ ဖေဖေမေမေတို့ သိထားသင့်တဲ့ ကလေးထိန်းကျောင်းမှုရဲ့ အခြေခံစည်းမျဉ်းများ က ဘာတွေဖြစ်မလဲ လေ့လာရအောင်နော်။ကလေးထိန်းကျောင်းမှုရဲ့ အခြေခံစည်းမျဉ်းများ ကတော့။ကလေးတွေက သူတို့ကို မိဘက ပြောတဲ့ စကားလုံးတွေ၊ လေယူလေသိမ်းတွေ၊ အပြုအမူတွေကနေပြီး သင်ယူနေတာပါ။ သူတို့ကိုယ် သူတို့ ပုံဖော်နေတာပါ။ မေမေက သူတို့ကိုချီးကျူးလိုက်တဲ့အခါ သူတို့ကိုယ် သူတို့ ယုံကြည်မှုရှိသွားပါတယ်။ ဒါနဲ့ ပြောင်းပြန် သူတို့ကို သူများနဲ့ နှိုင်းယှဉ်တဲ့အခါ၊ အပြစ်တင် ပြောဆိုတဲ့အခါ အသုံးမဝင်သလို ခံစားလာရပါတယ်။ဒါကြောင့် သူတို့နဲ့ စကားပြောတဲ့အခါ သတိထားပါ။ စကားလုံး အသုံးအနှုန်း၊ လေယူလေသိမ်းကစပြီး ဂရုစိုက်ပါ။ အမှားတွေကို အပြစ်တင်ဖို့ထက် ကူညီပြီး ပြင်ပေးနိုင်ဖို့ ကြိုးစားပါ။ကလေးကို ဆူတာနဲ့ ချီးကျူးတာ ဘယ်ဟာကများ ပိုများနေတာလဲ မေမေတို့ရေ။ တစ်ခါတလေမှာ သူက မေမေတို့ကို ကူညီချင်တဲ့စိတ်နဲ့ အလုပ်လေးတွေ လုပ်နေတတ်ပါတယ်။ ဥပမာ မနက်မိုးလင်းရင် စောင်ခေါက်ပေးတာမျိုးပေါ့။ သူခေါက်တာက ညီချင်မှ ညီမှာပါ။ဒါပေမယ့် ဒါမေမေ့ကို ကူညီချင်တဲ့ စိတ်နဲ့ လုပ်လိူက်တာပါ။ ဒါမျိုးအလားတူ ပစ္စည်းလေးတွေ ကောက်သိမ်းပေးတာလည်း ရှိမှာပါ။ သူ့အတွက် အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ ဖြစ်နေတာကိုတော့ သတိထားမိချင်မှ သတိထားမိမှာပါ။ဒါမျိုးဆို မေမေတို့က အရင်ဆူလိုက်မိတာများပါတယ်။ ‘ဒါကို မကိုင်နဲ့လို့ ပြောထားတယ်လေ’ စသဖြင့်ပေါ့။ သူက ကူညီချင်လို့ လုပ်ပေးတာကို မေမေတို့က ဆူလိုက်တော့ ကလေးက စိတ်မကောင်းဘူးပေါ့။ ဘာနဲ့တူလဲဆိုတော့ မေမေတို့ အလုပ်မှာ ကောင်းမယ်ထင်လို့ လုပ်လိုက်တာကို ဘော့စ်က ဆူလိုက်သလိုပဲပေါ့။ ဒီလို ဆူခံရတယ်ဆို မေမေတို့လည်း စိတ်ညစ်တယ်ဟုတ်။ဒီလို လုပ်မယ့်အစား ကလေးကို မဆူဘဲ သူတို့နားလည်အောင် ပြောပြပေးပါ။ ‘သားက မေမေ့ကို ကူညီတာ သိပ်ကျေးဇူးတင်တာပဲ။ ဒါပေမယ့် ဒါကို ကိုင်ရင် သားပူသွားမှာပေါ့” စသဖြင့် ညင်ညင်သာသာ ပြောဆိုပေးမယ်။ သူတို့ရဲ့ ကောင်းကွက်ကို ချီးကျူးပေးမယ်ဆိုရင် ကလေးက သိပ်ကို ကျေနပ်သွားမှာပါပဲ။စဉ်းကမ်းဆိုတာ နေရာတိုင်းမှာ လိုအပ်တာပါပဲ။ စည်းကမ်းတွေ ထားရခြင်းက အပြုအမူပိုင်းဆိုင်ရာ မှန်ကန်ဖို့နဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်တတ်ဖို့ပါပဲ။ ကလေးဆိုတာမျိုးက “စမ်း” တတ်ပါတယ်။ ဒီစည်းကမ်းကို ဘယ်လောက်ထိ သူတို့ ချိုးဖောက်လို့ရသလဲဆိုတာ စမ်းသပ်တတ်ပါတယ်။ည ၉နာရီ အိပ်ရာဝင်ရမယ်ဆို ၁၀နာရီမှ မရဘူးလားလို့၊ ၅မိနစ်လောက် ပေးဆော့ပါဦးတို့ လုပ်တတ်ပါတယ်။ ဒီနေရာမှာ မိဘက စည်းကမ်းကို ဘယ်လောက်ထိ ထိန်းသိမ်းထားနိုင်လဲတို့၊ ဘယ်လောက်ထိ အတိုးအလျော့ လုပ်ပေးနိုင်လဲတို့ပေါ် အများကြီး မူတည်သွားပါတယ်။စည်းကမ်းရဲ့ နောက်မှာ ပြစ်ဒဏ်ဆိုတာ ပါလာရပါတယ်။ ဒါမှမဟုတ်လည်း ညှိနှိုင်းမှုပေါ့။ ဘယ်စည်းကမ်းတွေဖောက်ရင် ဘာပြစ်ဒဏ်တွေဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြထားပါ။ပြစ်ဒဏ်က ကလေးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်စေလို့ မရပါဘူး။ ဥပမာ ပြစ်ဒဏ်အနေနဲ့ ဒီနေ့ ကာတွန်းကား မကြည့်ရဘူးဆိုတာမျိုးဆို လက်ခံနိုင်ပါတယ်။ ကလေးကို ရိုက်နှက်တာမျိုး မလုပ်ရပါဘူး။ဒီနေ့ခေတ်မှာ အမေရော အဖေပါ အလုပ်ထွက်လုပ်ကြတာဆိုတော့ ကလေးကို သူများနဲ့ ထားခဲ့ရတာ များပါတယ်။ အလုပ်လုပ်တာ အားပေးပါတယ်။ လုပ်လို့ရပါတယ်။ ဒါပေမယ့် စီမံခန့်ခွဲမှာကောင်းကောင်းနဲ့ အလုပ်ချိန်၊ မိသားစုအချိန် ခွဲပေးတတ်ဖို့ လိုပါတယ်။ကလေးဆိုတာ မိဘကို တွယ်တာတာ သဘာဝပါပဲ။ ကိုယ်ကတော့ ကလေးအတွက်ဆိုပြီး ရှာဖွေနေပေမယ့် ကလေးစိတ်ထဲမှာ သူ့ကို ဂရုမစိုက်ဘူးလို့ ထင်သွားနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို အချိန်ပေးပြီး ဂရုစိုက်ပေးပါ။ သင့်စိတ်ထဲမှာ သူရှိတယ်ဆိုတာ ပြောပြပေးပါ။ကလေးက သင့်ကို ကြည့်ပြီး သင်ယူနေတာ ဖြစ်တဲ့အတွက် သင်ကရှေ့ကနေ ကောင်းကောင်း လုပ်ပြပေးနေဖို့ လိုပါတယ်။ သင်ချမှတ်ထားတဲ့ စည်းကမ်းတွေကို ကိုယ်တိုင်လိုက်နာဖို့ လိုအပ်ပါတယ်။ကလေးကို ဒေါသထွက်ရင် မအော်ရဘူး။ ပစ္စည်းတွေ ကောက်မပေါက်ရဘူးလို့ပြောပြီး သင်ကိုယ်တိုင် သောင်းကျန်းနေရင် သူတို့က ဒီစည်းကမ်းကို လိုက်နာစရာမလိုဘူးလို့ ထင်သွားတတ်ပါတယ်။ကလေးငယ်လေးတွေဆို ဒေါသထွက်ရင် ဒီလိုလုပ်ရတာပါလားဆိုတာ သင်ယူပါလိမ့်မယ်။ ဒါကြောင့် သင် သူတို့ကို မလုပ်စေချင်တာကို သူတို့ရှေ့မှာ မလုပ်ပြပါနဲ့။ငါက မိဘပဲ။ အတွန့်မတက်နဲ့။ ငါပြောတဲ့အတိုင်းလုပ်ဆိုပြီး ကလေးကို အမိန့်မပေးပါနဲ့။ ကိုယ်က တစ်ခုခုကို ဖြစ်စေချင်တယ်ဆိုရင် အကျိုးသင့် အကြောင်းသင့် ရှင်းပြမှ ကလေးက လိုက်နာချင်မှာပါ။အမိန့်ပဲ ပေးနေရင် သူတို့စိတ်ထဲမှာ  တစ်ယောက်ယောက်ကို ရှင်းပြတယ်ဆိုတာ မလိုအပ်ဘူး။ ကိုယ်က အကြီးဖြစ်နေရင် ကိုယ်ပြောတာကို သူများက လိုက်လုပ်ရမယ်ဆိုတဲ့ အတွေးဝင်သွားပါမယ်။ဒီလိုကလေးက မိသားစုထဲက မောင်နှမတွေကြားမှာ၊ ကြီးလာတဲ့အခါ လုပ်ငန်းခွင်မှာအာဏာပြတတ်သူ ဖြစ်လာပါလိမ့်မယ်။ ကြီးလာတဲ့အထိ ဒီပုံဆိုရင် သူ့ကို လေးစားမယ့်သူ ရှိမှာ မဟုတ်ပါဘူး။သင်က အမြဲတမ်း တင်းမာနေတဲ့ မိဘဖြစ်ဖို့ မလိုပါဘူး။ ဒီလိုပဲ ကလေးကို အမြဲတမ်း အလိုလိုက်နေတဲ့ မိဘလည်း ဖြစ်ဖို့မလိုပါဘူး။ သင့်ကလေးအခြေအနေပေါ်လိုက်ပြီး တင်းသင့်တင်း လျှော့သင့် လျှော့ရပါမယ်။ဒါက မိဘဖြစ်ခြင်း အနုပညာပါပဲ။ အချိန်ကြာလာတာနဲ့အမျှ သင့်ကလေးကို ဘယ်လိုကိုင်တွယ်ရမလဲဆို သင်နားလည်လာမှာပါ။မိဘဆိုတာ သားသမီးကို ဘယ်လိုနေနေ ချစ်တယ်၊ ကလေး ဘယ်နှယောက်ရှိရှိ ချစ်တယ်ဆိုတာကို သင်ပဲ သိတာပါ။ ကလေးက မသိပါဘူး။ ဒါကြောင့် ကလေးကို ပြောပြပေးရပါမယ်။တစ်ခါတလေမှာ ဆူမိတယ်၊ပြစ်ဒဏ်ပေးမိတယ်ဆိုပေမယ့် ဒါက သူကောင်းဖို့အတွက်ပဲ ဖြစ်ပြီး သူ့ကို မုန်းလို့ မဟုတ်ဘူးဆိုတာ ကလေး သိဖို့ လိုအပ်ပါတယ်။ဒါကြောင့် ကလေးကို ဆူပြီးတိုင်း ပြန်နှစ်သိမ့်ပေးပါ။ မောင်နှမအချင်းချင်း စကားများပြီးတဲ့အခါ နှစ်ယောက်ကို ချစ်တာဖြစ်ပြီး မျက်နှာလိုက်တာ မရှိကြောင်း ပြောပြပေးပါ။ကလေးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ အရင်လို မိဘစကားပဲ နားထောင်ရုံသက်သက်ပဲ မဟုတ်တော့ပါဘူး။ ကလေးကို အဆင့်တစ်ခုသတ်မှတ်ပြီး လေးလေးစားစားနဲ့ သူ့ခံစားချက်ကိုပါ ထည့်ပြီး စဉ်းစားပြီး ပျိုးထောင်လာပါပြီ။ အရေးကြီးတာက တစ်ချိန်မှာ ကလေးတွေက စိတ်ရော ကိုယ်ပါ ကျန်းမာပြီး ကောင်းကောင်းမွန်မွန် ကြီးပြင်းလာဖို့ပါပဲ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/everything-you-need-to-know-about-parenting/
သစ်တိုသီးစေ့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ
သစ်တော်သီးကို လူတိုင်း သိကြပေမယ့်သစ်တိုသီးကိုတော့ သိသူ ခပ်ရှားရှား ဖြစ်မယ် ထင်ပါတယ်။ သစ်တိုသီးကို ငါးနဲ့ ချဉ်ရည် ချက်စားတာမျိုး ရှိသလို အသီးကို ထောင်းပြီး ငပိ၊ ငံပြာရည်တွေနဲ့ ကြော်စားတာမျိုးလည်း ရှိပါတယ်။ ဒီတစ်ခေါက် ပြောပြပေးချင်တာက သစ်တိုသီးရဲ့ ကျန်းမာရေးကို မဟုတ်ပါဘူး။ အသီးရဲ့ အလယ်ထဲမှာပါတဲ့ သစ်တိုသီးစေ့ရဲ့  ကျန်းမာရေး အကျိုးကျေးဇူးများ အကြောင်းပါ။သစ်တိုသီးစေ့ ဆိုတာက သစ်တိုသီးရဲ့ အလယ်က အစေ့ပါ။ အစေ့က အမွှာလိုက် ရှိပြီးမင်းဂွတ်သီးနဲ့ တူပါတယ်။ ခွာခွာစမှာ  အဖြူရောင် ရှိပြီး ကြာရင်တော့ ညိုတိုတိုလေး ဖြစ်သွားပါတယ်။ အရသာက ချိုတာမျိုး ရှိသလို ချဉ်ပြုံးပြုံးလေးလည်း ရှိပါတယ်။ အသားကတော့ ကနစိုးသီးလိုလို မင်းဂွတ်သီးလိုလိုပါ။သစ်တိုသီးစေ့မှာ အခုလိုအာဟာရဓာတ်တွေပါဝင်နေပါတယ်။ချဉ်ချဉ်ချိုချို အရသာနဲ့ စားလို့ ကောင်းတဲ့ သစ်တိုသီးစေ့က အခုလို အကျိုးကျေးဇူးတွေ ပေးပါတယ်။ လေ့လာချက်တွေအရ သစ်တိုသီးက။သစ်တိုသီးစေ့မှာ sandorinic acid နဲ့ bronotic acid တွေ ပါဝင်နေတာကြောင့် အရေပြားမှာဓာတ်မတည့်မှုဖြစ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို ဓာတ်မတည့်မှု ဖြစ်တာကိုလည်း သက်သာစေနိုင်ပါတယ်။သစ်တိုသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဆဲလ်တွေကို ကျန်းမာစွာ ကြီးထွားစေဖို့ ထောက်ကူပေးပြီးကင်ဆာဆဲလ်တွေကြီးထွားမှု မဖြစ်အောင်လည်း အတိုင်းအတာ တစ်ခုအထိ တားဆီး ပေးနိုင်ပါတယ်။သစ်တိုသီးမှာ ဗီတာမင် C နဲ့ သံဓာတ်၊ကယ်လ်ဆီယမ်၊ ဖော့စဖရိတ်တွေ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကလည်းကိုယ်ခံအား ကောင်းစေဖို့ထောက်ကူပေးနိုင်ပါတယ်။ဗီတာမင် Cပါဝင်နေတာရယ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာတွေက အသားအရေကို တင်းရင်း လှပစေပြီး အစက်အပြောက်တွေ ကင်းစေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့်အရေပြား ပြဿနာတွေကို သက်သာစေဖို့ ဆိုရင်တော့ သစ်တိုသီးစေ့လေးတွေ စားပေးလို့ ရပါတယ်။သွားနဲ့ ခံတွင်း ကျန်းမာစေဖို့အတွက်လည်း သစ်တိုသီးစေ့ကို စားပေးလို့ ရပါတယ်။ သစ်တိုသီးစေ့ကို စားပေးတာက တံထွေးထွက်စေဖို့ ထောက်ကူပေးပြီး တံထွေးထွက်တာကြောင့် ခံတွင်းထဲမှာဘက်တီးရီးယားတွေပေါက်ဖွားတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။သစ်တိုသီးစေ့မှာ အမျှင်ဓာတ် ပါဝင်နေတာကကိုယ်အလေးချိန်ကိုထိန်းညှိနိုင်စေဖို့ ထိထိရောက်ရောက် ထောက်ကူ ပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိဖို့ဆိုရင်တော့ သစ်တိုသီးစေ့ စားပေးလို့ ရပါတယ်။သစ်တိုသီးစေ့မှာ အမျှင်ဓာတ် ပါဝင်နေတာကြောင့် ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ စားပေးလို့ ရပါတယ်။သစ်တိုသီးစေ့ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ခုကတော့ သွေးတွင်းအဆီတွေကို ကျဆင်းစေနိုင်တာပါ။ သွေးတွင်းအဆီများတဲ့ သူတွေ စားပေးလို့ ရပါတယ်။သစ်တိုသီးစေ့က ကျန်းမာရေးအတွက် ကောင်းကျိုးများတယ် ဆိုပေမယ့် ဆီးချိုရောဂါ ရှိသူတွေ အနေနဲ့ ဆေးနဲ့ တွဲသောက်တာမျိုး မလုပ်ဖို့ လိုပါမယ်။ ရောဂါအခံ တစ်ခုခု ရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ စားပေးပါ။ သစ်တိုသီးစေ့က ဆေးဖက်ဝင်တယ်ဆိုပေမဲ့ ပမာဏအလွန်အကျွံစားမယ်ဆိုရင် ဘေးဖြစ်တတ်တာကိုလည်း သတိထားစေလိုပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-santol-seeds/
သားသားမီးမီးတို့ရဲ့ အစားအစာတွေထဲမှာ Prebiotics ပါစေဖို့
သူများကလေးတွေက ပျော်ရွှင်နေတာပဲ။ထွားလည်း ထွားတယ်။ သွက်လည်းသွက်တယ် ဆိုတတွေ မြင်တိုင်း ကြားတိုင်း ကိုယ့်ကလေးကိုလည်း အဲ့လိုပဲ ထွားလည်းထွား သွက်လည်း သွက်တော်လည်း တော်စေတယ်ဆိုတဲ့ ဆန္ဒ မိခင်တိုင်း ဖြစ်မိမှာပါ။မိခင်မဟုတ်တဲ့ တီတီတွေ။ ဘွားဘွားတွေမှာတောင် ဒီဆန္ဒက ရှိနေနိုင်တာပါ။ ချစ်ရတဲ့သားသားမီးမီးတွေကို အကောင်းဆုံးပဲ ဖြစ်စေချင်တာက မိဘတွေရဲ့ သဘာဝပဲလေ။ ဒီတော့ ဆန္ဒအတိုင်း သားသားမီးမီးတို့ အကောင်းဆုံး ကြီးထွားဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါ။အသက်ထက်တောင် တန်ဖိုးထားရတဲ့ သားသားမီးမီးတွေ အကောင်းဆုံး ကြီးထွားစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုတွေကို အာဟာရ ပြည့်ဝအောင် ပြင်ဆင်ပေးဖို့လိုပါမယ်။ ဒီလို ပြည့်ဝဖို့လိုမယ့် အာဟာရတွေကတော့။ဒီအာဟာရတွေထဲမှာမှ စားလိုက်သမျှကို အူနံရံက စုပ်ယူပြီး လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝလို့ အကောင်းဆုံး ကြီးထွားစေဖို့ဆိုရင် မဖြစ်မနေပါဝင်အောင် ပြင်ဆင်ပေးရမှာကအကျိုးပြုဘက်တီးရီးယား အာဟာရပါ။ ဒီအာဟာရပါမှ ကျန်တဲ့ အာဟာရတွေကို ပြည့်ဝစွာ ရရှိနိုင်မှာပါ။ဒီတော့ အကျိုးပြုဘက်တီးရီးယား အာဟာရပါအောင် ဘယ်လို ပြင်ဆင်ပေးရမလဲ၊ လို့ တွေးမိနေပြီလား။ အတူတူ ပြင်ဆင်ပေးရအောင်လေ။သားသားမီးမီးရဲ့ နေ့စဉ် စားသုံးမှုမှာခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေဖို့အားဖြည့်ပေးတဲ့ အကျိုးပြု ဘက်တီးရီးယား အာဟာရပါစေဖို့ဆိုရင် အခုလိုလေးတွေ ပြင်ဆင်ပေးလို့ ရပါတယ်။အကျိုးပြုဘက်တီးရီးယား အာဟာရလည်းပါ သားသားမီးမီးတို့လည်း ခံတွင်းတွေ့စေဖို့ဆိုရင်။အချိုပွဲကနေစလို့ နေ့စဉ် စားသုံးမှုတွေမှာ အခုလိုမျိုးလေးတွေ prebiotics (အကျိုးပြုဘက်တီးရီးယား အာဟာရ) ပါဝင်အောင် ပြင်ဆင်ပေးလို့ရပါတယ်။သားသားမီးမီးတို့ရဲ့ နေ့စဉ် စားသုံးမှုမှာ အခုလို အကျိုးပြုဘက်တီးရီးယား အာဟာရ ပါဝင်အောင် ပြင်ဆင်ပြီးကျန်းမာတဲ့အစာခြေစနစ်ပြည့်ဝတဲ့ ကိုယ်ခံအားနဲ့ ထက်မြက်တဲ့ဉာဏ်ရည်ဉာဏ်သွေးတို့ ရရှိအောင် ပျိုးထောင်ပေးလိုက်ပါ မေမေ…………..။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/how-to-put-a-super-effective-prebiotic-in-your-kid-meal/
သင့်ခြေထောက်လေးတွေကို ဂရုစိုက်ဖို့ နည်းလမ်း ငါးသွယ်
ခန္ဓါကိုယ်တစ်ခုလုံးရဲ့အလေးချိန်ကိုထိန်းပေးပြီး လှုပ်ရှားမှုတိုင်းမှာ အလေးချိန်ညီညီမျှမျှနဲ့ မတ်မတ်ရပ်နိုင်အောင်ထောက်ပံ့ထား၊ ထိန်းထားတဲ့ ခြေထောက် ဆိုတာ ခန္ဓါကိုယ်ရဲ့ အရမ်းအရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တယ်။ ခြေထောက်တွေကို ထိခိုက်စေနိုင်တဲ့အကြောင်းတွေအများကြီးရှိပါတယ်။ တချို့အကြောင်းတွေက မွေးရာပါတွေဖြစ်ပေမယ့် မွေးရာပါမဟုတ်သော အကြောင်းအများစုကိုတော့ ပုံမှန် နေ့စဉ်ဂရုစိုက်မှုလေးနဲ့ ရှောင်ရှားနိုင်တယ်။ခြေဗလာနဲ့ လျှောက်သွားခြင်းဟာ သင့်ခြေဖဝါးကို များစွာ ထိခိုက်စေပါတယ်။ ခြေဖဝါးဟာ မြေပြင်ရဲ့အပူကိုခံစားရပြီး အပူလောင်ကာ ထိခိုက်နိုင်တယ်။ ခံစားလို့ကောင်းတဲ့ မြက်ခင်း အေးအေးလေးပေါ်မှာတောင် မမျှော်လင့်တဲ့ ထိခိုက်ရှနာ ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေအများကြီး ရှိနေပါတယ်။ခြေဗလာနဲ့ မသွားရဘူးဆိုတာနဲ့ လမ်းမလျှောက်ရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ လမ်းလျှောက်ခြင်းဟာ ခြေဖဝါးပေါ် ဖိအားပေးတယ်ဆိုပေမယ့် ခြေဖဝါးကြွက်သားတွေသန်မာဖို့ နေ့စဉ် လေ့ကျင့်ခန်းတော့ လိုပါသေးတယ်။ နေ့စဉ်လမ်းလျှောက်ခြင်းဟာ ကြွက်သားတွေကို သန်မာပြီး ကျုံ့ ဆန့် သတ္တိကောင်းစေတယ်။ ဒါပေမယ့် လမ်းလျှောက်တဲ့အခါ သက်တောင့်သက်သာ ရှိပြီး သင်နဲ့တော်တဲ့ ဖိနပ်ကို စီးဖို့တော့ မမေ့ပါနဲ့။ လမ်းလျှောက်ခြင်းကြောင့် ခြေထောက်တွေ ခြေဖဝါးတွေ ရောင်ရမ်းခြင်းမျိုးဖြစ်လာရင်တော့ ဒါဟာ လမ်းလျှောက်နေစဉ်မှာ ခြေထောက်ဟာ ကိုယ်အလေးချိန်ကို ပုံစံမှန်မှန်နဲ့ ထိန်းပေးနိုင်ဖို့ ခြေထောက်ကို ထောက်ပံ့ပေးမယ့် အရာတွေလိုနေတာ ဖြစ်နိုင်ပါတယ်။သင့်ခြေထောက်နဲ့မတော်တဲ့ ဖိနပ်ကို စီးခြင်းဟာ ခြေဖဝါးကို ပုံစံမျိုးစုံနဲ့ထိခိုက်စေပါတယ်။ အရွယ်သေးတဲ့ဖိနပ်တွေကြောင့် ခြေချောင်းလေးတွေကွေးခြင်း၊ ခြေစွယ်ငုတ်ခြင်း၊ အသားမာတက်ခြင်း နဲ့ ခြေထောက်နာကျင်မှုတွေ ဖြစ်နိုင်တယ်။ ဆိုဒ်ကြီးတဲ့ ဖိနပ်တွေကျတော့ ခြေထောက်ကို ငြိမ်ငြိမ် မထိန်းထားနိုင်တာကြောင့် အရည်ကြည်ဖုများပေါက်ခြင်း၊ အသားမာတက်ခြင်းများ ဖြစ်စေနိုင်ပါတယ်။ နေ့စဉ်စီးဖို့အတွက်ကတော့ သက်တောင့်သက်သာရှိမယ့် ဖိနပ်ပါးလေးတွေကအကောင်းဆုံးပါပဲ။တချို့ဖိနပ်တွေက ခြေထောက်နဲ့ ကွက်တိတော်ပေမယ့် ခြေထောက်အတွက် မသင့်တော်တာတွေရှိပါသေးတယ်၊ အထူးသဖြင့် ဒေါက်ဖိနပ်တွေပေါ့။ သုံးလက်မမြင့်ဒေါက်တွေဟာဆိုရင် ကိုယ်အလေးချိန်ရဲ့ ခုနှစ်ဆလောက်ဖိအားရှိပါတယ်။ဖိနပ်ကို မည့်သည့် အရာတွေနဲ့ ပြုလုပ်ထားတယ် ဆိုတာကိုလည်း အလေးပေးသင့်ပါတယ်။ ခြေဆီထွက်တာကို ရှောင်လို့မရပေမယ့် သားရေ၊ ချည် စသည့် သဘာဝပစ္စည်းတွေနဲ့ လုပ်ထားတဲ့ ဖိနပ်တွေဟာ ခြေထောက်ကို အေးစေပြီး အစိုဓါတ်ထိန်းပေးနိုင်မှာပါ။ ဒါ့အပြင် တစ်ရက်နဲ့ တစ်ရက် ဖိနပ်လဲစီးခြင်းဟာလည်း ခြေဆီတွေကြောင့်စိုစွတ်ထားတဲ့ ဖိနပ်ကို ခြောက်သွေ့ချိန် ပေးလိုက်နိုင်သလို ဖြစ်ပါလိမ့်မယ်။ရှူးဖိနပ်တွေစီးရရင် ခြေအိတ်ဝတ်ခြင်းဟာလည်း သင့်ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာ တစ်ခုဖြစ်လာပါလိမ့်မယ်။ ခြေအိတ်တွေဟာ ရှူးဖိနပ်တွေကြောင့် ခြေထောက်တွေ ပွန်းပဲ့ထိရှခြင်းကို ကာကွယ်ပေးတဲ့အပြင် ခြေဆီတွေ၊ စွတ်စိုမှုတွေကိုလည်း စုပ်ယူပေးတယ်။ အကောင်းဆုံး ခြေအိတ်ကတော့ ချည်၊ သိုးမွေးတွေလို သဘာဝအမျှင်တွေနဲ့ ရက်လုပ်ထားတာတဲ့ ပစ္စည်းတွေပဲဖြစ်တယ်။ခြေဖဝါးတွေဟာ ဖိနပ်တွေထဲမှာ ချွေးတွေ၊ အဆီတွေနဲ့ အချိန် အကြာကြီး ရှိနေရတာ ဖြစ်တဲ့အတွက် ခြေချောင်းတွေကြားဟာ ဘက်တီးရီးယားနဲ့ မှိုတွေအတွက် နေစရာ တစ်ခု ဖြစ်လာပါတယ်။ ခြေထောက်ပုံမှန် မဆေးပါက အနံ့ဆိုးတွေထွက်လာမယ်၊ မှိုစွဲစေမယ်၊ အခြားသော အရေပြားပြဿနာများ ဖြစ်လာစေနိုင်ပါတယ်။ခြေထောက်ကိုသန့်စင်ဖို့ အထူးစပယ်ရှယ် ခြေထောက်ဆေးနည်းတွေ မလိုပါဘူး။ ရေချိုးပြီးတဲ့အခါ သေချာ ခြောက်သွေ့စေဖို့ပဲ အရေးကြီးတာပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%b1%e1%80%bb%e1%80%81%e1%80%b1%e1%80%91%e1%80%ac%e1%80%80%e1%80%b9%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%80%e1%80%ad%e1%80%af-%e1%80%82/
မိုဘိုင်းလ်ဖုန်းကို လက်ကမချနိုင်ဖြစ်နေတာ ဘာကြောင့်လဲ
မနက်မိုးလင်းတာနဲ ကောက်ကိုင်မိတာကမိုဘိုင်းလ်ဖုန်းဖြစ်နေပြီး ညအိပ်ချိန်မှာ နောက်ဆုံးထိတွေ့ခဲ့တာကလည်း မိုဘိုင်းလ်ဖုန်းဖြစ်နေပြီလား။ ဘယ်အချိန်မဆို ဖုန်းကို တကိုင်ကိုင်နဲ့ ဖြစ်နေတယ်ဆိုရင် ဒါက မိုဘိုင်းလ်ဖုန်းကို နှစ်သက်တဲ့အခြေအနေမျိုးမဟုတ်တော့ပါဘူး။စွဲလမ်းတဲ့အဆင့်ကို ရောက်နေတာဖြစ်နိုင်ပါတယ်။ခုလိုWork from Home၊Stay at Homeအစီအစဉ်တွေနဲ့ နေအိမ်တွေမှာနေထိုင်နေရတဲ့အချိန်ကာလမျိုးမှာဆိုရင် မိုဘိုင်းလ်ဖုန်းအသုံးပြုတဲ့အချိန်ပမာဏက ပိုမြင့်တက်လာသလို ဆိုရှယ်မီဒီယာတွေမှာ အချိန်ဖြုန်းတဲ့နှုန်းကလည်း ပိုများလာနေပါတယ်။ပျင်းလို့၊ စိတ်ပျော်ရွှင်ချင်လို့ ဖုန်းကိုပိုသုံးမိပြီး ဖုန်းပိုသုံးမိတော့ ပိုပြီးလက်က မချနိုင်ဖြစ်ရင်း သံသရာလည်နေတယ်ဆိုပါတော့။ဒီလိုအခြေအနေတွေတင်မကပါဘူး အောက်ပါလက္ခဏာတွေသင့်မှာ ရှိနေပြီဆိုရင် သာမန်စွဲလမ်းမှုမျိုးမဟုတ်တော့ပါဘူး။ဒီလို ကျန်းမာရေးပြဿနာကိုNomophobiaလို့ခေါ်ပြီး စိတ်ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ Nomophobia ဝေဒနာ စွဲကပ်လာပြီဆိုရင် လုပ်ငန်းခွင်မှာ အလုပ်ပြီးမြောက်မှုလျော့နည်းတာ၊ အခွင့်အရေးတွေကို မျက်ကွယ်ပြုတာတွေလည်း ပိုများတတ်ပါတယ်။နောက်ပြီး Nomophobia ဖြစ်နေတဲ့ ကျောင်းသားတွေရဲ့ ၄၀% ဟာ ပညာရေးမှာ အဆင့်ကောင်းကောင်းမဝင်ကြဘူးလို့လည်း လေ့လာချက်တွေကဆိုပါတယ်။ ကိုယ့်ရဲ့လက်ထဲမှာရှိနေတဲ့ ဖုန်းကို လူမှုပတ်ဝန်းကျင်တစ်ခုလုံးနဲ့ ချိန်ထိုးစဉ်းစားလာတာမျိုးတွေ မြင့်တက်လာတတ်ပြီး Pre-existing anxiety လိုဝေဒနာတွေလည်း ခံစားလာရနိုင်ပါသေးတယ်။ဒီကနေ့ခေတ် ကမ္ဘာကြီးပေါ်မှာ ထူးဆန်းတဲ့ စိတ်ဝေဒနာတစ်ချို့ ရှိနေပါတယ်။ ဥပမာ –Claustrophobia(အလုံပိတ်အခန်းတွေကိုကြောက်တတ်တဲ့ စိတ်ဝေဒနာ) ၊ Ergophobia (အလုပ်လုပ်ရမှာကြောက်တဲ့ စိတ်ဝေဒနာ) ၊ Didaskalenophobia (ကျောင်းသွားရမှာ၊ ပညာသင်ရမှာကြောက်တဲ့ စိတ်ဝေဒနာ) စသဖြင့် ဒီလိုမျိုးတွေပေါ့။Nomophobia လို့ခေါ်တဲ့ စိတ်ဝေဒနာတစ်မျိုးကတော့ ကိုယ်လက်ထဲမှာ နေ့စဉ်နဲ့အမျှကိုင်ထားနေရတဲ့ ဖုန်းကြောင့်ဖြစ်တဲ့ စိတ်ဝေဒနာပါ။Nomophobia ဆိုတာက no–mobile-phone phobia ကို အတိုကောက်ရေးထားတာပါ။ ဒီရောဂါကို ၂၀၁၃ ခုနှစ်မှာ တရားဝင်ရောဂါတစ်မျိုးအဖြစ် စတင်သတ်မှတ်ခဲ့ပါတယ်။ဖုန်းဟန်းသွားချိန်၊ ဘက်ထရီကုန်သွားချိန်၊ လိုင်းမမိချိန်၊ စိတ်တိုတာ၊သောကရောက်တာ၊ စိတ်မရှည်နိုင်တာ၊စိတ်ဖိစီးတာမျိုးတွေ ဖြစ်ဖူးပါလား? ဒါမှမဟုတ် ဖုန်းကိုယ့်နားမှာမရှိရင် တစ်ခုခုလိုနေတာလိုလို၊ ဖုန်းမသုံးရရင် စိတ်ထဲ ကနာမငြိမ်ဖြစ်နေတာလို ခံစားချက်မျိုးတွေရော ခံစားနေရပြီလား? ဒါဆိုရင် ကိုယ့်မှာ Nomophobia ရှိနေပြီလား မဖြစ်မနေ ပြန်သုံးသပ်ရပါတော့မယ်။Nomophobia ဟာ ဒီကနေ့ခေတ်မှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပေမယ့် ကာယကံရှင်အများစုဟာ ဝေဒနာခံစားနေရမှန်း မသိရှိကြတာများပါတယ်။ ဒီဝေဒနာဟာ ပြင်းထန်တဲ့ စိတ်ဝေဒနာတစ်မျိုးဖြစ်ပြီး နှလုံးကိုလည်း ထိခိုက်နိုင်တယ်ဆိုတာကိုတော့ ပိုလို့တောင်လူသိနည်းပါသေးတယ်။Nomophobia ရဲ့ တကယ့် မျိုးစိတ်က Anxiety Disorder လား? Lifestyle Disorder လား? စွဲလမ်းစိတ်လားဆိုတာကိုတော့ ဒီကနေ့အချိန်အထိ စိတ်ပညာရှင်တွေအကြား အငြင်းပွားနေကြဆဲပါ။Nomophobia သမားတွေဟာ အဆင့်တစ်ခုကို ရောက်လာပြီဆိုရင် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကိုပါ နောက်ဆက်တွဲအဖြစ် ခံစားလာရမှာ ဖြစ်ပါတယ်။ အောက်ပါ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။Nomophobia ဟာ ဒီကေန့ခေတ် လူတြေအကြားမွာ မသိမသာနဲ့ ကျယ်ပြန့်စွာ တွယ်ညိနေတဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ တချို့ ကျန်းမာရေးပညာရှင်တွေကဆိုရင် ကပ်ဘေးလို့တောင် ဆိုကြပါတယ်။လူတိုင်းနီးပါး စမတ်ဖုန်းတွေကို နေ့စဉ်လူနေမှုအသုံးအဆောင်တွေအဖြစ် အသုံးချနေကြတဲ့ဒီခေတ်မှာ ဒီသုံးသပ်ချက်က မှားယွင်းတယ်လို့ မဆိုသာပါဘူး။လေ့လာချက်တွေအရလည်း မိုဘိုင်းလ်ဖုန်းသုံးစွဲသူအများစုဟာ သူတို့ရဲ့ ဖုန်းတွေအပေါ် စွဲလမ်းစိတ် အနည်းနဲ့အများဆိုသလို ရှိနေကြပါတယ်။ တစ်ချို့က Nomophobia အဆင့်အထိမရောက်သေးပေမယ့် ရောက်နိုင်ချေရှိနေပြီး တစ်ချို့ကတော့ မသိလိုက်ဘာသာနဲ့ကို စွဲလမ်းတဲ့အဆင့်ကို ရောက်နေပြီလို့ ဆိုပါတယ်။ဘတ်စ်ကားပေါ်မှာ ဖုန်းတကြည့်ကြည့်၊ ကျောင်းမှာလည်း ဆဲလ်ဖီ တဆွဲဆွဲ၊ ရုံးမှာလည်းဖေ့စ်ဘုတ်ခ်လေးတ ပွတ်ပွတ်ဖြစ်နေပြီလား? အိပ်ယာဝင်ချိန်မှာတောင် ဖုန်းလေး ဘေးချပြီးမှ အိပ်နေပြီလား?။တကယ်လို့များ ကိုယ်က စမတ်ဖုန်းတွေကို လိုတာထက်ပိုပြီး စွဲလမ်းနေတယ်လို့ခံစားနေရပြီဆိုရင် သေချာပြန်စဉ်းစားပါ။ သာမန်ထက် ပိုစွဲလမ်းနေပြီလား၊ Nomophobia ရှိနေပြီလား ဆိုတာကိုပေါ့။ အစွဲအလမ်းဆိုတာ ဘယ်တော့မှ ကောင်းကျိုးမပေးဘူးမဟုတ်လား။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/nomophobia-the-modern-day-pathology/
နှလုံးကင်ဆာ (Heart Cancer)
နှလုံးရောဂါဆိုတာက လူတိုင်နဲ့ ရင်းနှီးပြီးသား ရှိပေမယ့် နှလုံးကင်ဆာဆိုတာကတော့ ကြားဖူးတဲ့သူ နည်းဦးမှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ နှလုံးကင်ဆာ (Heart Cancer) အကြောင်းလေး ပြောပြပေးသွားပါမယ်။နှလုံးကင်ဆာ ဆိုတာက နှလုံးမှာ ဖြစ်တဲ့ အကျိတ် ဒါမှမဟုတ် အခြားအင်္ဂါအစိတ်အပိုင်းမှာ ဖြစ်တဲ့ ကင်ဆာဆဲလ်တွေက နှလုံးဆီကို ပြန့်လာချိန်မှာ ဖြစ်တဲ့ ကင်ဆာ တစ်မျိုးပါ။ နှလုံးကင်ဆာက ဖြစ်ခဲတဲ့ ကင်ဆာ တစ်မျိုးပေါ့။ ကဲ …. နှလုံးကင်ဆာအကြောင်း သေသေချာချာလေး သိရှိနိုင်စေဖို့ လေ့လာလိုက်ရအောင်နော်။နှလုံးကင်ဆာ ဆိုတာက နှလုံးဆီမှာ ဆဲလ်တွေ ပုံမှန် မဟုတ်ဘဲ အဆမတန် ကွဲပွားလာတာ ဒါမှမဟုတ် နှလုံးအနီးနားက ဆဲလ်တွေက ပုံမှန်မဟုတ်ဘဲ ထိန်းချုပ်လို့ မနိုင်အောင် ကြီးထွားလာတဲ့ အခြေအနေပါ။ ဒီဆဲလ်တွေက ကင်ဆာအကျိတ်အဖြစ် ဖွဲ့စည်း သွားပါတယ်။ နှလုံးကင်ဆာက ဖြစ်ခဲပြီး အင်မတန်ရှားပါးတဲ့ ကင်ဆာတစ်ခုပါ။နှလုံးကင်ဆာက သူကိုယ်တိုင်က ကင်ဆာဖြစ်တာ ရှိသလို တခြားနေရာက ကင်ဆာဆဲလ်တွေ သူ့ဆီကို ပြန့်လာတာလည်း ရှိပါတယ်။ ၂ခုလုံးက ဖြစ်တာ ရှားပါတယ်။နှလုံးကနေ စဖြစ်နေတဲ့ နှလုံးကင်ဆာက အတော်လေး ဖြစ်ခဲပါတယ်။ နှစ်စဉ်တိုင်းမှာ လူအယောက် ၁၀၀,၀၀၀ မှာ ၂ ယောက်ထက်နည်းတဲ့ နှုန်းလောက်ပဲ ဖြစ်ပွားတာပါ။နှလုံးကင်ဆာက ဖြစ်ခဲတယ်လို့ ပြောရတဲ့ အကြောင်းအရင်းကတော့ နှလုံးကို တွယ်ဆက်တစ်ရှူးနဲ့ ကြွက်သား ဆဲလ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး ဒီဆဲလ်တွေက တခြားဆဲလ်တွေလို ပျက်လိုက် ပွားလိုက် သိပ်မဖြစ်ပါဘူး။ သိပ်မပွားတဲ့အတွက် ကင်ဆာဖြစ်နိုင်ခြေလည်း နည်းပါတယ်။ ကင်ဆာဆဲလ်တွေက ပွားလိုက် ပျက်လိုက် ခဏခဏဖြစ်နေတဲ့ epithelial tissue  တွေမှာ အဖြစ်များပါတယ်။ဘယ်သူမဆို နှလုံးကင်ဆာ ဖြစ်နိုင်ပါတယ်။ နှလုံးကင်ဆာက များသောအားဖြင့် အမျိုးသားတွေမှာဆိုရင် အသက် ၃၀ ကနေ ၅၀ အရွယ်တွေမှာ ပိုအဖြစ်များပါတယ်။ အမျိုးသမီးတွေမှာလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။ ဆေးလိပ်သောက်သူတွေ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ခံစားနေရသူတွေမှာ ပိုအဖြစ် များပါတယ်။နှလုံးကင်ဆာဖြစ်စေနိုင်တဲ့ အကြောင်းအရင်းကို တိတိကျကျ မသိရသေးပေမယ့် ဓာတ်ရောင်ခြည်သင့်တာ၊ အချို့သော အဆိပ်အတောက်တွေကြောင့် ဖြစ်တဲ့ Angiosarcomaဆိုတဲ့ ကင်ဆာကြောင့် နှလုံးကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ ဒီAngiosarcomaက သွေးကြောမကြီးမှာလည်း အကျိတ်ဖြစ်စေတတ်ပါတယ်။နောက်ထပ်တစ်ခုကကတော့ နှလုံးဆီကနေ စတင်လာတဲ့ ကင်ဆာ မဟုတ်ဘဲ အရေပြား၊ အဆုတ်တွေနဲ့ ကျောက်ကပ်တို့မှာ ဖြစ်နေတဲ့ ကင်ဆာတွေက နှလုံးဆီကို ပြန့်လာတာကြောင့် ဖြစ်တဲ့ နှလုံးကင်ဆာပါ။ ဥပမာပြန်ရည်ကျိတ်တွေနဲ့ သွေးကင်ဆာကနေတဆင့် ပြန့်လာတဲ့ ကင်ဆာမျိုးပါ။Angiosarcomaလို့ ခေါ်တဲ့ နှလုံးကင်ဆာက တစ်ခါတလေမှာမိသားစု တစ်ခုထဲက မိသားစုဝင်တွေ များစွာမှာ ဖြစ်တတ်တာမျိုး ရှိပါတယ်။ နှလုံးကနေ အစပြု ဖြစ်ပွားတဲ့ နှလုံးကင်ဆာက မျိုးရိုးရှိရင် ဖြစ်နိုင်ခြေ ပိုများတယ်လို့ သုတေသီတွေက လက်ခံ ယူဆထားကြပါတယ်။နှလုံးကင်ဆာ ဖြစ်နေပြီဆိုရင် အခုလို လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။နှလုံးကင်ဆာ လက္ခဏာတွေက အခြားသော ပြင်းထန်တဲ့ နှလုံးရောဂါ၊ လေဖြတ်တာ၊ရုတ်တရက် နှလုံးရပ်တာလိုမျိုးနှလုံးရောဂါတွေရဲ့ လက္ခဏာတွေနဲ့ ခပ်ဆင်ဆင် တူပါတယ်။နှလုံးကင်ဆာ ဖြစ်နေပြီလို့ သံသယ ရှိနေပြီဆိုရင် အခုလို နည်းလမ်းလေးတွေနဲ့ စစ်ဆေး သိရှိနိုင်ပါတယ်။နှလုံးကင်ဆာက နှလုံးရဲ့ လုပ်ဆောင်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒီလို ထိခိုက်မှုက အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။ နှလုံးမှာ ကင်ဆာကြောင့် အကျိတ် ရှိနေပြီဆိုရင်တော့ ရုတ်တရက် နှလုံးရပ်တာ၊လေဖြတ်တာနဲ့ ပြင်းထန်တဲ့ နှလုံးစွမ်းဆောင်ရည် ကျဆင်းတာတွေကို ခံစားရနိုင်ပါတယ်။သေးငယ်တဲ့ အကျိတ်လေးတွေက ကွဲထွက်သွားချိန်မှာ သွေးကြောထဲမှာ မျောပါသွားရင်း သွေးကြောတွေထဲမှာ ပိတ်ဆို့တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို အကျိတ်လေးတွေက ဦးနှောက်ဆီသွားတဲ့ သွေးကြော၊ အသက်ရှူ လမ်းကြောင်း( အဆုတ်တွေ) ဆီ သွားတဲ့ သွေးကြောတွေကို ပိတ်ဆို့မိသွားတဲ့အခါမျိုးမှာ လေဖြတ်တာကို ဖြစ်စေနိုင်ပါတယ်။နှလုံးကင်ဆာကို Chemotherapy ကုထုံးနဲ့ ကုသလို့ ရသလိုဓာတ်ရောင်ခြည် ကုထုံးနဲ့လည်း ကုလို့ ရပါတယ်။ ဒီကုထုံး ၂ မျိုးစလုံးနဲ့လည်း ကုသလို့ ရပါတယ်။ကင်ဆာကျိတ်ရဲ့ အရွယ်အစားနဲ့ နေရာအပေါ်မှာ မူတည်ပြီး ကုထုံးက ကွာခြားနိုင်သလို ကျန်းမာရေးအခြေအနေနဲ့ အသက်အရွယ်ပေါ်မှာ လိုက်ပြီးလည်း ကုထုံး ကွာခြားနိုင်ပါတယ်။ ခွဲစိတ်ပြီး အကျိတ်ကို ဖယ်ရှားတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီခွဲစိတ်ကုသမှုက ရှုပ်ထွေးတာကြောင့် တတ်ကျွမ်းနားလည်သူတွေနဲ့သာ ကုသမှုခံယူဖို့ လိုပါမယ်။နှလုံးကင်ဆာက ဖြစ်ခဲတဲ့ကင်ဆာတစ်ခုဖြစ်ပြီး ဖြစ်စေတဲ့ အကြောင်းအရင်းကို တိတိကျကျ မသိရသေးပါဘူး။ ဆေးလိပ်သောက်တာကတော့ ကင်ဆာတော်တော်များများကို ဖြစ်စေတဲ့ အကြောင်းရင်းခံ ဖြစ်တာကြောင့်ဆေးလိပ်နဲ့ ဆေးလိပ်ငွေ့တွေကို တတ်နိုင်သမျှ ရှောင်ဖို့ သုတေသီတွေက အကြံပြုထားပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/facts-to-know-about-heart-cancer/
ဘာလာလာ ရေခဲသေတ္တာထဲ ထည့်သိမ်းနေပါ သလား !
ရေခဲသေတ္တာလို့ ဆိုလိုက်ရင် လူတော်တော်များများ ယူဆထားတာက အစားအစာတွေကို လတ်လတ်ဆတ်ဆတ်နဲ့ ပုပ်သိုးမှု မဖြစ်အောင် သိမ်းဆည်းထားလို့ ရတဲ့ အရာရယ်လို့ပေါ့။ဒီတော့ ရေခဲသေတ္တာထဲကို အသားစိမ်း၊ ငါးစိမ်း၊ကြက်ဥဘဲဥတွေကစလို့ အသီးအရွက်တွေ၊ သစ်သီးတွေ၊ ဟင်းရံတွေနဲ့ အမျိုးမျိုးသော စားသောက်ဖွယ်ရာတွေကို သူ့အကန့်လေးနဲ့ သူ၊ ဘူးနဲ့ ထည့်တန်တာ ထည့်ပြီး သိမ်းဆည်းထားတတ်ကြပါတယ်။ ဒါနဲ့ ဘာလာလာ ရေခဲသေတ္တာထဲ ထည့်သိမ်းနေပါ သလား !။တကယ်ကတော့ ဘာလာလာ ရေခဲသေတ္တာထဲ ထည့်သိမ်းနေတာ မကောင်းပါဘူး။ ရေခဲသေတ္တာထဲကို ထည့်ထားလို့ မပုပ်မသိုးတာ မှန်ပေမယ့် အချို့သော အစားအစာတွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းလိုက်တဲ့အခါအာဟာရ တန်ဖိုးပျက်သွားတာမျိုး ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘာလာလာ ရေခဲသေတ္တာရှိတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် ဘာတွေကိုတော့ ရေခဲသေတ္တာထဲ မထည့်သိမ်းသင့်ဘူးလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ဘာလာလာ ရေခဲသေတ္တာထဲ ထည့်သိမ်းနေပါ သလား ။ ဒါဆိုရင်တော့ ဒါလေးတွေကိုတော့ မထည့်ပါနဲ့လို့ ဒီနေရာက သတိပေးလိုက်ပါရစေ။ငှက်ပျောသီးက အပူပိုင်းဒေသ မျိုးရင်းပင်ရဲ့ အသီးပါ။ ငှက်ပျောသီးက အခန်းအပူချိန်၊ ပြင်ပလေထုနဲ့ ထိတွေ့နေမှုက မှည့်ဝင်းစေဖို့ ထောက်ကူပေးနိုင်ပေမယ့် ငှက်ပျောသီးကို ရေခဲသေတ္တာထဲ ထည့်သိမ်းလိုက်တာကငှက်ပျောသီးရဲ့ မှည့်ဝင်းမှု ဖြစ်စဉ်ကို အဟန့်အတား ဖြစ်စေပြီး ပုပ်သိုးပျက်စီးလွယ်သွားစေနိုင်ပါတယ်။ ဒါကြောင့် ငှက်ပျောသီးကို ရေခဲသေတ္တာထဲ မထည့်ဘဲ အပြင်လေထုနဲ့ ထိတွေ့နိုင်တဲ့ နေရာမှာပဲ ချိတ်ဆွဲထားပေးပါ။ဟင်းခတ်အရွက်တွေ ဖြစ်တဲ့ ပင်စိမ်း၊ တရုတ်နံနံ၊ နံနံပင် စတာတွေကိုတာရှည်ခံစေဖို့နဲ့ လက်ဆတ်နေအောင်ဆိုပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းတာက ခြောက်သွေ့စေပြီး လတ်ဆတ်မှုကို ပျက်စီးစေနိုင်ပါတယ်။ အချို့သော အရွက်တွေမှာဆိုရင် အအေးဒဏ်ကြောင့် ရေနာသလိုမျိုး ခံစားရနိုင်ပါတယ်။ဒါကြောင့် ဟင်းခတ်အရွက်တွေကို လေဝင်လေထွက်ကောင်းပြီး အရိပ်ရတဲ့နေရာမှာလေသလပ်ခံပေးတာက အာဟာရတန်ဖိုး  မပျက်စီးဘဲ ခြောက်သွေ့သွားစေတာကြောင့် ပုပ်သိုးမှု မရှိဘဲ အချိန် ကြာမြင့်စွာ သိမ်းဆည်းထားနိုင်မှာပါ။စားအုန်းဆီ၊သံလွင်ဆီ၊ နှမ်းဆီ စတာလိုမျိုး စားသုံးလို့ ရတဲ့ဆီတွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းနေမိတယ် ဆိုရင်တော့ အခုပဲ ရေခဲသေတ္တာထဲက ထုတ်လိုက်ပါ။ စားသုံးလို့ရတဲ့ ဆီတွေကို အလင်းတိုက်ရိုက် မကျတဲ့ အေးမြ ခြောက်သွေ့တဲ့ နေရာမျိုးမှာ သိမ်းဆည်းထားတာက အာဟာရတန်ဖိုးရော အရသာကိုပါ ပြည့်ပြည့်ဝဝ ရစေမှာပါ။ဆီကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားတာက ဆီတွေကို ခဲစေနိုင်ပါတယ်။ဟင်းတွေပိုလို့ ရေခဲသေတ္တာထဲထည့်သိမ်းမယ် ဆိုရင်လည်း မြန်မြန်စားပစ်ပါ။ ၂-၃ရက်ထက် ပိုသိမ်းမိတယ်ဆိုရင်တော့ မစားပါနဲ့တော့။ဒီလို ထည့်သိမ်းတာက ဟင်းအရသာကို ပျက်စီးစေသလို အာဟာရ တန်ဖိုးကိုလည်း ပျက်စီးစေနိုင်ပါတယ်။အေးခဲထားတဲ့ ဟင်းကို စားသုံးတာကအစာအဆိပ်သင့်တာအပြင် အခြားသောအစာအိမ် အူလမ်းကြောင်း ဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် စားမယ်ဆိုရင်တောင် ပူပူလောလော နွှေးပြီးမှ စားဖို့ မမေ့ပါနဲ့။ပျားရည်ကလည်း ဆီလိုပါပဲ အခန်းအပူချိန်မှာ သိမ်းရုံနဲ့ လုံလောက်ပါတယ်။ ပျားရည်ကို ရေခဲသေတ္တာထဲမှာ သိမ်းတာက ပျားရည်ကို ခဲစေသလို အရသာ ပျက်စေပြီးအာဟာရတန်ဖိုး လျော့တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပျားရည်ကို အခန်းအပူချိန်မှာပဲ အေးမြခြောက်သွေ့တဲ့ နေရာမှာ လေလုံဘူးတဲ့ သိမ်းပေးပါ။သရက်သီးစိမ်းကို အစိမ်းအတိုင်း စားချင်ရင်လည်း ရေခဲသေတ္တာထဲမှာ ၂ ရက်ထက် ပိုမထားသင့်သလို အမှည့်ခံမယ်ဆိုရင်လည်း ရေခဲသေတ္တာထဲကို ထည့်မထားတာ ကောင်းပါတယ်။ ရေခဲသေတ္တာရဲ့ အအေးချိန်ကသရက်သီးမှည့်တဲ့ ဖြစ်စဉ်ကို အဟန့်အတား  ဖြစ်စေနိုင်လို့ပါ။ သရက်သီးမှည့်ကို ခွာပြီး မစားခင် ခဏလောက် ရေခဲသေတ္တာထဲ အအေးခံတာကတော့ ရပါတယ်။ကော်ဖီမှုန့်ဆိုတာက ခြောက်သွေ့အောင် သိမ်းဆည်းထားသင့်တဲ့ အရာပါ။ ကော်ဖီမှုန့်ကို ရေခဲသေတ္တာထဲ ထည့်သိမ်းလိုက်တာက ရေငွေ့ရိုက်ပြီး အစိုပြန်တာမျိုး ဖြစ်စေနိုင်သလို ကော်ဖီမှုန့်ရဲ့ အရသာကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ကော်ဖီမှုန့်ကို လေလုံဘူးနဲ့ ပိတ်လို့ အေးမြခြောက်သွေ့တဲ့နေရာမှာ သိမ်းထားပေးပါ။ဒါတွေအပြင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူးစတာတွေကို အခွဲနွှာပြီး ရေခဲသေတ္တာထဲ ထည့်ထား တာမျိုးလည်း မလုပ်ပါနဲ့။ ဒီလို လုပ်တာက အခန့်မသင့်ရင် အစာအဆိပ်သင့်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်လို့ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/foods-you-should-stop-putting-in-your-fridge/
ဘေဘီလေးနဲ့ ဆန်ပြုတ်
ဘေဘီလေးက ၆ လအထိ မိခင်နို့ တစ်မျိုးတည်းကိုသာ သောက်သုံးသင့်ပါတယ်။ ၆ လ ပြည့်ပြီးတဲ့အခါဘေဘီလေး ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရ လိုအပ်ချက်ပြည့်မီစေဖို့မိခင်နို့အပြင်ဖြည့်စွက်စာလေးတွေ ကျွေးလာရပါတယ်။ဒီလို ကျွေးတဲ့အခါဘေဘီလေးကို အာဟာရ ပြည့်စေဖို့မြန်မာနိုင်ငံရဲ့ အဓိက အစားအစာ ဖြစ်တဲ့ ထမင်းကို ပိတ်ပါးစလေးနဲ့ တိုက်ပြီး ကျွေးတာ ရှိသလို ဆန်မှုန့်ကို ကျိုကျွေးတာမျိုးလည်း ရှိပါတယ်။ နောက်တစ်နည်းကတော့ ဆန်ပြုတ် ကျွေးတာပါ။ဆန်ကို ဆန်စေ့ပျောက်အောင် ပြုတ်ထားတဲ့ ဆန်ပြုတ်ကsolid foodစစားမယ့် ဘေဘီလေးအတွက် အထူးသင့်တော်ပါတယ်။ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ဆန်ပြုတ် တစ်ခွက်မှာ။ဒီအာဟာရဓာတ်တွေက ကြီးထွားဖို့ အရှိန်ယူနေတဲ့ ဘေဘီလေးအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တွေပါ။အသက် ၆ လပြည့်ပြီဆိုရင် ဘေဘီလေးကို ဆန်ပြုတ် စကျွေးလို့ ရပါပြီ။ အိမ်မှာ ကိုယ်တိုင်ချက်ပြုတ်ထားတဲ့ ဆန်ပြုတ်လေးက ဘေဘီလေးကို။ဆန်ပြုတ် ၁၀၀ ဂရမ်က ကာဗိုဟိုက်ဒရိတ် ၈၃ ဂရမ်အထိ ပါဝင်နေပါတယ်။ ဘေဘီလေး ကြီးထွားဖို့ရော လန်းဆန်းတက်ကြွဖို့ပါ လုံလောက်တဲ့ ပမာဏပါ။ဆန်ပြုတ် တစ်ခွက်မှာပါတဲ့ကာဗိုဟိုက်ဒရိတ် ပမာဏက ဘေဘီလေး တစ်နေ့တာ လန်းဆန်းတက်ကြွနေစေဖို့ လုံလောက်တဲ့ အားအင် ပမာဏကို ပေးစွမ်းနိုင်ပါတယ်။ဆန်ပြုတ်က အခြား အစားစာတွေထက် အစာကြေလွယ်ပါတယ်။ နို့ကိုပဲ ချေဖျက်ခဲ့တဲ့ ဘေဘီလေးရဲ့အစာအိမ်ကို ဝန်မပိုစေဘဲ ကြေလွယ်စေမှာပါ။ အာဟာရလည်း ပြည့်ဝစွာ ရရှိစေမှာဖြစ်ပါတယ်။ဘေဘီလေးကိုအစာမကြေတဲ့ ပြဿနာကနေ ကင်းစေမှာပါ။ဆန်ပြုတ်မှာ ဘေဘီလေး အရိုးတွေ သန်မာဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် ပါဝင်နေပါတယ်။ မိခင်နို့ အပြင် ဘေဘီလေးကို နေ့စဉ် ဆန်ပြုတ် ကျွေးပေးတာက အရိုးတွေကို သန်မာစေမှာပါ။ဆန်ကို ပြုတ်ထားတဲ့ ဆန်ပြုတ်မှာ ဇင့်၊ copper နဲ့ဆီလီနီယမ်လိုမျိုး ဘေဘီလေး ကြီးထွားဖွံ့ဖြိုး ကျန်းမာစေဖို့ မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ဒီလို အာဟာရ ပြည့်ဝမှုက ဘေဘီလေးကိုကျန်းမာတဲ့ ကိုယ်ခံအား စနစ်တည်ဆောက်နိုင်စေဖို့ထောက်ကူပေးမှာပါ။ဒါတွေအပြင် ဗီတာမင် C ပါဝင်မှုက ကိုယ်ခံအားကောင်းစေပြီး အရေပြားကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ဖောလိတ်ကဦးနှောက် နဲ့ အမြင်အာရုံကို အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်ပြီး ပရိုတင်းက အရိုးနဲ့ ကြွက်သားတွေကို သန်မာစေမှာပါ။ဘေဘီလေးအတွက် ဆန်ပြုတ် ပြုတ်တဲ့အခါ ဆန်ကို အားဖြည့်ဆန် သုံးပါ။ဆားကို လုံးဝမထည့်ပါနဲ့။ အချိုမှုန့်၊ ဆီစတာတွေကို မထည့်ပါနဲ့ဦး၊ ကြက်ပြုတ်ရည် နည်းနည်းထည့်လို့ ရပါတယ်။ နို့မှုန့်၊ မိခင်နို့ စတာတွေကို ထည့်​ပြီး ကျွေးပေးလို့ ရပါတယ်။ဘေဘီလေးက အရွယ်ရောက်လာတဲ့အခါ မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း၊ ရွှေဖရုံသီး၊ ပြောင်းဖူးစတာတွေကို နူးနေအောင် ထည့်ပြုတ်ပြီး ကျွေးပေးလို့ ရပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/rice-cereal-for-babies/
ခန္ဓာကိုယ်ပေါ်က မလိုလားတဲ့ အမွေးအမျှင်တွေကို ရှင်းလင်းနိုင်မယ့် နည်းလမ်း ၇ မျိုး
ခန္ဓာကိုယ်ပေါ်မှာအမွေးအမျှင်တွေရှိတာကို သဘောကျတဲ့သူတွေ ရှိသလို အမွေးတွေကို အမြစ်ဖြတ်ချင်နေတဲ့သူတွေလည်း မနည်းပါဘူး။ ဒါဆို အမွေးတွေကို အန္တရာယ်ကင်းကင်းနဲ့ ရှင်းလင်းနိုင်မယ့် နည်းလမ်းလေးတွေကို လေ့လာကြည့်ကြရအောင်။ဒါကတော့ လုံးဝ မဆန်းတဲ့ ရိုးရာနည်းပါ။ ရိတ်တာက ကရိကထ မများသလို လွယ်လည်း လွယ်ကူတဲ့ နည်းလမ်းတစ်ခုပါပဲ။ သူက အမွေးရဲ့ အပေါ်ယံလွှာကို အရေပြားမျက်နှာပြင်ပေါ်ကနေ ဖယ်ရှားပေးလိုက်တာပါပဲ။ဒီတော့ ရိတ်မယ်ဆိုရင် အရေပြားကို ရေဓာတ်ဖြည့်ပါ။ Shaving Cream နဲ့ Hair Conditioner သုံးပါ။ ဘာမှ မရှိဘူးဆိုရင် ဆပ်ပြာသုံးပါ။ ဒါဆိုရင် ရှမိတာမျိုး မရှိဘဲ သပ်သပ်ရပ်ရပ် ရိတ်ပြီးသား ဖြစ်မှာပါနော်။ တစ်ခုရှိတာကတော့လိင်အင်္ဂါနားတစ်ဝိုက်နေရာမှာ ရိတ်မယ်ဆိုရင် အမွေးတွေက ထွက်မလာဘဲ မြုံပြီး မွေးညင်းပေါက်ထဲမှာတင် လုံးနေတတ်ပါတယ်။အမွေးနုတ်တာက နာပါတယ်။ ဒါပေမဲ့ အမွေးနည်းနည်းလေးပဲ နုတ်ချင်တယ်ဆိုရင် ဒီနည်းလမ်းက အကောင်းဆုံးပါပဲ။ ဥပမာ မျက်ခုံးမွေး နုတ်တာ၊ ပုံဖော်တာမျိုးပေါ့။ အမွေးတွေ အများကြီး ပေါက်တဲ့နေရာတွေမှာတော့ မနုတ်သင့်ဘူးနော်။လာပါပြီ။ အမျိုးသမီးထုကြီးကြား ခေတ်စားတဲ့ အမွေးနုတ်နည်းတစ်မျိုး။ အမျိုးသားတွေလည်း တွေ့ဖူးမှာပါ၊ ဗီဒီယိုတွေထဲ ဖယောင်းမည်းမည်းကြီးကို မျက်နှာနဲ့ နှာခေါင်းတွေမှာ ကပ်ပြီး ဆွဲခွာတာမျိုး။ (နာလို့ အော်ရတာတော့ ထည့်မပြောကြေး။) အမွေးတွေအများကြီးကို တစ်ခါတည်း နုတ်မယ်ဆိုရင် Waxing က အဆင်ပြေပါတယ်။ပူနွေးနေတဲ့ ဖယောင်းရည်ကို အမွေးနုတ်ချင်တဲ့ နေရာတစ်ဝိုက်မှာသုတ်ပြီး အမွေးပေါက်ရာ လမ်းကြောင်းနဲ့ ပြောင်းပြန် ဆတ်ခနဲ ခွာချလိုက်ရင် ဖယောင်းနဲ့ အဝတ်စလေးမှာ ကပ်သွားတဲ့ အမွေးတွေကို ကြည့်ပြီး စိတ်ချမ်းသာကြရတာပေါ့။သတိထားစရာက Hot Wax ( ဖယောင်းအပူ) ကို သုံးတဲ့အခါ သတိမထားမိရင် အပူလောင်တတ်ပါတယ်။ အနီဖု ထတတ်ပါတယ်။ ပိုးဝင်တတ်ပါတယ်။ နီရဲလာတာမျိုး ဖြစ်တတ်ပါတယ်။ နုတ်နည်းမမှန်ရင် အတွင်းထဲမှာ လုံးနေတတ်ပါတယ်။ဒါက အပေါ်က Wax နဲ့ သိပ်ထူးမခြားနားပါပဲ။ သကြားကို စေးနေအောင်ကြိုထားတာကို ဖယောင်းအဖြစ်နဲ့ သုံးတာမျိုးပေါ့။ အိမ်တွေမှာ လုပ်လို့ ရပါတယ်။ သဘာဝပစ္စည်းတွေပဲ သုံးတာမို့ ဓာတုပစ္စည်းတွေ မတင်ချင်ဘူးဆိုတဲ့သူတွေနဲ့တော့ ကွက်တိကျမှာပါ။ Sugar Wax မှာ Hard Wax နဲ့ Soft Wax (၂) မျိုးရှိပါတယ်။ Hard Wax က အပူပေးရပြီး Soft Wax ကတော့ ဒီတိုင်းသုံးလို့ ရပါတယ်။Wax အရည်ကို အမွေးပေါက်ရာ လမ်းကြောင်းအတိုင်း သုတ်၊ အပေါ်က အဝတ်စလေးနဲ့ခံပြီး အမွေးပေါက်ရာ လမ်းကြောင်းနဲ့ ပြောင်းပြန် ဆတ်ခနဲ ဆွဲခွာလိုက်ရင် ရပါပြီ။ နောက်ပြီး သူက သကြားကိုပဲ သုံးတာမို့ လုပ်ပြီးသွားရင် ရေနွေးနွေးလေးနဲ့ ပြန်ဆေးလိုက်ရုံနဲ့ ပြောင်ပါတယ်။ Wax တချို့ကတော့ နည်းနည်း ခွာရခက်တာမျိုး ရှိတာကိုး။ဒါကလေ ခုနောက်ပိုင်း အရမ်းခေတ်စားနေတဲ့ အမွေးကျွတ် ဖြန်းဆေးပါ။ အမွေးကျွတ်လို့သာ နာမည်တပ်ထားပေမဲ့ သူက အမွေးတွေကို အရည်ဖျော်ပစ်တာပါ။ သူ့မှာ ပါဝင်တဲ့ ပစ္စည်းတွေက ဓာတုပစ္စည်းတွေချည်းပဲဖြစ်ပြီး အရေပြားနဲ့ အမွေးဆဲလ်ကို အတူတွဲပေးထားတဲ့ chemical bonds တွေကို ဖြိုခွဲလိုက်ပြီး အမွေးတွေကို အရည်ဖျော်ပစ်တာမို့ ထိရောက်ပါတယ်။ဒါပေမဲ့ ဓာတုပစ္စည်းတွေမို့ အရေပြားဆဲလ်တွေကိုလည်း အရည်ဖျော်ပစ်နိုင်သလို အသားအရေကို အတော်လေး ထိခိုက်စေနိုင်ပါတယ်။ မရဘူး သုံးမှာပဲဆိုရင်တော့ အရေပြား နေရာသေးသေးလေးမှာ အရင်စမ်းကြည့်ပါ။ ပြီးတော့ ၄၈ နာရီအကြာထိ ဘာမှ မဖြစ်ဘူးဆိုမှ သုံးပါ။ ခဏခဏ သုံးဖို့တော့ အားမပေးပါဘူးနော်။ဒါကတော့ ဒီမှာ သိပ်မတွေ့ရသေးပါဘူး။ သူက အထူးပြုလုပ်ထားတဲ့ အပ်တွေကို မွေးညင်းပေါက်ထဲထည့်ပြီး မွေးညင်းဆဲလ်အမြစ်တွေကို လျှပ်စစ်ဓာတ်နဲ့ လောင်ကျွမ်းစေတာပါ။ ဆိုတော့ နောက်ထပ်အမွေး ထပ်ထွက်မလာတော့ဘူးပေါ့။ ဒါပေမဲ့ အပြီးသတ် အမွေးလုံးဝ ထွက်မလာဖို့ဆိုရင် အချိန်အတော်ယူရပြီး အကြိမ်ရေတော်တော်များများလည်း လုပ်ရပါတယ်။ဒီ လျှပ်စစ်ဓာတ်ပေးခြင်းကအနာရွတ်ဖြစ်စေတာတွေ၊အရေပြားအရောင်ကို ပြောင်းလဲသွားစေတာတွေ၊ လောင်ကျွမ်းစေတာတွေ၊ ပိုးဝင်နိုင်တာတွေ စတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနေပါသေးတယ်။ ပြီးတော့ ချက်ချင်းလည်း အကျိုးသက်ရောက်မှု မရှိနေဘူးလေ။ဒါကတော့ ဒီနောက်ပိုင်း တော်တော်များများ လုပ်လာကြတာကို တွေ့ရပါတယ်။ လေဆာနဲ့ အမွေးအမျှင်ဖယ်ရှားခြင်းဟာ လူတိုင်းနဲ့ မသင့်လျော်သလို အမွေးတွေ ဘယ်တော့မှ ပြန်မပေါက်တော့အောင်လည်း မစွမ်းဆောင်ပေးနိုင်ပါဘူး။ ဒီနည်းလမ်းဟာ မယ်လ်နင် ဒါမှမဟုတ် ရောင်ခြယ်ပစ္စည်းပါတဲ့ မည်းနေတဲ့ နေရာတွေကို လေဆာနဲ့ လောင်ကျွမ်းစေဖို့ ဒီဇိုင်းလုပ်ထားတာပါ။မယ်လ်နင်ပိုများလေလေ ပျက်စီးနှုန်း ပိုများလေလေပါပဲ။ ဒါကြောင့် လေဆာနဲ့ အမွေးအမျှင်ဖယ်ရှားမယ်ဆိုရင် အသားလတ်၊ အသားဖြူပြီး အမွေးမည်းတဲ့သူတွေအတွက် အသင့်လျော်ဆုံးပါပဲ။ဒါတွေကတော့ အမွေးချွတ်နည်းအစုံနဲ့ သူတို့ရဲ့ ဘေးထွက်ဆိုးကျိုးလေးတွေပါ။ နောက်ထပ် Threading နဲ့ ခရင်မ်တွေသုံးပြီးအမွေးချွတ်နည်းတွေ ကျန်ပါသေးတယ်။ ဒါတွေအကြောင်း အသေးစိတ်ကို နောက်ထပ် ဆောင်းပါးလေးတွေနဲ့ ပြန်လာခဲ့မှာမို့ စောင့်မျှော်ပေးကြပါဦး။အန္တရာယ်ကင်းကင်းနဲ့ လှပနိုင်ကြပါစေ။ရေးသားသူ – Wathun Myet Chal။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/remove-unwanted-body-hair/
ဘေဘီလေးကို လက်ဖက်သုပ်ကျွေးလို့ရလား................
အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်ဆိုတဲ့ စာဆိုလေးအတိုင်း အရွက်တွေထဲမှာလက်ဖက်က တော်တော်လေး အရသာရှိတယ်နော်။ နေ့ခင်းနေ့လယ် အဆာပြေ အနေနဲ့ သုပ်စားစား၊ ထမင်းပူပူလေးနဲ့ပဲ တွဲစားစား စားလို့ကောင်းပြီး ခံတွင်းမြိန်စေတဲ့ လက်ဖက်ကဘေဘီလေးတွေကိုရော ကျွေးလို့ ရမလား။ဘေဘီလေးတွေက လက်ဖက်စားတဲ့အခါ နည်းနည်းဆိုပြီး လာတောင်းလို့ခွံ့ချင်တယ်ဆိုရင် မခွံ့ခင် ဒီဆောင်းပါးလေးကို အရင်ဖတ်ကြည့်လိုက်နော်။ဘေဘီလေးက တစ်နှစ်ကျော်ပြီ အစားလေးလည်း တော်တော်များများ စားတတ်ပြီ။ တီတီတွေ၊ ဖွားဖွားတွေ လက်ဖက်စားတဲ့အခါ အနားရောက်လာပြီးနည်းနည်းဆိုပြီး ပါးစပ်လေးဟတဲ့အခါ ခွံ့မိချင်မှာပါ။ ချစ်တာကိုး။ဒါပေမယ့် ဘေဘီလေးကို လက်ဖက် မခွံ့ဖို့ ပြောပါရစေ။ လက်ဖက်က စားကောင်းတာ မှန်ပေမယ့်နုနယ်သေးတဲ့ ဘေဘီလေးတွေအတွက်တော့ မသင့်တော်ပါဘူး။ဘေဘီလေးကို လက်ဖက်ကျွေးချင်တယ်ဆိုရင် အနည်းဆုံး အသက်  ၄နှစ်လောက်မှ နည်းနည်းချင်းပဲ စကျွေးသင့်ပါတယ်။ဘေဘီလေးကို လက်ဖက်ကျွေးရင်။လက်ဖက်မှာပါတဲ့ ကဖင်းကခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေအားလုံးဆီ ရောက်သွားပြီး သွေးပေါင်ချိန်ကို တက်စေတာ၊ နှလုံးခုန်မြန်တာမျိုးတွေ ဖြစ်စေပါတယ်။ ဒါတင်မကသေးပါဘူး လက်ဖက်မှာပါတဲ့ကဖင်းကခန္ဓာကိုယ် အပူချိန်ကို ပြောင်းစေပြီး အစာခြေရည်ကိုလည်း ပြောင်းလဲစေပါတယ်။လက်ဖက်စားရင် စိတ်ဓာတ်ကြွမှုကို ခံစားရနိုင်ပေမယ့် ရေရှည်မှာစိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ်များတာတွေကို ခံစားရနိုင်ပါတယ်။ ဘေဘီလေးရဲ့အာရုံ စူးစိုက်နိုင်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။လက်ဖက်စားရင် အိပ်မပျော်တာက လူကြီးတွေမှာမှ ဖြစ်တာမဟုတ်ပါဘူး။ ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ လက်ဖက်ကနှစ်ခြိုက်စွာ အိပ်ပျော်ဖို့ခက်စေပါတယ်။လက်ဖက်က ခန္ဓာကိုယ်ရဲ့ သံဓာတ်စုပ်ယူမှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ကလေး တစ်ယောက်အနေနဲ့ သံဓာတ်မပြည့်ဝတာက အာရုံစူးစိုက်မှု အားနည်းသလိုဦးနှောက်နဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ဘေဘီလေး အများစုဟာသံဓာတ် ချို့တဲ့မှုကြောင့် သွေးအားနည်းရောဂါကို ခံစားကြရပါတယ်။ လက်ဖက်က အပေါ်မှာ ပြောခဲ့သလို သံဓာတ် စုပ်ယူမှုကို ထိခိုက်စေနိုင်တာကြောင့် ဘေဘီလေးကိုသွေးအားနည်းရောဂါခံစားရစေနိုင်ပါတယ်။လက်ဖက်က အစာစားချင်စိတ်ကို ဖြစ်စေနိုင်သလို အစားမစားချင်တာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ ကဖင်းက ကြီးထွားဖို့ အရှိန်ယူနေတဲ့ ဘေဘီလေးရဲ့ အာဟာရတွေကို ရယူမှုကို အဟန့်အတားဖြစ်စေနိုင်သလိုအရိုးတွေ သန်မာစေဖို့လိုအပ်တဲ့ ကယ်လ်ဆီယမ် စုပ်ယူမှုကိုလည်း အဟန့်အတားဖြစ်စေနိုင်ပါတယ်။လက်ဖက်စားတာကဘေဘီလေးရဲ့ ဝမ်းဗိုက်လေးကို မအီမသာဖြစ်စေပြီး လေထိုးလေအောင့်တာတွေ ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် လက်ဖက်က စားကောင်းတယ်ဆိုရင်တောင် ဘေဘီလေးကို ထိခိုက်စေနိုင်တာတွေ များတာကြောင့် မကျွေးဖို့ ပြောပါရစေ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/can-baby-eat-pickle-tea-salad/
မြေပဲထောပတ် စားပေးပါ
မြေပဲထောပတ်က မြန်မာလူမျိုးတွေ အကြိုက်တော့မဟုတ်ပါဘူး။ ဒါပေမယ့်အချိုပွဲအနေနဲ့တော့ ပေါင်မုန့်နဲ့ သုတ်ပြီးဖြစ်ဖြစ် သကြားမပါတဲ့ cracker လေးနဲ့ဖြစ်ဖြစ် တွဲစားလို့ ရပါတယ်။ မြေပဲအရသာနဲ့ချိုချိုမွှေးမွှေးလေးစားလို့ကောင်းတဲ့ မြေပဲထောပတ်က စိတ်ကျေနပ်စေတဲ့ အရသာကိုတင် ပေးတာ မဟုတ်ဘဲ ကျန်းမာရေးကိုလည်း အထောက်အပံ့ပေးပါသေးတယ်။အရသာရှိလှတဲ့ မြေပဲထောပတ်မှာ။မြေပဲထောပတ်ကိုဆေးဖြစ်ဝါးဖြစ်စားပေးမယ်ဆိုရင်။မြေပဲထောပတ်မှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ အာဟာရဓာတ်တွေ ဖြစ်တဲ့ ဗီတာမင် B6 နဲ့ ဇင့် တို့ ပါဝင်နေပါတယ်။ ကိုယ်ခံအား ကောင်းစေဖို့ မြေပဲထောပတ်ကို စားမယ်ဆိုရင်သကြားနဲ့ဆားပါဝင်မှု နည်းတာကို ရွေးချယ်စေချင်ပါတယ်။မြေပဲထောပတ်မှာ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေဖို့ လိုအပ်တဲ့ပရိုတင်း၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီ၊ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်ကြတဲ့ မဂ္ဂနီဆီယမ်၊ ဗီတာမင် E တို့လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။မြေပဲထောပတ်က အမျှင်ဓာတ် နဲ့ ပရိုတင်း ပါဝင်တာကြောင့် အဆာခံစေပြီး စားလိုက်တဲ့အခါ စိတ်ကျေနပ်မှု ရစေတာကြောင့် ဝိတ်ချချင်သူတွေ စားသုံးပေးလို့ ရပါတယ်။မြေပဲထောပတ်မှာ ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေနိုင်တဲ့ မဂ္ဂနီဆီယမ် ကြွယ်ဝစွာပါဝင်နေပါတယ်။ မဂ္ဂနီဆီယမ်က ကြွက်သားတွေ အပြင် အရိုးဖြစ်ပေါ်မှု နဲ့စိတ်ကျန်းမာရေးကိုပါ အထောက်အကူပြု ပေးပါသေးတယ်။ အရိုး သန်မာစေဖို့ မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်ဆီယမ်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။လေ့လာမှုတစ်ရပ်အရ တစ်နေ့ကို မြေပဲထောပတ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာနဲ့ တစ်ပတ်ကို ၅ ရက်ထက်မနည်း စားပေးမယ်ဆိုရင် ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်၊ လို့ သိရပါတယ်။သဘာဝစစ်စစ် မြေပဲထောပတ် ဖြစ်ဖို့တော့ လိုပါမယ်။မြေပဲထောပတ်မှာကျောက်ကပ်က သွေးစစ်ထုတ်တာကို ကူညီပေးပြီးဗဟိုအာရုံကြောစနစ်ကို ကျန်းမာစေတဲ့ ပိုတက်ဆီယမ် ကြွယ်ဝစွာပါဝင်နေပါတယ်။ ပိုတက်ဆီယမ်ကသွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးမတိုးစေဖို့ ကာကွယ်ပေးပြီး နှလုံး ကျန်းမာစေဖို့လည်း အထောက်အကူ ပြုပါတယ်။ငယ်ရွယ်စဉ်မှာ မြေပဲထောပတ်စားပေးတာကရင်သားကင်ဆာအပါအဝင် ရင်သားမှာ ဖြစ်နိုင်တဲ့ကျန်းမာရေး ပြဿနာအမျိုးမျိုးကို ကာကွယ်ပေးနိုင်တယ်၊ လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ရင်သားကင်ဆာ မျိုးရိုး ရှိသူတွေ အနေနဲ့ မြေပဲထောပတ် စားပေးမယ်ဆိုရင် ရင်သားကင်ဆာ ခံစားရနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်မှာပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/is-peanut-butter-healthy/
နာတာရှည် လေပြွန်ရောင် ဖြစ်စေတဲ့အကြောင်းရင်းနဲ့ ဖြစ်နိုင်ခြေများတဲ့သူများ
နာတာရှည် လေပြွန်ရောင်ရောဂါ (Chronic bronchitis) ဆိုတာနာတာရှည် လေပြွန်ကျဉ်းရောဂါ(COPD)ရဲ့ ရောဂါအခွဲတစ်ခုပါပဲ။ ဒါကြောင့် ဖြစ်တဲ့ အကြောင်းရင်းတွေကလည်း ခပ်ဆင်ဆင်ပါပဲ။ ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကို သိထားရင် ကြိုတင်ကာကွယ်နိုင်သလို ကိုယ်က ဖြစ်နိုင်ခြေများတဲ့သူလားဆိုတာကိုလည်း ဆန်းစစ်နိုင်ပါတယ်။ဘာတွေက ဖြစ်စေတာလဲဆိုတာကို မပြောခင် ရောဂါရဲ့ သဘောသဘာဝကို အရင်ပြောပြပါ့မယ်။ ဒါမှ ဖြစ်စေတဲ့အကြောင်းရင်းတွေနဲ့ ချိတ်ဆက်လို့ ရမှာပါ။နာတာရှည် လေပြွန်ရောင်တဲ့ ရောဂါမှာ လေပြွန်နံရံတွေက အကြောင်းအမျိုးမျိုးကြောင့် ခဏခဏ ထိခိုက်လာတဲ့အတွက် ရောင်ရမ်းလာပါတယ်။ ဒါကလည်း တစ်ခါ နှစ်ခါ မဟုတ်ပါဘူး။ နာတာရှည်ဆိုတော့ ကြာလာတဲ့အခါ လေပြွန်တွေ ပျက်စီးလာပါတယ်။ လေပြွန်တွေ ရောင်ရမ်းပြီး ချွဲတွေ ထွက်လာတဲ့အတွက် အဆုတ်ထဲကို လေဝင်ဖို့ ခက်လာပါတယ်။ဒါကြောင့်ပဲ အသက်ရှူရခက်ပြီး မောလာပါတယ်။ နာတာရှည် လေပြွန်ပျက်စီးတာဖြစ်တဲ့အတွက် မောတာက တဖြည်းဖြည်း ပိုဆိုးလာပါတယ်။ ရောင်ရမ်းတာက လေပြွန်တင် မဟုတ်ပါဘူး။ လေပြွန်နံရံမှာရှိတဲ့ ciliaလို့ခေါ်တဲ့ လေပြွန်တစ်လျှောက်က ပိုးမွှားတွေနဲ့ အမှုန်တွေကို ဖယ်ရှားပေးနေတဲ့ အမွေးနုလေးတွေကိုပါ ပျက်စီးစေပါတယ်။ ဒီအမွေးနုလေးတွေ မရှိတော့တဲ့အတွက် ဘတ်တီးရီးယားတွေ ဗိုင်းရပ်စ်တွေ အလွယ်တကူပေါက်ပွားလာပါတော့တယ်။နာတာရှည် လေပြွန်ရောင်တာက ဘတ်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကြောင့် ဖြစ်တယ်လို့ ထင်ကြပေမယ့် လက်တွေ့မှာ ဒီလိုမဟုတ်ပါဘူး။ ဘတ်တီးရီးယားတွေ ဗိုင်းရပ်စ်တွေက နောက်ဆက်တွဲတွေ ဖြစ်မှ ဝင်လာတာပါ။ အဓိကက ဆေးလိပ်ကြောင့်ပါပဲ။၉၀ရာခိုင်နှုန်းသော နာတာရှည် လေပြွန်ရောင်ရမ်းတဲ့သူတွေကို ကြည့်မယ်ဆိုရင် ဆေးလိပ်သောက်တာ ဒါမှမဟုတ် ဆေးလိပ်သောက်ဖူးတဲ့သူတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ သောက်တာမဟုတ်ဘဲ ခဏလောက် ရှူမိရင်တောင် လေပြွန်နံရံက အမွေးနုလေးတွေ အလုပ်လုပ်တာ ရပ်သွားပါတယ်။ ဆိုလိုတာက ဒီခဏမှာ ပိုးမွှားတွေ၊ အမှုန်အမွှားတွေကို မဖယ်ထုတ်နိုင်တော့ပါဘူး။ဒါကြောင့် အချိန်အကြာကြီး ဆေးလိပ်သောက်မယ်ဆိုရင် ပိုပြီး ပျက်စီးမှာပါ။ လေပြွန်တွေလည်း ပျက်စီးလာမှာပါ။ ဆေးလိပ်အပြင် ဆေးရွက်ကြီး၊ ဆေးပေါ့လိပ်၊ ဆေးတံတို့ကလည်း ရလဒ်အတူတူပဲ ဖြစ်ပါတယ်။တဆင့်ခံဆေးလိပ်ငွေ့ရှူမိတယ်ဆိုရင်လည်း ဒီအတိုင်းပါပဲ။ အချိန်ကြာကြာရှူမိလေလေ ပိုပြီး ပျက်စီးလေလေပါပဲ။ဖုန်မှုန့်တွေ ရှူမိတာကလည်း လေပြွန်တွေကို ကလိကအောက် ဖြစ်စေတဲ့အတွက် ရောင်ရမ်းစေတတ်ပါတယ်။ဆံပင်ညှပ်ဆိုင်မှာ သုံးတဲ့ စပရေးတွေ၊ အိမ်သုတ်ဆေးက ထွက်တဲ့အနံ့တွေပါ။ တစ်ဆက်တည်းပြောရရင် လုပ်ငန်းခွင်မှာ မကြာခဏ ရှူရှိုက်နေရတဲ့ ဓာတ်ငွေ့တွေ၊ အမှုန်အမွှားတွေလည်း ပါပါတယ်။ ဥပမာ ဝရိန်ဆော်ရာက ထွက်လာတဲ့ အခိုးအငွေ့။စက်ရုံ၊ အလုပ်ရုံကထွက်တဲ့ မီးခိုးတွေ၊ ကားက ထွက်တဲ့ မီးခိုးတွေ၊ စားသောက်ဆိုင်နဲ့ နောက်ဆုံး အကြော်ဆိုင်က ထွက်တဲ့မီးခိုးငွေ့တွေအထိ အားလုံးပါပါတယ်။လေထုညစ်ညမ်းမှုမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှုပဲ မဟုတ်ပါဘူး။အိမ်တွင်းလေထုညစ်ညမ်းမှုလည်း ပါပါတယ်။ ဥပမာ အိမ်ထဲမှာ ထင်းတွေ၊ မီးသွေးတွေနဲ့ နေ့စဉ် ချက်ပြုတ်နေရတာမျိုးပေါ့။ အိမ်ရှင်မတွေ ဆေးလိပ်မသောက်ပေမယ့် အဆုတ်ထိခိုက်တာ ဒါတွေကြောင့်ပါပဲ။အသက် ၄၀ပတ်ဝန်းကျင်လောက်မှာ ပိုပြီး အဖြစ်များတာ တွေ့ရပါတယ်။အမျိုးသားတွေက အမျိုးသမီးတွေက ၂ဆ ပိုပြီး ဖြစ်နိုင်ခြေများပါတယ်။ အဓိကက ဆေးလိပ်သောက်တဲ့ ဦးရေ ပိုများတာကြောင့်ပါ။ဆေးလိပ်သောက်တဲ့သူတွေ၊ သောက်ဖူးတဲ့သူတွေက သာမန်လူတွေထက်စာရင် ဖြစ်နိုင်ခြေ သိသိသာသာကို များပါတယ်။ဆေးလိပ်ငွေ့တွေ အပါအဝင် မီးခိုးငွေ့တွေ၊ ဖုန်တွေ၊ လေထုညစ်ညမ်းမှုတွေနဲ့ ကြာကြာထိတွေ့ရလေလေ ဖြစ်နိုင်ခြေများလေလေပါပဲ။မျိုးဗီဇအရ Alpha-1 antitrypsin ပရိုတိန်း ချို့တဲ့သူတွေ၊ မိသားစုမှာ နာတာရှည် လေပြွန်ကျဉ်းမျိုးရိုးရှိတဲ့သူတွေက ပိုဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဆေးလိပ်ပါသောက်မယ်ဆိုရင် ဖြစ်နိုင်ခြေ ပိုများလာမှာပါ။နာတာရှည်လေပြွန်ရောင်စေတဲ့ အဓိက တရားခံက ဆေးလိပ်ဖြစ်တာကြောင့်ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင် ဖြစ်နိုင်ခြေ သိသိသာသာ လျော့ကျသွားနိုင်ပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/chronic-bronchitis/chronic-bronchitis-causes-and-risk-factors/
အူမကြီးအသားပို က ကင်ဆာပြောင်းတတ်သလား
အူမကြီးအသားပို ဆိုတာ အရေပြားပေါ်မှာ ပေါက်တဲ့ အသားပိုတွေနဲ့ ဆင်တူပါတယ်။ အများစုကတော့ အူမကြီးမှန်ပြောင်းကြည့်ရင်း အသားပိုတွေ့လို့ဆိုတာကို ကြားဖူးကြမှာပါ။ ဒီလို အသားပိုတွေက အန္တရာယ်ရှိသလား။ ကင်ဆာ ပြောင်းနိုင်သလား။အသားပိုတွေကို အူမကြီးအပြင်အစာဟောင်းအိမ်မှာလည်း တွေ့ရတတ်ပါတယ်။ အူမကြီးအသားပိုက ကင်ဆာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အထဲမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေတော့ ရှိနေပါတယ်။အူမကြီးအသားပိုက ကင်ဆာ မဟုတ်ပေမယ့် တချို့က ကင်ဆာပြောင်းနိုင်ခြေ ရှိပါတယ်။အလွယ်ပြောရမယ်ဆိုရင်တော့ ဆဲလ်တွေပွားတာ ပုံမှန်မဟုတ်လို့ပါ။ ပုံမှန်ထက်လွန်ကဲပြီး ဆဲလ်တွေပွားတဲ့အခါကျတော့ တခြားနေရာတွေလို မဟုတ်ဘဲ အသားပိုတွေ၊ ဖုဖုဖောင်းဖောင်းတွေ ဖြစ်လာတာပါ။အူမကြီးအသားပိုက ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကြောင့် ဖြစ်နိုင်သလို မျိုးရိုးလိုက်ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။နေထိုင်စားသောက်မှုပုံစံအရဆိုရင်။မျိုးရိုးလိုက်ရောဂါတွေကတော့ နည်းနည်းရှုပ်ထွေးပါတယ်။ မျိုးဗီဇပြဿနာတွေကြောင့် အူမကြီးအသားပိုအပြင်  ခန္ဓာကိုယ်တစ်ခုလုံးမှာ တခြားရောဂါလက္ခဏာတွေပါ တွေ့ရတတ်ပါတယ်။ ဥပမာ။အူမကြီးအသားပို အများစုက လက္ခဏာမပြတတ်ပါဘူး။ အများစုကအူမကြီးမှန်ပြောင်းကြည့်ရင်းနဲ့ တွေ့ကြတာ များပါတယ်။ ဒါကြောင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ ရှိသူတွေကို အူမကြီးမှန်ပြောင်း ပုံမှန်ကြည့်ခိုင်းတာ ဖြစ်ပါတယ်။မကြည့်မိလို့ မသိရင် နောက်ပိုင်း အူမကြီးကင်ဆာဖြစ်မှ သိတော့မှာမို့လို့ပါ။အူမကြီးအသားပိုက တစ်ခါတလေမှာတော့ လက္ခဏာပြတတ်ပါတယ်။ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့။အူမကြီးအသားပိုက သွေးထွက်ခဲ့မယ်ဆိုရင်ဝမ်းသွားတဲ့အခါ သွေးပါနိုင်ပါတယ်။ သွေးပမာဏနည်းနေရင်တော့ သတိထားမိမှာ မဟုတ်ဘူးပေါ့။ဒါပေမယ့် သွေးက တစိမ့်စိမ့်နဲ့ ဆက်တိုက် ထွက်နေရင် သွေးအားနည်းလာပြီး နုံးတာ၊ မောတာတွေ ဖြစ်လာနိုင်ပါတယ်။တချို့တွေမှာ အကြောင်းအရင်း မယ်မယ်ရရ မရှိဘဲ ရက်ရှည် ဝမ်းချုပ်တာ၊ ဝမ်းလျှောတာတွေ ဖြစ်နိုင်ပါတယ်။ဝမ်းထဲမှာအချွဲတွေ ပါလာတာလည်း ကြုံရနိုင်ပါတယ်။ ဒီလက္ခဏာတွေက အူမကြီးအသားပိုရှိရင်လည်း ဖြစ်တတ်သလို တခြားရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဆေးစစ်ပြီး အဖြေရှာကြည့်တာ မမှားပါဘူး။အူမကြီးအသားပိုတိုင်းက ကင်ဆာမပြောင်းတတ်ပါဘူး။ အသားပိုအမျိုးအစားပေါ် မူတည်ပြီး ကင်ဆာပြောင်းတတ်တဲ့ အမျိုးအစားကသက်သက်ရှိပါတယ်။အကြမ်းအားဖြင့်။နောက်ပြီး အ‌ပေါ်မှာ ပြောခဲ့တဲ့ မျိုးဗီဇရောဂါတွေမှာလည်း အူမကြီးကင်ဆာ ပြောင်းတတ်ပါတယ်။အသားပိုကနေ ကင်ဆာပြောင်းဖို့ကတော့ ၁၀-၂၀နှစ်လောက် ကြာတတ်ပါတယ်။လက္ခဏာလည်း သေသေချာချာမပြ၊ အပြင်ကနေ ကြည့်ရင်လည်း မသိနိုင်၊ တချို့အသားပိုတွေက ကင်ဆာလည်း ပြောင်းနိုင်တော့ အူမကြီးအသားပိုရှိမရှိ သိချင်ရင် အူမကြီးမှန်‌ပြောင်းကြည့်တာ အကောင်းဆုံးပါ။သာမန်လူတွေကတော့ အသက် ၄၅နှစ်ကျော်ရင် အူမကြီးမှန်ပြောင်းကြည့်ဖို့ သင့်ပါတယ်။ တကယ်လို့အူမကြီးကင်ဆာမျိုးရိုးရှိတာတို့၊ အပေါ်မှာ ပြောခဲ့တဲ့ မျိုးရိုးလိုက်ရောဂါတွေ ရှိတာမျိုးဆိုရင်တော့ ဒီထက်စောကြည့်သင့်ပါတယ်။အဖြေပေါ် မူတည်ပြီး လိုအပ်သလို ထပ်ကြည့်ဖို့ လိုမှာ ဖြစ်ပါတယ်။တကယ်လို့ အသားပိုကို တွေ့တယ်ဆိုရင်တော့ တစ်ခါတည်း အသားစယူပြီး ကင်ဆာပြောင်းနိုင်တဲ့ အမျိုးအစား ဟုတ်မဟုတ် စစ်လို့ ရပါတယ်။ အရေအတွက် နည်းရင် မှန်ပြောင်းကြည့်ရင်း တစ်ခါတည်း ဖယ်လို့ ရပါတယ်။ အရေအတွက် ရာချီ၊ ထောင်ချီ ဆိုရင်တော့ ခွဲစိတ်မှု လုပ်ပြီး အသားပိုရှိတဲ့ အူမကြီး အစိတ်အပိုင်းကို ဖယ်ရှားဖို့ လိုပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/colorectal-cancer-cancer/can-colonic-polyps-change-into-cancer/
သွေးတွင်းဆိုဒီယမ်ဓါတ်နည်းခြင်း ဆိုတာ ဘာလဲ
ဆိုဒီယမ်ဓါတ်နည်းရင် ဘာဖြစ်မလဲဆိုတာ မပြောခင် ဆိုဒီယမ်ဓါတ်ရဲ့ လုပ်ဆောင်ချက်တွေအကြောင်း ရှင်းပြပေးချင်ပါတယ်။ ဆိုဒီယမ်ဓါတ်သည် ရေနဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ ဆဲလ်တွေရဲ့ မျှခြေကိုထိန်းသိမ်းပေးတဲ့ ဓါတ်တစ်မျိုးဖြစ်ပါတယ်။ ကြွက်သားနဲ့ အာရုံကြောတွေ ကောင်းစွာအလုပ်လုပ်နိုင်စေဖို့ ကူညီပေးတယ်။ သွေးပေါင်ချိန်ကိုလည်း ငြိမ်အောင် ထိန်းပေးထားနိုင်ပါတယ်။ဒီလို ဆိုဒီယမ်ဓါတ်က သွေးထဲမှာ နည်းသွားတဲ့အခြေအနေကို Hyponatremia လို့ခေါ်ပါတယ်။ အလွယ်ပြောရမယ်ဆိုရင် ရေကို တစ်နေ့တာလိုအပ်တဲ့ ပမာဏထက် ပိုပြီးသောက်မိတဲ့အခါ ကိုယ်ခန္ဓါထဲကမျှခြေပျက်ယွင်းသွားပြီး ဆိုဒီယမ်ဓါတ်တွေက သွေးထဲမှာ အရမ်းနည်းသွားတာဖြစ်ပါတယ်။ ပုံမှန်အခြေအနေမှာ သွေးတွင်းဆိုဒီယမ်ပမာဏသည် ၁၃၅ မှ ၁၄၅ mEq/L ရှိပြီး ၁၃၅ အောက်ရောက်သွားပြီဆိုမှ ဆိုဒီယမ်ဓါတ်နည်းသွားတာကို ဆိုလိုပါတယ်။ ရေကို တစ်နေ့တာ ၅လီတာနဲ့အထက် သောက်တဲ့သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။သွေးထဲမှာ ဆိုဒီယမ်ဓါတ်နည်းလာတဲ့အခါ။ဆိုဒီယမ်ဓါတ်က ဖြည်းဖြည်းချင်း လျော့နည်းလာတဲ့အခါ လက္ခဏာက မပြင်းထန်ပေမဲ့ ရုတ်တရက် ဆောင့်ပြီးကျသွားတဲ့အခြေအနေမှာဆိုရင်တော့ လက္ခဏာတွေက ပြင်းထန်နိုင်ပါတယ်။ရေကို လိုအပ်တဲ့ ပမာဏထက် အများကြီးသောက်လိုက်မိရင် သွေးတွင်းဆိုဒီယမ်ဓါတ် နည်းသွားနိုင်သလို တခြားအကြောင်းအရာတွေအနေနဲ့။ဆိုဒီယမ်ဓါတ်နည်းနေပြီလို့ သံသယရှိတဲ့အခါ အရင်ဆုံး ကိုယ်တစ်နေ့တာ သောက်နေတဲ့ ရေပမာဏကို ပြန်စစ်ဆေးကြည့်ဖို့ လိုပါတယ်။ ရေသောက်နည်းလွန်းတာ၊ ရေကို လိုတာထက် ပိုပြီးသောက်နေတာရှိခဲ့လားဆိုတာ ပြန်စစ်ပါ။ ရေကို တစ်နေ့ ၃လီတာမှ ၅လီတာထိ အများဆုံး သောက်ပေးပါ။ ပူတဲ့အချိန်၊ အားကစားလုပ်တဲ့အချိန်မှသာ ရေကို များများသောက်ပါ။အမြဲလိုလို ဒီလိုလက္ခဏာတွေ တွေ့နေပြီဆိုရင် ဆရာဝန်နဲ့ သေချာပြသပြီး သွေးထဲမှာရှိနေတဲ့ ဆိုဒီယမ်ဓါတ်ပမာဏကို စစ်ဆေးဖို့ လိုအပ်လာပါပြီ။ သောက်တဲ့အရည်ပမာဏကို ထိန်းချုပ်တာ၊ သောက်နေတဲ့ ဆေးပမာဏကို အလျှော့အတိုးလုပ်တာ၊ ရောဂါလက္ခဏာသက်သာစေမယ့် သောက်ဆေးပေးတာ၊ တခြားကျန်းမာရေးပြဿနာတွေကို စစ်ဆေးတာ၊ ဆိုဒီယမ်ဆေးရည်ကို သွေးကြောထဲ ထိုးသွင်းတာ အစရှိတဲ့ နည်းလမ်းတွေနဲ့ ပြန်လည်ကုသလို့ ရပါတယ်။သွေးတွင်းဆိုဒီယမ်ဓါတ်နည်းခြင်းဟာ တစ်ခါတလေပဲဆို ပြဿနာမရှိပေမယ့် အမြဲတမ်းလိုလို ဖြစ်နေရင် ကျန်းမာရေးကို ထိခိုက်လာနိုင်တယ်ဆိုတာ သတိထားဖို့လိုပါတယ်နော်။ ဒါကြောင့် တစ်နေ့တာ ရေပမာဏကို သေချာဂရုစိုက်ပြီးသောက်ပေးဖို့ ထပ်ပြီးမှာလိုက်ချင်ပါတယ်ခင်ဗျ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%92%e1%80%ae%e1%80%9a%e1%80%99%e1%80%ba%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%94/
ကလေးတွေမှာ ဝမ်းဗိုက်လေး နေမကောင်းတဲ့အခါ မပေါ့ဆပါနဲ့ ဒီလိုနောက်ဆက်တွဲ ပြဿနာတွေဖြစ်နိုင်တာ သတိရပါ
ကလေးတွေဝမ်းလျှောတယ်၊ လေနာတယ်ဆိုရင် ဝမ်းဗိုက်ပြဿနာလို့ပဲ ထင်ကြပါတယ်။ အချိန်တန်ရင် ကောင်းသွားမှာပါဆိုပြီး အားတင်းတတ်ကြတယ်။ တကယ်လည်း ဟုတ်ပါတယ်။ တချို့ဗိုက်ပြဿနာတွေက အချိန်တန်ရင် ကောင်းသွားပါတယ်။ ဒါပေမယ့် ကလေးတစ်ယောက်အနေနဲ့ ဗိုက်ပြဿနာတွေ ခဏခဏ ခံစားနေရမယ်ဆိုရင် ဗိုက်နဲ့ မဆိုင်တဲ့ တခြားဆိုးကျိုးလေးတွေပါ ဖြစ်လာတတ်ပါတယ်။ကလေးအများစုမှာတော့။ရှားရှားပါးပါး။ခဏခဏ ဝမ်းလျှောလိုက်၊ ဗိုက်အောင့်လိုက် ဖြစ်တဲ့အခါကျတော့ ကလေးက။လူကြီးတောင် နေမကောင်းရင် ညည်းတတ်သေးတာ ကလေးတွေလည်း ဒီလိုပါပဲ။ ပိုးကြောင့် ဝမ်းလျှောတာမျိုးဆို ဖျားတာပြုတာ ရှိတတ်ပါတယ်။ ဒီတော့ ကလေးက ဝမ်းသွားတာတစ်မျိုး၊ နာတာတစ်မျိုး၊ ဖျားတာ တစ်မျိုးနဲ့ ဂျီတိုက်ပါတော့တယ်။ ခဏခဏ နေမကောင်းရင် ခဏခဏ ဂျီတိုက်ပါတယ်။ ကြာလာရင် ကလေးက စိတ်ဖိစီးလာပါလိမ့်မယ်။စိတ်ဖိစီးလာရင် ဗိုက်က တစ်ခါပြန်အောင့်လာရော။ ဝမ်းတွေ ချုပ်လာရော။ ဒီလိုနဲ့ တစ်ခါ သံသရာလည်လာပါလိမ့်မယ်။ခဏခဏ ဝမ်းလျှောတယ်။ ဗိုက်အောင့်တယ်ဆိုရင် ကလေးကအူလမ်းကြောင်းက အာဟာရတွေ ဆုံးရှုံးပါတယ်။ လုံလောက်အောင် ပြန်မဖြည့်နိုင်ရင် ကလေးက နေမကောင်းဖြစ်ပြီးတိုင်းမှာ မျက်နှာလေးတွေ ချောင်ပြီး ပိန်ပိန်သွားပါတယ်။ ကြီးထွားရမယ့်အရွယ်မှာ ကိုယ့်ကလေးက သူများထက် ညှက်နေရင် မေမေတို့ပဲ စိတ်ညစ်ရမှာပါ။အစာအိမ်နဲ့ အူလမ်းကြောင်းဆိုတာကလည်း ခုခံအား တပ်တစ်ခုပါပဲ။ ပြင်ပက ဝင်လာတဲ့ ပိုးမွှားတွေကို အစာခြေအက်စစ်၊ အင်ဇိုင်း၊ ကောင်းကျိုးပြု ဘက်တီးရီးယားတွေ သုံးပြီး တိုက်ခိုက်ပေးပါတယ်။ အူလမ်းကြောင်းနေမကောင်းလို့ ဒီအလုပ်တွေ မလုပ်နိုင်ရင် ပိုးမွှားတွေ တခြားနေရာကို ရောက်ပြီး ဖျားနာစေမှာပါ။ညဘက်မှာ ကောင်းကောင်းအိပ်ပျော်နိုင်ဖို့၊ စိတ်ကြည်ဖို့ လိုအပ်တဲ့ ဆီရိုတိုနင် ဟော်မုန်းကို အူလမ်းကြောင်းက ထုတ်ပေးတာပါ။ အူလမ်းကြောင်း မကျန်းမာရင် ဒီဟော်မုန်းတွေ နည်းသွားပြီး ညဘက် ကောင်းကောင်း အိပ်မပျော်ပါဘူး။ နောက်တစ်ချက်က ကလေးက ဗိုက်နာလို့ အိပ်မပျော်တာ၊ ဝမ်းခဏခဏ ထသွားနေရလို့ အိပ်မပျော်တာပါပဲ။ ဒါတွေ စုလိုက်တဲ့အခါ ကလေးက ညလည်း ကောင်းကောင်း အိပ်မပျော်၊ အာဟာရလည်း ချို့တဲ့တာကြောင့် ပိုပိန်လာပြီး ပို ကိုယ်ခံအားကျလာပါတော့တယ်။ဒါလေးက ထူးဆန်းပါတယ်။ လေ့လာချက်တွေအရ အစားဓာတ်မတည့်လို့၊ အစားအသောက်မသန့်လို့ အူရောင်တဲ့အခါ အစားအသောက်ထဲမှာ ပရိုတိန်းတချို့ အပြင်ကို ရောက်သွားတာကြောင့် ခုခံအားကို လှုံ့ဆော်ပြီး အရေပြားဓာတ်မတည့်တဲ့ ရောဂါ (နှင်းခူ)ကို ဖြစ်စေပါသတဲ့။ဒီအချက်တွေကို ကြည့်မယ်ဆိုရင်ဝမ်းဗိုက်ပြဿနာက ဝမ်းဗိုက်မှာတင် ပြီးမသွားဘဲ ကလေးခန္ဓာကိုယ် တစ်ခုလုံးကို ဒုက္ခရောက်စေတာ တွေ့ရပါတယ်။ ဒါကြောင့် ကလေးရဲ့ ဝမ်းဗိုက်ကျန်းမာအောင် ဂရုစိုက်ဖို့ဆိုတာ လိုအပ်လာပါပြီ။ပရီဘိုင်အိုတစ်ဆိုတာ တခြားမဟုတ်ပါဘူး။ ကောင်းကျိုးပြု ဘတ်တီးရီးယားပရိုဘိုင်အိုတစ်အစာပါ။ ဥပမာ ပြောရရင် LcFosလိုမျိုးပေါ့။ ဒါလေးတွေ ရှိရင် အူထဲက ပရိုဘိုင်အိုတစ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်တာကြောင့် အူလမ်းကြောင်းလေး ကျန်းမာတာပေါ့။ ကလေးတွေရဲ့ နေ့စဉ်စားတဲ့အစာ ( ဥပမာ – အစေ့အဆန်တွေ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငှက်ပျောသီး၊ ပဲနို့) နဲ့ အာဟာရဖြည့်စွက်ထားတဲ့ နို့မှုန့်တွေမှာ ပါပြီးသားပါ။ မေမေတို့ သတိထားကျွေးဖို့ပဲ လိုပါတယ်။ဒါကတော့ ကောင်းကျိုးပြု ဘတ်တီးရီးယားကို တန်းပြီး ဖြည့်စွက်တာပါ။Lactobacillusတို့  Bifidobacteriumတို့ အုပ်စုပေါ့။ သူကတော့ ဒိန်ချဉ်တို့၊ ချိစ်တို့၊ ကင်ချီလို အချဉ်ဖောက်ထားတဲ့ အစားအစာတွေ၊အာဟာရဖြည့်နို့တွေမှာ ပါပြီးသားပါ။ ကလေးအတွက် အဆင်ပြေရာကို ရွေးချယ်နိုင်ပါတယ်။ကလေးဖျားတဲ့အခါ မေမေတို့က ကိုယ့်သဘောနဲ့ ကိုယ် ပိုးသတ်ဆေးတွေ မတိုက်ရပါဘူး။ ပိုးသတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဝမ်းလျှောတတ်ပါတယ်။ ဝမ်းလျှောတဲ့ထဲမှာ ကောင်းကျိုးပြုဘက်တီးရီးယားတွေရော၊ အာဟာရတွေရော ပါသွားနိုင်ပါတယ်။အထူးသဖြင့် မူကြိုသွားရမယ့်အရွယ်ဆိုရင် ကလေးတွေက စိတ်ဖိစီးတတ်ကြပါတယ်။ ကလေးကို နားဝင်အောင် ရှင်းပြပါ။ သူမကြိုက်တာ အတင်းမလုပ်ပါနဲ့။ ကလေးတွေမှာ စိတ်ဖိစီးတာက အူလမ်းကြောင်းမှာ လက္ခဏာသွားပြပါတယ်။ကလေးတွေက တစ်နေ့ကို ၈နာရီကနေ ၁၀နာရီလောက်ထိ အိပ်ရပါမယ်။ အိပ်ရေးမဝရင် ဝမ်းဗိုက်ပြဿနာ ဖြစ်နိုင်သလို ဝမ်းဗိုက်ပြဿနာကြောင့် အိပ်ရေးပျက်ပြီး သံသရာလည်နေတတ်ပါတယ်။ကလေးပီပီ အစားချေးများတာ သဘာဝပါ။ ဒါပေမယ့် မေမေတို့က ကြိုးစားပြီးအသီးအရွက်၊ အသားငါး မျှတအောင် ကျွေးပေးပါ။ အာဟာရချို့တဲ့တာကို ကာကွယ်နိုင်သလို အူလမ်းကြောင်းကိုလည်း ပုံမှန်ဖြစ်စေပါတယ်။ ဝမ်းချုပ်တာကိုလည်း ကာကွယ်နိုင်ပါတယ်။ဝမ်းဗိုက်ပြဿနာက အစပြုလိုက်တာ ကလေးတွေမှာ နောက်ဆက်တွဲတွေ အများကြီး ဖြစ်နိုင်လို့မေမေတို့ဂရုစိုက်ဖို့ အကြံပြုလိုပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/potential-threats-of-unsound-gastrointestinal-system-in-kids/
ယနေ့ခေတ်မှာ prebiotics တွေ ဘာလို့ သတင်းကြီးလာတာလဲ။
ကလေးက ထွားလိုက်တာ၊ ဉာဏ်လည်းကောင်းတယ်နော်ဆိုတဲ့ စကားသံတွေက မေမေတိုင်းကြားချင်မယ့် စကားတွေပါ။ ကိုယ်ပြုစုစောင့်ရှောက်ထားတဲ့ သားသားမီးမီး အကောင်းဆုံး ကြီးပြင်းလာတာက မေမေတို့အတွက်တော့ ပင်ပန်းသမျှကို ပြေစေတဲ့အရာပေါ့။အရင်တုန်းကတော့ ကလေးထွားအောင် ထမင်းများများကျွေးလေ။ ပဲတွေ၊ ငါးတွေ ကျွေးပေါ့ဆိုတာလောက်ပဲနော်။ ဒါ့အပြင် ပိုလာနိုင်တာက ကလေးကို နွားနို့တိုက်ပါဦးဆိုတာပေါ့။ ကလေး အရမ်းညှက်ရင် အားဆေးတိုက်လေဆိုတာမျိုးတွေပါ။ဒီဘက်ခေတ်မှာတော့ ကလေးထွားဖို့ အားဆေးတိုက်တာ၊ ထမင်းကျွေးတာထက် ထိရောက်တဲ့ နည်းလမ်းတစ်ခု ရှိနေပါတယ်။ ဒါက ဘာပါလိမ့်သားသားမီးမီးကို ကျန်းမာဖွံ့ထွားစေမယ့် အရာလေးတစ်ခုပေါ့။ မေမေတို့ သိချင်နေပြီလား…။သားသားမီးမီးတို့ကို ကျန်းမာဖွံ့ထွားစေဖို့ ထောက်ပံ့ပေးမယ့် တပ်မှူးလေးကprebioticsလို့ခေါ်တဲ့ အကျိုးပြု ဘက်တီးရီးယား အာဟာရပါ။ သားသားမီးမီးတို့ရဲ့ အစာခြေစနစ်ထဲမှာ အကျိုးပြု ဘက်တီးရီးယားတွေ များစွာ ရှိပါတယ်။ ဒီဘက်တီးရီးယားလေးတွေ ကျန်းမာမှ ကလေးက စားလိုက်သမျှ အားဖြစ်မယ်။ ဝမ်းလည်းမှန်မယ်။ အစာခြေပြဿနာလည်း ကင်းမယ်လေ။ဒီဘက်တီးရီးယားလေးတွေ ကျန်းမာဖို့ မဖြစ်မနေ လိုအပ်တာကတော့ အပေါ်မှာပြောခဲ့တဲ့ prebiotics ဆိုတဲ့ အကျိုးပြု ဘက်တီးရီးယား အာဟာရပေါ့။ သားသားမီးမီးတို့နေ့စဉ် စားသုံးမှုမှာ အကျိုးပြုဘက်တီးရီးယားအာဟာရ ပါဝင်အောင် ပြင်ဆင်ပေးတာကဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ကလေးကို အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်မှာပါ။အခုခေတ်မှာသားသားမီးမီးတို့အတွက် အာဟာရတစ်ခုခု ဝယ်တော့မယ်ဆိုရင် ဗီတာမင်တွေ ပါရဲ့လား၊ သတ္တုဓာတ်တွေ စုံရဲ့လားဆိုတာအပြင် သေချာအောင် ထပ်ကြည့်မိတာက prebiotics လို့ခေါ်တဲ့အကျိုးပြု ဘက်တီးရီးယား အာဟာရပါရဲ့လားပေါ့။ ဒါကလည်း မဖြစ်မနေကို ကြည့်ဖို့ လိုအပ်တာကိုး။အကြောင်းကတော့ prebiotics လို့ခေါ်တဲ့ အကျိုးပြု ဘက်တီးရီးယား အာဟာရ က သားသားမီးမီးတို့ကို။ဒီတော့ Prebiotics က သားသားမီးမီးတို့ရဲ့ အာဟာရမှာ မဖြစ်မနေကို ထည့်သွင်းစဉ်းစားသင့်တဲ့အရာ ဖြစ်လာရတာပေါ့။Prebiotics က အားဆေးတွေလို သီးသန့် ကျွေးပေးရမယ့် အရာမဟုတ်ပါဘူး။  နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေထဲမှာကို ပါနေတာပါ။ ရွေးချယ်ကျွေးဖို့တော့ လိုတာပေါ့မေမေရယ်။သားသားမီးမီးကို အကျိုးပြုဘက်တီးရီးယားအာဟာရ ပြည့်ဝစေဖို့ဆိုရင်။ကျန်တဲ့ အစားအစာတွေက သားသားမီးမီးတို့ အကြိုက်မဖြစ်ဘူးဆိုရင်အာဟာရဖြည့်နို့လေးကတော့ အကြိုက်တွေ့မှာပါ။ အကျိုးပြုဘက်တီးရီးယား အာဟာရအနံ့အရသာရယ်လို့ သီးသန့်ဖြစ်မနေတဲ့ အရသာရှိရှိ သောက်လို့ရတဲ့ အာဟာရဖြည့်နို့လေး ပုံမှန်တိုက်ပြီး သတင်းကြီးနေတဲ့ prebiotics ကို သားသားမီးမီးတို့ရဲ့ နေ့စဉ်အစားအသောက်မှာ မပါမဖြစ်ပါအောင် ပြင်ဆင်ဖန်တီးပေးလိုက်ပါ မေမေ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/reasons-why-prebiotics-become-so-popular-nowadays/
လျှာကင်ဆာ ကုသမှု ခံယူနေချိန်မှာ ဘာတွေ စားရမလဲ!
ကင်ဆာဝေဒနာ ခံစားနေရသူတွေ အနေနဲ့ မှန်ကန်စွာ စားသောက်မိဖို့ လိုပါမယ်။ ဒါမှလည်းခန္ဓာကိုယ်က  ကင်ဆာကို ကြံ့ကြံ့ခံ တိုက်ထုတ်နိုင်မှာပါ။ တခြားကင်ဆာတွေဆို သိပ်ပြီး အကြောင်းဟုတ်လှပေမဲ့ လျှာကိုယ်တိုင်က ကင်ဆာဖြစ်ရင်ရော ဘယ်လိုစားကြမလဲ။ တစ်ခေါက်မှာတော့ လျှာကင်ဆာ ကုသမှု ခံယူနေချိန်မှာ ဘာတွေ စားရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ကင်ဆာကုထုံးခံယူချိန်မှာ ခန္ဓာကိုယ်က ခုခံအားကျသွားတဲ့အတွက် ပိုးဝင်ကူးစက်မှုတွေ ပိုလွယ်လာပါတယ်။ ဒီအချိန်မှာ အစားအသောက်တွေကို သေချာ ဂရုစိုက် စားမိဖို့ လိုပါမယ်။ ဒါမှ အစားကနေတဆင့် ရောဂါ ကူးစက်တာကို ကာကွယ်နိုင်မှာပါ။အသီးအရွက်တွေ အနေနဲ့ –။မုန်လာဥနီ၊ ရွှေဖရုံသီး၊ နိုကိုဥ၊ ခရမ်းချဉ်သီး စတာတွေကို အမျှင်ဓာတ်နဲ့ ဗီတာမင်တွေ ရရှိစေဖို့ စားပေးလို့ ရပါတယ်။ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ် စတာတွေကို စားပေးတာကလည်း အပင်ကနေရတဲ့ ဓာတုပစ္စည်းတွေကို ရရှိစေပြီး ကင်ဆာကုသမှုကို ခံယူချိန်မှာ ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ခန္ဓာကိုယ်မှာ လိုအပ်တဲ့ သံဓာတ်နဲ့ ကယ်လ်ဆီယမ်ဓာတ်တွေကို ဖြည့်တင်းပေးနိုင်ပါတယ်။ကညွတ်ကိုလည်း စားပေးရပါတယ်။ ကညွတ်နဲ့ ကြက်ဟင်းခါးသီးမှာပါတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်ပါတယ်။သစ်သီးတွေ အနေနဲ့ –။ကိုယ်ခံအားအတွက် ဗီတာမင် C ရရှိစေဖို့ လိမ္မော်သီး စားပေးလို့ ရသလို ကီဝီသီး၊ ရှောက်ချိုသီး၊ ဂရိတ်ဖရုစ် စတာတွေကို စားပေးလို့ ရပါတယ်။အမျှင်ဓာတ်နဲ့ ဗီတာမင်တွေ ရရှိစေဖို့ ငှက်ပျောသီး၊ ကီဝီသီး၊ မက်မွန်သီး၊စတော်ဘယ်ရီစတာတွေကို စားပေးလို့ ရပါတယ်။ခန္ဓာကိုယ်မှာ အင်အား ပြည့်ဝစေဖို့အတွက် ထောပတ်သီး၊ တရုတ်ဇီးသီး၊ သဖန်းသီး၊ ဇီးသီးခြောက်၊ စပျစ်သီးခြောက်တွေကို စားပေးလို့ ရပါတယ်။ပရိုတင်း ပြည့်ဝစေဖို့ အတွက် –။အဆီမပါတဲ့ အနီရောင် အသား၊ ငါး၊ ဥအမျိုးမျိုး၊ နို့ထွက် ပစ္စည်း၊အခွံမာသီးတွေ၊ ပဲအမျိုးမျိုး၊ ကုလားပဲ၊ ပဲပိစပ် စတာတွေကို ပြင်ဆင်ပေးပါ။ဘာတွေ သတိထားရမလဲ!။# အမှာစကား။လျှာကင်ဆာ ကုသမှု ခံယူနေချိန်မှာ ဘာတွေစားရမလဲ! ဆိုတော့ လွယ်လွယ် မှတ်လို့ ရအောင် ပြောပြရရင် သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ဂျုံကြမ်း ပေါင်မုန့်တွေနဲ့ အုတ်ဂျုံ စတာတွေ၊ အသား နဲ့နို့ထွက်ပစ္စည်းတွေကို စားပေးဖို့ လိုသလို အဆီ၊ သကြားနဲ့ အယ်လ်ကိုဟော ပါဝင်တဲ့ အရာတွေကိုတော့ တတ်နိုင်သမျှ လျှော့စားပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/head-neck-cancer/what-to-eat-during-tongue-cancer-treatment/
ရေနွေးကြမ်းသောက်ရင်း ဒီအမှားတွေများ လုပ်မိနေပြီလား!
ရေနွေးကြမ်း သောက်တာကို မြန်မာနိုင်ငံအပါအဝင် အာရှဒေသတော်တော်များများမှာ တွေ့ရပါတယ်။ ရေနွေးကြမ်းကို အပျင်းပြေ အမောပြေ အနေနဲ့ သောက်ကြသလို စကားဝိုင်းတွေမှာ ဧည့်ထောက်ခံတဲ့ အနေနဲ့လည်း သောက်ကြပါတယ်။ ရေနွေးကြမ်းကိုလက်ဖက်၊ အကြော်၊မုန့်ဟင်းခါး၊ကောက်ညှင်းပေါင်းစတာတွေနဲ့ တွဲဖက်စားသုံးတာမျိုးလည်း ရှိပါတယ်။ ဒီလို တစ်နေ့တာမှာ တော်တော်များများ သောက်ဖြစ်နေတဲ့ ရေနွေးကြမ်းကို ကျန်းမာရေးနဲ့ ညီညွတ်အောင် သောက်ဖြစ်ရဲ့လား! ရေနွေးကြမ်းသောက်ရင်း ဒီအမှားတွေများ လုပ်မိနေပြီလား! ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း ကိုယ်တိုင်ဆန်းစစ် လိုက်ရအောင်နော်။တစ်နေ့တာရဲ့ စားသောက်မှုမှာ ပါဝင်လေ့ရှိတဲ့ ရေနွေးကြမ်းသောက်တဲ့အခါ အခုလို အချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။ ရေနွေးကြမ်း မသောက်သင့်တဲ့အချိန်က ဘယ်အချိန်၊ ဘယ်လိုတွေ သောက်သင့်တယ်ဆိုတာကို နားလည်ထားမှ ကျန်းမာရေးကို မထိခိုက်မှာ ဖြစ်ပါတယ်။အချို့သူတွေက ကျန်းမာရေးနဲ့ ညီညွတ်အောင်ဆိုပြီး မနက်စောစော အိပ်ရာ ထထချင်းမှာ ရေနွေးကြမ်းကို သောက်လိုက်တာမျိုး ရှိတတ်ပါတယ်။ တကယ်ကတော့ ဒီလို နိုးနိုးချင်းမှာကိုယ်တွင်းက အဆိပ်အတောက်တွေဖယ်ရှားဖို့နဲ့ အူလမ်းကြောင်းထဲက အညစ်အကြေးတွေကို သန့်စင်ဖို့ဆိုရင် ရေကျက်အေး ခပ်နွေးနွေးလေးကို သောက်ပေးတာက အကောင်းဆုံးပါ။အစာ မရှိဘဲ ရေနွေးကြမ်း သောက်လိုက်တဲ့အခါလက်ဖက်ခြောက်မှာ ပါတဲ့ tannins က အစာအိမ်မှာရှိတဲ့ အစာခြေအက်ဆစ် ပမာဏကို တိုးစေပြီး မအီမသာဖြစ်တာ၊ ဗိုက်အောင့်တာတွေကို ဖြစ်စေသလို အစာခြေစနစ် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။#  ဒါကြောင့်  မနက်ခင်းစောစောမှာ အစာမရှိဘဲရေနွေးကြမ်း သောက်တာမျိုး မလုပ်သင့်ပါဘူး။ရေနွေးကြမ်း သောက်တာက ကျန်းမာရေးအတွက် ကောင်းတယ် ဆိုပေမယ့် အများကြီး သောက်တာကတော့ မကောင်းပါဘူး။ ရေနွေးကြမ်းကို အများကြီး သောက်တာက ညဘက် အိမ်မပျော်တာ၊ စိုးရိမ်စိတ် များတာ၊ အစာခြေစနစ် ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။# တစ်နေ့ကို ရေနွေးကြမ်း ၂ ခွက် ကနေ ၃ ခွက် အထိပဲ သောက်ပေးပါ။ရေနွေးကြမ်းက ကျန်းမာရေးနဲ့ ညီညွတ်တယ် ဆိုပေမယ့်ကဖင်းပါနေတယ်ဆိုတာကို သတိရပါ။ ကဖင်းက အိပ်စက်မှု စက်ဝန်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ညဘက် ကောင်းကောင်း အိပ်ပျော်ချင်တယ်ဆိုရင်တော့ အိပ်ချိန်နဲ့ နီးနီး ရေနွေးကြမ်း သောက်တာကို ရှောင်ပါ။# အိပ်ချိန်နဲ့ အနည်းဆုံး ၂ နာရီ ကနေ ၃ နာရီ အကွာမှာပဲ ရေနွေးကြမ်းကို သောက်ပါ။အစားစားပြီးပြီးချင်းမှာ ရေနွေးကြမ်း သောက်လိုက်တာကသံဓာတ်စုပ်ယူမှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒီလိုကနေ ရေရှည်မှာ သွေးအားနည်းရောဂါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစားစားပြီးပြီးချင်းမှာ ရေနွေးကြမ်း သောက်ချတာမျိုး မလုပ်ပါနဲ့။# အစားစားပြီးလို့ အနည်းဆုံး ၁ နာရီ ကြာမှ ရေနွေးကြမ်း သောက်ပါ။ဒါက ရေနွေးကြမ်းသောက်တဲ့သူ တော်တော်များများ လုပ်မိတတ်ပါတယ်။ ရေနွေးဆူဆူထဲကို လက်ဖက်ခြောက် ခတ်တာမျိုး ရှိသလို လက်ဖက်ခြောက်ထည့်ထားတဲ့ ခွက်ထဲကို ရေနွေးဆူဆူ ထည့်တာမျိုးပါ။ လက်ဖက်ခြောက်ကို ရေနွေးဆူဆူနဲ့ ကျိုတာ လက်ဖက်ခြောက်မှာပါတဲ့ အကျိုးပြု ဒြပ်ပေါင်းတွေကို ပျက်ပြယ်စေပြီး အရသာကို ပိုခါးစေပါတယ်။# ရေနွေးကို အပူချိန် နည်းနည်းလျော့သွားမှ လက်ဖက်ခြောက် ခတ်ပေးပါ။လက်ဖက်ခြောက်စိမ်ထားတဲ့ ရေနွေးကြမ်းကိုသွေးကျဲဆေး၊ စိတ်ကျတာကို သက်သာစေတဲ့ဆေးတွေ၊ သွေးကျဆေးတွေ အပါအဝင် ဆေးတွေနဲ့ တွဲဖက်သောက်တာမျိုး မလုပ်ပါနဲ့။ ဖြစ်နိုင်ရင် ဘာ‌ဆေးကိုမှ ရေနွေးကြမ်းနဲ့ မသောက်ပါနဲ့။ ဆေးတွေကို ရေနွေးကြမ်းနဲ့ သောက်တာက ဆေးအာနိသင်ကို ထိခိုက်စေနိုင်ပါတယ်။# ဆေးသောက်မယ်ဆိုရင် ရိုးရိုးရေနဲ့ သောက်ပါ။ ဒါ့ပြင် ရောဂါအခံ တစ်ခုခုရှိမယ်ဆိုရင် ရေနွေးကြမ်းကို သောက်လို့ ရ၊ မရ။ ဘယ်လောက် ပမာဏ ရမလဲဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/more-common-mistakes-in-daily-tea-drinking/
ဖျားနေတာမဟုတ်ဘဲ အသားတွေ ဘာလို့ အမြဲပူနေတာလဲ
ရာသီဥတု အေးအေး၊ ပူပူ အသားက အမြဲ ပူနွေး နေတတ်သူတွေ ရှိပါတယ်။ ဘယ်အချိန် မဆို အသားချင်း ထိကြည့်လိုက် အမြဲတမ်း ပူနွေးနေတာပဲ။ သူ ဖျားနေတာတော့ မဟုတ်ဘူး။ ဒါဆို ဘာဖြစ်လို့ များလဲ။ ဖျားနေတာမဟုတ်ဘဲ အသားတွေ ဘာလို့ အမြဲပူနေတာလဲ ။ ဘယ်လို အကြောင်းရင်းတွေ ဖြစ်နိုင်လဲဆိုတာ ဆက်ပြီး ကြည့်ကြရအောင်နော်။ဖျားနေတာမဟုတ်ဘဲ အသားတွေ ဘာလို့ အမြဲပူနေတာလဲ ဆိုတော့။သိုင်းရွိုက်ဂလင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဒီ အခြေအနေမှာ ဂလင်းက ဟော်မုန်း ထုတ်လုပ်မှု လွန်ကဲနေလို့ ဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်း များခြင်းကြောင့် ခန္ဓာကိုယ်မှာ လောင်စာတွေကို ခွန်အား အဖြစ် ပြောင်းလဲမှုနှုန်းကို မြန်စေလို့ ပူနွေးမှုကို ဖြစ်စေတာပါ။ ဒီလိုဖြစ်ရင် ရေဆာတာ၊ ဗိုက်ဆာတာ၊ ချွေးထွက်တာ၊နှလုံးခုန်တာတွေ အကုန် မြန်လာနိုင်ပါတယ်။ အမျိုးသမီးတွေဆို ရာသီလာ နည်းတာ၊ ထိမ်တာ၊ ကိုယ်ဝန်ရဖို့ ခက်တာတွေ ဖြစ်လာနိုင်ပါတယ်။အမျိုးသမီး တစ်ယောက် ကျန်းမာစွာနဲ့ သွေးဆုံးတဲ့ အရွယ်က အသက် ၅၀ ဝန်းကျင် ဖြစ်လေ့ ရှိပါတယ်။ အဲဒီ အချိန်မှာ hot flashes လို့ ခေါ်တဲ့ အရေပြား နေရာ တချို့ ရုတ်တရက် ပူရှိန်းရှိန်း ဖြစ်လာတာမျိုးကို ခံစားရ တတ်ပါတယ်။ သွေးဆုံးချိန်မှာ ချွေး ပိုထွက်ခြင်း၊ ခေါင်းမူးခြင်းနဲ့ နှလုံးခုန် မြန်ခြင်းတို့လည်း ဖြစ်စေနိုင်တယ်။ နောက်ဆုံးရာသီလာချိန်မတိုင်ခင်မှာလက္ခဏာတွေခံစားရ တတ်ပြီး နှစ်နဲ့ ချီပြီးကြာရှည်တတ် ပါတယ်။အမျိုးသမီးဆိုရင် သားဥအိမ်ကအက်စထရိုဂျင် ဟော်မုန်း ပုံမှန် မထုတ်ပေးနိုင်တာ ဒါမှမဟုတ် ပုံမှန် သားဥ မကြွေတာမျိုးကြောင့် ဖြစ်တတ်ပါတယ်။ ဒီလို အမျိုးသမီးတွေမှာ ကိုယ်ဝန်ရဖို့ ခက်ခဲတတ်ပါတယ်။ သွေးဆုံးချိန်မှာ ဖြစ်သလိုမျိုး လက္ခဏာ ဆင်တူတဲ့ အရေပြား ပူရှိန်းရှိန်း ခံစားမှု၊ ညဘက် ချွေးထွက်များတာတွေ ဖြစ်လာတတ်ပါတယ်။ ဒီ လက္ခဏာတွေရယ်၊ ရာသီ ထိန်တာရယ်၊ လိင်စိတ်ဆန္ဒ နည်းတာ၊ မိန်းမကိုယ် ခြောက်သွေ့တာတွေဖြစ်လာတယ်ဆို ဆရာဝန်ပြပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။ကဖင်းဓာတ်က လူကို လန်းဆန်း စေနိုင်ပြီး အိပ်ချင်စိတ် ပြေပျောက်စေနိုင်တယ် ဆိုပေမယ့် ခန္ဓာကိုယ် အပူချိန် ကိုလည်း မြင့်စေနိုင်ပါတယ်။ ကဖင်း များလွန်းရင် သွေးဖိအား၊ သွေးတွင်းသကြားဓာတ် နဲ့ အစာအိမ် အက်စစ်တို့ကိုလည်း မြင့်တက်စေနိုင်ပြီး အိပ်စက်မှုမှာပြဿနာ ရှိစေပါတယ်။အသက် ကြီးလာတဲ့အခါ အပူချိန် လျှော့ချတဲ့စနစ်က သိပ်အလုပ်မလုပ်နိုင်တော့ပါဘူး။ ပြင်ပမှာ ပူနေရင် ခန္ဓာကိုယ်ကို အအေးဓာတ်ထိန်းထားနိုင်ဖို့အရေပြား မျက်နှာပြင်ကို နှလုံးက သွေးပိုညှစ်ထုတ်ပေးဖို့ လိုပါတယ်။ အသက်ကြီးလာတာနဲ့အမျှ နှလုံးကလည်း သိပ်မကြံ့ခိုင်လေတော့ ပိုပင်ပန်းရပါတယ်။ ပိုဆိုးတာက သွေးကြောတွေက အရင်လောက် မပြန့်ကားနိုင်တဲ့အခါ အရေပြား မျက်နှာပြင်ကိုသွေးအလုံအလောက် မရောက်နိုင်တော့တာဖြစ်ပါတယ်။နှလုံးသွေးကြောကျဉ်းရောဂါ ရှိပြီဆိုရင်တော့ သွေးကြောတွေ မပြန့်ကားနိုင်တာရယ်၊ ချွေးနဲ့ အခြေခံတဲ့ အပူ လျှော့ချမှု စနစ်ကကောင်းကောင်း အလုပ် မလုပ်နိုင်တာရယ် ဖြစ်လာနိုင်ပါတယ်။ ဒီရောဂါကြောင့် ကိုယ်က ပူနေချိန်မှာ အေးသွားအောင် လုပ်ဖို့ ခက်ခဲစေပါတယ်။ အားနည်းနေတဲ့ နှလုံးကြောင့် ခန္ဓာကိုယ် အနှံ့ သွေးပို့လွှတ်မှုကို ထိခိုက်စေပြီး နှလုံး ရုတ်တရက် ရပ်ဆိုင်းခြင်းကို ဖြစ်လာစေနိုင်ပါတယ်။ရေဓာတ် ပြည့်ဝအောင် မနေရင် ချွေး အလုံအလောက် မထွက်နိုင်ဘဲ ခန္ဓာကိုယ်က လွယ်လွယ်နဲ့အအေးဓာတ်မပေးနိုင်ပါဘူး။ ရေဓာတ်မပြည့်ဝတဲ့အခါ ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးက ဒါတင် မကပါဘူး၊ အများကြီး ရှိပါသေးတယ်နော်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/why-am-i-always-hot/
လည်ပင်းပေါ်က မာကင်ရာတွေကြောင့် စိတ်ထဲမလုံသလို ဖြစ်နေပြီလား
လည်ပင်းပေါ်က မာကင်ရာတွေကြောင့် စိတ်ထဲမလုံသလို ဖြစ်နေပြီလား …… မာကင်ရာနဲ့ ပတ်သက်ပြီး အရွယ်ရောက်ပြီးသူတိုင်း ကောင်းကောင်းသိထားကြမယ်ထင်ပါတယ်။ နမ်းနေတဲ့အချိန် အမှတ်တရအဖြစ်နဲ့ ကိုယ်ချစ်ရတဲ့သူရဲ့ အသားလေးကို ငုံပြီးခဲထားလိုက်တာ၊ ကြမ်းကြမ်းစုပ်ယူလိုက်တဲ့အခါမှာ အရေပြားပေါ်မှာကျန်ခဲ့တဲ့အနီကွက်လေးကို မာကင်ရာလို့ ခေါ်ပါတယ်။ကိုယ်ကတော့ ချစ်လို့လုပ်လိုက်တယ်ဆိုပေမယ့်လည်း လည်ပင်းလို၊ လက်လို လူမြင်တဲ့နေရာတွေမှာ မာကင်ရာအကွက်ကြီးနဲ့ကျ အပေးခံရတဲ့သူအနေနဲ့ စိတ်ထဲအနည်းငယ်တော့ ရှက်နေမိမှာပါ။ ပတ်ဝန်းကျင်အနေနဲ့လည်း အနည်းငယ် ဝေဖန်ချင်စရာ ဖြစ်တာပေါ့။ ဒီတော့ လူငယ်တော်တော်များများ သိချင်နေကြတဲ့ မာကင်ရာကို အမြန်ဆုံးပျောက်အောင်လုပ်လို့ရမယ့် နည်းလမ်းတွေကို ဒီဆောင်းပါးမှာ ပြောပြပေးလိုက်တယ်နော်။လည်ပင်းပေါ်က မာကင်ရာတွေကြောင့် စိတ်ထဲမလုံသလို ဖြစ်နေပြီလား ….. ဒါဆိုရင်တော့ ဒီနည်းလမ်းတွေက အဆင်ပြေစေမှာပါ။၁။ ဇွန်းကို အအေးခံပြီး ကပ်ထားမယ်။ဒါကတော့ အလွယ်ဆုံးနည်းလမ်းပေါ့။ ချစ်သူက ပူပူနွေးနွေး မာကင်ရာပေးပြီးသွားတဲ့အချိန် လုပ်ပေးရင် ပိုကောင်းပါတယ်။ နည်းလမ်းကတော့ ကိုယ်အိမ်က ထမင်းစားတဲ့ ဇွန်းတစ်ချောင်းကို ရေခဲသေတ္တာထဲမှာ ၈မိနစ် ကနေ ၁၀မိနစ်အထိ အအေးခံထားရပါမယ်။ ပြီးသွားမှ ခုံးနေတဲ့ ဇွန်းအနောက်ဘက်ကို အရေပြားပေါ်မှာ ကပ်ထားပေးရမှာဖြစ်ပါတယ်။ အအေးဓါတ်က ပေါက်သွားတဲ့သွေးကြောငယ်လေးထဲက သွေးတွေကအရေပြားပေါ် ပြန့်မသွားစေဖို့ ထိန်းချုပ်ပေးနိုင်တာကြောင့်ပါ။ လတ်လတ်ဆတ်ဆတ် မာကင်ရာပေးပြီးတဲ့နောက်မှာ ဒီနည်းလမ်းနဲ့ တစ်နေ့ကို ၃ကြိမ်လောက် လုပ်ပေးလို့ရတယ်နော်။၂။ ရှားစောင်းလက်ပပ် အနှစ်ကို လိမ်းပေးမယ်။သဘာဝရှားစောင်းလက်ပပ်က ရတဲ့ အနှစ်ကို လိမ်းပေးလို့လည်း ရသလို ရှားစောင်းလက်ပပ်ပါဝင်တဲ့ အစိုဓာတ်ထိန်းခရင်မ်ဆိုရင်လည်း အဆင်ပြေပါတယ်။ တစ်နေ့ကို နှစ်ကြိမ် နီရဲနေတဲ့ အရေပြားပေါ်မှာ စက်ဝိုင်းပုံသဏ္ဍာန် ပွတ်လိမ်းပေးခြင်းဖြင့် ရက်အနည်းငယ်အတွင်း ပျောက်သွားနိုင်ပါတယ်။ အရေပြားကို ပြန်လည်ပြုပြင်ပေးပြီး အာဟာရဓာတ်ဖြည့်တင်းပေးလို့အညိုအမည်းကွက်ကြီး ကျန်မနေခဲ့အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။၃။ ငှက်ပျောသီးအခွံကိုလည်း အသုံးပြုနိုင်ပါတယ်။ရုတ်တရက်ကြည့်လိုက်ရင်တော့ မဖြစ်နိုင်ဘူးထင်ရမှာပါ။ ဒါပေမယ့် ငှက်ပျောသီးအခွံရဲ့ အေးမြတဲ့အစွမ်းက ခုလိုပြဿနာကို အလျင်အမြန်ဖြေရှင်းပေးတဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။ အများကြီးလုပ်စရာမလိုပါဘူး။ ကိုယ်ငှက်ပျောသီးစားပြီး အခွံနွှာလိုက်တဲ့အခါ အခွံရဲ့ အတွင်းသားကို မာကင်ရာပေးခံရတဲ့ အရေပြားပေါ် ဖိကပ်ထားလိုက်ရုံပါပဲ။ ၁၀ မိနစ်ကနေ မိနစ် ၃၀ ခန့်၊ တစ်နေ့ကို နှစ်ကြိမ်မှ သုံးကြိမ်အထိ လုပ်ပေးနိုင်ရင် လုံလောက်ပါတယ်။၄။ သွေးလည်ပတ်မှု ကောင်းစေအောင် ရေနွေးဝတ်ကပ်ပါ။၃ရက် ၄ရက်ကြာတဲ့အထိမှ မာကင်ရာက နီနေတဲ့အရောင်မကျသွားဘူး၊ ဒါမှမဟုတ် အညိုအမည်း စွဲနေပြီဆိုရင်တော့ ရေနွေးဝတ်နဲ့ ကပ်ပေးဖို့လိုပါတယ်။ သူက အရေပြားတစ်ဝိုက်ကို သွေးကောင်းစွာ လည်ပတ်စီးဆင်းစေတယ်။ နဂိုက ခဲနေတဲ့သွေးအဟောင်းကို ဖြိုခွဲပေးပြီး သွေးအသစ်တွေ စီးဆင်းဖို့ ကူညီပေးနိုင်တယ်နော်။ တစ်ခါကပ်ရင် ၅မိနစ်နဲ့တင် လုံလောက်ပါတယ်။ ပြီးသွားရင် ခဏနားပြီး အဝတ်ကို ရေနွေးထဲပြန်စိမ်ပြီးမှ တစ်ခေါက်ထပ်ကပ်ပေးနော်။၅။ ဗီတာမင် ကေ များတဲ့ အစားအစာတွေကို စားပေးပါ။ဗီတာမင် ကေဟာ ကိုယ်ခန္ဓာတွင်း သွေးကောင်းစွာ လည်ပတ်နိုင်စေဖို့ ကူညီပေးတယ်။ ပန်းဂေါ်ဖီ၊ ကိုက်လန်၊ ကန်စွန်းရွက် အစရှိတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ ဆန်လုံးညိုတွေကို များများစားပေးသင့်ပါတယ်။၆။ သွားပွတ်တံ အမွေးနဲ့လည်း သုံးလို့ရပါတယ်။အလွန်နူးညံ့ပျော့ပျောင်းတဲ့ အမွေးလေးတွေရှိတဲ့ သွားပွတ်တံကို မာကင်ရာကြောင့် သွေးခဲနေတဲ့ နေရာတစ်ဝိုက်မှာ အနည်းငယ်ဖိပြီး ပွတ်ပေးပါ။ ပွတ်တဲ့အခါ ခဲနေတဲ့သွေးကို ပျော်ကျစေပြီး နေရာအနှံ့ကို ပြန့်သွားစေဖို့ ဘေးဘက်တွေကိုသွားပွတ်တံအမွေးနဲ့ ပွတ်ဆွဲပေးပါ။ တစ်နေ့ကို ၅မိနစ်ကနေ ၁၀မိနစ်ထိ လုပ်ပေးဖို့တော့ လိုပါတယ်။ကဲ ကိုယ့်ချစ်သူကိုသည်းသည်းတုန်နေအောင်ချစ်ကြတဲ့ ချစ်သူတွေလည်း ဒီနည်းလမ်းတွေကို သေချာမှတ်ထားပြီး ဂရုစိုက်ပေးလို့ရတယ်နော်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/how-to-get-rid-of-a-hickey/
HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ
ကင်ဆာဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပေမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာလိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာသားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်းကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် HPV ဗိုင်းရပ်စ်ကာကွယ်မှုကို အမျိုးသမီးတွေအတွက် အဓိကထားလုပ်ဆောင်လေ့ရှိကြပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေမှာတင်မဟုတ်ပါဘူး။ အမျိုးသားတွေမှာ HPV ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုက တစ်ဆတစ်ဆများလာတာနဲ့အတူ ဒီရောဂါအန္တရာယ်ကတော်တော်လေးကြီးလာပါတယ်။အချို့သူတွေမှာတော့ ရောဂါကူးစက်ခံထားရပေမယ့် လက္ခဏာမပြတာမျိုးရှိတတ်ပါတယ်။ ရောဂါလက္ခဏာပြတဲ့သူတွေမှာတော့ လိင်အင်္ဂါမှာ အဖြူရောင် အကွက်တွေဖြစ်တာ (သို့မဟုတ်) ပန်းဂေါ်ဖီလိုမျိုး ကြွက်နို့တွေ အစုလိုက်ပေါက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ တကယ်လို့ ကင်ဆာရောဂါဖြစ်တဲ့အထိရောက်သွားပြီဆိုရင်တော့ ဖြစ်တဲ့နေရာပေါ်လိုက်ပြီး။HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာက သားအိမ်ခေါင်းကင်ဆာပဲလို့ ထင်စရာ ရှိပါတယ်။ တကယ်ကတော့ HPV vaccine က လိင်အင်္ဂါမှာ ရေယုန်မဖြစ်အောင် ကာကွယ်ပေးတဲ့ ကာကွယ်ဆေး တစ်မျိုးဆိုလည်း ဟုတ်ပါတယ်။ HPV vaccine ကို အမျိုးသားတွေရော အမျိုးသမီးတွေပါ ထိုးနှံလို့ ရပါတယ်။HPV ဗိုင်းရပ်စ် ကူးစက်ခံရရင် အများစုကတော့ အလိုလိုပျောက်ကင်းတတ်ပေမယ့် တချို့တွေမှာတော့ ကင်ဆာအဆင့်ထိ ပြောင်းသွားတတ်ပါတယ်။ ပျောက်ကင်းတယ်ဆိုတာကလည်း ဆေးဝါးတွေကြောင့် ပျောက်ကင်းတာမဟုတ်ဘဲ ခုခံအားက တိုက်ထုတ်လိုက်လို့ ပျောက်သွားတာပါ။ တစ်ယောက်နဲ့ တစ်ယောက်က မတူညီတဲ့အတွက် တကယ်လို့များ မပျောက်ကင်းခဲ့ရင် ကင်ဆာဖြစ်နိုင်ခြေရှိတယ်ဆိုတာ မေ့ထားလို့မရပါဘူး။ ဒါကြောင့် ကာကွယ်ထားတာက စိတ်အချရဆုံးပါ။HPV ဗိုင်းရပ်စ် ကူးစက်မှုရဲ့ နောက်ဆက်တွဲအနေနဲ့။ဒီကင်ဆာတွေ အပါအဝင် လိင်အင်္ဂါရေယုန် မဖြစ်အောင် ကာကွယ်ပေးပါတယ်။ HPVပိုးက လိင်ဆက်ဆံမှုရှိထားဖူးရင် ဝင်နိုင်ခြေများတာ‌ကြောင့် လိင်ဆက်ဆံမှု မလုပ်ရသေးတဲ့ ကလေးအရွယ်မှာ စထိုးထားတာ အကောင်းဆုံးပါ။ ဒါကြောင့် ကလေးက ၉ နှစ်လောက် ရောက်ပြီဆိုတာနဲ့ HPV vaccine ထိုးပေးထားတာက အထိရောက်ဆုံး ကာကွယ်နည်းပါ။HPV vaccineကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးလို့ လူသိများကြပါတယ်။ ဒီ HPV vaccineက သားအိမ်ခေါင်းကင်ဆာကိုတင် မဟုတ်ပါဘူး။ HPV ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ကင်ဆာရောဂါ တော်တော်များများကို ကာကွယ်ပေးနိုင်ပါတယ်။HPV vaccineကလိင်အင်္ဂါ ရေယုန်ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ကိုလည်း ကာကွယ်ပေးပါတယ်။ လိင်အင်္ဂါမှာ ရေယုန်ဖြစ်စေနိုင်တဲ့human papillomavirus (HPV) ဗိုင်းရပ်စ်က ကင်ဆာတော်တော်များများကို ဖြစ်စေနိုင်သလို လိင်ကတဆင့် ကူးစက်နိုင်တဲ့ တခြားရောဂါတွေ ဖြစ်နိုင်ခြေကိုလည်း များစေပါတယ်။HPV vaccineကို အသက် ၁၁ နှစ် ကနေ ၁၂ နှစ်အရွယ် ဆယ်ကျော်သက်ကလေးတွေမှာ စပြီး ထိုးနှံပေးလို့ ရပါပြီ။ အစောဆုံး အနေနဲ့ အသက် ၉ နှစ်မှ စထိုးပေးလို့ ရပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ HPV vaccineကသားအိမ်ခေါင်းကင်ဆာအပါအဝင် ကင်ဆာတော်တော်များများကို ကာကွယ်ပေးနိုင်ပါတယ်။အသက် ၂၇ နှစ်အထိ HPV vaccine ထိုးလို့ ရပါတယ်။ အရင်က တစ်ခါမှ မထိုးဖူးဘူးဆိုရင်ပေါ့။ အသက် ၂၇ နှစ် ကျော်သွားပြီဆိုရင်တော့ ကာကွယ်ဆေးထိုးရင် ထိရောက်မှု ရှိမရှိဆိုတာ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဒီအရွယ်လောက်ဆို လိင်ပိုင်းဆိုင်ရာ ထိတွေ့မှု ရှိနိုင်ခြေများလို့ပါ။ဘာကြောင့်လဲဆိုတော့ HPV ကာကွယ်ဆေးက HPV ဗိုင်းရပ်စ် မကူးခင်ထိုးထားမှ ကူးစက်မှုကို ကာကွယ်နိုင်တာပါ။ ကူးပြီးသွားရင်တော့ ကာကွယ်ဆေးက မကာကွယ်ပေးနိုင်တော့ပါဘူး။HPV vaccineက ထိရောက်တဲ့ ကာကွယ်မှုတွေကို ပေးစွမ်းနိုင်တာ မှန်ပေမယ့် HPV vaccineကို သားအိမ်ကင်ဆာ စစ်ဆေးမှု နည်းလမ်းတွေဖြစ်တဲ့ သားအိမ်အချွဲမြှေး စစ်ဆေးခြင်း (Pap) နဲ့ HPV စစ်ဆေးမှုများနေရာမှာတော့ အစားမထိုးသင့်ပါဘူး။ ဆိုလိုတာက ကာကွယ်ဆေးထိုးထားပေးမယ့်လည်း ဒီစစ်ဆေးချက်တွေကို ပုံမှန်လုပ်နေရဦးမှာပါ။HPV ဗိုင်းရပ်စ်က အမျိုးပေါင်း ၂၀၀ကျော်လောက်ရှိပြီး ကာကွယ်ဆေးက အဖြစ်အများဆုံး ဗိုင်းရပ်စ်တွေကိုပဲ ကာကွယ်ပေးနိုင်တာကြောင့်ပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/cancer-prevent-by-hpv-vaccine/
တုပ်ကွေးအတွက် သဘာဝကုထုံးများ
တုပ်ကွေးရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပါတယ်။ တုပ်ကွေးဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုးများစွာ ရှိပါတယ်။ တုပ်ကွေးဖြစ်ပွားချိန်မှာ ရောဂါဝေဒနာကို သက်သာစေမယ့် သဘာဝနည်းလမ်းတွေ ရှိပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ တုပ်ကွေးအတွက် သဘာဝကုထုံးများ ဖြစ်ပါတယ်။တုပ်ကွေးအတွက် သဘာဝကုထုံးများ ကတော့။တုပ်ကွေးဖြစ်ပွားနေချိန်မှာ ရိုးရိုးရေ ဒါမှမဟုတ် အရည်များများ သောက်ဖို့လိုပါတယ်။ ရေများများသောက်ရင် နှာခေါင်း၊ ပါးစပ်နဲ့ လည်ချောင်းရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ကိုယ်ခန္ဓာကနေ ချွဲ သလိပ်တွေ ထွက်သွားအောင် အထောက်အကူ ပြုပါတယ်။တုပ်ကွေးဖြစ်နေချိန်မှာ ပုံမှန်စားသောက်ခြင်း မပြုရင် ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်နိုင်ပါတယ်။ ဖျားခြင်း၊ ဝမ်းပျက်ခြင်း စတာတွေကြောင့်လည်း ရေဓာတ်ဆုံးရှုံးနိုင်ပါတယ်။ရေဓာတ်ပြည့်ဝအောင် အောက်ပါအရည်တွေ သောက်သုံးနိုင်ပါတယ်။-ရေ။-အုန်းရည်။-ဓာတ်ဆားရည်။– စွပ်ပြုတ်။-အရည်ရွှမ်းသော အသီးအနှံများ။ဆီးပုံမှန်သွားခြင်း၊ ဆီးအရောင်ကြည်ခြင်း ဒါမှမဟုတ် အဝါရောင်ဖျော့ဖျော့ရှိခြင်း စတာတွေဟာ ရေဓာတ် ပြည့်ဝတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ဆီးအရောင်ရင့်နေရင်တော့ ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်နေနိုင်ပါတယ်။ကြက်စွပ်ပြုတ် ဒါမှမဟုတ် အမဲရိုးကို စွပ်ပြုတ်ကို ပူပူနွေးနွေးသောက်ခြင်းဟာ အရည်ဓာတ် ပြည့်ဝစေတဲ့အပြင် အားလည်းဖြစ်စေပါတယ်။ နှာပိတ်ခြင်းကို သက်သာစေပါတယ်။ ပရိုတိန်းအပြင် ဆိုဒီယမ်၊ ပိုတက်ဆီယမ် စတာတွေလည်း ပါဝင်ပါတယ်။ အဆိုပါ အာဟာရဓာတ်တွေဟာ ကိုယ်ခံစွမ်းအားကို မြင့်တက်စေပါတယ်။ အရည်ပဲ မသောက်ပဲ အသားဖတ်တွေကိုပါ စားမှ ပရိုတိန်းဓာတ် အပြည့်အဝ ရမှာ ဖြစ်ပါတယ်။တုပ်ကွေးမိနေချိန်မှာ အနားယူဖို့ ပိုမိုလိုအပ်ပါတယ်။အိပ်စက်ခြင်းဟာ သင့်ရဲ့ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။ ကိုယ်ခန္ဓာကနေ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်ရာမှာလည်း အထောက်အကူ ပြုပါတယ်။ဇင့်ဓာတ်ဟာ ကိုယ်ခံအားစနစ်အတွက် အလွန်အရေးကြီးပါတယ်။ သင့်ကိုယ်ခန္ဓာထဲမှာရှိတဲ့ သွေးဖြူဥတွေကနေ ရောဂါပိုးတွေကို တိုက်ထုတ်ရာမှာ ပါဝင်ကူညီပေးပါတယ်။ သုတေသနတွေအရ ဇင့်ဓာတ်ဟာ အအေးမိတုပ်ကွေး လက္ခဏာတွေကို လျော့ပါးသက်သာစေပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်ပိုးကို နှိမ်နင်းနိုင်တဲ့အပြင် ရောဂါပိုးတွေ ပွားများခြင်းကို ဟန့်တားပေးနိုင်ပါတယ်။ဇင့်ဓာတ်ပါတဲ့ အစားအစာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။– အသား။– ကမာကောင်။– ပဲနီလေး။– ကုလားပဲ။– ပဲကြီး။– အခွံမာသီး။– အစေ့အဆန်များ။– နို့ထွက်ပစ္စည်းများ။– ဥအမျိုးမျိုး။ဆားကို ရေနွေးနွေးမှာဖျော်ပြီး အာလုပ်ကျင်းပေးခြင်းဟာလည်ချောင်းနာခြင်းကို သက်သာစေပါတယ်။ချွဲသလိပ်တွေကိုလည်း ကင်းရှင်းစေပါတယ်။ ဆားရည်ကို ဘယ်လိုဖျော်စပ်သင့်တယ်ဆိုတာ အောက်မှာဖော်ပြထားပါတယ်။၁။ ရေကို ဆူအောင်ကျိုချက်ပါ။ အနည်းငယ် အအေးခံပါ။ ရေ ၈ အောင်စလောက်မှာ ဆားကို ဇွန်းဝက်လောက်ထည့်ပါ။၂။ အနည်းငယ်နွေးပြီး ခံတွင်းက ခံနိုင်တဲ့ အပူချိန်လောက်ရောက်ရင် လည်ချောင်းနောက်ပိုင်းလောက် ရောက်အောင် အာလုတ်ကျင်းပေးပါ။ ဆယ်စက္ကန့်ကနေ စက္ကန့်သုံးဆယ်လောက် ငုံထားပေးပါ။၃။ ထွေးထုတ်ပြီးရင် ၃-၄ကြိမ်လောက် ထပ်ငုံပါ။ ဆားရည်ကို မျိုမချပါနဲ့။ဆေးဘက်ဝင်အပင်တွေမှာ သဘာဝအလျောက် ဗိုင်းရပ်စ်ဆန့်ကျင်တဲ့၊ ဘက်တီးရီးယား နှိမ်နင်းနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဥပမာ ကြယ်ပွင့်ပုံစံလေးတွေရှိတဲ့ နာနတ်ပွင့်ကနေ တုပ်ကွေးပျောက်ဆေး oseltamivir ကို ထုတ်လုပ်ထားပါတယ်။ Oseltamivir phosphate ကို Tamiflu လို့ လူသိများပြီး တုပ်ကွေးဖြစ်ရင် မြန်မြန်သက်သာအောင်၊ တုပ်ကွေးကို ကာကွယ်နိုင်အောင် သောက်သုံးကြပါတယ်။ တခြား ဆေးဘက်ဝင်အပင်တွေနဲ့ အရွက်တွေကနေလည်း ရောဂါပိုးသေစေတဲ့၊ ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ ရှိပါတယ်။ရေနွေးကနေ ထွက်လာတဲ့ ရေနွေးငွေ့ကို ရှူရှိုက်ပေးခြင်းဟာ နှာခေါင်း၊ လည်ချောင်း၊ လေပြွန်၊ အဆုတ် စတာတွေကို ရှင်းလင်းစေပါတယ်။ ချွဲသလိပ်များကို ပျော်စေပါတယ်။ ပူနွေးပြီး စိုစွတ်တဲ့ ရေနွေးငွေ့ဟာ နှာခေါင်းတွင်းနဲ့ အဆုတ်တွင်းမှာ ရောင်ရမ်းမှုတွေကို လျော့ကျသက်သာစေပါတယ်။ဒါပေမယ့် ရေနွေးငွေ့ကို ရှူရာမှာ ပွက်ပွက်ဆူနေတဲ့ ရေမဖြစ်စေဖို့ သတိပြုရပါမယ်။ အပူမဟပ်စေဖို့ ဖြစ်ပါတယ်။ မရှူရှိုက်ခင်မှာ အပူချိန်ကို သိရှိဖို့ လိုပါတယ်။ ဆေးအဆီတချို့ကိုထည့်ပြီး ရှူရှိုက်ပေးရင် ပိုကောင်းပါတယ်။ဗိုက်ပါမကောင်းဘူးဆိုရင် အစားကို တကြိမ်စီမှာ နည်းနည်းပဲစားပါ။ ဗိုက်ပြည့်အောင် မစားပါနဲ့။ အပူအစပ် မစားပါနဲ့။ အထူးသဖြင့် ပျို့အန်ချိန်၊ ဗိုက်အောင့်ချိန်၊ ဝမ်းပျက်ချိန်တွေမှာ သတိထားရပါမယ်။ တုပ်ကွေးမိပြီး နေမကောင်းဖြစ်ချိန်မှာ အစာကြေလွယ်ပြီး အားဖြစ်စေမယ့် အစားအစာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။– ကွေကာအုပ်။– ဆန်ပြုတ်။– စွပ်ပြုတ်။– အာလူးပြုတ်။– ကြက်သားပြုတ်။– ဓာတ်ဆားကြွယ်ဝသော ဖျော်ရည်များ။ဗိုက်မကောင်းချိန်မှာ မစားသုံးသင့်သော အစားအစာများကတော့။– ဒိန်ခဲ။– ကဖိန်း။– အပူအစပ်များ။– ကြော်ထားသော စားစရာများ။– အဆီများသော စားစရာများ။– အရက် စတာတွေ ဖြစ်ပါတယ်။[embed-health-tool-bmr]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/natural-flu-remedies/
ခေါက်ဆွဲပြုတ်တွေက ဆံပင်ဖြူစေ တတ်သလား။
ငယ်ငယ်က ခေါက်ဆွဲပြုတ်တွေ စားပြီဆိုရင် လူကြီးတွေက မစားရဘူး။ ဆံပင်တွေ ဖြူမယ်ဆိုပြီး ဆူတာခံရဖူးမှာပါ။ ကြီးလာတော့လည်း ညဘက်စားစရာမရှိရင် ခေါက်ဆွဲပြုတ်ပဲ စားရတာပါပဲ။ အဲ့လိုစားတိုင်းလည်း လူကြီးတွေဆူသလို ဆံပင်ဖြူမှာလားဆိုပြီး ကြောက်ကြောက်နဲ့ စားရတာာပေါ့။ တကယ်ပဲ ခေါက်ဆွဲပြုတ်တွေက ဆံပင်ဖြူစေ တာလား။ခေါက်ဆွဲပြုတ်အကြောင်း မပြောခင်ဆံပင်ဖြူရတဲ့ အကြောင်းကို အရင်ဆုံး ပြောပြပါ့မယ်။ အဲ့တာမှ ခေါက်ဆွဲပြုတ်နဲ့ ဆိုင်မဆိုင် တွေးကြည့်လို့ ရမှာပါ။အသက်ကြီးလာရင် ဆံပင်ဖြူတာက မထူးခြားပေမယ့် အသက်ငယ်ငယ်လေးနဲ့ ဆံပင်ဖြူနေပြီဆိုရင်တော့ အနည်းနဲ့ အများတော့ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။အရွယ်မတိုင်ခင် ဆံပင်ဖြူရတဲ့ အကြောင်းရင်းတွေကတော့။ကိုယ့်မိဘတွေ၊ မောင်နှမတွေက ငယ်ငယ်လေးနဲ့ ဆံပင်ဖြူရင် ကိုယ့်မှာလည်း အရွယ်မတိုင်ခင်  ဆံပင်ဖြူနိုင်ခြေ ရှိပါတယ်။စိတ်ဖိစီးမှုများတဲ့အခါ ဆံပင်ရဲ့ ရောင်ခြယ်ပစ္စည်းကို ဖြစ်စေတဲ့ ဆဲလ်တွေ ပျက်စီးတာကြောင့် စောစောစီးစီး ဆံပင်ဖြူနိုင်ပါတယ်။ခုခံအားတုံ့ပြန်မှု မမှန်တဲ့ရောဂါတွေ (ဥပမာ ဆံပင်ကျွတ်တဲ့Alopeciaတို့၊ ခရုသင်း) မှာ ခုခံအားက ဆံပင် ကို တိုက်ခိုက်တဲ့အတွက် ဆံပင်တွေ ဖြူလာတာပါ။သိုင်းရွိုက်ဟော်မုန်း များလွန်းတာ၊ နည်းလွန်းတာတွေက အရွယ်မတိုင်ခင် ဆံပင်ဖြူတာကို ဖြစ်စေနိုင်ပါတယ်။ဗီတာမင် B6၊ ဗီတာမင် B12၊ ဘိုင်အိုတင်၊ ဗီတာမင် ဒီ၊ ဗီတာမင် အီး စတာတွေ ချို့တဲ့တာက အရွယ်မတိုင်ခင် ဆံပင်ဖြူတာကို ဖြစ်စေနိုင်ပါတယ်။ လေ့လာချက်တစ်ခုမှာ ဗီတာမင် D3၊ ဗီတာမင်  B12နဲ့ ကော့ပါးတွေ ချို့တဲ့တာက ဆံပင်ဖြူစေတယ်လို့ ဆိုပါတယ်။၂၀၁၆က အိန္ဒိယက ၂၅နှစ်အောက် လူငယ်တွေမှာ လုပ်ခဲ့တဲ့လေ့လာချက်တွေမှာလည်း Ferritin (ကိုယ်ထဲမှာ သိမ်းဆည်းတဲ့ သံဓာတ်ပုံစံ)၊ ဗီတာမင် B12နဲ့ ကောင်းတဲ့ HDL ကိုလက်စထရောတွေ နည်းတဲ့လူငယ်တွေမှာ အရွယ်မတိုင်ခင် ဆံပင်ဖြူတာကို တွေ့ရပါတယ်။ဆေးလိပ်သောက်တာက အရွယ်မတိုင်ခင် ဆံပင်ဖြူတာနဲ့ ဆက်စပ်နေပါတယ်။ ဆေးလိပ်သောက်တာကြောင့် ဆံပင်မွေးညှင်းအိတ်တွေဆီ သွေးလည်ပတ်မှု နည်းသွားတာ၊ သူ့မှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် မွေးညှင်းအိတ်လေးတွေ ပျက်စီးပြီး ဆံပင်ဖြူတာ ဖြစ်တတ်ပါတယ်။ခေါက်ဆွဲပြုတ်စားရုံနဲ့တော့ ဆံပင်ဖြူတာမျိုး မရှိပါဘူး။ ခေါက်ဆွဲပြုတ်တွေက ဆံပင်ကို တိုက်ရိုက်ဖြူစေတာမျိုး မဟုတ်ပေမယ့် သွယ်ဝိုက်ပြီးတော့ ဆက်စပ်မှု ရှိပါတယ်။ခေါက်ဆွဲပြုတ်တွေက စားကောင်းတယ်ဆိုပေမယ့် အာဟာရတန်ဖိုး နည်းပါးပါတယ်။ခေါက်ဆွဲခြောက်ထုပ်တွေထဲမှာ ခေါက်ဆွဲခြောက်နဲ့ အရသာမှုန့်ထုပ်တွေပဲ ပါပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေ မပါပါဘူး။ဒါကြောင့် ခေါက်ဆွဲခြောက်တွေကို ခဏခဏစားမယ်ဆိုရင် တခြားအာဟာရရှိတာတွေ မစားဖြစ်ဘဲ ဆံပင်ဖြူတာနဲ့ ဆက်စပ်နေတဲ့ဗီတာမင်တွေ ချို့တဲ့လာတာပါ။ ဒါဆိုရင်တော့ ဆံပင်ဖြူနိုင်ပါတယ်။ခေါက်ဆွဲပြုတ်စားတာ ဆံပင်မဖြူဘူးဆိုပြီး ခဏခဏတော့ မစားသင့်ပါဘူး။ ခဏခဏ စားရင် ခုနကပြောသလို ရေရှည်မှာ အာဟာရချို့တဲ့ပြီး ဆံပင်ဖြူလာမှာပါ။ဗီတာမင်တွေ ချို့တဲ့တာက ဆံပင်ဖြူတာတင် မဟုတ်ဘဲ တခြားကျန်းမာရေးပြဿနာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ဒါ့ပြင် အဆီများ၊ အငန်များတဲ့အတွက် ခဏခဏစားမယ်ဆိုရင် အဝလွန်တာ၊ နှလုံး၊ သွေးတိုး၊ ဆီးချိုတို့လို နာတာရှည်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ခေါက်ဆွဲပြုတ်တွေ အစားများပြီး ဆံပင်ဖြူနေပြီဆိုရင် ခေါက်ဆွဲပြုတ်စားတာကို ခဏရပ်လိုက်ပါ။ အာဟာရပြည့်ဝပြီး ဗီတာမင်ကြွယ်ဝတဲ့ အစားအစာတွေကို ပြန်စားပါ။ နေ့စဉ် အသီးအရွက် အသားငါး ပါအောင်စားပါ။ လိုအပ်ရင် ဗီတာမင်အစုံပါတဲ့ အားဆေးတစ်မျိုး မှီဝဲပါ။ကံကောင်းတာက အာဟာရချို့တဲ့လို့ ဆံပင်ဖြူတာက အာဟာရပြန်ပြည့်လာရင်နဂိုဆံပင်အရောင်ပြန်ရနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ဖြူလက်စနဲ့ မထူးပါဘူး ဆက်စားမယ်ဆိုတာမျိုး မလုပ်ဖို့ လိုပါတယ်။ခေါက်ဆွဲပြုတ်စားတာနဲ့ ပတ်သက်ပြီး သိချင်တာတွေ ရှိရင်လည်း အောက်ကမှတ်ချက်ဆိုတဲ့နေရာမှာ မေးမြန်းခဲ့နိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/does-instant-noodle-cause-premature-grey-hair/
သားဥအိမ်ကင်ဆာနဲ့ ပတ်သက်တဲ့ အရေးကြီးအချက်များ
သားဥအိမ်ကင်ဆာ က အဖြစ်များတဲ့ ကင်ဆာပါ။ အထူးသဖြင့်သွေးဆုံးချိန်မှာဆို ပိုသတိထားသင့်ပါတယ်။ နောက်ကျမှသိရရင် အသက်သေဆုံးနိုင်သည်အထိ ပြင်းထန်တဲ့ ကင်ဆာပဲ ဖြစ်ပါတယ်။ စောစောစီးစီး မသိလိုက်ဘူးဆိုရင် သားဥအိမ်ကကင်ဆာဆဲလ်တွေက တင်ပဆုံကွင်းနဲ့ ဝမ်းခေါင်းထဲကို ပြန့်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် သားဥအိမ်ကင်ဆာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သိထားဖို့ လိုပါတယ်။သားဥအိမ်ကင်ဆာကသားအိမ်ခေါင်းကင်ဆာလို သားအိမ်ခေါင်းအချွဲ စစ်ဆေးတာတို့၊ HPV ကာကွယ်ဆေးထိုးတာတို့ မရှိပါဘူး။ သူ့မှာရှိတာကမျိုးဗီဇပါ။ ဒီထဲမှာ အရေးကြီးဆုံးကBRCA geneပါ။ဥပမာ ပြောရရင် မိမိမှာ BRCA 1 gene ပါနေရင်ရင်သားကင်ဆာဖြစ်နိုင်ခြေ ၉၀%နဲ့သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေ၅၀% ရှိပါတယ်။ ခုစစ်လို့ မရှိရင်တောင်  နောက်ရှိလာနိုင်တယ်။ ဒါကြောင့် ဒီမျိုးဗီဇရှိနေတဲ့ အမျိုးသမီးတွေက ကြိုပြီးတော့ ရင်သားခွဲစိတ်တာ၊ သားဥအိမ်ထုတ်တာတွေ လုပ်ကြတာပါ။ ဆိုလိုတာက ကင်ဆာဖြစ်လာနိုင်တဲ့ ရင်သားတွေ၊ သားဥအိမ်တွေကို ကြိုရှင်းထားတဲ့ သဘောပါ။မင်းသမီးကြီး အိန်ဂျလီနာဂျိုလီမှာ ဒီမျိုးဗီဇပါပါတယ်။ သူ့မိခင်ကလည်း ရင်သားကင်ဆာဖြစ်ဖူးပါတယ်။ ဒါကြောင့် အန္တရာယ်ကြိုရှင်းထားတဲ့အနေနဲ့ သူ့ရင်သားကိုရော၊ သားဥအိမ်ကိုပါ ထုတ်ထားလိုက်ပါတယ်။ ဒါကြောင့် သူရဲ့ ကင်ဆာဖြစ်နိုင်ခြေက မရှိသလောက် ဖြစ်သွားပါပြီ။အများစု ထင်ကြတာက အမေမှာ သားဥအိမ်ကင်ဆာရှိရင် သမီးမှာလည်း ဖြစ်နိုင်တယ်ဆိုတာပါ။ ဒါကလည်း မှန်ပေမယ့် မိသားစုရာဇဝင်ဆိုတာ ဒီထက်ပိုပါတယ်။ မိခင်အပြင် ဖခင်ဘက်က ရာဇဝင်ကိုပါ သိထားဖို့ လိုပါတယ်။ အဖေဘက်က အဒေါ်၊ ကြီးတော်၊ အဘွားစတာတွေမှာလည်း ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာဖြစ်ဖူးတဲ့သူ ရှိမရှိဆိုတာက အရေးကြီးပါတယ်။သားဥအိမ်ကင်ဆာ က ကုသလို့ရတယ်ဆိုပေမယ့် အချိန်တော့ ယူရပါတယ်။ ဒါကြောင့် စောစောသိရင် ပိုကောင်းပါတယ်။ စောစောသိတဲ့အခါ ကုသရတာ ပိုလွယ်သလို စရိတ်စကလည်း ပိုသက်သာပါတယ်။ကင်ဆာရောဂါတွေကို ကုသပေမယ့် ရလဒ်မကောင်းရတဲ့ အကြောင်းရင်းက နောက်ကျမှ ရောက်လာလို့ပါတဲ့။ တကယ်တမ်း ဆရာဝန်နဲ့ တွေ့ပြီး စကုတဲ့အချိန်မှာ  ကင်ဆာက အနီးအနား ဒါမှမဟုတ် ခပ်ဝေးဝေးက အစိတ်အပိုင်းတွေကို ပြန့်နှင့်ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ကြိုတင်စစ်ဆေးခြင်းScreeningက အရေးကြီးပါတယ်။လက္ခဏာမရှိခင်တည်းက ပုံမှန်စစ်ဆေးနေမယ်ဆိုရင် အကျိတ်တည်စမှာ စတွေ့ပြီး စကုလို့ရပါတယ်။ ဘယ်လိုမျိုးတွေ စစ်ဆေးသင့်တယ်ဆိုတာကိုတော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ ဆွေးနွေးတာ အကောင်းဆုံးပါပဲ။သားဥအိမ်ကင်ဆာ ကို ”အသံတိတ်ကင်ဆာ”လို့ ခေါ်ကြပါတယ်။ တခြားမီးယပ်ကင်ဆာတွေကို ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာမျိုးက ရှားပါတယ်။ သူ့မှာ ဖြစ်တတ်တာက။-လေပွတာ၊ ဗိုက်ဖောင်းတာ။-နည်းနည်းလေး စားလိုက်တာနဲ့ ရင်ပြည့်တာ။-ဆီးခဏခဏ သွားချင်တာ စတာတွေ ခံစားရပါတယ်။ဒီလက္ခဏာတွေက ရုတ်တရက်ဆို သားဥအိမ်ကင်ဆာလို့ ထင်မိမှာ မဟုတ်ပါဘူး။ ဒါတွေက သားဥအိမ်ကင်ဆာမှာလည်း ဖြစ်နိုင်တယ်ဆိုတာကို သိထားတာက ရောဂါကို သတိပြုမိစေပါတယ်။ ဒီလက္ခဏာတွေကို မကြာခဏ ခံစားနေရတယ်။ တစ်လကို ၁၂ကြိမ်လောက် ခံစားရမယ်။ အစားအသောက်ပြောင်းလည်း မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြဖို့ လိုပါပြီ။ကင်ဆာဆိုတိုင်း စိတ်ဓာတ်ကျစရာ မလိုပါဘူး။ အထူးသဖြင့် သားဥအိမ်ကင်ဆာ ကုသနည်းတွေက ဒီနှစ်ပိုင်းမှာ အင်မတန်တိုးတက်လာခဲ့ပါတယ်။ ခွဲစိတ်နည်းတွေ၊ ဆေးဝါးတွေက ပိုပြီးကောင်းမွန်လာတဲ့အတွက်အသက်ရှင်နှုန်းတွေလည်း တိုးလာပါတယ်။ အထူးသဖြင့် စောစောသိပြီး ကုသမယ်ဆိုရင်တော့ ပိုပြီးရလဒ်ကောင်းနိုင်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/ovarian-cancer/important-facts-about-ovarian-cancer/
ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းကြောင့် ကျန်းမာရေးထိခိုက်ခြင်း
ကျွန်တော်တို့လူသားများရဲ့ကျန်းမာရေးကိစ္စအ၀၀ကို ကြိုးကိုင်ထားတဲ့ အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ ကမ္ဘာလုံးဆိုင်ရာရာသီဥတုပြောင်းလဲခြင်းပဲ ဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းဟာ ကျန်းမာရေးကဏ္ဍကို ဘယ်လိုလွှမ်းမိုးသက်ရောက်မှုရှိသလဲဆိုတာ ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။ရာသီဥတုပြောင်းလဲခြင်းဆိုတာကတော့ ရေရှည်ပုံစံနဲ့ ကမ္ဘာ့အပူချိန်ပြောင်းလဲလာခြင်း၊ ရာသီဥတုပုံစံများ ပြောင်းလဲလာခြင်း စတာတွေ ဖြစ်ပါတယ်။အပူချိန်ြမင့်တက်လာခဲ့ရင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ကမ်းခြေဒေသရဲ့ဂေဟစနစ်တွေပျက်စီးလာပါလိမ့်မယ်။ အရေးကြီးတဲ့ တိရစ္ဆာန်မျိုးစိတ်နဲ့ အပင်မျိုးစိတ်တွေ ပျက်စီးရင် အဲဒီအပေါ်မှီခိုနေတဲ့ လူသားတွေကိုပါ ထိခိုက်မှု ဖြစ်လာပါတယ်။လူသားတွေ စက်မှုလုပ်ငန်းတိုးတက်လာတာနဲ့အမျှ ပတ်ဝန်းကျင်အပေါ်စွန့်ပစ်ပစ္စည်းတွေအများအပြား စွန့်ထုတ်လာပါတယ်။ လောင်စာများ ပိုမိုလောင်ကျွမ်းပြီးကာဗွန်ဒိုင်အောက်ဆိုဒ်အပါအဝင် မှန်လုံအိမ်အာနိသင်ကို ဖြစ်ပေါ်စေတဲ့ တခြားဓါတ်ငွေ့တွေ ပိုမိုထွက်ရှိလာပါတယ်။ အဲဒီအခါ ကမ္ဘာ့အောက်ခြေလေထုဟာ ယခင်ထက်ပူနွေးပြီး ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းတွေ ဖြစ်ပေါ်လာပါတယ်။လေထုညစ်ညမ်းခြင်း၊သောက်သုံးရေမသန့်ရှင်းခြင်း၊ ဘေးကင်းစိတ်ချရသောအစားအစာများ ချို့တဲ့လာခြင်း စတာတွေဟာ ကျန်းမာရေးပြဿနာများရဲ့ ရင်းမြစ်ဖြစ်ပါတယ်။ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းဟာ လူသားတွေရဲ့ကျန်းမာရေးအပေါ် သိသိသာသာ ထိခိုက်နိုင်ပါတယ်။ကူးစက်ရောဂါတွေပျံ့နှံ့စေခြင်း၊ စိတ်ကျန်းမာရေးပြသနာ ပိုမိုဆိုးရွားလာခြင်း စတာတွေအပါအဝင် ပြသနာပေါင်းစုံကို ဦးတည်လာစေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ အပူချိန်မြင့်တက်လာခြင်းကြောင့် ဖြစ်ပါတယ်။အပူချိန်လွန်ကဲစွာ မြင့်မားလာခြင်းနဲ့ မကြာခဏရေကြီးရေလျှံခြင်းဟာ ရောဂါတွေ၊ ထိခိုက်ဒဏ်ရာရခြင်းတွေကို ပိုမိုဆိုးရွားလာစေတယ်လို့ ဥရောပပညာရေးသိပ္ပံဆိုင်ရာ အကြံပေးအဖွဲ့ (EASAC) က ဆိုပါတယ်။ဒါ့အပြင် EASAC အဖွဲ့ရဲ့ အစီရင်ခံစာအရ အောက်ပါအကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ရာသီဥတုအခြေအနေဟာငှက်ဖျားရောဂါအပေါ် သက်ရောက်မှုရှိပါတယ်။ ငှက်ဖျားရောဂါဖြစ်စေတဲ့ အနောဖလိခြင်ဟာ နှစ်စဉ် လူလေးသိန်းခန့်ကို သေဆုံးစေပြီး ပူနွေးတဲ့နေရာမှာ ပိုမိုပေါက်ပွားပါတယ်။လာမယ့် ဆယ်စုနှစ်အတွင်းမှာ ကမ္ဘာ့နေရာအသီးသီးက အပူချိန်တွေဟာ လက်ရှိပျမ်းမျှအပူချိန်ထက် ၁.၅ ဒီဂရီဆဲလ်စီးယပ်မြင့်မားလာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီပမာဏကို ရောက်လာတဲ့အခါ ကမ္ဘာ့လူဦးရေ သန်း ၃၅၀ ခန့်ဟာ အပူဒဏ်ကို ထိခိုက်ခံစားရပြီး အလုပ်လုပ်ကိုင်နိုင်စွမ်းပါ ကျဆင်းလာစေမယ်လို့ သိရပါတယ်။ ၂၀၀၃ ခုနှစ် ဥရောပမှာ အပူလှိုင်းဖြတ်စဉ်ကလည်း လူပေါင်း ၇၀၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ဝတ်ဆံဝတ်မှုန်များနဲ့ ညစ်ညမ်းလေထုထဲက ဓါတ်မတည့်ပစ္စည်းများဟာလည်း အပူချိန်မြင့်လာရင် ပိုမိုများပြားလာပြီး ပန်းနာရင်ကျပ်ရောဂါကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ကမ္ဘာတလွှားမှာ လူပေါင်း သန်း ၃၀၀ ကျော်ကို ဒုက္ခပေးနေတဲ့ ရောဂါဖြစ်ပါတယ်။WHO အဖွဲ့ကြီးရဲ့အဆိုအရ သက္ကရာဇ် ၂၀၃၀ ကနေ ၂၀၅၀ အတွင်း ရာသီဥတုပြောင်းလဲမှုနဲ့ဆက်နွယ်ပြီး တစ်နှစ်ကို လူပေါင်း ၂သိန်းခွဲခန့် ပိုမိုသေဆုံးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။အာဟာရချို့တဲ့ခြင်း၊ ငှက်ဖျား၊ဝမ်းပျက်ခြင်း၊ အပူဒဏ်ခံရခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။အားလုံးဝိုင်းဝန်းဖြေရှင်းရမယ့် ကိစ္စဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမယ့်၊ ဖန်လုံအိမ်အာနိသင်ကိုဖြစ်ပေါ်စေမယ့် ကိစ္စရပ်တွေကို ရှောင်ရှားရပါမယ်။ စွမ်းအင်ကို ချွေတာသုံးခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှုကို လျှော့ချခြင်း စတာတွေ ဖြစ်ပါတယ်။ ကျန်းမာရေးဌာနများမှ အခါအားလျော်စွာ ထုတ်ပြန်တဲ့ သတင်းနဲ့ညွှန်ကြားချက်တွေကိုလိုက်နာသင့်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%80%e1%80%99%e1%82%93%e1%80%ac%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%9b%e1%80%ac-%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%a5%e1%80%90%e1%80%af/
ဆံသားနဲ့ဦးရေပြား ကို ထိန်းသိမ်းပါ
ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယ မျက်နှာပါ။ လှပမှုအတွက်မျက်နှာလေး လှပဖို့လိုသလိုဆံသား ကျန်းမာသန်စွမ်းဖို့လည်း လိုပါမယ်။ ဆံသား ကျန်းမာသန်စွမ်းဖို့ ဆိုတဲ့နေရာမှာလည်း ဆံသားနဲ့ဦးရေပြား ကျန်းမာရေးကို စောင့်ရှောက်ဖို့ လိုပါမယ်။ဒီတစ်ခေါက်တော့ ကျန်းမာတဲ့ ဦးရေပြားနဲ့ သန်စွမ်းလှပတဲ့ ဆံသားရရှိစေဖို့ ဘယ်လို ဂရုစိုက်ရမလဲ ဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ဆံသားနဲ့ဦးရေပြား ကိုလည်းမျက်နှာအသားအရေလိုပဲ စောင့်ရှောက်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါမယ်။ အကြောင်းကတော့ ဦးရေပြား ကျန်းမာမှ ဆံသားလည်း ကျန်းမာမှာပါ။ ဒါကြောင့် ဦးရေပြားနဲ့ ဆံသား ကျန်းမာစေဖို့ဆိုရင်။ခေါင်းပုံမှန်လျှော်ပါ ဆိုတာက နေ့တိုင်း ခေါင်းလျှော်ဖို့ ပြောတာမဟုတ်ပါဘူး။ ဆံပင်တွေနဲ့ဦးရေပြားကို တစ်ပတ် ၂ ကြိမ်လောက် ပုံမှန် လျှော်ပေးဖို့ပါ။ ဒါမှ ဦးရေပြား ကျန်းမာပြီး ဆံသား သန်စွမ်းစေမှာပါ။ခေါင်းကို အလွန်အကျွံလျှော်တာမျိုးကလည်း ဦးရေပြားနဲ့ဆံသားကို ထိခိုက်စေနိုင်တာကြောင့် တစ်ပတ်ကို ၂ ကြိမ် ကနေ ၃ ကြိမ်က အသင့်တော်ဆုံးပါ။ခေါင်းလျှော်ဖို့အတွက် ခေါင်းလျှော်ရည် အသုံးပြုတဲ့အခါ ဓာတုပစ္စည်းတွေနဲ့ ထုတ်ထားတဲ့ ခေါင်းလျှော်ရည်တွေက ဆံသားတွေမှာ အဆီမကျန်အောင် ပြောင်စင်သွားတယ်လို့ ထင်ရပေမယ့် ဆံသားနဲ့ ဦးရေပြားကို ထိခိုက်စေနိုင် ပါတယ်။ဒါကြောင့် ခေါင်းလျှော်တဲ့အခါ ရံဖန်ရံခါ သဘာဝ ခေါင်းလျှော်ရည်ကို သုံးပါ၊ တလျှော်ကင်ပွန်းသီးလိုမျိုး သဘာဝခေါင်းလျှော်ရည်ကို သုံးလို့ရသလို သဘာဝပစ္စည်းတွေကနေ ထုတ်ထားတဲ့ ခေါင်းလျှော်ရည်မျိုးဆိုလည်း အဆင်ပြေပါတယ်။မျက်နှာပေါ်က ဆဲလ်သေတွေကိုပဲ ဖယ်ရှားဖို့ လိုအပ်တာ မဟုတ်ပါဘူး။ သန်စွမ်းလှပတဲ့ ဆံသား ရရှိစေဖို့အတွက် ဦးရေပြား ကျန်းမာစေဖို့ ဦးရေပြားက ဆဲလ်သေတွေကို ဖယ်ရှားဖို့ လိုပါမယ်။ဒါမှ ဦးရေပြားကလိုအပ်တဲ့ အာဟာရကို ပြည့်ဝစွာ စုပ်ယူနိုင်ပြီး သွေးစီးဆင်းမှု ကောင်းစေမှာပါ။ ဒါကြောင့် ဦးရေပြားက ဆဲလ်သေတွေကို တစ်ပတ်တစ်ခါ ပုံမှန် ဖယ်ရှားဖို့ လိုပါမယ်။ဦးရေပြားကို နှိပ်နယ်တာက သွေးစီးဆင်းမှု ကောင်းစေပြီး ဆံသားတွေကို ကျန်းမာသန်စွမ်းစေဖို့ အကောင်းဆုံး အထောက်အပံ့ ပေးနိုင်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်ခါနီးတိုင်း ဒါမှမဟုတ် တစ်ပတ်ကို ၃ ကြိမ်လောက်ဦးရေပြားကို ပုံမှန် နှိပ်နယ်ပေးပါ။ဆံသားနဲ့ ဦးရေပြားအတွက် လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝဖို့ကလည်း ဆံသားနဲ့ဦးရေပြား ကျန်းမာစေဖို့အတွက် လိုအပ်တဲ့ အချက်တစ်ခုပါ။ ဒါကြောင့် ဆံသားနဲ့ဦးရေပြားကိုလည်းသဘာဝအဆီတွေလိမ်းတာကစလို့ အခြားသော အာဟာရဖြည့် ပစ္စည်းတွေ အသုံးပြုတာတွေကို ပုံမှန် လုပ်ပေးပါ။ဆံပင်ကို လျှော်ပြီးတဲ့အခါdryerနဲ့ အခြောက်ခံတာက ဆံသားကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ ဆံပင်ကို သဘာဝအတိုင်း အခြောက်ခံပေးပါ။Dryerသုံးမယ်ဆိုရင်လည်း ဆံပင်နဲ့ ၆ လက်မ ခွာပြီး မှုတ်ပါ။ အပူချိန် မပြင်းပါစေနဲ့။ခေါင်းလျှော်ပြီးတဲ့အခါ ရေစင်အောင်ဆိုပြီး တဘက်တွေနဲ့ ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်း သုတ်လေ့ရှိပါတယ်။ ဒီလို လုပ်တာက ဆံသားတွေကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ဆံပင်တွေကို ခပ်ကြမ်းကြမ်း မသုတ်ပါနဲ့။ဆံသား နဲ့ ဦးရေပြားဟာလည်း အသားအရေလိုပဲ ထိန်းသိမ်းဖို့ လိုတာကြောင့် အပေါ်က အချက်တွေကို သေချာလေး လိုက်နာဖို့ လိုပါမယ်။ ဒါမှ ဗောက်ထတာ၊ ဆံပင်ကျွတ်တာ အပါအဝင် ဆံသားနဲ့ဦးရေပြားပြဿနာကင်းမှာပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/scalp-care-tips/
နွေရာသီမှာ ခန္ဓာကိုယ်လေး အေးမြစေဖို့ ဒါတွေစားပါ
နွေရာသီမှာ အေးမြခြင်းက အတော်လေးကို တန်ဖိုးရှိပါတယ်။ နွေရာသီမှာ ကိုယ်တွင်းက အပူချိန် မြင့်တက်မှုကြောင့်လည်း အရမ်းပူတယ်လို့ ခံစားရတာပါ။ ဒီလို အရမ်းပူတာကို သက်သာစေဖို့ဆိုရင်ကိုယ်တွင်းအပူချိန်ကို လျှော့ချနိုင်ဖို့က အတော်လေး အရေးကြီးပါတယ်။ ဒီလို လျှော့ချတယ်ဆိုတဲ့နေရာမှာ ချည်သားပွပွချောင်ချောင်လေးတွေ ဝတ်တာ၊ လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ နေတာ၊ အရမ်းပူနေချိန်မှာ နားနားနေနေ နေတာတွေ ပါသလို အစားအသောက်ကလည်း အရေးပါတဲ့ ကဏ္ဍတစ်ခုကနေ ပါဝင်နေပါတယ်။ ဒီတော့ နွေရာသီမှာ ခန္ဓာကိုယ်လေး အေးမြစေဖို့ ဘာတွေ စားပေးသင့်လဲဆိုတာကို ဝေမျှပေးချင်ပါတယ်။နွေရာသီမှာ ပြင်ပက အပူချိန် မြင့်တက်မှုနဲ့ လေထုထဲမှာ စိုထိုင်းဆ များတာကြောင့် အပူချိန်ကိုပြင်းပြင်းထန်ထန် ခံစားရတာပါ။ ရောဂါအခြေအနေတွေနဲ့ သောက်သုံးနေတဲ့ ဆေးဝါးတွေကြောင့်လည်း ခန္ဓာကိုယ်မှာ ပူတာကို ခံစားရနိုင်ပါတယ်။ ဒီတော့ အပူချိန် ပိုတဲ့ နွေရာသီမှာ ခန္ဓာကိုယ်လေး အေးမြစေဖို့ ဆိုရင် ဒါလေးတွေ စားပေးလို့ ရပါတယ်။ရေဓာတ် လုံလောက်မှုကို ကိုယ်ခံအား ကောင်းစေနိုင်သလို ခန္ဓာကိုယ်မှာလည်း အပူသက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် နွေပူနေချိန်မှာ ရေများများ သောက်ပါ။ တစ်နေ့ကို ရေ ၂ လီတာနဲ့ အထက် သောက်ဖြစ်အောင် ဂရုစိုက်ပါ။ ရေဆာမှ သောက်တာမျိုး မဟုတ်ဘဲ သတိတရ သောက်ပေးပါ။အုန်းစိမ်းရည်က နွေရာသီနဲ့ အတော်လေး လိုက်ဖက်တဲ့ သောက်စရာ တစ်မျိုးပါ။ နွေပူနေချိန်မှာ ချိုချိုအေးအေးလေးနဲ့ အပူသက်သာစေဖို့ လုပ်ဆောင်ပေးပါတယ်။ ခန္ဓာကိုယ်ကို ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေ ဖြည့်ပေးပြီး အပူချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ ဒါကြောင့် နွေပူနေချိန်မှာ အပူသက်သာချင်တယ်ဆိုရင် အုန်းစိမ်းရည် ချိုချိုအေးအေးလေး သောက်ပေးလို့ ရပါတယ်။ဒိန်ချဉ်က ပရိုဘိုင်အိုတစ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝသလို ခန္ဓာကိုယ်အပူချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ တစ်နေ့ကို တစ်ခွက်လောက် ပုံမှန် သောက်ပေးမယ်ဆိုရင် နွေပူနေချိန်မှာ အပူကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်နိုင်မှာပါ။အေး​မြတဲ့ သဘာဝရှိတဲ့ရှားစောင်းလက်ပပ်ကလည်း နွေရာသီမှာ ခန္ဓာကိုယ် အေးမြစေဖို့ ကူညီပေးပါတယ်။ ရှားစောင်းလက်ပပ် ဂျယ်လီသားကို သခွားသီး၊ ပူဒီနံ၊ သံပုရာသီးတို့နဲ့ ရောကြိတ်ပြီး သောက်ပေးလို့ ရပါတယ်။ တစ်နေ့ကို တစ်ခွက်လောက် သောက်ပေးရင်ကို အဆင်ပြေပါတယ်။အိန္ဒိယ အစားအစာတွေမှာ တွေ့ရတတ်တဲ့ပူဒီနံက ကိုယ်တွင်းအပူချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ တို့စားလို့ ရသလို သံပုရာသီးနဲ့ ရောကြိတ်ပြီး သောက်လို့လည်း ရပါတယ်။ဒါကတော့ ထွေထွေထူးထူး ပြောစရာ မလိုအောင်ကို သိထားပြီး ဖြစ်မှာပါ။ ရေဓာတ်ကြွယ်ဝတဲ့ဖရဲသီးက နွေနေ့လယ်ခင်းတွေမှာ ခံတွင်း အတွေ့ဆုံး စားစရာ ဖြစ်သလို ခန္ဓာကိုယ် အပူချိန်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဖျော်သောက်လို့ ရသလို ဒီအတိုင်း စားလို့လည်း ရပါတယ်။ ဖရဲသီးမှာ ရေဓာတ် ၉၂% အထိပါဝင်နေတဲ့ ဖရဲသီးလေးက နွေပူပူမှာ ကိုယ်အပူချိန်ကို ထိန်းညှိပေးဖို့ လုပ်ဆောင်ပေးမှာပါ။ဖရဲသီးလိုပဲသခွားသီးကလည်း ရေဓာတ်ပါဝင်မှု များပါတယ်။ ဝမ်းမှန်စေနိုင်သလို နွေပူချိန်မှာလည်း ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပါတယ်။ သခွားသီးကို တို့စားလို့ ရသလို သုပ်စားတာမျိုးလည်း ရပါတယ်။ ရေဓာတ် ၉၅% အထိ ပါဝင်နေတဲ့ သခွားသီးက ခန္ဓာကိုယ်မှာ ရေဓာတ် ပြည့်ဝစေပြီး အပူချိန်ကို လျှော့ချပေးနိုင်မှာပါ။သံပုရာရည်ကဗီတာမင် Cကြွယ်ဝပြီး ကိုယ်တွင်းအပူချိန်ကို လျှော့ချပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင် ပမာဏ တိုးစေဖို့ ထောက်ကူပေးပါတယ်။ နွေပူနေချိန်မှာ လန်းဆန်းစေပြီး ခန္ဓာကိုယ်ကို အင်အား ပြည့်ဝစေဖို့ ထောက်ကူပေးပါတယ်။ သံပုရာရည်ကို သကြား နည်းနည်း၊ ဆားနည်းနည်းနဲ့ ဖျော်သောက်ပေးလို့ ရပါတယ်။ကြက်သွန်နီက ခန္ဓာကိုယ်ကို အေးမြစေဖို့ ထောက်ကူပေးပါတယ်။ အပူလျှပ်တာကို ကာကွယ်ပေးနိုင်သလို ခန္ဓာကိုယ်ကို အေးမြစေဖို့လည်း ထောက်ကူပေးပါတယ်။ ကြက်သွန်နီကို သုပ်စားလို့ ရသလို ဟင်းအနှစ်အဖြစ်လည်း ချက်စားကြပါတယ်။ရေဓာတ် ကြွယ်ဝတဲ့ တရုတ်နံနံက နွေရာသီမှာ ကိုယ်တွင်းအပူချိန်ကို လျော့ကျစေဖို့ ထောက်ကူပေးပါတယ်။ တရုတ်နံနံမှာ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ကယ်လ်ဆီယမ်နဲ့ ဇင့်တို့ ပါဝင်နေသလို ရေဓာတ်လည်း ကြွယ်ဝတာကြောင့် အပူချိန်ကို လျှော့ချပေးဖို့ ထိထိရောက်ရောက် အားဖြည့်ပေးနိုင်မှာပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/foods-that-lower-body-temperature/
ဂျပန်ဦးနှောက်ရောင်ရောဂါ အကြောင်း သိသင့်သမျှ
ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese encephalitis) ဆိုတာ Culex ဆိုတဲ့ ခြင်မှတဆင့် ကူးစက်ပြန့်ပွားနိုင်ပြီး ဦးနှောက်တွင်းရောဂါပိုးပျံ့နှံ့စေတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ အရှေ့တောင်အာရှ၊ ပစိဖိတ်ကျွန်းတွေနဲ့ ကမ္ဘာ့ အရှေ့ဖျားနိုင်ငံတွေရဲ့ကျေးလက်ဒေသတွေအတွင်း ကလေးတွေမှာ အဖြစ်များဆုံးရောဂါလည်းဖြစ်ပါတယ်။ဦးနှောက်တစ်ရှူးများရောင်ရမ်းပျက်စီးခြင်းကို ဖြစ်စေနိုင်တဲ့ ဒီရောဂါဟာ ကုသနိုင်တဲ့ဆေးဝါး မရှိသေးဘဲ ပြင်းထန်တဲ့ကူးစက်မှုတွေမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်စေပြီး ထိရောက်စွာ ကုသမှုမရှိရင် အသက်ဆုံးရှုံးရတဲ့အထိ အန္တရာယ်ပေးနိုင်ပါတယ်။ အသက်ဆုံးရှုံးမှုမရှိဘဲ ပြန်ကောင်းလာတဲ့ လူနာတွေမှာလည်း တစ်ဝက်ခန့်က နားလေးခြင်း၊ မျက်စိကွယ်ခြင်း၊ ကိုယ်လက်မသန်စွမ်းခြင်း၊ ဉာဏ်ရည်နိမ့်ကျခြင်း၊ စိတ်မူမမှန်ခြင်းစတဲ့ နောက်ဆက်တွဲတွေခံစားရနိုင်ပါတယ်။ဒီဗိုင်းရပ်စ်ကို ဝက်၊ ငှက်၊ ခို၊ ဘဲ၊ လင်းနို့တို့မှာ တွေ့ရပြီး သူတို့ကိုကိုက်ခဲ့တဲ့ ခြင်ကတဆင့် လူနဲ့ နို့တိုက်သတ္တဝါတွေဆီ ပြန်ကူးစက်တာဖြစ်ပါတယ်။ ဒါ့ကြောင့် ဝက်မွေးမြူရေးနဲ့ စပါးစိုက်ခင်းတွေရှိတဲ့ ကျေးလက်ဒေသတွေမှာ ပိုအဖြစ်များတာပါ။ လူကလူကို တိုက်ရိုက်မကူးစက်နိုင်ပါဘူး။ဂျပန်ဦးနှောက်ရောင်ရောဂါပိုးကူးစက်ခံရသူဟာ လက္ခဏာလုံးဝမပြဘဲလည်းရှိနိုင်ပါတယ်။ တကယ်လို့ လက္ခဏာပြရင်လည်း ကူးစက်ခံရပြီး ၅ ရက်ကနေ ၁၅ ရက်အတွင်းမှ သိသာလာမှာဖြစ်ပါတယ်။ သိပ်မပြင်းထန်တဲ့ကူးစက်မှုမျိုးမှာ အဖျားရှိပြီးခေါင်းကိုက်ရုံသာဖြစ်ပေမယ့်ပြင်းထန်တယ်ဆိုရင် ရောဂါလက္ခဏာက မြန်မြန်ဆန်ဆန်ပိုဆိုးရွားလာနိုင်ပါတယ်။ရောဂါလက္ခဏာတွေကတော့ –။အသက်မဆုံးရှုံးတဲ့လူနာတွေမှာလည်း လက္ခဏာတွေက တဖြည်းဖြည်းချင်းပဲ ကောင်းမွန်လာလေ့ရှိပါတယ်။ အပြည့်အဝပြန်လည်ကျန်းမာလာဖို့ လပေါင်းများစွာကြာမြင့်တတ်ပြီး အသက်ရှင်ကျန်နိုင်သူ တစ်ဝက်လောက်ကဦးနှောက်ထိခိုက်မှုကို တစ်သက်တာခံစားရတာမျိုးရှိနိုင်ပါတယ်။ စကားပြောတဲ့အခါ အသံလေးပြီး မပီသခြင်း၊ အသံမထွက်တော့ခြင်း၊ ကိုယ်အင်္ဂါမသန်စွမ်းတော့ခြင်းတို့လို အသက်မသေပေမယ့် ကိုယ်အင်္ဂါအစိတ်အပိုင်းတခု ချို့ယွင်းမှုတွေ ကျန်ရစ်စေခဲ့နိုင်ပါတယ်။အသက်ရှင်နိုင်တဲ့ရာခိုင်နှုန်းကတော့ တစ်ယောက်နဲ့ တစ်ယောက်မတူကြပေမယ့် ရောဂါလက္ခဏာပြင်းထန်တဲ့သူ သုံးဦးမှာ တစ်ဦးနှုန်းအထိ အသက်ဆုံးရှုံးရနိုင်ခြေရှိပါတယ်။အာရှဒေသကို လာရောက်တဲ့သူတွေမှာ ဂျပန်ဦးနှောက်ရောင်ရောဂါ ကူးစက်ခံရနိုင်ခြေပိုများပါတယ်။ အဓိကကတော့ကျေးလက်ဒေသကို သွားမယ်ဆိုရင်၊ အပြင်မှာပဲနေတာများတယ်ဆိုရင်၊ ခရီးရက်ရှည်ထွက်မယ်ဆိုရင် ပိုသတိထားဖို့လိုပါတယ်။နွေရာသီနဲ့ဆောင်းဦးတို့မှာ လူကိုကူးစက်နိုင်ခြေပိုများပြီး အပူပိုင်းနဲ့ သမပိုင်းဒေသတွေမှာတော့ တစ်နှစ်တာလုံး တိရစ္ဆာန်တွေမှာ ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်လာနိုင်တဲ့အန္တရာယ်ရှိပါတယ်၊ အထူးသဖြင့်မိုးတွင်းကာလပါ။အဓိကနည်းလမ်းက နှစ်ခုပဲရှိပါတယ် –။(၁) ကာကွယ်ဆေးထိုးတာ။ဂျပန်ဦးနှောက်ရောင်ရောဂါအတွက်က ကုသနိုင်တဲ့ဆေးဝါးမရှိသေးပေမယ့် ကလေးတွေကို ကာကွယ်ဆေးထိုးလို့ရနိုင်ပါတယ်။ အခုဆိုရင် အသက် ၉ လကနေ ၁၅ နှစ်အတွင်းတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံရေးအစီအစဉ်မှာဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကို ထည့်သွင်းထားပြီဖြစ်ပါတယ်။(၂) ခြင်မကိုက်အောင် ကာကွယ်ပါ။ဒီရောဂါအတွက် ကုသမှုမရှိသေးတာမို့ ကြိုတင်ကာကွယ်တာပဲ အကောင်းဆုံးပါ။ ကူးစက်ခံခဲ့ရရင် ဆေးရုံတင်တာ အနီးကပ်ကြည့်ရှုစောင့်ရှောက်မှုပေးတာနဲ့ အနီးကပ်ကုသတာတွေတော့လိုအပ်ပါတယ်။လက္ခဏာကို လျော့ပါးသက်သာအောင်ပဲ ကုသပေးတာဖြစ်ပြီး အနားယူခိုင်းတာ၊ ရေဓာတ်ဖြည့်တာ၊ အဖျားကျအောင် ဆေးပေးတာ၊ အကိုက်အခဲပျောက်ဆေးပေးတာတွေက သက်သာစေနိုင်ပါတယ်။ လေ့လာချက်တွေအရတော့ လူနာ ၂၀ ကနေ ၃၀ % ကတော့ သေဆုံးနိုင်ခြေရှိပါတယ်။ဖျားပြီးနောက်မှာ တချို့ လက္ခဏာတွေပြန်သက်သာကောင်းသက်သာနိုင်ပေမယ့် ၂၀ ကနေ ၃၀ % ကတော့ အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ ယွင်းမှုတွေခံစားရတတ်ပါတယ်။ဒါ့ကြောင့် ခြင်ပေါတဲ့ ရာသီရောက်ပြီမို့ ခြင်ပေါက်ဖွားနိုင်တဲ့၊ ရေဝပ်နိုင်တဲ့နေရာတွေကို ရိုးရှင်းတဲ့ ဖုံးသွန်လဲစစ် ဆိုတဲ့ အခြေခံအချက်လေးတွေနဲ့ ရှင်းလင်းသန့်စင်ပြီး ကာကွယ်လိုက်ပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/infections-from-insects/%e1%80%82%e1%80%bb%e1%80%95%e1%80%94%e1%80%ba%e1%80%a6%e1%80%b8%e1%80%94%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%a1%e1%80%99%e1%80%bc%e1%80%be%e1%80%b1%e1%80%b8%e1%80%9b%e1%80%b1/
ကျနေတဲ့ စိတ်ဓာတ်ကို ဆွဲတင်ကြစို့
ကျနေတဲ့ စိတ်ဓာတ်ကို ဆွဲတင်ကြစို့ ….. ဘဝဆိုတာ တိုက်ပွဲတဲ့။ လူရယ်လို့ဖြစ်လာရင် ရင်ဆိုင်ရမယ့် အနိုင်ယူရမယ့် ကျော်လွှားရမယ့်အခက်အခဲတွေက အများသားရယ်။ အမြဲစိတ်ဓာတ်တွေကျနေရင် ဘယ်လိုလုပ် ဘဝကို အဓိပ္ပါယ်ရှိရှိ ဖြတ်နိုင်တော့မှာလဲ။ ဒီတော့ စိတ်ဓာတ်ကျ (Depression) နေပြီဆိုရင် တိုက်ထုတ်လိုက်ပါ။ကျနေတဲ့ စိတ်ဓာတ်ကို ဆွဲတင်ကြစို့ ….. ဘာလို့ စိတ်ဓာတ်ကျနေတာကို လျင်လျင်မြန်မြန်တိုက်ထုတ်သင့်တာလဲဆိုရင် လူတစ်ယောက် စိတ်ဓာတ်ကျနေပြီဆိုရင် အလိုလိုနေရင်း ပျော်ရွှင်မှုတွေ ပျောက်ဆုံးကုန်သလိုဝမ်းနည်းကြေကွဲစိတ်ကြီးစိုးလာတာ၊အစားစားချင်စိတ် နည်းပါးလာတာ၊ ပတ်ဝန်းကျင်ကို ရှောင်ကျဉ်လာတာ၊ ပုံမှန်လူနေမှုဘဝနဲ့ ကင်းကွာလာတာ၊ အာရုံစူးစိုက်ရခက်ခဲလာတာနဲ့အိပ်စက်ရခက်ခဲလာတာတွေခံစားလာရပြီး ဘဝကြီးတစ်ခုလုံး အဓိပ္ပါယ်မဲ့သွားသလိုမျိုး ဖြစ်သွားတတ်တယ်လေ။တကယ်ဆိုရင် စိတ်ဓာတ်ကျတာကို လူတိုင်းနီးပါး ကြုံဖူးကြပါတယ်။ ဒါပေမယ့် တချို့က ကျော်ဖြတ်ပြီး အောင်မြင်မှုဆီ တက်လှမ်းသွားကြတယ်။ တစ်ချို့ကတော့ အရှုံးပေးလိုက်ကြတယ်။ အဲ့ဒီမှာ လူတစ်ယောက်ချင်းစီရဲ့ ဘဝတွေကလည်း ကွာခြားသွားကြတာပေါ့။အကြမ်းဖျဉ်းအားဖြင့်ဆိုရင် ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေ၊ ကိုယ်ရေးကိုယ်တာ အဆင်မပြေမှုတွေ၊ လုပ်ငန်းခွင်ဖိအားတွေနဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေကြောင့် ခုလိုစိတ်ဓတ်ကျတာမျိုးကို ကြုံရတတ်ပါတယ်။ ပုံမှန်အားဖြင့် အားငယ်စိတ်ပျက်မှု၊ ဝမ်းနည်းကြေကွဲမှုတွေကို ရက်သတ္တပတ်နဲ့ချီပြီး ခံစားနေရပြီဆိုရင် စိတ်ဓာတ်ကျဆင်းနေပြီလို့ မှတ်ယူတတ်ကြပါတယ်။အဆိုးဆုံးအခြေအနေမှာမိမိကိုယ်ကိုယ်အဆုံးစီရင်ဖို့ပါ ကြိုးပမ်းလေ့ရှိတဲ့ ဝေဒနာမျိုးဖြစ်ပါတယ်။ Depression ဟာ ဒီကနေ့ကမ္ဘာပေါ်မှာ ကိုယ့်ကိုယ်ကို သတ်သေမှုအများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။လူတိုင်း ရဲ့ ဘဝတွေက မချောမွေ့ပါဘူး။ လူတိုင်း စိတ်ဓာတ်ကျဖူးပါတယ်။ အထူးသဖြင့် ဖိအားပေါင်းစုံနဲ့ နေ့စဉ်ဘဝမှာ ရုံးကန်နေရသူတွေ၊ အဆင်မပြေမှုတွေ အခက်အခဲတွေနဲ့ ရုံးကန်နေရသူတွေမှာ ပိုဖြစ်နိုင်ပါတယ်။Depression ဟာ လူတစ်ယောက်ရဲ့ ခွန်အား၊ စိတ်အားတက်ကြွမှုနဲ့ စိတ်ခံစားချက်တွေကို ဟာလာဟင်းလင်းဖြစ်သွားအောင် လုပ်ပစ်မှာဖြစ်ပါတယ်။ ပြီးတော့ ဒီဝေဒနာဟာ ဝုန်းဒိုင်းဆိုပြီး ချက်ခြင်း ပျောက်ကွယ်သွားမယ့် ဝေဒနာမျိုးလည်း မဟုတ်ပါဘူး။နည်းမှန်လမ်းမှန်နဲ့ မတိုက်ထုတ်ရင် အကြိမ်ကြိမ်ပြန်လည် ဖြစ်ပေါ်လာနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာ တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီဝေဒနာကို သက်သာစေဖို့ဆိုရင် ခြေလှမ်း သေးသေးလေးတွေကနေ စတင်ရမှာပါ။ ဒီလိုတိုက်ထုတ်နိုင်ဖို့အတွက် လွယ်ကူရိုးရှင်းပြီး ထိရောက်တဲ့ နည်းလမ်း တချို့ရှိပါတယ်။အောက်မှာဖော်ပြထားတဲ့ နည်းလမ်းလေးတွေကို လိုက်နာဆောင်ရွက်ကြည့်မယ်ဆိုရင် စိတ်ဓာတ်ကျဆင်းမှုကို လက်တွေ့ထိရောက်စွာ တိုက်ထုတ်နိုင်မှာပါ။စိတ်ဓာတ်ကျတဲ့ ဝေဒနာဟာ တမဟုတ်ချင်းပျောက်ကင်းသွားနိုင်တဲ့ ဝေဒနာမျိုးမဟုတ်ပါဘူး။ အချိန်ယူပြီး တိုက်ထုတ်ဖို့လိုအပ်ပါတယ်။ ဖြည်းဖြည်းခြင်းနဲ့ မှန်မှန်ကျော်ဖြတ်ရမယ့် ဝေဒနာပါ။ဒါကြောင့် စိတ်ရှည်ဖို့လိုအပ်သလို ရေရှည်အကျိုးရှိမယ့် ရည်မှန်းချက်မျိုးထားပြီး ဖြေးဖြေးမှန်မှန်ကျော်ဖြတ်ဖို့လည်း လိုအပ်ပါတယ်။ ခြေလှမ်းသေးသေးလေးတွေနဲ့စတင်ပြီး ရည်မှန်းချက်အကြီးကြီးဆီရောက်အောင်သွားပါ။ ဒီဝေဒနာကို ရိုးရှင်းတဲ့ နည်းလမ်းတွေနဲ့ ကျော်ဖြတ်လိုက်ပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/coping-with-depression/
Japanese Encephalitis (ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါ)
ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါဆိုတာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာဖြစ်ပြီး အာရှနဲ့ ပစိဖိတ် အနောက်နိုင်ငံတွေမှာ ဖြစ်တဲ့ ကာကွယ်နိုင်တဲ့ ဦးနှောက်ရောင်ရောဂါတွေထဲမှာ အဖြစ်များဆုံး ဖြစ်ပါတယ်။ အာရှဒေသကို အလယ်လာတဲ့ ခရီးသွားတွေအတွက်ကတော့ ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါ(JE) ကကူးနိုင်ခြေနည်းပြီး ဒါကလည်း ဦးတည်ရာဒေသ, ကြာချိန်နဲ့ ရာသီဥတု, လုပ်ငန်းတွေပေါ်မူတည်ပါတယ်။JE ဗိုင်းရပ်စ်ဟာ ဝက်နဲ့ငှက်တွေလို ကျောရိုးရှိတွေနဲ့ ခြင်တွေကြားမှာ ကူးစက်ပျံ့နှံ့နေတာဖြစ်ပြီး ကူးစက်ခံနေရတဲ့ ခြင်ကိုက်ရင် လူကိုလည်း ရောဂါရစေတတ်ပါတယ်။ အများစုကတော့ လက္ခဏာပြလေ့မရှိပဲ ပြရင်လည်း အပျော့စားတွေ ဖြစ်ပါတယ်။ဒါပေမယ့် အချို့သော ကူးစက်ခံရသူတွေက ဦးနှောက်အမြှေးရောင် ရောဂါအထိဖြစ်ကြပြီး ခေါင်းကိုက်ခြင်း၊ အဖျားကြီးခြင်း၊ မူမမှန်ခြင်း၊ မေ့မြောခြင်း၊ လက်ခြေတုန်ခြင်း နဲ့ တက်ခြင်း စတဲ့လက္ခဏာတွေ ခံစားရပါတယ်။ ဖြစ်သူလေးယောက်မှာ တစ်ယောက်နှုန်း သေဆုံးနိုင်ခြေရှိပါတယ်။ ပြီးတော့ ကုသမှုလဲမရှိပါဘူး။ ကာကွယ်နိုင်မယ့် နည်းတွေကတော့ ခြင်ကိုက်မခံရအောင်နေတာနဲ့ ကာကွယ်ဆေးထိုးတာတွေဖြစ်ပါတယ်။ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါဟာ အာရှမှာအဖြစ်များဆုံးရောဂါတစ်ခုဖြစ်ပြီး တစ်နှစ်ကို case ၇၀၀၀၀ လောက်စီစစ်ရရှိတတ်ပါတယ်။ အချို့ အချက်အလက်များအတွက် သင့်ဆရာဝန်နဲ့ ဆွေးနွေးပါ။အဖြစ်များတဲ့ ရောဂါလက္ခဏာများကတော့-။အထက်ဖော်ပြပါ လက္ခဏာတွေထဲက တစ်ခုခုတွေ့လာပြီဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။ လူတိုင်းရဲ့ ခန္ဓါကိုယ်တွေက လုပ်ဆောငိမှုမတူကြတဲ့အတွက် သင်နဲ့သင့်တော်မယ့် အကောင်းဆုံးအခြေအနေကိုရွေးချယ်ပါ။ဘယ်အရာတွေက ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါ( JE )ကို ဖြစ်စေသလဲ?။JE ကို ဖြစ်စေတဲ့ flavivirus ဟာ West Nile နဲ့ St. Louis encephalitis viruses တို့နဲ နီးစပ်ပါတယ်။Culex tritaeniorhynchus ခေါ် ရောဂါရှိနေတဲ့ ကျူ းလက်ခြင်ကိုက်ရာကနေ လူကိုကူးစက်ပါတယ်။JE ဗိုင်းရပ်စ်ဟာ ဝက်နဲ့ငှက်တွေလို ကျောရိုးရှိတွေနဲ့ ခြင်တွေကြားမှာ ကူးစက်ပျံ့နှံ့နေတာဖြစ်ပြီး လူတွေကတော့ မတော်တဆ ဒါမှမဟုတ် အဆုံးသတ်ကူးစက်ခံရ တဲ့ သတ္တဝါတွေဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ခြင်ကို ပြန်ကူးစက်ဖို့ လုံလောက်တဲ့ပိုးပမာဏ လူတွေမှာမဖြစ်ပေါ်လို့ဖြစ်ပါတယ်။JE ဗိုင်းရပ်စ်ဟာ ကျေးလက်နဲ့ စိုက်ပျိုးရေးအခြေခံတဲ့ ဒေသတွေမှာဖြစ်လေ့ရှိပါတယ်။ အထူးသဖြင့်စပါးစိုက်ပျိုးရာဒေသတွေပါ။ တစ်ချိုးအာဆီယံဒေသတွေမှာတော့ မြို့ပြအနီးမှာပါ ဖြစ်ပွားကြပါတယ်။အာရှရဲ့ သမပိုင်းဒေသတွေမှာ JE ပိုးကူးဆက်တာဟာ ရာသီလိုက်ဖြစ်ပါတယ်။ လူကိုကူးစက်တာတွေကတော့ နွေဦးနဲ့ ဆောင်းဦးကာလတွေမှာဖြစ်ပါတယ်။ အပူပိုင်းဇုံတွေမှာ ကတော့ တစ်နှစ်ပတ်လုံးဖြစ်ပြီး အထူးသဖြင့်မိုးတွင်းကာလပါ။အောက်ပါအခြေအနေမျိုးတွေရှိရင်တော့ ကူးနိုင်ချေများပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။တကယ်လို့သင့်မှာ ရောဂါရှိနေပြီလို့ ဆရာဝန်က သံသယရှိရင် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ လုပ်ခိုင်းပြီး အခြားစမ်းသပ်မှုတွေလည်း လုပ်ခိုင်းပါလိမ့်မယ်။ဓါတ်ခွဲခန်းမှာတော့ သွေးရည်ကြည် ဒါမှမဟုတ် ဦးနှောက်နှင့် အာရုံကြောအရည်(cerebrospinal fluid (CSF) ကိုယူပြီး ဗိုင်းရပ်စ်ရဲ့ antibody ကိုစစ်ဆေးပါတယ်။JE virus ရဲ့ antibody တွေဟာ ဖျားပြီး ၃ရက်ကနေ ၈ ရက်ကြာချိန်မှာ ထွက်လာတတ်ပြီး ရက် ၃၀ ကနေ ၉၀ အထိခံနိုင်ပါတယ်။ ဒီထက်လည်းပိုခံနိုင်ပါတယ်။IgM စစ်လို့တွေ့တာကလည်း ရောဂါရှိလို့ ဒါမှမဟုတ် ကာကွယ်ဆေးထိုးထားတာကြောင့် ဖြစ်နိုင်ပါတယ်။ ဖျားပြီး ၁၀ ရက်မှာယူတဲ့ သွေးရည်ကြည်မှာ IgM မပါနိုင်တော့လို့ သင့်တော်တဲ့ နမူနာ ကိုထပ်စမ်းသပ်ရမှာဖြစ်ပါတယ်။JE ရှိတဲ့ လူနာတွေမှာ confirmatory neutralizing antibody testing စမ်းသပ်သင့်ပါတယ်။ သေနိုင်လောက်တဲ့ ရောဂါအခြေအနေမှာ nucleic acid amplification, histopathology with immunohistochemistry, နဲ့ တစ်ရှူ းစစ်ဆေးတာတွေပါ လုပ်သင့်ပါတယ်။ကံမကောင်းစွာနဲ့ ကုသမှုမရှိသေးပါဘူး။ ဆေးရုံတင်တာ supportive care(အနီးကပ်ကြည့်ရှုစောင့်ရှောက်မှု) ပေးတာနဲ့ အနီးကပ်ကုသတာတွေ တော့လိုအပ်ပါတယ်။ကုသမှုတွေကတော့ လက္ခဏာကို လိုက်ပြီးကုသတာဖြစ်ပါတယ်။ အနားယူခြင်း၊ ရေဓါတ်ဖြည်ခြင်း၊ အဖျားကျအောင် ဆေးပေးတာ အကိုက်အခဲပျောက်ဆေးပေးတာတွေက သက်သာမှုရှိစေပါတယ်။ လေ့လာချက်တွေအရတော့ လူနာ ၂၀ ကနေ ၃၀ % ကတော့ သေဆုံးနိုင်ချေရှိပါတယ်။ဖျားပြီးနောက်မှာ အချို့ လက္ခဏာတွေပြန်သက်သာကောင်းသက်သာနိုင်ပေမယ့် ၂၀ ကနေ ၃၀ % ကတော့ အာရုံကြော နဲ့ စိတ်ပိုင်းဆိုက်ရာ ချို့ ယွင်းမှုတွေ ခံစားရတတ်ပါတယ်။အောက်ပါ နေထိုင်မှုပုံစံတွေက ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါနဲ့ သင့်တော်ပါတယ်။ခြင်ကိုက်မခံရအောင် နေထိုင်ခြင်း။သင့်အနေနဲ့ ခြင်နိုင်ဆေးသံးုနိုင်ပါတယ်။သင်အပြင်ထွက်မယ်ဆိုရင် EPA အသိမှတ်ပြု DEET, IR3535, picaridin , လီမွန်ဆီနဲ့ ယူကလစ်ဆီတို့ပါဝင်တဲ့ ခြင်နိုင်ဆေးတွေသုံးသင့်ပါတယ်။ ခဏအပြင်ထွက်တာက ခြင်ကိုက်ခံရဖို့အတွက် လုံလောက်ပါတယ်။ခြင်ကိုက်မခံရစေရန် အဝတ်အစားလုံခြုံအောင်ဝတ်ပါ။ရာသီဥတုနဲ့ အဆင်ပြေရင် အကျီလက်ရှည်, ဘောင်းဘီရှည်နဲ့ ခြေအိတ်တွေဝတ်ပြီး နေပါ။ခြင်ကိုက်များတဲ့ အချိန်အပိုင်းအခြားတွေမှာ ခြင်နဲ့ ထိတွေ့မှုအနည်းဆုံးဖြစ်အောင် ဂရုပြုပါ။JE virus ဖြစ်စေတဲ့ခြင်တွေဟာ မွန်းလွဲနဲ့ အာရုံတက်ချိန်အထိ အေးစိမ့်တဲ့ အချိန် တွေမှာ ကျက်စားတတ်ကြပါတယ်။ ဒါကြောင့် ကူးစက်မှုမြင့်မားတဲ့ ဒေသတွေကို ရောက်ရှိနေတဲ့ ခရီးသွားတွေအနေနဲ့ ဒီလိုအချိန်တွေမှာအပြင်ထွက်တာကို တတ်နိုင်သမျှလျှော့ချပါ။လိုအပ်လျှင် ကာကွယ်ဆေးထိုးပါ။JE ရာသီတွေမှာ ကူးစက်ချေများတဲ့ဒေသတွေမှာ တစ်လသို့မဟုတ် ဒီထက်ပိုပြီး နေထိုင်ဖို့ အစီအစဉ်ရှိတဲ့ ခရီးသွားတွေကို ကာကွယ်ဆေးထိုးဖို့ အကြံပြုပါတယ်။JE ရာသီတွေမှာ ကူးစက်ချေများတဲ့ဒေသတွေမှာ တစ်လအောက်နေထိုင်ဖို့ အစီအစဉ်ရှိတဲ့ ခရီးသွားတွေမှာ မြို့ပြအပြင်ထွက်လည်ပတ်မယ့်အစီအစဉ်တွေ virus ထိတွေ့မှုများနိုင်ချေရှိတဲ့အခြေအနေဆိုရင် ထိုးသင့်ပါတယ်။JE ဖြစ်ပေါ်နေဆဲ ဒေသတွေကို သွားမယ့်သူတွေ။JE ဖြစ်ပွားရာနေရာတွေသွားပြီး ဒေသအတိအကျမသိ ,အလုပ်နဲ့ ကြာချိန်အတိအကျမသိရတဲ့သူတွေဆိုရင် ထိုးထားသင့်ပါတယ်။JE virus ရာသီနဲ့ ဖြစ်ပေါ်ရာဒေသတွေကို မသွားမယ့်သူတွေ ခရီးတိုသွားမယ့်သူတွေကို ကာကွယ်ဆေးမထိုးသင့်ပါ။သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/infections-from-insects/japanese-encephalitis-%e1%80%82%e1%80%bb%e1%80%95%e1%80%94%e1%80%ba%e1%80%a6%e1%80%b8%e1%80%94%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%a1%e1%80%99%e1%80%bc%e1%80%be%e1%80%b1-2/
ပဲပင်ပေါက်ကို အစိမ်းစားသင့်၊ မစားသင့်!
ပဲပင်ပေါက်လို့ ပြောလိုက်ရင် ထွေထွေထူးထူး ပြောစရာ မလိုအောင်ကို အားလုံး သိထားပြီး ဖြစ်မှာပါ။ ပဲပင်ပေါက်ကို အချဉ်တည်စားသလို၊ ပဲတီချဉ်ကို သုပ်စားတာလည်း ရှိပါတယ်။ နောက်ပြီး ခေါက်ဆွဲသုပ်၊ ကြာဇံသုပ်တွေထဲမှာ ထည့်စားကြသလို ကွေ့သယို၊ ဆီချက်၊ မြေအိုးမြီးရှည် စတာတွေထဲလည်း ထည့်စားတတ်ကြပါတယ်။ ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပြန်ပါဘူး။ အစိမ်းလိုက်လေး တို့စားရတာ ကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဒီတစ်ခေါက်ပြောချင်တာကလည်း အဲ့လိုစားတာနဲ့ ပတ်သက်ပြီး ပဲပင်ပေါက်ကို အစိမ်းစားသင့်၊ မစားသင့်! အကြောင်းလေးပါ။ပဲပင်ပေါက် ပဲပြားကြော်က ကလေးဘဝကတည်းက ကျန်းမာအောင် ဆိုပြီး စားခဲ့ရတယ်နော်။ ပဲပင်ပေါက်က ကျန်းမာစေလို့လား ဆိုတော့ ဟုတ်ပါတယ်။ ပဲပင်ပေါက်က ခန္ဓာကိုယ် ကျန်းမာစေဖို့ အခုလို ထောက်ကူပေးနေပါတယ်။ဗီတာမင် နဲ့ သတ္တုဓာတ်တွေပြည့်ဝနေတဲ့ ပဲပင်ပေါက်က။ကဲ … ပြောချင်နေတဲ့ အကြောင်းလေး ဖြစ်တဲ့ ပဲပင်ပေါက်ကို အစိမ်းစားသင့်၊ မစားသင့်! အကြောင်းလေး ဆက်ပြောလိုက် ရအောင်နော်။ပဲပင်ပေါက်က ပူနွေးစိုစွတ်တဲ့ အခြေအနေမှာ ရှင်သန်ဖြစ်ထွန်းတာပါ။ ဒီအခြေအနေကို ပဲပင်ပေါက်တင် နှစ်သက်တာ မဟုတ်ပါဘူး။ အစာခြေစနစ်ကို ကောင်းကောင်းဒုက္ခ ပေးနိုင်တဲ့ ဘက်တီးရီးယားတွေ ဖြစ်ကြတဲ့ Salmonella၊ E-coli နဲ့Listeriaတို့လည်း နှစ်သက်ကြပါတယ်။ ဒါကြောင့် ဒီပိုးတွေက ပဲပင်ပေါက်နဲ့အတူ ပါလာနိုင်တယ်ဆိုတာကို သတိရစေချင်ပါတယ်။ ဒါကြောင့် တိတိကျကျ အဖြေထုတ်ရမယ်ဆိုရင် ပဲပင်ပေါက်ကို အစိမ်း မစားသင့်ပါဘူး။ပဲပင်ပေါက်ကို အစိမ်းစားတယ်ဆိုပေမယ့် ရေဆေးပြီးမှ စားတာပါလို့ ပြောချင်နေပြီဟုတ်။ ပဲပင်ပေါက်မှာပါလာတဲ့ အဆိုပါ ဘက်တီးရီးယားတွေက ရေဆေးလိုက်ပေမယ့်လည်း စင်မသွားပါဘူး။ ဒါကြောင့် ပဲပင်ပေါက်ကို အစိမ်းစားတာကအစာအဆိပ်သင့်စေနိုင်ပါတယ်။ဒါကြောင့် ကျန်းမာရေးကောင်းစေဖို့ ပဲပင်ပေါက် စားမယ် စိတ်ကူးတယ်ဆိုရင်တော့ သေချာလေး ကျက်အောင် ချက်ထားတာမျိုးကို စားပေးပါလို့ ပြောချင်ပါတယ်။တချို့က ပဲပင်ပေါက်ကို အစိမ်းစားမယ့် ဘာမှမဖြစ်ဘူးလို့ ပြောကြပါတယ်။ ကိုယ်ခံအားကောင်းနေချိန်ဆို ဘာမှဖြစ်မှာ မဟုတ်ပေမယ့် ကိုယ်ခံအား မကောင်းတဲ့အချိန်၊ ပဲပင်ပေါက်မှာ ပိုးတွေ အများကြီးပါတဲ့အချိန်ဆို ရောဂါရတတ်ပါတယ်။ပဲပင်ပေါက်ကို အစိမ်းစားချင်တယ်ဆိုရင် တချို့စူပါမားကတ်တွေမှာ ‘Ready to eat’ လို့ ပြောပြီးရောင်းပါတယ်။ ဆိုလိုတာက အစိမ်းစားလို့ရတယ်။ ပိုးသတ်ပြီးသားဆိုတဲ့ သဘောပါ။ ဒါဆိုရင်တော့ အစိမ်းစားလို့ ရပါတယ်။ ကိုယ့်ဘာသာကိုယ် စျေးမှာဝယ်လာတဲ့ ပဲပင်ပေါက်အစိမ်းတွေကတော့ ပိုးမသတ်ထားလို့ အစိမ်းမစားသင့်ပါဘူး။ပဲပင်ပေါက်ကို ကြိုက်တယ် အစာအဆိပ်သင့်မှာလည်း စိုးတယ်ဆိုရင် ဘေးကင်းကင်းနဲ့အာဟာရ ပြည့်ပြည့်ဝဝရစေဖို့ ဒီနည်းလမ်းလေးတွေနဲ့ ပြင်ဆင်စားသုံးလို့ ရပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/is-it-safe-to-eat-raw-bean-sprouts/
နောင်တမရဘဲ ပျော်ရွှင်စေမယ့် နည်းလမ်းများ
နောင်တဆိုတာ ဘယ်အချိန်အတွက်မဆို မရသင့်တဲ့ အရာတစ်ခုပါ။ လုပ်သင့်တာတွေကို မလုပ်မိဘဲနဲ့ မလုပ်သင့်တာတွေကိုပဲ လုပ်မိမယ်ဆိုရင်တော့အချိန်လွန်ရင် နောင်တဆိုတာကြီးကို တပွေ့တပိုက်နဲ့ သယ်ပိုးရမှာပဲလေ။ လူတိုင်း ဒီလိုမဖြစ်ချင်ကြပါဘူး။လူ့ဘဝတိုတိုလေးအတွင်းမှာ လုပ်သင့်လိုပ်ထိုက်တာတွေကို အချိန်ဆွဲမနေဘဲနဲ့ လုပ်သင့်ပါတယ်။ နောင်တဆိုတာ နောင်မှ တရတယ်လို့ မဖြစ်ရလေအောင် ဒီအချက်တွေကို အခုချက်ချင်း လုပ်လိုက်ကြရအောင်။နောင်တမရဘဲ ပျော်ရွှင်စေမယ့် နည်းလမ်းများ။အရင်တုန်းက ဘော်ဒါတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြီဆိုရင် စလိုက်၊ နောက်လိုက်နဲ့ အကြမ်းအိုး ၃ အိုးလောက် ကုန်မှ ထပြန်တာ။ ပေါ့ပါးလွတ်လပ်ခြင်းဆိုတဲ့ အရသာကို အပြည့်အဝခံစားရတယ်လေ။ အခုခေတ်ကျတော့လက်ဖက်ရည်ဆိုင်ထိုင်တယ်လို့သာ ပြောတာ၊ ဖုန်းလေးတွေကို ကိုယ်စီပွတ်လို့၊ တစ်ယောက်ကိုတစ်ယောက် စကားကောင်းကောင်း မပြောဖြစ်ဖူး။ သူငယ်ချင်းရေ . . လက်ဖက်ရည်ဆိုင်ထိုင်ရင် ငါတို့ဖုန်းတွေ ထားခဲ့ရအောင်လားကွာ။“အောင်မြင်နေတာ အရမ်းဝမ်းသာတယ်သိလား သူငယ်ချင်း” ဆိုပြီး ပါးစပ်ကသာ ပြုံးရွှင်နေပေမယ့် စိတ်ထဲကတော့ မနာလိုဖြစ်နေတဲ့ ကြောင်ချေးသူငယ်ချင်းတွေလည်း ရှိတတ်ပါတယ်။ သာယာနေတဲ့အချိန်မှာ ကိုယ့်ကို ခေါက်ထားပြီးတော့ အဆင်မပြေဖြစ်တဲ့အချိန်မှ သတိရတတ်တဲ့ လိုသုံးတွေ၊ ကြောင်ချေးတွေ၊ ထိုထိုဤဤသော သူငယ်ချင်းမျိုးတွေကိုတော့ မြန်မာပြည်သိန်းတန်လို တစ်ခွန်းတည်းပြောပစ် “အန်ကယ်ကတော့ နိုးပါ”လို့။ခရီးထွက်တယ်ဆိုတာ အရွယ်ရှိတုန်း သွားလို့ကောင်းတာလေ။ အိုကြီးအိုမဖြစ်လာမှ ငါ ဒီနေရာတွေကို မရောက်ဖူးသေးပါလားဆိုပြီး နောင်တမရရလေအောင် သန်သန်မြန်မြန်ရှိတုန်း အထင်ကရနေရာတွကေို ခရီးလျှောက်ထွက်ကြည့်ပါ။ အားလပ်ရက်တွေကို ဒေသန္တရဗဟုသုတရရှိအောင် ခရီးသွားခြင်းနဲ့ အစားထိုးလိုက်ပါ။ဖုန်းထဲမှာ ရှိတဲ့ဓာတ်ပုံတွေကို ဒီအတိုင်းမထားဘဲနဲ့ ဓာတ်ပုံကူးပြီးတော့PhotoAlbum ထဲမှာ သိမ်းထားလိုက်ပါ။ အခုအချိန်မှာတော့ ဘာမှမသိသာပေမယ့် နောင်တစ်ချိန်မှာတော့ မြေးမြစ်တွေကို “အဖိုး၊ အဖွား ငယ်ငယ်တုန်းက ပုံတွေပေါ့” ဆိုပြီး ကြွားလုံးထုတ်လို့ရတယ်နော်။ ဖိုးဖိုးဖွားဖွားဖြစ်လာရင် ငယ်ငယ်တုန်းက ဓာတ်ပုံတွေကို ပြန်ကြည့်ရင်း ငယ်ဘဝကို ပြန်ခံစားလို့ရပါသေးတယ်။သူငယ်ချင်းဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်ဖြစ်ဖြစ် သူတစ်ပါးအောင်မြင်မှုကို အားပေးနိုင်ရုံမက မုဒိတာလည်း ပွားနိုင်ပါစေ။ မနာလိုစိတ် နည်းနည်းလေးမှ မဖြစ်စေချင်ပါဘူး။ သူတစ်ပါးကို မုဒိတာပွားပေးမှသာ ကိုယ့်အတွက်လည်း အခြွေအရံတွေ ပေါနေမှာဖြစ်ပါတယ်။ကိုယ့်အတွက် အားလပ်ချိန်လေးတွေမှာ မိသားစုအတွက် အချိန်ပေးပြီး သွားတွေရှိတုန်း အားရပါးရရယ်မောလိုက်ပါ။ မိသားစုအငွေ့အသက်ဆိုတာ ဘာနဲ့မှမလဲနိုင်လို့ ကိုယ့်ရဲ့အချိန်ပိုတွေကို မိသားစုအတွက်လည်း ခွဲဝေပေးသင့်ပါတယ်။ဒီအချက်ကလည်း အရေးကြီးပါတယ်။ ကိုယ်ချစ်ရသူတွေကို ချစ်ခင်နှစ်သက်မှုကို မပြသနိုင်တာက သင့်ကို နောင်တစ်ချိန်မှာ အကြီးအကျယ်နောင်တရစေပါလိမ့်မယ်။ ဒီလို အမှားမျိုးအဖြစ်မခံပါနဲ့။ အချိန်ရှိတုန်းမှာ ပွင့်လင်းစွာ အသိပေးပါ။လူတိုင်းမှာအိပ်မက်တွေရှိထားကြပါတယ်။ အိုမင်းလာချိန်မှာ ငါဖြစ်ချင်တာကို ဖြစ်ခွင့်မရလိုက်လေခြင်းလို့ နောင်တရမနေဖို့ဆိုရင် အိပ်မက်တွေကို သိပ်နောက်မကျခင်မှာ အကောင်အထည်ဖော်ပါ။ သင့်အိပ်မက်ဆိုတာ သင့်ပျော်ရွှင်မှုပါပဲ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/live-life-with-no-regrets/
ရေကြီးခြင်းနဲ့အတူ မခေါ်ဘဲ ရောက်ရှိလာတတ်တဲ့ ဧည့်သည်တွေအကြောင်း
မိုးရွာရင်ရေကြီးတတ်တာ သဘာဝပါ။ ရေကြီးတာ က လူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ထိခိုက်စေနိုင်သလို ဘာမှမဖြစ်ဘူးဆိုရင်တောင်မှ ကျန်းမာရေးပြဿနာလေးတွေ အနည်းနဲ့ အများတော့ ကြုံရတတ်ပါတယ်။ ဒီတော့ ရေကြီးရင် ဘာကျန်းမာရေး ပြဿနာတွေနဲ့ ကြုံနိုင်လဲ။ ဘယ်လိုကာကွယ်ကြမလဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ပြောပြထားပါတယ်။ရေကြီးခြင်းနဲ့အတူ မခေါ်ဘဲ ရောက်ရှိလာတတ်တဲ့ ဧည့်သည်တွေက တစ်ယောက်နှစ်ယောက်မကပါဘူး။ ရေကြီးပြီဆိုရင် အခုလို ရောဂါတွေ ခံစားရနိုင်ပါတယ်။ဒီရောဂါဟာ တိရစ္ဆာန်တွေဆီက ကူးစက်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ကြွက်၊ နွား၊ ကျွဲစတဲ့ သတ္တဝါတွေရဲ့ ‘ဆီး’ထဲမှာ ရှင်သန်နေထိုင်တဲ့Leptospiraဘက်တီးရီးယားကြောင့် ဖြစ်ပွားရပါတယ်။ ရေထဲမှာ အချိန်ကြာမြင့်စွာ နေထိုင်သွားလာရတဲ့အခါ အဆိုပါ ဘက်တီးရီးယားဟာ သင့်အရေပြားကို ဖောက်ပြီး ခန္ဓာကိုယ်ထဲ ဝင်ရောက်လာနိုင်ပါတယ် (သင့်အရေပြားမှာ ပေါက်ပြဲဒဏ်ရာရှိစရာမလိုပါဘူး။ ပကတိကောင်းမွန်တဲ့ အရေပြားကိုတောင် ဒီဘက်တီးရီးယားက ဖြတ်သန်းနိုင်ပါတယ်)။ ဒါကြောင့် ရေကြီးနေတဲ့ ဒေသတွေမှာ Leptospirosis အန္တရာယ်ကို စိုးရိမ်ရပါတယ်။ဦးနှောက်ထိပါ ရောဂါပျံ့သွားပြီဆိုရင်တော့ သတိလစ်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း စတာတွေပါ ဖြစ်လာပြီး ကိုယ်တွင်းသွေးယိုစီးခြင်းကြောင့် အသက်ဆုံးရှုံးတဲ့အထိ အန္တရာယ်ရှိနေပါတယ်။ရေထဲဆင်းလျှောက်ရတဲ့အခါ ဒူးလောက်ထိကာကွယ်ပေးတဲ့ လည်ရှည်ဖိနပ်ကို စီးပါ။ ဒါဟာ Leptospirosis ရောဂါကို ကာကွယ်ပေးနိုင်ရုံသာမက မြွေအစရှိတဲ့ သတ္တဝါတွေရဲ့ရန်ကပါ ကင်းဝေးစေပါတယ်။ ခေါင်းကိုက်ခြင်း၊ဖျားခြင်း စတဲ့ လက္ခဏာတွေ ပေါ်လာရင်လည်း အချိန်မဆွဲဘဲ ဆေးရုံဆေးခန်း အမြန်ဆုံးပြသပါ။ကာလဝမ်းရောဂါဟာVibrio choleraeဆိုတဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ပွားရပြီး မသန့်ရှင်းတဲ့ အစားအသောက်တွေကတဆင့် အဓိက ကူးစက်ပါတယ်။ ယင်ကောင်တွေကတော့ ရောဂါသယ်ဆောင်သူတွေပေါ့။ မသန့်ရှင်းတဲ့ ရေတွေ၊ အစားအစာတွေကို စားသောက်ရတာ၊ မချက်မပြုတ်ရသေးတဲ့ အစားအစာတွေကို စားရတာ (ရေကြီးနေချိန်မှာ မီးရဖို့ ခက်ခဲပါမယ်)တွေကြောင့် ကာလဝမ်းရောဂါ ဖြစ်ပွားနိုင်ပါတယ်။ ရှေးခေတ်ကတည်းက ကာလဝမ်းရောဂါဟာ ရေကြီးခြင်းနဲ့အတူ ကပ်ရောဂါအသွင် ရောက်ရှိလာတတ်တာမို့ သတိထားရပါမယ်။ကာလဝမ်းရောဂါဖြစ်နေသူတွေနဲ့ မထိမတွေ့မိပါစေနဲ့။ သင်ကိုယ်တိုင် ရောဂါခံစားနေရပြီဆိုရင် ဆေးဝါးကုသမှုကို အမြန်ဆုံး ခံယူပါ။Salmonella typhiဘက်တီးရီးယားကြောင့် ဖြစ်ပွားတဲ့ အူရောင်ငန်းဖျားရောဂါဟာလည်း (ကာလဝမ်းရောဂါနည်းတူ) မသန့်ရှင်းတဲ့ အစားအသောက်နဲ့ ရေတွေက တဆင့် ကူးစက်ခြင်း ဖြစ်ပါတယ်။ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားတဲ့ ဒီရောဂါဟာ အသည်းဆဲလ်တွေကို ရောင်ရမ်းစေတဲ့အတွက် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါဟာလည်း မသန့်ရှင်းတဲ့ အစာရေစာတွေကြောင့် ဖြစ်ပွားရတာမို့ ရေကြီးရေလျှံနေတဲ့ ကာလမှာ အထူးဂရုပြုရမယ့် ရောဂါတစ်မျိုး ဖြစ်ပါတယ်။ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားတဲ့ သွေးလွန်တုပ်ကွေးရောဂါဟာ မိုးတွင်းမှာ အဖြစ်များသလို ရေကြီးရေလျှံချိန်မှာလည်း သတိထားရမယ့် ရောဂါတခုပါ။ပိုဆိုးတဲ့ အခြေအနေမှာတော့ (အဖျားကြီးနေရာကနေ) ရုတ်တရက် အဖျားကျပြီး ခြေတွေလက်တွေ အေးစက်သွားခြင်း၊ သွေးခုန်နှုန်းအလွန်မြန်လာခြင်း၊ ဆီးနည်းသွားခြင်း/ဆီးမသွားတော့ခြင်း စတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာမှာပါ။ ဒါတွေကတော့ ရှော့ခ်ဝင်ခြင်းကို ဖော်ပြပြီး အသက်အန္တရာယ်ထိ ရှိနိုင်ပါတယ်။အခြားသော ရောဂါတွေလည်း ရှိနေသေးပေမယ့် အထက်မှာဖော်ပြခဲ့တဲ့ ရောဂါတွေကတော့ ရေကြီးချိန်မှာ အဓိကကြုံတွေ့လာရနိုင်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ ဒီရောဂါတွေ ဖြစ်မလာအောင် ဘယ်လိုကြိုတင်ကာကွယ်နေထိုင်မယ်၊အကယ်၍ ဖြစ်လာခဲ့ရင်လည်း ‘အပ်နဲ့ထွင်းရမယ့်ကိစ္စ၊ပေါက်ဆိန်နဲ့ မပေါက်ရလေအောင်’ ဘယ်လိုစောလျင်စွာ ကုသမလဲဆိုတာ မျှဝေတင်ဆက်ပေးလိုက်ရပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/typhoid-fever/diseases-causes-by-flooding/
Eating Disorders (အစားအသောက်မူမမှန်ခြင်း)
အစားအသောက်မူမမှန်ခြင်းဆိုတာ အစားအသောက်ုပုံမှန်မစားခြင်း နှင့် ခန္ဓါကိုယ်ပုံစံအလေးချိန်အပေါ် စိတ်ဖိစီးမှုများခြင်းကြောင့်ဖြစ်လာသော ဖျားနာမှုတစ်ခုဖြစ်သည်။ များသောအားဖြင့် သင့် ခန္ဓါကိုယ်အလေးချိန် ပုံသန္ဏန် အစားအသောက်တို့အပေါ် အလေးအနက်အရမ်းထားခြင်း ကြောင့်ဖြစ်တတ်ပြီး အန္ဓါရယ်များသောအစားအသောက်ပုံစံကိုဖြစ်စေသည်။ ခန္ဓါကိုယ်အတွက် လုံလောက်သော အာဟာရကိုမရနိုင်ပဲဖြစ်တတ်သည်။အဖြစ်များဆုံးပုံစံမှာ အေနိုရက်စီးယားနာဖိုစာ၊ ဗျူလီးမီးရား နာဖိုစာ နှင့် အစားအသောက်များလွန်းခြင်းတို့ဖြစ်သည်။အစားအသောက်မူမမှန်ခြင်းသည် နောက်ဆက်တွဲပြသာနာများစွာကိုဖြစ်စေနိုင်သည်။ အချို့က အသက်အန္ဓါရယ်ရှိနိုင်သည်။ အစားအသောက်မူမမှန်ခြင်းပြင်းထန်လေလေ သို့မဟုတ် ရောဂါကြာရှည်လေလေ ပိုပြင်းထန်သောနောက်ဆက်တွဲ ဥပမာ။ရောဂါဆိုင်ရာပြသာနာများ။စိတ်ဓါတ်ကျခြင်း နှင့် ဒေါသထွက်လွယ်ခြင်း။သတ်သေလိုသောအတွေး သို့မဟုတ် အပြုအမူများဖြစ်ခြင်း။ကြီးထွားဖွံဖြိုးမှုဆိုင်ရာပြသာနာများဖြစ်ခြင်း။ပတ်ဝန်းကျင်နှင့် ဆက်စပ်မှုဆိုင်ရာပြသာနာများ။ဆေးစွဲခြင်း။အလုပ်နှင့် ကျောင်းတွင် ပြသာနာများဖြစ်ခြင်း။သေခြင်း ထိဖြစ်တတ်သည်။ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ ဆယ်ကျော်သက်နှင့် ငယ်သောမိန်းကလေးများသည် ယောက်ျားလေးများထက်ပိုဖြစ်တတ်သည်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အစားအသောက်မူမမှန်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အန္ဓါရယ်ရှိစွာပိန်နေသော်လည်းအချိန်ကြာဖြင့်စွာဝိတ်ချခြင်း။ဝိတ် အတက်အကျများခြင်း။အစားအသောက်ရှိ ကယ်လိုရီနှင့် အဆီပမာဏကိုအမြဲတွက်နေခြင်း။နိသာယ နှင့်ဆိုင်သောအစားအသောက်ပုံစံများ ဥပမာ အစာကို အပိုင်းအသေးလေးများအဖြစ်စိတ်ခြင်း တယောက်တည်းစားခြင်း သို့မဟုတ် အစာအားဖွက်ခြင်း။အစားအသောက်ပမာဏ ငွေပမာဏ သို့မဟုတ် ချက်ပြုတ်မှုပမာဏကိုကန့်သတ်ထားခြင်း။အခြားသူအတွက်ဖွယ်ဖွယ်ရာရာချက်သေးသော်လည်း ကိုယ်တိုင်အစားအသောက်ထိန်းခြင်း။စိတ်ဓါတ်ကျခြင်း။ပတ်ဝန်းကျင်ဆိုင်ရာ မိသားစုဆိုင်ရာနှင့် သူငယ်ချင်းများအားရှောင်ကျဉ်နေခြင်း။အစာငတ်ခံချိန် နှင့် အစာအများစားချိန် အပြောင်းအလဲမြန်ခြင်း။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ကံမကောင်းစွာ လူအများစုက အစားအသောက်မူမမှန်ခြင်းအတွက် ကုသမှုမလိုဟုတွေးတတ်ကြသည်။ သင်ချစ်ရသောသူ ကိုစိတ်ပူပါက သူ သို့မဟုတ် သူမကိုဆရာဝန်နှင့်သွားရောက်ပြသရန်တိုက်တွန်းပါ။ မကျန်းမာစေသော အစားအသောက်ဆိုင်ရာပုံစံ နှင့် ယုံကြည်မှုများရှိပါက သို့မဟုတ် အစားအသောက်မူမမှန်ခြင်းဖြစ်စေသောဖိအားများရှိနေပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ အစားအသောက်မူမမှန်ခြင်းဟုဖော်ပြသော အခြေအနေများမှာ။အစားအသောက်မစားဖြစ်ခြင်း သို့မဟုတ် မစားချင်၍အကြောင်းပြချက်များပေးနေခြင်း။အသီးအရွက်ပဲ စားခြင်း။ကျန်းမာသောအစားအသောက်ပဲဖြစ်အောင် အလေးအနက်ထားလွန်းခြင်း။မိသားစုစားသောအစာမစားပဲ ကိုယ့်အစားအသောက်ကို တယောက်တည်းပြင်ဆင်စားခြင်း။ပုံမှန်ပတ်ဝန်းကျင်ဆိုင်ရာလုပ်ဆောင်ချက်များမလုပ်တော့ခြင်း။အဝလွန်ခြင်း နှင့် ဝိတ်ကျစေရန်အတွက် စိတ်ပူလွန်နေခြင်း။မှန်ခဏခဏကြည့်ပြိး အပြစ်ရှာနေခြင်း။အချိုများသော သို့မဟုတ် အဆီများသောအစားများကို အများကြီးခဏခဏစားခြင်း။ဝိတ်လျော့စေရ် ဖြည့်စွက်စာ ဝမ်းလျောဆေး သို့မဟုတ် သဘာဝပစ္စည်းများသုံးစွဲခြင်း။လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ခြင်း။လက်ထိုးအန်ခြင်း။သွားကြွေလွာပျောက်ဆုံးသွားခြင်းသည်လည်း ခဏခဏအန်ခြင်း၏လက္ခဏာဖြစ်တတ်သည်။အစာစားနေချိန် အိမ်သာသွားခြင်း။ပုံမှန်ထက် အသားသို့မဟုတ် သားရေစာများပိုစားခြင်း။အစားအသောက်စားခြင်းအပေါ် စိတ်ဓါတ်ကျခြင်း ရှက်ခြင်း သို့မဟုတ် အပြစ်ရှိသည်ခံစားနေရခြင်း။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။အစားအသောက်မူမမှန်ခြင်းဖြစ်စေသော အကြောင်းအတိအကျကိုမသိရသေးပါ။ အချို့သောစိတ်ပိုင်းဆိုင်ရာပြသာနာများကြောင့် ဖြစ်စေသောအကြောင်းအရင်းများစွာရှိပါသည်။ဥပမာအားဖြင့်။အချို့သူများတွင်မျိုးရိုးဗီဇကြောင့်ပိုဖြစ်တတ်သည်။ ပထမဆွေမျိုးတော်စပ်မှု -ညီအကိုမောင်နှမ သို့မဟုတ် မိသားစု- တွင်ရှိပါကပိုဖြစ်နိုင်သည်။စိတ်ပိုင်းဆိုင်ရာ နှင့် ခံစားချက်နှင့်ဆိုင်သောကျန်းမာရေး။ အစားအသောက်မူမမှန်ခြင်းသည် စိတ်ပိုင်းဆိုင်ရာ ခံစားချက်ဆိုင်ရာပြသာနာများနှင့်တွဲရှိတတ်သည်။ ကိုယ်ကို့ကိုယုံကြည်မှုနည်းခြင်း၊ အကောင်းဆုံးကိုသာရယူလိုခြင်း၊စိတ်လက်မာန်ပါလုပ်ဆောင်တတ်ခြင်း နှင့် ဆက်ဆံမှုဆိုင်ရာပြသာနာတို့ကြောင့်ဖြစ်တတ်သည်။အောင်မြင်ခြင်းနှင့် တန်ဖိုးတက်ခြင်းတို့ကလည်း ပိန်လာစေတတ်သည်။ ဖိစီးမှုများ မီဒီယာမှလူတွေကိုယ့်အားမြင်ပုံတို့ကြောင့်ပိန်ချင်စိတ်များဖြစ်စေတတ်သည်။ဖြစ်ပွားမှုကိုမြင့်စေသောအကြောင်းအရင်းများစွာရှိပါတယ်။ ဥပမာ။မိန်းကလေးများ။ ဆယ်ကျော်သက်မိန်းကလေးများနှင့် အသက်ငယ်သောမိန်းမများတွင် အေနိုရက်စီးယားသို့မဟုတ် ဗျူလီမီးအား(အစားအသောက်မစားလိုခြင်း)ပိုဖြစ်တတ်သော်လည်း ယောက်ျားလေးများတွင်လည်းဖြစ်တတ်သည်။အသက်အရွယ်မျိုးစုံတွင်ဖြစ်တတ်သော်လည်-ကလေးငယ်များ ဆယ်ကျော်သက်များနှင့် အသက်ကြီးသူများ-ဆယ်ကျော်သက်နှင့် နှစ်ဆယ်အစပိုင်းတွင်ပိုဖြစ်တတ်သည်။မိသားစုမျိုးရိုးရှိခြင်း။ မိဘနှင့် ညီအကိုမောင်နှမတွင်ဖြစ်ပါက ပိုဖြစ်နိုင်သည်။စိတ်ပိုင်းဆိုင်ရာပြသာနာရှိသူများ။ စိတ်ဓါတ်ကျခြင်း ဒေါသထွက်ခြင်း စိတ်အလိုမကျမှုများသောသူများတွင်ပိုဖြစ်တတ်သည်။ပြောင်းလဲသွားသောခန္ဓါကိုယ်နှင့် အခြားသူများ၏ချီးမွမ်းချက်များကြောင့်ပိန်အောင်ပိုကြိုးစားတတ်ကြသည်။ ထိုမှ အစားအသောက်ရှောင်ပြီးပိုဖြစ်တတ်သည်။စိတ်ဖိစီးမှုများခြင်းကြောင့် အစားအသောက်မူမမှန်ခြင်းပိုဖြစ်တတ်သည်။အားကစား အလုပ်နှင့် အနုပညာအလုပ်များ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။စမ်းသက်မှုများတွင်။ရုပ်ပိုင်းဆိုင်ရာစမ်းသက်ခြင်း။ အခြားရောဂါကြောင့် အစားအသောက်မူမမှန်ခြင်းမဟုတ်ကြောင်းကိုဖယ်ရန်စမ်းသက်လိမ့်မည်။ အခြားဓါတ်ခွဲခန်းဆိုင်ရာစမ်းသက်ချက်များကိုလည်းတောင်းနိုင်သည်။စိတ်ပိုင်းဆိုင်ရာစမ်းသက်ခြင်း။ စိတ်ပိုင်းဆိုင်ရာဆရာဝန်မှသင်အတွေး ခံစားချက် အစားအသောက်ပုံသဏာန်အားမေးလိမ့်မည်။ သင့်အား စိတ်ပိုင်းဆိုင်ရာမေးခွန်း ကိုယ့်ကိုယ်ကိုစမ်းသက်မှုဆိုင်ရာမေးခွန်းများမေးနိုင်သည်။အခြားလေ့လာချက်များ။ အခြားလေ့လာချက်များဖြင့် နောက်ဆက်တွဲပြသာနာများကိုရှာဖွေလိမ့်မည်။ စမ်းသက်မှုများဖြင့် သင်လိုအပ်သောအာဟာရပမာဏကိုတွက်ပေးလိမ့်မည်။ကုသမှုတွင် ယေဘုယျအားဖြင့်-။မကျန်းမာသောအစားအစာ အစား ကျန်းမာသောအစာစားရန်သင်ယူခြင်းကအထောက်အကူပြုလိမ့်မည်။ အမှန်အမှားခွဲထုံး နှင့် မိသားစုဆိုင်ရာပြသာနာများဖြေရှင်းခြင်း တို့လည်းပါဝင်နိုင်သည်။ဆေးရုံတင်ခြင်း။ အရမ်းဆိုးဝါးသောကျန်းမာရေးပြသာနာများ ဥပမာ မစားချင်အသောက်ချင်တော့ခြင်း ကြောင့် အာဟာရချို့တဲ့ခြင်းရှိပါက ဆရာဝန်မှ ဆေးရုံတက်ရန်ညွန်းလိမ့်မည်။ဆေးဝါးများ ဥပမာ စိတ်ဓါတ်တက်ကြွစေသောဆေးနှင့် စိတ်ပူပန်မှုလျော့ချသောဆေးများက ရောဂါလက္ခဏာများ သက်သာစေရန်အထောက်အကူပြုနိုင်သည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့်အစားသောက်မူမမှန်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။ကုသမှုနည်းလမ်းအတိုင်းကုသမှုခံယူပါ။ ကုသမှုအတိုင်း အစားအသောက်ပုံစံအတိုင်းလိုက်နာပါ။ သင့်တော်သော်ဗီတာမင် သတ္ထုဓါတ်အကြောင်းမေးမြန်းသုံးစွဲပါ။သင့်ကျန်းမာသည်ကိုမြင်လိုသောမိသားစု သူငယ်ချင်း မန်ဘာများနှင့် သီးခြားမနေပါနှင့်။လုပ်ရမည့်လေ့ကျင့်ခန်းပုံစံကိုဆရာဝန်နှင့်တိုင်ပင်ပါ။ကိုယ့်အားအထောက်အကူပြုစေသောစာအုပ်မျိုးဖတ်ပါ။ သင့်ဆရာဝန်မှ အချို့ အထောက်အကူဖြစ်သော အရာများကိုညွန်းလိမ့်မည်။ဝိတ်ချိန်ခြင်း မှန်ခဏခဏကြည့်ခြင်းအားရှောင်ပါ။ မကောင်းသော အကျင့်ကိုပြင်ပါ။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/eating-disorders/eating-disorders-%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%a1%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%99%e1%80%b0%e1%80%99%e1%80%99%e1%80%be%e1%80%94%e1%80%ba%e1%80%81%e1%80%bc%e1%80%84/
အသားအရေက purging ဖြစ်နေတာလား။ Breakout (ကန်ထွက်) နေတာလား................
အရေပြားက လူတစ်ယောက်ရဲ့ သွင်ပြင်ပေါ် အများကြီး သက်ရောက်နေတာမို့ အသားအရေက ထိန်းသိမ်းသင့်တဲ့ အရာ တစ်ခု လို့ပဲ ဆိုရပါမယ်။ ဒီလို အသားအရေ ထိန်းသိမ်းတဲ့အခါအသားအရေထိန်းသိမ်းမှု ပစ္စည်းက မိမိအသားအရေနဲ့ လိုက်ဖက်အောင် ရွေးချယ်မိဖို့ လိုပါမယ်။ဒီလိုရွေးချယ်မှု မှားတဲ့အခါ အရေပြားကို ထိခိုက်စေတာမျိုး ဖြစ်နိုင်ပါတ်။ တစ်ခါတလေအသားအရေထိန်းပစ္စည်းက ကိုယ့်အသားအရေ အမျိုးအစားအတွက်ပဲ ထုတ်ထားတာပါပဲ။ဒါပေမယ့် လိမ်းလိုက်တဲ့အခါ သက်သာမသွားဘဲအဖုအပိမ့်တွေထပ်ထွက်လာတဲ့အခါမျိုး ရှိနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ မတည့်တာများလား ဆိုပြီး စိုးရိမ်မိတဲ့ အခိုက်အတန့် လေဒီလေးတိုင်း လိုလိုမှာ ရှိတတ်ပါတယ်။ဒီတစ်ခေါက်တော့ အသားအရေထိန်းတဲ့ ပစ္စည်း တစ်ခုခု သုံးတဲ့အခါ အရေပြားပေါ်မှာ အဖုအပိမ့်လေးတွေ ထပ်ထွက်လာတာဟာ မတည့်လို့လား ဘာကြောင့်လဲဆိုတာကို သေချာလေး သိနိုင်စေဖို့ ပြောပြပေးပါရစေ။အသားအရေထိန်းတဲ့ ပစ္စည်းတစ်ခုခုကို သုံးတဲ့အခါ အခြေအနေ နှစ်ရပ် ကြုံရနိုင်ပါတယ်။ ဒါကတော့Skin Purgingနဲ့ Breakout ( ကန်ထွက်ခြင်း) ပါ။ဒီအခြေအနေ နှစ်ရပ်က မတူပါဘူး။ အမြင်မှာ တူသလို ထင်ရပေမယ့် Skin Purging က အသားအရေကို Healing လုပ်ပေးမှုရဲ့ ဖြစ်စဉ် တစ်ရပ်ဖြစ်ပြီးBreakout(ကန်ထွက်ခြင်း) ကတော့ အသားအရေကို ထိခိုက်ပျက်စီးစေတဲ့ ဖြစ်စဉ် တစ်ရပ်ပါ။ ဒီဖြစ်စဉ် နှစ်ခုက ဘယ်လို ကွားခြားလဲဆိုတာကို အတူတူကြည့် လိုက်ရအောင်နော်။အသားအရေက purging ဖြစ်နေတာလား။ Breakout (ကန်ထွက်) နေတာလားဆိုတာ ဒီလို ခွဲခြားနိုင်ပါတယ်။အသားအရေက Purging  ဖြစ်တယ်ဆိုတာကအရေပြားပေါ်က ဆဲလ်သေတွေကို မြန်မြန်ဆန်ဆန် ဖယ်ရှားပြီး အရေပြား ဆဲလ်အသစ် ဖြစ်တဲ့နှုန်းကို မြှင့်တဲ့ သဘောပါ။Active ingredient လို့ခေါ်တဲ့ ဝက်ခြံအတွက် လိမ်းဆေးတွေမှာပါတဲ့ Retinol၊  ဗီတာမင် C၊ ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့ Hydroxy Acid၊ BHA ၊ Benzoyl peroxide တွေပါတဲ့ skincare တွေ သုံးပြီးတဲ့အခါ အရေပြားထဲမှာ ထွက်ဖို့ ရှိနေတဲ့ဝက်ခြံတွေက ပုံမှန် အချိန်ထက် လျင်လျင်မြန်မြန်နဲ့ အရေပြားပေါ် ကန်ထွက်လာတဲ့ အခြေအနေပါ။အသားအရေထိန်းတဲ့ ပစ္စည်း အသစ် ပြောင်းသုံးတဲ့အခါ ပိတ်နေတဲ့ ချွေးပေါက်တွေ ပွင့်သွားပြီး ဆဲလ်သေတွေကို ဖယ်ရှားမှု လုပ်ပေးတဲ့ ဖြစ်စဉ်တွေကြောင့် ထွက်ဖို့ ဟန်ပြင်နေတဲ့ ဝက်ခြံတွေ၊ဆားဝက်ခြံတွေ၊အဆီဖုတွေက အရေပြားပေါ်ကို အစီအရီ ထွက်လာပါတော့တယ်။ ဒါကိုအသားအရေက purging ဖြစ်တယ်လို့ ခေါ်ပါတယ်။ထူးခြားချက်က Purging ဖြစ်တဲ့အခါ ဝက်ခြံ၊ ဆားဝက်ခြံ စတာတွေက ထွက်နေကျ နေရာမှာသာ ထပ်ထွက်တာ ဖြစ်ပြီး အခြား နေရာတွေမှာ မထွက်ပါဘူး။ ရောင်တာ၊ ယားတာ၊ နာတာမျိုး မရှိပါဘူး။ နောက်တစ်ခုက အချိန် မြန်မြန်နဲ့ ပြန်ပျောက် သွားပါတယ်။ အကြာဆုံး ၄၅ ရက်ထက် ပိုမကြာပါဘူး။တစ်ခါတလေ ဝက်ခြံ အပြင် အရေပြား အဖက်လန်တာမျိုး အထိဖြစ်စေနိုင်ပါတယ်။ အသားအရေကို Healing ဖြစ်စေပြီး အသစ် ပြန်မွေးပေးတဲ့ ဖြစ်စဉ်ပေါ့။အသားအရေက Breakout (ကန်ထွက်) နေတာဆိုရင်တော့ ရလာမယ့် အကျိုးဆက်က အပေါ်က ပြောခဲ့တဲ့ အခြေအနေနဲ့ ဆန့်ကျင်ဘက်ပါ။ အသားအရေ ထိခိုက်မှုကို အစပျိုး နေတာပါ။အရေပြားမှာ Breakout ဖြစ်နေတာဆိုရင်တော့ ထွက်နေကျ မဟုတ်တဲ့ နေရာမှာ ဝက်ခြံ အဖု အကြီးကြီးတွေ ထွက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီဝက်ခြံတွေက နီမြန်းမယ်။ ရာင်ရမ်းမယ်။ နာကျင်မယ် စတာတွေကို ခံစားရနိုင်ပါတယ်။ဒီ အနေအထားမှာ သည်းမခံနိုင်လို့ ကုတ်ခြစ်မိမယ် ဆိုရင် ပိုးဝင်ပြီး အရေပြားမှာအမာရွတ်တွေဖြစ်တာ အပါအဝင် အခြားသော အသားအရေ ထိခိုက်ပျက်စီးမှုတွေကို ခံစားရနိုင်ပါတယ်။ဒီအနေအထားကို သက်သာစေဖို့ဆိုရင်တော့ လက်ရှိ သုံးနေတဲ့ အသားအရေထိန်း ပစ္စည်းတွေကို ရပ်ပစ်ပြီး အသားအရေနဲ့ အသင့်တော်ဆုံး ဖြစ်မယ့် အသားအရေထိန်း ပစ္စည်း အသစ်ကို ရှာတာ၊ ဆရာဝန်နဲ့ ပြတာမျိုးတွေ လုပ်ရပါမယ်။ဒီအနေအထားမှာ သေချာ မကုသမိတဲ့အခါ ဝက်ခြံနဲ့အရေပြား ပိုးဝင်တာမျိုး နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာပြီး အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါ​ကြောင့် အသားအရေလေး ကျန်းမာစေဖို့ဆိုရင် အရေပြားကို ပုံမှန် သန့်စင်ပါ။ ဆိတ်ဆွတာ၊ ကုတ်ဖဲ့တာတွေ မလုပ်ပါနဲ့၊ အသားအရေ အမျိုးအစားနဲ့ လိုက်ဖက်တဲ့ အသားအရေထိန်း ပစ္စည်းမျိုးကို ရွေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/skin-purging-vs-breakout/
ကင်ဆာရှိနေတာတောင် မျှော်လင့်ချက် မပျောက်ဆုံးခဲ့ပါ။
ရေချိုးခန်းဝင်ရင်ဆပ်ပြာတိုက်တော့ ရင်သားမှာ အဖုလေးလိုလို အကျိတ်လေးလိုလို စမ်းမိတယ်။ အစကတော့ ဘာရယ်လို့မှ ထွေထွေထူးထူး မတွေးဘဲ ထားလိုက်တယ်။ ဒါပေမယ့် တစ်ပတ်လောက်ကြာတော့ အကျိတ်လေးက ပိုကြီးလာသလိုပဲ။ ဒီလိုနဲ့ မေမေ့ကို ပြောပြမိတော့ ကင်ဆာ ဖြစ်နေမှာစိုးလို့ ဆေးခန်းပြကြည့်ဖို့ ပြောတယ်။ချက်ချင်းတော့ မပြဖြစ်သေးဘူးပေါ့။ အလုပ်တွေများနေတာနဲ့ အချိန်နည်းနည်းကြာလာတော့အကျိတ်က ကြီးလာတယ်။ ဒီလိုနဲ့ မဖြစ်တော့ဘူးဆိုပြီး မေမေကိုယ်တိုင် လိုက်ပို့မှပဲ ဆေးခန်းရောက်တော့တယ်။ဆရာဝန်နဲ့ ဖြစ်တဲ့လက္ခဏာတွေကို သေချာပြောပြပြီး ဆေးစစ်မှုတွေ လုပ်ခိုင်းတယ်။ ဒီအချိန်မှာကတည်းက ဆရာဝန်က သေချာတော့ ပြောလို့မရသေးပေမယ့် ကင်ဆာလို့ သံသယရှိတယ်လို့တော့ပြောတယ်။ မေမေရော ကိုယ်တိုင်ပါ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်းပေါ့။ဒီလိုနဲ့ဆေးစစ်ချက်အဖြေတွေထွက်လာတော့ စိတ်တော့ မကောင်းပေမယ့် ရင်သားကင်ဆာဖြစ်နေတာပါလို့ ဆရာဝန်က ပြောလာတယ်။ ခေါင်းကို မိုးကြိုးပစ်ချလိုက်သလိုပဲ။ ဒီအချိန်မှာ တွေးမိတဲ့ တစ်ခုတည်းသော စိတ်ကူးက ဘုရား ဘုရား ….. ကင်ဆာဆိုတော့ ငါသေရတော့မှာပါလား။ မေမေဆို ငိုမတတ်ဖြစ်နေတာ။ ကိုယ်တိုင်ကတော့ မေမေ စိတ်မကောင်းဖြစ်မှာစိုးလို့ အံကြိတ်ထားရင်းပေါ့။ကြားကြားချင်းမှာ ပူထူပြီး ဘာမေးလို့ မေးရမှန်း မသိတော့ပေမယ့် စိတ်ကို ထိန်းလိုက်တယ်။ ပြီးတော့မှ ရင်သားကင်ဆာဖြစ်တာ အခြေအနေက ဘယ်အဆင့်ရောက်နေပြီလဲ သိလို့ရမလား။ ဘယ်လို စစ်ဆေးမှုတွေ ထပ်ပြီး ခံယူဖို့ လိုမလဲ။ ဘယ်လို ကုထုံးတွေနဲ့ ကုသမှု ခံယူရမလဲ။ နေထိုင်မှု ပုံစံတွေကိုရော ဘယ်လို ပြောင်းလဲရမလဲဆိုပြီး သေချာလေး မေးမိပါတယ်။ဒီအချိန်မှာ ဆရာဝန်က ရင်သားအကျိတ်က အသားစကို ရယူပြီး စစ်ဆေးမှု သေချာ လုပ်ကြည့်ချင်တယ်။ ဒါမှ ကင်ဆာ အဆင့်တွေကို သိပြီး ကုထုံးကို သတ်မှတ်နိုင်မှာလို့ ပြောပြတယ်။နောက်မေးမိတာကာ မျိုးရိုးမရှိဘဲ ဘာကြောင့် ကျွန်မမှာမှ ဖြစ်ရတာလဲလို့ပေါ့။ ဒီတော့ ဆရာဝန်က ညီမလေးကBMIကလည်း များမယ်ထင်တယ်။ နောက်ပြီး အထိုင်ရော များလားလို့ မေးလာတယ်။ ကျွန်မကလည်း ဟုတ် ကိုယ်အလေးချိန်က ပုံမှန် ရှိသင့်တာထက် များနေသလို တစ်နေ့တာရဲ့ အချိန်တော်တော်များများကို ထိုင်ရင်း ကုန်ဆုံးနေတယ်လို့ ပြောပြဖြစ်တယ်။ဒါတွေကြောင့်ဖြစ်နိုင်တယ်။စိတ်ဓာတ်မကျပါနဲ့။ ကင်ဆာဆိုတိုင်းလည်း သက်တမ်းစေ့ မနေနိုင်ဘူးလို့ မဆိုသာပါဘူး။ စောစောသိ စောစောကုသမယ်ဆိုရင် ပျောက်ကင်းနိုင်ခြေရှိပါတယ်။ သက်တမ်းစေ့စေ့လည်း နေနိုင်မှာပါ။ ဆေးပညာတွေလည်း တိုးတက်နေတာပဲလေလို့ ပြောမှပဲ စိတ်ထဲမှာ လင်းခနဲ မျှော်လင့်ချက် ရောင်ခြည်လေး သန်းလာတယ်။ ဒါပေမယ့် စိတ်ကိုတော့ ဒုံးဒုံးချပြီး ဝမ်းမသာနိုင်သေးဘူးပေါ့။ကင်ဆာ ဆေးစစ်ချက် အဖြေ သိရမယ့်နေ့က ကိုယ်တိုင်ရော မိသားစုဝင်တွေ အားလုံးပါ ရင်ခုန်နေကြပါတယ်။ ရလဒ်ကောင်းဖို့လည်း ဝိုင်းဆုတောင်းပေးနေကြပါတယ်။ဒီလိုနဲ့ ဆရာဝန်ဆီရောက်တော့ ညီမလေး ကံကောင်းတယ်။ကင်ဆာက အစောပိုင်းအဆင့်ပဲ ရှိသေးတယ်။ အခြားဆဲလ်တွေ တစ်ရှူးတွေဆီလည်း ပြန့်နေတာမျိုး မရှိသေးဘူး။in situ အဆင့်ပဲ ရှိသေးတယ်။ကင်ဆာဆဲလ်တွေက နို့ရည်ပြွန်၊ နို့ရည်ပြုဂလင်းဆဲလ်တွေမှာပဲ ရှိသေးတဲ့ အဆင့်ပေါ့။ ကုထုံးသေချာလေး ခံယူမယ်။ အာဟာရမျှတအောင်စားမယ်။ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုကိုလည်း လုပ်မယ်ဆိုရင် သက်တမ်းစေ့စေ့နေနိုင်မှာပါလို့ ဆရာဝန်က ရှင်းပြပါတယ်။အခုအခြေအနေအတိုင်းဆိုရင် ခွဲစိတ်ကုသမှု ခံယူတာနဲ့တင်ကို အဆင်ပြေနိုင်တယ်။ ခွဲစိတ်တယ်ဆိုတာကကင်ဆာကျိတ်ကို ဖယ်ရှားဖို့ပါ။ ရင်သား တစ်ခုလုံးကို ဖယ်ရှားရမလား၊ ကင်ဆာဆဲလ်တွေ ရှိနေတဲ့ အကျိတ်တဝိုက်က တစ်ရှူးတွေ၊ ပြန်ရည်ကျိတ်လေးတွေကို ဖယ်ရှားရမလားဆိုတာကိုတော့ ပြန်ဆွေးနွေးကြတာပေါ့လို့ ဆရာဝန်က ရှင်းပြပါတယ်။ညီမဘက်ကတော့ လိုက်နာရမယ့် ကျန်းမာစေမယ်ဆိုတဲ့ အလေ့အထ အားလုံးကို လိုက်နာလုပ်ဆောင်ပါ့မယ်လို့ မေမေရော ကျွန်မပါ ဆရာမကို တပြိုင်တည်း ကတိပေးလိုက်ပါတယ်။ဒီလိုနဲ့ခွဲစိတ်မှုကိုလည်း ခံယူတယ်။ ဆေးကုသမှုတွေကိုလည်း သေချာ လိုက်နာတယ်။ ကျန်းမာတဲ့ နေထိုင်မှုပုံစံကိုလည်း မွေးမြူရင်း သေမယ်လို့ ထင်ခဲ့တဲ့ အခြေအနေကနေ အခုတော့နေ့စဉ်ဘဝကို ကျန်းမာစွာနဲ့ ဖြတ်သန်းနိုင်လာပါပြီ။ကင်ဆာ လို့ သိရတဲ့အချိန် ကုသမှုတွေခံယူနေချိန်မှာ အကြိမ်ကြိမ် စိတ်ဓာတ်ကျခဲ့ပေမယ့် အခုချိန်မှာတော့ ဇာတ်လမ်းလေးတစ်ပုဒ်လိုတောင် ပြန်ပြောနိုင်ပါပြီ။ကင်ဆာ ဖြစ်တိုင်း သေမိန့်ကျတာ မဟုတ်ပါဘူး။ သေချာလေး ကုသမှု ခံယူမယ်။ ကျန်းမာစေတဲ့ အလေ့အကျင့်လေးတွေကို ပျိုးထောင်မယ်ဆိုရင် ချစ်ရတဲ့ မိသားစုဝင်တွေနဲ့ သက်တမ်းစေ့စေ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်မှာပါ။မိသားစုရဲ့ နွေးထွေးကြင်နာစွာ ထွေးပွေ့မှုကလည်း ကင်ဆာကို အနိုင်တိုက်နိုင်ခဲ့စေတဲ့ အင်အားတစ်ခုပါ။ဒါကြောင့် ကင်ဆာ ဖြစ်ပြီဆိုတိုင်း မျှော်လင့်ချက် မဲ့မသွားပါနဲ့။ တိုးတက်နေတဲ့ ဆေးပညာအကူအညီနဲ့ အကောင်းဆုံး ကြိုးပမ်း ရင်ဆိုင်ကြပါလို့ ပြောပါရစေနော်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/theres-hope-in-cancer-patient-story/
သက်လတ်ပိုင်းမှာပေါက်တဲ့ ဝက်ခြံတွေ သက်သာစေဖို့ ဒါတွေစားပေးပါ။
ဆယ်ကျော်သက်အရွယ်မှာဟော်မုန်း အပြောင်းအလဲကြောင့်ဝက်ခြံ ပေါက်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခု ဆိုပေမယ့်။ ဆယ်ကျော်သက်ကို ကျော်လာပြီး သက်လတ်ပိုင်းကို ရောက်လာတဲ့အခါ ဝက်ခြံတွေက တဖြည်းဖြည်း သက်သာသွားမှာပါ။ ဒါပေမယ့် သက်လတ်ပိုင်းမှာပေါက်တဲ့ ဝက်ခြံတွေ မသက်သာဘူးဆိုရင်တော့အသားအရေလေးကို ဝက်ခြံတွေရန်ကနေ ကာကွယ်ဖို့ စားပေးသင့်တာလေးတွေရှိပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။သက်လတ်ပိုင်းမှာပေါက်တဲ့ ဝက်ခြံတွေ သက်သာစေဖို့ ဒါတွေစားပေးပါ။ ဘာတွေ စားပေးရမလဲ ဆိုတော့။အနီရောင် ရဲရဲ ခရမ်းချဉ်သီးလေးမှာ ဗီတာမင် C၊ဗီတာမင် A၊ ဗီတာမင် E နဲ့ ဗီတာမင် B3 တို့ ပါဝင်နေတာ​ကြောင့် အသားအရေကို ဝက်ခြံကင်းစေပြီးအသားအရေ ကျန်းမာစေဖို့အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ချိုစိမ့်စိမ့်နဲ့ စားလိုက်ရင် အရသာ ရှိတဲ့ ကန်စွန်းဥကအရေပြား ကျန်းမာရေးကို အားဖြည့်ပေးနိုင်တဲ့ အာဟာရတွေ များစွာ ပါဝင်နေပါတယ်။ ကန်စွန်းဥမှာ သက်လတ်ပိုင်းမှာ ဖြစ်တတ်တဲ့ ဝက်ခြံတွေကို သက်သာစေမယ့် ဗီတာမင် A၊ ဗီတာမင် B5 နဲ့ ဗီတာမင် C တို့ ပါဝင်နေပါတယ်။နေကြာစေ့၊ ဖရုံစေ့၊ နှမ်းကြတ်စေ့ နဲ့ ပင်ပွားစေ့တွေမှာ ဗီတာမင် E၊ ဇင့်၊omega-3fats တို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အသားအရေကို ရောင်ရမ်းမှု သက်သာစေနိုင်သလို ဝက်ခြံတွေကိုလည်း အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက သက်လတ်ပိုင်းမှာ ဖြစ်တတ်တဲ့ ဝက်ခြံတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ အစိမ်းရောင်ရင့်ရင့် ဟင်းနုနွယ်ရွက်၊ ကိုက်လန်၊ကညွတ်၊ဆလတ်ရွက်စတဲ့ အရွက်တွေက ဝက်ခြံ သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။အကြောင်း ကတော့ ဒီအစိမ်းရောင် အသီးအရွက်တွေမှာ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် E၊သံဓာတ်၊ ကယ်လ်ဆီယမ်တို့ ပါဝင်နေပြီး ဝက်ခြံ ကင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ချိုပြီး အရည်ရွှမ်းတဲ့ သင်္ဘောသီးလေးက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝသလို ဗီတာမင် C၊ ဗီတာမင် A နဲ့ ပိုတက်ဆီယမ်တို့ ပါဝင်တာ​ကြောင့် ကိုယ်ခံအား ကောင်းစေသလို အရိုးတွေကို သန်မာစေပါတယ်။ ဆံသားကို သန်စွမ်းစေပြီး အသားအရေ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။နာနတ်သီးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေသလို မဂ္ဂနိ့လည်း ပါဝင် တာ​ကြောင့် အသားအရေကို ကျန်းမာစေပြီး ဝက်ခြံကင်းလို့ လှပစေမှာပါ။ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် A၊ ဗီတာမင် B5၊ ဗီတာမင် C နဲ့ ဗီတာမင် Eတို့ ပါဝင် နေတာကြောင့်ခန္ဓာကိုယ်ကို ကျန်းမာစေသလိုအသားအရေကိုလည်း ကျန်းမာစေမှာပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/key-nutrients-for-preventing-adult-acne/
ဘေဘီလေး အသံဝင်ခဲ့ရင်
အသံဝင်တာက လူကြီးတွေပဲ ဖြစ်တတ်တယ်လို့ အများက ထင်ထားကြပါတယ်။ တကယ်ကတော့ အသံဝင်တာကဘေဘီလေးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒီတစ်ခေါက်တော့ တီတီတာတာ ပြောတတ်စအရွယ် ဘေဘီလေး အသံဝင်ခဲ့ရင် ဘယ်လို ဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ဘေဘီလေးတွေက လူကြီးတွေလို စကားများများ မပြောတာကြောင့် အသံဝင်တာကို သိဖို့ ခက်ခဲတာမျိုးတော့ ရှိနိုင်ပါတယ်။ သိသာတဲ့ အခြေအနေ တစ်ရပ်ကို ပြောပြရမယ်ဆိုရင်တော့ ဘေဘီလေးရဲ့ အသံမှာ အနည်းငယ် ပြောင်းလဲမှုလေးတွေ ရှိနေတာမျိုးပါ။ဘေဘီလေး အသံဝင်ခဲ့ရင် ဘယ်လို သက်သာအောင် လုပ်ဆောင်ပေးရမလဲ ဆိုတာနဲ့ ဘေဘီလေးကို အသံဝင်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲဆိုတာကို ပြောပြပေးသွားပါမယ်။ဘေဘီလေးရဲ့ အသံက ပုံမှန် မဟုတ်ဘဲ အက်တက်တက်ဖြစ်နေတယ်ဆိုရင် သေချာတာက ဘေဘီလေး အသံဝင် နေတာပါ။ ဒါဆို ဘာတွေကများ ဘေဘီလေးကို အသံဝင်စေတာလဲ။ဘေဘီလေးကို အခုလို အကြောင်းအရာတွေက အသံဝင်စေတာပါ။ဘေဘီလေး အသံဝင် တာကို သက်သာစေဖို့ဆိုရင် အခုလိုလေး ဂရုစိုက်ပေးပါနော် မေမေတို့ရေ။အသံဝင်တာက ဘေဘီလေးကို ထိခိုက်စေနိုင်တာကြောင့် ဘေဘီလေးကို သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/hoarse-voice/
ခုခံအားတက်ဖို့ နည်းလမ်းတွေ
လူ့ခန္ဓာကိုယ်ရဲ့ immune system လို့ခေါ်တဲ့ ခုခံအားစနစ်ဟာ ရောဂါပိုးတွေကနေ ကာကွယ်တိုက်ထုတ်ပေးပါတယ်။ များသောအားဖြင့် ခုခံအားစနစ်ဟာ အလုပ်ကောင်းကောင်းလုပ်ပေမယ့် တစ်ခါတရံမှာတော့ ခုခံအားစနစ်ယိုယွင်းနေတတ်ပါတယ်။ အဲဒီအခါ ကျွန်မတို့တတွေ ဖျားနာကြပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ခုခံအားစနစ်ကို အရှိန်မြင့်စေတဲ့ နည်းတွေရှိပါတယ်။ခုခံအားစနစ်ဆိုတာ အထူးဆဲလ်တွေ၊ တစ်သျှူးတွေ၊ ပရိုတင်းဓာတ်တွေနဲ့ကိုယ်တွင်းအင်္ဂါတွေဟာ ပြင်ပကဝင်လာတဲ့ ရောဂါပိုးမွှားတွေကို စုပေါင်းတိုက်ထုတ်ကြတဲ့ စနစ်ဖြစ်ပါတယ်။  ခုခံအားစနစ် အားကောင်းနေတဲ့အချိန်မှာ ဘက်တီးရီးယား ၊ ကပ်ပါးကောင်၊ ဗိုင်းရပ်စ်တွေ စတဲ့ ခန္ဓာကိုယ်ကျန်းမာရေးကို ခြိမ်းခြောက်နိုင်တဲ့ ပိုးမွှားတွေကို တွေ့တဲ့အခါ ဒီပိုးမွှားတွေကို တုံ့ပြန်ဖျက်ဆီးဖို့အချက်ပေးပါတယ်။ယျေဘုယျအားဖြင့် ခုခံအားစနစ်ဟာ သဘာဝအလျောက် အလုပ်ကောင်းကောင်းလုပ်ပြီး ဘာမှအထူးတလည်ပြုပြင်ပေးဖို့မလိုအပ်လှပါဘူး။ သို့ပေမယ့် အောက်ဖော်ပြပါ အခြေအနေမျိုးတွေမှာတော့ ခုခံအားကျဆင်းနေနိုင်ပါတယ်။(၁) မွေးရာပါ ခုခံအားကျဆင်းတဲ့ အခြေအနေရှိခြင်း ၊ သူတို့ဟာ ငယ်စဉ်ကတည်းက ခုခံအားစနစ်ရဲ့ အချို့သော ဓာတ်တွေချို့တဲ့နေတဲ့အတွက် ခုခံအားကျဆင်းတတ်ပါတယ်။(၂) HIV၊ မီးလောင် ဆီပူလောင် ရေနွေးပူလောင်ခြင်း အာဟာရမပြည့်ဝခြင်း ကင်ဆာဆေးဝါးလို ဓာတုဗေဒကုထုံးခံယူနေရသူတွေ နဲ့ နာတာရှည်ရောဂါရှိသူတွေ။(၃)ပန်းနာရင်ကြပ်နဲ့ ဓာတ်မတည့်ရောဂါရှိသူတွေ။(၄) ကိုယ့်ခုခံအားစနစ်ကို ကိုယ်ပြန်တိုက်တဲ့ရောဂါရှိသူတွေ သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာ၊ အမျိူးအစားတစ်ဆီးချိူရောဂါနဲ့ multiple sclerosis လို့ခေါ်တဲ့ ရောဂါတွေရှိသူတွေမှာ ခုခံအားစနစ်ဟာရောဂါပိုးမွှားတွေကိုသာမက ကိုယ်တွင်းစနစ်တွေကိုမှားယွင်းပြီး ပြန်တိုက်တတ်တဲ့အတွက် ခုခံအားကျတတ်ပါတယ်။ခုခံအားစနစ်တစ်ခုလုံးကောင်းကောင်းအလုပ်လုပ်ဖို့ဆိုရင် ဟန်ချက်ညီတဲ့ မျှခြေတစ်ခုရှိဖို့အရေးကြီးပါတယ်။ သုတေသနပြုသူတွေတွေဟာ ခုခံအားစနစ်နဲ့ ဘဝနေထိုင်တဲ့ ပုံစံဟာ အများကြီးဆက်စပ်နေတယ်လို့ ဖော်ပြကြပါတယ်။ အောက်ဖော်ပြပါနည်းလမ်းတွေဟာ ခုခံအားစနစ်ကို အရှိန်မြှင့်ပေးနိုင်ပါတယ်။(၁) ဟင်းသီးဟင်းရွက် သစ်သီးဝလံများများစားသုံးပေးခြင်း။(၂) ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း။(၃) ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း။(၄) ဆေးလိပ်မသောက်ခြင်း။(၅) အရက်ကို အသင့်အတင့်သာသောက်ခြင်း။(၆)အိပ်ရေးဝဝအိပ်စက်ခြင်း။(၇) လက်ကိုဆပ်ပြာနဲ့ မကြာခဏဆေးခြင်းဖြင့်ရောဂါပိုးကူးစက်မှုကိုကာကွယ်ခြင်း။(၈) စိတ်ဖိစီးမှု လျော့ကျအောင်နေခြင်း။(၉) ယောဂဆော့ခြင်း တရာထိုင်ခြင်း။သင့်တင့်မျှတတဲ့ အစာအုပ်စုအစုံပါဝင်တဲ့ အစားအသောက်ပုံစံဟာ ခုခံအားစနစ်ကိုတကယ်ပဲ အထောက်အကူပြုပါတယ်။ ဗီတာမင် အေ စီ ဒီနဲ့ သတ္ထုဓာတ်တွေသောက်သုံးပေးခြင်းကလဲ ခုခံအားစနစ်ကိုတိုးတက်ကောင်းမွန်စေပါတယ်။ ဥပမာအားဖြင့် ဇင့်ဓာတ်ချို့ယွင်းခြင်းဟာ နာတာရှည်ရောဂါတွေကိုဖြစ်စေတဲ့ အပြင် ခုခံအားနဲ့ပတ်သက်တဲ့ ရောင်ရမ်းမှူကို တုန့်ပြန်တဲ့နေရာမှာ ထိခိုက်စေတယ်လို့တွေ့ရှိထားပါတယ်။ ဗီတာမင် ဒီကို (သင့်တင့်တဲ့ ပမာဏ) ကိုယ်ဝန်ဆောင်စဉ်မှာ တိုက်ကျွေးတဲ့အခါ မွေးလာတဲ့ ကလေးမှာ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းတွေ နဲ့ ပန်းနာရင်ကြပ်ဖြစ်ပွားမှူတွေကိုကာကွယ်ပေးနိုင်ကြောင်းတွေ့ရှိရပါတယ်။(၁) ရေမှာပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်တွေဟာ ရောင်ရမ်းမှု အဆင့်ကို မြန်ဆန်စေလို့ ရောဂါပိုးဝင်တဲ့အခါ တိုက်ထုတ်မှူကို မြန်စေပါတယ်။(၂) ဘလူးဘယ်ရီနဲ့ အနီရောင်စပျစ်သီးတွေဟာ CAMP gene ကိုမြင့်တက်စေခြင်းဖြင့် ခုခံအားစနစ်ကို ကူညီပေးပါတယ်။(၃) ငါးကြီးဆီ DHA ပါဝင်တဲ့ ငါးကြီးဆီဟာ B cell ရဲ့ လုပ်ငန်းဆောင်တာကိုကောင်းမွန်ေစပြီး ခုခံအားကို တိုးတက်စေပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/common-cold/tips-to-good-immune/
အဆုံးသတ်တော့မယ့် Relationship တစ်ခုရဲ့ လက္ခဏာများ
လူတိုင်းနီးပါးRelationship တစ်ခု ကို စတင်ကြတာက အဆုံးသတ်ဖို့ရည်ရွယ်ချက်နဲ့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခြေအနေ အကြောင်းကြောင်းကြောင့် Relationship အများစုဟာ လမ်းခွဲခြင်းနဲ့ အဆုံးသတ်သွားတတ်ကြပါတယ်။ကမ္ဘာပေါ်က Relationship တွေဟာ ပေါင်းစည်းရတာထက်လမ်းခွဲတာနဲ့ အဆုံးသတ်ရတာက ပိုများတယ်လို့ အဆိုရှိပါတယ်။ Relationshipတစ်ခုခိုင်မြဲနေဖို့ဆိုရင် နမိတ်လက္ခဏာတွေနဲ့ အပြုအမူတွေကို သိနားသဘောပေါက်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။အဆုံးသတ်တော့မယ့် Relationship တစ်ခုရဲ့ လက္ခဏာတွေကို သိထားမယ်။ ကိုယ့်ရဲ့ Relationship ဟာ ဘယ်လိုအခြေအနေမျိုးကို ဦးတည်နေသလဲဆိုတာကိုလည်း သိထားမယ်ဆိုရင် အဆုံးသတ်ဆိုတဲ့အခြေအနေကို ကောင်းမွန်စွာ ကျော်ဖြတ်ရှောင်လွဲနိုင်ဖို့ ရာခိုင်နှုန်းသိသိသာသာမြင့်မားသွားမှာဖြစ်ပါတယ်။ဒါကြောင့် ကိုယ့်မှာ Relationshipက ဘယ်လိုအခြေအနေမျိုးမှာရှိနေလဲဆိုတာကို ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ အောက်က အခြေအနေတွေရှိနေပြီဆိုရင်တော့ သင့်ရဲ့ Relationshipဟာ အန္တရာယ်ဇုံထဲကိုရောက်နေပြီလို့ မှတ်ယူရပါလိမ့်မယ်။ဒီအချက်တွေထဲက အချက် တော်တော်များများ ဒါမှမဟုတ် အကုန်လုံး သင့်ဆီမှာ ဒါမှမဟုတ် သင့်ရဲ့လက်တွဲဖော်ဆီမှာ ရှိနေမယ် ဆိုရင်တော့ ဒီ Relationship ဟာ အဆုံးသတ်သွားဖို့ နီးစပ်နေပြီဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။တစ်ယောက်ယောက်က ရှေ့ဆက်ချင်တဲ့ စိတ်ဆန္ဒ ရှိနေသေးရင်တောင်မှ ပြန်လည် ပြုပြင်ယူဖို့ အတော်လေး ကြိုးစားကြရတော့မယ့် အခြေအနေပါ။ဒီအခြေအနေမျိုးအထိ ရောက်မလာအောင် စတင် လက်တွဲစဉ် ကတည်းက ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ယုံကြည်မှုရှိရှိနဲ့ အရာရာကို ရင်ဆိုင်ဖြေရှင်းတတ်တဲ့ အလေ့အထလေး တစ်ခု ကြိုတင်ပြီး ထားရှိထားဖို့ အကြံပေးပါရစေ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/signs-your-relationship-is-over/
Leptospirosis (Leptospirosis)
Leptospirosis ဆိုတာတော့ ဖော့နှုတ်တံ (Cockscrew) ပုံသဏ္ဍာန်ရှိပြီး Leptospira interrogans လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ပိုးဝင်မှုတစ်ခုပါ။ Leptospirosis ဟာ ဆီး၊ သွေး သို့မဟုတ် တိရစ္ဆာန်တွေရဲ့ တစ်သျှူးတွေမှာ ပါဝင်နေတတ်ပြီး ဒီလိုကူးစက်တတ်တဲ့ ရင်းမြစ်တွေကို ထိကိုင်မိခြင်းကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ဒါ့အပြင် ပိုးရှိနေတဲ့ မြေ သို့မဟုတ် ရေတွေ၊ စိုစွတ်နေတဲ့ မြေလွှာတွေ သို့မဟုတ် ပိုးကူးစက်ထားတဲ့ တိရစ္ဆာန်တွေရဲ့ ဆီးနဲ့ထိတွေ့ထားတဲ့ အသီးအရွက်တွေကနေတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ။် အထူးသဖြင့် နွား၊ ဝက်၊ ခွေး၊ တွားသွားသတ္တဝါတွေနဲ့ ကုန်းနေရေနေသတ္တဝါတွေ၊ မြေကြွက်တွေနဲ့ အခြားသော ကြွက်မျိုးစိတ်တွေ အစရှိသဖြင့်ဟာ ဘက်တီးရီးယားတွေအတွက် အရေးအကြီးဆုံးသော နားခိုရာကြီးပါပဲ။အိမ်မွေးတိရစ္ဆာန်တွေမှာဖြစ်စေ၊ အရိုင်းတွေမှာဖြစ်စေ ဒီပိုးကို သယ်ယူလာနိုင်ပြီး ဘက်တီးရီးယားတွေကို သူတို့ဆီးထဲကို ပို့လွှတ်နိုင်ပါတယ်။ကုသမှုမလုပ်ခဲ့ဘူးဆိုရင် leptospirosis ဟာ ကျောက်ကပ်ပျက်စီးစေနိုင်ပြီး meningitis (ဦးနှောက်နဲ့ ကျောရိုးမတစ်ဝိုက်က အမြှေးပါးတွေရောင်ရမ်းခြင်း)၊ အသည်းပျက်စီးခြင်း၊ အသက်ရှူခြင်းဆိုင်ရာ ပြဿနာတွေနဲ့ သေဆုံးခြင်းထိကို ဖြစ်စေနိုင်ပါတယ်။Leptospirosis ကြီးထွားခြင်းမှာ အချိန်အပိုင်းအခြား ၂ခုရှိပါတယ်။ ပေါက်ဖွားချိန်နဲ့ ကူးစက်ချိန်တွေပါ။ပေါက်ဖွားချိန်။ ။ ဒါဟာတော့ စပြီးကူးစက်ခံရတဲ့အချိန်နဲ့ လက္ခဏာတွေဖွံ့ဖြိုးလာချိန်ကြားကာလပါ။ ဒါဟာ ၁၀ရက်အတွင်းမှာဖြစ်ပွားနိုင်ပြီး ၂ရက်မှ ၂၆ရက်နေ့ကြားကာလအတွင်းဖြစ်နိုင်ပါတယ်။ကူးစက်ချိန်။ ။ ဒါကတော့ ရောဂါကူးစက်တဲ့သူတစ်ယောက်မှ အခြားတစ်ယောက်ထံသို့ကူးစက်စေနိုင်တဲ့ ကာလပါ။ ကူးစက်ခြင်းဟာ ပိုးကူးစက်ခံထားရတဲ့ တိရစ္ဆာန်တွေရဲ့ ဆီးနဲ့ထိတွေ့မိခြင်းကြောင့်ဖြစ်လာရတာပါ။ လူအချင်းချင်းကူးစက်ခြင်းတော့ မဖြစ်နိုင်ပါဘူး။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Leptospirosisရဲ့အဖြစ်အများဆုံး ရောဂါလက္ခဏာတွေမှာတော့ အပိုင်း ၂ပိုင်းခွဲထားပါတယ်။ပထမအဆင့်။ပထမအဆင့်ကတော့ ၅ရက်ကနေ ၇ရက်အတွင်းကြာတတ်ပြီး အောက်ပါလက္ခဏာတွေနဲ့ အစပြုပါတယ်။ကိုယ်ပူကြီးခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ မျက်လုံးရဲခြင်း၊ ကြွက်သားနာခြင်း (အထူးသဖြင့် ပေါင်နဲ့ ခြေသလုံးကြွက်သားများ) ၊ အပိန့်ထခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်းစတာတွေပါ။ဒုတိယအဆင့်။နာမကျန်းခြင်းရဲ့ ဒုတိယအဆင့်ကတော့ (ခုခံခြင်းကာလ) ကတော့ ၁ပတ်ကနေ ၂ပတ်အတွင်းလိုက်လာမှာပါ။ ဒီအဆင့်မှာတော့ အောက်ပါ လက္ခဏာရပ်တွေပါဝင်ပါတယ်။Jaundice (အသားနဲ့ မျက်လုံးတို့ဝါခြင်း) ၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးခုန်မူမမှန်ခြင်း၊ အဆုတ်ပြဿနာများ၊ Meningitis (ဦးနှောက်အနားများရောင်ရမ်းခြင်း)၊ မျက်လုံးရဲခြင်း စတာတွေပါဝင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။Leptospirosis ဟာ Leptospira ဘက်တီးရီးယားကြောင့်ဖြစ်ရတာပါ။ တကယ်လို့များ ပြင်းထန်တဲ့ ကူးစက်မှုအသွင်ပြောင်းပြီဆိုရင်တော့ Weil’s disease လို့ခေါ်ပါတယ်။ပိုးဝင်ခြင်း၊ ကူးစက်ခြင်းဟာ သင့်ရဲ့မျက်လုံး၊ ပါးစပ်၊ နှာခေါင်းစသည်တို့မှဖြစ်စေ၊ သင့်ရဲ့အရေပြားပေါ်က ဒဏ်ရာတစ်ခုခုက အောက်ပါတို့နဲ့ထိတွေ့မိခြင်းဖြင့်ဖြစ်စေ၊ ကူးစက်နိုင်ပါတယ်။ရောဂါကူးစက်ခံထားရသော တိရစ္ဆာန်တစ်ကောင်ကောင်ရဲ့ ဆီး၊ သွေး၊ သို့မဟုတ် တစ်သျှူးများ၊ ဘက်တီးရီးယားရှိနေသော ရေ၊ ပိုးရှိနေသော မြေကြီး စတာတွေမှတစ်ဆင့် ဖြစ်နိုင်သလို ရောဂါပိုးကူးစက်ခံထားရသော သတ္တဝါတစ်ကောင်ကောင်ရဲ့ အကိုက်ခံရခြင်းမှလည်း ကူးစက်နိုင်ပါတယ်။Leptospira ဘက်တီးရီးယားဟာ အရေပြားဒဏ်ရာတွေမှတစ်ဆင့် ၊ ရေနူးနေသော အသားအရေမှတစ်ဆင့်၊ mucous membranes (နှာခေါင်း၊ ပါးစပ်၊ လည်ချောင်းနဲ့ လိင်အင်္ဂါတွေမှာရှိတတ်တဲ့ ပါးလွှာစိုစွတ်တဲ့ အမြှေးပါး) တွေမှတစ်ဆင့် ၊ သို့မဟုတ် ပိုးရှိနေသော ရေကို သောက်မိခြင်း၊ ရှူသွင်းမိခြင်းစတာတွေမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ လူတစ်ယောက်မှ တစ်ယောက်ကို ကူးစက်တာမျိုးတော့ မဖြစ်နိုင်ပါဘူး။Leptospirosisဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ပြင်ပနေရာများတွင် အလုပ်လုပ်ရသူ သို့မဟုတ် တိရစ္ဆာန်များနဲ့ အလုပ်လုပ်ရသူများ ။ ဥပမာ – လယ်သမားများ၊ အသီးအရွက်စားသုံးသူများ၊ သားသတ်သမား၊ ရေဆိုးမြောင်းအတွက် အလုပ်လုပ်ရသူများ၊ သားသတ်ရုံအလုပ်သမားများ၊ Campers ၊ စစ်သားများ၊ မိုင်းတွင်းအလုပ်သမားများ၊ ရေချိုကန်၊ မြစ်သို့မဟုတ် တူးမြောင်းအတွင်း ရေချိုးကြသူများ စတဲ့သူတွေမှာ အဖြစ်အများဆုံးပါပဲ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ရဲ့ ကျန်းမာရေးမှတ်တမ်းတွေနဲ့ သင့်မှာဒီရောဂါ ကူးစက်နိုင်ချေ ဘယ်လောက်ရှိမယ်ဆိုတာကို ဆရာဝန်က မေးမြန်းပါလိမ့်မယ်။ တကယ်လို့ သင့်မှာ အောက်ပါအချက်တွေ ရှိနေရင် ဆရာဝန်ကို ပြောပြပါ။လတ်တလော ခရီးထွက်ထားခဲ့တယ်ဆိုရင်။ရေကူးအားကစားတစ်ခုခုမှာ ပါဝင်ခဲ့တယ်ဆိုရင်။ရေချိုရင်းမြစ်တစ်ခုခုနဲ့ ထိတွေ့ခဲ့တယ်ဆိုရင်။တိရစ္ဆာန်တွေ၊ သို့မဟုတ် တိရစ္ဆာန်တွေနဲ့ လုပ်ရတဲ့ လုပ်ငန်းခွင်တစ်ခုခုထဲ ပါဝင်ခဲ့တယ်ဆိုရင်။တကယ်လို့ သင့်မှာ Leptospirosisဖြစ်စေ၊ အခြား ရောဂါပိုးဝင်သည်ဖြစ်စေလို့ သံသယရှိခဲ့မယ်ဆိုရင်သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ သွေးရောဆီးရောစစ်ဆေးခြင်း စသဖြင့် ပြုလုပ်ခိုင်းနိုင်ပါတယ်။Weil’s Disease ဆိုရင်တော့ သင့်ဆရာဝန်က ပုံရိပ်ဖော် နည်းပညာတွေ အသုံးပြုပါလိမ့်မယ်။ ဥပမာ ရင်ဘတ်ကို ဓါတ်မှန်ရိုက်တာမျိုးနဲ့ အသည်းနဲ့ ကျောက်ကပ် လုပ်ငန်းစဉ်တွေကို စစ်ဆေးနိုင်ဖို့အတွက် သွေးတွေကို စစ်ဆေးတာမျိုးတွေ လုပ်နိုင်ပါတယ်။ Scan နဲ့ စမ်းသပ်မှုတွေဟာ သင့်ရဲ့ ဘယ်အစိတ်အပိုင်းမှာ ပိုးတွေ ကူးစက်ခံနေရတယ်ဆိုတာမျိုးကို ဆရာဝန်တွေ သိရှိစေဖို့အတွက် အရမ်းကို အသုံးဝင်ပါတယ်။ရိုးရှင်းတဲ့ Leptospirosis တွေဟာ အပျော့စားတွေပဲဖြစ်ပြီး self-limiting လို့ခေါ်တဲ့ အလိုလိုပျောက်ကင်းနိုင်စွမ်းရှိပါတယ်။ Weil’s လို ရောဂါမျိုးမှာတော့ အကြောထဲထိုးသွင်းရတဲ့ ပဋိဇီဝဆေးတွေနဲ့ ဆေးရုံတက်ရောက်ကုသရဖု့ိ ဆရာဝန်က ညွှန်ကြားကောင်း ညွှန်ကြားပါလိမ့်မယ်။ သင့်ရဲ့လက္ခဏာတွေနဲ့ ဘယ်အင်္ဂါအစိတ်အပိုင်းမှာ ကူးစက်ခံနေရသလဲဆိုတဲ့အပေါ် မူတည်ပြီး သင်ဟာ အခြားသော ထပ်တိုးကုသမှုတွေကိုလည်းခံယူကောင်း ခံယူရနိုင်ပါတယ်။ ဥပမာ – တကယ်လို့ သင့်မှာ အသက်ရှူခက်ခဲတဲ့ ပြဿနာဖြစ်နေခဲ့ရင် သင့်ကို လေပေးစက်တွေနဲ့ ဆက်သွယ်ထားပါလိမ့်မယ်။ တကယ်လို့များ သင့်ရဲ့ ကျောက်ကပ်ကို ကူးစက်ခံရပြီး ကျောက်ကပ်ပျက်စီးခဲ့မယ်ဆိုရင်တော့ dialysis (သွေးရည်ကြည်စစ်ဆေးမှု)ကို ခံယူရမှာဖြစ်ပါတယ်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကLeptospirosis ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Leptospirosis ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-bacterial-infections/leptospirosis-leptospirosis/
ဖန်ခါးသီး ရဲ့ ဆေးဖက်ဝင်မှု အဖုံဖုံ
ဖန်ခါးသီး နာမည်အတိုင်း ဖန်လည်းဖန်တယ် ခါးလည်းခါးပါတယ်။ ဒါပေမယ့် အနံကတော့ မွှေးပါတယ်။ တကြွပ်ကြွပ် ဝါးစားလို့ရတဲ့ ဖန်ခါးသီးကိုအတို့အမြှုပ်အဖြစ် စားကြသလိုကြက်သွန်ဖြူဆားမီးဖုတ်လေးနဲ့ ထောင်းပြီးတော့လည်း စားလေ့ရှိကြပါတယ်။ အခြားနည်းတွေနဲ့လည်း ဆေးဖြစ်ဝါးဖြစ် စားကြပါတယ်။ဒီလို ဖန်ခါးခါးနဲ့ အနံ့မွှေးတဲ့ တို့စရာ ဖန်ခါးသီးလေးက ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ဒီ ဆောင်းပါးလေးထဲမှာ ပြောပြပေးမှာမို့ ဖတ်ကြည့်စေချင်ပါတယ်။ဖန်ခါးသီးဆိုတာက ဖန်ခါးပင်ရဲ့ အသီးပါ။ နွေပူပူမှာ အရိပ်ရစေလောက်တဲ့အထိ ကြီးတဲ့ ဖန်ခါးပင်ရဲ့ အသီးလေးတွေပါ။ အခိုင်လိုက် သီးတတ်ပြီး အသီးလေးက ခပ်ရှည်ရှည်လေးပါ။ အသားမာပြီး အလယ်မှာ အစေ့ တစ်စေ့ပဲ ပါပါတယ်။ အစိမ်းရင့်ရောင် ရှိပြီး တစ်ခါတလေမှာ အဝါဖျော့ဖျော့ ဒါမှမဟုတ် ပန်းရောင်လေးလိုလို အနီရောင်ဖျော့ဖျော့လေးလိုလို ရှိတတ်ပါတယ်။Combretaceaeမျိုးရင်းဝင် အပင်မျိုး ဖြစ်ပြီး အပူပိုင်း နဲ့ သမပိုင်းဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ အိန္ဒိယ၊ နီပေါ၊ တရုတ်၊ သီရိလင်္ကာ၊ မလေးရှား နဲ့ ဗီယက်နမ်နိုင်ငံတွေမှာ အများဆုံးပေါက်ရောက်ပါတယ်။ဖန်ခါးသီးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ဖန်ခါးသီးက နာမည်နဲ့လိုက်အောင် ဖန်ခါးပေမယ့် အတန်အသင့် စားရင် အခုလိုကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ ဘယ်လို အကျိုးကျေးဇူးတွေလဲ ဆိုတာကိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။၂၀၁၀ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတွေအရ ဖန်ခါးသီးက သွားနဲ့ ခံတွင်းကို ထိခိုက်စေတဲ့ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး သွားနဲ့ခံတွင်း ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ဒါကြောင့် သွားတွေ ခိုင်မာပြီးခံတွင်းပြဿနာကင်းစေဖို့ ဖန်ခါးသီးကို စားပေးလို့ ရပါတယ်။ဖန်ခါးသီး စားပေးတာကခန္ဓာကိုယ်က နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။အရိုးအဆစ်နာကျင်တာ၊ကြွက်သားနာကျင်တာနဲ့ အမျိုးမျိုးသော နာကျင်မှုတွေကို သက်သာစေဖို့ ဖန်ခါးသီးကို စားပေးလို့ ရသလို ဖန်ခါးသီး အဆီအနှစ်ကို အသုံးပြုပေးလို့လည်း ရပါတယ်။၂၀၁၀ ခုနှစ်က လုပ်ခဲ့တဲ့ လေ့လာမှုတွေအရ  ဖန်ခါးသီးက သွေးတွင်း ကိုလက်စထရောကို ထိန်းညှိပေးနိုင်တယ်လို့ သိရပါတယ်။ သွေးတွင်း ကိုလက်စထရော ထိန်းညှိပေးတာကနှလုံးကျန်းမာစေဖို့လည်း  အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ဖန်ခါးသီးမှာဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေဖြစ်ကြတဲ့။ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကကိုယ်ခံအားကစလို့နာတာရှည်ရောဂါတွေမဖြစ်စေဖို့ အထိ အကောင်းဆုံး ကာကွယ်ထောက်ပံ့ပေးနိုင် ပါတယ်။ဖန်ခါးသီးက သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ဖန်ခါးသီးကိုဆီးချိုရှိသူတွေ စားပေးလို့ ရသလို ဆီးချို ကာကွယ်ဖို့အတွက်လည်း စားသုံးပေးလို့ ရပါတယ်။တန်ဆေး လွန်ဘေးဆိုတာကိုတော့ သတိပြုစေချင် ပါတယ်။ဖန်ခါးသီးက ဆေးဖက်ဝင်တယ် ဆိုပေမယ့်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/terminalia-chebula-benefits/
Endocrine System (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ စားသောက်နေထိုင်မှုပုံစံ
ခန္ဓာကိုယ်အနှံ့က ဟော်မုန်းထုတ်ပေးတဲ့ဂလင်းတွေကို ပေါင်းစုထားတဲ့ စနစ်ကိုendocrine system(ဟော်မုန်းစနစ်) ရယ်လို့ ခေါ်တယ်။ ဒီ စနစ်ထဲမှာပါတဲ့ ဂလင်းတွေက ဟော်မုန်းတွေကို မပိုမလိုထုတ်ပေးမှ ခန္ဓာကိုယ်က ဖြစ်စဉ်တွေ အားလုံးက ပုံမှန် လည်ပတ်တာပါ။ တစ်ခုခုက ပုံမှန် အလုပ်မလုပ်ဘူးဆိုတာနဲ့ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်၊ ကြီးထွားမှုဖြစ်စဉ်တွေ ကမောက်ကမဖြစ်ပြီး ခန္ဓာကိုယ်မှာနာတာရှည်ရောဂါတစ်မျိုးဖြစ်တဲ့အမျိုးအစား(၂) ဆီးချိုရောဂါတင်မက တခြားရောဂါမျိုးစုံ ဖြစ်ပေါ်လာနိုင်ပါတယ်။ဒီတော့ ခန္ဓာကိုယ်ကျန်းမာဖို့ အရေးပါတဲ့ Endocrine System (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ စားသောက်နေထိုင်မှုပုံစံ ကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ခန္ဓာကိုယ်မှာသွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းနဲ့အရိုးကျန်းမာရေးကစလို့  ညဘက်မှာ နှစ်ခြိုက်စွာအိပ်ပျော်စေဖို့အထိ အကောင်းဆုံးထောက်ပံ့ပေးတဲ့ Endocrine System (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ ဆိုရင်တော့။လေ့ကျင့်ခန်းလုပ်တာက နှလုံးကျန်းမာစေရုံ၊စိတ်ဖိစီးမှုတွေကို ပြေလျော့စေရုံ၊ရုပ်ပိုင်းဆိုင်ရာကျန်းမာစေရုံတင်မကပါဘူး။ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုတွေကို အဓိကချုပ်ကိုင်ထားတဲ့ endocrine system (ဟော်မုန်းစနစ်) ကိုပါ ကျန်းမာစေပါတယ်။ဒီတော့ တစ်နေ့တာမှာ လမ်းလျှောက်တာ၊ ကြိုးခုန်တာ၊ ခပ်ရွရွပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာလိုမျိုးကိုယ်လက်လှုပ်ရှားမှုလေးတွေ ပုံမှန်လုပ်ပေးပါ။ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသုံးတာကစိတ်ရောကိုယ်ပါကျန်းမာစေပါတယ်။ endocrine system (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ဆိုရင်လည်းဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝဖို့ လိုမှာပါ။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ဗီတာမင်နဲ့ သတ္တုဓာတ်လိုအပ်ချက်ကို ပြည့်မီစေမယ့် အာဟာရဓာတ်တွေ ဖြစ်ကြတဲ့ ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ဗီတာမင် C၊ ဗီတာမင် တို့ပါဝင်အောင် စားသုံးရပါမယ်။ဒီဓာတ်တွေ ပြည့်စုံမှ ဟော်မုန်းတွေ ဖြစ်ပေါ်ပြီး လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ။ ဒီတော့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ကိုက်လန်၊ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ မုန်ညှင်းစိမ်း၊ မုန်ညှင်းဖြူ၊ ကညွတ်စတာတွေကို စားပေးပါ။ဒီလို စားသုံးတဲ့အခါအော်ဂဲနစ်စစ်စစ်ကိုသာစားပေးဖို့ မမေ့ပါနဲ့။ ဓာတုပစ္စည်းပါတဲ့ အရာတွေနဲ့ ပိုးသတ်ဆေးပါတဲ့ အရာတွေကို ကျန်းမာစေဖို့ထက် ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ပါ။အဆီတိုင်းက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ ဟော်မုန်းတွေ ပုံမှန်ထွက်ရှိပြီးဟော်မုန်းစနစ်ကျန်းမာဖို့က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကို လိုအပ်ပါတယ်။ ဒါကောင့် ဟော်မုန်းစနစ် ကျန်းမာစေဖို့ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေရရှိနိုင်မယ့် အစားအစာတွေ ဖြစ်ကြတဲ့ အုန်းဆီ၊ ချီယာစေ့၊ ထောပတ်သီး၊ရေညှိ၊ နေကြာစေ့၊စိမ်းပြာရေညှိ၊ အခွံမာသီးတွေ၊ ဖရုံစေ့ စတာတွေကို စားပေးပါ။ဟော်မုန်းတွေ ဖြစ်ပေါ်စေဖို့ အမိုင်နိုအက်ဆစ်ကို လိုအပ်ပါတယ်။ ဒီတော့အမိုင်နိုအက်ဆစ်ရရှိစေဖို့အတွက် ပရိုတင်းကို စားသုံးပေးရပါမယ်။ ပရိုတင်းဆိုတဲ့နေရာမှာလည်း အာဟာရပြည့်ဝစေမယ့် ပရိုတင်း အရင်းအမြစ်ဖြစ်ဖို့ သေချာလေး ဂရုစိုက်ရပါမယ်။ဒီတော့ အရည်အသွေးပြည့်ဝတဲ့ ပရိုတင်း ရရှိစေဖို့အတွက် ချီယာစေ့၊ အုတ်ဂျုံ၊ ပဲအမျိုးမျိုး၊ အခွံမာသီး၊ အစေ့အဆန်၊ပဲနီလေးစတာတွေကို စားသုံးပေးပါ။ နို့နဲ့နိုပထွက်ပစ္စည်း၊ အဆီမပါတဲ့ အသားတွေကို စားပေးလို့လည်း ရပါတယ်။အိုင်အိုဒင်းက သိုင်းရွိုက်ဟော်မုန်းတွေ ဖြစ်ပေါ်စေဖို့အတွက် အရေးပါတဲ့ဓာတ် တစ်မျိုးပါ။ ကြီးထွားဖွံ့ဖြိုးဖို့ အင်အားပြည့်ဝစေဖို့ ထောက်ပံ့ပေးပါတယ်။အိုင်အိုဒင်း ပြည့်ဝစေဖို့ဆိုရင် အိုင်အိုဒင်းဆား၊ ပင်လယ်စာတွေ၊ ခရမ်ဘယ်ရီ၊ စတော်ဘယ်ရီ၊ဟိမဝန္တာ ဆားစတာတွေကို စားသုံးပေးလို့ရပါတယ်။ဒါတွေကို စားသုံးပေးမှုနဲ့အတူ ပြုပြင်ထားတဲ့အစားအစာတွေ၊ အချိုကဲတာတွေကို မစားမိစေဖို့ သတိပြုစေချင်ပါတယ်။ စိတ်ဖိစီးမှုကိုလည်း ဖြေလျော့ဖို့ မမေ့ပါနဲ့။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/to-keep-the-endocrine-system-healthy/
ကိုဗစ်ကာလမှာ ဘေဘီလေးတို့ရဲ့ ခံစားချက်ကို အလေးဂရုပြုပါ
ကိုဗစ်ဒုတိယတကျော့က ပထမတကျော့ထက် တော်တော်လေး ပြင်းတယ်နော်။ကူးစက်မှုနှုန်း မြန်သလိုကူးစက်ခံရတဲ့ အရေအတွက်ကလည်း မနည်းပါဘူး။ သေဆုံးသူအရေအတွက်ကလည်း အတော်လေးကို များနေတယ်။ဒီကာလမှာ နေအိမ်ကနေ အပြင်မထွက်ဘဲStay at Homeနေတာက အကောင်းဆုံးသောကာကွယ်နည်းတွေထဲက တစ်ခုပေါ့။ ဒါပေမယ့် တစ်နေ့ကို မိုးလင်းတယ်။ အိမ်ထဲမှာ နေတယ်။ တစ်နေကုန်နေရတယ်။ မိုးချုပ်တယ်။ အိပ်ရာဝင်တယ်ပေါ့။ ဒီလိုနဲ့ လည်ပတ်နေရတာကို ကိုယ်တွေက လူကြီးမို့ ငြီးငွေ့တယ်။ ကလေးတွေကတော့ ကောင်းသားနော်။ ဘာမှ မသိဘူးလို့ မထင်လိုက်ပါနဲ့။ဘေဘီလေးတွေလည်း စိတ်ညစ်တတ်သလို စိတ်ဖိစီးတတ်တယ်။စိတ်ညစ်ညူးခံစားတတ်ပါတယ်။ လူ​ကြီးတွေလောက် အပူအပင် မရှိပေမယ့် သူတို့လေးတွေမှာလည်း သူတို့လေးတွေအတိုင်းအတာနဲ့ သူတို့ပါ။ဘယ်လိုမေးတာပါလိမ့်။ စိတ်ညစ်တာပေါ့။ အရင်က ပန်းခြံ သွားတယ်။ ကစားကွင်းသွားတယ်။ ဈေးဝယ်စင်တာ ပတ်တယ်။ ဘာသာစကားသင်တန်းတက်တယ်။ ဖိုးဖိုးဖွားဖွား အိမ်သွားလည်မယ်။တီတီရေ၊ လေးလေးရေဆို တီတီတာတာပြောလို့ စားချင်တာကို တူတူသွားဝယ်တယ်။ ဆော့တယ်လေ။ခုကျ အိမ်ထဲပဲနေရတယ်။ မနက်လည်း ဒီအဖေအမေ မျက်နှာ မိုးချုပ်တဲ့အထိ၊ ကြံဖန် ကစားရတာကလည်း ကုန်နေပြီ။ တံခါးဝကနေ အပြင်မထွက်နဲ့ ဗစ်ဗစ်ကိုက်မယ်ဆိုလို့ကလည်း ကြောက်ရသေး။စိတ်ဖိစီးတာပေါ့။ မုန့်စားတော့လည်း အရင်လို စားချင်တိုင်း မကျွေး မေမေက ခုနေ ဆေးရုံဆေးခန်းပြေးဖို့ မလွယ်လို့ဆိုပြီးလေ။သူတို့က လူကြီးတွေလို မညည်းညူပေမယ့် ကိုဗစ်ကြောင့် စိတ်ညစ်ပြီး စိတ်ဖိစီးနေတဲ့အထဲ ပါတယ်ဆိုတာ မေမေဖေဖေတို့ သတိချပ်စေချင်ပါတယ်။Stay at Home မှာ ဘေဘီလေးရဲ့ ခံစားချက်ကို ဂရုစိုက်ပေးပါ။ ဒီလိုပြောရတာက ဘေဘီလေးတွေက သူတို့ရဲ့ ရုပ်ပိုင်း စိတ်ပိုင်း ဘေးကင်းလုံခြုံရေးအားလုံးကို မိဘတွေအပေါ်မှာ မှီခိုနေရလို့ပါ။ ဒါကြောင့် ကလေးတွေကိုစိတ်ပိုင်းရုပ်ပိုင်းအစစအရာရာ ဂရုစိုက်ဖို့ မမေ့ပါနဲ့။သတင်းတွေထဲကနေ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်မှာ လူကြီးတွေ ပြောနေတဲ့ စကားတွေကနေဖြစ်ဖြစ် ရောဂါအကြောင်း ကြောက်စရာ သတင်းတစ်ခုခုကို ကြားမိလို့ ကလေးက ဘာဖြစ်လို့လဲ မေမေလို့ သိချင်စိတ်နဲ့ မေးလာတဲ့အခါ ကလေးကို ကလေးနဲ့မဆိုင်ဘူးလို့ ပြောလိုက်တာမျိုး၊ ကြောက်စရာကောင်းတယ်လေလို့ မပြောလိုက်ပါနဲ့။အဲ့ဒီလို ပြောတာထက် အခု အပြင်မှာ လူတွေ ဖျားနေကြတယ်။နေမကောင်းတွေ ဖြစ်ကြတယ်လေ။ အဲ့ဒါက ကိုဗစ်လို့ခေါ်တဲ့ ပိုးကောင်ကြောင့်ပေါ့။  သားသားလိုက်လိုက်ဆိုနေတဲ့ သီချင်းထဲကလို လက်ကို ခဏခဏဆေးမယ်။ အိမ်ထဲမှာပဲနေမယ်။ မန်းမန်းလည်း စားမယ်။ အိပ်လည်း အိပ်မယ်ဆိုရင် သားသားရော မေမေတို့ပါ မဖျားတော့ဘူး။ကျန်းကျန်းမာမာနေလို့ ရပြီဆိုတာမျိုး ရှင်းပြပါ။ကလေးက ဆော့ရင်း ပျင်းလို့ ထိုင်နေတယ်ဆိုရင် သမီးရေ ပျင်းနေပြီလား။ ခုချိန်က အပြင်ကလည်း သွားလို့ မရဘူးဆိုတော့ သူငယ်ချင်းတွေနဲ့ ဖုန်းပြောပါလား။ ဒါမှမဟုတ် ဗီဒီယိုကော ပြောမလားစသဖြင့်ပေါ့။ သူတို့လေးတွေကို လွတ်လပ်စွာ ပြောဆိုရယ်မောခွင့်ပေးလိုက်ပါ။ ကလေးဆိုတာသူငယ်ချင်းမင်တဲ့ အမျိုးလေ။ဘေဘီလေးတွေက ကလေးမို့ မသိဘူး မထင်ပါနဲ့။ သူတို့လေးတွေက အသက်အရွယ်ကြီးရင့်နေတဲ့ဖိုးဖိုးဖွားဖွားတွေ၊ တစ်ယောက်တည်းနေနေရတဲ့ တီတီ၊ တစ်ကိုယ်တည်း နေနေတဲ့ လေးလေးတို့ကို ဖေဖေမေမေတို့ထက် ပိုစိတ်ပူတတ်ပါတယ်။ဒီတော့ ကလေးကို သူချစ်ရသူတွေ ကျန်းမာစွာ ရှိနေကြောင်း သိစေဖို့ ဗီဒီယိုကော ခေါ်ပေးရင်း စကားစမြည်ပြောလို့ အချိန်ဖြုန်းခွင့်ပေးပါ။ သူတို့လေးတွေရဲ့ စိုးရိမ်စိတ်လည်း သက်သာတာပေါ့။ကလေးကို ကိုယ်တိုင်းက အခုကာလကို ဘယ်လို အကောင်းဆုံး ကျော်ဖြတ်နေလဲဆိုတာကို ပြောပြပါ။ မိဘက သားသမီးအတွက် ရှေ့ဆောင်လမ်းပြကောင်းပါ။ မေမေလည်း ဖိုးဖိုးဖွားဖွားတို့ကို စိတ်ပူတာပေါ့။ ဒါပေမယ့် အပြင်ကသွားလို့ မရဘူးလေ။ ဒီတော့ ဖုန်းပဲပြောရတာပေါ့။ ပြီးတော့ လေ့ကျင့်ခန်းလေးတွေ လုပ်တယ်လေ။ သားသားရော လုပ်ပါလား၊ မီးမီးရောလုပ်ပါလား။ မေမေနဲ့အတူလေဆိုပြီး ကလေးကို စည်းရုံးပါ။ကလေးကို ဒီနေ့တော့ ရောဂါ သက်သာလို့ ဆေးရုံကနေ ဘယ်နှယောက်ဆင်းပြီ။ ဘယ်သူတော့ နေကောင်းလာပြီ။ကာကွယ်ဆေးထုတ်နေတာ ဘယ်အခြေအနေကို ရောက်နေပြီ စသဖြင့် သတင်းကောင်းလေးတွေ ပြောပြပေးပါ။ ဒါကလည်း ကလေးကို စိတ်သက်သာရာ ရစေပါတယ်။ကလေးက ဆော့ဖို့ခေါ်တဲ့အခါ မဆော့ချင်ဘူးလို့ မငြင်းလိုက်ပါနဲ့။ သူနဲ့အတူတူ ပုံဆွဲတာ၊ စာအုပ်ဖတ်တာ၊ အရုပ်ဆက်တာကစလို့ အတူတူဆော့လို့ ရနိုင်သမျှကို ဆော့ပေးပါ။ကလေးက သူ့အတွေ့အကြုံကိုပဲဖြစ်ဖြစ် သူသိလာတာကိုပဲဖြစ်ဖြစ် ပြောပြတဲ့အခါ အချိန်ပေးပြီးသေချာ နားထောင်ပေးပါ။ အမှားတွေရှိရင် ပြင်ပေးပါ။ကလေးကို တစ်နေ့ကိုတစ်ခေါက်လောက် ပွေ့ဖက်ပေးတာ ချစ်တယ်နော်လို့ ပြောပေးတာမျိုး လုပ်ပေးပါ။ဒီလို လုပ်ပေးတာက ကလေးကို Stay at Home ကာလမှာ စိတ်ပျော်ရွှင်စွာနဲ့ အကောင်းဆုံး ကျော်ဖြတ်နိုင်စေမှာပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/how-to-take-care-of-your-childs-emotion-in-stay-home-period/
မာလကာသီးဖျော်ရည် (သို့မဟုတ်) နွေပူပူမှာ သောက်ပေးသင့်တဲ့ ဖျော်ရည်တစ်ခု
နွေရာသီမှာ ရာသီဥတုပူမှာကတော့ မလွဲပါပဲ။ ဒီလိုရာသီဥတု ပူနေချိန်မှာ အစားအသောက် အနေအထိုင်ကို သေသေချာချာ ဂရုစိုက်ရတာက ထွေထွေထူးထူး ပြောနေစရာ မလိုအောင်ပါပဲ။ အခုတစ်ခေါက်တော့ နွေပူပူမှာ အပူလည်း သက်သာ၊ ကျန်းလည်း ကျန်းမာစေမယ့် သောက်စရာလေး တစ်ခုအကြောင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ဒါက ဘာလဲဆိုတော့ နွေပူပူမှာရင်အေးစေမယ့်မာလကာသီးဖျော်ရည် လေးပါ။မာလကာသီးဖျော်ရည် ဆိုတာက မာလကာသီးကို အစေ့ထုတ်ပြီး ဖျော်ထားတဲ့ ဖျော်ရည်ပါ။မာလကာသီးကို ဖျော်သောက်တာကတော့ ရှားပါတယ်။ အစိမ်းလိုက် ဆားလေးနဲ့ စားတာမျိုး ရှိသလိုငံပြာရည်ငရုတ်သီးမှုန့်တွေနဲ့ သုပ်စားတာမျိုးလည်း ရှိပါတယ်။မာလကာသီးမှည့်ကိုတော့ သကြားလေးနဲ့ တို့စားကြပါတယ်။မာလကာသီးက ရေဓာတ် ကြွယ်ဝပြီးအဆီပါဝင်မှုနည်းတာကလည်း ကျန်းမာရေးနဲ့ ညီညွတ်စေတာပါ။ ဒီလိုပါဝင်မှုကပဲ နွေပူပူမှာ ရင်အေးစေတာပါ။ကျန်းမာရေးကို ကောင်းစေတဲ့ မာလကာသီးကို ဖျော်ထားတဲ့ မာလကာသီး ဖျော်ရည်လေးထဲမှာ။မာလကာသီးဖျော်ရည် ကျန်းမာစေသလား ဆိုတော့ ကျန်းမာစေပါတယ်။ အကြောင်းကတော့ မာလကာသီးဖျော်ရည်မှာ ဖလေဗာနွိုက်၊ catechin နဲ့ quercetinတို့ ပါဝင်နေတာကြောင့်ပါ။မာလကာသီးဖျော်ရည်ကဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ ရောင်ရမ်းတာတွေကို သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။ အရေပြား ရောင်ရမ်းတာကိုတင် သက်သာစေတာ မဟုတ်ဘဲ ကိုယ်တွင်းက ရောင်ရမ်းမှုတွေကိုပါ သက်သာစေတာပါ။မာလကာသီး ဖျော်ရည်ရဲ့ နောက်ထပ် အာနိသင် တစ်ခုကတော့ အဖျားကျစေနိုင်တာပါ။ ရေဓာတ်ကြွယ်ဝတာကလည်း ခန္ဓာကိုယ်ကို အဖျားကျစေဖို့ ထောက်ကူပေးနိုင်သလို ဗီတာမင် C ပါဝင်နေတာကလည်း ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပါတယ်။မာလကာသီးဖျော်ရည်မှာ ဗီတာမင် C ပါဝင်နေတာကကိုယ်ခံအားကောင်းစေဖို့ထိထိရောက်ရောက် အားဖြည့်ပေးနိုင်မှာပါ။ ဒါကြောင့် ကိုယ်ခံအား ကောင်းစေဖို့ဆိုရင်တော့ မာလကာသီးဖျော်ရည် သောက်ပေးလို့ရပါတယ်။မာလကာသီးဖျော်ရည်က ခန္ဓာကိုယ်မှာဖြစ်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ နာကျင်မှု သက်သာစေဖို့ဆိုရင် မာလကာသီးဖျော်ရည် သောက်ပေးလို့ ရပါတယ်။မာလကာသီးက သွေးတိုးကျစေနိုင်သလို မာလကာသီးဖျော်ရည်ကလည်း သွေးတိုးကျစေဖို့ ထောက်ကူပေးပါတယ်။ မာလကာသီးဖျော်ရည်က နှလုံးခုန်နှုန်းကို ထိန်းညှိပေးပြီး သွေးမတိုးစေဖို့လည်း ကာကွယ်ပေးပါတယ်။ မာလကာသီးဖျော်ရည်မှာ ဗီတာမင် C၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ် နဲ့ အခြားဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ မာလကာသီးဖျော်ရည်က နှလုံးကျန်းမာစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။မာလကာသီးဖျော်ရည်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ အင်ဆူလင်တုံ့ပြန်မှု ကောင်းစေဖို့ ထောက်ကူပေးသလို အမျှင်ဓာတ်ပါဝင်နေတာကလည်း အစားအစာတွေ စားပြီးချိန်မှာ ရုတ်တရက် သွေးချိုမြင့်တက်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။မာလကာသီးဖျော်ရည်က ဗီတာမင်၊ ပရိုတင်း နဲ့ သတ္တုဓာတ်၊ အမျှင်ဓာတ်တွေ ပါဝင်နေတာက အဆာခံနိုင်စေပြီး ကိုလက်စထရောပါဝင်မှု မရှိတာကလည်း ကိုယ်အလေးချိန် ကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ နောက်တစ်ချက်က ဇီဝကမ္မဖြစ်စဉ်ကို မြန်ဆန်စေတာကြောင့် ကိုယ်အလေးချိန် ကျစေဖို့ ထောက်ကူပေးနိုင်မှာပါ။ဗီတာမင် B ပါဝင်နေတာက ခန္ဓာကိုယ်မှာ သွေးစီးဆင်းမှု ကောင်းစေပြီး ကိုယ်တွင်း သွေးစီးဆင်းမှု ကောင်းစေသလို ဦးနှောက်နဲ့ အခြားသော ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဆီကိုလည်း သွေးစီးဆင်းမှု ကောင်းစေပါတယ်။မာလကာသီးဖျော်ရည်မှာ ဗီတာမင် A ပါဝင်နေတာက အမြင်အာရုံ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဗီတာမင် A က အမြင်အာရုံကိုတင် ကျန်းမာစေတာ မဟုတ်ဘဲ အသားအရေကို ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။မာလကာသီးရဲ့ နောက်ထပ် အာနိသင်တစ်ခုကတော့ ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောနေပြီဆိုရင်တော့ မာလကာသီး ဖျော်ရည်သောက်ပေးလို့ ရပါတယ်။မာလကာသီးဖျော်ရည်မှာ မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။ ကြွက်သားတွေနဲ့ အာရုံကြောတွေကို ပြေလျော့စေဖို့အတွက် မာလကာသီးဖျော်ရည်ကို သောက်ပေးလို့ ရပါတယ်။လေ့လာမှုတွေအရကတော့ မာလကာသီးဖျော်ရည်က ဘေးထွက်ဆိုးကျိုးရှိတယ်လို့ အခုထိတော့ မတွေ့ရသေးပါဘူး။ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိလဲဆိုတာကိုတော့ နောက်ထပ်လေ့လာမှုတွေ လုပ်ဆောင်ဖို့ လိုဦးမှာပါ။တကယ်လို့ မာလကာသီးဖျော်ရည်သောက်ပြီး မအီမသာတစ်ခုခု ခံစားရမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။မာလကာသီးဖျော်ရည်ကို လူတိုင်း သောက်သုံးလို့ ရပါတယ်။ အများကြီး မစားမိဖို့ပဲ လိုတာပါ။ ကိုယ်ဝန်ဆောင် မိခင်တွေ၊ နို့တိုက်မိခင်တွေ၊ ရောဂါအခံရှိသူတွေနဲ့ ကလေးငယ်တွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/guava-juice-benefits/
အသေးအဖွဲလို့ ထင်ရပေမယ့် ကြီးကျယ်သွားတတ်တဲ့ ကျန်းမာရေးပြဿနာ (၅) ခု
သင်ရယ်လိုက်တဲ့အခါ ဆီးအနည်းငယ်ထွက်ကျဖူးပါသလား။သင့်လက်တွဲဖော်နဲ့ သိပ်အစေးမကပ်သလို ဖြစ်နေပါသလား။ မကြာခဏ မေ့နေတတ်ပါသလား။ဒီအကြောင်းအရာတွေကို ဆရာဝန်နဲ့ ဆွေးနွေးဖူးပါသလား။ ဒါမှမဟုတ် အသက်ကြီးလာရင် ဖြစ်တတ်တာပဲဆိုပြီး မေ့မေ့ပျောက်ပျောက် နေဖူးပါသလား။တကယ်တော့ ကျွန်တော်တို့ခန္ဓါကိုယ်ဟာ အတော်လေး စမတ်ကျပါတယ်။ ကြီးမားတဲ့ကျန်းမာရေးပြဿနာတွေကြုံမလာခင်မှာ ရှေ့ပြေးလက္ခဏာအနည်းငယ်နဲ့ ကြိုတင်ပြီး သတိပေးလေ့ရှိပါတယ်။ သတိအနည်းငယ်ထားပြီးလေ့လာကြည့်ရင် စောစီးစွာသိပြီး ကုသမှုခံယူနိုင်မှာ ဖြစ်ပါတယ်။ဒီဆောင်းပါးမှာတော့ သိပ်ပြီးအရေးမကြီးလှဘူးလို့ လူအများက ထင်မြင်တတ်ပေမယ့် လက်တွေ့မှာ ပြဿနာကြီးကျယ်သွားတတ်တဲ့ အကြောင်းအရာတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။လက္ခဏာများ။နှာချေရင်၊ ရယ်ရင်၊ အလေးအပင်မရင်၊လေ့ကျင့်ခန်းလုပ်ရင် ဆီးထွက်ကျတတ်ပါတယ်။ ဒါမှမဟုတ် ဆီးသွားချင်စိတ်အရမ်းများနေပြီး အိမ်သာကို အချိန်မီမရောက်နိုင်ရင် အရေးပေါ် ကြုံရတတ်ပါတယ်။ဘာကြောင့်အရေးကြီးသလဲ။ ဆီးမထိန်းနိုင်ခြင်းဟာ ဘဝရဲ့အရည်အသွေးကို ထိခိုက်တဲ့ကိစ္စဖြစ်ပါတယ်။နေ့စဉ်ဘဝကို အကန့်အသတ်ဖြစ်သွားစေပါတယ်။ အနီးအနားမှာ အိမ်သာအလွယ်ဝင်နိုင်တဲ့ နေရာမျိုးတွေကိုပဲ သွားလိုစိတ်ရှိပါတော့တယ်။ အပြင်လည်း သိပ်မထွက်ချင်တော့ပါဘူး။ဘယ်လိုဖြေရှင်းမလဲ။ကိုယ့်ဖာသာကြိတ်ပြီး စိတ်ညစ်မနေဘဲ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆီးထိန်းရခက်နေရင်၊ အိမ်သာဝေးတဲ့နေရာတွေသွားဖို့ အခက်ကြုံနေရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးမြီးတိုကုထုံးတွေနဲ့ မတင်းတိမ်ပါနဲ့။လက္ခဏာများ။ဝမ်းသွားရခက်ရင်၊ ဝမ်းဟာမာပြီးခြောက်နေရင်၊ တစ်ပတ်မှာ ၃ကြိမ်ထက်နည်းပြီးသွားရင် သင်ဝမ်းချုပ်တာဟာ သတိထားစရာဖြစ်လာပါပြီ။ တစ်ခါတရံ ဝမ်းထဲမှာ သွေးစသွေးနတွေတောင် ပါလာနိုင်ပါတယ်။ဘာကြောင့်အရေးကြီးသလဲ။ဝမ်းချုပ်ရာကနေလိပ်ခေါင်းရောဂါအပြင် တခြားနောက်ဆက်တွဲပြဿနာတွေ ကြုံလာရနိုင်ပါတယ်။ လူကြီးပိုင်းတွေမှာဆိုရင် စိတ်ရှုပ်ထွေးမှု(Confusion)ဖြစ်တတ်တဲ့ အခြေအနေထိ ရောက်တတ်ပါတယ်။အူလမ်းကြောင်းမငြိမ်ဘဲ မကြာခဏဝမ်းပျက်တတ်တဲ့ရောဂါရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ အူလမ်းကြောင်းလှုပ်ရှားမှု ပုံမမှန်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ဘယ်လိုဖြေရှင်းမလဲ။ရေများများသောက်ပါ။ အမျှင်ဓါတ်ပါတဲ့ အသီးအရွက်တွေ များများစားပါ။ ဝမ်းပျော့ဆေးကိုလည်း မိမိဖာသာ ဝယ်ယူသောက်သုံးနိုင်ပါတယ်။ အိမ်တွင်းကုထုံးတွေနဲ့ သိပ်အဆင်မပြေရင်တော့ ဆရာဝန်နဲ့ပြသပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။ ဝမ်းချုပ်တတ်တဲ့ အလေ့အကျင့်ဟာ ကောင်းတဲ့သဘာ၀ မဟုတ်ပါဘူး။လက္ခဏာများ။အတူနေစဉ်နာကျင်ခြင်း၊ မပြီးမြောက်ခြင်း၊ အမျိုးသားများ မိမိတန်ဆာကို ရေရှည်ထောင်မတ်အောင် မစွမ်းဆောင်နိုင်ခြင်း၊လိင်မှုကိစ္စမှာ စိတ်အားထက်သန်မှုမရှိခြင်း စတာတွေဖြစ်လာရင် သတိထားပါ။ဘာကြောင့်အရေးကြီးသလဲ။ဒီကိစ္စဟာ ကိုယ့်ဘဝရဲ့ အနီးစပ်ဆုံးလက်တွဲဖော်နဲ့ ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။ ဘဝရဲ့အရည်အသွေးကိုလည်း ထိခိုက်လာနိုင်ပါတယ်။ တကယ်တော့ လိင်မှုဘဝကို ခုံမင်ဖို့ အရွယ်လွန်သွားပြီဆိုတာ မရှိပါဘူး။ ဒါ့အပြင် ဒီလက္ခဏာတွေဟာစိတ်ကျရောဂါ၊ ဆီးချို၊ သွေးလည်ပတ်မှု၊ ဟော်မုန်းမညီမျှခြင်း စတဲ့ပြသနာတွေရဲ့ လက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။ သောက်သုံးနေတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးလည်း ဖြစ်နိုင်ပါတယ်။ဘယ်လိုဖြေရှင်းမလဲ။ဆရာဝန်နဲ့ သေချာပေါက်တိုင်ပင်ပါ။ ဒီကိစ္စကို ရှက်ကြောက်ပြီး ဆေးမြီးတိုနဲ့ ကြားဖူးနားဝနဲ့ ဖြေရှင်းနေမယ်ဆိုရင် အဖြေမှန်မရဘဲ ပိုဆိုးသွားနိုင်ပါတယ်။လက္ခဏာများ။အားအင်ကုန်ခမ်းခြင်း၊ သည်းမခံနိုင်ခြင်း၊ နေု့စဉ်လှုပ်ရှားမှုတွေကို စိတ်ဝင်စားမှုနည်းလာခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ အစားပျက် အအိပ်ပျက်လည်း ဖြစ်တတ်ပါတယ်။ဘာကြောင့်အရေးကြီးသလဲ။စိတ်ကျခြင်းဟာ နေ့စဉ်ဘဝကို ဒုက္ခပေးပါတယ်။ မိမိကျန်းမာရေးကို ဂရုစိုက်ပြီး အာဟာရပြည့်ဝစွာ စားသောက်ဖို့၊လေ့ကျင့်ခန်းလုပ်ဖို့၊ နှစ်ခြိုက်စွာ အိပ်စက်ဖို့ စတဲ့အရာတွေဟာ ခက်ခဲလာပါတယ်။စိတ်ဖိစီးမှုလည်း ပိုများလာနိုင်ပါတယ်။ တစ်ခါတရံ သောက်သုံးနေတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဖြစ်နိုင်သလို အရင်းနှီးဆုံး ဆွေမျိုးတွေ မိတ်ဆွေတွေ ဆုံးရှုံးလိုက်ရလို့လည်း ဖြစ်နိုင်ပါတယ်။ဘယ်လိုဖြေရှင်းမလဲ။သင်ကြုံနေရတာတွေကို သင့်မိသားစုဆရာဝန်(သို့)စိတ်ကျန်းမာရေးဆရာဝန်ဆီမှာ ဖွင့်ဟပါ။ သင်ယုံကြည်ရတဲ့ မိတ်ဆွေတွေ မိသားစုဝင်တွေနဲ့ တိုင်ပင်ပါ။လက္ခဏာများ။နာမည်တွေ၊ ရက်စွဲတွေနဲ့ တခြားအကြောင်းအရာတွေကို မှတ်သားထားဖို့ ခက်ခဲနေတတ်ပါတယ်။ စကားပြောရာမှာ၊ စာရေးသားရာမှာ သုံးစွဲဖို့ စကားလုံးကို စဉ်းစားရခက်လာပါတယ်။ အာရုံစိုက်ဖို့ခက်လာပြီး ကိုယ်ဘာကိုဆက်လုပ်ရမယ်ဆိုတာတောင် သတိမရဘဲ ဖြစ်လာတတ်ပါတယ်။ဘာကြောင့်အရေးကြီးသလဲ။လူအများဟာ အသက်ကြီးလာတာနဲ့ မှတ်ဉာဏ်တွေ လျော့ပါးသွားတတ်လို့ ပုံမှန်ကြုံနေကြပဲ မှတ်ထင်ကြပါတယ်။ ဒါပေမယ့် မကြာခဏမေ့လျော့ခြင်းဟာ သင့်ရဲ့နေ့စဉ်ကိုယ်ရည်ကိုယ်သွေးကို ထိခိုက်လာမှာ ဖြစ်ပါတယ်။ မိမိဖာသာရပ်ဖို့ ကားမောင်းဖို့တောင် ခက်ခဲလာနိုင်ပါတယ်။ စိတ်ကျရောဂါရဲ့ ရှေ့ပြေးလက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။ဘယ်လိုဖြေရှင်းမလဲ။သင့်ရဲ့တွေးတောမှုနဲ့မှတ်ဉာဏ်ဟာ ပြဿနာရှိနေရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ အိမ်တွင်းကုထုံးနဲ့ ဖြေရှင်းပုံတွေကို ရှာဖွေလေ့လာပါ။ အာရုံစူးစိုက်မှုကောင်းအောင် တရားထိုင်ပါ။အထက်ပါကိစ္စတွေဟာ သာမန်အသေးအဖွဲအမှတ်နဲ့ သဘောထားတတ်ကြတဲ့ ကိစ္စတွေဖြစ်နေပါတယ်။ အသက်ကြီးလာရင် ချို့ယွင်းတတ်တဲ့ သဘောသဘာဝလို့ အများက လက်ခံထားတတ်ပါတယ်။ ဒါပေမယ့် ဒီပြဿနာတွေကြုံလာရရင် နားလည်တတ်ကျွမ်းသူနဲ့ တိုင်ပင်တာ အကောင်းဆုံးပါပဲ။ တချို့ကိစ္စတွေကို စောစီးစွာ ဖြေရှင်းကုသထားရင် ကြီးမားတဲ့ ကျန်းမာရေးပြသနာတွေကိုရှောင်လွဲပြီး ကျန်းမာပျော်ရွှင်စွာ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/not-to-ignor-health-conditions/
ရေလွှမ်းမိုးချိန်တွင် အဖြစ်များသော ရောဂါများ
ရေလွှမ်းမိုးချိန်တွင် ကူးစက်တတ်သော ရောဂါများစွာ ဖြစ်ပွားသည်။ အဓိက အမျိုးအစား ၂မျိုးမှာ ရေကြောင့်ကူးစက် သောရောဂါများနှင့် ရောဂါပိုးသယ်ဆောင်သော အကောင် များကြောင့်ကူးစက်သော ရောဂါများ ဖြစ်သည်။ရေလွှမ်းမိုးခြင်းနှင့် ရောဂါပိုးကူးစက်ခြင်းတို့သည် ဆက်စပ်ပုံပေါ်သော်လည်း လူဦးရေ၏ အများစုကို အခြား နေရာသို့ ပြောင်းရွေ့ခြင်း သို့မဟုတ် ရေရင်းမြစ်များ ညစ်ညမ်း သွားခြင်း မရှိပါက အန္တရာယ်ဖြစ်မှု နည်းပါသည်။ ရေလွှမ်းမိုးချိန်တွင် သောက်သုံးရေ ထောက်ပံ့မှုများ ပျက်စီးပြီး ရေကြောင့် ကူးစက်သော ရောဂါများဖြစ်ပွားသည်။ ကံကောင်း သည်မှာ ရေထောက်ပံ့မှုများ ညစ်ညမ်းသွားလျှင်ပင် အာဏာ ပိုင်များက ပြဿနာကို အချိန်မီ သိရှိပြီး အခြားနည်းဖြင့် ရေ ထောက်ပံ့မှု ပေးနိုင်ပါက အန္တရာယ်များကို ထိန်းချုပ်နိုင်သည်။ရေလွှမ်းမိုးချိန်တွင် ညစ်ညမ်းသောရေဖြင့် တိုက်ရိုက် ထိတွေ့မှုကြောင့် ရေကြောင့်ကူးစက်သော ရောဂါများ ဖြစ်နိုင်ချေ မြင့်သည်။ အဖြစ်များသော ရေကြောင့် ကူးစက် သော ရောဂါများမှာ ဒဏ်ရာမှရောဂါပိုးဝင်ခြင်း၊ အရေပြား နီရဲ ကိုက်ခဲခြင်း၊ မျက်ခွံအတွင်းသား ရောင်ရမ်းခြင်း၊ နားတွင် ရောဂါပိုးကူးစက်ခြင်းနှင့် အသက်ရှူလမ်းကြောင်း ရောဂါပိုး ဝင်ခြင်းတို့ ဖြစ်သည်။ သို့သော်လည်း ထိုရောဂါများသည် လူအများတွင် ဖြစ်ပွားခြင်း နည်းပါသည်။စိုးရိမ်ရသော ရေကြောင့် ကူးစက်သော ရောဂါတစ်ခုမှာ leptospirosis ဖြစ် သည်။ တိရစ္ဆာန်မှ လူသို့ကူးစက်သော ဘတ်တီးရီးယား ရောဂါ တစ်မျိုး ဖြစ်သည်။ လူ၏အရေပြား၊ အမြှေးပါးသည် ရှဉ့်၊ ကြွက် စသော ကိုက်ဖြတ်စား သတ္တဝါများ၏ သေးဖြင့် ညစ်ညမ်း နေသော ရေ၊ စိုစွတ် သော မြေ၊ အပင်များ သို့မဟုတ် ရွံ့ နှင့် ထိတွေ့သောအခါ ထိုရောဂါ ရနိုင်သည်။ရေလွှမ်းမိုးခြင်းသည် ရောဂါပိုး သယ်ဆောင်သော အကောင်များ ပေါက်ဖွားခြင်းကို တိုးပွားစေသည်။ ၎င်းသည် ထိုအကောင်များကြောင့် ကူးစက်ရောဂါများ ဖြစ်နိုင်ချေကို ပိုများစေသည်။ မိုးရွှာခြင်း၊ ရေလွှမ်းမိုးခြင်းကြောင့် ဖြစ်လာ သော ရေသေများကို ခြင်များက သားပေါက်ဖွားသော နေရာ အဖြစ် သုံးသည်။ သဘာဝ ဘေးအန္တရာယ် ခံစားရသောသူ များနှင့် အရေးပေါ်လုပ်သားများသည် ထိုရောဂါရင်းမြစ်များနှင့် ထိတွေ့နိုင်ချေ ပိုများသည်။ရေလွှမ်းမိုးချိန်တွင် သွေးလွန် တုပ်ကွေး၊ ငှက်ဖျား နှင့် West Nile Fever တို့ လျင်မြန်စွာ ကူးစက်ပျံ့နှံ့သည်။ အစပိုင်းတွင် ရေလွှမ်းမိုးခြင်းသည် ခြင်များကို ဖယ်ရှားပစ်သော်လည်း ရေများ ပြန်ကျသွား သောအခါ ခြင်များသည် ပိုပြီးများပြားစွာ ပြန်ရောက်လာသည်။ ငှက်ဖျား အများအပြားဖြစ်ပွားခြင်းသည် ၆-၈ ပတ်ကြာပြီးမှ စဖြစ်လေ့ရှိသည်။လူများသည် သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ရသော ကြောင့် ပုံမှန်ထက် ရောဂါသယ်ဆောင်သော အကောင်များ ကြောင့်ကူးစက်သော ရောဂါများကို ပိုပြီးခံစားရသည်။ ဥပမာ ရေလွှမ်းမိုးခြင်းကြောင့် ထွက်ပြေးရသူများသည် အပြင်တွင် အိပ်ရနိုင်သည်။ လူထူထပ်သော ခိုနားရာနေရာများတွင် အိပ်ရ သည်။ ထိုနေရာများသည် ခြင်များအတွက် အကောင်းဆုံး ပတ်ဝန်းကျင် ဖြစ်သည်။ဗိုင်းရပ်စ်နှင့် ဘတ်တီးရီးယား အများစုသည် လူသေဆုံး သွားပြီးနောက် မရှင်သန်နိုင်ပါ။ ထို့ကြောင့် ကူးစက်တတ်သော ရောဂါ အန္တရာယ်သည် ရှင်သန်သူများတွင် ပိုများသည်။ ကာလဝမ်းရောဂါ သို့မဟုတ် သွေးလွန်တုပ်ကွေးကြောင့် သေသော အလောင်းများတွင်သာ ရောဂါအန္တရာယ်ရှိသည်။ မည်သို့ပင်ဖြစ်စေ နေ့စဉ် အလောင်းများကို ကိုင်တွယ်ရသော အရေးပေါ်လုပ်သားများသည် တီဘီရောဂါ၊ သွေးမှ ကူးစက် သော ဗိုင်းရပ်စ်များ ( အသည်းရောင်ရောဂါ ဘီ၊ စီ ပိုး နှင့် HIV ) ၊ အစာအိမ်နှင့်အူလမ်းကြောင်း ရောဂါပိုးဝင်ခြင်းများ ( rotavirus ကြောင့်ဝမ်းလျှောခြင်း၊ E.coli ၊ အသည်းရောင် ရောဂါ အေပိုး၊ shigellosis ဝမ်းကိုက်ရောဂါနှင့် ကာလဝမ်း ရောဂါ) တို့ ကူးစက်နိုင်ချေ မြင့်ပါသည်။ အသက် အန္တရာယ်ရှိသော ရောဂါများ မကူးစက်အောင် အလောင်းများ စွန့်ပစ်ရာတွင် စည်းမျဉ်းများ၊ သတိပြုချက်များကို တိတိကျကျ လိုက်နာသင့်သည်။Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-bacterial-infections/%e1%80%9b%e1%80%b1%e1%80%9c%e1%80%bd%e1%80%be%e1%80%99%e1%80%ba%e1%80%b8%e1%80%99%e1%80%ad%e1%80%af%e1%80%b8%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%a1/
သားဥအိမ်ကင်ဆာ ဖြစ်ရတဲ့ အကြောင်းရင်း
သားဥအိမ်ကင်ဆာ ဖြစ်တဲ့အခါ ကင်ဆာဆဲလ်တွေကသားဥအိမ်ထဲမှာ အလျင်အမြန်ပဲ ပွားလာပြီး ဘေးနားက တစ်ရှူးတွေဆီကို ပြန့်သွားတတ်ပါတယ်။ အမျိုးသမီး မျိုးပွားအင်္ဂါမှာ သားဥအိမ် ၂ခုရှိပြီး သားအိမ်ရဲ့ ဘေးတစ်ဖက်တစ်ချက်ဆီမှာ ရှိနေတာပါ။ ဗာဒံစေ့သာသာလောက်ပဲရှိပြီး လစဉ် မျိုးဥလေးတွေကို လွှတ်ထုတ်ပေးပါတယ်။ ဒါ့ပြင် အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းတွေကိုလည်း ထုတ်ပေးနိုင်ပါတယ်။ သားဥအိမ်ကင်ဆာ ဖြစ်ရတဲ့ အကြောင်းရင်း တွေကို သိထားမယ်ဆိုရင် ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။သားဥအိမ်ထဲမှာ ရှိတဲ့ ဆဲလ်တွေရဲ့ မျိုးဗီဇ DNAမှာ ပြောင်းလဲမှုတွေဖြစ်ရာက စပြီးတော့ကင်ဆာဆဲလ်တွေ ဖွံ့ဖြိုးလာပါတယ်။ မျိုးဗီဇပြောင်းလဲနေတဲ့ ဆဲလ်တွေက မြန်မြန်ဆန်ဆန် ပွားလာတဲ့အခါအကျိတ်တွေ ဖြစ်လာပါတယ်။ ဒီကင်ဆာဆဲလ်တွေ ဆက်ပြီး ပွားလာတာနဲ့အမျှ ကောင်းတဲ့ ဆဲလ်တွေ သေဆုံးပြီး နည်းသွားပါတယ်။ ဒီလိုနဲ့ ကင်ဆာဆဲလ်တွေက တဖြည်းဖြည်းနဲ့ ဘေးက တစ်ရှူးတွေ ပြန့်၊ ဒီကနေမှ ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေကို ဆန့်ပြန့်သွားပါတော့တယ်။အပေါ်မှာ ပြောခဲ့တဲ့ မျိုးဗီဇပြောင်းလဲမှုတွေက ဘယ်သူ့မှာမဆို ဖြစ်နိုင်ပါတယ်။ ဒါကို တိုက်ရိုက်ဖြစ်စေတဲ့ အကြောင်းရင်းရယ်လို့ မရှိပါဘူး။ ဒါပေမယ့် အောက်ပါအချက်တွေ ရှိနေရင်တော့ ဖြစ်နိုင်ခြေ များလာနိုင်ပါတယ်။သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေက အသက်ကြီးလာတာနဲ့အမျှ ပိုများလာပါတယ်။ အသက် ၄၀အောက်ဆို ဖြစ်ခဲပါတယ်။ သားဥအိမ်ကင်ဆာအများစုက သွေးဆုံးပြီးချိန်မှာ ဖြစ်ကြတာပဲ ဖြစ်ပါတယ်။ သားဥအိမ်ကင်ဆာတွေရဲ့ တစ်ဝက်လောက်ကို အသက် ၆၃နဲ့ အထက်မှာ တွေ့ရပါတယ်။အဝလွန်တာက ကင်ဆာတော်တော်များများကို ဖြစ်နိုင်ခြေများစေပါတယ်။ ဒီနှစ်ခုကြားက ဆက်စပ်မှုကိုတော့ အတိအကျ မပြောနိုင်သေးဘူးဆိုပေမယ့် BMI ၃၀နဲ့ အထက်တွေက ဖြစ်နိုင်ခြေများတယ်လို့ ဆိုကြပါတယ်။ ဒါ့ပြင်  သားဥအိမ်ကင်ဆာရှိပြီးသားသူတွေမှာ အဝလွန်နေတာက အသက်ရှင်နှုန်းကို ထိခိုက်စေနိုင်ပါတယ်။အသက် ၃၅နှစ်ကျော်မှ ကလေးစယူတဲ့သူ ဒါမှမဟုတ် ကလေးလုံးဝမယူသူတွေက သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေ များပါတယ်။သွေးဆုံးကိုင်လက္ခဏာတွေ သက်သာအောင် အီစထရိုဂျင်တစ်မျိုးတည်း ဒါမှမဟုတ် အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ပေါင်းစပ်ဟော်မုန်း ကုသမှု ခံယူတာက သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေကို များစေပါတယ်။သားဥအိမ်ကင်ဆာက မျိုးရိုးလိုက်တတ်ပါတယ်။ အမေ၊ ညီအမ၊ သမီးမှာ သားဥအိမ်ကင်ဆာဖြစ်ဖူးတဲ့သူရှိရင် ကိုယ့်မှာလည်း ဖြစ်နိုင်ခြေ များတတ်ပါတယ်။ မိသားစုထဲမှာ ဖြစ်ဖူးတဲ့သူ များလေလေ ကိုယ့်မှာ ဖြစ်နိုင်ခြေများလေလေပဲ ဖြစ်ပါတယ်။ တစ်ခါတလေ အဖေ့ဘက်က အမျိုးတွေမှာ သားဥအိမ်ကင်ဆာ မျိုးရိုးရှိရင် (ဥပမာ ဒေါ်လေး၊ ကြီးတော်၊ အဖွား) ကိုယ့်မှာလည်း ဖြစ်လာနိုင်ပါတယ်။သားဥအိမ်ကင်ဆာမဟုတ်ဘဲ မိသားစုထဲမှာ အူမကြီးကင်ဆာ ဒါမှမဟုတ် ရင်သားကင်ဆာတွေ ရှိနေရင်လည်း သတိထားရပါမယ်။ အကြောင်းက ဒီကင်ဆာတွေမှာ မျိုးဗီဇပြောင်းလဲတာတွေက မိသားစုလိုက် လက်ဆင့်ကမ်းနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါကို family cancer syndrome လို့ခေါ်ပါတယ်။သားဥအိမ်ကင်ဆာတွေရဲ့ ၂၅ ရာခိုင်နှုန်းကfamily cancer syndromesလို့ခေါ်တဲ့ ကင်ဆာမျိုးရိုးကို လက်ဆင့်ကမ်းလာလို့ပဲ ဖြစ်ပါတယ်။ ဥပမာ ပြောရရင်။-Hereditary breast and ovarian cancer syndrome (HBOC) :BRCA1နဲ့BRCA2မျိုးဗီဇပါနေလို့ပါ။ ဒီမျိုးဗီဇပါနေရင် ရင်သားကင်ဆာ၊ သားဥအိမ်၊ သားဥပြွန်ကင်ဆာတွေ ဖြစ်နိုင်ခြေများပါတယ်။ ဒါ့ပြင် ပန်ကရိယကင်ဆာ၊ ဆီးကျိတ်ကင်ဆာတွေလည်း ဖြစ်တတ်ပါတယ်။ မင်းသမီးကြီး အန်ဂျလီနာဂျိုလီ ရင်သားနဲ့ သားဥအိမ်တွေ ထုတ်ထားတာ ဒီမျိုးဗီဇရှိနေလို့ပါပဲ။-Hereditary nonpolyposis colon cancer (HNPCC): ဒါက မျိုးရိုးလိုက် အူမကြီးကင်ဆာဖြစ်တာပါ။ ဒါ့ပြင်  သားအိမ်နဲ့ သားဥအိမ်ကင်ဆာလည်း ဖြစ်နိုင်ပါစေးတယ်။-Peutz-Jeghers syndrome: ရှားပါးတဲ့ မျိုးရိုးလိုက်ရောဂါပါ။ လူငယ်ဘဝမှာတည်းက အစာအိမ်နဲ့ အူလမ်းကြောင်းမှာ အသားပိုတွေ ရှိနေတတ်ပါတယ်။ ဒါကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ကင်ဆာဖြစ်နိုင်ခြေ (ဥပမာ အစာရေမျိုပြွန်၊ အစာအိမ်၊ အူသိမ်၊ အူမကြီးကင်ဆာ)လည်း များပါတယ်။ အမျိုးသမီးတွေမှာဆိုရင် သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေပါ များပါတယ်။-MUTYH-associated polyposis:MUTYHလို့ခေါ်တဲ့ မျိုးဗီဇပြောင်းလဲတာပဲ ဖြစ်ပါတယ်။ အူသိမ်နဲ့ အူမကြီးမှာ အသားပိုတွေရှိတတ်ပြီး ကင်ဆာဖြစ်တတ်ပါတယ်။ ဒါ့ပြင်သားဥအိမ်ကင်ဆာနဲ့ ဆီးအိမ်ကင်ဆာလည်း ဖြစ်တတ်ပါတယ်။ဖန်ပြွန်သန္ဓေဆောင်တာကလည်း “borderline” or “low malignant potential” လို့ခေါ်တဲ့ ကင်ဆာဖြစ်နိုင်ခြေများတဲ့ သားဥအိမ်အကျိတ်အမျိုးအစား ဖြစ်နနိုင်ခြေများစေပါတယ်။ ဒါကြောင့် ကလေးရဖို့ ဆေးတွေ သောက်နေတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကောင်းကျိုးဆိုးကျိုးချိန်ဆသင့်ပါတယ်။အရင်ကရင်သားကင်ဆာဖြစ်ဖူးတယ်ဆိုရင် သားဥအိမ်ကင်ဆာလည်း ဖြစ်နိုင်ခြေရှိပါတယ်။ အကြောင်းရင်းတွေက။-ရင်သားကင်ဆာနဲ့ သားဥအိမ်ကင်ဆာက ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေ တူပါတယ်။-မိသားစုထဲမှာ ရင်သားကင်ဆာဖြစ်တဲ့သူ ရှိတယ်။ ကိုယ်တိုင်လည်း ဖြစ်ဖူးတယ်ဆိုရင် သားဥအိမ်ကင်ဆာဖြစ်ဖို့ အလားအလာများပါတယ်။–BRCA1orBRCA2မျိုးဗီဇသာ ရှိနေမယ်ဆိုရင် ရင်သားကင်ဆာရော၊ သားဥအိမ်ကင်ဆာရောဂါရော ဖြစ်နိုင်ပါတယ်။ဆေးလိပ်သောက်တာက mucinous type လို့ခေါ်တဲ့ သားဥအိမ်ကင်ဆာအမျိုးအစားကို ဖြစ်စေနိုင်ပါတယ်။ဒီအချက်တွေရှိတာက မရှိတာထက်စာရင် သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေများတယ်လို့ပဲ ဆိုလိုတာပါ။ ဖြစ်ကိုဖြစ်မယ်လို့ ပြောတာမဟုတ်ပါဘူး။ ဒီအချက်တွေ မရှိဘဲ ကင်ဆာဖြစ်သွားတဲ့ သူတွေလည်း ရှိပါတယ်။ပြင်လို့ရတဲ့အချက်တွေ (ဥပမာ ဆေးလိပ်သောက်တာ၊ အဝလွန်တာ)ကို ပြုပြင်ပြီး ပြင်လို့ မရတဲ့ အချက်တွေ (ဥပမာ အသက်ကြီးလာတာ၊ မိသားစုမျိုးရိုးရှိတာ) ဆိုရင်တော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။အကောင်းဆုံးကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ပုံမှန်စစ်ဆေးတာပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/ovarian-cancer/causes-of-ovarian-cancer/
ဘေဘီလေးကို သီဟိုဠ်စေ့ ကျွေးတဲ့အခါ
သီဟိုဠ်စေ့လို့ ပြောလိုက်ရင် အဆီများမယ်။ဝိတ်တက်စေလိမ့်မယ်။ ကျန်းမာရေးကိုလည်း အထောက်အကူပြုမှာ မဟုတ်ပါဘူးလို့ ယူဆလိုက်ကြတာ များပါတယ်။ တကယ်ကတော့ သီဟိုဠ်စေ့က အယ်လ်မွန်စေ့၊ မြေပဲ၊သစ်ကြားသီးတို့ထက် အဆီပါဝင်မှု နည်းပြီး အကျိုးပြု အဆီပါဝင်မှုတော့ များပါတယ်။သီဟိုဠ်စေ့မှာပါဝင်တဲ့ အဆီရဲ့ ၄၇ ရာခိုင်နှုန်းက ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး သီဟိုဠ်စေ့မှာအရိုးနဲ့သွေးကြောတွေကို ကျန်းမာစေတဲ့copper၊ မဂ္ဂနီဆီယမ်လိုမျိုး အာဟာရဓာတ်တွေလည်း ပါဝင်နေပါတယ်။ ဒီလိုအာဟာရဓာတ် ကြွယ်ဝတဲ့သီဟိုဠ်စေ့ကို ဘေဘီလေးကို ကျွေးလို့ ရမလားဆိုတော့……… ဒီဆောင်းပါးလးမှာ ပြောပြပေးမယ်နော်။ဘေဘီလေးကို သီဟိုဠ်စေ့ ကျွေးလို့ရပါတယ်။ ဘေဘီလေးက အသက် ၁၂ လပြည့်ပြီဆိုရင် သီဟိုဠ်စေ့ကို သေချာ ညက်အောင် ကြိတ်ပြီး ဘေဘီလေးကို ဆန်ပြုတ်၊ နို့ စတာတွေထဲကို ထည့်တိုက်ပေးလို့ ရပါပြီ။သတိထားရမှာတစ်ခုကတော့ သီဟိုဠ်စေ့ အပါအဝင် အစေ့အဆန်တွေကဓာတ်မတည့်မှုဖြစ်စေနိုင်တာကြောင့် နည်းနည်းကနေ စကျွေးပေးဖို့ပါ။ ကလေးမှာဓာတ်မတည့်မှု လက္ခဏာတစ်ခုခု တွေ့ရမယ်ဆိုရင်တော့ ဆက်မကျွေးပါနဲ့။ဘေဘီလေးကို သီဟိုဠ်စေ့ ကျွေးတဲ့အခါ။သီဟိုဠ်စေ့မှာ ဘေဘီလေးတွေ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ သီဟိုဠ်စေ့မှာပါတဲ့ Riboflavin နဲ့ L-Carnitine တို့ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ ထောက်ပံ့ပေးပါတယ်။သီဟိုဠ်စေ့က ဉာဏ်ရည်ဉာဏ်သွေး ကောင်းစေသလို အသက်အရွယ်ရလာတဲ့အခါအယ်လ်ဇိုင်းမားမဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ဘေဘီလေးတွေကို ကျန်းမာစေဖို့ဆိုရင် ငယ်စဉ်ကတည်းက သွေးတွင်းကိုလက်စထရောကို သေချာ ထိန်းညှိထားဖို့ လိုပါမယ်။ ဒီတော့ သွေးတွင်းကိုလက်စထရောနဲ့သွေးတွင်း သကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိနိုင်စေဖို့ဆိုရင် သီဟိုဠ်စေ့ ကျွေးပေးလို့ ရပါတယ်။သီဟိုဠ်စေ့က အမျှင်ဓာတ်ပါဝင်မှု မြင့်တာကြောင့် အစာကြေစေဖို့ ထောက်ကူပေးသလို အစာခြေစနစ်ကို ကောင်းမွန်စေပြီးဝမ်းမှန်စေပါတယ်။ ဝမ်းချုပ်မှု ကင်းပြီး အစာခြေစနစ် ကျန်းမာစေချင်ရင် ကျွေးပေးသင့်တဲ့ အစားအစာ တစ်ခုပါ။သီဟိုဠ်စေ့မှာ ဘေဘီလေးရဲ့ အရိုးနဲ့သွားတွေ သန်မာစေဖို့ လိုအပ်တဲ့ Phosphorus ပါဝင်နေပါတယ်။ ကြီးထွားနေတဲ့ ဘေဘီလေးရဲ့ အရိုးနဲ့ သွားတွေကိုတင် သန်မာစေတာ မဟုတ်ဘဲ ဘေဘီလေးကို ငယ်စဉ်ကာလမှာကတည်းက သီဟိုဠ်စေ့ ကျွေးပေးတာက အရွယ်ရလာတဲ့အခါအရိုးပွရောဂါမဖြစ်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးရာ ရောက်ပါတယ်။ကိုယ်ခံအား ကောင်းစေတယ်။ သီဟိုဠ်စေ့မှာဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ Alkalinity တို့ ပါဝင်နေတာကြောင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးပြီး ဘေဘီလေးကို ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးမှာပါ။သီဟိုဠ်စေ့ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ခုက Fatty acid ပါဝင်မှုကြောင့် ခန္ဓာကိုယ်က နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တာပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/benefits-of-cashew-nuts-for-babies/
ကိုယ့်ကိုယ်ကို ယုံကြည်မှုမြင့်မားလာအောင် ဘယ်လိုတည်ဆောက်မလဲ
[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b7%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%80%e1%80%ad%e1%80%af-%e1%80%9a%e1%80%af%e1%80%b6%e1%80%80%e1%80%bc%e1%80%8a%e1%80%ba%e1%80%99/
သာမန် ဖျားနာမှုကြောင့် အနံ့၊ အရသာ ပျောက်ခဲ့ရင်
အအေးမိတယ်။တုပ်ကွေးဖြစ်တယ်။ သက်တော့ သက်သာလာပါရဲ့ စားလိုက်ရင်ခံတွင်းမတွေ့ဘူး။အနံ့ကလည်း ရတစ်ချက် မရတစ်ချက်ပဲနှာခေါင်းထဲမှာလည်း မွှန်ထူထူနဲ့ နေရထိုင်ရခက်လိုက်တာ ဆိုတဲ့ သူလေးတွေရှိလား………….။ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကအနံ့အရသာပျောက်လို့ စားရသောက်ရ အဆင်မပြေဖြစ်နေသူလေးတွေ ဖတ်ပြီး လက်တွေ့ လုပ်ဆောင်သင့်တဲ့ ဆောင်းပါးလေးပါ။အနံ့ပျောက်တာကရောဂါအခံ တစ်ခုခုကြောင့် ဖြစ်နိုင်သလို။အအေးမိတာ၊အသက်ရှူလမ်းကြောင်းကို ပိုးဝင်တာကြောင့် အနံ့ပျောက်တာက ပိုးတွေကို တိုက်ထုတ်ပြီးသွားတာဲ့ တဖြည်းဖြည်းချင်းပြန်ကောင်းလာတတ်ပါတယ်။ ဒီတော့ ဖျားတာကြောင့် အနံ့၊ အရသာ ပျောက်နေပြီဆိုရင်။ကြက်ဆူဆီ စစ်စစ်လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို အပူပေးပါ။ ပြီးရင် အအေးခံပြီး နှာခေါင်းတစ်ဖက်စီကို တစ်စက်စီ ချပေးပါ။ တစ်နေ့ကို ၂ ကြိမ် လုပ်ပေးပါ။ကြက်ဆူဆီမှာ ပါတဲ့ ricinoleic acid  ကရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး အနံ့၊ အရသာ ပုံမှန်အတိုင်း ပြန်ရစေဖို့ ကူညီပေးပါလိမ့်မယ်။ကြက်သွန်ဖြူ အမွှာ ၂ မွှာ ၃ မွှာလောက်ကို နုတ်နုတ်စဉ်းပါ။ ပြီးရင်ရေနွေး ဆူဆူ၁ ခွက်စာထဲကို ထည့်ပေးပါ။ ခပ်နွေးနွေးမှာ အငွေ့ခံပေးရင်း သောက်ပေးပါ။ကြက်သွန်ဖြူကဘက်တီးရီးယားတွေကို သေစေနိုင်ပြီး နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တာကြောင့်နှာခေါင်းထဲက လေပြွန်လေးတွေကို အရောင်သက်သာစေပြီး အနံ့ရစေဖို့ ထောက်ကူပေးမှာပါ။သံပုရာသီးက ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးနိုင်ပြီး အနံ့၊ အရသာခံနိုင်စွမ်းကိုလည်း တိုးစေပါတယ်။ဒီတော့ သံပုရာသီး တစ်လုံးကို အရည်ညှစ်ပါ။ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ ရောပြိး ရေတစ်ဖန်ခွက်စာထဲ ထည့်ဖျော်ပါ။ ရလာတဲ့ ဖျော်ရည်ကို သောက်သုံးပေးတာက အနံ့၊ အရသာပြန်ရစေဖို့ ကူညီပေးပါလိမ့်မယ်။ချင်းစိမ်းကို မထူမပါး တစ်ပြားစာလောက်ကို ရေစင်အောင်ဆေးပြီး ဝါးစားတာ။ ဒါမှမဟုတ် ချင်း (ဂျင်း) ကို မညက်တညက်ထောင်းပြီး ရေနွေး ဆူဆူထဲ ထည့်စိမ်လို့ ၁၅ မိနစ်လောက်ထားပါ။ပြီးရင် ခပ်နွေးနွေးမှာ အငွေ့လေးရှူရင်း သောက်ပေးပါ။ အနံ့ခံအာရုံကို လှုံ့ဆော်ပေးသလို အရသာခံနိုင်စွမ်းကိုလည်း တိုးစေမှာပါ။ တစ်နေ့ကို ၂ ကြိမ် သောက်ပေးပါ။ရေစင်အောင် ဆေးထားတဲ့ ပူစီနံရွက် ၁၀ ရွက် ၁၅ ရွက်လောက်ကို ရေနွေးဆူဆူထဲ ထည့်ပြုတ်ပါ။ ရလာတဲ့ ပြုတ်ရည်ကို အအေးခံပြီး ပျားရည် နည်းနည်းထည့်လို့ သောက်ပေးပါ။ပူစီနံက ပူရှိန်းရှိန်း အရသာရှိသလို နှာခေါင်းတွင်းကလေပြွန်ရောင်တာကို သက်သာစေပြီးဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ တစ်နေ့ကို ၂ ကြိမ် သောက်သုံးပေးပါ။ အနံ့အရသာ ပြန်ရလာပါလိမ့်မယ်။အနံ့၊ အရသာ ပျောက်တာကို သက်သာစေမယ့် နည်းလမ်းတစ်ခု ရှိပါတယ်။ ဒါကတော့ ရေများများ သောက်တာပါ။ ရေသောက်တာက အသက်ရှူ လမ်းကြောင်းက ဆဲလ်တွေကို ကျန်းမာစေပြီး အနံ့၊ အရသာခံနိုင်စွမ်းကို တိုးစေနိုင်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/home-remedies-for-smell-loss/
သင် စိတ်ဓာတ်ကျနေပြီလို့ ညွှန်းဆိုနေတဲ့ လက္ခဏာ ၁၀ ခု
လူတိုင်း စိတ်ဓာတ်ကျတတ်ပါတယ်။ စိတ်ဓာတ်ကျတယ်ဆိုတာကို မကြာခဏလည်း ပြောဖြစ်ကြတယ်။ ဒါပေမယ့် ဘယ်လိုအရာတွေက သင့်ကို စိတ်ဓာတ်ကျစပြီး စိတ်ဓာတ်ကျတယ်ဆိုတဲ့ လက္ခဏာတွေက ဘာတွေလဲဆိုတာကိုရော တိတိကျကျသိထားကြရဲ့လား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ သင် စိတ်ဓာတ်ကျနေပြီလို့ ညွှန်းဆိုနေတဲ့ လက္ခဏာ ၁၀ ခု အကြောင်း ပြောပြပေးချင်ပါတယ်။စိတ်ဓာတ်ကျတယ်(Depress) ဆိုတာက စိတ်ကျရောဂါ (Depression) ရဲ့ မူလဇစ်မြစ်ဖြစ်ပါတယ်။ စိတ်ဓာတ်ကျခြင်းဟာ စိတ်ဖိစီးမှု (Stress) လိုပဲ အဖြစ်များတဲ့ စိတ်ဝေဒနာတစ်မျိုးဖြစ်ပြီး မြန်မာပြည်မှာ အဖြစ်အများဆုံးစိတ်ဝေဒနာလို့လည်း မှတ်တမ်းတွေကဆိုပါတယ်။တချို့ဝေဒနာရှင်တွေဟာ သူတို့မှာ စိတ်ကျဝေဒနာရှိနေတယ်ဆိုတာကို သတိထားမိကြခြင်းမရှိကြပါဘူး။အသက်အရွယ်၊ လိင်၊ မိသားစုအခြေအနေ၊လုပ်ငန်းခွင်နဲ့ ငွေကြေးအခြေအနေတွေကြောင့် လူအတော်များများမှာ စိတ်ကျဝေဒနာခံစားရလေ့ရှိပါတယ်။ အခုလို လက္ခဏာတွေ ခံစားနေရရင်တော့ သင်ဟာ စိတ်ဓာတ်ကျနေပြီလို့ ညွှန်းဆိုးနေတာပါ။စိတ်ဓာတ်ကျခြင်းဟာ ထင်ထားသဘောက်လည်း မရိုးရှင်းပါဘူး။ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပျက်နိုင်တာမို့ ရောဂါအမျိုးအမည်တွေလည်း ကွဲပြားပါတယ်။ အောက်ပါအတိုင်းဖြစ်ပါတယ်။အဆိုပါစိတ်ဝေဒနာအားလုံးဟာ အခြေခံကျတဲ့ ရောဂါလက္ခဏာတွေကို ပြသလေ့ရှိပါတယ်။ ယျေဘုယျအကျဆုံး လက္ခဏာ ၁၀ ခု ရှိတယ်လို့ ကျွမ်းကျင်သူတွေက သရုပ်ခွဲသုံးသပ်ထားကြပါတယ်။ ဘယ်လို လက္ခဏာတွေက စိတ်ဖိစီးမှုဝေဒနာလက္ခဏာတွေလဲဆိုတာကို လေ့လာကြည့်ကြရအောင်။၁။ စိတ်ဓာတ်တက်ကြွမှု လျော့နည်းလာတာ။စိတ်ဓာတ်ကျလာရင် လူတိုင်းအတွက် ပုံမှန်သူတို့ကို ပျော်ရွှင်စေတဲ့ အရာတွေကတောင် ပျော်ရွှင်တယ်လို့ မခံစားရတော့ပါဘူး။ ပျော်ရွှင်မှုကင်းမဲ့လာတာနဲ့အမျှ စိတ်အားတက်ကြွမှုလည်း လျော့နည်းလာမှာပါ။၂။ မပြတ်သားတော့တာ။လေ့လာချက်တွေအရဆိုရင် စိတ်ဓာတ်ကျနေသူတွေဟာ ဆုံးဖြတ်ချက်တွေချမှတ်ဖို့ ဖင့်နှေးကြလေ့ရှိတယ်လို့ ဆိုပါတယ်။ ပုံမှန်လူတစ်ယောက်ဟာ တစ်နာရီမှာ ဆုံးဖြတ်ချက် ၄ ခုကနေ ၅ ခုလောက်အထိ ချမှတ်နိုင်ကြပေမယ့် စိတ်ဓာတ်ကျနေရင် သေးငယ်တဲ့ ဆုံးဖြတ်ချက်တစ်ခုချမှတ်နိုင်ဖို့အတွက်ကိုတောင် မလွယ်ကူတော့ပါဘူး။၃။ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကင်းမဲ့လာတာ။ကိုယ့်ရဲ့ တန်ဖိုး၊ ကိုယ့်ရဲ့ အရည်အသွေးကို သံသယဝင်လာပြီး အရာရာကို အဆိုးမြင်လာတာကလည်း စိတ်ဓာတ်ကျနေလို့ပါ။၄။ အပြစ်ရှိသလို ခံစားနေရတာ။စိတ်ဓာတ်ကနေရင် မိမိကိုယ်ကို အပြစ်ရှိနေသူတစ်ဦးလို အမြဲခံစားနေတတ်ပါတယ်။ အကျိုးအကြောင်းသင့်လျော်တဲ့ အကြောင်းပြချက်ရှိနေခဲ့မယ်ဆိုရင်တောင်မှ သူတို့ရဲ့ အပြစ်ရှိသလို ခံစားချက်ကို ဖယ်ရှားဖို့ မလွယ်ကူပါဘူး။၅။ စိတ်ဆိုးဒေါသထွက်လွယ်တာ။စိတ်ဓာတ်ကျလေလေ စိတ်မရှည်လေ၊ စိတ်ဆိုးဒေါသထွက်လွယ်လေလေပါပဲ။ နေ့စဉ်လူမှုဘဝရဲ့ စိတ်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ အခက်အခဲတွေပိုမိုများလာပြီး အဆိုပါ အဆင်မပြေမှုတွေကြောင့်ပဲ ပိုပိုစိတ်တိုလာကာ သံသရာလည်နေတတ်ပါတယ်။၆။ပူပင်သောကများတာ။သောကများတာက စိတ်ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ စိတ်ဓာတ်ကျရင် သောကပိုပွားပါတယ်။ ဒီရောဂါ ၂ ခုက ဆက်စပ်နေတာပါ။ ပြဿနာတွေအပေါ် အလွန်အမင်း အာရုံစိုက်နေမိမယ်၊ အစာစားချင်စိတ်ပျောက်ဆုံးနေမယ်၊ ရုပ်ပိုင်းဆိုင်ရာအရ နာကျင်မှုတွေ ကြုံနေရမယ်၊ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေမယ်။ ဒါတွေက သင်ပူပန်သောကများနေပြီဆိုတဲ့ လက္ခဏာတွေပါပဲ။၇။သေချင်စိတ်ပေါ်နေတာ။စိတ်ဓာတ်ကျတာ ပြင်းထန်လာရင် ဘဝကို လက်လျှော့ အရှုံးပေးလိုက်ချင်စိတ်က အမြဲလိုလိုကပ်ပါလာတတ်ပါတယ်။ ဘဝဟာနေပျော်စရာမရှိတော့ဘူးလို့ ထင်မြင်ယူဆလာပြီး ဘဝကို အဆုံးသတ်ချင်စိတ် မကြာခဏပေါ်လာနေပြီဆိုရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ညှိနှိုင်းဖို့ မဖြစ်မနေလိုအပ်နေပြီဖြစ်ပါတယ်။၈။ရာသီသွေးဆင်းချိန်မမှန်တော့တာ။အမျိုးသမီးတွေ စိတ်ဓာတ်ကျလာရင် ရာသီသွေးဆင်းမှု အချိန်မမှန်တာမျိုး ပုံမှန်ဖြစ်ပျက်လေ့ရှိတယ်လို့ လေ့လာချက်တွေကဆိုပါတယ်။ စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်တွင်းမှာ လိုအပ်တဲ့ မဟော်မုန်းထုတ်လွှတ်မှု မူမမှန်ဖြစ်ပြီး ခုလို သွေးဆင်းချိန်မမှန်ဖြစ်ရတာဖြစ်ပါတယ်။၉။ အိပ်မပျော်တာ။စိတ်ဝေဒနာအမျိုးအစားပေါင်းများစွာရဲ့ ရောဂါလက္ခဏာတွေထဲမှာ အိပ်မပျော်တာ၊ အိပ်စက်ချိန်စိတ်မရှိတာနဲ့ အိပ်ချိန်မမှန်တာတွေဟာ အမြဲတစေ တွေမြင်ရတတ်တဲ့ လက္ခဏာတစ်မျိုးဖြစ်ပါတယ်။၁၀။ အကြောင်းရင်းရှာမရတဲ့ လက္ခဏာတွေခံစားလာတာ။ဘာထိခိုက်မှုမှ မရှိပါဘဲနဲ့ စိတ်ထဲမှာ ဟိုနေရာ နာနေသလိုလို ဒီနေရာက ကိုက်နေသလိုလို ခံစားချက်မျိုးဖြစ်ပေါ်နေတာကလည်း စိတ်ဓာတ်ကျနေတာကြောင့်ပါ။ ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်တာ နဲ့ ရင်ဘတ်အောင့်တာတွေလည်း ခံစားရတတ်ပါတယ်။အထက်ပါ လက္ခဏာတွေထဲက တချို့ကို ပြသလာနေပြီဆိုရင် သင်စိတ်ဓာတ်ကနေတာဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူနဲ့တိုင်ပင်ပြီး အလျင်အမြန်ကုစားဖို့ လိုအပ်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/10-symptoms-of-depression/
၆ မျိုးစပ် ကာကွယ်ဆေး ထိုးတဲ့အခါ ထပ်ဆောင်းကာကွယ်ဆေးကို မေ့မထားပါနဲ့။
နုနယ်လှတဲ့ ကလေးငယ်တွေကို အန္တရာယ်ပြုဖို့ စောင့်နေတဲ့ ရောဂါတွေ အများကြီးပါ။ မိဘတစ်ယောက်အနေနဲ့ ဘေဘီ​လေးကို ပျော်ရွှင်ကျန်းမာစွာ ကြီးပြင်းလာစေဖို့ဆိုရင် အာဟာရတွေ ပြည့်ဝလုံလောက်အောင် ကျွေးမွေးစောင့်ရှောက်မှုနဲ့အတူ ဒီရောဂါအန္တရာယ်တွေကနေ ဘေဘီလေးကို သေချာ ကာကွယ်ပေးဖို့ကလည်း မေ့ထားလို့ မရပါဘူး။ဘေဘီလေးတွေကို ငယ်စဉ်ကတည်းက ရောဂါတွေအန္တရာယ်ကနေ ကာကွယ်ပေးဖို့ဆိုရင် မဖြစ်မနေ လုပ်ရမှာက အသက်အရွယ်အလိုက် ထိုးနှံရမယ့် ကာကွယ်ဆေးတွေကို သေချာလေး ထိုးနှံပေးဖို့ပါ။ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်း အချို့သော ကုသဆေး မရှိသေးတဲ့ရောဂါမျိုးတွေအတွက်ကတော့ ကာကွယ်ဆေး ထိုးနှံပေးထားခြင်းကသာ ထိရောက်တဲ့ ကာကွယ်စောင့်ရှောက်မှုပါ။ဒီတစ်ခေါက်တော့ ဘေဘီလေးကို ကြောက်စရာကောင်းတဲ့ ရောဂါ ၆ မျိုး အန္တရာယ်ကနေ ကာကွယ်ပေးတဲ့ ၆ မျိုးစပ် ကာကွယ်ဆေးထိုးနှံတဲ့အခါ ထပ်ဆောင်းကာကွယ်ဆေးတွေကို ဘာကြောင့် ထိုးနှံပေးဖို့ လိုအပ်သလဲဆိုတာလေးတွေကို ပြောပြပေးသွားပါမယ်။၆ မျိုးစပ် ကာကွယ်ဆေးဆိုတာဘေဘီလေးတွေကို ပြင်းထန်တဲ့ရောဂါ ၆ မျိုးကနေ ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးပါ။ ၆ မျိုးစပ်ကာကွယ်ဆေးကိုDTaP/IPV(polio)/Hib/Hep B ကာကွယ်ဆေး(သို့မဟုတ်) hexavalent ကာကွယ်ဆေးလို့ သိကြပါတယ်။၆ မျိုးစပ်ကာကွယ်ဆေးက ဘေဘီလေးကို ထိခိုက်စေနိုင်တဲ့။ဒီကာကွယ်ဆေးက ဘေဘီလေးရဲ့ ဖွံ့ဖြိုးနေတဲ့ ကိုယ်ခံအားကို အခုပြောပြခဲ့တဲ့ ရောဂါ ၆ မျိုး အန္တရာယ်ကနေ ထိထိရောက်ရောက် ကာကွယ်နိုင်အောင် အားဖြည့်ပေးပါတယ်။၆မျိုးစပ် ကာကွယ်ဆေးကို ဘေဘီလေး အသက် ၂ လမှာ ပထမအကြိမ်၊ ၄လမှာ ဒုတိယအကြိမ်၊ ၆လမှာ တတိယအကြိမ်ဆိုပြီး ထိုးပေးရပါမယ်။ ကလေးအနေနဲ့ ရောဂါတွေကို အထိရောက်ဆုံး ကာကွယ်နိုင်တဲ့အထိ ကိုယ်ခံအား ကောင်းကောင်းရနိုင်စေဖို့ ကာကွယ်ဆေးကို ၃ ကြိမ် ထိုးဖို့ လိုပါမယ်။ ကာကွယ်ဆေး တစ်ကြိမ် ထိုးပြီးတိုင်းမှာ ကလေးရဲ့ ကိုယ်ခံအားက ပိုပိုသန်မာလာမှာပါ။ထပ်ဆောင်းကာကွယ်ဆေးအနေနဲ့ ကလေးနဲ့ ၄နှစ်နဲ့ ၆နှစ်အတွင်းမှာ တစ်ကြိမ် ထပ်ထိုးရပါမယ်။ထပ်ဆောင်းကာကွယ်ဆေးကို မေ့မထားပါနဲ့ လို့ပြောရတာက ထပ်ဆောင်းကာကွယ်ဆေးတွေဟာ ကလေးကို အမျိုးမျိုးသော ရောဂါတွေ ဘေးကနေ ကာကွယ်ပေးပြီး ပျော်ရွှင်ကျန်းမာစွာ ကြီးပြင်းလာစေဖို့ ထောက်ကူပေးနိုင်လို့ပါ။ ထပ်ဆောင်းကာကွယ်ဆေးတွေက ကလေးရဲ့ ကိုယ်ခံအားစနစ်ကို ရောဂါဆိုးတွေ အန္တရာယ်ကို သတိထားဖို့ အချက်ပြပေးနေတဲ့ သတိပေးစနစ်လေးတွေပါ။ကာကွယ်ဆေးက ထိုးလိုက်ပြီဆိုရင် ကာကွယ်ဆေးထိုးပြီး သိပ်မကြာခင် ကာလမှာ ကူးစက်ခံရတဲ့ ရောဂါတွေကနေ ကာကွယ်ပေးနိုင်ပေမယ့် အမြဲ ကာကွယ်ပေးမယ်လို့ ပုံသေ တွက်လို့ မရသေးပါဘူး။ ငယ်ရွယ်သေးတဲ့ ကလေးတွေရဲ့ ကိုယ်ခံအားက ကာကွယ်ဆေး တစ်ကြိမ် ထိုးရုံနဲ့ လုံလောက်တဲ့ ကိုယ်ခံအားစနစ်ကို ရရှိပြီလို့ အတိအကျပြောဖို့ ခက်ပါတယ်။သဘောကတော့ ကာကွယ်ဆေး ထိုးလိုက်ပေမယ့် ကိုယ်ခံအား အပြည့်အဝ မရလိုက်ဘူး။ ရောဂါဖြစ်လာနိုင်ခြေ ရှိနေသေးတယ်။ ဒါကြောင့် ထပ်ဆောင်း ကာကွယ်ဆေးတွေကို ထိုးဖို့ လိုတာပါ။ ကိုယ်ခံအားကို ရောဂါခုခံနိုင်ဖို့ အပြည့်အဝ ဖွံ့ဖြိုးသန်မာလာအောင် အားဖြည့်ပေးတဲ့ သဘောပေါ့။ကာကွယ်ဆေးထိုးတဲ့အခါ ထပ်ဆောင်းကာကွယ်ဆေး ထိုးဖို့က ကလေးတွေတင် မဟုတ်ပါဘူး။ လူကြီးတွေမှာလည်း လိုအပ်ပါတယ်။ ဒါမှ လုံလောက်တဲ့ ကိုယ်ခံအားစနစ်ကို တည်ဆောက်နိုင်ပြီး ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ရောဂါဆိုးတွေ အန္တရာယ်ကနေ ကာကွယ်နိုင်မှာပါ။ကာကွယ်ဆေးထိုးထားပေမယ့် ကာကွယ်ဆေးက အချိန်ကြာလာတဲ့အခါ အားပျော့လာပြီး ကိုယ်ခံအားက မှတ်သားထားနိုင်စွမ်းကလည်း ကျလာပါတယ်။ ဒီအခြေအနေမှာ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံလိုက်မှပဲ ကိုယ်ခံအားရဲ့ ခုခံနိုင်စွမ်းက ပြန်တက်လာတာပါ။ဒါကြောင့် ဘေဘီလေးတွေကို ကုသဖို့ ဆေးမရှိသေးဘဲ အသက်အန္တရာယ်ကို ရန်ရှာနိုင်တဲ့ ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးပြီး ပျော်ရွှင်ကျန်းမာစွာ ကြီးပြင်းလာစေချင်တယ်ဆိုရင်တော့ ၆ မျိုးစပ် ကာကွယ်ဆေး ထိုးတဲ့အခါ ထပ်ဆောင်းကာကွယ်ဆေးကို မေ့မထားပါနဲ့။တကယ်ကတော့ ၆ မျိုးစပ်မှ မဟုတ်ပါဘူး။ ဘေဘီလေးကို ထိုးပေးတိုင်း ကာကွယ်ဆေးတိုင်းကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး လိုအပ်မယ်ဆိုရင် ထပ်ဆောင်း ကာကွယ်ဆေးတွေကို သေချာလေး ထိုးနှံပေးဖို့ လိုပါမယ်။ဒါမှလည်း ဘေဘီလေးက ပြည့်ဝတဲ့ ကိုယ်ခံအားစနစ်ရရှိပြီး ရောဂါကင်းစင်လို့ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းနိုင်တော့မှာပေါ့။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/vaccines/why-you-should-not-miss-the-booster-dose-of-6-in-1-vaccines-for-your-baby/
null
null
health
health
https://hellosayarwon.com/health/general-health-knowledge/vaccines/
သမားရိုးကျနည်းနဲ့ ခွဲမှာလား၊ အပေါက်လေးဖောက်ပြီး ခွဲမှာလား
ဒါကဆေးရုံတွေမှာ ကြားနေကျ စကားပါ။ခွဲစိတ်ဖို့ ဆုံးဖြတ်လိုက်ပြီဆို ခွဲမယ့် နည်းလမ်းကို စဉ်းစားရပါတယ်။ လူနာရဲ့ အခြေအနေရော၊ ရောဂါရဲ့ အခြေအနေရောက ဘယ်လိုခွဲခွဲ အဆင်ပြေတယ်ဆိုရင် ဆရာဝန်တွေ မေးလေ့ရှိတာက‘ရိုးရိုးခွဲမှာလား၊အပေါက်လေးဖောက်ပြီး ခွဲမှာလား’  လူနာ အများစုကတော့ သိပ်နားမလည်ဘူးပေါ့။ ဒီဆောင်းပါးမှာ ဒါက ဘာတွေကို ပြောတာလဲ။ အားသာချက်၊ အားနည်းချက်တွေ ဘာရှိလဲ ဆိုတာ ပြောပြပေးပါ့မယ်။သမားရိုးကျနည်းနဲ့ ခွဲမှာလား၊ အပေါက်လေးဖောက်ပြီး ခွဲမှာလား ဆိုတဲ့ အကြောင်းလေးတွေကို လေ့လာလိုက်ရအောင်နော်။သမားရိုးကျ ခွဲတယ်ဆိုတာ အရင်လို ခွဲကြောင်းပေးပြီး ဓားနဲ့ ခွဲတာကို ဆိုလိုတာပါ။ ရုပ်ရှင်ထဲမှာ မြင်ဖူးနေကြပုံစံပေါ့။ ခွဲစိတ်မှု အများစုက သမားရိုးကျ ခွဲနည်းကိုပဲ သုံးကြပါတယ်။ သူ့မှာလည်း အားသာချက်၊ အားနည်းချက်တွေ ရှိပါတယ်။အားသာချက်တွေကတော့။အားနည်းချက်တွေကတော့။ဆေးပညာအရlaproscopic surgeryလို့ ခေါ်ပါတယ်။ တိုးတက်လာတာနဲ့အမျှ ခွဲစိတ်မှုတွေကို သေးသထက် သေးအောင် ကြိုးစားလာကြပါတယ်။ ခပ်သေးသေးပဲ ခွဲပြီး အနာမြန်မြန်ကျက်ဖို့ အားထုတ်လာကြပါတယ်။ ဒါကြောင့် အပေါက်ဖောက်ပြီး ခွဲတယ်ဆိုတဲ့ နည်းလမ်း ခေတ်စားလာတာပါ။ဒီလို သေးသေးလေး ဖောက်ပြီး ခွဲစိတ်တာကို ခွဲစိတ်မှုတိုင်းအတွက် မလုပ်နိုင်သေးပါဘူး။ များသောအားဖြင့် အူအတက်ခွဲဖို့၊ နေရာမှာပြီး ရှိနေတဲ့ သန္ဓေသားကို ခွဲထုတ်ဖို့၊ အူကျတာကို ခွဲစိတ်ဖို့၊ သည်းခြေအိတ် ဖယ်ဖို့ စတဲ့ ခွဲစိတ်မှုတွေမှာတော့ လုပ်လေ့ရှိပါတယ်။စက်ရုပ် လက်တံလေးတွေ အသုံးပြုပြီး ထိပ်မှာ ကင်မရာတပ်၊ ဝမ်းဗိုက်မှာ အပေါက်လေးတွေ ဖောက်ပြီး ဒီအပေါက်လေးတွေကတဆင့် စက်ရုပ်လက်တံတွေကို သုံးပြီး ခွဲစိတ်တာပါ။ လက်တံထိပ်မှာ ကင်မရာတပ်ထားတဲ့အတွက် ကိုယ်တွင်းအင်္ဂါတွေကို စကရင်ပေါ်မှာ အလွယ်တကူ ကြည့်လို့ရပါတယ်။သူ့မှာလည်း အားသာချက်၊ အားနည်းချက်တွေ ရှိပါတယ်။အားသာချက်တွေကတော့။အားနည်းချက်တွေကတော့။ခွဲစိတ်မှုတိုင်းကို ရိုးရိုးခွဲမှာလား၊ အပေါက်ဖောက်ပြီး ခွဲမှာလား လို့ ရွေးလို့မရပါဘူး။ တချို့ရောဂါတွေက သမားရိုးကျခွဲစိတ်မှုနဲ့ သင့်တော်သလို၊ တချို့ရောဂါတွေက အပေါ်ကဖောက်ပြီး ခွဲတာက ပိုကောင်းပါတယ်။ လူနာအခြေအနေ၊ ရောဂါအခြေအနေပေါ် အများကြီး မူတည်ပါတယ်။ နှစ်ခုလုံး ဘာနဲ့ ခွဲခွဲ အဆင်ပြေတယ်၊ ကြိုက်တာတစ်ခုကို ရွေးချယ်ပါလို့ အခွင့်အရေးရှိလာခဲ့ရင် ကောင်းကျိုး၊ ဆိုးကျိုးတွေကို ကြိုတင် လေ့လာထားနိုင်ဖို့ ရေးသားလိုက်ရပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/open-vs-laproscopic-surgery/
စိတ်ကျန်းမာရေး အကြောင်း
စိတ်ကျန်းမာရေး အကြောင်း …… စိတ်ကျန်းမာရေး ဟာ ကျယ်ပြန့်တဲ့ နယ်ပယ်တစ်ရပ်ဖြစ်ပါတယ်။ စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါဘယတွေက အမျိုးမျိုးအဖုံဖုံရှိနေကြတဲ့အပြင် အဖြစ်များပြီး လူတိုင်းနီးပါးနဲ့နွယ်စပ်နေတတ်ပါတယ်။လူတစ်ဦးရဲ့ စိတ်ခံစားချက်နဲ့ တွေးတောကြံစည်ပုံအခြေအနေကောင်းမွန်နေရင် စိတ်ကျန်းမာတယ်လို့ ဆိုနိုင်ပါတယ်။Healthy Mindဖြစ်တယ်၊ Mental Well-being ဖြစ်တယ်ပေါ့။စိတ်ကျန်းမာပြီး ပျော်ရွှင်နေခြင်းဟာ စိတ်ပိုင်းဆိုင်ရာကိုသာမက ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတချို့ကိုပါ တားဆီးပေးနိုင်ပါတယ်။ စိတ်ကျန်းမာရေး ပြင်းထန်စွာချို့ယွင်းလာတဲ့အခါ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့အထိ တွန်းအားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်လည်း စိတ်ကျန်းမာမှ ကိုယ်ချမ်းသာမယ်လို့ အဆိုရှိတာပါ။သက်ရှိလူသားတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေဟာ အမျိုးမျိုးသော သက်ရောက်မှုတွေကြောင့် ထိခိုက်ပျက်ယွင်းနိုင်ပါတယ်။ အဓိကကျတဲ့ အချက်တွေကတော့ ဘဝထဲမှာရင်ဆိုင်ရတဲ့ အဖြစ်အပျက်တွေနဲ့ မျိုးရိုးဗီဇတွေကြောင့်ဖြစ်ပါတယ်။ယျေဘုယျအားဖြင့် ဘဝမှာ စိတ်ကျန်းမာစွာနေထိုင်ချင်တယ်ဆိုရင် အောက်ပါအချက်တွေကို လိုက်နာဖို့လိုအပ်ပါတယ်။စိတ်မကျန်းမာခြင်း သို့စိတ်ဝေဒနာဆိုတာက တစ်စုံတစ်ရာသောသက်ရောက်မှုတွေကြောင့် လူတစ်ယောက်နဲ့ တွေးခေါ်ပုံနဲ့ စိတ်ခံစာချက်တွေကို မူမမှန်တော့ပဲ ရောဂါဝေဒနာအဖြစ် ပြောင်းလဲသွားတာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလိုကျန်းမာရေးပြဿနာမျိုးဟာ နေ့စဉ်ဘဝမှာရင်ဆိုင်နေရတဲ့ ပြဿနာတွေကြောင့်လည်းဖြစ်နိုင်သလို ရုတ်တရက်ကြုံဆုံလာရတဲ့ ပြင်းထန်တဲ့ လူမှုဘဝအဖြစ်အပျက် တစ်စုံတစ်ရာကြောင့်လည်း ဖြစ်နိုင်ပါတယ်။အမေရိကန်လိုတိုင်းပြည်မျိုးမှာဆိုရင် လူ ၅ ဦးမှာ ၁ ဦးနှုန်း စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်နေရတတ်ပြီး ၂၅ ဦးမှာ ၁ ဦးနှုန်းက ဆိုးရွားတဲ့စိတ်ဝေဒနာတွေ (Serious Mental Illness – SMI) ကို ရင်ဆိုင်နေကြရတာပါ။ SMI အများဆုံးဖြစ်ပွားတာက အမျိုးသမီးတွေမှာဖြစ်ပြီး ၁၈ နှစ်နဲ့ ၂၅ နှစ်အကြားမှာ အဖြစ်များတယ်လို့ လေ့လာချက်တွေကဆိုထားကြပါတယ်။လက်ရှိအချိန်အထိ လေ့လာချက်တွေအရ စိတ်ဝေဒနာဖြစ်စေနိုင်တဲ့ အခြေခံအကြောင်းတရားတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။The Diagnostic and Statistical Manual of Mental Disorders (ပဉ္ဆမအကြိမ် တည်းဖြတ်ခြင်း) အရ စိတ်ကျန်းမာရေးချို့တဲ့သောဝေဒနာတွေကို အမျိုးအစား ၃၀၀ ကျော်ခွဲခြမ်းစိတ်ဖြာထားပြီး အဓိကအကျဆုံး ရောဂါတွေကို အောက်ပါအတိုင်း အမျိုးအစားခွဲခြား သတ်မှတ်ထားပါတယ်။အခြေခံအကျဆုံး ရောဂါက အုပ်စုတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ဒီရောဂါအုပ်စုတွေထဲမှာ တစ်ချို့သောရောဂါတွေဟာ မျိုးကွဲများစွာရှိနေပြီးတော့ တချို့သော စိတ်ဝေဒနာတွေကတော့ အဓိကရောဂါတစ်မျိုးတည်းသာ သီးသန့်ရှိနေတာဖြစ်ပါတယ်။ မျိုးကွဲရောဂါတွေ ရှိတဲ့ ရောဂါအမျိုးအစားတွေကတော့  အောက်ပါအတိုင်းဖြစ်ပါတယ်။အဖြစ်များ စိတ်ဝေဒနာ (Affective Disorders) တွေကတော့။Anxiety disorders တွေကတော့။Mood disorders တွေကတော့။Schizophreniaတွေကတော့။မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး စိတ်ဝေဒနာတွေထဲမှာ စိတ်ကျဝေဒနာ (Depression) ဟာ နံပါတ် ၁ နေရာမှာ ရပ်တည်နေတဲ့ ရောဂါတစ်မျိုးဖြစ်ပြီးတော့ ဒီရောဂါဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုတွေနဲ့ အများဆုံးဆက်စပ်မှုရှိတဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ တခြားမြန်မာနိုင်ငံမှာ အဖြစ်များတဲ့ စိတ်ဝေဒနာတွေကတော့။စိတ်ကျန်းမာရေးပြဿနာတွေနဲ့ ရောဂါလက္ခဏာတွေဟာ ကုစားမှုမပြုလုပ်နိုင်ရင် ပိုပြီးဆိုးရွားလာတတ်ပါတယ်။ လိုအပ်တဲ့အကူအညီနဲ့ ကုစားမှုနည်းလမ်းတွေကို အလျှင်အမြန်ရယူဖို့ လိုအပ်ပါတယ်။တကယ်လို့ စိတ်ပိုင်းဆိုင်ရာပြဿနာဟုတ်မဟုတ် မသေချာဘူးဆိုရင်လည်း ကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။ တိုင်ပင်နှီးနှောဖို့ မရှက်ပါနဲ့။ စိတ်ကျန်းမာရေးပြဿနာဟာ တခြားရုပ်ပိုင်းဆိုင်ရာပြဿနာတွေလိုပဲ လူမှုဘဝအထိကို အခက်အခဲတွေ ဆောင်ယူလာနိုင်တာကြောင့် ကုစားမှုကို အလျှင်အမြန်ပြုလုပ်ဖို့ လိုအပ်တာဖြစ်ပါတယ်။အရေးအကြီးဆုံးအချက်ကတော့ စိတ်ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိနေရင် ပျော်ရွှင်မှုကို တဖြည်းဖြည်းချင်း လက်လွှတ်လိုက်ရမယ်ဆိုတာပါပဲ။ ဒါကြောင့် ကုစားမှုတွေကို မဖြစ်မနေလျှင်မြန်စွာ ပြုလုပ်ဖို့ တိုက်တွန်းကြတာဖြစ်ပါတယ်။စိတ်ကျန်းမာရေးဟာ ကျယ်ပြန့်ပြီး ရောဂါအမျိုးအစားလည်း စုံလင်တာကြောင့် ရောဂါအမျိုးအမည်ပေါ်မူတည်ပြီး ရောဂါလက္ခဏာတွေလည်း အတန်ငယ်ကွဲပြားပါတယ်။ ဒါပေမယ့် အခြေခံကျတဲ့အချက်တွေကတော့ တူညီတတ်ပါတယ်။ ယျေဘုယျကျတဲ့ ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။စိတ်ဖိစီးမှုနဲ့ ရာသီလာချိန် စိတ်ခံစားချက်ပြောင်းလဲတာတွေဖြစ်ရင်လည်း ယခုလို လက္ခဏာတွေပြသတတ်ပါတယ်။စိတ်ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး ရောဂါစမ်းသပ်စစ်ဆေးမှုဟာ အဆင့်ပေါင်းမြောက်များစွာ ရှိပါတယ်။ အရင်ဆုံး ဆရာဝန်ဖြစ်သူက ရုပ်ပိုင်းဆိုင်ရာအခြေအနေကို အရင်စစ်ဆေးမှာဖြစ်ပြီးတော့ နောက်တစ်ဆင့်မှာတော့ ရောဂါလက္ခဏာတွေကို စစ်ဆေးမှာဖြစ်ပါတယ်။ဒီနောက်မှာတော့ သက်ဆိုင်ရာကျွမ်းကျင်သူက မေးခွန်းတွေမေးမြန်းပြီး စိတ်ကျန်းမာရေးအခြေအနေကို စမ်းသက်စစ်ဆေးမှာပါ။ စိတ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ ရောဂါလက္ခဏာကို တိုက်ဆိုင်ပြီး ရောဂါအခြေအနေကို အဖြေထုတ်နိုင်မှာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ ဓာတ်ခွဲခန်းစစ်ဆေးမှုတွေနဲ့ တခြားသော ဆေးဘက်ဆိုင်ရာနည်းလမ်းတွေကိုလည်း အသုံးချလာကြပါတယ်။စိတ်ကျန်းမာရေးပြဿနာတစ်စုံတစ်ရာ ခံစားရပြီဆိုရင် ကုသနိုင်တဲ့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ စိတ်ကျန်းမာရေးဆိုင်ရာရောဂါတွေဟာ ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေလောက် ကုသရတာ ရိုးရှင်းမှုမရှိပါဘူး။ ဒါကြောင့် လူနာပေါ်မူတည်ပြီး နည်းလမ်းအသွယ်သွယ်ကို အသုံးချကာ ကုသကြရပါတယ်။ကုသနိုင်တဲ့ နည်းလမ်းတွေကတော့။စိတ်ကျန်းမာရေးဟာ တခြားသော ကျန်းမာရေးပြဿနာတွေလိုပဲ ကြိုတင်ကာကွယ်လို့ရနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ စိတ်ကျန်းမာရေးပြဿနာကို ကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက လေ့ကျင့်ခန်းပြုလုပ်ခြင်းနည်းလမ်းဖြစ်ပါတယ်။ကခုန်တာ၊ ရေကူးတာ၊ လမ်းလျှောက်တာ၊ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တာတွေက စိတ်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။  စိတ်ဖိစီးမှုနဲ့ ပူပင်သောကများတာလိုမျိုး စိတ်ဝေဒနာမျိုးကို ခံစားနေရသူတွေဆိုရင်လည်း ရောဂါလက္ခဏာတွေကို လျှော့ချပေးနိုင်ပါတယ်။ဒါ့အပြင်။စိတ်ကျန်းမာရေးဟာ လူတိုင်းမေ့လျော့နေတဲ့အရာတစ်ခုပါ။ လူကျန်းမာပေမယ့် စိတ်မကျန်းမာရင် ပြီးပြည့်စုံတဲ့ ကျန်းမာရေး ဖြစ်မလာနိုင်ပါဘူး။ ဒါကြောင့် စိတ်ကျန်းမာရေးကို အလေးထားဖို့၊ ဝေဒနာခံစားနေရရင် ကုသမှုခံယူဖို့ မရှက်ဖို့ အကြံပြုလိုပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/about-mental-health/
ကလေးတို့ ဝမ်းဗိုက်ပြဿနာ အဖြာဖြာရဲ့ စွမ်းအားရှင် ဘက်တီးရီးယားလေးတွေကို ဘယ်လို ပြန်ကျေးဇူးဆပ်ကြမလဲ။
မေမေရေသားသားဗိုက်အောင့်တယ်၊ မီးမီးဗိုက်အောင့်တယ်ဆို မိဘတွေစိုးရိမ်တတ်ကြပါတယ်။ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဘာများ အစားမှားကျွေးမိလို့လဲဆိုပြီး တွေးတတ်ကြပါတယ်။ လူကြီးတွေမှာဝမ်းဗိုက်ဆိုတာ ပြဿနာပေါင်းစုံပေးတတ်သလို ကလေးတွေမှာဆိုလည်း ဝမ်းလျှောတာကစလို့ လေနာ၊ ဝမ်းချုပ် အစုံဖြစ်နိုင်ပါတယ်။ကလေးတွေ ဝမ်းတစ်လုံးမကောင်းရင်မိဘတွေခေါင်းခဲရတာမို့လို့ ကလေးတွေမှာ ဖြစ်တတ်တဲ့ ဝမ်းဗိုက်ပြဿနာအချို့ကို ပြောပြပေးချင်ပါတယ်။ကလေးတို့ရဲ့အစာခြေစနစ် ကျန်းမာစေဖို့ဆိုရင် အကောင်းဆုံး လုပ်ဆောင်ပေးနိုင်မယ့် အရာလေးတွေ ရှိပါတယ်။ ဒါကတော့ အစာခြေစနစ်ထဲမှာ နေထိုင်ကြတဲ့ သန်းပေါင်းများစွာသော စွမ်းအားရှင် အကျိုးပြု ဘက်တီးရီးယား လေး တွေပါ။ သူတို့လေးတွေကို ပရိုဘိုင်အိုးတစ်လို့ ခေါ်ပါတယ်။ပရိုဘိုင်အိုးတစ်က ဘက်တီးရီးယားဆိုပေမယ့် ကောင်းကျိုးပြုတဲ့ ဘက်တီးရီးယားလေး (LactobacillusandBifidobacterium) တွေပါ။ သူတို့လေးတွေကသားသားမီးမီးတို့ကို အခုလိုလေး စောင့်ရှောက်ပေးပါတယ်။လေ့လာချက်တွေအရ ပြောရမယ်ဆိုရင် ပရိုဘိုင်အိုတစ်တွေက။ဝမ်းဗိုက်ပြဿနာဟာ ဝမ်းဗိုက်မှာတင် ပြီးသွားတာ မဟုတ်ဘဲ ကလေးကို ရက်ရှည် ဖျားနာစေတယ်။ ဝေဒနာတွေ ခံစားစေတဲ့အတွက် နောက်ဆက်တွဲအနေနဲ့ ကလေး စိတ်ဖိစီးတာ၊ ကျောင်းပျက်ရက်တွေ များလာတာ၊ အာဟာရတွေ ဆုံးရှုံးပြီး ချို့တဲ့ကုန်တာ၊ကိုယ်အလေးချိန်ကျပြီး ပိန်လာတာ စတာတွေပါ ဖြစ်လာနိုင်ပါတယ်။ ဝမ်းဗိုက်ကျန်းမာရေးဟာ အလုံးစုံကျန်းမာရေးပါပဲ။ဒါကြောင့် ကလေးများဝမ်းဗိုက်ပြဿနာ အဖြာဖြာကို ဖြေရှင်းနိုင်ဖို့ အကျိုးပြုဘက်တီးရီးယားလေးတွေကို ဖြည့်တင်းပေးဖို့ လိုပါမယ်။ပရိုဘိုင်အိုတစ်လေးတွေက သားသားမီးမီးတို့ကို ကျန်းမာစေဖို့ လုပ်ဆောင်ပေးတယ်ဆိုရင် သူတို့ ကျန်းမာနေဖို့က အတော်လေး အရေးကြီးတယ်ဆိုတာ ပြောနေစရာမလိုအောင်ပါ။ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုတဲ့အတိုင်း သားသားမီးမီးတို့ရဲ့ အစာခြေစနစ်လေး ကျန်းမာစေဖို့ ထောက်ကူပေးတဲ့ ပရိုဘိုင်အိုတစ်လေးတွေက ထောက်ကူပေးတယ်။ ပရိုဘိုင်းအိုတစ်လေးတွေ ကျန်းမာစေဖို့ဆိုရင်လည်း အခုလို အာဟာရလေးတွေ ဖြည့်တင်းပေးဖို့ လိုပါမယ်။ပရိုဘိုင်အိုတစ်လေးတွေ ကျန်းမာပြီး အစာခြေစနစ်ကို အကောင်းဆုံး အားဖြည့်ပေးနိုင်စေဖို့ဆိုရင် အကျိုးပြု ဘက်တီးရီးယားလေးတွေအတွက် အာဟာရဖြစ်စေမယ့် ပရီဘိုင်အိုတစ် (အကျိုးပြု ဘက်တီးရီးယား အာဟာရ) တွေကို ဖြည့်ပေးဖို့ လိုပါမယ်။ပရီဘိုင်အိုတစ်လေးတွေ ကျန်းမာစေဖို့ဆိုရင် သားသားမီးမီးတို့ကို ပရီဘိုင်အိုတစ် ကြွယ်ဝတဲ့။သားသားမီးမီးတို့ကို အစာခြေစနစ် ပြဿနာကင်းအောင် စောင့်ရှောက်ပေးနေတဲ့ စွမ်းအားရှင် ပရိုဘိုင်အိုတစ် လေးတွေကို ပြန်လည် ကျေးဇူးဆပ်ရာကျပါတယ်။ သူတို့လေးတွေလည်းအာဟာရ ပြည့်ဝသားသားမီးမီးတို့ရဲ့ ဝမ်းဗိုက်လေးလည်း ကျန်းမာမှတော့ မေမေတို့ စိတ်ချမ်းသာရပြီပေါ့။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/gratitude-to-super-helpful-microflora/
ဒေါသ​ကြောင့် ထိခိုက်လာနိုင်တဲ့ ကျန်းမာရေး
ဒေါသတွေ ထွက်လာတိုင်း ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်ဖို့ ကြိုးစားပါ။ အကြောင်းကတော့ ဒေါသအလျောက်လုပ်မိတဲ့ အပြုအမူက လူမှုဆက်ဆံရေးမှာ ထိခိုက်စေနိုင်တာကြောင့်ပါ။ ဖြစ်နိုင်ရင်တော့ ဒေါမဖြစ်တာက အကောင်းဆုံးပေါ့။ အကြောင်းကတော့ ဒေါသအလျောက်ပြုမူတာကြောင့် လူမှုဆက်ဆံရေးမှာတင် ထိခိုက်တာမဟုတ်ဘဲခန္ဓာကိုယ်မှာပါ ထိခိုက်တာတွေ ရှိလာနိုင်တာကြောင့်ပါ။ ဒေါသ​ကြောင့် ထိခိုက်လာနိုင်တဲ့ ကျန်းမာရေး အကြောင်းလေး ပြောပြပေးချင်ပါတယ်။ဒေါထွက်တယ်ဆိုတာက စကားအနေနဲ့ပြောတာပဲကောင်းပါတယ်။ တကယ်ကို ဒေါသ ထွက်လာတဲ့အခါ ဆက်ဆံရေးတင် ထိခိုက်တာမဟုတ်ဘဲကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ဒေါသ ထွက်တာကနှလုံး ထိခိုက်စေနိုင်တယ်။ဒေါသထွက်လာတဲ့အခါ နှလုံးခုန်မြန်လာတာကို သတိထားမိရဲ့လား။ ဒေါသထွက်တာက နှလုံးခုန်နှုန်းကိုတင် မြန်စေတာမဟုတ်ပါဘူး။ ဒေါသထွက်တာက နှလုံးကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တာပါ။ မြောက်ကယ်လ်ရိုလိုင်းနားတက္ကသိုလ်တစ်ခုကပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ ၂ နာရီကြာဒေါသထွက်တာက ရုတ်တရက်နှလုံးရပ်တန့်နိုင်ခြေကို ပုံမှန်ထက် ၂ ဆ တိုးစေနိုင်တယ်၊ လို့ဆိုပါတယ်။ ဒေါသထွက်တာက တိုက်ရိုက်မဟုတ်ရင်တောင် သွယ်ဝိုက်တဲ့နည်းနဲ့ နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒေါသထွက်တဲ့အခါ ချက်ချင်းဖြေရှင်းဖို့လုပ်ပါ။ တနုံ့နုံ့တွေးပြီးဒေါသမထွက်ပါနဲ့။ တနုံ့နုံ့တွေးနေတာက နှလုံးထိခိုက်နိုင်ခြေပိုများစေနိုင်တာကြောင့်ပါ။ဒေါသ ထွက်တာကလေဖြတ်စေနိုင်တယ်။ဒေါသထွက်တာကဦးနှောက်တွင်းမှာ သွေးခဲနိုင်ခြေမြင့်စေသလို ဦးနှောက်သွေးယိုစီးနိုင်ခြေကို ပုံမှန်ထက်ပိုများစေနိုင်ပါတယ်။ ဒေါသထွက်တာက ပုံမှန်ထက် လေဖြတ်နိုင်ခြေကို ၃ ဆပိုများစေနိုင်ပါတယ်။ ဒါကြောင့် ဒေါသထွက်လာတဲ့အခါ အသက်ကိုမှန်မှန်ရှုပေးပြီး စိတ်ကိုပြေလျော့အောင်လုပ်ပေးပါ။ ဒေါသထွက်စေတဲ့ပတ်ဝန်းကျင်နဲ့ နည်းနည်းဝေးဝေးကို ထထွက်သွားတာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက စိတ်တို ဒေါသဖြစ်တာကြောင့် လေဖြတ်နိုင်ခြေကို လျော့ကျအောင်လုပ်ပေးမယ့်နည်းလမ်းပါ။ဒေါသ ထွက်တာကကိုယ်ခံအားနည်းစေနိုင်တယ်။ဒေါသကြီးသူတွေက မကြာခဏဆိုသလိုဖျားနာတတ်ကြပါတယ်။ လေ့လာမှုအရ ဒေါသထွက်တာက ဒေါသဖြစ်ပြီး ၆ နာရီအကြာမှာ ကိုယ်တွင်းက ရောဂါတွေကိုတိုက်ထုတ်ပေးတဲ့ ပဋိပစ္စည်းတွေကို ကျဆင်းစေပြိး ခန္ဓာကိုယ်ရဲ့ ရောဂါခုခံနိုင်စွမ်းကို ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် နေ့ရက်တိုင်းမှာ ကျန်းမာနေစေဖို့ဆိုရင် ဒေါသကိုထိန်းပေးပါ။ဒေါသ ထွက်တာကစိတ်ဖိစီးမှုကို ပိုဆိုးစေတယ်။ဒေါသထွက်တာနဲ့ စိတ်ဖိစီးတာက ခွဲလို့မရအောင် ဆက်စပ်နေတာပါ။ ဒေါသထွက်လာတဲ့ခါ လူက အလိုလိုစိတ်ဖိစီးလာပါတယ်။ ဒီအခြေအနေကပဲ အိပ်ရေးပျက်တာ၊ စိုးရိမ်စိတ်မြင့်တက်စေတာ၊ စိတ်ခံစားမှုတွေကို ထိန်းချုပ်ဖို့ခက်တာတွေဖြစ်လာစေပါတယ်။ ဒါကြောင့်ဆီးချိုဖြစ်တာ၊နှလုံးထိခိုက်တာတွေ မဖြစ်စေဖို့ ဒေါသမထွက်အောင် တတ်နိုင်သမျှဂရုစိုက်စေချင်ပါတယ်။ဒေါသ ထွက်တာကစိတ်ဓာတ်ကျစေနိုင်တယ်။ဒေါသထွက်တာက စိတ်ဓာတ်ကျစေနိုင်ပါတယ်။ ဒေါသထွက်လာတဲ့အခါ အတွေးတွေကို မရပ်မနားနိုင်အောင်တွေးရင်းက စိတ်ဖိစီးမှုတွေဖြစ်လာပြီး နောက်ဆုံးမှာတော့ စိတ်ဓာတ်ကျတဲ့ ပြဿနာက ဆက်လိုက်လာပါတယ်။ စိတ်ဓာတ်ကျတဲ့အခါ တီထွင်ဖန်တီးနိုင်စွမ်းကျဆင်းသွားသလို လူမှုဆက်ဆံရေးပိုင်း မှာပါအားနည်းမှုတွေဖြစ်လာရပါတယ်။အာရုံစူးစိုက်နိုင်စွမ်းတွေပါကျဆင်းလာမှုက ရေရှည်မှာ ထိခိုက်လာနိုင်တဲ့ အကြောင်းအရင်းတွေအများကြီးပါ။ဒေါသ ထွက်တာကအဆုတ်ကိုထိခိုက်စေနိုင်တယ်။ဆေးလိပ်မသောက်ပါဘဲနဲ့ အဆုတ်ထိခိုက်နေတယ်ဆိုရင်တော့ တဆင့်ခံဆေးလိပ်ငွေ့ကြောင့်ဖြစ်နိုင်သလို နောက်ထပ်ဖြစ်နိုင်တဲ့အချက်တစ်ခုက ဒေါသကြီးတတ်လို့ပါ။ ၈ နှစ်ကြာပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ ဒေါသထွက်တာက အဆုတ်ရဲ့ ပုံမှန်လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေနိုင်တယ်လို့ဆိုပါတယ်။ ဒေါသကြီးတဲ့သူတွေမှာအသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာ ခံစားရတာကိုတွေ့ရှိခဲ့ရပါတယ်။ ဒေါသထွက်တဲ့အခါ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်းတွေထွက်ရှိလာပါတယ်။ ဒီဟော်မုန်းတွေက လေပြွန်တွေကို ရောင်ရမ်းစေပြီး အဆုတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ဒေါသ ထွက်တာက အသက်တိုစေနိုင်တယ်။အသက်ရှည်ရှည်နေချင်ရင် ဒေါသကို လျှော့ပါလို့ ပြောပါရစေ။ အကြောင်းကတော့ ပျော်ပျော်ရွှင်ရွှင်နေတတ်သူတွေက အခြားသူတွေထက် အသက်ပိုရှည်တာကြောင့်ပါ။ ဒေါသ ထွက်ပိုင်ခွင့်က လူတိုင်းမှာရှိတဲ့ အခွင့်အရေးဆိုပေမယ့် ချစ်ရတဲ့သူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် သက်ဆုံးတိုင်နေချင်ရင်တော့ ဒေါသကို မဖြစ်မနေလျှော့ဖို့လိုမှာပါ။သက်ရှည်ကျန်းမာဖို့ အခုကစပြီး ဒေါသကိုလျှော့ကြဖို့ တိုက်တွန်းပါရစေနော်………….။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/anger-is-ruining-your-health/
Giardiasis (ဂျီရာဒီရေးစစ်)
ဒီလို giardia ရောဂါပိုးဝင်ခြင်းဟာ လူတစ်ယောက်နဲ့ တစ်ယောက်ထိတွေ့ခြင်း (သို့) အစားအစာ တွေမှ တစ်ဆင့် ကူးစက်နိုင်ပါတယ်။ အိမ်မွေးခွေး၊ ကြောင်လေးတွေမှာလည်း giardia ရောဂါပိုးမကြာခဏ အဝင်ခံရတတ်ပါတယ်။ သင့်အနေနဲ့ ရောဂါပိုးနဲ့ ထိတွေ့ထားတဲ့ အစားအစာ တွေကို စားခြင်း၊ အရည်တွေကို သောက်သုံးခြင်းဖြင့် giardiasis ရောဂါဖြစ်လာနိုင်ပါတယ်။ဒီရောဂါက အရမ်းအဖြစ်များတဲ့ ရောဂါ တစ်ခု ဖြစ်ပါတယ်။ ဘယ်အသက်အရွယ်မှာ မဆို ဖြစ်နိုင်ပါတယ်။ သို့ပေမယ့်လည်း ဒီရောဂါကို ဖြစ်ဖို့အားပေးနေတဲ့ အချက်တွေကို လျှော့ချ ခြင်းအားဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။ နောက်ထပ် ပိုမိုကောင်းမွန်တဲ့ အချက်အလက်တွေ ရရှိနိုင်ဖို့ ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးသင့်ပါတယ်။Giardiasis ရောဂါရဲ့ အဖြစ်များတဲ့ရောဂါ လက္ခဏာတွေကတော့-။Giardiasisရောဂါဖြစ်ပြီဆိုရင် ရောဂါလက္ခဏာတွေ မပြတာလည်းဖြစ်နိုင်ပါတယ်။ ရောဂါလက္ခဏာ မပြပေမယ့် ကပ်ပါးကောင်ကတော့ ခန္ဓါကိုယ်ထဲမှာ ဆက်ရှိနေနိုင်ပြီး မစင်တွေမှ တစ်ဆင့် အခြားသူတွေဆီကို ပျံ့နှံ့သွားနိုင်ပါတယ်။ နာမကျန်းဖြစ်တဲ့သူတွေ ဆိုရင် ရောဂါလက္ခဏာတွေက ရောဂါပိုးထိတွေ့ပြီး တစ်ပတ်မှ သုံးပတ်အတွင်း ပြလာနိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့။အထက်ဖော်ပြပါ ရောဂါ လက္ခဏာတွေထဲမှာ မပါတဲ့ ရောဂါ လက္ခဏာ အချို့လည်းရှိနိုင်ပါတယ်။ တကယ်လို့ ရောဂါ လက္ခဏာ တစ်ခုခု နဲ့ ပတ်သတ်ပြီး သိလိုတာရှိပါက ဆရာဝန်နဲ့ တွေ့ဆုံပြီးဆွေးနွေးနိုင်ပါတယ်။တကယ်လို့ သင့်မှာ အထက်ပါ ရောဂါ လက္ခဏာတွေ ဖြစ်လာပြီဆိုရင် (သို့)သိလိုတဲ့ အချက်တွေရှိနေရင် တော့ ဆရာဝန်နဲ့ တွေ့ဆုံသင့်ပါတယ်။ လူတွေရဲ့ ခန္ဓါကိုယ်ဟာ တစ်ဦးနဲ့ တစ်ဦးတုံ့ပြန်မှုချင်း မတူပါဘူး။ ဒါကြောင့် သင့်အခြေအနေအတွက် ဘယ်ဟာက အကောင်းဆုံးလဲဆိုတာကို သေချာသိနိုင်ဖို့ ဆရာဝန်နဲ့ အမြဲတမ်းဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါပဲ။ရေကူးကန်တွေ ၊ ရေကစားပန်းခြံတွေ စတဲ့နေရာတွေမှာ တွေ့ရနိုင်ပါတယ်။ လယ်ယာ စိုက်ခင်းတွေမှ စီးဆင်းလာသောရေများ၊ အမှိုက်သရိုက်များ(သို့) တိရိစ္ဆာန် အညစ်အကြေးများ မှ စိမ့်ထွက်စီးဆင်းလာသော ရေများ မှ တစ်ဆင့် မြေအောက်ရေ နဲ့ အခြားမြေမျက်နှာပြင်ပေါ်ရှိရေများကို ကူးစက်နိုင်ပါတယ်။ ကလေးတွေသုံးတဲ့ သေးခံတွေ၊ဝမ်းလျှောနေတဲ့ သူတွေက တစ်ဆင့်လည်း မတော်တဆ ရေကန်တွေနဲ့ အခြားရေတွေကို ကူးစက်ပျံ့ပွားသွားနိုင်ပါတယ်။Giardiasis ရောဂါဖြစ်ဖို့ အားပေးနေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။Giardiasis ရောဂါပိုးဝင်ခြင်းဟာ သောက်သုံးရေ သန့်ရှင်းမှု နည်းပါးတဲ့နေရာတွေ(သို့) မသန့်ရှင်းတဲ့ နေရာတွေမှာ ဖြစ်ပွားမှုများပါတယ်။ တကယ်လို့ သင်ဟာgiardiasis ရောဂါပိုးဝင်တာ အဖြစ်များတဲ့နေရာကို ခရီးသွားတယ်ဆိုရင် ( အထူးသဖြင့် သင်ဟာ သင်စားသောက်တဲ့ အစားအသောက်နဲ့ ပတ်သတ်ပြီး သေသေချာချာ ဂရုမစိုက်ဘူးဆိုရင်) သင့်အတွက် ရောဂါပိုးဝင်နိုင်ချေများပါတယ်။ အဲလို giardiasis ပိုးဝင်ခြင်း အဖြစ်များတဲ့ နေရာတွေကတော့ ရွာ(သို့) တောကြိုတောင်ကြားနေရာတွေ ဖြစ်ပါတယ်။အကာအကွယ် ကွန်ဒုံးအသုံးမပြုပဲ လိင်ဆက်ဆံခြင်းကလည်း ဒီရောဂါပိုး နဲ့ အခြားသော လိင်ဆက်ဆံခြင်းကနေတစ်ဆင့်ကူးစက် နိုင်တဲ့ ရောဂါပိုးတွေ ဝင်နိုင်ခြေပိုများစေနိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။Giardiasis ရောဂါကို ထိန်းချုပ်ပေးနိုင်မယ့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေက ဘာတွေလဲ?။အောက်ပါ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေက သင့်အတွက် ဒီရောဂါကို ထိန်းချုပ်ပေးနိုင်ဖို့ ကူညီနိုင်ပါလိမ့်မယ်။သင့်မှာ မေးစရာမေးခွန်းတွေ ရှိနေပါက ဆရာဝန်နဲ့တွေ့ဆုံ ဆွေးနွေးပြီး သင့်အတွက် ပိုကောင်းမွန်တဲ့ အဖြေကိုရှာဖွေ နိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/foodborne-infections/giardiasis-giardiasis-%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac%e1%80%98%e1%80%ac%e1%80%9c%e1%80%b2/
နေ့ရက်တိုင်းကို စိတ်တက်ကြွလန်းဆန်းစွာ ဖြတ်သန်းစေနိုင်ဖို့
ဒီခေတ်ဟာအပြိုင်အဆိုင်များတဲ့ ခေတ်ဖြစ်တဲ့အတွက် နေ့စဉ်နဲ့အမျှ အားကုန်ထုတ် ကြိုးစားနေရပါတယ်။ စီးပွားရေးမှာပဲဖြစ်ဖြစ်၊ ပညာရေးမှာပဲဖြစ်ဖြစ် သူများတွေထက် ရှေ့ရောက်နေဖို့ဆိုရင် ကျန်းကျန်းမာမာနဲ့ အလုပ်လုပ်နေနိုင်ဖို့ လိုတာပေါ့။တနင်္လာနေ့လောက်က စလုပ်လိုက်တာ တစ်ရက်ထက် တစ်ရက် ပင်ပန်းလာပြီး သောကြာနေ့လောက်ဆို ဒေါင်းနေပြီ။ နောက်တစ်ပတ် တနင်္လာနေ့တိုင်အောင် အလုပ်သွား၊ ကျောင်းသွားဖို့ ရုန်းကန်နေရတာ ကြုံဖူးမှာပါ။ ဒီလိုဆို သိပ်ကို ရှေ့ရောက်ချင်နေတဲ့ ကိုယ့်အတွက် အဆင်ပြေပါ့မလား။စိတ်ထောင်းလို့ ကိုယ်ကြေဆိုသလိုပဲ တစ်နေ့တစ်နေ့ ကြုံရတဲ့စိတ်ဖိစီးတွေကြောင့် ခန္ဓာကိုယ်မှာပါ ဝန်ပိပြီး အလွယ်တကူပင်ပန်းနွမ်းနယ်တာတွေ၊ စိတ်ရှုပ်ထွေးတာ၊ အာရုံမစူးစိုက်နိုင်တာတွေ ဖြစ်လာမှာပါ။ ဒါတွေက ကျော်လွှားလို့ မရတဲ့ ကိစ္စတွေတော့ မဟုတ်ပါဘူး။ အောက်ကနည်းလမ်းတွေကို လိုက်လုပ်ကြည့်ရအောင်လား။နေ့စဉ်စားတဲ့ထဲမှာ အသားငါး၊ အသီးအရွက် စုံလင်အောင် စားပါ။ ဒါတွေက သင့်ရဲ့ ဦးနှောက်စွမ်းရည်ကို တိုးတက်စေပြီး စိတ်ကြည်နေစေပါလိမ့်မယ်။ ဗီတာမင်ထဲမှာဆိုရင် ဗီတာမင် ဘီအုပ်စု၊ ဗီတာမင်အေ ရဖို့အတွက် အသီးအရွက်တွေ ရောင်စုံစားပေးပါ။ ဗီတာမင်အီးရအောင် အစေ့အဆန်တွေလည်း ပါဝင်ပါစေ။ နို့ထွက်ပစ္စည်းနဲ့ နေရောင်ခြည်ကနေ ဗီတာမင်ဒီရဖို့လည်း မမေ့ပါနဲ့။သတ္တုဓာတ်တွေထဲမှာဆိုရင်ဦးနှောက်ကို အကျိုးပြုစေမယ့် သံဓာတ်၊ ကော့ပါး၊ မဂ္ဂနိစ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ ကယ်ဆီယမ်၊ အိုင်အိုဒင်း စတာတွေပါအောင် စားပေးပါ။ ဒါတွေ အများကြီးပါအောင် ဘယ်လိုစားရမလဲဆိုရင် နေ့တိုင်း အသီးအရွက်၊ အသားငါးပါအောင် လှည့်ပတ်စားရမှာပါ။ဒါတွေ မစားနိုင်ပါဘူး။ အသားရှောင်တယ်၊ အသီးအရွက်မကြိုက်ဘူးဆိုရင်လည်း မစိုးရိမ်ပါနဲ့။ ဆေးပညာတွေ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ဒီဓာတ်တွေ အားလုံးပါတဲ့ အားဆေးတွေ ရှိပါတယ်။ အရည်အသွေးစိတ်ချရမယ့်အရာတစ်ခုခုကို ရွေးချယ်ပြီး သောက်သုံးပါ။၃-၄ နာရီခြားတစ်ခါလောက် နည်းနည်းစီစားပေးတာက သွေးထဲက သကြားဓာတ်ကို ထိန်းပေးပြီး ဦးနှောက်ကို ဆက်တိုက် သကြားဓာတ်ပေးနိုင်တဲ့အတွက် အင်အားအပြည့်နဲ့ အလုပ်လုပ်နိုင်ပါလိမ့်မယ်။ခန္ဓာကိုယ်ရဲ့ ၇၀ရာခိုင်နှုန်းဟာ ရေဓာတ်နဲ့ ဖွဲ့စည်းထားပြီး သောက်သမျှရေရဲ့ ၈၅ရာခိုင်နှုန်းကို ဦးနှောက်က ယူသုံးပါတယ်။ ဒါကြောင့် ရေကို လုံလုံလောက်လောက် သောက်ပေးဖို့ မမေ့ပါနဲ့နော်။ကဖင်းက လန်းစေတယ်လို့ ထင်ရပေမယ့် ဒါက ခဏတာပါပဲ။ ပြီးရင် ခန္ဓာကိုယ်ရဲ့ ရေဓာတ်ကို ဆုံးရှုံးစေလို့ ပိုတောင်ဆိုးပါသေးတယ်။ အရက်ဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ နောက်နေ့ အရက်နာကျရင် ခေါင်းတွေအုံခဲပြီး အာရုံစိုက်လို့ ရမှာ မဟုတ်ပါဘူး။နောက်နေ့မနက်မှာ လန်းဆန်းနေစေဖို့ဆိုရင် ဒီညမှာ အိပ်ရေးဝနေဖို့ လိုပါတယ်။ တစ်ညကို ၈နာရီလောက်ပြည့်အောင် အိပ်ပေးပါ။ နေ့လယ်နေ့ခင်းမှာ မိနစ်၂၀လောက် မှေးတာကလည်း ဦးနှောက်ကို လန်းဆန်းစေတာကြောင့် ကျန်တဲ့ နေ့တစ်ဝက်ကို တက်တက်ကြွကြွ ဖြတ်သန်းနိုင်မှာပါ။အကြာကြီးထိုင်တာက သွေးလည်ပတ်မှုကို နှေးကွေးစေပြီး လူကို နုံးချိစေပါတယ်။ တစ်နေ့ကို နာရီဝက်လောက် လေ့ကျင့်ခန်း လုပ်မယ်ဆိုရင်တော့ ဦးနှောက်ထဲက ဓာတ်တွေကို မျှတစေပြီး စိတ်တည်ငြိမ်စေလို့ အာရုံစူးစိုက်မှု အားကောင်းလာမှာပါ။စိတ်တည်ငြိမ်ဖို့အတွက် တရားထိုင်တာက အကောင်းဆုံးနည်းလမ်းဆိုတာ တော်တော်များများလက်ခံထားကြပါတယ်။ တရားထိုင်တဲ့အတွက် စိတ်ဖိစီးမှုတွေ လျော့ကျသွားမယ်။ စိတ်ကြည်လင်လာမယ်။ ဦးနှောက်တစ်ခုလုံး ပေါ့ပါးပြီး အာရုံစိုက်ရတာ ပိုလွယ်လာပါလိမ့်မယ်။စိတ်ကို အနားပေးဖို့အတွက် အားလပ်ချိန်တွေမှာ စာဖတ်ပြီး တွေးတာ၊သီချင်းနားထောင်တာ၊ ဦးနှောက်ကို အလုပ်ပေးရတဲ့ ဂိမ်းတွေ ဆော့ပေးပါ။ အလုပ်လုပ်နေရင်းနဲ့ မကြာမကြာအနားယူပေးပါ။ ဒီနည်းလမ်းတွေက စိတ်ကို အနားပေးရာ ရောက်သလို ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်အောင်လည်း လေ့ကျင့်ပြီးသား ဖြစ်သွားပါတယ်။စိတ်သွားတိုင်း ကိုယ်ပါဖို့ဆိုရင် စိတ်က ကြည်လင်ပြီး တည်ငြိမ်နေမှ ဖြစ်မှာပါ။ ဒါမှ တက်ကြွတဲ့ စိတ်နောက်ကို ကိုယ်က အလိုက်သင့်လေး လိုက်ပါပြီး မပင်မပန်းဘဲ အလုပ်လုပ်နိုင်မှာပါ။  ဘဝဆိုတာ ရေရှည်တိုက်ပွဲဖြစ်တဲ့အတွက် အရာရာမှာ အောင်မြင်ချင်တယ်ဆိုရင် နေ့ရက်တိုင်းကို စိတ်တက်ကြွလန်းဆန်းစွာ ဖြတ်သန်းစေနိုင်ဖို့ ပြင်ဆင်ထားသင့်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/the-role-of-mental-alertness-in-daily-life-and-how-to-optimize-it/
အလုပ်တွေများလည်း ဒီနည်းလေးတွေနဲ့ မိသားစုကိုအချိန်ပေးရအောင်
ကိုယ့်ရဲ့မျိုးဆက်သစ် သားသမီးတွေကို အဆင့်အတန်းမြင့်မြင့်ထားပေးနိုင်ဖို့နဲ့ မိသားစုသာယာပျော်ရွှင်နိုင်ဖို့ လူတိုင်းဆန္ဒရှိကြပါတယ်။ ဒါနဲ့ပဲ ဖေဖေမေမေက အလုပ်တွေဖိလုပ်၊ ကလေးတွေကို ကလေးထိန်းနဲ့ထား၊ ဒါမှမဟုတ် အဖိုးအဖွားတွေလက်မှာအပ်ထားတာမျိုးတွေ အများကြီးပါ။ မိဘကတော့ ဘဝအတွက်အချိန်မလပ် ကြိုးစားနေပေမယ့် သားသားမီးမီးတို့ ဒီအရွယ်မှာ လိုအပ်တာက ငွေနဲ့တင်မလုံလောက်ပါဘူး။ အလုပ်ကြိုးစားတာလည်း လုပ်ပါ၊ အဲဒီအထဲကမှ အချိန်ကို ရအောင်ဖဲ့ပြီး မိသားစုအတွက် အချိန်ပေးနိုင်မယ့် နည်းလမ်းလေးတွေ သိရမယ်ဆို ပိုအဆင်မပြေဘူးလား။ အထူးသဖြင့် အားလပ်ရက်လေးတွေမှာ အချိန်သိပ်မရရင်တောင် ဒီထဲက တစ်ချက်လောက်ဖြစ်ဖြစ်လုပ်ကြည့်ပါ။ ခရီးထွက်တာကလွဲလို့ အချိန်သိပ်မပေးရသလို ခက်ခဲတဲ့အရာတွေလည်း မဟုတ်တာမို့ ဖေဖေမေမေတို့ ကြိုးစားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ရေခဲသေတ္တာနားမှာ ဒါမှမဟုတ် မိသားစုဝင်အကုန်လုံးမြင်နိုင်တဲ့တစ်နေရာရာမှာ ပြက္ခဒိန်ကပ်ထားပေးပြီး နောက်တစ်ပတ်အတွက် ဘာအစီအစဉ်ရှိသလဲ ကြည့်ပါ။ ဗျာများနေရတဲ့ရက်တွေနဲ့ အလုပ်သိပ်မများတဲ့ ရက်တွေကို အချိန်ညှိပြီး သိပ်အရေးမကြီးတဲ့ကိစ္စတွေကို နောက်ရွှေ့သင့်ရွှေ့ပါ။ အများစုက အိမ်မှာ ပစ္စည်းပစ္စယတွေများပြီး မလိုအပ်ဘဲ နေရာကျဉ်းနေတတ်ပါတယ်။ ကိုယ်အသုံးမလိုတဲ့ အဝတ်အစားတွေ၊ ကလေးကစားစရာတွေ၊နဲ့ တခြားပစ္စည်းအသုံးအဆောင်တွေကို ချို့တဲ့သူတွေဆီပေးလှူလိုက်ရင် ကုသိုလ်လည်းရ၊ ပတ်ဝန်းကျင်လည်းသန့်ရှင်း၊ ရှင်းရလင်းရ ထိန်းသိမ်းရတဲ့အချိန်လည်းအကုန်သက်သာတာကြောင့် မိသားစုရဲ့အားလပ်ချိန်၊ပျော်ရွှင်ချိန်ပိုများစေပါတယ်။ဒီနေ့ခေတ် ကလေးအများစုကမိသားစုထမင်းဝိုင်းရဲ့အဓိပ္ပါယ်ကို မသိကြပါဘူး။ စားပွဲမှာအတူထိုင်ပြီး ထမင်းတစ်နပ်စားရုံပဲလို့ ထင်နိုင်ကြပေမယ့် တကယ်တမ်းမှာ မျက်နှာစုံညီထမင်းစားဖြစ်ရင် စကားစမြည်ပြောဆိုမိကြမယ်၊ ရင်းနှီးချစ်ခင်မှုတွေတိုးမယ်၊ အဲဒီတော့မှပျော်ရွှင်ကျန်းမာတဲ့ မိသားစုတွေဖြစ်လာမှာပါ။ ထမင်းစားရင်း တစ်ယောက်အကြောင်းတစ်ယောက်ပြောပြကြ၊ နားထောင်ပေးကြ၊ မိဘတွေက အကြံပြုအားပေးပြီး သွန်သင်ဆုံးမရင်း ပွင့်လင်းတဲ့ဆက်ဆံရေးဖြစ်လာစေမှာပါ။ ဒါ့ကြောင့် ညစာအတွက် မဖြစ်နိုင်ရင်တောင် ပိတ်ရက်မှာ ထမင်းဝိုင်းမှာလူစုံဖို့ ကြိုးစားစီစဉ်ပါ။အိမ်မှာလုပ်ရတဲ့ တချို့ဗာဟီရကိစ္စတွေက အဖွဲ့လိုက်လုပ်ရတဲ့ကိစ္စတွေဖြစ်ပါတယ်။ မိသားစုဘဝဆိုတာ အချင်းချင်းရိုင်းပင်းကူညီပြီး ချစ်ခင်စောင့်ရှောက်ရမှာပါ။ အိမ်မှုကိစ္စတွေ အတူဝိုင်းလုပ်တာ၊ ဟင်းအတူချက်တာတွေက တာဝန်ယူစိတ်ရှိအောင်၊ သိတတ်တဲ့စိတ်ရှိအောင် သင်ပေးတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ကလေးတွေကို စာလုပ်ပါ၊ စာလုပ်ပါနဲ့ သူ့ဘာသာချည်းပဲ စာမလုပ်ခိုင်းပါနဲ့။ မိဘတွေကလည်း ဝင်ကြည့်ပေး၊ သင်ပြပေး၊ စာစစ်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။ ကလေးနဲ့အတူ စာလုပ်ပေးတာက ပညာရေးအဆင်ပြေမပြေ၊ပြဿနာရှိမရှိကိုလည်း သိနိုင်ပြီး အတူရှိချိန်လည်း ပိုရစေပါတယ်။နည်းပညာတိုးတက်နေတဲ့ခေတ်မှာ ဂိမ်းမကြိုက်တဲ့ကလေး မရှိပါဘူး။ ဂိမ်းကစားချိန်၊တီဗီကြည့်ချိန်ကန့်သတ်ထားသင့်တယ်ဆိုပေမယ့် ကစားခွင့်ပြုထားတဲ့အချိန်မျိုးမှာ ကလေးနဲ့အတူ ဝင်ကစားပေးပါ။ မိသားစုအတူကစားလို့ရတဲ့ ဒိုးဆက်၊ မိုနိုပိုလီတို့လို အငြိမ်ကစားနည်းတွေ ကစားလို့ရသလို တီဗီဂိမ်းပြိုင်ကစားရင်း ကျန်တဲ့သူတွေက အားပေးကြတာမျိုး အားလုံးစည်းစည်းလုံးလုံးပျော်ရွှင်လို့ရပါတယ်။Gym သွားတာ၊ မနက်ပိုင်း သူငယ်ချင်းတွေနဲ့ အပြေးအားကစားလုပ်တာတွေအစားမိသားစုအတူအားကစားလုပ်ပါ။ဘေ့စ်ဘောကစားတာ၊ မနက်ခင်း လမ်းလျှောက်ထွက်တာ၊ စားပွဲတင်တင်းနစ်ရိုက်တာလိုမျိုး လှုပ်ရှားမှုတွေကို မိသားစုလိုက်လုပ်လို့ရပါတယ်။တစ်ပတ်ကို တစ်ကြိမ်လောက် မိသားစုလိုက်ညဘက်အပြင်သွားပါ။ သွားမယ့်ရက်ကို ကြိုသတ်မှတ်ထားပြီး ဘာကိစ္စကြောင့်မှ အပျက်မခံပါနဲ့။ အရေးကြီးပါတယ်။ ကလေးတွေက သွားဖို့တွေးပျော်ထားပြီးမှ ပျက်သွားရင် စိတ်မကောင်းဖြစ်တတ်ပါတယ်။ ညဘက် ဘုရားသွားတာမျိုး၊ ဆိုင်ကောင်းကောင်းမှာညစာစားတာမျိုးပျော်စရာကောင်းအောင် လုပ်ပေးပါ။ ဘယ်သွားချင်လဲ ဘာစားချင်လဲ တစ်ဦးချင်းရဲ့အကြံဉာဏ်ကိုဆွေးနွေးပါ။မိသားစုလိုက် အားလပ်ရက်ခရီးလေးတွေ အနည်းဆုံး တစ်နှစ်ကိုတစ်ကြိမ်တော့သွားပေးပါ။ ကလေးတွေရဲ့ငယ်ဘဝမှာ အမှတ်တရကောင်းတွေကျန်ရစ်ခဲ့စေဖို့၊ပျော်စရာအချိန်ကာလတွေ အတူကုန်ဆုံးဖို့ ခရီးသွားပါ။ခရီးရှည်မသွားနိုင်ရင် စားစရာကောင်းကောင်းစီစဉ်ချက်ပြုတ်ပြီး ကလေးတွေနဲ့အတူပျော်ပွဲစားထွက်ပါ။ ကစားကွင်း၊ ပန်းခြံ အတူသွားကြတာ၊ ရုပ်ရှင်ကြည့်တာ၊ သီချင်းသွားဆိုတာတွေ လုပ်လို့ရပါတယ်။ အလုပ်တာဝန်၊ကျောင်းတာဝန်တွေ ခဏတာမေ့ပြီး မိသားစုအတူပေါ့ပေါ့ပါးပါးပျော်ရွှင်နိုင်မှာပါ။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/%e1%80%a1%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%9c%e1%80%8a%e1%80%ba%e1%80%b8-%e1%80%92%e1%80%ae%e1%80%94%e1%80%8a%e1%80%ba%e1%80%b8/
အမွေးအရောင်ချွတ်ခြင်း ဆိုတာ ဘာလဲ
ခန္ဓာကိုယ်ပေါ်ကအမွေးအမျှင်တွေကို မလိုလားကြတဲ့အခါWaxလုပ်တာ၊ နုတ်တာ၊ ရိတ်တာ၊ လေဆာပစ်တာ စသဖြင့် နည်းလမ်းအမျိုးမျိုးနဲ့ ဖယ်ရှားကြပါတယ်။ ဒီထဲမှာမှ အသားနာတာ မကြိုက်တဲ့သူတွေ၊ အရေပြားပေါ်က ဆဲလ်တွေ ထိခိုက်ဒဏ်ရာရမှာကို သဘောမကျတဲ့သူတွေ ရွေးချယ်စရာက အမွေးကျွတ်ခရင်မ် သုံးတာနဲ့ အမွေးအရောင်ချွတ်ခြင်း (၂) နည်းရှိပါတယ်။ ဒီထဲကမှအမွေးအရောင်ချွတ်ခြင်းဆိုတာ ဘာလဲဆိုတဲ့အကြောင်း ကျွန်မတို့ လေ့လာကြည့်ကြရအောင်။အမွေးအရောင်ချွတ်တယ်ဆိုတာ အရေပြားပေါ်မှာ ရှိတဲ့ အမွေးတွေကို အရောင်ပြောင်းပြီး သူ့ရဲ့ တည်ရှိမှုကို ဖုံးလိုက်တာပါပဲ။ ဆိုလိုတာက မူလ အမွေး မည်းမည်းလေးတွေကို အရောင်ချွတ်ခရင်မ် သုံးပြီး အသားရောင်အတိုင်း ဖြစ်အောင် ပြောင်းလဲလိုက်တဲ့အခါ အမွေးတွေ ရှိနေတယ်ဆိုတာ မသိသာတော့သလို အသားလည်း ပိုဝင်းလာတယ်လို့ ထင်ကြရပါတယ်။ဒီလို အရောင်ချွတ်တာ (Bleach လုပ်တာ) ရဲ့ ကောင်းကျိုးကတော့ နာကျင်မှု လုံးဝ မရှိတာပါပဲ။ မနာဆို အမွေးတွေ ဆွဲနုတ်နေတာမှ မရှိတာလေနော်။ ပြီးတော့ အရောင်ချွတ်ပြီးတဲ့အခါ အသားအရေက အရင်ကထက် ပိုပြီး ညီသွားပါတယ်။အရင်ကထက်လည်း ပိုပြီး ဝင်းသွားသလို ခံစားရစေပါတယ်။ ဘာလို့လဲဆိုတော့ အသားပေါ် ဖုံးနေတဲ့ အမွေးလေးတွေရဲ့ အမည်းရောင် ပျောက်သွားလို့ပါ။ဒါဆို သူ့ရဲ့ အားနည်းချက်က ဘာဖြစ်မလဲ။ အရောင်ချွတ်ဆေး တင်ထားတဲ့အချိန်မှာ ယားနေတာမျိုး ရှိပါတယ်။ ယားတာမှ မိတ်ယားသလိုမျိုး ယားတာပါ။ ကုတ်လို့လည်း မရဘူး မဟုတ်လား။တချို့ အခြေအနေတွေကျရင် ရေဆေးပြီးသည့်တိုင်အောင် နေရအဆင်မပြေတာ၊ ယားယံတာနဲ့ တချို့ ထိခိုက်လွယ်တဲ့ အသားအရေတွေအတွက်ဆိုရင် အနီစက်တွေ ကျန်ခဲ့တာမျိုး ဖြစ်စေတတ်သလို ဒဏ်ရာရှိတဲ့ အရေပြားနဲ့ဝက်ခြံထွက်နေတဲ့အရေပြားတွေပေါ်မှာ သုံးရင် ဒီ ချွတ်ဆေးကို ပိုဆိုးစေတာကြောင့် အနာတရမရှိတဲ့ အသားအရေတွေပေါ် သုံးမှပဲ အဆင်ပြေမှာပါ။ဘယ်နေရာတွေမှာ သုံးရင် အဆင်ပြေလဲ။ လိင်အင်္ဂါတစ်ဝိုက် (Bikini line)၊ဒဏ်ရာအနာတရရှိတဲ့ အရေပြား ပတ်ဝန်းကျင်နဲ့ အဖုတွေ ဖြစ်နေတဲ့ နေရာတွေမှာ လုံးဝ (လုံးဝ) မသုံးပါနဲ့။ ကျန်တဲ့နေရာတွေတော့ တစ်ကိုယ်လုံးနီးနီးမှာ သုံးလို့ ရပါတယ်။တချို့တွေက လည်ပင်းနဲ့ မျက်နှာတွေမှာပါ သုံးတတ်ကြပါတယ်။ နှုတ်ခမ်းမွေးတို့ ပါးပေါ်က မွေးညင်းနုလေးတွေကို ဖုံးတဲ့အခါမျိုးတွေမှာပေါ့။ ဒါပေမဲ့ မျက်ခုံးတွေမှာ သုံးမယ်၊ အထူးသဖြင့် မျက်လုံးတဝိုက်မှာ သုံးမယ်ဆိုရင် အထူးသတိထားဖို့ လိုပါတယ်နော်။ဖြစ်နိုင်ရင်တော့ ကျွမ်းကျင်ဝန်ထမ်းတွေရှိတဲ့ ဆိုင်မှာပဲ လုပ်စေချင်ပါတယ်။ သူက အရောင်ချွတ်တဲ့ အနှစ်လေးရဖို့အတွက် အမှုန့်နဲ့ ပေးထားတဲ့ ခရင်မ်နဲ့ကို ရောစပ်ရပါသေးတယ်။ပြီးတော့မှ အရောင်ချွတ်ချင်တဲ့ နေရာတစ်ဝိုက်မှာ အမွေးရဲ့ လားရာနဲ့ ပြောင်းပြန် လိမ်း၊ သတ်မှတ်ထားတဲ့ အချိန်ပမာဏ (မိနစ်အနည်းငယ်ဆိုပေမဲ့ ၁၀ မိနစ်ထက် ပိုကြာကြာ မထားသင့်ပါဘူးနော်။) ထားပြီးCotton pad(ဂွမ်းဖတ်) နဲ့ သုတ်၊ ပြီးတဲ့အချိန်မှ ရေအေးနဲ့ ပြန်ဆေးရတာမျိုးပါ။ပြောင်အောင်ဆေးပေးဖို့တော့ လိုပါတယ်။ ရေဆေးပြီးချိန်မှာတော့ အမွေးလေးတွေလည်း အရောင်ပြောင်းသွားသလို အသားအရေကလည်း အရင်ကထက် ပိုကြည်လာတာ တွေ့ရမှာပါ။ ပြန်ဆေးလိုက်ချိန်မှာ အလုပ်မဖြစ်ဘူးဆိုရင် နောက်တစ်ကြိမ် ထပ်မလုပ်ပါနဲ့။ ၂၄နာရီစောင့်ဆိုင်းပြီးမှ ထပ်လုပ်ကြည့်ပါ။ပြီးတော့ Bleaching မလုပ်ခင်မှာ ရေနွေးနဲ့ ရေချိုးထားတာမျိုးတွေ မလုပ်ပါနဲ့နော်။ ရေနွေးနဲ့ ရေချိုးခြင်းကချွေးပေါက်တွေပွင့်စေပြီး အသားအရေကို ပိုပြီး ထိရှလွယ်နေစေပါတယ်။ ဘာမှ မလိမ်းထားတဲ့ အရေပြားပေါ်မှာပဲ လိမ်းပါ။ပြီးတော့ အရောင်ချွတ်ခြင်းက အမွေးရဲ့ အရှည်ဘယ်လောက်ရှိရှိ အရောင်ပြောင်းသွားမှာမို့ နည်းနည်းရှည်အောင် စောင့်လိုက်ဦးမယ်တွေ၊ တိုအောင် ညှပ်လိုက်၊ရိတ်လိုက်ဦးမယ်တွေ စဉ်းစားစရာ မလိုပါဘူး။ဘယ်လောက်ကြာကြာ ခံလဲဆိုရင်တော့ တစ်ခါလုပ်ထားပြီးရင် လူတစ်ဦးချင်းရဲ့ အမွေးထွက်နှုန်းပေါ် မူတည်ပြီး (၂) ပတ်လောက်တော့ ခံပါတယ်။ ဒါပေမဲ့ တစ်လ (၁) ခါလောက် လုပ်ရင်တောင် လုံလောက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာလည်း ဓာတုပစ္စည်းတွေ ပါဝင်တာပဲမို့ ခဏခဏ အရေပြားနဲ့ထိတွေ့ရင် သိပ်မကောင်းဘူးမဟုတ်လား။လေဒီတို့ လှနိုင်ကြပါစေ။ရေးသားသူ – Wathun Myet Chal။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/hair-bleaching/
Bacterial Meningitis (ဘက်တီရီးယား ကြောင့် ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင်ခြင်း)
Meningitis ဆိုတာဟာ ဦးနှောက် နဲ့ ကျောရိုးမ ပတ်ပတ်လည်မှာ ဝန်းရံထားတဲ့ အမြှေးပါးတွေ ရောင်တာကို ခေါ်ပါတယ်။ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင်ခြင်း ဟာ အရမ်းပြင်းထန်ပြီး သေနိုင်လောက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ နာရီ အနည်းငယ်အတွင်းမှာ သေနိုင်ပါတယ်။ ဦးနှောက်အမြှေးပါးရောင်ခြင်း ဖြစ်တဲ့သူအများစုမှာ ပြန်လည်ကောင်းမွန်လာပြီ ဆိုရင်တောင် ရောဂါပိုးဝင်မှုကြောင့် ဦးနှောက်ပျက်စီးခြင်း၊ အကြားအာရုံ ပျောက်ဆုံးသွားခြင်း၊ နဲ့ သင်ယူနိုင်မှု လျော့နည်းလာခြင်း စတဲ့ ဆိုးကျိုး ပျက်စီးမှုတွေကို တစ်သက်လုံး ဆက်လက်ခံစားရနိုင်ပါတယ်။ဦးနှောက် အမြှေးပါးရောင်ခြင်းကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယား အမျိုးအစား အများကြီးရှိပါတယ်။ အဓိက ဖြစ်စေနိုင်တဲ့ အကောင် တစ်ချို့ကတော့ Streptococcus pneumoniae, group BStreptococcus, Neisseria meningitidis, Haemophilus influenza နဲ့ Listeria monocytogenes စတဲ့ ဘက်တီးရီးယားတွေပဲဖြစ်ပါတယ်။ဒီ ဘက်တီးရီးယားတွေက အခြားသော ပြင်းထန်တဲ့ နာမကျန်းဖြစ်မှုတွေ၊ sepsis တွေနဲ့ ဆက်စပ်နေပါတယ်။ sepsis ဆိုတာဟာ ရောဂါ ပိုးဝင်ခြင်းကြောင့် ဖြစ်လာတဲ့ ခန္ဓါကိုယ်ရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့၊ ပြင်းထန်တဲ့ ပိုးဝင်မှုအပေါ်တုံ့ပြန်ချက်တစ်ခု ဖြစ်ပြီး တစ်ရှုးပျက်စီးခြင်း၊ ကိုယ်တွင်းအစိတ်အပိုင်းများ ပျက်စီးခြင်း နဲ့ သေဆုံးခြင်းတွေ ဖြစ်စေနိုင်ပါတယ်။သို့ပေမယ့်လည်း ဒီရောဂါကို ဖြစ်ဖို့အားပေးနေတဲ့ အချက်တွေကို လျှော့ချ ခြင်းအားဖြင့် ရောဂါကို ထိန်းချုပ်လိုက်နိုင်ပါတယ်။ နောက်ထပ် ပိုမိုကောင်းမွန်တဲ့ အချက်အလက်တွေ ရရှိနိုင်ဖို့ ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးသင့်ပါတယ်။ဦးနှောက် အမြှေးပါးရောင်ယမ်းခြင်း ရောဂါလက္ခဏာတွေကတော့ ရုတ်တရက်ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ နဲ့ လည်ဂုတ် တောင့်တင်းနေခြင်း တွေပါဝင်ပါတယ်။ တစ်ခါတစ်လေမှာ အခြားရောဂါလက္ခဏာတွေလည်း ထပ်ဖြစ်နိုင်ပါတယ်။ အဲဒီ လက္ခဏာတွေကတော့။ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ခြင်း ရဲ့ ရောဂါ လက္ခဏာတွေကတော့ ချက်ချင်း ဖြစ်လာနိုင်ပါတယ်။ (သို့) ရက်ပေါင်းများစွာ ကြာမှ ဖြစ်လာနိုင်ပါတယ်။ ပုံမှန်တော့ ပိုးဝင်ပြီး ၃ရက်မှ ၇ရက် အတွင်း ဖြစ်လာနိုင်ပါတယ်။မွေးကင်းစ နဲ့ကလေးလေးတွေမှာ ဦးနှောက်အမြှေးပါးရောင်ယမ်းခြင်းရဲ့ ပုံမှန်ဖြစ်တတ်တဲ့ရောဂါ လက္ခဏာတွေဖြစ်တဲ့ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ဂုတ်ေ တာင့်တင်းနေခြင်း စတဲ့ ရောဂါ လက္ခဏာတွေက မရှိတတ်ပါဘူး။ (သို့) ရောဂါလက္ခဏာတွေကို သတိပြုမိနိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ ကလေးလေးမှာ မလှုပ်မရှား၊ မတက်မကြွ၊ ဂနာမငြိမ်ဖြစ်ခြင်း၊အန်ခြင်း(သို့)အစာ ကောင်းကောင်းမစားခြင်းတွေ ဖြစ်နိုင်ပါတယ်။ ငယ်ရွယ်တဲ့ကလေးတွေမှာ ဆရာဝန်တွေက ဦးနှောက် အမြှေးပါးရောင်ယမ်းခြင်းရဲ့ ရောဂါ လက္ခဏာဖြစ်တဲ့ bulging frontanelle လို့ခေါ်တဲ့ ကလေးရဲ့ ခေါင်းအရှေ့ထိပ် မှာရှိနေတဲ့ ပျော့ပြောင်းတဲ့နေရာတစ်ခုဖောင်းနေခြင်း (သို့) ပုံမှန်မဟုတ်တဲ့ တုံ့ပြန်မှုတွေ ရှိနေ၊ မနေ စမ်းသပ်နိုင်ပါတယ်။ သင့်ကလေးမှာ အထက်ပါ ရောဂါလက္ခဏာတွေ ရှိနေတယ်လို့ထင်ရင် ဆရာဝန်နဲ့ချက်ချင်း ပြသရမှာပါ။ဘက်တီးယီးယားတွေကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ယမ်းခြင်း ရဲ့ နောက်ပိုင်း ဖြစ်တတ်တဲ့ ရောဂါ လက္ခဏာတွေကတော့ အရမ်းပြင်းထန်နိုင်ပါတယ်။ (ဥပမာ- တက်ခြင်း၊ သတိလစ်နေခြင်း) အဲဒီအတွက်ကြောင့် ဘယ်သူပဲဖြစ်ဖြစ် ဦးနှောက် အမြှေးပါးရောင်ယမ်းတယ်လို့ သံသယရှိရင် ဆရာဝန်ကို စောနိုင်သမျှစောစော တွေ့ဖို့ လိုအပ်ပါတယ်။စောစောသိရှိပြီးကုသမှုခံယူတာက ဒီအခြေအနေကို ပိုပြီးဆိုးလာခြင်းမှ ကာကွယ်ပေးနိုင်တဲ့ အပြင် အရေးပေါ်အခြေအနေတွေ ဖြစ်မလာအောင်လည်း တားဆီးပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဆရာဝန်နဲ့ စောနိုင်သမျှစောစော တွေ့ဆုံပြီး ဒီလို ဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်လာမှာကို ကာကွယ်သင့်ပါတယ်။တကယ်လို့ သင့်မှာ အထက်ဖော်ပြပါ ရောဂါ လက္ခဏာ ရှိနေရင်(သို့) သိလိုတဲ့ အချက်တွေရှိနေရင် ဆရာဝန်နဲ့ တွေ့ဆုံသင့်ပါတယ်။ လူတွေရဲ့ ခန္ဓါကိုယ်ဟာ တစ်ဦးနဲ့ တစ်ဦးတုံ့ပြန်မှုချင်း မတူပါဘူး။ ဒါကြောင့် သင့်အခြေအနေအတွက် ဘယ်ဟာက အကောင်းဆုံးလဲဆိုတာကို သေချာသိနိုင်ဖို့ ဆရာဝန်နဲ့ အမြဲတမ်းဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါပဲ။ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ခြင်းကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကတော့။ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ခြင်းကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေက ကျွန်ုပ်တို့ရဲ့ ခန္ဓါကိုယ်နဲ့ ပတ်ဝန်းကျင်မှာ အသက်ရှင်နေနိုင်ကြပါတယ်။ အများစုမှာတော့ အဲဒီ ဘက်တီးရီးယားတွေက ဒုက္ခ မပေးနိုင်ပါဘူး။ အဲဒီဘက်တီရီးယားတွေက သင့်ရဲ့သွေးကြောထဲဝင်ရောက်သွားပြီး ဦးနှောက်နဲ့ ကျောရိုးမ ဆီကို ရောက်သွားတဲ့အခါမှာမှ ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ဦးနှောက် အမြှေးပါး ရောင်ခြင်း ဆိုတာ ဖြစ်လာပါတယ်။ဒီလို ရောဂါပိုးဝင်ခြင်းမျိုးကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယား အများစုဟာ လူလူချင်း နီးကပ် ထိတွေ့မှုမှ ကူးစက်ပြန့်ပွားနိုင်ပါတယ်။ ကူးစက်နိုင်တဲ့ နည်းလမ်းတွေကတော့။ရောဂါပိုးဝင်နေတဲ့သူရဲ့ လည်ချောင်းထဲက စစ်ထုတ်ရည်တွေဖြစ်တဲ့ အချွဲ၊ သလိပ် နဲ့ တံတွေး တွေမှာ ဘက်တီးယီးယားပိုးမွှားတွေပါလာပါတယ်။ အဲဒီ လူက ချောင်းဆိုး(သို့) နှာချေ လိုက်တဲ့အခါ ဘက်တီးရီးယားတွေက လေထဲကို ပျံ့နှံ့သွားပါတယ်။ ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ခြင်းကို ဖြစ်စေနိုင်တဲ့ ပိုးတွေဟာ သိပ်ပြီး ပျံ့နှံ့ကူးစက်ဖို့ မလွယ်ကူပါဘူး။ တုပ်ကွေးပိုး (ဗိုင်းရပ်စ်)တွေလောက် ဦးနှောက် အမြှေးယောင်ခြင်း ဖြစ်စေတဲ့ ဘက်တီးရီးယားတွေက ကူးစက်နှုန်းမများပါဘူး။ဦးနှောက် အမြှေးပါးရောင်ခြင်း ဖြစ်စေတဲ့ ဘက်တီရီးယားတိုင်းက လူတစ်ယောက်မှ တစ်ယောက်ဆီကိုပဲ ကူးစက်နိုင်တာ မဟုတ်ပါဘူး။ listeria လို့ခေါ်တဲ့ ဘက်တီးရီးယားပါတဲ့ အစားအစာ တစ်ချို့ကို စားပြီးတဲ့အခါမှာလည်း ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အဲဒီ အစာတွေကတော့။Listeria ရောဂါပိုးကြောင့် ဖြစ်တဲ့ ပြသနာတွေကတော့။ဦနှောက်အမြှေးပါးရောင်ခြင်းကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေဟာ။ဒီအခြေအနေတွေက သင့်ရဲ့ ခုခံအားကို ကျဆင်းစေပြီး သင့်ခန္ဓါကိုယ်မှာရှိနေတဲ့ သဘာ၀ အတိုက်အခံ၊ အကာအကွယ် တွေကို နှောက်ယှက်နိုင်ပြီး ဦးနှောက်အမြှေးပါးရောင်ဖြစ်စေတဲ့ ရောဂါပိုးအပါအဝင် အခြားရောဂါပိုးတွေ ဝင်ရောက်နိုင်အောင် တံခါးဖွင့်ထားပေးပါတယ်။ ဒါ့အပြင် ကလေးလေးတွေနဲ့ နဂို ကတည်းက ခုခံအားနည်းတဲ့သူတွေ မှာ ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ခြင်း ဖြစ်နိုင်ဖို့ ပိုများပါတယ်။ အရေးကြီးတာတစ်ခုက ရောဂါပိုးဝင်ရတဲ့ အကြောင်းအရင်းကို ပြောဖို့ခက်ခဲနိုင်ပါတယ်။သို့ပေမယ့်လည်း ဒီရောဂါကို ဖြစ်ဖို့အားပေးနေတဲ့ အချက်တွေကို လျှော့ချ ခြင်းအားဖြင့် ရောဂါကို ထိန်းချုပ်လိုက်နိုင်ပါတယ်။ နောက်ထပ် ပိုမိုကောင်းမွန်တဲ့ အချက်အလက်တွေ ရရှိနိုင်ဖို့ ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးသင့်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဦးနှောက် အမြှေးပါးရောင်ယမ်းခြင်း ရောဂါလက္ခဏာတွေကတော့ ရုတ်တရက်ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ နဲ့ လည်ဂုတ် တောင့်တင်းနေခြင်း တွေပါဝင်ပါတယ်။ တစ်ခါတစ်လေမှာ အခြားရောဂါလက္ခဏာတွေလည်း ထပ်ဖြစ်နိုင်ပါတယ်။ အဲဒီ လက္ခဏာတွေကတော့။ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ခြင်း ရဲ့ ရောဂါ လက္ခဏာတွေကတော့ ချက်ချင်း ဖြစ်လာနိုင်ပါတယ်။ (သို့) ရက်ပေါင်းများစွာ ကြာမှ ဖြစ်လာနိုင်ပါတယ်။ ပုံမှန်တော့ ပိုးဝင်ပြီး ၃ရက်မှ ၇ရက် အတွင်း ဖြစ်လာနိုင်ပါတယ်။မွေးကင်းစ နဲ့ကလေးလေးတွေမှာ ဦးနှောက်အမြှေးပါးရောင်ယမ်းခြင်းရဲ့ ပုံမှန်ဖြစ်တတ်တဲ့ရောဂါ လက္ခဏာတွေဖြစ်တဲ့ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ဂုတ်ေ တာင့်တင်းနေခြင်း စတဲ့ ရောဂါ လက္ခဏာတွေက မရှိတတ်ပါဘူး။ (သို့) ရောဂါလက္ခဏာတွေကို သတိပြုမိနိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ ကလေးလေးမှာ မလှုပ်မရှား၊ မတက်မကြွ၊ ဂနာမငြိမ်ဖြစ်ခြင်း၊အန်ခြင်း(သို့)အစာ ကောင်းကောင်းမစားခြင်းတွေ ဖြစ်နိုင်ပါတယ်။ ငယ်ရွယ်တဲ့ကလေးတွေမှာ ဆရာဝန်တွေက ဦးနှောက် အမြှေးပါးရောင်ယမ်းခြင်းရဲ့ ရောဂါ လက္ခဏာဖြစ်တဲ့ bulging frontanelle လို့ခေါ်တဲ့ ကလေးရဲ့ ခေါင်းအရှေ့ထိပ် မှာရှိနေတဲ့ ပျော့ပြောင်းတဲ့နေရာတစ်ခုဖောင်းနေခြင်း (သို့) ပုံမှန်မဟုတ်တဲ့ တုံ့ပြန်မှုတွေ ရှိနေ၊ မနေ စမ်းသပ်နိုင်ပါတယ်။ သင့်ကလေးမှာ အထက်ပါ ရောဂါလက္ခဏာတွေ ရှိနေတယ်လို့ထင်ရင် ဆရာဝန်နဲ့ချက်ချင်း ပြသရမှာပါ။ဘက်တီးယီးယားတွေကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ယမ်းခြင်း ရဲ့ နောက်ပိုင်း ဖြစ်တတ်တဲ့ ရောဂါ လက္ခဏာတွေကတော့ အရမ်းပြင်းထန်နိုင်ပါတယ်။ (ဥပမာ- တက်ခြင်း၊ သတိလစ်နေခြင်း) အဲဒီအတွက်ကြောင့် ဘယ်သူပဲဖြစ်ဖြစ် ဦးနှောက် အမြှေးပါးရောင်ယမ်းတယ်လို့ သံသယရှိရင် ဆရာဝန်ကို စောနိုင်သမျှစောစော တွေ့ဖို့ လိုအပ်ပါတယ်။ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ?။စောစောသိရှိပြီးကုသမှုခံယူတာက ဒီအခြေအနေကို ပိုပြီးဆိုးလာခြင်းမှ ကာကွယ်ပေးနိုင်တဲ့ အပြင် အရေးပေါ်အခြေအနေတွေ ဖြစ်မလာအောင်လည်း တားဆီးပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဆရာဝန်နဲ့ စောနိုင်သမျှစောစော တွေ့ဆုံပြီး ဒီလို ဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်လာမှာကို ကာကွယ်သင့်ပါတယ်။တကယ်လို့ သင့်မှာ အထက်ဖော်ပြပါ ရောဂါ လက္ခဏာ ရှိနေရင်(သို့) သိလိုတဲ့ အချက်တွေရှိနေရင် ဆရာဝန်နဲ့ တွေ့ဆုံသင့်ပါတယ်။ လူတွေရဲ့ ခန္ဓါကိုယ်ဟာ တစ်ဦးနဲ့ တစ်ဦးတုံ့ပြန်မှုချင်း မတူပါဘူး။ ဒါကြောင့် သင့်အခြေအနေအတွက် ဘယ်ဟာက အကောင်းဆုံးလဲဆိုတာကို သေချာသိနိုင်ဖို့ ဆရာဝန်နဲ့ အမြဲတမ်းဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါပဲ။ဖြစ်စေတဲ့ အကြောင်းအရာများ။ကို ဘာတွေက ဖြစ်စေသလဲ?။ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ခြင်းကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကတော့။ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ခြင်းကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေက ကျွန်ုပ်တို့ရဲ့ ခန္ဓါကိုယ်နဲ့ ပတ်ဝန်းကျင်မှာ အသက်ရှင်နေနိုင်ကြပါတယ်။ အများစုမှာတော့ အဲဒီ ဘက်တီးရီးယားတွေက ဒုက္ခ မပေးနိုင်ပါဘူး။ အဲဒီဘက်တီရီးယားတွေက သင့်ရဲ့သွေးကြောထဲဝင်ရောက်သွားပြီး ဦးနှောက်နဲ့ ကျောရိုးမ ဆီကို ရောက်သွားတဲ့အခါမှာမှ ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ဦးနှောက် အမြှေးပါး ရောင်ခြင်း ဆိုတာ ဖြစ်လာပါတယ်။ဒီလို ရောဂါပိုးဝင်ခြင်းမျိုးကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယား အများစုဟာ လူလူချင်း နီးကပ် ထိတွေ့မှုမှ ကူးစက်ပြန့်ပွားနိုင်ပါတယ်။ ကူးစက်နိုင်တဲ့ နည်းလမ်းတွေကတော့။ရောဂါပိုးဝင်နေတဲ့သူရဲ့ လည်ချောင်းထဲက စစ်ထုတ်ရည်တွေဖြစ်တဲ့ အချွဲ၊ သလိပ် နဲ့ တံတွေး တွေမှာ ဘက်တီးယီးယားပိုးမွှားတွေပါလာပါတယ်။ အဲဒီ လူက ချောင်းဆိုး(သို့) နှာချေ လိုက်တဲ့အခါ ဘက်တီးရီးယားတွေက လေထဲကို ပျံ့နှံ့သွားပါတယ်။ ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ခြင်းကို ဖြစ်စေနိုင်တဲ့ ပိုးတွေဟာ သိပ်ပြီး ပျံ့နှံ့ကူးစက်ဖို့ မလွယ်ကူပါဘူး။ တုပ်ကွေးပိုး (ဗိုင်းရပ်စ်)တွေလောက် ဦးနှောက် အမြှေးယောင်ခြင်း ဖြစ်စေတဲ့ ဘက်တီးရီးယားတွေက ကူးစက်နှုန်းမများပါဘူး။ဦးနှောက် အမြှေးပါးရောင်ခြင်း ဖြစ်စေတဲ့ ဘက်တီရီးယားတိုင်းက လူတစ်ယောက်မှ တစ်ယောက်ဆီကိုပဲ ကူးစက်နိုင်တာ မဟုတ်ပါဘူး။ listeria လို့ခေါ်တဲ့ ဘက်တီးရီးယားပါတဲ့ အစားအစာ တစ်ချို့ကို စားပြီးတဲ့အခါမှာလည်း ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အဲဒီ အစာတွေကတော့။Listeria ရောဂါပိုးကြောင့် ဖြစ်တဲ့ ပြသနာတွေကတော့။ဦနှောက်အမြှေးပါးရောင်ခြင်းကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေဟာ။ဒီအခြေအနေတွေက သင့်ရဲ့ ခုခံအားကို ကျဆင်းစေပြီး သင့်ခန္ဓါကိုယ်မှာရှိနေတဲ့ သဘာ၀ အတိုက်အခံ၊ အကာအကွယ် တွေကို နှောက်ယှက်နိုင်ပြီး ဦးနှောက်အမြှေးပါးရောင်ဖြစ်စေတဲ့ ရောဂါပိုးအပါအဝင် အခြားရောဂါပိုးတွေ ဝင်ရောက်နိုင်အောင် တံခါးဖွင့်ထားပေးပါတယ်။ ဒါ့အပြင် ကလေးလေးတွေနဲ့ နဂို ကတည်းက ခုခံအားနည်းတဲ့သူတွေ မှာ ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ခြင်း ဖြစ်နိုင်ဖို့ ပိုများပါတယ်။ အရေးကြီးတာတစ်ခုက ရောဂါပိုးဝင်ရတဲ့ အကြောင်းအရင်းကို ပြောဖို့ခက်ခဲနိုင်ပါတယ်။ဖြစ်ဖို့ အားပေးနေသော အကြောင်းအရင်းများ။ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ခြင်းကိုဘာတွေကဖြစ်ဖို့ အားပေးနေသလဲ?။ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါး ရောင်ယမ်းခြင်း ဖြစ်ဖို့ အားသာနေတဲ့ အခြေအနေ တစ်ချို့ကတော့။ရောဂါအမည်တပ်ခြင်း နှင့် ကုသခြင်း။အောက်ပါ သတင်းအချက်အလက်တွေက ဆေးပညာအကြံပေးချက် အတွက် အစားထိုးအသုံးပြုရန်မဟုတ်ပါ။ နောက်ထပ် ပိုမိုကောင်းမွန်တဲ့ အချက်အလက်တွေ ရဖို့ ဆရာဝန်နဲ့ အမြဲတမ်းတွေ့ဆုံ ဆွေးနွေးရပါမယ်။ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင်ခြင်းကို ဘယ်လို ရောဂါအမည် သတ်မှတ်မလဲ?။ဦးနှောက် အမြှေးပါးရောင်ခြင်းဖြစ်နေတယ်လို့ သံသယရှိနေတယ်ဆိုရင်တော့ သွေး(သို့) ရိုးတွင်းခြင်ဆီ နမူနာကို ယူပြီး စစ်ဆေးဖို့ ဓါတုစစ်ဆေးခန်းကို ပို့ဆောင်ရပါမယ်။ ဆရာဝန်တွေကို ဘယ်လိုကုသရမယ်၊ ဘယ်လောက်ရောဂါ အခြေအနေဆိုးနိုင်တယ် ဆိုတာတွေ သိနိုင်အောင် ဦးနှောက် အမြှေးပါးရောင်ခြင်း ဖြစ်ရတဲ့ အဓိက အကြောင်းအရင်းကို သိရဖို့က အရေးကြီးပါတယ်။ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင်ခြင်း အတွက်ဆိုရင် ပိုးသတ်ဆေးတွေက အခြေအနေ အရမ်းမဆိုးသွားအောင် နဲ့ ရောဂါကို ဘယ်ဘက်တီးရီးယားက ဖြစ်စေသလဲ ဆိုတဲ့ အပေါ်မူတည်ပြီး လူတစ်ဦးနဲ့တစ်ဦး ထိတွေ့မှု မှ ရောဂါ ဖြစ်လာနိုင်ချေကို လည်း လျော့နည်းစေနိုင်ပါတယ်။ဘက်တီးရီးယားရှိတယ်ဆိုရင် သူတို့ကို စစ်ဆေးမွေးမြူနိုင်ပါတယ်။ ဓါတ်ခွဲခန်းမှာ ဘက်တီးရီးယား မွေးမြူခြင်းက ဘက်တီးရီးယား ရှိကြောင်း အတည်ပြုဖို့အတွက်၊ ရောဂါကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယား အမျိုးအစား အတိအကျခွဲခြားဖို့အတွက် နဲ့ ဘယ် ပိုးသတ်ဆေးကို အသုံးပြုတာက အကောင်းဆုံး လည်းဆိုတာကို သိနိုင်ဖို့ အတွက် အရေးကြီးပါတယ်။ ပိုးမွေးခြင်းက ဘက်တီးရီးယား အမျိုးအစားကို မပြနိုင်ရင် အခြားစစ်ဆေးချက်တွေကို လုပ်ဆောင်ရနိုင်ပါတယ်။ဘက်တီးရီးယားကြောင့် ဦးနှောက် အမြှေးပါးရောင်ခြင်းကို ပိုးသတ်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။ အရေးကြီးတာတစ်ခုက တတ်နိုင်သမျှ အမြန်ဆုံးကုသမှု တွေခံယူဖို့ပါပဲ။ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင်ခြင်းကို ထိန်းချုပ်ပေးနိုင်မယ့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေက ဘာတွေလဲ?။တစ်ချို့သော ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင်ခြင်း တွေကို ကာကွယ်ဆေးထိုးထားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ဦးနှောက် အမြှေးပါးရောင်ခြင်း ကို ဖြစ်စေနိုင်တဲ့ pneumococcus ရယ် meningococcus နဲ့ Hib စတဲ့ ဘက်တီးရီးယားပိုးတွေကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးတွေရှိပါတယ်။ ကာကွယ်ဆေးတွေဟာ ဦးနှောက် အမြှေးပါးရောင်ခြင်းကို ကာကွယ်နိုင်ဖို့ အဓိက အချက်ပဲဖြစ်ပါတယ်။ သင့်အတွက်၊ သင့်ကလေးအတွက် ကာကွယ်ဆေးတွေကို နောက်ဆုံးပေါ် ထုတ်လုပ်ထားတာဟုတ်၊ မဟုတ် သေချာသိနိုင်ဖို့ ဆရာဝန်ကို ပြသ သင့်ပါတယ်။သင့်မှာ မေးစရာမေးခွန်းတွေ ရှိနေပါက ဆရာဝန်နဲ့တွေ့ဆုံ ဆွေးနွေးပြီး သင့်အတွက် ပိုကောင်းမွန်တဲ့ အဖြေကိုရှာဖွေ နိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/meningitis/bacterial-meningitis-%e1%80%98%e1%80%80%e1%80%ba%e1%80%90%e1%80%ae%e1%80%9b%e1%80%ae%e1%80%b8%e1%80%9a%e1%80%ac%e1%80%b8-%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%bc/
ချွဲသလိပ် အရောင်တွေက ပြောနေတဲ့ ရောဂါများအကြာင်း
လူတိုင်းချောင်းဆိုးချွဲထွက်ဖူးမှာပါ။ ချွဲဘယ်အခါမှာ ထွက်သလဲဆို အဆုတ်မှာ ရောဂါတစ်ခုခုရှိနေရင်၊ ပိုးဝင်ရင် ထွက်နိုင်ပါတယ်။သလိပ်လို့လည်း ခေါ်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ နဂိုကတည်းက သူ့ကို စိုစွတ်အောင် လုပ်ပေးမယ့် အချွဲအနည်းငယ် ရှိပြီးသားပါ။ ဒီအချွဲတွေက ခန္ဓာကိုယ်ထဲကို အမှုန်အမွှားတွေ၊ ရောဂါပိုးတွေ ဝင်လာတဲ့အခါ ဖမ်းယူလိုက်ပြီး အပြင်ကို ချောင်းဆိုးပြီး ပြန်ထုတ်ပေးပါတယ်။ အဆုတ်ထဲကို ပိုးဝင်တာ များရင်တော့ ဒီအချွဲတွေက ပိုများ ပိုပျစ်လာပြီး သလိပ်အနေနဲ့ ထွက်လာပါတယ်။ သလိပ်က အရောင်အမျိုးမျိုးရှိတာကို မြင်ဖူးကြပါသလား။ သလိပ်အရောင်တွေက ဘာကို ပြောချင်တာလဲ ဆိုတာ ဆက်ကြည့်ရအောင်။သလိပ်က အစိမ်းရောင် သို့မဟုတ် အဝါရောင် ဖြစ်နေခဲ့မယ်ဆိုရင် ခန္ဓာကိုယ်က ပိုးဝင်တာကို ပြန်ပြီး တိုက်ထုတ်နေတာကို ပြချင်တာပါ။ ဒီအရောင်တွေက သွေးဖြူဥဆဲလ်တွေကြောင့် ဖြစ်လာရတာပါ။ စစချင်းမှာတော့ အဝါရောင် ပြီးရင်တော့ ရောဂါအခြေအနေနဲ့ ဘယ်လောက်ကြာလဲပေါ်မူတည်ပြီး အစိမ်းရောင် ပြောင်းလာမှာပါ။ ဒီလို အရောင်ထွက်စေတဲ့ ရောဂါတွေကတော့။လေပြွန်ရောင်ခြင်း – စစချင်းမှာတော့ ချောင်းခြောက်ဆိုးမယ်။ သလိပ်ကျဲကျဲ ဒါမှမဟုတ် အဖြူလောက်ပဲ ထွက်မယ်။ နောက်ပိုင်းကြာလာရင်တော့ အဝါရောင်တွေ၊ အစိမ်းရောင်တွေ ပါလာမယ်။ ပြောချင်တာက စစချင်း ဗိုင်းရပ်စ်ပိုး ဝင်ရာကနေ ဘက်တီးရီးယားပိုးပါ ပါလာပြီလို့ ဆိုလိုချင်တာပါ။ ချောင်းဆိုးတာက ရက် ၉၀လောက်ကြာနိုင်ပါတယ်။ အဖျားပျောက်သွားရင်တောင် ချောင်းကျန်နိုင်တယ်ဆိုတာ သတိရပါ။အဆုတ်ရောင်ခြင်း- အဆုတ်ရောင်တယ်ဆိုတာ တခြား အဆုတ်ရောဂါတစ်ခုခုရဲ့ နောက်ဆက်တွဲ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ အဆုတ်ရောင်လာပြီဆိုရင်တော့ သလိပ်က အဝါရောင်၊ အစိမ်းရောင် ကနေ သွေးရောင် အထိဖြစ်နိုင်ပါတယ်။ ဖြစ်တဲ့ အဆုတ်ရောင်ရောဂါပေါ်မူတည်ပြီး လက္ခဏာတွေ မတူနိုင်ပါဘူး။ ဒါပေမယ့် ချောင်းဆိုးတာ၊ ချမ်းတုန်ဖျားတာ၊ မောတာတွေကတော့ အဆုတ်ရောင်ရောဂါရဲ့ တွေ့ရများတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ထိပ်ကပ်နာ– ဗိုင်းရပ်စ်၊ ဓာတ်မတည့်တာနဲ့ ဘက်တီးရီးယားပိုးတွေဟာ ထိပ်ကပ်နာကို ဖြစ်စေပါတယ်။ ဘက်တီးရီးယားကြောင့်ဆိုရင်တော့ အဝါရောင်၊ အစိမ်းရောင် သလိပ်ထွက်ပါတယ်။ ဒါ့ပြင် နှာခေါင်းပိတ်တာ၊ နှာရည်ယိုတာ၊ မျက်နှာတွေ တင်းနေတာလည်း ဖြစ်တတ်ပါတယ်။Cystic fibrosis- နာတာရှည် အဆုတ်ရောဂါဖြစ်ပြီး အဆုတ်ထဲမှာ ချွဲသလိပ်တွေနဲ့ ပြည့်နေတတ်ပါတယ်။ ကလေးနဲ့ လူငယ်တွေမှာ ပိုတွေ့ရပါတယ်။ သလိပ်အရောင်ကတော့ အဝါရောင်၊ အစိမ်းရောင်ကနေ အညိုရောင်အထိ ဖြစ်တတ်ပါတယ်။အညိုရောင်ဆိုတာထက် မြင်အောင် ပြောရင် သံချေးရောင်ပါ။ အညိုဆိုတာ သွေးအဟောင်းတွေပါ။ အရင်ဆုံး သလိပ်က အနီရောင်၊ ပန်းရောင်ဖြစ်ပြီးမှ အညိုရောင် ပြောင်းမှာပါ။ ဒီနှစ်ခုစပ်ကြားက သံချေးရောင်ပေါ့။ တွေ့ရတဲ့ ရောဂါတွေကတော့။ဘက်တီးရီးယား အဆုတ်ရောင် ရောဂါ- အစိမ်းပုပ် ဒါမှမဟုတ် သံချေးရောင် သလိပ် ထွက်ပါတယ်။ဘက်တီးရီးယား လေပြွန်ရောင် ရောဂါ- ဒီရောဂါက ပိုဆိုးလာလေလေ သလိပ်က သံချေးရောင် ပြောင်းလာလေလေပါ။ နာတာရှည် လေပြွန်ရောင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့ သူတွေ၊ မီးခိုးငွေ့ ရှူရတဲ့ သူတွေက လေပြွန်ရောင်နိုင်ချေ ပိုများပါတယ်။Cystic fibrosis- ဒီနာတာရှည် အဆုတ်ရောင် ရောဂါမှာလည်း သံချေးရောင် သလိပ်ထွက်တတ်ပါတယ်။Pneumoconicosis- မီးခိုး၊ ကျောက်မှုန်၊ ဆီလီကာ (သဲ) စတဲ့ အမှုန်အမွှားတွေကို ရှူမိရင် ဒီကုသရခက်တဲ့ ရောဂါဖြစ်တတ်ပါတယ်။ သံချေးရောင် သလိပ်လည်း ထွက်တတ်ပါတယ်။အဆုတ်ပြည်တည်နာ- အဆုတ်ထဲမှာပြည်တည်ပြီး ဘေးပတ်လည်မှာ ရောင်ရမ်းနေတာပါ။ ချောင်းဆိုးတာ အပြင် ညဘက်တွေ ချွေးထွက်များတာ၊ အစားအသောက်ပျက်တာ၊ သံချေးရောင် သလိပ်ထွက်တာ၊ သွေးစလေးတွေပါတာ၊ သလိပ်အနံ့ဆိုးတာတွေ ဖြစ်တတ်ပါတယ်။သလိပ်အဖြူကတော့ အဆုတ်ရောဂါတွေ အပြင် တခြားသော ရောဂါတွေမှာလည်း တွေ့နိုင်ပါတယ်။ ဥပမာ။ဗိုင်းရပ်စ် လေပြွန်ရောင် ရောဂါ- စစချင်းမှာ အဖြူရောင် သလိပ်ပဲ ထွက်ပါတယ်။ ဘက်တီးရီးယားပိုး ဝင်လာတဲ့ အခါကျမှ အဝါရောင်၊ အစိမ်းရောင် သလိပ်ထွက်တာပါ။စားချဉ့်ပြန်ရောဂါ– ဒီနာတာရှည် အစာရေမျိုပြွန်ရောဂါမှာလည်း အဖြူရောင် သလိပ်ထွက်ပါတယ်။နာတာရှည် လေပြွန်ကျဉ်း ရောဂါ (COPD)- ဒီရောဂါမှာ လေပြွန်တွေ ကျဉ်းလာပြီး အဆုတ်ကနေ အချွဲတွေ ပိုထွက်ပါတယ်။ တဖြည်းဖြည်း အောက်ဆီဂျင်ဝင်ဖို့လည်း ခက်လာပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အဖြူရောင် သလိပ်ထွက်တတ်ပါတယ်။နှလုံးပျက်စီးခြင်း- နှလုံးပျက်စီးတယ်ဆိုတာ  နှလုံးက သွေးကောင်းကောင်း မညှစ်နိုင်တာကို ပြောတာပါ၊ ဒါကြောင့် ကိုယ်ထဲမှာ အရည်တွေ စုလာပြီး ဖောလာပါတယ်။ အဆုတ်ထဲမှာ စုလာရင် အဖြူရောင် သလိပ်တွေ ထွက်လာပါမယ်။ မောလည်း မောပါမယ်။ ဒါဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသင့်ပါတယ်။သလိပ်မည်းမည်းတွေကို ဆေးပညာအရ melanoptysis လို့ ခေါ်ပါတယ်။ ဘာလို့ ဖြစ်တာလဲ ဆိုတော့။ဆေးလိပ်သောက်တာ- ဆေးလိပ်တွေ၊ တချို့သော ဆေးဝါးတွေကြောင့် သလိပ်တွေ မည်းတတ်ပါတယ်။Pneumoconicosis- အဆုတ်ကို မည်းစေတဲ့ ဒီရောဂါမှာ ထွက်တဲ့ သလိပ်ကပါ မည်းနေတတ်ပါတယ်။ မိုင်းတွင်း လုပ်သားတွေ၊ မီးခိုးမှုန်တွေ ရှူရတဲ့ သူတွေမှာ တွေ့ရပါတယ်။ သလိပ်မည်းတာနဲ့ အတူ မောလည်း မောတတ်ပါသေးတယ်။မှိုပိုးဝင်ခြင်း-Exophiala dermatitidisလို့ ခေါ်တဲ့ မှိုကြောင့် ဖြစ်တာပါ။ ရှားပါတယ်။ Cystic fibrosis ဖြအသက်ရစ်တဲ့သူတွေမှာတော့ တွေ့ရတတ်ပါတယ်။ခန္ဓာကိုယ်ကနေ ပုံမှန်အတိုင်းလည်းသလိပ်အကြည်တွေ ထွက်လေ့ရှိပါတယ်။ ရေ၊ ပရိုတိန်း၊ ပဋိဇီဝပစ္စည်းနဲ့ ဆားဓာတ်တွေ ပါဝင်ပြီး အသက်ရှူလမ်းကြောင်းကို ချောမွေ့စိုစွတ်နေအောင် လုပ်ပေးပါတယ်။ သလိပ်အကြည်တွေ ပုံမှန်ထက် များလာတာက ခန္ဓာကိုယ်က သူ့ကို အနှောင့်အယှက်ဖြစ်စေတဲ့ ပစ္စည်း (ဥပမာ ဝတ်မှုန်၊ ဗိုင်းရပ်စ်)ကို ဖယ်ထုတ်ချင်လို့ပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်တာတွေကတော့။ဓာတ်မတည့် နှာရည်ယိုတာ- တစ်ခုခုမတည့်တာရှူမိတဲ့အခါ (ဥပမာ- ဝတ်မှုန်၊ မြက်) နှာရည်တွေ ယိုလာပါတယ်။ ဒီနှာရည်တွေက အသက်ရှူလမ်းကြောင်းထဲကိုဝင်ပြီး ချောင်းဆိုးတဲ့အခါ သလိပ်အကြည်အနေနဲ့ ပြန်ထွက်လာတာပါ။ဗိုင်းရပ်စ် လေပြွန်ရောင် ရောဂါ-စစချင်းမှာ  သလိပ်အကြည် ဒါမှမဟုတ် အဖြူရောင် သလိပ်ပဲ ထွက်ပါတယ်။ ဘက်တီးရီးယားပိုး ဝင်လာတဲ့ အခါကျမှ အဝါရောင်၊ အစိမ်းရောင် သလိပ်ထွက်တာပါ။ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ- ဒီရောဂါရဲ့ အစောပိုင်း လက္ခဏာတွေကတော့ ဖျားတာ၊ ချောင်းခြောက်ဆိုးတာ၊ ကြွက်သားတွေနာတာ၊ တခြား တုပ်ကွေးလက္ခဏာတွေ ပြတတ်ပါတယ်။ သလိပ်အကြည်လည်း ထွက်တတ်ပါတယ်။အလွယ်ပြောရင်တော့သလိပ်ထဲ သွေးပါနေတာပါ။ ဒါကြောင့် အနီရောင်၊ ပန်းရောင် ဖြစ်နေတာပေါ့။ ဘယ်လို ရောဂါတွေက ချောင်းဆိုး သွေးပါတတ်လဲ ဆိုတော့။အဆုတ်ရောင်ရောဂါ-  ပိုဆိုးလာရင် သလိပ်တွေ နီလာပါတယ်။ ချမ်းတုန်ဖျားတာ၊ ချောင်းဆိုးတာ၊ ရင်ဘတ်အောင့်တာတွေနဲ့ တွဲတတ်ပါတယ်။တီဘီရောဂါ– ဒီရောဂါက လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးနိုင်ပါတယ်။ အဓိက လက္ခဏာတွေကတော့ ၃ပတ်ထက်ပိုပြီး ချောင်းဆိုးတာ၊ သလိပ်ထဲမှာ သွေးစတွေပါတာ၊ ဖျားတာ၊ ညဘက် ချွေးထွက်များတာတွေပဲ ဖြစ်ပါတယ်။နှလုံးပျက်စီးခြင်း- နှလုံးပျက်စီးတဲ့ အခါ မောတာအပြင် ချောင်းဆိုးပြီး ပန်းရောင် ဒါမှမဟုတ် အနီရောင် သလိပ်ထွက်တတ်ပါတယ်။အဆုတ်သွေးကြောပိတ်ခြင်း- အဆုတ်သွေးကြောကို သွေးခဲ လာပိတ်တာပါ။ ဒီသွေးခဲက ခန္ဓာကိုယ်ရဲ့ တစ်နေရာရာက ပြုတ်ထွက်ပြီး လာပိတ်တာပါ။ ဥပမာ ခြေထောက်သွေးကြောပေါ့။ ဒါမျိုးဖြစ်ရင်လည်း သလိပ်မှာ သွေးစတွေပါတတ်ပါတယ်။ ရုတ်တရက် မောတာ၊ ရင်ဘတ်အောင့်တာ ဖြစ်ပြီး အသက်အန္တရာယ် ထိခိုက်တတ်ပါတယ်။အဆုတ်ကင်ဆာ– ကင်ဆာဖြစ်ရင်တော့ သလိပ်ထဲ သွေးစပါတာအပြင် သွေးခဲတွေပါ ထွက်လာတတ်ပါတယ်။ ဒါ့ပြင် ချောင်းတရားလွန်ဆိုးတာ၊ ပိန်သွားတာ၊ နုံးတာ စတဲ့ လက္ခဏာတွေလည်း ရှိနေမှာပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/all-about-phlegm/
သားသားမီးမီးတို့ကို စိတ်ညစ်အောင်လုပ်နေကျ ဗိုက်ဗိုက်ပြဿနာတွေအကြောင်း
သားသားမီးမီးတို့ကို စိတ်ညစ်အောင်လုပ်နေကျ ဗိုက်ဗိုက်ပြဿနာတွေအကြောင်း သိပြီးပြီလား! မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ကလေးက တစ်ချိန်လုံး ငိုနေတယ်။ ဂျီပဲကျနေတယ်။ စိတ်ညစ်လိုက်တာဆိုတဲ့ မေမေတွေ ရှိလား။ သားသားမီးမီးတို့က သူတို့ခံစားနေရတဲ့ ပြဿနာကို လူကြီးတွေလို လုံးစေ့ပတ်စေ့ မပြောပြနိုင်ကြပါဘူး။ ဒါကြောင့် မအီမသာ ခံစားနေရတဲ့အခါ သူတို့ဖော်ပြမှာက ငိုတာ၊ ဂျီကျတာလိုမျိုး အမူအရာလေးတွေနဲ့ပါ။သားသားမီးမီးတို့အရွယ်မှာ အများဆုံး မအီမသာဖြစ်စေတဲ့ ပြဿနာက ဝမ်းဗိုက်လေးရဲ့ ပြဿနာပါ။ ဝမ်းချုပ်တာက၊ လေပွတာတွေက လူကြီးတွေမှ ဖြစ်တတ်တဲ့ ပြဿနာ မဟုတ်ပါဘူး။ သားသားမီးမီးတွေလည်း ခံစားရနိုင်ပါတယ်။ဒါဆို သားသားမီးမီးတို့ရဲ့ ဗိုက်ဗိုက်ကလေးမှာ ဘယ်လိုပြဿနာတွေ ခံစားရနိုင်လို့လဲလို့ သိချင်နေပြီလား မေမေ…?။သားသားမီးမီးတို့ဟာလည်း လူကြီးတွေလို အစာခြေစနစ်ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ သားသားမီးမီးတို့ရဲ့ ဗိုက်ဗိုက်ကလေးမှာ အခုလို ပြဿနာတွေ ခံစားရနိုင်ပါတယ်။ကလေးတွေက သူတို့မှာ မအီမသာဖြစ်နေတာမျိုးကိုကောင်းကောင်းမဖော်ပြတတ်ပါဘူး။ စားလိုက်တဲ့အစားအစာက အစာကြေခဲတာ၊ အအေးမိထားတာကြောင့် အစာခြေစနစ်ကကောင်းကောင်းအလုပ်မလုပ်တဲ့အခါမျိုးမှာ အစာမကြေတာကို ခံစားရနိုင်ပါတယ်။ အစာမကြေတာက လူကြီးတွေမှာတောင် ခံစားရခက်တဲ့ ပြဿနာမဟုတ်လား။ကလေးတွေမှာ ရောဂါပိုးတစ်ခုခုကူးစက်ခံရတာကြောင့် အန်တာက အများဆုံးဖြစ်လေ့ဖြစ်ထရှိတဲ့ အချက်တစ်ခုပါ။ ကလေးတွေကို ကျွေးတဲ့အစားအစာတွေ၊ ကလေးကိုကျွေးမွေးရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကသန့်ရှင်းမှုအားနည်းတာကြောင့် ရောဂါပိုးတွေကပ်ငြိနေတာကနေတစ်ဆင့် ကလေးရဲ့ ဝမ်းထဲရောက်ပြီးအော့အန်တာတွေဖြစ်လာရပါတယ်။ဝမ်းပျက်ဝမ်းလျှောတာတော့ သိသိသာသာမြင်နိုင်တဲ့ ကလေးရဲ့ အစာခြေစနစ်ပြဿနာပါ။ ကလေးက ဝမ်းအရည်တွေသွားနေမယ်။  တစ်နေ့ကို ၃ ကြိမ်ထက်မက နောက်ဖေးသွားနေတယ်ဆိုရင်တော့သားသားမီးမီးက ဝမ်းပျက်ဝမ်းလျှောဖြစ်နေပါပြီ။အစားအစာဓာတ်မတည့်တာက စားလိုက်တဲ့ အစားအစာတစ်ခုခုကို ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကပြင်းပြင်းထန်ထန်တုံ့ပြန်တဲ့ အခါမျိုးမှာဖြစ်ပေါ်တဲ့ အစာခြေစနစ်ပြဿနာတစ်မျိုးပါ။စားချဉ့်ပြန်ရောဂါက ကလေးတွေမှာ အဖြစ်များတဲ့ အစာခြေစနစ်ဆိုင်ရာပြဿနာတစ်ခုပါ။ ကလေးအများစုမှာတော့ အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုကနှေးပါတယ်။ ကလေးလေးတွေရဲ့ အစာရေမျိုက ဖွံ့ဖြိုးနေဆဲဖြစ်တာကြောင့် အစာအိမ်ထဲက အစာခြေရည်တွေက အစာရေမျိုပြွန်ကနေ အလွယ်တကူပြန်ဆန်တက်လာတာပါ။ဒီပြဿနာတွေက သားသားမီးမီးတို့ကို မအီမသာ ခံစားစေရပြီး ငိုတာ၊ ဂျီကျတာတွေ ဖြစ်လာစေရတာပါ။ ဒါတွေအပြင် အာဟာရ ပြည့်ဝစွာ မရရှိမှုက ကြီးထွားဖွံ့ဖြိုးမှု နဲ့ဉာဏ်ရည်ထက်မြက်မှုကိုပါ ထိခိုက်စေလာတာပါ။ကာကွယ်လို့ ရလားဆိုတော့ သိပ်ရတာပေါ့။ ပြဿနာတိုင်းအတွက် အဖြေဆိုတာ ရှိစမြဲပါ။ ဒီတော့ သားသားမီးမီးတို့ရဲ့ ဗိုက်ဗိုက်လေး ပြဿနာ ကင်းစေဖို့ဆိုရင် နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ အစာခြေစနစ် ကျန်းမာစေဖို့ တာဝန်ယူထားတဲ့ အကျိုးပြုဘက်တီးရီးယားတွေကို ရောဂါဖြစ်စေတဲ့ ပိုးမွှားတွေကို စွမ်းစွမ်းတမံ တိုက်ခိုက်နိုင်စေဖို့ လိုအပ်တဲ့အကျိုးပြုဘက်တီးရီးယား အာဟာရ(Prebiotics) ကို ပြည့်ပြည့်ဝဝ ထောက်ပံ့ပေးဖို့ လိုပါမယ်။အရမ်းခေါင်းရှုပ် မသွားပါနဲ့။ သားသားမီးမီးတို့အစာခြေပြဿနာကင်းစေဖို့ ထောက်ပံ့ပေးမယ့် အကျိုးပြု ဘက်တီးရီးယား အာဟာရကို ကလေးတွေ အကြိုက်တွေ့စေမယ့် အစားအစာလေးတွေဖြစ်တဲ့ ဒိန်ချဉ်၊အာဟာရဖြည့်နို့၊ အကျိုးပြု ဘက်တီးရီးယာအာဟာရ ဖြည့်စွက်ထားတဲ့ ဖော်မြူနို့တွေကနေရရှိနိုင်ပါတယ်။ဒီတော့ ဗိုက်ဗိုက်ပြဿနာ ကင်းပြီး ကျန်းမာထက်မြက်တဲ့ သားသားမီးမီးတို့ ဖြစ်စေဖို့ နေ့စဉ် Prebiotics ကို ဖြည့်ပေးစို့နော်မေမေတို့ရေ…………။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/pediatric-intestinal-disorder/
ကဆစ်သီး ကျန်းမာရေးကောင်းကျိုးများ
ကဆစ်သီး ဆိုတာကအညာစာလေး တစ်မျိုးပါ။ မျက်စိထဲ မြင်သာအောင် ပြောပြရရင်ဖရဲသီး သေးသေးလေးတွေနဲ့ တူပါတယ်။ ကြော်စားလို့ ရသလို သုပ်စားတာ၊ ဖျော်သောက်တာ၊ တို့စားတာလိုမျိုး အမျိုးမျိုးလုပ်စားလို့ ရတဲ့  ကဆစ်သီး ကျန်းမာရေးကောင်းကျိုးများ က ဘာတွေများ ဖြစ်မလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ကဆစ်သီး ဆိုတာက အသီး တစ်မျိုးပါ။ အနီးစပ်ဆုံး ပြောပြရမယ်ဆိုရင်ကင်းပုံသီးလေးနဲ့ တူပါတယ်။ ကင်းပုံပင်၊ ဖရဲပင်၊ သခွားပင်တို့လိုမျိုး နွယ်ပင်ရဲ့ အသီးမျိုးပါ။ အခွံပါးပါးလေးနဲ့ အရည်ရွှမ်းပါတယ်။ အရသာကတော့ ချဉ်တင်တင်လေးပါ။ကဆစ်သီးမှာ။ကဆစ်သီး ကျန်းမာရေးကောင်းကျိုးများ ကတော့။Lycopene ဆိုတာက အပင်တွေမှာပါဝင်နေတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးပါ။ အရောင်ကျစေနိုင်သလို ဦးနှောက် ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ အယ်လ်ဇိုင်းမားကြောင့် ထိခိုက်နိုင်ခြေကိုလည်း ကျဆင်းစေနိုင်ပါတယ်။ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို နှလုံးကျန်းမာစေပြီးနှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။Beta-carotene ဆိုတာကကာရိုတီးနွိုက်တစ်မျိုးပါ။ အင်အားပြည့်ဝတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးပါ။ ခန္ဓာကိုယ်က ဒီဓာတ်တိုးဆန့်ကျင်ပစ္စည်းကို ဗီတာမင် A အဖြစ် ပြောင်းလဲပေးပါတယ်။ အာရုံကြောကို ကျန်းမာစေသလိုအမြင်အာရုံ ကျန်းမာစေသလို အရေပြား ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ခန္ဓာကိုယ်ကို ဓာတ်တိုးမှုကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ကဆစ်သီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေသလို အာဟာရ တန်ဖိုးလည်း မြင့်ပါတယ်။ အဆာခံ နိုင်စေသလို အစာခြေစနစ် ကျန်းမာစေပြီး ဝမ်းမှန်စေဖို့ ထောက်ကူပေးပါတယ်။ သွေးတွင်းအဆီကို ကျဆင်းစေပြီး သွေးတိုးကျစေနိုင်သလို သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး သွေးကြောကျဉ်းတာမျိုး မဖြစ်စေဖို့အတွက်လည်း ထောက်ကူပေးပါတယ်။ပိုတက်ဆီယမ်က သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်သလို ခန္ဓာကိုယ်က အင်္ဂါ အစိတ်အပိုင်းတွေကို ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ ဦးနှောက်ကို ကျန်းမာစေသလို နှလုံးနဲ့ ကျောက်ကပ်တို့ကိုလည်း ကျန်းမာစေပါတယ်။ရေဓာတ် ပြည့်ဝမှုကလည်း ခန္ဓာကိုယ်အတွက် ရေဓာတ်တွေကို ဖြည့်တင်းပေးနိုင်ပါတယ်။ကဆစ်သီးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာက အရောင်ကျစေနိုင်သလိုကိုယ်ခံအားလည်း ကောင်းစေပါတယ်။ ဖျားနာမှု ကင်းချင်တယ်ဆိုရင် ကဆစ်သီးကို စားပေးလို့ ရပါတယ်။ဗီတာမင် Cပါဝင်နေတဲ့ ကဆစ်သီးက အသားအရေကို ကျန်းမာစေဖို့ ဝင်းပ ကြည်လင်စေဖို့ ထောက်ကူပေးနိုင် ပါတယ်။ အမာရွတ်တွေကို သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။ အနာကျက်စေဖို့လည်း ထောက်ကူပေးပါတယ်။ကဆစ်သီးက အသက်ရှူလမ်းကြောင်းကို ကျန်းမာစေသလိုအသက်ရှူလမ်းကြောင်း ပိုးဝင်တာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးပါတယ်။ကဆစ်သီးက ကျန်းမာရေးအတွက် ကောင်းကျိုးများတယ် ဆိုပေမယ့် ရောဂါအခံ ရှိသူတွေ အနေနဲ့ ဆေးနဲ့ တွဲသောက်တာမျိုး မလုပ်ဖို့ လိုပါမယ်။ ရောဂါအခံ တစ်ခုခု ရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ စားပေးပါ။ သာမန်လူတွေအနေနဲ့လည်း အလွန်အကျွံမစားဖို့ လိုပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/cucamelon-health-benefits/
ဘိုင်အိုတင် (Biotin) အကြောင်း သိသင့်သမျှ
ဘိုင်အိုတင် (biotin) ဟာဗီတာမင် Bအုပ်စုဝင်အာဟာရဓာတ်မျိုးဖြစ်ပြီး အစားအစာများကနေ စွမ်းအင်ကို ထုတ်ယူသုံးစွဲရာမှာ အထောက်အကူပြုပါတယ်။ ဘိုင်အိုတင်ကို ဗီတာမင် H လို့လည်း ခေါ်ဝေါ်ပါတယ်။ ဘိုင်အိုတင်ဟာ အရေပြား၊ ဆံပင်၊ မျက်လုံး၊ အသည်းနဲ့ အာရုံကြောအဖွဲ့အစည်းတွေကို အထောက်အကူပြုပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ကာလမှာ သန္ဓေသားလောင်း ဖွံ့ဖြိုးကြီးထွားရေးအတွက် ဘိုင်အိုတင်ကို မဖြစ်မနေလိုအပ်ပါတယ်။များသောအားဖြင့် ဘိုင်အိုတင်ကို အစားအစာကနေ ရရှိပါတယ်။ ဒါပေမယ့် သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းဖို့၊ ဆံပင်များ နက်မှောင်သန်စွမ်းစေဖို့၊ အသားအရေနဲ့ လက်သည်းခြေသည်းများ လှပဖို့၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးများ ကျန်းမာဖို့ ဘိုင်အိုတင်ကို ပိုမိုလိုအပ်တယ်လို့ ဆိုကြပါတယ်။ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးသူတွေအတွက် တစ်နေ့တာ ဘိုင်အိုတင်လိုအပ်ချက်ကတော့ ၃၀ ကနေ ၁၀၀ မိုက်ခခရိုဂရမ်ဖြစ်ပါတယ်။ ဘိုင်အိုတင်ဟာ ရေမှာပျော်ဝင်နိုင်တာကြောင့် ပိုလျှံလာတဲ့ ဘိုင်အိုတင်များကို ဆီးမှတဆင့် စွန့်ထုတ်နိုင်ပါတယ်။ဘိုင်အိုတင်ကို ဖြည့်စွက်စာအားဆေးအနေနဲ့ သောက်သုံးသူတွေမှာတော့ ပျို့အန်ခြင်းနဲ့အစာအိမ်အူလမ်းကြောင်းပြဿနာတချို့ ခံစားရတယ်လို့ ဆိုပါတယ်။ အဆိပ်အတောက်ဖြစ်ပြီး အသက်အန္တရာယ်ဖြစ်စေနိုင်လောက်တဲ့ အခြေအနေတော့ မရှိပါဘူး။ဘိုင်အိုတင်ချို့တဲ့ခြင်းကို သိပ်တော့မတွေ့ရပါဘူး။ ဘိုင်အိုတင်ချို့တဲ့ရင် တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့။– အသားအရေပေါ် အထူးသဖြင့် မျက်နှာပေါ် အနီရောင်အကွက်များ၊ အဖုအပိန့်များပေါ်ခြင်း။– အသားအရေ ခြောက်သွေ့အက်ကွဲခြင်း။– မျက်လုံးခြောက်ခြင်း။– ဆံသားများခြောက်သွေ့ခြင်း၊ဆံပင်ကျွတ်ခြင်း။– ပင်ပန်းနွမ်းနယ်ခြင်း။– အိပ်မပျော်ခြင်း။– အစားပျက်ခြင်း။– ပျို့အန်ခြင်း။–စိတ်ကျခြင်း။– ကြွက်သားများနာကျင်ကိုက်ခဲခြင်း။– ခြေလက်များ စူးရှရှနာကျင်ခြင်း၊ ပူခြင်း။– နှုတ်ခမ်းထောင့်များအက်ကွဲခြင်း။– လမ်းလျှောက်ရခက်ခြင်း စတာတွေ ဖြစ်ပါတယ်။ဘိုင်အိုတင်ကို ကိုယ်ခန္ဓာရဲ့ ပုံမှန်လုပ်ငန်းတာဝန်တွေ လည်ပတ်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့်ကိုယ်ဝန်ဆောင်မိခင်တွေမှာ ပိုမိုလိုအပ်ပါတယ်။ ဘိုင်အိုတင်လုံလောက်စွာ ရရှိမှသာ ကလေးဟာ ကောင်းစွာ ဖွံ့ဖြိုးမှာ ဖြစ်ပါတယ်။ အသားအရေနဲ့ ခြေသည်းလက်သည်းတွေ လှပဖို့လည်း ဘိုင်အိုတင်ကို လိုအပ်ပါတယ်။ဘိုင်အိုတင်ကိုအစားအစာအတော်များများမှာ တွေ့နိုင်ပါတယ်။ အထူးသဖြင့်။– ကြက်ဥအနှစ်။– ကလီစာများ (အသည်း၊ ကျောက်ကပ်)။– အခွံမာသီးများ (သစ်ကြားသီး)။– ထောပတ်။– ပဲပိစပ်၊ ပဲနီလေးနှင့် ပဲအမျိုးမျိုး။–အစေ့အဆန်ကောက်နှံများ (နေကြာစေ့)။– ပန်းဂေါ်ဖီ၊ မုန်လာဥနီ။– ငှက်ပျောသီး။– မှို စတာတွေမှာ ဘိုင်အိုတင်ကြွယ်ဝပါတယ်။ချက်ပြုတ်ကြော်လှော်တဲ့အခါ ဘိုင်အိုတင်ရဲ့ အာနိသင်လျော့နည်းသွားတတ်လို့ အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာတွေမှာ ဘိုင်အိုတင်ကို သိပ်မတွေ့ရဘဲ လတ်ဆတ်တဲ့ အစားအစာတွေမှာ တွေ့ရများပါတယ်။ဘိုင်အိုတင်ကို အားဖြည့်ဓာတ်စာ (supplement) တွေအနေနဲ့လည်း ရရှိနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/benefits-of-biotin/
အဖျားမတိုင်းဘဲ ဖျားနေပြီလားဆိုတာကို ဘယ်လို သိနိုင်မလဲ ……………….
ဖျားနေပြီဆိုရင် အဖျားတိုင်းမှ ဖျားနေတာကို သိနိုင်တာမဟုတ်ပါဘူး။ ဒီနည်းလမ်းတွေနဲ့လည်း သိနိုင်ပါတယ်။ အဖျားမတိုင်းဘဲ ဖျားနေပြီလားဆိုတာကို ဘယ်လို သိနိုင်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။အဖျားမတိုင်းဘဲ ဖျားနေပြီလားဆိုတာကို ဘယ်လို သိနိုင်မလဲ ဆိုတော့ အဖျားရှိနေတဲ့အခါ ဒီနည်းလေးတွေသုံးပြီး ဆန်းစစ်လို့ ရပါတယ်။ကိုယ်ပူစမ်းပါ။ဖျားနေပြီထင်တယ်ဆိုရင် လက်ဖဝါး​လေး နဖူးပေါ်တင်ပြီး စမ်းကြည့်ကြတယ်နော်။ ဒါက ကိုယ်အပူချိန်ကို ဆန်းစစ်တဲ့ အရိုးစင်းဆုံးနည်းလမ်းတစ်ခုပါ။ တကယ်ကတော့အဖျားရှိနေလားဆိုတာကို သိဖို့ဆိုရင် လက်ဖဝါးနဲ့ မဟုတ်ဘဲ လက်ဖမိုးနဲ့ နဖူး နဲ့ လည်ပင်း အောက်ဘက်တွေကို စမ်းကြည့်ရမှာပါ။လက်ဖဝါးက အပူကို ခံစားသိလွယ်တာကြောင့် ကိုယ်ပူနေတာကို တိတိကျကျ သိဖို့ခက်နိုင်ပါတယ်။ ဒါကြောင့် အဖျားရှိနေလား ဆိုတာကို သိဖို့ လက်ဖမိုးနဲ့ စမ်းပါ။အသားတွေ နီနေလားဆိုတာကိုစစ်ပါ။အဖျားသွေးရှိတဲ့အခါ တော်တော်များများက ပါးလေးတွေနီနေတာနှုတ်ခမ်းလေးတွေ ရဲနေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတစ်ယောက် ဖျားနေလားဆိုတာကို သိနိုင်ဖို့ဆိုရင် မျက်နှာအသားအရေနဲ့ နှုတ်ခမ်းအရောင်ကို သေချာကြည့်ပါ။ အသားဖြူတဲ့သူတွေမှာ ဒီလိုနီတာက ပိုသိသာပါတယ်။ပင်ပန်းနွမ်းနယ်နေလားစစ်ကြည့်ပါ။အဖျားသွေးရှိတဲ့အခါ ပုံမှန်ထက် ပိုပြီး ပင်ပန်းနေတတ် ပါတယ်။ ဖျားတဲ့အခါခန္ဓာကိုယ်က ပုံမှန်ထက် ပိုပြီး ပင်ပန်းနေတတ် ပါတယ်။ ဒါကြောင့် မလှုပ်ချင်မသယ်ချင် ဖြစ်နေမယ်။ စကားပြောတာက လေသံလေး ပျော့နေမယ်။ ကလေးဆိုလည်း မဆော့ချင်ဘူး ဖြစ်နေမယ်။ မစားချင်ဘူး ဖြစ်နေမယ်ဆိုရင် ဖျားနေတာပါ။ကိုယ်လက်တွေ ကိုက်ခဲနေမယ်။ခန္ဓာကိုယ်မှာ ဟိုနားက နာတယ်။ ဒီနားက နာတယ်။ ကိုယ်လက်တွေ ကိုက်ခဲနေတယ်။ကြွက်သားနဲ့ အရိုးအဆစ်တွေနာနေမယ် ဆိုရင် ဖျားနေတာပါ။ ခေါင်းကိုက်တာမျိုးကိုလည်း ခံစားရနိုင် ပါတယ်။ရေငတ်မယ်။ရေခဏခဏ ဆာနေလား ဆန်းစစ်ကြည့်ရ ပါမယ်။ အဖျား ရှိနေတဲ့အခါ ခဏခဏ ရေငတ်နိုင်ပါတယ်။ခံတွင်းခြောက်မယ်ခဏခဏ ရေငတ်မယ် ဆိုရင်တော့ အဖျား ရှိနေတာပါ။ဆီးတွေက ဝါနေမယ် ဆိုရင်ရေဓာတ်လိုအပ်ချက် ရှိနေတာပါ။ ဆီးက အဝါရောင် ရင့်ရင့် ဖြစ်နေမယ် ဆိုရင်တော့ အဖျား ကြောင့် ရေဓာတ်ခမ်းခြောက်တာ ဖြစ်နေပါပြီ။အော့အန်မယ်။မအီမသာဖြစ်မယ်။ အော့အန်မယ်ဆိုရင် ဒါက အဖျားရှိနေတဲ့ လက္ခဏာတစ်ခုပါ။ တုပ်ကွေးမိတဲ့အခါမှာလည်း ဒီလို ခံစားရနိုင်ပါတယ်။ အစာမကြေဘူး။ မအီမသာဖြစ်မယ်။ အော့အန်နေမယ် ဆိုရင်တော့ အဖျားရှိနေပါပြီ။အဖျား ရှိပြီ ဆိုတိုင်း မဖြစ်မနေ ဆေးခန်း ပြဖို့ မလိုပါဘူး။ အိမ်မှာတင် သက်သာအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/common-cold/how-to-tell-you-have-a-fever-without-a-thermometer/
ညဘက် ပန်ကာဖွင့်ပြီး အိပ်မယ်ဆိုရင်
မြန်မာနိုင်ငံရဲ့ ရာသီဥတုဟာဆောင်းရာသီအချိန်ကာလတွေကလွဲပြီး အချိန်အတော်များများဟာ ပူပြင်းတာကြောင့် ညဘက်အိပ်တဲ့အခါပန်ကာကိုအများအပြား အသုံးပြုကြတာကို တွေ့ရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ညဘက် လေအေးလေးရအောင် အနီးနားမှာ ပန်ကာလေးဖွင့်ပြီး အိပ်လေ့ရှိတဲ့သူတွေအတွက် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးလေးတွေနဲ့ ပန်ကာဖွင့်ပြီး အိပ်မယ့်အစား အေးအေးချမ်းချမ်းအိပ်နိုင်အောင် အခြားလုပ်ဆောင်နိုင်မယ့် နည်းလမ်းတချို့ကို ဝေမျှပေးသွားချင်ပါတယ်။ညဘက်ပန်ကာလေခံပြီး အိပ်တဲ့အခါ။၁။နှာစေး၊ နှာပိတ်စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြသနာတွေကို ဖြစ်စေပါတယ်။ပန်ကာကလာတဲ့လေဟာ သင့်ရဲ့ ပါးစပ်၊ နှာခေါင်းနဲ့ လည်ချောင်းတွေတစ်လျှောက်မှာ ရှိတဲ့ အရေပြားကို ခြောက်သွေ့စေပါတယ်။ အဲဒီလို အသက်ရှူလမ်းကြောင်းတစ်လျှောက်မှာ ခြောက်သွေ့သွားတဲ့အတွက် mucus လို့ခေါ်တဲ့ အချွဲတွေထွက်လာပြီး နှာပိတ်၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ဟောက်ခြင်း စတဲ့ပြသနာတွေကို ဖြစ်လာစေပါတယ်။ ပန်ကာဖွင့်အိပ်ပြီး ဒီလိုပြသနာတွေ ဖြစ်လာပြီဆိုရင်တော့ အခန်းထဲမှာhumidifierလေးကိုပါ ဖွင့်ထားသင့်ပြီး၊ ရေများများသောက်၊ ရေဓာတ်ပြည့်ဝအောင်နေသင့်ပါတယ်။၂။ ဓာတ်မတည့်ခြင်းပြဿနာ (allergies) ဖြစ်နိုင်ခြင်း။ပန်ကာမှာ ကပ်တွယ်နေနိုင်တဲ့ ဖုန်မှုန့်၊ အညစ်အကြေးတွေ အပြင် လေထုထဲမှာရှိနေတဲ့ အမှုန်အမွှားတွေဟာ ပန်ကာလေနဲ့အတူ ပါလာနိုင်ပြီး နှာရည်ယိုခြင်း၊ လည်ချောင်းယားခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ မျက်လုံးနီစပ်လာခြင်း စတဲ့ဓာတ်မတည့်တဲ့ရောဂါလက္ခဏာတွေကို ဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့်ပန်းနာရင်ကြပ်ရောဂါအခံ ရှိပြီးသားသူတွေအနေနဲ့ ပန်ကာနဲ့ အိပ်မယ်ဆိုရင် ပိုပြီး ဂရုစိုက်သင့်ပါတယ်။၃။ မျက်လုံးနဲ့ အသားအရေခြောက်သွေ့လာခြင်း။ပန်ကာကလာတဲ့ လေဟာ အသားအရေကို ရေဓာတ်ခမ်းခြောက်စေပြီး ကြာလာတဲ့အခါအသားအရေကို မွဲခြောက်ခြောက်ဖြစ်လာစေတာကြောင့် moisturizer သေချာပြန်လိမ်းပေးဖို့ လိုအပ်ပါတယ်။ မျက်လုံးကိုလည်း ခြောက်သွေ့စေတာကြောင့် မျက်လုံးနီလာခြင်း၊ စပ်ခြင်း၊ ယားခြင်း စတဲ့ပြသနာတွေ မဖြစ်အောင် eye drop (သို့) မျက်စဉ်းဆေးရည်လေးတွေ အသုံးပြုပေးသင့်ပါတယ်။၄။ ကြွက်သားများနာကျင်ခြင်း။ပုံမှန်အတိုင်းတိုက်တဲ့ လေမဟုတ်ဘဲ ပန်ကာကလာတဲ့ ပြင်းထန်တဲ့လေဟာ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိတွေ့မယ်ဆိုရင် ကြွက်သားတွေကို တင်းစေပြီးကြွက်တက်ခြင်း၊ ကြွက်သားနာကျင်ခြင်းတွေကို ဖြစ်စေပါတယ်။ ဒါ့ကြောင့် ပန်ကာနဲ့ အိပ်မယ်ဆိုရင်တောင် ဒီလို ပြဿနာတွေ မဖြစ်စေဖို့ ပန်ကာကို ကိုယ့်ဆီတိုက်ရိုက်အနေအထားမှာ မထားဖို့ နဲ့ အဝေးမှာထားဖို့ ဂရုစိုက်ပေးရပါမယ်။ဒါ့ကြောင့် အိပ်တဲ့အချိန်မှာ ပန်ကာကို အသုံးပြုမှဖြစ်မယ်ဆိုရင် အရှေ့မှာ ဖော်ပြခဲ့သလိုမျိုး ဆိုးကျိုးတွေမဖြစ်အောင် ဂရုစိုက်သင့်ပါတယ်။ ဒါ့အပြင် ပန်ကာအစား ပူပြင်းတဲ့ရာသီကို အန်တုပြီး အေးအေးချမ်းချမ်းအိပ်ပျော်နိုင်ဖို့ အောက်ပါနည်းလမ်းတွေကိုလည်း အသုံးပြုနိုင်ပါတယ်။၁။ cooling mattress မျိုးနဲ့ အိပ်ပါ။အိပ်ရာ၊ မွေ့ရာတွေကို ရွေးချယ်တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ အပူတွေကိုဖယ်ရှားပေးနိုင်ပြီး လေဝင်လေထွက်ကောင်းစေတဲ့ charcoal, gel infusion, copper စတဲ့နည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့ cooling mattress မျိုးကို အသုံးပြုနိုင်ပါတယ်။၂။ သင့်တော်တဲ့ ညအိပ်ဝတ်တွေကို ရွေးချယ်ပါ။ပေါ့ပေါ့ပါးပါးနဲ့ နူးညံ့တဲ့ cotton ၊ ချည် စတဲ့ အသားတွေနဲ့ ချုပ်ထားတဲ့ ညဝတ်မျိုးက သင့်ကို ညဘက်မှာ အပူဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။၃။ နေ့ဘက်မှာ အခန်းကိုလေဝင်လေထွက်ကောင်းအောင် တံခါးဖွင့်ထားပါ။၄။ မအိပ်ခင် ရေချိုးပါ။ရေချိုးခြင်းဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အပူတွေကို ကျဆင်းစေတာကြောင့် မအိပ်ခင်မှာရေချိုးတာကလည်း အိပ်တဲ့အချိန်မှာ အေးအေးချမ်းချမ်းအိပ်နိုင်ဖို့အတွက် အကူညီပေးနိုင်ပါလိမ့်မယ်။မွေးကင်းစကလေးငယ်လေးတွေအတွက်တော့ အခန်းထဲမှာ ပန်ကာအသုံးပြုခြင်းဟာ လေဝင်လေထွက်မကောင်းတဲ့ အလုံပိတ် အခန်းတွေထဲမှာ နေရတဲ့ လေးငယ်တွေထက် SIDS (sudden infant death syndrome) လို့ခေါ်တဲ့ မွေးကင်းစကလေးငယ် ရုတ်တရက်သေဆုံးနိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ လေ့လာချက်တွေအရတွေ့ရှိရပါတယ်။ ကလေးငယ်ကို ပန်ကာလေတိုက်ရိုက် မရောက်ဖို့တော့ လိုပါတယ်။ လေသိပ်မပြင်းဖို့လည်း လိုပါတယ်။Hello ဆရာဝန် ပရိသတ်ကြီးတွေ ညဘက်မှာ အေးအေးချမ်းချမ်းနဲ့ အန္တရာယ်ကင်းကင်းအိပ်နိုင်ဖို့ ဒီဆောင်းပါးလေးက ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျန်းမာကြပါစေ။ရေးသားသူ – Khine Phoo Ngon။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/sleep-with-open-fan/
ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ပူဒီနံရဲ့ အသုံးဝင်ပုံက
ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေကြောင့် စိတ်ညစ်နေတယ်။ သက်သာအောင်လုပ်ဖို့ကလည်းသဘာဝပစ္စည်းလေးတွေကိုပဲ စိတ်ချတယ်ဆိုသူလေးတွေရှိလား……။ဒါဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဝက်ခြံ နဲ့ ဝက်ခြံအမာရွတ်တွေကို သက်သာစေမယ့် သဘာဝပစ္စည်းလေးတစ်ခုရှိပါတယ်။ ဒါကတော့ အသုပ်တွေ။ မုန့်ဟင်းခါးတွေထဲထည့်စားလေ့ရှိတဲ့ပူဒီနံပါ။ပူရှိန်းရှိန်း၊ အနံ့မွှေးမွှေးလေးကို ပိုင်ဆိုင်ထားတဲ့ ပူဒီနံရွက်လေးက။ဝက်ခြံနဲ့ ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ဆိုရင် ပူဒီနံရွက်လေးကိုအခုလိုတွေ အသုံးပြုလို့ရပါတယ်။ရေစင်အောင်ဆေးထားတဲ့ ပူဒီနံ ၁၀ ရွက်ကနေ ၁၅ ရွက်ကို ကြိတ်ခြေပါ။ ပြီးရင် ပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ ရောပြီး မွှေပါ။ ရလာတဲ့အရောကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းပြီး ၁၅ မိနစ်ထားပါ။ ပြီးရင်ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။တစ်ပတ်ကို တစ်ကြိမ်ပုံမှန်လုပ်ပေးပါ။ရေစင်အောင်ဆေးထားတဲ့ ပူဒီနံ ၁၀ ရွက်ကနေ ၁၅ ရွက်ကို ကြိတ်ခြေပါ။ ပြီးရင် ရေသန့်လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ ရောပြီး မွှေပါ။ ရလာတဲ့အနှစ်ကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းပြီး ၁၅ မိနစ်ထားပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။နေ့စဉ် လုပ်ပေးလို့ရပါတယ်။ရေစင်အောင်ဆေးထားတဲ့ ပူဒီနံ ၁၀ ရွက်ကနေ ၁၅ ရွက်ကို ကြိတ်ခြေပါ။ ပြီးရင် rose water လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ ရောပြီး မွှေပါ။ ရလာတဲ့အရောကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းပြီး ၁၅ မိနစ်ထားပါ။ ပြီးရင် ရေအေးလေးနဲ့ ဆေးချလိုက်ပါ။တစ်ပတ်တစ်ကြိမ်လုပ်ပေးပါ။ရေစင်အောင်ဆေးထားတဲ့ ပူဒီနံ ၁၀ ရွက်ကနေ ၁၅ ရွက်ကို ကြိတ်ခြေပါ။ ပြီးရင်သံလွင်ဆီလက်ဖက်ရည်ဇွန်း ဇွန်းတစ်ဝက်စာ၊ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ ရောပြီး မွှေပါ။ ရလာတဲ့အရောကို သန့်စင်ထားတဲ့မျက်နှပေါ်မှာ လိမ်းပြီး ၁၅ မိနစ်ထားပါ။ ပြီးရင် ရေအေးလေးနဲ့ ဆေးချလိုက်ပါ။တစ်ပတ်တစ်ကြိမ် လုပ်ပေးရုံပါ။ရေစင်အောင်ဆေးထားတဲ့ ပူဒီနံ ၁၀ ရွက်ကနေ ၁၅ ရွက်၊ ပင်စိမ်း ၁၀ ရွက် ကနေ ၁၂ ရွက်ကို ကြိတ်ခြေပါ။ ပြီးရင် ရှားစောင်းလက်ပပ် အနှစ်လက်ဖက်ရည်ဇွန်း ဇွန်းတစ်ဇွန်းစာနဲ့ ရောပြီး မွှေပါ။ ရလာတဲ့အရောကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းပြီး ၁၅ မိနစ်ထားပါ။ ပြီးရင် ရေအေးလေးနဲ့ ဆေးချလိုက်ပါ။တစ်ပတ်တစ်ကြမ် လုပ်ပေးရုံပါ။ဒီလိုလေးတွေလုပ်ပေးတာကအသားအရေပေါ်က ဘက်တီးရီးယားတွေကို အထိရောက်ဆုံး ဖယ်ရှားပေးပြီး ဝက်ခြံနဲ့ ဝက်ခြံအမာရွတ်တွေကို သက်သာစေမှာပါ။ ဒါပေမယ့် ကိုယ်က ပူဒီနံ သုံးပြီး မျက်နှာမှာ နီရဲစပ်ဖျင်းတာတွေ ဖြစ်လာရင်၊ ဓာတ်မတည့်တဲ့ ပြဿနာ ခံစားရရင်၊ နဂိုအရေပြားပြဿနာတွေ ပိုဆိုးလာရင် ဆက်မသုံးဖို့ သတိပေးလိုပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/benefits-of-mint-leaves-for-acne/
ဘေဘီလေးက ဂေါ်လီလုံး မျိုချမိတဲ့အခါ
ဘေဘီလေးတွေအများဆုံး လုပ်လေ့ရှိတဲ့ အလေ့အထ တစ်ခုက ဘာဖြစ်မယ် ထင်လဲ…….. ဘေဘီလေးတွေ အများဆုံး လုပ်တတ်တဲ့ အလေ့အထလေး တစ်ခုက စူးစမ်းတာပါ။အရာရာတိုင်းက သူတို့လေးတွေအတွက် အသစ်အဆန်း ဖြစ်နေတော့လည်း စူးစမ်းတာက အပြစ်ရယ်လို့ မဆိုသာပါဘူး။ ဒီလို စူးစမ်းတဲ့အခါ သူတို့လေးတွေ အများဆုံး သုံးကြတာက သူတို့ရဲ့ လက်ချောင်းလေးတွေနဲ့ ပါးစပ်ကိုပါ။ဘေဘီတို့ရဲ့စူးစမ်းမှုလုပ်ငန်းစဉ်က အသစ်အဆန်း တစ်ခုတွေ့ပြီဆိုရင် အရင်ဆုံး လက်နဲ့ ကောက်ကိုင်မယ် ပြီးရင် နောက်တဆင့် ပါးစပ်ထဲ ထည့်မယ်၊ ဝါးမယ်။ ဝါးရင်း အခန့်မသင့်ရင်မျိုချမိတယ်။ဒီလိုကနေ ဘေဘီလေးတွေ ကြယ်သီး၊ အရုပ်ပိစိလေးတွေနဲ့ ဓာတ်ခဲ၊ ဂေါ်လီ စတာတွေကို မျိုချမိကြပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေ ဂေါ်လီလုံး မျိုချမိတဲ့အခါ ဘယ်လိုဂရုစိုက်မှုတွေလုပ်ပေးရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ဘေဘီလေးတွေ အစာမဟုတ်တဲ့ အရာတစ်ခုခုကို မျိုချမိတာက စိုးရိမ်စရာ ဆိုပေမယ့် ဒီနေရာမှာ သတင်းကောင်း တစ်ခုက မျိုချမိတဲ့ ပြင်ပ အရာဝတ္ထုတွေက အစာရေမျိုကနေတဆင့် အစာအိမ်၊ အူလမ်းကြောင်းတွေဆီ ရောက်သွားပြီး များသောအားဖြင့် ဝမ်းကနေ ပြန်ပါသွားတတ်တယ် ဆိုတာပါ။ဂေါ်လီတွေက များသောအားဖြင့် ချောမွတ်တဲ့ ဖန်သားတွေနဲ့ လုပ်ထားတာ များပါတယ်။ ဂေါ်လီလုံးမှာ ချွန်ထက်တဲ့ အစွန်း မပါတာကြောင့် ကလေးရဲ့ နုနယ်တဲ့အူနံရံလေးတွေကို မထိခိုက်စေနိုင်ပါဘူး။ ဂေါ်လီလုံး အများစုက ဝမ်းကနေတဆင့် ပြန်ပါလာတတ်ကြပါတယ်။ဒီနေရာမှာ စိတ်ရှည်ဖို့တော့ လိုပါမယ်။ ဒါပေမယ့် သတိထားရမှာ တစ်ခုက ဝမ်းထဲကနေ ပြန်ပါလာရဲ့လားဆိုတာကို သေချာလေး ဂရုစိုက်ကြည့်ဖို့ပါ။အချို့မှာ ဂေါ်လီလုံးက ရက်အနည်းငယ် အတွင်း ဝမ်းထဲမှာ ပါလာတတ်ပေမယ့် အချို့မှာတော့ ရက်အတော်ကြာမှ ထွက်လာတာမျိုး ဖြစ်နိုင်ပါတယ်။ မျိုချမိတဲ့အရာက မျိုချမိပြီး ၇ ရက်ကြာတဲ့အထိ ပြန်ထွက် မလာဘူးဆိုရင်တော့ လိုအပ်တဲ့ ကုသမှုတွေကို ခံယူဖို့ လိုပါမယ်။ကလေးက တစ်ခုခုကို မျိုချမိသွားတဲ့အခါ ကိုယ်တိုင် မဖယ်ရှားတတ်ဘူးဆိုရင် နီးစပ်ရာဆေးခန်းကို အမြန်ဆုံး သွားရောက်ဖို့ လိုပါမယ်။ မကျွမ်းကျင်ဘဲ လုပ်တာက အန္တရာယ် ပိုများတာကြောင့်ပါ။ တကယ်လို့ ကလေးက။တကယ်လို့ ဂေါ်လီလုံးက ပြန်ထွက် မလာခဲ့ဘူးဆိုရင် ဂေါ်လီလုံး ရှိတဲ့ နေရာကို သိနိုင်ဖို့အတွက် X-rays ရိုက်ရပါမယ်။တကယ်လို့ ပုံမှန်အတိုင်း ရိုက်တဲ့X-raysမှာ ပုံရိပ် မပေါ်ဘူးဆိုခဲ့ရင် ခပ်ပျစ်ပျစ် အရည် တစ်မျိုးကို သောက်ပြီး X-rays ထပ်ရိုက်ရပါမယ်။ ကလေးရဲ့ အခြေအနေပေါ် မူတည်ပြီး ဆရာဝန်က ညွှန်ကြားပေးမှာ ဖြစ်ပါတယ်။အစာခြေလမ်းကြောင်းထဲ ရောက်ရှိနေတဲ့ ပြင်ပအရာဝတ္ထုကို သိနိုင်ဖို့ဆိုရင်တော့ computed tomography (CT) scan ရိုက်ယူရမှာ ဖြစ်ပါတယ်။မျိုချမိတဲ့ ပစ္စည်း အမျိုးအစား နဲ့ ရောက်နေတဲ့ နေရာပေါ် မူတည်ပြီး ကုသမှုတွေကလည်း ကွာခြားနိုင်ပါတယ်။စောင့်ကြည့်တဲ့ ကုသမှု– မျိုချမိတဲ့ အရာ ဝမ်းကနေတဆင့် ပြန်ထွက်လာသလား ဆိုတာကို ၂၄ နာရီ စောင့်ကြည့်တာပါ။Endoscopy– မျိုချမိတဲ့အရာကို ဖယ်ရှားဖို့ နဲ့ ထိခိုက်မိတဲ့ အတိုင်းအတာကို သိရှိနိုင်စေဖို့ အတွက် ပြွန်ပုံစံ မှန်ပြောင်းလေးနဲ့ စစ်ဆေး ကုသပေးတာပါ။ခွဲစိတ်ကုသမှု– အချိန် အတိုင်းအတာ တစ်ခုကြာတဲ့အထိ ဂေါ်လီလုံးက ပြန်ထွက်မလာတဲ့အခါ ခွဲစိတ်ကုသမှု ခံယူဖို့ လိုပါမယ်။ကလေးက ဂေါ်လီလုံး မျိုချထားမိလို့ ကုသမှု ခံယူပြီးပြီဆိုပေမယ့် အခုလို အခြေအနေမျိုးမှာ ကုသမှုကို ထပ်မံ ခံယူဖို့ လိုပါမယ်။ဂေါ်လီလုံး အပါအဝင် ပြင်ပ အရာဝတ္ထု အတော်များများကို မျိုချမိတဲ့ ကလေး အများစုက အသက် ၃ နှစ်အောက်ဘေဘီလေးတွေပါ။ဒါကြောင့် ဘေဘီလေးကို ဂေါ်လီ အပါအဝင် ပြင်ပအရာဝတ္ထုတွေမမျိုချမိစေဖို့ဆိုရင်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/my-kid-swallowed-a-marble/
Escherichia Coli Infection (Escherichia Coli ပိုးဝင်ခြင်း ဆိုတာဘာလဲ)
E-Coli အီကိုလိုင်းဆိုတာဟာ လူတွေရဲ့ အစာခြေလမ်းကြောင်းတစ်လျှောက်မှာနေတဲ့ ဘက်တီးရီးယားတွေရဲ့ နာမည်ပါ။အီကိုလိုင်းပိုးအမျိုးအစားအများကြီးရှိပြီး အများစုကတော့ အန္တရာယ်မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အချို့သောပိုးတွေကတော့ သွေးဝမ်းသွားခြင်း သို့မဟုတ် ပြင်းထန်သွေးအားနည်းရောဂါ သို့မဟုတ် ကျောက်ကပ်ပျက်စီးခြင်းတွေကိုဖြစ်စေပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အီကိုလိုင်းပိုးဝင်ခြင်းရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာတွေကတော့။ဝမ်းပျက်ခြင်း၊ အပျော့စားဝမ်းပျက်ခြင်းနဲ့ အရည်တွေသာသွားခြင်းမှသည် ပြင်းထန်ပြီး သွေးဝမ်းသွားသည်ထိ။ဗိုက်နာခြင်း၊ အောင့်ခြင်း၊။အချို့သူတွေကတော့ အော့အန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။အီကိုလိုင်းအမျိုးအစားတွေအများကြီးထဲမျာမှ အနည်းငယ်လောက်ကသာ ဝမ်းပျက်စေတာပါ။ O157:H7ပါဝင်တဲ့ အီကိုလိုင်းအုပ်စုဟာ စွမ်းအားပြင်းအဆိပ်တစ်မျိုးကိုထုတ်ပေးပြီး ဒါက အူသိမ်ရဲ့ အနားသားတွေကို ဖျက်စီးပျက်စေတာကြောင့် သွေးဝမ်းသွားတာကို ဖြစ်စေပါတယ်။ ဘက်တီးရီးယားတွေပိုပြီး ဝင်လာလေလေ အီကိုလိုင်းအခြေအနေပိုဆိုးလာလေလေပါပဲ။ အခြားသော ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါတွေနဲ့ မတူတာကတော့ အီကိုလိုင်းဟာ ပမာဏနည်းနည်းလေးကူးစက်ခံရရင်တောင် သင့်ကိုဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့်ပဲ သိပ်မကျက်သေးတဲ့ ဟမ်ဘာဂါကို စားမိတာမျိုး ဒါမှမဟုတ် ရေကူးကန်ထဲကရေတွေ ပါးစပ်ထဲဝင်မိ၊ သောက်မိတာမျိုးနဲ့တောင် အီကိုလိုင်းကြောင့် ဒုက္ခရောက်ရနိုင်ပါတယ်။ ထိတွေ့မှုကြောင့်ဖြစ်ရတဲ့ အီကိုလိုင်းပိုးဝင်ခြင်းကတော့ညစ်ညမ်းနေတဲ့ စားစရာတွေ၊ ရေတွေနဲ့ လူလူချင်းကူးစက်တာကြောင့်ါ။ ကူးစက်ခံရနိုင်ချေ အများဆုံးနည်းလမ်းကတော့ မသန့်ရှင်းတဲ့ စားစရာတွေကို စားသုံးမိခြင်းပါပဲ။ ဥပမာ – Ground Beef ။ ။ ဒီကျွဲ၊ နွားတွေကို ပြင်ဆင်နေတဲ့အချိန်မှာ သူတို့အူထဲက ဘက်တီးရီးယားတွေဟာ အသားတွေပေါ် ကူးပြောင်းသွားကြပါတယ်။ ဒီအသားကို ဘယ်အသားနဲ့မဆို ရောနှောလိုက်တာနဲ့ ပိုးတွေ ကူးစက်နိုင်ချေ မြင့်မားသွားပါပြီ။မကြိုရသေးသော နို့။ ။ နွားရဲ့နို့အုံထဲမှာ သို့မဟုတ် နို့ညှစ်ကိရိယာတွေထဲမှာ ရှိနေတဲ့ အီကိုလိုင်းဘက်တီးရီးယားဟာ နို့အစိမ်းထဲကို ဝင်ရောက်နိုင်ပါတယ်။ပြန့်ပွားခြင်း။ ။ နွားမွေးမြူရေးခြံတွေက အခြားသော စိုက်ပျိုးရေးခြံတွေဆီ ပိုးတွေကို ပြန့်ပွားစေနိုင်ပါတယ်။ အချို့သော အသီးအရွက်တွေ ဥပမာ ဟင်းနုနွယ်နဲ့ ဆလပ်ရွက်တွေဟာ ဒီလိုကူးစက်ခြင်းကို အထူးသဖြင့်ခံရဆုံးပါပဲ။လူတွေနဲ့ တိရစ္ဆာန်တွေရ့ မစင်တွေဟာ မြေနဲ့ ရေတွေ၊ စမ်းချောင်း၊ မြစ်၊ ကန်ထဲက ရေတွေအပါအဝင် ကောက်ပဲသီးနှံတွေအတွက်ရေသွင်းစိုက်ပျိုးရာမှာ အသုံးပြုတဲ့ ရေတွေကိုပါ ညစ်ညမ်းပေါတယ်။ အများပြည်သူသုံးရေပေးဝေစနစ်မှာ ကလိုရင်းတွေ၊ ခရမ်းလွန်ရောင်ခြည်တွေ သို့မဟုတ် အိုဇုန်းတွေကို e.coli ပိုးတွေသတ်နိုင်ဖို့ အသုံးပြုသော်ငြား အချို့သော ချို့ယွင်းချက် အနည်းငယ်ကနေတစ်ဆင့် စည်ပင်ရေပေးဝေစနစ်ကို ကူးစက်သွားတာမျိုးတွေ ရှိနိုင်ပါတယ်။ကိုယ်ပိုင်ရေတွင်းတွေကလည်း ပိုပြီး စိတ်ပူစရာကောင်းတာက သူတို့မှာ ပိုးသတ်စနစ် လုံးဝမရှိလို့ပါပ။ ကျေးလက်ဒေသက ရေရင်းမြစ်တွေမှာ ကူးစက်နိုင်ချေပိုများပါတယ်။ အချို့သောသူတွေကတော့ ရေကူးကန် သို့မဟုတ် မစင်နဲ့ထိတွေ့ပြီး ဖြစ်တဲ့ ရေကန်တွေမှာ ရေကူးရင်းကနေ ကူးစက်ခံရနိုင်ပါတယ်။အီကိုလိုင်းပိုးကူးစက်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အသက်အရွယ်။ ။ ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေမှာ အီကိုလိုင်းပိုးကြောင့် နာမကျန်းဖြစ်နိုင်ချေ များပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်နိုင်ချေလ်း များပါတယ်။ခုခံအားနည်းခြင်း။ ။ ခုခံအားစနစ်အားနည်းခြင်း ဥပမာ AIDS ရောဂါရှိသူ သို့မဟုတ် ကင်ဆာရောဂါကို ကုသဖို့ ဆေးတွေ သုံးစွဲနေရသူ သို့မဟုတ် ကိုယ်တွင်းအင်္ဂါအစားထိုးခံထားရသူ စတဲ့သူတွေမှာ အီကိုလိုင်းပိုးကြောင့် နာမကျန်းဖြစ်နိုင်ချေ များပါတယ်။အချို့သော စားစရာများ။ ။ အန္တရာယ်များတဲ့ စားစရာတွေထဲမှာတော့ မကျက်သေးတဲ့ ဟမ်ဘာဂါတွေ၊ မကြိုရသေးတဲ့နို့တွေ၊ ပန်းသီးဖျော်ရည် သို့မဟုတ် ပန်းသီးရှာလကာနဲ့ နို့စိမ်းကနေလုပ်ထားတဲ့ ချိစ် စတာတွေပါဝင်ပါတယ်။ရာသီချိန်။အစာအိမ်အက်စစ်လယ်ဗယ်နိမ့်ခြင်း။ ။ အစာအိမ်အက်စစ်ဟာ အီကိုလိုင်းကို ကာကွယ်ပေးနိုင်မယ့် အကာအကွယ်တွေထုတ်ထားပါတယ်။ တကယ်လို့များ အစာအိမ်အက်စစ်လယ်ဗယ်ကို လျှော့ချတဲ့ဆေးတွေ သုံးခဲ့ရင် ဥပမာ esomeprazole (Nexium), pantoprazole (Protonix), lansoprazole (Prevacid)နဲ့ Omeprazole (Prilosec) စတဲ့ဆေးတွေကိုသုံးစွဲခဲ့ရင်တော့ အီကိုလိုင်းဝင်နိုင်ချေ များပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အီကိုလိုင်းပိုးကူးစက်ခံရခြင်းကြောင့်ဖြစ်တဲ့ နာမကျန်းမှုဟုတ်မဟုတ်ကို စစ်ဆေးဖို့ဆိုရင်တော့ မစင်နမူနာကို ဓါတ်ခွဲခန်းတွေမှာ စစ်ဆေးပြီး အီကိုလိုင်းဘက်တီးရီးယားရှိ၊ မရှိစစ်ဆေးရမှာပါ။ ဒီဘက်တီးရီးယားတွေကို ရောဂါကို အတည်ပြုဖို့နဲ့ ဘယ်လိုအဆိပ်မျိုးလဲ ဥပမာ E.Coli O157:H7 ကထုတ်ပေးတဲ့ အဆိပ်မျိုးလားစသဖြင့် စစ်ဆေးအတည်ပြုရပါတယ်။အီကိုလိုင်းကြောင့်ဖြစ်တဲ့ နာမကျန်းဖြစ်မှုတွေအတွက် ဒီပိုးကူးစက်မှုကို အလုံးစုံပျောက်ကင်းစေနိုင်တဲ့ ကုသမှုမျိုးကတော့ လက်ရှိအချိန်ထိမရှိသေးဘဲ လက္ခဏာတွေကို သက်သာစေဖို့နဲ့ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်နိုင်ဖို့သာ ရှိပါသေးတယ်။ လူအများစုအတွက် ကုသမှုနည်းလမ်းတွေကတော့ အနားယူခြင်း၊ ရေဓါတ်ဆုံးရှုံးခြင်းနဲ့ မောပန်းနွမ်းနယ်ခြင်းတို့ကို ကုသနိုင်ဖို့အတွက် အရည်များစတာတွေပါပဲ။ ဝမ်းပိတ်ဆေးတွေသောက်တာမျိုးကို ရှောင်ကြဉ်ပါ။ ဒီအရာက သင့်ရဲ့ အစာခြေစနစ်ကို နှေးကွေးသွားစေပြီး သင့်ခန္ဓါကိုယ်ကနေ အဆိပ်တွေကို ဖယ်ရှားခြင်းကိုလည်း ရပ်တန့်သွားစေပါလိမ့်မယ်။ ပဋိဇီဝဆေးတွေကိုလည်း ယေဘုယျအားဖြင့်တော့ ပေးလေ့မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအခြေအနေအတွက်ဆိုရင်တော့ ဒီဆေးတွေကို ပိုပြီးပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေကို ဦးတည်လာစေပါတယ်။တကယ်လို့ သင့်မှာ ပြင်းထန်တဲ့ အီကိုလိုင်းပိုးကူးစက်မှုဖြစ်နေပြီး ဒါက hemolytic uremic syndrome ကိုဖြစ်စေခဲ့ရင် သင့်ကိုဆေးရုံတင်ရမှာဖြစ်ပြီး လိုအပ်တဲ့ဆေးဝါးကုသမှုတွေခံယူရပါလိမ့်မယ်။ ဒီထဲမှာတော့ IV Fluid တွေ၊ သွေးသွင်းရတာတွေနဲ့ ကျောက်ကပ်ဆေးရတာတွေ ပါဝင်ပါလိမ့်မယ်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကအီကိုလိုင်းပိုးဝင်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အီကိုလိုင်းပိုဝင်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အရည်ကြည်။ ။ ရေ၊ ဆိုဒါအကြည်၊ ဟင်းရည်၊ Gelatin နဲ့ ဖျော်ရည် (Juices) တွေစတဲ့ အရည်ကြည်တွေကို များများသောက်ပေးပါ။ ပန်းသီးနဲ့ သစ်တော်သီးဖျော်ရည်တွေ၊ ကဖိန်းနဲ့ အရက်တွေကို ရှောင်ပါ။အစာကိုဖြည်းဖြည်းချင်းစားပါ။ ။ သင်နေလို့ကောင်းလာစမှာတော့ အမျှင်နည်းတဲ့အစာတွေကိုပဲ အရင်ဆုံးစားပါ။ ဆိုဒါခရက်ကာတွေ၊ ပေါင်မုန့်၊ ကြက်ဥ သို့မဟုတ် ထမင်းတို့ကို စားကြည့်ပါ။အချို့သော စားစရာတွေကို ရှောင်ပါ။ ။ နို့ထွက်ပစ္စည်းတွေ၊ အဆီများတဲ့စားစရာတွေ၊ အမျှင်ဓါတ်မြင့်မားစွာပါဝင်တဲ့ စားစရာတွေ သို့မဟုတ် အရသာပြင်းလွန်းတဲ့စကားစရာတွေက သင့်ရဲ့ ရောဂါလက္ခဏာတွေကို ပိုဆိုးစေပါတယ။်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-bacterial-infections/escherichia-coli-infection-escherichia-coli-%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%9d%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac/
အသားအရေကို သန့်စင်ထိန်းသိမ်းမယ်
အရေပြားတစ်ထောက်စာလို့ ဆိုပေမယ့် အသားအရေကို သန့်စင်ထိန်းသိမ်း ဖို့က အတော်လေး အရေးကြီးပါတယ်။ အရေပြားက ရုပ်ရည်သွင်ပြင်အပေါ် သက်ရောက်မှု ရှိသလို ကျန်းမာရေးအပေါ်ကိုလည်း သက်ရောက်မှု ကြီးပါတယ်။ဒီအရေပြားကျန်းမာဖို့က ထိုက်သင့်တဲ့ သန့်စင်ပေးမှု ထိန်းသိမ်းမှုတွေ လုပ်ဖို့ လိုပါမယ်။ ဒါမှအရေပြားပြဿနာကင်းပြီးကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။အရေပြားကို ပုံမှန်ရေချိုးပေးတာ၊ မျက်နှာသစ်ပေးတာက သန့်စင်ပေးတာပဲပေါ့လို့ ပြောစရာရှိပါတယ်။ ဒါက သန့်စင်ပေးတယ်ဆိုပေမယ့် သေချာရောသန့်စင်မိရဲ့လား။အရေပြားမျက်နှာကစလို့ ခန္ဓာကိုယ်တစ်ခုလုံးကို သန့်စင်ရာမှာ အသုံးပြုတဲ့ ဆပ်ပြာ၊ သန့်စင်တဲ့အရာတွေက အရေပြား အမျိုးအစားနဲ့ လိုက်ဖက်ဖို့ လိုပါမယ်။ ဒါမှ အသားအရေက ဝက်ခြံ၊ အသားအရောင်မညီတာစတဲ့ အရေပြားပြဿနာတွေအပြင် အသားခြောက်တာ၊အဆီပြန်တာတွေလည်း ကင်းမှာပါ။ဒါကြောင့် အသားအရေကို သန့်စင်မယ်ဆိုရင် အရင်ဆုံး ကိုယ့်အသားအရေအမျိုးအစားကို သိအောင် လုပ်ဖို့လိုပါမယ်။ အကောင်းဆုံးကတော့ ဆပ်ပြာနဲ့ ဓာတုပစ္စည်းတွ ပါဝင်မှုနည်းတာ၊ အရောင်နဲ့ အနံ့ပါဝင်မှုပျော့တာ စတာတွေကို ရွေးချယ်ရပါမယ်။ဝက်ခြံရှိသူတွေဆိုရင် ဝက်ခြံသမားတွေ သုံးဖို့ ထုတ်ထားတာမျိုး၊ အဆီပြန်တဲ့သူဆိုရင် အဆီပြန်တဲ့သူတွေအတွက် သီးသန့်ထုတ်ထားတာမျိုးကိုရွေးရပါမယ်။ အရေပြား သန့်စင်တဲ့ပစ္စည်းတွေကို အသားအရေအမျိုးအစားနဲ့ ကိုက်ညီအောင် ရွေးနိုင်မှ အရေပြားကျန်းမာပြီး လှပနေမှာပါ။အရေပြားကို သန့်စင်တဲ့အဆင့်ပြီးရင် ထိန်းသိမ်းဖို့လိုပါမယ်။ ပစ္စည်းတွေကို မပျက်စီးအောင် ထိန်းသိမ်းရသလို အရေပြား ( အသားအရေ)ကိုလည်း နေဒဏ်၊ လေဒဏ်၊ ညစ်ညမ်းမှုဒဏ်တွေကြောင့် မပျက်စီးအောင် ထိန်းသိမ်းဖို့ လိုပါမယ်။အရေပြားပေါ်မှာ ဆဲလ်သေတွေကို ပုံမှန် ဖယ်ရှားတာက လိုက်နာသင့်တဲ့ အသားအရေ ထိန်းသိမ်းနည်း တစ်ခုပါ။ ဒီလို ဆဲလ်သေတွေဖယ်ရှားလိုက်တာက အသားအရေကို အာဟာရတွေ ပြည့်ဝစွာ စုပ်ယူနိုင်စေဖို့ အားဖြည့်ပေးရာ ရောက်ပါတယ်။ ဒါကြောင့် တစ်ပတ်ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက်အထိ ပုံမှန် ဆဲလ်သေဖယ်ရှားပေးပါ။အသားအရေထိန်းသိမ်းတဲ့အခါ မေ့ထားလို့ မဖြစ်တဲ့ အဆင့်တစ်ခုရှိပါတယ်။ ဒါကတော့ အစိုဓာတ်ထိန်းခရင်မ် လိမ်းတာပါ။ ဒါမှ အသားအရေက လုံလောက်တဲ့ အစိုဓာတ်ရရှိပြီး အသားခြောက်တာမျိုး ကင်းမှာပါ။နေရောင်ခြည်က ဗီတာမင် D ကို ပေးစွမ်းပေမယ့်ခရမ်းလွန်ရောင်ခြည်ပါဝင်မှုကြောင့် အသားအရေကို ထိခိုက်နိုင်ပါသေးတယ်။နေရောင်ကို တိုက်ရိုက်ထိတွေ့မှုက အရေးအကြောင်းတွေ၊ အမည်းစက်တွေနဲ့ အရေပြားကင်ဆာအပါအဝင် အရေပြားပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်နေလောင်ကာခရင်မ်လူးပေးဖို့ မမေ့ပါနဲ့။ အပြင်သွားတိုင်း အင်္ကျီလက်ရှည်ဝတ်တာ၊ ထီးဆောင်းတာမျိုးလုပ်ပေးပါ။ရေအကြာကြီးချိုးတာက အရေပြားပေါ်က အဆီတွေကို မလိုအပ်ဘဲ ဖယ်ရှားသလိုဖြစ်တာကြောင့်အရေပြားခြောက်သွေ့တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ရေကို အချိန်အကြာကြီးချိုးတာ၊ ရေနွေးနဲ့ ရေချိုးတာတွေကို မလုပ်သင့်ပါဘူး။ဆပ်ပြာအပြင်းစားတွေ အသုံးပြုတာက အသားအရေကို ခြောက်သွေ့ထိခိုက်နိုင်ခြေများစေပါတယ်။ ဒါကြောင့် အသားအရေအတွက် ဆပ်ပြာသုံးမယ်ဆိုရင် အရမ်းပြင်းတာ၊ အနံ့ပြင်းတာနဲ့ အရောင်တောက်တာမျိုးကို မရွေးပါနဲ့။အစိုဓာတ်ထိန်းပါ။အရေပြားကို အစိုဓာတ်ထိန်းတာကလည်း ကျန်းမာရေးကောင်းအောင်လုပ်ပေးတဲ့ နည်းလမ်းတွေထဲကတစ်ခုပါ။ ဒါကြောင့် အရေပြားကို အစိုဓာတ်ထိန်းပေးတဲ့ ခရင်မ်တစ်ခုခုလူးဖို့ မမေ့ပါနဲ့။ကျန်းမာရေးနဲ့ညီညွတ်အောင်စားပေးပါ။အသားအရေကျန်းမာစေဖို့အတွက်သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေစားပေးပါ။ အဆီပါဝင်မှုနည်းတဲ့အသားတွေစားပေးပါ။ အဆီပါဝင်မှုများတဲ့ ပင်လယ်ငါးတွေစားပေးပါ။အသားအရေ ကျန်းမာဖို့ လိုအပ်တဲ့ အရေးပါတဲ့ ဓာတ်တစ်ခုက ရေဓာတ်ပါ။ ဒါကြောင့် အသားအရေ ကျန်းမာစေဖို့ဆိုရင် နေ့စဉ် ရေဓာတ် ပြည့်ဝဖို့ လိုပါမယ်။ ဒါကြောင့် တစ်နေ့ကို ရေ ၈ ခွက် အနည်းဆုံး သောက်သုံးပါ။အသာအးရေထိန်းသိမ်းဖို့အတွက်လည်း အသက်ရှူလေ့ကျင့်ခန်းကစလို့ လေ့ကျင့်ခန်း ပေါ့ပေါ့ပါးပါးလေးတွေကို လုပ်ပေးဖိုပ လိုပါမယ်။ ဒါမှ သွေးစီးဆင်းမှုကောင်းပြီး အသားအရေလေး တင်းရင်းလို့ ကြည်လင်လှပနေမှာပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/skin-care-cleansing/