title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
ပန်းနာရင်ကျပ် (Asthma) အကြောင်း ဘာတွေသိထားဖို့လိုအပ်မလဲ
ပန်းနာရင်ကျပ် (Asthma) အကြောင်း ဘာတွေသိထားဖို့လိုအပ်မလဲ ဆိုတာကို သိချင်နေပြီလား! ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ပန်းနာရင်ကျပ်ဆိုတာကလေပြွန်ကျဉ်းမြောင်း၊ရောင်ရမ်းပြီးချွဲသလိပ်တွေအများကြီးဖြစ်နေတဲ့ အခြေအနေတစ်ရပ်ပါ။ ဒီအခြေအနေက အသက်ရှုရခက်စေပြီးချောင်းဆိုးတာ၊ အသက်ရှုပြတ်တောင်းပြတ်တောင်းဖြစ်တာ နဲ့ အသက်ရှုတဲ့အခါ တရွှီရွှီမြည်တာမျိုးတွေဖြစ်နိုင်ပါတယ်။ပန်းနာရင်ကျပ်ရောဂါက အချို့သူတွေအတွက်တော့ အသေးစားကျန်းမာရေးပြဿနာလို့ ဆိုနိုင်ပေမယ့် အချို့သူတွေအတွက်ကတော့နေ့စဉ်လုပ်ဆောင်မှုတွေကိုပါထိခိုက်တဲ့အထိဖြစ်စေနိုင်သလို အသက်အန္တရာယ်ကိုပါဖြစ်စေနိုင်ပါတယ်။ပန်းနာရင်ကျပ်ရောဂါကို အမြစ်ပြတ်ပျောက်ကင်းသွားအောင် မကုသနိုင်ပေမယ့်ရောဂါလက္ခဏာတွေကိုတော့ ထိန်းချုပ်လို့ရပါတယ်။ ပန်းနာရင်ကျပ်ရောဂါရဲ့ လက္ခဏာတွေဖြစ်ပေါ်ပုံက တစ်ချိန်နဲ့တစ်ချိန်မတူနိုင်ပါဘူး။ ဒါကြောင့် ဆရာဝန်နဲ့ပြသပြီး သင့်တော်တဲ့ကုသမှုကိုခံယူနိုင်ဖို့ကအရေးကြီးပါတယ်။သေချာဂရုစိုက်နေထိုင်မယ်ဆိုရင် ပန်းနာရင်ကျပ်ဝေဒနာသည်တွေကလည်း သာမန်လူတွေလိုပဲ ကျန်းကျန်းမာမာနေထိုင်မှာပါ။ပန်းနာရင်ကျပ် (Asthma) အကြောင်း ဘာတွေသိထားဖို့လိုအပ်မလဲ ဆိုတာကို ဆက်ကြည့်လိုက် ပါဦးနော်။ပန်းနာရင်ကျပ်ဝေဒနာရဲ့ လက္ခဏာတွေက။ပန်းနာရင်ကျပ်ရောဂါ လက္ခဏာတွေက လူတစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူး။ ဒါပေမယ့် ပန်းနာရင်ကျပ်ဝေဒနာခံစားနေရသူတွေမှာ အခုလိုလက္ခဏာတွေကတော့ပြသနိုင်ပါတယ်။ပန်းနာရင်ကျပ် အမျိုးအစားတွေက။ပန်းနာရင်ကျပ်ဝေဒနာရှိကြတာချင်းတူပေမယ့်ရောဂါကို စတင်ဖြစ်ပေါ်စေတဲ့ အခြေအနေချင်းတော့မတူပါဘူး။Exercise-induced asthma(လေ့ကျင့်ခန်းကြောင့်ဖြစ်သော ပန်းနာရင်ကျပ်ရောဂါ) – ပတ်ဝန်းကျင်လေထုကအေးမြခြောက်သွေ့တဲ့အခါ ပိုဆိုးနိုင်ပါတယ်။Occupational asthma ( လုပ်ငန်းခွင်အခြေအနေကြောင့်ဖြစ်သောပန်းနာရင်ကျပ်ရောဂါ)- အလုပ်ခွင်မှာနေ့စဉ်ထိတွေ့နေရတဲ့ ဓါတ်မတည့်မှုဖြစ်စေတဲ့ ပစ္စည်းတွေ၊ အနံ့တွေ၊ သန့်ရှင်းရေးသုံးပစ္စည်းတွေ၊ဖုန်မှုန့်တွေနဲ့ထိတွေ့မှုကြောင့်ဖြစ်နိုင်ပါတယ်။Allergy-induced asthma (ဓါတ်မတည့်တဲ့အရာတွေကြာင့်ဖြစ်တဲ့ ပန်းနာရင်ကျပ်ရောဂါ) –လေထုထဲမှာပါလာတဲ့ ဓါတ်မတည့်တဲ့ပစ္စည်းတွေ –ဝတ်မှုန်၊ ဖုန်မှုန့်တွေ နဲ့တိရစ္ဆာန်အမွှေးတွေနဲ့ ထိတွေ့မှုကနေတဆင့် ပန်းနာရင်ကျပ်ရောဂါဖြစ်နိုင်ပါတယ်။ပန်းနာရင်ကျပ်ရှိရင်ဆောင်ရရှောင်ရမယ့် အစားအစာတွေက။အစာလည်းဆေး၊ဆေးလည်းအစာဆိုတဲ့စကားအတိုင်း ပန်းနာရင်ကျင်ရောဂါရှိသူတွေအနေနဲ့အစားအသောက်ကို ဂရုတစိုက် စားသုံးမယ်ဆိုရင်လည်းရောဂါဝေဒနာကနေ သက်သာမှာ အသေအချာပါ။စားသုံးပေးသင့်တဲ့ အစားအစာတွေက –။ပန်းနာရင်ကျပ်ရှိရင်ဒါတွေကိုရှောင်ပါ။ကြော်ထားတဲ့အစားအစာတွေ၊ အဆီများတဲ့အစားအစာ။ အချိုကဲတဲ့အစားအစာ၊အသင့်စားအစာအစာတွေ၊ပြုပြင်ထားတဲ့ အသားတွေ၊ တာရှည်ခံဆေးတွေ၊ မှိုသတ်ဆေး နဲ့ ဓါတုဗေဒဆိုးဆေးပါဝင်နေတဲ့ အစားအစာတွေ၊ စားအုန်းဆီပါဝင်ပြုလုပ်ထားတဲ့ အစားအစာတွေကိုတော့ မစားဖို့ပြောပါရစေ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/asthma-respiratory-health/what-is-asthma/
ဒဏ်ရာပေါ် ရေခဲအိတ်ကပ်သင့်သလား ရေနွေးအိတ်ကပ်သင့်သလား
ထိခိုက်ဒဏ်ရာတစ်ခုခုဖြစ်လာပြီဆိုရင်စောင့်ရှောက်ကုသမှုမှန်ကန်ဖို့တော်တော်လေးအရေးပါပါတယ်။ ဒဏ်ရာကိုသေချာဂရုစိုက်မှနောက်ဆက်တွဲပြဿနာတွေရန်ကနေ ကင်းဝေးမှာပါ။ ဒဏ်ရာအနာတရဖြစ်ကြတဲ့အခါရေခဲကပ်တာရှိသလိုရေနွေးအိတ်ကပ်တာလည်းရှိကြပါတယ်။ အခုဆောင်းပါးလေးထဲမှာရေခဲကပ်တာနဲ့ရေနွေးအိတ်ကပ်တာတို့ရဲ့ အနာအပေါ် သက်ရောက်ပုံလေးတွေကို မျှဝေပေးပါရစေ။ရေခဲကပ်တာနဲ့ရေနွေးအိတ်ကပ်တာကို သီးခြားစီအသုံးပြုလို့ရပါတယ်။ အတူတူတွဲဖက်ပြီးတော့ သုံးတာမျိုးတော့ အားမပေးပါဘူး။ ဒီနည်းလမ်း ၂ ခုစလုံးကအနာကျက်ဖြစ်စဉ်ကို တိုးတက်စေတာတော့ အမှန်ပါပဲ။ တစ်မျိုးချင်းစီက အာနိသင်တွေရှိကြပေမယ့် အကျိုးသက်ရောက်ပုံချင်းတော့မတူနိုင်ပါဘူး။ ပုံမှန်အားဖြင့်ကတော့ရေခဲကပ်တာက အနာစစဖြစ်ချင်းမှာ အနာသက်သာစေဖို့နဲ့သွေးတိတ်စေဖို့အတွက် အသုံးပြုတာပါ။ရေနွေးအိတ်ကပ်တာကိုတော့ အနာဖြစ်ပြီးတော်တော်ကြာတဲ့အချိန်နဲ့ နောက်ထပ်တစ်ကြိမ် အနာပြန်ပေါ်လာတဲ့အချိန်မှာမှ အသုံးပြုကြတာပါ။ရေခဲကပ်တာက အနာကိုသွေးတိတ်စေနိုင်ပြီးနာကျင်မှုကို သက်သာစေနိုင်ပါတယ်။ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပြီး အနာကိုမြန်မြန်ကျက်စေနိုင်ပါတယ်။ရေခဲကပ်တာကို အနာစစဖြစ်ခြင်းမှာ ချက်ချင်းအသုံးပြုတာက အကောင်းဆုံးပါ။ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာအတွက် အကောင်းဆုံးသောရေခဲကုထုံး။ထိခိုက်ဒဏ်ရာကပြင်းထန်တဲ့အခါရေခဲကို အသုံးပြုတာအကောင်းဆုံးပါ။ အသေးစားထိခိုက်ဒဏ်ရာကနေစလို့ ကြီးကြီးမားမားထိခိုက်မိတာတွေကအထိသွေးကတော့ထွက်စမြဲပါ။သွေးထွက်တဲ့အခါသွေးတိတ်အောင်လုပ်ဖို့ အကောင်းဆုံးကရေခဲကပ်ပေးတာပါ။ရေခဲက ထိခိုက်မိတာကြောင့်ဖြစ်တဲ့ရောင်ရမ်းမှုကိုလည်း နာရီပိုင်းအတွင်း သက်သာစေနိုင်ပါတယ်။နောက်တစ်ခုကရေခဲကို ထိခိုက်ဒဏ်ရာတွေတင်မဟုတ်ဘဲ နာတာရှည်ရောင်ရမ်းနာကျင်မှုဝေဒနာတွေအတွက်ပါ အသုံးပြုလို့ရတာပါ။ အားကစားလုပ်ရင်းဖြစ်သွားတဲ့ထိခိုက်နာကျင်မှုတွေအတွက်လည်းရေခဲကပ်တာက အသင့်တော်ဆုံးပါ။ရေခဲကပ်တဲ့အခါဘေးကင်းကင်းနဲ့အသုံးပြုနိုင်မယ့် နည်းလမ်းတွေက။ရေနွေးနဲ့ထိတွေ့တဲ့အခါ ခန္ဓါကိုယ်ကသွေးကြောတွေပွင့်လာပြီးသွေးစီးဆင်းမှုပိုမိုကောင်းမွန်စေနိုင်ပါတယ်။သွေးစီးဆင်းမှုပိုမိုကောင်းမွန်လာတဲ့အခါသွေးတွင်းမှာအောက်ဆီဂျင်ပမာဏများလာပြီး ထိခိုက်ဒဏ်ရာတဝိုက်ကိုအောက်ဆီဂျင်နဲ့လိုအပ်တဲ့အာဟာရဓါတ်တွေရောက်ရှိစေနိုင်ပါတယ်။ကြွက်သားနဲ့တစ်ရှုးတွေအတွက် အကောင်းဆုံးသောနည်းလမ်းရေနွေးအိတ်ကပ်ခြင်း။ရေနွေးအိတ်ကပ်တာက အဆစ်တွေနာကျင်တာကို သက်သာစေနိုင်ပါတယ်။ ကြွက်သားတွေ၊အရွတ်နဲ့အကြောတွေနာကျင်ရောင်ရမ်းတာကိုလည်း သက်သာစေနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာတွေနာကျင်တာကိုလည်းလျော့ပါးသက်သာစေနိုင်ပါတယ်။ရေနွေးအိတ်ကပ်ပေးတာက ကြွက်သားကိုပြေလျော့စေသလို ခန္ဓါကိုယ်က တစ်ရှုးတွေကိုလည်း ထိခိုက်မှုတွေကနေပြန်လည်ကျန်းမာလာစေနိုင်ပါတယ်။အပူဓါတ်ကသွေးစီးဆင်းမှုကိုကောင်းမွန်စေနိုင်တာကြောင့် ထိခိုက်ဒဏ်ရာတဝိုက်ကို သွေးစီးဆင်းရောက်ရှိစေပြီး အနာကျက်မြန်စေနိုင်ပါတယ်။ နာတာရှည်ထိခိုက်ဒဏ်ရာတွေအတွက်လည်းရေနွေးအိတ်ကပ်ပေးလို့ရပါတယ်။ရေနွေးအိတ်ကပ်တဲ့အခါဘေးကင်းကင်းနဲ့အသုံးပြုနိုင်မယ့်နည်းလမ်းတွေက။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%b1%e1%80%9b%e1%80%81%e1%80%b2%e1%80%9d%e1%80%90%e1%80%b9%e1%80%80%e1%80%95%e1%80%b9%e1%80%90%e1%80%ac%e1%80%94%e1%80%b2%e1%82%94%e1%80%b1%e1%80%9b%e1%80%b1%e1%80%94%e1%80%bc%e1%80%b8%e1%80%a1/
တကယ်ဆေးလိပ်ဖြတ်နိုင်အောင် ကူညီပေးမယ့် လမ်းညွှန်ချက် ၁၀ ချက်
ဆေးလိပ်သောက်တယ်ဆိုတာက မကောင်းတဲ့ ကိစ္စတစ်ခုပါ။ ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေသလို ကိုယ့်ရဲ့ ဆေးလိပ်ငွေ့ကြောင့်လည်း သူတစ်ပါးကိုပါ ထိခိုက်စေနိုင်ပါတယ်။ကမ္ဘာတစ်ဝှမ်းမှာ ဆေးလိပ်သောက်သုံးသူ သန်း ၁၀၀၀ နီးပါးရှိနေပြီးတော့ တစ်နှစ်ကို လူ ၈ သန်းလောက်က ဆေးလိပ်ကြောင့် သေဆုံးနေကြတာပါ။ ဝမ်းနည်းစရာကောင်းတာက အဲ့ဒီထဲက ၁ ဒဿမ ၂ သန်းလောက်က ဆေးလိပ်မသောက်သုံးတဲ့လူတွေဖြစ်နေတာပါပဲ။ကိုယ့်ကိုရော ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုရော ထိခိုက်မှာကို မလိုလားတဲ့ လူတစ်ချို့က ဆေးလိပ်ဖြတ်ဖို့ ကြိုးစားကြပါတယ်။တကယ်တော့ဆေးလိပ်ဖြတ်တယ်ဆိုတာက လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ခက်ခဲသလို လူတိုင်းလည်း မအောင်မြင်တတ်ကြပါဘူး။ ဒါကြောင့် လမ်းတစ်ဝက်မှာတင် လက်လျှော့သွားကြရသူ အမြောက်အများရှိခဲ့ပါတယ်။ကိုယ်တိုင်ကလည်း ဆေးလိပ်ဖြတ်ချင်တဲ့ စိတ်ဆန္ဒရှိပြီး လမ်းတစ်ဝက်မှာမအောင်မမြင်ဖြစ်သွားမှာလည်း စိုးရိမ်နေသူတွေအတွက် အမေရိကန်က အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာန (NHS) ရဲ့ လမ်းညွှန်ချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ဒီနည်းလမ်းတွေက ဆေးလိပ်ဖြတ်နေသူတွေအတွက် ထိရောက်ပြီး အကျိုးရှိစေအောင် ကူညီနိုင်မယ့် နည်းလမ်းတွေဖြစ်ပါတယ်။ဆေးလိပ်သောက်သုံးတာက ကျန်းမာရးဆိုင်ရာ ဆိုးကျိုးတွေများပြားလှပါတယ်။ ဒါကို သိနားလည်သွားသူတွေက ဆေးလိပ်ဖြတ်ဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါပေမယ့် ဆေးလိပ်သောက်ဖို့ ကြိုးပမ်းသူတိုင်း အောင်မြင်ကြတာတော့ မဟုတ်ပါဘူး။ဆေးလိပ်ကို အောင်အောင်မြင်မြင်ဖြတ်နိုင်ဖို့ဆိုရင် ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားချမှတ်ပြီး တိတိကျကျလုပ်ဆောင်ဖို့က အရေးကြီးပါတယ်။ ဆေးလိပ်ဆက်သောက်ရင် ဘယ်လို ဆိုးကျိုးတွေ ကြုံရလာမယ်ဆိုတာကို သိနားလည်ထားပါစေ။ဥပမာ ဆေးလိပ်နဲ့ အရက်တွဲသောက်ရင် သာမာန်လူတစ်ယောက်ထက်ခံတွင်းကင်ဆာဖြစ်နိုင်ခြေ ၃၈ % ပိုများတယ်ဆိုတာမျိုးပေါ့။ ဒါကြောင့် သင်ဆေးလိပ်သောက်ဖြစ်နေတယ်ဆိုရင် ခပ်မြန်မြန်သာဖြတ်လိုက်ပါတော့။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/10-self-help-tips-to-stop-smoking/
Mask တွေ လက်အိတ်တွေကို စွန့်ပစ်မယ်ဆိုရင်
COVID-19ကာလမှာ လူတော်တော်များများက Mask တွေ တပ်လာကြပါပြီ။ တစ်ခါသုံးmaskတွေရော၊ အဝတ်maskတွေရော စုံလို့ပါပဲ။ ဒီကြားထဲမှာ တစ်ခါသုံး လက်အိတ်စွပ်တဲ့သူတွေကိုလည်း တွေ့ရပါသေးတယ်။ ကိုယ့်ကိုယ်ကိုကာကွယ်တာမို့လို့ ပြောစရာမရှိပေမယ့် သုံးပြီးတဲ့ ပစ္စည်းတွေကို စွန့်ပစ်တဲ့နေရာမှာတော့ ပြောစရာရှိပါတယ်။အရင်ကအမှိုက်တွေကို စည်းမဲ့ကမ်းမဲ့ ပစ်ရင်ပတ်ဝန်းကျင်ညစ်ညမ်းတယ်ဆိုရုံလောက်ပဲ ဆိုပေမယ့် ခုလို maskတွေ လက်အိတ်တွေကို စနစ်တကျ မစွန့်ပစ်ဘူး ဆိုရင် အန္တရာယ်ရှိပါတယ်။ ဘယ်လိုအန္တရာယ်တွေလဲဆိုတာ ဆက်ကြည့်ရအောင်။Maskတွေကို သုံးပြီးရင် စနစ်တကျ ချွတ်တတ်၊ စွန့်ပစ်တတ်ရပါမယ်။ Maskတွေကို မချွတ်ခင်နဲ့ ချွတ်အပြီးမှာလက်ဆေးရပါမယ်။ ဒါမှ လက်ကရောဂါပိုးတွေ မျက်နှာကို မရောက်မှာပါ။နောက်ပြီး Maskကို လွှင့်ပစ်မယ်ဆိုရင် သေချာ အိတ်ထဲထည့် ပြီးမှ အမှိုက်ပုံးထဲကို ထည့်တာကောင်းပါတယ်။ Mount Elizabeth Novena Specialist Centre က ကူးစက်ရောဂါ ပညာရှင် Leong Hoe Namက maskကို မချွတ်ခင်မှာ လက်ဆေးပါ။ ပြီးရင် ချွတ်ပါ။ အတွင်းဘက်ကို ခေါက်ပါ။ ထပ်ပိုင်း ထပ်ခေါက်ပါ။ ပြီးရင် ဘေးက ကြိုးနဲ့ ပတ်ပါ။ အပြင်ကနေ တစ်ရှူးနဲ့ လိပ်ပြီး အမှိုက်ပုံးထဲကို သေချာထည့်ပါလို့ အသေးစိတ် ပြောပြထားပါတယ်။Mask တွေကို ဒီတိုင်း လမ်းမှာ လွှင့်ပစ်ထားတာက ရောဂါပိုးကူးစက်ဖို့ အခွင့်အလမ်းများပါတယ်။ ဒီmaskတွေမှာ သူများဆီက အညစ်အကြေးတွေရော၊ ကိုယ့်ဆီက ထွက်တဲ့ အမှုန်အမွှားတွေရော အများကြီး ကပ်နေနိုင်ပါတယ်။ ပြီးတော့ကိုရိုနာဗိုင်းရပ်စ်က maskတွေမှာ ရက်ပိုင်းလောက်အထိ ရှိနေနိုင်ပါတယ်။ ဒါကြောင့် ဒီလို စည်းကမ်းမဲ့ ပစ်ထားတဲ့ maskတွေကနေ ပိုးကူးနိုင်တယ်လို့ ပြောရတာပါ။ဘယ်သူက ပြောလိုက်လည်း မသိပေမယ့် တော်တော်များများကတော့ အပြင်ထွက်တဲ့အခါ လက်အိတ်တွေ ဝတ်တာ တွေ့လာရပါတယ်။တကယ်တော့လက်အိတ်တွေက ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်တယ်လို့ အထောက်အထား မရှိပါဘူး။ သာမန်လူတွေအနေနဲ့ကတော့ အပြင်သွားလာရာမှာ လက်အိတ်မဝတ်လည်း ရပါတယ်။ ဒီအစား လက်ကိုသာ မကြာမကြာဆေးပေးပါ။Alabama Department of Public Healthက ဆရာဝန် Dr. Karen Landersကတော့ သာမန်လူတွေအတွက် လက်အိတ်ဝတ်ဖို့ မလိုပါဘူး။ ဒါက သူတို့ကို လုံခြုံတယ်လို့ ခံစားစေရလို့သာ ဝတ်ကြတာပါ။ လက်အိတ်က နည်းမှန်လမ်းမှန် မချွတ်တတ်ရင်၊ သေချာမစွန့်ပစ်တတ်ရင် ရောဂါပိုးကူးဖို့ အခွင့်အရေး ပိုတောင်များပါသေးတယ်။ ခုနက maskတွေလိုပဲ ဗိုင်းရပ်စ်က လက်အိတ်မှာ ရက်ပိုင်းလောက်ထိ ရှိနေနိုင်တဲ့အတွက် စည်းကမ်းမဲ့ စွန့်ပစ်တာက အန္တရာယ်များပါတယ်။Maskတွေ လက်အိတ်တွေဆိုတာ ပလတ်စတစ်တွေ၊ ရော်ဘာတွေနဲ့ လုပ်ထားတာပါ။ တချို့ဆိုရင် ဖျက်ဆီးဖို့ ခက်တဲ့ပလတ်စတစ်အမျိုးအစားတွေ ဖြစ်ပါတယ်။ ဒါတွေက ရေထဲကို ရောက်သွားရင် ရေနေသတ္တဝါတွေကို ဒုက္ခပေးမယ်။ ငှက်တွေ တခြားတိရိစ္ဆာန်တွေ မတော်တဆ စားမိရင် ဒုက္ခရောက်မယ်။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမယ် စတဲ့ ပြသနာတွေ ဖြစ်လာနိုင်ပါတယ်။ဒါကြောင့် အကြံပေးချင်တာက ဒီလိုကာလမှာ Maskတပ်တာကို အားပေးပါတယ်။ တပ်ပါ။ ဒါဟာ ကိုယ့်ကိုယ်ကိုရော သူများကိုပါ ရောဂါမကူးအောင် ကာကွယ်တာပါ။ ပြီးရင်လည်း စနစ်တကျ စွန့်ပစ်ပါ။ ဒါမှ သူများကို ရောဂါမကူးမှာပါ။လက်အိတ်စွပ်တာကိုတော့ သိပ်အားမပေးပါဘူး။ လက်အိတ်ကို ချွတ်တဲ့နေရာမှာ မချွတ်တတ်ရင် လက်အိတ်ကပိုးတွေ လက်ကို ရောက်ပြီး ကူးစက်နိုင်ပါတယ်။လက်ဆေးဖို့ကိုသာ အကြံပြုလိုပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/mask-%e1%80%90%e1%80%bd%e1%80%b1-%e1%80%9c%e1%80%80%e1%80%ba%e1%80%a1%e1%80%ad%e1%80%90%e1%80%ba%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af-%e1%80%85%e1%80%bd%e1%80%94%e1%80%ba%e1%80%b7/
ဆေးလိပ်သောက်တဲ့အခါမှာ ပျက်စီးလာမယ့် ခန္ဓါကိုယ် အစိတ်အပိုင်းများ
ဆေးလိပ်သောက်သုံးခြင်းဟာ သင့်ကျန်းမာရေးကို ဆိုးဆိုးရွားရွားပျက်စီးစေနိုင်တဲ့ လုပ်ဆောင်ချက်တစ်မျိုးပါ။အမေရိကန်နိုင်ငံမှာဆိုရင် ဆေးလိပ်သောက်သူတစ်ဦးဟာ မသောက်သူတစ်ဦးထက်သေဆုံးနိုင်ခြေ ၃ ဆအထိ မြင့်မားပါတယ်။ ဆေးလိပ်သောက်လို့ ဖြစ်လာတဲ့ကျန်းမာရေး အကျိုးဆက်တွေက ချက်ခြင်း ဖြစ်လာမှာတော့ မဟုတ်ပေမဲ့ နှစ်ပေါင်းများစွာအထိ ခန္ဓါကိုယ်ထဲမှာ ရှိနေတတ်ပါတယ်။ သတင်းကောင်းတစ်ခုကတော့ ဆေးလိပ်ဖြတ်တဲ့အခါ ဒီအကျိုးဆက်တွေအားလုံးကို ပြန်လျော့သွားတာပါပဲ။ ဒါ့ကြောင့် သင့်အနေနဲ့ ဒီကျန်းမာရေးဆိုးကျိုးတွေကို ကောင်းကောင်းနားလည်ထားပြီး ကိုယ်ယူနေတဲ့ Risk ကို ကောင်းကောင်းသိထားဖို့လိုပါတယ်။ဆေးလိပ်ကို ဘေးကင်းကင်းနဲ့ သောက်သုံးလို့ရတဲ့ နည်းမရှိပါဘူး။ စီးကရက်ပဲ သောက်သောက်၊ ဆေးပြင်းလိပ်ပဲသောက်သောက်၊ ရေကို အလွှာတစ်ခုအနေနဲ့ ခံပြီး သောက်ရတဲ့ ဆေးလိပ်ကိုပဲ သောက်သောက် သင့်ကို ဆေးလိပ်သောက်ခြင်းကဖြစ်တဲ့ ကျန်းမာရေး အန္တရာယ်တွေ ကနေ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဘယ်လို ဆေးလိပ်ကိုပဲ သောက်သောက် ဆေးရွက်ကြီးဟာ သင့်ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ အရာမျိုးပါ။ ဆေးရွက်ကြီးထွက်ကုန်တွေဖြစ်တဲ့ နီကိုတင်း၊ ကတ္တရာ နဲ့ ကာဗွန်မိုနောက်ဆိုဒ်နဲ့ Acetone လို စီးကရက်ထဲမှာ တွေ့ရတဲ့ ဓါတုပစ္စည်းက စလို့ ကျန်းမာရေး အန္တရာယ် မရှိဘူးဆိုတဲ့ အရာတစ်ခုမှ မရှိပါဘူး။ စီးကရက်မှာ ပါဝင်ပစ္စည်း ၆၀၀ ကျော်ပါပြီး ဒီပါဝင်ပစ္စည်းတွေ လောင်ကျွမ်းသွားတာနဲ့ ဓါတုပစ္စည်း ၇၀၀၀ ထောင်ကျော်ခန့် ထွက်ရှိလာပါတော့တယ်။ဒီ ဓါတုပစ္စည်း ၇၀၀၀ ကျော်ထဲမှာ အများစုက အဆိပ်ရှိပြီး ၆၉ ခုခန့်က ကင်ဆာ ဖြစ်ပွားခြင်းနဲ့ ဆက်နွယ်နေပါတယ်။ ဒီလို သင်ရူသွင်းလိုက်တဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းတွေဟာ သင့်ရဲ့ အဆုတ်တစ်ခုတည်းကို ထိခိုက်နိုင်တာ မဟုတ်ဘဲ ကျန် ခန္ဓါကိုယ် အစိတ်အပိုင်းတွေကိုပါ သက်ရောက်နိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့အခါ ဖြစ်ပွားတဲ့ တစ်ချို့သော ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကတော့ နှစ်ပေါင်းများစွာ ကြာမှ ဖြစ်တတ်နိုင်သလို တစ်ချို့သော လက္ခဏာတွေကျတော့ ချက်ခြင်း ခန္ဓါကိုယ် အပေါ် သက်ရောက်နိုင်ပါတယ်။ အခုဒီဆောင်းပါးထဲမှာတော့ ဆေးလိပ်သောက်ခြင်းကြောင့် ပျက်စီးလာနိုင်တဲ့ ခန္ဓါကိုယ် အစိတ်အပိုင်းတွေကိုဖော်ပြသွားမှာပါ။၁။ အဆစ်အမြစ်များ။အဆစ်အမြစ်ရောင်ရမ်း ကိုက်ခဲတဲ့ ရောဂါ Rheumatoid arthritis (RA) ဆိုတာ ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်က အဆစ်အမြစ်တွေကို မှားယွင်းစွာတိုက်ခိုက်တဲ့ ရောဂါ ဖြစ်ပါတယ်။ ဒီရောဂါဖြစ်နေတဲ့ လူတစ်ယောက်ရဲ့ အဆစ်အမြစ်တွေဟာ နာကျင်ပြီး အားနည်းလာတတ်ပါတယ်။ RA နဲ့ပတ်သတ်ပြီး လေ့လာချက်တွေ အများအပြားလုပ်ခဲ့ကြပေမဲ့ ဖြစ်ပွားရတဲ့ အကြောင်းရင်းရဲ့ အဓိက အချက်ကိုတော့ အခုချိန်ထိ တိတိကျကျ မသိသေးပါဘူး။ လေ့လာချက်တွေအရ ဆိုရမယ်ဆိုရင်တော့ RA ဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းထဲမှာ ဆေးလိပ်သောက်ခြင်းက အဓိကအကြောင်းရင်းတစ်ခုအဖြစ်ပါဝင်ပြီး ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်သူများဟာ သာမန်လူတွေထက်ပိုပြီး အဆစ်အမြစ်ရောင်ရမ်း ကိုက်ခဲတဲ့ ရောဂါဖြစ်တဲ့ rheumatoid arthritis (RA) ရနိုင်ခြေပိုများပါတယ်။ ဒါ့အပြင်ပိုဆိုးတာက ဆေးလိပ်သောက်တဲ့ လူတွေမှာ အဆစ်အမြစ်ရောင်ရမ်း ကိုက်ခဲတဲ့ ရောဂါဖြစ်တဲ့ rheumatoid arthritis (RA) ကိုက်ခဲဆေးတွေက အာနိသင်ကောင်းကောင်းမပြနိုင်ပါဘူး။၂။ အရေပြား။ဆေးလိပ်သောက်ခြင်းဟာ အရေပြားနဲ့ အသက်အရွယ်ကြီးရင့်တဲ့ ဖြစ်စဉ်ကို ပိုမြန်လာစေနိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့ အသက် ၄၀ အရွယ်လူတစ်ယောက်ရဲ့ အရေပြားဟာ။မသောက်တဲ့ အသက် ၇၀ အရွယ်လူတစ်ယောက်ရဲ့ အရေပြားနဲ့ ပုံစံတူပါတယ်။ ဆေးလိပ်သောက်မယ်ဆိုရင် အရေပြားရှုံ့တွလာတာတွေကို တွေ့လာရမှာ ဖြစ်ပြီး ဒီအရေပြားထိခိုက်မှုတွေက ပြန်မကောင်းလာနိုင်တော့ပါဘူး။ ဒါ့အပြင် ဆေးလိပ်သောက်တာ ကြာလာတာနဲ့ အမျှ အရေပြားရောဂါတွေ ဖြစ်လာနိုင်ပြီး အဆိုးဆုံးအနေနဲ့ အရေပြားကင်ဆာအထိ ဖြစ်နိုင်ပါတယ်။၃။ မျက်စိ။ဆေးလိပ်သောက်ခြင်းဟာ Macular Degeneration ဆိုတဲ့ မျက်လုံးရောဂါ ရနိုင်ခြေကို ၂ ဆ အထိမြင့်မားစေနိုင်ပါတယ်။ Macular Degeneration ဆိုတဲ့ရောဂါဟာ လက်ရှိအချိန်မှာ ကုသလို့ မရတဲ့ မျက်လုံးရောဂါတစ်မျိုးပါ။ Macular Degeneration ဆိုတာ မျက်စိအာရုံခံလွှာ (retina) ပျက်စီးခြင်းကြောင့် ဖြစ်ရတာ ဖြစ်ပြီး retina ဟာ မျက်လုံးအတွင်းက ပုံရိပ်တွေကို မှတ်သားထားတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီးမျက်စိအာရုံခံလွှာမှ တစ်ဆင့် အမြင်အာရုံကြောများကို အသုံးပြုကာဦးနှောက်သို့ ပို့ဆောင်ပေးပါတယ်။ မျက်စိအာရုံခံလွှာ (retina) ရဲ့ အလယ်တည့်တည့်ကျတဲ့ အစိတ်အပိုင်းကို macula လို့ခေါ်ပါတယ်။ macula ဟာ မျက်လုံး အတွင်းထဲမှာ ပုံရိပ်ဖော်ပေးတဲ့ အင်္ဂါဖြစ်ပြီး ကျွန်တော်တို့ မျက်လုံးတွေရဲ့ မြင်နိုင်စွမ်းကို အဓိက ထိန်းချုပ်ပေးထားတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တဲ့အခါ အမြင်အာရုံဝေဝါးစေပြီး မျက်လုံး မှန်ဘီလူးတွေမှာ တိမ်ဖြစ်ခြင်းဝေဒနာ ဖြစ်နိုင်ခြေကို ၃ ဆ အထိမြင့်မားစေနိုင်ပါတယ်။၄။ လိင်အင်္ဂါများ။ဆေးလိပ်သောက်သုံးတဲ့ အမျိုးသားတွေ ဟာ လိင်တံထောင်မတ်မှု ပြဿနာ erectile dysfunction (ED) ဖြစ်ပွားနိုင်ခြေ မြင့်မားပါတယ်။ ဆေးလိပ်သောက်လေလေ ဒီရောဂါက ပိုဆိုးလာနိုင်လေပါပဲ။ ဒါ့အပြင် ဝှေးစေ့ ကင်ဆာလည်း ဖြစ်ပွားနိုင်ပါတယ်။ ဆေးလိပ်သောက်သုံးတဲ့ အမျိုးသမီးတွေမှာကျတော့ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုမြင့်မားပါတယ်။၅။ သွားဖုံးများ ။သွားဖုံးရောဂါဟာ သွားကျွတ်ခြင်းရဲ့ အဓိက အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ဆေးလိပ်သောက်တဲ့အခါမှာ သွားဖုံးနာကျင်ခြင်း၊ သွားဖုံးသွေးထွက်ခြင်း အစားစားတဲ့အချိန်နာကျင်ခြင်းနဲ့ ခံတွင်းနံ့ဆိုးခြင်းတို့ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တဲ့သူတွေဟာ မသောက်တဲ့လူတွေထက် သွားဖုံးရောဂါ ရနိုင်ခြေ ၂ ဆ ပိုမြင့်မားပြီးဆေးလိပ်ပိုသောက်လေလေ သွားဖုံးရောဂါ ရနိုင်ခြေ မြင့်မားလာလေပါပဲ။၆။ ဦးနှောက်။ဆေးလိပ်သောက်တဲ့အခါမှာ သင့်အနေနဲ့ လေဖြတ်ခြင်းဝေဒနာ ကို ခံစားရနိုင်ခြေ ၃ ဆမျှ မြင့်မားပါတယ်။ လေဖြတ်တယ်ဆိုတာ ဦးနှောက်ထဲ သွေးခဲမှုကြောင့် မျက်နှာ အကြောလိုက်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ လမ်းလျှောက်ဖို့ မလွယ်ခြင်းနဲ့ တစ်ခါတစ်ရံမှာ သေဆုံးသည် အထိဖြစ်စေနိုင်တဲ့ ရောဂါ ဖြစ်ပါတယ်။၇။ အစာခြေ လမ်းကြောင်း။Peptic ulcers လို့ခေါ်တဲ့ အစာခြေ အက်ဆစ်တွေ အဆမတန်အလုပ်လုပ်တဲ့အခါ ဖြစ်ပွားလာတဲ့အနာများ၊ Burrill Bernard Crohn လို့ခေါ်တဲ့ အစာခြေ စနစ်ကို အထူးပြုလေ့လာခဲ့တဲ့ ဆရာဝန် ကိုအစွဲပြုပြီးပေးထားတဲ့ အစာခြေလမ်းကြောင်းများ နာတာရှည် ရောင်ရမ်းတဲ့ Crohn’s disease ရောဂါ၊ အူမကြီးတွင်မူမမှန်သော အဖုအသီးများ ဖြစ်ပေါ်ခြင်း၊ ပန်ကရိယရောင်ရမ်းခြင်း၊ ပန်ကရိယကင်ဆာနဲ့ အစာခြေလမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါတွေဟာ ဆေးလိပ်သောက်သုံးတာ ကြာလာတာနဲ့ အမျှ ဖြစ်ပွားနိုင်ခြေ မြင့်မားပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်သုံးသူတစ်ဦးဟာ သာမန်လူတစ်ဦးထက် type 2 ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေ ၃၅ ရာခိုင်နှုန်း ပိုမြင့်မားပါတယ်။၈။ အဆုတ်။ဆေးလိပ်သောက်ရင် အဆုတ်ပျက်စီးလာတယ်ဆိုတာကတော့ အထွေအထူး ပြောစရာတောင် သိပ်လိုအပ်မယ်မထင်ပါဘူး။ အမေရိကန်မှာ လူသေဆုံးမှု အများဆုံးကို ဖြစ်စေတဲ့ကင်ဆာရေဂါတွေထဲမှာ ထိပ်ဆုံးကရပ်တည်နေတဲ့ အဆုတ်ကင်ဆာဟာ ဆေးလိပ်သောက်ခြင်းနဲ့ ၉၀ ရာခိုင်နှုန်း အထိ ဆက်နွယ်နေပါတယ်။ ဆေးလိပ်သောက်တဲ့အခါ အဆုတ်ကင်ဆာသာမက တစ်ခြားသောကင်ဆာတွေ ဖြစ်တဲ့ ပါးစပ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ အသည်းကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ပန်ကရိယ ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူမကြီး ကင်ဆာနဲ့စအိုလမ်းကြောင်း ကင်ဆာ ဖြစ်ပွားနိုင်ခြေလည်း မြင့်မားပါတယ်။ COPD (chronic obstructive pulmonary disease) လို့ခေါ်တဲ့ အဆုတ်အတွင်းက လေအိတ်သေးလေးတွေ ပျက်စီးခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းထဲမှာ ဆေးလိပ်သောက်ခြင်းက ထိပ်ဆုံးက ရပ်တည်နေပါတယ်။၉။ နှလုံး။ကင်ဆာရောဂါတွေ အားလုံးပေါင်းလို့ လူသေနှုန်းထက် နှလုံးရောဂါ ကြောင့် လူသေနှုန်းကအမေရိကန်မှာ ပိုများပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ ဒီနှလုံးရောဂါကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းရင်းလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆေးလိပ်သောက်တဲ့အခါ သွေးလွှတ်ကြောတွေက မာကြောပြီး ကျဉ်းမြောင်းလာတဲ့အပြင် သွေးတွေဟာ ပိုပျစ်ပြီး ခဲလာပါတော့တယ်။ ဒီလို သွေးလွှတ်ကြောနဲ့ သွေးများ သာမန်အခြေအနေ မရှိတဲ့ အခါမှာ နှလုံးရောဂါနဲ့ နှလုံး လုပ်ဆောင်မှု ရုတ်တရက် ရပ်တန့်ခြင်း (heart attack) ဝေဒနာတွေ ဖြစ်လာပါတော့တယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/body-parts-you-can-damage-by-smoking/
West Nile Virus Infection (ဝတ်စ်နိုင်းလ်ဗိုင်းရပ်ကူးစက်ပိုးဝင်ခြင်း)
ကူးစက်ပြန့်ပွားတတ်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ ဗိုင်းရပ်ပိုးကူးစက်ခံနေရတဲ့ခြင်ကနေ ရောဂါကုူးစက်ခံရနိုင်ပါတယ်။ ဦးနှောက်အမြှေးပါးရောင်ခြင်းကဲ့သို့ ပြင်းထန်တဲ့ဦးနှောက်ရောဂါကိုဖြစ်စေနိုင်ပါတယ်။အသက်ကြီးသူတွေ အထူးသဖြင့ အသက်၅၀အထက်နဲ့ခုခံအားနည်းနေသူတွေမှာ ကူးစက်ခံရနိုင်ချေအများဆုံးဖြစ်ပါတယ်။ကူးစက်ခံရတဲ့လူနာ ၇၀ကနေ ၈၀%လောက်မှာ လက္ခဏာတွေမပြတတ်ပါဘူး။ သိပ်မပြင်းထန်ဘူးဆိုရင် တွေ့ရတတ်တဲ့လက္ခဏာတွေကတော့-။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သိပ်မပြင်းထန်တဲ့အခြေအနေတွေမှာ သူ့ဘာသာသူပျောက်ကင်းသွားလေ့ရှိပါတယ်။ အဖျားကြီးခြင်း၊ ပြင်းပြင်းထန်ထန်ခေါင်းကိုက်ခြင်း၊ဇက်ကြောတက်ခြင်းစတဲ့ ပြင်းထန်တဲ့လက္ခဏာတွေပေါ်ခဲ့မယ်ဆိုရင် ဆရာဝန်နဲ့ချက်ချင်းပြသင့်ပါတယ်။ဝတ်စ်နိုင်းလ်ဗိုင်းရပ်ကူးစက်ရောဂါကို ဖြစ်စေတဲ့ဗိုင်းရပ်က ပတ်ဝန်းကျင်နေရာတော်တော်များများမှာ တွေ့နိုင်ပြီး ငှက်နဲ့နို့တိုက်သတ္တဝါတွေကို ကူးစက်နိုင်ပါတယ်။ အများဆုံးဖြစ်တတ်တာကတော့ ကူးစက်ခံ၇တဲ့ငှက်ကိုကိုက်ရာကနေ ခြင်ဆီကိုကူးစက်ပိုးပြန့် ထိုမှတစ်ဆင့် ခြင်ကနေလူကိုကိုက်ရာကနေ ကူးစက်ပိုးပြန့်သွားခြင်းဖြစ်ပါတယ်။ကူးစက်ခံနေရတဲ့လူကို နမ်းခြင်းထိတွေ့ခြင်းဖြင့် အကူးစက်မခံရနိုင်ပါဘူး။ဝတ်စ်နိုင်းလ်ဗိုင်းရပ်ကူးစက်ရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ဥပမာအားဖြင့်-။ရာသီအလိုက်– နွေရာသီက ခြင်တွေပေါက်ဖွားရှင်သန်ဖို့ ကောင်းမွန်တဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်ပါတယ်။ နွေပေါက်တဲ့အခါမှာ ကူးစက်ခံရနိုင်ချေများပါတယ်။ပြင်ပမှာအချိန်ကုန်ဆုံးခြင်း– အဆောက်အအုံပြင်ပမှာ အလုပ်လုပ်ရတဲ့လူတွေ အချိန်ကုန်ဆုံးလေ့ရှိသူတွေမှာ ကူးစက်နိုင်ခေများပါတယ်။အသက်၅၀အထက်တွေမှာ ကူးစက်ခံရနိုငချေများပါတယ်။ကျန်းမာရေး- ကိုယ်အင်္ဂါအစိတ်အပိုင်းအစားထိုးထားတာကြောင့် ခန္ဓါိကိုယ်ကပြန်ငြင်းဆန်ခြင်းကို ကာကွယ်ဖို့အတွက်ဆေးမှီဝဲနေရခြင်း၊ ခုခံအားကျဆင်းသည့်ရောဂါ ဒါမှမဟုတ် ကော်တီကိုစတီးရွိုက်ကဲံသို့သောဆေးများ မှီဝဲနေရခြင်းကြောင့် ခုခံအားကျနေမယ်ဆိုရင် အလွယ်တကူကူးစက်ခံရနိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အောက်ပါစမ်းသပ်နည်းလမ်းတွေနဲ့ ကူးစက်ပိုးဝင်နေမနေ အတည်ပြုနိုင်ပါတယ်။ဓါတ်ခွဲစမ်းသပ်ခြင်း-ဝတ်စ်နိုင်းလ်ဗိုင်းရပ်ကိုဆန့်ကျင်တဲ့ ပဋိပစ္စည်းတွေ မြင့်တက်နေခြင်းရှီမရှီ သွေးစစ်အဖြေရှာခြင်းဖြစ်ပါတယ်။ ဗိုင်းရပ်အတွက် အာအန်အေစ်ဆေးခြင်းကလေည်း ဗိုင်းရပ်ရှိနေခြင်းကိုညွှန်ပြနေပါတယ်။ကျောရိုးအတွင်းအရည်ဖောက်ခြင်း– ဦးနှောက်နဲ့အာရုံကြောမကြီးပတ်ပတ်လည်မှာရှိတဲ့ အရည်တွေကိုစစ်ဆေးခြင်းဖြင့် ဦးနှောက်အမြှေးရောင်ရောဂါရှိနေမနေ အတည်ပြုနိုင်ပါတယ်။ဦးနှောက်စစ်ဆေးစမ်းသပ်ခြင်း– အမ်အာအိုင်စကန်သို့ အီးအီဂျီကနေ ဦးနှောက်ရောင်မရောင် သိနိုင်ပါတယ်။လက္ခဏာအများစုက သက်သာသွားတတ်ပါတယ်။ ကုသမှုမလိုပဲပြန်သက်သွားနိုင်ပါတယ်။ အချို့မှာတော့ သိပ်မပြင်းထန်တဲ့ခေါင်းကိုက်ခြင်း၊ ဖျားခြင်းနဲ့ကြွက်သားနာခြင်းတွေကို သက်သာဖို့အတွက် ဆရာဝန်က အလွယ်တကူဝယ်နိုင်တဲ့အကိုက်အခဲပျောက်ဆေးတွေကို ညွှန်းနိုင်ပါတယ်။ ဆရာဝန်နဲ့မတိုင်ပင်ဘဲအကိုက်အခဲပျောက်ဆေးတေါကို ပုံမှန်မမှီဝဲသင့်ပါဘူး။ စိုးရိမ်နေတာတွေရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပါင်ပါ။ပြင်းထန်တဲ့အခြေအနေတွေမှာဆိုရင် ဆရာဝန်ကအကြောဆေးသွင်းခြင်း၊ အကိုက်အခဲပျောက်ဆေး၊ ပြုစုကုသခြင်းနဲပအခြားကူးစက်ပိုးကနေကာကွယ်နိုင်ဖို့ ဆေးရုံတက်ဖို့လိုပါလိမ့်မယ်။ဦးနှောက်ကူးစက်ပိုးဝင်နေတဲ့အခါမှာ သက်သာလာဖို့ဆေးရုံမှာ သီတင်းပတ်ပေါင်းများစွာနေဖို့ လိုပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့်ဝတ်စ်နိုင်းလ်ဗိုင်းရပ်ကူးစက်ရောဂါ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။ဆရာဝန်ရဲ့အကြံပေးချက်နဲပဲ ညွှန်ကြားချက်တွေကို အမြဲလိုက်နာပါ။ ကျန်းမာရေးပြဿနာတွေကို ဆရာဝန်နဲ့အမြဲဆွေးနွေးတိုင်ပင်ခြင်းဖြင့် သင့်အတွက်အကောင်းဆုံးကုသမှုကို ရနိုင်ပါတယ်။ အထူးသဖြင့်ကိုယ်ဝန်ဆောင်စဉ်နဲပဲကလေးနို့တိုက်နေချိန်တွေ ဖြစ်ပါတယ်။ လက္ခဏာတွေပိုဆိုးလာမယ်ဆိုရင် ဆရာဝန်နဲ့ပဲ ချက်ချင်းဆက်သွယ်ပါ။ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ တောင့်ခြင်း၊ မျက်စိနာခြင်း အဖျားကြီးခြင်းတွေက ပြင်းထန်တဲ့အခြေအနေရဲ့လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/infections-from-insects/west-nile-virus-infection-%e1%81%80%e1%80%90%e1%80%b9%e1%80%85%e1%80%b9%e1%80%94%e1%80%af%e1%80%ad%e1%80%b9%e1%80%84%e1%80%b9%e1%80%b8%e1%80%9c%e1%80%b9%e1%80%97%e1%80%ad%e1%80%af%e1%80%84%e1%80%b9/
ကျန်းမာအောင် ပုံစံမှန်မှန် အိပ်ကြမယ်
လူတစ်ယောက်နဲ့ တစ်ယောက်အိပ်စက်မှုပုံစံမတူကြပါဘူး။ တချို့ဆို စအိပ်စက တစ်ပုံစံ၊ ညလယ်ရောက်တော့ တစ်ပုံစံ မနက်လင်းတော့ တစ်ပုံစံ ဖြစ်နေတာမျိုးတွေတောင် ရှိကြပါတယ်။ ဒီလို အိပ်စက်တဲ့အခါ အိပ်ပျော်စေတဲ့ ပုံစံ အမျိုးမျိုးနဲ့ အိပ်ကြတာ မှန်ပေမယ့်အိပ်စက်မှု ပုံစံမမှန်ရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ဒီတစ်ခေါက်တော့ ကျန်းမာအောင် ပုံစံမှန်မှန် ဘယ်လို အိပ်ကြမလဲဆိုတာ ပြောပြပေးချင်ပါတယ်။အိပ်စက်တာက ခန္ဓာကိုယ်ကိုအနားယူတာပါ။ ညအိပ်ရာဝင်ချိန်မှာ အကြောတွေကို ဖြေလျှော့ပြီး အိပ်စက်တာကအိပ်ရေးဝဝ အိပ်ပျော်စေပြီး စိတ်ရောကိုယ်ပါ တက်ကြွ လန်းဆန်းစွာနဲ့ နိုးထနိုင်မှာပါ။တစ်ညတာကို အနည်းဆုံး အိပ်ချိန် ၆ နာရီရှိအောင် အိပ်စက်မှ ပြည့်ဝတဲ့ အနားယူမှုကို ရရှိမှာပါ။ တကယ်လို့ ညတိုင်းလိုလို ၆ နာရီ မပြည့်ဘဲ အိပ်စက်တာ ရက်သတ္တပတ် ၂ ပတ်လောက် ကြာလာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရော စိတ်ပါ အနားယူနိုင်တဲ့ အိပ်စက်မှု ဖြစ်စေဖို့ ညစဉ် ၆ နာရီ အနည်းဆုံး အိပ်ချိန် ရှိအောင် ဂရုစိုက်ပါ။အိပ်စက်မှုကစိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ထောက်ကူပေးနိုင်ပါတယ်။ပြည့်ဝတဲ့ အိပ်စက်ချိန်ရှိတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပါတယ်။ကိုယ်ခံအားကောင်းစေသလိုနာတာရှည် ရောဂါတွေကင်းစေပါတယ်။ စိတ်ဖိစီးမှု ကင်းစေသလို တက်ကြွလန်းဆန်းစေပါတယ်။အနာကျက် မြန်စေဖို့၊ အသားအရေ ကျန်းမာဖို့၊အဝမလွန်စေဖို့လည်း ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိဖို့ လိုပါမယ်။ အိပ်ချိန် ပြည့်ဝတဲ့သူတွေ အိပ်ရေးဝဝ မအိပ်သူတွေထက် စိတ်ရောကိုယ်ပါ ကျန်းမာကြပါတယ်။လူတွေက အိပ်စက်တဲ့အခါ ပက်လက်အိပ်ကြတာရှိသလို မှောက်ရက် အိပ်တာဘေးစောင်းအိပ်တာဆိုပြီး ပုံစံ အမျိုးမျိုးနဲ့ အိပ်ကြပါတယ်။ အိပ်စက်မှုပုံစံ တစ်ခုချင်းစီအလိုက် ကျန်းမာရေးအပေါ် ကောင်းကျိုး သက်ရောက်တာ ရှိသလို ဆိုးကျိုး သက်ရောက်တာလဲ ရှိပါတယ်။ ဒီတော့ ကျန်းမာအောင် ပုံစံမှန်မှန် ဘယ်လို အိပ်ကြမလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်လား ………။ပက်လက်အိပ်တဲ့အခါ ကျောရိုးရဲ့ အနေအထားကို မှန်စေပြီး ကိုယ်အလေးချိန်သက်ရောက်မှုကို တစ်ကိုယ်လုံးမှာ ညီညီမျှမျှ ဖြစ်စေပါတယ်၊၊ ဇက်နဲ့ ကျောနာတာကိုလည်း သက်သာစေပါတယ်၊၊ နှာခေါင်းပိတ်တဲ့အခါ ခေါင်းအုံးမြင့်မြင့်လေးနဲ့ ပက်လက်အိပ်ပေးရင် သက်သာစေပါတယ်၊၊။ပက်လက်အိပ်တဲ့အတွက် မျက်နှာနဲ့ ခေါင်းအုံးမထိလို့အရေးအကြောင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်၊၊ အမျိုးသမီးတွေအတွက်လည်း သင့်တော်တဲ့ အိပ်စက်မှုပုံစံပါ။ အကြောင်းကတော့ ပက်လက်အိပ်တဲ့ လေဒီလေးတွေက ရင်သားတင်းရင်းပြီး ရင်သားလျော့ရဲတာမျိုး မဖြစ်စေလို့ပါ၊၊။ပက်လက်အိပ်ဖို့ မသင့်တော်တဲ့သူတွေကတော့။ဘေးစောင်းအိပ်တာက လူတော်တော်များများ အအိပ်များတဲ့ အိပ်စက်မှုပုံစံပါ။ ဘေးစောင်းအိပ်တာ အအိပ်မတတ်ရင် လက်မောင်းနဲ့ ခြေထောက်ကို ဝန်ပိပြီး နာကျင်စေနိုင်ပါတယ်။ ခေါင်းအုံးနဲ့ မျက်နှာနဲ့ ဖိမိတာကြောင့် အရေးကြောင်းဖြစ်လွယ်စေပါတယ်၊၊။ဒါပေမယ့် ဒီလိုအခြေအနေတွေ ရှိရင်တော့ ဘေးစောင်းအိပ်တာက ပိုသင့်တော်ပါတယ်၊၊။မှောက်ရက် အိပ်တာက အိပ်ပျော်စေတာ မှန်ပေမယ့် ကျန်းမာရေးအတွက်တော့ မကောင်းပါဘူး။ လည်ပင်းနဲ့ ဇက်ကြော နာကျင်စေသလို ကျောရိုးကို ထိခိုက်စေနိုင်ပါတယ်။ အရေးကြောင်းတွေ ဖြစ်လွယ်စေပြီး ရင်သားနာကျင်စေနိုင်ပါတယ်။ ဗိုက်ကို ဖိထားသလို ဖြစ်တာကြောင့် ဗိုက်အင့်တာမျိုး ဖြစ်စေပါတယ်။ဟောက်တာသက်သာပေမယ့် နံရိုးတွေကို ဖိထားတာကြောင့် အားစိုက်အသက်ရှူရပြီး အိပ်ရေးဝဝ အိပ်ရမှာ မဟုတ်ပါဘူး၊၊။ခဏအိပ်တာလောက်က အကြောပြေစေပေမယ့် တစ်ညလုံး မှောက်ရက် အိပ်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/sleeping-position-and-health-benefits/
ကလေးရေကူးကန်တွေက ဘာကြောင့်ပိုညစ်ပတ်တာလဲ
ငယ်ငယ်တုန်းက ရေသွားကူးမယ်လို့ ပြောလိုက်ရင် လူကြီးတွေက “သွားမကူးနဲ့၊ ရေမသန့်ဘူး၊ ယားနာတွေ ဝဲတွေ ပေါက်လိမ့်မယ်” ဆိုပြီး အပြင်းအထန်တားကြတာ မှတ်မိကြမယ်ထင်ပါတယ်။ တကယ်လည်း ကိုယ်အသက်ကြီးလာတဲ့အချိန် ရေကူးသင်တဲ့အခါမှာ သူတို့တွေပြောတဲ့စကားက မှန်သင့်သလောက်မှန်တာကို လက်တွေ့ သိမြင်ခဲ့ရပါတယ်။ဟိုတယ်တွေ၊ အများသုံးရေကူးကန်တွေမှာ ကလေးနဲ့ လူကြီးဆိုပြီး မခွဲထားပါဘူး။ တချို့ရေကူးကန်တွေမှာတော့ ရေကန်အနက်ပေါ် မူတည်ပြီး ခွဲထားတာမျိုးတွေ ရှိပါတယ်။ ဘာကြောင့် ကလေးရေကူးကန်တွေ၊ ကလေးတွေ ရေကူးနေတဲ့ ကန်ထဲကရေတွေက ပိုညစ်ပတ်တာလဲလို့ ပြောရတာလဲဆိုရင်။ဒါ့အပြင် ကလေးတွေက ရေသေချာမကူးတတ်သေးတဲ့အခါ ညစ်ပတ်နေတဲ့ ရေတွေကို မျိုချမိလိုက်တာ၊ နှာခေါင်းကနေ အသက်ရှူမိပြီး ရေဝင်သွားတာမျိုး ဖြစ်တတ်ပါတယ်။ ရေကူးပြီး ရေသေချာမဆေးကြောဘဲ အဝတ်အစားဝတ်လိုက်တဲ့အခါမှာလည်း ဘက်တီးရီးယား သို့မဟုတ် မှိုပိုးကြောင့်ဖြစ်တဲ့ အရေပြားရောဂါတွေ ရနိုင်ပါတယ်။ကလေးရေကူးကန်တွေဟာ လူကြီးကန်တွေထက် ပိုညစ်ပတ်တဲ့အတွက် ကလိုရင်းကို ပိုခတ်ပေးသင့်ပါတယ်။ ဒါမှပဲ ရေထဲမှာ ရှိနေသလောက် ရောဂါပိုးမွှားတွေ၊ ကပ်ပါးပိုးကောင်တွေကို သေစေနိုင်မှာပါ။ ကလိုရင်းကို လုံလောက်တဲ့ပမာဏအတိုင်း မခတ်ရင်တော့ ရေထဲမှာ ရောဂါပိုးမွှားတွေ ကျန်နေဦးမှာ ဖြစ်ပါတယ်။ဒါ့အပြင် ကလိုရင်းသည် ဓာတုဗေဒပစ္စည်း ဖြစ်တဲ့အတွက် ကလေးတွေရဲ့ အရေပြားကို ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ အရေပြားနီပြီး ယားယံတာ၊ ပွန်းပဲ့တာ၊ အင်ပျဉ်ထတာမျိုးအပြင် ကလိုရင်းရေတွေ မျိုချလိုက်မိတဲ့အခါ ကလိုရင်းအဆိပ်သင့်တဲ့အထိ အန္တရာယ်ကြီးပါတယ်။ရေကူးကန်ဟာ ညစ်ပတ်ပြီး ကလေးတွေရဲ့ ကျန်းမာရေးအတွက် မသင့်လျော်တာ မှန်ပေမယ့် ရေကူးခြင်းသည် ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက်ပါ အထောက်အကူဖြစ်စေတဲ့ အားကစားနည်းတစ်မျိုးပါ။ ဒီအတွက် ကိုယ့်ကလေးကို ငယ်စဉ်ကတည်းက ရေကူးသင်ပေးခြင်းက မှားယွင်းတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။ အဓိက လုပ်ပေးရမှာတွေကတော့။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%9b%e1%80%b1%e1%80%80%e1%80%b0%e1%80%b8%e1%80%80%e1%80%94%e1%80%ba%e1%80%90%e1%80%bd%e1%80%b1%e1%80%80-%e1%80%98%e1%80%ac%e1%80%80%e1%80%bc%e1%80%b1%e1%80%ac/
တုပ်ကွေးနဲ့ဝေးဝေးနေရအောင်
မိုးအေးအေးလေးနဲ့ အိပ်လို့ကောင်းသလို ကြည်လင်လန်းဆန်းစွာနိုးထရတဲ့နံနက်ခင်းလေးက သဘောတွေ့စရာကောင်းတယ်နော်။ မိုးတွင်းက ပတ်ဝန်းကျင်လည်းအေးမြစိမ်းစိုလို့နေရတာကောင်းပေမယ့် မိုးအေးမှုနဲ့အတူပါလာတတ်တဲ့ တုပ်ကွေးကတော့ ခံရခက်သား။ ဒီတစ်ခေါက်မိုးတွင်းတော့ တုပ်ကွေးနဲ့ ခပ်ကင်းကင်းနေမယ်လို့ ဆုံးဖြတ်ထားတဲ့ Hello ဆရာဝန်ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေး ဖတ်ဖြစ်အောင်ဖတ်ကြည့်ဖို့ အကြံပြုပါရစေ။အေးမြတဲ့ရာသီဥတုမှာတုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေက ရှင်သန်ပေါက်ဖွားလွယ်ကြသလို ပူနွေးတဲ့အချိန်တွေမှာထက် အချိန်ကြာကြာပိုပြီး အသက်ရှင်နိုင်တာကြောင့်အေးမြတဲ့ရာသီဥတုတွေဖြစ်တဲ့ မိုးတွင်းနဲ့ဆောင်းတွင်းမှာ အအေးမိတုပ်ကွေးအဖြစ်များကြတာပါ။တုပ်ကွေးကရှောင်လွှဲလို့ရတဲ့ရောဂါတစ်ခုပါ။ အခုပြောပြတဲ့နည်းလမ်းလေးတွေကို လိုက်နာလို့ မိုးတွင်းကို တုပ်ကွေးကင်းကင်းနဲ့ဖြတ်ကျော်ရအောင်လား။အာဟာရြပည့်ဝအောင်စားပါ။ဒါကတော့ တုပ်ကွေးတင်မဟုတ်ဘဲရောဂါပိုးတိုင်းကို တိုက်ထုတ်ဖို့အတွက် အရေးပါတဲ့အချက်တစ်ခုပါ။ အာဟာရပြည့်ဝမှကိုယ်ခံအားကောင်းပြီးရောဂါပိုးတွေကို အကောင်းဆုံးတိုက်ထုတ်နိုင်မှာပါ။ ဒါကြောင့် အစားကို အချိန်မှန်မှန်နဲ့ သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားပေးပါ။အိပ်ရေးဝပါစေ။တစ်ညတာမှာ အနည်းဆုံးအိပ်ချိန်ကို ၇ နာရီလောက်တော့ရှိအောင်အိပ်ပေးပါ။ ညဉ့်နက်တဲ့အထိ ဖုန်းသုံးတာ၊ ရုပ်ရှင်ကြည့်တာ၊ ဂိမ်းဆော့တာမျိုးတွေ၊ အလုပ်လုပ်တာမျိုးတွေမလုပ်ပါနဲ့။တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ။နေ့စဉ်ပုံမှန်ရေချိုးပေးတာ၊ခြေသည်းလက်သည်းညှပ်တာနဲ့ခေါင်းလျှော်တာအပါအဝင် လိုအပ်တဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုတွေကိုသေချာလေးဂရုစိုက်ပေးပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်တာကရောဂါပိုးတွေကို ကာကွယ်တဲ့ ရိုးစင်းတဲ့နည်းလမ်းတွေထဲက တစ်ခုပါ။ အစားမစားခင်၊ အပြင်ကပြန်လာတိုင်း၊ရေအိမ်ကထွက်တဲ့အချိန်နဲ့ ညစ်ပေတဲ့အရာတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို သန့်စင်အောင်ဆေးကြောပေးပါ။နေထိုင်ရာပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ။နေထိုင်ရာ အိမ်။ ရုံးခန်းတွေကို သန့်ရှင်းသပ်ရပ်နေအောင်ထားပါ။ ဖုန်တွေဖယ်ရှားပါ။နေ့စဉ် ဖုန်း၊ရီမုခ် နဲ့ ဖုန်းတွေကနေစလို့နေ့စဉ်ကိုင်တွယ်အသုံးပြုနေတဲ့ ပစ္စည်းတွေကို သန့်ရှင်းရေးလုပ်ပေးပါ။ကော်ဇောတွေကိုလည်း သန့်ရှင်းဖို့ မမေ့ပါနဲ့။လေ့ကျင့်ခန်းလုပ်ပါ။တစ်နေ့ကို အနည်းဆုံး နာရီဝက်လောက် ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ။လေ့ကျင့်ခန်းလုပ်တာက ကိုယ်ခံအားကောင်းစေနိုင်သလိုနေ့ရက်တိုင်းမှာ တက်ကြွလန်းနေစေမှာ အသေအချာပါ။ အနည်းဆုံး လမ်းလျှောက်တာလောက် ပုံမှန်လုပ်ပေးပါ။ကာကွယ်ဆေးထိုးပါ။အထိရောက်ဆုံးနည်းလမ်းတစ်ုပေါ့။ တုပ်ကွေးရာသီမစလာခင်ကတည်း ကတုပ်ကွေးကာကွယ်ဆေးထိုးထားလိုက်တာက တစ်ရာသီလုံး စိတ်အေးလက်အေးနဲ့ တုပ်ကွေးကို ခပ်ကင်းကင်းနေနိုင်စေမယ့်နည်းလမ်းတစ်ခုပါ။ဆေးလိပ်နဲ့အရက်လျှော့သောက်ပါ။အရက်နဲ့ဆေးလိပ်သောက်သုံးမှုက ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ကိုယ်ခံအားကို ထိခိုက်စေနိုင်တာကြောင့် အခုလို ချမ်းစိမ့်စိမ့်ရာသီလေးမှာ တုပ်ကွေးပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်အရက်နဲ့ဆေးလိပ်ကိုလျှော့သောက်ပါ။မဖြစ်ခင်က ကာကွယ်ခြင်း ကကုသခြင်းထက်ထိရောက်တယ်ဆိုတော့ အခုပြောတဲ့နည်းလေးတွေအတိုင်း လိုက်နာလို့ တုပ်ကွေးနဲ့ ခပ်ကင်းကင်းနေရအောင်လား…. Hello ဆရာဝန်ပရိသတ်ကြီးရေ………………………..။Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/tips-for-avoiding-cold-and-flu/
လိမ္မော်သီးစေ့တွေ လွှင့်မပစ်ပါနဲ့။
လိမ္မော်သီးစားတဲ့အခါ လူတိုင်း လိုလို လုပ်လေ့ရှိတဲ့ အလေ့အထ တစ်ခုကလိမ္မော်သီးစေ့တွေကို လွှင့်ပစ်တာပါ။ စားလို့ မရသလို မာကျောပြီး ဝါးရခက်တာ၊ အရသာ မရှိတာတွေကြောင့် လွှင့်ပစ်တာပါ။ဒီတစ်ခေါက်တော့ လိမ္မော်သီး စားတိုင်း လွှင့်ပစ်လေ့ရှိတဲ့ လိမ္မော်သီးစေ့လေးတွေကကျန်းမာရေးကို ဘယ်လို ထောက်ကူပေးနိုင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။လိမ္မော်သီးစေ့ လို့ ပြောလိုက်ရင် ထွေထွေထူးထူး ပြောပြစရာ မလိုအောင် လူတိုင်း သိထားပြီး ဖြစ်မှာပါ။ အဖြူရောင်ရှိပြီး ခပ်မာမာအစေ့ ရှည်ရှည်လေးတွေပါ။အရသာလည်း လုံးဝမပါတဲ့ အစေ့လေးတွေပါ။သံပုရာသီးစေ့လိုမျိုး ဝါးစားရတာ သိပ်တော့ မလွယ်လှပါဘူး။ ဒါကြောင့်လည်း လိမ္မော်သီး စားတဲ့အခါတိုင်းလိမ္မော်သီးစေ့တွေ ကို လွှင့်ပစ်ကြတာပါ။ဒီလို လွှင့်ပစ်လေ့ရှိတဲ့ လိမ္မော်သီးစေ့လေးတွေက ဘယ်လိုများဆေးဖက်ဝင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။လိမ္မော်သီးစေ့တွေကို လွှင့်မပစ်ပါနဲ့လို့ ပြောရတာက။လိမ္မော်သီးက ဗီတာမင် C ကြွယ်ဝသလို လိမ္မော်စေ့ကလည်း ဗီတာမင် C ပြည့်ဝစွာ ပါဝင်နေပါတယ်။ဗီတာမင် Cပြည့်ဝမှုက အသားအရေ လှပစေသလို ကိုယ်ခံအားကို အားဖြည့်ပေးပြီးအူမကြီး ကင်ဆာမဖြစ်စေဖို့လည်း ထောက်ကူပေးပါတယ်။လိမ္မော်သီးစေ့ကို စားသုံးပေးတာက ကိုယ်တွင်းမှာ အင်အားပြည့်ဝစေဖို့ ထောက်ကူ ပေးပါတယ်။ လိမ္မော်သီးစေ့မှာ palmitic အက်ဆစ်၊ oleic အက်ဆစ် နဲ့ linoleic အက်ဆစ်တို့ ပါဝင်နေတာကြောင့်ဆဲလ်တွေထဲမှာ အင်အားတွေ ကြာကြာရှည်ရှည် သိမ်းဆည်းထားနိုင်ဖို့ ကူညီပေးပါတယ်။လိမ္မော်သီးစေ့က ဆံသားတွေအတွက် သဘာဝ conditioner ပါ။ လိမ္မော်စေ့မှာ ဗီတာမင် C နဲ့ bio-flavonoids ပါဝင်နေတာကြောင့်ဦးရေပြားဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီးဆံသားကို ကျန်းမာ သန်စွမ်းစေပါတယ်။ ဆံပင်ရှည် မြန်စေပါတယ်။ဖောလစ်အက်ဆစ် ပါဝင်နေမှုက ဆံပင်ကို အရင်းကနေ သန်စွမ်းစေပြီး ဆံပင် အသစ်တွေ ထွက်စေဖို့ ထောက်ကူပေးပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကြောင့် အရေပြားကိုဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အရွယ်တင်စေဖို့ ထောက်ကူပေးပါတယ်။လိမ္မော်စေ့မှာ ဗီတာမင် B6 ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဟီမိုဂလိုဘင် ထွက်ရှိအောင် ထောက်ကူပေးသလို မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။လိမ္မော်သီးစေ့ကို စွန်းထင်းနေတာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ဆီစွန်းတာ၊ သံချေးတက်တာတွေကို ချွတ်ဖို့ အသုံးပြုပေးလို့ ရပါတယ်။လိမ္မော်သီးစေ့မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေသလို ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကို အားဖြည့်ပေးနိုင်ပါတယ်။လိမ္မော်သီးလိုပဲ လိမ္မော်သီးစေ့မှာလည်း ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ လန်းဆန်းစေပြီး ခန္ဓာကိုယ်ကို ရေဓာတ် ဖြည့်ပေးပါတယ်။ ကျန်းမာစေပြီး ခန္ဓာကိုယ်မှာ ပင်ပန်းမှု ကင်းစေမှာပါ။ဒါကြောင့် လိမ္မော်သီးစေ့တွေ ကို မလွှင့်ပစ်ပါနဲ့လို့ ပြောရတာပါ။ အခြောက်ခံ အမှုန့်ကြိတ်ပြီးတော့ ဖြစ်ဖြစ်၊ ကြေညက်အောင် ဝါးစားတာဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/orange-fruit-seeds-benefits/
ပန်းနာရင်ကျပ်ရောဂါရှိသူတွေ ဆောင်သင့် ရှောင်သင့်တဲ့ အစားအသောက်များ
ပန်းနာရင်ကျပ်ဝေဒနာအတွက် အထူးသီးသန့်စားသောက်မှုပုံစံရယ်လို့ မရှိပါဘူး။ အစားမတော်တစ်လုတ်ဆိုတဲ့ စကားအတိုင်း အစားအသောက်တွေကိုသေချာချင့်ချိန်စားသုံးမှုက အာဟာရဖြစ်ပြီး ခန္ဓါကိုယ်ကို ကျန်းမာစေတယ်ဆိုပေမယ့် ကိုယ်နဲ့မတည့်တာကို စားမိရင်တော့ကျန်းမာရေးကိုထိခိုက်တာအထိဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ပန်းနာရင်ကျပ်ရောဂါရှိသူတွေ ဆောင်သင့် ရှောင်သင့်တဲ့ အစားအသောက်များ အကြောင်း ပြောပြပေးချင်ပါတယ်။အစားအသောက်ကို သေချာချင့်ချိန်စားသုံးမယ်ဆိုရင်တော့ အစာလည်းဆေးဆေးလည်းအစာဆိုတဲ့ စကားအတိုင်း ကျန်းမာရေးကို အထောက်အကူပြုနိုင်မှာပါ။နေ့စဉ်နေ့တိုင်းလေ့ကျင့်ခန်းလုပ်မယ်၊ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးပေးမယ်ဆိုရင် ပန်းနာရင်ကျပ်ရောဂါကို သက်သာလာစေဖို့ အထောက်အကူပြုပေးနိုင်မှာပါ။ပန်းနာရင်ကျပ်ရောဂါရှိသူတွေ ဆောင်သင့် ရှောင်သင့်တဲ့ အစားအသောက်များ ကတော့။အချို့သောအစားအစာတွေက ပန်းနာရင်ကျပ်ရောဂါအပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ အချို့သောအစားအစာတွေက ပန်းနာရင်ကျပ်ရောဂါကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ပန်းနာရင်ကျပ်ရောဂါ အတွက် အကောင်းဆုံးဖြစ်စေမယ့် အစားအသောက်တွေက –။ပန်းသီး –တစ်နေ့ ပန်းသီး တစ်လုံး စားပေးပါ။ တစ်ပတ်တာမှာ ပန်းသီး ၂ လုံးကနေ ၅ လုံးခန့် စားသုံးပေးမယ် ဆိုရင် ပန်းနာရင်ကျပ်ရောဂါဖြစ်နိုင်ခြေကို ၃၂ ရာခိုင်နှုန်း အထိ လျှော့ချပေးနိုင်ပါတယ်။ ပန်းသီးက အသက်ရှုလမ်းကြောင်းကို ကျန်းမာစေနိုင်တာကြောင့် ပန်းနာရင်ကျပ်ရှိသူတွေ စားသုံးဖို့ သင့်တော်တဲ့ အစားအစာ တစ်ခုပါ။သခွားမွှေး –သခွားမွှေးမှာ ပါဝင်နေတဲ့ ဗီတာမင် C ကအဆုတ်ကို ထိခိုက်ပျက်စီးစေနိုင်တဲ့free radicalsတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဗီတာမင် C ကို နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ထည့်သွင်းစားသုံးပေးမယ် ဆိုရင် ပန်းနာရင်ကျပ် မဖြစ်အောင် ကာကွယ်နိုင်မယ့်အပြင်ရောဂါရှိနေသူတွေမှာလည်း သက်သာစေမှာ အသေအချာပါ။ ခရမ်းချဉ်သီး၊ ကီဝီသီး၊ပန်းဂေါ်ဖီစိမ်း၊ ဂရိတ်ဖရုလိုမျိုး ဗီတာမင် C ပါတဲ့ အသီးအနှံတွေကို စားသုံးပေးသင့်ပါတယ်။မုန်လာဥနီ –မုန်လာဥနီမှာဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ beta-carotene ပါဝင်ပါတယ်။ beta-carotene ကပန်းနာရင်ကျပ်ဝေဒနာ ခံစားရနိုင်ခြေကို လျော့ကျစေနိုင်သလို ပန်းနာရင်ကျပ်ရောဂါကို သက်သာစေနိုင်ပါတယ်။ မုန်လာဥနီက ပန်းနာရင်ကျပ်ကိုတင်မဟုတ်ဘဲ နှလုံးရောဂါ၊ ကင်ဆာ နဲ့ Alzheimer’sရောဂါတွေကို သက်သာစေနိုင်ပါတယ်။ တရုတ်ဇီးသီး၊ ငရုတ်ပွ နဲ့ကန်စွန်းဥတို့လိုမျိုး အရောင်အသွေး စုံလင်တဲ့ အသီးအနှံတွေက ပန်းနာရင်ကျပ်ရောဂါကို သက်သာစေနိုင်ပါတယ်။ကြက်သွန်ဖြူ –ကြက်သွန်ဖြူက သဘာဝ အရောင်ကျဆေး တစ်မျိုးပါ။ ပန်းနာရင်ကျပ်ရောဂါ ဖြစ်တဲ့အခါ ခံစားရတဲ့ လေပြွန်ရောင်ရမ်းတာတွေ သက်သာစေဖို့နဲ့ အသက်ရှုလမ်းကြောင်း ပိုးဝင်ကူးစက်တာတွေ သက်သာစေဖို့အတွက် ကြက်သွန်ဖြူ စားသုံးပေးပါ။မြေပဲ –မြေပဲက လူတော်တော်များများနဲ့ ဓါတ်မတည့်တတ်ပါဘူး။ ပန်းနာရင်ကျပ် ရှိသူတွေ အရေပြား ဓါတ်မတည့်တဲ့ ဝေဒနာ ရှိသူတွေ အနေနဲ့ မြေပဲက လုံးဝ မစားသင့်တဲ့ အစားအစာ တစ်ခုပါ။ဆား– ပန်းနာရင်ကျပ် ရှိသူတွေမှာ လေပြွန်အတွင်း နံရံ ရောင်ရမ်းမှုတွေ ခံစားကြရပါတယ်။ ဆားတွေ အစားများတဲ့အခါ ဆဲလ်တွေထဲမှာ အရည်တွေ ပိုမို ဖြစ်ပေါ်စေပြီး ကိုယ်အတွင်း နံရံတွေ ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရောဂါ အခြေအနေကို ပိုဆိုးစေနိုင်တဲ့ ဆားကို လျှော့စားဖို့ ပြောပါရစေ။အသီးခြောက်တွေ– သစ်သီးခြောက်တွေမှာ ပါတဲ့ တာရှည်ခံ ဆေးတွေက ပန်းနာရင်ကျပ်ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ သစ်သီးခြောက်တွေထဲမှာမှ ချယ်ရီသီးခြောက်တွေနဲ့ တရုတ်ဇီးသီးခြောက်တွေကို ပန်းနာရင်ကျပ် ရောဂါသည်တွေ အနေနဲ့ လုံးဝ မစားသုံးသင့်ပါဘူး။ဥအမျိုးမျိုး– ကြက်ဥ၊ ဘဲဥတွေနဲ့ ဓါတ်မတည့်ဘူး ဆိုရင်တော့ လုံးဝ မစားသင့်ပါဘူး။ ကြက်ဥ၊ဘဲဥတွေ နဲ့ ဓါတ်မတည့်သူတွေမှာ ပန်းနာရင်ကျပ်ဖြစ်လာမယ် ဆိုရင်တော့ လုံးဝ မစားတာ အကောင်းဆုံးပါ။ ကြက်ဥ၊ ဘဲဥတွေက ပန်းနာရင်ကျပ်ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။အသင့်စား အာလူးကြော်တွေ-ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ အသင့်စား အာလူးကြော်တွေမှာ တာရှည်ခံအောင် ထည့်ထားတဲ့ အရာတွေပါဝင်တာကြောင့် ပန်းနာရင်ကျပ်ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ အာလူးကြော် စားချင်တယ် ဆိုရင်တော့ ကန်စွန်းဥကိုသံလွင်ဆီနဲ့ ကင်တာ၊ အာလူးကို သံလွင်ဆီနဲ့ ကင်ပြီး စားတာမျိုး လုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/asthma-respiratory-health/foods-that-might-help-relieve-asthma-symptoms/
စိတ်ချရတဲ့ Mask တစ်ခုရဲ့ လက္ခဏာ ၆ ရပ်
COVID-19 ကပ်ဘေးကာလကြီးမှာမဖြစ်မနေ အိမ်ပြင်ထွက်ကြတဲ့အခါMask (မျက်နှာဖုံး)တစ်ခုခုတော့ တပ်ဆင်သွားဖို့ မဖြစ်မနေလိုအပ်ပါတယ်။အိမ်ထဲမှာ နေနေတုန်းကတော့Social Distancingလုပ်ရတာ အဆင်ပြေနိုင်ပေမယ့် အပြင်ထွက်ပြီဆိုရင် လူတစ်ယောက်နဲ့ တစ်ယောက်အကြား Physical Distancing လုပ်ဖို့ ခက်ခဲတဲ့ အနေအထားမျိုးတွေ ရှိလာမှာဖြစ်ပါတယ်။တစ်စုံတစ်ယောက်နဲ့ နီးနီးကပ်ကပ်နေရှိနေခဲ့မယ်ဆိုရင် စကားပြောတာ၊ သီချင်းဆိုတာ၊ အော်ဟစ်ရယ်မောတာကနေစလို့ နှာချေ၊ ချောင်းဆိုးတာအထိ ဘာမဆိုဖြစ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ထွက်လာတဲ့ အမှုန်အမွှားတွေမှာ ရောဂါပိုးတစ်စုံတစ်ရာ ပါရှိနေမယ်ဆိုရင် အသက်ရှူလမ်းကြောင်းထဲကနေ တဆင့် ရောဂါပိုးကူးနိုင်ချေရှိလို့ပါ။ဒါကြောင့် ဘယ်သွားသွား Mask တပ်သွားဖို့ လိုတယ်လို့ ဆိုတာပါ။ Mask တပ်ဆင်ရာမှာလည်း စိတ်အချရဆုံးဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေအတွက် ရည်ရွယ်ထုတ်ထားတဲ့ N95 ရယ်၊Surgical Maskရယ်၊ အဝတ် Mask ရယ်ဆိုပြီး အမျိုးမျိုးရှိနိုင်ပါတယ်။ကျန်းမာရေးဝန်ကြီးဌာနကတော့ သာမန်လူတွေအနေနဲ့ မဖြစ်မနေအခြေအနေမှာ အဝတ်နဲ့ ချုပ်လုပ်ထားတဲ့ Mask တွေကို တပ်လို့ရတယ်လို့ ဆိုထားပါတယ်။ အဝတ်နဲ့ ဖန်တီးချုပ်လုပ်ထားတဲ့ Mask တွေဟာ ရောဂါပိုးကို ကာကွယ်နိုင်ချေနည်းပေမယ့် ဘာမှမတပ်ထားတာထက်စာရင်တော့ အများကြီး အထောက်အကူဖြစ်စေ နိုင်တာကြောင့်ဖြစ်ပါတယ်။ဘယ်လို Mask အမျိုးအစားကို တပ်ဆင်အသုံးပြုသည်ဖြစ်စေ အရေးပါတဲ့ အချက် ၆ ချက်နဲ့ ကိုက်ညီဖို့တော့လိုအပ်ပါတယ်။ Mask တစ်ခုရဲ့ အရေးပါတဲ့ စရိုက်သဘာဝလို့ ဆိုရမလားပဲ။မိမိရဲ့ နေအိမ်ကနေပြီးကိုယ်တိုင်လုပ် Maskတစ်ခုဖန်တီးတော့မယ်ဆိုရင် အောက်ပါ အချက်တွေကို လိုက်နာဖို့ လိုအပ်ပါတယ်။မိမိရွေးချယ်သုံးစွဲမယ့် Mask ဟာချုပ်ရိုးပါတဲ့ဟာလား၊ ချုပ်ရိုးပျောက်ဟာလား ဆိုတာကို မှန်ကန်စွာ ရွေးချယ်နိုင်ဖို့ လိုအပ်ပါတယ်။ မှန်ကန်တဲ့ ရွေးချယ်မှုကတော့ ချုပ်ရိုးမပေါ်တဲ့ဟာကို အသုံးပြုတာပါပဲ။ နေအိမ်ထဲမှာ အသုံးပြုရာမှာ ဘယ်ဟာကိုမဆို သုံးနိုင်ပေမယ့် အပြင်သွားချိန်တွေမှာတော့ ချုပ်ရိုးမပါတဲ့ အမျိုးအစားတွေကို ရွေးချယ် အသုံးပြုရမှာဖြစ်ပါတယ်။စိတ်ချရတဲ့ အထည်စပါရှိတဲ့ Mask မျိုးကသာ သင့်ကို ရောဂါပိုးအန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ပိတ်စတိုင်းက သင့်ကို မကာကွယ်ပေးနိုင်ဘူးဆိုတာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးရွေးချယ်မှုကတော့ အနည်းဆုံး အလွှာ ၂ ထပ်ပါဝင်ပြီး စနစ်တကျ ကျစ်လျစ်စွာ ယက်လုပ်ထားတဲ့ ချည်ထည်ပိတ်စမျိုးပါ။ဒါမှသာ အသက်ရှူဖို့ အဆင်ပြေနိုင်မှာဖြစ်သလို အသက်ရှူလမ်းကြောင်းထဲကို အရည်စက်တွေ ဝင်ရောက်မှုကိုလည်း တားဆီးနိုင်မှာပါ။တချို့တွေဟာ Mask ထဲကို ထည့်သွင်းတဲ့ Filter ကို ဖြစ်သလို ထည့်သွင်းတတ်ကြပါတယ်။ တစ်ခါတစ်လေမှာ နေရာလွဲချော်နေတာမျိုးတောင် ရှိတတ်ပါတယ်။ တချို့ဆို ထည့်ကိုမထားပါဘူး။ Filter ဟာ Mask ရဲ့ အသက်ဖြစ်ပါတယ်။ CDC ကတော့ တစ်ခါသုံးကော်ဖီစစ် ဆန်ကာဟာ အိမ်လုပ် Mask တွေအတွက် အသင့်လျော်ဆုံးလို့ ဆိုထားပါတယ်။ အလွယ်တကူရနိုင်ပြီးတော့ အသုံးပြုရလွယ်တာကြောင့်ဖြစ်ပါတယ်။ဒါ့အပြင် polypropylene ပါဝင်တဲ့ ဖိုက်ဘာစတွေ၊ မီးဖိုချောင်သုံး နိုင်လွန်စတွေ၊ တစ်ခါသုံးလက်သုတ်စတွေ၊ဘရာစီယာအခွံသန့်သန့်တွေနဲ့ ကင်းဗတ်စသန့်သန့်တွေကိုလည်း အသုံးပြုနိုင်တယ်လို့ ဆိုထားပါတယ်။Mask တစ်ခုဟာ ဘေးအန္တရာယ်ကင်းကင်း အသက်ရှူသွင်းနိုင်ဖို့ အရေးကြီသလို မျက်နှာပေါ်က လိုအပ်တဲ့ အစိတ်အပိုင်းတွေကို အပြည့်အဝ ကာကွယ်နိုင်ဖို့ကလည်း အရေးပါပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ မျက်နှာဖုံးက မဟသင့်တဲ့နေရာတွေဟနေမယ်၊ မချောင်သင့်တဲ့နေရာတွေချောင်နေမယ်၊ မကျပ်သင့်တဲ့နေရာတွေ ကျပ်နေမယ်ဆိုရင် အသုံးပြုရတာအဆင်မပြေတာ၊ မကြာခဏ ချွတ်မိတာတွေ ဖြစ်နိုင်ပြီး ပိုးကူးစက်လာအောင် ဖိတ်ခေါ်သလိုဖြစ်စေပါလိမ့်မယ်။ပစ္စည်းတစ်ခုကို အသုံးပြုလိုက်တာနဲ့ ကိုယ်နဲ့ အဆင်ပြေမပြေ ခံစားမိကြမှာပါပဲ။ ဘယ်လောက်ကောင်းတဲ့ ပစ္စည်းမဆို ကိုယ်နဲ့ အံဝင်ခွင်ကျမဖြစ်ဘူး၊ သက်သောင့်သက်သာလို့ မခံစားရဘူးဆိုရင် ကြာလာရင် မသုံးချင်ကြတော့ပါဘူး။ လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာဟာ ကျန်းမာရေးပြဿနာဖြစ်ပြီးတော့ကူးစက်ရောဂါဘေးဆိုးတစ်ခုပါ။မျက်နှာဖုံးတစ်ခုကို သုံးရတာ အဆင်မပြေလို့ ခဏခဏ ချွတ်မိနေမယ်ဆိုရင် ဒါဟာ ကောင်းမွန်တဲ့အလေ့အထိမဟုတ်ပါဘူး။ ဒီအချက်ဟာ သတိထားသင့်တဲ့အချက်ဖြစ်ပြီး ကိုယ်နဲ့ ကိုက်ညီပြီး ကိုယ်တိုင် ကျေနပ်နှစ်သက်မှုကို ခံစားရစေမယ့် အရာမျိုးကို ဖန်တီးသင့်ပါတယ်။တပ်လိုက်ရုံနဲ့ ပြုတ်ထွက်သွားတာမျိုး၊ လူလည်ကောင်ရောက်မှ ကြိုးပြတ်သွားတာမျိုးတွေမဖြစ်အောင် ခိုင်ခံ့မှုရှိတဲ့ Mask မျိုးကို ဂရုတစိုက် ချုပ်လုပ်ဖန်တီးသင့်ပါတယ်။ လျှော်လို့ရရမယ်၊ ခိုင်မာရမယ်၊ မကြာခဏ ပျက်ဆီးနေလို့ ခနခန ပြန်လုပ်နေရတာမျိုးမဖြစ်ဖို့ လိုအပ်ပါတယ်။Mask တစ်ခုခုကို ခဏခဏ အစကနေ ပြန်လည်ချုပ်လုပ်နေဖို့ လူတိုင်း အားချင်မှ အားမှာပါ။ အားရင်တောင်မှ အဲ့လိုလုပ်ဖို့ စိတ်ပါချင်မှ ပါတော့မှာပါ။ ဒါကြောင့် စတင်ပြုလုပ်စဉ်ကတည်းက သေချာအစီအစဉ်ချပြီး ခိုင်ခိုင်ခန့်ခန့်လေး ချုပ်လုပ်ဖို့ တိုက်တွန်းလိုပါတယ်။အချုပ်ပြောရမယ်ဆိုရင် အပြင်သွားတိုင်း Mask တပ်ပါ။ ကိုယ်က အချုပ်အလုပ်တတ်တယ်ဆိုရင် အိမ်လုပ် Mask လေးတွေကို အပေါ်က စံနှုန်းတွေနဲ့ ကိုက်ညီစွာ ချုပ်လုပ်နိုင်ပါတယ်။ခုလို Mask တပ်ပါလို့ ပြောနေရတဲ့ အကြောင်းအရင်းက အများအပြားရှိနေပါတယ်။ အဓိက အချက်ကတော့ ရောဂါပိုးကူးစက်ခံရသူ ဒါမှမဟုတ် ဖြန့်ဝေမိသူ ၂၅% ကနေ ၅၀% လောက်အထိဟာ ရောဂါလက္ခဏာမပြသခဲ့ကြတာကြောင့်ပဲဖြစ်ပါတယ်။သာမန်လူတစ်ယောက်လိုဖြစ်နေတဲ့ ရောဂါပိုး သယ်ဆောင်သူတစ်ယောက်ကို အမြင်နဲ့ ခွဲခြားဖို့ ခက်ပါတယ်။ မိမိပတ်ဝန်းကျင်မှာ ရှိနေတဲ့ ဘယ်သူဟာမဆိုအသံတိတ်ရောဂါပိုး သယ်ဆောင်သူဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမှာ Mask အသုံးပြုတာဟာ ရောဂါပိုးကူးစက်နိုင်ခြေကို သိသိသာသာလျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ဒါကြောင့် Mask တပ်ဖို့ တိုက်တွန်းနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် မဖြစ်မနေ သိထားရမှာက Mask တပ်ထားရုံနဲ့ ရောဂါကို အပြည့်အဝ မကာကွယ်နိုင်ပါဘူး။ ခုထက်ထိ လက်ဆေးတာ၊ Social Distancing လုပ်တာ၊ အိမ်မှာနေတာတွေက ရောဂါကာကွယ်ရေးရဲ့ အကောင်းဆုံး ကာကွယ်ရေးနည်းလမ်းတွေ ဖြစ်နေတုန်းပါပဲ။[covid_19]။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/6-essentials-for-an-effective-face-mask/
ဆီးချိုရှိတဲ့ လူကြီးတွေအတွက် အာဟာရဖြည့်စွက်စာ ရွေးချယ်နည်း
ဆီးချိုရှိသူတွေအတွက် သီးသန့်ထုတ်လုပ်တဲ့ အာဟာရဖြည့်စွက်စာ ဆိုတာ အစားသိပ်မဝင်တဲ့ ဆီးချိုဝေဒနာရှင် လူကြီးတွေအတွက် အထူးစီမံပြုလုပ်ထားတဲ့အစားအစာတွေဖြစ်ပါတယ်။ သူတို့တွေမှာ  ထိုက်သင့်တဲ့ကယ်လိုရီပမာဏ၊ကာဗိုဟိုက်ဒရိတ်၊ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပြီးသားဖြစ်လို့ လူကြီးတွေမှာ အာဟာရချို့တဲ့မသွားစေဖို့ ကူညီပေးပါတယ်။အာဟာရဖြည့်စွက်စာ တွေက ဆီးချိုရောဂါရှိသူတွေ၊ ခံတွင်းပျက်ပြီး အစာစားမဝင်ဖြစ်နေသူတွေ၊ နာမကျန်းဖြစ်တာ ဒါမှမဟုတ် ခွဲစိတ်ကုသမှုခံယူထားတဲ့ နာလန်ထစလူနာတွေ အတွက် အကောင်းဆုံးရွေးချယ်မှုပါ။ ဖြည့်စွက်စာတွေက –။အမှတ်တံဆိပ်အမျိုးမျိုးနဲ့ စျေးကွက်မှာ အလွယ်တကူဝယ်ယူလို့ရနေပေမယ့် အရွေးမှန်ဖို့လိုပါတယ်။ အရည်အသွေးကောင်းတာကို ရွေးဖြစ်ဖို့၊ သောက်သုံးမယ့်သူရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတာကို ရွေးဖြစ်ဖို့ ဒါတွေ သိထားသင့်ပါတယ်။ဆီးချိုဖြည့်စွက်စာတစ်ခုခု ဝယ်ယူတော့မယ်ဆိုရင် –။အထူးသဖြင့်ဆီးချိုရှိသူတွေဟာ ဖြည့်စွက်စာရွေးချယ်တဲ့အခါ ဆီးချိုသမားတွေအတွက် ရည်ရွယ်ပြီး သီးသန့်စီမံထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကိုပဲ ရှာသင့်ပါတယ်။ သကြားဓါတ်ပါဝင်မှုများတဲ့ ရိုးရိုးဖြည့်စွက်စာတွေကို ရွေးမိမယ်ဆိုသွေးတွင်းသကြားမြင့်တက်မှုအန္တရာယ်ရှိပါတယ်။နောက်ဆုံးဖော်ပြချင်တာက ဒီလို ဖြည့်စွက်အာဟာရတစ်ခုခုကို သုံးစွဲနေတယ်ဆိုတဲ့အကြောင်းကိုတော့ ဆရာဝန်ကိုပြောပြထားရပါမယ်။ ဒါမှ ဆရာဝန်က အကောင်းဆုံးအကြံဉာဏ်တွေနဲ့ တခြားသိထားသင့်တဲ့ အကြောင်းအရာတွေကို ပြောပြဆွေးနွေးပါလိမ့်မယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%9b%e1%80%be%e1%80%ad%e1%80%90%e1%80%b2%e1%80%b7-%e1%80%9c%e1%80%b0%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%90%e1%80%bd%e1%80%b1/
ဆီးချိုသမားများ ဆီးချိုကျတဲ့အခါ
ဆီးချိုသမား ဖြစ်ရတာ မလွယ်ပါဘူး။ သူတို့မှာဆီးချိုတက်မှာကြောက်ရ ဆီးချိုကျမှာကြောက်ရနဲ့။အစားအသောက်တွေ မထိန်းဘဲ စားလိုက်ရင်လဲ ဆီးချိုတွေက မိုးထိုးနေပြန်ပြီ။ ရှောင်မယ် ဘာမှမစားဘူးဆိုပြန်တော့လည်း ဆီးချိုတွေကျလိုက်တာများ မူးလို့။ ဒီနေ့တော့ ဆီးချိုသမားများ ဆီးချိုကျတဲ့အခါ ဖြစ်တတ်တဲ့အကြောင်းကို ပြောပြပေးပါမယ်။ ဆီးချိုကျရင် ရုတ်တရက်မူးဝေပြီး သတိလစ်တတ်တာကြောင့် အချိန်မီမကုနိုင်ရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုကျတဲ့လက္ခဏာတွေကို သိထားသင့်ပါတယ်။​လက်ထိပ်ဖောက်ကြည့်လိုက်လို့သွေးတွင်းသကြားဓာတ်70mg/dL (3.9mmol/L)အောက်ဆိုရင် ဆီးချိုကျတယ်လို့ ပြောလို့ရပါတယ်။ လက္ခဏာရှိရှိ မရှိမရှိပါ။ဆီးချိုကျတဲ့ အစောပိုင်းလက္ခဏာတွေကတော့။ညဖက်မှာ ဆီးချိုကျခဲ့ရင်တော့။ဆီးချိုကျတာကို အချိန်မီမကုနိုင်ရင်တော့။​ဆီးချိုကျတာ တစ်ပတ်ကို ခဏခဏဖြစ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ပြသင့်ပါပြီ။ ပြပြီး ဆေးပြောင်းတာ၊ ဆေးအတိုးအလျှော့လုပ်တာတွေ လုပ်ရပါမယ်။အင်ဆူလင်ထိုးတဲ့သူတွေမှာ ဆီးချိုကျတတ်တာကို သိပေမယ့်သောက်ဆေးသောက်တဲ့သူတွေမှာလည်း တွေ့ရတတ်ပါတယ်။ အဖြစ်များတဲ့အကြောင်းတွေကတော့။ဆီးချိုကျတာကို မကုဘဲထားရင် ဦးနှောက်မှာ သကြားဓာတ်နည်းပြီး သတိလစ်တတ်ပါတယ်။ ဒါကြောင့် ဆီးချိုကျတာကို ချက်ချင်းသိဖို့လိုပါတယ်။ မဟုတ်ရင်တော့။အဲ့ဒီမှာသတိထားရမှာက ဆီးချိုကျတာကို အလွန်အကျွံမကုဖို့ပါ။ ဆိုလိုတာက ဆီးချိုကျတယ်။ ကြောက်ပြီး အချိုတွေအများကြီးစားလိုက်တယ်။ ဆီးချိုတွေ မတရားတက်လာတယ်။ ဒီတော့ ပြန်ချတယ်။ ဆီးချိုတွေ အောက်ဆုံးထိပြန်ကျသွားတယ်။ ဒီလို သံသရာမလည်ဖို့ပါပဲ။(၁) အစားမစားဘဲနေတာ၊ နောက်ကျမှစားတာမျိုးမလုပ်ပါနဲ့။ အင်ဆူလင်ထိုးတဲ့သူတွေ၊ဆီးချိုဆေးသောက်တဲ့သူတွေက စားတဲ့ပမာဏ၊ စားတဲ့အချိန်မှန်ဖို့လိုပါတယ်။(၂) ဆီးချိုပုံမှန်စစ်ပါ။ တစ်ပတ်ကို ဘယ်နှစ်ကြိမ်စစ်သင့်လဲဆိုတာ ဆရာဝန်နဲ့တိုင်ပင်ပါ။ တချို့တွေက ဆီးချိုကျနေပေမယ့် လက္ခဏာမပြဘဲ ရုတ်တရက် သတိလစ်လို့ လက်ထိပ်ဖောက်ကြည့်မှ သိတာပါ။(၃) ဆေးကို ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း သောက်ပါ။ အချိန်မှန်မှန်သောက်ပါ။(၄)လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ဆေးကိုချိန်သောက်ပါ။ ဒါမှမဟုတ် အဲ့နေ့မှာ အစားပိုစားပါ။ ဒါမှ လေ့ကျင့်ခန်းလုပ်လို့ ကျလာမယ့် သကြားဓာတ်ကို ကာမိမှာပါ။(၅) ပွဲလမ်းသဘင်ရှိလို့အရက်သောက်ဖို့လိုရင် အမြည်းစားဖြစ်အောင်စားပါ။(၆) ဆီးချိုကျတာက ဘယ်အချိန်မှာမဆို ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အချိုဓာတ်ပါတဲ့ မုန့်တစ်မျိုးမျိုးကို အမြဲဆောင်ထားပါ။ အထူးသဖြင့် တစ်ယောက်တည်း အပြင်ထွက်တဲ့အခါမှာပါ။ကိုယ်ကိုယ့်ကို ဆီးချိုကျတယ်လို့ ယူဆတယ်ဆိုရင် လက်ထိပ်ဖောက်ကြည့်လိုက်ပါ။ ဆီးချိုကျနေတယ်ဆိုရင် အချိုဓာတ်ပါတဲ့ အရည် ဒါမှမဟုတ် မုန့်စားပါ။ အဆီပါဝင်မှုများတဲ့အစားအစာ (ဥပမာ ချောကလက်)က ဒီလိုအချိန်မှာ အသုံးမဝင်ပါဘူး။ ဆီးချိုကျတဲ့လက္ခဏာ ခံစားနေရတယ်။ အနားမှာ ဆီးချိုဖောက်ဖို့ကလည်းမလွယ်ဘူးဆိုရင် ဆီးချိုကျတယ်လို့ပဲ ယူဆပြီး ကုသပါ။ ဆီးချိုပြန်တက်အောင် အလွယ်တကူလုပ်နိုင်တဲ့ နည်းလမ်းတွေကတော့။စားပြီး ၁၅-၂၀မိနစ်လောက်နေရင် ဆီးချိုပြန်တိုင်းကြည့်ပါ။ 70mg/dlအထက်ဆို အဆင်ပြေပါတယ်။ 70အောက်ဆိုရင် နောက်တစ်ခေါက်ထပ်စားပါ။ နေရတာသက်သာသွားရင် ပုံမှန်အတိုင်းစားပြီး ဆေးထိုး/ဆေးသောက်နိုင်ပါတယ်။ တကယ်လို့ ပြန်တက်မလာဘူးဆိုရင်တော့ နီးရာ ဆေးခန်ကို အမြန်သွားဖို့ လိုပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/diabetic-hypoglycemia/
ဆောင်းတွင်းမှာ အနာကျက်နှေးတယ်ဆိုတာ အမှန်ပဲလား
ဆောင်းတွင်းမှာ အနာကျက်နှေးတယ်ဆိုတာ အမှန်ပဲလား ……. ရာသီဥတုကအေးနေရင် အရေပြားမှာပြဿနာသိပ်များတာ သိကြမှာပါ။ ဒီအတိုင်းနေရင်းတောင် အသားပပ်ရတာနဲ့နှုတ်ခမ်းကွဲတာလိုမျိုး အက်ကွဲတာတွေဖြစ်နေကြတာ၊ အနာဖြစ်လည်း တခြားအချိန်တွေထက် အနာကျက်နှေးတာကြုံဖူးကြမှာပါ။ အေးတတ်တဲ့ မိုးနဲ့ ဆောင်းရာသီတွေမှာအအေးမိ၊ တုပ်ကွေးတွေအဖြစ်များကြသလိုဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယားတွေ သက်ဆိုးရှည်တဲ့ ရာသီဥတုကို ဖန်တီးပေးလေ့ရှိပါတယ်။ ဒီလိုမျိုးတွေအတွက် ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်က ခုခံနေရတဲ့အတွက် ဒီဘက်မှာအနာပိုးဝင်နိုင်ခြေများစေတာဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။နောက်တစ်ချက်က အေးနေပြီဆို လူတွေက အိမ်ထဲ၊ အခန်းထဲအောင်းနေဖို့ စဉ်းစားကြတော့ ပြဿနာရှိလာပြန်ပါတယ်။ လှုပ်ရှားမှုနည်းခြင်းကသွေးလည်ပတ်မှုကောင်းစေမှာမဟုတ်တဲ့အပြင် ရောဂါပိုးတွေက အေးနေရင်ပြင်ပမှာ ပိုပြီးကြာကြာရှင်သန်နိုင်တာကြောင့် အလုံပိတ်အိမ်ခန်းထဲမှာ အနာနဲ့ ပိုးမွှားဘက်တီးရီးယားတွေထိတွေ့မှုပိုများနိုင်ပါတယ်။ဆောင်းတွင်းမှာ အနာကျက်နှေးတယ်ဆိုတာ အမှန်ပဲလား ….. ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။အရေပြားတစ်ရှူးကျန်းမာရေး။သိထားကြတဲ့အတိုင်း ဆောင်းတွင်းမှာ အရေပြားအပေါ်ယံအလွှာကိုခြောက်သွေ့စေတဲ့အတွက် အရေပြားမှာ ဖြစ်တဲ့အနာ၊ ဒဏ်ရာမှန်သမျှအတွက် အဆင်မပြေနိုင်ပါဘူး။ အနာဆိုတာ အစိုဓာတ်ရှိတဲ့ပတ်ဝန်းကျင်မှာမှ ကောင်းကောင်းအနာကျက်တာမို့ ဒီလိုအချိန်မှာ အနာကိုပလာစတာသို့မဟုတ်ပတ်တီးနဲ့ စနစ်တကျ ဖုံးအုပ်ကာကွယ်ထားသင့်ပါတယ်။ ဒီလို ဖုံးအုပ်ထားခြင်းအားဖြင့် အစိုဓာတ်ထိန်းရာရောက်တဲ့အပြင် မှိုပိုးကအစ ဘက်တီးရီးယားတွေပေါတဲ့ရာသီမှာ အနာကိုပိုးမဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။တုပ်ကွေးရာသီမှာ ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်က ဒီအတွက်ပဲ အဓိကကာကွယ်နေမှာဖြစ်လို့အနာကျက်ဖို့၊ပိုးမဝင်အောင်ကာကွယ်ဖို့မှာ အားလျော့သွားနိုင်ပါတယ်။ တချို့မှာ နေမကောင်းဖြစ်နေရင် အနာကျက်ဖို့နှေးတယ်ဆိုတာ ဒီအချက်ကြောင့်ဖြစ်နိုင်ပါတယ်။ပတ်ဝန်းကျင်အအေးဒဏ်ကြောင့် သွေးလည်ပတ်မှုကိုလည်း နှေးစေနိုင်ပါတယ်။ သွေးလည်ပတ်မှုကောင်းဖို့က အနာကျက်ခြင်းအတွက် အရေးပါတဲ့အချက်ပါ။ သွေးလည်ပတ်မှုမကောင်းရင် အနာတဝိုက်ဧရိယာကိုအောက်ဆီဂျင်မရောက်နိုင်တော့ဘဲ အနာကျက်ဖို့ နှေးစေပါတယ်။ နောက်ပြီး သွေးလည်ပတ်မှုမကောင်းတဲ့အခါ အနာတဝိုက်က အရေပြားတစ်ရှူးအသစ်ဖြစ်ပေါ်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်။ အေးမှာစိုးပြီး နွေးအောင်နေတဲ့အခါမှာလည်း သွေးမလျှောက်နိုင်လောက်အောင် တင်းကျပ်အောင် ဝတ်စားတာ၊ စည်းနှောင်တာတွေကို နည်းနည်းလျှော့ပါ။ အနာကိုပလာစတာ၊ ပတ်တီးစည်းတဲ့အခါမှာလည်း အရမ်းမတင်းဖို့ အရေးကြီးပါတယ်။သွေးလည်ပတ်မှုအတွက် လှုပ်ရှားမှုက အရေးကြီးတဲ့အတွက် လှုပ်လှုပ်ရှားရှားနေဖို့ အကြံပြုတယ်ဆိုပေမယ့် အနာကိုနွေးထွေးအောင်၊ လုံခြုံအောင် ဖုံးအုပ်ကာကွယ်ဖို့လိုပါတယ်။လမ်းလျှောက်တာ၊ ယောဂ ကစားတာလိုမျိုး သွေးလည်ပတ်မှုကောင်းစေမယ့် လှုပ်ရှားမှုမျိုးဆို ရပါတယ်။ထိခိုက်ဒဏ်ရာရှိတဲ့နေရာကိုရောဂါပိုးအန္တရာယ်ကို ကာကွယ်ဖို့နဲ့ အစိုဓာတ်ထိန်းနိုင်ဖို့ သန့်စင်တဲ့ ပလာစတာ သို့မဟုတ် ပတ်တီးနဲ့ ဖုံးအုပ်ကာကွယ်သင့်ပါတယ်။ ခြောက်သွေ့မသွားရအောင် အနာကျက်ဆေး သို့မဟုတ် moisturizer တစ်ခုခုလိမ်းထားပေးလို့ရပါတယ်။ လေ့လာမှုတွေအရ အစိုဓာတ်ထိန်းထားနိုင်ရင် ၅၀% အနာကျက်ပိုမြန်တယ်လို့ ဆိုပါတယ်။အနာဖေးတက်တယ်ဆိုတာ အနာမှာလိုအပ်သလောက် အစိုဓာတ်မရတဲ့အခါ ခြောက်သွေ့လာတာပဲဖြစ်ပါတယ်။ အနာဖေးတွေက အနာမကျက်ခင်ကာလအတွင်းမှာ မလိုလားအပ်တဲ့ဘက်တီးရီးယားတွေ ကပ်ငြိနေစေနိုင်တဲ့အရင်းအမြစ်တွေဖြစ်ပြီးအနာပိုးဝင်ခြင်းအတွက် လမ်းစဖြစ်ပါတယ်။ အနာမကျက်ခင် အနာဖေးတွေကွာတဲ့အခါ အနာပေါက်အသစ်ဖြစ်ကျန်ခဲ့ပြီး အနာကျက်နှေးစေနိုင်တဲ့အပြင်အမာရွတ်ပါဖြစ်စေနိုင်ပါတယ်။အနာတစ်ခုခုဖြစ်ပြီဆို တင်းတင်းလေးဖြစ်လာပြီး ယားသလိုလိုဖြစ်တတ်တာမျိုး ကြုံဖူးမှာပါ။ အထူးသဖြင့် အပေါ်ယံအနာတွေမှာဖြစ်လေ့ရှိပါတယ်။ ဟုတ်ပါတယ်။ ပုံမှန်အတိုင်း အနာကျက်လာတာဆိုတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ဒါပေမယ့် သတိထားဖို့က အနာမှာ ယားတာအပြင် နီလာတာ၊ ပြည်တည်လာတာ၊ တဒိတ်ဒိတ်သွေးခုန်တိုးသလို ခံစားရတာတွေဖြစ်လာရင်အနာပိုးဝင်တဲ့လက္ခဏာဖြစ်နေနိုင်ပါတယ်။ အနာက ယားလာပြီဆို အနာတဝိုက် အခြေအနေနဲ့ သန့်ရှင်းမှုကိုသတိထားကြည့်ဖို့ လိုပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/why-wound-healing-is-delayed-in-winter/
COVID-19 နဲ့ ဗီတာမင် D ရဲ့ အခန်းကဏ္ဍ
COVID-19ရောဂါပိုးကူးစက်မှုကို ရှောင်လွှဲနိုင်ရေးမှာဗီတာမင် Dက ဘယ်လို အခန်းကဏ္ဍမျိုးကနေ ပါဝင်နေသလဲ? သွေးထဲက ဗီတာမင် D ပမာဏဟာ ကိုဗစ်ရောဂါဟန့်တားရေးမှာ အရေးပါနေသလား?။နိုင်ငံအသီးသီးမှာ မတူကွဲပြားစွာပြုလုပ်ထားတဲ့ အမျိုးမျိုးသော သုတေသနရလဒ်တွေက ညွှန်ပြနေကြတာကတော့ ကိုဗစ်ဝေဒနာ ခံစားနေရတဲ့ လူနာအများမှာ သွေးတွင်း ဗီတာမင် D ပမာဏ နည်းပါးနေတယ်ဆိုတာပါပဲ။ဒါ့အပြင်ဗီတာမင် D ချို့တဲ့မှု ဝေဒနာခံစားရတဲ့ တိုင်းပြည်တွေက လူနာတွေဟာ ဗီတာမင် D ပမာဏပိုများတဲ့ တိုင်းပြည်တွေက လူနာတွေထက် သေဆုံးနှုန်းပိုများပါသေးတယ်တဲ့။ ဗြိတိန်မှာဆိုရင် ကိုဗစ်လူနာတွေရဲ့ ၁၇% ဟာ ဗီတာမင် D ချို့တဲ့နေသူတွေပါ။ကျွမ်းကျင်သူတွေကတော့ သွေးတွင်း ဗီတာမင် D ပမာဏဟာ ကိုဗစ်ကို တိုက်ထုတ်ရာမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် အကူအညီဖြစ်စေတဲ့ အရာတစ်ခုဖြစ်ပြီး ကိုယ်တွင်းခုခံအားစနစ်က အလွန်အမင်းတုံ့ပြန်တာ၊ မိမိခန္တာကိုယ်အတွင်းက ဆဲလ်တွေနဲ့ တစ်ရှူးတွေကို ပြန်လည်တိုက်ခိုက်စေတဲ့Cytokine Stormဖြစ်ပေါ်တာတွေကို တားဆီးပေးနိုင်တယ်လို့ ဆိုထားပါတယ်။အမေရိကန်၊ အင်္ဂလန်၊ အိုင်ယာလန်၊ အင်ဒိုနီးရှားနဲ့ ကနေဒါတို့မှာ နောက်ဆုံးပြုလုပ်ထားတဲ့ သုတေသန ၈ ခုရဲ့ ရလဒ်တွေအရ ဗီတာမင် D ဟာ ကိုဗစ်ရောဂါတားဆီးရေးနဲ့ တိုက်ထုတ်ရေးမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် အကူအညီပေးနိုင်တယ်ဆိုတဲ့ အချက်ကို ခိုင်မာစေခဲ့ပြီဖြစ်ပါတယ်။ဗီတာမင် D လို့ ဆိုလိုက်ရင်နေရောင်ခြည်ကနေရတယ်လို့ လူတိုင်းနီးပါး သိကြပါတယ်။ မနက်ခင်းနေခြည် နွေးနွေးလေးက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် D ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ အရိုးနဲ့ ကြွက်သားတွေကို သန်မာစေပြီး စိတ်ခံစားမှု ကောင်းစေဖို့အကောင်းဆုံး ပံ့ပိုးပေးတဲ့ ဗီတာမင် တစ်မျိုးပေါ့။ဒီမှာ မေးခွန်းထုတ်စရာရှိလာတာက ကိုဗစ်တားဆီးရေးမှာ ဗီတာမင် D လိုအပ်တယ်ဆိုရင် နေရောင်ခြည်ခံယူရုံနဲ့ ကိုဗစ်ကို မတားဆီးနိုင်ဘူးလားဆိုတာပါပဲ။မရဘူးလို့ ဆိုရမှာပါ။ ကိုဗစ်ကို တိုက်ထုတ်ရာမှာ ဗီတာမင် D က အရေးပါတာမှန်ပေမယ့် နေရောင်ခြည်မှာပါဝင်နေတဲ့ တခြားအရာတွေဖြစ်ကြတဲ့ ခရမ်းလွန်ရောင်ခြည် (UVA ၊ UVB နဲ့ UVC) ကတော့ ဗီတာမင် D လို အကျိုးကျေးဇူးမျိုး ပေးမှာမဟုတ်ပါဘူး။နေရောင်ခြည်မှာ အများဆုံးပါဝင်နေတဲ့ ခရမ်းလွန်ရောင်ခြည် UVA နဲ့ UVB တို့ဟာဆိုရင် အရေပြားအတွင်းပိုင်းထိ ထိုးဖောက်ဝင်ရောက်နိုင်ပြီး အရေးအကြောင်းတွေဖြစ်တာ၊ အရွယ်မတိုင်ခင် အိုမင်းတာတွေ၊ အသားအရေထိခိုက်မှုတွေ၊ အရေပြားထဲကDNA ကို ထိခိုက်စေတာတွေ၊ နေလောင်တာတွေနဲ့ အရေပြားကင်ဆာတွေကို ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ဗီတာမင် D သီးသန့် အလိုရှိတယ်ဆိုရင် တခြားနည်းလမ်းကို အသုံးပြုဖြည့်ဆည်းဖို့ လိုအပ်ပါတယ်။ ဗီတာမင် D ဟာ နေရောင်ခြည်တစ်မျိုးတည်းကနေ ရရှိတဲ့ အာဟာရဓာတ်မဟုတ်ပါဘူး။ အစားအစာတွေကနေလည်း ရရှိနိုင်ပါတယ်။အဆီဓာတ်ပါဝင်တဲ့ တူနာ၊ မာကရီယယ်၊ ဆာလ်မွန်စတဲ့ ငါးတွေ၊ နို့ထွက်ပစ္စည်းတွေ၊လိမ္မော်ရည်၊ ပဲနို့၊ စီရီယယ်၊ အမဲသာ၊ ကလီစာ၊ ဒိန်ခဲနဲ့ ဥတွေကနေလည်း ရရှိနိုင်ပါတယ်။ဗီတာမင် D ဟာ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဗီတာမင် D ဟာ ကိုယ်ခံအားစနစ်၊ အရိုး၊ ကြွက်သားစတာတွေကို ပံ့ပိုးပေးတဲ့ အာဟာရဓာတ်ဖြစ်တာမို့ ဒီအရာတွေနဲ့ ဆက်နွယ်တဲ့ ဝေဒနာတွေကို ကုစားရာမှာ အသုံးဝင်ပါတယ်။တစ်ခုသတိထားရမှာက ဗီတာမင် D ဟာ ဓာတ်မတည့်ခြင်းဖြစ်စေနိုင်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ နောက်ပြီး ကိုယ်ဝန်ဆောင်တွေအနေနဲ့လည်း ဗီတာမင် D လွန်ကဲမှုမဖြစ်ဖို့ လိုအပ်ပါတယ်။ ဗီတာမင် D ပမာဏလွန်ကဲမယ်ဆိုရင် အောက်ပါ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ဗီတာမင် D ဟာ ကိုဗစ်ကို တွန်းလှန်ရာမှာ အသုံးတည့်တယ်ဆိုပေမယ့် တခြားဘေးအန္တရာယ်တွေကိုလည်း သတိထားရမှာမို့ ဗီတာမင် D လွန်ကဲမှုမဖြစ်အောင် သတိထားဖို့ လိုအပ်ပါတယ်။ ခြုံငုံပြောရမယ်ဆိုရင် ဗီတာမင် D ဟာ ကိုရိုနာရောဂါကို သေချာပေါက် ပျောက်ကင်းစေမှာမဟုတ်သလို ရောဂါပိုးကူးစက်မလာအောင်လည်း အလုံးစုံကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး။ဒါပေမယ့် ဗီတာမင် D ပြည့်ဝနေတာဟာ ကိုဗစ်အပါအဝင် ကူးစက်ရောဂါတွေ အလွယ်တကူ မကူးစက်လာအောင်၊ ရှိနေရင်လည်း ပြန်လည်တိုက်ထုတ်နိုင်အောင်တော့ တစ်စိတ်တစ်ပိုင်းအားဖြင့် ကူညီပေးနိုင်တာအမှန်ပဲဖြစ်ပါတယ်။ဒါကြောင့် ကိုဗစ်ရောဂါပိုးကူးစက်မှုကို ကာကွယ်ရာမှာ လေ့ကျင့်ခန်းတွေ ပြုလုပ်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်အောင်နေတာ၊ အာဟာရဓာတ်ပြည့်ဝစွာ မှီဝဲစားသောက်တာအပြင် ဗီတာမင် D ကိုလည်း ပြည့်ဝနေအောင် ဖြည့်တင်းထားတာဟာ အကျိုးဖြစ်ထွန်းစေမယ့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။အိပ်ရေးဝဝ အိပ်တာ၊ မလိုအပ်ဘဲ အပြင်မသွားတာ၊ လူစုလူဝေးရှောင်တာ၊ လက်ဆေးတာ၊ မဖြစ်မနေ အပြင်သွားရမယ်ဆိုရင် နှာခေါင်းစည်းတပ်တာနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်တာတွေက COVID-19 ကို ကာကွယ်ရေးမှာ အရေးအကြီးဆုံး နည်းလမ်းတွေပါပဲ။[covid_19]။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/more-vitamin-d-lower-risk-of-severe-covid-19/
မွေးကင်းစကလေးတွေမှာ အတွေ့များတဲ့ ကျန်းမာရေးပြဿနာတွေ
ကလေးတွေဟာမွေးကင်းစအချိန်ကနေ အသက်တစ်နှစ်ပြည့်တဲ့အချိန်ထိ မိဘတွေအနေနဲ့ သေချာအနီးကပ်စောင့်ရှောက်မှုတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လုံခြုံတဲ့ မိခင်ရဲ့ ဝမ်းဗိုက်ထဲကနေ ပြင်ပလောကကို ရောက်ရှိလာပြီးအသက်ရှူဖို့၊ စားသောက်ဖို့၊ အိပ်စက်အနားယူဖို့ အစရှိတဲ့အရာတွေကို စတင်သင်ယူရပါတယ်။ပြင်ပလောကနဲ့ အသားကျဖို့အတွက် ပြင်ဆင်နေရတဲ့ ဒီပထမတစ်နှစ်ကာလကတော့ ကလေးတွေအတွက် ကျန်းမာရေးပြဿနာများ ထူပြောတဲ့ ကာလမို့ မကြာခင်မှာ မိဘလောင်းဖြစ်တော့မယ့်သူတွေရော၊ အခုမှ ပထမဆုံးသားဦးသမီးဦးမွေးထားတဲ့ မိဘတွေအတွက်ပါ သိထားသင့်တဲ့ ကျန်းမာရေးပြဿနာများကို ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။တစ်ခါတရံမီးဖွားနေချိန်မှာ ကလေးကို မိခင်မွေးလမ်းကြောင်းကနေ လျင်မြန်စွာ ထွက်လာစေဖို့ ညှပ်ကိုအသုံးပြုရတာမျိုး ရှိပါတယ်။ ဒီညှပ်ကြောင့် ကလေးအနေနဲ့ ထိခိုက်မှုများ ဖြစ်စေနိုင်ပါတယ်။ကလေးအများစုကတော့ ထိုထိခိုက်မှုကို တိုတောင်းတဲ့အချိန်အတွင်း ကုသပျောက်ကင်းသွားနိုင်ပါတယ်။ ဒီလိုမွေးဖွားစဉ် ထိခိုက်မှုတွေထဲမှာဦးရေပြားတစ်ဝိုက် နီရဲရောင်ရမ်းတဲ့ လက္ခဏာကို တွေ့ရတတ်ပါတယ်။အသားဝါရောဂါသည် မွေးကင်းစကလေးများနဲ့ အသက်တစ်နှစ်ဝန်းကျင် ကလေးတွေမှာ အလွန်အဖြစ်များတဲ့ ရောဂါတစ်ခုပါ။ ကလေးရဲ့ သွေးထဲမှာ Bilirubin ဓာတ်တွေ ပိုလျှံလာခြင်းကြောင့် အရေပြားမှာ အဝါရောင်ခြယ်ဆဲလ်တွေ တိုးလာပါတယ်။ အသက်ငယ်ရွယ်စဉ်မှာ ကျောက်ကပ်က ကောင်းစွာ ဖွံ့ဖြိုးမှုမရှိသေးတဲ့အတွက် ထို Bilirubin ဓာတ်တွေကို သိပ်ပြီးမဖယ်ရှားနိုင်တာကြောင့်အသားဝါရောဂါရယ်လို့ ဖြစ်လာရတာပါ။ပုံမှန်အားဖြင့်တော့မွေးကင်းစကလေးတွေမှာဆိုရင် ကလေးမွေးပြီး ၂ပတ်မှ ၃ပတ်အတွင်း သူ့အလိုလို ပျောက်ကင်းသွားနိုင်ပါတယ်။ ၃ပတ်ကျော်တဲ့အထိမှ အသားဝါတာ မပျောက်သွားဘူးဆိုရင်တော့ တခြားကျန်းမာရေးပြဿနာတစ်ခုခု ရှိနေတာ ဖြစ်နိုင်တဲ့အတွက် ကလေးအထူးကုဆရာဝန်နဲ့ သေချာပြသစစ်ဆေးသင့်ပါတယ်။လူကြီးတွေမှာတောင်လေထိုးလေအောင့်တဲ့အခါ တော်တော်ခံရခက်သလို ကလေးတွေအတွက်ဆို ပိုပြီးတောင်ဆိုးရွားတတ်ပါတယ်။ ကလေးက အကြောင်းရင်းမရှိဘဲ ဆက်တိုက်ငိုနေတာမျိုး၊ အထူးသဖြင့် ညနေခင်းတွေမှာ ပိုပြီးငိုတတ်တယ်ဆိုရင် ကလေးမှာ လေထိုးလေအောင့်နေတာမျိုး ဖြစ်နိုင်ပါတယ်။ဘာကြောင့် ဖြစ်ရတာလဲဆိုတဲ့ အကြောင်းရင်းအတိအကျကို ရှာဖွေနိုင်ခြင်းမရှိသေးပေမဲ့ ဝမ်းဗိုက်ထဲလေပွနေခြင်း၊ ဗိုက်အောင့်စေတဲ့ ဟော်မုန်းများထွက်လာခြင်း၊နို့မှုန့်တိုက်ခြင်း၊ အသံ သို့မဟုတ် အလင်းရဲ့ တုံ့ပြန်မှုပြင်းထန်ခြင်း၊ အစာခြေစနစ် ဖွံ့ဖြိုးမှုကြောင့် ဖြစ်နိုင်ခြေပိုများပါတယ်။ ပုံမှန်အားဖြင့် ကလေးအသက် ၂ပတ်ကာလမှ လေထိုးလေအောင့် စတင်ဖြစ်တတ်ပြီး အသက် ၃လအရွယ်မှာတော့ သူ့အလိုလိုပဲ သက်သာသွားနိုင်ပါတယ်။ ၃လကျော်တဲ့အထိ မသက်သာဘူးဆိုရင်တော့ ကျန်းမာရေးပြဿနာရှိနေတာ သို့မဟုတ်နို့မှုန့်နဲ့ ဓာတ်မတည့်တာကြောင့် ဖြစ်နိုင်ပါတယ်။ဒီလိုဖြစ်လာပြီဆိုရင် ကလေးရဲ့ ဝမ်းဗိုက်ကို မိဘတွေအနေနဲ့ ဖြည်းဖြည်းချင်း ထိပြီး စစ်ဆေးကြည့်သင့်ပါတယ်။ဝမ်းဗိုက်က တင်းပြီးရောင်နေတာဆိုရင် လေပွတာ သို့မဟုတ် ဝမ်းချုပ်တာကြောင့် ဖြစ်နိုင်ပါတယ်။မိခင်နို့ပုံမှန်တိုက်ကျွေးပေးခြင်းဖြင့် ကလေးရဲ့ ဝမ်းဗိုက်က သူ့ဘာသာအစာကို ပုံမှန်ချေဖျက်သွားပြီး နဂိုအတိုင်း ပြန်ဖြစ်သွားနိုင်ပါတယ်။ ဝမ်းဗိုက်က ဖြစ်သင့်တာထက် ပိုပြီးတင်းမာနေတယ်လို့ ခံစားမိရင်တော့ ဆရာဝန်နဲ့ သေချာပြကြည့်သင့်ပါတယ်။မွေးပြီးကာစအချိန်မှာ ကလေးတွေ ခြေလက်ပြာနှမ်းတာမျိုး ဖြစ်တတ်တာ သဘာဝပါ။ ပုံမှန်အတိုင်း သွေးစီးဆင်းမှုဖြစ်လာပြီဆိုရင်​တော့ အချိန်တိုအတွင်း သူ့ဘာသာ ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် ကလေးပါးစပ်တွေမှာပါ ပြာနှမ်းတာ၊ အသက်ရှူရခက်နေတာမျိုး အစရှိတဲ့ လက္ခဏာတွေ တွေ့ရတယ်ဆိုရင်တော့ ကလေးရဲ့ နှလုံးနဲ့ အဆုတ်ဟာ ကောင်းစွာအလုပ်မလုပ်တာဖြစ်နိုင်ပါတယ်။ ဒီလိုလက္ခဏာတွေ တွေ့ရရင် ကလေးအထူးကုဆရာဝန်နဲ့ အမြန်ဆုံးပြကြည့်ဖို့ လိုအပ်ပါတယ်။တစ်ခါတလေ ကလေးတွေကို နို့တိုက်လိုက်တဲ့အခါနို့အန်ထွက်တာ သို့မဟုတ် ထွေးထုတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် မိခင်တွေအနေနဲ့ နို့ပြန်မအန်ထွက်စေဖို့ ကလေးကို နို့တိုက်ပြီးတဲ့အခါလေချဉ်တက်အောင် သို့မဟုတ် ကြို့ထိုးအောင်လုပ်ပေးဖို့ အရေးကြီးပါတယ်။ ကလေးအန်လိုက်တဲ့နို့ထဲမှာ အစိမ်းရောင်ဖြစ်နေမှသာ ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေတာဖြစ်နိုင်ပါတယ်။ကလေးကို နို့အမြန်တိုက်မိတဲ့အခါ ရုတ်တရက်သီးပြီးချောင်းဆိုးတာမျိုး ဖြစ်တတ်ပါတယ်။ အမြဲတမ်းလိုလို နို့တိုက်တိုင်း ချောင်းဆိုးတာဆိုရင်တော့ အဆုတ် သို့မဟုတ်အစာခြေစနစ်မှာ ပြဿနာရှိနေနိုင်ပြီး ညရောက်တော့မှ ချောင်းဆက်တိုက်ဆိုးတာမျိုးက အသက်ရှူလမ်းကြောင်းမှာ ပြဿနာဖြစ်နေတာ သို့မဟုတ်ကြက်ညှာချောင်းဆိုးဖြစ်နိုင်ပါတယ်။ကလေးရဲ့ နှာခေါင်းလမ်းကြောင်းမှာ ပိတ်ဆို့သွားတဲ့အခါအောက်စီဂျင်မလုံလောက်တော့ဘဲ အသက်ရှူမဝသလို ဖြစ်တတ်ပါတယ်။ ကလေးအသက်ရှူရခက်တာ ကြာလာတဲ့အခါ အရေပြားဟာ ပြာနှမ်းလာတာကို တွေ့ရမှာပါ။ ပုံမှန်အားဖြင့်မွေးကင်းစကလေးတွေအနေနဲ့ မွေးပြီး နာရီအနည်းငယ်ကြာမှ အသက်ရှူတတ်တာ ဖြစ်တဲ့အတွက် ဆေးရုံရဲ့ အောက်စီဂျင်ခန်းထဲမှာ ကလေးကို ထိန်းသိမ်းစောင့်ကြည့်ထားဖို့ လိုပါတယ်။မိခင်တွေမှာသွေးအားနည်းရောဂါအခံရှိတဲ့အခါ မွေးလာတဲ့ကလေးမှာပါ ဒီရောဂါက ပါလာတတ်ပါတယ်။ ကလေးရဲ့အသက်အလိုက် ပုံမှန်သတ်မှတ်ထားတဲ့ ပမာထက် သွေးနီဆဲလ်တွေ နည်းနေတာကြောင့် သွေးအားနည်းရောဂါ ဖြစ်ရတာပါ။ အသက်ငယ်သေးတဲ့ကလေးတွေမှာသွေးအားနည်းရောဂါရှိခြင်းဟာ သေစေနိုင်တဲ့အထိ အန္တရာယ်ကြီးလို့ ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ကုသမှုခံယူဖို့ အရေးကြီးပါတယ်။ကလေးတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ရုတ်တရက်ဖျားပြီး ကိုယ်အပူရှိန်တက်နိုင်ပါတယ်။ အသက်ငယ်တဲ့ကလေးတွေကိုယ်ပူကြီးတဲ့အခါ ရုတ်တရက်တက်သွားတာတတ်ပါတယ်။ ဒါကြောင့် ကလေးဖျားတဲ့အခါ ကိုယ်ပူမြန်မြန်ကျသွားအောင် လုပ်ပေးဖို့ အရေးကြီးပါတယ်။ ဒါမှမဟုတ် ကလေးအထူးကုဆရာဝန်နဲ့ အမြန်ဆုံးပြသပါ။စိုရွှဲပြီး အညစ်အကြေးပေးနေတဲ့ ကလေးသေးခံအဝတ်တွေကို အချိန်အကြာကြီး ဝတ်ထားတဲ့အခါ သေးခံလောင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေး အလေးအပေါ့သွားပြီးတာနဲ့ သေးခံကို အမြန်လဲပြီး ရေနွေးနဲ့ သန့်ရှင်းပေးတာ၊ ပေါင်ဒါလိမ်းတာမျိုး လုပ်ပေးသင့်ပါတယ်။ဦးရေပြားအကြေးခွံထတာကတော့ ကလေးရဲ့ဦးခေါင်းက ဆံသားမွေးညှင်းပေါက်တွေကနေ အဆီတွေ လိုတာထက်ပိုပြီး ထုတ်လုပ်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီပြဿနာအတွက် ကလေးသုံးခေါင်းလျှော်ရည်အပျော့စားကို ရေကျက်နွေးနဲ့ ဂရုစိုက်ပြီး ခေါင်းလျှော်ပေးဖို့ အရေးကြီးပါတယ်။ကလေးတွေမှာနားထဲပိုးဝင်တဲ့ပြဿနာ အလွန်အဖြစ်များပါတယ်။ နားထဲမှာရောဂါပိုးဝင်နေတဲ့အခါ ကလေးအနေနဲ့ နားရွက်ကို ခဏခဏဆွဲတာမျိုး လုပ်တတ်ပါတယ်။ဗိုင်းရပ်စ်ပိုးဝင်တာကတော့ ပိုအဖြစ်များပြီး ရက်အနည်းငယ်အတွင်း သက်သာသွားနိုင်ပါတယ်။ နားထဲ ဘက်တီးရီးယားပိုးဝင်တဲ့အခါ ပျောက်ကင်းရန်အချိန်ပိုကြာတတ်ပြီး ကုသမှုမခံယူပါက ကလေးအကြားအာရုံထိခိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ကလေးတွေရဲ့ လျှာနဲ့ခံတွင်းတစ်ဝိုက်မှာ အဖြူရောင်အကွက်များ တွေ့နေတယ်ဆိုရင်မှိုစွဲတာဖြစ်နိုင်ပါတယ်။ ဒီပြဿနာအတွက် ဆရာဝန်နဲ့ သေချာပြသပြီး မှိုပိုးသတ်ပေးဖို့ လိုအပ်ပါတယ်။ကလေးကို အပြင်ခေါ်သွားတဲ့အခါ သို့မဟုတ် ကလေးကိုပြုစုနေရတဲ့ မိသားစုဝင်တစ်ဦးဦးမှာ အအေးမိတုပ်ကွေးဖြစ်နေပါက ကလေးကို ကူးစက်နိုင်ခြေ အရမ်းများပါတယ်။ ကလေးတွေမှာအအေးမိတုပ်ကွေးဖြစ်ပါက အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အတွက် အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ဝမ်းဗိုက်ထဲ ရောဂါပိုးတစ်ခုခု ဝင်နေတာ၊ ပိုးသတ်ဆေးတွေ သောက်နေရတဲ့အခါ ဝမ်းလျှောတတ်ပါတယ်။ ထိုနည်းတူ ဝမ်းလျှောတာမဟုတ်ဘဲ ဝမ်းချုပ်တာလည်း အဖြစ်များပါတယ်။ ၃ရက်ထက်ပိုပြီး ကလေးဝမ်းလျှောတာ၊ ဝမ်းချုပ်တာ မသက်သာရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ခုပြောပြခဲ့တဲ့ လက္ခဏာတွေဟာ မွေးကင်းစနဲ့ အသက်တစ်နှစ်အောက်ကလေးတွေမှာ အလွန်အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေပဲ ဖြစ်ပါတယ်။တချို့ပြဿနာတွေကတော့ သိပ်ပြီး စိုးရိမ်စရာမရှိပေမဲ့ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို တွေ့နေရပြီဆိုရင်တော့ မိဘတွေအနေနဲ့ ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသကြည့်ဖို့ မနှေးသင့်ကြောင့် သတိပေးရင်း နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%b8%e1%80%85%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac-%e1%80%a1%e1%80%90%e1%80%bd/
စိတ်ဓာတ်ကျခြင်းကို ဘယ်လို တိုက်ထုတ်ကြမလဲ
တစ်ခါတစ်လေမှာ အလိုလိုနေရင်း မပျော်မရွှင် စိတ်ကလေးလံထိုင်းမှိုင်းပြီး စိတ်ဓာတ်ကျဆင်းနေတာမျိုးကို လူတိုင်းနီးပါး ကြုံဖူးကြလိမ့်မယ်ထင်ပါတယ်။ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေ၊ ကိုယ်ရေးကိုယ်တာ အဆင်မပြေမှုတွေ၊ လုပ်ငန်းခွင်ဖိအားတွေနဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေကြောင့် ခုလို စိတ်ဓာတ်ကျတာမျိုးကို ကြုံရတတ်ပါတယ်။စိတ်ဓာတ်ကျတာ (Depression) ကို အမျိုးအစား ၉ မျိုးအထိ ခွဲခြားထားပါတယ်။ ပုံမှန်အားဖြင့် ဝမ်းနည်းကြေကွဲမှုတွေ၊ ပုံမှန်လူနေမှုဘဝတွေနဲ့ ရက်သတ္တပတ်နဲ့ချီပြီး ခံစားနေရပြီဆိုရင် စိတ်ဓာတ်ကျဆင်းနေပြီလို့ မှတ်ယူတတ်ကြပါတယ်။ဒါ့အပြင် လူတစ်ယောက်Depressionဝင်နေပြီဆိုရင် ပျော်ရွှင်မှုတွေ ပျောက်ဆုံးကုန်သလို ဝမ်းနည်းကြေကွဲစိတ် ကြီးစိုးလာတာ၊ အစားစားချင်စိတ် နည်းပါးလာတာ၊ ပတ်ဝန်းကျင်ကို ရှောင်ကျဉ်လာတာ၊ပုံမှန်လူနေမှုဘဝနဲ့ ကင်းကွာလာတာ၊ အာရုံစူးစိုက်ရခက်ခဲလာတာနဲ့ အိပ်စက်ရခက်ခဲလာတာမျိုးအပြင် တန်ဖိုးမဲ့တယ်ဆိုတဲ့ စိတ်ခံစားချက်မျိုးလည်း ခံစားလာရမှာဖြစ်ပါတယ်။အဆိုးဆုံးအခြေအနေမှာ မိမိကိုယ်ကိုယ်အဆုံးစီရင်ဖို့ပါ ကြိုးပမ်းလေ့ရှိတဲ့ ဝေဒနာမျိုးဖြစ်ပါတယ်။ Depression ဟာ ဒီကနေ့ကမ္ဘာပေါ်မှာ ကိုယ့်ကိုယ်ကို သတ်သေမှုအများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။လူတိုင်း စိတ်ဓာတ်ကျနိုင်ပါတယ်။ အထူးသဖြင့် ဖိအားပေါင်းစုံနဲ့ နေ့စဉ်ဘဝမှာ ရုံးကန်နေရသူတွေ၊ အဆင်မပြေမှုတွေ အခက်အခဲတွေနဲ့ ရုံးကန်နေရသူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ Depression ဟာ လူတစ်ယောက်ရဲ့ ခွန်အား၊ စိတ်အားတက်ကြွမှုနဲ့ စိတ်ခံစားချက်တွေကို ဟာလာဟင်းလင်းဖြစ်သွားအောင် လုပ်ပစ်မှာဖြစ်ပါတယ်။ပြီးတော့ ဒီဝေဒနာဟာ ဝုန်းဒိုင်းဆိုပြီး ချက်ချင်း ပျောက်ကွယ်သွားမယ့် ဝေဒနာမျိုးလည်း မဟုတ်ပါဘူး။ ကျကျနနပြင်ဆင်ကုစားမှုမလုပ်ရင် အကြိမ်ကြိမ်ပြန်လည် ဖြစ်ပေါ်လာနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာ တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီဝေဒနာကို သက်သာစေဖို့ဆိုရင် ခြေလှမ်း သေးသေးလေးတွေကနေ စတင်ရမှာဖြစ်ပါတယ်။မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းနဲ့ စိတ်ခွန်အားမြင့်မားအောင်ပြုလုပ်တာက ခံစားနေရတဲ့ စိတ်ဓာတ်ကျခြင်းဝေဒနာကို လျော့ပါးသက်သာစေနိုင်ပါတယ်။ ပိုပြီးသက်သောင့်သက်သာ စိတ်ခံစားချက်မျိုးကို ခံစားရစေနိုင်ပါတယ်။ ဒီလိုတိုက်ထုတ်နိုင်ဖို့အတွက် လွယ်ကူရိုးရှင်းပြီး ထိရောက်တဲ့ နည်းလမ်း တချို့ရှိပါတယ်။အောက်မှာဖော်ပြထားတဲ့ နည်းလမ်းလေးတွေကို လိုက်နာဆောင်ရွက်ကြည့်မယ်ဆိုရင် စိတ်ဓာတ်ကျဆင်းမှုကို လက်တွေ့ထိရောက်စွာ တိုက်ထုတ်နိုင်မှာပါ။၁။ ပုံမှန်အချိန်ဇယားသတ်မှတ်ပါ။တကယ်လို့ စိတ်ဓာတ်ကျနေပြီဆိုရင် ဘာမှမလုပ်ဖြစ်ဖို့ အတော်ကို သေချာနေပါပြီ။ ဒါကြောင့် အချိန်ဇယားသတ်မှတ်ထားပြီး လုပ်ဖို့လိုအပ်တာတွေကို ဆက်ပြီးလုပ်နေဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် နေ့စဉ်လူနေမှုဘဝကို ထိခိုက်မှု လျော့ပါးသွားမှာဖြစ်သလို အလုပ်တစ်ခုပြီးမြောက်တိုင်း ခံစားရတဲ့ ကျေနပ်မှုက စိတ်ဓာတ်ကျဆင်းမှုကို တိုက်ထုတ်ရာမှာ အသုံးဝင်မှာဖြစ်ပါတယ်။၂။ရည်မှန်းချက်ထားပါ။စိတ်ဓာတ်ကျနေသူတစ်ယောက်ဟာ သူဟာ ဘာမှမလုပ်နိုင်တော့သူ၊ သူဟာ အသုံးမကျသူ၊ စွမ်းဆောင်ရည်ညံ့ဖျင်းသူလို့ ယုံကြည်နေတတ်ပါတယ်။ ဒီခံစားချက်ဟာ နေ့စဉ်နေ့တိုင်း မိမိကိုယ်ကို ပိုပို စိတ်ပင်ပန်းဆင်းရဲစေပါလိမ့်မယ်။ ဒါကြောင့် နေ့စဉ် ကိုယ်ပြီးမြောက်အောင်လုပ်မယ့် ရည်မှန်းချက်လေးတွေထားပြီး အမှန်တကယ်ပြီးမြောက်အောင် လုပ်ကြည့်ပါ။ ကိုယ့်ကိုယ်ကို စိန်ခေါ်ပါ။ ပိုမိုကောင်းမွန်တဲ့ စိတ်ခံစားချက်မျိုး ခံစားရပါလိမ့်မယ်။၃။လေ့ကျင့်ခန်းလုပ်ပါ။လေ့ကျင့်ခန်းလုပ်တာဟာ ရုပ်ပိုင်းအတွက်ရော စိတ်ပိုင်းအတွက်ပါ အကျိုးရှိစေမှာဖြစ်ပါတယ်။ ကိုယ်ကာယလေ့ကျင့်ခန်း လုပ်တာက ခန္ဓာကိုယ်အတွင်းက endorphins ဆိုတဲ့ ဓာတ်တွေကို ထုတ်လွှတ်ပေးပြီး ဒီဓာတ်က စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ အကျိုးကျေးဇူးရှိပါတယ်။ လေ့ကျင့်ခန်းတွေဟာ ဦးနှောက်လုပ်ဆောင်ချက်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ တစ်ခုရှိတာက လေ့ကျင့်ခန်းတွေကို ပင်ပင်ပန်းပန်းလုပ်ကိုင်နေတာမျိုးထက် ကိုယ်တတ်နိုင်သလောက် ပေါ့ပေါ့ပါးပါးလုပ်ကိုင်တာမျိုးက ပိုသင့်လျော်ပါတယ်။၄။အာဟာရပြည့်ဝအောင်စားပါ။စိတ်ဓာတ်ကျဆင်းလာပြီဆိုရင် အစားစားချင်စိတ်လည်း လျော့ပါးလာပါတယ်။ အစားမစားတာဟာ ဝေဒနာကို ပိုဆိုးစေနိုင်သလို ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကိုလည်း ရင်ဆိုင်လာရစေမှာဖြစ်ပါတယ်။ အစားအသောက်ကို ဖွယ်ဖွယ်ရာရာနဲ့ အာဟာရပြည့်ပြည့်ဝဝစားဖြစ်အောင် ကြိုးစားကြည့်ပါ။ အာဟာရပြည့်ဝမှုဟာ ရုပ်ပိုင်းစိတ်ပိုင်းအခြေအနေတွေအားလုံးကို မြှင့်တင်ပေးနိုင်ပါတယ်။ omega-3 fatty acids နဲ့ folic acid ပါဝင်တဲ့ အစားအစာတွေဟာ Depression ဝေဒနာကို သက်သာလျော့ပါးစေနိုင်ပါတယ်။၅။အိပ်ရေးဝဝ အိပ်ပါ။စိတ်ဓာတ်ကျနေပြီဆိုရင် အိပ်ရခက်ခဲလာတတ်ပါတယ်။ အိပ်ရေးပျက်လေ စိတ်ဓာတ်ပိုကျလေပါပဲ။ ဒီလိုနဲ့ လုံးလည်ချာလည်လိုက်ပြီး အခြေအနေပိုဆိုးလာမှာဖြစ်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဝအိပ်စက်ဖြစ်အောင် မဖြစ်မနေကြိုးစားရမှာဖြစ်ပါတယ်။ အိပ်ရေးဝဝ အိပ်စက်ပြီး အစားအသောက်ကို အာဟာရပြည့်ဝစွာ စားသုံးပေးရုံနဲ့တင် ဝေဒနာကို ကောင်းကောင်း လျော့ပါးစေနိုင်ပါတယ်။၆။ တာဝန်ယူမှုရှိပါ။စိတ်ဓာတ်ကျနေရင် ဘာမှမလုပ်ချင်တော့ပါဘူး။ လုပ်လည်း မလုပ်ဖြစ်တော့တာများပါတယ်။ နောက်ဆက်တွဲအနေနဲ့ ဖြစ်လာတဲ့ ပြဿနာပေါင်းစုံ ပျက်ကွက်မှုအသွယ်သွယ်ကိုလည်း ခေါင်းရှောင်တတ်လာကြပါတယ်။ တကယ်တော့ ကိုယ်နဲ့ သက်ဆိုင်တဲ့ ပြဿနာတွေတိုင်းကို တာဝန်ယူဖြေရှင်းပေးဖို့လိုအပ်ပါတယ်။ ဒါမှ စိတ်ဖိစီးမှုကို တန်ပြန်တုန့်ပြန်ချင်စိတ် စိတ်လိုလက်ရ ပြန်လည်ပေါ်ထွက်လာမှာပါ။၇။အဆိုးမြင်စိတ်ကို စိန်ခေါ်ပါ။အဆိုးမြင်တတ်တဲ့ အတွေးတွေ၊ စိတ်နေသဘောထားတွေကို တွန်းလှန်နိုင်ဖို့လည်း လိုအပ်ပါတယ်။ အရမ်းအဆိုးမြင်နေရင် ဝေဒနာကို တွန်းလှန်နိုင်ဖို့ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် ကိုယ့်မှာရှိနေတဲ့ အဆိုးမြင်စိတ်ဓာတ်ကို စိန်ခေါ်ပြီး ငါဖြတ်ကျော်နိုင်တယ်၊ ငါလုပ်နိုင်တယ်ဆိုတဲ့ စိတ်လေးမွေးထားဖို့ လိုအပ်ပါတယ်။၈။ ဆေးဝါးဓာတ်စာမမှီဝဲခင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။တစ်ချို့က ဆေးဝါးတွေ ဓာတ်အာဟာရတွေ မှီဝဲဖို့ကို ပိုမိုစိတ်အားထက်သန်ပါတယ်။ ဒါပေမယ့် ဆေးဝါးမှီဝဲတာဟာ ဘေးထွက်ဆိုးကျိုးတွေရှိနိုင်တာမို့ ဒီလိုမလုပ်ခင် ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။ အာဟာရဓာတ်စာပိုင်းမှာလည်း ဘယ်လိုအာဟာရဓာတ်မျိုးတွေကို ရွေးချယ်မှီဝဲရမယ်ဆိုတာကို ဆရာဝန်လမ်းညွှန်ချက်ယူဖို့ သင့်ပါတယ်။၉။ အသစ်အဆန်းတွေ စမ်းကြည့်ပါ။စိတ်ဓာတ်ကျနေချိန်မှာ ပုံမှန်လုပ်နေကြ အလေ့အကျင့်တွေ ဝါသနာတွေက ရိုးပြီး ပျင်းစရာကောင်းနေတတ်ပါတယ်။ ဒါကြောင့် အသစ်အဆန်း ဝါသနာတွေ၊ ပညာရပ်တွေကို စမ်းသပ်သင့်ပါတယ်။ အရင်က လုပ်ချင်ပေမယ့် မလုပ်ဖြစ်ခဲ့တဲ့ ဝါသနာတွေ လေ့လာစရာတွေကို ခုလိုအချိန်မျိုးမှာ အတိုးချလေ့လာသင့်ပါတယ်။၁၀။ပျော်အောင်နေပါ။စိတ်ဓာတ်ကျနေပါတယ်ဆိုမှ ပျော်မလားလို့ လူတွေက မေးခွန်းပြန်ထုတ်နိုင်ပါတယ်။ ဟုတ်ပါတယ် မပျော်လို့ စိတ်ဓာတ်ကျနေတာပါ။ ဒါပေမယ့် ပျော်အောင် ကြိုးစားရပါတယ်။ ဒီအပိုင်းဟာ ခက်ခဲပေမယ့် ဒီဝေဒနာကို ကျော်လွှားနိုင်ဖို့ အဓိက အချက်တစ်ခုဖြစ်ပါတယ်။ ပျော်ရွှင်မှုကသာ စိတ်ဓာတ်ကျခြင်းကို ကျော်ဖြတ်နိုင်စေမှာဖြစ်ပါတယ်။ ပျော်ရွှင်စေမယ့် နည်းလမ်းတွေကို စမ်းသပ်ပြီး လုပ်ကြည့်ပါ။ အနည်းဆုံး စိတ်သက်သာရာရနေမှာဖြစ်ပြီး ကိုယ့်ကိုတကယ်ပျော်ရွှင်စေမယ့် နည်းလမ်းတစ်စုံတစ်ရာကို တွေ့ပြီဆိုရင် ဒီဝေဒနာကို ကျော်လွှားနိုင်ဖို့ အလွန်နီးစပ်သွားမှာဖြစ်ပါတယ်။စိတ်ဓာတ်ကျတဲ့ ဝေဒနာဟာ မှော်အစွမ်းနဲ့ တမဟုတ်ချင်းပျောက်ကင်းသွားနိုင်တဲ့ ဝေဒနာမျိုးမဟုတ်ပါဘူး။ အချိန်ယူပြီး တိုက်ထုတ်ဖို့လိုအပ်ပါတယ်။ ရေရှည်စွဲကပ်လေ့ရှိတဲ့ ဝေဒနာမျိုးဖြစ်သလို ပြန်လည်တွန်းလှန်ရာမှာလည်း ဖြည်းဖြည်းခြင်းနဲ့ မှန်မှန်ကျော်ဖြတ်ရမယ့် ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ဒါကြောင့် စိတ်ရှည်ဖို့လိုအပ်သလို ရေရှည်အကျိုးရှိမယ့် ရည်မှန်းချက်မျိုးထားပြီး ဖြေးဖြေးမှန်မှန်ကျော်ဖြတ်ဖို့လည်း လိုအပ်ပါတယ်။ ခြေလှမ်းသေးသေးလေးတွေနဲ့စတင်ပြီး ရည်မှန်းချက်အကြီးကြီးဆီရောက်အောင်သွားပါ။ ဒီဝေဒနာကို ရိုးရှင်းတဲ့ နည်းလမ်းတွေနဲ့ ကျော်ဖြတ်လိုက်ပါ။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါ ရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/how-to-fight-depression/
ဘေဘီလေးနဲ့ နေကြာစေ့
နေကြာစေ့တခွပ်ခွပ် ကိုက်ရင်း ရုပ်ရှင်ကြည့်နေတုန်း တူလေး၊ တူမလေးတွေက တီတီ ကျွေး၊ လေးလေး ကျွေး လို့ ပြောလာရင် ကျွေးလိုက်ရမလား၊ တည့်ရော တည့်ရဲ့လားဆိုပြီး ဇဝေဇဝါ ဖြစ်နေတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ဇဝေဇဝါဖြစ်နေတာကို ဖြေရှင်းဖို့ ဒီဆောင်းပါးလေးကို ဖတ်ရင်း အဖြေထုတ်ရအောင်နော်။ဒီအမေးကို ဟုတ်ရပါတယ်ပဲ ပြောရမှာပေါ့။ တကယ်ကတော့ ဘေဘီလေးကိုsolid foodစတင်မိတ်ဆက်တဲ့ ၆ လမှာကတည်းက နေကြာစေ့ ကျွေးလို့ ရပါတယ်။ဒါဆို ခွံလို့ရတာပေါ့ဆိုပြီး အားပါးတရတော့ မခွံလိုက်ပါနဲ့နော်။ တီတီ၊ လေးလေးလို့ မပီကလာခေါ်နေတဲ့ ဘေဘီလေးက ၄ နှစ် မပြည့်သေးဘူးဆိုရင်တော့ နေကြာစေ့ကို ကြိတ်ပြီး ကျွေးတာက အကောင်းဆုံးပါ။ဒီလိုပြောရတာက နေကြာစေ့က ကလေးကိုအစာနင်တာ၊သီးတာ​တွေ ဖြစ်စေနိုင်လို့ပါ။ကလေးက ကောင်းကောင်းဝါးစားနိုင်ပြီဆိုတဲ့အချိန်ကျရင်တော့ ကလေးကို နေကြာစေ့ အစေ့လိုက် ခွံလို့ ရပါတယ်။ကလေးကို ၄ နှစ် မပြည့်ခင်အထိ နေကြာစေ့ ကြိတ်ကျွေးပါ။ ၄ နှစ်ပြည့်ပြီဆိုရင်တော့ အစေ့လိုက် ခွံပေးလို့ ရပါပြီ။ နောက်တစ်ခုက ကလေးက နေကြာစေ့ စားတဲ့အခါဓာတ်မတည့်မှုဖြစ်လားဆိုတာကို ဆန်းစစ်ပါ။ ဓာတ်မတည့်ဘူးဆိုရင်တော့ မကျွေးပါနဲ့။ဘေဘီလေးကို နေကြာစေ့ ကျွေးပေးမယ်ဆိုရင်။နေကြာစေ့မှာအမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အမျှင်ဓာတ်က ကလေးကို အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ပံ့ပေးသလိုအူနံရံတွေကို ရေဓာတ် စုပ်ယူမှု ကောင်းစေပြီးဝမ်းချုပ်ခြင်းကင်းလို့ အာဟာရ ပြည့်ဝစေဖို့ အထောက်အကူပြုပေးပါတယ်။နေကြာစေ့မှာအမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ tryptophan ပါဝင်နေပါတယ်။ tryptophan က ညဘက်မှာ ကောင်းမွန်စွာ အိပ်ပျော်စေဖို့ အရေးပါတဲ့ဟော်မုန်းတွေဖြစ်ကြတဲ့ serotonin နဲ့ melatonin ဟော်မုန်းတွေ ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပါတယ်။ဘေဘီလေးကိုနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပြီး ဦးနှောက် ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။နေကြာစေ့မှာ ခန္ဓာကိုယ်အတွက် အရေးပါတဲ့အမိုင်နိုအက်ဆစ်တွေဖြစ်ကြတဲ့ histidine၊ isoleucine၊ leucine၊ lysine တို့လိုမျိုး အရေးပါတဲ့ အက်ဆစ်တွေ ပါဝင်နေပါတယ်။ ဒီလို ပါဝင်မှုက ဘေဘီလေးကို ကြွက်သား ဖွံ့ဖြိုးစေပြီးဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေပါတယ်။နေကြာစေ့မှာဗီတာမင် Eပါဝင်နေတာကြောင့် ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ပန်းနာရင်ကျပ်၊လေပြွန်ရောင်တာတွေကို သက်သာစေနိုင်ပါတယ်။ကလေးက သွေးအားနည်းရောဂါ ရှိရင် ဖြစ်ဖြစ် ဒါမှမဟုတ် ကလေးကို သွေးအားနည်းရောဂါကနေ ကာကွယ်ချင်ရင် ဖြစ်ဖြစ် နေကြာစေ့ကို ကျွေးပေးလို့ရပါတယ်။ အကြောင်းကတော့ နေကြာစေ့မှာ သွေးအားနည်းတာကို ကာကွယ်ပေးနိုင်တဲ့သံဓာတ်ပါဝင်နေလို့ပါ။နေကြာစေ့မှာမဂ္ဂနီဆီယမ်လိုမျိုး အရိုးတွေ သန်မာစေဖို့ အားဖြည့်ပေးနိုင်တဲ့သတ္တုဓာတ်ပါဝင်နေပါတယ်။ မဂ္ဂနီဆီယမ် ကြွယ်ဝတာကြောင့် ဘေဘီလေးကို အရိုးတွေ သန်မာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/baby-and-sunflower-seeds/
နှာခေါင်းသွေးလျှံကြရာဝယ်
နှာခေါင်းသွေးလျှံတယ်ဆိုတာ အဖြစ်များတဲ့ပြဿနာတစ်ခုပါ။ တစ်ခါတစ်လေမှာ ပြင်းထန်တဲ့ အခြေအနေတစ်ခု ဖြစ်သွားနိုင်ပြီး တစ်ခါတစ်ရံမှာတော့ အိမ်မှာတင် ကုလိုက်လို့ရပါတယ်။ နှာခေါင်းသွေးလျှံတာဟာ နှာခေါင်းတစ်ဖက်တည်းက ဖြစ်နိုင်သလို နှစ်ဖက်စလုံးက လျှံတာမျိုးလည်း ဖြစ်နိုင်ပါတယ်။  သွေးပမာဏဟာ နည်းနည်းလေးပဲ ဖြစ်နိုင်သလို များလည်းများနိုင်ပါတယ်။ အချိန်ကတော့ စက္ကန့်ပိုင်းကနေ (၁၅)မိနစ် ဒါမှမဟုတ် ဒီထက်ပိုကြာရင်လည်း ကြာနိုင်ပါတယ်။ ဆိုတော့ ဘာမဆို ဖြစ်နိုင်တဲ့ သဘောပေါ့လေ။မတ်မတ်ထိုင်ပါ။အရှေ့ကို အနည်းငယ်ကိုင်းပါ။မတ်မတ်ထိုင်ခြင်းဖြင့် နှာခေါင်းကသွေးပြန်ကြောတွေရဲ့ ဖိအားကို လျော့ကျစေနိုင်တဲ့အတွက် နှာခေါင်းသွေးလျှံတာကိုလည်း လျော့ကျသွားစေနိုင်ပါတယ်။ ရှေ့ကို ကိုင်းခြင်းအားဖြင့် သွေးကိုမျိုချမိတာမျိုး မလုပ်မိတော့ပါဘူး။ နှာခေါင်းသွေးကို မျိုမိတဲ့အခါအစာအိမ်အတွက် မကောင်းပါဘူး။ နှာခေါင်း သွေးလျှံတဲ့အခါ ခေါင်းမော့လိုက်တာမျိုးကို လုံးဝမလုပ်ပါနဲ့။နှာခေါင်းကိုပိတ်လိုက်ပါ။လက်ညိုးနဲ့လက်မကိုအသုံးပြုကာနှာခေါင်းကို ပိတ်လိုက်ခြင်းဖြင့် သွေးထွက်လာတဲ့ နေရာကို ပိတ်ထားသလို ဖြစ်စေနိုင်ပြီး တစ်ခါတစ်ရံမှာ သွေးတိတ်စေပါတယ်။ (၁၀)မိနစ်ကနေ (၁၅)မိနစ် လောက်ထိ ပိတ်ထားပါ။ပါးစပ်နဲ့ အသက်ရှူပါ။ (၁၅)မိနစ်မှ တိတ်မသွားရင် နောက်တစ်ကြိမ် ထပ်လုပ်ပါ။ ဒါမှမတိတ်သေးရင်တော့ ဆေးရုံဆေးခန်းသွားဖို့ လိုလာပါပြီ။နှာခေါင်းကို မနှိုက်မိပါစေနဲ့။ နှာခေါင်း သွေးလျှံနေချိန်မှာ သတိထားရမှာက ဦးခေါင်းကို နှလုံးထက်မြင့်တဲ့နေရာမှာထားပါ။ ဆိုလိုရင်းက တော့ မတ်တပ်ရပ်နေတာမျိုး၊ ထိုင်နေတာမျိုး ပြုလုပ်နိုင်ပါတယ်။ မလဲလျောင်းပါနဲ့။ ခေါင်းကို အောက်စိုက်မထားပါနဲ့။ ‘Petroleum Jelly”လိုအရာမျိုးကို ဂွမ်းစလေးနဲ့တို့ကာ နှာခေါင်းထဲသို့ ဖွဖွလေး လူးနိုင်ပါတယ်။ ‘Vaseline’ တံဆိပ်ထဲမှာ ‘Petroleum Jelly”ကို အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။နှာခေါင်းသွေးလျှံခြင်း ထပ်ဖြစ်လာခဲ့ရင်တော့ နှာခေါင်းထဲက သွေးခဲတွေကို ဖယ်ရှားပါ။ ‘Oxymetazoline (Afrin)’ ပါတဲ့ နှာခေါင်းစပရေးလိုဟာမျိုးကို နှာခေါင်းထဲဖျန်းနိုင်ပါတယ်။ ဆေးဆိုင်တွေမှာ ဝယ်နိုင်ပါတယ်။ ပီးရင်တော့ နှာခေါင်းပိတ်တာမျိုးကို ထပ်လုပ်ပါ။ ဆရာဝန်ဆီရောက်အောင် သွားသင့်ပါပြီ။နှာခေါင်းအတွင်းမှာ  သေးငယ်ပြီး နူးညံ့တဲ့ သွေးကြောလေးတွေနဲ့ ပြည့်နှက်နေတာပါ။ သွေးအလွယ်တကူ ထွက်နိုင်ပါတယ်။အဖြစ်များတဲ့အကြောင်းတွေကတော့။တစ်ခါတစ်လေမှာတော့ သွေးဟာ နှာခေါင်းရဲ့ အတော်နက်တဲ့နေရာကနေ ထွက်လာတတ်ပါတယ်။ ခေါင်းကို ပြင်းထန်စွာ ထိခိုက်မိခြင်း၊ မကြာသေးမီက နှာခေါင်းနဲ့ ပတ်သက်တဲ့ ခွဲစိတ်မှု ပြုလုပ် ထားခြင်းနဲ့ သွေးလွှတ်ကြောနံရံတွေ မာကြောခြင်း (arteriosclerosis)တို့ကြောင့် ဖြစ်နိုင်ပါတယ်။နှာခေါင်းသွေးလျှံခြင်းဟာ လူတိုင်းမှာဖြစ်နိုင်ပေမဲ့။နှာခေါင်းသွေးလျှံတာဟာ သာမန်အားဖြင့် အလွန်စိုးရိမ်စရာမဟုတ်ပေမဲ့ အကြိမ်ရေ များလာပြီး သွေးထွက်များရင်တော့ စိုးရိမ်ရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သွေးအားနည်းရောဂါ ဖြစ်လာတတ်ပါတယ်။ နှာခေါင်းသွေးလျှံတာဟာ သာမန်အနေအထားမဟုတ်ဘဲ အန္တရာယ်ရှိတယ်လို့ ဆရာဝန်က သတိပေးလိုက်ရင်တော့ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်နဲ့ သွားရောက်ပြသသင့်နေပါပြီ။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/what-to-do-when-someone-nosebleeds/
Puberty က hit ဦးမှာလား။
ဆယ်ကျော်သက်တွေ ကြားထဲမှာ ခေတ်စားနေတာက puberty hit ဆိုတဲ့ စကားရပ်လေး ရှိပါတယ်။ အရင်က ပုပုသေးသေး ကောင်မလေးက ခုမှ အရပ်တွေရှည်ပြီး လှလာတယ်လို့၊ ပိန်ပိန်ညှက်ညှက်ကောင်လေးက ယောက်ျားပီသတဲ့ ရုပ်လေး ထွက်လာတယ်တို့ပေါ့။အပျိုဖော် လူပျိုဖော်ဝင်တယ် (puberty)ဆိုတာ လူတိုင်း ကျော်ဖြတ်ရမယ့် ကိစ္စပေမယ့် လူတိုင်းကတော့ puberty hitချင်မှ hitမှာပါ။ လူတိုင်း နတ်ရေကန်ထဲ ပစ်ချလိုက်သလို ပြောင်းလဲချင်မှ ပြောင်းလဲမှာပါ။ ဒါဟာ ဘာကြောင့်များပါလိမ့်။ပျိုဖော်ဝင်ချိန်မှာ ပြောင်းလဲမှုတွေ ဖြစ်စေတာက အောက်ကအချက်တွေကြောင့်ပါ။အပျိုဖော်ဝင်တော့မယ်ဆိုရင် ဦးနှာက်ထဲမှာရှိတဲ့ ဟော်မုန်းထိန်းချုပ်ရာ ဌာနချုပ်ကြီး ဟိုက်ပိုသလမက် (hypothalamus) က စပြီး လှုပ်ရှားလာပါပြီ။ သူ့ရဲ့ အမိန့်ပေးမှုနဲ့ ကောင်မလေးတွေရဲ့ သားဥအိမ်၊ ကောင်လေးတွေရဲ့ ဝှေးစေ့ကနေအီစထရိုဂျင်တို့၊တက်စတိုစတီရုန်းတို့ ထွက်ပြီး သူတို့ရဲ့ ပြောင်းလဲမှုတွေကို စတင် ပုံဖော်ပါတော့တယ်။မိန်းကလေးတွေရဲ့ ကိုယ်နံ့နဲ့ ဆီးခုံမွေးပေါက်တာကိုတော့ အဒရီနယ်ဂလင်း (adrenal glands)က ထွက်တဲ့ ဟော်မုန်းတွေနဲ့ ထိန်းချုပ်ထားပါတယ်တဲ့။ကိုယ်က ဘယ်လောက်ပဲ အရပ်ရှည်ချင် ရှည်ချင် ကိုယ့်ရဲ့ မိဘတွေက သာမန်ပဲဆိုရင် ကိုယ်လည်း သာမန်ပဲ အရပ်ထွက်မှာပါ။ နည်းနည်းပါးပါးတော့ ပြုပြင်လို့ ရပါတယ်။ငယ်ဘဝတည်းက တကုတ်ကုတ်နဲ့ အိမ်မှာနေနေတဲ့ ကလေးတွေထက်စာရင် ပြေးလွှားခုန်ပေါက် ကစားနေတဲ့ ကလေးတွေက အရိုးအဆစ်တွေ ပိုသန်မာပြီး အရပ်ရှည်နိုင်ခြေ ပိုများပါတယ်။ ဒါပေမယ့် ထူးဆန်းတာက လေ့ကျင့်ခန်းအလွန်အကျွံလုပ်တဲ့ ကလေးတွေကျ ပျိုဖော်ဝင်ချိန် နောက်ကျပါတယ်တဲ့။ကလေးဘဝတည်းက မျှတတဲ့ အာဟာရကို ရခဲ့မယ်ဆိုရင် puberty hitဖို့ဆိုတာ သိပ်ခက်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။စိတ်ဖိစီးမှုနည်းတဲ့ ကလေးတွေက ပုံမှန်အတိုင်းပဲအပျိုဖော်၊ လူပျိုဖော်ဝင်ပြီး ကြီးထွားလာကြပါသတဲ့။အရပ်တွေ ရှည်လာမှ၊ ချောလာမှ puberty hitတာ မဟုတ်ပါဘူး။ အောက်က ပြောင်းလဲမှုတွေကလည်း puberty hitခြင်းရဲ့ လက္ခဏာတွေပါပဲ။မိန်းကလေး။မိန်းကလေးတွေက ယောက်ျားလေးတွေထက်အပျိုဖော်ဝင်တာ ပိုစောပါတယ်။ ၈နှစ်ကနေ ၁၃နှစ်အတွင်းမှာ အပျိုဖော်ဝင်တတ်ပါတယ်။ အဓိက ဇာတ်လိုက်ကြီးကတော့သားဥအိမ်ကထွက်လာတဲ့ အီစထရိုဂျင်ပေါ့။ သူ့ကြောင့်ပဲ အမျိုးသမီးဘဝက ပိုပြီးပီပြင်ခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ အပြင် အနာဂတ်မှာ ကျန်းမာတဲ့ မိခင်လောင်းဖြစ်လာနိုင်အောင် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေပါတယ်။အရင်ဆုံး ရင်သားတွေ ဖွံ့ဖြိုးလာမယ်။ နှစ်နှစ်အတွင်းမှာပဲ ရာသီစလာမယ်။ ဒါ့ပြင် ကိုယ်လုံးကိုယ်ပေါက်ထွက်လာမယ်။ တင်တွေ ကားလာမယ်။ နည်းနည်း ပြည့်လာမယ်။ ဝက်ခြံလေးတွေ စထွက်လာမယ်။ အရပ်တွေ ရှည်ထွက်လာမယ်။ အရင်က ပုသေးသေး ကောင်မလေးက မိန်းကလေး တစ်ယောက်လို ပြောင်းလဲလာပါမယ်။ယောကျာ်းလေး။ကောင်လေးတွေကလူပျိုဖော်ဝင်တာ ကောင်မလေးတွေထက် နောက်ကျပါတယ်။ ၉နှစ်ကနေ ၁၅နှစ်အတွင်းမှာ ဖြစ်တာပါ။ ဒါကြောင့် ကောင်မလေးတွေ အရပ်ရှည်ထွက်ချိန်မှာ သူတို့က ဒီတိုင်းပဲ ကျန်ခဲ့ပြီး နောက်သူ့အချိန်ရောက်မှ ကြီးထွားလာကြပါတယ်။ အဓိကကတော့ဝှေးစေ့က ထုတ်ပေးလိုက်တဲ့ တက်စတိုစတီရုန်းဆိုတဲ့ ဟော်မုန်းကြောင့်ပါပဲ။အရင်ဆုံး ဝှေးစေ့အရွယ်အစား ကြီးလာမယ်။ လိင်တံလည်း အရင်ကထက် ပိုကြီးလာမယ်။ ဆီးခုံမွေးတွေ ပေါက်လာမယ်။ နောက်မှ ဖြည်းဖြည်းချင်း အရပ်တွေ ရှည်လာမယ်။ အသံသြလာမယ်။ အမွေးတွေ ပေါက်လာမယ်။ ကိုယ်နံ့ပြင်းလာမယ်။ ကြွက်သားတွေ တက်လာမယ်။ လိင်တံထောင်မတ်ပြီး သုက်လည်းလွှတ်တတ်လာမယ် စတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာမှာပါ။Puberty hitတယ်ဆိုတာက လူအများတွေးသလို အရင်ပုံနဲ့ မတူဘဲ လုံးဝကွဲထွက်သွားတာ ဖြစ်ချင်မှ ဖြစ်မှာပါ။ ပျိုဖော်ဝင်ချိန် ပြောင်းလဲမှုတွေ ရှိရင် ဒါPuberty hitတာပါပဲ။ ဒါနဲ့ ပတ်သက်ပြီး ပြောင်းလဲမှု မရှိလို့ စိတ်ညစ်စရာ မလိုပါဘူး။ပျိုဖော်ဝင်ချိန် နောက်ကျတယ် ဒါမှမဟုတ် သူများတွေလို ထူးထူးခြားခြား ပြောင်းလဲမှု မရှိဘူးလို့ယူဆရင်။Puberty hitခြင်း မhitခြင်းဆိုတာက လှခြင်း၊ အရပ်ရှည်ခြင်း သက်သက်ပဲ မဟုတ်ပါဘူး။ ရင့်ကျက်တဲ့ အမျိုးသား၊ အမျိုးသမီး တစ်ယောက်ဖြစ်ဖို့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတစ်ခုပါပဲ။ ကိုယ်က သူများတွေလို Puberty မhitလို့လည်း စိတ်ဓာတ်ကျစရာ မလိုပါဘူး။ ကျန်းမာပြီး ပျော်ရွှင်တဲ့၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ လူငယ်တစ်ယောက် ဖြစ်လာဖို့ပဲ လိုပါတယ်။[embed-health-tool-bmi]
parenting
parenting
https://hellosayarwon.com/parenting/adolescents/milestones-and-development/when-will-puberty-hit/
ငယ်ငယ်ရွယ်ရွယ်နဲ့ ဆီးချို ရှိလာတဲ့အခါ
ဆီးချို ရှိနေတာသိရလို့ စိတ်ညစ်နေ၊ ဝမ်းနည်းနေ၊စိတ်တိုနေရတာမျိုးကဖြစ်တတ်တဲ့သဘာဝပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆီးချိုဖြစ်လာခဲ့ရင် ဘဝဆုံးသွားတဲ့အတိုင်း စိတ်ဓာတ်ကျဖို့မလို‌သလို အရေးမလုပ်ဘဲ မဆင်မခြင်နေထိုင်ဖို့လည်း မသင့်ပါဘူးနော်။ဆီးချိုရဲ့ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်နိုင်ဖို့ နေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံတွေ ပြောင်းလဲဆင်ခြင်တာ အကောင်းဆုံးပါပဲ။ ဒါ့ကြောင့် ဆီးချိုဖြစ်လာရင်…။တစ်နှစ်မှာ နှစ်ကြိမ်လောက်တော့ ဆရာဝန်နဲ့တွေ့ဆုံပါ။ ဆီးချို ရှိနေပြီဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေများစေပါတယ်။ ဒါ့ကြောင့် ကိုလက်စထရော၊သွေးဖိအားနဲ့A1c ( ၃လအတွင်း ပျမ်းမျှသွေးတွင်းသကြားဓါတ်ပမာဏနှုန်း) တို့ကို တိုင်းတာစစ်ဆေးပါ။ခြေထောက်အနာတွေ၊ အာရုံကြောထိခိုက်မှုတွေလိုပြဿနာတွေရှိမရှိစစ်ဆေးဖို့ ဆရာဝန်နဲ့ပြပါ။ကိုယ့်မှာ စိတ်ဖိစီးနေတယ်ဆိုရင်သွေးတွင်းသကြားဓါတ်ကမြင့်တက်လာလေ့ရှိပါတယ်။ စိတ်လှုပ်ရှားနေပြီဆိုရင် ဆီးချိုကိုကောင်းကောင်းထိန်းနိုင်မှာမဟုတ်ပါဘူး။လေ့ကျင့်ခန်းလုပ်ဖို့၊ ဆင်ခြင်စားသောက်ဖို့၊ဆေးသောက်ဖို့မေ့သွားနိုင်ပါတယ်။ စိတ်ဖိစီးမှုကိုဖြေရှင်းဖို့ နည်းလမ်းရှာပါ။ အသက်ရှူလေ့ကျင့်ခန်း၊ယောဂ၊နဲ့ စိတ်ပေါ့ပါးစေမယ့် ဝါသနာပါရာအလုပ်တွေကို လုပ်ကြည့်ပါ။ဆီးချိုရောဂါဖြစ်ရင် နှလုံး၊ မျက်စိရောဂါတွေ၊လေဖြတ်ခြင်း၊ကျောက်ကပ်ရောဂါ၊သွေးကြောရောဂါ၊ အာရုံကြောထိခိုက်မှုနဲ့ခြေထောက်မှာဖြစ်တဲ့ဝေဒနာတွေ ခံစားရနိုင်ခြေပိုများပါတယ်။ ကိုယ်ကဆေးလိပ်သောက်တတ်သူဆိုရင် ဒီဖြစ်နိုင်ခြေက ပိုတောင်မြင့်နိုင်ပါတယ်။ ဆေးလိပ်သောက်တတ်သူတွေမှာလေ့ကျင့်ခန်းလုပ်ဖို့လည်း အခက်အခဲရှိတတ်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီးဆေးလိပ်ဖြတ်ဖို့နည်းလမ်းရှာပါ။ဘီယာ၊ ဝိုင်၊နဲ့ ယမကာတွေ သိပ်များများသောက်မထားရင်သွေးတွင်းသကြားဓါတ်ကို ထိန်းဖို့ ပိုလွယ်နိုင်ပါတယ်။ မဖြတ်နိုင်လို့သောက်နေသေးတယ်ဆိုရင်လည်း သိပ်မသောက်ဖို့အကြံပြုလိုပါတယ်။ မသောက်ခင်မှာသွေးတွင်းသကြားဓါတ်ကိုစစ်ကြည့်ပါ။ ဆီးချိုအတွက် အင်ဆူလင် သို့မဟုတ်ဆေးသောက်နေရသူဖြစ်ရင် ယမကာသောက်တဲ့အချိန်မှာ အစာမရှိဘဲမသောက်ပါနဲ့။ ဝိုင်အချိုရည်တွေလိုမျိုးတွေဆိုရင်လည်း ကာဗိုဟိုက်ဒရိတ်ပါဝင်မှုများစေနိုင်တာကြောင့် ကာဗိုဟိုက်ဒရိတ်တွက်ချက်တဲ့အခါ ထည့်စဉ်းစားဖို့လိုပါတယ်။နေမကောင်းဖြစ်တဲ့အခါ ခန္ဓါကိုယ်ကရောဂါကိုတိုက်ထုတ်နိုင်ဖို့ စိတ်ဖိစီးမှုနဲ့ဆိုင်တဲ့ဟော်မုန်းတွေထုတ်ပေးပါတယ်။ ဒါပေမယ့် ဒီဟော်မုန်းတွေကြောင့်သွေးတွင်းသကြားဓါတ်ကိုလည်းမြင့်တက်စေနိုင်ပါတယ်။အစာစားချင်စိတ်နဲ့လှုပ်ရှားမှုတို့မှာ အပြောင်းအလဲဖြစ်သွားရင်လည်း ဆီးချိုရောဂါထိန်းတဲ့နေရာမှာ ရှုပ်ထွေးစေနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%84%e1%80%9a%e1%80%ba%e1%80%84%e1%80%9a%e1%80%ba%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%94%e1%80%b2%e1%80%b7-%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%bb/
ဒီဂျားဗူး (Deja Vu)
သင်အခုလက်ရှိကြုံနေရတဲ့ အဖြစ်အပျက်တခုခုကို အရင်က တွေ့ကြုံခဲ့ရဖူးသလို ခံစားနေရပါသလား။ ဒီလိုမျိုး ထူးထူးဆန်းဆန်းခံစားရခြင်းကို ဒီဂျားဗူး (déjà vu) လို့ခေါ်ပြီး လူအတော်များများ ကြုံတွေ့ရလေ့ ရှိပါတယ်။ဦးနှောက်က မှားယွင်းပြီး ဖန်တီးလိုက်တဲ့ မှတ်ဉာဏ်တွေကြောင့် ဒီလို တွေ့ကြုံရတာလို့ အရင်က ယူဆခဲ့ကြပါတယ်။ အင်္ဂလန်နိုင်ငံ St Andrews တက္ကသိုလ်က ပညာရှင် Akira O’Connor ပြုလုပ်တဲ့ လေ့လာသုတေသန ပြုချက်အသစ်က ပိုပြီးတိကျတဲ့ ဖြေရှင်းချက်ကို ပေးခဲ့ပါတယ်။ ပါဝင်ကူညီပြီး စမ်းသပ်ခံပေးသူတွေကို fMRI ရိုက်ပြီး စစ်ဆေးစမ်းသပ်ချက်အရ ဒီဂျားဗူး (déjà vu) ဖြစ်စဉ်မှာ ဦးနှောက်ရဲ့ အရှေ့ပိုင်း ဧရိယာ(ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းကို လုပ်ပေးတဲ့ ဦးနှောက်ဧရိယာ) ပါဝင်ပတ်သက်မှုရှိတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ ကျွန်တော်တို့ တွေ့ကြုံခဲ့ဖူးတယ်လို့ ထင်နေရတာနဲ့ တကယ်တမ်းတွေ့ကြုံနေရတာတို့ အကြားမှာ ပဋိပက္ခဖြစ်နေတဲ့အခါ ဦးနှောက်အရှေ့ပိုင်းနေရာဟာ မှတ်ဉာဏ်ဟောင်းတွေကို ပြန်လည်ဖော်ထုတ်ပြီး အချက်ပြမှုတွေကို ပေးပို့နေတာဖြစ်မယ်လို့ O’Connor က ယုံကြည်ပါတယ်။ဒီတွေ့ရှိမှုတွေက ဘာကိုညွှန်ပြနေသလဲဆိုတော့ ဒီဂျားဗူး (Déjà vu) ဟာ သင့်ဦးနှောက်ကျန်းမာစွာ အလုပ်လုပ်နေကြောင်းပြတဲ့ သက်သေဖြစ်တယ်ဆိုတာပါပဲ။ သင့်အနေနဲ့ ဒီ ဖြစ်စဉ်ကို တွေ့ကြုံခံစားနေရချိန်မှာ သင်ဦးနှောက်ရဲ့ မှတ်ဉာဏ်ပြန်လည်စစ်ဆေးတဲ့ အစိတ်အပိုင်းဟာ ကောင်းစွာ အလုပ်လုပ်နေပါတယ်။ ဒါကြောင့် သင်ဟာ မေ့တတ်သူတယောက် မဖြစ်နိုင်သေးပါဘူး။ ဒါဟာ ကျွန်တော်တို့သိရှိပြီးသား အချက်တချက်ဖြစ်တဲ့ “deja vu ဟာ အသက်အရွယ်ကြီးသူတွေမှာ ဖြစ်ခဲတယ် “ဆိုတဲ့ အချက်နဲ့ သွားကိုက်ညီနေပါတယ်။ ငယ်စဉ်က deja vu ဖြစ်စဉ်ကို မကြာခဏဆိုသလို တွေ့ကြုံနေရသူတွေဟာ အသက်တဖြည်းဖြည်းကြီးလာပြီး မှတ်ဉာဏ်အားနည်းလာတာနဲ့အမျှ deja vu ဖြစ်တာ နည်းပါးသွားတယ်လို့ ဆိုပါတယ်။ဒီကောက်ချက်ဟာ deja vu ဖြစ်စဉ်ကို တခါမှ မခံစားဖူးသူတွေအတွက် မမှန်တဲ့အတွက် ဒါဟာ သံသယ ဖြစ်စရာ တွေ့ရှိချက်လို့ တချို့သိပ္ပံပညာရှင်တွေက ယူဆပါတယ်။ တချို့လူတွေဟာ အပြစ်အနာအဆာ လုံးဝမရှိတဲ့ မှတ်ဉာဏ်စနစ်ကို ပိုင်ဆိုင်ထားတဲ့အတွက် (deja vu ဖြစ်စဉ်မှာ အဓိကအကြောင်းရင်းခံဖြစ်တဲ့) မှတ်ဉာဏ်မှားယွင်းမှု ဖြစ်ပေါ်စရာ အကြောင်းမရှိတာမို့။deja vu ကို မကြုံတွေ့ရတာလို့ O’Connor ကပြန်လည် ချေပထားပါတယ်။Deja vu နဲ့ medial temporal lobe အတက်ရောဂါ (ဦးနှောက်ရဲ့ hippocampus လို့ခေါ်တဲ့ အစိတ်အပိုင်းကို ထိခိုက်စေတဲ့ အတက်ရောဂါတမျိုး)ဖြစ်ပွားရခြင်းတို့အကြားမှာ ဆက်စပ်မှု ရှိနေတယ်လို့ လေ့လာမှု အချို့က ဆိုပါတယ်။ ဦးနှောက်မှာရှိတဲ့ hippocampus အစိတ်အပိုင်းဟာ မှတ်ဉာဏ်ထိန်းသိမ်းစီမံမှုလုပ်ငန်းမှာ အရေးကြီးတဲ့ နေရာက ပါဝင်ပါတယ်။ အာရုံကြောနှင့်စိတ်ပညာ ဆေးပညာဂျာနယ်မှာ ဖော်ပြထားချက်အရ deja vu ဖြစ်စဉ်ကို တောက်လျှောက်ခံစားနေရသူတွေဟာ အတက်ရောဂါ စတင်ခံစားနေရပြီလို့ ဆိုပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူတွေဟာ အာရုံကြောတွေမှားယွင်းသတင်းပို့တာနဲ့ ဒီဂျားဗူး (déjà vu) ဖြစ်စဉ်တို့အကြား ဆက်စပ်မှုရှိတာကို စတင်စဉ်းစားလာကြပါတယ်။ ဒီဂျားဗူး (déjà vu) ဟာ ကျွန်တော်တို့အတွက် ကောင်းကျိုးပေးနိုင်သလား ဒါမှမဟုတ် ဆိုးကျိုးပေးနိုင်သလားဆိုတာကို ဘယ်သူမှ အတပ်မပြောနိုင်ပါဘူး။deja vu ဖြစ်စဉ်ကို ခံစားရတာဟာ လူတွေကို သူတို့ရဲ့ မှတ်ဉာဏ်ပိုင်းနဲ့ ပတ်သက်ပြီး ပြန်လည်စစ်ဆေးဖို့ နဲ့ ကိုယ့်မှတ်ဉာဏ်တွေကို သိပ်မယုံစားတော့ဖို့။သတိပေးချက်တခုဖြစ်နိုင်ပါတယ်။ မှတ်ဉာဏ် အရည်အသွေးဟာ သင်မသိလိုက်ဘဲ ပြောင်းလဲသွားနိုင်တယ်ဆိုတာကို လေ့လာချက်တွေအရ ကျွန်တော်တို့ သိရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်ဟာ deja vu နဲ့ ဆက်စပ်ပတ်သက်မှု ရှိကြောင်းကိုတော့ ရှင်းပြနိုင်စရာ သက်သေပြချက် မရှိပါဘူး။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%92%e1%80%ae%e1%80%82%e1%80%ba%e1%80%ac%e1%80%b8%e1%80%97%e1%80%b0%e1%80%b8-deja-vu/
ကျန်းမာရေးအတွက် လေကို ဝယ်ရှူရတော့မှာလား
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ သတင်းတစ်ခုတက်လာပါတယ်။ ဒါကတော့ အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာ Oxygen Bar ဆိုပြီး ဖွင့်ထားတယ်ဆိုတဲ့ သတင်းပါပဲ။ လူတွေဟာ သန့်ရှင်းတဲ့လေကို ဝယ်ရှူနေကြရပါပြီ။ အဲ့ဒီမတိုင်ခင်လေးပဲ အိန္ဒိယမှာလည်း လေထု အဆမတန် ညစ်ညမ်းနေမှုကြောင့် ကျောင်းတွေလည်း ပိတ်ခဲ့ရပါသေးတယ်။ဒီလိုပါပဲ… နောက်သတင်းတစ်ခုကတော့ နိုဝင်ဘာ ၁၉ ရက်နေ့က တက်လာတဲ့ သတင်းပါ။ ဘန်ကောက်မြို့ဟာ ကမ္ဘာ့လေထုအဆိုးဝါးဆုံးမြို့တွေစာရင်းရဲ့ အဆင့် ၁၂ မှာ ရှိနေပါတယ်ဆိုတဲ့ သတင်းဖြစ်ပြီး အဲ့ဒီစာရင်းမှာ ပါဝင်နေတဲ့ မြို့တွေကို ဖော်ပြထားတဲ့ ဇယားပြပုံနဲ့တကွ တက်လာခြင်းပဲဖြစ်ပါတယ်။ ပိုစိတ်ဝင်စားဖို့ ကောင်းစေတဲ့အရာကတော့ Yangon, Myanmar ဆိုပြီး ပြူးနေအောင်ရေးထားတဲ့စာလုံးကြီးကို Bangkok, Thailand ဆိုတဲ့ စာလုံးရဲ့အပေါ် အဆင့် ၁၁ မှာ မြင်တွေ့ခဲ့ရခြင်းပါပဲ။ ကျွန်မတို့ရော မကြာခင်မှာ လေကို ဝယ်ရှူရတော့မှာလား။သဘာဝပတ်ဝန်းကျင်ပညာရှင်တွေကတော့ လေထုညစ်ညမ်းမှုဆိုးရွားလာမှုကို နည်းအမျိုးမျိုးအဖုံဖုံနဲ့ ရှင်းပြနေကြပါတယ်။ ဒီအရာကို ကျွန်မတို့ ဂရုစိုက်ဖို့ လိုအပ်ပါသလား။ ကျန်းမာရေးအပေါ် ဘယ်လို အကျိုးဆက်တွေ ရှိလာနိုင်လဲ။ ဒီမေးခွန်းတွေရဲ့ အဖြေတွေကို အောက်မှာ မြင်တွေ့သွားရမှာပါ။လေဖြတ်ခြင်း၊ အဆုတ်ကင်ဆာ၊ နှလုံးရောဂါတို့ကြောင့် ကမ္ဘာပေါ်တွင် သေဆုံးရသူ စုစုပေါင်းဉီးရေရဲ့ သုံးပုံတစ်ပုံဟာဆိုရင် လေထုညစ်ညမ်းမှုရဲ့ သက်ရောက်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်ကြောင်း WHO (ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်) က ဖော်ပြထားပါတယ်။ ကမ္ဘာပေါ်က လူ ၁၀ ဉီးမှာ ၉ ဉီးဟာဆိုရင်လည်း ညစ်ညမ်းတဲ့ လေကို ရှူရှိုက်နေရပါတယ်ဆိုတဲ့ ဖော်ပြချက်ကိုလည်း တွေ့နိုင်ပါတယ်။ ဘယ်လောက်ပဲ ချမ်းသာ သန့်ရှင်းတဲ့ ရပ်ကွက်မှာပဲနေနေ သင်ဟာ လေထုညစ်ညမ်းမှုကိ ရှောင်ရှားလို့ မရတဲ့ အခြေအနေပါ။လေထုအဓိက ညစ်ညမ်းရတဲ့ အကြောင်းကတော့ ကမ္ဘာ့လူဉီးရေများလာတဲ့အခါမှာ ဒီလူသားတွေရဲ့လိုအပ်ချက်အတွက် လျှပ်စစ် စက်ကြီး စက်ငယ်အမျိုးမျိုးကို မောင်းနှင်လာရပါတယ် (ဥပမာ – စက်ရုံကြီးတွေ လည်ပတ်တာ၊ ကား/ ရထား စတာတွေ မောင်းနှင်တာ)။  ဒီစက်တွေ မောင်းနှင်နိုင်ဖို့ လောင်စာဆီတွေကို မီးရှို့လို့ စွမ်းအင်အဖြစ်အသုံးပြုရပါတယ်။ ဒီအရာကနေ နိုက်ထရိုဂျင်‌ အောက်ဆိုဒ်လို ဓာတ်ငွေ့တွေထွက်ပြီး လေထုညစ်ညမ်းမှုကို ဖြစ်စေပါတယ်။ တခါတရံ မီးခိုးမြူတွေ တွေ့မြင်နိုင်တဲ့အထိ လေထုညစ်ညမ်းမှုဖြစ်နိုင်သလို မီးခိုးမြူတွေ မမြင်ရရုံနဲ့လည်း လေထုက သန့်ရှင်းနေတယ်လို့ ဆိုလို့မရနိုင်ပါဘူး။ဒီညစ်ညမ်းတဲ့ လေထုဟာဆိုရင်။– အသက်ရှူလမ်းကြောင်းပိုးဝင်မှု။– အသည်း၊ နှလုံး နှင့် ဉီးနှောက် ပျက်စီးစေမှုတွေအတွက်ပါ ခြိမ်းခြောက်လာနေပါတယ်။– ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ဆိုရင်လည်း အရမ်းကို အန္တရာယ်များပါတယ်။ကမ္ဘာပေါ်မှာ နှစ်စဉ် ၇ သန်း သောသူတွေဟာ လေထုညစ်ညမ်းမှုကြောင့် အသက်ဆုံးရှုံးနေရပါတယ်။ ကမ္ဘာပေါ်ရှိ ၉၃% သော ၁၅ နှစ်အောက် ကလေးတွေဟာဆိုရင် WHO (ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်) က ချမှတ်ထားတဲ့ လေထုညစ်ညမ်းမှုစံနှုန်းထက် ဆိုးရွားတဲ့ လေထုကို ရှူရှိုက်နေရပြီး ဒီဖြစ်စဉ်‌ကြောင့် ကလေးတွေဟာ ပန်းနာရင်ကျပ်ရောဂါ၊ ကင်ဆာ၊ အသိဉာဏ်ဖွံ့ဖြိုးမှုကို ထိခိုက်စေခြင်း စတာတွေကို တွေ့ကြုံခံစားနေရပါတယ်။။လေထုညစ်ညမ်းမှု အန္တရာယ်ကို အများဆုံးရင်ဆိုင်ရတဲ့သူတွေကတော့ အဆောက်အအုံပြင်ပမှာ အလုပ်လုပ်ကြရတဲ့ စိုက်ပျိုးရေး/ မွေးမြူရေးဆောင်ရွက်သူများ၊ လမ်းမပေါ်ထွက် အလုပ်လုပ်ရသော သန့်ရှင်းရေးစည်ပင်ဝန်ထမ်းများ နှင့် ယာဉ်ထိန်းရဲ ကဲ့သို့သော သူများဖြစ်ပါတယ်။ ထို့အပြင် မိမိအိမ်အတွင်း ထင်းမီးနှင့် ချက်ပြုတ်စားသောက်ခြင်းသည်လည်း လေထုညစ်ညမ်းမှုကို ဖြစ်ပွါးစေပါတယ်။ သတိပြုသင့်တဲ့အရာတခုက ဘာလဲဆိုတော့  ပြင်ပမှလေကလည်း အိမ်ထဲသို့ ဝင်ရောက်သလို အိမ်ထဲမှလေဟာလည်း အိမ်ပြင်သို့ ထွက်သွားနိုင်တာကြောင့် လေထုညစ်ညမ်းမှုဟာ လူတိုင်းအပေါ် သက်ရောက်မှုရှိနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ဒါဆို လေထုညစ်ညမ်းမှုကို တတ်နိုင်သမျှရှောင်ကြဉ်ဖို့ ဘာတွေ့ လုပ်ဆောင်ရနိုင်မလဲ?။– ကားတွေ ရှုပ်ထွေးလှတဲ့ လမ်းမတွေနား မသွားဘဲနေမယ်။ (ကားတွေက လောင်စာဆီတွေ အသုံးပြုနေလို့ လေထုထဲကို ညစ်ညမ်းတဲ့ လေတွေကို ထုတ်လွှတ်နေပါတယ်)။– လေထုညစ်ညမ်းမှုမြင့်မားနေချိန်မှာ အိမ်အပြင်မထွက်ဘဲနေမယ်။– အိမ်အတွင်းရှိ လေကိုလည်း သန့်ရှင်းစေရန် လေသန့်စင်ပေးသော စနစ်ကို အသုံးပြုမယ်… စတာတွေပြုလုပ်လို့ရပါတယ်။ သို့သော် ရေရှည်မှာ ခက်ခဲလှတာကြောင့် အကောင်းဆုံးသော နည်းလမ်းကတော့ လောင်စာဆီ သုံးဆွဲမှု လျှော့ချရေးမှာ မိမိကိုယ်တိုင်ပါဝင်ဖို့ပါပဲ။– စွမ်းအင်ကိုချွေတာသုံးစွဲခြင်း။ (မီးမလိုရင် မီးပိတ်ထားခြင်း၊ အခြား တီဗီကဲ့သို့သော လျှပ်စစ်ပစ္စည်းများကို မလိုအပ်လျှင် ပိတ်ထားခြင်း)။– ကိုယ်ပိုင်ကား အသုံးပြုမှုကို လျှော့ချကာ လမ်းလျှောက်ခြင်း၊ Bus/ ရထား စတဲ့ အများပြည်သူသုံး ပို့ဆောင်ဆက်သွယ်ရေး စနစ်တွေကို ပိုမိုအားထား အသုံးပြုခြင်း။– Energy efficient ligh bulb ကဲ့သို့ စွမ်းအင်ချွေတာသော မီးလုံး နှင့် အခြား လျှပ်စစ် ပစ္စည်းများကို အသုံးပြုခြင်း။– မော်တော်ကား ဝယ်ယူတဲ့အခါ ဆီစား သက်သာတဲ့ကားကို ရွေးချယ်ဝယ်ယူခြင်း။– နေစွမ်းအင်၊ လေစွမ်းအင်ကဲ့သို့ သန့်ရှင်းသော စွမ်းအင်ကို အစားထိုး အသုံးပြုခြင်း။ ( အိမ်တွင် ဆိုလာပြားတပ်ဆင်ခြင်း)။စတဲ့ မိမိ နေထိုင်ပြုမူမှုပုံစံကို ပြောင်းလဲယူခြင်းဖြင့်သာ ရေရှည်အတွက် ကောင်းမွန် သန့်ရှင်းတဲ့ လေထုကို ဖန်တီးရယူရမှာဖြစ်ပြီး တစ်ဉီးတစ်ယောက်ကောင်းရုံနှင့် မလုံလောက်သည့်အတွက်လည်း မိမိပတ်ဝန်းကျင်မှ လူများကိုပါ အသိပညာ ဝေမျှပေးဖို့ကလည်း အရေးကြီးပါတယ်။ညစ်ညမ်းတဲ့လေထုက မိမိ ကျန်းမာရေးကို ဆိုးရွားစွာ ခြိမ်းခြောက်နေပါတယ်။ သင့်အနေနှင့် ယခုကတည်းက ရွေးချယ်မှု ပြုလုပ်ရမှာကတော့…။– လေသန့်ကို ဝယ်ပြီးရှူမလား။– လေသန့်ကို ဖန်တီးယူမလား ဆိုတာပါပဲ။ကျေးဇူးတင်ပါတယ်။ရေးသားသူ – May Kham Eain။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%9c%e1%80%b1%e1%80%80%e1%80%ad%e1%80%af-%e1%80%9d%e1%80%9a/
ထူးဆန်းထွေလာ ဆေးပညာ အပိုင်း (၁)
လူတွေလေလည်ရင် ဘာကြောင့်နံတာလဲ။ဆီးတွေအရမ်းများလာရင် ဆီးအိမ်ကပေါက်ကွဲတတ်လား။နှာခေါင်းထဲက နှာချေးဘာလို့ ထွက်တာလဲ။ဒီထဲမှာ ဘာတဲ့ မေးခွန်းတွေကို ကြည့်မယ်ဆိုရင် ပေါက်ပေါက်ရှာရှာမေးခွန်းတွေဆိုပြီး တွေးမိကြမှာပါ။ နေ့စဉ်ဖြစ်နေတဲ့ လုပ်နေတဲ့ အကြောင်းအရာတွေပေမဲ့ ဒီလိုအရာတွေ ဘာကြောင့် ဖြစ်နေလဲ၊ ဒါတွေမရှိရင် ဘာကြောင့် ဖြစ်လာနိုင်လဲ ဆိုတဲ့မေးခွန်းတွေကို ကိုယ့်ဘာကိုယ် မေးဖူးကြလား၊ ခန္ဓာကိုယ်မှာ သူ့ဘာသူဖြစ်နေတဲ့ ဖြစ်စဉ်တွေပဲဆိုပြီး အမှုမဲ့ အမှတ်မဲ့ပဲလား။ဒီအခန်းဆက် ကဏ္ဍလေးမှာ ထူးဆန်းတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ၊ လုပ်ဆောင်မှုတွေ၊ လူတွေရဲ့ အလေ့အကျင့်တွေအကြောင်း ကိုပြည့်ပြည့်စုံစုံ တင်ဆက်သွားမှာ ဖြစ်ပါတယ်။အပေါ်က မေးခွန်းတွေကို ဆက်ရမယ်ဆိုရင်။လေလည်တယ်၊ အီးပေါက်တယ်ဆိုတာ လူတိုင်းလုပ်တဲ့အလုပ်ပါ။ အနံ့ထွက်လာရင်တော့ ရှက်စရာကောင်းတာပေါ့လေ။ ဒီနံတာကရော ဘာကြောင့်လဲလို့ မတွေးမိကြဘူးလား။လူတွေထမင်းစား၊ ရေသောက်တဲ့အခါ လေတွေကိုပါမျိုချမိကြပါတယ်။ အဲဒီလို မျိုချမိတဲ့လေတွေကို ပြန်ထုတ်တဲ့နည်းလမ်းဟာ လေလည်တာပါ။ လည်လိုက်တဲ့လေတွေထဲမှာပါတဲ့ ဟိုင်ဒရိုဂျင်ဆလဖိုက်နဲ့ အမိုနီးယား ဂက်စ်တွေမှာ အနံ့တွေရှိကြပါတယ်။ ဒါကြောင့် အီးပေါက်ရင် အနံ့နံရတာပါတဲ့။လူတစ်ယောက်ရဲ့ အသက်ရှူစနစ် (Respiratory system) ဟာနှာခေါင်းကနေစတင်ပါတယ်။ နှာခေါင်းက အသက်ရှူစနစ်ထဲက ပိုးမွှားတွေ၊ ဖုန်မှုန့်တွေမဝင်အောင် ခံတပ်အနေနဲ့ တားဆီးထားပါတယ်။ ဝင်လာတဲ့ ဖုန်မှုန့်တွေ ပိုးမွှားတွေကို ဖမ်းယူထားဖို့အတွက် နှာခေါင်းရဲ့အတွင်းနံရံက စေးပျစ်တဲ့ အရည် (mucus) ကိုထုတ်ပေးပါတယ်။ ဒါဟာ အများခေါ်တဲ့ နှာရည်ပါ။ အရည်ဆိုဘာကြောင့် တချို့ နှပ်ချေးတွေက အခဲတွေဖြစ်နေတာလဲဆိုရင်တော့ နှာခေါင်းထဲမှာ ရှိနေတဲ့ အချိန်ပမာဏအပေါ်မှာပဲမူတည်ပါတယ်။နောက်တစ်ချက်က နှာရည်ဟာ နှာခေါင်းအတွင်းပိုင်းကို စိုစွတ်နေစေပါတယ်။ နှာခေါင်းအတွင်းပိုင်းနံရံ ခြောက်သွေ့ပြီး အက်ကွဲလာရင် တခြားရောဂါပိုးမွှားတွေ အလွယ်တကူ ဝင်ရောက်နိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ဆီးအရမ်သွားချင်လာတယ်၊ အိမ်သာရှာမရသေးလို့ မသွားရတဲ့ အခြေအနေမျိုးကြုံဖူးကြတယ်မလား။ ဆီးအိမ်ကြီးအရမ်းတင်းလာပြီး ထွက်ကျတော့မယ်လို့ခံစားရတယ်။ ဒါဆိုရင် တကယ်ရော ပေါက်ကွဲသွားနိုင်လားပေါ့နော်။ဆီးအိမ်ကို ကြွက်သားတွေနဲ့ တည်ဆောက်ထားပါပြီးတော့ ၃၅၀ ကနေ ၅၀၀ မီလီလီတာထိဆန့်ပါတယ်။ ဆီးအိမ်ထဲမှာ ၂၀၀ မီလီလီတာ လောက်ရှိလာရင် စပြီးတော့ ဆီးသွားချင်စိတ်ဖြစ်ပါတယ်။ ၄၅၀ မီလီလီတာမှာ ဆီးထိန်းနိုင်စိတ်ပျောက်သွားပြီးတော့ ဆီးထွက်ကျတာမျိုးဖြစ်မှာပါ။ပေါက်ကွဲနိုင်လားဆိုတော့ ပေါက်ကွဲနိုင်ပါတယ်။ ဆီးအိမ်မပေါက်ကွဲခင်မှာ မပေါက်အောင် ခန္ဓာကိုယ်က ကာကွယ်တဲ့သဘောနဲ့ ဆီးသွားချင်စိတ်ကို စိတ်နဲ့ ထိန်းချုပ်လို့မရအောင်လုပ်လိုက်ပါတယ်။ ဆီးထွက်သွားတော့ ဆီးအိမ်တင်းတာ လျော့သွားတာပေါ့။ ဆီးအိမ်ပြည့်တင်းနေပြီး ကားတိုက်မိတာ၊ ဗိုက်ပေါ်ပစ္စည်းတွေပြုတ်ကျတာ၊ မတော်တဆမှုတွေမှာ တော့ ဆီးအိမ်ပေါက်ကွဲတာဖြစ်နိုင်ပါတယ်။ ဆီးအောင့်ထားလို့ ဆီးအိမ်တင်းရုံနဲ့ကတော့ ဆီးအိမ်မပေါက်ကွဲဘဲ  ဆီးထွက်ကျတာက ပိုဖြစ်နိုင်ပါတယ်။ဒီတစ်ပိုင်းမှာတော့ ဒီလောက်ပါပဲ။ နောက်အပိုင်းတွေမှာလည်း ထူးဆန်းတဲ့ မေးခွန်းထုတ်ချင်စရာကောင်းတဲ့ ခန္ဓာကိုယ်ဖြစ်စဉ်တွေအကြောင်းကို စိတ်ဝင်စားဖွယ် ဆက်လက်တင်ဆက်သွားပါဦးမယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%91%e1%80%b0%e1%80%b8%e1%80%86%e1%80%94%e1%80%ba%e1%80%b8%e1%80%91%e1%80%bd%e1%80%b1%e1%80%9c%e1%80%ac-%e1%80%86%e1%80%b1%e1%80%b8%e1%80%95%e1%80%8a%e1%80%ac-%e1%80%a1%e1%80%95%e1%80%ad%e1%80%af/
အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်း
မင်္ဂလာပါ။Hello ဆရာဝန် စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခေါက်မှာ ဆွေးနွေးပေးမယ့် အကြောင်းအရာကတော့ ရာသီအကူးအပြောင်းနဲ့ ဆောင်းရာသီမှာ ဖြစ်တတ်တဲ့  အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်း ဖြစ်ပါတယ် ။ ခုခံအားနည်းလေ့ရှိတဲ့ ကလေးငယ်များ ၊ အဘိုးအဘွား သက်ကြီးရွယ်အိုများ ၊ နာတာရှည် ဝေဒနာသည်များ(နှလုံးနှင့် အဆုတ်ရောဂါ ဝေဒနာရှင်များ) နဲ့ အကြောင်းအမျိူးမျိုးကြောင့် ခုခံအားနည်းနေသူတွေမှာ အဖြစ်များလေ့ရှိပါတယ် ။ကျွန်တော်တို့ ခန္ဓာကိုယ်မှာရှိတဲ့ အသက်ရှုလမ်းကြောင်းကို အပေါ်ပိုင်းနဲ့ အောက်ပိုင်းဆိုပြီး နှစ်ပိုင်း ခွဲခြားထားပါတယ် ။ အသက်ရှုလမ်းကြောင်း အပေါ်ပိုင်းမှာတော့ နှာခေါင်းဝကနေ အသံကြိုးအထိပါပြီး အောက်ဘက်ခြမ်းကိုတော့ အသံကြိုးကနေ အဆုတ်အထိဆိုပြီး နှစ်ပိုင်းခွဲထားပါတယ် ။လက္ခဏာတွေက ဘာတွေလဲ။အသက်ရှုလမ်းကြောင်း ပိုးဝင်ရင်တော့ အသက်ရှုမဝခြင်း ၊ ချောင်းဆိုးခြင်းနှင့် နှာစေးခြင်း ၊ လည်ချောင်းနာခြင်း ၊ တကိုယ်လုံး ကိုက်ခဲခြင်းတွေ ဖြစ်တတ်ပါတယ် ။ ဒီလက္ခဏာတွေကတော့ အဖြစ်များလေ့ရှိတဲ့ လက္ခဏာတွေ ဖြစ်ပါတယ် ။ ဒါပေမဲ့ အဖျားကြီးခြင်း ၊ ချမ်းတုန်ခြင်း ၊ မူးဝေခြင်း ၊ သတိလစ်ခြင်းတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ အမြန်ပြသင့်ပါတယ် ။ဘာကြောင့်ဖြစ်ရတာလဲ။အသက်ရှုလမ်းကြောင်းကို အပေါ်နဲ့အောက်ပိုင်းဆိုပြီး ၂ပိုင်း ခွဲခြားထားသလို ရောဂါပိုးဝင်ရခြင်းကိုလည်း ၂ပိုင်းခွဲထားပါတယ် ။ အသက်ရှုလမ်းကြောင်း အပေါ်ပိုင်းမှာ ဖြစ်တဲ့ရောဂါတွေကတော့   လည်ချောင်းရောင်ခြင်း ၊ နားပိုးဝင်ခြင်းနဲ့ တုပ်ကွေးမိခြင်းတို့ ဖြစ်ပါတယ် ။အသက်ရှုလမ်းကြောင်း အောက်ပိုင်းမှာတော့ လေပြွန်ရောင်ခြင်း ၊ အဆုတ်ရောင်ခြင်း ၊ အဆုတ်ထဲမှာရှိတဲ့ လေအိတ်ငယ်များ ရောင်ရမ်းခြင်းတွေကြောင့် ဖြစ်တတ်ပါတယ် ။ရောဂါရှာဖွေရှာမှာတော့ ရောဂါရှာဇဝင်မေးမြန်းခြင်း ၊ စမ်းသပ်ခြင်းတို့အပြင် လိုအပ်သလို ဓာတ်မှန်ရိုက်ခြင်း ၊ ကွန်ပျူတာ ဓါတ်မှန်ရိုက်ခြင်း ၊ အောက်ဆီဂျင်ဓါတ် တိုင်းတာခြင်းတွေအပြင် ရောဂါအခြေအနေအလိုက် ရှာဖွေတဲ့နည်းလမ်းတွေကို သင့်လျော်သလို ရွေးချယ်ပြီး သုံးရမှာပါ ။ကုသခြင်းမှာလည်း ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ရောဂါတွေမှာတော့ ပိုးသတ်ဆေးသုံးစရာ မလိုဘဲ ရောဂါလက္ခဏာ သက်သာအောင် ကုသရပါတယ် ။ ဘက်တီးရီးယားပိုးလို့ ထင်ရင်တော့ သင့်လျော်တဲ့ ပိုးသတ်ဆေးအသုံးပြုရပါမယ် ။ဒီရောဂါတွေကို သေသေချာချာ မကုသဘဲထားရင် နောက်ဆက်တွဲတွေက ဆိုးဝါးတတ်ပါတယ် ။ အသက်ရှုရပ်သွားခြင်း ၊ အသက်ရှုမရတော့ခြင်း ၊ နှလုံးပျက်စီးခြင်းတွေနဲ့ နောက်ဆုံးအသက်အန္တရာယ်ပါ ထိခိုက်တတ်ပါတယ်။ဘယ်လိုကာကွယ်ရမလဲ။လက်ကို ‌မကြာခဏ ဆေးကြောပါ။ အထူးသဖြင့် လူသူများတဲ့ နေရာက ပြန်လာပြီးရင် လက်ကို စနစ်တကျ ဆေးကြောပါ။‌နှာချေတဲ့‌အခါ ၊ ချောင်းဆိုးတဲ့အခါမှာ သင့်နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ထားပါ ။ ဒါမှသာ သင်ကနေ တခြားလူဆီကို ရောဂါ မပျံ့နှံ့မှာ ဖြစ်ပါတယ်။‌လူထူထပ်တဲ့နေရာက ပြန်လာပြီးတိုင်း လက်မဆေးဘဲ မျက်နှာ ၊ ပါးစပ်များအား ကိုယ်တွယ်ခြင်းကို တတ်နိုင်သမျှ  ရှောင်ကြဉ်ပါ။အားလုံးကို ကျေးဇူးတင်ပါတယ်။ရေးသားသူ – ဒေါက်တာအောင်ကျော်မြင့်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/pneumonia/%e1%80%a1%e1%80%9e%e1%80%80%e1%80%ba%e1%80%9b%e1%80%be%e1%80%af%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8-%e1%80%95%e1%80%ad%e1%80%af%e1%80%b8/
ကျန်းမာစေတဲ့ အိပ်စက်ခြင်း ဆိုတာ
အိပ်စက်ခြင်း ဆိုတာ အလုံးစုံကျန်းမာရေးအတွက် အခြေခံကျတဲ့ အချက်ပါ။ တစ်နေ့တာရဲ့ ၃ပုံ ၁ပုံလောက်ကို အချိန်ပေးရလောက်အောင်ကို အိပ်စက်ခြင်းက အရေးကြီးပါတယ်။ ကောင်းမွန်တဲ့ အိပ်စက်ခြင်းဆိုတာ ဘာကို ခေါ်တာလဲ။ အိပ်စက်ခြင်းက ခန္ဓာကိုယ်ကို ဘယ်လိုသက်ရောက်စေလဲဆိုတာ လေ့လာကြည့်ရအောင်။အိပ်ရေးဝတဲ့သူဆို သိသာပါတယ်။ အားအင်အပြည့်နဲ့ လန်းဆန်းနေမှာပါ။ အိပ်ရေးဝတဲ့ ရက်တွေဆို သင်ယူရတာ လည်း ခေါင်းထဲ ပိုဝင်သလို၊ စိတ်နဲ့ ကိုယ်နဲ့လည်း ကပ်ပါတယ်။ ဖန်တီးနိုင်စွမ်းတွေ တက်ပြီး စိတ်လည်း ကြည်နေမှာပါ။ ခုခံအားလည်း ကောင်းစေပါတယ်။ဒါနဲ့ ပြောင်းပြန် အိပ်ရေး မဝရင်တော့ လူက နုံးနေပြီး စိတ်မကြည့်ဘဲ ဖြစ်နေမှာပါ။ အားလည်း မရှိ၊ စိတ်နဲ့ ကိုယ်နဲ့လည်း ကပ်မှာ မဟုတ်ပါဘူး။ အိပ်ရေးဝတဲ့ နေ့နဲ့ မဝတဲ့နေ့က အတော်ကွာပါတယ်။ ဒီလိုနဲ့ အိပ်ရေးမဝဝာာ ကြာလာရင် တဖြည်းဖြည်းနဲ့ ကျန်းမာရေးနဲ့ ထိခိုက်လာမှာပါ။အိပ်စက်ခြင်း ဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးပေါ်  သက်ရောက်နေတဲ့ ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်ပါ။ မျက်လုံးလေး မှိတ်ပြီး အိပ်နေတယ်ဆိုပေမယ့် အတွင်းမှာ အဆင့်တွေအများကြီးနဲ့ အိပ်စက်နေတာပါ။ ဒီအဆင့်တွေအားလုံး ပြည့်စုံမှ ကိုယ်ရော စိတ်ပါ အနားရမှာပါ။ ဒီလို ဖြစ်ဖို့က တစ်ညကို ဘယ်နှနာရီ အိပ်တာလဲ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရဲ့လား။ အိပ်ချိန်မှန်ရဲ့လား စတဲ့ အချက်တွေပေါ် မူတည်နေပါတယ်။ကျန်းမာစေတဲ့ အိပ်စက်ခြင်းရဖို့ အိပ်ချိန်ကလည်း အရေးကြီးပါတယ်။National Sleep Foundationက အရွယ်ရောက်ပြီးသား လူတစ်ယောက်က တစ်နေ့ကို ၇-၉ နာရီ၊ ၆၅ နှစ်အထက်ဆို တစ်ညကို ၇-၈ နာရီ အိပ်စက်သင့်တယ်လို့ ဆိုပါတယ်။ ကလေးတွေကတော့ ကြီးထွားနေတဲ့အရွယ်မို့လို့ လူကြီးတွေထက် ပိုလိုပါတယ်။ အရွယ်အလိုက် ကွာခြားချက်ရှိပြီး ကလေးသေးသေးလေးတွေဆို တစ်ညကို ၁၇နာရီ၊ မြီးကောက်ပေါက်လေးတွေဆို ၈-၁၀ နာရီ လိုပါတယ်။ဒါတွေကတော့ လူအများစုမှာ လေ့လာထားတာတွေပါ။ မျိုးရိုးဗီဇ၊ တစ်နေ့တာ အလုပ်ချိန်၊ လှုပ်ရှားမှုပေါ်မူတည်ပြီး အိပ်ချိန်အတိုးအလျှော့ ရှိနိုင်ပါတယ်။နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှ အိပ်ရေးဝတဲ့ ခံစားချက်မျိုး ရတာပါ။ အိပ်ချိန်ပြည့်ပေမယ့် ကြားထဲမှာ ခဏခဏ ထနေရရင် ဒါကျန်းမာစေတဲ့ အိပ်ခြင်း မဖြစ်ပါဘူး။ ခဏခဏ နိုးနေတာက အိပ်စက်တဲ့ အဆင့်တွေကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဥပမာအိပ်ဟောက်ရှူရပ်ရောဂါရှိတဲ့သူဆိုရင် အသက်ရှူရပ်ရပ်သွားတာကြောင့် လန့်နိုးတတ်ပါတယ်။ သူတို့အနေနဲ့ အိပ်ချိန် ပြည့်ကောင်း ပြည့်နိုင်ပေမယ့် နေ့ဘက်တွေမှာ အိပ်ငိုက်နေပါလိမ့်မယ်။၂၄နာရီအတွင်းမှာ ဘယ်အချိန်မှာ အိပ်မလဲဆိုတာက အရေးကြီးပါတယ်။ကိုယ်တွင်းဇီဝနာရီနဲ့ ပြင်ပ ပြောင်းလဲမှုတွေနဲ့ ကိုက်ညီအောင် ညှိထားသင့်ပါတယ်။ အလင်းရောင်ကတော့ အရေးကြီးဆုံးပါ။ လင်းနေရင် ကိုယ်တွင်းဇီဝနာရီကို မအိပ်စက်ဖို့ အချက်ပြပါတယ်။ မှောင်လာပြီဆိုရင်မယ်လတိုနင်ထွက်လာပြီး အိပ်ငိုက်စေပါတယ်။ဒါပေမယ့် နေ့ဆိုင်း ညဆိုင်း ရွှေ့ပြီး လုပ်ရတဲ့ သူတွေ၊ အချိန်မတူတဲ့ နေရာကို ခဏခဏ ခရီးထွက်ရတဲ့သူတွေကတော့ ဒီစနစ် ကမောက်ကမဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် သူတို့တွေက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့၊ အိပ်ချိန်ပြည့်ဖို့ ခက်ပါတယ်။အိပ်ချိန်ပြည့်ပေမယ့် အိပ်ချိန်မမှန်တဲ့အခါ ကျန်းမာစေတဲ့ အိပ်စက်ခြင်း မရပါဘူး။ တစ်နေ့ကို ၈နာရီ အိပ်ပေမယ့် ည ၁၀နာရီကနေ မနက် ၆နာရီထိ အိပ်တဲ့သူနဲ့ မနက် ၃နာရီကနေ နေ့လယ် ၁၁နာရီထိ အိပ်တဲ့သူ မတူပါဘူး။အပေါ်မှာ ပြောခဲ့တဲ့ ၃ချက်က ကျန်းမာစေတဲ့ အိပ်စက်ခြင်း မျိုး ရဖို့ အရေးပါတဲ့ အချက်တွေပါ။ ကိုယ်အိပ်စက်တဲ့ ပုံစံက ကျန်းမာစေရဲ့လားဆိုတာ အောက်ပါ အချက်တွေနဲ့ စစ်ဆေးနိုင်ပါတယ်။ဒါနဲ့ ပြောင်းပြန် အိပ်တဲ့ ပုံစံမမှန်ဘူးဆိုရင်တော့ အောက်ပါအချက်တွေ ရှိနေမှာပါ။ဒီအချက်တွေ ရှိနေပြီဆိုရင်တော့ ကိုယ့်ရဲ့ အိပ်စက်ခြင်း ပုံစံကို ပြန်စစ်ဆေးပြီး ပြုပြင်ဖို့ လိုနေပါပြီ။ ကိုယ့်ရဲ့ အိပ်ရာ၊ တစ်နေ့တာ အလုပ်တွေ၊ အိပ်ခါနီး လုပ်တတ်တဲ့ အကျင့်တွေကို ပြောင်းလဲဖို့ လိုနေပါပြီ။အိပ်စက်ခြင်း က အရေးကြီးပါတယ်။ အိပ်ရခက်တဲ့ ပြဿနာ ဒါမှမဟုတ် အိပ်စက်ခြင်းရောဂါတစ်မျိုးမျိုး ရှိနေရင် လျစ်လျူမရှုပါနဲ့။ ကိုယ်ရဲ့ အမူအကျင့်တွေကို ပြောင်းကြည့်ပါ။ အလုပ်မဖြစ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဘဝတစ်သက်တာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အိပ်စက်ခြင်း ရရှိဖို့ အရေးကြီးပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/what-is-healthy-sleep/
မတော်တဆ ဆေးမျိုချ မိတဲ့ ကလေးတွေအတွက် အရေးပေါ် ပြုစုနည်း
ကလေးတွေက ပုခက်ထဲမှာ နေတုန်းကတော့ အမေထားရင် ထားသလို နေပေမယ့် နည်းနည်းလေး တောက်တဲ့တောက်တဲ့ သွားတတ်ပြီဆိုရင် ဟိုဆွဲ ဒီဆွဲ လျှောက်ဆွဲပါတော့တယ်။ ဒါ့ပြင် ပါးစပ်ထဲလည်း လျှောက်ထည့်ပါတယ်။ ဒီတော့ ကလေးကို သေသေချာချာ မကြည့်နိုင်ရင် အန္တရာယ်များပါတယ်။ အိမ်ထဲမှာထားပေးမယ့် အလုံးစုံအန္တရာယ်ကင်းတာတော့ မဟုတ်ပါဘူး။ အိမ်က ကလေးလေးက မတော်တဆ ဆေးမျိုချ မိရင်အရေးပေါ်ဘာတွေလုပ်ရမလဲဆိုတာ ပြောပြပေးပါ့မယ်။ကလေးတွေ သူတို့ မျက်လုံးထဲမှာ အရောင်ဆန်းဆန်းလေးတွေ၊ အရသာကောင်းတာလေးတွေ၊ အနံ့မွှေးမွှေးလေးတွေ ရှိတဲ့ဟာဆို စိတ်ဝင်စားကြပါတယ်။ ကြည့်ရင်းနဲ့ ပါးစပ်ထဲကို ဆတ်ခနဲ ကောက်ထည့်တာ၊ မျိုချတာ လုပ်တတ်ကြပါတယ်။ အတွေ့ရများတာတွေကတော့။ကလေးမျိုချတာကို ကိုယ်တိုင် မျက်မြင်မိတာ ဖြစ်နိုင်ပါတယ်။ ဘေးနားမှာ သူမျိုချထားတဲ့ ပစ္စည်းနဲ့အတူပေါ့။ ဒါမှမဟုတ် ကလေး မျက်နှာပျက်နေတာ၊ ဗိုက်အောင့်တာ၊ အန်တာ စတာတွေကြောင့် သတိထားမိနိုင်ပါတယ်။သူတို့ပါးစပ်မှာ ပေကျံနေတာတွေ၊ အနံ့တွေထွက်နေတာကြောင့်လည်း သတိထားမိနိုင်ပါတယ်။ တစ်ခါတစ်လေ ဘာလက္ခဏာမှ မပြဘဲ ရက်ပိုင်းလောက်နေမှ ပြတာလည်း ရှိပါတယ်။အကောင်းဆုံးကတော့ ဆေးရုံပြဖို့ စီစဉ်ပါ။ ဒါမှမဟုတ် အရေးပေါ်ကားခေါ်ပါ။ မျိုချထားတာ ဘယ်နှရက်ကြာကြာ၊ ကလေးက ဘယ်လောက်ကောင်းကောင်းပါ။ ကလေးက လောလောဆယ်မျိုချထားတယ်ဆိုရင် အရင်ဆုံး လုပ်ရမှာက။မလုပ်သင့်တာက။ကလေးရှိတဲ့ မိခင်တွေ အနေနဲ့ တတ်နိုင်ရင် ကိုယ့်ကလေးကို မျက်စိဒေါက်ထောက်ကြည့်နေပါ။ ကလေးကိုအန္တရာယ်မရှိတဲ့ နေရာမျိုးမှာ ပေးဆော့ပါ။ မတော်တဆ တစ်ခုခုဖြစ်လာခဲ့ရင်လည်း မကြောက်ပါနဲ့။ တည်တည်ငြိမ်ငြိမ်နဲ့ ဆေးရုံသွားဖို့ ပြင်ဆင်ပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/accidental-swallowing-drugs-child/
မြွေကိုက်ခံရရင် အသက်အန္တရာယ် မဖြစ်အောင် ဘာတွေ ဆက်လုပ်ရမှာလဲ
မိုးဦးကျပိုင်းကို ရောက်လာတဲ့ အချိန်ဟာ နယ်ဘက်တွေနဲ့ လယ်ကွင်းပေါတဲ့ ဒေသတွေမှာ မြွေအများအပြားကို တွေ့ရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် မိုးဦးကျရာသီ နဲ့ မိုးရာသီမှာဆိုရင် မြွေကိုက်ခံရတဲ့နှုန်းက မြင့်မားလာပါတယ်။ ကုန်းပေါ်မှာရော၊ ပင်လယ်ထဲမှာရော၊ သစ်တောတွေထဲမှာရော၊ ရေကန်ထဲမှာရော နေရာအစုံနေတတ်ကြတဲ့ မြွေတွေဟာ နာမည်ကြားတာနဲ့ ကြောက်ဖို့ကောင်းတဲ့ တိရစ္ဆာန်တွေ ဖြစ်ကြပေမဲ့ မြွေတော်တော်များများက သင်သူတို့ကို ကြောက်တာထက် သူတို့က သင့်ကို ပိုကြောက်တတ်ကြပါတယ်။ ဒါပေမဲ့လည်း မတော်တဆ မြွေကိုက်ခံရရင် အသက်အန္တရာယ် မဖြစ်အောင် ဘာတွေ ဆက်လုပ်ရမှာလဲ ဆိုတာကို ဗဟုသုတ ရအောင် မျှဝေပေးလိုက်ပါတယ်။အိန္ဒိယနဲ့ အရှေ့တောင် အာရှမှာ အတွေ့ရများတဲ့ တောကြီးမြွေဟောက် ( Ophiophagus hannah) နဲ့ အာဖရိကတိုက် မမ်ဗာ မြွေ (Dendroaspis polylepis) တွေကလွဲပြီး မြွေတော်တော်များများက လူတွေကိုကြောက်တတ်ကြပါတယ်။ ဒီမြွေ ၂ မျိုးကတော့ လူမြင်ပြီဆိုတာနဲ့ လိုက်လံတိုက်ခိုက်တတ်ကြတဲ့ မြွေမျိုးတွေ ဖြစ်ပါတယ်။မြွေတွေဟာ ခြေလက်တွေ မရှိကြတဲ့ တွားသွားသတ္တဝါတွေ ဖြစ်ကြပါတယ်။ မြွေတွေဟာ အင်းဆက်ပိုးမွှားတွေ၊ ငှက်တွေ၊ နို့တိုက် သတ္တဝါအကောင်ငယ်လေးတွေ၊ တစ်ခြား တွားသွား သတ္တဝါတွေနဲ့ တစ်ခါတစ်ရံ တစ်ခြားသော မြွေများကိုပါ စားတတ်ကြပါတယ်။ ကမ္ဘာပေါ်မှာ မြွေမျိုးစိတ်ပေါင်း ၃၀၀၀ ကျော်ရှိတဲ့ အနက် ၄၀၀ ခန့်သာ အဆိပ်ရှိကြပြီး မြွေအများစုက သားကောင်တွေကို ဖိအားနဲ့ ညှစ်ကာ ဖမ်းဆီးကြလေ့ ရှိပါတယ်။ တချို့သောမြွေတွေကတော့ သားကောင်ကို သွားနဲ့ ကိုက်ကာ ဖမ်းဆီးတတ်ကြပြီး ဒီအတိုင်း မျိုချစားသုံးတတ်ကြပါတယ်။မြွေတွေဟာ အဆိပ်ကို ထိုးသွင်းဖို့ အတွက် အထူးသီးသန့် ပါဝင်တဲ့ တံတွေးဂလင်းတွေကို အသုံးပြုတာ ဖြစ်ပါတယ်။ မြွေအဆိပ်ဟာ အထူးသီးသန့်တံတွေးတစ်မျိုးသာဖြစ်ပြီး အစာခြေဖျက်ခြင်းကို ကူညီပေးဖို့အတွက် ပါဝင်နေတာဖြစ်တယ်လို့ ပညာရှင်များက လက်ခံထားကြပါတယ်။ အဆိပ်ပမာဏ အနည်းအများအလိုက် ထုတ်ခြင်းဟာ သားကောင်ကို သတ်တဲ့ နေရာမှာ အသုံးဝင်ပါတယ်။အဆိပ်ထုတ်တဲ့ အချိန်မှာဆိုရင် အဆိပ်များက အဆိပ်ဂလင်းမှ မြွေစွယ်သို့ရောက်သွားပြီး အဲ့ကမှ တစ်ဆင့် သားကောင်ကိုယ်ထဲသို့ ရောက်သွားတာ ဖြစ်ပါတယ်။ မြွေဆိပ်တွေဟာ ဒြပ်ပေါင်းအမျိုးမျိုး ပေါင်းစည်းထားတဲ့အရာတစ်ခု ဖြစ်ပြီး ပါဝင်ပစ္စည်း အတိုင်းအတာအလိုက် အဆိပ်ကလည်း အပျော့အပြင်းရှိပါတယ်။ မြွေဆိပ် ပရိုတင်းတွေကို အဓိကအားဖြင့် အမျိုးအစား (၄) မျိုး ခွဲခြားထားနိုင်ပါတယ်။၁။Cytotoxinsလို့ခေါ်တဲ့ တစ်ရှူးများကို ပျက်စီးစေတဲ့ အဆိပ်။၂။Hemotoxinsလို့ခေါ်တဲ့ သွေးဆဲလ်များကို ဖျက်ဆီးပစ်ပြီး ခန္ဓာကိုယ်အတွင်းပိုင်း သွေးထွက်ခြင်း ဖြစ်စေနိုင်တဲ့ အဆိပ်။၃။Neurotoxinsလို့ခေါ်တဲ့ နာဗ်ကြောများကို ပျက်ဆီးစေပြီး အာရုံကြောစနစ်ကို ပျက်ဆီးစေတဲ့ အဆိပ်။၄။Cardiotoxin (CTX)လို့ခေါ်တဲ့ နှလုံးကို တိုက်ရိုက် ပျက်ဆီးစေတဲ့ အဆိပ်တို့ ဖြစ်ပါတယ်။ကမ္ဘာတစ်ဝှမ်းမှာ ၁ နှစ်အတွင်း မြွေကိုက်မှုပေါင်း ၁.၈ သန်းအထိ ဖြစ်ပွားနေပြီး လူသေဆုံးမှုက ၂ သောင်းခန့်ကနေ ၉ သောင်း ၄ ထောင်ခန့် အထိသေဆုံးမှု ဖြစ်နေပါတယ်။ မြွေကိုက်မှု ဖြစ်ပွားတဲ့ နေရာများဟာ အထူးသဖြင့် အပူပိုင်းဒေသများနဲ့ လယ်ယာ လုပ်ငန်း လုပ်ကိုင်ကြတဲ့ နေရာတွေမှာ အဖြစ်များပါတယ်။အဆိပ်ရှိမြွေများကိုက်ရင် ဖြစ်လာမယ့် ဒဏ်ရာတွေဟာ သာမန် ဒဏ်ရာလေးကစလို့ အသက်အန္တရာယ် ဆုံးရှုံးသည် အထိ အမျိုးမျိုးရှိပါတယ်။အဆိပ်ရှိမြွေ ကိုက်ခံရတဲ့အခါ ဒဏ်ရာတွေ က နာကျင်လာပြီး ပြင်းထန်စွာ ရောင်ကိုင်းနိုင်ကာ သွေးထွက်ပြီး အရည်ကြည်ဖု တွေ ထွက်လာနိုင်ပါတယ်။အကိုက်ခံရတဲ့ ဒဏ်ရာနားက တစ်ရှူးတွေကို ပျက်ဆီးစေနိုင်ပါတယ်။ အာရုံကြောတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါ့ပြင်။မြေပွေးအဆိပ်က ခန္ဓာကိုယ်ရဲ့ သွေးတိတ်ခြင်းစနစ်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် အကိုက်ခံထားရတဲ့ ဒဏ်ရာနားကနေ သွေးတွေ ထွက်လာနိုင်သလို ကိုယ်တွင်းအင်္ဂါ‌‌တွေကနေလည်း သွေးယိုစိမ့်လာနိုင်ပါတယ်။မြွေဟောက်အဆိပ်ကတော့အာရုံကြော စနစ်ကို တိုက်ရိုက်ထိခိုက်စေနိုင်ပါတယ်။ အသက်ရှူကြွက်သားများကို အကြောသေစေနိုင်ပြီး အကိုက်ခံရတဲ့လူအနေနဲ့ အမြင်အာရုံဝေဝါးလာခြင်း၊ စကားပြောဗလုံးဗထွေး ဖြစ်လာခြင်း၊အသက်ရှူကျပ်လာခြင်းနဲ့ ထုံထိုင်းသွားခြင်းတို့ကို ခံစားရမှာ ဖြစ်ပါတယ်။ရပ်ဆဲလ် မြွေပွေး (Russell’s vipers)တွေ၊ ပင်လယ်မြွေတွေနဲ့ ဩစတြေးလျ တိုက်နေ Elapidae မြွေတွေဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များများက ကြွက်သားဆဲလ်တွေ သေဆုံးခြင်း ဖြစ်စေပါတယ်။ ဒီကြွက်သားဆဲလ်တွေက အကြွင်းအကျန်တွေဟာ ကျောက်ကပ်မှာ လာရောက်ပိတ်ဆို့နိုင်ပြီး ကျောက်ကပ် အလုပ်မလုပ်တော့ခြင်းကို ဖြစ်စေနိုင်ပါတယ်။မြွေဟောက်များနဲ့ အာဖရိကတိုက်မှ မြွေဟောက်နဲ့ တူတဲ့ ringhals မြွေများဟာ သူတို့ရဲ့ အဆိပ်တွေကို သားကောင်ရဲ့ မျက်လုံးထဲကို တိတိကျကျ ပစ်လွှတ်နိုင်ပြီး မျက်လုံးနာကျင်ခြင်းနဲ့ ပျက်ဆီးခြင်းကို ဖြစ်စေနိုင်ပါတယ်။မြွေကိုက်ခံရတဲ့ လူအနေနဲ့ သူကို ကိုက်လိုက်တဲ့ မြွေဟာ အဆိပ်မရှိပါဘူးလို့ ဆေးဝါး ကျွမ်းကျင်သူက ထောက်ခံတဲ့ အချိန်ကလွဲပြီး ကျန်အချိန်တွေမှာ ဆေးရုံအရေးပေါ်ခန်းသို့ အမြန်သွားရောက်ပြသသင့်ပါတယ်။ အဆိပ်မရှိတဲ့ မြွေတွေ ကိုက်ခံရတဲ့ လူတွေ အနေနဲ့လည်း ဒဏ်ရာကို သေချာဂရုစိုက် ဆေးထည့်ဖို့လို့ပြီး လွန်ခဲ့တဲ့ ၅ နှစ်အတွင်း မေးခိုင်ပိုး ကာကွယ်ဆေး မထိုးခဲ့ရသေးဘူး ဆိုရင် မေးခိုင်ပိုးကာကွယ်ဆေးပြန်ထိုးဖို့ လိုပါလိမ့်မယ်။မြွေကိုက်ခြင်းကို ကုသဖို့ဆိုတာ ဖြစ်စဉ်အပေါ်လုံးဝမူတည်နေပါတယ်။ မြွေမျိုးစိပ်ကို တိတိကျကျ မခွဲခြားနိုင်ခြင်းကြောင့် သေဆုံးသွားကြတဲ့ လူအရေအတွက်ဟာ များပြားပါတယ်။ မြွေအားလုံးက အဆိပ်မရှိတဲ့အပြင် မြွေဆိပ် အမျိုးမျိုးအတွက် မြွေဆိပ် ဖြေဆေးအမျိုးမျိုးရှိတာကြောင့် ဆေးရုံသွားပြတဲ့ အခါ ကိုက်ခဲ့တဲ့မြွေကို သေချာ ခွဲခြားပြနိုင်ရင် အရမ်းအထောက်အကူ ဖြစ်ပါလိမ့်မယ်။အဆိပ်ရှိတဲ့ မြွေကိုက်ခံရမယ်ဆို နာကျင်မှုနဲ့ အကိုက်ခံရတဲ့ နေရာနားတစ်ဝိုက် ရောင်ကိုင်းလာခြင်းနဲ့ အရေကြည်ဖုလိုမျိုး ဒဏ်ရာများ ဖြစ်လာနိုင်ပြီး တစ်ရှုးတွေပျက်ဆီးလာနိုင်ပါတယ်။ မြွေကိုက်ခံရတဲ့ အခါမှာ အဆိပ်ရှိတဲ့ မြွေအကိုက်ခံရရင်တောင် တစ်ခါတစ်ရံမှာ အဆိပ်မရောက်တဲ့ ဖြစ်စဉ်မျိုး ဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ မြွေတွေဟာ အဆိပ်ဘယ်လောက် ထုတ်လွှတ်မလဲဆိုတာကို ထိန်းချုပ်နိုင်ပြီး သူတို့ အတွက် အန္တရာယ်အများဆုံးလို့ ထင်နေတဲ့အချိန် အကိုက်ခံရရင်တော့ ပိုပြီး အဆိပ်ပြင်းပါတယ်။မြွေဆိပ်မှာဆိုရင် ဓါတု ဓါတ်ပေါင်းများစွာပါဝင်ပြီး ဒီအဆိပ်တွေ ခန္ဓါကိုယ်ထဲရောက်လာမယ်ဆိုရင် တစ်ရှုးများကို ပျက်ဆီးစေပြီး သွေးခဲစေတဲ့ ပရိုတင်းတွေကိုပျက်ဆီးစေစေပါတယ်။အဆိပ်ပမာဏ အနည်းအများလိုက် ရောင်ကိုင်းခြင်းနဲ့ တစ်ရှုးပျက်ဆီးခြင်းဟာ တစ်နာရီအတွင်း ဖြစ်လာနိုင်ပြီး မကုသဘဲထားမယ်ဆိုရင် တစ်ရှုးပျက်ဆီးလာကာ ခြေတွေ၊ လက်တွေ ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။မြွေကိုက်ခံရရင် အသက်အန္တရာယ် မဖြစ်အောင် ဘာတွေ ဆက်လုပ်ရမှာလဲ။ကိုက်တဲ့မြွေကအဆိပ်မရှိဘူးဆိုရင်တောင် ကိုက်ခံရတဲ့ ဒဏ်ရာကနေ ပြင်းထန်တဲ့ ဘတ်တီးရီးယား ကူးစက်ရောဂါပိုးတွေ၊ မေးခိုင် ရောဂါ (tetanus) ကူးစက်ခံရနိုင်တာကြောင့် ဘာမြွေကိုက်ကိုက် ဆေးရုံဆေးခန်းသွားပြသင့်ပါတယ်။အကိုက်ခံရတဲ့ လက်၊ ခြေထောက်ကို အတတ်နိုင်သမျှ မလှုပ်ရှားဘဲနေပါ။ ဒီလို နေခြင်းဖြင့် အဆိပ်များပျံ့နှံ့ခြင်းကို နှေးကွေးစေလာပါလိမ့်မယ်။မြွေရဲ့ ပုံပန်းသွင်ပြင်ကိုမှတ်လာခဲ့ခြင်းဖြင့် ဆရာဝန်က ဘယ်မြွေကိုက်လိုက်သလဲဆိုတာကို အလွယ်တကူ ခွဲခြားစေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်ဒေသမှာ အကိုက်ခံရသလဲဆိုတာကလည်း အထောက် အကူဖြစ်စေနိုင်ပါတယ်။ဒီလို မှတ်ထားခြင်းဖြင့် ဆရာဝန်က အချိန်ဘယ်လောက် ကုန်သွားပြီလဲဆိုတာ သိလာမှာ ဖြစ်ပါတယ်။မြွေကိုက်ခံရပြီး ဒဏ်ရာနားတစ်ဝိုက် မရောင်ကိုင်းလာခင် သွေးစီးဆင်းမှုကို နှောင့်ယှက်စေနိုင်တဲ့ လက်ဝတ်ရတနာတွေကို ချွတ်ထားပါ။မြွေကိုက်ခံရပြီးနောက် မြွေကို အတင်းမရမက လိုက်မဖမ်းပါနဲ့။ သင့်အနေနဲ့ ဒုတိယ အကြိမ် ထပ်အကိုက်ခံရနိုင်သေးတာကြောင့်မို့ပါ။ဒီလို အဆိပ်တွေကို ပါးစပ်နဲ့ စုပ်ထုတ်တာမျိုး မလုပ်ပါနဲ့။ ဒီလို လုပ်တာက အလုပ်မဖြစ်ပါဘူး။ ဒါ့အပြင် ဓားနဲ့ခွဲတာ၊ မီးနဲ့တို့တာတွေလည်း မလုပ်ရပါဘူး။ အက်စပရင်၊ အိုင်ဗျူ ပရိုဖင် ( ibuprofen) နဲ့ တစ်ခြားသော အကိုက်အခဲပျောက် ဆေးများဟာ သွေးများကို ကျဲစေပြီး သွေးထွက်လွန်စေနိုင်တဲ့ အတွက် ဒီဆေးတွေ မသောက်သင့်ပါဘူး။အရင်ကမြွေကိုက်ခံရင်ဒဏ်ရာရဲ့ အထက်ကို ပတ်တီးကျပ်ကျပ်စည်းရမယ်လို့ လူအများသိခဲ့ကြပေမဲ့ ဒီလို သွေးစီးဆင်းမှုကို ပိတ်ချလိုက်ခြင်းဟာ တစ်ရှူးပျက်ဆီးမှုကို ပိုဖြစ်စေနိုင်တာကြောင့် ဒီလိုမလုပ်တော့ပါဘူး။ ပတ်တီးကျပ်ကျပ်စည်းတာက ကောင်းကျိုးရှိနိုင်တယ်လို့ ယူဆမှသာ စည်းပါတော့တယ်။မြွေကိုက်ခံရင် ဘယ်လို ကုသရမလဲဆိုတာက ဘာမြွေ အကိုက်ခံလိုက်ရလဲဆိုတဲ့ အချက်နဲ့ မြွေဆိပ်တက်သလားဆိုတဲ့ အချက်အပေါ် မူတည်ပါတယ်။ မြွေကိုက်တိုင်း မြွေဆိပ်တက်တာ မဟုတ်ပါဘူး။အဆိပ်မတက်တဲ့ ဖြစ်ရပ်တွေမှာဆိုရင် အကိုက်ခံရတဲ့ ဒဏ်ရာကို ဆေးကြောခြင်းနဲ့ နောက်ထပ် ဘာအန္တရာယ်မှ မရဘူးဆိုတာ သေချာအောင်လို့ စစ်ဆေးချက်လုပ်ရုံ အပြင် တခြား ဘာမှကို လုပ်စရာမလိုပါဘူး။ အဆိပ်တက်မှသာ မြွေဆိပ်ဖြေဆေး ထိုးပေးတာ ဖြစ်ပါတယ်။ ‌ဖြေဆေးကိုယ်တိုင်ကလည်း ဓာတ်မတည့်တဲ့ ပြဿနာကို ဖြစ်စေနိုင်တာကြောင့် လိုမှထိုးပေးတာ ဖြစ်ပါတယ်။မြွေကိုက်ခံရဖို့ အတွက် ကြိုတင်ကာကွယ်မှု လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုကတော့ မြွေတွေကို သွားမစဖို့ပါပဲ။ ကမ္ဘာတစ်ဝှမ်းက မြွေတော်တော်များများက ရန်လိုလေ့မရှိဘဲ သူတို့တွေကို ခြိမ်းခြောက်တယ်လို့ ခံစားရတဲ့ အချိန်မှာသာ ကိုက်တတ်ကြတာ ဖြစ်ပါတယ်။ဒါအပြင် မြွေအကိုက်ခံရနှုန်း များပြားတဲ့ အချိန်တွေမှာ လုပ်ကိုင်နိုင်တဲ့ အချက်တွေကတော့။အကယ်၍ လမ်းလျှောက်တုတ်နဲ့ မြွေကို သွားထိမိမယ်ဆိုရင် ဒီတုတ်ချောင်းကိုသာ မြွေက တိုက်ခိုက်ကြမှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/how-to-survive-snake-season/
လိင်တူစိတ်ဝင်စားသူအဖြစ် ပွင့်ပွင့်လင်းလင်းဘယ်လိုဝန်ခံမလဲ
လိင်တူစိတ်ဝင်စားသူအဖြစ် ပွင့်ပွင့်လင်းလင်းဘယ်လိုဝန်ခံမလဲ ……လိင်တူစိတ်ဝင်စားသူတွေအတွက်တော့ ကိုယ့်အနေအထားကို ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ဖို့က အကြီးမားဆုံး စိန်ခေါ်မှု အခက်အခဲပါပဲ။ ဒီသတင်းကို ကြားရရင် ကိုယ့်မိသားစုနဲ့ အသိမိတ်ဆွေတွေက ဘယ်လို တုံ့ပြန်လာလေမလဲ ဆိုတာ စိုးရိမ်မိတာ သဘာဝ ကျပါတယ်။လူမှုရေး လောကရဲ့ဝေဖန်ပြောဆိုမှုတွေကို ကြောက်တာနဲ့ပဲ သင့်အနေအထားကို ပြန်ဖုံးကွယ်မိစေပါတယ်။ ဒါပေမယ့် ကိုယ့်အနာဂတ် အတွက် ပြန်စဉ်းစားသင့်ပါတယ်။ ဖွင့်ဟ ဝန်ခံလိုက်တာကပဲ သင့်ရဲ့ချစ်ခင်ရသူတွေ အပေါ် မလိမ်ညာ၊ မကွယ်ဝှက်ဘဲ ရိုးရိုးသားသား ဆက်ဆံနိုင်မယ့် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါတယ်။လိင်တူစိတ်ဝင်စားသူအဖြစ် ပွင့်ပွင့်လင်းလင်းဘယ်လိုဝန်ခံမလဲ ဆိုတော့  ဒီလို ဝန်မခံခင်မှာ အရင်ဆုံး လုပ်ရမှာက ကိုယ့်ကိုယ်ကိုယ် နားလည်အောင် လုပ်ဖို့ပါပဲ။ တချို့က အရမ်း ငယ်ရွယ်သေးတဲ့ အချိန် ကတည်းက ကိုယ့်ရဲ့ လိင်အမျိုးအစားကို သိထားတာတောင် ကိုယ်ဟာ ကျားလား ၊ မလား အချိန် ကြာလာတဲ့အမျှ ခံစားချက် ဇဝေဇဝါ ရှုပ်ထွေးနေဆဲ ဖြစ်နေနိုင်ပါတယ်။ကိုယ့်ကိုယ်ကိုယ် သိခြင်းဟာ အပြစ်မကင်းစိတ်၊ ငြင်းပယ်ခံရမှာကြောက်ရွံ့စိတ်တို့လို ကိုယ့်ခံစားချက်တွေကို ကျော်ဖြတ် အောင်မြင်ရမယ် ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါ တယ်။ ဒီအခြေအနေကို မဖြေရှင်းနိုင်ရင် ဆွေးနွေးတိုင်ပင် လို့ရမယ့် လူကို ရှာပါ။ ကိုယ့်မှာ ဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိသူ ပညာရှင်တွေနဲ့ ဆွေးနွေးအကြံပြုချက် တောင်းသင့်ပါတယ်။ဖွင့်ထုတ်ဝန်ခံလိုက်တဲ့ စစချင်း အချိန်မှာတော့ အခက်ခဲဆုံး အချိန် ဖြစ်နေနိုင်ပါတယ်။ တစ်လောကလုံးကို အသိမပေးခင်မှာ ကိုယ်နဲ့ အရင်းနှီးဆုံး သူတွေနဲ့ အရင် ပြောဆိုကြည့်ဖို့ ကြိုးစားသင့်ပါတယ်။ မိဘ ဒါမှမဟုတ် ဝမ်းကွဲဆွေမျိုး တစ်ဦးဦးဖြစ်ဖြစ်၊ သူငယ်ချင်း ဒါမှမဟုတ် ဆရာ၊ ဆရာမဖြစ်ဖြစ် ကိုယ်ယုံကြည်ရသူလည်း ဖြစ်၊ ကိုယ့်ကို အကူအညီပေးမယ့် သူလည်း ဖြစ်တဲ့ လူတစ်ယောက်ယောက်ကို ရွေးပါ။မေးလာနိုင်မယ့် မေးခွန်းတွေလည်း ကြိုစီထားဖို့ လိုပါတယ်။ သင်ပြောပြလိုက်တဲ့ လူတွေက သင့်ရဲ့ ဘဝသစ်အကြောင်းကို ပိုသိချင်ကြပါလိမ့်မယ်။ ဒါ့ကြောင့် တတ်နိုင်သလောက် အချက်အလက်တွေ စုပြီး အရာအားလုံးကို အစွမ်းကုန် ရှင်းပြလိုက်ပါ။ ဒါပေမယ့် သူတို့ရဲ့ တုံ့ပြန်မှုက မကောင်းခဲ့ရင် ဒီကိစ္စကို လက်ခံပေးနိုင်ဖို့ သူတို့ကို အချိန်ပေးလိုက်ပါ။ သူတို့အနေနဲ့ လက်ခံပေးဖို့ကို အတင်း မတိုက်တွန်းပါနဲ့။ ဒီလိုမှ မဟုတ်ရင် ပိုလို့တောင် ခါးခါးသီးသီး ငြင်းပယ်ခံရနိုင်ပါတယ်။ကိုယ့်ရဲ့နာမည် ဒါမှမဟုတ် ဝတ်ပုံစားပုံကို ပြောင်းလဲဖို့ ရည်ရွယ်ထားတယ် ဆိုရင် ပိုပြီး စိတ်ရှည်ဖို့ လိုပါတယ်။ လူတွေက သင့်ကို သိလာခဲ့တာ ကြာပြီမို့ သင့်ရဲ့ဘဝသစ် ကို လိုက်နားလည် လက်ခံပေးဖို့ မလွယ်လှပါဘူး။ သင်တောင်မှ ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့ အချိန် အတော် ယူခဲ့ရတာ မဟုတ်လား။ စိတ်ရှည်ပါ ၊ဇွဲရှိပါ။ လူတွေက သင့်ကို နာမ်စားမှားခေါ်နေတဲ့အခါ သူတို့ကို သတိပေးပြီး ပြင်ခေါ်ခိုင်းဖို့ မဝံ့မရဲ ဖြစ်မနေပါနဲ့။ ရိုးသားတဲ့ အမှားလည်း ဖြစ်နေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်က နာမည်ပြောင်းထားတဲ့အတွက် နောက်ပိုင်း ဥပဒေနဲ့ ပတ်သက်ပြီး ပြဿနာ ဖြစ်မလာစေဖို့ ဥပဒေရေးရာ စာရွက်စာတမ်းတွေကို အသစ် ပြင်ဆင်ဖို့ မမေ့ပါနဲ့။စနစ်တကျ အစီအစဉ် ရေးဆွဲတာက သင့်အတွက်ဝန်ခံနိုင်ဖို့ပိုလွယ်စေနိုင်ပါတယ်။ အလောတကြီး လုပ်ဖို့ မလိုပါဘူး။ အချိန်ယူပြီး သေချာပြင်ဆင်ပါ။ အားလုံးပြီးသွားရင်တော့ ဖြစ်လာတာက သင့်ရဲ့ ဘဝပါပဲ။ ကိုယ်မှန်တယ် ထင်တဲ့ အရာကို ကိုယ်လုပ်ခွင့်ရှိပါတယ် (ဥပဒေနဲ့တော့ ညီတဲ့အလုပ် ဖြစ်ရပါမယ်)။ သင်က ထုတ်ဖော် ဝန်ခံသည်ဖြစ်စေ ဝန်မခံသည်ဖြစ်စေ ကိုယ့်ကို အမှန်တကယ် မေတ္တာ မှန်ကန်သူတွေဟာ သင်က ဘာပဲဖြစ်နေပါစေ ဆက်ပြီး ချစ်ခင်နေဦးမှာပဲ ဆိုတာ မမေ့ပါနဲ့။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/coming-out-for-transgender-people/
နေအိမ်မှာ အလုပ်လုပ်ရင်း ဇက်ကြောနဲ့ နောက်ကျောာ နာကျင်မှု မဖြစ်အောင် ဘယ်လိုနေထိုင်မလဲ
COVID-19ရောဂါကပ်ဘေးကြီးစလာတော့ လုပ်ငန်းခွင်တွေလည်း သဘောသဘာဝတွေပြောင်းလဲပြီး နေအိမ်တွေကနေ အလုပ်လုပ်ဖို့ စီစဉ်ကြရတော့တာပေါ့။ Work form Home ပေါ့။Work form Homeဖြစ်လာတဲ့အခါ မတူညီတော့တဲ့ လုပ်ငန်းခွင်အနေအထားကြောင့် မတူညီတဲ့ ပြဿနာတွေရင်ဆိုင်လာကြရပါတယ်။နေအိမ်ကနေတဆင့် အလုပ်လုပ်ကိုင်ကြရတဲ့အခါ ရုံးလုပ်ငန်းခွင်တွေမှာလို Facility မျိုးတွေမဟုတ်တာကြောင့် ကွန်ပျူတာ အသုံးပြုပြီး အလုပ်လုပ်ရသူတွေမှာ ဇက်၊ လည်ပင်းနဲ့ ကျောကုန်းပိုင်ဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်လာကြရတာပါပဲ။ဒီဘက်ခေတ်တွေမှာText Neck Syndromeလို ဝေဒနာ အသစ်အဆန်းတွေ ပေါ်ထွက်လာပါတယ်။ စမတ်ဖုန်းတွေ၊ အိတ်ဆောင် လက်ပ်တော့တွေနဲ့ ဆိုရှယ်မီဒီယာတွေ ခေတ်စားလာပြီးတဲ့နောက်ပိုင်းမှာမှ အဖြစ်များလာတဲ့ ရောဂါတစ်ခုလို့ ဆိုလို့ရပါတယ်။မိုဘိုင်းဖုန်းနဲ့ တက်ဘ်လက် အသုံးပြုသူတွေအနေနဲ့ ခန္တာကိုယ်ကို ကိုင်းညွှတ်ပြီး စမတ်ဖုန်းမျက်နှာပြင်တွေကို အချိန်ကြာညောင်းစွာ စူးစိုက်ကြည့်ရှုတာကြောင့်လည်ပင်းရိုးနဲ့ ကျောရိုး ထိခိုက်နာကျင်မှုတွေ ပိုမိုခံစားလာကြရပါတယ်။လည်ပင်းကို ရှေ့ဘက်ကို လိုအပ်တာထက် ပိုပြီး ငိုက်လိုက်မယ်ဆိုရင် ကျောဘက်မှာရှိတဲ့ လည်ပင်းရိုးပတ်လည်က ကြွက်သားတွေတင်းကျပ်လာတတ်ပြီး နာ့ဗ်ကြောတွေလည်း ထိခိုက်ပျက်ဆီးသွားတတ်ပါတယ်။ ဒီလို လည်ပင်းရိုးနဲ့ ကျောကုန်းကို မူမမှန်တဲ့ အနေအထားနဲ့ အချိန်ကြာမြင့်စွာ အသုံးပြုတဲ့အခါမျိုးမှာ ပြင်းထန်တဲ့ နာကျင်မှုဝေဒနာတွေ ခံစားလာရမှာဖြစ်ပါတယ်။လည်ဂုတ်အနီးတစ်ဝိုက်မှာရှိတဲ့နာ့ဗ်ကြောတွေထုံထိုင်းနာကျင်မှုကြောင့် တစ်ဆက်စပ်တည်းအနေနဲ့ နောက်ကျော၊ ပခုံးနဲ့ လက်မောင်းတွေအထိ ဝေဒနာခံစားရနိုင်ပါတယ်။နောက်ကျော၊ လည်ပင်းရိုးနဲ့ ဇက်ကို ထိခိုက်မှု မဖြစ်စေဖို့ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းလမ်းမျိုးတွေနဲ့ နေထိုင်ပြုမူဖို့ အဓိက လိုအပ်ပါတယ်။ ဒါ့အပြင် အောက်ပါ နည်းလမ်းတွေကိုလည်း လိုက်နာဖို့ လိုအပ်ပါတယ်။ဒါ့အပြင်စမတ်ဖုန်း၊ ကွန်ပျူတာ အသုံးပြုရာမှာ မိနစ် ၂၀ ဒါမှမဟုတ် နာရီဝက်ခန့် အသုံးပြုပြီးတိုင်း ခနအနားပေးပြီး လက်မောင်းနဲ့ ပခုံးတွေကို လေ့ကျင့်ခန်း ခနလုပ်ပေးတဲ့အကျင့်မျိုး ထားရှိသင့်ပါတယ်။ယောဂလို လေ့ကျင့်ခန်းမျိုး ပုံမှန်ပြုလုပ်ပေးတာကလည်း ဇက်နဲ့ လည်ပင်ရိုးနာကျင်မှုဝေဒနာ မခံစားရဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။[covid_19]။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/how-to-avoid-neck-shoulder-and-back-pain-while-working-from-home/
အအေးမိဝေဒနာကို ကြက်သွန်ဖြူနဲ့ ဘယ်လိုကုသမလဲ
ကြက်သွန်ဖြူမှာ အဖြစ်များတဲ့အအေးမိဝေဒနာကို ပြင်းထန်မှုလျော့ပါးစေနိုင်၊ ကာကွယ်နိုင်တဲ့ အစွမ်းအာနိသင်ရှိတယ်လို့ သုတေသနနှစ်ခုက ဖော်ပြလာပါတယ်။ ဒါဟာ ကြက်သွန်ဖြူမှာပါတဲ့ ဆာလဖာပါရှိတဲ့ ဒြပ်ပေါင်းတွေရဲ့ ကိုယ်ခံအားမြှင့်တင်ပေးတဲ့အာနိသင်ကြောင့် ဖြစ်နိုင်ပါတယ်။ကလေးတွေက တစ်နှစ်ကို အနည်းဆုံး ၆ ကြိမ်မှ ၈ ကြိမ်လောက်အထိ အအေးမိဝေဒနာဖြစ်တတ်ကြပြီး လူကြီးတွေကတော့ ၂ ကြိမ်မှ ၄ ကြိမ်ဖြစ်တတ်ကြပါတယ်။ ပဋိဇီဝပိုးသတ်ဆေးတွေက အအေးမိရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပေမယ့် ခပ်ဝေးဝေးစဉ်းစားစရာမလိုတဲ့ အိမ်သုံးသဘာဝဆေးနည်းတွေ ရှိနေပါတယ်။ မီးဖိုချောင်တိုင်းမှာရှိနေတဲ့ ကြက်သွန်ဖြူကို ဆေးဖက်ဝင်ပစ္စည်းအဖြစ် လွန်ခဲ့တဲ့နှစ် ၅၀၀၀ ကျော် ကတည်းကအသုံးပြုနေခဲ့ကြတာဖြစ်ပါတယ်။ကြက်သွန်ဖြူက ကိုယ်ခံအားစနစ်မှာ အဓိကကျတဲ့ သွေးဖြူဥဆဲလ်တွေကို နှိုးဆွပေးနိုင်ပြီး အဖြစ်များတဲ့ ရောဂါတွေမှာ ခုခံနိုင်စွမ်းကို တိုးမြှင့်ပေးပါတယ်။ သည်နည်းနဲ့ပဲ အအေးမိဝေဒနာကို ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။အခွံခွာပြီးနှစ်ရက်လောက်လေသလပ်ခံဖြန့်ထားတဲ့ ကြက်သွန်ဖြူနှစ်မွှာသုံးမွှာလောက် ဝါးစားပေးပါ။ ခံတွင်းအနံ့ဆိုးကျန်မှာစိုးရိမ်ရင် ကြက်သွန်ဖြူစားပြီးတဲ့အခါ ကော်ဖီစေ့ သို့မဟုတ် လိမ္မော်ခွံကို အနည်းငယ်လောက်ဝါးလိုက်ပါ။ပါဝင်ပစ္စည်းများ –။ပြုလုပ်နည်း-။သည်ဟင်းချိုကို တစ်နေ့ပန်းကန်လုံးသုံးလုံးခန့်သောက်ပါ။ ကျန်တဲ့ဟင်းရည်ကိုရေခဲသေတ္တာထဲမှာ သိမ်းထားပြီး နောက်နေ့ ပြန်နွှေးသောက်နိုင်ပါတယ်။ပါဝင်ပစ္စည်းများ –။ပြုလုပ်နည်း-။ကြက်သွန်ဖြူပျားရှာလကာရည်ကို တစ်နေ့ ခွက်တဝက်ခန့် နည်းနည်းချင်းသောက်ပေးပါ။ လည်ချောင်းနာ သက်သာစေပါလိမ့်မယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/common-cold/%e1%80%a1%e1%80%a1%e1%80%b1%e1%80%b8%e1%80%99%e1%80%ad%e1%80%9d%e1%80%b1%e1%80%92%e1%80%94%e1%80%ac%e1%80%80%e1%80%ad%e1%80%af-%e1%80%80%e1%80%bc%e1%80%80%e1%80%ba%e1%80%9e%e1%80%bd%e1%80%94%e1%80%ba/
မုန်တိုင်း ဒဏ်အတွက် ဘယ်လိုပြင်ဆင်ကြမလဲ။
သဘာဝဘေးအန္တရာယ်တွေထဲမှာ မုန်တိုင်း က အိုးအိမ်ပျက်စီးစေပြီး အသက်အန္တရာယ် ထိခိုက်စေနိုင်လို့ သတိကြီးကြီး ထားရမယ့် အရာထဲမှာ ပါပါတယ်။ ကံကောင်းတာ တစ်ချက်က မုန်တိုင်းကို ကြိုတင်ခန့်မှန်းနိုင်ပြီး ဘယ်လမ်းကြောင်းက လာမယ်။ ဘယ်နေရာတွေကို ဝင်မယ်။ လေတိုက်နှုန်း၊ ပင်လယ်ရေ မြင့်တက်နှုန်း၊ မိုးရွာနိုင်ခြေ စတာတွေကို တွက်ချက်ထားလို့ရပါတယ်။ဆိုလိုတာက မုန်တိုင်း အတွက် ကြိုတင်ပြင်ဆင်ထားလို့ ရပါတယ်။ အထူးသဖြင့် မုန်တိုင်းလမ်းကြောင်းမှာ ရှိနေတဲ့ ဒေသတွေအတွက် စောစောစီးစီး ပြင်ဆင်နိုင်လေလေ ထိခိုက်မှု နည်းလေလေပဲ ဖြစ်ပါတယ်။– လူတစ်ယောက်လျှင် တစ်ဂါလန်နှုန်းဖြင့် အနည်းဆုံး (၃)ရက်စာ ရေသန့်။– မပုပ်သိုးသွားမည့် သုံးရက်စာ အစားအသောက်။– ဆက်သွယ်ပြောဆိုလို့ရမည့် အရာတစ်ခုခု။– လက်နှိပ်ဓာတ်မီး၊ မီးအိမ်။– လိုင်းနံပါတ်အစုံဖုန်းများ။– ဘက်ထရီအပိုများ။– အရေးပေါ်အချိန်တွင် အချက်ပြနိုင်မည့် ဝီစီ။–ပတ်တီး၊ ပလာစတာ၊ အနာပိုးသတ်နိုင်သည့်ဆေးရည်များ၊ အကိုက်အခဲပျောက်ဆေး၊ အမျိုးသမီးသုံးပစ္စည်းများ၊ ခြင်ပြေးလိမ်းဆေးများ၊ အခြားမိမိအတွက် မရှိမဖြစ်လိုအပ်သည့် အရေးပေါ်ဆေးဝါးများ (First aid kitရှိလျှင်ပိုအဆင်ပြေပါသည်)။– ငွေသား။– တစ်ရှူးအခြောက်၊ တစ်ရှူးအစိုအစရှိသည့် သန့်စင်ရေးပစ္စည်းများ။မုန်တိုင်း ပြီးသွားပေမယ့် စိတ်ချလက်ချလျှောက်သွားတာမျိုးလုံးဝမလုပ်ရပါ။ မုန်တိုင်းအပြီး သေဆုံးဒဏ်ရာရမှုတွေက မုန်တိုင်းပြီးပြီဆိုပြီး အပြင်လျှောက်သွားကြတဲ့အခါ အများဆုံးဖြစ်ပါတယ်။ဒီအချက်အလက်တွေကို အသေအချာလေ့လာမှတ်သားထားပြီး မုန်တိုင်းတိုက်ခတ်တဲ့အချိန်မှာ ဘေးကင်းလုံခြုံစွာ နေထိုင်ဖို့ တိုက်တွန်းပါတယ်။ အားလုံးပဲ ဘေးကင်းလုံခြုံကြပါစေ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/how-to-prepare-for-cyclone/
ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေ အစပ်စားလို့ရသလား
မိခင်တွေဟာကိုယ်ဝန်ဆောင်ချိန်မှာ ချဉ်ခြင်းတက်ကြတာဟာသဘာဝပါ။ တစ်မျိုးပြီးတစ်မျိုး စားချင်ကြပါတယ်။ ထိုနည်းတူပါပဲ။နို့ချိုတိုက်ကျွေးချိန်ရောက်လာတဲ့ အခါမှာလည်း ချဉ်ခြင်းတက်တတ် ကြပါသေးတယ်။ ကလေးကိုနို့တိုက်ကျွေးနေရတဲ့အတွက် မိမိကိုယ်တိုင်မှာလည်းအစာစားချင်စိတ်တွေ ဟာ  ထိန်းမရပါဘူး။ကိုယ်ဝန်ဆောင်ချိန်မှာ အများဆုံးချဉ်ခြင်းတက်ကြတာဟာအစပ်ပါတဲ့စားစရာတွေကိုပါ။ နို့တိုက်ချိန်မှာလည်း အစပ်ကိုတောင့်တတတ်ကြပြန်ပါတယ်။ ဒါပေမဲ့ မေမေအများစုဟာသန္ဓေသားကိုထိခိုက်မှာစိုးလို့အစပ်ပါတဲ့အစားအစာတွေကိုရှောင်တတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာရော နို့တိုက်ချိန်မှာပါအစပ်ကိုရှောင်ဖို့အမှန်တကယ်လိုအပ်လားဆိုတာမေးစရာရှိလာပါတယ်။ကိုယ်ဝန်ဆောင်ချိန်အစပ်စားခြင်းဟာ မိမိရဲ့ရင်သွေးလေးကိုလုံးဝမထိခိုက်နိုင်ပါဘူး။ ၁၀၀ ရာခိုင်နှုန်းစိတ်ချရပါတယ်။ အချို့သောလေ့လာမှုတွေကတော့ ကိုယ်ဝန်ဆောင်ချိန်စားလိုက်တဲ့ အရသာတွေဟာ  ရေမြွာရည်ကိုသက်ရောက်မှုရှိတယ်ဆိုထားပါတယ်။ မည်သို့ပင်ဆိုစေကာမူ ကိုယ်ဝန်ဆောင်ချိန်မှာ  အစပ်လုံးဝမစားသင့်ဘူးဆိုတဲ့ အယူအဆကိုမေ့ပစ်လိုက်နိုင်ပါပြီ။အဓိကပြောပြချင်တဲ့အချက်လာပါပြီ။ အပူအစပ်စားခြင်းဟာ ပမာဏလွန်ကဲသွားခဲ့ရင် ကိုယ်ဝန်ဆောင်ချိန်မှာမှမဟုတ်ပါဘူး။ ပုံမှန်အချိန်မှာပါ သင့်ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။အပူအစပ်ကိုအလွန်အမင်းစားရာကနေ အစာအိမ်အနာမှတစ်ဆင့် အစာအိမ်ကင်ဆာ ထိလည်း  ဖြစ်စေနိုင်ပါသေးတယ်။အရင်ကအစပ်မကြိုက်သူဖြစ်ပြီး ကိုယ်ဝန်ရှိပါမှ အစပ်ကို ချဉ်ခြင်းတက်လာပါက ပိုဂရုစိုက်ပါ။ ပမာဏနည်းနည်းကနေ စစားပါ။ အစပ်များများကိုတစ်ပြိုင်နက်တည်းမစားလိုက်ပါနဲ့။အစပ်ကိုချဉ်ခြင်းတက်တာနဲ့ပဲ စားမယ့် ထမင်းအနပ်တိုင်းမှာ အစပ်ကိုချည်းထည့်သွင်းမစားပါနဲ့။ ရေဓာတ်ပြည့်ဝနေဖို့လည်းအထူးဂရုစိုက်ပေးပါ။နို့တိုက်ချိန်မှာ အပူအစပ်ကို မရှောင်နိုင်လို့ စားမိရင်လည်း ဘေဘီလေးကို ထိခိုက်မှု  မရှိပါဘူးနော်။ သင်စားလိုက်တဲ့ အစားအစာရဲ့  အရသာအတိုင်း နို့ချိုမှာ အရသာပေါ်တယ်လို့ ဆိုထားကြပါတယ်။ ဒါကြောင့်ကိုယ်ဝန်ဆောင်ချိန် အရသာမျိုးစုံစားပေးတာဟာ သင့်ရင်သွေးလေးရဲ့ ဉီးနှောက်မှတ်ဉာဏ်မှာ  အရသာမှတ်မိနိုင်စွမ်းကိုမြင့်တက်လာစေပါတယ်။ အသက်ခြောက်လပြည့်လို့ ဖြည့်စွက်စာစကျွေးတဲ့အခါ ကလေးဟာ သင်စားခဲ့သမျှအရသာတွေကို မှတ်မိနေပြီးသား ဖြစ်နေတော့ မှာပါ။မိခင်တွေဟာ မိမိကလေးကိုထိခိုက်မှာစိုးတဲ့ မေတ္တာကြောင့်လည်းကောင်း၊ ရှေးလူကြီးတွေဖြစ်တဲ့  မေမေတို့ရဲ့ ဖွားဖွား၊ဒေါ်ဒေါ်တို့ရဲ့ ကြားဖူးနားဝတွေကိုနားယောင်ပြီးတော့လည်းကောင်း နို့တိုက်ချိန်မှာ အစားအလွန်ရှောင်ကြပါတယ်။ ဒါဟာမှားယွင်းတဲ့အယူအဆပါ။အသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းသာတိုက်ကျွေးရန် လိုအပ်တဲ့ အတွက် ရင်သွေးလေးထံသို့ အာဟာရစုံလင်စွာ ရောက်ရှိဖို့ မိခင်နို့ဟာအာဟာရပြည့်ဝနေဖို့လိုအပ်ပါတယ်။ ဒါကြောင့် အစားမရှောင်ဘဲ စုံလင်မျှတအောင် စားပေးရမှာပါ။ ရှောင်သင့်တဲ့ အရာတွေမရှိဘူးလားဆိုတော့မဟုတ်ပါဘူး။ ရှိပါတယ်။မေမေတို့သာလျှင်အစားအသောက်မှာပါဝင်တဲ့ အရသာကိုကြိုက်တာ၊ ခံစားတတ်တာ မဟုတ်ပါဘူးနော်။ ဘေဘီလေးဟာလည်းအရသာကိုခံစားနိုင်စွမ်းရှိတာမို့ အစာအုပ်စုနဲ့  အရသာကို စုံလင်စွာ စားသင့်ပါတယ်နော်။ နို့တိုက်မိခင်တွေနဲ့ကိုယ်ဝန်ဆောင်တွေ အပူအစပ်တွေမစားသင့်ဘူး။ အစာရှောင်ရမယ်ဆိုတဲ့ အယူအဆအမှားတွေကို ဉီးနှောက်မှတ်ဉာဏ်ထဲကထုတ်လိုက်သင့်ပါပြီ။ရေးသားသူ- ဒေါက်တာမှူးခင်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/spicy-food-while-breastfeeding/
သင့်ရင်သွေး ဘာလို့ အော့အန်နေတာလဲ? ဘယ်လိုဖြေရှင်းမလဲ?
ရင်သွေးလေးတွေဟာ တစ်ခါတစ်ရံမှာ အကြောင်းပြချက် ရေရေရာရာမရှိပဲအော့အန်တာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် မိဘတွေမှာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ပြာယာခတ်တတ်ကြတာ သဘောဝပါပဲ။တကယ်တော့ ကလေးတွေ အော့အန်ရတဲ့အကြောင်းအရင်းတွေဟာ အမျိုးမျိုးဖြစ်နိုင်ပြီး ဘယ်လိုပြဿနာကြောင့် အော့အန်နိုင်လဲဆိုတာကို သိနားလည်ထားမယ်ဆိုရင် တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းကုစားပေးနိုင်ဖို့ အခွင့်အလမ်းများပါတယ်။အဖြစ်များတာကတော့အစာအိမ်ဗိုင်းရပ်စ်တွေကြောင့် ဒါမှမဟုတ် အစာအဆိပ်သင့်တာမျိုးတွေကြောင့်ပါ။ ဒါပေမယ့် တခြားအကြောင်းအရင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ရေဓာတ်ချို့တဲ့တာပါပဲ။ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ပါစေ အော့အန်တာကို သက်သာအောင် ကူညီနိုင်ပါတယ်။ရေဓာတ်ချို့တဲ့တာဟာ အဖြစ်များတဲ့ပြဿနာဖြစ်ပါတယ်။ ကလေးတွေကို ကိုယ်တိုင်ဂရုတစိုက်နဲ့ အစားအစာမပြင်ဆင်ပေးနိုင်ရင် ရေဓာတ်ချို့တဲ့တာဖြစ်ဖို့ အလွန်နီးစပ်ပါတယ်။ အော့အန်တာအပြင်။အော့အန်ရတဲ့အကြောင်းအရင်းတွေထဲက အဓိကအချက်တစ်ခုက ရေသောက်နည်းပြီး ရေဓာတ်ချို့တဲ့လို့ဖြစ်နိုင်ပါတယ်။ရေဓာတ်ပြန်ပြည့်အောင် ရေများများသောက်ခိုင်းတာမျိုး၊ ရေဓာတ်ကြွယ်ဝပြီး ကယ်လိုရီနည်းပါးတဲ့ Sport Drinks တွေ တိုက်ကျွေးတာမျိုး၊ ရေဓာတ်အားဖြည့် ဆေးဝါးတွေ တိုက်ကျွေးတာမျိုးပြုလုပ်ပြီး သက်သာအောင် လုပ်လို့ရပါတယ်။ဒါကြောင့် အောက်ပါနည်းလမ်းတွေအတိုင်း ကုစားကြည့်နိုင်ပါတယ်။ဒါ့အပြင် ရင်သွေး အော့အန်ခြင်းကို သက်သာစေနိုင်တဲ့ တခြားနည်းလမ်းတွေလည်း ရှိနေပါသေးတယ်။ ဒါတွေကတော့။ဒီနည်းလမ်းတွေဟာ သင့်ရင်သွေး အော့အန်ချိန်မှာ သက်သာပျောက်ကင်းအောင် ကူညီပေးနိုင်ပါတယ်။ တစ်ခုသတိထားရမှာကတော့ သင့်ရဲ့ရင်သွေးဟာ ၁၂ နှစ်ပတ်ထက်ပိုပြီး ငယ်ရွယ်တယ်ဆိုရင်တော့ ဒါဟာဖျားနာမှုဖြစ်နိုင်တာမို့ မဖြစ်မနေ အမြန်ဆုံး ဆရာဝန်ပြသဖို့ လိုအပ်တယ်ဆိုတာပါပဲ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/nausea-vomiting-remedies-treatment/
ရုပ်ရှင်တွေဟာ သင့်ရဲ့ စိတ်ခံစားချက်အပေါ်ဘယ်လိုတွေ သက်ရောက်မှု ရှိနိုင်သလဲ
စိတ်ကျန်းမာရေး အနေအထားကောင်းမွန်တဲ့သူတွေဟာ သူတို့အနေနဲ့ဘာတွေတွေးနေလဲ၊ ဘယ်လိုခံစားနေရလဲ ဒါမှမဟုတ် ဘယ်လိုအမူအကျင့်တွေရှိနေသလဲဆိုတာကို aကာင်းကောင်းသတိထားမိပါတယ်။ ဂရုစိုက်မိပါတယ်။ နေ့စဉ်နေထိုင်မှုဘဝရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ပြဿနာတွေ၊ စိတ်ဖိစီးမှုတွေနဲ့ဘယ်လိုမျိုးလိုက်လျောညီထွေနေရမယ် ဒါမှမဟုတ် ဘယ်လိုဖြေရှင်းကျော်လွှားရမယ်ဆိုတဲ့ မှန်ကန်ကောင်းမွန်ပြီး ကျန်းမာရေးနဲ့သင့်တော်တဲ့နည်းလမ်းတွေကို လေ့လာသိရှိ ကျင့်ကြံနေထိုင်နိုင်ကြပါတယ်။ မိမိကိုယ်ကို တန်ဖိုးထား၊ ယုံကြည်မှုရှိပြီး ပျော်ရွှင်ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးတွေကိုလည်း ပိုင်ဆိုင်ထားကြပါတယ်။ဒါပေမယ့် သင့်အနေနဲ့ဘယ်လောက်ပဲ တည်ငြိမ်အေးချမ်းပျော်ရွှင်နေတယ်ဆိုဆို၊ ဘယ်လောက်ပဲစိတ်ခိုင်တယ်ပြောပြော ရုပ်ရှင်ကြည့်ရင်း မျက်ရည်ဝိုင်းလာတာမျိုးတော့ ကြုံဖူးမှာပါပဲ။ ဟုတ်တယ်ဟုတ်။ဟာသကားကြည့်ရင် ရယ်ရမယ်။ ဒါဟာရှင်းပါတယ်။ ရယ်မောခြင်းဟာ သင့်ကို ပြဿနာတွေရဲ့အဝေးကို(ခဏပဲ ဖြစ်ဖြစ်) ပို့ပေးနိုင်ပြီး သင့်ကိုနေလို့ထိုင်လို့ကောင်းစေပါမယ်။ မေရီလန်းတက္ကသိုလ်က ပြုလုပ်တဲ့ သုတေသနပြုချက်အရ ဟာသကားတွေကြည့်ရင်း ရယ်မောတာဟာ သင့်ရဲ့သွေးကြောတွေကို နှစ်ဆယ့်နှစ်ရာခိုင်နှုန်းလောက် ပိုကျယ်စေတဲ့အတွက် သွေးပေါင်ကျစေတယ်လို့ဆိုပါတယ်။သရဲကားတွေဟာလည်း သင့်ခန္ဓါကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ အကျိုးသက်ရောက်မှုတွေ ရှိစေပါတယ်။ ထိတ်လန့်ကြောက်ရွံ့စရာ သရဲကားတွေကိုမှ ကြိုက်ပါတယ်ဆိုသူတွေဟာ အမြင့်ကြီးကနေခုန်ချပြသူတွေ ဒါမှမဟုတ် စွန့်စွန့်စားစားလုပ်တတ်သူတွေ ဖြစ်လေ့ရှိကြပါတယ်။ သည်းထိတ်ရင်ဖိုကြောက်လန့်စရာ ရုပ်ရှင်တွေကြည့်ရှုနေချိန်မှာ ခန္ဓါကိုယ်ထဲမှာရှိတဲ့ Adrenaline နဲ့ cortisol ပမာဏဟာ ပိုများလာမှာဖြစ်ပြီး သူတို့တွေဟာ သင်အရင်ကခံစားဖူးတဲ့ ကိုယ်/စိတ်ထိခိုက်စရာ ကိစ္စတွေကို ပြန်လည်အမှတ်ရစေတာမို့သင့်အနေနဲ့အမှတ်တရဆိုးတွေထဲက ရုန်းထွက်ဖို့ ကြိုးစားနေတဲ့အချိန်ဆိုရင်တော့ ဒီလိုရုပ်ရှင်မျိုးကို ဝေးဝေးရှောင်ပါ။အချစ်ကားတွေနဲ့ဟာသကားတွေဟာ သင့်ရဲ့လက်တွေ့ဘဝက ပြဿနာတွေကို ရင်ဆိုင်ရာမှာ ကူညီပေးနိုင်ပါတယ်။ အချစ်ရုပ်ရှင်တွေထဲမှာဆိုရင် ဇာတ်လိုက် ပြုလုပ်တဲ့အမှားတွေ (သင်လည်းပဲလုပ်လေ့ရှိတဲ့ အမှားတွေ)ကို ပေါ့ပေါ့ပါးပါးပဲသရုပ်ဖော်ထားတာမို့သင့်အနေနဲ့ ပြင်ပကမ္ဘာရဲ့ ဖိအားတွေကနေ ခေတ္တခဏ သက်သာရာရစေပါတယ်။သင့်ခန္ဓါကိုယ်ဟာ သင်တွေးတဲ့၊ ခံစားတဲ့၊ လုပ်ဆောင်တဲ့အတိုင်း တစ်သဝေမတိမ်းတုံ့ပြန်ပါတယ်။ ဒါဟာ “စိတ်နဲ့ခန္ဓါဆက်စပ်မှု” ပဲ ဖြစ်ပြီး ကျွန်တော်တို့ခန္ဓါကိုယ်ရဲ့ တုံ့ပြန်မှုတွေဟာ စိတ်ခံစားချက်တွေနဲ့ဆက်စပ်နေတယ်ဆိုတာ အင်မတန်ထင်ရှားပါတယ်။ စိတ်ခံစားမှုအနေအထားမကောင်းရင် ခန္ဓါကိုယ်ရဲ့ခုခံအားစနစ်ကလည်း အားနည်းလာတဲ့အတွက် ဒီလိုအချိန်မျိုးမှာ အအေးမိဖျားနာတာတွေ ဒါမှမဟုတ် ကူးစက်ပိုးဝင်တာတွေ ပိုမိုဖြစ်ပွားနိုင်ပါတယ်။ ဒါ့အပြင် သင့်အနေနဲ့စိတ်ဖိစီးတာ၊ စိုးရိမ်ပူပန်တာ၊ ဝမ်းနည်းတာစတဲ့ မကောင်းတဲ့ခံစားချက်တွေ ရှိနေရင် ကျန်းမာရေးကိုလည်း ဂရုစိုက်သင့်သလောက် မစိုက်နိုင်တာမျိုးတွေရှိလာတတ်ပါတယ်။ စိတ်ခံစားချက်မမှန်တဲ့သူတွေဟာ ကျန်းမာရေးပြဿနာအများအပြားကို ရင်ဆိုင်ရလေ့ရှိပါတယ်။သင့်အနေနဲ့အောက်ပါအချက်တွေကို သတိပြုမိပါလိမ့်မယ်။• နောက်ကျောနာခြင်း။• ခံတွင်းပျက်ခြင်း။• ရင်ဘတ်အောင့်ခြင်း။• ဝမ်းချုပ်ခြင်း ဒါမှမဟုတ် ဝမ်းလျှောခြင်း။• အာခြောက်ခြင်း။• အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း။• တကိုယ်လုံး နာကျင်ကိုက်ခဲခြင်း။• ခေါင်းကိုက်ခြင်း။• သွေးတိုးခြင်း။• အိပ်မပျော်ခြင်း။• မူးဝေပြီးမေ့လဲမတတ်ဖြစ်ခြင်း။• ရင်တလှပ်လှပ်တုန်ခြင်း။• လိင်ပိုင်းဆိုင်ရာ ပြဿနာတွေရှိခြင်း။• အသက်ရှုမဝခြင်း။• ဇက်ကြီးတောင့်နေခြင်း။• ချွေးစေးတွေပျံခြင်း။• ဗိုက်နာ/အောင့်ခြင်း။• ကိုယ်အလေးချိန်တက်/ကျခြင်း။သင့်စိတ်ခံစားချက်တွေကို လျစ်လျူမရှုပါနဲ့။ ဘာလို့ဒီခံစားချက်တွေ ဖြစ်ပေါ်လာရတာလဲဆိုတာ သိအောင်လုပ်ပါ။ သင့်အနေနဲ့ဝမ်းနည်းပူဆွေးတာ၊ စိတ်ဖိစီးတာ၊ စိုးရိမ်ပူပန်တာတွေ ဘာလို့ဖြစ်နေရတာလဲဆိုတာ သိအောင်လုပ်ပေးမယ်ဆိုရင် သူတို့ကိုရင်ဆိုင်ရာမှာ ပိုလွယ်ကူစေပါတယ်။ ဒါကြောင့် နောက်တခါ သင့်စိတ်အခြေအနေ သိပ်မကောင်းလှဘူးဆိုရင် ပျော်ရွှင်စေတဲ့ ရုပ်ရှင်မျိုးကိုကြည့်ဖို့မမေ့ပါနဲ့။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%82%90%e1%80%af%e1%80%95%e1%80%b9%e1%80%9b%e1%80%bd%e1%80%84%e1%80%b9%e1%80%b1%e1%80%90%e1%80%bc%e1%80%9f%e1%80%ac-%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%9b%e1%80%b2%e1%80%b7-%e1%80%85%e1%80%ad/
ရယ်မောခြင်းဟာ အကောင်းဆုံးဆေးတစ်ခွက်လား
ကျွန်တော်တို့ ဘာလို့ရယ်မောကြတာလဲ။ ပျော်လို့ရယ်တာပေါ့၊မဟုတ်ဘူးလား။ စိတ်ကျေနပ်ပျော်ရွှင်တဲ့အခါ၊ဝမ်းသာအားရတဲ့အခါ ကျွန်တော်တို့ရယ်မောတတ်ကြပါတယ်။အကယ်၍များ ရယ်မောနိုင်တဲ့ စွမ်းရည် လူတွေမှာ မရှိဘူးလို့ တွေးကြည့်လိုက်စမ်းပါ။ တွေးတာနဲ့တင် ပျင်းဖို့ကောင်းနေပါပြီ။ ဖြစ်ကို မဖြစ်နိုင်ပါဘူး။ ရယ်မောခြင်းဟာ ကျွန်တော်တို့ဘဝရဲ့ အစားထိုးလို့မရတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး သူသာမရှိတော့ဘူးဆိုရင် ကျွန်တော်တို့ရဲ့ ဘဝဟာ အရင်ကနဲ့ ဘယ်လိုမှ တူညီနိုင်တော့မှာ မဟုတ်ပါဘူး။ရယ်မောခြင်းကနေ ပျော်ရွှင်ခြင်းကိုပဲ ပေးတာမဟုတ်ပါဘူး၊တခြားသော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကိုလည်း ပေးနိုင်ပါသေးတယ်။ ရယ်မောခြင်းကြောင့် ရရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေကို မြင်သာအောင် သက်သေပြဖို့ နည်းနည်းခက်ပေမယ့် စိတ်ကျန်းမာရေးအတွက် အကျိုးရှိစေတာကိုတော့ လူတိုင်းသေချာပေါက် ခံစားမိကြမှာပဲ ဖြစ်ပါတယ်။ဒီထက်ရှင်းတာတောင် ဒီလောက်မရှင်းဖူးလို့ သင့်အနေနဲ့ တွေးကောင်းတွေးနေပါလိမ့်မယ်။ ဟုတ်ပါတယ်၊ဒါဟာ အခြေခံအကျဆုံး၊အရိုးရှင်းဆုံး အချက်ပါ။ တမျိုးပြန်စဉ်းစားရအောင်။သင်ငိုနေတဲ့ အချိန်တွေဆိုရင် မရယ်နိုင်ပါဘူး။ အင်းပေါ့လေ ရုတ်တရက် ဝမ်းသာလုံးဆို့ ငိုချလိုက်ပြီး နောက်မှဝမ်းပန်းတသာ ရယ်တဲ့ အနေအထားမျိုးကတော့ တစ်ပိုင်းပေါ့။ ပြီးတော့ စိတ်ခံစားချက်တွေ ပြင်းထန်လွန်းပြီး ပေါက်ကွဲထွက်ကာ အရူးလို အော်ရယ်လိုက်တဲ့ အနေအထားမျိုးကလည်း ချွင်းချက်နောက်တခုဆိုပါစို့။ဒီအနေအထားလေးတွေကို ဖယ်ထုတ်လိုက်ရင် သိထားရမှာက ရယ်မောတယ်ဆိုတာ ပျော်ရွှင်လို့၊စိုးရိမ်ပူပန်မှု၊စိတ်လှုပ်ရှားမှု ဒါမှမဟုတ် ဒေါသမောဟတွေ မရှိလို့ ဆိုပြီး ယေဘုယျအနေနဲ့ ယူဆထားလို့ ရပါတယ်။ဒါ့အပြင် သင့်အနေနဲ့ အလုပ်ကိစ္စတွေ၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ အင်မတန်ဖိစီး စိတ်ရှုပ်ထွေးနေချိန်မှာ အားပါးတရ ရယ်မောလိုက်ရရင် ဘယ်လောက်တောင် နေလို့ကောင်းသွားတယ်ဆိုတာ သင်အသိဆုံးပါပဲ။ အဲဒီ တဒင်္ဂအချိန်လေးမှာပဲ သင့်ရဲ့ ပြဿနာတွေအပေါ် ခံယူထားတဲ့ သဘောထားဟာ အများကြီး ပေါ့ပေါ့ပါးပါး ဖြစ်သွားပါလိမ့်မယ်။ပြဿနာတစ်ခုပေါ်လာလို့ ကြေကွဲခံစားနေလို့ အပိုပဲ၊လက်တွေ့ကျကျ ဖြေရှင်းရမယ်လို့ သင်သဘောပေါက်လိုက်ပါမယ်။ သင့်ရဲ့ စိတ်ဆင်းရဲ၊စိတ်ဓါတ်ကျ အပူမိနေတဲ့ ရုပ်ကြီးနဲ့ ပြဿနာကို ဖြေရှင်းလည်း ဒီအဖြေပဲ၊ ပေါ့ပါးပျော်ရွှင်လွတ်လပ်ပြုံးချိုတဲ့ မျက်နှာနဲ့ ဖြေရှင်းလည်း ဒီအဖြေပါပဲ။ဒါဆိုရင် ဘာလို့များ ပူဆွေးနေဦးမှာလဲ။ အရာအားလုံးကို ပြုံးပြုံးကြီး ရင်ဆိုင်ဖြေရှင်းလိုက်ရုံပဲလေ။သင့်ကို ထမင်းကျွေးနေတဲ့ အလုပ်အပြင် ဘဝမှာ နောက်ထပ်အရေးပါတဲ့ အရာတစ်ခုက သင့်ချစ်ချစ်ပါပဲ။ ဘာလို့လဲဆိုတော့ သင့်စိတ်အပေါ် သူ့ရဲ့လွှမ်းမိုးနိုင်စွမ်းက ကြီးမားလို့ပါ။ချစ်သူနဲ့ ဒါမှမဟုတ် အိမ်ကယောက်ျား/မိန်းမနဲ့ ရန်ဖြစ်စိတ်ဆိုးပြီး တစ်နေ့တာကို စတင်ရတယ်လို့ တွေးကြည့်လိုက်ပါ။ သင့်အနေနဲ့ တနေကုန် ဘယ်လိုများ စိတ်လက်ကြည်သာစွာ အလုပ်လုပ်နိုင်တော့မှာလဲ။ စိတ်တွေတို၊စိတ်တွေညစ် ဖြစ်နေတော့မှာပေါ့၊ မဟုတ်ဖူးလား။ကဲ အခု တဆင့်တက်ပြီး တွေးကြည့်။ ခုနကလို အခြေအနေမျိုးကို တစ်လမှာ ဆယ့်ငါးရက်လောက် ရင်ဆိုင်ရတယ်လို့ စိတ်ကူးကြည့်လိုက်ပါဦး။ နှစ်တစ်ဝက်လောက် မိုးမရွာတာထက် ပိုဆိုးသွားမယ်။ ခါးသီးချက်ပဲ။ စိတ်ဖိစီးမှုတွေ၊စိတ်ဓါတ်ကျဆင်းမှုတွေ၊မလုံခြုံမှုတွေ စတဲ့ မကောင်းတဲ့အရာတွေကိုသာ ခံစားရစေမှာပါ။ကျွန်တော်တို့ရဲ့ ဦးနှောက်အတွက်လည်း မကောင်းမှာ အမှန်ပါပဲ။ ဒီတော့ ဘာလုပ်ကြမလဲ။ မောင်းခလုတ်ကို ဆွဲပါ၊ သေနတ်ခလုတ်ကိုဆွဲခိုင်းတာ မဟုတ်ပါဖူး။ သင့်ပျော်ရွှင်ခြင်းတွေကို ပစ်ထုတ်ပေးနိုင်မယ့် မောင်းခလုတ်ကို ဆွဲခိုင်းတာပါ။ဟာသတွေပြောပါ၊ပျော်စရာရွှင်စရာ ရုပ်ရှင်တွေ၊အစီအစဉ်တွေကို ကြည့်ပါ၊သူငယ်ချင်းတွေကို စပါ ဒါမှမဟုတ် ရယ်မောပျော်ရွှင်ရဖို့ ဘာမဆိုလုပ်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် သင့်အနေနဲ့ စိတ်ညစ်စရာတွေကို ယာယီမေ့သွားမှာ ဖြစ်ပြီး သင်အဆင်သင့်ဖြစ်တဲ့အချိန်မှာ ပြဿနာတွေကို ပေါ့ပေါ့ပါးပါး ရင်ဆိုင်လိုက်ပါ။ရယ်မောခြင်းဟာ တစ်ဦးနဲ့ တစ်ဦးအကြား ပိုနီးစပ်စေပါတယ်။ အတူတကွရယ်မောကြသူတွေဟာ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးဆက်သွယ်မှု ပိုလာတတ်ကြပါတယ်။ဒါကြောင့် ချစ်သူစုံတွဲတွေအနေနဲ့ အတူတကွရယ်မောကြပါ၊ပျော်ရွှင်ကြပါ (ဟာသကားကြည့်ပြီး ရယ်တာမျိုး၊ တခြားလူတယောက်ယောက်ရဲ့ အားနည်းချက်ကို လှောင်ပြီးရယ်တာမျိုးမဟုတ်ဘဲ တစ်ဦးကို တစ်ဦးကြည့်ပြီး ကြည်ကြည်နူးနူး ရယ်မောခြင်းမျိုးပါ)။ အတူတကွ ရယ်မောခြင်းဟာ နှစ်ဦးစလုံးအတွက် ပျော်ရွှင်မှုတွေကို သယ်ဆောင်ပေးပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%9b%e1%80%9a%e1%80%b9%e1%80%b1%e1%80%99%e1%80%ac%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%9f%e1%80%ac-%e1%80%a1%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%86%e1%80%af/
ဆီးချို အစားအသောက် နဲ့ ဆေးဝါးကုသမှုအတွက် ဘာတွေသိထားသင့်လဲ
ဆီးချိုသွေးချိုရှိလာပြီဆို အစားအသောက်နဲ့ပတ်သက်ပြီး အတော်လေး အခက်ကြုံရတတ်ပါတယ်။ စားလိုက်တဲ့ အစားအသောက်နဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနေရတာကိုး။ ဒါပေမယ့် ဆီးချို နဲ့ကျန်းမာစွာနေထိုင်နိုင်ဖို့ အစားအသောက်ဆင်ခြင်နည်းကိုသိထားပြီး ကုသမှုနဲ့ပတ်သက်တဲ့ ဗဟုသုတလည်း ရှိထားသင့်ပါတယ်နော်။ကျန်းမာရေးနဲ့ညီအောင်စားသုံးခြင်းနဲ့လေ့ကျင့်ခန်းတို့က သင့်ရဲ့အလုံးစုံကျန်းမာရေးကိုကောင်းမွန်စေပြီးသွေးတွင်းအချိုဓါတ်ကို ထိန်းညှိနိုင်တဲ့အပြင် ဆီးချို ရဲ့နောက်ဆက်တွဲပြဿနာတွေခံစားရနိုင်တဲ့အန္တရာယ်လျော့နည်းစေနိုင်ပါတယ်။အစားဆင်ခြင်ခြင်း၊ လေ့ကျင့်ခန်းတွေနဲ့ဆီးချိုမထိန်းနိုင်တဲ့အခါ သွေးတွင်းသကြားဓါတ်ကိုကျစေဖို့ အင်ဆူလင်နဲ့ တခြားဆီးချိုဆေးဝါးတွေကို အသုံးပြုရတာဖြစ်ပါတယ်။ ဒါပေမယ့်ဆေးရဲ့ထိရောက်မှုအာနိသင်ကတော့ ဆေးသောက်တဲ့အချိန်နဲ့ပမာဏကို မူတည်ပါတယ်။ သိထားသင့်တဲ့အချက်တွေကတော့ –။သေချာ သိမ်းဆည်းမထားတဲ့ သို့မဟုတ် သက်တမ်းကျော်လွန်နေတဲ့ အင်ဆူလင်ဆေးတွေက ထိရောက်မှုမရှိနိုင်ပါဘူး။ အင်ဆူလင်ဟာ ပူလွန်းအေးလွန်းတာတွေကို ထိခိုက်မခံတဲ့ဆေးတစ်မျိုးလည်းဖြစ်ပါတယ်။ဆီးချိုဆေးတွေကြောင့် သွေးတွင်းသကြားဓါတ်အရမ်းကျသွားတာမျိုး ဒါမှမဟုတ် အရမ်းမြင့်တက်နေတာမျိုးဖြစ်လာရင်ဆေးပမာဏနဲ့ အချိန်တို့ကိုပြန်လည်ထိန်းညှိဖို့လိုလာနိုင်ပါတယ်။သွေးတိုး သို့မဟုတ်ကိုလက်စထရောမြင့်ခြင်းတို့လို တခြားရောဂါတစ်ခုအတွက် ဆေးဆိုင်မှာဝယ်ယူရနိုင်တဲ့ ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးအသစ်တစ်မျိုးကို သုံးတော့မယ်လို့စဉ်းစားရင် ဒီဆေးကသွေးတွင်းသကြားဓါတ်ပမာဏကိုထိခိုက်စေနိုင်သလားဆိုတာ ဆရာဝန်ကို သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုမေးပါ။ဆေးဝါးအသစ်တစ်မျိုးကိုသုံးစွဲဖို့ လုပ်တိုင်း ဆရာဝန်နဲ့တိုင်ပင်ပါ ။ ဒါမှဆေးအသစ်ကသွေးတွင်းသကြားဓါတ်ပမာဏကိုသက်ရောက်မှုရှိနိုင်မလား သိနိုင်မှာပါ။ဆရာဝန်ညွှန်ကြားထားတဲ့ ဆီးချိုဆေးတွေက သင်သောက်သုံးနေရတဲ့တခြားဆေးတွေနဲ့တွဲရင်ဘေးဥပါဒ်ကင်းရဲ့လားဆိုတာသေချာအောင်စစ်ဆေးပါ။ဆရာဝန်ညွှန်ကြားတဲ့ ပမာဏအချိုးအတိုင်းသာဆေးကိုသုံးစွဲပါ။ ပိုသုံးစွဲမိနေပြီလို့ယူဆရင် နီးစပ်ရာဆေးရုံကို အမြန်ဆုံးသွားရောက်ပြသပါ။ဆေးဘူးကိုပါ တစ်ပါတည်းယူသွားဖို့မမေ့ပါနဲ့။ကိုယ်နဲ့ရောဂါချင်းတူနေပုံရရင်တောင် ကိုယ်သောက်နေတဲ့ဆေးကို ကိုယ့်သဘောနဲ့ကိုယ် တခြားသူတွေကိုလုံးဝမပေးပါနဲ့။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%bb%e1%80%ad%e1%80%af-%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%a1%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%94%e1%80%b2%e1%80%b7-%e1%80%86/
ကြို့ထိုးတာကို ဘယ်လိုပျောက်ကင်းအောင်လုပ်မလဲ
ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဝမ်းဗိုက်နဲ့ ရင်ဘတ်ကို ပိုင်းခြားထားတဲ့ ကြွက်သား တစ်ခု ရှိပါတယ်။ Diaphragm လို့ ခေါ်ပါတယ်။ မြန်မာလို တိုက်ရိုက် ဆိုရင်တော့ ရင်ဝမ်းခြား ကြွက်သားပေါ့။ ဒီကြွက်သားက အသက်ရှူတဲ့ လုပ်ငန်းစဉ်မှာ အဓိက အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဒီ ကြွက်သားက ထိန်းချုပ်လို့ မဟုတ်ဘဲ သူ့ အလိုအလျောက် ညှစ်တဲ့အခါ အသံအိုးကိုပါ ရုတ်တရက် ပိတ်ပိတ်သွားပြီး “အေ့” ဆိုတဲ့အသံနဲ့ ကြို့ထိုး တယ်ဆိုတာ ဖြစ်လာပါတယ်။ ကြို့ထိုးတာကို ဘယ်လိုပျောက်ကင်းအောင်လုပ်မလဲ။ဒါပေမယ့် ရောဂါ ရင်းမြစ် တစ်ခုခု ရှိလို့လည်း ဖြစ်နိုင်တယ်။ ကြို့ထိုးတာက လူတော်တော်များများမှာ မိနစ်ပိုင်းအတွင်း ပျောက်သွားနိုင်တယ်။ အရမ်းဖြစ်ခဲတဲ့ ကိစ္စတွေမှာတော့ ကြို့ထိုးတာ လနဲ့ချီ ကြာနိုင်ပါတယ်။နှစ်ရက်ထက် ကြာတဲ့ ကြို့ထိုးတာ ဖြစ်နေပြီ ဆိုရင်တော့ရင်ဝမ်းခြားကြွက်သားကို ထိန်းချုပ်ထားတဲ့ အာရုံကြောတွေမှာ လှုံ့ဆော်မှု တစ်ခုခု ဖြစ်နေလို့ပါ။ဖြစ်နိုင်တာတွေ အများကြီး ထဲက။ကြို့ထိုးတာက ခံရခက်တာ ကတော့ လူတိုင်း သိပြီးသားပါ။ ကာလကြာရှည် ကြို့ထိုးတဲ့အခါ အိပ်ရတာ၊ စားရတာ၊ စကားပြောရတာနဲ့ ဝမ်းဗိုက်မှာ ရှိတဲ့ အနာတွေ မကျက်တာမျိုး ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ကြို့ထိုး တာက ကုသစရာ မလိုဘဲ သူ့အလိုအလျောက် ကောင်းသွားတာပါပဲ။ ကိုယ်တိုင် ကြို့ထိုးတဲ့အခါလည်း ဘယ်အချိန် ပျောက်လို့ပျောက်သွားမှန်းတောင် သိလိုက်တာ မဟုတ်ဘူး။ သာမန်ထက် ကြာနေရင်တော့ ရောဂါ တစ်ခုခု ဆိုတာ သိနိုင်ပါလိမ့်မယ်။ကြို့ထိုးတာကို ပျောက်ကင်း စေနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဘယ်နည်းက အလုပ် အဖြစ်ဆုံးလဲ ဆိုတာတော့ သေချာ အတည်ပြုမှုတွေမရှိ ထားဘူး။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/how-tp-relieve-hiccups/
COVID-19 နဲ့ အစာအိမ်၊ အူလမ်းကြောင်းပြဿနာ
COVID-19 လို့ အမည်သတ်မှတ်ထားခြင်းခံရတဲ့ ပြင်းထန်အဆုတ်ရောင်ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ အဆုတ်ကိုသာမက အစာအိမ်နဲ့ အူလမ်းကြောင်းကိုပါ တိုက်ခိုက်နိုင်တယ်လို့ ဆေးသုတေသနရလဒ်တွေက ယခုလအတွင်းမှာပဲ ဖော်ထုတ်ထားပါတယ်။သုတေသနသစ်တွေရဲ့ ရလဒ်အရဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ပြင်းထန်တဲ့ အခြေအနေမျိုးတွေမှာ အစာအိမ်နဲ့ အစာခြေစနစ်တစ်ခုလုံးကို ထိခိုက်စေနိုင်တယ်လို့ ဆိုထားတာပါ။၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့COVID-19ပြင်းထန်အဆုတ်ရောင် ရောဂါဟာ လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံးကို ကပ်ရောဂါအသွင်နဲ့ ကူးစက်ပျံ့နှံ့နေပြီဖြစ်ပြီးတော့ လူပေါင်း ၅ သန်း နီးပါးကို ကူးစက်ခဲ့ပြီးဖြစ်ပါတယ်။ပြန်လည်သက်သာလာသူ ၂ သန်းနီးပါးရှိနေပြီဖြစ်ပေမယ့် ရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာလည်း ၃ သိန်း ကျော်လွန်လာခဲ့ပါပြီ။ လက်ရှိမှာ အမေရိကန်၊ ရုရှား၊ စပိန်၊ ဘရာဇီးလ်နဲ့ ဗြိတိန်တို့ဟာ ဒီရောဂါဒါဏ်ကို အများဆုံး ခံနေရပြီး မူရင်းအစပြုရာ တရုတ်နိုင်ငံကတော့ ရောဂါပျံ့နှံ့မှုကို ထိမ်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလည်း ဧပြီလကတည်းက ရောဂါကူးစက်ခံရသူ စတင်တွေ့ရှိခဲ့ပြီး လက်ရှိအချိန်အထိ လူနာ ၁၉၁ ဦးတွေ့ရှိထားခဲ့ပြီး သေဆုံးသူ ၆ ဦးနဲ့ ပြန်လည်သက်သာလာသူ ၁၀၁ ဦးအထိ ရှိထားပါတယ်။ဒီလိုတစ်ကမ္ဘာလုံးမှာ ဘေးအန္တရာယ်တစ်ခုအဖြစ် ပျံ့နှံ့နေတဲ့ COVID-19 ရောဂါဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတစ်ခုဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ ဒီရောဂါပိုးဟာကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကိုပါ ထိခိုက်ပျက်စီးစေနိုင်တယ်ဆိုတာကို တဖြည်းဖြည်းသိရှိလာရပြီး ရောဂါဟာ ပိုမိုဆိုးရွားပြင်းထန်တဲ့ ရောဂါတစ်မျိုးဆိုတာကို သိနားလည်လာရပါတယ်။COVID-19 ဟာ လက်ရှိအချိန်အထိ ကုသဆေးရော၊ ကာကွယ်ဆေးပါ ထုတ်လုပ်နိုင်သေးခြင်းမရှိသေးတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါနဲ့ ပတ်သက်တဲ့ သီအိုရီတွေ သုတေသန ရလဒ်တွေနဲ့ ရောဂါလက္ခဏာတွေဟာလည်း အမျိုးမျိုးအဖုံဖုံပေါ်ထွက်လို့လာနေပါတယ်။ခုနောက်ဆုံး သိရှိရထားရတဲ့ ရောဂါရဲ့ နောက်ဆက်တွဲဘေးထွက်ဆိုးကျိုးကတော့ COVID-19 ဟာ လူ့ခန္တာကိုယ်အတွင်းက အစာအိမ်နဲ့ အူလမ်းကြောင်းတို့မှာ ပြဿနာတွေ ဖန်တီးနိုင်တယ်ဆိုတာပါပဲ။ဆေးသိပ္ပံစာစောင်တစ်ခုဖြစ်တဲ့ The Lancet Gastroenterology & Hepatology ရဲ့ ဖော်ပြချက်အရ COVID-19 ကူးစက်ခံထားရတဲ့ လူနာတစ်ချို့ရဲ့အူလမ်းကြောင်းမူမမှန်မူတွေကို စကန်ဖတ်ရယူနိုင်ခဲ့ပြီးနောက်မှာ ဒီတွေ့ရှိချက်ကို စတင်အတည်ပြုနိုင်ခဲ့တာလို့ ဆိုထားပါတယ်။ တရုတ်သိပ္ပံပညာရှင်တွေ ပြုလုပ်တဲ့ သုတေသနရလဒ်ကို မေလ ၁၁ ရက်နေ့မှာ ထုတ်ဝေ ဖော်ပြခဲ့တာပါ။သုတေသနရလဒ်တွေအရဆိုရင် ခုလိုအစာခြေဖျက်စနစ်နဲ့ အူလမ်းကြောင်းအပေါ် ကူးစက်သက်ရောက်မှုတွေဟာ သွေးခဲမှုတွေ၊ သွေးစီးဆင်းမှုပိုင်းဆိုင်ရ အဟန့်အတားတွေနဲ့ ဆက်စပ်နေတယ်လို့လည်း ဆိုထားပါတယ်။COVID-19 ကူးစက်ခံထားရသူတစ်ချို့မှာ အူလမ်းကြောင်း သွေးမလျှောက်တဲ့ ရောဂါ (Bowel Ischemia) တွေ တွေ့ရှိထားရပြီး သွေးကြောတချို့ပိတ်ဆို့နေတာကို အမေရိကန်ပြည်ထောင်စု၊ ဘော်စတွန်မြို့၊ မက်ဆာချုးဆက် အထွေထွေဆေးရုံကြီးက ဆရာဝန်တွေကလည်း ခွဲစိတ်မှုပြုလုပ်ရင်း တွေ့ရှိခဲ့ကြပါတယ်။သူတို့ရဲ့ တွေ့ရှိချက်အရ လူနာတချို့ဟာ တခြားသော အကြောင်းပြချက်တွေကြောင့် Bowel Ischemia လက္ခဏာပြသခဲ့ကြသူတွေဖြစ်ကြပေမယ့် တကယ်တမ်း ကုသချိန်မှာတော့ ဒီလိုဖြစ်ပေါ်လာအောင် COVID-19 ဗိုင်းရပ်စ်က တွန်းအားပေးခဲ့တယ်ဆိုတာကို သိရှိလာရတာပါ။ ဒါကြောင့် ဒီရောဂါပိုးဟာ အူလမ်းကြောင်းကိုလည်း ထိခိုက်နိုင်စေတယ်လို့ သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။တရုတ်သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်တွေမှာလည်း လူနာ ၇၉% ဟာအစာစားချင်စိတ်ပျောက်ဆုံးတာမျိုး ခံစားခဲ့ကြရပြီး၊ ၃၄% ဟာ ဝမ်းပျက် ဝမ်းလျှောတာ၊ ၄% က အော့အန်တာနဲ့ ၂% က မူမမှန်တဲ့ ဗိုက်အောင့်ဝေဒနာခံစားရတာတွေဖြစ်ခဲ့ကြပါတယ်။တစ်ကမ္ဘာလုံးက သုတေသနပြုလုပ်ချက် ၃၅ ခုကို The Lancet Gastroenterology & Hepatology စာစောင်က စုစည်းဖော်ပြခဲ့ရာမှာတော့ ၂၉ ခုက COVID-19 ရောဂါကူးစက်ခံရသူတွေမှာအစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ကြုံဆုံရတယ်လို့ ဖော်ပြထားကြောင်း ဆိုပါတယ်။ဒီသုတေသနတွေမှာ လူနာပေါင်း ၆၆၈၆ ဦးကို စမ်းသပ်လေ့လာခဲ့တာဖြစ်ပြီး လူနာစုစုပေါင်းရဲ့ ၁၅% ဟာ အစာအိမ်နဲ့ ပတ်သက်တဲ့ ဝေဒနာတစ်မျိုးမျိုး ခံစားခဲ့ကြရပြီး ၁၀% ကတော့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ကြုံတွေ့ခဲ့ရပါတယ်။လက်ရှိမှာတော့ COVID-19 ဟာ ခန္ဓာကိုယ်အတွင်းက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း အမြောက်အများကို ထိခိုက်ပျက်စီးစေနိုင်တယ်ဆိုတာကို သိရှိထားသလို အစာအိမ်ကိုလည်း သက်ရောက်နိုင်တယ်လို့ ယူဆထားခဲ့ကြပါတယ်။ခုချိန်မှာတော့ သုတေသနရလဒ်တွေအရ ပိုမိုခိုင်မာတဲ့ အထောက်အထားတွေ တွေ့ရှိလာရပြီဖြစ်ပြီးတော့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဖြစ်ပေါ်လာအောင် သက်ရောက်နိုင်တယ်ဆိုတာကို သက်သေ ခိုင်ခိုင်လုံလုံပြသနိုင်ခဲ့တာဖြစ်ပါတယ်။COVID-19 ဟာ အစာအိမ်နဲ့ အူလမ်းကြောင်းအပြင် အဆုတ်၊ အာရုံကြောစနစ်၊ နှလုံး၊ အသက်ရှူလမ်းကြောင်းနဲ့ သွေးကြောတွေကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါသေးတယ်။ နယူးယောက်ပြည်နယ် စတေတန် အိုင်းလန်း တက္ကသိုလ်က ပါမောက္ခ ရှီရစ်ဖ် အန်ဒရာဝက်စ်ကတော့ COVID-19 ဟာ အသက်ရှူလမ်းကြောင်းထက် ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေကို ပိုမိုထိခိုက်ပျက်ဆီးစေနိုင်တယ်လို့ ဆိုထားပါတယ်။ဒါကြောင့် ဒီရောဂါဟာ ကမ္ဘာတစ်ဝှမ်းက နိုင်ငံတချို့မှာ ထိန်းချုပ်နိုင်တဲ့ အခြေအနေကို ရောက်ရှိနေပေမယ့်လည်း အန္တရာယ်ကြီးကြီးမားမားပေးနိုင်နေဆဲ ရောဂါတစ်ခုဖြစ်နေဆဲပါ။လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ Positive လူနာ တိုးနှုန်းကျဆင်းလာနေသလို ပုံမှန်အပြင်ထွက်တာနဲ့ ဈေးဆိုင်တွေ ပြန်လည်ဖွင့်လှစ်တာလိုမျိုး ပြုမူဆောင်ရွက်မှုတွေကို မကြာခင်မှာ ပြန်လည်ဖွင့်လှစ်ပေးဖို့လည်း အလားအလာတွေ ရှိနေပါတယ်။ဒါကြောင့်လည်း ပြည်သူတချို့ဟာ အခြေအနေတွေအပေါ် ပေါ့ဆမှုတွေနဲ့ သတိထားမှု လျော့ကျလာတာတွေကို မြင်တွေ့နေရပြီး ဒီလိုမှားယွင်းတဲ့ အပြုအမူတွေဟာ နောက်ထပ် ကူးစက်မှုလှိုင်းလုံးဖြစ်လာအောင် တွန်းပို့နိုင်တာကို သိနားလည်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့ရှိမှုနှုန်း လျော့ကျလာတာဟာ ရောဂါစစ်ဆေးနိုင်မှု နည်းပါးသေးတာကြောင့်ဖြစ်နိုင်သလို တခြားသောအကြောင်းပြချက်အမျိုးမျိုးကြောင့်လည်းဖြစ်နိုင်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရောဂါကို ထိမ်းချုပ်နိုင်ပြီလို့ မကြေညာမခြင်း အန္တရာယ်ရှိတဲ့ အခြေအနေသာဖြစ်နေသေးမှာဖြစ်တာမို့ နေအိမ်တွင်းမှာ နေထိုင်ဖို့နဲ့ သတ်မှတ်စည်းကမ်းချက်တွေကို ဆက်လက်လိုက်နာကြဖို့ တိုက်တွန်းပါရစေ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-19-can-infect-and-harm-digestive-organs/
အအေးမိတာလား၊ ဓါတ်မတည့်တာလား
ချောင်းဆိုးပြီး နှာစေးနေတယ်၊လည်ချောင်းနာနေတယ်ဆိုရင် လူတော်တော်များများက ငါတော့အအေးမြိပီဆိုပြီး ထင်တတ်ကြပါတယ်။ အအေးမိတာနဲ့ ဓါတ်မတည့်တာဟာ ရောဂါလက္ခဏာ တော်တော်များများ တူတယ်ဆိုပေမယ့် ခွဲခြားလို့တော့ ရပါတယ်။ဗိုင်းရပ်စ်ပိုးက အသက်ရှူလမ်းကြောင်းထဲ ဝင်ရောက်ပြီးကိုယ်ခံအားနည်းနေတဲ့အချိန်မှာ ဖျားနာခြင်းကို ဖြစ်စေပါတယ်။ အေးတဲ့ရာသီမှာသာမက ပူနွေးတဲ့ အချိန်တွေမှာလည်း အအေးမိဖျားနာ ဖြစ်နိုင်ပါတယ်။ ဖျားနေတဲ့သူတစ်ယောက် ပါးစပ်မအုပ်ဘဲ နှာချေ၊ ချောင်းဆိုးလိုက်ရာကနေ ရောဂါပိုးတွေက လေထဲကတစ်ဆင့် အသက်ရှူလမ်းကြောင်းထဲ ဝင်ရောက်ပြီး ကူးစက်တာ ပိုများပါတယ်။ဘယ်လောက်ပဲ ကျန်းမာနေသူဖြစ်ပါစေ တစ်နှစ်ကို ၂ကြိမ်မှ ၃ကြိမ်ထိအအေးမိဖျားနာ ဖြစ်တတ်ပါတယ်။ ဓါတ်မတည့်ရောဂါ ရှိသူတွေမှာ အအေးမိဖျားနာ ပိုဖြစ်တတ်ပြီး ကလေးတွေဆိုရင်လည်း ကိုယ်ခံအားစနစ် အားနည်းနေသေးတာ၊ လက်သေချာမဆေးဘဲ အစာစားတာ၊ လူများတဲ့ နေရာတွေကို သွားတာကြောင့် မကြာခဏဆိုသလို ဖျားနာတတ်ပါတယ်။ချောင်းဆိုးတာ၊ နှာစေးတာအပြင် လည်ချောင်းနာ၊နှာပိတ်တာ၊ မကြာခဏ နှာချေတာ၊ ခေါင်းမူးခေါင်းကိုက်၊ ကိုယ်ပူခြင်း၊ ကိုက်လက်ကိုက်ခဲခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ များသောအားဖြင့် အအေးမိတာ ပျောက်ဖို့ ၇ရက် မှ ၁၀ရက် အထိပဲ ကြာပါတယ်။ ဒီထက်ပိုပြီး ကြာနေပြီဆိုရင်တော့ ဆရာဝန်နဲ့ စောစောစီးစီး ပြသပြီး ကုသမှုခံယူဖို့နဲ့ တခြားရောဂါတွေ ရှိ၊ မရှိကို စစ်ဆေးဖို့ လိုပါတယ်။ကိုယ်ခံအားစနစ်က တချို့သောအရာဝတ္ထုနဲ့ ဓါတ်မတည့်တဲ့အခါ histamines လို့ခေါ်တဲ့ ဓါတ်တစ်မျိုးကို ထုတ်ပေးပါတယ်။ ဒီ histamines ဓါတ်ကြောင့် နှာချေ၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ နှာစေး၊ နှာပိတ်၊ မျက်ရည်ယိုတာအပြင် မျက်လုံးနဲ့ အရေပြား ယားသလိုလို ဖြစ်တာ၊ အင်ပျဉ်ထတာတွေပါ ဖြစ်နိုင်ပါတယ်။ အအေးမိတာနဲ့ တူတဲ့ လက္ခဏာတွေရှိပေမယ့် ဖြစ်ပုံချင်းကတော့ လုံးဝကွဲပြားပါတယ်။များသောအားဖြင့် ဓါတ်မတည့်တဲ့အစားအစာတွေ စားမိတာ၊ ပန်းဝတ်မှုန်၊ သစ်ပင်၊ မြေဆီလွှာ၊ ဆေးဝါးတွေကို ထိတွေ့၊ သုံးစွဲမိတဲ့အခါ ကိုယ်ခန္ဓါက ဓါတ်မတည့်မှုကို ဖြေရှင်းဖို့အတွက် လက္ခဏာတွေ ဖြစ်လာရတာပါ။ ဒီလိုအရာဝတ္ထုတွေအပြင် တိရစ္ဆာန်တွေရဲ့ တံတွေး၊ အမွေးအမျှင်၊ အနံ့အသက်တွေ၊ မှိုစွဲတာ၊ ဖုန်မှုန့်နဲ့ ကပ်ပါးပိုးကောင်တွေကြောင့် ဓါတ်မတည့်ခြင်း ဖြစ်တတ်ပါတယ်။ဓါတ်မတည့်တာမှာ ကိုယ်က ဘာကို ဓါတ်မတည့်တာလဲ၊ အဲ့ဒီအရာဝတ္ထုကို ကိုယ့်အနားကနေ ဝေးဝေးမှာ ထားဖို့လိုအပ်သလို၊ ဒီလက္ခဏာတွေကို ပျောက်ကင်းဖို့ ဆေးသောက်ဖို့ လိုအပ်တာမျိုးတွေလည်း ရှိပါတယ်။ များသောအားဖြင့်နွေရာသီနဲ့ မိုးရာသီလို ပူနွေး၊ စိုစွတ်တဲ့အချိန်မှာ ဓါတ်မတည့်ဝေဒနာတွေ ပိုအဖြစ်များပါတယ်။တူညီတဲ့ လက္ခဏာတွေ ရှိတာမှန်ပေမယ့် ခံစားရတဲ့ ဝေဒနာချင်းရော၊ ဖြစ်ပုံခြင်းရော ကွာခြားမှုတွေ ရှိပါတယ်။ ဒီလက္ခဏာတွေကို သေချာဆန်းစစ်ကြည့်ပြီးမှ ကိုယ့်မှာ ဘာဖြစ်နေလဲဆိုတာ ကွဲကွဲပြားပြား သိမှာပါ။အအေးမိတဲ့အခါ မောပန်းတာ၊ ကိုယ်လက် ညောင်းကိုက်နေတာ၊ နာကျင်တာ၊ လည်ချောင်းနာတာ၊ အဖျားတက်တာတွေ ဖြစ်တတ်ပြီး ဓါတ်မတည့်တဲ့အခါ မျက်ရည်ယိုတာ၊ နှာမွှန်တာ၊ အရေပြားက အနီရောင်အင်ပျဉ်တွေ အကွက်လိုက်ထလာတာ ပိုအဖြစ်များပါတယ်။အအေးမိတာမှာ ၂ပတ်ကျော်တဲ့အထိ အဖျားမကျသွားဘူး၊ ပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူသင့်ပါတယ်။ ဖျားနေစဉ်ကာလမှာ ကိုယ့်အတွက်ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးမယ့် အစားအစာတွေ များများစားပါ။ အရည်များများ သောက်ပါ။ အကိုက်အခဲပျောက်ဆေး၊ အဖျားပျောက်ဆေးကို ဆေးဆိုင်ကနေ အလွယ်တကူ ဝယ်သောက်လို့လည်း ရပါတယ်။ဓါတ်မတည့်တာအတွက် ဆရာဝန်နဲ့ သေချာပြကြည့်သင့်ပါတယ်။ ကိုယ်ဓါတ်မတည့်တဲ့ အရာနဲ့ ဝေဒနာက ဘယ်လောက်ထိ ပြင်းထန်လဲဆိုတာပေါ် မူတည်ပြီး ဆရာဝန်အနေနဲ့ နား၊ နှာခေါင်း၊ လည်ချောင်းကို စစ်ဆေးမှာ ဖြစ်ပါတယ်။ သိပ်ပြီး ပြင်းထန်လွန်းတဲ့ အခြေအနေမှာဆိုရင် ဓါတ်မတည့်ခြင်းအတွက် အထူးကုဆရာဝန်နဲ့ သေချာပြသဖို့ လိုအပ်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/common-cold/%e1%80%a1%e1%80%b1%e1%80%a1%e1%80%b8%e1%80%99%e1%80%ad%e1%80%90%e1%80%ac%e1%80%9c%e1%80%ac%e1%80%b8%e1%81%8a-%e1%80%93%e1%80%ac%e1%80%90%e1%80%b9%e1%80%99%e1%80%90%e1%80%8a%e1%80%b9%e1%80%b7%e1%80%90/
မညီမညာ အသားအရေ ပြဿနာ ဒီလို ဖြေရှင်းပါ
အသားအရေက လူတစ်ယောက်ရဲ့ သွင်ပြင်ပေါ်မှာ အများကြီး သက်ရောက်မှု ရှိနေပါတယ်။ဝက်ခြံ ထွက်တာ၊ အဆီပြန်တာ၊ အသားခြောက်တာ၊ ထိခိုက်လွယ်တာ စသဖြင့် အမျိုးမျိုးသောအသားအရေ ပြဿနာတွေရှိနေပါတယ်။ ဒီလီု အသားအရေ ပြဿနာတွေထဲမှာ နောက်ထပ် အသားအရေ ပြဿနာ တစ်ခုလည်း ရှိနေပါသေးတယ်။ ဒါကတော့ အသားအရေ မညီညာတဲ့ ပြဿနာပါ။ ဒါကြောင့် အခုတစ်ခေါက်တော့ မညီမညာ အသားအရေ ပြဿနာ ဖြေရှင်းနည်းလေးကို မျှဝေပေးချင်ပါတယ်။မညီမညာ အသားအရေ ပြဿနာ ဆိုတာ အရေပြား အခြေအနေ တစ်ရပ်ပါ။ အသားအရေက ညီညာချောမွေ့မနေတာမျိုးပါ။ အသားအရေကို လက်နဲ့ စမ်းကြည့်တဲ့အခါ အဖုအပိမ့်လေးတွေ ရှိနေတာမျိုး ရှိနိုင်သလိုချွေးပေါက်ကျယ်တာ၊ ကြက်သီးထသလို မွေးညှင်းပေါက်လေးတွေက စူးလေးတွေလို အဖုငယ်လေးတွေ ဖြစ်နေတာမျိုးပါ။ အသားအရေကို ကြည့်ရတာမွဲခြောက်ခြောက် နိုင်နေတာမျိုးပေါ့။ အစက်အပြောက်တွေလည်း ရှိနေနိုင်ပါတယ်။အသားအရေကို မညီမညာဖြစ်စေနိုင်တဲ့ အချက်တွေက တစ်ခုမက ရှိပါတယ်။ အပျိုဖော် လူပျိုဖော်ဝင်တာကြောင့် အသားအရေ ပြောင်းလဲချိန်မှာ အသားအရေ မညီမညာဖြစ်တာကို ခံစားရနိုင်ပါတယ်။ အကြောင်းကတော့ အသစ်အသစ်သော အဆီဂလင်းတွေကချွေးပေါက်ပိတ်ဆို့တာမျိုးတွေကို ဖြစ်စေနိုင်လို့ပါ။ အထူးသဖြင့်တော့ နဖူး နဲ့ နှာခေါင်းတွေမှာပါ။တစ်ခါတလေမှာတော့ အဆီထွက် နည်းပြီး အသားခြောက်တာမျိုးလည်း ရှိနိုင်ပါတယ်။ အရေပြားမှာ ဆဲလ်သေတွေ စုပုံလာခြင်းကလည်း အသားအရေကို မညီမညာဖြစ်စေရတဲ့ အကြောင်းအရင်းပါ။အခြား အကြောင်းအရင်းတွေကတော့ နေရောင်နဲ့ ထိတွေ့မှု များတာ၊ အရွယ်ရလာတာ၊ ဆေးလိပ်သောက်တာ တွေပါ။မညီမညာ အသားအရေ ပြဿနာကို အခုလို နည်းလမ်းလေးတွေကို လုပ်ဆောင်ရင်း ဖြေရှင်းလို့ ရပါတယ်။ အသားအရေ ပြဿနာတိုင်းရဲ့ ဖြေရှင်းနည်းက လူတိုင်း သိပြီးဖြစ်မယ့် အသားအရေ အမျိုးအစားနဲ့ ကိုက်ညီအောင်အသားအရေ ထိန်းသိမ်းတာပါ။ အခုတစ်ခေါက်မှာလည်း မညီမညာ အသားအရေ ပြဿနာကို အခုလိုလေး ဖြေရှင်းကြရအောင်နော်။၁ – တစ်နေ့ကို ၂ ကြိမ် မျက်နှာသစ်ပါ။အသားအရေ အမျိုးအစားနဲ့ ကိုက်ညီမယ့်မျက်နှာသစ် ဆပ်ပြာကို အသုံးပြုပြီး တစ်နေ့ကို ၂ ကြိမ် –  မနက်တစ်ကြိမ်၊ ညတစ်ကြိမ် အသားအရေကို သန့်စင်ပါ။ ဒီလို လုပ်ဆောင်ပေးတာက အရေပြားပေါ်ကဆဲလ်သေတွေကို ဖယ်ရှားရာ ရောက်သလို အဆီတွေ၊ ချွေးတွေ နဲ့ အညစ်အကြေးတွေကိုလည်း ဖယ်ရှားရာ ရောက်ပါတယ်။မျက်နှာသစ်တဲ့အခါ မျက်နှာကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာမျိုး မလုပ်ဘဲ ညင်ညင်သာသာလေး နှိပ်နယ်ပေးပါ။ ပြီးရင်ရေလေး စင်အောင် ဆေးချလိုက်ပါ။ ပြီးတဲ့အခါမှာလည်း မျက်နှာကို တဘက်စနဲ့ ပွတ်သုတ်တာမျိုး မလုပ်ဘဲ ခပ်ဖွဖွလေးပဲ တို့သုတ်ပေးပါ။၂ – ဆဲလ်သေတွေကို ဖယ်ရှားပါ။အသားအရေကို ကျန်းမာစေဖို့ဆိုရင် အနည်းဆုံး တစ်ပတ်ကို တစ်ကြိမ်လောက်တော့ ဆဲလ်သေတွေကို ဖယ်ရှားဖို့ လိုပါမယ်။ ဆဲလ်သေတွကို ဖယ်ရှားပေးနိုင်တဲ့AHAs နဲ့ BHAsလိုမျိုး ဓာတုပစ္စည်းတွေကို အသုံးပြုပေးလို့ ရပါတယ်။ ဆဲလ်သေတွေကို အလွန်အကျွံ ဖယ်ရှားတာမျိုးက အသားအရေကို ထိခိုက်စေနိုင်တာကြောင့် ခဏခဏ ဆဲလ်သေ ဖယ်ရှားတာမျိုး မလုပ်ပါနဲ့။နောက်ပြီး အပေါ်မှာ ပြောခဲ့သလို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာမျိုး မလုပ်ပါနဲ့။ အသားအရေနဲ့ လိုက်ဖက်မှာမျိုးကို ရွေးချယ်ဖို့လည်း မမေ့ပါနဲ့။၃ – အဆီပါတာတွေကို မသုံးပါနဲ့။အသားအရေက မညီညာသလိုဝက်ခြံလည်း ဖြစ်လွယ်မယ်ဆိုရင်တော့ အဆီပါတဲ့ အစိုဓာတ်ထိန်း ခရင်မ်တွေ၊ Serum တွေက အသားအရေပေါ်က ချွေးပေါက်တွေကို ပိတ်ဆို့တာမျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။ဒါကြောင့် အဆီပါတာတွေကို ရှောင်ပါ။  ချွေးပေါက်မပိတ်စေမယ့် Non-comedogenic အမျိုးအစားကို ရွေးချယ် ပေးပါ။၄ – ဗီတာမင် C ပါတာကို အသုံးပြုပါ။ဗီတာမင် C က အသားအရေကို ညီညာ ဝင်းပစေပါတယ်။ ဒါကြောင့် အသားအရေ မညီညာတာကို သက်သာချင်တယ်ဆိုရင် ဗီတာမင် C ပါတဲ့ အသားအရေ ထိန်းပေးတာမျိုးကို ရွေးချယ်ပေးပါ။ဗီတာမင် C အသုံးပြုမယ်ဆိုရင်တော့ နေရောင်ကြောင့်အသားအရေ ထိခိုက်မှုကင်းစေဖို့ SPF 30 ထက်ပါတဲ့ နေလောင်ကာခရင်မ်ကို လိမ်းဖို့ မမေ့ပါနဲ့။၅ – နေလောင်ကာခရင်မ် အမြဲသုံးပါ။အသားအရေ မညီမညာ ဖြစ်ရတဲ့ နောက်ထပ် အကြောင်းအရင်း တစ်ခုက နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့်ပါ။ ဒါကြောင့် အသားအရေကို မညီမညာဖြစ်တာမျိုး မဖြစ်စေဖို့ဆိုရင် ၂ နာရီခြား တစ်ခါ နေလောင်ကာခရင်မ် လိမ်းပေးပါ။ခရမ်းလွန် ရောင်ခြည်က အသားအရေကို မညီမညာ ဖြစ်စေရုံတင် မဟုတ်ဘဲအရွယ်မတိုင်ခင် အိုမင်းတာကိုပါ ဖြစ်စေနိုင်ပါတယ်။# ဝက်ခြံပြဿနာ ဒီလို ဖြေရှင်းပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/tips-for-improving-uneven-skin-texture/
အလုပ်ဖိစီးနေချိန်မှာ စိတ်အားတက်ကြွနေစေဖို့ ဖြေဆေး (၇) ခု
အလုပ်ထဲမှာ စိတ်ရောလူရော ပင်ပန်းနေရတဲ့အခါမျိုး၊ အရာရာ စိတ်ကုန်နေသလိုမျိုး ခံစားရဖူးလား။ ဝန်ထမ်းဖြစ်မှ မဟုတ်ပါဘူး။ အလုပ်ရှင်တွေမှာလည်း သည်လိုခံစားချက်တွေဖြစ်တတ်ပါတယ်နော်။လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာပြီဆို ပခုံးမှာထမ်းထားရတဲ့ ဝန်က ပိုကြီးပါတယ်။ အချိန်တန် လစာရမယ့် ဝန်ထမ်းတစ်ယောက်ရဲ့ စိတ်ဖိစီးမှုထက်ပိုတာပေါ့။ ကိုယ်က လစာပေးနိုင်ဖို့ ကြိုးစားရှာရမယ့်သူလေ။ ကိုယ့်လုပ်ငန်းရဲ့အောင်မြင်မှု၊ ကျရှုံးမှုအတွက် အဓိကတာဝန်ရှိတဲ့လူမို့ ကိုယ့်ကိုယ်ကိုယ် အမြဲတွန်းအားပေးနေရပါတယ်။ စွန့်ဦးတည်ထောင်စ လုပ်ငန်းတွေဆို ပိုအားစိုက်ရတာအသေအချာပါ။ဒီလိုအချိန်မှာ အရေးကြီးဆုံးက ကိုယ့်ရည်မှန်းချက်တွေမပြည့်ခင် စိတ်အားတက်ကြွမှုကို ကျမသွားအောင် ထိန်းထားနိုင်ဖို့၊ တွန်းအားပေးနိုင်ဖို့ပါပဲ။ အားစိုက်ထုတ်ရတာများလွန်းတော့လည်း တစ်ခါတစ်ခါ စိတ်ဓာတ်ကျတာ၊ ပင်ပန်းနေတာတွေဖိစီးလာတဲ့အခါ ဘယ်လိုခွန်အားရယူကြမလဲ။ဒီအတွက် ဖြေဆေး (၇) ခု ရှိနေပါတယ်။ သင့်အတွက် ဘာအခက်အခဲတွေပဲရှိရှိ အသုံးချလို့ရမယ့် နည်းလမ်းလေးတွေဆိုတော့ ဆက်ဖတ်ကြည့်လိုက်ပါဦးနော်။လူသိများတဲ့ ဝဘ်စာမျက်နှာတွေ၊ လူမှုကွန်ရက်တွေမှာ စိတ်ခွန်အားပေးမယ့်စာတွေကို တစ်နေ့အတွင်း အများကြီးတင်ကြတာ ဘာလို့လဲသိလား။ ဒါလေးတွေက ဘာမှမဟုတ်သလိုထင်ရပေမယ့် အသာလေးဖတ်ကြည့်ရုံနဲ့ပဲ ကိုယ့်စိတ်အတွေးကို အကောင်းမြင်တဲ့ဘက် တွန်းပို့နိုင်လို့ပါပဲ။စိတ်ကြိုက်တွေ့တဲ့ စာသားတချို့ကို ပရင့်ထုတ်ပြီး ရုံးခန်းမှာကပ်ထားပါ၊ ရိုးရှင်းတဲ့အကြံပြုချက်စာသားတွေကို အွန်လိုင်းမှာရှာဖတ်ပါ။ အနည်းဆုံးတော့ ကိုယ်မတွေးမိတဲ့ ဟာကွက်တွေကို သိပြီး အချိန်မီပြင်ဆင်နိုင်ပါလိမ့်မယ်။ရည်မှန်းချက်တွေ၊ အောင်မြင်မှုတွေအတွက် အထောက်အကူဖြစ်စေမယ့် အသေးစားပန်းတိုင်ခွဲလေးတွေ သတ်မှတ် အစီအစဉ်ချပါ။ အကြီးကြီးတွေကို တန်းပြီး မှန်းလိုက်တာက ခရီးပိုဝေးပြီး ဝန်ပိစေနိုင်ပါတယ်။ တဆင့်ချင်းသာ ရှေ့တိုးသွားပါ။အဆိုးမြင်တတ်တဲ့သူတစ်ယောက်တည်းကပဲ ကိုယ့်စိတ်အတွက် ကင်ဆာအရင်းအမြစ်ဖြစ်နေနိုင်ပါတယ်။ သူ့ကြောင့်ပဲ ကိုယ်အလေးထားရမယ့်အရာတွေ၊ စိတ်အားတက်ကြွမှုတွေကို ပျက်စီးသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် အောင်မြင်ချင်တယ်ဆိုရင် အောင်မြင်တဲ့သူတွေအနားမှာပဲနေပါ။မကောင်းတဲ့အမြင်နဲ့ ပျော်မွေ့နေသူတွေကို ရှောင်ပါ။ အနည်းဆုံးတော့ မှန်ကန်တဲ့အတွေးနဲ့ အတုယူစရာတစ်ခုခုရှိသူတွေကို အနားမှာထားပါ။ ရည်ရွယ်ချက်တူသူ၊ အတွေးအမြင်၊ အတွေ့အကြုံတွေ ဝေမျှလို့ရတဲ့သူတွေနဲ့ ချိတ်ဆက်ပါ။တစ်ခါတလေ သည်းမခံချင်တဲ့အခါမျိုး ကြုံဖူးပါလိမ့်မယ်။ တက်သစ်စလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ အမြဲတမ်း ပန်းခင်းတဲ့လမ်းဖြစ်နေမှာမဟုတ်မှန်း သိတော့သိကြမှာပါ။ အတက်အကျတွေ၊ ဆုံးဖြတ်ရခက်ခဲတဲ့ အခါမျိုးတွေ၊ ရှေ့ဆက်လှမ်းဖို့ ခွန်အားမရှိတော့တာမျိုးတွေ အများကြီးပေါ့။ဒီအချိန်မှာ စိတ်လျှော့လိုက်ရင် အားလုံးအချည်းနှီးဖြစ်သွားနိုင်လို့ ဖြစ်သမျှအကြောင်းထဲက အကောင်းကို ရှာကြံဆွဲထုတ်တတ်တဲ့အကျင့်ကို မွေးပါ။ အခက်အခဲကို  လှေကားအဖြစ်၊ ခွန်အားအဖြစ် မြင်နိုင်ပြီဆို သင်အောင်မြင်ပါပြီ။ကိုယ်မှန်းထားတဲ့ အောင်မြင်မှုတစ်ခုခုကို လုပ်နိုင်ခဲ့တိုင်း တိုးတက်မှုအတွက် ကိုယ့်ကိုယ်ကို ဆုချပါ။ ငွေကြေးကုန်ကျဖို့၊ ကြွားဝါဖို့ မဆိုလိုပါဘူး။ ကိုယ်အနှစ်သက်ဆုံးအရာတစ်ခုခုနဲ့အပန်းဖြေတာ၊ ကိုယ်ကြိုက်တဲ့ဆိုင်မှာ စားတာ၊ စိတ်ချမ်းသာရာတစ်ခုခုကို ပျော်ရွှင်စွာလုပ်လိုက်ပါ။ စိတ်ကျေနပ်မှုက အရင်နဲ့မတူသလို ခွန်အားအသစ်တွေ၊ အကြံဉာဏ်အသစ်တွေမွေးဖွားဖို့အကောင်းဆုံးအချိန်ပါပဲ။တစ်နေ့တာမှာ နာရီပေါင်းများစွာကို အလုပ်ထဲမှာပဲဖြတ်သန်းရတာ စိတ်အားတက်ကြွမှုတွေ ကုန်ခန်းလာတာ ကိုယ့်အပြစ်တော့မဟုတ်ပါဘူး။ အောင်မြင်ချင်ရင် အလုပ်ကို ရူးသွပ်ရတာ မှန်ပေမယ့် အချိန်တိုင်းဖိစီးနေရင်တော့ ရူးသွားနိုင်ပါတယ်။ စိတ်တွေမပါတော့ဘူး၊ အတော်ပင်ပန်းနေပြီလို့ ခံစားရတဲ့အခါ ဘာကိုမှမတွေးနေဘဲ(အရေးကြီးကိစ္စမရှိရင်ပေါ့) ခရီးသာထွက်ပစ်လိုက်ပါ။ ပိုလန်းဆန်းတဲ့ အလုပ်အိုင်ဒီယာအသစ်တွေ မွေးဖွားနိုင်လာပါလိမ့်မယ်။နေ့တိုင်း အလုပ်လုပ်နေတယ်ဆိုပေမယ့် အလုပ်ချိန်၊ ထမင်းစားချိန်၊ ခဏနားချိန် စသည်ဖြင့် ခွဲခြားလိုက်နာပါ။ ဝန်ထမ်းမဟုတ်တဲ့ အလုပ်ရှင်တွေကမှ ထမင်းစားချိန်မမှန်တာပိုအဖြစ်များတတ်ပါတယ်။ အလုပ်မပြီးလို့ ဇောနဲ့ လုပ်နေရင်း ထမင်းငတ်ရတဲ့အခါတွေ အများကြီးရယ်။လိုတာထက်ပိုပြီးဦးနှောက်ကို သုံးရလွန်းတဲ့အခါလုပ်ဆောင်နိုင်စွမ်းတွေ ကျလာတတ်လို့ အလုပ်နဲ့ဘဝ ဟန်ချက်ညီတဲ့ အချိန်ဇယားကို ဖန်တီးဖို့က အဓိကသော့ချက်ဖြစ်ပါတယ်။ ကိုယ့်ဆီက ရလဒ်ဆိုးတွေနဲ့ အဆင်မပြေဖြစ်နေရင် လုပ်ငန်းရဲ့အလားအလာကို တိုက်ရိုက်ထိခိုက်နိုင်လို့ပဲဖြစ်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%85%e1%80%ad%e1%80%90%e1%80%ba/
ဆီးချိုဝေဒနာရှင်များ နှလုံးရောဂါဖြစ်ပွားမှုမရှိအောင်
အမေရိကန် နှလုံးကျန်းမာရေး အဖွဲ့အစည်းရဲ့ အဆိုအရအမျိုးအစား ၂ ဆီးချိုရှိနေသူများရဲ့နှလုံးရောဂါဖြစ်နိုင်ခြေဟာ သာမန်လူတွေထက် နှစ်ဆရှိနေပါတယ်။မိမိကိုယ်ကို ထိုက်သင့်တဲ့ ဂရုစိုက်မှုရှိမယ်ဆိုရင်တော့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ အောက်ပါ အမူအကျင့် ၆ မျိုးကတော့ နှလုံးရောဂါ၊လေဖြတ်ခြင်း၊ကျောက်ကပ်ရောဂါ၊ အာရုံကြောပျက်စီးခြင်းစတဲ့ နှလုံးနဲ့ ဆက်စပ်ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။၁။ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံးပါ။ဆီးချိုရောဂါကို ထိရောက်စွာ ကုသနိုင်ဖို့နဲ့ နှလုံးရောဂါကို ဖြစ်နိုင်ခြေနည်းစေဖို့ အရေးကြီးတဲ့ အချက်တစ်ချက်ကတော့စားသောက်မှုပုံစံကို ထိန်းသိမ်းပေးခြင်းပါပဲ။ ဆိုဒီယမ်ပါသော အစားအစာ၊ ပုံပြောင်းဆီ၊ ပြည့်ဝဆီ စတာတွေကို ရှောင်ရပါမယ်။ သကြားထပ်မံ ဖြည့်တင်းထားတဲ့ စားစရာတွေကိုလည်း လျှော့ချရပါမယ်။စားသောက်သမျှ အနပ်တွေမှာ အသီးအနှံ၊ဟင်းသီးဟင်းရွက်၊ ကစီဓာတ်၊ အဆီ၊ ပရိုတင်း စတာတွေကို မျှတစေရပါမယ်။ ယေဘုယျအားဖြင့် ပဲအမျိုးမျိုး၊ ကြက်ဘဲ ငါး၊ အသားစတာတွေကို ရွေးချယ်ပြီး ဆီနဲ့ကြော်ထားတဲ့ အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ ပေါင်မုန့်ကြမ်း၊ အဆီနည်းတဲ့ ဒိန်ခဲ၊ နို့ထွက်ပစ္စည်းအမျိုးမျိုး စတာတွေကို ရွေးချယ်ပါ။၂။ လှုပ်ရှားတက်ကြွစွာနေထိုင်ပါ။ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ခြင်းဟာ နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ရောဂါထိန်းချုပ်ကာကွယ်ရေးဌာနရဲ့ အဆိုအရ အရွယ်ရောက်ပြီးသူများဟာ တစ်နေ့ကို အနည်းဆုံး ၂ နာရီခွဲခန့် အင်အားအတန်အသင့် စိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်သင့်တယ်လို့ ဆိုပါတယ်။ လမ်းအမြန်လျှောက်ခြင်း၊ စက်ဘီးစီးခြင်း စတာတွေကို ပြုလုပ်သင့်ပါတယ်။ကြွက်သားများကို ဦးစားပေးလေ့ကျင့်တဲ့ လေ့ကျင့်ခန်းတွေကို တစ်ပတ်ကို အနည်းဆုံးနှစ်ရက် ဆောင်ရွက်သင့်ပါတယ်။ အဓိကကြွက်သားအုပ်စုအားလုံးကို လေ့ကျင့်ပေးရပါမယ်။ လက်မောင်း၊ ခြေထောက်၊ ပေါင်၊ ပခုံး၊ ရင်အုပ်၊ ကျော၊ ဝမ်းဗိုက်ကြွက်သား အားလုံးကို မျှတစွာ လေ့ကျင့်ပေးရပါမယ်။ ဘယ်လေ့ကျင့်ခန်းတွေကို အဓိကထားရမယ်ဆိုတာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်သင့်ပါတယ်။၃။စိတ်ဖိစီးမှုလျှော့ချပါ။စိတ်ဖိစီးမှုမြင့်မားရင် သွေးပေါင်ချိန်တက်ပြီးနှလုံးရောဂါဖြစ်ပွားနိုင်ခြေများပါတယ်။ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုတွေ များပြားနေတယ်ဆိုရင် စိတ်ဖိစီးမှု လျော့ကျစေတဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်သင့်ပါတယ်။ အသက်ဝဝရှုခြင်း၊တရားထိုင်ခြင်း၊ ကြွက်သားများ ဖြေလျှော့ခြင်း စတာတွေ ပြုလုပ်ရပါမယ်။ ဒီနည်းလမ်းတွေဟာ ရိုးရှင်းပြီး အချိန်သိပ်မကုန်စေဘဲ နေရာမရွေး ပြုလုပ်နိုင်ပါတယ်။ စိတ်ဖိစီးမှု ကြုံနေရချိန်မှာ တကယ်ပဲ အထောက်အကူပြုပါတယ်။၄။ နေ့စဉ်အခြေအနေကို မှတ်တမ်းတင်ပါ။မိမိရဲ့နေ့စဉ် ဆီးချိုပမာဏနဲ့သွေးပေါင်ချိန်ကို မှတ်တမ်းပြုစုထားခြင်းဟာ ကောင်းတဲ့ အလေ့အကျင့်ဖြစ်ပါတယ်။ ဆီးချိုတိုင်းစက်၊ သွေးပေါင်ချိန်စက်တွေကို အလွယ်တကူ ဝယ်ယူ အသုံးပြုနိုင်ပါတယ်။တိုင်းတာရာမှာ ဆရာဝန် (သို့မဟုတ်) နားလည်တတ်ကျွမ်းသူတွေ ညွှန်ပြတဲ့အတိုင်း စစ်ဆေးတိုင်းတာပြီး စာအုပ်နဲ့ စနစ်တကျ မှတိတမ်းတင်ထားရမှာ ဖြစ်ပါတယ်။ ဆရာဝန်နဲ့ နောက်တစ်ခါ ချိန်းဆိုပြသရာမှာ ဒီမှတ်တမ်းကို ယူဆောင်သွားရမှာ ဖြစ်ပါတယ်။၅။ကိုယ်အလေးချိန်တိုင်းတာပါ။ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်းဟာ နှလုံးရောဂါဖြစ်ပွားမှု မြင့်တက်စေတဲ့ အကြောင်းအရင်းတခု ဖြစ်ပါတယ်။ သွေးပေါင်ချိန်မြင့်တက်ခြင်း၊ ကိုလက်စထရောနှင့် သွေးတွင်း သကြားဓာတ်မထိန်းနိုင်ခြင်း စတာတွေကို ဖြစ်ပေါ်စေတတ်ပါတယ်။မိမိရဲ့ ကိုယ်အလေးချိန်ဟာ ပုံမှန်အတိုင်းအတာထဲ ရှိသလား အဝလွန်နေသလားဆိုတာ BMI ညွှန်ကိန်းနဲ့ တွက်ချက်ကြည့်နိုင်ပါတယ်။ မိမိကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကိုBMIတွက်ချက်တဲ့ ဖော်မြူလာထဲမှာ ထည့်သွင်းပြီး တွက်ရုံပါပဲ။ BMI ညွှန်ကိန်း ၂၅ နဲ့ ၂၉.၉ ဟာ ကိုယ်အလေးချိန် မြင့်တဲ့အထဲ ပါဝင်နေပြီး ၃၀ ကျော်နေရင်တော့ အဝလွန်စာရင်းဝင်ပါတယ်။BMI တွက်ချက်မှုဟာ ပြီးပြည့်စုံတဲ့ စနစ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆရာဝန်နဲ့ပြသဖို့ လို၊မလိုဆိုတာ ဆုံးဖြတ်နိုင်ပါတယ်။ ကိုယ်အလေးချိန်များတဲ့ စာရင်းဝင်နေရင်၊အဝလွန်စာရင်းဝင်နေရင် ဆရာဝန် (သို့မဟုတ်) နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ပြီး ကိုယ်အလေးချိန် လျှော့ချဖို့ အစီအစဉ် ရေးဆွဲနိုင်ပါတယ်။၆။ ဆရာဝန်ပုံမှန်ပြပါ။ဆီးချိုကို ဘယ်လိုထိန်းချုပ်မလဲ၊ နှလုံးရောဂါဖြစ်နိုင်ခြေကို ဘယ်လိုလျှော့ချမလဲဆိုတာ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးဖြစ်ပါတယ်။ ဆရာဝန်နဲ့ ခြောက်လတစ်ကြိမ်လောက် ပုံမှန် ချိန်းဆိုပြသသင့်ပါတယ်။ ဆရာဝန်နဲ့ ပြသရာမှာ မိမိရဲ့ ကိုယ်အလေးချိန်၊ စားသောက်မှုပုံစံ၊ လေ့ကျင့်ခန်းလုပ်ပုံ စတာတွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟတိုင်ပင်ရမှာ ဖြစ်ပါတယ်။ အရှိအတိုင်း အမှန်အတိုင်း ဖွင့်ဟဆွေးနွေးခြင်းဟာ မိမိရှေ့ဆက်လုပ်ဆောင်စရာတွေအတွက် အကောင်းဆုံး အစီအစဉ်ဆွဲနိုင်ဖို့ အကောင်းဆုံးပါပဲ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/type-2-diabetes-should-make-part-of-their-routine/
ကာကွယ်ဆေး တွေအတွက် သိုလှောင်အပူချိန်က ဘယ်လောက်ထိအရေးကြီးသလဲ။
ကာကွယ်ဆေးတွေက သိပ်ကို အစွမ်းထက်ပြီး ရောဂါတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ဘေးထွက်ဆိုးကျိုးကလည်း မရှိသလောက် နည်းပါတယ်။ ဒီလို ဖြစ်အောင်လည်း ငွေအား၊ လူအားတွေ အများကြီးသုံးပြီး အချိန်ကုန်ခံပြီး တီထွင်ထားရတာပါ။ကာကွယ်ဆေးမှာ ထိရောက်မှုရှိဖို့နဲ့ ဘေးထွက်ဆိုးကျိုးနည်းဖို့လိုမျိုးပဲ နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်ရှိပါသေးတယ်။ ဒါကတော့ သိမ်းဆည်းပုံပါ။ ကာကွယ်ဆေးတွေမှာ သိမ်းဆည်းရမယ့် အပူချိန်ဆိုတာ ရှိပါတယ်။ ဒါကို မလိုက်နာရင် နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်တတ်ပါတယ်။ကာကွယ်ဆေးတွေကို သူ့အပူချိန်နဲ့ သူ မသိမ်းဘူးဆိုရင် ပျက်စီးတတ်ပါတယ်။ ဆေးထိုးပေမယ့်အာနိသင်မရတာမျိုး၊ ဆေးမအောင်တာမျိုးပေါ့။ လူနာမှာ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာမျိုးလည်း ရှိပါတယ်။ ဒီအခါ လူနာက သိမ်းဆည်းပုံကြောင့်လို့ မသိဘဲ ကာကွယ်ဆေးကြောင့် ထင်သွားတတ်ပါတယ်။ နောက်လူတွေကပါ အထင်လွဲပြီး ကာကွယ်ဆေးထိုးရခက်ကုန်ပါတယ်။ဆေးအာနိသင်မရတဲ့အခါကျတော့ ဆေးတွေ ပြန်ထိုးရတာ၊ ငွေကုန်ကြေးကျများတာတွေ ဖြစ်လာပါတယ်။ သိမ်းဆည်းမှု မမှန်လို့ ကာကွယ်ဆေးတွေ အစွမ်းမထက်တော့ရင် ပစ်လိုက်ရုံပဲ ကျန်ပါတော့တယ်။ ဒီအခါ ငွေအား၊ လူအားတွေ ပိုပြီး ပြုန်းတီးကုန်ပါတယ်။WHOကတော့ ဒီလို အပူချိန်သိုလှောင်ပုံမမှန်တဲ့ ကာကွယ်ဆေးတွေကို ထိုးမယ့်အစား ဘာမှမထိုးဘဲ နေတာက ပိုကောင်းတယ်လို့ ပြောထားပါတယ်။ ဒါကြောင့် သင့်တော်တဲ့ အပူချိန်မှာ ထိန်းသိမ်းဖို့က အင်မတန်အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ကာကွယ်ဆေးတွေရဲ့ အပူချိန် ထိန်းသိမ်းမှုကို Cold chainလို့ ဆိုကြပါတယ်။ တစ်နေရာထဲမှာပဲ အပူချိန်ထိန်းရမှာမျိုး မဟုတ်ဘဲ ကာကွယ်ဆေးထိုးတဲ့ chain တောက်လျှောက်လုံး ဆက်တိုက် ထိန်းရမှာမို့လို့ပါ။ကာကွယ်ဆေးထုတ်တဲ့ နေရာက စပြီး သယ်ယူပို့ဆောင်တာအလယ် နောက်ဆုံး သိမ်းဆည်းတာ၊ ထိုးတဲ့အချိန်အထိ တစ်သမတ်တည်း အပူချိန်ထိန်းပေးရပါတယ်။ကာကွယ်ဆေးတွေက အထိခိုက်မခံပါဘူး။ ဥပမာ အားပျော့တဲ့ ပိုးပါတဲ့live vaccineတွေဆို ခဲထားမှ ရပါတယ်။ အပြင်အပူချိန်နဲ့ ထိတွေ့မိရင် ခဏလေးနဲ့ ပျက်စီးသွားနိုင်ပါတယ်။ ပိုးအသေပါတဲ့ ကာကွယ်ဆေးတွေကတော့ အပူချိန်အတက်အကျကို မခံနိုင်ပါဘူး။ ပူလွန်းတာ၊ ခဲလွန်းတာဆိုရင် ပျက်စီးသွားနိုင်ပါတယ်။သူနဲ့ မဆိုင်တဲ့ အပူချိန်မှာ အကြာကြီး ထားမိရင် အာနိသင်မရတာအပြင် ဘေးထွက်ဆိုးကျိုးတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးတွေမှာ ဘယ်ဆေးကို ဘယ်အပူချိန်မှာထားပါဆိုပြီး တစ်ခါတည်း ဖော်ပြထားတာ ဖြစ်ပါတယ်။ အများစုကတော့ အောက်က အခြေအနေနှစ်ခုမှာ သိမ်းဆည်းလို့ရပါတယ်။အေးခဲသေတ္တာမှာ ထားရမယ့် ကာကွယ်ဆေး (အပူချိန် -၅၈မှ ၅ ဒီဂရီ ဖာရင်ဟိုက်/ -၅၀မှ -၁၅ ဒီဂရီ စင်တီဂရိတ်)။(ရေကျောက်ကာကွယ်ဆေး၊ ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးကာကွယ်ဆေးတွေကို သိမ်းဆည်းလေ့ရှိပါတယ်။ )။ရေခဲသေတ္တာမှာ ထားရမယ့် ကာကွယ်ဆေး ( အပူချိန် ၃၅မှ ၄၆ ဒီဂရီ ဖာရင်ဟိုက်/ ၂မှ ၈ ဒီဂရီ စင်တီဂရိတ်)။(တုပ်ကွေး၊ သားအိမ်ခေါင်းကာကွယ်ဆေး၊ အသည်းရောင် အသားဝါ အေပိုး၊ ဘီပိုး ကာကွယ်ဆေး၊ တုပ်ကွေးကာကွယ်ဆေး)။အဓိကကတော့ ကာကွယ်ဆေးပေါ်မှာ ရေးထားတဲ့အတိုင်း အေးခဲသေတ္တာ၊ ရေခဲသေတ္တာစသဖြင့် သက်ဆိုင်ရာအပူချိန်မှာ သိမ်းဆည်းရပါမယ်။ ဒီအပူချိန်အတိုင်း တောက်လျှောက်ရှိနေရဲ့လားဆိုတာကိုလည်း စောင့်ကြည့်နေဖို့ လိုပါတယ်။ဒီအတွက် digital data logger (DDL) ဆိုတဲ့ ပစ္စည်းလေး လိုလာပါတယ်။ ဒီပစ္စည်းလေး။-ကာကွယ်ဆေးတွေရဲ့ အပူချိန်ကို နာရီဝက်တစ်ခါ မှတ်ထားပေးပါတယ်။-အပူချိန်မမှန်တော့ရင် alarm ထမြည်ပါတယ်။-လက်ရှိအပူချိန်ရော၊ အရင်ကတိုင်းခဲ့တဲ့ အများဆုံးနဲ့ အနည်းဆုံး အပူချိန်ကိုရော ဖော်ပြပေးနိုင်ပါတယ်။-အပူချိန်ကွာခြားချက်က +/-0.5°C (+/-1°F)ပဲ ရှိပါတယ်။အပူချိန်ကို ဆက်တိုက်တိုင်းပေးနေတာ ဖြစ်လို့ အပြောင်းအလဲ တစ်ခုခုဖြစ်တိုင်း ချက်ချင်းသိနိုင်ပါတယ်။ဒီလို စောင့်ကြည့်တာအပြင် သိမ်းဆည်းတဲ့ ရေခဲသေတ္တာတွေ၊ အေးခဲသေတ္တာတွေက ကောင်းကောင်းအလုပ်လုပ်ရဲ့လား။ လျှပ်စစ်ဓာတ်ရော ပုံမှန်ရရဲ့လား။ မရတဲ့အခါ ဘယ်လို အစားထိုးနည်းလမ်းတွေကို သုံးမလဲ စတာတွေကို စဉ်းစားထားရပါမယ်။ နောက်ထပ်တစ်ချက်က ကာကွယ်ဆေးသိမ်းတဲ့ ရေခဲသေတ္တာကို မလိုအပ်ဘဲ ခဏခဏ မဖွင့်သင့်ပါဘူး။ ပြင်ပအပူချိန်နဲ့ ထိတွေ့တဲ့အခါ အပူချိန်အတက်အကျ ဖြစ်သွားနိုင်လို့ပါ။လက်ရှိ ဥပမာ တစ်ခုပြရရင် ကိုဗစ်ကာကွယ်ဆေး အဆင့်၃ကို အောင်မြင်သွားတဲ့Pfizerနဲ့Modernaကုမ္ပဏီ နှစ်ခုမှာဆိုရင် Pfizerက ဆေးက အပူချိန် -၇၀၊  -၈၀ လောက်မှာ သိမ်းဆည်းထားရမှာဖြစ်ပြီး Modernaက ဆေးကတော့ ၂-၈ ဒီဂရီလောက်ဆို ရပါပြီ။ ကာကွယ်ဆေးက အစွမ်းထက်တာ မှန်ပေမယ့် ကမ္ဘာ့နိုင်ငံအများအပြားကို ပို့ရမယ်ဆိုရင် ဒီသိုလှောင်အပူချိန်နဲ့ အဆင်ပြေပါ့မလားဆိုတာ စဉ်းစားရမယ့် အချက်ဖြစ်လာပါပြီ။ဒါကြောင့် ကာကွယ်ဆေးထိုးတဲ့နေရာမှာ ကာကွယ်နိုင်စွမ်းနဲ့ ဘေးကင်းဖို့က အရေးကြီးသလို သိုလှောင်သိမ်းဆည်းပုံကလည်း အရေးပါတယ်ဆိုတာ မေ့မထားသင့်ပါဘူး။[covid_19]။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/importance-of-storage-temperature-for-vaccones/
စိတ်ပူပန်မှုတွေကို သက်သာစေမယ့်ဆေးတစ်လက်
တစ်နေ့ကို ၈ နာရီ အိပ်တယ်။ ဒါဆို စိတ်ပူပန်မှုကင်းစင်တဲ့လူနေမှုပုံစံကို ပိုင်ဆိုင်နိုင်မလားလို့ မေးစရာရှိနေနိုင်ပါတယ်။ ဒါဆိုရင် ပြန်မေးချင်တာက ၈ နာရီမှာ နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့လားဆိုတာပါ။လူတစ်ယောက်က နှစ်ခြိုက်စွာအိပ်ပျော်သွားမှ စိတ်ရော၊ ကိုယ်ပါအနားရသွားတာပါ။ ဒါမှ စိတ်ရော ကိုယ်ပါ အားပြည့်ပြီး ပူပန်စိုးရိမ်စိတ်ကင်းမှာပေါ့။ တစ်နေ့ကို အိပ်ချိန် ၈ နာရီရှိပေမယ့် ၆ နာရီလောက်က အတွေးတွေမရပ်မနားတွေးနေမယ်။အိပ်မက်တွေမက်နေမယ်ဆိုရင်လည်း နှစ်ခြိုက်စွာ အိပ်ပျော်ဖို့က ခက်ပြီလေ။ ဒီလို နှစ်ခြိုက်စွာ အိပ်မပျော်တာက စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေကို ဖြစ်စေပြီလေ။ဒီတော့ ညအိပ်ရာဝင်တော့မယ်ဆိုရင် မအိပ်ခင် နာရီဝက်အလိုလောက်မှာကတည်းက စာဖတ်တာ၊ အလုပ်တွေလက်စသတ်တာ၊ ဂိမ်းဆော့တာ၊ ဖေ့ဘုတ်ခ်သုံးတာ၊ ရုပ်ရှင်ကြည့်တာတွေကို ရပ်လိုက်ပါ။ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်အောင်ထားလို့ သီချင်းလေးနားထောင်ရင်း relax လုပ်ပါ။ ပြီးရင်တော့ ဖုန်းတွေ၊ လက်ပ်တော့တွေကို အိပ်ရာနဲ့ ခပ်ဝေးဝေးမှာထားလိုပ အရည်အသွေးပြည့်မိတဲ့အိပ်စက်ချိန်တွေရရှိအောင် ဖန်တီးလိုက်ပါ။ဒီလိုမှမဟုတ်လည်း အိပ်ခါနီးမှာ ဝင်သက်ထွက်သက်မှတ်တာ၊ မေတ္တာပွားတာတွေလုပ်လို့ရပါတယ်။ ဒါတွေကလည်း သင့်ကို စိတ်လက်ခမ်းသာစွာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမှာပါ။ညဘက်တိုင်းမှာ နှစ်ခြိုက်စွာ အိပ်ပျော်မှုက သင့်ကို စိုးရိမ်ပူပန်မှုကင်းတဲ့ လူတစ်ယောက်အနေနဲ့ လုပ်ဆောင်နိုင်စေမယ့် ဆေးတစ်လက်ပါ…………….။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/deep-sleep-may-help-treat-anxiety/
Retinol ကပေးတဲ့ အသားအရေ ကောင်းကျိုးများ
Retinol ဆိုတာကအသားအရေကို ကျန်းမာစေပြီး လှပမှုကို ပေးစွမ်းနိုင်တဲ့ အရာလေး တစ်ခုပါ။ မျက်နှာသစ်ဆေးတွေ၊ serum တွေနဲ့ အချို့ အချို့သော အသားအရေထိန်းပစ္စည်းတွေမှာ တွေ့ရနိုင်ပါတယ်။ ဒီလိုမျိုး အသားအရေ ထိန်းသိမ်းမှုမှာ အသုံးပြုလေ့ ရှိတဲ့ Retinol က ဘယ်လိုမျိုး အသားအရေ ကောင်းကျိုးများ ပေးစွမ်းသလဲ ဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။Retinol ဆိုတာက retinoid မိသားစုဝင် တစ်ဦးပေါ့။ Retinoids  ဆိုတာကတော့ ကိုယ်တွေနဲ့ ရင်းနှီးပြီးသား ဗီတာမင် A ကနေ ဆင်းသက်လာတဲ့ ဒြပ်ပေါင်း တစ်မျိုးပါ။ အမျိုးမျိုးသော ပုံစံတွေနဲ့ ရနိုင်ပါတယ်။ အဆီမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်မျိုး ဖြစ်ပြီး မုန်လာဥနီ၊ ဥအမျိုးမျိုး နဲ့ ကန်စွန်းဥတွေမှာ တွေ့ရတတ်ပါတယ်။Retinolမှာ။Retinolမှာ over-the-counter ဝယ်လို့ရတဲ့ အမျိုးအစားတွေ ရှိသလို ဆရာဝန်ညွှန်ကြားချက်နဲ့မှ သုံးသင့်တဲ့ အားပြင်း retinolအုပ်စုတွေလည်း ရှိပါတယ်။Retinolရဲ့ အဓိက တာဝန်က ဆဲလ်အသစ်ဖြစ်စေတာပါ။ Cell turnoverကို ဖြစ်စေပြီး ကော်လဂျင်ထွက်စေတာကြောင့် အသားရေတင်းရင်းဖို့လည်း အသုံးပြုကြပါတယ်။  Retinolရဲ့ တခြားကောင်းကျိုးတွေကတော့။ဝက်ခြံက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ချွေးပေါက်တွေမှာ ဆဲလ်သေတွေ အဆီတွေ ပိတ်ဆို့ရာ ကနေ ဖြစ်လာတဲ့ အရေပြား ပြဿနာပါ။ ဝက်ခြံ ဆိုတဲ့နေရာမှာ ဆားဝက်ခြံတွေ၊ အဖြူဆံ ထွက်တဲ့ ဝက်ခြံတွေ နဲ့ အမျိုးမျိုးသော ဝက်ခြံတွေ ရှိပါတယ်။ ဒါကြောင့် ဝက်ခြံ သက်သာစေဖို့ ဆိုရင်တော့ Retinol ကို အသုံးပြုပေးလို့ ရပါတယ်။ဒါပေမဲ့ active ingredient ဖြစ်တာကြောင့် စစချင်းမှာ purging ဝက်ခြံပိုထွက်တတ်ပါတယ်။ဝက်ခြံတွေကို ညှစ်လိုက်တဲ့အခါ မတော်တဆ ထိခိုက်မိတဲ့အခါ ရောင်ရမ်းပိုးဝင်တာတွေ ဖြစ်စေပြီး အဲ့ကနေမှတဆင့် ဝက်ခြံ အမာရွတ်တွေ ဖြစ်စေတာပါ။ ဒါကြောင့်ဝက်ခြံအမာရွတ်တွေကို သက်သာစေဖို့ဆိုရင် Retinol ကို အသုံးပြုပေးလို့ ရပါတယ်။Retinolက ဝက်ခြံကြောင့် ဖြစ်တဲ့ အမာရွတ်တွေကို သက်သာစေနိုင်သလို အရေပြားပေါ်ကအမည်းစက်တွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ မျက်နှာပေါ်က အမည်းစက်တွေတင် မဟုတ်ဘဲ ခန္ဓာကိုယ်ပေါ်က အစက်အပြောက်တွေကို သက်သာစေဖို့လည်း Retinol ကို အသုံးပြုပေးလို့ ရပါတယ်။ချွေးပေါက်တွေကို ပုံမှန်သန့်ရှင်းရေး မလုပ်တဲ့အခါ အဆီနဲ့ ဆဲလ်သေတွေ ပိတ်ဆို့ပြီး ချွေးပေါက်တွေ ကျယ်လာစေပါတယ်။Retinolက အဆီပြန်တာကို ထိန်းပေးနိုင်သလို ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးနိုင်တာကြောင့် ချွေးပေါက်ကျယ်တာကို သက်သာစေပါတယ်။အကြောပြတ်ရာဆိုတာက ကိုယ်ဝန်ဆောင်ချိန်၊ အရမ်းဝလာချိန် နဲ့ အရမ်း ပိန်သွားချိန်တွေမှာ အရေပြား ပြန့်ကားတာ၊ ကျုံ့တာတွေကြောင့် ဖြစ်လာရတဲ့ အမာရွတ်တွေပါ။ ဒီအမာရွတ်တွေ ပန်းရောင်၊ အနီရောင် ခရမ်းရောင် စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ ဒီအမာရွတ်တွေကို သက်သာစေဖို့ဆိုရင်တော့ Retinol ကို အသုံးပြုပေးလို့ ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားကို ထိခိုက်နိုင်တာကြောင့် Retinol လုံးဝ မသုံးရပါ။ အဲ့ဒီအစား vitamin Cနဲ့ Hyaluronic acidတွေကို အသုံးပြုနိုင်ပါတယ်။အရွယ်ရလာချိန်မှာ အရေပြားက အစိုဓာတ် ထိန်းနိုင်စွမ်းကျလာသလို အရေပြားရဲ့ကော်လာဂျင် ထွက်ရှိမှုရော ကျဆင်းသွားပြီး အရေပြားမှာအရေးအကြောင်းတွေဖြစ်လာပါတယ်။ ဒီလို အရေးအကြောင်းတွေကို သက်သာစေဖို့ဆိုရင်တော့ Retinol ကို အသုံးပြုပေးလို့ ရပါတယ်။ Retinolကကော်လဂျင်ထွက်ရှိမှုကို လှုံ့ဆော်ပေးနိုင်ပါတယ်။အချိန်ပေးသုံးဖို့တော့ လိုပါမယ်။Retinol ရဲ့ များပြားလှတဲ့ အာနိသင်တွေထဲက တစ်ခုကတော့အရေပြားဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေဖို့ လှုံ့ဆော်ပေးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ ဒီလို ဆဲလ်သေတွေကို ဖယ်ရှားပေးတာကြောင့် အရေပြားက ကော်လာဂျင် ထွက်ရှိလာစေပြီး အသားအရေကို တင်းရင်း လှပစေလို့ အသားအရေကို ညီညာလှပစေတယ်။ကဲ ….. Retinol က အခုလိုအသားအရေ လှပမှုတွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် အသားအရေ ပြဿနာတွေကို ဖြေရှင်းဖို့ Retinol ကို နည်းစနစ် မှန်မှန်ကို အသုံးပြုပေးဖို့ လိုပါမယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/benefits-of-retinol-for-skin/
အဆုတ်ထဲက ချွဲသလိပ်တွေကို ဘယ်လိုဖယ်ရှားကြမလဲ….
ချောင်းဆိုးလွန်းလို့ အိပ်မရဘူး။ ချွဲတွေကျပ်လွန်းလို့ အသက်ရှူရခက်လိုက်တာဆိုပြီးတော့များဖြစ်နေပြီလား။ ဒါဆိုရင်တော့အဆုတ်ထဲက ချွဲတွေကို အထိရောက်ဆုံးဖယ်ရှားနိုင်မယ့် နည်းလမ်းလေးတွေအတူတူကြည့်လိုက်ကြရအောင်။ အဆုတ်ထဲက ချွဲသလိပ်တွေကို ဘယ်လိုဖယ်ရှားကြမလဲ…. ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။အဆုတ်ထဲက ချွဲသလိပ်တွေကို ဘယ်လိုဖယ်ရှားကြမလဲ…. ဆိုတော့ အဆုတ်ထဲက ချွဲတွေကို ဒီလိုဖယ်ရှားပါ။အဆုတ်ထဲမှာ ချွဲတွေများနေတာက အသက်ရှူရခက်စေနိုင်သလို အခြားကျန်းမာရေးပြဿနာတွေကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီတော့ စားကောင်းခြင်းမစားရ အိပ်ကောင်းခြင်းမအိပ်ရအောင် ဒုက္ခပေးနေတဲ့ ချွဲသလိပ်တွေကို အဆုတ်ထဲကဖယ်ရှားဖို့ဆိုရင်။ရေနွေးငွေ့ခံပါ။ရေနွေးငွေ့ခံတာ၊ ရေနွေးငွေ့ရှူသွင်းတာတွေကအသက်ရှူလမ်းကြောင်းတလျှောက်နဲ့ အဆုတ်ထဲက ချွဲသလိပ်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ အေးမြခြောက်သွေ့တဲ့ လေထုက အဆုတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီးသွေးစီးဆင်းရောက်ရှိမှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရေနွေးငွေ့ခံပေးတာက အဆုတ် ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်ပါတယ်။ရေနွေးနဲ့ရေချိုးပေးလို့လည်းရပါတယ်။ချောင်းဆိုးတဲ့အခါ ချွဲထွက်အောင်လုပ်ပါ။ချောင်းဆိုးတယ်ဆိုတာက ကိုယ်တွင်းကအဆိပ်အတောက်တွေကိုဖယ်ရှားတဲ့ နည်းလမ်းတစ်ရပ်ပါ။ ချောင်းဆိုးတဲ့အခါ ချွဲထွက်လာအောင်လုပ်တာက အဆုတ်ထဲမှာ ချွဲတွေချောင်သွားစေမှာပါ။ ချွဲတွေကို လေပြွန်ကနေတဆင့် ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်မှာဖြစ်ပါတယ်။ ဒါကြောင့် ချောင်းဆိုးတဲ့အခါ ချွဲထွက်လာစေဖို့ဆိုရင်။အပြင်ထွက်လမ်းလျှောက်ပါ။အဆုတ်သန့်စင်စေဖို့အတွက်လေကောင်းလေသန့်ရနိုင်တဲ့ နေရာဆီကို လမ်းလျှောက်ထွက်ပေးတာကလည်း အဆင်ပြေစေမှာပါ။ ညစ်ညမ်းတဲ့အရာတွေ၊ ဆေးလိပ်ငွေ့တွေ ကင်းစင်တဲ့နေရာဆီကို လမ်းလျှောက်ထွက်လို့ လေကို ဝအောင်ရှူပေးပါ။ ချောင်းဟန့်ရင်း ချွဲထွက်လာအောင် လုပ်ပေးဖို့ မမေ့ပါနဲ့။အဆုတ်ထဲက ချွဲတွေပျော်အာင်လုပ်ပါ။အဆုတ်ထဲက ချွဲတွေပျော်စေဖို့ ဒီနည်းလမ်းလေးတွေကို အသုံးပြုပေးလို့ရပါတယ်။ပက်လက်အနေအထား။• ကြမ်းပြင်ပေါ်မှာ ဒါမှမဟုတ် အိပ်ရာပေါ်မှာ လှဲချလိုက်ပါ။• ရင်ဘတ်က တင်ပါးထက်နိမ့်နေစေဖို့အတွက်တင်ပါးအောက်မှာ ခေါင်းအုံးတစ်လုံးခံပေးပါ။• ပြီးရင် နှာခေါင်းကနေတဆင့်လေကို ဖြည်းဖြည်းချင်းရှူသွင်းပြီး ပါးစပ်ကနေတဆင့် ဖြည်းဖြည်းချင်းရှူထုတ်ပါ။ အဆုံးသတ်မှာအားနဲ့ အထဲက လေတွေကို ရှူထုတ်ပါ။ မိနစ်အနည်းငယ်ကြာ ဆက်လုပ်ပေးပါ။ဘေးစောင်းအနေအထား။• ဘေးစောင်းလှဲပြီး ခေါင်းအောက်မှာ ခေါင်းအုံး ဒါမှမဟုတ် လက်ကိုအုံးပါ။• ရင်ဘတ်က တင်ပါးထက်နိမ့်နေစေဖို့အတွက် တင်ပါးအောက်မှာ ခေါင်းအုံးတစ်လုံးခံပေးပါ။• ပြီးရင် နှာခေါင်းကနေတဆင့်လေကို ဖြည်းဖြည်းချင်းရှူသွင်းပြီး ပါးစပ်ကနေတဆင့် ဖြည်းဖြည်းချင်းရှူထုတ်ပါ။ အဆုံးသတ်မှာအားနဲ့ အထဲက လေတွေကို ရှူထုတ်ပါ။ မိနစ်အနည်းငယ်ကြာ ဆက်လုပ်ပေးပါ။ တစ်ဖက်ပြီးတစ်ဖက်လုပ်ပါ။မှောက်ရက်အနေအထား။• ခေါင်းအုံးပေါ်မှာ မှောက်ရက်အနေအထားလှဲချလိုက်ပါ။• တင်ပါးကို ရင်ဘတ်ထက်မြင့်နေစေဖို့ ခေါင်းအုံးခုထားပေးပါ။• လက်နှစ်ဖက်ကို မေးစေ့အောက်မှာထားပေးပါ။• ပြီးရင် နှာခေါင်းကနေတဆင့်လေကို ဖြည်းဖြည်းချင်းရှူသွင်းပြီး ပါးစပ်ကနေတဆင့် ဖြည်းဖြည်းချင်းရှူထုတ်ပါ။ အဆုံးသတ်မှာအားနဲ့ အထဲက လေတွေကို ရှူထုတ်ပါ။ မိနစ်အနည်းငယ်ကြာ ဆက်လုပ်ပေးပါ။လေ့ကျင့်ခန်းလုပ်ပါ။ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာက ခန္ဓာကိုယ်ကိုတင်ကြံ့ခိုင်သန်စွမ်းစေတာမဟုတ်ပါဘူး။စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေနိုင်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်မှုကပဲ ရောဂါတွေကို ရင်ဆိုင်တဲ့အခါ အကောင်းဆုံးခွန်အားပေးနိုင်မှာပါ။ ဒါကြောင့် နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ သွေးလည်ပတ်မှုကောင်းစေပြိး ကိုယ်တွင်းမှာ အောက်ဆီဂျင်တွေ အများအပြားရစေနိုင်သလို အဆုတ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။ဒီနည်းလမ်းလေးတွေသုံးလို့ အဆုတ်ထဲက ချွဲတွေနဲ့အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး နေ့ရက်တိုင်းကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/pneumonia/how-to-remove-phlegm-from-lungs/
ဒေါသတွေနဲ့ အိပ်ရာ မဝင်ပါနဲ့
ညဘက် အိပ်ချိန်ဆိုတာက တစ်နေ့တာလုံး ပင်ပန်းသမျှကို အနားယူတဲ့ ကာလပါ။ ဒီလိုတစ်နေ့တာ ပင်ပန်းခဲ့သမျှကို အနားယူတဲ့အိပ်စက်ချိန်မှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိစေဖို့အတွက် စိတ်ရောကိုယ်ပါ သက်သောင့်သက်သာ ဖြစ်နေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဒီလိုမျိုးအိပ်စက် အနားယူချိန်မှာဒေါသတွေနဲ့ အိပ်ရာ မဝင်ပါနဲ့ လို့ပြောပါရ​စေ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။ကျန်းမာပျော်ရွှင်တဲ့ လူသားတစ်ယောက် ဖြစ်ဖို့ဆိုရင် တစ်ညတာကို အနည်းဆုံး အိပ်ချိန် ၆ နာရီ ရှိဖို့လိုပါမယ်။ ဘေဘီလေးတွေဆိုရင် ၈ နာရီနဲ့ ၈ နာရီအထက် လိုအပ်မှာ ဖြစ်ပါတယ်။ ဒါမှလည်း ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အင်အားတွေကို ပြည့်ဝစေမှာ ဖြစ်ပြီး ဆီးချို၊ သွေးတိုးတို့လိုမျိုး နာတာရှည် ရောဂါတွေ ကင်းဝေးစေမှာပါ။ညဘက်ကို အိပ်စက်တယ်ဆိုတဲ့ နေရာမှာလည်း ပြည့်ဝလုံလောက်တဲ့ အိပ်စက်မှု ဖြစ်ဖို့လိုပါမယ်။ အိပ်ရေးဝဝ အိပ်တာက နောက်နေ့ မနက်မှာ လန်းဆန်းတက်ကြွစွာ နိုးထစေနိုင်ပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်းကို တိုးစေနိုင်သလို ပေါင်းသင်းဆက်ဆံရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ဆိုရင် ညဘက် အိပ်ချိန်မှာ ပူပင်စိတ်ဆိုးမှုတွေ ကင်းစင်ပြီး ကောင်းမွန်စွာ အိပ်စက် အနားယူမိဖို့ လိုပါမယ်။တစ်နေ့တာမှာ ပင်ပန်းသမျှကို တင်းခံ ရုန်းကန်ပြီးစိတ်ဖိစီးမှုများနေတာကြောင့် စောစော အိပ်ရာဝင်တာပဲ ကောင်းမယ်လို့ တွေးနေတုန်း မိသားစုဝင် တစ်ဦးဦး ဒါမှမဟုတ် ချစ်သူ၊ အိမ်ထောင်ဖက်၊ သူငယ်ချင်းတို့နဲ့ စကားများပြီး ဒေါသတွေနဲ့ အိပ်ရာဝင်ရတဲ့ အခြေအနေမျိုးတွေ ​ကြုံဖူးသူတွေ ရှိမယ်ထင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဒေါသတွေနဲ့ အိပ်ရာမဝင်ဘဲ မပြုံးမရယ်နိုင်ရင်တောင် အတတ်နိုင်ဆုံး ပြေရာပြေကြောင်း အခြေအနေ တစ်ရပ်ကို ဖန်တီးပြီး အိပ်ရာဝင်ပါလို့ ပြောပါရစေ။ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ဒီအကြောင်းအရင်းတွေကြောင့်ပါ။မအိပ်ခင်မှာ စိတ်ဆိုးစကားများပြီး ဒေါသတွေနဲ့ အိပ်ရာဝင် တဲ့အခါ စိတ်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို တနုံ့နုံ့ တွေးနေတော့မှာပါ။ ဒီလိုတွေးရင်း ငါကိုမှ ပြောရက်တာ၊ ငါ့ကိုမို့လို့ အခုလို ဆက်ဆံပြုမူတာဆိုတဲ့ အတွေးတွေ ခေါင်းထဲဝင်လာပြီး ဒေါသဖြစ်တာ၊ စိတ်မကောင်းတာတွေကို ခံစားရပြီး ညဘက်မှာ ကောင်းကောင်း အိပ်ပျော်ဖို့ ခက်သွားမှာပါ။ဒီလို ကောင်းကောင်း အိပ်ပျော်ဖို့ ခက်သွားတာက အဝလွန်တာ၊ စိတ်မကြည်လင်တာ၊အပြုသဘောဆောင်တဲ့တွေးခေါ်နိုင်စွမ်းကျဆင်းလာတာ၊အဆိုးမြင်စိတ်များလာတာတွေ ဖြစ်ပြီး ဆက်ဆံရေးတွေ ပိုဆိုးလာစေနိုင်ပါတယ်။စိတ်ဆိုးမှုတွေ ကြာရှည်နေတာလောက် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတာ မရှိပါဘူး။ ရန်ဖြစ်တယ်။ မကျေနပ်တာတွေ ပြောကြတယ်။ အော်ရင်းဟစ်ရင်း ပြီးသွားတယ်ဆိုရင်စိတ်ထဲပေါ့ပါးသွားပါတယ်။ ဒီလိုမှ မဟုတ်ဘဲ တအုံတနွေးနွေး ဖြစ်နေတာက စိတ်ဆိုးမှုတွေကို အဓွန့်ရှည်စေပါတယ်။အိပ်ရာမဝင်ခင်မှာ စိတ်ဆိုးရန်ဖြစ်ပြီး ဒေါသတွေနဲ့ အိပ်ရာဝင်သွားတဲ့အခါ အဆိုပါ စိတ်ဆိုးမှုတွေက ပိုကြာရှည်တတ်ပါသတဲ့။ ကဲ …. စိတ်ဆိုးရင်တောင် ပြေလည်အောင် ညှိနှိုင်းပြီးမှ အိပ်ရာဝင်ကြပါနော်။စိတ်ဆိုးပြီး အိပ်ရာဝင်မှုက နောက်တစ်နေ့ရဲ့ မနက်ခင်းကိုပါ စိတ်ညစ်စရာ ဒေါသဖြစ်စရာတွေနဲ့ နိုးထစေပြီး တက်ကြွလန်းဆန်းမှုတွေ အကောင်းမြင်မှုတွေကို ပျောက်ဆုံးစေလို့ နောက်တစ်နေ့တာမှာပါ အဆင်မပြေမှုတွေကို ခံစားရစေနိုင်ပါတယ်။အခန့်မသင့်ရင်ဖျားနာတာမျိုး၊ခေါင်းကိုက်တာမျိုးတွေကိုပါ ခံစားရစေနိုင်ပါတယ်။ဒါကြောင့် တစ်နေ့တာ ပင်ပန်းသမျှကို အနားယူရမယ့် ညအိပ်ချိန်မှာ ဒေါသတွေနဲ့ အိပ်ရာ မဝင်ပါနဲ့ လို့ အကြံပြုပါရစေ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/do-not-go-to-bed-angry/
အိမ်ပြင်ထွက်ဖို့ ကြောက်နေပြီလား
COVID-19ရောဂါကပ်ဘေးကြီး ကမ္ဘာတစ်ဝှမ်းမှာ ပျံ့နှံ့လာနေတာဟာ လအတော်ကြာလာခဲ့ပြီဖြစ်ပါတယ်။ လူသန်းပေါင်းများစွာကို ရောဂါကူးစက်ခံခဲ့ရပြီး သေဆုံးသူအရေအတွက်လည်း ၂ သိန်း ၆ သောင်းကျော်အထိ ရှိခဲ့ပါတယ်။ဒီဆိုးရွားလှတဲ့ ကူးစက်ရောဂါ ကပ်ဘေးကြီးဟာ ကမ္ဘာတစ်ဝှမ်းက လူတွေဆီကိုကူးစက်မြန်အဆုတ်ရောင်ရောဂါအပြင် တခြားသော ဘေးထွက်ဆိုးကျိုးတွေကိုပါ ယူဆောင်လာခဲ့ပါတယ်။ဒီရောဂါဟာ နဂိုနာတာရှည်ရောဂါအခံရှိသူတွေကို ပိုမိုထိခိုက်စေခဲ့သလို ပုံသဏ္ဍာန်မျိုးစုံနဲ့ ကူးစက်ပြန့်နှံ့နိုင်တာကြောင့် နေအိမ်တွင်းမှာသာနေထိုင်ကြဖို့ အစိုးရအာဏာပိုင်တွေက တိုက်တွန်းမှုတွေပြုလုပ်ခဲ့ကြပြီး Stay Home အနေနဲ့ နေအိမ်တွေကနေ အပြင်ကို မထွက်ဖို့ နှိုးဆော်ထားပါတယ်။Stay Homeလုပ်ဆောင်ချက်ဟာ ရောဂါကာကွယ်ရေးမှာ ထိရောက်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပေမယ့် တခြားဘက်မှာလည်း နောက်ဆက်တွဲအကျိုးဆက်တွေကို လူအများအနေနဲ့ ခံစားခဲ့ကြရပါတယ်။အဓိကအားဖြင့် Stay Home ကာလတွေမှာ လူအများစုဟာ နေအိမ်ကနေ အပြင်ကို ထွက်ဖို့ စိတ်ဆန္ဒပြင်းပြကြလေ့ရှိပါတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေ ရှိလာကြတာမို့ စိတ်ကျန်းမာရေးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေပြုလုပ်ဖို့ ကျန်းမာရေးဌာနတွေက တိုက်တွန်းကြတာဖြစ်ပါတယ်။ဒါပေမယ့် အိမ်ပြင်ထွက်ချင်၊ စိတ်ဖိစီးမှုများလာတာ၊ စိတ်ဒဏ်ရာရတာတွေချည်းပဲ Stay Home ရဲ့ ဘေးထွက်ဆိုးကျိုးတွေ မဟုတ်ကြပါဘူး။ နောက်ထပ် လူမသိသူမသိ ဘေးထွက်ဆိုးကျိုးတစ်မျိုးလည်းရှိနေပါသေးတယ်။ဒါကတော့ အဖြစ်နည်းပေမယ့် ရေရှည်ပြဿနာတစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ လေ့လာချက်တွေအရလည်း Stay Home နေခဲ့ကြသူတွေရဲ့ ၄ ပုံ တစ်ပုံလောက်ဟာ ဒီဝေဒနာကို ခံစားကြရတယ်လို့ ဆိုကြပါတယ်။ဒါကတော့ အိမ်ပြင်ထွက်ရမှာကို ကြောက်ရွံ့ခြင်း (Fear of Leaving the House) ပါပဲ။COVID-19 ရဲ့ ဒဏ်ကို စောစောစီးစီးခံခဲ့ရတဲ့ တိုင်းပြည်တချို့ဟာ လက်ရှိအချိန်မှာ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်နေကြပြီဖြစ်ပါတယ်။တရုတ်နိုင်ငံမှာ ရောဂါကူးနှုန်း အလွန်အမင်း သိသိသာသာကျဆင်းသွားပြီဖြစ်တာကြောင့်Lockdownချထားတဲ့ မြို့တွေကို ရုတ်သိမ်းပေးခဲ့ပြီး လူတွေ အိမ်ပြင်ပြန်ထွက်ခွင့်နဲ့ လုပ်ငန်းခွင် ပြန်ဝင်ခွင့်ရလာကြပါတယ်။ အီတလီ၊ ဂျာမနီစတဲ့ တိုင်းပြည်တွေမှာလည်း လုပ်ငန်းခွင်တွေ၊ ခရီးသွားလုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေကို ပြန်ဖွင့်ကြတော့မှာဖြစ်ပါတယ်။အမေရိကန်နိုင်ငံမှာလည်း နယူးယောက်လိုပြည်နယ်မျိုးတွေမှာ ရောဂါထိန်းချုပ်ရေးအတွက် ရုံးကန်နေရပေမယ့် တိုင်းပြည်ရဲ့ နေရာအများစုကိုတော့ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးနေပါပြီ။ ဒီလိုအခြေအနေမျိုး ရောက်လာချိန်မှာ နေအိမ်ထဲကနေ အိမ်ပြင်ကို အရမ်းထွက်ချင်နေတဲ့ လူအုပ်ကြီးကြားမှာ အိမ်ပြင်ကို ပြန်မထွက်ချင်ပဲ ကြောက်ရွံ့နေတဲ့ လူတွေရှိနေတာကို သတိထားမိလာကြရပါတယ်။ဒီလူတွေဟာရောဂါပိုးကြောင့်ဖြစ်ပျက်ခဲ့တာတွေကို စွဲလမ်းနေတတ်ပြီး အပြင်ပြန်ထွက်ရင် ဘေးဘယာတွေ ကြုံရနိုင်တယ်၊ လူတွေက အန္တရာယ်ပြုနိုင်တယ်၊ ရောဂါပိုး ပြန်ကူးစက်နိုင်တယ်လို့ အလွန်အမင်း စိုးရိမ်နေသူတွေဖြစ်ကြပါတယ်။အိမ်ပြင်ထွက်ရမှာကို ကြောက်ရွံ့တဲ့ စိတ်ဝေဒနာဟာ Agoraphobia နဲ့ ဆင်တူပါတယ်။ Agoraphobia ဆိုတာက နေအိမ်လို၊ အရိပ်အကာရှိတဲ့နေရာတွေကနေ လမ်းမလို ဟင်းလင်းနေရာတွေကို ထွက်ရမှာကို ကြောက်ရွံ့တဲ့ စိတ်ဝေဒနာတစ်မျိုးဖြစ်ပါတယ်။လက်ရှိအချိန်မှာCOIVD-19ကြောင့် အပြင်ထွက်ရမှာကို ကြောက်ရွံ့တဲ့ စိတ်ဝေဒနာစွဲကပ်နေသူတွေကို Agoraphobia ဝေဒနာရှင်တွေလို့ သတ်မှတ်ခြင်းမရှိသေးပါဘူး။ ဆိုးရွားတဲ့ အခြေအနေတစ်ခုခုကို ကြုံဆုံရပြီးနောက် Shock ရကာ စိတ်ထိခိုက်သွားတဲ့ Posttraumatic stress disorder (PTSD) ရောဂါမျိုး ပိုဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။COVID-19နဲ့ Stay Home အစီအမံတွေကြောင့် Shock ရကာ အပြင်ထွက်ဖို့ စိုးရိမ်ထိတ်လန့်နေတာမို့ PSTD ဖြစ်ဖို့ ပိုအခြေအနေများတယ်လို့ ဆိုနေကြတာပါ။ ဒါပေမယ့် အပြင်ထွက်ရင် တစ်စုံတစ်ရာ ထိခိုက်မယ်၊ ရောဂါတွေကူးစက်မယ်ဆိုတဲ့ အတွေးဆိုးတွေနဲ့ ကြောက်ရွံ့နေတဲ့ လက္ခဏာတွေကတော့ Agoraphobia တွေနဲ့ အတော်ကို ဆင်တူနေပါတယ်။ယခုလို စိတ်ထဲမှာခံစားနေရတာဟာ ရောဂါပိုးအပေါ် အလွန်အမင်းကြောက်ရွံ့နေမိတာ၊ Lockdown နဲ့ Stay Home ကြောင့် စိတ်ဖိစီးမှုနဲ့ စိတ်ဒဏ်ရာ ကြီးကြီးမားမားရနေတာ၊ နဂိုအခံအားဖြင့် သံသယလွန်ကဲတတ်တဲ့လူမျိုးဖြစ်နေတာ၊ စိတ်သောက၊ စိတ်ဓာတ်ကျခြင်း၊ Social phobia နဲ့ စတဲ့ စိတ်ဝေဒနာတစ်မျိုးမျိုး အခံရှိနေတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ကျန်းမာရေးဝက်ဘ်ဆိုက်တစ်ခုရဲ့ စစ်တမ်းတစ်ခုအရ ကိုဗစ်ကြောင့်စိတ်ပိုင်းဆိုင်ရာထိခိုက်မှု တစ်စုံတစ်ရာ ခံစားနေရသူတွေရဲ့ ထက်ဝက်ကျော်ဟာ ဆွေးနွေးတိုင်ပင်မှုတွေ မခံယူကြဘူးလို့ဆိုပါတယ်။တချို့တွေက အခြေအနေတွေ မတည်ငြိမ်သေးဘူးလို့ ယူဆကြတာကြောင့်ဖြစ်သလို တချို့တွေကတော့ သူတို့မှာ စွဲကပ်နေတဲ့ဝေဒနာတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့်ဆိုတာကို မသိကြတာကြောင့်လို့ဆိုပါတယ်။တကယ်လို့ ကိုယ်က အိမ်ပြင်ထွက်ရမှာကို ကြောက်ရွံ့နေမိပြီဆိုရင် ဒါက ရောဂါပိုးကြောင့် လိုတာထက် ပိုမိုပြီးစိုးရိမ်မှုလွန်ကဲနေတာလို့ တစ်ထစ်ချ မှတ်ယူလို့မရပါဘူး။ အိမ်ပြင်ထွက်ရမှာကို အမှန်တကယ် ကြောက်ရွံ့နေတာ ဖြစ်နိုင်ပါတယ်။ဒါကြောင့် ကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေ၊ ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ တိုင်ပင်နှီးနှောမှုပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ ဂရုမစိုက်မိတာမျိုးပြုလုပ်မိမယ်ဆိုရင် ရေရှည်မှာစိတ်ကျန်းမာရေးဆိုင်ရာပြဿနာကြီးကြီးမားမားတွေ ကြုံလာရနိုင်ပါတယ်။[covid_19]။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/fear-of-leaving-the-house/
ကိုယ့်ကိုမှ ခြင်ပိုကိုက်ရတဲ့ အကြောင်းရင်း (၇) ခု
ကိုယ့်အနားမှာ ခြင်တွေ တဝီဝီဖြစ် နေသလား။ ဒါက အထူးအဆန်း မဟုတ်ပါဘူး။ ဒါပေမယ့် သူများနဲ့ ယှဉ်ထိုင်နေရင်း ကိုယ့်ကိုမှ ခြင်ပိုကိုက်ရတဲ့ အကြောင်းရင်း တွေကိုရော သိပြီးပြီလား။ခြင်ဆိုတာ ရောဂါပိုးသယ်ဆောင်လာတတ်တဲ့ သွေးစုပ်အင်းဆက်တစ်မျိုးမို့ ခြင်များများကိုက်ခံရတာ မကောင်းပါဘူး။ သူတို့ကြောင့် ဇီကာဗိုင်းရပ်စ်၊ Yellow fever၊ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားစတဲ့ ရောဂါတွေအပြင် ခုနောက်ပိုင်းခေတ်စားလာတဲ့ ဆင်တုပ်ကွေးရန်လည်း ကြောက်ရပါသေးတယ်။အတူတူထိုင်နေကြတဲ့အထဲ ကိုယ့်တစ်ယောက်တည်းကိုမှ ဝိုင်းဝိုင်းလည်နေတာ စိတ်တိုစရာပါပဲ။ ရေမချိုးထားလို့နေမှာပေါ့ ဆိုတဲ့ သူငယ်ချင်းတွေရဲ့ စနောက်မှုတွေကလည်း တမှောင့်။ ဒီဆောင်းပါးဖတ်ပြီးရင်တော့ ကိုယ့်ကိုမှ ခြင်ပိုကိုက်ရတဲ့ အကြောင်းရင်း တွေကို ရဲရဲသာ ရှင်းပြလိုက်ပါတော့။၁)ချွေးထွက်ခြင်း။ဒီသတ္တဝါအသေးစားလေးတွေက သင့်ရဲ့ ချွေးထဲမှာရှိတဲ့ လက်တစ်အက်စစ်၊ အမိုးနီးယားနဲ့ ယူရစ်အက်စစ်တို့ကို အရမ်းကြိုက်ပါတယ်။ ဒါ့ကြောင့် ကိုယ်က လေ့ကျင့်ခန်းလုပ်ထားတယ်ဆိုရင် ကြွက်သားတွေကြားမှာ လက်တစ်အက်စစ်က ဖြစ်ပေါ်လာနိုင်ပါတယ်။ခြင်တွေက ကာဗွန်ဒိုင်အောက်ဆိုက်ကိုလည်း ကြိုက်တာကြောင့် အသက်ပြင်းပြင်းရှူထုတ်သူတွေနားကို ဝိုင်းနေတတ်ပါတယ်။ ဒါ့ကြောင့်ပဲ လူကောင်ကြီးတဲ့သူတွေကို ခြင်တွေ ပိုကိုက်ပါတယ် (CO2 ထုတ်လုပ်မှုများလို့ပါ)။၂) အရောင်ရင့်တဲ့အဝတ်အစား။ခြင်တွေက အရောင်ရင့်တဲ့ အဝတ်အစားကို ကြိုက်နှစ်သက်ပါတယ်။ အနက်ရောင်ဝတ်တဲ့သူကို အကိုက်ဆုံးပါပဲ။ ခြင်တွေက အဝေးကနေ ပစ်မှတ်ကို လှမ်းရှာတတ်တာကြောင့် အရောင်ရင့်ရင် ပိုမြင်လွယ်ပါတယ်တဲ့။၃) ဘီယာနဲ့ အရက်သောက်သုံးခြင်း။ဘီယာသောက်ထားတဲ့ ညနေခင်းတွေမှာ ခြင်ကိုက်ပိုခံရတာ သတိထားမိပါသလား။ သူတို့ ကြိုက်တာက ဘီယာကိုတော့ ဟုတ်ပုံမရပါဘူး။ အရက်ကြောင့်ဖြစ်လာတဲ့ ခန္ဓာကိုယ်အပူချိန် မြင့်တက်မှုကို သိကြတာဖြစ်နိုင်ပါတယ်လို့ ဂျပန်သုတေသနတစ်ခုက ၂၀၀၂ ခုနှစ်မှာ ဖော်ပြခဲ့ပါတယ်။၄) အငန်နဲ့ အချိုများတဲ့ အစားအစာများ။ကိုယ်စားတဲ့ အစားအစာတွေကြောင့်လည်း ခြင်တွေကို ပိုဆွဲဆောင်နေတာဖြစ်နိုင်ပါတယ်။ သူတို့က လူ့အရေပြားပေါ်မှာ အငန်များတဲ့ အစားအစာတွေ၊ အချိုတွေကို အနံ့ခံသိရှိနိုင်ပါတယ်။အငန်များတဲ့ အစာကိုစားရင် လက်တစ်အက်စစ် ပိုထွက်စေလို့ အာလူးကြော်၊ ငါးခြောက်ဖုတ် စတာတွေကို စားထားရင် ခြင်တွေ ဝိုင်းနေမှာပါ။ ကိတ်မုန့်၊ ကွတ်ကီးစတဲ့ အချိုများတာတွေကို စားထားရင်လည်း အလားတူပဲ ခြင်တွေ ပိုမျက်စိကျစေပါလိမ့်မယ်။ဆန့်ကျင်ဘက်အနေနဲ့ တစ်ခုစားလို့ရတာက ကြက်သွန်ဖြူပါ။ သွေးစုပ်တတ်တဲ့ သည်ခြင်တွေက ကြက်သွန်ဖြူနံ့ကိုတော့ မုန်းပါတယ်တဲ့။ ဒါ့ကြောင့် အပေါ်မှာပြောခဲ့တဲ့ အစာတွေကို စားတော့မယ်ဆိုရင် ကြက်သွန်ဖြူကို ကြိုစားထားလို့ ရပါတယ်။၅) ရေမွှေးနဲ့ တခြားအမွှေးနံ့များ။ရေမွှေးအပါအဝင် အမွှေးနံ့အမျိုးမျိုးက ခြင်တွေကို ဆွဲဆောင်နိုင်ပါတယ်။ အမွှေးနံ့ရတဲ့သူဆီ ပိုကိုက်ကြမှာဖြစ်ပါတယ်။၆) ဘက်တီးရီးယား။ခြင်တွေက ဘက်တီးရီးယားကို နှစ်သက်ကြပြီး အရေပြားပေါ်မှာလည်း ဘက်တီးရီးယားက အများကြီး ရှိနေတတ်ပါတယ်။ ဒါ့ကြောင့် ကာကွယ်နိုင်မယ့် နည်းလမ်းက တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပြီး တတ်နိုင်သလောက် သန့်ရှင်းစွာ နေထိုင်ပါ။၇) ကိုယ်ဝန်ဆောင်များ။ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတွေကို ခြင်နှစ်ဆ ပိုကိုက်တယ်လို့ သုတေသနက ဖော်ပြပါတယ်။ကိုယ်ဝန်ဆောင်တွေက ကိုယ်အပူချိန် ပိုများပြီး ကာဗွန်ဒိုင်အောက်ဆိုက် ရှူထုတ်မှု ပိုများတာကြောင့် လို့ ဆိုပါတယ်။ဘာကြောင့်ပဲ ကိုက်ကိုက် ခြင်ကိုက်ခံရရင် ရောဂါပိုးကူးစက်နိုင်ခြေ ရှိတာကြောင့် တတ်နိုင်သမျှခြင်ရန်ကနေ ကာကွယ်ဖို့ အကြံပြုလိုပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/why-do-mosquitoes-bite-some-more/
မေမေတို့ ရင်သွေး ကို နို့ချို တိုက်ကျွေးပြီး ဆီးချိုရောဂါကို ကာကွယ်ပါ
မေမေတို့ ရဲ့နို့ရည်ဆိုတာ ရင်သွေး အတွက် အကောင်းဆုံးနဲ့ အပြည့်စုံဆုံး အာဟာရပါ။ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို သရုပ်ဖော်ပြနေတဲ့ နို့ချို တိုက်ကျွေးခြင်းဟာ ဘေဘီလေးတွေရဲ့ ကျန်းမာဖွံ့ဖြိုးမှုကို အလွန်ပဲအထောက်အကူဖြစ်စေပါတယ်။ဒါပေမယ့်နို့ချိုတိုက်ကျွေးခြင်းဟာ ရင်သွေးတွေကိုပဲ အကျိုးဖြစ်ထွန်းစေတာမဟုတ်ပါဘူး။မိခင်ဖြစ်သူကိုလည်း အကျိုးဖြစ်ထွန်းစေတာပါ။ဥပမာအားဖြင့်ပြောရရင် နို့ချိုတိုက်ကျွေးတဲ့ မိခင်တွေဟာ။ဒါတွေတင်မကပါဘူး။ ပုံမှန်နို့ချိုတိုက်ကျွေးတဲ့ မိခင်တွေဟာ ကမ္ဘာပေါ်က လူပေါင်း ၄၂၂ သန်းကို ဘေးဒုက္ခပေးနေတဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေလည်း နည်းပါးသွားမှာဖြစ်ပါတယ်။ဆီးချိုရောဂါဟာ ဖြစ်ပွားမှုများသလို လူ့အသက်တွေကို နှုတ်ယူနှုန်းလည်းမြင့်မားပါတယ်။ ဆီးချိုရောဂါကြောင့် တစ်နှစ်ကို လူ ၁ ဒဿမ ၆ သန်းဝန်းကျင် အသက်ဆုံးရှုံးနေပါတယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်ကနေစတင်ပြီး နို့ချိုတိုက်ကျွေးတဲ့ မိခင်တွေဟာ ဆီးချိုရောဂါဖြစ်နိုင်ခြေ နည်းပါးသွားတယ်ဆိုတာကို သိပ္ပံပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။Diabetes မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရဆိုရင် နို့ချိုတိုက်ကျွေးတာကြောင့် ခန္ဓာကိုယ်အတွင်းက အစိတ်အပိုင်းတွေဟာ အင်ဆူလင်တုန့်ပြန်နိုင်စွမ်းပိုမိုကောင်းမွန်လာပြီး ဒီအချက်ဟာ အမျိုးသမီးတွေမှာ ဆီးချိုဖြစ်မလာစေဖို့အတွက် ကောင်းမွန်တဲ့ အကြောင်းပြချက်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ဒီအချက်ကို ဖော်ထုတ်နိုင်ဖို့ ဆေးသိပ္ပံပညာရှင်တွေက နှစ်ပေါင်း ၃၀ ကြာ လေ့လာခဲ့ကြရတာ ဖြစ်ပါတယ်။ သူတို့ရဲ့ လေ့လာချက်တွေအရ ရင်သွေးကို နို့ချိုတိုက်ကျွေးခြင်းကြောင့်အမျိုးအစား-၂ ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကိုလည်း တိုးတက်စေနိုင်တယ်လို့ ဆိုထားပါတယ်။နို့ချိုတိုက်ကျွေးတဲ့ မိခင်တွေနဲ့ နို့ချိုတိုက်ကျွေးခြင်းမရှိတဲ့ မိခင်တွေကို အုပ်စုခွဲပြီးလေ့လာရာမှာ နို့ချိုတိုက်ကျွေးတဲ့ မိခင်တွေမှာ အမျိုးအစား-၂ ဆီးချိုရောဂါစတင်ဖြစ်ပေါ်တာမျိုးမရှိပဲ တခြားအုပ်စုမှာတော့ ဆီးချိုဖြစ်နိုင်ခြေရဲ့ အစဖြစ်တဲ့ သွေးတွင်းသကြားဓာတ်မြင့်တက်လာတာတွေ၊အင်ဆူလင်တုန့်ပြန်မှုလက္ခဏာတွေ မြင်တွေ့လာရပါတယ်။နို့ချိုတိုက်ကျွေးတဲ့ မိခင်တွေရဲ့ ခန္ဓာကိုယ်ဟာ ကိုယ်တွင်းကို ဝင်ရောက်လာတဲ့ ဂလူးကို့စ်တွေကို ပိုပြီးအကျိုးရှိရှိအသုံးချနိုင်ကြတာမို့ သွေးတွင်းသကြားဓာတ်ပမာဏလည်း မြင့်တက်လာခြင်းမရှိတော့ပါဘူး။ဒါပေမယ့် ဒီလေ့လာချက်တွေမှာဖော်ပြထားတာက ရင်သွေးကြီးပြင်းလာလို့ နို့ချိုတိုက်ကျွေးချိန် ကုန်လွန်သွားချိန်မှာတော့ စားသောက်နေထိုင်မှုပုံစံပေါ်မူတည်ပြီး ဆီးချိုရောဂါဖြစ်ချင်ဖြစ်လာနိုင်တယ်လို့ ဆိုထားတာပါပဲ။မိခင်နို့တိုက်ကျွေးတဲ့ကာလတွေမှာ နို့ကိုမပြတ်ထုတ်လုပ်နေတာကြောင့် သွေးတွင်းက သကြားဓာတ်ပမာဏကို ထိမ်းချုပ်ထားနိုင်ပြီး ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချထားနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် နို့တိုက်ကျွေးတဲ့ကာလကို ကျော်လွန်သွားချိန်မှာတော့ ဆီးချိုရောဂါစွဲကပ်လာနိုင်မလားဆိုတာက ကိုယ့်ရဲ့ နေထိုင်စားသောက်ပုံနဲ့ ပိုပြီးသက်ဆိုင်သွားတော့မှာပါ။မေမေတို့အနေနဲ့ နို့ချိုတိုက်ကျွေးရတာမျိုးမရှိတော့ချိန်မှာ သာမန်လူတစ်ယောက်လိုပဲ ဆီးချိုအန္တရာယ်ရှိလာမှာပါ။ နေထိုင်စားသောက်မှုကို ဂရုပြုဖို့ လိုအပ်လာပါပြီ။ ကမ္ဘာပေါ်က လူအများစု ဆီးချိုဝေဒနာခံစားရကြရတဲ့ အဓိက အချက်ကလည်း စားသောက်နေထိုင်တဲ့ Lifestyle ကြောင့်ပဲ မဟုတ်လား။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/how-breastfeeding-helps-reduce-type-2-diabetes/
အများသုံး သန့်စင်ခန်းထဲ မဖြစ်မနေ ဝင်ရတော့မယ်ဆိုရင်
ကျွန်တော်တို့ အပြင်မှာ သွားရင်းလာရင်း ရုတ်တရက်ကြီးအပေါ့အပါးသွားချင်လာတာမျိုး ကြုံဖူးကြမှာပါ။ အိမ်ကလည်း ပြန်လို့ မဖြစ်၊ ရုံးပြန်သွားဖို့ကလည်း အချိန်မမီဆိုရင် ရွေးချယ်စရာ ဆိုလို့ အပြင်ဘက်က ၁၀၀၊ ၂၀၀ ပေးပြီး တက်ရတဲ့ အများသုံးသန့်စင်ခန်းတွေရယ်၊ ရှော့ပင်းစင်တာတွေက သန့်စင်ခန်းတွေပဲ ရှိတော့တာပေါ့။ သန့်စင်ခန်းဆိုတဲ့ အတိုင်းရောဂါပိုးတွေက အမြဲရှိနေမှာပါပဲ။ လူနည်းနည်းပဲ နေတဲ့ အိမ်က အိမ်သာတောင် မသန့်ရှင်းဘူးဆိုရင် အပြင်က လူပေါင်းများစွာ မိနစ်၊ စက္ကန့်နဲ့အမျှ ဝင်ထွက်နေတဲ့သန့်စင်ခန်းတွေဆိုတာ ပိုလို့တောင် ညစ်ပတ်နေမှာပါ။ ဒီအတွက် သိထားသင့်တဲ့ အများဆုံး သန့်စင်ခန်းသုံး တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ အချက်တွေရယ်၊ ဆောင်ရန်၊ ရှောင်ရန်တွေကို ဒီဆောင်းပါးမှာ ဗဟုသုတ အဖြစ်နဲ့ ပြောပြပေးချင်ပါတယ်။၁။ မလိုအပ်ဘဲ နံရံတွေ၊အိမ်သာသုံး ပစ္စည်းတွေကို မကိုင်ပါနဲ့။၂။ ဘိုထိုင် အိမ်သာတွေ အသုံးမပြုခင်မှာ အပြားကို အရင်ချပြီး တစ်သျှူးကို ရှည်ရှည်လေး ၂ဖြတ် ဖြဲလိုက်ပါ။ ပြီးရင် ထိုင်မယ့် အပြားပေါ်မှာ ဘယ်တစ်ဖက်၊ ညာတစ်ဖက် တစ်သျှူးတင်ပြီး အဲ့အပေါ်ကို ထိုင်ပါ။၃။ တချို့ အများသုံးသန့်စင်ခန်းတွေမှာ အပြားသန့်ရှင်းရေးလုပ်ဖို့ အရက်ပြန်တွေ၊ ဆပ်ပြာတွေ ထားပေးထားတတ်ပါတယ်။ အိမ်သာမတက်ခင် တစ်သျှူးနည်းနည်းဖြဲ ပြီးရင်အရက်ပြန်ထည့်ပြီး တစ်သျှူးနဲ့ ကိုယ်ထိုင်မယ့် အပြားပေါ် သေချာပွတ်တိုက်ပြီး သုတ်ပေးပါ။၄။ အဝတ်အစား၊ စားစရာပစ္စည်း၊ဈေးခြင်းတောင်း၊ ပလတ်စတစ်အိတ်တွေကို တတ်နိုင်ရင် ကြမ်းပြင်မှာ မချထားပါနဲ့။၅။ ဝမ်းချုပ်နေတာက လွဲရင် အိမ်သာထဲမှာ အကြာကြီး မနေပါနဲ့။၆။ ဖုန်းထုတ်သုံးပြီး အိမ်သာကို ဇိမ်ပြေနပြေ တက်တာမျိုး မလုပ်ပါနဲ့။ရောဂါပိုးတွေ၊ ဘက်တီးရီးယားတွေက လေထဲကနေ ဖုန်းစကရင်ပေါ်ကို ကပ်သွားနိုင်သလို အဲ့လို အချိန်ကြာကြာ အိမ်သာတက်ခြင်းက ရေရှည်မှာလိပ်ခေါင်းရောဂါ ဖြစ်နိုင်စေပါတယ်။၇။ အပြင်က ဆီးသွားကြွေခွက်မှာပဲ ဖြစ်စေ၊ အထဲက ဘိုထိုင်အိမ်သာ သို့မဟုတ် ဆောင့်ကြောင့်ထိုင်တဲ့ အိမ်သာဖြစ်စေ၊ ကိုယ့်ရဲ့ အညစ်အကြေး၊အပေါ့အပါး စွန့်ပြီးတာနဲ့ ရေပြန်ဆွဲချပါ သို့မဟုတ် ရေလောင်းပါ။၈။ ဘိုထိုင်အိမ်သာဆိုရင်တော့ ရေဆွဲမချခင် အဖုံးအုပ်ပြီးမှ ဆွဲချပါ။ ဒီအတိုင်း ဆွဲချလိုက်တဲ့အခါ ရေအားရဲ့ အရှိန်ကြောင့် အောက်မှာ ရှိနေတဲ့ အညစ်အကြေးတွေမှာ ကပ်ငြိနေတဲ့ ရောဂါပိုးတွေက လေထဲက တစ်ဆင့် မျက်နှာ၊ အဝတ်အစားတွေဆီ ကပ်ငြိသွားနိုင်ပါတယ်။၉။ ကိုယ့်ရဲ့ အလုပ်တာဝန် ပြီးဆုံးသွားပြီဆိုရင် လက်ပြန်ဆေးဖို့ မမေ့ပါနဲ့၊ အထူးသဖြင့်ယောက်ျားလေးများ အပေါ့သွားတာပဲ ဆေးစရာ မလိုဘူးဆိုပြီး ဒီအတိုင်း အပြင်ပြန်ထွက်လာတာမျိုး မလုပ်ပါနဲ့။၁၀။ လက်ဆေးတဲ့အခါ ဆပ်ပြာသည် မဖြစ်မနေ ပါရပါမယ်။ ရေနဲ့ အသား ထိရုံပဲဆိုပြီး လုပ်လို့ မရပါဘူး။ ဆပ်ပြာနဲ့ လက်အရေပြား၊ လက်ဖဝါး၊ လက်ဖမိုး၊ လက်ချောင်းကြား၊လက်သည်းကြားတွေကို အနည်းဆုံး စက္ကန့် ၂၀ခန့် သေချာတိုက်ချွတ်ဆေးကြောပြီးပြီဆိုမှ ရေပြောင်စင်အောင် ဆေးပါ။၁၁။ လက်ဆေးပြီးသွားတဲ့အခါ ရေခြောက်အောင် သုတ်ဖို့ တစ်သျှူးကို အဓိက အသုံးပြုပါ။ လက်အခြောက်ခံစက်ထဲမှာ ပိုးမွှားပေါင်းများစွာ ကပ်နေနိုင်တဲ့အတွက် တတ်နိုင်သလောက် အသုံးမပြုပါနဲ့။ခုပြောပြခဲ့တဲ့ အများသုံးသန့်စင်ခန်း ဝင်တဲ့အခါ ဆောင်ရန်၊ ရှောင်ရန်တွေကို သေချာ နားလည်သဘောပေါက်ပြီး လိုက်နာမယ်လို့ မျှော်လင့်ပါတယ်။ ခုလိုCovid-19ကပ်ဘေး ကာလမှာ လက်ကို သေချာဆေးဖို့ အရမ်းအရေးကြီးတယ်ဆိုတာလည်း မမေ့နဲ့ဦးနော်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%a1%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%9e%e1%80%af%e1%80%b6%e1%80%b8-%e1%80%9e%e1%80%94%e1%80%b7%e1%80%ba%e1%80%85%e1%80%84%e1%80%ba%e1%80%81%e1%80%94%e1%80%ba%e1%80%b8%e1%80%91%e1%80%b2/
တုပ်ကွေးအဖြစ်များတဲ့ ဆောင်းရာသီကာလကို ပြန်ရောက်လာပြီနော်
တုပ်ကွေးအဖြစ်များတဲ့ ဆောင်းရာသီကာလကို ပြန်ရောက်လာပြီနော် …. ဒီလို ပြောရတာက ကိုယ်တိုင်ရော ချစ်ရတဲ့ မိသားစုဝင်တွေမှာပါ တုပ်ကွေး မဖြစ်အောင် ဂရုစိုက်ဖြစ်စေဖို့ပါ။ပုံမှန်အားဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာကမိုးတွင်းကာလဆိုရင် တုပ်ကွေး၊ ငှက်ဖျားတွေ စတင်ဖြစ်ပြီး အေးတဲ့ ဆောင်းရာသီ ရောက်ပြီဆို ဒီလို ဖျားနာခြင်းတွေဟာ ပုံမှန်ထက် ပိုပြင်းထန်နိုင်သလို တစ်ဦးကနေ နောက်တစ်ဦး ကူးစက်ဖို့လည်း အရမ်းမြန်တာကို မမေ့သင့်ပါဘူး။တုပ်ကွေးအဖြစ်များတဲ့ ဆောင်းရာသီကာလကို ပြန်ရောက်လာပြီဖြစ်တာကြောင့် ကျန်းမာရေးကို ဂရုစိုက်ကြဖို့ ပြောချင်ပါတယ်။ ဆောင်းရာသီမှာ တုပ်ကွေး အဖြစ်များပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီလို တုပ်ကွေးကို ဖြစ်စေတဲ့ရောဂါပိုးတွေဟာ အေးမြပြီး ခြောက်သွေ့တဲ့ ရာသီမှာ အသက်ရှင်ရ လွယ်ကူသလို ချမ်းစိမ့်တဲ့ လေတွေထဲမှာလည်း အမြဲလိုလို ပါနေတတ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ နိုင်ငံမှာ ကျန်းမာရေး ဗဟုသုတ နည်းလွန်းတဲ့သူ အများစုရဲ့ လက်ကိုင်ပဝါနဲ့ ပါးစပ်ကို မအုပ်ဘဲ နှာချေ၊ချောင်းဆိုးတတ်တဲ့ အကျင့်ဆိုးကြောင့် ပုံမှန်ထက် ပိုပြီး တုပ်ကွေးတွေ အဖြစ်များ နိုင်ပါတယ်။ကဲ ဒါဆိုရင် တုပ်ကွေး ရာသီမှာ ကိုယ်ရော ကိုယ့် မိသားစုပါ ကျန်းမာပျော်ရွှင်နေဖို့ မလိုလားအပ်တဲ့ ဖျားနာခြင်းတွေ မဝင်လာအောင် ခုကတည်းက ကာကွယ်ကြဖို့ အကြံပေးလိုက်ပါတယ်နော်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/prevention-of-flu-in-winter/
ဘေဘီလေးကို ရေညှိကျွေးပေးတဲ့အခါ
ရေညှိထမင်းလိပ်တယ်။ဘေဘီလေးက နည်းနည်းဆိုပြီး ပါးစပ်ဟတယ်။ ရေညှိကြော်လေး စားလည်းမေမေသားသားဆိုပြီး ပါးစပ်ဟတယ်။ ဟယ် စားလို့ တည့်ပါ့မလား။ မကျွေးရင်လည်း ငိုနေပြီဆိုတော့ ဘယ်လို လုပ်ရမလဲဆိုပြီး အကြံအိုက်နေတဲ့ မေမေတွေ ရှိလား……….။မေမေတိုင်း သိချင်နေမယ့် ဒီမေးခွန်းလေးကို ဖြေပေးရမယ်ဆိုရင်တော့ ဟုတ်ကဲ့ ကျွေးလို့ ရပါတယ်ပေါ့။ ဒါပေမယ့် သတိထားရမယ့်အချက်လေးတွေတော့ ရှိတယ်နော်။ဘေဘီလေးကို ရေညှိကျွေးတဲ့အခါအရသာတွေ ဖြည့်စွက်ထားတာမျိုး မဖြစ်ဖို့တော့ လိုပါမယ်။ဆားတောင် နည်းနည်းပဲ စားရမယ့် ဘေဘီလေးကိုအချိုမှုန့်၊ အရသာမှုန့်တွေပါနေတဲ့ ရေညှိကျွေးတာကတော့ကောင်းကျိုးထက်ဆိုးကျိုးပိုနေမယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုအောင်ပါ။ကျွေးလို့ ရတာကတော့ ဟုတ်ပါပြီ။ ဘယ်အရွယ်မှာ ရေညှိ စကျွေးရမလဲ။ သဘာဝ ရေညှိ စစ်စစ်ကို ဘေဘီလေး ၆ လအရွယ်မှာ စကျွေးလို့ ရပါတယ်။ ရေညှိကို အချပ်လိုက် ဆိုတာထက်solid foodစစားတတ်တဲ့ ဘေဘီလေးက သွားမပေါက်သေးသလိုမျိုချမှုကို လေ့ကျင့်ဆဲ ဖြစ်တာကြောင့် သေချာလေး ကြိတ်ခြေပြီး ကျွေးဖို့တော့ လိုပါမယ်။ ဒီလိုမှမဟုတ်ရင်လည်းကြက်စွပ်ပြုတ်လေးထဲကို ထည့်ပြီး ပြုတ်ပေးတာမျိုးပေါ့။ဘေဘီလေးက ၁၅ လ ကနေ ၁၈ လလောက်ရပြီဆိုရင် ရေညှိချပ်လေးတွေကို သေးသေးဖဲ့ပေးရင်း စခွံလို့ ရပါပြီ။ အရသာတော့ မပါစေနဲ့ဦးနော်။ ဘေဘီလေးကို ဝါးစားဖို့လည်း သတိပေးပေါ့။ရေညှိမှာဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွာ ပါဝင်နေပါတယ်။ ဘေဘီလေးကြီးထွားဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးတဲ့ အရေးပါတဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေပေါ့။ အစာရွးတဲ့ ကလေးတွေကို လိုအပ်တဲ့ အာဟာရ ပေးနိုင်မယ့်စားစရာတစ်ခုဆိုလည်း မမှားပါဘူး။ဒီတော့ ဘေဘီလေးကို ရေညှိကျွေးပေးမယ်ဆိုရင် အာဟာရ ပြည့်သလို အခုလိုအကျိုးကျေးဇူးတွေလည်း ရနိုင်ပါတယ်။အမျှင်ဓာတ်ပါဝင်နေတာကြောင့် ဘေဘီလေးကို အစာခြေစနစ် ကျန်းမာစေပြီးအူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေဖို့ အထိရောက်ဆုံး အားဖြည့်ပေးပါတယ်။ရေညှိမှာ အိုင်အိုဒင်းဓာတ်ပါဝင်နေတာကြောင့် ကလေးရဲ့ သိမြင်မှုစွမ်းရည်ကို တိုးတက်စေနိုင်ပါတယ်။အာရုံစူးစိုက်မှုကောင်းစေပြီး သင်ယူနိုင်စွမ်းတိုးစေပါတယ်။ဘေဘီလေးကိုသိုင်းရွိုက်ကျန်းမာစေပြီး ရုပ်ပိုင်းဆိုင်ရာ အကောင်းဆုံး ကြီးထွားစေဖို့လည်း အားဖြည့်ပေးပါတယ်။ ရေညှိမှာပါတဲ့ အိုင်အိုဒင်းက ပျော်ဝင်လွယ်ပြီး ကလေးကို လုံလောက် ပြည့်ဝစွာ ရရှိစေနိုင်ပါတယ်။ရေညှိမှာ သံဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့်ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင် ရောက်ရှိမှု ကောင်းမွန်စေပါတယ်။ အင်အားပြည့်ဝစေပြီး ဘေဘီလေးကိုသွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ ညဘက်တွေမှာလည်း ဘေဘီလေးကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အားဖြည့်ပေးမှာပါ။ရေညှိမှာ ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် ဘေဘီလေးကိုအရိုးနဲ့သွားတွေ သန်မာစေပါတယ်။ ရေညှိမှာပါတဲ့ကယ်လ်ဆီယမ်ကနို့ထွက်ပစ္စည်းတွေကနေ မရနိုင်တဲ့ ကယ်လ်ဆီယမ် အမျိုးအစားပါ။ရေညှိမှာပရိုတင်း၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ် အပါအဝင် ဘေဘီလေးကို ကြီးထွားဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ် ၅၆ မျိုးအထိ ပါဝင်နေတာကြောင့် ဘေဘီလေးကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/baby-eating-seaweed/
ကြောင်လျှာပွင့်လေးတွေ ကဆေးဖက်ဝင်လား .....
ကြောင်လျှာသီးကို လူတော်တော်များများက စားကြပေမယ့် ကြောင်လျှာပွင့်လေးတွေ ကိုတော့ စားတဲ့လူက သိပ်မများကြပါဘူး။ တကယ်ကတော့ ကြောင်လျှာသီးက စားကောင်းသလို ကြောင်လျှာပွင့်လေးတွေကလည်း စားလို့ ကောင်းပါတယ်။အတို့အမြှုပ်အနေနဲ့ စားလို့ကောင်းတဲ့ ကြောင်လျှာပွင့်လေးကကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ကြောင်လျှာပွင့် ဆိုတာက ကြောင်လျှာပင်ရဲ့ အပွင့်ပါ။ ပန်းပွင့် အတွင်းပိုင်းက အဝါရောင်ဖျော့ဖျော့လေးနဲ့ အပြင်ဘက်ကတော့ အနီရောင် ခပ်ဖျော့ဖျော့လေး ရှိပါတယ်။အသားထူထူလေးနဲ့ စားလိုက်ရင် ထုတ်ထုတ်နဲ့ စားကောင်းလှပါတယ်။ ပြုတ်ပြီးငပိရည်နဲ့ တို့လို့ ရသလို ပြုတ်ပြီး ပါးပါးလှီး ဆီချက်၊ မြေပဲထောင်း၊ ကြက်သွန်စိမ်း၊ နှမ်း၊ ပုစွန်ခြောက်မှုန့်တို့နဲ့ သံပုရာရည်လေး ညှစ်ပြီး သုပ်စားရင်လည်း စားလို့ ကောင်းပါတယ်။ထမင်းနဲ့ တွဲစားလို့ ရသလို အခါး ကြိုက်သူတွေအတွက်ကတော့အဆာပြေရေနွေးကြမ်းလေးနဲ့ တွဲသောက်လို့လည်း ရပါတယ်။ကြောင်လျှာပွင့်လေးကလည်း ကြောင်လျှာသီး၊ ကြောင်လျှာရွက်တို့လိုပဲ ဆေးဖက်ဝင် အာနိသင်လေးတွေ ရှိပါတယ်။ ဘယ်လိုဆေးဖက်ဝင်တာလဲဆိုတော့ ကြောင်လျှာပွင့်ကို စားပေးတာက။သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဆီးချိုရှိသူတွေ စားသုံးပေးလို့ရပါတယ်။ဆီးချိုကို သက်သာစေနိုင်သလို ကာကွယ်ဖို့အတွက်လည်း စားပေးလို့ရပါတယ်။ သွေးတွင်းသကြားဓာတ် ကျတတ်သူတွေကတော့ အများကြီး မစားသင့်ပါဘူး။ကျန်းမာနေစေဖို့ဆိုရင် ဇီဝကမ္မဖြစ်စဉ် ကောင်းမွန်ဖို့ လိုပါမယ်။ ဒီတော့ ဇီဝကမ္မ ဖြစ်စဉ် ကောင်းမွန်စေဖို့ ကြောင်လျှာပွင့်ကို စားပေးလို့ ရပါတယ်။ ကြောင်လျှာပွင့်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသလို ဇီဝကမ္မဖြစ်စဉ်ကိုလည်း တိုးတက်ကောင်းမွန် စေနိုင်ပါတယ်။ကြောင်လျှာပွင့်ရဲ့ နောက်ထပ်အာနိသင်တစ်ခုက အစာခြေစနစ်ကို ကျန်းမာစေတာပါ။ အူနံရံတွေ၊ အစာအိမ်နံရံတွေက ဆဲလ်တွေကို ကျန်းမာစေပြီး အစာအိမ် အနာဖြစ်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။အူနံရံတွေကို အာဟာရ ကောင်းကောင်း စုပ်ယူနိုင်စေဖို့ ထောက်ကူပေးပါတယ်။ကြောင်လျှာပွင့် ကို အရေပြား ဓာတ်မတည့်မှုတွေကိုလည်း သက်သာစေနိုင်ပြီး ဝက်ခြံ အပါအဝင် အရေပြားပြဿနာတွေကြောင့် ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ကြောင်လျှာပွင့် ရဲ့ နောက်ထပ် ဆေးဖက်ဝင်မှု တစ်ခုက ဆီးရွှင်စေတာပါ။ ဆီးနည်းနေသူတွေ ဆီးသွားရခက်နေသူတွေ စားသုံးပေးလို့ ရပါတယ်။သွေးထဲမှာ ကိုလက်စထရော များတာက သွေးကြောကျဉ်းတာ၊ နှလုံး ကျန်းမာရေး ထိခိုက်စေတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းကိုလက်စထရောတွေကို လျှော့ချဖို့ဆိုရင်သဘာဝဆေးနည်း တစ်ခုက ကြောင်လျှာပွင့် စားပေးတာပါ။ကြောင်လျှာပွင့် စားပေးရင်း ရရှိမယ့် နောက်ထပ် အကျိုးကျေးဇူးတစ်ရပ်က အူသိမ်ဦးပိုင်းကို သည်းခြေရည်ရောက်ရှိမှု ကောင်းစေဖို့အတွက် သည်းခြေအိတ်ကနေ သည်းခြေရည် များများ ထွက်ရှိအောင် လှုံ့ဆော်ပေးတာပါ။ဒါတွေအပြင် ကြောင်လျှာပွင့်က။ကဲ …. ကြောင်လျှာပွင့်လေးတွေ ကလည်း အခုလိုလေးတွေ ဆေးဖက်ဝင်ပါတယ်။ကြောင်လျှာပွင့်က ပုံမှန်အားဖြင့် အသုံးပြုဖို့ ဘေးကင်းပါတယ်။ ရေတိုမှာပေါ့။ ဒါပေမယ့် ကြောင်လျှာပွင့်ကို အခြားကျန်းမာရေးပြဿနာတွေအတွက် ဆေးသောက်နေရတာရှိရင် တွဲသောက်တာမျိုး မလုပ်ပါနဲ့။။ကြောင်လျှာပွင့်နဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် အလွန်အကျွံ သုံးစွဲတာ သေချာသန့်စင်တာမျိုး မရှိဘူးဆိုရင် ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/indian-trumpet-flower-benefits/
ကားမူးတာကို သက်သာစေမယ့် အိတ်ဆောင်ဆေးနည်းလေးများ
ခရီးဝေးဝေးသွားဖို့ဆို တော်တော်စဉ်းစားရတယ်။ ကားနဲ့လည်း မသွားရဲဘူး၊ လေယာဉ်လည်းမစီးဘူး၊ ရေလမ်းခရီးဆိုဝေလာဝေး၊ ရထားလည်း မဖြစ်။ ဘာကိုကြောက်နေရလဲဆိုတော့ ကားမူး၊လှေမူး၊ လေယာဉ်မူးတဲ့ အမူးရောဂါကိုပေါ့။မအီမသာ ခံစားရခက်တဲ့ ဒီဝေဒနာကို ရှောင်နေရတာ ကိုယ်တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ ဘယ်မှမသွားဘဲ မနေနိုင်တော့လည်း ကုစားနိုင်မယ့်နည်းလမ်းတွေရှာရင်း သည်းခံသွားလာရတာပါပဲ။ သွားရင်းလာရင်း တဝေါ့ဝေ့ါ့နဲ့ ထိုးအန်ရတာတွေ၊ ခေါင်းမထူနိုင်အောင် ကိုက်ခဲနေတာတွေက ကိုယ့်အတွက်ရော၊ ဘေးလူတွေအတွက်ပါ စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ဒီလိုဖြစ်တတ်တဲ့သူတွေ ခရီးသွားတဲ့အခါ ကားမူးဝေဒနာကို သက်သာလျော့ပါးစေဖို့ အထောက်အကူဖြစ်မယ့် ဆေးဖက်ဝင်ပစ္စည်းလေးတွေကို ပြောပြမယ်နော်။ချင်းက ကားမူးဝေဒနာကို သက်သာစေတဲ့အာနိသင်ရှိပါတယ်။ ချင်းလက်ဖက်ရည်ကို ထည့်လာပြီး လမ်းမှာသောက်လည်းရတယ်၊ ပါးပါးလှီးထားတာလေး ဒီတိုင်းဝါးစားလည်းရတယ်၊ နောက်ဆုံး မရှိရင် ချင်းများများပါတဲ့ မက်မန်းပေါင်းလို အချဉ်ပေါင်းထဲကလည်း ယူစားလို့ရပါတယ်။ မစားချင်ဘူးဆိုရင် ချင်းနည်းနည်းကိုတစ်ရှူးလေးနဲ့ပတ်ပြီး အနံ့ရှူလိုက်ပါ။အားလုံးသိပြီးသားဖြစ်ပေမယ့် အမြဲအသုံးဝင်တဲ့သံပရာသီးပါ။ ခရီးသွားရင် သံပရာသီးဆောင်သွားကြတာ မြင်ဖူးမှာပါ။ အလုံးလိုက်ကို အနံ့ရှူရှိုက်တာထက် လှီးစိတ်ပြီး ရှူတာ၊ သံပရာရည်နည်းနည်းလောက်သောက်တာလည်း အလုပ်ဖြစ်ပါတယ်။ခေါင်းထဲ မူးနောက်နောက်ဖြစ်လာတာနဲ့ ပူရှိန်းသကြားလုံး သို့မဟုတ် ပီကေကို စားလိုက်ပါ။ ငြီးစီစီဖြစ်တာ နည်းနည်းတော့ သက်သာသွားမှာပါ။သကြားမပါတဲ့ ပန်းသီးဖျော်ရည်(ကြိတ်ရည်)ကို အာဆွတ်ရုံ နည်းနည်းချင်း သောက်ပါ။ အစာအိမ်နဲ့အာရုံကြောတွေကို တည်ငြိမ်စေပါလိမ့်မယ်။ အများကြီးသောက်မိရင်တော့ အစာအိမ်ထဲ အရည်တွေသိပ်များပြီး အန်ထွက်နိုင်ပါတယ်။ခရီးသွားတဲ့အခါ အစာမရှိရင် အန်စရာလည်းမရှိဘူးလို့ ယူဆကြပါတယ်။ အဲဒါက မှားပါတယ်။ အစာလုံးဝမစားထားရင် ကားမူးဝေဒနာပိုဆိုးစေနိုင်လို့ ခရက်ကာ အဆိမ့်လေးဆောင်ထားပါ။ခရီးမသွားခင်ပဲဖြစ်ဖြစ် သွားနေရင်းဖြစ်ဖြစ် ကိုလာ လိုမျိုး ဂက်စ်ပါတဲ့အချိုရည်ကို နည်းနည်းချင်းသောက်ပါ။ အချိုရည်သောက်ပြီး လေတက်တဲ့အခါ ကားမူးခြင်းကြောင့်ဖြစ်ရတဲ့လေပွခြင်းကို သက်သာစေနိုင်ပါတယ်။ အများကြီးတော့ မသောက်ရပါ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%80%e1%80%ac%e1%80%b8%e1%80%99%e1%80%b0%e1%80%b8%e1%80%90%e1%80%ac%e1%80%80%e1%80%ad%e1%80%af-%e1%80%9e%e1%80%80%e1%80%ba%e1%80%9e%e1%80%ac%e1%80%85%e1%80%b1%e1%80%99%e1%80%9a%e1%80%b7%e1%80%ba/
ရေကျောက်ဆိုတာ ဘာလဲ
ခုတလော ဆေးရုံဆေးခန်းတွေမှာ ခပ်စိပ်စိပ်တွေ့နေရတာတော့ရေကျောက်ရောဂါပါ ။အများအားဖြင့် ကလေးတွေမှာ ဖြစ်တတ်ပေမဲ့ အရွယ်ရောက်ပြီးသူတွေမှာလည်း ဖြစ်နိုင်ခြေရှိပါတယ် ။ အရည်ကြည်ဖုတွေ ရက်အတန်ကြာတဲ့အထိ ဖြစ်နိုင်ပြီးတော့ နောက်ဆုံးမှာ ပေါက်ထွက်တတ်ပါတယ် ။ အနာသက်သာတဲ့အထိတော့ ရက်သတ္တပတ် ၁ပတ်ကနေ ၂ပတ်အခန့်အထိ ကြာမြင့်တတ်ပါတယ် ။ရေကျောက်ရောဂါကြောင့် နောက်ဆက်တွဲ‌ ရောဂါကြီးကြီးမားမား ဖြစ်နိုင်ခြေ အလွန်နည်းပါတယ် ။အရည်ကြည်ဖုတွေတကိုယ်လုံးအနှံ့ပေါက်နိုင်ပေမဲ့လည်း ဆိုးဝါးတဲ့ရောဂါ အခြေအနေ မဖြစ်ပါဘူး ။ ဒါပေမဲ့ တချို့သော အလွန်ဆိုးဝါးတဲ့အခြေအနေတွေမှာတော့ မျက်လုံး ၊ နှာခေါင်း၊ ပါးစပ်နဲ့ မျိူပွားအင်္ဂါတွေအထိ အရည်ကြည်ဖုတွေ ဖြစ်တတ်ပါတယ် ။ကလေးအသက် ၂နှစ်အောက် ကလေးတွေမှာတော့ ရေကျောက်ရောဂါ အဖြစ်ဆုံးပါ ။ ဒါပေမဲ့ ကလေးကြီးတွေမှာလည်း ဖြစ်တတ်ပါတယ် ။ တခြားသော ဖြစ်နိုင်ခြေရှိတဲ့သူတွေကတော့။ရေကျောက်ပေါက်နေတဲ့လူဆီကနေထွက်လာတဲ့ အမှုန်အမွှားလေးတွေကို အသက်ရှူရင်းနဲ့ဖြစ်စေ ထိတွေ့ကိုင်တွယ်မိရင်ဖြစ်စေ ရောဂါကူးစက်တတ်ပါတယ် ။ရောဂါလက္ခဏာတွေအနေနဲ့ အရင်ဆုံးကိုယ်လက် မအီမသာဖြစ်ခြင်း၊ ဖျားခြင်း ၊ မောပန်းနွမ်းနယ်ခြင်း ၊ အစားအသောက်ပျက်ခြင်း ၊ခေါင်းကိုက်ခြင်းတွေ ဖြစ်တတ်ပါတယ် ။ အဆိုပါ လက္ခဏာတွေပြပြီး ၂ရက်လောက်အကြာမှာတော့ ရေကျောက်ရောဂါရဲ့ ဝိသေသလက္ခဏာဖြစ်တဲ့ ယားတတ်တဲ့၊ အနီရောင် သို့မဟုတ် ပန်းရောင် အရေကြည်ဖုတွေခန္ဓာကိုယ်ရဲ့ နေရာအနှံ့အပြားမှာ ထွက်တတ်ပါတယ် ။ရက်အနည်းငယ်အကြာမှာတော့ အရည်ကြည်ဖု သေးသေးလေးတွေဖြစ်ပြီး နောက်ဆုံး ပေါက်တတ်ပါတယ် ။ အဆိုပါ အရည်ကြည်ဖုတွေ ပေါက်တဲ့အချိန်မှာလည်း ကိုယ်ကတဆင့် သူများကို ရောဂါကူးစေတတ်ပါတယ် ။အရည်ကြည်ဖုတွေက သာမန်အားဖြင့် ဆေးခန်းပြစရာမလိုပေမဲ့။‌ရေကျောက်ရောဂါက virus က တဆင့် ကူးစက်တဲ့ ရောဂါဖြစ်တာကြောင့် ပျောက်အောင်ကုသဖို့ ဆေးမရှိပါဘူး ။ ဒါပေမဲ့ အရည်ကြည်ဖုတွေကြောင့် ကုတ်ဖဲ့မိတဲ့အခါမှာအရေပြားပိုးဝင်ခြင်းကို မဖြစ်အောင်လို့ပိုးသတ်ဆေးပေးကောင်းပေးနိုင်ပါတယ် ။ ဒါ့အပြင် နောက်ထပ်အရေးကြီးတာကတော့ အရည်ကြည်ဖုတွေကို လုံးဝမကုတ်ခြစ်မိဖို့ အရေးကြီးပါတယ် ။အရည်ကြည်ဖုတွေကြောင့် ယားတတ်တဲ့အတွက် ကုတ်မိတတ်ပါတယ် ။ မကုတ်ဘဲ အသာအယာပွတ်ခြင်း ၊ ရေများများချိုးခြင်း ၊ အဝတ်အစား ချောင်ချောင်ချိချိ ဝတ်ခြင်း ၊ အယားသက်သာစေတဲ့ cream တွေ လူးခြင်းတွေ ပြုလုပ်သင့်ပါတယ် ။ အထူးသဖြင့် ချွေးနဲ့အပူဒဏ်က ယားယံမှုပိုဖြစ်စေတဲ့အတွက် တတ်နိုင်သမျှ အေးအေးနေပါ ။ရေလည်း များများသောက်ဖို့ လိုအပ်ပါတယ် ။ရေကျောက်တစ်ခါမှ မဖြစ်ဖူးတဲ့ကလေးငယ်တွေအနေနဲ့ ရောဂါကို ကာကွယ်ဖို့အတွက် ကာကွယ်ဆေးထိုးထားဖို့လိုကြောင်း အကြံပေးချင်ပါတယ်။အားလုံးကို ကျေးဇူးတင်ပါတယ်။ရေးသားသူ – Dr. Aung Kyaw Myint။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-viral-infections/%e1%80%9b%e1%80%b1%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac-%e1%80%98%e1%80%ac%e1%80%9c%e1%80%b2/
ခြေကျင်းဝတ် လည်ခြင်းအတွက် အရေးပေါ်နည်းလမ်းများ
ရုပ်ရှင်ထဲမှာ မင်းသမီးလေး ဒေါက်ဖိနပ်ဝတ်ပြီး မတော်ခြေခေါက်လို့ခြေကျင်းဝတ် လည်သွားရင် မင်းသားက တယုတယနဲ့ ပြန်လှည့်ပေးပေမယ့် သင်အလှည့်ကျရင်တော့ ဒါမျိုးရှိချင်မှ ရှိမှာပါ။ ဒီတော့ ကိုယ့်အားကိုယ်ကိုးပြီး ကုနိုင်အောင် သင်ထားပါ။ ဒါမှမဟုတ် မတော်တဆ ကိုယ့်ရှေ့မှာ ကိုယ့်ခရပ်ရ်ှလေးက မတော်တဆ ခြေကျင်းဝတ်လည်သွားရင်လည်း ဝင်ပြီး အမှတ်ယူနိုင်အောင် ကြိုပြီး ဖတ်ထားပါ။ ကဲ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ သူများပဲ ဖြစ်ဖြစ် ခြေကျင်းဝတ်လည်သွားရင် အရေးပေါ်လုပ်ပေးလို့ရအောင် အောက်ကနည်းလမ်းတွေကို မှတ်ထားပေးပါနော်။တကယ်တမ်းတော့ ခြေကျင်းဝတ်လည်တယ်ဆိုတာအရိုးကျိုးသွားတာ မဟုတ်ပါဘူး။ ခြေကျင်းဝတ်က အရွတ်တွေ၊ အရိုးတွေကို ဆိုင်းထားပေးတဲ့အရွတ်ဆိုင်းတွေ (ligaments) ဒဏ်ရာရသွားတာပါ။ ပြင်းထန်မှုပေါ်မူတည်ပြီး အိမ်မှာတင် ကုလို့ရသလို ဆေးရုံသွားရတာတွေလည်း ရှိပါတယ်။ ခုဆက်ပြောမယ့်နည်းလမ်းတွေက သိပ်မပြင်းထန်ရင် ဒါမှမဟုတ် ဆေးရုံမသွားခင် စပ်ကြား သက်သာအောင် လုပ်ထားနိုင်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။R I C E လို့ အတိုကောက် မှတ်ထားပေးပါ။ထိခိုက်ထားတဲ့ ခြေထောက်ကို ၂ရက် ၃ရက်လောက် မသုံးပါနဲ့။ မတ်တပ်လည်း မရပ်ပါနဲ့။ မတ်တပ်ရပ်လိုက်ရင် ခန္ဓာကိုယ်ရဲ့ body weightက ခြေထောက်ပေါ် သက်ရောက်နေမှာပါ။ သွားစရာ လာစရာ ရှိတယ်ဆိုလည်း ချိုင်းထောက်ကို သုံးပါ။ ခုနေ သေချာ မနားထားရင် ဒဏ်ဖြစ်ပြီး ပျောက်ဖို့ ကြာနေမှာပါ။မလှုပ်နဲ့ဆိုပေမယ့် ခန္ဓာကိုယ် မချိသွားအောင်၊ သွေးလည်ပတ်မှုကောင်းအောင် ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှုတော့ လုပ်ပေးလို့ရပါတယ်။ ထိခိုက်တာက တစ်ဖက်တည်းဆိုတော့ ကျန်တဲ့ ၃ဖက်က တတ်နိုင်သလောက် လှုပ်ရှားပေးပါ။ အိပ်ရာထဲမှာပဲ လှဲနေစရာ မလိုပါဘူး။ရေခဲကို တိုက်ရိုက်မဟုတ်ဘဲ ကိုယ်ခံနိုင်လောက်တဲ့ အအေးရအောင် အဝတ်လေးနဲ့ ပတ်ပြီး ကပ်ပါ။ ရောင်တဲ့နေရာကို အဓိက ကပ်ပေးပါ။ ဒဏ်ရာရရချင်း ကပ်နိုင်ရင် ပိုကောင်းပါတယ်။  တစ်ခါကပ်ရင် ၁၅မိနစ်၊ မိနစ်၂၀လောက်ထိ ကပ်နိုင်ပါတယ်။ တစ်နေ့ကို ၄ခါကနေ ၈ခါလောက်အထိ ကပ်ပေးပါ။ ပထမ ၂ရက် ဒါမှမဟုတ် အရောင်ကျတဲ့အထိ ကပ်နိုင်ပါတယ်။ သတိထားရမှာက အကြာကြီး မကပ်ဖို့ပါပဲ။ အကြာကြီးကပ်လိုက်ရင် အရောင်ကျဖို့ထက် တစ်ရှူးတွေ ပျက်စီးဖို့ ပိုများပါတယ်။ဘာကိုဖိထားရမလဲဆိုတော့ ဒဏ်ဖြစ်ထားတဲ့နေရာကိုပါ။ ဆေးတိုင်တွေမှာခြေကျင်းဝတ်ကို ပတ်ထားလို့ရတဲ့ ဆွဲဆန့်နိုင်တဲ့ပတ်တီး(elastic wrap or bandage)တွေ အများကြီး ရှိပါတယ်။ အညွှန်းအတိုင်း ပတ်ထားပါ။ ဘာမှ မရှိရင် အဝတ်နဲ့  မလျော့လွန်း မတင်းလွန်း ပတ်ထားပါ။ ဒါက အနာကို သက်သာစေသလို သိပ်မလှုပ်မိအောင်လည်း လုပ်ပြီးသား ဖြစ်သွားပါတယ်။တတ်နိုင်ရင် ခြေထောက်ကို တစ်ခုခုပေါ်တင်ပြီး မြှင့်မြှင့်မြှောက်ထားပါ။ ဒါက အရောင်ကို မြန်မြန်ကျစေပါတယ်။ခြေကျင်းဝတ်လည်တာက အပေါ်က နည်းလမ်းတွေနဲ့ သက်သာသွားတာ များပါတယ်။ ဒါပေမယ့်။ခြေကျင်းဝတ်လည်သွားတာက သက်သာဖို့ ရက်ပိုင်းကနေ လပိုင်းအထိ ကြာနိုင်ပါတယ်။ ရောဂါပြင်းထန်ပုံပေါ် မူတည်ပြီးတော့ပေါ့။ ဒီကြားထဲမှာ နာတာ မသက်သာရင် ဆေးစာမလိုအကိုက်အခဲပျောက်ဆေးတွေ ဝယ်သောက်လို့ရပါတယ်။ ရောဂါအခံတစ်ခုခုရှိရင်တော့ ဆရာဝန် ညွှန်ကြားချက်နဲ့ သောက်လို့ ရပါတယ်။ နာတာ၊ ရောင်တာတွေ သက်သာလာပြီဆိုရင်တော့ ခြေထောက်ကို ခံနိုင်သလောက် နည်းနည်းစီ စလှုပ်ပေးပါ။ တဖြည်းဖြည်းနဲ့ သက်သာလာပါလိမ့်မယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/sprained-ankle-first-aid/
ကလေးငယ်တွေကို ခေါင်းအုံးနဲ့ ပေးအိပ် လို့ရလား
လူကြီးတွေအတွက်တော့ခေါင်းအုံးဆိုတာ အိစက်ညက်ညောပြီး ညဘက်မှာ ကောင်းစွာအိပ်ပျော်နိုင်အောင် အထောက်အကူပေးနိုင်ပါတယ်။ ဒါပေမဲ့ ငယ်သေးတဲ့ကလေးတွေအတွက်တော့ အသက်အန္တရာယ်ဖြစ်စေတဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ကလေးငယ်တွေကို ခေါင်းအုံးနဲ့ ပေးအိပ် တာက အိပ်နေရင်း မတော်တဆ ဖိမိပြီး မွန်းသလို ခံစားရတာ၊ အသက်ရှူကျပ်တာ၊ အသက်ရှူမဝတာတွေ ဖြစ်နိုင်ပါတယ်။အနည်းဆုံးကလေးအသက် တစ်နှစ်အရွယ်မှသာ ခေါင်းအုံးနဲ့ သိပ်တာမျိုး လုပ်ပေးလို့ ရပါတယ်။ အဲဒီထက်ငယ်တဲ့ ကလေးတွေ၊ အထူးသဖြင့် အသက် တစ်နှစ်အောက် ကလေးတွေဆိုရင်တော့ ခေါင်းအုံးနဲ့ ပေးအိပ်သင့်ပါဘူး။အသက်တစ်နှစ်အောက် ကလေးတွေမှာ ရုတ်တရက်သေဆုံးခြင်းလက္ခဏာ (SIDS) ကို ဖြစ်စေတဲ့ တရားခံအကြောင်းရင်းတွေထဲမှာ ကလေးကို ခေါင်းအုံးနဲ့ ပေးအိပ်တဲ့အချက်လည်း ပါဝင်နေပါတယ်။ အသက်တစ်နှစ်နောက်ပိုင်းမှာတော့ သေဆုံးနှုန်း လျော့ကျသွားတယ်ဆိုပေမယ့် အသက် တစ်နှစ်ခွဲကိုတော့ အစောဆုံး ကလေးကို ခေါင်းအုံးနဲ့ ပေးအိပ်သင့်တဲ့ စံအသက်အရွယ်ဖြစ်သာ သတ်မှတ်လို့ ရပါတယ်။ကလေးတွေမှာကြီးထွားဖွံ့ဖြိုးမှုပုံစံချင်း မတူညီတဲ့အတွက် တချို့ကလေးတွေမှာ အဲဒီထက် အသက်ပိုကြီးတော့မှ ခေါင်းအုံးနဲ့ အိပ်လို့ရတာမျိုးတွေလည်း ရှိပါတယ်။အဓိက အသက် တစ်နှစ်အောက် ကလေးငယ်တွေ အိပ်ဖို့ သီးသန့် ကုတင် သို့မဟုတ်ပုခက်မှာ သိပ်တာ အကောင်းဆုံးပါပဲ။ အောက်မှာ အခင်းထူထူလေးခင်းပြီး ကလေးကို လုံလုံခြုံခြုံဝတ်ထားပေးရင် လုံလောက်ပါပြီ။ဒါ့ပြင် ကလေးကိုလူကြီးတွေနဲ့ အတူပေးအိပ်တာမျိုး၊ လူကြီးကုတင်မှာ အိပ်ခိုင်းတာမျိုးလည်း မလုပ်သင့်ပါဘူး။ မတော်တဆ ဖိမိတတ်လို့ပါ။ တစ်ခန်းတည်းတော့ အိပ်သင့်ပါတယ်။ နောက်ထပ်သိထားသင့်တဲ့ အချက်တွေကတော့။အသက် တစ်နှစ်ပြည့်ပြီးတဲ့အခါ ကလေးအတွက် ခေါင်းအုံးနဲ့ ပေးအိပ် ဖို့ အဆင်သင့်ဖြစ်မဖြစ်ကို ပုံမှန်ပြနေကျ ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုအပ်ပါတယ်။ အစောပိုင်းကာလမှာတော့ ဆရာဝန်အနေနဲ့ ခေါင်းအုံးနဲ့ သိပ်ခိုင်းပြီး ကလေးက ဒီပြောင်းလဲမှုကို ဘယ်လိုတုံ့ပြန်လဲပေါ် မူတည်ပြီး ဆက်လုပ်သင့်၊ မလုပ်သင့်ကို အကြံပေးပါလိမ့်မယ်။မေမေတို့လည်း ခုပြောတဲ့အချက်တွေကို သေချာမှတ်ထားပြီး ကိုယ့်ရဲ့ အသစ်စက်စက်ရင်သွေးလေးကို သေချာဂရုစိုက်ရင်း ပြုစုပျိုးထောင်ကြရအောင်နော်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/should-baby-use-pillow/
အဆိပ်အတောက်အဖြစ် သတ်မှတ်လို့ရတဲ့ ချစ်ခြင်းမေတ္တာဆိုတာ
လူမှုဆက်ဆံရေးမှာ Toxic လို့ ခေါ်တဲ့အဆိပ်အတောက်လို ဆက်ဆံရေးတွေ အများအပြား တွေ့ရပါတယ်။မိဘနဲ့ သားသမီးကြား၊ ဆွေမျိုးကြား၊ ချစ်သူ နှစ်ဦးကြား၊သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း၊ သူစိမ်းတွေနဲ့ အစရှိသဖြင့် ကြားထဲက ဆက်ဆံရေးကို ကြည့်လိုက်တဲ့အခါ အေးချမ်းခြင်း မရှိဘူး။ အချိန်ပြည့် ပူလောင်ဝမ်းနည်းနေရတယ်။ တစ်ယောက်ယောက်က အမြဲနာကျင်သလို ခံရခက်တဲ့ အနေအထားမှာ ရောက်နေတတ်တယ်။ နားလည်ပေးမှု၊ ကိုယ်ချင်းစာမှုတွေ မရှိဘူး။ အဲ့လိုမျိုး ကိုယ်နဲ့ ဆက်ဆံနေတဲ့ သူနဲ့အဆိပ်အတောက်လိုဝေဒနာတွေ ခံစားနေရတယ်၊ ပေးနေတယ်လို့ ခံစားမိရင် သေချာ ပြန်စဉ်းစားဖို့ အချိန်တန်ပါပြီ။ကိုယ်တိုင် သိလျက်နဲ့ ဖြစ်စေ၊ ကိုယ်တိုင် မသိဘဲ လုပ်မိတာတွေ ဖြစ်စေ၊ ကိုယ့်ရဲ့ အပြုအမူ၊ အပြောအဆိုတိုင်းဟာ တစ်ဖက်လူရဲ့ စိတ်ကို ကသိကအောင့် ဖြစ်စေသလို သူနဲ့ ကိုယ့်ကြား ဆက်ဆံရေးကိုလည်း အဆိပ်တွေ ဖုံးလွှမ်းစေနိုင်ပါတယ်။ အတွေ့များတဲ့အဆိပ်အတောက်အပြုအမူတွေကတော့။၁။ စိတ်ပိုင်းဆိုင်ရာ အရ ပံ့ပိုးပေးခြင်း၊ ဖေးမကူညီခြင်း မရှိခြင်း။၂။ စကားကို ဘုကလန့် လုပ်ပြီး အမြဲပြောခြင်း။၃။ ကျိုးကြောင်းဆီလျော်မှု မရှိဘဲ အမြဲ တစ်ဖက်သားကိုအပြစ်မြင်နေတတ်တာ။၄။ ဘာပဲ လုပ်လုပ် သံသယဝင်တာ၊ယုံကြည်မှု လုံးဝ မရှိတာ၊ သဝန်တိုတာ။၅။ လူတစ်ဖက်သားကို ထိန်းချုပ်ဖို့ ကြိုးစားတာ။၆။ ငါ့တုန်းက ဒီလိုလုပ်ခဲ့တာပဲ ဆိုပြီး စိတ်ထဲမှာ တေးမှတ်ထားတာ၊ အငြိုးအတေး ကြီးတာ။၇။ ကိုယ် ဘယ်သူနဲ့ ရှိနေတယ်၊ ဘယ်သွားနေတယ်၊ အစရှိသဖြင့် ကိုယ့်ဘဝနဲ့ ပတ်သက်တဲ့ အကြောင်းအရာ မှန်သမျှကို ဖုံးကွယ်ထားတတ်ခြင်း၊ရိုးသားမှုမရှိခြင်း။၈။ ကိုယ့်ချစ်သူ သို့မဟုတ် လူတစ်ဖက်သားကို လုံးဝ မလေးစားတတ်ခြင်း။၉။ ကိုယ်နဲ့ မတိုင်ပင်ဘဲ ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေကို ချတတ်ခြင်း (ဥပမာ – နိုင်ငံခြားပညာတော်သင် သွားတာ၊ နယ်ဆင်းပြီး အလုပ်လုပ်တာ၊ တိုက်၊ အိမ်တွေကို ဝယ်တဲ့နေရာမှာ မတိုင်ပင်ဘဲ ကိုယ့်သဘောနဲ့ ကိုယ် ဝယ်လိုက်တာမျိုး)။၁၀။ ကိုယ်ချစ်တဲ့သူနဲ့ အတူရှိနေတဲ့ အချိန်တိုင်းမှာချစ်ခြင်းမေတ္တာဆိုတဲ့ အေးမြမှု လုံးဝ မရဘဲ ပူလောင်နေတဲ့ ခံစားမှုကိုသာ ခံစားမိခြင်း။၁၁။ ကိုယ်ပြောတဲ့ စကားတွေကို လျစ်လျူရှုခြင်း၊ အလေးမထားခြင်း။၁၂။ မိမိဘဝကို ဂရုစိုက်ခြင်း မရှိဘဲ ကိုယ်ချစ်တဲ့သူကိုသာ အချိန်ပြည့် တွေးတော သတိရနေခြင်း။၁၃။ ပြဿနာကို မျိုသိပ်ထားပြီး များလာတော့မှ ထပြီး ပေါက်ကွဲခြင်း။၁၄။ တခြားသူကို ကိုယ့်စိတ်တိုင်းကျ ပြောင်းလဲဖို့၊ အုပ်စိုးဖို့ ကြိုးစားခြင်း အစရှိတဲ့ အမူအကျင့်တွေပဲ ဖြစ်ပါတယ်။အကြောင်းရင်းမှန်ကတော့ အတိအကျ သိနိုင်ဖို့ ခက်ပါတယ်။ များသောအားဖြင့် ကြီးပြင်းလာတဲ့မိသားစု၊ အသိုင်းအဝိုင်း၊ အချိန်အကြာကြီး ကိုယ့်မျက်စိရှေ့မှာ မြင်ခဲ့တဲ့ အပြုအမူတွေ၊ ကလေးဘဝကစိတ်ဒဏ်ရာမျိုး၊ လူတွေကို မယုံကြည်တတ်ရာကနေ အကြိမ်ကြိမ် သစ္စာဖောက်ခံရခြင်း၊အချစ်ရေးမတည်မြဲခြင်း၊ စိတ်ကျန်းမာရေးမှာ ချို့ယွင်းချက်ရှိခြင်း စတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်လာတယ်လို့ ကောက်ချက် ချနိုင်ပါတယ်။ဘယ်အရာမဆို ကိုယ့်ဘက်က မှားနေတယ်ဆိုရင် ပြင်ဖို့အတွက် နောက်မကျပါဘူး။ ချစ်သူရည်းစားတွေ ဆိုရင်လည်း အဲ့ဒီအတိုင်းပါပဲ။ သူ့ကို ကိုယ်တကယ် ချစ်မြတ်နိုးတယ်၊ သူနဲ့ ကိုယ့်ရဲ့ ဆက်ဆံရေးကလည်း အမြဲ ပူလောင်နေတယ်ဆိုရင် ၂ ယောက် အတူတိုင်ပင်ပြီး သူ့အမှား၊ ကိုယ့်အမှား၊ သူ့အမြင်၊ ကိုယ့်အမြင် ၂ ဖက်လုံးကို နားထောင်ပြီးတော့ ပြင်လို့ ရတာ ပြင်မယ်၊ ညှိနှိုင်းလို့ ရရင် ညှိနှိုင်းရမှာပါ။ အမြဲတမ်း ကိုယ့်ဘက်ကပဲ မှန်တယ်လို့တော့ တရားသေ တွက်လို့ မရပါဘူး။ တချို့နေရာတွေမှာ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်တတ်ဖို့လည်း လိုပါတယ်။ ဘယ်လို ဆက်ဆံရေးမှာမဆို အနည်းဆုံး ၂ဦး ရှိပါတယ်။ ဒီအတွက် ကိုယ်ကတော့ အပြုအမူတစ်ခုကို သဘောရိုး တစ်ခုနဲ့ လုပ်ခဲ့ရင်တောင် တစ်ဖက်လူရဲ့ အမြင်မှာ ဒီလိုသဘောလို့ ထင်ချင်မှ ထင်နိုင်မှာပါ။အချုပ်အားဖြင့် ပြောရမယ်ဆိုရင် စွဲလမ်းစိတ် များတဲ့ချစ်ခြင်းမေတ္တာဟာ အေးချမ်းခြင်း မရှိသလို တည်မြဲခြင်းလည်း မရှိပါဘူး။ တည်မြဲခဲ့တယ် ဆိုရင်တောင် ၂ ဖက်လုံးက ဒဏ်ရာတွေ၊ မေ့မရနိုင်တဲ့ အငြိုးအတေးတွေနဲ့ ပြည့်နေပြီး အမြဲတမ်း တကျက်ကျက်နဲ့ ရန်များနေရမှာပါ။ ဒီအတွက် အခုကတည်းက အမှားကို သိအောင် မြင်ပြီး ရအောင် ပြင်ဖို့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%a1%e1%80%86%e1%80%ad%e1%80%95%e1%80%ba%e1%80%a1%e1%80%90%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%a1%e1%80%96%e1%80%bc%e1%80%85%e1%80%ba-%e1%80%9e%e1%80%90%e1%80%ba%e1%80%99%e1%80%be%e1%80%90/
ပြုံးသင့်တဲ့ အကြောင်းအရင်း
ပြုံးပါအားရပါးရပြုံးလိုက်ပါ။ ဒီလိုပြောရတာ အကြောင်းရှိပါတယ်။ အပြုံး က ရောဂါတွေကို ကုစားပေးနိုင်လို့ပါ။တစ်နေ့တာမှာ မျက်နှာလေးကို ပြုံးထားပါ။ အပြုံးကစိတ်ရောကိုယ်ပါကျန်းမာစေဖို့ ကောင်းကောင်းအထောက်အကူပြုပေးနိုင်ပါတယ်။ အပြုံးလေးတစ်ပွင့်ပန်ဆင်ထားတာက တွေ့ရသူတိုင်းရဲ့စိတ်ကို ကြည်လင်စေနိုင်ပါတယ်။ အပြုံးလေးက လူမှုဆက်ဆံရေးကိုတင် အဆင်ပြေစေတာမဟုတ်ပါဘူး။ကျန်းမာရေးကိုပါတော်တော်လေး အထောက်အကူပြုစေတာပါ။ပြုံးပြုံးလေးနေတတ်တာက ကိုယ်တိုင်ရော သူများအတွက်ပါ​ကောင်းပါတယ်။ ပြုံးတာက။ဆွဲဆောင်မှုတိုးစေတယ်။လူမှုဆက်ဆံရေးမှာ အပြုံးလေးက တစ်ယောက်နဲ့တစ်ယောက်ကို ရင်းနှီးမှုမြန်စေပါတယ်။ ဒါ​ကြောင့် လူမှုဆက်ဆံရေး အဆင်ပြေချင်တယ်ဆိုရင် မျက်နှာလေးကို ပြုံးထားပါ။ ပြုံးတာက လူတစ်ယောက်ကို စွဲဆောင်မှုတိုးစေတဲ့ အချက်တစ်ခုပေါ့။ ဒါကြောင့်လူမှုဆက်ဆံရေးမှာ အဆင်ပြေစေဖို့ အပန်းမကြီးဘူးဆိုရင် ပြုံးပါ။စိတ်ဖိစီးမှုကို သက်သာစေနိုင်တယ်။လူတိုင်းမှာ စိတ်ဖိစိးမှုရှိနိုင်ပါတယ်။ ဒီစိတ်ဖိစီးမှုက မျက်နှာမှာ အထင်းသားပေါ်နေတတ်စမြဲပါ။ ဒီလိုဖြစ်နေမှုက ကိုယ်တိုင်မှာ စိတ်ပင်ပန်းသလို အခြားသူတွေကိုလည်း စိတ်ပင်ပန်းစေနိုင်ပါတယ်။ ဒီလိုဖြစ်နေတဲ့အခါ ပေါ့ပေါ့ပါးပါးရယ်မောတာ ဒါမှမဟုတ် ပေါ့ပေါ့ပါးပါးပြုံးနေတဲ့သူတွေကို ကြည့်လိုက်တာက တော်တော်လေး စိတ်သက်သာရာရပါတယ်။ ဒါကြောင့် စိတ်ဖိစီးနေမယ်ဆိုရင် ပေါ့ပါ့ပါးပါးပြုံးဖြစ်စေမယ့် မြင်ကွင်းလေးတွေကိုကြည့်လို့ ကိုယ်တိုင်လည်း ပေါ့ပေါ့ပါးပါးပြုံးလိုက်ပါ။ စိတ်ဖိစီးမှု ပြေလျော့သွားပါလိမ့်မယ်။စိတ်ခံစားမှုကောင်းစေတယ်။ပြုံးလိုက်တဲ့အခါ ခန္ဓာကိုယ်မှာ စိတ်ခံစားမှုကောင်းစေတဲ့ Endorphins ဟော်မုန်းတွေထွက်ရှိလာပါတယ်။  ဒီဟော်မုန်းက စိတ်ဖိစီးမှုကိုပြေလျော့စေပြီး စိတ်ပူပန်မှုတွေကိုလျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် စိုးရိမ်စိတ်တွေ ပုံမှန်ထက်လွန်ကဲလာတဲ့အခါ သတိထားပြီး ပြုံးလိုက်ပါ။ ပြုံးတာက လေ့ကျင့်ခန်းလုပ်သလောက်နီးပါး စိတ်ပူပန်မှုကို ပြေလျာ့စေနိုင်ပါတယ်။ကိုယ်ခံအားကောင်းစေနိုင်တယ်။ပြုံးတာက ကျန်းမာရေးကိုတော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်။ အပြုံးတစ်ပွင့်က ကိုယ်ခံအားကိုတော်တော်လေး ကောင်းစေတာပါ။ ပြုံးတာက စိတ်ရောကိုယ်ပါ သက်တောင့်သက်သာဖြစ်စေပြီး ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။အအေးမိဖျားနာတာကို ကာကွယ်ဖို့က လက်ဆေးတာနဲ့ ကာကွယ်လို့ရသလို ပြုံးတာနဲ့လည်း ကာကွယ်လို့ရပါတယ်။ ဒါကြောင့် ကျန်းမာချင်ရင် ပြုံးပြုံးလေးနေပါ။အပြုံးက မျက်နှာကြွက်သားတွေအတွက် လေ့ကျင့်ခန်းတစ်ရပ်ပါ။ နေ့စဉ်ပြုံးတာကမျက်နှာအသားအရေကိုတင်းရင်းစေပြီး ပုံမှန်ရှိတဲ့အရွယ်ထက် ၃ နှစ်လောက် အရွယ်တင်စေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ အရွယ်တင်နုပျိုချင်ဟုတ်…လှလှလေးပြုံးလိုက်တော့လေ။သွေးတိုးကျစေနိုင်တယ်။ပြုံးလိုက်တဲ့အချိန်မှာ သွေးပေါင်က သိသိသာသာကျသွားစေပါတယ်။  ငြိမ်ငြိမ်လေးတည်တည်ငြိမ်ငြိမ်ထိုင်ပြိး စာအုပ်ဖတ်နေတာထက် ပေါ့ပေါ့ပါးပါးလေး ပြုံးလိုက်တာက သွေးပေါင်ချိန်ကို အကောင်းဆုံးထိန်းညှိလိုက်ရာရောက်တယ်၊ လို့ လေ့လာမှုတွေအရသိရပါတယ်။ ဒါကြောင့် သွေးတိုးတတ်သူတွေအနေနဲ့ သွေးတိုး​ကြောင့် အန္တရာယ်မဖြစ်စေဖို့ဆိုရင် အာရပါးရ ပြုံးလိုက်ပါ။အသက်ရှည်စေနိုင်တယ်။လေ့လာမှုတွေအရ ပြုံးပြုံးလေးနေတတ်သူတွေက အပြုသဘောဆောင်တဲ့ အကောင်းမြင်အတွေးပိုင်ရှင်တွေဖြစ်ကြပြီး သူတို့ရဲ့ စိတ်ကလည်း ကြည်လင်နေတတ်ကြပါတယ်။ အပြုံးလေးတွေက စိတ်ရောကိုယ်ပါကျန်းမာစေနိုင်လို့ ရောဂါကင်းကြသလို အသက်ရှည်စေဖို့လည်း အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါသတဲ့။ ဒီတော့ ကျန်းမာရေးလည်းကောင်း လူမှုဆက်ဆံရေးမှာလည်း အောင်မြင်ချင်တယ်ဆိုရင်တော့ အခုကစပြီး စိတ်ကြည်နူးစရာလေးတွေ စိတ်ချမ်းသာစရာလေးတွေ ရှိလာခဲ့ရင် ပေါ့ပေါ့ပါးပါးသာပြုံးလိုက်တော့နော်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/smiling-bevefits/
စိတ်ဖိစီးမှုတွေ ကြားမှာ ဘယ်လိုပျော်အောင် အိပ်ကြမလဲ။
ဒီကာလမှာ စိတ်ဖိစီးမှုတွေ ခံစားနေရတဲ့အတွက် နေ့စဉ်အလုပ်တွေကို အရင်လို ဖြောင့်ဖြောင့်တန်းတန်း လုပ်နိုင်မှာ မဟုတ်ပါဘူး။ စားချိန်တွေ၊ အိပ်ချိန်တွေ မှန်ဖို့ ဆိုတာလည်း ခက်ခဲမှာပါ။ ဒါပေမယ့် ခန္ဓာကိုယ်ဆိုတာလည်း အတိုင်းအတာတစ်ခုထိပဲ ခံနိုင်တာလေ။ စိတ်ဆောင်နေလို့သာ လုပ်နေရပေမယ့် အသက်ကလည်း ရှိသေးတယ်ဟုတ်။ အထူးသဖြင့် ညဘက်တွေမှာ အိပ်ပျော်ရခက်တာ၊ အိပ်မပျော်တာတွေ များလာရင် ကိုယ်ကျန်းမာရေးရော စိတ်ကျန်းမာရေးပါ ထိခိုက်လာမှာပါ။လူတစ်ကိုယ် စိတ်တစ်မျိုး။ တစ်ယောက်ချင်းစီမှာစိတ်ညစ်ရတဲ့အကြောင်းလေးတွေ ရှိကြမှာပါ။ အထူးသဖြင့် အနာဂတ်အတွက် မသေချာတဲ့အချိန်မှာ အတွေးတွေက နှိပ်စက်နေလို့ အိပ်ပျော်ဖို့ခက်နေမှာပါ။ ကျန်းမာရေးထိခိုက်မှာစိုးလို့ အိပ်ပျော်အောင် ကြိုးစား၊ အိပ်မပျော်တော့ စိတ်တွေ ညစ်၊ နောက်ဆုံး အိပ်မပျော်လို့ စိတ်စညစ်တာလား၊စိတ်ညစ်လို့ အိပ်မပျော်တာလားဆိုပြီး လုံးလည်ချာလည်လိုက်နေမှာပါ။ဒီနေရာမှာ ကိုင်တွယ်ဖြေရှင်းရမှာက စိတ်ဖိစီးမှုရယ်၊ အိပ်မပျော်တာရယ်ပေါ့။ အိပ်မပျော်လေလေ စိတ်ဖိစီးလေလေ ဖြစ်တာကြောင့် နှစ်ခုလုံးကို တစ်ပြိုင်တည်း ဖြေရှင်းရမှာပါ။ နည်းလမ်းတွေက သိပြီးသားတွေ ဆိုပေမယ့် ဒီချိန်မှာတော့ ကိုယ့်ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ် တကယ်စလုပ်ရမယ့်အချိန်ရောက်နေပါပြီ။တစ်ယောက်နဲ့ တစ်ယောက် စိတ်ငြိမ်စေတဲ့ အလုပ်တွေ မတူပါဘူး။ တချို့ကလည်း စာအုပ်ဖတ်ရမှ၊ တချို့ကလည်း သီချင်းနားထောင်ရမှ စသဖြင့် အကျင့်အမျိုးမျိုး ရှိပါတယ်။ ကိုယ့်ကို စိတ်တည်ငြိမ်စေမယ့်၊ အာရုံလွှဲနိုင်မယ့် အလုပ်တစ်ခုခုကို မအိပ်ခင် ၁၅မိနစ်လောက်လုပ်ပါ။ အနည်းဆုံးတော့ အတွေးတွေ ခဏရပ်သွားပါမယ်။ အတွေးတွေ အနားရရင် အိပ်ပျော်ဖို့ လွယ်သွားပါပြီ။တရားထိုင်တာက အိပ်ပျော်ဖို့လည်း လွယ်သလို လန်းလန်းဆန်းဆန်း နိုးစေတဲ့ နည်းလမ်းကောင်းတစ်ခုပါ။ မအိပ်ခင် ထိုင်လျက် ဒါမှမဟုတ် လှဲလျက် တရားထိုင်ပါ။ တရားမထိုင်တတ်ဘူးဆိုလည်းအသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်၊ နောက်တစ်ဖက်ကို ဝမ်းဗိုက်ပေါ်တင်ပါ။ အသက်ကို ရှည်ရှည်နဲ့ ဝအောင်ရှူသွင်းပါ။ လေတွေ ပြည့်လာတဲ့အခါ ဗိုက်တင်းလာတာကို သိပါ။ ခဏလောက် အောင့်ထားပြီး ဖြည်းဖြည်းချင်း ခပ်ရှည်ရှည် ပြန်ရှူထုတ်ပါ။ ဒါလေးကိုပဲ စိတ်စိုက်ပြီး လုပ်နေလိုက်ပါ။ မကြာခင် အိပ်ပျော်သွားပါလိမ့်မယ်။ဒါကျ ပြောရအခက်သား။ အဓိကက ဖုန်းသုံးတာပါ။ လူတိုင်း ဖုန်းသုံးပြီး တက်လာသမျှ သတင်းတွေကို ကြည့်နေကြတာဆိုတော့ မသုံးအောင် နေဖို့ ခက်ပါတယ်။ ကောင်းတာကတော့ မအိပ်ခင်မှာ ဖုန်းနဲ့ ကိုယ်နဲ့ ဝေးနိုင်သမျှ ဝေးအောင်ထားလိုက်ပါ။ ပြီးရင် အာရုံလွှဲစရာ တစ်ခုခု လုပ်နေလိုက်ပါ။ခုနက ဖုန်းမသုံးဖြစ်အောင် အာရုံလွှဲဖို့ အကောင်းဆုံးက ရေထချိုးလိုက်တာပါ။ရေနွေးလေးနဲ့ ချိုး၊ အဝတ်အစားလေးလဲ၊ ရေမွှေးကြိုက်တဲ့သူက ရေမွှေးလေး စွတ်ပြီး အိပ်ဖို့ ပြင်လိုက်ရင် စိတ်ညစ်တာတွေ ပြေပျောက်ပြီး အိပ်ဖို့ ပိုလွယ်ပါတယ်။ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းထက်သွေးလည်ပတ်မှု ကောင်းရုံလောက် လုပ်စေချင်တာပါ။ သွေးလည်ပတ်မှု ကောင်းရင် ခန္ဓာကိုယ်ပူနွေးလာပြီး အိပ်လို့ ပိုလွယ်လာပါလိမ့်မယ်။ လေ့ကျင့်ခန်း မလုပ်ချင်ဘူးဆိုရင်တောင်ယောဂလုပ်ပေးလို့ရပါတယ်။ လိုရင်းက အကြောတွေ ပြေလျော့ပြီး သွေးလည်ပတ်မှုကောင်းရင် ခန္ဓာကိုယ် နွေးလာပြီး ပိုအိပ်ပျော်ဖို့ လွယ်လို့ပါ။နည်းလမ်းဟောင်းကြီးဆိုပေမယ့် အသုံးဝင်သလောက်တော့ ဝင်ပါသေးတယ်။ နံပါတ်တွေ စရေကြည့်ပါ။ အိပ်ပျော်တော့လည်း ပျော်၊ မပျော်ဘဲ ဂဏန်းတွေပဲ ထောင်ဂဏန်းလောက်ထိ တက်လာတယ်ဆိုရင်တော့ ဆက်မရေပါနဲ့တော့။ ဒီနည်းနဲ့ သင်အိပ်ပျော်မှာ မဟုတ်ပါဘူး။မျက်လုံးလေးမှိတ်ပြီး အိပ်ပျော်သွားပြီလို့ တွေးကြည့်လိုက်ပါ။ နိုးလာရင် ဘာလုပ်မယ်ဆိုတာကိုပါ စိတ်ကူးယဉ်ပြီး အိပ်ကြည့်ပါ။ တစ်နေ့တာ အလုပ်လေးတွေကိုပေါ့။ ဒါဆိုရင် ပီတိတွေနဲ့ တဖြည်းဖြည်း အိပ်ပျော်သွားပါလိမ့်မယ်။တတ်နိုင်သမျှ တစ်နေ့တာကို အလုပ်အပြည့်ဆွဲထားပါ။ နားချိန်တွေမျာ လုပ်စရာတစ်ခုခုပါ ထည့်ဆွဲထားပါ။ ဥပမာ ဘယ်အချိန်က ဘယ်အချိန်မှာ နားမယ်။ နားတဲ့အချိန်မှာ စာဖတ်မယ်၊ သီချင်းနားထောင်မယ် စသဖြင့် ဆွဲထားပါ။ ဒီလိုမျိုး နေ့ဘက်မျာ အလုပ်အပြည့်လုပ်ထားမယ်ဆိုရင် ညဘက်မှာ အလွယ်တကူ အိပ်စက်နိုင်မှာပါ။တစ်နေ့မှာ ၆နာရီကနေ ၈နာရီလောက် အချိန်ဖြုန်းနေရတဲ့အတွက် အိပ်ရာကို ဖြစ်သလို မထားပါနဲ့။ အေးတဲ့အချိန်မှာ အေးသလို၊ ပူတဲ့အချိန်မှာ ပူသလို လိုသလို ပြုပြင်ထားပါ။ အခန်းကို မီးမှိန်မှိန်လေးထားပါ။ လွယ်လွယ်ပြောရရင် အိပ်ချင်စဖွယ်နေရာဖြစ်ထအောင် ပြင်ဆင်ထားပါ။ခန္ဓာကိုယ်ကို အတင်းအကြပ်မစေခိုင်းပါနဲ့။ အိပ်ဖို့ကြိုးစားပေမယ့် အိပ်မပျော်ဘူးဆိုရင် ကိုယ့်ကိုယ်ကို ဖိအားမပေးပါနဲ့။ အိပ်ရာထဲကထပြီး စိတ်ပြေလက်ပျောက် တစ်ခုခုလုပ်ပါ။ ပြီးမှ ပြန်လှဲပြီး အိပ်ပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/stress-related-insomia/
ရေမုန်ညှင်း ရဲ့ ကျန်းမာရေး အာနိသင်
ရေမုန်ညှင်းလို့ ပြောလိုက်ရင် လူတိုင်းနဲ့ ခပ်စိမ်းစိမ်း ဖြစ်နေနိုင်ပါတယ်။ မုန်ညှင်း၊ မုန်လာဆိုတဲ့ စကားလုံးတွေက ရင်းနှီးပြီးသားဖြစ်ပေမယ့် ရေမုန်ညှင်း ကတော့ ကြားဖူးသူတောင် နည်းမယ်ထင်ပါတယ်။မြန်မာဟင်းလျာတွေထဲမှာ ပါခဲတာကိုး။ ဒါပေမယ့် ဝိတ်ချသူတွေ၊ အသီးအရွက်တွေကို မရောနိစ်နဲ့ သုပ်စားတဲ့အခါ ထည့်စားကြပါတယ်။ ဟင်းလျာ အရသာရော အနံ့ကိုပါ တိုးစေနိုင် ရေမုန်ညှင်းလေးကို စားတဲ့အခါ ဖယ်မထားမိစေဖို့ကျန်းမာရေးအတွက် ဘယ်လောက်ထိ အထောက်အကူ ပြုနိုင်လဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။ရေမုန်ညှင်း ဆိုတာကသတ္တုဓာတ်တွေကြွယ်ဝတဲ့အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေပါ။ ဥရောပ နဲ့ အာရှ ဒေသတွေမှာ ပေါက်ရောက်ပါတယ်။ ဥရောပ ဟင်းလျာတွေမှာ အများဆုံး တွေ့ရပါတယ်။အရွက် ဝိုင်းဝိုင်းသေးသေးလေးတွေဖြစ်ပြီး ကြွပ်ဆတ်ပါတယ်။ အရသာက ပူရှိန်းရှိန်း ရှိပြီး အနံ့က လန်းလန်းဆန်းဆန်း ရှိပါတယ်။ အစိမ်းရောင် စိုစိုလေးက အစားစားချင်စိတ် ဖြစ်အောင် လှုံ့ဆော်ပေးပါတယ်။အရွက်က သေးငယ်ပေမယ့် ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေပါတယ်။ရေမုန်ညှင်းမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ရေမုန်ညှင်းက ကျန်းမာရေးအတွက် အခုလို ထောက်ပံ့ပေးပါတယ်။ရေမုန်ညှင်းက ကင်ဆာကို ကာကွယ်ဖို့ ထောက်ကူပေးပါတယ်။ DNA ပျက်စီးမှုကြောင့် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ရေမုန်ညှင်းက ပန်းဂေါ်ဖီစိမ်းလိုပဲ ကင်ဆာကို ကာကွယ်ပေးပါတယ်။ရင်သား ကင်ဆာ၊ အူမကြီး ကင်ဆာ မဖြစ်စေဖို့ စားသုံးပေးလို့ ရပါတယ်။ရေမုန်ညှင်းက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးသွေးကြောကျဉ်းတာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။နိုက်ထရိတ် ကြွယ်ဝတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ကယ်လ်ဆီယမ် ကြွယ်ဝတာကြောင့် အရိုးပွတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ကယ်လ်ဆီယမ်က အရိုးတွေကို သန်မာစေပြီး အရိုးသိပ်သည်းဆကို တိုးစေနိုင်ပါတယ်။ဖောလိတ်ပါဝင်နေတာကလည်း လေဒီတွေကို အသက်အရွယ်ကြောင့် အရိုးပွတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ကာရိုတီးနွိုက် ပါဝင်နေတာကြောင့် လေဖြတ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ နာတာရှည် ရောဂါတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် အရောင်ကျစေနိုင်ပါတယ်။ရေမုန်ညှင်းကisothiocyanates ကြွယ်ဝစွာ ပါဝင်မှုကြောင့် ဦးနှောက်ကို ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဦးနှောက်ကို အရွယ်တင်စေပြီး ရောဂါတွေ ခံစားရတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေပါတယ်။ သွေးဖြူဥဆဲလ်တွေကို တိုးစေပြီး ရောဂါတွေကို တိုက်ထုတ်နိုင်ဖို့ ထောက်ကူပေးနိုင်ပါတယ်။အအေးမိ၊ ဖျားနာတာမျိုး မဖြစ်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ဗီတာမင် C နဲ့ ဗီတာမင် E တို့ ပါဝင်နေတဲ့အတွက် ဓာတ်တိုးပစ္စည်းတွေကြောင့် သွေးနီဥဆဲလ်တွေ မပျက်စီးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ဗီတာမင် C ပါဝင်နေမှုကြောင့် မျက်လုံးမှာ ရေတိမ် မဖြစ်စေဖို့အတွက် ရေမုန်ညှင်းကို စားပေးလို့ ရပါတယ်။ မျက်လုံးကို အမြင်အာရုံ ကောင်းစေပြီး ကျန်းမာစေဖို့ ထောက်ကူပေးမှာပါ။ရေမုန်ညှင်းလေးက အခုလို ဆေးဖက်ဝင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/watercress-benefits/
နှုတ်ခမ်း၊ သွားဖုံး ညိုမည်းပြာ ဆေးလိပ်သောက်တဲ့ခါ
ဆေးလိပ်သောက် သူရဲ့ နှုတ်ခမ်းဟာ ဒေါင်လိုက် အရေးအကြောင်းတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ဒါ့အပြင်နှုတ်ခမ်းနဲ့သွားဖုံးဟာလည်း ဆေးလိပ်သောက်တဲ့ခါ ပုံမှန်ထက် အရောင်ရင့်ကာ ညိုမည်းနေတတ်ပါတယ်။ဒါကတော့ နှစ်ကာလကြာရှည်စွာ စီးကရက်၊ဆေးရွက်ကြီးစတဲ့ ထုတ်ကုန်တွေကို သောက်သုံးရာက ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ အကျိုးဆက်ပဲ ဖြစ်ပါတယ်။ နှုတ်ခမ်းညိုမည်းတာ ပျောက်ချင်ရင်တော့ဆေးလိပ်ဖြတ် လိုက်တာဟာ အကောင်းဆုံးပါပဲ။ အကူအညီ ဖြစ်စေမယ့် နည်လမ်း အချို့ရှိပေမယ့် ဆေးလိပ်ဖြတ် လိုက်တာကတော့ သိသာတဲ့ ရလဒ်ကို ပေးနိုင်ပါတယ်။ဆေးလိပ်သောက်တဲ့ခါ ဆေးလိပ်ဟာသွားနဲ့ ခံတွင်းရောဂါတွေ ဖြစ်စေရုံသာမက ခံတွင်းကင်ဆာ အမျိုးအစားပေါင်း များစွာကိုလည်း ဖြစ်ပွားစေပါတယ်။ဒီလို ကျန်းမာရေး အခြေအနေတွေတင် မကပါဘူး။ သင့်ရုပ်ရည်ကိုလည်း ထိခိုက်စေနိုင်ပါ တယ်။ နှုတ်ခမ်း၊ သွားဖုံး ညိုမည်းခြင်းသာမက နှုတ်ခမ်းတစ်ဝိုက်က အသားအရေကိုလည်း လျော့တိလျော့ရဲ ဖြစ်စေကာ အရေးအကြောင်းထင်စေပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေနိုင်ပါတယ်။အကြောင်းကတော့ နီကိုတင်းဒြပ်ပေါင်း ပါဝင်တဲ့အတွက်အကြောင့်ပါပဲ။ နီကိုတင်းဟာ သွေးကြောတွေကို ကျဉ်းမြောင်းရှုံ့တွစေကာ သွေးလည်ပတ်မှုကိုလည်း နှေးကွေးလျော့ကျစေပါတယ်။ ဒီအခါမှာ အရေပြားဟာ လုံလောက်တဲ့ သွေးမရရှိတော့ဘဲ အောက်ဆီဂျင် ပြတ်လပ်သွားပါတယ်။ သွေးက သယ်ဆောင်လာတဲ့ အာဟာရတွေ မရရှိတော့တဲ့အခါ အသားအရေဟာ မကျန်းမမာ ဖြစ်လာပါတော့တယ်။သွေးလည်ပတ်မှု နှောင့်နှေးပြီး ဆေးကတ္တရာနဲ့ နီကိုတင်းရဲ့  ထိတွေ့မှုကြောင့် နှုတ်ခမ်းပေါ် နဲ့  သွားဖုံးမှာ အမည်းရောင်ခြယ်ပစ္စည်း (Melanin)တွေ ပုံလာပါတယ်။ Melanin ဟာ နှုတ်ခမ်းကို ညိုမည်းစေပြီး အရောင်အသွေးမမှန်စေတော့ပါဘူး။ ခရမ်းရောင်၊ အညိုရောင်၊ အမည်းရောင်နဲ့ အစက်အပြောက် တွေ ဖြစ်စေလာပါတယ်။ဆေးလိပ်သောက်ခြင်းဟာ နှုတ်ခမ်းကိုသာမက အသားအရေကိုလည်း ပျက်စီးစေပါတယ်။ စီးကရက်တစ်လိပ်မှာ ဓာတုပစ္စည်းအမျိုးပေါင်း (၄၀၀၀)ကျော် ပါဝင်ပါတယ်။ ‘ကော်လဂျင်’ နဲ့ ‘အလက်စတင်’ ပရိုတင်းတွေဟာ အသားအရေ တင်းရင်းလှပနု ပျိုစေဖို့ တာဝန်ယူပေးပါတယ်။ ဓာတုပစ္စည်းတွေဟာ အသားအရေအတွက် အလွန်ကောင်းတဲ့ ‘ကော်လဂျင်”နဲ့ ‘အလက်စတင်’ပရိုတင်းတွေကို ပျက်စီးစေပါတယ်။ ဒါတွေမရှိတော့တဲ့အခါ အသားအရေလျော့ရဲပြီး အရေးအကြောင်းထင်ကာ အိုမင်းလာစေပါတယ်။နှုတ်ခမ်းကနေ အကြိမ်များစွာ ဆေးလိပ်ရှိုက်ဖွာခြင်းနဲ့ စီးကရက်ဖွာခြင်းကနေ ထွက်ရှိလာတဲ့ အပူတွေဟာလည်း ပျက်စီးစေခြင်း အကြောင်းတစ်မျိုးပါပဲ။Smoker’s Lips ဖြစ်ဖို့ လပေါင်းများစွာကနေ နှစ်ပေါင်းများစွာထိ ကြာနိုင်ပါတယ်။ တဖြည်းဖြည်းနဲ့ ဖြစ်လာမှာပါ။ အချိန်ကတော့ အခြေအနေအမျိုးမျိုးအပေါ် မူတည်နိုင်ပါတယ်။ ဘယ်လိုအခြေအနေတွေလဲဆိုတော့။သင့်ရဲ့နှုတ်ခမ်းဟာ အရေးအကြောင်း သိပ်မများသေးဘူး။ အရောင်သိပ်မရင့်သေးဘူး ဆိုရင်တော့ အိမ်မှာတင်လုပ်နိုင်တဲ့ ကုသမှုအသေးစားလေးတွေနဲ့တင် အဆင်ပြေနိုင်ပါတယ်။ အိမ်တွင်းကုထုံးလေးတွေက သင့်အသားအရေကို ပြန်လည်ကျန်းမာစေပြီး သင့်ကိုပြန်ကြည့်ကောင်းလာ စေမှာပါ။ဒီလိုမဟုတ်ဘဲအရေးအကြောင်းတွေအရမ်းများပြီးအသားအရေတွေ လျော့ရဲတာလည်း အရမ်းဆိုးနေမယ်။ ညိုမည်းပြီး အရောင်တအားရင့်နေမယ်ဆိုရင်တော့ ပြန်လည်ကြည့်ကောင်း နုပျိုလာဖို့ ဆေးကုသမှုကုထုံးတွေ လိုအပ်ပါပြီ။အချုပ်အားဖြင့် ပြောရရင်တော့ ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်စေရုံသာမက သင့်ရဲ့ရုပ်ရည်ကြည့်ကောင်းမှုအတွက်ပါ အနှောက်အယှက် အဖျက်အဆီး ဖြစ်လာစေနိုင်တာကြောင့် အမြန်ဆုံး စောစီးစွာဖြတ်နိုင်လေလေ အကောင်းဆုံးအခြေအနေအကျိုးဆက်တွေခံစားရလေလေ ဖြစ်မှာအသေအချာပါပဲဆိုတာ ရေးသားတင်ပြလိုက်ရပါတယ်။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/smoking-and-dark-lips/
Stay Home ကာလ ညှာတာသင့်တဲ့ မျက်စိ ကျန်းမာရေး
Covid -19 ကြောင့် အိမ်မှာ နေရတာ ပျင်းတော့ပျင်းတာပေါ့။ ဒါနဲ့ပဲ တီဗီကြည့်မယ်၊ ဖုန်းကြည့်မယ်၊ ဂိမ်းဆော့မယ်၊ အင်တာနက်သုံးမယ်နဲ့ ဆက်တိုက်ပဲ။ အလုပ်ရှိပြန်တော့ work from home မို့ ကွန်ပျူတာရှေ့ တောက်လျှောက်ထိုင်ရပြန်ရော။ ညကျ အိပ်မပျော်တော့ ဖုန်းနဲ့ facebook သုံးတယ်။ ကဲ ဘယ်မှာလဲ မျက်စိ နားရတဲ့အချိန်…။မျက်လုံးတွေ ကျိန်းစပ်သလို၊ ခိုးလို့ခုလုဖြစ်သလိုလို ဖြစ်တာ ခံစားဖူးကြမှာပေါ့။ မျက်စိမှိတ်လိုက်ရင်တောင် ပူခနဲ ခံစားလိုက်ရသေးတယ်။ မျက်ရည်လည်း မရှိတော့သလိုပဲ။ ဒါကိုDry eyeဖြစ်တယ်လို့ ခေါ်ပါတယ်။Dry eye လို့ခေါ်တဲ့ မျက်လုံးခြောက်သွေ့တဲ့ပြဿနာဟာ ကွန်ပျူတာတွေ၊ ဖုန်းတွေလို ဒစ်ဂျစ်တယ်စခရင်မ်တွေ ကြည့်တာများတဲ့သူ တွေမှာ အဖြစ်များလှပါတယ်။ တကယ်တော့ မျက်လုံးကျန်းမာပြီး အမြင်အာရုံကြည်လင်စေဖို့ ထိန်းသိမ်းပေးနိုင်ဖို့ မျက်ရည်မလုံလောက်တဲ့အခါ အခုလိုဖြစ်လာတာပါ။မျက်လုံးထဲမှာ ရေဓာတ် ထိန်းသိမ်းနိုင်ဖို့၊ သက်တောင့်သက်သာ ရှိဖို့၊ အမြင်ကြည်လင်ဖို့၊ အမှုန်အမွှားနဲ အ့ပြင်ကဖုန်မှုန့်တွေကို မျက်လုံးထဲက ဖယ်ရှားပေးဖို့၊ ရောဂါပိုးတွေ ရန်က ကာကွယ်ပေးဖို့ ဆိုတာ မျက်ရည်ရဲ့ လုပ်ဆောင်ချက်တွေပါ။ ဒါ့ကြောင့် မျက်ရည်အမြဲအလုံအလောက်ရှိနေဖို့ လိုပါတယ်။ မျက်ရည်ခန်းခြောက်လို့ Dry eye ဖြစ်နေပြီဆို ဒီအချက်လေးတွေ လုပ်ကြည့်ပါ။မျက်ရည်တုလို့ခေါ်တဲ့ မျက်စဉ်းဆေးရည်လေးတွေကို ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရပါတယ်။ မျက်ရည်တုကြောင့် မျက်စိအတွင်း မခြောက်သွေ့အောင် ကာကွယ်ပေးပြီး အမြင်ပြန်ကြည်လင်စေပါတယ်။ မျက်စိထဲ အေးမြတဲ့ခံစားမှုကို ရရှိစေပြီး ကျိန်းစပ်တာတွေ အမြန်သက်သာစေပါလိမ့်မယ်။မျက်လုံးထဲမှာ ခို့လို့ခုလုဖြစ်နေတယ်လို့ ခံစားနေရပြီး ကျိန်းစပ်သလို အောင့်သလို ခံစားနေရရင် မျက်လုံးအဖွင့်အပိတ် လေ့ကျင့်ခန်း လုပ်ကြည့်ပါ။ မျက်စိအကြောပြေပြီး နေရသက်သာပါလိမ့်မယ်။ ဒီနည်းက မျက်ရည်ခန်းခြင်းကို သက်သာစေပြီး အမှုန်ဝင်နေရင်လည်း သူ့အလိုလို ဖယ်ရှားပြီးသား ဖြစ်စေနိုင်ပါတယ်။ မျက်စိတဝိုက်သွေးလည်ပတ်မှုကောင်းစေပြီးမျက်စိညောင်း သက်သာစေပါတယ်။မျက်လုံး အောင့်တာ၊ ကျိန်းစပ်တာတွေကို ချက်ချင်း သက်သာစေတာက အနွေးဓာတ်ပေးတာပါပဲ။ တစ်ခုခုကြောင့် မျက်စိယားတာ၊စပ်တာတွေတောင် သက်သာစေနိုင်ပါတယ်။ လက်ကိုင်ပဝါလေး ဖြစ်ဖြစ် အာငွေ့ပေးပြီး မျက်ခွံပေါ်မှာ ကပ်ပြီး ငါးမိနစ် ထားပါ။လက်ဖဝါးကုထုံး ကလည်း နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ စာဖတ်တာ ကြာသွားလို့ ဒါမှမဟုတ် ကွန်ပျူတာ၊ တီဗီကြည့်တာ ကြာသွားလို့ မျက်စိညောင်းလာပြီ ဆိုရင် ပိုအသုံးဝင်ပါတယ်။အဓိကကတော့ အကျိုးပြုအဆီဓာတ် omega-3 fatty acids ကြွယ်ဝတဲ့တူနာ၊ ဆာဒင်း၊ မက်ကာရယ်၊ ဆာဒင်းငါးနဲ့ ဆယ်လ်မွန်ငါးတွေက အမြင်အာရုံကျန်းမာရေး အတွက် သိပ်ကိုကောင်းပါတယ်။မျက်စိအပါအဝင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအားလုံးကို ကျန်းမာစေဖို့အတွက် ရေဓာတ်လုံလောက်ဖို့ လိုအပ်ပါတယ်။ ရေအရမ်းဆာတဲ့အထိ မနေပါနဲ့။ မကြာမကြာ ရေသောက်ပေးပါ။ကွန်ပျူတာသို့မဟုတ် တီဗီမျက်နှာပြင်ကို တစ်ဆက်တည်း အကြာကြီးကြည့်နေရင် မျက်စိနဲ့ပတ်သက်တဲ့ ဝေဒနာတွေက ဖြစ်လာမှာပဲဆိုတော့ ကြည့်နေတဲ့ကြားမှာ ခဏလောက်တော့ မျက်လုံးလွှဲပြီး နားနားပေးပါ။အိပ်ရေးဝအောင် အိပ်ပါ။ အိပ်ရေးပျက်ခံခြင်းက မျက်စိဝေဒနာ မကြာခဏ ဖြစ်စေတတ်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/stay-home-%e1%80%80%e1%80%ac%e1%80%9c-%e1%80%8a%e1%80%be%e1%80%ac%e1%80%90%e1%80%ac%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%85/
COVID-19 အလွန် နောက်ဆက်တွဲ စိတ်ကျန်းမာရေးပြဿနာများကို ရင်ဆိုင်ခြင်း
ကမ္ဘာပေါ်မှာCOVID-19ရောဂါဆိုးကြီး ပျံနှံ့လာခြင်းနဲ့အတူ နောက်ဆက်တွဲပြဿနာတွေလဲ တွဲလျက်ကပ်ပါလာခဲ့ပါတယ်။ ရောဂါကို ကြောက်ရွံ့နေရတာ၊ နေအိမ်ကနေ အပြင်ဘက်ကို ထွက်ခွာခွင့်မရကြတာ၊ လူလူချင်း ကူးစက်နိုင်တာကြောင့် လူတစ်ဦးချင်းစီအကြား ယုံကြည်မှု လျော့နည်းလာတာတွေကြောင့် လူတွေမှာ စိတ်ပိုင်းဆိုင်ရာထိ ခိုက်ခံစားရမှုတွေ များလာနေပါတယ်။ဒါကြောင့်လည်း WHO က စိတ်ဝေဒနာခံစားရမှုဟာ COVID-19 ရဲ့ နောက်ဆက်တွဲ ဘေးဆိုးလို့ ကင်ပွန်းတပ်ခဲ့တာဖြစ်ပါတယ်။အမေရိကန်နိုင်ငံ ဖလိုရီဒါပြည်နယ်က အမျိုးသား သူနာပြု တစ်ဦး အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ သူဟာ ကိုဗစ်ဝေဒနာသည်တွေကို ကူညီကုသပေးနေတဲ့ သူနာပြုတစ်ဦးဖြစ်ပြီးတော့ သူအသက်ဆုံးရှုံးရတာဟာ ကိုဗစ်ရောဂါကြောင့် မဟုတ်ပါဘူး။ဝီလီယံ ကော့ဒင်တန်ဆိုတဲ့ ၃၂ နှစ်အရွယ် အဆိုပါ အမျိုးသား လူနာတွေကို ကုသပေးရင်း ခံစားလာရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့် ကိုယ့်ကိုယ်ကို သတ်သေတာ ဒါမှမဟုတ် ဒီစိတ်ဖိစီးမှုတွေကြောင့် အဆုံးစီရင်တာ ဒါမှမဟုတ် ဖိစီးမှုတွေကြောင့် ဆုံးပါးတာဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ကိုဗစ်ရောဂါ ပျံ့နှံ့လာချိန်မှာ ရောဂါကူးစက်ခံရသူတွေ၊ ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအပြင် နေအိမ်တွေမှာ နေထိုင်နေကြတဲ့ သာမန်ပြည်သူတွေအကြားမှာပါ ကြောက်ရွံ့မှုတွေ ပူပင်သောကတွေနဲ့စိတ်ဖိစီးမှုတွေ ပိုမိုတိုးပွားလာနေပါတယ်။ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာချက်တွေအရ ကိုဗစ်ကာလမှာ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်း မြင့်တက်လာနေတယ်လို့ ဆိုထားပါတယ်။ အမေရိကန်နိုင်ငံတစ်နိုင်ငံတည်းကို အခြေခံပြီး လေ့လာထားတဲ့ အဆိုပါ စစ်တန်းအရ ၂၀၀၀ ခုနှစ်ကထက် ယခုကာလမှာ သတ်သေနှုန်း ၃၅% အထိ မြင့်တက်လာတယ်လို့ ဆိုထားပါတယ်။စိတ်ကျန်းမာရေးဆိုင်ရာ ကျန်းမာရေးပညာရှင်တွေကတော့ စိတ်ကျန်းမာရေးပြဿနာဟာ မဖြစ်မနေ ထိမ်းချုပ်ဖို့ လိုအပ်လာတဲ့ ပြဿနာလို့ ဆိုလာနေကြပြီဖြစ်ပါတယ်။လူတွေ ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေ၊ကြောက်ရွံ့မှုတွေ၊ ပူပင်သောကတွေနဲ့ သံသယစိတ်တွေဟာ ပိုမိုတိုးပွားလာနေပြီး စိတ်ဝေဒနာခံစားရတာတွေ၊အဆုံးစီရင်မှုတွေနဲ့အိမ်တွင်းအကြမ်းဖက်မှုတွေတိုးပွားလာနေခြင်းက COVID-19 နောက်ဆက်တွဲကပ်ဘေးရဲ့ အတိမ်အနက်ကို ဖော်ပြနေပါတယ်။ဒါကြောင့်လည်း နိုင်ငံတကာက အစိုးရတွေနဲ့ WHO တို့က ဒီကပ်ဘေးကာလအတွင်းမှာ စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ပေးမှုတွေ၊ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်မှုတွေ ရယူဖို့ အင်တိုက်အားတိုက် တိုက်တွန်းမှုတွေ ရှိနေပြီး စိတ်ငြိမ်းချမ်းစေမယ့် နည်းလမ်းတွေကို ရှာဖွေကာ နောက်ဆက်တွဲကပ်ဘေးကို တွန်းလှန်ကြဖို့ အသိပေးနေကြတာပါ။မျှော်မှန်းချက်တွေအရ များမကြာတော့တဲ့ ကာလတွေမှာ ကိုဗစ်ကာကွယ်ဆေးနဲ့ ကုသဆေးတွေပေါ်ထွက်လာဖို့ အလားအလာကောင်းတွေ ရှိနေပါပြီ။ တချို့တိုင်းပြည်တွေမှာ အပြင်ကို ထွက်ခွင့်ပေးတာမျိုးနဲ့ ဆိုင်တွေ၊ ကျောင်းတွေ ပြန်ဖွင့်ခွင့်ပေးတာမျိုးတွေလည်း စတင်ပြုလုပ်လာနေကြပြီဖြစ်ပါတယ်။ဒါပေမယ့် လူအများအပြားကတော့ အသစ်ဖြစ်ပေါ်လာတဲ့ ပုံမှန်ဘဝ (New Normal) ကို ယုံကြည်စိတ်ချမှုမရှိကြသေးပါဘူး။ အမေရိကန်နိုင်ငံသား ၈၃%ဟာ အပြင်ထွက်ရင် ပိုးတွေအကြီးအကျယ်ကူးပြီး လူတွေ အမြောက်အများထပ်သေကြလိမ့်ဦးမယ်လို့ ယုံကြည်နေကြပါတယ်။ လူတွေဟာ အပြင်ထွက်ဖို့ ကြောက်ရွံ့နေတာမျိုးတွေ ရှိလာနေပါပြီ။ကိုဗစ်ကာလကို ကျော်လွန်သွားချိန်၊ ဒါမှမဟုတ် လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ New Normal အခြေအနေကို ဖြတ်သန်းရချိန်တွေမှာ စိတ်ကျန်းမာရေးပြဿနာတွေကို လျှော့ချနိုင်ဖို့ အထူးလိုအပ်လာနေပါပြီ။ ဒီလို လျှော့ချနိုင်ဖို့အတွက် စိတ်ကျန်းမာရေးဆိုင်ရာ အကြံပေးချက်တွေလည်း ရှိနေပါတယ်။ကိုဗစ်ကို ကျော်ဖြတ်ပြီးချိန်မှာစိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုလည်း ဖယ်ခွာချနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုဖြစ်နေဖို့ဆိုရင် အောက်ပါ နည်းလမ်းတစ်တွေကို လိုက်နာကြည့်ဖို့ လိုအပ်မှာပါ။ခုဖော်ပြခဲ့တဲ့ အချက်တွေဟာ ကိုဗစ်ကာလနဲ့ ကိုဗစ်အလွန်ကာလတွေမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို လျှော့ချဖယ်ရှားနိုင်ဖို့ အထောက်အကူပြုနိုင်မယ့် နည်းလမ်းတွေဖြစ်ပါတယ်။စိတ်ကျန်းမာရေးဟာ အထူးအရေးကြီးပြီးတော့ ကိုဗစ်လို ရောဂါကပ်ဘေးကို ရှောင်လွှဲနိုင်ခဲ့ပြီးမှာ နောက်ဆက်တွဲ စိတ်ထိခိုက်မှုတွေကို ခံစားရမယ်ဆိုရင် နစ်နာလှပါတယ်။ ဒါတွေကို ရှောင်လွှဲနိုင်ဖို့ စိတ်ငြိမ်းချမ်းအောင်၊ ပျော်ရွှင်အောင် ဂရုတစိုက်စောင့်ရှောက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/how-to-take-care-of-mental-health-during-coronavirus-and-beyond/
လက်တွေကပြောပြနေတဲ့ သင့်ကျန်းမာရေး
လက်တွေကပြောပြနေတဲ့ သင့်ကျန်းမာရေး။ရောဂါတစ်ခုခုခံစားနေရလားဆိုတာကို ဆေးစစ်ကြည့်တာ၊ ခံစားနေရတဲ့လက္ခဏာတွေကို ဆန်းစစ်ကြည့်တာကနေ သိနိုင်တယ်ဆိုတာက အထွေအထူးပြောပြနေစရာမလိုပါဘူး။ ဒီတစ်ခေါက်တော့ သင့်လက်ကလေးတွေကိုကြည့်ပြီး ရောဂါမှန်းပြမယ်ဆိုရင် ဘယ်လိုလဲ။ ကိုယ့်မှာ ဘယ်လိုရောဂါတွေဖြစ်နေလဲဆိုတာကို တူတူစစ်ဆေးကြည့်မလား Hello ဆရာဝန်ပရိသတ်ကြီးရေ…….။လက်ချောင်းလေးတွေရဲ့ အလျား၊ လက်ရဲ့ဆုပ်ကိုင်နိုင်အား၊ လက်ဗွေကနေစလို့ လက်သည်းလေးတွေအထိ အားလုံးကခန္ဓာကိုယ်ထဲမှာ ခံစားရနိုင်ခြေရှိနေတဲ့ ရောဂါတွေကို ဖော်ပြပေးနေပါတယ်။လက်သည်းအောက်ခြေမှာပါတဲ့ အဖြူရောင် လခြမ်းဝိုင်းလေးက လက်သည်းရဲ့ ထက်ဝက်လောက်ထိရှိနေမယ်၊လက်သည်းအောက်​ခြေက ဖြူပြီး အပေါ်ဘက်က ပန်းရောင်မဟုတ်ဘဲ အညိုရောင်သန်းနေမယ်ဆိုရင်တော့ သင်က နာတာရှည်ကျောက်ကပ်ရောဂါ ခံစားရနိုင်ခြေ ပုံမှန်ထက်များနေပါတယ်။ လေ့လာမှုတွေအရ လက်သည်းမှာ အခုပြောခဲ့သလို ဖြစ်နေသူတွေရဲ့ ၃၆ ရာခိုင်နှုန်းလောက်က နာတာရှည်ကျောက်ကပ်ရောဂါခံစားနေရတာကိုတွေ့ရှိခဲ့ရပါတယ်။လက်သည်းလေးတွေကနောက်ထပ်ဘာတွေကိုဖော်ပြသေးလဲဆိုတော့ ကိုယ်တွင်းမှာ ဟေ်မုန်းများနေတယ်ဆိုတာနဲ့ သွးအားနည်းရောဂါခံစားရနိုင်တယ်ဆိုတာကိုပါဖော်ပြနေပါသေးတယ်။ လက်သည်းအောက်ခြေက ဖြူပြီး အပေါ်ပိုင်းက ညိုပုပ်ပုပ်ဖြစ်နေမယ်၊ လက်သည်းမှာ အစင်းကြောင်းတွေဖြစ်နေမယ်ဆိုရင်တော့ သင့်အနေနဲ့ ဆရာဝန်နဲ့ပြသသင့်ပါတယ်။ အကြောင်းကတော့ ဒီလက္ခဏာက သင့်မှာအရေပြားကင်ဆာဖြစ်လာနိုင်တယ်ဆိုတာကို ဖော်ပြနေတာကြောင့်ပါ။လက်ကတစ်ခုခုကိုင်တိုင်း မြဲမြဲမြံမြံကိုင်လို့မရဘူး။ လက်ကညှစ်နိုင်စွမ်းနည်းနေမယ်ဆိုရင် သင့်မှာရုတ်တရက်နှလုံးရပ်နိုင်ခြေများနေသလို လေဖြတ်နိုင်ခြေလည်းတော်တော်လေးများနေပါတယ်။ ဒီအခြေအနေက သွေးပေါင်ချိန်ထက်ပိုပြီးတိကျတဲ့ နှလု့းရောဂါဖြစ်နိုင်တယ်ဆိုတဲ့ ရှေ့ပြေးလက္ခဏာတစ်ရပ်ပါ။ ကြွက်သားတွေရဲ့ သန်စွမ်းမှုကနေတဆင့် ရောဂါခံစားရနိုင်ခြေကို ဖော်ပြပေးနေတာပါ။လက်ဖဝါးမှာချွေးတွေအမြဲလိုလိုထွက်နေတာ သွေးဆုံးလက္ခဏာတစ်ရပ်ဖြစ်နိုင်သလို သိုင်းရွိုက်ပြဿနာရှိနေတယ်ဆိုတာကိုလည်း ဖော်ပြပေးနေပါတယ်။ လက်ဖဝါးတင်မဟုတ်ဘဲ ခြေဖဝါး၊ ချိုင်းကြားတွေမှာ ပုံမှန်ထက် ချွေးပိုထွက်နေမယ်ဆိုရင်သိုင်းရွိုက်ကို စစ်ဆေးကြည့်ဖို့ပြောပါရစေ။လက်ရဲ့ အသားအရောင်လေးတွဖျော့တော့နေတာက သိုင်းရွိုက်အလွန်အကျွံအလုပ်လုပ်နေတယ်ဆိုတာကို ဖော်ပြနေသလို ကိုယ်တွင်းထဲမှာ ခန္ဓာကိုယ်အနှံ့ကို အောက်ဆီဂျင်တွေပို့လွှတ်ဖို့ ကျန်းမာတဲ့သွေးဆဲလ်တွေအလုံအလောက်မရှိဘူးဆိုတာကို ဖော်ပြနေပါတယ်။ လက်အသားအရောင်ဖျော့တော့မယ် လက်သည်းလေးတွေက ဖြူဖျော့နေမယ်ဆိုရင် ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။လက်လေးတွေဖောင်းနေတာကချ်ဖို့ကောင်းတယ်ဆိုပေမယ့် ကျန်းမာရေးအတွက်တော့ သိပ်မကောင်းလှပါဘူး။ လက်ဆစ်လေးတွေမှာ ဖောင်းဖောင်းလေးတွေဖြစ်နေမယ်ဆိုရင် ဒါကသွေးတွင်းကိုလက်စထရောများနေတာပါ။ ဒီအခြေအနေက ပြင်းထန်တဲ့နောက်ဆက်တွဲရောဂါတွေကို ဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ လက္ခဏာတစ်ရပ်ပေါ့။ အရွတ်တွေ၊ ပြန်ရည်ကျိတ်တွေမှာ အဆီတွေစုနေတယ်ဆိုတဲ့ လက္ခဏာပါ။ လက်ဆစ်တွေတင်မဟုတ်ဘဲ လက်ဖမိုး၊ တံတောင်ဆစ်၊ဒူးခေါင်းတွေမှာ ဖောင်းနေရင်လည်း ဆရာဝန်နဲ့ပြကြည့်ဖို့ အကြံပြုပါရစေ။ကဲ..လက်လေးတွေကို စစ်ကြည့်လိုက်ဦးနော်။ ဘယ်တစ်ချက်မှ မကိုက်တာက ဝမ်းသာစရာနော်။ တကယ်လို့ တစ်ချက်ချက်နဲ့တူနေခဲ့မယ်ဆိုရင်လည်း ဆရာဝန်ဆီးသွားပြီး လိုအပ်တဲ့ဆေးစစ်မှုတွေလုပ်ပြီး ရောဂါကို မဖြစ်ခင်က ကာကွယ်လိုက်ပါလို့ အကြံပြုပါရစေနော်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/conditions-your-hands-might-predic/
ဆီးချိုရှိသူ တွေ သတိထားသင့်တဲ့လက္ခဏာတွေ
ဆီးချိုရှိသူ တစ်ယောက်က ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့နေနိုင်ဖို့ဆိုရင် ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ဒီလိုဂရုစိုက်တဲ့အခါသွေးတွင်းသကြားဓာတ်​မြင့်နေတာလား၊ ရှိသင့်တာထက်နည်းနေတာလားဆိုတာကိုသေချာသိရှိပြီး မှန်ကန်တဲ့ကုသမှုကိုလုပ်ဆောင်ဖို့လိုအပ်ပါမယ်။ ဒီလိုလုပ်ဆောင်ဖို့အတွက် ခံစားရတဲ့ လက္ခဏာတွေကသွေးချိုတက်နေတာလား၊ ကျနေတာလားဆိုတာကို သိရှိနိုင်စေဖို့ ဆီးချိုရှိသူ တွေ သတိထားသင့်တဲ့လက္ခဏာတွေ ကို ဒီဆောင်းပါးလေးကနေတဆင့်ဖော်ပြပေးလိုက်ပါတယ်။ညဘက်ကဘာမှမစားထားဘဲ မနက်ခင်းမှာ တိုင်းတဲ့အခါသွေးတွင်းသကြားဓာတ်က ၁၀၀mg/dL ထက်နည်းရပါမယ်။အစားစားပြီး ၂ နာရီအကြာမှာတော့သွေးတွင်းသကြားဓါတ်က ၁၄၀ mg/dL ထက်နည်းရပါမယ်။ ဒါကဆီးချိုရောဂါမရှိတဲ့ သာမန်ကျန်းမာနေသူတစ်ယောက်မှာရှိသင့်တဲ့သွေးတွင်းသကြားဓာတ်ပမာဏပါ။ဆီးချိုရှိသူ တွေ သတိထားသင့်တဲ့လက္ခဏာတွေ ကတော့။ဆီးချိုရောဂါရှိသူတစ်ယောက်အနေနဲ့သွေးတွင်းသကြားဓာတ်မြင့်တက်နေတဲ့အခါ အခုလိုမျိုးလက္ခဏာတွေတွေ့ရနိုင်ပါတယ်။ဆီးခဏခဏသွားမယ်-သွေးတွင်းကပိုလျှံနေတဲ့ သကြားဓာတ်တွေကိုချေဖျက်ဖို့ကျောက်ကပ်ကတော်တော်လေးအလုပ်လုပ်နေရတာပါ။ရေငတ်မယ်-သွေးတွင်းသကြားဓာတ်များတာကြောင့် တစ်ရှူးတွေကထဲကရေတွေကုန်ခမ်းသွားတာကြောင့် ခန္ဓာကိုယ်က လုပ်ငန်းစဉ်တွေကို ပုံမှန်လုပ်ဆောင်ဖို့အတွက်ရေများများသောက်ဖို့လိုအပ်ကြောင်း ဦးနှောက်က အသိပေးနေတာ။ခံတွင်းခြောက်မယ်-သွေးတွင်းသကြားဓာတ်မြင့်တဲ့အခါရေဓာတ်နည်းသွားတာကြောင့် ခံတွင်းခြောက်တာ၊နှုတ်ခမ်းကွဲတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ တံထွေးထွက်ရှိမှုနည်းသွားပြီးလျှာနဲ့ ပါးစောင်တွေမှာအဖြူကွက်တွေဖြစ်တာ၊သွားဖုံးရောင်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။အမြင်အာရုံပြဿနာဖြစ်မယ်-သွေးချိုအရမ်းတက်တဲ့အခါ အမြင်အာရုံတွေဝေဝါးတာဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်တာနဲ့အတူ သွေးချိုမြင့်တက်မှုကြောင့် မျက်လုံး အတွင်းပိုင်းကသွေးကြောလေးတွေထိခိုက်ပျက်စီးနိုင်ပါတယ်။အစာမကြေတာမျိုးဖြစ်မယ်-သွေးတွင်း သကြားဓာတ် မြင့်တက်မှုကအစာခြေစနစ်ရဲ့ လုပ်ဆောင်မှုကို အဟန့်အတား ဖြစ်စေပြီး အစာ ချေဖျက်မှုကို နှေးကွေးစေပါတယ်။ ဒါကြောင့် ဗိုက်အောင့်တာ၊ ရင်ပူတာ၊ အော့အန်တာတွေ ခံစားရနိုင်ပါတယ်။ခြေကုန် လက်ပမ်း ကျမယ်-သွေးတွင်း သကြားဓာတ် အရမ်း ကျသွားတဲ့ အခါမျိုးမှာလည်း ခြေကုန်လက်ပမ်းကျ နိုင်ပါတယ်။နှလုံးခုန် မမှန် ဖြစ်မယ်-သွေးတွင်း သကြားဓာတ် ကျသွားတဲ့အခါ နှလုံး ခုန်နှုန်းက နှေးသွားပြီး နှလုံး မမှန်တာမျိုး ဖြစ်နိုင်ပါတယ်။ကတုန်ကယင်ဖြစ်မယ်–ခြေဖျား လက်ဖျားတွေအေးစက်ပြီး ခြေလက်တွေ တုန်တာကလည်း သွေးတွင်း သကြားဓာတ် ကျဆင်းနေတယ်ဆိုတဲ့ လက္ခဏာ တစ်ခုပါ။ချွေးတွေအရမ်းထွက်နေမယ်-ခန္ဓာကိုယ်မှာချွေးစေးတွေပြန်နေမယ်၊ချွေးတွေရွှဲနစ်နေအောင်ထွက်နေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်က ရှိသင့်တာထက်တော်တော်လေးနည်းနေတာပါ။ဗိုက်ဆာမယ်– အစား ပြည့်ပြည့်ဝဝ စားထားရက်နဲ့ ဗိုက်ဆာတယ်လို့ ခံစားရတာက သွေးတွင်း သကြားဓာတ် နည်းနေတာကြောင့် ခန္ဓာကိုယ်က သွေးတွင်း သကြားဓာတ် လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာ တစ်ရပ်ပါ။မအီမသာဖြစ်မယ်– ဗိုက်ထဲမှာ အော်ဂလီဆန်ပြီး မအီမသာ ခံစားနေရတယ် ဆိုရင် ဒါက သွေးတွင်း သကြားဓာတ် နည်းနေတဲ့ လက္ခဏာတစ်ခုပါ။မူးဝေမယ်-သွေးတွင်း သကြားဓာတ် နည်းသွားတာကြောင့်ဦးနှောက်ဆဲလ်တွေက လိုအပ်တဲ့ အချိုဓာတ်ကို မရရှိတဲ့ အတွက် ခေါင်းမူးဝေရတာပါ။စိတ်ရှုပ်ထွေးမယ်-သွေးတွင်း သကြားဓာတ် ကျသွားတဲ့အခါ အာရုံ ရှုပ်ထွေးတာတွေ၊ ပလုံးပထွေး စကားပြောတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/how-blood-sugar-levels-affect-your/
သင်ဟာ တခြားသူတွေထက်ပိုပြီး မကြာခဏဖျားနာတတ်တဲ့သူလား။ ဒါတွေကြောင့်ဖြစ်မှာပါ
ငယ်ငယ်ကကျောင်းပြေးချင်လွန်းလို့ ဖျားချင်ခဲ့ဖူးတယ်ဟုတ်။ ကလေးဘဝတုန်းကတော့ ဖျားပြီဆိုရင် အိမ်မှာနေရမယ်၊ဖေဖေမေမေကို ကပ်ချွဲပြီး လိုချင်တာလေးဝယ်ခိုင်းတယ်၊ စားချင်တာလေး ဝယ်ကျွေးခိုင်းလို့ရလို့ ဖျားချင်ခဲ့ဖူးကြတယ်လေနော်။ဖေဖေမေမေတွေကချီပြီးဆေးခန်းလိုက်ပို့ပေးလို့ ခဏခဏကိုဖျားချင်ခဲ့တာပါ။ ဒါပေမယ့် အရွယ်ရောက်လာတော့ အအေးမိတုပ်ကွေးဖြစ်ရင်ခံစားရတာက မသက်သာလွန်းလို့ မဖျားချင်တော့ပါဘူး။ ဖျားရင်တောင်မြန်မြန်သက်သာချင်တဲ့ဆန္ဒက စဖျားကတည်းကကိုဖြစ်နေတာလေ။ ဒီတော့ ဘယ်အချက်တွေက တုပ်ကွေးဖြစ်ဖို့ အားပေးရာရောက်နေလဲဆိုတာကို သိထားမယ်ဆိုရင် ဆင်ခြင်သင့်တာ ဆင်ခြင်ပြီး တုပ်ကွေးနဲ့ ခပ်ကင်းကင်းနေလို့ရတာပေါ့။ဖြစ်နိုင်တာကို ဆင်ခြင်လို့ရအောင် ဒီဆောင်းပါးလေးထဲက အကြံဉာဏ်ကိုရယူလိုက်ပါနော်။တုပ်ကွေးဆိုတာကအသက်ရှုလမ်းကြောင်း အထက်ပိုင်းမှာ ပိုးဝင်ကူးစက်တဲ့ ဖျားနာမှုတစ်မျိုးပါ။ တုပ်ကွေးရောဂါပိုးကနှာခေါင်းကနေတဆင့် အသက်ရှုလမ်းကြောင်းတလျှောက်လည်ချောင်းနဲ့ အဆုတ်အထိဝင်ရောက်ကူးစက်တာပါ။ တုပ်ကွေးက တစ်ခါတလေမှာ အအေးမိဖျားနာတာနဲ့ ခပ်ဆင်ဆင်တူတတ်ပါတယ်။ ဒါပေမယ့် တုပ်ကွေးဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ တုပ်ကွေးကနောက်ဆက်တွဲရောဂါတစ်သီကြီးနဲ့အတူရောက်လာတတ်တာပါ။ တုပ်ကွေးဖြစ်ပြီဆိုရင်။တုပ်ကွေးဆိုတာကတော်တော်ခံရခက်တဲ့ အဖျားရောဂါတစ်မျိုးပေါ့။ တကယ်လို့ အခုပြောပြမယ့် အချက်တွေရှိနေမယ်ဆိုရင်တော့ သင်အနေနဲ့ အခြားသူတွေထက်ပိုပြီး ဂရုစိုက်ဖို့ပြောပါရစေနော်။ဆင်ခြင်လို့ရတဲ့အခြေအနေတွေကို ဆင်ခြင်လိုက်ဖို့ဆိုတာဖြစ်နိုင်ပေမယ့် ဆင်ခြင်လို့မရတဲ့အနေအထားမျိုး (ဥပမာ -ရောဂါအခံတစ်ခုခုရှိနေတာ) ဆိုရင်တော့ ဆင်ခြင်ဖို့မဖြစ်နိုင်ဘူးလေ။ ဒီလိုအခြေအနေမျိုးမှာတော့ တုပ်ကွေးအန္တရာယ်ကနေကာကွယ်ဖို့ ဒီအချက်လေးတွေကို သတိထားလုပ်ဆောင်ကြည့်ဖို့ပြော ပါရစေ။လက်တွေကို ဆပ်ပြာနဲ့ရေသုံးပြီး သန့်စင်ဆေးကြောတတ်တဲ့ အလေ့အထကိုမွေးမြူပေးပါ– လက်မှာကပ်ငြိနေနိုင်တဲ့ဘက်တီးရီးယားတွေကြာင့် ဖျားနာမှု မဖြစ်စေဖို့ပါ။နေ့စဉ်ထိတွေ့နေရတဲ့နေရာတွေကို ပိုးသတ်သန့်စင်ပေးပါ-နေ့စဉ်ထိတွေ့မိနေတဲ့ အိမ်ထောင်ပရိဘောဂတွေ၊ ပစ္စည်းပစ္စယတွေမှာ ဘက်တီးရီးယားတွေ ကပ်ငြိနေနိုင်တာကြောင့်နေ့စဉ် ပိုးသတ်သန့်စင်ပေးပါ။ချောင်းဆိုးနှာချေတဲ့အခါတစ်သျှူးကိုအသုံးပြုပေးပါ– ကိုယ်တိုင်ချောင်းဆိုးနှာချေရင်ဖြစ်ဖြစ် ပတ်ဝန်းကျင်က အခြားသူတွေ နှာချေနေရင်ဖြစ်ဖြစ် နှာခေါင်းနဲ့ ပါးစပ်ကို တစ်သျှူးစနဲ့အုပ်ထားပေးပါ။မျက်လုံး၊နှာခေါင်း၊ ပါးစပ်တွေကို လက်နဲ့ မထိတွေ့ပါနဲ့–လက်ချောင်းတွေက ဘက်တီးရီးယားတွေ အပုံလိုက်ကိုရှိနေနိုင်တဲ့နေရာပါ ဒါကြောင့် လက်နဲ့ မျက်နှာကို ခဏခဏမကိုင်ပါနဲ့။ပြည့်ဝတဲ့အိပ်စက်ချိန်ထားရှိပေးပါ–အိပ်စက်မှုက အဖိုးအခမပေးရတဲ့ ကျန်းမာစေတဲ့ဆေးတစ်မျိုးပါ။ ဒါကြောင့် အလကားရထားတဲ့ ကိုယ်ပိုင်အိပ်ချိန်လေးကို အလဟဿမဖြစ်ပါစေနဲ့။အာဟာရပြည့်ဝမျှတအောင်စားသုံးပေးပါ– ကြိုက်တာလေးစားရမှ ခံတွင်းမြိန်တာဆိုပေမယ့်အာဟာရြပည့်ဝမျှတရဲ့လားဆိုတာသေချာဆန်းစစ်ပါ၊ လို့ပြောပါရစေ။နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ– ကိုယ်ခံအားကောင်းစေပြီးစိတ်ဖိစီးမှုကင်းစင်စေနိုင်တာကြောင့်နေ့စဉ် ပုံမှန် ၁၅ မိနစ်လောက် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပေးပါ– ကျန်းမာရေးအတွက်ရော လူမှုဆက်ဆံရေးအတွက်ပါလိုအပ်တဲ့အချက်တစ်ခုဖြစ်လို့ တစ်ကိုယ်ရေသန့်ရှင်းရေးကိုသေချာလေးလုပ်ပြီး ကျန်းမာရေးကိုဂရုစိုက်ပါ။တုပ်ကွေးဖြစ်နေသူတွေနဲ့ အနီးကပ်မနေပါနဲ့– တုပ်ကွေးဖြစ်နေသူနဲ့ အနီးကပ်နေထိုင်တာကရောဂါပိုးအလွယ်တကူကူးစက်ခံရနိုင်တာကြောင့် သတိထားဖို့ပြောပါရစေ။ကြိုတင်ကာကွယ်ပါ– အအေးမိဖျားနာတာ၊ တုပ်ကွေးဖြစ်တာတွေကို ကြိုတင်ကာကွယ်လို့ရပါတယ်။ ကိုယ်ခံအားနည်းနေတယ်၊ရောဂါအခံရှိနေတယ်ဆိုရင်တော့ အအေးမိ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို ဖယ်ရှားပေးနိုင်တဲ့Nasal Spray ကိုအသုံးပြုလို့ရပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မျာ ဖျားနာသူတစ်ဦးဦးရှိနေပြီဆိုရင်လည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့Nasal Sprayကို အသုံးပြုလို့ရပါတယ်။တုပ်ကွေးကင်းစင်ပြီး ကျန်းမာပျော်ရွှင်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်ထားချင်ရင်လုပ်လို့ရတဲ့နောက်ထပ်နည်းလမ်းတစ်ခုက ခံတွင်းသန့်ဆေးရည် ကိုအသုံးပြုတာပါ။ ခံတွင်းသန့်ဆေးရည်က ခံတွင်းကျန်းမာရေးကိုစောင့်ရှောက်ပေးရုံတင်မဟုတ်ဘဲ အအေးမိတုပ်ကွေးကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို ဖယ်ရှားပေးနိုင်သေးတယ်ဆိုတော့ တုပ်ကွေးကာကွယ်ဖို့ သုံးကြည့်သင့်တဲ့နည်းလမ်းတစ်ခုပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/risk-for-the-flu-and-cold/
လေယာဉ်အကြာကြီး စီးဖို့အတွက် ဒါတွေကို ပြင်ဆင်ထားပါ
နွေဦးနဲ့ ဆောင်းဦးရာသီတွေက ဝေးလံတဲ့ နိုင်ငံတွေကို အလည်အပတ်ခရီးသွားဖို့ အကောင်းဆုံးအချိန်ပဲနော်။ အကယ်လို့ ကိုယ်က အိမ်နီးချင်းနိုင်ငံတွေမဟုတ်ဘဲ အနောက်နိုင်ငံတွေလို မိုင်ပေါင်းထောင်ချီဝေးတဲ့ နေရာတွေကို သွားလည်မှာဆိုရင်တော့လေယာဉ်စီးတဲ့အချိန်က ပုံမှန်ထက် တော်တော်ကြာနိုင်တယ်နော်။ ဒါကြောင့် လေယာဉ်အကြာကြီး စီးရတော့မယ့် ခရီးသည်တွေခရီးစဉ်တစ်လျှောက်လုံး သက်သောင့်သက်သာဖြစ်စေဖို့ ပြင်ဆင်ထားသင့်တဲ့ အချက်တွေကို ခုဆောင်းပါးမှာ ဖတ်ကြည့်ရအောင်။ကိုယ်က နာရီအကြာကြီး လေယာဉ်စီးရမယ်ဆိုရင် အဝတ်လဲဖို့ အခြေအနေက ပေးတော့မှာ မဟုတ်ပါဘူး။ ဒီတော့ ဝတ်ထားတဲ့အဝတ်က ကိုယ့်အတွက် ပူနေခြင်း၊ အိုက်နေခြင်း၊ ကျပ်ထုတ်နေခြင်း မရှိဘဲ သက်သောင့်သက်သာဖြစ်နေဖို့ အရေးကြီးပါတယ်။ ဒီတော့ ပေါ့ပေါ့ပါးပါး ချည်သားအကျီတွေ၊ ဒူးဖုံးဘောင်းဘီ၊ စကပ်ရှည်တွေကို ဝတ်ဆင်ပါ။ ဂျင်းဘောင်းဘီအကျပ်တွေကို တတ်နိုင်သလောက်ရှောင်ပါ။ လက်ဝတ်ရတနာတွေကို ခရီးသွားအိတ်ထဲ ထည့်သိမ်းထားပါ။ နာရီလောက်ပဲ ပတ်ထားရင် ပိုကောင်းပါတယ်။ခရီးသွားမယ့်နေ့မှာ လေဆိပ်ကို အနည်းဆုံး ၁-၂နာရီလောက် စောသွားပြီးလေယာဉ်ထိုင်ခုံကို ရွေးထားပါ။ ကိုယ်က ခရီးစဉ်တစ်လျှောက်လုံး အိပ်နေမှာဆိုရင် သိပ်ပြဿနာမရှိပေမဲ့ အကြာကြီးမအိပ်တတ်တဲ့ သူတွေအတွက်တော့ ထိုင်ခုံရွေးဖို့ လိုပါတယ်။ကိုယ့်အတွက် မပါမဖြစ် ဘယ်သွားသွား လိုအပ်တဲ့ ပစ္စည်းတွေရှိတယ်ဆိုရင် ကိုယ့်လက်လှမ်းမှီတဲ့ နေရာမှာပဲ ထားထားသင့်ပါတယ်။ ရေသန့်ဘူး၊ နားကျပ်၊ ဖုန်းတွေ၊ အိပ်မယ့်သူတွေ ဇက်နာတာ သက်သာစေမယ့် နောက်မှီခေါင်းအုံးအသေးလေးတွေ၊ စောင်အပါးလေးတွေ၊ လေယာဉ်မူးတတ်တယ်ဆိုရင်အမူးပျောက်ဆေး၊ လေဆေး၊ အစာကြေဆေးတွေ ဆောင်ထားပေးပါ။နာရီကို ဆယ်နဲ့ချီပြီး ထိုင်နေရရင် လူက ထိုင်းမှိုင်းလေးလံပြီးခေါင်းမူးခေါင်းကိုက်တာ၊ လေယာဉ်မူးတာ ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် တစ်နာရီခြား တစ်ခါလောက် အပေါ့အလေးထသွားတာ၊ လမ်းလျှောက်တာ၊ အကြောအချဉ်ဆန့်တာ၊ လေ့ကျင့်ခန်းလုပ်တာမျိုး လုပ်ပေးသင့်ပါတယ်။လေယာဉ်အတွင်းက လေထုက အေးမြခြောက်သွေ့တဲ့အတွက် ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးမှုပိုများနိုင်ပါတယ်။ ကိုယ်က ဆီးထသွားရမှာ ပျင်းလို့ဆိုပြီး ရေမသောက်ဘဲ နေရင် ပိုဆိုးနိုင်တာပေါ့။ ဒါကြောင့် ရေမဆာရင်တောင် အာစွတ်ရုံလေး သောက်ပေးသင့်ပါတယ်။ ရေကို အနည်းဆုံး ၁လီတာ၊ ၂လီတာလောက် ကုန်အောင်တော့ သောက်ပေးပါ။ ဆီးထသွားဖို့ မပျင်းပါနဲ့။အပေါ်မှာ ပြောခဲ့သလိုပဲ လေထုက အေးမြခြောက်သွေ့တာကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ်သာမက အရေပြားရဲ့ အစိုဓာတ်ပါ ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် အစိုဓာတ်ထိန်းခရင်မ် (Moisturizer) ၊ ကိုယ်လိမ်း လိုးရှင်း (Body Lotion) တွေ လိမ်းပေးဖို့ လိုပါတယ်။ ဒါမှမဟုတ်လည်းSheet Maskတစ်ခု ကပ်ရင်း မျက်လုံးမှိတ် အနားယူတာမျိုး လုပ်ပေးလို့ရပါတယ်။အချိန်အကြာကြီး လေယာဉ်စီးရတာ ပျင်းစရာကောင်းမယ့်အတူတူ ကိုယ့်ဘေးမှာ ရှိတဲ့သူတွေနဲ့ စကားပြောရင်း ရင်းရင်းနှီးနှီး နေပေးတာက ပိုမကောင်းဘူးလား။ ဝါသနာတူ၊ ကိုယ်နဲ့လည်း ပေါင်းသင်းလို့၊ စကားပြောလို့ အဆင်ပြေရင် မိတ်ဆွေတစ်ယောက်တိုးတာပေါ့။ခရီးမသွားခင်ညနဲ့ သွားမယ့် မနက်ပိုင်းမှာ ထမင်းတွေ၊ အဆီတွေ၊ အကြော်အလှော်နဲ့ အစပ်တွေကို ဗိုက်တင်းပြီး အီနေအောင် မစားပါနဲ့။ ပေါ့ပေါ့ပါးပါး အစာကြေလွယ်စေဖို့ ပေါင်မုန့်၊ ကြက်ဥ၊ဟင်းသီးဟင်းရွက်၊ လိမ္မော်ရည်လောက်ပဲ သောက်ပေးပါ။ နာရီတွေအကြာကြီး လေယာဉ်ပေါ်မှာ နေနေရမှာဆိုတော့ ကိုယ့်ဗိုက်ကို တတ်နိုင်သလောက် ဝန်မပိစေဖို့ အရေးကြီးပါတယ်။မကြာခင်မှာ ခရီးသွားတော့မယ့် ခရီးသွားပြည်သူအားလုံးလည်း ပျော်စရာ ခရီးစဉ်လေးတစ်ခု ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/tips-for-long-distance-air-travel/
မှို အစားမှားလို့ အဆိပ်သင့်ကြသူများ
မှို ရဲ့ နူးညံ့ပြီး ချိုတဲ့အရသာက လူကိုစွဲလမ်းစေပါတယ်။ ကောက်ရိုးမှို၊အပ်မှိုတို့ကို သိပ်ကြိုက်ကြသလို နိုင်ငံခြားဖြစ်မှိုအမျိုးအစားတွေကိုလည်း စျေးကြီးပေး ဝယ်စားတတ်တာပဲ ကြည့်။ ဒါတွေအားလုံးက စားလို့ရတဲ့ မှိုအမျိုးအစားတွေမို့ ဘေးကင်းပါတယ်။ ဒါပေမဲ့လည်း နှစ်တိုင်း မိုးရာသီ မှိုပေါချိန်ရောက်ရင် မှို အစားမှားလို့ ဒုက္ခရောက်သူတွေ ရှိနေပါသေးတယ်။ဒါကြောင့် အိမ်နားတဝိုက်မှာ ပေါက်တာဖြစ်ဖြစ်၊ ခရီးသွားရင်းလမ်းမှာတွေ့တာဖြစ်ဖြစ်၊ တောထဲမှာတွေ့တာဖြစ်ဖြစ် ကိုယ်မသိတဲ့ မှိုအမျိုးအစားတွေကို ရမ်းသမ်းမစားလိုက်ဖို့ အရေးကြီးပါတယ်။ အဆိပ်အတောက်ရှိလို့ မစားသင့်တဲ့ မှိုတွေကို စားလိုက်မိတယ်ဆို ဒုက္ခရောက်ရပါလိမ့်မယ်။ဒါ့ကြောင့် မှိုဟင်းတစ်ခွက်ကလည်း ကိုယ့်အတွက် နောက်ဆုံးထမင်းတစ်နပ် ဖြစ်သွားနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးကြတာပါ။အဆိပ်အတောက်ရှိတဲ့ မှိုတွေကို စားမိရင် ဖြစ်လာနိုင်တဲ့အဆိပ်သင့်ခြင်းက အဆင့်သုံးဆင့်ရှိပါတယ်။သတိထားရမယ့် နောက်တစ်ချက်က စားနေကျ မှို အမျိုးအစားကိုပဲ ရက်လွန်ပျက်စီးနေတာတွေ စားမိရင်အစာအဆိပ်သင့်ခြင်းဖြစ်စေနိုင်ပါတယ်။မှိုအဆိပ်သင့်တဲ့အခါ အများအားဖြင့် ဖြစ်လာတတ်တဲ့ လက္ခဏာတွေက –။မှိုအဆိပ်သင့်မှု အများစုကအသက်အန္တရာယ်အထိ မဖြစ်တတ်ပေမယ့်လည်း ကုသမှုတော့ လိုအပ်ပါတယ်။ ဆိုလိုတာကအိမ်တွင်းကုထုံးတွေနဲ့ ကြိတ်ကုသလို့ မရပါဘူး။အသည်းကို ထိခိုက်နေပြီဆိုတာ ကိုယ်မသိတဲ့အခါ ခဏ သက်သာသွားပေမယ့် နောက်ဆက်တွဲ ပြဿနာတွေ ပိုဆိုးနိုင်ပါတယ်။ဒါ့ကြောင့် နီးစပ်ရာကျန်းမာရေးဌာနကို အမြန်ဆုံး သွားရောက် ကုသရမှာပါ။ အိမ်မှာပဲ ကြိတ်ကုမနေဘဲ လူနာကို ဆေးရုံ၊ ဆေးခန်းကိုသာ အမြန်ဆုံး ရောက်အောင် ပို့ပါ။မှိုတွေက အရသာရှိတာ မှန်ပေမယ့် စျေးကွက်ထဲ တရားဝင် ရောင်းချတဲ့ မှိုတွေက လွဲပြီး အမျိုးအစား မသိတဲ့မှို၊ စားနေကျ မဟုတ်တဲ့ မှို၊ ဟိုနားဒီနား ပေါက်လာတဲ့မှို တွေကို လုံးဝ မစားသင့်ပါဘူးနော်။ မှိုခြေကျင်းတို့၊ မှို‌အောက်ခြေမှာ ခွက်လေးတွေ ပါနေတာတို့၊ အရောင်ဆန်းဆန်း မှိုလေးတွေ၊ ဖိချေလိုက်လို့ အရောင်ပြောင်းသွားတဲ့ မှိုလေးတွေက အဆိပ်ရှိတတ်တာများလို့ မစားသင့်ပါဘူး။ ဒီအချက်တွေ မရှိတောင် အဆိပ်ဖြစ်စေနိုင်တဲ့ မှိုတွေ ရှိသေးတာကြောင့် ကိုယ်စားနေကျ မဟုတ်ရင် မစားပါနဲ့။အစားတလုတ်ကြောင့် အသက်မဆုံးရှုံးရစေဖို့ ဒီဆောင်းပါးနဲ့ သတိပေးလိုက်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/mushroom-poision/
နင်ပြီး အသက်ရှူကျပ်နေတဲ့သူကို ဘယ်လိုကယ်တင်ရမလဲ
နင်ပြီး အသက်ရှူကျပ်နေတဲ့သူကို ဘယ်လိုကယ်တင်ရမလဲ ဆိုတာကို မျှဝေပေးလိုက်ပါတယ်။ထမင်းအတူစားနေရင်း ကိုယ့်မိသားစုဝင်တစ်ယောက်ယောက် ရုတ်တရက်အစာနင်ပြီးအသက်ရှူကျပ်နေရင် ဘာလုပ်ပေးရမလဲ။ရော့ရော့ရေသောက်လိုက် ဆိုပြီးရေခွက်ပဲထိုးပေးနေမှာလား။ကျောကနေပဲ တဖတ်ဖတ်ရိုက်ပေးမှာလား။ ရုတ်တရက်အခြေအနေမှာ ဒါမျိုးတွေပဲ လုပ်ပေးမိတာများပါတယ်။ဒါမှမဟုတ် ကလေးတစ်ယောက်ပါးစပ်ထဲဆော့စရာတွေထည့်ရင်းနင်နေတယ်။ အသက်ရှူတွေကျပ်ပြီး ပြာနှမ်းလာတယ်ဆိုပါစို့။ ဘာလုပ်ပေးမှာလဲ။ ပတ်ဝန်းကျင်ကို ပြေးခေါ်မှာလား။ ဆေးရုံဆေးခန်းကိုအမြန်သွားမှာလား။နင်ပြီး အသက်ရှူကျပ်နေတဲ့သူကို ဘယ်လိုကယ်တင်ရမလဲ ဆိုတော့Chokingဖြစ်တယ်ဆိုတာကတော့ အသက်ရှူလမ်းကြောင်းအတွင်း အရာဝတ္ထုတစ်ခုခု တစ်ဆို့နေခြင်းဖြစ်ပါတယ်။ အစာလည်းဖြစ်နိုင်သလို တခြားအရာဝတ္ထုလည်းဖြစ်နိုင်ပါတယ်။ အစာနင်တာက လူကြီးတွေမှာအဖြစ်များပြီး ပါးစပ်ထဲတွေ့ကရာကောက်ထည့်တတ်တဲ့ ကလေးတွေမှာတော့ အရာဝတ္ထုသေးသေးလေးတွေတစ်နေတတ်ပါတယ်။အသက်ရှူလမ်းကြောင်းမှာ တစ်ခုခုပိတ်ဆို့နေရင်ဦးနှောက်ကိုအောက်ဆီဂျင်ပို့လွှတ်မှုပြတ်တောက်နိုင်တဲ့အတွက် အမြန်ဆုံးအရေးပေါ်ကယ်နိုင်မှ အန္တရာယ်ကင်းနိုင်မှာပါ။ ဒီအချိန်မှာ တခြားလူတွေကိုပဲစောင့်နေရရင် ဆေးရုံဆေးခန်းသွားဖို့လုပ်နေရမယ်ဆိုရင်တော့ အသက်သေဆုံးတဲ့အထိဖြစ်သွားနိုင်ပါတယ်။ဒီလိုဖြစ်နေပြီဆို အသက်ရှူမရတော့ဘဲ အသံလည်းမထွက်နိုင်တော့တဲ့အတွက် အကူအညီလှမ်းတောင်းနိုင်မှာမဟုတ်ပါဘူး။ ဘေးကနေ သူ့ရဲ့လက္ခဏာကိုပဲ သတိထားမိမှဖြစ်မှာပါ။ အသက်ရှူကျပ်နေသူဟာ –။တကယ်လို့ သူကချောင်းဆိုးထုတ်လို့ရနိုင်သေးတဲ့အခြေအနေဆိုရင် ဆက်တိုက်ချောင်းဆိုးရင်း တစ်နေတဲ့အစာကိုပြန်ထုတ်နိုင်ပါတယ်။ ဒါပေမယ့် သူကအရေးပေါ်အခြေအနေ အသက်ရှူကျပ်နေပြီဆိုရင်တော့ ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ရှေးဦးသူနာပြုစုနည်းနှစ်နည်းကို သုံးရပါမယ်။အသက်ရှူကျပ်နေသူရဲ့အနောက်နားမှာရပ်ပါ။ သူ့ရဲ့ရင်ဘတ်ရှေ့မှာ လက်တစ်ဖက်နဲ့ထိန်းပေးထားပြီး သူ့ရဲ့ခန္ဓာကိုယ်ကို အရှေ့ဘက်ကိုင်းချပါ။ ပြီးမှ သူ့ရဲ့လက်ပြင်နှစ်ခုကြားကျောပြင်ကို နောက်လက်တစ်ဖက်ရဲ့ လက်ဖနောင့်နဲ့ ခပ်ဆတ်ဆတ် (၅) ချက်ရိုက်ပေးပါ။Heimlich maneuverလို့ခေါ်တဲ့ အရေးပေါ်အသက်ကယ်နည်းကို သုံးပါ။ ဒီနည်းက အရေးပေါ်အတွက် ပိုမြန်ဆန်ထိရောက်တယ်လို့ ဆိုကြပါတယ်။အရေးကြီးတဲ့ အချက်က ကလေးဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ် တစ်နေတာ ထွက်မလာရင် အတင်းအားမထုတ်ပါနဲ့။ ဆေးရုံကို အမြန်သွားပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/foreign-object-inhaled-or-swallowed/
ကလေး တစ်ယောက်ကို ဘယ်လိုစိတ်ခွန်အားမြှင့်တင်ပေးမလဲ
ကလေးတစ်ယောက်ရဲ့ စိတ်ဓာတ်က နုနယ်ပါတယ်။ သူတို့လေးတွေ စိတ်အားတက်ကြွနေဖို့စိတ်ဓာတ်ခွန်အားပြည့်ဝနေဖို့လိုအပ်ပါတယ်။စိတ်ခွန်အားပြည့်ဝပြီး အားအင်တက်ကြွနေမှ သူတို့လေးတွေရဲ့ နေ့စဉ်ဘဝဟာ ဖြောင့်ဖြူးသာယာနေမှာပါ။ ဒီလို စိတ်အားတက်ကြွနေဖို့၊ စိတ်ခွန်အားမြင့်မားနေဖို့ဆိုရင် မိဘအုပ်ထိန်းသူတွေရဲ့ လမ်းညွှန်မှုနဲ့ ဆုံးမပဲ့ပြင်မှုတွေက အဓိကကျပါတယ်။ကိုယ့်ကလေး ပျော်ရွှင်တက်ကြွနေအောင် ဘယ်လို အားပေးကြမလဲ။ ဘယ်လို စိတ်အားတက်ကြွစေမလဲ။ နည်းလမ်းလေးတွေ ရှိပါတယ်။ကလေးဆိုတာ သိချင်စိတ်များတယ်။ ဒါကြောင့် ဘာလုပ်လုပ် သူတို့က ဝင်ပါချင်တတ်ကြစမြဲ။ ဒီလိုအခြေအနေမျိုးမှာဆူငေါက်ပြီး နှင်ထုတ်လိုက်တာထက် ဘယ်လိုလုပ်ရတယ်၊ ဘာကြောင့်လုပ်ရတယ်ဆိုတာမျိုး သင်ကြားပေးမယ် ပြောပြပေးမယ်ဆိုရင် သူ့ရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကို မြှင့်တင်ပေးရာရောက်ပါတယ်။တီဗီကြည့်ချိန်၊ ဂိမ်းဆော့ချိန်တွေထက်ဖေဖေမေမေတို့နဲ့ နေတဲ့အချိန်ပိုများတာက ကလေးတွေအတွက် ပိုအကျိုးရှိပါတယ်။ ကိုယ်တိုင်ကလည်း ကလေးတွေက အချိန်ပေးဖို့လိုပါတယ်။လမ်းဘေးသွားရည်စာတွေ၊Junk Foodတွေနဲ့အသင့်စားအစားအစာတွေဟာ ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေတတ်ပါတယ်။ ဒါပေမယ့် ကလေးတွေအကြိုက်လည်းဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဒီလိုအစားအစာတွေကို မစားဖို့ ဆူပူနေတာမျိုးထက် မစားရင် ဘယ်လိုဆုချမယ်ဆိုပြီး ဆွဲဆောင်တာက ပိုကောင်းတဲ့နည်းပါ။ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုကို အလေးထားပေး၊ ဂုဏ်ပြုပေးဖို့ လိုပါတယ်။ ပထမရမှ၊ နိုင်မှ ဂုဏ်ပြုဖို့ လိုအပ်တာမဟုတ်ပါဘူး။ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုလိုက်တာက ကလေးကို နောက်နောင်မှာ ပိုကြိုးစားဖြစ်စေပါလိမ့်မယ်။ကလေးက အမှားလုပ်မိရင်တောင်မှ တည်တည်ငြိမ်ငြိမ်ရှင်းပြပါ။ ဆူပူကြိမ်းမောင်းနေတာဟာ ကလေးရဲ့ စိတ်ကို ထိခိုက်စေတတ်ပါတယ်။ အမှားလုပ်ဖို့ ကြောက်သွားတာဟာ အမှားမလုပ်ဖြစ်စေဖို့ထက် နောက်ထပ်အမှားအယွင်းတွေပိုဖြစ်လာစေဖို့ ပိုနီးစပ်သွားစေတတ်ပါတယ်။လေ့ကျင့်ခန်းလုပ်တာကရင်းနှီးမှုကိုပိုစေသလို ကျန်းမာရေးကိုလည်း ကောင်းမွန်စေတယ်လေ။ မိဘနဲ့သားသမီးကိုလည်း ပျော်ရွှင်မှုတိုးစေတာမို့ ကလေးရဲ့ စိတ်ကို အားတက်စေပါလိမ့်မယ်။ တစ်နေ့မှာ တစ်နာရီလောက်တော့ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်နော်။အများနဲ့ နှိုင်းယှဉ်ပြပါ။ အခက်အခဲဆိုတာ လူတိုင်းရင်ဆိုင်ရတယ်၊ စိတ်ခွန်အားအပြည့်နဲ့ ရင်ဆိုင်ဖို့ ပြောပြပါ။မီးဖိုချောင်အလုပ် အတူလုပ်တာက ရင်းနှီးမှုကို ပိုစေသလို ယုံကြည်မှုကိုလည်း ပိုတိုးစေတတ်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-growth-development/motivate-your-kids/
ဆယ်ကျော်သက်တို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့
စိတ်ပိုင်းဆိုင်ရာကျန်းမာ​ကြံ့ခိုင်စွာ ကြီးပြင်းလာစေဖို့ ငယ်စဉ်ကတည်းက ကလေးကိုစိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူတစ်ဦးဖြစ်အောင် ပျိုးထောင်ပေးဖို့လိုပါမယ်။ ဆယ်ကျော်သက် အရွယ်ရောက်လာတဲ့အခါမှာ ကလေးတိုင်းကစိတ်ဓာတ်ကျတာအပါအဝင် အမျိုးမျိုးသောစိတ်အခြေအနေတွေနဲ့ ရင်ဆိုင်ရပါတယ်။ဒီလို အခြေအနေတွေကို ကျော်လွှားနိုင်မှ ကလေးက အောင်မြင်တဲ့ လူငယ်ဖြစ်လာမှာပါ။ ဒီတော့ ကိုယ့်ရဲ့ ဆယ်ကျော်သက်  ကလေးတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာ ကျန်းမာ ကြံခိုင်စေဖို့ ဘယ်လိုအလေ့အထလေးတွေများ မွေးမြူပျိုးထောင်ပေးဖို့ လိုမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ခန္ဓာကိုယ် အပြောင်းအလဲ၊စိတ်အပြောင်းအလဲကို ရင်ဆိုင်နေရတဲ့ ဆယ်ကျော်သက်အရွယ်သားသားမီးမီးတို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့။လေ့ကျင့်ခန်း လုပ်တာကစိတ်ရောကိုယ်ပါကျန်းမာစေနိုင်ပါတယ်။ ဆယ်ကျော်သက် တစ်ယောက်အနေနဲ့ တစ်နေ့ကို တစ်နာရီလောက် ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးဖို့လိုပါမယ်။လေ့ကျင့်ခန်း လုပ်တာက စိတ်ကို ပျော်ရွှင်စေသလို၊ ခန္ဓာကိုယ်ကအဆီပိုတွေကို ဖယ်ရှားနိုင်ပြီး ကျန်းမာလှပတဲ့ အချိုးအစားကိုလည်း ပိုင်ဆိုင်နိုင်စေမှာပါ။ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်မှုကခန္ဓာကိုယ်ကြီးထွားမှုအတွက်ရောစိတ်ကျန်းမာရေးအတွက်ပါ အရေးပါပါတယ်။ ဒါကြောင့် တစ်နေ့တာ စားသုံးမှုမှာ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ပရိုတင်း ကြွယ်ဝတဲ့ အစားအစာတွေ၊နို့ထွက်ပစ္စည်းတွေ မျှတစွာ ပါဝင်အောင် စားသုံးပါ။ဆယ်ကျော်သက်အရွယ်မှာအဝလွန်တာက စိတ်ဓာတ်ကျစေဖို့ တွန်းပို့ရာရောက်ပါတယ်။ ရွယ်တူတွေကြားမှာ လှောင်ပြောင်ခံရတာက ကလေးကိုစိတ်ဒဏ်ရာရစေပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်အရွယ်မှာ စိတ် ကျန်းမာကြံ့ခိုင်စေဖို့ဆိုရင် သင့်တင့်တဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ဆယ်ကျော်သက် တစ်ယောက်အနေနဲ့ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးဖို့ရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖို့ပါ တစ်ညကို အိပ်ချိန် ၉ နာရီကနေ ၉နာရီခွဲကြား ရှိဖို့ လိုပါမယ်။အိပ်ချိန်အများကြီးမထားနိုင်ရင်တောင် ၇ နာရီကတော့ မဖြစ်မနေ ရှိရပါမယ်။ဒါမှ စိတ်ကျန်းမာရေး ကောင်းမှာ ဖြစ်သလို ကျောင်းစာတွေမှာလည်းအာရုံ စူးစိုက်မှုကောင်းမှာပါ။ဆယ်ကျော်သက် အရွယ်မှာ စိတ်ကျန်းမာစေဖို့ဆိုရင် စိတ်ဖိစီးမှုတွေကို ဖြေလျှော့နိုင်မယ့် နည်းလမ်းတွေကို ကိုယ်တိုင် ရှာဖွေထားဖို့ လိုပါမယ်။ ဥပမာ သီချင်းနားထောင်တာ၊ တရားထိုင်တာ၊ယောဂလေ့ကျင့်တာ၊ ပန်းချီဆွဲတာ တစ်ခုခုပေါ့။စိတ်ဖိစီးမှုကို ဖြေရှင်းနိုင်သူတွေက စိတ်ကျန်းမာရေး ကောင်းကြပါတယ်။ ဒီတော့ စိတ်ဖိစီးမှုကို သယ်ပိုး မထားဘဲ ဖြေလျှော့ပါ။ကလေးအများစု စိတ်ဓာတ်ကျတာက ကျောင်းစာ မလိုက်နိုင်တာကြောင့်လည်း ပါပါတယ်။ ဒီတော့ အကောင်းဆုံးက တစ်နေ့ စာ တစ်နေ့လုပ်ပါ။ နားမလည်တာရှိရင် ဆရာ/ဆရာမတွေကို မေးမြန်းပါ။ လေ့လာပါ။ ကျောင်းပညာရေး ထူးချွန်တဲ့ ဆယ်ကျော်သက်တွေက စိတ်ကျန်းမာပါတယ်။မိဘတွေနဲ့ ချစ်ခင်ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်၊မိဘတွေရဲ့ ဂရုစိုက် ယုယမှုကို ခံရတဲ့ ကလေးတွေဟာ စိတ်ကျန်းမာရေး ကောင်းကြပါတယ်။ ဒါကြောင့် မိဘတွေနဲ့ ချစ်ချစ်ခင်ခင်နေပါ။ ပွင့်ပွင်းလင်းလင်း တိုင်ပင်ပါ။[embed-health-tool-bmi]
parenting
parenting
https://hellosayarwon.com/parenting/adolescents/mental-health-adolescents/healthy-mind-habits-for-teenager/
မျက်နှာလေးကို နှိပ်နယ်ပေးပါ
မျက်နှာလေးကလည်း ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေနည်းတူ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာပါ။ ဒီလို ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ မျက်နှာလေးကို အခြားအစိတ်အပိုင်းတွေလိုပဲ နှိပ်နယ်ပေးလို့ ရပါတယ်။မျက်နှာ ကြွက်သားတွေကလည်း တစ်နေ့တာ လှုပ်ရှားမှုတွေကြောင့် ညောင်းညာတာမျိုးတွေ ရှိနိုင်တယ်လေ။မျက်နှာလေးကိုနှိပ်ပေးတာက အညောင်းပြေစေသလို အခြားရော ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်သေးလို့ မျက်နှာလေးကို နှိပ်နယ်ပေးပါ လို့ ပြောရတာလဲဆိုတာကိုတော့ အောက်မှာ ဖော်ပြပေးထားပါတယ်။မျက်နှာကို နှိပ်နယ်တဲ့အခါ အလွယ်ဆုံး နည်းလမ်းကလက်ချောင်းလေးတွေကိုသုံးပြီး နှိပ်နယ်ပေးပါ။ အမျိုးမျိုးသော ကိရိယာတွေကို အသုံးပြုပြီး နှိပ်နယ်ပေးလို့ ရသလို အီလက်ထရောနစ်သုံး ပစ္စည်းတွေကို အသုံးပြုပြီး နှိပ်နယ်ပေးလို့လည်း ရပါတယ်။မျက်နှာလေးကို နှိပ်နယ်ပေးပါ လို့ ပြောရတာက မျက်နှာလေးကို  နှိပ်နယ်တဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။တစ်နေ့တာမှာ ထိတွေ့နေရတဲ့ပတ်ဝန်းကျင်က ညစ်ညမ်းမှုတွေ၊ စားသောက်လိုက်တဲ့ အစားအစာတွေ၊ နေထိုင်မှုပုံစံတွေကြောင့် အရေပြားမှာ အဆိပ်အတောက်တွေ ဖြစ်နေတတ်ပါတယ်။ ဒီအဆိပ်အတောက်တွေက အသားအရေကို ညစ်ထပ်ထပ် ဖြစ်စေပြီး ဝက်ခြံတွေကို ထွက်စေနိုင်ပါတယ်။မျက်နှာကို နှိပ်နယ်ပေးလိုက်တဲ့အခါမျက်နှာမှာ သွေးစီးဆင်းမှုကောင်းစေသလို ပြန်ရည်ကျိတ်တွေကို လှုံ့ဆော်ပေးတာကြောင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ဒီလို ဖယ်ရှားပေးမှုက အသားအရေကို ကြည်လင် လှပစေမှာပါ။အသားအရေလေးကို ကြည်ကြည်လင်လင် ဝင်းပချင်တယ်ဆိုရင်တော့နေထိုင်စားသောက်မှုကို ဂရုစိုက်တာအပြင် ပုံမှန်လေး နှိပ်နယ်ပေးတာကလည်း နည်းလမ်းကောင်းပါ။ မျက်နှာကို နှိပ်နယ်ပေးတာက သွေးစီးဆင်းမှု ကောင်းစေပြီး အသားအရေကို ဝင်းပစေမှာပါ။အသားအရေ ခြောက်သွေ့တာ၊အရေးအကြောင်းဖြစ်တာတွေက အတော်လေး စိတ်ပျက်စရာ ကောင်းပါတယ်။ ဒီလိုအသားအရေ ခြောက်သွေ့မှုကို ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေကလည်း အများကြီးပါ။ ဟော်မုန်း အပြောင်းအလဲကြောင့် အသားအရေ ခြောက်နိုင်သလို စိတ်ဖိစီးတာ၊ ဆေးရွက်ကြီး အသုံးပြုတာ၊ ဆေးလိပ်သောက်တာ၊ ရေသာက်နည်းတာတွေက အသားအရေကို ခြောက်သွေ့စေနိုင်ပါတယ်။ဒီလို အရေပြားပြဿနာကို ကင်းဝေးချင်တယ်ဆိုရင်တော့ မျက်နှာအသားအရေလေးကို ခပ်ဖွဖွလေး နှိပ်နယ်ပေးပါ။မျက်နှာ အသားအရေကို နှိပ်နယ်ပေးတာက အသားအရေကို ကျန်းမာစေပြီး အသားအရေ ကျန်းမာစေဖို့ အသုံးပြုလိုက်တဲ့အသားအရေ ထိန်းသိမ်းမှုပစ္စည်းတွေကို ပြည့်ပြည့်ဝဝ စုပ်ယူနိုင်ပြီး အသားအရေ ကျန်းမာစေဖို့  ထောက်ကူပေးနိုင်ပါတယ်။မျက်နှာ အသားအရေက သွေးလည်ပတ်မှု ကောင်းလေလေ အမာရွတ်တွေ မြန်မြန် သက်သာလာလေလေပါ။ အမာရွတ်က ပြင်းထန်ရင် ပြင်းထန်သလောက် အချိန်ပေးရနိုင်တယ်ဆိုပေမယ့် ပုံမှန်လေး နှိပ်ပေးမယ်ဆိုရင်တော့ ဝက်ခြံ အမာရွတ်ကို သက်သာစေမှာပါ။ဝက်ခြံအမာရွတ်တွေသက်သာစေဖို့ မျက်နှာကို ပုံမှန်လေး နှိပ်ပေးပါ။မနက်နိုးလို့ မျက်နှာ မို့အစ်အစ်ကြီးနဲ့ နိုးလာပြီဆိုရင် အတော်လေး စိတ်ညစ်စရာ ကောင်းပါတယ်။ ဒီလိုမို့အစ်တဲ့ မျက်နှာကြောင့် အလှမပျက်စေဖို့ဆိုရင် မျက်နှာကို နှိပ်နယ်ပေးလို့ ရပါတယ်။ မျက်နှာကို နှိပ်နယ်ပေးတာက မျက်နှာမှာ ရှိတဲ့ အရေပြားတစ်ရှူးတွေထဲက ပိုလျှံနေတဲ့ အရည်တွေကို ဖယ်ရှားပေးပြီး မျက်နှာ မို့အစ်တာကို သက်သာစေနိုင်ပါတယ်။ဒီလို နှိပ်နယ်တဲ့အခါ မျက်နှာကို အစိုဓာတ်ထိန်းခရင်မ် တစ်မျိုးမျိုး လိမ်းပြီးမှ နှိပ်နယ်တာက အကောင်းဆုံးပါ။ မျက်နှာမှာ ဘာမှ မလိမ်းဘဲ နှိပ်နယ်တာက မျက်နှာအသားအရေကို ထိခိုက်စေနိုင်လို့ပါ။မျက်နှာကို တစ်ပတ်ကို ၃ ကြိမ်လောက် နှိပ်ပေးရုံနဲ့ သိသာတဲ့ ရလဒ်ကို ရရှိစေမှာပါ။ နှိပ်တဲ့အခါမှာလည်း မျက်နှာကို ဘယ်လိုနှိပ်နယ်ရမလဲဆိုတာကို Youtubeကနေဖြစ်ဖြစ် သေချာလေ့လာပါ။ ဘက်မှားနှိပ်မိရင် အရေပြားတွေ လျော့ရဲလာနိုင်ပါတယ်။နောက်ဆုံး သတိထားရမယ့် တစ်ချက်က မျက်နှာကို မနှိပ်နယ်ခင်မှာ လက်နဲ့ အသုံးပြုမယ့် ပစ္စည်းတွေကို သေချာ သန့်စင်ဖို့ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/benefits-of-a-facial-massage/
အိပ်နေရင်းနဲ့ လည်း ကယ်လိုရီတွေ လောင်ကျွမ်းနိုင်တယ်ဆိုတာ သိကြလား။
ကယ်လိုရီ လောင်ကျွမ်းတယ်ဆိုတဲ့ စကားကို ဝိတ်ချနေတဲ့ သူတွေက ကျယ်ကျယ်ပြန့်ပြန့်သုံးကြပါတယ်။ Gym သွားရင်၊ အားကစားလုပ်ရင် နှလုံးခုန်မြန်စေတဲ့ လေ့ကျင့်ခန်းတွေလုပ်ရင် ကယ်လိုရီတွေ လောင်ကျွမ်းတယ်ဆိုတာ တော်တော်များများသိကြတဲ့ အချက်တစ်ခုပါ။ ဒါဆိုရင် ကယ်လိုရီဆိုတဲ့အရာက လှုပ်လှုပ်ရှားရှားနေမှပဲ လောင်ကျွမ်းတာလား၊ အားကစားမလုပ်တဲ့သူတွေအတွက်ရော ကယ်လိုရီတွေ မလောင်ဘူးလား။ အိပ်နေရင်းနဲ့ လည်း ကယ်လိုရီတွေ လောင်ကျွမ်းနိုင်တယ်ဆိုတာ သိကြလား။ မသိသေးဘူးဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ကယ်လိုရီဆိုတာ အကြမ်းဖျင်းပြောရင်တော့ အစားအသောက်က ရတာပါ။ ကယ်လိုရီဟာ အပူစွမ်းအင် အဖြစ် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ လောင်စာ (energy) ကိုထုတ်ပေးပါတယ်။ ဒါကြောင့် ဝိတ်ချနေတဲ့သူတွေဟာ ကိုယ်စားတဲ့အစားအသောက်ထဲမှာ ပါတဲ့ ကယ်လိုရီတွေကို တွက်ပြီး လျှော့စားကြတာပါ။လူတွေဟာနေ့စဉ် လှုပ်ရှားဖို့ အတွက် လိုအပ်တဲ့ ကယ်လိုရီပမာဏဟာ အကြမ်းအားဖြင့် ယောကျ်ားလေးတွေအတွက်ဆို ၂၅၀၀ ကယ်လိုရီဖြစ်ပြီး မိန်းကလေးတွေအတွက်ဆိုရင်တော့ ၂၀၀၀ ကယ်လိုရီဖြစ်ပါတယ်။ဒါပေမယ့် လူတစ်ယောက်က ဘာမှမလုပ်ရင်တောင်  ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေကြောင့် ကယ်လိုရီတွေက လောင်ကျွမ်းနေပါတယ်။ ဒါကို basal metabolic rateလို့ ခေါ်ပါတယ်။ထိုင်နေရင်တောင် လောင်ကျွမ်းတယ်ဆိုတော့ အိပ်နေတဲ့ချိန်ဆိုရင်ရော ကယ်လိုရီတွေကို ခန္ဓာကိုယ်ဟာ ဘယ်လိုနေရာတွေမှာ အသုံးချနေလည်းဆိုတာ ကြည့်လိုက်ကြရအောင်။အိပ်နေရင်းနဲ့ လည်း ကယ်လိုရီတွေ လောင်ကျွမ်းနိုင်တယ်ဆိုတာ က။အိပ်ပျော်သွားတဲ့ လူတစ်ယောက်ဟာအိပ်စက်ခြင်းအဆင့်အမျိုးမျိုးကို ဖြတ်ကျော်ရပါတယ်။ အဲဒီထဲက REM လို့ခေါ်တဲ့ အိပ်စက်ခြင်း အဆင့်မှာတော့ နှလုံးခုန်နှုန်းတွေ၊ သွေးပေါင်ချိန်တွေပါတက်ပြီးတော့ ခန္ဓာကိုယ်ဟာ သိုလှောင်ထားတဲ့လောင်စာတွေဖြစ်တဲ့ ဂလူးကို့စ်တွေအများဆုံးကို ဖြိုခွဲပြီး သုံးတဲ့အတွက် ကယ်လိုရီတွေ အများဆုံး လောင်ကျွမ်းပါတယ်တဲ့။ညဘက်အိပ်ပျော်နေစဉ်မှာ ခန္ဓာကိုယ်ဟာ တစ်ကိုယ်လုံးမှာ ရှိတဲ့ တစ်နေ့တာလုံးမှာ ပျက်စီးသွားတဲ့ ဆဲလ်တစ်လုံးချင်းကို ပြုပြင်ပါတယ်။ အရှင်းဆုံးပြောရရင် အားကစားလုပ်ထားတဲ့သူတွေ အလေးများများမတဲ့သူတွေရဲ့ ခန္ဓာကိုယ်ဟာဆိုရင် ကြွက်သားတွေကို အကြိမ်ကြိမ်ပျက်စီးတယ်၊ ဒါကြောင့် ကြွက်သားတွေကို ပြုပြင်ဖို့ အသစ်ဖြစ်ဖို့အတွက် ခန္ဓာကိုယ်ရဲ့ သိုလှောင်ထားတဲ့ လောင်စာတွေကို သုံးပစ်ပါတယ်။မအိပ်ခင် တစ်နေ့လုံး စားထားတဲ့ အစားအသောက်တွေကိုလည်း နောက်တစ်ရက်နိုးလာရင် စွမ်းအင်အဖြစ်အသုံးချဖို့အတွက် အစာခြေတာကြောင့်လည်း ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။ဒါကတော့ လူတစ်ယောက်နဲ့ တစ်ယောက်နဲ့ မတူပါဘူး။ အပေါ်မှာ ပြောခဲ့သလို မိန်းကလေးနဲ့ ယောကျ်ားလေး တစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီပမာဏကွာသလို လောင်ကျွမ်းတဲ့ ပမာဏလည်းမတူပါဘူး။အဓိကတော့ basal metabolic rate (BMR) လို့ခေါ်တဲ့အခြေခံ ဇီဝကမ္မဖြစ်ပျက်မှုနှုန်းပေါ်မှာမူတည်ပါတယ်။BMRဆိုတာ အလွယ်ပြောရင် လူတစ်ယောက် တစ်နေ့တာလုံးမှာဖြစ်နေတဲ့ အသက်ရှူတာ၊ နှလုံးခုန်တာ၊ အစာခြေတာ စတဲ့ အခြေခံအကျဆုံး ခန္ဓာကိုယ်ဖြစ်စဉ်တွေအတွက် လိုအပ်တဲ့ အနည်းဆုံး ကယ်လိုရီ ပမာဏပါ။BMR ကတော့ လူတစ်ယောက်ချင်းစီရဲ့ အလေးချိန်ပေါ်မှာ အခြေခံပါတယ်။ ဝိတ်ပိုများလေ စွမ်းအင်ပိုသုံးရလေဖြစ်လို့ BMR ကလည်း ပိုများမှာပါ။၁၂၅ ပေါင် အလေးချိန်ရှိတဲ့ ကျန်းမာတဲ့လူတစ်ယောက်ဟာ အိပ်နေတဲ့ချိန်မှာ တစ်နာရီကို ၃၈ ကယ်လိုရီလောင်ကျွမ်းပါတယ်တဲ့။ ဒါဆိုရင် သူ့ ဘယ်နှနာရီအိပ်လဲနဲ့ မြှောက်လိုက်ရင်တော့ သူအိပ်နေတဲ့ချိန်မှာ ကယ်လိုရီ ဘယ်လောက်လောင်ကျွမ်းသွားလဲဆိုတာသိနိုင်ပါတယ်။အိပ်ချိန်နည်းရင်ဝိတ်တက်လာနိုင်သလို အိပ်ချိန်အရမ်းများရင်လည်း လှုပ်ရှားမှုနည်းသွားတဲ့ အတွက် ဝိတ်တက်နိုင်ပါတယ်။အိပ်ချိန်ကို လုံလုံလောက်လောက် အိပ်ဖို့အပြင် အားကစားတစ်ခုခုလုပ်ရင်တော့ ကယ်လိုရီလောင်ကျွမ်းတာက အိပ်နေတဲ့ချိန်မှာတောင် အမြင့်ဆုံးဖြစ်နေမှာပါ။BMR လို့ခေါ်တဲ့ ဇီဝကမ္မဖြစ်နှုန်းမြန်လေ ကယ်လိုရီလောင်ကျွမ်းတာ ပိုများလေဖြစ်တဲ့အတွက် အစားကိုနည်းနည်းနဲ့ အကြိမ်ရေများများစားတာ၊ အရက်သေစာရှောင်တာ၊ တစ်နေ့ကို အနည်းဆုံး လေ့ကျင့်ခန်း ၁၅ မိနစ်လောက်လုပ်တာ စသဖြင့် BMR တက်စေမယ့် အမူအကျင့်လေးတွေကို လုပ်ကြပါလို့ အကြံပြုလိုက်ရပါတယ်နော်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/how-your-body-uses-calories-while-you-sleep/
ယုံကြည်မှုတွေ မရေရာ၊ လမ်းလျှောက်ရင်း လမ်းပျောက် နေပြီလား
ဘာဖြစ်နေမှန်းမသိစိတ်တွေကျနေသလိုလို၊ အရာရာကို ရန်ပဲလိုနေသလိုလို၊ အားမလိုအားမရဖြစ်သလို၊ မျှော်လင့်ချက်ပဲမဲ့နေသလိုလို ယောင်ဝါးဝါးဖြစ်လာတဲ့အခိုက်အတန့် လူတော်တော်များများကြုံရဖူးပါတယ်။ ယုံကြည်မှုတွေ ဖျော့လာပြီး ကိုယ်လျှောက်လာတဲ့လမ်းက မှန်ရဲ့လား၊ လက်ရှိကိုယ့်ရဲ့ ဖြစ်တည်မှုက ဘယ်အနေအထားရောက်နေလဲ၊ ဘာဆက်လုပ်ရမလဲမသိတော့ဘူး ဆိုတဲ့စိတ်တွေဝင်လာတာပေါ့။ ယုံကြည်မှုတွေ မရေရာ၊ လမ်းလျှောက်ရင်း လမ်းပျောက် နေတာမျိုးပေါ့။ခဏလောက်တော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ လျှောက်နိုင်လိုက်ပေမယ့် သိပ်မကြာပါဘူး၊ နည်းနည်းစိတ်ဖိစီးတာနဲ့ လမ်းပြန်ပျောက်ပြန်ရော။ ကျွန်မတို့တွေက ဘဝကိုချဉ်းကပ်တဲ့နည်းလမ်းတွေမတူကြဘူး၊ ကိုယ့်စိတ်ကို ပျော်ရွှင်စေနိုင်တဲ့အရာတွေဆိုတာလည်း အချိန်နဲ့အမျှ ပြောင်းလဲနေကြတယ်။ အရင်က ပျော်ခဲ့တဲ့အရာတွေမှာ ခုမပျော်တော့တာမျိုး။ ဒီလိုအပြောင်းအလဲ၊ အလှည့်အကွေ့တွေကြားမှာ တသမတ်တည်းမရှိရကောင်းလားလို့ ကိုယ့်ကိုယ်ကိုအပြစ်ဖို့နေစရာတော့မလိုပါဘူး။ ဒါကလည်း ဘဝရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လို့ပါပဲ။လမ်းပျောက်နေတာကိုစိတ်ညစ်ရုန်းကန်နေမယ့်အစား ကိုယ့်ကိုယ်ကိုအရင်ချော့ပြီး တည်ငြိမ်အောင်လုပ်ပါဦး။ ပြီးမှ အောက်က ၅ ချက်ကို ဖတ်ကြည့်လိုက်ပါ။ ကိုယ့်ဘဝခြေလှမ်းနဲ့ပတ်သက်ပြီး တစ်ခုခုတော့ အကျိုးထူးလာမယ်ဆိုတာ အာမခံပါတယ်…။(၁)ကိုယ့်ခံစားချက်တွေနဲ့စစ်ဖြစ်မနေပါနဲ့။ကိုယ့်ခံစားချက်တွေကို ချိုးနှိမ်ဖို့ ကြိုးစားလိုက်တာနဲ့ပဲ အလင်းရောင်ရှိတဲ့ ထွက်ပေါက်တစ်ခု ချက်ချင်းပေါ်လာမယ်လို့ ထင်ပါသလား။ ကိုယ့်စိတ်ကိုယ်ပြန်သိနိုင်ဖို့က ဒီအမှောင်ထုကို ရှောင်သွားရမှာ၊ ဖျောက်ဖျက်ပစ်ရမှာ မဟုတ်ပါဘူး။ ဖြတ်သန်း၊ ကျော်လွှားနိုင်မှဖြစ်မှာပါ။ဒီတော့ ကိုယ့်စိတ်ထဲ ဘာတွေခံစားနေရတာလဲ၊ ဘာဖြစ်ချင်တာလဲ ကိုယ့်ရင်ထဲကအသံကို နားစွင့်ပါ။ လမ်းပျောက်နေပြီဆို နောက်ဆုံးမှာ ကိုယ့်အာရုံအသိကပဲ ကိုယ့်ကို လမ်းပြပေးနိုင်မှာပါ။ ပေါ်လာတဲ့လမ်းကို ဘယ်လိုလျှောက်မလဲဆိုတာကတော့ ကိုယ့်ရွေးချယ်မှုပေါ့။(၂) ကိုယ့်ကိုယ်ကို ယုံကြည်လိုက်ပါ။ကိုယ်တိုင်တောင် မယုံကြည်တာ၊ ကိုယ့်ကိုယ်ကို ပြန်ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘဝမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှသာ ကိုယ့်ရဲ့ အရည်အချင်းအစစ်အမှန်နဲ့ ကိုယ်လျှောက်ရမယ့်လမ်းကို ရှာတွေ့နိုင်မှာလေ။ ဒီလိုရှာဖို့ တာဝန်ရှိတာ ကိုယ်ကိုယ်တိုင်ပဲ မဟုတ်လား။(၃) ကိုယ့်စိတ်ကို ပျော်ဝင်စီးမျောစေမယ့် အရာတွေ လုပ်ကြည့်ပါ။ယောင်လည်လည်နဲ့ လမ်းပျောက်နေတဲ့အချိန် ကိုယ့်စိတ်ကို ပျော်ရွှင်စေတဲ့အရာလေးတွေ လုပ်ကြည့်လိုက်ပါ။ အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူမယ်၊ ဂျင်မ်သွားမယ်၊ယောဂကစားမယ်၊ ဒါမှမဟုတ်အပင်လေးတွေစိုက်မယ်။အနည်းဆုံးတော့ ကိုယ့်မျက်နှာမှာ အပြုံးတစ်ခုဖြစ်လာစေနိုင်တဲ့အရာတစ်ခုခုကို လုပ်ပါ။ အားတဲ့အချိန်လေး ဒီလိုအသေးအဖွဲလေးတွေကြောင့်လည်း စိတ်နှလုံးကို ပျော်ရွှင်စေနိုင်ပြီး အရောင်အဆင်းမဲ့တဲ့ အတွေးတွေကို ဖြည်းဖြည်းချင်းဝေးလွင့်သွားစေနိုင်ပါတယ်။(၄)အသစ်အဆန်းတွေကြိုးစားကြည့်ပါ။လမ်းပျောက်နေတာလား။ အမြဲလုပ်နေကျ ငြီးငွေ့စရာတွေနဲ့ မတူတဲ့ အတွေ့အကြုံအသစ်တစ်ခုခုကို ကြိုးစားကြည့်ပါ၊ လေ့လာသင်ယူပါ။ကိုယ်မသိသေးတဲ့ အတတ်ပညာတစ်ခုခုကို လေ့လာဖို့ အချိန်ကောင်းပါပဲ။ အဲဒီကနေမှ ကိုယ်တိုင်တောင်မသိသေးတဲ့ ကိုယ့်အားသာချက်နဲ့ အရည်အချင်းသစ်တွေတောင် ထွက်ပေါ်လာနိုင်ပါတယ်။(၅)အဆိုးမြင်အတွေးတွေကို တိုက်ထုတ်ပါ။ခုဖြစ်နေတဲ့ ခံစားချက်ကို အစပျိုးမွေးထုတ်ပေးလိုက်တာက အဆိုးမြင်တဲ့ အတွေးတွေပါပဲ။ ငါရှေ့ဆက်လို့မှ ဖြစ်ပါ့မလား၊ ဘာဆက်လုပ်ရမလဲ၊ ငါအခု ဘာမှလည်းအဆင်မပြေဘူး၊ ငါဆက်ရောလုပ်နိုင်ပါ့မလား ဆိုတဲ့အသံတွေ ကိုယ့်ခေါင်းထဲမှာ ပေါ်ထွက်လာရင် လက်မခံပါနဲ့။ ကိုယ့်ရဲ့အတွင်းက နတ်ဆိုးကို တိုက်ထုတ်ပြီးကောင်းတဲ့အတွေးတွေကို မွေးယူပါ။ဇဝေဇဝါ အတွေးတွေများပြီး ဘဝကို လွှမ်းမိုးသွားတာမျိုး ဖြစ်ခွင့်မပြုပါနဲ့။ လမ်းပျောက်သလို ခံစားရတာနဲ့ သင့်ဘဝတစ်ခုလုံး လုံးဝကျရှုံးသွားတာမှမဟုတ်တာ။ ကိုယ့်စိတ်ထဲက ဖြစ်ချင်ရာကို ဘာမဆို ဆက်ကြိုးစားခွင့်ရှိပါတယ်။ ဘယ်အရာကမှ ပုံသေ ဒီအတိုင်းရှိနေမှာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်ပြီး ကိုယ့်ဘဝအတွက်အလှပဆုံးအရာတွေကို ဖန်တီးလိုက်ပါ။ ကိုယ့်ကမ္ဘာမှာ ကိုယ်သည်သာ ကိုယ့်ဘုရင်ပါပဲနော်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/find-yourself/
ဘေဘီလေးတွေကို ဘယ်လိုသိပ်ကြမလဲ
မနက်သုံးနာရီကလည်းထိုးပြီ၊ မိမိရဲ့ဘေဘီလေးကလည်းမအိပ်သေးဘူး။ မေမေကတော့ အရမ်းအိပ်ချင်နေပြီပေါ့။ဘေဘီလေးတို့အိပ်စက်ဖို့ရန်အတွက် မေမေတို့တွေ ဘယ်လိုနည်းလမ်းတွေ သုံးရမှာပါလိမ့်။သားအိမ်ထဲမှာရှိနေစဉ်မှာပတ်ဝန်းကျင်ဟာမှောင်နေပါတယ်။ အပြင်လောကကို ရောက်လာတဲ့အခါ အလင်းကို ချက်ချင်း အသားမကျသေးတာကြောင့် အလွယ်တကူ အိပ်မပျော်သေးတာပါ။ ညဘက်အခန်းမီးပိတ်ချိန်စောလေလေ ကလေးရဲ့ နှစ်ခြိုက်စွာအိပ်ပျော်ချိန် စောလေလေပါ။ ဒါ့အပြင် ညတိုင်းညတိုင်းမီးပိတ်တဲ့အချိန်ဟာတစ်ချိန်ထဲဖြစ်ရင်ပိုကောင်းပါတယ်။အိပ်ချိန်ကို ပုံမှန်မှတ်မိသွားနိုင်ပါတယ်။ အိပ်ချိန်ကို တစ်သမတ်တည်းဖြစ်သွားစေပြီး မေမေလည်း ခက်ခက်ခဲခဲသိပ်ရတဲ့ ပြဿနာလျော့သွားမှာပါ။တကယ်တော့ ဘေဘီလေးတွေညညထထငိုတယ်ဆိုတာ ပုံမှန်သဘာဝပါပဲ။ များသောအားဖြင့် သူတို့လေးတွေဗိုက်ဆာလာလို့ပါ။ ဒါဟာ လနုသေးတဲ့ကလေးငယ်လေးတွေအတွက်ပုံမှန်ပါပဲ။ မေမေတို့အနေနဲ့ ဒါကိုစိတ်ညစ်စရာလို့သဘောမထားဘဲ အကောင်းဆုံးရင်ဆိုင်ဖြေရှင်းခြင်းဟာစိတ်ညစ်မှုကိုတစ်ဝက်လောက်သက်သာစေပါတယ်။ဘေဘီလေးတွေနိုးလာတဲ့အခါ။ဒါကြောင့် မေမေအများစုကြုံတွေ့နေရတဲ့ဒီပြဿနာကိုစိတ်ညစ်စရာလို့သဘောမထားဘဲ အကောင်းဆုံးဖြေရှင်းလိုက်ပါ။မေမေတို့ ယခုကြုံတွေ့ရတဲ့ဒုက္ခဟာတစ်ခဏပါပဲ။ ဘေဘီလေးအသက်ကြီးလာတာနဲ့အမျှ ဒီဒုက္ခတွေဟာပျောက်သွားမှာပါ။ လနုစဉ် ခဏတာကြုံတွေ့ရတဲ့အခက်အခဲပါ။ မိမိရင်သွေးလေး ကျန်းကျန်းမာမာနဲ့ ချစ်စရာကောင်းစွာကြီးပြင်းလာမှာကိုစိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းရင်း အိပ်မပျော်တဲ့ပြဿနာကိုနည်းလမ်းကျကျဖြေရှင်းကြည့်ရအောင်။ရေးသားသူ- ဒေါက်တာမှူးခင်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/how-to-get-baby-to-sleep/
ကလေး အစာမကြေဖြစ်နေလား ဘယ်လိုသိနိုင်မလဲ ..ဘယ်လိုကာကွယ်ကြမလဲ
လူကြီးတွေလိုရောဂါလက္ခဏာတိတိကျကျ မပြောပြတတ်တဲ့ ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ရင် သူတို့ရဲ့ အပြုအမူနဲ့ ပြင်ပလက္ခဏာလေးတွေကို အမြဲသတိထားမိဖို့ အရေးကြီးပါတယ်။ ကလေးက အစာမစားချင်ဘူးဘဲ ပြောနေပြီ ဆိုရင် ကလေးမှာအစာမကြေတာများ ဖြစ်နေလားလို့ စတင် သံသယ ရှိသင့်ပါပြီ။ အစာမကြေတာက ဝမ်းချုပ်တာ လိုပဲ ကလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ကိစ္စ တစ်ခုပါ။ လူကြီးတွေမှာ လိုပဲ ကလေးတွေမှာလည်း ဖြစ်နိုင်ခြေများပါတယ်။ ကလေး အစာမကြေဖြစ်နေလား ဘယ်လိုသိနိုင်မလဲ ..ဘယ်လိုကာကွယ်ကြမလဲ ……။အစာမကြေတာက ကြီးကြီးမားမားကျန်းမာရေး ပြဿနာလို့ မဆိုသာပေမယ့် သေချာလေး ဂရုစိုက် စောင့်ရှောက်ဖို့တော့ လိုပါတယ်။ အစာမကြေခြင်းကနောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်လာစေနိုင်သလိုသားသားမီးမီးတို့ရဲ့ ပျော်ရွှင်စရာ အချိန်လေးတွေကို ထိခိုက်စေနိုင်လို့ပါ။ကလေး အစာမကြေဖြစ်နေလား ဘယ်လိုသိနိုင်မလဲ။ ကလေးက အစာမကြေဖြစ်နေတဲ့အခါ။စားလိုက်တဲ့ အစားအသောက်တွေကြောင့် အစာမကြေဖြစ်နိုင်သလို အချို့သော အခြေအနေတွေကြောင့်လည်း အစာမကြေဖြစ်နိုင်ပါတယ်။ကလေးက အစာမကြေဖြစ်တတ်တယ်ဆိုရင်အစားအသောက်၊ အနေအထိုင်သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ ဒါကြောင့် ကလေးကို။အဆီများတဲ့ အစားအစာတွေက ကလေးကို အစာမကြေ ဖြစ်စေနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အသီးအရွက်၊ သစ်သီး၊ အိမ်ချက်အစားအစာတွေ၊အာဟာရဖြည့်နို့စတာတွေ ကျွေးပေးပါ။ချောကလက်၊ သကြားလုံးတွေက ကလေးတွေ သည်းခြေကြိုက်ဆိုပေမယ့် အစာမ​ကြေဖြစ်စေနိုင်တာကြောင့် ကလေးကိုလည်း သူနေမကောင်းဖြစ်နိုင်လို့ မစားခိုင်းတာဆိုတာကို နားလည်အောင်ရှင်းပြပါ။ အလိုလိုက်ပြီး ပိုမကျွေးမိအောင်လည်း သတိထားပါ။အစာမြန်မြန်စားတာက အစာမကြေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစာစားတဲ့အခါ ဖြည်းဖြည်းမှန်မှန်နဲ့ သေချာကြေညက်အောင်ဝါးစားတတ်ဖို့ အလေ့အကျင့် လုပ်ပေးပါ။ကလေးဆိုပေမယ့် လူကြီးတွေလိုပဲ စိတ်ဖိစီးမှု ရှိနိုင်ပါတယ်။ စိတ်ဖိစီးမှုကလည်း ကလေးကို အစာမကြေ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတစ်ခု ဖြစ်တာကြောင့် ကလေးကို စိတ်ဖိစီးမှု ကင်းအောင် ဂရုစိုက်ပါ။ ကလေးကို အနိုင်ကျင့်တာတွေ၊ ဖိအားပေးတာတွေ၊ ကလေးရှေ့မှာ ရန်ဖြစ်တာတွေကို ရှောင်ပါ။အစားစားပြီးပြီးချင်းမှာ ပြေးတာ၊ ခုန်ပေါက်ဆော့တာက ကလေးကို အစာမကြေဖြစ်စေနိုင်ပါတယ်။ အစာစားပြီး အနည်းဆုံး တစ်နာရီကြာမှ ပြေးလွှား လှုပ်ရှားလုပ်သင့်ပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် အစာမကြေတာမျိုး ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ကလေးကို အစာစားပြီးပြီးချင်း ပြေးလွှားဆော့တာမျိုး မလုပ်မိအောင် ဂရုစိုက်ပေးပါ။ကလေးရဲ့ နေ့စဉ်အစားအသောက်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် အထောက်အကူဖြစ်စေမဲ့ Prebiotics ပါတဲ့ နို့တွေ၊ အစားအသောက်တွေ (ဥပမာ – ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငှက်ပျောသီး၊ ကညွတ်၊ အုတ်ဂျုံ၊ ပန်းသီး၊ ရေညှိ စသည်တို့) ပါဝင်အောင် ကျွေးမွေးပါ။ဒီအချက်လေးတွေ သေချာဂရုစိုက်လိုက်နာပေးရင်တော့  ကလေးအစာမကြေခြင်း ပြဿနာကို အမြန်ဆုံးသိရှိပြီး အလွယ်ကူဆုံး ဖြေရှင်းနိုင်ပါလိမ့်မယ်နော်…။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/indigestion-in-children/
ရေသောက်နည်းလို့ ခန္ဓာကိုယ်မှာဖြစ်လာမယ့် အချက်ပြလက္ခဏာ (၇) ခု
ရေသောက်ပါ၊ ရေသောက်ပါလို့ အမြဲတိုက်တွန်းရတဲ့အကြောင်းရင်းက ရှိပါတယ်နော်။ တစ်ရက်မပြောနဲ့၊ တစ်မနက်လောက် ရေမသောက်ဘဲနေလိုက်ရင်ကို နေလို့မကောင်းတာ သတိထားမိတယ်မလား။ ဒီတစ်ခေါက်တော့ ရေသောက်နည်းလို့ ခန္ဓာကိုယ်မှာဖြစ်လာမယ့် အချက်ပြလက္ခဏာ တွေအကြောင်း ပြောပြပေးချင်ပါတယ်။တစ်နေ့ကို အနည်းဆုံး ရေ (၈) ခွက်တော့ သောက်သုံးသင့်တယ်လို့ ကျန်းမာရေးအကြံပြုချက်တွေ ရှိထားပြီးသားပါ။ ဒါပေမယ့် အလုပ်မအားလို့၊ မေ့နေလို့၊ ရေမဟုတ်တဲ့ တခြားသောက်စရာတွေ သောက်နေလို့ (ရေသောက်စရာမလိုဘူးထင်နေတာ) ဆိုရင် ရေဓာတ်လုံလောက်နိုင်မှာမဟုတ်ပါဘူး။ခန္ဓာကိုယ် ကျန်းမာဖို့ လိုအပ်တဲ့ ရေဓာတ်ကို ပြည့်ပြည့်ဝဝမရရှိဘူးဆိုရင် အချိန်ကြာလာနဲ့အမျှ ချို့ယွင်းမှုတွေဖြစ်လာနိုင်တယ်၊ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေကို ထိခိုက်စေပြီး နုံးတာ၊ နေလို့ မကောင်းတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားတွေနာတာ၊ ဆီးလမ်းကြောင်း ကျောက်တည်တာ စတဲ့ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ဒီတော့ ကိုယ်ရေသောက်နည်းနေတာကို သတိမထားမိရင် ပြဿနာရှိတယ်လေ။ တကယ်လို့ ကိုယ့်မှာ ဒီလက္ခဏာတွေဖြစ်လာရင်တော့ ရေသောက်နည်းနေပြီ၊ ခန္ဓာကိုယ်မှာ ရေဓာတ်လိုအပ်နေပြီလို့ သိလိုက်ပါတော့…။(၁) အာခေါင်တွေ ခြောက်မယ်။ဒါက သိတော့သိသာပါတယ်။ ဒါပေမယ့် တခါတလေ အာခေါင်ခြောက်တာ၊ ပါးစပ်ထဲ စေးကပ်ကပ်ဖြစ်တာမျိုးကို ရေမသောက်ဘဲ အချိုရည်တွေ၊ ကော်ဖီတွေသောက်ပစ်တာ ပိုဆိုးပါတယ်။ ရေဓာတ်လိုအပ်လို့ ခန္ဓာကိုယ်က ပြတဲ့ လက္ခဏာဖြစ်ပေမယ့် တခြားအရာတွေစွက်တဲ့ အရည်ဓာတ်ကို ဖြည့်တင်းလိုက်ရုံနဲ့မလုံလောက်ပါဘူး။ အချိုရည်တွေ၊ကဖင်းတွေကြောင့် ပိုပြီးတောင် ရေငတ်နိုင်ပါတယ်။(၂)အသားခြောက်မယ်။အရေပြားက ခန္ဓာကိုယ်ရဲ့အကြီးဆုံး အစိတ်အပိုင်း ဖြစ်နေတော့ ရေဓာတ် ပြည့်ဝဖို့ ပိုပြီး လိုအပ်ပါတယ်။ တကယ်တော့ အသားခြောက်တယ်ဆိုတာ ရေဓာတ် ခမ်းခြောက်မှုရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ရေသောက်နည်းတော့ ချွေးမထွက်နိုင်ဘူး၊ အသားအရေ စိုပြည်မှုမရှိတော့ဘဲ မွဲခြောက်ခြောက် ဖြစ်လာပါတယ်။(၃) မျက်လုံးခြောက်မယ်။မျက်လုံးခြောက်သွေ့တာ၊ မျက်ရည်ခမ်းခြောက်နေတာက ရေဓာတ်နည်းနေလို့ပါ။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ် မလုံလောက်မှတော့ မျက်ရည်ပြွန်လည်း ခမ်းခြောက်လာပြီပေါ့။ မျက်လုံးထဲဝင်လာသမျှ အမှုန်၊ ပိုးမွှား စတာတွေကို အလိုအလျောက်ဖယ်ရှားပေးမယ့် မျက်ရည်တွေနည်းနေမှာဖြစ်တဲ့အတွက် မျက်လုံးခြောက်တဲ့အခါ နေရခက်တာ၊ ကြည့်မကောင်းတာ၊ ပိုးဝင်တာတွေ ဖြစ်လွယ်စေပါတယ်။(၄) အဆစ်တွေနာမယ်။အရိုးနုနဲ့ ကျောရိုးဆစ်တွေရဲ့ ဖွဲ့စည်းမှုမှာလည်း ရေဓာတ်က အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်မလုံလောက်တဲ့အခါ လှုပ်ရှားလိုက်တိုင်း အရိုးအဆစ်တွေတဂျွတ်ဂျွတ်ဖြစ်နေတော့မှာပါ။(၅) နေမကောင်း တာရှည်မယ်။ရေသောက်လိုက်ရင် ကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးဖို့ ကူညီတာ သဘာဝလုပ်ဆောင်ချက်ပါ။ ရေဓာတ်မလုံလောက်ရင် ဒီလုပ်ဆောင်ချက် ကမောက်ကမဖြစ်ပြီး ကိုယ်ခံအားစနစ်ကိုပါ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။(၆) မောပန်းနေမယ်၊ နုံးနေမယ်။အပေါ်မှာ ပြောခဲ့သလိုပဲ ခန္ဓာကိုယ်က ရေဓာတ် ခမ်းခြောက် တဲ့အခါ သွေးထဲကနေ ယူသုံးပါတယ်။ ဒီတော့ ရေဓာတ် မလုံလောက်တော့တဲ့ သွေးတွေက ခန္ဓာကိုယ် အနှံ့ ပေးပို့ဖို့ အောက်ဆီဂျင် မရှိတော့ပါဘူး။ အောက်ဆီဂျင် နည်းတဲ့အခါ လူက အိပ်ချင်တာ၊ မောပန်းနုံးချိနေတာတွေဖြစ်စေ တတ်ပါတယ်။(၇) အစာခြေစနစ်ပြဿနာတွေ ဖြစ်လာမယ်။ရေဓာတ် မလုံလောက်တဲ့အခါ လည်ချောင်း နဲ့ ခံတွင်းမှာ တံတွေးနဲ့ ချွဲတွေ နည်းလာပြီး အစာအိမ် အက်စစ်ကြောင့် ခန္ဓာကိုယ် အတွင်းပိုင်းမှာ ထိခိုက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ အဲဒီ အခါ ရင်ပူတာ၊ အစာမကြေတာတွေလိုမျိုး အဖြစ်များတဲ့ ပြဿနာတွေ ဖြစ်လာတာပေါ့။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/important-signs-that-we-dont-drink-enough-water/
Infrared သာမိုမီတာ နဲ့ အပူချိန်တိုင်းမယ်ဆိုရင်
ခုတလော အမေးများနေတာက shopping mallတွေ၊ တခြား လူစုနိုင်တဲ့နေရာတွေရဲ့ အဝင်အထွက်မှာအပူချိန်တိုင်းတာတွေက မှန်ပါ့မလားဆိုတာပါပဲ။ သူတို့မေးလည်းမေးချင်စရာပါ။ ရာသီဥတုက ပူလာပြီလေ။ ဒီလိုအပူထဲက လာတဲ့သူကို ထိပ်ကနေ ဆီးပြီး တိုင်းလိုက်လို့ အပူချိန်က ၃၇ ဒီဂရီ စင်တီဂရိတ်ကျော်နေပြီဆိုတာနဲ့ ဖျားနေပြီလို့ သတ်မှတ်လိုက်မှာလား။ လူကြည့်တော့လည်း အကောင်းကြီး။ အရင်ကတော့ အပူချိန်တိုင်းမယ်ဆိုရင် ပြဒါးသာမိုမီတာကိုပဲ သုံးကြတာပါ။ ဆေးခန်းတွေက အစပေါ့။နောက်ပိုင်း တိုးတက်လာတော့ ဒစ်ဂျစ်တယ်သာမိုမီတာကို ပြောင်းသုံးလာကြပါတယ်။ ဒါတွေက သုံးရလွယ်တယ်။ ပြဒါးသာမိုမီတာလိုလည်း အကြာကြီး စောင့်စရာမလိုဘူး။ပြဒါးဆိပ်လည်း သင့်ဖို့ အခွင့်အရေးနည်းတယ်။ နဖူးပဲတိုင်းမလား။ နားထဲပဲ တိုင်းမလား အမျိုးစုံရှိတယ်။ အဖြေလည်း မြန်မြန်ထွက်တယ် စတဲ့ အကြောင်းပြချက်တွေကြောင့် အသုံးများလာကြပါတယ်။ဒါပေမယ့် ခုနကပြောသလိုပဲ။ ပစ္စည်းတိုင်းမှာ သုံးပုံ သုံးနည်းဆိုတာ ရှိတယ်။ သုံးနည်း မမှန်ရင် ဘဘ်လောက်စျေးကြီးတာကိုပဲ ဝယ်ထား ဝယ်ထား အဖြေမှားနေရင် အလကားပဲပေါ့။ ဒီတော့ ဒစ်ဂျစ်တယ်သာမိုမီတာကို ဘယ်လို သုံးမလဲ။ တိုင်းပေးတဲ့ သူကရော သူ့ဆီရောဂါမကူးအောင် ဘယ်လိုတိုင်းမလဲ စတာတွေကို ပြောပြသွားမှာပါ။(၁) ကြိုတင်စစ်ဆေး ပြင်ဆင်ခြင်း။(၂) အဖြေတိကျမှန်ကန်ရန်အတွက် တိုင်းတာနည်း။အပူချိန်တိုင်းတာကို ၃ပေခွာပြီး တိုင်းဖို့ မလွယ်လှပါဘူး။ ဒါကြောင့် တိုင်းတဲ့သူရော၊ အတိုင်းခံရသူရော အန္တရာယ်ကင်းအောင် အောက်က အချက်တွေကို လိုက်နာပေးပါ။ကိုယ်အပူချိန်တိုင်းတာကCOVID-19ရှိမရှိကို အဖြေထုတ်ပေးတာ မဟုတ်ပါဘူး။ ဒါပေမယ့်ဖျားနေရင်တော့ ပိုပြီး သတိထားရမှာပေါ့။ ဖျားလား မဖျားလား သိဖို့အတွက် ဒီအပူချိန်တိုင်းတာက အရေးကြီးပါတယ်။ မှန်မှန်ကန်ကန် တိုင်းနိုင်မှသာ ရောဂါရှာဖွေတဲ့ နေရာမှာ အထောက်အကူပြုနိုင်မှာပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/infrared-%e1%80%9e%e1%80%ac%e1%80%99%e1%80%ad%e1%80%af%e1%80%99%e1%80%ae%e1%80%90%e1%80%ac-%e1%80%94%e1%80%b2%e1%80%b7-%e1%80%a1%e1%80%95%e1%80%b0%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba%e1%80%90/
ခန္ဓာကိုယ်ပေါ်က အရေပြား ဘာတွေများ လုပ်ပေးသလဲ!
ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေလို့ တွေးလိုက်မိပြီဆိုရင် အရင်ဆုံး ပေါ်လာတာက နှလုံးတွေ၊ အဆုတ်တွေ၊ ကျောက်ကပ်တွေဟုတ်။ တကယ်ကတော့ ဒီအစိတ်အပိုင်းတွေက အရေးကြီးသလို အရေပြားကလည်း အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုပါ။ အခုတစ်ခေါက်တော့ ခန္ဓာကိုယ်ပေါ်က အရေပြား ဘာတွေများ လုပ်ပေးသလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။အရေပြားက ခန္ဓာကိုယ်ပေါ်မှာ အကြီးဆုံး အစိတ်အပိုင်း ဖြစ်သလို အမြင်သာဆုံး အစိတ်အပိုင်းပါ။ ဒါပေမယ့် အရေပြားရဲ့ စွမ်းဆောင်မှုတွေနဲ့ အရေးပါမှုတွေကိုတော့ တော်တော်များများက သတိ မထားမိကြပါဘူး။တကယ်ကတော့ အရေပြားက လူတစ်ယောက်ရဲ့ အသွင်အပြင် သက်ရောက်မှုပေါ်မှာတင် သက်ရောက်နေတာမျိုး မဟုတ်ဘဲ ခန္ဓာကိုယ်ကို အဆိပ်ရှိတဲ့ အရာတွေကနေ ကာကွယ်ပေးသလိုကိုယ်အပူချိန်ကို ထိန်းညှိဖို့လည်း လုပ်ဆောင်ပေးပါတယ်။အရေပြားက ကျန်းမာတယ်ဆိုတာက ခန္ဓာကိုယ် ကျန်းမာတယ်ဆိုတာကို ဖော်ပြနေတဲ့ သရုပ်သကန် တစ်ခုပါ။ အရေပြားမှာ အလွှာတွေ ပါရှိပြီး ခန္ဓာကိုယ်ကို ပြင်ပက အရာတွေကြောင့် ထိခိုက်မှု ကင်းစေဖို့ ကာကွယ်ပေးထားတဲ့ အကာအကွယ် တစ်ခုပါ။ အရေပြားက ခန္ဓာကိုယ် အလေးချိန်ရဲ့ ၁၅ ရာခိုင်နှုန်း အထိ ရှိပါတယ်။ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံးဖြစ်သလို အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်တဲ့ အရေပြားက။ဒါတွေအပြင် ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ လုပ်ငန်းတွေဖြစ်တဲ့။အရေပြား ခန္ဓာကိုယ်ရဲ့ ခံတပ်ပါ။ ဘာကြောင့် ဒီလို ပြောရသလဲ ဆိုတော့ အရေပြားက ခန္ဓာကိုယ်တွင်းကို  ဘက်တီးရီးယားလိုမျိုး ပြင်ပကနေ အန္တရာယ်ဖြစ်စေတဲ့ အရာတွေကို ဝင်မလာအောင် တားဆီးပေးပါတယ်။ခန္ဓာကိုယ်တွင်းက သွေးဖြူဥဆဲလ်တွေက အရေပြားမှာ လည်ပတ်ရင်းကိုယ်ခံအားကို တပ်လှန့်ပေးထားပါတယ်။အဆီဂလင်းတွေက အဆီတွေကို ထုတ်ပေးရင်း အရေပြားကို နူးညံ့အောင် လုပ်ဆောင်ပေးသလို ပြင်ပက အရာဝတ္ထုတွေ ဝင်မလာစေဖို့ ကာကွယ်ပေးထားပါတယ်။အရေပြားရဲ့ ကာကွယ်ပေးမှုကကိုယ်ခံအားစနစ်မှာတင် အဆုံးသတ် မသွားပါဘူး။ အရေပြားရဲ့ အဆီလွှာက တော်တန်ရုံ ထိခိုက်မှုတွေကနေ ကာကွယ်ပေးထားပါတယ်။ခန္ဓာကိုယ်က ပြင်းထန်တဲ့ ထိခိုက်မှုတွေကို ခံစားရချိန်မှာ ဖြစ်ဖြစ်၊ ပြုတ်ကျတာ၊ ကားတိုက်တာမျိုးတွေကို ခံစားရချိန်မှာ ခန္ဓာကိုယ်မှာ ထိခိုက်မှု နည်းစေဖို့နဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်တာမျိုး မဖြစ်စေဖို့အတွက် အဆီပြင်တွေက ကူရှင်တွေလိုမျိုး ကာကွယ်ပေးပါတယ်။ချွေးထွက်တယ်ဆိုတာက ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် လှုပ်ရှားမှုတွေ လုပ်ဆောင်လိုက်ရတယ်လို့ ဖော်ပြရုံ သက်သက် မဟုတ်ပါဘူး။ ချွေးထွက်တာက ခန္ဓာကိုယ်ကို အပူချိန် မကဲစေဘဲ အရေပြားကို အေးမြစေဖို့ ထောက်ကူပေးပါတယ်။ချွေးကို ခန္ဓာကိုယ်မှာ ရှိတဲ့ ဂလင်း ၂ မျိုးဖြစ်တဲ့ Eccrine ဂလင်း နဲ့ Apocrine ဂလင်းကနေ ထုတ်ပေးပါတယ်။ Eccrine ဂလင်းက ခန္ဓာကိုယ် အစိတ်အပိုင်း များစွာမှာ ရှိနေပြီး အရေပြား မျက်နှာပြင်ပေါ်မှာ ရှိနေတာပါ။ Apocrine ဂလင်းကတော့ ဦးရေပြား၊ချိုင်းကြားနဲ့ ပေါင်ခြံတို့မှာ ရှိပါတယ်။ခန္ဓာကိုယ်မှာ ချွေးထွက်တယ် ဆိုတာကကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးပါတယ်။ဗီတာမင် D ကို နေရောင်ခြည်ကနေ ရရှိပြီး အရေပြားက ခန္ဓာကိုယ်အတွက် ဗီတာမင် D ရရှိစေဖို့ လုပ်ဆောင်ပေးပါတယ်။ ခန္ဓာကိုယ်အတွက် ဗီတာမင် D က အတော်လေး အရေးပါတာပါ။ ဗီတာမင် D က။မယ်လ်လာနင် ဆိုတာက အသားအရောင်တွေကို ဖြစ်ပေါ်စေတဲ့ ရောင်ခြယ်ပစ္စည်း တစ်မျိုးပါ။ အရေပြား အပေါ်ယံလွှာမှာ တွေ့ရနိုင်ပါတယ်။ မယ်လ်လာနင် များလေလေ အရေပြားက အရောင်ရင့်လေလေပါ။မယ်လ်လာနင်က အသားအရောင်ပေါ်မှာတင် သက်ရောက်စေတာ မဟုတ်ဘဲ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကနေ ကာကွယ်ပေးပါတယ်။  ခရမ်းလွန်ရောင်ခြည်က။အရေပြားရဲ့ နောက်ထပ် အစွမ်းတစ်ခုကတော့ ခွေးလေးတွေကို ထိတွေ့တာ၊ သူငယ်ချင်းတွေကို ပွေ့ဖက်တာ၊ နွေးထွေးမှု၊ အေးမြမှုတွေကို သိရှိသလို နာကျင်မှုတွေကိုလည်း သိရှိစေပါတယ်။အရေပြားက အပူအအေးကို သိစေနိုင်သလို ထိတွေ့မှုတွေကိုလည်း သိစေနိုင်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/how-does-skin-work/
ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှု ကို နှေးစေနိုင်တဲ့ အစားအစာတွေက ဘာတွေဖြစ်မလဲ............
ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုကို အားကောင်းအောင်ဆိုပြီးအာဟာရတွေ ပြည့်စုံအောင် ကျွေးပေမယ့် ကလေးက ထွားသင့်သလောက် ထွားမလာဘူး။ ကလေးက အခြားကလေးတွေထက် ညှက်နေတယ်ဆိုရင် ဒါတွေ ကျွေးမိနေတာလားဆိုတာကို ဆန်းစစ်ကြည့်ပါ။ ဒီတစ်ခေါက်တော့ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ကလေးကို ကြီးထွားမှု အဟန့်အတားဖြစ်စေနိုင်တဲ့အစားအစာတွေအကြောင်း ပြောပြပေးချင်ပါတယ်။ကလေးကို အာဟာရပြည့်စေချင်တယ်။ကြီးထွားဖွံ့ဖြိုးမှုနှုန်းအကောင်းဆုံးနဲ့ ကြီးထွားဖွံ့ဖြိုးစေဖို့ဆိုရင် ဒီ အစားအစာတွေကို မကျွေးမိစေဖို့ သတိထားစေချင်ပါတယ်။ဒါကတော့ မိဘတိုင်းလိုလို သိထားပြီးဖြစ်မှာပါ။ ကြီးထွားဖွံ့ဖြိုးရမယ့် အရွယ်ကလေးကို အသင့်စား၊ အမြန်စား စားစရာတွေ ကျွေးတာက ကလေးကို အာဟာရ မဖြစ်စေနိုင်ဘူးဆိုတာပါ။ ကလေးတော်တော်များများက ဒီအစားအစာတွေကို နှစ်ခြိုက်သဘောကျပေမယ့် ဒီအစားအစာတွေက ကလေးတွေမှာဆီးချို၊အဝလွန်တာလိုမျိုးကျန်းမာရေး ပြဿနာတွေကိုဖြစ်စေနိုင်ပြီး ကြီးထွားဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။အကြောင်းကတော့ ဒီ Junk food တွေမှာ ကလေးတွေ ကြီးထွားဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့အာဟာရပါဝင်မှု မရှိသလောက်နည်းနေတာကြောင့်ပါ။ ဒါ​ကြောင့်ကလေးက Junk food ကြိုက်တယ်ဆိုရင်တောင် နည်းနည်းပဲ ကျွေးပါ။လေ့လာမှုတွေအရ ကလေးအများစု ကြိုက်ကြတဲ့အချိုရည်တွေမှာပါတဲ့ phosphorous ကအရိုးသိပ်သည်းဆကို ကျဆင်းစေနိုင်ပါတယ် အချိုရည်က ကလေးတွေ ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်တဲ့ အာဟာရပါဝင်မှု မရှိဘဲ အချိုဓာတ် သီးသန့် ပါဝင်နေတဲ့ သောက်စရာတစ်မျိုးပါ။အချိုရည်ကလည်း junk food လိုပဲ ကလေးကြီးထွားမှုကို အဟန့်အတား ဖြစ်စေနိုင်တာကြောင့် ဖြစ်နိုင်ရင် မတိုက်တာ အကောင်းဆုံးပါ။ ကလေးက မရမနေသောက်ချင်တယ်ဆိုရင်လည်း ပမာဏ ကန့်သတ်ဖို့ မမေ့ပါနဲ့။ထမင်းက ​ကြီးထွားဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေတယ်ဆိုလို့ အံ့ဩမသွားပါနဲ့။ ကလေးအရွယ်မှာ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတာကြောင့် ကာဗိုဟိုက်ဒရိတ်ထက် ပရိုတင်းကို ပိုမို ဖြည့်တင်းပေးဖို့လိုပါမယ်။ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ် လုံလောက်မျှတမှ ကလေးကို ထိုက်သင့်တဲ့ကိုယ်အလေးချိန်နဲ့ အရပ်အမြင့် ရရှိစေမှာပါ။ဒါကြောင့် ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့သားသားမီးမီးကို ထမင်းပဲ အများကြီး မကျွေးဘဲ ထမင်းနဲ့အသား၊ ငါး၊ဥအမျိုးမျိုးတို့ကို မျှတအောင်ကျွေးပေးပါ။ ပရိုတင်း ပြည့်ဝလေလေ ကလေးက ထွားကျိုင်းလေလေပါ။ပြောင်းဖူးက သူ့ဘာသာတော့ ကြီးထွားမှုကို မဟန့်တားပါဘူး။ ဒါပေမယ့် ပြောင်းဖူးကို သိမ်းဆည်း သိုလှောင်တဲ့နည်း မမှန်တဲ့အခါ aflatoxins လို့ခေါ်တဲ့ မှိုပိုးတစ်မျိုး ပေါက်ဖွားလာပါတယ်။ ဒီမှိုပိုးက ပြောင်းဖူးကို ပူနွေးစိုစွတ်တဲ့နေရာမှာ သိမ်းဆည်းမှုကနေ ပေါက်ဖွားတာပါ။ ဒီလိုပေါက်ဖွားမှုက ငယ်ရွယ်လွန်းတဲ့ ကလေးတွေမှာ ကြီးထွားမှုကို အဟန့်အတားဖြစ်စေပါတယ်။ပြောင်းဖူးမှာတင်မဟုတ်ဘဲ အဆိုပါ မှိုပိုးကငရုတ်သီး၊ မြေပဲ၊ သစ်ကြားသီးလို အရာတွေမှာလည်း ပေါက်ဖွားနိုင်ပါတယ်။ပဲပိစပ်က ကလေးကို မကျွေးသင့်တာလားဆိုတော့ အစားစစားချိန်မှာနဲ့ ကြီးထွားဖို့ အရှိန်ယူနေချိန်မှာ မကျွေးသင့်ပါဘူး။ ပဲပိစပ်ကို ပြုပြင်ထုတ်လုပ်ထားတဲ့ ပဲနို့၊ ဒိန်ချဉ်၊ တို့ဖူး တို့မှာ phytic acid ပါဝင်နေတတ်ပြီး ဒီအက်ဆစ်ကအရိုးတွေသန်မာဖွံ့ဖြိုးစေဖို့လိုအပ်တဲ့ကယ်လ်ဆီယမ်စုပ်ယူမှုကို လျော့ကျစေပါတယ်။ ဒါတွေကို အများကြီး စားသုံးမယ်ဆိုရင် ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ကလေးတွေကြိုက်တတ်တဲ့ ရေခဲမုန့်၊ ကွတ်ကီးတို့လိုမျိုး အချိုများတဲ့ အစားအစာတွေမှာ သကြားပါဝင်မှုမြင့်နေပြီး ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ကလေးကို ငယ်စဉ်မှာအချိုအများကြီး ကျွေးတာက ကြီးထွားဖွံ့ဖြိုးမှုကိုရော ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/foods-that-stunt-your-growth/
ဒါတွေက ဝက်ခြံ အမာရွတ်တွေ ဖြစ်စေနိုင်တယ်ဆိုတာ သိပြီးပြီလား!
ဝက်ခြံက ကြီးကြီးငယ်ငယ် အရွယ်မရွေး ဆယ်ကျော်သက်ကာလကစလို့ သွေးဆုံးပြီးချိန်အထိ ကျားကျားမမ ခံစားကြရတဲ့ အဖြစ်များတဲ့ အရေပြားပြဿနာ တစ်ခုပါ။ ဝက်ခြံက ဝက်ခြံ ဖြစ်ပြီးရုံနဲ့ ပြီးရောလား ဆိုတော့ မပြီးသေးပါဘူး။ ဝက်ခြံကို အထိန်းအသိမ်း မတတ်ပြန်ရင် ဝက်ခြံက ပျောက်သွားတာတောင်ဝက်ခြံ အမာရွတ်က ကျန်ခဲ့ပါတယ်။ ဒီတော့ ဘာတွေကြောင့်များ ဝက်ခြံ အမာရွတ်တွေ ကျန်ခဲ့ရတာလဲ၊ ဒါတွေက ဝက်ခြံ အမာရွတ်တွေ ဖြစ်စေနိုင်တယ်ဆိုတာ ကို သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။ဒါတွေက ဝက်ခြံ အမာရွတ်တွေ ဖြစ်စေနိုင်တယ်ဆိုတာ သိပြီးပြီလား။ မသိသေးဘူးဆိုရင်တော့ အတူတူ ကြည့်လိုက်ရအောင်နော်။ဝက်ခြံကို မြင်ရင် ညှစ်တတ်တာက ဝက်ခြံ ရှိသူတိုင်းလိုလို လုပ်လေ့ရှိတဲ့ အလေ့အထ တစ်ခုပါ။ ဒါကြောင့် ဝက်ခြံကို ညှစ်တာမျိုး မလုပ်ပါနဲ့။ အိမ်မှာ ကိုယ့်ဟာကိုယ် ဝက်ခြံကို ညှစ်လိုက်တဲ့အခါဝက်ခြံက ပိုးဝင်သွားပြီး အနာကျက်တဲ့အခါ အမာရွတ် မည်းမည်းကြီး ကျန်ခဲ့ပါတော့တယ်။ ဒါကြောင့် ဝက်ခြံ အမာရွတ် မကျန်ချင်ဘူးဆိုရင်တော့ ဝက်ခြံကို မညှစ်ပါနဲ့။အဆီပြန်တဲ့ အသားအရေမျိုး ရှိမယ်ဆိုရင်တော့ ချွေးပေါက်တွေကို ပိတ်ဆို့လွယ်ပြီး ဆားဝက်ခြံတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုဆားဝက်ခြံတွေက အတော်ကြည့်ရဆိုးပြီး တစ်ခါတလေများဆို အသားအရေကို ယားယံတာမျိုး ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် တော်တော်များများက ဆားဝက်ခြံကို ညှစ်ထုတ်တဲ့ နည်းနဲ့ ဖြေရှင်းလိုက်ကြပါတယ်။ ဒီလို ဖြေရှင်းတာက တကယ်ကတော့ နည်းလမ်းကောင်း မဟုတ်ပါဘူး။ ဆားဝက်ခြံတွေအရေပြားတွင်းပေါက်တွေထဲက ထွက်သွားပြီးချိန်မှာ ကျန်နေခဲ့တဲ့ တွင်းအလွတ်ထဲမှာ အဆီတွေ၊ ဖုန်မှုန့်တွေ၊ဆဲလ်သေတွေပိတ်ဆို့မိပြီး ဝက်ခြံအမာရွတ်တွေ ဖြစ်ကျန်ခဲ့ပါတော့တယ်။ ဘက်တီးရီးယားတွေလည်း ဝင်ရောက် ကူးစက်ခံရနိုင်ပါတယ်။မိတ်ကပ်တွေသုံးပြီး ဝက်ခြံတွေကို ဖုံးတာ ပြဿနာမဟုတ်ပါဘူး။ ချွေးပေါက်ကို မပိတ်စေတဲ့ မိတ်ကပ်မျိုး၊ အဆီမပြန်စေတဲ့ မိတ်ကပ်မျိုးဆို သုံးလို့ ရပါတယ်။ ပိုအရေးကြီးတာကတော့ မိတ်ကပ်ကို သေချာဖျက်ဖို့ပါ။Makeup removerနဲ့ တစ်ခါဖျက်၊ facial foamနဲ့ မျက်နှာသစ် double cleansingလုပ်ဖို့ လိုပါတယ်။ မိတ်ကပ်တွေကို သေချာမဖျက်ရင် ဝက်ခြံတစ်ဝိုက်မှာ အဆီတွေ၊ ဖုန်မှုန့်တွေ၊ မိတ်ကပ်အကြွင်းအကျန်တွေကြောင့် ဝက်ခြံတွေ ရောင်ရမ်းပြီး အမာရွတ် ဖြစ်လွယ်ပါတယ်။ရောင်ရမ်းနေတဲ့ ဝက်ခြံတွေကို အမြန်ဆုံး ကုသပေးလေလေ ဝက်ခြံအမာရွတ် ကျန်နိုင်ခြေ နည်းလေလေပါ။ ဒါကြောင့် ရောင်ရမ်းနေတဲ့ ဝက်ခြံတွေကို ဒီအတိုင်းထားတာမျိုး မလုပ်ဘဲ လိုအပ်တဲ့ ကုသမှုတွေကို သေချာလေး ခံယူပေးပါ။ရောင်ရမ်းနေတဲ့ ဝက်ခြံတွေကို သေချာလေး မကုသခြင်းက ဆံချည်မျှင် သွေးကြောလေးတွေကို ထိခိုက်စေပြီး မျက်နှာတွေ နီမြန်းရောင်ရမ်းတာ၊ ဝက်ခြံအမာရွတ်တွေကို ဖြစ်စေနိုင်ပါတယ်။ကိုယ်သေချာနားမလည်ဘဲ ဝက်ခြံတွေ၊ ဆားဝက်ခြံတွေကိုအိမ်တွင်းကုထုံးတွေနဲ့ ကုသတာကလည်း အခန့်မသင့်ရင် ဝက်ခြံတွေကို ပိုဆိုးပြီး အမာရွတ်တွေ ဖြစ်စေနိုင်ပါတယ်။ အများဆုံး လုပ်တတ်တာကတော့ အဆီမပြန်အောင် သံပရာရည်နဲ့ တို့တာ၊ သွားတိုက်ဆေးနဲ့ တို့တာ စတာတွေပဲ ဖြစ်ပါတယ်။ ဒါတွေက ဝက်ခြံကို မသက်သာစေတဲ့အပြင် ပိုဆိုးတတ်တာကြောင့် ဒါတွေကို ရှောင်ဖို့ လိုပါတယ်။အသားအရေ ကျန်းမာစေဖို့ဆိုရင်တော့ မျက်နှာသုတ်တဲ့ အဝတ်ကစလို့အသားအရေ ထိန်းသိမ်းမှုအားလုံးကို ဂရုစိုက်ဖို့ လိုပါမယ်။ မှန်ကန်တဲ့ အသားအရေ ထိန်းသိမ်းမှုက ဝက်ခြံ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ဝက်ခြံအမာရွတ်တွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/bad-habits-that-can-cause-acne-scars/
Tuberculosis Of The Genitourinary System (ဆီးလိင်လမ်းကြောင်းတီဘီ)
ဆီးလမ်းကြောင်းတစ်လျှောက်နဲ့ မျိုးပွားအင်္ဂါအဖွဲ့အစည်းမှာဖြစ်တဲ့ အဆုတ်ပြင်ပတီဘီကို ဆီးလိင်လမ်းကြောင်းတီဘီလို့ ခေါ်ပါတယ်။အဆုတ်ပြင်ပတီဘီအားလုံးရဲ့ ၁၅ရာခိုင်နှုန်းဟာ ဆီးလိင်လမ်းကြောင်းတီဘီဖြစ်ပါတယ်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဆီးလိင်လမ်းကြောင်းတီဘီရှိသူ ၂၀ရာခိုင်နှုန်းမှာ သိသာထင်ရှားတဲ့ ရောဂါလက္ခဏာ ပြလေ့မရှိပါဘူး။ဒီရောဂါရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့။အဖြစ်နည်းတဲ့ လက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။တီဘီရောဂါဖြစ်ပွားစေတဲ့ အဓိကတရားခံကMycobacterium tuberculosisဘက်တီးရီးယားပိုးမွှား ဖြစ်ပါတယ်။ ဒီပိုးမွှားဟာ ၂၄နာရီတစ်ကြိမ် ဖြည်းဖြည်းချင်း ကြီးထွားကွဲပွားပြီး ခုခံအားဆဲလ်တွေထဲမှာ အသက်ရှင်နေထိုင်နိုင်ပါတယ်။ M. tuberculosis လောက် အတွေ့ရမများပေမယ့်M. kansaii, M. fortuitum, M. bovis, M avium-iintracellulare (MAI), M. xenopi, M. celatumစတဲ့ မျိုးစုတူ ဘက်တီးရီးယားတွေကြောင့်လည်း တီဘီရောဂါဖြစ်နိုင်ပါတယ်။အမျိုးသားတွေမှာ တွေ့ရတတ်တဲ့ လိင်အင်္ဂါတီဘီဟာ များသောအားဖြင့် အဆုတ်တီဘီကနေတဆင့် ရရှိလာတာဖြစ်ပါတယ်။ လိင်ကတဆင့် ကူးစက်နိုင်ချေနည်းပေမယ့် အမျိုးသားကနေအမျိုးသမီးဆီ ကူးစက်တဲ့ဖြစ်ရပ်တွေ ရှိခဲ့ဖူးပါတယ်။ အခြားသူတွေထက်စာရင် HIV ဗိုင်းရပ်စ်ပိုးရှိသူတွေမှာ တီဘီရောဂါဖြစ်ဖို့ အလားအလာပိုများသလို ယခင်က တီဘီပိုးဝင်ပြီး ရောဂါလက္ခဏာမပြဘဲ ရှိနေရာကနေ လက္ခဏာပြလာနိုင်ချေ ပိုများလာမှာဖြစ်ပါတယ်။ သုတ်ပို့ပြွန်တီဘီကိုတော့ လိင်ဆက်ဆံမှုများတဲ့ လူငယ်တွေမှာ အတွေ့ရအများဆုံးဖြစ်ပါတယ်။ရှားရှားပါးပါးဆိုသလို အပေါ်ယံဆီးအိမ်အကျိတ်တွေကြောင့် intravesical bacilli Calmette-Gue’rin (BCG) ကုထုံး ခံယူနေရသူတွေမှာ သုတ်ပို့ပြွန်တီဘီနဲ့ ဆီးကျိတ်တီဘီ ဖြစ်ပွားနိုင်ပါတယ်။ယေဘုယျအားဖြင့်ပြောရရင် မူလပိုးဝင်တဲ့နေရာကM.tuberculosisပိုးမွှားတွေ သွေးကတဆင့် ဆီးကျိတ်ဆီရောက်တဲ့အခါ ဆီးကျိတ်တီဘီ ဖြစ်လာရပါတယ်။ တီဘီရောဂါရှိသူ အမျိုးသားအားလုံးရဲ့ ၁၀ရာခိုင်နှုန်းကနေ ၁၂ရာခိုင်နှုန်းမှာ ဆီးကျိတ်ဆီ ရောဂါပျံ့နှံ့တဲ့လက္ခဏာတွေ တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် ယခင်က တီဘီဖြစ်ဖူးတဲ့ လူနာတွေမှာ ဆီးကျိတ်တီဘီဖြစ်နိုင်ချေ အများဆုံးလို့ သတ်မှတ်နိုင်ပါတယ်။စတီးရွိုက်ဆေးဝါး တာရှည်သုံးစွဲခြင်းနဲ့ ကိုယ်ခံအားကျဆင်းစေတဲ့ ကုထုံးတွေကလည်း တီဘီပိုးဝင်ဖူးသူတွေမှာ ရောဂါလက္ခဏာပြလာနိုင်ချေ ပိုမြင့်စေပါတယ်။ဆီးလိင်လမ်းကြောင်းတီဘီ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့ အကြောင်းရင်းများစွာရှိပါတယ်။ ဥပမာ။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။အထက်မှာပြောခဲ့သလိုပဲ ဆီးလိင်လမ်းကြောင်းတီဘီဟာ သိသာထင်ရှားတဲ့လက္ခဏာ ပြလေ့မရှိတဲ့အတွက် သက်ဆိုင်ရာဆရာဝန်အနေနဲ့ ရောဂါရဲ့သဘောသဘာဝကို အထူးသတိပြုဆင်ခြင်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ရောဂါအဖြေရှာအတည်ပြုတဲ့နေရာမှာ လူနာရဲ့ရောဂါရာဇဝင်အကြောင်း အသေးစိတ်မေးမြန်းဖို့ အလွန်အရေးကြီးသလို ယခင်ကတီဘီဖြစ်ဖူးတဲ့ ဒါမှမဟုတ် တီဘီလူနာနဲ့ အနီးကပ်ထိတွေ့ဖူးတဲ့ အမျိုးသားတွေမှာ ဆီးကျိတ်တီဘီဖြစ်နိုင်ချေကို အလေးပေးစဉ်းစားသင့်ပါတယ်။ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ သုတ်ပို့ပြွန်ရောင်ရမ်းတဲ့ လူနာတွေကို ကုသမှုပေးတဲ့အခါ တီဘီရောဂါရှိမှန်း သတိမပြုမိတဲ့အတွက် သုတ်ပို့ပြွန်နဲ့ဝှေးစေ့ကို ခွဲစိတ်ဖယ်ရှားပြီး ဓါတ်ခွဲစစ်ဆေးမှသာ ရောဂါအမည်တပ်နိုင်လေ့ရှိပါတယ်။လူနာတစ်ယောက်မှာ ဆီးလိင်လမ်းကြောင်းတီဘီရှိမရှိ စဉ်းစားသင့်တဲ့ အခြေအနေတွေကတော့ ဆီးအိမ်ကင်ဆာ၊ ဝှေးစေ့ကင်ဆာ၊ ဆီးပြွန်ကင်ဆာ၊ ဆီးလိင်လမ်းကြောင်း ပိုးဝင်ခြင်း၊ ကပ်ပယ်အိတ် သို့မဟုတ် ဝှေးစေ့အကျိတ်ပေါ်ခြင်း၊ ခွဲစိတ်မှုခံယူပြီး ဆီးကျိတ်ရောင်ရမ်းခြင်း၊ bacilli Calmette-Gue’rin (BCG) ကုထုံးခံယူရခြင်း၊ macrophages ခေါ် ခုခံအားဆဲလ်များကြောင့် ဆီးကျိတ်ရောင်ရမ်းခြင်းနဲ့ ဘက်တီးရီးယားပိုးကြောင့် ဆီးကျိတ်ရောင်ရမ်းခြင်းတို့ပဲ ဖြစ်ပါတယ်။လူနာရဲ့ရောဂါရာဇဝင်အပြင် အောက်ဖော်ပြပါ ဓါတ်ခွဲစစ်ဆေးမှုနဲ့ ပုံရိပ်ဖော်စစ်ဆေးမှုတွေကလည်း ရောဂါအဖြေရှာအတည်ပြုရာမှာ ထိထိရောက်ရောက် အထောက်အကူပြုနိုင်ပါတယ်။ကုသမှုရဲ့ အဓိကရည်ရွယ်ချက်တွေက လူနာရဲ့ ကျောက်ကပ်လုပ်ငန်းစဉ် ကောင်းမွန်နေစေဖို့၊ အခြားသူဆီ ရောဂါကူးစက်နိုင်ချေ နည်းနိုင်သမျှနည်းစေဖို့နဲ့ တပြိုင်တည်းဖြစ်ပေါ်နေတဲ့ ကျန်းမာရေးပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ပဲ ဖြစ်ပါတယ်။ အဆုတ်တီဘီထက်စာရင် ဆီးလိင်လမ်းကြောင်းတီဘီမှာ ဘက်တီးရီးယားပိုးကောင်ရေ ပိုနည်းလေ့ရှိတဲ့အတွက် ကုသမှုအပေါ် တုန့်ပြန်မှုပိုကောင်းပါတယ်။ ဒါ့အပြင် isoniazid နဲ့ rifampin ဆေးဝါးတွေကလည်း ဆီးလိင်လမ်းကြောင်း တီဘီကြောင့်ဖြစ်တဲ့ ရောဂါပိုးခိုအောင်းရာနေရာတွေကို အလွယ်တကူ ထိုးဖောက်ဝင်ရောက်နိုင်ပါတယ်။တီဘီရောဂါကုသတဲ့အခါ ဆေးယဉ်ပါးတဲ့ပြဿနာ ဖြစ်မလာစေဖို့ ဆေးပေါင်းကုထုံးကို အဓိကအသုံးပြုမှာဖြစ်ပါတယ်။ ဆေးထိုးဆေးသောက်ရမယ့် အချိန်ကာလနဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ဆေးအဆက်မပြတ်ရလေအောင် ကျန်းမာရေးဝန်ထမ်းကိုယ်တိုင် လူနာကို တိုက်ရိုက်စောင့်ကြည့် ဆေးထိုးဆေးသောက်စေတဲ့စနစ်ကို ကျင့်သုံးဖို့ ပညာရှင်တွေက တိုက်တွန်းထားပါတယ်။လက်ရှိအသုံးပြုနေတဲ့ စံကုထုံးအရ ပထမနှစ်လမှာ rifampin, INH, pyrazinamide တို့ကို သောက်သုံးရမှာဖြစ်ပြီး ဆေးယဉ်ပါးမှုမဖြစ်ပေါ်ခဲ့ရင် rifampin နဲ့ INH ကို နောက်ထပ်လေးလ ထပ်မံသောက်သုံးရမှာဖြစ်ပါတယ်။ အကယ်၍ ဆေးယဉ်ပါးမှုဖြစ်ပေါ်ခဲ့ရင် ပိုးမွေးပြီးရရှိလာတဲ့ ရလဒ်အဖြေအပေါ်မူတည်ပြီး ကုထုံးပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ဆီးလိင်လမ်းကြောင်းတီဘီအတွက် ၄လကုထုံးခံယူဖို့ သတ်မှတ်ထားပြီး HIV ပိုးရှိသူတွေကိုတော့ ၉လကုထုံးခံယူဖို့ သတ်မှတ်ထားပါတယ်။အာဟာရချို့ယွင်းနေတဲ့လူနာတွေကို တီဘီကုထုံးခံယူနေစဉ် ကာလတစ်လျှောက် အာဟာရဓါတ် ပြည့်ဝစွာဖြည့်တင်းပေးဖို့ အထူးလိုအပ်ပါတယ်။တီဘီရောဂါပျောက်ကင်းဖို့ တစ်ခုတည်းသောနည်းလမ်းက ဘယ်လောက်ပဲ ရှုပ်ထွေးကြာရှည်တဲ့ကုသမှုမျိုးကို ခံယူရသည်ဖြစ်စေ ကုသမှုအစီအစဉ်အတိုင်း မပျက်မကွက်လိုက်နာဖို့ပဲ ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် ဆေးအချိန်မှန်မှန်သောက်နိုင်အောင်၊ ဆေးသောက်ဖို့မမေ့ရအောင် ကျန်းမာရေးဝန်ထမ်းတွေက အကူအညီပေးနိုင်ပါတယ်။ ကုသမှုခံယူနေစဉ် အတောအတွင်း သင်လုပ်နေကျ လုပ်ငန်းဆောင်တာတွေ၊ သင်ဝါသနာပါတဲ့အရာတွေကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်ပြီး မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်ဖို့ ကြိုးစားသင့်ပါတယ်။ဒါ့အပြင် သင့်ရဲ့ခန္ဓါကျန်းမာရေးက စိတ်ကျန်းမာရေးအပေါ် လွှမ်းမိုးသက်ရောက်နိုင်တယ် ဆိုတဲ့အချက်ကို မမေ့သင့်ပါဘူး။ မမျှော်လင့်ဘဲ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတစ်ခုနဲ့ မလွှဲမရှောင်သာ ရင်ဆိုင်ရတဲ့အခါ အမှန်အတိုင်း လက်သင့်မခံနိုင်တာ၊ ဒေါသထွက်တာ၊ စိတ်မချင့်မရဲဖြစ်တာတွေ ခံစားရတတ်ပါတယ်။ အဆိုပါစိတ်ခံစားမှုတွေကို အပြုသဘော ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ စိတ်ကျန်းမာရေးပညာရှင်၊ စိတ်ကုထုံးပညာရှင် စတဲ့ ကျွမ်းကျင်သူပညာရှင်တွေက သင့်ကို အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/tuberculosis/tuberculosis-of-the-genitourinary-system-%e1%80%86%e1%80%ae%e1%80%b8%e1%80%9c%e1%80%ad%e1%80%84%e1%80%b9%e1%80%9c%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9/
ဝက်သက်နဲ့ပတ်သက်ပြီး မှားတတ်တဲ့အတွေးများ
ဝက်သက်ရောဂါက ကူးစက်ပြန့်ပွားနှုန်းမြင့်မားလိုက်ပုံများချောင်းဆိုးတာ၊ နှာချေတာလောက်နဲ့လေထဲကနေကူးနိုင်တာပါ။ ဝက်သက်လက္ခဏာတွေက ဖျားတယ်၊ချောင်းဆိုးတယ်၊ နှာစေးတယ်၊ မျက်စိတွေနီတယ်၊ လည်ချောင်းနာတယ်။ ခုချိန်မှာ ကူးစက်မှုကိုထိန်းထားနိုင်ပေမယ့် အရင်ကဆို ဝက်သက်ပေါက်တယ်ဆိုတာ တစ်သက်မှာတစ်ခါကြုံကိုကြုံဖူးကြမယ့် အခြေအနေတစ်ခုအဖြစ် လူကြီးတွေပြောလေ့ရှိပါတယ်။ ကလေးတွေမှာ ဝက်သက်ပေါက်မယ်၊ ရေများများချိုးပေးမယ်၊ ငယ်တုန်းတစ်ကြိမ် ပေါက်ပြီးရင်ပြီးရော၊ တစ်သက်လုံးအေးဆေးပဲ သူတို့အပြောက။ဒါပေမယ့် ဝက်သက်မပေါက်အောင်ကာကွယ်တာပိုကောင်းတယ်ဆိုတာ၊ ဝက်သက်က အခန့်မသင့်ရင် အသက်ဆုံးရှုံးရနိုင်တယ်ဆိုတာ လူတိုင်းသိဖို့လိုပါတယ်။နောက်ပြီးတော့ရော ဘာတွေအသိမှားနေသေးလဲ။ ဟိုးအရင်တည်းက အဖြစ်များတဲ့ အတွေးမှားတချို့ကို ဒီကနေပြောပြမယ်နော်။ဖြစ်နိုင်ခြေနည်းတယ်ဆိုပေမယ့်လူကြီးတွေမှာလည်းဖြစ်တတ်ပြီး ပိုပြင်းထန်တတ်ပါတယ်။ ကာကွယ်ဆေးမထိုးထားဘဲ ငယ်စဉ်မှာလည်း ဝက်သက်မပေါက်ဖူးသေးဘူးဆိုရင် အသက်ကြီးမှ ကူးစက်ခံရတဲ့အခါ ခံစားရတာပိုပြင်းထန်ပြီး အသက်အန္တရာယ်ပါရှိနိုင်ပါတယ်။ဝက်သက်ကိုဝေဒနာသက်သာစေမယ့်နည်းတွေရှိကောင်းရှိမယ်၊ လုံးဝကြိုတင်ကာကွယ်နိုင်ဖို့ကတော့ လုံလောက်နိုင်မှာမဟုတ်ပါဘူး။ ကာကွယ်ဆေးထိုးခြင်းကသာလျှင် ကူးစက်မခံရအောင် ကာကွယ်တားဆီးနိုင်ဖို့လုပ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ကလေးတွေကိုကာကွယ်ဆေးထိုးဖို့အရေးမှာ မိဘတွေဘက်က အကြောင်းအမျိုးမျိုးကြောင့်( အခြေအနေမပေးလို့၊ မအားလပ်လို့၊ ဘယ်မှာဘယ်လိုဆေးထိုးရမှန်းမသိလို့၊ ကျန်းမာရေးအသိမရှိလို့ စတာတွေအပါအဝင်) ပျက်ကွက်တာတွေရှိတတ်ပါတယ်။လုံးဝကို မှားတဲ့အတွေးပါ။ ဘယ်ကဘယ်လိုစလဲမသိပေမယ့် ကာကွယ်ဆေးဟာ ကလေးအသက်တစ်နှစ်မပြည့်ခင်မှာထိုးရတာဖြစ်ပြီး အော်တစ်ဇင်ကလေးအများစုဟာလည်း အဲဒီအရွယ်လောက်မှာပဲ လက္ခဏာစပေါ်တတ်တာကြောင့်ဖြစ်နိုင်ပါတယ်။ တိုက်ဆိုင်တယ်ပေါ့။လေ့လာမှုများစွာလုပ်ခဲေ့ပမယ့်လည်း ကာကွယ်ဆေးနဲ့အော်တစ်ဇင်ရောဂါဆက်နွှယ်မှုတစ်ခုမှ မတွေ့ရှိခဲ့ပါဘူး။ကလေးအများစုက အသက်တစ်နှစ်နဲ့တစ်နှစ်ခွဲအတွင်းမှာ ဝက်သက်ကာကွယ်ဆေးထိုးကြတာဖြစ်ပါတယ်။ ဝက်သက်အဖြစ်များတဲ့အနေအထားမျိုးဆိုရင် ကလေးအသက် ၆ လလောက်မှာတည်းကဆေးထိုးဖို့တောင် အကြံပြုတတ်ကြပါတယ်။ တကယ်လို့ အခြေအနေအရ ကလေးကိုဒီထက်စောပြီးဆေးထိုးခဲ့ရရင် အသက် တစ်နှစ်ကျော်ပြီးတဲ့အခါသေချာအောင်နောက်တစ်ကြိမ်ထိုးတာလည်း ရှိတတ်ပါတယ်။ရေကျောက်လိုမဟုတ်ပါဘူး။ ကာကွယ်ဆေးမထိုးရသေးခင် ဝက်သက်ပေါက်ခဲ့ပြီးဆိုရင်တောင် ဒီဗိုင်းရပ်စ်ကို ခန္ဓါကိုယ်ကရှင်းလင်းပြီးတာနဲ့ ဝက်သက်ကထပ်မဖြစ်တတ်ပါဘူး။ရောဂါကူးစက်မှုတွေ ကာကွယ်နိုင်ဖို့ လက်ဆေးခြင်းက အရေးကြီးတယ်ဆိုပေမယ့်ရောဂါတိုင်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် ရောဂါရှိသူက အခန်းထဲကထွက်သွားပြီးတဲ့နောက်ပိုင်းမှာတောင် ဝက်သက်ဗိုင်းရပ်စ်ပိုးတွေက လေထုထဲမှာ ပျံ့နှံ့ကျန်ရစ်နေနိုင်ပါတယ်။ ပျံ့နှံ့နိုင်စွမ်းမြင့်မားတဲ့ ဒီရောဂါကလေထဲကနေကူးစက်နိုင်ပါတယ်။နောက်ပြီး ဝက်သက်ရောဂါက ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေလည်းဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနက လုပ်ဆောင်ပေးတဲ့ ကာကွယ်ဆေးအစီအစဉ်တွေမှာ ကလေးကို အချိန်မီကာကွယ်ဆေးထိုးတာ အကောင်းဆုံးပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-viral-infections/%e1%80%9d%e1%80%80%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%94%e1%80%b2%e1%80%b7%e1%80%95%e1%80%90%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%95%e1%80%bc%e1%80%ae%e1%80%b8-%e1%80%99%e1%80%be%e1%80%ac/
Tuberculosis of meninges and central nervous system ( ဦးနှောက်အာရုံကြောတီဘီ )
Mycobacterium tuberculosisဘက်တီးရီးယားကြောင့် ဗဟိုအာရုံကြောအဖွဲ့အစည်း ထိခိုက်ပျက်စီးတဲ့ရောဂါကို ဦးနှောက်အာရုံကြောတီဘီ လို့ ခေါ်ပါတယ်။ ဒီရောဂါဟာ အဖြစ်နည်းသလောက် အလွန်ဆိုးဝါးပြင်းထန်ပြီး တီဘီကုထုံး မပေါ်သေးခင်အခါက ရာနှုန်းပြည့်သေစေနိုင်တဲ့ ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။ခန့်မှန်းခြေအားဖြင့် တီဘီလူနာအားလုံးရဲ့ ၁ရာခိုင်နှုန်းမှာ ဦးနှောက်အာရုံကြောတီဘီ ဖြစ်ပွားနိုင်ပါတယ်။ ရောဂါကြောင့် သေဆုံးမှုနှုန်း၊ အာရုံကြောထိခိုက်မှုနှုန်း အလွန်မြင့်ပြီး HIV ဗိုင်းရပ်စ်ပိုးရှိသူတွေနဲ့ ကလေးငယ်တွေမှာ အဆမတန် ဆိုးဝါးပြင်းထန်နိုင်ပါတယ်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။တီဘီဦးနှောက်အမြေးယောင်ရောဂါ။အရွယ်ရောက်ပြီးသူများတွင် တွေ့ရတတ်သည့် လက္ခဏာများ။ကလေးငယ်များတွင် တွေ့ရတတ်သည့် လက္ခဏာများ။များသောအားဖြင့်ဦးနှောက်တီဘီအကျိတ်ရှိသူတွေမှာ လနဲ့ချီအောင်ကြာပြီးမှ ရောဂါလက္ခဏာ သိသာထင်ရှားလာတတ်ပါတယ်။ အခြားဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ ဦးနှောက်ပြည်တည်နာတွေထက် တီဘီကြောင့်ဖြစ်တဲ့ ဦးနှောက်ပြည်တည်နာက ရောဂါလက္ခဏာအပြနှေးပေမယ့် ဦးနှောက်တီဘီအကျိတ်လောက် အချိန်မကြာဘဲ ပိုးဝင်ပြီး ၁ပတ်ကနေ ၃လအတွင်း လက္ခဏာပြလေ့ရှိပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။M. tuberculosisဘက်တီးရီးယားပိုးမွှားတွေ သွေးကတဆင့်ပျံ့နှံ့ပြီး ဗဟိုအာရုံကြောတစ်ရှူးတွေထဲ ထိုးဖောက်ဝင်ရောက်ရာကနေ ဦးနှောက်အမြေးယောင်ရောဂါနဲ့ ဦးနှောက်အာရုံကြောတီဘီ ဖြစ်လာရပါတယ်။ ဒါမှမဟုတ် ဘက်တီးရီးယားပိုးမွှား စုဝေးတဲ့နေရာမှာ ဦးနှောက်တီဘီအကျိတ် ဖြစ်လာနိုင်ပါတယ်။ဦးနှောက်အာရုံကြောတီဘီ ဖြစ်ပွားနိုင်ခြေကို မြင့်စေတဲ့ အကြောင်းရင်းများစွာရှိပါတယ်။ ဥပမာ။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။ယနေ့ခေတ်မှာ တိကျသေချာတဲ့ မော်လီကျူးအဆင့် ရောဂါရှာဖွေရေးနည်းပညာတွေ ထွန်းကားလာပြီဖြစ်ပေမယ့် ဦးနှောက်အာရုံကြောတီဘီကို အဖြေရှာအတည်ပြုတဲ့ နေရာမှာ အဏုဇီဝနည်းပညာတွေကိုသာ အားကိုးအားထားပြုနေရဆဲ ဖြစ်ပါတယ်။ရောဂါရှာဖွေအတည်ပြုရာမှာ ပါဝင်လေ့ရှိတဲ့ စစ်ဆေးမှုတွေကတော့။ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (CDC) ၏ လမ်းညွှန်ချက်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO ကတော့ ဦးနှောက်အာရုံကြောတီဘီကို ကုသမှုအစီအစဉ်(၁)အောက် အကျုံးဝင်တယ်လို့ သတ်မှတ်ပြီး ပထမ ၂လမှာ streptomycin, isoniazid, rifamipicin နဲ့ pyrazinamide၊ နောက် ၇လမှာ isoniazid နဲ့ rifamipicin ပေးဖို့ လမ်းညွှန်ထားပါတယ်။ဒါပေမယ့် ၆လတီဘီကုထုံးအပြီးမှာ မတူညီတဲ့ရလဒ်အမျိုးမျိုး ထွက်ပေါ်လာနိုင်ကြောင်း သုတေသနပညာရှင်အချို့က အစီရင်ခံတင်ပြခဲ့တဲ့အပြင် ဦးနှောက်အာရုံကြော ပျက်စီးချို့ယွင်းမှုတွေလည်း ပိုမိုဖြစ်ပေါ်လာတဲ့အတွက် အနည်းဆုံး ၁၂လပြည့်အောင် ကုသမှုခံယူတာက ပိုစိတ်ချရဖွယ်ရှိပါတယ်။HIV ဝေဒနာရှင်တွေမှာ အများဆုံးတွေ့ရတတ်တဲ့M. avium intracellulareပိုးကို ဆေး၄မျိုးပေါင်းကုထုံးနဲ့ ကုသလေ့ရှိပေမယ့် တွေ့နေကျမဟုတ်တဲ့ mycobacteria တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဦးနှောက်အာရုံကြောတီဘီကိုတော့ ပျောက်ကင်းအောင် ကုသနိုင်မယ့်ကုထုံး အတည်ပြုသတ်မှတ်ထားခြင်း မရှိသေးပါဘူး။ လက်ရှိလမ်းညွှန်ချက်တွေအရ တစ်နေ့လျှင်။– Azithromycin ၅၀၀ မီလီဂရမ်မှ ၁၀၀၀ မီလီဂရမ်။– Clarithromycin ၅၀၀ မီလီဂရမ်မှ ၁၀၀၀ မီလီဂရမ်။– ကိုယ်အလေးချိန် ၁ကီလိုဂရမ်တိုင်းအတွက် Ethambutol ၁၅ ကီလိုဂရမ် သို့မဟုတ် Clofazimine ၁၀၀ မီလီဂရမ်။သောက်သုံးရမှာဖြစ်ပြီး ciprofloxacin နဲ့ rifampicin ပါဝင်တဲ့ အခြားကုထုံးကိုလည်း အသုံးပြုနိုင်ပါတယ်။ သတိပြုသင့်တဲ့အချက်ကတော့ HIV ပိုးရှိသူတွေမှာ တီဘီကုထုံးရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်မှု ပိုများလာခြင်းပဲ ဖြစ်ပါတယ်။ဦးနှောက်အာရုံကြောတီဘီ ဖြစ်နေတဲ့ လူနာတွေကို စတီးရွိုက်ပေးခြင်းအားဖြင့် သတိပြန်ကောင်းလာခြင်း၊ ခေါင်းကိုက်သက်သာလာခြင်း၊ CSF အရည်ကြည် ပုံမှန်ပြန်ဖြစ်လာခြင်း စတဲ့ ပြောင်းလဲတိုးတက်မှုတွေကို အချိန်တိုအတွင်း သိသိသာသာ တွေ့မြင်နိုင်ပါတယ်။ကော်တီကိုစတီးရွိုက်တွေက တီဘီရောဂါ လုံးဝပျောက်ကင်းအောင် မစွမ်းဆောင်နိုင်ပေမယ့် တီဘီဦးနှောက်အမြေးယောင်ဖြစ်နေတဲ့ လူနာတွေမှာ အသက်ရှင်နိုင်ချေ မြင့်တက်လာစေပြီး ဦးနှောက်နဲ့အာရုံကြော ထိခိုက်ပျက်စီးမှုကိုလည်း လျော့ပါးသက်သာစေပါတယ်။ကော်တီကိုစတီးရွိုက်ပေးထားတဲ့ ကလေးလူနာတွေမှာ ဉာဏ်ရည်ထိခိုက်မှုအတိုင်းအတာ သိသိသာသာကျဆင်းသွားပြီး တီဘီအကျိတ်နဲ့ ပြည်တည်နာတွေ တဖြည်းဖြည်း သက်သာပျောက်ကင်းလာတာကိုလည်း CT scan ကတဆင့် တွေ့ရှိနိုင်ပါတယ်။တီဘီဦးနှောက်အမြေးယောင်ရောဂါရှိသူများအတွက် Prednisolone ကုထုံး။ကော်တီကိုစတီးရွိုက်အသုံးပြုခြင်းနဲ့ ပတ်သက်ပြီး အငြင်းအခုန်ဖြစ်ရတဲ့ အဓိကအကြောင်းအရာတစ်ခုက ကော်တီကိုစတီးရွိုက်တွေဟာ ဦးနှောက်အမြေး ရောင်ရမ်းမှုကို လျော့ကျစေတဲ့အတွက် CSF အရည်ကြည်ထဲ တီဘီဆေးဝင်ရောက်နိုင်မှုကို ပြောင်းလဲစေတယ်ဆိုတဲ့ ယူဆချက်ပဲဖြစ်ပါတယ်။ဒါပေမယ့် တီဘီလူနာ ၈ယောက်ကို isoniazid, rifampicin, streptomycin, pyrazinamide တို့နဲ့အတူ ပထမတစ်ပတ်မှာ dexamethasone ထိုးဆေး တစ်နေ့လျှင် ၅မီလီဂရမ်၊ ဒုတိယတစ်ပတ်ကနေစတင်ပြီး prednisolone သောက်ဆေး တစ်နေ့လျှင် ၆၀မီလီဂရမ် ပေးကြည့်လိုက်တဲ့အခါ ၎င်းယူဆချက်နဲ့ ကိုက်ညီမှုမရှိကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။တီဘီဦးနှောက်အမြေးယောင်ရောဂါကို ကုသနေစဉ်အတောအတွင်း ဦးနှောက်တီဘီအကျိတ် အသစ်ပေါ်လာနိုင်သလို ရှိပြီးသားအကျိတ်က အရွယ်အစားပိုကြီးလာတာမျိုးလည်း ကြုံရတတ်ပါတယ်။များသောအားဖြင့် နောက်ဆက်တွဲ CT scan ရိုက်တဲ့အခါ၊ အာရုံကြောချို့ယွင်းမှု လက္ခဏာသစ်တွေ ပေါ်လာတဲ့အခါ ဒီဖြစ်ရပ်ကို သတိပြုမိတတ်ပါတယ်။တီဘီဦးနှောက်အမြေးယောင်ရောဂါရှိသူ အားလုံးရဲ့ ၈ရာခိုင်နှုန်းမှာ ကုသမှုစတင်ပြီး ပထမတစ်လအတွင်း ဦးနှောက်အကျိတ်ဖြစ်ပေါ်နိုင်ကြောင်း လတ်တလောလေ့လာမှုတစ်ခုက ထောက်ပြထားပေမယ့် ကုသမှုဆက်လက်ခံယူရင်း သက်သာပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။ခွဲစိတ်ကုထုံးရဲ့ အဓိကရည်ရွယ်ချက်က ဦးနှောက်ပတ်ပတ်လည်မှာ အရည်ပြည့်ဖောင်းပြီး ဦးခေါင်းအရွယ်အစားကြီးလာတဲ့ပြဿနာ (hydrocephalus) ကို ဖြေရှင်းဖို့ပဲ ဖြစ်ပါတယ်။ခါးဆစ်ရိုးဖောက်ခြင်း၊ diuretic တွေနဲ့ osmotic agent တွေက ဦးခေါင်းတွင်းဖိအား ယာယီလျော့ကျစေပြီး hydrocephalus ပိုမဆိုးလာအောင် ကာကွယ်ပေးပါတယ်။အကယ်၍ ယာယီကုထုံးအသုံးပြုလို့မှ မအောင်မြင်ခဲ့ရင် ventriculo-peritoneal shunting ဒါမှမဟုတ် ventriculo-atrial shunting ပြုလုပ်ခြင်း (ပြွန်ငယ်တစ်ချောင်းအသုံးပြုပြီး CSF စီးဆင်းတဲ့အခန်းငယ်တွေကို ဝမ်းဗိုက်/နှလုံးသွေးလွှတ်ခန်းနဲ့ ချိတ်ဆက်ပေးခြင်း) အားဖြင့် hydrocephalus နဲ့ ၎င်းရဲ့နောက်ဆက်တွဲပြဿနာတွေ လျော့ပါးသက်သာလာနိုင်ပါတယ်။ဦးနှောက်တီဘီရှိသူတွေရဲ့ CSF မှာ ပရိုတင်းပါဝင်မှုများတဲ့အတွက် ပြန်ပိတ်ဆို့မှုရှိမရှိ အချိန်အပိုင်းအခြားအလိုက် ပြန်လည်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။ လတ်တလော တီဘီလက္ခဏာပြနေတဲ့ လူနာတွေမှာတောင် shunting ပြုလုပ်နိုင်ပြီး စောစောသိ စောစောကုသမှုခံယူရင် ရလဒ်ကောင်းနိုင်ပါတယ်။တီဘီအကျိတ်ကြောင့် ဦးနှောက်နေရာရွေ့ပြီး ဦးခေါင်းတွင်း ဖိအားမြင့်တက်လာတဲ့ အခြေအနေ၊ တီဘီဆေးကုထုံးကို မတုန့်ပြန်တဲ့အခြေအနေ ဖြစ်လာခဲ့ရင်တော့ ၎င်းအကျိတ်ကို ခွဲစိတ်ဖယ်ရှားဖို့ လိုအပ်နိုင်ပါတယ်။ကနဦးအဆင့်ကတည်းက ခွဲစိတ်ကုသမှုခံယူလိုက်တဲ့ လူနာ ၈၀ရာခိုင်နှုန်းခန့်ဟာ ကျန်းမာရေးပြန်လည်ထူထောင်လာပြီး ရေရှည်အကျိုးရလဒ် ခံစားရမှာဖြစ်ပါတယ်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဦးနှောက်အာရုံကြောတီဘီကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/tuberculosis/tuberculosis-of-meninges-and-central-nervous-system/
ပျော်ရွှင်ခြင်း ရှာပုံတော် (၂)
ခန္ဓာကိုယ်မှာ Stress mechanism ဆိုတာရှိတယ်။ အရေးပေါ်အခြေအနေတွေနဲ့ကြုံလာပြီဆိုရင်ခန္ဓာကိုယ်ကနေ တုံ့ပြန်တဲ့အခြေအနေတွေပေါ့။ ပတ်ဝန်းကျင်က ဘေးအန္တရာယ်ရှိတယ် ကိုယ့်ကိုခြိမ်းခြောက်နိုင်တယ်ဆိုတဲ့အခြေအနေမျိုးမှာ stress mechanism အလုပ်လုပ်ပြီး ရင်ဆိုင်မလား ပြေးမလား (fight or flight reaction) ဆိုတဲ့လုပ်ငန်းစဉ်ဖြစ်ပေါ်လာတယ်။ ဒီလုပ်ငန်းစဉ်အတွက် ခန္ဓာကိုယ်ကို အသင့်ပြင်ပေးလိုက်တယ်။စိတ်ဖိစီးမှုလို့ဆိုကြပေမယ့် ဒီလုပ်ငန်းစဉ်ရဲ့ တကယ့်ရည်ရွယ်ချက်က ခန္ဓာကိုယ်ကို ကာကွယ်ပြီး အသင့်ဖြစ်နေဖို့ပါ။ဒီအတွက် ဘာတွေဖြစ်လာလဲဆိုတော့ နှလုံးခုန်မြန်လာတယ်၊ကြွက်သားတွေတောင့်တင်းသွားတယ်၊ အသက်ရှူမြန်လာတယ်၊ အာရုံခံစားမှုတွေသွက်လက်လာတယ်၊ တုံ့ပြန်မှုတွေမြန်ဆန်လာတယ်။ ဒီပြောင်းလဲမှုတွေကိုကြည့်ရင် တိုက်ခိုက်ဖို့အတွက် ဒါမှမဟုတ် ထွက်ပြေးဖို့အတွက် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကို သိနိုင်လိမ့်မယ်။ပြဿနာက Stress mechanism ကိုလုပ်တဲ့ဦးနှောက်အစိတ်အပိုင်းတွေက တကယ့်အပြင်မှာဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေကို မခွဲခြားနိုင်ဘူး။ ဒီမှာတင် အလုပ်ကိစ္စ၊ ပေါင်းသင်းဆက်ဆံရေး၊ ငွေကြေး၊ မိသားစုရေး အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခြေအနေမှာလည်း စိတ်ဖိစီးမှုလုပ်ငန်းစဉ် (stress mechanism) က အလုပ်လုပ်ပြီး ခန္ဓာကိုယ်ကို အသင့်ပြင်ပေးတော့တယ်။မကြာခဏ စိတ်ဖိစီးမှုခံရပြီဆိုရင် နောက်ပိုင်းမှာ ခန္ဓာကိုယ်က အမြဲအဆင်သင့်ပြင်ထားတယ်။ Stress mechanism က ဖွင့်ပြီးရင် ပြန်ပိတ်ရတယ်။ မဟုတ်ရင် ခန္ဓာကိုယ်က တချိန်လုံးဒီဒဏ်ကိုခံနေရတယ်။ မကြာခဏစိတ်ဖိစီးလာပြီဆိုတဲ့အခါ stress mechanism က ပြန်မပိတ်တော့ဘူး။ နေ့ရောညပါ အဆင်သင့်ဖြစ်နေတယ်။ အဲဒီမှာ စိတ်ဖိစီးမှုကြီးကြီးမားမားတွေဖြစ်လာတော့တာပဲ။ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကာလကြာရှည် စိတ်ဖိစီးလာပြီဆိုရင်။– စိတ်ဓာတ်ကျလာမယ်။ စိုးရိမ်ပူပန်မှုတွေမြင့်တက်လာမယ်။ အချိန်တိုင်း ဘာကိုစိုးရိမ်လို့စိုးရိမ်နေမှန်းမသိ ကြောက်ရွံ့နေမှန်းမသိဖြစ်လာလိမ့်မယ်။–နာကျင်ကိုက်ခဲမှုတွေစိတ်လာမယ်။ ကြွက်သားတွေတချိန်လုံးတင်းနေရတဲ့အတွက်ကြောင့် ခန္ဓာကိုယ်နေရာအနှံ့မှာ နာကျင်မှုတွေဖြစ်လာလိမ့်မယ်။– အိပ်လို့မပျော်ဘူး။ အိပ်ရေးမဝဘူး။ ညဘက်အိပ်တဲ့အခါ ရင်တွေတုန်နေမယ်။ အတွေးပေါင်းစုံဝင်နေမယ်။– ကိုယ်ခံအားစနစ်က အရမ်းအလုပ်လုပ်လာပြီး ဆဲလ်အကောင်းတွေကိုပါ ပြန်တိုက်ခိုက်လာလို့ကိုယ်ခံအားရောဂါတွေဖြစ်တဲ့ အဆစ်အမြစ်တွေရောင်ရမ်းတာ၊ ပါးစပ်ထဲအနာတွေဖြစ်တာလိုမျိုးရောဂါတွေဖြစ်လာလိမ့်မယ်။– အရေပြားမှာပြဿနာတွေဖြစ်လာမယ်။ အနာတွေအနီစက်တွေဖြစ်မယ်။ ဆံပင်တွေကျွတ်မယ်။ ဆံပင်တွေဖြူတာမြန်လာမယ်။– ခန္ဓာကိုယ်ဝဖြိုးလာမယ်။ လိင်ပိုင်းဆိုင်ရာစိတ်ဝင်စားမှုတွေလျော့နည်းမယ်။ စွမ်းဆောင်ရည်ကျဆင်းမယ်။– စဉ်းစားတွေးခေါ်တာတွေ ညံ့ဖျင်းလာမယ်။မှတ်ဉာဏ်တွေချို့ယွင်းလာမယ်။ဘယ်အရာတွေက ကိုယ့်ကိုမပျော်မရွှင်နဲ့ စိတ်ဖိစီးမှုဖြစ်စေတာလဲဆိုတာကို ပျော်ရွှင်မှုရှာပုံတော် (၁)မှာ အချက် သုံးချက်ရေးခဲ့သေးတယ်။ ဆိုရှယ်မီဒီယာ၊ စိတ်မလုံခြုံမှုနဲ့ မဆုံးနိုင်တဲ့လိုချင်မှုတွေအကြောင်းပါ။ အခု ကျန်တဲ့အကြောင်းအရာတွေ ဆက်ရှာဖွေရအောင်။၄။ အတည်ပြုချက်ရလိုတာ။အင်္ဂလိပ်လိုပြောရရင်တော့ approval, compliments လို့ပြောရင်လွယ်တယ်။ မြန်မာလိုကျ အဓိပ္ပါယ်က နည်းနည်းဒွိဟဖြစ်တယ်။ လူတွေက သူတို့ကိုယ်တိုင်၊ သူတို့ရဲ့ လုပ်ရပ်တွေနဲ့ သူတို့ရဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ပတ်သက်ပြီး သူများတွေက အကောင်းပြောဆိုပေးတာ အတည်ပြုပေးကြတာကို လိုချင်ကြတယ်။ ဥပမာ ဖေ့ဘွတ်ပေါ်မှာ ကိုယ့်ဓာတ်ပုံ ကိုယ့်စာတင်ထားတဲ့အခါ Like များမှပျော်မယ်။ အရင်ကနေကျထက် နည်းနေရင် ဘာများဖြစ်နေပြီလဲလို့ စိတ်ဖိစီးမယ်။ ကိုယ်နဲ့ တခြားတစ်ယောက်ယောက် ရန်ဖြစ်အငြင်းပွားတဲ့အခါ ကိုယ့်ဘက်က လိုက်ပေးရင် ကိုယ်မှန်တယ်လို့ ထောက်ခံပေးရင် ပျော်မယ်။ အဲဒီလိုမဟုတ်ရင် စိတ်ဖိစီးမယ်။ ကိုယ်က အရမ်းဈေးကြီးတဲ့ အသုံးအဆောင်ပစ္စည်းတွေသုံးနေကိုင်နေရင် အဲဒါကို လူတွေသတိထားမိပြီး ချီးကျူးမှ စိတ်ပျော်ရွှင်မယ်။ မဟုတ်ဘဲ ဘယ်သူကမှ သတိမထားမိဘူး။ မပြောကြဘူးဆိုရင် စိတ်ထဲနေလို့မကောင်းတော့ဘူး။ မပျော်တော့ဘူး။ စိတ်ဖိစီးလာမယ်။ ဒီလိုနဲ့ ကိုယ့်ကို သူများတွေက တော်တယ်၊ တတ်တယ်၊ ချောတယ်၊ ချမ်းသာတယ်၊ အောင်မြင်တယ်ဆိုတာမျိုး အတည်ပြုတာတွေခံရဖို့အတွက် တစ်နေ့တစ်နေ့ စိတ်ဖိစီးခံပြီး လုပ်ပြနေရတယ်။၅။ အလေးပေးဆက်ဆံခံချင်တာ။တစ်ခါတုန်းက ကိုယ့်ရုံးကဝန်ထမ်းတစ်ယောက်ရဲ့ မင်္ဂလာဆောင်ကိုသွားတယ်။ သွားတဲ့အချိန်က ကိုယ်တစ်ယောက်တည်းသွားတဲ့အခါ လူငယ်လည်းဖြစ်နေတော့ နေရာချပေးတဲ့သူတွေက သူငယ်ချင်းလို့ပဲထင်ပြီး စင်နဲ့တော်တော်ဝေးဝေးဝိုင်းတစ်ခုမှာ နေရာချပေးတယ်။ မင်္ဂလာဆောင်တောက်လျှောက် သတို့သားသတို့သမီးတောင် ဘာဝတ်ထားလဲမကြည့်နိုင်ဘူး။ ငါ့ကို ဒီလိုနေရာမှာချထားပေးစရာလား။ ငါဘယ်သူလဲဆိုတာမသိဘူးလား။ ဒါတမင်စော်ကားတာလား။ ငါ့ကိုချိုးချင်လို့လုပ်တာလား စသဖြင့် မကျေမနပ်နဲ့ တချိန်လုံးဒေါသထွက်နေတယ်။ သတို့သားသတို့သမီးကိုလည်းမနှုတ်ဆက်တော့ဘဲ ပြန်လာခဲ့တယ်။ ရုံးပြန်ရောက်တဲ့အထိ၊ ရုံးကနေ အိမ်ပြန်ရောက်တဲ့အထိ နောက်ဆုံးအိပ်တဲ့အထိ အဲဒီကိစ္စက တနုံ့နုံ့နဲ့ ခံစားနေရတယ်။ နောက် ဘယ်မင်္ဂလာဆောင်မှ မသွားတော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့အထိပဲ။ လူတွေက ကိုယ့်ကိုနေရာပေးတာ၊ အလေးပေးဆက်ဆံခံရတာကို လိုချင်တယ်။ ကိုယ်မှန်းထားသလို ဆက်ဆံခြင်းမခံရတဲ့အခါ စိတ်ဖိစီးမှုနဲ့ဒေါသတွေဖြစ်လာတယ်။ အပျော်ခရီးသွားရင်တောင်၊ ပျော်ရွှင်စရာတစ်ခုခုလုပ်တယ်ဆိုရင်တောင် အပျော်တွေမရှိတော့ဘူး။၆။ မုဒိတာမထားနိုင်တာ။မုဒိတာဆိုတာက တော်တော်လေးခက်တဲ့အမျိုးထဲပါတယ်။ လူတွေရဲ့စိတ်ထဲမှာက တခြားသူတစ်ယောက်အောင်မြင်တာ ငါကျရှုံးတာပဲ ငါအသုံးမကျတာပဲဆိုတဲ့ (scarcity mindset) စွဲနေတယ်။ ကိုယ့်အနီးအနားဝန်းကျင်က လူတွေရဲ့ အောင်မြင်နေမှုတွေက ကိုယ်နဲ့လည်းဘာမှ တိုက်ရိုက်သက်ဆိုင်မှုမရှိတတ်ပေမယ့် သူတို့တွေပျော်ရွှင်နေတာ၊ အောင်မြင်နေတာကိုမြင်ရတဲ့အခါ ငါတစ်ယောက်တည်းများ ကံဆိုးနေတာလား၊ ငါပဲမပျော်ရွှင်ရတာ မအောင်မြင်ဖြစ်နေတာလားလို့ တွေးမိတတ်တယ်။ ဒါကိုပိုပြီး မီးထိုးပေးတာကတော့ ဆိုရှယ်မီဒီယာပေါ့လေ။ ကိုယ့်အနီးအနားဝန်းကျင်က လူတွေအကုန်လုံးပျော်ရွှင်အောင်မြင်နေတယ်လို့ ခံစားရတဲ့အခါ ကိုယ့်မှာ ပျော်ရွှင်မှုတွေပျောက်သွားပြီး စိတ်ဖိအားတွေဝင်လာတယ်။၇။ ပစ္စုပ္ပန်တည့်တည့်မှာ မနေနိုင်တာ။လူတွေက ဒီနေ့မှာအသက်ရှင်နေရပေမယ့် အတိတ်အတွက် နောင်တရတယ်။ အနာဂတ်အတွက် တွေးပူနေတယ်။ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ လက်ရှိအချိန်က အရမ်းနည်းတယ်။ ကျွန်တော်တို့စိတ်ထဲမှာ မနေ့ကဖြစ်သွားတဲ့အဖြစ်အပျက်တွေရယ်၊ မနက်ဖြန်မှာကြုံလာမယ့်ကိစ္စတွေရယ်ကိုပဲ တချိန်လုံးတွေးတောနေတယ်။ကွန်ဖူးပန်ဒါရုပ်ရှင်ထဲက အကြိုက်ဆုံးစကားကို ပြန်ကိုးကားချင်တယ်။ မနေ့ကဆိုတာ သမိုင်း။ မနက်ဖြန်ဆိုတာ လျှို့ဝှက်ဆန်းကျယ်မှု။ ဒီနေ့ကတော့ လက်ဆောင်မွန်ပါ”တဲ့ (Yesterday is history, tomorrow is a mystery, today is a gift. That’s why it’s called the present)။မနေ့ကကိစ္စတွေကိုလည်း ကိုယ်အသစ်ပြန်ဖန်တီးလို့မရဘူး။ မနက်ဖြန်မှာ မဖြစ်လာသေးတာတွေအတွက်လည်း ကြိုစိတ်ပူနေလို့မထူးဘူး။ ကိုယ်ပိုင်တဲ့အရာက လက်ရှိဒီနေ့ပဲ။ ဒီနေ့ကိုအကောင်းဆုံးလုပ်ခြင်းကိုပဲ ကိုယ်ပိုင်ဆိုင်တယ်။ ကိုယ်မပိုင်ဆိုင်တော့တဲ့ မပိုင်ဆိုင်လာသေးတဲ့အရာတွေအတွက်စိုးရိမ်ပူပန်လက်မလွှတ်နိုင်ဖြစ်နေတာတွေက မပျော်ရွှင်ရခြင်းအကြောင်းတွေထဲကတစ်ခုပါ။လူတွေကို စိတ်အဖိစီးဆုံးစကားက “တကယ်လို့သာ”ဆိုတဲ့စကားပဲ။တကယ်လို့ ငါသာ စာကြိုးစားခဲ့ရင်။ တကယ်လို့ငါသာ အဲဒီလိုစကားမျိုးမပြောခဲ့ဖြစ်ရင်။ တကယ်လို့ငါသာ အဲဒီလိုမလုပ်ခဲ့ရင်။ တကယ်လို့ငါသာ အဲဒီလိုမဆုံးဖြတ်ခဲ့ရင် ဆိုတဲ့အတွေးတွေ လူတိုင်းမှာရှိကြတယ်။ ဒါပေမယ့် တချို့လူတွေကတော့ အဲဒီအတွေးတွေကနေ ရှေ့ဆက်ပြီးမသွားနိုင်ဘူး။ သူတို့ရဲ့ စိတ်က အတိတ်က သူတို့လုပ်ခဲ့မိတဲ့အရာတွေ၊ မလုပ်ခဲ့မိတဲ့အရာတွေမှာပဲ ဆက်ပြီးဝေ့ဝိုက်လည်ပတ်နေတယ်။နောင်တရလို့မဆုံးဘူး။ ဝမ်းနည်းလို့မဆုံးဘူး။ အဲဒီလိုလူမျိုးတွေကပဲ မနက်ဖြန်မှာ ဘာတွေများဖြစ်လာမှာလဲ။ ဘယ်လိုပြဿနာတွေများကြုံတွေ့ရမှာလဲ။ ငါဘယ်လိုများနေရမှာလဲနဲ့ တွေးတောပူပန်နေပြန်ရော။ အတိတ်ကိုမစွန့်လွှတ်နိုင်တဲ့သူက နောင်တရဲ့ နှိပ်စက်မှုကိုခံရတယ်။ အနာဂတ်ကိုပဲ တချိန်လုံးတွေးပူနေသူက စိုးရိမ်ပူပန်မှုရဲ့ ဖိစီးမှုကိုခံရတယ်။ ဒီလူတွေဟာ ပစ္စုပ္ပန်မှာ မပျော်ရွှင်နိုင်တာ အဆန်းတော့မဟုတ်ပါဘူး။စိတ်ဖိစီးမှုတွေကိုဖြေဖျောက်နိုင်ဖို့က လမ်းကြောင်းရှည်ခရီးပါ။ ချက်ခြင်း quick fix လုပ်နိုင်တဲ့အရာမျိုးမဟုတ်ဘူး။ ခဏတဖြုတ်ပဲ စိတ်ပျော်ရွှင်စေတဲ့အရာမျိုးတွေက အလုပ်မဖြစ်ဘူးဆိုတာ ကိုယ်တိုင်လည်းသိပြီးဖြစ်မှာပါ။ ကျွန်တော်တို့ မပျော်ရွှင်ရခြင်းအကြောင်းတွေကို ရှာဖွေပြီးရင် ဖြေရှင်းတဲ့နည်းလမ်းတွေရှာဖွေကြတာပေါ့။ကျွန်တော်နဲ့အတူ ပျော်ရွှင်ခြင်းရှာပုံတော်ခရီး ဆက်သွားကြရအောင်……..။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b9%e1%80%9b%e1%82%8a%e1%80%84%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8-%e1%80%9b%e1%80%bd%e1%80%ac%e1%80%95%e1%80%b6%e1%80%af%e1%80%b1-2/
အိမ်မွေးတိရစ္ဆာန်မှတဆင့် ကူးစက်တတ်သော ရောဂါများ
ကိုယ်ချစ်လို့ မွေးမြူထားတဲ့အိမ်မွေးသတ္တဝါလေးတွေဟာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေကို ယူဆောင်လာတတ်တယ်ဆိုတာကို သင်သိပါသလား? Zoonotic illnesses လို့ ခေါ်တဲ့ တိရစ္ဆာန်ကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေဟာ တောရိုင်းတိရစ္တာန်တွေဆီကနေသာမက အိမ်မွေးသတ္တဝါလေးတွေဆီကနေတဆင့်လည်း ရောက်လာတတ်ပါတယ်။များသောအားဖြင့် အိမ်မွေးသတ္တဝါလေးတွေဆီက ကူးစက်တဲ့ရောဂါတွေဟာ ကိုယ်ခံအားစနစ်နဲ့ အဓိကအားဖြင့်သက်ဆိုင်လေ့ရှိပြီးတော့ တချို့သောရောဂါတွေဟာ ပြင်းထန်တတ်တာမို့ အထူးဂရုပြုစောင့်ရှောက်ပေးဖို့ လိုအပ်လေ့ရှိပါတယ်။အိမ်မွေး တိရိစ္ဆာန်တွေကနေ ကူးစက်နိုင်တဲ့ ရောဂါတွေဆိုတာ ဘယ်လို ရောဂါမျိုးတွေလဲ။ခွေးရူးပြန်ရောဂါ (Rabies)ဟာ အိမ်မွေးခွေး၊ လမ်းဘေးခွေးမရွေးပဲ ရောဂါပိုးရှိတဲ့ ခွေးအကိုက်ခံရရုံနဲ့ ကူးစက်နိုင်ပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အဆိုပါ ပိုးကို သယ်ဆောင်ထားတဲ့ ခွေးမျိုး ကိုက်တာခံခဲ့ရပြီး အချိန်မီ ကာကွယ်ဆေးမထိုးနိုင်ခဲ့ဘူးဆိုရင် ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်ပျက်ဆီးပြီး သေဆုံးတဲ့အထိ ကြုံရနိုင်ပါတယ်။ တစ်ခုသိထားရမှာက အဆိုပါရောဂါဟာ ခွေးတွေမှာသာမက ကြောင်တွေမှာလည်း ဖြစ်နိုင်တာပါပဲ။Toxoplasmosis (တော့ဆိုပလပ်စမိုးဆစ်)ရောဂါဟာ တုပ်ကွေးဆန်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး များသောအားဖြင့် ကြောင်တွေကနေ ကူးစက်နိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကို သတိထားသင့်ပါတယ်။ Toxoplasma Gondi လို့ခေါ်တဲ့ ဆဲလ်တစ်ခုတည်းပါတဲ့ ကပ်ပါးကောင်ဟာ Toxoplasmosis ရောဂါကို ဖြစ်စေတဲ့အဓိက အကြောင်းအရင်းဖြစ်ပါတယ်။ ၎င်းဟာ ကပ်ပါးကောင်တစ်မျိုးဖြစ်ပြီး ကြောင်တွေက အဓိက သယ်ဆောင်တာ ဖြစ်ပါတယ်။Bartonellosis ရောဂါကို ကြောင်ကုတ်ရောဂါလို့လည်း ခေါ်ကြပါတယ်။ ဘက်တီးရီးယားပိုးကနေတဆင့် ကူးစက်တဲ့ အဆိုပါရောဂါ ကြောင်တွေနဲ့ ကြောင်သန်းတွေကနေတဆင့် ကူးစက်လေ့ရှိပါတယ်။ Bartonellosis ဟာ ကြောင်ကုတ်ခံရတာ၊ အကိုက်ခံရတာတွေကြောင့် အဓိကကူးစက်လေ့ရှိပါတယ်။ တုပ်ကွေးနဲ့ လက္ခဏချင်းဆင်တူတဲ့ ဝေဒနာတွေ ခံစားရတတ်ပါတယ်။ကြောင်နဲ့ ခွေးတွေကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေထဲမှာသန်စွဲရောဂါလည်း ပါပါတယ်။ သန်ကောင်အမျိုးအစား တွေကတော့ Roundworms (သန်လုံးကောင်) ၊ Pinworms (တုပ်ကောင်) ၊ Hookworms (ချိတ်ပြားသန်ကောင်) နဲ့ Whipworms (ကြာပွတ်နှင့်တူသော ဝမ်းပျက်စေသည့်သန်ကောင်) တွေဆိုပြီး အမျိုးမျိုး ရှိကြတာပါ။ သန်ကောင်တွေက တစ်ကောင်တည်းလည်း ရှိနေနိုင်သလို အကောင်တွေအများကြီး ရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အစားအသောက်တွေပုံမှန်စားနေပေမယ့် ကိုယ်အလေးချိန်တိုးမလာတာမျိုး၊ အစားစားချင်စိတ်မရှိတာမျိုး၊ ဝမ်းချုပ်နေတာနဲ့ ဗိုက်ထဲကနာနေတာ၊ လူအရမ်းပင်ပန်းနေတတ်တာမျိုးတွေ ဖြစ်နေပြီဆိုရင် သင် သန်ချဖို့ လိုအပ်နေပါပြီ။ပွေးရောဂါ (Ringworm)ဟာ အဖြစ်များတဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပြီး အိမ်မွေးတိရိစ္ဆာန်တွေကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ပွေးဟာ အရေပြားကို မှိုစွဲစေတဲ့ ရောဂါတစ်မျိုးဖြစ်တာမို့ ခန္ဓာကိုယ် အနှံ့မှာဖြစ်ပွားနိုင်ပါတယ်။ ဒီရောဂါဟာ အရေပြားမှာ အရင်ဆုံး အနီကွက်တွေ ဖြစ်လာရာကနေ ခန္တာကိုယ်အနှံ့ကို ပျံ့နှံ့သွားတတ်တာပါ။ ဦးရေပြား၊ ခြေဖဝါး၊ ပေါင်ခြံ၊ မေးစေ့တို့လိုနေရာတွေမှာ အဖြစ်များပါတယ်။ ပွေးဟာ လူတွေမှာရော တိရိစ္ဆာန်တွေမှာပါဖြစ်ပွားတတ်တဲ့ ရောဂါမျိုးဖြစ်ပြီး ပွေးရောဂါရှိတဲ့ တိရိစ္ဆာန်တွေနဲ့ နီးနီးကပ်ကပ်နေထိုင်တာကနေတဆင့် လူတွေဆီ ကူးစက်နိုင်ပါတယ်။တလောလေးကတင် ကြက်သားတွေမှာဆယ်မိုနဲလား (Salmonella)ပိုးပါဝင်တယ်ဆိုတဲ့ သတင်းကြားမိလိုက်မယ်ထင်ပါတယ်။ ဆယ်မိုနယ်လားဟာ ကြက်တွေမှာသာမက အချို့မိသားစုတွေ အလှမွေးလေ့ရှိတဲ့ ပုတ်သင်ညို၊ မြွေ၊ လိပ်တွေလို တိရစ္ဆာန်တွေမှာလည်းရှိနေတတ်ပါတယ်။ ဆယ်မိုနဲလားဟာ လူတွေကို ဖျားနာစေတဲ့ ရောဂါပိုးတစ်မျိုးဖြစ်ပြီးတော့ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ယေဘုယျအားဖြင့် ဆယ်မိုနဲလား ရောဂါပိုး အများစုဟာ အသား၊ ကြက်ဥ အစရှိတဲ့ အစားအစာတွေက ရောက်လာတတ်တာဖြစ်ပါတယ်။ ဒါပေမယ့် ရောဂါပိုးဝင်စေတဲ့ အဓိကအကြောင်းအရင်းဟာ တွားသွားသတ္တဝါတွေနဲ့ ဆက်စပ်နေလေ့ ရှိပါတယ်။ ဆယ်မိုနဲလားဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ သက် ၅ နှစ်အောက် ကလေးငယ်တွေမှာဖြစ်ပွားနှုန်း ပိုမြင့်မားတတ်ပါတယ်။ ကိုယ့်မှာ ကိုယ်ဝန်ရှိနေပြီး ကိုယ်ဝန်ဆောင်ထားရတယ်ဆိုရင် အိမ်မွေးတွားသွားသတ္တဝါတွေကို အိမ်မှာ လုံးဝမထားသင့်ပါဘူး။ဦးနှောက်အမြှေးရောင်ရောဂါ (Cryptococcosis)ဟာ ငှက်တွေကနေဆင့် ကူးစက်နိုင်တဲ့ မှိုရောဂါတစ်မျိုးဖြစ်ပြီး သစ်ခေါက်အဆွေးတွေနဲ့ ငှက်ချေးတွေမှာ အများဆုံး တွေ့မြင်ရတတ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ ခိုချေးကနေ အများဆုံး ကူးစက်ပါတယ်။ ဒီမှိုလေးတွေဟာ လေထုထဲကနေတဆင့် ပျံ့နှံ့တတ်ပြီး လေထဲကနေ တစ်ဆင့်ရှူမိလိုက်တာနဲ့တင်ရောဂါ ဖြစ်နိုင်ပါတယ်။ သူ့ရဲ့ လက္ခဏာတွေကတော့ အဆုတ်ရောင်တာ၊ ချောင်းဆိုးတာ၊ အသက်ရှူကြပ်တာတွေနဲ့ အဖျားတက်တာမျိုးတွေဖြစ်တတ်ပါတယ်။ ရောဂါပိုး ဦးနှောက်ကိုရောက်သွားပြီး ဦးနှောက်အမြှေးပါးရောင်စေခဲ့ရင် ခေါင်းကိုက်တာ၊ ကိုယ်ပူတာနဲ့ ဇက်နာတာတွေကို ဖြစ်စေပါတယ်။ ခုခံအားနည်းနေတဲ့သူတွေအတွက် အန္တရာယ်ကြီးတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။Psittacosisကို ကြက်တူရွေးအဖျားဝေဒနာလို့ ခေါ်ဆိုပါတယ်။ အိမ်မွေးငှက်မျိုးစိတ်တွေဖြစ်ကြတဲ့ ကြက်တူရွေး၊ သာလိကာနဲ့ ကြက်ဆင်စတဲ့ အိမ်မွေးတိရိစ္ဆာန်တွေရဲ့ အညစ်အကြေးတွေနဲ့ သူတို့ရဲ့ အသက်ရှူလမ်းကြောင်းကထွက်တဲ့ အရည်တွေကနေတဆင့်ကူးစက်တဲ့ ဘက်တီးရီးယားရောဂါ တစ်ခုပါ။ ဒီငှက်တွေ ကျန်းမာနေရင်တော့ ဘာမှ မဖြစ်ပေမယ့် သူတို့ဆီကို Avian Chlamydiosis လို့ခေါ်တဲ့ ရောဂါပိုးကူးစက်ခံရပြီဆိုရင်တော့ တစ်အိမ်တည်းနေတဲ့ အိမ်သားတွေပါ ရောဂါအန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီရောဂါဖြစ်နေတဲ့သူတွေဟာ ချမ်းတုန်ပြီးဖျားတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊ ချောင်းခြောက်တွေဆိုးပြီး အသက်ရှူရခက်လာတာတွေ ကြုံရတတ်ပါတယ်။ ရောဂါကူးစက်ခံရပြီး ၅ ရက်ကနေ ၁၄ ရက်အတွင်းလက္ခဏာတွေ ပြလာတတ်ပါတယ်။Candidiasisဟာ လူတွေရဲ့ အရေပြား၊ ခံတွင်း၊ အသက်ရှူလမ်းကြောင်း၊ အူလမ်းကြောင်းနဲ့ မိန်းမကိုယ်တွေကို ဒုက္ခပေးနိုင်တဲ့ အရေပြားရောဂါတစ်ခုပါ။ ဒီမှိုရောဂါဟာ ခိုတွေကနေ ကူးစက်တတ်တဲ့ရောဂါမျိုးဖြစ်သလို ဆီးချိုရှိသူတွေနဲ့ ပဋိဇီဝဆေးတွေကို ကြာရှည် မှီဝဲနေရသူတွေမှာ ပိုဖြစ်နိုင်ချေများပါတယ်။E-coliကတော့ ဝမ်းကိုက်ရောဂါတစ်မျိုးဖြစ်ပြီး အရိုင်း၊ အယဉ် ငှက်အမျိုးအစားတိုင်းရဲ့ အညစ်အကြေးတွေထဲမှာ ပါလေ့ရှိတဲ့ ဘက်တီးရီးယား တစ်မျိုးပါ။ ငှက်တွေရဲ့ အညစ်အကြေးကို ကိုင်မိပြီး လက်ကိုသေချာပြန်မဆေးတာတို့၊ သစ်ပင်အောက်မှာ အစာစားနေရင်း စားနေတဲ့ အစားအစာထဲကို ငှက်ချေးစင်သွားတာတို့ ၊ ထမင်းဟင်းချက်ပြုတ်တဲ့နားမှာ ငှက်တွေ အများကြီးရှိနေတာတွေက ဝမ်းပျက်တာကိုဖြစ်စေတဲ့ E-coli ရောဂါပိုးကို ဖိတ်ခေါ်နေသလို ဖြစ်နေတတ်ပါတယ်။ ဒီရောဂါဟာ ပြင်းထန်ရင် အသက်အန္တရာယ်နဲ့ နီးစပ်တဲ့ ရောဂါတစ်မျိုးပါ။ခွေးတွေ ကြောင်တွေကနေတဆင့် ကူးစက်နိုင်တဲ့ နောက်ထပ် ပြင်းထန် အဖျားဝေဒနာတစ်မျိုးကိုLyme ရောဂါ (Lyme Disease)လို့ ခေါ်ပါတယ်။ Lyme ရောဂါဟာ Borrelia burgdorferi ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပြီး ၃ ရက်ကနေ ရက် ၃၀ အတွင်းမှာ ရောဂါလက္ခဏာတွေ ပြသလာနိုင်ပါတယ်။ ဒီရောဂါဟာ အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး နှစ်စဉ် လူသိန်းနဲ့ချီ Lyme ရောဂါ ဝေဒနာ ခံစားရလေ့ရှိပါတယ်။ Lyme ရောဂါ ကူးစက်ခံထားရသူတွေဟာ ချမ်းတုန်တာ၊ ထိုင်းမှိုင်းလေးလံငိုက်မျဉ်းတာ၊ အဖျားတက်တာ၊ အဆစ်အမြစ်ရောင်ရမ်းတာ၊ မျက်နှာကြွက်သားများ အကြောသေပြီး မလှုပ်ရှားနိုင်တော့တာ၊ ကိုယ်တွင်း အကျိတ်များ ရောင်ရမ်းတာ၊ မှတ်ဉာဏ်ချို့ယွင်းတာ၊ ကြွက်သားနာတာ၊ ထုံကျဉ်တာ၊ ရင်တလှပ်လှပ်တုန်တာ၊ ဇက်တောင့်တာတွေ ခံစားရနိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့ ရောဂါတွေဟာ အိမ်မွေးတိရစ္ဆာန်လေးတွေကနေတဆင့် ကူးစက်နိုင်တဲ့ အဓိအကျဆုံး ရောဂါတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုဖြစ်နိုင်တယ်ဆိုတဲ့ အချက်ကြောင့်မို့တော့ ကိုယ့်ရဲ့ အချစ်တော် သတ္တဝါလေးတွေကို စွန့်ပစ်လိုက်ဖို့ မလိုအပ်ပါဘူးနော်။အဓိကအားဖြင့် ဒီရောဂါတွေထဲက အများစုဟာ ကိုယ်ခံအားစနစ်၊ အပြုအမူစတာတွေနဲ့ အဓိက သက်ဆိုင်လေ့ရှိပြီးတော့ ကိုယ်ခံအားစနစ်အားနည်းသူတွေ၊ တိရစ္ဆာန်တွေကို ပွေ့ဖက်၊ နမ်းရှုပ်မှုပြုလုပ်သူတွေအနေနဲ့သာ ဂရုပြုဖို့ လိုအပ်မှာဖြစ်ပါတယ်။ မိမိတို့ကိုယ်တိုင်သာမက ရင်သွေးငယ်တွေကိုလည်း တိရိစ္ဆာန်တွေကို ပွေ့ဖက်တာ၊ နမ်းရှုပ်တာ၊ အတူအိပ်တာမျိုးတွေ မလုပ်ဖြစ်အောင် သတိပေးတားမြစ်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ထိတွေ့ကိုင်တွယ်ပြီးတိုင်း လက်နဲ့ ပါးစပ်ကို စင်ကြယ်စွာဆေးဖို့လိုအပ်ပြီး အထူးသဖြင့် ရင်သွေးငယ်တွေကို အဆိုပါ အလေ့အထမျိုး ပြုလုပ်ပေးဖို့ အထူးအရေးကြီးပါတယ်။ ဒီလိုနည်းလမ်းတွေကိုသာ ပုံမှန် ပြုလုပ်ပေးမယ်ဆိုရင် ခွေး၊ ကြောင်၊ ငှက်စတဲ့ အိမ်မွေးတိရိစ္ဆာန်တွေဆီကနေ ရောဂါကူးစက်ခံရတာမျိုးဖြစ်လာဖို့ အခွင့်အလမ်းနည်းပါးနေမှာပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%90%e1%80%ad%e1%80%9b%e1%80%85%e1%80%b9%e1%80%86%e1%80%ac%e1%80%94%e1%80%ba%e1%80%99%e1%80%be%e1%80%90%e1%80%86%e1%80%84/
ဒီထမင်း ကုန်အောင်မစားရင် ရိုက်မယ်ဆိုတဲ့ မေမေ နည်းလမ်းမှန်ရဲ့လား
ဟိုဟို ဒီဒီ မြည်းစမ်းစားဖူးလာတော့ အရသာတွေ သိနေပြီ ဆိုတဲ့ အရွယ်မှာ ကလေးထမင်းကျွေးချိန်တွေဟာ မေမေတို့အတွက် သိပ်ပင်ပန်းပါတယ်။ အဆော့မက်၊သွားရေစာမက်ပြီး ထမင်း ကောင်းကောင်း မစားချင်ကြတဲ့ အရွယ်ပေါ့။ အစားအသောက် တွေကို အခု ကြိုက်နေလည်း ခဏနေ မစားချင်တော့တာ၊ချေးထူလာတာ၊အစားသိပ်ရွေးတာ၊ နည်းနည်းစီပဲ စားတာ၊ အဆော့ပဲ မက်နေတာ စတဲ့ ပြဿနာတွေ ကြောင့် အမြဲ တိုင်ပတ်နေရမှာပါ။ ဒါကြောင့် ဒီထမင်း ကုန်အောင်မစားရင် ရိုက်မယ်ဆိုတဲ့ နည်းလမ်းတွေ သုံးရတော့တာပေါ့။ထမင်းကျွေးချိန်မှာ တုတ်ကိုင်ပြီး ကလေးကို မခြိမ်းခြောက်ဖို့၊ အစားအသောက်နဲ့ ပတ်သက်ပြီး ဆုပေးဒဏ်ပေး မလုပ်ဖို့ အရေးကြီးပါတယ်။ကလေးကိုအာဟာရပြည့်စေချင်လို့၊ ကောင်းစေချင်လို့ လုပ်တာ ဖြစ်ပေမယ့် ကလေးကိုထမင်းကျွေးချိန်တွေမှာ အတင်းအကျပ် ဖိအားမပေးဖို့ ပညာရှင်တွေက အကြံပြုထားပါတယ်။ ကလေးအတွက် ထမင်းစားချိန်တွေက ကြောက်စရာ၊ စိတ်ညစ်စရာ မဖြစ်ဖို့ အရေးကြီးပါတယ်။ဘာကြောင့် ဒီလို တားရသလဲဆိုတာ အောက်မှာ ဆက်ပြီး ဖတ်ကြည့်လိုက်ရင် မေမေ တို့ နားလည်သွားမှာပါ။ ကလေးကို အတင်းအကျပ် ထမင်းကျွေးတဲ့အခါ –။ကလေးကို စားချင်စိတ် ဖြစ်လာအောင် ဆွဲဆောင်တာ၊ နားလည်အောင် ရှင်းပြတာ၊ အစားအသောက်တွေကို အာဟာရဓာတ် ပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီအောင် ပြင်ဆင်ပေးတာတွေက မေမေတို့အပေါ် မူတည်ပါတယ်။ကလေးကို အစားအသောက် ကျွေးတဲ့အခါ –။အချိန်မရတဲ့သူတွေ အတွက် နည်းနည်းတော့ ခက်ခဲနိုင်ပေမယ့် ကလေးတစ်ယောက်တည်းကို ထမင်းခွံ့ရင်း အချိန်ကြာရ၊ ပင်ပန်းရတာနဲ့စာရင် ပိုအဆင်ပြေနိုင်ပါတယ်။(တစ်ဆို့စေမယ့်၊အစာနင်စေမယ့် အစားအစာမျိုးမဖြစ်အောင် သတိထားပြင်ဆင်ရပါမယ်) ကိုယ်တိုင်လုပ်ခွင့်ရမှ ကျေနပ်တဲ့ အရွယ်မို့ သူ့ဘာသာ အလုပ်ရှုပ်နေတာနဲ့ တင် ထမင်းစားချိန် လျှောက်ပြေး မဆော့အားတော့ပါဘူး။ကလေး ထမင်းကျွေးချိန်တွေမှာ အခက်တွေ့နေရတဲ့ မေမေ တွေ အတွက် ဒီဆောင်းပါးလေးက အထောက်အကူဖြစ်စေမယ် လို့ မျှော်လင့်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/%e1%80%99%e1%80%b1%e1%80%99%e1%80%b1-2/
ဆားဝက်ခြံတွေကို ပိုဆိုးအောင်များ လုပ်မိနေပြီလား!
ဆားဝက်ခြံ ရှိသူလေးတွေ အနေနဲ့ ဆားဝက်ခြံတွေကို ပုံမှန်တော့ ဂရုစိုက်ဖြစ်ပါရဲ့။ ဒါပေမယ့် ဆားဝက်ခြံတွေက သက်သာမသွားဘဲ ပိုဆိုးလာလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ မေးစရာရှိတာက ကိုယ်တိုင်များ ဆားဝက်ခြံတွေကို ပိုဆိုးအောင်များ လုပ်မိနေပြီလား! ဆိုတာပါ။ဝက်ခြံကအဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ခု ဖြစ်ပြီး ဝက်ခြံကလည်း အမျိုးမျိုးပါ။ ဒီလို ဝက်ခြံတွေထဲမှာ အဆံဖြူဖြူလေးတွေ ထွက်တတ်တဲ့ ဝက်ခြံတွေ ရှိသလို အဆံမည်းမည်းလေးတွေ ထွက်တဲ့ဆားဝက်ခြံတွေလည်း ရှိပါတယ်။ ဒီလို ထွက်တဲ့ ဝက်ခြံတွေက သေချာလေး ဂရုစိုက်မှ သက်သာမှာပါ။ဒီလို ဂရုစိုက်တဲ့အခါမှာလည်း နည်းလမ်း မှန်ဖို့ လိုပါမယ်။ တကယ်လို့ နည်းလမ်းမှန်မှန် ဂရုမစိုက် ဖြစ်ဖူးဆိုရင် ရှိရင်းစွဲ ဆားဝက်ခြံတွေ ပိုဆိုးလာနိုင်သလို နောက်ထပ် နောက်ထပ်သော ဆားဝက်ခြံတွေလည်း ထွက်လာနိုင်ပါတယ်။ ဒါဆိုရင်တော့ ဘယ်လို အလေ့အထတွေက ဆားဝက်ခြံတွေကို ပိုဆိုးစေနိုင်လဲဆိုတာကို  အတူတူ လေ့လာလိုက်ရအောင်နော်။နားလည်အလွယ်ဆုံး ဖြစ်အောင် ပြောပြရရင် ဆားဝက်ခြံ ဆိုတာက မျက်နှာပေါ်ကချွေးပေါက်တွေထဲမှာ အဆီပိုတွေနဲ့ မျက်နှာအရေပြားပေါ်က ဆဲလ်သေတွေ ပိတ်ဆို့ရာကနေ ဖြစ်လာတဲ့ အရာတွေပါ။ ဆားဝက်ခြံ ကလည်း ဝက်ခြံ အမျိုးအစား တစ်ခုပါပဲ။ များသောအားဖြင့်ကတော့ မျက်နှာမှာ အဖြစ်များပါတယ်။ ကျော၊ ရင်ဘတ် နဲ့ ပုခုံးတွေမှာလည်း ဆားဝက်ခြံတွေ ဖြစ်တတ်ပါတယ်။ တချို့ဆိုရင် နားတွေထဲမှာတောင် ဖြစ်တာမျိုး တွေ့ဖူးပါတယ်။ဆားဝက်ခြံတွေက ညစ်ပတ်တာကြောင့် အနက်ရောင် ဖြစ်သွားတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ တကယ်ကတော့ မဟုတ်ပါဘူး။ အရေပြား အတွင်းပိုင်းက အဆီ၊ ဆဲလ်သေတွေနဲ့ ပြင်ပလေထုထဲက အောက်ဆီဂျင်တို့ ထိတွေ့မိတာကြောင့် အနက်ရောင်အဖြစ် ပြောင်းလဲသွားတာပါ။ကဲ ….. ကိုယ်တိုင်က ဆားဝက်ခြံတွေကို ပိုဆိုးအောင်များ လုပ်မိနေပြီလား! ဆိုတာကို ဆန်းစစ်လိုက် ရအောင်နော်။ဆားဝက်ခြံတွေက အတော်လေး အလှပျက်စေပြီး ညှစ်ထုတ်ပစ်ချင်စရာလည်း ကောင်းလှပါတယ်။ ဒီလို ညှစ်ထုတ်လိုက်တာကတော့ ကောင်းလှတယ် မဟုတ်ပါဘူး။ ဆားဝက်ခြံက ညှစ်လိုက်ရုံနဲ့ ထွက်သွားတာ မဟုတ်ပါဘူး။ ရိုးရိုးဝက်ခြံတွေထက်တောင် ညှစ်ရခက်ပါသေးတယ်။ Tapeတွေ သုံးပြီး ခွာလိုက်လို့ ထွက်လာတဲ့ အဆံ‌တွေက ဆားဝက်ခြံတွေဆိုတာထက် sebaceous filamentsလို့ ခေါ်တဲ့ အဆီမျှင်လေးတွေပါ။ဆားဝက်ခြံတွေကို မရမက ညှစ်ထုတ်တာက လက်ရောင်လိုက်ပြီး ရောင်ရမ်းတာ၊ ပိုးတွေတာတွေကိုသာ ဖြစ်စေနိုင်ပါတယ်။မိတ်ကပ်တွေလိမ်းတာက ဆားဝက်ခြံတွေကို အခြားသူတွေ မမြင်အောင် အတော်အသင့်တော့ ဖုံးနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်သုံးတဲ့အမျိုးအစားက ချွေး‌ပေါက်ပိတ်စေတာတွေ ဖြစ်ရင်၊ မိတ်ကပ်ကို ‌သေချာမဖျက်နိုင်ဘူးဆိုရင်တော့ ဆားဝက်ခြံတွေကို ပိုဆိုးစေမှာပါ။ခေါင်းအုံးစွပ်တွေက မျက်နှာနဲ့ အများဆုံး ထိတွေ့မိတဲ့အရာပါ။ ဒီလို အများဆုံး ထိတွေ့မိတဲ့အရာကသန့်ရှင်းရေးအားနည်းမယ်ဆိုရင် မျက်နှာမှာ ဆားဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ၃ ရက် တစ်ကြိမ် ဒါမှမဟုတ် ၂ ရက် တစ်ကြိမ်လောက် ခေါင်းအုံးစွပ်ကို ပုံမှန်လေး လဲလှယ်ပေးပါ။ ဒီလို လဲလှယ်ပေးတာက ဆားဝက်ခြံကိုရော အခြားသော ဝက်ခြံတွေကိုပါ သက်သာစေမှာပါ။ဆားဝက်ခြံကချွေးပေါက်ထဲကို အဆီတွေ၊ ဖုန်မှုန့်တွေ၊ဆဲလ်သေတွေပိတ်ဆို့နေတာကြောင့် ဖြစ်ရတယ်ဆိုတော့ မျက်နှာများ ခဏခဏ သစ်ရင် သက်သာမလားဆိုပြီးမျက်နှာကို ခဏခဏ သစ်တာမျိုး မလုပ်ပါနဲ့။ ဒီလို လုပ်ပေးတာက မျက်နှာပေါ်မှာ ရှိသင့်တဲ့ အဆီတွေကို ကုန်ဆုံးစေပြီး ဆားဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။လက်ချောင်းတွေက ညစ်ပေတဲ့အရာတွေကို အများဆုံး ထိတွေ့မိနေတဲ့ အစိတ်အပိုင်းလေးပါ။ ဒါကြောင့် လက်ချောင်းထိပ်လေးမှာ ဘက်တီးရီးယားတွေ ဖုန်မှုန့်တွေ ကပ်ငြိနေနိုင်ပါတယ်။ ဒီလို ညစ်ပေနေတဲ့ လက်ချောင်းလေးတွေနဲ့ မျက်နှာကို ခဏခဏ ထိတွေ့မိတာက ဆားဝက်ခြံကို ပိုဆိုးစေနိုင်တာကြောင့်မျက်နှာကို လက်နဲ့ ခဏခဏ ကိုင်တာမျိုး မလုပ်ပါနဲ့။ကဲ …… ဒီအချက်တွေကိုများ လုပ်မိနေပြီလား ဆိုတာကို ကိုယ်တိုင်ဆန်းစစ် ကြည့်လိုက်ပါဦးနော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/daily-habits-that-worse-blackheads/
ရုံးမှာ အမြဲထိတွေ့နေရတဲ့ ရောဂါပိုးမွှားအများဆုံး အရာတွေ
လက်ဆေးပါ၊လက်ဆေးပါဆိုတဲ့အမှာစကားတွေက အလကားမဟုတ်ဘူးနော်။ မနက်အိပ်ရာထတည်းကစောင်ကိုခွာမယ်၊ခြင်ထောင်ကိုမမယ်၊ မျက်လုံးကိုပွတ်မယ်၊ ဒီလက်နှစ်ဖက်နဲ့ပဲမလား။ ဘာလုပ်လုပ် ဘာကိုင်ကိုင် ဒီလက်ချောင်းတွေ၊လက်ဖဝါးတွေနဲ့ မထိတွေ့ဘဲ မပြီးပါဘူး။ တစ်နေ့တာမှာ ဒီလောက်ထိတွေ့မှုများတဲ့အစိတ်အပိုင်းကို ဘာလို့များသန့်တယ်ထင်နေရတာလဲ။ အမယ် လာသေးတယ်…ငါ့လက်ကဆေးပြီးသားတဲ့။ ဘယ်တုန်းကလဲဆိုရေချိုးတုန်းကလေ ဆိုတာမျိုး။အခုပြောချင်တာက ကိုယ့်အိမ်မှာထက်တောင်နေရချိန်ပိုများနေတဲ့ လုပ်ငန်းခွင်ရုံးခန်းမှာ သန့်ရှင်းမှုဂရုစိုက်မိဖို့ပါ။ မနက်စောစော ရုံးကိုပြေးလာမယ်၊ အချိန်မရလို့ မနက်စာကိုအပြေးအလွှားစားမယ်၊ ရောက်တာနဲ့ အလုပ်တွေဝင်လုပ်မယ်။ ဒါတော်တော်များများလုပ်နေကြ ပရိုစီဂျာပဲ။ မနက်မိုးလင်းကနေ ညမှောင်တဲ့အထိ ရှိနေခဲ့တဲ့ ရုံးမှာ လက်ဘယ်နှကြိမ်ဆေးခဲ့သလဲ။ရောဂါဘယကင်းစေဖို့အတွက် သန့်ရှင်းမှုကိုဂရုစိုက်ဖို့ ဘာလို့အရေးကြီးတာလဲ ဆက်ဖတ်ကြည့်နော်။ရောဂါပိုးမွှားတွေအများဆုံးရှိနိုင်တဲ့ ရုံးကနေရာတွေကို သိရင် ယူတို့ လက်မဆေးဘဲ မနေနိုင်တော့လောက်ပါဘူး။အပေါ်တက်မယ်၊အောက်ဆင်းမယ်နဲ့ ဓါတ်လှေကားခလုတ်လေးတွေကနေ့တိုင်းအလုပ်လုပ်ရပါတယ်။ အထပ်တိုင်းမှာ လူရှိ၊ရုံးခန်းတွေရှိနေတော့ ခလုတ်တိုင်းကို ထိတွေ့သူအများကြီးပေါ့။ မမြင်ရပေမယ့် ဒီခလုတ်တွေမှာရောဂါပိုးမွှားတွေလည်း အများကြီးရှိနေမှာပါ။အလုပ်လာတက်တဲ့လူတိုင်း ရုံးခန်းထဲဝင်ချင်ရင် တံခါးလက်ကိုင်ကို ထိရကိုင်ရမှာပဲ။ လူတွေများလေရောဂါပိုးမွှား၊ ဘက်တီးရီးယားတွေက တစ်ယောက်လက်ကနေ တစ်ယောက် ကူးပြောင်းနိုင်လေပေါ့။ ဒါ့ကြောင့် ကိုယ့်လက်ကို သန့်ရှင်းပါ၊ လက်ကိုင်ကိုပါ နေ့တိုင်းသန့်စင်ပေးဖို့ သန့်ရှင်းရေးတာဝန်ယူထားသူကိုသေချာမှာထားပါ။ကွန်ပျူတာရှေ့ထိုင်နေရင်း နှာချေမယ်၊ အစားစားမယ်၊ အမှုန်တွေကျမယ်၊ ဖုန်တွေကပ်မယ်။ပြီးရင် ကိုယ့်လက်ချောင်းတွေ ဆယ်ချောင်းလုံးနဲ့ ထိပြီးစာရိုက်မယ်။ အမြဲနော်။ပြီးရင် ကိုယ့်ပါးစပ်ထဲတခုခုထည့်တဲ့အခါ လက်ထဆေးဖြစ်လား။ ဥပမာဆေးလိပ်ထသောက်မယ်၊ဘေးနားက စားစရာတစ်ခုခုကိုယူစားမယ်၊ စားရင်းလည်း အရေးကြီးလို့ စာပြန်ရိုက်မယ်။ပြီးရောပဲ ကီးဘုတ်မှာကပ်နေသမျှ အမှုန်အမွှား၊ ဘက်တီးရီးယားတွေ ပါးစပ်ထဲအကုန်ရောက်ရော။ရုံးကအထိုင်ဖုန်းဆို ခလုတ်တွေနှိပ်နှိပ်ပြီး ဆက်မယ်။ ကိုယ့်ရဲ့စမတ်ဖုန်းလေးကိုလည်း touch screen နဲ့ သုံးမယ်။မြင်ရတဲ့ ဖုန်တွေသာ သုတ်ထားတာ မမြင်ရတဲ့ဘက်တီးရီးယားတွေကျ ကပ်ကျန်ခဲ့မှာပဲ။ရုံးမှာရှိတဲ့ ပရင့်တာတွေ၊ မိတ္တူကူးစက်၊ ဖက်စ် စတာတွေမှာအပြင် တခြားအသုံးအဆောင်တွေမှာပါ ပိုးမွှားလေးတွေရှိနေနိုင်တာပဲ။ ဖုန်သုတ်ရုံနဲ့မလုံလောက်ပါဘူး။ဖြစ်နိုင်ရင် ပိုးသတ်နိုင်တဲ့sanitizing wipesလေးတွေနဲ့ ခလုတ်ကို ကိုယ်သုံးခါနီး သန့်စင်ပေးပါ။ရေနွေးဖြစ်ဖြစ်၊ ရေအေးဖြစ်ဖြစ် ရေသောက်တိုင်း watercooler ခလုတ်နှိပ်ရမှာပဲ။ အထူးသဖြင့်အအေးမိ၊တုပ်ကွေးရာသီမှာရောဂါပိုးမပြန့်ပွားစေဖို့ သန့်ရှင်းမှုပိုဂရုစိုက်ပါ။အိမ်မှာလိုပါပဲ လက်ပေါင်းစုံ၊ အစားအစာအကြွင်းအကျန်ပေါင်းစုံနဲ့ထိတွေ့နေတဲ့ဘက်တီးရီးယားပိုးမွှားအသိုက်တစ်ခုဖြစ်နေပါတယ်။ရေဘုံဘိုင်ခေါင်းကို ထိကိုင်တာနဲ့တင်လုံလောက်နေပါပြီ။ရေဘားကိုဆေးကြောသူကလည်း နည်းပါတယ်။ရေလည်းစိုနေတယ်၊ရေလည်းစုပ်ယူထားနိုင်တယ်ဆိုတော့ ရသမျှအကုန် စုဆောင်းမွေးမြူထားတာရေမြှုပ်ပါပဲ။ အများစုမှာ ရှိနိုင်တာကE. coliနဲ့ salmonella ဘက်တီးရီးယားတွေပါ။ ဒါ့ကြောင့်ရေမြှုပ်တစ်ခုကို ရက်အကြာကြီးမသုံးသင့်ပါဘူး။နောက်တစ်နည်းကရေမြှုပ်ကိုရေနွေးနဲ့လောင်းစိမ်တာ ဒါမှမဟုတ် မိုက်ခရိုဝေ့ဖ်ထဲခဏထည့်တာ ပိုးသေစေနိုင်တယ်။ နှစ်ပတ်တစ်ကြိမ်တော့ အသစ်လဲပါ။လူတိုင်းမဝင်ဘဲမနေနိုင်တာ ရုံးက သန့်စင်ခန်းပေါ့။ အိမ်သာတက်ပြီး လက်ကိုဆပ်ပြာနဲ့ဆေးတယ်ပဲထား။ အိမ်သာတံခါးလက်ကိုင်ကိုရော ဘယ်နှကြိမ်သန့်စင်ထားဖူးသလဲ စဉ်းစားနော်။ရေဆွဲခလုတ်တွေ၊ရေပိုက်ခေါင်းတွေကိုလည်းဆေးကြောသန့်စင်ပါ။ဒါတွေဖတ်ပြီး ရုံးကိုလက်အိတ်ကြီးစွပ်ပြီးလည်းမလာနဲ့ဦးနော်။ ဒီအချက်တွေကိုသိထားတယ်ဆိုရင် သန့်ရှင်းရေးလုပ်ဖို့မေ့လျော့ကျန်နေတတ်တဲ့နေရာတွေကို ပိုဂရုစိုက်လို့ရတာပေါ့။ဖြစ်နိုင်ရင်ရေမလိုလက်သန့်ဆေးရည်လေးတွေ၊ sanitizing wipesလေးတွေဆောင်ထားပါ။ လက်ခဏခဏဆေးပြီး အသားအရေမထိခိုက်ရအောင် hand gelလေးတွေလည်း ရုံးမှာ ထားထားပေါ့။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-viral-infections/bacteria-germs-office/
ဆီးချိုနောက်ဆက်တွဲ မျက်စိပြသနာများ-အမြင်အာရုံချို့ယွင်းခြင်း
အမြင်အာရုံချို့ယွင်းခြင်း။ဆီးချိုရောဂါဟာ အမြင်အာရုံချို့ယွင်းစေတဲ့ အခြေအနေတွေ အထူးသဖြင့်အမြင်လွှာပျက်စီးခြင်းနဲ့ နီးစပ်စွာ ဆက်စပ်မှု ရှိပါတယ်။ သတင်းကောင်းကတော့ ၄င်းမျက်စိပြဿနာများကို သိရှိခြင်းနဲ့ ကုသခြင်းနေရာတွေမှာ တိုးတက်နေပါတယ်။အမြင်အာရုံချို့ယွင်းခြင်းဆိုတာမျက်မှန်တပ်ခြင်း၊မျက်ကပ်မှန်တပ်ခြင်းများနဲ့ အပြည့်အ၀ ပြန်မကောင်းလာနိုင်တဲ့ အမြင်ချို့ယွင်းမှုပဲ ဖြစ်ပါတယ်။ကမ္ဘာတဝှမ်းမှာ လူပေါင်း ၂၈၅ သန်းဟာ အမြင်အာရုံချို့ယွင်းတယ်လို့ ခန့်မှန်းထားပြီး ဒီအထဲမှာမှ ၃၉ သန်းဟာ လုံးဝကွယ်နေပြီး ၂၄၆ သန်းဟာ အမြင်အာရုံ အားနည်းပါတယ်။ဘယ်သူတွေ ဒီပြသနာရှိနိုင်လဲ။အမြင်အာရုံချို့ယွင်းသူတွေရဲ့ ၆၅ ရာခိုင်နှုန်းခန့်ဟာ အသက် ၅၀နဲ့ အထက်မှာဖြစ်ပြီး ဒီအသက်အရွယ်တွေဟာ ကမ္ဘာ့လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းခန့် ရှိပါတယ်။ နိုင်ငံပေါင်းများစွာမှာ အသက်အရွယ်ကြီးသူတွေ များလာတာနဲ့အမျှ နာတာရှည်မျက်စိရောဂါနဲ့ အိုမင်းခြင်းကြောင့်ဖြစ်ရတဲ့ အမြင်အာရုံချို့ယွင်းခြင်းတွေ အဖြစ်များလာကြပါတယ်။ဆီးချိုဖြစ်သူတွေရဲ့ အမြင်အာရုံဆုံးရှုံးမှုဖြစ်နိုင်ခြေဟာ ဆီးချိုမရှိသူတွေထက် ၂၅ ဆ ပိုများပါတယ်။ ဒါကြောင့် အမြင်အာရုံချို့ယွင်းခြင်းဟာ ဆီးချိုရဲ့ ကြောက်စရာအကောင်းဆုံး နောက်ဆက်တွဲပြသနာ ဖြစ်ပါတယ်။အမြင်ချို့ယွင်းခြင်းကို အမြင်ချို့ယွင်းမှုနဲ့ ဆိုးရွားသော အမြင်ချို့ယွင်းမှုဆိုပြီး ၂မျိုးသတ်မှတ်နိုင်ပါတယ်။အမြင်ချို့ယွင်းမှု။ယခင်က တစ်စိတ်တစ်ပိုင်း အမြင်ချို့ယွင်းမှုလို့ ခေါ်ပြီး အောက်ပါအတိုင်း သတ်မှတ်ထားပါတယ်။ဆိုးရွားသော အမြင်ချို့ယွင်းမှု။ဆေးပညာဖွင့်ဆိုချက်မှာတော့ ဆိုးရွားသောအမြင်ချို့ယွင်းမှုဆိုတာ လူပုဂ္ဂိုလ်တဦးဟာ မျက်စိကွယ် နေတာကြောင့် အမြင်အာရုံကိုသုံးပြီး လုပ်ကိုင်ရသမျှအလုပ်တွေကို မလုပ်ကိုင်နိုင်တော့တဲ့အခါလို့ ဖွင့်ဆိုထားပါတယ်။အောက်ပါ ၃ချက်မှာ တချက်ပါဝင်ပါတယ်။ဆီးချိုကနေ မျက်စိကို ထိခိုက်မှုအများဆုံးဖြစ်စေတာကတော့ အမြင်လွှာထဲက သွေးကြောတွေပျက်စီးပြီး အမြင်လွှာကွာကျခြင်း ဖြစ်ပါတယ်။ဆီးချိုကြောင့် အမြင်ချို့ယွင်းခြင်းသည် အမြင်အာရုံဆုံးရှုံးခြင်းကို သေချာပေါက်တော့ မဖြစ်စေပါဘူး။ သိပ်အခြေအနေမဆိုးခင် သိမယ်ဆိုရင် ကုသနိုင်၊ နှေးကွေးအောင် လုပ်နိုင်ပါတယ်။ဆီးချိုကြောင့် အတွင်းတိမ်၊ရေတိမ်စတဲ့ မျက်စိရောဂါများ ပိုဆိုးစေနိုင်ပါတယ်။အမြင်အာရုံစမ်းသပ်နိုင်တဲ့ အဓိကနယ်ပယ် ၂ခုရှိပါတယ်။မြင်နိုင်စွမ်း စစ်ဆေးခြင်း။မြင်နိုင်စွမ်းကို စစ်ဆေးဖို့ Snellen စစ်ဆေးနည်းဆိုတဲ့ နည်းတစ်ခုကို သုံးတတ်ပါတယ်။ ကားချပ်တခုမှာ ရေးထားတဲ့စာလုံးတွေကို တဖြည်းဖြည်းချင်း သေးသွားစေပြီး ဖတ်ခိုင်းတဲ့နည်း ဖြစ်ပါတယ်။ ဒီကားချပ်ဟာ ပုံမှန်စစ်ဆေးနေကျ မျက်စိစမ်းသပ်ရာမှာ သုံးပါတယ်။စစ်ဆေးပြီးနောက်မှာ သင့်ရဲ့မြင်နိုင်စွမ်းကို အမှတ်ပေးပါတယ်။ Snellen ပေးမှတ်မှာ ကိန်းဂဏန်း ၂မျိုး ပါဝင်ပါတယ်။ ပထမဂဏန်းဟာ ကားချပ်ပေါ်က စာလုံးတွေကို ဘယ်လောက်ဝေးဝေးကနေ သင်ဖတ်နိုင်လဲဆိုတာ အတွက်ပါ။ဒုတိယဂဏန်းကတော့ ပုံမှန်မြင်နိုင်စွမ်းရှိသူတယောက်ဟာ ကားချပ်ကို ဘယ်လောက်ဝေးဝေးကနေ ဖတ်နိုင်သလဲဆိုတာ ကိုယ်စားပြုပါတယ်။မြင်ကွင်းစစ်ဆေးခြင်း။မြင်ကွင်းစစ်ဆေးဖို့ နည်းလမ်းပေါင်းများစွာ သုံးနိုင်ပါတယ်။စမ်းပ်နည်းတခုကတော့ ရှေ့တည့်တည့်က ပစ္စည်းကို ကြည့်နေစေပြီး ဘေးဖက်ကနေ မီးအလင်းရောင် တခုကို ဖွင့်ချည်ပိတ်ချည်လုပ်တာပါ။ အလင်းရောင်ကို မြင်တိုင်းမှာ ခလုတ်တခုကို သင်နှိပ်ရပါမယ်။ အဲဒီနည်းနဲ့ သင့်မြင်ကွင်းမှာ ဟာကွက်ရှိမရှိ သိနိုင်ပါတယ်။နောက်တနည်းကတော့ ဆရာဝန်ဟာ သင့်ကို မြင်ကွင်းရှေ့ကိုဖြတ်ပြီး ရွေ့နေတဲ့ ပစ္စည်းတခုခုနောက် (စစ်ဆေးသူရဲ့လက်ဖြစ်စေ) လိုက်ကြည့်စေပါတယ်။ ဆရာဝန်ဟာ သင် အဲဒီအရာကို ဘယ်အချိန်မှာ စမြင်သလဲ၊ ဘယ်အချိန်မှာ မမြင်ရတော့လဲ မေးပါလိမ့်မယ်။မျက်စိကွယ်နေသူ၊ အမြင်ချို့ယွင်းသူတွေအတွက် အထောက်အကူပစ္စည်းတွေဟာ တိုးတက်လာနေပါတယ်။ ဆော့ဝဲတွေ၊ အမြင်အာရုံပြဿနာရှိသူတွေအတွက် ဆီးချိုကုသဖို့ အထောက်အကူပြုပစ္စည်းတွေကို ရရှိနိုင်ပါတယ်။ကုသမှုနည်းလမ်းတွေမှာ ခွဲစိတ်ကုသမှုရော ဆေးပေးကုသခြင်းပါ နည်းလမ်းတွေ ရှိပါတယ်။ သွေးတွင်းဂလူးကို့စ်ဓါတ်၊ သွေးပေါင်ချိန်နဲ့ အဆီဓါတ်မြင့်တက်ခြင်းတွေကို ထိန်းချုပ်တာဟာ ဆီးချိုကြောင့် အမြင်လွှာပျက်စီးခြင်းနဲ့ တခြား အမြင်အာရုံဆိုင်ရာပြသနာတွေကို တွန်းလှန်ဖို့ အဓိကနေရာမှာ ပါဝင်နေပါတယ်။လေဆာရောင်ခြည်သုံးစွဲစေခြင်းဟာ ဆီးချိုကြောင့်အမြင်လွှာ အတွင်းပိုင်းရောင်ခြင်းအတွက် လက်ရှိအဆင့်မီ ကုသမှုတခုပဲ ဖြစ်ပါတယ်။ အချိန်မီကုသရင် လက်ရှိမြင်နိုင်စွမ်းကို ထိန်းသိမ်းထားနိုင်ပြီး အမြင်အာရုံကို တိုးတက်မှုနည်းပါးစေပေမယ့် လုံးဝကွယ်သွားတာမျိုး မဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။သုတေသီတွေဟာ ယနေ့အခါမှာ မျက်လုံးထဲကို ဆေးထိုးပြီး VGEF ဆိုတဲ့ သွေးကြောတွေ ဖွံ့ဖြိုးကြီးထွားမှုအကြောင်းရင်းကို ပိတ်ဆို့စေတဲ့ နည်းလမ်းကို ရှာဖွေထားနိုင်ပါတယ်။ အဲဒီ VGEF ဖွံ့ဖြိုးမှုဆန့်ကျင် ပစ္စည်းတွေဟာ အမြင်လွှာအတွင်းပိုင်းသွေးကြောတွေ ပေါက်ပြီး ရောင်ရမ်းတာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။လက်ရှိ သူတေသနအားထုတ်မှုတွေမှာ ဆီးချိုကြောင့် အမြင်လွှာပျက်ခြင်းဖြစ်ပွားလာခြင်းကို ကာကွယ်ခြင်း၊ ဖွံ့ဖြီုးမှုကိုနှေးကွေးစေခြင်း နဲ့ ကုသမှုနည်းလမ်းများ ရှာဖွေခြင်းတို့ ပါဝင်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/visual-problems-in-diabetes/
ဆီးချိုကြောင့်ဖြစ်သော မျက်စိနောက်ဆက်တွဲပြဿနာများ - အမြင်လွှာကွာကျခြင်း
အမြင်လွှာကွာကျခြင်းဆိုတာအသက်အရွယ်နဲ့ဆိုင်တဲ့ ရှားပါးတဲ့အခြေအနေဖြစ်ပြီးမျက်လုံးအိမ်အနောက်ပိုင်းကဆဲလ်အလွှာတွေ(အမြင်လွှာ)ကိုအောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေပို့ဆောင်ပေးတဲ့ သွေးကြောတွေ နဲ့အမြင်လွှာကို ဝေးကွာအောင်တွန်းထုတ်ခံရလို့ဖြစ်လာတာပါပဲ။အမြင်လွှာကွာကျခြင်းဟာဆိုးရွားတဲ့ပြသနာဖြစ်ပြီး ဖြစ်ပွားတဲ့မျက်လုံးကို လုံးဝကွယ်သွားစေပါတယ်။အမြင်လွှာကွာထွက်ခြင်းဟာအောက်ပါပုဂ္ဂိုလ်တွေမှာပိုအဖြစ်များပါတယ်။သင်ဟာ အဝေးမှုန်ဖြစ်ရင် ပုံမှန်ထက်ပါးလွှာတဲ့ အမြင်လွှာနဲ့ မွေးဖွားလာတာဖြစ်လို့ အမြင်လွှာကွာထွက်နိုင်ခြေအမြင့်ဆုံးရှိတတ်ပါတယ်။အမြင်လွှာဆိုတာမျက်လုံးအနောက်ဖက်မှာရှိတဲ့ တစ်သျှူးအလွှာဖြစ်ပြီးအာရုံကြောဆဲလ်တွေ သန်းပေါင်းများစွာ ပါဝင်ပါတယ်။အဲဒီဆဲလ်တွေဟာမျက်လုံးဆီရောက်လာတဲ့ အလင်းရောင်ကိုလက်ခံရယူပြီးဦးနှောက်ကိုအချက်ပြချက်တွေ ပို့ပေးပြီးအမြင်အာရုံကို ဖြစ်ပေါ်စေပါတယ်။ဒါပေမယ့် အမြင်လွှာကိုသွေးမလျှောက်တာကြာရင် ဒီဆဲလ်တွေဟာပျက်စီးသွားပါတယ်။ အမြင်လွှာကွာသွားရင် ပုံမှန်အနေအထားကနေအဆွဲခံရပြီးကြွတက်လာပါတယ်။ အချိန်နဲ့တပြေးညီမကုသရင် မျက်လုံးဟာအမြဲကွယ်သွားနိုင်ပါတယ်။တချို့ဖြစ်ရပ်တွေမှာအမြင်လွှာနေရာအချို့ဟာစုတ်ပြဲသွားတတ်ပါတယ်။ အဲဒီနေရာတွေကိုအမြင်လွှာစုတ်ပြဲခြင်း၊ အမြင်လွှာပျက်စီးခြင်းလို့ခေါ်ပြီးအမြင်လွှာကွာကျတဲ့အခြေအနေ ဖြစ်ပေါ်စေပါတယ်။အမြင်လွှာကွာရုံသက်သက်ဟာဘာမှမခံစားရပါဘူး။ ဒါပေမယ့် လက္ခဏာတွေဟာ ဖြစ်မလာခင် ကတည်းက ကြိုပေါ်လာတတ်ပါတယ်။ လက္ခဏာတွေကတော့ –။များသောအားဖြင့် လက္ခဏာတွေဟာထင်ထင်ရှားရှား ပြတတ်ပါတယ်။ စောစီးစွာသိရှိကုသခြင်းဟာအမြင်အာရုံကိုကာကွယ်နိုင်ပါတယ်။ အမြင်လွှာကွာတယ်လို့ သံသယရှိတဲ့အခါ လက္ခဏာတွေ ပေါ်ပေါ်ခြင်း မျက်စိအထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။အသက်ကြီးလာတာနဲ့အမျှ မျက်စိရဲ့ အမြင်လွှာပိုင်းဟာပါးပြီးပျက်စီးလွယ်လာတတ်ပါတယ်။အမြင်လွှာထဲမှာအပေါက်သေးလေးတွေ ဖြစ်လာပြီးအမြင်လွှာနဲ့ မှန်ဘီလူးကြားအရည်များ ဝင်ရောက်လာတဲ့အခါ အမြင်လွှာအောက်ကိုစိမ့်သွားတတ်ပါတယ်။အမြင်လွှာအောက်မှာအရည်တွေ အများကြီးစုသွားခြင်းဟာအမြင်လွှာနဲ့အောက်ခြေကသွေးကြောလေးတွေကို ဝေးကွာသွားစေပါတယ်။ အဲဒီအခါမှာအမြင်လွှာဟာသွေးကြောများဆီကအောက်ဆီဂျင်မရတော့ဘဲအလင်းအာရုံခံဆဲလ်တွေ ပျက်စီးစေပါတယ်။ဆီးချိုကြောင့် အမြင်လွှာပြတ်တာဟာဆီးချိုရဲ့ ရေရှည်နောက်ဆက်တွဲပြသနာတခုဖြစ်ပြီးလူကြီးတွေကိုမျက်စိကွယ်စေပါတယ်။အမြင်လွှာပျက်ခြင်းဟာဆီးချိုရဲ့ အဓိကအမှတ်အသားဖြစ်တဲ့ သွေးတွင်းသကြားဓါတ် ကြာရှည်စွာမြင့်တက်ခြင်းကြောင့် ဖြစ်ပြီးအမြင်လွှာထဲကသွေးကြောငယ်လေးတွေကိုပျက်စီးစေပါတယ်။တခြားသိပ်မထင်ရှားတဲ့ အကြောင်းအရာတွေကတော့-။ကိုသူ့နေရာကနေ ကြွတက်လာစေပါတယ်။မျက်စိဆရာဝန်က သင့်မျက်လုံးကိုစစ်ဆေးပါလိမ့်မယ်။ အမြင်လွှာနဲ့ သူငယ်အိမ်ကိုစစ်ဆေးဖို့ အောက်ပါအတိုင်းစစ်ဆေးနိုင်ပါတယ်။အမြင်လွှာကွာတာဟာကွာတဲ့အပိုင်းပေါ်မူတည်ပြီးသင့်ရဲ့အမြင်အာရုံတစိတ်တပိုင်းကိုဆုံးရှုံးစေပါတယ်။ မျက်စိကွယ်တဲ့ အတိုင်းအတာအရသင့်ရဲ့နေထိုင်မှုပုံစံဟာသိသိသာသာပြောင်းသွားနိုင်ပါတယ်။ ဒီချို့ယွင်းမှုနဲ့ ပတ်သက်ပြီးလုပ်ဆောင်ရမှာတွေကတော့-။အမြင်လွှာကွာခြင်းကိုကာကွယ်ဖို့ နည်းလမ်းမရှိပါဘူး။ ဒါပေမယ့် အောက်ပါလက္ခဏာတွေကိုသတိထားရင် အထောက်အကူပြုနိုင်ပါတယ်။အဲ့ဒီလက္ခဏာတွေ သတိထားမိရင်၊ အထူးသဖြင့် သင်ဟာအသက် ၄၀ ကျော်လာရင်၊ သင်နဲ့ သင့်မိသားစုဟာအမြင်လွှာကွာတာကို ကြုံဖူးရင်၊ သင်ဟာ အဝေးမှုန်လွန်းရင် ဆေးကုသမှုကိုချက်ချင်းခံယူသင့်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/retinopathy-in-diabetes/
Keto diet က အတက်ရောဂါကို သက်သာစေသလား
Keto dietဆိုတဲ့ စကားလုံးကိုခုခေတ်လူတွေ သိပ်မစိမ်းတော့ပါဘူး။ဝိတ်ချတဲ့နေရာမှာ နာမည်ကြီး နည်းလမ်းဖြစ်တဲ့အတွက် လူတိုင်းက သိနေကြပါပြီ။ ဒါပေမယ့် ဒီ Keto dietကို ဝိတ်ချတဲ့နေရာမှာတင် မဟုတ်ဘဲအတက်ရောဂါကုသတဲ့နေရာမှာပါ သုံးလို့ရတယ်လို့ ပြောရင် ယုံပါ့မလား မသိ။ ဒါက တကယ်ပြောတာပါ။ ပြီးတော့ ဒီနည်းလမ်းကို လွန်ခဲ့တဲ့ နှစ်၁၀၀ ၁၉၂၀လောက်တည်းက သုံးတယ်ဆိုရင် ပိုတောင် အံ့သြမယ်နဲ့တူပါတယ်။ တကယ်လည်း သုံးခဲ့ပြီး သက်သာလာတာတဲ့ အထောက်အထားတွေလည်း ရှိပါတယ်။Keto dietဆိုတာ အလွယ်သိအောင်ပြောရရင်ကာဘိုဟိုက်ဒရိတ်ကိုဖြတ်ပြီး အဆီကို စားတာပေါ့။ အတိအကျပြောရမယ်ဆိုရင် အဆီများများ၊ ကာဘိုဟိုက်ဒရိတ်နည်းနည်း၊ ခန္ဓာကိုယ်ကြီးထွားဖို့ လိုအပ်တဲ့ ပရိုတိန်း စသဖြင့် စားပေးရတာပါ။ အချိုးအဆအရဆိုရင် အဆီ ၃၊ ၄ ဂရမ်စားတိုင်းမှာ ကာဘိုဟိုက်ဒရိတ် ၁ ဂရမ်၊ ပရိုတိန်း ၁ ဂရမ် စားပေးတာမျိုးပါ။ ဒါကြောင့် ခန္ဓာကိုယ်က သုံးဖို့လိုတဲ့ ကယ်လိုရီတွေရဲ့ ၉၀ရာခိုင်နှုန်းကို အဆီကနေ ရနေပါတယ်။ပုံမှန်ဆိုရင် ခန္ဓာကိုယ်က ကယ်လိုရီရဖို့အတွက် ကာဘိုဟိုက်ဒရိတ်ကို ဖြိုပြီး သုံးရတာပါ။ ခုကာဘိုဟိုက်ဒရိတ် မရှိတော့ အဆီကို ဖြိုပြီး သုံးရတာပေါ့။ အဆီကို ဖြိုလိုက်တဲ့အခါ  ketoneဆိုတာ ထွက်လာပါတယ်။ ဒါကနေ စွမ်းအင်ကို ယူသုံးတာပါ။ ဒီဖြစ်စဉ်ကိုketosisလို့ ခေါ်ပါတယ်။ဘယ်လို အတက်ရောဂါကလေးနဲ့မဆို သင့်တော်ပါတယ်။ အထူးသဖြင့်အတက်ကျဆေးတွေ အများကြီးသောက်နေရတဲ့ ကလေးတွေ၊ ဆေးမတိုးတော့တဲ့ ကလေးတွေ၊ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးခံနေရတဲ့ ကလေးတွေမှာ အသုံးများပါတယ်။ ကလေးတွေ၊ လူငယ်တွေကို ဒီနည်းနဲ့ ကုနိုင်ပါတယ်။ ကလေးက အသက်ငယ်ရင်တော့ ပိုပြီး ဂရုစိုက်ပေးရမှာပေါ့။ Keto dietစားတဲ့ ကလေးတိုင်း အတက်ရောဂါ သက်သာမယ်လို့ ယတိပြတ်မပြောနိုင်ပေမယ့် ဘယ်လို အတက်ရောဂါမှာဖြစ်ဖြစ် Keto dietကို သုံးလို့ရပါတယ်။ကောင်းကျိုးကတော့ ကလေးက အတက်ရောဂါ သက်သာလာတာပါ။ အတက်ရောဂါရဲ့ သဘာဝက အပြီးမပျောက်ရင်တောင် တက်တဲ့ အကြိမ်အရေအတွက်ကို လျှော့ချပေးနိုင်ရပါမယ်။ ဂျွန်ဟော့ကင်း တက္ကသိုလ်က ပညာရှင်တွေက Keto dietစားနေတဲ့ ကလေး အယောက် ၁၅၀ကို လေ့လာခဲ့ပါတယ်။ တစ်နှစ်ကြာတဲ့အခါ ကလေးတွေရဲ့ တစ်ဝက်က တက်တဲ့ အကြိမ်ရေ ထက်ဝက်လောက် နည်းသွားတာ တွေ့ရပါတယ်။ ၄ပုံ ၁ပုံကတော့ ၉၀ရာခိုင်နှုန်းလောက် သက်သာသွားပါတယ်။ နှစ်အနည်းငယ်ထပ်ကြာတဲ့အခါမှာ ကလေးတော်တော်များများက ဆေးသောက်စရာ မလိုတော့ပါဘူး။ဒီလိုကောင်းကျိုးတွေ ရှိရဲ့နဲ့ ဘာလို့ ကလေးတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုတာလဲလို့ မေးစရာ ရှိပါတယ်။ အောက်က အချက်တွေ ကြောင့်ပါပဲ။ခုနက ပြောသလို အဆီက ဘယ်လောက်၊ ကာဘိုဟိုက်ဒရိတ်က ဘယ်လောက် အတိအကျဖြစ်ရမှာပါ။ ကလေး တစ်နေ့တာ စားသမျှ၊ သောက်သမျှ၊ နောက်ဆုံး သူသုံးတဲ့ သွားတိုက်ဆေးထဲမှာ ဘာပါလဲအထိ အသေးစိတ်လိုက်ကြည့်နိုင်ရမှာပါ။တွက်ချက်ရမှာတွေ၊ ကလေးကို ကျွေးလို့ရတဲ့ အစားအစာတွေ၊ ဆေးအတိုးအလျှော့တွေ စတာတွေကို ကောင်းကောင်းစီမံနိုင်ဖို့ အာဟာရဆရာဝန်၊ ဦးနှောက်နဲ့ အာရုံကြော ဆရာဝန်တွေနဲ့ အမြဲမပြတ် တိုင်ပင်နေရမှာပါ။တစ်လ နှစ်လ မဟုတ်ဘဲ ကလေး ရောဂါအခြေအနေပေါ် မူတည်ပြီး နှစ်နဲ့ ချီ ကြာသွားနိုင်ပါတယ်။ဆိုလိုတာက ကလေးက အရွယ်ရောက်လာရင် စားချင် သောက်ချင်စိတ်တွေ ရှိနေမှာပါ။ ဒီအဆီအစိမ့်တွေကိုပဲ နေ့တိုင်း စားချင်မှာ မဟုတ်ပါဘူး။ နောက်ပြီး သူငယ်ချင်းက မုန့်ကျွေးလိုက်တာတို့၊  သူများအိမ် သွားလည်တုန်း ကျွေးလိုက်တာတုန်းဆို planလွဲသွားမှာပါ။ နောက်ပြီး စစစားချင်းမှာ ကလေးက ဗိုက်ဆာတတ်ပါတယ်။ ဒီတော့ အိမ်မှာ ရှိတာတွေ လျှောက်စားနိုင်ပါတယ်။ ဒါတွေကို စောင့်ကြည့်နေရမှာပါ။ ဒါကြောင့် အကောင်းဆုံးက ကလေး ကောင်းကောင်း အရသာ မသိသေးတဲ့ အရွယ်မှာဆိုရင် ပိုပြီး ရလဒ်ကောင်းတတ်ပါတယ်။ နောက်ပြီး ကလေးကို ဒီအကြောင်းတွေကို စကတည်းက သေချာ ရှင်းပြထားရမှာပါ။ ဒါမှ သူသေချာ လိုက်လုပ်နိုင်မှာပေါ့။ခုနကပြောထားသလိုပဲ အတက်ရောဂါတိုင်းအတွက် သုံးနိုင်ပေမယ့် Keto dietစားတဲ့ ကလေးတိုင်း သက်သာချင်မှ သက်သာမှာပါ။ ဒါပေမယ့် ရွေးချယ်စရာမရှိရင်၊ လုပ်လည်း လုပ်နိုင်တယ်ဆိုရင် စမ်းကြည့်လို့ရပါတယ်။အဆီကို အဓိက ထားပြီး စားတာ ဖြစ်တဲ့အတွက် တချို့သောဗီတာမင်တွေ ချို့တဲ့တာ ဖြစ်နိုင်ပါတယ်။ ဒီအတွက် ဆရာဝန်က အားဆေးတွေ ပေးထားမှာပါ။ နောက်ပြီးဝမ်းချုပ်တာ၊ရင်ပူတာ၊ ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်တာ၊ဆီးကျောက်တည်တာ၊ ဂနာမငြိမ်တာမျိုး ဖြစ်နိုင်ပါတယ်။ ရေများများသောက်မယ်၊ ဆရာဝန်နဲ့ ရက်ချိန်းပုံမှန်ပြပြီး စစ်ဆေးမယ်ဆိုရင် စောစောသိပြီး သက်သာအောင် လုပ်လို့ရပါတယ်။Keto dietက အသေးစိတ် ဂရုစိုက်ရပေမယ့် သေချာ လုပ်နိုင်ရင် အတက်ရောဂါကလေးတွေအတွက် အကျိုးရှိတဲ့ နည်းလမ်း တစ်ခုပါ။ အထူးသဖြင့် ဆေးတိုးဖို့ ခက်တဲ့ကလေးတွေမှာပေါ့။ Keto diet စဖို့ စဉ်းစားနေပြီဆိုရင် ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆရာဝန်တွေနဲ့ သေချာ တိုင်ပင်ဖို့လည်း အကြံပေးလိုပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/neurological-diseases/keto-diet-%e1%80%80-%e1%80%a1%e1%80%90%e1%80%80%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%80%e1%80%ad%e1%80%af-%e1%80%9e%e1%80%80%e1%80%ba%e1%80%9e%e1%80%ac%e1%80%85%e1%80%b1/
ဘဝမှာအောင်မြင်တဲ့သူတစ်ယောက်အဖြစ် လူတိုင်းရပ်တည်နိုင်ပါတယ်
လူတစ်ယောက်စီတိုင်းမှာ အားနည်းချက်ရှိသလို အားသာချက်ကိုယ်စီလည်းရှိကြပါတယ်။ အောင်မြင်နေသူတွေက သူတို့ရဲ့ အားသာချက်ကို ပိုပြီးကောင်းသထက်ကောင်းအောင် ကြိုးစားပျိုးထောင်ခဲ့သူတွေပေါ့။အရည်အသွေးက ဓားသွားလိုပါပဲ။ သွေးလေထက်လေပါ။ ဒါကြောင့် ကြိုးစားမှုနဲ့ ဝီရိယသာပြည့်စုံရင် လူတိုင်းအောင်မြင်နိုင်ပါတယ်။လူတော်တော်များများပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။ ဒါကတော့ သူကအောင်မြင်မှာပေါ့.။ သူကတော်တယ်လေ။ ခေါင်းဆောင်နိုင်စွမ်းလည်းရှိတယ်လေဆိုတဲ့စကားလေ။ ကိုယ်တိုင်ရောပြောမိသေးလား….. ဒါဆိုရင် မေးချင်တာတစ်ခုက ဒီတိုင်းပဲ ထိုင်အားကျနေတော့မလား ကိုယ့်ကိုယ်ကိုယ်ရော မပျိုးထောင်တော့ဘူးလားဆိုတာပါ။ ဒီနေရာမှာပြောချင်တာက ခေါင်းဆောင်နိုင်စွမ်း နဲ့ အောင်မြင်အောင် လုပ်ဆောင်နိုင်စွမ်းတွေက မွေးရာပါအရည်အချင်းဆိုပေမယ့် မွေးမြူပျိုးထောင်ယူလို့ရတယ်ဆိုတာပါ။အောင်မြင်သူတွေက အခြားသူတွေထက် ပိုကြိုးစားတတ်ကြသူတေါဆိုတာကို သတိထားမိလား။ ဘဝမှာအောင်မြင်ခဲ့သူ တော်တော်များများက သူတို့ရဲ့ အချိန်တွေကိုအကျိုးရှိရှိအသုံးချရင်းကုန်ဆုံးခဲ့ကြတာပါ။ အချိန်ကို အလဟသဖြုန်းပစ်တတ် သူတွေမဟုတ်ပါဘူး။ အချိန်တိုင်းမှာ အကျိုးရှိအောင် စဉ်ဆက်မပြတ် ကြိုးစားမှုကပဲ အောင်မြင်သူအဖြစ် ရပ်တည်စေဖို့ အကောင်းဆုံးတွန်းပို့ပေးခဲ့တာပါ။လမ်းပြတဲ့သူရှိရင်တောင်မှာ ကိုယ်တိုင်က လိုက်လျှောက်ဖို့လိုပါမယ်။ ဒီလိုပါပဲ။ အောင်မြင်သူတစ်ယောက်ဖြစ်ချင်ရင် ကိုယ်တိုင်က အောင်မြင်မှုဆီသွားတဲ့ လှေကားထစ်တွေကို တစ်ထစ်ချင်းစီ သေချာလေး မှန်မှန်တက်သွားဖို့လိုပါမယ်။ အောင်မြင်နေချင်ရုံနဲ့ ဖြစ်မလာပါဘူး။ အောင်မြင်စေဖို့က ကံကောင်းလို့ဆိုတာထက် ကြိုးစားမှုကို အရင်းခံပြီးရလာတဲ့ ရလဒ်ပါ။ ဒါကြောင့် အောင်မြင်ချင်ရင် အားကျမနေပါနဲ့ ပျိုးထောင်ယူပါ။အောင်မြင်ဖို့ အဆင့်သင့်ဖြစ်ပြီဆိုရင်တော့ ဒီနည်းလေးတွေကို လက်တွေ့အကောင်အထည်ဖော်ပေတော့။• ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်မွေးပါ။• အပျက်သဘောဆောင်တဲ့ အတွေးတွေကို မောင်းထုတ်ပါ။•တစ်နေ့တာတိုင်းမှာ အောင်မြင်ရမယ့် အတိုင်းအတာလေးတွေကို ကိုယ်တိုင် သတ်မှတ်ပါ။• ရောက်နိုင်မယ့် ပန်းတိုင်သေးသေးလေးတွေကို ချမှတ်ပါ။ တစ်ခုချင်းစီကို အောင်မြင်အောင်လုပ်ဖို့လည်း မမေ့ပါနဲ့။• ရလာမယ့်အောင်မြင်မှုကို စိတ်ကူးပုံဖော်ပါ။• ဘဝကို လိုသလိုပုံဖော်ဖန်တီးနိုင်တယ်ဆိုတာကို မမေ့ပါနဲ့။• ကိုယ့်နှလုံးသားရဲ့ အသံကိုနားထောင်ဖို့ မမေ့ပါနဲ့။• လိုအပ်မယ့် အရည်အသွေးတွေကို ဖြည့်တင်းပါ။•စိတ်အားထက်သန်မှုရှိနေပါစေ။• အချိန်ကို အကျိုးရှိရှိ အသုံးချပါ။• စဉ်ဆက်မပြတ်လေ့လာနေပါ။ဒါလေးတွေကို ကိုယ်ရဲ့နေ့စဉ်ဘဝအလေ့အကျင့်လေးတွေဖြစ်အောင် မွေးမြူပေးမယ်ဆိုရင် အောင်မြင်မှုက ကိုယ့်ဆီရောက်လာမယ်ဆိုတာ အသေအချာပါပဲ။ ဒါကြောင့် အောင်မြင်သူတွေမြင်ရင် အားကျမနေပါနဲ့ ကြိုးစားမှုကိုသာ အားတင်လိုက်ပါ။ အောင်မြင်မှုက သင့်ဆီရောက်လာပါလိမ့်မယ်။ အောင်မြင်မှုက သင့်လက်တစ်စုံနဲ့ ကိုယ်တိုင်ဖန်တီးယူနိုင်တဲ့အခွင့်အရေးဆိုတာ မမေ့ပါနဲ့။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/every-people-can-success/
ဖျားတိုင်းဆေးထိုးဖို့ လိုသလား
“ဆရာ လူနာတစ်ယောက် ရှော့နဲ့ လာပါတယ်ဆရာ” သူနာပြုဆရာမလေး၏ ခေါ်သံကြောင့် ဒေါက်တာကျော်တစ်ယောက် ဆရာဝန် နားနေခန်းမှ ထွက်လာခဲ့သည်။“ဖျားနေတာ ၂ ရက် ရှိပြီဆရာ၊ ဒီနေ့ပဲ ဆေးခန်းမှာ ဆေးသွားထိုးခဲ့သေးတယ်။ အဲ့ဒါ အိမ်ပြန်ရောက်ကတည်းက ချွေးစီးတွေ အရမ်းပြန်ပြီး မူးလာတယ်ဆိုတာနဲ့ ခေါ်လာတာ” လူနာ့ အမေက ပြောပြနေသည်။ သွေးပေါင်ချိန်က ၈၀/၅၀။ သွေးခုန်နှုန်းက ၁၄၀ လောက်ရှိသည်။မေးမြန်းစမ်းသပ်စရာများရှိသလောက် လုပ်ပြီး လူနာက အစားနည်းနေသည့် အပြင် အဖျားကျဆေးကြောင့် ချွေးထွက်များက သွေးပေါင်ကျခြင်းဖြစ်နိုင်သည် ဟု ဒေါက်တာကျော် သုံးသပ်လိုက်သည်။“အစားနည်းပြီး ချွေးထွက်များသွားလို့ သွေးပေါင်ကျသွားတာပါ။ ပုလင်းကြီးချိတ်ပေးထားပါတယ်။ သက်သာသွားမှာပါ။” “ဒီတစ်လုံးပြီးရင် သွေးပေါင်ပြန်တိုင်းပေးဦးနော်၊ အကိုကို့ပြန်လာပြောပေးဦး” အလုပ်သင်ဆရာဝန်လေးကို မှာခဲ့ပြီး ဒေါက်တာကျော် တစ်ယောက် ဂျူတီခန်းတွင် လူနာမှတ်တမ်းကို ပြန်ဖြည့်ရင်း အတွေးနယ်ချဲ့မိနေတော့သည်။လူနာအများစုသည် ခံစားနေရသော ရောဂါကို အမြန်သက်သာ ပျောက်ကင်းလိုကြသည်သာဖြစ်သည်။ ဤသည်ကိုလည်း မှားသည်ဟုမဆိုသာချေ။ သို့သော် တစ်ခါတစ်လေတွင် အမြန်သက်သာရုံတစ်ခုတည်းကိုသာ ဦးစားပေးပြီး ရေရှည်တွင် ဆိုးကျိုးရှိနိုင်သည်ကို မရှောင်ကြဉ်မိသည်များ ရှိနိုင်သကဲ့သို့ ရေရှည်မှ အကျိုးအာနိသင်သက်သာမည့် အရာများကိုလည်း မလုပ်လိုခြင်းများဖြစ်ပေါ်လာတတ်ပါသည်။ အမြန်သက်သာရေးကို ဦးစာပေးရင်းနှင့် လုပ်မိနေသော အရာများတွင် ဖျားလျှင်ဆေးထိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။အဖျားတက်လျှင် ထိုးနေသော ဆေးအများစုသည် အကိုက်အခဲပျောက်ဆေးဖြစ်သည်။ တစ်ခါတစ်ရံ စတီးရွိုက် (Steriod) ဆေးများကို ပါ ရောပါနေတတ်သည်။ တစ်ခါတရံ ပိုးသတ်ဆေးများပါထိုးပေးသူများ ရှိတတ်ပါသည်။အဖျားရှိလာလျှင် အဖျားသက်သာရေးအတွက် ဆေးများပေးရာတွင် အမြဲတမ်း အကိုက်အခဲပျောက်ဆေးလိုသည်တော့ မဟုတ်ပါချေ။ အဖျားသက်သာရန် ပါရာစီတမောလို ဆေးမျိုးလောက်နှင့် ပင် လုံလောက်နိုင်ပါသည်။ ပါရာစီတမောမဟုတ်ဘဲ အကိုက်အခဲပျောက်ဆေးများသည် အဖျားကို ပိုမြန်မြန်သက်သာနိုင်သော်လည်း ရေရှည် ဘေးထွက်ဆိုးကျိုးများရှိသဖြင့် အရမ်းကာရော မသုံးသင့်ချေ။ ထို့အပြင် ဖျားသည့် အကြောင်းရင်းသည် ဘက်တီးရီးယားပိုးလိုမျိုးကြောင့် ဖြစ်လျှင် အကိုက်အခဲပျောက်ဆေးသောက်ရုံနှင့် ခဏသာ သက်သာမည်ဖြစ်ပြီး ပိုးသတ်ဆေးကို ရက်ပြည့်အောင်သေချာသောက်မှ အမြစ်ပြတ်နိုင်မည်ဖြစ်သည်။အကိုက်အခဲပျောက်ဆေးများသည် သုံးသောဆေးအပေါ်မူတည်ပြီး အစာအိမ်ထိခိုက်ခြင်း၊ အစာအိမ်အနာများဖြစ်ခြင်း၊ အစာအိမ်သွေးယိုခြင်း၊ ကျောက်ကပ် အသည်း နှလုံးစသည်များကို ထိခိုက်ခြင်းစသည့် ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်သည်။ ထိုးဆေးဖြစ်ဖြစ် သောက်ဆေးဖြစ်ဖြစ် ထိုဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်သည်။ အလွန်အမင်းနာကျင်ကိုက်ခဲခြင်းများတွင်တော့ မဖြစ်မနေ အသုံးပြုရမည်ဖြစ်သော်လည်း သာမန် ပါရာစီတမောလောက်နှင့် သက်သာနိုင်လောက်မည့် နေရာတွင် အကိုက်အခဲပျောက်ဆေးသုံးပြီး ဘေးထွက်ဆိုးကျိုးများဖြစ်လာမည်ဆိုလျှင် မတန်ပါချေ။ တစ်ချို့ဘေးထွက်ဆိုးကျိုးများသည် ချက်ချင်းဖြစ်သည်မဟုတ်ဘဲ ရေရှည်မှဖြစ်လာတတ်သည့် အတွက် လူနာအနေဖြင့် သုံးရင်းသုံးရင်းနှင့် ကျောက်ကပ်ထိ၊ နှလုံးထိ စသည်ဖြစ်လာတော့မှ ကုသရခက်ခဲသွားရသည်များလည်း ရှိကြပါသည်။ အထူးသဖြင့် နဂို ကျောက်ကပ်၊ နှလုံး၊ အသည်း စသည့် ရောဂါအခံရှိသူများတွင် ပိုမို သတိထားကြရပါသည်။အကိုက်အခဲပျောက်ထိုးဆေးထိုးလိုက်လျှင် လူနာအနေဖြင့် အကိုက်အခဲချက်ချင်းသက်သာသွားသည်။ ချွေးစီးလေးများထွက်ပြီး အဖျားချက်ချင်းကျသွားသည်။ ထို့အပြင် စတီးရွိုက် ကဲ့သို့သော ဆေးပါ ထည့်ထိုးပေးလိုက်ပါက ပို၍ပင် သက်သာပြီး လူနာက ပိုသဘောကျကြသည်။ သို့သော်ထိုသို့ သက်သာခြင်းသည် ရောဂါကို အမြစ်ပြတ်စေသည်တော့ မဟုတ်ချေ။ ဖျားစေ ကိုက်စေသော အကြောင်းရင်းကို ရှာပြီးကုပါမှ ရောဂါအမြစ်ပြတ်သည်ဖြစ်သည်။ တစ်ခါတစ်လေ အကိုက်အခဲပျောက်ဆေးအရှိန်၊ စတီးရွိုက်ဆေးအရှိန်များကြောင့် လူနာခဏတဖြုတ်သက်သာနေသည်ကို ရောဂါပျောက်ကင်းပြီဟု အထင်မှားပြီး သေချာဆက်မကုမိတော့ခြင်းကြောင့် အသက်အန္တရာယ်ထိခိုက်သွားကြသည်များလည်း ရှိတတ်ကြပါသည်။ အကိုက်အခဲပျောက်ဆေးနှင့် မတည့်သူများတွင် ထိုးပြီးပြီးချင်းသွေးပေါင်ကျသွားခြင်း၊ ရှော့ရသွားခြင်းများလည်းဖြစ်ပေါ်တတ်ပါသည်။စတီးရွိုက်ဆေးများသည်လည်း ရေရှည်အသုံးပြုပါက သွေးတိုးခြင်း၊ ဆီးချိုဖြစ်ခြင်း၊ အရိုးပါးခြင်းစသည့် ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများလည်း ဖြစ်ပေါ်စေတတ်ပါသည်။ ပိုးသတ်ဆေးထိုးခြင်းသည်လည်း ရက်ပြည့်အောင်မထိုးဘဲ တစ်ရက် နှစ်ရက်သာ ထိုးပြီး ပြတ်သွားလျှင် ဆေးယဉ်ပါးသည့် ပိုးများပေါ်ပေါက်စေနိုင်ပါသည်။ ထို့ကြောင့်လည်း မလိုအပ်ဘဲထိုဆေးများ မသုံးသင့်ပါချေ။လူနာများအနေဖြင့်လည်း ထိုအကြောင်းကိုသေချာမသိသည့်အခါ ဆေးထိုးပေး မြန်မြန်သက်သာစေသော ဆေးခန်းကိုမှ ရွေးပြတတ်ကြသည်။ ဆရာဝန်မှ ဆေးထိုးရန်မလိုကြောင်း ရှင်းပြလျှင် တစ်ချို့လူနာများက သဘောပေါက်လက်ခံကြသော်လည်း တစ်ချို့ကမူ ဆေးထိုးပေးသော တခြားနေရာသို့ ပြောင်းကုခြင်းများအထိ လုပ်တတ်ကြပါသည်။ ထို့ကြောင့်လည်း ထိုသို့ဘေးထွက်ဆိုးကျိုးများရှိကြောင်း၊ မလိုအပ်လျှင် ဆေးထိုးစရာမလိုကြောင်း၊ အဖျားရှိလာလျှင် သာမန် ပါရာစီတမောလိုဆေးမျိုးသာသောက်ပြီး ဖျားသည့် အကြောင်းရင်းကို သေချာ ထပ်ရှာကုရန်က ပိုအရေးကြီးကြောင်း၊ မိမိကို ထိုးပေးသောဆေး၊ သောက်ဆေးများ သည် မည်သည့်ဘေးထွက်ဆိုးကျိုးရှိနိုင်သည်ကို သိရှိနားလည်ရန် မေးမြန်းလေ့လာသင့်ကြောင်း၊ ကျွမ်းကျင်သူ ဆရာဝန်မဟုတ်ဘဲ အမြန်သက်သာရုံဆေးထိုးပေးသည့် အရပ်အခေါ် အပ်ပုန်းများနှင့် ကုသခြင်း စပ်ဆေးများအလွယ်ဝယ်သောက်ခြင်းများမပြုလုပ်သင့်ကြောင်းကို ပြည်သူတိုင်းပြည်သူတိုင်းကို သိရှိနားလည် စေချင်ပါသည်။“ဆရာ ခုန Patient (လူနာ) ကတော့ သွေးပေါင် ၁၀၀/၇၀ ဖြစ်လာပါပြီ”။အလုပ်သင်ဆရာဝန်လေး၏ အသံကြောင့် ဒေါက်တာကျော် အတွေးပြတ်သွားခဲ့သည်။ ဒီလူနာ ဆေးရုံက မဆင်းခင်တော့ ခုန စဉ်းစားသည့် အချက်များကို ပညာပေးရန်၊ သူတို့အပြင် သူတို့၏ အိမ်နီးနားချင်းအသိမိတ်ဆွေများကိုပါ လက်ဆင့်ကမ်းပညာပေးပေးရန် မှာဦးမည်ဟု ဆက်စဉ်းစားနေမိပါတော့သည်။ ။ဒေါက်တာကျော် (ဆေး – ၂)။8/11/2018။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/common-cold/injection-ill/
ရာသီအပြောင်းအလဲမှာ ဖြစ်ပွားတတ်တဲ့ အအေးမိရောဂါအကြောင်း တစေ့တစောင်း…
လူတိုင်းကတော့ ဘဝမှာ အနည်းဆုံး တစ်ခေါက် အအေးမိဖူးကြမှာပါ။ ရာသီအပြောင်းအလဲမှာ အအေးမိဖျားနာတာမျိုး ဖြစ်တတ်ပြီး ရောဂါလက္ခဏာ မပြင်းထန်သည့်တိုင်အောင် ခံစားရတဲ့သူအတွက်ရော အနီးပတ်ဝန်းကျင်ကလူတွေအတွက်ပါ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ရောဂါ တစ်မျိုးပါ။ အအေးမိရောဂါနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အခြေခံဗဟုသုတလေးတွေကို ဝေမျှပေးလိုက်ပါတယ်။အအေးမိတယ်ဆိုတာ Virus ပိုးကနေ တစ်ဆင့် ကူးစက်တာ ဖြစ်ပါတယ်။ ရောဂါပိုးရှိတဲ့ သူတစ်ယောက်နဲ့ ထိတွေ့ဆက်ဆံမိတဲ့အခါ၊ သူတို့ ကိုင်တွယ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေကို အသုံးပြုပြီး ကိုယ့်ရဲ့ နှာခေါင်းနဲ့ ပါးစပ်ကို ပြန်ထိမိတဲ့အခါ၊ မျက်နှာသုတ်ပဝါမပါဘဲ နှာချေ၊ ချောင်းဆိုးလိုက်တဲ့အခါမှာ ရောဂါပိုးတွေဟာ လေထဲကို ပျံ့နှံ့ပြီး ကူးစက်တတ်ပါတယ်။ Virus ရောဂါပိုးက ကိုယ်ခန္ဓာထဲ ဝင်လာတဲ့အခါ ကိုယ်ခံအားစနစ်က ဒီရောဂါပိုးကို တိုက်ထုတ်ဖို့အတွက် သွေးဖြူဥတွေ ထုတ်ပေးရတယ်။ အဲ့အချိန်မှာ နှာခေါင်း၊ လည်ချောင်းတွေ ယားလာမယ်။ ချွဲတွေထလာမယ်။ ကြာလာတဲ့အခါမှာ လူက အားကုန်ပြီး မောပန်းလာမယ်။မိုးမိတဲ့အခါမျိုး၊ အဲကွန်းခန်းထဲမှာ အမြဲထိုင်နေရလို့ ဆိုတဲ့အကြောင်းပြချက်နဲ့တော့ အအေးမိတာမျိုး မဖြစ်တတ်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အလွန်အမင်းပင်ပန်းတဲ့အချိန်၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာ ဥပမာ စိတ်ဖိစီးနေတဲ့အချိန်၊ နှာခေါင်း၊ လည်ချောင်း ဓာတ်မတည့်တဲ့အချိန်မှာတော့ အအေးမိဖို့ အလားအလာ ပိုများတတ်ပါတယ်။ရောဂါလက္ခဏာ ပြင်းထန်လာတဲ့အခါမှာ အပြင်းဖျားလာမယ်၊ ကြွက်သားတွေ နာကျင်ကိုက်ခဲလာမယ်။ ဒီလိုလက္ခဏာတွေ ကြုံတွေ့လာရပြီဆိုရင်တော့ တုပ်ကွေးရောဂါဖြစ်ဖို့ ပိုများပါတယ်။ကလေးတွေဟာ နှစ်စဉ် ပျမ်းမျှအားဖြင့် ၅ကြိမ်ကနေ ၇ကြိမ်အထိ အအေးမိနိုင်ပါတယ်။ ကျောင်းမှာ တခြားကလေးတွေနဲ့ အမြဲထိတွေ့ဆက်ဆံနေရတဲ့အပြင် တစ်ခုခုကိုင်ပြီးတိုင်း လက်ကို သေချာမဆေးတတ်တာကြောင့် ပိုမိုကူးဆက်နိုင်ပါတယ်။ ဒါ့အပြင် ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ဟာ လူကြီးတွေထက် ပိုအားနည်းတဲ့အတွက် ရောဂါပိုးကို ကောင်းကောင်းမတိုက်ဖျက် မကာကွယ်နိုင်တာပဲ ဖြစ်ပါတယ်။မိုးတွင်းနဲ့ ဆောင်းတွင်းမှာ အဖြစ်များပြီး သြဂုတ်လကုန်နဲ့ စက်တင်ဘာလအစောပိုင်းလောက်ကနေ မတ်လနဲ့ ဧပြီလမတိုင်ခင်ထိ ဖြစ်ပွားနှုန်းပိုမိုမြင့်မားပါတယ်။ စိုထိုင်းထိုင်း ဖြစ်နေတဲ့ ရာသီဥတုတွေမှာ နှာခေါင်းဟာ ပိုမိုခြောက်သွေ့တဲ့အတွက် အအေးမိရောဂါ ကူးစက်ဖို့ ရာခိုင်နှုန်းပိုများလာတာ ဖြစ်ပါတယ်။အအေးမိဝေဒနာကို သက်သာစေဖို့နဲ့ အလျင်အမြန်ပျောက်ကင်းစေဖို့အတွက် ဆေးဆိုင်ကနေ အကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေးတွေကို အလွယ်တကူ ဝယ်ယူပြီးသောက်နိုင်ပါတယ်။ ရောဂါခံစားနေရချိန်မှာ ရေဓာတ်မဆုံးရှုံးအောင် ရေနွေး၊ ကြက်စွပ်ပြုတ်ရည်၊ သံပုရာရည်ကို ပျားရည်နဲ့ ရောပြီး သောက်ပေးသင့်ပါတယ်။ လည်ချောင်းနာတာကို အမြန်သက်သာဖို့ ဆားငန်ရည်နဲ့ ပါးစပ်ကို သေချာပလုတ်ကျင်းပေးပါ။အားကစားမှန်မှန်လုပ်ခြင်းဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတဲ့အတွက် အအေးမိနှာစေး အပါအဝင် တခြားသော ရောဂါပိုးတွေ ကိုယ်ခန္ဓာထဲကို အလွယ်တကူ ဝင်မလာနိုင်အောင် တားဆီးပေးနိုင်ပါတယ်။ တစ်နေ့ကို မိနစ် ၂၀ မှ ၃၀ အထိ လမ်းမှန်မှန်လျှောက်တာ၊ Gym ကို မပျက်မကွက် သွားပြီး အားကစားလုပ်တာ၊ စက်ဘီးမကြာခဏစီးတာမျိုး ပြုလုပ်ပေးပါ။ အဓိကကတော့ အအေးမိနှာစေးဖြစ်နေတဲ့အချိန်မှာ ကောင်းစွာ အနားယူပေးဖို့ပါပဲ။ရောဂါကူးစက်ခံရတဲ့အခါ ပုံမှန်အားဖြင့် ၇ ရက်ကနေ ၁၀ရက်အထိ ကြာမြင့်တတ်ပါတယ်။ ဒီထက်ပိုပြီး ကြာနေမယ်ဆိုရင်တော့ ကျွမ်းကျင်ဆရာဝန်တွေနဲ့ သေချာပြသပြီး ကုသမှု ခံယူသင့်ပါတယ်။ တခြားသူတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်ပြီးတိုင်း၊ အပြင်ကနေ ပြန်လာတဲ့အချိန်တိုင်း လက်ကို ဆပ်ပြာနဲ့ သေချာဆေးပေးပါ။ နှာချေ၊ ချောင်းဆိုးတဲ့အခါမှာ လက်ကိုင်ပဝါကို အသုံးပြုပေးပါ။ လူသားတိုင်း ရောဂါဘယကင်းရှင်းပြီး သာယာပျော်ရွှင်ဖွယ် နေ့ရက်လေးများ ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျား။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/common-cold/%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%a1%e1%80%b1%e1%80%bb%e1%80%95%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%a1%e1%80%9c%e1%80%b2%e1%80%99%e1%80%bd%e1%80%ac-%e1%80%bb%e1%80%96%e1%80%85%e1%80%b9/
ကိုယ့်ကလေးညှက်ရတာ ဘာကြောင့်များလဲ။
ကလေးတွေကြီးထွားဖွံ့ဖြိုးမှုရှိသင့်သလောက် မရှိတာက မကြာသေးခင် နှစ်ကာလတွေအတွင်း တော်တော်လေး အဖြစ်များ လာပါတယ်။ ကလေးတွေ အဝလွန်တာ၊ အာဟာရချို့တဲ့မှု ပြဿနာတွေ မြင့်တက်လာမှုနဲ့အတူကလေး​ညှက်တဲ့ကိစ္စကလည်း အတွေ့ရများပါတယ်။ ကလေးညှက်တာက မိဘတွေအတွက် စိုးရိမ်စရာကောင်းသလို ကလေးတွေကိုယ်တိုင်အတွက်က ပိုလို့တောင်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် ကိုယ့်ချစ်ရတဲ့ သားသားမီးမီးတို့ကို ညှက်တာမျိုး မဖြစ်စေဖို့ ဖေဖေမေမေတို့ အနေနဲ့ ဘာတွေသတိထားကြရမလဲဆိုတာကို ဒီဆောင်းပါးက ပြောပြပေးသွားမှာပါ။ ကိုယ့်ကလေးညှက်ရတာ ဘာကြောင့်များလဲ။ အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ကလေးညှက်တယ် ဆိုတာက ကလေးတစ်ယောက်မှာ အသက်အရွယ်အရ ရှိသင့်တဲ့အရပ်အမြင့်နဲ့ကိုယ်အလေးချိန်ရှိမနေတာမျိုးပါ။ ရွယ်တူတွေထဲမှာ ပုနေတာ၊ သေးနေတာမျိုးပေါ့။ နောက်တစ်ခုက ကလေးက အသက်အရွယ်အရ လုပ်သင့်တဲ့ လှုပ်ရှားမှုတွေကို မလုပ်ဆောင်နိုင်တာမျိုးပါ (ဥပမာ စကားပြောနောက်ကျနေတာ၊ လမ်းမလျှောက်သေးတာမျိုးပေါ့)။ အာဟာရ ပြည့်ဝလုံလောက်မှုမရှိတာဖြစ်ဖြစ်၊ ရောဂါတွေကြောင့်ဖြစ်ဖြစ် ကလေးတွေမှာ ကြီးထွားဖွံ့ဖြိုးမှု နောက်ကျနိုင်ပါတယ်။ကမ္ဘာတစ်လွှားမှာ အသက် ၅ နှစ်အောက် ကလေး သန်း ၁၅၀ လောက်က ကြီးထွားဖွံ့ဖြိုးမှု ရှိသင့်သလောက် မရှိတဲ့ ပြဿနာကို ရင်ဆိုင်နေကြရပါတယ်။ ဒါက အချိန်ကြာမြင့်စွာ အာဟာရ လုံလောက်ပြည့်ဝစွာ မရရှိမှုကနေ စတင်လာတဲ့ နာတာရှည် ကျန်းမာရေးပြဿနာ တစ်ရပ်လို့ ဆိုရပါမယ်။ကြီးထွားဖွံ့ဖြိုးမှု ရှိသင့်သလောက် မရှိဘူးဆိုတာက ကလေးက။ကလေးက ပုံမှန်ကြီးထွားနေစေဖို့ဆိုရင် ပထမ ၅ နှစ်တာမှာ အချိန်ပြည့် သေချာလေး ဂရုစိုက်ရပါမယ်။ အာဟာရဖြည့်တင်းမှု ကစလို့ အရပ်အမြင့်နဲ့ ကိုယ်အလေးချိန် တိုင်းတာမှုတွေ အထိပေါ့။ ကလေးက ပုံမှန်ထက် ကြီးထွားဖွံ့ဖြိုးမှု နှေးနေတာလားဆိုတာကိုအမြင်သာဆုံးအချက်က အရပ်အမြင့်ပါ။ ကလေးတစ်ယောက်က ပုံမှန် ကြီးထွားဖွံ့ဖြိုးမှုအနေနဲ့။ကလေးတစ်ယောက်ကို ကြီးထွားဖွံ့ဖြိုးမှု ရှိသင့်သလောက် မရှိရခြင်းက အချက်အလက်တွေ အများကြီးပေါ် မူတည်ပါတယ်။ကလေးတွေမှာ လုံလောက်တဲ့အာဟာရဓာတ် မရရှိခြင်းက ကြီးထွားဖွံ့ဖြိုးမှု နှေးစေတဲ့ အဓိက အကြောင်းအရင်းတွေထဲကတစ်ခုပါ။ ကလေးကို မွေးစကနေ ၆ လအထိ မဖြစ်မနေ မိခင်နို့တိုက်ကျွေးရချိန်မှာ မိခင်ကိုယ်တိုင်က အာဟာရ ပြည့်ဝအောင် မစားမိတာကြောင့် ဖြစ်နိုင်သလို ကလေးအစားစစားချိန်မှာ ပြည့်ဝလုံလောက်တဲ့ အာဟာရကို မကျွေးမိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ကလေးကို ကြီးထွားဖွံ့ဖြိုးမှု နှေးတာမျိုး မဖြစ်စေဖို့ဆိုရင် နေ့စဉ် အစားအသောက်ပြင်ဆင်တဲ့အခါ။ရေဓာတ်ကလည်း ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်ပါမယ်။ဒါ​ကြောင့် ကလေးကို သန့်ရှင်းတဲ့ သောက်သုံးရေ တိုက်ကျွေးပေးဖို့လည်း လိုပါမယ်။ ရေမသန့်ရှင်းတဲ့အခါ ဝမ်းပျက်ဝမ်းလျှောတာလိုမျိုးအစာခြေစနစ်ပြဿနာတွေ ခံစားရနိုင်ပြီး အာဟာရ စုပ်ယူနိုင်စွမ်းကို ထိခိုက်စေပါတယ်။ ဒါက အာဟာရချို့တဲ့မှုကို ဖြစ်စေပြီး အကျိုးဆက်ကတော့ ကိုယ်ခံအား နည်းစေတာ၊ ကလေးရဲ့ ကြီးထွားဖွံ့​ဖြိုးကို ထိခိုက်တာတွေ ဖြစ်လာပါတော့တယ်။ကလေးကို တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပေးဖို့ အားနည်းတာကလည်း ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို နောက်ကျစေပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေး အားနည်းတာက ကလေးရဲ့ ကိုယ်ခံအားကို ထိခိုက်စေပြီး အာဟာရတွေကို ရောဂါ ခုခံရေးမှာ အသုံးပြုရတာကြောင့် ကြီးထွားဖွံ့ဖြိုးဖို့အတွက် မထောက်ပံ့နိုင်တဲ့အခါ ကြီးထွားဖွံ့ဖြိုးမှု နှေးတဲ့ ပြဿနာ ဖြစ်လာရပါတယ်။ရောဂါတွေကူးစက်ခံရတာ။ငယ်ရွယ်စဉ်မှာ ခဏခဏ ဖျားနာတာ၊ ရောဂါပိုးကူးစက်ခံရတာတွေကလည်း ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး ကလေးညှက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ကလေးတွေ ကြီးထွားဖွံ့ဖြိုးမှု နောက်ကျတာက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ အပေါ်မှာပါ သက်ရောက်မှု ရှိနေတာပါ။ ကလေးတစ်ယောက်ဟာ သူ့ရဲ့ ပထမ ၅ နှစ်တာမှာရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု စတင်တယ်၊ ဦးနှောက် ဖွံ့ဖြိုးတယ်၊ ပထမဆုံးမှတ်ဉာဏ်တည်ဆောက်တယ်၊ ကိုယ်ခံအား တည်ဆောက်တယ်၊ အမြင်အာရုံ နဲ့ သင်ယူသိမြင်နိုင်စွမ်းတွေ တည်ဆောက်ပါတယ်။ ဒီကာလမှာ အာဟာရမပြည့်ဝမှုက ကလေးကို အသက်အန္တရာယ် ထိခိုက်စေတာမျိုးအထိ ပြင်းထန်နိုင်ပါတယ်။ကြီးထွားမှု နောက်ကျတာမှာ အမြင်သာဆုံး အချက်တစ်ခုက ကလေးက အသက်အရွယ်အလိုက် ရှိသင့်တဲ့ အရပ်အမြင့် ရှိမနေတာပါ။ ကြီးထွားဖွံ့ဖြိုးမှု နောက်ကျတာက ကာလတိုမှာတောင် ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှု နဲ့ဦးနှောက် ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင်ကိုယ်ခံအားကိုပါ ထိခိုက်စေတာကြောင့် ရောဂါတွေ အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။ ဒါက ရေရှည်မှာ ကလေးရဲ့ သင်ယူနိုင်စွမ်း နဲ့ ဘဝ အောင်မြင်မှုရအောင် စွမ်းဆောင်နိုင်မှုကိုပါ ထိခိုက်စေမှာပါ။ကလေး​ကြီးထွားဖွံ့ဖြိုးမှု မနှေးစေဖို့ ကာကွယ်လို့ရပါတယ်။ အကောင်းဆုံးကတော့ ကလေးကို ငယ်စဉ်ကာလမှာ အာဟာရပြည့်ဝလုံလောက်အောင် ဂရုစိုက်ပေးတာပါပဲ။ ဒါကြောင့် ကလေးကို ကြီးထွားဖွံ့ဖြိုးမှု မနှေးစေဖို့ဆိုရင်။အာဟာရပြည့်ဝအောင်ကျွေးပါ။အပေါ်မှာ ပြောခဲ့သလို ပရိုတင်း၊ ဗီတာမင် နဲ့ သတ္တုဓာတ်​တွေ ပြည့်ဝလုံလောက်အောင် ကျွေးပေးပါ။တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ။ကလေးကို လက်ဆေးတာကစလို့ လိုအပ်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို အချိန်တိုင်းမှာ သေချာ ဂရုစိုက်ပါ။ရေဓာတ်ပြည့်ဝပါစေ။ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ပါဝင်ဖွဲ့စည်းထားတဲ့ရေဓာတ်ကို သန့်ရှင်းတဲ့ ရေအရင်းအမြစ်ကနေ ဖြည့်တင်းပေးပါ။ အာဟာရဖြည့်နို့တွေကို တိုက်ပေးမယ်ဆိုရင်လည်း ရေဓာတ်ရော လိုအပ်တဲ့ အာဟာရဓာတ်တွေကိုပါ ဖြည့်ပေးနိုင်မှာပါ။ကိုယ်လက်လှုပ်ရှားမှုရှိပါစေ။ကလေးကို ငယ်စဉ်ကတည်းက သီချင်းဖွင့်ပြီး ကတာမျိုး၊ လေ့ကျင့်ခန်းအတူတူ လုပ်တာ၊ လမ်းလျှောက်တာမျိုး သင့်တင့်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေ ပုံမှန်လုပ်ဖြစ်အောင် ဂရုစိုက်ပါ။ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုပေးပါ။ကလေးကို ပုံမှန် ကိုယ်အလေးချိန်တိုင်းတာ၊ အရပ်တိုင်းတာကစလို့ ကာကွယ်ဆေးထိုးတာအဆုံး လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို သေချာဂရုစိုက်ပါ။ ကလေးက အခြားကလေးတွေလောက် မထွားဘူး။ သွက်လက်မှုမရှိဘူးဆိုရင် ဆရာဝန်နဲ့ သေချာပြသပေးပါ။ကလေးကို လုံလောက်တဲ့အာဟာရဖြည့်ပေးပြီးမေမေ့မေတ္တာနဲ့ နွေးထွေးကြင်နာမှုကို အပိုထပ်ဆောင်းဖြည့်လို့ရင်နှစ်သည်းချာသားသားမီးမီးတို့ကို ကြီးထွားမှုနောက်ကျခြင်း ကင်းအောင် ပျိုးထောင်နိုင်ကြပါစေ မေမေတို့ရေ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/growth-stunt-in-children-why-is-that/