url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2022/07/25184/
၄၄ လမ်းမှ တော်လှန်ရေးလူငယ်များ ဖမ်းဆီးခံရမှုနှင့် သေဆုံးမှုတွင် စစ်တပ် သတင်းပေးခဲ့သူ ဗိုလ်တထောင် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဘော်ဘီ မသေသေးဘဲ စိုးရိမ်နေရဟုဆို
["ရန်ကုန်၊ ဇူလိုင် ၂၈", "ယမန်နှစ် ဩဂုတ်လတွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသည့် လူငယ်များကို ဖမ်းဆီးရာတွင် စစ် တပ် နှင့်အတူ ပူးပေါင်းပါဝင်ခဲ့ပြီး လူငယ်များ တိုက်ပေါ်မှ ခုန်ချသေဆုံးစေခဲ့သည့် ဗိုလ်တထောင် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး သန်းဝင်း(ခ)‌ ဘော်ဘီ ပစ်ခတ်ခံရပြီး သေဆုံးသ...
https://yktnews.com/2022/07/25213/
လှိုင် ၁၆ ရပ်ကွက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်မှုဖြင့် စစ် တပ်က လမ်းများရှိ စျေးဆိုင်များကို ဝင်ရောက်ဖျက်ဆီး၊ ပြည်သူများကို ဒူးထောက်၊ ဝမ်းလျားမှောက်ခိုင်းပြီး ရိုက်နှက်၊ အကောင်းစား အရက်ပုလင်းများကို လုယက်
["ရန်ကုန်၊ ဇူလိုင် ၂၈", "ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၁၆ ရပ်ကွက်တွင် ယနေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်သွားပြီးနောက် စစ်တပ်က ၁၆ ရပ်ကွက်အတွင်းရှိ လမ်း များကို ဝင်ရောက်စီးနင်းပြီး စျေးဆိုင်များကို ဖျက်ဆီးခြင်း၊ ပြည်သူများကို ရိုက်နှက်ခြင်းနှင့်အရက်ပုလင်းများ လုယူသွားကြောင်း ဒေသခံများက ပြောကြားသည်။", "အကြမ်းဖ...
https://yktnews.com/2022/07/25201/
မင်းအောင်လှိုင်က ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို သတ်ဖြတ်မှု တောင်ကိုရီးယားလွှတ်တော်အမတ်များအပါအဝင် ကိုရီးယားပြည်သူ့အဖွဲ့အစည်း ၁၀၆ ဖွဲ့က ကန့်ကွက်ရှုတ်ချ၊ စစ်တပ်အနေဖြင့် ကျိန်းသေ ပြန်လည် ပေးဆပ်ရမည်ဟုသတိပေး
["ရန်ကုန်၊ ဇူလိုင် ၂၈", "အကြမ်းဖက်မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီက ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို သတ်ဖြတ်မှုအပေါ် တောင်ကိုရီးယားလွှတ်တော်အမတ်များအပါအဝင် ကိုရီးယားပြည်သူ့အဖွဲ့အစည်း ၁၀၆ ဖွဲ့က ပြင်းပြင်းထန်ထန်ကန့် ကွက်ရှုတ်ချလိုက်ကြပြီး စစ်တပ်အနေဖြင့် ထိုလုပ်ရပ်အတွက်ကျိန်းသေ ပြန်လည် ပေးဆပ်ရမည်ဟု သတိပေး ပြောဆိုလိုက...
https://yktnews.com/2022/07/25190/
ဖျာပုံတွင် စစ်ကောင်စီတပ်ဖွဲ့များ ၃ ကြိမ် မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်ဗိုလ် ၁ ဦးအပါအဝင် ၅ ဦးခန့် ဒဏ်ရာရ၊ ကော့ကရိတ်မြို့ တောင်ပိုင်းတွင်လည်း စစ်တပ်နှင့် KNLA ကြား တိုက်ပွဲဖြစ်ပြီး စစ်သား ထိခိုက်သေဆုံးမှုများ
["ရန်ကုန်၊ ဇူလိုင် ၂၈", "ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ၃ ကြိမ် မိုင်းခွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်ဗိုလ် ၁ ဦးအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရကြောင်း Black Dragon Commando က သတင်းထုတ်ပြန်သည်။", "ဖျာပုံမြို့နယ်၊ ဖျာပုံ-ကျိုက်လတ်အဝေးပြေးလမ်းမ၊ ချောင်းတွင်းတံတားအနီးရှိ စစ်ကောင်စီဂိတ...
https://yktnews.com/2022/07/25230/
ကနီမြို့နယ် ဇီးပင်တွင်းနှင့် ကြက်ချောင်းတောတိုက် ပြည်သူ ၂၄ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်း တစ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ
["ရန်ကုန်၊ ဇူလိုင် ၂၉", "ကနီမြို့နယ် အတွင်း စစ်ကြောင်း ထိုးလာသော အကြမ်းဖက် စစ်ကောင်စီများက ကနီမြို့နယ် ဇီးပင်တွင်းရွာ အနီးတွင် ပြည်သူ ၁၂ ဦး ၊ တောင်ပေါက်ရွာအနီး ကြက်ချောင်း တောတိုက်တွင် ပြည်သူ ၁၁ ဦး ၊ ကနီမြို့တွင် ပြည်သူ တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အဆိုပါ အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခံရသော ပြည်သူ ၂၄ ဦး၏ အောက်မေ့...
https://yktnews.com/2022/07/25248/
သံတောင်ကြီးမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို KNLA ပူးပေါင်းတပ် မိုင်းခွဲပစ်ခတ်တိုက်ခိုက်၍ စစ်ကား ၂ စီး ပျက်စီးပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံး
["ရန်ကုန်၊ ဇူလိုင် ၂၉", "ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နှင့် ပလေခီးကျေးရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို KNLA တပ်မဟာ ၂ ပူးပေါင်းအဖွဲ့က ယမန်နေ့ ဇူလိုင်လ ၂၈ ရက် နံနက် ၉ နာရီခွဲခန့်တွင် မိုင်းခွဲပစ်ခတ်တိုက်ခိုက်ရာ စစ်ကား ၂ စီး ပျက်စီးပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကြောင်း သတင်းရရှိသည်။", "“တောင်ငူကနေ သံတောင်ကြီးကိ...
https://yktnews.com/2024/07/176219/
ဝက်လက်ဒေသရှိ ကျေးလက်နေလူထုကို တော်လှန်စိတ်ဓာတ်မြင့်တင်ရေး လူထုဟောပြောပွဲပြုလုပ်
["ရန်ကုန်၊ ဇူလိုင် ၂၉", "စစ်ကိုင်းတိုင်း ဝက်လက်ဒေသရှိ ကျေးရွာတစ်ရွာတွင် ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်၍ ကျေးလက်နေလူထုအား တော်လှန်စိတ်ဓာတ်မြင့်တင်ရေး အတွက် ကျေးရွာ ပကဖ ၊ ပအဖ များနှင့် ပူးပေါင်းကာ လူထုဟောပြောပွဲကို ဇူလိုင် ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန...
https://yktnews.com/2022/07/25266/
စစ်အာဏာရှင် တော်လှန်ရေး ဆုံးခန်းတိုင် ဆက်လျှောက်ရန် နိုင်ငံတစ်ဝန်း “လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ” ပြုလုပ်မည်၊ ဇူလိုင် ၃၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန် ပြည်သူများ သစ္စာအဓိဋ္ဌာန်ပြုနိုင်ပြီး ကားဟွန်းတီးခြင်း၊ သံပုံးတီးခြင်းဖြင့် ပါဝင်နိုင်
["ရန်ကုန်၊ ဇူလိုင် ၂၉", "စစ်အာဏာရှင် တော်လှန်ရေး ဆုံးခန်းတိုင် ဆက်လျှောက်ရန် နိုင်ငံတစ်ဝန်း “လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ” ပြုလုပ်မည်ဖြစ်ပြီး ဇူလိုင် ၃၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန် ပြည်သူများ သစ္စာအဓိဋ္ဌာန်ပြုနိုင်ပြီး ကားဟွန်းတီးခြင်း၊သံပုံးတီးခြင်းဖြင့် ပါဝင်နိုင်ကြောင်း သိရှိရသည်။", "ပြည်သူလူထုတစ်ရပ်လုံး မိမိတို...
https://yktnews.com/2024/07/176271/
ဆားလင်းကြီးမြို့နယ်တွင်းရှိ ရေဘေးသင့်စစ်ရှောင် ၅၀၀ ခန့်ကို အာဟာရဒါနလှူဒါန်း
["ရန်ကုန်၊ ဇူလိုင် ၂၉", "ဆားလင်းကြီးမြို့နယ်တွင်းရှိ ရေဘေးသင့်စစ်ရှောင် ၅၀၀ ခန့်ကို ပြည်သူမှ ပြည်သူသို့ ပရဟိတအသင်းက အလှူရှင်ကိုယ်စား အာဟာရဒါနလှူဒါန်းခဲ့ကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyan...
https://yktnews.com/2024/07/176199/
ပဲခူးမြစ်ရေကြီးမှုကြောင့် ပြည်သူ ထောင်ချီ ပြောင်းရွှေ့နေရပြီး ယာယီကယ် ဆယ်ရေး စခန်း ၂၂ ခု ဖွင့်လှစ်ထားရ ၊ ခူးမြို့တဝက်နီးပါး ရေနစ်မြုပ် ကားများဖြတ်သန်းသွားလာခွင့် ပိတ်ထား
["ရန်ကုန်၊ ဇူလိုင် ၂၉", "ပဲခူးမြစ်ရေကြီးမှုကြောင့် ပြည်သူ ထောင်ချီ ပြောင်းရွှေ့နေရပြီး ယာယီရေဘေး ရှောင်ကယ်ဆယ်ရေး စခန်း ၂၂ ခု ဖွင့်လှစ်ထားရကြောင်း ဒေသပြည်သူများနှင့် ကယ်ဆယ်ရေးသမားများထံမှ သိရှိရသည်။", "ပဲခူးမြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် ပဲခူးမြို၏ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာအထက် ၉၇...
https://yktnews.com/2024/07/176296/
ဘုတလင်မြို့နယ်နှင့် ကနီမြို့နယ်တို့ကို ဆက်သွယ်ထားသော လမ်းမကြီးပေါ်တွင် လူထုစည်းရုံးရေးစာတန်းများ ချိတ်ဆွဲ
["ရန်ကုန်၊ ဇူလိုင် ၂၉", "ဘုတလင်မြို့နယ်နှင့် ကနီမြို့နယ်တို့ကို ဆက်သွယ်ထားသော လမ်းမကြီးပေါ်တွင် လူထုစည်းရုံးရေးစာတန်းများကို တော်လှန်ရေးတက်ကြွလှုပ်ရှားသူများက ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့တွင် ချိတ်ဆွဲခဲ့ကြောင်း သိရှိရသည်။", "“တော်လှန်ရေး ဘယ်အချိန်ပြီးမလဲထက် ဘယ်လိုပြီးမလဲကို သေချာစဉ်းစားပါ။”၊ “နွေဦးတော်လှန်ရေးဟာ အာဏာရှင် ကုသ...
https://yktnews.com/2022/07/25245/
ပခုက္ကူ၊ အရှေ့ဘုန်းကန်ရွာတွင် တပ်စွဲထားသော စစ်တပ် ပစ်ခတ် တိုက်ခိုက်ခံရပြီး စစ်သား ၅ ဦးထက်မနည်း သေဆုံး
["ရန်ကုန်၊ ဇူလိုင် ၂၉", "မကွေးတိုင်း ပခုက္ကူမြို့နယ် အရှေ့ဘုန်းကန်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇူလိုင်လ ၂၈ ရက်နေ့ ညနေ ၅ နာရီ ကျော်ခန့်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Earthquake People’s Defence Force (UG) အဖွဲ့ထံမှ သိရသည်။", "အဆိုပါ အကြမ်...
https://yktnews.com/2024/07/176261/
ရေနံချောင်းမြို့တွင် ခလရ ၇၇ တပ်ရင်းနှင့် စစ်ကြောင်းက ပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံး
["ရန်ကုန်၊ ဇူလိုင် ၂၉", "မကွေးတိုင်း၊ ရေနံချောင်းမြို့တွင် ခလရ ၇၇ တပ်ရင်းနှင့် စစ်ကြောင်းက ပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးခဲ့ကြောင်း ရေနံချောင်းမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇူလိုင်လ ၂၈ ရက် နံနက် ၅ နာရီခန့်က ရေနံချောင်းမြို့အခြေစိုက်အကြမ်းဖက်စစ်ကောင်စီ ၏ ခမရ...
https://yktnews.com/2024/07/176240/
စဉ့်ကူးမြို့နယ် စစ်ဘေးရှောင်ပြည်သူ ၁၅၀ ကျော်ကို စားနပ်ရိက္ခာများထောက်ပံ့မှုနှင့်ကျန်းမာရေး စောင့်ရှောက်မှုပေးအပ်
["ရန်ကုန်၊ ဇူလိုင် ၂၉", "မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ ၁၅၀ ကျော်ကို စားနပ်ရိက္ခာထောက်ပံ့ မှုနှင့်ကျန်းမာရေးစောင့်စောင့်ရှောက်မှုပေးအပ်ခဲ့ကြောင်း ရွှေဘိုမြို့နယ်လွတ်လပ်သော ထောက်ပို့ ရေးအဖွဲ့တာဝန်ခံကိုနေမင်းသန့်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇူလိုင်လ ၂၈ ရက်နေ့က စဉ့်ကူးမ...
https://yktnews.com/2024/07/176189/
မန္တလေးတွင် ၁၀၂၇ စစ်ဆင်ရေးနှင့် ရှမ်း-မန်းစစ်ဆင်ရေးကို ကြိုဆိုထောက်ခံကြောင်း လှုပ်ရှားမှုပြုလုပ်
["ရန်ကုန်၊ ဇူလိုင် ၂၉", "မန္တလေးတွင် ၁၀၂၇ စစ်ဆင်ရေးနှင့် ရှမ်း-မန်းစစ်ဆင်ရေးကို ကြိုဆိုထောက်ခံကြောင်း Anti-junta Forces Coordination Committee – Mandalay က လှုပ်ရှားမှု ပြုလုပ်ကြောင်း သိရှိရသည်။", "ယခု၁၀၂၇ စစ်ဆင်ရေး၊ ရှမ်း-မန်းစစ်ဆင်ရေးလှိုင်းတွေကို မန္တလေးပြည်သူလူ ထုက ဝန်းရံ၊ ထောက်ခံ ကြိုဆိုလျက်ရှိကြောင်းကို လုံခြုံရေ...
https://yktnews.com/2022/07/25216/
အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ အပါအဝင် G 7 အဖွဲ့ဝင် နိုင်ငံများက အကြမ်းဖက်စစ်ကောင်စီ၏ သေဒဏ်စီရင်မှုကို ပြင်းထန်စွာ ရှုတ်ချ၊ သေဒဏ်ပေးမှုတွေ ထပ်မလုပ်ရန် စစ်ကောင်စီကို သတိပေး
["ရန်ကုန်၊ ဇူလိုင် ၂၉", "မြန်မာနိုင်ငံတွင် စစ်အာဏာရှင်က ဒီမိုကရေစီအရေး လှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်ခဲ့ခြင်းအပေါ် ဂျီ-၇ အဖွဲ့ဝင်နိုင်ငံများဖြစ်သော ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့မှ နိုင်ငံခြားရေးဝန်ကြီးများ နှင့် ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ်တို့မှ ပြင်းထန်စွာရှုတ်ချလိုက်ကြောင...
https://yktnews.com/2024/07/176207/
နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ
["ရန်ကုန်၊ ဇူလိုင် ၂၉", "ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ဇူလိုင်လ၂၉ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#s...
https://yktnews.com/2024/07/176264/
ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင် ကလေးငယ်များ ဝမ်းရောဂါ စတင်ဖြစ်ပွားနေပြီး အသက်အန္တရာယ်ရှိလာမည်ကို စိုးရိမ်ရ
["ရန်ကုန်၊ ဇူလိုင် ၂၉", "ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင် ကလေးငယ်များ ဝမ်းရောဂါ စတင်ဖြစ်ပွားနေပြီး အသက်အန္တရာယ်ရှိလာမည်ကို စိုးရိမ်ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "ဇူလိုင်လ ပထမ အပတ်ကစတင်၍ ရခိုင်ပြည် ပုဏ္ဏားကျွန်း မြို့နယ်တွင် စစ်ဘေးရှောင်ကလေးငယ်များ ဝမ်းရောဂါ ဖြစ်ပွားနေသည်မှာ ကောင...
https://yktnews.com/2022/07/25254/
ရန်ကုန်၊ သန်လျင်မြို့ ရေတပ်သင်္ဘောကျင်းဌာနချုပ်မှ ဗိုလ်ကြီး ၁ ဦး ဘောလခဲ PDF တပ်ဖွဲ့ထံ CDM ပြုလုပ်
["ရန်ကုန်၊ ဇူလိုင် ၂၉", "ရန်ကုန်တိုင်း သန်လျင်မြို့ ရေတပ်သင်္ဘောကျင်းဌာနချုပ်မှ ဗိုလ်ကြီး ၁ ဦးသည် ဘောလခဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (BPDF) ထံ CDM ပြုလုပ်လာကြောင်း BPDF တပ်ဖွဲ့မှ ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။", "အဆိုပါ ရေတပ် CDM ဗိုလ်ကြီးသည် ဘောလခဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (BPDF) သို့ Job For Kayah မှတဆင့် ဆ...
https://yktnews.com/2022/07/25257/
စမ်းချောင်း၊ ဗဟိုလမ်းတွင် စစ်ကားပေါ် တင် ဖမ်းလာသော လူငယ်တစ်ဦး ထွက်ပြေး၍ စစ်တပ်က လိုက်လံ ပစ်ခတ်ဖမ်းဆီး၊ လူငယ် ဒဏ်ရာရ
["ရန်ကုန်၊ ဇူလိုင် ၂၉", "ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းတွင် စစ်ကားပေါ်တွင် တင်၍ ဖမ်းလာသော လူငယ်တစ်ဦး ထွက်ပြေး၍ စစ်တပ်က လိုက်လံ ပစ်ခတ် ဖမ်းဆီးမှု ယနေ့ နံနက်ပိုင်းဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။", "“လူငယ်လေးတစ်ဦးကို စစ်ကားပေါ်တင်ထားတယ်။ ဖမ်းလာတာက ဘယ်ကဖမ်းလာတာလဲတော့မသိဘူး။ အဲဒါ စစ်သားတွေက ကားရပ်ပ...
https://yktnews.com/2022/07/25272/
စစ်သားများအတွက် လစာ ထုတ်ယူလာသော ဖောင်ကြီး ခမရ ၇၀၉ မှ တပ် ထောက် ဗိုလ်ကြီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ငွေကျပ် သိန်း ၂၀၀ ကျော် ပါသွား
["ရန်ကုန်၊ ဇူလိုင် ၂၉", "ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် တပ်အတွက် လစာများ ထုတ်ယူလာသော ဖောင်ကြီး ခမရ ၇၀၉ မှ တပ်ထောက်ဗိုလ်ကြီးတစ်ဦး ယနေ့ ပစ်ခတ်ခံရပြီး သေဆုံးသွားကာ ငွေကျပ် သိန်း ၂၀၀ ကျော်ကို သေနတ်သမားများက ယူဆောင်သွားကြောင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်ထံမှ သိရှိရသည်။", "ယနေ့ညနေ ၃ နာရီခွဲခန့်အချိန် ရန်ကုန်တိုင်း၊ စကခ ၄ လ...
https://yktnews.com/2022/07/25221/
ရန်ကုန်မြို့လယ်ခေါင် မြို့တော်ခန်းမရှေ့တွင် သေဒဏ်စီရင်မှု ထောက်ခံပွဲကို လမ်းများပိတ်၍ ပြုလုပ်နေ၊ စစ်တပ်က လုံခြုံရေးယူပေးထားပြီး မဘသ၊ စစ်မှုထမ်းဟောင်းနှင့်အမျိုးသားရေး အစွန်းရောက် အများအပြားတက်
["ရန်ကုန်၊ ဇူလိုင် ၂၉", "ရန်ကုန်မြို့လယ်ခေါင်၊ မြို့တော်ခန်းမနှင့်မဟာဗန္ဓုလပန်းခြံရှေ့တွင် စစ်တပ်၏ သေဒဏ်ပေးမှုများကို ထောက်ခံသော လှုပ်ရှားမှုကို မဘသ ၊ စစ်မှုထမ်းဟောင်းနှင့် အမျိုးသားရေး အစွန်းရောက် အများအပြား တက်ရောက်နေကြောင်း ရန်ကုန်မြို့ခံများထံမှ သိရှိရသည်။", "ဇူလိုင်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်က ဆူးလ...
https://yktnews.com/2024/07/176237/
လှိုင်သာယာမြို့နယ်တွင် စစ်တပ် ပတ်ကင်းယာဉ်တန်းကို ဖောက်ခွဲ တိုက်ခိုက်
["ရန်ကုန်၊ ဇူလိုင် ၂၉", "ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ပတ်ကင်းယာဉ်တန်းကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း GOD’S HAND FORCES အဖွဲ့ တာဝန်ခံ ဆရာကျောင်း ကရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် လှိုင်သာယာမြို့နယ်၊ အဆင့်မြင့်မှတ်တိုင်နှင့် ဗိုလ်ချုပ...
https://yktnews.com/2024/07/176196/
ရှမ်းပြည်တောင်ပိုင်းကို RCSS/SSA က ကာကွယ်မည်ဟု ကြေညာလာ
["ရန်ကုန်၊ ဇူလိုင် ၂၉", "ရှမ်းပြည်တောင်ပိုင်းတည်ငြိမ်ရေးနှင့် ပြည်သူလူထုကို ကာကွယ်သွားမည်ဖြစ်ပြီး ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ မျက်နှာချင်းဆိုင်တွေ့ဆုံဖြေရှင်း သွားကြရန် RCSS/SSA က ကြေညာလာသည်။", "ဇူလိုင်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ဗဟို ဌာနချုပ် ...
https://yktnews.com/2024/07/176251/
လားရှိုးမြို့ ၇ ရပ်ကွက်ရှိ စတိုးဆိုင်ကို ခိုးဆိုးလုယက်နေသူ ၃၀ ဦးကို MNDAA တပ်များက ပညာပေး တားဆီး
["ရန်ကုန်၊ ဇူလိုင် ၂၉", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ၇ ရပ်ကွက်ရှိ စတိုးဆိုင်တစ်ဆိုင်ကို ဖောက် ထွင်းခိုးဆိုးလုယက်နေကြသူများကို MNDAA တပ်များက ပညာပေး တားဆီးမောင်းထုတ်ခဲ့ကြောင်း MNDAA က ထုတ်ပြန်ပြောသည်။", "ဇူလိုင် ၂၈ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် လားရှိုးမြို့ ရပ်ကွက် ၇ တွင် ကုန်စည်များ သယ်ဆောင်လာသူ အများအပြားကိ...
https://yktnews.com/2024/07/176232/
လားရှိုးမြို့ကို MNDAA က သိမ်းပိုက်လိုက်မှုကျန်းမာရေး မိသားစု-မန္တလေး(MFM) က ကျေးဇူးတင်ဂုဏ်ပြုပြီး တိုက်ပွဲတိုင်း အောင်မြင်စေရေး ဆုတောင်းပေး
["ရန်ကုန်၊ ဇူလိုင် ၂၉", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို ကိုးကန့် MNDAA က သိမ်းပိုက်လိုက်မှုအပေါ် CDM ကျန်းမာရေးဝန်ထမ်းများဖြင့် စုဖွဲ့ထားသော ကျန်းမာရေး မိသားစု-မန္တလေး(MFM) က ကျေးဇူးတင်ဂုဏ်ပြုပြီး တိုက်ပွဲတိုင်း အောင်မြင်စေရေး ဆုတောင်းပါကြောင်း ယနေ့ သတင်းထုတ်ပြန်လိုက်သည်။", "MNDAA က ဇူလိုင်လ ၂၅ ရက်နေ့တွင် လ...
https://yktnews.com/2024/07/176291/
လားရှိုးမီးရထားဘူတာရုံကို MNDAA တပ်များက သိမ်းပိုက်လိုက်ပြီး အရှေ့မြောက် တိုင်းစစ်ဌာနချုပ်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေ
["ရန်ကုန်၊ ဇူလိုင် ၂၉", "ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ မီးရထားဘူတာရုံကို MNDAA တပ်များက သိမ်းပိုက်လိုက်ကြောင်း MNDAA ဘက်က ပြောဆိုသည်။", "ဇူလိုင်လ ၂၈ ရက်နေ့တွင် လားရှိုးမီးရထားဘူတာရုံကို MNDAA က သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိ လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွာ...
https://yktnews.com/2024/07/176230/
လားရှိုးအကျဉ်းထောင်မှ လွတ်မြောက်လာသည့် NLD ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် မြောက်ပိုင်းမဟာမိတ်တပ်များ အဆက်အသွယ်ရရှိဟု သမီးဖြစ်သူ ဒေါ်မေသင်္ကြန်ဟိန်ပြော
["ရန်ကုန်၊ ဇူလိုင် ၂၉", "လားရှိုးအကျဉ်းထောင်မှ လွတ်မြောက်လာသည့် NLD ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် မြောက်ပိုင်းမဟာမိတ်တပ်များ အဆက်အသွယ်ရရှိဟု အသိပေးလာကြောင်း သမီးဖြစ်သူ ဒေါ်မေသင်္ကြန်ဟိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့တွင် ဖခင်ဖြစ်သူ ဦးထွန်းထွန်းဟိန် အပါအဝင်...
https://yktnews.com/2024/07/176268/
လားရှိုးအကျဉ်းထောင်မှ လွတ်မြောက်လာသော ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ကျဉ်း ၂၀၀ ကျော်ကို ပြည်သူ့ကာကွယ် ရေးအဖွဲ့ နှင့် တော်လှန်ရေးအင်အားစုများက စောင့်ရှောက်ထားဟုဆို
["ရန်ကုန်၊ ဇူလိုင် ၂၉", "လားရှိုးအကျဉ်းထောင်မှ လွတ်မြောက်လာသော ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ကျဉ်း ၂၀၀ ကျော်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) လးရှိုး နှင့် တော်လှန်ရေးအင်အားစုများက စောင့်ရှောက်ထားကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးမောင်မောင်ဆွေကသတင်းထုတ်ပြန်ထားသည်။", "“ဆရာဦးထွန်းထွန်းဟိန်အပါန...
https://yktnews.com/2024/07/176258/
စစ်ကောင်စီ၏ ဝန်ထမ်းလစာတိုး ဂယက်ကြောင့် အခေါက်ရွှေစျေး ၆၄ သိန်း ၉ သောင်းအထိ စံချိန်ချိုး မြင့်တက်၊ အမေရိကန်တစ်ဒေါ်လာ ၅၂၃၀ စျေးပေါက်
["ရန်ကုန်၊ ဇူလိုင် ၂၉", "အကြမ်းဖက် စစ်ကောင်စီက ဩဂုတ်လ ၁ ရက်နေ့မှစတင်ပြီး ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများကို ငွေကျပ် သုံးသောင်စီ တိုးမြှင့်ပေးမည်ဟု ကြေညာလိုက်မှုကြောင့် ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အခေါက်ရွှေစျေးမှာ တစ်ကျပ်သားလျှင် ၆၄ သိန်း ၉ သောင်းအထိ စံချိန်တင်မြင့်တက်သွားကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှ...
https://yktnews.com/2022/07/23393/
တော်လှန်ရေးတိုက်ပွဲဝင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF B-05 အမျိုးသမီးတပ်ခွဲမှ စစ်မေများအတွက် ထောက်ပို့ကမ်ပိန်းပြုလုပ်မည်
["ရန်ကုန်၊ ဇူလိုင် ၃", "ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF B-05 အမျိုးသမီးတပ်ခွဲမှ စစ်မေများအတွက် “ပျိုမေတို့ တော်လှန် ဆယ်လ်မွန်ငါးတို့အပြန်” အမည်ရ ထောက်ပို့ကမ်ပိန်းကို ဇူလိုင် ၁ ရက်နေ့မှ ၂၁ ရက်နေ့ အထိ ပြုလုပ်မည်ဟု သိရှိရသည်။", "နွေဦးတော်လှန်ရေးတွင် ကဏ္ဍစုံမှ အမျိုးသမီးများ ပါဝင်နေကြသည့်နည်းတူ ယခုပြုလုပ်မည့် ကမ်ပိန်...
https://yktnews.com/2022/07/23445/
ကျောက်ကြီးမြို့နယ်၊ မူပယ်ရွာသား ၄ ဦးကို စစ်တပ်က ပစ်သတ် နေအိမ်နှင့် ပစ္စည်းများကို မီးရှို့ဖျက်ဆီး၊ ဆိပ်ဖြူ၊ ရှားလှ ရွာသား ၁ ဦးကိုလည်း စစ်တပ်က ဖမ်းဆီးသတ်ဖြတ်
["ရန်ကုန်၊ ဇူလိုင် ၃", "ကရင်ပြည်နယ် ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် လော်မူပယ် ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၂ ရက်နေ့ ညနေ ၄ နာရီ ၅၅ မိနစ်အချိန်တွင် ဝင်ရောက်စီးနင်းပြီး ဒေသခံ ပြည်သူ ၄ ဦးကို ပစ်သတ်ခဲ့ကြောင်း KNU- ကရင်အမျိုးသား အစည်းအရုံးဗဟိုမှ ထုတ်ပြန်ထားသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လော်မူပယ်ကျေးရွာ...
https://yktnews.com/2022/07/23348/
KNU တပ်မဟာ ၅ နယ်မြေတွင် ဇွန်လအတွင်း စစ်ကောင်စီတပ်နှင့် KNLA ကြား တိုက်ပွဲ ၂၂၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၉၄ ဦးသေဆုံး ၅၅ ဦး ဒဏ်ရာရ
["ရန်ကုန်၊ ဇူလိုင် ၃", "ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်ခရိုင်အတွင်း နယ်မြေကျူးကျော်လာသော အကြမ်းဖက်စစ်တပ်၊ လက်ပါးစေ BGF များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ လက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲများကြား ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ တိုက်ပွဲပေါင်း ၂၂၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီနှင့် BGF...
https://yktnews.com/2024/07/171225/
မတူပီမြို့သိမ်း တိုက်ပွဲအတွင်း စစ်တပ်က ပြည်သူများ နေထိုင်သည့် ရပ်ကွက်များကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်မှတ်ထား တိုက်ခိုက်၍ နေအိမ်များ ပျက်စီး
["ရန်ကုန်၊ ဇူလိုင် ၃", "ချင်းပြည်နယ်၊ မတူပီမြို့သိမ်း တိုက်ပွဲအတွင်း စစ်တပ်က ပြည်သူများ နေထိုင်သည့် ရပ်ကွက်များကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်မှတ်ထား တိုက်ခိုက်၍ နေအိမ်များ ပျက်စီးခဲ့ကြောင်း Chinland Defense Force Matupi – Brigade 1 အဖွဲ့ထံမှ သိရသည်။", "ဇွန်လ ၉ ရက်နေ့မှ ၂၉ ရက်နေ့အထိ မတူပီ မြို့သိမ်း တိုက်ပွဲအတွင...
https://yktnews.com/2022/07/23396/
မြောင်တွင် PDF တပ်ပေါင်းစုများ၏ မိုင်းခွဲမှုနှင့် Mytel အမြှောက်ကျည်ဖြင့် ပစ်ခတ်မှုကြောင့် စစ်သား ၄ ဦးသေဆုံး၊ ဝက်လက်တွင် လက်နက်အင်အားမမျှ၍ PDF ၁၁ ဦးကျဆုံးပြီး စစ်သား ၂ ဦးသေဆုံး
["ရန်ကုန်၊ ဇူလိုင် ၃", "စစ်ကိုင်းတိုင်းမြောင်မြို့နယ်၊ မုံရွာ-မန္တလေးမ်းပိုင်း ကားလမ်းပေါ် နတ်ရေကန်နှင့် ရေပိုးစားကျေးရွာအကြား တွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီတပ်ကို မိုင်းခွဲခြင်း၊ Mytel အမြှောက်ကျည်ဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် စစ်သား ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း ဗိုလ်နေတိုးက ပြောဆိုသည်။", "ယနေ့ နံနက် ၁၁ နာရီခွ...
https://yktnews.com/2024/07/171168/
ချောင်းဦး၊မုံရွာ-မန္တလေးလမ်းပေါ်တွင် ကြေးနီတင်ယာဉ်တန်းကို မိုင်းများဖြင့် ၂ ရက် ဆက်တိုက် ဖောက်ခွဲ တိုက်ခိုက်
["ရန်ကုန်၊ ဇူလိုင် ၃", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းပေါ်တွင် ကြေးနီတင်ယာဉ်တန်းကို မိုင်းများဖြင့် ၂ ရက် ဆက်တိုက် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းPeople’s Defense Force – South Monywaမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Daung Karyan ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "ယမန်နေ့ ဇူလိုင်လ ၁ ရက် ...
https://yktnews.com/2024/07/171240/
အရာတော်၊ အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရေးကျောင်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်မှု စခန်းအတွင်း ကျရောက်
["ရန်ကုန်၊ ဇူလိုင် ၃", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရေးကျောင်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်မှု စခန်းအတွင်း ကျရောက်ပေါက်ကွဲကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "ဇူလိုင်လ ၂ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်မှ ညနေ ၅ နာရီအချိန်အထိ အရာတော်မြို့နယ်၊ အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရ...
https://yktnews.com/2024/07/171159/
လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် လူထုစည်းရုံးရေးအသိပညာပေးလှုပ်ရှားမှု ပြုလုပ်
["ရန်ကုန်၊ ဇူလိုင် ၃", "ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျေးရွာစျေးတစ်စျေးတွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) ၊ လူထုစည်းရုံးရေးဆပ်ကော်မတီက လူထုစည်းရုံးရေး အသိပညာပေးလှုပ်ရှားမှု သွားရောက်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "အာဏာသိမ်းစစ်တပ်အနေနှင့် မြေပြင်တိုက်ပွဲများတွင် စစ်ရေးအရအရေးနှိမ့်နေချိန် ပြည်သူမျ...
https://yktnews.com/2022/07/23427/
ဘန်ကောက်မြို့တွင် မြန်မာနိုင်ငံသားများ ဦးဆောင်ကာ တော်လှန်ရေး ရဲဘော်များကို ကူညီထောက်ပံ့ရန် အလှူခံထွက်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
["ရန်ကုန်၊ ဇူလိုင် ၃", "ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြင်ပရောက် မြန်မာနိုင်ငံသားများ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် တော်လှန်ရေး ရဲဘော်များကို ကူညီထောက်ပံ့ရန် အလှူခံထွက်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/07/171222/
မုန်းမြို့နယ်၊ နောင်ချိုကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး သေဆုံးပြီး ၄ ဦး ထိခိုက် ဒဏ်ရာ
["ရန်ကုန်၊ ဇူလိုင် ၃", "ပဲခူတိုင်း၊ မုန်းမြို့နယ်ရှိ နောင်ချိုကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေသပြည်သူ ၂ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက ပြောဆိုသည်။", "ဇူလိုင်လ ၁ ရက်နေ့ ည ၇ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ မုန်းမြို့ အခြေစိုက် ခမရ...
https://yktnews.com/2022/07/23351/
မုန်းမြို့နယ်အတွင်းရှိ စစ်တပ် စခန်း ၅ ခုကို တစ်ပြိုက်တည်း သိမ်းယူဟု KNU က ကြေညာ၊ စစ်တပ် တပ်ရင်းမှူး အပါအဝင် ၄ ဦးသေဆုံးပြီး အများအပြား ထွက်ပြေး၊ လေယာဉ်ဖြင့် ဗုံးကျဲ၍ ပြည်သူ ၄ ဦးသေဆုံး
["ရန်ကုန်၊ ဇူလိုင် ၃", "ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ စခန်း ၅ ခုကို တစ်ပြိုက်နက်တည်းတိုက် ခိုက် သိမ်းယူဟု KNU က ကြေညာလိုက်ပြီး စစ်တပ် တပ်ရင်းမှူး အပါအဝင် ၄ ဦးသေဆုံးပြီး အများအပြား ထွက်ပြေးကြောင်း KNU က သတင်းထုတ်ပြန်သည်။", "ဇူလိုင်လ၂ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်တွင် ကေအဲန်ယူ-မု...
https://yktnews.com/2024/07/171138/
တောင်ငူမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင် ၆ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ စစ်သားအဖြစ် စုဆောင်းမည့် လူငယ်များစာရင်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိ
["ရန်ကုန်၊ ဇူလိုင် ၃", "ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင် ၆ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကာ ၎င်းတို့ထံမှ စစ်သားအဖြစ် စုဆောင်းမည့် လူငယ်များစာရင်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိကြောင်း ငါးပြေမပြောက်ကြားတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ပျူစောထီး တပ်ဖွဲ့ဝင်များကို ရှ...
https://yktnews.com/2024/07/171210/
အမေရိကန်တစ်ဒေါ်လာလျှင် ၄၆၀၀ ကျပ်ကျော်သို့ စျေးမြင့်တက်ပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၅ သိန်းကျော် စျေးပေါက်နေ
["ရန်ကုန်၊ ဇူလိုင် ၃", "ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လျှင် ငွေကျပ် ၄၆၀၀ ကျော်သို့ စျေးမြင့်တက်ပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၅ သိန်းစျေးပေါက်နေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။", "စစ်ကောင်စီက အိမ်ရာချေးငွေများ ဗဟိုဘဏ် သတ်မှတ်ထားသည်ထက် ကျော်လွန် ချေးငှားသည်ဟုဆိုကာ ပုဂ္ဂလိကဘဏ် ၇ ခုကို ...
https://yktnews.com/2022/07/23381/
ပေါက်မြို့နယ်၊ သရက်ကန်ရွာကို စစ်တပ်က မီးတင်ရှို့နေ၊ ရွာလုံးကျွတ် ထွက်ပြေးနေရ
["ရန်ကုန်၊ ဇူလိုင် ၃", "မကွေးတိုင်း ပေါက်မြို့နယ် သရက်ကန်ရွာကို အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဝင်ရောက်စီးနင်းပြီး မီးတင်ရှို့နေကာ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင် နေရ​ကြောင်း We love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "လက်ရှိချိန်တွင် ကျေးရွာအတွင်းရှိ ပ...
https://yktnews.com/2024/07/171148/
ကျောက်ပန်းတောင်းမြို့နယ်၊ မဲထီးကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးချစ်သိန်း ပစ်ခတ်ခံရပြီး သေဆုံး
["ရန်ကုန်၊ ဇူလိုင် ၃", "မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ မဲထီးကျေးရွာစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ချစ်သိန်း ကို နေအိမ်အတွင်းဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း Chauk Guerilla Force – CGF တာဝန်ခံ ကိုဘကွန်းကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇူလိုင်လ ၂ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က မကွေး...
https://yktnews.com/2024/07/171143/
စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာနယ်မြေ ရဲစခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိ၊ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်
["ရန်ကုန်၊ ဇူလိုင် ၃", "မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာ နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ဒေသပြည်သူများနှင့်စစ်ရေး သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇွန်လ ၃၀ ရက်နေ့မှ စတင်ပြီး စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာရဲကင်းစခန်းတွင် တိုက်ပွဲများ စတင...
https://yktnews.com/2024/07/171214/
စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးရွာ ရဲကင်းစခန်းတွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ပြည်သူ ၃ ဦး သေဆုံး
["ရန်ကုန်၊ ဇူလိုင် ၃", "မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးရွာရဲစခန်းတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က အနီးနားရှိ ရွာများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးကရန်က...
https://yktnews.com/2024/07/171117/
မတ္တရာ၊ အမှတ် ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်ရင်းကို PDF က တိုက်ခိုက် သိမ်းပိုက်မှု စစ်တပ် တပ်မှူးများနှင့် လက်နက်ချ အညံ့ခံသော အရာရှိနှင့်စစ်သည်များကို စစ်ကောင်စီက အရေးယူမည်
["ရန်ကုန်၊ ဇူလိုင် ၃", "မန္တလေးတိုင်း၊ မတ္တရာမြို့ နယ်၊ အမှတ် ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်ရင်းကို PDF များက တိုက်ခိုက် သိမ်းပိုက်သွားမှုနှင့်ပတ်သက်ပြီး ကွပ်ကဲနေသော စစ်တပ် အကြီးအကဲတပ်မှူးများနှင့် လက်နက်ချ အညံ့ခံသည့် အရာရှိနှင့်စစ်သည်များကို စစ်ကောင်စီက စုံစမ်းစစ်ဆေး အရေးယူရန် ညွှန်ကြားလိုက်ကြောင်း သိရှိ...
https://yktnews.com/2024/07/171123/
မြင်းခြံခရိုင်မှ သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် မှောက်မှု စတင်လိုက်ပြီး ပြည်သူများနှင့် ချီတက် ဆန္ဒပြ၊ သံဃာများ ကံဆောင် သပိတ်မှောက်သည့် မြို့နယ် ၁၇ ခုအထိ ရှိလာ
["ရန်ကုန်၊ ဇူလိုင် ၃", "မန္တလေးတိုင်း၊မြင်းခြံခရိုင်အတွင်းမှ သံဃာတော်များက အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် မှောက်မှု ယမန်နေ့ ဇူလိုင်လ ၂ ရက်နေ့တွင် စတင်လိုက်ပြီး ပြည်သူများနှင့်အတူ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။", "မြင်းခြံခရိုင်တွင် မြင်းခြံ၊ တောင်သာ နှင့် နွားထိုးကြီးမြို့နယ်တို့ပါဝင်ပြီး လက်ရှိအခ...
https://yktnews.com/2022/07/23356/
ဘီးလင်းလွှတ်တော်အမတ် ဦးကျော်မျိုးမင်းနှင့်အတူ ဖမ်းဆီးခံရသော NLD ပါတီဝင် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့ကို စစ်တပ်က ရက်ရက်စက်စက် ညှဉ်း ပန်းနှိပ်စက် သတ်ဖြတ်ခဲ့၊ အလောင်းပြန်လည်ရရှိ
["ရန်ကုန်၊ ဇူလိုင် ၃", "မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် NLD ဥက္ကဋ္ဌလည်းဖြစ်၊ မွန်ပြည်နယ်လွှတ်တော် အမတ်လည်းဖြစ်သူ ဦးကျော်မျိုးမင်းနှင့်အတူ ဇွန်လ ၂၂ ရက်နေ့ ဖမ်းဆီးခံလိုက် ရသော NLD ပါတီဝင် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့ကို စစ်တပ်က ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ပြီး အလောင်း ၂ လောင်း ပြန်လည်ရရှိ ကြောင်း NLD ပါတီဝ...
https://yktnews.com/2022/07/23365/
ပြည်သူထောင်ချီ သတ်ဖြတ်ခဲ့သော မိစ္ဆာကောင် မင်းအောင်လှိုင် ၆၆ နှစ်မွေးနေ့တွင် ယုတ်မာသမျှ ပြန်ခံရပြီး မိသားစုလိုက် အသေဆိုးဖြင့် သေစေရေး ကျိန်စာတိုက်
["ရန်ကုန်၊ ဇူလိုင် ၃", "ယနေ့ ဇူလိုင်လ ၃ ရက်နေ့ ကျရောက်သည့် ပြည်သူထောင်ချီ သတ်ဖြတ်ခဲ့သော မိစ္ဆာကောင် မင်းအောင်လှိုင် ၆၆ နှစ်မွေးနေ့တွင် ယုတ်မာသမျှ ပြန်ခံရပြီး အသေ ဆိုးဖြင့် မိသားစုလိုက် ဆွေစဉ်မျိုးဆက် သေစေရေး ကျိန်စာတိုက်မှု တစ်ရပ်ကို ပြည်သူတချို့က ယနေ့တွင် လုပ်ဆောင်ကြသည်။"]
https://yktnews.com/2024/07/171174/
ရန်ကုန်တိုင်းပကဖမှ တိုက်ခိုက်ရေးရဲဘော်များ တောင်ပိုင်းတိုင်းတွင် ပူးပေါင်းတာဝန်ထမ်းဆောင်ပြီး ရန်ကုန် မြို့ပြ စစ်ဆင်ရေး အတွက် ပြင်ဆင်နေ
["ရန်ကုန်၊ ဇူလိုင် ၃", "ရန်ကုန်တိုင်းပကဖမှ တိုက်ခိုက်ရေးရဲဘော်များ တောင်ပိုင်းတိုင်းတွင် ပူးပေါင်းတာဝန်ထမ်းဆောင်ပြီး မြို့ပြ စစ်ဆင်ရေး အတွက် ပြင်ဆင်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။", "ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရန်ကုန်ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့ ရဲဘော်များက တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း လုံခြုံရေ...
https://yktnews.com/2024/07/171156/
တောင်ဒဂုံတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်တပ်က လူငယ်တချို့ကို ဖမ်းဆီးသွားခဲ့
["ရန်ကုန်၊ ဇူလိုင် ၃", "ရန်ကုန်တိုင်း၊ ဒဂုံ​မြို့သစ်တောင်ပိုင်း၊ ၆၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ယမန်နေ့ညပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်တပ်က လူငယ်တချို့ကို မသင်္ကာမှုဖြင့် ဖမ်းဆီးသွားကြောင်းဒေသပြည်သူတချို့ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ ဇူလိုင်လ ၂ ရက်နေ့ ည ၈ နာရီ ၅၈ မိနစ်အချိန် ဒဂုံမ...
https://yktnews.com/2022/07/23451/
တာမွေ ကျားကွက်သစ်ရပ်ကွက်ရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက်မှု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တပည့် ချစ်ဖူးအောင် သေဆုံး၊ အမျိုးသမီးတစ်ဦး ခြေကျိုး
["ရန်ကုန်၊ ဇူလိုင် ၃", "ရန်ကုန်မြို့ တာမွေမြို့နယ် ဓမ္မစိန္တာလမ်းရှိ ကျားကွက်သစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ယနေ့ ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် လက်ပစ်ဗုံးဖြင့် ပစ်ပေါက်မှု ဖြစ်ပွားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး၏တပည့်ဖြစ်သူ ချစ်ဖူးအောင်(ခ) မင်းသားကြီး သေဆုံးကာ အမျိုးသမီး ၁ ဦး ခြေကျိုးသွားကြောင်း သိရှိရသည်...
https://yktnews.com/2024/07/171217/
ရန်ကုန်မြို့တွင် တော်လှန်ရေး လူငယ်များက စစ်ကောင်စီကို သတိ‌ပေး စာတန်း ချိတ်ဆွဲ
["ရန်ကုန်၊ ဇူလိုင် ၃", "ရန်ကုန်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon – AJAY) မှ တော်လှန်ရေးလူငယ်များက စစ်ကောင်စီကို သတိ‌ပေး စာတန်း ချိတ်ဆွဲခဲ့ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThi...
https://yktnews.com/2024/07/171181/
မရမ်းကုန်းမြို့နယ်ရှိ ပြည်သူများက သံဃာတော်များ၏ ကံဆောင် သပိတ်ကို ထောက်ခံကြောင်း လှုပ်ရှားမှုပြုလုပ်
["ရန်ကုန်၊ ဇူလိုင် ၃", "ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ပြည်သူများက သံဃာတော်များ၏ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်ကို ထောက်ခံကြောင်း သပိတ်လှုပ်ရှားမှုကို ယနေ့ ဇူလိုင်လ ၃ ရက်တွင် ပြုလုပ်ခဲ့ကြသည်။", "အဆိုပါ သပိတ်လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့ဖြစ်သည့် Mayangone Democratic Front (MDF)၊ LinnYoungNi Youth Assoc...
https://yktnews.com/2024/07/171171/
လားရှိုးမြို့ ပတ်ပတ်လည်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် လားရှိုးလေယာဉ်ခရီးစဉ်များအားလုံး ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း ဖျက်သိမ်း
["ရန်ကုန်၊ ဇူလိုင် ၃", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ပတ်ပတ်လည်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် လားရှိုး လေယာဉ်ခရီးစဉ်များအားလုံး ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်း ဖျက်သိမ်းလိုက်ကြောင်း လေယာဉ်လက်မှတ်အရောင်းအေဂျင်စီတချို့ထံမှ သိရှိရသည်။", "ယနေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၄ နာရီကျော်အချိန်မှစတင်ပြီ...
https://yktnews.com/2024/07/171151/
လားရှိုးမြို့ပေါ် ရပ်ကွက် ၁ တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၅ ဦးသေဆုံး
["ရန်ကုန်၊ ဇူလိုင် ၃", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ် အမှတ် ၁ ရပ်ကွက်တွင် လက်နက် ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် လူ ၅ ဦးသေဆုံးသွားကြောင်း ဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့နံနက် ၄ နာရီအချိန် လားရှိုး​မြို့ ပတ်ပတ်လည်ရှိ စစ်ကောင်စီတပ်စခန်းများကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များက...
https://yktnews.com/2022/07/23384/
ဟိုပုံးမြို့တွင် အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင် မွေးနေ့ အဖြစ် အိမ်သာ သပိတ် ပြုလုပ်
["ရန်ကုန်၊ ဇူလိုင် ၃", "ဟိုပုံးမြို့တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင် မွေးနေ့အဖြစ် ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် အိမ်သာ သပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2022/07/25290/
ဆားလင်းကြီးတွင် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာများ ပြန်လည် ထူထောင်ရေး မိုးရေစက် ကမ်ပိန်း မဲလက်မှတ်များ ရောင်းချ၊ ပြည်သူများ ဝယ်ယူကြရန် နှိုးဆော်
["ရန်ကုန်၊ ဇူလိုင် ၃၀", "စစ်ကိုင်းတိုင်း ဆားလင်းကြီး​​မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးခဲ့သော ကျေးရွာများ ပြန်လည် ထူထောင်ရေး အတွက် မိုးရေစက် ကမ်းပိန်း ခေါင်းစဥ်ဖြင့် မဲလက်မှတ်များ ရောင်းချကာ ထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆားလင်းကြီး မြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။", "မဲလက်မှတ...
https://yktnews.com/2022/07/25307/
ဘုတလင်၊ ခဝဲကျင်းကျေးရွာ အုပ်ချုပ်ရေးမှူး ခင်မောင်မြင့်၊ဇနီး၊ လုံခြုံရေးအစောင့် စစ်သားဌေးနိုင်ဝင်း တို့ ၃ ဦး ပစ်ခတ်ခံရပြီးသေဆုံး၊ မင်းလှနှင့် ဘီးလင်းတို့တွင် အုပ်ချုပ်ရေးမှူးနှင့်စစ်တပ်သတင်းပေးများ ပစ်ခတ်ခံရပြီး သေဆုံး
["ရန်ကုန်၊ ဇူလိုင် ၃၀", "စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ခဝဲကျင်းကျေးရွာမှ စစ်ကောင်စီအုပ်ချုပ်ရေးမှူး ခင်မောင်မြင့်၊ ဇနီး၊ လုံခြုံရေးအစောင့် ဌေးနိုင်တို့ ၃ ဦး ပစ်ခတ်ခံရပြီး သေ ဆုံးသွားကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ နှင့်ဘုတလင်မြို့နယ် ဝံပုလွေ‌ ပြောက်ကျားတပ်ဖွဲ့ကတရားဝင်သတင်းထုတ်ပြန်သည်။", "ဇူလိုင်လ ၂၉ ရက်နေ့ မွန်းတ...
https://yktnews.com/2024/07/176375/
ပြင်ပ ဒေါ်လာတန်ဖိုး မြင့်တက်ချိန် စစ်ကောင်စီ ဗဟိုဘဏ်က စက်သုံးဆီတင်သွင်းရန် လိုအပ်သော ဒေါ်လာများ ရောင်းမပေး သည့်အပြင် ဆီစျေးနှုန်းကို အနိမ့်စျေးဖြင့် ဆက်ရောင်းခိုင်းနေ၍ ဆီပြတ်လပ်မှု ပြန်ဖြစ်နိုင်ဟု ဆီကုန်သည်များပြော
["ရန်ကုန်၊ ဇူလိုင် ၃၀", "စစ်ကောင်စီက ဝန်ထမ်းအားလုံး လစာတိုးမြှင့်လိုက်မှု၏ နောက်ဆက်တွဲ ပြင်ပစျေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးများ မြင့်တက်လာချိန် ဗဟိုဘဏ်က စက်သုံးဆီ တင်သွင်းရန် လိုအပ်သော အမေရိကန်ဒေါ်လာများ ရောင်းချမပေးသည့်အပြင် ဆီစျေးနှုန်းကိုပါ အနိမ့်စျေးဖြင့်ဆက်လက်ရောင်းချခိုင်းနေ၍ ဆီကုန်သည်များ အခက်တွေ့နေရကြောင်း စ...
https://yktnews.com/2024/07/176428/
အမေရိကန် တစ်ဒေါ်လာ ငွေကျပ် ၅၃၀၀ ကျော်အထိစံချိန်တင် မြင့်တက်နေပြီး ရွှေဈးနှုန်းမှာလည်း ၆၅ သိန်း ၅ သောင်းအထိ စျေးထိုးတက်
["ရန်ကုန်၊ ဇူလိုင် ၃၀", "ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၅၃၀၀ ကျော်အထိ စံချိန်တင်ထိုးတက်နေကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေးသမားများနှင့် လက်ကြီးနိုင်ငံခြားငွေလဲဒိုင်များက ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက ဇူလိုင်လ ၂၆ ရက်နေ့ တစ်နိုင်ငံလုံးရှိ ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများကို လ...
https://yktnews.com/2022/07/25319/
ဂန့်ဂေါတွင် စျေးထွက်ဝယ်သည့် ရဲ ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦးသေ ၊ ပေါက်မြို့ နယ်တွင် ရွာမီးရှို့ခဲ့သည့် စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၇ ဦးသေဆုံး၊ ရဲနှင့်ပျူစောထီးလိုက်ပါသော ကား မိုင်းဆွဲခံရပြီး သေဆုံးမှုများနိုင်
["ရန်ကုန်၊ ဇူလိုင် ၃၀", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် စျေးဝယ်ထွက်သည့် ရဲ ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိကြောင်း PDF-GANGAW-တောင်ပိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။", "ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ ၂နာရီခွဲအချိန် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းမှ စျေးဝယ်ထွက်လာသော ရဲတပ်ဖွဲ့ဝင် ၃ ဦးကို P...
https://yktnews.com/2024/07/176411/
ပခုက္ကူ၊ ရေလာလေးကျေးရွာရှိ ပျူစောထီးတစ်ဦး၏ နာရေးအိမ်နှင့် မြိုင်မြို့နယ်၊ ဝက်ပုတ်ပျူစောထီးစခန်းတို့ကို ဒရုန်း ဖြင့် ဗုံးကျဲ တိုက်ခိုက်
["ရန်ကုန်၊ ဇူလိုင် ၃၀", "မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေးရွာ ပျူစောထီးနာရေးနှင့် မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာ ပျူစော ထီးစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ -မြိုင် မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇူလိုင်လ ၂၉ ရက် နေ့ မြိုင်မြို့...
https://yktnews.com/2022/07/25299/
မန္တလေး PDF လုံခြုံရေးယူထားသော နောင်ချိုနှင့် ပြင်ဦးလွင်မြို့နယ်အတွင်းသို့ ကျူးကျော်လာသော စစ်တပ် တိုက်ခိုက်ခံရပြီး စစ်သားသေဆုံးမှုများစွာဖြင့် ကစဉ့်ကလျားထွက်ပြေး
["ရန်ကုန်၊ ဇူလိုင် ၃၀", "မန္တလေး PDF လုံခြုံရေးယူထားသော နောင်ချိုနှင့် ပြင်ဦးလွင်မြို့နယ်အတွင်းသို့ ကျူးကျော်လာသော စစ်တပ် တိုက်ခိုက်ခံရပြီး စစ်သားသေဆုံးမှုများစွာဖြင့် ကစဉ့်ကလျားထွက်ပြေးသွားကြောင်း မန္တလေး PDF က သတင်းထုတ်ပြန် သည်။", "ဇူလိုင် ၂၂ ရက်နေ့မှစတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးနှင့် အကြမ်းဖက် စစ်ကောင်စီ...
https://yktnews.com/2024/07/176468/
ဇီးပင်ကြီး ဗဟို ဝန်ထမ်းတက္ကသိုလ်တွင် အမေရိကန်၊ တရုတ် မုန်းတီးရေးနှင့် လက်ရှိ နိုင်ငံရေး ဖြစ်စဉ်များသည် မင်းအောင်လှိုင်နှင့် မသက်ဆိုင်ကြောင်းများသာ သင်ကြားနေ
["ရန်ကုန်၊ ဇူလိုင် ၃၀", "မန္တလေးတိုင်း၊ ဇီးပင်ကြီး ဗဟို ဝန်ထမ်း တက္ကသိုလ်တွင် အမေရိကန်နိုင်ငံ၊ တရုတ်နိုင်ငံ မုန်းတီးရေးနှင့် လက်ရှိ နိုင်ငံရေး ဖြစ်စဉ်များသည် အကြမ်းဖက် မင်းအောင်လှိုင်နှင့် မသက်ဆိုင်ကြောင်းများသာ သင်ကြားနေကြောင်း သင်တန်းတက်ရောက် နေသူများကရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "လက်ရှိ ဇီးပင်ကြီး ဗဟို ဝန်...
https://yktnews.com/2022/07/25278/
မြင်းခြံမြို့နယ်၊ စံပြကျေးရွာရှိ ပျူစောထီးခေါင်းဆောင်၏ သက်တော်စောင့် ဒုတပ်ကြပ် ကျော်ဇင်ထွန်းကို နွားထိုးကြီး PDF ရှင်းလင်း၊ သေနတ် ၂ လက်နှင့် ကျည်ဆန်များ သိမ်းဆည်းရရှိ
["ရန်ကုန်၊ ဇူလိုင် ၃၀", "မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ စံပြကျေးရွာရှိ ရွာလူကြီး ပျူစောထီးခေါင်းဆောင်၏ သက်တော်စောင့်အဖြစ် လုပ်ကိုင်နေသော ဒုတပ်ကြပ် ကျော်ဇင်ထွန်းကို နွားထိုးကြီး PDF က ယမန်နေ့ ဇူလိုင်လ ၂၉ ရက်တွင် ပစ်ခတ်ရှင်းလင်းခဲ့ပြီး ၎င်းထံမှ သေနတ် ၂ လက်နှင့် ကျည်ဆံများ သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိသည်။", "ပျူစော...
https://yktnews.com/2024/07/176524/
မန္တလေးအထိ စစ်ရေးလှိုင်းများ ဆင်းလာနေပြီဖြစ်၍ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန် NUG ဝန်ကြီးချုပ် သတိပေး
["ရန်ကုန်၊ ဇူလိုင် ၃၀", "မန္တလေးအထိ ပြည်သူ့ကာကွယ်ရေးတပ်များ၏ စစ်ရေးလှိုင်းများ ဆင်းလာနေပြီဖြစ်၍ ကဏ္ဍအသီးသီးအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်းသန်းက သတိပေးပြောဆိုလိုက်သည်။", "အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် ၂၁/၂၀၂၄ တွင် ၎င်းက အထက်ပါအတိ...
https://yktnews.com/2024/07/176460/
မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခကြောင့် နိုင်ငံတော်ပြိုကွဲမည့် အနေအထားသို့ ရောက်ရှိနေသဖြင့် ငြိမ်းချမ်းသော နည်းလမ်းဖြင့် အဖြေရှာရန် UWSA တိုက် တွန်း
["ရန်ကုန်၊ ဇူလိုင် ၃၀", "မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခကြောင့် နိုင်ငံတော်ပြိုကွဲမည့် အနေအထားသို့ ရောက်ရှိနေပြီး ငြိမ်းချမ်းသော နည်းလမ်းဖြင့် အဖြေရှာရန် UWSA က ကြေ ညာ ချက် ထုတ်ပြန်တိုက်တွန်းလိုက်သည်။", "၂ဝ၂၁ခုနှစ် မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်ပွားသည့်အချိန်မှစ၍ “ဝ”ပြည်နယ်အနေဖြင့် မိမိ၏ သမိုင်း အတွေ့အကြုံနှင့် သင် ခန်းစ...
https://yktnews.com/2024/07/176387/
မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ရပ်ဆိုင်းရေး အိမ်နီးချင်းနိုင်ငံများက ပူးပေါင်းပါဝင်ကြိုးပမ်းကြရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း
["ရန်ကုန်၊ ဇူလိုင် ၃၀", "မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ရပ်ဆိုင်းရေး အိမ်နီးချင်းနိုင်ငံများက ပူးပေါင်းပါဝင်ကြရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsaက တိုက်တွန်းလိုက်ကြောင်းဘန်ကောက်ပို့စ်သတင်းအရ သိရှိရသည်။", "လာအိုနိုင်ငံတွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး တက် ရောက်ခဲ့စဉ် မီဒီယာများကို ထိုသ...
https://yktnews.com/2024/07/176431/
အော်ရီဒူးမြန်မာက ဝန်ထမ်း ၁၀၀ ကျော်ကို အတင်းအကျပ် အလုပ်ထုတ်ပြီး လျော်ကြေးမပေးမှု တိုင်ကြားမည်
["ရန်ကုန်၊ ဇူလိုင် ၃၀", "မြန်မာနိုင်ငံမှ ဆက်သွယ်ရေးအော်ပရေတာ ကုမ္ပဏီတစ်ခုဖြစ်သော အော်ရီဒူးမြန်မာက ပိုင်ရှင်အသစ်ထံသို့ လွှဲပြောင်းရန်ရှိနေချိန် ဝန်ထမ်း ၁၀၀ ကျော်ကို အာမခံ လိမ်လည်သည်ဟု စွပ်စွဲ၍ အတင်းအကျပ်အလုပ်ထုတ်လိုက်ပြီး လျော်ကြေးမပေးလို၍ အကြောင်းရှာ အလုပ်ထုတ်ခြင်းဖြစ်ကြောင်းအလုပ် ထုတ်ခံရသည့် ဝန်ထမ်းများကရန်ကုန်ခေတ်သစ်...
https://yktnews.com/2024/07/176393/
နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ
["ရန်ကုန်၊ ဇူလိုင် ၃၀", "ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ဇူလိုင်လ ၃၀ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#...
https://yktnews.com/2022/07/25275/
လက်အောက်ငယ်သားများကို ရိုက်နှက်ထိုးကြိတ်သော ကျောက်ဖြူနယ်ထိန်းခေါင်းဆောင် ရဲအုပ်အုန်းကျော်ဌေးကို ရဲတပ်သား စိုးလင်းအောင်က ပစ်သတ်၊ ရဲတပ်သားစိုးလင်းအောင် လက်နက်ဖြင့် လွတ်မြောက်သွား
["ရန်ကုန်၊ ဇူလိုင် ၃၀", "ရခိင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်ဖြူမြို့မရဲစခန်းတွင် လက်အောက် ငယ်သားများကို ရိုက်နှက်ထိုးကြိတ်သော ကျောက်ဖြူနယ်ထိန်းခေါင်းဆောင် ရဲအုပ်အုန်းကျော်ဌေးကို ရဲတပ်သား စိုးလင်းအောင်က ပစ်သတ်လိုက်ပြီး ရဲတပ်သားစိုးလင်းအောင် လက်နက်ဖြင့် လွတ်မြောက်သွားကြောင်း သိရှိရသည်။", "ဇူလိုင်လ ၂၉ ရက်နေ့ ည ၁၀ နာရီ...
https://yktnews.com/2022/07/25296/
Breaking News- ရန်ကုန်မြို့တော်ခန်းမအနီးတွင် ဗုံးပေါက်ကွဲ၊ လူနာတင် ကား ၃ စီး ရောက်ရှိ၊ လူငယ် ၂ ဦး ပစ်ခတ်ဖမ်းဆီးခံရ
["ရန်ကုန်၊ ဇူလိုင် ၃၀", "ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တော်ခန်းမ၊ စည်ပင် ဝင် ပေါက် အနီးတွင် ဗုံးပေါက်ကွဲပြီး လူနာတင်ကား ၃ စီးရောက်ရှိနေကြောင်း ရန်ကုန်မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သတင်းပေးပို့သည်။", "ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ၊ မည်သူမှ မရှိဘဲ ဗုံး...
https://yktnews.com/2022/07/25334/
ရန်ကုန်၊ လှိုင်သာယာ တံတားအဆင်းရှိ စစ်တပ် နှစ်ထပ်လုံခြုံရေး ဘန်ကာကို ၁၀ ဘီးကား ဝင်တိုက်၊ ရွှေဘိုတွင် ပျူစောထီးအဖွဲ့ လိုက်ပါသောကား လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်ပြီး ၂ ဦးသေဆုံး
["ရန်ကုန်၊ ဇူလိုင် ၃၀", "ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်၊ တံတား အဆင်း ၁ ထိပ်ရှိ အကြမ်းဖက် စစ်တပ်၏နှစ်ထပ် ဘန်ကာကို ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ၁၀ ဘီးကား ၁ စီးက ဝင်တိုက်ခဲ့ပြီး နှစ်ထပ်ဘန်ကာ အပေါ်ပိုင်း အနည်းငယ်ပျက်စီးသွားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "“၁၀ ဘ...
https://yktnews.com/2024/07/176434/
ရန်ကုန်တွင် စက်သုံးဆီများ ပြတ်လပ်ပြီး ဆီဆိုင်များတွင် ကားများ တန်းစီ၍ ဆီဝယ်ယူနေရ
["ရန်ကုန်၊ ဇူလိုင် ၃၀", "ရန်ကုန်မြို့တွင် စက်သုံးဆီများ စတင်ပြတ်လပ်ပြီး ဆီဆိုင်များတွင် ကားများ တန်းစီ၍ ဆီဝယ်ယူရမှုများရှိနေကြောင်း ရန်ကုန်မြို့မှ တက္ကစီယာဉ်မောင်းများနှင့်ကိုယ်ပိုင်ကားပိုင်ရှင်များကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းမှစတင်၍ ရန်ကုန်ရှိ စက်သုံးဆီအရောင်းဆိုင်များ...
https://yktnews.com/2022/07/25285/
ရန်ကုန် သေဒဏ်ပေးမှု ထောက်ခံပွဲ ခင်ရီနှင့်အေးနေဝင်းတပည့် ထိန်လင်းဦးဆောင်ပြီး ဘူးလက်လှဆွေနှင့်အတူ ဟောပြော၊ မန္တလေးတွင်လည်း သေ ဒဏ်ပေးမှု ထောက်ခံပွဲ လုပ်နေ
["ရန်ကုန်၊ ဇူလိုင် ၃၀", "ရန်ကုန်မြို့တွင် ယမန်နေ့က ကျင်းပသည့် သေဒဏ်ပေးမှု ထောက်ခံပွဲကို ကြံ့ဖွတ်ဒုတိယဥက္ကဋ္ဌ၊ လ၀ကဝန်ကြီး ခင်ရီနှင့် အေးနေဝင်း၏ တပည့်အရင်းဖြစ်သူ ထိန်လင်းက ဦးဆောင်ပြုလုပ်ခဲ့ပြီး ဘူးလက်လှဆွေနှင့်အတူ ဟောပြောခဲ့ကြောင်း သိရှိရသည်။", "ထိန်လင်းသည် ကြံ့ဖွတ်ပါတီဝင်ဖြစ်ပြီး ခင်ရီ၏ တပည့်အရင်းဖြစ်ကြောင်း၊ အေးနေဝင်း၏...
https://yktnews.com/2022/07/25328/
ရွှေဘိုတွင် Denko ဆီဘောက်ဆာကားတစ်စီးကို PDFက ဖမ်းဆီးထိန်းသိမ်း၊ စစ်တပ်​ထောက်တိုင်အဖြစ်ပါဝင်​နေ၍ ဖမ်းဆီးဟုထုတ်ပြန်
["ရန်ကုန်၊ ဇူလိုင် ၃၀", "ရွှေဘိုခရိုင်တပ်ရင်း (၂၃) နှင့် မဟာမိတ်များ Shwe Bo Defense Force (SBDF)၊GZ Special Task Force. ပျောက်ကြားတပ်ဖွဲ့၊တောကြီးမြွေပွေးပျောက်ကြားတပ်ဖွဲ့ နှင့် ရွှေချိုးဖြူပျောက်ကြားတပ်ဖွဲ့တို့က စစ်ကောင်စီတပ်၏ ထောက်တိုင် ဖြစ်သော Denko ဆီဘောက်ဆာ ကားတစ်စီးကို ယနေ့ ဇူလိုင် ၃၀ရက်နေ့ မွန်းလွဲပိုင်းတွင် ဖမ်...
https://yktnews.com/2024/07/176415/
လားရှိုး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထဲသို့ ရှော့တိုက်ဒုံးများ ကျရောက် ပေါက်ကွဲခဲ့
["ရန်ကုန်၊ ဇူလိုင် ၃၀", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထဲသို့ ယနေ့ နံနက်ပိုင်း ရှော့တိုက်ဒုံးများကျရောက်ပေါက်ကွဲခဲ့ပြီး မီးလောင်ခဲ့ကြောင်း တော်လှန်ရေး စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ ဇူလိုင်လ ၂၉ ရက်နေ့မှစတင်၍ MNDAA ဦးဆောင်သော တော်လှန် ရေးတပ်မ...
https://yktnews.com/2022/07/25313/
သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် စစ်​ကောင်စီ၏ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို ဥပဒေ မဲ့ သတ်ဖြတ်မှု အပေါ် ဆန့်ကျင် ရှုတ်ချ ချီတက် ဆန္ဒပြ
["ရန်ကုန်၊ ဇူလိုင် ၃၀", "သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ် မဲလ်ဘုန်းမြို့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့တွင် မြန်မာ အကြမ်းဖက် စစ်တပ်၏ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို ဥပဒေမဲ့ သတ်ဖြတ်ခဲ့ခြင်းအပေါ် ဆန့်ကျင် ရှုတ်ချချီတက် ဆန္ဒပြကြောင်း သိရသည်။", "ဆန္ဒပြပွဲကို မဲလ်ဘုန်းမြိ...
https://yktnews.com/2022/07/25310/
စစ်ကောင်စီက ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို သေဒဏ်စီရင်မှု လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှု ကျူးလွန်မှုအဖြစ် မလေးရှားနိုင်ငံခြားဝန်ကြီး တရားဝင် ထုတ်ဖော်ပြောဆို
["ရန်ကုန်၊ ဇူလိုင် ၃၀", "အကြမ်းဖက်စစ်ကောင်စီက ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို သေဒဏ်စီရင် သတ်ဖြတ်လိုက်မှုသည် လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က လူမှုကွန်ရက်မှတစ်ဆင့် ယနေ့ တရားဝင် ထုတ်ဖော်ပြောဆိုလိုက်သည်။", "အကြမ်းဖက်စစ်ကောင်စီက ကိုဂျင်မီ၊ ကိုဖြ...
https://yktnews.com/2024/07/176390/
နိုင်ငံတစ်ဝန်း စစ်ရှုံးနေသော်လည်း မင်းအောင်လှိုင်က အောက်တိုဘာလတွင် ဆို၊က၊ ရေး၊ တီး ပြိုင်ပွဲနှင့် ဒီဇင်ဘာလတွင် အမျိုးသား အားကစားပြိုင်ပွဲများကို ကျင်းပခိုင်း
["ရန်ကုန်၊ ဇူလိုင် ၃၀", "အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း စစ်ရှုံးနေသော်လည်း လာမည့် အောက်တိုဘာလတွင် ဆို၊က၊ ရေး၊ တီးပြိုင်ပွဲနှင့် ဒီဇင်ဘာလတွင် အမျိုးသား အားကစားပြိုင်ပွဲများကို ကျင်းပမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမိန့်ပေး ညွှန်ကြားသည်။", "ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ၏ ၆/၂၀၂၄ အစည်းအ...
https://yktnews.com/2024/07/176404/
၁၀၂၇ ပထမနှင့်ဒုတိယလှိုင်း စစ်ဆင်ရေးအပေါ် ပြည်သူများ၏ ထောက်ခံမှုအပေါ် ကျေးဇူးတင်ပြီး စစ်အာဏာရှင် စနစ် အမြစ်ပြုတ်သည်အထိ ဟန်ချက် ညီညီ တိုက်ပွဲဝင်ကြရန် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ တိုက်တွန်း
["ရန်ကုန်၊ ဇူလိုင် ၃၀", "၁၀၂၇ ပထမနှင့်ဒုတိယ စစ်ဆင်ရေးအပေါ် မြန်မာပြည်သူများ၏ ထောက်ခံမှု ကျေးဇူးတင်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ ဟန်ချက်ညီညီ တိုက်ပွဲဝင်ကြရန် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်တွန်း လိုက်သည်။", "၁၀၂၇စစ်ဆင်ရေး (ပ+ဒု) နှင့်ပတ်သက်ပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များကို အ...
https://yktnews.com/2022/07/25375/
စစ်အာဏာရှင် စနစ်အမြစ်ပြတ်ချေမှုန်းရေး တိုက်ပွဲဝင် ” လူထုသစ္စာအဓိဌာန် ပြုပွဲ” ​ဒေါန စစ်​ကြောင်းက ပြုလုပ်
["ရန်ကုန်၊ ဇူလိုင် ၃၁", "ကရင်ပြည်နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဌာန ချုပ်က စစ်အာဏာရှင် စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် တိုက်ပွဲဝင် ” လူထုသစ္စာအဓိဌာန် ပြုပွဲ ” အခမ်းအနားကို ​တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ဒေါနစစ်ကြောင်းက ယနေ့ ကျင်းပကြောင်း သိရှိရသည်။", "သစ္စာအဓိဋ္ဌာန်ပြုမူအနေဖြင့် ရဲဘော်များက အောက်ပါအ...
https://yktnews.com/2022/07/25345/
တမူး-အောင်ဇေယျကားလမ်းတွင် နယ်ထိန်းရဲတပ်ကြပ်ဇော်မင်းထွန်းပိုင် လိုင်စင်မဲ့ယာဉ်ကို PDF က သိမ်းဆည်း
["ရန်ကုန်၊ ဇူလိုင် ၃၁", "စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ တမူး-အောင်ဇေယျကားလမ်းတွင် တမူးမြို့နယ်ရဲတပ်ဖွဲ့၊ နယ်ထိန်းရဲတပ်ကြပ်ပိုင်ဆိုင်သော လိုင်စင်မဲ့ယာဉ်ကို PDF က သိမ်းဆည်းလိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တပ်ရင်း(၁)၊ တမူးက တရားဝင် သတင်းထုတ်ပြန်သည်။", "ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် PDF တပ်များက တမူး-အောင်ဇ...
https://yktnews.com/2024/07/176598/
ရှမ်းမြောက်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ မိုးကုတ်နှင့် ရခိုင်ပြည်နယ်မှ မြို့များကို မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ အဖွဲ့များက တိုက်ခိုက်သိမ်းပိုက်မှု ကရင်နီလူငယ်များနှင့် မန္တလေး ကျန်းမာရေးမိသားစုက လေးစား ဂုဏ်ပြု
["ရန်ကုန်၊ ဇူလိုင် ၃၁", "စစ်အာဏာရှင်ဆန့်ကျင်ရေး ၁၀၂၇ စစ်ဆင်ရေးကို အရှိန်အဟုန်မပျက် ဆက်လက် တိုက်ခိုက်နေခြင်းနှင့် မြိုပေါင်း၊ စခန်းပေါင်းများစွာကို သိမ်းပိုက်ကာ အောင်မြင်မှုရရှိနေသော ညီနောင်မဟာမိတ် (MNDAA, TNLA, AA) တိုကို လေးစားဂုဏ်ပြု ထောက်ခံကြောင်း ကရင်နီလူငယ်များသမဂ္ဂနှင့် ကျန်းမာရေးမိသားစု (မန္တလေး) တို့က ထုတ်ပြန်ထ...
https://yktnews.com/2024/07/176553/
ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်တပ်နှင့်ပျူစောထီးများ စခန်းစွန့်ခွာ ထွက်ပြေးသွားသဖြင့် လက်နက် ခဲယမ်းနှင့်အသုံးအဆောင်များ သိမ်းဆည်းရရှိ
["ရန်ကုန်၊ ဇူလိုင် ၃၁", "တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများ စခန်းစွန့်ခွာသွားဖြင့် နယ် မြေဝင်ရောက်ရှင်းလင်းစဉ် လက်နက်ခဲယမ်းများနှင့်စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။", "ဇူလိုင်လ ၂၉ ရက်နေ့ အဆိုပါ စခန်းမှ အကြမ်းဖက်စစ်သား၊ ပျူစောထီးမျ...
https://yktnews.com/2024/07/176648/
ယာယီသမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဝန်ကြီးချုပ် သုံးမည်ရ ရာထူးရယူထားသော အကြမ်းဖက် မင်းအောင်လှိုင်က နိုင်ငံ၏ အရေးပေါ်အခြေအနေကို သက်တမ်း ၆ လတိုး ကြောင်း ကြေညာ
["ရန်ကုန်၊ ဇူလိုင် ၃၁", "နေပြည်တော်တွင် ယာယီသမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဝန်ကြီးချုပ် သုံးမည်ရ ရာထူးရယူထားသော အကြမ်းဖက် မင်းအောင်လှိုင်က နိုင်ငံ၏ အရေးပေါ်အခြေအနေကို သက်တမ်း ၆ လတိုး ကြောင်း ကြေညာကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။", "ယနေ့နေပြည်တော်တွင် နံနက် ၁၀ နာရီအချိန် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို အကြ...
https://yktnews.com/2024/07/176575/
အမေရိကန်တစ်ဒေါ်လာ ၅၄၀၀ ကျော်သွားပြီး အခေါက်ရွှေစျေးနှုန်းမှာ ၆၈ သိန်း ၂ သောင်းအထိ စံချိန်တင်စျေးတက်
["ရန်ကုန်၊ ဇူလိုင် ၃၁", "ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၅၄၀၀ ကျော် စျေးတက်နေပြီး အခေါက်ရွှေစျေးနှုန်းမှာမူ တစ်ကျပ်သားလျှင် ၆၈ သိန်း ၂ သောင်းအထိ စံချိန်တင်စျေးရောက်ရှိနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။", "အမေရိကန်ဒေါ်လာစျေးနှုန်းများသည် ဇူလိုင်လ ၂၇ ရက်နေ့မှစတင်ပြီး တရှိန်ထိုးမြင့်တက်ခဲ့...
https://yktnews.com/2024/07/176592/
ပခုက္ကူတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်မှု ငွေကျပ် သိန်း ၃၀ ချီးမြှင့် ၊ စစ်တပ်အရာရှိတစ်ဦးလည်း အလင်းဝင်လာပြီး ဗိုလ်ကြီးတစ်ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိထား
["ရန်ကုန်၊ ဇူလိုင် ၃၁", "မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်သဖြင့် ငွေကျပ် သိန်း ၃၀ ချီးမြှင့်ကြောင်း Southern YSO PDFမှ တာဝန်ခံ အောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် မကွေးတိုင်း၊ ပခုက္ကူမြို...
https://yktnews.com/2024/07/176663/
မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးရွာမှ ထွက်ပြေးလာသူ ၉ ဦးကို PDF တပ်ဖွဲ့များက ကယ်ထုတ် ၊ PDF တပ်ဖွဲ့က ပျူစောထီးရွာများကို ပိတ်ဆို့ထား၍ စားနပ်ရိက္ခာများ ပြတ်လပ်နေ
["ရန်ကုန်၊ ဇူလိုင် ၃၁", "မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးရွာမှ ထွက်ပြေးလာသူ ၉ ဦးကို PDF တပ်ဖွဲ့များက ကယ်ထုတ်ခဲ့ပြီး PDF တပ်ဖွဲ့က ပျူစောထီးရွာများကို ပိတ်ဆို့ထား၍ စားနပ်ရိက္ခာများ ပြတ်လပ်နေကြောင်း Ghost Of Enemies အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၄ ရက်နေ့တွင် မြိုင်...
https://yktnews.com/2024/07/176572/
ရေစကြိုမြို့နယ်၊ ကိုရင့်ကျေးရွာအနီး စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၃ နာရီကြာ တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၄ ဦးသေဆုံး၊ ခဲယမ်းများ သိမ်း ဆည်းရရှိ
["ရန်ကုန်၊ ဇူလိုင် ၃၁", "မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကိုရင့်ကျေးရွာနှင့် ကိုရင့်ကျွန်းအကြား ၃ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၄ ဦးသေဆုံးကာ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရေစကြို ပကဖမှ တာဝန်ရှိသူတစ် ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။", "ယမန်နေ့ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ပခုက...
https://yktnews.com/2024/07/176536/
တောင်သာနှင့် ရေစကြိုတို့တွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်များ ယူဆောင် အလင်းဝင်မှု ဆုငွေများ ချီးမြှင့်
["ရန်ကုန်၊ ဇူလိုင် ၃၁", "မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း Scorpions People Defense Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တ...
https://yktnews.com/2024/07/176635/
မတ္တရာရှိ စစ်ကောင်စီတပ်စခန်း ၇ ခုကို ထပ်မံတိုက်ခိုက်သိမ်းပိုက်ရရှိပြီး စုစုပေါင်း စစ်စခန်း ၃၅ ရရှိထား
["ရန်ကုန်၊ ဇူလိုင် ၃၁", "မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၇ ခုကို ထပ်မံတိုက်ခိုက်သိမ်းပိုက်ရရှိပြီး စုစုပေါင်း စစ်စခန်း ၃၅ ရရှိထားကြောင်း ပြည်သူ့ကာကွယ် ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်သည်။", "ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် မတ္တရာမြိုနယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထ...
https://yktnews.com/2024/07/176610/
ယင်းမာပင်မြို့နယ်တွင် “ဘူးသပိတ်ဆင်နွှဲဖက်ဆစ်ဖြိုလှဲ” စာသားပါ ဘန်နာများနှင့်လူထုလှုပ်ရှားမှုပြုလုပ်
["ရန်ကုန်၊ ဇူလိုင် ၃၁", "ယင်းမာပင်မြို့နယ်တွင် တောင်သူများနှင့် လူငယ့်အားမာန် သပိတ်စစ်ကြောင်းနှင့်ပူပေါင်းကာ ဘူးသပိတ်တွင်ပါဝင်ပူပေါင်းနေဆဲဖြစ်ကြောင်း “ဘူးသပိတ်ဆင်နွှဲ ဖက်ဆစ်ဖြိုလှဲ” စာသားပါ ဘန်နာများနှင့် လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#...
https://yktnews.com/2024/07/176578/
နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ
["ရန်ကုန်၊ ဇူလိုင် ၃၁", "ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ဇူလိုင်လ ၃၁ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedi...
https://yktnews.com/2022/07/25354/
ရန်ကုန်တွင် စစ်အာဏာရှင် ချေမှုန်းရေး လူထုသစ္စာ အဓိဋ္ဌာန်ပြုပွဲ အဖြစ် သံပုံးများတီးပြီး ကားဟွန်းများတီးကြ
["ရန်ကုန်၊ ဇူလိုင် ၃၁", "ရန်ကုန်တွင် ယနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန် စစ်အာဏာရှင် ချေမှုန်းရေး လူထုသစ္စာပြုပွဲအဖြစ် သံပုံးများတီးပြီး ကားဟွန်းများ တီးကြကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။", "ကမာရွတ်မြို့နယ်တစ်ခုလုံးတွင် ယနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် သံပုံးတီးသံများ သောသောညံထွက်ပေါ်လာကြောင်း ကမာရွတ်ဒေသခံများက ပြောဆိ...
https://yktnews.com/2024/07/176653/
ရန်ကုန်တွင် ယနေ့ မွန်းလွဲပိုင်း စက်သုံးဆီဆိုင်အများစုတွင် ဆီများ ပြတ်လပ်နေ၊ မန္တလေးတွင်လည်း ဆီဆိုင်များ ဆီမရှိတော့ဘဲ ပြင်ပစျေးကွက်တွင် ဓာတ်ဆီတစ်လီတာ ၅၀၀၀ ကျပ်ဖြင့် ရောင်းချ
["ရန်ကုန်၊ ဇူလိုင် ၃၁", "ရန်ကုန်မြို့တွင် ယနေ့ မွန်းလွဲပိုင်း စက်သုံးဆီအရောင်းဆိုင်အများစုတွင် ဆီးများ ပြတ်လပ်နေပြီး မော်တော်ယာဉ်များမှာ ဆီရရှိရေး အတွက် ဆီရောင်းနေသော ဆိုင်အနည်းငယ်တွင် တိုးကြိတ် တန်းစီနေရကြောင်း ရန်ကုန်မြို့မှ တက္ကစီယာဉ်မောင်းတချို့ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့နံနက်ပိုင်း စက်သုံးဆီအ...
https://yktnews.com/2024/07/176601/
လှိုင်သာယာမြို့နယ်၊ သောင်ကြီးရဲစခန်း ကင်းပုန်းကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရဲ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ကား ၁ စီးပျက်စီး
["ရန်ကုန်၊ ဇူလိုင် ၃၁", "ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ သောင်ကြီးရဲစခန်း ကင်းပုန်းကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ကား ၁ စီးပျက်စီးခဲ့ကြောင်း ရန်ကုန်မြို့ပြ UG အဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၇ ရက်နေ့တွင် လှိုင်သာယာမြို့နယ်၊ သောင်ကြီး...