url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2024/07/176523/
ရှမ်းမြောက်တွင် ပြည်သူလူထုနှင့်အတူ တရုတ်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ၊ နိုင်ငံသားခြားသားနှင့်တရုတ်ဝန်ထမ်းများကို ကာကွယ်စောင့်ရှောက်သွား မည် ဟု MNDAA ကြေညာ
["ရန်ကုန်၊ ဇူလိုင် ၃၁", "ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပြည်သူလူထုနှင့်အတူ တရုတ်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ တရုတ်နှင့်နိုင်ငံခြားသား ဝန်ထမ်းများကို ကာကွယ်စောင့် ရှောက် ပေးသွားမည်ဟု MNDAA က ယမန်နေ့ ဇူလိုင်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။", "MNDAA စစ်ရေးညွှန်ကြားရေးမှူးများအနေဖြင့်လွတ်မြောက်ရေးတိုက်ပွဲကြောင့် ...
https://yktnews.com/2024/07/176629/
လားရှိုးသို့ တန့်ယန်းမှ စစ်ကူလာသော အင်အား ၃၀၀ ရှိ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၅၀ ကျော်သေဆုံးပြီး ရာချီ ဒဏ်ရာရ ၊ စစ်ကူစစ်ကြောင်း ပျက်စီး ကစဉ့်ကလျားဖြစ်
["ရန်ကုန်၊ ဇူလိုင် ၃၁", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်သို့ တန့်ယန်းမှ စစ်ကူသွားသော စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၅၀ ကျော်သေဆုံးပြီး ရာချီ ဒဏ်ရာရရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။", "ဇူလိုင်လ ၂၉ ရက်နေ့ တန့်ယန်းမြို့နယ်မှ နမ့်မူဆယ်၊ နောင်လိုင်တို့...
https://yktnews.com/2022/07/25369/
ဝက်လက်တွင် PDF တပ်ရင်း ၂ မှ ရဲဘော်များ လူထု သစ္စာ အဓိဋ္ဌာန်ပြုပွဲနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြ
["ရန်ကုန်၊ ဇူလိုင် ၃၁", "ဝက်လက်​မြို့နယ် PDF တပ်ရင်း(၂) မှ ဦးဆောင်ကာ ဝက်လက်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ပ.က.ဖများဖြင့် ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့တွင် လူထုသစ္စာ အဓိဋ္ဌာန် ပြုပွဲနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီမှ တော်လှန်ရေး လှုပ်ရှားသူများနှင့် ပြည်သူလူထုကို ...
https://yktnews.com/2024/07/176528/
စစ်ကောင်စီက ယမန်နှစ် အထိမ်းအမှတ်အဖြစ် အကန့်အသတ်ဖြင့် ထုတ်ဝေသည်ဟု ကြေညာခဲ့သော နှစ်သောင်းတန်ငွေစက္ကူအသစ်များ ပြည်သူများအကြားတွင် ပမာဏ များစွာဖြင့် လည်ပတ် ပြန့်နှံ့လာ
["ရန်ကုန်၊ ဇူလိုင် ၃၁", "အကြမ်းဖက် စစ်ကောင်စီက ယမန်နှစ် ၂၀၂၃ ခုနှစ်အတွင်း အထိမ်းအမှတ်အဖြစ် အကန့်အသတ်ဖြင့် ထုတ်ဝေခဲ့သည်ဆိုသော နှစ်သောင်းတန်ငွေစက္ကူအသစ်များ ပြည်သူများအကြားတွင် ပမာဏ အရေအတွက်များစွာဖြင့် လည်ပတ် ပြန့်နှံ့လာကြောင်း ရန်ကုန်စီးပွားရေးအသိုင်းအဝိုင်းနှင့် ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။",...
https://yktnews.com/2024/07/176550/
ယာယီသမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဝန်ကြီးချုပ် သုံးမည်ရ ရာထူး ၃ ခုဖြင့် အကြမ်းဖက် မင်းအောင်လှိုင်က ကာ/လုံအစည်းအဝေး ခေါ်ယူ အရေးပေါ် ၆ လ သက်တမ်းတိုးဦးမည်
["ရန်ကုန်၊ ဇူလိုင် ၃၁", "အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယာယီသမ္မတ၊ ကာကွယ် ရေးဦးစီးချုပ်၊ ဝန်ကြီးချုပ် သုံးမည်ရ ရာထူး ၃ ခု ဖြင့် ယနေ့ အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီ(ကာ/လုံ) အစည်းအဝေး ခေါ်ယူပြီး အရေးပေါ် ၆ လ သက်တမ်းတိုးဦးမည်ဖြစ်သည်။", "ဇူလိုင်လ ၂၂ ရက်နေ့ အကြမ်းဖက် မင်းအောင်လှိုင်က ယာယီသမ္မတ မြင့်ဆွေ...
https://yktnews.com/2024/07/176560/
မြန်မာစစ်ကောင်စီကို တရုတ်က ထောက်ခံနေမှု နှင့် မြန်မာ့နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်မှု ရပ်ဆိုင်းရေး ဗြိတိန်ရှိ တရုတ်သံရုံးနှင့် အမေရိကန်ရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်ကိုယ်စားလှယ်ရုံးရှေ့တို့တွင် ဆန္ဒပြ တောင်းဆို
["ရန်ကုန်၊ ဇူလိုင် ၃၁", "အကြမ်းဖက်စစ်ကောင်စီကို တရုတ်နိုင်ငံက ထောက်ခံနေမှု နှင့် မြန်မာ့နိုင်ငံရေးတွင် တရုတ်အစိုးရက ဝင်ရောက်စွက်ဖက်နေမှုများကို ရပ်ဆိုင်းရေး ဗြိတိန်နိုင်ငံရှိ တရုတ်သံရုံးနှင့် အမေရိကန်ပြည်ထောင်စုရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်ကိုယ်စားလှယ်ရုံးရှေ့တို့တွင် ပြည်ပရောက်မြန်မာများက ဆန္ဒပြ တောင်းဆိုကြသည်။", "ဇူလိုင်...
https://yktnews.com/2024/07/176542/
ရန်ကုန်နှင့်မန္တလေးတွင် ယနေ့ နံနက်ပိုင်း စက်သုံးဆီ ရရှိနိုင်ရေး ဆိုင်ကယ်နှင့်ကားများ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရ
["ရန်ကုန်၊ ဇူလိုင် ၃၁", "အကြမ်းဖက်စစ်ကောင်စီ၏ ဝန်ထမ်းများ လစာတိုးမြှင့်ပေးလိုက်မှု ဂယက်ကြောင့် အမေရိကန်ဒေါ်လာစျေးများ စံချိန်တင် မြင့်တက်မှုများ​ ဖြစ်ပေါ်လာပြီးနောက် ရန်ကုန်နှင့်မန္တလေးတွင် ယနေ့ နံနက်ပိုင်း စက်သုံးဆီ ရရှိနိုင်ရေး ဆိုင်ကယ်နှင့်ကားများ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရကြောင်း ဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌ...
https://yktnews.com/2024/07/176638/
တရုတ်နိုင်ငံက မြန်မာ့နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်မှု ရပ်ဆိုင်းရေး ဩစတြေးလျနိုင်ငံရှိ တရုတ် သံရုံးနှင့် မြန်မာ စစ်ကောင်စီ သံရုံးရှေ့တွင် ဆန္ဒပြ တောင်းဆို
["ရန်ကုန်၊ ဇူလိုင် ၃၁", "ဩစတြေးလျနိုင်ငံရှိ တရုတ် သံရုံးနှင့် မြန်မာ စစ်ကောင်စီ သံရုံးရှေ့တွင် ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့၌ ဆစ်ဒနီမြို့နှင့် ကင်ဘာရာ မြို့မှ မြန်မာလူထု တိုင်းရင်းသား ညီအကိုမောင်နှမများ ဦးဆောင်ကာ တရုတ်နိုင်ငံက မြန်မာ့နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်မှု ရပ်ဆိုင်းရေး ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သိရသည်။", "#မြန်မာ့...
https://yktnews.com/2022/07/23551/
BREAKING NEWS-စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်၍ AA တပ်ဖွဲ့ဝင်များ ကျဆုံး
["ရန်ကုန်၊ ဇူလိုင် ၄ ရက်", "မြန်မာ-ထိုင်း နယ်စပ်ရှိ ရက္ခိုင့်တပ်တော်၏ AA ၏ တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ဒဏ်ရာရရှိမှုရှိခဲ့ပြီး ဆေးရုံဆေးခန်း၊ စက်ချုပ်စက်ရုံ အပါအဝင် အဆောက်အအုံအချို့ ပျက်စီးဆုံးရှုံးခဲ့သည်ဟု ရက္ခိုင့်တပ်တော်ဖက်က ထုတ်ပြန်လိုက်သည်။", ...
https://yktnews.com/2022/07/23491/
ဘီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်မ ၄၄ က ကျေးရွာ ၁၁ ရွာမှ ရွာသား ၂၂ ဦးကို ပေါ်တာဆွဲ လူသားဒိုင်းလုပ်၊ ငွေကျပ် ၃၄ သိန်းကျော်နှင့် ပစ္စည်းများ ခိုးယူပြီး နေအိမ် ၈ လုံး ဖျက်ဆီးခံရ
["ရန်ကုန်၊ ဇူလိုင် ၄", "KNU တပ်မဟာ ၁ နယ်မြေ၊ ဘီးလင်းမြို့နယ်အတွင်း ဇွန်လ ၁၇ ရက်မှ ဇူလိုင်လ ၁ ရက်နေ့အထိ စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်တပ်၏ တပ်မ ၄၄ လက်အောက်ခံ တပ်ဖွဲ့များသည် ကျေးရွာပေါင်း ၁၁ ရွာမှ ဒေသခံရွာသား ၂၂ ဦးကို လူသားဒိုင်းပြုလုပ် ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သလို အကြမ်းဖက်စစ်သားများသည် အများပြည်သူပိုင် ပစ္စည်းများကိ...
https://yktnews.com/2024/07/171421/
လွိုင်ကော်မြို့ပေါ်တွင် တိုက်ပွဲ ၃ နေရာဖြစ်ပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိ
["ရန်ကုန်၊ ဇူလိုင် ၄", "ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်တွင် တိုက်ပွဲ ၃ နေရာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ အတည်ပြုပြောကြားသည်။", "ယနေ့ ဇူလိုင်လ ၄ ရက် နံနက် ၅ နာရီခန့်ကစ၍ လွိုင်ကော်မြို့၊ မိုင်းလုံရပ်ကွက်၊ မြကလပ်တောင်တ...
https://yktnews.com/2022/07/23484/
ဥကရစ်ထတိုက်ပွဲတွင် သေဆုံးသော စစ်သားအလောင်းပုံများ ကော်ဘရာက ထုတ်ပြန်၊ ဥကရစ်ထတိုက်ပွဲတွင် ပုန်းရှောင်ပြေးလွှားရင်း စနိုက်ပါဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသူ တပ်ကြပ်ကြီးမြင့်လွင်ကို သူရဲကောင်း ဟု စစ်တပ်ထောက်ခံသူများက ဝါဒဖြန့်
["ရန်ကုန်၊ ဇူလိုင် ၄", "ကရင်ပြည်နယ် ၊ မြ၀တီမြို့နယ်၊ ဥကရစ်ထတိုက်ပွဲတွင် သေဆုံးသွားကြသော စစ်ကောင်စီဘက်တော်သားများ၏ ရုပ်အလောင်းများကို ဒရုန်းဖြင့် ရိုက်ကူးထားသော ဓာတ်ပုံများကို ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်လိုက်သည်။", "အဆိုပါ တိုက်ပွဲသည် ဇွန်လ ၂၆ ရက်နေ့မှ ဇူလိုင်လဆန်းပိုင်းအထိ ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်းတွင် စစ်ကေ...
https://yktnews.com/2022/07/23522/
မြောင်မြို့နယ်၊ ဆူးလေကုန်းရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ
["ရန်ကုန်၊ ဇူလိုင် ၄", "စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဆူးလေကုန်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ဝင်ရောက် စီးနင်းပြီး မီးရှို့ဖျက်ဆီးနေကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံတပ်ဖွဲ့ CDSOM ထံမှ သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေစကြိုဘက်မှ ချင်းတွင်းမြစ...
https://yktnews.com/2022/07/23562/
ရေဦးမြို့ပေါ် တိုင်းရင်းဆေးရုံတွင် တပ်စွဲသော စစ်တပ် ဖောက်ခွဲ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံးကာ ဗိုလ်ကြီး ၁ ဦးနှင့် တပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရ
["ရန်ကုန်၊ ဇူလိုင် ၄", "စစ်ကိုင်းတိုင်း ရေဦးမြို့ပေါ် တိုင်းရင်းဆေးရုံအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ယနေ့ ဇူလိုင်လ ၄ ရက်နေ့တွင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း SNAKE EYES LPDF တပ်ဖွဲ့ထံမှ သိရသည်။", "အကြမ်းဖက် စစ...
https://yktnews.com/2022/07/23533/
ကနီမြို့နယ်တွင် NUG အစိုးရ လမ်းညွှန်ချက်နှင့်အညီ အခြေခံမီးသတ်သင်တန်းများ ဖွင့်လှစ်
["ရန်ကုန်၊ ဇူလိုင် ၄", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လမ်းညွှန်ချက်နှင့်အညီ အခြေခံမီးသတ်သင်တန်း အပတ်စဉ် ၁ ကို ဧပြီလတွင် ဖွင့်လှစ်ခဲ့ပြီး နောက်ထပ် အပတ်စဉ်များ ဆက်လက်ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း သတင်းရရှိသည်။", "အခြေခံမီးသတ်သင်တန်းများကို CDM မီးသတ်ဝန်ထမ်းများက သင်ကြားပေးနေပြီး အပတ...
https://yktnews.com/2024/07/171433/
ရွှေဘိုမြို့ အဝင်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး
["ရန်ကုန်၊ ဇူလိုင် ၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အဝင်ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဂဠုန်ကြီး ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ရွှေဘိုမြို့ အဝင်ရှိ အကြမ်းဖက် စစ်တပ် စစ်ဆ...
https://yktnews.com/2022/07/23526/
ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို PDF တပ်ပေါင်းစုဝင်တိုက်ပြီး စစ်အရာရှိ အလောင်းကို စစ်ရဟတ် ယာဉ်ဖြင့် သယ်ယူ၊ ချောင်းဦးနှင့်အရာတော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး
["ရန်ကုန်၊ ဇူလိုင် ၄", "စစ်ကိုင်းတိုင်း၊ယင်းမားပင်ခရိုင်၊ပုလဲမြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ယနေ့ မွန်း တည့် ၁၂ နာရီတွင် ပုလဲဒေသ ပြည်သူကာကွယ်ရေးအဖွဲ့ပေါင်းစုံက ဝင်ရောက်တိုက်ခိုက်လိုက်ပြီး ယခုထက်ထိ တိုက်ပွဲပြီးဆုံးခြင်း မရှိသေးကြောင်း သိရှိရသည်။", "“တိုက်တာကတော့ ပုလဲပြည်သူကာကွယ်ရေးအဖွဲ့ပေါင်းစုံက ဝင်ရော...
https://yktnews.com/2022/07/23497/
စစ်ဘေးရှောင်များကို ကူညီထောက်ပံ့နိုင်ရေး Click for Karen ၏ Kanyaw Blog application ကို ဝင်ရောက်ဖတ်ရှုကြရန် နှိုးဆော်
["ရန်ကုန်၊ ဇူလိုင် ၄", "စစ်ဘေးရှောင်များကို ကူညီထောက်ပံ့နိုင်ရေး Click for Karen ၏ Kanyaw Blog application တွင် ကြော်ငြာလက်ခံလျက်ရှိနေပြီး ပြည်သူများအနေဖြင့်လည်း ဝင်ရောက်ဖတ်ရှုကြရန် Click for Karenမှ တာဝန်ရှိသူတစ်ဦးက နှိုးဆော်တိုက်တွန်းသည်။", "၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ၊ (၁၈) ရက်နေ့ တွင် စတင်ခဲ့သော Click for Karen ၏ Kany...
https://yktnews.com/2024/07/171324/
ဆွစ်ဇာလန်တွင် ဆေးစစ်ပြီး မြန်မာပြည်ပြန်မည့် သီတဂူ ဂျာမနီမှတစ်ဆင့် လေယာဉ်ပြောင်းစီးမည်ဟု သတင်း ရ၍ ဂျာမန်ရောက် မြန်မာများက သီတဂူကို ကန့်ကွက် ဆန္ဒပြပွဲ ပြုလုပ်
["ရန်ကုန်၊ ဇူလိုင် ၄", "ဆွစ်ဇာလန်နိုင်ငံတွင် ဆေးစစ်ပြီး မြန်မာပြည်ပြန်မည့် သီတဂူဘုန်းကြီးသည် ဂျာမနီမှတစ်ဆင့် လေယာဉ်ပြောင်းစီးမည်ဟု သတင်း ရ၍ ဂျာမန်ရောက် မြန်မာများက သီတဂူကို ကန့်ကွက် ဆန္ဒပြပွဲ ပြုလုပ်​ကြောင်းသိရှိရသည်။", "ဇူလိုင်လ ၃ ရက်နေ့ ဂျာမနီရောက်တော်လှန်ရေးအင်အားစုများက သီတဂူဘုန်းကြီး၏ အပြန်ခရီးကို သတင်းရရှိသဖြင့် ...
https://yktnews.com/2022/07/23539/
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် ထိုင်းစစ်တပ်က ကင်းလှည့်
["ရန်ကုန်၊ ဇူလိုင် ၄", "ထိုင်း-မြန်မာနယ်စပ် ၊ ကရင်ပြည်နယ်ဘက်အခြမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် KNLA ၊ PDF ၊ KNDO ပူးပေါင်းတပ်များအကြား တိုက်ပွဲများ တောက်လျှောက်ဆိုသလိုဖြစ်ပွားနေသဖြင့် ထိုင်းစစ်တပ်က ကုန်းကြောင်းဖြင့် ကင်းလှည့်မှုများ ယနေ့ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။", "ဇွန်လ ၃၀ ရက်နေ့တွင် ထိုင်းလေပိုင်နက်...
https://yktnews.com/2024/07/171330/
PDF ထံတွင် စစ်တပ်မှ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၂ ဦးနှင့် ဒုရဲမှူး ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃ ဦး ဇွန်လအတွင်း လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
["ရန်ကုန်၊ ဇူလိုင် ၄", "ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ထံသို့ ဇွန်လအတွင်း စစ်ကောင်စီ တပ်မှ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၂ ဦးနှင့် ဒုရဲမှူး ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃ ဦး အလင်းဝင်ရောက်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။", "အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပြည်သူ့ရင်ခွင် အကောင်အထည် ဖ...
https://yktnews.com/2022/07/23488/
ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်အောက်တွင် မြန်မာ့နိုင်ငံရေး ပြန်လည်သင့် မြတ်ရန် မြင်လိုဟု တရုတ်နိုင်ငံခြားရေးဝမ်ယိက အာဆီယံကို ပြောဆို
["ရန်ကုန်၊ ဇူလိုင် ၄", "ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်အောက်တွင် မြန်မာ့နိုင်ငံရေးပြန်လည်သင့် မြတ် ရန် မြင်လိုဟု တရုတ်နိုင်ငံခြားရေးဝမ်ယိက ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး၊ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် Mr. Prak Sokhonnကို ပြောဆိုကြောင်း ရန်ကုန်...
https://yktnews.com/2022/07/23622/
ဂန့်ဂေါမြို့နယ်၊ ရေရှင်ရွာသား ၁ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး နှမ်းခါးရွာမှ ပြည်သူပိုင် ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီး
["ရန်ကုန်၊ ဇူလိုင် ၄", "မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာနှင့်ရေရှင်ရွာကို အင်အား ၁၂၀ ကျော်ခန့်ရှိသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဇူလိုင်လ ၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ရေရှင်ရွာသား ၁ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နှ...
https://yktnews.com/2024/07/171334/
ဂန့်ဂေါတွင် ဖမ်းဆီးရမိသော ပျူစောထီးများကို မြို့နယ်ပအဖထံသို့ လွှဲပြောင်းအပ်နှံ
["ရန်ကုန်၊ ဇူလိုင် ၄", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကုက္ကားကျေးရွာအနီးတွင် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)က ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်း ပျူစောထီး ၂ ဦးကို မြို့နယ်ပအဖထံသို့ လွှဲပြောင်းအပ်နှံလိုက်တယ်လို့ သိရပါတယ်။", "အဲဒီစစ်သုံ့ပန်း ပျူစောထီး တွေကို ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တပ်ခွဲ ၂ ရှေ့တန်းကင်းမှ မ...
https://yktnews.com/2024/07/171358/
စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးနယ်မြေ ရဲစခန်းကို PDF တပ်များက သိမ်းပိုက်လုနီးပါး အခြေအနေတွင် စစ်ကောင်စီက လေကြောင်းဖြင့် အဆက်မပြတ် ဗုံးကျဲနေ၍ ပြည်သူများထိခိုက်သေဆုံးမှုများပြား
["ရန်ကုန်၊ ဇူလိုင် ၄", "မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးကျေးရွာ နယ်မြေ ရဲစခန်းကို PDF တပ်များက သိမ်းပိုက်လုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီး စစ်ကောင်စီကလည်း ရဲစခန်းကို လက်မလွှတ်ရရေးအတွက် တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် အဆက်မပြတ် ဗုံးကျဲနေကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ပြောဆိုကြသည်။", "ဇူလိ...
https://yktnews.com/2022/07/23555/
ကျိုက်ထိုနှင့် ပခုက္ကူတွင် စစ်ကားများ မိုင်းဆွဲခံရမှုကြောင့် စစ်ကားတစ်စီးပျက်စီးကာ ၂ ဦးသေဆုံး၊ အရာတော်တွင်လည်း တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၂ ဦးသေဆုံး
["ရန်ကုန်၊ ဇူလိုင် ၄", "မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာ ဆီအုန်းအမှတ်၂ ၊ လေးဒေါင့်ကန် အနီးတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၉ မိနစ်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို KNLAနှင့် ပြည်သူ့ကာကွယ်ရေးတပ်...
https://yktnews.com/2022/07/23460/
စစ်တပ်က ထုံးဘိုလေးရွာသား ၃ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၆၁ လုံးကို မီးရှို့ဖျက်ဆီး၊ မုန်းမြို့တွင် စစ်တပ်၏ ထိုးစစ်ကြောင့် ရွာပေါင်း ၂၆ ရွာမှ ပြည်သူ ၄၀၀၀၀ ခန့် ထွက်ပြေးရ
["ရန်ကုန်၊ ဇူလိုင် ၄", "မွန်ပြည်နယ် သထုံမြို့နယ် ထုံးဘိုလေးကျေးရွာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၂၅ ရက်နေ့တွင် ဝင်ရောက် စီးနင်းပြီး ဒေသခံ ပြည်သူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း KNU-ကရင်အမျိုးသား အစည်းအရုံး ဗဟိုက တရားဝင် ထုတ်ပြန်ထားသည်။", "အကြမ်းဖက် စစ်တပ်က သတ်ဖြတ်ခဲ့သူ ၃ ဦးမှာ အသက် ၃၉ နှစ်အရွယ် ခြေထောက်တစ်ဖက်မရှိသူ မသန်စ...
https://yktnews.com/2024/07/171395/
မကွေးထောင်သို့ ထောင်ပြောင်းရောက်ရှိလာသည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များ အကြောင်းမဲ့ ရိုက်နှက်ညှဉ်းပန်းမှုများဖြင့် အခြေအနေ ဆိုးရွားနေ
["ရန်ကုန်၊ ဇူလိုင် ၄", "မ‌န္တလေးအိုးဘိုထောင်မှ မကွေးထောင်သို့ ထောင်ပြောင်းဖြင့် ရောက်ရှိလာသည့် နိုင်ငံရေးအကျဉ်းသားများကို မကွေးအကျဉ်းထောင်တာဝန်ခံများက ဇွန်လ ၁၆ ရက်မှစကာ ဇွန်လကုန်အထိ နေ့စဉ် ဖိနှိပ်ရိုက်နှက်မှုများကို ဆက်တိုက် ပြုလုပ်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ဦးဆောင်ကော်မတီဝ...
https://yktnews.com/2024/07/171340/
နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ
["ရန်ကုန်၊ ဇူလိုင် ၄", "ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ဇူလိုင်လ ၄ရက်နေ့တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevoluti...
https://yktnews.com/2024/07/171419/
ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲထားမှုအပေါ် တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ နိုင်ငံ ၇ ခုကို ပါဝင်ခွင့်ပြု
["ရန်ကုန်၊ ဇူလိုင် ၄", "ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲထားမှုအပေါ် တရားလိုဂမ်ဘီယာဘက်မှ နိုင်ငံ ၇ ခုကို ပါဝင်ခွင့်ပြုလိုက်ကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က ကြေညာသည်။", "တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတ...
https://yktnews.com/2022/07/23529/
တာမွေ၊ ကျားကွက်သစ်ရပ်ကွက်ရုံး လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရမှုတွင် ဗုံးထိမှန် သေဆုံးသူ ချစ်ဖူးအောင်ကို ယနေ့ သဂြိုလ်
["ရန်ကုန်၊ ဇူလိုင် ၄", "ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်ရုံး ကို ယမန်နေ့ ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရမှုတွင် သေဆုံးသွားသော ချစ်ဖူးအောင်(ခ) မင်းသားကြီးကို ယနေ့ သဂြိုလ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။", "တာမွေမြို့နယ် ဓမ္မစိန္တာလမ်းရှိ ကျားကွက်သစ် ရပ်ကွက်အုပ်ချုပ်ရ...
https://yktnews.com/2022/07/23464/
ရန်ကုန်တွင် မင်းအောင်လှိုင်ဓာတ်ပုံကို မီးရှို့ ဆန္ဒပြပွဲအပြီး မြေနီကုန်းနှင့်စမ်းချောင်းတစ်၀ိုက်မှ လူငယ်များကို စစ်တပ်က ရမ်းသမ်း ဖမ်းဆီး၊ ဆန္ဒပြပွဲတွင် ပါဝင်ခြင်းမရှိသော လူငယ်တချို့ ပျောက်ဆုံးနေ
["ရန်ကုန်၊ ဇူလိုင် ၄", "ရန်ကုန်တွင် ဇူလိုင်လ ၃ ရက်နေ့ မင်းအောင်လှိုင်၏ မွေးနေ့အဖြစ် မင်းအောင် လှိုင်ဓာတ်ပုံကို မီးရှို့ ဆန္ဒပြမှုများ သပိတ်အင်အားစုများက လုပ်ဆောင်ခဲ့ကြပြီး ယင်းဆန္ဒပြပွဲအပြီး မြေနီကုန်းနှင့်စမ်းချောင်းတစ်၀ိုက်မှ လူငယ်များကို စစ်တပ်က ရမ်းသမ်းဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သဖြင့် လူငယ်အများအပြား အဖမ်းခံရ ကြော...
https://yktnews.com/2024/07/171383/
ရန်ကုန်မြို့ စမ်းချောင်း၊ ဗဟန်းမြို့နယ်နေ ပြည်သူများက သံဃာတော်များ၏ ကံဆောင် သပိတ်ကို ထောက်ခံကြောင်း လှုပ်ရှားမှုပြုလုပ်
["ရန်ကုန်၊ ဇူလိုင် ၄", "ရန်ကုန်မြို့၊ စမ်းချောင်း နှင့် ဗဟန်းမြို့နယ်ရှိ ပြည်သူများက သံဃာတော်များ၏ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်ကို ထောက်ခံကြောင်း သပိတ်လှုပ်ရှားမှုကို ယနေ့ ဇူလိုင်လ ၄ ရက်တွင် ပြုလုပ်ခဲ့ကြပသည်။", "အဆိုပါ သပိတ်လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲဖြစ်သည့် LinnYoungNi Youth Association (LYNYA)၊ Kyimy...
https://yktnews.com/2024/07/171377/
မင်္ဂလာဒုံရှိ စစ်တပ်ဒေါက်တိုင် Red Ruby စီးကရက်စက်ရုံကို ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်ရုံအတွင်းမီးလောင်
["ရန်ကုန်၊ ဇူလိုင် ၄", "ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီထောက်တိုင် Red Ruby စီးကရက်စက်ရုံကို ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စက်ရုံအတွင်း မီးလောင်မှုရှိခဲ့ကြောင်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက သတင်းထုတ် ပြန်သည်။", "ဇွန်လ ၃၀ ရက်နေ့ ည ၉ နာရီ ၄၄ မိနစ်အချိန်က မင်္ဂလာဒုံမြို့နယ်ရှိ အကြမ်းဖ...
https://yktnews.com/2024/07/171370/
သိန္နီမြို့ပေါ် နှင့်ကျေးရွာ သို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု နေအိမ်များ ပျက်စီးပြီး ပြည်သူတချို့ သေဆုံးထိခိုက်မှုရှိ
["ရန်ကုန်၊ ဇူလိုင် ၄", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့ပေါ်သို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့သဖြင့် နေအိမ်များ ပျက်စီးပြီး ပြည်သူတချို့ ထိခိုက်သေဆုံးမှုများဖြစ်ပေါ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။", "ယမန်နေ့ ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် စစ်ကောင...
https://yktnews.com/2024/07/171364/
လားရှိုးမြို့ ပတ်ပတ်လည်တွင် ဒုတိယနေ့အဖြစ် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၅ ဦးထက်မနည်းသေဆုံး
["ရန်ကုန်၊ ဇူလိုင် ၄", "ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ ပတ်ပတ်လည်တွင် ယနေ့ ဒုတိယအနေ့အဖြစ် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရှိရသည်။", "ဇူလိုင်လ ၃ ရက်နေ့ လားရှိုးမြို့နယ်ပတ်ဝန်းကျင်ရှိ မိုင်းတင်စစ်တပ်စခန်း၊ နောင်မွန်းစခန်း၊ မန်စံရေကျ တ...
https://yktnews.com/2022/07/23510/
စစ်အာဏာရှင် ချေမှုန်းရေး တိုက်ပွဲဝင်နေသည့် ဂဠုန်ပြောက်ကျားတပ်ဖွဲ့-မြိုင် ထံ ပြည်သူများက ရွှေငွေ လက်ဝတ်ရတနာများ လှူဒါန်း
["ရန်ကုန်၊ ဇူလိုင် ၄", "အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်နေသည့် မြိုင်မြို့နယ်အခြေစိုက် ဂဠုန်ပြောက်ကျားတပ်ဖွဲ့ထံ ပြည်သူများက လက်ဝတ်ရတာ ရွှေထည်များ လှူဒါန်းပေးကြောင်း ဂဠုန်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။", "‘ကျေးရွာတွေ စစ်ကြောင်းထိုး၊ တစ်အိမ်ဆင်း တစ်အိမ်တက် လိုက်မွှေ ရွှေတိုငွေစမြင်ရင် ကလေးစုဘူးတောင်မချန် လ...
https://yktnews.com/2023/07/111103/
ပုသိမ်မြို့တွင် စက်ဘီးနှင့် ဆိုင်ကယ် တိုက်မိရာမှ ဆိုင်ကယ် ပိုင်ရှင် ဦးနေမျိုး ထက် ကို စစ်တပ်က ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်
["ရန်ကုန်၊ ဇူလိုင် ၄", "ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စက်ဘီးနှင့် ဆိုင်ကယ် တိုက်မိရာမှ ဆိုင်ကယ် ပိုင်ရှင် ဦးနေမျိုးထက် ကို စစ်တပ်က ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်ခဲ့ပြီး သတ် ဖြတ်ခံရသူ ဦးနေမျိုးထက်၏ နာရေးကို ယနေ့ မွန်းလွဲ ၁ နာရီ ပြုလုပ် မည်ဖြစ် ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂ ရက်နေ့တ...
https://yktnews.com/2022/07/23591/
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံး
["ရန်ကုန်၊ ဇူလိုင် ၅ ရက်", "ဇူလိုင်လ ၄ ရက်နေ့၊ နေ့လယ် ၁၂ နာရီ ၂၅ မိနစ်အချိန်တွင် မြန်မာ-ထိုင်းနယ်စပ်အနီး၊ ကရင်ပြည်၊ KNLA တပ်မဟာ (၅) ဧရိယာထဲရှိ ရက္ခိုင့်တပ်တော်၊ တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် AA တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့ကြောင်း ယနေ့ဇူလိုင် ၅ ရက်နေ...
https://yktnews.com/2022/07/23600/
ကော့ကရိတ်-မြဝတီအာရှလမ်း မွေးမြူရေးဇုန်အနီး စစ်ကောင်စီဂိတ်စခန်း ပစ်ခတ်ခံရပြီး စစ်သား ၃ ဦးထက်မနည်းသေဆုံး
["ရန်ကုန်၊ ဇူလိုင် ၅", "ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီအာရှလမ်း၊ KNU မွေးမြူရေးဇုန်အနီး ဂိတ်စခန်းချ တပ်စွဲကာ ငွေကြေးကောက်ခံနေသော စစ်ကောင်စီတပ်ဖွဲ့ကို အမည် (စိစစ်ဆဲ) အဖွဲ့က ယနေ့ ဇူလိုင်လ ၅ ရက် နံနက် ၆ နာရီတွင် ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီဘက်မှ ၃ ဦးထက်မနည်း သေဆုံးကြောင်း သတင်းရရှိသည်။", "‘ပစ်ခတ်မှုက ၆ နာရီကနေ ၈ ခွဲလောက်အထိကြ...
https://yktnews.com/2024/07/171539/
ဒေါနတောင်သို့ရောက်ရှိနေသော အောင်ဇေယျစစ်ကြောင်းမှ စစ်သားများ လာရောက် လက်နက်အပ် ပူးပေါင်းကြရန် ဖိတ်ခေါ်
["ရန်ကုန်၊ ဇူလိုင် ၅", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်သို့ ရောက်ရှိသောစစ်သားများ အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ကို စွန့်ခွာပြီး လာရောက် လက်နက်အပ်ကာ ပူးပေါင်းကြရန် KNLA ဗဟိုဌာနချုပ် ထုတ်ပြန်ဖိတ်ခေါ်လိုက်သည်။", "ယနေ့ ဇူလိုင်လ ၅ ရက်နေ့စွဲဖြင့် KNLA ဗဟိုဌာနချုပ်က ထုတ်ပြန်သော ဖိတ်ခေါ်စာတွင် မိမိဆန္ဒမပါပဲ အောင်ဇေယျစစ်...
https://yktnews.com/2022/07/23586/
ဖလမ်းမြို့နယ်နှင့် ကလေးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် CNDF ကြား ၂ လအတွင်း တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားပြီး စစ်သား ၆၆ ဦးသေဆုံး၊ CNDF ဘက်မှ ၃ ဦး ကျဆုံး
["ရန်ကုန်၊ ဇူလိုင် ၅", "ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်များတွင် အကြမ်းဖက်စစ်တပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ကြား မေလနှင့် ဇွန်လအတွင်း တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၆၆ ဦး သေဆုံးကာ CNDF ဘက်မှ ၃ ဦးကျဆုံးပြီး ၄ ဦးဒဏ်ရာရကြောင်း သိရှိရသည်။", "စစ်ကိုင်းတိုင်း ကလေးမြိ...
https://yktnews.com/2022/07/23609/
ကလေးမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပိုစတာ စာသားကို လမ်းလယ်ခေါင်တွင် ချထား
["ရန်ကုန်၊ ဇူလိုင် ၅", "စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပိုစတာ စာသားကို လမ်းလယ်ခေါင်တွင် ချထားပြီး စစ်အာဏာရှင် ကျဆုံးရေး ယနေ့ လှုပ်ရှား ဆန္ဒပြကြကြောင်း သိရှိရသည်။"]
https://yktnews.com/2022/07/23603/
ဒီပဲယင်းမြို့နယ်အ‌နောက်ခြမ်းကို စစ်တပ်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ် ဝင်ရောက်စီးနင်းပြီး ကျေးရွာများကို မီးရှို့ ၊ ကျေးရွာ ၁၂ ရွာမှ ပြည်သူ ထောင်ချီ ထွက်ပြေးနေရ
["ရန်ကုန်၊ ဇူလိုင် ၅", "စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အနောက်ခြမ်းရှိ ကျေးရွာများကို စစ်တပ်က နယ်မြေရှင်းလင်းရေး ဟု ခေါင်းစဉ်တပ်ကာ ဝင်ရောက်စီးနင်းခြင်း၊ မီးရှို့ခြင်းများ လုပ်ဆောင်နေသဖြင့် ပြည်သူများ ထွက်ပြေးနေရ ကြောင်း ဒေသခံများထံမှ သိရှိရသည်။", "စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် ပန်းပုရွာနှင့် သိမ်ဘာ...
https://yktnews.com/2024/07/171533/
ဘုတလင်မြို့မရဲစခန်း၊ လမ်းမပေါ် စစ်ဆေးရေးဂိတ်နှင့် ဘောလုံးကွင်းထဲရှိ စစ်တပ်နှင့် ရဲများကို ဒရုန်း ဖြင့်ဗုံးကျဲတိုက်ခိုက်
["ရန်ကုန်၊ ဇူလိုင် ၅", "စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ ဘုတလင်မြို့မရဲစခန်း၊ လမ်းမပေါ် စစ်ဆေးရေးဂိတ်နှင့် ဘော လုံးကွင်းထဲရှိ စစ်သား၊ ရဲများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲ ၂ နာ...
https://yktnews.com/2024/07/171548/
ရေဦးမြို့ပေါ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မည်ကို ကြောက်လန့်၍ စစ်တပ်က အခိုင်အမာ ခံစစ်ပြင်ဆင်နေပြီး ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံး
["ရန်ကုန်၊ ဇူလိုင် ၅", "စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မည်ကို ကြောက်လန့်၍ စစ်တပ်က အခိုင်အမာ ခံစစ်ပြင်ဆင်နေပြီး ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) ကရန်ကုန်ခေတ်သစ်မီဒီယ...
https://yktnews.com/2022/07/23627/
PDF ရဲဘော် ၁၁ ဦးကျဆုံးသော ဝက်လက်မြို့နယ်၊ မင်းရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီဘက်မှလည်း လက်နက်ကြီးထိမှန်၍ အများအပြား သေဆုံးဟုဆို
["ရန်ကုန်၊ ဇူလိုင် ၅", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မင်းရွာအနီးတွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေးများ ဇူလိုင်လ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦးပွဲချင်းပြီးသေဆုံးပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသူ စစ်သား ၄၀ ကျော်သည် ဆေးရုံသို့ ရောက်ရှိစဥ် သေဆုံ...
https://yktnews.com/2024/07/171567/
ဝက်လက်မြို့နယ်၊ ငရယ်ရွာရှိ စစ်ဘေးရှောင်ပြည်သူ ၈၀ ကျော်ကို ဆေးဝါးကုသမှုပေး
["ရန်ကုန်၊ ဇူလိုင် ၅", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငရယ်ရွာရှိ စစ်ဘေးရှောင်ပြည်သူများအနက် ကျန်းမာရေးမ‌ ကောင်းသူ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ စသည့် လူဦးရေ ၈၀ ကျော်ကို ဆေးဝါးကုသမှု ပေးခဲ့ကြောင်း ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့ရေးအဖွဲ့ထံမှ သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#...
https://yktnews.com/2024/07/171577/
TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ အနောက်ပိုင်း မြင်းကွင်းများ ထုတ်ပြန်
["ရန်ကုန်၊ ဇူလိုင် ၅", "တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ အနောက်ပိုင်း မြင်းကွင်းများ ယနေ့ ဇူလိုင်လ ၅ ရက်နေ့တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထုတ်ပြန်ထားသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#s...
https://yktnews.com/2022/07/23651/
ဥကရစ်ထ စခန်းကို သိမ်းပိုက်နိုင်ရေး ပြည်သူများ ကူညီကြရန် KNDO မှ ဒုဗိုလ်မှူးကြီး စလုံး ပန်ကြား၊ စစ်တပ်က အင်အား တိုးချဲ့နေ၍ မြ၀တီ-ဝေါလေ လမ်းတစ်လျှောက်တိုက်ပွဲကြီးများ ဖြစ်လာနိုင်
["ရန်ကုန်၊ ဇူလိုင် ၅", "ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်၊ စစ်ကောင်စီ၏ ဥကရစ်ထ စခန်းကို အမြန်ဆုံး သိမ်းပိုက်နိုင်ရေး ပြည်သူများ ကူညီကြရန် KNDO မှ ဒုတိယဗိုလ်မှူး ကြီး စလုံးက အကူအညီတောင်းလိုက်ပြီး မြ၀တီ-ဝေါလေ လမ်းတစ်လျှောက်တိုက်ပွဲကြီးများ ဖြစ်လာနိုင်ကြောင်း အသိပေးချက် ထုတ်ပြန်လိုက်သည်။", "ထိုင်း-မြန်မာ နယ်စပ်ရှိ အကြမ်းဖ...
https://yktnews.com/2024/07/171527/
နေပြည်တော် VIP စားသောက်ဆိုင် တွင် သီဆိုဖျော်ဖြေမှုကြောင့် သပိတ် မှောက် BC အလုပ်ခံရမည့်အပေါ် အင်္ဂလိပ်လို နားမလည်ဟု လှောင်ပြောင်သည့် အဆိုတော် လေးဖြူကို ပြည်သူများက အပြင်းအထန် ဝေဖန်
["ရန်ကုန်၊ ဇူလိုင် ၅", "နေပြည်တော်ရှိ စစ်ကောင်စီအသိုင်းအ၀ိုင်းများ လာရောက် စားသောက်ပျော်ပါးလေ့ရှိသည့် VIP စားသောက် ဆိုင် တွင် သီဆိုဖျော်ဖြေမှုကြောင့် သပိတ်မှောက် BC အလုပ်ခံရမည့်အပေါ် BC ဆိုသော စကားလုံးကို အင်္ဂလိပ်လို နားမလည်ဟု လှောင်ပြောင်သည့် အဆိုတော် လေးဖြူကို အားမပေးကြရန် လူမှုကွန်ရက်တွင် စည်းရုံးတိုက်တွန်းလှုပ်ရှာ...
https://yktnews.com/2024/07/171530/
ပေါင်းတည်တွင် စစ်ကောင်စီခန့် သိမ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး
["ရန်ကုန်၊ ဇူလိုင် ၅", "ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီခန့် သိမ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ရဲမင်းဌေး(ခ) ဂျင်မီ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်းသတင်းပြန်ကြားတာဝန်ခံကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇူလိုင်လ ၄ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်...
https://yktnews.com/2022/07/23648/
နွားထိုးကြီးမြို့လယ်ခေါင်ရှိ စစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရပြီး ၃ ဦး ထက်မနည်း သေဆုံး
["ရန်ကုန်၊ ဇူလိုင် ၅", "မန္တလေးတိုင်း၊ နွားထိုးကြီးမြို့လယ်ခေါင်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ယမန်နေ့ ဇူလိုင်လ ၄ ရက် ညပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးထက်မနည်းသေဆုံးကြောင်း နွားထိုးကြီး PDF က သတင်းထုတ်ပြန်သည်။", "ယမန်နေ့ ည ၇ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားရာနေရာသို့ လက်နက်ကြီးဖြ...
https://yktnews.com/2022/07/23594/
မတ္တရာနှင့်မြင်းမူတွင် စစ်ကြောင်းနှင့်စစ်ကားတန်း မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်သား ၈ ဦး သေဆုံး
["ရန်ကုန်၊ ဇူလိုင် ၅", "မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ပန်းသလဲတောင်နှင့် ကျောက်ဆည်လေးကျေး ရွာ၊ ထုံးဘိုတောတိုက်ကြားတွင် နယ်မြေရှင်းလင်းရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ ဇူလိုင်လ ၄ ရက် နေ့လယ် ၁၂ နာရီ ၄၀ မိနစ်တွင် နတ်ဆိုး (မြေအောက်တော်လှန်ရေးအဖွဲ့)က မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးသွားကြောင်း သိရှိရသည်။", "အင်...
https://yktnews.com/2022/07/23619/
ကျဆုံးရဲဘော် ၆ ဦး အတွက် ရက္ခိုင့်တပ်တော်၏ စစ်ဒေသအားလုံးတွင် ဝမ်း နည်းခြင်း အထိမ်းအမှတ် အလံတစ်ဝက်ချ
["ရန်ကုန်၊ ဇူလိုင် ၅", "မြန်မာ-ထိုင်းနယ်စပ်အနီး၊ KNLA တပ်မဟာ ၅ ဧရိယာထဲရှိ ရက္ခိုင့်တပ်တော်တပ်စခန်းတစ်ခုအား ဇူလိုင် ၄ ရက် နေ့လည် ၁၂ နာရီကျော်ခန့်အချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်လေယာဥ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရက္ခိုင့်တပ်တော်မှ တပ်သား ၆ ဦးကျဆုံးခဲ့သည်။", "အဆိုပါ ကျဆုံးသွားသည့်တပ်သားများအတွက် ဝမ်းနည်းကြောင်းပြသသည...
https://yktnews.com/2024/07/171543/
၃ နှစ်တိုင်တိုင် ခုခံတော်လှန်မှုများကြောင့် မြန်မာနိုင်ငံမှာ နဂိုအတိုင်းပြန်မဖြစ်နိုင်တော့ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက သတိပေး
["ရန်ကုန်၊ ဇူလိုင် ၅", "မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်တိုင်အောင် ခုခံတော်လှန်မှုများကြောင့် နဂိုအတိုင်းပြန်မဖြစ်နိုင်တော့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့က သတိပေးလိုက်သည်။", "မြန်မာစစ်အုပ်စုသည် ၃ နှစ်တိုင်တိုင် အာဏာကို ဆက်လက် ထိန်းသိမ်းထားနိုင...
https://yktnews.com/2024/07/171563/
မွန်အမျိုးသမီးများကို စစ်ကောင်စီတပ်က လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ကျူးလွန်နေဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ ပြော
["ရန်ကုန်၊ ဇူလိုင် ၅", "မွန်ပြည်နယ်၊ ဂျိုင်းမြစ်ဝှမ်းဒေသက ဒေသခံအမျိုးသမီးတွေကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ကျူးလွန်နေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ထုတ်ပြန်ပါတယ်။", "ဂျိုင်းမြစ်ဝှမ်းဒေသမှာ တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်လာပြီးနောက် နေရပ်ပြန်လာတဲ့ ဒေသခံအမျိုးသမီးတွေကို အာဏာသိမ်းစစ်ကောင်စီ...
https://yktnews.com/2024/07/171514/
နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ
["ရန်ကုန်၊ ဇူလိုင် ၅", "ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ဇူလိုင်လ၅ ရက်နေ့တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevoluti...
https://yktnews.com/2022/07/23654/
ယခုညပိုင်း သရက်မြို့နှင့် ပြည်မြို့အနီးကို ဗဟိုပြု၍ ၃ ဒသမ ၅ အဆင့်နှင့် ၄ ဒသမ ၁ အဆင့်ရှိ ငလျင် နှစ်ကြိမ် လှုပ်ခတ်
["ရန်ကုန်၊ ဇူလိုင် ၅", "ယနေ့ ဇူလိုင်လ ၅ ရက်နေ့ ညပိုင်းတွင် မကွေးတိုင်း၊ သရက်မြို့နှင့် ၁၁ မိုင်အကွာကို ဗဟိုပြု၍ ၃ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီး ပဲခူးတိုင်း၊ ပြည်မြို့နှင့် ၃၇ မိုင်အကွာကို ဗဟိုပြု၍ ၄ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း သိရှိရသည်။", "မကွေးတိုင်း၊ သရက်မြို့နယ်နှင့် ၁၁ မိုင်အကွာကို ဗဟိုပြု၍ အင်အား ၃...
https://yktnews.com/2022/07/23568/
ရန်ကုန်တွင် ငလျင်လှုပ်ပြီး ပြည်သူအများစု သိရှိလိုက်ရ
["ရန်ကုန်၊ ဇူလိုင် ၅", "ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများစုတွင် ယနေ့ နံနက် ၇ နာရီ ၃၇ မိနစ်အချိန်တွင် ငလျင်တစ်ခု လှုပ်ခတ်သွားပြီး ပြည်သူအများစု သိရှိလိုက်ရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။", "“ငလျင်တော်တော်လှုပ်သွားတယ်။ တိုက်တွေ အိမ်တွေများ ပြိုကျမတတ် လှုပ်ခတ်သွားပါတယ်။ အိမ်မှာရှိတဲ့သူတွေ တချို့...
https://yktnews.com/2022/07/23615/
မှော်ဘီတွင် လေထီးဖြင့် စစ်သားချထားပေးသည့် လေထီးခုန် လေ့ကျင့်မှုများ လုပ်ဆောင်၊ မိတ္တီလာတွင်လည်း လေယာဉ်အမောင်းသင်မှုများ အရှိန်မြှင့်လုပ်နေ
["ရန်ကုန်၊ ဇူလိုင် ၅", "ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းတွင်ယနေ့ စစ်သားများကို လေယာဉ်ပေါ်မှ ချထားပေးသည့် လေထီးခုန် လေ့ကျင်မှုများကို လုပ်ဆောင်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုကြသည်။", "ယနေ့ နံနက် ၈ နာရီ မှော်ညီလေတပ်ဝင်းအတွင်း လေထီးခုန် လေ့ကျင်မှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“လေထီးခုန်လ...
https://yktnews.com/2024/07/171496/
လားရှိုးမြို့နယ် အနီးရှိ ကာကင်းစခန်းတချို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ရရှိထားပြီး စစ်တပ်ဘက်မှ သေဆုံးသူများရှိကာ စစ်သုံ့ပန်းများလည်း ဖမ်းဆီးရရှိထား
["ရန်ကုန်၊ ဇူလိုင် ၅", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် အနီးရှိ ကာကင်းစခန်းတချို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ရရှိထားပြီး စစ်တပ်ဘက်မှ သေဆုံးသူများရှိကာ စစ်သုံ့ပန်းများလည်း ဖမ်းဆီးရရှိထားကြောင်း တော်လှန်ရေး ရဲဘော်တချို့ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းကလည်း နမ့်ဖူးယိုင်ရ...
https://yktnews.com/2024/07/171552/
လားရှိုးရှိ ခလရ ၆၈ တပ်နှင့် ခမရ ၅၀၇ တပ်ရင်းတို့ကို မြောက်ပိုင်းမဟာမိတ်တပ်များက စုပေါင်းတိုက်ခိုက်နေပြီး စစ်မျက်နှာ ၅ ခုကို တစ်ပြိုင်နက်တည်း တိုက်နေ
["ရန်ကုန်၊ ဇူလိုင် ၅", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ ခလရ ၆၈ တပ်စခန်းနှင့် ခမရ ၅၀၇ တပ်ရင်းတို့ကို မြောက်ပိုင်းမဟာမိတ်တပ်များက စုပေါင်းတိုက်ခိုက်နေပြီး စစ်မျက်နှာ ၅ ခုကို တစ်ပြိုင်နက်တည်း တိုက်နေကြောင်း မြောက်ပိုင်းမဟာမိတ် စစ်ရေး သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "” လားရှိုးမြို့နယ...
https://yktnews.com/2024/07/171488/
နောင်ချိုရှိ စစ်ကောင်စီ၏ ၆၀၆ တပ်ရင်းကို တိုက်ခိုက်စဉ် အဆိပ်ငွေ့ဗုံး ၃ လုံး စစ်တပ်က အသုံးပြု တိုက်ခိုက်ခဲ့သဖြင့် TNLA ရဲဘော် ၈ ဦး အဆိပ်ငွေ့သင့်ပြီး ဆေးကုသမှု ခံယူရ
["ရန်ကုန်၊ ဇူလိုင် ၅", "ရှမ်းပြည်မြောက်ပိုင်း၊နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ၏ ၆၀၆ တပ်ရင်းကို တိုက်ခိုက်စဉ် အဆိပ်ငွေ့ဗုံး ၃ လုံးကို စစ်တပ်က အသုံးပြု တိုက်ခိုက်ခဲ့သဖြင့် TNLA ရဲဘော် ၈ ဦး အဆိပ်ငွေ့သင့်ပြီး ဆေးကုသမှု ခံယူရကြောင်းTNLA က သတင်းထုတ်ပြန်သည်။", "ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် နောင်ချိုမြို့နယ်၊ စစ်ကောင...
https://yktnews.com/2022/07/23597/
မြန်မာအကြမ်းဖက်စစ်တပ်နဲ့ ရုရှတို့ ဦးဆောင်မဲ့ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေ ပါဝင်တဲ့ အစည်းအဝေးမှ နယူးဇီလန် နုတ်ထွက်
["ရန်ကုန်၊ ဇူလိုင် ၅", "အကြမ်းဖက် မြန်မာစစ်တပ် ပူးတွဲဥက္ကဌအဖြစ် ဦးဆောင်တဲ့ အာဆီယံရဲ့ ဇူလိုင်လအတွင်း ကျင်းပမယ့် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေးကနေ နယူးဇီလန်နိုင်ငံ နုတ်ထွက်သွားပြီ ဖြစ်ပါတယ်။", "နယူးဇီလန်နိုင်ငံဟာ အဆိုပါ အစည်းအဝေးကနေ ဒုတိယမြောက် နုတ်ထွက်တဲ့ နိုင်ငံဖြစ်ပြီး ကနဦးနု...
https://yktnews.com/2022/07/23633/
တမူးသို့ အလည်လာရောက်သည့် အိန္ဒိယနိုင်ငံသား ၂ ဦးကို စစ်ကောင်စီ လက်ပါးစေ ပျူစောထီးများက ပစ်သတ်
["ရန်ကုန်၊ ဇူလိုင် ၅", "အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့သို့ လာရောက်သည့် အိန္ဒိယနိုင်ငံသား ၂ ဦးကို စစ်ကောင်စီလက်ပါးစေ ပျူစောထီးများက ယနေ့ ဇူလိုင်လ ၅ ရက် နေ့လယ် ၁ နာရီ၌ ပစ်သတ်လိုက်ကြောင်း ဒေသသတင်းရင်းမြစ် Chongthu News တွင် ဖော်ပြသည်။", "ပစ်သတ်ခံရသူများမှာ အသက် ၂၈ နှစ်အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၃၅ နှ...
https://yktnews.com/2022/07/23683/
ဖားကန့်မြို့နယ်တွင် ရဲအုပ်တစ်ဦး အပါအဝင် ရဲ ၇ ဦးကို လက်နက် ၄ လက်နှင့်အတူ KIA ၊ PDF ပူးပေါင်းတပ်များက ဖမ်းဆီး
["ရန်ကုန်၊ ဇူလိုင် ၆", "ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ရဲအုပ်တစ်ဦး အပါအဝင် ရဲ ၇ ဦးကို လက် နက် ၄ လက်နှင့်အတူ KIA ၊ PDF ပူးပေါင်းတပ်များက ဖမ်းဆီးလိုက်ကြောင်း PDF သတင်းရင်းမြစ်ထံမှ သိရှိရသည်။", "ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဖားကန့်နှင့် နန့်ယားကြားတွင် ရဲ ၇ ဦးကို KIA PDF ပူးပေါင်းတပ်များက ဖမ်းဆီးလိုက်ခြင်းဖြစ် ကြောင...
https://yktnews.com/2022/07/23677/
ဖယ်ခုံတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၄၀ ကျော်သေဆုံးပြီး KNDF ဘက်မှ ၁၁ ဦးကျဆုံး
["ရန်ကုန်၊ ဇူလိုင် ၆", "ကရင်နီပြည်နယ်နှင့်ရှမ်းပြည်နယ်အစပ်၊ ဖယ်ခုံတွင် ဇူလိုင်လ ၄ ရက်နေ့ ဖြစ် ပွားသော တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၄၀ ကျော်သေဆုံးပြီးKNDF တပ်ပေါင်း စုများဘက်မှ ၁၁ ဦးကျဆုံးကြောင်း KNDF က တရားဝင် သတင်းထုတ်ပြန်သည်။", "ဇူလိုင်လ ၄ ရက်နေ့၊ နံနက် ၅ နာရီအချိန်၌ ဖယ်ခုံမြို့နယ် ကုန်းဆုံနှင့် လွယ်ပတာကျေးရွာအနီးရှိ...
https://yktnews.com/2022/07/23713/
ဒီးမော့ဆို၊ စစ်ရှောင်စခန်းတခုကို ကျေးလက်မြေအဖွဲ့က သောက်သုံးရေနှင့် အာဟာရမုန့်များ လှူဒါန်း
["ရန်ကုန်၊ ဇူလိုင် ၆", "ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းတခုကို ကျေးလက်မြေအဖွဲ့က ယနေ့ ဇူလိုင်လ ၆ ရက်နေ့တွင် သောက်သုံးရေနှင့် ကလေးငယ်များအတွက် အာဟာရဒါနမုန့်များ လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။", "ကရင်နီဒေသခံများသည် တောတောင်တွင်း စစ်ရှောင်နေကြရသည်မှာ တနှစ်ဝန်းကျင် ကြာမြင့်နေပြီဖြစ်ပြီး စစ်ရှော...
https://yktnews.com/2022/07/23719/
ဘောလခဲတွင် ရဲတပ်ကြပ်ကြီး ၂ ဦး လက်ပစ်ဗုံး ၆ လုံး၊ ကျည် ၃၁၂ တောင့်၊ စကားပြောစက် ၂ လုံးနှင့်အတူ CDM ဝင်
["ရန်ကုန်၊ ဇူလိုင် ၆", "ကရင်နီပြည်နယ်၊ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) သို့ ဇူလိုင်လ ၃ ရက်နေ့တွင် ဘောလခဲ ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးတပ်စုမှ တပ်ကြပ်ကြီး ကိုဝင်းထွန်းနှင့် နယ်ထိန်း တပ်ကြပ်ကြီး ကိုမျိုးဆွေဦးတို့ CDM အဖြစ် ဝင်ရောက်ခိုလှုံခဲ့ကြောင်း Bawlakhe PDF က သတင်းထုတ်ပြန်သည်။", "CDM ပြုလုပ်လာသည့် ရဲတပ်ကြပ်ကြီး ...
https://yktnews.com/2022/07/23669/
KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ဇွန်လတွင် တိုက်ပွဲပေါင်း ၃၆၀ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၄၀၀ ကျော် သေဆုံး၊ ဥကရစ်ထတိုက်ပွဲတွင် ၄ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၉၄ ကြိမ် ပြုလုပ်
["ရန်ကုန်၊ ဇူလိုင် ၆", "ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း အကြမ်းဖက်စစ်တပ်၊ လက်ပါးစေ BGFများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO၊ ပူးပေါင်းတပ်ဖွဲ့များကြား ဇွန်လ ၁ လအတွင်း တိုက်ပွဲ ၃၆၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့် BGF ဘက်မှ ၄၁၀ ဦး သေဆုံးကာ ...
https://yktnews.com/2022/07/23739/
မင်းတပ်မြို့၊ ချပ်ရွာနှင့် ဆွန်တောင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ကျဲချခဲ့စဉ် မပေါက်ကွဲဘဲ ကျန်နေသည့် ဗုံးများကို CDF ရှင်းလင်း
["ရန်ကုန်၊ ဇူလိုင် ၆", "ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ချပ်ရွာနှင့် ဆွန်တောင်ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဇူလိုင်လ ၂ ရက်နေ့နံနက်တွင် ဗုံးကျဲကျ တိုက်ခိုက်ခဲ့ပြီး မပေါက်ကွဲဘဲ ကျန်နေသည့် ဗုံးများကို CDF မင်းတပ် တပ်ဖွဲ့ဝင်များက ယနေ့တွင် ရှင်းလင်းလိုက်ကြောင်း သတင်းရရှိသည်။", "အဆိုပါ ဗုံးကျဲတိုက်ခ...
https://yktnews.com/2022/07/23660/
မြောင်မြို့နယ်၊ ဆူးလေကုန်းရွာကို စစ်တပ်က မီးဝင်ရှို့သဖြင့် နေအိမ် ၂၈ လုံး ပြာကျ
["ရန်ကုန်၊ ဇူလိုင် ၆", "စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဆူးလေကုန်းရွာကို အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၄ ရက်နေ့တွင် ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂၈ လုံး မီးလောင်ပြာကျခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM ထံမှ သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေစကြိုမှ မြောင်မြ...
https://yktnews.com/2022/07/23726/
စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့က ပစ်သတ်လိုက်သော အိန္ဒိယနိုင်ငံ သား ၂ ဦး၏ ရုပ်အလောင်းကို ပြန်မပေးသည့်အတွက် အိန္ဒိယပြည်သူများ ဆန္ဒပြပြီး မြန်မာနယ်နမိတ် အနီးမှ ရဲကင်းကို မီးရှို့
["ရန်ကုန်၊ ဇူလိုင် ၆", "စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် ပျူစောထီး အဖွဲ့၏ ပစ်သတ်မှုကြောင့် သေဆုံးသွားသော အိန္ဒိယနိုင်ငံသား နှစ်ယောက် ၏ အလောင်းပြန်လည်ရရှိရေး အတွက် အိန္ဒိယနိုင်ငံ၊ မိုးရေးလူထုက မိုးရေးရဲစခန်းတွင် သွား ရောက်တောင်းဆို ဆန္ဒပြပြီး မြန်မာနယ်နမိတ် အနီးမှ ရဲကင်းကို မီးရှို့လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတ...
https://yktnews.com/2022/07/23735/
မြောင်နှင့် ရေစကြိုအစပ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၂၀ ဦးထက်မနည်း သေ ဆုံးသဖြင့် စစ်ရဟတ်ယာဉ်များဖြင့် စစ်ကူပေး တိုက်ခိုက်၊ မတူပီတွင် စစ်သား ၃ ဦးသေဆုံး၊ ဂန့်ဂေါတွင်လည်း စစ်ကား ၂ စီး မိုင်းဆွဲခံရ
["ရန်ကုန်၊ ဇူလိုင် ၆", "စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နှင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်အစပ်တွင် အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား ယနေ့ ဇူလိုင်လ ၆ ရက် နံနက် ၇ နာရီခွဲတွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးကြောင်း သတင်းရရှိသည်။", "တိုက်ပွဲသည် ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး...
https://yktnews.com/2022/07/23790/
ဘီးလင်း NLD ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်အမတ် ဦးကျော်မျိုးမင်းကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်၊ လက်ပြန်ကြိုးတုပ်လျက်ဖြင့် အသတ်ခံထားရသော အလောင်းကို ရေမြောင်းထဲတွင် စွန့်ပစ်ခဲ့
["ရန်ကုန်၊ ဇူလိုင် ၆", "မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်NLD ဥက္ကဋ္ဌ ၊ ပြည်နယ်လွှတ်တော်အမတ် ဦးကျော်မျိုးမင်းကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်လိုက်ပြီး အလောင်းကို ရေမြောင်းထဲတွင် လက်ပြန်ကြိုးတုပ်လျက်ဖြင့် ပြန်လည် တွေ့ရရှိကြောင်း NLD ဘက်က အတည်ပြုပြောသည်။", "ဇွန်လ ၂၂ ရက်နေ့၊ ဘီးလင်းမြို့နယ်တွင် လွှတ်တော်အမတ် ဦးကျော်မျိုးမင်း၊ NLD ပါ...
https://yktnews.com/2022/07/23751/
ရန်ကုန် ဆူးလေလမ်းနှင့် ကမ်းနားလမ်းထောင့် ညစျေးအနီးတွင် လုံခြုံရေးယူ ထားသည့် စစ်တပ်နှင့်ရဲကင်းကို ဗုံးဖြင့် ပစ်၊ ဗုံးပေါက်ကွဲမှုကြောင့် စစ်သားများ သေဆုံး ထိခိုက်မှုများနိုင်
["ရန်ကုန်၊ ဇူလိုင် ၆", "ရန်ကုန် ဆူးလေလမ်းနှင့် ကမ်းနားလမ်းထောင့် ညစျေးအနီးတွင် လုံခြုံရေးယူထားသည့် စစ်တပ်နှင့်ရဲကင်းကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ပြီး စစ်သား သေဆုံး ထိခိုက်မှုရှိနိုင်ကြောင်း ဒေသခံများနှင့် ဒေသပျောက်ကျားတပ်ဖွဲ့ထံမှ သိရှိရသည်။", "ယနေ့ ညနေ ၆ နာရီ ၂၀ မိနစ်အချိန် ရန်ကုန်မြို့ ကျောက်တံတား မြို့နယ် ဆူ...
https://yktnews.com/2022/07/23666/
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံသို့ သွားရောက်ပြီး အင်ဒို၊ တရုတ်နှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီးများနှင့်တွေ့ဆုံမည်၊ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးကိုပါ ထည့်သွင်းဆွေးနွေးမည်
["ရန်ကုန်၊ ဇူလိုင် ၆", "အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken သည် ဇူလိုင်လ ၆ ရက်မှ ၁၁ ရက်အထိ ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။", "အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken သည် G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရ...
https://yktnews.com/2022/07/23826/
စစ်တပ်ကို ခုခံ တိုက်ခိုက်ရန် PDF အထူး ကွန်မန်ဒိုတပ်ဖွဲ့က စစ်ရေး လေ့ကျင့်မှု ပြုလုပ်
["ရန်ကုန်၊ ဇူလိုင် ၇", "နိုင်ငံတစ်ဝန်းရှိ ပြည်သူပိုင် နေအိမ်များနှင့် ပစ္စည်းများကို ခိုးယူ လုယက် မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်တပ်ကို ခုခံ တိုက်ခိုက်ရန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် PDF ကွန်မန်ဒိုတပ်ဖွဲ့မှ စစ်ရေး လေ့ကျင့်နေမှု ပြုလုပ်နေသောဓာတ်ပုံများကို ယနေ့ ဇူလိုင်လ ၇ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။", "အဆိုပါ အထူး ကွ...
https://yktnews.com/2022/07/23925/
မတူပီ၊ ခင်ဦး၊ မြိုင်၊ ကလေးနှင့် ဒီပဲယင်းတို့တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံး
["ရန်ကုန်၊ ဇူလိုင် ၇", "မတူပီ၊ ခင်ဦး၊ မြိုင်၊ ကလေးနှင့် ဒီပဲယင်းတို့တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။", "မတူပီတွင် စစ်သား ၂ ဦးသေဆုံး", "==================", "ချင်းပြည်နယ် မတူပီမြို့နယ် အမ်လိုင်းကျေးရွာတွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့မ...
https://yktnews.com/2022/07/23907/
မြိုင်မြို့နယ်ရှိ PDF စခန်းတစ်ခု ဖျက်ဆီးခံရ၊ လက်နက်ထုတ်လုပ်ရေးလိုအပ်သည့် ပစ္စည်းအချိုပါ ဖျက်ဆီးခံရ၍ ထောက်ပံ့မှုများ လိုအပ်နေ
["ရန်ကုန်၊ ဇူလိုင် ၇", "မြိုင်မြို့နယ်တောင်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် နံ့သာမြေယက္ခအဖွဲ့စခန်းကို ဇူလိုင် ၅ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုး ဖျက်ဆီးခဲ့ပြီး လက်နက်ထုတ်လုပ်ရေးအတွက် လိုအပ်သည့် ပစ္စည်းအချို့ကိုပါ ဖျက်ဆီးသွားကြောင်း PDF ဒေသသတင်းရင်းမြစ်ထံမှ သတင်းရရှိသည်။", "“ဆုံးရှုံးမှုတန်ဖိုး သိန်...
https://yktnews.com/2022/07/23869/
လှိုင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူငယ်တချို့ကို 7J/5050 တိုယိုတာ ဘယ်လ်တာ ကား အဖြူရောင်ဖြင့် ဝင်တိုက်
["ရန်ကုန်၊ ဇူလိုင် ၇", "ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် ယနေ့ ညနေ ၃ နာရီခွဲအချိန် 7 july နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြစဉ် ဆန္ဒပြလူငယ်တချို့ကို 7J/5050 အဖြူရောင် တိုယိုတာ ဘယ်လ်တာကားဖြင့် ဝင်တိုက်မှု ဖြစ်ပွားပြီး လူငယ် ၂ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။", "“အိမ်စီးကားအဖြူ 7j5050။ ဆန္ဒပြနေတုန...
https://yktnews.com/2022/07/23796/
ရန်ကုန်၊ မြောက်ဥက္ကလာ၊ ဧရာ ၆ လမ်းမှ မဘသ၊ အမျိုးသားရေးအစွန်းရောက်နှင့်စစ်တပ်ထောက်ခံသူ ရာအိမ်မှူး သန်းလွင် နေအိမ်ကို သတိပေး ဗုံးခွဲ
["ရန်ကုန်၊ ဇူလိုင် ၇", "ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် ဧရာ ၆ လမ်းရှိ မဘသ၊ အမျိုးသားရေးအစွန်းရောက်နှင့်စစ်တပ်ထောက်ခံသူ ရာအိမ်မှူး သန်းလွင် (ခ) ကံထူး ၏ နေအိမ်ကို ယနေ့ ဇူလိုင်လ ၇ ရက်နေ့ နံနက် ၄ နာရီ ၄၀ အချိန်တွင် မြို့ပြ ပြောက်ကျား တပ်ဖွဲ့က သတိပေးဖောက်ခွဲလိုက်ကြောင်း သိရသည်။", "တိုက်ခိုက်မှုကို ACPLF Ranger အဖွဲ့ ၏ ပ...
https://yktnews.com/2022/07/23904/
ဖလမ်းတွင် အသက် ၆၀ အရွယ် မသန်စွမ်း အမျိုးသမီး၊ ဝက်လက်တွင် စိတ်ဝေဒနာရှင်၊ ပုလဲတွင် အသက် ၇၀ ကျော်အရွယ် အဘိုးအို ၂ ဦး၊ ညောင်လေးပင်တွင် စစ်ဘေးရှောင်ကူညီသူ စုစုပေါင်း ၅ ဦးကို စစ်တပ်က သတ်ဖြတ်
["ရန်ကုန်၊ ဇူလိုင် ၇", "အကြမ်းဖက်စစ်တပ်က ဖလမ်းတွင် အသက် ၆၀ အရွယ် မသန်စွမ်း အမျိုးသမီး ၁ ဦး၊ ဝက်လက်တွင် စိတ်ဝေဒနာရှင် ၁ ဦး၊ ပုလဲတွင် အသက် ၇၀ ကျော်အဘိုးအို ၂ ဦး၊ ညောင်လေးပင်တွင် စစ်ဘေးရှောင်ကူညီသူ စုစုပေါင်း ၅ ဦးကို သတ် ဖြတ်လိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။", "ဖလမ်းမြို့တွင် အသက် ၆၀ အရွယ် မသန်စွမ်း ဒေါ်တီလ်ကပ်(ပ်)ကို...
https://yktnews.com/2022/07/23793/
အကြမ်းဖက် စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာ MRTV တိုက်ရိုက်ထုတ်လွှင့်ခြင်း အစီအစဥ်များ ပိတ်ပင်ခံရ
["ရန်ကုန်၊ ဇူလိုင် ၇", "အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားအခြေစိုက် အွန်လိုင်းရုပ်သံနဲ့ ဗွီဒီယိုတိုက်ရိုက်ထုတ်လွှင့်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Dacast က အကြမ်းဖက်မြန်မာစစ်တပ်ရဲ့ MRTV အွန်လိုင်းရုပ်သံတိုက်ရိုက်ထုတ်လွှင့်တာကို တားမြစ်ပိတ်ပင်လိုက်ပြီလို့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။", "MRTV ရုပ်သံဟာ တရား...
https://yktnews.com/2022/07/23895/
အိန္ဒိယနိုင်ငံသား ၂ ဦးကို အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီးများက ပစ်သတ်မှု တမူး PDF က ကန့်ကွက် ရှုတ်ချ
["ရန်ကုန်၊ ဇူလိုင် ၇", "အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊မိုးရေးမြို့မှ အိန္ဒိယနိုင်ငံသား တမီးလ်အမျိုး သား ၂ ဦးကို အကြမ်း ဖက်စစ်တပ်၏ လက်အောက်ခံ ပျူစောထီးများက တမူးမြို့တွင် ပစ်ခတ်သတ်ဖြတ်မှုကို ရှုတ်ချကြောင်း တမူး PDF က သတင်းထုတ်ပြန် သည်။", "ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် အိန္ဒိယနိုင်ငံသား Mr.Mohan အသက် ၂၈ နှစ်၊ ...
https://yktnews.com/2022/07/23947/
မြဝတီ-ဝေါလေ ကားလမ်းတွင် အကြမ်းဖက်စစ်တပ်၊ BGF ပူးပေါင်းတပ်ဖွဲ့နှင့် ကော်ဘရာစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၅ ဦးထက်မနည်းသေဆုံး၊ လက်နက်များ ရရှိ
["ရန်ကုန်၊ ဇူလိုင် ၈", "ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်း၊ မြဝတီ-ဝေါလေ ကားလမ်းတွင် အကြမ်းဖက်စစ်တပ်၏ ခမရ ၂၀၇ နှင့် ကော်ဘရာစစ်ကြောင်းကြား ယမန်နေ့ ဇူလိုင်လ ၇ ရက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိကြောင်း Cobra စစ်ကြောင်းထံမှ သိရှိရ...
https://yktnews.com/2022/07/23973/
ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဆိုအာဘေး ပစ်ခတ်လုပ်ကြံခံရမှုတွင် ဒဏ်ရာရရှိပြီး အသက်ရှိနေသည့် လက္ခဏာမပြတော့ဟုဆို
["ရန်ကုန်၊ ဇူလိုင် ၈", "ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဆိုအာဘေး ပစ်ခတ်လုပ်ကြံခံရမှုတွင် ဒဏ်ရာရရှိပြီး အသက်ရှိနေသည့် လက္ခဏာမပြတော့ကြောင်း ဂျပန်သတင်းဌာနများ၏ သ တင်းဖော်ပြချက်အရ သိရှိရသည်။", "ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဆိုအာဘေးသည် နာရာမြို့တွင် အထက် လွှတ် တော်အမတ်ရွေးကောက်ပွဲအတွက် အမတ်လောင်းတစ်ဦးကို ကူညီ မဲဆွယ်စည်းရုံး စကား...
https://yktnews.com/2022/07/23976/
စစ်ကိုင်း-ရွှေဘို-ဝက်လက် လမ်းပိုင်းနှင့် ချောင်းဦးတွင် စစ်သားများ လိုက်ပါလာသည့် ကားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး အရာရှိ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ တပ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရ
["ရန်ကုန်၊ ဇူလိုင် ၈", "စစ်ကိုင်း-ရွှေဘို-ဝက်လက် လမ်းပိုင်းတွင် ဇူလိုင်လ ၇ ရက်နေ့၌ အကြမ်းဖက် စစ်တပ် စစ်သားများ လိုက်ပါလာသည့် ကားများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ၄ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် တပ်သား အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု Ghost Rider Special Task Force (Burma) တပ်...
https://yktnews.com/2022/07/24012/
ရေဦး၊ စည်သာမြေရွာကို စစ်တပ်က ရဟတ်ယာဉ် ၄ စီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြည်သူများ ပိတ်မိနေ၊ သံတောင်ကြီးတွင် အစည်းအဝေး လာတက်သည့် တပ်နယ်မှူး လမ်းကြောင်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး
["ရန်ကုန်၊ ဇူလိုင် ၈", "စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ စည်သာမြေကျေးရွာတွင် စစ်တပ်က ရဟတ်ယာဉ် ၄ စီးဖြင့် ယနေ့ နံနက်ပိုင်း ဝင်ရောက် ပစ်ခတ်ပြီး ကျေးရွာကို ပိတ်ဆို့ထားသဖြင့် ပြည်သူများ ပိတ်မိနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇူလိုင်လ ၈ ရက်နေ့ နံနက် ၁၁ နာရီအချိန် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ...
https://yktnews.com/2022/07/23958/
လုံခြုံရေးတင်းကျပ်သည့် ပဲခူးကျုံးဝင်းအတွင်း ကျောင်းသားအရေးတော်ပုံ နှစ် (၆၀) ပြည့် အထိမ်းမှတ် အာဏာရှင်ဆန်ကျင့်ရေးစာတန်း ချိတ်ဆွဲ
["ရန်ကုန်၊ ဇူလိုင် ၈", "ပဲခူးတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကိုက် ၁၅၀ ခန့်အကွာတွင် တည်ရှိသည့် ပဲခူးကျုံးဝင်းတွင် ၇.၇.၆၂ ကျောင်းသားအရေးတော်ပုံ နှစ် (၆၀) ပြည့် အထိမ်းမှတ်အဖြစ် “ငါတို့မြို့ ငါတို့ပိုင်တယ် လုံးဝအုပ်ချုပ်ခွင့်မရ” အာဏာရှင်ဆန်ကျင့်ရေး စာတန်းကို ဇူလိုင်လ ၇ ရက်နေ့တွင် အရပ်ဘက်ပြည်သူ့ကာကွယ်ရေ...
https://yktnews.com/2022/07/23967/
ရေစကြိုမြို့နယ်၊ ဂွေးဂုဏ်ရွာသား ကိုဝင်းနိုင်ထွန်းကို စစ်တပ်က ပစ်သတ်ပြီး ရွာထဲရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ လုယက်သွား
["ရန်ကုန်၊ ဇူလိုင် ၈", "မကွေးတိုင်း ရေစကြိုမြို့နယ် ဂွေးဂုဏ်ရွာသား ကိုဝင်းနိုင်ထွန်းကို အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၄ ရက်နေ့ ည ၇ နာရီခန့်တွင် ဖမ်းဆီး ပစ်သတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်က ဖမ်းဆီး ပစ်သတ်ခဲ့သော ကိုဝင်းနိုင်ထွန်းသည် ကျေးရွာအတွင်းသို့ စစ်တပ် ဝင်ရောက်လ...
https://yktnews.com/2022/07/23979/
ပခုက္ကူ၊ စိုင်ဖြူကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးရှို့နေ ၊ ပတ်ဝန်းကျင်ကျေးရွာမှ ပြည်သူများစွာ ထွက်ပြေးနေရ
["ရန်ကုန်၊ ဇူလိုင် ၈", "မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ စိုင်ဖြူကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ နံနက် ၁၁ နာရီအချိန်တွင် ဝင်ရောက်မီးရှို့နေကြောင်း‌ ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇူလိုင်လ ၈ ရက်နေ့ နံနက် အစောပိုင်းတွင် ပခုက္ကူမြို့နယ် ရှားဒူးကျေးရွာကို မီးရှို့ပြီးနောက် နံနက် ၁၁ ...
https://yktnews.com/2022/07/23953/
ပခုက္ကူ၊ ရှားဒူးကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ မီးရှို့သဖြင့် အိမ်ခြေ ၂၀၀ နီးပါး မီးလောင်နေ၊ အရာတော်၊ နမသင်းရွာနှင့် ဒီပဲယင်း ပျံကျရွာကိုလည်း စစ်တပ်က မီးဝင်ရှို့နေ၊ ပြည်သူ ၅ ဦး ဖမ်းဆီးခံထားရ
["ရန်ကုန်၊ ဇူလိုင် ၈", "မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရှားဒူကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ နံနက် ၈ နာရီအချိန်မှစတင်ပြီး ရွာလုံးကျွတ် မီးရှို့လျက်ရှိကာ တစ်ရွာလုံး မီးလောင်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုကြသည်။", "“ပခုက္ကူ၊ ရှားဒူးကျေးရွာကို ဖက်ဆစ်စစ်ကြောင်းဝင်ပြီး မီးရှို့နေတာ...
https://yktnews.com/2022/07/23982/
တကောင်း အမြောက်တပ်ရင်း ၃၈၄ မှ တပ်သား မောင်ကောင်းညိမ်း PDF တပ်ဖွဲ့ထံ CDM ပြုလုပ်
["ရန်ကုန်၊ ဇူလိုင် ၈", "မန္တလေးတိုင်း တကောင်းမြို့ အမြောက်တပ်ရင်း ၃၈၄ မှ တပ်သား မောင်ကောင်းညိမ်းသည် တကောင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Tagaung PDF)ထံ CDM လာရောက် ပြုလုပ်ခဲ့​ပြီး Tagaung PDF တပ်ဖွဲ့က ပြောသည်။", "လက်ရှိချိန်တွင် CDM ပြုလုပ်ခဲ့သော တပ်သား မောင်ကောင်းညိမ်းကို တ ကောင်းမြို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ပြည်...
https://yktnews.com/2022/07/23937/
မန္တလေးမြို့၊ စာသင်ကျောင်းရှေ့တွင် လူငယ်တစ်ဦးကို သွေးသောက်အဖွဲ့ကသတ် ဖြတ်ပြီး အလောင်းတွင် “ခြိမ်းခြောက်မယ့်သူ ရှိသေးလား”ဟု စာကပ်သွား၊ စစ်တပ်လော်ဘီတချို့က လူငယ်ကို သတ်ဖြတ်မှု ၎င်းတို့လက်ချက်ဟု ဝန်ခံထား
["ရန်ကုန်၊ ဇူလိုင် ၈", "မန္တလေးမြို့ပေါ်တွင် လူငယ်တစ်ဦးကို သွေးသောက်အဖွဲ့က စာသင်ကျောင်းရှေ့တွင် သတ်ဖြတ်ပြီး အလောင်းတွင်သွေးသောက်တံဆိပ် ကပ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။", "ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်း မန္တလေးမြို့ပေါ် ၊ ၄၀- ၄၁ကြား၊၈၆လမ်း အမှတ် ၈ အခြေခံပညာအထက် တန်းကျောင်းခွဲရှေ့တွင် လူငယ်တစ်ဦးကို ပစ်သတ်ခံထားရသည့်...
https://yktnews.com/2022/07/24015/
မြန်မာနိုင်ငံတွင် ဂျပန် Suzuki ကားထုတ်လုပ်မှု တရားဝင် ရပ်ဆိုင်း၊ စစ်တပ်က သွင်းကုန်အတွက် ဒေါ်လာများကို ထိန်းချုပ်လိုက်မှုကြောင့် လိုအပ်သည့် ကားပစ္စည်းများ မတင်သွင်းနိုင်တော့သဖြင့် ရပ်ဆိုင်းခြင်းဖြစ်
["ရန်ကုန်၊ ဇူလိုင် ၈", "မြန်မာနိုင်ငံရှိ ဂျပန် ဆူဇူကီး ကားထုတ်လုပ်မှုများကို ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ တရားဝင် ရပ်ဆိုင်းလိုက်ပြီး စစ်တပ်က သွင်းကုန်အတွက် ဒေါ်လာများကို ထိန်းချုပ်လိုက်မှုကြောင့် လိုအပ်သည့် ကားပစ္စည်းများ မတင်သွင်းနိုင်တော့သဖြင့် ရပ်ဆိုင်းခြင်းဖြစ်ကြောင်း ဂျပန် Asia Nikkei သတင်းဌာနက သတင်းဖော်ပြသည်။", "မြန်...
https://yktnews.com/2022/07/23992/
ရေးတွင် မူးယစ်ဆေးဝါးဖြန့်ချီနေသည့် အဖွဲ့ကို YGF ဝင်ရောက်ဖမ်းဆီး၊ ငွေ သိန်း ၇၀ ကျပ်၊ ဆိုင်ကယ်၊ ကားများကို ဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး
["ရန်ကုန်၊ ဇူလိုင် ၈", "မွန်ပြည်နယ်၊ ရေးမြို့တွင် မူးယစ်ဆေးဝါး သုံးစွဲ၊ ဖြန့်ချီနေသော အဖွဲ့ ၁ ဖွဲ့ကို ရေး ပြောက်ကျားတပ်ဖွဲ့ YGF က ဇူလိုင်လ ၅ ရက်နေ့တွင် ဝင်ရောက်ဖမ်းဆီးပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။", "ဝင်ရောက်ဖမ်းဆီးရာတွင် အမျိုးသား ၇ ဦးနှင့်အတူ WY စိတ်ကြွဆေးပြား ၂၆၄ ပ...
https://yktnews.com/2022/07/23985/
ယနေ့ နံနက်ပိုင်း ပစ်ခတ်လုပ်ကြံခံရသော ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဆိုအာဘေး ကွယ်လွန်
["ရန်ကုန်၊ ဇူလိုင် ၈", "ယနေ့ နံနက်ပိုင်း ဂျပန်နိုင်ငံတွင် ပစ်ခတ်လုပ်ကြံခံရသော ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဆိုအာဘေး ရရှိသော ဒဏ်ရာဖြင့် ကွယ်လွန်သွားပြီဖြစကြောင်း ဂျပန် NHK သတင်းဌာနက ကြေညာသည်။", "ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဆိုအာဘေးသည် နာရာမြို့တွင် အထက် လွှတ် တော်အမတ်ရွေးကောက်ပွဲအတွက် အမတ်လောင်းတစ်ဦးကို ကူညီ မဲဆွယ်စည်းရု...
https://yktnews.com/2022/07/23961/
ရှမ်းတောင်နှင့် ကရင်နီပြည်နယ်ရှီ အကြမ်းဖက်စစ်တပ်စခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တိုက်၍ စစ်ကောင်စီဘက်မှ ၄၉ ဦးထက်မနည်း သေဆုံး၊ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁၁ ဦး ကျဆုံး
["ရန်ကုန်၊ ဇူလိုင် ၈", "ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် ကရင်နီပြည်နယ် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်များရှိ အကြမ်းဖက်စစ်တပ် တပ်စခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဇူလိုင်လ ၄ ရက်နှင့် ၆ ရက်နေ့များတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် ၄၉ ဦးထက်မနည်းသေဆုံးပြီး ကရင်နီပူးပေါင်း...