url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2024/06/169901/
မန္တလေး-မိုးကုတ်နှင့် မန္တလေး-မြစ်ကြီးနား ကားလမ်းပိုင်းကို ည ၇ နာရီ မှ နံနက် ၆ နာရီ အတွင်း ဖြတ်သန်းသွားခြင်းမပြုရန် ပြင်ဦးလွင်ခရိုင် PDF တပ်ဖွဲ့ အသိပေး
["ရန်ကုန်၊ ဇွန် ၂၅", "မန္တလေးတိုင်း၊ မန္တလေး-မိုးကုတ်နှင့် မန္တလေး-မြစ်ကြီးနားလမ်းပိုင်းကို ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း ခရီးသွားလာခြင်းမပြုကြရန် ပြင်ဦးလွင်ခရိုင် PDF တပ်ဖွဲ့က အသိပေး ထုတ်ပြန်လိုက်သည်။", "ယနေ့ဇွန်လ ၂၅ ရက်နေ့မှစ၍ မန္တလေး-မိုးကုတ် ကားလမ်းနှင့် မန္တလေး-မြစ်ကြီးနား ကားလမ်းကို အသုံးပြုလျက် သွားလာနေကြသည့် ပြ...
https://yktnews.com/2024/06/169895/
ရေး-ထားဝယ်လမ်းမကြီးတွင် မွန်ပြည်သစ်ပါတီ- AD နှင့်တောင်ညိုစစ်ကြောင်းတို့ ပူးပေါင်း၍ ကားများကို လုံခြုံရေးစစ်ဆေး
["ရန်ကုန်၊ ဇွန် ၂၅", "မွန်ပြည်နယ် သံဖြူဇရပ်မြို့ နယ်တောင်ပိုင်းရှိ ရေး-ထားဝယ်လမ်းမကြီးတွင် မွန်ပြည်သစ်ပါတီ- AD နှင့်တောင်ညိုစစ်ကြောင်းတို့ ပူးပေါင်း၍ ကားများကို လုံခြုံရေးအတွက် စစ်ဆေးခြင်းကို ယနေ့ ဇွန် ၂၅ ရက်နေ့တွင် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burme...
https://yktnews.com/2024/06/169844/
နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ
["ရန်ကုန်၊ ဇွန် ၂၅", "ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်းက ဦးဆောင်ကာ ဇွန်လ ၂၅ ရက်နေ့တွင် စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး လူထုသပိတ်ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage...
https://yktnews.com/2024/06/169940/
ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ဆေးတပ်က စစ်ဘေးရှောင် ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေး
["ရန်ကုန်၊ ဇွန် ၂၅", "ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ဆေးတပ်မှ ဆေးတပ်သားများက ဦးဆောင်၍ စစ်ဘေးရှောင်ပြည်သူများကို ကွင်းဆင်း ဆေးဝါးကုသမှုများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevol...
https://yktnews.com/2022/06/22687/
ရခိုင်၊ ပုဏ္ဏားကျွန်းတွင် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားသည့် ပြည်သူ ၈ ဦးထဲမှ ၁ ဦး စစ်ကြောရေးတွင် နှိပ်စက်ခံရပြီး သေဆုံးဟု သတင်းထွက်၊ ဖမ်းဆီးခံရသူ အားလုံးလည်း အဆက်အသွယ် ပြတ်တောက်နေ
["ရန်ကုန်၊ ဇွန် ၂၅", "ရခိုင်၊ ပုဏ္ဏားကျွန်းတွင် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားသည့် ပြည်သူ ၈ ဦးထဲမှ ၁ ဦး စစ်ကြောရေးတွင် နှိပ်စက်ခံရပြီး သေဆုံးဟု သတင်းထွက်၊ ဖမ်းဆီးခံရသူ အားလုံးလည်း အဆက်အသွယ် ပြတ်တောက်နေ", "ရန်ကုန်၊ ဇွန် ၂၅", "ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင် အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်း ဆီး သွားသည့် ပြည်သူ ၈ ...
https://yktnews.com/2024/06/169865/
စစ်ကောင်စီက ဆန်စျေးသတ်မှတ်ပြီး စစ်ဆေးမှုများ လုပ်ဆောင်နေသဖြင့် ရန်ကုန်ရှိ စူပါမားကတ်နှင့်စျေးဝယ်စင်တချို့တွင် ဆန်ရောင်းချမှုများအားလုံး ရပ်ဆိုင်း
["ရန်ကုန်၊ ဇွန် ၂၅", "ရန်ကုန်ရှိ စူပါမားကတ်နှင့်စျေးဝယ်စင်တာတချို့ တွင် စစ်ကောင်စီက ဆန်စျေးသတ်မှတ်ပြီး စစ်ဆေးမှုများ လုပ်ဆောင်နေသဖြင့် ဆန်တင်မရောင်းချတော့ကြောင်း စျေးဝယ်စင်တာမှ ဝန်ထမ်းတချို့နှင့် စျေးဝယ်သူများထံမှ သိရှိရသည်။", "“စျေးဝယ်စင်တာတချို့နဲ့ စူပါမားကတ်တချို့မှာ ဆန်တန်းတွေမှာ ဆန်တွေလုံး၀ မတင်တော့ဘူး။ ဆီတောင် ပဲ...
https://yktnews.com/2024/06/169953/
ရွှေဘိုမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ကျဆုံးရေး ချီတက်ဆန္ဒပြ
["ရန်ကုန်၊ ဇွန် ၂၅", "ရွှေဘိုမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ရွှေဘိုမြို့နယ်သပိတ်အင်အားစုက ဦးဆောင်ကာ ပြည်သူများနှင့် ပူးပေါင်း၍ အကြမ်းဖက်စစ်တပ်ကျဆုံးရေး ဆန္ဒပြသပိတ်မှောက်ချီတက်ခဲ့ကြကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitTh...
https://yktnews.com/2024/06/169829/
ရှမ်းမြောက်တွင် ဟိုင်ဂင်အပစ်ရပ် သဘောတူညီချက် ကျိုးပေါက်ပြီး စစ်ကောင်စီနှင့် အချိန်မရွေး တိုက်ပွဲများ ပြန်ဖြစ်နိုင်ဟု TNLA ဗိုလ်ချုပ် တားဘုန်းကျော် သတိပေး
["ရန်ကုန်၊ ဇွန် ၂၅", "ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဟိုင်ဂင်အပစ်ရပ်ရေး သဘောတူညီချက် ကျိုး ပေါက်ပြီး စစ်ကောင်စီနှင့် အချိန်မရွေး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနိုင်ကြောင်း တအာင်း TNLAမှ ဗိုလ်ချုပ် တားဘုန်းကျော်က သတိပေးပြောဆိုလိုက်သည်။", "အကြမ်းဖက် စစ်တပ်က ဟိုင်ဂင် သဘောတူညီချက်ကို ချိုးဖောက်၍ လက်နက်ကြီး၊ လေကြောင်း တိုက်ခို...
https://yktnews.com/2024/06/169887/
ကျောက်မဲမြို့တွင်းသို့ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ၂ ဦးသေဆုံး
["ရန်ကုန်၊ ဇွန် ၂၅", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင်းသို့ စစ်တပ်က လက်နက်ကြီများဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ၂ ဦးသေဆုံးကြောင်း ဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ယနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် ကျောက်မဲမြို့နယ်၊ စခန်းသာတောင်ဘက်တွင်လည်းကောင်း၊ ငြိမ်းချမ်းရေးကုန်းတွင်လည်...
https://yktnews.com/2024/06/169838/
ရှမ်းမြောက်၊ နောင်ချို၊ မိုးကုတ် နှင့် ကျောက်မဲမြို့နယ်တို့တွင် TNLA နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲ ပြင်းထန်နေ၊ ဟိုင်ဂင် အပစ်ရပ်စာချုပ် ၄ လကျော် အကြာတွင် ကျိုးပေါက်
["ရန်ကုန်၊ ဇွန် ၂၅", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချို၊ မိုးကုတ်နှင့် ကျောက်မဲမြို့နယ်တို့တွင် TNLA နှင့် စစ်ကောင်စီတပ်များအကြား ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်မှစတင်ပြီး တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများ၏ ပြောကြားချက်အရ သိရှိရသည်။", "ယနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၃၀ အချိ...
https://yktnews.com/2024/06/170080/
လွယ်ဂျယ်မြို့တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အဖြစ် လူထုလမ်းလျှောက်ပွဲ ပြုလုပ်
["ရန်ကုန်၊ ဇွန် ၂၆", "ကချင်ပြည်နယ် လွယ်ဂျယ်မြို့တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အဖြစ် ပြည်သူများက လူထုလမ်းလျှောက်ပွဲကို ယနေ့ ဇွန် ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "လွယ်ဂျယ်မြို့ကို အကြမ်းဖက်စစ်တပ်လက်မှ ပြန်လည်ရရှိထားခြင်းဖြစ်ပြီး လမ်းလျှောက်ပွဲတွင် ရပ်မိရပ်ဖများ ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့၊ရှမ်းရိုးရာယဉ်ကျေး...
https://yktnews.com/2024/06/170106/
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ ပြည်သူ ၁ ဦးသေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရ
["ရန်ကုန်၊ ဇွန် ၂၆", "ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် စစ်တပ်က ပစ်ခတ်သော လက် နက်ကြီးကျည် ထိမှန်၍ ပြည်သူ ၁ ဦးသေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်း ဖားကန့်မြို့နယ်၊ စစ်တပ် ဗျူဟာကုန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြ...
https://yktnews.com/2022/06/22783/
ကရင်နီပြည်နယ်တွင် KSCC ၏ ခွင့်ပြုချက်မရရှိဘဲ အကြမ်းဖက်စစ်ကောင်စီ လုပ် ငန်း လည်ပတ်ရာတွင် ကူညီအားပေးသည့် Non-CDM ကျောင်းဆရာ၊ ဆရာမ ၆ ဦးကို ကရင်နီရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူ
["ရန်ကုန်၊ ဇွန် ၂၆", "ကရင်နီပြည်နယ်တွင် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ၏ ခွင့်ပြု ချက်မရရှိဘဲ အကြမ်းဖက်စစ်ကောင်စီလုပ်ငန်း လည်ပတ်ရာတွင် ကူညီအား ပေးသည့် Non-CDM ကျောင်းဆရာ၊ ဆရာမ ၆ ဦးကို ကရင်နီရဲတပ်ဖွဲ့က ဖမ်း ဆီးအရေးယူထားကြောင်း ကရင်နီပြည်ရဲ တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။", "ကရင်နီပြည်ရဲ၊ အမှတ်(၅)ရဲစခန်းနယ်မြေတွင် ကရင...
https://yktnews.com/2022/06/22820/
အင်းတော်၊ မင်းကုန်းရွာကို စစ်တပ်က ဝင်စီးပြီး ဘုန်းကြီးကျောင်းအလှူခံပုံး များကို ရိုက်ခွဲကာ အလှူငွေများကို ခိုးယူ၊ ပြည်သူပိုင် ပစ္စည်းများကိုလည်း လုယက်
["ရန်ကုန်၊ ဇွန် ၂၆", "စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မင်းကုန်းရွာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၂၄ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ဘုန်းကြီးကျောင်းရှိ အလှူခံ ပုံးများကို ရိုက်ခွဲကာ ပိုက်ဆံများ ယူဆောင်သွားကြောင်း နယ်မြေခံ သတင်း ရင်းမြစ်ဖြစ်သည့် ဒေသခံများနှင့်ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။", "အဆိုပါ မင်းကုန်းရွာတွ...
https://yktnews.com/2024/06/170065/
မြင်းမူမြို့ရှိ စစ်ကြောင်းနှင့် စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၂ ဦးသေဆုံး
["ရန်ကုန်၊ ဇွန် ၂၆", "စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ စစ်ကြောင်းနှင့် ဆက်ကြေးကောက်နေသော အကြမ်း ဖက်စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Sagaing District Drone Force-SDDF မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇွန်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မ...
https://yktnews.com/2024/06/170092/
တရုတ်နိုင်ငံထုတ် စစ်သုံး Sinotruk စစ်သုံးမော်တော်ယာဥ်များကို မြန်မာစစ်လက်နက်ပွဲစား MCM ၏ ကြားခံကုမွဏီသစ်တစ်ခုမှတဆင့် တင်သွင်းမှုများရှိနေ
["ရန်ကုန်၊ ဇွန် ၂၆", "နာမည်ဆိုးဖြင့်ကျော်ကြားသော မြန်မာစစ်လက်နက်ပွဲစားကုမ္ပဏီဖြစ်သည့် Myanmar Chemical and Machinery (MCM) သည် ၄င်း၏ ကြားခံကုမ္ပဏီတစ်ခုဖြစ်သည့် Golden Mega Power Co., Ltd.မှတဆင့် တရုတ်နိုင်ငံထုတ် Sinotruk စစ်သုံးမော်တော်ယာဥ်များကို နှစ်ကြိမ်တိုင် တင်သွင်းခဲ့ကြောင်း ဧပြီ ၂၀၂၃ ကုန်သွယ်မှုဒေတာများအရ သိရသည်...
https://yktnews.com/2022/06/22811/
ထီးလင်းမြို့ပေါ်တွင် စစ်တပ်နှင့် ရဲ မူးယစ် သောက်စားပြီး စကား များ ရန်ဖြစ် ရမ်းသမ်းပစ်ခတ်ရာမှ ကြံ့ဖွတ်ပါတီဝင် ၁ ဦး၊ Non CDM ထွေ/အုပ် ဝန်ထမ်း ၁ ဦး အပါအဝင် ၃ ဦးသေဆုံး
["ရန်ကုန်၊ ဇွန် ၂၆", "မကွေးတိုင်း ထီးလင်းမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ဇွန်လ ၂၆ ရက်နေ့ ညနေ ၅ နာရီခန့်တွင် သောက်စား မူးယစ်ပြီး စကားများ ရာမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် အချင်းချင်း ရမ်းသမ်းပစ်ခတ်ရာမှ နေအိမ် တစ်လုံးကျရောက်ပေါက်ပြီး လူ ၃ ဦး သေဆုံးကာ ၁ ဦးပြင်း ထန် ဒဏ်ရာရရှိခဲ့ကြောင်း YDF Htilin Bat...
https://yktnews.com/2024/06/170095/
ညောင်ဦးမြို့နယ်၊ ချောင်းရှည်ကျေးရွာတွင် စစ်သားစုဆောင်းနေသော ပျူစောထီးခေါင်းဆောင် အပါအဝင် မိသားစုဝင် ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ရန်ကုန်၊ ဇွန် ၂၆", "မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ချောင်းရှည်ကျေးရွာ ပျူစောထီးခေါင်းဆောင် အောင်ဆန်းဦး အပါအဝင် ၃ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း Chauk Guerilla Force – CGF မှ တာဝန်ခံ ဘကွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇွန်လ ၂၄ ရက် ည ၈ နာရီခန့်က ချောက်မြို့နယ်နှင့် ထိစပ်လျက်ရှိသည့် ညောင...
https://yktnews.com/2024/06/170052/
မတ္တရာ၊ အင်ကြင်းမြိုင်ကျေးရွာရှိ လေကြောင်းရန်ကာကွယ်ရေးတပ်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇၀ ကျော် အဆက်အသွယ်ပြတ်တောက်နေ
["ရန်ကုန်၊ ဇွန် ၂၆", "မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်ကျေးရွာရှိ အမှတ် ၁၀၁၄ လေ ကြောင်းရန် ကာကွယ်ရေးတပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော် အဆက် အသွယ်ပြတ်တောက်နေကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။", "ဇွန်လ ၂၅ ရက်နေ့ နံနက်ပိုင်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ဘက်၊ ဆည်တော်ကြီးရေလှောင်တမံအနီး အင်ကြင်းမြို...
https://yktnews.com/2024/06/170089/
မိုးကုတ်မြို့ အနောက်ပိုင်းရဲစခန်းကို တော်လှန်ရေးတပ်များ ၀ိုင်းဝန်းတိုက်ခိုက်နေပြီး ရဲစခန်းအနီးသို့ TNLA ရဲဘော်များ ဝင်ရောက်လာ၊ မိုးကုတ်မြို့ထဲအထိ တိုက်ပွဲများ ကျယ်ပြန့်လာ
["ရန်ကုန်၊ ဇွန် ၂၆", "မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊အ နောက်ပိုင်းရဲစခန်းကို TNLA ဦးဆောင်သော တော်လှန် ရေးတပ်များက ၀ိုင်းဝန်းတိုက်ခိုက်နေပြီး ရဲစခန်းအနီးသို့ တော်လှန် ရေးတပ် သားများ ဝင်ရောက်လာသည်ကို မြင်တွေ့ရကြောင်း မိုးကုတ်မြို့မှ ပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဇွန်လ ၂၆ ရက်နေ့ နံနက် ၅ နာရီ...
https://yktnews.com/2024/06/170058/
အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားကိုထက်ရန်နိုင်ကို ထောင်အာဏာပိုင်များက ရိုက်သတ်
["ရန်ကုန်၊ ဇွန် ၂၆", "မန္တလေးမြို့ အိုးဘိုအကျဥ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားကိုထက်ရန်နိုင်သည် အကျဉ်းဦးစီးဝန်ထမ်းများ၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ဇွန်လ ၂၀ ရက်...
https://yktnews.com/2022/06/22737/
ကျိုက်ထိုနှင့် ရွှေဘိုတို့တွင် စစ်ရေးအရှိန်မြှင့်တင်မည်ဖြစ်၍ ပြည်သူများ ည ပိုင်း အပြင်မထွက်ကြရန် နှင့် လမ်းပိုင်းများ အသုံးမပြုကြရန် PDF များက သတိပေး ချက်များ အသီးသီး ထုတ်ပြန်
["ရန်ကုန်၊ ဇွန် ၂၆", "မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ လမ်းများပေါ်တွင် ဒေသခံ ပြည်သူ များ အနေဖြင့် ယနေ့ ဇွန်လ ၂၆ ရက်နေ့မှ စတင်ကာ စစ်ကောင်စီ မော်တော် ယာဥ်များနှင့် အနီးကပ်သွားလာခြင်းများ ရှောင်ကျဥ်ရန်နှင့် ည ၈နာရီ ကျော် လျှင် အပြင်သွားလာခြင်းများ မပြုလုပ်ကြရန် သထုံခရိုင် PDF တပ်ရင်း ၃ က ထုတ်ပြန်ထားသည်။", "သထုံခရို...
https://yktnews.com/2024/06/170070/
ရေးမြို့နယ် မြို့မရဲစခန်းမှ ဒုတပ်ကြပ်ရဲ ၁ ဦး လက်နက်ယူဆောင်လာပြီး ရေးဘီးလူး တပ်ဖွဲ့ထံ အလင်းဝင်မှု ဆုငွေ ကျပ်သိန်း ၃၀ ချီးမြှင့်
["ရန်ကုန်၊ ဇွန် ၂၆", "မွန်ပြည်နယ်၊ ရေးမြို့ပေါ် မြို့မရဲစခန်းမှ ဒုတပ်ကြပ်ရဲ ၁ ဦး လက်နက်ယူဆောင်လာပြီး ရေးဘီးလူး တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့သောကြောင့် ဆုငွေ ကျပ်သိန်း ၃၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။", "ရေးမြို့မ ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ဒုတပ်ကြပ် ရဲထက်ပိုင်သည် AK 47 ၁ လက် ၊ 7.62 ကျည် ၆၀ တောင့်၊ ကျည်ဘောက် ၂ ခု တို့ ...
https://yktnews.com/2022/06/22741/
ရခိုင်၊ ကျောက်ဖြူတွင် စစ်တပ်က မူရွှင်းရွာမှ လူငယ် ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီး၊ ထားဝယ်မြို့တွင်လည်း စစ်တပ်က လူငယ် ၃ ဦးကို အကြောင်းမဲ့ဖမ်းဆီး
["ရန်ကုန်၊ ဇွန် ၂၆", "ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကလန့်တဲအုပ်စု မူရွှင်းကျေးရွာမှ ကိုစိုင်းဝဏ္ဏကျော်နှင့် အမည်မသိ လူငယ် ၁ ဦးကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၂၅ ရက်နေ့ ည ၄ နာရီခန့်တွင် အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အဆိုပါ လူငယ် ၂ ဦးကို ဇင်ချောင်းရဲစခန်းရှေ့တွင် ...
https://yktnews.com/2022/06/22772/
AA က ဖမ်းဆီးခဲ့သော ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးနှင့် အရပ်သားတစ်ဦးကို ပြန် လွှတ်ပေး
["ရန်ကုန်၊ ဇွန် ၂၆", "ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ULA/AA က ဖမ်းဆီးခဲ့သည့် ဌာန ဆိုင် ရာဝန်ထမ်း ၁ဦးနှင့် အရပ်သားတစ်ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ဖြစ် ကြောင်း ရက္ခိုင့်တပ်တော် AA က ယနေ့ ဇွန် ၂၆ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန် လိုက်သည်။", "၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၄) ရက်နေ့တွင် ရသေ့တောင်မြိုနယ်၊ ကူတောင် ကျေးရွာ မှ မသင်္ကာ၍ ...
https://yktnews.com/2024/06/170044/
တာမွေတွင် ဧည့်စာရင်းတိုင်လျှင် ၅၀၀၀ ကျပ်၊ ခရီးသွားထောက်ခံစာအတွက် ငွေကျပ် ၃၀၀၀ နှုန်း တောင်းခံနေ၊ ညောင်တုန်းတွင် စစ်မှုမထမ်းရန် တစ်အိမ် ၂ သောင်းပေးရ
["ရန်ကုန်၊ ဇွန် ၂၆", "ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် ဧည့်စာရင်းတိုင်လျှင် တစ်ဦး ငွေကျပ် ၅၀၀၀ နှုန်း၊ ခရီး သွားထောက်ခံစာ တစ်စောင်လျှင် ငွေကျပ် ၃၀၀၀ နှုန်းတောင်းခံနေပြီး ရပ်ကွက်ရုံးနှင့် ပတ်သက်သော ကိစ္စမှန်သမျှ ငွေပေးဆောင်နေရကြောင်း တာမွေမှ ပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "တာမွေမြို့နယ်အတွင်းရှိ ရ...
https://yktnews.com/2024/06/170098/
ကျောက်မဲမြို့ ၃၅၂ အမြောက်တပ်ကို TNLA က တိုက်ခိုက်သိမ်းပိုက်ရရှိဟု ဒေသပြည်သူများ ပြောဆို
["ရန်ကုန်၊ ဇွန် ၂၆", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ရှိ ၃၅၂ အမြောက်တပ်ကို TNLA ကတိုက်ခိုက်သိမ်းပိုက်ရရှိသွားပြီဟု ဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇွန်လ ၂၆ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် အမှတ် ၃၅၂ အမြောက်တပ်ရင်းကိုလည်းကောင်း၊ ယနေ့ နံနက် ၅ နာရီ ၄၇ မိနစ်ဝန်းကျင်အချိန် ကျောက်မဲမြို...
https://yktnews.com/2024/06/170055/
ကျောက်မဲမြို့ပေါ်ရှိ ခရိုင်ရဲရုံး၊ စသုံးလုံးရုံး၊ စည်ပင်ရုံးအပါအဝင် ဌာနဆိုင်ရာရုံး ၁၀ ခုထက်မနည်းကို TNLA ကသိမ်းယူ၊ ကျောက်မဲမြို့မရဲစခန်းကို တော်လှန်ရေးတပ်များ ဝင်တိုက်နေ
["ရန်ကုန်၊ ဇွန် ၂၆", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်ရှိ ခရိုင်ရဲရုံး၊ စသုံးလုံးရုံး၊ စည်ပင်ရုံးအပါ အဝင် ဌာနဆိုင်ရာရုံး ၁၀ ခုထက်မနည်းကို TNLA ကသိမ်းယူထားကြောင်း ကျောက်မဲမြို့မှ ပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။", "ဇွန်လ ၂၅ ရက်နေ့ ကျောက်မဲမြို့နယ် ငြိမ်းချမ်းရေးကုန်း၊ စခန်းသာ၊ ခိုရောင်းရွာ...
https://yktnews.com/2024/06/170077/
ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်နှင့် PNO အဖွဲ့က ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်၍ တစ်အိမ်လျှင် ငွေကျပ် ၃ သောင်း လိုက်လံ ကောက်ခံ
["ရန်ကုန်၊ ဇွန် ၂၆", "ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNO အဖွဲ့က ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်၍ တစ်အိမ်လျှင် ငွေကျပ် ၃ သောင်း လိုက်လံ ကောက်ခံနေကြောင်း PNLA က ပြောဆိုသည်။", "ဇွန်လ ၂၄ ရက်နေ့တွင် ဆီဆိုင်မြို့နယ် အရှေ့ဘက် ထီဆုံကျေးရွာဘက်ကို အ...
https://yktnews.com/2024/06/170112/
နောင်ချိုမြို့ ခမရ ၁၁၄ နှင့် ၁၁၅ တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ဂျက်လေယာဉ်ဖြင့် မြို့ထဲကို ဗုံးကျဲ တိုက်ခိုက်နေ
["ရန်ကုန်၊ ဇွန် ၂၆", "ရှမ်းပြည်နယ်၊ နောင်ချိုမြို့ ခမရ ၁၁၄ နှင့် ၁၁၅ တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ဂျက်လေယာဉ်ဖြင့် မြို့ထဲကို ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသ ပြည်သူများကရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၁၄ နှင့် ၁၁၅ တပ်ရင်းမှ စစ်ကောင်စီ တပ်သားများက...
https://yktnews.com/2024/06/170041/
စစ်ကောင်စီက သိန်း ၂၀၀ အထက် ငွေသားထုတ်ယူခွင့် ကန့်သတ်လိုက်ပြီး ပြည်သူများကို ဒီဂျစ်တယ်ငွေကြေးစနစ် အတင်းအကျပ် အသုံးပြုခိုင်းနေ
["ရန်ကုန်၊ ဇွန် ၂၆", "အကြမ်းဖက်စစ်ကောင်စီက ပုဂ္ဂလိကဗဟိုဘဏ်များမှ ငွေကျပ် သိန်း ၂၀၀ အထက် ငွေသားထုတ်ယူခွင့်ကို ကန့်သတ်လိုက်ပြီး ပြည်သူများကို ဒီဂျစ်တယ် ငွေကြေးစနစ် အတင်းအကျပ် အသုံးပြုခိုင်းနေကြောင်း ပုဂ္ဂလိကဘဏ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။", "“ဘဏ်မှာ သိန်း ၂၀၀ အထက် ငွေလာထုတ်တယ်ဆိုရင် သိန်း ၂၀၀ အထိတော့ ငွေသား ထုတ်ပေးတယ်။ သိ...
https://yktnews.com/2024/06/170258/
ဖားကန့် ဆိုင်းတောင်ရဲစခန်းတွင် အစည်းအဝေး လုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ ဒုရဲမှူးကြီး အောင်သူရ အပါအဝင် ၁၀ ဦး သေဆုံးပြီး နာမည်စာရင်းများ ရရှိ
["ရန်ကုန်၊ ဇွန် ၂၇", "ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ဆိုင်းတောင်ရဲစခန်းတွင် အစည်းအဝေး လုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲချရာ ဒုရဲမှူးကြီး အောင်သူရ အပါအဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့တွင် ဆိုင်းတောင်ရဲစခန်း၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အ...
https://yktnews.com/2022/06/22839/
ကျောက်ဆည်မှ ဆေးပင်စင် အငြိမ်းစား တပ်သား ညွှန့်ဝေ ပစ်ခတ်ခံရပြီး သေ ဆုံး၊ နေပြည်တော်နှင့် ပေါင်းတည်တို့တွင် Non CDM ကျောင်းဆရာ တချို့နှင့် စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံရသူများလည်း ပစ်ခတ်ခံရပြီး ၃ ဦးထက် မနည်းသေဆုံး
["ရန်ကုန်၊ ဇွန် ၂၇", "ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ လယ်ကုန်းရပ်ကွက်မှ စစ်ကောင်စီ သတင်း ပေး ဟု သတ်မှတ်ခံထားရသူ ကျောက်ဆည်မှ ဆေးပင်စင်စား အငြိမ်း စား စစ်သား ညွှန့်ဝေ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။", "ဇွန်လ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ကျောက်ဆည်မှ ဆေးပင်စင် အငြိမ်းစား ဆေးတပ်သား ညွှန့...
https://yktnews.com/2022/06/22854/
ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာရွာသား ကိုစိုင်းမြတ်စိုးကို စစ်တပ်က ခေါင်းဖြတ်သတ်ဖြတ်၊ စစ်တပ် သတ်ဖြတ်ထားသော ရွာသား ၂ ဦး ရုပ်အလောင်းလည်း ပျောက်ဆုံးနေ
["ရန်ကုန်၊ ဇွန် ၂၇", "စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ ဖောင်းက တာ ရွာသား ကိုစိုင်းမြတ်စိုးကို စစ်တပ်က ခေါင်းဖြတ်၊ လက်နှစ်ဖက်ဖြတ်ပြီး ဖမ်းဆီးသတ်ဖြတ်ထားသည့် ရုပ်အလောင်းကို ဇွန်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် တွေ့ရှိခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာ သို့ ပြောဆိုသည်။", "ဇွန်လ ၂၅ ရက...
https://yktnews.com/2024/06/170173/
စစ်ကိုင်းမြို့နယ်မှ သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်၊ သပိတ်မှောက်သည့် မြို့နယ် ၅ ခုအထိရှိလာ
["ရန်ကုန်၊ ဇွန် ၂၇", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှ သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်လိုက်ကြပြီး သပိတ်မှောက်သည့် မြို့နယ် ၅ ခုအထိရှိလာကြောင်း သိရှိရသည်။", "ဇွန်လ ၂၃ ရက်နေ့တွင် ချောင်းဦးမြို့နယ်မှ သံဃာတော်များကလည်းကောင်း၊ ဇွန်လ ၂၄ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်မှ သံဃာတော်များကလည်းကောင်း၊ ...
https://yktnews.com/2022/06/22863/
တနင်္သာရီ၊ ပုလောမြို့ နန်းတောင်ရွာတွင် တပ်စွဲထားသော စစ်တပ် ဝင်ရောက် တိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးသေဆုံး၊ ပြင်ဦးလွင် ကားလမ်းတွင် စစ်ကားတန်း မိုင်းဆွဲခံရမှု စစ်သား ၃ ဦးသေဆုံးဟုဆို
["ရန်ကုန်၊ ဇွန် ၂၇", "တနင်္သာရီတိုင်း ပုလောမြို့နယ် နန်းတောင်ကျေးရွာတွင်တပ်စွဲထားသော အကြမ်း ဖက် စစ်တပ်ကို ဇွန်လ ၂၇ ရက်နေ့တွင် ပုလော PDF မဟာမိတ် အင်အားစုများက နံနက် ၆ နာရီခန့်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ပုလော PDF အဖွဲ့ထံမှ သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာကို ပုလော PDF ...
https://yktnews.com/2022/06/22814/
လောင်းလုံးတွင် အကြမ်းဖက်စစ်တပ်က အများပြည်သူပိုင် နေအိမ်အတွင်း ဝင်ရောက်၍ သက်ကြီးရွယ်အို ၃ ဦးကို လက်ပြန်ကြိုးတုပ် ပစ်ခတ်သတ်ဖြတ်
["ရန်ကုန်၊ ဇွန် ၂၇", "တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကဒက်ကြီးကျေးရွာနှင့် ဂေါ့အင်းကျေးရွာရှိ အပြစ်မဲ့ သက်ကြီးရွယ်အိုသုံးဦးကို ယမန်နေ့ ဇွန်လ ၂၆ ရက် ညပိုင်းတွင် အကြမ်းဖက်စစ်တပ်က လက်ပြန်ကြိုးတုပ် ပစ်ခတ်သတ်ဖြတ်ပြီး နေအိမ်အတွင်း ဝင်ရောက်ကာ တန်ဖိုးကြီးပစ္စည်းများကို ခိုးယူသွားကြောင်း ဒီမိုကရေစီအရေး လှုပ်ရ...
https://yktnews.com/2024/06/170230/
တရုတ်တွင် ကျင်းပမည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ၅ ချက် ထုတ်ပြန်မှု နှစ် ၇၀ ပြည့် အခမ်းအနားသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မဖိတ်ဘဲ သမ္မတဟောင်း သိန်းစိန်ကို တရုတ်က ဖိတ်ကြား
["ရန်ကုန်၊ ဇွန် ၂၇", "တရုတ်နိုင်ငံတွင် ကျင်းပမည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား မင်းအောင်လှိုင်ကို မဖိတ်ဘဲ သမ္မတဟောင်း သိန်းစိန်ကို တရုတ်က ဖိတ်ကြားကြောင်း ရန်ကုန်တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။", "ဇွန်လ ၂၇ ရက်နေ့ အငြိမ်းစား သမ္မတ သိန်းစိန်သည် တရုတ်နို...
https://yktnews.com/2024/06/170195/
အုတ်တွင်းတွင် PDF များ အဖမ်းခံရမှုတွင် စစ်တပ်ထံသို့ သတင်းပေးပို့ခဲ့သူ ပျူစောထီး အောင်မြင့် (ခေါ်) မဲကြီး ပစ်ခတ်ခံရပြီး သေဆုံး
["ရန်ကုန်၊ ဇွန် ၂၇", "ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် PDF များ အဖမ်းခံရမှုတွင် စစ်တပ်ထံသို့ သတင်းပေးပို့ခဲ့သူ ပျူစောထီး အောင်မြင့် (ခေါ်) မဲကြီး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း Yome Eagle PDF မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် တောင်ငူခရ...
https://yktnews.com/2024/06/170240/
မြိုင်မြို့နယ်မှ သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ပြီး ပြည်သူများနှင့်အတူ ချီတက် ဆန္ဒပြ
["ရန်ကုန်၊ ဇွန် ၂၇", "မကွေးတိုင်း၊ မြိုင်မြို့နယ်မှ သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ပြီး ပြည်သူများနှင့်အတူ ချီတက် ဆန္ဒပြကြကြောင်း သိရှိရသည်။", "ဇွန်လ ၂၇ ရက်နေ့ နံနက် ၈ နာရီအချိန် မကွေးတိုင်းဒေသကြီး၊မြိုင်မြိုနယ်အတွင်းရှိ သံဃာတော်များက အကြမ်းဖက်စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြု...
https://yktnews.com/2024/06/170212/
မိုးကုတ်ကျပ်ပြင်ရဲစခန်းကို တော်လှန်ရေးတပ်များက ၀ိုင်းထားပြီး ရဲစခန်းအနီးမှ နေအိမ်များ ရွှေ့ပြောင်းချိန်ပေးထား
["ရန်ကုန်၊ ဇွန် ၂၇", "မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အနောက်ခြမ်း ကျပ်ပြင်ရဲစခန်းကို တော်လှန်ရေးတပ်များက ၀ိုင်းထားပြီး ရဲစခန်းအနီးမှ နေအိမ်များကိုလည်း ရွှေ့ပြောင်းချိန်ပေးထားကြောင်း မိုးကုတ်မြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်းအချိန်အထိ မိုးကုတ်ကျပ်ပြင်ရဲစခန်း ပတ...
https://yktnews.com/2024/06/170177/
မိုးကုတ်မြို့နယ်၊ ပြည်သူများ နေထိုင်သော ရပ်ကွက်များပေါ်သို့ စစ်တပ်က ယမန်နေ့ညပိုင်း လေယာဉ်ဖြင့် ဗုံးများကျဲချ
["ရန်ကုန်၊ ဇွန် ၂၇", "မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ပြည်သူများ နေထိုင်သော ရပ်ကွက်များပေါ်သို့ စစ်ကောင် စီတပ်က ယမန်နေ့ညပိုင်း လေယာဉ်များဖြင့် ဗုံးများကျဲချခဲ့သဖြင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ကြောင်း ဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇွန်လ ၂၅ ရက်နေ့မှစတင်ပြီး မိုးကုတ်မြို့နယ်အတ...
https://yktnews.com/2024/06/170248/
မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲမှု ဗိုလ် ၁ ဦးအပါအဝင် ၂ ဦး သေဆုံး
["ရန်ကုန်၊ ဇွန် ၂၇", "မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ဗိုလ်တစ်ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ ကြောင်း မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF တာဝန်ခံ ကိုလင်းလက်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇွန်...
https://yktnews.com/2024/06/170233/
ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး သေဆုံးပြီး သံဃာတော် ၂ ပါးနှင့် ပြည်သူများ ထိခိုက်ဒဏ်ရာရ၊ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ
["ရန်ကုန်၊ ဇွန် ၂၇", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး သံဃာတော် ၂ ပါးနှင့် ပြည်သူများ ထိခိုက်ဒဏ်ရာရပြီး သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။", "ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ဝန်းကျင်ခန့်တ...
https://yktnews.com/2022/06/22857/
ရေးမြို့နယ်၊ အစင်ရွာထိပ်တံတားတွင် ငွေတောင်းနေသော စစ်ကောင်စီ လက်အောက် ခံ ပျူစောထီး ပြည်သူ့စစ် ၅ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ လက်နက် ၃ လက်ကို ပစ်ခတ်သည့်အဖွဲ့က သိမ်းဆည်းသွား
["ရန်ကုန်၊ ဇွန် ၂၇", "မွန်ပြည်နယ်၊ ရေးမြို့နယ် ၊ အစင်ကျေးရွာထိပ် တံတားတွင် ငွေကြေးတောင်းခံ နေသော စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနှင့် ပြည်သူ့စစ် ၅ ဦး ယနေ့ နံနက်ပိုင်းတွင် ပစ်ခတ် ခံရပြီး သေဆုံးသွားကာ လက်နက် ၃ လက် ပါသွား ကြောင်း ဒေသခံများထံမှ သိရှိရသည်။", "“ရေးမြို့နယ်အစင်ရွာထိပ်တံတားစောင့်နေတဲ့ငါးယောက် ခုမနက်ကြွသွားပြီ။ ...
https://yktnews.com/2024/06/170198/
နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ
["ရန်ကုန်၊ ဇွန် ၂၇", "ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန် ၂၇ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#s...
https://yktnews.com/2022/06/22808/
စစ်ကိုင်းတိုင်းကို ငွေကျပ်သိန်းပေါင်း ၁၅,၀၀၀ ပံ့ပိုးမည့် ‘မမများနဲ့ ပွဲကမယ်’ အစီအစဉ်အတွက် ပြည်သူများ ဝိုင်းဝန်းအားဖြည့်ပေးကြရန် နှိုးဆော်
["ရန်ကုန်၊ ဇွန် ၂၇", "ရက် ၃၀ အတွင်း ငွေကျပ် သိန်းပေါင်း ၁၅,၀၀၀ ရှာဖွေပြီး စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးအဖွဲ့များထံ ကူညီပံ့ပိုးသွားမည့် ‘မမများနဲ့ ပွဲကမယ်’ အစီအစဉ်အတွက် ပြည်သူများ ဝိုင်းဝန်းအားဖြည့်ပေးကြရန် ရန်ပုံငွေရှာဖွေရေးအဖွဲ့က နှိုးဆော်လိုက်သည်။", "မမများနဲ့ ပွဲကမယ် အစီအစဉ် ပထမအဖြစ် ကရင်နီပြည်နယ်အတွက် ငွေကျပ် သိန်...
https://yktnews.com/2022/06/22897/
တောင်ဥက္ကာလာပ၊ မရမ်းကုန်းနှင့် အရှေ့ဒဂုံ တရားရုံးများကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ မှော်ဘီတွင် ပစ်ခတ်သံများကြားရ
["ရန်ကုန်၊ ဇွန် ၂၇", "ရန်ကုန်တိုင်း၊ အရှေ့ဒဂုံမြို့နယ်၊ တောင်ဥက္ကာလာပနှင့် မရမ်းကုန်းမြို့နယ် တရား ရုံး များကို ယနေ့ညပိုင်းတွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ် ပွားပြီး မှော်ဘီတွင်ပစ်ခတ်သံများကြားရကြောင်း ရန်ကုန်မြို့ခံ များက ရန်ကုန် ခေတ်သစ်သတင်းဌာနထံ ပြောဆိုကြသည်။", "ဇွန်လ ၂၇ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် ရန...
https://yktnews.com/2022/06/22900/
ကွတ်ခိုင်တွင် စစ်တပ် ကင်းပုန်းများ တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံး၊ မြင်းမူတွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး အရာရှိ ၁ ဦးနှင့် တပ်ဖွဲ့ဝင် ၅ ဦးသေဆုံး၊
["ရန်ကုန်၊ ဇွန် ၂၇", "ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာနှင့် ပန်ကိုင် ရွာကြားတွင် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးဘေး တောင် ကုန်း တစ်ခုပေါ်တွင် ကင်းပုန်းဝပ်နေသည့် တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၇ တပ်ရင်းမှ စစ်သားများကို PDFကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆု...
https://yktnews.com/2024/06/170186/
ကျောက်မဲရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ခမရ ၅၀၁ နှင့် ၅၀၂ တပ်ရင်းတို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်နေ၊ စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံး
["ရန်ကုန်၊ ဇွန် ၂၇", "ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်စခန်းဖြစ်သော ခမရ ၅၀၁ နှင့် ၅၀၂ တို့ကို TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက စတင်တိုက်ခိုက်နေပြီဖြစ်ကြောင်း စစ်ရေး သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇွန်လ ၂၇ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်မှစတင်ပြီး ...
https://yktnews.com/2024/06/170183/
နောင်ချိုမြို့နယ်ရှိ နောက်ဆုံး လက်ကျန် စစ်စခန်းဖြစ်သော ခမရ ၁၁၄ တပ်ရင်းနှင့် အမှတ် ၆၀၆ ဒုံးတပ်ရင်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်
["ရန်ကုန်၊ ဇွန် ၂၇", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန် စစ်စခန်းဖြစ်သော ခမရ ၁၁၄ တပ်ရင်းနှင့် အမှတ် ၆၀၆ ဒုံးတပ်ရင်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီဖြစ်ကြောင်း စစ်ရေး သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။", "ယနေ့ နံနက် ၅ နာရီမှစတင်ပြီး TNLA ဦးဆော...
https://yktnews.com/2024/06/170220/
ဟဲဟိုးမြို့တွင် စစ်မှုထမ်းမည့် သူများကို ထောက်ပံ့ရန်အတွက် ၃ လတစ်ကြိမ် အလှူငွေ ၁ သောင်းမှ ၃ သောင်းအထိ တောင်းခံ
["ရန်ကုန်၊ ဇွန် ၂၇", "ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့တွင် စစ်မှုထမ်းမည့်သူများကို ထောက် ပံ့ရန်အျွှွက် ၃ လတစ်ကြိမ် အိမ်ထောင်စုတစ်စုလျှင် အလှူငွေ ငွေကျပ် ၁ သောင်းမှ ၃ သောင်းကျပ်အထိ ပေးရမည်ဟု အစည်းအဝေး ခေါ် ယူ ခြိမ်းခြောက်တောင်းယူနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။", "ဇွန်လ ၂၅ ရက်နေ့တွင် ဟဲဟိုးမြို့၊ မြို့လယ်ဓမ...
https://yktnews.com/2024/06/170170/
စစ်ကောင်စီက လားရှိးနှင့် ပြင်ဦးလွင်မြိုကို စစ်ရေးအရ အချိန်မရွေး တိုက်ခိုက်ခံရနိုင်သော အရေးပေါ် နေရာများနှင့် အခြေအနေ အဖြစ်သတ်မှတ်
["ရန်ကုန်၊ ဇွန် ၂၇", "အကြမ်းဖက်စစ်ကောင်စီက လားရှိးနှင့် ပြင်ဦးလွင်မြိုတိုကို စစ်ရေးအရ အချိန်မရွေး တိုက် ခိုက်ခံရနိုင်သော အရေးပေါ် နေရာများနှင့် အခြေအနေအဖြစ်သတ်မှတ်လိုက်ပြီး စစ်အင်အား အလုံးအရင်းဖြင့် ဖြည့်တင်းခြင်း၊ စစ်ရေး သတိရှိရန် ဆောင်ရွက်ခိုင်းသော အမိန့် ပေးညွှန်ကြားမှုများ ထွက်ရှိလာကြောင်း စစ်ဘက်သတင်းရင်းမြစ်များကရ...
https://yktnews.com/2024/06/170209/
အလယ်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်၊ စစ်အရာရှိနှင့် ဗိုလ်ချုပ်ဟောင်းတချို့ စစ်တပ်ကို ပုန်ကန်ရန် ကြံစည်မှုဖြင့် ဖမ်းဆီးခံရဟုဆို
["ရန်ကုန်၊ ဇွန် ၂၇", "အကြမ်းဖက်စစ်တပ် ခေါင်းဆောင် မင်းအောင် လှိုင်က အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နှင့် စစ်အရာရှိများ၊ ဗိုလ်ချုပ်ဟောင်းတချို့ကို စစ်တပ်အပေါ် ပုန် ကန်ရန် ကြံစည်မှုနှင့်ဖမ်းဆီးထားကြောင်း တပ်သတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီး ဇင်ယော်ကရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြား...
https://yktnews.com/2024/06/170391/
တပ်မဟာ ၆ နယ်မြေအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ Non-CDM ဌာနဆိုင်ရာ ဝန်ထမ်းများ အားလုံး နုတ်ထွက်၊ ပြောင်းရွှေ့၊ ထွက်ခွာသွားရန် KNU က အမိန့်ထုတ် သတိပေး
["ရန်ကုန်၊ ဇွန် ၂၈", "ကရင်အမျိုးသား အစည်းအရုံး – KNU ဒူးပလာယာခရိုင်အတွင်းရှိ အကြမ်း ဖက်စစ်ကောင်စီ လက် အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး နှုက်ထွက်၊ ပြောင်းရွှေ့၊ ထွက်ခွာသွားကြရန်နှင့် ထုတ် ပြန်ထားသည့်အမိန့်ကို လိုက်နာခြင်းမရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း KNU ဒူးပလာယာခရိုင် အမြဲတမ်းကော်မတီအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ...
https://yktnews.com/2024/06/170363/
ကုလလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာက စစ်ကောင်စီကို ထိရောက်သော အရေးယူမှု မရှိ၍ မြန်မာပြည်သူများ ဒုက္ခ ခါးစည်းခံနေရဟု သံအမတ်ကြီးဦးကျော်မိုးထွန်းပြော
["ရန်ကုန်၊ ဇွန် ၂၈", "ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာက စစ်ကောင်စီကို ထိရောက်သော အရေးယူမှု မရှိ၍ မြန်မာပြည်သူများအနေဖြင့် ကြီးမားသော ဒုက္ခများကို ခါးစည်းခံနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းသံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောဆိုလိုက်သည်။", "ဇွန်လ ၂၇ ရက်နေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ကျင်းပပြုလုပ်ခဲ့သည...
https://yktnews.com/2024/06/170411/
စစ်ကိုင်းမြို့ရှိ အမှတ် ၃ ရဲလေ့ကျင့်ရေး သင်တန်းကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးသူများပြား
["ရန်ကုန်၊ ဇွန် ၂၈", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ အမှတ် ၃ ရဲ လေ့ကျင့်ရေး သင်တန်းကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲ ၂၀ ဦး သေဆုံးခဲ့ကြောင်း Sagaing District Drone Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀...
https://yktnews.com/2024/06/170414/
ဘုတလင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား
["ရန်ကုန်၊ ဇွန် ၂၈", "စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်မှ စ၍ ...
https://yktnews.com/2024/06/170332/
စစ်ကောင်စီက ထိုင်းဘဏ်များမှတစ်ဆင့် စစ်လက်နက်နှင့်စစ်ဘက်ဆိုင်ရာပစ္စည်းများ ဝယ်ယူနေပြီး ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ သန်း ၁၃၀ နီးပါး ဝယ်ယူခဲ့ဟု ကုလသမဂ္ဂပြော
["ရန်ကုန်၊ ဇွန် ၂၈", "စစ်ကောင်စီက ထိုင်းဘဏ်များမှတစ်ဆင့် စစ်လက်နက်နှင့်စစ်ဘက်ဆိုင်ရာပစ္စည်းများ ဝယ်ယူနေကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် Tom Andrews က ဇွန်လ ၂၆ ရက်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်ပြောဆိုသည်။", "အနောက်နိုင်ငံကြီးများနှင့် နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှုများ ခံထားရသော စစ်ကောင် ...
https://yktnews.com/2022/06/22955/
သရက်ချောင်းမြို့နယ်တွင် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဆက်တိုက် ဖြစ်ပွားပြီး စစ်သား ၁၄ ဦးသေဆုံးပြီး PDF ရဲဘော် ၂ ဦးကျဆုံး
["ရန်ကုန်၊ ဇွန် ၂၈", "တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ဇွန်လ ၂၄ ရက်နှင့် ၂၆ ရက်နေ့တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်သား ၁၄ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းမင်း စစ်ဆင်ရေး အဖွဲ့ထံမှ သိရသည်။", "ဇွန်လ ၂၄ ရက်နေ့တွင် ကဇိရွာမှ ကျောက်ဖြူရွာကို စစ်သား အင်အား ၅၀ ကျေ...
https://yktnews.com/2024/06/170351/
နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် ကျောက်မဲမြို့တို့တွင် စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ၃ ဦးသေဆုံး
["ရန်ကုန်၊ ဇွန် ၂၈", "နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် ကျောက်မဲမြို့တို့တွင် စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် အရပ် သား ၃ ဦးသေဆုံးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။", "ဇွန်လ ၂၇ ရက်နေ့ ကျောက်မဲမြို့ ရပ်ကွက် ၂ ရှိ နေအိမ်တစ်အိမ်ပေါ်သို့ လက်နက်ကြီးကျရောက် ပေါက် ကွဲမှုကြောင့် အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၅၀ ...
https://yktnews.com/2022/06/22946/
ပဲခူး၊ သာယာဝတီမြို့ပေါ်တွင် ညကင်းစောင့် စစ်သားအချင်းချင်း ပစ်ခတ် မှု ဖြစ်ပြီး တပ်သားဇင်ကို လည်ပင်းကျည်ဖောက်ဒဏ်ရာဖြင့် ဆေးရုံတင်ထားရ
["ရန်ကုန်၊ ဇွန် ၂၈", "ပဲခူးတိုင်း သာယာဝတီမြို့ပေါ် ရန်ကုန်-ပြည် ကားလမ်းပိုင်းရှိ အထက ၁ ကျောင်း လမ်းဆုံတွင် ယမန်နေ့ ညပိုင်း စစ်သားအချင်းချင်း ပစ်ခတ်မှု ဖြစ် ပွား ပြီး တပ်သား ဇင်ကို ဆိုသူ အပြင်းအထန်ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရ ကြောင်း သိရှိရသည်။", "ဇွန်လ ၂၇ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်အချိန် ညကင်း စောင့်နေသည့် တပ် မ ၆၆ လ...
https://yktnews.com/2024/06/170376/
အုတ်ဖိုမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ မြင့်နိုင်ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ရန်ကုန်၊ ဇွန် ၂၈", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အတွက် အလုပ်လုပ်ပေးနေသူ မြင့်နိုင်ဦး ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း Black Dragon GBK PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇွန်လ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် အုတ်ဖိ...
https://yktnews.com/2024/06/170388/
မြို့သစ်မြို့နယ်တွင် လေယာဉ်ဆီ သယ်ယူပို့ဆောင်သည့် စစ်ယာဉ်တန်းကို မိုင်းဆွဲမှု စစ်တပ်ဘက်မှ သေဆုံးမှုများ ရှိပြီး ကား ၂ စီးတိမ်းမှောက်ပျက်စီးဟုဆို
["ရန်ကုန်၊ ဇွန် ၂၈", "မကွေးတိုင်း၊ မြို့သစ်မြို့နယ် ငါးခူအိုင်ကျေးရွာနှင့် ဇီးလုံးဘော့ကျေးရွာကြား သစ်တောဦးစီးဌာနရုံး အနီးတွင် လေယာဉ်ဆီလာရောက်ပို့ဆောင်သည့် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး ကား ၂ စီးတိမ်းမှောက်ပျက်စီးခဲ့ကြောင်း တိုက်ဒေါင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ ဒုတာဝန်...
https://yktnews.com/2022/06/22933/
ရေစကြိုမြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ကျော်ဝင်း လိုက်ပါသော ကား ဗုံးပစ်ခံ ရပြီး မြို့မ ရဲစခန်း ရှေ့တွင်လည်း ဗုံးပစ်တိုက်ခိုက်မှုဖြစ်၊ စစ်တပ်နှင့်ရဲက ရမ်းသမ်း ပစ်ခတ် ဆဲဆိုသောင်းကျန်း ဖမ်းဆီးနေ
["ရန်ကုန်၊ ဇွန် ၂၈", "မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေစကြို မြို့မရဲစခန်းရှေ့နှင့် ဆက်သွယ်ရေးရုံး အနီးတို့တွင် ဗုံးခွဲတိုက်ခိုက်မှုများဖြစ်ပွားပြီး မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ကျော် ဝင်း လိုက်ပါလာသော ကား ဗုံးပစ်ခတ်ခံရကြောင်း ဒေသခံများနှင့် ဒေသ သတင်း ရင်းမြစ်များထံမှ သိရှိရသည်။", "ဇွန်လ ၂၈ ရက်နေ့ နံနက် ၈ နာရီ ၃၀ အချိန် ရ...
https://yktnews.com/2022/06/22942/
မြစ်သား၊ မြင်းခြံ၊ ကြို့ပင်ကောက်နှင့် မြင်းမူတို့တွင် စစ်ကောင်စီခန့် အုပ်ချုပ် ရေး မှူး၊ ကြံ့ဖွတ်ရပ်ကျေးဥက္ကဋ္ဌ၊ ပျူစောထီများ အပါအဝင် ၁၀ ဦး ပစ်ခတ် ခံရ ပြီး သေ ဆုံး
["ရန်ကုန်၊ ဇွန် ၂၈", "မြစ်သားမြို့နယ်၊ မြင်းခြံမြို့နယ်၊ ကြို့ပင်ကောက်နှင့် မြင်းမူမြို့နယ်တို့တွင် စစ် ကောင် စီ ခန့်အုပ်ချုပ်ရေးမှူး၊ ကြံ့ဖွတ်ရပ်ကျေးဥက္ကဋ္ဌ၊ ပျူစောထီးအပါအဝင် ၁၀ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများနှင့် ဒေသ ကာကွယ် ရေး တပ်များထံမှ သိရှိရသည်။", "မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကူမဲ...
https://yktnews.com/2024/06/170327/
နိုင်ငံတစ်ဝန်း မြို့ကြီးများရှိ စူပါမားကတ်များ၊ စျေးဝယ်စင်တာများတွင် သိုလှောင်ထားသော ဆန်များကို စစ်ကောင်စီ၏ သတ်မှတ်စျေးဖြင့် ရောင်းချရန် ၊ နေ့စဉ် အရောင်း အဝယ် စာရင်းပေးပို့ရန် ပိုင်ရှင်များ ခံဝန် လက်မှတ်ထိုးရ
["ရန်ကုန်၊ ဇွန် ၂၈", "မြန်မာနိုင်ငံတစ်ဝန်းမြို့ကြီးများရှိ စူပါမားကတ်များ၊ စျေးဝယ်စင်တာများတွင် သိုလှောင်ထားသော ဆန်များကို စစ်ကောင်စီ၏ သတ်မှတ်စျေးဖြင့် ရောင်းချရန် ၊ နေ့စဉ် အရောင်း အဝယ်စာရင်းများပေးပို့ရန် ပိုင်ရှင်နှင့် လုပ်ငန်းရှင်များကို စစ်ကောင်စီက ခံဝန် လက်မှတ် ထိုးခိုင်းကြောင်း သိရှိရသည်။", "ဇွန်လ ၂၇ ရက်နေ့မှစတင်...
https://yktnews.com/2024/06/170338/
နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ
["ရန်ကုန်၊ ဇွန် ၂၈", "ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ဇွန်လ၂၈ရက်နေ့တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#K...
https://yktnews.com/2024/06/170397/
ရန်ကုန်မြို့ပေါ်တွင် သံဃာတော်များ၏ ကံဆောင်သပိတ်ကို ထောက်ခံကြောင်း လှုပ်ရှားမှုပြုလုပ်
["ရန်ကုန်၊ ဇွန် ၂၈", "ရန်ကုန်မြို့ပေါ်တွင် ပြည်သူ့အင်အားစု သပိတ်အဖွဲ့လူငယ်များက သံဃာတော်များ၏ ကံဆောင် သပိတ်ကို ထောက်ခံကြောင်း လှုပ်ရှားမှုကို ယနေ့ ဇွန်လ ၂၈ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitTh...
https://yktnews.com/2024/06/170369/
TNLA က သိမ်းပိုက်ရရှိသော နောင်ချို ခမရ ၁၁၅ တပ်စခန်းမှ လက်နက် ၃၈၀ ကျော်နှင့် ခဲယမ်းအမြောက်အများ ရရှိ
["ရန်ကုန်၊ ဇွန် ၂၈", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် TNLA က သိမ်းပိုက်ရရှိထားသော ခမရ ၁၁၅ စခန်းမှ လက်နက် ၃၈၀ ကျော်နှင့် ခဲယမ်းအမြောက်အများရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။", "ဇွန်လ ၂၅ ရက်နေ့နှင့် ဇွန်လ ၂၆ ရက်နေ့တို့တွင် နောင်ချိုမြို့ စစ်ကောင်စီ၏ ခမရ ၁၁၅ တပ်စခန်းကို TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ...
https://yktnews.com/2024/06/170394/
နောင်ချိုရှိ စစ်ကောင်စီ၏ ခမရ ၁၁၄ တပ်ရင်းကို TNLA က သိမ်းပိုက်ရရှိပြီး ၆၀၆ တပ်ရင်း တစ်ခုကျန်ရှိနေသေးဟုဆို
["ရန်ကုန်၊ ဇွန် ၂၈", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းဖြစ်သော ခမရ ၁၁၄ ကို TNLA က သိမ်းပိုက်ရရှိထားကြောင်း TNLA ၏ ပြောခွင့်ရပုဂ္ဂိုလ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“နောင်ချိုမြို့နယ်မှာရှိတဲ့ ခမရ ၁၁၄ ကို ကျမတို့ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ စစ်ကောင်စီကင်းစင် နယ်မြေတော...
https://yktnews.com/2022/06/22949/
လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်ဝင်ရောက်လာသူ CDM ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ဗိုလ်တစ်ဦး အပါအဝင် CDM စစ်သား ၁၈ ဦးကို ဂုဏ်ပြုဆုငွေကျပ် ၃၄၄ သိန်း NUG ချီးမြှင့်
["ရန်ကုန်၊ ဇွန် ၂၈", "အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လက်နက် နှင့် တကွ ပြည့်သူ့ရင်ခွင်ဝင်ရောက်လာသူများကို ပြည်သူ့သူရဲကောင်းအဖြစ် သတ် မှတ်ထားပြီး CDM ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ဗိုလ်တစ်ဦး အပါအဝင် CDM စစ်သား ၁၈ ဦးကို ဂုဏ်ပြုဆုငွေ သိန်းပေါင်း ၃၄၄ သိန်း NUG ချီးမြှင့်ကြောင်း NUG က တရားဝင် သတင်းထုတ်ပြန်သည်။...
https://yktnews.com/2022/06/22962/
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဥကရစ်ထစခန်းကို အင်အားဖြည့်တင်းလာပြီး ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဆက်လက်ပြင်းထန်
["ရန်ကုန်၊ ဇွန် ၂၉", "ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်းရှိ ဥကရစ်ထ စစ်ကောင်စီခြေကုတ်စခန်းကို KNLA၊ KNDO ပူပေါင်းတပ်ဖွဲ့က ၃ ရက်ဆက်တိုက်တိုက်ခိုက်နေခဲ့ပြီး ယနေ့ ဇွန်လ ၂၉ ရက် နံနက်ပိုင်းတွင် အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။", "ဥကရစ်ထခြေကုတ်စခန်းကို ဇွန်လ ၂၆ ရက်နေ့နံန...
https://yktnews.com/2022/06/23003/
Breaking News- ဥကရစ်ထစခန်းအနီးကို ဗုံးကျဲပြန်လာသော စစ်ကောင်စီ၏ YAK 130 တိုက် လေယာဉ် ၁ စင်း အင်ဂျင်ထဲ ငှက်ဝင်၍ သုံးမရသည်အထိ ပျက် စီးသွား
["ရန်ကုန်၊ ဇွန် ၂၉", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ စစ်ကောင်စီ၏ ဥကရစ်ထစခန်းကို KNDO နှင့် PDF ပူးပေါင်း တပ်များက သိမ်းပိုက် နိုင်ရေး တိုက်ခိုက်လျက်ရှိပြီး ယင်းတိုက် ခိုက် မှုများကို စစ်တပ်က တိုက်လေယာဉ်များဖြင့် အသုံးပြု၍ ခုခံလျက် ရှိရာမှ ယနေ့ နံနက်ပိုင်း စစ်ကောင်စီ၏ YAK-130 တိုက်လေယာဉ်တစ်စင်း ဗုံးကျဲ ပြီး အပြန် အင်ဂျင်ထဲ...
https://yktnews.com/2022/06/22996/
မင်းတပ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်၏ ရမ်းသမ်း ပစ်ခတ်မှု‌ကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ် လက်နက်ကြီးထိ၍ သေဆုံး၊ သေဆုံးသူ ကလေး ၏ ညီနှင့်မိခင်မှာလည်း စစ်တပ်၏လက်နက်ကြီးကျည်ထိ၍ အပြင်း အထန်ဒဏ်ရာရရှိခဲ့
["ရန်ကုန်၊ ဇွန် ၂၉", "ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ယနေ့ နံနက်ပိုင်း အကြမ်းဖက်စစ် ကောင် စီ တပ်များနှင့် CDF မင်းတပ်တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး စစ်တပ် ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ် တစ်ဦး လက်နက်ကြီးကျည်ထိ၍ သေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။"...
https://yktnews.com/2022/06/23015/
မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် စစ်တပ် သတင်းပေးဟု စွပ်စွဲသတ် မှတ်ခံရသူ ၁ ဦး ဓားဖြင့် အထိုးခံရပြီး သေဆုံး၊ တောင်သာ တံတားကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး
["ရန်ကုန်၊ ဇွန် ၂၉", "မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အောင်ချမ်းအေး ရပ်ကွက် ၃၆လမ်း ၊၇၁-၇၂လမ်းကြားရှိ ရွှေရည်ဝင်း ခေါင်ရည်ဆိုင်တွင် စစ်တပ် သတင်းဟု သတ် မှတ်ခံရသော ဆီးဂဲလ် ဆိုသူကို ဇွန်လ ၂၈ ရက်နေ့ ည ၈ နာရီ ၃၅ မိနစ်တွင် အမည်မသိ လူတစ်စုက ဓားဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး သေဆုံး သွား ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ...
https://yktnews.com/2022/06/23000/
မြန်အောင်နှင့် ပင်းတယတွင် ရဲနှင့်စစ်သားများ ပစ်ခတ်ခံရပြီး စစ်သား ၁ ဦး သေဆုံး၊ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ကျည်ထိမှန်
["ရန်ကုန်၊ ဇွန် ၂၉", "ဧရာ၀တီတိုင်း၊ မြန်အောင်မြို့နယ်တွင် ရဲများ ပစ်ခတ်ခံရပြီး ရှမ်းပြည်နယ်၊ ပင်းတယတွင်လည်း စစ်တပ်ဂိတ်တစ်ခု ပစ်ခတ်ခံရကာ စစ်သား ၁ ဦ သေဆုံး သွားကြောင်း၊ စစ်တပ်က ရမ်းသမ်းပစ်ခတ်သဖြင့် ပြည်သူ ၃ ဦးကျည်ထိ မှန်ဒဏ်ရာရရှိကြောင်း ဒေသကာကွယ်ရေးတပ်များနှင့် ဒေသခံများထံမှ သိရှိရသည်။", "ဇွန်လ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ ...
https://yktnews.com/2022/06/23018/
အတည်မပြုနိုင်သော တိုက်ပွဲသတင်းများကို ဖြန့်ဝေခြင်းမပြုကြရန် KNDO က ပြည်သူကို မေတ္တာရပ်ခံ
["ရန်ကုန်၊ ဇွန် ၂၉ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ် များနှင့် KNDO ၊ KNU ၊ PDF ပူးပေါင်းတပ်များအကြား တိုက်ပွဲများဖြစ်ပွား လျက်ရှိနေချိန်တွင် အတည်ပြုမနိုင်သော တိုက်ပွဲသတင်းများကို ဖြန့်ဝေခြင်း မပြုကြရန် မေတ္တာရပ်ခံကြောင်း KNDO တရားဝင် ကြေညာချက် ထုတ်ပြန် သည်။"]
https://yktnews.com/2022/06/20943/
ကရင်နီတွင် ရိက္ခာပို့ စစ်ကောင်စီယာဉ်တန်းကို ဆက်တိုက် တိုက်ခိုက်မှု စစ် သား ၅ ဦးသေဆုံးပြီး စစ်ကား ၄ စီး မီးလောင်ပျက်စီး၊ စစ်ကား ၂ စီးနှင့် လက် နက်များ သိမ်းဆည်းရမိဟု တရားဝင်သတင်းထုတ်ပြန်
["ရန်ကုန်၊ ဇွန် ၃", "ကရင်နီပြည်နယ်၊ ဘောလခဲမှ ဖရူဆိုမြို့နယ်သို့ ဦးတည်လာသော စစ်ကောင်စီ၏ မော်တော်ယာဥ်(၄၀) စီးပါ ထောက်ပို့ယာဥ်တန်းကို မေလ ၃၀ ရက်နေ့မှ ဇွန်လ ‌ေ ရက်နေ့အထိ ကရင်နီတပ်မတော် (KA) နှင့် KNDF တို့က နန်းဖဲကျေးရွာနှင့် ထားလဲကျေးရွာအကြားတို့တွင်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး စစ်ကား ၄ စီး မီးလောင်ပျက်စီးက...
https://yktnews.com/2022/06/20908/
ကန်ပက်လက်မြို့တွင် အကြမ်းဖက် စစ်တပ်က ဒေသခံ ပြည်သူ ကိုကီးတမ် ကိုဖမ်းဆီး ပစ်သတ်ပြီး အလောင်းပြန် မပေး
["ရန်ကုန်၊ ဇွန် ၃", "ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် အကြမ်းဖက် စစ်တပ်က ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်း၌ ဒေသခံ ပြည်သူ ကိုကီးတမ် ကို ဖမ်းဆီး ပစ်သတ်ခဲ့ပြီး မိသားစုများထံ အလောင်း ပြန်မပေးကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ကိုကီးတမ်းသည် ကန်ပက်လက်မြို့ပေါ်၌ ဝက်သွားစဥ် အကြမ်းဖက် စစ်တပ်က လက်ကိုင်ဖုန်းအတွ...
https://yktnews.com/2024/06/165590/
တီးတိန်မြို့ပေါ်ရှိ ပြည်သူ့ နေအိမ်များကို စစ်ကောင်စီတပ်များက ဒုတိယအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီး
["ရန်ကုန်၊ ဇွန် ၃", "ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်ရှိ ပြည်သူ့ နေအိမ်များကို စစ်ကောင်စီတပ်များက ဒုတိယအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးကြောင်း ဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇွန်လ ၁ ရက်နေ့ ည ၉ နာရီ စစ်ကောင်စီတပ်များနှင့် ချင်းတော်လှန်ရေးတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် စစ်ကော...
https://yktnews.com/2024/06/165659/
ဖလမ်းရဲစခန်းမှ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ငွေသားများ ဆုချီးမြှင့်
["ရန်ကုန်၊ ဇွန် ၃", "ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ မြို့မ ရဲစခန်းမှ လက်နက်နှင့်အတူ အလင်းဝင်လာသည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ငွေသားများ ဆုချီးမြှင့်ကြောင်း CNO/CNDF က သတင်းထုတ်ပြန်သည်။", "မေလ ၃၁ ရက်နေ့ CNO/CNDF ထံသို့ လက်နက်နှင့်အတူ အလင်း၀င်လာသည့် ရဲတပ်သား ဟိန်းထက်စံ ကို ဆုကြေးငွေ သိန်း ၆၀ ကိုလည်းကောင်း၊ ရဲတပ် သား ဟွာခန့်စိန်...
https://yktnews.com/2022/06/20923/
ကန့်ဘလူ ကိုးတောင်ဘို့ရွာတွင် စစ်တပ်နှင့် PDF တပ် များ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က ထိခိုက် သေဆုံးမှုများသောကြောင့် ရဟတ်ယာဥ်များဖြင့်ပါ ပစ်ခတ်
["ရန်ကုန်၊ ဇွန် ၃", "စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ဇွန်လ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ၂ ရက...
https://yktnews.com/2022/06/20920/
ဝက်လက်တွင် စစ်တပ် စီးနင်း မီးရှို့ ဖျက်ဆီးသောကြောင့် ကျောက်တိုင်ရွာမှ နေအိမ် ၁၀၀ ကျော် ပြာကျ၊ တန့်ဆည် ထန်းပင်ဆိပ်ရွာကိုလည်း စစ်တပ်က ရွာလုံးကျွတ် မီးရှို့နေ
["ရန်ကုန်၊ ဇွန် ၃", "စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ကျောက်တိုင်ရွာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။အကြမ်းဖက် စစ်တပ်သည် ကျောက်တိုင်ရွာကို ဇွန်လ ၁ ရက်နေ...
https://yktnews.com/2024/06/165653/
မင်းကင်းမြို့နယ်၊ မတောကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယဥ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရ
["ရန်ကုန်၊ ဇွန် ၃", "စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယဥ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရရှိကြောင်းတော်လှန်ရေးသတင်းရင်းမြစ်နှင့်ဒေသသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။", "ယနေ့ ဇွန်လ ၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ကျော်အချိန် တိုက်ပွ...
https://yktnews.com/2024/06/165692/
မုံရွာ-မန္တလေး လမ်းပိုင်းတွင် မိုင်းရှင်းပြီး ကင်းပုန်းဝပ်နေသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်၊ ကောလင်းမြို့ အနောက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွား
["ရန်ကုန်၊ ဇွန် ၃", "စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် မိုင်းရှင်းပြီး ကင်းပုန်းဝပ်နေသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force MNRF မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေး...
https://yktnews.com/2024/06/165642/
ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမသို့ ဝင်ရောက်လာသော စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
["ရန်ကုန်၊ ဇွန် ၃", "ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အ ကြမ်း ဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ၃၆၀၁ PPDF တပ် ရင်း သတင်းပြန်ကြားတာဝန်ခံကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇွန်လ ၁ ရက် နံနက်အစောပိုင်း ၁ နာရီ မိနစ် ၃၀ အ...
https://yktnews.com/2024/06/165648/
အုတ်ဖိုတွင် လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းနေသူ အငြိမ်းစား တပ်ကြပ်ကြီး စောကေထူး(ခ) စောခူထူး ပစ်ခတ်ခံရပြီး သေဆုံး
["ရန်ကုန်၊ ဇွန် ၃", "ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းကျေးရွာအုပ်စု၊ ဆယ်ရွာ ရွာရှောင်ကုန်း တွင် နေထိုင်ပြီး အတင်းအဓမ္မစစ်သား စုဆောင်းပေးနေသူ အငြိမ်းစား တပ်ကြပ်ကြီး စောကေထူး(ခ) စောခူထူး ကို ပစ်ခတ်ရှင်းခဲ့ရာ နေရာမှာ ပင်သေဆုံးသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ ရဲဘော်တစ်ဦးက ပြောဆိုသည်။", "ဇွ...
https://yktnews.com/2024/06/165645/
ရွှေဆိုင်နှင့်ရွှေကုန်သည်များ ၀ရမ်းထုတ်ခံရပြီး ဖမ်းဆီးခံရမှုများကြောင့် ယနေ့ နံနက်ပိုင်း စျေးကွက် ပျက်နေပြီး ရွှေတုံးအဝယ်အရောင်း လုပ်မရဖြစ်နေကာ စျေးတန်းကျဆင်းနေ
["ရန်ကုန်၊ ဇွန် ၃", "ပြည်တွင်းစီးပွားရေးစျေးကွက်တွင် စစ်ကောင်စီက ရွှေဆိုင်နှင့်ရွှေကုန်သည်များ ၀ရမ်းထုတ်လိုက်ပြီးပြီး ဖမ်းဆီး စစ်ဆေးမှုများ လုပ်ဆောင်နေမှုကြောင့် ယနေ့ နံနက်ပိုင်း စျေးကွက် ပျက်နေပြီး ရွှေတုံးအဝယ်အရောင်း လုပ်မရဖြစ်နေကာ စျေးတန်းကျဆင်းနေကြောင်းရန်ကုန်ရွှေကုန်သည်များကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။...
https://yktnews.com/2022/06/20926/
ပုသိမ်ကြီးရဲစခန်းမှ ရဲတပ်သား ရာဇာသိန်း ပစ်ခတ်ခံရပြီး သေဆုံး၊ ရေးမြို့တွင် စစ်ကား ၂ စီး ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး
["ရန်ကုန်၊ ဇွန် ၃", "မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရဲစခန်းမှ ရဲတပ်သား ရာဇာသိန်း ယနေ့ ပစ် ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော နတ်ဆိုး ပျောက်ကြားတပ်ဖွဲ့ထံမှ သိရှိရသည်။“ပုသိမ်ကြီးရဲစခန်းထဲက ရဲတစ်ကောင် ကုန်းတန်းနဲ့မဲကင်းကုန်းလမ်းကြားထဲမှာ မွန်းလွဲ ၂နာရီ ၄၀ မိနစ်လောက်ကသေနတ် ၄ချက်နဲ့ အပစ်ခံရလိုက်ရတယ်လိ...
https://yktnews.com/2024/06/165608/
မတ္တရာမြို့နယ်၊ စစ်တပ်အထိုင်စခန်းနှင့် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ စောင့်ကြိုတိုက်ခိုက်ခြင်းများ တော်လှန်ရေးတပ်များက ပူးပေါင်းလုပ်ဆောင်
["ရန်ကုန်၊ ဇွန် ၃", "မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပန်းယျရွာနှင့် တံငါတောင်ရွာရှိ အကြမ်းဖက်စစ်တပ်အထိုင်စခန်းတို့ ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ရတနာပုံတပ်ဦးမှ တာဝန်ခံကိုကီရီကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မေလ ၃၀ ရက် မွန်းလွဲ ၂ နာရီ ဝန်းကျင်ခန့်က မတ္တရာမြ...
https://yktnews.com/2024/06/165686/
မြန်မာနိုင်ငံတွင် Facebook အသုံးပြုမှုကို စစ်ကောင်စီက Myspace ဖြင့် အစားထိုးမည်ဖြစ်ပြီး VPN ပိတ်ဆို့ရေး အရှိန်အဟုန်မြှင့် လုပ်ဆောင်နေ
["ရန်ကုန်၊ ဇွန် ၃", "မြန်မာနိုင်ငံတွင် Facebook အသုံးပြုမှုကို အစားထိုးရန်အတွက် စစ်ကောင်စီက myspace.com.mm ကိုရေးဆွဲလျက်ရှိပြီး လက်ရှိတွင်လည်း VPN ပိတ်ဆို့ရေး လုပ်ငန်းများကိုလည်း စစ်တပ်က အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းထံမှ သိရှိရသည်။", "စစ်ကောင်စီက ပြည်တွင်းတွင် Facebook များ အသုံးမပ...
https://yktnews.com/2024/06/165611/
နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက်ဆန္ဒပြ
["ရန်ကုန်၊ ဇွန် ၃", "ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ဇွန်လ ၃ရက်နေ့တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#Kh...
https://yktnews.com/2024/06/165689/
ငပလီမြို့၊ ဂေါ့ရပ်ကွက် အနီး AA နှင့် စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေ
["ရန်ကုန်၊ ဇွန် ၃", "ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂေါ့ရပ်ကွက် အနီး AA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေကြောင်း ဒေသပြည်သူများကရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၂ ရက်နေ့ ညနေ ၄ နာရီခန့်မှ စတင်ကာ သံတွဲမြို့နယ်၊ ဂေါ့ရွာအနီး အကြမ်းဖက် စစ်တပ်နှင့် AA တိ...
https://yktnews.com/2024/06/165600/
စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ ပြည်သူ ၅၀ ကျော်ကို လက်ပြန်ကြိုးတုပ်၊ နေပူလှန်း၊ အစာမကျွေးဘဲ ညှဉ်းပန်း သတ်ဖြတ်ပြီး အမျိုးသမီးတချို့ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီ၏လုပ်ရပ်ကို လက်စားချေမည်ဟု AA က ကြေညာ
["ရန်ကုန်၊ ဇွန် ၃", "ရခိုင်ပြည်၊ စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ ပြည်သူ ၅၀ ကျော်ကို လက်ပြန် ကြိုးတုပ်၊ နေပူလှန်း၊ အစာမကျွေးဘဲ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီ၏လုပ်ရပ်ကို လက်စားချေတုန့်ပြန်မည်ဟု AA က ကြေညာလိုက်သည်။", "စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) တပ်ဖွဲ့ဝင်များက ရခိုင်ပြည်၊ ...
https://yktnews.com/2022/06/20864/
ရန်ကုန် မြောက်ဥက္ကလာရှိ ယာဉ်ထိန်းရုံး ဗုံးခွဲ တိုက်ခိုက်ခံရ၊ အင်္ဂပူမြို့ရှိ အမှတ် ၅ စစ်ရေး လေ့ကျင့်ရေး ဂိတ် ဗုံးခွဲခံရပြီး လာစစ်ဆေးသော စစ်သားများ ပဒေသာမိုင်းထိ၊ ပုသိမ်-မုံရွာ လမ်းရှိ စစ်တပ်ပိုင် Mytel တာဝါတိုင် အဖြိုခံရ
["ရန်ကုန်၊ ဇွန် ၃", "ရန်ကုန်တိုင်း မြောက်ဥက္ကလာမြို့နယ် ကျောက်ရေတွင်းတံတား အနီးရှိ စိန်ပန်းမြိုင်ရိပ်သာ ယာဉ်ထိန်းရုံးကို ဇွန်လ ၂ ရက်နေ့ ည ၉ နာရီ ၁၇ မိနစ်ခန့်တွင် ပြောက်ကျား တပ်ဖွဲ့ ၂ ဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။စိန်ပန်းမြိုင်ရိပ်သာ ယာဉ်ထိန်းရုံးကို Human Right Defender (HRD) နှင့် Generation Z Defense Fo...
https://yktnews.com/2024/06/165605/
မင်္ဂလာဒုံရဲစခန်းဝင်း၊ ရဲအိမ်ထောင်သည်လိုင်းခန်းအနီးနှင့် မြောက်ဥက္ကလာတို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွား
["ရန်ကုန်၊ ဇွန် ၃", "ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံရဲစခန်းဝင်း၊ ရဲအိမ်ထောင်သည်လိုင်းခန်းအနီးနှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားကြောင်းတော်လှန်ရေး သတင်းရင်းမြစ်နှင့် ဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဇွန်လ ၂ ရက်နေ့ ည ၇ နာရီ ၅၄ မိနစ်အချိန် မင်္ဂလာဒုံမြိ...
https://yktnews.com/2022/06/20902/
ရန်ကုန်၊ အောင်မင်္ဂလာ အဝေးပြေးကားဂိတ်ရှိ အငှားဆိုင်ကယ် မောင်းသူများထံမှ ဆိုင်ကယ်များကို စစ် သားများက သေနတ်ဖြင့် ချိန်ကာ လုယူသွားပြီး ဆိုင်ကယ် ၁ စီး ၇ သောင်းဖြင့် ပြန်ရွေးခိုင်းနေ၊ လှိုင်သာ ယာတွင် တပ်စွဲသည့် ခမရ ၁၀၆ တပ်ရင်းမှူး တနှစ်အတွင်း ချမ်းသာလာဟုဆို
["ရန်ကုန်၊ ဇွန် ၃", "ရန်ကုန်၊ မြောက်ဥက္ကလာမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေး ကားဝန်းတွင် လုပ်ကိုင်နေသော အငှားဆိုင်ကယ်မောင်းနှင်သူများ၏ ဆိုင်ကယ်များကို အကြမ်းဖက်စစ်ကောင်စီ တပ်မ ၇၇ လက်အောက်ခံ ခမရ ၁၀၆ တပ်ရင်းမှ တပ်ဖွဲ့များက သေနတ်များချိန်ကာ ယမန်နေ့ ဇွန်လ ၂ ရက် ညနေပိုင်းတွင် သိမ်းယူသွားပြီး ဆိုင်ကယ် ၁ စီးလျှင် ငွေ ၇၀,၀၀၀ ကျပ်ဖ...
https://yktnews.com/2022/06/20867/
ဟောင်ကောင်၊ ထိုင်းနဲ့ စင်္ကာပူ ကုန်သည်ကြီးများအသင်းတွေ ပါဝင်တဲ့ စီးပွားရေးအခမ်းအနား LOTTE ဟိုတယ်မှာ ကျင်းပမှုအပေါ် NUG အစိုးရ ရှုတ်ချ
["ရန်ကုန်၊ ဇွန် ၃", "ဟောင်ကောင်၊ ထိုင်းနဲ့ စင်္ကာပူ ကုန်သည်ကြီးများအသင်းတွေ ပါဝင်တဲ့ စီးပွားရေးအခမ်းအနားတစ်ခုကို မြန်မာ့စစ်တပ်ရဲ့ စစ်ထောက်ချုပ်ရုံးပိုင် မြေနေရာမှာ တည်ဆောက်ထားတဲ့ LOTTE ဟိုတယ်မှာ ကျင်းပမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ရှုတ်ချကြောင်း ကြေငြ...
https://yktnews.com/2022/06/20885/
ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူမှ စစ်သည်နှင့်အရာရှိ ၇ ဦး ထွက်ပြေးပြီး ရေယာဉ်မှူး ဗိုလ်မှူးသက်နောင်က လစာများ လိမ်လည်ထုတ်စား
["ရန်ကုန်၊ ဇွန် ၃", "အကြမ်းဖက်စစ်ကောင်စီတပ်၏ ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူမှ စစ်သည်နှင့်အရာရှိ ၇ ဦး ထွက်ပြေးပြီး ရေယာဉ်မှူး ဗိုလ်မှူးသက်နောင်က ထွက်ပြေးသူ အရာရှိနှင့်စစ်သည်များ၏ လစာများကို ထုတ်စားနေကြောင်း တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။မင်းရဲသိင်္ခသူ ရေငုပ်သင်္ဘောမှ ဒုအရာခံဗိုလ် အောင်ကိုမျိုး၊ ...