url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2024/06/166388/
ရှမ်းတောင် အမှတ် ၁၀၀၅ တပ်ရင်း-SSPDF အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၅ သင်တန်းဆင်းပွဲပြုလုပ်
["ရန်ကုန်၊ ဇွန် ၇", "အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ ရှမ်းတောင် အမှတ် ၁၀၀၅ တပ်ရင်း – SSPDF အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၅ သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#K...
https://yktnews.com/2024/06/166385/
ဓနုဖြူ၊ ပန်းတနော်၊ မြန်အောင်၊ ညောင်လေးပင်၊ အောင်လံ၊ သာယာ၀တီနှင့် ကျောက်ပန်းတောင်းတိုတွင် စစ်တပ် က တပ်သားသစ်အဖြစ် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ၊ ငွေကြေး ခြိမ်းခြောက် တောင်းခံမှုများဖြစ်ပွားနေ
["ရန်ကုန်၊ ဇွန် ၇", "ဧရာ၀တီတိုင်း၊ ဓနုဖြူမြိုနယ်၊ ပန်းတနော်မြိုနယ်၊ မြန်အောင်မြိုနယ်တိုတွင် စစ်တပ်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲများက လူငယ်များကို တပ်သားသစ်များအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးမှုများ၊ ငွေကြေးအဓမ္မတောင်းခံမှုများ ဖြစ်ပွားနေကြောင်း ဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုကြသည်။", "ဇွန်လ ၅ ရက်နေ့ ဧရာ၀တီတို...
https://yktnews.com/2022/06/21207/
NUG Bond for Chin အတွက် အရောင်းကိုယ်စားလှယ်များ လျှောက်ထားနိုင်ကြောင်း ဖိတ်ခေါ်
["ရန်ကုန်၊ ဇွန် ၈", "ချင်းပြည်နယ်အတွက် နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်များ ရောင်းချပေးရန် အရောင်းကိုယ်စားလှယ်လျှောက်လွှာများ တင်သွင်းနိုင်ကြောင်း NUG Bond for Chin ၏ အလုပ်အဖွဲ့ Chin Relief Funding Program – CRFP က ထုတ်ပြန်သည်။အရောင်းကိုယ်စားလှယ်အဖြစ် နိုင်ငံအသီးသီးရှိ အဖွဲ့အစည်း Agent လျှောက်လွှာအဖြစ် ဇွန်လ ၂၀ ရက်...
https://yktnews.com/2022/06/21240/
ကနီမြို့နယ်တွင် စစ်တပ်က ပြည်သူ ၇ ဦးကို ဖမ်းဆီး သတ်ဖြတ်၊ ရေစကြိုတွင်လည်း ပျူစောထီး အဖွဲ့က PDF ရဲဘော် ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်
["ရန်ကုန်၊ ဇွန် ၈", "စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်မြစ်ကမ်းဘေးရှိ ကျေးရွာ ၄၅ ရွာကို အကြမ်းဖက် စစ်တပ်က မေလ ၁ဝ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အထိ ဝင်ရောက် စီးနင်းခဲ့ပြီး အသက် ၁၇ နှစ်အရွယ် လူငယ် ၁ ဦးပါအဝင် ပြည်သူ ၇ ဦးဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစု အဖွဲ့ထံမှ သိရသည်။မေလ ၁၈ ရက်နေ့တွင် အကြမ...
https://yktnews.com/2022/06/21199/
ချောင်းဦးတွင် စစ်တပ်နှင့် ပျူစောထီးများက PDF ရဲဘော် ၂ ဦးနှင့် ပြည်သူ ၆ ဦးကို ဖမ်းဆီး သတ်ဖြတ်
["ရန်ကုန်၊ ဇွန် ၈", "စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကံကြီးကုန်းရွာတွင် တပ်စွဲထားသော အကြမ်း ဖက် စစ်တပ်နှင့် ပျူစောထီးအဖွဲ့က ဇွန်လ ၇ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ချောင်းဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (CHU PDF) ရဲဘော် ၂ ဦးနှင့် ပြည်သူ ၆ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း CHU PDF တပ်ဖွဲ့ထံမှ သိရသည်။ချောင်းဦးမြို့နယ် ပ...
https://yktnews.com/2022/06/21225/
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် အိမ်ခြေ ၅၀၀ နီးပါးရှိ အလယ်ခုံကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေ
["ရန်ကုန်၊ ဇွန် ၈", "စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်၊ အလယ်ခုံ ကျေးရွာကို အကြမ်းဖက်စစ်ကောင် စီ တပ်များက ယနေ့ ဇွန် ၈ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်၍ မီးရှို့ ဖျက် ဆီးနေကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။“အလယ်ခုံကို ရှို့နေတယ်။ အလယ်ခုံက ရွာကြီးဗျ။ အိမ်ခြေ ၄၀၀ ၊ ၅၀၀ လောက် ရှိတယ်။ မနက်ကလည်း ဇော်ချောင်းကျေးရွာကို ရှို့ပြ...
https://yktnews.com/2022/06/21204/
ကန့်ဘလူ၊ ဇော်ချောင်းကျေးရွာကို စစ်ကောင်စီက မီးတင်ရှို့၊ လွင်ကြီးကျေးရွာမှ ပြည်သူ ၁ ဦး စစ်တပ်၏ လက်နက်ကြီး ထိမှန်၍ ခြေထောက်ပြတ်
["ရန်ကုန်၊ ဇွန် ၈", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇော်ချောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က ယနေ့ ဇွန်လ ၈ ရက် နံနက်တွင် ဝင်ရောက် မီးရှို့ဖျက်ဆီးနေပြီး လက် နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေမှုကြောင့် ဇော်ချောင်းရွာတောင်ဘက် မိုင်ဝက်ခန့်အကွာရှိ လွင်ကြီးကျေးရွာရှိ ပြည်သူ ၁ ဦး လက်နက်ကြီးထိမှန် ခြေထောက်ပြတ်သွားကြောင်း ဒေသခံ...
https://yktnews.com/2022/06/21249/
ရေစကြိုတွင် ခလရ ၂၅၆ နှင့် ခလရ ၂၅၈ တပ်ရင်းကို လက်နက်ကြီးများဖြင့် PDF က ပစ်ခတ်၊ ရေဦးတွင်လည်း စစ်တပ် စစ်ကြောင်း ပစ်ခတ်ခံရပြီး စစ်သား ၇ ဦး သေဆုံး၊ ပခုက္ကူတွင်လည်း အရပ်ဝတ် စစ်ဗိုလ် ၁ ဦး ပစ်သတ်ခံရ
["ရန်ကုန်၊ ဇွန် ၈", "မကွေးတိုင်း ရေစကြိုမြို့နယ် အခြေစိုက် အကြမ်းဖက် စစ်တပ် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၆ နှင့် ခလရ ၂၅၈ တို့ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇွန်လ ၆ ရက်နေ့ နံနက် ၁ နာရီခန့်အချိန် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း Yesagyo PDF တပ်ဖွဲ့ထ...
https://yktnews.com/2022/06/21276/
ဖားကန့်တွင် ကလေးငယ် ၁ ဦးအပါအဝင် မိသားစု ၃ ဦးလိုက်ပါသော ပါဂျဲရိုး အိမ်စီးကား ရေကန်ထဲ ပြုတ်ကျ နစ်မြုပ်၊ ကားပေါ်ပါသူအားလုံး သေဆုံး
["ရန်ကုန်၊ ဇွန် ၉", "ကချင်ပြည်နယ်၊ ဖားကန်မြို့နယ်၊ အေးမြသာယာ ရပ်ကွက်အနီးရှိ ရေကန်ထဲသို့ ကလေးငယ် ၁ ဦး အပါအဝင် မိသားစုဝင် ၃ ဦး လိုက်ပါသော ပါဂျဲရိုးအိမ်စီးကားတစ်စီး ယနေ့ နံနက်ပိုင်း ရေကန်ထဲ ပြုတ်ကျ နစ်မြုပ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ဇွန်လ ၉ ရက်နေ့ နံနက် ၉ နာရီကျော်အချိန်တွင် အဆိုပါကား ရေကန်ထဲ ပြုတ်ကျနစ်မြုပ်သွားခ...
https://yktnews.com/2022/06/21327/
ကန်ပက်လက်မြို့နယ်၊ အထက်လက်မွန်ရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် CDF ကန်ပက်လက် ပူးပေါင်းတပ်ဖွဲ့ကြား ၂ ကြိမ်တိုက်ပွဲဖြစ်ပြီး စစ်သား ၉ ဦး သေဆုံး၊ စစ်တပ်က ရွာသားများကို ဓါးစားခံလုပ် ဖမ်းဆီးထား
["ရန်ကုန်၊ ဇွန် ၉", "ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ အထက်လက်မွန်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် CDF ကန်ပက်လက် ပူးပေါင်းတပ်ဖွဲ့ကြား ယနေ့ ဇွန်လ ၉ ရက်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၉ ဦး သေဆုံးကြောင်း CDF ကန်ပက်လက်က သတင်းထုတ်ပြန်သည်။အင်အား ၁၈၅ ဦးပါသော စစ်ကောင်စီစစ်ကြောင်းကို CDF ကန်ပက...
https://yktnews.com/2022/06/21288/
ရွှေဘိုမြိုန့ယ် တအုံကျေးရွာကို စစ်တပ်က ဝင်စီးပြီး ပြည်သူ ၅ ဦးကို ပစ်သတ်၊ ကလေးငယ်များအပါ အဝင် အများအပြား ဖမ်းဆီးခံထားရ
["ရန်ကုန်၊ ဇွန် ၉", "စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အရှေ့ဘက် တအုံကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီဝင်များက ယနေ့ ဇွန် ၉ ရက်နေ့ နံနက် အစောပိုင်း ရွာထဲ ဝင်ရောက် သောင်းကျန်းပြီး ပြည်သူ ၅ ဦးကို ပစ်သတ်ကြောင်း၊ အမျိုးသမီးနှင့် ကလေးများ အပါအဝင် ရွာသား အများအပြားကို ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရှိရသည်။“စခ အင်အား ၂၀၀ ဝန်းက...
https://yktnews.com/2022/06/21279/
မိုးကျရွှေကိုယ် စစ်အရာရှိဟောင်း မြန်မာစီးပွားရေးသံမှူးကျော်ဆန်း နေပြည် တော် မပြန်ဘဲ တောင်အာဖရိကနိုင်ငံမှ ထွက်ပြေး၊ စစ်တပ်အရာရှိဟောင်းက စစ်ကောင်စီကို မယုံကြည်၍ ထွက်ပြေးခြင်းဖြစ်ပြီး သတင်းမပေါက်ကြားရန် အုပ်ထား
["ရန်ကုန်၊ ဇွန် ၉", "တောင်အာဖရိကနိုင်ငံမှ မိုးကျရွှေကိုယ် စစ်အရာရှိဟောင်း မြန်မာစီးပွားရေးသံမှူးကျော်ဆန်းသည် တာဝန်ပြီးဆုံးချိန် နေပြည်တော်သို့ စစ်ကောင်စီက ပြန်လည်ခေါ်ယူရာတွင် မပြန်တော့ဘဲ ထွက်ပြေးသွားကြောင်း နေပြည်တော် ဝန်ထမ်းအသိုင်းအဝိုင်းထံမှ သိရှိရသည်။စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စီးပွားရေးသံမှူးများ...
https://yktnews.com/2022/06/21312/
ရေစကြို၊ ဆင်ဖြူရှင်တံတားဂိတ်စခန်းကို PDFက တိုက်ခိုက်သိမ်းပိုက်ထားစဉ် စစ်ကူလာသော စစ်ကောင်စီကား တစ်စီး မိုင်း ၆ လုံးဆွဲခံရပြီး စစ်သား ၁၀ ဦး ပွဲချင်းပြီး သေဆုံး
["ရန်ကုန်၊ ဇွန် ၉", "မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတားဂိတ်စခန်းကို PDFက တိုက် ခိုက်သိမ်းပိုက်ထားစဉ် စစ်ကူလာသော စစ်ကောင်စီကား တစ်စီး မိုင်း ၆ လုံးဆွဲခံရပြီး စစ်သား ၁၀ ဦး ပွဲချင်းပြီး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက သတင်းထုတ်ပြန်သည်။ယနေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်ခန့်အချိန် ဆင်ဖြူရှင်တံတားဂိတ်သိ...
https://yktnews.com/2022/06/21330/
ရေစကြိုတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်
["ရန်ကုန်၊ ဇွန် ၉", "မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇရပ်နီကျေးရွာနှင့် မင်းလှကျေးရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကြား ယနေ့ ဇွန်လ ၉ ရက် နံနက် ၆ နာရီ ၃၃ မိနစ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း PDF တောင်သာ က သတင်းထုတ်ပြန်သည်။အင်အား ၈၀ ကျော်ရှိသော ...
https://yktnews.com/2022/06/21336/
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၈ ဦးသေဆုံးပြီး PDF ၄ ဦးကျဆုံး
["ရန်ကုန်၊ ဇွန် ၉", "မြန်မာနိုင်ငံတစ်ဝန်း ဇွန်လ ၉ ရက်နေ့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၈ ဦးသေ ဆုံးပြီး PDF ၄ ဦးကျဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။"]
https://yktnews.com/2022/06/21333/
PDF က ရှင်းလင်းသည့် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ မျိုးမင်းထွဋ် WHO ဝန်ထမ်းဟု ကုလသမဂ္ဂက ထုတ်ပြန်၊ သတ်ဖြတ်မှုကို ရှုတ်ချပြီး စုံစမ်းစစ်ဆေးရန် တောင်းဆို
["ရန်ကုန်၊ ဇွန် ၉", "မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ သံလွင်ဥယျာဉ်လမ်းမှာ မနေ့က(ဇွန်လ ၈ရက်) သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခံလိုက်ရတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဝန် ထမ်းဟာ စစ်ကောင်စီသတင်းပေး(ဒလန်)ဖြစ်ပြီး စစ်ကောင်စီက ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးရဲ့ ဆွေမျိုးနီးစပ်တော်သူဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မော်လမြိုင်) က ထုတ်...
https://yktnews.com/2022/06/21294/
ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် စစ်ကောင်စီခန့် ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ လှိုင်သာယာနှင့်တောင်ဒဂုံတွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ပစ်ခတ်ခံရ
["ရန်ကုန်၊ ဇွန် ၉", "ရခိုင်ပြည်နယ် အမ်းမြို့ အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးပိုင်ပိုင် ယနေ့ ဇွန်လ ၉ ရက်နေ့က ဓားထိုးခံရ၍ သေဆုံးသွားကြောင်း အမ်းမြို့ခံများကပြောသည်။အမ်းမြို့ အမှတ် ၄ ရပ်ကွက်နှင့် အမှတ် ၅ ရပ်ကွက်အား ပူးတွဲအုပ်ချုပ်နေသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အသက် ၃၀ ကျော်အရွယ် ဦးပိုင်ပိုင် ဓားဒဏ်ရာများဖြင့်...
https://yktnews.com/2022/06/21339/
ရန်ကုန်ရှိ စစ်တပ် ထောက်တိုင် ကမ္ဘောဇဘဏ်၏ ATM စက် ၂ လုံး ဖောက်ခွဲ တိုက်ခိုက်ခံရ ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ သာကေတ၊ မြောက်ဥက္ကလာ၊ မရမ်းကုန်းတို့တွင် ယခုည ဗုံးများပေါက်ကွဲ
["ရန်ကုန်၊ ဇွန် ၉", "ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်နှင့် အင်းစိန်း လမ်းမနှင့် ပါရမီလမ်းထောင့်ရှိ စစ်တပ် ထောက်တိုင် ကမ္ဘောဇဘဏ်၏ ATM စက် ၂ လုံးကို မြို့ပြ ပြောက်ကျား တပ်ဖွဲ့များက ဇွန်လ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Civil Guerrilla Force – YGN တပ်ဖွဲ့ထံမှ သိရသည်။ဇွန်လ ၈ ရက်နေ့တွင် လှိုင်သာယာမ...
https://yktnews.com/2022/06/21270/
လှည်ကူးတွင် စစ်တပ်ပိုင် Mytel တာဝါတိုင်စောင့် ၊ လေကြောင်းရန်ကာ ကွယ်ရေးတပ်မှ အရာခံဗိုလ်ရဲဝင်း ပစ်ခတ်ခံရပြီး သေဆုံး
["ရန်ကုန်၊ ဇွန် ၉", "ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် စစ်တပ်ပိုင် Mytel တာဝါတိုင်စောင့် အရာ ခံဗိုလ်ရဲဝင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ရန်ကုန်၊ လှည်းကူးမြို့၊ ဖောင်ကြီးကျေးရွာအုပ်စုတွင်ရှိသည့် မိုင်တဲတာဝါတိုင်ကို စောင့်ကြပ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးကို ဇွန်လ ၇ ရက်နေ့ သန်း ခေါင်ယံ ည ၁၂ ...
https://yktnews.com/2022/06/21258/
NUG နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံပြီး မြန်မာ့ဒီမိုကရေစီအရေး ကိစ္စများ ဆွေးနွေး
["ရန်ကုန်၊ ဇွန် ၉", "အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်နှင့် ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Ann Linde တို့ ဇွန်လ ၈ ရက်နေ့ က တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးကြကြောင်း NUG က တရားဝင် သတင်းထုတ်ပြန်သည်။တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာ့ဒီမိုကရေအရေးအတွက် နှစ်နိုင်ငံပူးပေါင...
https://yktnews.com/2022/06/21556/
စစ်ကောင်စီက တော်လှန်ရေးအင်အားစုများကို အနိုင်မရနိုင်တော့ဘဲ စစ်ပွဲများအဆုံးသတ်ပြီး ဒီမိုကရေစီ လမ်း ကြောင်း ပြန်သွားရန် အမေရိကန်တိုက်တွန်း
["ရန်ကုန်၊ ဇွန်", "အကြမ်းဖက်စစ်ကောင်စီက တော်လှန်ရေးအင်အားစုများကို အနိုင်မရနိုင်တော့ဘဲ စစ်ပွဲများအဆုံးသတ်ပြီး ဒီမိုကရေစီ လမ်းကြောင်း ပြန်သွားရန် အမေရိကန်အကြီးတန်းသံတမန်က တိုက်တွန်းပြောဆိုလိုက်ကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြသည်။“သူတို့အနိုင်ရနိုင်တယ်လို့ တွေးထင်ထားမှုက တကယ်မြင်ရဖို့ ခက်ခဲပါတယ်၊ စစ်တပ်က နယ်မြေတွေ...
https://yktnews.com/2024/06/166989/
မြောင်မြို့နယ်နှင့် မြင်းမူတို့တွင် စစ်တပ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၁၀ ဦးထက်မနည်း ဒဏ်ရာရ
["ရန်ကုန်၊ ဇွန်လ ၁၁", "စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မြောင်လမ်းခွဲရှိအကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်းစစ်ကိုင်းခရိုင်တပ်ရင်း – SDDFမှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇွန်လ ၉ ရက်နေ့ ည ၃ နာရီ ၃ မိနစ်အချိန်မှ ၄ နာရီ ၃၀ မိနစ်...
https://yktnews.com/2024/06/167456/
အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်အနီးသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု ၇ ဦး သေဆုံး
["ရန်ကုန်၊ ဇွန်လ ၁၃", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်အနီးသို့ စစ်ကြောင်းထိုးလာသော စစ် တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇွန်လ ၉ ရက်နေ့ Yoma GBK – PDF တပ်ဖွဲ့မှ သစ္စာဖောက်ကာ အကြမ်းဖက်စ...
https://yktnews.com/2024/06/168151/
ရေဦးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဆန်စက်အလုပ်သမား ကိုဝင်းသော်မိုး သေဆုံး
["ရန်ကုန်၊ ဇွန်၁၈", "စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဆန်စက်အလုပ်သမားကိုဝင်းသော်မိုး သေဆုံးကြောင်း ဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ဇွန်လ ၁၇ ရက်နေ့ ည ၉ နာရီအချိန် ရေဦးမြို့၊ တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသော စစ်တပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်ရာ အဆိုပါ လက်နက်ကြ...
https://yktnews.com/2024/06/168997/
Urban Task Force Aung Ban- UTF မှ ရဲမေများက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ်ပြုလုပ်
["ရန်ကုန်၊ ဇွန်၁၉", "ရှမ်းတောင် အခြေစိုက် Urban Task Force Aung Ban- UTF မှ ရဲမေလေးများက ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းသပိတ်ကို ပါဝင်ဆင်နွဲခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ဝက်လက်မြို့နယ်တွင် ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ပြည်သူများနှ...
https://yktnews.com/2022/06/23084/
ခင်ဦး မြင်းဒေါင်းကျေးရွာအနီးတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် အသက် ၃ နှစ် အရွယ် သမီးငယ်နှင့် ဖခင် ကျည်ထိမှန်၊ ဆားလင်းကြီးတွင် စစ်တပ်က လမ်းပြအဖြစ် ခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့သည့် ကိုဝင်းအောင် ရုပ်အလောင်း ပြန်တွေ့
["ရန်ကုန်၊ ဇွန်၃၀", "စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်ရှိ မြင်းဒေါင်းကျေးရွာအနီးတွင် သာဂရ ကျေးရွာ အနီးရှိ တံတားစောင့် အကြမ်းဖက် စစ်ကောင်စီတပ်သားက ဇွန်လ၂၉ရက်နေ့ နံနက် ၉နာရီကျော်အချိန်တွင် ပစ်ခတ်မှုကြောင့် ၃ နှစ်အရွယ် သမီးငယ် လေးတစ်ဦးနှင့် ဖခင်ဖြစ်သူတို့ သေနတ်ကျည်ထိမှန်ခဲ့ကြောင်း ၊ ကလေးငယ် မှာ ရရှိဒဏ်ရာဖြင့် စိုးရိမ်ရကြောင်း...
https://yktnews.com/2023/07/115345/
ရန်ကုန်၊ တောင်ဥက္ကလာပရဲစခန်းတွင် ရဲတပ်သားက သေနတ်ဖြင့် ပစ်ခတ် သောကြောင့် ကျည်ထိမှန်ဒဏ်ရာရရှိထားသော စခန်းမှူး လင်းလင်းထွန်း သေပြီ
["ရန်ကုန်၊ တောင်ဥက္ကလာပရဲစခန်းတွင် ရဲတပ်သားက သေနတ်ဖြင့် ပစ်ခတ် သောကြောင့် ကျည်ထိမှန်ဒဏ်ရာရရှိထားသော စခန်းမှူး လင်းလင်းထွန်း သေပြီ", "ရန်ကုန်၊ ဇူလိုင် ၂၈", "ရန်ကုန်တိုင်း၊ တောင်ဥက္ကလာရဲစခန်းတွင် ရဲစခန်းမှူး ဒုရဲမှူး လင်းလင်းထွန်းကို ရဲတပ်သား အာကာစိုးက သေနတ်ဖြင့် ပစ်ခတ်ရာ ဒုရဲမှူး လင်းလင်းထွန်း အပြင်း အထန်ဒဏ်ရာရပြီး ဆေးက...
https://yktnews.com/2024/03/154089/
ရန်ကုန်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၃၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကြည်ထွန်း ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံး၊ မိန်းမဖြစ်သူ အရေးပေါ် ဆေးကုသမှု ခံနေရ
["ရန်ကုန်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၃၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကြည်ထွန်း ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံး၊ မိန်းမဖြစ်သူ အရေးပေါ် ဆေးကုသမှု ခံနေရ", "ရန်ကုန်၊ မတ် ၃၁", "ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၃၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကြည်ထွန်းနှင့် မယား ဖြစ်သူတို့ ပစ်ခတ်ခံရပြီး ကြည်ထွန်း ပွဲချင်းပြီး ...
https://yktnews.com/2024/12/197039/
စမ်းချောင်းတွင် လူငယ်များကို တပ်သားသစ်အဖြစ် ဖမ်းဆီး ငွေညှစ်မှုကြောင့် ပစ်ခတ်ခံရသော ဟုမ်းလမ်းဘူတာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေ ဒဏ်ရာပြင်းထန်၍ ဆေးကုသရင်း သေပြီ
["ရန်ကုန်၊ ဒဇင်ဘာ ၂၆", "ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီးပြီး ငွေညှစ် တောင်းခံခဲ့သည့် ဟုမ်းလမ်းဘူတာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေ ယနေ့ နံနက်အစောပိုင်း ဆေးရုံတွင် သေဆုံးသွားပြီဖြစ်ကြောင်းအဆိုပါရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့...
https://yktnews.com/2022/12/68885/
ကယားပြည်နယ်တွင် နိုဝင်ဘာ ၁ လတာ တိုက်ပွဲများ အတွင်း စစ်ကောင်စီ တပ်သား ၄၃ ဦးသေဆုံးပြီး KNDF ရဲဘော် ၂ ဦးကျဆုံး
["ရန်ကုန်၊ ဒီဇင်ဘာ ၁", "ကယားပြည်နယ်တွင် နိုဝင်ဘာလ ၁ လတာ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်သား ၄၃ ဦးသေဆုံးကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန ထုတ်ပြန်ချက်အရ သိရသည်။", "ကယားပြည်နယ် တစ်ဝန်း နိုဝင်ဘာ တစ်လတာအတွင်း အကြမ်းဖက် စစ်ကောင်စီနှင့် ကရင်နီ ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲပေါင်း ၂၈ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ...
https://yktnews.com/2022/12/68865/
ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီတပ်သားတစ်ဦး လက်နက်အပ်ပြီး CDM ဝင်
["ရန်ကုန်၊ ဒီဇင်ဘာ ၁", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးက အာဏာလု စစ်ကောင်စီရဲ့ ခလရ ( ၂၈၄) က တပ်သားတစ်ဦး KNLA ပူးပေါင်းတပ်ဖွဲ့ဆီ လက်နက်အပ်ပြီး CDM လာ ရောက် ပြုလုပ်တယ်လို့ နဂါးနီစစ်ကြောင်းက ထုတ်ပြန်ပါတယ်။", "ခလရ(၂၈၄)က တပ်သား စက်ပိုင်ထွန်းဟာ ဒီနေ့ နေ့လယ် ၁၂ နာရီခန့်မှာ နဂါး နီ စစ်ကြောင်း၊ တပ်ခွဲ၂ နဲ့ KNLAတပ်ရင်း၁၇ တပ်ခွဲ၂ ဆီက...
https://yktnews.com/2022/12/68694/
မှော်ဘီလေတပ်မှ ဂျက်ဖိုက်တာ ၁ စီးဖြင့် ယနေ့ နံနက် ၁ နာရီ KNU တပ်မဟာ ၆ နယ်မြေ၊ မက္ကသာကျေးရွာအနီးရှိ အမှတ် ၆ မိုင်းလုပ်ကွက်များကို စစ်တပ်က ဗုံးကျဲ၊ လူထိခိုက်မှု တချို့ရှိ
["ရန်ကုန်၊ ဒီဇင်ဘာ ၁", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့အနီး KNU တပ် မဟာ ၆ နယ်မြေ မက္ကသာကျေး ရွာအနီးရှိ အမှတ် ၆ သတ္တုတူးဖော်ရေး နှင့် မိုင်း လုပ်ကွက်ကို အကြမ်းဖက် စစ် တပ် က ယနေ့ နံနက် ၁ နာရီဝန်းကျင်တွင် ဂျက် ဖိုက်တာလေယာဉ်ဖြင့် ဗုံးကျဲချ သွားကြောင်း KNU သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့...
https://yktnews.com/2022/12/68662/
ဝက်လက်တွင် မြို့နယ် ပကဖနှင့် တပ်ရင်း ၂ က BO.Tiger အဖွဲ့ဝင်တချို့ကို ဖမ်းဆီး သတ် ဖြတ် မှု အပေါ် တော် လှန်ရေးအဖွဲ့ ၃၉ ခုက ရှုတ်ချ၊ ကျူးလွန်သော ဝက်လက် ပကဖနှင့်တပ်ရင်း၂ ကို အရေး ယူရေး လုပ်ဆောင်မည်
["ရန်ကုန်၊ ဒီဇင်ဘာ ၁", "စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ဒေသကာကွယ်ရေး တပ်ဖွဲ့ဖြစ်သော BO.Tiger အဖွဲ့ကို မြို့နယ် ပကဖနှင့် တပ်ရင်း ၂ က ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် အရေးယူနိုင်ရေး တော်လှန်ရေး တပ်ဖွဲ့ ၃၉ ဖွဲ့က လုပ်ဆောင်သွားမည်ဟု ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီ...
https://yktnews.com/2022/12/68667/
ဆားလင်းကြီးမြို့နယ် ဆားထုံးကျေးရွာနှင့်လက်ပန်ကျွန်းရွာကို ယနေ့ နံနက်ပိုင်း စစ်တပ်က မီးစတင်ရှို့နေ
["ရန်ကုန်၊ ဒီဇင်ဘာ ၁", "စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ‌ ဆားထုံးရွာနှင့် လက်ပန်ကျွန်းရွာကို အကြမ်း ဖက်စစ်တပ်က ယနေ့ နံနက်ပိုင်း စတင်မီးရှို့နေကြောင်း ဒေသခံ ပြည်သူ များနှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။", "ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၇ နာရီ ၁၇ မိနစ်အချိန် စစ်တပ်က ဆားထုံး ကျေး ရွာကို မီးစတင်ရှို့ခြင်းဖြစ်ပြီး ယမန...
https://yktnews.com/2022/12/68707/
ထီးချိုင့်မြို့နယ်၊ လေသာကျေးရွာကို ယမန်နေ့ ညပိုင်းတွင် စစ်တပ်က လေ ယာဉ် ဖြင့် ဗုံးကျဲ ပြီး ယနေ့ နံနက်ပိုင်းတွင် မီးတင်ရှို့နေ
["ရန်ကုန်၊ ဒီဇင်ဘာ ၁", "စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ လေသာကျေးရွာကို ယမန်နေ့ ညပိုင်းတွင် စစ်တပ်က လေယာဉ် ဖြင့် ဗုံးကျဲပြီး ယနေ့ နံနက်ပိုင်း မီးတင်ရှို့နေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“မနေ့ည ၉ နာရီ ၄၀ မိနစ်အချိန် စစ်တပ်က YAK တိုက်လေယာဉ်နဲ့ ထီးချိုင့်မြို့နယ် လေသာ ရွာကို ဗုံးကျ...
https://yktnews.com/2022/12/68716/
ဒီပဲယင်းနှင့် ရေဦး အစပ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်မီးရှို့မှု နေအိမ် ၂၀ ကျော်ပြာကျ
["ရန်ကုန်၊ ဒီဇင်ဘာ ၁", "စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်နှင့် ရေဦးမြို့နယ် အစပ်ရှိ ​ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၂၀ ကျော် ပြာကျခဲ့ကြောင်း သိရသည်။", "ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ဒီပဲယင်းမြို့နယ်ရှိ ပျော်ဘွယ်ရွာနှင့် ရေဦးမြို့နယ်ရှိ မစိုးရိမ်ရွာတို့ကို ဝင်ရောက် မွှေနှောက...
https://yktnews.com/2022/12/68719/
ရွှေဘိုတွင် တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားပြီး စစ်သား ၃၀ ဦးခန့်သေဆုံး၊ မုံရွာတောပုရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို လက်နက်ကြီးများဖြင့် တိုက်ခိုက်
["ရန်ကုန်၊ ဒီဇင်ဘာ ၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်သား ၃၀ ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။", "နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ စိုက်ပျိုးရေး သိပ္ပံ ကျောင်းထဲ၌ တပ်စွဲထားသော စစ်သားနှင့် ပျူစောထီး အင်အား ၁၃၀ ခန့်က ည...
https://yktnews.com/2022/12/68880/
ရွှေဘိုမြို့နယ်ရှိ ဆင်အင်းရွာနှင့် မအူပင်ရွာသား ၉ ဦးကို စစ်တပ်က တစ်ရက်တည်း ဖမ်းဆီး သတ်ဖြတ်
["ရန်ကုန်၊ ဒီဇင်ဘာ ၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ဆင်အင်းရွာနှင့် မအူပင်ရွာသား ၉ ဦးကို စစ်တပ်က တစ်ရက်တည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဆင်အင်းရွာကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့ပြီး ​ကျေး...
https://yktnews.com/2022/12/68727/
MNDAA စခန်းကို လာတိုက်သည့် စစ်ကောင်စီတပ်ဘက်မှ အရာရှိ ၂ ဦး အပါ အဝင် ၁၀ ဦး သေဆုံးပြီး ဆုတ်ခွာသွား၊ အလောင်းများကို ဖြစ်သလို စွန့်ပစ်သွား
["ရန်ကုန်၊ ဒီဇင်ဘာ ၁", "တရုတ်-မြန်မာ နယ်စပ် ချင်းရွှေဟော်ဒေသ နမ့်ဖာတောင်တွင် MNDAA တပ်ဖွဲ့နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ် ဘက်မှ အရာရှိ ၂ ဦးအပါအဝင် ၁၀ ဦးသေဆုံးခဲ့ကြောင်း The Kokang က သတင်းထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၂၇ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် ကိုးကန့်၊ ချင်းရွှေ ဟော် ဒေသ...
https://yktnews.com/2022/12/68687/
နေပြည်တော်၊ လယ်ဝေးမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီး မီးပွိုင့်ယာဉ်ထိန်းရဲကင်း ပတ်ဝန်းကျင်တွင် မိုင်းပေါက်ကွဲ
["ရန်ကုန်၊ ဒီဇင်ဘာ ၁", "နေပြည်တော် လယ်ဝေးမြို့တွင် ယနေ့ ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၇ နာရီခွဲ အချိန် ဗိုလ်ချုပ်ကြေးရုပ်အနီး မီးပွိုင့်ယာဉ်ထိန်း ရဲကင်းပတ်ဝန်းကျင်တွင် မိုင်း ဖောက်ခွဲခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့- နေပြည်တော်(ပ.က.ဖ)မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "လယ်ဝေးမြို့နယ်၊ ဗိုလ်ချုပ်ကြ...
https://yktnews.com/2022/12/68868/
ပဲခူး၊ ဇလုပ်ကြီးရွာရှိ ခမရ ၅၉၈ တပ်ကို KNLA ပူးပေါင်းတပ်က ဝင်ရောက် တိုက်ခိုက် စစ်သား ၁၃ ဦးသေဆုံး၊ မတ္တရာတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်
["ရန်ကုန်၊ ဒီဇင်ဘာ ၁", "ပဲခူးတိုင်း၊ ဇလုပ်ကြီးရွာရှိ အကြမ်းဖက် စစ်တပ် ခမရ ၅၉၈ တပ်ကို KNLA ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၃ ဦးသေဆုံးကြောင်း သိရသည်။", "နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၁ နာရီ ၂၃ မိနစ်တွင် ဇလုပ်ကြီးရွာ အခြေစိုက် ခမရ ၅၉၈ တပ်ကို နယ်မြေခံ KNLA တပ်ဖွဲ့နှင့် Nighthawks အဖွဲ့က တိုက်ခိုက်ခဲ့ကြောင်းသိရသည်...
https://yktnews.com/2022/12/68700/
ပေါက်မြို့နယ်တွင် မီးကြိုးဆက်ရန်် ဖောကား ၃ စီးဖြင့်လာသော အကြမ်းဖက်စစ်တပ်အဖွဲ့ကို မြိုင်ပကဖနှင့် မဟာမိတ်များ ပူးပေါင်းတိုက်ခိုက်၊ အကြမ်းဖက်တပ်သား ၆ ဦး ဆေးရုံရောက်
["ရန်ကုန်၊ ဒီဇင်ဘာ ၁", "မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ချောင်းကူးရွာ အရှေ့ဘက် ၆ ဖာလုံခန့်အကွာတွင် မီးကြိုးဆက်ရန် ဖောကား ၃ စီးဖြင့် ရောက်ရှိလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်း ၄ နာရီခန့်က မြိုင်ပကဖတပ်ရင်း (၁)နှင့် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်...
https://yktnews.com/2022/12/68684/
ပေါက်မြို့နယ်၊ ဂွေးဂုံရွာကို စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့မှု နေအိမ် ၁၀၀ ကျော် ပြာကျ
["ရန်ကုန်၊ ဒီဇင်ဘာ ၁", "မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဂွေးဂုံရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၀၀ ကျော် ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်က နိုဝင်ဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် ဂွေးဂုံရွာကို ဝင်ရောက် စီး နင်း ပြီ...
https://yktnews.com/2022/12/68913/
တံတားဦးလေတပ်မှ ဂျက်တိုက်လေယာဉ် ၂ စီး မြောက်ဘက်သို့ ပျံသန်းသွား
["ရန်ကုန်၊ ဒီဇင်ဘာ ၁", "မန္တလေးတိုင်း၊ တံတားဦးလေဆိပ်မှ ဂျက်တိုက်လေယာဉ် ၂ စီး ယနေ့ ည ၁၁ နာရီ အချိန်တွင် မြောက်ဘက်သို့ (ကချင်ပြည်နယ် နှင့်စစ်ကိုင်း) ပျံသန်း သွား ကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များက ပြောသည်။", "“ည ၁၀ နာရီ ၄၈ မိနစ်မှာ ဂျက်ဖိုင်တာတစ်စီး တံတားဦး မှတက်သွားပါတယ်။ မြောက်အရပ်ဦးတည်ပါတယ်။ နောက်တစ်စီးက ည ၁...
https://yktnews.com/2022/12/68910/
မတ္တရာတွင် စစ်ကောင်စီတပ်သားများကို ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁၄ ဦးသေဆုံး
["ရန်ကုန်၊ ဒီဇင်ဘာ ၁", "မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၁၄ ဦးသေဆုံးခဲ့ကြောင်း နတ်ဆိုး မြေအောက်တော်လှန်ရေးအဖွဲ့မှ ဗိုလ်နတ်ဆိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မတ္တရာမြို့နယ်၊ မြောင်းသစ်ရွာ၌ တ...
https://yktnews.com/2022/12/68659/
အကြမ်းဖက် မင်းအောင်လှိုင် DSAနှင့် DSTA ကျောင်းဆင်းပွဲတက်ရန် ပြင်ဦးလွင် ရောက်ရှိ မည် ဖြစ်ပြီး လုံခြုံရေးအတွက် ခရီးစဉ်အချိန်၊ သွားမည့်လမ်းကြောင်းများ ကြိုမပြောဘဲ လျှို့ဝှက်ထား
["ရန်ကုန်၊ ဒီဇင်ဘာ ၁", "အကြမ်းဖက်စစ်တပ်၏ ခေါင်းဆောင် မင်းအောင်လှိုင်သည် DSAစစ်တက္ကသိုလ်အပတ်စဉ် ၆၄ သင် တန်း ဆင်းပွဲတက်ရန် ယနေ့ ပြင်ဦးလွင်ရောက်ရှိမည်ဖြစ်ကြောင်း စစ်ဘက်သတင်း ရင်းမြစ် များထံမှ သိရှိရသည်။", "ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြင်ဦးလွင်ရောက်ရှိမည်ဖြစ်ပြီး ဒီဇင်ဘာ ၂ ရက်နေ့တွင် စစ်တက္ကသိုလ် အပတ်စဉ် ၆၄ သင်တန်းဆင်းပွဲ တက်ရေ...
https://yktnews.com/2024/12/195062/
ဗန်းမော်မြို့ နေရာ အများအပြားကို စစ်တပ်က မီးရှို့နေပြီး လေယာဉ်ဖြင့် ဗုံးကျဲချ၍ မိသားစုဝင်တစ်ခုလုံးသေဆုံး၊ ရွှေဘိုတွင်လည်း စစ်တပ် ရိက္ခာပို့ စစ်ကြောင်းက ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး
["ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "ကချင်ပြည်နယ်၊ ဗန်းမော်မြို့ နေရာ အများအပြားကို အကြမ်းဖက် စစ်တပ်က မီးရှို့နေပြီး လေယာဉ်ဖြင့် ဗုံးကျဲချ၍ မိသားစုဝင် တစ်ခုလုံး သေဆုံးခဲ့ကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဗန်းမော်မြို့ရှိ နေရာအနှံ့အပြားကို မီးရှို့ဖျက်ဆီးနေ...
https://yktnews.com/2024/12/195185/
ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ လေယာဉ်ဖြင့် ဗုံးကျဲမှုများကြောင့် နေ့ရောညပါ မြို့ မီးလောင်နေ
["ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ လေယာဉ်ဖြင့် ဗုံးကျဲမှုများကြောင့် နေ့ရောညပါ မြို့ မီးလောင်နေကြောင်းဒေသပြည်သူများနှင့် KIA သတင်းရင်းမြစ်ထံမှ သိရှိရသည်။", "ဒီဇင်ဘာလ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်၅ နာရီမှစတင်၍ ဗန်းမော်မြို့၊ မံစီမြို့တို့ကို သိမ်း ပ...
https://yktnews.com/2024/12/194959/
ဆားလင်းကြီးမြို့ပေါ်တွင် ၇၆ နှစ်မြောက်အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ
["ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ပေါ်တွင် အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် 5/ဆလက လူထုသပိတ်ဖော်ဆောင်ရေးကွန်ရက်နှင့် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများဖြစ်သော ဆားလင်းကြီးမြို့ အမှတ် ၂ ပကဖ၊တစ်ကိုယ်တော်အောင်ကြီး PDF ရဲဘော်များပူးပေါင်း၍ စစ်အာဏာရှင်စနစ်ဆိုးအမြတ်ပြတ်ရေး...
https://yktnews.com/2022/12/72031/
ကနီမြို့နယ်တွင် ကလေးများသံချဆေးတိုက်ကျွေးခြင်း (၁၂)ရက်တာ လှုပ်ရှားမှုပြုလုပ်
["ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် နွေဦးတော်လှန်ရေး သပိတ်အင်အားစု (ကနီမြို့နယ်) နှင့် ဒေသခံပြည်သူများမှဦးဆောင်၍ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် ကလေးများသံချဆေးတိုက်ကျွေးခြင်း (၁၂)ရက်တာ လှုပ်ရှားမှု့ပြုလုပ်ခဲ့ပြီး ကလေးသူငယ် ငါးထောင်ကျော် ဆေးတိုက်ကျွေးနိ...
https://yktnews.com/2022/12/72164/
ဒီပဲယင်းရှိ ကျေးရွာ ၈ ရွာကို စစ်တပ်က တစ်ရက်တည်း မီးတင်ရှို့၊ ပိဋကပ်ကျရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးနေ
["ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ ၈ ရွာကို အကြမ်းဖက် စစ်တပ်က တစ်ရက်တည်း မီးတင်ရှို့နေကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ထံမှ သိရသည်။", "ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဒီပဲယင်းမြို့နယ် အတွင်းရှိ ဝဲကြီး၊ ညောင်လှ၊ သရက်တော၊ ချောင်းပေါက်၊ မူးခံတွင်း၊ လက်ယက်ကုန်း၊ ညောင်ကြီး...
https://yktnews.com/2022/12/72104/
ဘုတလင်မြို့နယ် ၊မြို့ပေါ်ရွာ နှင့် ထီးချိုင့်မြို့နယ်၊ ပေါက်ပင်ကွေ့ကျေးရွာကို စစ်တပ်က မီးတင်ရှို့နေ
["ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မြို့ပေါ်ရွာနှင့် ထီးချိုင့်မြို့နယ်၊ ပေါက်ပင် ကွေ့ ကျေးရွာကို စစ်ကောင်စီတပ်များက ယနေ့နံနက်ပိုင်း မီးတင်ရှို့နေကြောင်း ဒေသခံများက ပြောသည်။", "ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီအချိန် စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်၊မြို့ပေါ်ရွာကို စစ်တပ်က မီးတင်ရှို့နေကြောင်း၊ တိုက်...
https://yktnews.com/2022/12/72062/
မြောင်နှင့် မုံရွာတွင် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရ၊ စစ်သား (၅)ဦး သေဆုံး၊ (၁၅) ဦး ဒဏ်ရာရ
["ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ရွှေဘုံသာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို လိုက်လံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများထိခိုက်သေဆုံးမှုရှိသော်လည်းအတိ အကျ မသိရှိခဲ့ရကြောင်း‌ Myaung Union Army (ပြည်သူ့တပ်မတော် -မြောင်) က ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောသည်။", "ကျောက...
https://yktnews.com/2022/12/72396/
ယင်းမာပင်တွင် စစ်ကောင်စီ တပ်သားများကို ၃ ရက်ဆက် တိုက်ခိုက်မှု ၆ ဦးသေဆုံး၊ မြောင်တွင် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၄ ဦးသေဆုံး
["ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၃ ရက်ဆက်တိုက် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၂၆ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၇ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်တွင် ယင်းမာပင်မြို့ အနောက်ဘက်တွက် ကင်းထွက်...
https://yktnews.com/2022/12/72128/
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ကောင်စီ သေဒဏ်ချမှတ်ခဲ့သော နိုင်ငံရေးအကျဉ်းသား ၁၃၈ ဦးရှိပြီး အကျဉ်းထောင်အတွင်း နှိပ်စက်မှုကြောင့် နိုင်ငံရေး အကျဉ်းသား ၁၈ ဦးကျဆုံးခဲ့
["ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကြမ်းဖက် စစ်ကောင်စီက နိုင်ငံရေး အကျဥ်းသား ၁၃၈ ဦးကို သေဒဏ်ချမှတ်ခဲ့ကြောင်း နိုင်ငံရေး အကျဥ်းသားများ ထုတ်ပြန်ချက်အရ သိရသည်။", "အကြမ်းဖက် စစ်တပ် သေဒဏ်ချမှတ်ခဲ့သော နိုင်ငံရေး အကျဉ်းသား ၁၃၈ ဦးထဲမှ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့...
https://yktnews.com/2022/12/72020/
ဘုတ်ပြင်း၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ရတနာပုံ(မိုင်း)ရွာကို စစ်တပ်က ရွာလုံးကျွတ် ခြိမ်းခြောက် ရွှေ့ပြောင်းခိုင်း
["ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ရတနာပုံ(မိုင်း)ရွာကို အကြမ်းဖက် စစ်တပ်က ရွာလုံးကျွတ် ခြိမ်းခြောက် ရွှေ့ပြောင်းခိုင်းကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလအတွင်း ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ရတနာပုံ(မိုင်း)ရွာ အနီး...
https://yktnews.com/2024/12/195043/
မဲဆောက်မြို့ တစ်နေရာတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် လှုပ်ရှားမှု ပြုလုပ်
["ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "ထိုင်းနိုင်ငံ မဲဆောက်မြို့ တစ်နေရာတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဥ်းသူများအဖွဲ့က မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် ဖြစ်ပျက်နေသည့် လူ့အခွင့်အရေး ဆိတ်သုဉ်းနေမှုများနှင့် ပတ်သက်၍ နိုင်ငံရေးအကျဥ်းသူများ၏ လူ့အခွင့်အရေးကို ပြည့်ဝစွာ ရရှိနိုင်ရေးရည်ရွယ်၍ လှုပ်ရှ...
https://yktnews.com/2024/12/194922/
နေပြည်တော်၊ တပ်ကုန်းတွင် အသက် ၁၆ နှစ်အရွယ် ကလေးငယ်ကို တပ်သားအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးသွား၍ ငွေကျပ် ၆ သိန်းဖြင့် ရွေးယူရ ၊ အောင်လံတွင်လည်း ပေါ်တာဆွဲ ဖမ်းဆီးမှုများ အခြေအနေဆိုးရွားနေ
["ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် အသက်မပြည့်သေးသော အသက် ၁၆ နှစ်အရွယ် ကလေးငယ်ကို တပ်သားအဖြစ် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ပေါ်တာဆွဲ ဖမ်းဆီးသွား၍ ငွေကျပ် ၆ သိန်းဖြင့် ရွေးယူရကြောင်းဖမ်းဆီးခံရသော ကလေးငယ်၏ ဆွေမျိုးများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၈ ရက်နေ့ ညပိုင်း နေပြည်တော်၊ တပ...
https://yktnews.com/2022/12/72152/
ပေါင်းတည်မြို့နယ်တွင် အကြမ်းဖက်စစ်သား တစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ
["ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကြာနီကန်ကျေးရွာအပ်စုတွင် ဒီဇင်ဘာလ ၉ ရက်နေ့က အကြမ်းဖက်စစ် သားတစ်ဦးကို လက်နက်ခဲယမ်းနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။", "ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ၂ တိုက်ဂါးစစ်ကြောင်းက ကင်းပုန်းဝပ်နေသော နေရာသို့ တစ်ဦး တည်း အရပ်ဝတ်ဖြင့် နယ်မြေကျွံဝ...
https://yktnews.com/2024/12/195096/
ရေတာရှည်မြို့နယ်တွင် ကင်းလှည့်ရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး
["ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်းတောင်ဝင်လျှပ်စီးစစ်ကြောင်းက ပြောဆိုသည်။", "ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် ရေတာရှည်မြို့အနီး စစ်တောင်းမြစ် အနောက်ဘက်ကမ်း ရှိ ကျွန်းတ...
https://yktnews.com/2024/12/194965/
ပြည်သူ့အင်အားကွန်ရက်က နိုင်ငံတကာလူ့အခွင့်အရေးနေ့အထိမ်းအမှတ်လှုပ်ရှားမှု ပြုလုပ်
["ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "ပြည်သူ့အင်အားကွန်ရက်က မြန်မာနိုင်ငံတွင် စစ်အာဏာ သိမ်းပြီးနောက် လူ့အခွင့်အရေးများချိုးဖောက်ခံနေရသည်ကို မီးမောင်းထိုးပြလိုသော ရည်ရွယ်ချက်ဖြင့် ဒီဇင်ဘာလ ၁၀ ရက်နေ့ မတိုင်မီတွင် ဓာတ်ပုံဖြင့် လှုပ်ရှားဆောင်ရွက်မှုကိုပြုလုပ်ခဲ့ရာ ” လူတိုင်းတွင် အသက်ရှင်ခွင့်၊ လုံခြုံခွင့်၊ လွတ်လပ်ခွင့်ရှိသည်” ” မည်သူမ...
https://yktnews.com/2024/12/195034/
မင်းတုန်းမြို့နယ်တွင် ရွာမီးရှို့နေသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးဟုဆို
["ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာရှိ နေအိမ်အလုံး ၆၀ ကျော်ကို မီးရှို့နေသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်းသရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၄...
https://yktnews.com/2024/12/195099/
မြိုင်၊‌ ပခုက္ကူနှင့် ပေါက် မြို့နယ်တို့တွင် ၂ လတာ အတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီ တပ်သား ၁၇ ဦး သေဆုံး
["ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပခုက္ကူမြို့နယ်နှင့် ပေါက်မြို့နယ်တို့တွင် ၂ လတာ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၇ ဦး သေဆုံးခဲ့ကြောင်းမြိုင်ပကဖ မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မြိုင်မြို့နယ်တွင် နိုဝင်ဘာလ ၁၃ ရက်၊ ၁၇ ရက်၊ ၂၀ ရက်၊ ၂၉ ရက...
https://yktnews.com/2022/12/72297/
မြန်မာနိုင်ငံသို့ လေယာဥ်ဆီတင်ပို့ရောင်းချသည့် ကုမ္ပဏီအားလုံးကို အရေးယူ ပိတ်ဆို့ရန် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးထံ အရပ်ဘက် အဖွဲ့ ၅၁၆ ခုက တောင်း ဆို
["ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "မြန်မာနိုင်ငံသို့ လေယာဥ်ဆီတင်ပို့ရောင်းချရာတွင် ပါဝင်သည့် ကုမ္ပဏီအားလုံး ကို ချက်ချင်း အရေးယူပိတ်ဆို့ရန်နှင့် မြန်မာအပေါ် လေယာဥ်ဆီ တင်ပို့ရောင်း ချမှု တားမြစ်ရေး လုပ်ဆောင်ရာတွင် နိုင်ငံတကာမဟာမိတ်များ ပူးပေါင်း ဆောင် ရွက်ရန် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးထံ အရပ်ဘက် မြန်မာနှင့် နိုင်ငံ တကာလူမှု အဖ...
https://yktnews.com/2024/12/194943/
စစ်ကောင်စီတပ်၏ ဒုတိယဗိုလ်မှူးကြီး အဆင့်မှ ဒုရဲမှူးအဆင့်အထိ အပါအဝင် စစ်ကောင်စီတပ်မှ ၄၇၅ ဦး ၁၁ လအတွင်း အလင်းဝင်ဟု NUG ပြော
["ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "မြန်မာအကြမ်းဖက်စစ်တပ်မှ ဒုတိယဗိုလ်မှူးကြီး အဆင့်မှ ဒုရဲမှူးအဆင့်အထိ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇၅ ဦး ယခုနှစ် ၁၁ လအတွင်း အလင်းဝင်လာကြောင်းNUG အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။", "NUG၏ ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (...
https://yktnews.com/2024/12/194923/
မြို့များ၊ တပ်စခန်းများနှင့်တိုင်းစစ်ဌာနချုပ်များကို လက်လွှတ်ဆုံးရှုံးမှုများဖြင့် စစ်ရှုံးနေသော်လည်း မင်းအောင်လှိုင် နိုင်ငံတစ်ဝန်း ပွဲနှင့်အခမ်းအနားများ ဆက် တိုက်တက်မည်
["ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "မြို့များနှင့်တိုင်းစစ်ဌာနချုပ်များ လက်လွှတ်ဆုံးရှုံးမှုများဖြင့် စစ်ရှုံးနေသော်လည်း မင်းအောင်လှိုင် နိုင်ငံတစ်ဝန်း ပွဲနှင့်အခမ်းအနားများ ဆက် တိုက်တက်ရောက်မည်ဖြစ်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။", "အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရန်ကုန်၊ နေပြည်တော်၊ ပြင်ဦးလွင်တို့တွင်...
https://yktnews.com/2022/12/72393/
လှိုင်မြို့နယ်လျှပ်စစ်ရုံး၊ လှိုင်သာယာရဲစခန်းဝန်ထမ်းလိုင်းခန်းတို့တွင် ဗုံးပေါက်ကွဲ
["ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "ရန်ကုန်တိုင်း လှိုင်မြို့နယ် EPC ရုံး၊ လှိုင်သာယာရဲစခန်းဝန်ထမ်း လိုင်းခန်း တို့တွင် ယခုည ဗုံးပေါက်ကွဲခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ များ ထံမှ သိရသည်။", "ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ အင်စိန်လမ်းနှင့် ကန်လမ်းထောင့်ရှိ EPC ရုံး၌ တပ်စွဲ ထား သော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ယန့ ဒီဇ...
https://yktnews.com/2024/12/195040/
ရန်ကုန်တွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားလူငယ်မှန်သမျှ မဖြစ်မနေ စစ်မှုထမ်းရမည်ဟု သက်ဆိုင်ရာက ခေါ်ယူ အသိပေးလာ၊ မဲနှိုက်ခြင်း၊ ငွေကြေးပေး၍ လူစားထိုးခြင်းများ လုပ်ခွင့်မရှိတော့ဟုဆို
["ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "ရန်ကုန်တွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားလူငယ်မှန်သမျှ အလှည့်ကျလာလျှင် မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ပြီး ယခင်ကကဲ့သို့ အလှည့်ကျ မဲနှိုက်ခြင်း၊ ငွေကြေးပေး၍ လူစားထိုးခြင်းများ လုပ်ခွင့်မရှိတော့ဟု လူငယ်များနှင့်မိသားစုများကို ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများက ခေါ်ယူ ပြောဆိုလာကြော...
https://yktnews.com/2022/12/72294/
နမ့်ဆန်နှင့် ဖားကန့်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး၊ ပေါင်နှင့် ဒေးဒရဲတွင် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံး
["ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "ရှမ်းပြည်နယ် နမ့်ဆန်နှင့် ကချင်ပြည်နယ် ဖားကန့်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်သား ၅ ဦးသေဆုံး၊ မွန်ပြည်နယ် ပေါင်နှင့် ဧရာဝတီတိုင်း ဒေးဒရဲတို့တွင် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံးကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။", "ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့တွင် TNLA နှင့် အက...
https://yktnews.com/2024/12/194921/
ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် ၁၀ ရက်ကြာတိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၅၀ ကျော် သေဆုံး
["ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် ၁၀ ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်းဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် -DPLA မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "နိုဝင်ဘာလ ၃၀ ရက်နေ့မ...
https://yktnews.com/2024/12/194937/
နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၃ ဦး ဒဏ်ရာရ
["ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၃ ဦး ဒဏ်ရာရရှိကြောင်းTNLA က သတင်းထုတ်ပြန်သည်။", "ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် စစ်ကောင်စီတပ်က သရက်ကုန်းတောင်ဘက်မှနေ၍ ဆမ္မဆယ်ကျေးရွာသို့ လက်နက်က...
https://yktnews.com/2024/12/194932/
နောင်ချိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးပြီး စစ်သုံးပန်း ၁၉ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိ
["ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းစခန်းအနီး ကျောက်ဂူ -ကျောက်ဆုံနှင့် တောင်ခမ်း အ မြောက်တပ်စခန်းတွင် တိုက်ပွဲဖြစ်ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးကာ ၁၉ ဦး အရှင်ဖမ်းမိခဲ့ကြောင်းTNLA သတင်းနှင့်ပြန်ကြားရေးဌာနက ယမန်နေ့ညပိုင်း ထုတ်ပြန်သည်။", "ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်နေ့ နေ...
https://yktnews.com/2024/12/194955/
စစ်ကောင်စီက နိုင်ငံပေါင်း ၁၆ နိုင်ငံသို့ မြန်မာအလုပ်သမားများ တင်ပို့ စေလွှတ်နေပြီး ရုရှား အပါအဝင် နိုင်ငံသစ်များသို့ပါ အလုပ်သမားများ စေလွှတ်တင်ပို့နိုင်ရန် ကြိုးပမ်းညှိနှိုင်းနေဟုဆို
["ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "အကြမ်းဖက် စစ်ကောင်စီက နိုင်ငံပေါင်း ၁၆ ခုသို့ မြန်မာအလုပ်သမားများ စေလွှတ်နေပြီး ရုရှား အပါအဝင် နိုင်ငံသစ်များသို့ပါ အလုပ်သမားများ တင်ပို့နိုင်ရန် ကြိုးပမ်းနေကြောင်းအလုပ်သမားဝန်ကြီးဌာန သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "လက်ရှိတွင် စစ်ကောင်စီက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချ...
https://yktnews.com/2022/12/72155/
ထောင်ပိုင်ကို ညီလေးဟု ခေါ်မိသဖြင့် နိုင်ငံရေးအကျဥ်းသားတစ်ဦး ပြင်းပြင်းထန်ထန် နှိပ်စက်ခံရ၊ လက်ကျိုးကာ ဦးခေါင်း သွေးခဲဒဏ်ရာများဖြင့် သတိလစ်မေ့မြော
["ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "အင်းစိန်ထောင်အတွင်း ဒီဇင်ဘာလ ၆ ရက်နေ့တွင် ထောင်ပိုင်ကို “ညီလေး” ဟု လှမ်းခေါ်မိ၍ နိုင်ငံရေးအကျဉ်းသား ကိုသတိုး (ခေါ်) ကိုဝင်းထွဋ်ဦး ပြင်းပြင်းထန်ထန်နှိပ်စက်ခံရပြီး လက်ကျိုးသွားကာ ဦးခေါင်းတွင်လည်း သွေးခဲ၍ သတိလစ်မေ့မြောသွားကြောင်း အင်းစိန်အကျဉ်းထောင်အတွင်းမှ စုံစမ်းသိရှိရသည်။", "အင်းစိန်ထောင်တွင်း...
https://yktnews.com/2024/12/195016/
NUG နှင့် PDF များ၏ ရန်ပုံငွေရှာ Campaign များသို့ ပြည်တွင်းပြည်ပ ငွေကြေးလှူဒါန်းမှုနှင့် ငွေကြေးစီးဆင်းမှုများကို ဖိဖိစီးစီး စုံစမ်းဖော်ထုတ် အရေးယူရန် စစ်ကောင်စီက အရေးပေါ် ညွှန်ကြား
["ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် PDF များက လုပ်ဆောင်နေသော ရန်ပုံငွေရှာ Campaign များသို့ ပြည်တွင်းပြည်ပ ငွေကြေးလှူဒါန်းမှုနှင့် ငွေကြေး စီးဆင်းနေမှုများ ဆက်လက်တည်ရှိနေသည်ကို ဖိဖိစီးစီး စုံစမ်းဖော်ထုတ် အရေးယူရန် စစ်ကောင်စီက အရေးပေါ် ညွှန်ကြားလာကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။"...
https://yktnews.com/2024/12/195225/
လွိုင်ကော်မြို့ပြင်တွင် ကင်းပုန်းဝပ်နေသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိ
["ရန်ကုန်၊ ဒီဇင်ဘာ ၁၁", "ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပြင်တွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်းKNDF B14 တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။", "နိုဝင်ဘာလ ၂၇ ရက်နေ့တွင် လွိုင်ကော်မြို့ ပြင် တစ်နေရာတွင် ကင်းပုန်းဝပ်...
https://yktnews.com/2022/12/72472/
ကရင်ပြည်နယ်တွင် ထောက်လှမ်းရေးလုပ်နေရင်း လက်နက်များနှင့်အတူ ဖမ်းဆီးခံရသူ အငြိမ်းစား အရာခံဗိုလ် စိုးမြင့် ပြန်လည် လွတ်မြောက်
["ရန်ကုန်၊ ဒီဇင်ဘာ ၁၁", "ကရင်ပြည်နယ်၊ ကျားဖြူ စစ်ကြောင်းထိန်းချုပ်နယ်မြေ ၅ တွင် ကယ်ရီသမား ဟန် ဆောင်ကာ ထောက်လှမ်းရေးလုပ်နေရင်း လက်နက်များနှင့်အတူ ဖမ်း ဆီးခံရ သူ အငြိမ်းစား အရာခံဗိုလ် စိုးမြင့် ပြန်လည် လွတ်မြောက် လာကြောင်း ကရင်ပြည်နယ်စစ်ကောင်စီသတင်းရင်းမြစ်က အတည်ပြု ပြောသည်။", "အောက်တိုဘာလ ၂၀ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကျား...
https://yktnews.com/2024/12/195226/
လှိုင်းဘွဲ့တွင် စစ်တပ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်က ကျေးရွာများမှ စစ်မှုထမ်းစုဆောင်းပေးရန် အမိန့်ပေးပြီး လူစုမပေးလျှင် ပေါ်တာဆွဲ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်
["ရန်ကုန်၊ ဒီဇင်ဘာ ၁၁", "ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်တွင် စစ်တပ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်က ကျေးရွာများမှ စစ်မှုထမ်းစုဆောင်းပေးရန် အမိန့်ပေးပြီး လူစုမပေးလျှင် ပေါ်တာဆွဲ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်းKNU ဗဟိုက သတင်းထုတ်ပြန်သည်။", "လှိုင်းဘွဲ့မြို့နယ်တွင် ဗိုလ်မှူးကြီး စိုးမင်းအောင်က စစ်မှုထမ်းအတွ...
https://yktnews.com/2022/12/72727/
KTV ၌ ပျော်ပါးနေသော ဘဏ်မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာအပါအဝင် (၃)ဦးကို ဖမ်းမိ၊ ခုခံထွက် ပြေးသွားသော စစ်သားသေဆုံး
["ရန်ကုန်၊ ဒီဇင်ဘာ ၁၁", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကလေးမြို့၊ တောင်ဇရပ်ကွက်ရှိ BMB KTV နှင့် မာဆပ်တွင် ပျော်ပါးနေ နေသော အကြမ်းဖက်စစ်ကောင်စီ၏ အကြီးစားအမာခံ ဘဏ်မန်နေဂျာ ထွန်းထွန်းနိုင်အပါအဝင် (၃)ဦး ကို ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့လည် ၁ နာရီခန့်က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ကလေးမြို့ နယ် ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)တာဝန...
https://yktnews.com/2022/12/72673/
ဒီပဲယင်းမြို့နယ်၊ နများရွာကို စစ်တပ် ၂ ကြိမ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀၀ ကျော်ပြာကျ
["ရန်ကုန်၊ ဒီဇင်ဘာ ၁၁", "စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် နများရွာကို အကြမ်းဖက် စစ်တပ်က ၂ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၄၀၀ ကျော်ပြာကျခဲ့ကြောင်း စစ်ဘေးရှောင်များအရေး ကူညီစောင့်ရှောက်နေသည့် S&C အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၄ ရက်နှင့် ၆ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ...
https://yktnews.com/2024/12/195248/
မုံရွာမြို့ နမခ မှ ရိက္ခာပို့ဆောင်ရန် ထွက်လာသည့် စစ်ရေယာဉ် ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး
["ရန်ကုန်၊ ဒီဇင်ဘာ ၁၁", "စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ရိက္ခာပို့ဆောင်ရန် ထွက်လာသည့် စစ်ရေယာဉ် ၂ စီးကို ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်းNga Moe Yeik Column တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီ ...
https://yktnews.com/2024/12/195209/
ဆီးရီးယား အာဏာရှင် အာဆတ်ပြုတ်ကျထွက်ပြေးသွားသကဲ့သို့ မင်းအောင်လှိုင် အရှုံးပေးသွားရေး အလုပ်နှင့်သက်သေပြကြရန် NUG ယာယီသမ္မတ တိုက်တွန်း
["ရန်ကုန်၊ ဒီဇင်ဘာ ၁၁", "ဆီးရီးယားနိုင်ငံမှ အာဏာရှင် သမ္မတ ဘာရှားအာဆတ်ပြုတ်ကျပြီး နိုင်ငံမှ ထွက်ပြေးသွားသကဲ့သို့ မင်းအောင်လှိုင် အပါအဝင် အာဏာရှင်များ အရှုံးပေးသွားရေး အလုပ်နှင့်သက်သေပြကြရန်အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်း ဆော်ဩလိုက်သည်။", "ယမန်နေ့ ပြုလုပ်ခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃၀ /...
https://yktnews.com/2022/12/72748/
နေပြည်တော်၊ ဘောဂသီရိကားဝင်း၊ တော်ဝင်ကားဂိတ်တွင် ပါဆယ်ထုပ် အတွင်း လက်ပစ်ဗုံး ၅ လုံးတွေ့ရှိမှုနှင့်ဆက်စပ်၍ သထုံမှ ပျူစောထီး ခေါင်း ဆောင် ညီညီရှိန် နှင့်မိသားစုကို စစ်တပ်က ဖမ်းဆီး
["ရန်ကုန်၊ ဒီဇင်ဘာ ၁၁", "နေပြည်တော်၊ ဘောဂသီရိကားဝင်း၊ စစ်တပ်ပိုင် တော်ဝင်ကားဂိတ်တွင် ပါဆယ် ထုပ် အတွင်း လက်ပစ်ဗုံး ၅ လုံးတွေ့ရှိရမှုနှင့်ပတ်သက်ပြီး မွန်ပြည် နယ်၊ သထုံမြို့နယ်မှ ပျူစောထီး ခေါင်းဆောင် ညီညီရှိန်နှင့်မိသားစုကို စစ်တပ် က ယနေ့ ဖမ်းဆီးလိုက်ကြောင်း ဒေသပြည်သူများက ပြောသည်။", "ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၆ နာရီအချိန် ...
https://yktnews.com/2024/12/195182/
သုံးဆယ်မြို့၊ ထူပါရုံဘုရားပွဲတွင် စစ်တပ်က အသက် ၁၅ နှစ်အရွယ် ကလေးများကိုပါ ပေါ်တာဆွဲ ဖမ်းဆီး၊ အုတ်ဖိုတွင်လည်း စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးစဉ် ထွက်ပြေးသူများကို လိုက်လံ ပစ်ခတ်ရာမှ ပြည်သူ ၁ ဦး ကျည်ထိမှန်ဒဏ်ရာရ
["ရန်ကုန်၊ ဒီဇင်ဘာ ၁၁", "ပဲခူးတိုင်း၊ သာယာ၀တီမြို့နယ်၊ သုံးဆယ်မြို့ ထူပါရုံဘုရားပွဲတွင် အကြမ်းဖက် စစ်တပ်က အသက် ၁၅ နှစ်အရွယ် ကလေးများကိုပါ စစ်မှုထမ်းတပ်သားသစ်များအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးနေပြီး မိသားစုဝင်များက ငွေဖြင့် ပြန်ရွေးထုတ်ရန်ကြိုးစားသော်လည်း မရကြောင်းဖမ်းဆီးခံရသော ကလေးများ၏ မိဘများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြ...
https://yktnews.com/2024/12/195244/
အုတ်ဖိုမြို့ကို PDF တပ်ဖွဲ့များ သိမ်းပိုက်မည်ဆိုသော သတင်းကြောင့် ရိုးမအစပ်တွင်ရောက်ရှိနေသော စစ်ကြောင်းများ မြို့ပေါ် အလျင်အမြန် ဆုတ်ခွာသွားပြီးနောက် လမ်းများ အားလုံးကို ပိတ်ချလိုက်ပြီး ပေါ်တာဆွဲဖမ်းဆီးမှုများ အရှိန်မြှင့် လုပ်ဆောင်နေ
["ရန်ကုန်၊ ဒီဇင်ဘာ ၁၁", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့ကို PDF တပ်ဖွဲ့များ သိမ်းပိုက်မည်ဆိုသော သတင်းကြောင့် ရိုးမအစပ်တွင်ရောက်ရှိနေသော စစ်ကြောင်းများ မြို့ပေါ် အလျင်အမြန် ဆုတ်ခွာသွားပြီးနောက် လမ်းများ အားလုံးကို ပိတ်ချလိုက်ပြီး ပေါ်တာဆွဲဖမ်းဆီးမှုများ အရှိန်မြှင့် လုပ်ဆောင်နေကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...
https://yktnews.com/2024/12/195251/
တောင်သာမြို့နယ်၊ မိုးနှောင်းခင်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦးပြင်းထန်ဒဏ်ရာရ
["ရန်ကုန်၊ ဒီဇင်ဘာ ၁၁", "မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မိုးနှောင်းခင်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့...
https://yktnews.com/2022/12/72531/
ဝမ်းတွင်း၊ သဲတောရွာတွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး၊ ကလိန်အောင်မြို့ရှိ ရဲတပ်ကြပ် ၁ ဦး နေအိမ်၌ ပစ်ခတ်မှု ဖြစ်ပွား
["ရန်ကုန်၊ ဒီဇင်ဘာ ၁၁", "မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဲတောလေးကျေးရွာတွင် နေထိုင်သော ပျူစောထီး မောင်ရှိန်ကို WTRF အဖွဲ့မှ ပစ်ခတ်တိုက်ခဲ့ပြီး သေဆုံးသွားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။", "ဒီဇင်ဘာလ ၁၀ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် ပျူစောထီး မောင်ရှိန်ကို Wundwin Township Refvolution Force – WTRF အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့...
https://yktnews.com/2022/12/72763/
မန္တလေးမြို့၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဗဟိုကင်းတိုက်ကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ
["ရန်ကုန်၊ ဒီဇင်ဘာ ၁၁", "မန္တလေးမြို့၊ နန်တွင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် ၏ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ဗဟိုကင်းတိုက်ကို မြို့ပြ ပြောက်ကျားတပ်ဖွဲ့များက နည်းပညာ အသုံးပြုကာ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်း မန္တလေး၊ နန်းတွင်း၊ တိုင်းစစ်ဌာချုပ် ဗဟို ကင်း ကို မြို့ပြ ပြောက်ကျား တပ...
https://yktnews.com/2024/12/195220/
မြန်မာနိုင်ငံတွင် တိုက်ပွဲများရပ်စဲစေရန် ညှိနှိုင်းဆွေးနွေးများ ဆောင်ရွက်နေပြီး တရုတ်စီမံကိန်းများနှင့်တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ဘေးကင်းလုံခြုံရေးအတွက် ပါ လုပ်ဆောင်နေဟု တရုတ်အစိုးရပြော
["ရန်ကုန်၊ ဒီဇင်ဘာ ၁၁", "မြန်မာနိုင်ငံတွင် တိုက်ပွဲများရပ်စဲစေရန် တရုတ်နိုင်ငံက ဘက်ပေါင်းစုံနှင့် ညှိနှိုင်းဆွေးနွေးများ ဆောင်ရွက်နေပြီး တရုတ်စီမံကိန်းများနှင့်တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ဘေးကင်းလုံခြုံရေးအတွက် ပါ လုပ်ဆောင်နေကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning က ပြောဆိုသည်။", "ဒီဇင်ဘာလ...
https://yktnews.com/2024/12/195303/
ရေးမြို့နယ်တွင် ခမရ ၂၉၉ မှ ပြည်သူ့စစ် သင်တန်းဆင်း တပ်သာ ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်
["ရန်ကုန်၊ ဒီဇင်ဘာ ၁၁", "မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ခမရ-၂၉၉ တပ်ရင်းမှ ပြည်သူ့စစ် သင်တန်းဆင်း တပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Ramonya Guerrilla Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာထံသို့ပြောဆိုသည်။", "အလင်းဝင်လာသော ခမရ-၂၉၉ တပ်ရင်းမှ ပြည်သူ့စစ် သင်တန်းဆင်း တပ်သား စောစိုးထက်...
https://yktnews.com/2024/12/195217/
ဂွမြို့အနီး တိုက်ပွဲများတွင် စစ်တပ်ဘက်မှ အလင်းဝင်လာမှုများ တောက် လျှောက်ရှိနေပြီး တောင်ကုတ်စကခ ၅ တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ
["ရန်ကုန်၊ ဒီဇင်ဘာ ၁၁", "ရခိုင်ပြည်၊ ဂွမြို့အနီးတိုက်ပွဲများတွင် စစ်တပ်ဘက်မှ အလင်းဝင်လာမှုများ တောက်လျှောက်ရှိနေကြောင်းAA ရှေ့တန်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အောက်တိုဘာလဆန်းပိုင်းမှစတင်၍ ဂွမြို့အနီးသို့ AA တပ်များက ထိုးစစ်ဆင်လာခဲ့ကြောင်း၊ နေ့စဉ်တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်...
https://yktnews.com/2024/12/195184/
မောင်တော၊ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် အရာရှိများကို စစ်သုံ့ပန်းအဖြစ် AA က ဖမ်းဆီး၊ စစ်တပ်ဘက်မှ သေဆုံးသူ ၄၅၀ အထက်ရှိပြီး လက်နက်ခဲယမ်းများ ရရှိ
["ရန်ကုန်၊ ဒီဇင်ဘာ ၁၁", "ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် အရာရှိများ၊ စစ်သားများ၊ လက် အောက်ခံ မွတ်စလင် လက်နက်ကိုင်များကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိကြောင်းAA က တရားဝင် သတင်းထုတ်ပြန်သည်။", "ရခိုင်ပ...
https://yktnews.com/2022/12/72557/
နမ့်ဆန်တွင် ၅ ရက်မြောက် TNLA နှင့် စစ်တပ်တို့ တိုက်ပွဲပြင်းထန်၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပြင် ရဟတ် ယာဉ်များဖြင့် စစ်လက်နက်နှင့် စစ် အင်အားများချထား
["ရန်ကုန်၊ ဒီဇင်ဘာ ၁၁", "ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်တွင် စစ်တပ်က ပလောင် TNLA တပ်ကို ရုတ်တ ရက် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့မှစတင်ပြီး ယနေ့ ဒီဇင် ဘာလ ၁၁ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး စစ်တပ်က လေကြောင်းသုံး၍ အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိကြောင်း သိရှိရသည်။", "လက်ရှိတွင် တိုက်ပွဲ ဖြစ်...
https://yktnews.com/2024/12/195227/
အကြမ်းဖက်စစ်တပ်၏ စစ်ရာဇဝတ်မှုများတွင် ပါဝင်နေသည့် တရုတ် AVIC ကုမ္ပဏီကို မိတ်ဖက် ရင်းနှီးမြုပ်နှံသူအဖြစ်မှ ရပ်ဆိုင်းရန် Airbus ကုမ္ပဏီထံသို့ အရပ်ဘက်အဖွဲ့ ၃၀၀ ကျော်က အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆို
["ရန်ကုန်၊ ဒီဇင်ဘာ ၁၁", "အကြမ်းဖက်စစ်တပ်က ကျူးလွန်နေသည့် စစ်ရာဇဝတ်များတွင် စစ်လေယာဉ်များကို ရောင်းချခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းဖြင့် ပါဝင်လျက်ရှိသော တရုတ် Aviation Industry Corporation of China (AVIC) ကုမ္ပဏီနှင့် ဆက်ဆံရေး အဆုံးသတ်ရန် Airbus ကုမ္ပဏီ CEO ထံသို့ မြန်မာတော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်း ...
https://yktnews.com/2024/12/195206/
ပုသိမ်မြို့ ၊အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးတပ်မှ စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်းဆင်း တပ်သားသစ်များကို ရှမ်းပြည်နယ်သို့ ပို့ဆောင်စဉ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံး
["ရန်ကုန်၊ ဒီဇင်ဘာ ၁၁", "ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် ၆ စစ် အခြေခံ လေ့ကျင့်ရေးတပ်မှ စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်းဆင်း တပ်သားသစ်များကို ရှမ်းပြည်နယ်သို့ ပို့ဆောင်စဉ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး တပ်သားသစ် ၈ ဦးသေဆုံးခဲ့ကြောင်းပုသိမ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ...
https://yktnews.com/2024/12/195356/
ICJ တရားရုံးတွင် မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော တရားလို ဂမ်ဘီယာဘက်မှ ကွန်ဂိုနှင့်အိုင်ယာလန်နိုင်ငံတို့ ပါဝင်လာပြီး ဂမ်ဘီယာနှင့်အတူ ရပ်တည်သော နိုင်ငံပေါင်း ၁၀ ခုရှိလာ
["ရန်ကုန်၊ ဒီဇင်ဘာ ၁၂", "ကမ္ဘာ့ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ကွန်ဂိုနှင့် အိုက်ယာလန်နိုင်ငံတို့ကပါ ပါဝင်ရန် လျှောက်ထားနေပြီဖြစ်ပြီး ဂမ်ဘီယာနှင့်အတူ ရပ်တည်သော နိုင်ငံပေါင်း ၁၀ ခု ရှိလာကြောင်းICJ တရားရုံး၏ သတင်းထ...
https://yktnews.com/2024/12/195341/
ဖာပွန်တွင် စစ်ကောင်စီ၏ တောင်သုံးလုံး နှင့်ဆင်စွယ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၆ ဦး သေဆုံးပြီး ၁၂၀ မမ အမြောက် အပါအဝင် လက်နက်ခဲယမ်းများ ရရှိ
["ရန်ကုန်၊ ဒီဇင်ဘာ ၁၂", "ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် စစ်ကောင်စီ၏ တောင်သုံးလုံး နှင့်ဆင်စွယ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၆ ဦး သေဆုံးပြီး ၁၂၀ မမ အမြောက် အပါအဝင် လက်နက်ခဲယမ်းများ ရရှိကြောင်းတောင်ပိုင်းတိုင်း စစ်ဒေသနှင့် PDF သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "ဒီဇင်ဘာလ ၇ ရက်နေ့ ဖာပွန်မြို့နယ်၊ ဖာပွန်...
https://yktnews.com/2022/12/72855/
ကိုးတောင်ဘို့၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို PDF တပ်ဖွဲ့မှ ဝင်တိုက်၊ PDF တစ်ဦးကျဆုံးကာ (၃)ဦးဒဏ်ရာ၊ ချင်းမြစ်ကြောင်းအတွင်း အကြမ်းဖက်စစ်သင်္ဘောတစ်စီးကို တစ်ဖက် ပွင့်ပြောင်းဖြင့် တိုက်ခိုက်
["ရန်ကုန်၊ ဒီဇင်ဘာ ၁၂", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ဒေသ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ် စခန်းကို PDF တပ်ဖွဲ့မှ ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက်အစောပိုင်း ၁ နာရီခန့်က ဝင်ရောက်တိုက်ခိုက် ခဲ့ရာ PDF တပ်ဖွဲ့ဝင်(၃)ဦးကျဆုံးပြီး (၃)ဦးဒဏ်ရာရရှိကာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ရဟတ်ယာဉ် ဖြင့် လာရောက်တိုက်ခိုက်မှုကြေ...
https://yktnews.com/2022/12/72936/
ကောလင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာမှ နေအိမ် (၂၂၄)လုံးကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက် ဆီး၊ ပြည်သူ (၅) ဦးကို သတ်ဖြတ်
["ရန်ကုန်၊ ဒီဇင်ဘာ ၁၂", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းရှိ ကျေးရွာ (၅) ရွာမှ နေအိမ် (၂၂၄)လုံးကို အကြမ်းဖက်စစ် တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ (၅)ဦးကို သတ်ဖြတ်သွားကြောင်း ကောလင်း မြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။", "ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့၌ အထိုင်ချတပ်စွဲထားသော အင်အား ၆၀ ခန့်ရှိ ခမရ ၃၆၃ တ...
https://yktnews.com/2022/12/72805/
ကောလင်းတွင် စစ်တပ်က ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၉ လုံးပြာကျ၊ ကျေးရွာ ၂၃ ခုမှ ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရ
["ရန်ကုန်၊ ဒီဇင်ဘာ ၁၂", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ် ၃ ရက်ဆက်တိုက် စီးနင်းနေပြီး ကျေးရွာ ၂ ခုမှ နေအိမ် ၆၉ လုံး မီးလောင်ပြာပျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာ ၉ ရက်နေ့မှ စတင်ကာ အကြမ်းဖက် စစ်တပ် ခမရ ၃၆၃၊ ၃၆၉ နှင့် ၃၆၁ မှ စစ်ကြောင်း မ...