url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2022/02/6502/
ကလေးမြို့၊ ရန်ကြီးအောင်ကျေးရွာရှိ စစ်ကောင်စီစခန်းကို CDF-KKGနှင့် RKDF တိုက်ခိုက်၊ စခန်းနှင့် စစ်သား အချို့ ထိခိုက်ဒဏ်ရာရ၊ မန္တလေးတွင် စစ်ကောင်စီတပ်ဖွဲ့ကို ၄ နေရာတွင် တိုက်ခိုက် စစ်သား ထိခိုက်သေဆုံးမှုများရှိ
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၃", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရန်ကြီးအောင်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ စခန်းကို CDF-KKG နှင့် RKDF တပ်ဖွဲ့များက ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၂ ရက် နံနက် ၁ နာရီတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စခန်းရှိ အဆောက်အဦးများ ပျက်စီးမှုရှိသလို စစ်သားအချို့လည်း ဒဏ်ရာရ...
https://yktnews.com/2022/02/6360/
မုံရွာ-ဘုတလင်လမ်းပိုင်း အခွန်ကောက်ခံနေသော စစ်ကောင်စီ တိုးလ်ဂိတ်ကို YGA LPDF အဖွဲ့က မိုင်းခွဲတိုက်ခိုက်
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၃", "စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မုံရွာ-ဘုတလင်ကားလမ်းပေါ်ရှိ ဖြတ်သန်းသွားလာသော မော်တော်ယာဉ်များကို အခွန်ကောက်ခံနေသည့် အကြမ်းဖက်စစ်ကောင်စီ ဒေါက်တိုင် တိုးလ်ဂိတ်ကို ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၂ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရန်ကြီးအောင် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်း...
https://yktnews.com/2022/02/6347/
ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီထုတ်ကုန်များ ရောင်းချခြင်းရှိ၊ မရှိ ဖယ်ခုံ ပအဖနှင့် PDF လိုက်လံစစ်ဆေး
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၃", "ရှမ်း-ကယားအစပ် ဖယ်ခုံမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ ကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီနှင့် လက်ပါးစေ ကုမ္ပဏီများ၏ ထုတ်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ၊ မရှိကို ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ဖယ်ခုံ PDF တပ်ခွဲ ၁၊ ၂၊ ၃ တို့ပူးပေါင်းကာ ဖေဖေါ်ဝါရီလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် က...
https://yktnews.com/2022/02/6690/
CDF လာမည့်လမ်းကို မိုင်းထောင်ရင်း နင်းမိပြီး ထန်တလန်ရှိ ခလရ ၂၆၉ တပ်ရင်းမှူး မျိုးဇင်ထွန်း ခြေထောက် ၁ ဖက် ပြတ်သွားဟုဆို
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၄", "ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၂၆၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးဇင်ထွန်းသည် ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၃ ရက်တွင် မိုင်းနင်းမိပြီး ခြေထောက် ၁ ဖက် ပြတ်သွားကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ထံမှ သိရှိရသည်။ချင်းတော်လှန်ရေးတပ်ဖွဲ့များ လာမည့်လမ်းတွင် မိုင်းထောင်ပြီးနေ...
https://yktnews.com/2022/02/6729/
ဟားခါးတွင် ဆယ်ကျော်သက် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦးကို စစ်သင်တန်းတက်ထားသူများဟု စွပ်စွဲကာ စစ်ကောင်စီမှ ဖမ်းဆီးထား၊ ကံပေါက်တွင်လည်း ပရဟိတလူငယ် ၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေ
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၄", "ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်ရှိ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်စီးလာသော လူငယ်အမျိုးသား ၁ ဦးနှင့် ဆယ်ကျော်သက်အရွယ် အမျိုးသမီး ၁ ဦးကို ချင်းအမျိုးသားတပ်မတော်ထံ သင်တန်းတက်ပြီး ပြန်လာခဲ့သူများဟု စွပ်စွဲကာ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ကတည်းက ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိ...
https://yktnews.com/2022/02/6658/
ရွှေဘိုမြို့နယ်တွင် မိုင်းရှင်းလင်းရန်လာသော စစ်ကောင်စီကား ၂ စီး မိုင်းဆွဲခံရပြီး ၄ ဦးသေဆုံး ၇ ဦး ဒဏ်ရာရ
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာနှင့် ကံသာကုန်းကျေးရွာကြားတွင် မိုင်းရှင်းလင်းရန်လာသော အကြမ်းဖက်စစ်ကောင်စီ ကား ၁ စီးနှင့် လက်ပါးစေ ပျူစောထီး ကား ၁ စီးကို မော်ကွန်းညီနောင် (ခင်ဦး-ပကဖ)နှင့် မဟာမိတ်တပ်ဖွဲ့များက ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၃ ရက် နံနက် ၈ နာရီတွင် မိုင်းဆွဲတိုက်ခိုက်ရာ...
https://yktnews.com/2022/02/6626/
နွားထိုးကြီး၊ ယုန်တိုးတောင်အရှေ့ဘက်တွင် စစ်ကောင်စီတပ်ဖွဲ့ကို နွားထိုးကြီး PDF တိုက်ခိုက်၊ ၂ ဦးသေဆုံးပြီး ကျန်စစ်သားများ ထွက်ပြေးသွာ
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၄", "မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ယုန်တိုးတောင်အရှေ့ဘက်တွင် ဆိုင်ကယ်များဖြင့် ကင်းလှည့်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၃ ရက် ညနေ ၃ နာရီခွဲတွင် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးသွားပြီး ကျန်စစ်သားများမှာ ထွက်ပြေးသွားကြောင်း သတ...
https://yktnews.com/2022/02/6687/
မိုးကုတ်၊ ဂွေ့ပင်ရွာရှိ စစ်ကောင်စီစခန်းကို TNLA နှင့် ပူးပေါင်းအဖွဲ့ ဝင်ရောက်တိုက်ခိုက်နေ၊ ပင်လယ်ကြီးရွာရှိ စခန်းလည်း တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး၊ ရဲ ၁ ဦး သေဆုံး၊ အောင်ပန်းတွင်လည်း စည်ပင်ရုံး ဖောက်ခွဲခံရ
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၄", "မန္တလေးတိုင်း၊ မန္တလေး-မိုးကုတ် ကားလမ်းပေါ်ရှိ ဂွေ့ပင် (ဂွေးပင်) ကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီစခန်းကို ယနေ့ ဖေဖေါ်ဝါရီလ ၁၄ ရက် နံနက်အစောပိုင်းမှ စတင်ကာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသသတင်းရင်းမြစ်...
https://yktnews.com/2022/02/6930/
KNU တပ်မဟာ ၅ နယ်မြေတွင် ၂ ရက်အတွင်း တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံး ၄ ဦး ဒဏ်ရာရ
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၅", "ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ ဖာပွန် (မူတြော်) ခရိုင်တွင် ဖေဖေါ်ဝါရီလ ၁၃ ရက်နှင့် ၁၄ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA တပ်မဟာ ၅ တပ်ဖွဲ့များကြား တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရသွားကြောင်း မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။ဖေဖေါ်ဝါရီလ ...
https://yktnews.com/2022/02/6958/
တီးတိန်ဘက်သို့ထွက်ခွာလာသော ၂၃ စီးပါ စစ်ယာဉ်တန်းကို ချင်းတပ်ဖွဲ့များတိုက်ခိုက်၊ စစ်သား ၁၀ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၅", "ချင်းပြည်နယ်၊ ဖလမ်းမြို့မှ တီးတိန်မြို့ဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို PDF Zoland နှင့် CDM Siyin တပ်ဖွဲ့များက ယနေ့ ဖေဖေါ်ဝါရီလ ၁၅ ရက် နံနက်တွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။စစ်ကား ၂၃ စီးပါ အကြမ်းဖက်စစ်ကောင်စီယာဉ်တ...
https://yktnews.com/2022/02/6903/
ဖလမ်း၊ ခလရ ၂၆၈ တပ်ကို ရိက္ခာပို့ပြီး ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ CNDF ထောင်ထားသော မိုင်းမိပြီး ၃ ဦးခန့်သေဆုံး၊ ကိုးကန့်ဒေသတွင်လည်း တိုက်ပွဲပြင်းထန်ပြီး စစ်သား ၈ ဦးသေဆုံး
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၅", "ချင်းပြည်နယ်၊ ဖလမ်းမြို့အခြေစိုက် ခလရ ၂၆၈ တပ်ရင်းကို ရိက္ခာပို့ပြီးပြန်လာသော စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့သည် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ထောင်ထားသော မိုင်းမိပြီး ၃ ဦးခန့် သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း CNO/CNDF က သတင်းထုတ်ပြန်သည်။အဆိုပါ စစ်ကောင်စီလုံခြုံရ...
https://yktnews.com/2022/02/6927/
မင်းတပ်၊ ဝမ္မသူးရွာဟောင်းအနီးတွင် စစ်ကောင်စီတပ်နှင့် CDF မင်းတပ် ကြား တိုက်ပွဲဖြစ်၊ ဝမ္မသူးရွာကို ချိန်ရွယ်ပြီး စစ်ကောင်စီက တာဝေး လက်နက်ကြီးများဖြင့် ပစ်ခတ်
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၅", "ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝမ္မသူးရွာဟောင်း (Kyawng Nu) ရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF မင်းတပ်ကြား ယနေ့ ဖေဖေါ်ဝါရီလ ၁၅ ရက်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ဝမ္မသူး (Vom Thu) ရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း မင်းတပ် ပ.အ.ဖ က သတင်းထုတ်ပြန်သည်။“တိုက်ပွဲက...
https://yktnews.com/2022/02/6918/
ပုလဲမြို့နယ်၊ စာသင်ကျောင်း ၁ ခုတွင် တပ်စွဲသော စစ်ကောင်စီတပ် ကျောင်းဝန်းအတွင်း အရက်သေစာသောက်စား၊ နံရံများတွင် ဆဲဆိုသည့် စာများ ရေးခြစ်
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၅", "စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နဂါးမတောင်ကျေးရွာတွင် ၈ ရက်ကြာ တပ်စွဲသွားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျောင်းဝန်းအတွင်း အရက်သေစာများ သောက်စားကာ ပစ္စည်းအချို့ကို ဖျက်ဆီးသွားပြီး နံရံများပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ပြည်သူ့တော်လှန်ရေးတပ်မတော် PRA တို့ကို ဆဲရေးတိုင်းထွာသော စ...
https://yktnews.com/2022/02/7255/
စစ်ကိုင်းနှင့် ချင်းပြည်နယ်ရှိ စစ်ကောင်စီစခန်းများကို CDF တပ်ဖွဲ့များဝင်ပစ်၊ စစ်သား ၇ ဦး သေဆုံး
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၆", "စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက်ရှိ ရန်ကြီးအောင်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို CDF (ကလေး၊ ကဘော်၊ ဂန့်ဂေါ)နှင့် CDF ဟားခါး ပူးပေါင်းအဖွဲ့က ယနေ့ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ ညနေ ၄ နာရီတွင် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးသွားကြောင်း CDF-KKG က သတင်းထုတ်ပြန်သည်။...
https://yktnews.com/2022/02/7063/
ဂန့်ဂေါ၊ မင်းရွာရဲစခန်းကို YDFနှင့် မြိုင်PDF ဝင်တိုက်၊ စစ်သား ၂၀ ဦးသေဆုံးကာ ၁၈ ဦး ဒဏ်ရာပြင်းထန်၊ ကရင်နီပြည်နယ်အတွင်း တပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီမှ အရာရှိ အပါအဝင် ၈ ဦးထက်မနည်းသေဆုံး
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၆", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရှိ အကြမ်းဖက်စစ်ကောင်စီ စစ်သားနှင့် ရဲများတပ်စွဲထားသော ရဲစခန်းကို ယောဒေသကာကွယ်ရေးတပ် YDF နှင့် မြိုင် PDF တို့က ဖေဖေါ်ဝါရီလ ၁၀ ရက် ည ၇ နာရီ ၂၀ မိနစ်တွင် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂၀ ဦး သေဆုံးကာ ၁၈ ဦး ဒဏ်ရာပြင်းထန်ကြောင်း YDF က သတင်းထုတ်ပြန်သည်။...
https://yktnews.com/2022/02/7156/
မိုးဗြဲမြို့ပေါ်ရှိ စစ်ကောင်စီကင်းပုန်းများကို မိုးဗြဲ PDF ဝင်ရောက်တိုက်ခိုက်၊ ခလရ ၄၂၂ တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်လို့ နေအိမ် ၁ လုံး မီးလောင်ပျက်စီး
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၆", "ရှမ်း-ကရင်နီအစပ် မိုးဗြဲမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ ကင်းပုန်းစခန်းများကို မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဖေဖေါ်ဝါရီလ ၁၆ ရက် နံနက်မှ စ၍ စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများပြင်းထန်နေကြောင်း၊ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ နေအိမ် ၁ လုံး မီးလောင်ပျက်စီးကြောင်း သ...
https://yktnews.com/2022/02/7074/
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဗိုလ်ရှုသဘင် တက်ရောက်သည့် ဝန်ထမ်း၊ ကျောင်းသားများအပါအဝင် အများအပြား ကိုဗစ် ကူးစက်ခံရ
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၆", "အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြုလုပ်သည့် ဗိုလ်ရှုသဘင်သို့ တက်ရောက်ခဲ့ရသည့် ပြည်နယ်/တိုင်းမှ ဝန်ထမ်းအများအပြားနှင့် နေပြည်တော်ရှိ အထက်တန်းကျောင်းများမှ ကျောင်းသားများ ကိုဗစ် ကူးစက်ခံနေရကြောင်း သတင်းရရှိသည်။ဗိုလ်ရှုသဘင်တက်ရသည့် ကျောင်းသားများမှတဆင့် နေပြည်တော် အထက ၅ ကျောင်းမှ အထက်တ...
https://yktnews.com/2022/02/7302/
ဖလူးဒေသကို KNLA ပူးပေါင်းတပ် ပြန်လည်သိမ်းပိုက်၊ စစ်ကောင်စီက အကျအဆုံးများ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၇", "ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ ဖလူးဒေသတွင် ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၆ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၊ လက်ပါးစေ BGF တပ်ဖွဲ့များနှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက ကား ၃ စီးဖြင့် သေဆုံးဒဏ်ရာရ စစ်သားများကို ပြန်လည်သယ်ဆောင်ဆုတ်ခွာသွားပြီး လက်နက်...
https://yktnews.com/2022/02/7372/
လောင်းရှည်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရပြီး ၂ ပွင့် အရာရှိအပါအဝင် ၃ ဦးသေဆုံး ၆ ဦး ဒဏ်ရာရ၊ ရဟတ်ယာဉ်ဖြင့်လာရောက်ကာ အမိန့်ပြန်တမ်းထုတ်ပြန်သွား
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၇", "မကွေးတိုင်း၊ ဆောမြို့နယ်ဘက်မှ လောင်းရှည်ကျေးရွာဘက်သို့ စစ်ကြာင်းထိုးလာသော စစ်ကား ၁၆ စီးနှင့် အင်အား ၂၅၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၂ ပွင့်အဆင့် အရာရှိ ၁ ဦးအပါအဝင် ၃ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရကြောင...
https://yktnews.com/2022/02/7293/
မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်ရှိ စစ်ကောင်စီစခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့များ ယနေ့နံနက် ဝင်တိုက်၊ တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း မိုးဗြဲ PDF ထုတ်ပြန်
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၇", "ရှမ်း-ကရင်နီအစပ် မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ယနေ့နံနက် အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း ဖယ်ခုံ PDF ရဲဘော် ၁ ဦး မစိုးရိမ် ဒဏ်ရာရကြောင်း သတင်းရရှိသည်။...
https://yktnews.com/2022/02/7384/
မိုးဗြဲ၊ ဝါရီဆူးပလိုင်ကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီ၏ သံချပ်ကာ အမြှောက်ကား ၂ စီး ပျက်စီးကာ စစ်သားသေဆုံးမှုများ၊ တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲနေ
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၇", "ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲ၊ ဝါရီဆူးပလိုင်ကျေးရွာဘက်သို့ သံချပ်ကာအမြှောက်ကားများအပါအဝင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာနေသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ယနေ့ တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီ၏ သံချပ်ကာ အမြှောက်ကား ၂ စီး ပ...
https://yktnews.com/2022/02/7310/
မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် RCSS ၏ စတင်ပစ်ခတ်မှုသည် သဘောတူညီချက်များကို ချိုးဖောက်ခြင်းဖြစ်ပြီး ငြိမ်းချမ်းစွာဖြေရှင်းရန် ကြိုးပမ်းမည်ဟု PNLO ပြော
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၇", "ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် ဖေဖေါ်ဝါရီလ ၁၆ ရက်၌ PNLAနှင့် RCSS ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး RCSS ၏ စတင်ပစ်ခတ်မှုသည် နှစ်ဖက် သဘောတူညီထားချက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ အချင်းချင်း ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပအိုဝ...
https://yktnews.com/2022/02/7462/
တမူးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သား ၁၀ ဦး သေဆုံး
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၈", "စစ်ကိုင်းတိုင်း၊ တမူးမြို့ အစိုးရနည်းပညာအထက်တန်းကျောင်း (GTHS) အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် တမူး PDF တပ်ရင်း ၄၊ တပ်ရင်း ၂၊ BSO၊ ABSDF ပူးပေါင်းတပ်ဖွဲ့များကြား ဖေဖေါ်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး တပ်ကြပ်ကြီး ၁ ဦးအပါအဝင် ၁၀ ဦးသေဆုံးကြောင်း တမူး PDF တပ်...
https://yktnews.com/2022/02/7465/
ရေကြည်မှ သရက်မြောင်သို့ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၅ ဦး သေဆုံး
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၈", "ပဲခူးတိုင်း၊ ရေကြည်ရွာမှ သရက်မြောင်ရွာဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဖေဖေါ်ဝါရီလ ၁၇ ရက် ယမန်နေ့ ညနေ ၄ နာရီခွဲတွင် Phoenix DF (နတ်တလင်း PDF) က မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။မိုင်းဆွဲတိုက်ခိုက်ခံရသည့် နေရာတွင် စစ်သားအလောင်း ၂ လောင်း ကျန်ရစ...
https://yktnews.com/2022/02/7766/
ရှိန်ဂတ်ဘွမ်စစ်ကောင်စီစခန်းကို KIA ပူးပေါင်းတပ် က ရိက္ခာဖြတ်တောက်ပြီး ဝိုင်းရံပိတ်ဆို့ထား၊ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်နေ
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၉", "ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာအနီး ရှင်ဂတ်ဘွမ် (ရှင်ဂတ်တောင်ကုန်း)ရှိ အကြမ်းဖက်စစ်ကောင်စီစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တပ်ဖွဲ့များက ဝိုင်းရံပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်ဖွဲ့များ ရိက္ခာပြတ်လတ်မှုများဖြစ်နေကြောင်း၊ လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်နေကြောင်...
https://yktnews.com/2022/02/7844/
မိုးဗြဲအနီးကျေးရွာများတွင်ဖြစ်ပွားသော စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၄၀ ထက်မနည်းသေဆုံးဟုဆို
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၉", "ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲမြို့တောင်ဘက်ရှိ ဝှါရီဆူးပလိုင်၊ လေဝိုး၊ ဝီသဲကူး (မြောက်) ရွာများတွင် အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ယနေ့ ဖေဖေါ်ဝါရီလ ၁၉ ရက်၌ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် ၄၀ ခန့်...
https://yktnews.com/2022/02/4034/
ထန်တလန်မြို့တွင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရ၊ သထုံမြို့နယ်အတွင်း ၁ နှစ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီမှ ၄၇ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရ
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂", "ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့က စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားတပ်ဦး CNA၊ CDF ထန်တလန်ကြား မြို့တွင်းတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။အကြမ်းဖက်စစ်ကောင်စီတက်မှ လက်နက်ကြီးပစ်ခတ်ခြင်းများ၊ drone ဖြင့် ဗုံးကျဲခြင်းများကြောင့် တိုက်ပ...
https://yktnews.com/2022/02/4055/
အကြမ်းဖက် စစ်ကောင်စီထောက်တိုင် မြင်းမူမြို့အဝင်ဂိတ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ဖောက်ခွဲ တိုက်ခိုက်၊ ပျူစောထီးစခန်းကိုလည်း စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီး
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂", "အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်တစ်ခုဖြစ်သော စစ်ကိုင်းတိုင်း၊ မြင်းမူမြို့အဝင် တိုးလ်ဂိတ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းပြီး ယမန်နေ့ ဖေဖေါ်ဝါရီလ ၁ ရက် ညသန်းခေါင်တွင် မိုင်း ၆ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို People’s Defence Force Myi...
https://yktnews.com/2022/02/8500/
ပူတာအို၊ ရှိန်ဂတ်ဘွမ်စခန်းတွင် ၅ ရက်ဆက်တိုက် စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်ကြား တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၂", "ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆွမ်ပီယာန် ကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရှိန်ဂတ်ဘွမ် (ရှိန်ဂတ်တောင်ကုန်း) စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်နှင့် PDF တပ်ဖွဲ့ဝင်များ ဖေဖေါ်ဝါရီလ ၂၂ ရက် ယနေ့တွင် ထပ်မံဝင်တိုက်နေကြောင်း သိရှိရပြီး စစ်ကောင်စီက နံနက် ၁၀ နာရီဝန်းကျင်တွင် တိုက်လေယာဉ် ၂ စီးဖြင့် ...
https://yktnews.com/2022/02/8347/
ဖာပွန်အနောက်ဘက်ကမ်းရှိ စစ်ကောင်စီလက်အောက်ခံ အကောက်ခွန်ရုံးကို KNLA ဖျက်ဆီး၊ တိုက်ပွဲ ၄ ကြိမ်တွင် စစ်သား ၃ ဦးသေဆုံး ၂ ဦး ဒဏ်ရာရ
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၂", "ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ ဖာပွန် (မူတြော်) ခရိုင်၊ ယွန်းစလင်းမြစ်အနောက်ဘက်ကမ်းရှိ စစ်ကောင်စီ အကောက်ခွန်ရုံးကို KNLA က ဝင်ရောက်ဖျက်ဆီးခဲ့ပြီး တိုက်ပွဲ ၄ ကြိမ်တွင် စစ်သား ၃ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။အပြစ်မဲ့ပြည်သူများ၏ ချွေးနဲစာများကို အဓမ္မကောက်ယူတောင်းစားနေ...
https://yktnews.com/2022/02/8456/
မိုးဗြဲမြို့အနီး ၆ ရက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၆၁ ဦး သေဆုံး၊ သံချပ်ကာ ၂ စီးနှင့် ထောက်ပို့ စစ်ကား ၃ စီး ပျက်စီး
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၂", "ရှမ်း-ကရင်နီအစပ် မိုးဗြဲမြို့အနီးတွင် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့မှ စတင်ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ၆ ရက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၆၁ ဦး သေဆုံးကာ၊ သံချပ်ကာ အမြှောက်ကား ၂ စီးနှင့် ထောက်ပို့စစ်ကား ၃ စီးကို ဖျက်ဆီးလိုက်နိုင်ကြောင်း ကရင်နီအမ...
https://yktnews.com/2022/02/8820/
အကြမ်းဖက်စစ်ကောင်စီက နန်းမယ်ခုံအနီး လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်၊ဖယ်ခုံပြည်သူများ အသင့်အနေအထား ပြင်ဆင်ထားရန် ပအဖ အသိပေး ထုတ်ပြန်
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၃", "ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံအနီးဝန်းကျင်သို့ အကြမ်းဖက်စစ်ကောင်စီက ယနေ့ ဖေဖေါ်ဝါရီလ ၂၃ ရက် ညနေ ၆ နာရီ ၁၀ မိနစ်ခန့်တွင် လေကြောင်းမှတဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား ...
https://yktnews.com/2022/02/8747/
စစ်ကောင်စီတပ်နှင့် လက်ပါးစေ BGF များ KNU တပ်မဟာ ၅ နယ်မြေရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၃", "ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်နေသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်ပါးစေ BGF တပ်ဖွဲ့များသည် အများပြည်သူနေထိုင်ရာကျေးရွားများအတွင်းသို့ ဖေဖေါ်ဝါရီလ ၂၁ ရက်နှင့် ၂၂ ရက်များတွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြောင်းမဲ့ရမ်းသန်းပစ်ခတ်သဖြင့် စာသင်ကျောင်းဆော...
https://yktnews.com/2022/02/8757/
ယမန်နေ့ လီဝိုးကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီမှ ၁၀ ဦး ထက်မနည်းသေဆုံး၊ ယနေ့တိုက်ပွဲတွင် စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး PDF ၁ ဦး ကျဆုံး ၂ ဦး ဒဏ်ရာရ
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၃", "ယမန်နေ့ ဖေဖေါ်ဝါရီလ ၂၂ ရက်တွင် ဒီးမော့ဆိုမြို့နယ်၊ လီဝိုးကျေးရွာနှင့် ဝီသဲကူးကျေးရွာအနီးတွင် အင်အားအလံးအရင်းဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကြောင်း ဒီးမော့ဆို PDF က သတင်းထုတ်ပြန်သည်။ယမန်န...
https://yktnews.com/2022/02/8830/
အကြမ်းဖက်စစ်ကောင်စီက မိုးဗြဲမြို့မှတဆင့် စစ်ကြောင်း ၂ ကြောင်းဖြင့် ကရင်နီဒေသကို ထိုးစစ်ဆင်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး ၂ ဦး ဒဏ်ရာရ
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၃", "အကြမ်းဖက်စစ်ကောင်စီက ယနေ့ဖေဖေါ်ဝါရီလ ၂၃ ရက်တွင် မိုးဗြဲမြို့မှတဆင့် စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်ခြင်းကြောင့် ကရင်နီတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ညနေပိုင်းတင် လေကြောင်းမှတဆင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၂ ဦးသေဆုံးကာ ၂ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ဒေ...
https://yktnews.com/2022/02/8850/
ရှမ်း-ကရင်နီအစပ် မိုးဗြဲဝန်းကျင်အနီး ၈ ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အမြောက်အများသေဆုံး
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၃", "အကြမ်းဖက်စစ်ကောင်စီ၏ ရက်ဆက် ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ရှမ်း-ကရင်နီအစပ် မိုးဗြဲမြို့အနီး တိုက်ပွဲများပြင်းထန်ခဲ့ပြီး နှစ်ဖက်အကျအဆုံးများခဲ့ကာ စစ်ကောင်စီတပ်သားများ လယ်ကွင်းများ၌ အုပ်စုလိုက် အမြောက်အများသေဆုံးနေသော ဓါတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည်။မိုးဗြဲမြို့တောင်ဘက်ရှိ ဝါရီ...
https://yktnews.com/2022/02/8899/
ကိုယ်ဝန်အရင့်အမာရှိနေသော မသူဇာဝင်းထွေးကို PDF ထောက်ပံ့သည်ဟု စစ်ကောင်စီက စွပ်စွဲဖမ်းဆီးထား၊ မနက်ဖြန် ရုံးထုတ်မည်
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၄", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်ဝကျေးရွာနေ ကိုယ်ဝန် ၇ လ လွယ်ထားရသူ မသူဇာဝင်းထွေးကို ဖေဖေါ်ဝါရီလ ၁၂ ရက် ညနေပိုင်းတွင် မတရားဖမ်းဆီးသွားပြီး မနက်ဖြန်တွင် ပထမအကြိမ် ရုံးထုတ်စစ်ဆေးမည်ဟု မိသားစုဝင်များထံမှ သိရှိရသည်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ပစ္စညးများထောက်ပံ့ပို့ဆောင်ပေးနေသည်ဟု အကြမ်းဖ...
https://yktnews.com/2022/02/8931/
ကော်သူးလေနယ်မြေတွင် ဖေဖေါ်ဝါရီလအတွင်း စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်ဖွဲ့နှင့် KNLA၊ KNDO တို့ကြား တိုက်ပွဲ ၆၇ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်မှ ၂၂၇ ဦး သေဆုံး
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၄", "ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ဖေဖေါ်ဝါရီလ ၁ ရက်မှ ၂၀ ရက်နေ့အထိ စစ်ကောင်စီတပ်၊ လက်ပါးစေ BGF ပူးပေါင်းတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ကြား တိုက်ပွဲ ၆၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF ဘက်မှ ၂၂၇ ဦးသေဆု...
https://yktnews.com/2022/02/8878/
ကလေး-တီးတိန်ကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ထိခိုက်သေဆုံးမှုရှိနိုင်
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၄", "စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် တီးတိန်မြို့ဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော CDM Siyin နှင့် PDF Zoland မဟာမိတ်တပ်ဖွဲ့များက ယမန်နေ့ ဖေဖေါ်ဝါရီလ ၂၃ ရက်တွင် ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သားသေဆုံးထိခိုက်မှုရှိနိုင်ကြောင်း CDM Siyin က...
https://yktnews.com/2022/02/8917/
စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲပြင်းထန်နေပြီး ဖယ်ခုံကို တိုက်လေယာဉ်များဖြင့် ဗုံးကျဲ၊ ကလေးမြို့၊ မှန်တောကျေးရွာအနီး တိုက်ပွဲဖြစ်ပြီး စစ်သား ၁ ဦးသေဆုံး၊ ၅ ဦးထက်မနည်း ဒဏ်ရာရ
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၄", "အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ယနေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီက တိုက်လေယာဉ်များအသုံးပြုကာ ဖယ်ခုံမြို့နယ်ကို ယနေ့နံနက်တွင် ၇ ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။လက်ရှိတွင် ကရင်နီပြည်နယ် နေရာအနှံ့အပြားတွင် တိုက်ပွဲမ...
https://yktnews.com/2022/02/9174/
နန်းမယ်ခုံကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် နေအိမ် ၁၇ လုံး ပျက်စီးပြီး KNDF ရဲဘော် ၁ ဦးကျဆုံး၊ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများဖြင့် ဗုံးကျဲတိုက်ခိုက်၊ ယနေ့ မြေပြင်တိုက်ပွဲတွင် စစ်သား ၁၀ ဦးထက်မနည်း သေဆုံး၊
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၅", "ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့အနီးဝန်းကျင်သို့ အကြမ်းဖက်စစ်ကောင်စီက ယမန်နေ့ နံနက် ၁၁ နာရီမှ စတင်ကာ လေကြောင်းဖြင့် အကြိမ်ရေများစွာ တိုက်ခိုက်ခဲ့ပြီး ကျေးရွာများရှိ နေအိမ် ၁၇ လုံးပျက်စီး၊ KNDF ရဲဘော် ၁ ဦး ကျဆုံးကာ ပြည်သူ ၁ ဦး ခြေထောက်ကျိုး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။“ကျွန်းတော မှာ အိမ် ၁...
https://yktnews.com/2022/02/9135/
ရွှေဘို၊ ဂွေးကုန်းကျေးရွာရှိ ပျူစောထီး ၂ ဦးကို ဒေသကာကွယ်ရေးအဖွဲ့က ရှင်းလင်း၊ ဂွေးကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရပြီး ၃၅ ဦးထက်မနည်း သေဆုံးနိုင်
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၅", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အရှေ့ခြမ်း ဂွေးကုန်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးတို့ ၂ ဦးကို ဒေသကာကွယ်ရေးအဖွဲ့များက ယမန်နေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်တွင် ရှင်းလင်းခဲ့ပြီး သေနတ် ၂ လက် သိမ်းဆည်းရမိကြောင်း ရွှေဘို ယမ်းဘီလူး အဖွဲ့က သတင်းထုတ်ပြန်သည်။ဂွေးကုန်းကျေ...
https://yktnews.com/2022/02/9257/
ယင်းမာပင်ရှိ PDF သင်တန်းဆင်းပွဲ အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဉ် ၅ စီးဖြင့် လာရောက်ပစ်ခတ်၊ ထိခိုက်မှုရှိနိုင်
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၆", "စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရှင်းပုန်းကျေးရွာအနီး ယနေ့ ဖေဖေါ်ဝါရီလ ၂၆ ရက် နံနက် ၉ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သင်တန်းဆင်းပွဲ ပြုလုပ်နေချိန် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၅ စီးဖြင့် လာရောက်ပစ်ခတ်ကြောင်း သတင်းရရှိသည်။အကြမ်းဖက်စစ်ကောင်စီက MI35p အမျိုးအစား တိုက်ခ...
https://yktnews.com/2022/02/9226/
ကုလသမဂ္ဂညီလာခံတွင် စစ်ကောင်စီကိုဆန့်ကျင်ခဲ့သည့် ၁ နှစ်ပြည့်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို နယူးယောက်ရှိ မြန်မာများ ဂုဏ်ပြု
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၆", "မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်က နိုင်ငံအာဏာကို မတရားသိမ်းပိုက်ပြီးနောက် ကမ္ဘာ့ကုလသမဂ္ဂညီလာခံတွင် စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို နယူးယောက် ရှိ မြန်မာများက ဦးကျော်မိုးထွန်းရုံးရှေ့သို့သွားရောက်ဂုဏ်ပြုခဲ့ကြသည်။ယနေ့ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့သည် သံအမတ်ကြီး ဦး...
https://yktnews.com/2022/02/9262/
ကျိုက်ထို၊ အင်္ဂဘိုတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်သား ထိခိုက်သေဆုံးမှုရှိ
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၆", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာတွင် စစ်ကား ၁၂ စီးပါ စစ်ကောင်စီယာဉ်တန်း ယနေ့နံနက် ၁၀ နာရီခန့်တွင် ပစ်ခတ်ခံရကြောင်းနှင့် မိနစ် ၂၀ ခန့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်ကြကြောင်း သတင်းရရှိသည်။” အင်္ဂဘိုကျေးရွာ၊ ခိုင်ရွှေစိမ်း ကျွဲကောခြံရှေ့မှာ စစ်ကားတွေ အပစ်ခံရတာ၊ ဘယ်အဖွဲ့က လာပစ်တာလဲဆိုတ...
https://yktnews.com/2022/02/9325/
ဘန့်ဘွေးရွာတောင်ဘက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ဝင်တိုက်၊ စစ်သား ၈ ဦးသေဆုံး၊ ကာကွယ်ရေးရဲဘော် ၁ ဦး ကျဆုံး
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၆", "ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာ တောင်ဘက်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဖေဖေါ်ဝါရီလ ညနေ ၅ နာရီခန့်တွင် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၈ ဦးသေဆုံးကာ ကာကွယ်ရေးရဲဘော် ၁ ဦး ကျဆုံးသွားကြောင်း မုံရွာခရိုင် တပ်ရင်း ၂ (Chindwin Attack Force) က သတင်းထုတ...
https://yktnews.com/2022/02/9252/
စစ်ကောင်စီလက်ပါးစေ BGF ၁၀၁၃ တပ်ရင်းက ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ကပီခီး ရွာသား ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ၊ တပ်မဟာ ၁ နယ်မြေတွင်လည်း လက်နက်ကြီးထိမှန်ပြီး စာသင်ကျောင်းနှင့် နေအိမ် ၁ လုံးပျက်စီး
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၆", "အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ဗိုလ်မောင်ချစ် ဦးဆောင်သော BGF ၁၀၁၃ တပ်ရင်းက ဖေဖေါ်ဝါရီလ ၂၄ ရက် ည ၉ နာရီ ၁၅ မိနစ်တွင် KNU တပ်မဟာ ၅ နယ်မြေ၊ ဒွယ်လိုးမြို့နယ်၊ ကမီခီးကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ရွာသား ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရကြောင်း KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။လက်နက်က...
https://yktnews.com/2022/02/9367/
ကရင်နီပြည်နယ်၊ လိုဘာခိုကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၇", "ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ရှိ လိုဘာခိုကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ယနေ့ ဖေဖေါ်ဝါရီလ ၂၇ ရက် နံနက်အစောပိုင်းတွင် ဗုံးကျဲတိုက်ခိုက်ကြောင်း သတင်းရရှိသည်။လိုဘာခိုကျေးရွာတွင် စစ်ရှောင်ပြည်သူများလာရောက် တိမ်းရှောင်နေကြပြီး ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပ...
https://yktnews.com/2022/02/9376/
ရေစကြို၊ ရေလယ်ကျွန်း ဆင်တဲရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်၊ စစ်သား ၁၀ ဦး သေဆုံး
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၇", "မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း ဆင်တဲရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား ယမန်နေ့ ဖေဖေါ်ဝါရီလ ၂၆ ရက် မွန်းလွဲ ၁နာရီခွဲမှ ညနေ ၆ နာရီအထိ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီး လက်နက်ငယ်များ အပြန်အလှန်ပစ်ခတ်ခဲ့ကာ စစ်သား ၁၀ ဦး သေဆုံးကြောင်း သတင်းရရှိသည်။ဆင်တဲရွာ...
https://yktnews.com/2022/02/4184/
စစ်ကိုင်း၊ ညောင်ပင်ရှည်ရွာ ပျူစောထီးခေါင်းဆောင် ဇော်ဝင်း၊ ကျိုက်လတ်ရှိ နှင်းဆီပါတီကိုယ်စားလှယ်ဟောင်း လှသောင်း တို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ သုတ်သင်ရှင်းလင်း
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၃", "စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ရှည်ရွာမှ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ပျူစောထီးခေါင်းဆောင် ဇော်ဝင်းကို အာဏာရှင်စန်စတိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ PAFD က ယနေ့ ဖေဖေါ်ဝါရီလ ၃ ရက် နံနက်တွင် သာဇင်ကျေးရွာနှင့် အိုင်းဓမ္မကျေးရွာကြားတွင် သေနတ်ဖြင့် သုံးချက် ပစ်ခတ်ရာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရှိရသည်။", ...
https://yktnews.com/2022/02/4160/
ပုလောတွင် KNLA ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီကြားတိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးထက်မနည်းသေဆုံး၊ ရေးတွင်လည်း စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရပြီး စစ်ကား ၃ စီး ပျက်စီး
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၃", "တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ဆားခဲကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို KNLA၊ ပုလော PDF နှင့် PRDF တို့က လက်ဦးမှုယူ တိုက်ခိုက်ခဲ့ပြီးစစ်သား ၅ ဦးထက်မနည်းသေဆုံးကြောင်း၊ ကျည်ဆံများ၊ လက်ပစ်ဗုံးများ၊ ကျည်ကာအင်္ကျီများကို သိမ်းဆည်းရမိကြောင်း PDF ပုလော က သတင်းထုတ်ပြန်သည်။နံနက် ...
https://yktnews.com/2022/02/4222/
နယ်စပ်တမူးမြို့ကို အင်တာနက်၊ ဖုန်းလိုင်းများ ဖြတ်တောက်ပြီး ဗိုလ်ရှုသဘင်အတွက် အိန္ဒိယက လက်ဆောင်ပေးသော မြင်း ၃၂ ကောင်ကို စစ်ကောင်စီ သယ်ယူ
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၃", "ဖေဖေါ်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် နေပြည်တော်၌ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြုလုပ်မည့် ဗိုလ်ရှုသဘင်ပွဲအတွက် မြင်း ၃၂ ကောင်ကို အိန္ဒိယနိုင်ငံက ပေးကြောင်းနှင့် မြင်းများ တင်ဆောင်သည့်ကားများ နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှ ယနေ့ ဖေဖေါ်ဝါရီလ ၃ ရက် နံနက် ၁၁ နာရီနှင့် နေ့လယ် ၁၂ နာရီကြား...
https://yktnews.com/2022/02/4203/
လူမှုရေးဖောက်ပြန်မှုဖြင့် နာမည်ဆိုးကျော်ကြားသူ ဗိုလ်မှူးကြီး အောင်မြတ် ထွန်း က စစ်နယ်မြေမှူးအဖြစ် မင်းတပ်တွင် ကွပ်ကဲ၊ တိုက်ပွဲ များရှုံးနိမ့်၍ မတူပီဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းထွန်းအောင် ရာထူးချခံရ
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၃", "၂၀၂၁ ခုနှစ် မေလတွင် မင်းတပ်မြို့အနီး CDF နှင့် တိုက်ပွဲတွင် အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် စစ်နယ်မြေမှူးအဖြစ် မင်းတပ် ခလရ ၂၇၄ တွင် ကွပ်ကဲနေသူ ဗိုလ်မှူးကြီးအောင်မြတ်ထွန်းသည် လူမှုရေးဖောက်ပြန်မှုများဖြင့် နားမည်ဆိုကျော်ကြားပြီး မယားငယ်ကို ရှေ့တန်းတပ်ရင်းတွင် ခေါ်ယူနေထိုင်နေ၍ လက်အောက်ခံ အရာရှိ တ...
https://yktnews.com/2022/02/4109/
စစ်ကောင်စီ၏ တပ်မ ၅၅၊ ခလရ ၃ မှ တပ်သား ၂ ဦး CDF-Daai ထံ အလင်းဝင်
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၃ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သံထောင်ရွာအခြေစိုက် တပ်မ ၅၅ လက်အောက်ခံ၊ ခလရ ၃ တပ်ရင်းမှ တပ်သား ဖိုးဖြူနှင့် တပ်သား ရဲရင့်သူ တို့သည် ဇန်နဝါရီလ ၁၈ ရက်တွင် CDM ပြုလုပ်ကာ CDF-Daai ထံ အလင်းဝင်လာကြောင်း သတင်းရရှိသည်။", "တပ်သားဖိုးဖြူ ကိုယ်ပိုင်အမှတ် တ ၅၄၃၂၈၀ နှင့် တပ်သားရဲရင့်သူ တတ ၁၂၅၈၉၂ တို့သည် အကြမ်းဖက...
https://yktnews.com/2022/02/4251/
သထုံ၊ ထုံးဘိုလေး-ထုံးဘိုကြီးကျေးရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့ကို KNLA နှင့် TPG မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၅ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၄", "ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ အုပ်ချုပ်နယ်မြေ သထုံမြို့နယ်၊ သိမ်ဆိပ်ကျေးရွာမှ ပိန္နဲတောကျေးရွာသို့ သွားသည့်လမ်း ထုံးဘိုကြီး-ထုံးဘိုလေးကျေးရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ ဖေဖေါ်ဝါရီလ ၃ ရက် နံနက်တွင် KNLA နှင့် သထုံမြို့ပြပြောက်ကျားများ ပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်...
https://yktnews.com/2022/02/4422/
မတူပီမှ ဆင်းလာသော စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ်က မိုင်တိုင် ၂၀ တွင် တိုက်ခိုက်၊ တိုက်ပွဲပြင်းထန်ပြီး စစ်သား ၇ ဦး ထက်မနည်းသေဆုံး
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၄", "ချင်းပြည်နယ်၊ မတူပီမှ ပြန်လည်ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ်က မင်းတပ်-မတူပီလမ်း မိုင်တိုင် ၂၀ တွင် ယနေ့ ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးထက်မနည်းသေဆုံးကြောင်း၊ တိုက်ပွဲပြင်းထန်ခဲ့ကာ သံချပ်ကာအမြှောက်ကားများ၊ မင်းတပ် ခလရ ၂၇၄ တပ်ရင်းမှ လက်နက်ကြီးပစ်ကူများ ပေးကြောင်း CDF မင်းတပ်ထံ...
https://yktnews.com/2022/02/4446/
ပခုက္ကူ အင်းဝဘဏ်ရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ၊ ချောင်းဦးတွင်လည်း စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး ၁၅ ဦးထက်မနည်း သေဆုံး
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၄", "ပခုက္ကူ၊ မြို့မလမ်းရှိ၊ အင်းဝဘဏ်ရှေ့တွင် ပြည်သူများကို စစ်ဆေးနေသော စစ်ကောင်စီတပ်ဖွဲ့ကို ပခုက္ကူ PDF က ယနေ့ ညနေ ၆ နာရီခွဲခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲ ၂ ဦး ပွဲချင်းပြီးသေဆုံးကာ ၃ ဦး ဒဏ်ရာရကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြို့ပြတိုက်ခိုက်ရေးအဖွဲ့ ထံမှ သိရှိရသည်။", "တိုက်ခိ...
https://yktnews.com/2022/02/4279/
ဆောမြို့နယ်အတွင်းရှိ ကြံ့ဖွတ်ရုံး၊ မီးသတ်ရုံး၊ သစ်တောရုံး၊ စည်ပင်ရုံးများ မီးလောင်ပြာကျ
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၄", "မကွေးတိုင်း၊ ဆောမြို့တွင် ယနေ့နံနက် အစောပိုင်း၌ အကြမ်းဖက်စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား ထိတွေ့ ပစ်ခတ်မှုများ ဖြစ်ပွားကြောင်းသိရှိရပြီး ဆောမြို့ရှိ ကြံ့ဖွတ်ရုံး၊ မီးသတ်ရုံး၊ သစ်တောရုံး၊ စည်ပင်ရုံး၊ စိုက်ပျိုးရေးရုံးအပါအဝင် ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး ပိုင်ဆိုင်သည့် G99 စားသောက်ဆိုင်မ...
https://yktnews.com/2022/02/4534/
KNU တပ်မဟာ ၅ နယ်မြေရှိ တဒွီးခို့ကျေးရွာတွင်းသို့ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ရွာသား ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၅", "ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ အုပ်ချုပ်နယ်မြေ၊ မူတြော် (ဖာပွန်) ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ တဒွီးခို့ကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီက ယနေ့ ဇန်နဝါရီလ ၅ ရက် နံနက် ၁ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်မှုကြောင့် ဒေသခံရွာသား ၂ ဦး သေဆုံးပြီး ကလေ...
https://yktnews.com/2022/02/4698/
အရပ်ဝတ်ဖြင့် ခရီးသွားလာသည့် ရဲတပ်သား မျိုးသီဟထွန်းကို ပုလဲဂျိုကာ PDF ဖမ်းဆီးထိန်းသိမ်း
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၅", "ပခုက္ကူမြို့မှ ပုလဲနယ်ဘက်သို့ အရပ်ဝတ်ဖြင့် ခရီးသွားလာသည့် ရဲတပ်သား မျိုးသီဟထွန်း ကိုယ်ပိုင်အမှတ် လ ၂၈၄၆၀၉ ကို ပုလဲမြို့နယ်တွင် ပုလဲဂျိုကာ PDF က ယနေ့ ဖမ်းဆီးမိပြီး ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။အဆိုပါ ရဲတပ်သားသည် နေပြည်တော်သို့ ပြောင်းရွှေ့ရန် တာဝန်ကျထားပြီး လက်ရှိတွင် ဇာတိမြေ ပခုက္ကူမြို့...
https://yktnews.com/2022/02/4570/
အုပ်ချုပ်ရေးမှူးအသတ်ခံရပြီး တွင်းမကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း၊ နေအိမ် ၁ လုံးကို မီးရှို့ကာ ကား ၂ စီး ဆိုင်ကယ် ၃ စီးအပါအဝင် ရွှေငွေများကို ခိုးယူ၊ လေဖြတ်နေသူ ၁ ဦးကို ဓါးစာခံလုပ်ဖမ်းဆီး
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၅", "မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမကျေးရွာသို့ ဖေဖေါ်ဝါရီလ ၃ ရက် နံနက် ၁၁ နာရီတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်စီးနင်းလာပြီး ရွာသားများကို လိုက်လံပစ်ခတ်ကာ ချမ်းစိမ့်မြိုင်တောရဘုန်းကြီးကျောင်းရှိ ကား ၂ စီး၊ ဆိုင်ကယ် ၃ စီး အပါအဝင် ရွှေငွေအပါအဝင် တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူသွားကြ...
https://yktnews.com/2022/02/5074/
လွိုင်ကော်၊ လင်ဖုံလေး လမ်းခွတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တိုက်၊ စစ်သား ၉ ဦးထက်မနည်း ထိခိုက်သေဆုံး
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၇", "ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအနီး လင်ဖုံလေးလမ်းခွတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF တပ်ရင်း ၂၊ တပ်ရင်း ၃၊ တပ်ရင်း ၁၁ နှင့် ဖယ်ခုံအရှေ့ဘက်ကမ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ ဖေဖေါ်ဝါရီလ ၇ ရက် နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခ...
https://yktnews.com/2022/02/5208/
ကလေးတွင် စစ်ယာဉ်တန်းကို PDF တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်၊ စစ်သား ၁၇ ဦးခန့် သေဆုံးပြီး CDNF ရဲဘော် ၁ ဦး ကျဆုံး
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၇", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း ရန်ကြီးအောင်ရွာဘက်မှ ကလေးမြို့ဘက်သို့ မောင်းနှင်လာသော စစ်ကား ၈ စီးပါသည့် စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက နေ့ ဖေဖေါ်ဝါရီလ ၇ ရက်တွင် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ပြီး စစ်ကောင်စီဘက်မှ ၉ ဦးခန့် သေဆုံးကြောင်း၊ CNDF ၁ ဦး ကျဆုံးကြောင်း PDF Kalay က...
https://yktnews.com/2022/02/5066/
စစ်ကောင်စီယာဉ်တန်းကို ကျောက်ထုဒေသကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၄ ဦး ထက်မနည်းသေဆုံးနိုင်ပြီး ကား ၁ စီး ပျက်စီး
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၇", "မကွေးတိုင်း၊ ကျောက်ထုဒေသ၊ ကျောက်ထု-ပခုက္ကူလမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်းကို ဖေဖေါ်ဝါရီလ ၄ ရက်နေ့နှင့် ၆ ရက်နေ့များတွင် ‌ကျောက်ထုဒေသ PDF က လက်နက်ကြီးများ၊ မိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး ထက်မနည်းသေဆုံးပြီး စစ်ကား ၁ စီး ပျက်စီးသွားကြောင်း Kyaukhtu Region People Defense Fo...
https://yktnews.com/2022/02/5262/
စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား ဖေဖေါ်ဝါရီလ ၁ ပတ်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်သား ၁၆ ဦးထက်မနည်းသေဆုံး
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၈", "ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား ဖေဖေါ်ဝါရီလ ၄ ရက်နှင့် ၇ ရက်နေ့များတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်သား ၁၆ ဦး သေဆုံးကာ အများအပြားဒဏ်ရာရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF က သတင်းထုတ်ပြန်သည်။လွိုင်ကော်မြို့နယ်၊ ကယန်းသာယာကျေ...
https://yktnews.com/2022/02/5319/
ကော်သူးလေနယ်မြေတွင် ဇန်နဝါရီလအတွင်း တိုက်ပွဲ ၄၃၅ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့် BGF ဘက်မှ ၃၃၉ ဦး သေဆုံး၊ KNLA ရဲဘော် ၇ ဦး ကျဆုံး
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၈", "ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်မှုနယ်မြေ ကော်သူးလေနယ်မြေအတွင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်ဖွဲ့များနှင့် KNLA၊ KNDO၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲ ၄၃၅ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF ဘက်မှ ၃၃၉ ဦး သေဆုံးကာ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်...
https://yktnews.com/2022/02/5332/
ပုလဲအင်မထီးရွာတိုက်ပွဲတွင် စစ်သားနှင့် ပျူစောထီး ၁၄ ဦးသေဆုံး၊ ရွှေဘိုတွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ၃ ဦး သေဆုံး
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၈", "စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးရွာရှိ ပျူစောထီးသင်တန်းကျောင်းကို ပြည်သူ့တော်လှန်ရေးတပ်မတော် PRA နှင့် ပူးပေါင်းအဖွဲ့က ယနေ့ ဇန်နဝါရီလ ၈ ရက် နံနက် ၁ နာရီခွဲမှ ၃ နာရီအထိ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးခဲ့ကြောင်းသတင်းရရှိသည်။အင်မထီးရွာတွင် စစ်ကောင...
https://yktnews.com/2022/02/5491/
ဘားအံ၊ ဂျို့ပင်ဆိပ်ရှိ စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းစခန်းကို KNLA ဝင်တိုက်၊ စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးပြီး စခန်းစွန့်ခွာထွက်ပြေး
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၉", "ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေ၊ ဘားအံမြို့နယ်၊ ဂျို့ပင်ဆိပ်ရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစောင့်တပ် BGF အမှတ် ၁၀၁၄ တပ်ရင်း ပူးပေါင်းအင်အား ၃၀ ခန့်ရှိသော စခန်းကို KNLA တပ်မဟာ ၁ တပ်ဖွဲ့က ဖေဖေါ်ဝါရီလ ၇ ရက် နံနက် ၉ နာရီခွဲတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံ...
https://yktnews.com/2022/02/5517/
အင်္ဂဘိုနှင့် မုပ္ပလင်ကြားတွင် စစ်ကောင်စီယာဉ်တန်းကို ကျိုက်ထို ပ.က.ဖ ပူးပေါင်းအဖွဲ့မိုင်းဆွဲတိုက်ခိုက်၊ စစ်ကား ၁ စီးပျက်စီး၊ စစ်သား ၃ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၉", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာနှင့် မုပ္ပလင်ကျေးရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ကျိုက်ထို ပ.က.ဖ ဦးဆောင်သော တော်လှန်ရေးအင်အားစုအဖွဲ့ KRF က ယနေ့ ဖေဖေါ်ဝါရီလ ၉ ရက် နံနက် ၉ နာရီတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံး ၇ ဦး ဒဏ်ရာရသွားကြောင်း KRF ထံမှ သိရှိရသည်။"...
https://yktnews.com/2022/02/5483/
မိုးနဲမြို့ စစ်ကောင်စီ အမြှောက်တပ် ၃၆၃ မှ တပ်သား ၂ ဦး အလင်းဝင်
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၉", "ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၃၆၃ အမြှောက်တပ်မှ တပ်သား ၂ ဦးသည် ပြည်သူ့ဘက်က ရပ်တည်ပြီး CDM ပြုလုပ်လာကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့ထံမှ သိရှိရသည်။အဆိုပါ အမတ ၃၆၃ မှ တပ်သား ၂ ဦးသည် ပြည်သူ့ပန်းတိုင်နှင့် ချိတ်ဆက်ပြီး ပြည်သူ့ဘက်ရပ်တည်လာကြောင်း၊ လက်ရှိအချိန်...
https://yktnews.com/2022/02/5489/
တာဝေးပစ် စနိုက်ပါသေနတ် ဝယ်ယူသည့် ကုန်ကျစရိတ်အတွက် ပြည်သူများ လှူဒါန်းပါဝင်ကြရန် ဒီးမော့ဆို PDF တပ်ရင်း A တိုက်တွန်း
["ရန်ကုန်၊ ဖေဖေါ်ဝါရီ ၉", "အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာတွင် လိုအပ်နေသည့် RUGER precision file အမျိုးအစား သေနတ်ဝယ်ယူထားသည့် ကုန်ကျစရိတ် ၃၆,၇၀၀,၀၀၀ ကျပ်ကို ပြည်သူများ ထည့်ဝင်လှူဒါန်းပေးကြရန် ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း A က ယနေ့ တိုက်တွန်းထားသည်။စစ်‌ကောင်စီကို ခုခံတော်လှန်‌နေကြ‌သောအချ...
https://yktnews.com/2022/02/6722/
နတ်ချောင်း၊ နတ်မြောင်း ကျေးရွာများတွင် မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသူများကို ကလေးပြည်သူ့ရဲတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်ဖမ်းဆီးထိန်းသိမ်း
["ရန်ကုန်၊ ဖေဖေါ်ဝါရီလ ၁၄", "ကလေးမြို့နယ်တောင်ဘက် နတ်ချောင်းနှင့် နတ်မြောင်းရွာများတွင် မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖြန့်ဖြူးနေသူများကို ဖေဖေါ်ဝါရီလ ၁၁ ရက်နှင့် ၁၂ ရက်များတွင် ကလေးပြည်သူ့ရဲတပ်ဖွဲ့ KSP၊ PDF-Kalay၊ နတ်မြောင်း ကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့၊ နတ်ချောင်းကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းဝင်ရောက်ဖမ်းဆီးရာ ရောင...
https://yktnews.com/2022/02/9433/
ဖရူဆိုရှိ ခမရ ၄၂၈ ဂိတ်စခန်းကို KNDF ဝင်ရောက်ပစ်ခတ်၊ စစ်သား အနည်းဆုံး ၂ ဦးသေဆုံးနိုင်၊ အများအပြား ဒဏ်ရာရ
["ရန်ကုန်၊ ဖေဖေါ်ဝါရီလ ၂၇", "ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၈ ၏ ဂိတ်စခန်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF က ဖေဖေါ်ဝါရီလ ၂၆ ရက်တွင် စနိုက်ပါများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား အနည်းဆုံး ၂ ဦး သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရနိုင်ကြောင်း သတင်းရရှိသည်။KNDF တပ်ရင်...
https://yktnews.com/2024/03/148349/
လောင်းလုံးမြိုတွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကားနှင့် မောင်းမကန်နယ်မြေရဲစခန်း ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၉ ဦးသေဆုံး
["ရန်ကုန်၊ ဖေဖောဝါရီ ၂၉", "တနင်္သာရီတိုင်း၊ လောင်းလုံးမြိုတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကားနှင့် မောင်းမကန်နယ်မြေရဲစခန်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၉ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၄ န...
https://yktnews.com/2022/02/7879/
ရန်ကုန်တွင် မှော်ဘီတပ်ရိပ်သာ၊ ထားဝယ်ချောင်ရဲစခန်း၊ မြ၀တီဘဏ်နှင့်စစ်ကားတို့ကို တိုက်ခိုက်မှု စစ်သား သေဆုံးမှုများနိုင်ပြီး ၁၇ ဦးခန့်သေနိုင်ဟုခန့် မှန်း
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀", "ရန်ကုန်တွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက မှော်ဘီစစ်တပ်ရိပ်သာ၊ ထားဝယ်ချောင်ရဲစခန်း၊ စံပြစျေးအနီး မြ၀တီဘဏ်နှင့်စစ်ကားတို့ကို တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးထက်မနည်းသေဆုံးနိုင်ဟုခန့်မှန်းထုတ်ပြန်ထားသည်။ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၉ နာရ...
https://yktnews.com/2022/02/8643/
မုံရွာအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ “ပြန်လည်စုရုံး ၂ ခြောက်လုံး” သပိတ်တွင် သနပ်ခါးများ လိမ်းခြယ်ခြင်းဖြင့် ပူးပေါင်းပါဝင်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂", "စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ မုံရွာအကျဉ်းထောင်ရှိ နိုင်ငံရေး အကျဉ်းသား များ သည် ယနေ့ ဖေဖော်ဝါရီ ၂၂ ရက် “ပြည်လည်စုရုံး ၂ ခြောက်လုံး” သပိတ် တွင် သနပ်ခါးပါးကွက်ကြားများ လိမ်းခြင်း၊ သနပ်ခါးဖြင့် လက်သုံး ချောင်း ပုံရေး ဆွဲခြင်း၊ NUG, CRPH, PDF စာလုံးများ ပုံဖော်ခြင်းတို့ဖြင့် အများ ပြည် သူ...
https://yktnews.com/2022/02/5245/
ရန်ကုန်နှင့်မန္တလေးတွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲ၊ လေတပ် ပိုင်းလော့ ဗိုလ်ကြီးပြည့်ဖြိုးကျော်အိမ် ဗုံးကွဲပြီး ဗိုလ်မှူးကြီးအောင်မျိုးကျော်အိမ် လုံခြုံရေးတင်းကျပ်ထားရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၈", "ရန်ကုန်နှင့်မန္တလေးတွင် ယမန်နေ့ ဗုံးများပေါက်ကွဲပြီး ရန်ကုန်တွင် လေတပ်မှ ဗိုလ်ကြီးပြည့်ဖြိုးကျော်အိမ်ဗုံးကွဲကြောင်း၊ မကြာသေးမီက ဗုံးပေါက်ကွဲခဲ့သော လေတပ်မှ အရာရှိ ဗိုလ်မှူးကြီးအောင်မျိုးကျော်အိမ် ဗုံးခွဲရမည်ဆိုသော သတင်းများကြောင့် လုံခြုံရေး တင်းကျပ်ထားကြောင်း ဒေသကာကွယ်ရေးတပ်များနှင့်ဒေ သတင်...
https://yktnews.com/2022/02/3989/
ပူတာအိုရှိ စစ်ကောင်စီ၏ ဆွမ်ပီယာန်စခန်းနှင့် လုံရှာယာန်ကျေးရွာအတွင်းရှိ ရဲစခန်းနှင့်တပ်စခန်းများကို KIA နှင့် PDF က သိမ်းပိုက်မီးရှို့၊ စစ်သား ၁ ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ စစ်ကောင်စီ၏ ဆွမ်ပီယာန်စခန်းနှင့် လုံရှာယာန်ကျေးရွာအတွင်းရှိ ရဲစခန်းနှင့်တပ်စခန်းများကို KIA နှင့် PDF က သိမ်းပိုက်မီးရှို့လိုက်ပြီး စစ်သား ၁ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ပူတာအို PDF က သတင်းထုတ်ပြန်သည်။ပူတာအိုမြို့နယ်၊ ဆွမ်ပီယာန်ကျေးရွာ...
https://yktnews.com/2022/02/3503/
မြစ်ကြီးနား အမှတ် ၃၀ ရဲတပ်ရင်းအနီး ဗုံးကွဲပြီးနောက် စစ်တပ်က ရမ်းကားပစ်ခတ်၍ ၇ နှစ် အရွယ် မောင်ဘုန်းခန့်ထည် ကျည်ထိ ကွယ်လွန်၊ စစ်တပ်က အလောင်း လုယူ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင်လည်း ယနေ့ နံနက် ၆ နာရီအချိန် လယ်ကုန်းရပ်ကွက် ရှိ အမှတ် ၃၀ ရဲတပ်ရင်း အနီး ဗုံးကွဲမှု ဖြစ်ပေါ် ပြီးနောက် စစ်တပ်က သေနတ်ဖြင့် ရမ်းသမ်း ပစ်ခတ်မှု ကြောင့် အမှတ်၃၀ ရဲတပ်ရင်း ကပ်လျက်ရှိ နေအိမ် အတွင်း အိပ်ပျော် နေသော ၇ နှစ်အရွယ် မောင်ဘုန်းခန့်ထည် ကျည်ထိမှန်သေဆုံး ခဲ့ပြီး...
https://yktnews.com/2022/02/3973/
ကျောက်ပန်းတောင်းတွင် စစ်အာဏာရှင်ခေတ် ၂၀၀၁ နှင့် ၂၀၀၂ နှစ်သို့ ပြန်မသွားဟုဆိုကာ မိမိကိုယ်ကို မီးရှို့ဆန္ဒပြသူ ကိုအောင်အောင် ယနေ့ညနေပိုင်းတွင် ကွယ်လွန်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "ကျောက်ပန်းတောင်းမြို့တွင် စစ်အာဏာရှင်ခေတ် ၂၀၀၁ နှင့် ၂၀၀၂ ခုနှစ်ကို ပြန်မသွားဟု စာရေးသားကာ မြို့ခံကိုအောင်အောင်က မိမိကိုယ်ကို မီးရှို့ ဆန္ဒပြခဲ့ပြီး ယနေ့ ညနေပိုင်းတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဒေသခံများက ပြော သည်။", "“အိမ်ကိုတော့ အလောင်းပြန်သယ်လာပြီ။ ဒီနေ့ညနေက ဆုံးပါတယ်။ မိသားစုကတော့ ရင်ကျိ...
https://yktnews.com/2022/02/3785/
ကျောက်ပန်းတောင်းတွင် စစ်အာဏာရှင်ခေတ် ၂၀၀၂ နှင့် ၂၀၀၅ နှစ်သို့ ပြန်မသွားဟုဆိုကာ မိမိကိုယ်ကို မီးရှို့ ဆန္ဒပြ၊ အသက်အန္တရာယ်စိုးရိမ်ရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "ကျောက်ပန်းတောင်းမြို့တွင် စစ်အာဏာရှင်ခေတ် ၂၀၀၂ နှင့် ၂၀၀၅ ခုနှစ်ကို ပြန်မသွားဟုဆိုကာ အမျိုးသားတစ်ဦးက မိမိကိုယ်ကို မီးရှို့ ဆန္ဒပြကြောင်း၊ လက်ရှိ အခြေအနေအရ အဆိုပါအမျိုးသားသည် ဆေးရုံတင်ပို့ထားသော်လည်း သေဆုံးဖွယ်ရှိကြောင်း ကျောက်ပန်းတောင်းဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ “ကျောက...
https://yktnews.com/2022/02/3976/
ခင်ဦးနှင့် မုံရွာတွင် အသံတိတ် သပိတ်ပြုလုပ်ချိန် လမ်းမပေါ်ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်သား ၁၈ ဦး ထက်မနည်း သေဆုံး၊ ရေဦး-ရွှေဘိုလမ်းတွင်လည်း စစ်တပ် မိသားစုဝင်များ လိုက်ပါလာသည့် မော်တော်ယာဉ် မိုင်းဆွဲ တိုက်ခိုက်ခံရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်နှင့် မုံရွာမြို့နယ်တို့တွင် ယနေ့ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ပြည်သူများ အသံတိတ် သပိတ်ပြုလုပ်ချိန်၌ လမ်းမပေါ် ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်သား ၁၈ ဦး ထက်မနည်း သေဆုံးကာ ရေဦး-ရွှေဘိုလမ်းတွင်လည်း စစ်တပ် မိသားစုဝင်များ လိုက်ပါလာသည့် မော်တော...
https://yktnews.com/2022/02/3983/
မုံရွာ၊ ကန်သာယာအနီးစစ်ကောင်စီစခန်းဂိတ်ကို PDF များက ဗုံးဖြင့်တိုက်ခိုက်မှု စစ်ကောင်စီဖွဲ့ဝင် ၃ ဦး သေဆုံးဟုဆို
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "စစ်ကိုင်းတိုင်း၊မုံရွာတွင် ယနေ့ဖေဖော်ဝါရီ၁ရက်နေ့ နံနက်ပိုင်းက ပြည်သူများအသံတိတ်သပိတ်ပြုလုပ်နေစဉ်အတွင်း ကနီဒေါင်းမျိုးဆက်၊အာဏာရှင်ပြည်သူ့တော်လှန်ရေး၊ရွှေတြိဂံပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့အစည်းများ စစ်ကောင်စီဂိတ်စခန်းတစ်ခုကို ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ...
https://yktnews.com/2022/02/3868/
တာချီလိတ် စစ်တပ်ထောက်ခံပွဲ ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က ပစ်ခတ်၍ တပ်ထောက်ခံသူ ၂ ဦး သေဆုံးပြီး လူ ၃၀ ကျော်ဒဏ်ရာရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "စစ်ကောင်စီ လက်အောက်ခံများ၏ လိုက်လံပစ်ခတ်မှုကြောင့် ထောက်ခံပွဲတွင် ပါဝင်သူ (၂)ဦးသေဆုံးပြီး ပစ်ခတ် ဗုံးကွဲခြင်းကြောင့် စစ်မှူထမ်းဟောင်းများ အပါအဝင် (၃၅)ဦးကျော် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင်ယနေ့ မွန်းတည့် ၁၂ နာရီ အချိန် စစ်တပ်ထောက်ခံပွဲ လုပ်နေစဉ် ဗုံးပေါက်ကွဲပြီ...
https://yktnews.com/2022/02/3864/
ပဲခူး နန်းတော်ရာရပ်ကွက်တွင် အကြမ်းဖက် စစ်တပ်က ကလေးမွေးရန် ရက်ပိုင်းသာလိုတော့သည့် ကိုယ်ဝန်ဆောင်သည် မချစ်ချစ်ထွန်းကို ပစ်သတ်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "ပဲခူးတိုင်း နန်းတော်ရာရပ်ကွက် အင်းဝင် ၁၀ လမ်းထိပ်တွင် ကလေးမွေးရန် ရက်ပိုင်းသာလိုတော့သည့် ကိုယ်ဝန်ဆောင်သည် အသက် ၂၃နှစ်အရွယ် မချစ်ချစ်ထွန်းကို ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၉နာရီ ၃ဝမိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ စစ်တပ် ပစ်သ...
https://yktnews.com/2022/02/3806/
စစ်ကိုင်းတိုင်း ကောလင်းမြို့နှင့်ရေဦးမြို့တွင် ပြည်သူများ အသံတိတ် သပိတ်ပါဝင်နေချိန် ပြည်သူ့ကာကွယ်ရေးတပ်များက မြို့အဝင်အထွက်တွင် လုံခြုံရေး ယူ စစ်ဆေးမှုများ လုပ်ဆောင်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "ဖေဖော်ဝါရီလ ၁ ရက်နေ့ ပြည်သူများ အသံတိတ် သပိတ်တွင် ပါဝင်နေချိန် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နှင့်ရေဦးမြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက မြို့အဝင်အထွက် လုံခြုံရေးယူ စစ်ဆေးမှုများ ဆောင်ရွက်ကြောင်း သိရှိရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကောလင်းမြို့တွင် ကောလင်းပြည်သူကာကွယ်ရေးတပ်(ပကဖ)သည် ကောလင...
https://yktnews.com/2022/02/3468/
ရန်ကုန် တိုက်ကြီးစစ်မှုထမ်းဟောင်း အိမ်ရာ၊ မြောင်းတကာရဲစခန်း၊ လှိုင်သာယာ၊ မရမ်းကုန်း၊ တာမွေ၊ မင်္ဂလာဒုံတို့တွင် ဗုံးများပေါက်ကွဲ၊ မြစ်ကြီးနားတွင် ဗုံးကွဲပြီးနောက် စစ်တပ်ရမ်းကားပစ်ခတ်၍ ၇ နှစ်ကလေးငယ် ၁ ဦးသေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "ရန်ကုန် တိုက်ကြီးစစ်မှုထမ်းဟောင်း အိမ်ရာ၊ မြောင်းတကာရဲစခန်း၊ လှိုင်သာယာ၊ မရမ်းကုန်း၊ တာမွေ၊ မင်္ဂလာဒုံတို့တွင် ဗုံးတွေ့ရှိမှုများနှင့် ဗုံးများပေါက်ကွဲမှုများ ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။ယနေ့နံနက် ၆ နာရီ ၂၀ မိနစ်တွင်တိုက်ကြီးမြို့...
https://yktnews.com/2022/02/3827/
မူဆယ်မြို့ရှိ စစ်တပ်ပိုင် မြ၀တီဘဏ်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ပစ်ခတ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "ရှမ်းပြည်နယ်၊ မူဆယ်မြို့ရှိ စစ်တပ်ပိုင် မြ၀တီဘဏ်ကို ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ညပိုင်းတွင် လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက် ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ “မန်၀င်းပေါက်နားက မူဆယ် မြ၀တီဘဏ်ကို လက်နက်ကိုင်အဖွဲ့က ဝင်ပစ်တယ်။ အ...
https://yktnews.com/2022/02/3374/
စစ်အာဏာသိမ်းမှုအောက်တွင် နေထိုင်နေရသည့် မြန်မာပြည်သူများကို မေ့မထားဟု အမေရိကန်သမ္မတပြောဆို၊ ဒီမိုကရေစီ ပြန်မသွားလျှင် စစ်တပ်နှင့်နောက်လိုက်များကို ဒဏ်ခတ်အရေးယူမည်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "အကြမ်းဖက် ဖက်ဆစ် မင်းအောင်လှိုင်နှင့် စစ်တပ်၏ စစ်အာဏာသိမ်းမှု လက် အောက်တွင် နေထိုင်နေရသည့် မြန်မာပြည်သူများကို မေ့လျော့ထားခြင်းမရှိကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မြန်မာစစ်တပ်၏အာဏာသိမ်းမှု ၁ နှစ်ပြည့်အချိန်တွင် မိန့်ခွန်း တစ်ရပ် ထုတ်ပြန်ပြောဆိုလိုက်သည်။အဆိုပါ မိန့်ခွန်းတွင် အမေရိကန်သမ္မတ...
https://yktnews.com/2022/02/3857/
ရန်ကုန်မြို့၏ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းသည့် နာမည်ကျော်Savoy Hotel Yangon အပြီးပိတ်သိမ်းပြီဟု ကြေညာ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "၁၉၉၅ခုနှစ်မှစတင်ပြီး ရန်ကုန်မြို့၏ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းသော ဟိုတယ်အဖြစ် လုပ်ကိုင်လာခဲ့သော နာမည်ကျော် Savoy Hotel Yangon သည် အပြီး ပိတ်သိမ်းပြီဖြစ်ကြောင်း Savoy Hotel Yangon က ယနေ့ တရားဝင်ကြေညာသည်။ မြန်မာနိုင်ငံတွင် ၂၅ နှစ်ကျော်ကြာ လည်ပတ်လုပ်ကိုင်ခဲ့ပြီးနောက် Savoy ကို အပြီးတိုင်ပိတ်တ...
https://yktnews.com/2022/02/3986/
ရန်ကုန်အင်းစိန်ရွာသစ်နား အိမ်စီးကားတစ်စီးပေါ်တွင် ဗုံးပေါက်ကွဲပြီး ၄ ဦးသေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာသစ်နားတွင် ယနေ့ နံနက် ၆ နာရီကျော်အချိန်တွင် ဗုံးပေါက်ကွဲပြီး ၄ ဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။", "“ကားပေါ်မှာ ဗုံးပေါက်တယ်ပြောတယ်။ ဘယ်သူတွေ သေတာလဲတော့မသိသေးဘူး။ ဒီနေ့ ၁ ရက်နေ့ နံနက် ၆ နာရီလောက်။ အင်းစိန်ရွာသစ်နားမှာ ပေါက်တာ။ သေချာတော့မသိသေးဘူး” ဟု ဒေသခံတစ်ဦ...
https://yktnews.com/2025/02/203161/
မြ၀တီတွင် ပါကစ္စတန်နိုင်ငံသား ၅ ဦး ထက်မနည်း တရုတ်ကျားဖြန့်ဂိုဏ်း၏ ပိတ်လှောင် ညှဉ်းပန်းခံနေရ၍ ကူညီကယ်တင်ပေးရန် အကူ အညီတောင်း
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ BGF ထိန်းချုပ်ထားသော ကျောက်ခတ်ဒေသတွင် ပါကစ္စတန်နိုင်ငံသား ၅ ဦးထက်မနည်းသည် တရုတ်ကျားဖြန့်ဂိုဏ်း၏ ပိတ်လှောင်နှိပ်စက် ညှဉ်းပန်းခံနေရ၍ ကူညီကယ်တင်ပေးရန် အကူအညီ တောင်းလာကြောင်းထိုင်း-မြန်မာနယ်စပ်ရှိ လူမှုကူညီရေးဆောင်ရွက်နေသူတချို့က ပြောဆိုသည်။", "...
https://yktnews.com/2025/02/203264/
ဟားခါး-ထန်တလန်အကြားရှိ ပွိုင့်-၃ စခန်းမှ စစ်မှုထမ်း တပ်သားသစ် ၄ ဦး လက်နက် ၃ လက်နှင့်အတူ အလင်းဝင်၊ စလင်းတွင်လည်း စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်ယူလာပြီး အလင်းဝင်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀", "ချင်းပြည်နယ်၊ ဟားခါး-ထန်တလန်အကြားရှိ ပွိုင့်-၃ စခန်းမှ စစ်မှုထမ်း တပ်သားသစ် ၄ ဦး လက်နက် ၃ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်းချင်းအမျိုးသားတပ်မတော် (CNA) က သတင်းထုတ်ပြန်သည်။", "ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဟားခါး-ထန်တလန်ကြားတွင် ခြေကုပ်ယူထားသော ပွိုင့်-၃ စခန်းမှ စစ်မှုထမ်း တပ်သားသစ် ၄ ဦးသည...
https://yktnews.com/2022/02/5751/
တန့်ဆည်တွင် စစ်တပ်က ပေချောင်ရွာနှင့် ခရုတောရွာကို မီးရှို့ဖျက်ဆီး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀", "စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ပေချောင်ရွာနှင့် ခရုတောရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဝင်ရောက် စီးနင်းခဲ့ပြီး ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ပေချောင်ရွာကို ဖေဖ...
https://yktnews.com/2022/02/5794/
မင်းကင်း မောက်တက်ရွာရှိ ဘုန်းကြီးကျောင်းပါ မကျန် စစ်တပ်က မီးရှို့၍ ရွာလုံးကျွတ် ပြာကျ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀", "စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မောက်တက် ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁၀ရက်နေ့ နံနက် ၃နာရီတွင် ရောက်ရှိလာကာ ရွာလုံးကျွတ် နီးပါးမီးရှို့ဖျက်ဆီးခဲ့ကာ ရွာဦး ဘုန်းကြီးကျောင်းပါ မကျန် မီးလောင် ပျက်စီးခဲ့ကြောင်း မင်းကင်း နွေဦးတော်လှန်ရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန...
https://yktnews.com/2025/02/203162/
မုံရွာနှင့် ငါန်းဇွန်မြို့နယ်တို့တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးဟုဆို
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀", "စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်းPeople’s Defense Force – South Monywa မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက် နံနက် ၈ နာရီ ၃...
https://yktnews.com/2022/02/5629/
မြောင်နှင့်မင်းကင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံး၊ လက်နက်များ သိမ်းဆည်းရမိ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀", "စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နှင့်မင်းကင်းမြို့နယ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် မြောင်မြို့နယ်မှ ဆင်းလာသော စစ်ကောင်စီအင်အား ၅၀ ခန့်သည် T.G.R ထုတ်လုပ်ရေးစခန်းသို့ ဦးတည်လာသ...
https://yktnews.com/2025/02/203198/
ရွှေဘိုမြို့နယ်၊ တည်သီးတော ပျူစောထီးရွာမှ အငတ်ဘေးကြုံ၍ ထွက်ပြေးလာသော ပြည်သူ ၇ ဦးကို PDF ရဲဘော်များက ကယ်ထုတ်ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထား
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတော ပျူစောထီးရွာမှ အငတ်ဘေးကြုံ၍ ထွက်ပြေးလာသော ပြည်သူ ၇ ဦးကို PDF ရဲဘော်များက ကယ်ထုတ်ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်းဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉...
https://yktnews.com/2024/02/145036/
ဝန်းသို့မြို့ ခလရ ၁၂၀ တပ်အတွင်းသို့ ဆင်းလာသည့် Mi 17 ထောက်ပို့ရဟတ် ယာဉ်ကို ပစ်ခတ််မှု စစ်တပ်ဘက်မှ သေဆုံးမှုရှိနိုင်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀", "စစ်ကိုင်းတိုင်း၊ ဝန်းသို့မြို့ ခမရ ၁၂၀ တပ်ရင်းအတွင်းသို့ ဆင်းသက်လာသည့် Mi 17 ထောက်ပို့ရဟတ် ယာဉ်တစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတချို့သေဆုံးမှုရှိကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "ယနေ့ဖေဖော်ဝါရီလ ၁၀ ရက် မွန်းတည့် ၁၂ နာရီခန့်က က...
https://yktnews.com/2025/02/203134/
စစ်မှုထမ်းရမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အလုပ်သမား လူငယ်များကို စစ်မှုထမ်းချိန် အလုပ်ရှင်များက လစာပေးထားရန် သတ်မှတ်ထားမှု လိုက်နာရန် ခက်ခဲပြီး လူငယ်များကို ဆက်လက်ခန့်ထားရန် မဖြစ်နိုင်တော့ဟုဆို
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀", "စစ်ကောင်စီက ပြဋ္ဌာန်းထားသော စစ်မှုထမ်းနည်းဥပဒေအရ စစ်မှုထမ်းရမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အလုပ် သမား လူငယ်များကို စစ်မှုထမ်းချိန် အလုပ်ရှင်က ဆက်လက် လစာပေးထားရန် သတ်မှတ်ထားမှုမှာလိုက်နာရန် ခက်ခဲပြီး လူငယ်များကို ဆက်လက်ခန့်ထားရန် မဖြစ်နိုင်တော့ကြောင်းလှိုင်သာယာနှင့် ရွှေပြည်သာ အပါအဝင်...