url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2025/02/203622/
ဒေါပုံတွင် စစ်မှုထမ်းစာရင်း ပြုစုရေး သန်းခေါင်စာရင်း မိတ္တူများ လိုက်လံတောင်းခံနေသည့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို အိမ်ရှင်က ဓာတ်ဆီဖြင့်လောင်း၍ မီးရှို့၊ အိမ်ရှင် ထွက်ပြေးလွတ်မြောက်သွား
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃", "ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်တွင် စစ်မှုထမ်းစာရင်း ပြုစုရေး သန်းခေါင်စာရင်း မိတ္တူများ လိုက်လံတောင်းခံနေသည့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို အိမ်ရှင်က ဓာတ်ဆီဖြင့် လောင်း၍ မီးရှို့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အိမ် ရှင်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်းဒေါပုံမြို့နယ်မှ ပြည်သူများက...
https://yktnews.com/2024/02/145508/
ရန်ကုန်တွင် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃", "ရန်ကုန်တွင် သခင်လူငယ်များသမဂ္ဂ နှင့် မဟာမိတ်အဖွဲ့များ ပူးပေါင်း၍ ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်(13 February Project) အဖြစ် အခြေခံလူထုကို ပဲပြုတ်၊နံပြားနှင့် တော်လှန်ရေးစာစောင်များ၊ဗိုလ်ချုပ်အောင်ဆန်းပုံ တထောင်တန်များကို ဝေငှ၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ကြသည်။", "#မြ...
https://yktnews.com/2024/02/145465/
ဆီဆိုင်မြို့နယ်ဘက်သို့ ဆင်းလာသည့် စစ်တပ်နှင့်PNO စစ်ကြောင်းကို တိုက် ခိုက်မှု PNO ဗိုလ်မှူး ခွန်အောင်ဆန်းအပါအဝင် စစ်တပ်ဘက်မှ သေဆုံးမှုများပြား၊ ကားတစ်စီးနှင့်လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃", "ရှမ်းပြည်နယ်တောာင်ပိုင်း၊ ဆီဆိုင်မြို့နယ်ဘက်သို့ ဆင်းလာသည့် စစ်တပ်နှင့်PNOစစ်ကြောင်းကို တိုက်ခိုက်ရာPNOပြည်သူ့စစ် ဗိုလ်မှူး ခွန်အောင်ဆန်းအပါအဝင် စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး ကားတစ်စီးနှင့်လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်းPNLAသတင်းရင်းမြစ်က ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဆီ...
https://yktnews.com/2025/02/203623/
ညောင်ရွှေနှင့် ပင်လောင်းရှိ ကျေးရွာများကို စစ်တပ်နှင့် PNA အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃", "ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်နှင့် PNA အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်းအင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖ...
https://yktnews.com/2024/02/145523/
လက်ပံတောင်းတောင်ဒေသတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ချီတက်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃", "လက်ပံတောင်းတောင်ဒေသတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်တွင် “အဆုံးသတ်အောင်ပွဲဆီ လူထုလှိင်းတွေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့် ချီ ” စာသားနှင့် ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ စစ်အာဏာရှင်စနစ်ကျရှုးရေး လူထုဟစ်ကြွေးသံများနှင့် ချီတက်ခဲ့ကြသည်။", "ဓာတ်ပုံ – လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိ...
https://yktnews.com/2022/02/6514/
“လွတ်မြောက်ဖို့အတွက် တို့တွဲလက်” တော်လှန်ရေး ရန်ပုံငွေရှာဖွေရေး ကံစမ်းမဲ အစီအစဉ် မိတ်ဆက်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃", "လွတ်မြောက်ဖို့အတွက် တို့တွဲလက်” ရန်ပုံငွေရှာဖွေရေး ကံစမ်းမဲအစီအစဉ်ကို နော်ဝေနိုင်ငံတွင် သတင်းသုံးနေထိုင်လျှက်ရှိသော ရွှေဝါရောင် ဆရာတော် အရှင်ထာဝရမှ ဦးဆောင်ပြီး အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ၊ မေရီလန်းနှင့် ဗာဂျီးနီးယားပြည်နယ်မှ မြန်မာမိသားစုများ (DMV Myanmar Families) နှင့် ဗမာ့ဒီမိုကရေစီအရေး...
https://yktnews.com/2025/02/203667/
ကမ္ဘောဒီယားသံဃရာဇာဆရာတော်နှင့် အိန္ဒိယ ငြိမ်းချမ်းရေးသံတမန် Gurudev Sri Sri Ravi Shankar တို့ကို မင်းအောင်လှိုင်က နေပြည်တော် ဖိတ်ပြီး ငြိမ်းချမ်းရေးတရား ဟောခိုင်း၊ ဗေဒင်ယတြာအရ လုပ်ဆောင်မှုအဖြစ် သုံးသပ်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃", "အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကမ္ဘောဒီယားသံဃရာဇာဆရာတော်နှင့် အိန္ဒိယ ငြိမ်းချမ်းရေးသံတမန် Gurudev Sri Sri Ravi Shankar တို့ကို နေပြည်တော်သို့ ဖိတ်ကြား ပြီး ငြိမ်းချမ်းရေးတရား ဟောခိုင်းကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။", "စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဖိတ်ကြားမှု...
https://yktnews.com/2025/02/203706/
နိုင်ငံတကာက အသိအမှတ်မပြုတော့သည့် စစ်ကောင်စီ၏ လူ့အခွင့်အရေး ကော်မရှင်ကို ဆက်ဆံခြင်းမပြုရန် NUG က တိုက်တွန်း
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃", "အကြမ်းဖက်စစ်အုပ်စု၏ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အသိအမှတ်မပြုဖျက်သိမ်းလိုက်ပြီး ယင်းကော်မရှင်နှင့် ဆက်ဆံခြင်းမပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းသည်။", "အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အာဏာကို အတင်းအဓမ္မ လုယူသိမ်းပိုက်ပြီးနောက် ပြင်ဆင် ဖွဲ့စ...
https://yktnews.com/2024/02/145568/
စစ်ကောင်စီလက်အောက် စစ်မှုမထမ်းလိုသော လူငယ်များနှင့်ပြည်သူများအတွက် ခိုလှုံရာ စီစဉ်ပေးရန် NUG နှင့် ERO များကို တိုက်တွန်းလိုက်ပြီး စစ်မှုမထမ်းမနေရ ဥပဒေကို GSCB နှင့် CTUM တို့က ကန့်ကွက်ရှုတ်ချ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃", "အမျိုးသားညီညွတ်ရေး အစိုးရ (NUG)အပါအဝင်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ (EROs)အနေဖြင့် “စိုးရိမ်ပူပန်နေသည့်” လူငယ်ပြည်သူများကို ခိုလှုံရာများ၊ တော်လှန်ရေးအင်အားစုများနှင့် ပူး ပေါင်း ပါဝင်နိုင်သည့် အခင်းအကျင်းများ၊ အခြေအနေများကို ပြင်ဆင်ကာ နွေးထွေးစွာကြိုဆိုပေးရန်အထွေထွေသပိတ် ပေါင်းစပ်ညှိ...
https://yktnews.com/2022/02/6834/
အာဆီယံ အစည်းအဝေး မဖိတ်၍ မတက်ရ၊ မဖိတ်ကြားမှုကြောင့် မတက်ရသော်လည်း စိတ်မကောင်း၊ မတက်ရ၍ စိတ်မကောင်းသော်လည်း ပူးပေါင်းဆောင်ရွက်မည်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့နယ်တွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို စစ်ကောင်စီကို မဖိတ်၍ တက်ရောက်မည်မဟုတ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။အာဆီယံ အစည်းအဝေး နိုင်ငံရေးခေါင်းဆောင်အဆင့် မဖိတ်ကြားဘဲ နိုင်ငံရေးမဟုတ်သည့်နယ်ပယ်မှ သူတစ်ဦး တက်ရောက်ရ...
https://yktnews.com/2025/02/203826/
မြ၀တီမြို့နယ်၊ ရွှေက္ကိုလ် နှင့် ကျောက်ခက်ဒေသအတွင်းရှိ ကျားဖြန့်လုပ်ငန်းပိုင်ရှင် တရုတ်များ အပြင်ထွက်သွား လာရာတွင် BGFနှင့် DKBA တပ်များက လုံခြုံရေးအပြည့်ဖြင့် လိုက်လံစောင့်ရှောက်ပေးထား
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ် နှင့် ကျောက်ခက်ဒေသအတွင်းရှိ ကျားဖြန့်လုပ်ငန်းပိုင်ရှင် တရုတ်များ အပြင်ထွက်သွားလာရာတွင် BGFနှင့် DKBA တပ်များက လုံခြုံရေးအပြည့်ဖြင့် လိုက်လံစောင့်ရှောက်ပေးနေကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရသည်။", "ရန်ကုန်ခေတ်သစ်သတင်းဌာနမှ CJ တချို့၏ သွားရောက်လေ့လာမ...
https://yktnews.com/2025/02/203846/
မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်တွင် BGF တပ်များက လူကုန်ကူးခံရသူများကို လိုက်လံ ရှာဖွေနေ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်တွင် BGF တပ်များက လူကုန်ကူးခံရသူများကို လိုက်လံ ရှာဖွေနေကြောင်းအဆိုပါဒေသတွင် ရောက်ရှိအလုပ်လုပ်နေသော မြန်မာတချို့ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်မှစတင်ပြီး BGF များက လက်နက်အပြည့်အစုံဖြင့် ဝင်ရောက...
https://yktnews.com/2025/02/203895/
ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခြင်းနှင့် ကျေးရွာသန့်ရှင်းရေးပြုလုပ်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန်သပိတ်စစ်ကြောင်းက ကျောင်းသားလူငယ်များနှင့်ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခြင်းနှင့် ကျေးရွာသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#...
https://yktnews.com/2022/02/6860/
မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့၏ စစ်သင်တန်းအပတ်စဉ် ၁၃ သင်တန်းဆင်းပွဲကျင်းပ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ်တွင် အခက်အခဲကြားမှ စစ်သင်တန်းတက်ရောက်ပြီး ပြည်သူ့ကာကွယ်ရေးစစ်သည်တော်များကို CDSOM ,MUA ,M2W (စစ်ရေး ပြကူညီပံ့ပိုး) က သင်တန်းသား ၉၀ ဦးနှင့် သင်တန်းသူ ၇၀ ဦး စုစု ပေါင်း စစ်သည်တော် ၁၆၀ ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း CDSOM က သတင်းထုတ်ပြန်သည်။မပြီးဆုံ...
https://yktnews.com/2022/02/6797/
တန့်ဆည်၊ ရွာရှည်ရွာတွင် စစ်ကောင်စီတပ်များ တံတားကူးစဉ် မိုင်းဆွဲခံရသဖြင့် ချောင်းထဲပြုတ်ကျပြီး ၂၀ နီးပါး သေ၊ ကပေါင်းကျတွင် ၈ ဦး သေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "စစ်ကိုင်းတိုင်းတန့်ဆည်၊ ရွာရှည်ရွာတွင် စစ်ကောင်စီတပ်များ ယနေ့ တံတားကူးစဉ် မိုင်းဆွဲခံရသဖြင့် မိုင်းထိမှန်သူ၊ ချောင်းထဲပြုတ်ကျသူများဖြင့် စစ်သား ၂၀ နီးပါး သေဆုံးကာ ကပေါင်းကျတွင် မိုင်းဆွဲခံရသဖြင့် ၈ ဦး သေဆုံးခဲ့ကြောင်း တန့်ဆည် PDF တပ်ဖွဲ့ထံမှ သိရှိရသည်။ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ကပေါင်းကျကျေးရွာသိ...
https://yktnews.com/2025/02/203892/
ကလေးမြို့နယ် ၊မဏိပူရ မူးမြစ်ကူးတံတား စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သားနှင့် ပျူစောထီးများ ထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းများသိမ်း ဆည်းရရှိ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ မဏိပူရ မူးမြစ်ကူးတံတား ပျူစောထီးစခန်းကို တိုက် ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး အများအပြားထိခိုက်သေဆုံးမှုရှိပြီးလက်နက်များလည်း သိမ်းဆည်းရှိခဲ့ကြောင်းCDF KKG ဗဟို သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "ဖေဖေ...
https://yktnews.com/2025/02/203891/
ကလေးမြို့နယ်ရှိ နတ်ချောင်း တိုက်နယ် ဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဆေးရုံ အဆောက်အဦး အားလုံးနီးပါး ထိခိုက်ပျက်စီး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ နတ်ချောင်း တိုက်နယ် ဆေးရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဆေးရုံ အဆောက်အဦး အားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်းဒေသတွင်း သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိန...
https://yktnews.com/2024/02/145849/
တန့်ဆည်မြို့နယ်၊ ပြည်ထောင်စုလမ်းမကြီး ၃၈ မိုင်အနီး စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၈ လုံး ကျဲချတိုက်ခိုက်ခြင်းကြောင့် ကား ၂ စီး ပျက်စီးပြီး ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ပြည်ထောင်စုလမ်းမကြီး ၃၈ မိုင်အနီး အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၈ လုံး ကျဲချ တိုက်ခိုက်ခြင်းကြောင့် ကား ၂ စီး ပျက်စီးပြီး ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မွ...
https://yktnews.com/2024/02/145778/
တမူးတွင် စစ်တပ်၏ လက်နက်ပို့ယာဥ်ကို တိုက်ခိုက် သိမ်းပိုက်ရရှိပြီး စစ်သားအလောင်း ၄ လောင်း၊ လက်နက် ၁၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "စစ်ကိုင်းတိုင်း၊ တမူးတွင် စစ်တပ် လက်နက်ပို့ယာဥ်ကို တိုက်ခိုက် သိမ်းပိုက်ရရှိပြီး စစ်သားအလောင်း ၄ လောင်းနှင့် လက်နက်ခဲယမ်း အများအပြား သိမ်း ဆည်းရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။", "ဖေဖော်ဝါရီလ ၁၃ ရက်နေ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ အောင်ဇေယျ စစ...
https://yktnews.com/2024/02/145810/
ဒီပဲယင်းနှင့် ရေဦး နယ်စပ်ကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ ၁၅ ကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်နှင့် ရေဦးမြို့နယ် အစပ်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ ၁၅ ကျော်မှပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရေဦးအခြေပြုPeople’s Defense Comradeပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆို...
https://yktnews.com/2024/02/145695/
ဘုတလင်မြို့တွင် စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြသပိတ်ချီတက်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့တွင် ဘုတလင်မြို့ပင်မသပိတ်ဦးဆောင်၍ ပြည်သူများ စုပေါင်းကာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြသပိတ်ပြုလုပ်ကြသည်ဟု သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevoluti...
https://yktnews.com/2024/02/145841/
မြင်းမူမြို့မရဲစခန်းနှင့် စီးပွားရေးဘဏ်တွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက်တိုက်ခိုက် ၊ ယင်းမာပင်မြို့ပေါ်ရှိ စစ်တပ်အထိုင်စခန်းများကို လက်နက်ကြီးများဖြင့် တိုက်ခိုက်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ မြင်းမူမြို့မရဲစခန်းနှင့်မြန်မာ့စီးပွားရေးဘဏ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းDog Killers People’s Defense Force Myinmuတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို...
https://yktnews.com/2025/02/203847/
ရေဦးနှင့်ငါန်းဇွန် မြို့နယ်တို့တွင် စစ်ကောင်စီတပ်များနှင့်စစ်စခန်းများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးဟုဆို
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ရွှေကျီးမင်း စစ်ဆေးရေးဂိတ်နှင့် ပျူစောထီး အထိုင်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။", "ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညနေ ၅နာရီ ၂၁ မိနစ်ခန့်တွင် ရေဦး...
https://yktnews.com/2024/02/145834/
ရွှေဘိုမြို့နယ်၊ ရွာသာရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုန့ယ်၊ ရွာသာရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေးအဖွဲ့များ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်းNorthern Tigersအဖွဲ့တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။", "ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်တွင် စတင်ကာ ရွှေဘိုမြိုန့ယ်၊ ရွာသာရွာရှိ ပျူစောထီးစခန်းကိ...
https://yktnews.com/2024/02/145915/
ရွှေဘိုမြို့နယ်၊ ရွာသာရွာ ပျူစောထီး စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွာသာရွာ ပျူစောထီး စခန်းကို တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း Shwebo Crocodile အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ရွာသာရွာ ပျူစေ...
https://yktnews.com/2024/02/145828/
အရာတော်မြိုနယ်နှင့် ရေစကြိုမြိုနယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "စစ်ကိုင်းတိုင်း၊ အရာတော်မြိုနယ်၊ သစ်ကျင်းကြီးကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို လက်နက်ကြီး၊ ဒရုန်း များဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း မုံရွာခရိုင်တပ်ရင်း အမှတ် ၂၇Black Dragon Forceမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။", "ဖေဖော်...
https://yktnews.com/2025/02/203953/
တနင်္သာရီမြို့နယ်တွင် စစ်တပ်က ပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျေးရွာ များကို ဆက်တိုက် မီးရှို့ဖျက် ဆီး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း ၁ လကျော်ကြာ စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူ ၅ ဦး ဖမ်းဆီးသတ် ဖြတ်ပြီး ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေကြောင်းမြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆ...
https://yktnews.com/2025/02/203896/
ပုလောမြို့နယ်၊ ရှပ်ပုံရွာ အနီးသို့ စစ်တပ်က ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ရှပ်ပုံရွာ အနီးအနားကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းပုလော ပကဖ မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက...
https://yktnews.com/2024/02/145788/
မြိတ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများကို စစ်တပ်နှင့်ရဲ ပူးပေါင်း၍ ကော့သောင်းထောင်သို့ ပြောင်းရွေ့နေ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "တနင်္သာရီတိုင်း၊ မြိတ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများကို စစ်တပ်နှင့် ရဲ ပူးပေါင်း၍ ကော့သောင်းထောင်သို့ ပြောင်းရွေ့နေကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့နံနက် အရုဏ်ဦးအချိန်မှ စ၍ နိုင်ငံရေ...
https://yktnews.com/2022/02/6768/
တန့်ဆည်၊ ကပေါင်းကျကျေးရွာမှ နေအိမ် ၃၉ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ စစ်ကြောင်းအဝင် အထွက် မိုင်းဆွဲခံနေရပြီး စစ်သားသေဆုံးမှုများ ပြား
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာမှ နေအိမ် ၃၉ လုံးကို စစ်တပ်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မီးရှို့ဖျက်ဆီးပြီး ကျေးရွာများသို့ စစ်ကောင်စီစစ်ကြောင်းအဝင် အထွက် မိုင်းဆွဲခံရသဖြင့် စစ်သားသေဆုံးမှုများပြားကြောင်း တန့်ဆည် PDF အဖွဲ့ထံမှ သိရှိရသည်။“ဖေဖော်ဝါရီလ ၁ ရက်နေ့ ကပေါင်းကျရွာ နေအိမ်၃၉လုံး မီးလောင...
https://yktnews.com/2022/02/6846/
ကြံ့ဖွတ်တပ်ကုန်း ရုံး ဗုံးခွဲခံရပြီးနောက် စစ်တပ်က ရမ်းသမ်းပစ်ခတ်နေ၊ မြစ်ကြီးနား၊ မန္တလေး၊ ရွာငံ၊ ဗန်းမော်တို့တွင် ဗုံးများပေါက်ကွဲ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ကြံ့ဖွတ်ရုံး ယနေ့ ည ၇ နာရီအချိန်တွင် ဗုံးဖောက်ခွဲခံရပြီး စစ်တပ်က တပ်ကုန်းမြို့နယ်အတွင်းတွင် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း မြို့နေ‌ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။“အခု မြို့ထဲမှာ သေနတ်နဲ့ရမ်းပစ်နေပြီ။ တပ်ကုန်းမြို့ကြံ့ခိုင်ရေးရုံးမှာ...
https://yktnews.com/2025/02/203845/
ပဲခူးတိုင်း၊ စိုးမိုးနယ်မြေများတွင် ကျန်းမာရေးဝန်ထမ်းများနှင့်လူနာတင်ယာဉ်များ ဖြည့်ဆည်းနိုင်ရေး NUG ဝန်ကြီးချုပ်ရုံးအဖွဲ့က ကွင်းဆင်း ဆွေးနွေးညှိနှိုင်းဟုဆို
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "ပဲခူးတိုင်းအတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးနယ်မြေများတွင် လူနာတင်ယာဉ်များ ဖြည့်ဆည်းပေးနိုင်ရေး၊ ကျန်းမာရေးဝန်ထမ်းများ ခန့်အပ်ထားနိုင်ရေး NUG ဝန်ကြီးချုပ်ရုံးအဖွဲ့က ကွင်းဆင်းဆွေးနွေးညှိနှိုင်းကြောင်းNUG က သတင်းထုတ်ပြန်သည်။", "NUGဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများက ပဲခူးတိုင်းအတွင်း ပြ...
https://yktnews.com/2022/02/6734/
ကြို့ပင်ကောက်မြို့မရဲစခန်းမှ တပ်ကြပ်ဝင်းဦး ပစ်သတ်ခံရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ် မြို့မရဲစခန်းမှ တပ်ကြပ်ဝင်းဦး ယနေ့ မွန်း လွဲ ၃ နာရီဝန်းကျင်တွင် အပစ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ “ရန်ကုန်ပြည်လမ်းမပေါ် ကြို့ပင်ကောက်ကားဂိတ်မှာ အပစ်ခံရတာ။ PDF နှစ်ဦးက ပစ်သွားတာလို့ သိရပါတယ်။ အခုတော့ ရဲနဲ့စစ်သားတ...
https://yktnews.com/2024/02/145815/
ပန်းတောင်းမြို့နယ်တွင် ဧရာဝတီ တော်လှန်တပ်ဦး အဖွဲ့ဝင် ၁ ဦး ဖမ်းဆီးခံရပြီးနောက် စစ်တပ်က ကျန်တပ်ဖွဲ့ဝင်များကို ဖုန်းဆက် ခေါ်ခိုင်းပြီး ထောက်ချောက်ဆင် ဖမ်းဆီးနေ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တွင် ဧရာဝတီ တော်လှန်တပ်ဦး အဖွဲ့ဝင် ၁ ဦး ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက် စစ်တပ်က ကျန်တပ်ဖွဲ့ဝင်များကို ဖုန်းဆက် ခေါ်ခိုင်းပြီး ထောက်ချောက်ဆင် ဖမ်းဆီးနေကြောင်း ဧရာဝတီတော်လှန်တပ်ဦး (ARF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၆...
https://yktnews.com/2025/02/203843/
မိုးညိုမြို့နယ်၊ မိုးသစ္စာရွာမှ အသက် ၂၇ နှစ်အရွယ် မောင်ချစ်ကို ငွေကျပ် သိန်း ၆၀ ဖြင့် စစ်မှုထမ်းတပ်သားအဖြစ် ရောင်းစားခံရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "ပဲခူးတိုင်း၊ မိုးညိုမြို့နယ်တွင် အသက် ၂၇ နှစ်အရွယ် မောင်ချစ်ကို ကို အုပ်ချူပ်ရေးမှူးနှင့်အဖွဲ့ က လိမ်လည်ခေါ်ဆောင်ပြီး စစ်တပ် စစ်ဆေးရေးဂိတ်တွင် စစ်မှုထမ်းရန် ငွေကျပ် သိန်း ၆၀ ဖြင့် ရောင်းစားခဲ့ကြောင်းမောင်ချစ်ကို၏ မိတ်ဆွေတချို့ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၇ ရက်နေ့ ...
https://yktnews.com/2024/02/145729/
ဘုတလင်မြို့နယ်တွင် ကျောင်းသား ပြည်သူများ ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "ဘုတလင်မြို့နယ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ် အဖွဲ့ဝင် ဘုတလင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းသားသမဂ္ဂများ ဦးဆောင်ကာ ရဟန်းရှင်လူ ကျောင်းသားပြည်သူလူထုများ ပူးပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthit...
https://yktnews.com/2022/02/6841/
ကျောက်ထုမှ ဆောဘက်သို့ ထွက်ခွာလာသည့် စစ်ကား ၁၆ စီး ၃ရက်ကြာ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ၂၅ဦးထက် မနည်းသေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "မကွေးတိုင်း ကျောက်ထု အမြှောက်တပ်မှ ဆောမြို့နယ်သို့ ထွက်ခွာလာသည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကား ၁၆စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကျောက်ထု-ဆော လမ်းပိုင်းတွင် ၇ရက်ကြာ ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂၅ဦးထက်မနည်း သေဆုံးကာ ကား၄စီး ထိခိုက် ပျက်စီးခဲ့ကြောင်း People defence Force – Saw Township...
https://yktnews.com/2025/02/203893/
ချောက်မြို့ပေါ်တွင် စစ်တပ်တပ်စွဲထားသော မြို့နယ် လျှပ်စစ်ရုံးဝင်းအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "မကွေးတိုင်း၊ ချောက်မြို့ အမှတ် ၁၅ နယ်မြေ စံပြမြို့သစ်ရပ်ကွက်ရှိ စစ်တပ် တပ်စွဲထားသော မြို့နယ်လျှပ်စစ်ရုံးဝင်း အတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရ...
https://yktnews.com/2024/02/145783/
ပခုက္ကူမြို့နယ်ရှိ စစ်တပ်၏ ဝါဇီစက်ရုံကို လက်နက်ကြီး၊ ဒရုန်း များဖြင့် တိုက်ခိုက်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဝါဇီစက်ရုံကို လက်နက်ကြီး၊ ဒရုန်း များဖြင့် တိုက်ခိုက်ခဲ့ကြောင်း မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ Drone လက်ရုံးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၁၀ နာရီခန့်တွင် ဗိုလ်ချုပ်အောင်ဆန်း မွ...
https://yktnews.com/2024/02/145722/
မြိုင်မြိုနယ်၊ ကန်နီရွာ ပျူစောထီးစခန်းသို ရိက္ခာပို စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ခဲယမ်းနှင့်စစ်အသုံး အဆောင်များ သိမ်းဆည်းရရှိ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "မကွေးတိုင်း၊ မြိုင်မြိုနယ်၊ သံပရာခြံရွာအနီးတွင် ကန်နီရါာ ပျူစောထီးစခန်းသို ရိက္ခာပိုလာသော စစ် တပ်စစ်ကြောင်းကို တိုက် ခိုက် ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။", "ယမန်နေ...
https://yktnews.com/2025/02/203828/
အောင်လံမြို့နှင့် သာယာဝတီခရိုင်တွင် စစ်တပ်က လူငယ် ၃၀ ကျော်ကို စစ်မှုထမ်းခိုင်းရန် ဖမ်းဆီး၊ ထွက်ပြေးသည့် လူငယ်များ ကို စစ်တပ်က ရိုက်နှက်ညှဉ်းပန်း
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "မကွေးတိုင်း၊ အောင်လံမြို့တွင် အကြမ်းဖက် စစ်တပ်က လူငယ် ၂၀ ကျော်ကို အိမ်စီးကားများဖြင့် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အောင်လံမြို့ရှိ လူသွားလူလာ ပြတ်သော နေရာများနှင့် မြို့အနီးရှိ ကျေးရွာဘက်မှ လူငယ်များကို အကြမ်း...
https://yktnews.com/2022/02/6655/
မန္တလေး-မိုးကုတ်ကားလမ်း စစ်တပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးတစ်ဦး သေဆုံး ၊ မိုးကုတ်တွင်လည်း စစ်တပ်နှင့်PDF ပူးပေါင်းတပ်များ တိုက်ပွဲ ပြင်းထန်နေ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်း၊ ပင်လယ်ကြီးကျေး ရွာ အနီး စစ်ကောင်စီတပ်စွဲထားသော စစ်ဆေးရေးဂိတ် ယနေ့ နံနက်ပိုင်း တိုက် ခိုက်ခံရပြီး ဗိုလ်ကြီးတစ်ဦး သေဆုံးကြောင်း ဒေသခံများက ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောဆိုသည်။ “ပင်လယ်ကြီးကျေးရွာ မန်း-မိုးကုတ်ကားလမ်း စစ်ကောင်စီ တပ်စွဲထ...
https://yktnews.com/2025/02/203844/
ကျိုက်ထို၊ ကျေးရွာ ၂ ခုကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ၊ စေတီပုထိုးများ၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ စာသင် ကျောင်းနှင့်နေအိမ်များ ပျက်စီး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရကာ ဘုန်းကြီးကျောင်းနှင့် စေတီပုထိုးများ ပျက်စီးခဲ့ကြောင်းKNU ဗဟိုက သတင်းထုတ်ပြန်သည်။", "ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့...
https://yktnews.com/2024/02/145685/
နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmya...
https://yktnews.com/2024/02/145818/
ရခိုင်ပြည်နယ်ရှိ မြို့နယ် ၅ ခုနှင့် ချင်းပြည်နယ်၊ ပလက်၀မြို့နယ်ကို AA တိုက်ခိုက်သိမ်းပိုက်ထားပြီ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "ရက္ခိုင့်တပ်တော်AAက ပလက်ဝမြို့နယ်တစ်ခုလုံးနှင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ တောင်ပြိုမြို့စသည့် မြို့ ၆ မြို့ကိုလည်း အပြီးအပိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။", "AAက သိမ်းပိုက်ထားသော ပလက်ဝမြို့နယ်ကို ရက္ခိုင့်တပ်တော်AAအုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန် က...
https://yktnews.com/2024/02/145791/
ကျောက်တော်အခြေစိုက် ခမရ ၃၇၄ ၊ ခမရ ၃၇၅ ၊ ခမရ ၃၇၆ နှင့် တပ်မဌာနချုပ် စကခ ၉ ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ အစုလိုက်အပြုံလိုက် AA က ထုတ်ပြပြန်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "ရက္ခိုင်ဒေသ၊ ကျောက်တော်အခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၇၄)၊ ခမရ (၃၇၅) ၊ ခမရ (၃၇၆) နှင့် တပ်မဌာနချုပ် စကခ (၉) တို့ကို ရက္ခိုင့်တပ်တော်က အပြီးသတ်တိုက်ခိုက်ချေုမှုန်းပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းမီးကျောက်များကို AA က ယနေ့ ထုတ်ပြန် ပြသလိုက်သည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#kh...
https://yktnews.com/2024/02/145664/
မင်းပြားမြို့နယ်တွင် စစ်သင်္ဘော ၁ စီးကို AA က တိုက်ခိုက်သိမ်းပိုက်၊ AA က သိမ်းပိုက်ဖျက်ဆီးနိုင်ခဲ့သော စစ်သင်္ဘော ၉ စီးအထိရှိလာပြီ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် စစ်သင်္ဘော ၁ စီးကို ရခိုင်တပ်တော်AAက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းAAက သတင်းထုတ်ပြန်သည်။", "ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မင်းပြားမြိုနယ်၊ သက်ပုန်းရွာအနီး ရေကြောင်းတိုက်ပွဲအတွင်း၌ စစ်ကောင်စီ၏ စစ်သင်္ဘော နောက်ထပ် ၁ စီးကို ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြေ...
https://yktnews.com/2022/02/6802/
ဒဂုံမြို့သစ်တောင်ပိုင်း ၇၀ ရပ်ကွက်ရုံး လက်ပစ်ဗုံးဖြင့် အပစ်ခံရ၊ မရမ်းကုန်း၊အင်းစိန်၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံနှင့် သန်လျင်တို့တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်နေ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "ရန်ကုန်တိုင်း ဒဂုံမြိုသစ်(တောင်ပိုင်း) ၇၀ ရပ်ကွက်ရုံးကို ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၅ နာရီခွဲဝန်းကျင်အချိန် ဗုံးပစ်သွင်းခံရပြီး ထိခိုက်မှု အခြေ အနေမသိရှိရသေးဘဲ စစ်တပ်က လာရောက်စစ်ဆေးမှုများ လုပ်ဆောင်ကြောင်း ဒေသခံများထံမှ သိရသည်။တောင်ဒဂုံ ၇၀ ရပ်ကွက်ရုံး လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုကို S...
https://yktnews.com/2022/02/6726/
တောင်ဒဂုံကြံ့ဖွတ်ရုံးကို SSUG PDF က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ ကြံ့ဖွတ်ရုံးကို တောင်ပိုင်း ပြည်သူ့ကာကွယ်ရေး အင်အားစုအဖွဲ့ SSUG PDF က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း SSUG PDG ၏ ပြန်ကြားရေးတာဝန်ခံ စောဘီလူးက ပြောသည်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ၊ ...
https://yktnews.com/2022/02/6623/
ရန်ကုန်အောင်မင်္ဂလာအဝေးပြေးရှေ့ စစ်ကြောရေးစခန်းနှင့် သန်လျင် သီလဝါ နယ်မြေရဲစခန်း တိုက်ခိုက်ခံရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေးဝင်းရှေ့ရှိ စစ်ကြောရေး စခန်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညပိုင်းတွင် ဗုံးသစ်လက်နက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း Dictator Revolt Front (D.R.F)က ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၈ နာရီ ၀၃ မိနစ်အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအ...
https://yktnews.com/2022/02/6693/
ရန်ကုန်အောင်မင်္ဂလာအဝေးပြေးဝင်း High Class ကားဂိတ်တွင် ပါဆယ်ဗုံးပေါက်ကွဲမှု ဖြစ်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်း High Class ကားဂိတ်တွင် ယနေ့ နံနက်ပိုင်း ပါဆယ်ဗုံးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် အောင်မင်္ဂလာအဝေးပြေး High class ဂိတ်၊ ဘောက်ကားအတွင်း ဗုံးပေါက် ပြီး လူထိခိုက်မှု အနည်းငယ်ရှိကြောင...
https://yktnews.com/2024/02/145679/
စစ်မှုမထမ်းမနေရ ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် လှိုင်သာယာအနောက်ပိုင်း စုပေါင်းရုံးနှင့် ရဲတပ်ရင်း ၉ ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်၊ ထိခိုက်ဒဏ်ရာရရှိသူများရှိနိုင်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အနောက်ပိုင်း စုပေါင်းရုံးနှင့် ရဲတပ်ရင်း ၉ ကို အဝေးထိန်းမိုင်းဖြင့် ယမန်နေ့ ညပိုင်း ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက်ဒဏ်ရာရရှိသူများရှိနိုင်ကြောင်းDark Shadowမှ ရဲဘော်ပန်ဒါက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၉ နာရီ ၇ မိနစ်နှင့် ည ...
https://yktnews.com/2022/02/6743/
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆရာဝန်ကြီးများ ကိုဗစ်ရောဂါကူးစက်သဖြင့် ဌာန ၅ ခု ယာယီ ပိတ်ထားရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆရာဝန်ကြီးများ ကိုဗစ်ရောဂါကူးစက်သဖြင့် ဌာန ၅ ခု ယာယီ ပိတ်ထားလိုက်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးက တရားဝင် သတင်းထုတ်ပြန်သည်။ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အထူးကုပြင်ပလူနာဌာနများမှ ဆရာဝန်ကြီးများ ကိုဗစ် ၁၉ ရောဂါ ခံစားနေရသဖြင့် ဌာန ၅ ခုကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်...
https://yktnews.com/2025/02/203894/
ညောင်ရွှေမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်နှင့် PNA အဖွဲ့က ဒရုန်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ မီးလောင်ပြာကျ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်နှင့် PNA အဖွဲ့က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်းအင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝ...
https://yktnews.com/2024/02/145712/
လက်ပံတောင်းတောင်ဒေသတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ချီတက်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "လက်ပံတောင်းတောင်ဒေသတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်တွင် “အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့် ချီ ” စာသားနှင့် ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ စစ်အာဏာရှင်စနစ်ကျရှုံးရေး လူထုဟစ်ကြွေးသံများနှင့် ချီတက်ခဲ့ကြသည်။", "ဓာတ်ပုံ – လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေး သ...
https://yktnews.com/2025/02/203840/
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် မြန်မာစစ်တပ်မှ အရာရှိ ၂၃ ဦးကို အာဂျင်တီးနားတရားရုံးက ဖမ်း၀ရမ်းထုတ်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် မြန်မာစစ် တပ်မှ အရာရှိ ၂၃ ဦးကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် အာဂျင်တီးနားတရားရုံးက ဖမ်း၀ရမ်းထုတ်လိုက်ကြောင်းဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ UK (BROUK) က ယနေ့ သတင်းထုတ်ပြန်သည်။", "ဖေဖော်ဝါရီလ ၁၃ ရက်နေ့ အာဂျင်တီးနားနိုင်င...
https://yktnews.com/2024/02/145838/
စစ်ကောင်စီ၏ စစ်မှု မထမ်းမနေရ ဥပဒေကြောင့် ပြည်တွင်းမှ လူငယ်အများအပြား ပြည်ပနိုင်ငံများသို ထွက်ခွာရန် အပြင်းအထန် ကြိုးစားနေကြပြီး စစ်ကောင်စီက ပြည်ပအလုပ်အကိုင်များ ယာယီ ပိတ်ပင်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "အကြမ်းဖက်စစ်ကောင်စီက စစ်မှု မထမ်းမနေရ ဥပဒေကြောင့် ပြည်တွင်းမှ လူငယ်များ ပြည်ပနိုင်ငံများသို ထွက်ခွာရန် အပြင်းအထန် ကြိုးစားနေကြပြီး စစ်ကောင်စီကလည်း ပြည်ပအလုပ်အကိုင်များကို ယာယီပိတ်ပင်လိုက်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။", "“ထိုင်...
https://yktnews.com/2022/02/6874/
CDFကို မိုင်းထောင်ရင်း ကိုယ့်မိုင်းကိုယ်နင်း ခြေထောက်ပြတ်သွားတဲ့ ဒုဗိုလ်မှူး ကြီး မျိုးဇင်ထွန်း မင်္ဂလာဒုံစစ်ဆေးရုံမှာ ဆေးကုသနေရ၊ အငြိမ်းစားယူ အရပ်ဘက်ပြောင်းဖို့ရှိ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅", "ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် CDF များ လာမည့် လမ်းများတွင် မိုင်းထောင်ခဲ့သည့် ခလရ ၂၆၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးမျိုးဇင်ထွန်း (စစ်တက္ကသိုလ် အပတ်စဉ် ၄၄) ကိုယ့်မိုင်းကိုယ်နင်းမိပြီး ခြေထောက်ပြတ်သွားကာ မင်္ဂလာဒုံအရိုးစစ်ဆေးရုံကုတင် ၅၀၀ တွင် ခြေထောက်ပြတ်ဒဏ်ရာကို ကုသနေရကြောင်း သိရှိရသည်။ဖ...
https://yktnews.com/2022/02/6915/
ထီးချိုင့်တွင် သံချပ်ကာကားပါ စစ်ယာဉ်တန်းကို မိုင်းအလုံး ၂၀ ကျော်ဖြင့်ဖောက်ခွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ နီးပါးသေဆုံး၊ မိုးကုတ်၊ဂွေးပင်ရွာတိုက်ပွဲတွင်လည်း စစ်တပ်ဘက်မှ အနည်းဆုံး ၂၀ သေပြီး PDF တချို့ကျဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅", "စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် သံချပ်ကာကားပါ ၃၃ စီး စစ်ယာဉ်တန်းကို ယနေ့ နံနက်ပိုင်းတွင် ထီးချိုင့်ဒေသ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းအလုံး ၂၀ ကျော် ဖောက်ခွဲတိုက်ခိုက်သဖြင့် စစ်ကောင်စီဘက်မှ အများအပြား သေဆုံးနိုင်ကြောင်း ထီးချိုင့်သတင်းရင်းမြစ် TR က သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၅ ရက်န...
https://yktnews.com/2022/02/6946/
အင်မထီးရွာရှိ စစ်ကောင်စီလက်ပါးစေ ပျူစောထီးသင်တန်စခန်းကို ပုလဲဒေသကာကွယ်ရေးတပ်ဖွဲ့များ ဝင်တိုက်၊ စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅", "စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးရွာတွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများ၏ စစ်ရေးသင်တန်းကို ပုလဲဒေသကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၄ ရက် ညနေ ၅ နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၂ နာရီကျော် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားကာ စစ်ကောင်စီနှင့် ပျူစောထီးဘက်မှ ၃ ဦး သေဆုံးပြ...
https://yktnews.com/2022/02/7015/
တပ်တွင်း အင်အား နည်းပါးလာမှုကြောင့် ပြည်သူ့စစ် ဖွဲ့စည်းရေး မင်းအောင် လှိုင်ကိုယ်တိုင် ဦးဆောင် လှည့်လည် စည်းရုံးနေရ၊ PDF နှင့် NUG ကို ဖြိုခွင်းရန် အချက် ၃ ချက် ညွှန်ကြား
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅", "တပ်တွင်းအင်အားနည်းပါးလာမှုကြောင့် ပြည်နယ်နှင့်တိုင်း ပြည်သူ့စစ်ဖွဲ့စည်းရေး မင်းအောင်လှိုင်ကိုယ်တိုင် ဦးဆောင်လှည့်လည်စည်းရုံးနေရကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရှိရသည်။ဇန်နဝါရီလမှစတင်ပြီး မင်းအောင်လှိုင်နှင့်စိုးဝင်းတို့ကိုယ်တိုင် တပ်နယ်များသို့ ဆင်း၍ ပြည်သူ့စစ်ဖွဲ့စည်းရေး ဆောင်ရွက်လာ...
https://yktnews.com/2022/02/7037/
တယ်လီနောမြန်မာကို အကြမ်းဖက်စစ်အုပ်စုနဲ့ ဆက်နွှယ်နေတဲ့ကုမ္ပဏီထံ ရောင်းချမှု ချက်ချင်းရပ်တန့်ပေးရေး တယ်လီနော CEOဆီ အိတ်ဖွင့်ပေးစာပို့
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅", "တယ်လီနောမြန်မာကို အာဏာသိမ်းစစ်ကောင်စီနဲ့ ပတ်သတ်ဆက်နွှယ်မှု မကင်းတဲ့ စီးပွားရေးလုပ်ငန်းစုထံ ရောင်းချမှာကို ရပ်ဆိုင်းပေးဖို့ နော်ဝေအခြေစိုက် တယ်လီနော်ကုမ္ပဏီရဲ့ ဥက္ကဌ ဆစ်ဗီ ဘရက်ဂ် ဆီကို မြန်မာနဲ့ နိုင်ငံတကာက လူမှုအဖွဲ့အစည်းပေါင်း ၆၀၀ကျော်နဲ့ တယ်လီနောသုံးစွဲသူတွေက ဒီကနေ့မှာ အိတ်ဖွင့်ပေးစာတစ်စော...
https://yktnews.com/2022/02/6954/
အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ‘ကယ်တင်ရှင်မရှာ တို့ကျေးရွာ သပိတ်’ ယင်းမာပင်တွင် သပိတ်ချီတက်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅", "ယင်းမာပင်မြို့နယ် အရှေ့ခြမ်းတွင် ပြည်သူများ စုစည်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ‘ကယ်တင်ရှင်မရှာ တို့ကျေးရွာ သပိတ်ကို ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။"]
https://yktnews.com/2022/02/6887/
စစ်ကားဖြင့် ပြည်သူကို တိုက်သတ်မှု “လူစိတ်မရှိသော တိရိစ္တာန်ထက် ဆိုးသူများ”ဟု မှတ်ချက်ပြုကြောင့် CID ဒုရဲမှူးကြီးဇော်ဝင်း အဖမ်းခံလိုက်ရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅", "ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ယမန်နှစ် ဒီဇင် ဘာလ ၅ ရက်နေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လူငယ်များကို စစ်ကားဖြင့် တိုက် သတ်မှုကို “လူစိတ်မရှိသော တိရိစ္ဆာန်ထက် ဆိုးသူများ” ဟု မှတ်ချက်ပြုမှုကြောင့် CID မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)ရဲအရာရှိသင်/ထောက်လေ့ကျင့်ရေးသင်တန်းကျောင်း ...
https://yktnews.com/2022/02/6880/
ရန်ကုန်အလုံမြို့နယ်တွင် အမျိုးသမီးများ လိုက်ပါသော အိမ်စီးကားကို စစ်တပ်က သေနတ်ဖြင့်ပစ်၍ ၁ ဦး အပြင်းအထန်ဒဏ်ရာရ၊ ရွာငံတွင် မောင်ဇင်မင်းခိုင်ကို စစ်တပ်က ဥပဒေမဲ့ အကြောင်းမဲ့ ပစ်သတ်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅", "ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ သစ်တောမှတ်တိုင်၊ ဧရာ၀တီဘဏ်ရုံးချုပ်နားတွင် ယမန်နေ့ည ၁၀ နာရီဝန်းကျင် အချိန် အမျိုးသမီးများ လိုက်ပါသော အိမ်စီးကားကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်သဖြင့် အမျိုးသမီး ၁ ဦး ဒဏ်ရာအပြင်း အထန်ရရှိသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။“အလုံသစ်တောမှတ်တို...
https://yktnews.com/2022/02/6877/
စစ်ကောင်စီ ကျူးလွန်နေသည့် အကြမ်းဖက်မှုများကို စောင့်ကြည့် အရေးယူပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း မေတ္တာရပ်ခံ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅", "အကြမ်းဖက် ဖက်ဆစ်စစ်တပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများကို အနီး ကပ်စောင့်ကြည့် အရေးယူပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မေတ္တာရပ်ခံလိုက်ကြောင်း သိရှိရသည်။ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် ပြုလုပ်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်း...
https://yktnews.com/2022/02/7125/
ကရင်နီ ပြည်သူ့ကာကွယ်ရေး အဖွဲ့များနှင့် လိုက်ပါမည့် ဆေးတပ်သား ၈၅ ဦး ရှေ့တန်းအထူးသင်တန်းပြီးမြောက်၊ ရှေ့တန်းသို့ လိုက်ရန် အသင့်ရှိ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "ကရင်နီပြည်နယ်ထဲမှ ပြည့်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များ တိုက်ပွဲအတွင်း ထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ထိရောက်သည့် ကုသမှုပေးနိုင်ရန် လေ့ကျင့်ပေးသည့် Dove KK မှ ဦးစီးဖွင့်လှစ်သည့် အရေးပေါ်ကယ်ဆယ်ရေးနှင့် ဆေးတပ်သားအထူးမွမ်းမံသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပြုလ...
https://yktnews.com/2024/02/146115/
ရှားတောမြို့သိမ်းတိုက်ပွဲတွင် ဒရုန်းတိုက်ခိုက်ရေးအဖွဲ့က မစ်ရှင်ရာချီပါဝင်တိုက်ခိုက်ခဲ့ရပြီး စစ်တပ်က တိုက်ပွဲအတွင်း ပြည်သူ ၇ ဦးကို သတ်ဖြတ်ခဲ့ ၊ စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရရှိထား
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "ကရင်နီပြည်နယ်၊ ရှားတောမြို့သိမ်းတိုက်ပွဲတွင် ဒရုန်းတိုက်ခိုက်ရေးအဖွဲ့က မစ်ရှင်ရာချီပါဝင်တိုက်ခိုက်ခဲ့ရပြီး စစ်တပ်က တိုက်ပွဲအတွင်း ပြည်သူ ၇ ဦးကို သတ်ဖြတ်ခဲ့ကာ စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရရှိထားကြောင်း လွိုင်ကော်PDF က သတင်းထုတ်ပြန်သည်။", "ကရင်နီပြည်၊ ရှားတောမြိုနယ်အတွင်းတွင် နှစ်ပေါင်းများစ...
https://yktnews.com/2022/02/7219/
လေးကေ့ကော်၊ဖလူးဘက်တွင် ယနေ့တိုက်ပွဲ စစ်ကောင်စီဘက်မှ အထိနာ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ လေးကေ့ကော်မြို့သစ်တွင် ယနေ့ နံနက် ၈ နာရီမှစတင်ပြီး တိုက်ပွဲများပြန်လည်ဖြစ်ပွားပြီး ညနေ ၃ နာရီ ၂၀ မိနစ်တွင် စစ်တပ်က ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက်ပစ်ခတ်ကြောင်း KNU သတင်းရင်းမြစ်နှင့်ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ စစ်တပ်က လက်နက်ကြီးများဖြင့် လေ...
https://yktnews.com/2024/02/146138/
မင်းကင်းနှင့်ကနီမြို့အကြား အုမ္မကျေးရွာအနီးကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကျဲချ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်နှင့် ကနီမြို့နယ်အကြား အုမ္မကျေးရွာအနီးကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးများ ကျဲချသွားကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ သိရှိရသည်။", "ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ဝန်းကျင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခြ...
https://yktnews.com/2022/02/7251/
စစ်ကိုင်းတွင် ပျက်ကျသည့် စစ်လေယာဉ်ပိုင်းလော့ ဗိုလ်ကြီးဟိန်းထက်အောင်ကို ယနေ့ သဂြိုလ်ပြီးစီး၊ မင်္ဂလာဆောင်ပြီး ၄ ရက်အကြာတွင် သေဆုံးဟုဆို
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ၊ ရေမျက်ကြီးအင်းတွင် ယနေ့ နံနက် ၁၀ နာရီ ၄၃ မိနစ်အချိန် ပျက်ကျသွားသည် စစ်တိုက်လေယာဉ်မှူး ဗိုလ်ကြီးဟိန်းထက်အောင်ကို ယနေ့ ညနေ ၄ နာရီတွင် သဂြိုလ်ပြီးစီးပြီဖြစ်ကြောင်း သတင်းရင်းများထံမှ သိရှိရသည်။လေယာဉ်ပျက်ကျမှုကြောင့် အလောင်းကို အကောင်းအတိုင်း ပြန်မရဘဲ အသားစမျာ...
https://yktnews.com/2022/02/7086/
စစ်ကိုင်းတိုင်း ရေမျက်ကြီးအင်းတွင် စစ်တိုက်လေယာဉ်တစ်စင်း ပျက်ကျဟု ဒေသခံများပြော၊ သတင်းအတည်ပြုရန် ကြိုးစားနေ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရေမျက်ကြီးအင်းတွင် တိုက်လေယာဉ်တစ်စင်း ယနေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန် ပျက်ကျသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။“တိုက်လေယာဥ်တစ်စီး ရေမျက်ကြီးအင်းထဲ ပျက်ကျသွားတယ်။ ဒီမနက် ၁၁ နာရီလောက်က ပေါက်ကွဲသံ ၃ချက်ကြားလိုက်တယ် ပေါက်ကွဲသံလည်းက...
https://yktnews.com/2022/02/7115/
စစ်တိုက်လေယာဉ်ပျက်ကျသေဆုံးသူမှာ ဗိုလ်ကြီးဟိန်းထက်အောင်ဖြစ်ပြီး ပြည်သူကို သတ်ဖြတ်နေသော လေတပ်ပိုင်းလော့ စာရင်းတွင် နာမည်ပေါက်ပါဝင်၊ မင်္ဂလာဆောင်ပြီး လပိုင်းအကြာ သေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရေမျက်ကြီးအင်းတွင် ယနေ့ နံနက်ပိုင်း ပျက်ကျသွားသော စစ်တိုက်လေယာဉ်မှူးမှာ လေ-၃၅၈၆ ဗိုလ်ကြီးဟိန်းထက်အောင် ဗိုလ်သင်တန်းအပတ်စဉ် ၅၁ ဖြစ်ပြီး ၎င်းသည် Operation Spitfire က ထုတ်ပြန်ထားသည့် ပြည်သူကို သတ်ဖြတ်နေသော စာရင်းတွင် အမည်ပေါက်ပါဝင်သူဖြစ်သည်။ဗိုလ်ကြီးဟိန်းထက်အ...
https://yktnews.com/2024/02/146105/
ဆားလင်းကြီးမြိုနယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်တပ်သင်္ဘော ၁ စီးကို အကြိမ်ကြိမ် ပစ်ခတ် တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီး ၇ ဦးသေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြိုနယ်၊ ချင်းတွင်းမြစ်ကြောင်းတနေရာတွင် အကြမ်းဖက်စစ်ကောင်စီ ၏ ဖလက်ခွန်သင်္ဘောတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘောထိမှန်ခဲ့ပြီး သင်္ဘောပေါ်ပါ စစ်ဗိုလ် တစ်ဦး မေးရိုးထိမှန် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းRoyal Tiger Force– ပြောက်ကျားတပ်ဖွဲမှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခ...
https://yktnews.com/2024/02/146123/
ဆားလင်းကြီးမြို့တွင် စစ်သားများ လိုက်ပါလာသော ရေယာဉ် ၁ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦးသေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်သားများ လိုက်ပါလာသော ရေယာဉ် ၁ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦးသေဆုံးခဲ့ကြောင်း One Star Task Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အမြင့် ရ...
https://yktnews.com/2024/02/146096/
တန့်ဆည်တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့ တစ်နေ့လုံး လေကြောင်းတိုက်ခိုက်သဖြင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အဆောက်အအုံများ ထိခိုက်ပျက်စီး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့ တစ်နေ့လုံး လေကြောင်းတိုက်ခိုက်သဖြင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အဆောက်အအုံများ ထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိ...
https://yktnews.com/2022/02/7107/
စစ်ကိုင်း၊ ရေမျက်ကြီးအင်းမှ ပျက်ကျသွားသော A-5 စစ်တိုက်လေယာဉ်မှူး သေဆုံး၊ လေယာဉ်အပိုင်းအစများ ဆယ်ယူနေ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "စစ်ကိုင်း၊ ရေမျက်ကြီးအင်းတွင် ပျက်ကျသွားသော Nanchang A-5C Fantan စစ် တိုက်လေယာဉ်မှူး သေဆုံးသွားပြီး လေယာဉ်အပိုင်းအစများ ဆယ်ယူနေကြောင်း သက်ဆိုင်ရာ ကယ် ဆယ်ရေးဆောင်ရွက်သူများထံမှ သိရှိရသည်။စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရေမျက်ကြီးအင်းတွင် တိုက်လေယာဉ်တစ်စင်း ယနေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန...
https://yktnews.com/2022/02/7067/
ဦးချစ်ခိုင်ပိုင် Denko ဆီဆိုင်များမှ သိမ်းဆည်းရငွေ ငွေကျပ် ၇၂၄ သိန်းကို တော်လှန်ရေးအဖွဲ့များထံ ခွဲဝေဟုပြော
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "စစ်ကောင်စီကို စက်သုံးဆီနှင့်လေယာဉ်ဆီ ထောက်ပံ့သည်ဟု နာမည်ကျော်သူ ခရိုနီစီးပွားရေးသမား ဦးချစ်ခိုင်ပိုင် Denko ဆီဆိုင်များမှ သိမ်းဆည်းရမိငွေ ငွေကျပ် ၇၂၄ သိန်းကို တော်လှန်ရေးအဖွဲ့များထံသို့ ခွဲဝေလိုက်ကြောင်း သိရှိရသည်။“သိန်း ၇၂၄သိန်း ရရှိခဲ့ပြီး သိန်း ၆၅၀ကို တော်လှန်ရေးအင်အားစုအသီးသီးကို ပြန်လှ...
https://yktnews.com/2022/02/7139/
လေတပ်အရာရှိ ဗိုလ်မှူးတစ်ဦး မိသားစုနှင့်အတူ CDM ဝင်၊ ဟုမ္မလင်းတွင်လည်း ရဲတစ်ဦး လက်နက်ချအလင်းဝင်သဖြင့် ငွေကျပ် ၃၈ သိန်းချီးမြှင့်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "စစ်ကောင်စီလေတပ်မှ အရာရှိ ဗိုလ်မှူးတစ်ဦးသည် ဇနီး၊သား ၁ ဦးနှင့်အတူ ဒီမော့ဆို DMO PDF မှတစ်ဆင့် CDM ဝင်ရောက်လာကြောင်း NUG သတင်းရပ်ကွက်ထံမှ သိရှိရသည်။ အဆိုပါ CDM အရာရှိကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ထံ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း၊ တိုက်ခိုက်ရေးရဟတ်ယာဉ်မောင်းသူတစ်ဦးဖြစ်ပြီး နေပြည် တော်လေတပ်စခန...
https://yktnews.com/2024/02/146102/
တနင်္သာရီမြို့နယ်၊ ဇဝဲအခြေစိုက် ခလရ ၅၅၆ တပ်ရင်းအတွင်းသို့ တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံးကျဲ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအနီး အခြေစိုက်ထားသည့် စစ်တပ်၏ ခလရ ၅၅၆ တပ်ရင်း အတွင်းသို့ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံး မှုရှိနိုင်ကြာင်း ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့ -တနင်္သာရီမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။", "...
https://yktnews.com/2022/02/7092/
ရေဖြူတွင် စစ်ကောင်စီယာဉ် ၁ စီးကို ထားဝယ် PDF က ပစ်ခတ်တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး လက်နက် ၄ လက်ရရှိ၊ စစ်သား ၂ ဦးထွက် ပြေး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလယ်ကျေးရွာတွင် ငါးဖမ်းစက်လှေများထံမှ ဆက်ကြေးလိုက်လံ တောင်းခံနေသော စစ်ကောင်စီလက်အောက်ခံ စစ်သား ၆ ဦး (ပြည်သူ့စစ်) ကို ထားဝယ် PDF က ပစ်ခတ်တိုက်ခိုက်ရာ ၄ ဦးသေဆုံးပြီး လက်နက် ၄ လက်ရရှိကြောင်း ထားဝယ် PDFက ပြောသည်။ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ထားဝယ် PDF က စစ်ကောင်စီလ...
https://yktnews.com/2024/02/146126/
ပြည်မြို့နယ်၊ တလုပ်ပင်ကျေးရွာအုပ်စုတွင် ပေါ်တာဆွဲမှုများ မဖြစ်စေရန်ဟုဆိုကာ အုပ်ချုပ်ရေးမှူးနှင့်စစ်သားများက တစ်အိမ်လျှင် ငွေ ကျပ် သုံးသောင်း တောင်းခံ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်အရှေ့ဘက်၊ တလုပ်ပင်ကျေးရွာအုပ်စုတွင် စစ်တပ် ပေါ်တာဆွဲမှုများ မဖြစ်ပေါ်စေရန်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူး ရဲမြင့်နှင့်စစ်သားများက ကျေးရွာများမှ တစ်အိမ်ထောင်လျှင် ငွေကျပ် သုံးသောင်း ကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", ...
https://yktnews.com/2024/02/146129/
ပခုက္ကူမြို့တွင် လုံခြုံရေး ဂိတ်ဆောက်လုပ်ရန် တပ်စွဲထားသော စစ်တပ်နှင့် စစ်ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ – ပေါက်လမ်းပိုင်းတွင် ဂိတ်ဆောက်လုပ်ရန် ပြင်ဆင်နေသော စစ်တပ်နှင့် စစ်ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Pakokku People Defense Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက...
https://yktnews.com/2022/02/7270/
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေး ဟုသတ်မှတ်ခံထားရသူ ၅ ဦး အသတ်ခံရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေး ဟုသတ်မှတ်ခံထားရသူများ အသတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြိုနယ်၊ စံပြရပ်ကွက်၊စံပြ(၃)လမ်းနှင့် သံသုမာလမ်းထောင့်ရှိ အောင်နန်းသစ်လက်ဘက်ရည်ဆိုင်တွင...
https://yktnews.com/2024/02/146075/
နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#Kh...
https://yktnews.com/2024/02/146132/
ရခိုင်တိုက်ပွဲကြောင့် စစ်သင်္ဘောနစ်မြုပ်မှုတွင် သေဆုံးသွားသော စစ်ဆေးဆရာဝန် ဗိုလ်ကြီးအောင်ဖြိုးဦး နာရေးဖိတ်စာ ရာထူးတာဝန်မထည့်သည့်အပြင် အလောင်းပြန်မရသည်ကို သုဿာန်တွင် သဂြိုလ်ပြီးစီးဟု လိမ်ညာထည့်သွင်း
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "ရခိုင်တိုက်ပွဲများကြောင့် စစ်သင်္ဘောနစ်မြုပ်မှုတွင် သေဆုံးသွားသည့် စစ်တပ် စစ်ဆေးဆရာဝန် ဗိုလ်ကြီးအောင်ဖြိုးဦး၏ နာရေးဖိတ်စာတွင် ရာထူးတာဝန်မထည့်သည့်အပြင် အလောင်းပြန်မရသည်ကို သုဿာန်ပို့ဆောင်မီးသဂြိုလ်ပြီး သည်ဟု လိမ်ညာထည့်သွင်း၍ နာရေးတရားနာ ဖိတ်ကြား ကြောင်းသိရှိရသည်။", "စစ်ဆေးဆရာဝန် ဗိုလ်ကြီး အော...
https://yktnews.com/2024/02/146109/
စစ်တွေမြို့တွင် AA က ထိုးစစ်ဆင်လာနိုင်သဖြင့် စစ်ဘက်နှင့်အရပ်ဘက် ဝန်ထမ်းများ ဂယောက်ဂယက်ဖြစ်နေ၊ စစ်ကောင်စီက အသက်စွန့် ခုခံရန် တိုက်တွန်း
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် များမကြာမီAAက ထိုးစစ်ဆင်လာနိုင်သဖြင့် စစ်ဘက်နှင့်အရပ်ဘက်ဝန်ထမ်းများအကြား ဂယောက် ဂယက်ဖြစ်နေကြပြီး မိသားစုများကို ဘေးကင်းရာ နေရာသို့ ရွှေ့ပြောင်းရေးအတွက် အပူတပြင်း လုပ်ဆောင်နေကြကြောင်း ဝန်ထမ်းအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“AAက လာတိုက...
https://yktnews.com/2024/02/146063/
မြေပုံမြို့ပေါ်ရှိ စစ်တပ်နှင့်ရဲစခန်းများအားလုံးကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ရက္ခိုင့်တပ်တော်က ထိန်းချုပ်ထားသော မြို့ ၇ ခုရှိလာ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "ရခိုင်ပြည်နယ်၊ မြေပုံမြို့ပေါ်ရှိ စစ်တပ်နှင့်ရဲစခန်းများအားလုံးကို ရက္ခိုင့်တပ်တော်AAက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးAAက ထိန်းချုပ်ထားသော မြို့ပေါင်း ၇ မြို့ရှိလာကြောင်းAA၏ ထုတ်ပြန်ချက်အရ သိရှိရသည်။", "AA၏ ၃ လတာ စစ်ဆင်ရေးအတွင်း ရက္ခိုင်နှင့် ပလက်ဝဒေသရှိ ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ ...
https://yktnews.com/2024/02/146061/
စစ်ကောင်စီက လေယာဉ်၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆီဆိုင်စျေး၊ ပဆျာႏကလိုႏကျေးရွာ မီးလောင်ပျက်စီးပြီး ပြည်သူ ၂ ဦး သေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီက လေယာဉ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆီဆိုင်စျေး၊ ပဆျာႏကလိုႏကျေးရွာတို့ မီးလောင်ပျက်စီးပြီး ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်းPNLAသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့တွင် ဆီဆိုင်မြို့နယ်၊ မြို့...
https://yktnews.com/2024/02/146091/
ဆီဆိုင်မြို့နယ်တွင် ယမန်နေ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးထက်မနည်းသေဆုံး၊ မူးယစ် ဆေးဝါးများနှင့် ခဲယမ်းအချို့သိမ်းဆည်းရရှိ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်မြောက်ဘက်တွင် တိုက်ပွဲ ဖြစ်ပြီး စစ်သား၊ ပြည်သူ့စစ် ၂ ဦးထက်မနည်းသေဆုံးကာ မူးယစ်ဆေးဝါးနှင့်ခဲယမ်းအချို့ သိမ်းဆည်း ရရှိခဲ့ကြောင်းPNLAက ပြောဆိုသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက် နေ့အချိန် အကြမ်းဖက်စစ်သား၊ လက်အောက်ခံအပေါ...
https://yktnews.com/2022/02/7258/
တောင်ကြီးဆေးတက္ကသိုလ်မှ ဆေးကျောင်းသားကို မိသားစုနှင့်အတူ ဖမ်းဆီးခံရ၊ နေပြည်တော်၊ နွားထိုးကြီးနှင့်ရေတာရှည်တို့တွင် ပြည်သူ ၅၈ ဦး အဖမ်းခံရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ဆေးတက္ကသိုလ်(တောင်ကြီး)မှ ဒုတိယနှစ် ကျောင်းသား ”ကိုကောင်းချမ်းမြေ့သျှန် ” ကို မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နေအိမ်တွင် မိသားစုနှင့်အတူ ဖေဖော်ဝါရီ ၁၄ရက်နေ့ ညနေပိုင်း အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးသွားကြောင်း သိရသည်။၎င်းနှင့်အတူ မိဘနှစ်ဦးနှင့် အဒေါ်ဖြစ်သ...
https://yktnews.com/2024/02/146135/
စစ်ကောင်စီကို တိုက်ခိုက်မည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) အဖွဲ ၏ကြေညာချက်ကို NUG ကြိုဆိုပြီး ကျန်ရှိနေသော တိုင်းရင်းသား အင်အားစုများကိုပါ တော်လှန်ရေးတွင် ပါဝင်ရန် ဖိတ်ခေါ်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "အကြမ်းဖက် စစ်ကောင်စီကို တိုက်ခိုက်မည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) အဖွဲ ၏ကြေညာချက်ကို ကြိုဆိုပြီး ကျန်ရှိနေသော တိုင်းရင်းသား အင်အားစုများကို ဖိတ်ခေါ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ကမ်းလှမ်းလိုက်သည်။", "အာဏာသိမ်း စစ်တပ်၏ အကြမ်းဖက်မှု ကို က...
https://yktnews.com/2024/02/146084/
စစ်ကောင်စီက စစ်မှုမထမ်းမနေရ ကြေညာပြီးနောက် နိုင်ငံတစ်ဝန်း ‌ပေါ်တာဆွဲ ဖမ်းဆီးခံရသည့် လူငယ် ၃၀၂ ဦးရှိလာ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုမထမ်းမနေရ ကြေညာပြီးနောက် နိုင်ငံတစ်ဝန်း ဖမ်းဆီးခံရသည့် လူငယ် ၃၀၂ ဦးရှိလာကြောင်း၊ အဆိုပါ လူငယ်များကို တပ်သားသစ် စုဆောင်းမှုအဖြစ် ခေါ်ယူသွားခြင်းဖြစ်ပြီး အခြားတိုင်းနှင့်ပြည်နယ်များတွင်လည်း ပေါ်တာဆွဲခံရမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိကြော...
https://yktnews.com/2024/02/146112/
ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသူ မနိုဘယ်အေးကို စစ်တပ်က သတ်ဖြတ်လိုက်ပြီဟု သတင်း ထွက်ပေါ်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသူ မနိုဘယ်အေး(ခ) မနှင်းမေအောင်ကို စစ်ကြောရေးတွင် စစ်တပ်က သတ်ဖြတ်လိုက်ပြီ ဟု သတင်းများထွက်ပေါ်နေကြောင်း မနိုဘယ်အေး၏ မိတ်ဆွေတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇန်နဝါရီလ ၂၉ ရက်နေ့ ပဲခူးမြို့အဝင်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ...
https://yktnews.com/2022/02/7362/
အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ဆေးကုသခွင့်မရ၊ ကြည့်မြင်တိုင်မှ စစ်ကားဖြင့်တိုက်ဖမ်းခံရသော ဆန္ဒပြသူတစ်ဦး အာရုံကြောမျှင်ပျက်စီးပြီး ဝေဒနာခံစားနေရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသော နိုင်ငံရေး အကျဉ်းသားများ အပါ အဝင် အကျဉ်းသားများသည် ဆေးကုသခွင့်မရဘဲ ကြည့်မြင်တိုင်ပန်းပင်ကြီးလမ်းတွင် စစ်ကားဖြင့် တိုက်ဖမ်းခံရသူတစ်ဦးသည် အာရုံကြောမျှင်များ ပျက် စီးကာ ဆေးကုသခွင့် လိုအပ်နေကြောင်း အကျဉ်းထောင် အတွင်းမှ နိုင်ငံရေး အကျဉ်သား တစ်ဦး ပေးပို့သည့် စာအ...
https://yktnews.com/2022/02/7110/
“လွတ်မြောက်ဖို့အတွက် တို့တွဲလက် (United Hands for Our Freedom)” ရန်ပုံငွေရှာဖွေရေး ကံစမ်းမဲအစီအစဉ် ဖွင့်ပွဲအခမ်းအနား ပြုလုပ်မည်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "“လွတ်မြောက်ဖို့အတွက် တို့တွဲလက် (United Hands for Our Freedom)” ရန်ပုံငွေရှာဖွေရေး ကံစမ်းမဲအစီအစဉ် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်၊ တနင်္ဂနွေနေ့၊ မြန်မာစံတော်ချိန် ည ၈:၃၀ တိတိတွင် D-Day Channel, Mizzima, Khit Thit Media, PVTV နှင့် အခြားမိီဒီယာ၊ Facebook စာမျက်နှာများမှ...
https://yktnews.com/2022/02/7142/
မွန်ပြည်ကာကွယ်ရေးတပ် ၇၅ နှစ်မြောက် မွန်အမျိုးသားနေ့ကို တော်လှန်ရေး နယ်မြေတွင် ကျင်းပပြုလုပ်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ယနေ့ ကျရောက်သော (၇၅) ကြိမ်မြောက် မွန်အမျိုးသားနေ့ စိန်ရတု အထိမ်း အမှတ် အခမ်းအနားကို မွန်ပြည် ကာကွယ်ရေးတပ် – MSDF (မြောက်ပိုင်းဒေသ ဦးစီးကော်မတီ)က တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနှင့် ပူ းပေါင်းပြီး တော်လှန်ရေး နယ်မြေတွင် ကျင်းပပြုလုပ်သည်။"]
https://yktnews.com/2022/02/7224/
ရန်ကုန်တွင် ဗကသ ကျောင်းသားများ ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး အိုးဝေစာစောင်များ လိုက်လံ ဖြန့်ဝေ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ရန်ကုန်တွင် မဂ်လာဒုံမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ဗကသများအဖွဲ့ချုပ်နှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ရတကသ) မှစီစဉ်ထုတ်ဝေသည့် အိုးဝေ စာစောင်များအား ပြည်သူများထံ လိုက်လံ ဖြန့်ဝေခဲ့ကြောင်း သိရသည...
https://yktnews.com/2022/02/7370/
ကိုးကန့်တိုင်းရင်းသားခေါင်းဆောင် ဦးဖုန်ကြားရှင် ကွယ်လွန်မှု မင်းအောင်လှိုင် ဝမ်းနည်းကြောင်း သဝဏ်လွှာပို့
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "ကိုးကန့် တိုင်းရင်းသားခေါင်းဆောင်လည်းဖြစ်၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် MNDAA တည်ထောင်သူ ဦးဖုန်ကြားရှင် ကွယ်လွန်သွားမှုကို ဝမ်းနည်းကြောင်း အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ကြောင်း ကိုးကန့်သတင်းဌာနက သတင်းထုတ်ပြန်သည်။ကိုးကန့်တိုင်းရင်းသားခေါင်းဆောင် ...
https://yktnews.com/2025/02/204262/
ကုလသမဂ္ဂ လွှတ်တော်ဆိုင်ရာ ကြားနာပွဲသို့ မြန်မာ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်၊ CRPH ကို တရားဝင် မိတ်ဖက် နှင့် ဆွေးနွေးဖက်အဖြစ် နိုင်ငံတကာက အသိအမှတ်ပြု
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသည့် လွှတ်တော်ဆိုင်ရာ ကြားနာပွဲသို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်သည်။", "ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ “ရေရှည်တ...