url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/01/81864/
ကျိုက်ထိုတွင် ကြံ့ဖွတ်ပါတီ စည်းရုံးရေးမှူး အောင်ထွေးခိုင် ပစ်ခတ် ခံရပြီး သေဆုံး၊ ကျောက်ဆည်တွင် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက်နေသူ ပစ်ခတ်ခံရပြီး သေဆုံး
["ကျိုက်ထိုတွင် ကြံ့ဖွတ်ပါတီ စည်းရုံးရေးမှူး အောင်ထွေးခိုင် ပစ်ခတ် ခံရပြီး သေဆုံး၊ ကျောက်ဆည်တွင် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက်နေသူ ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁၉", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကြံ့ဖွတ်ပါတီ စည်းရုံးရေးမှူး အောင်ထွေး ခိုင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း kyaikhto information team မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကြံ့ဖွတ်ပါတီ စည်းရုံးရေးမှူး အောင်ထွေးခိုင်သည် မရမ်းချောင်ရွာရှိ ၎င်းပိုင်ဆိုင်သော ပျဥ်းကတိုးကုန်း အပိုင် ခြံထဲ၌ ရှိနေစဥ် အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် သေဆုံး သွားကြောင်း သိရသည်။", "သေဆုံးသွားသော အောင်ထွေးခိုင်သည် မရမ်းချောင်ကျေးရွာ ကြံ့ဖွတ်ပါတီ အမာခံဒေါက်တိုင်ဖြစ်ကြောင်း၊ မရမ်းချောင်ကျေးရွာ မီးကော်မတီတွင်ပါဝင်ပြီး မီတာဖတ်သူဖြစ်ကာ မီတာဖတ်သည့်အခါ ကျသင့်သည့် ယူနစ်ထက် ပိုဖတ် ကြောင်း၊ အောင်ထွေးခိုင်၏ သား ၂ ဦးသည် EPC ရုံးတွင် နေ့စားဝန်ထမ်း လုပ်ကိုင်နေသူများ ဖြစ်ကြောင်း သိရသည်။", "” အခုလို ပစ်သတ်ခံရတာ ကြံ့ဖွတ်ဒေါက်တိုင် ဒလံလုပ်နေလို့လား။ လျှပ်စစ်မီး မီတာ ကြောင့်လား မသိရသေးဘူး။ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ် ဆို တာတော့ မသိရသေးဘူး” ဟု kyaikhto information team မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အလားတူ မန္တလေးတိုင်း၊ ကျောက်ဆည်မြိုနယ်၊ အရှေ့သာစည်လေးကျေးရွာမှ စစ်ကောင်စီ သတင်းပေးဟု စွပ်စွဲခံရသူလည်းဖြစ်၊ စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက်ယူ နေသူ ထွန်းဦး ပစ်ခတ်ခံ ရပြီး သေဆုံးသွားကြောင်း People Revolution Force Kyaukse က သတင်း ထုတ်ပြန်သည်။", "ဇန်နဝါရီ ၁၈ ရက်နေ့ ည ၈ နာရီခန့်အချိန် People Revolution Force Kyaukse က ထွန်းဦးကို နေအိမ်မှ ထွက်လာစဉ် ဦးခေါင်းနှင့်ရင်ဘတ်ကို ပစ်ခတ်ရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဦးထွန်းဦးသည် စစ်ကောင်စီ သတင်းပေးလုပ်နေပြီး ပြည်သူလူထုကို ဒုက္ခ အမျိုး မျိုး ပေးနေသူ ဖြစ်သည့်အပြင် လက်ရှိ စစ်ကောင်စီ၏ ရွေးကောက်ပွဲ အတွက် အစည်းအဝေး တက်ခြင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်းများကို ဦး ဆောင်ပြုလုပ်နေသူဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ကြံ့ဖွတ်ပါတီ စည်းရုံးရေးမှူး အောင်ထွေးခိုင် ပစ်ခတ်ခံရပြီး သေဆုံး နေစဉ်။"]
https://yktnews.com/2023/07/113535/
ကျိုက်ထိုတွင် ခမရ-၂၀၇ တပ်ရင်းက ထောင်ထားသည့် မိုင်းနင်းမိပြီး ကလေးငယ် ၁ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဘုန်းကြီး ကျောင်းနှင့် နေအိမ်များ ပျက်စီး
["ကျိုက်ထိုတွင် ခမရ-၂၀၇ တပ်ရင်းက ထောင်ထားသည့် မိုင်းနင်းမိပြီး ကလေးငယ် ၁ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဘုန်းကြီး ကျောင်းနှင့် နေအိမ်များ ပျက်စီး", "ရန်ကုန်၊ ဇူလိုင် ၁၇", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၂၀၇ တပ်ရင်းက ထောင်ထားသည့် မိုင်းနင်းမိပြီး ကလေးငယ် ၁ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို ထံမှ သိရသည်။", "ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ တပ်မ-၄၄ လက်အောက်ခံ ခမရ-၂၀၇ တပ်ရင်းက ထောင်ထားသော မြေမြှုပ် မိုင်းနင်းမိပြီး ကျိုက်ထိုမြို့နယ်၊ ဝါးဒတ်ကွင်းကျေးရွာ မီးလောင်ပွက်သစ် ဒေသအခေါ်ဝေါ်တွင် နေထိုင်သည့် အသက် ၁၃ နှစ် အရွယ်ရှိ မောင်အေးချမ်း သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မုပ္ပလင် လမ်းဆုံ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ တပ်မ-၄၄ လက်အောက်ခံ တပ်ရင်း စစ်ဆေးရေးဂိတ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် မုပ္ပလင်ရွာအနီး အေးဘုရား ဘုန်းကြီးကျောင်း ဝန်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ကာ ဘုန်းကြီးကျောင်း အဆောက်အဦး ၂ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်းရှိ အသက် ၆၁ နှစ်အရွယ် မယ်သီလရှင် (ဘွဲ့အမည်-မစာရီ) ၏ လက်မောင်းကို လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရကာ ညောင်ခါးရှည် ဆေးရုံတွင် ဆေးကုသလျက်ရှိကြောင်း သိရှိရသည်။", "ထို့ပြင် ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်ကလည်း အကြမ်းဖက် စစ်တပ်၏ တပ်မ ၄၄ က ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးနယ်ရှိ ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ငှက်ပျောတောကျေးရွာမှ နော်ထိုက် နေအိမ်ရှေ့တွင် လက်နက်ကြီး ၁ လုံး ကျရောက် ပေါက်ကွဲပြီး နေအိမ် အဆောက်အဦး အချို့၊ အိမ်စီးကား ၁ စီးတို့ လက်နက်ကြီးကျည်စထိမှန် ပျက်စီးခဲ့​ကာ ရွာအနီးတွင် လက်နက်ကြီး ၆ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် လက်နက်ကြီး ၁ လုံး ထပ်မံ ပစ်ခတ်ခဲ့ပြီး ငှက်ပျောတောရွာနေ စောရွှေအေး အိမ်ခေါင်မိုးမှ ကြမ်းပြင်ထိ ဖောက်ထွင်းကာ မပေါက်ကွဲဘဲ ကျန်ရှိနေကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က ကျိုက်ထိုမြို့နယ်တွင် စစ်ဆေးရေးဂိတ်များတိုးပြီး တပ်စွဲလာကာ ပြည်သူများကို မတရား ငွေကြေးကောက်ခံ ခြင်း၊ ကုန်ပစ္စည်းများ အကန့်အသတ်ဖြင့် သယ်ယူခွင့်ပြုခြင်း၊ ငွေညစ်ခြင်းများကြောင့် ဒေသခံများ အနေဖြင့် ကုန်စည် စီးဆင်း နှောင့်နှေးကြန့်ကြာမှုများ ရှိနေကာ စားဝတ်နေရေးပိုမိုခက်ခဲလာကြောင်း ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/11/191022/
ကျိုက်ထိုတွင် စစ်ကြောင်းထိုးလာသော စစ်တပ်က ပြန်လည် ဆုတ်ခွာသွားချိန် လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးသုံးစွဲထားသော ဆေးထိုးအပ်များတွေ့ရှိရဟုဆို
["ကျိုက်ထိုတွင် စစ်ကြောင်းထိုးလာသော စစ်တပ်က ပြန်လည် ဆုတ်ခွာသွားချိန် လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးသုံးစွဲထားသော ဆေးထိုးအပ်များတွေ့ရှိရဟုဆို", "ရန်ကုန်၊ နိုဝင်ဘာ ၆", "မွန်ပြည်နယ်၊ ကျိုက်ထိုတွင် စစ်ကြောင်းထိုးလာသော စစ်တပ်က ပြန်လည် ဆုတ်ခွာသွားချိန် လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးသုံးစွဲထားသော ဆေးထိုးအပ်များတွေ့ရှိရကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၊ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ – ရဲဘော်ကိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းမှစတင်၍ KNUထိန်းချုပ်နယ်မြေ ကျိုက်ထိုမြိုနယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော တပ်မ ၇၇၊ တပ်မ ၄၄ ဦးဆောင်သော အင်အား၂၀၀ကျော်ခန့် စစ်ကြောင်းက မုပ္ပလင်၊သိမ်ဇရပ်လမ်းပိုင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ၊ ထိုသို့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် စစ်တပ်က ပစ်ခတ်ခဲ့သော ၂၀၂၃၊ ၂၀၂၄ထုတ် ကပစ ၅ ဒသမ ၅၆ကျည်ဖာခွံတစ်ခုနှင့်ကျည်ခွံများ၊ RPGအခွံတစ်ခု၊ မပေါက်ကွဲသေးသော ၄၀မမ လက်နက်ကြီး ၁ လုံး၊ စစ်ပြောက်ကျား ဖိနပ်တစ်ရံ၊ ၁၂၀ မမ လက်နက်ကြီးကျည်အစတစ်ခုနှင့် ဆေးကုသထားသော ဆေးထိုးအပ်၊ဂွမ်းတို့ကို တွေ့ရှိခဲ့ရကြောင်း၊ စစ်တပ်က ပစ်ခတ်သော ၁၂၀မမ လက်နက်ကြီးကြောင့် ဘုန်းကြီးကျောင်း ဇရပ်တစ်ခုအနည်းငယ်ပျက်စီး၍ ပြည်သူနေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။", "“ဆေးထိုးအပ်နဲ့ဂွမ်းက သွေးစတွေ မရှိတော့ မူးယစ်ဆေးဝါး သုံးတာ ဖြစ်နိုင်တယ်” ဟု ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၊ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ – ရဲဘော်ကိန်းက ပြောဆိုသည်။", "ထို့နောက် နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းမှ စ၍ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၊ ကျေးနယ်ကာကွယ်ရေးတပ်ဖွဲ့နှင့် တော်လှန်ရေးအင် အားစုများက တိုက်ပွဲဖြစ်ပွားရာနေရာများ၊ စကစလက်နက်ကြီးကျ၍ ပျက်စီးသွားသောနေရာများအား နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/121538/
ကျိုက်ထိုတွင် စစ်တပ်က ထောင်ထားသော မြေမြှုပ်မိုင်း နင်းမိပြီး ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရ၊ ကန့်ဘလူတွင် မြွေကိုက်ခံရပြီး စစ်ဘေးရှောင် ပြည်သူ ၁ ဦး ထပ်မံ သေဆုံး
["ကျိုက်ထိုတွင် စစ်တပ်က ထောင်ထားသော မြေမြှုပ်မိုင်း နင်းမိပြီး ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရ၊ ကန့်ဘလူတွင် မြွေကိုက်ခံရပြီး စစ်ဘေးရှောင် ပြည်သူ ၁ ဦး ထပ်မံ သေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၈", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသော မြေမြှုပ်မိုင်း နင်းမိပြီး ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုထံမှ သိရသည်။", "သြဂုတ်လ ၂၉ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ကျိုက်ထို အခြေစိုက် တပ်မ -၄၄ လက်အောက်ခံ ခလရ-၈ တပ်စခန်းမှ ထောင်ထားသော မြေမြှုပ်မိုင်း နင်းမိပြီး အသက် ၄၃ နှစ်အရွယ် ဦးအောင်ထန်း မိုင်းနင်းမိသည့်နေရာတွင် ခြေနှစ်ဖက်စလုံး ထိခိုက်ကာ အပြင်း အထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။", "ထိခိုက်ဒဏ်ရာရရှိခဲ့သော ဦးအောင်ထန်းသည် ဒိုက်ဦးမြို့နယ်၊ ခက်တိုင်းရွာသား တစ်ဦးဖြစ်ပြီး စားဝတ်နေရေးအခက်အခဲကြောင့် ကျိုက်ထိုမြို့နယ်အတွင်း အငှားလုပ်သားအဖြစ် (ကျပန်း) အလုပ် လာရောက်လုပ်ကိုင်နေခြင်းဖြစ်ပြီး လက်ရှိချိန်တွင် သထုံဆေးရုံကို အရေးပေါ်ပို့ဆောင်ထားရကြောင်း သိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် မြွေကိုက်ခံရပြီး စစ်ဘေးရှောင် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။", "စက်တင်ဘာလ ၄ ရက်နေ့တွင် ကိုးတောင်ဘို့တိုက်နယ်၊အလယ်ခုံရွာမှ အသက် ၂၅ နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသား ၁ ဦးမြွေဆိုး ကိုက်ခံရပြီး မြန်မာနိုင်ငံထုတ် BPI မြွေဆိပ်ဖြေဆေး ၇ လုံး အချိန်မှီ ထိုးနိုင်ခဲ့သောကြောင့် အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း သိရှိရသည်။", "ယင်းနေ့တွင် ထန်းကုန်းတိုက်နယ်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် စစ်ဘေးရှောင်နေသည့် အင်းလယ်ကြီးရွာမှ အသက် ၃၈ နှစ်အရွယ် မမာရီသည် ည ၉ နာရီခန့်တွင် ထွက်ပြေးတိမ်းရှောင်ရင်း မြွေဆိုးကိုက်ခံခဲ့ရကြောင်း၊ မြွေဆိုးကိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် ပစ်ခတ် စစ်ကြောင်းထိုးနေခြင်းကြောင့် အချိန်မီ ဆေးကုသခွင့် မရရှိဘဲ ထွက်ပြေး တိမ်းရှောင်စဥ် သေဆုံးခဲ့ကြောင်းသိရသည်။"]
https://yktnews.com/2024/01/141222/
ကျိုက်ထိုတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် ပြည်သူများ၏ နေအိမ်များ ထိခိုက်ပျက်စီး
["ကျိုက်ထိုတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် ပြည်သူများ၏ နေအိမ်များ ထိခိုက်ပျက်စီး", "ရန်ကုန်၊ ဇန်နဝါရီ ၂၁", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူများ၏နေအိမ်များ ထိခိုက်ပျက်စီးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဇန်နဝါရီ ၁၉ ရက်နေ့ ည ၁၀ နာရီအချိန် ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ အုန်းတောဘုန်းကြီးကျောင်းဘေးရှိ နွာစိုးနိုင် ပဲရုံဖွင့်ရန် မြေဖို့ထားသော နေရာတွင် စစ်တပ်က အမြောက်ချ၍ ၁၂၀ မမ လက်နက်ကြီး ၅ လုံးပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ လက်နက်ကြီးကျည်သည် တစ်ဖက်ကမ်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာ၊ ထင်းတဲအပိုင်း အနီးဝန်းကျင်တွင် ဗုံး ၂ လုံး၊ စစ်ကွင်းကျေးရွာအနီး (ထန်းတော ဝန်းကျင်)ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။", "“ခရွဲကျေးရွာအနီး ထင်းတဲအပိုင်း ရှိ မအိစနေ အိမ်ပေါ်ကို လက်နက်ကြီးကျည်ကျတယ်။ မပေါက်ကွဲခဲ့ဘူး။ ခေါင်မိုးတော့ပေါက်သွားတယ်။ အိမ်ရှင်တွေတော့ မနေရဲကြတော့ဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အလားတူ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် စစ်ကောင်စီတပ်က တပ်စွဲ၍ အထက်ကွေ့ကြီး နှင့် လက်ပံရွာမှတစ်ဆင့် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ကိုဇော်ငြိမ်းဦး အိမ်သို့ ထိမှန်ခဲ့ပျက်စီးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/127800/
ကျိုက်ထိုတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာ ရ ၊ အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ စစ်တပ်က ပစ်ခတ်နေ
["ကျိုက်ထိုတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာ ရ ၊ အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ စစ်တပ်က ပစ်ခတ်နေ", "ရန်ကုန်၊ အောက်တိုဘာ ၂၄", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အသက် ၂၇ နှစ်အရွယ် အမျိုးသမီး တစ်ဦးဒဏ်ရာရရှိကြောင်း KNU ကရင်အမျိုးသားအစည်းအရုံးက တရားဝင် သတင်းထုတ်ပြန်သည်။", "အောက်တိုဘာလ ၁၉ ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနစ်အချိန် KNU−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူ(သထုံ)ခရိုင် တပ်မဟာ (၁)၊ ကျိုက်ထိုမြို့နယ်၊ လက်ပံပင်ရွာတွင်တပ်စွဲထားသော ကျိုက်ထိုမြို့နယ်အခြေစိုက် တပ်မ-၄၄ လက်အောက်ခံ အမှတ် ၂ ခြေလျင်တပ်ရင်းစခန်းက ပျဥ်းကတိုးကုန်းကျေးနယ်၊ မဲရုံးလေးကျေးရွာအတွင်းသို့ လက်နက်ကြီး ၂လုံး ပစ်ခတ်ခဲ့ကြောင်း၊ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်သည် မဲရုံးလေးရွာနေ တီးစောခူး၏ နေအိမ်ခြံဝန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်ထဲ တွင်ထိုင်နေသော အသက် ၂၇ နှစ်အရွယ် ရှိ သမီးဖြစ်သူ၏ ဘယ်ဖက် ချိုင်းအောက်သို့ လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "“စစ်တပ်ကတော့ရွာထိပ်မှာပဲ တပ်စွဲထားတယ်။ လက်ပံပင် သင်္ချိုင်းမှာ အရင်ကလည်း လက်နက်ကြီး ရမ်းပစ်တာတွေရှိတယ် ။ မတ်လ ၂၆ ရက်နေ့က ရွာနားကိုလက်နက်ကြီးကျပြီး အလုပ်သမား ၃ ဦး သေဆုံးမှုရှိခဲ့ပြီးတော့ နောက်ထပ်ဒဏ်ရာရခဲ့တဲ့သူတွေလည်း ရှိခဲ့တယ်။ စစ်ကောင်စီက ရွာထဲကို လက်နက်ကြီးပစ်ထည့်ပြီး လူထုကို ကြောက်အောင် လုပ်နေတာက အရမ်းအောက်တန်း ကျတဲ့ လုပ်ရပ်ဖြစ်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "KNU-ကျိုက်ထိုမြို့နယ် အုပ်ချုပ်မှုနယ်မြေတွင် တပ်စွဲထားသော ကျိုက်ထိုအခြေစိုက် တပ်မ-၄၄ လက်အောက်ခံတပ်များဖြစ်သည့် အမြောက်တပ်-၃၁၀ ၊ အမြောက်တပ် ၆၀၂ ၊ ခြေလျင်တပ်ရင်း -၂၊ ခြေမြန်တပ်ရင်း -၂၀၇ တပ်ရင်းများ၊ ရဲစခန်းများက အရပ်သားပြည်သူများနေထိုင်သော ကျေးရွာများထဲသို့ လက်နက်ကြီး ပစ်ခတ်မှုများစွာ ရှိနေပြီး အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု၊ ကျောင်း၊ဆေးရုံ၊ ဘာသာရေးအဆောက်အဦး၊ လူနေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးမှုများစွာ ရှိနေကြောင်း KNU က တရားဝင် ထုတ်ပြန်ပြောဆိုသည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ အမြောက်တပ်၏ လက်နက် ကြီးပစ်ခတ်မှု မြင်ကွင်း။(ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/03/90914/
ကျိုက်ထိုတွင် စစ်တပ်ဘက်တော်သား ကျွဲကောခြံပိုင်ရှင် စိုးသန်းနှင့် အလုပ်သမား စိုးလင်းဦးတို့ စစ်တပ် ထောင် ထားသော မိုင်းမိ၍ သေဆုံး
["ကျိုက်ထိုတွင် စစ်တပ်ဘက်တော်သား ကျွဲကောခြံပိုင်ရှင် စိုးသန်းနှင့် အလုပ်သမား စိုးလင်းဦးတို့ စစ်တပ် ထောင် ထားသော မိုင်းမိ၍ သေဆုံး", "ရန်ကုန်၊ မတ် ၅", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးရှိ ခိုင်ရွှေစိမ်းကျွဲကောခြံအတွင်း စစ်တပ်ကို ခိုလှုံခွင့် ပေးထားသည့် ခြံပိုင်ရှင် တရုတ်စိုးသန်းနှင့်အလုပ်သမားတို့သည် စစ်တပ်က ထောင်ထားသော မိုင်းမိကာ သေဆုံးသွားကြောင်း Kyaikhto Information Team မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ မတ်လ ၄ ရက်နေ့ ညပိုင်း ခိုင်ရွှေစိမ်းကျွဲကောခြံပိုင်ရှင် အသက် ၇၂ နှစ်အရွယ် တရုတ်စိုးသန်း နှင့် ခြံအလုပ်သမား စိုးလင်းဦးတို့သည် ခြံအနီးတဝိုက်တွင် စစ်တပ်ထောင်ထားခဲ့သော မိုင်းများကို နင်းမိပြီး ရုပ်ပျက်ဆင်းပျက် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။", "“သေတာကတော့ ညကတည်းက သေတာဖြစ်လိမ့်မယ်၊ ကျနော်တို့လည်း သူတို့လော်ဘီတွေကနေ PDF တွေထေင်ထားတဲ့မိုင်းမိသေတယ်ဆိုပြီး တင်မှသိရတာ၊ တကယ်စုံစမ်းကြည့်လိုက်တော့ စစ်တပ်က PDF တွေရန်ကြောက်ပြီး လမ်းကြောင်းတွေမှာ မြေမြှုပ်မိုင်းတွေထောင်ထားကို မဖြူတ်ဘဲထားခဲ့ရာက မိုင်းမိသေ တာလို့ နီးစပ်တဲ့အသိုင်းအဝိုင်းထံက သိရတာ” ဟု Kyaikhto Information Team မှတာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မိုင်းထိ၍ သေဆုံးသူ ခိုင်ရွှေစိမ်းကျွဲကောခြံပိုင်ရှင် တရုတ်စိုးသန်းသည် ၎င်းပိုင်ခြံအတွင်းတွင် အကြမ်း ဖက်စစ်သားများကို လက်ခံကာ အစားအသောက်များဖြင့် ကျွေးမွေးဧည့်ခံလေ့ရှိကြောင်း၊ အကြမ်းဖက် စစ်သားများကလည်း ၎င်း၏ ခြံအတွင်းဝင်လိုက်၊ ထွက်လိုက်နှင့် သောက်စားပျော်ပါးလေ့ရှိကြောင်း၊ ထိုသို့လာရောက်စားသောက်ပါးသည့်အခါတိုင်း တိုက်ခိုက်မည်ကြောက်ရွံ့ သဖြင့် မြေမြှုပ်မိုင်းထောင်ထားလေ့ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/08/119604/
ကျိုက်ထိုတွင် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့် BGF ဗိုလ်ဝင်းစိုးနှင့် ဇနီးဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံး၊ သေနတ် ၂ လက်သိမ်းဆည်းရရှိ
["ကျိုက်ထိုတွင် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့် BGF ဗိုလ်ဝင်းစိုးနှင့် ဇနီးဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံး၊ သေနတ် ၂ လက်သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဩဂုတ် ၂၄", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တွင် စစ်တပ်လက်အောက်ခံ ကရင်နယ်ခြား စောင့် BGF တပ်မှ ဗိုလ်ဝင်းစိုးနှင့် ဇနီးတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေ ဆုံးသွား ပြီး သေနတ် ၂ လက်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ထံမှ သိရသည်။", "ယနေ့ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၇ နာရီခွဲခန့်အချိန် အကြမ်းဖက် စစ် ကောင်စီ လက်အောက်ခံ နယ်ခြားစောင့် BGF တပ်မှ ဗိုလ် ဝင်းစိုးနှင့်ဇနီးတို့ စီးလာ သော အဖြူရောင် Mark 2 ယာဉ်ကို ကော့ထင်းကျေး ရွာနှင့် ဘိုရားကြီး ကျေးရွာ အကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ် တိုက် ခိုက် ခဲ့ကြောင်း၊ ကားမှာ လမ်းဘေးထိုးကျပြီး ယာဉ်ပေါ် ၂ ဦးစလုံး နေရာ မှာ ပင် ပွဲချင်းပြီးသေဆုံးသွား ကြောင်း၊ ၎င်းတို့ထံမှ သေနတ် ၂ လက်၊ ဖုန်း၊ BGF တပ်ဖွဲ့ဝင်စိစစ်ရေးကတ်၊ မှတ်ပုံတင်နှင့် ယာဉ်မောင်း လိုင်စင်တို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF နှင့် ဝေါပကဖ တို့ ပူးပေါင်းကာ တိုက် ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "သေဆုံးသူ BGF တပ်မှ ဗိုလ်ဝင်းစိုးသည် ကျိုက်ထိုမြို့နယ်တွင် ကိုယ်တိုင် လောင်း ကစားဝိုင်းများပြုလုပ် ကာ ၎င်းပြုလုပ်သော လောင်းကစားဝိုင်းများကို အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲများကို သတင်း ပြန်ပေးကာ ဖမ်းဆီးခိုင်း ခြင်း၊ ကျိုက်ထိုမြို့၊တောင်ပိုင်းရပ်ကွက်ရှိ အသုဘနေအိမ်တွင် လူငယ်တစ် ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း၊ တရားမဝင် ကားမှောင်ခိုလုပ်ငန်း လုပ် ကိုင်ခြင်း၊ အကြမ်းဖက် စစ်တပ် လက်အောက်ခံ မြို့နယ် လယ်ယာ မြေစီ မံခန့်ခွဲ ရေးကော်မတီနှင့်ပူးပေါင်းကာ သောင်နုမြေ ဧက ၃၀၀ ကို မတရား သိမ်း ယူခြင်း၊ ရွာသူ၊ ရွာသားများထံမှ လယ်ယာမြေများအား ခြိမ်းခြောက်ကာ ဈေးနှိမ် ဝယ်ယူ ခြင်း၊ ကျေးရွာများတွင် လျှပ်စစ်မီးဖြတ် တောက်ခြင်း၊ အကြမ်း ဖက် စစ်တပ်အတွက် မီတာခများကောက်ခံ ပေးခြင်း၊ ပြည်သူလူထုအပေါ် လက် နက်အားကိုးဖြင့် ဖမ်းဆီးရိုက်နှက်နှိပ်စက်ခြင်း၊ နိုင်ငံရေးတက်ကြွ လှုပ်ရှား သူများကို ထောက်လှမ်းကာ သတင်းပေးဖမ်းဆီးခိုင်းခြင်းများ လုပ် ဆောင်ခဲ့ သူဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/05/103663/
ကျိုက်ထိုတွင် တပ်မ ၄၄ ဌာနချုပ်ကို သွားရောက်နိုင်သည့် အဓိကကျသည့် မြို့ပတ် လမ်းများကို စစ်တပ်က ဘက်ဟိုးဖြင့် ထပ်မံ ဖျက်ဆီး
["ကျိုက်ထိုတွင် တပ်မ ၄၄ ဌာနချုပ်ကို သွားရောက်နိုင်သည့် အဓိကကျသည့် မြို့ပတ် လမ်းများကို စစ်တပ်က ဘက်ဟိုးဖြင့် ထပ်မံ ဖျက်ဆီး", "ရန်ကုန်၊ မေ ၂၁", "မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ အာရှလမ်းမကြီးသို့ ချိတ်ဆက်ထားပြီး တပ်မ ၄၄ ဌာနချုပ်ကို သွားရောက်နိုင်သည့် အဓိကကျသည့် မြို့ပတ် လမ်း ကျယ် တစ်လမ်းကို အကြမ်းဖက်စစ်တပ်က ဘက်ဟိုးများဖြင့် မေလ ၂၀ ရက်‌ နေ့ ညပိုင်းတွင် ဖျက်ဆီးခဲ့ကြောင်း‌ ဒေသပြည်သူများက ရန်ကုန်ခေတ် သစ် သတင်းဌာနသို့ပြောကြားသည်။", "မေလ၂၀ ရက်နေ့ ညနေ ၅ နာရီကျော်အချိန် စစ်တပ်က စစ်ကား ၃ စီးဖြင့် ဝင်းကလောလမ်းဆုံမှ ဝင်ရောက်၍ ဝင်းကလောကျေးရွာကို ဝင်သည့် လမ်းကို လုံခြုံရေးအပြည့်ချကာ ဘက်ဟိုးဖြင့် လမ်းကို ဖျက်ဆီးခဲ့ကြောင်း၊ လုံခြုံရေး စစ် ကား ၃ စီးတွင် အင်အား ၆၀ ခန့်နှင့် အတူ ၁၂၀ မမ လက်နက်ကြီးပါ ယူလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ကား ၃ စီးနဲ့ ညနေ ၅ ခွဲလောက် ဝင်လာတယ်။ အင်အား ၆၀ လောက်ပါမယ်။ ၁၂၀ မမလည်း ပါတယ်။ လုံခြုံရေးကို အရင်ချပြီးမှ ဘက်ဟိုးနဲ့ လမ်းကို ဖျက်သွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောကြားသည်။", "စစ်တပ်က မေလ ၁၉ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်အတွင်းရှိ ကင်မွန်း ချောင်းကျေးရွာနှင့် ဆောင်နိုင်ကြီးကျေးရွာသို့ ဆက်သွယ်ထားသည့် ကျေးရွာ ချင်းဆက်လမ်းကို ဖျက်ဆီးခဲ့ပြီးနောက် မေလ ၂၀ ရက်နေ့တွင် အဓိက သွားလာရေးဆိုင်ရာ လမ်းတစ်လမ်းကို ထပ်မံ ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း ဒေသပြည်သူများ ထံမှ သိရှိရသည်။", "“လမ်းတွေ ဖျက်ခံရတာ တပ်မ ၄၄ ဌာနချုပ်နဲ့ နီးလို့ ထင်တယ်။ ဒေသခံတွေ အခက်တွေ့တာပေါ့။ မိုးတွင်းရောက်တော့မယ်လေ ။ အစားအစာ သယ်ရပြုရ ခက်သွားတာပေါ့” ဟု Kyaikhto Information Team မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "ယခု ဖျက်ဆီးခံ၇သည့် လမ်းသည် အာရှလမ်းမကြီးနှင့်ချိတ်ဆက်ထားသော လမ်းကျယ်လမ်းတစ်လမ်းဖြစ်ပြီး ကင်မွန်းစခန်း-ကျိုက်ထိုကားလမ်းမကြီးမှ ဝင်းကလောကျေးရွာသို့ဖြတ်ကာ တံတားချောင်း၊ ဆောင်နိုင်ကြီး၊ ကဒိုင်တွတ်၊ မိုးဘောစတဲ့ ကျေးရွာများဘက်သို့ သွားလာနေသည့် အဓိကျသော လမ်းမကြီးတစ်ခုဖြစ်ကြောင်း သိရှိရသည်။", "စစ်တပ်က ဖျက်ဆီးလိုက်သည့် အဆိုပါလမ်းသည် ဘီးလင်းမြို့နယ်နှင့်လည်း ဆက်နေသည့် လမ်းမကြီးဖြစ်ပြီး လမ်း ၂ ခုလုံး ဖျက်ဆီးခံရသည့်အတွက် ဒေသ ပြည်သူများ၏ သွားလာရေး အလွန်ခက်ခဲသွားပြီဖြစ်ကြောင်း Kyaikhto Information Team မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။"]
https://yktnews.com/2024/11/190575/
ကျိုက်ထိုတွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံး၊ စစ်တပ် ၏ ပစ်ခတ်မှုကြောင့် နေအိမ်များနှင့်ဘုန်းကြီးကျောင်း ပျက်စီး
["ကျိုက်ထိုတွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံး၊ စစ်တပ် ၏ ပစ်ခတ်မှုကြောင့် နေအိမ်များနှင့်ဘုန်းကြီးကျောင်း ပျက်စီး", "ရန်ကုန်၊ နိုဝင်ဘာ ၃", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် KNLA ဦးဆောင်သော တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံးကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ နိုဝင်ဘာလ ၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီအချိန် KNU ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ပါ စစ်တပ်စစ်ကြောင်းကို KNLA ဦးဆောင်သော ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ၊ကျေးနယ်ကာကွယ်ရေးတပ်ဖွဲ့၊တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ရာ ၁ နာရီကျော်ခန့် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း လက်နက်ကြီး၊လက်နက်ငယ်များ အပြန်အလှန်ပစ်ခတ်ခဲ့ပြီး ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ဒရုန်းလက်ရုံးတပ်ကလည်း ဒရုန်းများဖြင့် ဗုံးများကျဲချခဲ့ကြောင်း သိရှိရသည်။", "တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ၄ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာ ပြင်းထန်ကြောင်း၊ စစ်ကောင်စီက ဖောကားများဖြင့် သေဆုံးနှင့်ဒဏ်ရာရ စစ်သားများကို ခေါ်ဆောင်သွားကြောင်း၊ လက်ရှိအချိန်အထိ စစ်ရေး တင်းမာလျက်ရှိကြောင်း သိရှိရသည်။", "“လက်နက်ခဲယမ်းက အင်အားမရှိတော့ စစ်အင်အားမမျှတဘဲ ပစ်ရတော့ အချိန်အတိုင်းတာ တစ်ခုထိပဲ အချိန်ဆွဲ ပစ်ခတ်နိုင်ခဲ့တယ်” ဟု ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိန်းက ရှင်းပြသည်။", "အဆိုပါတိုက်ပွဲတွင် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် အနီးအနားရှိ ကျေးရွာသို့ ကျရောက်ပြီး နေအိမ်တစ်လုံး၊ ဘုန်းကြီး ကျောင်း ဇရပ်တစ်ခုတို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့။"]
https://yktnews.com/2023/05/104293/
ကျိုက်ထိုတွင် ရွာပေါင်း ၂၅ ရွာမှ အသုံးပြုနေသည့် ရွာချင်းဆက် လမ်းပိုင်းကို စစ်တပ်က ထပ်မံဖျက်ဆီး
["ကျိုက်ထိုတွင် ရွာပေါင်း ၂၅ ရွာမှ အသုံးပြုနေသည့် ရွာချင်းဆက် လမ်းပိုင်းကို စစ်တပ်က ထပ်မံဖျက်ဆီး", "ရန်ကုန်၊ မေ ၂၅", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ရွာပေါင်း ၂၅ ရွာမှ အသုံးပြုနေသည့် ရွာချင်းဆက် လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က ထပ်မံ ဖျက်ဆီးခဲ့ကြောင်း Kyaikhto information Team က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၂၄ ရက်နေ့ ည ၇ နာရီကျော်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးကျေးရွာနှင့် ဆောင်လှိုင်ဂွကျေးရွာတို့၏ ကျေးရွာချင်းဆက် လမ်းဖြစ်သည့် ဒေသအခေါ် လှည်းလမ်းကူး ဦးမောင်ဝင်းခြံလမ်းကို အကြမ်းဖက် စစ်တပ်က လာရောက်ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် ကျိုက်ထိုမြို့နယ်အတွင်း လမ်းများ ဖျက်ဆီးနေသည်မှာ ၅ လမ်းမြောက်ရှိပြီဖြစ်ကြောင်း၊ လာရောက် ဖျက်ဆီးရာတွင် အကြမ်းဖက် စစ်တပ်က အင်အား ၆၀ ကျော်ဖြင့် ကင်းပုန်းဝပ်ပြီး ညအချိန်တွင် ဘက်ဟိုးဖြင့် ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။", "“မြို့ကို နှစ်ခြမ်းခွဲသလိုဖျက်ဆီးနေတာ။ KNLA တပ်မဟာ ၁ တပ်ရင်း ၃ ထိန်းချုပ်နယ်မြေ သွားတဲ့ လမ်းတွေ ဖျက်ဆီးခံရတာ” ဟု Kyaikhto information Team မှ တာဝန်ရှိသူက တစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "လမ်းကို လာရောက် ဖျက်ဆီးသည့် အကြမ်းဖက်စစ်ကောင်စီဝင်များကို ည ၉ နာရီအချိန်တွင် တော်လှန်ရေးအင်အားစုများမှ မိုင်းဆွဲတိုက်ခိုက်ခဲ့သော်လည်း ၎င်းတို့ဘက်တွင် ထိခိုက်မှု ရှိသည်ဟု မကြားသိရကြောင်း၊ မိုင်းဆွဲခံရသော အကြမ်းဖက်စစ်သားများသည် ပြန်ဆုတ်နေချိန်တွင်လည်း ပတ်ဝန်ကျင်အား လက်နက်ငယ်တွေဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်သွားကြောင်း Kyaikhto information Team ထံမှ သိရှိရသည်။", "ကျိုက်ထိုမြို့နယ်အတွင်း ဖျက်ဆီးခံရသည့် လမ်းအားလုံးသည် တစ်လမ်းနှင့်တစ်လမ်း ဆက်စပ်နေသည့် လမ်းများ ဖြစ်ကြောင်း ဒေသပြည်သူများ ထံမှ သိရှိရသည်။", "အကြမ်းဖက် စစ်ကောင်စီဝင်များ ဖျက်ဆီးလိုက်သည့် လမ်းကို အသုံးပြုနေသည့် ကျေးရွာပေါင်း အနည်းဆုံး ၂၅ ရွာကျော်ရှိပြီး အဆိုပါလမ်းကို နေ့စဥ်အသုံးပြုနေရသည့် ဒေသပြည်သူများမှာ အစားအစာ သယ်ယူရေးနှင့် သွားလာရေးတို့တွင် အလွန်ဒုက္ခရောက်နေရကြောင်း Kyaikhto information Team မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။"]
https://yktnews.com/2024/03/152455/
ကျိုက်ထိုတွင် လူငယ်များကို အတင်းအဓမ္မ စစ်မှုထမ်းရန် စာရင်းကောက် ဖိအားပေးခြိမ်းခြောက်နေသည့် အုပ်ချုပ် ရေးမှူး စံလွင် ပစ်ခတ်ခံရပြီး သေဆုံး
["ကျိုက်ထိုတွင် လူငယ်များကို အတင်းအဓမ္မ စစ်မှုထမ်းရန် စာရင်းကောက် ဖိအားပေးခြိမ်းခြောက်နေသည့် အုပ်ချုပ် ရေးမှူး စံလွင် ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ မတ် ၂၄", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အတင်းအဓမ္မစစ်မှုထမ်းရန် စာရင်းကောက်ပြီး စစ်ထဲသွင်းနေ သည့် အုပ်ချုပ်ရေးမှူးစံလွင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း ကျိုက်ထို တော်လှန်ရေးအင်အားစု – KRF က သတင်းထုတ်ပြန်သည်။", "ယနေ့မတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီ ၃ မိနစ်ခန့်က ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာ၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအသစ် စံလွင်သည် ၎င်း၏ နေအိမ်မှ ကျေးရွာအုပ်ချုပ်ရေး မှူးရုံးသို့ သွားရောက်စဉ် စစ်ကောင်စီတပ်က ခ.မ.ရ ၂ အနီး လမ်းခုလတ် တစ်နေရာအရောက် ပစ်ခတ်ရှင်းလင်း ခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။", "အဆိုပါပစ်ခတ်ရှင်းလင်းမှုကိုကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) နှင့် ကျိုက်ထို ပကဖ ပူးပေါင်း အဖွဲ့က စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "သေဆုံးသူ အုပ်ချုပ်ရေးမှူး စံလွင်သည် ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာအုပ်စုရှိ အင်းဝကျေးရွာ၊ ကွင်းကလေး ကျေးရွာ နှင့် တောင်ကလေးကျေးရွာမှ လူငယ် ၊ လူရွယ်များကို စစ်မှုထမ်းရန် အတင်းအဓမ္မ စာရင်း ကောက်ခံခြင်း၊ စုဆောင်းခြင်းတို့ကို လုပ်ဆောင်နေပြီး မတ်လ ၂၅ ရက်နေ့တွင် မဲနှိုက်ပွဲပြုလုပ်ကာ လူငယ်များကို စစ်ထဲသို့ တွန်းပို့ရန် ကြိုးပမ်းနေသူဖြစ်ကြောင်း သိရသည်။", "KRF တပ်ဖွဲ့ဝင်များ အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင် သွားမည် ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်းနှင့် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း အလျှင်းမရှိပါကြောင်း အသိပေးထားသည်။", "ဓာတ်ပုံ- ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူး စံလွင် သေဆုံးနေစဉ်။"]
https://yktnews.com/2024/05/164090/
ကျိုက်ထိုနှင့် ဘီးလင်း မြို့နယ်တို့တွင် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော လက်နက်ကိုင် ပျူစောထီး အုန်းမြင့်နှင့် သက်လွင်ဦးတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံး
["ကျိုက်ထိုနှင့် ဘီးလင်း မြို့နယ်တို့တွင် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော လက်နက်ကိုင် ပျူစောထီး အုန်းမြင့်နှင့် သက်လွင်ဦးတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံး", "ရန်ကုန်၊ မေ ၂၃", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော လက်နက်ကိုင် ပျူစောထီး အုန်းမြင့်ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၇၈၀၅ ၊တပ်ခွဲ ၄ UG တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ မေလ ၂၂ ရက် ညနေ၂ နာရီ မိနစ် ၃၀ အချိန်ခန့်က ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက်၊ ရေတံခါးပိုင်းတွင် နေထိုင်သည့် လက်နက်ကိုင် ပျုစောထီး အုန်းမြင့်(ခ)အန်ကယ်ကြီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF၊ တပ်ရင်း-၇၈၀၅၊ တပ်ခွဲ – ၄ ၊ UG တပ်ဖွဲ့ဝင်များက ကျိုက်ထိုမြိုမ ရဲစခန်းလမ်းထိပ်ရှိ 7 mark လက်ဖက်ရည်ဆိုင် အတွင်း ၀င်ရောက် ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော ပျူစောထီး အုန်းမြင့်(ခ)အန်ကယ်ကြီးသည် အကြမ်းဖက် စစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍ လက်ရှိချိန်ထိ နာမည်ဆိုးဖြင့် ကျော်ကြားသူတစ်ဦးဖြစ်ပြီး လက်နက်ကိုင်ဆောင်ထားသူဖြစ်ကာ အကြမ်းဖက် စစ်တပ် ခိုင်းစေသမျှ အာကြိုး မာန်တက် ဆောင်ရွက်နေသူတစ်ဦးဖြစ်ကြောင်း၊ ပြည်သူများကို ငွေညစ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ မကြာခဏ ပြုလုပ်နေသူတစ်ဦးဖြစ်ပြီး ကျိုက်ထိုမြို့မရဲစခန်းရှိ ပြည်သူများ၏ အမှုများကို ငွေအဆမတန် ရယူကာ လိုက်လံညှိနှိုင်း ပေးနေ သူ တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။", "ထိုသို့ ဝင်ရောက် ပစ်ခတ်မှုအတွင်း အုန်းမြင့်မှာ ထွက်ပြေးသွားသောကြောင့် လိုက်လံ ပစ်ခတ်စဉ် ဘေးဝိုင်းတွင် ထိုင်နေသော ပြည်သူ အမျိုးသား ၂ ဦး ကျည်ရှပ် ထိဒဏ်ရာရရှိခဲ့ ပြီး ယင်းထိခိုက်ခဲ့မှုအပေါ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သားများက အထူးပင် စိတ်မကောင်းဖြစ်ရကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်ပတ်သတ်သော နေရာများနှင့် ဝေးဝေးနေပေးကြပါရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၇၈၀၅ ၊တပ်ခွဲ ၄ UG တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။", "အလားတူ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ဆင်မင်းဘုရားနှင့်တိုက်နယ်ဆေးရုံကြားတစ်နေရာ၌ အ ကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ သက်လွင်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွား ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ထံမှ သိရသည်။", "ယနေ့ မေလ ၂၃ ရက် နံနက် ၉ နာရီ ၁၀ မိနစ်အချိန်က ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာ၊ ရွာကြီး တောင်ပိုင်းနေ အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ သက်လွင်ဦး (ရဲပြုတ်) ဆိုသူအား စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ ဇုတ်သုတ် ဆင်မင်းဘုရားနှင့် တိုက်နယ်ဆေးရုံကြား တနေရာ၌ ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။", "အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) နှင့် ကျိုက်ထိုပကဖ ပူး ပေါင်းအဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲဝင်များ အထိအခိုက်မရှိ ဆုတ် ခွာနိုင်ခဲ့ကြောင်း ၊သေဆုံးသူ သက်လွင်ဦး ထံမှ လက်ပစ်ဗုံး ၂ လုံး၊ ငွေကျပ် ၁၅၀ဝ နှင့် အိတ် တစ်လုံး ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။", "ကျိုက်ထိုတော်လှန်ရေး အင်အးစု – KRF အနေဖြင့် စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေးကာကွယ်စောင့် ရှောက်သွားမည် ဖြစ်ပါကြောင်းနှင့် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက်နစ်နာ ပျက်စီး ဆုံးရှုံး စေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်မည်မဟုတ်ကြောင်း အသိပေးထားသည်။"]
https://yktnews.com/2025/01/199857/
ကျိုက်ထိုနှင့် ဘီးလင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခြင်းတို့ကြောင့် ကျေးရွာ စာသင်ကျောင်း ပျက်စီး
["ကျိုက်ထိုနှင့် ဘီးလင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခြင်းတို့ကြောင့် ကျေးရွာ စာသင်ကျောင်း ပျက်စီး", "ရန်ကုန်၊ ဇန်နဝါရီ ၁၇", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ အသေခံဒရုန်းဖြင့် တိုက်ခိုက်ခြင်းတို့ကြောင့် ကျေးရွာစာသင်ကျောင်း နှင့် လမ်းမီးတိုင်များ ထိခိုက်ပျက်စီးကြောင်း KNU က သတင်းထုတ်ပြန်သည်။", "ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန် ကျိုက်ထိုမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ အမှတ် ၃၁၀ အမြောက်တပ်က ၈၁ မမ လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ်ရာ အခိုင်ကျေးရွာအရှေ့ဘက်ခြမ်းတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ လက်နက်ကြီးများပစ်ခတ်မှုကြောင့် အခိုင်ကျေးရွာနေ ဦးအောင်ငွေ ခြံထဲသို့ လက်နက်ကြီး ၁ လုံး၊ ကိုဝင်းမောင် ခြံထဲသို့ လက်နက်ကြီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လမ်းမီးတိုင်များ ပျက်စီးခဲ့ကြောင်း၊ နွား ၁ကောင်လည်း ထိခိုက်ခဲ့ကြောင်း သိရှိရသည်။", "အလားတူ ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန် အကြမ်းဖက်စစ်တပ်က မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် တဂေးလောင်း ကျေးရွာစာသင်ကျောင်းကို အသေခံဒရုန်း (Suicide Drone) ၂ စင်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ ဒရုန်းတစ်စင်းသည် စာသင်ကျောင်းဆောင်‌ခေါင်မိုးကို ထိမှန်ခဲ့ပြီး အခြားတစ်စင်းမှာ စာသင်ကျောင်းနှင့်မနီးမဝေးတွင်ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရှိရသည်။", "ထိုသို့ပစ်ခတ်မှုကြောင့် စာသင်ကျောင်းဆောင်ခေါင်မိုးနှင့် မျက်နှာကျက်များ ပျက်စီးခဲ့ပြီး တဂေးလောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်‌ရွာများမှ ပြည်သူများ ကြောက်ရွံ့ထိတ်လန့်နေကြသည့်အပြင် စာသင်ကျောင်းများကိုလည်း လက်ရှိအခြေနေအရ ခေတ္တပိတ်ထားခဲ့ရကြောင်း KNU က ဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်က အသေခံဒရုန်း(Suicide Drone) ၂ စင်းဖြင့် ကျေးရွာစာသင်ကျောင်းနှင့် လူနေထိုင်ရာရပ်ရွာအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း KNU က ဆိုသည်။"]
https://yktnews.com/2024/10/185933/
ကျိုက်ထိုနှင့် မကွေး မြို့နယ်တို့တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို အားပေးကူညီသူများကို ထိရောက် စွာ အရေးယူမည်ဟု တော်လှန်ရေး အင်အားစုများ အသိပေး
["ကျိုက်ထိုနှင့် မကွေး မြို့နယ်တို့တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို အားပေးကူညီသူများကို ထိရောက် စွာ အရေးယူမည်ဟု တော်လှန်ရေး အင်အားစုများ အသိပေး", "ရန်ကုန်၊ အောက်တိုဘာ ၁", "မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နှင့် မကွေးတိုင်း မကွေးမြို့နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို အားပေးကူညီသူများကို ထိရောက်စွာ အရေးယူမည်ဟု တော်လှန်ရေး အင်အားစုများက အသိပေးထုတ်ပြန်လိုက်သည်။", "၂၀၂၀ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးရှိ ပြည်သူများမှ ဆန္ဒမဲပေး ခဲ့ပြီး အစိုးရသစ်အား ရွေးချယ်ခဲ့ပြီးဖြစ်သော်လည်း လက်နက်အားကိုးဖြင့် မတရား အကြမ်းဖက် အာ ဏာသိမ်းခဲ့သော စစ်ကောင်စီက ယခုတဖန် ရွေးကောက်ပွဲကျင်းပရန် ကြိုးစားအားထုတ်လာခဲ့ပြီး ထိုသို့ မတရားသည့် ရွေးကောက်ပွဲကျင်းပရန် လုပ်ဆောင်မှုကို ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) အဖွဲ့အနေဖြင့် လုံးဝ (လုံးဝ) လက်မခံကြောင်း ထုတ်ပြန်ထားသည်။", "တစ်နိုင်ငံလုံးကို စစ်ကျွန်ဇာတ်သွင်းပြီး အရပ်သားပြည်သူများ၏ အိုးအိမ်၊ စည်းစိမ်များအပြင် အသက် အန္တရာယ်ကိုပါ ထိခိုက်ဆုံးရှုံးစေသည့် တိုက်ခိုက်မှုများ၊စာသင်ကျောင်းများနှင့်ဘာသာရေးအဆောက် အုံများပါမကျန် လေကြောင်းမှ တိုက်ခိုက်မှုများ၊ မုဒိမ်း၊ လူသတ်၊ ပစ္စည်းလုယက်မှုများ အစရှိသည့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေသော စစ်ကောင်စီမှ ရွေးကောက်ပွဲကျင်းပ မည်ဟု ဆိုသည်မှာ ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရန် နှင့် ၎င်းတို့၏ အာဏာ သက်ဆိုးရှည်စေ ရန် ကြိုးစားအားထုတ်မှုဟု သတ်မှတ်ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF က ပြော ကြားသည်။", "သို့ဖြစ်ပါ၍ အဆိုပါ အကြမ်းဖက် စစ်ကောင်စီ၏ ရွေးကောက်ပွဲကျင်းပနိုင်ရန် ရည်ရွယ်ပြီး အိမ်ထောင် စုစာရင်းများ ကောက်ယူရန် ကြိုးစားအားထုတ်နေမှုကို ဝန်းရံပေးကြသူများ၊ ဝိုင်းဝန်းကူညီကြသူများ၊ ပံ့ပိုးအားပေးကြသူများနှင့် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ကိုင် ဆောင်ရွက်ပေးသူများအားလုံး (မည် သူ့မဆို) အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။", "မိဘပြည်သူများအနေဖြင့်လည်း အကြမ်းဖက် စစ်ကောင်စီမှ ကျင်းပမည့် ရွေးကောက်ပွဲအား ပျက် ပြယ်စေရန် အချက်အလက် အမှားများပေးခြင်း၊ ဖုန်းနံပါတ်များ အမှန်မပေးဘဲ ယာယီသုံး ဖုန်းနံပါတ် များ ဖြင့် အစားထိုးပေးခြင်း စသည့် ရွေးကောက်ပွဲ ပျက်စေမည့် နည်းလမ်းပေါင်းစုံကို အသုံးချခြင်း ဖြင့် စစ်ကောင်စီအား ဆက်လက် တော်လှန်ကြပါရန် ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF က တိုက်တွန်းထုတ်ပြန်ထားသည်။", "အလားလူ မကွေးတိုင်း၊ မကွေးမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီ သက်ဆိုးရှည်စေရေး သန်း ခေါင်းစာရင်းကောက်ယူသူများကို ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း မကွေးမြို့နယ် ကြား ကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။", "ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” ဟု အ မည်ရှိသည့် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီအား ၂၀၂၁ ခုနှစ်၊ မေလ ၁ ရက်နေ့ ရက်စွဲပါ ကြေ ညာချက် အမှတ် ၁၀/၂၀၂၁ ဖြင့် “အကြမ်းဖက်အုပ်စု”အဖြစ် ကြေညာပြီးဖြစ်ကြောင်း၊ ထို့အပြင် အ မျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနကလည်း “အိမ်စောင့်အစိုးရ”ဟု အမည်ရှိ အကြမ်း ဖက်အာဏာသိမ်းစစ်ကောင်စီအား ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့ ရက်စွဲပါ ကြေညာချက်အမှတ် ၃/၂၀၂၁ ဖြင့် မတရားအသင်းအဖြစ် ကြေညာခဲ့ပြီးဖြစ်ကြောင်း အသိပေးထားသည်။", "အကြမ်းဖက်စစ်အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေညာခြင်းခံထားရသည့် အကြမ်းဖက် စစ်ကောင် စီ၏ တရားမဝင်ရွေးကောက်ပွဲအတွက် အထောက်အကူပြုစေမည့် ယနေ့ အောက်တိုဘာလ ၁ ရက် နေ့မှစ၍ သန်းခေါင်စာရင်းကောက်ယူမည့် လုပ်ငန်းစဉ်ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ကြသော ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရွာခွဲ တာဝန်ခံများအား မကွေးမြို့နယ် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ စာရင်းကောက်ယူထားမည် ဖြစ်ပြီး ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။", "အဆိုပါ ထုတ်ပြန်ကြေညာမှုကို ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မကွေးမြို့နယ်၊ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့မကွေးမြို့နယ် နှင့် ပညာရေးဘုတ်အဖွဲ့ မကွေးမြို့နယ်တို့ ပူးပေါင်းကာ ထုတ်ပြန်ကြေ ညာထား ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/03/152693/
ကျိုက်ထိုနှင့် လောင်းလုံးတွင် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူများ၊ လက်နက်ကိုင် သင်္ကန်းဝတ် ၁ ဦးတို့ ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံး
["ကျိုက်ထိုနှင့် လောင်းလုံးတွင် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူများ၊ လက်နက်ကိုင် သင်္ကန်းဝတ် ၁ ဦးတို့ ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံး", "ရန်ကုန်၊ မတ် ၂၅", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော လက်နက်ကိုင် သင်္ကန်းဝတ် ၁ ဦးနှင့် ပျူစောထီး ၁ ဦး ပစ်ခတ် ခံရပြီး ၁ ဦး သေဆုံးခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) ထံမှ သိရသည်။", "မတ်လ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ကင်မွန်းချောင်းကျေးရွာရှိ ကျောက်ဖြူ တောင်ကျောင်း (ဘောဂဝတီကျောင်း) ဘုန်းကြီး ဂျူးစန္ဒိမာ နှင့် စင်တော်ကဖီးပိုင်ရှင် တင်ငြိမ်း ဆိုသူကို ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) နှင့် ကျိုက်ထို ပကဖ ပူးပေါင်း အဖွဲ့က စစ်ရေး ပစ်မှတ်အဖြစ် သတ်မှတ်ပြီး ကင်မွန်းချောင်းလမ်းမကြီးနှင့် ကင်မွန်းချောင်းနယ်မြေ ရဲစခန်း လမ်းဆုံရှိ စင်တော်ကဖီးဆိုင်ရှေ့တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှုအတွင်း သင်္ကန်းဝတ် ဘုန်းကြီး ဂျူးစန္ဒိမာ သည် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပျူစောထီး တင်ငြိမ်းသည် ကျည်ရှပ်ထိ ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တော်လှန်ရေး ပူးပေါင်းအဖွဲ့များက အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ သင်္ကန်းဝတ် ဘုန်းကြီး ဂျူးစန္ဒိမာ သည် အကြမ်းဖက် စစ်သား၊ ရဲများနှင့်ပူးပေါင်းကာ ပစ္စတို သေနတ် ၁ လက် ကိုင်ဆောင်ထားပြီး ဘုန်းကြီးကျောင်းတွင်မနေဘဲ ရွာထဲတွင် တော်လှန်ရေးအဖွဲ့များ၏ သတင်းကို လိုက်လံ ထောက်လှမ်း၍ အကြမ်းဖက် စစ်သားနှင့် ရဲများကို သတင်းပေးပို့ခြင်း၊ အရက်သောက် မိန်းမရှုပ်ခြင်း၊ စစ်တပ်နှင့် ပူးပေါင်း၍ ကင်မွန်းချောင်း ရွာသားများကို ခြိမ်းခြောက်ခြင်း၊ မတရားဖမ်းဆီးခိုင်းခြင်း၊ စစ်သားနှင့် ရဲများ ကင်းလှည့်ရာတွင် ၎င်း၏ကားကို အသုံးပြုခွင့်ပေးခြင်းများ လုပ်ဆောင်ကြောင်း သိရသည်။", "တင်ငြိမ်း ဆိုသူသည် တပ်မိသားစုဝင်လည်းဖြစ်ပြီး ပျူစောထီးအဖွဲ့ဝင်လည်းဖြစ်ကြောင်း၊ သင်္ကန်းဝတ် ဘုန်းကြီး ဂျူးစန္ဒိမာနှင့် ပူးပေါင်းကာ ကျေးရွာသားများအပေါ် အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်း၊ ပြည်သူများကို ခြိမ်းခြောက်ခြင်းနှင့် တော်လှန်ရေးအဖွဲ့များ၏ သတင်းကို စုံစမ်းကာ အကြမ်းဖက် စစ်တပ်နှင့် ရဲများကို သတင်းပေးသည့်အတွက် ပစ်ခတ် ရှင်းလင်းရခြင်းဖြစ်ကြောင်း သိရှိရသည်။", "ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) သည် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်း၊ KRF အနေဖြင့် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာ ပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း မရှိကြောင်းနှင့် KRF က ပစ်မှတ်ထား တိုက်ခိုက်ခြင်းများကို ပြည်သူများထံသို့ KRF page မှ တဆင့် အတိအလင်း အသိပေး ဖော်ပြသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။", "အလားတူ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာနေ စစ်ကောင်စီအတွက်အလုပ် လုပ်နေသူ မူမူးအေးကို ဝင်ရောက်ဖမ်းဆီးပြီး လုံခြုံသည့်နေရာသို့ ပို့ဆောင်စဉ် ထွက်ပြေးရန်ကြိုးစား သဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ရာ သေဆုံးသွားကြောင်း အထူးပြောက်ကျားတပ်ဖွဲ့ – SGF ထံမှ သိရ သည်။", "မတ်လ ၂၂ ရက်နေ့ ညနေ ၂ နာရီ မိနစ် ၃၀ ခန့်က လောင်းလုံးမြို့နယ်၊ ဒေဒီကျေးရွာနေ အကြမ်းဖက် စစ်ကောင်စီအတွက် လုပ်လုပ် ပေးနေသူ မူမူအေးကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းကို တာဝန်ရှိသူများက စစ်ဆေးရာ စစ်သင်တန်းများ တက်ရောက်ထားသည့်အပြင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ၏ သတင်းများကိုလည်း လိုက်လံစုံစမ်းနေကြောင်း သိရှိရသည်။", "ထို့သို့ စစ်ဆေးပြီးနောက် ၎င်းကို လုံခြုံသည့်နေရာ၌ ထိန်းသိမ်းထားရန် ပို့ဆောင်စဉ် ထွက်ပြေးရန် ၃ ကြိမ် တိုင်တိုင် ကြိုးစားသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။", "အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို အထူးပြောက်ကျားတပ်ဖွဲ့ – SGF တပ်ဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရပ်ရွာနေ ပြည်သူများနှင့် လုံးဝ မသက်ဆိုင်ကြောင်း ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/09/121369/
ကျိုက်ထိုနှင့် ဝေါ မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်
["ကျိုက်ထိုနှင့် ဝေါ မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်", "ရန်ကုန်၊ စက်တင်ဘာ ၇", "ပဲခူးတိုင်းရှိ ကျိုက်ထိုမြို့နယ်နှင့် ဝေါ မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်တွင် သိမ်ဇရပ်မြို့နယ်ရှိ အမတ ၃၁၀ မှ ၈၁ မမ လက်နက်ကြီး. ၂ လုံးဖြင့် ကျိုက်ထိုမြို့နယ်၊ ခရွဲ ကျေးရွာ ဝေဇေယန္တာ ကုန်းတော် ကို ပစ်ခတ်ခဲ့​ပြီး သီဟိုဋ်ပင်များသာ ထိမှန်ခဲ့ပြီး ပြည်သူနှင့် နေအိမ်များ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။", "ယင်းနေ့ မွန်းလွဲ ၁၁ နာရီ ၄၄ မိနစ်တွင် ဝေါမြို့နယ် ကျောက်ပုံရွာ စာသင်ကျောင်း အရှေ့ လမ်းပေါ်မှ အကြမ်းဖက် စစ်တပ်က ၈၁ မမ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ရာ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာနှင့် ဝေါမြို့နယ် လက်ပံကျေးရွာ တောင်ဘက်ကမ်းကို ကျရောက်ပေါက်ကွဲခဲ့ကာ ပြည်သူများ ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2025/01/200898/
ကျိုက်ထိုနှင့် သထုံရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရကာ နေအိမ်များ ပျက်စီး
["ကျိုက်ထိုနှင့် သထုံရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရကာ နေအိမ်များ ပျက်စီး", "ရန်ကုန်၊ ဇန်နဝါရီ ၂၅", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန် သည်။", "ဇန်နဝါရီလ ၂၁ ရက်နေ့ ည ၇ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၆၀၂ အမြာက်တပ်ရင်းစခန်းက ငှက်ပျောတော ကျေးရွာ အုပ်စုရှိ ပြည်သူများ နေထိုင်သော ရွာများကို လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ ငှက်ပျောတောအောက်ရွာတွင် ကျရောက်ပေါက်ကွဲဲခဲ့ပြီး လက်နက်ကြီး ကျည်စထိမှန်ကာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေး ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိပြီး လူနေအိမ် ၃ လုံးနှင့် ကား ၁ စီး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကြောင့် ငှက်ပျောတောအောက်ရွာတွင် နေထိုင်သည့် ဒေါ်အေးချိုသည် ဝမ်းဗိုက်ကို ကျည်စ ထိမှန်ပြီး အူထွက်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ အသက် ၁၅ နှစ်အရွယ် မယွန်းနဒီဦး ၊ အသက် ၁၅ နှစ် အရွယ် မလဲ့လဲ့ခိုင် နှင့် အသက် ၆၀ နှစ် အရွယ် ဒေါ်ခင်ညွှန့်တို့လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အလားတူ ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ သုံးခွရွာကို အကြမ်းဖက် စစ်တပ်က Drone ဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ကားဝပ်ရှေ့ာဟောင်း အနီး ၁ လုံး၊ ကားဝပ်ရှော့ဟောင်း ခေါင်မိုးပေါ်သို့ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အမိုးများ ထိခိုက်ပျက်စီးကာ ကျေးရွာနေ ပြည်သူ ၂ ဦးဖြစ်သည့် ဦးစောအယ်စိုး၏ ဦးခေါင်းတွင်လည်း ဗုံးစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၉ ခြေမြန်တပ်ရင်းက သထုံမြို့နယ်၊ ထို့ကော်ကျိုးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင့် အသက် ၁၃ နှစ်အရွယ် စောကျော်ထက်ဟိန်း လက်နက်ကြီးကျည်စ ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/80981/
ကျိုက်ထိုနှင့် သပိတ်ကျင်းတွင် စစ်ကောင်စီခန့် ​ကျေး ရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး ၃ ဦး သေဆုံး
["ကျိုက်ထိုနှင့် သပိတ်ကျင်းတွင် စစ်ကောင်စီခန့် ​ကျေး ရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး ၃ ဦး သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁၄", "မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာနှင့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ငတက် တိုင်ကျေးရွာတို့မှ အုပ်ချုပ်ရေးမှးတစ်ဦး၊ဆယ်အိမ်မှူးတစ်ဦးနှင့် အပေါင်းပါတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေ ဆုံးသွားကြောင်း သိရသည်။", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကဒတ်ချောင်းကျေးရွာတွင် အကြမ်းဖက်စစ် ကောင်စီသတင်းပေး ဒလန် အကြီးစား ဆယ်အိမ်မှူး ပေါ်ထွန်းနှင့် ၎င်း၏ အပေါင်းပါ တစ်ဦးတို့ ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက် ညပိုင်းက သတ်ဖြတ်ခံခဲ့ရကြောင်း Kyaikhto Information Team မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက် ည ၈ နာရီကျော်ခန့်က ကင်မွန်းချောင်းကျေးရွာ၊ ဆယ်အိ်မမှူး ပေါ်ထွန်း နှင့် ပေါ်ပြူလာခြံစောင့်ဟုဆိုသော နယ်ခံမဟုတ်သည့် အမျိုးသားတစ်ဦးတို့သည် ကျိုက်ထိုမြို့နယ်၊ ကဒက်ချောင်းကျေးရွာ၌ ရှိနေစဉ် သတ်ဖြတ်ခံခြင်းဖြစ်ပြီး မည်သည့်အဖွဲ့က လုပ်ကြံ သတ်ဖြတ်သွား သည်ကို မသိရသေးကြောင်း Kyaikhto Information Team ထံမှ သိရသည်။", "“ပေါ်ထွန်းက အရင်တစ်ခါကလည်း အသတ်ခံရတော့မလိုပဲ၊ သူက တကယ့် ဒလန်အကြီးစား၊ တော်လှန် ရေးရဲဘော်တွေရဲ့သတင်းတွေကို စုံစမ်းပြီး စစ်ခွေးတွေ ဆီပေးနေတာ၊ နောက်ထပ်တစ်ဦးက ဇော်မိုးတဲ့၊ မီးလှုံနေတုန်း အပစ်ခတ်ခံရတာလို့ သတင်းရတယ်၊ ဘယ်ကလဲတော့ မသိသေးဘူး။” ဟု Kyaikhto Information Team မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "လုပ်ကြံသတ်ဖြတ်ခံရသူ ဆယ်အိမ်မှူးပေါ်ထွန်းသည် တော်လှန်ရေးအဖွဲ့အစည်းများ၏ သတင်းများကို စုံစမ်းကာ အကြမ်းဖက်စစ်ကောင်စီထံ သတင်းပေးခြင်းလုပ်ဆောင်နေသည့်အပြင် ကျေးရွာနေပြည်သူ များ ကိုလည်း ခြိမ်း ခြောက်ခြင်း၊ အနိုင်ကျင့် ဗိုလ်ကျခြင်းတို့ လုပ်ဆောင်နေသူတစ်ဦးဖြစ်ကြောင်း သိရ သည်။", "အလားတူ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ငတက်အိုင်ကျေးရွာနေ အကြမ်းဖက် စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမှူး အောင်ပုကို ယမန်နေ ့ဇန်နဝါရီလ ၁၃ ရက် ည ၇ နာရီခွဲခန့်က ပစ်ခတ် ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ ငတက်အိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး အောင်ပုသည် အကြမ်းဖက်စစ်တပ်ကို သတင်းပေးခြင်း၊ ရွာသူရွာသားများကို ခြိမ်းခြောက်ခြင်းတို့ ကြောင့် ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပကဖ) တပ်ဖွဲ့မှ ရဲဘော်များက ဦးခေါင်းအတွင်း ကျည်နှစ်ချက် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။", "အလားတူ အုပ်ချုပ်ရေးမှူး အောင်ပု၏ တပည့် ငတက်အိုင်ရွာသား မိုက်ကယ် ဓါးချက်ကြီးဆိုသူကို လည်း ရွာသူ၊ ရွာသားများအပေါ် အနိုင်ကျင့်ဗိုလ်ကျခြင်း မပြုလုပ်ရန် အကြမ်းဖက် စစ်ကောင်စီသတင်း ပေး ဆက်မလုပ်ရန် ရိုက်နှက် ဆုံးမပေးခဲ့သည် ဟုဆိုသည်။"]
https://yktnews.com/2023/12/134517/
ကျိုက်ထိုနှင့်နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် ၆ ဦး သေဆုံး
["ကျိုက်ထိုနှင့်နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် ၆ ဦး သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၄", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်း (ကွာရီအပိုင်)လမ်းကွေ့၌ အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု- KRF ထံမှ သိရသည်။", "ယနေ့ဒီဇင်ဘာလ ၄ ရက် ညနေ ၃ နာရီ ၅၂ မိနစ်တွင် ဘီးလင်းမြို့နယ်ဘက်မှ ရန်ကုန်မြို့ဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ-၄၄ စစ်တပ်ယာဉ် ၇ စီးကို ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်း(ကွာရီအပိုင်) လမ်းကွေ့တစ်ခု၌ လက်လုပ်မိုင်းအကြီး ၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ စီး မြောက်ယာဉ်၏ ညာဘက်ခြမ်းထိခိုက်ပျက်စီးသွားခဲ့ပြီး မောင်းပြေးသွားကြောင်း၊ ကျန်ကားများ‌ ပေါ်ရှိအကြမ်းဖက်စစ်သားများက လမ်းတလျှောက် သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။", "ထို့သို့ မိုင်းဆွဲတိုက်ခိုက်ခိုက်မှုကြောင့် ထိမှန်သွားသော ကားကို စစ်တောင်းတံတား ကျော်လွန်ပြီး တ ဖက် ကမ်းအရောက်၌ သေဆုံးသွားသော ၃ ပွင့်ဗိုလ်အပါအဝင် ၅ ဦးနှင့် ဒဏ်ရာရရှိသူ ၆ ဦးကို ကား ပေါ်မှချကာ ကား ၅ စီးဖြင့် ရန်ကုန်ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF ၊ KNU/KNLA Tiger Group နှင့် ကျိုက်ထို ပကဖ အဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တောင်းတံတားဂိတ်နှင့် မုပ္ပလင် လမ်းဆုံဂိတ်တို့မှ လက်နက်ကြီးများဖြင့် အခင်းဖြစ်ပွားရာ နေရာကို ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များအထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။", "ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက် လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ် စောင့်ရှောက်သွားမည် ဖြစ်ကြောင်းနှင့်ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာ ပျက်စီး ဆုံး ရှုံး စေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်မည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။", "အလားတူ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး-မြင်းခြံလမ်းပေါ် တွင်အကြမ်းဖက်စစ် ကောင်စီ ကား တစ်စီး ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး မိုင်းထိပြုတ်ကျ သေဆုံးခဲ့ ကြောင်း မလှိုင် ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ ဒီဇင်ဘာလ ၄ ရက် မွန်းလွဲ ၂ နာရီခန့်က နွားထိုးကြီးမြို့မှ မြင်းခြံမြို့ဘက်သို့ ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ လိုက်ပါလာသော 4 /WD အနက်ရောင်ကားတစ်စီးကို မြင်းခြံ -နွားထိုးကြီးလမ်းမပေါ်တနေတွင် ပဒေသာမိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် ကောင်စီတပ်သား ၁ ဦး မိုင်းထိကာ ကားပေါ်မှ ပြုတ်ကျသေဆုံးကျန်ရစ်ခဲ့ကြောင်း သိရသည်။", "“နွားထိုးကြီးကနေ မြင်းခြံဘက်ကိုလာတဲ့ကားဗျ၊ မိုင်းက ၃ လုံးပွိုင့် ဆွဲခဲ့တာ၊ ပြုတ်ကျခဲ့တာ ကောက်ဖိုးဝေးတယ်၊ လှည့်တောင်မကြည့်ရဲဘူး မောင်းပြေးတာ၊ ညနေ ၃ နာရီလောက်မှ နွားထိုးကြီး မြို့ ဘက်ကနေ ဖိုးဝှီးကား တစ်စီးနဲ့ မှန်လုံအသေး တစ်စီး၊ ကား ၂ စီးနဲ့ စစ်ခွေး တွေရော၊ ပျူတွေ လာပြီး ကား ၂ စီးနဲ့ အလောင်းလာကောက်သွားတယ်” ဟု မလှိုင် ပကဖ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၁ ၊ တပ်ရင်း ၈ မလှိုင် ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/09/123177/
ကျိုက်ထိုမြို့တွင် စစ်တပ် ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
["ကျိုက်ထိုမြို့တွင် စစ်တပ် ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၁၉", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း တောကျီးကန်းစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ကျိုက်ထိုမြို့၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းအနီး သစ်ကွင်းလမ်းစုံဂိတ်ရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို တောကျီးကန်း စစ်ကြောင်း တပ်ခွဲ ၂ နှင့် KNU/KNLA ပူးပေါင်းတပ်ဖွဲ့များက သွားရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/01/199290/
ကျိုက်ထိုမြို့တွင် စစ်တပ် အတွက် အလုပ်လုပ်နေသူ ဆန်းမင်းအေး လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံး
["ကျိုက်ထိုမြို့တွင် စစ်တပ် အတွက် အလုပ်လုပ်နေသူ ဆန်းမင်းအေး လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁၃", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် စစ်တပ် အတွက် အလုပ်လုပ်နေသူ ဆန်းမင်းအေး လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ ဇန်နဝါရီ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်အချိန် ကျိုက်ထိုမြို့ ၊ Parrot လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည် ထိုင်သောက်နေသော အသက် ၅၁ နှစ်အရွယ် ဆန်းမင်းအေးသည် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း၊ ဆိုင်ကယ်ဖြင့် လာရောက်သော လူငယ် ၁ ဦးက သေနတ်ဖြင့် ပစ်ခတ်ရာမှ ဦးခေါင်းနှင့် ဗိုက်တို့တွင် ဒဏ်ရာရရှိပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "“ဆန်းမင်းအေးက တပ်အတွက် အလုပ်လုပ်နေတာတော့ တော်တော်များများ သိကြတယ်။ လာပစ်သွားတာကတော့ ဆိုင်ထဲ ဝင်ပစ်သွားတာ။ တစ်ဦးတည်း ဆိုင်ကယ်နဲ့ လာပြီး ပစ်သွားတာ။ ပစ်သွားသူကို ဖမ်းမိတာတော့မရှိဘူး။ အခင်းဖြစ်ပြီးတော့ စစ်တပ်နဲ့ ရဲတွေ ရောက်လာပြီး အလောင်းကို ဆေးရုံသယ်သွားတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် စစ်တပ်က လမ်းဆုံလမ်းခွတချို့ကို ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို လူစိမ်းဝင်ရောက်မှု မရှိစေရေး သတိပြုရန်၊ လုံခြုံရေး သတိပြုရန် အသိပေးတိုက်တွန်းသွားကြောင်း သိရှိရသည်။"]
https://yktnews.com/2024/04/159448/
ကျိုက်ထိုမြို့တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော စစ်သားဟောင်း ကျော်ကျော် ပစ်ခတ်ခံရပြီး သေနတ် ကျည် ၃ ချက် ထိမှန်ကာ ပြင်းထန် ဒဏ်ရာရ
["ကျိုက်ထိုမြို့တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော စစ်သားဟောင်း ကျော်ကျော် ပစ်ခတ်ခံရပြီး သေနတ် ကျည် ၃ ချက် ထိမှန်ကာ ပြင်းထန် ဒဏ်ရာရ", "ရန်ကုန်၊ ဧပြီ ၂၆", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော စစ်သားဟောင်း ကျော်ကျော် ပစ်ခတ်ခံရပြီး သေနတ် ကျည် ၃ ချက် ထိမှန်ကာ ပြင်းထန် ဒဏ်ရာရရှိသွားကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄၊ UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၂၆ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ် ခန့်တွင် ကျိုက်ထိုမြို့၊ ကျိုက်ပိကျေးရွာတွင်‌ နေထိုင်သော အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော စစ်သားဟောင်း ကျော်ကျော် ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄၊ UG အဖွဲ့က ရဲဘော်များက ကျိုက်ထိုမြို့၊ ကံကော်ရပ်ကွက် ၊ ဗိုလ်ချုပ်လမ်း ၊ နီလာ တည်းခိုခန်း နှင့် အင်းဝဘဏ် ကပ်ရပ်ရှိ ဆိုင်ကယ် ကယ်ရီဂိတ်တွင် ပစ္စတိုဖြင့် ၆ ချက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်သားဟောင်း ကျော်ကျော်သည် ပေါင်ရှပ်ထိ ဒဏ်ရာ ၁ ချက် ၊ ပေါင် အတွင်း ကျည်နစ်မြုတ် ဒဏ်ရာ ၁ ချက် ၊ တင်မဆုံမှ ဆီးခုံအတွင်းကို ကျည်ထိုးဖောက်ဒဏ်ရာ ၁ ချက် စုစုပေါင်း ၃ ချက် ထိမှန်ခဲ့ပြီး ကျိုက်ထိုဆေးရုံကြီးမှ သထုံဆေးရုံကြီးကို စိုးရိမ်ရ အခြေနေဖြင့် ပို့ဆောင်ထားကြောင်း သိရှိရသည်။", "ပြင်းထန် ဒဏ်ရာရှိထားသော စစ်သားဟောင်း ကျော်ကျော် သည် တော်လှန်ရေးတပ်ဖွဲများ၏ သတင်းများကို စစ်ကောင်စီ အတွက် လိုက်လံ စုံစမ်း သတင်းပေးခြင်း၊ အလောင်းကစားဝိုင်း ၊ KTV များတွင်လည်း စစ်ကောင်စီတပ်သားများနှင့် အသွားအလာ လုပ်နေသူဖြစ်ကြောင်း သိရသည်။", "ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အင်းဝဘဏ် အတွင်း လုံခြုံရေး ယူနေသော အကြမ်းဖက် စစ်ကောင်စီတပ်သားများက ရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄၊ UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/04/158449/
ကျိုက်ထိုမြို့တွင် စစ်မှုထမ်းဥပဒေဖြင့် လူစုဆောင်းနေသော ရာအိမ်မှူး အောင်ကျော် နံပြားရောင်းနေစဉ် ပစ်ခတ်ခံရပြီး သေဆုံး
["ကျိုက်ထိုမြို့တွင် စစ်မှုထမ်းဥပဒေဖြင့် လူစုဆောင်းနေသော ရာအိမ်မှူး အောင်ကျော် နံပြားရောင်းနေစဉ် ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဧပြီ ၂၁", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် စစ်မှုထမ်းဥပဒေဖြင့် လူစုဆောင်းနေသော ရာအိမ်မှူး အောင်ကျော် နံပြားရောင်းနေစဉ် ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄၊ UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၁၈ ရက်နေ့ နံနက် ၅ နာရီ ၂၆ မိနစ်ခန့်တွင် ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက် ငပိစိပ့် တိုးချဲ့ ရပ်ကွက်၌ အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသော ရာအိမ်မှူး အောင်ကျော် သည် နံပြားရောင်းချနေစဉ် PDF ၊ တပ်ရင်း-၇၈၀၅ ၊ တပ်ခွဲ-၄ UG ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။", "“ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက် ငပိစိပ့် တိုးချဲ့ ရပ်ကွက်ထဲမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေ လည်ပတ်နိုင်ရေး အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းပြီး ရပ်ကွက်ထဲ စာရင်းလိုက်လံကောက်ခံပြီး ဦးစီး လုပ်ကိုင်နေတဲ့ ရာအိမ်မှူး အောင်ကျော်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တာ ပွဲချင်းပြီးသေဆုံးပါတယ်။ သူကနံပြားရောင်းတာ သူ့ဆိုင်အတွင်းမှာပဲ ပစ္စတိုနဲ့ အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့တာ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄၊ UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/06/109230/
ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ၁ ဦး ပစ်ခတ် ခံရပြီး သေဆုံး
["ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ၁ ဦး ပစ်ခတ် ခံရပြီး သေဆုံး", "ရန်ကုန်၊ ဇွန် ၂၂", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် သင်္ချာ ရဲနိုင်ကို ကျိုက်ထိုတော်လှန် ရေးအင်အားစုက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း KRF ထံမှ သိရသည်။", "ယနေ့ဇွန်လ ၂၂ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ကျိုက်ပိကျေးရွာအုပ်စု၊ ကျိုက်ပိတောရ ကျောင်းရှေ့ မုခ်ဦးဝ၌ ကျိုက်ထိုမြို့နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် တစ်ဦးဖြစ်သူ သင်္ချာရဲနိုင်ကို ကျိုက်ထိုတော်လှန် ရေးအင်အားစု – KRF က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော သင်္ချာ ရဲနိုင်သည် အကြမ်းဖက် စစ်ကောင်စီ၏ မြို့နယ်ကောင်စီ အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး ပြည်သူများကို ပုဒ်မ အမျိုးမျိုးတပ်ကာ ဖမ်းဆီးခြင်း၊ ခြိမ်းခြောက် ငွေညှစ် ခြင်းတို့ လုပ်ဆောင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။", "ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF အနေဖြင့် ပြည်သူလူထုအပေါ် တစ်စုံတရာ ထိခိုက်နစ်နာ ပျက်စီးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများ ပြုလုပ်မည်မဟုတ်ပဲ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ကို ဖျက်ဆီးနေသော အကြမ်းဖက်စစ်ကောင်စီနှင့် လက်ပါးစေများ၊ သတင်းပေးများနှင့် ဒေါက်တိုင်များ ကို ဆက်လက်၍ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/01/142686/
ကျိုက်ထိုမြို့နယ် ၊ ခရွဲကျေးရွာကို စစ်တက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၄ လုံးပျက်စီး၊ ဝန်းသိုမြို့နယ်တွင်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်
["ကျိုက်ထိုမြို့နယ် ၊ ခရွဲကျေးရွာကို စစ်တက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၄ လုံးပျက်စီး၊ ဝန်းသိုမြို့နယ်တွင်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်", "ရန်ကုန်၊ ဇန်နဝါရီ ၃၀", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ ခရွဲကျေးရွာကို အကြမ်းဖက် စစ်တက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၉ ရက်နေ့ ည ၁၁ နာရီခန့်တွင် ဝေါမြို့နယ်၊ အုန်းတော ဘုန်းကြီးကျောင်းဘေးရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၁၂၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာရှိ ဘုရားကုန်းဘုန်းကြီးကျောင်းကို ၂ လုံး၊ ခရွဲကျေးရွာ အတွင်းကို ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်များသည် ရွာလည်ပိုင်းရှိ ခြံမြေအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ပြည်သူများ ထိခိုက်မှုမရှိဘဲ လက်နက်ကြီး ကျည်စ ထိမှန်သောကြောင့် နေအိမ် ၄ လုံး ထိမှန် ပျက်ဆီးခဲ့ပြီး မီးကြိုး ၂ ကြိုးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း ကောလင်းခရိုင် တပ်ရင်း ၂ ထံမှ သိရသည်။", "ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၃ မိနစ်နှင့် ၅၆ မိနစ်တွင် ဝန်းသိုမြို့ရှိ အကြမ်းဖက် စစ်တပ်က ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ၂ ကြိမ် ပစ်ခတ်ခြင်းကြောင့် ကျေးရွာများအနီး ကျရောက် ပေါက်ကွဲကာ ပြည်သူများ ထိခိုက်မှုမရှိဘဲ နွား ၁ ကောင်သေဆုံးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/05/160791/
ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ့နေအိမ် အများအပြား ပျက်စီး
["ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ့နေအိမ် အများအပြား ပျက်စီး", "ရန်ကုန်၊ မေ ၄", "မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ့နေအိမ် အများအပြား ပျက်စီးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ဧပြီလ ၂၈ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန် မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ အခြေစိုက် အမြောက်တပ် ၃၁၀ က ၁၂၀ မမ လက်နက်ကြီး. ၂ လုံး ပစ်ခတ်ခဲ့ပြီး ပဲခူးတိုင်း ၊ ဝေါမြို့နယ် အထက်ကွေ့ကြီး ဘုန်းကြီးကျောင်း အနောက် တွင် ရှိနေသော စစ်တပ်က ၁၂၀ မမ လက်နက်ကြီး. ၅ လုံး ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်သော လက်နက်ကြီးများသည် မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာထဲ သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ့နေအိမ် ၆ လုံးထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။", "ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာတွင် စစ်ကောင်စီက ပစ်ခတ်သော ၁၂၀ မမ လက်နက်ကြီး ထိမှန်သော နေအိမ် ၆ လုံးမှာ လုံး၀ ပျက်စီးသွားခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိခဲ့ကြောင်း၊ သို့ရာတွင် ပြည်သူများမှာ စိုးရိမ်စိတ်များဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးမှုများရှိကြောင်း သိရှိရသည်။", "ထို့အတူ မေလ ၄ ရက်နေ့ နံနက် ၁၁ နာရီ ၁၈ မိနစ်အချိန် မွန်ပြည်နယ် ၊ သိမ်ဇရပ်မြို့ ခမရ ၂၀၇ က ပစ်ခတ်ခဲ့​သော ၈၁ မမ လက်နက်ကြီး. ၃ လုံး သည် ခမရ ၂၀၇ မြောက်ဘက်ရှိ ပြည်သူပိုင် ခြံများထဲသို့ ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားထိခိုက်မှု မရှိကြောင်း၊ ကျန်လက်နက်ကြီး ၁ လုံးမှာ စစ်ကွင်းရွာ ထဲ သို့ ကျရောက်ခဲ့ရာ ၈၁ မမ လက်နက်ကြီး ကျည် သည် ပေါက်ကွဲမှု မရှိကြောင်း သိရှိရသည်။", "“၈၁ မမ လက်နက်ကြီးကျည်ကျတဲ့နေရာက အရပ်သားအိမ်တွေရှိတဲ့ စစ်ကွင်းရွာ အရှေ့ဘက်ရှိ စျေးဆိုင် (ပထမ လမ်း) လမ်းထိပ်ကို ကျပါတယ်။ ဒါပေမယ့် ကံကောင်းတာက လက်နက်ကြီးကျည်က မပေါက်ကွဲခဲ့ဘူး။ ပေါက်ကွဲခဲ့ရင်တော့ ပြည်သူတွေ ထိခိုက်သေဆုံးနိုင်တယ်။ မပေါက်ကွဲဘဲ ရှိနေတဲ့ လက် နက်ကြီးကျည်ကို တူးဖော်ရှင်းလင်းနိုင်ခဲ့တယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2024/03/152212/
ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီ၏ ခရိုင်ထောက် လှမ်းရေးအဖွဲ့ဝင် ၁ ဦးကို ပစ်ခတ်ခံရပြီး သေဆုံး
["ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီ၏ ခရိုင်ထောက် လှမ်းရေးအဖွဲ့ဝင် ၁ ဦးကို ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ မတ် ၂၂", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ ခရိုင်ထောက်လှမ်းရေးအဖွဲ့ဝင် ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း -၇၈၀၅၊ တပ်ခွဲ-၄၊ UG တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၁၈ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ ဘူတာလမ်းတွင် နေထိုင်သည့် ကောင်းကွတ်တီယို ဆိုင်ပိုင်ရှင် အကြမ်းဖက် စစ်တပ်၏ ခရိုင် ထောက်လှမ်းရေးအဖွဲ့၀င် နေမင်းကြည်ကို PDF တပ်ရင်း- ၇၈၀၅ ၊ တပ်ခွဲ-၄ ၊ UG တပ်ဖွဲ့က ဘူဝာာလမ်းရှိ ၎င်းဆိုင်တွင် ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "“သူ့ဆိုင်ထဲမှာ သပိတ်အဖွဲ့က ကလေးတွေ ရှောင်တိမ်းတာတွေကို မောင်းထုတ်တာတွေ သတင်းပေးခဲ့တာတွေ အများအပြားလုပ်ခဲ့တာ ခုနောက်ပိုင်းလည်း တော်လှန်ရေးအဖွဲ့တွေရဲ့ သတင်းတွေကို ထောက်လှမ်းပြီး ပို့ပေးနေတာပါသူက ညမထွက်ရ အမိန့်တွေရှိနေပေမယ့်လည်း ဒီအမိန့်ထုတ်ပြန်ပြီးကတည်းက အမြဲတမ်း ရဲစခန်းမှာ ကားတစ်စီးပဲ ညဘက် အဝင်ထွက်ရှိတယ်။ အဲ့ကားကသူ့ကားပဲ ဖြစ်နေတာ တော်လှန်ရေး အစလောက်ထဲက သူ့ကိုစောင့်ကြည့်နေခဲ့တာပါ။ သူကပိုပိုပြီး ဆိုးလာလို့ ခုလို ရှင်းလင်လိုက်ရတာပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း -၇၈၀၅၊ တပ်ခွဲ-၄၊ UG တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း -၇၈၀၅၊ တပ်ခွဲ-၄၊ UG တပ်ဖွဲ့ အနေဖြင့် ရဲဘော်အသစ်များ တိုးလာတာသည် အမျှလိုအပ်ချက်များ ရှိလာသည့် အတွက် ပြည်သူတွေအနေဖြင့် ကူညီထောက်ပံ့မှုများ လုပ်ဆောင်ပေးရန်မေတ္တာရပ်ခံကြောင်း တာရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2024/09/184459/
ကျိုက်ထိုမြို့နယ်တွင် စစ်တပ် ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၁၃ ဦးသေဆုံး
["ကျိုက်ထိုမြို့နယ်တွင် စစ်တပ် ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၁၃ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၂၁", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်နှင့် အင်္ဂဘိုကြား၌ အကြမ်းဖက် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း ကျိုက်ထို တော်လှန်ရေးအင်အားစု- KRF က ပြောဆိုသည်။", "စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၈ မိနစ်ခန့်တွင် စစ်တောင်းတံတားအသစ်ဘက်မှ မော်လမြိုင်ဘက်သို့ ထွက်ခွာလာသော အကြမ်းဖက် စစ်ကား ၇ စီးပါ ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့မှ မုပ္ပလင်နှင့် အင်္ဂဘိုကျေးရွာ အကြား လမ်းခုလတ်တနေရာ၌ RPG ၊ ၄၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အသင့်စောင့်ကြို ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း သိရသည်။", "ထိုသို့ ပစ်ခတ် တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၁၃ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ခြေသလုံးတွင် ဗုံးသီး အစ လွင့်စင်ရှပ်ထိ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) ၊ KNU/KNLA နှင့် သေမင်းတမာန် အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF မှ စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက် တိုက် ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ်စောင့် ရှောက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာ ပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း အလျှင်းမရှိပါကြောင်း အသိပေး ပြောဆိုထားသည်။"]
https://yktnews.com/2023/11/131251/
ကျိုက်ထိုမြို့နယ်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ သားသမီး ၇ ဦး ဖခင် လယ်သမား ဦးမင်းနိုင် သေဆုံး
["ကျိုက်ထိုမြို့နယ်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ သားသမီး ၇ ဦး ဖခင် လယ်သမား ဦးမင်းနိုင် သေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၁၄", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်တပ်က ပစ်ခတ်လိုက်သော လက်နက် ကြီးကျည်ထိမှန်၍ လယ်သမား ဦးမင်းနိုင် သေဆုံးသွားကြောင်း ဒေသပြည်သူ များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်အချိန် ပဲခူးတိုင်း ၊ ရွှေကျင်မြို့နယ် ၊ဇလုပ်ကြီးရွာ အနီးရှိ ခမရ ၅၉၈ တပ်က ၈၁ မမ လက်နက်ကြီး ၄ လုံးကို အရပ်သားပြည်သူများ နေထိုင်သော ကျေးရွာများသို့ ဦးတည်ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှု ကြောင့် ကျိုက်ထိုမြို့နယ်၊ ရှမ်းစုကျေးရွာ၊ လယ်ကွင်းများထဲ အတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ထိုသို့ ပစ်ခတ်မှုကြောင့် ချောင်း၀ကျေးရွာသား လယ်သမား ဦးမင်းနိုင်သည် လက်နက်ကြီးကျည်ထိမှန်၍ ဘယ်လက်နှင့် ဘယ်ဘက်ပေါင်တို့တွင် လက်နက်ကြီး အစ ထိမှန်ဒဏ်ရာရရှိကြောင်း၊ ဆေးရုံတင်ပို့စဉ် နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၀၄ မိနစ်အချိန် သွေးလွန်သေဆုံးသွားကြောင်း သိရှိရသည်။", "” လက်နက်ကြီးက ချောင်းဝရွာ တဖက်ကမ်း ရှမ်းစုရွာ လယ်ကွင်းထဲ ကျတယ်။ အဲဒီမှာ ရိတ်ထားပြီးသား စပါး တွေကို", "နေလှမ်းနေတဲ့ ချောင်းဝ ရွာသား ဦးမင်းနိုင် အသက် ၅၄ နှစ် (ဘ) ဦးခင်မောင် အနီးသို့ ၈၁ မမ လက်နက်ကြီး ၁ လုံး", "​ကျရောက်ပေါက်ကွဲခဲ့ပြီး ဘယ်ဘက်လက်နဲ့ပေါင်မှာ လက်နက်ကြီးအစ ထိမှန်ဒဏ်ရာရတယ်။ အဲဒါ ဆေးရုံကို ပို့နေတုန်း မွန်းလွဲ ၁ နာရီ ၄ မိနစ်မျာ သွေးထွက်လွန်ပြီး ကွယ်လွန်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "စစ်တပ်က ပစ်ခတ်သော အခြားလက်နက်ကြီးကျည်များသည် လယ်ကွင်းထဲသို့ ကျရောက်သဖြင့် အထိအခိုက်မရှိကြောင်း သိရှိရသည်။", "လက်နက်ကြီးကျည်ထိမှန်သေဆုံးသော ဦးမင်းနိုင် သည် သားသမီး ၇ ဦး ယောက် ရှိပြီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်စားသောက်သော လယ်သမားတစ်ဦးဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/138003/
ကျိုက်ထိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၂ ဦးဒဏ်ရာရ၊ ဘုတလင်မြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရ
["ကျိုက်ထိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၂ ဦးဒဏ်ရာရ၊ ဘုတလင်မြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရ", "ရန်ကုန်၊ ဒီဇင်ဘာ ၃၀", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။", "ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ခန့်တွင် သထုံမြို့မှ ကျိုက်ထိုမြို့ကို မောင်းနှင်လာသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် စစ်ယာဥ်တန်းသည် ဒေသပြည်သူများ နေထိုင်ရာ ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် ဝင်းပြန်ရွာမှ အသက် ၁၄ နှစ်အရွယ် ၅ တန်းကျောင်းသူ မအိမ်ဇင်ဖြိုး လည်ပင်းကျည်စ ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျည်များသည် သပြေနီရွာကိုလည်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၆၃ နှစ်အရွယ် ဒေါ်ပိုးမယ်နှင့် အသက် ၄၇ နှစ်အရွယ် ဒေါ်စန်းအေးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စျေးဆိုင် ၁ ဆိုင်လည်း လက်နက်ကြီး ထိမှန်ကာ သိန်း ၃၀ ကျော် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့၊ သပြေပင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်းကြောင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီခန့်တွင် သပြေပင်ရွာဘက်ကို ဘုတလင်မြို့ ရဲစခန်းအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်းကြောင့် အမျိုးသမီး ၁ ဦး ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။", "“လက်နက်ကျည်ကျပြီး ပေါက်ကွဲတာ ကျွန်တော်တို့ရွာက မမြင့်ဝင်း အသက် ၅၀ အရွယ် အမျိုးသမီး ကျည်စထိမှန် ပြီး ဒဏ်ရာရရှိခဲ့တယ်။ ဒဏ်ရာက တင်ပါးနဲ့ဘယ်ဘက်ခါးပိုင်း ဒဏ်ရာရရှိခဲ့တယ်။‌ ဘာလို့ စစ်ကောင်စီက ပစ်ခတ်တာလဲဆိုတာကတော့ မသိဘူး။ မြေပြင်မှာတော့ ဘာတိုက်ပွဲမှ မရှိဘူး။ ကျည်စမှန်တဲ့သူကလည်း သူအိမ်မှာ ယက်ကန်းယက် နေရင်းကျည်ထိမှန်ခဲ့တာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ဘုတလင်မြို့တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူများ သေဆုံး ထိခိုက်ဒဏ်ရာရရှိမှု များပြားလာကြောင်း ဒေသပြည်သူများက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2024/10/189531/
ကျိုက်ထိုမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းများ လိုက်လံစုံစမ်းနေသော မူးယစ်ဆေးဝါးရောင်းချနေသူ ကျော်ထက်အောင် ကို အရှင်ဖမ်းမိ
["ကျိုက်ထိုမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းများ လိုက်လံစုံစမ်းနေသော မူးယစ်ဆေးဝါးရောင်းချနေသူ ကျော်ထက်အောင် ကို အရှင်ဖမ်းမိ", "ရန်ကုန်၊ အောက်တိုဘာ ၂၆", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းများ လိုက်လံစုံစမ်းနေသော မူးယစ် ဆေးပြားရောင်းချသူ ကျော်ထက်အောင် ကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ကျိုက်ထိုမြို့နယ်ရှိ တောင်စွန်း နယ်ထိန်းရဲ ဇော်မင်းထွန်း၏ ခိုင်းစေမှုကြောင့် တော်လှန်ရေးအင်အားစုများ၏ သတင်းကို လိုက်လံထောက်လှမ်းနေသည့် (WY ဆေးပြားရောင်းချသူ) ကျော်ထက်အောင် ကို ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်အရေးအဖွဲ့မှ အရှင် ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ ဖမ်းဆီးရမိသော ကျော်ထက်အောင် ကျူးလွန်ခဲ့သော ပြစ်မှုများကို စစ်ဆေးဖော်ထုတ်၍ ကြားကာလ စစ်သုံ့ပန်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။", "“ကျန်တော့်တို့ စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်ပြီး ကြားကာလစစ်သုံ့ပန်းဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားပါ့မယ်” ဟု ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အောက်တိုဘာလ ၁၂ ရက်နေ့လည်း တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်နယ်မြေဖြစ်သော သိမ်ဇရပ်မြိုနယ်၊ သုံးခွကျေးရွာ စစ်ဆေးရေးဂိတ်သို အိမ်စီးကားဖြင့် လမ်းမှားဝင်ရောက်လာသော သိမ်ဇရပ်အခြေစိုက် အမတ ၃၁၀ မှ ဗိုလ်ဟိန်းဇေယျာဦးနှင့် ဇနီးဖြစ်သူ သူနာပြုဆရာမ ထက်ထက်နိုင်တို့ကို ကျိုက်ထိုပကဖအပါအဝင် တော်လှန်ရေးတပ်များက ဖမ်းဆီးရရှိခဲ့ပြီး KNU/KNLA အဖွဲအစည်းထံသို အပ်နှံကာ ကြားကာလစစ်သုံ့ပန်းဥပဒေများနှင့်အညီ အပြစ်ပေး‌အရေးယူနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/148582/
ကျိုက်ထိုမြို့နယ်တွင် ရဲတပ်သား၏ ဖခင် ပျူစောထီး ပစ်ခတ်ခံရပြီး သေဆုံး၊ ယင်းမာပင်မြို့ပေါ်ရှိ ရဲစခန်းနှင့်ထွေအုပ်ရုံးတို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်မှု စစ်သား ၅ ဦးဒဏ်ရာရ
["ကျိုက်ထိုမြို့နယ်တွင် ရဲတပ်သား၏ ဖခင် ပျူစောထီး ပစ်ခတ်ခံရပြီး သေဆုံး၊ ယင်းမာပင်မြို့ပေါ်ရှိ ရဲစခန်းနှင့်ထွေအုပ်ရုံးတို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်မှု စစ်သား ၅ ဦးဒဏ်ရာရ", "ရန်ကုန်၊ မတ် ၃", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာနေ ရဲတပ်ဖွဲ့တစ်ဦး၏ ဖခင် ပျူစောထီးတစ်ဦး ပစ်ခတ် ခံရပြီး သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၇၈၀၅ တပ်ခွဲ ၄ UG တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကု်နခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ မတ်လ ၂ ရက် ညနေ ၃ နာရီ ၄ မိနစ်တွင် ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာနေ ရဲတပ်သား ထက်အာကာ၏ ဖခင်ဖြစ်သူ ပျူစောထီး စာရင်းဝင် အသက် ၅၀ နှစ်အရွယ် ကျော်ဝင်း ဆိုသူ သည် မုက္ခကျေးရွာထိပ်၌ အန်ဂလုံလောင်းကစားဝိုင်းများ ဦးဆောင်ကျင်းပနေစဉ် တော်လှန်ရေးတပ်ဖွဲ့ ဝင်များက ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။", "သေဆုံးသူ ကျော်ဝင်းသည် အကြမ်းဖက်စစ်တပ်က မတရားအာဏာသိမ်းစဉ်ကတည်းက ကျိုက်ထို မြို့နယ်အတွင်းရှိ မုက္ခမူ၊ ကော့ထင်း ၊ ဘုရားကြီး၊ ခလွန်အစရှိသည့် ကျေးရွာများတွင် ဖဲဝိုင်း၊ ကြက် ဝိုင်း၊ အံဂလုံဝိုင်း စသည့် လောင်းကစား ဒုစရိုက်မှုမျိုးစုံကို အကြမ်းဖက်စစ်တပ်နှင့်ပူးပေါင်းပြီး ကျယ် ကျယ်ပြန့်ပြန့် ဦးဆောင်လုပ်ကိုင်နေသည့်အပြင် ပျူစောထီးအဖြစ်လုပ်ကိုင်နေသူလည်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို PDF ၊ တပ်ရင်း- ၇၈၀၅ ၊ တပ်ခွဲ-၄ မှ ရဲဘော်များက ပစ်ခတ်ရှင်းလင်း ခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သားများ၊ ရဲများ၊ ပျူစောထီး များနှင့် ထောက်တိုင်များအားလုံးကို တိုက်ခိုက်ရှင်းလင်းကာ စစ်အာဏာရှင်စနစ် ကျဆုံးသည် အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောဆိုသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်ရှိ ရဲစခန်းနှင့်ထွေအုပ်ရုံးတို့ကို လက်နက်ကြီး အလုံးရေ ၂၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး အဆောက်အအုံတစ်လုံး ထိမှန်ပျက်စီးခဲ့ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဖေဖော်ဝါရီလ ၂၇ ရက် ညနေ ၅ နာရီခန့်စတင်၍ ယင်းမာပင်မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေး မှူးရုံးတို့၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ အလုံးရေ ၂၀၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ရုံးအဆောက်အအုံတစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။", "“၅ ကောင်ထိတာ သတင်းတိတိကျကျရတယ်ဗျ၊ သေတော့ မသေသေးဘူး၊ တစ်ကောင်ကတော့ အခုချိန်အထိ စိုးရိမ်ရတုန်းလို့ သတင်းရထားတယ်၊ အဆောက်အအုံတစ်လုံးလည်း ထိခိုက်ပျက်စီး တယ်” ဟု Royal Tiger Force ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့နှင့်အတူ ယင်းမာပင် ဆားလင်းကြီး လက်နက်ကြီးတပ်ပေါင်းစုတို့ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/07/171637/
ကျိုက်ထိုမြို့နယ်တွင် လက်နက်ကိုင် ပျူစောထီး လှဌေး ပစ်ခတ်ခံရပြီး သေဆုံး
["ကျိုက်ထိုမြို့နယ်တွင် လက်နက်ကိုင် ပျူစောထီး လှဌေး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဇူလိုင် ၅", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် လက်နက်ကိုင် ပျူစောထီး လှဌေးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း PDF ၊ တပ်ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄ ၊ UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကျိုက်ထိုမြိုနယ်၊ ကျိုက်ပိကျေးရွာမှ လက်နက်ကိုင်ဆောင်ထားသော ပျူစောထီး ပြည်သူ့စစ် အဖွဲ့ဝင် လှဌေးကို PDF ၊ တပ်ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄ ၊ UG အဖွဲ့မှ ရဲဘော်များက ဖက္ကလိပ်ကျေးရွာ ကျားတဲလမ်းဆုံ ဘိလိယက်ခုံရှေ့ စစ်ကောင်စီ တပ်သားများ နေ့စဉ် စစ်ဆေးရေး ပြုလုပ်လျက်ရှိသောနေရာတွင် ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော ပျူစောထီး လှဌေးသည် အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် အတူနေထိုင်ကာ တော်လှန်ရေး အဖွဲ့ဝင်များ တော်လှန်ရေး ထောက်ပို့များ၏ သတင်းများကို လိုက်လံစုံစမ်း၍ စစ်တပ်ကို သတင်းပေးဖမ်းခိုင်းသူဖြစ်ကြောင်း၊ ထို့ပြင် ကျိုက်ထိုမြို့တွင် အကြမ်းဖက် စစ်တပ်မှ စစ်ဆေးရေး လုပ်ငန်းများတွင်လည်း ယူနီဖောင်းဝတ် သေနတ်ကိုင်ကာ လိုက်ပါဆောင်ရွက်ပေးနေသူ ဖြစ်ကြောင်း သိရှိရသည်။", "“ပြည်သူတွေ အနေနဲ့ စစ်ကောင်စီ တပ်သားတွေရှိတဲ့ နေရာကို သွားလာတွေ မလုပ်ဖို့ ပြောချင်ပါတယ်။ ကျန်တော်တို့ ရဲဘော်တွေတော့ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့တယ်။ ဆက်လက်ပြီး စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်” ဟု PDF ၊ တပ်ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄ ၊ UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2025/02/203795/
ကျိုက်ထိုမြို့နယ်ရှိ ကော်ကပ်ရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်
["ကျိုက်ထိုမြို့နယ်ရှိ ကော်ကပ်ရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကော်ကပ်ရွာ စာသင်းကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း White Dragon -P29904 (WD) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျိုက်ထိုမြို့နယ် ကော်ကပ်ရွာ စာသင်ကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကော်ကပ်ရွာ စာသင်ကျောင်း ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။", "“ဘာတိုက်ပွဲမှ မရှိဘဲ စစ်တပ်က ဗုံးကျဲသွားတာပါ။ ကော်ကပ်ရွာ စာသင်ကျောင်းကတော့ ပျက်စီးသွားပြီး လူတော့ ထိခိုက်မှု မရှိပါဘူး” ဟု White Dragon -P29904 (WD) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/02/145167/
ကျိုက်ထိုမြို့နယ်ရှိ စစ်တောင်းတံတားသစ်ဂိတ် နှင့် မုပ္ပလင်လမ်းဆုံရဲဂိတ် တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["ကျိုက်ထိုမြို့နယ်ရှိ စစ်တောင်းတံတားသစ်ဂိတ် နှင့် မုပ္ပလင်လမ်းဆုံရဲဂိတ် တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်တောင်းတံတားသစ်ဂိတ် နှင့် မုပ္ပလင်လမ်းဆုံရဲဂိတ် တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစုထံမှ သိရသည်။", "ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်နှင့် နံနက် ၁၁ နာရီခန့်တွင် ကျိုက်ထိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်တောင်းတံတားသစ်ဂိတ် နှင့် မုပ္ပလင်လမ်းဆုံရဲဂိတ် တို့ကို တော်လှန်ရေး တပ်ဖွဲ့များကိ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "တော်လှန်ရေး တပ်ဖွဲ့များက စစ်တောင်းတံတားသစ်ဂိတ်ကို ၂ ကြိမ်၊ မုပ္ပလင်လမ်းဆုံ ရဲဂိတ်ကို ၁ ကြိမ်၊ စုစုပေါင်း ၃ ကြိမ် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲ ဖြစ်ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို KNU/KNLA IAF (Iron Adventure Force) ၊ ကဝ ပကဖ Drone Team ၊ အင်းတကော် ပကဖ Drone Team ı ရန်ကုန်မြောက်ပိုင်းခရိုင် ပကဖ Drone Team၊ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) နှင့် ကျိုက်ထို ပကဖ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "ကျိုက်ထိုတော်လှန်ရေး အင်အားစုသည် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ပါကြောင်းနှင့် KRF အနေဖြင့် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာ ပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း အလျှင်းမရှိ ပါကြောင်းနှင့် KRF က ပစ်မှတ်ထား တိုက်ခိုက်ခြင်းများကို ပြည်သူများ ထံသို့ KRF page မှတဆင့် အတိအလင်း အသိပေးဖော်ပြ သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/06/166905/
ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင် စစ်ဆေးရေးဂိတ်ကို ၄၀ မမ၊ အီနာဂါများဖြင့် ပစ်ခတ် တိုက်ခိုက်၊ မြိုင်တွင် မိုင်းရှင်းရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး
["ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင် စစ်ဆေးရေးဂိတ်ကို ၄၀ မမ၊ အီနာဂါများဖြင့် ပစ်ခတ် တိုက်ခိုက်၊ မြိုင်တွင် မိုင်းရှင်းရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၁၀", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင် စစ်ဆေးရေးဂိတ်ကို ၄၀ မမ၊ အီနာဂါများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း BLACK EAGLE FORCES (Thongwa) PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၁၀ ရက်နေ့ နံနက် ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် မရမ်းချောင် စစ်ဆေးရေးဂိတ်ကို BLACK EAGLE FORCES (Thongwa) PDF က ၄၀ မမ ဗုံးသီး ၃ လုံး၊ အီနာဂါ ဗုံးသီး ၁ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း သိရသည်။", "ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ၄ ကြိမ် ပြန်လည် ပစ်ခတ်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "” စစ်တပ်က ထိခိုက်မှုရှိလို့ လက်နက်ကြီးနဲ့ ၄ ကြိမ် ပြန်လည် ပစ်ခတ်ခဲ့တယ်။ တော်လှန်ရေး ရဲဘော်များတွေကတော့ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ စစ်တပ်ဘက်က ထိခိုက်သူ အတိအကျကိုတော့ ဆက်လက် စုံစမ်းနေတုန်းပဲ” ဟု BLACK EAGLE FORCES (Thongwa) PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "BLACK EAGLE FORCES (Thongwa) PDF တပ်ဖွဲ့အနေဖြင့် စစ်အာဏာရှင် ကျဆုံးရေးနှ င့် ပြည်သူများကို ကာကွယ်စောင့်ရှောက်ရန် အမြဲအဆင်သင့်ဖြစ်နေကြောင်း BLACK EAGLE FORCES (Thongwa) PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။", "ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာအနီးတွင် မိုင်းရှင်းရန် ထွက်လာသော ရဲနှင့် ပျူ စောထီး များကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦး သေဆုံးခဲ့ကြောင်း Myaing Villages Revolution Front ထံမှ သိရသည်။", "ယနေ့ ဇွန်လ ၁၀ ရက် နံနက် ၈ နာရီ ၃၄ မိနစ်ခန့်တွင် မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာမှ မိုင်းရှင်းလင်းရန် ထွက်လာသောရဲ နှင့် ပျူစောထီး ၆ ဦးကို ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ် ရာ ရရှိခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှုအတွင်း ကန်နီပျူစောထီးကျေးရွာမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ပြီး ရဲနှင့် ပျူ စောထီးများမှာ ရွာထဲသို့ ပြန်ဆုတ်ပြေးသွားကြောင်း၊ ထို့ပြင် ကန်နီပျူစောထီးကျေးရွာ အတွင်းနေ ထိုင်သူ ပြည်သူတစ်ဦးကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းမိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင် အမှတ် ၂ တပ်ရင်း ၊ အမှတ် ၆ တပ်ရင်း နှင့် အမှတ် ၇ တပ်ရင်းမှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/134398/
ကျိုက်ထိုမြို့နယ်ရှိ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲမှူး ၁ ဦး အပါအဝင် ၅ ဦးသေဆုံး
["ကျိုက်ထိုမြို့နယ်ရှိ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲမှူး ၁ ဦး အပါအဝင် ၅ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၄", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်နှင့် ရွှေစေတီငွေစေတီကုန်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း ABSDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် ABSDFနှင့် KNU ၊ KRF တောကျီးကန်း ပူးပေါင်းစစ်ကြောင်းသည် မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်နှင့် အကြမ်းဖက် စစ်တပ်က ခံစစ်ကုန်း ဆင်ထားသော ရွှေစေတီငွေစေတီကုန်းကို ၄၀ မမ ၁၄ လုံး ၊ ၆၀ မမ ၆ လုံး Drone ဗုံး ၁ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ရဲမှူး ၁ ဦး၊ တပ်ကြပ် ၁ ဦး၊ တပ်သား ၁ ဦး နှင့် ရဲ ၂ ဦး သေဆုံးခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့က မွန်းလွဲ ၁၂ နာရီ ခန့်တွင် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "“ရဲမှူးကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး၊ စစ်သား ၁ ဦးနဲ့ ရဲ ၂ ဦးပွဲချင်းပြီး သေတယ်။ ရန်သူ ထိခိုက်မှုကတော့ အတော်များတယ်။ ကားလမ်းမကို ၁ နာရီကျော်လောက် ပိတ်ပြီး အရေးပေါ်ကား ၃ စီးနဲ့ ကျိုက်ထိုကို သယ်သွားတယ်” ဟု ABSDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- မုပ္ပလင် စစ်ဆေးရေးဂိတ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/07/112969/
ကျိုက်ထိုမြို့နယ်ရှိ အေးဘုရား ဘုန်းကြီးကျောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု မယ်သီလရှင် ၁ ပါး ထိခိုက် ဒဏ်ရာရ
["ကျိုက်ထိုမြို့နယ်ရှိ အေးဘုရား ဘုန်းကြီးကျောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု မယ်သီလရှင် ၁ ပါး ထိခိုက် ဒဏ်ရာရ", "ရန်ကုန်၊ ဇူလိုင် ၁၄", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်စံပြကျေးရွာအုပ်စုရှိ အေးဘုရား ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု မယ်သီလရှင် ၁ ပါး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်က ၆၀ မမ လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ်ခဲ့ရာ မုပ္ပလင်စံပြကျေးရွာအုပ်စုရှိ အေးဘုရားဘုန်းကြီးကျောင်းကို ကျရောက်ခဲ့ပြီး မယ်သီလရှင် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“မုပ္ပလင် စစ်ဆေးရေးဂိတ်က စစ်ခွေးတွေက ပစ်တာ အေးဘုရား ဘုန်းကြီး ကျောင်း ထဲ သို့ လက်နက်ကြီး ကျ​ရောက်ပေါက်ကွဲပြီး ဘုန်းကြီးကျောင်း အဆောက်ဦးတွေ ထိခိုက်ပျက်စီးပြီး မယ်သီလရှင် ၁ ပါး ထိခိုက် ဒဏ်ရာရတယ်။ ဒဏ်ရာ ရရှိတဲ့ မယ်သီလရှင်ကို ညောင်ခါးရှည် ဆေးရုံပို့ဆောင်ထားတယ်လို့ သိရတယ်” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2024/07/174562/
ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၃ ဦး သေဆုံးပြီး အရာရှိ ၁ ဦး ပြင်းထန်ဒဏ်ရာ
["ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၃ ဦး သေဆုံးပြီး အရာရှိ ၁ ဦး ပြင်းထန်ဒဏ်ရာ", "ရန်ကုန်၊ ဇူလိုင် ၁၉", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦး သေဆုံးပြီး အရာရှိ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – တပ်ဖွဲ့ ၁ ဆက်သွယ်ရေးနှင့် မီဒီယာ တာဝန်ခံ – ရဲဘော်ကိန်း က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော အင်အား ၁၃၀ ခန့်ပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး အရာရှိ ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထိတွေ့ တိုက်ပွဲသည် ၁၀ မိနစ်ခန့် ကြားမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ၈၁ မမ ၊ ၁၂၀ မမ လက်နက်ကြီး ၇ လုံးထက်မနည်း ပစ်ခတ်ခဲ့ပြီး သိမ်ဇရပ် ၂၀၇ တပ်ရင်းရှိ လက်နက်ကြီးကုန်းကလည်း ပစ်ကူပေး တိုက်ခိုက်ခဲ့သောကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။", "ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အနီးအနားရှိ ကျေးရွာများကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို လုယက် ယူဆောင်သွားပြီး ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။", "“တပ်မဟာ ၁ နယ်မြေထဲ စစ်ကြောင်းထိုးလာတဲ့ စကစ ရဲ့ အင်အား ၁၃၀ ခန့်ပါ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်တာပါ။ ကျွန်တော်တို့က စောင့်ကြို တိုက်ခိုက်ခဲ့တာ ၁၀ မိနစ်လောက် ထိတွေ့ တိုက်ပွဲဖြစ်တယ်။၃ ကောင်လောက်သေပြီး ဗိုလ် အဆင့် ၁ ဦး ဒဏ်ရာရတယ်။ တိုက်ပွဲ အပြီး အနီးက ကျေးရွာထဲကို သူတို့ဝင်တယ်။ ဆေးကုထားတဲ့ ပုံစံတွေ တွေ့ရတယ်။ စျေးဆိုင်တွေ အိမ်တွေကို မွှေနှောက်ပြီး ပစ္စည်းတချို့ ယူထားတာ မျိုးတွေ့တယ်။ ၁၉ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ် ခန့်ကတော့ အဲ့ရွာထဲကနေ ပြန်ထွက်သွားပါတယ်။ ဒီမနက်မှာ စစ်ခွေးတွေ ထွက်သွားတော့ တိုက်ပွဲဖြစ်တဲ့နား နယ်မြေရှင်းလင်းတဲ့အခါ စစ်တပ်သုံး အီနာဂါတစ်လုံး သိမ်းဆည်းရမိပါတယ်။ အဲ့အနီး စစ်ခွေးတွေရဲ့ ဘောင်းဘီတို့ အလောင်းဆွဲတဲ့ အရာတို့ တွေ့ရပါတယ်” ဟု ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – တပ်ဖွဲ့ ၁ ဆက်သွယ်ရေးနှင့် မီဒီယာ တာဝန်ခံ – ရဲဘော်ကိန်း က ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကျေးနယ် ကာကွယ်ရေးတပ်ဖွဲ့နှင့် ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ သုံးခွမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ တိုက်ခိုက်ရေးလူငယ်များဖြင့် ပူးပေါင်း ဖွဲ့စည်းထားသည့် ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – တပ်ဖွဲ့ ၁ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရသည်။"]
https://yktnews.com/2024/03/151192/
ကျိုက်ထိုမြို့နယ်အတွင်း စစ်မှုထမ်း ဥပဒေကို အကောင်အထည် ဖော်နေသူများကို အရေးယူမည်သွားဟု ကျိုက်ထို တော်လှန်ရေး အင်အားစု ထုတ်ပြန်
["ကျိုက်ထိုမြို့နယ်အတွင်း စစ်မှုထမ်း ဥပဒေကို အကောင်အထည် ဖော်နေသူများကို အရေးယူမည်သွားဟု ကျိုက်ထို တော်လှန်ရေး အင်အားစု ထုတ်ပြန်", "ရန်ကုန်၊ မတ် ၁၇", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရာတွင် ပါဝင် ဆောင်ရွက်နေသူများကို အရေးယူသွားမည် ဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစုက ယနေ့မတ်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။", "အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ရန် ကျိုက်ထို မြို့နယ်အတွင်းရှိ ရပ်ကျေး အုပ်ချုပ်ရေးမှူးများကို အစည်းအဝေးခေါ်ယူပြီး စစ်မှုထမ်းရန်အတွက် တစ်ရွာလျှင် ၁၀ ဦးနှုန်း စာရင်းပေးသွင်းရမည်ဟု မကြာမီအချိန်ကာလ တစ်ခုတွင် ညွှန်ကြားခဲ့ ကြောင်း သိရသည်။", "အဆိုပါ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စစ်ကောင်စီဘက်မှ ကိုယ်တိုင် ကိုယ်ကျပါဝင်၍ဖြစ်စေ၊ အားပေးကူညီ၍ဖြစ်စေ၊ လိုက်ပါ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်သူ ဌာန ဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများများနှင့် ထောက်တိုင်များကို အဖွဲ့အစည်းလိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ မည်သူ့ကိုမဆို စစ်ရေးအဖြစ် သတ် မှတ်ကာ ထိထိရောက်ရောက် အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင် အားစု – KRF က ထုတ်ပြန်ထားသည်။", "ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF အနေဖြင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ စစ်မှု ထမ်း ဥပဒေကို ဆန့်ကျင်ရှုံ့ချကြောင်း ကျိုက်ထိုမြို့နယ်အတွင်းရှိ ပြည်သူများကို အသိပေးထား သည်။"]
https://yktnews.com/2023/06/106272/
ကျိုက်ထိုမြို့နယ်၊ ကော့ထင်းရွာရှိ တံတား ၁ စင်းကို စစ်တပ်က ဖျက်ဆီး
["ကျိုက်ထိုမြို့နယ်၊ ကော့ထင်းရွာရှိ တံတား ၁ စင်းကို စစ်တပ်က ဖျက်ဆီး", "ရန်ကုန်၊ ဇွန် ၅", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းရွာရှိ တံတား ၁ စင်းကို အကြမ်းကို စစ်တပ်က ဘက်ဟိုးဖြင့် လာရောက် ဖျက်ဆီးသွားကြောင်း Kyaikhto Information Organization မှ ထံမှ သိရသည်။", "ဇွန်လ ၄ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာထိပ်ရှိ တံတားတစ်စင်းကို ဘက်ဟိုးများဖြင့် လာရောက် ဖျက်ဆီး သွားကြောင်း၊ လာရောက် ဖျက်ဆီးသော အကြမ်းဖက် စစ်သားများသည် အရပ်ဝတ်များဖြင့် ကော့ထင်းကျေးရွာ ရွာထိပ်ကို ရောက်ရှိလာပြီး ကော့ထင်းကျေးရွာနှင့် ကံနီဘက်သို့ ဆက်သွယ်ထားသော ရွာထိပ်ရှိ တံတားကို ဘက်ဟိုးဖြင့် ဖျက်ဆီးခဲ့​ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ တံတားကို မည်သည့် ရည်ရွယ်ချက်ကြောင့် ဖျက်ဆီးသည်ကို မသိရှိသေး​ဘဲ အကြမ်းဖက် စစ်တပ်သည် ကျိုက်ထိုမြို့နယ်တွင် လမ်းနှင့်တံတား စုစုပေါင်း ၆ ခုကို ဖျက်ဆီးထားကြောင်း Kyaikhto Information Organization ထံမှ သိရှိရသည်။"]
https://yktnews.com/2025/03/208555/
ကျိုက်ထိုမြို့နယ်၊ ခရွဲရွာဘုန်းကြီးကျောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး ၂ ပါးထိခိုက်ဒဏ်ရာရကာ ဘုန်းကြီးကျောင်းလည်း ပျက်စီး
["ကျိုက်ထိုမြို့နယ်၊ ခရွဲရွာဘုန်းကြီးကျောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး ၂ ပါးထိခိုက်ဒဏ်ရာရကာ ဘုန်းကြီးကျောင်းလည်း ပျက်စီး", "ရန်ကုန်၊ မတ် ၂၃", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲရွာဘုန်းကြီးကျောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး ၂ ပါးထိခိုက်ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းလည်း ပျက်စီးသွားကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။", "မတ်လ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် ဝေါမြို့နယ်၊ လက်ပယ်ရွာတွင် အခြေချ တပ်စွဲထား သော အကြမ်းဖက် စစ်ကောင်စီတပ်က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ် နယ် မြေ၊ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာအုပ်စု၊ ခရွဲရွာမြောက်ပိုင်းရှိ ဘုန်းကြီးကျောင်း ကို လက်နက်ကြီးဖြင့် ၁ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအမိုးပေါ်သို့ လက်နက်ကြီး ကျည် ကျရောက် ပေါက်ကွဲခဲ့ပြီး ဦးပဇ္ဇင်း ၁ ပါး ပျံလွန်တော်မူကာ ၂ ပါး လက်နက်ကြီး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။", "အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသည် ယခုအခါတွင် လေကြောင်းဖြင့်သော်လည်းကောင်း၊ လက်နက်ကြီးများဖြင့်သော်လည်းကောင်း သာသနာနယ်မြေများသို့ ကြိမ်ဖန်များစွာ တိုက်ခိုက်၍ အလွန် စက်ဆုပ်ဖွယ်ရာ လုပ် ရပ်များကို ကျူးလွန်လျက်ရှိကြောင်း KNU ဗဟိုက ပြောဆိုထားသည်။", "ဓာတ်ပုံ- လက်နက်ကြီးထိမှန်၍ ဘုန်းကြီးကျောင်း ပျက်စီးကာ သံဃာတော်များ ထိခိုက်ပျံလွန်တော်မူသည့်မှတ်တမ်း ဓာတ်ပုံများ။"]
https://yktnews.com/2023/07/113500/
ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး၊ စစ်တပ်က ပြည်သူ ၃ ဦးကို ပစ်သတ်သွား
["ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး၊ စစ်တပ်က ပြည်သူ ၃ ဦးကို ပစ်သတ်သွား", "ရန်ကုန်၊ ဇူလိုင် ၁၈", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးကာ အကြမ်းဖက် စစ်တပ်က ပြည်သူ ၃ ဦးကို ပစ်သတ်သွားကြောင်း Pa O People’s Defence Force – Kham Dom တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ဇူလိုင်လ ၁၆ ရက် နံနက် ၈ နာရီခန့်မှ ၉ နာရီခန့်အထိ အင်အား ၁၅၀ ခန့်ဖြင့် ကျိုက်ထိုမြို့နယ်၊ ဇီးကုန်း ကျေးရွာဘက်သို့ နယ်မြေကျူးကျော်လာသော အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ၁၁ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်က ပြည်သူ ၃ ဦးကို ပစ်သတ်သွားပြီး ပြည်သူပိုင်မော်တော်ယာဉ် ကားတစ်စီးကိုလည်း အကြမ်းဖက်စစ်သားများမှ မီးရှို့ ဖျက်ဆီးသွားကြောင်း သိရသည်။", "“စစ်ခွေးတွေက ကျိုက်ထိုကနေ ၁၅ ရက်နေ့က တက်လာတာ၊ ၁၆ ရက်မနက် ၇ နာရီလောက်ကနေ ၉ နာရီလောက်အထိ တိုက်ပွဲဖြစ်တာပါ၊ အရပ်သားပြည်သူ ၃ ဦးကို စစ်ခွေးတွေက ရမ်းသမ်းပစ်ခတ်သတ် ဖြတ်သွားတာ၊ ရွာထဲကို ဝင်ပြီးတော့ ပစ်သတ်သွားတာပါ၊ တခြားရွာသား ၂ ဦးကတော့ တိုက်ပွဲဖြစ်တဲ့ ဘက်ကို သွားမိတယ်ထင်ပါတယ်၊ ပြီးတော့ ကားကလည်း တံတားဘက်ကို ရောက်လာတာဗျ၊ အဲဒါကို စစ်ခွေးတွေက RPG နဲ့ ထုလိုက်တာပါ“ ဟု Pa O People’s Defence Force – Kham Dom တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို KNLA၊ သူရိယစစ်ကြောင်းဒရုန်းအဖွဲ့၊ TPDF၊ KRF၊ PPDF-KD၊ ကျိုက်ထို(ပကဖ)၊ ဘီးလင်း(ပကဖ) တပ်ဖွဲ့တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အ ထိအခိုက်မရှိအောင်မြင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/03/95094/
ကျိုက်ထိုမြို့နယ်၊ မဲရုံးလေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး
["ကျိုက်ထိုမြို့နယ်၊ မဲရုံးလေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၃၁", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မဲရုံးလေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ- ကရင် အမျိုးသား အစည်းအရုံး ဗဟိုထံမှ သိရသည်။", "မတ်လ၂၇ ရက်နေ့ ည ၈ နာရီခန့်တွင် မဲရုံးလေးကျေးရွာကို ကျိုက်ထိုမြို့ အခြေစိုက် တပ်မ ၄၄ လက်အောက်ခံ အမှတ် ၂ ခြေလျင်တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သော​ကြောင့် ကျေးရွာအနီးအနားသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ရွှေလုပ်သား ၃ ဦး ထိမှန်ကာ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသူ ၂ ဦးမှာ အသက် ၂၂ နှစ်အရွယ် မောင်သာချောင် (ခ) မောင်ဇော်ထက်အောင် (ဝမ်းဗိုက်ထိမှန်) ဆေးရုံတွင် သေဆုံး၊ အသက် ၂၄ နှစ်အရွယ်ရှိ စောနောင်ဦး (ဦးခေါင်းထိမှန်) နေရာတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။", "မတ်လ ၂၆ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်ကလည်း မဲရုံးလေးကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ခဲ့ပြီး ဥယျာဥ်ခြံစောင့်နေသည့် အသက် ၄၆ နှစ်အရွယ် ဦးကျော်မင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။", "အကြမ်းဖက် စစ်တပ်၏ တပ်မ ၄၄ လက်အောက်ခံ ခမရ-၂၀၇ ၊ ခလရ-၂ ၊ ခမရ-၂ ၊ အမတ-၆၀၂ နှင့် အမတ-၃၁၀ တပ်ရင်းများမှ ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် အုပ်ချုပ်မှု နယ်မြေ အတွင်းရှိ ကျေးရွာ ၇ ရွာကို လက်နက်ကြီးများ ဖြင့် မကြာခဏပစ်ခတ် နေသောကြောင့် ကျေးရွာနေ ပြည်သူ ၃၈၀၀ ခန့်သည် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/153905/
ကျိုက်ထိုမြို့နယ်၊ ရှမ်းစုကျေးရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်
["ကျိုက်ထိုမြို့နယ်၊ ရှမ်းစုကျေးရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်", "ရန်ကုန်၊ မတ် ၃၀", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရှမ်းစုကျေးရွာမှ ပြည်သူ ၁ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း KNU-ဒူးသထူခရိုင်ထံမှ သိရသည်။", "မတ်လ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၃ နှင့် ခလရ ၈ ပူးပေါင်း စစ်ကြောင်းသည် ညောင်ထောက်၊ ရှမ်းစု ရွာသား ၁ ဦးကို သပြေနီရွာ၌ အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့သူမှာ ရှမ်းစုကျေးရွာမှ ဦးမောင်မောင်နှင့် ဒေါ်ခင်သန်းတို့၏ သားဖြစ်သူ အသက် ၃၃ နှစ် အရွယ် ကိုရှိန်းကိုကို (ခ) ဗိုလ်ရှိန်း ဖြစ်ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခမရ ၃ နှင့် ခလရ ၈ မှ ဖြစ်ပြီး ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် လုံခြုံရေး လှုပ်ရှားနေသူများ ဖြစ်ကြောင်း သိရှိရသည်"]
https://yktnews.com/2023/06/105915/
ကျိုက်ထိုမြို့နယ်၊ လက်ပံပင်သင်္ချိုင်းတွင် တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး
["ကျိုက်ထိုမြို့နယ်၊ လက်ပံပင်သင်္ချိုင်းတွင် တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၃", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ပံပင်သင်္ချိုင်းတွင် တပ်စွဲထားသောဘစစ်သားများကို ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၃ ဦးထက်မနည်းသေဆုံးကြောင်း ကျိုက်ထိုတော်လှန် ရေးအင်အားစု -KRF ထံမှ သိရသည်။", "ယနေ့ဇွန်လ ၃ ရက် နေ့လည် ၁၂ နာရီ ၃၅ မိနစ်ခန့်က အဆိုပါအကြမ်းဖက်စစ်သားများအား စစ်ရေးပစ် မှတ်အဖြစ်သတ်မှန်၍ ဒရုန်းဖြင့် ၆၀ မမ ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ကင်းတဲစခန်းကို ထိမှန်ပျက်စီး ပြီး အကြမ်းဖက်စစ်သား ၃ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အ ထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF အဖွဲ့၊ KNU/KNLA ၊ Nightawks ၊ ABSDF နှင့် တောကျီးကန်းအဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။"]
https://yktnews.com/2023/06/106232/
ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ
["ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ ဇွန် ၅", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးကျေးရွာအတွင်းကို မေလ ၃၁ ရက်နေ့ ည ၇ နာရီ ၂၈ မိနစ်တွင် ကျိုက်ထိုအခြေစိုက် အကြမ်းဖက် စစ်တပ်၏ တပ်မ−၄၄ လက်အောက်ခံ ခလရ-၂ က ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်လိုက်သောလက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဒေသပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ−ဗဟို က သတင်း ထုတ်ပြန်ထားသည်။", "အကြမ်းဖက် စစ်ကောင်စီဝင်များက ပစ်ခတ်လိုက်သည့် လက်နက်ကြီးများသည် လှည်းလမ်းကူးကျေးရွာရှိ ဦးရွှေသောင်း၏ နေအိမ်ခြံဝန်း အတွင်းကျရောက်ကာ မိသားစုဝင် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့်စောထွန်း ၃၃ နှစ်၏ ဘယ်ခြေ ဘယ်လက်၊ နော်ဝင်းစန္ဒာမြင့် ၃၀ နှစ်၏ ညာခြေနှင့်ရင်ဘက်၊ စောထွန်းလင်း ၃၇ နှစ်၏ဘယ်ပေါင် ဘယ်ရင်ဘတ် ညာပေါင် ညာရင်ဘတ်၊ စောမြင့်မြတ်လင်း ၁၃ နှစ်၏ ဝမ်းဗိုက် ဦးခေါင်း ဘယ်ဖက်လက်၊ စောသိမ်းပိုက်စိုးစံ အသက် ၁၅ နှစ်၏ညာပေါင် ဘယ်လက်နှင့် နော်ယွန်းရတီထွေး ၆ နှစ် ၏ ညာခြေထောက်ကို လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး ကျိုက်ထိုဆေးရုံသို့ ကနဦးပို့ဆောင်ခဲ့ကြောင်း ကေအဲန်ယူ−ဗဟို၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။", "ကျိုက်ထိုအခြေစိုက် တပ်မ-၄၄ လက်အောက်ခံတပ်များမှ ကျိုက်ထိုမြို့နယ်အတွင်းသို့ လက်နက်ကြီး များကို မကြာခဏ ပစ်ခတ်လေ့ရှိပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသပြည်သူများမှာ နေ့ရောညပါ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုများ၊ ရုပ်ပိုင်းဆိုင်ရာမလုံခြုံမှုများနှင့် ထိခိုက်သေဆုံးမှုများကို ကြုံတွေ့နေရပြီး အကြမ်းဖက်စစ်ကောင်စီတပ်များမှာ လူ့အခွင့်ရေးကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်ကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/07/175033/
ကျိုက်ထိုမြို့နယ်၊ ဝါးပိုးချောင်းရွာတွင် တပ်စွဲထားသော စစ်သားများကို ERO များနှင့် ရန်ကုန်တိုင်း ပကဖ က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["ကျိုက်ထိုမြို့နယ်၊ ဝါးပိုးချောင်းရွာတွင် တပ်စွဲထားသော စစ်သားများကို ERO များနှင့် ရန်ကုန်တိုင်း ပကဖ က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ ဇူလိုင် ၂၂", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဝါးပိုးချောင်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ဆက်သွယ်ရေးနှင့် မီဒီယာတာဝန်ခံ ရဲဘော်ကိန်းက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ ဝါးပိုးချောင်းကျေးရွာကို စစ်ကြောင်းထိုးလာပြီး တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀၀ ကျော်ခန့်ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "“အပြင်းစား ဗုံးသီး ၂ လုံးနဲ့ ကျဲချ တိုက်ခိုက်ခဲ့ပါတယ်။ အထိခိုက် အကျဆုံးတော့ မသိရသေးပါဘူး။ အခုလက်ရှိထိတော့ စစ်ရေးမငြိမ်သေးပါဘူး” ဟု ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ဆက်သွယ်ရေးနှင့် မီဒီယာတာဝန်ခံ ရဲဘော်ကိန်းက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ နှင့် ERO ညီနောင်များ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရဲဘော်ကိန်းက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2024/12/197486/
ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာရှိ တာဝါတိုင်စခန်းတွင် စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီး စစ်သား ၅ ဦး သေဆုံး၊ စစ်ဗိုလ် ၁ ဦးနှင့်ပစ်ခတ်သူ စစ်သားတို့ လက်နက်များ ယူဆောင် ထွက်ပြေး
["ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာရှိ တာဝါတိုင်စခန်းတွင် စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီး စစ်သား ၅ ဦး သေဆုံး၊ စစ်ဗိုလ် ၁ ဦးနှင့်ပစ်ခတ်သူ စစ်သားတို့ လက်နက်များယူဆောင် ထွက်ပြေး", "ရန်ကုန်၊ ဒီဇင်ဘာ ၃၀", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးရှိ မိုင်တဲတာဝါတိုင်စခန်းတွင် စစ်သားအချင်း ချင်းပစ်ခတ်မှုဖြစ်ပြီး ၅ ဦးသေဆုံးခဲ့ကြောင်း၊ အဆိုပါစခန်းမှ စစ်ဗိုလ် ၁ ဦးက ပစ်ခတ်သူ စစ်သားနှင့်အတူ လက်နက်ခဲယမ်းများ ယူဆောင် ထွက်ပြေးသွားကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ မိုင်တဲတာဝါတိုင်စခန်း တွင် စစ်သားအချင်းချင်း စကားများ ရန်ဖြစ်ပြီး စစ်သားတစ်ဦးက သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ စစ်သား ၅ ဦးပွဲချင်းပြီး သေဆုံး သွားခဲ့ကြောင်း၊ ပစ်ခတ်မှုဖြစ်ပြီးနောက် ပစ်ခတ်ခဲ့သည့် စစ်သားက ယင်းခစန်းမှ စစ်ဗိုလ် ၁ ဦးနှင့်အတူ လက် နက်ခဲယမ်းများ ယူဆောင် ထွက်ပြေးသွားကြောင်း သိရသည်။", "“လက်နက်တွေနဲ့ ထွက်ပြေးတဲ့သူတွေရဲ့ နောက်ဆက်တွဲသတင်းတော့မကြားမိသေးဘူး။ ကျနော်တို့ ဆီလည်း ဆက်သွယ်လာတာမရှိသေးဘူး။ ဒီနေ့မနက်တော့ အဲဒီနေရာတဝိုက်ကို စစ်ကား ၅ စီးနဲ့ ပတ်နေတယ်လို့သတင်းရတယ်။ မနက်ကတည်းက ပတ်နေတာ။ လက်နက်တွေလည်းပါသွားတော့ လိုက် ရှာ နေတာဖြစ်မယ်၊ ကျိုက်ထိုနဲ့ သိမ်ဇရပ်ကနေရောက်လာတာ” ဟု ဒေသနေပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။", "အင်္ဂဘိုကျေးရွာရှိ တာဝါတိုင်စခန်းမှာ စစ်တပ်ပိုင် Mytel ဆက်သွယ်ရေး တာဝါတိုင် ထောင်ထားသော ဆက်သွယ်ရေးတာဝါတိုင်စခန်းဖြစ်ပြီး ယင်းတာဝါတိုင် မဖျက်ဆီးခံရစေရန်အတွက် စစ်တပ်က တပ်သားများကို လာရောက်ချထားခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်သားတစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)", "Photo- Agency ။"]
https://yktnews.com/2024/06/166710/
ကျိုက်ထိုမြို့နယ်၊ အထက် အင်္ဂဘိုရွာ အနီးရှိ စစ်တပ်၏ လက်ပံပင် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["ကျိုက်ထိုမြို့နယ်၊ အထက် အင်္ဂဘိုရွာ အနီးရှိ စစ်တပ်၏ လက်ပံပင် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ ဇွန် ၉", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အထက်အင်္ဂဘိုရွာ အနီးရှိ အကြမ်းဖက် စစ်တပ်၏ လက်ပံပင် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ ၁ ဆက်သွယ်ရေးနှင့် မီဒီယာ တာဝန်ခံ ရဲဘော်ကိန်းက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ကျိုက်ထိုမြို့နယ်၊ အထက်အင်္ဂဘိုရွာ အနီးရှိ အကြမ်းဖက် စစ်တပ်၏ လက်ပံပင် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "“အထက်အင်္ဂဘို ကျေးရွာ အနီးမှာရှိတဲ့ လက်ပံပင် စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ပါတယ်။ ပြင်းအားမြင့် ဗုံးသီးနဲ့တိုက်ခိုက်ခဲ့တာပါ။ နေ့လည် ၁ နာရီ ဝန်းကျင်လောက်က စစ်ခွေး သေစာရင်းတော့ မသိရသေးဘူး” ဟု ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ ၁ ဆက်သွယ်ရေးနှင့် မီဒီယာ တာဝန်ခံ ရဲဘော်ကိန်းက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့နှင့် ညီနောင် ERO များ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/04/154380/
ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်တွင် စစ်မှုထမ်းခိုင်းရန် လူငယ်စာရင်းများ ကောက်နေသူ ရာအိမ်မှူး မြအေး ပစ်ခတ်ခံရပြီး သေဆုံး
["ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်တွင် စစ်မှုထမ်းခိုင်းရန် လူငယ်စာရင်းများ ကောက်နေသူ ရာအိမ်မှူး မြအေး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဧပြီ ၁", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ကော့စံနိုင်ရပ်ကွက်တွင် လူငယ်များကို အတင်း အဓမ္မ စစ်မှုထမ်းခိုင်းရန် လိုက်လံစာရင်း ကောက်ယူနေသူ မြအေးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောာင်း ကျိုက်ထို တော်လှန်ရေးအင်အားစု – KRF တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။", "ယနေ့ဧပြီလ ၁ ရက်နေ့ ညနေ ၄ နာရီခန့်က ကျိုက်ထိုမြို့နယ်၊ ကော့စံနိုင်ရပ်ကွက်အတွင်းနေထိုင်ပြီး အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်သည့် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရန် ကော့စံ နိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ စာရေးမတို့နှင့် ပူးပေါင်းကာ တစ်အိမ်တက်ဆင်း တက်ကြွစွာ စာရင်း ကောက်နေသူ မြအေးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေ ဆုံးသွားကြောင်း သိရသည်။", "သေဆုံးသူ မြအေးသည် အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းတွင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ များကို ဖမ်းဆီးရန် သတင်းပေးအဖြစ် ဆောင်ရွက်ခဲ့သည့်အပြင် အကြမ်းဖက်စစ်တပ်က ပေးသည့် ပြည်သူ့စစ်သင်တန်းလည်း တက်ရောက်ထားပြီးသူဖြစ်ကြောင်း သိရသည်။", "အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) နှင့် ကျိုက်ထို ပကဖ အဖွဲ့ တို့ ပူးပေါင်းကာ ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ကျိုက်ထိုမြို့ပေါ်ရှိ ကော့စံနိုင်၊ တောင်ပိုင်း၊ မြောက်ပိုင်း၊ ကံ့ကော်၊ တောင်သူစု၊ ဇေယျာမွန်၊ ဖက္ကလိပ် ရပ်ကွက် နှင့် ကော့ထင်း၊ ဘိုရားကြီး၊ မုက္ခမူ၊ မလော့ချောင်၊ ကျိုက္ကသာ၊ စွပ္ပနူး၊ ခလွန်၊ ကျိုက်ပိ၊ ကော့ဘိန်း၊ ကျွန်းတော၊ ကျူချောင်၊ သရက်ကုန်း၊ အဘိုင်း နှင့် ကင်မွန်းချောင်းကျေးရွာ၊ အပါအဝင် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ နှင့် စာရေးများအအနေဖြင့် အကြမ်းဖက်စစ် ကောင်စီ အလိုကျ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရန်အတွက် လူငယ်များကို အတင်း အကျပ် စာရင်းကောက် စုဆောင်းမှု ဆက်လက် လုပ်ဆောင်နေမည်ဆိုပါက ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ အမြန်ဆုံးနှုတ်ထွက်ကြ ရန် ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2025/01/197955/
ကျိုက်ထိုရှိ စစ်တပ်၏ လက်ပံပင် သုဿန်ဂိတ်နှင့် ချောက်တွင် စစ်တပ် စစ်ကြောင်း တို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး
["ကျိုက်ထိုရှိ စစ်တပ်၏ လက်ပံပင် သုဿန်ဂိတ်နှင့် ချောက်တွင် စစ်တပ် စစ်ကြောင်း တို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၂", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ လက်ပံပင် သုဿန်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း KYAIKHTO REVOLUTION FORCE (KRF) က ပြောဆိုသည်။", "ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၄ နာရီ ၇ မိနစ်ခန့်တွင် လက်ပံပင် သုဿန်ဂိတ်ကို ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) ၊ KNU/KNLA နှင့် PDF (၇၈၀၅)တပ်ရင်း ပူးပေါင်းအဖွဲ့တို့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး ပူးပေါင်းအဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "KYAIKHTO REVOLUTION FORCE (KRF) အနေဖြင့် အကြမ်းဖက် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်း၊ ပြည်သူလူထု အပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာ ပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများကို ပြုလုပ်မည်မဟုတ်ကြောင်း အသိပေး ပြောဆိုထားသည်။", "ထို့ပြင် မကွေးတိုင်း၊ ချောက်မြို့နယ်တွင် ကတောက်ချောင်း ကျေးရွာအနီးတွင် ကုန်းကြီးပျူစောထီးရွာကို ရောက်ရှိလာသော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Chauk Guerrilla Force မှ တာဝန်ခံ Ko Paing က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် ချောက်မြို့နယ်၊ ကတောက်ချောင်း ကျေးရွာအနီးတွင် ကုန်းကြီးပျူစောထီးရွာကို အကြမ်းဖက် စစ်တပ် နှင့် ပျူစောထီးများ ရောက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“တိကျသေချာတဲ့ စစ်ခွေး ထိခိုက်မှုကို ပြန်ပြောပေးပါ့မယ်။ ဘယ်လိုအခြေနေမျိုးမှာ မဆို စစ်ကောင်စီရဲ့ လှုပ်ရှားမှုတိုင်းကို ထိရောက်စွာ တိုက်ခိုက်သွားမည် ဖြစ်ကြောင်းနဲ့ ပြည်သူများအနေနဲ့ စစ်ကောင်စီ တပ်တွေနဲ့ ဝေးဝေးက ရှောင်နေကြဖို့ ပြောချင်ပါတယ်”ဟု Chauk Guerrilla Force မှ တာဝန်ခံ Ko Paing က ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို Chauk Guerrilla Force C.G.F ( ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့)နှင့် ချောက် မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၊မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ အာဠာဝက မြို့ပြ ပျောက်ကျားတပ်ဖွဲ့ ၊ Kyaukpadaung Special Defense Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။", "Photo – အကြမ်းဖက် စစ်တပ်၏ လက်ပံပင် သုဿန်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေစဉ်"]
https://yktnews.com/2023/08/118968/
ကျိုက်ထိုရှိ ဇီးကုန်းရွာကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ စစ်ကိုင်းတွင်လည်း စစ်တပ်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်
["ကျိုက်ထိုရှိ ဇီးကုန်းရွာကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ စစ်ကိုင်းတွင်လည်း စစ်တပ်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်", "ရန်ကုန်၊ ဩဂုတ် ၁၉", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ ကြောင်း Kyaikhto Revolution Force – KRF ထံမှ သိရသည်။", "ဩဂုတ်လ ၁၆ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က အင်အား ၈၀ ခန့်ဖြင့် ကျိုက်ထိုမြို့နယ်၊ ဇီးကုန်း ကျေးရွာ အတွင်းသို့ လက်နက်ကြီး၊ စက်လက်များ၊ ၄၀ မမများ၊ RPG များ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲမှ ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိကာ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ၊ KNU/KNLA နှင့် ABSDF တပ်ဖွဲ့တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ ကြောင်း သိရသည်။", "ကျိုထိုတော်လှန်ရေးအင်အားစု – KRF အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက် ပေးကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများ၊ ထောက်တိုင်များ ၊ အကြမ်းဖက်စစ်သားများကို ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း၊ မိဘပြည်သူလူထု နစ် နာမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများ ပြုလုပ်မည်မဟုတ်ကြောင်း အသိပေးထားသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ မာလဲတောရွာ၌ တပ်စွဲထားသော စစ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း YOUNG WOLF Local PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၁၉ ရက်နေ့တွင် စစ်ကိုင်းမြို့နယ် မာလဲတောရွာရှိ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ တပ်စွဲထားသော စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး များဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း YOUNG WOLF Local PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2023/10/126719/
ကျိုက်ထိုရှိ ရွှေ KTV ပိုင်ရှင် စစ်တပ်ဘက်တော်သား ကရင်နယ်ခြားစောင့်တပ်-BGF ဗိုလ် စောနန်းဦး အသတ်ခံရ
["ကျိုက်ထိုရှိ ရွှေ KTV ပိုင်ရှင် စစ်တပ်ဘက်တော်သား ကရင်နယ်ခြားစောင့်တပ်-BGF ဗိုလ် စောနန်းဦး အသတ်ခံရ", "ရန်ကုန်၊ အောက်တိုဘာ ၁၆", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရွှေ KTV ပိုင်ရှင် BGF ဗိုလ် စောနန်းဦးသည် အောက်တိုဘာ ၁၅ ရက် ညနေပိုင်းတွင် အသတ်ခံရကြောင်း Kyaikkhto Information Organization မှ တာဝန်ရှိသူနှင့် ဒေသပြည်သူများထံမှ သိရှိရသည်။", "စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ဗိုလ် စောနန်းဦး မှာ ဘယ်သွားသွားသေနတ်အမြဲဆောင်လေ့ရှိသူဖြစ်ပြီး အင်္ဂဘိုကျေးရွာရှိ ၎င်း၏ ဇနီးနေအိမ်သို့ သွားရောက်စဥ် အသတ်ခံရခြင်းဖြစ်ပြီး စီးပွားရေးကိစ္စနှင့် ပတ်သက်၍ ပစ်သတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။", "“သိရသလောက် ပုဂ္ဂိုလ်ရေး စီးပွားရေးနဲ့ပတ်သက်တာတဲ့။ တော်လှန်ရေးအဖွဲ့တွေ မဟုတ်ဘူးတဲ့ ။ အဲဒီလို သိရတယ်”ဟု Kyaikkhto Information Organization မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "BGF ဗိုလ်စောနန်းဦးသည် အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်း၍ စီးပွားရှာနေသူ ဖြစ်ပြီး ၎င်းပိုင်ဆိုင်သည့် ရွှေ KTV တွင် တော်လှန်ရေး UG အချို့ ပစ်သတ်ခံရသည့် ဖြစ်စဥ်များရှိခဲ့ကြောင်းလည်း ဒေသပြည်သူများထံမှ သိရှိရသည်။"]
https://yktnews.com/2023/04/99751/
ကျိုက်ထို၊ ကင်မွန်းချောင်း ရဲစခန်းကို ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ရဲစခန်း မီးလောင် ပျက်စီး
["ကျိုက်ထို၊ ကင်မွန်းချောင်း ရဲစခန်းကို ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ရဲစခန်း မီးလောင် ပျက်စီး", "ရန်ကုန်၊ ဧပြီ ၂၈", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကင်မွန်းချောင်း ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ရဲစခန်းစခန်း မီးလောင် ပျက်စီးခဲ့ကြောင်း ပအိုဝ်း ပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD က ပြောသည်။", "ဧပြီလ ၂၇ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်ရှိ ကင်မွန်း‌ချောင်းနယ်မြေရဲစခန်းကို တော်လှန်ရေး အင်အားစုများက စစ်ရေး ပစ်မှတ်အဖြစ် သတ်မှတ်ကာ ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ ရဲစခန်းကို ညနေ ၄ နာရီ ၂၃ မိနစ်ခန့်တွင် ဗုံးသီး ၂ လုံး၊ ညနေ ၄ နာရီ ၂၅ မိနစ်ခန့်တွင် ဗုံးသီး ၃ လုံး၊ ညနေ ၅ နာရီ ၉ မိနစ်ခန့်တွင် ဗုံးသီး ၃ လုံးနှင့် ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် ‌ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး ရဲစခန်း မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။", "တိုက်ခိုက်မှုအတွင်း ရဲစခန်း မီးလောင်ပြာကျခဲ့သော်လည်း စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ ယင်း တိုက်ခိုက်မှုကို KNLA ၊ PDF၊ PPDF-KD၊ KRF၊ TPDF ၊ ဘီးလင်း (ပကဖ) နှင့် ကျိုက်ထို (ပကဖ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး အင်အားစုများ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။", "ပအိုဝ်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD အနေဖြင့် မဟာ မိတ် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စစ်အာဏာရှင် ချေမှုန်း ရေး စစ်ရေးလှုပ်ရှားမှုကို အရှိန်မြှင့်တင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။"]
https://yktnews.com/2023/07/110996/
ကျိုက်ထို၊ ဆောင်နိုင်ကြီးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု သံဃာ ၁ ပါး ထိခိုက် ဒဏ်ရာရပြီး ဘုရားစေတီနှင့် ကျောင်း အဆောက်အအုံများ ပျက်စီး
["ကျိုက်ထို၊ ဆောင်နိုင်ကြီးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု သံဃာ ၁ ပါး ထိခိုက် ဒဏ်ရာရပြီး ဘုရားစေတီနှင့် ကျောင်း အဆောက်အအုံများ ပျက်စီး", "ရန်ကုန်၊ ဇူလိုင် ၃", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဆောင်နိုင်ကြီးကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု သံဃာ ၁ ပါး ထိခိုက် ဒဏ်ရာရပြီး ဘုရားစေတီနှင့် ကျောင်း အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း Kyaikhto Information Team မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဇူလိုင်လ ၃ ရက်နေ့တွင် သိမ်ဇရပ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ အမြောက်တပ်နှင့် ဝင်းကလော လမ်းဆုံ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးများ ဆောင်နိုင်ကြီးကျေးရွာအတွင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး သံဃာ ၁ ပါး ထိခိုက် ဒဏ်ရာရကာ ဘုရားစေတီနှင့် ကျောင်း အဆောက် အအုံများ ပျက်စီးခဲ့ကြောင်း သိရသည်။", "“တိုက်ပွဲမရှိဘူး။ ပြေးနေကြရတယ်။ စစ်ကြောင်းလာလို့ ပြေးရတာ မဟုတ်ဘူး။ လက်နက်ကြီးထုတော့ ထိမှာစိုးလို့ ပြေးနေကြတာ နောက်ပြီး သိမ်ဇရပ် ခမရ ၂၀၇ တပ်ထဲကို အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးရောက်နေတယ်” ဟု Kyaikhto Information Team ၏ တာဝန်ရှိသူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ကျိုက်ထို ၊ ဘီးလင်းရှိ KNLA တပ်မဟာ ၁ ထိန်းချုပ်ရာ နေရာများကို လေယာဉ်နှင့် ဗုံးကျဲမည်ဟူသည့် သတင်းများ ဇူလိုင်လ ၂ ရက်နေ့ည ပိုင်းမှ စတင်၍ ပျံ့နှံ့နေ၍ ပြည်သူများ ကြောက်လန့်နေကြကြောင်း သိရသည်။"]
https://yktnews.com/2024/05/160433/
ကျိုက်ထို၊ မရမ်းချောင် အကျဉ်းဦးစီး လက်ထောက်ညွန်ကြားရေးမှူး ဗိုလ်ကြီးဟောင်း စင်းအောင်(ခ)ဝင်းအောင် မယားငယ်၏နေအိမ်ရှေ့တွင် ပစ်ခတ်ခံရပြီး သေဆုံး၊ ပစ္စတိုသေနတ်တစ်လက်သိမ်းဆည်းရရှိ
["ကျိုက်ထို၊ မရမ်းချောင် အကျဉ်းဦးစီး လက်ထောက်ညွန်ကြားရေးမှူး ဗိုလ်ကြီးဟောင်း စင်းအောင်(ခ)ဝင်းအောင် မယားငယ်၏နေအိမ်ရှေ့တွင် ပစ်ခတ်ခံရပြီး သေဆုံး၊ ပစ္စတိုသေနတ်တစ်လက်သိမ်းဆည်းရရှိ", "ရန်ကုန်၊ မေ ၂", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် (ရွှေဖြူ) အကျဉ်းဦးစီးဌာနမှ လက်ထောက်ညွန်ကြား ရေးမှူး ဗိုလ်ကြီးဟောင်း စင်းအောင်(ခ)ဝင်းအောင်ကို ၎င်း၏မယားငယ်နေအိမ်ရှေ့တွင် ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေဆုံးသွား ပြီး ပစ္စတိုသေနတ် တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRFက သတင်းထုတ်ပြန်သည်။", "ဧပြီလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၁၉ မိနစ်အချိန် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် (ရွှေဖြူ) အကျဉ်း ဦးစီး ဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး စင်းအောင်(ခ)ဝင်းအောင်ကို ဘီးလင်းမြို့နယ်၊ ယက္ကန်း သည်မကျေးရွာကျေးရွာရှိ ၎င်း၏ မယားငယ်နေအိမ်ရှေ့တွင် ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) နှင့် ကျိုက်ထို ပကဖ ပူးပေါင်းအဖွဲ့က စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာ ပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။", "သေဆုံးသူ စင်းအောင်(ခ) ဝင်းအောင်မှာ စစ်မှုထမ်းဟောင်း ဗိုလ်ကြီးတစ်ဦးဖြစ်ပြီး လက်နက်လည်း ကိုင်ဆောင်ထားကာ တော်လှန်ရေးအဖွဲ့များ၏ သတင်းများကို ကိုယ်တိုင် စုံစမ်း၍ စစ်တပ်နှင့် ရဲကို သတင်းပေးခြင်း၊ တော်လှန်ရေးလုပ်ငန်းများကို နှောင့်ယှက်ခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းရခြင်း ဖြစ် ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF က အသိပေးထားသည်။", "ထိုသို့ ပစ်ခတ်ရှင်းပြီးနောက် ၎င်းထံမှ သက်သေခံ ပစ္စတို သေနတ်တစ်လက် နှင့် ဝန်ထမ်းကတ် များ ကို သိမ်း ဆည်း ရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဘေးကင်းစွာ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ ကြောင်း သိရသည်။", "ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက် လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေးကာကွယ် စောင့်ရှောက်သွားမည် ဖြစ်ကြောင်း၊ ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံး စေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း အလျှဉ်းမရှိပါကြောင်း ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/01/81131/
ကျိုက်ထို၊ မရမ်းချောင်ရွာ အုပ်ချုပ်ရေးမှူး အောင်ထွန်းနှင့် ကော့ကရိတ်၊ ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်အောင်တို့ ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေကြ
["ကျိုက်ထို၊ မရမ်းချောင်ရွာ အုပ်ချုပ်ရေးမှူး အောင်ထွန်းနှင့် ကော့ကရိတ်၊ ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်အောင်တို့ ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေကြ", "ရန်ကုန်၊ ဇန်နဝါရီ ၁၅", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာ မှစစ်ကောင် စီခန့် အုပ်ချုပ်ရေးမှူး အောင်ထွန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း Kyaikhto Information Team မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက် ည ၇ နာရီခွဲခန့်က မရမ်းချောင်ကျေးရွာ ဘုရား ကိုးဆူအနီး၌ ပစ်ခတ်ခံရကာ နဖူးကျည်တစ်ချက် ထိမှန်သေဆုံးသွားပြီး ည ၈ နာရီခန့်တွင် စစ်တပ်က လာရောက်စစ်ဆေးကြောင်း၊ အလောင်းကို နေအိမ်သို့သယ်ယူသွား ခြင်း ဖြစ်ကြောင်း သိရသည်။", "“ အရင်အုပ်ကြီး အသတ်ခံရလို့ သူ့ကိုခန့်ထားတာ၊ ၅ လလောက်ပဲရှိသေးတယ်၊ သူ့မှာက ကျည်ကာအင်္ကျီရှိ တယ်လို့တော့ကြားတယ်၊ သေနတ်ရှိ၊ မရှိတော့ မသိဘူး။ ဘယ်အဖွဲ့အစည်းက ပစ်ခတ်သတ်ဖြတ်သွားတာ လဲ ဆိုတာလဲ မသိရသေးဘူး၊ သူက အရင်ကတည်းက လူမှုရေးမရှိတဲ့သူ၊ အခုနာရေး လုပ်တော့ ကုလားဖျင်ထိုး ပေးမယ့်သူတောင်မရှိဘူး” ဟု Kyaikhto Information Team မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ပစ်ခတ်သတ်ဖြတ်ခံရသူ အုပ်ချုပ်ရေးမှူး အောင်ထွန်းမှာ အသက် ၄၇ နှစ်အရွယ်ရှိပြီး ယခင်အုပ်ချုပ်ရေးမှူး ကျော်မင်းဦးသတ်ဖြတ်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။", "အလားတူ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန် ကရင် ပြည်နယ်၊ ကော့ကရိတ်မြိုနယ်၊ ကျုံဒိုးမြို၊ အမှတ် ၂ ရပ် ကွက်အုပ်ချုပ်ရေးမှူး မြင့်အောင် အသက် ၆၄ နှစ်သည် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "“ဆိုင်ကယ်နဲ့ လာပစ်သွားတာ။ အား လို့ တစ်ချက်ပဲ အော်နိုင်တယ်။ ကားပေါ်မယ် ပွဲချင်းပြီးပဲ။ အပစ်ခံရတာက ၁၀ ချက်လောက် ဆက်တိုက် အပစ်ခံရတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- သေဆုံးသွားသော ကော့ကရိတ်ကျုံဒိုး အမှတ် ၂ ရပ်ကွက် အုပ်ကြီး မြင့်အောင်။"]
https://yktnews.com/2024/02/147317/
ကျိုက်ထို၊ မုပ္ပလင်လမ်းဆုံရှိ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး၊ ပေါင်းတည်တွင် စစ် ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၁ ဦးသေဆုံး
["ကျိုက်ထို၊ မုပ္ပလင်လမ်းဆုံရှိ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး၊ ပေါင်းတည်တွင် စစ် ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၁ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံရှိ အကြမ်းဖက်စစ်တပ် စစ်ရေးဂိတ်ကို ဒရုန်း၊ လက် နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ၆ ဦးသေဆုံးခဲ့ကြောင်း ကျိုက်ထိုတော်လှန် ရေး အင်အားစု – KRF ထံမှ သိရသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၁၁ နာရီခန့်က အကြမ်းဖက်စစ်သား၊ ရဲ ပူးပေါင်းတပ်စွဲထား သည့် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံရှိ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်း၊ ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး နေရာမှာပင် ပွဲချင်းပြီးသေဆုံးပြီး ၃ ဦးမှာ ဆေးရုံသို့ သယ်ဆောင်သွားစဉ် လမ်းခုလတ်၌ သေဆုံး သွားကြောင်းသိရသည်။", "ထို့အပြင် အကြမ်းဖက်စစ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ် သား၊ ရဲများ၏ အနီး၌ ဈေးရောင်းချနေသော ဈေးသည်တစ်ဦးလည်း ဂုတ်ပိုးရှပ်ထိဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်း ၊ ဈေးသည်ပြည်သူထိခိုက်ခဲ့မှုအပေါ် လွန်စွာမှ စိတ်မကောင်းဖြစ်မိပြီး မိဘပြည်သူများအနေဖြင့် အ ကြမ်း ဖက်စစ်သား၊ ရဲများနှင့်နီးကပ်စွာ နေထိုင်ဆက်ဆံခြင်း၊ ရောင်းဝယ်ဖောက်ကားဖြင့် မပြုကြရန် ထပ်တောင်းသတိပေးပါကြောင်း KRF က ထုတ်ပြန်ထားသည်။", "အဆိုပါတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF နှင့် ကျိုက်ထိုမြေို့နယ် ပကဖ တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF အနေဖြင့် စစ်အာဏာရှင် စနစ်ကျဆုံးသည်အထိ ဆက် လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်တို့ကို အသက်ပေးကာ ကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက်၊ နစ်နာ၊ ပျက်စီး စေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများ ပြုလုပ်ခြင်း အလျဉ်းမရှိပါကြောင်း အသိပေးထားသည်။", "အလားတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါင်းတည်မြို့နယ်၊သစ်ပုတ်အုပ်စု၊လက်ပံခုန်ရွာအနောက်ဘက် နတ်ရေတွင်းရွာတောင်ဘက် ထန်းပင်ကွင်းတွင် စစ်တပ်စစ်ကြောင်းကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်- ၃၆၀၁ PPDF တပ်ရင်း၊ စနိုက်ပါအဖွဲ့နှင့်တပ်ခွဲ ၁ တို့က ပစ် ခတ်ရာ စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း ၃၆၀၁ PPDF တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "စစ်တပ်က သေဆုံးစစ်သားအလောင်းကို လက်ပံခုန်ရွာမှ နေအိမ်များနှင့်အတူ ရော၍ မီးရှို့သွားကြောင်း၊ ယင်းနောက် စစ်တပ်က တော်လှန်ရေးအဖွဲ့များကို လက်နက်ကြီး၊လက်နက်ငယ်မျိုးစုံဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိကြောင်း သိရှိရသည်။", "ဓာတ်ပုံ- မုပ္ပလင်စစ်ဆေးရေးဂိတ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/03/90763/
ကျိုက်ထို၊ ရန်ကုန်-မော်လမြိုင်လမ်းပေါ်တွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး
["ကျိုက်ထို၊ ရန်ကုန်-မော်လမြိုင်လမ်းပေါ်တွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၄", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းပေါ်တွင် ကင်းပုန်း ဝပ် ရန်လာသော စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစု (Kyaikhto Revolution Force(KRF)ထံမှ သိရသည်။", "ယမန်နေ့ မတ်လ ၃ ရက် နံနက် ၅ နာရီ ၁၀ မိနစ်က စစ်ယာဉ်တန်းများကို လုံ ခြုံရေးယူပေးရန်အတွက် ကင်းပုန်းဝပ်ရန် လာသော အကြမ်းဖက်စစ်သားများကို KRF၊ KNLA တပ်မဟာ ၁ တပ်ရင်း ၃ နှင့် တခြား ပူးပေါင်းအဖွဲ့တို့က လက် ဦးမှုရယူကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၆ ဦး သေဆုံးကာ အခြား ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိကာ ဆေးရုံတင်ထားရကြောင်းသိရသည်။", "စစ်ဆင်ရေး တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအားလုံး အထိ အခိုက်မရှိဘဲ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း၊ အထိနာသွားသဖြင့် အကြမ်း ဖက် စစ်တပ်က ယနေ့ နေ့လည်ပိုင်းတွင် စစ် အင်အား အများအပြားဖြင့် KNLA တပ်မဟာ ၁ တပ်ရင်း ၃ ထိန်းချုပ်ရာ နယ်မြေအတွင်းသို့ ကျောင်းရွာ ဘက်မှ တစ် ဆင့် စစ်ကြောင်းထိုးနေကြောင်း ဒေသခံများထံမှ သိရသည်။", "ကျိုက်ထိုတော်လှန်ရေး အင်အားစု (Kyaikhto Revolution Force-KRF) အနေဖြင့် အပြည်သူ လူထု၏ အသက်အိုးအိမ်စည်အိမ်ကို အသက်ပေးကာကွယ်မည်ဖြစ်ပြီး ပြည်သူလူအပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများ ပြလုပ်ခြင်း မရှိကြောင်း အသိပေးထုတ်ပြန်ထား သည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်သားများ။ (ပုံအဟောင်းဖြစ်သည်။)", "Photo- AP"]
https://yktnews.com/2023/07/113972/
ကျိုက်ထို၊ သိမ်ဇရပ်မြို့ လမ်းဆုံတွင် စစ်သားတစ်ဦးနှင့် ဆိုင်ကယ်ချင်း တိုက်မိသည့် မောင်ချစ်လေးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းပြန်ပေးကာ ငွေ ၂ သိန်းတောင်း
["ကျိုက်ထို၊ သိမ်ဇရပ်မြို့ လမ်းဆုံတွင် စစ်သားတစ်ဦးနှင့် ဆိုင်ကယ်ချင်း တိုက်မိသည့် မောင်ချစ်လေးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းပြန်ပေးကာ ငွေ ၂ သိန်းတောင်း", "ရန်ကုန်၊ ဇူလိုင် ၂၀", "မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ် ၊သိမ်ဇရပ်မြို့ ကားဂိတ်လမ်းဆုံတွင် အမြောက်တပ် ၃၁၀ မှ စစ်သားတစ်ဦးနှင့် ဆိုင်ကယ်ချင်း တိုက်မိသည့် မောင်ချစ်လေးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ပြီး အလောင်းပြန်ပေးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇူလိုင် ၁၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် သိမ်ဇရပ်တွင် ဈေးဝယ်၍ ပြန်လာသည့် အသက် ၂၅ နှစ်အရွယ် မောင်ချစ်လေး၏ ဆိုင်ကယ်နှင့် အမြောက်တပ် ၃၁၀ မှ စစ်သားတစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်တို့ တိုက်မိခဲ့ကြောင်း၊ ဆိုင်ကယ်ချင်းတိုက်မိပြီးနောက် စစ်သားက အမြောက်တပ် ၃၁၀ တပ်မှ စစ်သားများကို ဖုန်းဆက် ခေါ်ယူခဲ့ကြောင်း၊ စစ်သား များ ရောက်ရှိလာသောအခါ မောင်ချစ်လေးကို တပ်ထဲသို့ ဖမ်းဆီးခေါ်ဆောင် သွားပြီး ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။", "ဇူလိုင်လ ၁၉ ရက်နေ့တွင် မောင်ချစ်ဦး သေဆုံးသွားပြီဖြစ်၍ ရုပ်အလောင်း လာယူရန် မိသားစုဝင်များကို အမြောက် တပ် ၃၁၀ တပ်က အကြောင်းကြားလာသဖြင့် မိသားစုဝင်များက အလောင်းသွားရောက်ယူဆောင်ပြီး မီးသင်္ဂြိုဟ်ခဲ့ရကြောင်း၊ အလောင်းထုတ်ယူရာတွင်လည်း စစ်တပ်က ငွေကျပ် ၂ သိန်းတောင်းခံခဲ့ကြောင်း သိရှိရသည်။", "အမြောက်တပ်ထဲသို့ ဖမ်းဆီး ခေါ်ဆောင်ခံရပြီး နောက် သေဆုံးသွားသော မောင်ချစ်လေး၏ ရုပ်အလောင်းတွင် ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ထားသည့် ဒဏ်ရာများ၊ ခေါင်းပိုင်းတွင် ညိုမည်းစွဲ ဒဏ်ရာ ၊ နှုတ်ခမ်းကွဲ ၊ လည်းပင်း ဂုတ်ပိုး တို့တွင် ညိုမဲစွဲဒဏ်ရာ ၊ ဦးခေါင်းပျော့စိ ဒဏ်ရာ တို့ကို တွေ့ရကြောင်း သိရှိရသည်။", "စစ်တပ်က မောင်ချစ်လေး၏ ရုပ်အလောင်းကို ပြန်ပေးသော်လည်း ဆိုင်ကယ်၊ ပိုက်ဆံအိတ်အပါအဝင် မောင်ချစ်လေး၏ ပစ္စည်းပြန်မပေးကြောင်း၊ စစ်တပ်က ရုပ်အလောင်း ထုတ်ပေးရာတွင်လည်း မိသားစုထံမှ ကျပ် ၂ သိန်းတောင်းခံခဲ့ကြောင်း သိရှိရသည်။", "မောင်ချစ်လေး သေဆုံးမှုသည် စစ်တပ်က သတ်ဖြတ်မှုကြောင့် သေဆုံးခြင်းဖြစ်သော်လည်း သိမ်ဇရပ် တိုက်နယ် ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ မြတ်ဆုဝေက ရိုးရိုးသာမန် သေဆုံးမှု အဖြစ် သေမှုသေခင်း လက်မှတ် ထုတ်ပေး၍ သဂြိုလ်ခိုင်းခဲ့ကြောင်း သိရှိရသည်။", "စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ မောင်ချစ်လေးမှာ မည်သည့်အဖွဲ့စည်းများ နှင့် သက်ဆိုင်ခြင်း မရှိဘဲ ချောင်းစောက်ရွာတွင် နေထိုင်၍ အိမ်ဆိုင်ဖွင့်ထားသည့် သာမန် စျေးရောင်း ၊ စျေးဝယ် ပြည်သူသာဖြစ်ပြီး ဇနီး ဖြစ်သူ ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။", "ယခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့ကလည်း သိမ်ဇရပ်မြို့တွင် ကယ်ရီသမား ကိုကျော်ဇင်လတ်နှင့် အမြောက်တပ် ၃၁၀ မှ တပ်ကြပ်ကြီး တင့်ရွှေ (ငြိမ်း) ၏ ချွေးမဖြစ်သူ ဥမ္မာတို့ စကား များခဲ့ကြကြောင်း၊ တပ်ကြပ်ကြီး၏ ချွေးမ ဥမ္မာက အမြောက်တပ် ၃၁၀ မှ စစ်သားများကို ခေါ်ကာ ကိုကျော်ဇင်လတ် ဖမ်းဆီး နှိပ်စက်ခိုင်းခဲ့သဖြင့် ကိုကျော်ဇင်လတ် သေဆုံးခဲ့ရကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/108030/
ကျိုက်ထို၊ သိမ်ဇရပ်မြို့ရှိ ရပ်ကွက်၊ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ပြည်သူ ၁၉ ဦး ထိခိုက်ဒဏ်ရာရ
["ကျိုက်ထို၊ သိမ်ဇရပ်မြို့ရှိ ရပ်ကွက်၊ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ပြည်သူ ၁၉ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ ဇွန် ၁၇", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ ရပ်ကွက်၊ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ပြည်သူ ၁၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၁၆ ရက်နေ့ ည ၇ နာရီခန့်တွင် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမှတ် ၁ ရပ်ကွက်၊ ရွာလေး ကွက်သစ် ၈ လမ်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် ခဲ့သောကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "သေဆုံးသူမှာ ၃၈ နှစ်အရွယ် မအေးအေးနွယ်ဖြစ်ပြီး ယာဘက်နံရိုးအောက် ဖောက်ဝင်ဒဏ်ရာ၊ ယာပါးထိရှ ဒဏ်ရာနှင့် ယာလက်သကြွယ်ပြတ်ဒဏ်ရာတို့ ရရှိကာ သေဆုံးခဲ့ကြောင်းသိရသည်။", "ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးမှာ အသက် ၃၄ နှစ်အရွယ် ကိုဇင်ဘိုလတ်သည် ယာခါးပေါက်ပြဲဒဏ်ရာ၊ အသက် ၅ နှစ်အရွယ် မသဇင်အောင်သည် ယာပါးနှင့်ဝဲတင်ပါးတို့၌ ဒဏ်ရာရရှိခဲ့ကြောင်း၊ အသက် ၃၅ နှစ်အရွယ် ကိုရှိန်းကျော်သည် ဝဲလက်မောင်းရင်းဖောက်ဝင်ဒဏ်ရာ၊ ယာလက်သကြွယ်ပေါက်ပြဲ ဒဏ်ရာတို့ရရှိခဲ့ကြောင်း၊ အသက် ၃၆ နှစ်အရွယ် ဒေါ်ချိုမာသန်းသည် ဝဲလက်မောင်းနှင့် တံထောင်ဆစ်ထိခိုက်ပေါက်ပြဲဒဏ်ရာ၊ ဝဲလက်ဖမိုးပြတ်ရှဒဏ်ရာတို့ ရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ လက်နက်ကြီးများကို သိမ်ဇရပ် အခြေတိုက် အမတ ၃၁၀ မှ ဇွန်လ ၁၆ ရက်နေ့ ည ၇ နာရီ ၃၈ မိနစ်တွင် ၁၂၀ မမ ၂ လုံးဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း၊ ယင်း လက်နက်ကြီး ၂ လုံးသည် ကျောက်တန်းလေးနှင့် ဧက ၇၀ ကျောက်မိုင်း ဝန်းကျင် တွင်ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ယင်းနောက် သိမ်ဇရပ် ရဲစခန်းမှ ၆၀ မမ ၅ လုံး ထပ်မံပစ်ခတ်ရာ ၆၀ မမ ၄ လုံး သည် ရွာလေး ကွက်သစ်၊ ၈ လမ်းသို့ ကျရောက် ကျရောက်ပေါက်ကွဲခဲ့ပီး ၊ အရပ်သား. ၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၁ ဦးသေဆုံးခဲ့ကြောင်း၊ ကျန်လက်နက်ကြီး ၁ လုံးသည် ဦးစိုးလေးအိမ် နားသို့ ကျရောက်ခဲ့ပီး မပေါက်ကွဲဘဲ ထို မကွဲသော လက်နက်ကြီးကျည်ကို အမတ ၃၁၀ မှ ယနေ့ နံနက်ပိုင်းတွင် လာရောက် စစ်ဆေး သိမ်းဆည်းသွားကြောင်း သိရသည်။", "ယင်းလုပ်ဆောင်ချက်ကို KNU/KNLA ၊ PDF တပ်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း စစ်တပ် လောဘီများက သတင်းမှားများ ထုတ်ပြန်နေပြီး လက်နက်ကိုင်ဆောင်ထားသည့် ရဲသတင်းပေး ဒူးရှည်၊ ငမျိုး ဆိုသူတို့က လည်း KNU/KNLA ၊ PDF တို့မှ လာရောက်ပစ်ခတ်သည်ဟုဆိုကာ ရွာထဲ၌ လိုက်လံပြောဆိုလျက်ရှိကြောင်း သိရှိရသည်။", "သိမ်ဇရပ်မြို့ရှိ အမတ ၃၁၀ နှင့် ခမရ ၂၀၇ ၊ ပျူစောထီး ပဲသီး အဖွဲ့၊ ရဲစခန်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် သုံးခွရွာနှင့် ရွာလေးရွာမှ ပြည်သူ ၃ ဦးလည်း သေဆုံးခဲ့ကြောင်း သိရသည်။", "ထို့ပြင် မိုးဘော ၊ နတ်စင် ၊ ခမောက်ခွေ ၊ ကော်ကပ် ၊ ဇီးပြောင်းကျေးရွာ အုပ်စု များ ၊ ကွေ့ကြီး ၊ ဝင်းကံ ၊ ကျောက်ရေတွင်း ၊ ကျောက်ပုံကြီးကွင်း ၊ ဝါးဒတ်ကွင်း ၊ ရေကျော် ၊ သုံးခွ ၊ ခရွဲ ၊ အခိုင် ၊ စစ်ကွင်း ၊ မုက္ကမော့ ၊ အကွက်. ၆ ၊ အကွက်. ၅ ၊ ရွာလေး ၊ လူလေ ၊ တောင်တလုံး ၊ တောင်တခြမ်း ၊ ပေ.၈၀ ၊ အမှတ်. ၅ ၊ သထုံစု ၊ ကမ်းနီ ကျေးရွာ များကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ကလည်း ၄၀ မမ ၊ ၆၀ မမ ၊ ၈၁ မမ ၊ ၁၂၀ မမ ၊ ၁၀၅ /၁၂၂ ဟောင်ဝှစ်ဇာ များဖြင့် နေ့စဥ်ပစ်ခတ်လျက်ရှိကြောင်း ဒေသပြည်သူများက ပြောဆိုသည်။"]
https://yktnews.com/2023/07/110653/
ကျိုက်ထို၊ သံတံတားဂိတ်ရှိ စစ်သားများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး
["ကျိုက်ထို၊ သံတံတားဂိတ်ရှိ စစ်သားများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၁", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီလင်းမြို့နယ်ဆက်သွယ်ထားသော သံတံတားစစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက် စစ်သားများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Kyaikhto Information Organization မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဇူလိုင်လ ၁ ရက်နေ့နှင့် ဇွန်လ ၃၀ ရက်နေ့တို့တွင် ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်သို့ ဆက် သွယ်ထားသည့် သံတံတား၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၁၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရ အကြမ်းဖက် စစ်သားများကို အရေးပေါ်ကားများဖြင့် ဝင်ရောက် သယ်ဆောင်ပြီး ကျိုက်ထိုမြို့နယ်ဆေးရုံသို့ ၃ ဦးပို့ဆောင်ထားကြောင်း သိရသည်။", "“ဒီနေ့ မွန်းလွဲ ၁ နာရီလောက်က ဒရုန်းနဲ့ ဗုံးကျဲခဲ့တာ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေပါပဲ၊ ကျိုက်ထိုဆေးရုံကို ၃ ယောက်ပို့ထားတယ်လို့ သိရတယ်၊ မနေ့က ဗုံးကျဲမှုမှာ စစ်ခွေး ၄ ဦး အနည်း ဆုံးသေတယ်လို့ သိရတယ်” ဟု Kyaikhto Information Organization မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ သံတံတားရှိအကြမ်းဖက်စစ်သားများကို ကျိုက်ထို တော်လှန် ရေးအင်အားစု- KRF ၊ KNLA ၊ PDF ၊ TPDF – KD၊ Yangon Eagle Forceနှင့် ကျိုက်ထိုပကဖ တို့ ပူးပေါင်းအဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း KRF က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/04/98127/
ကျိုက်ထို၊ အလူးကျေးရွာကို စစ်တပ်က စီးနင်း မီးရှို့မှုကြောင့် နေအိမ် ၃ လုံးပြာကျပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား
["ကျိုက်ထို၊ အလူးကျေးရွာကို စစ်တပ်က စီးနင်း မီးရှို့မှုကြောင့် နေအိမ် ၃ လုံးပြာကျပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား", "ရန်ကုန်၊ ဧပြီ ၁၈", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အလူးကျေးရွာကို စစ်တပ်က စီးနင်း မီးရှို့မှုကြောင့် နေအိမ် ၃ လုံးပြာကျပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း KNU−ဗဟို ထံမှ သိရသည်။", "ဧပြီလ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၂၂ မိနစ်တွင် ကျိုက်ထိုမြို့နယ် အလူးကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်သည် ကျေးရွာရှိ နေအိမ်များကို မီးရှို့နေစဥ် ဖြတ်သန်း သွားလာနေသည့် ပြည်သူပိုင်ဆိုင်ကယ် ၆ စီးကို လုယူသွားကြောင်း၊ ထို့ပြင် အလူးကြီးရွာသား အသက် ၅၅ နှစ်အရွယ် အမျိုးသား ၁ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရှိရသည်။", "“ရွာနားမှာက သူတို့ကင်းပုန်းတွေအမြဲရှိတယ်။ ရွာအပြင်ဖက်မှာ တော်လှန်ရေးအင်အားစုတွေ သူတို့ ကားတန်းကို မိုင်းဆွဲတာတွေလဲရှိတယ်။ မိုင်းဆွဲတဲ့အခါတိုင်းရွာကိုလာခြိမ်းခြောက်တယ်။ အရင်က မိုင်းဆွဲ လိုက်တိုင်း ရာဘာခြံတွေ ဥယျာဥ်ခြံတွေ မီးရှို့ခဲ့တာတွေရှိတယ်။ မီးလောင်တာတွေ့လို့ မီးသွားငြိမ်းရင် သွားတဲ့လူတွေကိုခြိမ်းခြောက်တယ် မီးပေးမငြိမ်းဘူး အခုလဲ သူတို့မိုင်းဆွဲခံရလို့ ရွာထဲလာပြီး မီးလာရှို့တာ” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/03/93675/
ကျိုက်ထို၊ အလူးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ ခလယ်လွီထူခရိုင်ကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲမှု စာသင်ကျောင်း ၁ ကျောင်းနှင့် နေအိမ် ၅ လုံးပြာကျ
["ကျိုက်ထို၊ အလူးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ ခလယ်လွီထူခရိုင်ကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲမှု စာသင်ကျောင်း ၁ ကျောင်းနှင့် နေအိမ် ၅ လုံးပြာကျ", "ရန်ကုန်၊ မတ် ၂၂", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အလူးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံးဗဟို-KNU ထံမှ သိရသည်။", "မတ်လ၂၀ ရက်နေ့ ည ၇ နာရီခန့်တွင် ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ လက်အောက်ခံ အမတ-၆၀၂ မှ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အလူးကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ပြီး ၄ လုံး ကျရောက်ပေါက်ကွဲကာ ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသူ ၂ ဦးမှာ ဦးကုလားနှင့် ဦးအောင်လွင်ဖြစ်ပြီး ဦးကုလားသည် ထိခိုက် ဒဏ်ရာပြင်းထန်၍ နေရာတွင် သေဆုံးခဲ့ကြောင်း၊ ဦးအောင်လွင်မှာ ပြင်းထန်ဒဏ်ရာကြောင့် ဆေးရုံသို့ ပို့ဆောင်စဥ် သေဆုံးခဲ့ကြောင်း သိရှိရသည်။", "မတ်လ ၁၆ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ် တွင် ကျိုက်ထိုအခြေစိုက် တပ်မ-၄၄ လက်အောက်ခံ ခမရ-၂၀၇ နှင့် အမတ-၃၁ အကြမ်းဖက် စစ်တပ်က ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်းကျေးနယ် အတွင်းသို့ လက်နက်ကြီး ၁၂၀ မမ ၂ လုံးနှင့် ၁၀၅ မမ ဟုယူဆရသော လက်နက်ကြီး ၂ လုံး တို့ဖြင့် ပစ်ခတ်ခဲ့ပြီး ရာဘာခြံလုပ်သား ဦးသံချောင်း၏ ဘယ်ဘက် လက်ကောက်ဝတ်နှင့် ဦးခေါင်းအား လက်နက်ကြီးကျည် ထိမှန်ခဲ့ကြောင်း သိရသည်။", "ကျိုက်ထိုမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်၏ တပ်မ-၄၄ လက်အောက်ခံ ခမရ-၂၀၇၊ ခလရ-၂၊ ခမရ ၂ ၊ အမတ ၆၀၂ နှင့် အမတ-၃၁၀ တပ်ရင်းများသည် လက်နက်ကြီးများ မကြာခဏ ပစ်ခတ်လေ့ရှိပြီး ဇီးပြောင်းကျေးနယ်၊ ဝင်းကံ ကျေးနယ်၊ ပျဥ်းကတိုးကုန်းကျေးနယ်၊ ကျောက်ဖျာ ကျေးနယ်၊ အလူးကျေးနယ်၊ ငှက်ပျောတော ကျေးနယ် နှင့် ဝင်းကလော ကျေးနယ် များအတွင်း ကျရောက် ပေါက်ကွဲလျက်ရှိကာ ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း ကရင်အမျိုးသား အစည်းအရုံးဗဟို KNU က ထုတ်ပြန်ထားသည်။", "ထို့ပြင် ကရင်ပြည်နယ်၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ ဆောထိမြို့နယ်နှင့် လယ်ဒိုမြို့နယ်အတွင်း အကြမ်းဖက် စစစ်တပ်က မတ်လ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်၌ တိုက်လေယာဥ်ဖြင့် ၉ ကြိမ်ခန့် လာရောက် ဗုံးကျဲခဲ့ကြောင်းသိရသည်။", "ထိုဗုံးကျဲမှုအတွင်း ဒေသခံပြည်သူလူထု၏ နေအိမ် ၅ လုံး နှင့် မူလတန်းကျောင်း ၁ ကျောင်း မီးလောင်ပြာကျခဲ့ပြီး ဒေသခံ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဗုံးကျဲတိုက်ခိုက်မှု​​အတွင်း ပြည်သူလူထု ၃၁၅၉ ဦး ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရှိရသည်။"]
https://yktnews.com/2025/04/211947/
ကျိုက်ထီးရိုး တောင်ခြေတွင် ဖမ်းဆီးရမိသော ပျူစောထီး ခေါင်းဆောင် လှိုင်မင်း အပါအဝင် အဖွဲ့ဝင် ၅ ဦးကို ဆက်လက် ဖမ်းဆီးထားပြီး အရေးယူမည်၊ ကျန်ရှိသော မိသားစုဝင် အားလုံးကို PDF တပ်ဖွဲ့က ပြန်လွှတ်ပေး
["ကျိုက်ထီးရိုး တောင်ခြေတွင် ဖမ်းဆီးရမိသော ပျူစောထီး ခေါင်းဆောင် လှိုင်မင်း အပါအဝင် အဖွဲ့ဝင် ၅ ဦးကို ဆက်လက် ဖမ်းဆီးထားပြီး အရေးယူမည်၊ ကျန်ရှိသော မိသားစုဝင် အားလုံးကို PDFတပ်ဖွဲ့က ပြန်လွှတ်ပေး", "ရန်ကုန်၊ ဧပြီ ၂၀", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းကျေးရွာ ကဒက်ချောင်း ရေတံခွန်တွင် ဖမ်းဆီး ရမိသော ပျူစောထီး ခေါင်းဆောင် လှိုင်မင်း အပါအဝင် အဖွဲ့ဝင် ၅ ဦးကို ဆက်လက် ဖမ်းဆီးထားပြီး အရေးယူသွားမည်ဖြစ်ကြောင်း အမှတ် ၂၇ ဗျူဟာ တာဝန်ခံ ရဲဘော်အေးမင်းထွန်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၁၅ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၊ ကဒက်ချောင်းရှိ စားသောက်ဆိုင်တစ်ခု၌ သောက်စား မူးယစ်နေသည့် ညောင်လေးပင်မြို့နယ် ပျူစောထီးခေါင်းဆောင် ဦးလှိုင်မင်း၊ ဒုတိယ ပျူစောထီး ခေါင်းဆောင် မဲကြီး အပါအဝင် မိသားစုဝင် ၄၈ ယောက်ကို ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က အရှင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထိုသို့ ဖမ်းဆီးခဲ့သူများအနက် ပျူစောထီး ခေါင်းဆောင် လှိုင်မင်း၊ ပျူစောထီး ဒုတိယ ခေါင်းဆောင် မဲကြီး၊ ပျူစောထီး အဖွဲ့ဝင် မင်းမော်ဦး (လှိုင်မင်း၏သား) ၊ ကျော်ကျော်ဦး၊ သိန်းဌေး နှင့် လှိုင်မင်း၏ မိန်းမဖြစ်သူ ယမင်းတို့ကို ဆက်လက် ဖမ်းဆီးထားကာ ကျန်မိသားစုဝင်များကို ဧပြီလ ၁၈ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။", "“စစ်ကောင်စီထောက်ခံတဲ့ လော်ဘီသတင်းတွေက ဝါဒဖြန့်သလိုမျိုး ဘုရားဖူးပြည်သူတွေကို အကြောင်း မဲ့ ဖမ်းဆီးတာမျိုး မလုပ်ပါဘူး။ အဲဒီလိုအလုပ်တွေက သူတို့ပဲလုပ်ကြတာပါ။ ကျနော်တို့က မတိကျ မသေချာပဲ ဘာမှမလုပ်ဘူး။ သူတို့သောက်စားမူးယစ်ပြီး ရေကူးနေကြတဲ့အချိန်မှာ ဖမ်းတာပါ။ ဘုရား ဖူး တဲ့အချိန် ဖမ်းတာ မဟုတ်ပါဘူး။ အဓိကဖမ်းတာကတော့ ခေါင်းဆောင် လှိုင်မင်းပါ။ သူနဲ့အတူ ပျူအဖွဲ့ဝင် ၄ ယောက်ပါတယ်။ ဒါပေမယ့် မိသားစုတွေ ရောပါလာတော့ သူတို့ မိသားစုတွေရဲ့ လုံခြုံရေးကိုလည်း စိုးရိမ်ပြီး အားလုံးကို လတ်တလော ခေါ်သွားတာပါ။ မိသားစုဝင်တွေကိုတော့ ကောင်းကောင်းမွန်မွန် ကျွေးမွေးစောင့်ရှောက်ထားပြီး အခုတော့ သူတို့မိသားစုကို ပြန်လွှတ်ပေးလိုက်ပါပြီ” ဟု ရဲဘော် အေးမင်းထွန်းက ပြောဆိုသည်။", "အဆိုပါ ဖမ်းဆီးထိန်းသိမ်းထားသော ပျူစောထီးများသည် အကြမ်းဖက် စစ်တပ်၏ ခမရ ၂၀ တပ်ရင်းနှင့် ပူးပေါင်းကာ ကျေးရွာများကို မီးရှို့ ဖျက်ဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူခြင်း၊ ပြည်သူများကို ရက်ရက် စက်စက် သတ်ဖြတ်ကာ အလောင်း‌ ဖျောက်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ရောင်းစားကာ ခမရ ၂၀ တပ် သို့ ပေးပို့ခြင်း၊ ညောင်လေးပင်မြို့နယ် စီမံကောင်စီ ဗိုလ်မှူးနေလင်းနှင့်ပေါင်းကာ လူငယ်များကို ဖမ်း ဆီးပြီး ခမရ ၄၄၀ တပ်ရင်း (ဒိုက်ဦး) သို့ ပို့ဆောင်ခြင်း၊ လူငယ်များနှင့်အတူပါလာသည့် ဆိုင်ကယ် များကို ရောင်းစားကာ ဗိုလ်မှူးနေလင်းနှင့်ခွဲဝေယူခြင်းတို့ လုပ်ဆောင်နေသူများဖြစ်ကြောင်း သိရသည်။", "“ဖမ်းတဲ့အချိန်မှာ ပါလာတဲ့ မိသားစုဝင်တွေကို ပြန်လွှတ်လို့ရပေမယ့် ဘယ်သူက ပျူစောထီး၊ ဘယ် သူက ပြည်သူဆိုတာ မသိရသေးလို့ခေါ်ဆောင်သွားတာဖြစ်တယ်၊ လုံခြုံတဲ့နေရာရောက်တဲ့အချိန်မှာ စစ်ဆေးပေါ်ပေါက်ချက်အရ ခေါင်းဆောင်က လှိုင်မင်း၊ သူ့ဇနီးမယမင်း၊ အပါအဝင် ၅ ဦး၊ အဲဒါတွေကို တော့လက်ရှိထိန်းသိမ်းစစ်ဆေးနေဆဲဖြစ်တယ်။ သူတို့နဲ့ဆိုင်တဲ့မိသားစုဝင်တွေဟာ ပျူစောထီးဝင် တွေမဟုတ်ပါဘူး။ ကျနော်တို့အနေနဲ့ကတော့ ပြည်သူလို့ သတ်မှတ်လိုက်တယ်။ အပြစ်ရှိသူကိုတော့ အပြစ်ရှိတဲ့အတိုင်းဖော်ထုတ်အရေးယူသွားမှာဖြစ်တာပေါ့။ ဒါကိုပြည်သူလူထုကိုချပြခြင်းဖြစ်ပါ တယ်။” ဟု ရဲဘော်အေးမင်းထွန်းက ဆက်လက်ပြောဆိုသည်။", "ထိုသို့ ဆက်လက် ဖမ်းဆီးစစ်ဆေးနေသော ပျူစောထီးအဖွဲ့ဝင်များ ကျူးလွန်ခဲ့သည့် ပြစ်မှုများကို ဖော်ထုတ်ကာ ကျူးလွန်ထားသည့် ပြစ်မှုများ အပေါ်မူတည်၍ ထိရောက်သည့် ပြစ်ဒဏ်ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။", "“သူတို့ကျူးလွန်ထားတာတွေအများကြီးပါ။ အသေးစိတ်ကို ပြည်သူတွေကို ချပြပေးသွားမှာပါ။ အဲဒီ ပျူစောထီးနဲ့ မိသားစုဝင်တွေ ဖမ်းဆီးခံလိုက်ရတဲ့ ကဒက်ချောင်းရေတံခွန်ဟာ စစ်ကောင်စီတပ်တွေ လုံခြုံရေးအပြည့်ယူထားတဲ့ ကျိုက်ထီးရိုးတောင်ခြေက ကင်းမွန်းစခန်းနဲ့ မိုင်ဝက်ကျော်ကျော် လောက်သာ ဝေးပြီး ဆိုင်ကယ်နဲ့ သွားရင် ၅ မိနစ်ဝန်းကျင်သာ သွားလာရတဲ့ နေရာ ဖြစ်ပါတယ်။” ဟု အမှတ် ၂၇ ဗျူဟာမှူး ရဲဘော်အေးမင်းထွန်းက ပြောဆိုသည်။"]
https://yktnews.com/2023/05/103506/
ကျိုက်ထီးရိုးဘုရား တောင်ခြေရှိ ရွာချင်းဆက်လမ်းကို စစ်တပ်က ဘက်ဟိုးဖြင့် ဖျက်ဆီး
["ကျိုက်ထီးရိုးဘုရား တောင်ခြေရှိ ရွာချင်းဆက်လမ်းကို စစ်တပ်က ဘက်ဟိုးဖြင့် ဖျက်ဆီး", "ရန်ကုန်၊ မေ ၂၀", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရား တောင်ခြေရှိ ရွာချင်းဆက်လမ်းကို အကြမ်းဖက် စစ်တပ်က ဘက်ဟိုးဖြင့် ဖျက်ဆီးခဲ့ကြောင်း Kyaikhto Information Organization အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၁၉ ရက်နေ့ ည ၇ နာရီခန့်တွင် ကျိုက်ထီးရိုးဘုရားတောင်ခြေရှိ ကင်မွန်းချောင်ကျေးရွာနှင့် ဆောင်နိုင်ကြီးကျေးရွာတို့ကို ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းကို အကြမ်းဖက်စစ်တပ်က ဘက်ဟိုးများဖြင့် လာရောက် ဖျက်ဆီး သွားခြင်းဖြစ်ကြောင်း သိရသည်။", "” ခွေးတွေက ၅ ခွဲလောက်မှာ လက်နက်ကြီး ၁ ချက်ပစ်ပြီးတော့ ၇ နာရီလောက်မှာ လာဖျက်သွားတာ။ လမ်းက အနက် ၆ ပေလောက်ရှိမယ်။ ဂေါ်တစ်ပြားစာပဲ။ ဘက်ဟိုးဂေါ်က အကြီးကြီးပဲလေ။ အခု ရွာသားတွေ သွားလာရေး ခက်ခဲကုန်တာပေါ့ ” လို့ ဒေသပြည်သူတစ်ဦးမှ‌ ပြောကြားသည်။", "အကြမ်းဖက် စစ်တပ်သည် လက်နက်ကြီးဖြင့် ဆောင်နိုင်ကြီးကျေးရွာဘက်သို့ မေလ ၁၉ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်တွင် တစ်ချက်ပစ်ခတ်ပြီး ည ၇ နာရီလောက်တွင် ဘက်ဟိုးများဖြင့် လမ်းကို ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း၊ ဖျက်ဆီးခံရသည့် လမ်းအနက်သည် ၆ ပေခန့်ရှိပြီး ဂေါ်တစ်ပြားစာဖြင့် မြန်မြန်ဖျက်ဆီးသွားကြောင်း သိရှိရသည်။", "“လောလောဆယ် အဲဒီတစ်လမ်းပဲ။ ကရင်ပြည်နယ်ဘက်မှာလည်း ဖျက်ထားသေးတယ်။ လက်နက်ကြီးနဲ့ပစ်တာတော့ ထိတယ်အသံမကြားဘူး”ဟု Kyaikhto Information Organization မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောကြားသည်။", "ကျေးရွာချင်းဆက်လမ်းကို ဖျက်ဆီးသွားသည့်အတွက် ဒေသပြည်သူများမှာ ကား၊ ဆိုင်ကယ် အသုံးပြု၍ မရတော့သည့်အတွက် သွားလာရေးတွင် အခက်တွေ့နေကြောင်း ၊ အကြမ်းဖက်စစ်တပ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ မိုးတွင်းကာလတွင် ၎င်းတို့ကို လာတိုက်ခိုက်မည်ကို စိုးရိမ်နေသည့်အတွက် ယခုကဲ့သို့ နေရာတော်တော်များများတွင် လမ်းများကို ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/05/104905/
ကျိုက်ဒုံမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရ
["ကျိုက်ဒုံမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ မေ ၂၈", "ကရင်ပြည်နယ်၊ ကျိုက်ဒုံမြို့တွင် အကြမ်းဖက် စစ်တပ်က လက်နက်ဖြင့် ပစ်ခတ်သောကြောင့် ကလေးငယ် ၁ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။", "မေလ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာ ခရိုင် တပ်မဟာ (၆) ကျိုက်ဒုံမြို့တွင် အကြမ်းဖက် စစ်တပ်၏ ကျိုက်ဒုံ အခြေစိုက် စကခ ၁၃ ဒု-ဗျူဟာမှူး သော်ဇင်နိုင် ဦးဆောင်သည့် တပ်ဖွဲ့မှ ၆၀ မမ လက်နက်ကြီးများဖြင့် ပြည်သူလူထုများနေထိုင်ရာ နေရာများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်သည် ကျိုက်ဒုံမြို့ တံတားထိပ် လမ်းခွတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျိုက်ဒုံမြို့ အမှတ် ၁ ရပ်ကွက်နေ အသက် ၁၃ နှစ်အရွယ် မောင်သန်းနိုင်ဦး မှာ နောက်ကျော မှ ရှေ့လည်မျို ကျည်စ ဖောက်ထွက် ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ကျိုက်ဒုံမြို့ အမှတ် ၁ ရပ်ကွက်နေ အသက် ၈ နှစ်အရွယ် မောင်သန်းဦးသည် ဦးခေါင်း နှင့် လက်ဖမိုး ကျည်စ ရှပ်ထိ ဒဏ်ရာဖြင့် ဆေးရုံ၌ ကုသမှု ခံယူနေရကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/149711/
ကျိုက်ဒုံမြို့ရှိ စစ်တပ် ဗျူဟာကုန်းကို KNU နှင့်ပူးပေါင်း တပ် ဖွဲ့များက ပိတ်ဆို့ တိုက်ခိုက်နေခြင်းကြောင့် စစ်တပ်က လေ ကြောင်းဖြင့်သာ ရိက္ခာ ပေးပို့နေရ
["ကျိုက်ဒုံမြို့ရှိ စစ်တပ် ဗျူဟာကုန်းကို KNU နှင့်ပူးပေါင်း တပ် ဖွဲ့များက ပိတ်ဆို့ တိုက်ခိုက်နေခြင်းကြောင့် စစ်တပ်က လေ ကြောင်းဖြင့်သာ ရိက္ခာ ပေးပို့နေရ", "ရန်ကုန်၊ မတ် ၉", "ကရင်ပြည်နယ်၊ ကျိုက်ဒုံမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ဗျူ ဟာကုန်းကို KNUနှင့် ပူးပေါင်း တပ်ဖွဲ့ များက ပိတ်ဆို့ တိုက် ခိုက်နေခြင်းကြောင့် စစ်တပ်က လေကြောင်းဖြင့်သာ ရိက္ခာပေးပို့နေရကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလက စတင်ကာ ကျိုက်ဒုံမြို့ရှိ အကြမ်းဖက် စစ် တပ်၏ ဗျူဟာကုန်းကို KNUနှင့် ပူးပေါင်းများ ဒရုန်းဖြင့် မီးလောင်ဗုံး အပါအဝင် ဗုံးသီး ၁၀၀၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဗျူဟာ ကုန်းအတွင်းရှိ အဆောက်အဦး အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။", "KNU နှင့် ပူးပေါင်းအဖွဲ့ များက ဗျူဟာကုန်း အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မြေပြင်မှလည်း ပိတ်ဆို့ ထားခြင်းကြောင့် စစ်ကောင်စီ တပ်သားများ အပြင်မထွက်နိုင်ဘဲ လေကြောင်းဖြင့်သာ ရိက္ခာပေးပို့နေရကြောင်း သိရှိရသည်။", "“မြေပြင်မှာ KNU က ဘုရားသုံးဆူ ၊ ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်အထိ နယ်မြေ စိုးမိုးထားတဲ့ အပြင် အရင်က စစ်တပ် လက်အောက်ခံဖြစ်တဲ့ BGF ကလည်း ခွဲထွက်သွားပြီမို့ မြေပြင် စစ်ကူနဲ့ ရိက္ခာ လမ်းကြောင်း မရဘူးတော့ဘဲ လေယာဥ်နဲ့ပဲ ရိက္ခာချပေးရတာ” ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "ယင်းအကြမ်းဖက်စစ်တပ်စခန်းကို ပိတ်ဆို့ထားသည်မှာ ၁ လကျော်ကြာမြင့်ပြီဖြစ်ပြီး လေကြောင်းဖြင့် ရိက္ခာလာချပေး သည်မှာ ၂ ကြိမ်ရှိပြီဖြစ်ကြောင်း၊ ကြာအင်းဆိပ်ကြီးနှင့် ကျိုက်ဒုံကြားရှိ စစ်တပ် စခန်းအသေးတစ်ခုဖြစ်သည့် ခုတ်ခွား စခန်းကို KNDO နှင့် DKBA ဗိုလ်အေဝမ်းအဖွဲ့နှင့် ဒရုန်းအဖွဲ့ ၁၀ ဖွဲ့ခန့်ပူပေါင်းပြီး ဒရုန်းဖြင့် ဗုံးသီး အလုံး ၂၀ ခန့်ကျဲချတိုက်ခိုက်ခဲ့ရာ ယင်းစခန်းရှိ အကြမ်းဖက်စစ် သားများအား လုံး ကြာအင်းဆိပ်ကြီးတပ်ရင်းသို့ ထွက်ပြေးသွားကြောင်း သိရသည်။"]
https://yktnews.com/2023/11/131302/
ကျိုက်မရော ချောင်းနှစ်ခွ တံတားတွင် ကရင်အမျိုးသား အလံလွှင့်ထူပြီး လက်နက်ချ အညံ့ခံသော စစ်သားများကို အလေးပြုခိုင်း
["ကျိုက်မရော ချောင်းနှစ်ခွ တံတားတွင် ကရင်အမျိုးသား အလံလွှင့်ထူပြီး လက်နက်ချ အညံ့ခံသော စစ်သားများကို အလေးပြုခိုင်း", "ရန်ကုန်၊ နိုဝင်ဘာ ၁၄", "မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ တံတားစခန်းကို Lion Battalionစစ်ကြောင်းမှ ဗျူဟာမှူး ဗိုလ်အယ်စေးဝါး ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်များက သိမ်းပိုက်ထားခဲ့ရာ ယနေ့တွင် ချောင်းနှစ်ခွတံတားတွင် ကရင်အလံ လွှင့် တင်၍ လက်နက်ချ အညံ့ခံသော စစ်သားများကို အလေးပြုခိုင်းခဲ့ကြောင်း Lion Battalionစစ်ကြောင်းမှ ပြန်ကြားရေး တာဝန်ခံ ရဲဘော် ဂျီဖက်ကပြောဆိုသည်။", "နိုဝင်ဘာလ ၉ ရက်နေ့မှစတင်၍ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ တံတားထိပ် ကင်းစခန်းကို ဗျူဟာမှူး ဗိုလ်အယ်စေးဝါးဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲများမှချောင်းနှစ်ခွတံတားကိုသိမ်းပိုက်၍ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၅ မိနစ်အချိန် မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်ရှိစစ်ရေးအရအချက်ချာကြသော ချောင်းနှစ်ခွတံတားကိုဗျူဟာမှူး ဗိုလ်အယ်စေးဝါးဦးဆောင်၍မဟာမိတ်ပူးပေါင်းတပ်ဖွဲများက အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင်ချောင်းနှစ်ခွကျေးရွာသိုစစ်ကြောင်းထိုးလာသောစစ်ကူအင်အားအမြောက် အမြားကိုတိုက်ခိုက်ချေမှု န်းနိုင်ခဲ့ပြီးအကြမ်းဖက်စစ်တပ်မှလက်နက်ချအညံ့ခံခဲ့သော စစ်သားများအား စစ်ဥပေနှင့်အညီ ထိန်းသိမ်းထားပြီးထိခိုက်ဒဏ်ရာရသူများအား လူသားချင်းစာနာမှုဖြင့်ဆေးကုသပေးလျက်ကြောင်း၊ အရှိန်အဟုန်မြင့်မားလာသော မြန်မာနိုင်ငံစစ်ရေးအခြေအနေတွင်တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ပိုမိုပြင်းထန်သောတိုက်ပွဲများကိုဆင်နွှသွားမည်ဖြစ်ပြီးမြိုပြသိုထိုးဖောက်သောတိုက်ပွဲများအတွက် ပြည်သူလူထု၏ ဝိုင်းဝန်းအားဖြည့်ကူညီမှုများလည်းလိုအပ်နေကြောင်း ရဲဘော်ဂျီဖက်က ပြောဆိုသည်။", "“ကျွန်တော်တိုရဲ့နောက်ခံအုတ်တံတိုင်းက ပြည်သူပဲရှိတယ်။”ဟု ဗိုလ်အယ်စေးဝါးက ပြောဆိုကြောင်း ရဲဘော်ဂျီဖက်က ရှင်းပြသည်။", "နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော တပ်မ ၂၂ လက်အောက်ခံ အင်အား ၅၀ ဦးပါ စစ်ကြောင်းမှ ၂၃ ဦးသည် ပြည်သူ့တော်လှန်ရေးအဖွဲ့များထံ လက်နက်ချ အညံ့ခံခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် တပ်ရင်းမှူးနှင့် အရာရှိ ၁ ဦး အပါအဝင် ၁၄ ဦး သေဆုံးကြောင်း၊ အရာရှိ ၁ ဦး အပါအဝင် ၅ ဦး အရှင်ဖမ်းမိကြောင်း ကာကွယ် ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။", "ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတံတားတွင် ကရင်အမျိုးသားအလံတော် လွှင့်ထူပြီး လက် နက်ချ အညံ့ခံသော ၂၃ ဦးကို ကရင်အလံတော်ကို အလေးပြုခိုင်းကြောင်း ရဲဘော်ဂျီဖက်က ရှင်းပြသည်။"]
https://yktnews.com/2024/06/167924/
ကျိုက်မရော ထောင်မှ ဒိုက်ဦးထောင်သို့ ပြောင်းလာသည့် နိုင်ငံရေး အကျဉ်းသူများကို ထောင်ဝန်ထမ်းများက မူးယစ်ဆေးနှင့် ဖုန်းများ တွေ့သည်ဟု စွပ်စွဲကာ အမှုထပ်တိုးမည်ဟု ခြိမ်းခြောက်ပြီး သေနတ် ပစ်ဖောက်၍ ရိုက်နှက်မှုများ ပြုလုပ်
["ကျိုက်မရော ထောင်မှ ဒိုက်ဦးထောင်သို့ ပြောင်းလာသည့် နိုင်ငံရေး အကျဉ်းသူများကို ထောင်ဝန်ထမ်းများက မူးယစ်ဆေးနှင့် ဖုန်းများ တွေ့သည်ဟု စွပ်စွဲကာ အမှုထပ်တိုးမည်ဟု ခြိမ်းခြောက်ပြီး သေနတ် ပစ်ဖောက်၍ ရိုက်နှက်မှုများ ပြုလုပ်", "ရန်ကုန်၊ ဇွန် ၁၆", "မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်မှ ပဲခူးတိုင်း ဒိုက်ဦး အကျဉ်းထောင်သို့ ပြောင်းလာသည့် နိုင်ငံရေး အကျဉ်းသူများကို ထောင်ဝန်ထမ်းများက မူးယစ်ဆေးနှင့် ဖုန်းများ တွေ့သည်ဟု စွပ်စွဲကာ အမှုထပ်တိုးမည်ဟု ခြိမ်းခြောက်ပြီး သေနတ် ပစ်ဖောက်၍ ရိုက်နှက်မှုများပြုလုပ်ခဲ့ကြောင်း Women’s Organization Of Political Prisoners မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ဇွန်လ ၁၅ ရက်နေ့တွင် ကျိုက်မရော အကျဉ်းထောင်မှ ဒိုက်ဦး အကျဉ်းထောင်သို့ ပြောင်းရွှေ့လာသည့် နိုင်ငံရေးအကျဉ်းသူများကို စစ်ဆေးကာ မူးယစ်ဆေးတွေ့သည်ဟု စွပ်စွဲကာ ထပ်မံတရားစွဲဆိုရန်လည်း စီစဉ်နေခြင်းဖြစ်ကြောင်း၊ အကျဉ်းထောင်ဝန်ထမ်းများ၏ အကြမ်းဖက်မှုကြောင့် နိုင်ငံရေးအကျဉ်းသူများထဲတွင် ထိခိုက်ဒဏ်ရာရရှိသူများရှိပြီး သေဆုံးမှု ရှိ မရှိကိုမူ စုံစမ်းဆဲဖြစ်ကြောင်း သိရှိရသည်။", "“ကျိုက်မရောကနေ ဒိုက်ဦးထောင်ိပု့လိုက်တဲ့အနေအထားမှာ သူတို့အကြောင်းပြချက်က နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော်ကို ရှာဖွေတဲ့အခါ ဖုန်းတွေ မိတယ်။ မူးယစ်ဆေးတွေ မိတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ထောင်ပြောင်းပို့ခံရတဲ့နိုင်ငံရေးအကျဉ်းသူတွေကို မူးယစ်ဆေးမှုပါ ကပ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုလုပ်နေတယ်လို့ ကြားသိရတယ်။ ညနေပိုင်းလောက်မှာ နိုင်ငံရေးအကျဉ်းသူတွေက တောင်းဆိုတော့ ထောင်မှူးကနေ အကျဉ်းဦးစီးရဲ့ ဝန်ထမ်းတွေ ယောက်ျားသားတွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီးတော့ နိုင်ငံရေးအကျဉ်းသူတွေကို ရိုက်နှက်တာတွေ ပြီးတဲ့အခါကျရင် ခြိမ်းခြောက်တာတွေ နင်ပဲငဆ ဆဲရေးတိုင်းထွာတာတွေ လေးဂွတွေ ဘာတွေနဲ့ အဲဒီလိုမျိုးလည်း ဝင်ပြီး ရိုက်နှက်တယ်လို့ ကြားရတယ်။ သေဆုံးမှုတွေ ရှိတယ်လို့ ကြားရတယ်။ သူတို့က ဒါကို သတင်းအမှောင်လည်း ချထားတယ်။ သတင်းအမှောင်ချထားတဲ့အပြင်ကို ကျိုက်မရောထောင်ကနေ ဒိုက်ဦးထောင်ကို ရောက်တယ်ဆိုတဲ့ဟာကို တခြားထောင်ကနေ ရောက်တယ်ဆိုတဲ့ ပုံစံမျိုးတွေနဲ့ သတင်းအမှားတွေနဲ့သူတို့ ပြုလုပ်နေကြတယ်။ ပြီးတဲ့အခါကျရင် အထဲမှာ သတင်းလည်း ပိတ်လှောင်ထားတာ ဖြစ်တဲ့အတွက် ညီမတို့က မနက်ခင်းအစောကမှ သိရတယ်”ဟု Women’s Organization Of Political Prisoners မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်လက်အောက်ခံ အကျဉ်းထောင် ဝန်ထမ်းများမှ ” မိုက်ရင် ထွက်ခဲ့ “ဟု အော်ဟစ်ကာ အမျိုးသမီးဆောင်ကို သေနတ်များ ပစ်ဖောက်ခြင်း၊ ရိုက်နှက်ခြင်း၊ လေးဂွများဖြင့် ပစ်ခြင်း၊ အုတ်ခဲများဖြင့် ဝိုင်းပစ်ကာ အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ဇွန်လ ၁၆ ရက်နေ့တွင်လည်း ဒိုက်ဦးအကျဉ်းထောင်အတွင်းရှိ အမျိုးသမီးဆောင်ကို ထောင်ဝန်ထမ်းအမျိုးသားများက အင်အားသုံးရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့သေးကြောင်း သိရှိရသည်။", "လက်ရှိတွင် ဒိုက်ဦးအကျဉ်းထောင်၌ လူ့အခွင့်အရေးချိုးဖောက်မှုများကို အကြမ်းဖက်စစ်တပ်‌ လက်အောက်ခံ ထောင်ဝန်ထမ်းများက ပေါ်ပေါ်တင်တင် ပြုလုပ်နေခြင်း ဖြစ်ကာ လက်နက်ဟူ၍ အပ်တိုတစ်ချောင်းမျှ မရှိသည့် အမျိုးသမီးများကို အင်အားသုံးကာ အကြမ်းဖက်မှုများပြုလုပ်နေခြင်းသည် များစွာရွံ့ရှာဖွယ်ကောင်းကြောင်း၊ နိုင်ငံရေးအကျဉ်းသူများအဖွဲ့အနေနှင့် အဆိုပါ လုပ်ရပ်များကို ရှုတ်ချကြောင်း၊ ထိုကဲ့သို့ အကျဉ်းထောင်အတွင်းရှိ ဥပဒေမဲ့ လုပ်ရပ်များကို ရပ်တန့်နိုင်ရန်အတွက် နိုင်ငံရေးအကျဉ်းသူများနှင့်အတူ တစ်သားတည်းရပ်တည်ကာ ကျယ်ကျယ်လောင်‌‌လောင်ဖြင့် အသံထွက်ပေးကြရန် နိုင်ငံရေးအကျဉ်းသူများအဖွဲ့က မေတ္တာရပ်ခံထားသည်။", "“ထောင်ပြောင်းပို့ခံရရင် ကျိုက်မရောမှာ ရှာဖွေရေးတော့ လုပ်မှာပဲ။ Clear ဖြစ်တယ်၊ အကုန်ရှင်းတယ်ဆိုတဲ့ အနေအထားမျိုးရောက်မှ တခြားထောင်ကို ပို့တာ။ ဒီဒိုက်ဦးထောင်ရောက်မှ ကျိုက်မရောက ပါလာတဲ့ဖုန်းတွေ၊ မူးယစ်ဆေးဝါးတွေ တွေ့တယ်ဆိုတာ ယုတ္တိမရှိဘူး။ ဒီအမျိုးသမီးတွေကို အမျိုးသားအင်အား အလုံးအရင်းတွေက ဘယ်လိုအကြောင်းနဲ့မှ ရိုက်နှက်ပိုင်ခွင့်မရှိဘူး။ လူ့အခွင့်အရေးချိုးဖောက်တာ။ နိုင်ငံရေးအကျဉ်းသူဆိုတာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့မှာဆိုရင် ၅၀၀၀ ကျော်ပဲ ရှိပါတယ်။ ဒီအမျိုးသမီးလေးတွေကို ဘာလို့ ဖိနှိပ်မှုတွေနဲ့ ထောင်ပြောင်းမှုတွေ ဘာလို့ လုပ်ဆောင်နေကြတာလဲ။ ကျွန်မတို့ကတော့ အကျဉ်းထောင်အသီးသီးမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသူ အကျဉ်းသား ၂၀၀၀၀ ကျော်ကျန်ရှိနေတယ်။ ပြည်သူနဲ့ အတူတူပူးပေါင်းပြီး မိတ်ဖက်အဖွဲ့အစည်းတွေ သတင်းမီဒီယာတွေ ပူးပေါင်းပြီး ကျွန်မတို့တွေ ကယ်ထုတ်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်သွားမယ်” ဟု Women’s Organization Of Political Prisoners မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကျဉ်းထောင်အသီးသီးတွင် အကြမ်းဖက်စစ်တပ်လက်အောက်ခံ အကျဉ်းထောင်ဝန်ထမ်းများသည် နိုင်ငံရေးအကျဉ်းသူများကို အခြားအမှုနှင့် ယှဉ်ပါက နိုင်ငံရေးအကျဉ်းသူများကို ဖိနှိပ်မှုများလုပ်ဆောင်နေကြောင်း၊ အခြားအမှုများနှင့် နိုင်ငံရေးအကျဉ်းသူများ ပြဿနာဖြစ်စေရန် လုပ်ဆောင်လေ့ရှိပြီး ပြဿနာဖြစ်လာပြီဆိုလျှင်လည်း နိုင်ငံရေးအကျဉ်းသူများကိုသာ ရိုက်နှက်ခြင်း တိုက်ပိတ်အရေးယူခြင်းများကို ပိုမိုကျူးလွန်နေကြောင်း၊ အခြားအမှုနည်းတူ အခွင့်အရေးမပေးခြင်းမျိုး အခြားအမှုများကို တန်းစီအနေနှင့် ခန့်၍ အချင်းချင်း ရန်တိုက်ပေးမှုမျိုးလည်း ရှိကြောင်း Women’s Organization Of Political Prisoners အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2024/04/157071/
ကျိုက်မရော ဗဟိုအကျဉ်းထောင်ရှိ အမျိုးသမီး အဆောင်များကို ထောင်အာဏာပိုင်များ အကြောင်းအမျိုးမျိုးပြ၍ သုံးရေနှင့် သောက်ရေများ ဖြတ်တောက်ထား
["ကျိုက်မရော ဗဟိုအကျဉ်းထောင်ရှိ အမျိုးသမီး အဆောင်များကို ထောင်အာဏာပိုင်များ အကြောင်းအမျိုးမျိုးပြ၍ သုံးရေနှင့် သောက်ရေများ ဖြတ်တောက်ထား", "ရန်ကုန်၊ ဧပြီ ၁၄", "မွန်ပြည်နယ်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်ရှိ အမျိုးသမီး အဆောင်များကို ထောင်အာဏာပိုင်များ အကြောင်းအမျိုးမျိုးပြ၍ သုံးရေနှင့် သောက်ရေများ ဖြတ်တောက်ထားကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လအတွင်းက စတင်ကာ ကျိုက်မရော ဗဟိုအကျဉ်းထောင်ရှိ အမျိုးသမီးအဆောင်တွင် နိုင်ငံရေး အကျဉ်းသူများ အပါအဝင် အခြားအကျဉ်းသူ စုစုပေါင်း လူဦး ၅၀၀ နီးပါးရှိပြီး ရေရှားပါမှု ပြဿနာများ ဖြစ်နေခြင်းဖြစ်ကြောင်း၊ ချိုးရေနှင့် သောက်သုံးရေမလုံလောက်မှုများရှိနေပြီး သောက်သုံးရေကန် ပြတ်နေသည်မှာလည်း တစ်လကျော်ပြီဖြစ်ကြောင်း၊ ထောင်အာဏာပိုင်များက ပြန်လည် ပြုပြင်ခြင်းမရှိဘဲ မသန့်ရှင်းသည့် အနည်ပါသော ရေများသာ သောက်သုံးနေရသောကြောင့် အချိန်ကြာမြင့်လာသော အခါ ကျန်းမာရေး ထိခိုက်လာနိုင်ပြီး နေ့စဉ် ရေဝယ်သောက်ရန် ငွေကြေး မတတ်နိုင်ကြောင်း သိရသည်။", "“ချိုးရေနဲ့ သောက်သုံးရေ မလုံလောက်မှုများရှိနေတယ်။ သောက်သုံးရေကန်ပြတ်နေတာလည်း တစ်လ ကျော်ရှိနေပြီ ပြန်ပြုပြင်ပေးတာ မရှိဘဲ မသန့်ရှင်းတဲ့ အနည်ပါတဲ့ ရေတွေသာ သောက်သုံး နေရတာကြောင့် ကြာရင် ကျန်းမာရေထိခိုက် လာနိုင်တယ်။ နေ့စဉ် ရေဝယ်သောက်ဖို့လည်း မတက်နိုင်ဘူး” အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။", "ချိုးရေ အဆင်မပြေမှုကို ထောင်ဝန်ထမ်းဦးစီး အရာရှိ ဖြိုးဝင့်ဆွေကို အကျဉ်းသူများက တင်ပြသော်လည်း ရေကန်ပေါက်နေသည် အကြောင်းပြ၍ ရေမတင်ပေးကြောင်း၊ ထောင်အာဏာပိုင်အဖွဲ့ကို တင်ပြသော်လည်း အကြောင်းအမျိုးမျိုးပြ၍ ဆင်ခြေများသာ ပြောဆိုကြောင်း သိရသည်။", "“ချိုးရေ အဆင်မပြေတာကို ပြောပြတော့လည်း အကျဉ်း ဝန်ထမ်း ဦးစီးအရာရှိ ဖြိုးဝင့်ဆွေက ရေကန်ပေါက်နေလို့ ညပိုင်းတွေမှာ ရေမတင်ပေးဘူးလို့ပြောပြီး ထောင်ပိုင်တစ်ဦးကို ပြောပြတော့လည်း အကြောင်းကြောင်း အမျိုးမျိုးပြပြီး ဆင်ခြေတွေပေးနေတယ်။ အခုလိုအချိန် အခုလိုရာသီဥတုပူအိုက်တဲ့အချိန်မှာ ချိုးရေနဲ့ သောက်သုံးရေကို အဆင်အောင် ပြုလုပ်ပေးဖို့ အကျဉ်းသူတွေက တောင်းဆိုနေကြတယ်” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2024/07/174898/
ကျိုက်မရော ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူများတွင် အမျိုးသမီးများမှစ၍ လသားအရွယ်အထိ ပါဝင်ပြီး ပြည်သူ ၁၆ ဦး၏ အလောင်းများ တစစီဖြစ်သွား
["ကျိုက်မရော ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူများတွင် အမျိုးသမီးများမှစ၍ လသားအရွယ်အထိ ပါဝင်ပြီး ပြည်သူ ၁၆ ဦး၏ အလောင်းများ တစစီဖြစ်သွား", "ရန်ကုန်၊ ဇူလိုင် ၂၂", "မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ လွှစင်ကုန်းရွာ လမ်းဆုံနှင့် ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကိုယ်ဝန်ဆောင်သည်နှင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၆ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၉ ရက်နေ့တွင် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကျိုက်မရောမြို့နယ်၊ ကြုံငွယ်ရွာနှင့် လွှစင်ကုန်းရွာ အစပ် လမ်းဆုံနှင့် လမ်းဆုံအနီးရှိ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း ကိုယ်ဝန်ဆောင်သည်နှင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၂ စီးသည် ကြုံငွယ်ရွာနှင့် လွှစင်ကုန်းရွာ တို့ကို အချိန်အတော်ကြာ ပျံဝဲပြီးမှ လူစုလူဝေးဖြစ်နေသော ကြုံငွယ်ရွာနှင့် လွှစင်ကုန်းရွာ အစပ် လမ်းဆုံနှင့် လမ်းဆုံအနီးရှိ ဘုန်းကြီးကျောင်းတို့ကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“လေယာဥ်နဲ့ ဗုံးလာကျဲတဲ့ အချိန် ကျွန်တော်တို့ အဲ့အနားလေးမှာပဲရှိနေတာ ဂျက်ဖိုက်တာ ၂ စီးနဲ့ လာကျဲတာ ထိခိုက်မှုက အတော်ကိုများပါတယ်။ ပြည်သူ ၁၆ ဦးလောက် သေသွားတယ်။ ကိုယ်ဝန် ၇ လ လွယ်ထားရတဲ့ အမျိုးသမီး ၁ ဦး၊ သူရဲ့ ယောကျာ်း နဲ့ ကလေးငယ်တွေလည်း ပါတယ် သေဆုံးတဲ့ ထဲမှာ လွှစင်ကုန်းကျော်ပြီးမှ ကြုံငွယ် လမ်းဆုံရောက်တာ ဘုန်းကြီးကျောင်းက ကြုံငွယ်လမ်းဆုံ အကျော်လေးမှာပဲ အဲ့နေ့က ဂျက်ဖိုက်တာ ၂ စီးလုံးက ဝဲနေတာ အကြာကြီးပဲ ပြီးမှ ဗုံးကျဲချသွားတာ” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။", "ဇူလိုင်လ ၁၉ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်၏ တိုက်လေယာဉ်များသည် ဗုံးကျဲ တိုက် ခိုက်ခဲ့သော နေရာ အနီးတစ်ဝိုက်တွင် ထပ်မံ ပျံဝဲနေခြင်းကြောင့် လက်ရှိချိန်ထိ ပြည်သူများ ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။", "လက်ရှိတွင် တစစီဖြစ်သွားသော အလောင်းများကို ပြန်လည်ကောက်ယူပြီး သဂြိုလ်မှုများကိုလည်း ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/05/102349/
ကျိုက်မရော အကျဉ်းထောင်တွင် ထောင်ဝန်ထမ်းများက နိုင်ငံရေးအကျဉ်း သားများကို ငွေညှစ် လာဘ်ယူသည့်အပြင် ရိုင်းပြစွာ ဆဲဆို၊ ထောင်ဝန်ထမ်းများကိုယ်တိုင် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချ
["ကျိုက်မရော အကျဉ်းထောင်တွင် ထောင်ဝန်ထမ်းများက နိုင်ငံရေးအကျဉ်း သားများကို ငွေညှစ် လာဘ်ယူသည့်အပြင် ရိုင်းပြစွာ ဆဲဆို၊ ထောင်ဝန်ထမ်းများကိုယ်တိုင် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချ", "ရန်ကုန်၊ မေ ၁၃", "မွန်ပြည်နယ်၊ ကျိုက်မရောဗဟိုအကျဥ်းထောင်တွင် ထောင်ဝန်ထမ်းများမှ လာဘ်ယူခြင်း ခေါင်းပုံဖြတ်ခြင်း ထောင်သွင်းသို့ တရားမဝင်မူးယစ်ဆေးဝါးရောင်းချဖြန့်ဖြူးခြင်းများလုပ်ဆောင်ကာ နိုင်ငံရေးအကျဉ်းသားများကို ငွေညှစ်လျက်ရှိကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များနှင့် နီးစပ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "ကျိုက်မရောဗဟိုအကျဉ်းထောင်အတွင်း ထောင်ဝင်စာဌာန တာဝန်ခံ ဒုကြီးကြပ်အဆင့်ရှိ ဇော်ဆက်နိုင်သည် အခြားဝန်ထမ်းများနှင့် ပေါင်း၍ ထောင်ဝင်စာလာသွင်းသည့် နိုင်ငံရေးအကျဉ်းသား မိသားစုများကို ရိုင်းပြစွာ ပြောဆိုဆက်ဆံခြင်း၊ ငွေကြေးတောင်းခံခြင်း၊ ငွေကြေးမပေးနိုင်ပါက ထောင်ဝင်စာသွင်းခွင့်ပိတ်ပင်ခြင်း၊ မိသားစုများ ယူလာသည့် အစားအသောက်များကို လက်မခံခြင်းတို့ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် ထောင်ဝင်စာမှ တစ်ဆင့် မူးယစ်ဆေးဝါးများ ထောင်တွင်းသို့ ဝင်ရောက်နေသည်ဟု အကြောင်းပြကာ ထောင်ဝန်စာကို ပိတ်ပင်ရန် ဖိအားပေးနေပြီး အမှန်တကယ်တွင်မူ ဇော်ဆက်နိုင် နှင့် အခြားဝန်ထမ်းများကိုယ်တိုင် ထောင်တွင်းသို့ မူးယစ်ဆေးဝါးနှင့် တရားမဝင်ပစ္စည်းများကို တရားမဝင် သယ်ယူရောင်းချဖြန့်ဖြူးနေခြင်းဖြစ်ကြောင်း ကျိုက်မရောဗဟို အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရှိရသည်။", "အကျဉ်းသားများကိုလည်း ထောင်မှ ဖွင့်ထားသည့် စျေးဆိုင်တွင် အပြင်ဈေးနှင့် ၂ ဆခန့်များပြားသော ကုန်ပစ္စည်းများကို အတင်းအဓမ္မ ဝယ်ယူစေခြင်းများလည်း ပြုလုပ်နေကြောင်း အကျဉ်းသား မိသားစုဝင်များနှင့် နီးစပ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။"]
https://yktnews.com/2023/07/111001/
ကျိုက်မရောတွင် ရဲကင်းဂိတ်က စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် အငြိမ်းစားဗိုလ်မှူး၏ သားဖြစ်သူ ကိုငြိမ်းချမ်းအောင် ရုပ်အလောင်းကို ယနေ့ မီးသဂြိုလ်
["ကျိုက်မရောတွင် ရဲကင်းဂိတ်က စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် အငြိမ်းစားဗိုလ်မှူး၏ သားဖြစ်သူ ကိုငြိမ်းချမ်းအောင် ရုပ်အလောင်းကို ယနေ့ မီးသဂြိုလ်", "ရန်ကုန်၊ ဇူလိုင် ၃", "မွန်ပြည်နယ်၊ ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်မှ စစ်သားများက စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် အငြိမ်းစားဗိုလ်မှူး၏ သားဖြစ်သူ ကိုငြိမ်းချမ်းအောင် ရုပ်အလောင်းကို ယနေ့ မီးသဂြိုလ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ချောင်းခွတံတား ရဲကင်းဂိတ်ကို Saw Dragon Drone Force နှင့် Lion Battalion Commando – ဗျူဟာ စစ်ကြောင်းတို့ ပူးပေါင်းကာ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိသောကြောင့် အကြမ်းဖက် စစ်တပ်က တံတားကို ယာယီ ပိတ်ပြီး စနိုက်ပါဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် အနီးအနား၌ ဆိုင်ကယ်ဖြင့် သွားလာနေသည့် အသက် ၃၂ နှစ်အရွယ် အငြိမ်းစားဗိုလ်မှူး၏ သားဖြစ်သူ ကိုငြိမ်းချမ်းအောင် ကျည်ထိမှန် သေဆုံးခဲ့ခြင်းကြောင်း သိရသည်။", "သေဆုံးသွားသော ကိုငြိမ်းချမ်းအောင်၏ ရုပ်အလောင်းကို ယနေ့ မီးသဂြိုလ်ခဲ့ပြီး စနိုက်ပါ ကျည်ထိမှန်ကာ နှလုံးဖောက် ထွက်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကာ ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်က စစ်သား ၃ ဦးက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ ပြည်သူများက ပြောဆိုသည်။"]
https://yktnews.com/2023/03/90938/
ကျိုက်မရောထောင်တွင် နိုင်ငံရေး အကျဥ်းသားများကို ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြီး ညအချိန် အကြောင်းမဲ့ ခေါ်ယူ ရိုက်နှက်မှုများဖြစ်ပွား
["ကျိုက်မရောထောင်တွင် နိုင်ငံရေး အကျဥ်းသားများကို ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြီး ညအချိန် အကြောင်းမဲ့ ခေါ်ယူ ရိုက်နှက်မှုများဖြစ်ပွား", "ရန်ကုန်၊ မတ် ၆", "မွန်ပြည်နယ်၊ ကျိုက်မရောမြို့ ဗဟို အကျဥ်းထောင်တွင် နိုင်ငံရေး အကျဥ်းသားများကို ထောင်ဝန်ထမ်းများက ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြီး စစ်ကြောရေးကို ခေါ်ဆောင်ကာ ရိုက်နှက် နှိပ်စက်ပြီး ထောင်ပြောင်းမှုများ လုပ်ဆောင်ကြောင်း အကျဥ်းဦးစီး သတင်းရင်းမြစ်များထံမှ သိရသည်။", "ကျိူက်မရော ဗဟို အကျဥ်းထောင်တွင် ထောင်တွင်း အဆင်မပြေမှုများကို ထောင်အာဏာပိုင် အဖွဲ့အစည်းများထံသို့တင်ပြသည့် နိုင်ငံရေး အကျဥ်းသားများကို ထောင်ဝန်ထမ်းများက ညအချိန်တွင် အဆောင်ပြင်သို့ ထုတ်ကာ ပုံစံ ထိုင်ခိုင်းပြီး ပစ်သတ်မည်ဟု ခြိမ်းခြောက် ပြောဆိုကြောင်း၊ ထောင်တွင်း အဆင်မပြေမှုများကို ဆက်လက်တင်ပြလျှင် ညအချိန် စစ်ကြောရေးကို ခေါ်ဆောင်ကာ ရိုက်နှက် နှိပ်စက်ပြီး ထောင်ပြောင်းမှုများ လုပ်ဆောင်​ကြောင်း သိရသည်။", "“သူတို့ကို ထောင်တွင်း အဆင်ပြေမှုတွေကို အမြဲတင်ပြတဲ့လူဆိုရင် ညအချိန်မတော် ၂ နာရီလောက်ဆိုရင် စစ်ဘက် အရပ်ဖက် တွေနဲ့ လာခေါ်ထုတ်တယ်ပြီးရင် စစ်ကြောရေးကို တစ်ခေါက်ပြန်ခေါ်သွားပြီး ရိုက်တယ်။ ထောင်ပြောင်းတယ်။ တခါတလေ အဆင်မပြေမှုကို တင်ပြတဲ့သူတွေ အဆောင်ဆိုရင် ညဘက် ၂ နာရီလောက်ကြီး ရိုက်နှက်တယ်။ ပုံစံထိုင်ခိုင်းထားတယ်။ လူက အိပ်ငိုက်လာရင် ထိုင်ထ လုပ်ခိုင်းတယ်။ မင်းတို့ နိုင်ကျဥ်းတွေက ဘာကောင်တွေလည်း အကုန် ပစ်သတ်မယ် ကြည့်နေတဲ့ အဲလိုတွေပါ ခြိမ်း​ခြောက်ပြောဆိုတယ်” ဟု အကျဥ်းဦးစီး သတင်းရင်းမြစ်က ပြောဆိုသည်။", "ထို့ပြင် အကျဥ်းထောင်အတွင်း နိုင်ငံရေးအကျဥ်းသားများသည် ပုံစံဖြင့် ရေးချိုးရခြင်း​၊ နေရာထိုင်ခင်း မသန့်ရှင်းသောကြောင့် ယားနာများ၊ ဝဲများပေါက်ကာ ဆေးကုသမှုမရရှိခြင်း၊ ညပိုင်းတွင် ထောင်ဝန်ထမ်းများက နိုင်ငံရေး အကျဥ်းသားများရှိသည့် အိပ်ဆောင်များ၌ မူးရူး ဆဲဆိုခြင်း၊ဘာရာ စောင့်ရသည့် နိုင်ငံရေး အကျဥ်းသားများကို ထောင်ဝန်ထမ်းများက ခေါ်ယူ ဆဲဆိုပြီး ထိုးကြိတ်မှုများပါလုပ်ဆောင်ကြောင်း၊ အကျဥ်းထောင်အတွင်း ရှာဖွေရေး လုပ် ဆောင် လျှင် နိုင်ငံရေးအကျဥ်းသားများ၏ အဆောင်များကို မွှေနှောက်ကာ ထောင်ဝင်စာပို့ထားသည့် ပစ္စည်းများကို ယူဆောင်သွားကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/118164/
ကျိုက်မရောနှင့် ကျုံဒိုးရှိ စစ်တပ်၏ တံတားဂိတ် ၂ ခုကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး
["ကျိုက်မရောနှင့် ကျုံဒိုးရှိ စစ်တပ်၏ တံတားဂိတ် ၂ ခုကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး", "ရန်ကုန်၊ သြဂုတ် ၁၃", "မွန်ပြည်နယ် ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ၏ တံတားဂိတ် ၂ ခု ကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း Alpha Bats Drone တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၁၁ ရက်နေ့တွင် ကျိုက်မရော မြို့နယ်၊ ချောင်းနှခွ တံတားရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို Alpha Bats Drone တပ်ဖွဲ့နှင့် KNDO တပ်ရင်း ၆ က မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးပြီး ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "သြဂုတ်လ ၁၂ ရက်နေ့တွင်လည်း ကျုံဒိုးမြို့နယ်၊ ဂျိုင်းတံတားရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အရာရှိ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "” ၁၁ ရက်နေ့မှာ ကျုံးဒိုးမြို့နယ် ချောင်းနှခွ တံတားမှာရှိတဲ့ စစ်ခွေးဂိတ်ကို fixed wing droneနဲ့ ကျဲချတိုက်ခိုက်ခဲ့တာ စစ်ခွေး ၆ ကောင်သေတယ်။ ၁၂ ရက်နေ့မှာ ဂျိုင်းတံတားမှာရှိတဲ့ စစ်ခွေးဂိတ်ကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်တယ် စစ်သား အရာရှိ ၃ ဦးထဲက ၁ ဦးဒဏ်ရာပြင်းထန်တယ်” ဟု Alpha Bats Drone တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/11/131003/
ကျိုက်မရောမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေ​ကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးသေဆုံး
["ကျိုက်မရောမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေ​ကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၁၂", "မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေ​ကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ကျိုက်မရောမြို့နယ် ပေါလောကုန် ကျေးရွာကို လေကြောင်းဖြင့် ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ကလေးနှစ်ဦး", "ပွဲချင်းပြီ သေဆုံးခဲ့ကြောင်း သိရသည်။", "နိုဝင်ဘာလ ၁၀ ရက်မှ ၁၂ ရက်နေ့ အထိ ကျိုက်မရောမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၊ BGF ပူးပေါင်း အဖွဲ့ နှင့် ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။", "ချောင်းနှစ်ခွ တိုက်ပွဲ​အတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ချောင်းနှစ်ခွရွာ စာသင်ကျောင်းအနီးရှိ နေအိမ် ၁ လုံး ကျည်ထိမှန်ကာ မီးလောင်ပျက်စီးခဲ့ကြောင်း၊ ကျောက်ကွဲကျေးရွာကိုလည်း စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျကာ နေအိမ် တချို့ ထိခိုက်ပျက်စီးခဲ့ပြီး အိမ်မွေးဝက်များလည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ရေပူရွာ၊ ကော့ပ်ကျရွာ၊ ကော့ဒူးရွာနှင့် ကော့ပနောရွာများကိုလည်း စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူများ ပိတ်မိနေပြီး ချောင်းနှစ်ခွ တံတားလည်း စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ကာ ပျက်စီးခဲ့ကြောင်း သိရသည်။", "” စစ်ခွေးတွေနဲ့ BGF တွေ အများပြား ထိခိုက် သေဆုံးမှုရှိတယ်။ BGF အနည်းဆုံး ၄ ဦး အရှင်ဖမ်းမိ ထားတယ်။ စစ်ခွေးတွေ လက်နက်ကြီးနဲ့ ပစ်လို့ နေအိမ်တွေ ပျက်စီးပြီး ချောင်းနှစ်ခွ တံတားလည်း ပျက်စီးမှု ရှိတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2024/05/164757/
ကျိုက်မရောမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ ရှောင်တခင် စစ်ဆေးမှု ပြုလုပ်နေစဉ် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး
["ကျိုက်မရောမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ ရှောင်တခင် စစ်ဆေးမှု ပြုလုပ်နေစဉ် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး", "ရန်ကုန်၊ မေ ၂၇", "မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ ရှောင်တခင် စစ်ဆေးမှု ပြုလုပ်နေစဉ် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း ဂဠုန်စစ်ကြောင်းထံမှ သိရသည်။", "မေလ၂၆ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသ၊ စစ်ဒေသခွဲ ၃ ဂဠုန်စစ်ကြောင်းနှင့် မွန်ပြည်နယ် လွတ်မြောက်ရေး တပ်တော် (MLA) ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များ ကျိုက်မရောမြို့နယ်အတွင်း ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "တော်လှန်ရေး ပူးပေါင်း မဟာမိတ်တပ်များ စစ်ဆေးရေး ပြုလုပ်နေသည့် နေရာများကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ကျိုက်မရော အခြေစိုက် ခမရ ၂၀၈ တပ်ရင်းမှ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ၆၀ မမ လက်နက်ကြီးဖြင့် ၁ ကြိမ်၊ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် ၁၀၅ မမ လက်နက်ကြီးဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။", "အများပြည်သူ အသုံးပြုနေသည့် လမ်းပိုင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနီးရှိ ပြည်သူပိုင် နေအိမ်များ ပျက်စီး ဆုံးရှုံးခဲ့ပြီး ပြည်သူ ၁ ဦး ထိခိုက် ဒါဏ်ရာ ရရှိကာ တော်လှန်ရေး မဟာမိတ် ပူးပေါင်း တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/171888/
ကျိုက်မရောမြို့နယ်ရှိ ခမရ ၂၀၈ တပ်ရင်းကို တာဝေးပစ် ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်
["ကျိုက်မရောမြို့နယ်ရှိ ခမရ ၂၀၈ တပ်ရင်းကို တာဝေးပစ် ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ ဇူလိုင် ၇", "မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၂၀၈ တပ်ရင်းကို တာဝေးပစ် ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း BELU ယက္ခဒီပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ကျိုက်မရောမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၂၀၈ တပ်ရင်းကို BELU ယက္ခဒီပအဖွဲ့က ၎င်းတို့ ထုတ်လုပ်ထားသော တာဝေးပစ်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိမရှိကို အတည်မပြုနိုင်သေးဘဲ တာဝေးပစ် ဒုံး ၃ လုံးလုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို BELU ယက္ခဒီပပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ SG Production နှင့် MNSP -AD တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/12/133907/
ကျိုက်မရောမြို့နယ်ရှိ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူ၊ ကော့ကရိတ်ရှိ မောင်းမရွာသစ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးဒဏ်ရာ
["ကျိုက်မရောမြို့နယ်ရှိ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူ၊ ကော့ကရိတ်ရှိ မောင်းမရွာသစ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးဒဏ်ရာ", "ရန်ကုန်၊ ဒီဇင်ဘာ ၁", "မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာ ၁ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီ ၅၀ မိနစ်ခန့်တွင် ကျိုက်မရောမြို့နယ်၊ မိကသစ်ကျေးရွာအုပ်စုရှိ ဘဏ္ဍာဓနတောရ ဘုန်းတော်ကြီးကျောင်းဝင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချခဲ့သောကြောင့် သက်တော် ၄၂ ဝါရှိ ဦးဇင်းဦးသောမ ဗုံးစထိမှန်ပြီး ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။", "“ဒီနေ့ နံနက်အစောပိုင်း ၁ နာရီ ၅၀ မိနစ်လောက်က စစ်တပ်ရဲ့ ဂျက်ဖိုက်တာက ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချမှုကြောင့် မိကသစ်ကျေးရွာအုပ်စုမှာရှိတဲ့ ဘဏ္ဍာဓန တောရ ဘုန်းတော်ကြီးကျောင်းဝင်း သိမ်အနီး ကျရောက် ပေါက်ကွဲလို့ သက်တော် ၄၂ ဝါရှိတဲ့ ဦးဇင်းဦးသောမ ဗုံးစထိမှန်ပြီး ပျံလွန်တော်မူသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "ထို့ပြင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ မောင်းမရွာသစ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး ကား ၂ စီးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ကော့ရိတ်မြို့နယ်၊ မောင်းမရွာသစ်ကျေးရွာကို ကော့ကရိတ်မြို့ အခြေစိုက် ခလရ ၉၇ က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေါ်ရင်သောင်း ဘယ်ဘက် လက်မောင်း ကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ယင်းနေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင်လည်း လက်နက်ကြီးဖြင့် ဒုတိယအကြိမ် ထပ်မံ ပစ်ခတ်ခဲ့ရာ မောင်းမရွာသစ်ကျေးရွာရှိ ဘုန်းကြီးကျောင်း အတွင်းသို့ကျရောက် ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းဝင်းအတွင်းရပ်ထားသော ကား ၂ စီး ပျက်စီးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/124318/
ကျိုက်မရောမြို့နယ်၊ ကနာလိုကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်မှု ကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရ၊ အိမ် ၂ လုံးပြိုကျ ပြီး ကားတစ်စီးပါ ပျက်စီး
["ကျိုက်မရောမြို့နယ်၊ ကနာလိုကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်မှု ကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရ၊ အိမ် ၂ လုံးပြိုကျ ပြီး ကားတစ်စီးပါ ပျက်စီး", "ရန်ကုန်၊ စက်တင်ဘာ ၂၈", "မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကနာလိုကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရရှိကာ အိမ် ၂ လုံးပြိုကျပြီး ကားတစ်စီးပါ ပျက်စီးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "စက်တင်ဘာလ ၂၇ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကနာလိုကျေးရွာသို့ လက်နက်ကြီးကျည် ၂ လုံးကျရောက်လာပြီး အိမ် ၂ လုံးပေါ်သို့ ကျရောက်ကြောင်း၊ လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးဒဏ်ရာရရှိကြောင်း၊ လက်နက်ကြီးကျသည့် အိမ် ၂ လုံးမှာလည်း ပြိုကျသွားပြီး ကားတစ်စီးလည်း ပျက်စီးသွားကြောင်း သိရှိရသည်။", "ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်မှာ စစ်တပ် အသုံးပြုသော လက်နက်ကြီးကျည်အမျိုးအစားဖြစ်ပြီး တပ်ရင်းအမှတ်များကို ဖျက်ထားကြောင်း၊ ကနာလိုကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "“လက်နက်ကြီးကျည်ထိသွားတဲ့ ကလေးငယ်ကတော့ ဒဏ်ရာများတယ်။ အခုဆေးရုံပို့ထားပါတယ်။ အိမ် ၂ လုံး ကျေမွ ပျက်စီး သွားတယ်။ လူ ၃ ယောက် ထိသွားတယ်။ ကားတစီးလည်း ပျက်စီးတယ်” ဟု ဒေသပြည်သူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2024/04/159211/
ကျိုက်မရောမြို့နယ်၊ ကော့သပ်ရွာတွင် တပ်စွဲထားသော စစ်သားများက ကျေးရွာထဲ ပြန်လည် ဝင်ရောက်လာသည့် လူငယ် ၁ ဦးကို ပစ်သတ်ပြီး ရွာထဲရှိ ပစ္စည်းများကို စိတ်ကြိုက်ယူဆောင်နေ
["ကျိုက်မရောမြို့နယ်၊ ကော့သပ်ရွာတွင် တပ်စွဲထားသော စစ်သားများက ကျေးရွာထဲ ပြန်လည် ဝင်ရောက်လာသည့် လူငယ် ၁ ဦးကို ပစ်သတ်ပြီး ရွာထဲရှိ ပစ္စည်းများကို စိတ်ကြိုက်ယူဆောင်နေ", "ရန်ကုန်၊ ဧပြီ ၂၅", "မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့သပ်ရွာတွင် တပ်စွဲထားသော စစ်သားများက ကျေးရွာထဲ ပြန်လည် ဝင်ရောက်လာသည့် လူငယ် ၁ ဦးကို ပစ်သတ်ပြီး ရွာထဲရှိ ပစ္စည်းများကို စိတ်ကြိုက်ယူဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လပိုင်းက စတင်ကာ ကျိုက်မရောမြို့နယ်၊ ကော့သပ်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများက ကျေးရွာအတွင်း ဝင်ရောက် တပ်စွဲပြီး နေအိမ်ထဲရှိ ပစ္စည်းများကို စိတ်ကြိုက်ယူဆောင်ကာ ဆိုင်ကယ်များကိုလည်း ခိုးယူသွားကြောင်း သိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်သားများသည် ဧပြီလ ၂၄ ရက်နေ့က ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်လာသည့် လူငယ် ၁ ဦးကိုလည်း ပစ်သတ်ခဲ့ပြီး လက်ရှိချိန်ထိ ရွာထဲ၌ တပ်စွဲထားကြောင်း သိရှိရသည်။", "“ကော့သပ်ကျေးရွာမှာ စစ်တပ်က စခန်းဝင်ချနေတာ တစ်လကျော်ကြာပြီ ရွာသူ ရွာသားတွေကိုလည်း မောင်းထုတ်ပြီ ရွာထဲပေးမဝင်ဘူး။ စစ်သားတွေက ပြည်သူတွေရဲ့ နေအိမ်ပေါ်မှာ နေနေကြတာ နောက်ပြီး တစ်အိမ်တက် တစ်အိမ်ဆင်းပြီး သော့တွေရိုက်ဖျက်ပြီး အဝတ်စားတွေ ပစ္စည်းတွေ ဆိုင်ကယ်တွေပါမကျန် ယူနေကြတာ ကားကြီးများနဲ့သယ်နေကြတယ်။ အခေါက်ခေါက်အခါခါပဲ မနေ့ကလည်း လူငယ်လေး ၁ ဦးကို ရွာထဲ ဝင်လာလို့ဆိုပြီး ပစ်သတ်လိုက်တယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/02/143669/
ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာမှ ပြည်သူ့နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
["ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာမှ ပြည်သူ့နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၃", "မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ၊ ချောင်းနှစ်ခွကျေးရွာအတွင်းက ဒေသခံ‌တွေရဲ့ နေအိမ်တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။", "စစ်ကောင်စီတပ်က ချောင်းနှစ်ခွကျေးရွာ ရဲစခန်းအနီး မြသီတာရပ်ကွက်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး နေအိမ် ၇ လုံးခန့် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ‌‌ဒေသခံ တစ်ဦးက ပြောပါတယ်။", "ချောင်းနှစ်ခွကျေးရွာရဲစခန်း အနီးဝန်းကျင်မှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်ကို တော်လှန်ရေးပူပေါင်းတပ်တွေ ဝင်ရောက်မလာနိုင်ဖို့အတွက် စစ်ကောင်စီတပ်တွေက မီရှို့တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။", "၂၀၂၃ခုနှစ် ဒီဇင်ဘာလအတွင်းက ချောင်းနှစ်ခွကျေးရွာဒေသကို တော်လှန်းရေးပူပေါင်းတပ်တွေ လက်ထဲကနေ စစ်ကောင်စီက ပြန်လည်ရယူခဲ့ပြီး လက်ရှိမှာတော့ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးတာ၊ နေအိမ်မီးရှို့တာ၊ ရွေ့ပြောင်းသယ်ယူလို့ရတဲ့ ပစ္စည်းတွေကို ယူဆောင်သွားတာတွေကို ဆက်လက်ကျူးလွန်နေတယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောဆိုမှုတွေအရ သိရှိရပါတယ်။", "တိုက်ပွဲဖြစ်ပွားစဉ်က စစ်ကောင်စီတပ်က လေကြောင်းပစ်ခက်မှု၊ လက်နက်ကြီး ပစ်ခက်မှုတွေကြောင့် ဒေသခံနေအိမ်တွေ ထိခိုက်ပျက်စီးမှုရှိသလို မီးလောင်းဆုံးရှုံးမှုတွေလဲ ရှိခဲ့တယ်လို့ သိရပါတယ်။", "စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ဘေးရှောင်နေတဲ့ ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ ဆက်လက်လုပ်ဆောင်နေသလို ပြန်လည်နေထိုင်နေကြတဲ့ ကျေးရွာသားတွေကိုလည်း ဖမ်းဆီးရိုက်နှက် စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။", "လက်ရှိ စစ်ကောင်စီတပ်က ပြန်လည်နေရာယူထားတဲ့ ချောင်းနှစ်ခွကျေးရွာကို ဒေသခံ ပြည်သူအများစု နေရပ်ပြန်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။", "ချောင်းနှစ်ခွကျေးရွာအပါအဝင် အနီးဝန်းကျင် ကျေးရွာပေါင်း ၂၀က ဒေသခံပြန်သူတွေဟာ တိုက်ပွဲဆက်လက်ဖြစ်ပွားခြင်း မရှိပေမဲ့လည်း စစ်ကောင်စီတပ်က နေရာယူထားတာကြောင့် လုံခြုံမှုမရှိသေးတဲ့အတွက် နေရပ်မပြန်နိုင်သေးဘူးလို့ သိရပါတယ်။", "ဓာတ်ပုံ- စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် မီးလောင်နေသော အညာဒေသမှ ပြည်သူ့နေအိမ်များ။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/11/131230/
ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော တပ်မ ၂၂ စစ်ကြောင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်သား ၁၄ ဦးသေဆုံးပြီး ၆ ဦး အရှင်ဖမ်းမိကာ ၂၃ ဦး လက်နက်ချ အညံ့ခံ
["ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော တပ်မ ၂၂ စစ်ကြောင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်သား ၁၄ ဦးသေဆုံးပြီး ၆ ဦး အရှင်ဖမ်းမိကာ ၂၃ ဦး လက်နက်ချ အညံ့ခံ", "ရန်ကုန်၊ နိုဝင်ဘာ ၁၃", "မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော တပ်မ ၂၂ စစ်ကြောင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်သား ၁၄ ဦးသေဆုံးပြီး ၆ ဦး အရှင်ဖမ်းမိကာ ၂၃ ဦး လက်နက်ချ အညံ့ခံကြောင်း NUG အမျိုးသား ညီညွတ်ရေးအစိုးရက တရားဝင်သတင်းထုတ်ပြန်သည်။", "နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော တပ်မ ၂၂ လက်အောက်ခံ အင်အား ၅၀ ဦးပါ စစ်ကြောင်းမှ ၂၃ ဦးသည် ပြည်သူ့တော်လှန်ရေးအဖွဲ့များထံ လက်နက်ချ အညံ့ခံခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် တပ်ရင်းမှူးနှင့် အရာရှိ ၁ ဦး အပါအဝင် ၁၄ ဦး သေဆုံးကြောင်း၊ အရာရှိ ၁ ဦး အပါအဝင် ၅ ဦး အရှင်ဖမ်းမိကြောင်း၊ နောက်ထပ် အရာရှိ (၁) ဦးအပါအဝင် စစ်သား ၈ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။", "မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲကင်းစခန်းနှင့် ချောင်းနှစ်ခွ တံတားကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များက အတည်ပြု ပြောဆိုသည်။", "နိုဝင်ဘာလ ၉ ရက်နေ့ကတည်းက တော်လှန်ရေးတပ်ဖွဲ့များက‌ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ ရဲကင်းစခန်းနှင့် တံတားလုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် ရဲကင်းစခန်းနှင့် တံတားကို အပြီး သတ် သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“တိုက်ပွဲတွေက လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက ဖြစ်နေတာ။ ချောင်းနှစ်ခွမှာတိုက်ပွဲအရမ်းထန်နေတယ်။ နိုဝင်ဘာ ၁၂ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်မှာ ကျိုက်မရော ချောင်းနှစ်ခွ တံတားနှင့်ရဲကင်းစခန်း ကို KNDO နဲ့ ဂဠုန်စစ်ကြောင်း အပါအဝင် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းလိုက်ပြီ။ နယ်မြေရှင်းလင်းရေးလုပ်နေပြီ ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "အဆိုပါ ရဲကင်းစခန်းနှင့် တံတားသိမ်းပိုက်မှုတွင် အရှင်ဖမ်းဆီးရရှိသော စစ်သုံ့ပန်းများ ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထွက်ပြေးသွားကြကြောင်း၊ အသေးစိတ်ကို သက်ဆိုင်ရာက သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/153260/
ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် မီးလောင်ဗုံးများကျဲချပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် အများအပြား မီးလောင်နေ၊ စစ်တပ်က မီးသတ်ကားများ ပေးမဝင်ဘဲ တားဆီးထား
["ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် မီးလောင်ဗုံးများကျဲချပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် အများအပြား မီးလောင်နေ၊ စစ်တပ်က မီးသတ်ကားများ ပေးမဝင်ဘဲ တားဆီးထား", "ရန်ကုန်၊ မတ် ၂၇", "မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် မီးလောင်ဗုံးများကျဲချပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် အများအပြား မီးလောင်နေပြီး စစ်တပ်က မီးသတ်ကားများ ပေးမဝင်ဘဲ တားဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "ယနေ့ မတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဓမ္မသကျေးရွာကို လေကြောင်းဖြင့် မီးလောင်ဗုံးများ ကျဲချပြီး ကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် အများအပြား မီးလောင်ပျက်စီးခဲ့ပြီး မော်လမြိုင်မှ လာသည့် မီးသတ်ကားများကို အကြမ်းဖက် စစ်တပ်က သံကလောင်ရွာတွင် ဖြတ်သန်းခွင့် မပေးဘဲ ပိတ်ထားကြောင်း သိရသည်။", "“ဓမ္မသကျေးရွာက စစ်ပွဲလည်း မဖြစ်ဘဲနဲ့ စစ်ခွေးတွေက မီးလောင်ဗုံးနဲ့ ရွာကို မီးရှို့တာ လောင်နေတာက ဟိုတကွက်ဒီတကွက်ပဲ မော်လမြိုင်ကနေ လာတဲ့ မီးသတ်ကားတွေလည်း တရနာရွာအထိပဲ ရောက်တယ်။ သံကလောင်ရွာမှာ မပေးဖြတ်ဘူး။ ရွာထဲမှာရှိတဲ့ မီးသတ်ကားတွေနဲ့ပဲ မီးငြိမ်းနေရတယ်။ လေယာဥ်နဲ့ရွာကို စစ်ခွေးတွေက မီးလောင်ဗုံးကျဲချပြီး လက်နက်ကြီးနဲ့ထုတာ” ဟု ဒေသပြည်သူများက ပြောဆိုသည်။"]
https://yktnews.com/2024/04/157044/
ကျိုက်မရောမြို့နယ်၊ သံကလောင်ကျေးရွာ ကျောင်းထိုင် ဆရာတော်ကို စစ်တပ်က စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူ
["ကျိုက်မရောမြို့နယ်၊ သံကလောင်ကျေးရွာ ကျောင်းထိုင် ဆရာတော်ကို စစ်တပ်က စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူ", "ရန်ကုန်၊ ဧပြီ ၁၄", "မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ သံကလောင်ကျေးရွာ ကျောင်းထိုင် ဆရာတော်ကို အကြမ်းဖက် စစ်တပ်က စနိုက်ပါဖြင့် ပစ်သတ်ခဲ့ခြင်းကြောင့် ပျံလွန်တော်မူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် သံကလောင်ကျေးရွာ ကျောင်းထိုင် ဆရာတော်သည် ဆွမ်းဘုန်းပေးပြီး အပြန်၌ တရနာကျေးရွာနှင့် သံကလောင် အကြားရှိ လမ်းပိုင်းတစ်နေရာတွင် ဆရာတော်၏ ကားကို အကြမ်းဖက် စစ်သားများက စနိုက်ပါဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဆရာတော် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“တရနာနဲ့ သံကလောင် အကြားက လမ်းမကြီးမှာ ပစ်ခံထိတာ ဒီနေ့ မွန်းလွဲပိုင်းက ဖြစ်တာ ကားမောင်းရင်းနဲ့ ပစ်ခံထိတယ်လို့ ပြောတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဆရာတော်သည် နေရာ၌ပင် ပျံလွန်တော်မူခဲ့ကြောင်း လက်ရှိချိန်တွင် ဆရာတော်၏ ရုပ်အလောင်းကို သံကလောင်ကျေးရွာကို ပြန်လည် သယ်ဆောင်လာကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2023/11/133771/
ကျိုက်မရောမြို့၊ ကော့ပနောရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးဒဏ်ရာရပြီး နေအိမ်များ ပျက်စီးကာ ရွာလုံးကျွတ် ထွက်ပြေးနေရ
["ကျိုက်မရောမြို့၊ ကော့ပနောရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးဒဏ်ရာရပြီး နေအိမ်များ ပျက်စီးကာ ရွာလုံးကျွတ် ထွက်ပြေးနေရ", "ရန်ကုန်၊ နိုဝင်ဘာ ၃၀", "မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ကော့ပနောရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးဒဏ်ရာရပြီး နေအိမ်များ ပျက်စီးကာ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ကျိုက်မရောမြို့၊ ကော့ပနောကျေးရွာ၌ PDF တပ်ဖွဲ့များ ရှိသည်ဟု စွတ်စွဲပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များ ပျက်စီးပြီး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။", "“ကော့ပနောရွာမှာ PDF တွေရှိတယ်ဆိုပြီး စစ်ခွေးတွေက လက်နက်ကြီးနဲ့ ပစ်လို့ တစ်ရွာလုံး ထွက်ပြေးကုန်ပါပြီ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ ရွာမှာ ကျန်ခဲ့တဲ့ မပြေးနိုင်တဲ့ သက်ကြီးပိုင်းပဲကျန်တယ်။ မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့ သက်ကြီးပိုင်းကို ကျည်စထိမှန်သွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2025/01/199284/
ကျိုက်မရော၊ ကဒါကျေးရွာ ရဲစခန်းနှင့် တောင်ကလေးကျေးရွာ ရဲစခန်းတို့ကို ဒရုန်းနှင့် တိုက်ခိုက်မှု စစ်သား ၆ ဦး သေ ၅ ဦး ဒဏ်ရာရ
["ကျိုက်မရော၊ ကဒါကျေးရွာ ရဲစခန်းနှင့် တောင်ကလေးကျေးရွာ ရဲစခန်းတို့ကို ဒရုန်းနှင့် တိုက်ခိုက်မှု စစ်သား ၆ ဦး သေ ၅ ဦး ဒဏ်ရာရ", "ရန်ကုန်၊ ဇန်နဝါရီ ၁၃", "မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကဒါကျေးရွာ ရဲစခန်းနှင့် တောင်ကလေးကျေးရွာရဲစခန်းတို့ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဝင် ၆ ဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီ(AD) တပ်ထံမှ သိရှိရသည်။", "ဇန်နဝါရီလ ၁၀ ရက်နေ့ အကြမ်းဖက်စစ်သား များနေရာယူထားသည့် ကဒါကျေးရွာ ရဲစခန်းအတွင်း NMSP-AD တပ်၏ ဒရုန်းတပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် နေရာယူထားသည့် တောင်ကလေးကျေးရွာ ရဲစခန်းကို ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၁ ဦးသေဆုံးကာ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီ(AD)တပ်က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/11/131542/
ကျိုက်မရော၊ ချောင်းနှစ်ခွ နယ်မြေရဲစခန်းနှင့် တံတားဂိတ် စခန်းကို တိုက်ခိုက်ခဲ့သည့် ၆ ရက်တာတိုက်ပွဲအတွင်း ဗိုလ်မှူး ၂ ဦး ၊ ဒုဗိုလ် ၃ ဦး အပါအဝင် စစ်သား ၂၂ ဦးသေဆုံးကာ ၂၈ ဦး လက်နက်ချ အညံ့ခံ
["ကျိုက်မရော၊ ချောင်းနှစ်ခွ နယ်မြေရဲစခန်းနှင့် တံတားဂိတ် စခန်းကို တိုက်ခိုက်ခဲ့သည့် ၆ ရက်တာတိုက်ပွဲအတွင်း ဗိုလ်မှူး ၂ ဦး ၊ ဒုဗိုလ် ၃ ဦး အပါအဝင် စစ်သား ၂၂ ဦးသေဆုံးကာ ၂၈ ဦး လက်နက်ချ အညံ့ခံ", "ရန်ကုန်၊ နိုဝင်ဘာ ၁၆", "မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ ကျေးရွာ နယ်မြေရဲစခန်းနှင့် တံတားဂိတ်စခန်းကို တိုက်ခိုက်မှုတွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ ပါဝင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့မှ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ၆ ရက်တာ တိုက်ပွဲအတွင်း ဗိုလ်မှူး၂ ဦး ၊ ဒုဗိုလ် ၃ ဦး အပါအဝင် ၂၂ ဦးသေဆုံးကာ၂၈ ဦး လက်နက်ချ အညံ့ခံကြောင်း အထူးစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၁၀ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြိုနယ်၊ ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွနယ်မြေရဲစခန်းနှင့် တံတားဂိတ်စခန်းကို KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ – S.O.F နှင့် ပူးပေါင်းစစ်ကြောင်းများ၊ ဒရုန်းတပ်ဖွဲများမှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာ ၁၁ ရက်နေ့ ည ၁၂ နာရီ အချိန်တွင် ၄င်းစခန်းနှစ်ခုဆီသို့ စစ်ကူလာသော တပ်မ – ၂၂ လက် အောက်ခံ ခလရ – ၈၁ စစ်တပ် စစ်ကြောင်းနှင့် S.O.F စစ်ကြောင်း ၂ တို့ ဖက်ထေးကုန်းကျေးရွာ သင်္ချိုင်းကုန်းအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်သား ၃ ဦး သေဆုံးပြီး ၇ ဦး ဒါဏ်ရာပြင်းထန်ရခဲ့ကာ ခဲယမ်းကျည်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။", "အလားတူ နိုဝင်ဘာလ ၁၂ ရက်နေ့၊ နံနက် ၈ နာရီ ၃၀ မိနစ်မှစကာ ဘုရားကုန်းအနီးတွင် နေရာယူထားသော အင်အား ၅၄ ဦးရှိ စစ်တပ်စစ်ကြောင်းနှင့် KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းတို့ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူးတစ်ဦး၊ ဒုဗိုလ်တစ်ဦး ပေါင်း ၂ ဦး စနိုက်ပါထိမှန်၍ သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဖက်ထေးကုန်းကျေးရွာအတွင်းရှိ ဘုရားကုန်းနေရာတွင် ဆက်လက် တိုက်ပွဲပြင်းထန်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင် စစ်တပ်ဘက်မှ အကျအဆုံးများစွာဖြင့် လက်နက်ချ အညံ့ခံခဲ့ကြောင်း၊ ဗိုလ်မှူး ၁ ဦး၊ ဒုဗိုလ်၂ ဦး အပါအဝင် စစ်သား ၁၄ ဦး သေဆုံးခဲ့ပြီး ၂၈ ဦး အရှင်ဖမ်းမိခဲ့ကာ ၁၂ ဦး ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။", "ထို့အတူ ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ညတွင် ဆုတ်ခွာထွက်ပြေးသွားသော စစ်ကြောင်းကို ထပ်မံပိတ်ဆို့ရှင်းလင်းခဲ့ရာ စစ်သား ၅ ဦး သေဆုံးကာ လက်နက်များထပ်မံ သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲ ၆ ရက်တာအတွင်း စစ်သားသေဆုံးသည့်အရေအတွက် ၂၂ ဦး၊ လက်နက်ချအညံ့ခံသော စစ်သား ၂၈ ဦးနှင့် လက်နက်မျိုးစုံ ၅၅ လက်ရရှိခဲ့ကြောင်း၊ တော်လှန်ရေးပူးပေါင်းအဖွဲ့များဘက်မှ ရဲဘော် ၃ ဦး တိုင်းပြည်အတွက် အသက်ပေးလှူသွားကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/133392/
ကျိုက်မရော၊ ချောင်းနှစ်ခွစစ်စခန်း တိုက်ပွဲတွင် ခမရ ၅၅၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မျိုးကိုကိုဝင်း သေဆုံးပြန်၊ စစ်ကောင်စီက သေဆုံးသူ မျိုးကိုကိုဝင်းကို ဗိုလ်မှူးကြီး ရာထူးတိုးမြှင့်ပေးပြီး သီဟသူရဘွဲ့ ပေးအပ်
["ကျိုက်မရော၊ ချောင်းနှစ်ခွစစ်စခန်း တိုက်ပွဲတွင် ခမရ ၅၅၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မျိုးကိုကိုဝင်း သေဆုံးပြန်၊ စစ်ကောင်စီက သေဆုံးသူ မျိုးကိုကိုဝင်းကို ဗိုလ်မှူးကြီး ရာထူးတိုးမြှင့်ပေးပြီး သီဟသူရဘွဲ့ ပေးအပ်", "ရန်ကုန်၊ နိုဝင်ဘာ ၂၈", "မွန်ပြည်နယ်၊ ကျိုက်မရော၊ ချောင်းနှစ်ခွစစ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးမဟာမိတ်တပ်များက ရက်ပေါင်းများစွာ တိုက်ခိုက်လျက်ရှိရာတွင် စခန်း မကျစေရေး ခုခံနေသော ခမရ ၅၅၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မျိုးကိုကိုဝင်း သေဆုံးသွားကြောင်းစစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "တနင်္သာရီတိုင်း အခြေစိုက် ခမရ ၅၅၇ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မျိုးကိုကိုဝင်း ဦးဆောင်သော တပ်ဖွဲ့ကို စစ်တပ်က ရဟတ် ယာဉ်ဖြင့် ယခုလလယ်ပိုင်းတွင် ချောင်းနှစ်ခွစခန်းသို့ ပို့ဆောင်ပြီး စခန်း မကျစေရေး ကွပ်ကဲ တိုက်ခိုက်စေခဲ့ကြောင်း၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးကိုကိုဝင်းသည် ချောင်းနှစ်ခွစခန်းတွင် အထိုင်ချ၍ ကွပ်ကဲ ကြီးကြပ်ခဲ့ကြောင်း၊ ယခင်နေ့များတွင် ဒရုန်းဖြင့် ဗုံးကျဲခံရသဖြင့် ပုခုံးနှင့်လက်မောင်းတွင် ဗုံးစများ ထိမှန်ခဲ့ကြောင်း သိရှိရသည်။", "ယင်းနောက် ဒဏ်ရာရှိနေသည့်ကြားမှ ဆက်လက်တိုက်ပွဲကို ကြီးကြပ်ကွပ်ကဲခဲ့ရာ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် စနိုက်ပါ ပေါင်တွင် ထိမှန်ပြီး သွေးထွက်လွန်သဖြင့် နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက ဒဏ်ရာရရှိသည့်ကြားမှ ချောင်းနှစ်ခွ စခန်း မကျစေရန် ဦးဆောင် တိုက်ပွဲဝင်သော ဒုတိယဗိုလ်မှူးကြီး မျိုးကိုကိုဝင်းကို ဗိုလ်မှူးကြီး ရာထူးသို့ တိုးမြှင့်၍ သီဟသူရဘွဲ့ ချီးမြှင့်ကြောင်း စစ်တပ်သတင်းရင်းမြစ်က ဆိုသည်။", "သေဆုံးသွား‌ ဒုတိယဗိုလ်မှူးကြီး မျိုးကိုကိုဝင်းသည် ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလတွင် ခမရ ၄၃၂ ၏ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ထိုအချိန်ကလည်း KNU တပ်မဟာ ၆ နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ် ရှေ့တန်း စစ်မြေပြင်တွင် ဒရုန်းဗုံးထိမှန်ခဲ့၍ ဆေးကုသမှု ခံယူခဲ့ရကြောင်း ၊ ယင်းနောက် ဘုတ်ပြင်းမြို့နယ် ခမရ ၄၃၂ တပ်ရင်းမှူး အဖြစ်မှ ခမရ ၅၅၇ တပ်ရင်းမှူးအဖြစ် ပြောင်းရွှေ့ခဲ့ပြီးနောက် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်နေ့ ခမရ ၄၁၆ တပ်ရင်း မှူး ဒုတိယ ဗိုလ်မှူးကြီးအောင်ပြည့်ဟိန်း( စစ်တက္ကသိုလ်အပတ်စဉ် ၄၅ ကျောင်းဆင်း ) ကွတ်ခိုင်တိုက်ပွဲတွင် သေဆုံးခဲ့ပြီးနောက် မသာချအခမ်းအနားဖြင့် သဂြိုလ် သည့် မြင်ကွင်း ။ (ပုံအဟောင်း ကို အသုံးပြု ထားပါသ"]
https://yktnews.com/2023/07/110982/
ကျိုက်မရော၊ ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်မှ စစ်သားများက စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် အငြိမ်းစားဗိုလ်မှူး၏ သားဖြစ်သူ ကိုငြိမ်းချမ်း သေဆုံး
["ကျိုက်မရော၊ ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်မှ စစ်သားများက စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် အငြိမ်းစားဗိုလ်မှူး၏ သားဖြစ်သူ ကိုငြိမ်းချမ်း သေဆုံး", "ရန်ကုန်၊ ဇူလိုင် ၃", "မွန်ပြည်နယ်၊ ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်မှ စစ်သားများက စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် အငြိမ်းစားဗိုလ်မှူး၏ သားဖြစ်သူ ကိုငြိမ်းချမ်း သေဆုံးခဲ့ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ချောင်းခွတံတား ရဲကင်းဂိတ်ကို Saw Dragon Drone Force နှင့် Lion Battalion Commando – ဗျူဟာ စစ်ကြောင်းတို့ ပူးပေါင်းကာ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင့် အကြမ်းဖက် စစ်တပ်က တံတားကို ယာယီ ပိတ်ပြီး စနိုက်ပါဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် အနီးအနား၌ ဆိုင်ကယ်ဖြင့် သွားလာနေသည့် အသက် ၂၃ နှစ်အရွယ် အငြိမ်းစားဗိုလ်မှူး၏ သားဖြစ်သူ ကိုငြိမ်းချမ်း ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။", "“ခွေးတွေဘက်က သတင်းလွှင့်တာတော့ ဒရုန်းနဲ့ထိတယ်ဆိုပြီး လွှင့်တာ တကယ်တန်းကျတော့ သူတို့ စနိုက်ပါမိပြီး ရင်ဘတ်ပွင့်သေတာ ကျွန်တော်တို့ မှတ်တမ်းတွေအရလည်း အနီးအနားမှာ ဘယ်ပြည်သူမှ မရှိဘူး။ ရဲစခန်းနဲ့တံတားက တစ်အိမ်ကျော်လောက်ပဲရှိတာ နီးတယ်” ဟု Saw Dragon Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "သေဆုံးသွားသော ကိုငြိမ်းချမ်းသည် စနိုက်ပါ ကျည်ထိမှန်ပြီး နှလုံးဖောက် ထွက်ကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်က စစ်သား ၃ ဦးက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ ပြည်သူများကလည်း ပြောဆိုသည်။"]
https://yktnews.com/2023/11/132039/
ကျိုက်မရော၊ ချောင်းနှစ်ခွသို့ တက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု အလောင်း ၁လောင်းနှင့် လက်နက်ခဲယမ်းများရရှိ၊ စစ်တပ်ဘက်မှ သေဆုံးမှုများပြားနိုင်
["ကျိုက်မရော၊ ချောင်းနှစ်ခွသို့ တက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု အလောင်း ၁လောင်းနှင့် လက်နက်ခဲယမ်းများရရှိ၊ စစ်တပ်ဘက်မှ သေဆုံးမှုများပြားနိုင်", "ရန်ကုန်၊ နိုဝင်ဘာ ၁၉", "မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွသို့ တက်လာသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်သားအလောင်း ၁ လောင်းနှင့်အတူ လက်နက်ခဲယမ်းများရရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၁၁ နာရီကျော်အချိန် ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ၀ိုင်းဝန်း တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများစွာဖြင့် ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ယင်းနောက် တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရာ အလောင်း ၁ လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။", "“နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၁၁ နာရီမှာ စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။", "အလောင်း ၁ လောင်းနဲ့အတူဆက်စက်ပစ္စည်းများရရှိပါတယ်။ စစ်ခွေးဘက်က အထိအခိုက်အကျအဆုံးကိုအတိ အကျမသိရှိပါ။ တော်လှန်းရေးပူးပေါင်းအဖွဲ့မှ အထိအခိုက်မရှိပါဘူး။ အခုထက်ထိ ဆက်လက် ဝိုင်းဝန်းပိတ်ဆို့ထားဆဲပါ။ စစ်တပ်ဘက်က အထိအခိုက်အကျဆုံးများမယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ဆိုသည်။", "KNU ၊ PDF တပ်ဖွဲ့များက ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ တံတားကို သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ စစ်ကြောင်းထိုးခြင်းများကို တောက်လျှောက်ဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/126254/
ကျိုက်မရော၊ ရေပူကောစပ်ရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ပြည်သူများ ကတုတ်ကျင်းထဲ ညလုံးပေါက် ပုန်းခိုနေရ
["ကျိုက်မရော၊ ရေပူကောစပ်ရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ပြည်သူများ ကတုတ်ကျင်းထဲ ညလုံးပေါက် ပုန်းခိုနေရ", "ရန်ကုန်၊ အောက်တိုဘာ ၁၃", "မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရေပူကောစပ်ရွာထဲက်ု အောက်တိုဘာ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်ကလက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်းကြောင့် ပြည်သူများ ကတုတ်ကျင်းထဲ ညလုံးပေါက် ပုန်းခိုနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ချောင်းနှစ်ခွရွာတွင် အထိုင်ချ နေထိုင်နေခြင်းဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်းမှ ညနေပိုင်းအထိ တော်လှန်ရေးဖွဲ့များနှင့် သံပရာရွာဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၊ ညနေပိုင်းတွင် တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် ဆန့်ကျင်ဘက်နေရာြဖစ်သည့် ရေပူကောစပ်ရွာဘက်ကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။", "“တိုက်ပွဲဖြစ်တဲ့နေရာနဲ့ လက်နက်ကြီးကျတဲ့ နေရာဟာ ဆန့်ကျင်ဘက်နေရာပါ။ ဘာတိုက်ပွဲမှ မဖြစ်ဘဲ ကော့စပ်ရွာကို သက်သက်မဲ့ ပစ်ခတ်တာပါ။ မနေ့က ညနေက ဖြစ်တဲ့အတွက် လယ်ယာသိမ်းချိန်ဖြစ်သွားတော့ လူအထိအခိုက်တော့ မရှိသွားဘူး ထွန်စက် ၁ စီးတော့ အနည်းငယ်ထိခိုက်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ရေပူကောစပ်ရွာရှိ ပြည်သူများမှာ တစ်ညလုံး ကတုတ်ကျင်းများထဲတွင် ပုန်းခိုနေကြရကြောင်း၊ အကြမ်းဖက် စစ်တပ်က ချောင်းနှစ်ခွရွာတွင် အထိုင်ချ၍ မကြာခဏဆိုသလို ကျေးရွာများအတွင်းသို့ အကြောင်းမဲ့ပစ်ခတ်မှုများ ပြုလုပ်နေပြီး ရေပူကောစပ်ရွာအတွင်းကို လက်နက်ကြီး တိုက်ရိုက်ကျလာသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။", "“ချောင်းနှစ်ခွာမှာ ညတိုင်းဒီကောင်တွေ အားအားရှိပစ်ခတ်နေတာတွေ လုပ်နေကြတာ ရွာသားတွေကတော့ ရိုးနေပြီပေါ့။ ခုတော့ ရွာထဲကျတာ ပထမဆုံးဖြစ်တော့ ကြောက်ကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။"]
https://yktnews.com/2024/07/174743/
ကျိုက်မရော၊ လွှစင်ကုန်းရွာ လမ်းဆုံနှင့် ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ကိုယ်ဝန်ဆောင်သည်နှင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၆ ဦးသေဆုံး
["ကျိုက်မရော၊ လွှစင်ကုန်းရွာ လမ်းဆုံနှင့် ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ကိုယ်ဝန်ဆောင်သည်နှင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၆ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၂၁", "မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ လွှစင်ကုန်းရွာ လမ်းဆုံနှင့် ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကိုယ်ဝန်ဆောင်သည်နှင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၆ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၉ ရက်နေ့တွင် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကျိုက်မရောမြို့နယ်၊ ကြုံငွယ်ရွာနှင့် လွှစင်ကုန်းရွာ အစပ် လမ်းဆုံနှင့် လမ်းဆုံအနီးရှိ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း ကိုယ်ဝန်ဆောင်သည်နှင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၂ စီးသည် ကြုံငွယ်ရွာနှင့် လွှစင်ကုန်းရွာ တို့ကို အချိန်အတော်ကြာ ပျံဝဲပြီးမှ လူစုလူဝေးဖြစ်နေသော ကြုံငွယ်ရွာနှင့် လွှစင်ကုန်းရွာ အစပ် လမ်းဆုံနှင့် လမ်းဆုံအနီးရှိ ဘုန်းကြီးကျောင်းတို့ကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“လေယာဥ်နဲ့ ဗုံးလာကျဲတဲ့ အချိန် ကျွန်တော်တို့ အဲ့အနားလေးမှာပဲရှိနေတာ ဂျက်ဖိုက်တာ ၂ စီးနဲ့ လာကျဲတာ ထိခိုက်မှုက အတော်ကိုများပါတယ်။ ပြည်သူ ၁၆ ဦးလောက် သေသွားတယ်။ ကိုယ်ဝန် ၇ လ လွယ်ထားရတဲ့ အမျိုးသမီး ၁ ဦး၊ သူရဲ့ ယောကျာ်း နဲ့ ကလေးငယ်တွေလည်း ပါတယ် သေဆုံးတဲ့ ထဲမှာ လွှစင်ကုန်းကျော်ပြီးမှ ကြုံငွယ် လမ်းဆုံရောက်တာ ဘုန်းကြီးကျောင်းက ကြုံငွယ်လမ်းဆုံ အကျော်လေးမှာပဲ အဲ့နေ့က ဂျက်ဖိုက်တာ ၂ စီးလုံးက ဝဲနေတာ အကြာကြီးပဲ ပြီးမှ ဗုံးကျဲချသွားတာ” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။", "ဇူလိုင်လ ၁၉ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်၏ တိုက်လေယာဉ်များသည် ဗုံးကျဲ တိုက် ခိုက်ခဲ့သော နေရာ အနီးတစ်ဝိုက်တွင် ထပ်မံ ပျံဝဲနေခြင်းကြောင့် လက်ရှိချိန်ထိ ပြည်သူများ ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်"]
https://yktnews.com/2025/02/205305/
ကျိုက်လတ်မြို့နယ်၊ ထုံးကြီးကျေးရွာမှ ၁ လကျော်ကြာ ပျောက်ဆုံးနေသော အသက် ၁၆ နှစ်အရွယ် မောင်ဆန်းဝင်းအောင် စစ်မှုထမ်းရန် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးခံထားရ
["ကျိုက်လတ်မြို့နယ်၊ ထုံးကြီးကျေးရွာမှ ၁ လကျော်ကြာ ပျောက်ဆုံးနေသော အသက် ၁၆ နှစ်အရွယ် မောင်ဆန်းဝင်းအောင် စစ်မှုထမ်းရန် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးခံထားရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅", "ဧရာ၀တီတိုင်း၊ ကျိုက်လတ်မြို့နယ်မှ အသက် ၁၆ နှစ်အရွယ် မောင်ဆန်းဝင်းအောင်သည် ၁ လကျော်ကြာ ပျောက်ဆုံးပြီးနောက် စစ်တပ်ထဲတွင် စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံထားရကြောင်း ကာယကံရှင်မောင်ဆန်းဝင်းအောင်ကိုယ်တိုင်က မိသားစုထံသို့ ဆက်သွယ်ပြောဆိုလာကြောင်း မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၁ ရက်နေ့ ရန်ကုန်သို့ သွားရောက်ရင်း အသက် ၁၆ နှစ်အရွယ် မောင်ဆန်းဝင်းအောင်သည် မိသားစုနှင့် အဆက် အသွယ် ပြတ်တောက်သွားကြောင်း၊ ၁ လကျော်​ကြာ အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် မောင်ဆန်းဝင်းအောင်က ၎င်းစစ်တပ်ထဲတွင် ရောက်ရှိနေကြောင်း၊ ၁ လကျော်ကြာ ချုပ်နှောင်ခံထားရပြီးနောက် စစ်သင်တန်းကျောင်းသို့ အပို့ခံရကြောင်း၊ မိသားစုကို စိတ်မပူရန် ပြောဆိုကြောင်း၊ ဖုန်းဆက်သွယ်ရာတွင်လည်း အခြားသူတစ်ဦး၏ ဖုန်းမှဆက်သွယ်ခြင်းဖြစ်သည်ဟု မိသားစုထံသို့ အသိပေးကြောင်း သိရှိရသည်။", "“မောင်ဆန်းဝင်းအောင်က အဘွားနဲ့ နေတာ။ အမေမရှိဘူး။ မိသားစုမှာ ယောင်္ကျားလေးဆိုလို့ သူတစ်ဦးတည်းရှိတာ။ အခု ၁ လကျော်ကြာ အချုပ်နှောင်ခံရတယ်။ အခုတော့ စစ်တပ်ထဲရောက်နေပြီပြောတယ်။ ဘယ်တပ်လဲတော့ မပြောဘူး။ ဖုန်းက သူများဖုန်း ခိုးဆက်ရတာလို့ ပြောတယ်” ဟု မောင်ဆန်းဝင်းအောင်၏အဘွားနှင့်နီးစပ်သော မိတ်ဆွေတစ်ဦးက ရှင်းပြသည်။", "အသက် ၁၆ နှစ်အရွယ်သာ ရှိသေးပြီး အသက်မပြည့်သေးသော ကလေးတစ်ဦးကို စစ်မှုထမ်းရန် ဖမ်းဆီးခဲ့သွားသည့်အတွက် ကျေးရွာပြည်သူများနှင့်မိဘဆွေမျိုးမှာ ဝမ်းနည်းနေရပြီး ပြန်လည် ရွေးထုတ်ရန်မှာလည်း မည်သည့်တပ်တွင် ရောက်ရှိနေ သည်ကို မသိရှိ၍ ဆက်သွယ်ရန် အခက်အခဲဖြစ်နေရကြောင်း သိရှိရသည်။", "လတ်တလော ကျိုက်လတ်မြို့နယ်၊ ထုံးကြီးကျေးရွာတွင် စစ်မှုထမ်းကြေးဟုဆိုကာ အိမ်ထောင်စုများထံမှ တစ်အိမ်ထောင်လျှင် ငွေကျပ် ၅၅၀၀၀ ကောက်ခံလျက်ရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်"]
https://yktnews.com/2024/11/192755/
ကျိုက်လတ်မြို့အနီးကို ဗဟိုပြု၍ ပြင်အား ၄ ဒသမ ၅ အဆင့်ရှိ ငလျှင် လှုပ်ခတ်ပြီး ရန်ကုန် တစ်မြို့လုံး သိသာစွာ ခံစားရကာ အထပ်မြင့်တိုက်တာများ ယိမ်းထိုးလှုပ်ရမ်းသွားခဲ့
["ကျိုက်လတ်မြို့အနီးကို ဗဟိုပြု၍ ပြင်အား ၄ ဒသမ ၅ အဆင့်ရှိ ငလျှင် လှုပ်ခတ်ပြီး ရန်ကုန် တစ်မြို့လုံး သိသာစွာ ခံစားရကာ အထပ်မြင့်တိုက်တာများ ယိမ်းထိုးလှုပ်ရမ်းသွားခဲ့", "ရန်ကုန်၊ နိုဝင်ဘာ ၂၀", "ဧရာ၀တီတိုင်း ကျိုက်လတ်မြို့ကို ဗဟိုပြု၍ ပြင်အား ၄ ဒသမ ၅ အဆင့်ရှိ ငလျှင် လှုပ်ခတ်သွားပြီး ရန်ကုန်တစ်မြို့လုံး သိသာစွာ ခံစားရကြောင်း ရန်ကုန်မြို့ခံများ၏ ပြောဆိုချက်နှင့် မိုးလေဝသ၊ဇလဗေဒဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။", "ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၄၈ မိနစ်အချိန်တွင် ဧရာ၀တီတိုင်း၊ ကျိုက်လတ်မြို့၏ အနောက်ဘက် ၃ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ပြင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။", "အဆိုပါ ငလျှင်ကြောင့် ရန်ကုန်တစ်မြို့လုံးတွင် သိသိသာသာ ခံစားရပြီး အထပ်မြင့်တိုက်တာများ ယိမ်းထိုးသွားခဲ့ကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။", "“ငလျှင်က နှစ်ကြိမ်လှုပ်တာ။ ညနေ ၅ နာရီ ၃၈ မိနစ်လောက်မှာ တစ်ကြိမ်။ သိပ်မပြင်းဘူး။ ညနေ ၅ နာရီ ၅၀ မှာ နောက်တစ်ကြိမ်က တော်တော်လေးပြင်းတယ်။ အချိန်လည်း ကြာတယ်။ တိုက်တွေဆို လှုပ်နေတာ” ဟု စမ်းချောင်းမြို့နယ်၊ မင်းလမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2025/01/201465/
ကျိုက်လတ်ရှိ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းများကို ငွေကြေး ထောက်ပံ့ရန်ဟုဆိုကာ လောင်းကစားဝိုင်းများ ပြုလုပ်နေပြီး ရဲနှင့်စစ်တပ်က ဖမ်းဆီးခြင်းမရှိဘဲ ခွင့်ပြုထား
["ကျိုက်လတ်ရှိ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းများကို ငွေကြေး ထောက်ပံ့ရန်ဟုဆိုကာ လောင်းကစားဝိုင်းများ ပြုလုပ်နေပြီး ရဲနှင့်စစ်တပ်က ဖမ်းဆီးခြင်းမရှိဘဲခွင့်ပြုထား", "ရန်ကုန်၊ ဇန်နဝါရီ ၂၉", "ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်ရှိ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းများကို ငွေကြေး ထောက်ပံ့ရန်ဟုဆိုကာ လောင်းကစားဝိုင်းများ ပြုလုပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလပိုင်းမှစ၍ ကျိုက်လတ်မြို့နယ် အတွင်းရှိ သာယာဝဲကျေးရွာ ၊ အလန်းတွတ်ကျေးရွာ ၊ ကလက်ယက်ကျေးရွာနှင့် အနီးအနားရှိ ကျေးရွာ အုပ်စုများတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဦးဆောင်၍ စစ်မှုထမ်းများကို ငွေကြေး ထောက်ပံ့နိုင်ရန်ဟုဆိုကာ လောင်းကစားဝိုင်းများ စည်ကားစွာပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ လောင်းကစားဝိုင်းများတွင် ခြောက်ကောင် ၊ အန်ဂလုံ ၊ ကြက်ဝိုင်း နှင့် ဖဲဝိုင်းများ ပါဝင်ပြီး တစ်ပတ်ကို ၁ ကြိမ် မှ ၂ ကြိမ်ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ယင်း လောင်းကစားဝိုင်းများကို သာယာဝဲကျေးရွာ အုပ်ချုပ်ရေးမှူး မျိုးဦး၊ အုပ်ချုပ်ရေးမှူးဟောင်း သန်းထွန်း၊ လောင်းကစားသမားများဖြစ်သော သန်းနိုင်၊ အလန်းတွက်ရွာမှ ထွန်းထွန်းတို့က ဦးစီး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "အုပ်ချုပ်ရေးမှူး မျိုးဦး ဦးဆောင်သော လောင်းကစားသမားများက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မင်းအောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး သက်ဝေနိုင် ၊ မြို့နယ် ရဲမှူးနှင့် စခန်းမှူး ၊ ခရိုင် ဓန အဖွဲ့မှ တပ်ကြပ်ကြီး ဇော်မင်းထွန်း တို့ကို ငွေကြေးပေး၍ လောင်းကစားဝိုင်းများ ပြုလုပ်နေသောကြောင့် ဖမ်းဆီးမည့်သူ မရှိကြောင်း သိရသည်။", "“ဇန်နဝါရီလကစပြီး ကျိုက်လတ်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေမှာ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ဦးဆောင်ပြီး စစ်မှုထမ်းတွေကို ငွေကြေး ထောက်ပံ့နိုင်ဖို့ လောင်းကစားဝိုင်းတွေကို စည်ကားစွာ ပြုလုပ်နေတာပါ။ ခြောက်ကောင်၊ အန်ဂလုံ၊ ကြက်ဝိုင်း ၊ ဖဲဝိုင်း စတဲ့ လောင်းကစားဝိုင်းတွေ ပါဝင်ပါတယ်။ တစ်ပတ်ကို ၁ ကြိမ်ကနေ ၂ ကြိမ် ပြုလုပ်ကြတယ်။ လောင်းကစားဝိုင်းတွေကို သာယာဝဲကျေးရွာ အုပ်ကြီး ဦးမျိုးဦးနဲ့ အပေါင်းအပါတွေက ဦးဆောင်ပြုလုပ်နေတာပါ။ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ရဲ နဲ့ စစ်ခွေးတွေကိုလည်း ငွေပေးထားတော့ ဖမ်းမယ့်သူမရှိဘူး။ စစ်မှုထမ်းဖို့ လူတွေ မရှိတော့တဲ့အတွက် စစ်မှုထမ်းရရှိဖို့ ငွေကြေး မက်လုံးပေးဝယ်ယူတာ ဝင်ခိုင်းနေတာတွေ လုပ်ဖို့အတွက် လောင်းကစားဝိုင်းတွေ ပြုလုပ်ပြီး ရှာဖွေနေတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "လက်ရှိချိန်တွင် ကျိုက်လတ်မြို့နယ်ထဲမှ အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းထည့်သွင်းရန် လူငယ်များ မရှိတော့သည့် အတွက် အထက်ဌာနမှ ဖိအားပေးခြိမ်းခြောက်မှုကြောင့် စစ်မှုထမ်း အစားထိုးထည့်သွင်းရန် ငွေကြေး မက်လုံးပေး၍ ဝယ်ယူကာ စစ်တပ်ထဲထည့်နေရခြင်းကြောင့် စစ်မှုထမ်းများအတွက် ငွေကြေးထောက်ပံ့နိုင်ရန်အတွက် ဌာနဆိုင်ရာများကို ငွေကြေးပေး၍ ခွင့်ပြုချက်ယူပြီး လောင်းကစားဝိုင်းများပြုလုပ်ကာ ငွေရှာနေခြင်းဖြစ်ကြောင်း သိရသည်။", "ဓာတ်ပုံ- စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးအဖွဲ့များက စီစဉ်နေသော လောင်းကစား၀ိုင်းများ။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/06/167754/
ကျိုက်‌မရောအကျဉ်းထောင်တွင် အလုပ်အခိုင်းခံရသည့် အကျဉ်းသားတစ်ဦး ဓာတ်လိုက်မှု ဆေးရုံပို့ရန် ၀ိုင်းဝန်း တောင်းဆိုမှု ဖြစ်ပွားပြီးနောက် နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို ထောင်ပြောင်းရွှေ့
["ကျိုက်‌မရောအကျဉ်းထောင်တွင် အလုပ်အခိုင်းခံရသည့် အကျဉ်းသားတစ်ဦး ဓာတ်လိုက်မှု ဆေးရုံပို့ရန် ၀ိုင်းဝန်း တောင်းဆိုမှု ဖြစ်ပွားပြီးနောက် နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို ထောင်ပြောင်းရွှေ့", "ရန်ကုန်၊ ဇွန် ၁၅", "မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်တွင် အလုပ်အခိုင်းခံရသည့် အကျဉ် းသားတစ်ဦး ဓာတ်လိုက်မေ့မြောသွားသည်ကို ထောင်ဘက်က ပစ်ထားသဖြင့် ဆေးရုံပို့ရန် အကျဉ်းသားများက ၀ိုင်းဝန်းတောင်းဆိုမှု ဖြစ်ပွားပြီး နောက် နိုင်ငံ ရေးအကျဉ်းသား ၁၀၀ ကျော်ကို ယနေ့ နံနက်အစောပိုင်း ထောင်ပြောင်းရွှေ့ကြောင်းသိရှိရသည်။", "ဇွန်လ ၁၅ ရက်နေ့ နံနက် ၂ နာရီအချိန် နိုင်ငံရေးအကျဉ်းသားများကို စစ်တပ်နှင့်ထောင်အာဏာပိုင်များက အတင်း အကျပ် ဆွဲထုတ် ထောင်ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း၊ ဇွန်လ ၁၂ ရက်နေ့က အလုပ်အခိုင်းခံရသည့် အကျဉ်းသားတစ်ဦး ဓာတ်လိုက် သတိလစ်မေ့မြောသွားသဖြင့် ဆေးရုံပို့ရန် နိုင်ငံရေးအကျဉ်းသားများက ၀ိုင်းဝန်းတောင်းဆိုခဲ့ပြီးနောက် ယင်းသို့ ထောင်ပြောင်းရွှေ့မှုဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ညွှန်မှူးကို ၀ိုင်းဝန်းတောင်းဆိုတာအပါအဝင် ကျနော်တို့က ၀ိုင်းဝန်းတောင်းဆိုမှုကို သူတို့က ထောင်ဆူတယ်လို့သတ်မှတ်မယ်ဆိုရင်တော့ နောက်ဆက်တွဲအနေနဲ့ ထောင်ပြောင်းမှု တွေ လုပ်လေ့ရှိတယ်။ သူတို့က ဒီတစ်ခေါက်မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကိစ္စအပြင် ကျနော်တို့ အဲဒီအရှေ့မှာ လုပ်ခဲ့တဲ့ ဆန္ဒပြသပိတ် ဦးဆောင်တဲ့သူတွေကိုပါ သူတို့က ထောင်ပြောင်းရွှေ့တယ်။ အဲဒီတော့ ကျော်ကြားတွေပါသွားတယ်။ ပြီးတော့ သူတို့ကို အမြဲတမ်းဝေဖန်ထောက်ပြနေသူတွေကိုပါ တယ်။ ထောင်တွင်း သပိတ်တိုက်ပွဲတွေမှာ ပါဝင်တဲ့သူတွေ ပါသွားတယ်။ ညွှန်မှုးကို အဓိက ပြောတဲ့ အမျိုးသမီးအဆောင်ကသူတွေ ပါသွားကြတယ်။ စုစုပေါင်း နိုင်ကျဉ်းအင်အား ၁၀၀ ကျော်လောက်ကို ဆွဲထုတ်သွားတယ်လို့ သိရတယ်။ ဘယ်ပြောင်းတယ်ဆိုတာ လိုက်နေဆဲဖြစ်ပါတယ်။ မနက် ၂ နာရီကျော်ဝန်းကျင်မှာ ခေါ်ထုတ်သွားတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။", "ကျိုက်မရောအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ မနုနုအောင်၊ မခက်ခက်လွင်တို့ အပါအဝင် နာမည်ကျော် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတချို့ကို ဖမ်းဆီးအကျဉ်းချထားပြီး ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသားနှင့်အကျဉ်း သူများ၏ အမည်များကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။", "ဓာတ်ပုံ- ကျိုက်မရော အကျဉ်းထောင်။ (ပုံအဟောင်းဖြစ်ပါသည်။)"]