url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2022/02/7277/
ဂျာမနီဘာလင်ရုပ်ရှင်ပွဲတော်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး Myanmar Diaries ရုပ်ရှင် ဆုရရှိ၊ Generation Z များအတွက် ဂုဏ်ပြုဆုဟုဆို
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ ရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံမှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဖြစ်စဉ်များကို ရိုက်ကူး ထားသော Myanmar Diaries ရုပ်ရှင်သည် ရုပ်ရှင်ပွဲတော်များတွင် ကမ္ဘာ့အကြီးဆုံးဆု တစ်ခုဖြစ်သည့် Berlinale Documentary Award ရရှိကြောင်း အဆိုပါ ရုပ်ရှင်ပွဲတော်၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသ...
https://yktnews.com/2022/02/7359/
ပုသိမ်-မုံရွာ လမ်းပိုင်းတွင် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ပြည်သူပိုင် နေအိမ်များကို မီးရှို့နေ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "စစ်ကိုင်းတိုင်း ယင်းမာပင် မြို့နယ် ပုသိမ်-မုံရွာ လမ်းပိုင်းတွင် အကြမ်း စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက် ခံရပြီးနောက် အုံတုံပင်ရွာနှင့် ကျေးစာကျရွာကြား ကားလမ်းပိုင်းရှိ ပြည်သူပိုင် နေအိမ်များကို ယနေ့ ဖေဖော်ဝါရီလ ၁၇ရက်နေ့ မွန်းလွဲ ၂နာရီ ၃၀မိနစ်ခန့်တွင် မီးရှို့ဖျက်ဆီး နေကြောင်း အမိမြေ...
https://yktnews.com/2025/02/204297/
ကနီမြို့နယ်၊ မုဋောအရှေ့ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၃ ကြိမ် ကျဲချ တိုက်ခိုက်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မုဋောအရှေ့ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၃ ကြိမ် ကျဲချ တိုက်ခိုက်ခဲ့ကြောင်းUnion Liberation Front (ULF စစ်ကြောင်း) မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာ...
https://yktnews.com/2025/02/204336/
ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်တပ် စခန်း ၄ ခုကို ထပ်မံ သိမ်း ပိုက်ရရှိပြီး အလောင်း ၁၅ လောင်းထက်မနည်းနှင့်အတူ လက်နက်ခဲယမ်းများရရှိ၊ စစ်သုံ့ပန်း ၂၀ ကျော်ကိုလည်း ဖမ်းမိ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်တပ် စခန်း ၄ ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထပ်မံ သိမ်းပိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီးအလောင်း ၁၅ လောင်းနှင့်အတူ လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိခဲ့ကြောင်းCDF KKG ဗဟိုသတင်း နှင့်ပြန်ကြားရေးတာဝန်ခံကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။"...
https://yktnews.com/2022/02/7329/
နေပြည်တော်နှင့် စစ်ကိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်များ ပြည်သူများကို မတရားဖမ်းဆီး၊ ဖမ်းဆီးခံရသူများ မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိသေး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "နေပြည်တော် လယ်ဝေးမြို့ မြွေရိုးလေး စံပြကျေးရွာနေ ကိုစစ်ပိုင်ဦးကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ် အချိန်တွင် အကြမ်းဖက် စစ်ကောင်စီဝင် ၃၀ ဦးခန့် နေအိမ်သို့ ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ကိုစစ်ပိုင်ဦးကို PDF ထောက်ပံ့သည်ဟု ဆိုကာ ဖမ်းဆီး ခေါ်ဆောင်သ...
https://yktnews.com/2025/02/204259/
နေပြည်တော်တွင် လုံခြုံရေး စိုးရိမ်၍ လူစိမ်းနှင့် ဧည့်သည်များ လာရောက်မည်ဆိုလျှင် ဧည့်စာရင်းတိုင် သတင်းပို့ရန် စစ်ကောင်စီက ဒေသန္တရ အမိန့်များ ထုတ်ပြန်လိုက်ပြီး ပျက်ကွက်လျှင် အရေးယူမည်ဟု ကြေညာ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အပါအဝင် မြို့နယ်များတွင် လုံခြုံရေး စိုးရိမ်ရသဖြင့် လူစိမ်းနှင့်ဧည့်သည်များ လာရောက်မည်ဆိုပါက ဧည့်စာရင်းတိုင်ကြား သတင်းပို့ရန် စစ်ကောင်စီက ဒေသန္တရ အမိန့်များ ထုတ်ပြန်လိုက်ပြီး သတင်းပို့ရန် ပျက်ကွက်လျှင် အရေးယူမည်ဟု ကြေညာလိုက်သည်။", "ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ထုတ်ပြန်...
https://yktnews.com/2025/02/204337/
အုတ်ဖိုနှင့် လယ်ဒိုမြို့နယ်တွင် စစ်မှုထမ်း တပ်သား ၄ ဦး လက်နက် ၃ လက်ယူဆောင်လာပြီး အလင်းဝင်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "ပဲခူးတိုင်း အုတ်ဖိုမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် ၁ ဦး လက်နက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်းသာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ထန်းပင်ကုန်းကျေးရွ...
https://yktnews.com/2025/02/204298/
ဆိပ်ဖြူ၊ ဝါဇီ​ငွေထုတ်စက်ရုံ အနီး ပြေးလမ်းရှည် ပါဝင်သော လေယာဉ်ကွင်းတစ်ခုကို စစ်တပ်က အမြန်တည်ဆောက်နေပြီး ဗိုလ်မှူး မင်းသူအောင် ဦးစီးနေ၊ ကျေးရွာများမှ ပြည်သူများကို စစ်တပ်က အတင်းအကျပ် အဓမ္မလုပ်အားပေးခိုင်း
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဝါဇီ ငွေထုတ်စက်ရုံအနီး ပြေးလမ်းရှည် ပါဝင်သော လေယာဉ်ကွင်းတစ်ခုကို စစ်ကောင်စီတပ်က အမြန်တည်ဆောက်နေပြီး ဗိုလ်မှူး မင်းသူအောင် ဦးစီးနေကြောင်းဒေသတော်လှန်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက ဆိပ်ဖြူမြို့နယ်၊ လမ်းရွာအ...
https://yktnews.com/2025/02/204261/
ပခုက္ကူ၊ အင်ပင်ရွာဂိတ်စခန်းတွင် စစ်သား အချင်းချင်း ညှဉ်းပန်းနှိပ်စက်မှုကြောင့် ထွက်ပြေးလာသည့် တပ်ကြပ် စံမိုးကို တော်လှန်ရေးတပ်ဖွဲ့က ကယ်ထုတ်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာ ဂိတ်စခန်းတွင် စစ်သား အချင်းချင်း ညှဉ်းပန်းနှိပ်စက်မှုကြောင့် ထွက်ပြေးလာသည့် တပ်ကြပ် စံမိုးကို ကယ်ထုတ်နိုင်ခဲ့ကြောင်းBurma Revolution Rangers တာဝန်ခံ ကာတွန်းကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ...
https://yktnews.com/2025/02/204300/
မြိုင်တွင် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းက ပြည်သူများကို ဖမ်းဆီး၍ မိုင်းရှင်းခိုင်းစဉ် အမျိုးသမီး ၂ ဦး မိုင်းနင်းမိပြီး သေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းက ထန်းဘူးတောရွာမှ ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး မိုင်းနင်းခိုင်း၍ အမျိုး သမီး ၂ ဦးသေဆုံးခဲ့ကြောင်းWe Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် မြိုင...
https://yktnews.com/2025/02/204299/
မတ္တရာ နှင့် ဘီးလင်း မြို့နယ်ရှိ ကျေးရွာများကို စစ်တပ် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြညသူ ၅ ဦး ဒဏ်ရာရပြီး နေအိမ် ၉ လုံးပျက်စီး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်ခန့်တွင် မတ္တရာမြို့နယ်အတွင်းရှိ စီတိုင်းကန်ရွာနှင့် ကျောက်တံတားအနီးကို အကြမ်းဖက် စစ်...
https://yktnews.com/2025/02/204338/
မြင်းခြံမြို့ အမှတ် ၁၈ ရပ်ကွက်တွင် ဆိုင်ကယ် စီးလာသော လက်နက်ကိုင် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "မန္တလေးတိုင်း၊ မြင်းခြံမြို့ အမှတ် ၁၈ ရပ်ကွက်တွင် ဆိုင်ကယ် စီးလာသော လက်နက်ကိုင် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်းFreedom Fighter Guerrilla Force (FFGF) မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင်...
https://yktnews.com/2022/02/7337/
အောင်မြေသာစံရဲစခန်း ဗုံးဖြင့် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးနိုင်၊ နေပြည်တော်တွင်လည်း မိုင်းကွဲ၍ စစ်သား ၃ ဦးထက်မနည်း ထိခိုက်သေနိုင်၊ မြောင်တွင် စစ်သားအချင်းချင်းပစ်၍ ၃ ဦးသေ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် အမှတ် ၅ ရဲစခန်းတွင် ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ် အချိန် ဗုံးဖြင့် တိုက်ခိုက်မှု တစ်ရပ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ ၁ ဦးသေဆုံးနိုင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိသည်။“ဒီနေ့ မနက် ၁၀ နာရီ ၃၅ မိနစ်အချိန် အောင်မြေသာစံ ၈၆ လမ်း၊ ၂၂ လမ်းနှင့် ၂၅ လမ်းအကြား ၊...
https://yktnews.com/2025/02/204244/
၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှု နှင့် တရားမဲ့ ပြုကျင့်မှုများ စုံစမ်း တွေ့ရှိချက် အစီရင်ခံစာကို Non-CDM ဝန်ထမ်းတိုင်း မဖြစ်မနေ ဖတ်ရန် စစ်ကောင်စီက ထပ်မံ ညွှန်ကြား
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "မြန်မာနိုင်ငံတစ်ဝန်းရှိ Non-CDM ဝန်ထမ်းတိုင်းအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုနှင့် တရားမဲ့ ပြုကျင့်မှုများ စုံစမ်းတွေ့ ရှိချက် အစီရင်ခံစာကို မဖြစ်မနေ ဖတ်ရန် စစ်ကောင်စီက ထပ်မံ ညွှန်ကြားလိုက်ကြောင်းသိရှိရသည်။", "စစ်ကောင်စီ၏ ဝန်ကြီးဌာန Website များတွင် ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှု အစီရင်ခံစာ...
https://yktnews.com/2022/02/7365/
NUG ၊ NUCC နှင့် တွေ့ဆုံရန် အာဆီယံအထူးကိုယ်စားလှယ်ကို မလေးရှားနိုင်ငံ ခြားရေးဝန်ကြီး တိုက်တွန်း၊ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ပေးပို့သော မိန့်ခွန်းကြည့်ရှုပြီးဟုဆို
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "မြန်မာ့နိုင်ငံသို့ မတ်လတွင် သွားရောက်မည့် အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊NUCC တို့နှင့် တွေ့ဆုံရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က အာဆီယံနိုင်ငံခြားရေးဝန်‌ကြီး အစည်း အဝေးတွင် တိုက်တွန်းပြောဆိုသည်။ယနေ့ ကမ္ဘောဒီးယားနိုင်ငံတွင် အာဆီယံနိုင်ငံခြားရ...
https://yktnews.com/2025/02/204295/
ကျိုက်မရောမြို့နယ်တွင် ပြည်သူပိုင် ခရီးသွားကားများကို စစ်တပ်က ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကား ၃ စီး ထိမှန်ပျက်စီး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ဒွန်းကော့မနာလမ်းဆုံရှိ ခရီးသွားပြည်သူများ၏ ကားများကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကား ၃ စီးထိမှန်ပျက်စီးခဲ့ကြောင်းMon Liberation Army မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့် ကျို...
https://yktnews.com/2025/02/204245/
စစ်တွေနှင့် လွိုင်လင်လေးမြို့နယ်တို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဘုန်းကြီးကျောင်းနှင့် ပြည်သူများ၏ နေအိမ်များ မီးလောင်ပျက်စီး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူများ၏ နေအိမ်များ မီးလောင်ပျက်စီးကြောင်းရခိုင်ဒေသသတင်းရင်းမြစ် Arakan Princess Media က သတင်းဖော်ပြသည်။", "ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီမှ ညနေ ၄ နာရီကျော်အချိန် စစ်တွေမြို့နယ်၊ ဇော်မဒက်ကျေးရွာတွင် စခန်းချ တပ်စွဲထားသော စစ...
https://yktnews.com/2022/02/7453/
ရန်ကုန်မင်္ဂလာဒုံ ၈၂ တပ်အနီးနှင့်သာကေတတို့တွင် ဗုံးပေါက်ကွဲ၊ မန္တလေး စည်ပင်အရာရှိအိမ်ရာအနီးတွင် ဗုံးပေါက်ကွဲ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ၈၂ တပ်အနီးနှင့်သာကေတမြို့နယ်တို့တွင် ယနေ့ ဗုံးပေါက်ကွဲပြီး မန္တလေး စည်ပင်အရာရှိအိမ်ရာအနီးတွင် ယနေ့ညပိုင်း ဗုံးပေါက်ကွဲကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ဖေဖော်ဝါရီ ၁၇ ရက်နေ့ ည ၇ နာရီ ၁၇ မိနစ်အချိန် မင်္ဂလာဒုံမြို့နယ် အမှတ်၈၂ တပ်အနီး ဗု...
https://yktnews.com/2022/02/7288/
ရန်ကုန်ရွှေပြည်သာ ၁၄ လမ်းဆုံတွင် စစ်တပ်က သေနတ် အချက် ၃၀ ဖောက်ဝင်စီးနင်းပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးသွား၊ စစ်ကိုင်းနှင့်ဧရာ၀တီတို့တွင် စစ်တပ်က ပြည်သူများကို ဥပဒေမဲ့ အကြောင်းမဲ့ဖမ်းဆီးနေ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "ရန်ကုန်တိုင်း၊ ရွှေပြည်သာ ၁၄ လမ်းဆုံတွင် ယမန်နေ့ညပိုင်း စစ်တပ်က သေန တ် အချက် ၃၀ ဖောက်ဝင်စီးနင်းပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသ ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် ရွှေပြည်သာမြို့နယ်၊ ပုလဲရိပ်မွန်အိမ်ရာ၊ ကျောက်စိမ်းလမ်း၊ တိုက်အမ...
https://yktnews.com/2025/02/204258/
လှိုင်မြို့နယ်၊ တပ်ထိန်းတပ် လုံခြုံရေးဂိတ်ပေါက်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်တပ်က ပိတ်ဆို့ စစ်ဆေး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်အစပ်ရှိ တပ်ထိန်းတပ် လုံခြုံရေးဂိတ်ပေါက်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီး စစ်တပ်က ပိတ်ဆို့ စစ်ဆေးခဲ့ကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ည ၈ နာရီ ၁၉ မိနစ်အချိန် လှိုင်မြ...
https://yktnews.com/2025/02/204296/
စစ်မှုထမ်း အပတ်စဉ် ၁ မှ အပတ်စဉ် ၁၀ ကာလအတွင်း လူငယ် ၁၂၆၅၅ ဦး ကို စစ်တပ်က ဖမ်းဆီး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် ၁ မှ အပတ်စဉ် ၁၀ ကာလအတွင်း အရပ်သားပြည်သူ လူငယ် ၁၂၆၅၅ ဦး ကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်းSpring Revolution Database (SRD) က ပြုစုထားသော အစီရင်ခံစာအရ သိရှိရသည်။", "စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူ့ စစ်မှုထမ်းဥပဒေက...
https://yktnews.com/2022/02/7421/
အာဆီယံဘုံသဘောတူညီချက်အရ အမျိုးသားညီညွတ်ရေးအစိုးရ NUGနှင့် တွေ့ဆုံရန်ရှိဟု အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ထုတ်ပြော
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "အာဆီယံဘုံသဘောတူညီချက် ၅ ချက်တွင် မြန်မာ့အကျပ်အတည်းအတွက် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရေး ပါဝင်သဖြင့် အာဆီယံ အထူးကိုယ်စားလှယ်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တွေ့ဆုံရန်ရှိနေကြောင်း အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံခြားဝန်ကြီး Prak Sokhonn က ယနေ့ ပြောဆိုလိုက်သည်။ယနေ့ ကမ္ဘော...
https://yktnews.com/2022/02/7523/
လွိုင်ကော်ရဲတပ်ဖွဲ့မှ ရဲတပ်သား စိုးဟိန်းသူ လက်နက်အပြည့်အစုံဖြင့် CDM ဝင်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "ကရင်နီပြည်နယ်၊ လွိုင်ကော်တွင် လွိုင်ကော်ရဲတပ်ဖွဲ့မှ ရဲတပ်သား စိုးဟိန်းသူသည် လက်နက်အပြည့်အစုံဖြင့် CDM ဝင်လာကြောင်း KDF က သတင်းထုတ် ပြန်သည်။ဖေဖဝါရီလ ၁၈ ရက်နေ့ နံနက် ၁၁နာရီ၃၀မိနစ်၊ အချိန် ကရင်နီဒီမိုကရက်တစ်တပ်ဦးနှင့် ကရင်နီပြည်အခြေစိုက်ပြည်သူ့ရဲ KSP တို့ပူးပေါင်း၍ နယ်မြေ လူပ်ရှားနေစဥ် လွိုင...
https://yktnews.com/2022/02/7544/
စစ်ကောင်စီ ဝင်ငွေရလမ်း ရဲတံခွန် သဘာ၀ဓာတ်ငွေ့ စီမံကိန်း ဂျပန်မစ်ဆူဘီရှီကော်ပိုရေးရှင်း နုတ်ထွက်မည်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "ဂျပန်မစ်ဆူဘီရှီကော်ပိုရေးရှင်းက အမြတ်အစွန်း နည်းပါးမှုနှင့် သက်တမ်းကုန်တော့မည့် ရဲတံခွန် သဘာ၀ဓာတ်ငွေ့ စီမံကိန်း နုတ်ထွက်ရပ်ဆိုင်းမည်ဟု ကြေ ညာလိုက်ပြီး ယင်းကြေညာမှုကို မဲခေါင်စောင့်ကြည့်ရေးအဖွဲ့၊ Friends of the Earth Japan (FoE Japan) နှင့် Justice For Myanmar (JFM) တို့က ကြိုဆိုလိုက်သည်။မြန်...
https://yktnews.com/2022/02/7555/
တန့်ဆည်တွင် စစ်တပ်က ရွာရှည်မ ရွာကို ဝင်ရောက် စီးနင်း မီးရှို့ပြီး ကိုညွှန့်ဝင်းမောင် အပါအဝင် ပြည်သူ ၄ဦးကို ပစ်သတ်သွား
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "စစ်ကိုင်းတိုင်း တန့်ဆည်မြို့ ရွာရှည်(မ)ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ကိုညွှန့်ဝင်းမောင် အပါအဝင် ပြည်သူ ၄ဦးကို ဖမ်းဆီးပြီး အကြောင်းမဲ့ ပစ်သတ်သွားကြောင်း ဒေသခံပြည်သူမျာ...
https://yktnews.com/2022/02/7528/
ချောင်းဦးရွာကို စစ်တပ်က ဝင်ရောက် မီးရှို့ ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ချောင်းဦးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၉နာရီခန့်တွင် ကျေးရွာအတွင်း ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာလုံးကျွတ် နီးပါး မီးလောင် ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။” ရွာလုံးကျွ...
https://yktnews.com/2022/02/7618/
မြိတ် ပဝရွာ၌ စစ်တပ်နှင့် PDF တိုက်ပွဲဖြစ်ပွားနေပြီး ရွာသား ၆ဝကျော်ကို စစ်တပ်က ဖမ်းဆီးထား
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "တနင်္သာရီတိုင်း မြိတ်ခရိုင် ပဝကျေးရွာတွင် ယနေ့ ဖေဖော်ဝါရီလ ၁၈ရက်နေ့၌ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာသား ၆ဝကျော်ကို ဖမ်းဆီးထားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် PDF တပ...
https://yktnews.com/2022/02/7501/
အခွန်တိုးကောက်ခြင်း အပါအဝင် ပြည်သူကို ဖိနှိပ်နေသည့်အတွက် သထုံစျေးခေါင်းရုံး မိုင်းဖောက်ခွဲခံရ၊ လူထိခိုက်သေဆုံးမှုရှိနိုင်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ စျေးခေါင်းရုံးကို ယနေ့ နံနက် ၁၁ နာရီ ၁၂ မိနစ်အချိန် မွန်-သထုံ အထူးကာကွယ်ရေး တပ်ဖွဲ့ MTHSF က ဖောက်ခွဲတိုက်ခိုက်လိုက်ကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။ကိုဗစ်ရောဂါအခြေအနေများနှင့် နိုင်ငံရေးအခြေအနေများကြောင့် ပြည်သူများ စီးပွားရေးကျပ်တည်းနေချိန် စျေးဆိုင်များကို စျေး...
https://yktnews.com/2022/02/7495/
မိုးဗြဲတိုက်ပွဲ စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်းသေဆုံးသကဲ့သို့ ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ ၂၀ ဦးခန့် ကျဆုံးပြီး ဒဏ်ရာရသူများပြား
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "ရှမ်းပြည်နယ်နှင့်ကယားပြည်နယ် အစပ် မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်းကျဆုံးသကဲ့သို့ ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှလည်း အကျအဆုံးနှင့်ထိခိုက်ဒဏ်ရာရရှိမှု များပြားကြောင်း မိုးဗြဲပြည်သူ့ကာကွယ် ရေးတပ်-MBPDFက သတင်းထုတ်ပြန်သည်။မိုးဗြဲဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတ...
https://yktnews.com/2022/02/7847/
စစ်ကောင်စီယန္တရားမှ ဝန်ထမ်း ၆ ဦး တောင်ကိုရီးယား KDI School တွင် ပညာသင်ဆုဖြင့်လာရောက် ပညာသင်မည့်အပေါ် ရှုတ်ချ အသိအမှတ်ပြုဟု ကြေညာ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည် ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ဝန်ထမ်း ၆ ဦး ကိုရီးယားနိုင်ငံ Sejong မြို့ KDI School of Public Policy and Management (KDI School) တွင် 2022 Spring semester မှ စကာ Master of Development Policy (MDP)၊ Master of Public Manageme...
https://yktnews.com/2022/02/7526/
ညောင်တုန်းမှ ပရဟိတသမား ကိုအောင်နိုင်ဦးကို စစ်တပ်က ယမန်နေ့ည ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ပြီးနောက် ဆေးရုံတင်ထားရ၊ သေဆုံးဟု သတင်းများထွက်လာ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်အုပ်စု ညောင်ပင်သာရွာမှ ပရဟိတသမား ကိုအောင်နိုင်ဦးကို ယမန်နေ့ည ၁၁ နာရီအချိန် စစ်အင်အား ၂၀ ကျော်ဖြင့် အိမ်ကို ၀ိုင်းကာ ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်သဖြင့် ယနေ့ ဆေးရုံတင်ထားရကြောင်း သိရှိရသည်။ကိုအောင်နိုင်ဦးသည် လျှပ်စစ်မီတာမဆောင်ရန် လှုံ့ဆော်သည်ဟုဆိုကာ ...
https://yktnews.com/2025/02/204547/
ဗန်းမော်မြို့ ခလရ ၂၃၆ တပ်ရင်းကို KIA နှင့် PDF တပ်က အပြီးသတ် သိမ်း ပိုက် လိုက်ပြီး စကခ ၂၁ ကို အပြင်း အထန် ထိုးစစ်ဆင်နေ၊ စစ်တပ်ဘက်မှ သေဆုံးမှုများပြား
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ခလရ ၂၃၆ တပ်ရင်းကို အပြီးသတ် သိမ်းပိုက်လိုက်ပြီး စကခ ၂၁ ကို အပြင်းအထန် ထိုးစစ်ဆင်နေကာ အကြမ်းဖက် စစ်တပ်ဘက်မှ သေဆုံးမှုများပြားကြောင်းKIA စစ်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် KIA ပူးပေါင်း တပ်ဖွဲ့များက ဗန်းမော်မ...
https://yktnews.com/2024/02/146528/
မံစီမြို့နယ်ရှိ စစ်အင်အား ၂၀၀ ကျော်ရှိသော စစ်ကောင်စီ၏ စီခမ်းကြီးစခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ စီခမ်းကြီးစခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ၂ ရက်ကြာတိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက် ၅ နာရီအချိန်မှစတင်၍ ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မံစီမြို့...
https://yktnews.com/2025/02/204543/
ကနီမြို့နယ်၊ ချောင်းမအရှေ့ရွာသို့ စစ်တပ်က စက်တပ်လေထီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၅ ဦးသေဆုံးပြီး ၂၀ ဦးထိခိုက်ဒဏ်ရာရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "ကနီမြို့နယ်၊ ချောင်းမအရှေ့ရွာသို့ စစ်တပ်က စက်တပ်လေထီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၅ ဦးသေဆုံးပြီး ၂၀ ဦးထိခိုက်ဒဏ်ရာရရှိကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၅ နာရီအချိန် စစ်ကိုင်းတိုင်း၊ကနီမြိုနယ် တောင်ခြမ်း ချောင်းမ အရှေ့ရွ...
https://yktnews.com/2022/02/7803/
ကရင်ပြည်နယ်၊ ကော့ကရိတ်ရှိ ခရိုနီဦးချစ်ခိုင်ပိုင် Denko ဆီဆိုင် ဗုံး ၂ လုံးပေါက်ပြီး မီးလောင်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ စစ်တပ်နှင့် စီးပွားရေး ဆက်စပ် လုပ် ကိုင်နေသော ခရိုနီဦးချစ်ခိုင်ပိုင် Denko ဆီဆိုင်တွင် ယနေ့ မွန်းလွဲပိုင်း ဗုံး ၂ လုံးပေါက်ကွဲပြီး မီးလောင်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ဖေဖော်ဝါရီ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် ဗုံးပေါက...
https://yktnews.com/2025/02/204544/
ချောင်းဦးမြို့နယ်၊ မြပုလဲ စစ်တပ်အထိုင်စခန်းကို ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်သား ၂ ဦး သေဆုံးကာ ၅ ဦးဒဏ်ရာရရှိဟုဆို
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် အတွင်းရှိ အကြမ်းဖက်စစ်တပ်၏ ခင်မွန်(မြပုလဲ) အထိုင်စခန်းကို ၆၀ မမ လက်နက်ကြီးဖြင့် ပစ် ခတ်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးခဲ့ပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းSnipe Rangers Force (Local – PDF) ၏ တာဝန်ခံ ဆလိုင်းထက်ပိုင်ဖြိုး (ရဲဘော်ဆလိုင်း) ကရန်ကုန်ခေတ်သစ်သတင်...
https://yktnews.com/2025/02/204575/
ချောင်းဦးမြို့နယ်၊ ကျီးကုန်းကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ၂ ဦးသေဆုံးပြီး အသက် ၅ နှစ်အရွယ် ကလေး အပါအဝင် ၃ ဦးဒဏ်ရာရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ စစ်တပ်၏ မြပုလဲဂိတ်စခန်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျီးကုန်းကျေးရွာမှ ပြည်သူ ၂ ဦး သေဆုံးပြီး ၃ ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်းChaung U Revolution news မှ တာဝန်ရှိသူကရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၆ နာရီဝန်း...
https://yktnews.com/2022/02/7781/
ဒီပဲယင်း မြို့နယ်ရှိ ကျေးရွာ ၂ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို မီးရှို့ဖျက်ဆီး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အတွင်းရှိ ယင်းတွေနှင့် ဝပါသပြေသာ ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။အကြမ်းဖက် စစ်ကော...
https://yktnews.com/2024/02/146537/
ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း ရဲဘော် ကျဆုံးခြင်း အလေးပြု အခမ်းအနား ပြုလုပ်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "စစ်ကိုင်းတိုင်း ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၁၀၆၀ရက်မြောက်နေ့တွင် ရဲဘော်များ၊ ပြည်သူများနှင့် ပူးပေါင်းကာ ရဲဘော် ကျဆုံးခြင်း အလေးပြု အခမ်းအနားကို ပြုလုပ်ခဲ့ကြသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springr...
https://yktnews.com/2025/02/204606/
စစ်ကိုင်းမြို့ လင်းလက်ပါဝါ KTV တွင် သောက်စားပျော်ပါးနေသော တပ်မ ၃၃ မှ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၄ ဦး ဝင်ရောက်ပစ်ခတ်မှု ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ လင်းလက်ပါဝါ KTV တွင် သောက်စားပျော်ပါးနေသော တပ်မ ၃၃ မှ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၄ ဦး ဝင်ရောက်ပစ်ခတ်ရာ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်းBurmese Revolution Force (BRF) မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁...
https://yktnews.com/2024/02/146582/
မုံရွာ-အရာတော် လမ်းပိုင်းတွင် ဆက်ကြေး ကောက်နေသော စစ်သားများနှင့် ရွှေဘိုမြိုနယ်၊ ပန်းရံရွာရှိ ပျူစောထီးများ လက်နက် သိုလှောင်ထားသော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော် လမ်းပိုင်းတွင် ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်းBGS Ayadaw Drone Forceမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။", "ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မုံရွာမြိုနယ် နှင့် အရာတော...
https://yktnews.com/2024/02/146551/
ရေဦးနှင့် တန့်ဆည်အစပ်ရှိ ကျေးရွာများကို စစ်တပ်က ရဟတ်ယာဉ် ဖြင့်ပစ်ခတ်ပြီး မြေပြင်မှ စစ်ကြောင်းထိုး နေ၍ ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "စစ်ကိုင်းတိုင်း၊ ရေဦးမြိုနယ်နှင့် တန့်ဆည်မြိုနယ် အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ် ဖြင့်ပစ်ခတ်ပြီး မြေပြင်မှ စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ် ရာ ထွက်ပြေးနေရကြောင်း ရေဦးအခြေပြုPeople’s Defense Comradeပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇ...
https://yktnews.com/2022/02/7756/
ကန့်ဘလူတွင် စစ်တပ်က ကျေးရွာ ၄ ခုကို လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြည်သူ ၃ ဦး ထိမှန်သေဆုံး၊ ရွာသား ၂ဝကျော် အဖမ်းခံထားရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာ ၄ ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး ပြည်သူ ၃ ဦး ထိမှန်သေဆုံးကာ ရွာလုံးကျွတ် ထွက် ပြေးနေရကြောင်း၊ ရွာသား ၂ဝကျော် အဖမ်းခံထားရကြောင်း‌ ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမ...
https://yktnews.com/2025/02/204576/
နွေဦးတော်လှန်ရေးကို သွေးခွဲရေးလမ်းစဉ်ဖြင့် အင်အားချိနဲ့စေရန် လုပ်ဆောင်လာမှုများ သတိပြုရန် NUG ဝန်ကြီးချုပ် သတိပေး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "စစ်အဏာရှင်တော်လှန်ရေးကို သွေးခွဲရေးလမ်းစဉ်ဖြင့် အင်အားချိနဲ့စေရန် လုပ်ဆောင်လာမှုများကို သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေး ပြောဆိုသည်။", "ယမန်နေ့ ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၆/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း သတိပေးလာခြင်း...
https://yktnews.com/2024/02/146518/
ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးကျေးရွာအနီးတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်ကောင်စီ တပ်သား ၄ ဦး သေ ဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးကျေးရွာအနီးတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်းBa Htoo Army – BHAတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်‌ ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ထားဝယ်မြို့မှတဆင့် ထားဝယ် – ထီးခီးလမ်းအတိုင်း သင်္ကန်း...
https://yktnews.com/2025/02/204574/
လောင်းလုံး စခန်းကြီးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်၊ ကြို့ပင်ကောက် ဘော်ဘင်ဆည်တွင် စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး ဆည်ဝန်ထမ်း ၁ ဦး ခြေထောက်ပြတ်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စခန်းကြီးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းလောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညပိုင်းတွင် လောင်းလုံးမြ...
https://yktnews.com/2025/02/204578/
TNLA နှင့် စစ်ကောင်စီတပ်များ အကြား အပစ်ရပ်ရေး ဆွေးနွေးပွဲ မအောင်မြင်ဘဲ ပြီးဆုံးဟု TNLA က ထုတ်ပြန်ကြေညာ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ပြုလုပ်သည့် တအာင်း TNLA နှင့် စစ်ကောင်စီတပ်များအကြား ဆွေးနွေးပွဲ မအောင်မြင်ဘဲ ပြီးဆုံးသွားကြောင်းTNLA က ယနေ့ ထုတ်ပြန်သည်။", "ဖေဖော်ဝါရီလ ၁၆ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ ဟိုင်ဂင်ဟိုတယ်တွင် ပြုလုပ်သည့် ဆွေ...
https://yktnews.com/2024/02/146585/
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သည့် ကော့သောင်းနှင့် ဘားအံမှ မြန်မာ ၂၀ ဦးအဖမ်းခံရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "ထိုင်းနိုင်ငံ၊ ချွန်​ဖော်ခရိုင်နဲ့ တာခ့်ခရိုင်မှာ နှစ်ရက်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ကော့သောင်းနဲ့ ဘားအံမှ မြန်မာနိုင်ငံသား ၂၀ ဦးဖမ်းဆီးရရှိတယ်လို့ ထိုင်းသတင်းဌာနနဲ့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။", "ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းမှာ ချွန်ဖော်ခရိုင်၊ ဖတိုမြို့နယ်ကလမ်းပေါ်မှာ ကင်...
https://yktnews.com/2025/02/204526/
ဒေါ်အောင်ဆန်းစုကြည်ကို အာဂျင်တီးနားတရားရုံး၏ ဖမ်း၀ရမ်းမှ ဖယ်ထုတ်နိုင်ရေး နည်းလမ်းများအားလုံးကို NUGက အသုံးပြုမည်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဂျင်တီးနားတရားရုံး၏ ဖမ်း၀ရမ်းမှ ဖယ်ထုတ်နိုင်ရေး လုပ် ဆောင်သင့် လုပ်ဆောင်ထိုက်သည့် နည်းလမ်းများအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ- NUGက အသုံးပြုမည်ဖြစ်ကြောင်းNUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကရန်ကုန်ခေတ်သစ်သတင်းဌာ...
https://yktnews.com/2024/02/146525/
ပေါင်းတည်တွင် တော်လှန်ရေးတပ်ဖွဲ့များ သတင်းများစုံစမ်းပြီး စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စုံစမ်းပြီး စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်းပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် – ၃၆၀၁ PPDFတပ်ရင်း မှ ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။", "ဖေ...
https://yktnews.com/2024/02/146547/
မင်းလှမြိုနယ်၊ ခါချဉ်တောင်သို စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၄ ကြိမ်တိုက်ခိုက်မှု စစ်သား ၄၀ ဦး သေဆုံးပြီး PDF တစ်ဦးကျဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြိုနယ်အပိုင် ခါချဥ်တောင်ပေါ်သို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ၄ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄၀ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဇော်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြော ကြားသည်။", "ယမန်နေ့ ဖေဖော...
https://yktnews.com/2025/02/204607/
စလင်းမြို့နယ်၊ တညောင်ရဲစခန်း နှင့် သိမ်ဇရပ် အခြေစိုက် ခမရ ၂၀၇ တပ်ရင်းတို့ကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရဲစခန်းကို ဒရုန်းဖြင့် ၂ ရက်ဆက် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်းနယ်စည်းမခြား ဖရီးဒမ်းဖက်ဒရယ်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၃၀...
https://yktnews.com/2024/02/146533/
တောင်တွင်းကြီးရှိ ဆိုင်ခန်းများရှေ့တွင် စစ်မှု ထမ်းရေး ပြည်သူများ မစိုးရိမ်ကြရန်နှင့် သတင်းမီဒီယာများ၏ သတင်းများ မယုံကြရေး ဝါဒဖြန့် ဗီနိုင်းဆိုင်းဘုတ်ကြီးများ စိုက်ထူကြရန် စစ်တပ်က ဖိအားပေး ခြိမ်းခြောက်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်ရှိ ဆိုင်ခန်းများ ရှေ့တွင် စစ်မှု ထမ်းရေး ပြည်သူများ မစိုးရိမ်ကြရန်နှင့် သတင်းမီဒီယာများ၏ သတင်းများ မယုံကြရေး ဗီနိုင်းဆိုင်းဘုတ်ကြီးများ စိုက်ထူကြရန် စစ်တပ်က ဖိအား ပေး ခြိမ်းခြောက်နေကြောင်း ဆိုင်ရှင်များကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဖေဖေ...
https://yktnews.com/2025/02/204573/
ပေါက်မြို့နယ်၊ ကပစ ၂၄ အနီး စစ်သား ၂ ဦး မိုင်းလာဖြုတ်စဉ် အဝေးထိန်းဖြင့် မိုင်းခွဲတိုက်ခိုက်မှု ဒုတပ်ကြပ် အောင်ဇော်မြင့် သေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်စက်ရုံ – ကပစ ၂၄ အနီးတွင် မိုင်းဖြုတ်ယူ သွား သည့် စစ်သား ၂ ဦးကို အဝေးထိန်းဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ဒုတပ်ကြပ် အောင်ဇော်မြင့် သေဆုံးသွားကြောင်းဆိပ်ဖြူ တကိုယ်တော်ကျားဇိုးတပ်ဖွဲ့ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဖေဖော်ဝ...
https://yktnews.com/2025/02/204577/
အထက်မင်းလှတွင် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက်တိုက် တိုက်ခိုက်မှု စစ်သား ၇ ဦးထက် မနည်း သေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးထက်မနည်းသေဆုံးခဲ့ကြောင်းပြည်သူ့လွတ်လပ်ရေးတပ်တော် – PIA တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဖေဖော်ဝါရီလ ၁၇ ရက်နေ့ အထက်မင်းလှမြို့နယ်၊ ရှမ်းတပ်စခန်းနှင့် တစ်မို...
https://yktnews.com/2025/02/204546/
တောင်သာ၊ ထနောင်းကုန်း ပျူစောထီးရွာကို တိုက်ခိုက်မှု စစ်သား အလောင်း ၂ လောင်းနှင့် သေနတ် ၃ လက် သိမ်းဆည်းရရှိ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ထနောင်းကုန်း ပျူစောထီးရွာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား အလောင်း ၂ လောင်းနှင့် သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်းPLA အနောက်မြောက်စစ်ဒေသမှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန...
https://yktnews.com/2025/02/204527/
သထုံမြို့ အမှတ် ၄၀၂ အမြောက်တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး နှင့် တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "မွန်ပြည်နယ်၊ သထုံမြို့ အမှတ် ၄၀၂ အမြောက်တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်းသထုံမြို့ပြ အထူးပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညပိုင်း သထုံမြို့ အမှတ် ၄၀၂ အမြောက်တပ်ရင်းမှ စစ်မှုထ...
https://yktnews.com/2024/02/146492/
နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#Khi...
https://yktnews.com/2024/02/146504/
ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF...
https://yktnews.com/2024/02/146501/
ရမ်းဗြဲတွင် စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လူနေအိမ် ၁၅၀ ကျော် မီးလောင်ပျက်စီး၊ ကျောက်ဖြူတွင်မူ စျေးဆိုင်တန်း အဆောင် ၆ လုံးကို စစ်တပ်က မီးရှို့
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လူနေအိမ် ၁၅၀ ကျော် မီးလောင်ပျက် စီးခဲ့ပြီး ကျောက်ဖြူမြို့နယ်တွင်မူ စျေးဆိုင်တန်း အဆောင် ၆ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးကြောင်း ရခိုင်တပ်တော်AA က ယမန်နေ့ညပိုင်း သတင်းထုတ်ပြန်သည်။", "ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ရက္ခိုင်ပ...
https://yktnews.com/2022/02/7839/
ရန်ကုန်မြောက်ဒဂုံထားဝယ်ချောင် ရဲစခန်း ဗုံးဖြင့် တိုက်ခိုက်ခံရပြီး အပြန် အလှန် ပစ်ခတ်မှုဖြစ်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ထားဝယ်ချောင်ရဲစခန်းကို ယနေ့ည ၇ နာရီအချိန် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး ရဲများက စခန်းအတွင်းမှ ပြန်လည် ပစ်ခတ်ခြင်း၊ကားဖြင့်လိုက်လံ ပစ်ခတ်ခြင်း များလုပ်ဆောင်ကြောင်း ဒေသခံများထံမှ သိရှိရသည်။“ဒီည ၇ နာရီလောက်မှာ ရဲစခန်းထဲကို ဗုံးပစ်တာ။ ရဲတွေကလည်း ပြန...
https://yktnews.com/2022/02/7855/
ရန်ကုန်မှော်ဘီ GE တပ်အရာရှိရိပ်သာနှင့် စံပြစျေး အနီး စစ်တပ်ပိုင် မြ၀တီဘဏ်ကို PDF များက ယခုည ပစ်ခတ်တိုက်ခိုက်၊ စစ်သား သေဆုံးမှုများရှိနိုင်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် ဆပ်ပလိုင်း GE တပ်အရာရှိရိပ်သာနှင့် စံပြစျေးအနီးရှိ စစ်တပ်ပိုင် မြ၀တီဘဏ်ကို PDF ပူးပေါင်းတပ်ဖွဲ့များက ယခု ည ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး စစ်သားသေဆုံးမှုရှိနိုင်ကြောင်း Hmawbi Revolution Force က သတင်းထုတ်ပြန်သည်။မှော်ဘီတော်လှန်ရေးအင်အားစုက ACPLF ၊ Yangon People’s Def...
https://yktnews.com/2022/02/7750/
ရန်ကုန်သာကေတ မီတာရုံးအနီး ဗုံးပေါက်ပြီး ပစ်ခတ်မှုဖြစ်ကာ ဆေးရုံကားသံများကြားရ ၊ ၇ ဈေးမီးလောင်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ မြင်တော်သာလမ်း မီတာရုံး အနီးတို့တွင် ယနေ့ မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်တွင် ဗုံးပေါက်ပြီး ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။“မီတာရုံးနားမှာ ဗုံးပေါက်တယ်။ အဲဒါ ပြီးတော့ အဲဒီနားမှာ တပ်စွဲထားတဲ့ ခွေးတွေက ရမ်းသမ်းပစ်တယ်။ ဘယ်ကိ...
https://yktnews.com/2024/02/146559/
လောင်းလုံးမြို့နယ် ပကဖ အဖွဲ့က ဆေးဘက်ဆိုင်ရာ ထပ်ဆင့် မွမ်းမံ သင်တန်း ဆင်းပွဲ ပြုလုပ်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆေးဘက်ဆိုင်ရာ (Medical Team) ၏ ဆေးဘက်ဆိုင်ရာ ထပ်ဆင့် မွမ်းမံ သင်တန်းပေးခြင်းကို ၅ ရက်တာ ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။", "လောင်းလုံးမြို့နယ် ပကဖ Medical Team သည် ၂၀၂၃ ခုနှစ် ၁ နှစ်တာအတွင်း အသေးစားခွ...
https://yktnews.com/2025/02/204542/
စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်မှုမှ ရှောင်တိမ်းရန် ထွက်ပြေးလာသော မြန်မာနိုင်ငံသား ၁၁၆ ဦးကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "အကြမ်းဖက် စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်မှုမှ ရှောင်တိမ်းရန် ထွက်ပြေးလာသော မြန်မာ နိုင်ငံသား ၁၁၆ ဦးကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် မှုဖြင့် ဖမ်းဆီးလိုက်ကြောင်းထိုင်းသတင်းဌာနများက သတင်းဖော်ပြ သည်။", "ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် ထိုင်းနိုင်ငံ၊ ထိုင်း-မြန်မာ နယ...
https://yktnews.com/2022/02/7712/
စစ်ကောင်စီ၏ နိုင်ငံခြားရေး ကိုယ်စားလှယ် ၀ဏ္ဏမောင်လွင် Facebookတွင် Blue Mark ဖြင့် ရှိနေမှု Report ထုကြရန်နှင့် ဖယ်ရှားပေးရန် တောင်းဆို
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "အကြမ်းဖက် မင်းအောင်လှိုင်၏ နိုင်ငံခြားရေး ဆိုင်ရာ ကိုယ်စားလှဝ် ၀ဏ္ဏမောင်လွင်သည် လူမှုကွန်ရက် Facebook ပေါ်တွင် ရောက်ရှိနေမှုကို ၀ိုင်းဝန်း Report ထုကြရန် နှင့် Facebook က ဖယ်ရှားပေးရန် တက်ကြွလှုပ်ရှားသူများက တောင်းဆိုလိုက်သည်။ပြည်သူများကို သတ်ဖြတ်နေသည့် မင်းအောင်လှိုင် အပါအဝင် စစ်တပ်၏ စီးပွာ...
https://yktnews.com/2024/02/146578/
နေပြည်တော်ပျဉ်းမနားတွင် ဧည့်စာရင်းစစ်ပြီး ပြည်သူများကို နေ့စဉ် ဖမ်းဆီးနေ ၊ ငွေပေးနိုင်သူများ ပြန်လွတ်သော်လည်း နယ်ဒေသမှ လူငယ်များ ပြန်မလွတ်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "အကြမ်းဖက်စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်နယ်မြေတွင် ပါဝင်နေသော ပျဉ်းမနားမြိုနယ်တွင် နေ့စဉ် ညတိုင်း ဧည့်စာရင်းစစ်ဆေးနေပြီး ဧည့်စာရင်းမတိုင်ထားသော ပြည်သူများ နေ့စဉ် ဖမ်းဆီးခံနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုကြသည်။", "ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုမထမ်းမနေရ ဥပဒေ ကြေညာ...
https://yktnews.com/2024/02/146574/
စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပေဒကို မျိုးဆက်သစ်လူငယ်များနှင့် ပြည်သူများ မပါဝင်ဘဲ ဆန့်ကျင်ပြီး တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ရန် KNU က ကြေညာ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်လိုက်သည့် စစ်မှုမထမ်းမနေရ ဥပဒေကို မျိုးဆက်သစ်လူငယ်များနှင့် ပြည်သူများ မပါဝင်ဘဲ ဆန့်ကျင်ပြီး စစ်အာဏာရှင် တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ရန် ကရင်အမျိုးသားအစည်းအရုံး KNU ဗဟို က ယနေ့ တရားဝင် ဖိတ်ခေါ် ကြေညာလိုက်သည်။", "မျိုးဆက်သစ်လူငယ်များနှင့် တိုင်းရင်းသားပြည်သူလူထု...
https://yktnews.com/2024/02/143469/
ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ ခလရ ၂၅၀ ၏ ရှေ့တန်းစခန်းကုန်းကို KIA က တိုက်ခိုက်သိမ်းပိုက်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ ခလရ ၂၅၀ ၏ ရှေ့တန်းစခန်းကုန်းကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန် ၊ မံစီမြို့နယ် ၊ ခလရ ၂၅၀ ၏ ရှေ့တန်းစခန်းကုန်းကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စခန်းမှ စစ်သာ...
https://yktnews.com/2024/02/143492/
ခင်ဦးရှိ ကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး White Campaign တွင် ပြည်သူများ ပါဝင်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "ခင်ဦးမြို့နယ် ကျေးရွာတစ်ရွာတွင် စစ်အာဏာသိမ်း ၃ နှစ်ပြည့် အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး White Campaign တွင် ပြည်သူများ ပါဝင်လှုပ်ရှားခဲ့ကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia ...
https://yktnews.com/2022/02/4074/
မင်းကင်းတွင် ရေလမ်းမှ ဆင်းလာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ရှောင်တခင် တိုက်ခိုက်ခံရပြီး စစ်သားနှင့်ပျူစောထီး ၂၀ ဦးကျော် သေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "ချင်တွင်းမြစ်တစ်လျှောက် ဆင်းလာသည့် အကြမ်းဖက် စစ်ကောင်စီပိုင် ယမ်း စက်လှေများနှင့် တစ်ဖက်ကမ်းရှိ ပျူဒလန်များ ယနေ့ ဖေဖော်ဝါရီလ ၂ ရက် နေ့တွင် ရှောင်တခင်တိုက်ခိုက် ခံရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်နှင့် ပျူဒလန် ၂၀ ဦးကျော် သေဆုံးသည်ဟု မင်းကင်း PDF က သတင်း ထုတ်ပြန်သည်။", "“စကစဘက်က အလောင်းတွေက စက်လှေပေါ...
https://yktnews.com/2022/02/4089/
မတူပီ-မင်းတပ် လမ်းပိုင်းတွင် စစ်ကောင်စီ စစ်ကြောင်းကို CDF မင်းတပ်က ခြုံခိုတိုက်ခိုက်ပြီး စစ်သား ၆ဦးထက်မနည်း သေဆုံးကာ MA 3 သေနတ် တစ်လက် သိမ်းဆည်းရမိ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "ချင်းပြည်နယ်၊မတူပီ-မင်းတပ် လမ်းပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ စစ် ကြောင်းများကို CDF မင်းတပ်က လမ်းတလျောက် ဆက်တိုက် တိုက် ခိုက် လျက်ရှိပြီး ယနေ့ ဖေဖော်ဝါရီလ ၂ရက်နေ့ တိုက်ပွဲတွင် စစ်သား ၆ ဦး ထက် မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က ရန်ကုန...
https://yktnews.com/2024/02/143546/
Chinland Council က ချင်းပြည်အစိုးရ အဖွဲ့ ဖွဲ့စည်းလိုက်ပြီး အစိုးရအဖွဲ့တွင် ခန့်အပ်ခံရသူများ ကျမ်းသစ္စာဆိုပွဲ ပြုလုပ်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "ချင်းပြည်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ချင်းပြည်အစိုးရအဖွဲ့ကို စတင်ဖွဲ့စည်းလိုက်ပြီး အစိုးရအဖွဲ့တွင် ခန့်အပ်ခံရသူများ ကျမ်းသစ္စာဆိုပွဲ ပြုလုပ်ခဲ့ကြောင်း ချင်းလဲန်းကောင်စီ (Chinland Council)က ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။", "ချင်းပြည်အစိုးရအဖွဲ့ကို ချင်းပြည်ဖွဲ့စည်းအုပ်ချု...
https://yktnews.com/2024/02/143419/
တိုကျိုရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးရှေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးရှေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြကြသည်။", "အဆိုပါဆန္ဒပြပွဲတွင် ဂျပန်ရောက်မြန်မာများနှင့် မြန်မာ့အရေးကူညီပံ့ပိုးပေးကြသော ဂျပန်လူမျိုးများပူးပေါင်း၍ ဆန္ဒထုတ်ဖော်ကြကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး #ykt #...
https://yktnews.com/2022/02/4128/
ကန့်ဘလူတွင် စစ်တပ်က မန်ကျည်းကုန်းရွာသား ဦးမောင်ညွန့်ကို ခေါင်းဖြတ်သတ်ကာ မီးရှို့ အလောင်းဖျောက်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပလူသာရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး မန်ကျည်းကုန်းရွာသား ဦးမောင်ညွန့်ကို ဖမ်းဆီးခေါ်ဆောင်သွားကာ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် စစ်တပ်က တောတွင်းတစ်နေရာ၌ ဦးမောင်ညွန့်ကို ဖမ်းဆီး နှိပ်စက် ခေါင်းဖြတ်သတ်ကာ မီးရှို့ အ...
https://yktnews.com/2024/02/143422/
မြင်းမူမြို့ပေါ်ရှိ စစ်တပ်အထိုင်စခန်းများကို တော်လှန်ရေးတပ်များက တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး တပ်မိသားစုဝင် ၂ ဦးအရှင်ဖမ်းဆီးရရှိ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ စစ်တပ်အထိုင်စခန်းများကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး တပ်မိသားစုဝင် ၂ ဦးကို အရှင်းဖမ်းဆီးရရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်၉ နာရီ ၄...
https://yktnews.com/2024/02/143507/
ရွှေပြည်အေးမြို့သစ်ကို ပြန်လည် ရရှိရေး စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက် နေပြီး PDF တပ်ပေါင်းစုက မြို့ကို ဆက်လက် ထိန်းချုပ်ထား
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်ကို ပြန်လည် ရရှိရေး အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက် နေပြီး PDF တပ်ပေါင်းစုက မြို့ကို ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ခန္တီးခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသ...
https://yktnews.com/2024/02/143423/
လန်ဒန်တွင် မြန်မာ့နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် ဆန္ဒပြပွဲသို့ မြန်မာတိုင်း ရင်းသား ၅၀၀ ခန့်ဆန္ဒပြ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် မြန်မာ့နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် ဆန္ဒပြပွဲကို ယူကေရောက် မြန်မာတိုင်းရင်းသားများ ၅၀၀ ခန့်တက်ရောက်ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။", "အဆိုပါ ဆန္ဒပြပွဲကို Parliament square ၌ စတင်ကျင်းပပြီး ဝန်ကြီးချုပ်ရုံးနေအိမ်ရှေ့၊ စကစ သံရုံးရှေ့ တို့တွင်လည်း ဆက်လက်ချီတက်ဆန္ဒပြ...
https://yktnews.com/2024/02/143517/
ဂန့်ဂေါမြို့နယ်တွင် ကြားကာလပြည်သူ့အခြေပြု ကျောင်းများက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ကြားကာလပြည်သူ့အခြေပြု ကျောင်းများရှိ ကျောင်းသူ ကျောင်းသားများက အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #spring...
https://yktnews.com/2024/02/143504/
မကွေးမြို့နယ်ရှိ ခလရ ၈၃ တပ်ရင်းကို ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်၊ မြင်းခြံမြို့နယ်တွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "မကွေးတိုင်း၊ မကွေးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၈၃ တပ်ရင်းကို ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်သုံး ဆီဘောက်ဆာကားများနှင့် ရိက္ခာကားမျာ...
https://yktnews.com/2022/02/4072/
မြသလွန် ဘုရားပေါ်တွင် ရဲအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ဒုရဲအုပ် ၁ဦးနှင့် ရဲတပ်သား ၁ဦး သေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "မကွေးတိုင်း၊ မြသလွန်ဘုရားပေါ်တွင် ဖေဖော်ဝါရီလ ၁ရက်နေ့ နံနက် ၉နာရီ ၃ဝမိနစ်ခန့်က ထမနဲပွဲ လုံခြုံရေး ယူနေသည့် မကွေးမြို့ အမှတ် (၂၅) လုံခြုံရေးရဲတပ်ရင်းက ရဲအချင်းချင်း စကားများကျပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲ ၁ဦး ပွဲချင်းပြီးသေဆုံးကာ အဆိုပါရန်ပွဲအား ဝင်ရောက်ဖြန်ဖြေသည့် ဒုရဲအုပ် ၁ဦးပါ ထပ်မံ ပစ်ခ...
https://yktnews.com/2024/02/143500/
မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားရာနေရာများနှင့် ကန်နီပျူစောထီးကျေးရွာကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားရာ နေရာများကို ရှော့ တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း MPL People Defense Force ထံမှ သိရသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နံနက် ၈ နာရီ မိနစ် ၄၀ ခန့်က စစ်အာဏာသိမ်းမှု ၃ နှစ်ပြည...
https://yktnews.com/2022/02/4092/
ငါန်းဇွန်တွင် ပြည်သူများကို ပစ်သတ်မည်ဟုခြိမ်းခြောက်ခဲ့သော စစ်ကောင်စီ ခန့် ကုလရွာအုပ်ချုပ်ရေးမှူး အောင်ဇော်မင်း ပစ်သတ်ခံရ ၊ ဖောင်းပြင်၊ မြစ်သား နှင့်ရေးမြို့နယ်တို့လည်း အုပ်ချုပ်ရေးမှူးနှင့်သတင်းပေးဟု နာမည် ထွက်သူ ၃ ဦး အသတ်ခံရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ကုလကျေးရွာတွင် ပြည်သူ များကို ပစ်သတ်မည်ဟု ခြိမ်း ခြောက် ခဲ့သော စစ်ကောင်စီခန့် လက် နက်ကိုင်ဆောင်ခွင့်ရ ​ကျေးရွာ အုပ်ချုပ်​ရေးမှူး အောင်ဇော်မင်း သည် ယနေ့ ည နေ ၄ နာရီတွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိ ရသည်။", "“ဒီညနေ သူ အပြင်ထွ...
https://yktnews.com/2024/02/143421/
မြန်မာစစ်အာဏာရှင် ပျက်သုန်းရေး ၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည် ထောင်စု တည်ဆောက်ရေး ဂျပန်လွှတ်တော်တွင် ကြားနာပွဲပြုလုပ်၊ NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "မြန်မာစစ်အာဏာရှင် ပျက်သုန်းရေး ၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဂျပန်လွှတ်တော်တွင် ကြားနာပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ကြာသပတေးနေ့တွင် မြန်မာ့ဒီမိုကရေစီစနစ်ဖြင့် ငြိမ်းချမ်းရေးကို ...
https://yktnews.com/2024/02/143481/
နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolu...
https://yktnews.com/2024/02/143472/
ယင်းမာပင်တွင် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution ...
https://yktnews.com/2022/02/4095/
ရန်ကုန်မြို့ မြောက်ဥက္ကလာရဲစခန်းအနီး ဗုံးပေါက်သံနှင့် ပစ်ခတ်သံများ ထွက် ပေါ်၊ လှိုင်သာယာ စစ်တပ်အထည်ချုပ်စက်ရုံအနီးတွင်လည်း ယခုည ပစ်ခတ် မှုဖြစ်၊ တာမွေရဲစခန်းလည်း ဖောက်ခွဲခံရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "ရန်ကုန် မြောက်ဥက္ကလာပ မြို့နယ်တွင် ဖေဖော်ဝါရီလ ၂ရက်နေ့ ည ၁ဝနာရီ ကျော်ခန့်က ပစ်ခတ်သံများနှင့် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်ခဲ့ပြီး လူနာတင်ကားများလည်း ဆက်တိုက် သွားလာနေကြောင်း ဒေသခံ ပြည်သူ များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "” စခန်း ၉နားမှာ ပစ်သံတွေပေါက်ကွဲသံတွေ ဆက်တိုက် ကြားနေရတယ်...
https://yktnews.com/2022/02/4031/
သန်လျင်မြို့နယ်တွင် အရက်မူးနေသော စစ်သားများက အပြစ်မဲ့ ပြည်သူ အသက် ၃၂ နှစ်အရွယ် ကိုဇော်နိုင်ကို အကြောင်းမဲ့ ရမ်းကားပစ်ခတ် သတ်ဖြတ်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ဗဟိုကျောင်းရှေ့တွင် အရက်မူးနေသောစစ်သားများက အပြစ်မဲ့ ပြည်သူ တစ်ဦးဖြစ်သည့် အသက် ၃၂ နှစ်အရွယ် ကိုဇော်နိုင်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်အချိန်တွင် အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်လိုက်ကြောင်း ဒေသသတင်းရင်းမြစ်Thanlyin Infromation က ပြောသည်။ဖေဖော်ဝါရီလ ၁ ရက်...
https://yktnews.com/2022/02/4028/
ရန်ကုန်အလုံမြို့နယ်၊ကွင်းကျောင်းလမ်းရှိ စစ်တပ်ပိုင် Mytel ရုံးခန်းတွင် ဗုံး ၂ လုံးပေါက်ကွဲပြီး မီး လောင်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကွင်းကျောင်းလမ်းရှိ စစ်တပ်ပိုင် Mytel ရုံးခန်းတွင် ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၅ နာရီဝန်းကျင် အချိန် ဗုံး ၂ လုံးပေါက်ကွဲပြီး မီးလောင်သွားကြောင်း ဒေသခံများက ပြောသည်။“ဗုံးပေါက်သံ နှစ်ချက်ကြားပြီးတော့ မီးတွေ လောင်တာပဲ။ မီးသတ်ကားတွေ ချက်ချင်းရောက်လ...
https://yktnews.com/2024/02/143523/
ဆီဆိုင်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ အလောင်းများ ပြန့်ကျဲနေပြီး စစ်တပ်နှင့် PNO က မြို့ပြန်ရရေး ထိုးစစ်ဆင်နေ၊ စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် မြို့ပေါ်ရှိ ပြည်သူ့နေအိမ်များ မီးလောင်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့၏ အလောင်းများ ပြန့်ကျဲနေပြီး စစ်တပ်နှင့် PNO တပ်များက မြို့ပြန်လည် ရရှိရေး ထပ်မံ ထိုးစစ်ဆင်လာသော်လည်း PNLA နှင့် မဟာမိတ်တပ်များက မြို့ကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း‌PNLA သတင်းရင်းမြစ်က ပြောဆိုသည်။", "“ဆီဆိုင်မြို့ရဲ့...
https://yktnews.com/2024/02/143514/
ရခိုင်တွင် တိုက်ပွဲများနှင့် စစ်ဆင်ရေးများ ပိုမိုအရှိန်မြင့်တက်လာ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးကာလထက် နှစ်ပတ်ကျော်ကျော်နောက်ကျခဲ့ပြီးမှ စတင်ခဲ့သော ရခိုင်ဒေသစစ်ဆင်ရေးသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စတင်ခဲ့ပြီး ယနေ့အထိ AAနှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများမှာ ပိုမိုအရှိန်မြင့်လာပြီဖြစ်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့ကထုတ်ပြန်သည်။", "AA၏ထိုးစစ်နှင့် ...
https://yktnews.com/2022/02/4063/
အကြမ်းဖက် စစ်ကောင်စီ ပုလဲမြို့နယ်ရှိ ကျေးရွာ၂ ရွာကို မီးရှို့ဖျက်ဆီး၊ ပြည်သူများနေအိမ် ၄၀၀ ကျော် မီးလောင်ဆုံးရှုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ မွေ့တုံကျေးရွာ၊ ပမ်းရွာရှိ အပြစ်မဲ့ ပြည်သူများ၏ နေအိမ် ၄၀၀ ကျော်ကို အကြမ်းဖက် စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောကြားသည်။ “၃၁ ရက်နေ့ မနက် ၁၀ နာရီလောက်က မွေ့တုံကျေးရွာကို ရွာ့အနောက်ဘက်ကနေ သေနတ်တွေ ဖောက်ဝင်လာတယ်။ ရွာထဲမှာ ရှိသမျှ အိမ်တွေကို ရ...
https://yktnews.com/2024/02/146727/
မံစီမြို့နယ်၊ ဂျယ်ခမ်းရွာကို စစ်တပ်က ၃ ရက် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ရွာလုံးကျွတ် ပျက်စီးပြီး ပြည်သူ ၅ ဦးသေဆုံးကာ ၃၀ ကျော် ထိခိုက်ဒဏ်ရာရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀", "ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ဂျယ်ခမ်းရွာကို အကြမ်းဖက် စစ်တပ်က ၃ ရက် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ရွာလုံးကျွတ် ပျက်စီးပြီး ပြည်သူ ၅ ဦးသေဆုံးကာ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် မံစ...
https://yktnews.com/2025/02/204676/
မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လူကုန်ကူးခံရသော တရုတ်နိုင်ငံသားများကို မဲဆောက်လေဆိပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပထမအသုတ် စတင်ပို့ဆောင်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ထိန်းချုပ်ထားသော ရွှေက္ကိုလ်မြို့သစ်ရှိ အွန်လိုင်းငွေလိမ်းဂိုဏ်းများမှ လူကုန်ကူးခံ တရုတ်နိုင်ငံသား ၂၀၀ ကို ယနေ့ မဲဆောက်လေဆိပ်မှတစ်ဆင့် လေယာဉ်ခရီးစဉ်ဖြင့် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် စတင်ပို့ဆောင်နေပြီဖြစ်ကြောင်...
https://yktnews.com/2025/02/204721/
ချင်းတော်လှန်ရေးအဖွဲ့များမှ ခေါင်းဆောင်များ အချင်းချင်း ဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီး လွတ်လပ်သော ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိသည့် ချင်းဒေသကို အတူတကွ လက်တွဲ ထူထောင်ရန် NUG က တိုက်တွန်း
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀", "ချင်းပြည်ရှိ ချင်းတော်လှန်ရေးအဖွဲ့များမှ ခေါင်းဆောင်များ အချင်းချင်း ဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီး လွတ်လပ်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ချင်းဒေသကို အတူတကွ လက်တွဲ ထူထောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG က တိုက်တွန်းပြော ဆိုသည်။", "ယနေ့ကျရောက်သည့် ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့တွင် NUG...
https://yktnews.com/2025/02/204722/
ရွှေဘိုနှင့် ဟားခါးတွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀", "စစ်ကိုင်တိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးကျေးရွာမှ ရဲတပ်သား ၁ ဦးက သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်းတောင်သူဦးကြီးများအဖွဲ့ – PDF မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးကျေးရွာမှ ရဲတ...
https://yktnews.com/2022/02/7942/
ကနီ ဒင်ပေါက်ရွာသား ကိုခိုင်ဇော်ဝင်းကို စစ်တပ်က ပစ်သတ်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀", "စစ်ကိုင်းတိုင်း ကနီမြို့နယ် ချိုင်/ဒင်ပေါက်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၁၁နာရီခန့်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကိုဇော်ခိုင်ဝင်းကို အကြောင်းမဲ့ ပစ်သတ်သွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ချိုင်/...
https://yktnews.com/2022/02/7973/
ကနီ အိုင်တောင် အနောက်ရွာကို စစ်တပ်က မီးရှို့နေ ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးနေရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀", "စစ်ကိုင်းတိုင်း ကနီမြို့နယ် အိုင်တောင်အနောက်ရွာရှိ ပြည်သူပိုင် နေအိမ်များကို အင်အား ၅ဝခန့်ရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဖေဖော်ဝါရီလ ၂ဝရက်နေ့ ညနေပိုင်းတွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။လက်ရှိချိန်တွင် ကျေးရွာအတွင်း အကြမ်းဖက် စစ...
https://yktnews.com/2022/02/7955/
ကန့်ဘလူ ချပ်သင်းရဲစခန်းနှင့် စစ်ကူလာသော စစ်ကြောင်း တိုက်ခိုက်ခံရကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၆ ဦးထက်မနည်းသေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀", "စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာရှိ ချပ်သင်းရဲစခန်းကို ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၃နာရီ ၄၅ မိနစ်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယင်း စခန်းသို့ စစ်ကူလာသော စစ်ကောင်စီ စစ်ကြောင်းပါ မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၆ ဦး ထက်မ...
https://yktnews.com/2022/02/7945/
ခင်ဦး သရက်ကွန်ရွာ အနီးတိုက်ပွဲတွင် လက်နက်ကြီးကျည်ထိမှန်ကာ PDF ရဲဘော် ၅ဦး ကျဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀", "စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သရက်ကန်ရွာအနီးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များကြား ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၆နာရီ ၃ဝမိနစ်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ကာ PDF ရဲဘော် ၅ဦး ကျဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြ...