url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/07/112040/
ချောင်းဦးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို စားသောက်ကုန်များ လှူဒါန်း
["ချောင်းဦးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို စားသောက်ကုန်များ လှူဒါန်း", "ရန်ကုန်၊ ဇူလိုင် ၈", "ချောင်းဦးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို မုံရွာ-အမြင့်လမ်း သပိတ် ဦးဆောင်ကော်မတီနှင့် ချောင်းဦးမြို့နယ် လူငယ်အင်အားစုသပိတ်ကော်မတီတို့က စားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/05/103780/
ချောင်းဦးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဆန်နှင့် ဆီများ လှူဒါန်း
["ချောင်းဦးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဆန်နှင့် ဆီများ လှူဒါန်း", "ရန်ကုန်၊ မေ ၂၁", "ချောင်းဦးမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာ ၃ ရွာမှ အိမ်ထောင်စု ၁၅၀ စုကို ယနေ့ မေလ ၂၁ ရက်နေ့တွင် တစ်အိမ်ထောင်လျှင် ဆန် ၆ ပြည်၊ ဆီ ၅ ပိဿာနှုန်း လှူဒါန်းခဲ့ကြောင်း သိရသည်။", "အဆိုပါ လှူဒါန်းမှုကို Myingyan Generation Z နှင့် မိတ်ဆွေများ (Korea)၊ Bagan Thar Family (Korea)၊ Hope For People ၊ Thaw T (Singapore)၊ ကျေးရွာတစ်ရွာမှ စေတနာရှင် ပြည်သူများနှင့် မြို့နယ် ပကဖ တို့က ပူးပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "မြို့နယ် ပကဖ အနေဖြင့် မြို့နယ်၏ ကာကွယ်ရေးလုပ်ငန်းများသာမက စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ခြင်း၊ အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သောကျေးရွာများကို စွမ်းနိုင်သမျှကူညီစောင့်ရှောက်ခြင်းများကို အလှူရှင်များ ဒေသခံပြည်သူများနှင့်လက်တွဲ ဆောင်ရွက်လျှက်ရှိကြောင်း ချောင်းဦးမြို့နယ် ပကဖ ကထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/10/126148/
ချောင်းဦးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဆီ လှူဒါန်း
["ချောင်းဦးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဆီ လှူဒါန်း", "ရန်ကုန်၊ အောက်တိုဘာ ၁၂", "ချောင်းဦးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ချောင်းဦးမြို့နယ် လူငယ်အင်အားစု သပိတ်ကော်မတီ (CYSC) က ကိုရီးယားနိုင်ငံမှ အလှူရှင် ၁ ဦး၏ အကူအညီဖြင့် ဆီ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/06/169238/
ချောင်းဦးမြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို ကုန်စိမ်းသီးနှံများ လှူဒါန်း
["ချောင်းဦးမြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို ကုန်စိမ်းသီးနှံများ လှူဒါန်း", "ရန်ကုန်၊ဇွန် ၁၄", "ချောင်းဦးမြို့နယ်ရှိ ရေရှည်စစ်ရှောင်စခန်းတစ်ခုကို We are People အဖွဲ့သားများ ကုန်စိမ်းသီးနှံများ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/06/165547/
ချောင်းဦးမြို့နယ်ရှိ နှစ်ရှည်စစ်ရှောင်စခန်းတစ်ခုကို ခေါက်ဆွဲကြော်ကျွေးမွေး
["ချောင်းဦးမြို့နယ်ရှိ နှစ်ရှည်စစ်ရှောင်စခန်းတစ်ခုကို ခေါက်ဆွဲကြော်ကျွေးမွေး", "ရန်ကုန်၊ ဇွန် ၂", "စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် တစ်နေရာရှိ နှစ်ရှည်စစ်ရှောင်စခန်းရှိ ပြည်သူများကို We Are People ကူကယ်ရေးအဖွဲ့ ခေါက်ဆွဲကြော်ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/09/182607/
ချောင်းဦးမြို့နယ်ရှိ ပျူစောထီး စခန်းကို တိုက်ခိုက်မှု ခဲယမ်းများ သိမ်းဆည်းရရှိ၊ မြိုင်မြို့တွင် ဂိတ်စောင့်နေသည့် စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၁ ဦးသေဆုံး
["ချောင်းဦးမြို့နယ်ရှိ ပျူစောထီး စခန်းကို တိုက်ခိုက်မှု ခဲယမ်းများ သိမ်းဆည်းရရှိ၊ မြိုင်မြို့တွင် ဂိတ်စောင့်နေသည့် စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၁ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၉", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာ ပျူစောထီးစခန်းကို တိုက်ခိုက်ခဲ့ရာ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာ ပျူစောထီစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၃၀ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းစခန်းရှိ နောက်ဆုံး လက်ကျန် တပ်စခန်းကို သိမ်းပိုက်ရန် ကျန်ရှိချိန်တွင် စစ်တပ်က လေကြောင်းဖြင့် ပစ်ကူပေးပြီး မုံရွာ-မန္တလေး ပိုင်းရှိ စွမ်းရည်ထက် ဆီဆိုင် စစ်တပ် အထိုင်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ခြင်းကြောင့် အပြီးသတ် သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။", "“၂၈ ရက်နေ့ နံနက် ၄ နာရီဝန်းကျင်လောက်ကနေ ထိုးစစ်စတာပါ။ ဩဂုတ်လ ၃၀ ရက်နေ့အထိ ၃ ရက်ကြာခဲ့ပါတယ်။ ရန်သူ့နောက်ဆုံးစခန်းကိုတော့ မသိမ်းနိုင်ခဲ့ပါဘူး။ စွမ်းရည်ထက် ဆီဆိုင်မှာ တပ်စွဲထားတဲ့ စကစ တပ်ကနေ လက်နက်ကြီး ပစ်ကူတွေ တရစပ် ပစ်ပေးနေတာရယ်၊ လေ ကြောင်းကနေ ဆက်တိုက် ဗုံးကျဲနေတာတွေရယ်နဲ့ အခြားအနေတွေကြောင့် နောက်ဆုံစခန်းရခါနီး မှ ကျနော်တို့ ပြန်လည် ဆုတ်ခွာခဲ့ရပါတယ်” ဟု မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း ၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲ ၊ Nga Moe Yeik Column နှင့်မဟာမိတ်တပ်ပေါင်းစုတပ်ရင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့ မီးသတ်ဂိတ်ရှိ အကြမ်းဖက် စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံ သို့ ပြောကြားသည်။", "ယမန်နေ့ စက်တင်ဘာလ ၈ ရက် နံနက် ၁ နာရီ ၃၀ မိနစ်အချိန်က မြိုင်မြို့ အနောက်ဘက် ဈေးနှင့် ပန်းခြံအနီး မီးသတ်ဂိတ်စခန်းဂိတ် အကြမ်းဖက်စစ်သား၊ ရဲများကို မြိုင်ပကဖတပ်ဖွဲ့ဝင်များမှ စနိုက် ပါဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ မီးသတ်ဂိတ်စခန်း ဘန်ကာအတွင်းမှ သေနတ်လွယ်၍ ထွက်လာသော စစ်သား ၁ ဦးလဲကျသေဆုံးသွားကြောင်း သိရသည်။"]
https://yktnews.com/2025/03/206818/
ချောင်းဦးမြို့နယ်ရှိ မြပုလဲ စစ်တပ် အထိုင်စခန်းနှင့် တနင်္သာရီမြို့နယ်ရှိ ခမရ ၅၅၈ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် စစ်သား ၂ ဦးသေဆုံး
["ချောင်းဦးမြို့နယ်ရှိ မြပုလဲ စစ်တပ် အထိုင်စခန်းနှင့် တနင်္သာရီမြို့နယ်ရှိ ခမရ ၅၅၈ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၈", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ မြပုလဲ စစ်တပ် အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း Chaung U People’s Defence Force (CHUPDF) က ပြောဆိုသည်။", "မတ်လ ၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး လမ်းမကြီးပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ မြပုလဲ အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ မြပုလဲစခန်း အတွင်း ညစာစားနေသော လက်နက်ကြီး ကွန်မန်ဒါ အရာရှိ ၁ ဦး အပါအဝင် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသော စစ်သားများကို ယင်းနေ့ ည ၁၁ နာရီ ၂၃ မိနစ်ခန့်တွင် မုံရွာမြို့တွင်းမှ သံပြားကာ ၂ စီးဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်း သိရှိရသည်။", "သေဆုံးသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး၏ ရုပ်အလောင်းများကို မတ်လ ၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် အတွင်း အခမ်းအနားဖြင့် နာရေး ပြုလုပ်ခဲ့ကြောင်း သိရပါသည်။", "အလားတူ တနင်္သာရီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၅၈၈ တပ်ရင်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။", "မတ်လ ၁ ရက်နေ့တွင် တနင်္သာရီမြို့နယ် ပကဖ ဇုန် ၄ နှင့်ဇုန် ၅ မှ တော်လှန်ရေး ရဲဘော်များ ပူးပေါင်း၍ ခမရ ၅၅၈ တပ်ရင်းအတွင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/12/137499/
ချောင်းဦးမြို့နယ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စစ်ကြောင်းတို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၇ ဦးသေဆုံး
["ချောင်းဦးမြို့နယ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စစ်ကြောင်းတို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၇ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၆", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် ၇ ဦးသေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။", "ဒီဇင်ဘာလ ၁၁ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်က ချောင်းဦးမြို့ပေါ်ရှိ ထွေအုပ်ရုံးမှ အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်း ထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ရွှေစေတီအနီးတွင် စစ်ကြောင်း ၂ ကြောင်းခွဲ၍ ထွက်လာစဥ် ရွှေစေတီ အနောက်ဘက်ကိုထွက်ခွာသော စစ်ကြောင်းကို မိုင်း ၂ ပွိုင့်ဆွဲ၍ တိုက်ခိုက်ခဲ့ ပြီး ည ၇နာရီခန့်တွင် သမန္တဇာဘုန်းကြီးကျောင်း၌ စစ်​ကြောင်း ၂ ကြောင်း ပြန်ပေါင်းကာ ယာယီအထိုင်ချတပ်ဆွဲခဲ့ကြောင်း သိရသည်။", "ဒီဇင်ဘာလ ၁၃ ရက် ညနေ ၅ နာရီခွဲခန့်တွင် သမန္တဇာဘုန်းကြီးကျောင်း၌ ယာယီတပ်စွဲထား သော စစ်ကောင်စီတပ်သားများကို ၈၁ မမ ဗုံးသီး ၂ လုံး အသုံးပြုပြီး ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက် ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၄ ရက် နံနက် ၇ နာရီခန့်တွင် သမန္တဇာဘုန်းကြီးကျောင်းမှ ညောင်ပင် တဲကျေးရွာကို ဦးတည် စစ်ကြောင်းထိုးလာရာ ညောင်ပင်တဲကျေးရွာ အဝင် မိုင်းပွိုင့် ၂ ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ချောင်းဦးမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့ကို ဒရုန်းဖြင့် ၆၀ မမ ဗုံး သီး ၂ လုံး၊ ၈၀ မမ ဗုံးသီး ၂ လုံးတို့ ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် အင်အား ၁၀၀ ခန့်ဖြင့် ရှမ်းထူး ဘုန်းကြီးကျောင်းကို ဓားစာခံပြည်သူများနှင့်အတူ စစ်ကြောင်းထိုးလာစဉ် တိုက်မိုင်းမိပြီး ညနေ ၃ နာရီခန့်တွင် ညောင်ပင်တဲကျေးရွာကို စစ်ကောင်စီတပ်သား ထက်ဝက်ခန့် ပြန်ဆုတ်သွားကြောင်း သိရသည်။", "ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ်တွင် ချောင်းဦးမြို့ထွေအုပ်ရုံးမှ ကားတစ်စီး၊ စစ် ကောင်စီတပ်သား ၄၅ ဦးခန့် ဆုတောင်းပြည့်ဘုရားကို စစ်ကြောင်းထိုးလာစဥ် အမြင့်လမ်းခွဲ အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ် ရာရ ရှိပြီး ချောင်းဦးမြို့ထဲကို တစ်ဖွဲ့ပြန်ဆုတ်သွားကာ ကျန်ရှိနေသော အကြမ်းဖက် စစ်ကောင်စီတပ် သားများသည် ချောင်းဦးမြို့နှင့်‌ ညောင်ပင်တဲကျေးရွာကြား၌ ကင်းပုန်းဝပ်နေခဲ့ကြောင်း သိရသည်။", "ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် ချောင်းဦးမြို့ပေါ်မှ ထော်လာဂျီ ၃ စီးနှင့် ဂျန်မာကား ၃ စီးဖြင့် ထွက်ခွာလာသော စစ်ကောင်စီ တပ်သားများကို ရွှေစေတီအနီး အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ညောင်ပင်တဲရွာမှ ရှမ်းထူးဘက်ကို ထွက်လာသော စစ်ကောင်စီတပ်သား ၆ ဦးလည်း မိုင်းထိခဲ့ကြောင်း၊ ညနေ ၄ နာရီခွဲခန့်တွင် သမန္တဇာတောင်ဘက် မီတာ ၄၀၀ ခန့်အကွာရှိ စစ်ကောင်စီကင်းပုန်းကို ဒရုန်းဖြင့် ၆၀ မမ ဗုံးသီး ၂ လုံး၊ ၈၁ မမ ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ဒီဇင်ဘာလ ၁၈ ရက် ညနေ ၄ နာရီခန့်တွင် ချောင်းဦးရဲစခန်းကို ၈၁ မမ ဗုံးသီး တစ်လုံး၊ ၆၀ မမ ဗုံးသီး တစ်လုံး တို့ကို ဒရုန်းဖြင့် ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၂ ရက် မွန်း တည့် ၁၂ နာရီခွဲခန့်တွင် ချောင်းဦးမြို့ထဲမှ ထွက်လာသော အကြမ်းဖက်စစ်ကား ၅ စီးကို အ မြင့်လမ်းခွဲအရောက် မိုင်း ၂ ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကား ၃ စီး မိုင်းထိခဲ့ကြောင်း၊ ထို့နောက် ဆက်လက်ထွက် လာသော စစ်ကားများကို အုဋ္ဌ်ကျောင်းရှေ့အရောက် မိုင်း ၁ ပွိုင့် ဖြင့် ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ဒီဇင်ဘာလ ၁၈ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်ကညောင်ပင်တဲ ရှမ်းထူးရှိ အကြမ်းဖက် စစ် ကောင်စီ တပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၁ ည နေ ၂ နာရီ မိနစ် ၂၀ ခန့်တွင်လည်း အကြမ်း ဖက်စစ်ကောင်စီတပ်သားများက ညောင်ပင်တဲကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) တာ ဝန်ခံ ကိုဇော်ဝင်း ကို သတ်ဖြတ်ပြီး ကျေးရွာကို မီးရှို့ခဲ့ရာ နေအိမ် အလုံး ၅၀ ကျော် ပြာကျခဲ့ ကြောင်း သိရသည်။", "ဒီဇင်ဘာလ ၂၁ ရက် ည ၁၁ နာရီ ၄၅ မိနစ်တွင် ချောင်းဦးမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူး ရုံးထဲကို ပတိန် ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုများကို မုံရွာခရိုင်တပ်ရင်း ၆ တပ်ခွဲ ၁ ၊ ချောင်းဦးမြို့နယ်၊ ပကဖ တိုက် ခိုက်ရေးတပ် CHU PDF ၊ KG 2တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Drone Mission များကို ချောင်းဦးမြို့နယ် ပကဖ Drone လက်ရုံးတပ်၊စစ်ကိုင်းခရိုင် တပ်ရင်း (၄) ၊ MS PDF ၊ မြင်းခြံတပ် ရင်း (၃) ၊ မန္တလေးတပ်ရင်း (၅) ၊ မြင်းခြံ ခရိုင် ဒရုန်းအဖွဲ့တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ပြီး ချောင်းဦးမြို့နယ် ပကဖ Drone လက်ရုံးတပ်မှ DJI Mavic 2pro Drone ၃ စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/08/181381/
ချောင်းဦးမြို့နယ်ရှိ အရေးပေါ်စစ်ရှောင်များကို ထမင်းတနပ်စာကုသိုလ်ပြု
["ချောင်းဦးမြို့နယ်ရှိ အရေးပေါ်စစ်ရှောင်များကို ထမင်းတနပ်စာကုသိုလ်ပြု", "ရန်ကုန်၊ ဩဂုတ် ၃၁", "ချောင်းဦးမြို့နယ် အရေးပေါ်စစ်ရှောင်များကို ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်က အလှူရှင်ကိုယ်စား ထမင်းတနပ်စာကုသိုလ်ပြုခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/142274/
ချောင်းဦးမြို့နယ်အတွင်း ကြားကာလပညာရေးကျောင်းများသို့ စာရေးကိရိယာများကူညီ
["ချောင်းဦးမြို့နယ်အတွင်း ကြားကာလပညာရေးကျောင်းများသို့ စာရေးကိရိယာများကူညီ", "ရန်ကုန်၊ ဇန်နဝါရီ ၂၇", "ချောင်းဦးမြို့နယ်အတွင်း ဝေးလံခေါင်သီသောနေရာရှိ ကြားကာလပညာရေးကျောင်းများသို့ ချောင်းဦးမြို့နယ်လူငယ်အင်အားစုသပိတ်ကော်မတီက ကလေးငယ်များလိုအပ်‌သော စာရေးကိရိယာများကို သွားရောက်ကူညီခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/107257/
ချောင်းဦးမြို့နယ်အတွင်း စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ဆုံးရှုံးခဲ့ရသော ပြည်သူများကို ကူညီပံ့ပိုး
["ချောင်းဦးမြို့နယ်အတွင်း စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ဆုံးရှုံးခဲ့ရသော ပြည်သူများကို ကူညီပံ့ပိုး", "ရန်ကုန်၊ ဇွန် ၁၂", "ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ မတရားမီးရှို့ဖျက်ဆီးခြင်းကိုခံခဲ့ရသော ကျေးရွာတစ်ရွာမှ အိမ်ထောင်စု ၁၄၁ စု အတွက် “ချစ်ချစ်ခင်ခင် မိသားစု ” (ဂျပန်) နှင့် မြို့နယ် ပကဖ တို့ပူးပေါင်း၍ တစ်အိမ်ထောင်လျှင် ဒန်အိုးကြီး ၁ လုံး၊ ဒယ်အိုး ၁လုံး၊ စတီးဇွန်း ၁ ဒါဇင်", "နှုန်းစီဖြင့် ဒန်အိုး ၁၄၁ လုံး၊ ဒယ်အိုး ၁၄၁ လုံး၊ စတီးဇွန်း ၁၄၁ ဒါဇင် နှင့်အိမ်ထောင်စု ၁၄၁ အိမ်ထောင်မှ မိသားစုဝင် ၅၆၆ယောက်အတွက် ထမင်းစားစတီးဇလုံ ၅၆၆ လုံး၊ ဟင်းထည့်ဇလုံ ၄၆၇ လုံးတို့အား ပေးအပ်ကူညီခဲ့ကြောင်း သိရှိရသည်။", "မြို့နယ် ပကဖ အနေဖြင့် မြို့နယ်၏ ကာကွယ်ရေးလုပ်ငန်းများသာမက စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ခြင်း၊ အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သောကျေးရွာများကို စွမ်းနိုင်သမျှကူညီစောင့်ရှောက်ခြင်းများကို အလှူရှင်များ ဒေသခံပြည်သူများနှင့်လက်တွဲ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/123033/
ချောင်းဦးမြို့နယ်အတွင်းရှိ ကြားကာလပညာရေးကျောင်းကို စာသင်ဆောင်များနှင့် အိမ်သာများဆောက်လုပ်ရန် လှူဒါန်း
["ချောင်းဦးမြို့နယ်အတွင်းရှိ ကြားကာလပညာရေးကျောင်းကို စာသင်ဆောင်များနှင့် အိမ်သာများဆောက်လုပ်ရန် လှူဒါန်း", "ရန်ကုန်၊ စက်တင်ဘာ ၁၈", "ချောင်းဦးမြို့နယ်အတွင်းရှိ ကြားကာလပညာရေးကျောင်းတစ်ကျောင်းတွင် လိုအပ်နေသော စာသင်ဆောင်များနှင့် အိမ်သာများဆောက်လုပ်နိုင်ရေးအတွက် မြန်မာကျပ်ငွေ တစ်ဆယ့်နှစ်သိန်းငါးသောင်းကျပ် တိတိကို ချောင်းဦးမြို့နယ်လူငယ်အင်အားစုသပိတ်ကော်မတီမှ သွားရောက်လှူဒါန်းခဲ့ကြသည်။"]
https://yktnews.com/2023/03/94440/
ချောင်းဦးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ဆန်နှင့်ဆီများ လှူဒါန်း
["ချောင်းဦးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ဆန်နှင့်ဆီများ လှူဒါန်း", "ရန်ကုန်၊ မတ် ၂၇", "စစ်ကိုင်းတိုင်း၊ ချောင်ဦးမြို့နယ် အတွင်းရှိ ကျေးရွာ ၁၃ ရွာမှ မီးဘေး သင့် အိမ်​ထောင်စုပေါင်း ၁၁၁ စုအတွက် S&C မီးဘေး စစ်ဘေး ပညာရေးစောင့်ရှောက်ရေး အဖွဲ့ မှ ဆန်နှင့် ဆီများ လှူဒါန်းခဲ့​ကြောင်း သိရသည်။"]
https://yktnews.com/2023/05/104765/
ချောင်းဦးမြို့နယ်၊ ကမ္မရွာကို စစ်တပ်က ယနေ့ ညပိုင်း မီးတင်ရှို့နေပြီး ပြည်သူ ၆၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထား
["ချောင်းဦးမြို့နယ်၊ ကမ္မရွာကို စစ်တပ်က ယနေ့ ညပိုင်း မီးတင်ရှို့နေပြီး ပြည်သူ ၆၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထား", "ရန်ကုန်၊ မေ ၂၇", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကမ္မရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းတွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၂၇ ရက်နေ့ ည ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ချောင်းဦးမြို့နယ်၊ ကမ္မရွာကို မီးရှို့နေပြီး ကျေးရွာအတွင်း၌ ပြည်သူ ၆၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားကာ ငွေကျပ် သိန်း ၁၀၀၀ ကျော် တန်ဖိုးရှိ ရွှေ၊ ငွေ ပစ္စည်းများကို စစ်တပ်က ခိုးယူ လုယက်ထားကြောင်း သိရသည်။", "” ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအုပ်စုက ကမ္မရွာကို ဒီနေ့ ည ၉ နာရီခန့်မှ စစ်ခွေးတွေ မီးရှို့နေပါ​တယ်။ နံနက်ပိုင်းက ရွာကို ၀င်ရောက် စီးနင်းပြီး ဓားစာခံအဖြစ် ပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးထားပြီး ပမာဏသိန်း ၁၀၀၀ ကျော် တန်ဖိုးရှိ ရွှေ၊ ငွေ ပစ္စည်းတွေကိုလည်း ခိုးယူ လုယက် ထားပါတယ်” ဟု ဒေသ ပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/06/107585/
ချောင်းဦးမြို့နယ်၊ ကံဆည်းရွာရှိ ပျူစောထီး စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု ရဲ ၂ ဦးသေဆုံးပြီး ပျူစောထီး ၁၂ ဦး အရှင် ဖမ်းမိ
["ချောင်းဦးမြို့နယ်၊ ကံဆည်းရွာရှိ ပျူစောထီး စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု ရဲ ၂ ဦးသေဆုံးပြီး ပျူစောထီး ၁၂ ဦး အရှင် ဖမ်းမိ", "ရန်ကုန်၊ ဇွန် ၁၄", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဆည်းကျေးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ရဲ ၂ ဦးသေဆုံးကာ ပျူစောထီး ၁၂ ဦးကို အရှင် ဖမ်းဆီးရမိခဲ့ကြောင်း We Must Win – ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့ နံနက် ၆ နာရီခွဲခန့်က ချောင်းဦးမြို့အနောက်ဘက် ချောင်းဦးမြို့နှင့် အမြင့်လမ်းကြား၊ ကင်းမွန်ထော် ပျူစောထီရွာအနီးရှိ ကံဆည်းကျေးရွာ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ နံနက် ၁၀ နာရီခွဲခန့်တွင်စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး ပျူစောထီး အမျိုးသား ၅ ဦး ၊ အမျိုးသမီး ၇ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။", "“အလစ်အငိုက်ဝင်တိုက်ပြီး တိုက်မိုင်းချထားခဲ့တာ၊ ကင်းမွန်ထော်ဘက်က စစ်ကူလာသေးတယ်၊ လာတဲ့ သူတွေ တိုက်မိုင်း ၂ လုံး မိပြီး ရဲ ၂ ဦးသေတာ၊ ကျန်တဲ့သူတွေလဲ ဒဏ်ရာအများအပြား ရတယ်၊ အရပ် ဝတ်တွေနဲ့ စစ်ကူလာကြတာ၊ လက်နက်တော့မရလိုက်ဘူး၊ စစ်ခွေးတွေက လူထက် လက်နက်ကို တန် ဖိုးထားတဲ့ပုံပဲ၊ စစ်ကူချက်ချင်းလာမယ်ထင်ပြီး ခံစစ်ပြင်စောင့်နေသေးတယ်၊ မလာတော့ ထွက်ပြေးကျ ကြတာပါ” We Must Win – ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို We Must Win – ပြောက်ကျားတပ်၊ မုံရွာခရိုင် တပ်ရင်း ၅ ၊ တပ်ရင်း ၁၅ C.R.A ခွဲ ၁၊ ဗန္ဓုလအဖွဲ့၊ မြင်းမူလျှပ်စီး အဖွဲ့၊ ONE LPDF ၊ အညာမိုင်းအဖွဲ့၊ အညာဒေသတော်လှန်ရေးအင်အားစု တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဖမ်းမိလာသော ပျူစောထီးများကို ညှင်းပန်းနှိပ်စက်ခြင်းမပြုပဲ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖ ထံအပ်နှံပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/09/184597/
ချောင်းဦးမြို့နယ်၊ ကံဇီးပျုစောထီးရွာကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးပြီး ၃၀ ကျော် အရှင်မိ၊ စစ်သုံ့ပန်းများကို စစ်ဆေးမှု ပြုလုပ်နေ
["ချောင်းဦးမြို့နယ်၊ ကံဇီးပျုစောထီးရွာကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးပြီး ၃၀ ကျော် အရှင်မိ၊ စစ်သုံ့ပန်းများကို စစ်ဆေးမှု ပြုလုပ်နေ", "ရန်ကုန်၊ စက်တင်ဘာ ၂၂", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဇီးပျုစောထီးရွာကို တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၅ ဦး သေဆုံးပြီး ၃၀ ကျော် အရှင်မိကာ စစ်သုံ့ပန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း မုံရွာ ခရိုင်အမှတ် ၉ တပ်ရင်း တပ်ရေးအရာရှိမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ကံဇီးပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၅ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "ထို့ပြင် တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၃၀ ကျော် သေဆုံးပြီး အရှင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း၊ ယင်း ဖမ်းဆီးရမိသူများကို လက်ရှိချိန်တွင် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ထိတွေ့ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ စခန်းသိမ်း စစ်ဆင်ရေးကို ချောင်းဦးမြို့နယ် အခြေစိုက်တပ်ရင်းများ ဖြစ်သော မုံရွာ ခရိုင် တပ်ရင်း ( ၅၊ ၈ ၊ ၉ ၊ ၁၀ ၊ ၁၂၊ ၁၅ ၊ ၁၇ ) မှ ဦးဆောင်၍ ခရိုင် (ခရိုင်) ပကဖ ၊ မုံရွာခရိုင် တပ်ရင်း ၃၊ မုံရွာခရိုင် တပ်ရင်း ၂၄ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "ချောင်းဦးမြို့နယ် အခြေစိုက်တပ်ရင်းများအနေဖြင့် မြို့နယ်တွင်းတွင် ရှိသော ဒေသ တော်လှန်ရေးတပ်များ၊ မြို့နယ် ပအဖ၊ မြို့နယ် ပလဖ ၊ ခရိုင် ပကဖ များနှင့် ဟန်ချက်ညီစွာ လက်တွဲလျက် စည်းလုံးညီးညွတ်စွာဖြင့် ရန်သူ စကစ တပ်များအား တော်လှန်တိုက်ပွဲဝင် လျက်ရှိကြောင်း မုံရွာ ခရိုင်အမှတ် ၉ တပ်ရင်း တပ်ရေးအရာရှိမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ရှေ့ဆက်၍လည်း စုဖွဲ့မှု ကောင်းမွန်စွာဖြင့် တပ်ရင်း (၇) ရင်းမှ ဦးဆောင်ကာ မြို့နယ် တွင်း စစ်ဆင်ရေးများအား ဦးဆောင် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများကို အသိပေးအပ်ကြောင်း၊ စစ်ဘက်ဆိုင်ရာ သတင်း လုံခြုံရေးနှင့် စစ်စည်းကမ်းများအရ အချို့သော တိုက်ပွဲ သတင်းများအား မထုတ်ပြန်ခြင်း၊ လှုပ်ရှားဆောက်ရွက်နေမှုများအား အသိမပေးခြင်းများအပေါ် နားလည် သည်းခံ၍ ဝန်းရံအားပေးကြပါရန်လည်း မေတ္တာရပ်ခံကြောင်း။ ချောင်းဦးမြို့နယ်တွင်း စစ်ရေးကိစ္စများ၊ စစ်ဆင်ရေးကိစ္စများကို မြို့နယ် တပ်ရင်းများနှင့် ခရိုင်ပကဖ၊ မြို့နယ် ပအဖ၊ ပလဖ များ၊ မိတ်ဖက် Local တပ်ပေါင်းစုများမှ တပြိုင်နက် တပြေးညီအသိပေးထုတ်ပြန်မှသာ အတည်ပြုမှတ်ယူကြပါရန် မုံရွာ ခရိုင်အမှတ် ၉ တပ်ရင်း တပ်ရေးအရာရှိမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2023/10/127244/
ချောင်းဦးမြို့နယ်၊ ကံဇီးပျူရွာမှ ရိက္ခာရှာဖွေရန်နှင့် လုံခြုံရေးအတွက် ထွက်က်လာသော ရဲတပ်ရင်း ၂၆ မှ ရဲတပ်သား ၂ ဦးကို ပစ်ခတ်ဖမ်းဆီးမှု ၂ ဦးစလုံးသေဆုံးပြီး၊ သေနတ် ၂ လက်နှင့် ကျည်ဆံများ သိမ်းဆည်းရရှိ
["ချောင်းဦးမြို့နယ်၊ ကံဇီးပျူရွာမှ ရိက္ခာရှာဖွေရန်နှင့် လုံခြုံရေးအတွက် ထွက်က်လာသော ရဲတပ်ရင်း ၂၆ မှ ရဲတပ်သား ၂ ဦးကို ပစ်ခတ်ဖမ်းဆီးမှု ၂ ဦးစလုံးသေဆုံးပြီး၊ သေနတ် ၂ လက်နှင့် ကျည်ဆံများ သိမ်းဆည်းရရှိ", "ရန်ကုန်၊ အောက်တိုဘာ ၂၀", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဇီး(ပျူ)ရွာမှ စားနပ်ရိက္ခာ ရှာဖွေရန် နှင့် ရှေ့ကင်းထွက်လာသော စစ်ကောင်စီ လက်ကိုင်တုတ် ရဲတပ်ရင်း ၂၆ မှ ရဲတပ်သား ၂ ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၂ ဦးစလုံး သေ ဆုံးသွားပြီး သေနတ် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်းမုံရွာခရိုင် အမှတ် ၅ တပ်ရင်း ASF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ အောက်တိုဘာလ ၁၉ ရက် နံနက် ၇ နာရီခန့်က ချောင်းဦးမြို့နယ်၊ ကံဇီးပျူရွာမှ ရိက္ခာရှာ ရန် ဆိုင်ကယ်ဖြင့် ထွက်လာသော ရဲ နှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ရဲတစ်ဦး နေရာမှာပင် ပွဲချင်းပြီး သေဆုံးပြီး ကျန်ရဲတစ်ဦးကို ဒဏ်ရာများဖြင့် အရှင်ဖမ်းဆီးခေါ်ဆောင် လာစဉ် လမ်း၌ သေဆုံးသွားကြောင်း၊ အဆိုပါ ရဲ ၂ ဦးမှာ အမှတ် ၂၆ ရဲတပ်ရင်းမှ ရဲတပ်သား ထွန်းကျော် စွာ(ခ) ထွန်းထွန်း နှင့် ရဲတပ်သား အောင်ဆန်းမြင့်တို့ဖြစ်ကြောင်း သိရသည်။", "“ပျူရွာအထွက်မှာပဲ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ဖမ်းဆီးခဲ့ရတာ၊ ငှက်ပျောပင်ထွက်ခုတ်တာလို့တော့ သိရပါတယ်၊ ပစ်ခတ်မှုဖြစ်ပြီးတော့ ရွာထဲက စစ်ကူတွေ ထွက်လာသေးတယ်ဗျ၊ သူတို့နဲ့ တော့အပြန် အ လှန် မပစ်ခဲ့ရဘူး၊” ဟု မုံရွာခရိုင် အမှတ် ၅ တပ်ရင်း ASF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "သေဆုံးသွားသော ရဲ၂ ဦးထံမှ G3 သေနတ် နှစ်လက်၊ ကျည်အိမ် ၅ ခု၊ 7.62 ကျည် အတောင့် ၁၅၀ ၊ ကျည် ကာ အင်္ကျီ တစ်ထည်၊ လက်ကိုင်ဖုန်းတစ်လုံး၊ ဆိုင်ကယ်တစ်စီး၊ ဘေးလွယ်အိတ်တစ်လုံး၊ ဓားရှည်တစ် လက်နှင့် ဆက် စပ်ပစ္စည်းများကို သိမ်းဆည်းရရရှိခဲ့ကြောင်း သိရသည်။", "စစ်ဆင်ရေး တိုက်ခိုက်မှုကို ဗျုဟာတပ်ရင်း ၄ ရင်း ဖြစ်သော မုံရွာခရိုင်တပ်ရင်း ၅ – Aung San Force A.S.F မုံရွာခရိုင်တပ်ရင်း ၇ ၊ မုံရွာခရိုင်တပ်ရင်း ၂၅ သံမဏိ Force MPDF၊ မုံရွာခရိုင်တပ်ရင်း ၂၈ တို့နှင့်အတူ We Must Win ၊ မီးတောက်တပ်ခွဲ ၄ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။", "မုံရွာခရိုင် အမှတ် ၅ တပ်ရင်း – Aung San Force သည် အကြမ်းဖက်စစ်ကောင်စီရန်သူ့ တပ်စခန်းများ ကို ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် အရေးပေါ် လိုအပ်နေသော လက်နက်ခဲယမ်းများကို မိဘပြည်သူ များမှ ကူညီပါဝင်အားဖြည့်ပေးကြရန် နှင့် ရန်သူ့တပ်စခန်းများရှိရာ နေရာများကို အတက်နိုင်ဆုံး ရှောင် ရှားသွားလာပေးကြပါရန် မေတ္တာရပ်ခံထားသည်။"]
https://yktnews.com/2025/05/214652/
ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး အသက် ၂၀ အရွယ် ကိုမျိုးခန့်ကိုကို ကို နှိပ်စက် သတ်ဖြတ်ပြီး ရွာသား ၂၀ ကျော်ကို စစ်မှုထမ်းရန် ဖမ်းဆီးသွား
["ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး အသက် ၂၀ အရွယ် ကိုမျိုးခန့်ကိုကို ကို နှိပ်စက် သတ်ဖြတ်ပြီး ရွာသား ၂၀ ကျော်ကို စစ်မှုထမ်းရန်ဖမ်းဆီးသွား", "ရန်ကုန်၊ မေ ၁၅", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး အသက် ၂၀ အရွယ် ကိုမျိုးခန့်ကိုကို ကို နှိပ်စက် သတ်ဖြတ်ပြီး ရွာသား ၂၀ ကျော်ကို စစ်မှုထမ်းရန် ဖမ်းဆီးသွားကြောင်း ချောင်းဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ ၁၃ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်ခန့်တွင် ချောင်းဦးမြို့ရှိ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ စစ်သားများ၊ မြပုလဲဆီဆိုင်ဂိတ်မှ စစ်သားများနှင့် ခင်မွန်ဘက်စုံခြံမှ စစ်သားများ ပူးပေါင်း၍ အင်အားအများအပြားဖြင့် ခင်မွန်ကျေးရွာအတွင်းကို စစ်ကြောင်း ဝင်ရောက်ကာ အသက် ၂၀ အရွယ် ကိုမျိုးခန့်ကိုကို ကို ဓားဖြင့် မွှန်း၍ နှိပ်စက်ကာ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားကြောင်း၊ ထို့ပြင် နောက် ကျေးရွာသား အမျိုးသား ၂၀ ကျော်ကိုလည်း စစ်မှုထမ်းရန် ဖမ်းဆီးသွားကြောင်း သိရသည်။", "“အသတ်ခံရတာက ခင်မွန်ရွာသား ကိုမျိုးခန့်ကိုကိုပါ။ အသက် ၂၀ ဝန်းကျင်အရွယ်ပဲ မျက်နှာကို ဓားနဲ့မွှန်းပြီး စစ်ရင်းဆေးရင်းနဲ့ နောက်ဆုံး သေနတ်နဲ့ ပစ်သတ်သွားတာ ဖမ်းခံရတဲ့သူတွေက အယောက် ၂၀ လောက်ရှိမယ်။ အမျိုးသားတွေချည်းပဲ၊ ခင်မွန်ရွာဆိုတာက စစ်ခွေးအထိုင်စခန်း ၂ ခုကြားမှာရှိတာ စစ်ခွေးအထိုင်စခန်းကလည်း ဟိုဘက်ဒီဘက် မီတာ ၁၀၀၀ ကျော်လောက်ပဲ ကွာတာ မုံရွာ-မန္တလေးလမ်းမ ပေါ်မှာရှိတာဆိုတော့ သူတို့အမြဲတမ်း ဖြတ်ချင်တိုင်းဖြတ် ဝင်ချင်တိုင်းဝင်လို့ ရတဲ့ရွာပေါ့။ အခုလည်း လမ်းကြောင်း အသုံးပြုဖို့ဝင်တဲ့ အနေအထားကနေ ရှောင်တခင်ရွာထဲကို ဝင်တာ လမ်းပိုင်းတင်မဟုတ်ဘဲနဲ့ ရွာရဲ့ရပ်ကွက်တွေထဲအထိ ဝင်ဆွဲတာ” ဟု ချောင်းဦး PDF တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်က သတ်ဖြတ်သွားသည့် ကိုမျိုးခန့်ကိုကို၏ ရုပ်အလောင်းကို ယမန်နေ့ မေလ ၁၄ ရက်နေ့တွင် သဂြိုလ်လိုက်ကြောင်း၊ ဖမ်းဆီးသွားသည့် ခင်မွန်ရွာသားများကိုလည်း ချောင်းဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားကာ ၎င်းမှတဆင့် မေလ ၁၄ ရက် ညပိုင်းတွင် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်သို့ ပို့ ဆောင်လိုက်ကြောင်း သိရသည်"]
https://yktnews.com/2024/04/159230/
ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာသား ၁ ဦးကို စစ်တပ်က ဖမ်းဆီးပြီး နေအိမ် ၁၀ လုံး မီးရှို့ဖျက်ဆီး၊ ပေါက်မြို့နယ်ရှိ ကျောက်တိုင်ခင်းရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး
["ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာသား ၁ ဦးကို စစ်တပ်က ဖမ်းဆီးပြီး နေအိမ် ၁၀ လုံး မီးရှို့ဖျက်ဆီး၊ ပေါက်မြို့နယ်ရှိ ကျောက်တိုင်ခင်းရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၂၅", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာသား ၁ ဦးကို စစ်တပ်က ဖမ်းဆီးပြီး နေအိမ် ၁၀ လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ခင်မွန်ကျေးရွာကို အကြောင်းမဲ့ ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးကာ ပြည်သူပိုင် နေအိမ် ၁၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "“၂၄ ရက်နေ့ ခင်မွန်ရွာကို စစ်ခွေးတွေ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားတယ်။ ပြည်သူပိုင် နေအိမ် ၁၀ လုံး မီးလောင်ပျက်စီးတယ်။ ကျေးရွာနေ ပြည်သူ ၁ ဦးကိုလည်း ဖမ်းခံသွားတယ်။ တိုက်ပွဲမဖြစ်ပါဘူး” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။", "ခင်မွန်ရွာသည် အိမ်ခြေ ၁၀၀၀ ခန့်ရှိသော ကျေးရွာကြီး ဖြစ်ပြီး လက်ရှိချိန်တွင် ဒေသပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရသည်။", "ထို့ပြင် မကွေတိုင်း၊ ပေါက်မြို့နယ်၊ ကျောက်တိုင်ခင်းရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ပေါက်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင် က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၂၃ ရက်နေ့တွင် ပေါက်မြို့နယ် မြောက်ပိုင်းဖလံကိုင်းရေနံမြေရဲစခန်းနှင့် ကျောက်တိုင်ခင်းရွာကို အကြမ်းဖက် စစ်တပ်က ဂျက်တိုက်လေယာဉ်၊ Mi-35 တို့ဖြင့် ဗုံးကျဲ ပစ်ခတ်ခြင်းကြောင့် ကျောက်တိုင်ခင်းရွာမှာ အသက် ၅၀ ကျော် အရွယ် အမျိုးသား ၁ ဦးသေဆုံးကာ စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။", "“စစ်ခွေးတွေက ပေါင် ၃၀၀ ဗုံး ၅လုံး ထက်မနည်းကျဲချပြီး စက်သေနတ်နဲ့ပါ ရမ်းပစ်သွားတာ ပြည်သူ ၁ ဦးသေဆုံးပြီး စာသင်ကျောင်းနဲ့ နေအိမ်တွေပါ ပျက်ဆီးတယ်။ တိုက်ပွဲမဖြစ်ဘူး” ဟု ပေါက်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင် က ပြောဆိုသည်။"]
https://yktnews.com/2024/11/193904/
ချောင်းဦးမြို့နယ်၊ ငါန်းယှန်ကျေးရွာအနီး စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး ခြေပြတ်လက်ပြတ်ဖြစ်
["ချောင်းဦးမြို့နယ်၊ ငါန်းယှန်ကျေးရွာအနီး စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး ခြေပြတ်လက်ပြတ်ဖြစ်", "ရန်ကုန်၊ နိုဝင်ဘာ ၃၀", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါန်းယှန်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ်ခြေလျင်စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ခြေပြတ်လက်ပြတ်ဖြစ်သွားကြောင်း မုံရွာခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် ချောင်းဦးမြို့မရဲစခန်းမှ အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၃၀ ခန့်က မုံရွာ -မန္တလေးလမ်းမပေါ် ငါန်းယှန်ကျေးရွာအနီး ဆီဆိုင်အနီး ဂိတ်ဖွင့်ကာ ခရီးသွားပြည်သူကားများကို ဆက်ကြေးကောက်ရန် ထွက်လာစဉ် ရှေ့ထွက်မိုင်း ၄ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၃ ဦး မှာ ခြေပြတ်လက်ပြတ်ဖြစ်သွားကြောင်း သိရှိရသည်။", "“၄ ယောက်ထိခိုက်ပြီးတော့ ၃ ယောက်က ခြေထောက်ပြတ်၊ လက်တွေပြတ်ဖြတ်သွားတယ်၊ ဘယ်သူတွေက ဘယ်နေရာဘာပြတ်လဲ‌တော့ မသိရဘူး။ တစ်ယောက်ကတော့ အဲလို ပြတ်တာ မရှိဘူး။ ထိခိုက်မှုကတော့ရှိတယ်၊ သေတာမျိုးတော့ မရှိဘူး။ သူတို့ဘက်က ပြန်ပစ်တာနဲ့ ပြန်ပစ် ရင်း အပြန် အလှန် ပစ်တာ နာရီဝက်လောက်ကြာသွားတာ။ ၆၀ မမတွေပစ်တယ်၊ စက်လက်နဲ့ဆွဲတာ ရှိတယ်၊ ကျနော်တို့ဘက်ကရဲဘော်တွေတော့အထိအခိုက်မရှိပါဘူး” ဟု မုံရွာခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ထိုသို့ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် တော်လှန်ရေးတပ်ဖွဲ့များက ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့် ကြာဖြစ်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၁၂ ၊ တပ်ခွဲ ၃ – လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင်အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ- ၄ ၊ မုံခရိုင် အမှတ်-၁၅ တပ်ရင်း နှင့် ရှန်းရှန်းတောက် ပြည်သူ့ကာကွယ်ရေး အဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2025/05/213263/
ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအတွင်း ဝင်ရောက်လာ‌သော စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ
["ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအတွင်း ဝင်ရောက်လာ‌သော စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ", "ရန်ကုန်၊ မေ ၂", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအတွင်း ဝင်ရောက်မွှေနှောက်နေသော စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း Myaung Drone Force MDF မှ ကျားခင်စိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ဧပြီလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအတွင်းသို့ ဝင်ရောက် မွှေနှောက်နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်း ဗုံးသီး ၁၃ လုံးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ၊ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။", "“စစ်ခွေး သေစာရင်းလည်း မသိရသေးပါဘူး။ စစ်ကြောင်းက မထွက်သေးတဲ့ အတွက်ပါ။ စစ်ခွေးတွေက ပြည်သူတွေကို တစ်ယောက်ပြီး တစ်ယောက် ထုတ်သတ်နေတယ်လို့ သိရလို့ သွားရောက် ဒရုန်းချခဲ့တာပါ။ ဒရုန်းချချိန်ပြေးလွှားပြီး အိမ်တွေထဲ ဝင်ပြေးတာတော့ မြင်ရသလို လက်နက်ကြီး၊ လက်နက်ငယ်‌‌တွေနဲ့လည်း ပစ်ခဲ့ပါတယ်။ စစ်ခွေးတွေက ပြည်သူတွေ သတ်တာတော့ အနီးကပ်စောင်ကြည့်သူမရှိလို့ အတိအကျတော့ မသိရပါဘူး” ဟု Myaung Drone Force MDF မှ ကျားခင်စိန်က ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ( ၁ ) တပ်ရင်း အမှတ် (၃) တပ်ခွဲ ၊ မုံရွာခရိုင် ပကဖ ဒရုန်းလက်ရုံးတပ် ၊ Myaung Drone Force M.D.F ၊ ဗိုလ်စာကလေး Drone Strike ၊ အားမန်သစ် ( ငါးဇွန်) ၊ အောင်သပြေညီနောင် Local pdf ၊ peacock Drone Team (Myaung)၊ Revolutionary Air Force (Myaung) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/117944/
ချောင်းဦးမြို့နယ်၊ ငါးယှန်ရွာအနီး စစ်တပ်က ပြည်သူများ သွားလာနေသည့် လမ်းပိုင်းတွင် ထောင်ထားသည့် M-14 နင်းမိုင်းများကို PDF ရဲဘော်များက ဖြုတ်သိမ်း
["ချောင်းဦးမြို့နယ်၊ ငါးယှန်ရွာအနီး စစ်တပ်က ပြည်သူများ သွားလာနေသည့် လမ်းပိုင်းတွင် ထောင်ထားသည့် M-14 နင်းမိုင်းများကို PDF ရဲဘော်များက ဖြုတ်သိမ်း", "ရန်ကုန်၊ သြဂုတ် ၁၂", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ရွာအနီး စစ်တပ်က ပြည်သူများ သွားလာနေသည့် လမ်းပိုင်းတွင် ထောင်ထားသည့် M-14 နင်းမိုင်းများကို PDF ရဲဘော်များက ဖြုတ်သိမ်းခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။", "သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၇ နာရီ ၄၉ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ်၊ နတ်ရေကန်အနီး Jumper ကား ၁ စီးဖြင့် အင်အား ၂၅ ဦးခန့် လိုက်ပါလာသော အကြမ်းဖက် စစ်သားများက ငါးယှန်ကျေးရွာအနီးရှိ ပြည်သူများ အသုံးပြုသည့် လမ်းပိုင်းတွင် နင်းမိုင်းများ လာရောက်ထောင်ထားခဲ့ကြောင်း သိသည်။", "အဆိုပါ နင်းမိုင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များက ပြည်သူများ ထိခိုက်မှုမရှိစေရန် စနစ်တကျ ဖြုတ်သိမ်းခဲ့ကြောင်း၊ M-14 နင်းမိုင်းများသည် ကိုယ်ထည်မှ စ၍ အစိတ်အပိုင်းများကို ပလပ်စတစ်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး သတ္ထုပါဝင်မှု နည်းပါးခြင်းကြောင့် အလွယ်တကူရှာဖွေရန် ခက်ခဲကြောင်း သိရှိရသည်။", "M-14 နင်းမိုင်းများသည် နင်းမိသည့် နေရာမှ အထက်ကို ၁၀ လက်မခန့်အထိ အသေးစားပေါက်ကွဲမှုဖြစ်ပေါ်စေပြီး မိုင်းနင်းမိ သူ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဆုံးရှုံးစေကာ ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်စေရန် ရည်ရွယ်ချက် ဖြင့် ထုတ်လုပ်ထားသည့် နင်းမိုင်းအမျိုးအစားဖြစ်သောကြောင့် ပြည်သူများ မိုင်းအန္တရာယ်ကင်းဝေးစေရေး အထူးသတိထားရန် NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) စစ်ရုံးချုပ်က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/12/136909/
ချောင်းဦးမြို့နယ်၊ ညောင်ပင်တဲကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပကဖ အဖွဲ့ဝင် ၁ ဦးကို ပစ်သတ်၊ ကျေးရွာကို မီးရှို့ဖျက်ဆီးမှု ရွာလုံးကျွတ်နီးပါး ပြာကျ
["ချောင်းဦးမြို့နယ်၊ ညောင်ပင်တဲကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပကဖ အဖွဲ့ဝင် ၁ ဦးကို ပစ်သတ်၊ ကျေးရွာကို မီးရှို့ဖျက်ဆီးမှု ရွာလုံးကျွတ်နီးပါး ပြာကျ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၂", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ညောင်ပင်တဲကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကို ပစ်သတ်ကာ ကျေးရွာကို မီးရှို့ဖျက်ဆီးသဖြင့် ရွာလုံးကျွတ်နီးပါး ပြာကျသွားကြောင်း ချောင်းဦးဆရာတော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ မိန့်ကြားသည်။", "ဒီဇင်ဘာလ ၂၁ ရက်နေ့ နေ့လယ်ပိုင်းတွင် အကြမ်းဖက်စစ်တပ်က ချောင်းဦးမြို့နယ်၊ ညောင်ပင်တဲကျေးရွာကို ဝင်ရောက်စီးနင်းကြောင်း၊ ယင်းနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ဦးခေါင်းတေ့၍ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း၊ယင်းနောက် ကျေးရွာကို မီးရှို့ဖျက်ဆီးရာ ကျေးရွာရှိ အိမ်ခြေ ၁၂၅ လုံး ပြာကျသွားကြောင်း သိရှိရသည်။", "” ပကဖ အဖွဲ့ဝင် တစ်ဦးကို ခေါင်းတေ့ပြီး သေနတ်နဲ့ ပစ်သတ်တယ်။ ပြီးတော့ ကျေးရွာကို မီးရှို့တာမှာ အိမ်ခြေ ၁၂၅ လုံးပါသွားတာ။ တစ်ရွာလုံးနီးနီးပဲ။ အိမ်ခြေ ၄၀ လောက်ပဲ အကောင်းကျန်တယ်။ ကျွဲနွားတိရစ္ဆာန်တွေလည်းသေကြတာအများကြီးပဲ။ မီးထဲပါကုန်တာ။ စစ်တပ်က ရွာမှာ ရှိသမျှအကုန်ယူတာ။ စပါး၊ ဆန် ၊ မြေဆီ အကုန်ယူသွားတာ” ဟု ချောင်းဦး ဆရာတော်က မိန့်ကြားသည်။", "ထို့ပြင် စစ်တပ်က ချောင်းဦးမြို့နယ် ပေါက်ပင်ကျေးရွာ၊နတ်တိုင်ကျောင်းပတ်လည်ရှိ တဲများကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/174721/
ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာ စစ်တပ်ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
["ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာ စစ်တပ်ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၂၀", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ် နတ်ရေကန်ကျေးရွာ အကြမ်းဖက်စစ် တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင်အ မှတ် ၄ တပ်ရင်း – MSPDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇူလိုင်လ ၁၉ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန်မှ ၁ နာရီ ၃၀ မိနစ်အချိန်အထိ ချောင်းဦး မြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်ရှိ နတ်ရေကန်ကျေး ရွာ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို “Shar Htoo WAW နည်းပညာ တိုက် ခိုက်ရေး Fixed Wings Drone များဖြင့် 1 kg AIR BOMB ၈ လုံး ကျ ချ တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ဂိတ်စခန်းမှာက အင်အား ၄၀ လောက်ရှိဦးမယ်၊ ချနေတုန်းက ပြန်ပစ်တာမျိုးတော့မရှိဘူး။ ချပြီး တော့မှ ထွက်လာကြသေးတယ်။စစ်ကြောင်းထွက်လာတာမျိုးတော့မဟုတ်ဘူး။ အရင်ကတော့ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်ပစ်တာရှိ၊ ဒရုန်းချပြီးမှ ဒရုန်းချတဲ့ဘက်ကို စစ်ကြောင်းထွက် လာသလိုပုံစံမျိုးထွက်လာတာ၊ ၂ ဦးသေပြီး ၃ ဦးသေတာတော့ အတည်ဖြစ်တယ်၊ ဒဏ်ရာရတဲ့ ဆေးရုံပို့လား၊ မပို့လားတော့ မသိရဘူး” စစ်ကိုင်းခရိုင်အ မှတ် ၄ တပ်ရင်း – MSPDF တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDFနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များ ဖြစ်ကြသော စစ်ကိုင်းခရိုင်ဒရုန်းတပ်ရင်း-SDDF ၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်းမိတ္ထီလာ Special Defence Force ၊ ချောင်းဦးမြို့နယ်ပကဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/09/124072/
ချောင်းဦးမြို့နယ်၊ နတ်ရေကန်ရွာရှိ စစ်တပ်စခန်းမှ ယာယီ စစ်ကြောင်းမှူးက ပြည်သူ ၉ ဦးကို စခန်းအတွင်း ခေါ်ဆောင် သတ်ဖြတ်
["ချောင်းဦးမြို့နယ်၊ နတ်ရေကန်ရွာရှိ စစ်တပ်စခန်းမှ ယာယီ စစ်ကြောင်းမှူးက ပြည်သူ ၉ ဦးကို စခန်းအတွင်း ခေါ်ဆောင် သတ်ဖြတ်", "ရွာထိပ်ရှိ ဂိတ်စခန်းကို ဖြတ်သန်းသွားလာသော ပြည်သူများထံမှ ငွေကြေး အများအပြား ကောက်ခံ", "ရန်ကုန်၊ စက်တင်ဘာ ၂၆", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ရွာရှိ စစ်တပ်စခန်းမှ ယာယီ စစ်ကြောင်းမှူးက ပြည်သူ ၉ ဦးကို စခန်းအတွင်း ခေါ်ဆောင် သတ်ဖြတ်ခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "၂၀၂၃ ခုနှစ် မေလက စတင်ကာ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ရွာရှိ စစ်တပ် စခန်းကို ပြောင်းရွေ့လာသော ယာယီ စစ်ကြောင်းမှူးက ပြည်သူ ၉ ဦးကို စခန်းအတွင်း သတ်ဖြတ်ကာ ရွာထိပ်ရှိ ဂိတ်စခန်းကို ဖြတ်သန်းသွားလာသော ပြည်သူများထံမှ ငွေကြေး အများအပြား ကောက်ခံခဲ့ကြောင်း သိရသည်။", "နတ်ရေကန်ရွာရှိ စစ်တပ် စခန်း၌ ယာယီစစ်ကြောင်းမှူးသည် မယားငယ် ဖြစ်သူနှင့် နေထိုင်ပြီး ရွာထိပ်ရှိ ဂိတ်စခန်းမှ ဖြတ်သန်းသွားလာသော ကားများကို အကြောင်းမဲ့ ဖမ်းဆီးကြောင်း၊ ၎င်းကြိုက်နှစ်သက်သော ကားဖြစ်လျှင် စခန်းအတွင်း ခေါ်ယူပြီး ကားပိုင်ရှင်များကို သတ်ဖြတ်ကာ ကားကို ယူဆောင်ကြောင်း၊ ထို့ပြင် ဆိုင်ကယ်ပိုင်ရှင်များကိုလည်း ဖမ်းဆီး သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "” ဆိုင်ကယ်လို ပိုင်ရှင်သတ်ပါတယ်။ ကားလို ကားပိုင်ရှင်သတ်ပါတယ်။ သူတို့ ဖမ်းဆီးသတ်ဖြတ်တဲ့ တစ်ယောက်ဆီကို ဂူလို ဘန်ကာတွေလိုထဲ ထည့်ပီး အစာရေ​စာဖြတ် နောက်ဆုံးသေရင် အဲ့ထဲတင် မြေမြုပ်ထားတာပါ။ စခန်းရဲ့ လက်ဝဲဘက် ထန်းပင်တွေ အောက်မှာပါ။ သူတို့ စခန်းထဲ ခေါ်ယူပြီး သတ်ဖြတ်ခဲ့တာ ပြည်သူ ၉ ဦးရှိပြီး ၅ လပိုင်းလောက်ကပဲ သတ်ဖြတ်ခဲ့တာပါ” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။", "ထို့ပြင် နတ်ရေကန်ရွာထိပ်ရှိ ဂိတ်စခန်းမှ ဖြတ်သန်းသွားလာသော ပြည်သူများထံမှ နေ့စဥ် သိန်း ၂၀ ကျပ် မှ သိန်း ၃၀ ကျပ် ထိကောက်ခံပြီး လက်အောက် ငယ်သားများကို တစ်ဦးလျှင် ၅၀၀၀၀ ကျပ် ပေးပြီး ကျန်သော ပိုက်ဆံများကို ယာယီစစ်ကြောင်းမှူး ထံ ပေးဆောင်ရကြောင်း သိရသည်။", "” နေ့စဥ် လမ်းသွားလမ်းလာ ပြည်သူတွေဆီက ငွေ သိန်း ၂၀ ကျပ်ကနေ သိန်း ၃၀ ကျပ်ရပါတယ်။ လက်အောက် ငယ်သားတွေ ကို ၅၀၀၀၀ ကျပ်ဆီပေးပြီး ကျန်တာ အကုန်သူယူတယ်။ ဆိုင်ကယ် ပိုင်ရှင်တွေကိုလည်း PDF နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး မတရားဖမ်းတယ်။ ငွေညှစ်တာတွေလုပ်တယ်” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။", "အဆိုပါ နတ်ရေကန်ရွာရှိ စစ်တပ်စခန်းကို ယာယီ စစ်ကြောင်းမှူးက အုပ်ချုပ်ပြီး ၎င်းလက်အောက်တွင် ဒုရဲ ၁ ဦးကို ဦးစီး ရဲတပ်ဖွဲ့ အဖြစ်ထားရှိပြီး Drone အရာရှိ ၁ ဦး ၊ အခြားအဆင့် ငြိမ်း ၅ ဦးခန့်၊ ပြည်သူစစ် ၃၉ ဦးနှင့် စစ်သား ၇ ဦးတို့ရှိကြောင်း တပ်တွင်း သတင်းရင်းမြစ် ပြောဆိုချက်အရ သိရသည်။", "(ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် သတ်ဖြတ်မှုကျူးလွန်သူ၏ အမည်နှင့်တကွ ဖော်ပြထားပါသည်)"]
https://yktnews.com/2023/09/124314/
ချောင်းဦးမြို့နယ်၊ မင်းတည်ကျေးရွာတွင် စစ်တပ်က တပ်စွဲပြီး ပြည်သူများကို ဖမ်းဆီး နှိပ်စက် နေကာ တော်လှန်ရေး ရဲဘော် ၃ ဦးနှင့် ပြည်သူ ၁ ဦး သေဆုံး ၊ ၀ိုင်းမော် တွင်လည်း စစ်ဘေးရှောင် ပြည်သူများကို စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီး
["ချောင်းဦးမြို့နယ်၊ မင်းတည်ကျေးရွာတွင် စစ်တပ်က တပ်စွဲပြီး ပြည်သူများကို ဖမ်းဆီး နှိပ်စက် နေကာ တော်လှန်ရေး ရဲဘော် ၃ ဦးနှင့် ပြည်သူ ၁ ဦး သေဆုံး ၊ ၀ိုင်းမော် တွင်လည်း စစ်ဘေးရှောင် ပြည်သူများကို စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီး", "ရန်ကုန်၊ စက်တင်ဘာ ၂၈", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မင်းတည်ကျေးရွာတွင် စစ်တပ်က တပ်စွဲထား ပြီး အနီးအနား ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူအများအပြားကို ဖမ်းဆီးနှိပ် စက်နေကာ တော်လှန်ရေးရဲဘော် ၃ ဦးနှင့် ပြည်သူ ၁ ဦး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၂၆ ရက်နေ့ စစ်ကိုင်းတိုင်း၊ ​ချောင်းဦးမြို့နယ်၊ မင်းတည်၊ မင်းခေါင် နှင့် မကျည်းခွ ရွာများအနီးတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၂ စီးဖြင့် ကွန်မန်ဒို စစ်သားများ လာရောက်ချသွားပြီး အဆိုပါ စစ်သားများက မင်းတည်ကျေးရွာအတွင်းသို့ ဝင်ရောက်တပ်စွဲကာ အနီးအနား ကျေးရွာများမှ ပြည်သူများကို ဖမ်းဆီးနှိပ်စက်လျက်ရှိကြောင်း၊ ပြည်သူ အများအပြား ဖမ်းဆီးခံထားရပြီး သေဆုံးမှုများ ရှိနိုင်ကြောင်း၊ လတ်တလော တော်လှန်ရေး ရဲဘော် ၃ ဦးနှင့် ပြည်သူ ၁ ဦး သေဆုံးသွားကြောင်း သိရှိရသည်။", "“လက်ရှိမှာတော့ အနီးနားရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာနေရာ တွေကို ထွက်ပြေးတိမ်းရှောင်ကြရတာကြောင့် သောက်သုံးရေနဲ့ စားနပ်ရိက္ခာ အခက်အခဲကြီးမားစွာဖြစ်နေပါတယ်။ စစ်တပ်စစ်ကြောင်းက လက်ရှိ မင်းတည် ရွာမှာ အထိုင်ချနေပြီး ရွာခံဒေသပြည်သူတွေကို ဖမ်းဆီးထားတယ်။ တချို့ဒေသပြည်သူတွေလည်း ရွာကထွက်မရဖြစ်ပြီး ပိတ်မိနေပါတယ်။ ရွာထဲ ကို စစ်တပ်က ပစ်ခတ်ပြီး ဝင်ရောက်လာတာမို့ အသေအပျောက်ရှိနိုင်တယ်။", "အသေအပျောက်စာရင်းတော့ သေချာမသိရသေးဘူး။ စက်တင်ဘာလ ၂၆ ရက်နေ့မှာ Mi17နဲ့ Mi35 နှစ်စီးနဲ့ စစ်သားတွေ၊ လက်နက်ခဲယမ်းတွေ လာချ ပြီး ရွာတွေကို ဝင်စီးတာ” ဟု ဒေသပြည်သူက အခြေအနေကို ရှင်းပြသည်။", "ချောင်းဦးမြို့နယ်မှ ချောင်းဦးဆရာတော် ဦးနန္ဒကမူ စစ်တပ် တပ်စွဲထားသော မင်းတည်ရွာတွင် စစ်တပ်၏ သတ်ဖြတ်မှုကြောင့် တော်လှန်ရေး ရဲဘော် ၃ ဦး နှင့် ပြည်သူ ၁ ဦး သေဆုံးသွားကြောင်း အတည်ပြုပြောဆိုသည်။", "“မင်းတည်ကျေးရွာမှာ ကျတာကတော့ရဲဘော် ၃ယောက်ကတော့ ပြည်သူတစ် ယောက်ကတော့သေချာပြီ။ ခွေးတွေက ရွာထဲရှိနေသေးတော့ ဘယ်သူမှ တော့ အတိအကျသတင်းမရနိုင်သေးဘူး” ဟု ချောင်းဦးဆရာတော် ဦးနန္ဒက ရှင်းပြ သည်။", "အလားတူ ကချင်ပြည်နယ် ၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ဂစိုးကကျေးရွာ နှင့် ဂါးရာယန်ရွာအလယ်တွင် ရှိသည့် ဆမားဒေသ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းဝင်းတွင် ခိုလှုံနေသော စစ်ဘေးရှောင်နေသည့် ပြည်သူ ၈ ဦး ကို စက်တင်ဘာ ၂၇ ရက်နေ့တွင် လီဆူ ရွှေမင်း ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီး သွားခဲ့ပြီး ဓမ္မဆရာများ၊ ရပ်ရွာလူကြီးများက သွားရောက် တောင်းဆိုမှသာ ပြန်လည် လွှတ်ပေးကြောင်း ဒေသပြည်သူများက ပြောကြားသည်။", "စစ်တပ်လက်အောက်ခံ လီဆူ ရွှေမင်း ပြည်သူ့စစ်အဖွဲ့က မတရား ဖမ်းဆီးခဲ့သူများမှာ ဦးမရန်ဘန်နန်၊ ဦးလတန်ဇယ်ဂျုန်း၊ မောင်ခေါင်ဒေါန်၊ မောင်ဘရန်လာ၊ ဦးကီနောအောင်၊ ဦးမာတူး၊ ဦးမောင်ဌေး၊ မောင်နော်ဒင့် တို့ ဖြစ်ကြကြောင်း သိရှိရသည်။", "“မနေ့ ညနေပိုင်း ၂နာရီခွဲနဲ့ ၃နာရီကြားမှာ အဖမ်းခံရပြီး ဓမ္မဆရာတွေနဲ့ ရပ်ကွက်လူကြီးတွေက သွားတောင်းဆိုမှ ညနေ ၆နာရီမှာပဲ လွှတ်ပေးလာ တာ”ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန သို့ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်နှင့် ရွှေမင်းပြည်သူ့စစ်အဖွဲ့သည် ပြည်သူများကို မကြာ ခဏ လူသားဒိုင်းအဖြစ် ဖမ်းဆီးလေ့ရှိပြီး လူအခွင့်အရေး ချိုးဖောက် လေ့ရှိ ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ဓာတ်ပုံ- ဒီပဲယင်းတွင် ဇူလိုင်လ ၃၁ ရက်နေ့ ညပိုင်း စစ်တပ်က စစ်ကြောင်း ထိုး လာ၍ ထွက်ပြေးနေရသည့် ပြည်သူများ။", "Photo By Photo – ဒီပဲယင်း စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့"]
https://yktnews.com/2024/05/164478/
ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းပေါ်တွင် စစ်တပ်၏ တွဲကားယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး
["ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းပေါ်တွင် စစ်တပ်၏ တွဲကားယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး", "ရန်ကုန်၊ မေ ၂၅", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ် နတ်ရေကန်နှင့် ရေးပိုးစားကန်ကြား၌ အ ကြမ်းဖက်စစ်တပ်တွဲကားယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း People’s Defense Force – South Monywa မှ Daung Karyan က ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ မေလ ၂၄ ရက် ညနေ ၆ နာရီ ၆ မိနစ်အချိန်က ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီများ တင်ဆောင် ပြီး ထွက်လာသော တွဲကား ၉ စီးသည် နတ်ရေကန်ဂိတ်တွင် ခေတ္တနား၍ မြင်းမူဘက်သို့ ဆက်လက် ထွက်ခွာလာစဉ် ၅ စီးမြောက်တွဲကားကို ချောင်းဦးမြိုနယ်၊ နတ်ရေကန်နှင့် ရေးပိုးစားကန်ကြား၌ ပဒေသာမိုင်း ၅ လုံး၊ ၈ စီးမြောက်တွဲကားကို ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "“ထိထိမိမိ တိုက်ခိုက်နိုင်ခဲ့တာ၊ ၈ စီးမြောက်တွဲကားက ခေါင်မိုးပါလန်ပြီး ထိုးရပ်သွားတယ်၊ ခဏ လောက်ရပ်သွားပြီးတော့ ပြန်ဆက်မောင်းသွားပါတယ်။“ထိထိမိမိ တိုက်ခိုက်နိုင်ခဲ့တာ၊ ၈ စီးမြောက်တွဲကားက ခေါင်မိုးပါလန်ပြီး ထိုးရပ်သွားတယ်၊ ခဏ လောက်ရပ်သွားပြီးတော့ ပြန်ဆက်မောင်းသွားပါတယ်။ အဲဒီကား ပေါ်က စစ်သား ၂ ဦး အပြင်း အထန် ဒဏ်ရာရပြီး တစ်ဦးသေတယ်လို့ တိကျတဲ့သတင်းရင်းမြစ်ဆီက ရထားပါတယ်။ အပြန် အလှန် ပစ်ခတ်မှုတော့ မဖြစ်ခဲ့ဘူး။ သူတို့ဘက်ကတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းပစ် တာရှိပါတယ်” ဟု People’s Defense Force – South Monywa မှ Daung Karyan က ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ရေပိုးစားကန်ကျေးရွာတွင် ရောက်ရှိနေသော အကြမ်းဖက် စစ်သား များနှင့် လမ်းပိုင်းကင်းချထားသော အကြမ်းဖက်စစ်သားများက နှစ်ဖက်ညှပ်၍ လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defense Force – South Monywa တပ်ခွဲ ၁ ၊ နွေဦးလူငယ် People’s Defense Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defense Force ၊ Pentagram နှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒို တပ်ဖွဲ့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြ်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း People’s Defense Force – South Monywa အနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဆက်လက်ချေမှုန်းတိုက် ခိုက်နိုင်ရန် အတွက် ခဲယမ်းများစွာ လိုအပ် လျက်ရှိပြီး ပြန်လည် ဖြည့်တင်းရန် ရန်ပုံငွေအခက်အခဲများစွာ ရင်ဆိုင်နေရသဖြင့် ပြည်သူများက ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် မေတ္တာရပ်ခံထားသည်။", "ဓာတ်ပုံ- ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီများ သယ်ဆောင်လေ့ရှိသော စစ်ကောင်စီ၏ တွဲကားတစ်စီး"]
https://yktnews.com/2025/01/199918/
ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ကင်းပုန်းဝပ်နေသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးထက်မနည်းသေဆုံးဟုဆို
["ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ကင်းပုန်းဝပ်နေသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးထက်မနည်းသေဆုံးဟုဆို", "ရန်ကုန်၊ ဇန်နဝါရီ ၁၈", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမကြီးဘေးရှိ အဆောက်အအုံတစ်ခုအတွင်း ကင်းပုန်းဝပ်နေသော စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်အချိန် ချောင်းဦးမြို့နယ် မုံရွာ-မန္တလေးလမ်းပိုင်း တနေရာရှိ ပြည်သူပိုင်အဆောက်အဦး ၁ လုံးအတွင်း၌ ကင်းပုန်းဝပ်ရန် အကြမ်းဖက်စစ်သား ၂ ဦး ရောက်ရှိလာပြီး စစ်ဆေးကြည့်ရှုခဲ့ကြောင်း၊ ၅ မိနစ်ခန့်အကြာတွင် ယင်းအကြမ်းဖက်စစ်သား ၂ ဦး ပြန်လည်ထွက်သွားပြီးနောက် ၃ မိနစ်ခန့်အကြာ ချောင်းဦးမြို့တွင်းမှ ဖောကားအဖြူရောင် ၂ စီးဖြင့် အကြမ်းဖက်စစ်သား ၃၀ ခန့်ရှိလာခဲ့ကြောင်း သိရသည်။", "ထိုသို့ ရောက်ရှိလာပြီးနောက် အကြမ်းဖက်စစ်သားများ အသီးသီးနေရာယူရန် ပြင်ဆင်နေစဉ် ချောင်းဦးမြို့နယ် ပကဖ တိုက် ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့ ၄ မှရဲဘော်များက အဆောက် အအုံ အဝင်တွင် မိုင်း ၂ လုံး၊ အဆောက်အအုံနှင့် မုံရွာ မန္တလေးလမ်းမကြီးအကြား မိုင်း ၂ လုံး တို့ဖြင့် တပြိုင်တည် တည်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးထက်မနည်းသေဆုံးသွားကြောင်း သိရသည်။", "“ချောင်းဦးမြို့ထဲကနေထွက်တဲ့စခတွေပဲ၊ ကျနော်တို့ယူဆတာတော့ မုံရွာ-မန္တလေးလမ်းကြောင်းမှာ လမ်းကြောင်းရှိပုံရတယ်၊ ပုံမှန်လည်းအဲလိုလမ်းကြောင်းရှိတဲ့အခါမှာ ကင်းပုန်းထွက်နေကြ။ ၂ ဦးက အဆောက်အအုံအတွင်းကို ပထမဆုံးလာကြည့်တဲ့သဘောပဲ၊ သူတို့ကင်းယူမယ့်နေရာကို ခဏလာ ကြည့်ပြီးတော့ ပြန်ထွက်သွားချင်းချင်းပဲ ၃ မိနစ်လောက်ပဲကြာမှာ ဖောကား ၂ စီးနဲ့ အင်အားရောက် လာတာ၊ ရောက်ရောက်ချင်း နေရာယူကြဖို့ပြင်နေတုန်း တချို့အဆောက်အအုံထဲဝင်နေတုန်း တချို့ လမ်းပေါ်မှာရှိနေတဲ့အချိန် ၄ လုံးပဒေသာမိုင်းနဲ့ဆွဲတာ။ အဆောက်အုံထဲမှာလည်း သေတာရှိတယ်၊ လမ်းပေါ်မှာလည်းအလောင်းတွေရှိတယ်၊ ဒဏ်ရာရတဲ့သူတွေကို ဦးစားပေးပြီးတော့ ချောင်းဦးမြို့ထဲသယ်သွားပြီ။ အလောင်းတွေကတော့ အခုချိန်အထိ မကောက်နိုင်သေးဘူး။ လက်ရှိ မျက်မြင်ကတော့ ၇ ဦးရှိတယ်၊ ဒါ့ထက်ပိုမယ်တိတိကျကျတော့မသိရသေးဘူး။” ဟု ချောင်းဦးမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ထို့အပြင် သေဆုံးဒဏ်ရာရ အကြမ်းဖက်စစ်သားများကို သယ်ယူရန် ကင်းပုန်းထွက်လာသော အကြမ်းဖက်စစ်သားများနှင့် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁ ဦး ထက်မံသေဆုံးခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက် စစ်သားများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“မျက်မြင်သေတာက ထိတွေ့တိုက်ပွဲမှာရောဆိုရင် ၈ ဦးရှိတယ်၊ အဆောက်အအုံထဲမှာလည်း အ လောင်းတွေတော်တော်များတယ်လို့ သတင်းရထားတယ်။ ဖောကား ၂ စီးနဲ့ဆိုတော့ အင်အားက ခန့်မှန်းခြေ ၂၀ နဲ့ ၃၀ ကြားရှိမယ်၊ ထိတွေ့မှုက အလောင်းကောက်ဖို့နဲ့ ဒဏ်ရာရသူတွေသယ်ဖို့ အတွက် ထပ်ပြီးတော့ ကင်းထပ်တိုးတဲ့အချိန်မှာ ကျနော်တို့ ကင်းပုန်းရဲဘော်နဲ့တွေ့ပြီးတော့ ထိတွေ့ မှုဖြစ်တာ၊ သူတို့ဘက်ကလက်နက်ကြီးပစ်ခတ်မှုတော့ရှိတယ်၊ ဒါပေမယ့် ကျနော်တို့ရဲဘော်တွေ အန္တရာယ်ကင်းပါတယ်။” ဟု ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "စစ်တပ်စစ်ကြောင်း မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သားများ သေဆုံးမှုများပြားသည့်အပြင် ဗိုလ် ၁ ဦးအပါအဝင် အကြမ်းဖက်စစ်သား ၁၀ ဦးခန့် ချောင်းဦမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိနေ ကြောင်း သိရသည်။", "တော်လှန်ရေးတပ်များ၏ စစ်ဆင်ရေး တိုင်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားအင်အားတိုးမြှင့်ကာ စစ်ဆေးမှုများ ပြုလုပ်နေ သည့်အပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်နေသောကြောင့် မုံရွာ -မန္တလေးလမ်းကို အသုံးပြု သွားလာနေကြသော ခရီးသွားပြည်သူသူများအနေဖြင့် စစ်ရေး ၊ အသိ ၊ သတိထားဆင်ခြင်၍ သွားလာကြပါရန် တိုက်တွန်းမေတ္တာရပ်ခံ ထားသည်။"]
https://yktnews.com/2024/05/162848/
ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်တွင် စစ်ယာဉ်တန်းကို ၂ ကြိမ် မိုင်းဆွဲပစ်ခတ် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး
["ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်တွင် စစ်ယာဉ်တန်းကို ၂ ကြိမ် မိုင်းဆွဲပစ်ခတ် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး", "ရန်ကုန်၊ မေ ၁၆", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာတင်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း People’s Defense Force – South Monywa ထံမှ သိရသည်။", "မေလ၁၅ ရက် ညနေ ၄ နာရီ မိနစ် ၃၀ အချိန်ခန့်က ချောင်းဦးမြို့နယ်၊ နတ်ရေကန်နှင့် ရေပိုးစားရွာ ကြား၌ စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ ထွက်လာသော တွဲကား ၁၀ စီးပါယာဥ်တန်းအနက် ၃ စီးမြောက် လိုက်ပါလာသော ရိက္ခာတင်ကားကို ထန်းလုံးမိုင်း အကြီး ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ပြီး ၆ စီး မြောက်လိုက်ပါလာသော ရိက္ခာတင်ကားကို လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ ကားပေါ် ပါအကြမ်းဖက်စစ်သားများမှ လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People’s Defense Force – South Monywa တပ်ခွဲ ၁ မုံရွာခရိုင်တပ်ရင်း ၂၄ တပ်ခွဲ ၁ ၊ နွေဦးလူငယ် People’s Defense Force ၊ Myinmu Local Defense Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Pentagram ၊ လျှပ်တ ပြတ်စွန်ညို နှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အထွက်၌ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ထွက်လသော အကြမ်းဖက် စစ်ကောင် စီ၏ ကြေးနီတင်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Area71 PDF Monywa တပ်ဖွဲ့ထံမှ သိရသည်။", "ယနေ့‌ မေလ ၁၆ ရက် မွန်းတည့် ၁၂ နာရီအချိန်တွင် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ တပ်ဘက်မှ ထွက်လာသော အကြမ်းဖက်စစ်ယာဉ်တန်းမှ ပထမ အစီးနှင့် ဒုတိယအစီးကို မုံရွာမြို့အထွက် မုံရွာ-ချောင်းဦးလမ်းပိုင်း၌ Area71 PDF Monywa တပ်ဖွဲ့ဝင် ရဲဘော်များက ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိထိမိမိ ပေါက်ကွဲထိမှန်ခဲ့ကြောင်း သိရသည်။", "ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုအပြီးအကြမ်းဖက်စစ်သား ကင်းပုန်းများမှ လက်နက်ငယ်များဖြင့် ရမ်း သမ်းပစ်ခတ်ခဲ့သော်လည်း အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်း‌နေဆဲဖြစ်ကြောင်း သိရသည်။", "ဓာတ်ပုံ-ယမန်နှစ်များအတွင်း ကရင်နီပြည်တွင် မိုင်းထိမှန်ထားသော စစ်ကောင်စီတပ်၏ စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/06/166214/
ချောင်းဦးမြို့နယ်၊ မုံရွေးတိုးဂိတ်အနီးတွင် ဆက်ကြေးကောက်နေသော စစ်တပ်ကို မိုင်းဆွဲမှု စစ်သား ၂ ဦးသေဆုံး
["ချောင်းဦးမြို့နယ်၊ မုံရွေးတိုးဂိတ်အနီးတွင် ဆက်ကြေးကောက်နေသော စစ်တပ်ကို မိုင်းဆွဲမှု စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၆", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွေးတိုးဂိတ်အနီးတွင် ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defense Force – South Monywa မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇွန်လ ၃ ရက် နံနက် ၉ နာရီခန့်က ချောင်းဦးမြို့နယ်၊ မြပုလဲ စခန်းဂိတ်မှ ထွက်လာသော အကြမ်း ဖက် စစ်သားများသည် မုံရွေးတိုးဂိတ်အနီး တပ်ဖြန့်နေရာယူကာ လမ်းသွားလမ်းလာပြည်သူများကို တားဆီး စစ်ဆေးအနိုင်ကျင့်လျက်ရှိရာမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းကွင်းပေါ်သို့ အကြမ်းဖက်စစ်သား ၂ ဦးရောက်ရှိလာသဖြင့် ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ယင်းစစ်သား ၂ ဦးနေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။", "“မုံရွေးတိုးဂိတ်မှာက တပ်စွဲထားတာ မရှိပါဘူး။ မြပုလဲ ဂိတ်ကနေ ထွက်လာပြီး ကင်းပုန်းဝပ်၊ လမ်း သွားလမ်းလာတွေ စစ်ဆေး ဆတ်ကြေးကောက်နေတာပါ” ဟု မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defense Force – South Monywa မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ကျန်အကြမ်းဖက်စစ်သားများက လမ်းဘေးဝဲယာသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အ ခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defense Force – South Monywa တပ်ခွဲ ၁ ၊ မုံရွာခရိုင်တပ်ရင်း ၁၁ တပ်ခွဲ ၃ ၊ တပ်စု ၂ – Youth Vigor Revolution Force ၊ မုံရွာခရိုင် တပ်ရင်း ၂၄ တပ်ခွဲ ၂ နှင့် ကနောင်မင်းသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ပြည်သူများအနေဖြင့် လမ်းပေါ်တွင်အကြမ်းဖက်စစ်သားများရှိနေပါက ၎င်းတို့နှင့် နီးကပ်စွာ နေ ထိုင်ခြင်းမပြုဘဲ အတတ်နိုင်ဆုံးရှောင်ရှားသွားလာကြပါရန် ၊ မဖြစ်မနေခရီးသွားလာနေကြရသည့် ခရီးသွားပြည်သူများအနေဖြင့် ဂရုစိုက်သွားလာကြပါရန်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ထုတ် ပြန် ကြေညာ ချက် များကို လေးစားစွာ လိုက်နာပေးကြပါရန် မေတ္တာရပ်ခံ ထားသည်။"]
https://yktnews.com/2023/11/129734/
ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင် စခန်းသိမ်းတိုက်ပွဲကို စစ်ကူလာသည့် ကား ၂ စီးအား မိုင်းဆွဲ ဖြတ်တောက် တိုက်ခိုက်
["ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင် စခန်းသိမ်းတိုက်ပွဲကို စစ်ကူလာသည့် ကား ၂ စီးအား မိုင်းဆွဲ ဖြတ်တောက် တိုက်ခိုက်", "ရန်ကုန်၊ နိုဝင်ဘာ ၅", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်စဥ် စစ်ကူလာသည့် ကား ၂ စီးကို မိုင်းဆွဲ ဖြတ်တောက် တိုက်ခိုက်နိုင်ခဲ့ ကြောင်း Area 71 People Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။", "ယမန်နေ့ နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီခန့်က စ၍ ချောင်းဦးမြို့နယ် မြပုလဲဆီဆိုင်၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး စခန်းသိမ်း တိုက်ပွဲ ဆင်နွှဲခဲ့ကြောင်း၊ ထို့သို့ တိုက်ခိုက်နေစဥ် နံနက် ၈ နာရီ ၁၀ မိနစ်၌ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ မှ စစ်သား အပြည့် တင်ဆောင်ထားသည့် သံပြားကာ ကား ၂ စီးဖြင့် စစ်ကူပေးရန် ထွက်ခွာလာခဲ့ကြောင်း သိရသည်။", "စစ်ကူလာသော စစ်ကား ၂ စီးကို မုံရွာမြို့၏ တောင်ဘက်အထွက် တိုးဂိတ် နေရာအရောက်၌ အလွယ်တကူ သွားလာ၍ မရစေရန် အတားအစီးများ ပြုလုပ်ထားရာ အ ကြမ်းဖက် စစ်သားများ ကြောက်လန့်ပြီး မိုင်းကွင်းနားမရောက်ခင် တရစပ် ပစ်ခတ်ဝင်ရောက်လာခဲ့ကြောင်း၊ ထို့သို့ ပစ်ခတ် ဝင်ရောက်လာသည့် စစ်သားများကို ပဒေသာ မိုင်း ၃ လုံးတွဲ တစ်စုံ၊ ၄ လုံးတွဲ တစ်စုံ၊ ၅ လုံး တွဲ တစ်စုံတို့ဖြင့် မိုင်းပွိုင့် ၉ ဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“ချောင်းဦး မြပုလဲဆီဆိုင်ကို အဖွဲ့စုံစုပြီး စခန်းသိမ်း မစ်ရှင်လုပ်နေချိန်မှာ နမခကနေ အင်အားဖြည့်တဲ့ ကား ၂ စီးကို မိုင်းဆွဲကြတာပါ၊ အသေအပျောက်တော့ ရှိနိုင်ပါတယ်၊ သေသေချာချာ စောင့်ကြည့်ဖို့ ခက် ခဲ တာရော၊ အခုနောက်ပိုင်း ခွေးတွေက သေရင် အလောင်းကို အမြင်မခံတော့ဘူး၊ ဝှက်ထားကြတာ၊ အဲဒါကြောင့် ပြောရခက်တာပါ၊ အဲဒီကြားနှစ်စီးကတော့ ရှေ့ဆက်မတိုးနိုင်တော့ပဲ အနီးနားက မုံရွေးရွာ ကို လက်နက်ကြီးနဲ့ထုတာ နေအိမ် ၃ လုံးမီးလောင်သွားပါတယ်၊” ဟု Area 71 People Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ ဖြတ်တောက် တိုက်ခိုက်မှုကို Area 71 PDF Monywa အဖွဲ့ ၊ YOUTH VIGOR REVLUTION FORCE ၊ ANYAR DEFENCE FORCE (ADF) ၊ People Defence Force နွေဦးလူငယ် ၊ Myanmar Islamic Commandos (MIC PDF) နှင့် BLACK HERO LOCAL PDF တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။"]
https://yktnews.com/2023/11/130075/
ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင်ဂိတ်စခန်း တိုက်ခိုက်မှုအတွင်း ထွက်ပြေးလာသည့် ပျူစောထီး ၂ ဦးကို သေနတ် ၂ လက်နှင့်အတူ ဖမ်းမိ
["ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင်ဂိတ်စခန်း တိုက်ခိုက်မှုအတွင်း ထွက်ပြေးလာသည့် ပျူစောထီး ၂ ဦးကို သေနတ် ၂ လက်နှင့်အတူ ဖမ်းမိ", "ရန်ကုန်၊ နိုဝင်ဘာ ၇", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင်၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ဂိတ်ကို ဝင် ရောက်တိုက်ခိုက်မှုအတွင်း ထွက်ပြေးလာသည့် ပျူစောထီး ၂ ဦးကို သေနတ် ၂ လက်နှင့်အတူ ဖမ်းမိ ခဲ့ကြောင်း Area 71 People’s Defense Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "နိုဝင်ဘာလ ၄ ရက် နံနက် ၈ နာရီခန့်က မြပုလဲဆီဆိုင်ဂိတ်မှ ထွက်ပြေးသွားသည့် အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို လက်ရဖမ်းဆီးနိုင်ရန် နီးစပ်ရာတောများအတွင်း အဖွဲ့ ၃ ဖွဲ့ခွဲကာ တောနင်းရှာဖွေစဉ် စိုက်ခင်းတစ်ခုကြား ပုန်းခိုနေသော ပျူစောထီး ၂ ဦးကို ကာဘိုင် သေနတ် ၂ လက်နှင့်အတူ ဖမ်းဆီး နိုင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“ရေမြောင်း ကျည်းကျည်းလေးထဲမှာ ပုန်းနေကြတာ၊ သူတို့ တက်နင်းမိလို့ တွေ့တာ၊ သူတို့ဝတ်ထားတဲ့ ယူနီဖောင်းနဲ့ မြေပြင်က ရောနေတာ၊ ဟာသတွေကို ဖြစ်လို့၊ သူတို့ကသာ ပြန်ခုခံလိုက်ရင် ကျနော်တို့ ဘက် ထိနိုင်တယ်၊ သူတို့လည်း သေမှာပဲ” ဟု Area 71 People’s Defense Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "အဆိုပါ ဖမ်းဆီးရရှိသည့် ပျူစောထီး ၂ ဦးနှင့်အတူ ကာဘိုင်သေနတ် ၂ လက်ကို NUG အစိုးရ လက် အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သို့ နိုဝင်ဘာလ ၄ ရက်နေ့ကတည်းက လွှဲပြောင်းပေး အပ်လိုက် ပြီဖြစ်ကြောင်း၊ စစ်အာဏာရှင်အမြစ်ဖြတ်ရေးအတွက် မည့်သည့် တော်လှန်ရေးအဖွဲ့အစည်းနှင့်မဆို ပူးပေါင်းကာ တော်လှန်ရေးကြီးအောင်မြင်ပြီးဆုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း Area 71 People Defense Force က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/06/169784/
ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင်ဂိတ်မှ မိုင်းရှင်းရန် ထွက်လာသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး
["ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင်ဂိတ်မှ မိုင်းရှင်းရန် ထွက်လာသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၂၄", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင်ဂိတ်မှ မိုင်းရှင်းထွက်လာသည့် အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း Area 71 PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဇွန်လ ၂၄ ရက် နံနက် ၉ နာရီ မိနစ် ၂၀ အချိန်တွင် ချောင်းဦးမြို့နယ်၊ မြပုလဲ ဆီဆိုင်ဂိတ်မှ ခရီးသည်တင်ကားများဖြင့် လိုက်ပါလာပြီး မုံရွာ -ချောင်းဦးလမ်းပေါ်တွင် ပြည်သူများကို မိုင်းရှာဖွေ ရှင်းလင်းခိုင်းပြီးနောက် ခရီးသွားပြည်သူများ မိုင်းကွင်းလွတ်ကင်းသွားသည့်အချိန် ကျန်ရှိနေခဲ့သော အကြမ်းဖက် စစ်သား ၂ ဦးကို မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“ပြည်သူတွေကို မိုင်းရှင်းခိုင်းနေတော့ အချိန်အတော်တော်ကြာမခွဲဘဲ စောင့်လိုက်ရသေးတယ်။ ပြည် သူတွေ မိုင်းကွင်လွတ်ကင်းသွားမှ ကျန်နေတဲ့ စခ ၂ ဦးမိုင်းကွင်းထဲရောက်လာတဲ့အချိန် ဖောက် ခွဲ တိုက်ခိုက်လိုက်ရတာ။ ပြည်သူတွေ မထိအောင် ဘယ်လိုလုပ်ဆောင်ခဲ့ရလဲဆိုတာ Video က သက် သေပါပဲ၊ ကျနော်တို့မှာ ရှေ့လျှောက် ငုတ်တုတ်ထိုင်နေရမယ့်အခြေအနေဖြစ်နေပြီ။ ဘဏ္ဍာရေး အ ခြေ အနေ အတော်လေးအခက်အခဲဖြစ်နေပါတယ်။ မိဘပြည်သူတွေအနေနဲ့ လက်လှမ်းမီသ လောက် တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပေးကြပါအုံးလို့ မေတ္တာရပ်ခံချင်ပါတယ်။” ဟု Area 71 PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ထို့သို့မိုင်းခွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ကျန်ရှိနေသော အကြမ်းဖက်စစ်သား ကင်းပုန်းများက လိုက်လံပစ်ခတ်သဖြင့် ထွက်ပြေးခဲ့ရကြောင်း၊ ကျန်ရှိနေသော မိုင်းပွိုင့်များကို ဖောက်ခွဲတိုက်ခိုက်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Area 71 PDF Monywa အဖွဲ့မှ အချိန်ယူစောင့်ကြည့်ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/05/214324/
ချောင်းဦးမြို့နယ်၊ မှန်ချိုရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၂ ဦးသေဆုံးပြီး ပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရ
["ချောင်းဦးမြို့နယ်၊ မှန်ချိုရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၂ ဦးသေဆုံးပြီး ပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ မေ ၁၂", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မှန်ချိုရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၂ ဦးသေဆုံးပြီး ပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Seven People Defence Force – SPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ မေလ ၁၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ချောင်းဦးမြို့နယ်၊ မှန်ချိုရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း အသက် ၄၀ ကျော် အရွယ် အမျိုးသမီး ၂ ဦးသေဆုံးပြီး အသက် ၁၄ နှစ် အရွယ် အမျိုးသမီးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၃ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "“ပြင်းထန်ဒဏ်ရာရတဲ့ထဲမှာ ၁ ဦးကတော့ စိုးရိမ်းရတယ်။ အခြေအနေကတော့ ဆက်လက် စောင့်ကြည့်နေရတုန်းပဲ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ အမျိုးသမီး ၂ ဦးကတော့ ပွဲချင်းပြီးသေဆုံးတယ်။ ပြည်သူတွေအနေနဲ့ အကြမ်းဖက် စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဗုံးခိုကျင်းတွေ လုပ်ဆောင်ထားကျဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Seven People Defence Force – SPDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ထိုသို့ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် ချောင်ဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း မှန်ချိုရွာအနီး ပတ်ဝန်းကျင်ကို လက်နက်ကြီးများဖြင့် ၇ ကြိမ် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပြည်သူများထိခိုက်မှုမရှိကြောင်း သိရသည်။"]
https://yktnews.com/2023/06/105722/
ချောင်းဦးမြို့နယ်၊ ရှမ်းထူးကြီးကျေးရွာရှိ နေအိမ် ၄၇ လုံးကို စစ်တပ်က မီးရှို့ ဖျက်ဆီးပြီး ဆဲဆို ခြိမ်းခြောက်သည့် စာများရေးသားခဲ့
["ချောင်းဦးမြို့နယ်၊ ရှမ်းထူးကြီးကျေးရွာရှိ နေအိမ် ၄၇ လုံးကို စစ်တပ်က မီးရှို့ ဖျက်ဆီးပြီး ဆဲဆို ခြိမ်းခြောက်သည့် စာများရေးသားခဲ့", "ရန်ကုန်၊ ဇွန် ၂", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရှမ်းထူးကြီးကျေးရှိ နေအိမ် ၄၇ လုံးကို အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီးပြီး ဆဲဆို ခြိမ်းခြောက်သည့် စာများ ရေးသားခဲ့ကြောင်း Chaung U Revolution တပ်ဖွဲ့ ထံမှ သိရသည်။", "မေလ၃၀ ရက်နေ့က ချောင်းဦးမြို့နယ် အနောက်ဘက်ရှိ ကျေးရွာများကို စစ်ကြောင်း ထိုးဝင်ရောက် လာသောအကြမ်းဖက် စစ်သားများကို မယ်သယ်ကြိုးကွင်းအရောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ ခုခံတိုက်ခိုက်ခဲ့ရာ မိုင်းအကြိမ်ကြိမ်မိပြီး အကြမ်းဖက် စစ်သား အများအပြား ထိခိုက်သေဆုံးကာ ကင်းမွန်ထော်ပျူစောထီးရွာကို ရောက်ရှိနိုင်ခြင်း မရှိသဖြင့် ရှမ်းထူးကျေးရွာအတွင်း ဝင်ရောက်ကာ နေအိမ် ၄၇ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။", "ထို့ပြင် အကြမ်းဖက်စစ်သားများ နတ်ထိုင်ကျောင်းအနောက်ဘက် ချောင်းဦး-အမြင့်လမ်း တစ်လျှောက် တပ်ဖြန့် နေရာယူကာ ကင်းမွန်ထော်နှင့် ကံဇီးရွာမှ ပျူစောထီးများ ထွက်လာနိုင်စေရန် လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးသွားသော ရှမ်းထူးကြီးရွာကို တွေ့ရစဥ်"]
https://yktnews.com/2025/05/214073/
ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က စက်တပ်လေထီးများဖြင့် ပစ်ခတ် ဗုံးကျဲမှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး
["ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က စက်တပ်လေထီးများဖြင့် ပစ်ခတ် ဗုံးကျဲမှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး", "ရန်ကုန်၊ မေ ၁၀", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က စက်တပ်လေထီးများဖြင့် ပစ်ခတ် ဗုံးကျဲခဲ့ရာ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးကြောင်း သုံးပန်လှကျေးရွာမှ ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ မေလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာကို စစ်တပ်က စက်တပ်လေထီးများဖြင့် ဗုံးကျဲပစ်ခတ်ကြောင်း၊ ဗုံးကျဲပစ်ခတ်ချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများ ပုံမှန်အတိုင်း နေထိုင်သွားလာ လှုပ်ရှားနေစဉ် ဗုံးကျဲပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ ယင်းသို့ ဗုံးကျဲမှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရှိရသည်။", "“တိုက်ပွဲလည်းမရှိပါဘူး။ အဲဒါကို ဒီအတိုင်း ဗုံးလာကျဲတာ ပါရာမိုတာနဲ့။ သေဆုံးသွားတဲ့ ကလေးငယ်က ၁၀ နှစ် ၄ တန်းကျောင်းသားလေးပါ။ အဲဒီကလေး အပါအဝင် သေဆုံးတာက ပြည်သူ ၃ ဦးဖြစ်ပါတယ်။ နောက်ပြီး ပြည်သူ ၂ ဦးလည်း ဒဏ်ရာရရှိထားပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်က မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ယာယီအပစ်အခတ်ရပ်စဲရေးဟု ကြေ ညာထားသော်လည်း လက်တွေ့တွင်မူ စစ်တပ်က လေကြောင်းတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ စစ်ကြောင်းထိုးခြင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ပြောဆိုထားသည်။", "ဓာတ်ပုံ- Chaung U Revolution News – CRN။"]
https://yktnews.com/2022/12/76079/
ချောင်းဦးမြို့နယ်၊ အမြင့်မြို့ဟောင်းကို စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ် ဖြင့် ပစ်ခတ်၊ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
["ချောင်းဦးမြို့နယ်၊ အမြင့်မြို့ဟောင်းကို စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ် ဖြင့် ပစ်ခတ်၊ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၄", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အမြင့်မြို့ဟောင်းကို စစ်တပ်က ယနေ့ ဒီဇင် ဘာ လ ၂၄ ရက်နေ့တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ပစ်ခတ် လျက်ရှိ ကြောင်း‌ ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။", "ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်တွင် ချောင်းဦးမြို့နယ် ၊ အမြင့်မြိုု့ဟောင်းကို စစ်တပ်က တိုက် ခိုက်ရေး ရဟတ်ယာဉ်ဖြင့် မိနစ် ၂၀ အကြာ လှည့်ပတ်ပစ်ခတ်လျက်ရှိကြောင်း‌၊ ကျေးရွာမှ ပြည်သူများမှာ ထွက်ပြေး တိမ်း ရှောင်နေရကြောင်း‌ ဒေသ ပြည်သူများက ပြောဆိုသည်။", "“မနက် အမြင့်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးကျဲတာ ရဲ ၂ ဦးသေသွားတယ်လို့ ကြားတယ်။ အဲဒါ အမြင့် မြို့ဟောင်းနှင့် အနီးတစ်ဝိုက်ကို မုံရွာ န.မ.ခ မှ MI. 35 တစ်စီး ဖြင့် မိနစ် ၂ဝ ခန့်ပစ်ခတ်သွားတယ်။ ပြည်သူတွေ ဘေးလွတ်ရာသို့ တိမ်း ရှောင် ကြနေရပါတယ်။ မနက်က ဒရုန်း နဲ့ ရဲစခန်းကို ဗုံးကျဲတာကြောင့်လို့ ပြော တယ်။ အခုတော့ ရဟတ်ယာဉ်က ပြန်လှည့်သွားပြီ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် ချောင်ဦး၊ အမြင့်မြို့ဟောင်းတစ်ဝိုက်တွင် စစ်ရေးတင်းမာနေပြီး မြေပြင်စစ်ကြောင်းတချို့ကလည်း စစ်ကြောင်း ထိုးရန် ပြင်ဆင်နေသည် ဆို သော သတင်းများ ရရှိထားကြောင်း ဒေသခံများက ပြောဆိုကြသည်။"]
https://yktnews.com/2025/03/208629/
ချောင်းဦးမြို့ပေါ် ထွေ/အုပ်ရုံးမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦး သေဆုံး
["ချောင်းဦးမြို့ပေါ် ထွေ/အုပ်ရုံးမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦး သေဆုံး", "ရန်ကုန်၊ မတ် ၂၃", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ် ထွေ/အုပ်ရုံးမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦး သေဆုံးခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်း အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၂၁ ရက်နေ့ ည ၈ နာရီခန့်တွင် ချောင်းဦးမြို့ပေါ် မိုးကောင်းကျောင်းမှ စစ်ကောင်စီ တပ်သား ၁၇ ဦးသည် ထွေ/အုပ်ရုံးထဲမှ ထွက်လာစဉ် ဖင်လန်ပင်ကျောင်း အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထို မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော် လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "“စစ်ခွေး ၅ ကောင်ထိတယ်။ ၂ ကောင်ကိုတော့ မုံရွာဆေးရုံကို လွှဲလိုက်တယ်လို့ သိရပါတယ်။ ၂ ကောင်ကတော့သေနိုင်ပါတယ်။ ၃ ကောင်ကတော့ ချောင်းဦးမြို့ပေါ် ဆေးရုံထဲမှာ ဆေးကုသမှုခံယူနေပါတယ်။ မိုင်း ၂ လုံးနဲ့ တိုက်ခိုက်တာပါ။ စစ်ခွေးတွေဘက်က သုံးလေးချက်လောက်ပဲပစ်တယ်။ ကျနော်တို့ အနေနဲ့တော့ ပြည်‌သူတွေ့ရဲ့ ရှေ့ကနေ အတတ်နိုင်ဆုံးကာကွယ်သွားပါမယ်။ ပြည်သူ့အပေါ်မှာလည်း အနိုင်ကျင့် ဆက်ကြေး ကောက်ယူချင်းလဲ မရှိပါဘူး” ဟု BLDF တပ်ခွဲ အညာမိုင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/05/102164/
ချောင်းဦးမြို့ပေါ် ပွဲရပ် ရပ်ကွက်ရှိ ပြည်သူပိုင် နေအိမ်များကို စစ်တပ်က ယနေ့ ညပိုင်းတွင် မီးတင်ရှို့နေပြီး ပြည်သူများ ညအချိန်ထွက်ပြေးနေရ
["ချောင်းဦးမြို့ပေါ် ပွဲရပ် ရပ်ကွက်ရှိ ပြည်သူပိုင် နေအိမ်များကို စစ်တပ်က ယနေ့ ညပိုင်းတွင် မီးတင်ရှို့နေပြီး ပြည်သူများ ညအချိန်ထွက်ပြေးနေရ", "ရန်ကုန်၊ မေ ၁၁", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ် ပွဲရပ် ရပ်ကွက်ရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းတွင် မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၁၁ ရက်နေ့ ည ၇ နာရီခန့်က စတင်ကာ ချောင်းဦးမြို့ပေါ် ပွဲရပ် ရပ်ကွက်ရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်တပ်က သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်း မီးရှို့နေခြင်းဖြစ်ကြောင်း သိရသည်။", "” ချောင်းဦးမြို့ပေါ် ပွဲရပ် ရပ်ကွက်ကို စစ်ခွေး မီးရှို့နေတယ်။ သေနတ်သံတွေလည်း ကြားနေရတယ်။ ပွဲရပ်မှာ မုန့်ဟင်းခါး လာစားတဲ့ စစ်ခွေး ပစ်သတ်ခံရတာကို မကျေနပ်လို့ မုန့်ဟင်းခါး ဆိုင်ကနေစရှို့တာလို့ သိရတယ်။ ပြည်သူတွေ ညအချိန်ကြီး ထွက်ပြေးနေတယ်။ မီးငြိမ်းလို့မရအောင် စစ်ခွေးတွေက သေနတ်တွေနဲ့ ပစ်နေကြတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/04/156587/
ချောင်းဦးမြို့ပေါ်တွင် ကင်းလှည့်နေသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ကား ၁ စီးနှင့် ဖုန်း ၂ လုံး သိမ်းဆည်းရရှိ
["ချောင်းဦးမြို့ပေါ်တွင် ကင်းလှည့်နေသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ကား ၁ စီးနှင့် ဖုန်း ၂ လုံး သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဧပြီ ၁၂", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်တွင် ကင်းလှည့်နေသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်ရာ ၁ ဦးသေဆုံးပြီး ကား ၁ စီးနှင့် ဖုန်း ၂ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ချောင်းဦးမြို့ပေါ် စခန်းထဲမှ ကင်းပတ်ရန် ထွက်လာသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး ကား ၁ စီးနှင့် ဖုန်း ၂ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း၊ အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သော စစ်သား ၃ ဦးထဲမှ ၁ ဦးသေဆုံးခဲ့ပြီး ၂ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“၁၁ ရက်နေ့ ညနေ ၄ နာရီအချိန်မှာ ချောင်းဦးမြို့ပေါ် စခန်းထဲကနေ ကင်းပတ်လာတဲ့ စစ်ခွေး ၃ ကောင်ကို ပစ်ခတ် တိုက်ခိုက်တ ကား ၁ စီး သိမ်းဆည်းရတယ်။ စစ်ခွေး ၃ ကောင် ထိခိုက်ဒဏ်ရာနဲ့ ထွက်ပြေးပြီး ယခု မနက်ပိုင်းတွင် ၁ ကောင်သေဆုံးပြီး ကျန် ၂ ကောင် ဒဏ်ရာပြင်းထန်ရရှိထားတယ်။ ကျွန်တော်တို့ BLDF တပ်ခွဲ အညာမိုင်းက ဖုန်း ၂ လုံး သိမ်းဆည်းရရှိခဲ့ပါသေးတယ်” ဟု BLDF တပ်ခွဲ အညာမိုင်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/07/113478/
ချောင်းဦးမြို့ပေါ်တွင် စစ်ဆေးရေး လုပ်ဆောင်နေသည့် စစ်သားများကို ဖောက်ခွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး
["ချောင်းဦးမြို့ပေါ်တွင် စစ်ဆေးရေး လုပ်ဆောင်နေသည့် စစ်သားများကို ဖောက်ခွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၁၈", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်တွင် စစ်ဆေးရေး လုပ်ဆောင်နေသည့် စစ်သားများကို ဖောက်ခွဲ တိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့ကြောင်း အဖြူရောင် စစ်သည်တော်များအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၇ နာရီ ၅၀ မိနစ်ခန့်တွင် ချောင်းဦးမြို့ပေါ် သိမ်တော်တံတားအနီးရှိ ပြည်သူများထံမှ ငွေကြေး တောင်းရမ်းကာ စစ်ဆေးရေး လုပ်ဆောင်နေသော စစ်သား ၁၀ ဦးကို ဖောက်ခွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "” ချောင်းဦးမြို့ပေါ် သိမ်တော်တံတား အနီးက စစ်ဆေးရေး လုပ်ဆောင်နေတဲ့ စစ်ခွေးတွေကို ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်။ စစ်ခွေး ၄ ကောင်သေတယ်။ လက်နက် အစစ်က NUG လည်း အားကိုးလို့ မရလို့ ပြည်သူတွေ ဝိုင်းဝန်းမှ ပဲ ရနိုင်မှာပါ လက်နက် ရရင် ဒီထက် ပိုမို လုပ်ဆောင် နိုင်ပါတယ်” ဟု အဖြူရောင် စစ်သည်တော်များအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ChaungU Revolution Army(CRA) မုံရွာခရိုင် တပ်ရင်း ၁၅ တပ်ခွဲ ၂ တပ်စု ၅ မှ အဖြူရောင်စစ်သည်တော်များအဖွဲ့နှင့် Farmers Revolution Force (FRF) မုံရွာခရိုင် တပ်ရင်း ၈ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/08/177545/
ချောင်းဦးမြို့ပေါ်တွင် ဆက်ကြေးကောက်နေသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု စခန်းမှူး ၁ ဦးနှင့် တပ်သား ၁ ဦး သေဆုံး
["ချောင်းဦးမြို့ပေါ်တွင် ဆက်ကြေးကောက်နေသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု စခန်းမှူး ၁ ဦးနှင့် တပ်သား ၁ ဦး သေဆုံး", "ရန်ကုန်၊ ဩဂုတ် ၆", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်တွင် ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ စခန်းမှူး ၁ ဦးနှင့် တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် Chaung U Revolution Army အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့သြဂုတ်လ ၆ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် ချောင်းဦးမြို့မ ရဲစခန်းနှင့် မီတာ ၁၂၀ ခန့်အကွာတွင် လမ်းသွား လမ်းလာ ပြည်သူများကို ဆက်ကြေး ကောက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှုအတွင်း စခန်းမှူး ၁ ဦးနှင့် ရဲ ၁ ဦးသေဆုံးပြီး ကျန်ရဲ ၁ ဦးမှာ ခြေတောက်ပြတ်ဒဏ်ရာရရှိကာ ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၁၅/၃ (ဗိုလ်နိုင် -လေပွေမုန်တိုင်း တပ်ခွဲ) က ဦးဆောင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/05/102234/
ချောင်းဦးမြို့ပေါ်ရှိ ပွဲရပ် ရပ်ကွက်ကို စစ်တပ်က မီးရှို့ပြီးနောက် ဓားစာခံ ဖမ်းဆီးထားသော ပြည်သူများကို PDF ရှို့တာဟု အော်ဟစ်ခိုင်းပြီး ဗီဒီယို ရိုက်ကူးသွား
["ချောင်းဦးမြို့ပေါ်ရှိ ပွဲရပ် ရပ်ကွက်ကို စစ်တပ်က မီးရှို့ပြီးနောက် ဓားစာခံ ဖမ်းဆီးထားသော ပြည်သူများကို PDF ရှို့တာဟု အော်ဟစ်ခိုင်းပြီး ဗီဒီယို ရိုက်ကူးသွား", "ပွဲရပ် ရပ်ကွက်ကို စစ်တပ် မီးရှို့မှု နေအိမ် ၅ လုံးကျော် ပြာကျပြီး တစ်မြို့လုံးကို အင်တာနက် ဖြတ်တောက်ထား", "ရန်ကုန်၊ မေ ၁၂", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်ရှိ ပွဲရပ် ရပ်ကွက်ကို စစ်တပ်က မီးရှို့ပြီးနောက် ဓားစာခံ ဖမ်းဆီးထားသော ပြည်သူများကို PDF ရှို့တာဟု အော်ဟစ်ခိုင်းပြီး ဗီဒီယို ရိုက်ကူးသွားကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ ၁၁ ရက်နေ့ ည ၇ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ချောင်းဦးမြို့ပေါ် ပွဲရပ် ရပ်ကွက်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ရပ်ကွက်နေ ပြည်သူတချို့ကို ရတနာရွှေဂူဘုရားကြီးထဲ၌ ဓားစာခံ အဖြစ် ဖမ်းဆီးကာ PDF တပ်ဖွဲ့များက မီးရှို့တာ ဟု အော်ဟစ် ပြေးလွှာခိုင်းပြီး ဗီဒီယို ရိုက်ကူးသွားကြောင်း သိရသည်။", "” ချောင်းဦးမြို့ ပွဲရပ် ရပ်ကွက်ကို ညက စစ်ခွေးတွေ မီးရှို့သွားတာ နေအိမ် ၅ လုံးကျော် မီးလောင်ပြာကျသွားတယ်။ နေအိမ် ဆုံးရှုံးမှု အတိအကျတော့ မသိရသေးဘူး။ စစ်ခွေးတွေက အခု သွားလာခွင့်မပေးဘူးလမ်းတွေကိုပိတ်ထားတယ်။ တစ်မြို့လုံးကိုလည်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတယ်” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။", "Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် ပွဲရပ် ရပ်ကွက်အား ယမန်နေ့ ညပိုင်းက တွေ့ရစဥ်"]
https://yktnews.com/2024/08/177533/
ချောင်းဦးမြို့မ ရဲစခန်းနှင့် ထွေ/အုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံး
["ချောင်းဦးမြို့မ ရဲစခန်းနှင့် ထွေ/အုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံး", "ရန်ကုန်၊ ဩဂုတ် ၆", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့မ ရဲစခန်းနှင့် အထွေထွေ အုပ်ချုပ်ရေးရုံးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း Peacock Drone Team-Myaung အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဩဂုတ်လ ၅ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ချောင်းဦးမြို့မ ရဲစခန်းနှင့် အထွေထွေ အုပ်ချုပ်ရေးရုံးတို့၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့်ပျူစောထီး အင်အား ၈၀ ခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၃ စီးဖြင့် ဗုံးသီး ၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး ပွဲချင်းပြီး‌သေဆုံးခဲ့ကြောင်း၊ စစ်တပ်ဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက် ဒါဏ်ရာ ရရှိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ၏ ဒရုန်း ၁ စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကြံတိုင်းအောင်စစ်ဆင်ရေး အဖြစ်ပြု လုပ်ခဲ့ခြင်းဖြစ်ပြီး peacock Drone team -Myaung ၊ Standard Revolution Force-SRF MMU ၊ မိုင်းမင်းသား (အရာတော်) တို့နှင့်အတူ ချောင်းဦးမြို့နယ် ပကဖ (C H U) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/01/138111/
ချောင်းဦးမြို့မရဲစခန်းနှင့် ထွေ/အုပ်ရုံးနှင့် မြိုင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၁ ဦး သေဆုံး
["ချောင်းဦးမြို့မရဲစခန်းနှင့် ထွေ/အုပ်ရုံးနှင့် မြိုင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၁ ဦး သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦးမြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင်အမှတ် ၄ တပ် ရင်း -MSPDF/MSDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၂၀ ခန့်မှ ၁၀ နာရီဝန်းကျင်အထိ စစ်ကောင်စီတပ်သားများ အခြေချနေထိုင်ရာ ချောင်းဦးမြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးတို့ကို “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wing Drone များဖြင့် Air BOMB 1kg ၁၁ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“လက်နက်ငယ်တွေနဲ့တော့ အချက်ပေါင်း ၂၀၀ ကျော် ၃၀၀ လောက်ပြန်ပစ်တယ်၊ လက်နက်ကြီးနဲ့ တော့ မပစ်ဘူး၊ ရဲဘော်တွေအားလုံး‌ ဘေးကင်းပါတယ်” ဟု စစ်ကိုင်းခရိုင်အမှတ် ၄ တပ် ရင်း -MSPDF/MSDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDF ၊မြင်းခြံခရိုင် အမှတ် ၈ တပ် ရင်း – NRDF ၊ မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်း ၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃ -လျှပ်စီးတပ်ခွဲ နှင့် CHAUK PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွ(ပျူ)ရွာမှ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Young Force -UG တပ်ဖွဲ့ထံမှ သိရသည်။", "ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက် နေ့တွင် မြိုင်မြို့နယ်၊ တလင်းယာကျေးရွာမှ ပြည်သူပိုင်ပစ္စည်းများကို လုယက်ဖျက်ဆီး မီးရှို့ပြီး သရက်ကွ(ပျူ)ရွာသို့ ပြန်လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို Fix Wing ဒရုန်းများအသုံးပြု၍ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားအများအပြား ထိခိုက် ဒဏ်ရာရရှိကာ သေဆုံးမှုများလည်းရှိကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖတပ်ရင်း ၁ ၊ DMG နှင့် ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၂ မှ Thu Rain-TR (Pakokku)နှင့် Young Force – UG တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။"]
https://yktnews.com/2025/04/212624/
ချောင်းဦးမြို့မရဲစခန်းမှ ထွက်လာသော စစ်တပ် စစ်ကြောင်းနှင့် ယာဉ်တန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံး
["ချောင်းဦးမြို့မရဲစခန်းမှ ထွက်လာသော စစ်တပ် စစ်ကြောင်းနှင့် ယာဉ်တန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံး", "ရန်ကုန်၊ ဧပြီ ၂၆", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦးမြို့မရဲစခန်းမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း Royal Tiger Force ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ဧပြီလ ၂၀ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ချောင်းဦးမြို့မရဲစခန်းမှ အင်အား ၁၀၀ ခန့်ဖြင့် ချောင်းဦးမြို့ အရှေ့ဘက် ဟန်သစ် ဆီဆိုင်အနီး ငါးယှန်ရွာ မြောက်ဘက်သို့ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပဒေသာမိုင်းတွဲ ၁၀ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထို့နောက် ယင်းနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ မှ ထွက်လာသော သံပြားကာ ကား ၈ စီး အနက် ရှေ့ဆုံးကား ၂ စီးကို မုံရွာ -မန္တလေး လမ်းမပိုင်း တစ်နေရာတွင် ပဒေသာမိုင်းတွဲ ၂ တွဲ စုစုပေါင်း မိုင်း ၁၀ လုံး ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ပထမကားကို မိုင်းထိမှန်ပြီး နေရာတွင် ထိုးရပ်သွားကြောင်း၊ အလားတူ ဒုတိယကားကိုလည်း မိုင်းထိမှန်ခဲ့ပြီး လွင့်စင့်သွားကာ စစ်သား ၂ ဦး သေဆုံးပြီး ၆ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။", "ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ချောင်းဦးမြို့မ ရဲစခန်းမှ လုံခြုံရေး ယူပေးရန် အင်အား ၈၀ ကျော်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ယင်းနေ့ နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် ဒရုန်းဖြင့် ၄ ကြိမ် ဗုံးသီး ၂၄ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထက်မနည်း ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။", "“မုံရွာကနေ ထွက်လာတဲ့ ကားတန်းတွေကို လုံခြုံရေးယူပေးဖို့ ထွက်တဲ့ စစ်ကြောင်းပါ။ ကင်းပုန်းတွေ ချတာ ပထမ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်တာက ၃ ဦးသေတယ်။ ကားတန်းကို မိုင်းဆွဲတာက ၂ ဦး သေတယ်။ ကား ၂ စီးပျက်စီးတယ်။ ပထမကားက နေရာမှာတင်ထိုးရပ်သွားတာ ဒုတိယမြောက် ကားက ကာလာတဲ့ သံပြားတွေပါ လွင့်ထွက်ကုန်တာ စစ်ခွေး ၂ ကောင်သေပါတယ်။ချောင်းဦးရဲစခန်းထဲကနေ ထပ်ထွက်လာတဲ့ စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကျဲတာက ၅ ဦးသေပါတယ်။ ထပ်တိုးသေဆုံးစာရင်း တော့မရှိပါဘူး။ ခြေပြတ် ၁ ဦးတော့ရှိပါတယ်။ ဒဏ်ရာရတာတွေလည်း များပါတယ်” ဟု Royal Tiger Force ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့နှင့်အတူ ၊ မုံရွာခရိုင် အမှတ် ၁၂ တပ် ရင်း တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲ ၊ Nway Oo Brother Coloum (နွေးဦးညီကိုများစစ်ကြောင်း) နှင့် မုံရွာ ခရိုင် ပကဖ Drone လက်ရုံးတပ်တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“မိဘပြည်သူတွေကို ပြောချင်တာက ခရီးသွားတဲ့အခါမျိုးမှာ စစ်ကောင်စီယာဉ်တန်းတွေနဲ့ တွေ့ရင် ဝေးဝေးနေကြဖို့ ပြောချင်ပါတယ်။ တိုက်ပွဲတွေအမြဲ ဖော်ဆောင်နိုင်ဖို့အတွင် ရန်ပုံငွေ အခက်ခဲတွေ ရှိတာကြောင့် ကူညီဝန်းရံအားဖြည့်ပေးကြဖို့ ပြည်သူတွေကို တောင်းဆိုချင်ပါတယ်” ဟု Royal Tiger Force ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ထပ်မံ ပြောဆိုသည်။"]
https://yktnews.com/2023/12/136567/
ချောင်းဦးမြို့ရဲစခန်းနှင့်ထွေအုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၆ ဦး သေဆုံး
["ချောင်းဦးမြို့ရဲစခန်းနှင့်ထွေအုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၆ ဦး သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၀", "စစ်ကိုင်းတိုင်း၊ ချောင်းမြို့မရဲစခန်းနှင့် ထွေထွေအုပ်ချုပ်ရေးရုံးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဒီဇင်ဘာလ ၁၈ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၄၀ မှ ညနေ ၃ နာရီအထိ ချောင်းဦးမြို့ပေါ်ရှိ မြို့မရဲ စခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၇ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိကာ ကျေးရွာများ အတွင်း လှည့်ပတ်ပစ်ခတ်နေသော ၈၀ မမ လက်နက်ကြီး တစ်လက်ပါ ပျက်စီးသွားကြောင်း သိရ သည်။", "ထို့ပြင် ချောင်းဦးမြို့နယ်အတွင်း ၉ ရက်ကြာ စစ်ကြောင်းထိုးနေပြီး ပြည်သူပိုင်ပစ္စည်းများကို နွားလှည်းများဖြင့် ခိုးယူသယ်ဆောင်နေသော စစ်ကြောင်းကို ဗုံးချ တိုက်ခိုက်ရန် စီစဉ်ခဲ့သော်လည်း ဓားစာခံ ပြည်သူများ ပါရှိနေသဖြင့် စစ်ကြောင်းကို တိုက်ရိုက် တိုက်ခိုက်မှုမပြုလုပ်ခဲ့ပဲ ယင်းစစ် ကြောင်းကို လက်နက်ကြီးပစ်ကူပေးနေသည့် ချောင်းဦးရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့က ပြောကြား သည်။", "အဆိုပါတိုက်ခိုက်မှုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM 001 Drone Team ၊ TGR Drone အဖွဲ့ မြင်းမူ၊ Farmer FRF ချောင်းဦး ၊ မြောင်မြို့နယ် ပလဖ နှင့် Myaung Revolution Force – MRF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လက် နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/04/159664/
ချောင်းဦးမြို့ရှိ မြပုလဲ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား
["ချောင်းဦးမြို့ရှိ မြပုလဲ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား", "ရန်ကုန်၊ ဧပြီ ၂၇", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦးမြို့အထွက်ရှိ မြပုလဲ စစ်ဆေးရေးဂိတ်ကို လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့မှ Daung Karyan က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဧပြီလ ၂၆ ရက် ညနေ ၃ နာရီ ၁၅ မိနစ်အချိန်က ချောင်းဦးမြို့အထွက် မြပုလဲဆီဆိုင်ရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ၆၀ မမ လက်နက်ကြီးဖြင့် ၅ လုံး၊ ၈၀ မမ လက်နက်ကြီး ဖြင့် ၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြပုလဲ စစ်ဆေးရေးဂိတ်အတွင်း တိတိကျကျ ထိမှန်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သား ၁၅ ဦးထက်မနည်း ခြေပြတ်လက်ပြတ်ဖြစ်ကာ အော်ဟစ်ညည်းညူသံများ ကြားနေရပြီး စစ်ကားဖြင့် ချောင်းဦးမြို့တွင်း သို့ တစ်စီး၊ မုံရွာမြို့တွင်းသို့ တစ်စီး သယ်ဆောင်သွား ကြောင်း သိရသည်။", "“သေဆုံးထိခိုက်မှုကတော့ များပါတယ်။ သတင်းအတိအကျ မရတာပါ။ အခုရထားတဲ့အချက် အလက် ၁၅ ကောင်ကလေည်းသေနိုင်တယ်၊ ကျနော်တို့မပစ်ခင် မြပုလဲဂိတ်ထဲကို Jammer ကား တစ်စီးဝင်သွားတာ။ အဲဒီအချိန်ပစ်တာဆိုတော့ ခွေးတွေစုစည်းနေတဲ့အချိန် တိုက်ရိုက်ထိမှန်တာပါ။ ကောင်တာကိုပြန်မပစ်နိုင်ဘူး၊ အော်ဟစ်ညည်းညူသံတွေ အတိုင်းသားကြားနေရပါတယ်” ဟု People’s Defence Force – South Monywa တပ်ဖွဲ့မှ Daung Karyan က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People’s Defence Force – South Monywa တပ်ခွဲ ၁ ၊ မုံရွာခရိုင်တပ်ရင်း ၂၇ တပ်ခွဲ ၃ ၊ နှင့် ချောင်းဦးမြို့နယ်ပြည်သူ့ ကာကွယ်ရေး အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/09/121656/
ချောင်းဦးရှိ ကြားကာလ ပညာရေး စာသင်ကျောင်းမှ ကလေးငယ်များကို အစားအသောက်များ ကျွေးမွေး လှူဒါန်း
["ချောင်းဦးရှိ ကြားကာလ ပညာရေး စာသင်ကျောင်းမှ ကလေးငယ်များကို အစားအသောက်များ ကျွေးမွေး လှူဒါန်း", "ရန်ကုန်၊ စက်တင်ဘာ ၉", "ချောင်းဦးမြို့နယ်အတွင်းရှိ ကြားကာလ ပညာရေး ကိုယ်ထူ ကိုယ်ထ‌ စာသင်ကျောင်း တစ်ကျောင်းရှိ ကလေးငယ်များကို ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် ချောင်းဦးမြို့နယ် လူငယ်အင်အားစု သပိတ်ကော်မတီက ကြာဇံဟင်းခါး တိုက်ကျွေးလှူဒါန်း ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/09/122612/
ချောင်းဦး၊ ကံကြီးကုန်းရွာမှ ပျူစောထီးများက သိုးကျောင်းသား ၁ ဦးကို ပစ်သတ်ပြီး သိုးကောင်ရေ ၁၄၀ ကို လုယက် ယူဆောင်
["ချောင်းဦး၊ ကံကြီးကုန်းရွာမှ ပျူစောထီးများက သိုးကျောင်းသား ၁ ဦးကို ပစ်သတ်ပြီး သိုးကောင်ရေ ၁၄၀ ကို လုယက် ယူဆောင်", "ရန်ကုန်၊ စက်တင်ဘာ ၁၆", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာမှ ပျူစောထီးများက သိုး ကျောင်းသား ၁ ဦးကို ပစ်သတ်ပြီး သိုးအကောင် ၁၄၀ ကို လုယက်ယူ ဆောင် သွားကြောင်း ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် CRA မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်အချိန် ကံကြီးကုန်း ပျူစောထီးရွာမှ ပျူစောထီး ၂၀ ကျော်က ကျေးရွာ အရှေ့ဘက်ကို ထွက်လာပြီး သိုးအုပ်၊ နွားအုပ်များကို ရိက္ခာ ချောဆွဲရန် သေနတ် ပစ်ဖောက်ပြီး ဖမ်းဆီးခဲ့ ကြောင်း သိရသည်။", "ယင်းသို့ ဖမ်းဆီးစဥ် သိုးအကောင်ရေ ၁၄၀ ပါသော သိုးအုပ်နှင့် အတူ သိုး ကျောင်း သား ဇော်ဌေးကို ဖမ်းဆီးမိခဲ့ပြီး ကံကြီးကုန်း ကျေးရွာအနီးသို့ ခေါ်ဆောင်သွားကာ ဇော်ဌေးကို ပစ်သတ်ခဲ့ကြောင်း သိရသည်။", "ပျူစောထီးများက ဖမ်းဆီး သတ်ဖြတ်ခဲ့သည့် သိုးကျောင်းသား ဇော်ဌေး၏ ရုပ်အလောင်းကို ပြန်လည် ရယူနိုင်ရန် တပ်ရင်း ၁၂ တပ်ခွဲ ၄ ၏ ဒရုန်း အကူ အညီ၊ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် Chaung U Revolution Army (CRA) အဖွဲ့၊ ချောင်းဦးမြို့နယ် ပလဖ အဖွဲ့တို့ ပူးပေါင်းကာ သွားရောက် ကောက် ယူနိုင်ခဲ့ကြောင်း၊ သိုးကျောင်းသား ဦးဇော်ဌေး၏ နားထင်ကို ပျူစောထီး များက ပစ်ခတ် သတ်ဖြတ်ခဲ့သဖြင့် ဦးခေါင်းပွင့်ဒဏ်ရာရကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/02/204480/
ချောင်းဦး၊ ငါန်းဇွန်နှင့် မတ္တရာမြို့နယ်တို့တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းတို့ကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး သာသနိက အဆောက်အအုံများ ပျက်စီး
["ချောင်းဦး၊ ငါန်းဇွန်နှင့် မတ္တရာမြို့နယ်တို့တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းတို့ကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး သာသနိကအဆောက်အအုံများ ပျက်စီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ စစ်တပ်၏ မြပုလဲဂိတ်စခန်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျီးကုန်းကျေးရွာမှ ပြည်သူ ၂ ဦး သေဆုံးပြီး ၃ ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Chaung U Revolution news မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးများဖြင့် ပြည်သူများရှိရာသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာမှ ပြည်သူများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“မြပုလဲ အထိုင်စခန်းကနေ လှမ်းထုတာပါ။ ပြည်သူ ၂ ဦးသေဆုံးပြီး အသက် ၅ နှစ်အရွယ် ကလေး ၁ ဦး၊ လူလတ်ပိုင်း အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ထိ ခိုက်ဒဏ်ရာရတယ်”ဟု Chaung U Revolution news မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းသည် ပြည်သူ များရှိရာသို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။", "ထို့အတူ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ကျွဲဇိမ်ရွာကို ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၄ နာရီခန့်အချိန် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၁ ဦး ခြေထောက်ပြတ်သွားပြီး နေအိမ်များနှင့် သာသနိက အဆောက်အုံများ ပျက်စီးသွားကြောင်း သိရှိရသည်။", "“မနေ့ ညနေ ၃ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် ဖိုက်တာနဲ့ ဗုံးကျဲတာ။ ဗုံး ၇ လုံးကျဲတယ်။ လေယာသ်ပေါ်ကနေ စက်သေနတ်နဲ့ ပစ်တယ်။ ပြည်သူ တစ်ဦး ပေါင်ကနေ ပြတ်ထွက်သွားတယ်” ဟု ကျွဲဇိမ်ကျေးရွာမှ ပြည်သူတစ်ဦးက ဆိုသည်။", "ထို့အတူ ယနေ့ နံနက် ၁၁ နာရီအချိန် မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းအား မြောင်းသစ်ကျေးရွာ အနီး စစ်ကောင်စီက MI-35 ရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/05/102136/
ချောင်းဦး၊ ငါးယှန်ရွာကို စစ်တပ်က ယနေ့ ညပိုင်း မီးတင်ရှို့နေ
["ချောင်းဦး၊ ငါးယှန်ရွာကို စစ်တပ်က ယနေ့ ညပိုင်း မီးတင်ရှို့နေ", "ရန်ကုန်၊ မေ ၁၁", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်း မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၁၁ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ် မုံရွာ-မန္တလေး လမ်းဘေးရှိ ငါးယှန်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများနှင့် ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းမီးရှို့နေခြင်း ဖြစ်ကြောင်း သိရသည်။", "” ချောင်းဦးမြို့နယ် မုံရွာ-မန္တလေး လမ်းဘေး မှာရှိတဲ့ ငါးယှန်ရွာကို စစ်ခွေးတွေ လက်နက်ကြီးတွေနဲ့ ပစ်ပြီး မီးဝင်ရှို့နေပါတယ်။ ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်။ မြေပြင် အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/05/102229/
ချောင်းဦး၊ ငါးယှန်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် ၂၀၀ ကျော်ကို မီးရှို့ ဖျက်ဆီး
["ချောင်းဦး၊ ငါးယှန်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် ၂၀၀ ကျော်ကို မီးရှို့ ဖျက်ဆီး", "ရန်ကုန်၊ မေ ၁၂", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး လမ်းဘေးရှိ ငါးယှန်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ပြီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "မေလ၁၁ ရက်နေ့ ညပိုင်းတွင် ချောင်းဦးမြို့နယ်၊ ငါးယှန်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ကျေးရွာနေ ပြည်သူ ကိုစံလင်း ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဇနီးဖြစ်သူမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပစ်ခတ်မှု ပြုလုပ်ပြီးနောက် အကြမ်းဖက် စစ်တပ်မှ ကျေးရွာအတွင်း ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးမှုကြောင့် ပြည်သူပိုင် အိမ်ခြေ ၂၀၀ ကျော် မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။", "“ညတုန်းက မီးရှို့ခံရတဲ့ ငါးယှန်ရွာ အိမ်ခြေ ၂၀၀ လောက် မီးထဲ ပါသွားတယ်ဗျ။ ငါးယှန်က အိမ်ခြေ ၁၅၀၀ လောက်ရှိပါတယ်။ လက်နက်ကြီးမှန်လို့ ကျားတစ်ယောက်တော့ သေဆုံးသွားပါတယ်။ သေဆုံးသွားတဲ့သူက ပြည်သူပါပဲ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "လက်ရှိအချိန်အထိ ငါးယှန်ရွာရှိ ပြည်သူများမှာ ရွာထဲ ပြန်မဝင်ရဲသေးဘဲ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုကြောင့် ငါးယှန်ရွာအပါအဝင် အနီးအနားကျေးရွာများရှိ ဒေသခံပြည်သူ ၈၀၀၀ ခန့်မှာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။", "လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီဝင်များသည် ငါးယှန်ရွာမှ ထွက်ခွာသွားပြီး အရှေ့ဘက် ၅ မိုင်အကွာတွင် စခန်းချနေကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2022/12/77728/
ချောင်းဦး၊ တောကျောင်းလေးရွာကို စစ်တပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးစဉ် မိုင်းထိပြီး စစ်သား ၉ ဦးဝန်းကျင် သေဆုံး
["ချောင်းဦး၊ တောကျောင်းလေးရွာကို စစ်တပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးစဉ် မိုင်းထိပြီး စစ်သား ၉ ဦးဝန်းကျင် သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၈", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ တောကျောင်းလေးရွာကို စစ်တပ်က ဝင် ရောက် မီးရှို့ဖျက်ဆီးစဉ် မိုင်းထိပြီး စစ်သား ၉ ဦးဝန်းကျင် သေဆုံးကြောင်း ဒေသပြည်သူ့ကာကွယ်ရေးတပ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၈ နာရီအချိန် စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ရှိ တောကျောင်းလေးရွာကို စစ်တပ်က ဝင်ရောက်၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်ကြောင်းထိုးမည်ကို ကြိုတင် သတင်းရရှိထား၍ တော်လှန်ရေးအဖွဲ့များက ရွာအတွင်း တိုက်မိုင်းများ ထောင်ခဲ့ကြောင်း၊ ရွာကို မီးဝင်ရှို့သော စစ်ကြောင်း သည် မိုင်းထိသဖြင့် စစ်ကောင်စီဝင် ၉ ဦးဝန်းကျင် သေဆုံးခဲ့ကြောင်း MPDF ရင်း ၁၇ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။", "“မနက်ခင်း ၈ နာရီလောက်ကဗျ မီးရှို့ခံရတာ အိမ်ခြေ ၇၀ ကျော်ဗျ။ စစ်ခွေး တွေက မွန်းတည့် ၁၂ လောက်မှ ပြန်ထွက်သွားတယ်ဗျ။ ပြည်သူတွေကို တစ် ရွာလုံးရှောင်းခိုင်းထားပြီး နွားပါ မချန်ဆွဲထုတ်ခဲ့တယ်။ ရွာထဲ တိုက်မိုင်း တွေ ထောင်ခဲ့တာကြောင့် ၂ ပွိုင့် မိပြီး ၉ ကောင်လောက်တော့ သေတယ်ဗျ။ အလောင်းတွေကို ကောက်သွားကြတယ်ဗျ။ သွေးအိုင်တော်တော်များများလည်း တွေ့ရတယ်” ဟု MPDF တပ်ရင်း ၁၇ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ် သို့ ပြောကြားသည်။", "ဒီဇင်ဘာ ၂၆ ရက်နေ့ ည ၈ နာရီမှ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၃ နာရီအထိ စစ်တပ်နှင့်ဒေသပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူစော ထီးကျေးရွာဖြစ်သည့် ကန်ကြီးကုန်းရွာကို တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ အမြင့် ရဲစခန်းကို သိမ်းယူရန် နောက်တစ်ဆင့်တက်ချိန်တွင် လေယာဉ်များ ဝဲလာ၍ လှည့်ပြန်ခဲ့ရကြောင်း တော်လှန်ရေးရဲဘော်များထံမှ သိရှိရသည်။", "စစ်တပ်က တောကျောင်းလေးရွာမှ ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီ ဝန်း ကျင်တွင် ပြန်ထွက်သွားကြပြီး အမြင့်စခန်းဘက်သို့ ဦးတည် ထွက် သွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။", "ဓာတ်ပုံ- စစ်တပ်က ယနေ့ မီးရှို့ဖျက်ဆီးသွားသော တောကျောင်းလေးကျေးရွာ။"]
https://yktnews.com/2024/05/163782/
ချောင်းဦး၊ မုံရွာ -မန္တလေးလမ်းပေါ်တွင် စစ်ယာဉ်တန်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
["ချောင်းဦး၊ မုံရွာ -မန္တလေးလမ်းပေါ်တွင် စစ်ယာဉ်တန်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး", "ရန်ကုန်၊ မေ ၂၁", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ် ချောင်းဦးမြို့နှင့် ငါးယှန်ကျေးရွာကြား တွင် အကြမ်းဖက်စစ်ကား ၁ စီးနှင့် ယာဉ်တန်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံး ခဲ့ကြောင်း People’s Defense Force – South Monywa တပ်ဖွဲ့မှ Daung Karyan က ရန်ကုန်‌ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့မေလ ၂၁ ရက် နံနက် ၈ နာရီ မိနစ် ၃၀ အချိန်ခန့်က ချောင်းဦးမြို့နယ်၊ နတ်ရေကန် စစ်ဆေး ရေးဂိတ်မှ ချောင်းဦးမြို့ဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်တပ် Jammer ကားတစ်စီးကို ချောင်းဦးမြို့နှင့် ငါးယှန်ကျေးရွာကြားအရောက် ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။", "အလားတူ နံနက် ၉ နာရီ မိနစ် ၅၀ အချိန်တွင် စစ်ကိုင်းမြို့မှ ထွက်လာသော အကြမ်းဖက်စစ်သား များ လိုက်ပါလာသည့် တွဲကား ၁၇ စီးပါ ယာဉ်တန်းအနက် ၅ စီးမြောက်ကားကို ချောင်းဦးမြို့နှင့် ငါး ယှန်ကျေးရွာကြားအရောက် ပဒေသာမိုင်း ၅ လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိုင်းပွိုင့်အနီး ကင်းပတ်နေသော အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defense Force – South Monywa တပ်ခွဲ ၁ ၊ နွေဦးလူငယ် People’s Defense Force၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defense Force၊ Pentagram နှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒို တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defense Force – South Monywa အနေဖြင့် ခဲယမ်း၊ ကျည် ကအစ ပြန်လည်ဖြည့်တင်းရန် ရန်ပုံငွေအခက်အခဲများစွာနှင့် ရင်ဆိုင်နေရပြီး မိဘပြည်သူများ အနေ ဖြင့် တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် အထူး မေတ္တာရပ်ခံထားသည်။", "ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် မိုင်းဆွဲခံထားရသော စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/04/158102/
ချောင်းဦး၊ မုံရွာ နှင့် နွားထိုးကြီး မြို့နယ်ရှိ စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး လက်နက်တိုက် ၁ ခု ပျက်စီး
["ချောင်းဦး၊ မုံရွာ နှင့် နွားထိုးကြီး မြို့နယ်ရှိ စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး လက်နက်တိုက် ၁ ခု ပျက်စီး", "ရန်ကုန်၊ ဧပြီ ၁၉", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဇီးပျူရွာစခန်း၊ မုံရွာမြို့နယ်တောပုပျူရွာနှင့်မုံရွာမြို့ ကန်သာယာ ဗဟိုသင်္ကြန်မဏ္ဍပ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး လက် နက်တိုက်တစ်လုံး ပျက်စီးခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ – MSPDF မှသတင်းနှင့်ပြန်ကြားရေး တာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဧပြီလ ၇ ရက် နံနက် ၁၀ နာရီအချိန်မှ မွန်းလွဲ ၁ နာရီအချိန်အထိ ချောင်းဦးမြို့နယ်၊ ကံဇီးပျူရွာ အ တွင်းရှိ စစ်သား၊ ရဲ၊ ပျူစောထီးများ အခြေချနေထိုင်နေရာ နေရာများကို Shar Htoo WAW” နည်း ပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် “Air Bomb”၁၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးပြီး ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထို့အပြင် ဧပြီလ ၁၄ ရက် နံနက် ၈ နာရီခန့်မှ ၉ နာရီ မိနစ် ၃၀ အချိန်အထိ မုံရွာမြို့နယ်၊ တောပု ပျူ ရွာ အတွင်းရှိ အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများ အခြေချနေထိုင်နေသော နေရာများကို Shar Htoo WAW နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် Air Bomb ၃ လုံး ကျဲချ တိုက် ခိုက်ခဲ့ရာ ၂ ဦးသေဆုံးပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ အသုံးပြုသော လက်နက်လည်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။", "“သင်္ကြန်မဏ္ဍပ်မှာက အထိအခိုက်စုံစမ်းလို့မရသေးဘူး၊ ချောင်းဦးမြို့နယ်၊ ကံဇီးပျူရွာမှာကျတော့ ၃ ကောင်သေတယ်၊ ၅ ကောင်ဒဏ်ရာရတယ်။ တောပုရွာမှာက ၂ ကောင်သေတယ်၊ လက်နက်တိုက် ပျက်စီးသွားတယ်၊ လက်နက်တိုက်ထဲသိမ်းထားတဲ့ ကျည်တွေပါပေါက်ထွက်ကုန်တာ၊ အမိုးတွေ လည်းပျက်စီးသွားတယ်၊ ဗုံးသီးက ကျည်တွေထားတဲ့နေရာကျကွဲလို့ထင်တယ်၊ ဗုံးသီးတွေတော့ မပေါက်ကွဲဘူး၊ ဗုံးသီးထားတဲ့နေရာနဲ့ ဝေးလို့ဖြစ်တမယ်၊ မဟုတ်ရင်တော့ ကွဲကုန်မှာ” ဟု မြောင် မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ – MSPDF မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အလားတူ ဧပြီလ ၁၄ ညနေခ ၄ နာရီအချိန်ခန့် မှ ၅ နာရီအချိန်ခန့် အထိ မုံရွာမြို့ ကန်သာယာ ဗဟို မဏ္ဍပ်အတွင်းရှိ အကြမ်းဖက်စစ်သား၊ M9၊ ပျူစောထီးများကို Shar Htoo Waw နည်းပညာတိုက် ခိုက်ရေး Fixed Wings Droneများဖြင့် M9 ဗုံသီး ၉ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် ကောင်စီ တပ်ဖွဲ့ဝင်များ အထိအခိုက်ရှိနိုင်ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရ သည်။", "အဆိုပါ တိုက်ခိုက်မှုများကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့ -MSPDF/MSDFနှင့် ညီနောင်မဟာမိတ်တပ်ဖွဲများ ဖြစ်ကြသော စစ်ကိုင်းခရိုင် Drone တပ်ဖွဲ့၊ မုံရွာခရိုင် အမှတ် ၁၂ တပ် ရင်း-တပ်ခွဲ ၂ ၊ တပ်ခွဲ ၄ ၊ မုံရွာခရိုင်အမှတ် ၇ တပ်ရင်း၊ URBAN HUNTER FORCE(UHF) ၊ SHINING STARS ၊ Meikhtila Special Force နှင့် မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း-NRDF တို့ ပူးပေါင်းကာ လုပ် ဆောင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရွာကြီးရွာ ဘုန်းကြီးကျောင်းဝင်း၌ တပ်စွဲထားသော စစ်သားများ ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Natogyi People Defence Force (မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း) ထံမှ သိရသည်။", "ဧပြီလ ၁၈ ရက်နေ့တွင် နွားထိုးကြီးမြိုနယ်၊ ရွာကြီးကျေးရွာရှိ ဘုန်းကြီးကျောင်း၀င်းအတွင်း တပ်စွဲ ထားသော အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီ တပ်သားများကို Fixed Wings ဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိ ရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းနှင့်အတူ Myingyan District Drone Strike (MDDS) ၊ မလိူင်မြိုနယ်ပကဖ(MHLG Wings) ၊ ဗိုလ်စားပြောက် ကြားတပ်ဖွဲ့ (မြင်းခြံ)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/01/138488/
ချောင်းဦး၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို ပစ်ခတ်ခံရပြီးသေဆုံး၊ အလာင်းလာကောက်သည့် စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦး ထပ်မံသေဆုံးပြန်
["ချောင်းဦး၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို ပစ်ခတ်ခံရပြီးသေဆုံး၊ အလာင်းလာကောက်သည့် စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦး ထပ်မံသေဆုံးပြန်", "ရန်ကုန်၊ ဇန်နဝါရီ ၄", "စစ်ကိုင်းတိုင်း၊ ချောင်းမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် စစ်ကောင်စီတပ်သားတစ်ဦး ခြေလျင် ထွက်လာသဖြင့် ပစ်ခတ်ခဲ့ရာသေဆုံးသွားပြီး ယင်းအလောင်းကို လာရောက်ကောက်ယူသည့် စစ် ကားတစ်စီးကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးထပ်မံသေဆုံးခဲ့ကြောင်း ချောင်းဦး PDF တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇန်နဝါရီလ ၂ ရက် နံနက် ၆ နာရီခန့်အချိန် ချောင်းဦးမြို့၊ မြို့သစ်ရပ်ကွက်၊ မုံရွာ -မန္တလေးကားလမ်း မပေါ်သို့ စစ်ကောင်စီတပ်သား တစ်ဦး ထွက်ခွာလာသဖြင့် ချောင်းဦး PDF တပ်ဖွဲ့ဝင်များမှ ပစ်ခတ်ခဲ့ ရာ သေဆုံးသွားကြောင်း၊ ယင်းသေဆုံးအလောင်းကို ချောင်းဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများက အလောင်းကောက်ယူရန် ကားဖြင့် ထွက်လာစဉ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“သူက အဲနားလေးကို ပုံမှန်လာနေကျမို့ စောင့်ပြီးပစ်ခဲ့တာ၊ ယူနီဖောင်းနဲ့ပဲ၊ လက်နက်တွေတော့ မပါ ဘူး၊ အဲဒီအလောင်းကို ကောက်ဖို့ ချောင်းဦးမြို့ ရဲစခန်းထဲကလား၊ ထွေအုပ်ရုံးကလားမသိဘူး၊ ထွက် လာတာ အဲဒီကားကို မိုင်းထပ်ဆွဲတာ၊ နှစ်ဦးဒဏ်ရာရတယ်၊ အဲဒီ ဒဏ်ရာရတဲ့ ၂ ဦးထဲက တစ်ဦးသေ သွားတယ်၊ မိုင်းဆွဲခံရပြီးတော့ အလောင်းကို လာကောက်ရဲတော့ဘူး၊ နာရေးကူညီမှုအသင်းတစ်ခု ကို သွားကောက်ခိုင်းတာ၊ မကောက်ပေးရင် တစ်သင်းလုံးဖမ်းမယ်ဆီးမယ်လို့ ခြိမ်းခြောက်ပြီး သွား ကောက်ခိုင်းတဲ့အတွက် လွှတ်ပေးလိုက်တယ်” ဟု ချောင်းဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။"]
https://yktnews.com/2025/03/205912/
ချောင်းဦး၊ မုံရွာနှင့် ယင်းမာပင် မြို့နယ်တို့တွင် မိုင်းရှင်ရန် လာသည့် စစ်သားများ၊ ကြေးနီ ယာဉ်တန်းနှင့် စစ်ယာဉ်တန်းများကို ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြား
["ချောင်းဦး၊ မုံရွာနှင့် ယင်းမာပင် မြို့နယ်တို့တွင် မိုင်းရှင်ရန် လာသည့် စစ်သားများ၊ ကြေးနီ ယာဉ်တန်းနှင့် စစ်ယာဉ်တန်းများကို ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှထိခိုက်ဒဏ်ရာရရှိသူ များပြား", "ရန်ကုန်၊ မတ် ၁", "စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေ လမ်းပိုင်းတွင် မိုင်းရှင်ရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း CDSOM ဗိုလ်စင်္ကြာစစ်ကြောင်းမှ ရဲဘော်စမာက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာ-မန္တလေး လမ်းပိုင်း၌ မိုင်းရှင်းရန် နတ်ရေကန် စစ်တပ် အထိုင်စခန်းမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက နတ်ရေကုန်နှင့် ချောင်းဦးဘက် သွားသည့် လမ်းဆုံတွင် မိုင်းပွိုင့် ၃ ပွိုင့်ဖြင့် ဖောက်လွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဘုန်းကြီးကား ၁ စီးကို ချောဆွဲ၍ ရေပိုးသား ကျောင်းထဲကို ခေါ်ဆောင်သွားပြီး ဆေးကုသမှု ပြုလုပ်နေကြောင်း သိရှိရသည်။", "“နတ်ရေကန်နဲ့ ချောင်းဦးဘက်ကို သွားတဲ့ လမ်းခွမှာ မိုင်းပွိုင့် ၃ ခုနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။ ဗိုလ် ၁ ကောင် အပါအဝင် ၄ ကောင် ပြင်းထန် ဒဏ်ရာရတယ်။ ဘုန်းကြီးကားကို ချောဆွဲပြီး ဒဏ်ရာရတဲ့ ကောင်တွေကို ရေပိုးသားကျောင်းထဲ ခေါ်ဆောင်သွားပြီး ဆေးကုနေတယ်။ ဝမ်းပေါင်က ထွက်လာတဲ့ ကားတွေ ဖြတ်မှာမို့လို့ မိုင်းလာရှင်းတာလို့ သိရတယ်။ သူတို့ ရောက်လာတာနဲ့ ချက်ခြင်း မိုင်းဆွဲ လိုက်တာ ပြည်သူတွေအနေနဲ့ စစ်ခွေးတွေနဲ့ ဝေးရာမှာ နေထိုင်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု CDSOM ဗိုလ်စင်္ကြာစစ်ကြောင်းမှ ရဲဘော်စမာက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို CDSOM ဗိုလ်စင်္ကြာစစ်ကြောင်းမှ ပြုလုပ်ခဲ့ခြင်းဖြစ် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာ-မန္တလေး လမ်းတစ်နေရာ၌ နမခ မှ ထွက်လာသော Jammer ကား ၅ စီးကို ရှေ့ထွက်မိုင်း ၅ လုံး၊ ပဒေသာမိုင်း ၃ လုံးတို့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၃ စီးမြောက်ကို ထိမှန်ခဲ့ပြီး ဘတ်စုံလမ်း တစ်နေရာတွင် ထိုးရပ်သွားပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနေဆဲဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို North Western People Defence Force – N.W.P.D.F (အနောက်မြောက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်)၊ ယင်းမာပင်ခရိုင် အမှတ် (၉) တပ်ရင်း၏ Idiots Columnနှင့် မုံရွာခရိုင်တပ်ရင်း ၁၁ ( South monywa ) ၏ တပ်ခွဲ (၂) – Youth Vigor Revlution Force၊ မုံရွာမြို့နယ် (ပကဖ) တိုက်နယ် ၄ တိုက်ခိုက်ရေးအဖွဲ့ (Royal God People Defence Force)၊ Black tiger Attackes force ( LPDF) တို့ ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် ယင်းမာပင်မြို့နယ်တွင်လည်း ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်ခန့်ကလည်း ဝမ်ပေါင်ကုမ္ပဏီ နှင့် ယမ်စီကုမ္ပဏီမှ ကြေးနီ တင်ဆောင်လာသော ကားအစီး ၃၀ ကျော်ခန့်ကို ရဲတပ်ရင်း ၂၈ နှင့် မြောက်ယမားတံတား အကြားရှိ မုံရွာ-ပုသိမ် လမ်းပိုင်းတွင် မိုင်းဆွဲ တိုကခိုက်ခဲ့ရာ ကား ၁ စီး ထိမှန်ပြီး ယာဉ်မောင်း ၁ ဦး မိုင်းစ ထိမှန်ခဲ့ကြောင်း သိရှိရသည်။", "တိုက်ခိုက်မှု အတွင်း မိုင်းစ ထိမှန်ခဲ့သော ယာဉ်မောင်း ၁ ဦးကို ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူပိုင် ကား ၁ စီးကို ချောဆွဲ၍ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ကြောင်း၊ မိုင်းပေါက်ကွဲပြီး အကြမ်းဖင် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ် ၊ တိုက်နယ် ၂ ပကဖ မှ တော်လှန်ရေး ရဲဘော်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/05/104328/
ချောင်းဦး၊ အမြင့်မြို့ဟောင်း ရဲစခန်း၌ တပ်စွဲထားသော စစ်တပ်က ဆိုင်ကယ်များကို အကြောင်းမဲ့ ဖမ်းဆီးပြီး ၁ စီးကို ၃ သိန်းနှုန်းဖြင့် ပြန်ရွေးခိုင်း
["ချောင်းဦး၊ အမြင့်မြို့ဟောင်း ရဲစခန်း၌ တပ်စွဲထားသော စစ်တပ်က ဆိုင်ကယ်များကို အကြောင်းမဲ့ ဖမ်းဆီးပြီး ၁ စီးကို ၃ သိန်းနှုန်းဖြင့် ပြန်ရွေးခိုင်း", "ရန်ကုန်၊ မေ ၂၅", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အမြင့်မြို့ဟောင်းရဲစခန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ဆိုင်ကယ်များကို အကြောင်းမဲ့ ဖမ်းဆီးပြီး ၁ စီးကို ၃ သိန်းနှုန်းဖြင့် ပြန်ရွေးခိုင်းကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အမြင့်မြို့ဟောင်း ရဲစခန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ စစ်သား နှင့် ရဲ အင်အား ၅၀ ခန့်သည် ၎င်းတို့ လစာထုတ်ချိန်တွင် အမြင့်မြို့ အပြင်ဘက်သို့သွားကာ လစာမထုတ်ယူရဲသောကြောင့် အမြင့်မြို့ဟောင်းကိုဖြတ်သန်းပြီး အလုပ်သွားလာနေသော ကုန်းသာ၊ နဂါးဗိုလ်၊ တောကျောင်းလေး၊ ရွှေဂူ စသည့် ကျေးရွာများမှ ပြည်သူများ၏ ဆိုင်ကယ်၊ ကားများကို အကြောင်းမဲ့ ဖမ်းဆီးကာ ၃ သိန်းကျပ်ဖြင့် ပြန်ရွေးခိုင်းကြောင်း သိရသည်။", "“ဒီကောင်တွေ လစာမထုတ်ရတာကြာပြီ လစာမထုတ်တော့ စားသောက်ဖို့ ပိုက်ဆံမရတာနဲ့ ဆိုင်ကယ်တွေ ဖမ်းပြီး ထားခဲ့ခိုင်းတယ်။ တစ်စီးကို ပိုက်ဆံ ၃ သိန်းနဲ့ လာရွေးဖို့ ပိုက်ဆံပြန်ယူခိုင်းတယ်။ ကျွန်တော်တို့က တစ်နေ့လုပ်မှတစ်နေ့စားသမားတွေပါ။ ဒါကို ဆိုင်ကယ်သိမ်းပြီး ပြန်ရွေးခိုင်းတာကတော့ လွန်ပါတယ် ပြန်ရွေးခိုင်းတာနည်းနည်းလည်းမဟုတ်ဘူးလေ ကားတွေလည်းဖမ်းပါတယ်။ ကားကိုတော့သိမ်းမထားပဲ ပါသမျှပိုက်ဆံတွေ ယူပါတယ်။ အများဆုံး ဖမ်းတဲ့နေရာကတော့ ရွှေကြိုးရစ်ဘုရားနားမှာပဲဖမ်းပါတယ်။ မနက်စောစော အလုပ်သွားချိန်နဲ့ ညနေအလုပ်ပြန်ချိန်တိုင်း ဖမ်းပြီးငွေညှစ်နေတာပါ။ အခုလိုငွေတောင်းနေတာ တော်တော်ကြာနေပါပြီ။ ပြီးရင်မူးယူးသောက်စားနေကြတာပါ” ဟု မုံရွာ-အမြင့်လမ်း သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အမြင့်တိုက်နယ် ရဲစခန်းကို ဒေသ ပြည်သူ့ကာကွယ်ရေးတပ်များမှ ဝင်ရောက် စီးနင်း တိုက်ခိုက် ပြီးနောက် ရဲစခန်းအတွင်းရှိ စစ်သားများပါ အင်အား ထပ်တိုးချထားခြင်းဖြစ်ကြောင်း သိရသည်။", "ချောင်းဦးမြို့နယ် အမြင့်တိုက်နယ်ရှိ ကံကြီးကုန်း၊ ကံဇီး၊ ကင်မွန်းတော် စသည့် ပျူစောထီး ၃ ရွာ အနီးရှိ ကျေးရွာများမှ ပြည်သူများသည် ၂၀၂၁ ခုနှစ် ကတည်းက ဇာတိရွာများတွင် နေထိုင်၍မရသောကြောင့် နေရပ်စွန့်ခွာခဲ့ရကြောင်း၊ လက်တလောတွင် အမြင့်မြို့၊ ဝယာ၊ ယာကြီးတော၊ ရွှေလှေ၊ ဆီပုဂံ၊ တပါယ်အင်း စသည့် ကျေးရွာများမှ နေရပ် စွန့်ခွာပြေးရသူများမှာ ပျူရွာများနှင့်လွတ်ကင်းရာတွင်နေထိုင်ရပြီး အစားအသောက်နှင့် ဆေးဝါးများ လိုအပ်နေလျှက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/04/155026/
ချောင်းဦး၊ အရာတော်နှင့် မုံရွာ ရှိ စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး
["ချောင်းဦး၊ အရာတော်နှင့် မုံရွာ ရှိ စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၄", "စစ်ကိုင်းတိုင်း၊ ချောင်းဦး-မြင်းမူ လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း လျှပ်စီးတပ်ခွဲ ( မုံရွာခရိုင်အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ချောင်းဦး-မြင်းမူ လမ်းပိုင်းရှိ ဟန်သစ် စက်သုံးဆီဆိုင်တွင် တပ်စွဲထားပြီး ခရီးသွားပြည်သူများထံမှ အတင်းအဓမ္မ ငွေညှစ် တောင်းခံနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး ပူပေါင်းတပ်ဖွဲ့များက ဒရုန်း ၄ စီးဖြင့် ဗုံးသီး ၁၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှု အခြေအနေကို မသိရှိရသေးဘဲ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီး ဗုံးသီး မတော်တဆ ပေါက်ကွဲမှုကြောင့် ဒရုန် ၁ စီး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ ( မုံရွာခရိုင်အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃) ၊ မီးတောက်တပ်ခွဲ(၄) မုံရွာခရိုင်အမှတ် (၁၂) တပ်ရင်း တပ်ခွဲ(၄) ၊ ရန်ရှင်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မုံရွာခရိုင် အမှတ် (၈) တပ်ရင်း၊ Chaung U Local Defense Force – CLDF တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့ စခတ ၁၀ တပ်အတွင်းရှိ ဟောင်ဝှစ်ဇာ လက်နက်ကြီးများ ထားရှိသော နေရာနှင့် မြို့နယ်ရဲမှူး နေအိမ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း BGS Drone Force အဖွဲ့ထံမှ သိရသည်။", "ဧပြီလ ၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် အရာတော်မြို့ အမှတ် ၁၀ စစ်ရေးအခြေခံလေ့ကျင့်ရေးတပ် အတွင်းမှ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် အရာတော်မြို့နယ် ပြည်သူများ နေထိုင်ရာ‌‌ ‌နေရာများကို ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် KIA ထုတ် ၆၀ မမ ဗုံးသီး ၂ လုံးဖြင့် ဟောင်ဝှစ်ဇာ လက်နက်ကြီးများ တည်ရှိရာ နေရာကို ကျဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက် ပျက်စီးမှုကို အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။", "ယင်းနေ့ မွန်းလွဲ ၁ နာရီ ၂၀ ခန့်တွင် အရာတော်မြို့မ ရဲစခန်းအတွင်းရှိ မြို့နယ်မှူး နေအိမ်ကို လက်လုပ် ၁၂၀ မမ ဗုံးသီး ၁ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ နေအိမ်ဘေးရှိ ရပ်ထားသော ကားတစ်စီးအပေါ်ကို ကျရောက် ပေါက်ကွဲ‌ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်ဒဏ်ရာရမှု အခြေအနေကို စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို BGS Ayadaw Drone Force နှင့် Ayadaw Rocket တို့က ဦးဆောင်၍ မုံရွာခရိုင် ကွပ်ကဲရေး ၊မြို့နယ် ပကဖ၊ တိုက်နယ် ၄ ၊ ၁၁ ၊ မိုင်းမင်းသား ပြောက်ကျားအဖွဲ့တို့၏ ပံ့ပိုးကူညီမှုများဖြင့် ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ စောထီး ၄ ဦးသေဆုံးခဲ့ပြီး ပျူစောထီးနေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း မြောင်မြို့နယ် ပြည် သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ – MSPDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဧပြီလ ၂ ရက် ညနေ ၄ နာရီခန့်မှ ၆ နာရီ မိနစ် ၃၀ ခန့်အထိ မုံရွာမြို့နယ်၊ တောပုပျူစောထီးကျေးရွာ ရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် AIR BOMB ၁၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီး ၄ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ပျူစောထီးနေအိမ်တစ်လုံးလည်း မီး လောင်ပျက်စီးခဲ့ကြောင်း သိရသည်။", "“ဒဏ်ရာရတဲ့သူတွေကို မန္တလေးဘက်ကနေ လာတဲ့ အန်စာတုံးကားတစ်စီးကို ချောဆွဲပြီး မုံရွာကို ဆေးရုံကို ပို့လိုက်ရပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်၊ ညီမတို့တပ်ဖွဲ့က ဒရုန်းစစ်ဆင်ရေးတွေကို အမြဲတမ်းလုပ်ဆောင်နေတာမို့ ဒရုန်းဗုံးသီး လိုအပ်ချက် ရှိနေပါတယ်၊ ပြီးတော့ စစ်ဆင်ရေးတွေအတွက်လည်း လက်နက်ခဲယမ်းတွေလိုအပ်ချက်ဖြစ်နေပါ တယ်။ အဲဒါကြောင့် မိဘပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ – MSPDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့-MSPDF ၊ စစ်ကိုင်းခရိုင် Drone တပ်ဖွဲ့၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း-NRDF ၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း-တပ်ခွဲ ၂ ၊ URBAN HUNTER FORCE-UHF ၊ SHINING STARS နှင့် Meikhtila Special Force တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/01/141186/
ဂန့်ဂေါ နှင့် ဖြူးမြို့နယ်တို့တွင် စစ်တပ်က လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် ကလေး ၁ ဦး အပါအဝင် ၂ ဦးသေဆုံးပြီး ပြည်သူ ၂ ဦး ဒဏ်ရာရ
["ဂန့်ဂေါ နှင့် ဖြူးမြို့နယ်တို့တွင် စစ်တပ်က လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် ကလေး ၁ ဦး အပါအဝင် ၂ ဦးသေဆုံးပြီး ပြည်သူ ၂ ဦး ဒဏ်ရာရ", "ရန်ကုန်၊ ဇန်နဝါရီ ၂၁", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကလေးငယ် ၁ ဦး အပါအဝင် ၂ ဦးသေဆုံးကြောင်း ဒေသပြည်သူများထံမှ သိရှိ ရသည်။", "ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေပိုင်းတွင် ဂန့်ဂေါမြို့ပေါ်တွင် စစ်တပ်က ရမ်း သမ်း ပစ်ခတ်သဖြင့် ပြည်သူများနေထိုင်ရာ နေရာသို့ ကျရောက်ပြီး ကလေး ငယ် ၁ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း နှစ်ဦးသေဆုံးကြောင်း သိရှိရသည်။", "“မြို့ပေါ်ကို စစ်တပ်က ပစ်လို့ သေဆုံးတာပါ။ လက်နက်ကြီးနဲ့ ထိမှန် ပေါက် ကွဲပြီး သေဆုံးတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အလားတူ ဇန်နဝါရီ ၁၆ ရက်နေ့ ည ၁၁ နာရီကျော်အချိန် ပဲခူးတိုင်း၊ ဖြူးမြို့ နယ်၊ ဘောလုံးကွင်းတွင် တပ်စွဲထားသော စစ်တပ်က လက်နက်ကြီးဖြင့် ပစ် ခတ်သဖြင့် ဖြူးမြို့နယ် ကုန်းအင်းကျေးရွာမှ ပြည်သူတစ်ဦး လက်နက် ကြီး ထိမှန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "“စစ်ခွေးတွေက ဖြူးမြို့ ဘောလုံးကွင်းထဲကနေ ဖြူးမြို့အရှေ့ဘက်ကရွာတွေကို တိုက်ပွဲမဖြစ်ဘဲနဲ့ နေ့တိုင်း ညတိုင်း လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ ဇန်နဝါရီ လ ၁၆ ရက်နေ့ ညပိုင်းမှာတော့ ကုန်းအင်းရွာက ပြည်သူတစ်ဦး လက်နက်ကြီး အစထိမှန်ဒဏ်ရာရပါတယ်။ အခြေအနေဆိုးပါတယ်။ နေ့ရော ညပါ စစ်တပ်က လက်နက်ကြီးပစ်မှာကို ကြောက်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/12/195472/
ဂန့်ဂေါခရိုင် ကျောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေး ဗဟို ဦးဆောင်ကော်မတီက ဒေသန္တရ တားမြစ်ချက်များ ထုတ်ပြန်ပြီး သေဒဏ်ထိချမှတ် နိုင်သော တရားစီရင်ခြင်းဖြင့် အရေးယူမည်ဟု ထုတ်ပြန်ချက် အာဏာရှင်ဆန်သော လုပ်ရပ်ဟု ပြည်သူများ ဝေဖန်
["ဂန့်ဂေါခရိုင် ကျောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေး ဗဟို ဦးဆောင်ကော်မတီက ဒေသန္တရ တားမြစ်ချက်များ ထုတ်ပြန်ပြီး သေဒဏ်ထိချမှတ် နိုင်သော တရားစီရင်ခြင်းဖြင့် အရေးယူမည်ဟုထုတ်ပြန်ချက် အာဏာရှင်ဆန်သော လုပ်ရပ်ဟု ပြည်သူများ ဝေဖန်", "ရန်ကုန်၊ ဒီဇင်ဘာ ၁၃", "မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ကျောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေး ဗဟို ဦးဆောင်ကော်မတီက ဒေသန္တရ တားမြစ်ချက်များ ထုတ်ပြန်ပြီး သေဒဏ်ထိ ချမှတ် နိုင်သော တရားစီရင်ခြင်းဖြင့် အရေးယူမည်ဟု ထုတ်ပြန်ချက် အာဏာရှင်ဆန်သော လုပ်ရပ်ဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၁၅ ရက်နေ့က ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟို ကော်မတီ (ကျောတိုက်နယ်) က ဒေသန္တရ ဥပဒေမူကြမ်း ရေးဆွဲကာ တားမြစ်ထားသော တားမြစ်ချက်များကို ခွင့်ပြုချက်မဲ့ ကျူးလွန်ကြောင်း ထင်ရှားပါက သေဒဏ်အထိ ချမှတ်နိုင်သော တရားစီရင်ခြင်း ဖြင့် ဒေသန္တရ ဥပဒေအတိုင်း မည်သူ့ကိုမဆို အရေးယူသွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားကြောင်း သိရသည်။", "“ထုတ်ပြန်ချက်က ယေဘုယျ အရမ်းဆန်လွန်းတယ်။ ဥပဒေတစ်ခုကို ထုတ်ပြန်တဲ့ပုံမပေါက်ဘူး။ အရေး ယူတဲ့အခါ နည်းဥပဒေအရ အရေးယူမယ်လို့ပါတယ်။ ဒီနည်းဥပဒေဆိုတာကို သူတို့ ဘယ်လိုရေးဆွဲပြီး ဘယ်လိုထုတ်ပြန်ထားတယ်ဆိုတာ ကျနော်တို့မသိရဘူး။ ထုတ်ပြန်ချက်အတိုင်းဆို မျှစ်ချိုး၊ ဝါးခုတ်တာ လောက်တောင် အခပ်မသင့်ရင် သေဒဏ်ပေးလို့ရတဲ့ သဘောကြီးသက်ရောက်နေတယ်။ ပြီး တော့ အပိုဒ် ၂၂ မှာဆိုရင် သူတို့ကို ဘာမှ ဝေဖန်ခွင့်မရှိသလောက်ကြီးဖြစ်သွားတာ သူတို့နဲ့ပတ်သက်ပြီး တစ်ခုခု ထောက်ပြဝေဖန်ရမှာကို ပြည်သူတွေက လန့်နေကြပြီ ဒီစာအားလုံးကို အချုပ်အားဖြင့် သုံးသပ်ရရင် အာဏာရှင် ဆန်လွန်းတယ်။ ပြည်သူကိုမျက်နှာမူတဲ့ ထုတ်ပြန်ချက်မဟုတ်ဘူး။ ဒီလိုထုတ်ပြန်မှုကို အမြန်ဆုံး ရုပ်သိမ်းသင့်တယ်လို့မြင်တယ်” ဟု ဒေသ ပြည်သူတစ်ဦးက ပြောဆိုသည်။", "အဆိုပါ ဒေသန္တရ တားမြစ်ချက်များတွင် အချက် ၂၃ ချက်ပါဝင်ပြီး ဂန့်ဂေါခရိုင်အမှတ် ၁၉ တပ်ရင်း အနေဖြင့်လည်း ယင်းထုတ်ပြန်ချက်အပေါ် လေးစားလိုက်နာကျင့်သုံးသွားမည်ဖြစ်ပြီး တားမြစ်ချက်ကို ကျူးလွန်သော မည်သူ့ကိုမဆို ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ထပ်ဆင့်ထုတ်ပြန်ထားသည်။", "“ဒီထုတ်ပြန်ချက်သာ အတည်ဖြစ်သွားရင် ပြည်သူတွေအတော်ဒုက္ခရောက်မှာ။ ပြီးခဲ့တဲ့လထဲကပဲ ခေါင်းတင်မှာ ဖြစ်သွားတဲ့ကိစ္စတစ်ခုရှိတယ်။ စိတ်မနှံတဲ့သူတစ်ယောက်ကို သူ့သူငယ်ချင်းက ဝင် တားတာ၊ ဟိုကကြောင်နေတော့ ဓားနဲ့ထိုးလိုက်တာ၊ ဓားနဲ့ထိုးတာက ဒဏ်ရာသိပ်မပြင်းဘူး။ အဲဒီ ကြောင်နေတဲ့သူကို ပအဖတွေက ဖမ်းပြီးရိုက်နှက်ထားတာ၊ ခေါင်းကြေသွားပြီး လူက လူကောင်း ပြန်ဖြစ်ဖို့အထိ မလွယ်တော့ဘူး။ အာဏာရှင် မကြိုက်လို့ အာဏာရှင်တော်လှန်ရင်း အာဏာရှင် တွေဖြစ်ကုန်ကြပြီ” ဟု ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2024/09/184639/
ဂန့်ဂေါခရိုင်တွင် PDF တပ်ရင်း ၅ ရင်း စုဖွဲ့လေ့ကျင့်မှု ပြုလုပ်၊ PDF တပ်ဖွဲ့များ စုဖွဲ့မှု အားကောင်း၍ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
["ဂန့်ဂေါခရိုင်တွင် PDF တပ်ရင်း ၅ ရင်း စုဖွဲ့လေ့ကျင့်မှု ပြုလုပ်၊ PDF တပ်ဖွဲ့များ စုဖွဲ့မှု အားကောင်း၍ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်", "ရန်ကုန်၊ စက်တင်ဘာ ၂၂", "မကွေးတိုင်း၊ ဂန့်ဂေါခရိုင်တွင် PDF တပ်ရင်း ၅ ရင်း စုဖွဲ့လေ့ကျင့်မှု ပြုလုပ်နေပြီး PDF တပ်ဖွဲ့များ စုဖွဲ့မှု အားကောင်း၍ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း ဂန့်ဂေါခရိုင် စုဖွဲ့လေ့ကျင်းမှု တပ်ရင်း ၅ ရင်း၏ ပြန်ကြားရေးတာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ပြောကြားသည်။", "ဇူလိုင်လ ၂၄ ရက်နေ့မှ စတင်၍ ဂန့်ဂေါခရိုင် အတွင်း အခြေစိုက်တပ်ရင်းများဖြစ်သော ခရိုင်အမှတ် (၁၃ ၊ ၁၅ ၊ ၁၆ ၊ ၁၇ ၊ ၁၈) တပ်ရင်းများ ပူးပေါင်းကာ ဒေသအတွင်း တော်လှန်ရေး အင်အားစုများ ပိုမိုကျစ်လစ်အားကောင်းလာစေရန် ရည်ရွယ်၍ စုဖွဲ့လေ့ကျင့်မှုများ ဆောင်ရွက်ခဲခြင်းဖြစ်ကြောင်း သိရသည်။", "“လက်ရှိအချိန်အထိကတော့ စုဖွဲ့လေ့ကျင့်မှုလုပ်နေတာပေါ့၊ တဖက်မှာ ခရိုင်ကွက်ကဲမှုနဲ့အညီ စစ် မျက်နှာ ၂ ခုဖွင့်ပြီး ဖော်ဆောင်နေတာရှိပါတယ်။ အဲလိုပဲ နောက်တန်းမှာကျန်ခဲ့တဲ့ရဲဘော်တွေကို လည်း နေရာတစ်နေရာစီထားပြီးတော့ လေ့ကျင့်ပေးနေတာရှိတယ်၊ အဲလိုပဲ ရှေ့က ရဲဘော်နဲ့ နောက် ကရဲဘော်ပြန်ပြီးတော့ချိန်းပေးတာပေါ့၊ ရှေ့တန်းကို ထည့်ပေးတယ်၊ ရှေ့တန်းက ပြန်လာတဲ့သူတွေ ကနောက်မှာပြန်နား၊ နားပြီးတာနဲ့ စုဖွဲ့မှုထဲ ပြန်ဝင်ပေါ့။ စုဖွဲ့လေ့ကျင့်မှုကတော့ အချိန်အတိုင်းအတာ တစ်ခုထိတော့ လုပ်နေမှာပေါ့၊ ကျနော်တို့ ယောနယ်မှာက တပ်ရင်း၊ တပ်ဖွဲ့တွေ များစွာရှိတယ်၊ ရှိတဲ့ အထဲကမှ ကျနော်တို့ တပ်ရင်း ၅ ရင်းကို အရင်ဆုံးပေါင်းစည်းလိုက်တာပေါ့။ ရှိတာကတော့ခရိုင် ကွက်ကဲရေးအောက်မှာပဲရှိတာပေါ့၊ ဒါပေမယ့် စစ်ဆင်ရေးဖော်ဆောင်တဲ့အခါမှာ ရဲဘော်တစ်ယောက် ချင်းစီရဲ့ အနေအထား၊ တစ်ရင်းနဲ့ တစ်ရင်းထိတွေ့မှုမရှိတဲ့အခါကျတော့ ခန့်မှန်းရ ခက်တယ်၊ အဲလို ဆိုတော့ သူတို့တွေကို ပေါင်းပြီးတော့ နေရာအသီးသီးမှာ တာဝန်ပေးလိုက် တဲ့အခါကျတော့ အမြဲ တမ်းလည်း စုစုစည်းစည်းဖြစ်နေတယ်၊ လိုတဲ့အင်အားကို ဘယ်အချိန်မဆို ထုတ်လို့ရတာပေါ့။ ဒီပုံစံ မျိုးနဲ့ဆက်သွားမှာပါ။ စုဖွဲ့မှုကတော့ အပျက်မခံဘူးပေါ့၊ စုဖွဲ့နေစဉ်ကာလမှာလည်း သီးသန့်ကြီးပဲ စုဖွဲ့နေတာမဟုတ်ပဲနဲ့ တပ်ရင်းနဲ့ လေ့ကျင့်နေတယ်ပေါ့၊ လေ့ကျင့်ရင်းနဲ့ တိုက်တဲ့ပုံစံမျိုးပဲ ဆက်သွား နေတာပါ။” ဟု ဂန့်ဂေါခရိုင် စုဖွဲ့လေ့ကျင်းမှု တပ်ရင်း ၅ ရင်း၏ ပြန်ကြားရေးတာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။", "ထိုကဲ့သို့ စုဖွဲ့လေ့ကျင့်မှု လုပ်ဆောင်နေစဉ် သိရသည်။ NUG MOD မှ တာဝန်ရှိသူများနှင့် မန္တလေးမြို့ လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းတို့ လာရောက်ခဲ့ကြပြီး တပ်ဖွဲ့ဝင် ရဲဘော်များကို ဩဝါဒပေးခြင်း ၊ စိတ်ခွန်အားပေးခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်ကြရမည့်လုပ်ငန်းများအား ချပြဆွေး နွေးခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "ထို့အပြင် ထီးလင်းမြို့ပေါ်တွင် အလင်းဝင်ရောက်ရန် ဝေခွဲမရဖြစ်နေသော အကြမ်းဖက်စစ်ကောင်စီ တပ်သား ၃ ဦးသည် စုပေါင်းညီညွတ်မှုကို ယုံကြည်ကာ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင် ရောက်ခဲ့ကြောင်း၊ အလင်းဝင်ရောက်လာသူ စစ်ကောင်စီတပ်သား ၃ ဦးကို ကောင်မွန်စွာ စောင့် ရှောက်ထားပြီး ဂုဏ်ပြုဆုငွေများချီးမြှ့င်ခဲ့ပေးခဲ့ကြောင်း သိရသည်", "“အရင်တုန်းက ဒီဒေသတွင်းမှာ တပ်ရင်းတပ်ဖွဲ့တွေများစွာရှိတယ်၊ အဲဒီတော့ တချို့ CDM ဝင်မယ့် စစ်သားတွေက အရင်ကတည်းက ဆက်သွယ်နေကြာတာရှိတယ်၊ သူတို့ဘယ်ကိုသွားရမလဲ၊ သူတို့ ကိုယ်သူတို့လည်း ဝေခွဲမရပဲနဲ့ အဲလိုနေနေကြရတာတွေရှိတယ်။ အခုလိုမျိုး စုဖွဲ့လိုက်တဲ့ အခါကျ တော့ ဒီအဖွဲ့တွေထဲကို သွားလို့ရှိရင် သေချာတယ်၊ ဘယ်တပ်ရင်းကိုပဲ သွားသွား ဒီအဖွဲ့တွေ ထဲပဲ ရောက်မှာ။ ဒါမျိုးပဲ သူတို့စိတ်ထဲမှာ ပြန်ရောက်သွားတယ်လို့ ထင်ပါတယ်။ CDM ဝင်လာတာက ကနဦး လက်နက်ငယ်နဲ့ ဝင်လာတယ်။ ဒုတိယကျတော့ MA S ပေါ့ စနိုက်ပါနဲ့ဝင်လာတယ်။ တတိယ တစ်ယောက်ကလည်း လက်နက်ငယ်နဲ့ဝင်လာတယ်။ အခုဝင်လာတာက တော့ ထီးလင်းမြို့ပေါ်က ဝင်လာတာ” ဟု ဂန့်ဂေါခရိုင် စုဖွဲ့လေ့ကျင်းမှု တပ်ရင်း ၅ ရင်း၏ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "ဂန့်ဂေါခရိုင် တပ်ရင်းများအနေဖြင့် စုဖွဲ့လေ့ကျင့်မှု ဆောင်ရွက်နေစဉ် အချိန်ကာလအတွင်းတွင် လည်း ခရိုင်ကွပ်ကဲမှု လမ်းညွှန်ချက်များနှင့်အညီ အကြမ်းဖက် စစ်ကောင်စီတပ်အား ထိုးစစ်ဆင် တိုက်ခိုက်ကာ မပြီးဆုံးသေးသော တော်လှန်ရေးအား အောင်မြင်ပြီးဆုံးသည်အထိ လက်တွဲညီညီဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/10/186581/
ဂန့်ဂေါခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၈ ဦးသေဆုံးပြီး ၁၄ ဦးထက်မနည်း ဒဏ်ရာရ
["ဂန့်ဂေါခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၈ ဦးသေဆုံးပြီး ၁၄ ဦးထက်မနည်း ဒဏ်ရာရ", "ရန်ကုန်၊ အောက်တိုဘာ ၅", "မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ရှိ ကျေးရွာများကို စစ်တပ်က ယနေ့ အောက်တိုဘာလ ၅ ရက်နေ့တစ်ရက်တည်း အကြမ်းဖက် စစ်ကေတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၈ ဦးသေဆုံး ပြီး ၁၄ ဦး ထက် မနည်းဒဏ်ရာရရှိခဲ့ကြောင်း ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ် သစ် သတင်းဌာနထံ သို့ ပြောကြားသည်။", "ယနေ့အောက်တိုဘာလ ၅ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၂၀ ခန့်တွင် တစ်ကြိမ်၊ ၁၂ နာရီ မိနစ် ၄၀ ခန့်တွင် တစ်ကြိမ် ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ရေရှင်မရွာ ဘုရားရင်ပြင်ပေါ်သို့ အကြမ်းဖက် စစ် ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက်၄၃နှစ် အရွယ် အမျိုးသားတစ်ဦး ဦးခေါင်းပြတ် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။", "အလားတူ ယနေ့ အောက်တိုဘာလ ၅ ရက်နေ့တွင် မည်သည့် တိုက်ပွဲမျှ ဖြစ်ပွားခြင်းမရှိပဲ ထီးလင်း မြို့နယ် ကျင်းမြောက်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က အကြောင်းမဲ့ ဗုံးသီး ၄ လုံး ကျဲချ ခဲ့ရာ ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိုသို့ ဗုံးပေါက်ကွဲမှုကြောင့် ဆိုင်ကယ်ပြင်ဆိုင်မှ အမျိုး သား ၄ ဦး နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့သည့် အပြင်း ဒဏ်ရာ အပြင်းအထန် ဒဏ်ရာရရှိသူ အမျိုး သမီးတစ်ဦးလည်း ထပ်မံသေဆုံးသွားကြောင်း သိရသည်။", "“ဒီနေ့ ကျင်းမြောက်ရွာကို ဗုံး ၄ လုံး ကျဲတာ ၃ လုံးကွဲပြီး ၅ ယောက်သေတယ်။ တောင်ဖက်ရွာကိုလဲ စက်လတ်နဲ့ ဆွဲသွားတယ်။ အပြင်းထန်ဒဏ်ရာရတာက ၂ ယောက်ရှိတယ်။ ကျန်တဲ့ ဒဏ်ရာရစာရင်း တော့ အတည်ပြုမရသေးဘူး” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။", "ထို့ပြင် ယနေ့ အောက်တိုဘာလ ၅ ရက် နံနက် ၉ နာရီခွဲခန့်က ဆောမြို့ နယ် ၊ ကျောက်ထုမြို့ အ နီး ပန်းဆန်ကျေးရွာအတွင်းသို့ ကျောက်ထုအမြှောက်တပ်က လက်နက်ကြီး၊ ဒရုန်းဖြင့်တို့ ဗုံးကျဲ ပစ် ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၄၁ နှစ်အရွယ် ဒေါ်ခင်တိုးနှင့် အသက် ၁၄ နှစ်အရွယ် မခိုင်စုလွင်တို့ သားအမိ ၂ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၁၄ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။"]
https://yktnews.com/2024/10/187486/
ဂန့်ဂေါခရိုင်အတွင်းရှိ တပ်ရင်း ၅ ရင်း စုဖွဲ့လေ့ကျင့်မှုနှင့်စစ်သည်တော်ကျင့်ဝတ် သင်တန်းပို့ချပြီးစီး
["ဂန့်ဂေါခရိုင်အတွင်းရှိ တပ်ရင်း ၅ ရင်း စုဖွဲ့လေ့ကျင့်မှုနှင့်စစ်သည်တော်ကျင့်ဝတ် သင်တန်းပို့ချပြီးစီး", "ရန်ကုန်၊ အောက်တိုဘာ ၁၁", "မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းအတွင်းရှိ တပ်ရင်း ၅ ရင်း စုဖွဲ့လေ့ကျင့်မှုနှင့် စစ်သည်တော် ကျင့် ဝတ်သင်တန်း ပို့ချခြင်းကို အောက်တိုဘာလ ပထမ အပတ်တွင် ပြီးစီးသွားပြီ ဖြစ်ကြောင်း Yaw Revolition Army – Htilin မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။", "ဇူလိုင်လ ၂၄ ရက် နေ့မှ စတင်ကာ ဂန့်ဂေါခရိုင်အတွင်းရှိ တော်လှန်ရေး အင်အားစုများ ပိုမို ကျစ်လစ် အားကောင်းစေရန် ရည်ရွယ်၍ ခရိုင်ကွပ်ကဲမှု လမ်းညွှန်ချက်များနှင့် အညီ ခရိုင်အမှတ် ၁၃၊ ၁၅ ၊ ၁၆ ၊ ၁၇ ၊ ၁၈ တပ်ရင်းများ စုဖွဲ့လေ့ကျင့်မှုအဖြစ် တိုက်ပွဲများဖော်ဆောင်ခဲ့ပြီး NUG MOD မှ ချမှတ်ထား သော ရဲဘော်များလိုက်နာရမည့် စစ်သည်တော်ကျင့်ဝတ်စည်းမျဉ်းများလည်း သင်တန်း နေရာ ၂ ခုခွဲ ကာ ပို့ချခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/08/118943/
ဂန့်ဂေါခရိုင်၊ အမှတ် ၁ စစ်ဒေသတွင် PDF ရဲဘော်များ NCO အပတ်စဉ် ၁ သင်တန်းဆင်းပွဲ ပြုလုပ်
["ဂန့်ဂေါခရိုင်၊ အမှတ် ၁ စစ်ဒေသတွင် PDF ရဲဘော်များ NCO အပတ်စဉ် ၁ သင်တန်းဆင်းပွဲ ပြုလုပ်", "ရန်ကုန်၊ ဩဂုတ် ၁၉", "မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ တနေရာ၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် ၁ စစ် ဒေသ၊ ဂန့်ဂေါခရိုင်၏ Non-Commissioned Officer (NCO) သင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။", "ဩဂုတ်လ ၁၇ ရက်နေ့က အဆိုပါ သင်တန်းတွင် သင်တန်းသားရဲဘော် ၁၅၇ ဦး တက်ရောက်ခဲ့ပြီး သင် တန်း ဆင်းအခမ်းအနားသို့ မကွေးတိုင်း ကွပ်ကဲရေးရုံးမှ PDF တာဝန်ခံ၊ ခရိုင်ကွပ်ကဲရေးမှူးများ၊ ခရိုင် ရေးထောက်တာဝန်ခံများ၊ တပ်ရင်း မှူး/ဒုတပ်ရင်းမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။", "ယင်းသင်တန်းဆင်းပွဲ၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံအားအလေးပြုခြင်း၊ ကျဆုံးရဲဘော်များ သတိရအောက်မေ့ ငြိမ်သက်ခြင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးပို့သောသဝဏ်လွှာအားဖတ်ကြားခြင်း မိန့်ခွန်းပြောကြားခြင်း၊ သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်း၊ ကဏ္ဍအလိုက်ထူးချွန်ဆုရရှိသူများ အားဆုချီးမြှင့်ခြင်း စသည့် အစီအစဉ်များ ဆောင်ရွက်ကာ တော်လှန်ရေးသီချင်းများသံပြိုင်သီဆိုပြီး", "အခမ်း အနားကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်)က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/06/167978/
ဂန့်ဂေါတွင် PDF ထံသို့ ကျည်ဆန်များ ရောင်းစားမှုဖြင့် ဗိုလ်ကြီးမျိုးဝင်းသူနှင့် စစ်သားမိန်းမ ၂ ဦးကို စစ်တပ်က ဖမ်းဆီး၊ စစ်ကြောရေးတွင် ရိုက်နှက်ခံရ၍ စစ်သားမိန်းမ ၂ ဦးဆေးရုံရောက်
["ဂန့်ဂေါတွင် PDF ထံသို့ ကျည်ဆန်များ ရောင်းစားမှုဖြင့် ဗိုလ်ကြီးမျိုးဝင်းသူနှင့် စစ်သားမိန်းမ ၂ ဦးကို စစ်တပ်က ဖမ်းဆီး၊ စစ်ကြောရေးတွင် ရိုက်နှက်ခံရ၍ စစ်သားမိန်းမ ၂ ဦးဆေးရုံရောက်", "ရန်ကုန်၊ ဇွန် ၁၇", "မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ရင်းတွင် ကျည်ဆန်များခိုးရောင်းစားသူ ဗိုလ်ကြီး မျိုးဝင်းသူ ဖမ်းဆီးခံထားရပြီး စစ်သားမိန်းမ ၂ ဦးကိုပါ စစ်တပ်က ရိုက်နှက်စစ်ဆေးသဖြင့် ဆေးရုံတင်ထားရကြောင်း ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇွန်လ ၁၂ ရက်နေ့ ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ရင်းတွင် စစ်သား၊ ရဲများ အစည်းအဝေးပွဲလုပ်ပြီး စစ်သားတစ်ဦးလျှင် ကျည်ဆန် ၅၀၀ စီပေးခဲ့ကြောင်း၊ ယင်းနောက် ကျည်အရောင်းအဝယ်ပြုလုပ်သည်ဆိုသော သတင်းပေါက်ကြားသွားဖြင့် စစ်တပ်က စစ်ဆေးခဲ့ကြောင်း၊ စစ်သားမိန်းမနှစ်ဦးက အပြင်ပွဲစား ၃ ဦးဖြင့် ချိတ် ဆက်ကာ AK ကျည် ၇၀၀၀ ကို တစ်တောင့်လျှင် ၁၂၀၀၀ ကျပ်နှုန်းဖြင့်ရောင်းစားခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း၊ ထို့ကြောင့် စစ်သား မိန်းမ ၂ ဦးကို ရိုက်နှက်စစ်ဆေးရာ ဒဏ်ရာများ အပြင်းအထန်ရရှိသဖြင့် ဂန့်ဂေါမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသထားရ ကြောင်း သိရသည်။", "“ရောင်းစားတာကတော့ ကြာပြီလို့ ပြောတယ်၊ နည်းနည်းစီဆိုတော့ သိပ်မသိသာတာပေါ့၊ အခုက ၇၀၀၀ ဆို တော့ သူတို့ ရိပ်မိသွားတဲ့သဘောဖြစ်မယ်၊ စစ်တဲ့အခါမှာ အမျိုးသမီးတစ်ယောက် လစာငွေနဲ့ မလောက်လို့ ငတ်နေလို့ ကျည်ရောင်းစားရတာလို့ ပြောတယ်လို့ ပြန်ကြားရတယ်၊ တပ်ရင်းထဲမှာ အတော်လေးစစ်ဆေးနေတယ်၊ အဝင်၊ အထွက်တွေပိတ်စစ်နေတာ ၊ မြေလှန်ရှာတဲ့သဘောပြန်ကြား နေရတယ်” ဟု ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "ထို့ပြင် ဗိုလ်ကြီးမျိုးဝင်းသူကိုလည်း ကျည်ဆန်ရောင်းစားမှုဖြင့် တပ်ရင်းအချုပ်တွင်ဖမ်းဆီးထား ကြောင်း၊ ဗိုလ်ကြီးမျိုးဝင်းသူသည် ဂန့်ဂေါမြို့ပေါ်တွင် သေ နတ် များ ပစ်ဖောက်ပြကာ ကျည်ဆန်စစ်ဆေး ရန်ခက်ခဲသည်ကို အခွင့် ကောင်းယူပြီး ကျည်ဆန်များကို ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယနေ့ ဇွန်လ ၁၆ ရက် ညနေ ၅ နာရီခွဲခန့် တွင် အကြမ်းဖက်စစ်ကောင်စီက Mi 17 ထောက်ပို့ ရဟတ်ယာဉ်တစ်စီးဖြင့် ကျည်သေတ္တာတစ်လုံးလာရောက်ချပေးခဲ့ပြီး ထို့သို့ချပေးသည့် ရဟတ်ယာဉ်ဖြင့် ဗိုလ်ကြီးမျိုးဝင်းသူ၏ ယောက္ခမဖြစ်သူလည်း လိုက်ပါလာကြောင်း တပ်နှင့်နီးစပ်သူ သတင်းရင်းမြစ်ထံမှ သိရသည်။", "ဓာတ်ပုံ- ဧပြီလအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းနှင့်ကျည်ဆန်များ။"]
https://yktnews.com/2025/05/214381/
ဂန့်ဂေါတွင် ခလရ ၅၀ တပ်ရင်းက လယ်မရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး လူ ၁၁ ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြန်၊ ပြည်သူ ၂၀ ကျော်ကိုလည်း ဖမ်းဆီးသွား
["ဂန့်ဂေါတွင် ခလရ ၅၀ တပ်ရင်းက လယ်မရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး လူ ၁၁ ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြန်၊ ပြည်သူ ၂၀ ကျော်ကိုလည်း ဖမ်းဆီးသွား", "ရန်ကုန်၊ မေ ၁၃", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ခလရ ၅၀ တပ်ရင်းမှ အကြမ်းဖက် စစ်သားများက လယ်မရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး လူ ၁၁ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ မေလ ၁၂ ရက်နေ့ နံနက် ၂ နာရီ ခန့်တွင် ဂန့်ဂေါမြို့နယ်၊ ခလရ ၅၀ တပ်ရင်းမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လယ်မရွာကို ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။", "ထိုသို့ ဝင်ရောက် စီးနင်းပြီးနောက် ကျေးရွာနေ ကလေးငယ်များအပါအဝင် လူငယ် ၁၁ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပစ်သတ်ကာ ပြည်သူများကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်ကောင်စီ တပ်သားများ သတ်ဖြတ်သွားသော ပြည်သူ ၁၁ ဦးမှာ အသက် ၂၄ နှစ်အရွယ် ကျော်စန်းခိုင် ၊ အသက် ၂၃ နှစ်အရွယ် သက်ပိုင်ဦး ၊ အသက် ၃၉ နှစ်အရွယ် အောင်ကြည်မင်း ၊ အသက် ၂၅ နှစ်အရွယ် နေလင်းဦး ၊ အသက် ၂၇ နှစ်အရွယ် ညီလေး ၊ အသက် ၁၉ နှစ်အရွယ် ဂျွန်ကိုဝင်း ၊ အသက် ၁၅ နှစ်အရွယ် သီဟလင်း ၊ အသက် ၁၅ နှစ်အရွယ် မျိုးသီဟ ၊ အသက် ၁၂ နှစ်အရွယ် လျှံထွန်း ၊ အသက် ၁၉ နှစ်အရွယ် ကျော်မြတ်သူ နှင့် အသက် ၁၃ နှစ်အရွယ် မှိုင်းဝေ တို့ကို ပစ်သတ်သွားခြင်းဖြစ်ကြောင်း သိရသည်။", "“မနေ့ နံနက် အစော ၂ နာရီ ဝန်းကျင်လောက်က ခလရ ၅၀ တပ်ရင်းကလာတဲ့ စစ်ခွေး စစ်ကြောင်းက လယ်မရွာကို ရောက်ရှိလာပြီးတော့ ပြည်သူ ၁၁ ဦးကို ပစ်သတ်ထားတယ်။ ပြည်သူ ၂၀ ခန့်ကိုလည်း ဖမ်းဆီးသွားတယ်။ အဲစစ်ခွေး စစ်ကြောင်းက ရွာထဲမှာ သတ်ဖြတ်ဖမ်းဆီးပြီး ချက်ချင်း ပြန်ဆုတ်သွားတယ်လို့သိရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/02/143586/
ဂန့်ဂေါတွင် စခန်းစွန့်ခွာ ထွက်ပြေး လာသော စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ အုတ်တွင်းမြို့နယ်၊ ညောင်ချေထောက်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စခန်းမှူး ပြင်းထန် ဒဏ်ရာရ
["ဂန့်ဂေါတွင် စခန်းစွန့်ခွာ ထွက်ပြေး လာသော စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ အုတ်တွင်းမြို့နယ်၊ ညောင်ချေထောက်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စခန်းမှူး ပြင်းထန် ဒဏ်ရာရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြစ်သာတမံပေါ်မှ တပ်ဆုတ်လာသော စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။", "ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းက ဂန့်ဂေါမြို့နယ်၊ မြစ်သာတမံတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် စခန်းစွန့်ခွာပြီး ဂန့်ဂေါမြို့သို့ ဦးတည်ထွက်ခွာခဲ့သဖြင့် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နှင့် မဟာမိတ်အဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ၁၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ၊ FRF ၊ CDF – KKG နှင့် ဂန့်ဂေါတောင်ပိုင်း ပကဖ အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်သည့် နေရာအား နယ်မြေရှင်းလင်းစဉ် စစ်အသုံးအဆောင် ပစ္စည်းအချို့နှင့် သွေးစွန်းနေသော စစ်ယူနီ‌ ဖောင်းများ တွေ့ရှိခဲ့ရကြောင်း သိရသည်။", "ထို့ပြင် ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ညောင်ချေထောက် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ရဲစခန်းမှူး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အုတ်တွင်းမြို့နယ်၊ ညောင်ချေထောက် ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ရဲစခန်းမှူး ပြင်းထန် ဒဏ်ရာ ရရှိပြီး အရေးပေါ်ကားဖြင့် ညတွင်းခြင်း တောင်ပိုင်းတိုင်းစစ်ဆေးရုံ မဆရ ၃ ကို အရေးပေါ်ကားဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။"]
https://yktnews.com/2023/08/118118/
ဂန့်ဂေါတွင် စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ မှု ကြောင့် ပြည်သူ ၂ ဦး ‌သေဆုံး၍ ၄ ဦး ဒဏ်ရာရ
["ဂန့်ဂေါတွင် စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ မှု ကြောင့် ပြည်သူ ၂ ဦး ‌သေဆုံး၍ ၄ ဦး ဒဏ်ရာရ", "ရန်ကုန်၊ သြဂုတ် ၁၃", "မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ပစ်ခတ်သည့် လက် နက် ကြီးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ အသက် ၁၂ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူ များက ပြောကြားသည်။", "ဩဂုတ်လ၈ ရက်နေ့တွင် ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာတွင် တပ်စွဲလျက် ရှိသော အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် ကျေးရွာများအတွင်းသို့ ၁၂၀-မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ဂန့်ဂေါမြို့ နယ်၊ ရေသာကျေးရွာသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲ ခဲ့ကြောင်း၊ အသက် ၃၄ နှစ်အရွယ် အမျိုးသမီး ၁ ဦး၏ ဦးခေါင်းသို့ လက်နက်ကြီးစ ထိမှန်ကာ ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရှိရသည်။", "အလးတူ ဩဂုတ်လ ၁၁ ရက်နေ့တွင် ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာတွင် တပ်စွဲလျက်ရှိသော အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ် မဟုတ်သည့် ကျေးရွာများအတွင်းသို့ ၁၂၀-မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ သဖြင့် ဂန့်ဂေါမြို့နယ်၊ မြင်သားရွာသို့ လက်နက်ကြီး ၂ လုံးကျ ရောက်ပေါက် ကွဲခဲ့ရာ အသက် ၅၈ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၃၃ နှစ်အရွယ် အမျိုုးသား ၁ ဦး လက်နက်ကြီးစထိမှန်ကာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ ကြောင်း ဂန့်ဂေါမြို့နယ်ပကဖ အဖွဲ့ထံမှ သိရှိရသည်။", "ထို့ပြင် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး၏ ဦးခေါင်း ဘယ်ဘက်ခြမ်း သို့ လက်နက်ကြီးစထိမှန်ဒဏ်ရာ (စိုးရိမ်ရ)၊ အသက် ၂၈ နှစ်အရွယ် အမျိုးသား တစ်ဦး၏ ဝမ်းဗိုက်၊ ဘယ်ဘက်နောက်ကျောနှင့် ညာခြေထောက်တို့ကို လက်နက်ကြီးစထိမှန်ဒဏ်ရာ(စိုးရိမ်ရ) နှင့် အသက် ၆၃ နှစ်အရွယ် အမျိုးသမီး တစ်ဦး ၏ ဘယ်ဘက်ပေါင်အား လက်နက်ကြီးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရှိရသည်။", "ထို့အတူ ဩဂုတ်လ ၁၃ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းကျေးရွာ နယ်မြေရဲစခန်းမှ စစ်ကောင်စီတပ်ကနံနက် ၉ နာရီဝန်းကျင်မှစ၍ တောင်ခင် ရန်း ကျေးရွာ အတွင်းရှိ အပြစ်မဲ့ပြည်သူနေအိမ် ၇ လုံးကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ပြီး စခန်း အတွင်းမှ ၈၀-မမ လက်နက်ကြီးဖြင့် ကျေးရွာ အတွင်းသို့ အကြောင်းမဲ့ရမ်းသမ်းပစ်ခတ်မှု ကြောင့် လူနေအိမ်(၂)လုံး ပျက်စီးခဲ့ကြောင်း ၊ မြောက်ခင်ရန်းကျေးရွာရှိ စစ်ကောင်စီတပ်က ၁၂၀-မမ လက်နက်ကြီးဖြင့် မြင်သာကျေးရွာသို့ ပစ်ခတ်ခဲ့ရာ ရွာအတွင်းကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူများအထိအခိုက်မရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/01/197827/
ဂန့်ဂေါတွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသည့် အသက် ၁၄ နှစ် အရွယ် ပျုစောထီး ၁ ဦး အလင်းဝင်၊ တောင်သာတွင်လည်း ရဲတပ်သား ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်
["ဂန့်ဂေါတွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသည့် အသက် ၁၄ နှစ် အရွယ် ပျုစောထီး ၁ ဦး အလင်းဝင်၊ တောင်သာတွင်လည်း ရဲတပ်သား ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်", "ရန်ကုန်၊ ဇန်နဝါရီ ၁", "မကွေးတိုင်း၊ ဂန့်ဂေါမြို့ တောင်ဘက် လောင်ထောင်ဂိတ်တွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသည့် အသက် ၁၄ နှစ်အရွယ် ပျုစောထီး ၁ ဦး လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ အဖွဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဂန့်ဂေါမြို့ တောင်ဘက် လောင်ထောင်ဂိတ်တွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသော အသက် ၁၄ နှစ်အရွယ် မောင်ဖြိုးဝင်းသန့်သည် ဂန့်ဂေါမြို့‌ပေါ် ပျူစောထီးခေါင်းဆောင် P2 ဖိုးဇော်၏ ဂိတ်စောင့် အဖြစ် ၃ လခန့် တာဝန်ပေးစေခိုင်းခံခဲ့ရပြီး တာဝန်ပေးစေခိုင်းခံရစဉ်အတွင်း AK သေနတ် ကိုင်ဆောင်ခဲ့ရကြောင်း ၎င်းတာဝန်များကို ဆောင်ရွက်လိုခြင်းမရှိ၍ သက်ဆိုင်ရာ ပအဖ/ပကဖ များနှင့် ချိတ်ဆက်ကာ လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။", "“အလင်းဝင်ရောက် လာသူက သူယူဆောင်လာနိုင်တဲ့ လက်နက်ပစ္စည်းအပေါ်မှာ မူတည်ပြီး ဂုဏ်ပြုဆုငွေ ဆုချပါတယ်။ အလင်းဝင်ရောက်လာသူအနေနဲ့ မိမိတို့ဖက်မှာ ဥပဒေနဲ့အညီ လိုအပ်မယ့် ကိုယ်ရေး အချက်လက်နဲ့ ဖောင်ဖြည့်ရပါမယ်။ စကစဆိုရင် ပြည်သူ့ရင်ခွင်နဲ့ပါ တပါတည်း ဆက်သွယ်ချိတ်ဆက်ပေးပါတယ်။ အလင်းဝင်ရောက်လာသူဟာ စိတ်ချ ယုံကြည်ရမယ့် အခြေနေတစ်ခုရောက်တာနဲ့ စကစ ကင်းစင်နယ်မြေမှာ မိမိ ရပ်တည်နေထိုင်လိုတဲ့နေရပ်ထိ ပြန်လည် ပို့ဆောင်ပေးပါတယ်။ အလင်းဝင်လာသူဟာ ၎င်းနေထိုင်ရမယ့် အရပ်က လုံခြုံမှုမရှိလို့ဖြစ်စေ နေရပ်မပြန်လို၍ဖြစ်စေ ဒီဖက်ကနေ အဆင်ပြေစွာ နေထိုင်နိုင်အောင် ကူညီဆောင်ရွက်ပေးပါတယ်” ဟု ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အလင်းဝင်ရောက်လာသူကို ဂန့်ဂေါမြို့နယ် ပကဖ က ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောဆိုသည်။", "အလားတူ ဇန်နဝါရီလ ၁ရက်နေ့တွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံ ရဲတပ်သား ၂ ဦး သေနတ် ၂ လက်နဲ့ ယူဆောင်လာပြီး အလင်းဝင်ရောက်လာသောကြောင့် ဂုဏ်ပြုဆုငွေ ငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာထံသို့ ပြောဆိုသည်။", "“အလင်းဝင်ရောက်လာတဲ့ ရဲတပ်သား ၂ ဦးကို ကျွန်တော်တို့က နွေးနွေးထွေးထွေး ဆက်ဆံထားပါတယ်။ ကျွန်တော်တို့ ရဲဘော်တွေနဲ့ တပြေးညီပဲ ထားပါတယ်”ဟု တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦး ပြောဆိုသည်။", "ထို အလင်းဝင်ရောက်လာသော ရဲတပ်သား ၂ ဦးသည် G3 အမျိုးအစားသေနတ် ၁ လက်၊ ကျည် ၁၀၁-တောင့်၊ ကျည်ဘောက်ပို ၂ ခုနှင့် အူဇီအမျိုးအစား သေနတ် ၁ လက်၊ ကျည် ၁၈-တောင့်တို့ တပါတည်း ယူဆောင်လာသောကြောင့် တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ စီ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/105910/
ဂန့်ဂေါတွင် စစ်တပ်က ပျူစောထီးအဖွဲ့ထဲ ဝင်ရန် ဖိအားပေးသောကြောင့် ရွာလုံးကျွတ်ထွက်ပြေး၊ ထွက်ပြေးလာသည့် ပြည်သူများ နေထိုင်ရန် ABSDF တပ်ဖွဲ့က ယာယီတဲများ ဆောက်လုပ် လှူဒါန်း
["ဂန့်ဂေါတွင် စစ်တပ်က ပျူစောထီးအဖွဲ့ထဲ ဝင်ရန် ဖိအားပေးသောကြောင့် ရွာလုံးကျွတ်ထွက်ပြေး၊ ထွက်ပြေးလာသည့် ပြည်သူများ နေထိုင်ရန် ABSDF တပ်ဖွဲ့က ယာယီတဲများ ဆောက်လုပ် လှူဒါန်း", "ရန်ကုန်၊ ဇွန် ၃", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာနေ ပြည်သူများကို ပျူစောထီးအဖွဲ့သို့ ဝင်ရောက်ရန် ဖိအားပေး စေခိုင်းခြင်းကြောင့် နေရပ်ခစွန့်ခွာ တိမ်းရှောင်လာသည့် တောင်ခင်ရန်းခကျေးရွာမှ ပြည်သူများ နေထိုင်ရန် ယာယီတဲများကို ABSDF တပ်ဖွဲ့က ဆောက်လုပ်လှူတန်းပေးခဲ့ကြောင်း သိရသည်။", "ABSDF အမှတ် ၁၂ တပ်ရင်း ၊ ယောဒေသနှင့် ဒေသခံ ပ.က.ဖ များ ပူးပေါင်းကာ ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းကျေးရွာမှာရှိ ရဲစခန်းကို မေလ ၂၅ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာအတွင်းရှိ ပြည်သူများကို တစ်အိမ်လျှင် တစ်ဦး မဖြစ်မနေ ပျူစောထီး ပြုလုပ်ရန် အကြမ်းဖက် စစ်တပ်က ဖိအားပေးနေခြင်းကြောင့် ပြည်သူများက နေရပ်စွန့်ခွာ လာခြင်း ဖြစ်ကြောင်း သိရသည်။", "မေလ ၂၈ ရက်နေ့က တောင်ခင်ရန်းကျေးရွာကို ကာကွယ်ရန် ဟူသည့် အကြောင်းပြချက်ဖြင့် တောင်ခင်ရန်းနယ်မြေရဲစခန်းမှ ကျေးရွာလူထုအား အစည်းဝေးခေါ်ခဲ့ပြီးနောက် ပျူစောထီး ပြုလုပ်ရန် ဖိအားပေးခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တောင်ခင်ရန်း ကျေးရွာမှ ပြည်သူများသည် ရွာလုံးကျွတ် စွန့်ခွာလာပြီး လူဦးရေ ထောင်နဲ့ချီရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2025/03/208494/
ဂန့်ဂေါတွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲသည့်အပြင် မြေပြင် စစ် ကြောင်း ထိုးနေမှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး ၄၀၀၀ ဝန်းကျင် စစ်ဘေးရှောင်နေရ
["ဂန့်ဂေါတွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲသည့်အပြင် မြေပြင် စစ် ကြောင်း ထိုးနေမှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး ၄၀၀၀ ဝန်းကျင် စစ်ဘေးရှောင်နေရ", "ရန်ကုန်၊ မတ် ၂၂", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပြီး စစ် ကြောင်းထိုးနေမှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး လူဦးရေ ၄၀၀၀ ဝန်း ကျင် စစ်ဘေးရှောင်နေရကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ မတ်လ ၂၂ ရက် နံနက် ၈ နာရီ ၃၈ မိနစ်က ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ နှမ်းခါးကျေးရွာ ဆေး ခန်းကို အကြမ်းဖက်စစ်ကောင် စီ ၏ မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိ ခိုက်သေဆုံးမှုရှိပြီး အရေအတွက်အတိအကျ သိရှိနိုင်ရန် စုံစမ်း နေဆဲ ဖြစ် ကြောင်း သိရသည်။", "မတ်လ ၁၈ ရက်နေ့ ည ၁၁ နာရီခန့်အချိန်မှစ၍ ဂန့်ဂေါ မြို့အခြေစိုက် ခလရ ၅၀ တပ်ရင်းမှ အနီးရှိ ကျေးရွာ များကို စစ်ကောင်စီတပ်က အင်အား ၁၂၀ ခန့် ဖြင့် မြို့တောင်ဖက်ရှိ ပျားရွာ၊ အောင်မြင်ရွာ (ရှောက်ပင်) ၊ အနောက်ဂန့်ဂေါရွာ ၊ရှုံးရှီရွာ စသည့်ရွာများကို စစ်ကြောင်းထိုး ၀င်ရောက်ကာ ပြည်သူများကို ဖမ်းဆီးပြီး လူသားဒိုင်းကာ ပြုလုပ်ကာ အောင်မြင်ရွာ(ရှောက်ပင်)ကျေးရွာ၌ အထိုင်ချ၍ ဘန်ကာ များ အခိုင်အမာတည်ဆောက်နေကြောင်း သိရသည်။", "“ရွာသူရွာသားတွေကိုဖမ်းထားတယ်၊ အထိုင်စခန်းတည်ဆောက်နေတာ၊ တောထဲကနေ သစ်တွေ ဘာတွေလုပ်ခုတ်ပြီးတော့ နောက် ကနေ ကားနဲ့လိုက်ပို့တာ။ ဘန်ကာက ၄ နေရာဆောက်နေတာ လို့တော့ သိရတယ်။ ဘယ်နေရာတွေဆောက် နေလဲတော့ မသိဘူး။ အဲဒီနေက စစ်ရေးအရ အရေး ပါတဲ့ နေရာ ၁ ခုပါ၊ အဲဒီနေရာက ပိတ်လိုက်ရင် ကလေးတောင်ပိုင်းနဲ့ချင်းပြည်နယ်တစ်ခုလုံးကို ကုန်သွယ်ရေးဖြတ်တောက်နိုင်တဲ့နေရာဖြစ်နေတဲ့အတွက် စခန်းတည်ဆောက်နေတာဖြစ်မယ်” ဟု ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ အောင်မြင်ကျေးရွာ (ရှောက်ပင်)ကျေးရွာသည် ဂန့်ဂေါ – မင်းရွာလမ်းပိုင်း ၊ ဂန့်ဂေါ -အိုက် ကား လမ်းပေါ်တွင် တည်ရှိပြီး အချက်အခြာကျနေသည့်နေရာဖြစ်နေသည်အတွက် တော်လှန်ရေး အဖွဲ့များအပြင် စစ်ကောင်စီအတွက် အရေးပါသောနေရာဖြစ်ကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းကြောင့် အောင်မြင်ရွာ (ရှောက်ပင်)၊ လုံခြုံရွာ၊ အနောက်ဂန့်ဂေါကျေးရွာ၊ ပိ တောက်ကုန်း ရွာ၊ ပျားရွာ စသည့် ကျေးရွာများရှိ ပြည်သူ ၄၀၀၀ ၀န်းကျင် ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင် နေရ ကြောင်း သိရသည်။", "ဂန့်ဂေါခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက် ပြီး လေ ကြောင်းတိုက်ခိုက်မှုများမကြာခဏပြုလုပ်နေသောကြောင့် မိဘပြည်သူများအနေဖြင့် လူစု လူဝေးဖြစ်စေသည့် အလှူပွဲ၊ ရှင်ပြုပွဲ၊ မင်္ဂလာဆောင်ပွဲများ မပြုလုပ်ကြရန် ဒေသအကျိုးပြုအဖွဲ့အ စည်းများက တိုက်တွန်းထား သည်။"]
https://yktnews.com/2023/03/93235/
ဂန့်ဂေါတွင် စစ်ယာဉ်တန်းကို ကြိုရန် ထွက်လာသည့် စစ်ကြောင်းကို တိုက် ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ ဒီပဲယင်း မြို့ပေါ်ရပ်ကွက်ကို မီးတင်ရှို့ ခဲ့သော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးခန့် သေဆုံးနိုင်ဟုဆို
["ဂန့်ဂေါတွင် စစ်ယာဉ်တန်းကို ကြိုရန် ထွက်လာသည့် စစ်ကြောင်းကို တိုက် ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ ဒီပဲယင်း မြို့ပေါ်ရပ်ကွက်ကို မီးတင်ရှို့ ခဲ့သော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးခန့် သေဆုံးနိုင်ဟုဆို", "ရန်ကုန်၊ မတ် ၁၉", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာနှင့် ခေါက်ခူကျေးရွာကြားတွင် စစ်ကြောင်းကြိုရန် ထွက်လာသည့် အကြမ်းဖက်စစ်သား၊ ပျူစောထီးပူးပေါင်း စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ယော ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(YPDF) မှ ရဲဘော်ယောလေးက ပြောသည်။", "ယနေ့ မတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ထီးလင်းမြို့မှ တက် လာ သော အကြမ်းဖက်စစ်ကြောင်း ကို ကြိုဆိုရန် စစ်သား၊ ပျူစောထီး အင်အား ၅၀ ခန့်က ကား ၄ စီးဖြင့်ထွက်ခွာလာကြောင်း၊ ယင်းစစ်ကြောင်းကို ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသင့်ပြင်ဆင်ထားသောမိုင်းများဖြင့် ဖောက်ခွဲ တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၂၀ ခန့်လဲကျသွားပြီး ၃ ဦး နေရာ တွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။", "YPDF ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား၊ ပျူစောထီးများမှာ အော်ဟစ်ဆဲဆိုပြီး မိုင်းထိနေရာမှ ရှေ့ဆက်မတိုးတော့ဘဲ သေဆုံးဒဏ်ရာရ စစ်သား၊ ပျူစောထီးများကို တင်ဆောင်ကာ ဂန့် ဂေါသို့ ပြန်ဆုတ်သွားကြောင်း သိရသည်။", "မကွေးတိုင်း၊ ထီးလင်းမြို့မှ ထွက်လာသော အကြမ်းဖက်စစ်ယာဉ်တန်းသည် ဂန့်ဂေါမြို့ ဘက်သို့ ထွက်ခွာလာနေရာ လမ်းတလျှောက်တွင် မိုင်းဆွဲ တိုက် ခိုက် သဖြင့် အထိနာနေကြောင်း၊ ထို့ကြောင့် ပြည်သူလူထုကို ပစ်မှတ်ထား တိုက် ခိုက်လာနိုင်သဖြင့် လမ်းတ လျှောက်ရှိ ကျေးရွာနေမိဘပြည်သူများအနေဖြင့် ဘေးလွတ်ရာ တိမ်းရှောင်ကြရန်နှင့် တိုက်ပွဲကြီးငယ် များဖြစ်ပေါ်လာနိုင်သဖြင့် သတိဖြင့် သွားလာနေထိုင်ကြရန် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က သတိပေးထားသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့၊ အနောက်ကွက်သစ်ကို မီးရှို့ဖျက်ဆီး ခဲ့ သော အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ ၆ ဦးခန့်သေဆုံးခဲ့ကြောင်း Freedom Revolution Force (FRF) ထံမှ သိရသည်။", "မတ်လ ၁၇ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် ဒီပဲယင်းမြို့ အနောက်ကွတ်သစ်ကို ရောက်လာသော အကြမ်းဖက် စစ်သားများကို Freedom Revolution Force (FRF)၊ တပ်ခွဲ ၁ ၊တပ်ခွဲ ၄ အဖွဲ့က ၄၀-မမ လက်နက်ကြီး ဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦး ခန့် သေဆုံးခဲ့ကြောင်း၊ အထိနာသော အကြမ်း ဖက် စစ်သားများမှ ည ၁၂ နာရီခန့်တွင် ဒီပဲယင်းမြို့ပေါ်ရပ်ရှိ ပြည်သူ့ နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရသည်။", "ဓာတ်ပုံ- YPDF တပ်ဖွဲ့မှ အမျိုးသမီး တော်လှန်ရေး ရဲဘော်များ စစ်ကြောင်း လုံခြုံရေး ကင်းလှည့်နေစဉ်။"]
https://yktnews.com/2023/09/124609/
ဂန့်ဂေါတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား၊ တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံးပြီး စစ်တပ်က ရဟတ်ယာဥ် ၂ စီးဖြင့် ပစ်ခတ် တိုက်ခိုက်
["ဂန့်ဂေါတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား၊ တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံးပြီး စစ်တပ်က ရဟတ်ယာဥ် ၂ စီးဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ စက်တင်ဘာ ၃၀", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူ များပြားကြောင်း ယောဒေသ ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။", "စက်တင်ဘာလ ၁၅ ရက် နေ့က လက်ပန်ကျေးရွာအရှေ့ ယောဒါးတောင်တန်းပေါ်၌ ညိပ်စခန်းချခဲ့သော ဂန့်ဂေါမြို့ ခလရ ၅၀ မှ အကြမ်းဖက်စစ်သား၊ ရဲ ပူးပေါင်း အင်အား ၈၀ ခန့်သည် စက်တင်ဘာလ ၁၆ ရက်ညနေ ၃ နာရီခန့်တွင် ယောနကစစ်ကြောင်းနှင့် မဟာမိတ်စစ်ကြောင်းတို့၏ ရှေ့ပွိုင့် ရှေ့ကင်းအား ခြုံခိုတိုက်ခိုက်ခဲ့ရာ ယောဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် စည်သူဝင်းနှင့် ရဲဘော် မျိုးဝေတို့ ကျဆုံးခဲ့ ရကြောင်း သိရသည်။", "အလားတူ စက်တင်ဘာလ ၂၂ ရက်ည ၉ နာရီခန့်တွင် ကန်ရွာရဲစခန်းသို့ ရောက်ရှိနေသော ဂန့်ဂေါမြို့၊ ခလရ ၅၀ မှ အကြမ်းဖက်စစ်သား၊ ရဲ ပူးပေါင်းအင်အား ၈၀ ခန့်သည် ကန်ရွာရဲစခန်း အရှေ့ဘက် ညောင် ပင်ခါးရှည်နှင့် ၎င်းအရှေ့ဘက် လယ်ပြင်တို၌ ကင်းပုန်းဝပ်ပြီး စက်တင်ဘာလ ၂၃ ရက် နံနက် ၄ နာရီအ ချိန် စစ်ကြောင်းထိုးခဲ့ရာ YDF မှ ထောင်ထားသော နင်းမိုင်းမိပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တစ် ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထို့နောက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ဝဖာချောင်းဖျား တစ်နေရာ၌ ယောနကစစ်ကြောင်းမှ မီ တာ ၅၀ ခန့်အကွာမှ အပြင်းအထန် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာပြီး ဝဖာချောက်ထဲသို့ ဆင်းပြေးသွားသဖြင့် နောက်မှ လိုက်လံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မွန်းတည့် ၁၁ နာရီ ၅၉ မိနစ်ခန့်မှစ၍ ၃၅ မိနစ်အကြာ ထပ်မံတိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။", "ထို့သို့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာပြီး မုံရွာ နမခမှ Mi 35 တိုက် ခိုက်ရေး ရဟတ်ယာဉ် ၁ စီးဖြင့် နေ့မွန်းလွဲ ၁၂ နာရီ ၅၆ မိနစ်တွင် ၄ ကြိမ်တိုင်တိုင် ပစ်ကူပေးကာ ကယ်ထုတ်သွားခဲ့ပြီး အကြမ်းဖက်စစ်ကြောင်းဆုတ်ခွာသွားသည့်နေရာများကို နယ်မြေရှင်းလင်းရေး ဝင် ရောက်စဉ် ညနေ ၄ နာရီ ၂၅ မိနစ်ခန့်၌ မုံရွာ နမခမှ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ၅ ကြိမ်လှည့် ပတ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူ များလည်းရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်ရည်တူ တနေကုန်တိုက်ခိုက်နိုင်ခဲ့ ပြီး ယောနကစစ်ကြောင်း နှင့် မဟာမိတ်ရဲဘော်များအားလုံး ထိခိုက် အကျအဆုံးမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ယောကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2025/03/208989/
ဂန့်ဂေါတွင် ပြည်သူများကို စနိုက်ပါဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သော စစ်ကောင်စီ တပ်သား ကြည်ဝင်း ဆိုင်ကယ် တိုက်ခံရပြီး ပွဲချင်းပြီး သေဆုံး
["ဂန့်ဂေါတွင် ပြည်သူများကို စနိုက်ပါဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သော စစ်ကောင်စီ တပ်သား ကြည်ဝင်း ဆိုင်ကယ် တိုက်ခံရပြီး ပွဲချင်းပြီး သေဆုံး", "ရန်ကုန်၊ မတ် ၂၆", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် ပြည်သူများကို စနိုက်ပါဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သား ကြည်ဝင်း ဆိုင်ကယ် တိုက်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ယောအလင်းတန်းမှ ကိုဘကောင်း က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ မတ်လ ၂၅ ရက်နေ့တွင် ဂန့်ဂေါမြို့ပေါ်၌ စစ်ကောင်စီ တပ်သား ကြည်ဝင်းသည် ဆိုင်ကယ်ဖြင့် သွားလာနေစဉ် ပျူစောထီးအဖွဲ့ ဝင်တစ်ဦး၏ သားဖြစ်သူ မောင်းလာသော ဆိုင်ကယ်ကာ ဝင်တိုက်ခိုက်ခဲ့ရာ ကြည်ဝင်း နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ လက်ရှိချိန်တွင် ပျူစောထီးအဖွဲ့ဝင်၏ သားဖြစ်သူကို ဂန့် ဂေါမြို့မရဲစခန်း၌ ယာဉ်တိုက်မှုဖြင့် ဖမ်းဆီးထားကြောင်း သိရသည်။", "“ဂန့်ဂေါမြို့ပေါ်မှာပဲ တိုက်ခံရတာပါ။ ပျူစောထီးသားကိုတော့ ရဲစခန်းမှာ ဖမ်းထားတယ်။ ကြည်ဝင်း ဆိုတဲ့ စနိုက်ပါတပ်သားက ပြည်သူတွေကို စနိုက်ပါနဲ့ ပစ်ခတ်သတ်ဖြတ်နေတာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ဖြစ်စဉ်က အတိအကျ သိရတဲ့သတင်းပေါ့။ အဲဒီနေ့က ဆိုင်ကယ်နဲ့ ၂ ယောက်စီးလာတာ တစ်ယောက်က ကျည်ထိပြီး ပွဲချင်းပြီးသေတာ” ဟု ယောအလင်းတန်းမှ ကိုဘကောင်းက ပြောဆိုသည်။", "သေဆုံးသွားသော စနိုက်ပါတပ်သား ကြည်ဝင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေပိုင်းက ခလရ ၅၀ တပ်ရင်း အနီး ဂန့်ဂေါမြို့နှင့် စိုင်ဒူးရွာ ဘက်ခြမ်းကို ဆက်သွယ်ထားသော တံတားပေါ်၌ ဆိုင်ကယ်ဖြင့် သွားလာနေသော ဂန့်ဂေါမြို့နယ် လာပို့ရွာသား ၁ ဦးကို စနိုက်ပါဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သူဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/08/120210/
ဂန့်ဂေါတွင် လုယက် မီးရှို့ ဖျက်ဆီးနေသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက် မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးခန့် သေဆုံး
["ဂန့်ဂေါတွင် လုယက် မီးရှို့ ဖျက်ဆီးနေသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက် မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးခန့် သေဆုံး", "ရန်ကုန်၊ ဩဂုတ် ၂၉", "မကွေးတိုင်း၊ ဂန်ဂေါမြို့နယ်၊ အနောက်ဂန့်ဂေါကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးခန့် သေဆုံး ကြောင်း ယောဒေသ ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဩဂုတ်လ ၂၇ ရက်နေ့ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ မှ စစ်တပ် စစ်ကြောင်း က ဂန့်ဂေါမြို့နယ်အတွင်း လှည့် ပတ်ကာ လူသတ်မီးရှို့လုယက်နေကြောင်း၊ အဆိုပါ စစ်ကြောင်းတွင် အကြမ်းဖက်စစ်သား၊ ပျူစောထီး ပူးပေါင်းအဖွဲ့ ပါဝင် ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်သား ၃ ဦးခန့်သေဆုံးနိုင် ကြောင်း၊ ယင်း တိုက်ပွဲ အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရ ရှိခဲ့ ကြောင်း သိရ သည်။", "“ဂန့်ဂေါမြို့ကနေပြီးတော့ စိန်ဒူးရွာဘက်ကနေ ပတ်ထွက်လာတာ၊ အဲဒီ စစ် ကြောင်းက လွင်ဖောက အိမ် တစ်အိမ်တော့ ရှို့သွားတယ်ဗျ၊ အဲဒီအိမ်ကတော့ အကုန်ကုန်သွားတယ်၊ စပါးတိုက်ရယ်၊ နွားစာတိုက်တွေ အကုန်ပါသွားတာ၊ ထိတွေ့ဖြစ်တဲ့နေ့က ဂန့်ဂေါက ခလရ ၅၀ ကနေ လက်နက်ကြီးနဲ့ပစ်လို့ အ နောက် ဂန့်ဂေါက လင်မယားနှစ်ဦးလက်နက်ကြီးနဲ့ထိတယ်၊ အမျိုးသား တစ်ဦး လည်းသေတယ်၊ တိုက်ပွဲမှာက စစ်ခွေးတွေဘက်က ဒဏ်ရာရတဲ့အထဲမှာ ရာထူး ကြီး တဲ့သူတစ်ယောက်တော့ ပါတယ်လို့ သိရတယ်၊ ကျနော်တို့ဘက် ကရဲဘော် တစ်ဦးလည်း နှစ်ဆင့်ကွဲကျည်မှန်လို့ ဒဏ်ရာရတာ” ဟု ယော ဒေသပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို KKG-CDF ၊ Hakka CDF နှင့် ယောဒေသ ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ (YPDF) တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းအကြမ်း ဖက် စစ်တပ် စစ်ကြောင်းမှာ ဂန့်ဂေါမြို့ ခလရ ၅၀ တပ်အတွင်း သို့ ပြန်လည် ဝင်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။", "ယောဒေသအတွင်း၌ တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်သောကြောင့် ပြည်သူများအနေဖြင့် အ ကြမ်းဖက် စစ်ကောင်စီ တပ်စခန်းများ၊ ဂိတ်များ၊ ရုံးအဆောက်အဦးများနှင့် ဝေးရာ၌ နေထိုင်ကြရန် ယောဒေသ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။", "ဓာတ်ပုံ- ယောဒေသမှ PDF အမျိုးသမီးစစ်သည်များ ကင်းလှည့်နေစဉ်။"]
https://yktnews.com/2024/05/164596/
ဂန့်ဂေါနှင့် စဉ့်ကူး မြို့နယ်တို့တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၄ ဦးသေဆုံး၊ အသက် ၈ လ နှင့် ၄ နှစ် အရွယ်ကလေး ၂ ဦး အပါအဝင် ၃ ဦး ဒဏ်ရာရ
["ဂန့်ဂေါနှင့် စဉ့်ကူး မြို့နယ်တို့တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၄ ဦးသေဆုံး၊ အသက် ၈ လ နှင့် ၄ နှစ် အရွယ်ကလေး ၂ ဦး အပါအဝင် ၃ ဦး ဒဏ်ရာရ", "ရန်ကုန်၊ မေ ၂၆", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ အောင်မြင်(ရှောက်ပင်)ရွာထဲသို့ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၅၀ တပ်ရင်းမှ ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပြီး အသက် ၈ လနှင့် ၄ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့မေလ ၂၆ ရက် နံနက် ၁၀ နာရီခန့်က ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ရင်းမှ ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ၂ လုံးပစ်ခတ်ခဲ့ရာ အောင်မြင် (ရှောက်ပင်)ကျေးရွာအတွင်းရှိ နေအိမ် ၂ လုံးပေါ်သို့ အသီးသီး ကျရောက် ပေါက်ကွဲပြီး အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး၊ အသက် ၃၀ အရွယ်နှင့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီး ၂ ဦးတို့သေဆုံးကာ အသက် ၆၀ အရွယ် အဖွားတစ်ဦး၊ အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အသက် ၈ လအရွယ် ယောက်ျားလေးတစ်ဦး စုစုပေါင်း ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ဘာတိုက်ပွဲမှမရှိပဲနဲ့ လျှောက်ရမ်းပစ်နေတာ။ နေအိမ် ၂ လုံးကလည်း လုံးဝပျက်စီးသွားတယ်၊ အမျိုး သမီးတစ်ဦးဆိုရင် အလောင်းပါ ကောက်မရတဲ့အထိ အစအနပျောက်သွားတာ။ ပထမ တစ်ချက်ပစ် တော့ အမျိုးသးတစ်ဦးသေတယ်။ ဒုတိယတစ်ချက်မှာ အမျိုးသမီး ၂ ဦးထက်ထိသေတာ၊ ဒဏ်ရာရတဲ့ ၄ နှစ်အရွယ်မိန်းကလေးဆိုရင် လက်ဖြတ်ရမယ်လို့ သိရတယ်။ သူတို့ကိုတော့ နီးစပ်ရာ ဆေးအဖွဲ့ တွေက ကူညီပေးထားတယ်” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်သားများသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အနီးအနားကျေးရွာများကို လက်နက်ကြီး များဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိပြီး မိဘပြည်သူများအနေဖြင့်လည်း ကြိုတင်သတိထားနေထိုင် ပေးကြပါရန် ယောအလင်းတန်းမှ မေတ္တာရပ်ခံထားသည်။", "အလားတူ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "မေလ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် စဉ့်ကူးမြို့နယ်၊ တောင်အင်းရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၁၂၀ မမ လက်နက်ကြီးများဖြင့် မြေနုကျေးရွာ ကိုပစ်ခတ်ခဲ့ရာ လက်နက်ကြီး ကျည် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၇၀ ကျော်အရွယ် ဒေါ်စန်းရီ သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦးဖြစ်သူ ဦးပေါ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/03/208828/
ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာဆေးခန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခဲ့သည့် ဖြစ်စဉ်မှ သေဆုံးခဲ့သော ဆရာဝန်ကြီး ဒေါက်တာ မြစိုးအောင်ကို CDM အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်
["ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာဆေးခန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခဲ့သည့် ဖြစ်စဉ်မှ သေဆုံးခဲ့သော ဆရာဝန်ကြီး ဒေါက်တာ မြစိုးအောင်ကို CDM အာဇာနည်သူရဲကောင်းအဖြစ်မှတ်တမ်းတင်", "ရန်ကုန်၊ မတ် ၂၅", "မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာရှိ ပြည်သူ့နေအိမ်များနှင့် ပြည်သူ့ဆေးခန်းရှိရာသို့ အကြမ်းဖက်စစ်တပ်က ဗုံးကျဲချခဲ့၍ ကျဆုံးခဲ့ရသည့် CDM ဒေါက်တာ မြစိုးအောင်ကို CDM အာဇာနည်သူရဲကောင်းအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ကာ အကြမ်းဖက်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီမှ တာဝန်ရှိသူက ပြောကြားသည်။", "မတ်လ ၂၂ ရက်နေ့ အကြမ်းဖက်စစ်တပ်က ပြည်သူများနှင့် ပြည်သူ့ဆေးခန်းရှိရာသို့ ဗုံးကျဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ လုပ်ဆောင်ခဲ့သည့်အတွက် CDM ဆရာဝန်ကြီး ဒေါက်တာ မြစိုးအောင်၊ ကိုယ်ဝန်ဆောင် ဇနီးသည် ဒေါ်ခိုင်နှင်းဝေနှင့် သားငယ်တို့အပါအဝင် ပြည်သူ ၁၁ ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။", "အကြမ်းဖက်စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲသတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသည့် CDM ဒေါက်တာ မြစိုးအောင်ကို CDM အာဇာနည်သူရဲကောင်းအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း၊ ဒေါက်တာ မြစိုးအောင်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းစဉ်မှ စတင်ကာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပြီး တော်လှန်ရေးကာလတွင်လည်း ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် အသက်စွန့်၍ ဆောင်ရွက်နေသည့် ဆရာဝန်တစ်ဦးဖြစ်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီက ထုတ်ပြန်ကြေညာသည်။", "အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနကလည်း ကျဆုံးသွားသော ကျန်းမာရေးဝန်ထမ်းများကို CDM အာဇာနည်သူရဲကောင်းများအဖြစ် အသိအမှတ်ပြုအပ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း၊ သေဆုံးထိခိုက်ခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ လက် ပါးစေကြံရာပါများကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။", "ထို့ပြင် စစ်အာဏာရှင်စနစ်လုံးဝ ပြိုလဲကျဆုံး၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဆုံးတိုင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အလေးအနက် ကတိသစ္စာပြုကြောင်းလည်း စစ်ကိုင်း ဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီက ကတိပြုသည်။"]
https://yktnews.com/2023/11/129562/
ဂန့်ဂေါမြို့နယ် မင်းရွာရဲကင်းစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက် သိမ်းပိုက်မှုတွင် ရဲနှင့်စစ်သား ၁၀ ဦး ဝန်းကျင် အရှင်ဖမ်းမိ
["ဂန့်ဂေါမြို့နယ် မင်းရွာရဲကင်းစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက် သိမ်းပိုက်မှုတွင် ရဲနှင့်စစ်သား ၁၀ ဦး ဝန်းကျင် အရှင်ဖမ်းမိ", "ရန်ကုန်၊ နိုဝင်ဘာ ၄", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မင်းရွာရဲကင်းစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက် သိမ်းပိုက်မှုတွင် ရဲနှင့်စစ်သား ၁၀ ဦး ဝန်းကျင် အရှင်ဖမ်းမိကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။", "နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် ABSDF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် သေဆုံးသူများ များပြာပြီး အရှင်ဖမ်းမိသူ စစ်သားနှင့်ရဲ ၁၀ဦး ဝန်းကျင်ရှိကြောင်း ၊စခန်းအတွင်းမှ လက်နက်များ သိမ်းဆည်းရရှိပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "“တိုက်ပွဲအတွင်းမှာ ဒဏ်ရာရသူ ရဲဘော် ရှစ်ဦးတော့ရှိတယ်။ ထောက်ပို့လုပ်ပေးနေတဲ့ ပ.အ.ဖ နှစ်ဦး၊ ပြည်သူနှစ်ဦးကတော့ လက်နက်ကြီးထိလို့ ကျသွားတယ်” ဟု ဂန့်ဂေါမြို့နယ် ပ.က.ဖ အဖွဲ့ဝင်တစ်ဦးက ပြောသည်။", "တိုက်ပွဲဖြစ်ပွားခဲ့ချိန် မင်းရွာဝန်းကျင်ကို ဂန့်ဂေါမြို့ပေါ်စစ်ကောင်စီတပ် ခ.လ.ရ ၅၀ က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ မင်းရွာရဲစခန်းသိမ်းပိုက်ခံရသဖြင့် ဂန့်ဂေါမြို့ပေါ်မှ စစ်ကောင်စီတပ်က မြို့တောင်ဘက် လေးမိုင်အကွာ ပျားရွာအထိ တပ်ဖြန့်လာကြောင်း သိရှိရသည်။", "(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2024/07/174757/
ဂန့်ဂေါမြို့နယ်တွင် ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီး
["ဂန့်ဂေါမြို့နယ်တွင် ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီး", "ရန်ကုန်၊ ဇူလိုင် ၂၁", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်အချိန် ဂန့်ဂေါမြို့နယ်၊ ခလရ ၅၀ မှ စစ်သားများနှင့် ပျူစောထီးများက စစ်ကြောင်း ၂ ကြောင်းခွဲ၍ ရှုံးရှီကျေးရွာနှင့် အောင်မြင် ကျေးရွာသို့ ပစ်ခတ်စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းများက ဒေသပြည်သူများကို ဖမ်းဆီးခဲ့ပြီးနောက် အောင်မြင်ကျေးရွာနှင့် ရှုံးရှီကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "လက်ရှိတွင် အောင်မြင်ကျေးရွာသို့ ရောက်ရှိနေသော စစ်ကြောင်း တွင် တင့်ကား ၁ စီးပါဝင်ပြီး လတ်တလော ဂန့်ဂေါမြို့နယ်တွင် စစ်ရေးတင်းမာနေကြောင်း၊ ဒေသပြည်သူများမှာ စစ်ဖြစ်လာမည် စိုးရိမ်၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/120609/
ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီက ဖြတ်လေးဖြတ် စနစ်ဖြင့် လမ်းများပိတ်ဆို့ထား၍ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေပြီး အခြေခံစားသောက်ကုန် ရိက္ခာများ ပြတ်တောက်နေ
["ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီက ဖြတ်လေးဖြတ် စနစ်ဖြင့် လမ်းများပိတ်ဆို့ထား၍ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေပြီး အခြေခံစားသောက်ကုန် ရိက္ခာများ ပြတ်တောက်နေ", "ရန်ကုန်၊ စက်တင်ဘာ ၁", "မကွေးတိုင်း၊ ယောဒေသ ၊ ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီက ဖြတ်လေးဖြတ် စနစ်ဖြင့် လမ်းများပိတ်ဆို့ထားသဖြင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေပြီး အခြေခံစားသောက်ကုန် ရိက္ခာများ ပြတ်တောက်နေကြောင်းဒေသပြည်သူများထံမှ သိရှိရသည်။", "ဩဂုတ်လ ၂၆ ရက်နေ့မှစတင်၍ အကြမ်းဖက်စစ်ကောင်စီတပ်က မကွေးတိုင်း၊ ယောဒေသ ၊ ဂန့်ဂေါမြို့နယ်သို့ ကုန်စည်သယ်ယူခွင့် ပိတ်ပင်လိုက်သည့် အတွက် ကုန်‌စည်စီးဆင်းမှု ပြတ်တောက်နေပြီး ကုန်ဈေးနှုန်းအဆမတန် မြင့်တက်နေကြောင်း၊ ဂန့်ဂေါမြို့ ခလရ ၅၀ တပ်က ကုန်စည်သယ်ယူခွင့် ပိတ်ပင်ရာတွင် အခြေခံစားသောက်ကုန်၊ လောင်စာဆီ၊ ဆေးဝါးနှင့် အသုံး အဆောင်များ ပြတ်တောက်နေပြီး ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ဘာမှ သယ်မရတော့ဘူး။ ခလရ (၅၀) ဂိတ်က ဘာမှ သယ်ခွင့်မပေးတော့ဘူး။ ပါလာတာတွေတောင် အကုန်ပြန်ချခိုင်းတယ်။ ရက်အကန့်အသတ်မရှိဘူးလို့ ပြောတာပဲ”ဟု ဂန့်ဂေါမြို့သို့ ကုန်စည်ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ဆိုသည်။", "လက်ရှိတွင် လောင်စာဆီအပါအဝင် ဆန်၊ ဆား၊ ငါးပိ၊ ကြက်သွန် စသည့် အခြေခံ ားသောက်ကုန်ဈေးများ အဆမတန် မြင့်တက်နေပြီး လိုသလောက် ဝယ်မရကြောင်း သိရှိရသည်။", "“ဓာတ်ဆီ၊ ဒီဇယ် ရောင်းစရာမရှိတော့ဘူး။ ဆန်ကလည်း ဆင်းသုခ တစ်တင်း (၁၆ပြည်)ကို ၆ သောင်းကျော်ပြီ။ ဧရာမင်းဆို ၁ တင်းကို ၇ သောင်းလောက်ရှိတယ်။ ဘေးကြား(ပေါ်ဆန်းမွှေး)ဆိုရင် ၁ သိန်းကျော်ပြီ။ ဈေးသာကြီးတာ ရောင်းမယ့် သူမရှိဘူး။ တချို့ကလည်း လမ်းပိတ်တော့ကြောက်ပြီးဝယ်ကြတာ။ ဓာတ်ဆီ၊ ဒီဇယ်ဆိုရင် ဒီရက်ပိုင်း ကလေးနယ်ဖက်က ဆိုင်ကယ်နဲ့ လာဝယ်ကြတာ ၁ ဂါလံကို ၁၆၀၀၀ ကနေ ၂ သောင်းကြား ဈေးပေါက်တယ်။ ဒါလည်း လိုသလောက်မရကြဘူး”ဟု မွှေ့လယ်ရွာမှ ကုန်သည်တဦးက ပြောသည်။", "လက်ရှိဂန့်ဂေါနယ်မှာ နှမ်းရိတ်သိမ်းချိန်ဖြစ်ပြီး နှမ်းဝါတစ်တင်းကို ကျပ် ၁၂၀၀၀၀ ကျော် ဈေးပေါက်နေသော်လည်း လမ်းပိတ်ထားသည့်အတွက် တောင်သူများ အခက်အခဲ ဖြစ်နေကြကြောင်း၊ ကုန်ဈေးနှုန်းမြင့်တက်မှုက လမ်းပိတ်မှုအပြင် စစ်ကောင်စီက အသစ်ထပ်မံရိုက်နှိပ်ထုတ်ဝေသည့် နှစ်သောင်းတန်‌ ငွေစက္ကူ၏ နောက်ဆက်တွဲကြောင့်ပါ ပါဝင်ကြောင်း ၊ စစ်ကောင်စီက ရိုက်နှိပ်ထုတ်ဝေသည့် နှစ်သောင်းတန်ငွေစက္ကူကို မသုံးစွဲကြရန် NUG က ထုတ်ပြန်ထားကြောင်း သိရှိရသည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။", "Photo- Agency။"]
https://yktnews.com/2023/05/105379/
ဂန့်ဂေါမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး
["ဂန့်ဂေါမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး", "ရန်ကုန်၊ မေ ၃၁", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်သာကျေးရွာနှင့် သာကောင်းကျေးရွာ အကြားတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ABSDF ကျောင်းသားတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မေလ၃၀ ရက် ညနေ ၄ နာရီခန့်တွင် ဂန့်ဂေါမြို့ ခ.လ.ရ ၅၀ မှ အင်အား ၁၀၀ ခန့်ဖြင့် မင်းကံဦးကုန်းမှ တဆင့် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းသို့ ဆက်လက် စစ်ကြောင်းထိုး လာသည့် အကြမ်းဖက် စစ်တပ်ကို ဂန်ဂေါမြို့နယ် ကန်သာကျေးရွာနှင့် သာကောင်းကျေးရွာ အကြား၌ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ ၃ နာရီခန့် တိုက်ပွဲကြာမြင့်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“လက်ရှိတော့ စကစ စစ်ကြောင်းက သူတို့ အထိုင်ချထားတဲ့ ဂန့်ဂေါမြို့နယ်၊ ကံကျေးရွာထဲမှာရှိတဲ့ ရဲစခန်းကို ရောက်ရှိသွားပြီဖြစ်ပါတယ်ဗျ” ဟု ABSDF စစ်ကြောင်း ၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို ABSDF စစ်ကြောင်း ၃ ၊ ယောဒေသရှိ ရဲဘော်များ၊ ဂန့်ဂေါခရိုင် PDF အမှတ် ၁ တပ်ရင်း ၊ အမှတ် ၁၂ တပ်ရင်း ၊ အမှတ် ၁၄ တပ်ရင်း ၊ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် (YPDF)နှင့် နယ်မြေ ပ.က.ဖ များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/02/145159/
ဂန့်ဂေါမြို့နယ်တွင် ပျူစောထီး ၃ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်
["ဂန့်ဂေါမြို့နယ်တွင် ပျူစောထီး ၃ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်ကြီးအနောက် ပျူစောထီးကျေးရွာမှ ပျူစောထီး ၃ ဦး လက်နက်များ နှင့်တကွ အလင်းဝင်ရောက်ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ၊ မကွေးတိုင်းကွက်ကဲရေး ရုံးထံမှ သိရသည်။", "ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က ဂန့်ဂေါမြို့နယ်၊ လယ်ကြီးအနောက်ပျူရွာ မှ ပျူ စောထီး ၃ ဦးသည် G3 သေနတ် ၁ လက်၊ G3 ကျည် ၂၆၈ တောင့်၊ M1 ကာဘိုင် သေနတ် ၂ လက်၊ ကာဘိုင်ကျည် အတောင့် ၁၈၀ တို့နှင့်အတူ ဂန့်ဂေါခရိုင်တပ်ရင်းများထံသို့ ဆက်သွယ်ကာ အလင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထိုသို့ လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်လာသူ ပျူစောထီး ၃ ဦးကို လိုအပ်သည်များကို စစ်ဆေး မေးမြန်းကာ ဖေဖော်ဝါရီလ ၆ ရက် နေ့က ကြိုဆိုဂုဏ်ပြုခြင်းနှင့် လက်နက်အပ်နှံ လက်ခံခြင်း အခမ်း အနားကို ကျင်းပခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/08/120071/
ဂန့်ဂေါမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကြောင့် အမျိုးသား ၁ ဦး သေဆုံးကာ ၄ ဦးဒဏ်ရာရ
["ဂန့်ဂေါမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကြောင့် အမျိုးသား ၁ ဦး သေဆုံးကာ ၄ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဩဂုတ် ၂၈", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ကြောင့်အပြစ်မဲ့ ပြည်သူ အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး ဒဏ်ရာရှိခဲ့ ကြောင်း ယောအလင်းတန်းက တရားဝင် သတင်းထုတ်ပြန်သည်။", "ယမန်နေ့ ဩဂုတ်လ ၂၇ ရက်နေ့ ညနေ ပိုင်း ဂန့်ဂေါမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ တပ် ခလရ ၅၀ တပ်က စိုင်ဒူးကျေးရွာ အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ အမျိုးသား ၂ ဦး၊ အမျိုးသမီး တစ်ဦး ထိမှန်ဒဏ်ရာရရှိကာ ဒဏ်ရာရ အမျိုးသားတစ်ဦး သေဆုံးခဲ့ခြင်း ဖြစ် ကြောင်း၊ အလားတူ ရှုံးရှီကျေးရွာဘက်တွင်လည်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီး", "ဖြင့် ပစ်ခတ်ခဲ့ရာ အမျိုး သားတစ်ဦး၊ အမျိုးသမီးတစ်ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "ယနေ့ ဩဂုတ်လ ၂၈ ရက်နံနက် ၁၀ နာရီခန့်တွင် အနောက်ဂန့်ဂေါရွာနှင့် ရှုံးရှီရွာကြားရှိ စွယ်တော် ရှင် မြောက်ကျောင်း၌ ညအိပ်စခန်းချတပ်စွဲထားသော ခလရ ၅၀ မှ အကြမ်းဖက်စစ်သား၊ ပျူစောထီး ပူး ပေါင်းစစ်ကြောင်းအင်အား ၈၀ ခန့်သည် ကင်းများ ပတ်လည်ချထားကာ စစ်ကြောင်းထိုးထွက်လာနိုင် သဖြင့် စစ်ကြောင်းထိုးလာရာ လမ်းကြောင်း တလျှောက်ရှိ ပြည်သူ များ အနေဖြင့် ကြိုတင် သတိဖြင့်နေထိုင်ပေးကြပါရန် ယောအလင်းတန်းက သတိပေးထားသည်။", "Photos – ယမန်နေ့က စိုင်ဒူးရွာကို ခလရ ၅၀ က လက်နက်ကြီး ပစ်ခတ်မှု ကြောင့် ထိမှန်ခဲ့မှုနှင့် ပျက်စီးထိခိုက်မှုများ။"]
https://yktnews.com/2023/11/131461/
ဂန့်ဂေါမြို့နယ်တွင် အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်
["ဂန့်ဂေါမြို့နယ်တွင် အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်", "ရန်ကုန်၊ နိုဝင်ဘာ ၁၅", "မကွေးတိုင်း ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ မှ ဦးစီးကျင်းပသော အ​ခြေခံ ကွန်ပျူတာသင်တန်း ဖွင့်ပွဲကို ယနေ့နိုဝင်ဘာ ၁၅ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/11/192273/
ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာ ၃ ခုကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရ
["ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာ ၃ ခုကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ နိုဝင်ဘာ ၁၆", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာ ၃ ခုကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။", "နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စိန်ဒူးကျေးရွာ၊ ဇဟောကျေးရွာနှင့် ရွာစည်ရွာတောင်ဘက်ကို လက်နက်ကြီးဖြင့် ၁၀ ချက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်သော လက်နက်ကြီးကျည် တချို့သည် ဇဟောကျေးရွာကို ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "“အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးထိတာ ထိတဲ့ ၅ ဦးထဲမှာ အမျိုးသမီးတစ်ဦးကတော့ စိုးရိမ်ရတယ်။ စိန်ဒူးကျေးရွာကတော့ နေအိမ်ပေါ်တည့်တည့်မှန်တာ လူတွေမရှိလို့သာ ရှိရင်အကုန်သေမှာ စိန်ဒူးတို့၊ လာပို့တို့၊ ရွာစည် တို့တွေက လက်နက်ကြီးဒဏ် အခံရဆုံးရွာတွေပေါ့။ သနားစာရာ သိပ်ကောင်းတယ်။ သူတို့လည်း နေချင်လွန်းလို့တော့ ဘယ်ဟုတ်မလဲ။ လုပ်ကိုင်စားသောက်စရာတွေက ရွာနားမှာဆိုတော့ ပြေးလိုက် နေလိုက်နဲ့ ထိခိုက်တာပေါ့” ဟု ဒေသ ပြည်သူ တစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဂန့်ဂေါမြို့ပေါ်မှလွဲပြီး နယ်မြေ စိုးမိုးနိုင်ခြင်းမရှိတောသည့် မြို့အနီးဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိကြောင်း၊ စစ်တပ်၏ လက်နက်ကြီး အန္တရာယ်ကြောင့် ဂန့်ဂေါမြို့ ၅ မိုင်ပတ်လည်ရှိ ကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာ တောတောင်များအတွင်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။", "ထို့ပြင် အောက်တိုဘာ ၁၆ ရက်နေ့ကလည်း ဂန့်ဂေါမြို့ရှိ ခလရ ၅၀ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဇဟောကျေးရွာမှ အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ အောက်တိုဘာ ၂၅ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ပျူစောထီးကျေးရွာများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး၊ အမျိုးသမီး ၁ ဦး၊ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "Photo – ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့က စစ်ကောင်စီလက်နက်ကြီးကြောင့် ပျက်စီးသွားတဲ့ ဇဟောကျေးရွာက နေအိမ်တစ်လုံး။", "(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက်ဖြစ်သည်)"]
https://yktnews.com/2024/10/186500/
ဂန့်ဂေါမြို့နယ်ရှိ ကျွန်းခုံသာရွာနှင့် ရေရှင်မရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်
["ဂန့်ဂေါမြို့နယ်ရှိ ကျွန်းခုံသာရွာနှင့် ရေရှင်မရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ အောက်တိုဘာ ၅", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ကျွန်းခုံသာရွာနှင့် ရေရှင်မရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့အောက်တိုဘာလ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ဂန့်ဂေါမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျွန်းခုံသာရွာ ၊ ရေရှင်မရွာ အကြား နှင့် ရေရှင်မရွာ သံလမ်း အနီးတို့ကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက လေကြာင်းနဲ့ တိုက်ခိုက်မှု ပြုလုပ်သွားပါတယ်။ ပထမ လေကြောင်းကျဲမှုမှာ ကျွန်းခုံသာရွာ နဲ့ ရေရှင်မရွာ အစပ်ကို ဗုံးသီး ၁ လုံးကျရောက် ပေါက်ကွဲတယ်။ နောက် ဒုတိယအကြိမ်မှာတော့ ရေရှင်မရွာရဲ့ သံလမ်း အနီးကို ကျရောက် ပေါက်ကွဲခဲ့ပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်သေဆုံးမှုမရှိသော်လည်း ယင်းနေရာများသည် စစ်တပ်က လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကျဲ တိုက်ခိုက်မှုများ လုပ်ဆောင်နေသော နေရာများများဖြစ်ကြောင်း ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2023/06/109783/
ဂန့်ဂေါမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ABSDF တပ်ဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေး
["ဂန့်ဂေါမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ABSDF တပ်ဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေး", "ရန်ကုန်၊ ဇွန် ၂၆", "ဂန့်ဂေါမြို့နယ်၊ တောင်ခင်ကျေးရွာနှင့် အနီးတဝိုက် ကျေးရွာများမှ စစ်ဘေးရှောင် ပြည်သူများကို ABSDF Column – 3 အမှတ် ၁၂ တပ်ရင်း မှ ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။", "ဇွန်လ ၂၅ ရက်နေ့က တောင်ခင်ရန်းကျေးရွာကို ပျူစောထီးများ ဝင်ရောက်လာပြီး ပြည်သူများကို ဖိအားပေးမှုများ လုပ်ဆောင်ခြင်းကြောင့် ကျေးရွာနေ ပြည်သူ ၁၅၀၀ ကျော်သည် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/119191/
ဂန့်ဂေါမြို့နယ်ရှိ မင်းရွာနယ်မြေ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု ရဲ ၅ ဦးသေဆုံး၊ ငဖဲမြို့နယ်ရှိ စစ်တပ်၏ ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးတပ်စခန်းကို တိုက်ခိုက်မှု ၂ ဦးသေဆုံး
["ဂန့်ဂေါမြို့နယ်ရှိ မင်းရွာနယ်မြေ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု ရဲ ၅ ဦးသေဆုံး၊ ငဖဲမြို့နယ်ရှိ စစ်တပ်၏ ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးတပ်စခန်းကို တိုက်ခိုက်မှု ၂ ဦးသေဆုံး", "ရန်ကုန်၊ သြဂုတ် ၂၁", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ မင်းရွာနယ်မြေ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ ရဲ ၅ ဦးသေဆုံးခဲ့ကြောင်း ABSDF Column 3 မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ဂန့်ဂေါမြို့နယ် မင်းရွာနယ်မြေ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံး ၅ လုံး လာရောက် ဗုံးကျဲခဲ့ပြီး ဂန့်ဂေါမြို့ အမြောက်တပ်ရင်းမှ အမြောက်များဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။", "ဂန့်ဂေါမြို့ရှိ အကြမ်းဖက် စစ်တပ်ကလည်း မြစ်သာမြစ် အရှေ့ဘက်ကမ်း အတိုင်း အင်အား ၁၀၀ ခန့်ဖြင့် စစ်ကူ လာရောက်ခြင်းကြောင့် တော်လှန်ရေး တပ်ပေါင်းစုမှ နံနက် ၉ နာရီခန့်တွင် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ တိုက်ပွဲ​အတွင်း စစ်တပ် လက်အောက်ခံ ရဲ ၅ ဦးသေဆုံးခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ PDF ရဲဘော် ၅ ဦး ထိခိုက် ဒါဏ်ရာရရှိခဲ့ပြီး ကျဆုံးသူ မရှိကြောင်း သိရှိရသည်။", "” လက်နက်တွေ သိမ်းဆည်းရမိခဲ့တာတော့ မရှိခဲ့ပါဘူး။ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ တအားပစ်နေလို့ ပြန်ဆုတ်ခဲ့ရပါတယ်” ဟု ABSDF Column 3 မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ABSDF အမှတ် ၁၂ တပ်ရင်းနှင့် ဂန့်ဂေါခရိုင် PDF တပ်ရင်း ၁ ၊တပ်ရင်း ၇ ၊ တပ်ရင်း ၁၁ ၊ တပ်ရင်း ၁၂ ၊တပ်ရင်း ၁၄ ၊ မင်းဘူးခရိုင် PDF တပ်ရင်း ၊ ဂန့်ဂေါမြို့နယ် ပ.က.ဖ၊ ထီးလင်းမြို့နယ် ပ.က.ဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် မကွေးတိုင်း၊ မင်းဘူး – အမ်းလမ်းမကြီး ၊ ငဖဲမြို့နယ်၊ မြေလတ်ကျေးရွာအနီး ဓာတ်ငွေ့ပိုက်လိုင်းထိန်းချုပ်သည့် နေရာတွင် စခန်းချထားသည့် အကြမ်းဖက်စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု ၂ ဦးသေဆုံးခဲ့​ကြောင်း ချင်းကာကွယ်ရေးတပ် – အရှို(CDF-Asho) က သတင်းထုတ်ပြန်ထားသည်။", "ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၅ နာရီခွဲခန့်တွင် ငဖဲမြို့နယ်၊ မြေလတ်ကျေးရွာအနီး ဓာတ်ငွေ့ပိုက်လိုင်းထိန်းချုပ်သည့် နေရာတွင် စခန်းချထားသည့်နေရာကို CDF-Asho က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စခန်းအရာရှိ အရာခံဗိုလ် ၁ ဦးပွဲချင်းပြီး သေဆုံးပြီး ကျန် ၁ဦးမှာ အပြင်းအထန်ဒဏ်ရာဖြင့် ဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။", "တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ အခြား ဒဏ်ရာရရှိသူများနှင့်စခန်းထိခိုက်ပျက်စီးမှုများမှု ရှိကြောင်း အတည်ပြုနိုင်ခဲ့​ပြီး အကြမ်းဖက် စစ်တပ်နှင့် CDF – Asho ရဲဘော်များ ၄၅ မိနစ်ကြာ အပြန်အလှစ် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ကျည်မလုံလောက်ခြင်း၊ လက်နက်အင်အား မမျှခြင်းကြောင့် နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် ပြန်လည်ဆုတ်ခွာခဲ့ရပြီး CDF – Asho ရဲဘော်များ ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/123382/
ဂန့်ဂေါမြို့နယ်၊ ကန့်သက်ရွာရှိ စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးနှင့် ကင်းစောင့်နေသူ ၂ ဦး သေဆုံးပြီး သေနတ် ၈ လက် သိမ်းဆည်းရရှိ
["ဂန့်ဂေါမြို့နယ်၊ ကန့်သက်ရွာရှိ စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးနှင့် ကင်းစောင့်နေသူ ၂ ဦး သေဆုံးပြီး သေနတ် ၈ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ စက်တင်ဘာ ၂၁", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန့်သက်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦး၊ ကင်းစောင့်ပေးသော ရွာသား ၂ ဦးတို့ သေဆုံးပြီး သေနတ် ၈ လက်နှင့် ကျည်သေတ္တာ ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။", "စက်တင်ဘာလ ၁၈ ရက်နေ့နံနက် ၄ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ် ကပစ ၂၃ အနီးရှိ ကန့် သက်ကျေးရွာ၌ အထိုင်ချ တပ်စွဲကာ ကျေးရွာနေပြည်သူများကို အလှည့်ကျစောင့်ခိုင်းနေသည့် စစ်တပ် အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးနှင့် ကင်းစောင့်ပေးရ သော ရွာသားနှစ်ဦးတို့သေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ သေနတ် ၈ လက်၊ ခဲယမ်းသေတ္တာတစ် လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "“ကင်းစောင့်ပေးရင်း သေသွားတဲ့ရွာသားနှစ်ဦးက ညီအစ်ကိုတွေတဲ့၊ ရွာသားတွေက ကြားကနေ ခံရတာ၊ ရွာသားတွေက ကင်းစောင့်ပေးရတာ၊ စစ်တပ်က ဖိအားပေးခိုင်းလို့၊ ဗိုလ်တစ်ယောက်သေတယ်၊ ဒဏ်ရာ ရတာတွေတော့များတယ်၊ ကပစ ၂၃ တပ်နဲ့ဆိုရင် လမ်းလေးပဲခြားတာ၊ စစ်ကူလာတာမျိုးမရှိတော့ မရှိဘူး၊ သေနတ် ၈ လက်၊ ကြည်တောင့် သေတ္တာတစ်လုံးရလိုက်တယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ နှင့်နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို ကျောဒေသကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကပစ ၂၃ တပ်အတွင်းမှ ညတိုင်း ညတိုင်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းတို့ လုပ်ဆောင်နေကြောင်း၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင်လည်း ကပစ ၂၃ တပ်အတွင်း သို့ လေယာဉ်တစ်စီးဆင်းသက်ခဲ့ကြောင်း သိရသည်။", "“တပ်ထဲကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းပစ်တာကတော့ နေ့တိုင်းနီးပါးပဲ၊ အခု(စက် တင်ဘာလ ၁၉ ရက်) ညလည်း လက်နက်ကြီးတွေနဲ့ရမ်းပစ်နေတယ်၊ လက်နက်ငယ်တွေလည်း ပစ် တယ်၊ ဟိုနေ့က ဖြစ်တဲ့ ကန့်သက်ဆိုရင် လမ်းလေးပဲခြားတာ၊ စစ်ကူမလာဘူး၊ သူတို့က လက်နက် ချင်း ဆိုရင် ကြောက်နေတာ၊ လက်နက်မရှိတဲ့ပြည်သူတွေဆိုရင်သာ အနိုင်ကျင့်တာ” ဟု ဒေသနေ ပြည်သူ တစ်ဦးက လည်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2023/11/133419/
ဂန့်ဂေါမြို့နယ်၊ ကန်ကျေးရွာ နယ်မြေ ရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာထွက်ပြေး
["ဂန့်ဂေါမြို့နယ်၊ ကန်ကျေးရွာ နယ်မြေ ရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာထွက်ပြေး", "ရန်ကုန်၊ နိုဝင်ဘာ ၂၈", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာရဲစခန်းမှ စစ်ကောင်စီအဖွဲ့ဝင်တွေက မနေ့ နိုဝင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းမှာ စခန်းကိုစွန့်ခွာထွက်ပြေး သွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။", "”ဂန့်ဂေါက လာတဲ့စစ်ကြောင်းက စခန်းအထိလာပြီး စခန်းက တပ်ဖွဲ့ဝင်တွေကို ခေါ်သွားကြတာ။ ကန်က ကံကောင်းတော့မှာ” လို့ ကန်ရွာဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။", "ကန်ရွာရဲစခန်းက အင်အားသုံးဆယ်ဝန်းကျင်ရှိ စစ်ကောင်စီအဖွဲ့ဝင်တွေကို ဂန့်ဂေါမြို့အခြေစိုက် ခ.လ.ရ (၅၀) က စစ်ကြောင်းနှင့်လာရောက် ခေါ်ဆောင် သွားကြတာဖြစ်ပါတယ်။ အဆိုပါစစ်ကြောင်းဟာ နိုဝင်ဘာ ၂၆ ရက်နေ့ ကန်ရွာရဲစခန်းကိုအလာမှာ စစ်ဘေးရှောင်နှစ်ဆယ်ဝန်းကျင်နှင့် သံဃာတော်တချို့ကို ဓားစာခံအဖြစ် ခေါ်ဆောင်ခဲ့ ကြတယ်လို့သိရပါတယ်။", "ကန်ရွာရဲစခန်းကို ဒေသခံတော်လှန်ရေး တပ်ဖွဲ့တွေက ဒီနှစ်မတ်လ ၃၁ ရက်နေ့မှာ စခန်းသိမ်းတိုက်ပွဲဆင်နွဲခဲ့ကြရာမှာ ကန်ရွာရဲစခန်းက စစ်ကောင်စီအဖွဲ့ဝင် လေးဆယ်ကျော်သေဆုံးပြီး စခန်းရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းလောက်ကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲတုန်းက စစ်ကောင်စီဟာ လေကြောင်းကနေ ဂျက်ဖိုက်တာတွေနဲ့ အပြင်းအထန် တုန့်ပြန်တိုက်ခိုက်ခဲ့ကြ ပြီး ရဟတ်ယာဥ်တွေနဲ့ပါ စစ်ကူတွေချပေးခဲ့ပါတယ်။", "စစ်ကောင်စီက ရဟတ်ယာဥ်နဲ့စစ်ကူချပေးတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ကန်ရွာတောင်ပိုင်းက ရဲစခန်းဝန်းကျင် နေအိမ်တွေပေါ် ဝင်ရောက်တပ်စွဲနေထိုင်နေကြတာဖြစ်ပါတယ်။", "ကန်ရဲစခန်းက စစ်ကောင်စီအဖွဲ့ဝင်တွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ က တောက်လျောက်ဖိအားပေး တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ ကန်စခန်းက စစ်ကောင်စီအဖွဲ့ဝင်တွေ ဟာ ရွာထဲကို လက်နက်ကြီးတွေနဲ့ မကြာမကြာပစ်ခတ်တာကြောင့် ရွာကဒေသခံတွေဟာ တိမ်းရှောင်နေခဲ့ကြရတာပါ။", "စစ်ကောင်စီစရဲစခန်းမရှိတော့တဲ့အတွက် ကန်ရွာဒေသခံတွေဟာ ရွာထဲကို ပြန်လည်နေထိုင်နိုင်ကြတော့မှာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကဆိုပါတယ်။", "” ကိုယ့်အိမ်ကိုယ်ပြန်ချင်တာ ပြန်ရတော့မယ်။ ရှောင်နေရတာ လေးလကျော်ပြီ” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။", "ကန်ရွာရဲစခန်းကို စွန့်ခွာသွားကြတာဟာ ဂန့်ဂေါမြို့နယ်တွင်း စစ်ကောင်စီရဲ့ ဒုတိယမြောက် စခန်းစွန့်ခွာမှုဖြစ်ပါတယ်။", "နိုဝင်ဘာ ၃ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဂန့်ဂေါမြို့နယ်တောင်ပိုင်းက မင်းရွာရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ကြပါတယ်။ အဆိုပါ နိုဝင်ဘာ ၃ ရက်နေ့ ညနေပိုင်းမှာပဲ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ တောင်ခင်ရန်းရဲစခန်းက စစ်ကောင်စီအဖွဲ့ဝင်တွေ ဟာ စခန်းကိုစွန့်ခဲ့ကြပါတယ်။ ဒီကနေ့မှာတော့ ဂန့်ဂေါမြို့နဲ့ မိုင်နှစ်ဆယ်ကျော်အကွာက ကန်ရဲစခန်းကိုစွန့်ခွာခဲ့ကြပါတယ်။", "ဂန့်ဂေါမြို့နယ်တွင်းမှာ မင်းရွာရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေကသိမ်းပိုက်ပြီး တောင်ခင်ရန်းရဲစခန်းနှင့် ကန်ရွာရဲစခန်း နှစ်ခုကို စွန့်ခွာခဲ့တာကြောင့် ဂန့်ဂေါမြို့နယ်ထဲမှာ မြို့နယ်မြောက်ပိုင်းအစွန်က ဟံသာဝတီရဲစခန်းတစ်ခုသာ မြို့နယ်တွင်းမှာ ရှိတော့တာဖြစ်ပါတယ်။", "ဓာတ်ပုံ- ယခုနှစ် မတ်လ ၃၁ ရက်နေ့ ကန်ရွာနယ်မြေရဲစခန်း မီးလောင်နေစဉ်။"]
https://yktnews.com/2023/12/133978/
ဂန့်ဂေါမြို့နယ်၊ ကန်ရွာနယ်မြေရဲစခန်းကိုစွန့်၍ ဆုတ်ခွာထွက်ပြေးသွားသော စစ်ကြောင်း မြစ်ကူးချိန်တွင် ရေနစ်၍ ရဲ ၃ ဦး သေဆုံး၊ အလောင်းများနှင့် အတူ လက်နက်များရရှိ
["ဂန့်ဂေါမြို့နယ်၊ ကန်ရွာနယ်မြေရဲစခန်းကိုစွန့်၍ ဆုတ်ခွာထွက်ပြေးသွားသော စစ်ကြောင်း မြစ်ကူးချိန်တွင် ရေနစ်၍ ရဲ ၃ ဦး သေဆုံး၊ အလောင်းများနှင့် အတူ လက်နက်များရရှိ", "ရန်ကုန်၊ ဒီဇင်ဘာလ ၁", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ကန်ရွာနယ်မြေရဲစခန်းကိုစွန့်၍ ဆုတ်ခွာထွက်ပြေးသွားသော စစ်တပ်နှင့်ရဲများ ပါဝင်သော စစ် ကြောင်းသည် မြစ်ကို ဖြတ်ကူးချိန် တွင် ရေနစ်၍ ရဲသား ၃ ဦး သေဆုံးပြီး အလောင်းများနှင့်အတူ လက်နက်များ တွေ့ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ ၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၀ ရက်နေ့မှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ မကွေးတိုင်း ဂန့်ဂေါခရိုင် ဂန့်ဂေါမြိုနယ် ကန်ရွာနယ်မြေ ရဲစခန်းကို ဂန့်ဂေါခရိုင်မှ တပ်ရင်းများ၊ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ နှင့် နယ်မြေခံ ပကဖ များက ၅ ကြိမ်တိုင် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် စစ်တပ်၊ ရဲနှင့် ပျူစောထီးများ ပူးပေါင်း အင်အား ၁၅၀ ဦးခန့်သည် ကန်ရွာနယ်မြေ စခန်းကို စွန့်ခွာ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။", "ကန်ရွာနယ်မြေရဲစခန်းကို စွန့်ခွာ ထွက်ပြေးလာသော စစ်တပ်စစ်ကြောင်းသည် မြစ်သာမြစ်ကို ဖြတ်မကူးခင် ကျန်းမာရေး မကောင်းသော ရဲတပ်ကြပ် တစ်ဦးကို စွန့်ပစ်ထားခဲ့ကြောင်း၊ အုဆိပါ ရဲတပ်ကြပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းသိမ်းထား ကြောင်း သိရှိရသည်။", "နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အင်အား ၁၄၉ ဦးပါ စစ်တပ်စစ်ကြောင်းသည် မြစ်သာမြစ်ကို ဖြတ်ကူးရာ ရဲသား ၃ ဦး ရေနစ်သေဆုံးခဲ့ပြီး သေဆုံးသွားသော ရဲအလောင်းများကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်များနှင့်အတူ တွေ့ရှိရကြောင်း သိရှိရသည်။", "အလောင်းများနှင့်အတူ တွေ့ရှိရသော လက်နက်ခဲယမ်းများတွင် BA 94 သေနတ် ၂ လက်၊ ကျည်ဘောက် ၁ ခု၊ 9mm ကျည် ၂၆၀ တောင့်၊ G3 ကျည် ၄၄၉ တောင့် ၊ ကျည်ဘောက် ၁ ခု ၊ ၆၀ မမ ဗုံးသီး ၂ လုံး၊ ၄၀ မမ ဗုံးသီး ၃ လုံး လက် ပစ်ဗုံး ၁ လုံး ၊လှံစွပ် ၁ ချောင်း၊ ခါးပတ် ၁ ချောင်း၊ Memory card ၃ ခု၊ SIM card ၂ ခု၊ ငွေ ၁၂၀၅၀ ကျပ် တိုကို သိမ်းဆည်းရမိခဲ့ ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် ယမန်နှစ် မိုင်းမိ၍ သေဆုံးသွားသော ရဲတစ်ဦး၏ နာရေးမြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/11/133562/
ဂန့်ဂေါမြို့နယ်၊ ကန်ရွာရဲစခန်းကို စစ်တပ်နှင့်ရဲများက စွန့်ခွာထွက်ပြေးစဉ် ကျန်းမာရေးမကောင်းသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို စွန့်ပစ်ထားခဲ့
["ဂန့်ဂေါမြို့နယ်၊ ကန်ရွာရဲစခန်းကို စစ်တပ်နှင့်ရဲများက စွန့်ခွာထွက်ပြေးစဉ် ကျန်းမာရေးမကောင်းသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို စွန့်ပစ်ထားခဲ့", "ရန်ကုန်၊ နိုဝင်ဘာ ၂၉", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာရဲစခန်းကို စစ်ကောင်စီအဖွဲ့ဝင်တွေက နိုဝင်ဘာ ၂၇ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်မှာ စွန့်ခွာခဲ့ကြပါတယ်။", "ကန်ရွာနယ်မြေရဲစခန်း စွန့်ခွာရာမှာ ကျန်းမာရေးမကောင်းသူနှစ်ဦးကို စစ်ကောင်စီက စွန့်ပစ်ထားခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ တစ်ဦးကို စခန်းထဲမှာ ပဲစွန့်ပစ်ထားခဲ့တာဖြစ်ပြီး ၊ ကျန်တစ်ဦးကိုတော့ မြစ်အနောက်ဘက်မှာ စွန့်ပစ်ထားခဲ့တာဖြစ်တယ် လို့သိရပါတယ်။", "” လူမဆန်တာပါဗျာ။ သူတို့မှာ ဂန့်ဂေါလာတော့စစ်ကြောင်းရော လူများပါတယ်။ သယ်သွားလို့ရတာပေါ့” လို့ ကန်ဒေသခံ တစ်ဦးကပြောပါတယ်။", "ကန်ရွာအနောက်ဘက်မှာ လမ်းမလျောက်နိုင်တော့သူတစ်ဦးကိုလည်း စစ်ကောင်စီက စွန့်ပစ်ထားခဲ့ကြတာပါ။", "” ချမ်းလို့ခိုက်ခိုက်တွေတုန်လို့။ အဝတ်အစားတွေပေးပြီး ဝတ်ခိုင်းထားကြရတာ” လို့ ကန်ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။ စစ်ကောင်စီက စွန့်ပစ်ထားတဲ့ခဲ့တဲ့သူနှစ်ဦးကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းသိမ်းထားတယ်လို့သိရပါတယ်။", "ကန်ရွာရဲစခန်းက စစ်ကောင်စီအဖွဲ့ဝင် တွေဟာ ဒေသခံကာကွယ်ရေးတပ်တွေရဲ့ ဖိအားပေးတိုက်ခိုက်မှုကြောင့် ကတုတ်ကျင်းတွေထဲမှာ အမြဲနေရပြီး ရိက္ခာတွေပြတ်လပ်တာကြောင့် ကျန်းမာရေးအခြေအနေတွေ ဆိုးဝါးနေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။", "ကန်ရဲစခန်းက စစ်ကောင်စီအဖွဲ့ဝင်တွေဟာ နိုဝင်ဘာ ၂၇ ရက်နေ့ မနက် ၂ နာရီမှာ ဂန့်ဂေါကနေ လာခေါ်တဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ရွာအနောက်ဖက် သင်္ချိုင်းနားကနေ မြစ်သာမြစ်ကိုဖြတ်ကူးပြီး ထွက်ခွာသွားကြတာဖြစ်ပါတယ်။", "မြစ်သာမြစ်ကိုဖြတ်ကူးအပြီး ကန်စခန်းက စစ်ကောင်စီအဖွဲ့ဝင် ငါးဦးဟာ စစ်ကြောင်းကနေ ထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေကပြောဆိုထားပြီး မျက်မှောက်ခေတ်အနေနဲ့ သီးခြားတအတည်မပြုနိုင်သေးပါဘူး။", "ကန်ရွာရဲစခန်းက စစ်ကောင်စီအဖွဲ့ဝင်တွေကို ဂန့်ဂေါမြို့ပေါ်ကနေ စစ်ကြောင်းတစ်ကြောင်းနဲ့ စခန်းထိလာရောက်ခေါ်ဆောင်ခဲ့ကြတာပါ။ ဂန့်ဂေါမြို့ပေါ်က လာကြိုတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကန်ရွာရဲစခန်းကိုဝင်ရောက်စဥ်မှာ ကန်ရွာအနောက်ဘက် ကျောက်ဂူတောရမှာ စစ်ရှောင်နေကြတဲ့ ဒေသခံစစ်ရှောင်ပြည်သူနှစ်ဆယ်ဝန်းကျင်နှင့် ကျောက်ဂူကျောင်းက ဦးဇင်းနှစ်ပါးကို ဓားစာခံအဖြစ်အသုံးချခဲ့ကြတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။", "ကန်ရွာရဲစခန်းမှာ စစ်ကောင်စီအဖွဲ့ဝင်တွေမရှိတော့တာကြောင့် ကန်ရွာက ပြည်သူတွေဟာ ကန်စခန်းက စစ်ကောင်စီအဖွဲ့ဝင်တွေသိမ်းယူထားတဲ့ ပစ္စည်းတွေကို စခန်းကနေပြန်လည်ယူဆောင်ကြတယ်လို့လည်းသိရပါတယ်။", "ကန်ရွာမှာစစ်ကောင်စီစခန်းရှိနေတာ ကြောင့် အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ ကန်ရွာက ပြည်သူတွေဟာ ဘေးလွတ်ရာတိမ်းရှောင်နေခဲ့ကြရတာ ငါးလဝန်းကျင်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ခုချိန်မှာတော့ ရွာထဲကိုပြန်လည်ဝင်ရောက် နေထိုင်နိုင်ကြတော့မယ်လို့ သိရပါတယ်။", "” ခုတော့ လွတ်လပ်သွားပြီ။ ပြန်နေလို့ရပြီ” လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။", "ဓာတ်ပုံ- စစ်ကောင်စီစွန့်ခွာသွားတဲ့ကန်ရဲစခန်းတွင် PDF အလံတင်ထားစဉ်။", "Photo-ယောဘီလူး", "(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2023/09/121820/
ဂန့်ဂေါမြို့နယ်၊ ကျောနယ်မြေရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ဖြင့် အလင်းဝင်
["ဂန့်ဂေါမြို့နယ်၊ ကျောနယ်မြေရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ဖြင့် အလင်းဝင်", "ရန်ကုန်၊ စက်တင်ဘာ ၁၀", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောနယ်မြေရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ဖြင့် အလင်းဝင်ရောက်လာကြောင်း ဂန့်ဂေါခရိုင် အမှတ် ၁၉ တပ်ရင်းထံမှ သိရသည်။", "သြဂုတ်လ ၂၉ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်၊ ခရိုင် အမှတ် ၁၉ တပ်ရင်းကို ကျောနယ်မြေရဲစခန်း၌ တာဝန်ထမ်းဆောင်နေသော ရဲတပ်သား အာကာမောင်က လက်နက်ဖြင့် အလင်းဝင်လာကြောင်း သိရှိရသည်။", "အဆိုပါ ရဲတပ်သား အာကာမောင်သည် G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ဘောက်၊ ကျည်ဆံ ၁၂၀ ပါယူဆောင်လာကြောင်း၊ ပြည်သူ့ရင်ခွင်ကို ခိုလှုံဝင်ရောက်လာသော ပြည်သူ့ရဲဘော်များကို နွေးထွေးစွာ ကြိုဆို လက်ခံလျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ် – ကျောဒေသ ဂန့်ဂေါခရိုင် အမှတ် ၁၉ တပ်ရင်း က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/09/183563/
ဂန့်ဂေါမြို့နယ်၊ ကျောမြို့ရှိ ကပစ ၂၃ တပ်မှ တပ်မိသားစုဝင်အားလုံးကို စစ်ကောင်စီက ရွှေ့ပြောင်းပေးပြီး အရာရှိနှင့်စစ်သည်များ အသေခံ တိုက်ပွဲဝင်ရန် ညွှန်ကြား
["ဂန့်ဂေါမြို့နယ်၊ ကျောမြို့ရှိ ကပစ ၂၃ တပ်မှ တပ်မိသားစုဝင်အားလုံးကို စစ်ကောင်စီက ရွှေ့ပြောင်းပေးပြီး အရာရှိနှင့်စစ်သည်များ အသေခံ တိုက်ပွဲဝင်ရန် ညွှန်ကြား", "ရန်ကုန်၊ စက်တင်ဘာ ၁၆", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့ရှိ ကပစ ၂၃ တပ်မှ တပ်မိသားစုဝင်အားလုံးကို စစ်ကောင်စီက ရွှေ့ပြောင်းပေးလိုက်ပြီး PDF များ လာရောက်တိုက်ခိုက်ပါက ကပစ ၂၃ တပ်ရှိ အရာရှိနှင့်စစ်သည်များအားလုံး အသေခံ တိုက်ပွဲဝင်ရန် ညွှန်ကြားထားကြောင်း သိရှိရသည်။", "ဩဂုတ်လနှောင်းပိုင်းမှစတင်ပြီး ကျောမြို့၊ အမှတ် ၂၃ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံမှ တပ်မိသားစုဝင်များအားလုံးကို ရွှေ့ပြောင်းမှုများ လုပ်ဆောင်ခဲ့ရာ စက်တင်ဘာလ ၄ ရက်နေ့တွင် ကိုယ်ဝန်ဆောင်၊ ကလေးမိခင်၊ ကလေးငယ်များ အပါအဝင် တပ်မိသားစုဝင်များအား လုံးကို ရဟတ်ယာဉ်များဖြင့် ရွှေ့ပြောင်းပေးခဲ့ပြီးပြီဖြစ်ကြောင်း၊ ထိုသို့ ပြောင်းရွှေ့ပေးပြီးနောက် ကပစ ၂၃ မှ အရာရှိနှင့်စစ်သည်များကို အသေခံ တိုက်ပွဲဝင်ရန် စစ်ကောင်စီက အမိန့်ပေး ညွှန်ကြားထားကြောင်း သိရှိရသည်။", "“ကျောမြို့ ကပစ ၂၃ မှာရှိတဲ့ တပ်အသိုင်းအဝိုင်းရဲ့ ကိုယ်ဝန်ဆောင်နဲ့ ကလေးအမေတွေ၊ မိသားစုဝင်တွေအားလုံးကို စက်တင်ဘာလ ၄ ရက်နေ့ နောက်ဆုံးထားပြီး ရွှေ့ပြီးပြီ။ သူတို့ကို အရင်ဆုံး နမခ ကို ရဟတ်ယာဉ်နဲ့ရွှေ့ပေးတယ်။ အဲဒီကနေတဆင့် သက်ဆိုင်ရာ ဇာတိနေရာတွေဆီ ပြန်ခိုင်းတယ်။ ကျောမြို့လည်း လူရှင်းနေပြီ။ ကပစ ၂၃ မှာတော့ အရာရှိနဲ့ စစ်သည်တွေပဲ ကျန်ပါတယ်။ တိုက်ခိုက်မှုတွေ ဖြစ်လာရင် နောက်မဆုတ်တမ်း၊ ငါမသေ ငါ့စခန်း မကျစေရ စိတ်ဓာတ်နဲ့ တိုက်ပွဲဝင်ဖို့ ညွှန်ကြားထားတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက ဂန့်ဂေါမြို့နယ်အတွင်း တပ်များ၊ ကပစစက်ရုံများ၊ အင်ဂျင်နီယာတပ်များတွင် လေကြောင်းဖြင့် လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းပေးနေပြီး တပ်များနှင့်စခန်းများ မကျစေရေး အရာရှိနှင့်စစ်သည်များ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ကြရန် အမိန့် ပေးညွှန်ကြားနေကြောင်း၊ ဂန့်ဂေါမြို့နယ်အတွင်းတွင် မြေပြင် ကုန်းလမ်းကို စစ်ကောင်စီက ထိုးဖောက်နိုင်တော့ခြင်းမရှိဘဲ လေကြောင်းကိုသာ အဓိက အားကိုးနေရကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ရဟတ်ယာဉ်ဖြင့် ပြောင်းရွှေ့မှုများ လုပ်ဆောင်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/10/125547/
ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းရှိ ကတုတ်ကျင်းတူနေသော ရဲများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး
["ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းရှိ ကတုတ်ကျင်းတူနေသော ရဲများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၇", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းရှိ က တုတ် ကျင်းတူနေသော ရဲများကို ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း ABSDF Column – 3 စစ်ကြောင်းထံမှ သိရသည်။", "အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၈နာရီ ခန့်တွင် အချိန်တွင် တောင်ခင်ရန်း ကျေးရွာရှိ ရဲစခန်းအနီး တော်လှန်ရေး တပ်ဖွဲ့များ ကင်းပုန်းဝတ်နေစဥ် ကတုတ်ကျင်းတူးနေသော ရဲများကို ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။", "“တောင်ခင်ရန်း ရဲစခန်းမှာ ခံစစ်ပြင်တဲ့အနေအထားပါဗျ၊ အဲဒါကို ကျနော်တို့ ချောင်းမြောင်းပစ်ခတ် ခဲ့တာပါ၊ ၃၀၆ ရိုင်ဖယ်နဲ့ ပစ်ခဲ့တာ၊ သူတို့လူထိသွားတာနဲ့ ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ် ခတ်ခဲ့ပါတယ်၊ အချိန်အတိုင်းအတာ ၁၅ မိနစ်လောက်အထိရှိပါတယ်၊ ကျနော်တို့ ရဲဘော်တွေ အားလုံးဘေးကင်းပါတယ်” ဟု ABSDF Column – 3 တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် သေဆုံးသွားသော ရဲ အလောင်းကို တောင်ခင်ရန်း ရဲစခန်းအတွင်း သယ်ဆောင်သွားကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ABSDF အမှတ် ၁၂ တပ်ရင်း ယောဒေသ ၊ ဂန့်ဂေါခရိုင် PDF တပ်ရင်းများ ၊ ပ.က.ဖ များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/05/102239/
ဂန့်ဂေါမြို့နယ်၊ တောင်ခရမ်းကျေးရွာ စစ်ဆေးရေးဂိတ်မှာ စစ်ထောက်လှမ်းရေး ဒုအရာခံဗိုလ် သိန်းဇော် ပစ်ခတ်ခံရပြီး သေဆုံး
["ဂန့်ဂေါမြို့နယ်၊ တောင်ခရမ်းကျေးရွာ စစ်ဆေးရေးဂိတ်မှာ စစ်ထောက်လှမ်းရေး ဒုအရာခံဗိုလ် သိန်းဇော် ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ မေ ၁၂", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခရမ်းကျေးရွာ စစ်ဆေးရေးဂိတ်တွင် တာ ဝန် ကျနေသည့် စစ်ထောက်လှမ်းရေး ဒုအရာခံဗိုလ် သိန်းဇော် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဂန့်ဂေါ စုပေါင်း ပကဖအဖွဲ့က ပြောသည်။", "မေလ၁၁ ရက်နေ့ နံနက် ၈ နာရီအချိန် ဂန့်ဂေါမြို့နယ်၊ တောင်ခရမ်းရွာ အလယ် ခန့်တွင် စစ်ထောက်လှမ်းရေး ဒုအရာခံဗိုလ် သိန်းဇော်ကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေရာတွင်ပင် ပွဲချင်း ပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဒုအရာခံဗိုလ် စစ်ထောက်လှမ်းရေး သိန်းဇော်ကို ပစ်ခတ်ခဲ့ပါတယ်။ ပွဲချင်းပြီး သေဆုံးတယ်။ ဆိုင်ကယ်တစ်စီးလည်း သိမ်းဆည်းရမိပါတယ်။ သူက တောင်ခရမ်းရဲစခန်းနား စစ်တပ် စစ်ဆေးရေးဂိတ်မှာတာဝန်ကျသူဖြစ်တယ်” ဟု ဂန့်ဂေါမြို့နယ် စုပေါင်း ပကဖက ပြောဆိုသည်။", "ဓာတ်ပုံ- ပစ်ခတ်ခံရပြီး သေဆုံးသွားသော စစ်ထောက်လှမ်းရေး ဒုအရာခံဗိုလ် သိန်းဇော်။"]
https://yktnews.com/2023/11/129688/
ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်း သိမ်းပိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ရှိသည့်အနက် ၆ ဦးသေဆုံးပြီး ၁၁ ဦး လက်နက်ချ အညံ့ခံ၊ ၄ ဦးထွက်ပြေးသွားပြီး သေနတ် ၁၇ လက်သိမ်းဆည်းရရှိ
["ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်း သိမ်းပိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ရှိသည့်အနက် ၆ ဦးသေဆုံးပြီး ၁၁ ဦး လက်နက်ချ အညံ့ခံ၊ ၄ ဦးထွက်ပြေးသွားပြီး သေနတ် ၁၇ လက်သိမ်းဆည်းရရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၄", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိမှုတွင် အဆိုပါ စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ရှိသည့်အနက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း၊၁၁ ဦး လက်နက်ချ အညံ့ခံပြီး ၄ ဦးထွက်ပြေးသွားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။", "နိုဝင်ဘာလ နံနက် ၅ နာရီ ၅၀ မိနစ်အချိန်မှ မနက် ၁၀ နာရီခန့်အချိန် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ဂန့်ဂေါမြို့နယ်၊မင်းရွာရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) ဂန့်ဂေါခရိုင် အမှတ်(၁/၇/၁၁/၁၂/၁၄/၁၉)တပ်ရင်း၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊နယ်မြေခံ ပကဖ တို့ပူးပေါင်းကာ စခန်းသိမ်း တိုက်ပွဲဆင်နွှဲခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးကာ စစ်သုံ့ပန်းအဖြစ် ၁၁ ဦး လက်နက်ချ အညံ့ခံခဲ့ပြီး (၄) ဦး စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။", "တိုက်ပွဲအပြီးနောက် အဆိုပါ မင်းရွာ ရဲကင်းစခန်းမှ", "(၁) G-3 သေနတ်(၁၁)လက်", "(၂) G-4 သေနတ်(၁)လက်", "(၃) MA-1 သေနတ်(၁) လက်", "(၄) MA- 3 သေနတ်(၁)လက်", "(၅) MA-4 သေနတ်(၁)လက်", "(၆) 40မမ (၁)လက်", "(၇) 60မမ (၁)လက်", "(၈) ခြောက်လုံးပြူး သေနတ် (၂)လက်", "(၉) G3 ကျည် (၃၇၇၀) တောင့်", "(၁၀) MA ကျည် (၂၀၃၀)တောင့်", "(၁၁) (၆၀)မမ ဗုံးသီး (၃၂)လုံး", "(၁၂) နင်းမိုင်းကြီး (၁၀) လုံး", "(၁၃) နင်းမိုင်းသေး(၁၀)လုံး", "(၁၄) လက်ပစ်မိုင်း (၆)လုံး", "(၁၅) တိုက်မိုင်း (၁၀)လုံး", "(၁၆) G3 ကျည်ဘောက် (၂၂)", "(၁၇) MA2 ကျည်ဘောက်(၁)ခု", "(၁၈) (၄၀မမ)ဗုံးသီး (၁၉) လုံး", "(၁၉) MA ကျည်ဘောက်(၁၁)ခု", "(၂၀) Bluetooth Box (၁) လုံး", "(၂၁) ဟန်းကော (၁၁)လုံး", "(၂၂) သံခမောက် (၁၂)လုံး", "(၂၃) ပွိုင့်ဖိနပ် (၃)ရံ", "(၂၄) ဓာတ်မီး (၁)လက်", "(၂၅) စားဆီ (၁၀) ပိဿာ", "(၂၆) TV (၁)လုံး", "(၂၇၀ Air cooler (၁)လုံး", "(၂၈) ထမင်းအိုး (၁)လုံး", "(၂၉) ငွေသား (၄၆၅၇၀၀) ကျပ်", "(၃၀) ရေခဲသေတ္တာ (၁) လုံး", "(၃၁) ဓားချွန် (၅)လက်", "(၃၂) ဓားရှည် (၃)လက်", "(၃၃) တူ (၃)လက်", "(၃၄) ဖုန်း(၈)လုံး", "(၃၅) ကင်မရာ (၁)လုံး", "(၃၆၀ နာရီ(၄)လုံး", "(၃၇) ရွှေလက်ကောက် (၄)ကွင်း", "(၃၈) လက်စွပ်(၁)ကွင်း", "(၃၉) နားဆွဲ(၁)ခု", "(၄၀) Icon အထိုင်စက် (၂)လုံး", "(၄၁) Icon TYT (၁)လုံး", "(၄၂) Equipment (၁၁) ထည် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ၊ တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မင်းရွာရဲကင်းစခန်းကို အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/09/122753/
ဂန့်ဂေါမြို့နယ်၊ မြင်သားရွာကို ပျူစောထီးများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြည်သူ ၃ ဦးသေကာ ၈ ဦး ဒဏ်ရာအပြင်းအထန်ရ
["ဂန့်ဂေါမြို့နယ်၊ မြင်သားရွာကို ပျူစောထီးများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြည်သူ ၃ ဦးသေကာ ၈ ဦး ဒဏ်ရာအပြင်းအထန်ရ", "ရန်ကုန်၊ စက်တင်ဘာ ၁၇", "မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ မြင်သားရွာကို အကြမ်းဖက်စစ်တပ် လက်အောက် ခံ ပျူစောထီးများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ရာ ပြည်သူ ၃ ဦး သေပြီး ၈ ဦး ဒဏ်ရာအပြင်းအထန်ရရှိကြောင်း ဒေသပြည်သူများ နှင့်ဒေသ သတင်း ရင်းမြစ်က ပြောသည်။", "စက်တင်ဘာ ၁၆ ရက်နေ့ ညပိုင်း ပျူစောထီးများက ပစ်ခတ်လိုက်သည့် လက်နက်ကြီး ထိမှန်၍ ပြည်သူ ၃ ဦး သေဆုံးကာ ၈ ဦးပြင်းပြင်းထန် ထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်သော ပျူစောထီး များမှာ မြောက်ခရမ်းရွာမှ ဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ရမ်းသမ်းပစ်ခတ် ခြင်း ဖြစ်ကြောင်း Kawlaw info တာဝန်ရှိသူက ပြောကြားသည်။", "“မြောက်ခရမ်းက ပျူတွေ အထိနာလို့ လက်နက်ကြီးတွေနဲ့ ရမ်းထုတာ။ တိုက်ပွဲမရှိဘူး ရမ်းပစ်တာ ။ ၃ ဦး သေပြီတဲ့ ၈ ဦး ဒဏ်ရာပြင်းတယ်” ဟု Kawlaw info မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြော ကြားသည်။", "ပျူစောထီးများ ပစ်ခတ်သော လက်နက်ကြီးသည် မြင်သားကျေးရွာမှ ပြည်သူ ပိုင် နေအိမ်၃ လုံးပေါ်သို့ကျကာ စစ်ဘေးရှောင် ပြည်သူများ ထိခိုက်သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။"]