url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2024/11/190616/
ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးကျေးရွာမှ ထွက်လာသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
["ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးကျေးရွာမှ ထွက်လာသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၃", "စစ်ကိုင်းတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ မြောက်ခင်ရန်း ပျူစောထီးကျေးရွာမှ ထွက်လာသော အ ကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကိုပြောဆိုသည်။", "နိုဝင်ဘာလ ၁ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးကျေးရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ‌‌‌‌‌၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "“တိုက်ပွဲအတွင်းမှာ ဒရုန်းဗုံးသီး ၂၁ လုံး အသုံးပြုပြီး ၁၄ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။ စစ်ခွေး ၂ ကောင်သေပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရပါတယ်”ဟု ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ အပါအဝင် ဂန့်ဂေါ ခရိုင်အမှတ် ၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄ တပ်ရင်းများ၊ ABSDF နှင့် ဂန့်ဂေါမြို့နယ် ပကဖ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/12/136226/
ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးရွာမှ ထွက်ပြေးလာသူ ၁၉၁ ဦးကို မြို့နယ် ပအဖ အဖွဲ့က ကောင်းမွန်စွာ လက်ခံထား
["ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးရွာမှ ထွက်ပြေးလာသူ ၁၉၁ ဦးကို မြို့နယ် ပအဖ အဖွဲ့က ကောင်းမွန်စွာ လက်ခံထား", "ရန်ကုန်၊ ဒီဇင်ဘာ ၁၇", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်း ပျူစောထီးရွာမှ ထွက်ပြေးလာသူ ၁၉၁ ဦးကို ကောင်းမွန်စွာ လက်ခံထားကြောင်း ဂန့်ဂေါမြို့နယ်-ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၃ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်အတွင်းရှိ မင်းရွာ နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဂန့်ဂေါမြို့နယ်အတွင်း ကန်ရွာ နှင့် တောင်ခင်ရန်းရွာတို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများသည် စခန်းများ စွန့်ခွာထွက်ပြေးခဲ့​ပြီး မြောက်ခင်ရန်း ပျူစောထီးရွာမှ ပြည်သူ ၁၉၁ ဦး သည် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ၏ အုပ်ချုပ်မှုအောက်တွင် မနေရဲတော့ဘဲ ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ထွက်ပြေး ခိုလှုံလာခြင်းဖြစ်​ကြောင်း သိရသည်။", "မြောက်ခင်ရန်း ပျူစောထီးရွာမှ ထွက်ပြေးလာသူများမှာအမျိုးသား ၈၃ ဦး၊ အမျိုးသမီး ၁၀၈ ဦး စုစုပေါင်း ၁၉၁ ဦး ဖြစ်ပြီး ဂန့်ဂေါမြို့နယ် ပအဖ၊ ပကဖ အဖွဲ့ဝင်များက စနစ်တကျ စိစစ်လက်ခံလျက်ရှိကြောင်း ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။", "“လောလောဆယ် ၁၉၁ ဦးပါဗျ။ ထပ်ပြီး ခိုလှုံမယ့်သူတွေလည်း ရှိပါသေးတယ်ဗျ။ ဒါပေမဲ့ ပျူတွေက စောင့်ကြည့်နေကြတော့ ထွက်လို့မရဖြစ်နေတာဗျ”ဟု ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ထွက်ပြေးလာသူများကို လက်ရှိချိန်တွင် ပြစ်မှုကျူးလွန်ထားခြင်းရှိ မရှိ စစ်ဆေးပြီး စစ်ရှောင်စခန်းတွင် ကောင်းမွန်စွာ ထားရှိကာ အခြေခံရိက္ခာများ၊ ခြုံစောင်များ၊ အနွေးထည်များနှင့် အခြား အကူအညီများကိုလည်း အချိန်နှင့်တပြေးညီ ပံ့ပိုး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2024/11/193953/
ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးရွာမှာ ထွက်လာသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုများပြား
["ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးရွာမှာ ထွက်လာသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုများပြား", "ရန်ကုန်၊ နိုဝင်ဘာ ၃၀", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးရွာမှာ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုများပြားကြောင်း ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်သား အင်အား ၄၀ ခန့်ပါ စစ်ကြောင်းကို ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့နှင့် ဂန့်ဂေါ မြို့နယ် ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် ယင်း စစ်ကြောင်းကို ဂန့်ဂေါခရိုင် အမှတ် ၁ တပ်ရင်း ၊ အမှတ် ၇ တပ်ရင်း ၊ အမှတ် ၁၁ တပ်ရင်း၊ အမှတ် ၁၂ တပ်ရင်း ၊ အမှတ် ၁၄ တပ်ရင်းနှင့် အမှတ် ၁၉ တပ်ရင်းများ တို့ကလည်း ပူးပေါင်းပြီး တိုက်မိုင်းများ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှု စာရင်းကို ဆက်လက် စုံစမ်းနေကြောင်း၊ အထိနာသွားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ၈၁ မမ လက်နက်ကြီး၊ ဒရုန်းများအပါအဝင် လက်နက်ငယ်များဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "“အဓိကတော့ သူတို့ မိုင်းမိတာနဲ့ ဒရုန်းမှတ်တမ်းမှာပါတဲ့ ဗီဒီယို အရဆိုရင် သူတို့ ပြင်းထန် ထိခိုက်ဒဏ်ရာရခဲ့တာ စစ်ခွေး အသေအ‌ပျောက်စာရင်းတော့ မသိရဘူး။ ဒီတစ်ခေါက် စစ်ကြောင်းမှာတော့ သူတို့ဘက်က ပြည်သူတွေ ရှိတဲ့နေရာကို ရောက်တာမျိုးတော့မရှိဘူး။ သူတို့ရဲ့ မြောက်ခင်ရန်းနဲ့ သူတို့ ကာကင်းနဲ့ မလှမ်းမကမ်း နေရာလောက်ကို စစ်ကြောင်းထိုးဖို့အတွက် နယ်မြေရှင်းလင်းတဲ့ သဘောမျိုးထင်တယ်။ မိုင်းကြိုရှင်းတာလား။ နယ်မြေရှင်းတာလား။ ကင်းပုန်းဝပ်တာလား အဲလိုမျိုး အခြေအနေနဲ့ ထွက်လာတာပါ။ ပြည်သူတွေ ဖမ်းဆီးခံရတာမျိုးတော့မရှိဘူး။ ပြည်သူတွေရှိတဲ့ နေရာကိုတော့ ရောက်လာမျိုးတော့မရှိဘူး။ သူတို့ ပြန်သွားတဲ့ အချိန်မှာ သူတို့ဂိတ်ပတ်ဝန်းကျင်ရောက်တဲ့ အချိန်မှာ ကျွန်တော်တို့ Fixed Wing ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ သူတို့ရှိတဲ့ နေရာတွေ ကပ်ကျတာဆိုတော့ သူတို့ ထိခိုက်မှု ရှိမှာတော့ လုံးဝသေချတယ်။"]
https://yktnews.com/2024/09/181494/
ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး၊ ရေမျက်နီရွာမှ ထွက်လာသော စစ်ကြောင်းက ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီး
["ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး၊ ရေမျက်နီရွာမှ ထွက်လာသော စစ်ကြောင်းက ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ စက်တင်ဘာ ၁", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း ဂန့်ဂေါခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဩဂုတ်လ ၁၆ ရက်နေ့တွင် မြောက်ခင်ရန်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီး ၁၅၀ ခန့်ပါ စစ်ကြောင်းသည် ရွှေဘိုရွာနှင့် ရေသာရွာဘက်ကို ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ ၄ နာရီခန့်ဖြစ်ပွားကာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထို့ပြင် ထီးလင်းမြို့နယ်၊ ရေမျက်နီရွာ ကင်းစခန်းမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများသည် ဩဂုတ်လ ၂၈ ရက်နေ့တွင် ရေပုတ်ရွာရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဩဂုတ်လ ၃၀ ရက်နေ့တွင် ရေမျက်နီ တဝိုက် စစ်ရေး လှုပ်ရှားခဲ့ပြီး ရေမျက်နီ စခန်းကို ပြန်လည်း ဆုတ်ခွာသွားကြောင်း သိရှိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စက်တင်ဘာလ ၁ ရက်နေ့တွင် ရေမျက်နီရွာမှ ပြန်လည် ထွက်ခွာလာပြီး ယ​နေ့ ညနေ ၅ နာရီခန့်တွင် တောင်အရပ်ကို ဆက်လက် ဦးတည်နေကာ သတညှစ်ရှောက်ရွာ အရှေ့ဘက် တောင်ကြောပေါ်တွင် ရှိနိုင်ပြီး ထီးလင်းမြို့ဘက်ကို ဦးတည်ကာ စို့ပြားရွာ သို့မဟုတ် ပြင်ဘရွာဘက်ကို ဖြတ်သန်းလျက် တိ၊ ငဆင်း၊ ဝါးရင်းချိုင်၊ ထီးလင်း လမ်းကြောင်းအတိုင်း ဖြတ်သွားနိုင်ကြောင်း ဂန့်ဂေါခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/05/164921/
ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာရှိ ပျူစောထီးများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်
["ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာရှိ ပျူစောထီးများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ မေ ၂၈", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာရှိ ပျူစောထီးများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၂၆ ရက်နေ့တွင် မြောက်ခင်ရန်းရွာရှိ ပျူစောထီးများကို ဂန့်ဂေါခရိုင် ပကဖနှင့် ဂန့်ဂေါ ခရိုင် တပ်ရင်းများ ပူးပေါင်း၍ ရော့ကတ် ဒုံးကျည် ၂၈ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“အထိအခိုက် အခြေအနေတော့ မသိရသေးပါဘူး။ ပျူရွာထဲကိုတော့ အကုန်နီးပါး ကျရောက် ပေါက်ကွဲခဲ့ပါတယ်” ဟု ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ ရော့ကတ် ဒုံးကျည်များကို ဂန့်ဂေါ ခရိုင် ထုတ်လုပ်ရေး အဖွဲ့များက ထုတ်လုပ်ထားခြင်းဖြစ်ပြီး တော်လှန်ရေး အဖွဲ့များ ကိုယ်ပိုင် လက်နက် ထုတ်လုပ်ရေးများကို စနစ်တကျ လုပ်ဆောင်လာနိုင်ပြီ ဖြစ်ကာ ဒုံးကျည်တွေထိ ထုတ်လုပ်နိုင်လာပြီ ဖြစ်ကြောင်း ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2023/11/129634/
ဂန့်ဂေါမြို့နယ်၊ မြောက်စီးစစ်စခန်းနှင့် တောင်ခင်ရန်း ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်
["ဂန့်ဂေါမြို့နယ်၊ မြောက်စီးစစ်စခန်းနှင့် တောင်ခင်ရန်း ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်", "ရန်ကုန်၊ နိုဝင်ဘာ ၄", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ စစ်ကောင်စီတပ်၏ မြောက်စီးတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။", "ယမန်နေ့ နိုဝင်ဘာ ၃ ရက်နေ့ကတည်းက မြောက်စီးကျေးရွာရှိ စစ်တပ်အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက စီးနင်းတိုက်ခိုက်နေခြင်းဖြစ်ပြီး ကလေးခရိုင်တပ်ရင်း ၄ ၊ CNDF၊ CDF KKG၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ စခန်းသိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်း အများပြားနှင့် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိကြောင်း သိရှိရသည်။", "ထို့ပြင် နိုဝင်ဘာလ ၃ ရက်နေ့ ညနေပိုင်း မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ တောင်ခင်ရန်းရွာရဲစခန်းတွင် စစ်ကောင်စီအဖွဲ့ဝင်များက တိုက်ပွဲမဖြစ်ပွားဘဲ ထွက်ပြေးကြသဖြင့် အဆိုပါ တောင်ခင်ရန်းရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရှင်းလင်း လိုက်ကြောင်း သိရှိရသည်။", "” မနေ့က မြောက်ခင်ရန်းရွာက ပျူတွေက သူတို့ကိုလာကြိုသွားတာ။ တောင်ခင်ရန်းရဲစခန်းကနေ မထွက်ခင် ညနေပိုင်း စခန်းနားက အိမ်တွေကိုမီးရှိူ့သွားသေးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "တောင်ခင်ရန်းရွာရဲစခန်းတွင် စစ်ကောင်စီအဖွဲ့ဝင် ၄၀ နှင့် ၅၀ ဦး အကြားရှိပြီး ယမန်နေ့ ညနေပိုင်း တောင်ခင်ရန်းစခန်းမှ ကလေးမြို့နယ်ရှိ ပျူစောထီးများနေထိုင်သော ကျောက်ပြုတ်ရွာသို့ သွားရောက် နေထိုင်အင်အား ပေါင်းစည်းခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- မြောက်စီးစစ်တပ်စခန်းမှ ဖမ်းဆီးရရှိသည့် လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ။"]
https://yktnews.com/2024/10/186537/
ဂန့်ဂေါမြို့နယ်၊ ရေရှင်မရွာ အနီးကို စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး
["ဂန့်ဂေါမြို့နယ်၊ ရေရှင်မရွာ အနီးကို စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၅", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ရေရှင်မရွာ အနီးကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "အောက်တိုဘာ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေရှင်မရွာ အနီးကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပထမ အကြိမ် ဗုံးကျဲ တိုက်ခိုက်မှုသည် ကျွန်းခုံသာရွာနှင့် ရေရှင်မကျေးရွာကြား ကျရောက်ပေါက်ကွဲခဲ့ပြီး ဒုတိယအကြိမ် ဗုံးကျဲ တိုက်ခိုက်မှုသည် ရေရှင်မကျေးရွာအနီး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျွန်းခုံသာကျေးရွာမှ အမျိုးသား ၁ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခြင်းသည် ပအဖ အစည်းအဝေး ပြုလုပ်မည်ဟု သတင်းပေါက်ကြား၍ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "အောက်တိုဘာ ၂ ရက်နေ့ ညပိုင်းကလည်း အကြမ်းဖက် စစ်ကောင်စီက ယောဒေသရှိ ထီးလင်းမြို့နယ် တစ်နေရာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "(မျက်မှောက်ခေတ်သည် ခေတ်သစ် မီဒီယာ၏ မိတ်ဖတ်ဖြစ်သည်)"]
https://yktnews.com/2023/12/136220/
ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာကို စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ အသက် ၃ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် ၂ ဦးသေဆုံး
["ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာကို စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ အသက် ၃ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် ၂ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၁၇", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာကို အကြမ်းဖက်စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် အသက် ၃ နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် ၇၀ အရွယ် အဖွားတစ်ဦးသေဆုံးခဲ့ ကြောင်း PDF -Gangaw တောင်ပိုင်းထံမှ သိရသည်။", "ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက် ညနေ ၃ နာရီ ၃ မိနစ်က ဂန့်ဂေါမြို့၊ ပင်မအမြောက်တပ်မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ရှုံးရှီကျေးရွာထဲသို့ ပစ်ခတ်ခဲ့ရာ ပြည်သူ့နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲ ပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိကာ ယင်းဒဏ်ရာရရှိသူများထဲမှ အသက် ၃ နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် ၇၀ အရွယ် အဖွားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ ပြည်သူလူထုနေထိုင်ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်မှတ်ထားတိုက်ခိုက်နေမှုအား PDF Gangaw တောင်ပိုင်းအဖွဲ့အနေဖြင့် အပြင်းအထန် ရှုတ်ချ ကြောင်း၊ မိဘပြည်သူများအနေဖြင့်လည်း လက်နက်ကြီးသံကြားပါက အထူးဂရုစိုက်နေထိုင်ပေးကြ ပါရန် ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/02/145173/
ဂန့်ဂေါမြို့နယ်၊ ဝင်ဝ(ပျူ)ရွာမှ ပျူစောထီးတစ်ဦး လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်
["ဂန့်ဂေါမြို့နယ်၊ ဝင်ဝ(ပျူ)ရွာမှ ပျူစောထီးတစ်ဦး လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဝင်ဝ(ပျူ)ရွာမှ ပျူစောထီးတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင် ရောက်ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ မကွေးတိုင်း ကွက်ကဲရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။", "ဖေဖော်ဝါရီလ ၈ နေ့က ဂန့်ဂေါမြို့နယ်၊ ဝင်ဝ (ပျူရွာ) မှ အသက် ၂၁ နှစ်အရွယ် ပျူစောထီး ၁ ဦး သည် G3 သေနတ် ၁ လက်၊ G3 ကျည် ၁၈ တောင့် တို့နှင့်အတူ ဂန့်ဂေါ ခရိုင်တပ်ရင်းများထံသို့ ဆက်သွယ်ကာ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“ဆုချီးမြှင့်မှုကတော့ ဝန်ကြီးဌာနက ထိုက်သင့်သလို စီစဉ်ပေးဖို့တော့ရှိပါတယ်၊ ပထမ ၃ ဦးရယ်၊ အခုတစ်ဦးရယ် ၄ ဦးပါ၊ တစ်ရွာစီပါ” ဟု အမှတ် ၁ စစ်ဒေသ မကွေးတိုင်း ကွက်ကဲရေးရုံးမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။", "ဂန့်ဂေါခရိုင်အတွင်း၌ ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းနှင့် ယခု ၂၀၂၄ ခုနှစ်တွင် ပျူရွာများမှ ပျစောထီးများ သည် လက်နက်ဖြင့် အလင်းဝင်လာသူများ ဆက်တိုက်ရှိနေကြောင်း နယ်မြေခံတပ်ရင်းများထံမှ သိရှိရသည်။"]
https://yktnews.com/2024/02/146268/
ဂန့်ဂေါမြို့နယ်၊ သင်တောရွာမှ ပြည်သူ ၁၉ ဦးကို စစ်တပ် စစ်ကြောင်း ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်ပြတ်နေ၊ ရေဦးမြို့နယ်အတွင်း စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၆ ရွာကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
["ဂန့်ဂေါမြို့နယ်၊ သင်တောရွာမှ ပြည်သူ ၁၉ ဦးကို စစ်တပ် စစ်ကြောင်း ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်ပြတ်နေ၊ ရေဦးမြို့နယ်အတွင်း စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၆ ရွာကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ သင်တောရွာမှ ပြည်သူ ၁၉ ဦးကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်ပြတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်သားများနှင့် ပျူစောထီး အင်အား ၂၀၀ ဦးပါ စစ်ကြောင်းသည် သင်တောရွာမှ ပြည်သူ ၁၉ ဦးကို ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်ပြတ်နေကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် ဖမ်းဆီးသွားသော ပြည်သူ ၁၉ ဦးမှာ ဦးလူဝ၊ ဦးဖိုးပြူး၊ ဒေါ်မဲတင်၊ ဒေါ်မဲချို၊ ဒေါ်မဲညို၊ အလေးဆွယ်၊ အလေးမြင့်၊ သင်းသင်းကြူ၊ ဒေါ်ကြည်သန်း၊ ဒေါ်ပွေးဌေး၊ ခင်စန်းယု၊ အိဖြူခိုင်၊ အိမေ၊ နှောင်းနှောင်း၊ ငုမလေး၊ ဒေါ်အလေးသား၊ သင်းသင်းလှိုင်၊ သန္တာဝင်းနှင့် မညီမလေး တို့ ဖြစ်ကြောင်း သိရှိရသည်။", "“ကလေးတွေရော၊ အမျိုးသမီးတွေရော၊ ယောက်ျားလေးကတော့ ၂ ယောက်ပါတယ်၊ အထဲမှာဖမ်း ထားတယ်လို့ ကြားတာပဲ မြောက်ခင်ရန်းရွာထဲရယ်လို့တော့ ပြောလို့မရဘူး၊ ပျူစောထီး ၁၂ ရွာထဲက ရွာတစ်ရွာမှာရှိတာတော့သေချာတယ်၊ သတ်ပစ်တာဘာညာတော့ မကြားမိသေးဘူး၊ စစ်ကြောင်းက မြစ်သာမြစ်အရှေ့ဘက်ကမ်းက စန်းမြို့ရွာဘက်ရောက်နေတယ်၊ အင်အားကလည်းထပ်ဖြည့်တယ် ဆိုတော့ ၄၀၀ လောက်ရှိနေပြီ၊ စန်းမြို့ရွာ စာသင်ကျောင်းနဲ့ဆေးခန်းကို ညတုန်း ကမီးရှို့လိုက်ပြီ၊ အိမ်တွေကတော့ အရင်ကတည်း က မီးရှို့ထားလို့ ပြောင်ပြီး စာသင်ကျောင်း နဲ့ဆေးခန်းပဲကျန်တာ လေးကို မီးရှို့သွားတာ၊ ပြည်သူတွေ နောက်ထပ် ဖမ်းဆီးခံရမှုမျိုးတော့ မကြားမိ သေးပါဘူး။ PDF နှစ်ဦးကို မီးရှို့သတ်ဖြတ်ပြီးတော့ စစ်တပ်က သူတို့ကို လက်နက်တွေ အမြောက်အများတပ် ဆင်ပေးလိုက်တာ အဲဒီတော့ ဒီကောင်တွေက ဒီလူတွေကို ငါတို့ လူမျိုးတုန်းသတ်ဖြတ်လို့ရတယ်၊ ငါတို့ ဖမ်းချင်သလို ဖမ်း၊ သတ်ချင်သလိုသတ်၊ ပြည်သူတွေလည်းမညှာဘူးဆိုတဲ့ ပုံစံမျိုးတွေ ယုံကြည် ချက်ရသွားသလိုဖြစ်သွားတာ၊ အဲဒီတော့ လက်နက်ရပြီးတော့ အနီးနားက ရွာငယ်လေးတွေကို စစ်ကြောင်းထိုးတယ်။ မီးရှို့တယ်အဲဒီလိုတွေလုပ်နေတာ” ဟု ဒေသနေ ပြည်သူတစ်ဦးက ပြောကြားသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သင်တောကျေးရွာ၊ ရွှေဘိုကျေးရွာနှင့် ရေသာကျေးရွာမှ ပြည်သူ ၁၀ ဦးကိုလည်း သေနတ်ဖြင့် ဦးခေါင်းတေ့၍ အစုလိုက်အပြုံလိုက် ပစ်သတ်သွားကြောင်း သိရှိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် ထပ်မံ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၆ ရွာကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အောင်သာရွာ၌ ၂ ညအိပ် တပ်စွဲခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေဦးမြို့နှင့် ၂ မိုင်ခန့် ကွာဝေးသော နှောကုန်းရွာနှင့် ဇဝရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး လက်ရှိချိန်တွင် မူးချောင်း အနောက်ဘက်ရှိ ဝက်ဖိုးရွာထဲတွင် ရောက်ရှိနေကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်သ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းမှုကြောင့် လက်ရှိချိန်တွင် ရွာမိဿာ၊ မုတ်စီ၊ ငြုတ္တုံ၊ ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်း၊ ဇဝ၊ ဝက်ဖိုး၊ မြင်းပေါက်၊ တောင်ကုန်း၊ ကုန်းသာ၊ ရွာသစ်၊ ချမ်းသာ၊ မဲအိုး၊ အင်ပထိုးနှင့် ထန်းဘဲလှ စသည့် ကျေးရွာများမှ ပြည်သူ ၃၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။", "“စစ်ခွေး စစ်ကြောင်းက အောင်သာရွာကနေ အခုမနက် နှောကုန်းနဲ့ ဇဝရွာဘက်ကို ထပ်ထိုးလာတယ်။ အခုလက်ရှိ ဇဝရွာဘက်ကနေ မူးချောင်း အနောက်ဘက် ဝက်ဖိုးရွာကို ဆက်ဝင်နေတယ်။ ဇဝရွာရဲ့ အရှေ့ကို ဆက်သွားရင် ရေဦးမြို့ထဲကို ဝင်ဖို့များပေမယ့် အခုက ဇဝရွာ အနောက်ဘက် မူးချောင်းတံတားကူးပီး ဝက်ဖိုးရွာဘက်ပြန်ခေါက်တာ အခုလက်ရှိတော့ ညပိုင်းမှ အပြင်ထွက်အိပ်ရတဲ့ရွာတွေကအစ ထွက်ပြေးနေကြရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။"]
https://yktnews.com/2024/06/169432/
ဂန့်ဂေါမြို့နယ်၊ သာလင်းကျေးရွာအနီးတွင် စစ်တပ်က ပစ်ခတ်ထားသည့် မပေါက်ကွဲဘဲ ကျန်ရှိနေသော ၄၀ မမ ဗုံးသီးကို ကလေးငယ်များ ဆော့ကစားစဉ် ပေါက်ကွဲမှုဖြစ်ပြီး ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရ
["ဂန့်ဂေါမြို့နယ်၊ သာလင်းကျေးရွာအနီးတွင် စစ်တပ်က ပစ်ခတ်ထားသည့် မပေါက်ကွဲဘဲ ကျန်ရှိနေသော ၄၀ မမ ဗုံးသီးကို ကလေးငယ်များ ဆော့ကစားစဉ် ပေါက်ကွဲမှုဖြစ်ပြီး ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရ", "ရန်ကုန်၊ ဇွန် ၂၁", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ သာလင်းကျေးရွာအနီးတွင် စစ်တပ်က ပစ်ခတ်ထားသည့် မပေါက်ကွဲဘဲ ကျန်ရှိနေသော ၄၀ မမ ဗုံးသီးကို ကလေးငယ်များ ဆော့ကစားစဉ် ပေါက်ကွဲမှုဖြစ်ပြီး ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေ ပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဇွန်လ ၂၁ ရက် နံနက် ၉ နာရီခွဲခန့်က ဂန့်ဂေါမြို့နယ်၊ သာလင်းကျေးရွာအနီးတွင် တောင်ခင် ရမ်းရဲစခန်းအတွင်းမှ ပစ်ခတ်ထားပြီး မပေါက်ကွဲဘဲ ကျန်ရှိနေသည့် ၄၀ မမ ဗုံးသီး ၁ လုံးကို နွားကျောင်းသား ညီအစ်ကို ၃ ဦးက တွေ့ရှိပြီး ဆော့ကစားမိရာမှ ပေါက်ကွဲမှု ဖြစ်ပွားပြီး အသက် ၁၁ နှစ် အရွယ် ကလေး ၁ ဦး သေဆုံးကာ အသက် ၁၄ နှစ်နှင့် အသက် ၁၁ နှစ်အရွယ် ကလေး ၂ ဦးတို့ အသက်အန္တရာယ် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ဒီမနက်ပိုင်း နွားကျောင်းသွားကြတဲ့ ကလေး ၃ ယောက် မပေါက်ကွဲဘဲ ကျန်နေတဲ့ လက်နက်ကြီး ကျည်ကို ဆော့မိလို့ ညီအစ်ကို နှစ်ယောက်ထဲက ညီဖြစ်သူသေတယ်၊ အစ်ကိုဖြစ်တဲ့သူနဲ့ အခြား ကလေး တစ်ယောက်တော့ ဒဏ်ရာအနည်းစီရကြတယ်။ ရွာပြင်လေးမှာပဲ ဖြစ်သွားတာ၊ ပေါက်ကွဲသံ ကြားလို့ သွားကြည့်တော့မှ လက်နက်ကြီး အသီးတစ်လုံးကို ဆော့မိလို ပေါက်ကွဲမှန်းသိကြတာ” ဟု ဒေသနေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ သာလင်းကျေးရွာသည် တောင်ခင်ရမ်းကျေးရွာနှင့် ၂ ဖာလုံခန့်သာကွာဝေးပြီး တောင်ခင်ရမ်း ရဲစခန်းအတွင်း အကြမ်းဖက်စစ်သားများ အထိုင်ချထားခဲ့စဉ်က အနီးအနား ပတ်ချာလည်ကျေးရွာ များကို လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်လုပ်ဆောင်ခဲ့ကြောင်း၊ တောင်ခရမ်း ရဲစခန်းမှ အ ကြမ်းဖက်စစ်သား၊ ရဲများသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့က စခန်းစွန့်ခွာကာ မြောက်ခင် ရန်ကျေးရွာအတွင်းသို့ သွားရောက် ပူးပေါင်းထားကြောင်း သိရသည်။"]
https://yktnews.com/2024/10/187470/
ဂန့်ဂေါမြို့ပေါ်တွင် သန်းခေါင်စာရင်း ကောက်ယူနေသော ထွေအုပ်ရုံးနှင့် လဝကရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ
["ဂန့်ဂေါမြို့ပေါ်တွင် သန်းခေါင်စာရင်း ကောက်ယူနေသော ထွေအုပ်ရုံးနှင့် လဝကရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ", "ရန်ကုန်၊ အောက်တိုဘာ ၁၁", "မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်မြို့တွင် သန်းခေါင်စာရင်း ကောက်ယူနေသော အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် လဝကရုံးတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ – Hyper UAV Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဂန့်ဂေါမြို့ပေါ်ရှိ အကြမ်းဖက် စစ်သားများ တပ်စွဲထားသော အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် တရားမဝင် အာဏာသိမ်း အကြမ်းဖက် စစ်တပ် သက်ဆိုးရှည်စေရေး သန်းခေါင်စာရင်းလိုက်လံ ကောက်ယူနေသော လဝက ရုံးတို့ကို ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့ (HYPER UAV FORCE) မှ ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။", "“နောက်ဆက်တွဲသတင်းကတော့ စုံစမ်းနေတုန်းပဲ အတိအကျ စုံစမ်းလို့ မရဘူးဖြစ်နေတယ်။ ဂန့်ဂေါ မြို့ပေါ်မှာ သန်းခေါင်စာရင်းကောက်နေတာ ရက်ပိုင်းလောက်ရှိပြီ။ သူတို့ကတော့ ရွေးကောက်ပွဲကို သူတို့ ထိန်းချုပ်နယ်မြေထဲ ရသလောက်လုပ်မယ်ထင်တယ်၊ ကျနော်တို့ကတော့ ဒီတရားမဝင်ရွေး‌ ကောက်ပွဲကို ရသလောက်အင်အားနဲ့ တားဆီးသွားမှာဖြစ်ပါတယ်” ဟု ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ – Hyper UAV Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကြောင့် ဂန့်ဂေါမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ ခလရ ၅၀ တပ်ရင်း အတွင်းမှ အများပြည်သူများနေထိုင်ရာ ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ ကြောင်း သိရသည်။"]
https://yktnews.com/2023/12/135818/
ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတစ်ဦး ကျည် အတောင့် ၅၀ နှင့်အတူ ABSDF ထံတွင် အလင်းဝင်
["ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတစ်ဦး ကျည် အတောင့် ၅၀ နှင့်အတူ ABSDF ထံတွင် အလင်းဝင်", "ရန်ကုန်၊ ဒီဇင်ဘာ ၁၄", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါမြို့မရဲစခန်းမှ ရဲသားတစ်ဦး ကျည် အတောင့် ၅၀ နှင့်အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း ABSDF စစ်ကြောင်း ၃ ထံမှ သိရသည်။", "ယနေ့ဒီဇင်ဘာလ ၁၄ ရက် နံနက် ၈ နာရီခန့်တွင် ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတပ်သား သုခသည် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ် ၃ စစ် ကြောင်း အမှတ် ၁၂ တပ်ရင်း ၊ ယောဒေသစခန်းသို့ ဆက်သွယ်ကာ အလင်းဝင်ရောက်ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။", "ထိုသို့ အလင်းဝင်ရောက်ရာတွင် ၇.၆၂ မီလီမီတာကျည် အတောင့် ၅၀ တောင့် နှင့်အတူ အလင်း ဝင်ခဲ့ခြင်းဖြစ်ပြီး ၎င်းကို လုံခြုံသည့် နေရာသို့ ပို့ဆောင်ထားကာ လိုအပ်သည်များ စစ်ဆေးမေးမြန်း လျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2024/09/185429/
ဂန့်ဂေါမြို့မှ ပင်လည်ဘူးမြို့သို့ ရဟတ်ယာဉ်ဖြင့် စစ်ကူအပို့ခံရသည့် ခလရ ၅၀ တပ်ရင်းမှ ဗိုလ်မှူးခန့်မင်းကို ဆီးခုံ ကျည်ထိမှန်၍ သေ
["ဂန့်ဂေါမြို့မှ ပင်လည်ဘူးမြို့သို့ ရဟတ်ယာဉ်ဖြင့် စစ်ကူအပို့ခံရသည့် ခလရ ၅၀ တပ်ရင်းမှ ဗိုလ်မှူးခန့်မင်းကို ဆီးခုံ ကျည်ထိမှန်၍ သေ", "ရန်ကုန်၊ စက်တင်ဘာ ၂၈", "မကွေးတိုင်း၊ ဂန့်ဂေါမြို့မှ ခလရ ၅၀ တပ်ရင်းမှ စစ်ကူပို့ဆောင်ခံရသည့် ဗိုလ်မှူးခန့်မင်းကို ပင်လည် ဘူးတိုက်ပွဲ၌ ဆီခုံကျည်ထိမှန်ကာ သေဆုံးသွားပြီဖြစ်ကြောင်း ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "စက်တင်ဘာလ ၂၂ ရက်နေ့က ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ရင်းအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီ တပ်က Mi 17 ထောက်ပို့ရဟတ်ယာဉ် ၂ စီးဖြင့် ဗိုလ်မှူး သက်နိုင်အေးနှင့် ဒုတပ်ရင်းမှူး ရဲရန်ပိုင် ၊ ဗိုလ်မှူး ခန့်မင်းကို အပါအဝင် စစ်သား ၅၀ခန့်ကို ခေါ်ဆောင်သွားကြောင်း၊ ထို့နောက် ဗိုလ်မှူး ခန့်မင်းကိုအပါအဝင် ခလရ ၅၀ တပ်ရင်းအတွင်းမှ စစ်သားအချို့ကို စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပင်လည်ဘူးမြို့တိုက်ပွဲအတွင်းသို့ ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။", "ထိုသို့ ပင်လည်ဘူးမြို့သို့ ပို့ဆောင်ခံရသည် မိသားစုဝင်များနှင့်ဖုန်းဆက်သွယ်ပြောဆိုပြီးနောက် ဗိုလ်မှူးခန်းမင်ကိုသည် စက်တင်ဘာလ ၂၇ ရက်နေ့က ဆီခုံတွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားကြောင်း၊ ယနေ့ စက် တင်ဘာလ ၂၈ ရက်နေ့တွင် ဂန့်ဂေါမြို့ခလရ ၅၀ တပ်ရင်း အတွင်း၌ ဗိုလ်မှူးခန့်မင်းကို၏ နာရေးပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။", "“သေတာက သေချာတယ်။ ဒီနေ့ပဲ ခလရ ၅၀ တပ်ထဲမှာ နာရေးလုပ်ဖို့စီစဉ်နေတယ်။ တခြားသူတွေ လည်း ထိခိုက်သေဆုံးတာရှိပေမယ့် အတိအကျ မသိရဘူး။ လာခေါ်တဲ့နေ့က တပ်မိသားစုဝင်တွေကို အိမ်ထဲဝင်ခိုင်းပြီး တံခါးတွေပါပိတ်ခိုင်းထားတာ။ ဘယ်သွားရမယ်ဆိုတာလဲ မသိရဘူး။ မနေ့ကမှ မင်းခန့်ကို ကျပြီဆိုပြီး သတင်းဝင်လာတယ်လို့ တပ်တွင်းသတင်းရင်းမြစ်က‌ ပြောပါတယ်” ဟု ယော အလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "သေဆုံးသူ ဗိုလ်မှူးခန့်မင်းကိုသည် ဂန့်ဂေါမြို့ ပျူစောထီးခေါင်းဆောင် P2 ဖိုးဇော်၏ သမီးဖြစ်သူ မယွန်းယုယမင်းနှင့် အိမ်ထောင်ပြုထားသူဖြစ်ကြောင်း၊ ဗိုလ်မှူးခန့်မင်းကို သေဆုံးသည်ကို ဇနီး ဖြစ်သူ မယွန်းယုယမင်းကလည် လူမှုကွန်ရက်တွင် အတည်ပြုထားကြောင်း သိရသည်။", "သေဆုံးသွားသော ဗိုလ်မှူးခန့်မင်းကို၏ ယောက္ခမဖြစ်သူ P2 ဖိုးဇော်သည် နွေဦး တော်လှန်ရေးအစ ပိုင်း မှစ၍ ခလရ ၅၀ တပ်ရင်းမှ ဗိုလ်ကြီးမျိုးဝင်းသူ ပူးပေါင်းကာ ဂန့်ဂေါမြို့ပေါ်ရှိ ပြည်သူများအား ဖမ်း‌ဆီးသတ်ဖြတ်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ဗိုလ်ကြီးမျိုးဝင်းသူပူးပေါင်းကာ PDF တပ်ဖွဲ့ဝင်များကို ကျည်ဆန်များရောင်းစားခဲ့ကြောင်း၊ ကျည်ဆန်များရောင်းစားမှုဖြင့် ဗိုလ်ကြီးမျိုးဝင်းသူ မှာ ဖမ်းဆီးခံရသော်လည်း P2 ဖိုးဇော်မှာ အရေးယူခံရခြင်းမရှိကြောင်း သိရသည်။", "လက်ရှိတွင် ဂန့်ဂေါမြို့ခလရ ၅၀ တပ်ရင်းအတွင်း၌ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးများမရှိဘဲ ဗျူဟာမှူး ဖြစ်သူကသာ တပ်ကို အဓိက အုပ်ချုပ်နေကြောင်းသိရသည်။"]
https://yktnews.com/2023/06/107826/
ဂန့်ဂေါမှာ နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို ရဲစခန်းအချုပ်ခန်းထမှ မြို့ပြင်ကိုထုတ်ပြီး စစ်တပ်က ပစ်သတ်၊ ထန်းတပင်မြို့နယ်မှာ ညောင်ရိုးကျေးရွာသားကို ရဲတွေက ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်
["ဂန့်ဂေါမှာ နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို ရဲစခန်းအချုပ်ခန်းထမှ မြို့ပြင်ကိုထုတ်ပြီး စစ်တပ်က ပစ်သတ်၊ ထန်းတပင်မြို့နယ်မှာ ညောင်ရိုးကျေးရွာသားကို ရဲတွေက ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်", "ရန်ကုန်၊ ဇွန် ၁၆", "မကွေးတိုင်း၊ ဂန့်ဂေါရဲစခန်းမှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဥ်းသားနှစ်ဦးကို စစ်ကောင်စီ က ဇွန် ၁၁ ရက်နေ့မှာ ရဲစခန်းအချုပ်ခန်းထဲကနေ မြို့ပြင်ခေါ်ထုတ်ပြီး ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။", "”မြို့ပေါ်ဘီယာဆိုင်ပိုင်ရှင်ပျူစောထီးလည်းပါတယ်။ သတ်တဲ့အဖွဲ့ထဲမှာ။ ဂန့်ဂေါ အနောက်ဖက်ကိုကားနဲ့ခေါ်ထုတ်ပြီးပစ်သတ်တာ” လို့မြို့ခံတဦးကပြောပါတယ်။", "သတ်ဖြတ်ခံလိုက်ရသူတွေဟာ လွန်ခဲ့တဲ့ ၂ လလောက်မှာ နိုင်ငံရေးအမှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ဇဟောရွာသားတဦးနှင့် ဂန့်ဂေါမြို့ပေါ် ခင်သာရပ်ကွက်သားတဦးဖြစ်တယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။", "စစ်ကောင်စီနဲ့ ပျူစောထီးတွေဟာ သူတို့နှစ်ဦးကို ဂန့်ဂေါမြို့နဲ့ ပျားရွာကြားမှာ ပစ်သတ်သွားတာ ဖြစ်ပြီး မိုးကောင်းသုသာန်မှာချက်ခြင်းသဂြိုလ်ခဲ့တယ်လို့သိရပါတယ်။", "ဂန့်ဂေါမြို့ပေါ်က စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဧပြီလကလည်း နိုင်ငံရေးအကျဥ်း သားတဦးကို ခုလိုပဲ မြို့ပြင်ခေါ်ဆောင်သတ်ဖြတ်ခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။", "စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မကွေးတိုင်းဒေသခံပြည်သူ ၃၀၀ ဝန်းကျင်ဟာ စစ်ကောင်စီ နဲ့ပျူစောထီးတွေရဲ့သတ်ဖြတ်ခြင်းခံခဲ့ရတယ်လို့ စစ်တမ်းတွေနှင့် မီဒီယာမှတ်တမ်း တွေအရ သိရပါတယ်။", "အလားတူ ဇွန်လ ၁၃ ရက်နေ့ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ဘောလယ်ကျွန်း၊ နဲသမိန်ကျေးရွာ မှ ကျေးရွာသား ၄ ဦးကို ရဲတွေက မသင်္ကာလို့ဟုဆိုကာ ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်ပါတယ်။ အဲဒီလို နှိပ်စက်လို့ ရွာသား ၁ ဦး သေဆုံးသွားခဲ့ပါတယ်။", "ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်ရဲတပ်ဖွဲ့ လက်အောက်ခံ နဲသမိန်ရဲကင်းမှ ရဲတွေက ကရင်ချောင်ကျေးရွာမှ ရွာသား ၃ ဦး ၊ ညောင်းရိုးရွာမှ ရွာသား ၁ ဦး စုစုပေါင်း ၄ ဦးကို ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းမှာ ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်ရာမှ နှိပ်စက်ခံ ညောင်ရိုးရွာသားမှာ ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်းမှာ သေဆုံးသွားပါတယ်။", "ဖမ်းဆီးခံ ရွာသား ၄ ဦးကို ရဲတွေက မတရားညှင်းပန်း ရိုက်နှပ်နှိပ်စက်ခြင်း ၊ဆေးလိပ်မီးတွေနဲ့ တို့ခြင်း ၊ရင်ဝကို စစ်ဖိနပ်နဲ့ကန်ခြင်းများ ပြုလုပ်ရာမှ ညောင်ရိုးရွာသားဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာများရရှိပြီး သေဆုံးသွားတာလည်းဖြစ်ပါတယ်။", "‌သေဆုံးသွားတဲ့ ညောင်ရိုးရွာသားရဲ့ ရုပ်အလောင်းကို နဲသမိန် တိုက်နယ်ဆေးရုံသို့သယ်ဆောင်ပြီး ရင်ခွဲရုံမှာ ရင်ခွဲ စစ်‌ဆေးကြည့်ရာမှာ နံရိုးကျိုးပြီး အသည်းကို နံရိုးစိုက်၍ သေဆုံးသွားတာလို့ သိရပါတယ်။", "ရဲတွေ နှိပ်စက်လို့ သေသွားတဲ့ ညောင်းရိုးကျေးရွာသား သတင်းကို ပြင်ပသို့ပေါက်ကြားမှုမရှိ‌ စေဖို့ စစ်တပ်နဲ့ရဲတွေက ဒေသပြည်သူတွေကို ခြိမ်းခြောက် သတင်းဖုံးအုပ်ထားပါတယ်။", "ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ ပြည်သူတစ်ဦးကို ရဲတွေက ရိုက်နှက်နေစဉ်။ (ပုံအဟောင်းဖြစ်သည်။)", "Photo – AFP"]
https://yktnews.com/2022/12/75745/
ဂန့်ဂေါရဲစခန်းမှ ရဲတပ်သားတစ်ဦးနှင့် ကယားအခြေစိုက် စစ်ကောင်စီ ဆေး တပ်မှ တပ်သား တစ်ဦး CDM ပြုလုပ်
["ဂန့်ဂေါရဲစခန်းမှ ရဲတပ်သားတစ်ဦးနှင့် ကယားအခြေစိုက် စစ်ကောင်စီ ဆေး တပ်မှ တပ်သား တစ်ဦး CDM ပြုလုပ်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၂", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နရဲစခန်းမှ ရဲတပ်သား စွမ်းလင်းထက်သည် နိုဝင်ဘာလ ၂၉ ရက်နေ့က လက်နက်ခဲယမ်းများနှင့်အတူ CDM လုပ်ကာ ပြည်သူ့ရင်ခွင်ထံ အလင်းဝင်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် ဆက်လက် တာ ဝန်ထမ်းဆောင် လို ခြင်း မရှိသဖြင့် G3 သေနတ် တစ်လက်၊ ကျည်ဘောက် အပိုတစ်ခု၊ G3 ကျည် ၅၂ တောင့်နှင့်အတူ ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ့(မြိုင်) MRGF ထံ ဆက်သွယ်ကာ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ပြည်သူ့ရင်ခွင်ထံ အလင်းဝင်ခိုလှုံလာသော ရဲတပ်သား မောင်စွမ်းလင်းထက်ကို ကျေးလက် ဒေသ ပြောက်ကျားတပ်ဖွဲ့ (မြိုင်)မှ ကျပ်သိန်း ၁၀၀ ဂုဏ်ပြု ချီးမြှင့် ကာ လုံခြုံစိတ်ချရသော နေရာသို့ ပို့ဆောင် ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။", "အလားတူ ကယားပြည်နယ်၊ လွိုင်ကော်အခြေစိုက် ဆေးတပ် (ဆတရ)မှ တပ် သား မောင်ငြိမ်းချမ်း (ခ) ဖိုးလပြည့်သည် ဒီဇင်ဘာလ ၇ ရက်နေ့တွင် KDF တပ် ဖွဲ့ ထံသို့ CDM ပြုလုပ်ကာ အလင်းဝင်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန် ထမ်းဆောင် လို ခြင်း မရှိသဖြင့် ပြည်သူ့ရင်ခွင်ထံ ခိုလှုံခွင့်တောင်းခံခဲ့ရာ Karenni Democratic Front (KDF)က စိစစ်ပြီး ခိုလှုံခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား များအနေဖြင့် ပြည်သူ့ရင်ခွင်ထံ ခိုလှုံခြင်း သည် တော်လှန်ရေးအောင်မြင်နိုင်ရေး အတွက် ထိရောက်မှုရှိသော ကြောင့် လက်ကမ်းကြိုဆိုနေမည်ဖြစ် ကြောင်း KDF က ထုတ်ပြန်ထားသည်။", "Photo – ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်)ထံ CDM ပြုလုပ်ခဲ့သော ရဲတပ်သား စွမ်းလင်းထက်။"]
https://yktnews.com/2023/08/118372/
ဂန့်ဂေါရှိ ရဲစခန်း ၃ ခုကို PDF တပ်ဖွဲ့က တိုက်ခိုက်နေပြီး စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ၊ ကလေးတွင်လည်း စစ်တပ်က စစ်ကြောင်းထိုးပြီး ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေ
["ဂန့်ဂေါရှိ ရဲစခန်း ၃ ခုကို PDF တပ်ဖွဲ့က တိုက်ခိုက်နေပြီး စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ၊ ကလေးတွင်လည်း စစ်တပ်က စစ်ကြောင်းထိုးပြီး ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေ", "ရန်ကုန်၊ သြဂုတ် ၁၅", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ရဲစခန်း ၃ ခုကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်နေပြီး အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲလျက်ရှိ​ကြောင်း ယော PDF အဖွဲ့ဝင် တစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ယနေ့သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်၏ ဂန့်ဂေါမြို့ရှိ ရဲစခန်း ၃ ခုကို PDF တပ်ဖွဲ့များက တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်နေခြင်း ဖြစ်ပြီး အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ လျက်ရှိကာ လက်ရှိအချိန်အထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။", "“ယောက ရဲစခန်း ၃ ခုကို ဝင်တိုက်တာ ။ Mi 35 နဲ့ ဒကစက လာတာ။ ဂန့်ဂေါက နေရာ ၃ခုကို တစ်ပြိုင်ထဲ တစ်ချိန်ထဲ ဂျက်ဖိုက်တာပါ လာပစ်တာ” ဟု ယော PDF အဖွဲ့ဝင် တစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ထို့ပြင် ကလေးမြို့ သာစည်ရွာကိုလည်း အကြမ်းဖက် စစ်တပ်က အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးကာ ရဟတ်ယာဥ်များဖြင့် ပစ်ခတ်လျက်ရှိကြောင်း တော်လှန်ရေးရဲဘော်များနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ ဩဂုတ် ၁၅ ရက်နေ့ နံနက် ၅ နာရီ ၄၉ မိနစ်ခန့်မှစ၍ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး သာစည်ကို ရဟတ်ယာဥ်ဖြင့် မိနစ် ၃၀ နီးပါး ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "“၁၂ ဘီး ၂ စီး၊ စခကား ရိုးရိုး ၂၊ ၃ စီးနဲ့။ အစောကြီးပဲ ၅ နာရီ ၄၉ မိနစ်က အမြှောက်တပ်က လက်နက်ကြီးစထုတာကနေ စစ်ကြောင်း စထိုးတော့တာပဲ။ တရစပ်ပစ်ပြီး အလုံးအရင်းနဲ့တိုးနေတာ။ လက်နက်ကြီး ပစ်ကူရောပေးနေတာ” ဟု တော်လှန်ရေးရဲဘော် တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။"]
https://yktnews.com/2024/10/189563/
ဂန့်ဂေါ၊ တောင်ခင်ရန်ရွာနှင့် ရွှေဘိုရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ပြင်းထန် ဒဏ်ရာရ
["ဂန့်ဂေါ၊ တောင်ခင်ရန်ရွာနှင့် ရွှေဘိုရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ပြင်းထန် ဒဏ်ရာရ", "ရန်ကုန်၊ အောက်တိုဘာ ၂၆", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ တောင်ခင်ရန်ရွာနှင့် ရွှေဘိုရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး အပြင်းထန် ဒဏ်ရာရရရှိခဲ့ကြောင်း ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်နေ့ ညနေပိုင်းတွင် ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်း ကျေးရွာအတွင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်ခင်ရန် ကျေးရွာနှင့် ရွှေဘိုကျေးရွာတို့ကို ၁၂၀ မမ လက်နက်ကြီး ၆ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ထိုသို့ ပစ်ခတ် တိုက်ခိုက်မှုအတွင်း တောင်ခင်ရန်းကျေးရွာ အမှတ် ၁ ရပ်ကွက်အတွင်း ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး ညာခြေထောက် လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိပြီး ဒူးအောက်ပိုင်း ဖြတ်တောက်ရမည့် အခြေအနေရှိခဲ့ကြောင်း၊ ထို့ပြင် အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦး၌လည်း ခြေထောက်နှစ်ဖက်စလုံး လက်နက်ကြီးစ ထိမှန် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။", "“အမျိုးသမီးတစ်ဦးကတော့ ဖြတ်တောက်ရမယ်လို့ သိရတယ်။ အမျိုးသားကတော့ မဖြတ်ရဘူး။ ဘာ တိုက်ပွဲမှ မရှိဘဲနဲ့ ပြည်သူတွေကို ပစ်မှတ်ထားပြီး ရမ်းသမ်းပစ်ခတ်နေတာပါ။ မြောက်ခင်ရမ်းရွာအပါ အဝင် ဂန့်ဂေါမြို့နယ်နဲ့ ကလေးမြို့နယ်တွေထဲက ရွာတွေပါပေါင်းရင် အဲဒီဘက်ပိုင်းမှာက ပျူရွာ ၁၁ ရွာ လောက်ရှိသေးတယ်။ တောင်ခင်ရန်းရွာမှာက အရင်က ရဲစခန်းရှိတယ်။ အဲဒီရဲစခန်းက အရင်နှစ် နိုဝင်ဘာလလောက်ကတည်းက ရဲတွေအားလုံး မြောက်ခင်ရန်းပျူရွာမှာ သွားပေါင်းနေကြတာ။ အခု ပြည်သူတွေပဲရှိတော့တယ်။” ဟု ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ဂန့်ဂေါမြို့ နယ် တောင်ခင်ရန်း ကျေးရွာ ပကဖ ၊ ပအဖ အဖွဲ့ဝင်များ၊ မြို့နယ်ဆေးဝါကုသမှုပေးရေးအဖွဲ့နှင့် ကူညီကယ်ဆယ်ရေးအဖွဲ့တို့မှ အနီးစပ်ဆုံးဆေးရုံသို့ ပို့ဆောင်ကာ ကူညီစောင့်ရှောက်ပေးထား ကြောင်း သိရသည်။"]
https://yktnews.com/2023/11/129952/
ဂန့်ဂေါ၊ တောင်ခင်ရန်း ရဲစခန်းကို စွန့်ခွာ ထွက်ပြေးသွားသော စစ်ကောင်စီ တပ်သားများက မိုင်းများထောင်ထားခဲ့သောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ရှင်းလင်းရေး ပြုလုပ်
["ဂန့်ဂေါ၊ တောင်ခင်ရန်း ရဲစခန်းကို စွန့်ခွာ ထွက်ပြေးသွားသော စစ်ကောင်စီ တပ်သားများက မိုင်းများထောင်ထားခဲ့သောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ရှင်းလင်းရေး ပြုလုပ်", "ရန်ကုန်၊ နိုဝင်ဘာ ၆", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို စွန့်ခွာ ထွက်ပြေးသွားသော စစ်ကောင်စီ တပ်သားများက မိုင်းများထောင်ထားခဲ့သောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ရှင်းလင်းရေး ပြုလုပ် ခဲ့ကြောင်း ABSDF Column – 3 က ထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၄ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းရှိ အကြမ်းဖက် စစ်သားများနှင့် ရဲများက စခန်း စွန့်ခွာ ထွက်ပြေးသွားပြီး မိုင်းများ ထောင်ထားခဲ့သောကြောင့် တောင်ခင်ရန်း ရဲစခန်းကို ABSDF အမှတ် ၁၂ တပ်ရင်းနှင့် မဟာမိတ် PDF တပ်ရင်းများက မိုင်းများ ဝင်ရောက် ရှင်းလင်းခဲ့ကြောင်း သိရသည်။", "တောင်ခင်ရန်းရဲစခန်း ကို ABSDF နှင့် ဂန့်ဂေါခရိုင် PDF တပ်ရင်း ၁ ၊ တပ်ရင်း ၁၂ ၊ တပ်ရင်း ၁၄ ၊ ပ.က.ဖ များက မေလကုန်မှ စတင်၍ အနီးကပ် ဝိုင်းဝန်းပိတ်ဆို့ထားပြီး နိုဝင်ဘာလ ၁ ရက်နေ့ နှင့် နိုဝင်ဘာလ ၂ ရက်နေ့ ညတွင် အနီးကပ် တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ စစ်တပ်ဘက်မှ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တောင်းခင်ရန်း ရဲစခန်းအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထောင်ခဲ့သည့် မိုင်းများကို ABSDF ရဲဘော်များနှင့် တော်လှန်ရေး ရဲဘော်များကို ABSDF အမှတ် ၃ စစ်ကြောင်း ၊ စစ်ကြောင်းမှူး ရဲဘော်မင်းဌေး က သွားရောက် အားပေးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/03/208550/
ဂန့်ဂေါ၊ နှမ်းခါးကျေးရွာဆေးခန်းကို စစ်တပ်ကလေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဆရာဝန်ကြီး ဒေါက်တာမြစိုးအောင်၊ ကိုယ်ဝန်ဆောင်ဇနီးသည် ဒေါ်ခိုင်နှင်းဝေ နှင့် သားငယ် အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံး
["ဂန့်ဂေါ၊ နှမ်းခါးကျေးရွာဆေးခန်းကို စစ်တပ်ကလေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဆရာဝန်ကြီး ဒေါက်တာမြစိုးအောင်၊ ကိုယ်ဝန်ဆောင်ဇနီးသည် ဒေါ်ခိုင်နှင်းဝေ နှင့် သားငယ် အပါအဝင် ပြည်သူ၁၁ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၂၃", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာဆေးပေးခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာဆရာဝန်ကြီး ဒေါက်တာမြစိုးအောင်၊ ကိုယ်ဝန်ဆောင်ဇနီးသည် ဒေါ်ခိုင်နှင်းဝေ နှင့် သားငယ် အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးခဲ့ကြောင်း ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ မတ်လ ၂၂ ရက် နံနက် ၈ နာရီ ၃၈ မိနစ်အချိန် ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာဆေးပေးခန်း ကို အကြမ်းဖက်စစ်ကောင်စီ၏ မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဆေးပေးခန်းအတွင်း ဆေးဝါးကုသပေးနေသော ကိုယ်ဝန်ဆောင် ဇနီးသည် ဆရာဝန်ကြီးမိသားစု ၃ ဦးအပါအဝင် ဆေးခန်းတွင် လာရောက်ပြသနေကြသည့် ပြည်သူ ‌၈ ဦး စုစုပေါင်းပြည်သူ ၁၁ ဦးသေဆုံးကာ ‌ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။", "“ဆရာဝန်ကြီးဇနီးက ကိုယ်ဝန်ကြီးနဲ့ဆုံးသွားတာ။ ဆရာဝန်ကြီးရယ်၊ ကိုယ်ဝန်ဆောင်ဇနီးသည်ရယ် မိသားစုလိုက် ၃ ဦးပဲ၊ ဆေးလာပြတဲ့ပြည်သူကလည်း ၈ ဦးသေတယ်။ ဒါက အလောင်းတွေ့ထားတာ ပဲရှိသေးတာ၊ သေတဲ့အထဲမှာကလေးငယ် ၅ ယောက်ပါတယ်။ ဒီအရေအတွက်ထက် မပိုဘူးလို့ ပြောလို့တော့မရနိုင်သေးဘူး” ဟု ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။", "လေယာဉ်ဖြင့် ဗုံးကျဲခံရမှုကြောင့် ဆေးပေးခန်းမီးလောင် ပျက်စီးခဲ့ပြီး အနီးအနားရှိနေအိမ်များလည်း ပြိုကျပျက်စီး ခဲ့ကြောင်း သိရသည်။", "နှမ်းခါးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အပြစ် မဲ့ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲသတ်ဖြတ်ခြင်းဖြစ်ကြောင်း သိရသည်။", "ယောဒေသတွင် ‌၂၀၂၅ ခုနှစ် မတ်လအတွင်း စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်သတ်ဖြတ် မှုကြောင့် ကန်ရွာမှအပြစ်မဲ့ပြည်သူ ၄ ဦး၊ မြစ်သာဆည်ပေါ် ၁ ဦး ၊ ထီးလင်းမြို့နယ်တွင် ပြည်သူ ၄ ဦး နှင့် ယခု နှမ်းခါးရွာလေကြောင်းတိုက်ခိုက်မှုတွင် ပြည်သူ ၁၁ ဦး စုစုပေါင်း အပြစ်မဲ့ပြည်သူ ၂၀ ဦးသေ ဆုံးကာ လူဦးရေ ၄၀ နီးပါးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ဓာတ်ပုံ- နှမ်းခါးကျေးရွာ၊ဆေးပေးခန်း လေကြောင်းတိုက်ခိုက်ခံထားရမှုအားတွေ့ရစဉ်။"]
https://yktnews.com/2023/12/137410/
ဂန့်ဂေါ၊ မြစ်သာ၊ ပျဉ်သာဆည်ပေါ်ရှိ စစ်တပ်စခန်းကို ချင်းတပ်ဖွဲ့များအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ
["ဂန့်ဂေါ၊ မြစ်သာ၊ ပျဉ်သာဆည်ပေါ်ရှိ စစ်တပ်စခန်းကို ချင်းတပ်ဖွဲ့များအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၆", "ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ်၊ ဂန့်ဂေါမြို့နယ်၊ မြစ်သာ ၊ ပျဉ်သာဆည်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို ချင်းတပ်ဖွဲ့များအပါအဝင် တော်လှန်ရေးပူး ပေါင်းတပ်များက သိမ်းပိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိကြောင်း ZZLMS ညီနောင်အဖွဲ့က သတင်းထုတ် ပြန်သည်။", "ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်၊ မြစ်သာ၊ ပျဉ်သာဆည်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို ZZLMS ညီနောင်များနှင့်အတူ CDF- Mindat၊ CNO/CNDF ၊ CDF-KKG ၊ ဂန့်ဂေါခရိုင် PDF ၊ Unbroken Generation နှင့် ပကဖ ပူးပေါင်းတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် စစ်ကောင်စီတပ်စခန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၄ ဦးသေဆုံးပြီး လက် နက် ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ CDF-Mindat ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီး တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "“အခု စခန်းသိမ်းခံရတဲ့နေရာကို စစ်တပ်က ပြန်ပြီးတော့ ထိုးစစ်ဆင်ဖို့ လုပ်နေတယ်လို့ ကြားရပါတယ်။ ဒီကြားထဲလည်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့ပါသေးတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2023/07/113199/
ဂန့်ဂေါ၊ မြိုင်နှင့် သထုံမြို့နယ်တို့တွင် ရဲကင်းစခန်း၊ စစ်ကြောင်း၊ ပျူစောထီးစခန်းတို့ကို လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်
["ဂန့်ဂေါ၊ မြိုင်နှင့် သထုံမြို့နယ်တို့တွင် ရဲကင်းစခန်း၊ စစ်ကြောင်း၊ ပျူစောထီးစခန်းတို့ကို လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်", "ရန်ကုန်၊ ဇူလိုင် ၁၅", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲကင်းစခန်းကို လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း NUG ကာ ကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။", "ဇူလိုင်လ ၁၃ ရက် နေ့လည် ၁၁ နာရီ မိနစ် ၅၀ ခန့်က အဆိုပါ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲကင်းစခန်းအား လက်လုပ်လက်နက်ကြီး ၄၈ မမ ၅ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းအတွင်းကျရောက် ပေါက်ကွဲပြီး ရဲစခန်းအတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် တပ်ရင်း ၇ တပ်ခွဲ ၁၁ နှင့် ပကဖ ပူးပေါင်းအင်အား ၆ ဦးကို ဂန့်ဂေါခ ရိုင် အမှတ် ၇ တပ်ရင်း တပ်ခွဲ ၃ ၊ တပ်စု ၁ တပ်စုမှူး ကိုနေဌေးလင်းမှ ဦးစီးကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ PDF စခန်းတစ်ခုကို ဝင်ရောက်မီးရှို့ဖျက်ဆီးသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦးခန့်ဒဏ်ရာရရှိပြီး ထမ်းစင်များဖြင့် သယ် ဆောင်သွားကြောင်း COBRA ONE PKU တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။", "ဇူလိုင်လ ၉ ရက်နေ့လည်ပိုင်းက မြိုင်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခုကို ဝင် ရောက် မီးရှို့ခဲ့ပြီး ဇူလိုင်လ ၁၀ ရက်နေ့တွင် နှောပင်ရွာကို ညအိပ်ခဲ့ကြောင်း၊ ဇူလိုင်လ ၁၁ ရက် နံနက် ၄ နာရီခန့်တွင် နောက်ထပ် ပြည်သူ့ကာကွယ်ရေးစခန်းတစ်ခုကို ဝင်ရောက်မွှေနှောက်ခဲ့ရာ ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းအဖွဲ့များမှ ဒရုန်း ၈ စင်းဖြင့် အီနာဂါဗုံးသီး အလုံး ၃၀ ခန့် ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားများ အထိနာပြီး လကန်ကကြီးဖြင့် တစ်ချက်ပြန်ပစ်ကာ စခန်းကို မီးရှို့ပြီး အလူးအလဲ ထွက်ပြေးသွားသဖြင့် လိုက်လံတိုက်ခိုက်ခဲ့ရာ ဒဏ်ရာရ စစ်သားများ ၁၅ ဦးခန့်ကို ထမ်းစင်များဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို မြိုင်ပကဖ ၊ Thu Rantr ၊ Black Cheetar ၊ MVP ၊ RDF ၊ COBRA ONE PKU ၊ မဟူရာ အလင်းတန်းနှင့် စနေမင်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထို့ပြင် မြိုင်မြို့နယ်၊ ဇီးတောရွာရှိ ပျူစောထီး စခန်းကို ဇူလိုင်လ ၁၄ ရက်နေ့ ညနေ ၃ နာရီခန့် မြိုင် ပကဖ က Drone များဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး တပ်ကြပ် ၁ ဦးနှင့် စစ်သား ၂ ဦးယောက် ပြင်းထန် ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ထို့ပြင် မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က အကြမ်းဖက် စစ်တပ်၏ ခမရ ၁ မှ စစ်ထောက်လှမ်းရေး ဇေယျာလင်းကို ခမရ ၁ တပ်ဂိတ်ရှေ့တွင် သထုံ ပကဖမှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်မောင်း ခြေထောက်နှင့် ဝမ်းဗိုက်တို့၌ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်စ သထုံ ပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။"]
https://yktnews.com/2025/03/208034/
ဂန့်ဂေါ၊ မြောက်ခင်ရန်းပျူရွာနှင့် မြစ်သာဆည်ပေါ်တွင် တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲမှုစစ်သား ၆ ဦးသေဆုံး ၊ စစ်သား ၂ ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရရှိ
["ဂန့်ဂေါ၊ မြောက်ခင်ရန်းပျူရွာနှင့် မြစ်သာဆည်ပေါ်တွင် တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲမှုစစ်သား ၆ ဦးသေဆုံး ၊ စစ်သား ၂ ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရရှိ", "ရန်ကုန်၊ မတ် ၁၈", "မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာရှိ ပျူစောထီးစခန်းနှင့် မြစ်သာဆည်ပေါ်တွင် တပ်စွဲ ထားသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စခန်းမှူး ၁ ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့ ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မတ်လ ၄ ရက် နံနက် ၉ နာရီ ၂၀ မိနစ်အချိန် ဂန့်ဂေါမြို့နယ် ၊ မြောက်ခရမ်းကျေးရွာရှိ ပျူစောထီးစခန်း ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် အီနာဂါဗုံးသီးများ ကျဲချတိုက်ခိုက်ခဲ့ရာ စစ် သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။", "ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့နှင့် တိုက်ခိုက်ရေးဒရုန်းတစ်စီး။", "အလားတူ မတ်လ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ဂန့်ဂေါမြို့နယ် ၊ မြစ်သာဆည်ပေါ်တွင် တပ်စွဲထား သော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးအမြောက်အများ ကျဲချတိုက်ခိုက်ခဲ့ရာ စခန်းမှူး ၁ ဦး ၊ စစ်သား ၁ ဦး နှင့် ပျူစောထီး ၄ ဦး စုစုပေါင်း ၆ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။", "ထို့အပြင် မတ် ၁၆ ရက်နေ့ကလည်း ဂန့်ဂေါမြိုနယ် မြစ်သာဆည်ပေါ်တွင် တပ်စွဲထားသော စစ်သား ၂ ဦးသည် တော်လှန်ရေးတပ်ဖွဲ့များထံ ထွက်လာခဲ့သဖြင့် ဖမ်းဆီးခဲ့ရာ ၎င်းတို့ထံမှ MA -11 အမျိုး အ စား သေနတ် ၁ လက်နှင့် ကျည်အနည်းငယ် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "“ဗုံးသီးကတော့ များတယ်၊ ကျဲနေတာကြာပြီ။ မြစ်သာမြစ်ပေါ်မှာက စခတွေ တပ်စွဲထားတာ၊ ဖမ်းမိ တဲ့နှစ်ဦးကို ကောင်းမွန်စွာထိန်းသိမ်းထားပါတယ်၊” ဟု မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ ၊ ဂန့်ဂေါမြို့နယ် တပ်ပေါင်းစု၊ ဂန့်ဂေါမြို့နယ် ပကဖနှင့် ပေါက်/ မြိုင်/ကမ္မ ဒရုန်းတပ်ဖွဲ့တို့ စုပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။", "မတ်လ ၁၇ ရက်‌ နေ့လယ်ပိုင်းတွင် အကြမ်းဖက်စစ်တပ်က မြစ်သာဆည်အနီးရှိ ကျေးရွာများကို ဂျက် ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/12/137107/
ဂန့်ဂေါ​မြို့နယ်တွင် ကင်းပုန်းဝပ်ရန် ထွက်လာသော စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု ၆ ဦးသေဆုံး၊ တောင်သာတွင် စစ်တပ် တပ်စွဲထားသော နေရာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
["ဂန့်ဂေါ​မြို့နယ်တွင် ကင်းပုန်းဝပ်ရန် ထွက်လာသော စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု ၆ ဦးသေဆုံး၊ တောင်သာတွင် စစ်တပ် တပ်စွဲထားသော နေရာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၃", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းတွင် ကင်းပုန်းဝပ်ရန် ထွက်လာသော အကြမ်းဖက်စစ်ကောင် စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၆ ဦးသေဆုံးခဲ့ကြောင်း Chinland Defense Force – Kalay Kabaw Gangaw – CDF KKG ထံမှ သိရသည်။", "ဒီဇင်ဘာလ ၂၁ ရက် နံနက်ပိုင်းက ဂန့်ဂေါမြို့နယ် မြောက်ပိုင်း၊ အနောက်တောလေးကျေးရွာ၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်ရန် ထွက်ခွာလာစဉ် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၆ ဦးသေ ဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို CDF – KKG တပ်ရင်း ၄ တပ်ဖွဲ့ဝင်များနှင့် ဂန့်ဂေါမြို့နယ် (ပ.က.ဖ)တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ဝင်များ အထိခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ပဲခင်းကြီးကျေးရွာဘုန်းကြီးကျောင်း၌ တပ်စွဲနေထိုင်သော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီးမြို့နယ် သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဒီဇင်ဘာလ ၂၂ ရက် ညနေ ၅ နာရီခန့်က တောင်သာမြို့နယ်၊ ပဲခင်းကြီးကျေးရွာ ဘုန်းကြီးကျောင်း ၌ အင်အား ၂၀ ခန့်ဖြင့် တပ်စွဲထားသောနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို Shar Htoo Waw နည်းပညာတိုက်ခိုက်ရေး ဒရုန်းများဖြင့် ဗုံးသီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ် ကောင်စီတပ်သား ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2025/03/207956/
ဂန့်‌ဂေါမြို့နယ်၊ မြစ်သာဆည်ပေါ်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ
["ဂန့်‌ဂေါမြို့နယ်၊ မြစ်သာဆည်ပေါ်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ", "ရန်ကုန်၊ မတ် ၁၇", "မကွေးတိုင်း၊ ဂန့်‌ဂေါမြို့နယ်၊ မြစ်သာဆည်ပေါ်ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ မတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က မြစ်သာဆည်ပေါ်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ထိခိုက် ဒဏ်ရာရရှိသူ မရှိဘဲ ပျက်စီးမှု တချို့ ရှိကြောင်း သိရှိရသည်။", "“တိုက်ပွဲ မရှိပါဘူး။ ဒီနေ့ မွန်းလွဲ ၁၂ နာရီဝန်းကျင်လောက်က ကျဲချသွားတာ မြစ်သာဆည်ပေါ်ကို လူထိခိုက်မှုတော့မရှိဘူး။ ပျက်စီးမှု အချို့တော့ ရှိတယ်” ဟု ဒေသပြည်သူများက ပြောဆိုသည်။"]
https://yktnews.com/2024/10/186255/
ဂမုန်းရေလှောင်တမံအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သား အလောင်း ၁၂ လောင်းကို စစ်တပ်က လာရောက် ကောက်ယူခြင်းမရှိဘဲ လယ်ကွင်းထဲတွင် စွန့်ပစ်ထား
["ဂမုန်းရေလှောင်တမံအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သား အလောင်း ၁၂ လောင်းကို စစ်တပ်က လာရောက် ကောက်ယူခြင်းမရှိဘဲ လယ်ကွင်းထဲတွင် စွန့်ပစ်ထား", "ရန်ကုန်၊ အောက်တိုဘာ ၃", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းရေလှောင်တမံအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သား အလောင်း ၁၂ လောင်းကို စစ်တပ်က လာရောက် ကောက်ယူခြင်းမရှိဘဲ လယ်ကွင်းထဲတွင် စွန့်ပစ်ထားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဂမုန်းရေလှောင်တမံကို ဝိုင်းကျေးရွာ ရဲစခန်းမှ တက်လာသည့် အင်အား ၄၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံးပြီး သေဆုံးသွားသော စစ်ကောင်စီ တပ်သား အလောင်းများကို လက်ရှိချိန်ထိ လာရောက်ကောက်ယူခြင်းမရှိသေးဘဲ လယ်ကွင်းထဲတွင် စွန့်ပစ်ထားကြောင်း သိရှိရသည်။", "“စစ်ခွေးတွေက မိုင်းကွင်းတွေကို ရှောင်ပြီးလာတာ အင်အားက ၄၀ ကျော်ပါတယ်။ မသာအလောင်းတွေ ခုထိ ကောက်သူမရှိဘူး။ လယ်ကွင်းတွေထဲမှာ သေနေတာ စစ်ခွေးအလောင်းတွေ ခွေးစားတာစားနဲ့ ပုပ်စော်နံနေပြီ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုအတွင်း ၆၀မမ(BA-100) ၁လက်၊ MA-1 ၁လက်၊ G-3 ၂လက်၊ အီနာဂါ ၁လုံး၊ ၆၀မမ ကျည်၁လုံး၊G-3 ကျည် ၁၈၁တောင့်၊ ၅.၅၆ ကျည် ၁၃တောင့်၊ မိုလ်ဘိုင်းဖုန်း ၅ လုံးနှင့် အခြား စစ်အသုံးအဆောင် ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း၊ ဆက်လက်၍ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်သားများအနီး သွားလာနေထိုင်မှုများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2023/07/114764/
ဂဠုန် စစ်ကြောင်းက ဒေသပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေး
["ဂဠုန် စစ်ကြောင်းက ဒေသပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေး", "ရန်ကုန်၊ ဇူလိုင် ၂၅", "ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ဂဠုန်စစ်ကြောင်း၏ ကျန်းမာရေး ဆေးမှူးများက ဇူလိုင်လ ၂၃ ရက်နေ့တွင် ၎င်းတို့ တာဝန်ကျရာ ဒေသအတွင်းရှိ ပြည်သူများကို လူမျိုးမရွေး ဘာသာမရွေး အခမဲ့ ကျန်းမာရေး ကုသ စောင့်ရှောက်ခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/07/173220/
ဂဠုန်စစ်ကြောင်း တပ်ရင်းအမှတ် ၉၉၀၈ က ဦးစီး၍ မဟာမိတ် စစ်ကြောင်း ရဲဘော်များ ပါဝင် တက်ရောက်သော အပတ်စဉ် ၅ အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲ ပြုလုပ်
["ဂဠုန်စစ်ကြောင်း တပ်ရင်းအမှတ် ၉၉၀၈ က ဦးစီး၍ မဟာမိတ် စစ်ကြောင်း ရဲဘော်များ ပါဝင် တက်ရောက်သော အပတ်စဉ် ၅ အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲ ပြုလုပ်", "ရန်ကုန်၊ ဇူလိုင် ၁၅", "အမှတ် ၂ စစ်ဒေသ၊ စစ်ဒေသခွဲ ၃ ၊ တောင်ပိုင်းတိုင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် ဂဠုန်စစ်ကြောင်း က ဦးစီး၍ မဟာမိတ် စစ်ကြောင်း ရဲဘော်များ ပါဝင် တက်ရောက်သည့် အပတ်စဉ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း ဂဠုန်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၄ ရက်နေ့တွင် ကျုံးဒိုးမြို့နယ် တပ်မဟာ ၆ KNDO တပ်ရင်း ၆ ၌ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၊ အဆိုပါ အခြေခံစစ်ပညာ သင်တန်းကို ဂဠုန်စစ်ကြောင်းမှ ဦးစီး၍ ဧပြီလ မှ ဇူလိုင်လ အထိ ၃) လတာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အပတ်စဉ် ၅ အခြေခံစစ်ပညာ သင်တန်းကို ကျားဖြူတပ်ခွဲ ၃ ၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ Lion Battalion အထူးကွန်မန်ဒိုစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်း နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များမှ ရဲဘော်များ တက်ရောက် ပညာသင်ကြားခဲ့ကြောင်း သိရသည်။", "အဆိုပါ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲကို မဟာမိတ် တော်လှန်ရေး အင်အားစုများဖြစ်ကြသည့် မွန်ပြည်သစ်ပါတီ (NMSP-AD) မှ ဗိုလ်မှူးကြီး နိုင်အိမ့်ချမ်း၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) /တအောင်းတပ်မတော် (TNLA) မှ ဗိုလ်မှူးကြီး တာ ဆငည်းလေး (ပြင်ပ မဟာမိတ်စစ်ရေးတာဝန်ခံ)၊ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) တပ်ရင်း (၆) တပ်ရင်းမှူး မန်းဂျော်နီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂဠုန်စစ်ကြောင်း တပ်ရင်းအမှတ် (၉၉ဝ၈) ၏ ဒုစစ်ကြောင်းမှူး စိုးဝင်း တို့မှ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/116874/
ဂုတ်တွင်းတိုက်ပွဲတွင် သေဆုံးသွားသော အရာရှိ ၁ ဦး အပါအဝင် စစ်သား ၁၄ ဦးကို အစုလိုက်အပြုံလိုက် နောင်ချိုသုဿာန်တွင် သဂြိုလ်
["ဂုတ်တွင်းတိုက်ပွဲတွင် သေဆုံးသွားသော အရာရှိ ၁ ဦး အပါအဝင် စစ်သား ၁၄ ဦးကို အစုလိုက်အပြုံလိုက် နောင်ချိုသုဿာန်တွင် သဂြိုလ်", "ရန်ကုန်၊ ဩဂုတ် ၇", "ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ဂုတ်တွင်းတွင် စစ်ကားကို ပစ်ခတ်ခံရမှု ကြောင့် သေဆုံးသွားသော အရာရှိ ၁ ဦး အပါအဝင် စစ်သား ၁၄ ဦးကို အစုလိုက် အပြုံလိုက် နောင်ချိုသုဿာန်တွင် သဂြိုလ်လိုက်ကြောင်း ဒေသ သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "သြဂုတ်လ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ စစ်ကား ၁ စီးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေ ဆုံးသူ ၁၄ ဦးအထိရှိခဲ့ကြောင်း၊ ဩဂုတ်လ ၆ ရက်နေ့တွင် နောင်ချိုသုဿာန် တွင် သေဆုံးသူ စစ်သား ၁၄ ဦးကို စစ်အခမ်းအနားဖြင့် သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။", "“ဂုတ်တွင်းတိုက်ပွဲမှာ​အသေဆိုးသွားတဲ့စခတွေကို မနေ့က နောင်ချို သုဿာန် မှာ အသုဘချ အမိန့် ပြန်သဂြိုလ်တယ်။ သေဆုံးသူ ၁၄ယောက်ပါ။ အကောင် ကြီးတစ်ကောင်တစ်ပါတယ်။ အရာရှိ သေဆုံးတာကို ခွေးတွေက သတင်း ဖုံးထားတာ။ သေဆုံးတာက ခမရ ၁၁၅ တပ်က ၉ ဦး၊ ခမရ ၁၁၄ က ၅ ဦး။ ဓာတ်ပုံရိုက်ခွင့်မပေးဘူး” ဟု နောင်ချိုဒေသသတင်းရင်းမြစ်က ပြောသည်။", "လက်ရှိတွင် စစ်တပ်က နောင်ချိုမြို့နှင့် ကျောက်မဲမြို့အကြားတွင် စစ်အင်အား တိုးမြှင့်နေပြီး မကြာမီ တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်ကြောင်း သုံးသပ် ပြောဆိုကြသည်။", "ဓာတ်ပုံ- ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပဲခူးတိုင်း၊ နတ်သံကွင်း-ကျောက်ကြီး လမ်းပိုင်းတိုက်ပွဲတွင် သေဆုံး သွားသော စစ်သား ၇ ဦး၏ အလောင်းများကို အစုလိုက်အပြုံလိုက် သဂြိုလ်ခဲ့စဉ် မြင်ကွင်း။"]
https://yktnews.com/2024/06/167996/
ဂျပန် ODA စီမံကိန်း အသစ်များ ဆိုင်းငံ့ထားသော်လည်း စီမံကိန်းအဟောင်းများ ဆက်လက်လုပ်ဆောင်နေဆဲ၊ လည်ပတ်နေဆဲဖြစ်သည့် စစ်ကောင်စီ နှင့် တိုကျို အကြား စီးပွားဖက် ဆက်ဆံရေး
["ဂျပန် ODA စီမံကိန်း အသစ်များ ဆိုင်းငံ့ထားသော်လည်း စီမံကိန်းအဟောင်းများ ဆက်လက်လုပ်ဆောင်နေဆဲ၊ လည်ပတ်နေဆဲဖြစ်သည့် စစ်ကောင်စီ နှင့် တိုကျို အကြား စီးပွားဖက် ဆက်ဆံရေး", "ရန်ကုန်၊ ဇွန် ၁၇", "ရန်ကုန်တိုင်းအတွင်း ဂျပန် တရားဝင်ဖွံ့ဖြိုးတိုးတက်ရေးအကူအညီ (ODA) နဲ့တည်ဆောက်ထားတဲ့ ပဲခူးမြစ်ကူးတံတားကို ပြီးခဲ့တဲ့ ဇွန်လ ၈ရက်က ဖွင့်လှစ်ခဲ့ပြီး၊ ဒါဟာ တိုကျိုအနေနဲ့ မြန်မာစစ်ကောင်စီနဲ့ စီးပွားရေးအရ မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ဖော်ပြနေပါတယ်။", "သီလဝါအထူးစီးပွားရေးဇုန်နဲ့ ရန်ကုန်မြို့ကို ဆက်သွယ်ထားတဲ့ အဆိုပါ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) ကို ကိုဗစ်ကပ်ရောဂါနဲ့ ၂၀၂၁ အာဏာသိမ်းမှုဖြစ်စဉ်တွေကြောင့် နှစ်နှစ်ကျော်ကြာ ဆိုင်းငံ့ထားခဲ့ရာက အခုလို စစ်ကောင်စီထံ လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။", "တံတားရဲ့အဓိကအပိုင်းတွေကို ဂျပန် Yokogawa Bridge နဲ့ Sumitomo Mitsui Construction တို့က ပူးပေါင်းတည်ဆောက်ခဲ့တာပါ။ Yokogawa ဟာ စစ်တပ်နဲ့ဆက်နွယ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ ဆက်ဆံရေးကြောင့် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်မှုတွေများစွာ ထွက်ပေါ်လာခဲ့ပါတယ်။", "“Yokogawa Bridge ရဲ့ MEC နဲ့ စီးပွားရေးအရ ဆက်ဆံရေးကတဆင့် ဂျပန်အစိုးရဟာ စစ်ကောင်စီကို ၎င်းရဲ့ ယုတ်မာရက်စက်မှုတွေအတွက် ထိထိရောက်ရောက် အကူအညီပေးနေတာဖြစ်တယ်။ ဂျပန်အစိုးရအနေနဲ့ စစ်ကောင်စီကို လူသားချင်းစာနာမှုနဲ့ မဆိုင်တဲ့ ဖွံ့ဖြိုးရေးအကူအညီတွေ မပေးသင့်တော့ပါဘူး” လို့ Human Rights Watch ရဲ့ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၂၃ရက် ထုတ်ပြန်ချက်မှာ အာရှရေးရာအစီအစဉ်အရာရှိ Teppei Kasai က ပြောဆိုထားပါတယ်။", "Yokogawa Bridge အနေနဲ့ ပဲခူးမြစ်ကူးတံတား တည်ဆောက်ရေစီမံကိန်းအတွက် ၂၀၂၂ ဇူလိုင်လကနေ နိုဝင်ဘာလအတွင်း MEC ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းခန့် လွှဲပြောင်းပေးခဲ့တာကို ခွဲခြမ်းစိတ်ဖြာ လေ့လာခဲ့ကြောင်း HRW က ထုတ်ပြန်ထားပါတယ်။ အဆိုပါ အငြင်းပွားဖွယ်စီမံကိန်းအတွင်း ထောက်ပံ့ရေးကွင်းဆက်အပေါ် ခြိမ်းခြောက်ခံနိုင်ရမှုတွေကို စီမံခန့်ခွဲရာမှာ ဂျပန်ကုမ္ပဏီအတွက် ခေါင်းခဲစရာ ဖြစ်လာခဲ့ပါတယ်။", "ပြီးခဲ့တဲ့သီတင်းပတ် စနေနေ့က ပြုလုပ်ကျင်းပတဲ့ အဆိုပါတံတားတည်ဆောက်ပြီးစီးမှု အထိမ်းအမှတ် အခမ်းအနားကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် ဂျပန်နဲ့ မြန်မာစစ်ကောင်စီအရာရှိတွေ တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်တဲ့ မီဒီယာတွေက သတင်းထုတ်ပြန်ထားပါတယ်။ တံတားဖွင့်ပွဲအထိန်းအမှတ်အဖြစ် တပတ်တာ အခမဲ့သွားလာခွင့်ပြုထားပြီး ဇွန်လ ၁၆ရက်မှာ ဖြတ်သန်းခ စတင်ကောက်ခံသွားမယ်လို့လည်း သိရပါတယ်။", "ဂျပန်ရဲ့ ODA အစီအစဉ်အရ ယန်း ၃၁ ဘီလီယံ (ဒေါ်လာ ၁၉၇ ဒသမ ၃၆ သန်း) ချေးငွေကို အဓိကထားပြီး တံတားတည်ဆောက်ခဲ့တာပါ။ အဆိုပါချေးငွေကို ဂျပန်အစိုးရက စစ်တပ်အာဏာမသိမ်းမီ NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်မှာ ထုတ်ပေးဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။", "စီမံကိန်းအတွင်း ဆောက်လုပ်ရေးနှောင့်နှေးမှုတွေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ဘတ်ဂျက်ငွေ ပိုမိုကုန်ကျသွားတယ်လို့ ယူဆရကြောင်းလည်း သိရပါတယ်။ စီမံကိန်းပြီးမြောက်ဖို့အရေး မြန်မာဘက်က ကျပ်ငွေ ၄၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၈၉ သန်း) ပေးဆောင်ခဲ့ကြောင်း စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်တဲ့ မီဒီယာမှာ ဆိုထားပါတယ်။", "စစ်အာဏာသိမ်းပြီးနောက် ဂျပန်အစိုးရက အကူအညီအသစ်တွေပေးဖို့ ရပ်ဆိုင်းထားပေမဲ့ လက်ရှိစီမံကိန်းများစွာကို ဆက်လက်လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ပဲခူးမြစ်ကူးတံတားစီမံကိန်းအပြင် ရန်ကုန်-မန္တလေးကြား ပြေးဆွဲနေတဲ့ အဓိကရထားလမ်းပိုင်းကို ပြုပြင်ပေးတဲ့ စီမံကိန်းလည်း ဂျပန် ODA က ထောက်ပံ့ငွေနဲ့ဆောင်ရွက်နေတာ ဖြစ်ပါတယ်။", "အဆိုပါ ရထားလမ်းစီမံကိန်းက ပြီးစီးလုနီးပြီလို့ဆိုပေမဲ့၊ စစ်ကောင်စီက အဆိုပါရထားလမ်းကို စစ်သည်၊ လက်နက် သယ်ယူရေးတွေမှာ အသုံးပြုမှုတွေ ရှိနေတယ်ဆိုတဲ့ ပြောကြားမှုတွေနဲ့အတူ မကြာခဏဆိုသလို လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေရဲ့ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လမ်းပိုင်းအပြီးသတ်ရေး အလုပ်သမားတွေရဲ့ ဘေးကင်းရေးကို ခြိမ်းခြောက်မှု ဖြစ်စေပါတယ်။", "“မြန်မာနိုင်ငံမှာ ODA ပရောဂျက်တွေ ဆက်လက်လုပ်ဆောင်ဖို့ ဂျပန်အစိုးရအနေနဲ့ နိုင်ငံရေးအရ ဆုံးဖြတ်ချက်ချပြီးဖြစ်တာကြောင့် ကုန်ကျစရိတ် တိုးမြှင့်မှုနဲ့ ဘေးကင်းရေးဆိုင်ရာ ပံ့ပိုးမှုတွေ ပေးသင့်တယ်” လို့ အဆိုပါစီမံကိန်းတွေမှာ ပါဝင်တဲ့ ရန်ကုန်က ဂျပန်ကုမ္ပဏီတခုရဲ့ အမှုဆောင်အရာရှိတဦးက ပြောပါတယ်။", "ကမ္ဘာ့ဘဏ်က ဇွန်လ ၁၂ရက် ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ နောက်ဆုံးအစီရင်ခံစာမှာတော့ “ဆောက်လုပ်ရေးသုံး ပစ္စည်းတွေရဲ့စျေးနှုန်းက ၂၀၂၃ နှစ်လယ်ပိုင်းကစလို့ သိသိသာသာမြင့်တက်လာခဲ့ပြီး၊ အဲဒီပစ္စည်းတွေအထဲမှ ဘိလပ်မြေနဲ့ သံမဏိချောင်းတွေဆို ပြီးခဲ့တဲ့နှစ်ဇူလိုင်လကထက် ၃၀% ကနေ ၄၀% အထိ စျေးပိုပေးနေရတယ်လို့ ဆိုထားပါတယ်။", "အလားတူ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ တရုတ် CITIC ရေနက်ဆိပ်ကမ်းနဲ့ အိန္ဒိယကုလားတန်စီမံကိန်း များအပါအဝင် “နိုင်ငံခြား ထောက်ပံ့မှု ရယူထားတဲ့ အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းကြီးတွေ” ကလည်း နှောင့်နှေးကြံ့ကြာမှုတွေနဲ့ ဆက်လက်ရင်ဆိုင်ရဦးမယ်လို့ အဆိုပါအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။", "Ref/ Photo- Nikkei Asia", "ပုံစာ- ပဲခူးတံတားဖွင့်ပွဲ တက်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်"]
https://yktnews.com/2024/06/168113/
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ ပြုလုပ်
["ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ ပြုလုပ်", "ရန်ကုန်၊ ဇွန် ၁၇", "ဂျပန်နိုင်ငံ တိုကျိုမြို့ တိုရှီးမားမြို့နယ် အီခဲဘုခူရိုအရပ်တွင် ၇၉ နှစ်မြောက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကို ဇွန် ၁၆ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။", "အဆိုပါ ပွဲကို လူဦးရေ ၃ထောင်ကျော် တက်ရောက်ပြီးပွဲတော်အတွင်း မြန်မာ့အရေးကိုအစဥ်တစိုက်အားပေးထောက်ခံခဲ့တဲ့ ဂျပန်လူမျိုးများနှင့် အတူ ပွဲအတွင်း သနပ်ခါးအလှ လိမ်းချယ်ခြင်း၊ ခြင်းလုံးခတ်ခြင်း၊ ကျန်းမာရေးစစ်ပေးခြင်း ၊ kids Corner, Photo Booth , စားသောက်ဆိုင်များ၊ တော်လှန်ရေး ရန်ပုံငွေ စျေးအရောင်းဆိုင်များအပြင် မြန်မာ့ရိုးရာအကအလှများ၊ စတုဒီသာကျွေးပြီးကဗျာပြိုင်ပွဲ ဘောလုံးပြိုင်ပွဲတို့ ပါဝင်ခဲ့ကြကြောင်း သိရှိရသည်"]
https://yktnews.com/2024/10/188852/
ဂျပန်နိုင်ငံ နာဂိုရာမြို့တွင် တော်လှန်ရေးထောက်ပို့ သီတင်းကျွတ်ဈေးရောင်းပွဲပြုလုပ်
["ဂျပန်နိုင်ငံ နာဂိုရာမြို့တွင် တော်လှန်ရေးထောက်ပို့ သီတင်းကျွတ်ဈေးရောင်းပွဲပြုလုပ်", "ရန်ကုန်၊ အောက်တိုဘာ ၂၁", "ဂျပန်နိုင်ငံ နာဂိုရာမြို့တွင် တော်လှန်ပြည်လွတ် သီတင်းကျွတ်ခေါင်းစဉ်နှင့် တော်လှန်ရေးထောက်ပို့ သီတင်းကျွတ်ဈေးရောင်းပွဲကို ဂျပန်ရောက် မြန်မာနိုင်ငံသားများ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/107670/
ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်သော နွေဦးရုပ်ရှင်ပွဲတော်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ပုံငွေကျပ် သိန်း ၂၀၀၀ ကျော်ရရှိ
["ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်သော နွေဦးရုပ်ရှင်ပွဲတော်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ပုံငွေကျပ် သိန်း ၂၀၀၀ ကျော်ရရှိ", "ရန်ကုန်၊ ဇွန် ၁၅", "ဂျပန်နိုင်ငံတွင် မေလအတွင်း ကျင်းပပြုလုပ်ခဲ့သော နွေဦးရုပ်ရှင်ပွဲတော်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ပုံငွေကျပ် သိန်း ၂၀၀၀ ကျော်ရရှိကြောင်း နွေဦးရုပ်ရှင်ပွဲတော်ကျင်းပရေးအဖွဲ့က ထုတ်ပြန် ပြောဆိုသည်။။", "စစ်အာဏာရှင်တော်လှန်ရေး ရန်ပုံငွေ ရရှိရန်အတွက် နွေဦးရုပ်ရှင်ပွဲတော် Myanmar Spring Film Festival Japan ကို မေလတွင်းက ဂျပန်နိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ကျင်းပခဲ့ရာ ရန်ပုံငွေ မြန်မာငွေကျပ် သိန်း ၂၀၀၀ ကျော် ရရှိခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၊ တိုကျို၊ ယိုကိုဟားမား ၊ နာဂိုယာ၊ အိုဆာကာ၊ ဂွန်းမား၊ အိုခီနာဝါ နှင့် ဟိုကိုင်းဒိုး စသည့် မြို့ကြီး ၇ မြို့၌ မေ ၆ ရက်မှ မေ ၂၈ ရက်အထိ တော်လှန်ရေး ရုပ်ရှင်ဇာတ်ကား ၇ ကား ရုံတင်ပြသခဲ့ပြီး ဂျပန်နိုင်ငံရှိ တော်လှန်ပြည်သူလူထု၏ တခဲနက်အားပေးမှုကို ရရှိခဲ့ကြောင်း သိရှိရသည်။", "နွေဦးရုပ်ရှင်ပွဲတော်တွင် ‘ရှိခဲ့သည် (There was)’၊ ‘မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်’(Our Turn)၊ ‘အမတ နှင်းဆီ (IMMORTAL ROSE)’၊ ‘မြို့ပြပြောက်ကျားUG’၊ ‘ပြန်တမ်း’ (The Remembrance) ၊ ‘ဖိုးမောင်ပြန်လာပြီ’၊ ဆုလာဘ် အစရှိသော ရုပ်ရှင်ဇာတ်ကား ၇ ကား ပြသခဲ့ပြီး ဒါရိုက်တာ၊ သရုပ်ဆောင်များကလည်း အွန်လိုင်းမှတဆင့် တက်ရောက်၍ ပရိသတ်များနှင့် တိုက်ရိုက်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။", "နွေဦးရုပ်ရှင်ပွဲတော်တွင် ရုပ်ရှင်ဇာတ်ကားအချို့၏ ရုပ်ရှင်အမှတ်တရပစ္စည်းရောင်းချခြင်း၊ လေလံတင်ရောင်းချခြင်း၊ အစားအသောက်ရောင်းချခြင်း၊ မဲရောင်းချခြင်း၊ ရုပ်ရှင်ချိန်အတွင်း အလှူငွေကောက်ခံခြင်း စသည်တို့အပါအဝင် ရုပ်ရှင်ကားပြသမှုများမှ စုစုပေါင်းဝင်ငွေ ဂျပန်ယန်း ၁၀,၃၉၀,၄၆၆ (မြန်မာကျပ်ငွေ သိန်းပေါင်း ၂၀၀၀ ကျော်) ရရှိခဲ့ကြောင်း၊ အဆိုပါဝင်ငွေရရှိမှုများကို သက်ဆိုင်ရာ ရုပ်ရှင်ဖန်တီးထုတ်လုပ်သူများထံ ခွဲဝေပေးသွားမည်ဖြစ်ပြီး ထိုမှတဆင့် အာဏာရှင်ဆန့်ကျင်ရေးအတွက် မြေပြင်တွင် လိုအပ်နေသော အဖွဲ့အစည်း၊ နေရာများသို့ ပေးပို့မည်ဖြစ်ကြောင်း သိရှိရသည်။", "“ဒီရုပ်ရှင်ပွဲတော်ကိုတော်လှန်ရေးနဲ့တွဲကြည့်တွဲမြင်တဲ့သူတွေက အများစုရှိမယ်လို့ထင်ပါတယ်။ ဒီတော်လှန်ရေးကြောင့်ဆုံးရှုံးသွားရတဲ့အသက်၊ အိုးအိမ်စည်းစိမ်တွေ၊ တကွဲတပြားဖြစ်ကြရတဲ့မိသားစုတွေ၊ဆင်းရဲဒုက္ခရောက်ကြရတဲ့ပြည်သူ့ဘဝတွေရဲ့ဖြစ်ရပ်မှန်တွေကို သတင်းမီဒီယာတွေ၊ပတ်ဝန်းကျင်ကသူတွေကနေတဆင့် ကျမတို့ဟာ ရင်နဲ့မဆန့်အောင်သိပြီးကြားပြီးမြင်ပြီးကြပါပြီ”ဟု နွေဦးရုပ်ရှင်ပွဲတော် တက်ရောက်ခဲ့သူ ဂျပန်ရောက် မြန်မာတစ်ဦးက ဆိုသည်။", "နွေဦးရုပ်ရှင်ပွဲတော် Organizer တစ်ဦးကမူ “၂ နှစ်ကျော်ကြာတဲ့ထိ နွေဦးတော်လှန်ရေး အားမလျော့သွားတာဟာ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီရဲ့အားပါ။ သွေးအေးပြီလို့ အမျိုးမျိုးသွေးခွဲစကားတွေကြား မယိုင်မလဲဘဲ ယခု နွေဦးရုပ်ရှင်ပွဲတော်မှာလည်း ဂျပန်ရောက်ပြည်သူတွေရဲ့အား ကိုပြခဲ့ပြန်ခဲ့ပါပြီ။ ကျွန်မတို့ရဲ့ နွေဦးအောင်ပွဲဟာလက်တစ်ကမ်းအလိုမှာပါ။ အားလုံးအတူတူရှေ့ဆက်လျှောက်ဖို့ ရုပ်ရှင်ကြည့် ရဲဘော်တွေဘဝခဏတာဝင်ခံစားရင်း အားတစ်ခုဖြည့်ပေးနိုင်ခဲ့ပါတယ်” ဟု ပြောဆိုသည်။"]
https://yktnews.com/2024/08/177023/
ဂျပန်နိုင်ငံရှိ တရုတ်သံရုံးရှေ့တွင် မြန်မာစစ်တပ်ကို ကူညီပေးနေမှုများ ရပ်တန့်ပေးရေး ဆန္ဒဖော်ထုတ်
["ဂျပန်နိုင်ငံရှိ တရုတ်သံရုံးရှေ့တွင် မြန်မာစစ်တပ်ကို ကူညီပေးနေမှုများ ရပ်တန့်ပေးရေး ဆန္ဒဖော်ထုတ်", "ရန်ကုန်၊ ဩဂုတ် ၂", "ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးရှေ့တွင် ဂျပန်ရောက် မြန်မာနိုင်ငံသားများ၊ နိုင်ငံခြားသားများအပါအဝင် မြန်မာ့အရေးထောက်ခံအားပေးသည့် ဂျပန်လူမျိုးများက အကြမ်းဖက် မြန်မာစစ်တပ်ကို ကူညီပေးနေမှုများ ရပ်တန့်ပေးရေး ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် မြန်မာပြည်သူများ​၏ သဘောထားဆန္ဒအား ထင်ဟပ်စေမည့် တောင်းဆိုစာကို တရုတ်ကွန်မြူနစ်အစိုးရထံ ပေးပို့ခဲ့ပြီး တရုတ်အစိုးရအနေဖြင့် အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုအပေါ် အလေးသာစေမည့် နိုင်ငံရေးထောက်ခံမှုမျိုး မလုပ်ရန်နှင့် မြန်မာ့အရေးတွင် ဝင်ရောက်နှောက်ယှက်ကာ တိုင်းရင်းသားလက်နက်အင့်အားစုများ၊ တော်လှန်ရေးအင်အားစုများအပေါ် ဖိအားပေးဆောင်ရွက်နေမှုများ ရပ်တန့်ရန်၊ကုလသမဂ္ဂလုံခြုံရေးကောင်စီ​၏ ဆုံးဖြတ်ချက်များကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ကာ မြန်မာပြည်သူများ​၏ သဘောထားဆန္ဒအား လေးစားရန် အလေးအနက်ကြွေးကြော် တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/123781/
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် The WAY Musical Film ရုပ်ရှင် ပြသနေပြီး ရုံပြည့်ရုံလျှံ အားပေး
["ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် The WAY Musical Film ရုပ်ရှင် ပြသနေပြီး ရုံပြည့်ရုံလျှံ အားပေး", "ရန်ကုန်၊ စက်တင်ဘာ ၂၄", "ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် The WAY Musical Film ရုပ်ရှင် ပြသနေပြီး ရုံပြည့်ရုံလျှံ လာရောက် အားပေးပြီး ထောင်နှင့်ချီသော ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။", "အဆိုပါပွဲရုပ်ရှင် ပြပွဲတွင် ဇာတ်ကားဖန်တီးသော ဒါရိုက်တာ လင်းလင်း နှင့် သရုပ်ဆောင် ချစ်သုဝေတို့ လက်မှတ်ရေးထိုးထားသော USB Stick များ နှင့် အိတ်များကို လေလံဆွဲခဲ့ကြရာမှ မြန်မာ‌ငွေကျပ် သိန်း ၂၆၀ ကျော် နှင့် ပွဲအတွင်း သီးသန့် အလှူငွေ သိန်း ၁၃၀ ခန့် ရရှိကြောင်း သိရသည်။", "ဂျပန်နိုင်ငံတွင် ပြသမည့် ပွဲစဉ်များ၏ ပွဲဦးထွက်အဖြစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် တိုကျိုမြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး ထိုပွဲတွင် လက်မှတ် အစောင်ရေ ၁၄၀၀ ကျော် ရောင်းချနိုင်ခဲ့ကြောင်း၊ ပရိသတ်များ ရုံအပြည့် လာရောက်ခဲ့ကာ ပြပွဲတွင် ရုပ်ရှင် အမှတ်တရ အကျီနှင့်အိတ်များအပြင် မချစ်သုဝေ၏ ဆန်းသစ်ထူးခြားသော အိုင်ဒီယာအတိုင်း တီထွင်ဖန်တီးထားသည့် ကက်ဆက်တိတ်ခွေ ပုံစံ USB Stick များကိုပါ ရောင်းချခဲ့ပါသည်။", "ထို့ပြင် ရုပ်ရှင်ဇာတ်ကားထဲမှ ပါးခြစ်လေးများအတိုင်း ဆေးခြယ်ခြင်း၊ The WAY Frame ဖြင့် ချက်ချင်းရိုက် ချက်ချင်းထုတ်ယူ အမှတ်တရ ဓာတ်ပုံရိုက်ခြင်း ၊ ယန်း ၅၀၀ ကံစမ်းမဲနှိုက်ခြင်း စသည့် အစီအစဉ်များကိုပါ ထည့်သွင်းပြုလုပ်ခဲ့ကြောင်း၊ ရုပ်ရှင်ပွဲမှ ရရှိလာသော ငွေကြေးအမြတ်များ အားလုံးကို “The WAY” အဖွဲ့အစည်းကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ထိုအဖွဲ့အစည်းမှတဆင့် ‌မြေပြင်ရှိ လိုအပ်နေသော နေရာများသို့ ရောက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူက ပြောကြားသည်။", "ဆက်လက်၍ ဂျပန်နိုင်ငံ၏ အခြားမြို့ကြီး ခုနှစ်မြို့ဖြစ်သည့် ခန်းဆိုင်ဒေသ (အိုဆာကာ/ကျိုတို/ကိုဘေး) ၊ ရှိဇုအိုက ၊ ကျူးရှူး နာကစု ၊ ကျူးရှူး ဆာဂ ၊ အိုခီနာဝါ နှင့်ဟိုကိုင်းဒိုးတို့တွင် စက်တင်ဘာလ ၂၄ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ အပတ်စဉ်အလိုက်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/10/125371/
ဂျပန်သို့ အလုပ်အကိုင်ဖြင့် ပို့ဆောင်ပေးမည်ဟုဆိုပြီး ကြံ့ဖွတ်ပါတီနှင့် ဆက်နွယ် နေသော လူငယ်တချို့ စစ်တပ်ထဲသို့ လိမ်လည် ခေါ်သွင်းသွား
["ဂျပန်သို့ အလုပ်အကိုင်ဖြင့် ပို့ဆောင်ပေးမည်ဟုဆိုပြီး ကြံ့ဖွတ်ပါတီနှင့် ဆက်နွယ် နေသော လူငယ်တချို့ စစ်တပ်ထဲသို့ လိမ်လည် ခေါ်သွင်းသွား", "ရန်ကုန်၊ အောက်တိုဘာ ၆", "ဂျပန်နိုင်ငံရှိ ပြည်ပအလုပ်အကိုင်များထံသို့ ပို့ဆောင်ပေးမည်ဟုဆိုပြီး ကြံ့ဖွတ် ပါတီ နှင့် ဆက်နွယ်နေသော လူငယ်တချို့ကို စစ်တပ်ထဲသို့ လိမ်လည် ခေါ်ယူသွားမှုတချို့ ဖြစ်ပွားကြောင်း ကာယကံရှင် မိဘဆွေမျိုးများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧရာ၀တီတိုင်း၊ မအူပင်၊ ဖျာပုံ၊ ကျောင်းကုန်းနှင့်အိမ်မဲမြို့နယ်ဘက်ရှိ ကျေးရွာ များ မှ ကြံ့ဖွတ်ပါတီနှင့် ဆက်နွယ်နေသော လူငယ်တချို့ကို ဂျပန်သို့ ပြည်ပ အလုပ်အကိုင်ဖြင့် ပို့ဆောင်ပေးမည်ဟုဆိုကာ စစ်တပ်မှ တပ်ကြပ်ကြီးတချို့က လာရောက် ခေါ်ဆောင်သွားကြောင်း၊ ရန်ကုန်တွင် ဂျပန်အလုပ်အကိုင်သွား ရောက်ရန် ဂျပန်စာသင်တန်းတက်ရမည်ဟုဆိုကာ ခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် ရန်ကုန်သို့ ခေါ်ဆောင်ခြင်းမရှိဘဲ မန္တလေးတိုင်းနှင့်စစ်ကိုင်းတိုင်း ဘက်ရှိ တပ်သား စုဆောင်းရေး တပ်များထံသို့ ခေါ်ဆောင်သွားကာ စစ်သင် တန်း များ တက်ရောက်ခိုင်းကြောင်း သိရှိရသည်။", "” ပြည်ခိုင်ဖြိုးပါတီဝင်ရှိတဲ့ အိမ်တွေက လူငယ်တွေကို ဂျပန်သွားမှာလား။ အခု ပြည်ခိုင်ဖြိုးက ဂျပန်ပို့ပေးဖို့ လုပ်နေပြီ။ ရန်ကုန်မှာ ဂျပန်စာ သင်တန်း တက်ရ မယ်ဆိုပြီး လူငယ်တွေကို ခေါ်သွားတာ။ တချို့ရွာတွေက လူငယ် ၅ ဦးလောက် ပါသွားတယ်။ တချို့ရွာတွေက လူငယ် ၁ ဦး၊ ၂ ဦးလောက်ပဲ။ လွန်ခဲ့တဲ့ ၃ ပတ် လောက်က ဖြစ်တာ။ အဲဒါ ရန်ကုန်လည်း မရောက်ဘဲ စစ်သားစုဆောင်းရေး တပ်တွေ ရောက်ကုန်တယ်။ ပြန်ထုတ်ဖို့ ကြိုးစားနေကြတယ် ” ဟု မအူပင် မြို့နယ်၊ ရေလဲကလေးကျေးရွာအုပ်စုမှ ပြည်သူတစ်ဦးက ပြောဆိုသည်။", "ကြံ့ဖွတ်ပါတီက နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်းမှ ကြံ့ဖွတ်လူငယ် များကို ဂျပန်နိုင်ငံသို့ စေလွှတ်ရေး MYANMAR SANKOU သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ နေပြည်တော်တွင် ယခုနှစ်ဇွန်လ အတွင်း MYANMAR SANKOU သင်တန်းဖွင့်လှစ်ခဲ့ကြောင်း၊ လက်ရှိတွင် MYANMAR SANKOU ကုမ္မဏီက ကြံ့ဖွတ်လူငယ် သင်တန်းသား ၆၂ ဦး မှ ၁၂ ဦးသည် ဂျပန်နိုင်ငံသို့သွားရောက်လုပ်ကိုင်မည့် လုပ်ငန်းခွင် အင်တာဗျူး များ အောင်မြင်ထားပြီး ဂျပန်နိုင်ငံ စေလွှတ်ရေး ပြင်ဆင်လျက် ရှိကြောင်း ကြံ့ဖွတ် ပါတီ က သတင်းထုတ်ပြန်ခဲ့သည်။", "ဓာတ်ပုံ- စစ်သားစုဆောင်းရေးတပ်တွင် တပ်သားသစ်များကို စာရင်းသွင်း စစ်ဆေးနေမှုမြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/02/86312/
ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါကို ဂျပန်ရောက် မြန်မာများ ဆန္ဒပြမည်
["ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါကို ဂျပန်ရောက် မြန်မာများ ဆန္ဒပြမည်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၉", "ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင် ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ ဆာဆာဂါဝါကို ဂျပန်ရောက် မြန်မာများ ဆန္ဒပြမည်ဖြစ်ကြောင်း ဂျပန်ရောက် နွေဦးတော်လှန်ရေး အင်အားစုမှ တာဝန်ရှိသူ ကိုသန့်ဇော်ထက်က ပြောသည်။", "မြန်မာ့ငြိမ်းချမ်းရေး ကိုယ်စားလှယ်နှင့် ဂျပန်အစိုးရ၏ မြန်မာ့ငြိမ်းချမ်းရေး သံတမန် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာဆာဆာဂါဝါသည် ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ မင်းအောင်လှိုင်ကို ထိတွေ့ ဆက်ဆံခြင်း၊ အကြမ်းဖက်စစ်ကောင်စီအတွက် အလုပ်လုပ်ပေးခြင်းများရှိနေပြီး ၎င်း၏ လုပ်ဆောင်ချက်များကို ဂျပန်အစိုးရက တစ်စုံတစ်ရာ မသိရှိဟု တုံ့ပြန်ပြောဆိုလာကြောင်း၊ ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီကို ထိတွေ့ ဆက်ဆံနေသော ၎င်းကို ဆန္ဒပြရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ကျနော်တို့ Japan MOFA (နိုင်ငံခြားရေးဝန်ကြီးဌာန) နဲ့လည်း ဆုံပြီးပြီ။ သူတို့ကလည်း ငြင်းတယ်။ Sasagawa ကို သူတို့စေခိုင်းခြင်းမရှိဘူး။ မြန်မာပြည်သူတွေရဲ့တုံ့ပြန်မှုအပေါ်စောင့်ကြည့်ပြီး သူတို့လည်း ဘယ်လိုရပ်တန့်လို့ရမယ် စဉ်းစားမယ်ပြောတယ်” ဟု ကိုသန့်ဇော်ထက်က ရှင်းပြသည်။", "အကြမ်းဖက်အားပေး နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါကို ဂျပန်နိုင်ငံရှိ နီပွန်ဖောင်ဒေးရှင်းရုံးချုပ်ရှေ့တွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညနေ ၃ နာရီမှ ၅ နာရီအထိ ကန့်ကွက် ဆန္ဒပြမည်ဖြစ်ပြီး ကန့်ကွက်ဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင် အားဖြည့်ကြရန် တရားဝင် အသိပေး ဖိတ်ကြားမှုများ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/126609/
ဂျာမနီနိုင်ငံတွင် နွေဦးတော်လှန်ရေး ရန်ပုံငွေစျေးရောင်းပွဲ ပြုလုပ်
["ဂျာမနီနိုင်ငံတွင် နွေဦးတော်လှန်ရေး ရန်ပုံငွေစျေးရောင်းပွဲ ပြုလုပ်", "ရန်ကုန်၊ အောက်တိုဘာ ၁၅", "ဂျာမနီ နိုင်ငံ မြူးနစ်မြို့တွင် မြန်မာနိုင်ငံ နွေဦးတော်လှန်ရေး ရန်ပုံငွေစျေးရောင်းပွဲကို ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။"]
https://yktnews.com/2023/03/92034/
ဂျာမနီနိုင်ငံတွင် ရောင်နီလာရာလမ်း”မှတ်တမ်း ရုပ်ရှင်နှင့် တော်လှန်ရေးစျေးရောင်းပွဲတော် ပြုလုပ်
["ဂျာမနီနိုင်ငံတွင် ရောင်နီလာရာလမ်း”မှတ်တမ်း ရုပ်ရှင်နှင့် တော်လှန်ရေးစျေးရောင်းပွဲတော် ပြုလုပ်", "ရန်ကုန်၊ မတ် ၁၂", "ဂျာမနီနိုင်ငံ Frankfurt မြို့တွင် ဒါရိုက်တာ ကိုပေါက်၏ “ရောင်နီလာရာလမ်း”မှတ်တမ်း ရုပ်ရှင်နှင့် တော်လှန်ရေးစျေးရောင်းပွဲတော်ကို ယနေ့ မတ်လ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။", "ပွဲတော်သို့ ဂျာမနီနိုင်ငံရှိ Community များမှ တော်လှန်ရေးထောက်ပို့လုပ်ဆောင်နေသူများနှင့် CRPH, NUG Support Team Germany Working Group မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။"]
https://yktnews.com/2023/01/83885/
ဂျာမနီနိုင်ငံ၊ ဒွန်းဘုရားကျောင်းတွင် မြန်မာ စစ်တပ်​ သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့သည့် ပြည်သူများနှင့် တော်လှန်ရေး ရဲဘော်များအတွက် ဝတ်ပြုဆုတောင်းပွဲပြုလုပ်
["ဂျာမနီနိုင်ငံ၊ ဒွန်းဘုရားကျောင်းတွင် မြန်မာ စစ်တပ်​ သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့သည့် ပြည်သူများနှင့် တော်လှန်ရေး ရဲဘော်များအတွက် ဝတ်ပြုဆုတောင်းပွဲပြုလုပ်", "ရန်ကုန်၊ ဇန်နဝါရီ ၂၉", "ဂျာမနီနိုင်ငံ၊ ကိုလုံမြို့ရှိ ဒွန်းဘုရားကျောင်းတွင် မြန်မာ အကြမ်းဖက် စစ်တပ်၏ လူမဆန်စွာ နှိပ်စက်သတ်ဖြတ်မှုများကြောင့် ကျဆုံးခဲ့သည့် ပြည်သူများနှင့် တော်လှန်ရေး ရဲဘော်များအတွက် ဝတ်ပြု ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။", "ဝတ်ပြုဆုတောင်းပွဲကို ဂျာမနီ နိုင်ငံအတွင်းရှိ မြန်မာပြည်ဖွား တိုင်းရင်းသား ညီကိုမောင်နှမများနှင့် ဂျာမနီ နိုင်ငံသားများ တက်ရောက်ခဲ့ပြီး German Solidarity with Myanmar Democracy မှ ဥက္ကဌ ဖြစ်သူ မငြိမ်းချမ်းမေက ဆုတောင်း စကားပြောကြားခဲ့ကြောင်း သိရသည်။", "ဂျာမနီနိုင်ငံ၊ ဒွန်းဘုရားကျောင်းတွင် မြန်မာ စစ်တပ်​ သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့သည့် ပြည်သူများနှင့် တော်လှန်ရေး ရဲဘော်များအတွက် ဝတ်ပြုဆုတောင်းပွဲပြုလုပ်", "ရန်ကုန်၊ ဇန်နဝါရီ ၂၉", "ဂျာမနီနိုင်ငံ၊ ကိုလုံမြို့ရှိ ဒွန်းဘုရားကျောင်းတွင် မြန်မာ အကြမ်းဖက် စစ်တပ်၏ လူမဆန်စွာ နှိပ်စက်သတ်ဖြတ်မှုများကြောင့် ကျဆုံးခဲ့သည့် ပြည်သူများနှင့် တော်လှန်ရေး ရဲဘော်များအတွက် ဝတ်ပြု ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။", "ဝတ်ပြုဆုတောင်းပွဲကို ဂျာမနီ နိုင်ငံအတွင်းရှိ မြန်မာပြည်ဖွား တိုင်းရင်းသား ညီကိုမောင်နှမများနှင့် ဂျာမနီ နိုင်ငံသားများ တက်ရောက်ခဲ့ပြီး German Solidarity with Myanmar Democracy မှ ဥက္ကဌ ဖြစ်သူ မငြိမ်းချမ်းမေက ဆုတောင်း စကားပြောကြားခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/11/192148/
ဂွနှင့် တောင်ကုတ်တွင် စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကျဲ၍ ပြည်သူ ၁၁ ဦးသေဆုံးပြီး ဂွမြို့နယ် ဆပ်သွားတံတားကို စစ်တပ်က မိုင်းဖောက်ခွဲချိုးချ
["ဂွနှင့် တောင်ကုတ်တွင် စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကျဲ၍ ပြည်သူ ၁၁ ဦးသေဆုံးပြီး ဂွမြို့နယ် ဆပ်သွားတံတားကို စစ်တပ်က မိုင်းဖောက်ခွဲချိုးချ", "ရန်ကုန်| နိုဝင်ဘာ ၁၅", "ရခိုင်ပြည် ဂွမြိုနယ်နှင့် တောင်ကုတ်မြိုနယ်တွင် နိုဝင်ဘာလ ၁၃ ရက်နှင့် နိုဝင်ဘာလ ၁၄ ရက်နေ့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲ ချ၍ အပြစ်မဲ့အရပ်သားပြည်သူ ၁၁ ဦး သေဆုံးခဲ့ရပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။", "နိုဝင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီအချိန်က ဂွမြို့နယ် ဂျိုင်ကောက်ကျေးရွာကို ရွာထဲတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းဗုံးကျဲချခဲ့သဖြင့် အပြစ်မဲ့ အရပ်သားပြည်သူ ၇ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း၊ သေဆုံးသူများမှာ အသက် ၉ နှစ်အရွယ် မသဲသဲ အသက် ၁၅ နှစ်အရွယ် မယွန်းရတီလှိင်၊ အသက် ၂၈ နှစ်အရွယ် ကိုရီချမ်း၊ အသက် ၅၄ နှစ်အရွယ် ဦးဘမ်ဒို၊ ဦးမိုးညို၊ အသက် ၆၀ အရွယ် ဒေါ်ခင်သက်မူ၊ အသက် ၆၅ နှစ်အရွယ် ဦးဆန်းလှိုင် တို့ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများမှာ ဦးနု၊ ဦးထွန်းထွန်းနိုင်၊ ကိုမောင်မောင်နိုင်၊ ဦးတင်ဝင်းနှင့် မလေးလေးဝါးတို့ဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် ဂွမြို့နယ်၊ ဂျိုင်ကောက် တံတား (ဆပ်သွားချောင်းတံတား) မှာရှိသော စစ်ကောင်စီတပ်ဖွဲဝင်များမှာလည်း ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက် ည ၈ နာရီခွဲအချိန်တွင် တံတားကို မိုင်းဖောက်ခွဲဖျက်ဆီးပြီး တပ်ဆုတ်သွားကြောင်း ဂွသတင်းရင်းမြစ်က ပြောသည်။", "ဂွဒေသခံတစ်ဦးက “တိုက်ပွဲကတော့ နေရာတော်တော်များများမှာ ဖြစ်နေကြပါတယ်။ ဘယ်နေရာမှာဆိုတာက နည်းနည်းခက်တယ်။ ဂျိုင်ကောက်တံတားမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲဝင်တွေဟာ တံတားကို မိုင်းဖောက်ခွဲဖျက်ဆီးပြီး ဂွမြိုဘက်သို ထွက်ပြေးသွားတယ်။” ဟု ပြောသည်။", "အလားတူ နိုဝင်ဘာလ ၁၄ ရက် နံနက် ၃ နာရီအချိန်ခန့် တောင်ကုတ်မြို့နယ်၊ ရန်ခိုကျေးရွာကိုလည်း စစ်ကောင်စီ လေကြောင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်မှုတို့ကြောင့် အရပ်သား ၄ ဦးထက်မနည်း သေဆုံးသွားခဲ့ရ​ကြောင်း သိရှိရသည်။", "တောင်ကုတ်ဒေသခံတစ်ဦးက “ရွာအထဲမှာရော အပြင်မှာရော တိုက်ပွဲဖြစ်တာ မရှိဘူးလို သိရတယ်။ အဲဒီရွာက ခမရ ၃၄၆, ၅၄၄ နဲ့ နီးတယ်။ အဲဒီတပ်တွေကနေ ဒရုန်းနဲ့ ဗုံးလာကြဲသွားတယ်။ ရွာထဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာလည်းရှိတယ်။ တစ်အိမ်ထဲမှာ မောင်နှမ လေးဦးလို ပြောတယ်။ ဗုံးကြောင့် သေဆုံးသွားတယ်လို မိသားစုတွေဆီက သိရတာပါ။ ဖုန်းလိုင်းတွေက ရလိုက်ပြတ်လိုက်ဆိုတော့ အသေးစိတ်အချက် အလက်က မေးလို့ မရလိုက်ဘူး။” ဟု ပြောသည်။", "ရန်ခိုကျေးရွာအနီးတွင် ရှိသည့် ဖုန်ညို၊ ဒုံးရွာ၊ ကြိုးကြာကွင်း စသည့်ကျေးရွာများကိုလည်း စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းဗုံးကျဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။", "လက်ရှိ စစ်ကောင်စီတပ်နှင့် AA တို့မှာ တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်တွင် တိုက်ပွဲ ဖြစ်ပွားနေပြီး တောင်ကုတ်တက္ကသိုလ်မှ စစ်ကောင်စီတပ်ကို AA က တိုက်ထုတ်ပြီး တက္ကသိုလ်အား ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း၊ တောင်ကုတ်မြို့တွင် ပိတ်မိနေသူ အရပ်သားပြည်သူ ၆ သောင်းထက်မနည်းရှိပြီး နှစ်ဖက်တိုက်ပွဲမှာ တောင်ကုတ်မြိုထဲသို့ ရောက်ရှိလာ၍ ပိတ်မိနေသူများမှာ ကစဉ့်ကလျားထွက်ပြေးနေရကြောင်း၊ တချို့ပြည်သူများမှာမူ မြို့ထဲတွင် ဆက်လက်ပုန်းခိုနေရကြောင်း သိရှိရသည်။", "ဓာတ်ပုံ – စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်၍ သေဆုံးခဲ့ရသော ဂွမြို့နယ် ဂျိုင်ကောက်ကျေးရွာသားများအား တွေ့ရစဉ်။ (Photo – APM)"]
https://yktnews.com/2025/02/202285/
ဂွမြို့တွင် စစ်ကျန် ဗုံး ပေါက်ကွဲ၍ ကလေးအပါအဝင် ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ
["ဂွမြို့တွင် စစ်ကျန် ဗုံး ပေါက်ကွဲ၍ ကလေးအပါအဝင် ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ", "ရန်ကုန်| ဖေဖော်ဝါရီ ၄", "ရခိုင်ပြည် ဂွမြို့နယ် တိုင်ကျိုးကျေးရွာတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက် နေ့လယ်ပိုင်းက စစ်ကျန်လက်နက်ပစ္စည်း ဗုံးသီးပေါက်ကွဲ၍ ကလေးအပါအဝင် အရပ်သား ၃ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၂ ဦးရှိကြောင်း သိရသည်။", "သေဆုံးသူမှာ အသက် ၅ နှစ်အရွယ် ကလေးငယ် ကျား တစ်ဦးနှင့် မ တစ်ဦး၊ လူကြီးပိုင်း တစ်ဦးတို့မှာ သေဆုံးသွားပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ပေးလိုက်ပြီဟု ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားသည်။", "ဒဏ်ရာ ရရှိသူနှစ်ဦးကို ဆေးကုသမှု ခံယူနိုင်ရန် ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ တာဝန်ခံများမှ ပို့ဆောင်ကူညီခဲ့သည်ဟု ဆိုသည်။", "ပြန်ကြားရေးတာဝန်ခံ ကိုနိုင်အောင်လင်းက “ကလေးငယ်တစ်ဦးကတော့ အခင်းဖြစ်စဉ်မှာပဲ ပွဲချင်းပြီး ဆုံးသွားပါတယ်။ ဗိုက်ပွင့်ပြီးတော့။ ၅ နှစ်အောက် ကလေးငယ်တစ်ဦးပါ။ ကျန်တဲ့ ထိခိုက်ဒဏ်ရာရတဲ့ ကလေးနှစ်ယောက်နဲ့ လူကြီးနှစ်ယောက်ကို ကျနော်တို့ လူနာတင်ကားနဲ့ ဆေးရုံကိုပို့ဖို့ ခေါ်လာတဲ့အခါမှာ လမ်းမှာတင် နှစ်ယောက်ဆုံးသွားပါတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ ဆေးရုံမှာ ဆေးကုသမှု လက်ရှိကတော့ ခံယူလို့ရှိပါတယ်” ဟု ပြောသည်။", "“မနေ့က နေ့လယ်လောက်မှာ ကလေးငယ် ၃ ယောက်က ဗုံးသီးကို ဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်သွားတာပါ။ ဘယ်လိုပြောရမလဲ ကလေးငယ်တွေက ဗုံးသီးကို ဆုံထဲ ထည့်ထောင်းတယ် ပြောရမလား အဲဒါကနေ ပေါက်ကွဲမှုဖြစ်ပြီးတော့မှ ကလေးတွေနဲ့ မိဘတွေရော ထိခိုက်သွားကြတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။", "ထိခိုက်သေဆုံး သူများအတွက် အသုံးစရိတ်များကို လတ်တလောတွင် ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့၏ ဘဏ္ဍာငွေများမှ ကျခံသုံးစွဲထားပြီး ထိခိုက်ဒဏ်ရာရသူများ ဆေးကုသမှု့ခံယူရန်နှင့် သေဆုံးသူ၏ ကျန်ရစ်သူမိသားဝင်စုများအား ဆက်လက်ထောက်ပံ့ကူညီပေးသွားမည်ဟု ကိုနိုင်အောင်လင်းက ဆိုသည်။", "ဂွမြို့နယ် စစ်ပွဲကာလအတွင်း စစ်ကျန်လက်နက်ပစ္စည်းကြောင့် ထိခိုက်သေဆုံးသူ ၅ နှစ်အောက် ကလေးသူငယ် ၃ ဦး၊ လူကြီး ၁ ဦး စုစုပေါင်း ၄ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးအထိ ရှိလာပြီဖြစ်သည်ဟု ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားသည်။", "ယခုဖော်‌ပြထားသော ထိခိုက်သေဆုံးသူ ကိန်းဂဏန်းများသည် ဂွမြို့နယ်စစ်ဘေးရှောင်ကူညီပူးပေါင်းအဖွဲ့မှ ကောက်ယူထားသော စစ်တမ်းကိန်းဂဏန်းများဖြစ်ပြီး မြေပြင်နှင့်ကွဲလွဲမှုရှိနိုင်သည်ဟုလည်း ဆိုသည်။", "ဂွမြို့နယ်စစ်ဘေးရှောင် ကူညီရေးပူးပေါင်းအဖွဲ့မှ ဂွမြို့နယ်စစ်ပွဲကာလအတွင်း ထိခိုက်ဒဏ်ရာရရှိသူများ ဆေးကုသမှု ခံယူနိုင်ရန်နှင့် သေဆုံးသူများ၏ မိသားစုဝင်များအား ထောက်ပံ့ကူညီမှုများ ပေးအပ်လျက်ရှိကြောင်းဆိုသည်။", "စစ်ကျန်လက်နက်ပစ္စည်းများ၏ ဆောင်ရန်ရှောင်ရန်နှင့် သိ‌ထိုက်သောအကြောင်းအရာများကို တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အသိပညာ‌ပေးဟောပြောမှုများ‌ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။", "(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်သတင်းဌာနဖြစ်သည်။)"]
https://yktnews.com/2024/12/197455/
ဂွမြို့နယ်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း၊ တပ်ရင်းမှူးများ အပါအဝင် စစ်သား ၇၀၀ ထက်မနည်းသေဆုံးပြီး သံချပ်ကာကားများ၊ လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိ
["ဂွမြို့နယ်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း၊ တပ်ရင်းမှူးများ အပါအဝင် စစ်သား ၇၀၀ ထက်မနည်းသေဆုံးပြီး သံချပ်ကာကားများ၊လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိ", "ရန်ကုန်၊ ဒီဇင်ဘာ ၃၀", "ရခိုင်ပြည်၊ ဂွမြို့နယ်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း၊ တပ်ရင်းမှူးများ အပါအဝင် စစ်သား ၇၀၀ ထက်မနည်းသေဆုံးပြီး သံချပ်ကာကားများ၊ လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိကြောင်း AA က တရားဝင်သတင်းထုတ်ပြန်သည်။", "ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းဖြစ်ကြသော ခမရ ၅၆၂ နှင့် ခမရ ၅၆၃ တပ်ရင်းတို့ကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်တွင် အဆိုပါ ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းစလုံးအား ရှေ့ဆင့် နောက်ဆင့် တစ်ရက်တည်း၌ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။", "ဂွအခြေစိုက်တပ်ရင်းများအပြင် ဂွမြိုသိုစစ်ကူလာသေ တပ်မ ၆၆ လက်အောက်ခံ၊ ခမရ ၄ တပ်ရင်း၊ တပ်မ ၁၁ လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ ၂၁၄ တပ်ရင်း၊ ခမရ ၂၁၅ တပ်ရင်း နှင့် ခမရ ၂၁၇ တပ်ရင်း ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်-နတခ လက်အောက်ခံ ခလရ ၃၆ တပ်ရင်း၊ ခလရ ၃၈ တပ်ရင်း၊ ခလရ ၉၃ တပ်ရင်း၊ ခလရ ၂၇၁ တပ်ရင်းနှင့် ခမရ ၃၀၈ တပ်ရင်းတို့ကို တစ်ခုပြီးတစ်ခု မရပ်မနား ထိုးစစ်ဆင်တိုက်ခိုက်ကြောင်း သိရှိရသည်။", "ဖမ်းဆီးရမိသော စစ်သုံပန်းများကို စစ်ဆေးချက်အရ တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း ဦးဆောင်ပြီး ဗျူဟာမှူး နှစ်ဦးဖြစ်သော ဗိုလ်မှူးကြီး မျိုးညွန့်ဦး နှင့် ဗိုလ်မှူးကြီး ကျော်ဇင်ထိုက် တိုဖြင့် အာရက္ခတပ်တော်၏ ထိုးစစ်ကို ပုံစံအမျိုးမျိုး၊ နည်လမ်းအသွယ်သွယ်၊ သံချပ်ကာပစ်ကူ၊ လေကြောင်း၊ ရေကြောင်းပစ်ကူတိုအပြင် သံချပ်ကာ ၁၀ စီး၊ စစ်ကူ အမြောက်အမြားတိုဖြင့် အသည်းအသန် ခုခံကာကွယ်ခဲ့သော်လည်း နှစ်ပတ်ကြာ ထိုးစစ်အပြီးတွင် ဂွမြို့သည် အာရက္ခတပ်တော်၏ ၂၀၂၄ ခုနှစ်အတွင်း နောက်ဆုံးသိမ်းပိုက်ရရှိခဲ့သော အာရက္ခဒေသ၏ တောင်ဖက်အကျဆုံး မြိုဖြစ်လာခဲ့ကြောင်း သိရှိရသည်။", "စစ်ကောင်စီက ဂွမြို့ကို အင်အား ၁၂၀၀ ကျော်ဖြင့်ခုခံကာကွယ်ခဲ့သော်လည်း နောက်ဆုံးတွင် အာရက္ခတပ်တော်၏ ထိုးစစ်ကို မည်သို့မျှ ယှဉ်မရဘဲ လက်လွှတ်ဆုံးရှုးခဲ့ရခြင်းဖြစ်ကြောင်း၊ ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် တပ်ရင်းမှူးအချိုသေဆုံးခဲ့ပြီး အခြားအဆင့်အမြောက်အမြားသေဆုံးခဲ့ကြောင်း၊ တိုက်ပွဲကြောင့်ပျက်စီးသွားသော သံချပ်ကာအချို၊ စစ်အသုံးအဆောင်လက်နက်ခဲယမ်းများနှင့် ရန်သူသုံပန်းအများအပြားကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။", "ဂွမြို ထိုးစစ်အစမှ အဆုံးအထိ တိုက်ပွဲအတွင်း ခန့်မှန်း ရန်သူ (၇၀၀) ထက်မနည်း သေဆုံးနိုင်ကြောင်း မြေပြင်အလောင်းများ၊ ဖမ်းဆီးရမိသုံပန်းများ၏ ထွက်ဆိုချက်၊ သိမ်းဆည်းရမိ စာရွက်စာတမ်းများအရ သိရှိရကြောင်း AA ့ သတင်းထုတ်ပြန်သည်။"]
https://yktnews.com/2024/12/195644/
ဂွမြို့နယ်မှ ထွက်ပြေးလာသော စစ်ဘေးရှောင် ရခိုင်ပြည်သူများကို ချောင်းသာနှင့်ရွှေသောင်ယံကမ်းခြေမှ စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက နှင်ထုတ်နေ
["ဂွမြို့နယ်မှ ထွက်ပြေးလာသော စစ်ဘေးရှောင် ရခိုင်ပြည်သူများကို ချောင်းသာနှင့်ရွှေသောင်ယံကမ်းခြေမှ စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက နှင်ထုတ်နေ", "ရန်ကုန်၊ ဒီဇင်ဘာ ၁၅", "ဂွမြို့နယ်မှ ထွက်ပြေးလာသော စစ်ဘေးရှောင် ရခိုင်ပြည်သူများကို ချောင်းသာနှင့်ရွှေသောင်ယံကမ်းခြေမှ စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက နှင်ထုတ်နေကြောင်း စစ်ဘေးရှောင်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။", "နိုဝင်ဘာလနှောင်းပိုင်းနှင့် ဒီဇင်ဘာလဆန်းပိုင်းအတွင်း ဂွမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် AA တို့အကြား တိုက်ပွဲများ ပြင်းထန်လာကြောင်း၊ စစ်ဘေးရှောင် ရခိုင်ပြည်သူများမှာ ဧရာ၀တီတိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရာတွင် ချောင်းသာကမ်းခြေနှင့် ရွှေသောင်ယံ ကမ်းခြေတို့ဘက်သို့ပါ စစ်ဘေးရှောင်ကြကြောင်း၊ သို့ရာတွင် ချောင်းသာကမ်းခြေနှင့် ရွှေသောင်ယံကမ်းခြေမှ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်ဘေးရှောင် ရခိုင် ပြည်သူများကို ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှစတင်၍ ၇ ရက်အတွင်း ထွက်ခွာကြရန်နှင့် လုံး၀ နေခွင့်မပြုဟု အမိန့်ပေးလာကြောင်း သိရှီရသည်။", "“ချောင်းသာကမ်းခြေနဲ့ ရွှေသောင်ယံကမ်းခြေဘက်ဆီကို စစ်ရှောင်ရောက်ရှိနေကြတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးတွေက ကခေါ်ယူပြီးဒီနေ့ကစလို့ ၇ ရက်အတွင်းထွက်သွားရမယ်။ လုံးဝနေခွင့်မပြုဘူးလို့ ပြောတယ်။ စစ်ရှောင်ပြည်သူတွေမှာအခက်ကြုံနေကြရပါတယ်” ဟု စစ်ဘေးရှောင် ပြည်သူများကို ကူညီနေသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧရာ၀တီတိုင်းဘက်သို့ ထွက်ပြေးလာသော စစ်ဘေးရှောင် ပြည်သူများမှာ ဂွမြို့နယ်၊ရဟိုင်ကွင်းကျေးရွာ၊ ရဟိုင်ကတို့ကျေးရွာ၊ ကျောက်ကြီးကျေးရွာ၊ ရဟိုင်ဖျားကျေးရွာနှင့် ကွမ်းရားရှည်ကျေးရွာများနှင့် ဂွမြို့ပေါ်မှ စစ်ဘေးရှောင်ပြည်သူများဖြစ်ကြောင်း သိရှိရသည်။", "လတ်တလော ရခိုင်ပြည်၊ ဂွမြို့တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိနေပြီး AA တပ်များက မြို့အတွင်းသို့ ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း၊ ထို့ပြင် ဂွမြို့၏ မြို့တွင်းနေရာများကိုလည်း AA က ဆက်တိုက်သိမ်းပိုက်လျက်ရှိကြောင်း သိရှိရသည်။", "“ဂွမှာလဲ မြိုတွင်းနေရာများကို သိမ်းပိုက်ထားပီးကျန်တဲ့နေရာများကို ဆက်လက်ဦးတည်နေပါတယ်” ဟု AA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။"]
https://yktnews.com/2025/02/203762/
ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု အသက် ၃ နှစ်အရွယ် ကလေးနှင့် မိခင်ဖြစ်သူတို့ သေဆုံး
["ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု အသက် ၃ နှစ်အရွယ် ကလေးနှင့် မိခင်ဖြစ်သူတို့ သေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃", "ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို ယနေ့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးကြောင်း ဒေသသတင်းရင်းမြစ် Arakan Princess Media က သတင်းဖော်ပြသည်။", "ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ကျိန္တလီမြို့ကို ဗုံါ်ကျဲချခဲ့ရာ အမှတ် ၁ သဖန်းကွင်းရပ်ကွက်မှ အသက် ၃ နှစ်အရွယ် မောင်ဖြူလေး နှင့် အသက် ၄၀ နှစ်အရွယ် ဒေါ်လှအေး သားအမိ ၂ ဦး တို့ သေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများမှာ ဦးတင်သိန်း (အသက် ၆၃ နှစ်)၊ ဦးမြင့်နိုင် (အသက် ၃၇ နှစ်)၊ ဦးလှတင် (အသက် ၃၅ နှစ်)နှင့် ဒေါ်ညွှန့်ညွှန့်စန်း (အသက် ၄၅ နှစ်)တို့ဖြစ်ကြောင်း သိရှိရသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း ကျိန္တလီမြို့ ကို စစ်တပ်က လေယာသ်ဖြင့် ဗုံးကျဲချဲ့ရာ ပြည်သူ ၁ ဦးဒဏ်ရာရရှိပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/08/179313/
ဂွမြို့နယ်၊ ကျိန္တလီမြို့တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက် ကြီးဖြင့်ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁၁ ဦးသေဆုံး
["ဂွမြို့နယ်၊ ကျိန္တလီမြို့တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက် ကြီးဖြင့်ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁၁ ဦးသေဆုံး", "ရန်ကုန်| ဩဂုတ် ၁၇", "ရခိုင်ပြည် ဂွမြို့နယ်၊ ကျန္တလီမြို့ထဲသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများ တရစပ်ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့်လည်း ဗုံးဆက်တိုက်ကျဲချခြင်းတို့ကြောင့် ယမန်နေ့ အရပ်သား ၁၁ ဦးသေဆုံးပြီး ၁၁ ဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားကြသည်။", "ယမန်နေ့ ဩဂုတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးများနှင့် ဗုံးများမှာ ကျိန္တလီမြို အမှတ် (၂) ရပ်ကွက်က ခရစ်ယာန်ဘာသာရေးကျောင်းသို့ ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်။", "ကျိန္တလီစစ်ရှောင် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ” မနေ့က ကျိန္တလီမြိုကို စစ်ကောင်စီက လက်နက်ကြီးနဲ့ တောက် လျှောက်ပစ်တယ်။ လေယာဉ်နဲ့လည်း ဗုံးလာကြဲတယ်။ အကြိမ်ရေက မနည်းဘူး။ ကျိန္တလီမြို အားလုံးပျက်စီးသွားပြီ။ မနေ့က အရပ်သား ၁၀ ကျော် သေပြီး ၁၀ ကျော် ဒဏ်ရာ ရကြတယ်လို ပြောတယ်။ ” ဟု ပြောသည်။", "သေဆုံးသွားသူများမှာ အသက်မပြည့်သေးသည့် ကလေးနှစ်ဦးပါဝင်ပြီး အသက် ၆၀ ကျော် လူကြီး လေးဦးပါဝင်ကြောင်း၊ မငြိမ်းရတီ (၁၂ နှစ်)၊ မောင်လှမင်းထွန်း (၁၅ နှစ်)၊ ဒေါ်လှဆန်း (၃၀ နှစ်)၊ ဒေါ်ညွန့်တင် (၆၃ နှစ်)၊ ကိုပြည့်ဖြိုးအောင်(၂၉ နှစ်)၊ ဦးကျော်စိန် (၆၃ နှစ်)၊ ဒေါ်ကြူကြူဝင်း (၆၁ နှစ်)၊ ဦးမင်းထွန်း သိန်း(၃၈ နှစ်)၊ မဇင်မျိုးထွန်း (၂၁ နှစ်)၊ ဒေါ်လှလှဝင်း (၆၅ နှစ်) နှင့် ဒေါ်ခင်မိုးဝေ (၃၇ နှစ်) တို့ဖြစ်ကြောင်း APM က ဖော်ပြထားသည်။", "ဒဏ်ရာရသူများမှာ ဒေါ်ခင်လပြည့်၊ ဒေါ်မေမြင့်၊ နံ့သာဖြူ၊ အိရွှစင်၊ ဒေါ်စီစီ၊ ဒေါ်ခင်လှ၊ ဦးတင်အုန်း၊ တင်ဇော်ထွေး၊ သျှင်မွေလ၊ ခင်ဇော်ထွေးနှင့် မောင်ဝင်းတင်တို ဖြစ်ကြသည်။", "ယင်းအပြင် စစ်ကောင်စီ ဗုံးသီးများမှာ ကျိန္တလီမြို ပြည်သူ့ဆေးရုံသိုလည်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဆေးရုံတခုလုံး ပျက်စီးသွားကြောင်း သိရသည်။", "ကျိန္တလီမြိုကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားပြီဖြစ်ကြောင်းနှင့် ကျိန္တလီမြိုထဲ စစ်ကောင်စီသားများမှာ ဂွမြိုအနီး ကုလားပြင် (ရတနာမြိုင်) တံတားထိပ်သို တပ်ဆုတ်ခွာကြောင်း ဒေသခံများက ပြောသည်။", "ကုလားပြင်တံတားထိပ်တွင် စစ်ကောင်စီတပ်သားများက ခံစစ်ပြင်ဆင်ကာ ကျိန္တလီမြိုထဲ လက်နက်ကြီးများ နေ့စဉ် အဆက်မပြတ် ပစ်ခတ်နေသလို လေယာဉ်ဖြင့်လည်း နေ့စဉ် ဗုံးလာကြဲနေကြောင်း စစ်ရေးသတင်းရင်းမြစ် အသက် ၃၅ နှစ်အရွယ် ဂွမြို့ဒေသပြည်သူ တစ်ဦးက ပြောသည်။", "” ကျိန္တလီက တပ်ဆုတ်လာတဲ့ စစ်ကောင်စီ တပ်သားတွေဟာ ကုလားပြင် တံတားထိပ်က တပ်စခန်းနဲ့ ပူးပေါင်းနေတယ်။ အဲဒီတံတားမှာ ခံစစ်သေချာပြင်ဆင်ပြန် AA ထိုးစစ်ကို ခုခံနေကြတယ်။ ကျိန္တလီမြိုထဲကို လက်နက်ကြီးနဲ့ ပစ်နေတာပဲ။ ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "စစ်ကောင်စီတပ်နှင့် AA တို တိုက်ပွဲပြင်းထန်မှုကြောင့် ကျိန္တလီမြိုထဲက ပြည်သူအများစု စစ်ရှောင်နေကြရသလို ဂွမြိုက ဒေသခံပြည်သူများလည်း ဧရာဝတီဘက်သို့ စစ်ရှောင်သွားကြကြောင်း ဒေသခံများထံမှ သိရသည်။", "ဂွမြိုသည် ရခိုင်ပြည်၏ အဆုံးမြိုတစ်မြိုဖြစ်ပြီး သံတွဲမြိုကို ထိန်းချုပ်ပြီးနောက် ဂွမြိုနယ်က စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။", "ဓာတ်ပုံ- စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပျက်စီးနေသော ရခိုင်ဒေသမှ နေအိမ်တစ်လုံး။ (ပုံအဟောင်းဖြစ်ပါသည်။)", "Photo- APM ။"]
https://yktnews.com/2024/10/186770/
ဂွမြို့နှင့် မိုင် ၃၀ ကျော်အကွာတွင်ရှိသည့် စစ်ကောင်စီ၏ ကုလားပြင်တပ်စခန်းကို AA တိုက်ခိုက်သိမ်းပိုက်ဟုဆို
["ဂွမြို့နှင့် မိုင် ၃၀ ကျော်အကွာတွင်ရှိသည့် စစ်ကောင်စီ၏ ကုလားပြင်တပ်စခန်းကို AA တိုက်ခိုက်သိမ်းပိုက်ဟုဆို", "ရန်ကုန်| အောက်တိုဘာ ၇", "အာရက္ခတပ်တော် AA ၏ ထိုးစစ်မှာ ဂွမြို့အနီးကို ရောက်ရှိလာပြီး ဂွမြို့နှင့် မိုင် ၃၀ ကျော်ဝေးသည့် ကုလားပြင်တပ်စခန်းကို AA က သိမ်းပိုက်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။", "သံတွဲမြို့နှင့် ငပလီမြို့ကို သိမ်းပိုက်နောက် AA သည် ဂွမြို့ကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ စက် တင်ဘာလ အစောပိုင်းကဖြစ်ပြီး ယခုရက်ပိုင်းအတွင်း စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း သိရသည်။", "ထိုးစစ်တစ်ပတ်အတွင်းမှာ ဂွမြို့ထဲက မြို့တစ်ဖြစ်သည့် ကျန္တလီမြို့ကို AA က ထိန်းချုပ်နိုင်ခဲ့ပြီး ကျိန္တလီမြို့ထဲရှိ ရဲနှင့် စစ်တပ်ပူးပေါင်းတပ်ဖွဲ့မှာ ဂွမြို့အနီး ကုလားပြင် (ရတနာမြိုင်) ကျေးရွာသို့ တပ်ဆုတ်ခဲ့သည်။", "AA က ကျိန္တလီမြို့မှတစ်ဆင့် တပ်ဆုတ်သွားသည့် ကုလားပြင်ကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းကို ဆက်လိုက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ကုလားပြင်တပ်စခန်းမှ ဂွမြို့ဘက်သို့ ပြန်လည် တပ်ဆုတ်သွားခြင်းဖြစ်သည်။", "စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ” ပြီးခဲ့တဲ့ ၃ ရက်လောက်က တပ်စခန်း ကုန်လားပြင် တပ်စခန်းကို AA က သိမ်းလိုက်ပြီလို့ သိရတယ်။ ထိုတနေ့က ကုလားပြင်တပ်စခန်းရှိရာကို AA က ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တယ် ပြောတယ်။ ရွာထဲမှာ ဒေသခံတွေက ရှိနေတုန်းပဲ။ စစ်ကောင်စီ လုပ်နေကျအတိုင်း လေယာဉ်နဲ့ ဗုံးလာကြဲမှာကို စိုးရိမ်နေကြပါတယ်။ ရွာသားအချို့တော့ ထွက်ပြေးနေရတယ်လို့ ပြောတယ်။ အတိအကျ ဖုန်းလိုင်းမရတော့ သိရဖို့ ခက်တယ်။ ” ဟု ပြောသည်။", "တိုက်ပွဲများပြင်းထန်လာသောကြောင့် ဂွမြို့ပေါ်က ပြည်သူအများစုမှာ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး ကျေးလက်ဒေသရှိ ပြည်သူများမှာလည်း ဘေးကင်းလုံခြုံရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "” ဒုက္ခကတော့ ပြောမနေနဲ့တော့ ဧရာဝတီမှာ သွားရှောင်ရင်လည်း အုပ်ချုပ်ရေးမှူးတွေက ငွေညှစ်တယ်။ ဧည့်စာရင်း လက်မခံ", "တာ၊ ငွေအများကြီးတောင်းတာ။ ဂွမြို့နယ်အတွင်း ဆန်သယ်ယူခွင့်မရတာ။ ဒီမှာက အကုန်လုံးက စိတ်တွေ ကယောင်ချောက်ရှား ဖြစ်နေကြတယ်။ ဂွထဲမှာနေရင်လည်း မလုံခြုံ၊ ဧရာဝတီဘက်သွားရင်လည်း မလုံခြုံ တော်တော်လေး အခက်အခဲဖြစ်နေကြတာ။ ဆန်လည်းမသွင်းရ၊ အခြေခံစားသောက်ကုန်တွေလည်း မသွင်းရ ဘာနဲ့စားပြီး ဘယ်လိုနေထိုင်ရမလဲ တော်တော်‌ လေးကို ဆိုးဆိုးဝါးဝါးပါပဲ။ ” ဟု ဒေသ ပြည်သူတစ်ဦးက ပြောသည်။", "လွန်ခဲ့သည့် သီတင်းတစ်ပတ်ကျော်ကလည်း အာရက္ခတပ်တော် AA က ရခိုင်ပြည်အတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့များကို အပြီးတိုင်သိမ်းပိုက်နိုင်ရန် စစ်ကောင်စီ တပ်စခန်းများ တစ်ခုမကျန် ထိုးစစ် အရှိန်မြှင့်မည်ဟု ထုတ်ပြန်ခဲ့သည်။", "ထိုထုတ်ပြန်ချက် ထုတ်ပြန်ပြီးနောက် ဂွ၊ မောင်တော၊ အမ်းဒေသတွင် စစ်ကောင်စီနှင့် AA တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လျှက်ရှိနေကြသည်။", "အမ်းမြို့နယ် မဲတောင်တပ်စခန်းကို AA က စက်တင်ဘာလ ၂၆ ရက်နေ့ကစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အောက်တိုက်ဘာလ ၅ ရက်နေ့က အမ်းမြို့ထဲရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရှိရာ နပခ တပ်စခန်းများကို လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။", "လက်ရှိတိုက်ပွဲ ပြင်းထန်နေသော ဂွ၊ မောင်တော၊ အမ်းဒေသတွင် အာဏာသိမ်း စစ်ကောင်စီက ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။", "AA သိမ်းပိုက်ထားသော မြို့များမှာ ပလက်ဝအပါအဝင် ၁၁ မြို့ရှိပြီး ရခိုင်ပြည်တွင် သံတွဲ၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ ဘူးသီးတောင်နှင့် ရမ်းဗြဲမြို့တို့ဖြစ်သည်။", "ဓာတ်ပုံ- စစ်ကောင်စီတပ်စခန်း ၁ ခုကို သိမ်းပိုက်ထားသည့် AA တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)", "(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2024/10/189500/
ဂွမြို့အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး တိုင်ကျိုးကျေးရွာမှ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရ
["ဂွမြို့အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး တိုင်ကျိုးကျေးရွာမှ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရ", "ရန်ကုန်၊ အောက်တိုဘာ ၂၅", "ရခိုင်ပြည်နယ်၊ ဂွမြို့နှင့် ၁၅ မိုင်ခန့်အကွာရှိ တိုင်ကျိုးကျေးရွာတွင် တိုက်ပွဲ ပြင်းထန်နေပြီး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရ ကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။", "ယနေ့အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းမှစ၍ ဂွမြို့နှင့် ၁၅ မိုင်ခန့်အကွာ ကုလားပြင် (ရတနာ မြိုင်)ရွာ နှင့် ကမ်းသာယာကမ်းခြေကြားရှိ တိုင်ကျိုး ကျေးရွာတွင် ရခိုင့်တပ်တော် -AA နှင့် အကြမ်း ဖက်စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲ ပြင်းထန်နေပြီး ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။", "” တိုင်ကျိုးဆိုတဲ့ ရွာအနီးမှာ အခု လောလောဆယ် တိုက်ပွဲဖြစ်နေပါတယ်။ ဒီနေ့ မနက်ပိုင်းက စပြီး ဖြစ်နေ ကြတာပါ။ ရွာသားတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရတာပေါ့။ ဘယ်လိုတွေတောင် ဖြစ် နေပြီလဲ အသေးစိတ်မသိရပါဘူး။ အဲဒီနဲ့ ၇ မိုင်အကွာလောက်နေ လှမ်းပြီး သတင်းတွေ ကြားနေရပါ တယ်။ တိုက်ပွဲက အရမ်းပြင်းထန်နေလို့ မိသားစုတွေကို အတင်းရွာက ထွက်ဖို့ လှမ်းခေါ်နေရပါ တယ်။ အသံတွေက အရမ်းကျယ်တာ” ဟု ဒေသစစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "ယင်းတိုက်ပွဲဖြစ်ပွားရာနေရာသို့ တိုင်ကျိုးပင်လယ်ပြင်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ စစ်သင်္ဘော ၂ စီးကလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးနေသည့်အပြင် ဂွမြို့ဘက်မှလည်း အကြမ်းဖက် စစ်သား အင်အား ၃၀၀ ခန့် စစ်ကူ ဆင်းလာကြောင်း သိရသည်။", "“တိုင်ကျိုးမှာ စစ်ကောင်စီတပ်သား ၃၀၀ ကျော်ကျော်လောက်ရှိတယ်ကြားတယ်။ နှစ်ဖက် လက် နက် ကြီးသံတွေကတော့ ဆူညံနေတာပဲ တိုင်ကျိုးရဲ့ ကျိုင်မှာလည်း ရေတပ်က ရှိနေတယ်။ ကမ်း သာယာအနီး ဇီးကုန်းရှိ စစ်ကောင်စီ အမြောက်တပ်ကလည်း လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်ခတ်နေပါတယ်” ဟု ဒေသစစ်ရေး သတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။", "သံတွဲမြို့ကို သိမ်းပိုက်ပြီးနောက် ဂွမြို့နယ်ကို သိမ်းပိုက်ရန် ရခိုင့်တပ်တော် – AA က ထိုးစစ်ဆင်တိုက် ခိုက်နေခြင်းဖြစ်ပြီး ယခုတိုက်ပွဲမှာ ဂွမြို့နှင့်အနီးဆုံးတိုက်ပွဲဖြစ်ကြောင်း၊ ဂွမြို့နယ် ကျိန္တလီမြို့ရှိ စစ် ကောင်စီတပ်ရင်းများနှင့် ကုလားပြင်ကျေးရွာက တပ်စခန်းများမှာ ဂွမြို့ဘက်သို့ တဖြေးဖြေးဆုတ် ခွာသွား၍ ကြွေချိုင်၊ တိုင်ကျိုး၊ ဇီးကုန်း၊ ကမ်းသာယာ စသည့် ဒေသများရှိ စစ်ကောင်စီတပ်များကို ရခိုင်တပ်တော်- AA ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်အနေဖြင့်လည်း ဂွမြို့မကျဆုံးစေရေးအတွက် လက်နက်၊ လူ၊ ရေတပ် အင်အားကို ဧရာဝတီတိုင်းဘက်မှတဆင့် တိုးမြှင့်ဖြည့်တင်းထားကြောင်း၊ အမ်းနှင့် မောင်တောမြို့တို့လည်း တိုက်ပွဲများပြင်းထန်နေပြီး အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် (နပခ) ကို AA က အရှိန်မြှင့် တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်အနေဖြင့် အမ်းလေဆိပ်ကို အသုံးပြု၍ မရတော့သည်အထိ ဆုံးရှုံးထားကြောင်း သိရသည်။", "Western News-WN သတင်းဌာနသည် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မိတ်ဖက်သတင်းဌာနဖြစ်သည်။"]
https://yktnews.com/2023/06/106877/
ဂွေးစိကို ခြင်ကိုက်ခံနေရသည့် အချိန်တွင် အားသုံးလျှင် ပိုဆိုးနိုင်၍ စည်းစည်းလုံးလုံး ဖြတ်ကျော်ရန် AA စစ်ဦးစီးချုပ် တိုက်တွန်း
["ဂွေးစိကို ခြင်ကိုက်ခံနေရသည့် အချိန်တွင် အားသုံးလျှင် ပိုဆိုးနိုင်၍ စည်းစည်းလုံးလုံး ဖြတ်ကျော်ရန် AA စစ်ဦးစီးချုပ် တိုက်တွန်း", "ရန်ကုန်| ဇွန် ၉", "ဂွေးစီကို ခြင်ကိုက်ခံနေရသည့် အခြေအနေတွင် အင်အားသုံးလျှင် ပိုဆိုးမည်ဖြစ်ပြီး သည်းခံစိတ်ရှည်ပြီး နည်းပရိယာယ် ကြွယ်ဝစွာနှင့် ခွန်အားများကို စုစည်းကာ စည်းစည်းလုံးလုံးဖြင့် ဖြတ်ကျော်ကြမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုလိုက်သည်။", "ရက္ခိုင့်တပ်တော် AA၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သည့် တွစ်တာစာမျက်နှာတွင် ယနေ့ ဇွန် ၉ ရက်နေ့ နေ့လယ်ပိုင်းက ယင်းကဲ့သို့ ရေးသားလာခြင်းဖြစ်သည်။", "“ဂွေးစိကို ခြင်ကိုက်ခံနေရတဲ့အခြေအနေမျိုးမှာ အားသုံးရင် ပိုဆိုးမယ်။ သည်းခံစိတ်ရှည်ပြီးတော့ နည်းပရိယာယ် ကြွယ်ဝစွာနဲ့ ခွန်အားတွေကို စုစည်းပြီးတော့ စည်းစည်းလုံးလုံးဖြတ်ကျော်ကြမယ်” ဟု ၎င်း၏ တွယ်တာ စာမျက်နှာတွင် ရေးသားထားသည်။", "ဇွန် ၈ ရက်နေ့က နိုင်ငံတကာကူညီကယ်ဆယ်ရေး အဖွဲ့များနှင့် ပြည်တွင်း၊ ပြည်ပ ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများအားလုံးကို သွားလာခွင့်များနှင့် ကူညီခွင့်များကို စစ်ကောင်စီက ရပ်ဆိုင်းလိုက်ပြီးနောက် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယင်းကဲ့သို့ ရေးသားလာခြင်း ဖြစ်နိုင်ဟု ရခိုင့်နိုင်ငံရေးသမားများက သုံးသပ်ပြောဆိုကြသည်။", "ယင်းအသုံးအနှုန်းသည် လူထုအနေဖြင့် မှတ်မိလွယ်အောင် ဘန်းစကားများအရ သုံးနှုန်း ရေးသားခြင်းဖြစ်နိုင်ကြောင်း ဝါရင့် ရခိုင်လူမျိုး စာရေးဆရာတစ်ဦးက သုံးသပ်ပြောဆိုသည်။", "“သူဆိုလိုတဲ့အဓိပ္ပာယ်ကတော့ လက်ရှိအချိန်မှာ ရခိုင်ပြည်သူတွေဟာ ဒုက္ခနဲ့ ကြုံတွေ့ရင်ဆိုင်နေရတဲ့အချိန်မှာ အဲ့ဒီပြဿာနာကို အင်းအားနဲ့ မသုံးဘူးပေါ့။ သုံးမယ်၊ စစ်ရေးအရ ဖြေရှင်းလိုက်ရင် ပိုးဆိုမယ်။ အင်အားကိုချွေတာပြီးတော့ စိတ်ရှည်ရှည်နဲ့ စည်းစည်းလုံးလုံး ငါတို့ ဖြတ်ကျော်ကြမယ်ဆိုတာကို ပြောတာဖြစ်တယ်။ အခြားနည်းလမ်းတွေရှာပြီးတော့ သွားကြမယ်လို့ သူက ဆိုလိုတာပါ”ဟုပြောဆိုသည်။", "နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့များဖြစ်ကြသည့် ICRC, WFP, UNDP, အစရှိသည့် အဖွဲ့အစည်းများအပါအဝင် ပြည်တွင်း လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများကို ဇွန် ၇ ရက်နေ့မှစ၍ ရပ်ဆိုင်းထားရန် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၏ လက်မှတ်ဖြင့် အဖွဲ့အစည်းများအား အကြောင်းကြားထားသည်။", "ပြီးခဲ့သည့် ၂၀၂၂ နိုင်ဝင်ဘာ ၂၆ ရက်နေ့ မှစ၍ ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့ နှစ်ဖက် နားလည်မှုဖြင့် ယာယီ အပစ်ခတ်ရပ်စဲထားပြီး လက်ရှိအချိန်အထိ ဆိုပါက ၆ လနီးပါးရှိနေပြီးလည်းဖြစ်သည်။", "လက်ရှိအချိန်အထိ ရခိုင်ပြည်အတွင်း မြို့နယ်အချို့တွင် စစ်ဘေးရှောင် ဦးရေ ၇ သောင်းကျော်အထိ ရှိနေသေးပြီး မိုခါ မုန်တိုင်းကြောင့် စစ်ဘေးရှောင်စခန်းများ အားလုံးနီးပါးပျက်စီးခဲ့ရသလို စားနပ်ရိက္ခာများလည်း အရေးပေါ် အကူအညီများလိုအပ်နေသည်။", "ထို့ပြင်ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်း လူတစ်သန်းနှစ်သိန်းကျော်မှာ ထိခိုက်နစ်နာဆုံးရှုံးခဲ့ရပြီး လူနေအိမ် ၂၁၆၀၀၀ ကျော် ပျက်စီးမှုရှိကြောင်း မေလ နောက်ဆုံးအပတ်က ရက္ခိုင့်တပ်တော် ULA/AA က ထုတ်ပြန်ထားသည်။", "လက်ရှိတွင် မုန်တိုင်းသင့် ရခိုင်ပြည်သူ ၈ သိန်းကျော်သည်လည်း စားနပ်ရိက္ခာများ၊ အထောက်အပံ့များ အရေးပေါ်လိုအပ်လျက်ရှိနေပြီး တစ်ချို့ မြို့နယ်များမှာ ထောက်ပံ့မှုများ မရရှိကြသေးပေ။", "အလားတူ ကျောက်တော်၊ ကျောက်ဖြူ၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ မြောက်ဦးနှင့် ရသေ့တောင်မြို့နယ်များနှင့် ဘူးသီးတောင်၊ မောင်တောမြို့နယ်များသို့ WFP အနေဖြင့် စားနပ်ရိက္ခာအထောက်အပံ့များ ဆက်လက် ပံ့ပိုးနိုင်ရေး ဆောင်ရွက်နေချိန်တွင် စစ်ကောင်စီက ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။"]
https://yktnews.com/2025/04/210221/
ငပုတောတွင် စက်လှေ ၁ စီးကို ဖမ်းဆီး နှိပ်စက်နေသည့် စစ်ကောင်စီ တပ်သားများကို ပြည်သူများက ပြန်လည် ခုခံ တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးပြီး ပစ္စတို သေနတ် ၁ လက် ယူဆောင်ကာ ထွက်ပြေးလွတ်မြောက်
["ငပုတောတွင် စက်လှေ ၁ စီးကို ဖမ်းဆီး နှိပ်စက်နေသည့် စစ်ကောင်စီ တပ်သားများကို ပြည်သူများက ပြန်လည် ခုခံ တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးပြီး ပစ္စတို သေနတ် ၁ လက် ယူဆောင်ကာထွက်ပြေးလွတ်မြောက်", "ရန်ကုန် ၊ ဧပြီ ၄", "ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းနယ်မြေ၊ ဂေါ်ရင်ဂျီကျွန်းတွင် စက်လှေ ၁ စီးကို ဖမ်းဆီး နှိပ်စက်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပြည်သူများက ပြန်လည် ခုခံ တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးပြီး ပစ္စတို သေနတ် ၁ လက် ယူဆောင်ကာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဧပြီလ ၃ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ငပုတောမြို့နယ်၊ ငရုတ်ကောင်းနယ် ၊ နတ်မှော်ကျေး ရွာအုပ်စု ပင်လယ်ပြင်အနီး၌ ရခိုင်တိုင်းရင်းသား စက်လှေ ၁ စီးရောက်ရှိနေကြောင်း သတင်းအရ ငရုပ်ကောင်းမြို့ ၊ အုန်းကျွန်းကြီး အမြောက်တပ်မှ ဗိုလ်မှူး သန့်ဇင်လင်း ၊ ငရုပ်ကောင်းနယ်မြေ ရဲ စခန်းမှ ရဲတပ်သား မိုးထက်ဝဠာကျော် နှင့် နတ်မှော်အုပ်စု စာရေးတို့ ၃ ဦးသည် သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။", "ထိုသို့ ဖမ်းဆီးပြီးနောက် ဖမ်းဆီးရရှိသည့် စက်လှေကို ရှေ့မှမောင်းခိုင်းပြီး ဒေသခံ စက်လှေကို နောက် မှ ကြိုးဖြင့်ဆွဲကာ ငရုတ်ကောင်းနယ်မြေရဲစခန်းသို့ ခေါ်ဆောင်လာစဉ် လမ်းတလျှောက် စစ်ကောင်စီ တပ်သားများက ရိုက်နှက်နှိပ် စက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။", "ထိုသို့ ရိုက်နှက် နှိပ်စက်ခြင်းကြောင့် ဂေါ်ရန်ဂျီကျွန်းအနီးရှိ နံသပုကျေးရွာအနီးအရောက်တွင် ရိုက်နှက်ခံရသော ပြည်သူများက ပြန်လည် ခုခံတိုက်ခိုက်ခဲ့ရာ ရဲတပ်သား မိုးထက်ဝဠာကျော် သေဆုံးပြီး ဗိုလ်မှူးနှင့် စာရေးတို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ဗိုလ်မှူး ကိုင်ဆောင်သော ပစ္စတိုသေနတ် ၁ လက်ကိုလည်း ပြည်သူများက ယူဆောင်သွားပြီး ထွက်ပြေး လွတ်မြောက်သွား ကြောင်း သိရသည်။", "“ရခိုင်ဘက်ကလာတဲ့ စက်လှေကို ဖမ်းလာတာ ပျက်နေတဲ့ ဒေသခံစက်လှေကို နောက်ကနေကြိုးနဲ့ ဆွဲလာတယ်။ သူတို့နှိပ်စက်နေတာ မခံနိုင်တော့ သံတုတ်နဲ့ပြန်ရိုက်ပြီး ထွက်ပြေးသွားတာ စခဗိုလ်ရဲ့ ပစ္စတိုသေနတ်ပါ ယူသွားတယ်လို့ သိရတယ်။ နောက်ကပါလာတဲ့ စက်လှေကိုတော့ ကြိုးကို ဓားနဲ့ ဖြတ် ထားခဲ့တယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "ရဲတပ်သား မိုးထက်ဝဠာကျော်သည် ယနေ့ ဧပြီလ ၄ ရက် နံနက် ၆ နာရီခန့်တွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး ရပ်ကျေးစာရေးသည်လည်း ဓားထိုးခံရသော ဒဏ်ရာဖြင့် ဆေးကုသနေရကြောင်း၊ ဗိုလ်မှူး သန့်ဇင်လင်းသည်လည်း ပုသိမ်ဆေးရုံသို့ ပို့ဆောင် ကုသနေရပြီး သတိပြန်လည်လာ၍ မင်္ဂလာဒုံ စစ်ဆေးရုံသို့ လွှဲပြောင်းလိုက်ကြောင်း သိရသည်။", "“သေသွားတဲ့ ရဲတပ်သား မိုးထက်ကို ငရုတ်ကောင်း ကမ်းခြေဒေသကလူတွေအားလုံးက ရွံ့ရှာနေ တာကြာပြီ။ ပြည်သူကို တအားရိုက်လို့၊ ရပ်ကျေးစာရေးကတော့ ဓားထိုးခံရတယ်၊ မသေဘူးဗျ။ ဗိုလ်မှူးကတော့ သတိပြန်လည်လာလို့ ပုသိမ်ကနေ မင်္ဂလာဒုံစစ်ဆေးရုံကို လွှဲလိုက်တယ်၊ သူလည်း ပြည်သူတွေအပေါ် တော်တော်ဆိုးပါတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရှင်းပြသည်။", "ဓာတ်ပုံ – ငပုတောမြို့နယ်တွင် ပြည်သူများ ပြန်လည် ခုခံ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သော ရဲတပ်သား မိုးထက်ဝဠာကျော်"]
https://yktnews.com/2023/02/86385/
ငပုတောတွင် စစ်သား အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တပ်ကြပ်ကြီး ၁ ဦးသေဆုံး၊ မုံရွာတွင် ပျူစောထီးများ၏ ရိက္ခာတင် ဒိုင်နာကားကို မိုင်းဆွဲတိုက်ခိုက်
["ငပုတောတွင် စစ်သား အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တပ်ကြပ်ကြီး ၁ ဦးသေဆုံး၊ မုံရွာတွင် ပျူစောထီးများ၏ ရိက္ခာတင် ဒိုင်နာကားကို မိုင်းဆွဲတိုက်ခိုက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၉", "ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်တွင် စစ်သား အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီး တပ်ကြပ်ကြီး ၁ ဦးသေဆုံးကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၈ နာရီခန့်တွင် ငပုတောမြို့နယ်၊ သက္ကယ်သောင်ကျေးရွာတွင် ထိပ်စွန်းဒေသ အခြေစိုက် ခြေလျင် တပ်ရင်း ခလရ ၂၇၁ မှ စစ် သား ၂ ဦး ကင်းစောင့်ရန် ကိစ္စနှင့် ပတ်သက်ပြီး အချင်းချင်း စကားများ ရန်ဖြစ်ကာ တပ်သား လင်းထွဋ် ဆိုသူက တပ်ကြပ်ကြီး ၁ ဦးကို သေနတ်ဖြင့် ၄ ချက် ပစ်ခတ်ခဲ့ပြီး ပွဲချင်းသေဆုံးသွားကြောင်း သိရသည်။", "ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် တပ်သား လင်းထွဋ်သည် ထွက်ပြေးသွားပြီး လက်ရှိချိန်ထိ လွတ်မြောက်လျက်ရှိပြီး အကြမ်းဖက် စစ်တပ်မှ စစ်သားများ သက္ကယ်သောင်ကျေးရွာ အနီးတစ်ဝိုက်နှင့် ထိပ်စွန်းဒေသ တစ်ဝိုက်ကို ပိတ်ဆို့ ရှာဖွေလျက်ရှိကြောင်း သိရှိရသည်။", "” စစ်သားအချင်းချင်း ပစ်သတ်တာ တပ်ကြပ်တစ်ဦး သေသွားတယ်။ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ သက္ကယ်သောင်ကျေးရွာမှာဖြစ်တာ ထွက်ပြေးသွားတဲ့ တပ်သားကို ခုထိ ရှာနေကြတုန်းပါ။ ခြေလျင်တပ်ရင်း ၂၇၁ က စစ်သားတွေပါ။ ထိပ်စွန်းဒေသ အခြေစိုက်တပ်ပါ။ အနီးနားက ရွာတွေပါ ဖြန့်ထားပြီး လိုက်ရှာနေကျတယ်။ ပစ်တဲ့တပ်သား နာမည်က လင်းထွဋ်တဲ့ ကင်းမစောင့်လို့ စကားများ ရန်ဖြစ်ပြီး သေနတ်နဲ့ ၄ ချက်ပစ်သွားတယ်လို့ သိရတယ်” ဟု တပ်တွင်း သတင်းရင်းမြစ် တစ်ဦးကပြောဆိုသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပု(ပျူစောထီး)ရွာမှ ထွက်လာသောအကြမ်းဖက်စစ်တပ် ရိက္ခာတင် ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားပျက်စီးပြီး စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးဒဏ်ရာရ ရှိမှုရှိနိုင်ကြောင်း Special Force- 11 (PDF)ထံမှ သိရသည်။", "ယမန်နေ့ဖေဖော်ဝါရီလ ၉ ရက် နေ့လည် ၁၁ နာရီ ခွဲခန့်က တောပု(ပျူစောထီး)ရွာမှ ရိက္ခာတင်ပြီး မုံရွာ မြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်သား၊ ပျူစောထီး များ လိုက်ပါသည့် ဒိုင်နာကားကို မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရိက္ခာ တင်ကား ပျက်စီးပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများလည်း ထိခိုက်သေဆုံးမှုရှိနိုင် ကြောင်း သိရ သည်။", "အဆိုပါတိုက်ခိုက်မှုကို Special Force-11 (PDF)၊ Monywa Dynamite-Special Task Force ၊ Brave Heart Army – (BHA) ၊ Monywa ဗန္ဓုလနှင့်အဖွဲသားများ – (LDF) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ပြီး မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင်လည်း အကြမ်းဖက်စစ်သား၊ ပျူစောထီးများမှ လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်သားများ။ Photo- EPA"]
https://yktnews.com/2025/04/210651/
ငပုတောမြို့နယ် တောင်ပိုင်း အုပ်ချုပ်ရေးမှူး မိုးကျော်က သင်္ကြန် ပျော်ပွဲရွှင်ပွဲအတွက်ဟု ခေါင်းစဉ်တပ်၍ တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀ ကောက်ခံနေ
["ငပုတောမြို့နယ် တောင်ပိုင်း အုပ်ချုပ်ရေးမှူး မိုးကျော်က သင်္ကြန် ပျော်ပွဲရွှင်ပွဲအတွက်ဟု ခေါင်းစဉ်တပ်၍ တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀ ကောက်ခံနေ", "ရန်ကုန်၊ ဧပြီ ၈", "ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် တောင်ပိုင်း အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မိုးကျော်က သင်္ကြန် ပျော်ပွဲရွှင်ပွဲအတွက်ဟု ခေါင်းစဉ်တပ်၍ တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀ ကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "စစ်ကိုင်းငလျင်ကြောင့် သင်္ကြန် ပျော်ပွဲရွှင်ပွဲများ မပြုလုပ်ရန် အထက်မှ ညွှန်ကြားထားသော်လည်း ပုတောမြို့နယ် တောင်ပိုင်း အုပ်ချုပ်ရေးမှူး မိုးကျော်က ဦးဆောင်ပြီး နေအိမ်တိုင်းထံမှ ငွေကြေး လိုက်လံကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။", "ထိုသို့ တောင်းခံရာတွင်လည်း နေအိမ်တိုင်းကို မထည့်မပေးရ ပုံစံဖြင့် လိုက်လံ တောင်းခံနေခြင်းဖြစ်ပြီး မပေးသည့် နေအိမ်များကိုလည်း ခြိမ်းခြောက်ပြောဆိုခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။", "“သင်္ကြန်မလုပ်ရတာ သူ့ကိုအထက်က ပြောထားတယ်လို့သိရပါတယ်။ ဒါပေမဲ့ သူက ပြည်သူကိုမပြောဘဲ သင်္ကြန်လုပ်ရပါတယ်ဆိုပြီးကောက်ယူခဲ့တာပါ။ မထည့်မနေရပုံစံနဲ့ကို လိုက်ကောက်နေတာ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ငပုတောမြို့နယ် တောင်ပိုင်းတွင် အိမ်ခြေ ၁၀၀၀ ကျော်‌‌ခန့်ရှိပြီး နေအိမ်တိုင်းကို ငွေကျပ် ၂၀၀‌၀ နှုန်း လိုက်လံ ကောက်ခံနေခြင်း ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/05/164461/
ငပုတောမြို့နယ်တွင် စစ်တပ်က တပ်သားသစ် စုဆောင်းရန် ဖိအားပေး ခိုင်းစေမှုကြောင့် ကြာကွင်းရွာ အုပ်ချုပ်ရေးမှူး မန်းမျိုးထွန်းနိုင် ကြိုးဆွဲချ သတ်သေ
["ငပုတောမြို့နယ်တွင် စစ်တပ်က တပ်သားသစ် စုဆောင်းရန် ဖိအားပေး ခိုင်းစေမှုကြောင့် ကြာကွင်းရွာ အုပ်ချုပ်ရေးမှူး မန်းမျိုးထွန်းနိုင် ကြိုးဆွဲချ သတ်သေ", "ရန်ကုန်၊ မေ ၂၅", "ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တပ်သားသစ် စုဆောင်းရန် ဖိအားပေး ခိုင်းစေမှုကြောင့် ကြာကွင်းရွာ အုပ်ချုပ်ရေးမှူး မန်းမျိုးထွန်းနိုင် ကြိုးဆွဲချ သတ်သေသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့မေလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ငပုတောမြို့နယ်၊ ကြာကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး မန်းမျိုးထွန်းနိုင်သည် အကြမ်းဖက် စစ်တပ်က တပ်သားသစ် စုဆောင်းရန် ဖိအားပေး ခိုင်းစေမှုကြောင့် ကြိုးဆွဲချ သတ်သေသွားကြောင်း သိရသည်။", "“ကြာကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး မန်းမျိုးနိုင်ထွန်း ဒီနေ့ နံနက် ၁၀ နာရီမှ ကြိုးဆွဲချ သေဆုံးသွားတယ်။ စစ်တပ်ရဲ့ ဖိအားပေး ခိုင်းစေမှုတွေကြောင့် ကြောင်တောင်တောင်ဖြစ်နေရာကနေ အဆုံးစီရင်တဲ့ အထိ ဖြစ်သွားတာ ဆေးစစ်ချက် အတည်ပြုချက်လည်း ထွက်လာပြီလို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ကြားကွင်းကျေးရွာရှိ ၎င်းနေအိမ်၌ ရောက်ရှိနေပြီး ပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။"]
https://yktnews.com/2024/10/189631/
ငပုတောမြို့နယ်တွင် ရဲများ လိုက်ပါလာသော စက်လှေ တိမ်းမှောက်ပြီး ရဲ ၂ ဦးသေဆုံး၊ စက်လှေမောင်းသူကို ဖမ်းဆီးထား
["ငပုတောမြို့နယ်တွင် ရဲများ လိုက်ပါလာသော စက်လှေ တိမ်းမှောက်ပြီး ရဲ ၂ ဦးသေဆုံး၊ စက်လှေမောင်းသူကို ဖမ်းဆီးထား", "ရန်ကုန်၊ အောက်တိုဘာ ၂၆", "ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်တွင် ရဲများ လိုက်ပါလာသော စက်လှေ တိမ်းမှောက်ပြီး ရဲ ၂ ဦးသေဆုံးကာ စက်လှေမောင်းသူကို ဖမ်းဆီးထားကြောင်း ပုသိမ်မြို့နယ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၂၃ ရက်နေ့တွင် ငပုတော်မြို့မ ရဲစခန်းမှ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲများ လိုက်ပါလာသော စက်လှေ ၁ စီးသည် ငပုတောမြစ်အတွင်း တိမ်းမှောက်ခဲ့ပြီး ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ ဖြစ်စဉ်၌ ရဲ ၁ ဦးကို ရုပ်အလောင်းကိုသာ ပြန်လည်ရရှိသေးပြီး ကျန်ရဲ ၁ ဦးသည် သေနတ်နှင့် လူပါ ပျောက်ဆုံးနေခြင်းကြောင့် ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှ ငပုတောမြို့မ ရဲစခန်းကို ဝင်ရောက် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း၊ ထို့ပြင် စက်လှေမောင်းသူ ငါးလုပ်ငန်းဦးစီးဌာနမှ ဝင်းကို ဆိုသူကိုလည်း ငပုတော်မြို့မရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရှိရသည်။", "“မြို့မ ရဲစခန်းက ငပုတောမြစ်အတွင်းမှာ စက်လှေ တိမ်းမှောက်ပြီး ရဲခွေး ၂ ကောင် သေဆုံးမှုမှာ ရဲခွေး ၁ ကောင်ရဲ့ အလောင်းကိုပဲ ပြန်ရသေးတယ်။ ကျန် ၁ လောင်က ရှာမတွေ့သေးဘူး။ ပျောက်နေတဲ့ ရဲခွေးက သေနတ်ပါသွားတော့ ထွက်ပြေးတယ်လို့ ယူဆပြီး ပုသိမ်ခရိုင် ရဲခွေးအဖွဲ့က ငပုတောစခန်းကို ဆင်းပြီး စစ်ဆေးနေတယ်လို့ သိရတယ်။ စက်လှေမောင်းတဲ့ ငါးလုပ်ငန်းဦးစီးဌာနက ဝင်းကို ကိုလည်း ငပုတော ရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ သိရတယ်” ဟု ပုသိမ်မြို့နယ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "Photo – ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စက်လှေဖြင့် ထွက်ပြေးနေသော စစ်ကောင်စီ တပ်သားများ (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2025/01/198254/
ငဖဲတွင် ကင်းလှည့်ရန် ထွက်လာသော စစ်သားများနှင့် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်ဆည်းရရှိ၊ အမ်းတိုက်ပွဲများမှ ထွက်ပြေးလာသော စစ်မှုထမ်း တပ်သားသစ် ၄ ဦးကိုလည်း အရှင်မိ
["ငဖဲတွင် ကင်းလှည့်ရန် ထွက်လာသော စစ်သားများနှင့် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်ဆည်းရရှိ၊ အမ်းတိုက်ပွဲများမှ ထွက်ပြေးလာသောစစ်မှုထမ်း တပ်သားသစ် ၄ ဦးကိုလည်း အရှင်မိ", "ရန်ကုန်၊ ဇန်နဝါရီ ၄", "မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မျှော်စင်ရွာ၊ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး ရေဒါစခန်းမှ ဆိုင်ကယ်ဖြင့် လှည့်ကင်း ထွက်လာသော အကြမ်းဖက် စစ်သားများနှင့် စစ်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၇ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း People’s Revolution Alliance မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၃ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ငဖဲမြို့နယ်၊ မျှော်စင်ရွာ၏ အနောက်ဘက် မီတာ ၂၀၀ ခန့်ရှိ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးရေဒါစခန်းမှ ဆိုင်ကယ်ဖြင့် ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်သား ၆ ဦးခန့်ကို PRA-Magway တပ်ဖွဲ့က ခြုံခို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထို တိုက်ခိုက်မှုသည် ၁၀ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦး သေဆုံးကာ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး MA-3 အမျိုးအစား လက်နက်ငယ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။", "“ကျွန်တော်တို့ စစ်ရေး ရည်မှန်းချက်တွေကို အောင်မြင် ပေါက်ရောက်အောင် လုပ်ဆောင်နေတယ်။ တစ်ဆင့်ချင်းဆီ ကျွန်တော်တို့ လုပ်ဆောင်နေတယ်။ အဓိကတော့ ကျွန်တော်တို့ ရည်မှန်းထားတဲ့ စစ်ရေး ရည်မှန်းချက်တွေ မရမခြင်း စစ်ကောင်စီကို ဆက်လက် တိုက်ခိုက်သွားမယ်လို့ ပြောချင်ပါတယ်” ဟု People’s Revolution Alliance မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "ထို့ပြင် ဒီဇင်ဘာ ၁၈ ရက်နေ့ကလည်း အမ်း-ပဒါန်း လမ်းပိုင်းမှ တက်လာသော အင်အား ၁ဝဝ ခန့်ပါ စစ်ကား ၄ စီးနှင့် ကားအသေး ၁ စီးတို့ကို ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာ အထက် မီတာ ၁၀၀၀ ခန့်အကွာတွင် မိုင်း ၉ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း စစ်ကား ၁ စီး ပျက်စီးခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှာ ၄ ဦး သေဆုံးကာ ၁၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။", "အလားတူ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ရှေ့တန်းစစ်မြေပြင်မှ ထွက်ပြေးလာသော စစ်မှုထမ်း တပ်သားသစ် ၄ ဦးကို ဒီဇင်ဘာလ ၂၆ ရက်နှင့် ၂၉ ရက်နေ့တို့တွင် အရှင် ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။", "“အမ်းစစ်ဆင်ရေးကနေ ထွက်ပြေးလာတဲ့သူတွေ ကျွန်တော်တို့ လှုပ်ရှားတဲ့ နယ်မြေထဲရောက်လာတဲ့အခါမှာ ဖမ်းမိတယ်ပေါ့။ ၄ ဦးလုံးကတော့ စစ်မှုထမ်းဥပဒေနဲ့ သင်တန်းဆင်းလာတဲ့ သူတွေချည်းပဲ။ လက်ရှိမှာတော့ စစ်သုံ့ပန်း ဥပဒေနဲ့အညီ ကောင်းကောင်းမွန်မွန်စွာ ထိန်းသိမ်းထားပါတယ် “ဟု People’s Revolution Alliance မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။", "လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) သည် တစ်ဖွဲ့ချင်းဖြင့် သော်လည်းကောင်း၊ မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ သော်လည်းကောင်း ချမှတ်ထားပြီးဖြစ်သော စစ်ရေးဆိုင်ရာရည်မှန်းချက်များကို တစ်ဆင့်ချင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း People’s Revolution Alliance မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/12/197304/
ငဖဲတွင် အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဦးတည်လာသည့် စစ်တပ် စစ်ကြောင်း ၂ ခုကို တိုက်ခိုက်မှု စစ်သား ၁၇ ဦးအရှင်မိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
["ငဖဲတွင် အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဦးတည်လာသည့် စစ်တပ် စစ်ကြောင်း ၂ ခုကို တိုက်ခိုက်မှု စစ်သား ၁၇ ဦးအရှင်မိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၈", "မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဦးတည် ချီတက်နေသည့် စစ်တပ် စစ်ကြောင်း ၂ ခုကို ၃ ရက်ဆက် ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၇ ဦးအရှင်မိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကာ တပ်ပျက်၍ ထွက်ပြေးနေသော စစ်သားများကိုလည်း လိုက်လံဖမ်းဆီးနေကြောင်း Chin Defence Force – Asho တပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၅ ရက်မှ ၂၇ ရက်နေ့ထိ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အကြမ်းဖက် စစ်သား အင်အား ၉၀ ခန့်ပါဝင်သော စစ်ကြောင်း ၂ ကြောင်းကို အမ်း-ပဒါန်း လမ်းမအနီး၊ ပျဉ်းဝ စစ်ဆေးရေးဂိတ် အနောက်ဘက်မီတာ ၁၅၀၀ ကျော်ခန့်တွင် ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho ) က ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း စစ်ကောင်စီ တပ်သားတချို့ အသာတကြည် လက်နက်အပ် အလင်းဝင်သူများရှိခဲ့ပြီး တချို့မှာ တပ်ပျက်၍ ခြေဦးတည်ရာ ထွက်ပြေးသွားကြောင်း၊ အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံ တိုက်ခိုက်ရာ ၃ ရက်တာအတွင်း ၁၇ ဦး ထပ်မံ လက်ရ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် အလင်းဝင်ရောက်ခဲ့သော စစ်ကောင်စီ တပ်သားများနှင့် ဖမ်းဆီးရမိသော စစ်ကောင်စီ တပ်သားများထံမှ လက်နက်ခဲယမ်းအများအပြားနှင့် စစ်အသုံးအဆောင်များစွာလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "“ထွက်ပြေး လွတ်မြောက်နေတဲ့ စစ်ကောင်စီ တပ်သား အရေအတွက်က ၂၀ ကျော်လို့ပဲ ခန့်မှန်းလို့ ရပါတယ်။ လက်ရှိထိ နယ်မြေရှင်းလင်းရေး ဝင်နေရဆဲမို့ သတင်းရရှိမှု လွဲမှားမှုတွေ မဖြစ်ရအောင် ပြည်သူတွေပါ ပူးပေါင်းပေးဖို့ လက်ရှိ အလင်းဝင်လာသူတွေရော ဖမ်းဆီး ရမိသူတွေရောရဲ့ စကားသံများအရ စစ်ကောင်စီဘက်မှာ ရပ်တည်ချင်သူ စစ်တိုက်ချင်သူမရှိ စိတ်ဓာတ်ပိုင်းဆိုင်ရာ အတော်လေး အားနည်းနေတယ်ဆိုတာကိုပဲ ပြည်သူတွေကို ပြောချင်တယ်” ဟု Chin Defence Force – Asho တပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောဆိုသည်။", "လက်ရှိချိန်တွင် ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) သည် တပ်ပျက်၍ ထွက်ပြေးလွတ်မြောက်လျှက်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နယ်မြေရှင်းလင်းရှာဖွေ လျှက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2025/02/205297/
ငဖဲနှင့်ကသာမြို့နယ်တို့တွင် ဘုန်းကြီးကျောင်းနှင့် ဟဲနားကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရ
["ငဖဲနှင့်ကသာမြို့နယ်တို့တွင် ဘုန်းကြီးကျောင်းနှင့် ဟဲနားကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅", "မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ လင်းတဲရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ငဖဲမြို့နယ်၊ လင်းတဲရွာ ဘုန်းကြီးကျောင်း ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၂ ဦးသေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို ထိခိုက် ဒဏ်ရာရရှိသူများထဲတွင် ဒဏ်ရာပြင်းထန်သူများလည်း ပါဝင်ပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း၊ ပြည်သူပိုင် နေအိမ် ၃ လုံးလည်း မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။", "“လင်းတဲကျေးရွာကို စစ်ခွေးတွေ လေယာဥ်နဲ့ဗုံးကျဲ တိုက်ခိုက်တာ အသက်ကြီးပိုင်း အမျိုးသမီး ၁ ဦးနဲ့ လူလတ်ပိုင်း အမျိုးသား ၁ ဦးသေဆုံးတယ်။ ၁၃ ဦး ထိခိုက် ဒဏ်ရာရတယ်။ နေအိမ် ၂ လုံးလည်း မီးလောင် ပျက်စီးသွားတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ ဒဏ်ရာပြင်းထန်တဲ့ သူတွေပါတယ်။ ဘုန်းကြီးကျောင်းကိုကျဲသွားတာ လူစုတွေ့ရာကျဲတာ အကုန်လုံး ပြည်သူတွေပါ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ဟဲနားကျေးရွာ အုပ်စုကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၆ လုံးပျက်စီးခဲ့ကြောင်း ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်နှင့် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကသာမြို့နယ်၊ ဟဲနားကျေးရွာ အုပ်စုအတွင်းကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး လိုင်းကြိုးမျာ လူနေအိမ် ၆ အိမ်လုံး အနည်းငယ် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "“ပြည်သူ ၃ ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာ အနည်းငယ်ရရှိတယ်။ လိုင်းကြိုးတွေပြုတ်ကျပြီး တိုင် ၁ တိုင်လည်း ကျိုးကျမှုဖြစ်တယ်။ လူနေအိမ် ၆ အိမ် အနည်းငယ် ထိခိုက်ပျက်စီးတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ပြည်သူတွေကို ပစ်ခတ်ထားပြီး တိုက်ခိုက်တာက အကြမ်းဖက် စစ်တပ် အနေနဲ့ အကြောက်တရားပေးတဲ့ပုံစံရယ် အကြမ်းဖက်ချင်တာရယ်ကြောင့်ပဲဖြစ်တယ်” ဟု ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/03/152533/
ငဖဲမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား
["ငဖဲမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား", "ရန်ကုန်၊ မတ် ၂၄", "မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် အကြမ်းဖက် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃၀ ဦးခန့်သေဆုံးခဲ့ကြောင်း People’s Revolution Alliance အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၂၄ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် အင်အား ၇၀ ခန့် ပါဝင်သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ငဖဲမြို့နယ်၊ မထုံးကျေးရွာနှင့် ဂုတ်စီးရိုးကျေးရွာ လမ်းပိုင်းကို ရောက်ရှိလာစဉ် PRA-Magway ၏ မောလုံ စစ်ကြောင်းက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲ ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ဝ ဦးခန့် သေဆုံးခဲ့သည်ကို မျက်မြင် တွေ့ရှိခဲ့ရပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်း၊ အကြမ်းဖက် စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး ပစ်အား မယှဉ်သာသည့်အတွက် PRA-Magway တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။", "ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်မှုထမ်း မတရား ဥပဒေအရ တောင်ပေါ် ဒေသရှိ ကျေးရွာများကို တပ်သားသစ် စုဆောင်းရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။", "“အဲစစ်ကြောင်းက စစ်မှုထမ်း ဥပဒေအတွက် အတင်းအဓမ္မ တပ်သားသစ်စုဆောင်းနေတဲ့ စစ်ကြောင်းပေါ့။ သူလာခဲ့တာက လင်းတဲရွာ၊ စွန်းတဲရွာ နောက်တစ်ခု မှိန်းစိန်းရွာပေါ့။ မထုံးကျေးရွာတွေကို သူတို့ကို ဝင်ရောက်ခဲ့တယ်ပေါ့။ ဒီထဲက တချို့ရွာတွေကတော့ ရွာလုံးကျွတ် တိမ်းရှောင်နေတာတွေရှိတယ်။ အဲရွာတွေကနေ အပြန်မှာ ကျွန်တော်တို့ မိုင်းဆွဲပြီးတော့ တိုက်ခိုက်ခဲ့တာပါ။ လက်ရှိချိန်မှာတော့ ဒီစစ်ကြောင်းက ပြန်ပြီးတော့ ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။ စစ်ခွေး စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီးတော့ ကားတွေ တက်လာတာတော့ ရှိတယ်။ စစ်ခွေး အလောင်းတွေ ပြန်သယ်ဖို့လား ဒဏ်ရာရတဲ့ သူတွေကို သယ်ဖို့လား ဆိုတာ သတင်းအတိအကျတော့ မရနိုင်သေးဘူး။ ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ သူတို့ဘက်ကသာ မိုင်းဆွဲ တိုက်ခိုက်ခံရတဲ့အချိန်မှာ အတော်များများ ပွဲချင်းပြီးသွားတယ်ပေါ့။ ဒီတိုက်ခိုက်မှုက ပြည်သူ လူထုကို နည်းမျိုးစုံနဲ့ အကြမ်းဖက် နေတဲ့ နှိပ်စက် ညှင်းပမ်းနေတဲ့ ရန်သူ့ စစ်ကောင်စီကို နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်သွားမယ်လို့ ကျွန်တော်တို့တွေ ဆုံးဖြတ် ချထားတယ်။ နောက်နောင်လည်း စစ်အာဏာရှင် တစ်ခုလုံးရှိနေသ၍ ကျွန်တော်တို့ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားမယ်။ တိုက်ပွဲဝင်သွားတဲ့ နေရာမှာ တစ်ယောက်ချင်းသော်လည်းကောင်း မဟာမိတ်တွေနဲ့ ပူးပေါင်း၍သော်လည်းကောင်း ကျွန်တော်တို့ ရည်မှန်းချက်တွေ အောင်မြင်ပေါက်ရောက်သည်အထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောချင်ပါတယ်” People’s Revolution Alliance အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "PRA-Magway သည် တခြားစစ်မျက်နှာများတွင်လည်း မဟာမိတ်များနှင့် ပူးပေါင်း တိုက်ပွဲဝင်လျက် ရှိနေပြီး တော်လှန်ရေးရည်မှန်းချက်များ အောင်မြင်သည်အထိ နည်းလမ်းမျိုးစုံဖြင့် ဆက်လက်တိုက်ပွဲဝင် သွားမည် ဖြစ်ကြောင်း People’s Revolution Alliance (PRA-Magway) မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2025/04/212038/
ငဖဲမြို့နယ်တွင် ဇန်နဝါရီလမှ ဧပြီလအတွင်း တိုက်ပွဲ ၂၃ ကြိမ် ဖြစ်ပွားပြီး ဗိုလ်မှူးသီဟအောင် အပါအဝင် စစ်သား ၆၃ ဦး သေဆုံးကာ ဗိုလ်ကြီးအောင်ငြိမ်းချမ်း၊ ဗိုလ်ကြီးတင်ကိုထက် အပါအဝင် စစ်သုံ့ပန်း ၁၈ ဦး အရှင်မိ
["ငဖဲမြို့နယ်တွင် ဇန်နဝါရီလမှ ဧပြီလအတွင်း တိုက်ပွဲ ၂၃ ကြိမ် ဖြစ်ပွားပြီး ဗိုလ်မှူးသီဟအောင် အပါအဝင် စစ်သား ၆၃ ဦး သေဆုံးကာ ဗိုလ်ကြီးအောင်ငြိမ်းချမ်း၊ ဗိုလ်ကြီးတင်ကိုထက်အပါအဝင် စစ်သုံ့ပန်း ၁၈ ဦး အရှင်မိ", "ရန်ကုန်၊ ဧပြီ ၂၁", "မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် ဇန်နဝါရီလမှ ဧပြီလအတွင်း တိုက်ပွဲ ၂၃ ကြိမ် ဖြစ်ပွားပြီး ဗိုလ်မှူးသီဟအောင် အပါအဝင် စစ်သား ၆၃ ဦး သေဆုံးကာ ဗိုလ်ကြီးအောင်ငြိမ်းချမ်း၊ ဗိုလ်ကြီးတင်ကိုထက် အပါအဝင် စစ်သုံ့ပန်း ၁၈ ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် ငဖဲမြို့နယ်၊ နတ်ရေကန်အနီးရှိ စင်ကိုနာခြံကို ကင်းပုန်းဝပ်ရန် လာသော အင်အား ၂၀ ခန့်ပါ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) မှ တော်လှန်ရေး ရဲဘော်များက ခြုံခို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၄ ဦး ထိခိုက် ဒဏ်ရာရရှိကာ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။", "ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် ငဖဲမြို့နယ်၊ နတ်ရေကန် ဗျူဟာကုန်းမှ ဆင်းလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၆၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဖြတ်တောက် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။", "မတ်လ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ငဖဲမြို့နယ်၊ ပဇီကျေးရွာမှ လိုင်ကျေးရွာကို တက်လာသော အင်အား ၄၀ ခန့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လိုင်ကျေးရွာလမ်းခွဲ အနီး၌ တော်လှန်ရေး တပ်ဖွဲ့များက ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးကာ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်း စစ်ကြောင်းတွင် အကြမ်းဖက် စစ်တပ်၏ တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းများ ပါဝင်ကြောင်း သိရသည်။", "မတ်လ ၃၀ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် လူထုတော်လှန်ရေးမဟာ မိတ်အင်အားစု (PRA-Magway) နှင့် မင်းဘူးခရိုင်အမှတ် ၂ တပ်ရင်းမှ တော်လှန်ရေး ရဲဘော်များ ပူးပေါင်း၍ ပုသိမ်-မုံရွာ လမ်းပိုင်းရှိ ပဒါန်းမြို့ဝင်ဂိတ်ကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးပြီး ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ပဒါန်းမြို့ဝင်ဂိတ်သည် အကြမ်းဖက် စစ်တပ်၊ ရဲ နှင့် စရဖ တို့ ပူးပါင်းထားခြင်းဖြစ်ပြီး အင်အား ၂၀ ကျော်ဖြင့် အထိုင်ချထားကာ အရပ်သားပြည်သူနှင့် ဈေးရောင်းဈေးဝယ်သူများကို အတင်းအဓမ္မ ငွေကြေး တောင်းရမ်းခြင်း၊ ဖိနှိပ်ရမ်းကားခြင်းများ ပြုလုပ်လေ့ရှိသည့် ဂိတ်ဖြစ်ကြောင်း သိရသည်။", "လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) သည် ဇန်နဝါရီလမှ ဧပြီလ အတွင်း တိုက်ပွဲကြီး ငယ်ပေါင်း ၂၃ ကြိမ် ဖော်ဆောင်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း များစွာကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မှူး သီဟအောင် အပါအဝင် စုစုပေါင်း ၆၃ ဦးသေဆုံးကာ ဗိုလ်ကြီးအောင်ငြိမ်းချမ်း၊ ဗိုလ်ကြီး တင်ကိုထက်တို့အပါအဝင် စုစုပေါင်း ၁၈ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) သည် မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အမ်း-ပဒါန်း စစ်ဆင်ရေးတွင် ပါဝင်ဆောင်ရွက် နေပြီး စစ်နယ်ဝန်းချဲ့ထွင်လှုပ်ရှားနိုင်ရန်လည်း တပြိုင်နက် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရှိရသည်။", "“ဒီထုတ်ပြန်ချက်ကတော့ ငလျင်ကြောင့် တချို့ လှုပ်ရှားမှုတွေ ကမ်ပိန်းတွေပေါ့။ ရပ်တန့်ထားရတဲ့ အခြေအနေရယ် အခုချိန်ရောက်မှ ပြန်ပြီး ထုတ်ပြန်ရတဲ့ အခြေအနေပေါ့။ ကျနော်တို့ ရှေ့ဆက်ပြီးတော့ စစ်အာဏာရှင် ကျဆုံးရေး အတွက်ကို ဆက်ပြီးတော့ ချီတက်နေတာကို ပြောချင်ပါတယ်” ဟု လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/12/196486/
ငဖဲမြို့နယ်တွင် အမ်းမြို့နယ်ဘက်သို့ စစ်ကူသွားရောက်မည့် စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၄ ဦး သေဆုံး
["ငဖဲမြို့နယ်တွင် အမ်းမြို့နယ်ဘက်သို့ စစ်ကူသွားရောက်မည့် စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၄ ဦး သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၂", "မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် အမ်းမြို့နယ်ဘက်သို့ စစ်ကူသွားရောက်မည့် စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၄ ဦး သေဆုံးကြောင်း အရှိုချင်းကာကွယ်ရေးတပ်(ACDF)မှ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်း ၈ နာရီ ၄၈မိနစ်အချိန် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စပ်စီကျေးရွာအနီး ဝက်စကျင်းလမ်းဆုံတွင် အမ်းမြို့သို့ စစ်ကူသွားရန် ရှေ့ပြေးကင်းထောက်လာသော စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရှေ့ပြေးကင်းထောက်အင်အားမှာ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦးပါဝင်ကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန်တွင်စစ်ကောင်စီ၏ ရန်အောင်မြေဘုရားကုန်း တပ်စခန်းမှ လက်နက်ကြီး ၆၀ မမ ပစ်ကူပေးပြီး စပ်စီဘုန်းကြီးကျောင်းတွင် တပ်စွဲနေ‌သော စစ်တပ်နှင့် က.ပ.စ ၁၀ မှလည်း စစ်ကူစစ်ကား ၄ စီး ထွက်လာကြောင်း၊ နှစ်ဖက်ညှပ်၍ စစ်ကူလာသဖြင့် နယ်မြေရှင်းလင်းရေး လက်နက်နှင့် အလောင်းများ သိမ်းဆည်းမှုများ မလုပ်နိုင်တော့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၄ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိကြော်း၊ အရှိုချင်းကာကွယ် ရေးတပ်(ACDF)မှ ရဲဘော် ၁ ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ယာဉ်တန်းတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/05/165323/
ငဖဲမြို့နယ်ရှိ ကပစ ၁၄ ဂိတ်ကင်းစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ
["ငဖဲမြို့နယ်ရှိ ကပစ ၁၄ ဂိတ်ကင်းစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ မေ ၃၁", "မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ ကပစ ၁၄ ဂိတ်ကင်းစခန်းကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Chin Defence Force – Asho တပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။", "မေလ၃၀ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ငဖဲမြို့နယ် ကပစ-၁၄ ဂိတ်ကင်းစခန်းကို လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို Chin Defence Force – Asho တပ်ဖွဲ့မှ ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "” ပစ်ခတ် တိုက်ခိုက်မှု အပိုင်းမှာတော့ ကျွန်တော်တို့က နေရာကို ကြိုတင်ယူထားတယ်။ သူတို့ ကင်းနေရာကို လာတဲ့ အချိန်မှာ ကျွန်တော်တို့ လက်နက်ချဖို့ပြောတယ်။ ပြောပေမယ့်လည်း မချတဲ့ အပြင် မောင်းတင်ဖို့ လုပ်တဲ့ အတွက်ကြောင့်မို့လို့ အနီးကပ်ပဲ သေနတ်ကိုင်ထားတဲ့ ၁ ဦးကိုတော့ ပစ်ခတ်လိုက်တာဖြစ်ပါတယ်။ သေနတ်မကိုင်ဘဲ နောက်ကနေပါလာတဲ့ စာရွက်စာတန်းကိုင်တဲ့ သူကတော့ မလှမ်းမကမ်းမှာရှိတဲ့ အတွက် ထွက်ပြေးဖို့ လုပ်တဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ပစ်ခတ်မှု လုပ်ခဲ့ပါတယ်။ ပစ်ခတ်မှု လုပ်တဲ့အချိန်မှာတော့ ထိခိုက်ဒဏ်ရာတော့ ရရှိတယ်။ ဒါပေမယ့် သေဆုံးမှုကိုတော့ အတည်မပြုနိုင်ပါဘူး။ သေနတ်ကိုင်ထားတဲ့ ၁ ဦးကတော့ ပွဲချင်းပြီး သေဆုံးတဲ့ အတွက်ကြောင့်မို့လို့ သူ့ဆီက သေနတ်ကို ယူဆောင်လာနိုင်တာဖြစ်ပါတယ်။ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရတယ်လို့တော့ အတည်ပြုလို့ရပါတယ်” ဟု Chin Defence Force – Asho တပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြန်လည် ပစ်ခတ်ခြင်းမရှိကြောင်း၊ ယင်းဂိတ်စခန်းနှင့် ၁၇၀ မီတာ အကွာတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် တပ်စခန်းရှိကြောင်း၊ လက်ရှိချိန်တွင် ယင်းဂိတ်စခန်း၌ စစ်ကောင်စီ တပ်သားများ ပြန်လည် တပ်စွဲထားကြောင်း၊ အရပ်ဝတ်ဖြင့် စခန်းအတွင်းမှ ထွက်လာသော လက်နက်ကိုင်ဆောင်ထားခြင်း မရှိသည့် စစ်ကောင်စီ တပ်သား ၄ ဦးကို ပစ်ခတ် တိုက်ခိုက်မှု မပြုလုပ်ခဲ့ကြောင်း Chin Defence Force – Asho တပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ဆက်လက် ပြောဆိုသည်။", "ယင်းကင်းစခန်းကို တိုက်ခိုက်ရခြင်းသည် ငဖဲမြို့နယ်ရှိ တောင်ပေါ်အုပ်စု ကျေးရွာများကို ဈေးဝယ်ယူခွင့် ကန့်သတ်ခြင်း၊ ဂိတ်ကင်းဖြတ်သန်းမှုများတွင် အကြောင်းမဲ့ ငွေကြေးကောက်ခံခြင်းနှင့် အကျင့်ပျက် ရိုင်းပြမှုများ ပြုလုပ်နေသည့်အတွက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/06/169573/
ငဖဲမြို့နယ်၊ ကျောင်းကုန်းရွာဟောင်းရှိ ကပစ ၁၄ ဂိတ် ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂၀ ဦး သေဆုံး
["ငဖဲမြို့နယ်၊ ကျောင်းကုန်းရွာဟောင်းရှိ ကပစ ၁၄ ဂိတ် ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂၀ ဦး သေဆုံး", "ရန်ကုန်၊ ဇွန် ၂၂", "မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မန်းချောင်းဆည်အနီး ကျောင်းကုန်းရွာဟောင်းရှိ အကြမ်းဖက် စစ်တပ်၏ ကပစ ၁၄ ဂိတ်ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂၀ ဦးသေဆုံးခဲ့‌ကြောင်း CDF – Asho မှ တာဝန်ရှိသူ ဆလိုင်း ရိုးချင်းက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "ယမန်နေ့ ဇွန်လ ၂၁ ရက် နံနက် ၅ နာရီ ၃၀ မိနစ် အချိန်ခန့်က ငဖဲမြို့နယ်၊ မန်းချောင်းဆည်အနီး ကျောင်းကုန်းရွာဟောင်းရှိ အကြမ်းဖက်စစ်တပ် ကပစ ၁၄ ဂိတ်ကင်းစခန်းကို အပြီးသတ်သိမ်းပိုက် ရန်ရည်ရွယ်ချက်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၂၀ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိများလည်းရှိကြောင်း သိရသည်။", "“စစ်ခွေး ၂၀ နဲ့ ၃၀ ကြားရှိတယ်ဆိုပြီး စုံစမ်းသိရှိရတာ။ တကယ်သွားတိုက်တော့ ၃၀ ကျော်လောက်ရှိ တယ်။ စတုန်းကတော့ နာရီလောက်ပဲ မှန်းထားတာ။ ဒါပေမယ့် တိုက်ရတဲ့နာရီတွေက ကြာလာတာ၊ ကြာလာတဲ့အချိန်မှာ ၂ နာရီ နီးပါးလည်းဖြစ်လာတဲ့အကျတော့ စခန်းမသိမ်းနိုင်ပဲ ပြန်ဆုတ်လာခဲ့ရ တာ။ စစ်ဆင်ရေးရည်မှန်းချက်အနေနဲ့ သွားတုန်းကတော့ စခန်းသိမ်းဖို့သွားတာ။ လက်နက်ရရှိမှု တော့မရှိဘူး၊ သူတို့ဗဟိုကင်းဂိတ်တွေထဲက စကားပြောစက်လောက်လေးပဲ ရခဲ့တာပါ” CDF – Asho မှ တာဝန်ရှိသူ ဆလိုင်း ရိုးချင်းက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "အထိနာသော အကြမ်းဖက်စစ်သားများဘက်က လေကြောင်းထောက်လှမ်းခြင်း၊ လက်နက်ကြီး ပစ် ကူများ ဆက်တိုက်ပစ်ခတ်လာခြင်းတို့ကြောင့် အပြီးသတ် အကြမ်းဖက်စစ်တပ် စခန်းသိမ်းပိုက်နိုင် ခြင်းမရှိပဲ ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Chin Defence Force – Asho နှင့် ဧရာဝတီ ပြည်သူ့ကာကွယ်ရေး တပ်မ တော် စစ်ကြောင်း – APDF တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“ပြည်သူတွေပူးပေါင်းပါဝင်တယ်ဆိုရင် ဒီထက်ပိုပြီးတော့ စစ်သတင်းထောက်လှမ်းရမှုအပိုင်း အဆင် ပြေမယ်၊ ပြီးတော့ တော်လှန်ရေးကာလလည်းကြာမြင့်လာပြီဖြစ်လို့ ပြည်သူတွေအနေနဲ့ စကစ ဘက် မှာနေတဲ့သူတွေဖြစ်ပါစေ၊ အကြောက်တရားတစ်ခုကြောင့် နေရသည်ဖြစ်စေ အတတ် နိုင်ဆုံး ကင်း ကွာအောင်နေပေးဖို့၊ စိတ်နဲ့တော့ ကျနော်တို့ဘက်ကို ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်း ချင်ပါတယ်” ဟု CDF – Asho မှ တာဝန်ရှိသူ ဆလိုင်း ရိုးချင်းက ပြောဆိုသည်။"]
https://yktnews.com/2024/11/191377/
ငဖဲမြို့နယ်၊ ဂုတ်ကြီးရွာရှိ စစ်တပ် ကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်သားများက ဘုံးဘောရွာကို မီးရှို့ဖျက်ဆီး
["ငဖဲမြို့နယ်၊ ဂုတ်ကြီးရွာရှိ စစ်တပ် ကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်သားများက ဘုံးဘောရွာကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ နိုဝင်ဘာ ၉", "မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးရွာရှိ အကြမ်းဖက် စစ်တပ် ကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်သားများက ဘုံးဘောရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၅ ရက်နေ့တွင် ဂုတ်ကြီးကျေးရွာထိပ် အမ်း-ပဒါန်းလမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ကင်းစခန်း ၂ ခုကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဂုတ်ကြီးရွာဘက်မှ လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဘုံးဘောရွာကို အင်အား ၃၀ ခန့်ဖြင့် ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် ဂုတ်ကြီးရွာဘက်ကို ပြန်လည် ဆုတ်ခွာသွားပြီး ပြည်သူများ ဖမ်းဆီးခံရမှုမရှိကြောင်း သိရသည်။", "“ဘုံးဘောကျေးရွာကို မနေ့က အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်။ စစ်ကြောင်းက အင်အား ၃၀ လောက်ပါတယ်။ ဂုတ်ကြီးကျေးရွာအနီးက ဘုံးဘောလမ်းခွဲ ခွေးကင်းစခန်း ၀င်စီးတိုက်ခိုက်ခံရလို့ ရွာတွေကို ဝင်သောင်းကျန်းတာလို့ထင်တယ်။ အဲစစ်ခွေး စစ်ကြောင့်က အခု ဂုတ်ကြီးကျေးရွာအနီးအနားမှာ ရှိနေသေးတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2025/02/205557/
ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာသော စစ်သား ၂၃ ဦး ကို လက်နက်ခဲယမ်းများနှင့် အတူ အရှင် ဖမ်းမိ
["ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာသော စစ်သား ၂၃ ဦး ကို လက်နက်ခဲယမ်းများနှင့် အတူ အရှင် ဖမ်းမိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆", "မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာသော အကြမ်းဖက် စစ်ကောင်စီတပ်သား ၂၃ ဦးကို လက်နက်ခဲယမ်းများနှင့် အတူ အရှင် ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ် ရေးတပ် – အရှို တပ်ဖွဲ့ (CDF – Asho) မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ ဆလိုင်းရိုချင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ငဖဲမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ် ကာကင်း စခန်းများကို အာရက္ခတပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ ယင်းစခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သားများကို နတ်ရေကန် ဆက်သွယ်ရေး တာဝါတိုင်၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့် အကွာရှိ တောတွင်းတစ်နေရာ၌ CDF – Asho တပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပိတ်ဆို့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မှ ၂၆ ရက်နေ့ အထိ ၃ ရက်တာအတွင်း စခန်းစွန့်ခွာထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ၂၃ ဦးကို အရှင် ဖမ်းဆီးနိုင် ခဲ့ကြောင်း၊ အရှင်ဖမ်းမိသည့် စစ်ကောင်စီ တပ်သား ၂၃ ဦးနှင့် အတူ MA 1 အမျိုးအစားသေနတ် ၁၃ လက်၊ MA 2 အမျိုးအစား သေနတ် ၁ လက်၊ MA- 3 အမျိုးအစား သေနတ် ၃ လက်၊ MA-11 အမျိုးအစားသေနတ် ၂ လက် ၊ MA – 5 အမျိုးအစားသေနတ် ၁ လက် စုစုပေါင်း လက်နက်ငယ် ၂၀ လက်၊ လက်ပစ်မိုင်း ၁၈ လုံး၊ EY သီး ၁၂ လုံး၊ ကျည်အတောင့် ၄၀၀၀ ကျော်နှင့် အခြား စစ်အသုံးအဆောင်ပစ္စည်းများ သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။", "“ဖမ်းဆီးရရှိတဲ့သူတွေကို သေချာ အသေးစိပ်မေးမြန်းရတာတော့ မရှိသေးပါဘူး။ သူတို့ရဲ့စခန်းတွေ အနီးမှာ တိုက်ပွဲတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြေးလာတဲ့ သဘောဆောင်ပါတယ်။ ပြန်လည်ခုခံ တာမျိုးတော့ မရှိပေမယ့် အသာတကြည်အဖမ်းခံတာမျိုး၊ ပူးပေါင်းတာမျိုးတော့ မဟုတ်ပါဘူး။ ကျ နော် တို့က နယ်မြေပိုပြီးတော့ ကျွမ်းကျင်တဲ့အတွက်ကြောင့်မို့လို့ လက်ဦးမှုရယူပြီးတော့ တားဆီး ပိတ်ပင်ဖမ်းဆီးရတာမျိုးဖြစ်ပါတယ်” ဟု ချင်းကာကွယ်ရေးတပ် – အရှို တပ်ဖွဲ့ (CDF – Asho) မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ဆလိုင်းရိုချင်းက ပြောဆိုသည်။", "နတ်ရေကန် ဒေသ အနီးတစ်ဝိုက်အတွင်း တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီ တပ်သားများ အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက် ဆက်သွယ်ပြီး အမြန်ဆုံး အလင်းဝင်ပူးပေါင်းကြရန် ချင်းကာကွယ်ရေးတပ် – အရှိုက ဖိတ်ခေါ်ထားသည်။", "“အခုရက်ပိုင်းတွေမှာ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေ တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တချို့က မတိုက်ချင်ဘူးဆိုပြီးတော့ အသံထွက်နေတဲ့ စစ်ကောင်စီ တပ်သားတွေ လည်းရှိတယ်။ ပြီးတော့ သူတို့လည်း သေမှာကြောက်တယ်လို့ပဲ ပြောရမှာပေါ့။ ရှေ့တန်းကို မဖြစ်သာ လို့သွားနေရတယ်။ လစာရမှာကြောင့်သွားနေရတယ်။ တပ်ရင်းမှာ မိန်းမတွေ ကျန်နေခဲ့လို့ သွားနေရတယ်ဆိုတဲ့ ပုံစံမျိုးစုံ အကြောင်းပြချက်မျိုးနဲ့တော့ရှိကြတယ်။ ဒါပေမယ့် ကိုယ့် အသက်ရှင်ချင်တယ်။ ကောင်းမွန်စွာနဲ့ အလင်းဝင်ကြတယ်ဆိုရင် ပြည်သူကလည်း ကြည်ဖြူမှာဖြစ်လို့ တော်လှန်ရေးအဖွဲ့တွေနဲ့လည်း အနီးကပ်ဆုံးသူတို့က ရှိတယ်။ ကျနော် ခဏခဏပြောနေသလိုပဲ သူတို့လည်း လိုင်းလည်းသုံးတယ်။ Facebook လည်းသုံးတယ်။ ဖုန်းတွေလည်းအသုံးပြုခွင့်ရတဲ့အတွက်ကြောင့် မို့ ဆက်သွယ်ရေး ဒီလောက်တိုးတက်နေတဲ့ခေတ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေကို ယုံကြည်စွာနဲ့ ဆက်သွယ်ပြီးတော့ အလင်းဝင်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ချင်းကာကွယ် ရေးတပ် – အရှို တပ်ဖွဲ့ (CDF – Asho) မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ဆလိုင်းရိုချင်းက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2024/08/181058/
ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်တပ်၊ စစ်ယာဉ်တန်းနှင့် စစ်ကြောင်း တို့ကို တိုက်ခိုက်မှု ကပစ ၁၄ မှ ဗိုလ်ကြီး မျိုးကျော်သူ အပါအဝင် စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးပြီး စစ်ကား ၁ စီး ပျက်စီး
["ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်တပ်၊ စစ်ယာဉ်တန်းနှင့် စစ်ကြောင်း တို့ကို တိုက်ခိုက်မှု ကပစ ၁၄ မှ ဗိုလ်ကြီး မျိုးကျော်သူ အပါအဝင် စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးပြီး စစ်ကား ၁ စီး ပျက်စီး", "ရန်ကုန်၊ ဩဂုတ် ၂၉", "မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပိုင်းတွင် အကြမ်းဖက် စစ်ကြောင်းနှင့် စစ်ယာဉ်တန်းတို့ကို တိုက်ခိုက်ခဲ့ရာ ကပစ ၁၄ မှ ဗိုလ်ကြီးမျိုးကျော်သူ အပါအဝင် ၁၇ ဦးသေဆုံးခဲ့ပြီး စစ်ကား ၁ စီးပျက်စီးခဲ့ကြောင်း PRA Magway မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ ဩဂုတ်လ ၂၉ ရက် နံနက် ၅ နာရီ ၁၅ မိနစ်ခန့်က ပဒါန်းအခြေစိုက် အမြောက်စစ်ဆင်ရေး ကွက်ကဲမှု ဌာနချုပ် – မစခ ၉၀၅ တပ်ရင်းအတွင်းမှ အင်အား ၆၀ ခန့်စီးနင်းလိုက်ပါလာသည့် ဖောကား ၂ စီးကို ပဒါန်း -အမ်းလမ်းပိုင်း စပ်စီရွာအထက် မီတာ ၂၀၀၀ ခန့်အရောက် အသင့်စောင့် ကြိုမိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂၅ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။", "“အမ်း နပခထဲကို အင်အားဖြည့်ဖို့သွားတယ်လို့ ယူဆပါတယ်၊ အရင်ကလည်း ဒီလိုမျိုး ယာဉ်တန်းရှိ တဲ့အခါမှာ လုံခြုံရေး ယူတာတို့၊ အမ်း နပခ နဲ့အင်အား အချိန်းအပြောင်း လုပ်တာတို့ ၊ အမ်း နပခထဲ ကို စစ်ကူပို့တာတို့ သူတို့လုပ်လေ့ရှိတယ်။” ဟု PRA Magway မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။", "ထို့သို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သားများ သေဆုံးဒဏ်ရာရ စစ်သားများကို ဖောကားဖြင့် သယ်ဆောင်ကာ ပဒါန်းဘက်သို့ ပြန်ဆင်းလာစဉ် စပ်စီရွာ၏ အထက်ဘက် မီတာ ၁၀၀၀ ခန့်အကွာအရောက် နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၊ ယင်းတိုက်ခိုက်မှု ၂ ကြိမ်အတွင်း ငဖဲမြို့နယ်အတွင်းရှိ ပြည်သူများကို မတရားစစ်မှုထမ်းခိုင်းရန် ဖမ်း ဆီးရေး တာဝန်ယူထားသူ ကပစ ၁၄ မှ ဗိုလ်ကြီးမျိုးကျော်သူ အပါအဝင် စစ်သား ၁၅ ဦးခန့်သေဆုံး ပြီး ကားတစ်စီးပျက်စီးခဲ့ကြောင်း သိရသည်။", "“ပထမတိုက်ပွဲဖြစ်စဉ်မှာ သေဆုံးဒဏ်ရာရတဲ့သူတွေကို သယ်ဖို့ဆိုပြီး လူနာတင်ယာဉ်တွေနဲ့ လုံခြုံ ရေး ကား တစ်စီး တက်သွားတယ်ပေါ့၊ တက်သွားတဲ့အချိန်မှာ လွှတ်ပေးလိုက်ပြီးတော့ ပြန်ဆင်း လာတဲ့အချိန်မှာ လုံခြုံရေးကားကို တိုက်ခဲ့တာပါ။ လက်ရှိကတော့ စခ ကားတွေက သူတို့ရဲ့မူလ နေရာ မှာ ပဲ ရှိနေသေးတယ်။ အနီးအနားဝန်းကျင်ကို နယ်မြေရှင်းလင်းတာမျိုးလုပ်နေတာရှိတယ်။ နောက်တစ်ခုက ကားတစ်စီးက သုံးစားလို့မရအောင် ပျက်သွားတဲ့အခါကျတော့ အဲဒီဝန်းကျင်မှာပဲ ရှိနေသေးတယ်၊ နောက်ထပ် ကားတက်လာတာမျိုးတော့ မတွေ့ရသေးဘူး” ဟု PRA Magway မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။", "အလားတူ ငဖဲမြို့နယ်၊ အမ်း – ပဒါန်းလမ်းပိုင်း ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆင်ရေးဖော်ဆောင် နေစဉ် စွန်ပျော်ရွာအတွင်းရောက်ရှိလာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တိုက်ခိုက် ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း PRA – Magway မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ဩဂုတ်လ ၉ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ငဖဲမြို့နယ်၊ စွန်ပျော်ရွာအတွင်းသို့ ရောက်ရှိ လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကို PRA – Magway တပ်ဖွဲမှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ဩဂုတ်လ ၁၁ ရက်နံနက် ၈ နာရီ ၄၀ မိနစ်အချိန်တွင် အကြမ်းဖက် စစ်ကောင်စီ၏ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်းကို PRA (Magway) ထုတ် 60 mm Rocket/ MH-60R (၁၀) လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "PRA (Magway) အနေဖြင့် မင်းဘူးခရိုင်အတွင်း အခြေပြုထားကာ နိုင်ငံနှင့်အဝှမ်းစစ်နယ်မြေ ကျယ်ပြန့်လာမှု နှင့် အတူ တပြေးညီ အကောင်အထည်ဖော်နိုင်ရန် တိုက်ပွဲဝင်လျက်ရှိပြီး စစ် အာ ဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း အသိပေးထား သည်။"]
https://yktnews.com/2025/02/205082/
ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်မှ စစ်ယာဉ်တန်းဖြင့် ဆုတ်ခွာလာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ
["ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်မှ စစ်ယာဉ်တန်းဖြင့် ဆုတ်ခွာလာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃", "မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်းများ သယ်ဆောင်ပြီး စစ်ယာဉ်တန်းဖြင့် ဆုတ်ခွာလာသော စစ်တပ်စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိခဲ့ကြောင်း CDF – Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်အချိန် ငဖဲမြို့နယ်ရှိ နတ်ရေကန် လေကြောင်း ရန်ကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်းများ သယ် ဆောင်ကာ ဆုတ်ခွာလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၁၀၀ ခန့်ပါ ယာဉ်တန်းကို ပျဉ်းဝစစ်ဆေးရေးဂိတ် အနောက်ဘက် မီတာ ၃၀၀၀ ခန့် အကွာ နတ်ရေကန်လမ်းဟောင်း၌ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှု အတွင်း စစ်ယာဉ်တန်း ၄ စီးထဲမှ ၁ စီးပျက်စီးကာ ၁ စီး မီး လောင်ကျွမ်းခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦး ပွဲချင်းပြီး သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း များပြားကြောင်း၊ သေဆုံးသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ လက်နက်ငယ် ၄ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ အကြမ်းဖက် စစ်ယာဉ်တန်းကို ရှင်းလင်းရေး ဆောင်ရွက်နေစဉ် တော် လှန်ရေး ရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက် ပေးလှူသွားခဲ့ပြီး ဒဏ်ရာရ ၁ ဦးမှာ မစိုးရိမ်ရကြောင်း သိရသည်။", "“လတ်တလောမှာတော့ တိုက်ခိုက်မှု တိုက်ပွဲတွေက မြေပြန့်နားကို နီးကပ်လာပြီ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ တိုက်ပွဲတွေနဲ့ နီးစပ်တဲ့ နေရာတွေမှာ နေထိုင်ကျတဲ့ ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိဖို့ အကြမ်းဖက် စစ်ကောင်စီ အနေနဲ့ကတော့ တိုက်ခိုက်တဲ့ အခါမှာ ရန်သူအချင်းချင်း စစ်ကိုစစ်လိုမတိုက်ဘဲနဲ့ ရန်သူ ဘက်ကို တိုက်ခိုက်တာမျိုးထက် ကျေးရွာတွေကို ဦးတည်ပြီးတော့မှ လက်နက်ကြီး ပစ်တာတွေ လေယာဉ်နဲ့ ဗုံးကျဲတာတွေ အဲလိုမျိုး ဖြစ်နိုင်တဲ့ အတွက်ကြောင့်မို့လို့ ပြည်သူတွေ ဂရုတစိုက် နေထိုင်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု CDF – Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောဆိုသည်။", "မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် AA နှင့် တော်လှန်ရေးပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ အရေးနိမ့်ထွက်ပြေး ဆုတ်ခွာနေရကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။"]
https://yktnews.com/2024/01/140553/
ငဖဲမြို့နယ်၊ မင်းဘူး- အမ်း လမ်းပိုင်း၌ ငွေကြေးတောင်းခံနေသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ
["ငဖဲမြို့နယ်၊ မင်းဘူး- အမ်း လမ်းပိုင်း၌ ငွေကြေးတောင်းခံနေသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဇန်နဝါရီ ၁၇", "မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မင်းဘူး- အမ်း လမ်းပိုင်း၌ ငွေကြေးတောင်းခံနေသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း CDF – Asho ထံမှ သိရသည်။", "ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၃၀ ခန့်က ငဖဲမြို့နယ်၊ တုံးကြီးကျေးရွာအနီးရှိ ဓာတ်ငွေ့ ပိုက်လိုင်းစောင့်စခန်းမှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မင်းဘူး – အမ်းလမ်းမကြီးပေါ် တက်၍ ခရီးသွားပြည်သူများထံမှ ငွေညစ်တောင်းခံလေ့ရှိသဖြင့် ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး ၎င်းကိုင်ဆောင်သော MA သေနတ်တစ်လက်နှင့်ခဲယမ်းများကို သိမ်း ဆည်းရရှိ ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Chin Defence Force – Asho တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းအကြမ်း ဖက်စစ်ကေင်စီတပ်သားများသည် ကားလမ်းမပေါ်ထွက်၍ ပြည်သူများထံမှ အကြောင်းမဲ့ ငွေကြေးတောင်းခံနေသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/08/180567/
ငဖဲမြို့နယ်၊ လင်းတဲကျေးရွာဘက်သို့ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ
["ငဖဲမြို့နယ်၊ လင်းတဲကျေးရွာဘက်သို့ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဩဂုတ် ၂၆", "မကွေးတိုင်း၊ ငဖဲမြို့နယ်၊ လယ်တဲကျေးရွာဘက်သို့ ထွက်လာသော အကြမ်း ဖက်စစ်တပ် စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း အရှိုချင်း ကာကွယ်ရေးတပ် (ACDF) မှ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ငဖဲမြို့နယ်၊ မင်းဘူး – အမ်း ကားလမ်း မ‌ပေါ်ရှိ တုံးကြီး ကျေးရွာအနီး လက်ဖက်ခြံနှင့် တုံးကြီးကျေးရွာ လမ်းဆုံကြားရှိ လက်ဖက်ခြံစခန်းကုန်းပေါ်တွင် တပ် စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် လင်းတဲကျေးရွာဘက်သို့ အင်အား ၂၀ ခန့်ဖြင့် ကင်းရှည် စစ်ကြောင်း ထွက်လာစဉ် အရှိုချင်းကာကွယ်ရေးတပ် – ACDF နှင့် မဟာမိတ် ပူးပေါင်း တပ်တို့က တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ နာရီဝက်ခန့်အကြာ ဖြစ်ခဲ့ကြောင်း သိရ သည်။", "ယင်းထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၂ ဦး ပွဲချင်းပြီးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိပြီး ဝရုန်းသုန်းကားဖြင့် နောက် ပြန် ဆုတ်ပြေးသွားကြောင်း၊ တိုက်ပွဲ ဖြစ်ပွားရာနေရာအား နယ်မြေရှင်းလင်းစဉ် MA3 အမျိုးအစား သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို အရှိုချင်းကာကွယ်ရေးတပ်- ACDF ၊ New Society Army – NSA နှင့် People Independent Army (PIA) တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ ဝင်များအထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ငဖဲမြို့နယ်၊ အရှို(ချင်း)ကျေးရွာ တောင်ပေါ်ဆယ်အုပ်စုအတွင်း ရှိ ပြည်သူပိုင်ပစ္စည်းများဖြစ်သော ဆိုင်ကယ်များကို အ တင်း အဓမ္မလုယူခြင်း၊ ပြည်သူပိုင်ဥယျာဉ်ခြံ အတွင်းရှိ သီးနှံများ ခိုးယူစားသုံးခြင်း၊ ပြည်သူများကိုခြိမ်းခြောက်ခြင်းတို့ မကြာခဏ ပြုလုပ်သောင်း ကျန်း‌ လျက် ရှိပြီး ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းခြင်းမပြုဘဲ တော်လှန် ရေး တပ်ဖွဲ့များဘက်မှ ရပ်တည်ပေးရန် နှိုးဆော်ထားသည်။"]
https://yktnews.com/2025/04/209725/
ငလျင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အတွက် အထူးစိုးရိမ်ဟု NUG ပြော၊ အိုးဘိုထောင်တွင် ငလျင်ဒဏ်ကြောင့် အဆောက်အအုံပြိုကျပြီး ၄ ဦးသေဆုံး
["ငလျင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အတွက် အထူးစိုးရိမ်ဟု NUG ပြော၊ အိုးဘိုထောင်တွင် ငလျင်ဒဏ်ကြောင့်အဆောက်အအုံပြိုကျပြီး ၄ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၁", "မြန်မာနိုင်ငံအလယ်ပိုင်းတွင် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် စစ်ကောင်စီက မတရားအကျဉ်း ချထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အခြေအနေကို အထူးစိုးရိမ်ဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောဆိုလိုက်သည်။", "ယနေ့ ပြုလုပ်သော ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း ၇/၂၀၂၅ တွင် ၎င်းက အထက် ပါ အတိုင်းပြောဆိုခြင်းဖြစ်သည်။", "“ငလျင်ဒဏ်ကြောင့် မန္တလေး အိုးဘိုထောင်ထဲက အဆောက်အဦအချို့ ပြိုကျပျက်စီးတယ်လို့လည်း သိရပါတယ်။ ဒီလိုအခြေအနေမှာ မတရားထောင်သွင်းအကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးရဲ့ အခြေအနေကို ကျွန်တော်တို့ အထူးစိုးရိမ်ကြောင်းပြောလိုပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အခြေအနေ စိုးရိမ်စရာ မရှိဘူးဆိုတဲ့ သတင်းအစအန အချို့ ရပေမယ့် ဒါဟာလည်း ရာနှုန်းပြည့်သေချာတဲ့ ကိစ္စ မဟုတ်တာကြောင့် ဒီ့ထက်ပိုပြီး သေချာတဲ့ သိရှိရမှု လိုအပ်ပါတယ်” ဟု ဦးနေဘုန်းလတ်က ဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တွင် ချုပ်နှောင်ထားပြီး သမ္မတဦးဝင်းမြင့်ကို တောင်ငူထောင်တွင် အကျဉ်းချထားသည်။", "လတ်တလော နိုင်ငံရေးအကျဉ်းသားများကို စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင် ထားသော မန္တလေးအိုးဘိုထောင်တွင် ငလျင်လှုပ်ခတ်ချိန် အဆောက် အဦး ပြိုကျပြီး အနည်းဆုံး လူ ၄ ဦးသေဆုံးကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၂ ဦး အထိ ရှိနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန် ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ထို့ပြင် ပြိုကျလုဆဲ ထောင်အကျဉ်းအဆောင်များရှိ အခန်းများတွင် အကျဉ်း သားပေါင်း ၁၆၀ ခန့်ကို အတင်းထိုးထည့်ထားကြောင်း ၊အကြမ်းဖက်စစ်ကောင် စီအနေဖြင့် အကျဉ်းထောင်တွင်း သေဆုံးမှုကို စနစ်တကျ အတည်ပြုထုတ်ပြန်ရန် လိုအပ်ကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။", "“စစ်ကောင်စီထုတ်ပြန်ထားတဲ့ လူဦးရေအရေအတွက်တွေအထဲမှာ အကျဉ်း ထောင် တွင်းက သေဆုံးတဲ့ လူတွေ ပါတယ်၊ မပါဘူးဆိုတာ သိဖို့ လိုအပ်ပြီးမှ တကယ်လို့ ပါတယ်ဆိုရင်တောင်မှ စနစ်တကျနဲ့ အတည်ပြုမှု ထုတ်ပြန်မှု လို အပ်တယ်။ ဒီလို မထုတ်ပြန်ခြင်းဟာ အကျဉ်းထောင်တွင်း သေဆုံးမှုတွေကို စစ်ကောင်စီအနေနဲ့ သတင်းဖုံးထားတဲ့ဟာကို လုံးဝ လက်မခံနိုင်ဘူး။ အကျဉ်း ထောင်တွင်း သေဆုံးမှု အရေအတွက် ဘယ်လောက်သေဆုံးထားတယ်ဆိုတာ ရှင်းရှင်းလင်းလင်းထုတ်ပြန်ဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်” ဟု မြန်မာ နိုင် ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော် မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။", "အကျဉ်းထောင်အတွင်းရှိ အဆောက်အအုံနှင့် အုတ်ရိုးများမှာ နဂိုမူလကတည်း က ကြံ့ခိုင်မှုနည်းပါးပြီး အဆောင်များမှာ ပြိုကျလုဆဲဆဲအဆောင်များ ဖြစ် ကြောင်း၊ နှစ်ကာလရှည်ကြာသည့် အဆောင်များ ဖြစ်သည့်အပြင် လူဦးရေ များပြားစွာ ထားသည့်အတွက် အဆောင်များ၏ ခံနိုင်ရည်အားသည် နဂိုမူလကတည်းက အားနည်းနေခြင်းဖြစ်ကြောင်း ၎င်း က ထောက်ပြထားသည်။", "ထို့ပြင် ငလျင်လှုပ်ခတ်ချိန်မှာ အကျဉ်းထောင် တန်းပိတ်ချိန်ဖြစ်ပြီး ငလျင် ၂ ကြိမ်လုံးပြီးသွားသည့် အချိန် အတော်ကြာမှသာ အကျဉ်းသားများကို တံခါးဖွင့်ပေး၍ အပြင်ထွက်ခိုင်းကြောင်း၊ ငလျင်ကြောင့် အကျဉ်းထောင်အဆောင်နံရံများ ၊ မျက်နှာကျက်များ ပြိုကျ၍ ထိခိုက်မိသူများရှိကြောင်း နိုင်ငံရေးအကျဉ်းသ ားမိသားစုဝင်တချို့က ဆိုသည်။", "“ကျနော့် အစ်ကိုက အိုးဘိုထောင်မှာ အကြမ်းဖက်ပုဒ်မနဲ့ ထောင်ကျနေတာပါ။ မတ်လ ၂၈ ညပိုင်းမှာ အဆောင်ထဲပြန်မဝင်ဘဲ အပြင်ထွက်အိပ်ချင်ပါတယ်လို့ မနည်းတောင်းပန်ပြောကြတဲ့ လူအုပ်ကြီးကို ထောင်က ကြောက်ပြီး အပြင်မှာ အိပ်ခွင့်ပေးပါတယ်။ မတ်လ ၂၉ ရက်နေ့မှာ အဆောင်ထဲကို ဇွတ်အတင်းပြန်ဝင်ခိုင်းပါတယ်။ သော့ကိုတော့ ဖွင့်ပေးထားမယ်လို့ပြောပါတယ် မဝင်ချင်ကြောင်း ပြောတဲ့အခါ အပြင်မှာ စစ်တပ်တပ်စွဲထားတယ် ခုလှမ်းခေါ်လိုက်မယ် ဆိုပြီး ခြိမ်းခြောက်ပါတယ်” ဟု နိုင်ငံရေးအကျဉ်းသား၏ မိသားစုဝင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။"]
https://yktnews.com/2025/04/209731/
ငလျင်ကြောင့် သေဆုံးသူ ၂၃၉၅ ဦးအထိ ရှိလာပြီး ပြည်သူ ၈ သန်းခွဲကျော်ထိခိုက်၊ စစ်ကိုင်းမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျော ရောဂါ ဖြစ်ပွားမှုရှိ
["ငလျင်ကြောင့် သေဆုံးသူ ၂၃၉၅ ဦးအထိ ရှိလာပြီး ပြည်သူ ၈ သန်းခွဲကျော်ထိခိုက်၊ စစ်ကိုင်းမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျော ရောဂါ ဖြစ်ပွားမှုရှိ", "ရန်ကုန်၊ ဧပြီ ၁", "မန္တလေးနှင့် စစ်ကိုင်းတို့ကို အခြေပြုကာ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူ ၂၃၉၅ ဦးအထိ ရှိလာပြီး ပြည်သူ ၈ သန်းခွဲကျော်ထိခိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။", "မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် တိုက်ရိုက်ထိခိုက်ခံစားကြရသည့် ပြည်သူ စုစုပေါင်း ၈,၅၆၂,၅၅၅ ဦးရှိပြီး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း၊ စစ်ကိုင်း-မန္တလေး လမ်းပိတ်ခြင်း မြစ်ကူးတံတားနှင့် ချည်းကပ်လမ်းများ ပျက်စီးခြင်းတို့ကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်ကာ ကုန်စည်ရှားပါးခြင်း၊ စက်သုံးဆီနှင့်အခြားကုန်စျေးနှုန်းများ မြင့်တက်နေကြောင်း၊ စစ်တပ်က သင်္ဘောများနှင့်ကုန်ကားများကို စစ်ဆေးခြင်း နှင့် ဖြတ်သန်းခွင့် ပိတ်ပင်ခြင်းတို့ကြောင့် အရန်ရိက္ခာ ပြန်လည် ဖြည့်တင်းနိုင်ခြင်းမရှိသည့်အတွက် စားနပ်ရိက္ခာ ပြတ်တောက်မှုများဖြစ်ပေါ်လာနိုင်ကြောင်း NUG က သတိပေးသည်။", "ထို့ပြင် မန္တလေးနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်အချို့တွင် ငလျင်ကြောင့် မြေများအက်ကွဲကာ မြေအောက်ရေးများ ပန်းထွက်ခြင်း၊ တွင်းရေများမှ ရေမထွက်တော့ခြင်း၊ ရေများ အရောင်ပြောင်းလဲခြင်းတို့ကြောင့် သောက်သုံးရေ အတွက် အခက်အခဲများဖြစ်ပေါ်နေပြီး စစ်ကိုင်းမြို့နယ်တွင် ရေမသန့်ရှင်းခြင်းကြောင့် ဝမ်းပျက်ဝမ်းလျော ရောဂါဖြစ်ပွားမှုရှိကြောင်း သိရှိရသည်။", "လုံခြုံရေးပိုင်းအနေဖြင့်လည်း စစ်ကိုင်းနှင့်ပဲခူးတိုင်းတို့တွင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်မည့်အဖွဲ့အစည်းများသည် စစ်တပ် ထိန်းချုပ်မှုအောက်ရှိ အဖွဲ့အစည်းများထံတွင် ခွင့်ပြုချက် ရယူရခြင်းနှင့် သွားရောက်ခွင့်မပြုခြင်းတို့ကြောင့် ထိခိုက်ခံစားရသည့်ဒေသများမှာ အကူအညီ မရဘဲ ဖြစ်နေကြောင်း၊ ငလျင်ဖြစ်ပြီးနောက် မန္တလေးတိုင်းရှိ မြို့နယ်တချို့ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ တွင် လုံခြုံရေးဆိုင်ရာ အန္တရာယ်များ ကြုံတွေ့နေရကြောင်း သိရှိရသည်။"]
https://yktnews.com/2025/04/210328/
ငလျင်ကြောင့် သေဆုံးသူ ၃၃၅၄ ဦးရှိလာပြီး တော်လှန်ရေးတပ်စိုးမိုးသော ဒေသမှ ငလျင်ဘေးသင့် ပြည်သူများထံသို့ အကူအညီပေးရေးအဖွဲ့များ သွားရောက်ခွင့် စစ်တပ်က ပိတ်ပင်ထား
["ငလျင်ကြောင့် သေဆုံးသူ ၃၃၅၄ ဦးရှိလာပြီး တော်လှန်ရေးတပ်စိုးမိုးသော ဒေသမှ ငလျင်ဘေးသင့် ပြည်သူများထံသို့ အကူအညီပေးရေးအဖွဲ့များ သွားရောက်ခွင့် စစ်တပ်က ပိတ်ပင်ထား", "ရန်ကုန်၊ ဧပြီ ၅", "မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူ ၃၃၅၄ ဦးရှိလာကြောင်း အကြမ်း ဖက် စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။", "ငလျင်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအပါအဝင် ငလျင်လှုပ်ခတ်သော ဒေသများအားလုံးတွင် သေဆုံးသူ စုစုပေါင်း ၃၃၅၄ ဦးရှိလာကြောင်း၊ မန္တလေးတိုင်းတွင် သေဆုံးသူ စုစုပေါင်း သေဆုံးသူ ၂၁၂၂ ဦး၊ နေပြည် တော် ကောင်စီနယ်မြေတွင် သေ ဆုံးသူ စုစုပေါင်း ၆၁၅ ဦး၊ စစ်ကိုင်းတိုင်းတွင် သေဆုံးသူ စုစုပေါင်း ၅၀၇ ဦး၊ ပဲခူးတိုင်းတွင်သေဆုံးသူ ၄၄ ဦး၊ ရှမ်းပြည်နယ်တွင် စုစုပေါင်းသေဆုံးသူ ၆၆ ဦး ရှိကြောင်း သိရှိရသည်။", "ငလျင်ကြောင့် စုစုပေါင်းဒဏ်ရာရရှိသူ ၄၅၀၈ ဦး နှင့် ပျောက်ဆုံးနေသူ ၂၂၀ ဦးရှိကြောင်း သိရှိရသည်။", "စစ်ကောင်စီ၏ တားဆီးမှုများ အပါဝင် လုံခြုံရေးစိုးရိမ်ရမှုများကြောင့် စစ်ကိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရရှိခြင်းမရှိကြောင်း၊ ဒေသ ပရဟိတ နှင့် အလှူရှင်များသည် စစ်ကောင်စီထိန်းချုပ်ထားသော စစ်ကိုင်းမြို့ပေါ်တွင်သာ အကူအညီများ လာရောက် ပေး အပ်နေကြပြီး စစ်ကိုင်းမြို့ ပြင်ပ တော် လှန်ရေးတပ်များ ထိန်းချုပ်ထားသော ဒေသများသို့ သွားရောက် လှူဒါန်းရန် စစ်တပ်၏ တားဆီးမှုများ ခံနေရကြောင်း သိရှိရသည်။", "အလားတူ ပဲခူးတိုင်းအတွင်းရှိ ထန်းတပင်၊ အုတ်တွင်းနှင့် တောင်ငူမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ဒေသများသို့လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနိုင်ရန်မှာ စစ်တပ်၏ တားဆီးမှုများ ခံနေရကြောင်း သိရှိရသည်။", "“ဒီတောင်ငူမြို့ပေါ်က အကျော်ဆိုရင် ကျနော်တို့ကို အသွားမခံဘူး။ ရိက္ခာ၊ ဆန်၊ ဆီ၊ ဆားပါရင် သွားခွင့်မပေးဘူး။ မြို့ပေါ်မှာပဲ အလှူပစ္စည်းတွေ ထားခဲ့ရမယ်လို့ ပြောတယ်” ဟု ထန်းတပင်ရှိ ငလျင်ဘေးသင့်ပြည်သူများ ကူည​ေ ရန်သွားရောက်ခဲ့သည့် ပုဂ္ဂလိက အလှူရှင်အဖွဲ့တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဓာတ်ပုံ- အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသွားခဲ့ရသည့် ပြည်သူများ။"]
https://yktnews.com/2025/04/210425/
ငလျင်ကြောင့် သေဆုံးသူ ၃၄၅၅ ဦးရှိလာပြီး မန္တလေးမှ ငလျင်ဘေးသင့်ပြည်သူများကို စစ်ကောင်စီက အတင်းအကျပ် နေရာပြောင်းရွှေ့ခိုင်း
["ငလျင်ကြောင့် သေဆုံးသူ ၃၄၅၅ ဦးရှိလာပြီး မန္တလေးမှ ငလျင်ဘေးသင့်ပြည်သူများကို စစ်ကောင်စီက အတင်းအကျပ် နေရာပြောင်းရွှေ့ခိုင်း", "ရန်ကုန်၊ ဧပြီ ၆", "မြန်မာနိုင်ငံ အလယ်ပိုင်းကို ဗဟိုပြု၍ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူ ၃၄၅၅ ဦးရှိလာကြောင်း အကြမ်းဖက် စစ်ကောင်စီက သတင်းထုတ်ပြန်သည်။", "ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ယခုအချိန်အထိ သေဆုံးသူ ၃၄၅၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၈၄၀ ဦး၊ ပျောက်ဆုံးနေသူ ၂၁၄ ဦး စုစုပေါင်း ၈၆၀၀ ကျော်ခန့် ထိခိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း၊ အသေးစိတ်စာရင်းမရရှိသေးသော်လည်း အဆောက် အဦးပေါင်း ၅၂၂၃ လုံး၊ စာသင်ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းနှင့် သီလရှင်စာသင်တိုက် ၂၇၅၂ ကျောင်း ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဘုရား စေတီပေါင်း ၄၈၁၇ ခု ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဆေးရုံဆေးခန်း ၁၆၇ ခုပျက်စီးခြင်း ဖြစ်ပေါ်ကြောင်း စစ်ကောင်စီက ဆိုသည်။", "လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ရန်ကုန်-နေပြည်တော်-မန္တလေး သွားရထားလမ်းနှင့် ကားလမ်းများပျက်စီးခြင်းနှင့် အချို့ဘူတာများတွင် ပျက်စီးမှုများဖြစ်ပေါ်ခြင်း၊ တံတား ၁၆၉ စင်းပျက်စီးခြင်း၊ ဆည်မြောင်းတမံ ၁၉၈ ခုထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခြင်း၊ အမြန်လမ်းမကြီးတစ်လျှောက် အပိုင်း ၁၈၄ ခုထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခြင်းများဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ များပြားကြောင်း အကြမ်းဖက် စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။", "လတ်တလော စစ်ကောင်စီက ငလျင်ဘေးသင့် ပြည်သူများကို ကူညီမှုများ သေချာစွာ မလုပ်ဆောင်နိုင်သေးချိန် မန္တလေးမှ ငလျင်ဘေးသင့် ပြည်သူများကို အတင်းအကျပ် နေရာပြောင်းရွှေ့ခိုင်းလာကြောင်း မန္တလေးမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“မနေ့ညက မိုးတွေမရွာခင်ကတည်းက ကျုံးဘေးမှာနေတဲ့ တဲထိုးနေတဲ့သူတွေအားလုံးကို ပြောင်းခိုင်းနေတာ။ သူတို့ အခု ဘုရားဝင်းတွေမှာ ကယ်ဆယ်ရေးစခန်းလိုမျိုး ဖွင့်ပေးမယ်ပြောတယ်။ အဲဒီကို ပြောင်းခိုင်းတာ။ မိုးရွာတာနဲ့ သူတို့ ပြောင်းခိုင်းတာနဲ့က ကွက်တိလိုဖြစ်သွားတာ။ သူတို့ပြောင်းခိုင်းတဲ့နေရာတော့ ကျနော်တို့ လိုက်မပြောင်းတော့ဘူး။ ကိုယ့်ဟာကိုယ်ပဲ အဆင်ပြေတဲ့နေရာ ရှာနေဖို့ပဲ ဆုံးဖြတ်လိုက်တယ်” ဟု မန္တလေးမှ ငလျင်ဘေးသင့် ပြည်သူတစ်ဦးက ဆိုသည်။", "မတ်လ ၂၈ ရက်နေ့ ငလျင်ကြီး လှုပ်ခတ်ပြီးကတည်းက နောက်ဆက်တွဲ ငလျင်များစွာ လှုပ်ခတ်နေသည့်အတွက် ပြည်သူများမှာ မိမိတို့၏ မူလ နေရာများတွင် မနေရဲဘဲ ကွင်းပြင်များနှင့်ပလက်ဖောင်းများပေါ်တွင် တဲထိုး၍ နေထိုင်ကြခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ နောက်ဆက်တွဲ ငလျင် အကြိမ်ရေ ၈၀ ကျော် လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ကျောက်ဆည်မြို့ မူကြိုတွင် ငလျင်ဒဏ်ကြောင့် ကျောင်းပြိုကျရာမှာ သေဆုံးခဲ့သော ကလေးငယ်များ၏ ကျောပိုးအိတ်များ။"]
https://yktnews.com/2025/03/209389/
ငလျင်ဒဏ်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံး ၁၀၀၀ ကျော်သွားပြီး ဒဏ်ရာရရှိသူ ၂၃၇၆ ဦးရှိ
["ငလျင်ဒဏ်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံး ၁၀၀၀ ကျော်သွားပြီး ဒဏ်ရာရရှိသူ ၂၃၇၆ ဦးရှိ", "ရန်ကုန်၊ မတ် ၂၉", "ယမန်နေ့ မွန်းလွဲပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် သေဆုံးသူ ၁၀၀၂ ဦးရှိလာပြီး ဒဏ်ရာရရှိသူ ၂၃၇၆ ဦးရှိကြောင်း အကြမ်းဖက် စစ်ကောင်စီက သတင်းထုတ်ပြန်သည်။", "လက်ရှိအချိန်အထိ နောက်ဆုံးကောက်ယူရရှိသော စာရင်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများအားလုံး၌ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၁၀၀၂ ဦး၊ ဒဏ်ရာရရှိသူစုစုပေါင်း ၂၃၇၆ ဦး၊ ပျောက်ဆုံးနေသူ ၃၀ ဦးဖြစ်ကြောင်းနှင့် အသေးစိတ် စာရင်းများအား ဆက်လက်ကောက်ယူလျက်ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2025/03/209537/
ငလျင်ဒဏ်ခံစားရသည့် မြန်မာ ပြည်သူများအတွက် ဥရောပသမဂ္ဂ – EU ၊ အမေရိကန် ၊ နော်ဝေ နှင့် ယူကေနိုင်ငံတို့က ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ဘေးဒဏ်သင့်ဒေသများသို့ အပြည့်အဝ အတားအဆီးမရှိ ဝင်ရောက်နိုင်ရေး တောင်းဆို
["ငလျင်ဒဏ်ခံစားရသည့် မြန်မာ ပြည်သူများအတွက် ဥရောပသမဂ္ဂ – EU ၊ အမေရိကန် ၊ နော်ဝေ နှင့် ယူကေနိုင်ငံတို့က ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ဘေးဒဏ်သင့်ဒေသများသို့ အပြည့်အဝအတားအဆီးမရှိ ဝင်ရောက်နိုင်ရေး တောင်းဆို", "ရန်ကုန်၊ မတ် ၃၀", "ငလျင်ဒဏ်ခံစားရသည့် မြန်မာ ပြည်သူများအတွက် ဥရောပသမဂ္ဂ – EU ၊ အမေရိကန် ၊ နော် ဝေ နှင့် ယူကေနိုင်ငံတို့က ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ဘေးဒဏ်သင့်ဒေသများသို့ အပြည့် အဝ အတားအဆီးမရှိ ဝင်ရောက်နိုင်ရေး တောင်းဆိုထားသည်။", "မတ်လ ၂၈ ရက်မွန်းတည့် ၁၂ နာရီ ၅၂ မိနစ်က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်ဒဏ်ခံစားရသော မြန် မာပြည်သူများအတွက် ဥရောပသမဂ္ဂက ကနဦး အရေးပေါ်အကူအညီအဖြစ် ယူရို ၂.၅ သန်း ကူညီပံ့ ပိုးရန် ဆုံးဖြတ်လိုက်ကြောင်း၊ ယခုထောက်ပံ့လိုက်သော လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ခွဲ ဝေချထားပေးမှုသည် မြန်မာနိုင်ငံရှိ အထိခိုက်လွယ်ဆုံးသူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့် ဆည်းပေးရန်နှင့် အသက်များကို ကယ်တင်ရန်အတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း အ သိပေးထားသည်။", "ဥရောပသမဂ္ဂသည် နောက်ထပ်အကူအညီများ ပေးအပ်ပံ့ပိုးနိုင်ရန်အတွက် မြေပြင်အခြေအနေနှင့် လိုအပ်ချက်များကို အကဲဖြတ်လျက်ရှိပြီး ယခုခွဲဝေချထားပေးမှုသည် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ အတွက် ထောက်ပံ့ထားသော ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စုစုပေါင်း ယူရို ၃၅ သန်းအထိ ရောက်ရှိသွားပြီ ဖြစ်သည်ဟု ဆိုသည်။", "အလားတူ အမေရိကန်နိုင်ငံကလည်း စစ်ကိုင်းငလျင်အတွက် အရေးပေါ် တုံ့ပြန်မှုအနေဖြင့် မြန်မာ နိုင်ငံအခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးသည့် အဖွဲ့အစည်းများမှတဆင့် အမေရိ ကန် ဒေါ်လာ၂ သန်းအထိ ပံ့ပိုးကူညီပေးအပ်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့သည် အရေးပေါ် နားခိုစရာ၊ အစားအ သောက်၊ ဆေးဝါးလိုအပ်ချက်နှင့် ရေရရှိနိုင်မှုအပါအဝင် ငလျင်ဘေးသင့်ဒေသများရှိ ပြည်သူများ၏ အပူတပြင်း လိုအပ်ချက်များကို သုံးသပ်ဖော်ထုတ်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။", "ပျက်စီးဆုံးရှုံးမှုများမှ ပြန်လည်ထူထောင်ရန်ကြိုးပမ်းလျက်ရှိကြသော မြန်မာပြည်သူများနှင့်အတူ အမေရိကန်ပြည်ထောင်စုက ရပ်တည်လျက်ရှိပြီး ဤအခက်အခဲကာလအတွင်း အသက်ဆုံးရှုံးမှု များနှင့် လမ်းပန်းဆက်သွယ်ရေး ပျက်စီးဆုံးရှုံးမှုများအတွက်လည်း အားလုံးနှင့်ထပ်တူ မိမိတို့ ဝမ်း နည်းစိတ်မကောင်းဖြစ်ရပါကြောင်း အသိပေးထားသည်။", "ထို့အပြင် နော်ဝေနိုင်ငံကလည်း ငလျင်မလှုပ်မီက လူပေါင်း သန်း ၂၀ သည် လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ လိုအပ်နေခဲ့ပြီး ငလျင်ကြောင့် ရှိပြီးသား လူသားချင်စာနာထောက် ထားမှု ဆိုင်အခြေအနေ အပေါ် ထပ်ဆင့်လိုက်သည့် အကြပ်အတည်းတစ်ခုဖြစ်ကြောင်း နော်ဝေ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Åsmund Aukrust က ပြောကြားသည်။", "ငလျင်ဗဟိုချက်တဝိုက်ရှိ အချို့နေရာများသည် လက်နက်ကိုင်ပဋိပက္ခကြောင့် ပြည်တွင်းနေရပ် စွန့် ခွာသူ ၁.၅ သန်းနီးပါးရှိပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီသည် အလိုအပ်ဆုံး နေရာများ သို့ တတ်နိုင်သမျှ မြန်မြန်ရောက်ရှိရန် အလွန်အရေးကြီးကြောင်း၊ ငလျင်မလှုပ်မီက နော်ဝေသည် မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းအသီးသီးသို့ NOK သန်း ၁၂၀ လှူဒါန်းရန် ဆုံးဖြတ်ခဲ့ကြောင်း အသိပေးထားသည်။", "၎င်း ရံပုံငွေသည် အဖွဲ့အစည်းများအား အရေးပေါ်တုံ့ပြန်မှု လျင်မြန်စွာ ဖြန့်ဝေပေးနိုင်သည့် လိုက် လျောညီထွေရှိသော ငွေကြေးများဖြစ်ပြီး ၎င်းတို့၏ ပြည်တွင်းလုပ်ဖော်ကိုင်ဖက်များသည် ရှေ့တန်း တွင် ရှိနေကြောင်း၊ မြန်မာနိုင်ငံသည် ပဋိပက္ခဖြစ်ပွားနေသောနိုင်ငံဖြစ်ပြီး စစ်အစိုးရထိန်းချုပ်ထား ခြင်း မရှိသော နယ်မြေများသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သွားလာခွင့်အတွက် စိုးရိမ် ကြောင်း ဆက်လက်ပြောဆိုသည်။", "ပြည်နယ်ခြောက်ခုတွင် အရေးပေါ်အခြေအနေကြေညာထားပြီး စစ်အစိုးရက နိုင်ငံတကာ အသိုင်း အဝိုင်းကို အကူအညီပေးရန် တောင်းဆိုထားကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမူများ ကို လိုက်နာရန်နှင့် ဘေးဒဏ်သင့်ဒေသများသို့ အပြည့်အ၀ အတားအဆီးမရှိ ဝင်ရောက်နိုင်စေရန် စစ် အစိုးရခေါင်းဆောင်များနှင့် အတိုက်အခံအဖွဲ့များထိန်းချုပ်ထားသော ဒေသများတွင်လည်း အလား တူ ဆောင်ရွက်ပေးပါရန် တိုက်တွန်းထားသည်။", "ယူကေနိုင်ငံအစိုးရအနေဖြင့် အင်အားပြင်း မြေငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် စတာလင် ပေါင် ၁၀ သန်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း မတ်လ ၂၉ ရက်နေ့က ကြေညာထားသည်။", "ဤယူကေရန်ပုံငွေအစီအစဉ်သည် ငလျင်ဒဏ် အပြင်းထန်ဆုံးခံရသောဒေသများရှိ အကူအညီများကို ထပ်လောင်းတိုးမြှင့်ပေးသွားမည်ဖြစ်ပြီး အစားအစာနှင့် ရေထောက်ပံ့မှု၊ ဆေးဝါးနှင့် နေစရာအမိုး အကာများရရှိစေရန်အတွက် ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။", "“ပြင်းထန်တဲ့ငလျင်လှုပ်ခတ်ပြီးနောက် ယူကေကမြန်မာပြည်သူပြည်သားများထံ အသက်ကယ်အကူ အညီတွေ ချက်ချင်းပေးပို့လျက်ရှိပါတယ်။ ယူကေမှ ရန်ပုံငွေထောက်ပံ့ထားတဲ့ ပြည်တွင်းမိတ်ဖက် အဖွဲ့အစည်းတွေက မြေပြင်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပြီး အခုထောက်ပံ့လိုက်တဲ့ စတာလင်ပေါင် ၁၀ သန်းက ၄င်းတို့ရဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ပိုမိုအားကောင်းလာစေမှာဖြစ်ပါတယ်။ ဒီကြေကွဲဖွယ် ဖြစ်ရပ်အတွက် မြန်မာပြည်သူပြည်သားအားလုံးကို အလေးနက်ဆုံးသော ကိုယ်ချင်းစာမှုဖြင့် ကရု ဏာသက်မိပါတယ်။” ဟု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီး Baroness Chapman က ပြောကြား သည်။"]
https://yktnews.com/2025/04/209693/
ငလျင်ဒဏ်သင့် မန္တလေးမှ စီးပွားရေးသမားနှင့် စက်မှုဇုန်လုပ်ငန်းရှင်များနှင့်စီးပွားရေးအဖွဲ့များကို နေပြည်တော်သို့ ခေါပြီး စစ်ကောင်စီက အတင်းအကျပ် အလှူငွေတောင်း၊ ရန်ကုန်မှ လုပ်ငန်းရှင်များကိုလည်း လေယာဉ်ဖြင့် ခေါ်ယူ ငွေတောင်း
["ငလျင်ဒဏ်သင့် မန္တလေးမှ စီးပွားရေးသမားနှင့် စက်မှုဇုန်လုပ်ငန်းရှင်များနှင့်စီးပွားရေးအဖွဲ့များကို နေပြည်တော်သို့ ခေါပြီး စစ်ကောင်စီက အတင်းအကျပ် အလှူငွေတောင်း၊ ရန်ကုန်မှ လုပ်ငန်းရှင်များကိုလည်း လေယာဉ်ဖြင့် ခေါ်ယူ ငွေတောင်း", "ရန်ကုန်၊ ဧပြီ ၁", "အကြမ်းဖက် စစ်ကောင်စီက ပြည်တွင်းမှ နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင်များနှင့် စက်မှုဇုန်လုပ်ငန်းရှင်များ၊ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များနှင့် လူမှု ရေးအသင်းအဖွဲ့များ ကို နေပြည်တော်ခေါ်သို့ ငလျင်ဘေးကူညီရေး အတင်း အကျပ် ငွေတောင်းခံနေကြောင်း ငွေကြေးအတောင်းခံနေရသည့် စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။", "ယနေ့ ဧပြီလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် နေပြည်တော်၊ တပေါင်းကွင်း၊ ယာယီခန်းမတွင် အလှူငွေ လက်ခံ ပွဲ ကျင်းပမည်ဖြစ်ပြီး မန္တလေးမှ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ၊ ရန်ကုန်မှ စီးပွားရေးလုပ်ငန်းရှင်များ အသင်းအဖွဲ့များ တက်ရောက်ရန် စစ်ကောင်စီက ခေါ်ယူထားကြောင်း သိရှိရသည်။", "မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မန္တလေး၊ နေပြည်တော်၊ စစ် ကိုင်း အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် သေဆုံးသူနှင့် ပျက်စီးဆုံးရှုံးမှုများ မြင့်မားခဲ့ကြောင်း၊ ထိုသို့ ကြုံတွေ့နေရချိန် ကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများ လိုအပ်နေသော မြို့များစွာ ရှိနေပြီး ပြည်သူများ အတိ ဒုက္ခရောက်နေရ သော်လည်း စစ်ကောင်စီက ငွေကြေးရရှိရေးကိုသာ ဦးတည် ဖိအားပေး ခြိမ်းခြောက်နေကြောင်း သိရှိရသည်။", "ယင်းသို့ အလှူငွေ တောင်းခံရာတွင် ငလျင်ဒဏ်သင့် မန္တလေးမှ လုပ်ငန်းရှင်များ၊ စီးပွားရေးသမားများ၊ စီးပွားရေး ဆိုင်ရာအသင်းအဖွဲ့များကိုလည်း နေပြည် တော်သို့ ခေါ်ယူထားပြီး အလှူငွေပေးအပ်သည့် အခမ်းအနားသို့ မန္တလေးမှ လူကိုယ်တိုင် မတက်ရောက်နိုင်ပါက ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် မန္တလေးတိုင်းဝန်ကြီးချုပ်တို့က ကိုယ်စားအလှူငွေ လက်ခံပေးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဖိအားပေး ခြိမ်းခြောက်ထားသည့် ဖိတ်ခေါ်စာတွင် ဖော်ပြထားသည်။", "ထို့ပြင် ရန်ကုန်မှ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များအနေဖြင့် နေပြည်တော်သို့ ငွေလာပေးရန် စစ်ကောင်စီက လေယာဉ် အသွားအပြန် စီစဉ်ပေးမည်ဖြစ် ကြောင်း သိရှိရသည်။", "“ငလျင်ဒဏ်မှာ ပိတ်မိနေတဲ့ ပြည်သူကို တောင် ကယ်မထုတ်နိုင်သေးပါဘူး။ အဲဒါကို ငွေရဖို့ နေပြည်တော်မှာ အခမ်းအနားနဲ့ လေယာဉ်ပျံအကြိုပို့စီစဉ်ပြီး အလှူခံပွဲလုပ်နေပြီ” ဟု စီးပွားရေးသတင်းရင်းမြစ်က ပြောဆိုသည်။", "ရန်ကုန်တိုင်းမှ စက်မှုဇုန်များကိုလည်း စက်မှုဇုန် တစ်ခုလျှင် ငွေကျပ် သိန်း ၂၀၀ နှုန်းဖြင့် ဧပြီလ ၄ ရက်နေ့ နောက်ဆုံးထား မဖြစ်မနေ စစ်ကောင်စီထံသို့ ငွေပေးအပ်ရန် စစ်တပ်က ဖိအားပေးလျက်ရှိသည်။"]
https://yktnews.com/2025/04/209709/
ငလျင်ဒဏ်သင့် အမရပူရနှင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် ဆေး ဝါး အကူအညီလိုအပ်
["ငလျင်ဒဏ်သင့် အမရပူရနှင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် ဆေး ဝါး အကူအညီလိုအပ်", "ရန်ကုန်၊ ဧပြီ ၁", "ငလျင်ဒဏ်သင့် အမရပူရမြို့နယ်၊ စစ်ကိုင်းမြို့နယ်မှ ဆင်ကာကျေးရွာ၊ ပန်းချီကျေးရွာနှင့် ဘုံးဘိုးကျေးရွာတို့မှ သောက်သုံးရေနှင့် ဆေးဝါးများ အကူအညီလိုအပ်နေကြောင်း အဆိုပါကျေးရွာမှ ပြည်သူများ ကရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အမရပူမြို့နယ်နှင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အိမ်များပြိုကျခြင်း၊ ဗလီများပြိုကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အများစုသော ကျေးရွာများသို့ ကူညီကယ်ဆယ်ရေး မရောက်ရှိဘဲ ကျေးရွာများမှ ပြည်သူများ အချင်းချင်း သာ ပြန်လည် ထောက်ပံ့ကူညီကြကြောင်း သိရှိရသည်။", "“လမ်းတွေ ပျက်စီးနေတော့ သွားရေလာရေးအတော်လေးခက်ခဲနေပါတယ်။ ကယ်ဆယ်ရေးလည်း မရောက်ပါဘူး။ ကယ်ဆယ်ရေး နဲ့ ရေသန့် အစားအသောက်အကူအညီကတော့ အရမ်းလိုအပ်နေပါတယ်။ အခုလော လောဆယ်ဆိုရင် ရတနာ့ဂူ ဘုရား အနီးက ဆင်ကာရွာ ပန်းချီကျေးရွာနဲ့ ဘုံးအိုးရွာမှာ အကူအညီတွေလိုနေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ကျေးရွာများတွင်လည်း ငလျင်ဒဏ်ကြောင့် အိမ်များအားလုံး ပြိုကျပျက်စီးနေပြီး နေထိုင်ရန် မသင့်တော်တော့ကြောင်း၊ ထို့ကြောင့် ကွင်းပြင်များတွင် စုဖွဲ့၍ နေထိုင်ရပြီး ညအချိန် မြွေ၊ ကင်းအန္တရာယ်များလည်း စိုးရိမ်နေရကြောင်း၊ ကျန်းမာရေးမကောင်းမွန်သော သက်ကြီးရွယ်များ၊ ကလေးမိခင်များနှင့် ကလေးများမှာလည်း ကျန်းမာရေးမကောင်းမှုနှင့် နာဖျားမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။", "“လက်ရှိကတော့ အိမ်တော်တော်များများ နေလို့မရတော့ပါဘူး။ ရေသန့် နဲ့ အစားအစာ အဓိကလိုပါတယ်။ ပြီးတော့ ဆေးဝါးလည်း လိုတယ်။ ဖျားနာတာနဲ့ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်တာတွေဖြစ်တယ်။ ဓာတ်ဆားနဲ့ ဆေးဝါးတွေလည်းလိုပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အမရပူမြို့နယ်၊ ဘုံးအိုးကျေးရွာတွင်လည်း ဗလီများ ပြိုကျမှုကြောင့် အလောင်း ၁၃၀ ကျော်မှ ၂၀၀ နီးပါး ဖော်ယူရရှိထားပြီး ဗလီတစ်လုံးမှာမူ စက်ယန္တရားအခက်အခဲကြောင့် အလောင်းများ မတူးဖော်ရသေးကြောင်း၊ ကျေးရွာနေ ပြည်သူများကို ကွင်းပြင်စုစည်း၍ စုပေါင်းနေထိုင်ကြကြောင်း၊ ဘုံးအိုးကျေးရွာတွင်လည်း လူဦးရေ ၁၀၀၀၀ ဝန်းကျင်ရှိ၍ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် သောက်သုံးရေများ အဓိက လိုအပ်နေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ငလျင်ဒဏ်ကြောင့် လမ်းများ ကွဲအပ် ပျက်စီးနေစဉ်။"]
https://yktnews.com/2025/04/210407/
ငလျင်ဘေးကယ်ဆယ်ရေးလုပ်မည့် မည်သည့်အဖွဲ့မဆို သီးခြားလွတ်လပ်စွာ ရပ်တည်ဆောင်ရွက်ခွင့်မရှိဘဲ ကြိုတင်ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ကာ စစ်ကောင်စီနှင့် ပူးတွဲဆောင်ရွက်မှ ခွင့်ပြုမည်ဟု စိုးဝင်းပြော
["ငလျင်ဘေးကယ်ဆယ်ရေးလုပ်မည့် မည်သည့်အဖွဲ့မဆို သီးခြားလွတ်လပ်စွာ ရပ်တည်ဆောင်ရွက်ခွင့်မရှိဘဲ ကြိုတင်ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ကာ စစ်ကောင်စီနှင့် ပူးတွဲဆောင်ရွက်မှခွင့်ပြုမည်ဟု စိုးဝင်းပြော", "ရန်ကုန်၊ ဧပြီ ၆", "မြန်မာနိုင်ငံအလယ်ပိုင်းတွင် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ဘေးကယ်ဆယ်ရေးလုပ်မည့် မည်သည့်အဖွဲ့မဆို သီးခြားလွတ်လပ်စွာ ရပ်တည်ဆောင်ရွက်ခွင့်မရှိဘဲ ကြိုတင်ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ကာ စစ်ကောင်စီနှင့် ပူးတွဲဆောင်ရွက်မှ ခွင့်ပြုမည်ဟု အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောဆိုလိုက်သည်။", "ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီအထူးအစည်းအဝေးတွင် အကြမ်းဖက် စိုးဝင်းက အထက် ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။", "“ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် မည်သည့်အဖွဲ့အစည်းမဆို သီးခြားလွတ်လပ်စွာရပ်တည်၍ ဆောင်ရွက်ခွင့်မရှိပဲ ကြိုတင်ခွင့်ပြုချက်တောင်းခံထား သည့် အဖွဲ့အစည်းများဖြစ်ရန်လိုပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အတူတကွ ပူး ပေါင်း ဆောင်ရွက်မှသာခွင့်ပြုပေးသွားမည်ဖြစ်သည်ကို မူဝါဒတစ်ရပ်အနေဖြင့် ဆောင် ရွက်သွားရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့်လည်း မိမိတို့သက်ဆိုင်ရာနယ်မြေများသို့ ရောက်ရှိလာသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ NGO အဖွဲ့အစည်းများကို မိမိတို့ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် အတူတကွ ပူး ပေါင်း ဆောင်ရွက်မှသာခွင့်ပြုပေးသွားရန်လိုကြောင်း” အကြမ်းဖက် စိုးဝင်းက ပြောဆိုသည်။", "အကြမ်းဖက် စစ်ကောင်စီက ငလျင်ဒဏ်သင့်ဒေသများမှ ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပိတ်ပင်ကန့်သတ်နေပြီး အထူးသဖြင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်သော ပြည်သူများထံသို့ အကူအညီများ မရောက်ရှိစေရန် တားဆီးခြင်း၊ တိုက်ခိုက်မှုများ လုပ်ခြင်းများ ဆောင်ရွက်နေကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာရုံးက ဧပြီလ ၄ ရက်နေ့တွင် သတင်းထုတ်ပြန် ကြေညာခဲ့သည်။", "အကြမ်းဖက်စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးနေသည့် ငလျင်ဒဏ်သင့်ဒေသမှ ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ မရောက်ရှိစေရန် ကန့်သတ်ပိတ်ပင်နေကြောင်း၊ ထို့ပြင် မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်ပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပါအဝင် တိုက်ခိုက်မှုပေါင်း ၅၃ ခုကို လုပ် ဆောင်ခဲ့ကြောင်း၊ ယင်းတို့အနက်မှ စစ်တပ်၏ တိုက်ခိုက်မှုပေါင်း ၁၆ ခုမှာ ဧပြီလ ၂ ရက်နေ့ စစ်ကောင်စီက အပစ်အခတ်ရပ်စဲသည်ဟု ကြေညာပြီးနောက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက ဆိုသည်။", "ပြည်တွင်းတွင်လည်း စစ်ကောင်စီ၏ တားဆီးမှုများ အပါဝင် လုံခြုံရေးစိုးရိမ်ရမှုများကြောင့် စစ်ကိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရရှိခြင်းမရှိကြောင်း၊ ဒေသ ပရဟိတ နှင့် အလှူရှင်များသည် စစ်ကောင်စီထိန်းချုပ်ထားသော စစ်ကိုင်းမြို့ပေါ်တွင်သာ အကူအညီများ လာရောက် ပေး အပ်နေကြပြီး စစ်ကိုင်းမြို့ ပြင်ပ တော် လှန်ရေးတပ်များ ထိန်းချုပ်ထားသော ဒေသများသို့ သွားရောက် လှူဒါန်းရန် စစ်တပ်၏ တားဆီးမှုများ ခံနေရကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရှိရသည်။", "အလားတူ ပဲခူးတိုင်းအတွင်းရှိ ထန်းတပင်၊ အုတ်တွင်းနှင့် တောင်ငူမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ဒေသများသို့လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနိုင်ရန်မှာ စစ်တပ်၏ တားဆီးမှုများ ခံနေရကြောင်း သိရှိရသည်။", "“ဒီတောင်ငူမြို့ပေါ်က အကျော်ဆိုရင် ကျနော်တို့ကို အသွားမခံဘူး။ ရိက္ခာ၊ ဆန်၊ ဆီ၊ ဆားပါရင် သွားခွင့်မပေးဘူး။ မြို့ပေါ်မှာပဲ အလှူပစ္စည်းတွေ ထားခဲ့ရမယ်လို့ ပြောတယ်” ဟု ထန်းတပင်ရှိ ငလျင်ဘေးသင့်ပြည်သူများ ကူည​ေ ရန်သွားရောက်ခဲ့သည့် ပုဂ္ဂလိက အလှူရှင်အဖွဲ့တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2025/03/209441/
ငလျင်ဘေးဒဏ်သင့် ပြည်သူများအပေါ် တတ်နိုင်သည်များ အမြန်ဆုံး ထောက်ပံ့ကူညီပေးသွားမည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်
["ငလျင်ဘေးဒဏ်သင့် ပြည်သူများအပေါ် တတ်နိုင်သည်များ အမြန်ဆုံး ထောက်ပံ့ကူညီပေးသွားမည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်", "ရန်ကုန်၊ မတ် ၂၉", "ငလျင်ဘေးဒဏ်သင့် ပြည်သူများအပေါ် လူသားချင်း စာနာထောက်ထားစွာဖြင့် တတ်နိုင်သည်များကို အမြန်ဆုံး ထောက်ပံ့ကူညီပေးသွားမည်ဟု ပြည်ထောင်စုစိတ်ဓာတ်၊ သွေးရင်းညီအစ်ကိုစိတ်ဓာတ်အပြည့်ဖြင့် အသိပေးကြောင်း မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်သည်။", "သဘာဝဘေးဒဏ်ကြောင့် ပြည်သူလူထုများ အသက်အိုးအိမ်စည်းစိမ်နှင့် အဆောက်အအုံများ စွာတို့ ပျက်စီးဆုံးရှုံးခဲ့ရမှုအပေါ် ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနှင့် ကာယကံရှင်မိသားစုများ၊ ဆွေမျိုးများနှင့် ထပ်တူ ဝမ်းနည်းရပြီး များစွာ စိတ်မကောင်းဖြစ်ရ‌ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "ထို့ပြင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်နှင့် ၎င်း၏ နောက်ဆက်တွဲငလျင်များကြောင့် ထိခိုက်၊ သေဆုံး၊ ပျက်စီးဆုံးရှုံးမှု ပကတိမြေပြင်အချက်အလက်များနှင့် မိုးလေဝသနှင့် ဇလဗေဒတိုင်းထွာချက်များအရ နောက်ဆက်တွဲ ငလျင်များ ထပ်မံဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေသေးသောကြောင့် ပြည်သူများအနေဖြင့် အထူးဂရုစိုက် သွားလာ နေထိုင်ကြပါရန်၊ သတင်းမှန်များကို နားစွင့်ကြရန်လည်း ညီနောင် ၃ ဖွဲ့ အကြံပြုတိုက်တွန်းထားသည်။"]
https://yktnews.com/2025/04/211042/
ငလျင်လှုပ်ပြီး ၁၅ ရက်အကြာ မင်းအောင်လှိုင်၊ ဇနီး၊ သားနှင့်သမီး မိသားစုဝင်အားလုံး တောင်ကြီး ရွှေဘုန်းပွင့်စေတီကို ယတြာချေ ထီးတော်တင်
["ငလျင်လှုပ်ပြီး ၁၅ ရက်အကြာ မင်းအောင်လှိုင်၊ ဇနီး၊ သားနှင့်သမီး မိသားစုဝင်အားလုံး တောင်ကြီး ရွှေဘုန်းပွင့်စေတီကို ယတြာချေ ထီးတော်တင်", "ရန်ကုန်၊ ဧပြီ ၁၂", "မြန်မာနိုင်ငံတွင် လူသေဆုံးမှုနှင့် အပျက်အစီး များပြားသော ငလျင်လှုပ်ခတ်ပြီး ၁၅ ရက်အကြာ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ၊ ဇနီးကြူကြူ၊ သားအောင်ပြည့်စုံနှင့် သမီးခင်သီရိသက်မွန်တို့က ယတြာအဖြစ် တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့်စေတီကို ထီးတောင်တင်ကြကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "ဧပြီလ ၁၁ ရက်နေ့ မင်းအောင်လှိုင်နှင့်မိသားစုက တောင်ကြီးမြို့သို့ သွားရောက်ကာ ရွှေဘုန်းပွင့်စေတီတော်ကို ထီးတော်တင်ခြင်းဖြစ်ကြောင်း၊ မင်းအောင်လှိုင်မိသားစုက စေတီတော်တွင် ရွှေစင် ၆ ကျပ်သားရှိ ရွှေသင်္ကန်း ၁ ချပ်ကို ကပ်လှူခဲ့သည့်အပြင် ထီးတော်တင်ခြင်းနှင့်ရွှေသင်္ကန်လှူခြင်းတို့မှာလည်း ယတြာအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့်စေတီကို ထီးတော်တင်ရာတွင် မင်းအောင်လှိုင်၏မိသားစုဝင်အားလုံးက ဘုရားရင် ပြင်ပေါ်တွင် ဘုရားထီးတော်နှင့်အတူ လှည့်လည်ခဲ့ကြကြောင်း သိရှိရသည်။", "မတ်လ ၂၈ ရက်နေ့ စစ်ကိုင်း ငလျင်ကြီးလှုပ်ခတ်ပြီးနောက် မင်းအောင်လှိုင်က တစ်နိုင်ငံလုံးတွင် ဧပြီလ ၈ ရက်နေ့မှ ဧပြီလ ၁၆ ရက်နေ့ အထိ ည ၇ နာရီတိုင်း ၉ ရက် ၊ ၉ ကြိမ် ရတနာသုတ်များ ရွတ်ဖတ်ခိုင်းခြင်း၊ ရှေ့တန်းစခန်းများ၊ ဝန်ကြီးဌာနရုံးများ၊ တပ်ရင်းတပ်ဖွဲ့များတွင်ပါ ရတနာသုတ်ရွတ်ဖတ်ပွဲများ လုပ်ဆောင်ခိုင်းခြင်း လုပ် ဆောင်ခဲ့ပြီးနောက် ယခုနောက်ဆုံးတွင် တောင်ကြီးမြို့ ရွှေဘုန်းပွင့် စေတီကို ယတြာချေသည့်အနေဖြင့် ထီးတော်တင်ခြင်းများ လုပ်ဆောင်လာခြင်းဖြစ်သည်။", "နေပြည်တော်တစ်ခွင် မြို့ပျက်ကြီးကဲ့သို့ ဖြစ်စေခဲ့သော မတ်လ ၂၈ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် မင်းအောင်လှိုင်နှင့်မိသားစုက နေပြည်တော်နေအိမ်သို့ ၎င်းကိုးကွယ်နေသည့် ၀စီပိတ်ဆရာတော်ကို ပင့်၍ ယတြာချေခြင်း အပါအဝင် ယတြာချေမှုများ ဆက်တိုက် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။", "တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်စေတီ ထီးတော်တင်ချိန် KBZ လုပ်ငန်းစု၏ ဥက္ကဋ္ဌ အောင်ကိုဝင်း (ခ) ဆရာကျောင်းလည်းပါဝင်ခဲ့ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက် ဓာတ်ပုံများတွင် ဖော်ပြထားသည်။"]
https://yktnews.com/2025/03/209427/
ငလျင်လှုပ်ပြီးနောက် စစ်တပ်က နောင်ချိုမြို့နယ် နောင်လင်ရွာကို တိုက်လေယာဥ် ၃ စီးဖြင့် လှည့်ပတ်ပျံဝဲပြီးမှ ဗုံးခိုကျင်းထဲသို့ ဗုံး ၉ လုံးကျဲချမှု ဓနု တော်လှန်ရေးရဲမေ ၆ ဦးနှင့် ရဲဘော် ၁ ဦးကျဆုံး၊ ၇ ဦးဒဏ်ရာရရှိကာ ၃ ဦးစိုးရိမ်နေရ
["ငလျင်လှုပ်ပြီးနောက် စစ်တပ်က နောင်ချိုမြို့နယ် နောင်လင်ရွာကို တိုက်လေယာဥ် ၃ စီးဖြင့် လှည့်ပတ်ပျံဝဲပြီးမှ ဗုံးခိုကျင်းထဲသို့ ဗုံး ၉ လုံးကျဲချမှု ဓနု တော်လှန်ရေးရဲမေ ၆ဦးနှင့် ရဲဘော် ၁ ဦးကျဆုံး၊ ၇ ဦးဒဏ်ရာရရှိကာ ၃ ဦးစိုးရိမ်နေရ", "ရန်ကုန်၊ မတ် ၂၉", "ယမန်နေ့ ငလျင်လှုပ်ခတ်ပြီးနောက် စစ်တပ်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် နောင်လင်ရွာကို တိုက်လေယာဥ် ၃ စီးဖြင့် လှည့်ပတ်ပျံဝဲပြီးမှ ဗုံးခိုကျင်းထဲသို့ ဗုံး ၉ လုံးကျဲချမှု ဓနု တော်လှန်ရေးရဲမေ ၆ ဦးနှင့် ရဲဘော် ၁ ဦးသေဆုံးခဲ့ကြောင်း DPLA တပ်ဖွဲ့၏ ခေါင်းဆောင် ရဲဘော် ထွန်းထွန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ ငလျင်လှုပ်ခတ်ပြီး မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် စစ်ကောင်စီ၏ တိုက်လေယာဉ် ၃ စီးက နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာသို့ လှည့်ပတ်ပျံသန်းပြီး ဗုံးခိုကျင်းထဲသို့ ဗုံး ၉ လုံး ကျဲချသွားခြင်းဖြစ်ကြောင်း၊ ဗုံးကျဲခံရသည့်နေရာမှာ တိုက်ပွဲဖြစ်ပွားသည့်နေရာမဟုတ်ဘဲ တောင်ခမ်းနှင့် မိုင် ၂၀ ကွာဝေးသော နေရာဖြစ်ကြောင်း သိရှိရသည်။", "“ဗုံးကျဲတာက ၅ နေရာကို ဗုံး ၉ လုံးကျဲချတာ။ တိုက်လေယာဉ် ၃ စီးနဲ့ ကျဲတာ။ လေယာဉ်တွေက လှည့်ပတ်ပျံသန်းသေးတာ။ ပြီးမှ ဗုံးခိုကျင်းထဲကို တည့်တည့်ကို ဗုံးတွေကျဲချတာ။ ရဲမေ ၆ ဦးနဲ့ ရဲဘော် ၁ ဦး ပွဲချင်းပြီးသေဆုံးတယ်။ ရဲမေ ၁ ဦးက အသက် ၁၅ နှစ်ပဲရှိသေးတော့ နောက်တန်းမှာထားတဲ့ ရဲမေ။ ဒဏ်ရာရတာ ၇ ဦးမှာ ၃ ဦးက အသက်အန္တရာယ်စိုးရိမ်ရတယ်” ဟု DPLA တပ်ဖွဲ့၏ ခေါင်းဆောင် ရဲဘော် ထွန်းထွန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "စစ်တပ်၏ ဗုံးကျဲမှုကြောင့် ကျဆုံးသွားသော တော်လှန်ရေးရဲဘော်များမှာ ရဲဘော်ဂျွိုင်း၊ ရဲမေ နန္ဒာ၊ ထွေးထွေး၊ပန်းအိ၊ နာဇီ၊ ထက်ထက်၊ နှင်းယုတို့ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/03/207089/
ငါန်းဇွန် -မြို့သာလမ်းပိုင်းတွင် ခြေလျင်တပ်စစ်ကြောင်းကို ပေပါမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှု များပြားပြီး ခြေပြတ် ၊ လက်ပြတ်များ ချုံပုတ်ပေါ်တွင် ချိတ်ကျန်နေခဲ့ဟုဆို
["ငါန်းဇွန် -မြို့သာလမ်းပိုင်းတွင် ခြေလျင်တပ်စစ်ကြောင်းကို ပေပါမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှု များပြားပြီး ခြေပြတ် ၊ လက်ပြတ်များချုံပုတ်ပေါ်တွင် ချိတ်ကျန်နေခဲ့ဟုဆို", "ရန်ကုန်၊ မတ် ၁၁", "မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန် -မြို့သာလမ်းပိုင်းတွင် အကြမ်းဖက်စစ်တပ် ခြေ လျင်စစ် ကြောင်းကို ပေပါမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးပြီး ခြေပြတ်၊ လက် ပြတ်များ ချုံပုတ်ပေါ်တွင် ချိတ်ကျန်နေခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံမှ တာဝန်ရှိသူ တစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ မတ်လ ၁၀ ရက် နံနက် ၈ နာရီ ၃၀ မိနစ်က ငါန်းဇွန်မြို့မှ မြို့သာမြို့ဘက်သို့ အင်အား ၁၀၀ ခန့်ဖြင့် ထွက်လာသော ခြေလျင်စစ်တပ် စစ်ကြောင်းကို ငါန်းဇွန် -မြို့သာ လမ်းပိုင်းတနေရာ တွင် ပေပါမိုင်း ၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာ ရရှိကာ ခြေထောက် ၅ ချောင်း၊ လက် ၃ ချောင်း ပြတ်ထွက်၍ ချုံပုတ်များပေါ်တွင် ချိတ်တင်ကျန် ရစ်နေခဲ့ကြောင်း သိရသည်။", "“ခြေလျင်စစ်ကြောင်း မိုင်းကွင်းထဲကို ဝင်လာတာ၊ ထော်လာဂျီလည်းပါတယ်။ ပေပါမိုင်း ၂ လုံးကြား ဝင်လာတာ။ အဲဒီဘက်က စခတွေက နည်းနည်းလေးစိုးမိုးသေးတယ်ဆိုတော့ ပြောက်ကျား စနစ်နဲ့ တိုက်ခိုက်ခဲ့တာ၊ ခြေထောက်က ၅ ချောင်း ၊ လက်က ၃ ချောင်း ချုံပေါ်မှာ ချိတ်ကျန်နေခဲ့တာ၊ တွေ့ တာက ပြည်သူတွေဆိုတော့ ဓာတ်ပုံလည်းမရိုက်ရဲခဲ့ကြဘူး။ စခတွေရဲ့ ဦးထုပ်တွေလည်း တွေ့ တယ်။ သေတာက ၁၁ ဦး၊ သေတဲ့သူတွေကို လိုက်ထရပ်ကားနဲ့ ဂွေးကုန်းဘက်အတိုင်း တံတားဦးဘက်ကို သယ်သွားတာ၊ ” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံ တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းဆွဲ တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်သားများက ကြောက်လန့်တကြား ၎င်းတို့မျက်နှာမူရာအရပ် သို့ ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "တိုက်ခိုက်ခံရပြီးနောက် နာရီဝက်ခန့်အကြာတွင် သေဆုံးသွားသော စစ်သားများကို လိုက်ထရပ်ကား ဖြင့် ဂွေးကုန်းကျေးရွာဘက်သို့ သယ်ဆောင်သွားပြီး ဒဏ်ရာရ စစ်သား ၃ ဦးကို ဂျိုကျေးရွာဘုန်းကြီး ကျောင်းမှ ကားဖြင့် ငါန်းဇွန်မြို့ဘက်သို့ သယ်ဆောင်သွားကြောင်း သိရသည်။", "လက်ရှိတွင် မြို့သာမြို့ရှိ စစ်တပ်စခန်းအတွင်းသို့ စစ်သား အင်အား ၂၀၀ ခန့်ရောက်ရှိနေပြီး စစ်ရေး အခြေအနေ တင်းမာမှုနေမှုကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများနှင့် ပတ် သက်သောနေရာများ၊ အနီးအနားသို့ သွားလာနေထိုင်ခြင်း မပြုကြပါရန် အသိပေးထားသည်။"]
https://yktnews.com/2023/01/81896/
ငါန်းဇွန်တွင် စစ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများ ၊ ကသာတွင် တိုက်ပွဲ ပြင်းထန်နေပြီး ABSDF၊ PDF အပါအဝင် မဟာမိတ်တပ်များက စစ်တပ်ကို တိုက်ခိုက်
["ငါန်းဇွန်တွင် စစ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများ ၊ ကသာတွင် တိုက်ပွဲ ပြင်းထန်နေပြီး ABSDF၊ PDF အပါအဝင် မဟာမိတ်တပ်များက စစ်တပ်ကို တိုက်ခိုက်", "ရန်ကုန်၊ ဇန်နဝါရီ ၁၉", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့ များက မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင် စီ တပ်သား ၁၅ ဦးသေဆုံးကြောင်း ဇာမဏီ ပြောက် ကျား တပ်ဖွဲ့ ထံမှ သိရသည်။", "ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် ငါန်းဇွန်မြို့နယ်၊ ဂျပန်ကျွန်းရွာရှိ ပြည်သူပိုင် ပစ္စည်းများ၊ နွားများကို ယူဆောင်ပြီး ကား ၃ စီး၊ ဆိုင်ကယ် ၁၀ စီးဖြင့် ပြန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သားကျင်ရွာနှင့် နတ်ကြီးရွာအကြားတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာမိုင်းများဖြင့် ပွိုင့် ၃ ပွိုင့်​ထားကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကား ၂ စီး လမ်းဘေးသို့ ထိုးကျသွားကြောင်း သိရသည်။", "မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ဘေးပတ်ဝန်းကျင်ရှိ ပြည်သူများအား ဖမ်းဆီးပြီး ပြည်သူ ၁ ဦးကို ပစ်သတ် ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဇာမဏီပြောက်ကျားတပ်ဖွဲ့(ငါန်းဇွန်)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၆)- STF (Ngazun)၊ စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)_MSPDF၊ ခုနှစ်စဥ်ကြယ်ပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့ အင်အား (ငါးဇွန်)နှင့် MN PDF(မန္တလေးခရိုင်တပ်ရင်း.၅)တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် မိုးတားလေးရွာအနီး အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ် ရေး တပ်ပေါင်းစုတို့ တိုက်ပွဲပြင်းထန်လျက်ရှိကာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု များပြားကြောင်း မြို့လှ K-PDF တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။", "ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ကသာမြို့နယ်၊ ချောင်းဝရွာနှင့် မိုးတားလေးရွာအကြားတွင် အကြမ်းဖက် စစ်တပ် ခလရ ၇၇ တပ်ရင်းမှူး စံရွှေ ဦးစီးသော အင်အား ၇၂ ဦးအဖွဲ့နှင့် မိုးတားလေး ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်၊ ABSDF၊ မြို့လှ K-PDF စစ်ကြောင်းမှူး ဗိုလ်မိုးကြိုး ဦးဆောင်သော တော်လှန်ရေး မဟာမိတ် ၃ ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်းသိရသည်။", "အဆိုပါ ထိတွေ့တိုက်ပွဲများသည် ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းထိ တိုက်ပွဲပြင်းထန် လျက်ရှိ ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားလျက်ရှိကြောင်း၊ အကြမ်းဖက် စစ်တပ်သည် မိုးဒါလေးရွာကို ဂျက်ဖိုက်တာ ၃ စီးဖြင့် ပြည်သူပိုင် နေအိမ်များကို ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၈ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း မြို့လှ PDF က ထုတ်ပြန်ထားသည်။", "ထို့ပြင် ယနေ့တွင် ကသာမြို့နယ်၊ ငါးအိုးနယ် ၊ စိမ့်ငူကျေးရွာအထက် ၊အလယ်ကျွန်း ကျေးရွာ အနီး တွင် လည်း တိုက်ပွဲဖြစ်ပွားပြီး PDF ၁ ဦး ကျဆုံးကြောင်း၊ စစ်တပ်က အလယ်ကျွန်းရွာကို မီးရှို့သွားကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ABSDF တပ်ဖွဲ့၏ သင်တန်းဆင်းပွဲတစ်ခု။"]
https://yktnews.com/2023/04/97444/
ငါန်းဇွန်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး
["ငါန်းဇွန်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၁၄", "မန္တလေး၊ ငါန်းဇွန်မြို့နယ်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့အင်အား ငါန်းဇွန် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၁၂ ရက်နေ့ ငါန်းဇွန်-ငါန်းမြာ လမ်းပိုင်းတွင် သွားလာ နေသည့် စစ်ကား ၁ စီးကို သားကျင်ရွာနှင့်", "နတ်ကြီးရွာ အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "“သေသွားတဲ့ စစ်ခွေး ၄ ကောင်ကို ငါန်းမြာကြီးရွာစာသင်ကျောင်း အတွင်းမှာ မြှုပ်ထားခဲ့တယ်လို့ သိရတယ်။ ထိခိုက် ဒဏ်ရာရတဲ့ စစ်ခွေး ၁ ကောင်ကို ငါန်းမြာဆေးရုံတွင် ကုသနေ​တယ်လို့ သိရတယ်” ဟု အင်အား ငါန်းဇွန် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့အင်အား ငါန်းဇွန်၊ မြင်းခြံခရိုင် တပ်ရင်း အမှတ် ၆ special task force (ငါန်းဇွန်)နှင့် စစ်ကိုင်းခရိုင် တပ်ရင်း အမှတ် ၄ Mspdf တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုကို မြင်းခြံ မြို့နယ် ပကဖ ၂၇ မှ ချပေးထားသော မိုင်းများဖြင့် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/02/86197/
ငါန်းဇွန်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးသေဆုံး၊ ဘီးလင်းတွင် စစ်တပ်ရိက္ခာကားတန်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး၊ လောင်းလုံးတွင်လည်း ပျူစောထီးကားကို မိုင်းဆွဲတိုက်ခိုက်
["ငါန်းဇွန်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးသေဆုံး၊ ဘီးလင်းတွင် စစ်တပ်ရိက္ခာကားတန်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး၊ လောင်းလုံးတွင်လည်း ပျူစောထီးကားကို မိုင်းဆွဲတိုက်ခိုက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၈", "မန္တလေး၊ ငါန်းဇွန်မြို့နယ်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦး သေဆုံးခဲ့ကြောင်း မြစ်ငယ် PDF မှ ပြန်ကြား ရေးတာဝန်ခံ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မန္တလေး၊ မြို့သာမြို့မှ ငါးဇွန်မြို့သို့ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ်၏ စစ်ကား ၁ စီးကို ငါးဇွန်မြို့ တောင်လယ်သာနှင့် ရွာလာ လမ်းပိုင်းတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲမှုကြောင့် စစ်တပ် အသက် မွေးမြူရေး သင်တန်းကျောင်း-၂ မှ ဗိုလ်ကြီး ၁ ဦးပွဲချင်းပြီးသေဆုံးပြီး စစ်သား ၅ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို မန္တလေးခရိုင် အမှတ် ၅ တပ်ရင်း Myitnge – PDF၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့နှင့် AH NYAR MYAY SPECIAL DEFENSE FORCE တို့က ပူးပေါင်း လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အလားတူ ဖေဖော်ဝါရီလ ၆ ရက်နေ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ပဲခူးတိုင်း၊ ဝေါမြို့နယ်ဘက်မှ လာသည့် စစ်တပ်ရိက္ခာတင်ကား ၇ စီးကို KNU နှင့် PDF မဟာမိတ်တပ်များက ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကာ စစ်ကားတစ်စီးပျက်စီး‌ကြောင်း၊ စစ်တပ်က ပစ်ခတ်တိုက်ခိုက်ခံရသည့် နေရာ အနီးမှ နေအိမ်တစ်လုံးကို မီးရှို့ ဖျက်သွားကြောင်း သိရှိရသည်။", "“ဝေါကနေလာတဲ့ ရိက္ာ စစ်ကား၇စီးကိုသွားပစ်တာ လမ်းကြောင်းလုံခြုံရေးယူထားတဲ့စစ်ခွေးတွေနဲ့ဆုံတော့လက်ဦးယူပြီးဆော်ထည့်တာပူးပေါင်းအဖွဲ့ကဘေးကင်းလုံခြုံစွာပြန်ဆုတ်တယ်။ ဒေါက်ရပ်ဘက်မှာပါ။ ခွေး၇ကောင်ဂိန်တယ်။ ၃ကောင်ဒဏ်ရာပြင်းတယ်။ ခွေးတွေက အိမ်တစ်လုံးမီးရှို့ပြီး ခွေးကားတစ်စီးပျက်စီးတယ်။ ဂိန်တဲ့ထဲဗိုလ်နှစ်ကောင်ပါတယ်” ဟု PDF သတင်းရင်းမြစ်က ပြောသည်။", "ထို့အတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ပျူစောထီးအဖွဲ့များ လိုက်ပါလာသည့် ကား ၁ စီးသည် ကမြောကင်းတံတားမှ လောင်းလုံးသို့ ထွက်ခွာလာစဥ် ထားဝယ်-လောင်းလုံး လမ်းပိုင်း၌ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း LLPDF တပ်ဖွဲ့က ပြောဆိုသည်။", "ဓာတ်ပုံ- KNU နှင့် PDF ပူးပေါင်းတပ်ဖွဲ့၏ စစ်ရေးပြမြင်ကွင်း။"]
https://yktnews.com/2023/05/104149/
ငါန်းဇွန်တွင် စစ်ကောင်စီခန့် ​ကျေးရွာအုပ်ချုပ်​ရေးမှူး ၂ ဦး အရက်ဆိုင် ထိုင်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံး၊ အင်္ဂပူမြို့နယ်တွင်လည်းအုန်းကုန်းရွာအုပ်ချုပ်ရေးမှူး ကျော်ဝင်း အသတ်ခံရ
["ငါန်းဇွန်တွင် စစ်ကောင်စီခန့် ​ကျေးရွာအုပ်ချုပ်​ရေးမှူး ၂ ဦး အရက်ဆိုင် ထိုင်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံး၊ အင်္ဂပူမြို့နယ်တွင်လည်းအုန်းကုန်းရွာအုပ်ချုပ်ရေးမှူး ကျော်ဝင်း အသတ်ခံရ", "ရန်ကုန်၊ မေ ၂၄", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သန့်ဇင်ကုန်းကျေးရွာနှင့် ဇလှပ်မကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦးကို အရက် ဆိုင်၌ တပြိုင်တည်းတွေ့၍ PDF က ဝင်ရောက်ပစ်ခတ်ရာ ၂ ဦးစလုံး သေဆုံးသွားကြောင်း TGYR – Youth Guerilla Counter Revolution (LPDF) အထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ မေလ ၂၄ ရက် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ငါန်းဇွန်မြို့နယ်၊ သန့်ဇင်ကုန်းကျေးရွာ အကြမ်းဖက် ဖက်စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး သန်းဇော်လင်းနှင့် ဇလှပ်မကျေးရွာအုပ်ချုပ်ရေးမှူး ဦး တို့သည် ရွာနှစ် ရွာကြားရှိ အရက်ဆိုင်၌ အတူတူထိုင်ကာ အရက်သောက်နေစဉ် ပြည်သူ့ကာကွယ်ရေးပြောက်ကျား တပ် ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်ခဲ့ရာ နှစ်ဦးစလုံး နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။", "“သေနတ်နဲ့ ၆ ချက်ပစ်ခတ်ရှင်းလင်းခဲ့တာ၊ ခါတိုင်းက ရွာ ၃ ရွာအုပ်ကြီးတွေ စုနေကြတယ်၊ ၁၂ ယောက် ၁၃ ယောက် အမြဲတမ်းရှိတယ်၊ အခုက အနည်းဆုံးအချိန်၊ အခုက ၂ ရွာပဲတွေ့ခဲ့တာ၊ သူတို့ကို စစ်တပ်က ဗုံးသီးတွေပေးထားတယ်၊ ရွာထဲမှာဆို ဓားကိုင်သောင်းကျန်းနေကြ တာ၊ အခုပစ်ခတ်ရှင်းလင်း တဲ့အချိန်မှာ ဓားမတိုတစ်ချောင်းတော့ သိမ်းဆည်းရခဲ့တယ်၊” ဟု TGYR – Youth Guerilla Counter Revolution (LPDF) အထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။", "အဆိုပါပစ်ခတ်ရှင်းလင်းမှုကို TGYR – Youth Guerilla Counter Revolution (LPDF) အထူးပြောက် ကျားတပ်ဖွဲ့၊ 925 ပြောက်ကျားတပ်ဖွဲ့နှင့် ဒေါင်းဖိုက်တာ တပ်ဖွဲ့တို့ ပူးပေါင်းကာ ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အလားတူ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် မဲဇလီကုန်းကျေးရွာအုပ်စု၊ အုံးကုန်းရွာအုပ်ချုပ်ရေးမှူး ကျော်ဝင်းမှာလည်း ယမန်နေ့ ည ၈ နာရီတွင် အသတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။"]
https://yktnews.com/2023/10/126837/
ငါန်းဇွန်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ ဝေါမြို့နယ်တွင် စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၂ ဦးသေဆုံး
["ငါန်းဇွန်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ ဝေါမြို့နယ်တွင် စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၂ ဦးသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၁၇", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ပြည်တော်ဝင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ နတ်ကြီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက နတ်ကြီးရွာနှင့် ထနောင်းကုန်းရွာ အကြား မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပြည်တော်ဝင်ပြောက်ကျားတပ်ဖွဲ့ ၊ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြင်းခြံခရိုင် တပ်ရင်း ၇ တပ်ခွဲ ၁ ငါန်းဇွန် မီးနဂါးပြောက်ကျားအဖွဲ့ ၊ TGYR ပျောက်ကျားအဖွဲ့ ၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့ ၊ 925 ပျောက်ကျားအဖွဲ့ ၊ လက်ရုံးပျောက်ကျားအဖွဲ့ ၊ ဖက်ဒရယ်ညီအကိုပျောက်ကျားအဖွဲ့ နှင့် ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင် စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသတော်လှန်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် ဝေါမြို့နယ်၊ အုတ်ဖိုကျေးရွာအုပ်စု၌ တပ်စွဲထားသော စစ်သားများသည် အုတ်ဖို ၁ ကမ်းနားဆိပ် ဇရပ် တွင် သဲအိတ် ဘန်ကာ၌ ရှိနေစဥ် တော်လှန်ရေး တပ်ဖွဲ့ဝင်များက စနိုက်ပါ ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို KNU ၊ KNLA ၊ ၃၇၀၂ တပ်ခွဲ၄ ပူးပေါင်းအဖွဲ့က သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပူးပေါင်း အဖွဲ့ဝင်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "ဝေါမြို့နယ်အတွင်းရှိ လက်ပံကျေးရွာမှ ပျူစောထီး ၁၂ ဦးသည် အုတ်တွင်းတွင် စစ်သင်တန်း တက်ရောက်ခဲ့ပြီး အောက်တိုဘာလ ၁၄ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်တွင် ပြန်လည် ရောက်ရှိလာကြောင်း၊ လက်ပံကျေးရွာတွင်လည်း ပျုစောထီး သင်တန်းတက်ရောက်ခဲ့သူ ၂၅ ဦး ရှိပြီး အုတ်ဖို ၁ ၊ အုတ်ဖို ၂ ၊ သံခွန်ရွာ တို့လည်း ပျူစောထီး သင်တန်း တက်ရောက်ထားသူ ၁၀ ဦး ရှိကြောင်း သိရှိရသည်ဟု KNU ၊ KNLA ၊ ၃၇၀၂ တပ်ခွဲ ၄ ပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/02/88688/
ငါန်းဇွန်တွင် စစ်တပ် ပတ်ကင်းကို ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်ကြီး နန္ဒာမင်း အပါအဝင် စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိ
["ငါန်းဇွန်တွင် စစ်တပ် ပတ်ကင်းကို ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်ကြီး နန္ဒာမင်း အပါအဝင် စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်တပ် ပတ်ကင်းကို ပစ်ခတ် တိုက်ခိုက်ရာ ဗိုလ်ကြီး နန္ဒာမင်း အပါ အဝင် စစ်သား ၄ ဦးသေဆုံးကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညပိုင်းတွင် ငါန်းဇွန်မြို့နယ်၊ သားကြင်ရွာ၊ အ.ထ.က ကျောင်း၌ တပ်စွဲထားသော စစ်သား ၁၀ ဦးသည် ကင်းပတ်ထွက်လာချိန် ရွာလယ်ဘုရားအရောက် ဒေသကာကွယ်ရေးအဖွဲ့ဝင်များက စောင့်ကြို တိုက် ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ဗိုလ်ကြီး နန္ဒာမင်း အပါအဝင် စစ်သား ၄ ဦးသေဆုံးကာ MA 2 သေနတ် ၁ လက်နှင့် ဖုန်း ၁ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ၊ TGYR – Youth Guerrilla Counter Revolution(LPD)၊ MN PDF MyitNge၊ မာန်စွယ်ကျားပြည်သူ့ကာကွယ်ရေတပ်ဖွဲ့၊ ဇာမဏီ ပျောက်ကျားတပ်ဖွဲ့၊ SINTGAING LPDFနှင့် မြင်းခြံခရိုင် တပ်ရင်း ၆ ( ငါန်းဇွန်)အပါအဝင် မဟာမိတ် တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/11/132513/
ငါန်းဇွန်တွင် စစ်သားများ လိုက်ပါလာသော ထော်လာဂျီကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး
["ငါန်းဇွန်တွင် စစ်သားများ လိုက်ပါလာသော ထော်လာဂျီကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၂၂", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်သားများ လိုက်ပါလာသော ထော်လာဂျီကို မိုင်းဆွဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်ခန့်တွင် ငါန်းဇွန်မြို့နယ်၊ လက်ပံသာရွာကို ဝင်ရောက်လာသည့် စစ်သားများ လိုက်ပါလာသော ထော်လာဂျီကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ရာ ထွေလာဂျီ အနီးရှိ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ ၊ ငါန်းဇွန်ပကဖ အဖွဲ့ဝင်များဖြစ်သော ရွှေဂျိုးဖြူ ပျောက်ကျားအဖွဲ့၊ 925 ပျောက်ကျားအဖွဲ့၊ TGYR ပျောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့၊ လက်ရုံးပျောက်ကျားအဖွဲ့၊ ငန်းနက် ပျောက်ကျားအဖွဲ့၊ အားမာန်သစ်ပျောက်ကျားအဖွဲ့နှင့် ဖက်ဒရယ်ညီအကိုပျောက်ကျားအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/81443/
ငါန်းဇွန်တွင် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ဆားလင်းကြီးတွင် တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော် ၁ ဦးကျဆုံး
["ငါန်းဇွန်တွင် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ဆားလင်းကြီးတွင် တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော် ၁ ဦးကျဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁၆", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Nway Oo Takhon PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇန်နဝါရီလ ၁၆ ရက် နံနက် ၁၁ နာရီခန့်တွင် ထနောင်းကုန်းကျေး၌ တပ်စွဲပြီး အနီးအနားရှိကျေးရွာများကို စစ်ကြောင်းထိုးဖျက်ဆီးကာ ထနောင်းကုန်းရွာသို့ ပြန်လာသော အင်အား ၂၀ ခန့်ပါ အကြမ်းဖက် စစ်တပ်မှ စစ်သားများ အုပ်စုဖွဲ့ထိုင်နားနေစဉ် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။", "“အပြင်းအထန်ဒဏ်ရာရတဲ့အထဲမှာတစ်ကောင်က စိုးရိမ်ရတယ်လို့ သိရတယ်၊ စစ်ခွေးတွေရဲ့ ဂျန်မာမိမှာစိုးလို့ ကြဲချပြီးတာနဲ့ တစ်ခါတည်းတန်းခေါ်ခဲ့လိုက်ရတာ၊ အဲဒါကြောင့် ဗုံးသီးကျပေါက်ကွဲတဲ့ ရုပ်သံမယူလိုက်နိုင်ဘူး။ အသံပါပဲရလိုက်တယ်၊ မြင်းမူဘက်တိုက်ပွဲမှာ စစ်ခွေးတွေရဲ့ ဂျန်မာမိပြီး ဒရုန်းတစ်စီးဆုံးရှုံးခဲ့ဖူးတယ်၊ အဲဒီ အတွက်လဲ ပြန်မဝယ်နို်ငသေးဘူး၊ ၆၀ မမ တွေသယ်နို်ငမယ့် ဒရုန်းတစ်စီးလောက်တော့ ထပ်လိုချင်တယ်၊ ထိထိရောက်ရောက်လုပ်နိုင်ဖို့” ဟု Nway Oo Takhon PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်သားများမှ လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို Nway Oo Takhon PDF ၊ T. G. R. Women Drone Force ၊ ဒေါင်းဖိုက်တာ NZN PDF ၊ Zamani Revolution Force (MMU)Myaung ၊ ဇီးရိုးပြောက်ကြား တပ်ရင်း ၇ ၊ တပ်ခွဲ ၁ ၊ ငါန်းဇွန် မီးနဂါး၊ myaung_revolution_army M. R. A တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဆားတုံးရွာထိပ် ချင်းတွင်းမြစ်ဘေးတွင် တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ ကြောင်း Black Shadow PDF မှ ဒုတိုက်ခိုက်ရေးခေါင်းဆောင် ဗိုလ်ဗသိန်းက ရန်ကုန် ခေတ်သစ်သ တင်း ဌာနထံ သို့ပြောကြား သည်။", "ယနေ့ ဇန်နဝါရီလ ၁၆ ရက် နေ့လည် ၁၁ နာရီခန့်က ညောင်ပင်ကြီးကျေးရွာမှ ဆားလင်းကြီးရဲစခန်းသို့ အင်အား ၅၀ ခန့်ဖြင့်ခြေလျင် ထွက်လာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိနာပြီးလေယာဉ်ဖြင့် နာရီဝက်ခန့် အထိ ပစ်ကူပေးခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။", "“စစ်ခွေးတွေဘက်က အမျိုးသမီးတွေလည်းပါတယ်၊ စစ်ခွေးတွေထဲက အမျိုးသမီးတစ်ဦးရော သေတယ် လို့ယူဆရတယ်၊ စစ်ခွေးတွေ အသေအပျောက်ကတော့ရှိတယ်၊ အရေအတွက် အတိအကျသာမသိရသေး တာ၊ လေယာဉ်ပစ်ကူလာလို့ နောက်ဆုတ်ခဲ့ရတာ၊” ဟု Black Shadow PDF အဖွဲ့မှ ဒုတိုက်ခိုက်ရေး ခေါင်းဆောင် ဗိုလ်ဗသိန်းက ပြောဆိုသည်။", "အဆိုပါတိုက်ခိုက်မှုကို Black Shadow PDF ၊ Black Vote Fighter ၊ Salingyi Generation Z – PDF ၊ Daung New Generation ၊ ကနီ PDF ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ DRPA နှင့်အခြားဒေသခံမဟာမိတ် တပ်ဖွဲ့များပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/05/164070/
ငါန်းဇွန်တွင် စစ်သားများလိုက်ပါသော ဒိုင်နာကားတစ်စီးကို မိုင်းဆွဲမှု စစ်တပ်ဘက်မှ ထိ ခိုက် သေဆုံးမှုရှိ
["ငါန်းဇွန်တွင် စစ်သားများလိုက်ပါသော ဒိုင်နာကားတစ်စီးကို မိုင်းဆွဲမှု စစ်တပ်ဘက်မှ ထိ ခိုက် သေဆုံးမှုရှိ", "ရန်ကုန်၊ မေ ၂၃", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက်စစ်သား ၅၀ ခန့်လိုက်ပါလာသော ဒိုင်နာကားတစ်စီး ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း နဂါးနီပြောက်ကျား တပ်ဖွဲ့ -မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မေလ၂၁ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန် ငါန်းဇွန်မြို့နယ်၊ ကျင်းသာကျေးရွာဘက်သို့ အင် အား ၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးပြီး ၁၂ ပေ ဒိုင်နာကားဖြင့် မြို့သာမြို့ဘက်သို့ ပြန်လာစဉ် ပဒေသာ မိုင်း ၅ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိပြီး အော်ဟစ်ညည်းညူသံများနှင့်အတူ ဂွေးကုန်းအထိုင်စခန်းအထိ အလျင်အမြန် မောင်းပြေးသွားကြောင်း သိရသည်။", "“စစ်ကြောင်းထိုးဖို့ ဝင်လာတာပေါ့။ အလာတုန်းကတော့ လျှပ်တပြက်ဝင်လာတာမို့ မဆွဲလိုက်ရဘူး။ ပြန်ထွက် လာမှဆွဲခဲ့လိုက်ရတာ၊ မိုင်းကွင်းအလယ်တည့်တည့်မိတာလည်းဟုတ်တယ်။ ကားနောက် ခန်း ထဲကိုလည်း ရှေ့ထွက်နဲ့ ကွက်တိဝင်သွားအောင်ဆွဲနိုင်လိုက်တယ်။ အသေအပျောက်ကို အတိ အကျ မသိရဘူး။ ကားပေါ်မှာတော့ အော်ဟစ်နေတာ ညံပွတ်နေတာပဲ၊သေတဲ့သူတွေလည်းတော် တော်များများသေတယ်၊ ဒဏ်ရာရတဲ့သူတွေလည်း များတယ်လို့ သတင်းရထားတယ်။ သတင်းလက် စဖျောက်ဖို့ ဘယ်ဆေးရုံမှ မသွားဘဲ ဂွေးကုန်းကို တန်းမောင်းသွားတာ၊ သတင်းလက်စဖျောက်ချင် တော့ မြို့သာဆေးရုံကို မဝင်တော့ဘူး။ ” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ – မြင်းခြံမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်သားများထွက်ပြေးသွားသည့် ဂွေးကုန်းကျေးရွာသည် ငါဇွန်မြို့နယ်အတွင်းပါရှိသော် လည်း တံတားဦးမြို့နယ်အစပ်တွင် တည်ရှိကြောင်း၊အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို နဂါးနီပြောက် ကျားတပ်ဖွဲ့ -မြင်းခြံ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများက ရမ်းသမ်းပစ် ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။", "ဓာတ်ပုံ- ယမန်နှစ် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မိုင်းထိမှန်ထားသော စစ်ကား တစ်စီး။"]
https://yktnews.com/2023/09/120895/
ငါန်းဇွန်တွင် ပျူစောထီး ၃ ဦးကို PDF တပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးစဥ် ခုခံထွက်ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးရာမှ ၃ ဦးလုံးသေဆုံး
["ငါန်းဇွန်တွင် ပျူစောထီး ၃ ဦးကို PDF တပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးစဥ် ခုခံထွက်ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးရာမှ ၃ ဦးလုံးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၃", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ပျူစောထီး ၃ ဦးကို PDF တပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးစဥ် ခုခံထွက်ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးရာမှ ၃ ဦးလုံးသေဆုံးခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၂ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်တွင် ငါန်းဇွန်မြို့နယ်၊ သန့်ဇင်ကုန်းကျေးရွာတွင် မိုးမိုး ဦးဆောင်သည့် ပျူစောထီး ၃ ဦး ဝိုင်းဖွဲ့ကာ အရက်သောက်နေစဥ် ငါန်းဇွန် ပကဖ နှင့် TGYR-ပြောက်ကျားအဖွဲ့ တို့မှ ဝင်ရောက်ဖမ်းဆီးရာ ပြန်လည် ခုခံထွက်ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးရာမှ ၃ ဦးလုံး ပွဲချင်းပြီးသေဆုံးကာ ၎င်းတို့ထံမှ လက်ပစ်ဗုံး ၁ လုံး၊ ဓါးမ ၁ ချောင်းနှင့် ဂွ ၁ လက်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "ပျူစောထီး ခေါင်းဆောင် မိုးမိုးဆိုသူသည် သန့်ဇင်ကုန်းကျေးရွာမှ စစ်ကောင်စီခန့် အုပ်ကြီးသန်းဇော်လင်း၏ ညီ ဖြစ်ပြီး မိုးမိုး ဦးဆောင်သော ပျူစောထီးအဖွဲ့သည် ကျေးရွာအတွင်း လာသမျှ ကား၊ ဆိုင်ကယ်များကို တားဆီး ဓါးပြတိုက်ကာ ငွေတောင်းအနိုင်ကျင့်ကာ သန့်ဇင်ကုန်းကျေးရွာကို စစ်တပ်အလိုကျ ပျူစောထီးရွာ အဖြစ်အသွင်ပြောင်းနေသည့် အဖွဲ့ဖြစ်ကြောင်း သိရှိရသည်။", "” ဝင်ရောက် ဖမ်းဆီးတာကို ပြန်လည်ခုခံလို့ ပစ်ခတ်ဖမ်းဆီးတာ ၃ ဦးသေဆုံးသွားတယ်” ဟု ငါန်းဇွန်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2024/01/138944/
ငါန်းဇွန်နှင့် မြင်းခြံ တို့တွင် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၄ ဦး သေဆုံး ၊ မုံရွာမြို့ရှိ သာစည်အကျဉ်းထောင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
["ငါန်းဇွန်နှင့် မြင်းခြံ တို့တွင် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၄ ဦး သေဆုံး ၊ မုံရွာမြို့ရှိ သာစည်အကျဉ်းထောင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ ဇန်နဝါရီ ၇", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ပျဉ်းလှတောရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းရှေ့ရှိ ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ ရဲ ၄ ဦးသေဆုံးခဲ့ကြောင်း နွားထိုးကြီး ပကဖ ထံမှ သိရသည်။", "ဇန်နဝါရီလ ၅ ရက် နံနက် ၈ နာရီကျော်က ကုက္ကဲရဲစခန်းရှေ့တွင် ဂိတ်စခန်းဖွင့်ပြီး ပြည်သူလူထု အ ပေါ် မိုက်ကြေးခွဲကာ ဆက်ကြေးကောက်နေသော ဂိတ်ကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် တပ်လက်အောက်ခံ ရဲများ တစ်စုတစည်းတည်းစုဝေးနေချိန် ဗုံးသီးတည့်တည့်ကျရောက်ပေါက်ကွဲ ခဲ့သဖြင့် ရဲ ၄ ဦးနေရာမှာပင်ပွဲချင်းပြီးသေဆုံးပြီး ကျန်ရဲတစ်ချို့ သွေးရူးသွေးတန်းဖြင့် ထွက်ပြေးကာ နေအိမ်များအတွင်း ဝင်ရောက်ပုန်းအောင်းခဲ့ကြောင်း သိရသည်။", "အလားတူ ဇန်နဝါရီလ ၂ ရက် ညနေ ၄ နာရီခန့်က ငါန်းဇွန်မြို့နယ်၊ ပျဉ်းလှတောကျေးရွာ ဘုန်းကြီး ကျောင်း၌ အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို Shar Htoo Waw နည်းပညာ Fixed Wings လေယာဉ်များဖြင့် ဗုံးသီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သား ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုများကို နွားထိုးကြီး ပကဖနှင့် နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ကျေးရွာ အကျဉ်းထောင်၌ တပ်စွဲထားသော အကြမ်းဖက်စစ် ကောင်စီတပ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ် ရင်း ၃၅ ထံမှ သိရသည်။", "ယနေ့ ဇန်နဝါရီလ ၇ ရက် နံနက် ၇ နာရီခန့်က မုံရွာမြို့နယ်၊ သာစည်အကျဉ်းထောင်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ၆၀ မမ ၊ ၈၀ မမတို့ ဖြင့် ပစ် ခတ် တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။", "အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ – PDA Yinmarbin နှင့် မုံရွာခရိုင်တပ်ရင်း ၂၇ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution"]
https://yktnews.com/2022/12/75876/
ငါန်းဇွန်နှင့် လောင်းလုံးမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် ပျူစောထီး၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ငါန်းဇွန်နှင့် လောင်းလုံးမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် ပျူစောထီး၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၃", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှ စစ်ကောင်စီခန့် ညောင်လေးပင်ကျေးရွာ အုပ်ချုပ်ရေးမှူး မင်းဆန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန်-သားပြင်လမ်းမပေါ် တောင်ရွာဘိုရွာ နှင့် မြောက် ရွာဘိုရွာအကြားတွင် ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ် ခန့်အချိန် ညောင်လေးပင်ရွာအုပ်ချုပ်ရေးမှူး မင်းဆန်းကို ပစ် ခတ်ခဲ့ ရာ နေရာတွင်ပင်ပွဲချင်းပြီး သေ ဆုံးသွားကြောင်း TGYR – Youth Guerilla Counter Revolution က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောသည်။", "အဆိုပါအုပ်ချုပ်ရေးမှူး မင်းဆန်းသည် အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်း ကာ ကျေးရွာနေ ပြည်သူ လူထုကို မတရားဖမ်းဆီးညှင်းပန်းနှိပ်စက်နေပြီး ၎င်းကြောင့် ဒုက္ခရောက်ကြရသည့် ပြည်သူများစွာရှိ ကြောင်း၊ထို့ပြင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များထောင် ထားသည့် မိုင်းများကိုလည်း အကြမ်း ဖက်စစ်ကောင်စီထံအပ်နှံခဲ့ကြောင်း သိရသည်။", "“သူ့ကြောင့် ဒုက္ခရောက်ကြရတဲ့မိသားစုတွေရှိတယ်ဗျ၊ အဖမ်းခံရသူတွေလည်း ရှိတယ်၊ ဖမ်းခံရပြီး ငွေ တောင်းပြန်လွှတ်တဲ့သူလဲရှိတယ်၊ သူက စကစနဲ့ ပေါင်းပြီး ကြံနေတာ၊ ရွားနားမှ စစ်ခွေးတွေကို တိုက်ဖို့ ဆင်ထားတဲ့ ကျနော်တို့ မိုင်း ၅ အပါအဝင် အလုံး ၃၀ ကျော်ကို စကစဆီအပ်ခဲ့ဖူးတယ်။ အဲဒါကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာ၊ ကျည်နှစ်တောင့်(နှုတ်ခမ်းနီ)နဲ့။” ဟု TGYR အဖွဲ့ခေါင်း ဆောင် CEO က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ယင်းတိုက်ခိုက်မှုကို TGYR – Youth Guerilla Counter Revolution(LPDF)၊ BHGF- Black Hero Guerilla Force နှင့် မာန်စွယ်ကျား ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တို့မှ ပူးပေါင်းပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ် ပြီး လက်ပစ်ဗုံးတစ်လုံးပါ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ၎င်းပစ်ခတ်ခံရသည့်နေရာသို့ အကြမ်းဖက်စစ် ကေင်စီတပ်သားအများအပြားရောက်ရှိလာကာ စစ်ဆေးခဲ့ကြောင်း သိရသည်။", "အလားတူ ယနေ့နံနက်ပိုင်း ငါးဇွန်မြို့နယ်၊ ကုလရွာကြီး မှ စစ်တပ် သတင်းပေး ဟု သတ်မှတ်ခံရသူ ပျူစောထီး ရန်အေး ကို ရွာအရှေ့ဘက် တောထဲတွင် အသတ်ခံထားရသည်ကို တွေ့ရှိရကြောင်း‌ ဒေသသတင်းရင်းမြစ်က ဆိုသည်။", "ထို့အတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဝေဒီရွာလမ်းပိုင်းတွင် ယနေ့ ဒီဇင်ဘာလ ၂၃ ရက် နံနက် ၁၀ နာရီ ခန့်က အကြမ်းဖက် စစ်ကောင်စီ လက် အောက်ခံ လောင်းလုံးရဲစခန်းမှ ပြန်လာသော ပျူစောထီးအဖွဲ့ဝင် တစ်ဦး ပစ်သတ်ခံခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။", "လောင်းလုံးမြို့ရဲစခန်းတွင် အစည်းအဝေးလုပ်ပြီး ဝေဒီရွာရှိ နေအိမ်သို့ ပြန်လာ သော ပျူစောထီးအဖွဲ့ဝင် နေလင်း ထွန်း ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တစ်ခုက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဒဏ်ရာ ၆ ချက်ရရှိ ပြီးပွဲချင်း ပြီး သေဆုံး သွားကြောင်း၊ မည်သည့်အဖွဲ့အစည်းက ပစ်ခတ်သွားသည်ကို မသိရသေး ကြောင်း Dawei Information Center က ပြောသည်။", "ပစ်ခတ်ခံရပြီး သေဆုံးသူနေလင်းထွန်းသည် အကြမ်းဖက်စစ် ကောင်စီ တပ် သားများနှင့်ပူးပေါင်းကာ သတင်းပေးခြင်း၊ ပြည်သူများကို ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲ အတွက် ရွာထဲတွင် မဲစာရင်း များ လိုက်ကောက်ပေးခြင်းတို့ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။", "ဓာတ်ပုံ- ငါန်းဇွန်မြို့နယ်၊ ညောင်လေးပင်အုပ်ချုပ်ရေးမှူး မင်းဆန်းထံမှ ရရှိသော လက်ပစ်ဗုံးဖြင့် ပစ္စည်းများ။"]
https://yktnews.com/2025/02/203598/
ငါန်းဇွန်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုများပြား
["ငါန်းဇွန်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုများပြား", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုများပြားကြောင်း Tiger Brother မြစ်သား PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ငါန်းဇွန်မြို့နယ် မိုင်းထောင်ရွာနှင့် ဂွေကြီးရွာ အကြားတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၈ ဦးသေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "“ငါန်းဇွန်မြို့နယ် မိုးထောင်ကျေးရွာနဲ့ ဂွေကြီးကျေးရွာ အကြားမှာ စစ်ခွေး စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၁၈ ကောင်သေဆုံးတယ်။ ကျနော်တို့ တော်လှန်ရေး ရဲဘော်တွေတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု Tiger Brother မြစ်သား PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို Tiger Brother မြစ်သား PDF၊ FREE DOM FIGHTERS နှင့် GOLDEN EAGLES အဖွဲ့က တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအနေဖြင့် ပြည်သူလူလူထုကို ညဉ်းပန်း နှိပ်စက် သတ်ဖြတ်နေသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ ဒေါက်တိုင်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Tiger Brother မြစ်သား PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2023/10/129041/
ငါန်းဇွန်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး
["ငါန်းဇွန်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၃၁", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၂၅ ရက်နေ့တွင် ငါန်းဇွန်မြို့နယ်အတွင်း လှုပ်ရှားနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းများကို တော်လှန်ရေးတပ်ဖွဲ့များက ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "နံနက် ၉ နာရီခန့်တွင် ငါန်းဇွန်မြို့နယ် နတ်ကြီးရွာ မှရေဆင်းရွာကို ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ထနောင်းကုန်းရွာနှင့် ရေဆင်းရွာ အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း သိရှိရသည်။", "နံနက် ၉ နာရီ ၃၀ မိနစ်တွင် ခေါင်းဘိုရွာမှ ထွက်လာသည့် စစ်ကြောင်းကို လက်ပံသာရွာ မရောက်မှီ တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ထော်လာဂျီ နှင့် ခြေလျင်စစ်ကြောင်းကို ထိမှန်ပြီး စစ်သား ၆ ဦး သေဆုံးကာ ၁ ဦး လက်မောင်း ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့နောက် လက်ပံသာရွာမြောက်ဘက်ကို ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ငါန်းဇွန် ပကဖ) ၊ T.G.R people defence force မြောင်မြို့နယ် T.G.R ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Black Eagle Defence Force – MMU ၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၂ ၊ မြင်းခြံခရိုင်တပ်ရင်း ၇ တပ်ခွဲ ၁ ၊ ငါန်းဇွန် မီးနဂါး ပျောက်ကျားအဖွဲ့၊ 925 ပျောက်ကျားအဖွဲ့ ၊ TGYR ပျောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့၊ လက်ရုံးပျောက်ကျားအဖွဲ့၊ ဖက်ဒရယ်ညီအကိုပျောက်ကျားအဖွဲ့၊ ရွှေဂျိုးဖြူ ပျောက်ကျားအဖွဲ့၊ ငန်းနက်ပျောက်ကျားအဖွဲ့၊ အားမာန်သစ်ပျောက်ကျားအဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/120905/
ငါန်းဇွန်မြို့နယ်တွင် စစ်တပ်က သားကျင်ရွာသား ပြည်သူ ၅၀ ကျော်ကို ရွာထဲ၌ ဖမ်းဆီးထား
["ငါန်းဇွန်မြို့နယ်တွင် စစ်တပ်က သားကျင်ရွာသား ပြည်သူ ၅၀ ကျော်ကို ရွာထဲ၌ ဖမ်းဆီးထား", "ရန်ကုန်၊ စက်တင်ဘာ ၃", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က သားကျင်ရွာသား ပြည်သူ ၅၀ ကျော်ကို ရွာထဲ၌ ဖမ်းဆီးထားကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၃ ရက်နေ့တွင် သားကျင်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ကျေးရွာပြည်သူများကို ဖမ်းဆီးပြီး အမျိုးသမီးများကို ပြန်လွှတ်ပေးကာ အမျိုးသား ၅၀ ကျော်ကို သားကျင်ရွာ ကောင်စီရုံးအတွင်း၌ ဖမ်းဆီးထား​ပြီး လက်ရှိချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။", "“သားကျင်ရွာမှာက စစ်ခွေး အထိုင်စခန်းရှိတယ်။ ကျေးရွာသား ပြည်သူတွေကို ဘာကြောင့် ဖမ်းဆီးလည်းဆိုတာတော့ မသိရသေးဘူး။ အမျိုးသမီးတွေကို လွှတ်ပေးလိုက်ပြီလို့ သိရပေမယ့် အမျိုးသား ၅၀ ကျော်ကို အခုထိဖမ်းထားတုန်းပဲ” ဟု ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/09/121914/
ငါန်းဇွန်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲချမှု စစ်သား ၇ ဦးသေဆုံး
["ငါန်းဇွန်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲချမှု စစ်သား ၇ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၁၁", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာ ကွယ် ရေး တပ်ဖွ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိ ငါန်းဇွန် မြို့နယ် လက်ပံသာကျေးရွာသို့ လာသည့် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံး ၈ ကြိမ်ချ၍ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထွက်ပြေးကြပြီး စစ်သား ၇ ဦး သေ ဆုံးခဲ့ကြောင်း ၊ စစ်သား ၁၃ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "“ခွေးအလောင်းတွေနဲ့ ဒဏ်ရာရခွေးတွေကို ထွေလာဂျီ ၂ စီးနဲ့ သားကျင်ကျေး ရွာသို့ သယ်ဆောင်ပါတယ်” ဟု ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့( ငါန်းဇွန် ပ.က.ဖ ) ၊ T.G.R people defense force မြောင်မြို့နယ် ၊ T.G.R ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ T.G.R Women Drone Force ၊ Black Eagle Defense Force – MMU၊ Black Eagle Drone force၊ ကျောက်ဆည်ခရိုင် တပ်ရင်း ၂ ငန်းနကပြောက်ကျားအဖွဲ့၊ မီနဂါးပြောက်ကျားအဖွဲ့ မြင်းခြံခရိုင်တပ်ရင်း ၇ တပ် ခွဲ ၁ ၊ ငါန်းဇွန်ပကဖ အဖွဲ့ဝင်များဖြစ်သော 925 ပြောက်ကျားအဖွဲ့၊ TGYR ပြောက် ကျားအဖွဲ့ ၊ ဒေါင်းဖိုက်တာပြောက်ကျားအဖွဲ့၊ ပြည်တော်ဝင် ပြောက် ကျားအဖွဲ့၊ လက်ရုံးပြောက်ကျားအဖွဲ့၊ ဖက်ဒရယ်ညီအကို ပြောက်ကျားအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက် ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- .Eagle Brigade (Anyar Eagles) ၏ တိုက်ခိုက်ရေး ဒရုန်းတစ်စင်း။"]
https://yktnews.com/2024/01/142392/
ငါန်းဇွန်မြို့နယ်တွင် စစ်သားများ လိုက်ပါလာသော ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
["ငါန်းဇွန်မြို့နယ်တွင် စစ်သားများ လိုက်ပါလာသော ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ ဇန်နဝါရီ ၂၈", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်သားများ လိုက်ပါလာသော ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။", "ဇန်နဝါရီလ ၂၅ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်တွင် ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန် – ငါန်းမြာ လမ်း‌ပိုင်းတွင် ငါန်းမြာဘက်မှထွက်ခွာ လာသော အကြမ်းဖက် စစ်သား အင်အား ၃၀ ခန့်ပါ‌ ကား ၂ စီးကို မင်းကြီးကြပ်ကျေးရွာနှင့်ညောင်လေးပင်ကျေးရွာ အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၁၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ကား ၁ စီးသည် ထိုးရပ်သွားကာ ကားပေါ် လိုက်ပါလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လမ်းဘေး ပတ်၀န်းကျင်ကို မိနစ် ၃၀ ခန့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုအတွင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)နှင့် မန္တလေးခရိုင်၊ အမှတ် ၅ တပ်ရင်း ရဲဘော်များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း M.P.L PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရွာအတွင်းရှိ အဆောက်အဦးများစွာ ထိခိုက် ပျက်စီးခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို MPL တိုက်နယ် ၄ ပကဖ ၊ အညာဒေါင်း ၊ အညာမုန်တိုင်း ၊ သိန်းငှက်နီ ၊ PCM force ၊ Mying Fighter ဒုံးအဖွဲ့ ၊ မြိုင်ပကဖ ရင်း ၂ ခွဲ ၃ ၊ ဆင်းရိုင်းရာဇာ ၊ မြွေဆိုး ၊ RDF ၊ နှလုံးလှလူမိုက် ၊ မျိုးကြီး ၊ M M K ၊ နံသာမြေယက္ခ ၊ Six Senses ၊ M.U.G.D.F ၊ ဘာမထီ ၊ S.One ၊ နှင်းဂွေး ၊ ဦးလေးကြီး နှင့် အမေ့သား တို့မှ ပူပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/135863/
ငါန်းဇွန်မြို့နယ်တွင် ထော်လာဂျီနှင့် နာရေးကားတို့ဖြင့် လိုက်ပါလာသည့် စစ်​သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၅ ဦးသေဆုံး
["ငါန်းဇွန်မြို့နယ်တွင် ထော်လာဂျီနှင့် နာရေးကားတို့ဖြင့် လိုက်ပါလာသည့် စစ်​သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၅ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၁၄", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ထော်လာဂျီနှင့် နာရေးကားတို့ဖြင့် လိုက်ပါလာသည့် အကြမ်းဖက် စစ်တပ်မှ စစ်​သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၅ ဦးသေဆုံးခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုတ်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ ညှောင်ပင်ရိုးကျေးရွာကို ထော်လာဂျီ ၂ စီးဖြင့် ရောက်ရှိနေသော စစ်သား ၄၀ ကျော်သည် ညှောင်ပင်ရိုးကျေးရွာမှ သားကြင်ရွာကို ထွက်ခွာလာစဥ် မိုင်း ၈ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ထော်လာဂျီ ၁ စီးနှင့် နာရေးကား ၁ စီး ပျက်စီး သွားကြောင်း သိရသည်။", "ယင်းမိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်သား ၅ ဦး ပွဲချင်းပြီး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိကာ သားကြင်ရွာတွင် ဆေးကုသမှု ခံယူနေရကြောင်း၊ မိုင်းဆွဲ တိုက်ခိုက် ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က လက်နက်ကြီး လက်နက်ငယ် များဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ငါန်းဇွန် ပကဖ) ၊ T.G.R people defence force မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Black Eagle Defence Force – MMU ၊ ငါန်းဇွန်ပကဖ အဖွဲ့ဝင်များဖြစ်သော tgyr ပြောက်ကျားအဖွဲ့ ၊ ရွှေဂျိုးဖြူ ပြောက်ကျားအဖွဲ့ ၊ 925 ပြောက်ကျားအဖွဲ့ ၊ ဒေါင်းဖိုက်တာပြောက်ကျားအဖွဲ့ ၊ ပြည်တော်ဝင်ပြောက်ကျားအဖွဲ့ ၊ လက်ရုံးပြောက်ကျားအဖွဲ့ ၊ ငန်းနက် ပြောက်ကျားအဖွဲ့ ၊ အားမာန်သစ်ပြာက်ကျားအဖွဲ့ နှင့် ဖက်ဒရယ်ညီအကို ပြောက်ကျားအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/10/126802/
ငါန်းဇွန်မြို့နယ်တွင် ပျူစောထီး ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ငါန်းဇွန်မြို့နယ်တွင် ပျူစောထီး ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၁၇", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ပျူစောထီး ခေါင်းဆောင် ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း Sintkaing Revolution Force -SRF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၈ ရက်နေ့ ည ၈ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ တောင်ကုန်းကျေးရွာ၌ နေထိုင်သော ပျူစောထီး ခေါင်းဆောင် သိန်းဌေးကို Sintkaing Revolution Force-SRF နှင့် မဟာမိတ်အဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့​ကြောင်း သိရသည်။", "” သေနတ် အရှည်တွေနဲ့ ဝင်ရောက် ပစ်ခတ် ရှင်းလင်းခဲ့တာပါ ပျူစောထီး ခေါင်းဆောင် သိန်းဌေးကို နေရာမှာပဲ ငရဲကို ပို့ဆောင်ပေးခဲ့တယ်” ဟု Sintkaing Revolution Force -SRF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "ပျူစောထီး ခေါင်းဆောင် သိန်းဌေးသည် လက်နက်ကိုင်ဆောင်ထားသော်လည်း တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်စဥ်တွင် လုံခြုံရေး အခြေအနေကြောင့် ရှာဖွေခြင်း မပြုလုပ်ဘဲ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Sintkaing Revolution Force -SRF ၊ SPECIAL TASK FORCE -NGAZUN ၊ JUSTICE RANGER FORCE ၊ နဘက်တိုက်နယ် ပကဖ နှင့် စဥ့်ကိုင် ပကဖတို့ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။"]