text
string
label
int64
အပါလေချန် တောင်တန်းများသည် အရှေ့ဘက်ကမ်းရိုးတန်းဒေသ နှင့် အမေရိကန်ပြည်ထောင်စု အနောက်ဘက် အလယ်ပိုင်း ရှိ မြက်ခင်းပြင်များ၊ ရေကန်ကြီးများတို့အား ပိုင်းခြားပေးထားသည်။
1
ဂရိတ်ပလိန်း၏ အနောက်ဘက် အစွန်ရှိ သည် နိုင်ငံအတွင်း မြောက်မှတောင်သို့ ကန့်လန့်ဖြတ်တည်ရှိသည်။
1
ရော့ကီးတောင်တန်းများတွင် ပါဝင်ပြီး ရဲလိုးစတုန်း အမျိုးသားဥယျာဉ်၏ အောက်တွင်ရှိနေသော စူပါမီးတောင်သည် မြောက်အမေရိကတိုက်တွင် အကြီးဆုံးမီးတောင် ဖြစ်သည်။
1
အရွယ်အစားအားဖြင့် ကြီးမားပြီး ပထဝီ အနေအထားမျိုးစုံရှိသော အမေရိကန်ပြည်ထောင်စုတွင် ရာသီဥတု အမျိုးအစား အများစုကို တွေ့ရသည်။
1
မယ်ရီဒီယမ် ၁၀၀ ဒီဂရီ လောင်ဂျီကျုမျဉ်း၏ အရှေ့ဘက်တွင် မြောက်ဘက်ပိုင်းရှိ စိုထိုင်းသော ကွန်တီနန်တယ် ရာသီဥတုမှစ၍ တောင်ဘက်ပိုင်းရှိ စိုထိုင်းသော မုတ်သုံတစ်ပိုင်း ရာသီဥတု အထိ တွေ့ရသည်။
1
ဖလော်ရီဒါပြည်နယ်၏ တောင်ဘက် အစွန်အဖျား နှင့် ဟာဝိုင်ယီတို့မှာ မုတ်သုံရာသီဥတု ဖြစ်သည်။
1
မယ်ရီဒီယမ် ၁၀၀ ဒီဂရီမျဉ်း၏ အနောက်ဘက်ရှိ ဂရိတ်ပလိန်း လွင်ပြင်ကျယ်များမှာ တစိတ်တပိုင်း မိုးခေါင်ခြောက်သွေ့သော ရာသီဥတုမျိုး ရှိသည်။
1
အနောက်ဘက်ရှိ တောင်ကုန်းများမှာ ကုန်းမြင့် ရာသီဥတု ရှိသည်။
1
ဂရိတ်ဘေဆင် ဒေသနှင့် အနောက်တောင်ဘက်ရှိ ကန္တာရဒေသများမှာ မိုးခေါင်ခြောက်သွေ့သည်။
1
ကယ်လီဖိုးနီးယား ကမ်းရိုးတန်းဒေသတွင် မြေထဲပင်လယ် ရာသီဥတုရှိပြီး အော်ရီဂွန် ကမ်းရိုးတန်း ဒေသ၊ ဝါရှင်တန်ပြည်နယ် နှင့် အလက်စကာတောင်ဘက်ပိုင်းတို့တွင် သမုဒ္ဒရာ ရာသီဥတု ရှိသည်။
1
အလက်စကာ၏ ဒေသ အတော်များများမှာ အန္တာတိကဆန်သော ရာသီဥတု နှင့် ဝင်ရိုးစွန်း ရာသီဥတုများ ရှိကြသည်။
1
ပြင်းထန်သော ရာသီဥတုမှာ အထူးအဆန်း မဟုတ်ပေ။
1
မက္ကဆီကို ပင်လယ်ကွေ့နှင့် ထိစပ်နေသော ပြည်နည်များတွင် ဟာရီကိန်းမုန်တိုင်း မကြာခဏ တိုက်ခတ်လေ့ ရှိပြီး ကမ္ဘာပေါ်ရှိ အတော်များများမှာ ဤနိုင်ငံတွင် ဖြစ်ပွားလေ့ ရှိသည်။
1
အမေရိကန်ပြည်ထောင်စုသည် အလွန်ကျယ်ပြန့်သဖြင့် တိရစ္ဆာန်များသည် အရေအတွက် များပြား၍ အမျိုး လည်း ကွဲပြားကြ၏။
1
သမင်၊ ဒရယ်၊ မုစကောင်၊ ဝက်ဝံ၊ ပြောင်၊ တောင်ခြင်္သေ့၊ တောကြောင်မြီးတို၊ အမေရိကန် ကျားသစ်၊ ဝံပုလွေ၊ မြေခွေး၊ တောင်ဆိတ်၊ သိုး၊ ပရေရီခွေး၊ အမေရိကန်ဖျံ၊ ရှဉ့်၊ ယုန်၊ ပင်လယ်ဖျံ၊ ပင်လယ်လိပ်နှင့် အခြားတိရစ္ဆာန် အမျိုးပေါင်းများစွာ ရှိလေသည်။
1
ငှက်မျိုး ထဲမှလည်း ရစ်ပုမျိုး၊ ရိုးရိုးရစ်၊ စွန်၊ သိမ်းငှက်၊ သစ်တောက် ငှက်၊ ငှက်ပြာ၊ သပိတ်လွယ်ရင်အုပ်နီ၊ သပိတ်လွယ်၊ ကြိုးကြာ နီ၊ မြေလူးငှက်၊ မြေလူးငှက်ဝါ၊ ဝံပိုငှက် စသည်ဖြင့် အမျိုးမျိုး ရှိသည်။
1
အမေရိကန် ပြည်ထောင်စုတွင် အမျိုးသားဥယျာဉ် ၅၈ ခုနှင့် ဖက်ဒရယ် အစိုးရမှ စီမံခန့်ခွဲသော အခြားဥယျာဉ်များ၊ သစ်တောများ၊ လူအရောက်ပေါက်နည်းသော နေရာများ ရာပေါင်းများစွာ ရှိသည်။
1
ထိုနေရာ အများစုမှာ ကာကွယ် ထိန်းသိမ်းထားပြီး အချို့ကိုမူ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရန်၊ သတ္တုတူးဖော်ရန်၊ သစ်ထုတ်လုပ်ရန် နှင့် ကျွဲနွားတိရစ္ဆာန်များ မွေးမြူရန် အငှားချထားသည်။
1
အမေရိကန်ပြည်ထောင်စုသည် မြောက်သမပိုင်းဇုန်တွင် ကျရောက်နေ၍ မြောက်လတ္တီတွဒ် ၂၄ ဒီဂရီ ၂ဝ မိနစ် မှ ၄၉ ဒီဂရီ နှင့် အနောက်လောင်ဂျီတွဒ် ၆၆ ဒီဂရီ ၅၅ မိနစ် မှ ၁၂၄ ဒီဂရီ ၄၅ မိနစ် အကြားတွင် တည်ရှိသည်။
1
အရှေ့ဘက်သမုဒ္ဒရာမှ အနောက်ဘက်သမုဒ္ဒရာအထိ မိုင်ပေါင်း ၃၁ဝဝ ရှည်လျား၍ မြောက်မှတောင်သို့ အဝေးဆုံးနေရာမှာ မိုင်ပေါင်း ၁၇၈ဝ ရှည်လေသည်။
1
အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းရိုးတန်းသည် အကွေ့အကောက် ပေါများသောကြောင့် သင်္ဘောဆိပ်ကောင်း များ ရှိလေသည်။
1
ကမ်းရိုးတန်းသည် တောင်ဘက် ဗော့စတန် မြို့အထိ ကျောက်ဆောင်ထူထပ်၍ ဗော့စတန်မှ လွန်သွာသော် နိမ့်၍ သဲမြေများရှိရာဒေသသို့ ရောက်၏။
1
ဗော့စတန်မြို့မြောက် ဘက် မိန်းပြည်နယ်၌ ပင်လယ်အော်များနှင့် ရေလက်ကြား အမြောက်အမြား ရှိလေသည်။
1
နယူးယောက် သင်္ဘောဆိပ်သည် အမေရိကန်ပြည်ထောင်စုအဖို့ အထူးအရေးကြီး အသုံးဝင်သော ဌာနတစ်ခုဖြစ်၏။
1
အနောက်ဘက်ကမ်းရိုးတန်းမှာလည်း အရှေ့ ဘက်နည်းတူ မညီညွတ်သဖြင့် သင်္ဘောဆိပ်ကောင်းများ ရှိလေ သည်။
1
ဆန်ဖရန်စစ္စကိုနှင့် ဆန်ဒီယေးဂိုးတို့သည် နာမည်ကျော် ဆိပ်ကမ်းကောင်းများ ဖြစ်ကြ၏။
1
အရှေ့အတ္တလန္တိတ်ကမ်းရိုး၌ ကျွန်းစုကလေး မြောက်မြားစွာရှိသည့်အနက် ထင်ရှားသော ကျွန်းများမှာ မောင့်ဒဲဆတ်၊ နန့်တပ်ကက်၊ ဗလော့ကျွန်း၊ စတက်တင်ကျွန်းတို့ ဖြစ်လေသည်။
1
တောင်ဘက် ဖလော်ရီဒါ ကမ်းရိုး၌ကား ဘဟားမားနှင့် ကျူးဗားကျွန်းစုများရှိ၍ အနောက် ဘက်၌ ဆန်တာ ကက်တလီးနားနှင့် ဆန်တာ ဘာဘရာကျွန်းစု များ ရှိသည်။
1
အမေရိကန်ပြည်ထောင်စု၏ မြေမျက်နှာပြင်မှာ သဘာဝအတိုင်း အရှေ့အတ္တလန္တိတ် ကမ်းရိုးတန်းဒေသ၊ အက်ပလက် ချီယန်တောင်တန်းဒေသ၊ ကျယ်ပြန့်သော အလယ်ပိုင်းလွင်ပြင်၊ အတွင်းကျသော ကုန်းမြင့်ပိုင်းနှင့် အနောက်ဘက် ကော်ဒီလား ရားတောင်တန်းဒေသဟူ၍ ပိုင်းခြားလျက်သား ဖြစ်နေသည်ကို တွေ့ရ၏။
1
အရေးအကြီးဆုံးမှာ အတ္တလန္တိတ် ကမ်းရိုးဒေသ ဖြစ်သည်။
1
ထိုဒေသ၌ ပင်လယ်နှင့် အလွန်နီးသောနေရာ များမှာ လွန်စွာအေး၏။
1
မြောက်ကယ်ရိုလိုင်းနားပြည်နယ်၌ ကား မာကျောသော ကျောက်တောင်ကြီးများသည် မြင့်မားစွာ တည်ရှိနေကြသည်။
1
မစ်ချဲ့တောင်သည် အမြင့် ပေ ၆၆၈၄ ရှိ ၏။
1
မြောက်ပိုင်းတွင် သလင်းကျောက်တောင် ခါးပန်းကြီးများ ဖြင့် ပိုင်းခြားထား၏။
1
ယင်းတို့မှာ နယူးဟမ်ရှိုင်းယာ၌ ဝှိုင် တောင်၊ မက်ဆာချူးဆက်၌ ဗတ်ရှိုင်ယာနှင့် ဗားမောင့်ရှိ ဂရင်းတောင်များ ဖြစ်ကြ၏။
1
အမေရိကန်ပြည်ထောင်စု အရှေ့ဘက် အက်ပလက်ချီယန် တောင်တန်းများနှင့် အနောက်ဘက် ကော်ဒီလားရားတောင် တန်းဒေသနှစ်ခုစပ်ကြား၌ ကျယ်ပြန့်ညီညာသော လွင်ပြင်ကြီး များ ရှိ၏။
1
မစ္စစ္စပီ၊ အိုဟိုင်းအိုး နှင့် မစ်ဇူးရီမြစ်တို့သည် လွင်ပြင်ကြီးများကို ဖြတ်၍ စီးဆင်းကြသောကြောင့် မြေဩဇာ ထက်သန် ကောင်းမွန်သဖြင့် ထိုဒေတွင် နေထိုင်ကြသော လူ များသည် လယ်ယာစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကထား၍ လုပ်ကိုင်ကြလေသည်။
1
အရှေ့ဘက်၌ ရေကောင်းစွာရ၍ မြေဩဇာကောင်းသောမြေများ၊ မြက်ခင်းပြင်ကြီးများရှိ၍ မြောက်ပိုင်း၌ ရှေးအခါက ရေခဲပြင်ကြီး တိုက်စားသွားခဲ့သော မြေဟောင်းများ ရှိလေသည်။
1
စစ္စကွန်းဆင်၊ မစ်ရှီဂန်နှင့်မင်နီ ဆိုးတား ပြည်နယ်များ၌ အဖိုးတန် ကြေးနီနှင့် သံတွင်းများ ရှိ၏။
1
တောင်ဘက်ရှိ ပရေရီ မြက်ခင်းပြင်သည် မက္ကဆီကို ပင်လယ်ကွေ့မှ အရှေ့တောင်ဘက် အတ္တလန္တိတ် ကမ်းရိုးတန်းအထိ ကျယ်ပြန့် ရှည်လျားလေသည်။
1
အမေရိကန်ပြည်ထောင်စု၏ အနောက်ဘက် သုံးပုံတစ်ပုံမှာ ကား ယေဘုယျအားဖြင့် တောတောင် ထူထပ်၏။
1
ထိုဒေသမှ ရော့ကီးတောင်တန်းကြီးသည် အရှေ့ဘက် ကျယ်ပြန့်သော လွင်ပြင်ပိုင်းမှစ၍ တက်သွားရာ တောင်တန်းများ အသွယ်သွယ် ဖြာထွက်ပြီးနောက် ကော်လိုရားဒိုး ပြည်နယ်၌ အမြင့်ဆုံး ဖြစ်သွား၏။
1
သို့ရာတွင် ဝိုင်အိုးမင်း အလယ်ပိုင်း၌ နိမ့်ကျ သွားပြီးလျှင် တစ်ဖန် မွန်တာနာနှင့် အိုက်ဒဟိုး ပြည်နယ် များတွင် မြင့်တက်သွားပြန်လေသည်။
1
ထိုတောင်တန်း၏ အနောက်ဘက်၌ကား မြင့်မားသော ကုန်းပြင်မြင့်ကြီးများ ရှိ၏။
1
တောင်ဘက်၌ ကော်လိုရာဒို ကုန်းပြင်မြင့်ရှိ၍ ကော်လိုရာဒိုမြစ်က ဖြတ်စီးလျက်ရှိ၏။
1
ထိုနောက် ယူးတားပြည်နယ်ရှိ ဝေါဆက်တောင်နှင့် ကာလီဖိုးနီးယားရှိ ဆီယယ်ရာ နီဗားဒါး တောင်တို့ကြား၌လည်း ဂရိတ်ဗေဆင်အမည်ရှိ ကုန်းပြင်မြင့်ကြီး တစ်ခု ရှိ၏။
1
ထိုကုန်းပြင်မြင့်ကြီး၏ မြောက်ဘက်တွင် ကိုလံဘီယာ ကုန်းပြင်မြင့်ရှိ၍ ကိုလံဘီယာမြစ်လည်း ရှိ၏။
1
ကယ်လီဖိုးနီးယားပြည်နယ်တွင် မြင့်မားသော ဝှစ်တနီတောင် ရှိပြီး ဝှစ်တနီ တောင်၏ အရှေ့ဘက်၌ ဒက်ဗဲလီခေါ် သေမင်း ချိုင့်ဝှမ်းရှိ၏။
1
ထိုတောင်ကြား တစ်စိတ်တစ်ဒေသသည် သဲကန္တာရဖြစ်ပြီးလျှင် ကယ်လီဖိုးနီးယားအထိ ရှည်လျားလေသည်။
1
ဆီယယ်ရာ နီဗားတောင်တန်းသည် အနောက်မြောက်ဘက်ရှိ အော်ရီဂန်နှင့် ဝါရှင်တန် ပြည်နယ်များသို့ပင် ရောက်၍ ထိုဒေသ များ၌ ကက်စကိတ်တောင်တန်းဟု အမည်တွင်၏။
1
အနောက် ဘက် ကမ်းရိုးတစ်လျှောက်သို့ ကပ်လျက်တည်ရှိသော တောင် တန်းများမှာကား ကို့စရိန့်ဟု တွင်၏။
1
ထိုကမ်းနားတောင်တန်းများသည် ကက်စကိတ်နှင့် ဆီယယ်ရာတောင်တန်းများလောက် မမြင့်ပဲ အချို့နေရာများတွင် တောင်တန်းများသည် ပင်လယ်သို့ အရောက် နိမ့်ဆင်းသွားလေသည်။
1
ကက်စကိတ်တောင်နှင့် မြောက်ပိုင်း ဆီယယ်ရာတွင် မီးတောင်များရှိ၍ အချို့နေရာများတွင် မီးတောင်သေများနှင့် ချော်များဖုံးလွှမ်းထားသော နေရာအများကို တွေ့ရသည်။
1
အမေရိကန်ပြည်ထောင်စု၌ ယခုတိုင် ရှိနေသေးသော မီးတောင်ရှင်တစ်ခုမှာ မြောက်ပိုင်း ကယ်လီဖိုးနီးယားရှိ လက်ဆင်မီးတောင် ဖြစ်လေသည်။
1
အမေရိကန်ပြည်ထောင်စုသည် ကြီးမား ကျယ်ဝန်းသလောက် အင်း၊ အိုင်၊ စိမ့်စမ်း၊ ရေတံခွန်များ ပေါများသော နိုင်ငံဖြစ်ပေသည်။
1
မြောက်ပိုင်း ဝစ္စကွန်ဆင်နှင့် မင်နီဆိုးတား ပြည်နယ် များ၌ အထူးသဖြင့် အင်းအိုင်ငယ်ကလေးများ ပေါများ၏။
1
ထိုရေအိုင်ကြီး များသည် အလွန်ကျယ်ဝန်း၍ ကုန်းတွင်း၌ တည်ရှိသောကြောင့် ကုန်းတွင်းပင်လယ်များဟုပင် ခေါ်နိုင်လေသည်။
1
ကနေဒါနိုင်ငံရှိ စိန်လော့ရင့်မြစ်သည် ထိုရေအိုင်များမှနေ၍ အတ္တလန္တိတ် သမုဒ္ဒရာသို့ စီးဆင်းလေသည်။
1
ဆူပီးရီးယားအိုင်ကြီးနှင့် ဟူရွန်အိုင်ကို ဆန်မာရေးတူးမြောင်းဖြင့် ဆက်သွယ်ထား၍ ဟူရွန်အိုင်မှ အီရီအိုင်၊ တစ်ဖန် အီရီအိုင်မှ အွန်တေးရီအိုအိုင်တို့ကို လှေ သင်္ဘောများ အသွားအလာ လွယ်ကူစေရန် တူးမြောင်းများဖြင့် ဆက်သွယ်ထားလေသည်။
1
နိုင်ဂါရာ ရေတံခွန်ကြီးသည် ဤအိုင်ကြီးများအနီး၌တည်ရှိ၍ ပြည်ထောင်စု၏ ကျက်သရေကိုဆောင်နေလေသည်။
1
အီရီအိုင်အရှေ့ဘက်စွန်းမျှ ဟဒ်ဆန်မြစ်အထိ လှေသင်္ဘောများသွားလာနိုင်ရန်အတွက် ဂီရီတူးမြောင်းကို ဖောက်လုပ်ထားသည်။
1
ထိုရေအိုင်ကြီးများအပြင် အမေရိကန်ပြည်ထောင်စု မြောက်ပိုင်းတွင် ရေအိုင်ကလေး အများအပြား ရှိပေသေးသည်။
1
အမေရိကန် ပြည်ထောင်စုအတွင်း၌ ရေရှိသောဒေသများ အားလုံး၏ အကျယ်အဝန်းမှာ ၅၃ဝဝ၃ စတုရန်းမိုင် ဖြစ်လေသည်။
1
အမေရိကန်ပြည်ထောင်စုသည် မြောက်သမပိုင်းဇုန်အတွင်း၌ တည်ရှိသော်လည်း ရာသီဥတုမှာ အပူအအေး မညီမျှချေ။
1
ယေဘုယျအားဖြင့် ရာသီဥတုသည် တိုင်းပြည်မြေမျက်နှာပြင်ကို လိုက်၍ ပြောင်းလဲတတ်သောကြောင့် တောတောင်ထူထပ်သော ပင်လယ်ကမ်းရိုး တောင်တန်းဒေသနှင့် ကက်စကိတ်တောင် အနောက်ဘက်တို့တွင် စိုစွတ်ထိုင်းမှိုင်းခြင်း ဖြစ်စေလေသည်။
1
ဆောင်းရာသီ တွင် အလွန်အမင်း မအေးပဲ နွေရာသီ၌လည်း အလွန်အမင်း မပူချေ။
0
အနောက်ဘက်ဒေသ၌ ဆောင်းတွင်းမှာသာ မိုးရွာသွန်း ၍ တစ်နှစ်လုံးအတွက် ပျမ်းမျှ မိုးရေချိန်ကို ကြည့်သော် မိုး များသည်ဟု ဆိုနိုင်ပေသည်။
1
ရော့ကီးတောင်နှင့် ဆီယယ်ရာ နီဗား၊ စပ်ကြားရှိဒေသ၌ကား မိုးအလွန်နည်းသောကြောင့် အရှေ့တောင် ကာလီဖိုးနီးယားဘက်သို့ ရောက်သော် သဲကန္တာရ ကိုပင် တွေ့ရ၏။
1
အတ္တလန္တိတ်ဘက်ရှိ နယ်ပယ်များတွင်မူ နွေအခါ၌ လွန်စွာပူ၍ ဆောင်းအခါ၌ လွန်စွာအေးလေသည်။
1
တောင်ဘက် မက္ကဆီကို ပင်လယ်ကွေ့တစ်ဝိုက်ရှိ နယ် များ၌ နွေရာသီတွင် အလွန်ပူ၍ ဆောင်းရာသီ၌ အသင့်အတင့် အေးချမ်းကာ ရံဖန်ရံခါ ဆီးနှင်းများ သည်းထန်စွာကျ၏။
1
အလယ်ပိုင်းလွင်ပြင်များ၌ ဆောင်း ရာသီမှာ အလွန်အေး၍ တစ်ခါတစ်ရံ ဆီးနှင်းများ မုန်တိုင်းများကျ၏။
1
မူလပထမ ပြည်နယ် ၁၃ ခုမှာ ဗြိတိသျှတို့၏ အုပ်ချုပ်မှုကို တွန်းလှန်ခဲ့သော ကိုလိုနီနယ်ပယ် ၁၃ ခုမှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
1
နိုင်ငံ၏ အစောပိုင်း သမိုင်းကြောင်းတွင် ပြည်နယ် ၃ ခုကို လက်ရှိပြည်နယ်များ၏ ခွဲထုတ်၍ နယ်မြေအသစ် သတ်မှတ် ပေးခဲ့သည်။
1
အခြားသော ပြည်နယ်များမှာမူ အမေရိကန်တို့ စစ်တိုက်ခြင်း ဖြင့်၎င်း၊ ဝယ်ယူခြင်းဖြင့် ၎င်း ရရှိလာသော နယ်မြေများ ဖြစ်သည်။
1
ဗားမောင့် ပြည်နယ်၊ တက္ကဆပ်ပြည်နယ် နှင့် ဟာဝိုင်အီ ပြည်နယ်တို့မှာ ယခင်က သီးခြား လွတ်လပ်သော သမ္မတနိုင်ငံ များ အဖြစ် တည်ရှိခဲ့ကြပြီး အမေရိကန် ပြည်ထောင်စု အတွင်းသို့ လာရောက် ပူးပေါင်းကြခြင်း ဖြစ်သည်။
1
အမေရိကန်ပြည်တွင်းစစ် အတွင်းတွင် အနောက်ဗာဂျီးနီးယား ပြည်နယ်သည် ဗာဂျီးနီးယားမှ ပြည်နယ်တစ်ခု အဖြစ် သီးသန့် ခွဲထွက် ခဲ့သည်။
1
နောက်အကျဆုံး ပြည်နယ် အဖြစ် အသိအမှတ် ပြုခံရသည့် ပြည်နယ်မှာ ဟာဝိုင်အီ ပြည်နယ် ဖြစ်ပြီး ၁၉၅၉ခုနှစ် ဩဂုတ်လ ၂၁ ရက်တွင်မှ ပြည်နယ်အဖြစ် ရောက်ရှိလာခဲ့သည်။
1
ပြည်နယ်များတွင် ပြည်ထောင်စုမှ ခွဲထွက်ခွင့် မရှိပေ။
1
ပြည်နယ်များသည် အမေရိကန် ကုန်းမကြီးပေါ်တွင် နေရာ အပြည့်ယူထားသည်။
1
ပြည်နယ်များ အပြင် အခြားအရေးပါသော ဒေသနှစ်ခုမှာ ဝါရှင်တန် မြို့တော် တည်ရှိရာ ဖက်ဒရယ် ဒိစတြိတ် ဖြစ်သော ကိုလမ်ဘီယာ ဒိစတြိတ် နှင့် ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ လူမနေသော်လည်း အမေရိကန် ပိုင်နက်ဖြစ်သော ပါမေရာ သန္တာကျွန်း တို့ ဖြစ်ကြသည်။
1
အမေရိကန် ပြည်ထောင်စုတွင် အဓိက ရေခြားမြေခြား ပိုင်နက် ၅ ခုလည်း ရှိသေးသည်။
1
ကာရစ်ဘီယံ ပင်လယ်အတွင်းရှိ ပြူရီတို ရီကို နှင့် အမေရိကန် ဗာဂျင်အိုင်းလန်း ဒေသ၊ ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ အမေရိကန် ဆာမိုအာ၊ ဂူအမ်ကျွန်း နှင့် မြောက်မာရီယာနာ ကျွန်းများ တို့ ဖြစ်ကြသည်။
1
ထိုဒေသများတွင် နေထိုင်သူတို့သည် ပြည်နယ်များတွင် နေထိုင်သူများကဲ့သို့ပင် အခွင့်အရေးများ တာဝန်များ ရှိကြသော်လည်း ဖက်ဒရယ်အစိုးရ၏ ဝင်ငွေခွန်မှ ကင်းလွတ်ခွင့် ပြုထားသည်။
1
သို့သော်လည်း သမ္မတ ရွေးချယ်ရာတွင် မဲပေးပိုင်ခွင့် မရှိဘဲ အောက်လွှတ်တော်တွင်လည်း မဲပေးခွင့်မရှိသည့် ကိုယ်စားလှယ်သာ တက်ရောက်ခွင့် ရသည်။
1
ပျူရီတန်ဂိုဏ်း ဝင်တို့သည် ကိုးကွယ်မှု နှိပ်ကွက်ခြင်းများကို မခံရပ်နိုင်ကြ သဖြင့် အမေရိကန်ပြည်ထောင်စုသို့ လာရောက် နေထိုင်ကြ၏။
1
ဒတ်ခ်ျလူမျိုးနှင့်ဆွစ်လူမျိုးတို့သည်လည်း ကုန်ရောင်းဝယ်ရေး လုပ်ငန်းကို လုပ်ကိုင်ရန်အတွက် နယူးယောက်၊ နယူးဂျာစီ အရပ်တို့၌ လာရောက်နေထိုင်ကြ၏။
1
စပိန်လူမျိုးတို့လည်း ရွှေငွေရှာဖွေရန် ဖလော်ရီဒါ၊ တက်ကဆပ်နှင့်ကယ်လီဖိုးနီးယား ပြည်နယ်များသို့ လာရောက်၍ အခြေစိုက် နေထိုင်ကြ၏။
1
ဂျာမန်၊ ဩစတြီးယန်း၊ ပိုးလူမျိုးနှင့် အိုင်ရစ်လူမျိုးတို့သည် လည်း စီးပွားရေးနှင့် နိုင်ငံရေးအကြောင်းများကြောင့် မစ္စစ္စပီမြစ်ဝှမ်းတစ်လျှောက်တွင် လာရောက်နေထိုင်ကြ၏။
1
ကွိတ်ကာ ဂိုဏ်းဝင်များနှင့် အယူဝါဒဆိုင်ရာ ဂျာမန် ဒုက္ခသည်များသည် ပင်ဆယ်လဗေးနီးယားပြည်နယ်ကို တည်ထောင်နေထိုင်ကြ၏။
1
ပစိဖိတ်ကမ်းခြေနှင့် အနီးအနားရှိ ကျွန်းစုများတွင်ကား မလေး၊ ဂျပန်နှင့် တရုတ်များရှိ၏။
1
ရုရှလူမျိုးတို့မှာ အလာစကာနယ် တွင် နေထိုင်ကြ၍ အီတာလျံ၊ ဂျူး၊ ဆလဗ်၊ အာမေးနီးယမ်း နှင့် ဆီးရီးယန်းတို့ကိုကား နေရာတကာ၌ တွေ့မြင်ရ၏။
1
အမေရိကန်၏တိုင်းရင်းသားလူမျိုးများဖြစ်သော အင်ဒီးယန်း လူမျိုးများကား ကမ္ဘာအရပ်ရပ်မှ လာရောက် နေထိုင်သော လူမျိုးများကြောင့် လူမျိုးပင် ပျောက်ကွယ်လုမတတ်ဖြစ် နေတော့၏။
1
ယင်းသို့အားဖြင့် ကမ္ဘာအရပ်ရပ်မှ လူအမျိုးမျိုး လာရောက် နေထိုင်ကြရာမှ နောင်အခါအမေရိကတိုက်တွင် အင်္ဂလိပ် လက်အောက်ခံ ကိုလိုနီနယ် တစ်ဆယ့်သုံးနယ်ဟူ၍ ဖြစ်လာ၏။
1
ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် ပါဝင်သော ပြည်နယ်ပေါင်း ၅ဝ ရှိလေသည်။
1
ထိုပြည်နယ် များမှာ အယ်လဗားမား၊ အလာစကာ၊ အယ်ရီ ဇိုးနား၊ အာကင်ဆော၊ ကာလီဖိုးနီးယား၊ ကော်လိုရာဒိုး၊ ကွန်နက်တိကတ်၊ ဒဲလဝဲယား၊ ဖလော်ရီဒါ၊ ဂျော်ဂျီယာ၊အိုက်ဒဟိုး၊ အီလီနွိုင်၊ အင်ဒီးယားနား၊ အိုင်ယိုးဝါး၊ ကန်းဆက်၊ ကင်တပ်ကီး၊ လူဝီဇီ ယန္နား၊ မိန်း၊ မေရီလန်၊ မင်ဆချူးဆက်၊ မစ်ရှီဂန်၊ မက်နီဆိုး တား၊ မစ်စစ်စပီ၊ မိဇူးရီ၊ မွန်တာနာ၊ နီဗရက်စ...
0
ကိုလံဘီယံခေတ် မတိုင်မီ မစ္စစ္စပီယန် ယဉ်ကျေးမှု ထွန်းကားချိန်တွင် အဆင့်မြင့် စိုက်ပျိုးမွေးမြူရေး၊ ခမ်းနားသော ဗိသုကာပညာများ နှင့် နိုင်ငံ အဆင့်ရှိသော လူ့အဖွဲ့အစည်းများ ပေါ်ပေါက်ခဲ့သည်။
1
ထို့နောက် စပိန်လူမျိုးတို့ သည် အမေရိကန်နိုင်ငံ အနောက်တောင်ပိုင်းဒေသတွင် အခြေချ နေထိုင်ခဲ့ကြပြီး ထောင်ပေါင်များစွာတို့မှာ မက္ကဆီကိုမှ တဆင့် ပြောင်းရွှေ့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
1
ပြင်သစ် သားမွေးကုန်သည်တို့သည် ကန်ကြီးများ၏ အနီးတွင် နယူးဖရန့် နယ်မြေ အဖြစ် သတ်မှတ်ကြသည်။
1
နောက်ပိုင်းတွင် ပြင်သစ်တို့သည် မက္ကဆီကို ပင်လယ်ကွေ့ အထိတိုင်အောင် အမေရိကန်မြောက်ပိုင်း၏ အတွင်းပိုင်း ဒေသ အတော်များများကို သူတို့ပိုင် နယ်မြေအဖြစ် သတ်မှတ်ခဲ့ကြသည်။
1
အသစ်ရွှေ့ပြောင်းလာကြသူ အထူးသဖြင့် အမေရိကန် တောင်ပိုင်းသို့ ပြောင်းရွှေ့လာသူ အတော်များများမှာ အတွေ့အကြုံမရှိသေးသော ငယ်ရွယ်သည့် အလုပ်သမားများဖြစ်ကြပြီး သူတို့သည် ၁၆၃၀ မှ ၁၆၈၀ အတွင်း ဗာဂျီးနီးယားပြည်နယ်သို့ ရွှေ့ပြောင်းလာသူများ၏ ၃ ပုံ ၂ ပုံမျှ ဖြစ်သည်။
1