text
string
label
int64
အမေရိကန်သမ္မတသည် နိုင်ငံ၏ စစ်တပ်တွင် စစ်သေနာပတိချုပ်ရာထူးကို ရယူထားပြီး ကာကွယ်ရေးဝန်ကြီးနှင့် စစ်ဦးစီးချုပ်အဖွဲ့ကို ခန့်အပ်ပိုင်ခွင့် ရှိသည်။
1
အမေရိကန် ပြည်ထောင်စု၏ ကာကွယ်ရေး ဦးစီးဌာနမှာ လက်နက်ကိုင်တပ်ဖွဲ့များကို အုပ်ချုပ်ပြီး ၎င်းတို့တွင် ကြည်းတပ်၊ ရေတပ်၊ မရိန်းတပ်၊ လေတပ် တို့ ပါဝင်သည်။
1
ကမ်းခြေစောင့်တပ်ကို စစ်မက် ဖြစ်ပွားမနေသော အချိန်တွင် ပြည်ထဲရေး ဌာနမှ အုပ်ချုပ်ပြီး စစ်မက်ဖြစ်ပွားနေချိန်တွင် ရေတပ်မှ အုပ်ချုပ်သည်။
1
ကာကွယ်ရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသူများတွင် ကန်ထရိုက်တာများ မပါဝင်ဘဲ အရပ်သား ၇ သိန်းကျော် ရှိသည်။
1
စစ်မှုထမ်းရန် အတွက်မှာ မိမိဆန္ဒအလျောက်သာ ဖြစ်ပြီး စစ်ပွဲကာလ အတွင်းတွင် စစ်မှုမထမ်း မနေရ စနစ်ကို ကြိုတင်ရွေးချယ်ထားသူ များအပေါ်တွင် ပြဋ္ဌာန်းလေ့ ရှိသည်။
1
အမေရိကန် စစ်တပ်များကို လေတပ် အတွင်းရှိ များပြားလှစွာသော သယ်ယူပို့ဆောင်ရေး လေယာဉ်များကို အသုံးပြု၍ ဖြစ်စေ၊ ရေတပ်မှ လက်ရှိသုံးစွဲနေသော လေယာဉ်တင် သင်္ဘော ၁၁ စင်း ဖြင့် ဖြစ်စေ၊ ရေတပ်၏ အတ္တလန္တိတ်နှင့် ပစိဖိတ် ဒေသရှိ သင်္ဘောများ ဖြင့် ဖြစ်စေ အလျှင်အမြန် နေရာ ချထားနိုင်သည်။
1
အမေရိကန် စစ်တပ်တွင် အခြေစိုက်စခန်း နှင့် နိုင်ငံခြား အခြေခံစခန်း ပေါင်း ၈၆၅ ခု ရှိပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံတွင် တာဝန်ချထားသူပေါင်း ၁၀၀ ကျော် မျှ ရှိသည်။
1
အီရတ်နိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံ အတွင်း စစ်ရေးအရ သုံးစွဲရန် ၁၁၈ ဘီလီယံ ထပ်မံ လျာထားသည်။
1
အမေရိကန်ပြည်ထောင်စု၏ နောက်ဆုံး တပ်ဖွဲ့မှာ အီရတ်နိုင်ငံမှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ထွက်ခွာခဲ့သည်။
1
အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် ကုန်စည်တင်သွင်းမှု အများဆုံးသော နိုင်ငံဖြစ်ပြီး တတိယမြောက် ကုန်စည် တင်ပို့မှု အများဆုံး နိုင်ငံဖြစ်သည်။
1
သို့သော် လူတစ်ဦးချင်း ပို့ကုန်တင်ပို့မှုမှာမူ မများလှပေ။
1
ကနေဒါနိုင်ငံ၊ တရုတ်နိုင်ငံ၊ မက္ကဆီကိုနိုင်ငံ၊ ဂျပန်နိုင်ငံ နှင့် ဂျာမနီနိုင်ငံတို့မှာ ထိပ်ဆုံး ကုန်သွယ်ဖက်များပင် ဖြစ်သည်။
1
တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ အများပြည်သူဆိုင်ရာ အကြွေးအများဆုံး ရှိသော ကြွေးရှင်နိုင်ငံ ဖြစ်သည်။
1
စီးပွားရေး လုပ်ငန်းများတွင် ငွေလည်ပတ်မှု အများဆုံး လုပ်ငန်းမှာ လက်လီ လက်ကား ရောင်းဝယ်ရေး လုပ်ငန်း ဖြစ်ပြီး ဝင်ငွေအများဆုံး လုပ်ငန်းမှာ ကုန်ထုတ်လုပ်ငန်း ဖြစ်သည်။
1
ထုတ်ကုန်များတွင် ဦးဆောင်ဦးရွက် ပြုနေသည်မှာ ဓာတုဆိုင်ရာ ထုတ်ကုန်များ ဖြစ်သည်။
1
အမေရိကန် ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် တတိယမြောက် အများဆုံး ရေနံထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး ရေနံ တင်သွင်းမှု အများဆုံး နိုင်ငံလည်း ဖြစ်သည်။
1
ကမ္ဘာပေါ်တွင် လျှပ်စစ်စွမ်းအင် နှင့် နျူးကလီယား စွမ်းအင် ထုတ်လုပ်ရာတွင် ပထမ နေရာမှ ရှိနေပြီး သဘာဝဓာတ်ငွေ့ရည်၊ ကန့်၊ ဖော့စဖိတ် နှင့် ဆား ထုတ်လုပ်ရာတွင်လည်း ပထမနေရာမှ ရှိသည်။
1
စိုက်ပျိုးရေး လုပ်ငန်းသည် အမေရိကန် ဂျီဒီပီ၏ ၁ ရာခိုင်နှုန်းမျှ သာ ရှိသည်။
1
အမေရိကန် ကုမ္ပဏီများ ဖြစ်သည့် ကိုကာကိုလာ နှင့် မက်ဒေါ်နယ်တို့သည် ကမ္ဘာပေါ်တွင် လူသိအများဆုံး အမှတ် တံဆိပ် ၂ ခု ဖြစ်သည်။
1
ကမ္ဘာ့ဘဏ်၏ အဆိုအရ အမေရိကန်ပြည်ထောင်စုသည် အလုပ်သမားများကို အလုပ်ခန့်ရန် နှင့် အလုပ်ဖြုတ်ရန် အတွက် ကမ္ဘာပေါ်တွင် အလွယ်ကူဆုံးသော တိုင်းပြည်ဖြစ်သည်။
1
တစ်နာရီချင်း အလုပ်ပေါ်မှ ပြန်ရသည့် အကျိုးအမြတ် အနေဖြင့် ကြည့်ပါက စတုတ္ထနေရာတွင် ရှိပြီး ထိုနှစ်နိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့၏ နောက်မှ လိုက်သည်။
1
ဝယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်းကို ထည့်သွင်းတွက်ချက်ပါက အမေရိကန်ပြည်ထောင်စုရှိ အိမ်ထောင်စုတို့၏ အလယ်အလတ် ဝင်ငွေမှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ချမ်းသာသော လူတန်းစားတို့၏ ဝင်ငွေနှင့် ညီမျှသည်။
1
ဖွံ့ဖြိုးပြီး နိုင်ငံများထဲတွင် အစိုးရက နိုင်ငံသားတို့၏ လူမှုဖူလုံရေးကို ကြည့်ရှုစောင့်ရှောက်မှုတွင် အမေရိကန်ပြည်ထောင်စုသည် အနည်းဆုံး နိုင်ငံများတွင် ပါသည်။
1
ဆင်းရဲချမ်းသာ ကွာဟမှုနှင့် ဆင်းရဲမွဲတေမှုနှုန်းကို လျော့ချရာတွင် ချမ်းသာသောနိုင်ငံများထဲ၌ အလယ်ခေါင် အဆင့် ထက်ပင် နိမ့်ကျသေးသည်။
1
သို့သော်လည်း လူမှုရေး လုပ်ငန်းများတွင် အသုံးပြုသည့် အစိုးရနှင့် ပုဂ္ဂလိကတို့၏ အသုံးစရိတ်များမှာ လူတစ်ဦးချင်းစီ အတွက် ကြည့်လျှင် မြင့်မားသည်။
1
ထိုနောက်ပိုင်းတွင် ဝင်ငွေတိုးတက်မှုမှာ နှေးကွေးလာခဲ့ပြီး ပို၍ မညီမမျှ ဖြစ်လာခဲ့ကာ စီးပွားရေးအတွက် လုံခြုံစိတ်ချရမှုမှာ လျော့နည်းလာခဲ့သည်။
1
လင်မယား နှစ်ယောက်စလုံး အလုပ်လုပ်ကြသည့် အတွက်ကြောင့် လည်းကောင်း၊ ယောက်ျား မိန်းမ လစာ ကွာဟမှု လျော့နည်းလာသည့် အတွက်ကြောင့်လည်းကောင်း၊ အလုပ်ချိန် များပြားလာသည့် အတွက်ကြောင့် လည်းကောင်း ထိုသို့ မြင့်တက်လာခြင်း ဖြစ်ပြီး ထိပ်ဆုံးမှ အချမ်းသာဆုံးသော သူများအတွက် တိုးတက်မှု ပိုများလာခဲ့သည်။
1
ထို့အတွက်ကြောင့် အမေရိကန်ပြည်ထောင်စုသည် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ဆင်းရဲချမ်းသာ ကွာဟမှု အများဆုံး နိုင်ငံ ဖြစ်လာခဲ့သည်။
1
နီကိုလာ တက်စလာမှ အေစီ လျှပ်စီးကြောင်း၊ အေစီ မော်တာနှင့် ရေဒီယိုတို့ကို ပထမဦးဆုံး တီထွင်ကြံဆခဲ့သည်။
1
ဒုတိယကမ္ဘာစစ်အတွင်း မန်ဟတ်တန် ပရော့ဂျက်မှ အဏုမြူဗုံးကို စတင်တီထွင်ခဲ့ပြီး အဏုမြူခေတ်သို့ လမ်းပြ ဝင်ရောက်လာခဲ့သည်။
1
အာကာသအတွင်း အပြိုင်အဆိုင် ဝင်ရောက်ရန် ကြိုးပမ်းမှုများမှ ဒုံးပျံများ၊ မက်တီးရီးယဲလ် နည်းပညာများ၊ ကွန်ပျူတာ ပညာရပ်များ အလျှင်အမြန် တိုးတက်လာခဲ့သည်။
1
အိုင်ဘီအမ်၊ အက်ပဲလ် ကွန်ပျူတာ နှင့် တို့မှ ကွန်ပျူတာ နည်းပညာကို မွမ်းမံပြီး လူတစ်ဦးချင်းသုံး ကွန်ပျူတာများကို ထုတ်လုပ်ရောင်းချရာမှ ကွန်ပျူတာများ ခေတ်စားလာခဲ့သည်။
1
အမေရိကန် ပြည်ထောင်စုသည် သိပ္ပံဆိုင်ရာ သုတေသန စာတမ်းများ ထုတ်ဝေရာတွင် ကမ္ဘာပေါ်တွင် ထိပ်ဆုံးနိုင်ငံ ဖြစ်သည်။
1
အမေရိကန်သည် ဗီဇအား ပြုပြင်ထားသော အစားအစာများကို အဓိက တီထွင်စိုက်ပျိုးသော နိုင်ငံဖြစ်ပြီး တကမ္ဘာလုံးရှိ ဇီဝနည်းပညာ အသုံးပြု စိုက်ပျိုးထားသော သီးနှံများ၏ တစ်ဝက်ခန့်ကို စိုက်ပျိုးထုတ်လုပ်သည်။
1
ကမ္ဘာပေါ်တွင် အရှည်ဆုံးသော အဝေးပြေးလမ်းမ စနစ်များ တွင် တစ်ခု အပါအဝင်ဖြစ်သော လမ်းမများ အပါအဝင် ၁၃ သန်းမျှ ရှိသော လမ်းများ ဆက်သွယ်နေသော ကွန်ယက် ရှိသည်။
1
ကမ္ဘာပေါ်တွင် ဒုတိယမြောက် အကြီးဆုံးသော မော်တော်ကား ဈေးကွက် ရှိသည်။
1
ကမ္ဘာပေါ်တွင် လူတစ်ဦးချင်း အလိုက် မော်တော်ကား အစင်းရေ အများဆုံးရှိပြီး လူ ၁ ထောင်လျှင် မော်တော်ကား ၇၆၅ စီး မျှ အချိုးအစား ရှိသည်။
1
အများသုံးယာဉ်များဖြင့် အလုပ်သွားကြသူများမှာ ၉ ရာခိုင်နှုန်း ရှိပြီး နိုင်ငံပေါင်း ၁၇ နိုင်ငံကို စာရင်းကောက်ရာတွင် နောက်ဆုံးနေရာမှ ဖြစ်သည်။
1
ရထားဖြင့် ကုန်စည်ပို့ဆောင်ခြင်းမှာ အများအပြားပင် ဖြစ်သော်လည်း ရထားဖြင့် ခရီးသွားသူ အလွန်နည်းသည်။
1
စက်ဘီးဖြင့် အလုပ်သွားသူ အနည်းငယ်မျှသာ ရှိသည်။
1
လေကြောင်းလိုင်းများ အားလုံးမှာ ပုဂ္ဂလိကပိုင်ဖြစ်ပြီး ၁၉၇၈ ခုနှစ်မှ စတင်၍ ပုဂ္ဂလိကပိုင် ပြုလုပ်ခဲ့သည်။
1
သို့သော်လည်း လေဆိပ် အများစုမှာ အစိုးရပိုင် ဖြစ်သည်။
1
ကမ္ဘာပေါ်တွင် ခရီးသည်ပို့ဆောင်မှု အများဆုံး သော လေကြောင်းလိုင်း ၃ ခုစလုံးမှာ အမေရိကန်တွင် အခြေစိုက်ပြီး ပထမနေရာတွင် ရှိသည်မှာ ဖြစ်သည်။
1
ကမ္ဘာပေါ်တွင် အလုပ်အများဆုံးသော လေဆိပ် အခု ၃၀ တွင် အမေရိကန်မှ ၁၆ ခုပါဝင်ပြီး ကမ္ဘာပေါ်တွင် အလုပ်အများဆုံး ဖြစ်သည့် ဟတ်ဖီးဂျက်ဆန် အတ္တလန္တာ အပြည်ပြည်ဆိုင်ရာ လေဆိပ် အပါအဝင်ဖြစ်သည်။
1
အမေရိကန် ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် ဓာတ်ဆီ သုံးစွဲမှု အများဆုံး နိုင်ငံ ဖြစ်သည်။
1
ဆယ်စုနှစ်များစွာ တိုင်အောင်ပင် အခြားသော ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အဏုမြူစွမ်းအင် သုံးစွဲမှုမှာ အလွန်နည်းပါးသည်။
1
အကြောင်းရင်းမှာ ၁၉၇၉ ခုနှစ်က ဖြစ်ပွားခဲ့သော ၃ မိုင်ကျွန်း နျူးကလီးယား မတော်တဆမှု အပြီးတွင် အများပြည်သူမှ အဏုမြူ စွမ်းအင် သုံးစွဲရန် မလိုလား၍ ဖြစ်သည်။
1
ထိုအချိန်တွင် ယေဘုယျအားဖြင့် ၁၂ တန်းသို့ ရောက်ရှိနေပြီ ဖြစ်ပြီး အထက်တန်း ပညာရေး ပြီးဆုံးပြီ ဖြစ်သည်။
1
အချို့သော ပြည်နယ်များတွင် ကျောင်းသားများအား ၁၆ နှစ် သို့မဟုတ် ၁၇ နှစ်တွင် ကျောင်းမှ ထွက်ခွင့် ပြုသည်။
1
အမေရိကန်ပြည်ထောင်စုတွင် အောင်မြင်သော အစိုးရနှင့် ပုဂ္ဂလိကပိုင် အဆင့်မြင့် ပညာသင် တက္ကသိုလ် အများအပြား ရှိသည်။
1
နိုင်ငံတကာတွင် ထင်ရှားသော အဆင့်သတ်မှတ်ချက်များအရ ကမ္ဘာပေါ်တွင် ထိပ်ဆုံး ကျောင်း ၂၀ တွင် အမေရိကန်မှ ကောလိပ်နှင့် တက္ကသိုလ် ၁၃ ခု သို့ ၁၅ ခု ပါဝင်သည်။
1
ဒေသခံ ကွန်မျူနတီ ကောလိပ်များလည်း ရှိပြီး ဝင်ခွင့်ရရန် ပိုမိုလွယ်ကူ၍ ပညာသင်ကြားသည့် ကာလ ပိုမို တိုတောင်းကာ ကျောင်းလခလည်း ပို၍ ဈေးနည်းသည်။
1
အခြေခံ စာတတ်မြောက်မှုနှုန်းမှာ ၉၉ ရာခိုင်နှုန်း ဖြစ်သည်။
1
ခန့်မှန်းခြေအားဖြင့် အရွယ်ရောက်ပြီးသူ အားလုံး၏ ၃ပုံ ၁ပုံမှာ အဝလွန်လျက် ရှိပြီး ကျန်ရှိသူများထဲမှ ၃ ပုံ ၁ပုံမှာ ပုံမှန်ထက် ပို၍ ဝကြသည်။
1
ရာစုနှစ်၏ နောက်ဆုံး ၄ပုံ ၁ ပုံအတွင်း အဝလွန်နှုန်းမှာ ၂ ဆမျှ မြင့်တက်ခဲ့ပြီး စက်မှုထွန်းကားသော နိုင်ငံများတွင် အမြင့်ဆုံး ဖြစ်သည်။
1
ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင်သူများ၏ အဆိုအရ အဝလွန်မှုနှင့် ဆက်စပ်နေသော ဖြစ်ပွားသူမှာ အလျှင်အမြန် တိုးတက်များပြားလျက် ရှိကြောင်း သိရသည်။
1
အမေရိကန်ပြည်ထောင်စု၏ ကျန်းမာရေးဆိုင်ရာ သုံးစွဲမှုနှုန်းမှာ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် လူတစ်ဦးချင်း အနေနှင့် လည်းကောင်း၊ ဂျီဒီပီ၏ ရာခိုင်နှုန်းအနေနှင့် လည်းကောင်း အခြားနိုင်ငံများထက် ပို၍ မြင့်မားသည်။
1
ကျန်းမာရေးနှင့်ဆိုင်သော အာမခံများကို အစိုးရနှင့် ပုဂ္ဂလိကမှ ပူးပေါင်းဆောင်ရွက်ကြပြီး အခြားသော ဖွံ့ဖြိုးပြီး နိုင်ငံများကဲ့သို့ အားလုံးအတွက် ကျန်းမာရေး အာမခံ ရှိသည် မဟုတ်ပေ။
1
ထိုသို့ များပြား လာရခြင်း၏ အဓိက အကြောင်းရင်းမှာ အလုပ်ရှင်များက ကျန်းမာရေး အာမခံပေးမှု လျော့နည်းလာသောကြောင့် ဖြစ်သည်။
1
ကျန်းမာရေး အာမခံ မရှိသော ပြည်သူများနှင့် ကျန်းမာရေး အာမခံ မလုံလောက်သော ပြည်သူများနှင့် ဆိုင်သော ကိစ္စမှာ အဓိက နိုင်ငံရေး ပြဿနာ တစ်ခု ဖြစ်သည်။
1
ပြည်နယ်ရဲ အဖွဲ့မှာ ပိုမိုကျယ်ပြန့်သော လုပ်ငန်းဆောင်တာများကို ဆောက်ရွက်ကြသည်။
1
အက်ဖ်ဘီအိုင် နှင့် ယူအက်စ် မာရှယ် ဆားဗစ် ကဲ့သို့သော ဖက်ဒရယ် အေဂျင်စီများမှာ ပိုမို အထူးပြုသော တာဝန်များကို ထမ်းဆောင်ကြသည်။
1
ဖက်ဒရယ် အဆင့်နှင့် ပြည်နယ်များတွင် တရားရေးဌာနများသည် သာတူညီမျှ တရားစီရင်ရေး စနစ်ကို ကျင့်သုံးကြသည်။
1
ပြည်နယ် တရားရုံးများမှ ရာဇဝတ်မှု အများစုကို စီရင်လေ့ ရှိပြီး ဖက်ဒရယ် တရားရုံးများမှ အချို့သော အမှုအခင်း အမျိုးအစားများကို ကိုင်တွယ်ဆောင်ရွက်လေ့ ရှိသည့်အပြင် ပြည်နယ် တရားရုံးများမှ တက်လာသော အချို့သော အယူခံဝင်မှုများကို ဆောင်ရွက်ကြသည်။
1
မူးယစ်ဆေးဝါးကို ဖက်ဒရယ် ဥပဒေအရ တားဆီးထားသော်လည်း အချို့သော ပြည်နယ်များသည် မူးယစ်ဆေးဝါးကို တရားဝင် သုံးစွဲခွင့်ပြုသော ဥပဒေများကို ဖက်ဒရယ်စနစ်နှင့် ဆန့်ကျင်၍ ပြဋ္ဌာန်းရန် ကြိုးပမ်းလေ့ ရှိသည်။
1
ဆေးလိပ်သောက်နိုင်သည့် အသက် ကန့်သတ်ချက်မှာ ၁၈ နှစ်ဖြစ်ပြီး အရက်သောက်နိုင်သည့် အသက်ကန့်သတ်ချက်မှာ ၂၁ နှစ် ဖြစ်သည်။
1
ဖွံ့ဖြိုးပြီး နိုင်ငံများထဲတွင် အမေရိကန် ပြည်ထောင်စုသည် ပျမ်းမျှအဆင့်ထက် ပိုသော အကြမ်းဖက် ရာဇဝတ်မှုများ ဖြစ်ပွားလေ့ ရှိပြီး သေနတ်ကိုင် အကြမ်းဖက်မှုနှင့် လူသတ်မှုများ များပြားသည်။
1
သေနတ်ကိုင်ဆောင်ခွင့် နှင့် ဆိုင်သော ကိစ္စမှာ နိုင်ငံရေးအရ အငြင်းပွားမှု များပြားသော ကိစ္စတစ်ရပ် ဖြစ်သည်။
1
လက်ရှိနှုန်းသည် ၁၉၈၀ ခုနှစ်မှ စာရင်းနှင့် နှိုင်းယှဉ်လျှင် ၇ ဆမျှ ပိုများသည်။
1
အိုအီးစီဒီ နိုင်ငံများတွင် ဒုတိယမြောက်အများဆုံးနိုင်ငံ ဖြစ်သော နှင့် နှိုင်းယှဉ်ပါက ၃ ဆမျှ ပိုများသည်။
1
အကျဉ်းကျသူ ဤမျှ များပြားရခြင်းမှာ ဖက်ဒရယ် အစိုးရ၏ အမိန့်ချမှတ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် မူးယစ်ဆေးဝါးနှင့် သက်ဆိုင်သော ပေါ်လစီများကြောင့် ဖြစ်သည်။
1
အနောက်နိုင်ငံ အများစုတွင် သေဒဏ်ပေးခြင်းကို ဖျက်သိမ်းပြီး ဖြစ်သော်လည်း အမေရိကန်ပြည်ထောင်စု ပြည်နယ် ၃၄ခု တွင် အချို့သော အစိုးရ နှင့် စစ်ရေးဆိုင်ရာ ပြစ်မှုများအတွက် သေဒဏ်ပေးခြင်းကို ခွင့်ပြုထားသည်။
1
နယူးမက္ကဆီကိုပြည်နယ်မှ ၂၀၀၉ ခုနှစ်တွင် ဖျက်သိမ်းခဲ့ပြီး မှ ၂၀၁၁ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။
1
ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့ ပြီးလျှင် လူဦးရေ အများဆုံး ဖြစ်ပြီး အဓိက စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများတွင် လူဦးရေ တိုးတက်မှု အမြန်ဆုံးရှိသော တစ်ခုတည်းသောနိုင်ငံ ဖြစ်သည်။
1
အမေရိကန်ပြည်ထောင်စုတွင် လူမျိုးပေါင်းစုံ ရှိပြီး လူဦးရေ ၁ သန်းကျော်သော မျိုးနွယ်ဆက် မတူညီသော မျိုးနွယ်စု ၃၁ ခု ရှိသည်။
1
လူဖြူများမှာ အများဆုံး လူမျိုးဖြစ်ပြီး ဂျာမန်အမေရိကန်များ၊ အင်္ဂလိပ် အမေရိကန်များ နှင့် အိုင်းရစ်ရှ် အမေရိကန်များ ပါဝင်သဖြင့် နိုင်ငံအတွင်း လူဦးရေ အများဆုံးသော မျိုးနွယ်ဆက် အစုအဖွဲ့ ၄ ခုမှ ၃ ခု ပါဝင်သည်။
1
အာဖရိကန် အမေရိကန်များမှာ နိုင်ငံအတွင်း လူဦးရေ အများဆုံးသော လူနည်းစုအဖွဲ့ဝင် လူမျိုးစု ဖြစ်ပြီး မျိုးနွယ်ဆက် အစုများတွင် တတိယမြောက် အများဆုံး အစုအဖွဲ့ ဖြစ်သည်။
1
အာရှ အမေရိကန်များမှာ ဒုတိယမြောက် လူဦးရေ အများဆုံးသော လူနည်းစု အဖွဲ့ဝင် လူမျိုးစုဖြစ်သည်။
1
ဟစ်စပန်းနစ် နှင့် လာတီနို အမေရိကန်များ၏ လူဦးရေ တိုးပွားမှုမှာ အဓိက လူဦးရေ ပြောင်းလဲမှု ပင် ဖြစ်သည်။
1
ထိုတိုးတက်မှု၏ အများစုမှာ ရွှေ့ပြောင်းနေထိုင်လာမှုများကြောင့် ဖြစ်သည်။
1
မွေးဖွားမှုနှုန်းမှာလည်း အခြား သက်ဆိုင်သော အချက်တစ်ချက်ပင် ဖြစ်သည်။
1
လူဦးရေ ၁ သန်း ကျော်သော မက်ထရိုပိုလစ်တန် ဒေသ ၅၂ ခု ရှိသည်။
1
အလျှင်အမြန် တိုးတက်နေသော မက်ထရိုဧရိယာ ၅၀ ခုတွင် ၄၇ ခုမှာ နိုင်ငံ၏ တောင်ဘက်ပိုင်းနှင့် အနောက်ဘက်ပိုင်းတွင် ရှိသည်။
1
ဒါးလတ်စ်မြို့၊ ဟူစတန်မြို့၊ အတ္တလန္တာမြို့ နှင့် ဖီးနစ်မြို့ ၄မြို့သည် ၂၀၀၀ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း လူဦးရေ ၁သန်းကျော်မျှ တိုးပွားလာခဲ့သည်။
1
သို့သော်လည်း အမေရိကန်နိုင်ငံသား အဖြစ်ပြောင်းလဲသည့် ဥပဒေတွင် အင်္ဂလိပ်ဘာသာကို စံအဖြစ် သုံးသော ဘာသာစကား အဖြစ် သတ်မှတ်ထားသည်။
1
စပိန်ဘာသာ စကားကို လူဦးရေ၏ ၁၂ ရာခိုင်နှုန်းက အိမ်တွင် သုံးကြပြီး ဒုတိယ ဘာသာစကားတွင် သင်ကြားမှု အများဆုံး ဘာသာစကား ဖြစ်သည်။
1
အချို့သော အမေရိကန် ဥပဒေပညာရှင်တို့က အင်္ဂလိပ်ကို နိုင်ငံတော် ဘာသာစကား အဖြစ် သတ်မှတ်ရန် ကြိုးစားမှုများ ဖြစ်ပြီး အနည်းဆုံး ပြည်နယ် ၂၈ ခုတွင် တရားဝင်ဘာသာစကား အဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။
1
ဟာဝိုင်အီ ပြည်နယ်တွင် ဟာဝိုင်အီကျွန်းသုံး ဘာသာစကားနှင့် အင်္ဂလိပ်စကား ၂ ခုစလုံးသည် ပြည်နယ်ဥပဒေ အရ တရားဝင် ဘာသာစကား ဖြစ်သည်။
1
တရားဝင် ဘာသာစကားဟူ၍ သတ်မှတ်ထားခြင်း မရှိသော်လည်း နယူးမက္ကဆီကိုပြည်နယ်တွင် အင်္ဂလိပ် နှင့် စပိန်ဘာသာ အသုံးပြုခြင်းကို လည်းကောင်း၊ လူဝီစီးယားနားပြည်နယ်တွင် အင်္ဂလိပ် နှင့် ပြင်သစ် ဘာသာစကား အသုံးပြုခြင်းကို လည်းကောင်း ဥပဒေအရ ခွင့်ပြုထားသည်။
1
ကဲ့သို့သော အချို့ပြည်နယ်များတွင် တရားရုံးသုံး စာရွက်စာတမ်းများ အပါအဝင် အချို့သော အစိုးရ ဆိုင်ရာ စာရွက်စာတမ်းများကို စပိန်ဘာသာ ဖြင့်လည်း ပြန်ဆို ထုတ်ဝေရန် ဥပဒေ ပြဋ္ဌာန်းထားသည်။
1
အချို့သော အမေရိကန်ပိုင်း ကျွန်းများတွင် ဒေသခံဘာသာစကားကို အင်္ဂလိပ်ဘာသာ စကားနှင့် အတူ အသိအမှတ်ပြုထားသည်။
1
အမေရိကန် ဆာမိုအာ နှင့် ဂူအမ်ကျွန်း တို့တွင် ဆာမိုအန် ဘာသာစကား နှင့် ချာမော်ရိုဘာသာစကားတို့ကို အသီးသီး အသိအမှတ်ပြုထားကြသည်။
1
မြောက်မာရီယာနာကျွန်းများတွင် ကာရိုလီနီးယန်း နှင့် ချာမိုရို ဘာသာစကားတို့ကို အသိအမှတ် ပြုထားသည်။
1
ပျူရီတို ရီကိုကျွန်းတွင် တရားဝင်ဘာသာစကားမှာ စပိန်ဘာသာ ဖြစ်သည်။
1
အမေရိကန် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ပထမအကြိမ် ပြင်ဆင်ချက်မှ ဘာသာရေး လွတ်လပ်ခွင့်ကို အာမခံချက်ပေးထားပြီး ဘာသာရေး ဆိုင်ရာ အစိုးရ ဖွဲ့စည်းခြင်းကို တားမြစ်ခဲ့သည်။
1
အမျိုးသမီး အများစုသည် အိမ်ပြင်ပတွင် အလုပ်လုပ်ကြပြီး အများစုမှာ ဘွဲ့ရရှိထားသူများ ဖြစ်သည်။
1
လိင်တူခြင်း လက်ထပ်ခြင်းမှာ နိုင်ငံရေး အရ အငြင်းပွားစရာ ကိစ္စတစ်ရပ် ဖြစ်သည်။
1
အချို့သော ပြည်နယ်များတွင် လိင်တူအချင်းချင်း လက်ထပ်ခြင်း မဟုတ်သော်လည်း ဥပဒေအရ ပေါင်းစည်းနေထိုင်ခြင်း နှင့် လက်မထပ်ဘဲ အတူတကွ နေထိုင်ခြင်းတို့ကို လက်ထပ်ထိမ်းမြားခြင်းအစား ခွင့်ပြုထားသည်။
1
သို့သော်လည်း ဖက်ဒရယ် အစိုးရ နှင့် ပြည်နယ် အများစုတွင် လက်ထပ်ထိမ်းမြားခြင်းကို ယောက်ျားနှင့် မိန်းမ ပေါင်းစည်းခြင်းဟုသာ သတ်မှတ်ထားခြင်းနှင့် လိင်တူချင်း လက်ထပ်ခြင်းကို တရားဝင် တားမြစ်ထားခြင်းများ ရှိသည်။
1
ထိုကိစ္စနှင့် ပတ်သက်၍ လူအများစု၏ အယူအဆမှာ ၁၉၉၀ ခုနှစ်များက အများစုက ဆန့်ကျင်ကြသော်လည်း ၂၀၁၁ ခုနှစ်တွင် စာရင်းဇယားအရ မတင်မကျ ဖြစ်နေသော ကိစ္စအဖြစ်သို့ ပြောင်းလဲသွားသည်။
1