text
string
label
int64
ထို ၆၅ မြို့နယ်မှာ မြို့နယ်စုစုပေါင်း ၃၃၀ ၏ ၂၀ ရာခိုင်နှုန်းဖြစ်သော်လည်း လူဦးရေသိပ်သည်းဆနည်းပါးသော ဝေးလံခေါင်ဖျားဒေသများ ဖြစ်ကြသည်
1
ထို့အပြင် ပဋိပက္ခကြောင့် ထိုဒေသခံများသည် အခြားဒေသ သို့မဟုတ် အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့ပြောင်းသွားကြသူများရှိနေသဖြင့် လက်တွေ့မြေပြင်တွင် ထိုဒေသများ၌ နေထိုင်သူမှာ သန်းခေါင်စာရင်းမှန်းဆချက်ထက် များစွာလျော့နည်းနိုင်ပါသည်
1
လုံခြုံရေးအခြေအနေ များကြောင့် ပြည်သူများမဲပေးရန် အခက်အခဲများရှိနေသော်လည်း ယခုရွေးကောက်ပွဲတွင် ကောင်းမွန် သောရလဒ်များ ထွက်ပေါ်လာစေနိုင်မည့် အားသာချက်အချို့လည်း ရှိနေပါသည်
1
ပထမအချက်မှာ နိုင်ငံရေးပါတီ ၅၇ ခုမှ ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ကပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်သုံးရပ်ရှိ အမတ်နေရာ ၉၅၀ ခန့်အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကြခြင်း ဖြစ်ပါသည်
1
ကိုယ်စားလှယ်လောင်း တစ်ဦးလျှင် အာမခံကြေး ကျပ် ၅ သိန်း ပေးသွင်းထားရပြီးရှုံးနိမ့်ပါက ထိုငွေကို ပြန်မရနိုင်မှန်းသိလျက်နှင့် ပါတီဝင်များက စိတ်အားထက်သန်စွာ ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်ပါသည်
1
ကိုယ်စားလှယ်လောင်းများသည် မဲဆန္ဒရှင်ပြည်သူများအတွက် ငွေကြေးဖောင်းပွမှု ကျဆင်းရေးမှစ၍ ရပ်ကွက်သန့်ရှင်းလှပရေးနှင့် မြို့နယ်အတွင်းရေစီးရေလာကောင်းမွန်ရေးအထိ ပြုပြင်ပြောင်းလဲရေးအစီအစဉ် စိတ်ကူးပေါင်းများစွာ ကိုကတိပြုတင်ပြလျက်ရှိပါသည်
1
မဲဆန္ဒရှင်ပြည်သူ များ၏ တက်ကြွစွာပူးပေါင်းပါဝင်မှုကြောင့်လည်း ကိုယ်စားလှယ်လောင်းများသည် လုံခြုံရေးအရ အကန့်အသတ်များအကြားမှ ဟောပြောပွဲများ၊ အိမ်တိုင်ရာရောက် မဲဆွယ်စည်းရုံးမှုများကို အရှိန်အဟုန် မြှင့်လုပ်ဆောင်နိုင်ကြသည်ကို တွေ့မြင်နိုင်ပါသည်
1
ဒုတိယအချက်မှာအမျိုးသားလွှတ်တော်နှင့် တိုင်း/ပြည်နယ်လွှတ်တော်များအတွက်ကိုယ်စားပြု အချိုးကျရောနှောစနစ် (Mixed - Member Proportion - MMP)ကို ပထမဆုံးအကြိမ် အသုံးပြုနိုင်ခြင်း ဖြစ်ပါသည်
1
ထိုစနစ်သည် တိုင်းရင်းသားပါတီများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခု၌သာ ယှဉ်ပြိုင်ကြမည့် ဒေသန္တရပါတီများအတွက် အားတက်စရာ ဖြစ်စေပါသည်
1
ယခင်က နိုင်သူ အကုန်ယူစနစ် (FPTP)ကြောင့် ပါတီကြီးများကသာ အနိုင်ရခဲ့သော်လည်း ယခု MMP စနစ်ကြောင့် ကရင်၊ ကယား၊ ချင်းနှင့် ပအိုဝ်း စသည့် ပါတီငယ် များသည်လည်း မဲအရေအတွက် ဒုတိယ သို့မဟုတ် တတိယရရှိပါက အချိုးကျစနစ်အရ လွှတ်တော်ထဲသို့ သေချာပေါက်ရောက်ရှိလာနိုင်မည် ဖြစ်ပါသည်
1
ထို့အပြင် တပ်မတော်က သဘောတူထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ ပြင်ဆင်ချက်ကို ပြောင်းလဲပြဋ္ဌာန်းနိုင်ပါက တိုင်းရင်းသားနှင့် ဒေသန္တရပါတီများသည် ၎င်းတို့ဒေသ၏ ဝန်ကြီးချုပ်များကို ရွေးချယ်နိုင်ခွင့် သို့မဟုတ် အစိုးရအဖွဲ့တွင် ပါဝင်နိုင်ခွင့် ယခင်ကထက်ပိုမိုရရှိလာနိုင်ပါသည်
1
တတိယအချက်မှာ MMP စနစ်နှင့် PR မဲဆန္ဒ နယ်မြေများကို ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်လိုက် ခြင်းနှစ်ချက်ကြောင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ တိုင်းရင်းသားပါတီများအတွက် အသက်ရှူပေါက်ရရှိစေပါသည်
1
ထိုဒေသများတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေအချို့တွင် ရွေးကောက်ပွဲမကျင်းပနိုင်သော်လည်း အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ်ကျယ်ပြန့်စွာသတ်မှတ်မှုကြောင့် ရွေးကောက်ပွဲကျင်းပနိုင်သည့် အခြားမြို့နယ်များမှ ရရှိသော FPTP မဲများဖြင့် PR လွှတ်တော်ကိုယ်စားလှယ်များ ရရှိနိုင်ရန်အခွင့်အလမ်းရှိနေပါသည်
1
ထို့ကြောင့်ပင် ရခိုင်ပါတီ ၅ ခုနှင့် ချင်းပါတီ ၃ ခုတို့က ခက်ခဲသော အခြေအနေကြားမှ ဝင်ရောက်ယှဉ်ပြိုင်ကြခြင်း ဖြစ်ပါသည်
1
ယင်းတို့အနေဖြင့် တစ်နိုင်ငံလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီကြီးများနှင့် နှိုင်းယှဉ်ပါက အရင်းအမြစ်နှင့်အကာအကွယ်များ ပြည့်စုံစွာမရှိသော်လည်း နိုင်ခြေအခွင့်အလမ်းရှိသောကြောင့် ကိုယ်ကျိုးစွန့်၍ သက်စွန့်ဆံဖျား ကြိုးစား၍ ယှဉ်ပြိုင်ကြပါသည်
1
လက်နက်မကိုင်သော တိုင်းရင်းသားခေါင်းဆောင်များက လူထုအားဖြင့် လွှတ်တော်အတွင်း အစိုးရအတွင်း ပါဝင်ဆောင်ရွက်နိုင်ပါက လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကို လျှော့ချရန်၊ ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုများကိုစတင်ရန် လမ်းပွင့်သွားမည်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဒေသအလိုက်နီးကပ်စွာပေါင်းစပ်ညှိနှိုင်း အဖြ...
1
စတုတ္ထအချက်မှာယခုရွေးကောက်ပွဲ၌နှစ် ၂၀ အတွင်း အမျိုးသမီးကိုယ်စားလှယ်လောင်း ပါဝင်မှု အမြင့်ဆုံး(၁၈ ရာခိုင်နှုန်း) သို့ ရောက်ရှိလာနိုင်ခြင်း ဖြစ်ပါသည်
1
ယင်းသည် ၂၀၂၀ ပြည့်နှစ်တွင် အမျိုးသမီးခေါင်းဆောင်များ၏ ဆွဲဆောင်မှုကြောင့် ရွေးကောက်ပွဲဖြစ်စဉ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီးကိုယ်စားလှယ်လောင်း အချိုး ၁၅ ရာခိုင် နှုန်းကို စံချိန်ချိုးခဲ့ပါသည်
1
ထိုအချက်သည် ငြိမ်းချမ်းရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် အမျိုးသမီးများ၏ကဏ္ဍကို အသိအမှတ်ပြုလာခြင်း ဖြစ်ပါသည်
1
လက်ရှိမဲဆွယ်စည်းရုံးရေးကာလတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများက ငြိမ်းချမ်းရေး၊ ပြန်လည်ရင်ကြားစေ့ရေးနှင့် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ကျယ်ပြန့်စွာ ဆွေးနွေးချပြ လျက်ရှိရာ ပဋိပက္ခများ ရပ်ဆိုင်းရေးနှင့် အမျိုးသမီးနှင့် လူငယ်များ အခန်းကဏ္ဍမြှင့်တင်ရေးကိစ္စများကို ပိုမိုကောင်းမွန်စွာဆောင်ရွက်နိုင်ပေမည်
1
ထိုအခါ နိုင်ငံသားတိုင်းမဲပေးရန် စည်းရုံးလှုံ့ဆော်မှုများသည် အမျိုးသမီးနှင့် လူငယ်ကိုယ်စားလှယ်လောင်းများအတွက်လည်း မဲပိုမိုရရှိရန် တွန်းပို့ပေးနိုင်ပေသည်
1
ထို့ပြင်မဲပေးသူဦးရေ အချိုးတက်လာသည်နှင့်အမျှ MMP စနစ်သည် သေးငယ်သောတိုင်းရင်းသားနှင့် ဒေသန္တရပါတီများကို ပိုမိုမဲရရှိစေမည်ဖြစ်ပြီးယခင် FPTP စနစ်ကမူ ပါတီကြီးများကိုသာ အားသာစေခဲ့ပါ သည်
1
နောက်ဆုံးအချက်အနေဖြင့်မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) စနစ်ကို အသုံးပြုထားခြင်းသည် ရွေးကောက်ပွဲဂုဏ်သိက္ခာရှိရေးအတွက် အရေးကြီးသောလုပ်ဆောင်ချက် ဖြစ်ပါသည်
1
ထိုစနစ်သည် ယခင်က ဖြစ်ပွားခဲ့သော မဲရေတွက်မှု မသမာမှုများကို ဖြေရှင်းပေးနိုင်ရုံသာမက ပွင့်လင်းမြင်သာမှုကိုလည်း မြှင့်တင်ပေးနိုင်မည် ဖြစ်ပါသည်
1
ယခင်က စက္ကူမဲပြားများသုံးစဉ်က ပယ်မဲ ၅ ရာခိုင် နှုန်းခန့်အထိ ရှိခဲ့သော်လည်း အီလက်ထရောနစ် မဲပေးစက်တွင်မူ ပယ်မဲလုံးဝမရှိနိုင်တော့ပါ
1
မဲပေး စက်မှတစ်ဆင့် စောင့်ကြည့်ထောက်လှမ်းမည်ဟူသော တစ်ဖက်သတ် စွပ်စွဲချက်များမှာလည်း လွန်ကဲသော မှန်းဆချက်များသာ ဖြစ်ပါသည်
1
မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ဘတ်ဂျက်သက်သာစွာ မြန်မာနိုင်ငံတွင်သာ တီထွင်ထုတ်လုပ်ထားသော စက်များသည် မဲဆန္ဒရှင်များ၏မျက်နှာနှင့် ရွေးချယ်မှုများကို မှတ်တမ်းတင်နိုင်မည့်အစွမ်း လုံးဝမရှိနိုင်ပါ
1
ယခုအခါ အဆိုပါမဲပေးစက်များကို မဲဆန္ဒရှင်များစွာရှေ့မှောက်တွင် စမ်းသပ်စစ်ဆေးခဲ့ပြီး ပြည်သူများ ယုံမှားသံသယဖြစ်စရာကိစ္စများ မပေါ်ပေါက်ခဲ့သောကြောင့် အဆိုပါစွပ်စွဲချက်များ အခြေအမြစ်မရှိကြောင်း ထင်ရှားလှပါသည်
1
နိဂုံးချုပ်အနေဖြင့် လာမည့်မြန်မာ့ရွေးကောက်ပွဲသည် မြန်မာပြည်သူများ၏ အကျိုးအတွက်သာ ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး ပဋိပက္ခများနှင့် မတည်ငြိမ်မှုများကြားမှ လက်တွေ့နည်းလမ်းများဖြင့် ပြည်သူအများ ထိရောက်စွာဆန္ဒပြုနိုင်ရန် အကောင်းဆုံး ကြိုးပမ်းစီစဉ်ခဲ့ခြင်း ဖြစ်ပါသည်
1
ဤရွေးကောက်ပွဲမှတစ်ဆင့် တိုင်းရင်းသားနှင့် ဒေသန္တရပါတီများ၏ အခန်းကဏ္ဍ ပိုမိုအားကောင်းလာစေမည်ဖြစ်ပြီး ပဋိပက္ခများကြားမှ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် မျှော်လင့်ချက် ရောင်ခြည်များကို ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်ပါသည်
1
ရွေးကောက်ပွဲမှ လွှတ်တော်သုံးရပ်ကို ပေါ်ထွန်းလာစေမည်ဖြစ်ပြီး ပြည်သူ့ဆန္ဒမှန်များကို ပြည်သူ့ကိုယ်စားလှယ်များမှတစ်ဆင့် ဥပဒေပြု၊ ရသုံးခန့်မှန်းဘတ်ဂျက်များ ပြဋ္ဌာန်း၍ စတင်အကောင်အထည်ဖော်နိုင်တော့မည် ဖြစ်ပါသည်
1
ပထမဆုံးအကြိမ် ကျင်းပမည့် MMP စနစ်သည် အမျိုးသားလွှတ်တော်မှတစ်ဆင့်ပါတီစုံမှ ကိုယ်စားလှယ်များ ပါဝင်ခွင့်ရရှိစေရန် ဆောင်ကြဉ်းပေးမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုင်းရင်းသားနှင့် ဒေသန္တရပါတီများ၏ ကိုယ်စားပြုမှုကို ပိုမိုအားကောင်းလာစေမည်ဖြစ်သည်
1
ထိုအခါလက်နက်မကိုင်သော နိုင်ငံရေးခေါင်းဆောင်များ၊ ပြည်သူ့ကိုယ်စားလှယ်များက ငြိမ်းချမ်းရေးနှင့် ပြန်လည်တည်ဆောက်ရေးတာဝန်များကို ချက်ချင်းယူနိုင်မည်ဖြစ်ပြီး လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများ အမြန်ချုပ်ငြိမ်းစေရန် သက်ဆိုင်ရာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် စတင်ဆွေးနွေးညှိနှိုင်းနိုင်မည်ဖြစ်သည်
1
ဤသို့လျှင် ပြည်သူအများပါဝင်ဆန္ဒပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသော ၂၀၂၅ ရွေးကောက်ပွဲကြီးကို ပြစ်တင် ဝေဖန်နေမည့်အစား လေးစားတန်ဖိုးထား အားပေးသင့်ပါကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်
1
အိအိအောင် ကမ္ဘာပေါ်တွင် ပိုးထည်လုပ်ငန်းကို လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ ကျော်ကတည်းကစတင်ခဲ့ပြီး မြန်မာနိုင်ငံ၌ အလောင်းမင်းတရားလက်ထက် ၁၇၅၅ ခုနှစ်မှ စတင်ခဲ့သည်ဟု သိရှိရပါသည်
1
ပိုးထွက်ပစ္စည်းများသည် သဘာဝမှရသော ပစ္စည်းဖြစ်သဖြင့် လူတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် အဝတ်အထည်သာမက ကျန်းမာရေးအတွက် ဆေးအဖြစ်လည်းကောင်း၊ ပိုးချည်ကို ခွဲစိတ်ခန်း၌ ပြန်လည်ချုပ်သည့်နေရာတွင်လည်းကောင်း၊ လူသုံးကုန်ပစ္စည်းအဖြစ်လည်းကောင်း၊ မွေးမြူရေးသုံးအစာများအဖြစ်ပါ တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် အသုံးပြုလျက်ရှိပါသည်
1
ပိုးချည်အရည်အသွေး ကောင်းမွန်စေရန်အတွက် ပိုးမွေးမြူရေးလုပ်ငန်းကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ရပါသည်
1
ဤသို့လုပ်ကိုင်ဆောင်ရွက်ရာတွင် ပိုးကောင်လေးများအတွက် အစာကျွေးခြင်းလုပ်ငန်းသည်လည်း အရေးကြီးသောအခန်းကဏ္ဍမှပါဝင်ပြီး အစာကျွေးရာ၌ သန့်ရှင်း လတ်ဆတ်သော ပိုးစာရွက်များကိုသာကျွေးရခြင်း ဖြစ်ပါသည်
1
သို့ဖြစ်၍ အသုံးပြု၍ ကျွေးသော ပိုးစာရွက်များကို စနစ်တကျ စိုက်ပျိုးရန်အတွက် အရေးကြီးပါသည်
1
ပိုးစာပင်စိုက်ပျိုးရာတွင် အသီးစားပိုးစာနှင့် အရွက်စားပိုးစာဟူ၍ နှစ်မျိုးရှိပါသည်
1
ပိုးစာပင်စိုက်ပျိုးခြင်း လုပ်ငန်းအဆင့်ဆင့်ကို အောက်ပါနည်းလမ်းများဖြင့် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ရပါမည်- ပိုးစာပင်၏ မူရင်းဒေသမှာ ဟိမဝန္တာတောင်ခြေဖြစ်သည်
1
သမပိုင်းဒေသမှ အပူပိုင်းဒေသအထိ ကျယ်ပြန့်စွာ ပေါက်ရောက်ပြီး ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ပေ ၁၂၀၀၀ အထိ ရှင်သန် ပေါက်ရောက်နိုင်၍ တရုတ်၊ ကိုရီးယား၊ ဂျပန် အစရှိသည့် အရှေ့အာရှနိုင်ငံများမှ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းအာရှဒေသနှင့် ဥရောပတောင်ပိုင်းဒေသနိုင်ငံများအထိ ကျယ်ပြန့်စွာ ဖြစ်ထွန်းသည်
1
ပိုးစာပင်မျိုးစိတ် ၆၈ မျိုးရှိပြီး မျိုးပေါင်း ၁၀၀ ကျော်ရှိ၍ မြန်မာနိုင်ငံတွင် အလေ့ကျပေါက်ရောက်သော အရိုင်းမျိုးများအပါအဝင် ပိုးစာပင်မျိုးပေါင်းများစွာရှိသည်
1
ယခင်က မြန်မာရွက်ကြီးမျိုး၊ မြန်မာလက်ချားမျိုး၊ ပေါက်ခေါင်းမျိုးများကို ဒေသအနှံ့စိုက်ပျိုးခဲ့ကြီးပြီး ယခုအခါတွင် အရွက်အထွက်နှုန်း ကောင်းမွန်သည့် မြန်မာရွက်ကြီးမျိုး၊BR-60 မျိုး၊ S-28 ဗီယက်နမ်မျိုးနှင့် တရုတ်မျိုးများကို ရွေးချယ် စိုက်ပျိုးလျက်ရှိပါသည်
1
ပိုးစာပင်စိုက်ပျိုးရာတွင် ပိုးစာမျိုးများကို သေချာရွေးချယ်စိုက်ပျိုးရန် လိုအပ်ပါသည်
1
ရွေးချယ်ရာတွင် ပိုးစာအရွက် အထွက်နှုန်းကောင်းခြင်း၊ ပိုးစာအရွက် အရည်အသွေးကောင်းမွန်ခြင်း၊ ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိခြင်း၊ ရာသီဥတု၊ ဒေသရေမြေနှင့် သဟဇာတဖြစ်ခြင်းနှင့် ပိုးမွေးမြူသည့် နည်းစနစ်နှင့် ကိုက်ညီမှုရှိခြင်းတို့ ပါဝင်ပါသည်
1
ပိုးစာပင်သည် မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်သော်လည်း အစိုဓာတ်များပြီး ရေဝပ်သောမြေ၊ ရွှံ့စေးမြေနှင့် သဲဆန်သောမြေများတွင် မစိုက်ပျိုးသင့်ပါ
1
ပိုးစာပင်သည် သဲနုန်းမြေကို အနှစ်သက်ဆုံး ဖြစ်ပြီး စိုက်ပျိုးရန်သင့်တော်သော မြေဆီလွှာအခြေအနေမှာ နုန်းမြေ(၂၀-၄၀ ရာခိုင်နှုန်း) ရှိခြင်း၊ မြေချဉ်ငန်ဓာတ် (၆ ဒသမ ၅-၇)၊ မြေသားပါဝင်မှု နှစ်ပေအထက်ရှိခြင်း၊ မြေအောက်ရေအနက်သုံးပေ ထက်လျော့နည်းခြင်း၊ အပင်စုပ်ယူနိုင်သည့် ဖော့စဖောရက်(စ်) ပါဝင်မှု (၁၀-၃၀)mg/ 100gm ရှိခြင်း၊ အပူချိန် (၂...
1
ပိုးစာပင်စိုက်ပျိုးရာတွင် မျိုးပွားခြင်းနှစ်နည်းရှိသည်
1
လိင်ရှိမျိုးပွားခြင်း(သို့) အစေ့မှ မျိုးပွားခြင်းနှင့် လိင်မဲ့မျိုးပွားခြင်း (သို့) မျိုးကိုင်းဖြတ်မျိုးပွားခြင်းတို့ဖြစ်ပါသည်
1
လိင်ရှိမျိုးပွားခြင်းတွင် အစေ့မှမျိုးပွားခြင်းဖြစ်ပြီး မျိုးသစ်ရရှိရန် မျိုးစပ်ခြင်း၊ အစေ့မှမျိုးပွားခြင်းတွင် တစ်ကြိမ်တည်းတွင် အပင်အရေအတွက် များစွာရရှိခြင်း၊ အချိန်တိုအတွင်း မျိုးပွားနိုင်ခြင်း၊ အမြစ်ဖွဲ့စည်းပုံကောင်းမွန်ပြီး အပင်သက်တမ်း ကြာရှည်စွာ ရှင်သန်နိုင်သည်
1
ယခုအခါတွင်Hybird မျိုးစေ့များနှင့် စီးပွားဖြစ် ပိုးစာပင်စိုက်ပျိုးခြင်းများ ဆောင်ရွက်လာကြသည်
1
လိင်ရှိမျိုးပွားခြင်းတွင် အသီးမှည့်ကိုအစေ့ထုတ် အခြောက်လှန်းခြင်းဖြင့် တစ်လအတွင်း စိုက်ပျိုးပါက အပင်ပေါက်နှုန်းကောင်းမွန်ခြင်း၊ အပင်ပေါက်ညီညာခြင်း၊ အပင်အနိမ့်အမြင့် ညီညာခြင်း၊ ပန်းပွင့် ချိန်ညီညာခြင်းနှင့် ရင့်မှည့်ချိန်ညီညာခြင်းတို့ ရရှိပါသည်
1
မျိုးစေ့ကို သိုလှောင်ရာတွင်လည်း လေလုံသောအပူချိန်(၅°C) ခန့်ရှိ အခန်းတွင်း သိုလှောင်လျှင် မျိုးစေ့သက်တမ်း (၅-၆၀) လအထိ ထားနိုင်သည်
1
သိုလှောင်ချိန် ကြာမြင့်သွားလျှင် အပင်ပေါက်နှုန်း ကျဆင်းစေပါသည်
1
မျိုးစေ့ကို အသီးမှည့်ချိန် (မတ်-ဧပြီ)လတွင် အစေ့ထုတ်ပျိုးထောင်လျှင် ဇွန်၊ ဇူလိုင်လများတွင် ချစိုက်နိုင်သည်
1
မျိုးစေ့ချစိုက်ရာတွင် ပေါင်ဖော်၍ စိုက်ကြောင်းအတွင်း မျိုးစေ့ဖြူးပြီးအပေါ်ယံမှ ကောက်ရိုးဖုံး၍ စိုက်ပျိုးရပါသည်
1
လိင်မဲ့မျိုးပွားခြင်းတွင် အပင်၏အစိတ်အပိုင်းမှပွားယူပြီး မိဘမျိုးနှင့် တူညီသည့်မျိုးကိုရရှိသည်
1
လိင်မဲ့မျိုးပွားခြင်းတွင် ကိုင်းဆက်မျိုးပွားခြင်းနှင့် မျိုးကိုင်းဆက် မျိုးပွားခြင်းဟူ၍ရှိပြီး မြန်မာနိုင်ငံတွင် မျိုးကိုင်းဖြတ်ခြင်းနည်းလမ်းကို အများဆုံး အသုံးပြုလေ့ရှိကြသည်
1
လိင်မဲ့မျိုးပွားခြင်းတွင် မျိုးကိုင်းကို ပိုးစာပင်စိုက်ပျိုးရမည့်အချိန် မျိုးကိုင်းရရှိနိုင်သည့် ဒီဇင်ဘာလထိပ်ပိုင်းကိုင်းဖြတ်ခြင်းနှင့် ဇွန်၊ ဇူလိုင် ပင်ခြေကိုင်းဖြတ်ချိန်များတွင် ဆောင်ရွက်နိုင်သည်
1
မျိုးကိုင်းဖြတ်စိုက်ပျိုးရာတွင် ပေါင်ဖြင့် ပျိုး၍ ပျိုးပင်ကိုစိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးခြင်း၊ မျိုးကိုင်းကို စိုက်ခင်းသို့ တိုက်ရိုက်စိုက်နိုင်သည်
1
မျိုးကိုင်းဖြတ်စိုက်ပျိုးရာတွင် အမြင့်သုံးပေ၊ လုံးပတ် တစ်ပေနှင့် ပျိုးသက်ခြောက်လမှ တစ်နှစ်သားရှိသည့် ပျိုးပင်များကိုစိုက်ခြင်းသည် အကောင်းဆုံး ဖြစ်သည်
1
ပျိုးပေါင်မှ ရွှေ့စိုက်နိုင်သောပျိုးပင်ကို စနစ်တကျတူးယူပြီး အမြစ်မထိခိုက်စေခြင်း၊ အရွက်များ ဖယ်ရှားခြင်း၊ မြစ်ပွားများဖယ်ရှားခြင်း၊ ရေသောက်မြစ်(၈လက်မ-၁၂လက်မ) ခန့်ချန်ဖြတ်ကာ စိုက်ပျိုးနိုင်ပြီး မျိုးကိုင်းကို တိုက်ရိုက်စိုက်ပျိုးပါက ခဲတံချောင်းအရွယ် အဖူး (၃-၄) ဖူးပါသည့် မျိုးကိုင်းကို တစ်ကျင်းလျှင် နှစ်ကိုင်းနှုန်းဖြင့်...
1
ပိုးစာပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး အပင်ကြီးမျိုး၊ အမြစ်ဘေးသို့ပြန့်ပြီး မြေအတွင်းသို့ နက်ရှိုင်းသော အမျိုးအစားဖြစ်သည်
1
ပိုးစာပင်ကို နေရောင်ခြည်နှင့် လေဝင်လေထွက် ကောင်းသည့်နေရာ၊ ရေရရှိမှု လွယ်ကူသောနေရာ၊ ပိုးမွေးရုံနှင့် နီးသည့်နေရာနှင့် လျှောစောက် ပေ ၂၀ အောက် ကုန်းစောင်းများ နေရာတွင် ရွေးချယ်စိုက်ပျိုးရပါမည်
1
ပိုးစာပင်ကို ပုံစံသုံးမျိုးဖြင့် စိုက်ပျိုးနိုင်ပါသည်
1
ပိုးစာပင်ကို တစ်မျိုးတည်း အဓိကစိုက်ပျိုးခြင်း၊ ပိုးစာပင်တန်းကြား အခြားသီးနှံစိုက်ပျိုးခြင်းနှင့် ကန်သင်း၊ ခြံစည်းရိုးများ အတန်းလိုက်စိုက်ပျိုးခြင်း တို့ဖြစ်ပါသည်
1
ပိုးစာပင်ကို စိုက်နည်းစနစ်လေးမျိုးဖြင့် စိုက်ပျိုးကြသည်
1
၎င်းတို့မှာ အပင်ကြီးစိုက်ပျိုးခြင်း၊ အပင်လတ်စိုက်ပျိုးခြင်း၊ အပင်နိမ့်စိုက်ပျိုးခြင်းနှင့် ချုံပုတ်သဏ္ဌာန် စိုက်ပျိုးခြင်းတို့တွင် မြန်မာနိုင်ငံ၌ ချုံပုတ်သဏ္ဌာန် စိုက်ပျိုးနည်းစနစ်ကို အများဆုံး အသုံးပြုစိုက်ပျိုးလျက်ရှိသည်
1
မြန်မာနိုင်ငံတွင် ချုံပုတ်သဏ္ဌာန်ဖြင့် အများဆုံး စိုက်ပျိုးပြီး တန်းကြားပင်ကြား(၅ပေx၂ပေ)၊ (၆ပေx၂ပေ) (၃ပေx၁ပေ) နည်းဖြင့် စိုက်ပျိုးလေ့ ရှိကြပါသည်
1
တစ်ဧကအတွင်း ပိုးစာရွက်အထွက် နှုန်းကောင်းစေရန် စိုက်မြောင်းများကို တန်းကြားx ပင်ကြား (၃ပေx၈လက်မ) ထား၍လည်း စိုက်ပျိုး ကြသည်
1
ပိုးစာစိုက်ခင်းများတွင် ပိုးစာစိုက်တန်းများကို (အရှေ့အနောက်၊ တောင်မြောက်) သတ်မှတ်မှုထက် စိုက်ပျိုးမြေအခြေအနေ၊ စိုက်ကွက်အနေအထားလိုက်၍ ထားရှိနိုင်ပါသည်
1
လျှောစောက်ရှိသော မြေများတွင် မြေဆီလွှာနှင့်မြေဩဇာဆုံးရှုံးမှု ကာကွယ်နိုင်ရန် ကွန်တိုမျဉ်းအလိုက် စိုက်ပျိုးပေးရပါမည်
1
ပိုးစာပင်စိုက်ပျိုးရာတွင် နွေရာသီ၌ တောရှင်း၊ ငုတ်တူး၊ ကျွန်းခွေ၊ မီးရှို့ခြင်းလုပ်ငန်းများကို အပြီးဆောင်ရွက်ထားရမည်
1
စိုက်ပျိုးမြေကို ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက် ပြုပြင်၍ စိုက်စနစ်အလိုက်(၂ပေx၂ပေ) ပတ်လည်စိုက် မြောင်းတူး၍ စိုက်နိုင်သည်
1
တစ်ဧကလျှင် နွားချေး ၁၀ တန်ခန့်၊ စိုက်ကျင်းများတွင် နွားချေးတစ်ပြည်၊ ထုံးနို့ဆီဘူးနှစ်ဘူး ပိုးစာပင်အတွက် သီးသန့်ကွန်ပေါင်းနှစ်အိတ် နှုန်းမြေခံထည့်ပေးနိုင်သည်
1
ပိုးစာစိုက်ခင်းများတွင် ကြားထွန်ဝင်ခြင်း၊ ပေါင်းနှိမ်နင်းခြင်းကို တစ်နှစ်ပတ်လုံး လေးကြိမ်အထက် ဆောင်ရွက်ပေးရန်လိုအပ်ပါသည်
1
ပိုးစာတန်းကြားအတွင်း ကောက်ရိုးခြောက်၊ ပြောင်းရိုး အစရှိသည်တို့ကို ဖုံးအုပ်ပေးခြင်းဖြင့် မြေတွင်း(organic) ဒြပ်ပေါင်း ပါဝင်တိုးပွားစေခြင်း၊ ပေါင်း မြက် ပေါက်ရောက်မှုလျော့နည်းစေခြင်း အကျိုး ကျေးဇူးများကို ရရှိစေပါသည်
1
ပိုးစာပင်များတွင် မြေဩဇာကို မိုးဦးကာလ(မေ၊ ဇွန်) တွင် ပမာဏ ၃၀ ရာခိုင်နှုန်းခန့် မိုးလယ် ဇူလိုင်၊ ဩဂုတ်) လတွင် ပမာဏ ၄၀ ရာခိုင်နှုန်းခန့်၊ မိုးနှောင်းကာလ ၃၀ ရာခိုင်နှုန်းခန့် ထည့်သွင်းပေး ရပါမည်
1
မြေဩဇာကျွေးရာတွင် ပိုးမမွေးခင် တစ်လခန့်ကြိုကျွေးရပါမည်
1
N,P,K တို့ကိုလည်း အချိုးကျကျ ထည့်သွင်းရပါမည်
0
ပိုးစာပင်ပုံသွင်းရာတွင် ပိုးစာပင်၏ ပုံသဏ္ဌာန်နှင့် ပိုးစာကိုင်းအရေအတွက်တို့ကို စနစ်တကျ ထိန်းချုပ်ပုံသွင်းပေးခြင်းဖြင့် ပိုးစာအရွက်အထွက်နှုန်း တစ်နှစ်ပတ်လုံး ကောင်းမွန်စွာ ရရှိစေပါသည်
1
ပုံသွင်းနည်းသုံးမျိုးရှိပါသည်
1
အပင်ကြီးပုံသွင်းခြင်း(မြေပြင်မှ သုံးပေအမြင့် ပိုးစာပင်ပင်စည်ဖြတ်ခြင်း)၊ အပင်လတ်ပုံသွင်းခြင်း (မြေပြင်မှ တစ်ပေခွဲ နှစ်ပေအမြင့် ပိုးစာပင်ပင်စည်ဖြတ်ခြင်း) နှင့် ချုံပုတ်ပုံသွင်းခြင်း (မြေပြင်မှ ကိုးလက်မအမြင့် ပိုးစာပင် ပင်စည်ဖြတ်ခြင်း) တို့ ဖြစ်ကြပါသည်
1
ပိုးစာကိုင်းများကို(ဇွန်၊ ဇူလိုင်) လတွင် မြေပြင်မှ (၉-၁၂) လက်မအမြင့် ပင်ခြေကိုင်းဖြတ်ခြင်း၊ (ဒီဇင် ဘာလမှဇန်နဝါရီ) လတွင် ထိပ်ဖျားပိုင်းကိုင်းဖြတ်ခြင်း တစ်နှစ်လျှင် နှစ်ကြိမ် ကိုင်းဖြတ်ပုံသွင်းပေးရမည်
1
အညွန့်ခူးဖြတ်ခြင်း- ပိုးငယ်တတိယအဆင့်အတွက် ခူးခြင်းနှင့် နွေဦးပိုးမွေးရာသီတွင် အရွက်ခြောက်သွေ့မှု လျော့နည်းစေရန် အညွန့်ဖြတ်ကျွေးခြင်းဖြစ်သည်
1
ကိုင်းဖြတ်ခြင်း- ပိုးကြီးအဆင့်ကျွေးခြင်းအတွက် အသုံးပြုကြပြီး အချိန်တိုတွင်း လုပ်အားခများစွာ သက်သာစေသည်
1
ပိုးစာပင်စိုက်ပျိုးရာတွင် ပိုးငယ်အဆင့်အတွက် သီးသန့်စိုက်ခင်းထားရှိရန်လိုအပ်ပြီး ဆောင်ရွက်ရာ တွင် အရွက်အထွက်စော၍ ကြီးထွားမှုမြန်သည့် အရည်အသွေးကောင်းမွန်သော ဥပမာ-BR၊S-28 ဗီယက်နမ်မျိုးများ ရွေးချယ်စိုက်ပျိုးခြင်း၊ ရေသွင်းရေထုတ်လွယ်ကူသည့်နေရာ၊ လေဝင်လေထွက် ကောင်းမွန်ပြီး အရွက်အထွက်နှုန်း အများဆုံးရရှိနိုင်သည့် တန်းကြားပင်ကြ...
1
ပိုးစာပင်စိုက်ပျိုးရာတွင် မြန်မာနိုင်ငံ၌ အများဆုံး ကျရောက်သောရောဂါမှာ ဖားဥမှိုစွဲရောဂါ၊ အမြစ်ပုပ်ရောဂါ၊ သံချေးရောဂါ၊ ရွက်ခြောက်ရောဂါနှင့် ပိုးမွှားရောဂါများတွင် ပင်စည်ဖောက်ပိုးတို့ကျရောက်နိုင်ပြီး ပိုးစာပင်သည် တစ်ဧကလျှင် အထွက်ပေါင် (၅၀၀၀-၁၀၀၀၀) အထိ ထွက်နိုင်သည်
1
ပိုးစာပင်ကို တောင်ပေါ်၊ မြေပြန့်နေရာဒေသ မရွေးစိုက်ပျိုးနိုင်ခြင်း၊ ဆေးဖက်ဝင်အဖြစ် အသုံးပြုနိုင်ခြင်း၊ ပိုးစာရွက်ကိုဟင်းချိုဟင်းအဖြစ် ချက်ပြုတ်စားသုံးနိုင်ခြင်း၊ ပိုးစာသီးကို ဝိုင်အဖြစ်သော်လည်းကောင်း၊ ပိုးစာသီးယိုအဖြစ်လည်းကောင်း အသုံးပြုနိုင်ခြင်းတို့ကြောင့် မိမိတို့၏ အိမ်အနီးပတ်ဝန်းကျင်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးသ...
1
ပြီးခဲ့တဲ့ဇူလိုင်လလယ်က ဝန်ထမ်းတွေစိတ်ခွန်အားမြှင့်တင်ဖို့အတွက်ရည်ရွယ်ပြီး ဌာနတစ်ခုမှာကျင်းပတဲ့ ဟောပြောပွဲတစ်ခုကို အခွင့်အလမ်းတစ်ခုအနေနဲ့ စိတ်ဝင်တစား ကျွန်မ တက်ရောက်နားထောင်ခွင့်ရခဲ့ပါတယ်
0
ဒီဟောပြောပွဲမှာ ဟောပြောဖို့ ဖိတ်ကြားခံရတဲ့ ဆရာဒေါက်တာ မြတ်မိုးရဲ့ ဆောင်းပါးအတော်များများကိုတော့ ကျွန်မတို့ဖတ်ဖူးပြီးသားဖြစ်ပါတယ်
0
ဆရာ့ရဲ့ နိုင်ငံတကာရေးရာနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုစသဖြင့် ကဏ္ဍပေါင်းစုံလွှမ်းခြုံတဲ့ အရေးအသားတွေကို လေ့လာမှတ်သားဖူးပါတယ်
0
ဒါပေမဲ့ ကျွန်မတက်ရောက်ခဲ့တဲ့ ဆရာ့ရဲ့ဟောပြောပွဲမှာတော့ ဝန်ထမ်းတွေစိတ်ခွန်အားမြင့်စေဖို့အတွက် ဘာသာရေးရှုထောင့်ကနေ ဗုဒ္ဓရဲ့တရားတော်တွေနဲ့အညီ ချဉ်းကပ်ပြီး နည်းပေးလမ်းပြဟောပြော ဆွေးနွေးသွားခဲ့တာ တွေ့ရပါတယ်
0
တစ်နည်းအားဖြင့်တော့ ဘဝနေနည်း၊ ထိုင်နည်းတွေပါပဲ
0
သင်ခန်း စာလည်းရ၊ တရားသဘောလည်း တီးမိခေါက်မိ ရှိသွားတဲ့အတွက် အလွန်ကို အဖိုးတန်ခဲ့ပါတယ်
0
ဆရာ့ရဲ့ဟောပြောချက်တွေအရ ကျွန်မတို့လို အသက်အရွယ်နဲ့ဘယ်လိုလူငယ်မျိုးကမဆို ခံယူလိုက်နာကျင့်သုံးသင့်တဲ့ နေနည်းထိုင်နည်း၊ စိတ်ထားနည်းတွေချည်းသာဖြစ်တယ်လို့ ကျွန်မအနေနဲ့ ခံယူမိပါတယ်
0
ဖိစီးမှုရဲ့အရင်းခံအကြောင်းတရားတွေက အားလုံးသိကြတဲ့အတိုင်း လတ်တလောပြည်တွင်းပြည်ပအခြေအနေတွေဟာ ကျွန်မတို့ရဲ့ နေ့စဉ်လူနေမှုဘဝအပေါ် အနည်းနဲ့အများ သက်ရောက်မှုတွေရှိနေတာကို ခံစားသိရှိကြမယ်လို့ ထင်ပါတယ်
0
အဓိကအကြောင်းတရား (Root Causes)ကိုရှာလိုက်တော့ (၁) ကိုဗစ်ကပ်ရောဂါနဲ့ နောက်ဆက်တွဲသက်ရောက်မှုတွေ၊ (၂) ယူကရိန်း ပဋိပက္ခနဲ့ နောက်ဆက်တွဲ လူမှုစီးပွားပြဿနာတွေ၊ (၃) ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲတွေရဲ့ နေ့စဉ်လူနေမှုဘဝအပေါ် ရိုက်ခတ်မှုတွေပဲဖြစ်ပါ တယ်
0
ဒါတွေက အဓိကအကြောင်းရင်းခံတွေဖြစ်ပြီး အခြားမမျှော်လင့်ဘဲ ရုတ်တရက်ဖြစ်လာနိုင်တဲ့ အကြောင်းတရားတွေ (Immediate Causes) ကလည်း ကျွန်မတို့အပေါ် အချိန်မရွေး ရိုက်ခတ်လာ တာမျိုးတွေ ရှိနိုင်ပါသေးတယ်
0