text
string
label
int64
ဒီအကြောင်းတရားတွေကြောင့်ပဲ ယခုလိုကာလမှာ ကျွန်မတို့အနေနဲ့ စိတ်ပိုင်းအရကော ရုပ်ပိုင်းမှာပါ ဖိစီးမှုသောက တချို့တစ်ဝက်ကို ခံစား နေရခြင်းဖြစ်ပါတယ်
0
အချို့ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေတယ်
0
လုပ်ငန်းခွင်မှာဖြစ်စေ၊ မိသားစု အသိုင်းအဝိုင်းမှာဖြစ်စေ အဆင်မပြေမှုတချို့ ကြုံရတာရှိတယ်
0
တစ်ခါတလေ ကိုယ့်ကိုဘယ်သူမှနားလည်မှုမပေးနိုင်ဘူးလို့ ခံစားမိတာမျိုးလည်း ရှိတယ်
0
ဒါကြောင့် တစ်ခါတစ်ခါ စိတ်ဓာတ်ကျသလိုလို၊ အားငယ်သလိုလိုဖြစ်မိတယ်
0
စိတ်ထောင်း ကိုယ်ကြေဆိုတဲ့အတိုင်း စိတ်ဖိစီးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာကိုပါထိခိုက်လာပြီး နေမကောင်းတာတွေ၊ ရောဂါဘယဖြစ်ပွားတာတွေလည်း ရှိလာပါလေရော
0
ဒီလိုစိတ်ရောကိုယ်ရော ထိခိုက်လာတာတွေ ကြောင့် တချို့များတစ်ယောက်တည်းမွန်းကျပ်ပြီး မျှော်လင့်ချက်မဲ့သလိုလို၊ အနာဂတ်ပျောက်နေသလိုလို ခံစားမိကြတယ်လို့ဆိုပါတယ်
0
ဒါတွေကို လူငယ်အများစုမှာ အဓိကခံစားနေရတယ်ဆိုပေမယ့် လူကြီးတချို့မှာလည်း သူတို့အသက်အရွယ်၊ သူတို့ရာထူးအလျောက် ဘဝရဲ့အခက်အခဲဖိစီးမှုအချို့ကို ကြုံရတတ်တာပါပဲ
0
လုပ်ငန်းခွင်မှာဆိုရင်လည်း လက်အောက်ငယ်သားတွေရဲ့ ပြဿနာတွေကို မကြာခဏဖြေရှင်းနေရတာမျိုးတွေရှိလာပြီး ကိစ္စတစ်ခုအပေါ် ဘယ်လိုအဆုံးအဖြတ်ပေးရမှန်းမသိ၊ ချက်ချင်းမဖြေရှင်းပေးနိုင်တာမျိုးတွေအထိ ကြုံရ တတ်ပါတယ်
0
အဆိုးသက်ရောက်မှုတွေကို မျှော်လင့်ထားရန်လို ဒီလိုဖိစီးမှုတွေကို မဖြေရှင်းနိုင်ဘဲဆက်သွားနေမယ်ဆိုရင် ရေရှည်မှာ မိမိနဲ့မိမိပတ်ဝန်းကျင် အပေါ်မှာပါ ဆိုးကျိုးအနည်းနဲ့အများ သက်ရောက်မှုတွေရှိလာနိုင်ပါတယ်
0
ကိုယ်ချင်းစာတရားနည်းလာပြီး အကောင်းမမြင် အတ္တတွေကြီးလာကြမယ်
0
မာန်တွေတက်  မောက်မာလာကြမယ်
0
လုပ်ဖော်ကိုင်ဖက်အချင်းချင်း ကြားမှာ၊ မိသားစုဝင်တွေကြားမှာ လေးစားမှု၊ ရိုသေမှုတွေ တဖြည်းဖြည်းလျော့ပါးလာကြမယ်
0
ဒီလိုနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားရကောင်း မှန်းမသိ၊ သူတစ်ပါးအပေါ်လည်း တန်ဖိုးမထားတတ်ဘဲ အများအကျိုးကို ဦးဆောင်ဦးရွက်ပြုတတ်တဲ့ ပရဟိတစိတ်ကလေးတွေနည်းလာပြီး တစ်ကိုယ်ကောင်းဆန်တတ်လာကြမယ်
0
ဒီလို ကိုယ့်အကျိုး ကိုယ်ရှေ့တန်းတင်လာတော့ အမြင်တွေကို ဘက်ပေါင်းစုံဖြန့်ကြက်ခြင်းမရှိနိုင်တော့ဘဲ အမြင်ကျဉ်းမြောင်းလာမယ်
0
ကိုယ်ကျိုးရှာအတ္တသမား တွေများလာတာနဲ့အမျှ စည်းလုံးညီညွတ်ခြင်း သဘောတွေ ပျက်ပြားလာတတ်တယ်
0
အထက်နဲ့အောက် တာဝန်ယူ၊ တာဝန်ခံမှုတွေ နည်းလာနိုင်သလို တာဝန်သိစိတ်ဆိုတာလည်း လျော့နည်းလာနိုင်ပါတယ်
0
တာဝန်သိစိတ်မရှိတဲ့သူတွေ များလာတော့ လူ့အဖွဲ့အစည်းကြီးက တဖြည်းဖြည်း ယိုယွင်းလာမယ်
0
အချင်းချင်းကြား ပူးပေါင်းညှိနှိုင်းပြီး ပြဿနာ တွေကို မဖြေရှင်းတတ်ကြတော့ဘဲ ဘယ်လိုဖြေရှင်း ရမလဲ ဖြေရှင်းနိုင်စွမ်းအားနည်းလာတတ်တယ်
0
ငါမှန်တယ်ဆိုတဲ့အစွဲနဲ့ အမုန်းတရားတွေပွားလာ ကြမယ်
0
အကျိုးဆက်ပြဿနာက မပြေလည်တော့ဘဲ ပဋိပက္ခအသွင်ပြောင်းသွားမယ်
0
အစွဲနဲ့အမုန်း က အဂတိမှုများအောင် တွန်းပို့မယ်
0
ကိုယ်ကခေါင်းဆောင်ဖြစ်နေရင် ကိုယ့်ရဲ့ခေါင်းဆောင်မှု အခန်းကဏ္ဍမှာပါ ထိခိုက်လာမယ်
0
ဒါကြောင့်မို့ ဖိစီးမှုများခြင်းဟာ ပတ်ဝန်းကျင်ကို အကျည်းတန်စေပြီး ဣဋ္ဌာရုံထက် အနိဋ္ဌာရုံကိုပိုများစေပြီးအဆုံးမှာတော့ လူအချင်းချင်းကြားလောဘ၊ ဒေါသ၊ မောဟအရင်းခံ ဗြဟ္မစိုရ်တရားတွေ နည်းပါးလာ ကြပါတော့တယ်
0
ဓမ္မကိုအခြေခံ၍ ဒီလို မိမိအတွက်ရော ပတ်ဝန်းကျင်အတွက်ပါ မကောင်းတဲ့ဖိစီးမှုရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကိုလျော့ပါးအောင် ထိန်းချုပ်ဖို့ဆိုရင် မြတ်ဗုဒ္ဓရဲ့ဓမ္မတရားကိုပဲ အခြေခံအုတ်မြစ်ချ လေ့ကျင့်နာယူသင့် တယ်လို့ ဆရာဒေါက်တာမြတ်မိုးက ဆွေးနွေးသွားပါတယ်
0
ဒီနေရာမှာကနဦးကဆိုခဲ့သလို နည်းပါး လာတဲ့ဗြဟ္မစိုရ်တရားကို မိမိသန္တာန်မှာထွန်းကားအောင် ဦးစွာကျင့်ကြံအားထုတ်ရန် လိုအပ်တယ် ဆိုတာ မှတ်သားလိုက်မိပါတယ်
0
ဗြဟ္မစိုရ်တရားလေးပါးမှာ ဦးဆုံးမေတ္တာကို မွေးမြူခြင်းဖြင့် ဒေါသကိုပယ်ပြီးသားဖြစ်ပါတယ်
0
ကရုဏာတရားကလောဘနဲ့ ဒုက္ခဆင်းရဲနှစ်မျိုးစလုံးကို ပယ်သတ်ပြီးဖြစ်ပါမယ်
0
ဒီလိုပဲ မုဒိတာတရားက မနာလိုမှုတွေကို ပယ်ပြီးဖြစ်တယ်
0
ဥပေက္ခာတရား ကတော့ နည်းနည်းခက်ခဲမယ်ထင်တယ်
0
လောဘ၊ ဒေါသနဲ့ ဝန်တိုမှုမစ္ဆရိယကို ပယ်သတ်ပြီး ဒုက္ခနဲ့ သုခအကြား ညီညီမျှမျှထားနိုင်မှသာ ဥပေက္ခာတရားကို ရရှိမှာဖြစ်တယ်လို့ဆိုပါတယ်
0
ဒီဗြဟ္မစိုရ်တရားတွေကို ကြိုးကြိုးစားစား လေ့ကျင့်အားထုတ်ရင်းနဲ့ တစ်ပြိုင်နက် သတိဆိုတဲ့တရားတစ်ခုကို မွေးမြူဖို့လည်း ကြိုးစားရပါမယ်
0
သတိတရားက အမှားနဲ့ အမှန်ကြား၊ ကုသိုလ်နဲ့အကုသိုလ်ကြား တံခါးရွက်တစ်ခုပမာအလွှာပါးပါးလေးခြားထားတဲ့ အရာပါပဲ
0
ဒါ့အပြင် ဘယ်အရာမျှမမြဲ၊ ဘယ်အရာမျှအစိုးမရတဲ့ ဖြစ်ပျက်သဘောတရားတွေကို ဆင်ခြင်နိုင်ဖို့ ဆရာကလမ်းကြောင်းပေးသွားခဲ့ပါတယ်
0
ဒီတရားတွေကိုသာ ကြိုးကြိုးစားစားလေ့ကျင့်ပြီး လက်တွေ့ နယ်ပယ်မှာပါ အသုံးချသွားမယ်ဆိုရင် မိမိရဲ့စိတ်နေသဘောထား၊ ခံယူချက်တွေဟာ တဖြည်းဖြည်းပြောင်းလဲလာမယ်လို့ဆိုပါတယ်
0
စိတ်နေသဘောထားပြောင်းလဲလာခြင်းက အစပြု၍ ကောင်းမွန်တဲ့ စိတ်နေသဘောထားပြောင်းလဲ ခြင်းတွေကြောင့် စိတ်တွေငြိမ်းချမ်းပြီး စိတ်ထား တတ်လာပါမယ်
0
လောဘ၊ ဒေါသ၊ မောဟနည်း လာလို့ ကိုယ်ချင်းစာတရား အားကောင်းလာပါမယ်
0
ကြင်နာသနားသည်းခံတတ်လာပြီး အချင်းချင်းကြားနားလည်မှုတွေ ပိုလာပါလိမ့်မယ်
0
စိတ်ရင်းစေတနာကောင်းထားလာနိုင်ပြီး သဘောထားကြီးသူဖြစ်လာမယ်
0
အရာရာကို အကောင်းမြင်စိတ်နဲ့ကြည့်တတ်လာလို့ အတ္တမာန်မာနတွေလည်း နည်းလာပါမယ်
0
ရယူလိုစိတ်နည်းပြီး ရောင့်ရဲ တင်းတိမ်တတ်လာမယ်
0
အထက်နဲ့အောက်ကြား တစ်ဦးတစ်ယောက်ချင်းစီမှာ တာဝန်သိမှုတွေရှိလာပြီး လုပ်ငန်းဆောင်ရွက်ရာမှာလည်း တာဝန်ယူ၊ တာဝန်ခံမှုတွေ မြင့်မားလာမယ်လို့ မျှော်လင့်မိပါတယ်
0
အကောင်းမြင်မှုနဲ့ တာဝန်ယူမှုကို ပေါင်းစပ် လိုက်တဲ့အခါမှာ သူများကို အပြစ်မတင်တတ်တော့ ဘဲ ဘယ်ဟာကအမှား၊ ဘယ်ဟာကအမှန်၊ ဘယ်အရာက ပဓာန၊ ဘယ်အရာက သာမညဆိုတာ ကိုလည်း ခွဲခြားတတ်လာပါတယ်
0
အစွဲလျော့ အစွန်းလွတ်လာပြီး အလယ်အလတ်လမ်းစဉ်နဲ့ ကျင့်ကြံနေထိုင်တတ်လာပါ တယ်
0
ဒါကြောင့် ဆက်ဆံရေးမှာ အဆင်ပြေချောမွေ့လာပြီး ပတ်ဝန်းကျင်နဲ့လည်း သဟဇာတဖြစ်လာပါမယ်
0
ခက်ခဲတဲ့ကိစ္စရပ်တွေမှာအပေးအယူ၊ အလျှော့အတင်းနဲ့ ကိုင်တွယ်တတ်လာပြီး ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာတာကြောင့် ဆက်ဆံရေးလည်းကောင်းလာပါမယ်
0
ကိုယ့်ကိုယ်ကိုယ်လည်း တန်ဖိုးထားလေးစားတတ်လာပြီး ကိုယ်ကျင့်တရားလည်း ထိန်းသိမ်းတတ်လာမယ်
0
မိမိ လုပ်ငန်းခွင်မှာ စိတ်ဝင်စားမှုအပြည့်နဲ့ တက်တက် ကြွကြွလုပ်ဆောင်နိုင်လာပြီး တီထွင်ဖန်တီးနိုင်စွမ်းအားလည်း မြင့်မားလာမှာဖြစ်ပါတယ်
0
အပြုသဘောခံယူချက်ပြောင်းလဲမှုတွေကြောင့် ဒီလိုပြောင်းလဲလာတဲ့ခံယူချက်၊ သဘောထားတွေကြောင့် ပြဿနာတစ်ခုခုဖြစ်လာတဲ့အခါ ပြဿနာရဲ့အရင်းအမြစ်ကို ရှာဖွေနိုင်စွမ်းရှိလာတယ်လို့ ဆရာကဆိုပါတယ်
0
အကျိုးကိုဖြစ်ပေါ်စေ တဲ့အကြောင်းတရားကို ရှာဖွေနိုင်တဲ့အခါ အဂတိတရားလေးပါးလည်း နည်းသထက်နည်းလာပြီး အထက်အောက်ဖိစီးမှုတွေကို ဖြေရှင်းနိုင်စွမ်းရှိလာပါတယ်
0
အတ္တနဲ့မာန်မာနကို လျှော့ခြင်းဖြင့်ကိုယ်ချင်းစာမှု၊ နားလည်ပေးမှု၊ သည်းခံမှုတွေ တိုးလာပြီး ကိုယ့်ဝန်ထမ်းအချင်းချင်းကြား ယုံကြည် မှုတိုးသထက်တိုးလာပါတယ်
0
တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုက ညှိနှိုင်းပေါင်းစပ်အဖြေ ရှာတတ်ခြင်းကိုရှေးရှုပါတယ်
0
အမှန်ကိုတန်ဖိုးထားလာတဲ့အခါ အမှားလုပ်မိမှာ စိုးရိမ်တတ်လာပါတယ်
0
အကျိုး ဆက်က ပြောဆိုဆုံးမဖို့၊ ချီးမြှောက်စကားဆိုဖို့ ဝန်မလေးတော့ခြင်းပါပဲ
0
လောဘနည်းလာတဲ့အခါ ဝန်ထမ်းတွေရဲ့ သက်သာချောင်ချိရေး၊ ဘယ်နေရာ က ဘယ်လိုလုပ်ပေးရမလဲ စဉ်းစားပြီး ပေးကမ်း ထောက်ပံ့၊ ကူညီစွန့်ကြဲတတ်လာပါတယ်
0
သူတစ်ပါး အကျိုးကို ပိုဦးစားပေးတဲ့အခါ အများအကျိုးလည်း ဆောင်တတ်လာပါမယ်
0
လောဘ၊ ဒေါသ၊ မောဟနည်းတဲ့အကျိုးဆက်ဟာ နောင်ဘဝ နောင်သံသရာအထိပါလာတာကိုသိတဲ့အတွက် ဘာပဲလုပ်လုပ်၊ ဘာပဲတွေးတွေး၊ ဘာပဲ ပြောပြော ကုသိုလ်နဲ့ယှဉ်ပြီး အလုပ်လုပ်တတ်လာပါ မယ်
0
လုပ်ငန်းခွင်အတွင်းမှာ ခံယူချက်သဘောထား ကောင်းသူအများစု ဖြစ်တည်လာတဲ့အခါ ရည်မှန်း ချက်တစ်ခုကို အနည်းဆုံးအင်အားနဲ့ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်လာနိုင်တဲ့အတွက် မိမိမှာ ပြဿနာတွေနည်းလာပြီး ခေါင်းဆောင်မှုလည်း ကောင်းလာပါလိမ့်မယ်
0
အဘက်ဘက်ကစိတ်ပိုင်းဆိုင်ရာ အဆင်ပြေလာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာမှာပါ ကျန်းမာသန်စွမ်းလာမယ်ဆိုတာကိုတော့ အထူးပြောစရာမလိုပါဘူး
0
သီးခြားမှာကြားချက်များ ဒါ့အပြင် ဆရာက ကိုယ့်ဝန်ထမ်းတွေအတွက် အကျိုးရှိစေမယ့် သတင်းအချက်အလက်အချို့ကို လည်း မျှဝေသွားပါတယ်
0
လောကမှာကောင်းကျိုး အဖြာဖြာဖြစ်ထွန်းဖို့ဆိုရင် ခြိုးခြံချွေတာဖို့လိုပါမယ်
0
ယခုခေတ်မှာ အားလုံးကကျပ်တည်းကြပါတယ်
0
သုံးသင့်တာကိုသာသုံးစွဲပြီး အပိုမသုံးဘဲ အလေ အလွင့်မရှိနေနိုင်‌အောင် ကြိုးစားပါလို့မှာပါတယ်
0
ရိုးရိုးကျင့် မြင့်မြင့်ကြံဖို့၊ နှစ်လုံး၊ သုံးလုံးစတဲ့ လောင်းကစားတွေကို မလုပ်မိစေဖို့၊ ဆေးလိပ်နဲ့အရက်ကိုလျှော့ချပြီး မူးယစ်ဆေးဝါးတွေကို ရှောင်ကြဉ်ဖို့၊ ကျန်းမာအောင်နေထိုင်ဖို့၊ စာများများ ဖတ်ပြီး စိတ်အာဟာရဖြည့်ဆည်းဖို့၊ ရတနာသုံးပါးကိုမမေ့မလျော့ ကိုးကွယ်ကြည်ညိုဖို့၊ အွန်လိုင်းဂိမ်းကစားခြင်း၊ ဆိုရှယ်မီဒီယာတွေမှာ အချိန်ဖ...
0
နာယူမှတ်သားမိသည့် အမေးအဖြေကဏ္ဍ နောက်တစ်ချက်က ဟောပြောဆွေးနွေးပွဲတွေရဲ့ထုံးစံအတိုင်း အမေးအဖြေကဏ္ဍပါ
1
အမေးအဖြေ ကဏ္ဍမှာ ဝန်ထမ်းတစ်ဦးက ခေါင်းဆောင်မှုအပိုင်း နဲ့ပတ်သက်ပြီး Personal Power နဲ့ Positional Power အကြောင်း ရှင်းလင်းပေးဖို့ တောင်းဆိုခဲ့ရာ မှာ Positional Power ဆိုတာ မိမိရဲ့လုပ်သက်၊ လုပ်ရည်ကိုင်ရည် အရည်အချင်းတွေကြောင့် ရရှိ လာတဲ့ ရာထူးအာဏာကိုဆိုလိုခြင်းဖြစ်ပြီး Personal Power ကတော့ တရားဝင်ပေးအပ်ထားတဲ့ ရာထူးအရာမဟုတ...
0
ကျွန်မအနေနဲ့တော့ ကိုယ့်ရဲ့လုပ်သက်၊ လုပ်ကိုင်နိုင်စွမ်းတွေကြောင့်ရလာတဲ့ Positional Power အပြင် ဘယ်နေရာ၊ ဘယ်အချိန်ပဲရောက်ရောက် အမြဲတမ်းတစ်သက်လုံး တည်မြဲနေပြီး ဦးဆောင်မှု ကဏ္ဍမှာရှိနေတဲ့ Personal Power ကိုလည်း ကြိုးစားတည်ဆောက်ရမယ်လို့ ခံယူမိပါတယ်
0
ဒါမှသာ ကိုယ်လုပ်တဲ့အလုပ်က ရေရှည်တည်မြဲတဲ့အောင်မြင်မှု၊ တိုးတက်မှုကိုရရှိမယ်လို့ ယူဆမိပါတယ်
0
ဒါ့အပြင် အခြားဝန်ထမ်းတစ်ဦးကလည်း သတိကပ်မှုအားနည်းတဲ့အခါ လုပ်ငန်းခွင်မှာ အဆင် မပြေတာတွေရှိလာတဲ့အတွက် သတိတရားမြဲအောင် ဘယ်လိုဆောင်ရွက်သင့်သလဲလို့ မေးမြန်းခဲ့ ပါတယ်
0
သတိဆိုသည်မှာ လေ့ကျင့်မွေးမြူနိုင်တဲ့ အရာတစ်ခုဖြစ်ပြီး သတိလက်လွတ်မဖြစ်စေဖို့ တည်ကြည်တဲ့သမာဓိကို ရယူတည်ဆောက်သင့်ပြီး သတိနဲ့တည်ကြည်မှု အပြန်အလှန် အမှီသဟဲပြုနိုင်တဲ့အရည်အသွေးကို တရားသဘောနဲ့ယှဉ်ပြီး အသေးစိတ် ပြန်လည်ဆွေးနွေးသွားပါတယ်
0
သတိ မြဲပါက ကိစ္စအများစုမှာ အဆင်ပြေအောင်မြင်နိုင်ပြီး မှတ်ဉာဏ်တွေလည်း တဖြည်းဖြည်းတိုးတက်လာနိုင်ကြောင်း ဆရာ့ရဲ့ဆွေးနွေးမှုတွေကတစ်ဆင့် အသိပညာ၊ သတိတရားတို့ကို ရရှိခဲ့ပါတယ်
0
အဓိကမွေးမြူထားရမည့် Internal Motivation တကယ်တော့ ဆရာ့ရဲ့ဆွေးနွေးဟောပြောပွဲကို ခြုံငုံသုံးသပ်ရရင်အမှန်တကယ်အကျိုးရှိတဲ့ ဆွေးနွေးပွဲတစ်ခုဖြစ်ကြောင်း နားလည်လိုက်ရပါတယ်
0
တက်ရောက်နားထောင်သူအားလုံးကလည်း စိတ်ဝင်စားမှုအပြည့်နဲ့ နားထောင်ကြတာတွေ့ရပါတယ်
0
လောကီနယ်ပယ်မှာ ဗုဒ္ဓရဲ့ဓမ္မနဲ့ယှဉ်တဲ့ နေနည်းထိုင်နည်း စိတ်ထားနည်းတွေကတစ်ဆင့် မိမိစိတ်ဓာတ်ခွန်အားတွေ မြင့်မားအောင်ဘယ်လိုခံယူရမလဲဆိုတာ သိလိုက်ရပါပြီ
0
Motivation သဘောတရားမှာ ပြင်ပအထောက်အပံ့ကိုမှီပြီး အားပေးမှု (External Motivation) ကိုအဓိကမမှီခိုဘဲ အမြဲတမ်းတည်မြဲနေမယ့်၊ အမြဲတမ်းအားကိုးလို့ ရမယ့် Internal Motivation ကိုသာကြိုးစား တည်ဆောက်ဖို့ မှာကြားသွားတာကို နည်းယူ မှတ်သားလိုက်မိပါပြီ
0
တကယ်လည်း ယခုခေတ်လို အကျပ်အတည်းကာလတွေမှာ မိမိပိုင်ဆိုင်တဲ့ အတွင်းသန္တာန် စိတ်ဓာတ်ခွန်အားမြင့်မားနေခြင်း ကသာ ရေရှည်မှာ ခံနိုင်ရည်ရှိမှာဖြစ်ပြီး အရာရာပြေလည်မယ်လို့ထင်ပါတယ်
0
အကျပ်အတည်းတွေ၊ ပဋိပက္ခတွေဆိုတာ ယခုပစ္စုပ္ပန်တင်မက နောင်တစ်ချိန်မှာလည်း မမျှော်လင့်ဘဲရောက်ရှိလာနိုင် သေးတာပဲမဟုတ်ပါလား
0
နိဂုံးချုပ်အပိုင်းမှာတော့ ကျွန်မအနေနဲ့ ကိုယ့်ကိုယ်ကိုယ်ကော အများအတွက်ပါ အကျိုးဖြစ်စေမယ့်အရာတွေကို ဆုတောင်းပေးလိုက်ပါတယ်
0
အတိတ်ရဲ့ အရိပ်ကထွက်ပြီး ဗုဒ္ဓရဲ့ အနှစ် သာရတွေကတစ်ဆင့် ကောင်းတဲ့စိတ်ထားတွေ တည်ဆောက်နိုင်ကြပါစေကြောင်း၊ ကောင်းတဲ့စိတ်ထားတွေနဲ့ ကိုယ့်အပေါ်မှာရော ရုံးဌာနအဖွဲ့အစည်း၊ နိုင်ငံအပေါ်မှာပါ မကောင်းတဲ့ ဖိစီးမှုတွေ၊ သက်ရောက်မှုတွေကို ဖြေရှင်းနိုင်ကြပါစေကြောင်း၊ ဒီလိုဖြေရှင်းရာကတစ်ဆင့် အတွေ့အကြုံတွေ၊ သင်ခန်းစာတွေရယူပြီး စိတ်ဓာတ်ခွန...
0
မောင်တည်ကြည် (ယမန်နေ့မှအဆက်) ပြည်တွင်းပြည်ပအစည်းအဝေးများ တက်ရောက်ခြင်း ၂၀၂၃ ခုနှစ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးနှင့်လည်းကောင်း၊ အာဆီယံအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ဝင်နိုင်ငံများအနက် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အစိုးရစုံစမ်းစစ်ဆေးရေးနှင့် အဂတိလိုက်စားမှုတ...
1
ပြည်ပသင်တန်းများ တက်ရောက်ခြင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အနေဖြင့်လည်းကောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားတိုးတက်စေရန်အတွက် ရည်ရွယ်၍လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ဒေသတွင်း မိတ်ဖက်နိုင်ငံအဖွဲ့အစည်းများမှ ဖိတ်ကြားလာသည့် သင်တန်းများသို့ ကော်မရှင်ရုံးရှိ ...
1
ပြည်တွင်းသင်တန်းများ တက်ရောက်ခြင်း ကော်မရှင်ရုံးဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားလာစေရန်နှင့် စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက် ပြည့်ဝစေရန်အတွက် ဝန်ကြီးဌာန/ အဖွဲ့အစည်းများမှ ဖွင့်လှစ်သော သင်တန်း ၅၀ သို့ သင်တန်းသား ၁၀၀ အား စေလွှတ်တက်ရောက်ခဲ့ပါသည်
1
ထို့ပြင် ကော်မရှင်ရုံး၌ ဖွင့်လှစ်သည့် ဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း လေးခု၌ သင်တန်းသား ၁၃၈ ဦးအား သင်ကြားပို့ချခဲ့ပါသည်
1
ဌာနတွင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည် (Capacity Building) မြှင့်တင်ရန်၊ ဝန်ထမ်းများ၏လေ့လာမှုနှင့် စာဖတ်စွမ်းရည်မြင့်မားလာစေရန်၊ အများရှေ့တွင်တင်ပြနိုင်မှုစွမ်းရည် (Presentation Skill) မြှင့်တင်ရန်၊ ဖြောင့်...
1
ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention Against Corruption- UNCAC) ပါ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ သိရှိနားလည်စေရန်၊ UNCAC ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရေးဆွဲထားသော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် ဆက်စပ်ဥပဒေများအား သိရှိနားလည်စေရန်နှင့် UNCAC အဖွဲ့ဝင်နိုင်ငံများအချင်းချင်း ပ...
1
၂၀၂၃ ခုနှစ်လုပ်ငန်းဆောင်ရွက်မှုများအပေါ် သုံးသပ်အကဲဖြတ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်ကို လေးနှစ်တစ်ကြိမ် ရေးဆွဲဆောင်ရွက်လျက်ရှိရာ အဆိုပါ မဟာဗျူဟာစီမံချက်အပေါ်မူတည်၍ ၂၀၂၃ ခုနှစ်အတွင်း ကော်မရှင်ရုံးအဖွဲ့နှင့် ဦးစီးဌာနများမှ အကောင်အထည်ဖော်ဆောင်ရွက်ရန် အ...
1
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးခြင်းကဏ္ဍအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်သက်ဆိုင်သည့် အသိပညာဗဟုသုတများအား ကျောင်းသားလူငယ်များမှစတင်၍ ရရှိရန်အတွက် ဆရာကိုင်စာအုပ်များနှင့် ရည်ညွှန်းစာစောင်များအား အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်၊ ကောလိပ်များသို့ ဖြန့်ဝေနိုင်ခဲ့သဖြင့် ကျောင်းသားလူငယ်များအတွက် ဖြော...
1
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးဆောင်ရွက်နိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ နေပြည်တော်ကောင်စီနယ်မြေနှင့် ကော်မရှင်ရုံးခွဲများ တည်ရှိရာမြို့များရှိ အခြေခံပညာကျောင်းများ၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ လူငယ်စကားဝိုင်းများနှင့် ဖြောင့်မတ်...
1
အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာကဏ္ဍများတွင်လည်း ဖြောင့်မတ်တည်ကြည်မှုနှင့် တာဝန်ယူမှုမြင့်မားလာစေရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနိုင်ခဲ့ခြင်း ကြောင့် စီးပွားရေးကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍနှင့် အုပ်ချုပ်ရေးကဏ္ဍတို့တွင် ဖြောင့်မတ်တည်ကြည်မှု၊ ကိုယ်ကျင့်သိက္ခာနှင့်တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်...
1
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးမှကြီးမှူး၍ “အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့”ခေါင်းစဉ်ဖြင့်ကျင်းပသည့် လူမှုကြော်ငြာပြိုင်ပွဲတွင် အသိပညာပေးပိုစတာနှင့်ဗီဒီယိုပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ နိုင်ငံကိုယ်စားပြုပါဝင်ယှဉ်ပြိုင်နိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် တို...
1
အဆိုပါပြိုင်ပွဲသို့ လူငယ်မျိုးဆက်သစ်များစွာ ပါဝင်ယှဉ်ပြိုင်ခဲ့သည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ လူငယ်များ၏ စိတ်ပါဝင်စားမှုကိုသိရှိခဲ့ရပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် လူငယ်များ၏အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်သကဲ့သို့ ပြိုင်ပွဲတွင် ဆုရရှိသူများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျင်းပသည့် (၂၀)ကြ...
1
ကော်မရှင်အနေဖြင့် ဖွဲ့စည်းထားသည့် CPU များ၏ လုပ်ငန်းတာဝန် ၃ ရပ်နှင့် လုပ်ငန်းအစီအစဉ် ၆ ရပ်ကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းအစီအစဉ် ၆ ရပ်တွင်ပါဝင်သည့် လုပ်ငန်းလမ်းညွှန်များနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ တည်မြဲလုပ်ထုံးလုပ်နည်းများရေးဆွဲရန် ကျန်ရှိသည့်ဌာနများအား ရေးဆွဲဆောင်ရွက်သွားနိုင်ရေး ...
1
၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများ၏ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ နှိုင်းယှဉ်ဖော်ပြထားရှိမှုမှာ- အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှုဆန်းစစ်လေ့လာခြင်းအားဖြင့် အဂတိလိုက်စားမှုများကို လျော့နည်းကျဆင်းစေမည်ဖြစ်သောကြောင့် ဆောင်ရွက်နိုင်ခြင်းမရှိသေ...
1
အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရားဖောက်ဖျက်၍ ယုံကြည်စွာအပ်နှံထားသည့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုခြင်း၊ မလျော်ဩဇာသုံးစွဲခြင်း၊ နိုင်ငံတော်၏ငွေကြေး၊ ပစ္စည်း၊ ပိုင်ဆိုင်မှုတို့ကို ထိခိုက်နစ်နာဆုံးရှုံးခြင်းအထိ ပါဝင်ပါတယ်
1
ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်သည့်အပြင် ဆုံးရှုံးနစ်နာမှုများကို ပြန်လည်ရရှိအောင် တာဝန်ယူဆောင်ရွက်ပေးရသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် နိုင်ငံတော်ဘဏ္ဍာထိခိုက်နစ်နာ ဆုံးရှုံးမှုမရှိစေရေး၊ ပြည်သူတစ်ဦးချင်း နစ်နာမှုမဖြစ်စေရေး အထူးဂရုပြုဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်
1
နိုင်ငံတကာရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်မှုများအပေါ် သုံးသပ်တင်ပြချက်များ ၂၀၂၃ ခုနှစ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးနှင့်လည်းကောင်း၊ အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ဝင်နိုင်ငံများအနက် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ အစိုးရစုံစမ်းစစ်ဆေးရေ...
1
၂၀၂၄ ခုနှစ် ရှေ့လုပ်ငန်းအစီအစဉ် ကော်မရှင်သည် ၂၀၂၄ ခုနှစ်တွင် အဂတိလိုက်စားမှုအသိပညာပေးရေး၊ တားဆီးကာကွယ်ရေး၊ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို အောက်ဖော်ပြပါ လုပ်ငန်းအစီအစဉ်များ ချမှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြထားပါသည်- (က) ပေါ်လစီမူဘောင်နှင့် ဥပဒေမူဘောင် ဖွံ့ဖြိုးတိုးတက်ရေး (ခ) တစ်နိုင်ငံလုံးအတိုင်း...
1
ထို့ကြောင့် အဂတိလိုက်စားမှုကို လုံးဝလက်မခံသော ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေရေးနှင့် အကျင့်ပျက်ခြစားမှုများ မရှိစေရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ ပြည်သူလူထုအားလုံးနှင့်ပူးပေါင်း၍ အဂတိကင်းစင်သည့် အသိုက်အဝန်းတစ်ခု ဖြစ်ပေါ်လာစေရေး ရည်မှန...
1
စိုးဝင်း (MANA) ယနေ့အထိ ကျွန်တော်တို့ကြိုက်နှစ်သက်ဆဲ၊ လေလှိုင်းမှ အမြဲမပြတ်ပျံ့လွင့်လာနေဆဲ  တေး သီချင်းတစ်ပုဒ်ဖြစ်သည့် “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” ဆိုသည့်သီချင်းမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်စာသားများရေးသားပြီး ဆရာဦးရွှေတိုင် ညွန့်အား သံစဉ်သွင်း၍ သီကုံးရေးစပ်စေခဲ့ခြင်းဖြစ်သ...
1
ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ကြီးကို အင်အားတောင့်တင်းခိုင်မာအောင် ပြုစုပျိုးထောင်လိုသည်
1