id
stringlengths
16
16
title
stringlengths
3
116
date
stringlengths
11
19
text
stringlengths
2
2.17k
url
stringlengths
42
722
voa-mm-000000313
ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား
၁၄ မေ၊ ၂၀၂၃
ဆိုတော့သူ့မှာက ဖြစ်ဖို့ရာ အလားအလာတွေက အများကြီးရှိနေတယ်။
https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html
voa-mm-000000314
ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား
၁၄ မေ၊ ၂၀၂၃
အထူးသဖြင့် မေခက ဆိုရင် ၂၃၀ ကီလိုမီတာရှည်တဲ့ မေခမြစ်သည် ရေပြင်ကြီးတခုလုံး ဖုံးလွှမ်းသွားမယ်သူက cascade dam (ဆင့်ကဲဆည်) ဖြစ်တယ်။
https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html
voa-mm-000000315
ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား
၁၄ မေ၊ ၂၀၂၃
သူက ဆင့်ကဲဆည်တွေ ဆောက်မယ်။
https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html
voa-mm-000000316
ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား
၁၄ မေ၊ ၂၀၂၃
ဆိုတော့ အဲလောက်ဆိုရင် ရေအလေးချိန် ပမာဏကလည်း နည်းမှာမဟုတ်ဘူး။
https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html
voa-mm-000000317
ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား
၁၄ မေ၊ ၂၀၂၃
နောက်တခုက သူက ဆင့်ကဲဆည်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ တခုဖြစ်လို့ရှိရင် သူက နောက်တခုကိုပါ ပံ့ပိုးပေးသလို ဖြစ်ကောင်း ဖြစ်နိုင်တယ်။
https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html
voa-mm-000000318
ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား
၁၄ မေ၊ ၂၀၂၃
ကျနော်တို့ပြောရင်တော့ ဒိုမီနို effect သက်ရောက်မှုလို့သုံးနှုန်းတာပေါ့။
https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html
voa-mm-000000319
ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား
၁၄ မေ၊ ၂၀၂၃
အဲဒီတော့ မြစ်ဆုံအတွက်ကတော့ အင်မတန်မှ စိုးရိမ်စရာကောင်းတယ်။
https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html
voa-mm-000000320
ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား
၁၄ မေ၊ ၂၀၂၃
ဆည် စီမံကိန်းအတွက်ဆို ဒီလိုဟာမျိုးက စိုးရိမ်စရာကောင်းတယ်။
https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html
voa-mm-000000321
ဆည်တွေတည်ဆောက်တာဟာ ငလျင်ဖြစ်စေသလား
၁၄ မေ၊ ၂၀၂၃
ဒေါက်တာချစ်ကိုကိုရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။
https://burmese.voanews.com/a/sinence-techonology-khin-myo-thet-chit-koko-dam-and-earthquake-myitsone-dam-/7092475.html
voa-mm-000000323
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
မြန်မာနိုင်ငံမှာ မကြုံစဖူးပြင်းထန်တဲ့ လေဆင်နှာမောင်းဒဏ်ကြောင့် ဧပြီလလယ်မှာ နေပြည်တော်တဝိုက် အိမ်ခြေ ၂၀၀ လောက်ပျက်စီးပြီး ၈ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000324
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
သဘာဝဝန်းကျင်အင်ဂျင်နီယာ ဒေါ်အေးအေးကြည်ကတော့ ပြင်းထန်တဲ့မုန်တိုင်းနဲ့ ရာသီဥတုဖေါက်ပြန်မှုတွေဟာ သဘာဝဝန်းကျင်ပြောင်းလဲမှုတွေကြောင့် ပေါ်လာတာဖြစ်သလို ဒီလို ဥတုရာသီဖေါက်ပြန်တာကလည်း သဘာဝဝန်းကျင်ကို ထိခိုက်စေတယ်လို့ပြောပါတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000325
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြပေးထားပါတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000326
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ဒေါ်ခင်မျိုးသက်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000327
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
မြန်မာနိုင်ငံရဲ့ ရာသီဥတုအခြေအနေက ဆိုးဝါးလာတယ်လို့ ပြောလို့ရပါသလား။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000328
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ဒေါ်အေးအေးးကြည်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000329
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ဟုတ်ကဲ့။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000330
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ရာသီဥတုအခြေနေကတော့ မြန်မာပြည်က ဆိုးဝါးလာတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000331
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ကမ္ဘာကြီးကဆိုးဝါးလာသလို မြန်မာပြည်ကလည်း ဆိုးဝါးလာတာပါ။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000332
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ဒါပေမယ့် တချက်က ဘာလဲဆိုတော့ ကမ္ဘာ့နိုင်ငံတွေက ဒီဆိုးဝါးလာတဲ့ရာသီဥတုနဲ့ပတ်သက်ပြီးတော့ လိုက်လျောညီထွေအောင် ပြင်ဆင်မှု ကလေးတွေလုပ်ကြတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000333
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
မြန်မာပြည်မှာက မလုပ်တဲ့အပြင် ပိုဆိုးစေတဲ့အခြေအနေတွေကလည်း ပိုပြီးတော့ များပြားလာတယ်လို့ မြင်ပါတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000335
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ဆိုတော့... အဓိက,က သဘာဝ ပတ်ဝန်းကျင်ကြောင့်လို့ သုံးသပ်ကြပါတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000336
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ဒီလို ရာသီဥတုတွေ ဆိုးလာတာကို။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000337
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
သဘာဝပတ်ဝန်းကျင် အင်ဂျင်နီယာတယောက်အနေနဲ့ မြန်မာနိုင်ငံရဲ့ အနေအထားကို နည်းနည်း ပြောပြပေးပါ။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000338
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ဘာကြောင့် ဒီလို စိုးရိမ်စရာ အခြေအနေတွေဖြစ် လာတယ်ဆိုတာ။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000339
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ဒေါ်အေးအေးကြည်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000340
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ဟုတ်ကဲ့၊ သဘာဝပတ်ဝန်းကျင်ကြောင့် ဖြစ်တယ်ဆိုတာက သဘာဝ ပတ်ဝန်းကျင်ကို ဆိုးဝါးတာ ဖြစ်စေတာပေါ့နော်၊ သဘာဝအနေအထားအရ သဘာဝပတ်ဝန်းကျင်မှာ သဘာဝဟန်ချက်ဆိုတာ ရှိတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000341
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
သဘာဝပတ်ဝန်းကျင်က သူ့အခြေနေနဲ့သူ ပြန်ထိန်းထားနိုင်တဲ့ ဟန်ချက်ဆိုတာရှိတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000342
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ဟန်ချက်ပျက်သွားတာ ပေါ့နော်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000343
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ဘယ်လိုပျက်သလဲဆိုတော့ လူတွေမလုပ်ဘဲ သဘာဝအလျှောက် ဖြစ်တာလည်းရှိတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000344
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
လူတွေလုပ်လို့ ဟန်ချက်ပျက်သွားတာလည်း ရှိတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000345
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
အခု မြန်မာပြည် အခြေအနေပြောမယ်ဆိုရင် ဒီလို လေပြင်းမုန်တိုင်းတွေကျနေတယ်ဆိုတာ ဖြစ်စေတဲ့အကြောင်းတွေ အတော်များများ ရှိတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000346
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ဥပမာဆိုရင် - ကမ္ဘာကြီး ပူနွေးလာတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000347
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
မြန်မာပြည်မှာ လုပ်နေတာတွေကလည်း ပိုပူနွေးအောင် ဖြစ်စေတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000348
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
အဲဒါတင် မကသေးဘူး။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000349
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
နောက်ပြီးတော့တခါ မြန်မာပြည်မှာ အထူးသဖြင့် မြေပြင်အခြေနေပေါ့။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000350
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
အခုဖြစ်တဲ့နေရာမှာဆို အရင်က တောတွေ တောင်တွေရှိမယ် အခု မရှိတော့ဘူး။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000351
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
မရှိတော့တဲ့အခါမှာ အဲဒါကလည်း အကြောင်းတခုပဲ သဘာဝပတ်ဝန်းကျင်ကို ဆိုးဝါးစေတာ။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000352
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
တောတောင်ရေမြေက အရေးကြီးတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000353
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ဘာဖြစ်လို့လဲဆိုတော့ သစ်ပင်တွေ၊ ဥပမာဆိုရင် သစ်တော ပြုန်းသွားမယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000354
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
သစ်ပင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို စုပ်ထားတာဖြစ်တယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000355
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
သစ်တောပြုန်းရင် ဒီကာဗွန်ဒိုင်အောက်ဆိုဒ်တွေ လေထုတဲ ပြန့်သွားမယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000356
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ကာဗွန်ဒိုင်အောက်ဆိုဒ်က ဖန်လုံအိမ် ဓါတ်ငွေ့တခု ဖြစ်တယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000357
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ပူနွေးစေတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000358
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
အဲဒီလို ပူနွေးလာရင် ပင်လယ်သမုဒ္ဒရာတွေက ပူနွေးမယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000359
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ပူနွေးလို့ရှိရင် ဆိုင်ကလုံးတို့၊ တော်နေးဒိုး- လေဆင်နှာမောင်းတို့၊ တိုင်ဖုန်းတို့က ပိုများလာတာပေါ့။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000361
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
အပူချိန်တွေ မြင့်တက်လာတာနဲ့ မြန်မာနိုင်ငံက ရာသီဥတုပြင်းထန်တာနဲ့ ဆက်စပ်ပြီး ရှင်းပြပေးပါ။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000363
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
အပူချိန်တွေ မြင့်လာတယ်ဆိုရင် အပူချိန်များလာတာနဲ့အမျှ ဒေသတခုရဲ့ ရာသီဥတုက ပြောင်းလာတာပေါ့။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000364
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
အငွေ့ပျံနှုန်းက များလာမယ်၊ များလာတဲ့အခါကျလို့ရှိရင် လေရဲ့သဘာဝ.. အငွေ့ပျံပြီးလို့ရှိရင် မုန်တိုင်းတွေကဖြစ်တာပိုများလာပြီးအဲလိုဖြစ်တယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000365
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
မြန်မာပြည်အနေနဲ့ကလည်း ဘယ်လိုဖြစ်နေလဲဆိုတော့ ပိုပိုပူပူလာတာက တောတောင် ပြုန်းရုံတင်မကသေးဘူး။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000366
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ကုန်ထုတ်လုပ်ငန်းတွေက သူတို့ဆီက ညစ်ညမ်းမှုပေါင်းများစွာကို ၊ လေထဲရောက်တာတွေကို တနေ့တခြားသာ တိုးလာတာပဲ ရှိတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000367
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
လျော့တဲ့ဘက်က မရှိဘူး။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000368
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
အဲဒီတော့ လေထုညစ်ညမ်းတယ်ဆိုတာဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေထွက်နေတယ်ဆိုတာ ဖန်လုံအိမ်ဓါတ်ငွေ့တွေက ထွက်နေတာလေ။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000369
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ဖန်လုံအိမ်ဓါတ်ငွေ့ရဲ့ သဘောက သူက နေရောင်ခြည်ကို ဖမ်းလိုက်တာ၊ ဒါကြောင့် ပိုပူလာတာ။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000370
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ဒါကြောင့် ပူခြင်းဟာ ဖန်လုံအိမ်ဓါတ်ငွေ့တွေများနေလို့။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000371
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
အဲဒီတော့ .. မန်မာပြည်အနေနဲ့ဆိုရင် အိမ်နီးချင်းက တရုတ်နဲ့အိန္ဒိယရှိတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000372
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
သူတို့က ထုတ်လုပ်နေတာ ဖန်လုံအိမ်ဓါတ်ငွေ့တွေက များပြီးသား။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000373
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ကိုယ်က အိမ်နီးချင်းဆိုတော့ သူတို့ဆီကလည်း ယူရသေးတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000374
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ကိုယ့်ဆီကလည်း ထပ်ပြီး ထုတ်လုပ်နေသေးတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000375
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ထုတ်လုပ်တဲ့အခါကျတော့ ရာသီဥတုတွေ ပြင်းထန်ပြီးတော့ မုန်တိုင်းတွေဖြစ်ကုန်ရော။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000376
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
..ဂေဟစနစ်မှာဆိုရင် မျိုးစိတ်တွေလည်း အကုန်ပျောက်သွားတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000377
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
အဲလိုဆိုတော့ အဲဒီမျိုးစိတ်တွေကိုမှီနေတဲ့ နောက်လူတွေကလည်း၊ သဘာဝအခြေအနေတွေကလည်း ပျောက်သွားတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000378
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
အကောင်တွေကလည်း ပျောက်သွားတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000379
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
အဲလိုဖြစ်တယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000380
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
အဲဒီတော့ အထူးသဖြင့် ပင်လယ်တွေဆိုလည်း ဒီအတိုင်းပဲ။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000381
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ပင်လယ်တွေဆိုရင်လည်း သူက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုပ်ယူရတာ။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000382
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
အဲဒီတော့ စုပ်ယူပါများရင်လည်း ပင်လယ်က အက်ဆစ်ဓါတ်ဖြစ်ပြီးတော့ သန္တာကျောက်တန်းတွေ၊ ကမ်းရိုးတန်းတွေမှာ ပြဿနာဖြစ်ပြန်ရော။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000384
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ဒီကြားထဲမှာလည်း သစ်တောတွေကလည်းပြုန်းတော့၊ ထိန်းသိမ်းမှုမရှိတော့ ပိုဆိုးလာတာပေါ့။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000386
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ဟုတ်ကဲ့၊ သစ်တောပြုန်းတဲ့အခါမှာလည်း သစ်တောပြုန်းတာ အရမ်းဆိုးတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000387
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
သစ်တောပြုန်းတဲ့အခါကျတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေလည်း စုပ်ထားနိုင်ခွင့်မရှိဘူး။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000388
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ဘာလို့လဲဆိုတော့ သစ်ပင်တွေက စုပ်ထားတာကိုး။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000389
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
နောက်တချက်ကလည်း လေမုန်တိုင်းတွေလည်း ပိုပြင်းထန်လာတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000390
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
(သစ်တောပြုန်းတော့) လေကာဖို့လည်း မရှိဘူးလေ။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000391
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
တောအုပ်တွေဘာတွေက ကာထားရမှာ။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000392
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ဟုတ်တယ်မို့လား၊ အရင်တုန်းက ဒီအရပ်မှာလေတိုက်လို့မရဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လေကို ဖြိခွင်းသလိုဖြစ်သွားတာကိုး။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000393
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
သစ်တောတွေ၊ တောင်တွေက ...နော်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000394
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ရှိသင့်ရှိထိုက်တဲ့တောင်တွေက နည်းမျိုးစုံနဲ့ သတ္တုတွေလိုချင်လို့တူးကြ- အဲဒါတွေက တောကပြုန်း၊ တောပြုန်း..တောင်ပြုန်းပေ့ါနော်-အကုန်လုံး။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000396
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
အခြေနေပိုဆိုးသွားတာပေ့ါ။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000398
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ဆိုးတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000399
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
တနေ့တခြားဆိုးနေတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000400
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
တနေ့တနေ့ ဆိုးတဲ့ဘက်ပဲရောက်နေတာ။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000402
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ဒါတွေကို ထိန်းသိမ်းဖို့ လိုအပ်နေတာပေ့ါ။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000404
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
လိုအပ်တာပေ့ါ။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000405
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
အများကြီးလိုတာပေ့ါ။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000406
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ကုန်ထုတ်လုပ်မှုလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လည်း စိုက်ပျိုးရေးဖြစ်ဖြစ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000407
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
မွေးမြူရေးဖြစ်ဖြစ် အကုန်လုံးက ဒီစားကျက်တွေ၊ လယ်ယာတွေမှာလည်း မလုပ်တာရယ်၊ ကုန်ထုတ်တဲ့လုပ်ငန်းမှာလည်း ဓါတ်ငွေ့တွေများလာတယ်ပေ့ါနော်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000408
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
အဲဒါတွေက ဗမာပြည်အတွက် တော်တော်ဆိုးဝါးတယ်ပေ့ါနော်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000409
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
မိုင်းတူးကြတာတွေက တိုင်းပြည်ရဲ့ ပထဝီဝင်အနေအထားကို ပြောင်းလဲစေတာပေ့ါနော်၊ အခုဆို မြန်မာပြည်...တောင်ကုန်းတွေကလည်း မရှိတော့ဘူး။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000410
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
အဲဒိတော့ လေတွေက အငွေ့ပျံတဲ့နှုန်းက မြန်တယ်၊ မြန်တဲ့အခါကျတော့ ပြင်းထန်တဲ့မုန်တိုင်းတွေဖြစ်တယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000411
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
အဲဒီတော့ မိုးလေဝသအခြေအနေပါ ပြောင်းသွားတာပေါ့နော်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000412
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ပညာပေးမှုလည်းအားနည်းတယ်၊ အစိုးရရဲ့ထောက်ပံ့မှုကလည်း အားနည်းနေတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000413
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
အဲဒီတော့ အကုန်လုံးက စုသွားတာပေ့ါနော်၊ အဲလိုပြောရမယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000415
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုမရှိအောင်၊ ထိန်းသိမ်းမှုရှိအောင် အဓိက ဘာတွေလုပ်ဖို့ လိုပါလဲ။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000417
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
အဓိက,ကတော့ လူတယောက်ချင်းစီအတွက် ပြောရရင် ပလပ်စတစ်သုံးတာကအစ မလိုအပ်တာတွေ မသုံးဖို့လိုတယ်၊ နောက်ပြီးတော့ အစားအသောက်ထုတ်ဝေရေးကလည်း ကိုယ်တန်သလောက်ပဲစားမယ်၊ အလဟဿမဖြစ်စေဘူး၊ ထုတ်လုပ်ရေးပိုင်းမှာဆိုလို့ရှိရင်လည်း အကုန်လုံးကို စစ်စစ်စီစီနဲ့ ဘာပဲလုပ်လုပ်ပေ့ါနော်၊ ကာဗွန်အခြေခံနည်းအောင် လုပ်မယ်ဆိုတာမျိုး အိမ်တိုင်းအိမ်တိုင်းမှာ စ...
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000418
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ကုန်ထုတ်စနစ်မှာဆိုလို့ရှိရင်လည်း 'ဒီစက်တွေက ဟောင်းနပြီလား၊ ထိန်းချုပ်ဖို့လိုသလား၊' အဲဒီစနစ်တွေကိုလည်း အကုန်ကြည့်ဖို့လိုတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000419
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
နှစ်ခုပေါင်းမှရမယ်ပေ့ါ၊ လူတွေချည့်ပဲ လုပ်လို့တော့ မရဘူး။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000420
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
တချို့ဟာဆိုလို့ရှိရင် ငွေအားဖြင့် ပံ့ပိုးရမှ ဖြစ်ရတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000421
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
ပေါ်လစီအားဖြင့် ပံ့ပိုးရမှာရှိတယ်၊ စည်းမျဉ်းဥပဒေပိုင်းအားဖြင့် ပံ့ပိုးရမှာတွေ ရှိတယ်။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000422
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
အဲဒီတော့ အဲဒီအပိုင်းတွေ လျော့လျဲသွားလို့ရှိရင် ဘယ်လိုမှ မထိန်းနိုင်ပါဘူး။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000423
ဥတုရာသီ ဖေါက်ပြန်မှုနဲ့ သဘာဝ ဝန်းကျင်
၃၀ ဧပြီ၊ ၂၀၂၃
သဘာဝ,ဝန်းကျင်အင်ဂျင်နီယာ ဒေါ်အေးအေးကြည်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဋကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။
https://burmese.voanews.com/a/myanmar-weather-climate-change-aye-aye-kyi-khin-myo-thet-sinence-and-technology-environment-/7072262.html
voa-mm-000000425
တောရိုင်းတိရိစ္ဆာန်ကနေ လူကိုကူးစက်ပြန့်ပွါးတဲ့ကပ်ရောဂါ ကာကွယ်ရေး
၁၇ ဧပြီ၊ ၂၀၂၃
{{Zawgyi/Unicode}} ကိုဗစ်လိုကပ်ရောဂါမျိုး နောက်ထပ်မကြုံရအောင် ကာကွယ်တဲ့အနေနဲ့ အပူပိုင်းဒေသတွေမှာ လူသားတွေနဲ့ တောရိုင်းတိရိစ္ဆာန်တွေကြားကူးစက်ပြန့်နှံ့တတ်တဲ့ ဇူအွန်နိုးစစ် - Zoonoses ကူးစက်ရောဂါတွေကိုလေ့လာဖို့ ပြင်သစ် - မက္ကဆီကို ၂ နိုင်ငံ သိပ္ပံပညာရှင်တွေကြိုးပမ်းနေကြတဲ့အကြောင်း AFP သတင်းတပုဒ်ကို အခြေခံပြီး ဒေါ်ခင်မျို...
https://burmese.voanews.com/a/covid-zoonoses-virus-hiv-flu-who-monkey-pox-/7053287.html