text
stringlengths
32
1.82k
syllable
stringlengths
35
2.28k
ဘူမိရုပ်သွင်ပညာသည် ကုန်းမြေ သဏ္ဌာန်များကို လေ့လာသောပညာရပ်ဖြစ်သည်။
ဘူ မိ ရုပ် သွင် ပ ညာ သည် ကုန်း မြေ သဏ္ဌာန် များ ကို လေ့ လာ သော ပ ညာ ရပ် ဖြစ် သည် ။
တစ်နည်း အားဖြင့် ကမ္ဘာ့မျက်နှာပြင်အကြောင်းကို ဖော်ပြ၍၊ ယင်းတို့ စတင်ဖြစ်ပေါ်လာကြပုံ၊ ပြောင်းလဲလာခဲ့ကြပုံ စသည်တို့ကို ရှင်းလင်းဖော်ပြသော ပညာရပ်ဖြစ်သည်။
တစ် နည်း အား ဖြင့် ကမ္ဘာ့ မျက် နှာ ပြင် အ ကြောင်း ကို ဖော် ပြ ၍ ၊ ယင်း တို့ စ တင် ဖြစ် ပေါ် လာ ကြ ပုံ ၊ ပြောင်း လဲ လာ ခဲ့ ကြ ပုံ စ သည် တို့ ကို ရှင်း လင်း ဖော် ပြ သော ပ ညာ ရပ် ဖြစ် သည် ။
ထို့ပြင် မြင့်မားသော တောင်များပေါ်မှ တိုက်စားချလိုက်သော မြေသားများ နိမ့်သော အရပ်များတွင် စုပုံခြင်းဖြင့် လွင့်ပြင်များ ဖြစ်ပေါ်လာကြပုံ၊ ပင်လယ်တွင်းသို့ စီးဝင်သော မြစ်များ ရေးစီး နှေးလာပြီးလျှင် မြစ်ညာမှ ယူဆောင်လာခဲ့သော အနည်များကို မြစ်ဝ၌ စုပုံ ချထားခြင်းကြောင့် မြစ်ဝကျွန်းပေါ်များဖြစ်လာကြပုံ စသည် တို့ကိုလည်း ရှင်းလင်းဖ...
ထို့ ပြင် မြင့် မား သော တောင် များ ပေါ် မှ တိုက် စား ချ လိုက် သော မြေ သား များ နိမ့် သော အ ရပ် များ တွင် စု ပုံ ခြင်း ဖြင့် လွင့် ပြင် များ ဖြစ် ပေါ် လာ ကြ ပုံ ၊ ပင် လယ် တွင်း သို့ စီး ဝင် သော မြစ် များ ရေး စီး နှေး လာ ပြီး လျှင် မြစ် ညာ မှ ယူ ဆောင် လာ ခဲ့ သော အ နည် များ ကို မြစ် ဝ ၌ စု ပုံ ချ ထား ခြင်း ကြောင့် မြစ် ဝ ...
ပထဝီဝင် ပညာရှင်များသည် မြေပုံပေါင်းများစွာကို ရေးဆွဲ အသုံးပြုကြသည်။
ပ ထ ဝီ ဝင် ပ ညာ ရှင် များ သည် မြေ ပုံ ပေါင်း များ စွာ ကို ရေး ဆွဲ အ သုံး ပြု ကြ သည် ။
ကမ္ဘာ့လူဦးရေ၏ ၆၀ ရာခိုင်နှုန်းသည် အာရှတိုက်တွင် နေထိုင်ကြသည်။
ကမ္ဘာ့ လူ ဦး ရေ ၏ ၆၀ ရာ ခိုင် နှုန်း သည် အာ ရှ တိုက် တွင် နေ ထိုင် ကြ သည် ။
အာရှဆိုသောအမည်အား ၄၀၀ ခန့်က ဟီရိုဒိုးတပ်က အာရှမိုင်နားဟု ပထမဆုံးညွှန်းဆိုကြောင်းတွေ့ရှိရသည်။
အာ ရှ ဆို သော အ မည် အား ၄၀ ၀ ခန့် က ဟီ ရို ဒိုး တပ် က အာ ရှ မိုင် နား ဟု ပ ထ မ ဆုံး ညွှန်း ဆို ကြောင်း တွေ့ ရှိ ရ သည် ။
အာရှ၏ အာဖရိကနှင့် ထိစပ်မှုသည် မြေထဲပင်လယ်နှင့် ပင်လယ်နီကို ဆက်သွယ်ပေးသော စူးအက်တူးမြောင်းသာလျှင် ခြားသည်။
အာ ရှ ၏ အာ ဖ ရိ က နှင့် ထိ စပ် မှု သည် မြေ ထဲ ပင် လယ် နှင့် ပင် လယ် နီ ကို ဆက် သွယ် ပေး သော စူး အက် တူး မြောင်း သာ လျှင် ခြား သည် ။
အာရှ၏အရှေ့မြောက် အစွန်တွင်ရှိသော ဆိုက်ဘေးရီးယားဆိုလျှင် မြောက်အမေရိကတိုက်နှင့် ဘာရင်းရေလက်ကြားသာ ခြားသည်။
အာ ရှ ၏ အ ရှေ့ မြောက် အ စွန် တွင် ရှိ သော ဆိုက် ဘေး ရီး ယား ဆို လျှင် မြောက် အ မေ ရိ က တိုက် နှင့် ဘာ ရင်း ရေ လက် ကြား သာ ခြား သည် ။
ဘူမိဗေဒရှုထောင့်မှ ကြည့်လျှင် အာရှတိုက်သည် သက်တမ်းရင့် မြေထုများဖြင့် ဖွဲ့စည်းထားသည်။
ဘူ မိ ဗေ ဒ ရှု ထောင့် မှ ကြည့် လျှင် အာ ရှ တိုက် သည် သက် တမ်း ရင့် မြေ ထု များ ဖြင့် ဖွဲ့ စည်း ထား သည် ။
တောင်ဘက်ပိုင်းမှ အာရေဘီယမ်နှင့် အိန္ဒိယကျွန်းဆွယ် နှင့် မြောက်ဘက်ပိုင်းမှ ဆိုက်ဘေးရီးယား ကုန်းမြင့်များသည် အာရှအလယ်ပိုင်းမှ တွန့်လိပ်နေသော ကုန်းတန်းများ ခင်တန်းများကို ကာရံလျက် ရှိသည်။
တောင် ဘက် ပိုင်း မှ အာ ရေ ဘီ ယမ် နှင့် အိန္ဒိ ယ ကျွန်း ဆွယ် နှင့် မြောက် ဘက် ပိုင်း မှ ဆိုက် ဘေး ရီး ယား ကုန်း မြင့် များ သည် အာ ရှ အ လယ် ပိုင်း မှ တွန့် လိပ် နေ သော ကုန်း တန်း များ ခင် တန်း များ ကို ကာ ရံ လျက် ရှိ သည် ။
မိခင်မြေထုမှ တိုးချဲ့ထွက်လာသော ကျွန်းဆွယ်များသည် များကို ပင်လယ်များ၊ ပင်လယ်အော်များအဖြစ် ကွဲသွားစေကုန်သည်။
မိ ခင် မြေ ထု မှ တိုး ချဲ့ ထွက် လာ သော ကျွန်း ဆွယ် များ သည် များ ကို ပင် လယ် များ ၊ ပင် လယ် အော် များ အ ဖြစ် ကွဲ သွား စေ ကုန် သည် ။
အာရှ၏ ကမ္ဘာ့အရှည်ဆုံး စာရင်းဝင် မြစ်များသည် တောင်ကုန်းများတွင် မြစ်ဖျားခံ၍ မြေနိမ့်ပိုင်းသို့ စီးဆင်းသွားကြသည်။
အာ ရှ ၏ ကမ္ဘာ့ အ ရှည် ဆုံး စာ ရင်း ဝင် မြစ် များ သည် တောင် ကုန်း များ တွင် မြစ် ဖျား ခံ ၍ မြေ နိမ့် ပိုင်း သို့ စီး ဆင်း သွား ကြ သည် ။
အာရှတိုက်၏ ရာသီဥတုမှာ အပူပြင်းဆုံး သဲကန္တာရမှ အေးခဲနေသော ရေခဲပြင်၊ မုတ်သုံမိုးကြောင့် အမြဲစိုစွတ်သော ဒေသများမှ အမြဲခြောက်သွေ့နေသော ဒေသများထိ ရာသီဥတုမျိုးစုံ တွေ့နိုင်သည်။
အာ ရှ တိုက် ၏ ရာ သီ ဥ တု မှာ အ ပူ ပြင်း ဆုံး သဲ ကန္တာ ရ မှ အေး ခဲ နေ သော ရေ ခဲ ပြင် ၊ မုတ် သုံ မိုး ကြောင့် အ မြဲ စို စွတ် သော ဒေ သ များ မှ အ မြဲ ခြောက် သွေ့ နေ သော ဒေ သ များ ထိ ရာ သီ ဥ တု မျိုး စုံ တွေ့ နိုင် သည် ။
အာရှ၏ လူနေထူထပ်မှူသည် ရာသီဥတုနှင့် ရေမြေတောတောင် မြေမျက်နှာသွင်ပြင်ပေါ် မူတည်၍ ခွဲခြားနိုင်သည်။
အာ ရှ ၏ လူ နေ ထူ ထပ် မှူ သည် ရာ သီ ဥ တု နှင့် ရေ မြေ တော တောင် မြေ မျက် နှာ သွင် ပြင် ပေါ် မူ တည် ၍ ခွဲ ခြား နိုင် သည် ။
မုတ်သုန်ရာသီဥတုနှင့် မြေဆီဩဇာ ပေါကြွယ်၀သော နုံးတင်မြေနု လွင်ပြင်များသည် လူနေအထူထပ်ဆုံး ဒေသများအဖြစ် သတ်မှတ်နိုင်သည်။
မုတ် သုန် ရာ သီ ဥ တု နှင့် မြေ ဆီ ဩ ဇာ ပေါ ကြွယ် ၀ သော နုံး တင် မြေ နု လွင် ပြင် များ သည် လူ နေ အ ထူ ထပ် ဆုံး ဒေ သ များ အ ဖြစ် သတ် မှတ် နိုင် သည် ။
မြို့ပြလူနေမှူစံနစ်မှာ စက်မှူဖွံ့ဖြိုးသော ဂျပန်၊ ကိုရီးယားနှင့် ထိုင်ဝမ် တို့တွင် အများဆုံးတွေ့နိုင်သည်။
မြို့ ပြ လူ နေ မှူ စံ နစ် မှာ စက် မှူ ဖွံ့ ဖြိုး သော ဂျ ပန် ၊ ကို ရီး ယား နှင့် ထိုင် ဝမ် တို့ တွင် အ များ ဆုံး တွေ့ နိုင် သည် ။
အာရှလူဦးရေ၏ သုံးပုံနှစ်ပုံခန့်မှာ မွန်ဂိုမျိုးနွယ်များ ဖြစ်ကြသည်။
အာ ရှ လူ ဦး ရေ ၏ သုံး ပုံ နှစ် ပုံ ခန့် မှာ မွန် ဂို မျိုး နွယ် များ ဖြစ် ကြ သည် ။
သစ်တောထူထပ်သော အာရှတောင်ပိုင်းနှင့် မြောက်ပိုင်းဒေသအချို့တွင် အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်းတို့ကို အဓိက စီးပွားအဖြစ် လုပ်ကိုင်နေကြဆဲ ဖြစ်သည်။
သစ် တော ထူ ထပ် သော အာ ရှ တောင် ပိုင်း နှင့် မြောက် ပိုင်း ဒေ သ အ ချို့ တွင် အ မဲ လိုက် ခြင်း ၊ ငါး ဖမ်း ခြင်း တို့ ကို အ ဓိ က စီး ပွား အ ဖြစ် လုပ် ကိုင် နေ ကြ ဆဲ ဖြစ် သည် ။
အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်း ဒေသများတွင် နေရာအတည်တကျ မရှိသော တောင်ယာစိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးသော ရွာများ။
အ လယ် ပိုင်း နှင့် အ နောက် တောင် ပိုင်း ဒေ သ များ တွင် နေ ရာ အ တည် တ ကျ မ ရှိ သော တောင် ယာ စိုက် ပျိုး ရေး လုပ် ငန်း ဖြင့် အ သက် မွေး သော ရွာ များ ။
စက်မှူလုပ်ငန်းနှင့် ဂရုတစိုက် စပါးစိုက်ပျိုးရေးကို အာရှတိုက်တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများရှိ မြစ်ကမ်း၊ ချောင်းကမ်းတစ်လျှောက် လွင်ပြင်များတွင် အတွေ့ရများသည်။
စက် မှူ လုပ် ငန်း နှင့် ဂ ရု တ စိုက် စ ပါး စိုက် ပျိုး ရေး ကို အာ ရှ တိုက် တောင် ပိုင်း နှင့် အ ရှေ့ ပိုင်း ဒေ သ များ ရှိ မြစ် ကမ်း ၊ ချောင်း ကမ်း တစ် လျှောက် လွင် ပြင် များ တွင် အ တွေ့ ရ များ သည် ။
အာရှတိုက်၏ အခြား အဓိကသီးနှံများမှာ ဂျုံ၊ ပဲအမျိုးမျိုး၊ ကြံ၊ ဝါ၊ ဂုံလျှော်၊ ပိုးစာပင်၊ ရာဘာ၊ လ္ဘက်နှင့် အုန်း တို့ဖြစ်ကြသည်။
အာ ရှ တိုက် ၏ အ ခြား အ ဓိ က သီး နှံ များ မှာ ဂျုံ ၊ ပဲ အ မျိုး မျိုး ၊ ကြံ ၊ ဝါ ၊ ဂုံ လျှော် ၊ ပိုး စာ ပင် ၊ ရာ ဘာ ၊ လ္ဘက် နှင့် အုန်း တို့ ဖြစ် ကြ သည် ။
စိုက်ပျိုးရေးကို ပင်မစီးပွားရေးအဖြစ် လုပ်ကိုင်နေသော အာရှနိုင်ငံများတွင် လျှပ်စစ်မီး၊ ကျွမ်းကျင်လုပ်သား၊ ခေတ်မီ သယ်ယူပို့ဆောင်ရေး၊ ကုန်ချောပစ္စည်း ထုတ်လုပ်နိုင်မှူတို့၌ စက်မှူနိင်ငံများကဲ့သို့ပင် တိုးတက်လှသည်။
စိုက် ပျိုး ရေး ကို ပင် မ စီး ပွား ရေး အ ဖြစ် လုပ် ကိုင် နေ သော အာ ရှ နိုင် ငံ များ တွင် လျှပ် စစ် မီး ၊ ကျွမ်း ကျင် လုပ် သား ၊ ခေတ် မီ သယ် ယူ ပို့ ဆောင် ရေး ၊ ကုန် ချော ပစ္စည်း ထုတ် လုပ် နိုင် မှူ တို့ ၌ စက် မှူ နိင် ငံ များ ကဲ့ သို့ ပင် တိုး တက် လှ သည် ။
ဂျပန်၊ တရုတ်၊ ရုရှအာရှနိုင်ငံများ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ တူရကီ၊ နှင့် အစ္စရေးနိုင်ငံတို့သည် စက်မှူထွန်းကားသော နိုင်ငံများ ဖြစ်ကြသည်။
ဂျ ပန် ၊ တ ရုတ် ၊ ရု ရှ အာ ရှ နိုင် ငံ များ ၊ တောင် ကို ရီး ယား ၊ ထိုင် ဝမ် ၊ တူ ရ ကီ ၊ နှင့် အစ္စ ရေး နိုင် ငံ တို့ သည် စက် မှူ ထွန်း ကား သော နိုင် ငံ များ ဖြစ် ကြ သည် ။
ဂျပန်နှင့် အာရှနဂါးလေးကောင် ဟုခေါ်ဆိုကြသော ထိုင်ဝမ်၊ ကိုရီးယား၊ စင်္ကာပူနှင့် ဟောင်ကောင် နိုင်ငံများသည် အာရှတိုက်မှ ထင်ရှားသော စက်မှုနိုင်ငံများ အဖြစ် ထင်ရှားသည်။
ဂျ ပန် နှင့် အာ ရှ န ဂါး လေး ကောင် ဟု ခေါ် ဆို ကြ သော ထိုင် ဝမ် ၊ ကို ရီး ယား ၊ စင်္ကာ ပူ နှင့် ဟောင် ကောင် နိုင် ငံ များ သည် အာ ရှ တိုက် မှ ထင် ရှား သော စက် မှု နိုင် ငံ များ အ ဖြစ် ထင် ရှား သည် ။
လုပ်အားခ ဈေးပေါသော ထိုင်း၊ အင်ဒိုနီးရှားနှင့် တရုတ်ပြည်တောင်ပိုင်း ဒေသများသည်လည်း ဂျပန်၏ ရင်းနှီးမြှုပ်နှံမှုဖြင့် စက်မှုနိင်ငံများ ဖြစ်လာစေဖို့ ချီတက်နေကြသည်။
လုပ် အား ခ ဈေး ပေါ သော ထိုင်း ၊ အင် ဒို နီး ရှား နှင့် တ ရုတ် ပြည် တောင် ပိုင်း ဒေ သ များ သည် လည်း ဂျ ပန် ၏ ရင်း နှီး မြှုပ် နှံ မှု ဖြင့် စက် မှု နိင် ငံ များ ဖြစ် လာ စေ ဖို့ ချီ တက် နေ ကြ သည် ။
ဂျပန်၊ အန္ဒိယ၊ တရုတ်နှင့် ရုရှအာရှ နိင်ငံများတွင် အလွန်ရှည်သော ရထားလမ်းများနှင့် ရထားလမ်း မိုင်ပေါင်းများစွာ ဖောက်လုပ်ထားပြီးဖြစ်သည်။
ဂျ ပန် ၊ အန္ဒိ ယ ၊ တ ရုတ် နှင့် ရု ရှ အာ ရှ နိင် ငံ များ တွင် အ လွန် ရှည် သော ရ ထား လမ်း များ နှင့် ရ ထား လမ်း မိုင် ပေါင်း များ စွာ ဖောက် လုပ် ထား ပြီး ဖြစ် သည် ။
အာရှနိုင်ငံများ၏ ဝင်ငွေကို အဓိက အထောက်အကူပြုသော လုပ်ငန်းမှာ တွင်းထွက်ပစ္စည်းများ တင်ပို့ခြင်း ဖြစ်သည်။
အာ ရှ နိုင် ငံ များ ၏ ဝင် ငွေ ကို အ ဓိ က အ ထောက် အ ကူ ပြု သော လုပ် ငန်း မှာ တွင်း ထွက် ပစ္စည်း များ တင် ပို့ ခြင်း ဖြစ် သည် ။
အာရှတိုက်သည် ကမ္ဘာ့ရှေးအကျဆုံး လူနေမှုစံနစ်များ ယဉ်ကျေးမှုများ ထွန်းကားခဲ့သော အရပ်ဖြစ်သည်။
အာ ရှ တိုက် သည် ကမ္ဘာ့ ရှေး အ ကျ ဆုံး လူ နေ မှု စံ နစ် များ ယဉ် ကျေး မှု များ ထွန်း ကား ခဲ့ သော အ ရပ် ဖြစ် သည် ။
ဆူမာ၊ ဘေဘီလုံ၊ အက်စ်ဆီးရီးယား၊ မီဒီယာနှင့် ပါရှားတို့သည် အလွန်ရှေးကျသော လူနေမှုစံနစ်များ၊ ယဉ်ကျေးမှုများ ထွန်းကားခဲ့ရာ အင်ပါယာများအဖြစ် ကျော်ကြားသည်။
ဆူ မာ ၊ ဘေ ဘီ လုံ ၊ အက်စ် ဆီး ရီး ယား ၊ မီ ဒီ ယာ နှင့် ပါ ရှား တို့ သည် အ လွန် ရှေး ကျ သော လူ နေ မှု စံ နစ် များ ၊ ယဉ် ကျေး မှု များ ထွန်း ကား ခဲ့ ရာ အင် ပါ ယာ များ အ ဖြစ် ကျော် ကြား သည် ။
နောက်ပိုင်းတွင် နေရာ အတည်တကျမရှိ လှည့်လည်သွားလာ နေထိုင်ကြသောဟန်၊ မွန်ဂိုနှင့် တာ့ခ် လူမျိုးစုများသည်လည်း မြောက်ပိုင်းနှင့် အလယ်ပိုင်း ဒေသများတွင် အင်ပါယာများ တည်ထောင်လာကြသည်။
နောက် ပိုင်း တွင် နေ ရာ အ တည် တ ကျ မ ရှိ လှည့် လည် သွား လာ နေ ထိုင် ကြ သော ဟန် ၊ မွန် ဂို နှင့် တာ့ခ် လူ မျိုး စု များ သည် လည်း မြောက် ပိုင်း နှင့် အ လယ် ပိုင်း ဒေ သ များ တွင် အင် ပါ ယာ များ တည် ထောင် လာ ကြ သည် ။
မွန်ဂိုများ တန်ခိုးကြီးထွားချိန်တွင် ဥရောပမှ ရှေးဦး ခရီးသွားများ ယင်းဒေသသို့ ရောက်ရှိခဲ့ကြသည်။
မွန် ဂို များ တန် ခိုး ကြီး ထွား ချိန် တွင် ဥ ရော ပ မှ ရှေး ဦး ခ ရီး သွား များ ယင်း ဒေ သ သို့ ရောက် ရှိ ခဲ့ ကြ သည် ။
ထိုခရီးသွားများထဲတွင် အီတလီနိုင်ငံသား မာကိုပိုလိုမှာ ထင်ရှားသည်။
ထို ခ ရီး သွား များ ထဲ တွင် အီ တ လီ နိုင် ငံ သား မာ ကို ပို လို မှာ ထင် ရှား သည် ။
အချင်းချင်း ပဋိပက္ခဖြစ်မှူများအပေါ် အကျိုးရှိရှိ အသုံးချတတ်ခြင်း၊ စက်မှုတော်လှန်ရေးမှ ရရှိလာသော နည်းပညာ အသစ်များကို အသုံးချနိုင်ခြင်း တို့မှ ရှေးဦးစွာ အိန္ဒိယနိုင်ငံဒေသအချို့၊ထို့နောက် အနောက်တောင်နှင့် အရှေ့တောင်အာရှ နိုင်ငံများ၏ နိင်ငံရေး နယ်ပယ်များတွင် ဝင်ရောက်စွက်ဖက်ပြီး ဥရောပသားတို့ အာဏာ ချဲ့ထွင်လာခဲ့ကြသည်။
အ ချင်း ချင်း ပ ဋိ ပက္ခ ဖြစ် မှူ များ အ ပေါ် အ ကျိုး ရှိ ရှိ အ သုံး ချ တတ် ခြင်း ၊ စက် မှု တော် လှန် ရေး မှ ရ ရှိ လာ သော နည်း ပ ညာ အ သစ် များ ကို အ သုံး ချ နိုင် ခြင်း တို့ မှ ရှေး ဦး စွာ အိန္ဒိ ယ နိုင် ငံ ဒေ သ အ ချို့ ၊ ထို့ နောက် အ နောက် တောင် နှင့် အ ရှေ့ တောင် အာ ရှ နိုင် ငံ များ ၏ နိင် ငံ ရေး နယ် ပယ် များ တွင် ဝင်...
ပထမကမ္ဘာစစ်အပြီး အာရှတွင် ဥရောပသားတို့စိုးမိုးမှု လျော့ကျသွားပြီး အာရှသားတို့လည်း အမျိုးသားရေး စိတ်ဓာတ်များ နိုးကြားလာပြီး ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် နှင့် လွတ်လပ်ရေး ကြိုးပမ်းလှုပ်ရှားမှုများ စတင်လာကြသည်။
ပ ထ မ ကမ္ဘာ စစ် အ ပြီး အာ ရှ တွင် ဥ ရော ပ သား တို့ စိုး မိုး မှု လျော့ ကျ သွား ပြီး အာ ရှ သား တို့ လည်း အ မျိုး သား ရေး စိတ် ဓာတ် များ နိုး ကြား လာ ပြီး ကိုယ် ပိုင် ဆုံး ဖြတ် ပိုင် ခွင့် နှင့် လွတ် လပ် ရေး ကြိုး ပမ်း လှုပ် ရှား မှု များ စ တင် လာ ကြ သည် ။
ဒုတိယကမ္ဘာစစ်နှင့် ပဋိပက္ခများ၊ တိုက်ပွဲများအကြား အာရှသည် များစွာ အထိနာခဲ့သည်။
ဒု တိ ယ ကမ္ဘာ စစ် နှင့် ပ ဋိ ပက္ခ များ ၊ တိုက် ပွဲ များ အ ကြား အာ ရှ သည် များ စွာ အ ထိ နာ ခဲ့ သည် ။
စစ်ပြီးနှစ်များတွင် ဖြစ်ကြသော နိုင်ငံတကာ ပဋိပက္ခများသည် စတင်သန္ဓေတည်ရာ ဥရောပမှ အာရှသို့ ကမ္ဘာစစ်နှစ်ခုလုံး၏ ဗဟိုအဖြစ် ပြောင်းလာခဲ့ကြသည်။
စစ် ပြီး နှစ် များ တွင် ဖြစ် ကြ သော နိုင် ငံ တ ကာ ပ ဋိ ပက္ခ များ သည် စ တင် သန္ဓေ တည် ရာ ဥ ရော ပ မှ အာ ရှ သို့ ကမ္ဘာ စစ် နှစ် ခု လုံး ၏ ဗ ဟို အ ဖြစ် ပြောင်း လာ ခဲ့ ကြ သည် ။
ကမ္ဘာစစ်များအပြီး စစ်အေးတိုက်ပွဲကာလ၊ ကိုလိုနီနိုင်ငံငယ်များ အဖြစ်မှ လွတ်မြောက်လာခဲ့ကြသော အာရှနိုင်ငံများတွင် စစ်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေပြီး နိုင်ငံရေးတည်ငြိမ်မှု မရှိပေ။
ကမ္ဘာ စစ် များ အ ပြီး စစ် အေး တိုက် ပွဲ ကာ လ ၊ ကို လို နီ နိုင် ငံ ငယ် များ အ ဖြစ် မှ လွတ် မြောက် လာ ခဲ့ ကြ သော အာ ရှ နိုင် ငံ များ တွင် စစ် ပွဲ ငယ် များ ဆက် လက် ဖြစ် ပွား နေ ပြီး နိုင် ငံ ရေး တည် ငြိမ် မှု မ ရှိ ပေ ။
ထိုစစ်ပွဲငယ်များထဲမှ အာရပ်နှင့် အစ္စရေးတိုက်ပွဲများ၊ ကိုရီးယားစစ်ပွဲ၊ ကွန်မြူနစ်အစိုးရများ ပေါ်ထွက်လာသော တရုတ်၊ ကိုရီးယားနှင့် ဗီယက်နမ် စစ်ပွဲများမှာ တင်းမာမှုအားကြီးသော စစ်ပွဲများဖြစ်သည်။
ထို စစ် ပွဲ ငယ် များ ထဲ မှ အာ ရပ် နှင့် အစ္စ ရေး တိုက် ပွဲ များ ၊ ကို ရီး ယား စစ် ပွဲ ၊ ကွန် မြူ နစ် အ စိုး ရ များ ပေါ် ထွက် လာ သော တ ရုတ် ၊ ကို ရီး ယား နှင့် ဗီ ယက် နမ် စစ် ပွဲ များ မှာ တင်း မာ မှု အား ကြီး သော စစ် ပွဲ များ ဖြစ် သည် ။
သို့သော် ၁၉၆၀တွင် တရုတ်နှင့် ဆိုဗီယက် အက်ကွဲကြောင်း ထခဲ့ပြီး ကြိုးပမ်းလာခဲ့သော ဖက်စပ် ကွန်မြူနစ်တိုက်ကြီး စီမံကိန်းအိပ်မက် ပျက်ပျယ်ခဲ့ရသည်။
သို့ သော် ၁၉ ၆၀ တွင် တ ရုတ် နှင့် ဆို ဗီ ယက် အက် ကွဲ ကြောင်း ထ ခဲ့ ပြီး ကြိုး ပမ်း လာ ခဲ့ သော ဖက် စပ် ကွန် မြူ နစ် တိုက် ကြီး စီ မံ ကိန်း အိပ် မက် ပျက် ပျယ် ခဲ့ ရ သည် ။
ဒုတိယကမ္ဘာစစ် အပြီးတွင်လည်း အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်နှင့် နယ်သာလန်တို့သည် အာရှတွင် အဓိကတပ်များအဖြစ် ဆက်လက် တပ်စွဲထားကြသည်။
ဒု တိ ယ ကမ္ဘာ စစ် အ ပြီး တွင် လည်း အ မေ ရိ ကန် ၊ အင်္ဂ လန် ၊ ပြင် သစ် နှင့် နယ် သာ လန် တို့ သည် အာ ရှ တွင် အ ဓိ က တပ် များ အ ဖြစ် ဆက် လက် တပ် စွဲ ထား ကြ သည် ။
သို့သော် စစ်ပြီးခေတ် အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ အင်ဒိုနီးရှားနှင့် အခြားအာရှနိုင်ငံများသည် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ပို၍လွတ်လပ်သော အခန်းကဏ္ဍမှ ပါဝင်နိုင်ရန် ကြိုးစားလာကြသည်။
သို့ သော် စစ် ပြီး ခေတ် အိန္ဒိ ယ ၊ ဂျ ပန် ၊ တ ရုတ် ၊ အင် ဒို နီး ရှား နှင့် အ ခြား အာ ရှ နိုင် ငံ များ သည် ကမ္ဘာ့ ဇာတ် ခုံ ပေါ် တွင် ပို ၍ လွတ် လပ် သော အ ခန်း ကဏ္ဍ မှ ပါ ဝင် နိုင် ရန် ကြိုး စား လာ ကြ သည် ။
ပုံမှန်တိုးနေသော လူဦးရေတိုးနှုန်းသည် အာရှနိုင်ငံများကို ဆင်းရဲမွဲတေမှူ သက်တမ်းရှည်စေခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မပေးနိုင်ခြင်း၊ အလုပ်လက်မဲ့ဦးရေ များပြားလာခြင်း၊ ထိုက်သင့်သော လုပ်အားခ မခံစားရခြင်း၊ သမိုင်းတလျှောက် ကြုံတွေ့လာရသော ခါးသီးမှုများကြောင့် ဒေသတွင်း နိုင်ငံအချင်းချင်း အထိမခံ သည်းခံမှုနည်းပါးခြ...
ပုံ မှန် တိုး နေ သော လူ ဦး ရေ တိုး နှုန်း သည် အာ ရှ နိုင် ငံ များ ကို ဆင်း ရဲ မွဲ တေ မှူ သက် တမ်း ရှည် စေ ခြင်း ၊ ကျန်း မာ ရေး စောင့် ရှောက် မှု လုံ လောက် စွာ မ ပေး နိုင် ခြင်း ၊ အ လုပ် လက် မဲ့ ဦး ရေ များ ပြား လာ ခြင်း ၊ ထိုက် သင့် သော လုပ် အား ခ မ ခံ စား ရ ခြင်း ၊ သ မိုင်း တ လျှောက် ကြုံ တွေ့ လာ ရ သော ခါး သီး မှု များ...
စစ်အင်အား တောင့်တင်းကြသော အီရန်၊ အီရတ်၊ ပါကစ္စတန်၊ အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့က အားနည်းသော အိမ်နီးချင်းနိုင်ငံများကို ကျူးကျော်ခြင်းကြောင့် ဒေသတွင်း နိုင်ငံများအကြား တိုက်ပွဲငယ်ကလေးများ အပါတ်စဉ် ဖြစ်ပွားစေသည်။
စစ် အင် အား တောင့် တင်း ကြ သော အီ ရန် ၊ အီ ရတ် ၊ ပါ ကစ္စ တန် ၊ အိန္ဒိ ယ ၊ တ ရုတ် ၊ ဗီ ယက် နမ် နှင့် အင် ဒို နီး ရှား တို့ က အား နည်း သော အိမ် နီး ချင်း နိုင် ငံ များ ကို ကျူး ကျော် ခြင်း ကြောင့် ဒေ သ တွင်း နိုင် ငံ များ အ ကြား တိုက် ပွဲ ငယ် က လေး များ အ ပါတ် စဉ် ဖြစ် ပွား စေ သည် ။
ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုလာသော လူမျိုးစုများ၊ နယ်စပ်နယ်နိမိတ် သတ်မှတ်မှု မမျှတခြင်းများကြောင့် အိန္ဒိယမှ ဒေသအချို့၊ အရှေ့အလယ်ပိုင်းနိုင်ငံများ၊ နီပေါနှင့် မြန်မာနိင်ငံတို့မှာ ဒေသတွင်း ပဋိပက္ခများ၊ ပြည်တွင်း ပဋိပက္ခများဖြင့် မအေးချမ်းခဲ့ပေ။
ကိုယ် ပိုင် ဆုံး ဖြတ် ခွင့် နှင့် ကိုယ် ပိုင် အုပ် ချုပ် ခွင့် တောင်း ဆို လာ သော လူ မျိုး စု များ ၊ နယ် စပ် နယ် နိ မိတ် သတ် မှတ် မှု မ မျှ တ ခြင်း များ ကြောင့် အိန္ဒိ ယ မှ ဒေ သ အ ချို့ ၊ အ ရှေ့ အ လယ် ပိုင်း နိုင် ငံ များ ၊ နီ ပေါ နှင့် မြန် မာ နိင် ငံ တို့ မှာ ဒေ သ တွင်း ပ ဋိ ပက္ခ များ ၊ ပြည် တွင်း ပ ဋိ ပက္ခ များ ဖြင့်...
ကမ္ဘာပေါ်တွင် တိုက်ကြီးခြောက်တိုက်ရှိသည့်အနက် အကြီးဆုံး သော တိုက်လည်း ဖြစ်သည်။
ကမ္ဘာ ပေါ် တွင် တိုက် ကြီး ခြောက် တိုက် ရှိ သည့် အ နက် အ ကြီး ဆုံး သော တိုက် လည်း ဖြစ် သည် ။
ကမ္ဘာပေါ်တွင် အထူးခြားဆုံး သော တိုက်ကြီးလည်း ဖြစ်သည်။
ကမ္ဘာ ပေါ် တွင် အ ထူး ခြား ဆုံး သော တိုက် ကြီး လည်း ဖြစ် သည် ။
ကမ္ဘာပေါ်ရှိ ယဉ်ကျေးသော လူမျိုးတို့ ဆည်းကပ်းသည့် အယူဝါဒအားလုံး စတင်ပေါက်ဖွား ရာ ဘူမိနက်သန်မြေလည်း ဖြစ်သည်။
ကမ္ဘာ ပေါ် ရှိ ယဉ် ကျေး သော လူ မျိုး တို့ ဆည်း ကပ်း သည့် အ ယူ ဝါ ဒ အား လုံး စ တင် ပေါက် ဖွား ရာ ဘူ မိ နက် သန် မြေ လည်း ဖြစ် သည် ။
ကမ္ဘာ့လူမျိုးများ စတင် ပေါက်ဖွားရာ ဘူမိနက်သန်မြေလည်း ဖြစ်သည်။
ကမ္ဘာ့ လူ မျိုး များ စ တင် ပေါက် ဖွား ရာ ဘူ မိ နက် သန် မြေ လည်း ဖြစ် သည် ။
ကမ္ဘာ့လူမျိုးများ စတင်ပေါက်ဖွားရာနှင့် ယဉ်ကျေးမှုတို့ စတင် ထွန်းကားရာလည်း ဖြစ်သည်။
ကမ္ဘာ့ လူ မျိုး များ စ တင် ပေါက် ဖွား ရာ နှင့် ယဉ် ကျေး မှု တို့ စ တင် ထွန်း ကား ရာ လည်း ဖြစ် သည် ။
ထိုတိုက်ကြီးကား အာရှတိုက် ဖြစ်လေသည်။
ထို တိုက် ကြီး ကား အာ ရှ တိုက် ဖြစ် လေ သည် ။
ကမ္ဘာပေါ်ရှိ ယဉ်ကျေးသောလူမျိုးတို့ ဆည်းကပ်သည့်အယူဝါဒအားလုံး၏ စတင်ပေါက်ဖွားရာ ဘူမိ နက်သန်မြေကား အာရှတိုက်ဖြစ်၏။
ကမ္ဘာ ပေါ် ရှိ ယဉ် ကျေး သော လူ မျိုး တို့ ဆည်း ကပ် သည့် အ ယူ ဝါ ဒ အား လုံး ၏ စ တင် ပေါက် ဖွား ရာ ဘူ မိ နက် သန် မြေ ကား အာ ရှ တိုက် ဖြစ် ၏ ။
ကမ္ဘာ့ လူမျိုးများ၏ စတင်ပေါက်ဖွားရာနှင့် ယဉ်ကျေးမှုများ စတင် ပေါ်ထွန်းရာ ဌာနလည်း ဖြစ်လေသည်။
ကမ္ဘာ့ လူ မျိုး များ ၏ စ တင် ပေါက် ဖွား ရာ နှင့် ယဉ် ကျေး မှု များ စ တင် ပေါ် ထွန်း ရာ ဌာ န လည်း ဖြစ် လေ သည် ။
ကမ္ဘာပေါ်ရှိ တိုက်ကြီးခြောက်တိုက် ရှိသည့်အနက် အကြီးဆုံးသောတိုက်လည်းဖြစ်၏။
ကမ္ဘာ ပေါ် ရှိ တိုက် ကြီး ခြောက် တိုက် ရှိ သည့် အ နက် အ ကြီး ဆုံး သော တိုက် လည်း ဖြစ် ၏ ။
အာရှတိုက်၏ ရာသီဥတုအကြောင်းကို ခြုံ၍ ပြောရန် အလွန်ခက်၏။
အာ ရှ တိုက် ၏ ရာ သီ ဥ တု အ ကြောင်း ကို ခြုံ ၍ ပြော ရန် အ လွန် ခက် ၏ ။
ပူသောတိုက်ကြီးဟု ပြောရမည်လည်း မလွယ်။
ပူ သော တိုက် ကြီး ဟု ပြော ရ မည် လည်း မ လွယ် ။
မိုးအလွန်ရွာသောတိုက်ဟု ပြောရမည်ကလည်း တစ်နေ့လျှင် မိုးရေချိန် နှစ်လက်မကျော် သုံးလက်မ ရွာသောဒေသ ရှိငြားလည်း တစ်နှစ်လုံးနေ၍မှမိုး တစ်ပေါက်မျှ မမြင်ရသောဒေသလည်း ရှိနေသေး၏။
မိုး အ လွန် ရွာ သော တိုက် ဟု ပြော ရ မည် က လည်း တစ် နေ့ လျှင် မိုး ရေ ချိန် နှစ် လက် မ ကျော် သုံး လက် မ ရွာ သော ဒေ သ ရှိ ငြား လည်း တစ် နှစ် လုံး နေ ၍ မှ မိုး တစ် ပေါက် မျှ မ မြင် ရ သော ဒေ သ လည်း ရှိ နေ သေး ၏ ။
အာရှတိုက်သည် ကမ္ဘာဦးလူတို့ စတင်ပေါက်ဖွားရာဒေသဟု ခရစ်ယာန်ဓမ္မဟောင်းကျမ်း၌ ဆိုထား၏။
အာ ရှ တိုက် သည် ကမ္ဘာ ဦး လူ တို့ စ တင် ပေါက် ဖွား ရာ ဒေ သ ဟု ခ ရစ် ယာန် ဓမ္မ ဟောင်း ကျမ်း ၌ ဆို ထား ၏ ။
ဗုဒ္ဓအယူဝါဒဆိုင်ရာ စာပေကျမ်းဂန်တို့၌လည်း ကမ္ဘာပျက်၍ ဦးစွာပေါ်လာသော ဌာနသည် ဇမ္ဗူဒီပါလက်ယာတောင်ကျွန်းရှိ ဘုရားပွင့်ရာမြေဟု ဆိုထားရာ ကမ္ဘာဦးအစကပင် သမိုင်းတွင် စာတင်လောက်အောင် ပေါ်ပေါက်ခဲ့သော တိုက်ကြီးဟု ဆိုရပေမည်။
ဗုဒ္ဓ အ ယူ ဝါ ဒ ဆိုင် ရာ စာ ပေ ကျမ်း ဂန် တို့ ၌ လည်း ကမ္ဘာ ပျက် ၍ ဦး စွာ ပေါ် လာ သော ဌာ န သည် ဇမ္ဗူ ဒီ ပါ လက် ယာ တောင် ကျွန်း ရှိ ဘု ရား ပွင့် ရာ မြေ ဟု ဆို ထား ရာ ကမ္ဘာ ဦး အ စ က ပင် သ မိုင်း တွင် စာ တင် လောက် အောင် ပေါ် ပေါက် ခဲ့ သော တိုက် ကြီး ဟု ဆို ရ ပေ မည် ။
အာရှတိုက် အီရတ်နိုင်ငံရှိ ယူဖရေးတီးနှင့် တိုင်းဂရစ်မြစ် ဝှမ်းဒေသသည် ကမ္ဘာ့ယဉ်ကျေးမှု စတင် ထွန်းကားရာဌာန ဖြစ်၏။
အာ ရှ တိုက် အီ ရတ် နိုင် ငံ ရှိ ယူ ဖ ရေး တီး နှင့် တိုင်း ဂ ရစ် မြစ် ဝှမ်း ဒေ သ သည် ကမ္ဘာ့ ယဉ် ကျေး မှု စ တင် ထွန်း ကား ရာ ဌာ န ဖြစ် ၏ ။
ထိုဒေသတစ်ဝိုက်ရှိ တိုင်းပြည်တို့သည် ကမ္ဘာပေါ်တွင် ယဉ်ကျေးမှုနိုးကြားထကြွခြင်း မရှိမီကပင် ယဉ်ကျေးမှုတိုးတက် လျက်ရှိသော မင်းနေပြည်တော်များ ဖြစ်ခဲ့ကြ၏။
ထို ဒေ သ တစ် ဝိုက် ရှိ တိုင်း ပြည် တို့ သည် ကမ္ဘာ ပေါ် တွင် ယဉ် ကျေး မှု နိုး ကြား ထ ကြွ ခြင်း မ ရှိ မီ က ပင် ယဉ် ကျေး မှု တိုး တက် လျက် ရှိ သော မင်း နေ ပြည် တော် များ ဖြစ် ခဲ့ ကြ ၏ ။
ဆီးရီးယား နိုင်ငံတွင် ယခုထက်တိုင် ကမ္ဘာ့ယဉ်ကျေးမှု၏ သဲလွန်စ အနုပညာလက်ရာများကို အထင်အရှား တွေ့ရှိနိုင်လေသည်။
ဆီး ရီး ယား နိုင် ငံ တွင် ယ ခု ထက် တိုင် ကမ္ဘာ့ ယဉ် ကျေး မှု ၏ သဲ လွန် စ အ နု ပ ညာ လက် ရာ များ ကို အ ထင် အ ရှား တွေ့ ရှိ နိုင် လေ သည် ။
အစ္စလာမ်အယူဝါဒ ထွန်းကားစအခါလောက်က အာရပ်တို့သည် ဆင်စီး၊ မြင်းစီး၊ စစ်တိုက် အလွန် ကျွမ်းကျင်ရကား အာဖရိကတိုက်နှင့် စပိန်ပြည်ဘက်သို့ပင် နယ်ချဲ့လာခဲ့ရာ ဥရောတိုက်ကို အာရပ်တို့ ကြီးစိုး မည်ကဲ့သို့ ဖြစ်ခဲ့ဖူးသည်။
အစ္စ လာမ် အ ယူ ဝါ ဒ ထွန်း ကား စ အ ခါ လောက် က အာ ရပ် တို့ သည် ဆင် စီး ၊ မြင်း စီး ၊ စစ် တိုက် အ လွန် ကျွမ်း ကျင် ရ ကား အာ ဖ ရိ က တိုက် နှင့် စ ပိန် ပြည် ဘက် သို့ ပင် နယ် ချဲ့ လာ ခဲ့ ရာ ဥ ရော တိုက် ကို အာ ရပ် တို့ ကြီး စိုး မည် ကဲ့ သို့ ဖြစ် ခဲ့ ဖူး သည် ။
မွန်ဂိုလူမျိုးတို့သည် အာရပ်တို့ကြီးစိုးရာ ဗဂ္ဂဒက်နှင့် ဆီးရီးယား ကို သိမ်းပိုက်လိုက်၍သာ ဥရောပတိုက်သည် ထိုဘေးမှ သီသီကလေး လွတ်ခဲ့လေသည်။
မွန် ဂို လူ မျိုး တို့ သည် အာ ရပ် တို့ ကြီး စိုး ရာ ဗဂ္ဂ ဒက် နှင့် ဆီး ရီး ယား ကို သိမ်း ပိုက် လိုက် ၍ သာ ဥ ရော ပ တိုက် သည် ထို ဘေး မှ သီ သီ က လေး လွတ် ခဲ့ လေ သည် ။
ယင်းသို့ လွတ်ခဲ့ပြီးနောက် ဥရောပတိုက်မှ ကုန်သည်များ၊ နယ်သစ်စွန့်စားရှာဖွေသူများ၊ သာသနာပြုများ၏ ပယောဂကြောင့် အာရှတိုက်သည် ဥရောပတိုက်သား တို့၏ နယ်ချဲ့ရာမြေ ဖြစ်ခဲ့ရလေသည်။
ယင်း သို့ လွတ် ခဲ့ ပြီး နောက် ဥ ရော ပ တိုက် မှ ကုန် သည် များ ၊ နယ် သစ် စွန့် စား ရှာ ဖွေ သူ များ ၊ သာ သ နာ ပြု များ ၏ ပ ယော ဂ ကြောင့် အာ ရှ တိုက် သည် ဥ ရော ပ တိုက် သား တို့ ၏ နယ် ချဲ့ ရာ မြေ ဖြစ် ခဲ့ ရ လေ သည် ။
အင်္ဂလိပ်၊ စပိန်၊ ဒပ်ချ၊ ပေါ်တူဂီလူမျိုး တို့သည် ဤသို့ဖြင့် အာရှတိုက်တွင် အင်ပါယာ ချဲ့နိုင်ခဲ့လေသည်။
အင်္ဂ လိပ် ၊ စ ပိန် ၊ ဒပ် ချ ၊ ပေါ် တူ ဂီ လူ မျိုး တို့ သည် ဤ သို့ ဖြင့် အာ ရှ တိုက် တွင် အင် ပါ ယာ ချဲ့ နိုင် ခဲ့ လေ သည် ။
သို့ရာတွင် အနောက်တိုင်းသားတို့ ကြီးစိုးသည်ကို ငုံ့၍ခံမည့် လူမျိုးများ မဟုတ်သည့်အတိုင်း ၁၉၄၁ ခုနှစ်တွင် ဂျပန်နိုင်ငံက အာရှသည် အာရှလူမျိုးများအဖို့ဟူသော ကြွေးကြော်သံနှင့် ဗြိတိသျှအစရှိသော အနောက်တိုင်းသားတို့အပေါ် စစ်ကြေညာလိုက်လေသည်။
သို့ ရာ တွင် အ နောက် တိုင်း သား တို့ ကြီး စိုး သည် ကို ငုံ့ ၍ ခံ မည့် လူ မျိုး များ မ ဟုတ် သည့် အ တိုင်း ၁၉ ၄၁ ခု နှစ် တွင် ဂျ ပန် နိုင် ငံ က အာ ရှ သည် အာ ရှ လူ မျိုး များ အ ဖို့ ဟူ သော ကြွေး ကြော် သံ နှင့် ဗြိ တိ သျှ အ စ ရှိ သော အ နောက် တိုင်း သား တို့ အ ပေါ် စစ် ကြေ ညာ လိုက် လေ သည် ။
စစ်ကြေညာပြီးသည်နှင့်တစ်ပြိုင်နက် ဖိလစ်ပိုင်၊ မလေးကျွန်းဆွယ်၊ ဒပ်ချအရှေ့အိန္ဒိယကျွန်းစုနှင့် မြန်မာနိုင်ငံကို သိမ်းယူပြီးလျှင် အနောက်တိုင်းသားတို့ကို နှင်ထုတ်ခဲ့လေသည်။
စစ် ကြေ ညာ ပြီး သည် နှင့် တစ် ပြိုင် နက် ဖိ လစ် ပိုင် ၊ မ လေး ကျွန်း ဆွယ် ၊ ဒပ် ချ အ ရှေ့ အိန္ဒိ ယ ကျွန်း စု နှင့် မြန် မာ နိုင် ငံ ကို သိမ်း ယူ ပြီး လျှင် အ နောက် တိုင်း သား တို့ ကို နှင် ထုတ် ခဲ့ လေ သည် ။
သို့ရာတွင် ထိုတိုင်းပြည်များကို တိုင်းရင်းသားတို့၏ နိုးကြားမှုကြောင့် နယ်ချဲ့သမားတို့သည် ရေရှည်မအုပ်စိုးနိုင်ချေ။
သို့ ရာ တွင် ထို တိုင်း ပြည် များ ကို တိုင်း ရင်း သား တို့ ၏ နိုး ကြား မှု ကြောင့် နယ် ချဲ့ သ မား တို့ သည် ရေ ရှည် မ အုပ် စိုး နိုင် ချေ ။
စစ်ပြီး၍ မကြာမြင့်မီ အသီးအသီး လွတ်လပ်ရေးများ ရရှိလျက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုများကို မြှင့်တင်လျက် ရှိကြသည်။
စစ် ပြီး ၍ မ ကြာ မြင့် မီ အ သီး အ သီး လွတ် လပ် ရေး များ ရ ရှိ လျက် စီး ပွား ရေး ၊ ပ ညာ ရေး ၊ ကျန်း မာ ရေး နှင့် ယဉ် ကျေး မှု များ ကို မြှင့် တင် လျက် ရှိ ကြ သည် ။
ဒုတိယအကြီးဆုံးသော အာဖရိကတိုက်ထက်ပင် တစ်ဆခွဲမျှ ကြီးသည်။
ဒု တိ ယ အ ကြီး ဆုံး သော အာ ဖ ရိ က တိုက် ထက် ပင် တစ် ဆ ခွဲ မျှ ကြီး သည် ။
မြောက်ဘက် အာတိတ်ဒေသမှ တောင်ဘက် အလွန်ပူပြင်းသော အီကွေတာမျဉ်းအထိ ကမ္ဘာ့အထက်ပိုင်း တစ်ပိုင်းလုံးလိုလို ပြန့်ကျယ်လေသည်။
မြောက် ဘက် အာ တိတ် ဒေ သ မှ တောင် ဘက် အ လွန် ပူ ပြင်း သော အီ ကွေ တာ မျဉ်း အ ထိ ကမ္ဘာ့ အ ထက် ပိုင်း တစ် ပိုင်း လုံး လို လို ပြန့် ကျယ် လေ သည် ။
အာရှတိုက်တွင် အပါအဝင်ဖြစ်သော အရှေ့အိန္ဒိယကျွန်းစုအချို့မှာ အီကွေတာမျဉ်းအောက်ဘက်သို့ပင် ကျနေသေး၏။
အာ ရှ တိုက် တွင် အ ပါ အ ဝင် ဖြစ် သော အ ရှေ့ အိန္ဒိ ယ ကျွန်း စု အ ချို့ မှာ အီ ကွေ တာ မျဉ်း အောက် ဘက် သို့ ပင် ကျ နေ သေး ၏ ။
အာရှတိုက်၏ အနောက်ဘက်၌ကား အနေအထိုင် အလုပ်အကိုင် ယဉ်ကျေးမှုစသည်တို့တွင် လုံးဝမတူတမူကွဲသော ဥရောပတိုက်မြေပြင်နှင့် ဆက်စပ်လျက် ရှိ၏။
အာ ရှ တိုက် ၏ အ နောက် ဘက် ၌ ကား အ နေ အ ထိုင် အ လုပ် အ ကိုင် ယဉ် ကျေး မှု စ သည် တို့ တွင် လုံး ဝ မ တူ တ မူ ကွဲ သော ဥ ရော ပ တိုက် မြေ ပြင် နှင့် ဆက် စပ် လျက် ရှိ ၏ ။
အရှေ့ဘက်တွင် အမေရိကတိုက် အလာစကာပြည်နယ်နှင့် ၃၆ မိုင်ခန့်ကျယ်သော ဗဲရင်းရေလက်ကြားဖြင့်သာ ခြားလျက်ရှိသည်။
အ ရှေ့ ဘက် တွင် အ မေ ရိ က တိုက် အ လာ စ ကာ ပြည် နယ် နှင့် ၃၆ မိုင် ခန့် ကျယ် သော ဗဲ ရင်း ရေ လက် ကြား ဖြင့် သာ ခြား လျက် ရှိ သည် ။
အနောက်တောင်ထောင့်ရှိ အာဖရိကတိုက်နှင့်မူ ဆူးအက်တူးမြောင်းမဖောက်မီက ကုန်းချင်းစပ်လျက်ရှိသည်။
အ နောက် တောင် ထောင့် ရှိ အာ ဖ ရိ က တိုက် နှင့် မူ ဆူး အက် တူး မြောင်း မ ဖောက် မီ က ကုန်း ချင်း စပ် လျက် ရှိ သည် ။
သို့ရာတွင် သုံးဘက်စလုံး၌ကား ရေများဝန်းရံလျက်ရှိ၏။
သို့ ရာ တွင် သုံး ဘက် စ လုံး ၌ ကား ရေ များ ဝန်း ရံ လျက် ရှိ ၏ ။
မြောက်ဘက်၌ အာတိတ်သမုဒ္ဒရာ၊ အရှေ့ဘက်၌ ကမ္ဘာပေါ်တွင်အကျယ်ဆုံးသော ပစိဖိတ်သမုဒ္ဒရာနှင့် တောင်ဘက်တွင် အိန္ဒိယသမုဒ္ဒရာတို့ရှိကြသည်။
မြောက် ဘက် ၌ အာ တိတ် သ မုဒ္ဒ ရာ ၊ အ ရှေ့ ဘက် ၌ ကမ္ဘာ ပေါ် တွင် အ ကျယ် ဆုံး သော ပ စိ ဖိတ် သ မုဒ္ဒ ရာ နှင့် တောင် ဘက် တွင် အိန္ဒိ ယ သ မုဒ္ဒ ရာ တို့ ရှိ ကြ သည် ။
မြောက်ဘက်ရှိ အာတိတ်သမုဒ္ဒရာမူကား လပေါင်းများစွာ ရေခဲနေသဖြင့် ဆိပ်ကမ်းများ၌ သင်္ဘောများ မဆိုက်ကပ်နိုင်ချေ။
မြောက် ဘက် ရှိ အာ တိတ် သ မုဒ္ဒ ရာ မူ ကား လ ပေါင်း များ စွာ ရေ ခဲ နေ သ ဖြင့် ဆိပ် ကမ်း များ ၌ သင်္ဘော များ မ ဆိုက် ကပ် နိုင် ချေ ။
ကမ်းရိုးတန်းတစ်လျှောက် မနီးမဝေးတို့၌ ကျွန်းကလေးပေါင်းများစွာကို တွေ့နိုင်သည်။
ကမ်း ရိုး တန်း တစ် လျှောက် မ နီး မ ဝေး တို့ ၌ ကျွန်း က လေး ပေါင်း များ စွာ ကို တွေ့ နိုင် သည် ။
ယင်းသို့ အာရှတိုက်သည် အလွန်ကျယ်ပြန့် ကြီးကျယ် လွန်းရကား အနောက်ဘက် အိမ်နီးချင်းဖြစ်သည့် ဥရောပတိုက်ကိုပင် အချို့ပထဝီဝင်ဆရာတို့က အာရှတိုက်၏ ကျွန်းဆွယ်ဟူ၍ ထည့်သွင်းရေးသားကြသည်။
ယင်း သို့ အာ ရှ တိုက် သည် အ လွန် ကျယ် ပြန့် ကြီး ကျယ် လွန်း ရ ကား အ နောက် ဘက် အိမ် နီး ချင်း ဖြစ် သည့် ဥ ရော ပ တိုက် ကို ပင် အ ချို့ ပ ထ ဝီ ဝင် ဆ ရာ တို့ က အာ ရှ တိုက် ၏ ကျွန်း ဆွယ် ဟူ ၍ ထည့် သွင်း ရေး သား ကြ သည် ။
အရှေ့တောင်ဘက်သို့ ဖြာထွက်သွားသော တောင်တန်းကား ဟိမဝန္တာတောင်တန်းဖြစ်၏။
အ ရှေ့ တောင် ဘက် သို့ ဖြာ ထွက် သွား သော တောင် တန်း ကား ဟိ မ ဝန္တာ တောင် တန်း ဖြစ် ၏ ။
ထိုတောင်တန်းသည် ရှေးဟောင်း ဗုဒ္ဓဝင်ပုံပြင်တို့၌ အလွန်ထင်ရှား၍ လူသိများသော တောင်တန်းဖြစ်၏။
ထို တောင် တန်း သည် ရှေး ဟောင်း ဗုဒ္ဓ ဝင် ပုံ ပြင် တို့ ၌ အ လွန် ထင် ရှား ၍ လူ သိ များ သော တောင် တန်း ဖြစ် ၏ ။
ထိုတောင်တန်းမှ မြန်မာနိုင်ငံသို့ ဖြာထွက်ခဲ့သော တောင်တန်းများသည် အနောက်ရိုးမ၊ အရှေ့ရိုးမ အမည်များဖြင့် ထင်ရှားရှိလေသည်။
ထို တောင် တန်း မှ မြန် မာ နိုင် ငံ သို့ ဖြာ ထွက် ခဲ့ သော တောင် တန်း များ သည် အ နောက် ရိုး မ ၊ အ ရှေ့ ရိုး မ အ မည် များ ဖြင့် ထင် ရှား ရှိ လေ သည် ။
ပမီးယားတောင်ထွတ်၏ အရှေ့ဘက် စူးစူးသို့ တန်းဆင်းသွားသော တောင်တန်းကား ကာရာကိုရမ် တောင်တန်းဖြစ်၏။
ပ မီး ယား တောင် ထွတ် ၏ အ ရှေ့ ဘက် စူး စူး သို့ တန်း ဆင်း သွား သော တောင် တန်း ကား ကာ ရာ ကို ရမ် တောင် တန်း ဖြစ် ၏ ။
ထိုတောင်တန်းသည် တရုတ်နိုင်ငံဘက် အထိ တန်းဆင်းသွားရာ တရုတ်နိုင်ငံရှိ ဆင်လင်တောင်သည် ထိုတောင်တန်းမှ ဖြာထွက် သွားသော တောင်ဆက်ဖြစ်၏။
ထို တောင် တန်း သည် တ ရုတ် နိုင် ငံ ဘက် အ ထိ တန်း ဆင်း သွား ရာ တ ရုတ် နိုင် ငံ ရှိ ဆင် လင် တောင် သည် ထို တောင် တန်း မှ ဖြာ ထွက် သွား သော တောင် ဆက် ဖြစ် ၏ ။
အရှေ့မြောက်ဘက်သို့ ဖြာဆင်းသွားသော တောင်တန်းသည်ကား တီယန်ရှင် တောင်တန်းဖြစ်သည်။
အ ရှေ့ မြောက် ဘက် သို့ ဖြာ ဆင်း သွား သော တောင် တန်း သည် ကား တီ ယန် ရှင် တောင် တန်း ဖြစ် သည် ။
အနောက်ဘက်သို့ တန်းဆင်းသွားသော ဆူလေမန်တောင်တန်းသည် အီရန်နိုင်ငံ ကမ်းရိုးတန်းအနီးမှဖြတ်လျက် အာရှမိုင်းနားအတွင်း ထိုးဝင်သွားကာ အာမီးနီးယန်းတောင်တန်းစု ဖြစ်လာပြီးနောက် အာရှမိုင်နား တောင်ဘက် ကမ်းရိုးတန်းတစ်လျှောက် တန်းဆင်းသွား၏။
အ နောက် ဘက် သို့ တန်း ဆင်း သွား သော ဆူ လေ မန် တောင် တန်း သည် အီ ရန် နိုင် ငံ ကမ်း ရိုး တန်း အ နီး မှ ဖြတ် လျက် အာ ရှ မိုင်း နား အ တွင်း ထိုး ဝင် သွား ကာ အာ မီး နီး ယန်း တောင် တန်း စု ဖြစ် လာ ပြီး နောက် အာ ရှ မိုင် နား တောင် ဘက် ကမ်း ရိုး တန်း တစ် လျှောက် တန်း ဆင်း သွား ၏ ။
ထိုတောင်တန်းကြီးတို့၏ကြားတွင် တည်ရှိသော တိဗက် ကုန်းပြင်မြင့်ကြီးကား ကမ္ဘာပေါ်တွင် လူနေသည့် အမြင့်ဆုံးသော ကုန်းပြင်မြင့်ဖြစ်သည်။
ထို တောင် တန်း ကြီး တို့ ၏ ကြား တွင် တည် ရှိ သော တိ ဗက် ကုန်း ပြင် မြင့် ကြီး ကား ကမ္ဘာ ပေါ် တွင် လူ နေ သည့် အ မြင့် ဆုံး သော ကုန်း ပြင် မြင့် ဖြစ် သည် ။
အာဖဂန်နစ္စတန်၊ ဗလူချိစတန်နှင့်အီရန်နိုင်ငံတို့အပါအဝင်ဖြစ်သော အီရန်ကုန်းပြင်မြင့်၊ အာရှမိုင်းနားကုန်းပြင်မြင့်၊ အိန္ဒိယနိုင်ငံဒက္ခိဏ ကုန်းပြင်မြင့်တို့သည်လည်း အာရှတိုက်၏ ထင်ရှား ကျယ်ပြန့်၍ လူနေ အိမ်ခြေများသော ကုန်းပြင်မြင့်များ ဖြစ်ကြ၏။
အာ ဖ ဂန် နစ္စ တန် ၊ ဗ လူ ချိ စ တန် နှင့် အီ ရန် နိုင် ငံ တို့ အ ပါ အ ဝင် ဖြစ် သော အီ ရန် ကုန်း ပြင် မြင့် ၊ အာ ရှ မိုင်း နား ကုန်း ပြင် မြင့် ၊ အိန္ဒိ ယ နိုင် ငံ ဒက္ခိ ဏ ကုန်း ပြင် မြင့် တို့ သည် လည်း အာ ရှ တိုက် ၏ ထင် ရှား ကျယ် ပြန့် ၍ လူ နေ အိမ် ခြေ များ သော ကုန်း ပြင် မြင့် များ ဖြစ် ကြ ၏ ။
အာရှတိုက်တွင် ကမ္ဘာ့အမိုးသာမက ကမ္ဘာ့မြေအောက်ခန်းလည်းရှိ၏။
အာ ရှ တိုက် တွင် ကမ္ဘာ့ အ မိုး သာ မ က ကမ္ဘာ့ မြေ အောက် ခန်း လည်း ရှိ ၏ ။
ထိုမြေအောက်ခန်းမှာ အာရေဗျကျွန်းဆွယ်မြောက်ဘက်ရှိ ဒက်ဆီးခေါ် ပင်လယ်သေဖြစ်သည်။
ထို မြေ အောက် ခန်း မှာ အာ ရေ ဗျ ကျွန်း ဆွယ် မြောက် ဘက် ရှိ ဒက် ဆီး ခေါ် ပင် လယ် သေ ဖြစ် သည် ။
ကမ္ဘာပေါ်တွင် အနိမ့်ဆုံးသောဒေသဖြစ်လေသည်။
ကမ္ဘာ ပေါ် တွင် အ နိမ့် ဆုံး သော ဒေ သ ဖြစ် လေ သည် ။
ရေမျက်နှာ ပြင်အောက် နိမ့်သော အခြားပင်လယ်တစ်ခုကား ကက်စပျန် ပင်လယ်ဖြစ်၏။
ရေ မျက် နှာ ပြင် အောက် နိမ့် သော အ ခြား ပင် လယ် တစ် ခု ကား ကက် စ ပျန် ပင် လယ် ဖြစ် ၏ ။
ရေမျက်နှာပြင်အောက် ၈၅ ပေ နိမ့်သည်။
ရေ မျက် နှာ ပြင် အောက် ၈၅ ပေ နိမ့် သည် ။
ယင်းတို့ သည်ကား စင်စစ်အားဖြင့် အိုင်အကြီးစားမျိုး ဖြစ်လေ သည်။
ယင်း တို့ သည် ကား စင် စစ် အား ဖြင့် အိုင် အ ကြီး စား မျိုး ဖြစ် လေ သည် ။
ပမီးယားတောင်ထွတ်မှ ဖြာတန်းသွားသော တောင်တန်းများ သည် ဆီနှင်းခဲများ ဖုံးအုပ်နေသဖြင့် နွေရာသီတွင် နေပူရှိန် ကြောင့် အရည်ပျော်ကျလာပြီးလျှင် နိမ့်ရှိုင်းရာသို့ စီးဆင်းခဲ့ရာမှ မြစ်ပေါင်းများစွာ ဖြစ်ခဲ့၏။
ပ မီး ယား တောင် ထွတ် မှ ဖြာ တန်း သွား သော တောင် တန်း များ သည် ဆီ နှင်း ခဲ များ ဖုံး အုပ် နေ သ ဖြင့် နွေ ရာ သီ တွင် နေ ပူ ရှိန် ကြောင့် အ ရည် ပျော် ကျ လာ ပြီး လျှင် နိမ့် ရှိုင်း ရာ သို့ စီး ဆင်း ခဲ့ ရာ မှ မြစ် ပေါင်း များ စွာ ဖြစ် ခဲ့ ၏ ။
မြောက်ဘက်သို့ စီးဆင်းသော အော့ဗမြစ်၊ ယန်နိဆေးမြစ်နှင့် လျိနာမြစ်များသည် ဆိုက်ဗီးရီးယားဒေသကိုဖြတ်၍ အာတိတ်သမုဒ္ဒရာသို့ စီးဝင် သည်။
မြောက် ဘက် သို့ စီး ဆင်း သော အော့ ဗ မြစ် ၊ ယန် နိ ဆေး မြစ် နှင့် လျိ နာ မြစ် များ သည် ဆိုက် ဗီး ရီး ယား ဒေ သ ကို ဖြတ် ၍ အာ တိတ် သ မုဒ္ဒ ရာ သို့ စီး ဝင် သည် ။
ထိုမြစ်များသည် သစ်တောများနှင့် မြက်ခင်းများကို ဖြတ်သန်း စီးဆင်းသဖြင့် ရေစီးအလွန်နှေးသည်ကတကြောင်း၊ မြောက်ပိုင်းရှိ ရေအမြဲခဲသော တန်းဒြဒေသများခံနေသည် ကတကြောင်းတို့ကြောင့် လွင်ပြင်များပေါ်တွင် ရေလျှံပြီးလျှင် ရွှံ့အိုင်ကြီးများ ဖြစ်နေလေသည်။
ထို မြစ် များ သည် သစ် တော များ နှင့် မြက် ခင်း များ ကို ဖြတ် သန်း စီး ဆင်း သ ဖြင့် ရေ စီး အ လွန် နှေး သည် က တ ကြောင်း ၊ မြောက် ပိုင်း ရှိ ရေ အ မြဲ ခဲ သော တန်း ဒြ ဒေ သ များ ခံ နေ သည် က တ ကြောင်း တို့ ကြောင့် လွင် ပြင် များ ပေါ် တွင် ရေ လျှံ ပြီး လျှင် ရွှံ့ အိုင် ကြီး များ ဖြစ် နေ လေ သည် ။
အရှေ့ဘက်သို့ စီးဆင်းသော မြစ်များကား အမူမြစ်၊ ယန်စီမြစ်၊ ဆီကျန်မြစ်၊ ဝှန်ဟိုမြစ် တို့ဖြစ်၏။
အ ရှေ့ ဘက် သို့ စီး ဆင်း သော မြစ် များ ကား အ မူ မြစ် ၊ ယန် စီ မြစ် ၊ ဆီ ကျန် မြစ် ၊ ဝှန် ဟို မြစ် တို့ ဖြစ် ၏ ။
အနောက်ဘက်တွင်ကား တိုင်းဂရစ်နှင့် ယူဖရေးတီး မြစ်တို့သည် အီရတ်နိုင်ငံကိုဖြတ်လျက် ပါးရှင်း ပင်လယ်ကွေ့ထဲသို့ စီးဆင်းကြလေသည်။
အ နောက် ဘက် တွင် ကား တိုင်း ဂ ရစ် နှင့် ယူ ဖ ရေး တီး မြစ် တို့ သည် အီ ရတ် နိုင် ငံ ကို ဖြတ် လျက် ပါး ရှင်း ပင် လယ် ကွေ့ ထဲ သို့ စီး ဆင်း ကြ လေ သည် ။