text
stringlengths
32
1.82k
syllable
stringlengths
35
2.28k
အာရှတိုက်၏ လေးပုံသုံးပုံသည် သမပိုင်းတွင် ပါဝင်ပြီးလျှင် ရှစ်ပုံတစ်ပုံသည် အပူပိုင်းတွင် ပါဝင်၍ ကျန်ရှစ်ပုံတစ်ပုံကား အာတိတ်ရေခဲသော အအေးပိုင်းတွင် ပါဝင်လေ သည်။
အာ ရှ တိုက် ၏ လေး ပုံ သုံး ပုံ သည် သ မ ပိုင်း တွင် ပါ ဝင် ပြီး လျှင် ရှစ် ပုံ တစ် ပုံ သည် အ ပူ ပိုင်း တွင် ပါ ဝင် ၍ ကျန် ရှစ် ပုံ တစ် ပုံ ကား အာ တိတ် ရေ ခဲ သော အ အေး ပိုင်း တွင် ပါ ဝင် လေ သည် ။
အာတိတ် အအေးပိုင်းတွင် ပါဝင်သောဒေသများသာမက တောင်မြင့်များပေါ်တွင် တည်ရှိသောဒေသတို့သည်လည်း တစ်နှစ်ပတ်လုံး ရေခဲနေကြ၏။
အာ တိတ် အ အေး ပိုင်း တွင် ပါ ဝင် သော ဒေ သ များ သာ မ က တောင် မြင့် များ ပေါ် တွင် တည် ရှိ သော ဒေ သ တို့ သည် လည်း တစ် နှစ် ပတ် လုံး ရေ ခဲ နေ ကြ ၏ ။
ယင်းမှာ နွေနှင့် ဆောင်းအပူဒီဂရီ အကွာဆုံး ဒေသ ဖြစ်လေသည်။
ယင်း မှာ နွေ နှင့် ဆောင်း အ ပူ ဒီ ဂ ရီ အ ကွာ ဆုံး ဒေ သ ဖြစ် လေ သည် ။
အာရှတိုက်၏ တစ်စိတ်တစ်ဒေသဖြစ်သော ဂျပန်ကျွန်းသည် မြောက်နှင့်တောင် အလျားလိုက် တည်ရှိ၍ မြောက်ဘက်ဆုံးအပိုင်းသည် ရေခဲ၏။
အာ ရှ တိုက် ၏ တစ် စိတ် တစ် ဒေ သ ဖြစ် သော ဂျ ပန် ကျွန်း သည် မြောက် နှင့် တောင် အ လျား လိုက် တည် ရှိ ၍ မြောက် ဘက် ဆုံး အ ပိုင်း သည် ရေ ခဲ ၏ ။
တရုတ်နိုင်ငံသည် သမပိုင်းတွင် ကျရောက်လျက် ရှိ၏။
တ ရုတ် နိုင် ငံ သည် သ မ ပိုင်း တွင် ကျ ရောက် လျက် ရှိ ၏ ။
သို့ရာတွင် အာရှ တိုက် အလယ်ပိုင်းမှ တိုက်ခတ်လာသော လေအေးကြောင့် ဆောင်းတွင်းတွင် အလွန်အေးမြသည်။
သို့ ရာ တွင် အာ ရှ တိုက် အ လယ် ပိုင်း မှ တိုက် ခတ် လာ သော လေ အေး ကြောင့် ဆောင်း တွင်း တွင် အ လွန် အေး မြ သည် ။
တိဗက်ပြည်သည် တောင်ကုန်းမြင့်ပေါ်တွင် တည်ရှိသဖြင့် မိုးနည်း ခြောက်သွေ့သော်လည်း အလွန်အေးလှ၏။
တိ ဗက် ပြည် သည် တောင် ကုန်း မြင့် ပေါ် တွင် တည် ရှိ သ ဖြင့် မိုး နည်း ခြောက် သွေ့ သော် လည်း အ လွန် အေး လှ ၏ ။
အီရန်နိုင်ငံကား နွေအခါ၌ ခြောက်သွေ့ပူအိုက်၍ ဆောင်းအခါ၌ အလွန်အမင်း အေးသော နိုင်ငံဖြစ်သည်။
အီ ရန် နိုင် ငံ ကား နွေ အ ခါ ၌ ခြောက် သွေ့ ပူ အိုက် ၍ ဆောင်း အ ခါ ၌ အ လွန် အ မင်း အေး သော နိုင် ငံ ဖြစ် သည် ။
အာရှမိုင်းနား၊ ဆီးရီးယား၊ ပယ်လက်စတိုင်၊ အာရေဗျကျွန်းဆွယ်နှင့် အာဖဂန်နစ္စတန်တို့၏ ရာသီဥတုကား အီရန်နိုင်ငံမှာကဲ့သို့ပင် အလွန်ပူသောနွေနှင့် အလွန်အေးသော ဆောင်းရာသီ ရှိ၏။
အာ ရှ မိုင်း နား ၊ ဆီး ရီး ယား ၊ ပယ် လက် စ တိုင် ၊ အာ ရေ ဗျ ကျွန်း ဆွယ် နှင့် အာ ဖ ဂန် နစ္စ တန် တို့ ၏ ရာ သီ ဥ တု ကား အီ ရန် နိုင် ငံ မှာ ကဲ့ သို့ ပင် အ လွန် ပူ သော နွေ နှင့် အ လွန် အေး သော ဆောင်း ရာ သီ ရှိ ၏ ။
မလ္လာယုကျွန်းဆွယ်၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည်ကား မုတ်သုံရာသီဒေသများ ဖြစ်ကြ၏။
မလ္လာ ယု ကျွန်း ဆွယ် ၊ အိန္ဒိ ယ နိုင် ငံ နှင့် မြန် မာ နိုင် ငံ တို့ သည် ကား မုတ် သုံ ရာ သီ ဒေ သ များ ဖြစ် ကြ ၏ ။
ရာသီဥတုမှာ နွေအခါ၌ ပူအိုက်၍ မိုးတွင်းတွင် စွတ်စိုပြီးလျှင် ဆောင်းတွင်း၌ အေးမြလှ၏။
ရာ သီ ဥ တု မှာ နွေ အ ခါ ၌ ပူ အိုက် ၍ မိုး တွင်း တွင် စွတ် စို ပြီး လျှင် ဆောင်း တွင်း ၌ အေး မြ လှ ၏ ။
ကမ္ဘာပေါ်၌ မိုးအများဆုံးရွာသော အရပ်သည်လည်း အာရှတိုက်၌ပင် ရှိလေသည်။
ကမ္ဘာ ပေါ် ၌ မိုး အ များ ဆုံး ရွာ သော အ ရပ် သည် လည်း အာ ရှ တိုက် ၌ ပင် ရှိ လေ သည် ။
ထိုအရပ်မှာ တစ်နှစ်လျှင် မိုးရေချိန် လက်မ ၄ဝဝ ကျော် ရွာသွန်းသော အိန္ဒိယနိုင်ငံ အာသံပြည်နယ် ဖြစ်၏။
ထို အ ရပ် မှာ တစ် နှစ် လျှင် မိုး ရေ ချိန် လက် မ ၄ ဝ ဝ ကျော် ရွာ သွန်း သော အိန္ဒိ ယ နိုင် ငံ အာ သံ ပြည် နယ် ဖြစ် ၏ ။
တစ်နှစ်ပတ်လုံး မိုးမရွာသော ဒေသလည်း ရှိသေး၏။
တစ် နှစ် ပတ် လုံး မိုး မ ရွာ သော ဒေ သ လည်း ရှိ သေး ၏ ။
ထိုအရပ်တို့ကား အာရေဗျကျွန်းဆွယ် ပင်လယ်နီ ဝန်းကျင်ရှိ ခြောက်သွေ့သောဒေသ၊ အာရေဗျသဲကန္တာရ၊ အိန္ဒိယနိုင်ငံသား သဲကန္တရ၊ မွန်ဂိုးလီးယား နိုင်ငံ ဂိုဗီသဲကန္တာရတို့ ဖြစ်ကြသည်။
ထို အ ရပ် တို့ ကား အာ ရေ ဗျ ကျွန်း ဆွယ် ပင် လယ် နီ ဝန်း ကျင် ရှိ ခြောက် သွေ့ သော ဒေ သ ၊ အာ ရေ ဗျ သဲ ကန္တာ ရ ၊ အိန္ဒိ ယ နိုင် ငံ သား သဲ ကန္တ ရ ၊ မွန် ဂိုး လီး ယား နိုင် ငံ ဂို ဗီ သဲ ကန္တာ ရ တို့ ဖြစ် ကြ သည် ။
ယင်းသို့ ရာသီဥတု အခြေအနေလည်း ကွဲပြားခြားနားလှသလောက် ပေါက်ရောက် ကြသော အသီးအနှံများလည်း အတန်ပင် ကွာခြားလှလေသည်။
ယင်း သို့ ရာ သီ ဥ တု အ ခြေ အ နေ လည်း ကွဲ ပြား ခြား နား လှ သ လောက် ပေါက် ရောက် ကြ သော အ သီး အ နှံ များ လည်း အ တန် ပင် ကွာ ခြား လှ လေ သည် ။
အာရှတိုက်၏ မြောက်ဘက်ဆုံးဒေသသည် တစ်နှစ်ပတ်လုံး ရေခဲများ ဖုံးလွှမ်းနေသဖြင့် သစ်ပင်ပန်းပင် မပေါက်ရောက်ပဲ ရေညှိပင်များသာ ပေါက်ရောက်လေသည်။
အာ ရှ တိုက် ၏ မြောက် ဘက် ဆုံး ဒေ သ သည် တစ် နှစ် ပတ် လုံး ရေ ခဲ များ ဖုံး လွှမ်း နေ သ ဖြင့် သစ် ပင် ပန်း ပင် မ ပေါက် ရောက် ပဲ ရေ ညှိ ပင် များ သာ ပေါက် ရောက် လေ သည် ။
နေထိုင်သူ အနည်းငယ်တို့မှာလည်း လယ်ယာလုပ်ကိုင် မရသဖြင့် ငါးဖမ်းခြင်း အမဲလိုက်ခြင်းတို့ဖြင့်သာ အသက်မွေး၍ အမြဲပြောင်းရွှေ့ လှည့်လည်နေတတ်၏။
နေ ထိုင် သူ အ နည်း ငယ် တို့ မှာ လည်း လယ် ယာ လုပ် ကိုင် မ ရ သ ဖြင့် ငါး ဖမ်း ခြင်း အ မဲ လိုက် ခြင်း တို့ ဖြင့် သာ အ သက် မွေး ၍ အ မြဲ ပြောင်း ရွှေ့ လှည့် လည် နေ တတ် ၏ ။
မြောက်ဘက်အစွန်းဆုံး ရေခဲပြင်ရှိရာအရပ်မှ တောင်ဘက်သို့ တဖြည်းဖြည်း ဆင်းလာခဲ့သော် မြက်ခင်းများပေါက်ရောက်နေသော လွင်ပြင်ကြီးများ၊ ထင်းရူးပင်များ ပေါက်ရောက်နေသော တောင်ကုန်းတောင်တန်းများကို တွေ့နိုင်၏။
မြောက် ဘက် အ စွန်း ဆုံး ရေ ခဲ ပြင် ရှိ ရာ အ ရပ် မှ တောင် ဘက် သို့ တ ဖြည်း ဖြည်း ဆင်း လာ ခဲ့ သော် မြက် ခင်း များ ပေါက် ရောက် နေ သော လွင် ပြင် ကြီး များ ၊ ထင်း ရူး ပင် များ ပေါက် ရောက် နေ သော တောင် ကုန်း တောင် တန်း များ ကို တွေ့ နိုင် ၏ ။
ထိုဒေသများကား ရုရှနိုင်ငံမှ ရာဇဝတ်ကောင်များကို ပို့ရာဒေသဖြစ်ခဲ့၏။
ထို ဒေ သ များ ကား ရု ရှ နိုင် ငံ မှ ရာ ဇ ဝတ် ကောင် များ ကို ပို့ ရာ ဒေ သ ဖြစ် ခဲ့ ၏ ။
ရွှံ့နွံထူထပ်၍ တောကြီးသောကြောင့် ငှက်ဖျားရောဂါထူထပ်ကာ လမ်းပန်း အဆက်အသွယ် အလွန်ခက်ခဲ၏။
ရွှံ့ နွံ ထူ ထပ် ၍ တော ကြီး သော ကြောင့် ငှက် ဖျား ရော ဂါ ထူ ထပ် ကာ လမ်း ပန်း အ ဆက် အ သွယ် အ လွန် ခက် ခဲ ၏ ။
အချို့အပိုင်းကား သစ်တောထူထပ်လှသဖြင့် ပေါက်ရောက်သူ အလွန်နည်းပါး၏။
အ ချို့ အ ပိုင်း ကား သစ် တော ထူ ထပ် လှ သ ဖြင့် ပေါက် ရောက် သူ အ လွန် နည်း ပါး ၏ ။
ဝက်ဝံ၊ မြေခွေး၊ ရှဉ့်စသော သားမွေးရသည့် သတ္တဝါများကို လိုက်လံဖမ်းဆီး၍ သားမွေးရောင်းသော မုဆိုးမျာသာ ရောက်ကြ၏။
ဝက် ဝံ ၊ မြေ ခွေး ၊ ရှ ဉ့် စ သော သား မွေး ရ သည့် သတ္တ ဝါ များ ကို လိုက် လံ ဖမ်း ဆီး ၍ သား မွေး ရောင်း သော မု ဆိုး မျာ သာ ရောက် ကြ ၏ ။
သို့သော် ယခုအခါ ဆိုက်ဗီးရီးယားဒေသကို တိုးတက်ဖွံဖြိုးလာအောင် အပြင်းအထန် ဆောင်ရွက်လျက် ရှိသည်။
သို့ သော် ယ ခု အ ခါ ဆိုက် ဗီး ရီး ယား ဒေ သ ကို တိုး တက် ဖွံ ဖြိုး လာ အောင် အ ပြင်း အ ထန် ဆောင် ရွက် လျက် ရှိ သည် ။
ထိုထူထပ်လှသော သစ်တောကြီးများမှ တောင်ဘက်သို့ တဖြည်းဖြည်းဆင်းလာသော တဖြည်းဖြည်း သစ်ပင်များပါးလာ၏။
ထို ထူ ထပ် လှ သော သစ် တော ကြီး များ မှ တောင် ဘက် သို့ တ ဖြည်း ဖြည်း ဆင်း လာ သော တ ဖြည်း ဖြည်း သစ် ပင် များ ပါး လာ ၏ ။
မိုးနည်းလှသဖြင့် သစ်ပင်ကြီးများစွာ မပေါက်ဘဲ မြက်ခင်း များသာ ရှိ၏။
မိုး နည်း လှ သ ဖြင့် သစ် ပင် ကြီး များ စွာ မ ပေါက် ဘဲ မြက် ခင်း များ သာ ရှိ ၏ ။
ခြုံပုတ် ချုံစပ်များကို ဟိုတစ်စုသည်တစ်စုသာ တွေ့ရလေသည်။
ခြုံ ပုတ် ချုံ စပ် များ ကို ဟို တစ် စု သည် တစ် စု သာ တွေ့ ရ လေ သည် ။
ထိုအရပ်၌ မြက်ပင်ပေါသဖြင့် ထိုအရပ်ရှိလူ တို့သည် နွားများ၊ သိုးများ မွေးမြူအသက်မွေးပြီးလျှင် ရေကြည်ရာ မြက်နုရာ လှည့်လည်နေထိုင်ကြလေသည်။
ထို အ ရပ် ၌ မြက် ပင် ပေါ သ ဖြင့် ထို အ ရပ် ရှိ လူ တို့ သည် နွား များ ၊ သိုး များ မွေး မြူ အ သက် မွေး ပြီး လျှင် ရေ ကြည် ရာ မြက် နု ရာ လှည့် လည် နေ ထိုင် ကြ လေ သည် ။
ထိုကြောင့် ထိုအရပ်မှ နွားနို့ဒိန်ခဲထောပတ်များ ထွက်၏။
ထို ကြောင့် ထို အ ရပ် မှ နွား နို့ ဒိန် ခဲ ထော ပတ် များ ထွက် ၏ ။
ထိုအရပ်သည် ကုန်းပြင်မြင့်လည်းဖြစ် မိုးလည်းခေါင်သောဒေသ ဖြစ်သဖြင့် ကောက်ပဲသီးနှံ စိုက်ပျိုး၍ မဖြစ်ချေ။
ထို အ ရပ် သည် ကုန်း ပြင် မြင့် လည်း ဖြစ် မိုး လည်း ခေါင် သော ဒေ သ ဖြစ် သ ဖြင့် ကောက် ပဲ သီး နှံ စိုက် ပျိုး ၍ မ ဖြစ် ချေ ။
ထိုမြစ်ခင်းကြီး၏ တောင်ဘက်၌ကား အလွန်ခြောက်သွေ့သော သဲကန္တာရကြီးရှိ၏။
ထို မြစ် ခင်း ကြီး ၏ တောင် ဘက် ၌ ကား အ လွန် ခြောက် သွေ့ သော သဲ ကန္တာ ရ ကြီး ရှိ ၏ ။
ထိုသဲကန္တာရကို ဂိုဗီ သဲကန္တာရ ဟုခေါ်၏။
ထို သဲ ကန္တာ ရ ကို ဂို ဗီ သဲ ကန္တာ ရ ဟု ခေါ် ၏ ။
သို့ဖြစ်၍ ထိုအရပ်၌ တစ်နှစ်လျှင် မိုးရေချိန် ၁ဝ လက်မပင် ပြည့်အောင် မရွာချေ။
သို့ ဖြစ် ၍ ထို အ ရပ် ၌ တစ် နှစ် လျှင် မိုး ရေ ချိန် ၁ ဝ လက် မ ပင် ပြည့် အောင် မ ရွာ ချေ ။
အနောက်တောင်ဘက်မှ လာသော ရေခိုးရေငွေ့ များစွာပါသည့် မုတ်သုံလေသည် မြင့်မားလှသော ဟိမဝန္တာတောင်တန်းကြီးက ကာဆီးနေသဖြင့် ထိုအရပ်သို့ ရေခိုးရေငွေ့ ရောက်အောင် မဆောင်နိုင်တော့ချေ။
အ နောက် တောင် ဘက် မှ လာ သော ရေ ခိုး ရေ ငွေ့ များ စွာ ပါ သည့် မုတ် သုံ လေ သည် မြင့် မား လှ သော ဟိ မ ဝန္တာ တောင် တန်း ကြီး က ကာ ဆီး နေ သ ဖြင့် ထို အ ရပ် သို့ ရေ ခိုး ရေ ငွေ့ ရောက် အောင် မ ဆောင် နိုင် တော့ ချေ ။
ထိုကြောင့် ထိုအရပ်သည် ခြောက်သွေ့သော ကန္တာရကြီး ဖြစ်နေလေသည်။
ထို ကြောင့် ထို အ ရပ် သည် ခြောက် သွေ့ သော ကန္တာ ရ ကြီး ဖြစ် နေ လေ သည် ။
သဲကန္တာရ ကြီး၏အလယ် အချို့နေရာများတွင်သာ ရေထွက်၍ သစ်ပင်များ ပေါက်နေသဖြင့် လူနေအိမ် ခြေရှိလေသည်။
သဲ ကန္တာ ရ ကြီး ၏ အ လယ် အ ချို့ နေ ရာ များ တွင် သာ ရေ ထွက် ၍ သစ် ပင် များ ပေါက် နေ သ ဖြင့် လူ နေ အိမ် ခြေ ရှိ လေ သည် ။
ထိုလူနေအိမ်ခြေရှိသော ရပ်ကွက်ကို အိုအေဆစ်ဟုခေါ်သည်။
ထို လူ နေ အိမ် ခြေ ရှိ သော ရပ် ကွက် ကို အို အေ ဆစ် ဟု ခေါ် သည် ။
အထူးသဖြင့် စွံပလွံပင်များ ပေါက်သည်။
အ ထူး သ ဖြင့် စွံ ပ လွံ ပင် များ ပေါက် သည် ။
အခြားတိုင်းပြည်မှ လူတို့သည် ဆန်စပါး၊ ဂျုံတို့ကို အရေးတကြီး စိုက်ပျိုးစားသောက်ကြသကဲ့သို့ သဲကန္တာရရှိ လူတို့သည် စွံပလွံသီးကို မှီခိုအားထား စားသောက်ကြရလေသည်။
အ ခြား တိုင်း ပြည် မှ လူ တို့ သည် ဆန် စ ပါး ၊ ဂျုံ တို့ ကို အ ရေး တ ကြီး စိုက် ပျိုး စား သောက် ကြ သ ကဲ့ သို့ သဲ ကန္တာ ရ ရှိ လူ တို့ သည် စွံ ပ လွံ သီး ကို မှီ ခို အား ထား စား သောက် ကြ ရ လေ သည် ။
အချို့ အိုအေဆစ်တို့မှာ အလွန် ကျယ်ပြန့်သဖြင့် ဟင်းသီးဟင်းရွက်၊ ကောက်ပဲသီးနှံများကို စိုက်ပျိုးလုပ်ကိုင် စားသောက်ကြနိုင်ကြ၏။
အ ချို့ အို အေ ဆစ် တို့ မှာ အ လွန် ကျယ် ပြန့် သ ဖြင့် ဟင်း သီး ဟင်း ရွက် ၊ ကောက် ပဲ သီး နှံ များ ကို စိုက် ပျိုး လုပ် ကိုင် စား သောက် ကြ နိုင် ကြ ၏ ။
အိန္ဒိယ၊ တရုတ်၊ ရုရှနိုင်ငံတို့မှ ကုန်သည်များ တွေ့ဆုံရောင်းချရာ မြို့ကြီးများလည်း ထိုဒေသတွင် ရှိလေသည်။
အိန္ဒိ ယ ၊ တ ရုတ် ၊ ရု ရှ နိုင် ငံ တို့ မှ ကုန် သည် များ တွေ့ ဆုံ ရောင်း ချ ရာ မြို့ ကြီး များ လည်း ထို ဒေ သ တွင် ရှိ လေ သည် ။
ကြေးအိုး ကြေးခွက်၊ လက်ဘက်ခြောက်၊ ပိုးထည်ချည်ထည် စသော ကုန်များကို လဲလှယ်ရောင်းချကြသည်။
ကြေး အိုး ကြေး ခွက် ၊ လက် ဘက် ခြောက် ၊ ပိုး ထည် ချည် ထည် စ သော ကုန် များ ကို လဲ လှယ် ရောင်း ချ ကြ သည် ။
ထင်ရှားသော အိုအေဆစ်မြို့ကြီးများမှာ ယတ်၊ ကက်ရှဂါး၊ ခိုတန်၊ တက်ရှကင့်၊ ဆမာကန်၊ ဗိုခါရာနှင့် ခီဗမြို့ကြီးများ ဖြစ်ကြ၏။
ထင် ရှား သော အို အေ ဆစ် မြို့ ကြီး များ မှာ ယတ် ၊ ကက် ရှ ဂါး ၊ ခို တန် ၊ တက် ရှ ကင့် ၊ ဆ မာ ကန် ၊ ဗို ခါ ရာ နှင့် ခီ ဗ မြို့ ကြီး များ ဖြစ် ကြ ၏ ။
အာရှတိုက်ရှိ ထိုသဲကန္တာရ၏ တောင်ဘက်၌ကား တိဗက်ပြည် ရှိ၏။
အာ ရှ တိုက် ရှိ ထို သဲ ကန္တာ ရ ၏ တောင် ဘက် ၌ ကား တိ ဗက် ပြည် ရှိ ၏ ။
ကုန်းပြင်မြင့်ဖြစ်သဖြင့် သီးပင်စားပင် အကြီးအကျယ် မစိုက်ပျိုးချေ။
ကုန်း ပြင် မြင့် ဖြစ် သ ဖြင့် သီး ပင် စား ပင် အ ကြီး အ ကျယ် မ စိုက် ပျိုး ချေ ။
ထိုပြည်၏ တောင်ဘက်သို့ သွားပါက မုတ်သုံ ဒေသများဖြစ်သည့် အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ၊မလ္လယုကျွန်းဆွယ်၊ ယိုးဒယားနိုင်ငံနှင့် အင်ဒိုချိုင်းနား ပြည်တို့ကို တွေ့ရ၏။
ထို ပြည် ၏ တောင် ဘက် သို့ သွား ပါ က မုတ် သုံ ဒေ သ များ ဖြစ် သည့် အိန္ဒိ ယ နိုင် ငံ ၊ မြန် မာ နိုင် ငံ ၊ မလ္လ ယု ကျွန်း ဆွယ် ၊ ယိုး ဒ ယား နိုင် ငံ နှင့် အင် ဒို ချိုင်း နား ပြည် တို့ ကို တွေ့ ရ ၏ ။
ထိုအရပ်များ၌ကား ဂုန်လျော်ပင်၊ လက်ဘက်၊ ကြက်ပေါင်စေး၊ ကာဖီပင်၊ ဘိန်းပင်၊ ဆေးပင်၊ ကျွန်းသစ်၊ ဆန်စပါး၊ အမွှေးအကြိုင်၊ ဆင်ကိုနာပင်၊ အုန်း၊ ငှက်ပျော၊ ရှောက်၊ သရက်ပင် တို့ကို များစွာ စိုက်ပျိုးကြသည်။
ထို အ ရပ် များ ၌ ကား ဂုန် လျော် ပင် ၊ လက် ဘက် ၊ ကြက် ပေါင် စေး ၊ ကာ ဖီ ပင် ၊ ဘိန်း ပင် ၊ ဆေး ပင် ၊ ကျွန်း သစ် ၊ ဆန် စ ပါး ၊ အ မွှေး အ ကြိုင် ၊ ဆင် ကို နာ ပင် ၊ အုန်း ၊ ငှက် ပျော ၊ ရှောက် ၊ သ ရက် ပင် တို့ ကို များ စွာ စိုက် ပျိုး ကြ သည် ။
ဂုန်လျှော်ပင်ကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့မှ ရရှိ၏။
ဂုန် လျှော် ပင် ကို အိန္ဒိ ယ ၊ ဘင်္ဂ လား ဒေ့ ရှ် နှင့် မြန် မာ နိုင် ငံ တို့ မှ ရ ရှိ ၏ ။
ကမ္ဘာပေါ်တွင် အာရှ တစ်တိုက်၌သာလျှင် ထိုအပင်မျိုး ပေါက်ရောက်၏။
ကမ္ဘာ ပေါ် တွင် အာ ရှ တစ် တိုက် ၌ သာ လျှင် ထို အ ပင် မျိုး ပေါက် ရောက် ၏ ။
ကာဖီပင်ကို ဂျာဗား ကျွန်းနှင့် အာရေဗျကျွန်းဆွယ်တွင် စိုက်၏။
ကာ ဖီ ပင် ကို ဂျာ ဗား ကျွန်း နှင့် အာ ရေ ဗျ ကျွန်း ဆွယ် တွင် စိုက် ၏ ။
ကျွန်းသစ်ကို မြန်မာနိုင်ငံမှ များစွာရ၏။
ကျွန်း သစ် ကို မြန် မာ နိုင် ငံ မှ များ စွာ ရ ၏ ။
ဆန်စပါးကို မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ အင်ဒိုချိုင်းနားပြည်တို့တွင် စိုက်ပျိုးကြသည်။
ဆန် စ ပါး ကို မြန် မာ ၊ အိန္ဒိ ယ ၊ တ ရုတ် ၊ ထိုင်း ၊ အင် ဒို ချိုင်း နား ပြည် တို့ တွင် စိုက် ပျိုး ကြ သည် ။
အာရှတိုက် တောင်ဘက်နှင့် အရှေ့ဘက်တစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နှင့် မြစ်ဝှမ်းဒေသများတွင် လူနေအိမ်ခြေထူထပ်၍ အာရှတိုက်မြောက်ဘက်ဆုံးဒေသများ၌ကား တစ်နှစ်ပတ်လုံး ရေခဲနေသဖြင့် လူနေအိမ်ခြေဟူ၍ မရှိချေ။
အာ ရှ တိုက် တောင် ဘက် နှင့် အ ရှေ့ ဘက် တစ် လျှောက် ရှိ မြစ် ဝ ကျွန်း ပေါ် နှင့် မြစ် ဝှမ်း ဒေ သ များ တွင် လူ နေ အိမ် ခြေ ထူ ထပ် ၍ အာ ရှ တိုက် မြောက် ဘက် ဆုံး ဒေ သ များ ၌ ကား တစ် နှစ် ပတ် လုံး ရေ ခဲ နေ သ ဖြင့် လူ နေ အိမ် ခြေ ဟူ ၍ မ ရှိ ချေ ။
အနောက်တောင် ဘက်ပိုင်းနှင့် အလယ်ပိုင်းတို့၌ကား လူနေအိမ်ခြေ ပါးလှသည်။
အ နောက် တောင် ဘက် ပိုင်း နှင့် အ လယ် ပိုင်း တို့ ၌ ကား လူ နေ အိမ် ခြေ ပါး လှ သည် ။
ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်မျှရှိသည့် အာရှလူဦးရေတွင် လူမျိုးပေါင်းစုံလှ၏။
ကမ္ဘာ့ လူ ဦး ရေ ၏ ထက် ဝက် ကျော် မျှ ရှိ သည့် အာ ရှ လူ ဦး ရေ တွင် လူ မျိုး ပေါင်း စုံ လှ ၏ ။
သို့ရာတွင် ထိုလူမျိုး တို့ကို တစ်မျိုးစီမလေ့လာပဲ သွင်ပြင်အသားအရောင် အနေအထားကို ယေဘုယျအားဖြင့် နှစ်မျိုးခွဲ၍ လေ့လာနိုင်၏။
သို့ ရာ တွင် ထို လူ မျိုး တို့ ကို တစ် မျိုး စီ မ လေ့ လာ ပဲ သွင် ပြင် အ သား အ ရောင် အ နေ အ ထား ကို ယေ ဘု ယျ အား ဖြင့် နှစ် မျိုး ခွဲ ၍ လေ့ လာ နိုင် ၏ ။
အာရှတိုက် မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် နေထိုင်သူတို့အားတစ်စု၊ အနောက်တောင်ပိုင်းတွင် နေထိုင် သူတို့အားတစ်စု ခွဲနိုင်လေ သည်။
အာ ရှ တိုက် မြောက် ပိုင်း နှင့် အ ရှေ့ ပိုင်း တွင် နေ ထိုင် သူ တို့ အား တစ် စု ၊ အ နောက် တောင် ပိုင်း တွင် နေ ထိုင် သူ တို့ အား တစ် စု ခွဲ နိုင် လေ သည် ။
အာရှတိုက် လူဦးရေ၏ သုံးပုံနှစ်ပုံသည် ပထမလူမျိုးစု တွင် ပါဝင် လေသည်။
အာ ရှ တိုက် လူ ဦး ရေ ၏ သုံး ပုံ နှစ် ပုံ သည် ပ ထ မ လူ မျိုး စု တွင် ပါ ဝင် လေ သည် ။
ထိုလူမျိုးစု၏ သွင်ပြင်ဆင်းရောင်ကား အရပ်ပု၍ မျက်နှာပြားပြား၊ မျက်စိပေါက်ကျဉ်းကျဉ်း၊ မျက်ရစ် မထင်ရှားဘဲ ဆံပင်မှာမည်းနက်၍ ဖြောင့်စင်းသည်။
ထို လူ မျိုး စု ၏ သွင် ပြင် ဆင်း ရောင် ကား အ ရပ် ပု ၍ မျက် နှာ ပြား ပြား ၊ မျက် စိ ပေါက် ကျဉ်း ကျဉ်း ၊ မျက် ရစ် မ ထင် ရှား ဘဲ ဆံ ပင် မှာ မည်း နက် ၍ ဖြောင့် စင်း သည် ။
ထိုလူမျိုးစု ကို မွန်ဂိုလီယန် အဆက်အနွယ်ဟု ခေါ်ကြ၏။
ထို လူ မျိုး စု ကို မွန် ဂို လီ ယန် အ ဆက် အ နွယ် ဟု ခေါ် ကြ ၏ ။
အထူးသဖြင့် ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံနှင့် မလ္လာယုကျွန်းဆွယ် တို့တွင် နေထိုင်ကြသည်။
အ ထူး သ ဖြင့် ဂျ ပန် နိုင် ငံ ၊ တ ရုတ် နိုင် ငံ ၊ မြန် မာ နိုင် ငံ နှင့် မလ္လာ ယု ကျွန်း ဆွယ် တို့ တွင် နေ ထိုင် ကြ သည် ။
ဒုတိယ အစုကား ဥရောပတိုက်ရှိ လူမျိုးများနှင့် ပုံပန်းသဏ္ဌာန်အားဖြင့် အလွန်တူသောအာရိယန်၊ သို့မဟုတ် အင်ဒိုယူရိုပီယန်အနွယ် ဖြစ်၏။
ဒု တိ ယ အ စု ကား ဥ ရော ပ တိုက် ရှိ လူ မျိုး များ နှင့် ပုံ ပန်း သဏ္ဌာန် အား ဖြင့် အ လွန် တူ သော အာ ရိ ယန် ၊ သို့ မ ဟုတ် အင် ဒို ယူ ရို ပီ ယန် အ နွယ် ဖြစ် ၏ ။
ထိုလူမျိုးစုကား အာရှတိုက်တွင် မွန်ဂိုလီယန် အနွယ်တို့ထက် ဦးစွာနေထိုင်ခဲ့သူများ ဖြစ်၏။
ထို လူ မျိုး စု ကား အာ ရှ တိုက် တွင် မွန် ဂို လီ ယန် အ နွယ် တို့ ထက် ဦး စွာ နေ ထိုင် ခဲ့ သူ များ ဖြစ် ၏ ။
သို့ရာတွင် မွန်ဂိုလီယန်လူမျိုးများ ပေါ်ပေါက် လာသောအခါ သူတို့လည်း အနောက်ဘက်ဆီသို့ ပြောင်းရွှေ့သွားရာ တဖြည်းဖြည်း ဥရောပတိုက်တွင် ထိုလူမျိုးများ စတဲချ နားနေ တော့သည်။
သို့ ရာ တွင် မွန် ဂို လီ ယန် လူ မျိုး များ ပေါ် ပေါက် လာ သော အ ခါ သူ တို့ လည်း အ နောက် ဘက် ဆီ သို့ ပြောင်း ရွှေ့ သွား ရာ တ ဖြည်း ဖြည်း ဥ ရော ပ တိုက် တွင် ထို လူ မျိုး များ စ တဲ ချ နား နေ တော့ သည် ။
ကျန်ရစ်ခဲ့သော ယင်းတို့၏အဆက်အနွယ်များကား အာရှမိုင်းနား၊ အီရန်၊ အီရတ်နှင့် အိန္ဒိယ နိုင်ငံများတွင် ယခုထက်တိုင် နေထိုင်လျက်ရှိကြသည်။
ကျန် ရစ် ခဲ့ သော ယင်း တို့ ၏ အ ဆက် အ နွယ် များ ကား အာ ရှ မိုင်း နား ၊ အီ ရန် ၊ အီ ရတ် နှင့် အိန္ဒိ ယ နိုင် ငံ များ တွင် ယ ခု ထက် တိုင် နေ ထိုင် လျက် ရှိ ကြ သည် ။
ထိုလူမျိုးကား အရပ်မြင့်၍ နှာတံပေါ်၏။
ထို လူ မျိုး ကား အ ရပ် မြင့် ၍ နှာ တံ ပေါ် ၏ ။
အိန္ဒိယနိုင်ငံ၌ပင်လျှင် ဘာသာစကားပေါင်း ၂ဝဝ ကျော်ရှိလေသည်။
အိန္ဒိ ယ နိုင် ငံ ၌ ပင် လျှင် ဘာ သာ စ ကား ပေါင်း ၂ ဝ ဝ ကျော် ရှိ လေ သည် ။
အာရှတိုက်ရှိ ပြောဆိုအသုံး ပြုသော ဘာသာစကားများကို ယေဘုယျအားဖြင့် အလွယ်ဆုံးခွဲလိုက်ပါမူ အရေးပါသည့် အုပ်စုကြီးသုံးခု ရနိုင်၏။
အာ ရှ တိုက် ရှိ ပြော ဆို အ သုံး ပြု သော ဘာ သာ စ ကား များ ကို ယေ ဘု ယျ အား ဖြင့် အ လွယ် ဆုံး ခွဲ လိုက် ပါ မူ အ ရေး ပါ သည့် အုပ် စု ကြီး သုံး ခု ရ နိုင် ၏ ။
ယူရယ်အော်လတိတ် အုပ်စုဝင် ဘာသာစကားများကို အာရှတိုက်မြောက်ပိုင်းတွင် ပြောဆိုသည်။
ယူ ရယ် အော် လ တိတ် အုပ် စု ဝင် ဘာ သာ စ ကား များ ကို အာ ရှ တိုက် မြောက် ပိုင်း တွင် ပြော ဆို သည် ။
ဆိုင်နိတစ်အုပ်စုဝင် ဘာသာ စကားများကိုမူကား အာရှတိုက်အရှေ့ပိုင်းနှင့်အရှေ့တောင်အာရှအချို့ဒေသများတွင် ပြောဆိုသည်။
ဆိုင် နိ တစ် အုပ် စု ဝင် ဘာ သာ စ ကား များ ကို မူ ကား အာ ရှ တိုက် အ ရှေ့ ပိုင်း နှင့် အ ရှေ့ တောင် အာ ရှ အ ချို့ ဒေ သ များ တွင် ပြော ဆို သည် ။
ထို့ပြင် အခြေခံဘာသာစကား အုပ်စုငယ်များ လည်း ရှိသေးရာ ယင်းတို့တွင် ဆီမစ်တစ်ဘာသာစကားအုပ်စု သည် အရေးပါ၏။
ထို့ ပြင် အ ခြေ ခံ ဘာ သာ စ ကား အုပ် စု ငယ် များ လည်း ရှိ သေး ရာ ယင်း တို့ တွင် ဆီ မစ် တစ် ဘာ သာ စ ကား အုပ် စု သည် အ ရေး ပါ ၏ ။
ဆီမစ်တစ်အုပ်စုတွင် အနောက်တောင်အာရှ မှ အာရေဗစ်နှင့် ဟီဗရူဘာသာစကားတို့ ပါဝင်သည်။
ဆီ မစ် တစ် အုပ် စု တွင် အ နောက် တောင် အာ ရှ မှ အာ ရေ ဗစ် နှင့် ဟီ ဗ ရူ ဘာ သာ စ ကား တို့ ပါ ဝင် သည် ။
ဒေသန္တရ ဘာသာစကား အများအပြားနှင့် သီးခြားဘာသာစကားအများ အပြားလည်း ထိုအခြေခံအုပ်စု များမှ ပေါက်ပွားလာသည်။
ဒေ သန္တ ရ ဘာ သာ စ ကား အ များ အ ပြား နှင့် သီး ခြား ဘာ သာ စ ကား အ များ အ ပြား လည်း ထို အ ခြေ ခံ အုပ် စု များ မှ ပေါက် ပွား လာ သည် ။
လူမျိုးနှင့်ဘာသာစကားသာမဟုတ် ကိုးကွယ်သော အယူဝါဒ လည်း များလှဘိ၏။
လူ မျိုး နှင့် ဘာ သာ စ ကား သာ မ ဟုတ် ကိုး ကွယ် သော အ ယူ ဝါ ဒ လည်း များ လှ ဘိ ၏ ။
အာရှတိုက်သည် ကမ္ဘာပေါ်ရှိယဉ်ကျေး သောလူမျိုးတို့ ကိုးကွယ်သော အယူဝါဒပေါင်းစုံပေါက်ဖွားထွန်းကားရာ ဒေသလည်းဖြစ်၏။
အာ ရှ တိုက် သည် ကမ္ဘာ ပေါ် ရှိ ယဉ် ကျေး သော လူ မျိုး တို့ ကိုး ကွယ် သော အ ယူ ဝါ ဒ ပေါင်း စုံ ပေါက် ဖွား ထွန်း ကား ရာ ဒေ သ လည်း ဖြစ် ၏ ။
ကမ္ဘာအရပ်ရပ်ရှိ လူဦးရေသန်းပေါင်း ၃၅ဝ ကျော်တို့ သက်ဝင်ယုံကြည်သော အယူဝါဒကြီးတစ်ခုဖြစ်၏။
ကမ္ဘာ အ ရပ် ရပ် ရှိ လူ ဦး ရေ သန်း ပေါင်း ၃၅ ဝ ကျော် တို့ သက် ဝင် ယုံ ကြည် သော အ ယူ ဝါ ဒ ကြီး တစ် ခု ဖြစ် ၏ ။
ဘုရားပွင့်တော်မူရာ ဖြစ်သော အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာသည် ကမ္ဘာ့ဗုဒ္ဓဝါဒီ လူထု၏ အမြတ်တနိုးထားရာဒေသ ဖြစ်ခဲ့လေသည်။
ဘု ရား ပွင့် တော် မူ ရာ ဖြစ် သော အိန္ဒိ ယ နိုင် ငံ ဗုဒ္ဓ ဂါ ယာ သည် ကမ္ဘာ့ ဗုဒ္ဓ ဝါ ဒီ လူ ထု ၏ အ မြတ် တ နိုး ထား ရာ ဒေ သ ဖြစ် ခဲ့ လေ သည် ။
ဂေါတမမြတ်စွာဘုရား ပွင့်တော်မူစဉ်အခါနှင့် မရှေးမနှောင်း အိန္ဒိယနိုင်ငံ၌ ဟိန္ဒူအယူဝါဒသည် ပေါ်ထွန်း နေလေသည်။
ဂေါ တ မ မြတ် စွာ ဘု ရား ပွင့် တော် မူ စဉ် အ ခါ နှင့် မ ရှေး မ နှောင်း အိန္ဒိ ယ နိုင် ငံ ၌ ဟိန္ဒူ အ ယူ ဝါ ဒ သည် ပေါ် ထွန်း နေ လေ သည် ။
သင်္သကရိုက်ဘာသာဖြင့် ရေးသားခဲ့ကြသော ဗေဒကျမ်းကြီးတို့မှာ ခရစ်မပေါ်မီ နှစ်ပေါင်း ၂ဝဝဝ ခန့်က ရေးသာခဲ့သည်ဟု ယုံကြည်ကြသည်။
သင်္သ က ရိုက် ဘာ သာ ဖြင့် ရေး သား ခဲ့ ကြ သော ဗေ ဒ ကျမ်း ကြီး တို့ မှာ ခ ရစ် မ ပေါ် မီ နှစ် ပေါင်း ၂ ဝ ဝ ဝ ခန့် က ရေး သာ ခဲ့ သည် ဟု ယုံ ကြည် ကြ သည် ။
ယခုအခါ ဟိန္ဒူအယူဝါဒကို အိန္ဒိယနိုင်ငံ အနှံ့အပြား၌ ကိုးကွယ်ကြသည်။
ယ ခု အ ခါ ဟိန္ဒူ အ ယူ ဝါ ဒ ကို အိန္ဒိ ယ နိုင် ငံ အ နှံ့ အ ပြား ၌ ကိုး ကွယ် ကြ သည် ။
ပယ်လက်စတိုင်ပြည်ရှိ ဗက်သလီဟမ်မြို့မှာ ခရစ်တော် ဖွားမြင်ရာဖြစ်၍ ယခုထက်တိုင် ခရစ်ယာန်တို့ အမြတ်တနိုးထားလျက် ရှိ၏။
ပယ် လက် စ တိုင် ပြည် ရှိ ဗက် သ လီ ဟမ် မြို့ မှာ ခ ရစ် တော် ဖွား မြင် ရာ ဖြစ် ၍ ယ ခု ထက် တိုင် ခ ရစ် ယာန် တို့ အ မြတ် တ နိုး ထား လျက် ရှိ ၏ ။
ခရစ် ၅၇၁ ခုနှစ်တွင် မက္ကားမြို့၌ တမန်တော် မို့ဟမ္မဒ်ကို ဖွားမြင်လေသည်။
ခ ရစ် ၅၇ ၁ ခု နှစ် တွင် မက္ကား မြို့ ၌ တ မန် တော် မို့ ဟမ္မဒ် ကို ဖွား မြင် လေ သည် ။
အိန္ဒိယလူမျိုးများသည် များသောအားဖြင့် ဟိန္ဒူနှင့် အစ္စလာမ်အယူဝါဒကို လက်ခံကြ၏။
အိန္ဒိ ယ လူ မျိုး များ သည် များ သော အား ဖြင့် ဟိန္ဒူ နှင့် အစ္စ လာမ် အ ယူ ဝါ ဒ ကို လက် ခံ ကြ ၏ ။
အာရှတိုက်အနောက် တောင်ပိုင်းရှိ လူအားလုံးလိုလိုနှင့် မလ္လာယုကျွန်းဆွယ် အရှေ့အိန္ဒိယကျွန်းစုရှိ လူတို့ကား အစ္စလာမ် အယူဝါဒကို ကိုးကွယ်ကြလေသည်။
အာ ရှ တိုက် အ နောက် တောင် ပိုင်း ရှိ လူ အား လုံး လို လို နှင့် မလ္လာ ယု ကျွန်း ဆွယ် အ ရှေ့ အိန္ဒိ ယ ကျွန်း စု ရှိ လူ တို့ ကား အစ္စ လာမ် အ ယူ ဝါ ဒ ကို ကိုး ကွယ် ကြ လေ သည် ။
သီဟိုဠ်ကျွန်း၊ မြန်မာနိုင်ငံနှင့် ယိုးဒယားနိုင်ငံတို့၌ အထူးသက်ဝင် ကိုးကွယ်သောအယူဝါဒကြီး မှာ ဗုဒ္ဓအယူဝါဒဖြစ်၏။
သီ ဟိုဠ် ကျွန်း ၊ မြန် မာ နိုင် ငံ နှင့် ယိုး ဒ ယား နိုင် ငံ တို့ ၌ အ ထူး သက် ဝင် ကိုး ကွယ် သော အ ယူ ဝါ ဒ ကြီး မှာ ဗုဒ္ဓ အ ယူ ဝါ ဒ ဖြစ် ၏ ။
တရုတ်နိုင်ငံ၌မူ ကွန်ဖူးဇီးနှင့် ဗုဒ္ဓအယူ ဝါဒတို့ကို အထူး သဖြင့် ယုံကြည်ကိုးကွယ်ကြလေသည်။
တ ရုတ် နိုင် ငံ ၌ မူ ကွန် ဖူး ဇီး နှင့် ဗုဒ္ဓ အ ယူ ဝါ ဒ တို့ ကို အ ထူး သ ဖြင့် ယုံ ကြည် ကိုး ကွယ် ကြ လေ သည် ။
ထိုထင်ရှားသော အယူဝါဒကြီးများအပြင် အခြားအယူဝါဒငယ် များနှင့် နတ်ကိုးကွယ်မူများလည်း ရှိသေး၏။
ထို ထင် ရှား သော အ ယူ ဝါ ဒ ကြီး များ အ ပြင် အ ခြား အ ယူ ဝါ ဒ ငယ် များ နှင့် နတ် ကိုး ကွယ် မူ များ လည်း ရှိ သေး ၏ ။
အာရှတိုက် အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် လယ်ယာစိုက်ပျိုးခြင်းကို အကြီးအကျယ် လုပ်ကိုင်သောဌာနဖြစ်၏။
အာ ရှ တိုက် အ ရှေ့ ပိုင်း နှင့် တောင် ပိုင်း တို့ တွင် လယ် ယာ စိုက် ပျိုး ခြင်း ကို အ ကြီး အ ကျယ် လုပ် ကိုင် သော ဌာ န ဖြစ် ၏ ။
ဆန်စပါးကို အများဆုံး စိုက်ပျိုး ကြလေသည်။
ဆန် စ ပါး ကို အ များ ဆုံး စိုက် ပျိုး ကြ လေ သည် ။
အချို့ဒေသများတွင် ဆန်စပါးစိုက်ပျိုးရန် ရာသီ ဥတုအားဖြင့် သင့်တော်သော်လည်း ပင်ခြေ၌ ရေမဝပ်သော ဆင်ခြေလျှောမြေဖြစ်သဖြင့် တောင်စောင်းကို လှေကားထစ်များ သဖွယ် ပြုလုပ်၍လည်းကောင်း၊ လယ်ကွက်ပတ်လည်တွင် ဆည်တမံများ ပြုလုပ်၍လည်းကောင်း စိုက်ပျိုးကြ ရ၏။
အ ချို့ ဒေ သ များ တွင် ဆန် စ ပါး စိုက် ပျိုး ရန် ရာ သီ ဥ တု အား ဖြင့် သင့် တော် သော် လည်း ပင် ခြေ ၌ ရေ မ ဝပ် သော ဆင် ခြေ လျှော မြေ ဖြစ် သ ဖြင့် တောင် စောင်း ကို လှေ ကား ထစ် များ သ ဖွယ် ပြု လုပ် ၍ လည်း ကောင်း ၊ လယ် ကွက် ပတ် လည် တွင် ဆည် တ မံ များ ပြု လုပ် ၍ လည်း ကောင်း စိုက် ပျိုး ကြ ရ ၏ ။
သို့ရာတွင် တောင်ပိုင်းလယ်ယာလုပ်ကိုင်သူများသည် အရှေ့ပိုင်း ရှိ လယ်သမားများလောက် လယ်မြေကို ကြံဖန်ပြုပြင်၍ လုပ်ကိုင်ရန် မလိုကြချေ။
သို့ ရာ တွင် တောင် ပိုင်း လယ် ယာ လုပ် ကိုင် သူ များ သည် အ ရှေ့ ပိုင်း ရှိ လယ် သ မား များ လောက် လယ် မြေ ကို ကြံ ဖန် ပြု ပြင် ၍ လုပ် ကိုင် ရန် မ လို ကြ ချေ ။
ထိုအရပ်များမှ ဆန်စပါးအပြင် ဂျုံ၊ သကြား၊ ဝါ၊ ဂုန်လျှော်၊ သာဂူ၊ ဗာလီ၊ ပဲ အမျိုးမျိုးတို့ထွက် ၏။
ထို အ ရပ် များ မှ ဆန် စ ပါး အ ပြင် ဂျုံ ၊ သ ကြား ၊ ဝါ ၊ ဂုန် လျှော် ၊ သာ ဂူ ၊ ဗာ လီ ၊ ပဲ အ မျိုး မျိုး တို့ ထွက် ၏ ။
တရုတ်နိုင်ငံ မန်ချူးရီးယား ပြည်နယ်ရှိ အချို့လယ်သမား တို့သည် ပိုးချည်ထွက်သော ပိုးများကို မွေးမြူရန် ပိုးစာပင် များကို စိုက်ပျိုးကြ၏။
တ ရုတ် နိုင် ငံ မန် ချူး ရီး ယား ပြည် နယ် ရှိ အ ချို့ လယ် သ မား တို့ သည် ပိုး ချည် ထွက် သော ပိုး များ ကို မွေး မြူ ရန် ပိုး စာ ပင် များ ကို စိုက် ပျိုး ကြ ၏ ။
တရုတ်နိုင်ငံကြီးကား လူဦးရေလည်း များပြား လယ်ကွက်စိုက်ခင်းကလည်း ပြည့်နှက်နေရကား မြစ်ထဲတွင်ပင် လှေဖောင်ဖွဲ့၍ နေထိုင်လျက် ရှိကြရ လေသည်။
တ ရုတ် နိုင် ငံ ကြီး ကား လူ ဦး ရေ လည်း များ ပြား လယ် ကွက် စိုက် ခင်း က လည်း ပြည့် နှက် နေ ရ ကား မြစ် ထဲ တွင် ပင် လှေ ဖောင် ဖွဲ့ ၍ နေ ထိုင် လျက် ရှိ ကြ ရ လေ သည် ။
တရုတ်နိုင်ငံ၌ ဆန်စပါးစိုက်ပျိုးခြင်း၊ ပိုးထည်ရက်လုပ်ခြင်းနှင့် ကြွေထည်ဆေးရေးလုပ်ငန်းများကို ရှေးနှစ်ပေါင်းများစွာကပင် စတင်လုပ်ကိုင်လာကြသည်။
တ ရုတ် နိုင် ငံ ၌ ဆန် စ ပါး စိုက် ပျိုး ခြင်း ၊ ပိုး ထည် ရက် လုပ် ခြင်း နှင့် ကြွေ ထည် ဆေး ရေး လုပ် ငန်း များ ကို ရှေး နှစ် ပေါင်း များ စွာ က ပင် စ တင် လုပ် ကိုင် လာ ကြ သည် ။
အိန္ဒိယနိုင်ငံ အာသံပြည်နယ်၊ သီဟိုဠ်ကျွန်းနှင့် မြန်မာနိုင်ငံ တို့တွင် ရာသီဥတုအားဖြင့်လည်း ပူအိုက်၍ မိုးများစွာရရှိရကား တောင်တန်းတောင်စောင်းတစ်လျှောက်တွင် လက်ဖက်ပင်များ အကြီးအကျယ်စိုက်ပျိုး၍ နိုင်ငံခြားသို့ပင် တင်ပို့ကြ၏။
အိန္ဒိ ယ နိုင် ငံ အာ သံ ပြည် နယ် ၊ သီ ဟိုဠ် ကျွန်း နှင့် မြန် မာ နိုင် ငံ တို့ တွင် ရာ သီ ဥ တု အား ဖြင့် လည်း ပူ အိုက် ၍ မိုး များ စွာ ရ ရှိ ရ ကား တောင် တန်း တောင် စောင်း တစ် လျှောက် တွင် လက် ဖက် ပင် များ အ ကြီး အ ကျယ် စိုက် ပျိုး ၍ နိုင် ငံ ခြား သို့ ပင် တင် ပို့ ကြ ၏ ။
ထို့ပြင် နှစ်ပေါင်းတစ်ထောင်ကျော် ကြာသည့်တိုင်အောင် ပိုးမထိုး ဆွေးမြေ့ မသွားသော ကျွန်းတောကြီးများနှင့် အခြားအဖိုးတန် သစ်တောကြီးများလည်း အာရှတိုက်တွင် အလွန်ပေါများ လှ၏။
ထို့ ပြင် နှစ် ပေါင်း တစ် ထောင် ကျော် ကြာ သည့် တိုင် အောင် ပိုး မ ထိုး ဆွေး မြေ့ မ သွား သော ကျွန်း တော ကြီး များ နှင့် အ ခြား အ ဖိုး တန် သစ် တော ကြီး များ လည်း အာ ရှ တိုက် တွင် အ လွန် ပေါ များ လှ ၏ ။
မြန်မာနိုင်ငံသည် ကျွန်းသစ်အထွက် အထူးပင်ထင်ရှားလှလေ သည်။
မြန် မာ နိုင် ငံ သည် ကျွန်း သစ် အ ထွက် အ ထူး ပင် ထင် ရှား လှ လေ သည် ။
ကမ္ဘာ့အဖိုးတန်ပစ္စည်းတစ်ခု ဖြစ်သည့် ကြက်ပေါင်စေး ပင်များလည်း အာရှတိုက် မလ္လာယုကျွန်းဆွယ်မှ မြောက်မြားစွာ ထွက်လေသည်။
ကမ္ဘာ့ အ ဖိုး တန် ပစ္စည်း တစ် ခု ဖြစ် သည့် ကြက် ပေါင် စေး ပင် များ လည်း အာ ရှ တိုက် မလ္လာ ယု ကျွန်း ဆွယ် မှ မြောက် မြား စွာ ထွက် လေ သည် ။
အာရှတိုက်မြောက်ပိုင်း မြက်ခင်းများပေါရာ အရပ်၌ကား လူတို့သည် တစ်နေရာထဲတွင် အတည်တကျ မနေကြဘဲ သိုး၊ မြင်း အစရှိသော တိရစ္ဆာန်များကို မွေးမြူ၍ လှည့်လည်နေထိုင်ကြ၏။
အာ ရှ တိုက် မြောက် ပိုင်း မြက် ခင်း များ ပေါ ရာ အ ရပ် ၌ ကား လူ တို့ သည် တစ် နေ ရာ ထဲ တွင် အ တည် တ ကျ မ နေ ကြ ဘဲ သိုး ၊ မြင်း အ စ ရှိ သော တိ ရစ္ဆာန် များ ကို မွေး မြူ ၍ လှည့် လည် နေ ထိုင် ကြ ၏ ။