text
stringlengths
32
1.82k
syllable
stringlengths
35
2.28k
ထိုသားကောင်များ ရရှိလာမှ နို့အသားအရေများဖြင့်သာ မှီတင်းနေထိုင်ကြပေသည်။
ထို သား ကောင် များ ရ ရှိ လာ မှ နို့ အ သား အ ရေ များ ဖြင့် သာ မှီ တင်း နေ ထိုင် ကြ ပေ သည် ။
ယင်းသို့ တစ်နေရာတည်း၌ မနေဘဲ လှည့်လည် သွားလာတတ်သော လူမျိုးတစ်မျိုးကို အာရေဗျနိုင်ငံ၌လည်း တွေ့ရ၏။
ယင်း သို့ တစ် နေ ရာ တည်း ၌ မ နေ ဘဲ လှည့် လည် သွား လာ တတ် သော လူ မျိုး တစ် မျိုး ကို အာ ရေ ဗျ နိုင် ငံ ၌ လည်း တွေ့ ရ ၏ ။
ထိုသူတို့ကို ဗက်ဒူးအင်လူမျိုးများဟု ခေါ်သည်။
ထို သူ တို့ ကို ဗက် ဒူး အင် လူ မျိုး များ ဟု ခေါ် သည် ။
ထိုသူတို့သည် ဆိတ်နှင့်သိုး များကို မွေးမြူ၍ ထိုတိရစ္ဆာန်တို့မှရသော အသားအရေ၊ သားမွေး တို့ကို ရောင်းချခြင်းဖြင့် ကြွယ်ဝချမ်းသာလျက်ရှိ၏။
ထို သူ တို့ သည် ဆိတ် နှင့် သိုး များ ကို မွေး မြူ ၍ ထို တိ ရစ္ဆာန် တို့ မှ ရ သော အ သား အ ရေ ၊ သား မွေး တို့ ကို ရောင်း ချ ခြင်း ဖြင့် ကြွယ် ဝ ချမ်း သာ လျက် ရှိ ၏ ။
အာရှတိုက်၏ မြောက်ဘက်ဆုံးသောဒေသကား တနှစ်ပတ်လုံး ရေခဲနေသဖြင့် လယ်ယာလုပ်ကိုင်နိုင်ခြင်းမရှိဘဲ ထိုအရပ်ရှိ လူတို့သည် အမဲလိုက်ခြင်း၊ ငါးမျှားခြင်း စသည် တို့ဖြင့်သာ အသက်မွေး၍ နေထိုင်ကြ၏။
အာ ရှ တိုက် ၏ မြောက် ဘက် ဆုံး သော ဒေ သ ကား တ နှစ် ပတ် လုံး ရေ ခဲ နေ သ ဖြင့် လယ် ယာ လုပ် ကိုင် နိုင် ခြင်း မ ရှိ ဘဲ ထို အ ရပ် ရှိ လူ တို့ သည် အ မဲ လိုက် ခြင်း ၊ ငါး မျှား ခြင်း စ သည် တို့ ဖြင့် သာ အ သက် မွေး ၍ နေ ထိုင် ကြ ၏ ။
ထိုအရပ်၌ တွေ့ရှိ သော ဝင်ရိုးစွန်းဝက်ဝံများ၊ တန်းဒြ သမင်များ၊ ပင်လယ်ဖျံ များကို ဖမ်း၍ အသားကိုစားသောက်ပြီးလျှင် အရေကို နေအိမ်နှင့် အဝတ်များအတွက် အသုံးပြု၍ အဆီကို မီးထွန်းရန် ထုတ်ယူကြ၏။
ထို အ ရပ် ၌ တွေ့ ရှိ သော ဝင် ရိုး စွန်း ဝက် ဝံ များ ၊ တန်း ဒြ သ မင် များ ၊ ပင် လယ် ဖျံ များ ကို ဖမ်း ၍ အ သား ကို စား သောက် ပြီး လျှင် အ ရေ ကို နေ အိမ် နှင့် အ ဝတ် များ အ တွက် အ သုံး ပြု ၍ အ ဆီ ကို မီး ထွန်း ရန် ထုတ် ယူ ကြ ၏ ။
အာရှတိုက်သည် လယ်ယာလုပ်ကိုင်ခြင်း ထွန်းကားသော ဌာနသာဖြစ်၏။
အာ ရှ တိုက် သည် လယ် ယာ လုပ် ကိုင် ခြင်း ထွန်း ကား သော ဌာ န သာ ဖြစ် ၏ ။
စက်မှုလက်မှုလုပ်ငန်းကား ပြောပလောက် အောင် မကြီးကျယ်သေးချေ။
စက် မှု လက် မှု လုပ် ငန်း ကား ပြော ပ လောက် အောင် မ ကြီး ကျယ် သေး ချေ ။
ထိုကြောင့် အခြားတိုင်းပြည်များ သို့ တင်ပို့ရောင်းချသော ကုန် များမှာလည်း ကုန်ကြမ်းများသာ ဖြစ်၏။
ထို ကြောင့် အ ခြား တိုင်း ပြည် များ သို့ တင် ပို့ ရောင်း ချ သော ကုန် များ မှာ လည်း ကုန် ကြမ်း များ သာ ဖြစ် ၏ ။
အိန္ဒိယ၊ ဂျပန်နှင့် ရုရှနိုင်ငံတို့တွင်သာ စက်ရုံကြီးများ ဖြင့် လုပ်ကိုင် ကြသည်ကို တွေ့ရသေး၏။
အိန္ဒိ ယ ၊ ဂျ ပန် နှင့် ရု ရှ နိုင် ငံ တို့ တွင် သာ စက် ရုံ ကြီး များ ဖြင့် လုပ် ကိုင် ကြ သည် ကို တွေ့ ရ သေး ၏ ။
လွတ်လပ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ယခုအခါ စက်ရုံကြီးများ အသင့် အတင့် ဆောက်လုပ်၍ အများအပြား ထွက်ရှိစေရန် စတင်ထုပ်လုပ်လျက်ရှိပေသည်။
လွတ် လပ် သော တ ရုတ် ပြည် သူ့ သမ္မ တ နိုင် ငံ တွင် ယ ခု အ ခါ စက် ရုံ ကြီး များ အ သင့် အ တင့် ဆောက် လုပ် ၍ အ များ အ ပြား ထွက် ရှိ စေ ရန် စ တင် ထုပ် လုပ် လျက် ရှိ ပေ သည် ။
အာရှတိုက်သည် အခြားတိုက်ကြီးများနှင့်စာလျှင် သဘာဝ ဓာတ်သတ္တုများ အလွန်အထွက်နည်းသောတိုက် ဖြစ်၏။
အာ ရှ တိုက် သည် အ ခြား တိုက် ကြီး များ နှင့် စာ လျှင် သ ဘာ ဝ ဓာတ် သတ္တု များ အ လွန် အ ထွက် နည်း သော တိုက် ဖြစ် ၏ ။
များမကြာ သေးမီအချိန်မှစ၍ ဆအူးဒီအာရေဗျ နိုင်ငံ၊ ဗာရိန်းကျွန်း၊ကူဝိတ်နိုင်ငံ၊ ကော့တာနိုင်ငံ၊ အိုမန်နိုင်ငံ နှင့်အာရပ် စော်ဘွားနယ်ပေါင်းစုံနိုင်ငံတို့တွင် ရေနံအကြီးအကျယ် ထွက်ရှိနေလေသည်။
များ မ ကြာ သေး မီ အ ချိန် မှ စ ၍ ဆ အူး ဒီ အာ ရေ ဗျ နိုင် ငံ ၊ ဗာ ရိန်း ကျွန်း ၊ ကူ ဝိတ် နိုင် ငံ ၊ ကော့ တာ နိုင် ငံ ၊ အို မန် နိုင် ငံ နှင့် အာ ရပ် စော် ဘွား နယ် ပေါင်း စုံ နိုင် ငံ တို့ တွင် ရေ နံ အ ကြီး အ ကျယ် ထွက် ရှိ နေ လေ သည် ။
အိန္ဒိယ၊ မလ္လာယုကျွန်းဆွယ်၊ တရုတ်နိုင်ငံမြောက်ပိုင်း၊ မန်ချူးရီးယားပြည်နယ်၊ ကိုရီးယား နိုင်ငံနှင့်ဆိုက်ဗီးရီးယားဒေသတို့၌ကား သံ အနည်းငယ် ရရှိ၏။
အိန္ဒိ ယ ၊ မလ္လာ ယု ကျွန်း ဆွယ် ၊ တ ရုတ် နိုင် ငံ မြောက် ပိုင်း ၊ မန် ချူး ရီး ယား ပြည် နယ် ၊ ကို ရီး ယား နိုင် ငံ နှင့် ဆိုက် ဗီး ရီး ယား ဒေ သ တို့ ၌ ကား သံ အ နည်း ငယ် ရ ရှိ ၏ ။
ကျောက်မီးသွေးကိုကား အိန္ဒိယနှင့်ဂျပန်နိုင်ငံတို့၌ အများဆုံးရရှိ လေသည်။
ကျောက် မီး သွေး ကို ကား အိန္ဒိ ယ နှင့် ဂျ ပန် နိုင် ငံ တို့ ၌ အ များ ဆုံး ရ ရှိ လေ သည် ။
သို့ရာတွင် အာရှတိုက်၏တွင်းထွက်ပစ္စည်းများကား မြောက်အမေရိကတိုက်၊ ဥရောပတိုက်တို့နှင့် နှိုင်းစာလျှင် အလွန်ပင် နည်းလှပေသည်။
သို့ ရာ တွင် အာ ရှ တိုက် ၏ တွင်း ထွက် ပစ္စည်း များ ကား မြောက် အ မေ ရိ က တိုက် ၊ ဥ ရော ပ တိုက် တို့ နှင့် နှိုင်း စာ လျှင် အ လွန် ပင် နည်း လှ ပေ သည် ။
ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း စသော တွင်းထွက်ရတနာများကား အာရှတိုက်တောင်ဘက် ပိုင်းရှိ တိုင်းပြည်များမှ ရရှိလေသည်။
ပတ္တ မြား ၊ နီ လာ ၊ ကျောက် စိမ်း စ သော တွင်း ထွက် ရ တ နာ များ ကား အာ ရှ တိုက် တောင် ဘက် ပိုင်း ရှိ တိုင်း ပြည် များ မှ ရ ရှိ လေ သည် ။
ပတ္တမြား၊ နီလာနှင့် ကျောက်စိမ်းတို့ကို မြန်မာနိုင်ငံ၌အထူး တွေ့ရှိ ရသည်။
ပတ္တ မြား ၊ နီ လာ နှင့် ကျောက် စိမ်း တို့ ကို မြန် မာ နိုင် ငံ ၌ အ ထူး တွေ့ ရှိ ရ သည် ။
မည်သို့ပင်ဖြစ်စေ အာရှတိုက်သည် ကုန်ရိုင်းများ၊ ကောက်ပဲ သီးနှံ၊ ကျွန်းသစ်များ ပေါများ၍ အလုပ်သမားခ သက်သာရကား အသက်မွေးဝမ်းကျောင်းမှု ချောင်ချိလှသဖြင့် နိုင်ငံခြားတို့ လာရောက် နယ်ချဲ့ရာ ဌာနကြီးဖြစ်နေ၏၊ အာရှတိုက်တွင် ဥရောပတိုက်နိုင်ငံများမှ လာရောက်စိုးမိုးအုပ်ချုပ်သည်ကို ခံခဲ့ ရသော ပြည်ငယ်များကား အလွန်ပင် များခဲ့သည်ကို ထောက်...
မည် သို့ ပင် ဖြစ် စေ အာ ရှ တိုက် သည် ကုန် ရိုင်း များ ၊ ကောက် ပဲ သီး နှံ ၊ ကျွန်း သစ် များ ပေါ များ ၍ အ လုပ် သ မား ခ သက် သာ ရ ကား အ သက် မွေး ဝမ်း ကျောင်း မှု ချောင် ချိ လှ သ ဖြင့် နိုင် ငံ ခြား တို့ လာ ရောက် နယ် ချဲ့ ရာ ဌာ န ကြီး ဖြစ် နေ ၏ ၊ အာ ရှ တိုက် တွင် ဥ ရော ပ တိုက် နိုင် ငံ များ မှ လာ ရောက် စိုး မိုး အုပ် ချုပ် ...
သို့ရာတွင် မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ သီဟိုဠ်ကျွန်း၊ ဖိလစ်ပိုင်ကျွန်းစု၊ အင်ဒိုနီးရှားနိုင်ငံ စသော လက်အောက်ခံ တိုင်းပြည်များမှ တိုင်းရင်းသားတို့၏ နိုးကြားထကြွမှု မျိုးချစ်စိတ်ထက်သန်မှုကြောင့် တစ်ပြည်ပြီး တစ်ပြည်၊ တစ်နိုင်ငံပြီး တစ်နိုင်ငံ လွတ်လပ်ရေးရရှိလာခဲ့ရာ အာရှတိုက်သည် မကြာမီကာလအတွင်း စီးပွားရေး၊ ပညာရေး၊ နိုင်င...
သို့ ရာ တွင် မြန် မာ နိုင် ငံ ၊ အိန္ဒိ ယ နိုင် ငံ ၊ သီ ဟိုဠ် ကျွန်း ၊ ဖိ လစ် ပိုင် ကျွန်း စု ၊ အင် ဒို နီး ရှား နိုင် ငံ စ သော လက် အောက် ခံ တိုင်း ပြည် များ မှ တိုင်း ရင်း သား တို့ ၏ နိုး ကြား ထ ကြွ မှု မျိုး ချစ် စိတ် ထက် သန် မှု ကြောင့် တစ် ပြည် ပြီး တစ် ပြည် ၊ တစ် နိုင် ငံ ပြီး တစ် နိုင် ငံ လွတ် လပ် ရေး ရ ရှိ လာ ခဲ့...
မူလက လွတ်လပ်ခဲ့သော ကိုရီးယားနိုင်ငံသည် ၁၉၁ဝ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်အထိ ဂျပန်တို့ သိမ်းပိုက်ထားခြင်း ခံခဲ့ရသည်။
မူ လ က လွတ် လပ် ခဲ့ သော ကို ရီး ယား နိုင် ငံ သည် ၁၉ ၁ ဝ ပြည့် နှစ် မှ ၁၉ ၄၅ ခု နှစ် အ ထိ ဂျ ပန် တို့ သိမ်း ပိုက် ထား ခြင်း ခံ ခဲ့ ရ သည် ။
ဒုတိယကမ္ဘာစစ်အပြီးတွင် ဆိုဗီယက်တပ်များ သိမ်းပိုက် ထားသော ၃၈ ဒီဂရီ မျဉ်းပြိုင် မြောက်ဘက်နယ်မြေသည် ၁၉၄၈ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင်ကိုရီးယားဒီမိုကရက်တစ် သမ္မတနိုင်ငံ ဖြစ်လာသည်။
ဒု တိ ယ ကမ္ဘာ စစ် အ ပြီး တွင် ဆို ဗီ ယက် တပ် များ သိမ်း ပိုက် ထား သော ၃၈ ဒီ ဂ ရီ မျဉ်း ပြိုင် မြောက် ဘက် နယ် မြေ သည် ၁၉ ၄၈ ခု နှစ် စက် တင် ဘာ လ ၈ ရက် နေ့ တွင် ကို ရီး ယား ဒီ မို က ရက် တစ် သမ္မ တ နိုင် ငံ ဖြစ် လာ သည် ။
ဂျော်ဒန်နိုင်ငံမှာ ရှေးက တူရကီ လက်အောက်ခံ ဖြစ်ခဲ့ရာမှ ပထမကမ္ဘာစစ်အတွင်း အင်္ဂလိပ်တို့က သိမ်းပိုက် ယူခဲ့ပြီးနောက် ဗြိတိသျှဩဇာခံပြည်တစ်ခု ဖြစ်ခဲ့၏။
ဂျော် ဒန် နိုင် ငံ မှာ ရှေး က တူ ရ ကီ လက် အောက် ခံ ဖြစ် ခဲ့ ရာ မှ ပ ထ မ ကမ္ဘာ စစ် အ တွင်း အင်္ဂ လိပ် တို့ က သိမ်း ပိုက် ယူ ခဲ့ ပြီး နောက် ဗြိ တိ သျှ ဩ ဇာ ခံ ပြည် တစ် ခု ဖြစ် ခဲ့ ၏ ။
ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ ခုနှစ်တွင် လွတ်လပ်သော နိုင်ငံ ဖြစ်လာခဲ့လေသည်။
ဒု တိ ယ ကမ္ဘာ စစ် အ ပြီး ၁၉ ၄၆ ခု နှစ် တွင် လွတ် လပ် သော နိုင် ငံ ဖြစ် လာ ခဲ့ လေ သည် ။
ဗြိတိသျှ ကရောင်းကိုလိုနီတစ်ခုဖြစ်ခဲ့သော စင်္ကာပူသည် ၁၉၅၆ ခုနှစ် တွင် ပြည်တွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိလာခဲ့၍ ၁၉၆၃ ခုနှစ် တွင် မလေးရှား ပြည်ထောင်စုတွင် ပါဝင် ခဲ့သည်။
ဗြိ တိ သျှ က ရောင်း ကို လို နီ တစ် ခု ဖြစ် ခဲ့ သော စင်္ကာ ပူ သည် ၁၉ ၅၆ ခု နှစ် တွင် ပြည် တွင်း ကိုယ် ပိုင် အုပ် ချုပ် ခွင့် ရ ရှိ လာ ခဲ့ ၍ ၁၉ ၆၃ ခု နှစ် တွင် မ လေး ရှား ပြည် ထောင် စု တွင် ပါ ဝင် ခဲ့ သည် ။
သို့သော် ၁၉၆၅ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင်မလေးရှားပြည်ထောင်စု မှာ ခွဲထွက် ပြီးနောက် အချုပ်အခြာ အာဏာပိုင်လွတ်လပ်သော ဗြိတိသျှဓနသဟာယ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာလေသည်။
သို့ သော် ၁၉ ၆၅ ခု နှစ် ဩ ဂုတ် လ ၉ ရက် နေ့ တွင် မ လေး ရှား ပြည် ထောင် စု မှာ ခွဲ ထွက် ပြီး နောက် အ ချုပ် အ ခြာ အာ ဏာ ပိုင် လွတ် လပ် သော ဗြိ တိ သျှ ဓ န သ ဟာ ယ အ ဖွဲ့ ဝင် နိုင် ငံ ဖြစ် လာ လေ သည် ။
နောက်နှစ်တွင် ထိုနိုင်ငံ၏ လွတ်လပ်ရေးကို ဗြိတိန်နိုင်ငံက အသိအမှတ်ပြုခဲ့သည်။
နောက် နှစ် တွင် ထို နိုင် ငံ ၏ လွတ် လပ် ရေး ကို ဗြိ တိန် နိုင် ငံ က အ သိ အ မှတ် ပြု ခဲ့ သည် ။
သို့သော် ပြင်သစ်ဩဇာခံနိုင်ငံ ဖြစ်နေခဲ့သေး၍ ၁၉၄၆ ခုနှစ်တွင်မှ လွတ်လပ်သော နိုင်ငံ ဖြစ်လာခဲ့ လေသည်။
သို့ သော် ပြင် သစ် ဩ ဇာ ခံ နိုင် ငံ ဖြစ် နေ ခဲ့ သေး ၍ ၁၉ ၄၆ ခု နှစ် တွင် မှ လွတ် လပ် သော နိုင် ငံ ဖြစ် လာ ခဲ့ လေ သည် ။
ယင်း၏ အိမ်နီးချင်းနိုင်ငံ ဖြစ်သော ယေမင် အာရပ်သမ္မတနိုင်ငံသည် မူလက လွတ်လပ် ခဲ့၍ ၁၅၃၈ ခုနှစ်မှ ၁၆၃ဝ ပြည့်နှစ်အထိလည်းကောင်း၊ ၁၈၃၆ ခုနှစ်မှ ၁၉၁၈ ခုနှစ်အထိလည်းကောင်း တူရကီတို့ သိမ်းပိုက် ထားခြင်း ခံခဲ့ရသည်။
ယင်း ၏ အိမ် နီး ချင်း နိုင် ငံ ဖြစ် သော ယေ မင် အာ ရပ် သမ္မ တ နိုင် ငံ သည် မူ လ က လွတ် လပ် ခဲ့ ၍ ၁၅ ၃၈ ခု နှစ် မှ ၁၆ ၃ ဝ ပြည့် နှစ် အ ထိ လည်း ကောင်း ၊ ၁၈ ၃၆ ခု နှစ် မှ ၁၉ ၁၈ ခု နှစ် အ ထိ လည်း ကောင်း တူ ရ ကီ တို့ သိမ်း ပိုက် ထား ခြင်း ခံ ခဲ့ ရ သည် ။
ယေမင်နိုင်ငံသည် ပထမကမ္ဘာစစ်အပြီး ပြန်လည် လွတ်လပ်လာ၍ ၁၉၃၄ ခုနှစ်တွင် ဆအူးဒီအာရေဗျ၊ ဗြိတိန်တို့နှင့် ချုပ်ဆိုခဲ့သော စာချုပ်အရ အချုပ်အခြာ အာဏာ ပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရလေသည်။
ယေ မင် နိုင် ငံ သည် ပ ထ မ ကမ္ဘာ စစ် အ ပြီး ပြန် လည် လွတ် လပ် လာ ၍ ၁၉ ၃၄ ခု နှစ် တွင် ဆ အူး ဒီ အာ ရေ ဗျ ၊ ဗြိ တိန် တို့ နှင့် ချုပ် ဆို ခဲ့ သော စာ ချုပ် အ ရ အ ချုပ် အ ခြာ အာ ဏာ ပိုင် နိုင် ငံ အ ဖြစ် အ သိ အ မှတ် ပြု ခြင်း ခံ ခဲ့ ရ လေ သည် ။
ထို့အတူ ဗြိတိသျှ အစောင့်အရှောက်ခံနယ် ဖြစ်ခဲ့သော ဗာရိန်းကျွန်းသည်လည်း ၁၉၇၁ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် လွတ်လပ်သောနိုင်ငံ တစ်ခု ဖြစ်လာခဲ့သည်။
ထို့ အ တူ ဗြိ တိ သျှ အ စောင့် အ ရှောက် ခံ နယ် ဖြစ် ခဲ့ သော ဗာ ရိန်း ကျွန်း သည် လည်း ၁၉ ၇၁ ခု နှစ် ဩ ဂုတ် လ ၁၄ ရက် နေ့ တွင် လွတ် လပ် သော နိုင် ငံ တစ် ခု ဖြစ် လာ ခဲ့ သည် ။
အရေဗျကျွန်းဆွယ်အရှေ့တောင်ဘက် တွင်ရှိသော ထရူးရှဲစော်ဘွားနယ်များသည်လည်း ဗြိတိသျှ အစောင့်အရှောက်ခံနယ်များ ဖြစ်သည်။
အ ရေ ဗျ ကျွန်း ဆွယ် အ ရှေ့ တောင် ဘက် တွင် ရှိ သော ထ ရူး ရှဲ စော် ဘွား နယ် များ သည် လည်း ဗြိ တိ သျှ အ စောင့် အ ရှောက် ခံ နယ် များ ဖြစ် သည် ။
အာရပ်စော်ဘွားများ နယ်ပေါင်းစုနိုင်ငံဟု ပြောင်းလဲမှည့်ခေါ် ထား၏။
အာ ရပ် စော် ဘွား များ နယ် ပေါင်း စု နိုင် ငံ ဟု ပြောင်း လဲ မှည့် ခေါ် ထား ၏ ။
ယင်း၏ တောင်ဘက်ရှိ မတ်စကက်နှင့် အိုမန်နိုင်ငံသည်စူလတန် စော်ဘွား အုပ်စိုးသော သီးခြားနိုင်ငံတစ်ခု ဖြစ်သော်လည်း ဗြိတိသျှတို့၏ အစောင့်အရှောက်ခံ ဖြစ်ခဲ့၏။
ယင်း ၏ တောင် ဘက် ရှိ မတ် စ ကက် နှင့် အို မန် နိုင် ငံ သည် စူ လ တန် စော် ဘွား အုပ် စိုး သော သီး ခြား နိုင် ငံ တစ် ခု ဖြစ် သော် လည်း ဗြိ တိ သျှ တို့ ၏ အ စောင့် အ ရှောက် ခံ ဖြစ် ခဲ့ ၏ ။
အိန္ဒိယ နိုင်ငံသည် ၁၉၅ဝ ပြည့်နှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စုသမ္မတနိုင်ငံအဖြစ် ကြေညာခဲ့သည်။
အိန္ဒိ ယ နိုင် ငံ သည် ၁၉ ၅ ဝ ပြည့် နှစ် ဇန် န ဝါ ရီ လ ၂၆ ရက် နေ့ တွင် အ ချုပ် အ ခြာ အာ ဏာ ပိုင် ပြည် ထောင် စု သမ္မ တ နိုင် ငံ အ ဖြစ် ကြေ ညာ ခဲ့ သည် ။
ဟိမဝန္တာတောင်တန်း အရှေ့ပိုင်းတွင် တည်ရှိသော ဘူတန်နိုင်ငံသည် ဘုရင်အုပ်ချုပ် သော နိုင်ငံတစ်ခုဖြစ်သည်။
ဟိ မ ဝန္တာ တောင် တန်း အ ရှေ့ ပိုင်း တွင် တည် ရှိ သော ဘူ တန် နိုင် ငံ သည် ဘု ရင် အုပ် ချုပ် သော နိုင် ငံ တစ် ခု ဖြစ် သည် ။
သို့သော် နိုင်ငံခြားရေးရာကိစ္စများ တွင် အိန္ဒိယနိုင်ငံ၏ညွှန်ကြားမှုကို ခံယူလေသည်။
သို့ သော် နိုင် ငံ ခြား ရေး ရာ ကိစ္စ များ တွင် အိန္ဒိ ယ နိုင် ငံ ၏ ညွှန် ကြား မှု ကို ခံ ယူ လေ သည် ။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟု ခေါ်တွင်ခဲ့ သည်။
ပြည် ထောင် စု မြန် မာ နိုင် ငံ တော် ဟု ခေါ် တွင် ခဲ့ သည် ။
မော်လဒစ်ကျွန်းစုသည် မူလက သီဟိုဠ်ကျွန်း၏ ဩဇာခံ ဖြစ်ခဲ့၍ ၁၈၈၇ ခုနှစ်မှစ၍ ဗြိတိသျှတို့ အစောင့်အရှောက်ခံ နယ်ပယ်ဖြစ်လာခဲ့သည်။
မော် လ ဒစ် ကျွန်း စု သည် မူ လ က သီ ဟိုဠ် ကျွန်း ၏ ဩ ဇာ ခံ ဖြစ် ခဲ့ ၍ ၁၈ ၈၇ ခု နှစ် မှ စ ၍ ဗြိ တိ သျှ တို့ အ စောင့် အ ရှောက် ခံ နယ် ပယ် ဖြစ် လာ ခဲ့ သည် ။
အာရှအရှေ့မြောက်ပိုင်းတွင် တည်ရှိ၍ ယခင်က အပြင် မွန်ဂိုလီးယားဟုခေါ်ခဲ့သော မွန်ဂိုလီးယားပြည်သူ့ သမ္မတနိုင်ငံ သည် ရှေးက ဩဇာအာဏာကြီးမားသည့် နိုင်ငံကြီးတစ်ခုဖြစ်ခဲ့ ရာမှ နောင်အခါ တန်ခိုးမှေးမှိန် လာ၍ တရုတ်နိုင်ငံ၏ ဩဇာ လွှမ်းမိုးမှုအောက်တွင် ကျရောက်ခဲ့ရလေသည်။
အာ ရှ အ ရှေ့ မြောက် ပိုင်း တွင် တည် ရှိ ၍ ယ ခင် က အ ပြင် မွန် ဂို လီး ယား ဟု ခေါ် ခဲ့ သော မွန် ဂို လီး ယား ပြည် သူ့ သမ္မ တ နိုင် ငံ သည် ရှေး က ဩ ဇာ အာ ဏာ ကြီး မား သည့် နိုင် ငံ ကြီး တစ် ခု ဖြစ် ခဲ့ ရာ မှ နောင် အ ခါ တန် ခိုး မှေး မှိန် လာ ၍ တ ရုတ် နိုင် ငံ ၏ ဩ ဇာ လွှမ်း မိုး မှု အောက် တွင် ကျ ရောက် ခဲ့ ရ လေ သည် ။
တရုတ်နိုင်ငံကလည်း ၁၉၄၅ ခုနှစ်တွင် လွတ်လပ်သောနိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့သည်။
တ ရုတ် နိုင် ငံ က လည်း ၁၉ ၄၅ ခု နှစ် တွင် လွတ် လပ် သော နိုင် ငံ အ ဖြစ် အ သိ အ မှတ် ပြု ခဲ့ သည် ။
ဗြိတိသျှတို့ နှစ်ပေါင်းများစွာ ကြီးစိုးလွှမ်းမိုးလာခဲ့သော မလ္လာယုကျွန်းဆွယ်တွင် မလ္လာယုပြည်ထောင်စု ဟူ၍ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွဲ့စည်းခဲ့၏။
ဗြိ တိ သျှ တို့ နှစ် ပေါင်း များ စွာ ကြီး စိုး လွှမ်း မိုး လာ ခဲ့ သော မလ္လာ ယု ကျွန်း ဆွယ် တွင် မလ္လာ ယု ပြည် ထောင် စု ဟူ ၍ ၁၉ ၄၈ ခု နှစ် ဖေ ဖော် ဝါ ရီ လ တွင် ဖွဲ့ စည်း ခဲ့ ၏ ။
ထိုနောက် ၁၉၅၇ ခုနှစ်တွင် မလ္လာယုပြည်ထောင်စုသည် ဗြိတိသျှဓနသဟာယ အဖွဲ့ဝင် အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့သည်။
ထို နောက် ၁၉ ၅၇ ခု နှစ် တွင် မလ္လာ ယု ပြည် ထောင် စု သည် ဗြိ တိ သျှ ဓ န သ ဟာ ယ အ ဖွဲ့ ဝင် အ ချုပ် အ ခြာ အာ ဏာ ပိုင် နိုင် ငံ ဖြစ် လာ ခဲ့ သည် ။
သို့သော် ၁၉၆၅ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် စင်ကာပူသည် မလေးရှား ပြည်ထောင်စုမှ ခွဲထွက်လိုက်လေသည်။
သို့ သော် ၁၉ ၆၅ ခု နှစ် ဩ ဂုတ် လ ၉ ရက် နေ့ တွင် စင် ကာ ပူ သည် မ လေး ရှား ပြည် ထောင် စု မှ ခွဲ ထွက် လိုက် လေ သည် ။
သို့သော် ၁၉၅၈ ခုနှစ်မှအစပြု၍ သမ္မတနိုင်ငံတစ်ခု ဖြစ်လာခဲ့လေသည်။
သို့ သော် ၁၉ ၅၈ ခု နှစ် မှ အ စ ပြု ၍ သမ္မ တ နိုင် ငံ တစ် ခု ဖြစ် လာ ခဲ့ လေ သည် ။
ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဂျပန်တို့ ကြီးစိုးလွှမ်းမိုးခြင်း ခံခဲ့ရပြီးနောက် ဒေါက်တာဆိုကာနိုနှင့် ဒေါက်တာဟာတာတို့ ခေါင်းဆောင်ကာ တော်လှန်ပုန်ကန်ခဲ့၍ ၁၉၄၅ ခုနှစ် ဩဂုတ် လ ၁၇ ရက်နေ့တွင် သမ္မတနိုင်ငံအဖြစ် ကြေညာခဲ့၏။
ဒု တိ ယ ကမ္ဘာ စစ် အ တွင်း ၁၉ ၄၂ ခု နှစ် မှ ၁၉ ၄၅ ခု နှစ် အ ထိ ဂျ ပန် တို့ ကြီး စိုး လွှမ်း မိုး ခြင်း ခံ ခဲ့ ရ ပြီး နောက် ဒေါက် တာ ဆို ကာ နို နှင့် ဒေါက် တာ ဟာ တာ တို့ ခေါင်း ဆောင် ကာ တော် လှန် ပုန် ကန် ခဲ့ ၍ ၁၉ ၄၅ ခု နှစ် ဩ ဂုတ် လ ၁၇ ရက် နေ့ တွင် သမ္မ တ နိုင် ငံ အ ဖြစ် ကြေ ညာ ခဲ့ ၏ ။
ပြင်သစ် တို့သည် ၁၉၂၆ ခုနှစ်တွင် ယခု လက်ဗနွန်နိုင်ငံ နယ်နမိတ်ကို သတ်မှတ်ပြီးလျှင် သမ္မတအုပ်ချုပ်ရေးစနစ် လက်ခံသည့် အခြေခံဥပဒေတစ်ရပ်ကို သတ်မှတ်ပြီးလျှင် သမ္မတအုပ်ချုပ်ရေး စနစ် လက်ခံသည့် အခြေခံဥပဒေသစ်တစ်ရပ်ကို ပေးခဲ့၍ အယူဝါဒီဆိုင်ရာအုပ်စုများဖြင့် အုပ်ချုပ်ရေးစနစ်ကိုလည်း အတည်ပြုခဲ့သည်။
ပြင် သစ် တို့ သည် ၁၉ ၂၆ ခု နှစ် တွင် ယ ခု လက် ဗ နွန် နိုင် ငံ နယ် န မိတ် ကို သတ် မှတ် ပြီး လျှင် သမ္မ တ အုပ် ချုပ် ရေး စ နစ် လက် ခံ သည့် အ ခြေ ခံ ဥ ပ ဒေ တစ် ရပ် ကို သတ် မှတ် ပြီး လျှင် သမ္မ တ အုပ် ချုပ် ရေး စ နစ် လက် ခံ သည့် အ ခြေ ခံ ဥ ပ ဒေ သစ် တစ် ရပ် ကို ပေး ခဲ့ ၍ အ ယူ ဝါ ဒီ ဆိုင် ရာ အုပ် စု များ ဖြင့် အုပ် ချုပ် ရေး...
ထို့နောက် အသုံးချစိုင်းယန့်စ် ကိုင်းကဏ္ဍများ၌ အတတ်၊ စသည်တို့ ဖွံ့ဖြိုးရေးအတွက် ရူပဗေဒမှ သိရှိချက်များကို အလျဉ်းသင့်သလို အသုံးပြုကြ၏။
ထို့ နောက် အ သုံး ချ စိုင်း ယ န့်စ် ကိုင်း ကဏ္ဍ များ ၌ အ တတ် ၊ စ သည် တို့ ဖွံ့ ဖြိုး ရေး အ တွက် ရူ ပ ဗေ ဒ မှ သိ ရှိ ချက် များ ကို အ လျဉ်း သင့် သ လို အ သုံး ပြု ကြ ၏ ။
ရူပဗေဒ တိုးတက်မှုကို ပိုင်းဆိုင်ရာ တို့တွင် တိုက်ရိုက် တွေ့နိုင်သလို၊ တခါတရံ အခြား ဘာသာရပ်များသို့ ပြန့်နှံ့ရာတွင် သင်္ချာ နှင့် ဖီလိုဆိုဖီ တို့တွင်ပါ ပြန့်နှံ့သွားတက်သည်။
ရူ ပ ဗေ ဒ တိုး တက် မှု ကို ပိုင်း ဆိုင် ရာ တို့ တွင် တိုက် ရိုက် တွေ့ နိုင် သ လို ၊ တ ခါ တ ရံ အ ခြား ဘာ သာ ရပ် များ သို့ ပြန့် နှံ့ ရာ တွင် သင်္ချာ နှင့် ဖီ လို ဆို ဖီ တို့ တွင် ပါ ပြန့် နှံ့ သွား တက် သည် ။
ယနေ့ခေတ်တွင် ရူပဗေဒသည် အလွန်ကျယ်ပြန့်ပြီး အဆင့်မြင့်သော ဘာသာရပ် ဖြစ်ကာ လက်တွေ့ကျကျ လေ့လာရာတွင် ဂိုဏ်းကွဲ များစွာရှိသည်။
ယ နေ့ ခေတ် တွင် ရူ ပ ဗေ ဒ သည် အ လွန် ကျယ် ပြန့် ပြီး အ ဆင့် မြင့် သော ဘာ သာ ရပ် ဖြစ် ကာ လက် တွေ့ ကျ ကျ လေ့ လာ ရာ တွင် ဂိုဏ်း ကွဲ များ စွာ ရှိ သည် ။
လွန်ခဲ့သော ရာစုနှစ် လေးခု လောက်ကတည်းက အလွန် တိုးတက်လာခဲ့သော်လည်း သဘာဝ ဖြစ်ရပ်များစွာကို အဖြေမပေးနိုင်သေးပဲ ရူပဗေဒသည် သွက်သွက်လက်လက် လှုပ်ရှားလျက် ရှိသည်။
လွန် ခဲ့ သော ရာ စု နှစ် လေး ခု လောက် က တည်း က အ လွန် တိုး တက် လာ ခဲ့ သော် လည်း သ ဘာ ဝ ဖြစ် ရပ် များ စွာ ကို အ ဖြေ မ ပေး နိုင် သေး ပဲ ရူ ပ ဗေ ဒ သည် သွက် သွက် လက် လက် လှုပ် ရှား လျက် ရှိ သည် ။
အစရှိသဖြင့် ကဏ္ဍခွဲ မြောက်မြားစွာ ပါဝင်ပေမည်။
အ စ ရှိ သ ဖြင့် ကဏ္ဍ ခွဲ မြောက် မြား စွာ ပါ ဝင် ပေ မည် ။
စာရေးသားခြင်းကို တီထွင်ပြီးသည့်နောက်တွင် သမိုင်းပေါ်ပေါက်လာခဲ့သည်ဟုလည်း ဆိုနိုင်သည်။
စာ ရေး သား ခြင်း ကို တီ ထွင် ပြီး သည့် နောက် တွင် သ မိုင်း ပေါ် ပေါက် လာ ခဲ့ သည် ဟု လည်း ဆို နိုင် သည် ။
သမိုင်းကို ရေးသားသော ပညာရှင်များကို သမိုင်းပညာရှင်ဟု ခေါ်ဆိုလေ့ရှိကြသည်။
သ မိုင်း ကို ရေး သား သော ပ ညာ ရှင် များ ကို သ မိုင်း ပ ညာ ရှင် ဟု ခေါ် ဆို လေ့ ရှိ ကြ သည် ။
သမိုင်းပညာရှင်များသည် သမိုင်း၏ သဘောသဘာဝ နှင့် အသုံးဝင်မှုတို့ကို ငြင်းခုံလေ့ ရှိကြသည်။
သ မိုင်း ပ ညာ ရှင် များ သည် သ မိုင်း ၏ သ ဘော သ ဘာ ဝ နှင့် အ သုံး ဝင် မှု တို့ ကို ငြင်း ခုံ လေ့ ရှိ ကြ သည် ။
သမိုင်းဟူသည်မှာ အတိတ်ကဖြစ်ရပ်များကိုလေ့လာမှတ်ကျောက်တင်ထားသောစာကိုဆိုလိုသည်။
သ မိုင်း ဟူ သည် မှာ အ တိတ် က ဖြစ် ရပ် များ ကို လေ့ လာ မှတ် ကျောက် တင် ထား သော စာ ကို ဆို လို သည် ။
အချို့ကလည်း သမိုင်းသည်သံပိုင်းနှင့်သဘောချင်းတူပြီးလျှင် သံပိုင်းမှသမ္ပိုင်း၊ သမိုင်းဖြစ်လာသည်ဟုဆိုကြသည်။
အ ချို့ က လည်း သ မိုင်း သည် သံ ပိုင်း နှင့် သ ဘော ချင်း တူ ပြီး လျှင် သံ ပိုင်း မှ သမ္ပိုင်း ၊ သ မိုင်း ဖြစ် လာ သည် ဟု ဆို ကြ သည် ။
စကားပြေဖြင့်ရေးသားထားသော သမိုင်းများအကြောင်းကို အထူးမရေးသားတော့ဘဲ လင်္ကာစပ်ဆိုထားသောသမိုင်းရေးသားနည်းကိုဖော်ပြပေအံ့။
စ ကား ပြေ ဖြင့် ရေး သား ထား သော သ မိုင်း များ အ ကြောင်း ကို အ ထူး မ ရေး သား တော့ ဘဲ လင်္ကာ စပ် ဆို ထား သော သ မိုင်း ရေး သား နည်း ကို ဖော် ပြ ပေ အံ့ ။
သမိုင်းဟူသည့်ပုဒ်ကိုလင်္ကာ၏ အလယ်၌သမိုင်းမှန်းသိအောင်ထည့်သွင်းစပ်ဆိုသည်လည်းရှိသည်။
သ မိုင်း ဟူ သည့် ပုဒ် ကို လင်္ကာ ၏ အ လယ် ၌ သ မိုင်း မှန်း သိ အောင် ထည့် သွင်း စပ် ဆို သည် လည်း ရှိ သည် ။
အချို့သမိုင်းလင်္ကာစာကိုယ်များ၌မူ သမိုင်းဟူသောစာပုဒ်လုံးဝ မပါပဲလည်းရှိတတ်သည်။
အ ချို့ သ မိုင်း လင်္ကာ စာ ကိုယ် များ ၌ မူ သ မိုင်း ဟူ သော စာ ပုဒ် လုံး ဝ မ ပါ ပဲ လည်း ရှိ တတ် သည် ။
ဖြစ်စဉ်သမိုင်းကမူ ရွှံ့အိုင်အတွင်း၌ အနားယူနေသော ပတ္တမြား ရတနာသဖွယ် ဖြစ်ရာသည်။
ဖြစ် စဉ် သ မိုင်း က မူ ရွှံ့ အိုင် အ တွင်း ၌ အ နား ယူ နေ သော ပတ္တ မြား ရ တ နာ သ ဖွယ် ဖြစ် ရာ သည် ။
သမိုင်းကို ပါဠိဘာသာမှ ဆင်းသက်သည်ဟု ဆိုသူတို့က သမုတိ ဟူသော ပုဒ်မှလည်းကောင်း၊ သမ္မုတိ ဟူသော ပုဒ်မှလည်းကောင်း ဖြစ်သည်ဟု ဆို၏။
သ မိုင်း ကို ပါ ဠိ ဘာ သာ မှ ဆင်း သက် သည် ဟု ဆို သူ တို့ က သ မု တိ ဟူ သော ပုဒ် မှ လည်း ကောင်း ၊ သမ္မု တိ ဟူ သော ပုဒ် မှ လည်း ကောင်း ဖြစ် သည် ဟု ဆို ၏ ။
သို့သော် သမိုင်းကို ပါဠိဘာသာမှ ဆင်းသက်ခြင်း မဟုတ်ဟု ယူဆကာ ပါဠိပညာရှင်များက သမုတိ၊ သမ္မုတိ များဖြင့် အဓိပ္ပာယ် မဖော်လိုကြပေ။
သို့ သော် သ မိုင်း ကို ပါ ဠိ ဘာ သာ မှ ဆင်း သက် ခြင်း မ ဟုတ် ဟု ယူ ဆ ကာ ပါ ဠိ ပ ညာ ရှင် များ က သ မု တိ ၊ သမ္မု တိ များ ဖြင့် အ ဓိပ္ပာယ် မ ဖော် လို ကြ ပေ ။
နာမည်ကျော် ပါဠိသက် အဘိဓာန်များကလည်း ယင်းကို လျစ်လျူရှုခဲ့ကြသည်။
နာ မည် ကျော် ပါ ဠိ သက် အ ဘိ ဓာန် များ က လည်း ယင်း ကို လျစ် လျူ ရှု ခဲ့ ကြ သည် ။
ဘုရားသမိုင်း၊ ကျောင်းသမိုင်း၊ မြို့သမိုင်း၊ ရွာသမိုင်း၊ လူ့သမိုင်း၊ အဖွဲ့အစည်းသမိုင်း၊ အသင်းအပင်းသမိုင်း၊ စာပေသမိုင်း စသည့် အဆောက်အအုံ မြို့ရွာ အရာဝတ္ထု အစုအစည်း အားလုံး၏ သိမှတ်ဖွယ်ရာ ရှေးအစူအစဉ်များပင် ဖြစ်ကြောင်း ထင်ရှားလှပါသည်။
ဘု ရား သ မိုင်း ၊ ကျောင်း သ မိုင်း ၊ မြို့ သ မိုင်း ၊ ရွာ သ မိုင်း ၊ လူ့ သ မိုင်း ၊ အ ဖွဲ့ အ စည်း သ မိုင်း ၊ အ သင်း အ ပင်း သ မိုင်း ၊ စာ ပေ သ မိုင်း စ သည့် အ ဆောက် အ အုံ မြို့ ရွာ အ ရာ ဝတ္ထု အ စု အ စည်း အား လုံး ၏ သိ မှတ် ဖွယ် ရာ ရှေး အ စူ အ စဉ် များ ပင် ဖြစ် ကြောင်း ထင် ရှား လှ ပါ သည် ။
ထို့ကြောင့် မြန်မာနိုင်ငံတွင် သမိုင်းဟူသည် မြန်မာစာပေ၌ အရေးကြီးသော အပိုင်းတစ်ပိုင်းအဖြစ် ပါဝင်လာရသည်။
ထို့ ကြောင့် မြန် မာ နိုင် ငံ တွင် သ မိုင်း ဟူ သည် မြန် မာ စာ ပေ ၌ အ ရေး ကြီး သော အ ပိုင်း တစ် ပိုင်း အ ဖြစ် ပါ ဝင် လာ ရ သည် ။
မြန်မာစာပေအတွင်းမှ သမိုင်းဟူသည်ကို နုတ်လိုက်လျှင် လက်ကျန်အနည်းငယ်မျှသာ ကြွင်းကျန်လိမ့်မည်ဟု ယူဆရပေသည်။
မြန် မာ စာ ပေ အ တွင်း မှ သ မိုင်း ဟူ သည် ကို နုတ် လိုက် လျှင် လက် ကျန် အ နည်း ငယ် မျှ သာ ကြွင်း ကျန် လိမ့် မည် ဟု ယူ ဆ ရ ပေ သည် ။
သမိုင်းကိုလည်း မြန်မာစာပေမှ အဆီညှစ်၍ အနှစ်ကို ထုတ်ကာ ရွေးကောက်ရသည် ဖြစ်ရာ စာပေနှင့် သမိုင်းသည် မကင်းရာ မကင်းကြောင်းပင် ဖြစ်သည်။
သ မိုင်း ကို လည်း မြန် မာ စာ ပေ မှ အ ဆီ ညှစ် ၍ အ နှစ် ကို ထုတ် ကာ ရွေး ကောက် ရ သည် ဖြစ် ရာ စာ ပေ နှင့် သ မိုင်း သည် မ ကင်း ရာ မ ကင်း ကြောင်း ပင် ဖြစ် သည် ။
သမိုင်းမဝင်၍ စာမတင်ခဲ့သလို၊ စာမတင်ခဲ့၍လည်း သမိုင်းဟူ၍ မဝင် မဖြစ်ပေါ်သည်လည်း ရှိသည်။
သ မိုင်း မ ဝင် ၍ စာ မ တင် ခဲ့ သ လို ၊ စာ မ တင် ခဲ့ ၍ လည်း သ မိုင်း ဟူ ၍ မ ဝင် မ ဖြစ် ပေါ် သည် လည်း ရှိ သည် ။
သမိုင်းဝင်ပါလျက် စာမတင်၍လည်း သမိုင်းအစပျောက်ကာ နောက်လူတို့ မသိမမြင်ကြရသည်ကလည်း ရှိပေသည်။
သ မိုင်း ဝင် ပါ လျက် စာ မ တင် ၍ လည်း သ မိုင်း အ စ ပျောက် ကာ နောက် လူ တို့ မ သိ မ မြင် ကြ ရ သည် က လည်း ရှိ ပေ သည် ။
အမှန်အားဖြင့်ဆိုသော် ဤအချက်က ပို၍များ၏။
အ မှန် အား ဖြင့် ဆို သော် ဤ အ ချက် က ပို ၍ များ ၏ ။
စာမတင်ခဲ့ရ၍ သမိုင်းမဖြစ်ခဲ့ရသည်မှာ မြန်မာနိုင်ငံတွင် ဒုနှင့်ဒေး အများအပြားဖြစ်၏။
စာ မ တင် ခဲ့ ရ ၍ သ မိုင်း မ ဖြစ် ခဲ့ ရ သည် မှာ မြန် မာ နိုင် ငံ တွင် ဒု နှင့် ဒေး အ များ အ ပြား ဖြစ် ၏ ။
ပျူတို့နောက်တွင် ပထမဆုံးမြန်မာဘုရင့်နိုင်ငံကို တည်ထောင်နိုင်ခြင်းဖြစ်သည်။
ပျူ တို့ နောက် တွင် ပ ထ မ ဆုံး မြန် မာ ဘု ရင့် နိုင် ငံ ကို တည် ထောင် နိုင် ခြင်း ဖြစ် သည် ။
ပုဂံခေတ်ကို မြန်မာအစိုးရက ပထမမြန်မာနိုင်ငံတော်အဖြစ် သတ်မှတ်ထားသည်။
ပု ဂံ ခေတ် ကို မြန် မာ အ စိုး ရ က ပ ထ မ မြန် မာ နိုင် ငံ တော် အ ဖြစ် သတ် မှတ် ထား သည် ။
ပုဂံပြည်နှင့်ခမာအင်ပါယာတို့သည် ခေတ်ပြိုင်အင်အားကြီးအင်ပါယာများဖြစ်သည်။
ပု ဂံ ပြည် နှင့် ခ မာ အင် ပါ ယာ တို့ သည် ခေတ် ပြိုင် အင် အား ကြီး အင် ပါ ယာ များ ဖြစ် သည် ။
သို့သော် ၎င်းအလွန်တွင်နန်းတက်သည့် မင်း၏ အရည်အချင်းညံ့ဖျင်းမှုများကြောင့် တိုင်းပြည်ပြိုကွဲလုနီးနီး အန္တရာယ်ကျရောက်ခဲ့ပြီး ၎င်းလည်း ရန်သူ့လက်ချက်ဖြင့် အနိစ္စရောက်ရသည်။
သို့ သော် ၎င်း အ လွန် တွင် နန်း တက် သည့် မင်း ၏ အ ရည် အ ချင်း ညံ့ ဖျင်း မှု များ ကြောင့် တိုင်း ပြည် ပြို ကွဲ လု နီး နီး အန္တ ရာယ် ကျ ရောက် ခဲ့ ပြီး ၎င်း လည်း ရန် သူ့ လက် ချက် ဖြင့် အ နိစ္စ ရောက် ရ သည် ။
နောက်ဆုံး အေဒီ ၁၂၈၇ ခေါ် မင်းခွေးချေးခေါ်တရုတ်ပြေးမင်း လက်ထက်တွင် တို့၏ စစ်ရန်ကြောင့် ပုဂံမှာ ပျက်စီးခဲ့သည်။
နောက် ဆုံး အေ ဒီ ၁၂ ၈၇ ခေါ် မင်း ခွေး ချေး ခေါ် တ ရုတ် ပြေး မင်း လက် ထက် တွင် တို့ ၏ စစ် ရန် ကြောင့် ပု ဂံ မှာ ပျက် စီး ခဲ့ သည် ။
မွန်ဂိုတို့ မြန်မာနိုင်ငံမှ တပ်ပြန်ရုပ်သိမ်းအပြီး နန်းတက်ကြသည့် ၊ ၊ တို့မှာ ရှမ်းညီနောင်သုံးဦး လက်အောက်ခံပုဂံမင်းဟုသာ အသိအမှတ်ပြုခံရပြီး အမှန်တကယ်တွင် ဩဇာရှိကြသည်မှာ ဖြစ်သည့် အသင်္ခယာ၊ ရာဇသင်္ကြံ၊ တို့ဖြစ်ကြသည်။
မွန် ဂို တို့ မြန် မာ နိုင် ငံ မှ တပ် ပြန် ရုပ် သိမ်း အ ပြီး နန်း တက် ကြ သည့် ၊ ၊ တို့ မှာ ရှမ်း ညီ နောင် သုံး ဦး လက် အောက် ခံ ပု ဂံ မင်း ဟု သာ အ သိ အ မှတ် ပြု ခံ ရ ပြီး အ မှန် တ ကယ် တွင် ဩ ဇာ ရှိ ကြ သည် မှာ ဖြစ် သည့် အ သင်္ခ ယာ ၊ ရာ ဇ သင်္ကြံ ၊ တို့ ဖြစ် ကြ သည် ။
ပုဂံခေတ်ပျက်သုဉ်းရခြင်း၏ အကြောင်းအရင်းမှာ မင်းများညံ့ဖျင်းခြင်း၊ မွန်ဂိုတို့၏ ရန်စစ်ကိုခံရခြင်းအပြင် မြောက်ဘက်နှင့် အရှေ့ဘက်တစ်လွှားတို့မှ များ အလယ်ပိုင်းမြေပြန့်ဒေသများအတွင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်နေရာယူလာခြင်းတို့ကြောင့်လည်း ဖြစ်သည်ဟု သမိုင်းပညာရှင်တချို့က သုံးသပ်ကြသည်။
ပု ဂံ ခေတ် ပျက် သုဉ်း ရ ခြင်း ၏ အ ကြောင်း အ ရင်း မှာ မင်း များ ညံ့ ဖျင်း ခြင်း ၊ မွန် ဂို တို့ ၏ ရန် စစ် ကို ခံ ရ ခြင်း အ ပြင် မြောက် ဘက် နှင့် အ ရှေ့ ဘက် တစ် လွှား တို့ မှ များ အ လယ် ပိုင်း မြေ ပြန့် ဒေ သ များ အ တွင်း သို့ အ လုံး အ ရင်း ဖြင့် ဝင် ရောက် နေ ရာ ယူ လာ ခြင်း တို့ ကြောင့် လည်း ဖြစ် သည် ဟု သ မိုင်း ပ ညာ ရှင်...
ပါးစပ်ရာဇဝင်များအရ ပုဂံမင်းဆက်သည် ပျဉ်ပြားမင်းကစခဲ့သည်၊ ၅၅ ဆက်ရှိသည်ဟု ဆိုသော်လည်းသမိုင်းမှတ်တမ်းများကို ခိုင်မာသည်ဟုယူဆရသော ကာလမှစကာ နန်းတက်သည့် ပုဂံမင်းဆက်မှာ အောက်ပါအတိုင်းဖြစ်သည်။
ပါး စပ် ရာ ဇ ဝင် များ အ ရ ပု ဂံ မင်း ဆက် သည် ပျဉ် ပြား မင်း က စ ခဲ့ သည် ၊ ၅၅ ဆက် ရှိ သည် ဟု ဆို သော် လည်း သ မိုင်း မှတ် တမ်း များ ကို ခိုင် မာ သည် ဟု ယူ ဆ ရ သော ကာ လ မှ စ ကာ နန်း တက် သည့် ပု ဂံ မင်း ဆက် မှာ အောက် ပါ အ တိုင်း ဖြစ် သည် ။
ကန္တရစ်ကျမ်းများကို သက္ကတဘာသာနှင့် ရေးသားထားခဲ့၍ တန်ခိုးဣဋိပါဒ်နှင့် ဆိုင်သော ၊ ၊ များကို အသုံးပြုခဲ့ကြသည်။
ကန္တ ရစ် ကျမ်း များ ကို သက္က တ ဘာ သာ နှင့် ရေး သား ထား ခဲ့ ၍ တန် ခိုး ဣ ဋိ ပါဒ် နှင့် ဆိုင် သော ၊ ၊ များ ကို အ သုံး ပြု ခဲ့ ကြ သည် ။
လက်ထက်မတိုင်မီက တွင် ကိုးကွယ်မှု၊ ကိုးကွယ်မှု၊ ကိုးကွယ်မှုတို့အပြင် တန္တရအယူဝါဒသည်လည်း ထင်ရှားသော အယူဝါဒဖြစ်သည်။
လက် ထက် မ တိုင် မီ က တွင် ကိုး ကွယ် မှု ၊ ကိုး ကွယ် မှု ၊ ကိုး ကွယ် မှု တို့ အ ပြင် တန္တ ရ အ ယူ ဝါ ဒ သည် လည်း ထင် ရှား သော အ ယူ ဝါ ဒ ဖြစ် သည် ။
မိမိတို့ကို အကျိုးပေးသောအရာ၊ မိမိတို့ ကြောက်ရွံ့ရသောအရာ၊ မိမိတို့ ချစ်ခင်မြတ်နိုးသောအရာ အစရှိသည်တို့ကို ကိုးကွယ်ရာအဖြစ်မှတ်ယူ ကိုးကွယ်ကြခြင်းကို တျံတြစ်အယူဝါဒ ဟုခေါ်သည်။
မိ မိ တို့ ကို အ ကျိုး ပေး သော အ ရာ ၊ မိ မိ တို့ ကြောက် ရွံ့ ရ သော အ ရာ ၊ မိ မိ တို့ ချစ် ခင် မြတ် နိုး သော အ ရာ အ စ ရှိ သည် တို့ ကို ကိုး ကွယ် ရာ အ ဖြစ် မှတ် ယူ ကိုး ကွယ် ကြ ခြင်း ကို တျံ တြစ် အ ယူ ဝါ ဒ ဟု ခေါ် သည် ။
ထို့အပြင်လူတို့သည် ၎င်းတို့အား အစာရေစာပေးသော တောတောင်တို့ကိုလည်း ကိုးကွယ်ရာအဖြစ်မှတ်ယူကိုးကွယ်လေ့ရှိကြသည်။
ထို့ အ ပြင် လူ တို့ သည် ၎င်း တို့ အား အ စာ ရေ စာ ပေး သော တော တောင် တို့ ကို လည်း ကိုး ကွယ် ရာ အ ဖြစ် မှတ် ယူ ကိုး ကွယ် လေ့ ရှိ ကြ သည် ။
အနော်ရထာမင်း နန်းတက်သောအခါတွင် ထိုနတ်ရုပ်အားလုံးကို ဘုရင့်အာဏာဖြင့် သိမ်းဆည်း၍ ပုဂံရှိ အတွင်း၌ ချုပ်လှောင်ထားခဲ့သည်ဟု အဆိုရှိကြသည်။
အ နော် ရ ထာ မင်း နန်း တက် သော အ ခါ တွင် ထို နတ် ရုပ် အား လုံး ကို ဘု ရင့် အာ ဏာ ဖြင့် သိမ်း ဆည်း ၍ ပု ဂံ ရှိ အ တွင်း ၌ ချုပ် လှောင် ထား ခဲ့ သည် ဟု အ ဆို ရှိ ကြ သည် ။
သို့သော် မြန်မာ့သမိုင်းပညာရှင် ဒေါက်တာ က အနော်ရထာသည် မည်သည့်အခါမှ အာဏာအသုံးပြု၍ သာသနာပြုခဲ့သူ မဟုတ်ဟု ဆိုခဲ့ဖူးသဖြင့် ထိုအဆိုမှန်ကန်ကြောင်းကို အတည်ပြုရန် ခဲယဉ်းသည်။
သို့ သော် မြန် မာ့ သ မိုင်း ပ ညာ ရှင် ဒေါက် တာ က အ နော် ရ ထာ သည် မည် သည့် အ ခါ မှ အာ ဏာ အ သုံး ပြု ၍ သာ သ နာ ပြု ခဲ့ သူ မ ဟုတ် ဟု ဆို ခဲ့ ဖူး သ ဖြင့် ထို အ ဆို မှန် ကန် ကြောင်း ကို အ တည် ပြု ရန် ခဲ ယဉ်း သည် ။
ကုန်းဘောင်အင်ပါယာသည် အစောပိုင်းကာလတွင် ၊ တို့နှင့် ဖြစ်ပွားသောစစ်ပွဲများတွင် အောင်နိုင်ခဲ့သော်လည်း ကိုလိုနီအင်ပါယာများ၏ ရေရှည် ရည်မှန်းချက်နှင့် ဗျူဟာများကို ကောင်းစွာအကဲမဖြတ်နိုင်ခဲ့မှုကြောင့် တို့နှင့်စစ်သုံးကြိမ်ထိဖြစ်ပွားကာ နောက်ဆုံးတွင် ၏ ပြည်နယ်အဖြစ် အတွင်းသို့ တိုင်းပြည်သမိုင်းတလျှောက်လုံးတွင် ပထမဆုံးအကြိမ်သွတ်သ...
ကုန်း ဘောင် အင် ပါ ယာ သည် အ စော ပိုင်း ကာ လ တွင် ၊ တို့ နှင့် ဖြစ် ပွား သော စစ် ပွဲ များ တွင် အောင် နိုင် ခဲ့ သော် လည်း ကို လို နီ အင် ပါ ယာ များ ၏ ရေ ရှည် ရည် မှန်း ချက် နှင့် ဗျူ ဟာ များ ကို ကောင်း စွာ အ ကဲ မ ဖြတ် နိုင် ခဲ့ မှု ကြောင့် တို့ နှင့် စစ် သုံး ကြိမ် ထိ ဖြစ် ပွား ကာ နောက် ဆုံး တွင် ၏ ပြည် နယ် အ ဖြစ် အ တွင်...
သီပေါမင်း နန်းကျသည်အထိ ဤလွှတ်ရုံးငါးရပ်ဖြင့် နိုင်ငံကို စီမံအုပ်ချုပ်ခဲ့သည်။
သီ ပေါ မင်း နန်း ကျ သည် အ ထိ ဤ လွှတ် ရုံး ငါး ရပ် ဖြင့် နိုင် ငံ ကို စီ မံ အုပ် ချုပ် ခဲ့ သည် ။
လွှတ်တော်နှင့် ရုံးတက်ချိန် အတူပင် ဖြစ်သည်။
လွှတ် တော် နှင့် ရုံး တက် ချိန် အ တူ ပင် ဖြစ် သည် ။
ထိုခေတ်က ပြောကြ ဆိုကြသည်မှာ မည်သူမဆို အိန္ဒိယရှိ ကိုရိုမန်ဒယ် ကမ်းခြေ၌ ရွက်သင်္ဘောငယ် တစင်းကို ဝယ်ယူနိုင်သည့် အခြေရှိလျှင် ထိုသင်္ဘော၌ ဆေးရွက် အနည်းငယ်၊ ချည်ထည်နှင့် အိမ်သုံး သံထည် အချို့ကို နဂဘာရီကျွန်းသို့ တင်ဆောင် သွားနိုင်သည်။
ထို ခေတ် က ပြော ကြ ဆို ကြ သည် မှာ မည် သူ မ ဆို အိန္ဒိ ယ ရှိ ကို ရို မန် ဒယ် ကမ်း ခြေ ၌ ရွက် သင်္ဘော ငယ် တ စင်း ကို ဝယ် ယူ နိုင် သည့် အ ခြေ ရှိ လျှင် ထို သင်္ဘော ၌ ဆေး ရွက် အ နည်း ငယ် ၊ ချည် ထည် နှင့် အိမ် သုံး သံ ထည် အ ချို့ ကို န ဂ ဘာ ရီ ကျွန်း သို့ တင် ဆောင် သွား နိုင် သည် ။
ထို့နောက် ထိုကုန်များကို နဂဘာရီ အုန်းသီးများနှင့် လဲလှယ်၍ သင်္ဘော အပြည့်တင်ကာ ပဲခူးသို့ ယူလာနိုင်သည်။
ထို့ နောက် ထို ကုန် များ ကို န ဂ ဘာ ရီ အုန်း သီး များ နှင့် လဲ လှယ် ၍ သင်္ဘော အ ပြည့် တင် ကာ ပဲ ခူး သို့ ယူ လာ နိုင် သည် ။
ကျွန်းသစ်သည် စင်စစ်အားဖြင့် နိုင်ငံခြားသား ကုန်သည်များ လွန်စွာ တပ်မက် လိုလားကြသော ကုန်ပစ္စည်းပင် ဖြစ်လေသည်။
ကျွန်း သစ် သည် စင် စစ် အား ဖြင့် နိုင် ငံ ခြား သား ကုန် သည် များ လွန် စွာ တပ် မက် လို လား ကြ သော ကုန် ပစ္စည်း ပင် ဖြစ် လေ သည် ။
အများအားဖြင့် ကျွန်းသစ်ကို နိုင်ငံခြားသို့ ရောင်းချရာ၌ သင်္ဘော ဆောက်လုပ်ရန် အတွက် ရည်ရွယ်သည် ဖြစ်ရာ ကျွန်းသစ်များကို တဆင့် တင်ပို့ နေခြင်းဖြင့် စရိတ်စက ကုန်ကျခြင်းကို သက်သာရာ ရစေရန် ကျွန်းသစ်ထွက်သည့် နေရာ ဌာန၌ပင် သင်္ဘောများ ဆောက်လုပ်ရန် ကြိုးစားကြမည်မှာ မလွဲပေ။
အ များ အား ဖြင့် ကျွန်း သစ် ကို နိုင် ငံ ခြား သို့ ရောင်း ချ ရာ ၌ သင်္ဘော ဆောက် လုပ် ရန် အ တွက် ရည် ရွယ် သည် ဖြစ် ရာ ကျွန်း သစ် များ ကို တ ဆင့် တင် ပို့ နေ ခြင်း ဖြင့် စ ရိတ် စ က ကုန် ကျ ခြင်း ကို သက် သာ ရာ ရ စေ ရန် ကျွန်း သစ် ထွက် သည့် နေ ရာ ဌာ န ၌ ပင် သင်္ဘော များ ဆောက် လုပ် ရန် ကြိုး စား ကြ မည် မှာ မ လွဲ ပေ ။
ကျွန်းသစ်ကို လိုရာသို့ တင်ပို့၍ သင်္ဘော ဆောက်လုပ်သည့် စရိတ်နှင့် မြန်မာ့ ပင်လယ် ကမ်းခြေ၌ပင် သင်္ဘော ဆောက်လုပ်သည့် စရိတ်ကို ယှဉ်ကြည့်လျှင် မြန်မာ့ ကမ်းခြေ၌ ဆောက်လုပ်၍ ကုန်ကျသည့် စရိတ်က လွန်စွာ သက်သာနေသည့် အတွက် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားများကို ဆွဲဆောင် နေသကဲ့သို့ ဖြစ်သည်။
ကျွန်း သစ် ကို လို ရာ သို့ တင် ပို့ ၍ သင်္ဘော ဆောက် လုပ် သည့် စ ရိတ် နှင့် မြန် မာ့ ပင် လယ် ကမ်း ခြေ ၌ ပင် သင်္ဘော ဆောက် လုပ် သည့် စ ရိတ် ကို ယှဉ် ကြည့် လျှင် မြန် မာ့ ကမ်း ခြေ ၌ ဆောက် လုပ် ၍ ကုန် ကျ သည့် စ ရိတ် က လွန် စွာ သက် သာ နေ သည့် အ တွက် မြန် မာ နိုင် ငံ သို့ နိုင် ငံ ခြား သား များ ကို ဆွဲ ဆောင် နေ သ ကဲ့ သို့ ဖြ...
ရန်ကုန် ဆိပ်ကမ်းတွင် သင်္ဘော တစင်း ဆောက်လုပ်၍ အစုံအလင် တပ်ဆင်ပြီးနောက် ရေချရန် အသင့်ရှိသော အခါ သင်္ဘော တစင်း၏ ကုန်ကျစရိတ်သည် တတန်လျှင် စတာလင်ပေါင် ၁၂ မှ ၁၃ အထိသာ ဖြစ်လေသည်။
ရန် ကုန် ဆိပ် ကမ်း တွင် သင်္ဘော တ စင်း ဆောက် လုပ် ၍ အ စုံ အ လင် တပ် ဆင် ပြီး နောက် ရေ ချ ရန် အ သင့် ရှိ သော အ ခါ သင်္ဘော တ စင်း ၏ ကုန် ကျ စ ရိတ် သည် တ တန် လျှင် စ တာ လင် ပေါင် ၁၂ မှ ၁၃ အ ထိ သာ ဖြစ် လေ သည် ။
ကလကတ္တားတွင် ဆောက်လုပ်လျှင် သင်္ဘောတစင်း၏ ကုန်ကျငွေသည် တတန်လျှင် ပေါင် ၁၆ မှ ၁၇ ဖြစ်၍၊ တွင် ပေါင် ၁၉ မှ ၂ဝ အထိ ကုန်ကျသည်။
က လ ကတ္တား တွင် ဆောက် လုပ် လျှင် သင်္ဘော တ စင်း ၏ ကုန် ကျ ငွေ သည် တ တန် လျှင် ပေါင် ၁၆ မှ ၁၇ ဖြစ် ၍ ၊ တွင် ပေါင် ၁၉ မှ ၂ ဝ အ ထိ ကုန် ကျ သည် ။
မြန်မာ ဆိပ်ကမ်းတွင် သင်္ဘော ဆောက်လုပ်ရာ၌ အခက်အခဲများ ရှိသည်။
မြန် မာ ဆိပ် ကမ်း တွင် သင်္ဘော ဆောက် လုပ် ရာ ၌ အ ခက် အ ခဲ များ ရှိ သည် ။
ထို အခက်အခဲများမှာ ပထမတွင် ရန်ကုန်၌ ကျွမ်းကျင်စွာ ကြီးကြပ်မည့်သူ လိုခြင်း ဖြစ်သည်။
ထို အ ခက် အ ခဲ များ မှာ ပ ထ မ တွင် ရန် ကုန် ၌ ကျွမ်း ကျင် စွာ ကြီး ကြပ် မည့် သူ လို ခြင်း ဖြစ် သည် ။
ဒုတိယတွင် မြန်မာ့ ကမ်းခြေသို့ ရောက်လာသော ကုန်သည် များနှင့် သင်္ဘောများကို လွတ်လပ်စွာ ဆိုက်ကပ်ခွင့် ပေးသည်ဟု မြန်မာဘုရင်က အမိန့် ထုတ်ပြန် ထားသည်ဟု ဆိုသော်လည်း၊ ရန်ကုန်ရှိ မြန်မာ မင်းမှုထမ်းတို့က ကောက်ခံ စည်းကြပ်သော အခွန်ငွေသည် များပြားခြင်း ဖြစ်လေသည်။
ဒု တိ ယ တွင် မြန် မာ့ ကမ်း ခြေ သို့ ရောက် လာ သော ကုန် သည် များ နှင့် သင်္ဘော များ ကို လွတ် လပ် စွာ ဆိုက် ကပ် ခွင့် ပေး သည် ဟု မြန် မာ ဘု ရင် က အ မိန့် ထုတ် ပြန် ထား သည် ဟု ဆို သော် လည်း ၊ ရန် ကုန် ရှိ မြန် မာ မင်း မှု ထမ်း တို့ က ကောက် ခံ စည်း ကြပ် သော အ ခွန် ငွေ သည် များ ပြား ခြင်း ဖြစ် လေ သည် ။
ရန်ကုန် ဆိပ်ကမ်းတွင် သင်္ဘော ကျောက်ချ ပြီးသည်နှင့် တပြိုင်နက် သင်္ဘော၌ ပါသော သင်္ဘောသားဦးရေ၊ ပစ်ခတ် ကာကွယ်ရန် ယူဆောင်လာသည့် လက်နက်များ၊ ကုန်ထုပ်များ မည်မျှ ပါကြောင်း အစီရင် ခံရသည်။
ရန် ကုန် ဆိပ် ကမ်း တွင် သင်္ဘော ကျောက် ချ ပြီး သည် နှင့် တ ပြိုင် နက် သင်္ဘော ၌ ပါ သော သင်္ဘော သား ဦး ရေ ၊ ပစ် ခတ် ကာ ကွယ် ရန် ယူ ဆောင် လာ သည့် လက် နက် များ ၊ ကုန် ထုပ် များ မည် မျှ ပါ ကြောင်း အ စီ ရင် ခံ ရ သည် ။