text stringlengths 6 5.73k |
|---|
ထမင်းအတူစားရင်း ကျောင်းကိစ္စ၊ ကျူရှင်ကိစ္စ၊ ကျောင်းက အကြောင်းတွေမေးဖြစ်ပါတယ် |
သမီးကကျောင်းပျော်တဲ့အထဲ ပါဝင်ပါတယ် |
တစ်ခါတလေ ကျောင်းမတက်ဖို့ပြောရင် လုံးဝလက်မခံ |
သူငယ်ချင်းတွေနဲ့အတူ စာသင်ရတာကြိုက်သလို စာရတာကြောင့်လည်း ကျောင်းပျော်တာ ဖြစ်နိုင်ပါတယ် |
သမီးက ထမင်းစားရင် ငယ်ငယ်က ကြာတယ် |
ငုံထားတာ၊ အခုကြီးလာတော့ နည်းနည်း မြန်လာ ပေမယ့် ကြာသေးတယ် |
အမေလုပ်သူက အပြင်မသွားခင်မှာသွားတယ် |
“ပြန်လာလို့ ထမင်းစားမပြီးသေးရင် ဘာဖြစတယ်…ညာဖြစ်တယ်၊ တွေ့မယ်”ပေါ့ ... |
စားရင်း စကားလေးပြောလိုက်၊ မြှောက်ပေးလိုက်၊ တော်တယ်ပြောလိုက်နဲ့ပဲ ပုံမှန်အချိန်အတွင်း ထမင်းစားပြီးသွားပါတယ် |
ထမင်းစားပြီးတော့…“သမီး အဖေ့ပန်းကန် ဆေးပေးမလား |
ကိုကိုက တော့ ဆေးပေးတယ်”ဆိုပြီး တာဝန်သိတဲ့ ကလေး “မိဘကို အလုပ်အကျွေးပြုတာ ကုသိုလ်ရ တယ် |
အိမ်အလုပ်ဝိုင်းလုပ်တာ လိမ္မာတဲ့ကလေး၊ ကိုယ့်ပန်းကန်ကိုယ်ဆေးတာ တာဝန်သိတဲ့ကလေး”ဆိုပြီး လုပ်ချင်လာအောင် မြှောက်ပင့်ပြောလိုက်တော့ အဖေ့ပန်းကန်ပါ ဆေးပေးပါတယ် |
ပန်းကန်ဆေးရင်း ဘုံဘိုင်/ ဘေစင်ရေကို အများကြီးမဖွင့်ဖို့၊ အနည်းငယ်သာ၊ လိုသလောက်သာဖွင့်ဖို့၊ ရေချွေတာဖို့လည်း သင်ပေးဖြစ်ပါတယ် |
“ရေက ဂျိုးဖြူကနေလာတာ၊ ပန့်နဲ့တွန်းရတာ၊ လျှပ်စစ်မီးသုံးပြီး တိုက်အမိုးပေါ် တင်ရတာ”စသည်ဖြင့်…သမီးကို နားလည်အောင် ပြောဖြစ်ပါ တယ် |
ဆည်ရေကို သန့်စင်ပြီးမှ ပေးတာမို့ ကုန်ကျစရိတ်ရှိကြောင်း၊ သန့်စင်ပြီးရေမို့ ချွေတာသုံးစွဲရန်လိုကြောင်း ပြောဖြစ်ပါတယ် |
အဲဒီအခါမှာ သမီးက သူတို့ကျောင်းက Activities များအကြောင်း ပြောပြ ပါတယ် |
သူတို့အတန်းမှာ Club များ ဖွဲ့ထားကြောင်း၊ Water Saving Club၊ Energy Saving Club၊ Rubbish Management Club၊ Green Club ဟူ၍ Club များဖွဲ့ပြီး တာဝန်ခွဲဝေပေးထားကြောင်း၊ Water Saving Club အနေနဲ့ လက်ဆေးဘေစင် တွေမှာ ရေလုံ/ မလုံ၊ ဘားတွေ ပိတ်/ မပိတ် စစ်ဆေး ရကြောင်း၊ ရေအလေအလွင့်မရှိအောင် ကြီးကြပ် စစ်ဆေး၊ တာဝန်ယူကြရကြောင်း ပြောပြပါ... |
Energy Saving Club အနေနဲ့ အလင်းရောင်ရှိရင် အလင်းရောင်သုံးဖို့ မလိုအပ်တဲ့အတွက် မီးတွေပိတ်ရ၊ ပန်ကာတွေပိတ်ရတယ် |
Rubbish Management Club အနေနဲ့ကတော့ အမှိုက်ပုံအပြင်ဘက်ရောက်နေတဲ့အမှိုက်ကို အမှိုက်ပုံးထဲ ရောက်အောင်ပြန်ထည့်၊ အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားပြီး သတ်မှတ်အမှိုက်ပုံးမှာထည့်၊ သန့်ရှင်း ရေးလုပ်၊ အမှိုက်ကောက်ကြရတယ်လို့ ဆိုပါတယ် |
အသင်းတွေဖွဲ့ထား လိမ္မော်၊ ဝါ၊ စိမ်း၊ နီ၊ ပြာအသင်းတွေ ဖွဲ့ထားပြီး အသင်းတာဝန်ကျ ကျောင်းသားကျောင်းသူတွေက အမှိုက်ကောက်/ သိမ်း ဝိုင်းဝန်းလုပ်ကိုင်ကြရပါ တယ် |
Green Club ရဲ့တာဝန်တွေကတော့ သစ်ပင်စိုက်၊ မျိုးစေ့ချ၊ သစ်ပင်ရေလောင်းတာဝန်တွဖြစ်ပါတယ် |
အပင်တွေကို မြေဩဇာကျွေးရတယ် |
ပြောရရင်ကျောင်းတော်ကြီး စိမ်းလန်းစိုပြည်ရေး တာဝန်တွေပဲဖြစ်ပါတယ်လို့ သမီးကရှင်းပြပါတယ် |
စာရေးသူတို့ ငယ်ငယ်ကတော့ ဒီလို Club တွေ မရှိသေးဘူး |
အသင်းတွေရှိတယ်၊ နေ့ရက်အလိုက် အသင်းတွေက အလံတင်/ အလံချ၊ သန့်ရှင်းရေးလုပ်၊ သောက်ရေဖြည့် စသည်ဖြင့်လုပ်ကြရတယ် |
အခုခေတ်ပိုကောင်းလာတယ်လို့ ပြောလို့ရပါတယ် |
ကလေးတွေတာဝန်ယူစိတ်ရှိအောင် သင်ပေးတဲ့သဘော၊ အသင်းအဖွဲ့စိတ်ဓာတ် (Teamwork)နဲ့ စုပေါင်းလုပ်တတ်အောင်၊ ရေချွေတာတတ်အောင်၊ လျှပ်စစ်မီးချွေတာသုံးစွဲအောင်၊ အမှိုက်ကို စနစ်တကျစွန့်ပစ်တတ်အောင်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်တတ်အောင်၊ ထိန်းသိမ်းတတ်လာအောင်ပါ စီစဉ်လေ့ကျင့် ပေးနေတာ အင်မတန်ကောင်းမွန်လှပါတယ် |
“အားကစားနဲ့ပတ်သက်ပြီး ဘာတွေလုပ်ရလဲ”မေးတော့ တစ်ပတ်မှာ ကာယချိန်သုံးချိန်ရှိကြောင်း၊ နှစ်ချိန်ကို အတန်းထဲမှာပဲ PT ဆရာနဲ့ ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းတွေ လုပ်ကြရကြောင်း၊ ကျန်တစ်ချိန်ကိုတော့ အားကစားကွင်း၊ တန်းစီကွင်းကိုဆင်းပြီး အားကစားနည်းစုံ ဆော့ကစားကြကြောင်း၊ ယောကျ်ားလေးများကတော့ ဘောလုံးကန်ကြကြောင်း၊ နေ့စဉ်မုန့်စားဆင်းခ... |
ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားဟာ အရေးကြီးသလို ကိုယ်ခန္ဓာကာယ ဗလကျန်းမာကြံ့ခိုင်ဖို့ အရေးကြီးတာမို့ စာလည်းသင်၊ ကျန်းမာရေးအတွက် ကာယချိန်၊ အားကစားချိန်လည်း ထည့်သွင်းထားတာဖြစ်မယ် ထင်ပါတယ် |
ဒါကြောင့် ကျောင်းဆင်းလို့ သမီးအိမ်ပြန်ရောက်လာရင် ချွေးတရွှဲရွှဲပါပဲ |
“သမီးတို့ မုန့်စားဆင်းချိန်ဆို ဘာလုပ်လဲ”မေးတော့… “ထမင်းစားတယ် |
တစ်ခါတလေတော့ မုန့်ဝယ်စားတယ် |
တစ်ခါတလေ Reading Corner မှာ စာအုပ်ဖတ်တယ်”ပြောပါတယ် |
“စာကြည့်တိုက်ရှိလား”မေးတော့ “ရှိတယ်…Reading Corner လည်းရှိတယ်”လို့ သမီးက ပြောပြပါတယ် |
သမီးပြောတဲ့ Reading Corner ဆိုတာကတော့အတန်းလိုက်အတွက် အဆင်ပြေ တာကို တွေ့ရပါတယ် |
သို့ပေမယ့် တောကျောင်း၊ ဝေးလံဒေသကျေးရွာများရဲ့ ကျောင်းတွေမှာတော့ ဒါမျိုးရှိဖို့မလွယ် |
ကျေးရွာတွေကို ကွင်းဆင်းရင်း တွေ့နေမြင်နေရတာမို့ စာသင်ဆောင်တောင် ကောင်းကောင်းမွန်မွန်မရှိတဲ့ ကျောင်းတွေရှိနေသေး တာ သိနေသည်ကိုး |
သန့်လေးသန့် “သန့်လေးသန့်နဲ့ ပတ်သက်ပြီး ဘာတွေသင်လဲ၊ ဘာတွေလုပ်လဲ”မေးတော့… “(၁) လက်ကို သန့်ရှင်းနေအောင် အစာမစားမီ ဆေးရမယ် |
အိမ်သာတက်ပြီး လက်ကို သန့်ရှင်းအောင်ဆေးရမယ် |
ဆော့ကစား ထားလို့ လက်ညစ်ပေနေရင်လည်း ဆေးရမယ် |
ဆပ်ပြာနဲ့ သန့်စင်အောင် ဆေးရမယ် |
(၂) ယင်နားစာတွေ မစားရဘူး |
ထမင်းကျန်ဟင်းကျန်များကို မစားရဘူး |
(၃) အိမ်သာကို သန့်ရှင်းအောင်ထားရမယ် |
သန့်ရှင်းနေအောင် ဆေးကြောရမယ် |
(၄) သောက်ရေကို သန့်ရှင်းသောရေကို သောက်ရမယ်”ဟု သင်ကြောင်းပြောပြတဲ့အပြင် “ကျောင်းမှာ ရေသန့်စင်စက်လည်း ရှိပါတယ် |
မီးမီးကတော့ အိမ်ကထည့်ပေးတဲ့ ရေသန့်ကို သောက်တာပါ”လို့ သမီးက ပြောပြနေသေးတာ… |
“သမီးတို့ ကျောင်းတက်ချိန် နိုင်ငံတော်သီချင်း ဆိုရလား”မေးတော့ ငယ်ငယ်ကဆိုရကြောင်း၊ အခုမဆိုရကြောင်းနဲ့ “မြန်မာ့ကျောင်း”သီချင်းဆိုရ ကြောင်း ပြောပြတယ် |
ဆိုပြပါလားဆိုတော့ ဆိုပြပါတယ်… “မြန်မာ့ကျောင်း” (မြန်မာ့ကျောင်းသား နိုင်ငံတော်တွင်း ထင်လင်းရှိရမည် စည်းကမ်းသေဝပ်ခြင်း အရင်းပြုသည် ဝီရိယလည်း ရှိရမည်၊ ကိုယ်ကျင့်တရား ဧကန်မှန်ပေသည်) (၂ ခေါက်) အများရှုစရာ၊ သနားကရုဏာ၊ တရားမှုမှာ ပိုပါသည် ယဉ်ယဉ်ကျေးကျေး၊ လွန်သိမ်မွေ့ကြသည် (ပညာတိုးတက်စေမည်၊ နိုင်ငံတန်ခိုးထွက်စေမည် တို့အမျိုး ဇ... |
အသံနေအသံထားမှန်မှန်နဲ့ ဆိုပြတော့ နားထောင်လို့ကောင်းသား |
ဒီသီချင်းကို စာရေးသူ မသိရိုးအမှန်ပါ |
ဘယ်သူရေးတာမှန်းလဲ မသိပါ |
ဒါပေမယ့် အဓိပ္ပာယ်ပြည့်စုံကောင်းမွန်တာ တွေ့ရ လို့ သဘောကျမိရပါတယ် |
“စည်းကမ်းအစ စာသင် ကျောင်းက”ဆိုသလို ရှေ့မှာတင်ပြခဲ့တဲ့ Club တွေရဲ့ ဆောင်ရွက်ချက်တွေ၊ စည်းကမ်းတွေကိုလည်း ထင်ဟပ်နေသလို၊ ဝီရိယရှိဖို့၊ ကိုယ်ကျင့်တရား ကောင်းဖို့ ငယ်စဉ်ကလေးဘဝကစလို့ အခြေခံပညာ ကျောင်းမှာ သင်ကြားပေးနေတာကိုလည်း ဒီသီချင်း မှာ ဖော်ကျူးထားတာကို တွေ့ရပါတယ် |
ယဉ်ကျေးသိမ်မွေ့အောင် သီချင်းမှတစ်ဆင့် သွယ်ဝိုက်စွာ လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ပြီး ကျောင်းသား ကျောင်းသူဘဝ ငယ်စဉ်မှစ မြန်မာ့ယဉ်ကျေးမှုကို ဘဝသက်ဆုံးတိုင် ထိန်းသိမ်းသွားဖို့၊ အများ လေးစားအားကျဂုဏ်ယူသူ၊ သနားကြင်နာတတ်၊ ကရုဏာထားရှိတတ်သူများ ဖြစ်လာစေဖို့၊ အချင်းချင်း ရိုင်းပင်းကူညီတတ်ဖို့၊ အမှန်/အမှား ဝေဖန်ပိုင်းခြားတတ်စေဖို့... |
လူတိုင်းလက်လှမ်းမီတဲ့ပညာရေးစနစ် လူတိုင်းလက်လှမ်းမီတဲ့ ပညာရေးစနစ် ဖော်ဆောင်မှုမူဝါဒအရ စာသင်ကျောင်းပညာရေးကို အားပေးသလို ကျောင်းပြင်ပပညာရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်သွားဖို့၊ လူတိုင်းသာတူညီမျှ ပညာသင်ယူခွင့်ရှိရေး၊ တိုင်းရင်းသားပညာရေးကို အလေးထားပံ့ပိုးရေး၊ ဘုန်းတော်ကြီး သင်ပညာရေးကို အားပေးဖို့နဲ့ အလယ်တန်းအဆင့်အထိ ... |
ဒါမှသာ ဒေသအသီးသီးရှိ ဒေသခံတွေအပါအဝင် ကလေးတိုင်းလက်လှမ်းမီတဲ့ ပညာရေး စနစ်ကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ် |
ဒါ့အပြင် နိုင်ငံတော်ရဲ့ လူမှုရေးဦးတည်ချက်ပါ တတိယအချက်တွင် “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”ဟူ၍ ချမှတ်ထားသည့် အလျောက် ဗလငါးတန်နဲ့ ပြည့်စုံတဲ့ နိုင်ငံ့ သားကောင်းရတနာများ မွေးထုတ... |
ဗလငါးတန်ဆိုသည်မှာ- ကာယဗလ - ကိုယ်ကာယကြံ့ခိုင်သန်စွမ်းမှု စွမ်းပကား၊ ဉာဏဗလ - အသိဉာဏ်ပညာစွမ်းပကား၊ စာရိတ္တဗလ- ကိုယ်ကျင့်တရား ကျင့်ဝတ်သီလစောင့်ထိန်းနိုင်မှုစွမ်းပကား၊ မိတ္တဗလ - ကောင်းသော မိတ်ဆွေခင်ပွန်း များ ဖွဲ့စည်းနိုင်မှုစွမ်းပကား၊ ဘောဂဗလ - ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာမ... |
ပညာတတ်မှ နိုင်ငံတိုးတက်မယ် ပညာတတ်မှ နိုင်ငံတိုးတက်မယ် |
အမျိုးဂုဏ်၊ ဇာတိဂုဏ်တိုးအောင်လုပ်ဆောင်နိုင်မယ် |
တိုးတက် မယ် |
မြန်မာနိုင်ငံက ကျောင်းတွေဟာ လက်ရှိ သင်ကြားမှုစနစ်တွေအရ ပညာရေးတိုးတက်ရုံသာမက စည်းကမ်းကောင်းမွန်အောင်နဲ့ ကျန်းမာသန်စွမ်းအောင်လည်း လေ့ကျင့်သင်ကြားပေးနေတာကို မြန်မာ့ကျောင်းသီချင်းမှာ ဖော်ကျူးထားတာ တွေ့ရပါတယ် |
ရှားရှားပါးပါးသမီးနဲ့ စကားစမြည် အေးအေးဆေးဆေး ပြောခွင့်ရခိုက် ကျောင်းပညာရေးစနစ်ရဲ့ ပြောင်းလဲလာမှုအရပ်ရပ်ကိုပါ သုံးသပ်မိရပါတယ် |
တကယ်တော့ ရုံးပိတ်ရက်တွေမှာ ခရီးစဉ်နဲ့မိသားစုရှိရာ ရန်ကုန်မြို့ရောက်ဖြစ်တဲ့အခါ သားသားနဲ့သမီးတို့ကို အေးအေးဆေးဆေးတွေ့ရဖို့ အချိန်ရရန် တော်တော်ခက်ခဲပါတယ် |
ကိုယ်ကမအား၊ ကိုယ်အားရင်သူတို့ကမအား၊ Online Class တွေက အချိန်ပြည့်နီးပါး… |
အိုးမကွာ အိမ်မကွာနဲ့သင်ကြားနိုင်တာက ကောင်းတော့ကောင်းသား |
ကိုဗစ်-၁၉ ကြောင့်ရခဲ့တဲ့ အခွင့်အလမ်းလို့ဆိုရင်လည်းမမှား |
ဒါပေမယ့် အင်တာနက်မရတဲ့ဒေသက ကလေးငယ်တွေ၊ ကွန်ပျူတာအပါအဝင် IT ပစ္စည်း တွေသုံးနိုင်ခြင်းမရှိတဲ့ကလေးတွေအတွက် Digital Divide ဖြစ်နေတာ၊ အခွင့်အလမ်း တန်းတူမရနိုင် တာကို တွေးမိပြီး စိတ်မကောင်းဖြစ်ရပါတယ် |
တစ်နေ့နေ့တော့ တစ်နိုင်ငံလုံးရှိတဲ့ ကလေးငယ်အားလုံး အင်တာနက်အသုံးပြုခွင့်ရရှိပြီး အွန်လိုင်းကတစ်ဆင့်စာသင်နိုင်တဲ့နေ့၊ တန်းတူအခွင့်အရေး ရတဲ့နေ့ရောက်လာမှာပါ |
နိုင်ငံတစ်ဝန်းရှိကျောင်းအားလုံး ကျောင်းဖွင့်ချိန် ကျောင်းဖွင့်နိုင်အောင်၊ ကျောင်းတက်နိုင်အောင်၊ အေးချမ်းစွာပညာသင်ကြားနိုင်အောင် လုပ်ကြရပါဦးမယ် |
အင်တာနက်ရရှိခြင်းက ကလေးများအတွက် ကောင်းတာရှိသလို၊ မကောင်းတာတွေလည်း ရှိပါတယ် |
အင်တာနက် ကြောင့်လည်း လမ်းမှားရောက်သွားနိုင်ပါတယ် |
တယ်လီဖုန်း၊ ကွန်ပျူတာများ သုံးစွဲကြရာမှာ ကောင်းတာတွေရှိသလို၊ မကောင်းတာတွေလည်း ရှိတဲ့အတွက် လူငယ်လူရွယ်များကို လမ်းမှား ရောက်သွားနိုင်တဲ့ကိစ္စတွေလည်း အများကြီးရှိပါတယ် |
မိဘများ၊ ဆရာများမှ သွန်သင်ဆုံးမ၊ ကြပ်မတ် လမ်းပြတည့်မတ်ပေးနိုင်မှ တော်ကာကျပါတယ် |
အိမ်မှာတော့ သားနဲ့သမီး Online Class တက်ရင် TV နဲ့ ချိတ်ထားပြီး လူကြီးများက စောင့်ကြည့်ပါတယ် |
အဝေးတစ်နေရာမှာ နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း မိဘတာဝန်ကျေပွန်အောင် ကြိုးစားရတာ သိပ်တော့မလွယ်လှ |
သားသမီးတွေ အတွေးအမြင်မှန်ကန်အောင်၊ ယဉ်ကျေးလိမ္မာအောင်၊ မိသားစုကို ခင်တွယ်တတ်အောင်၊ မိသားစု ခင်တွယ်မှုမှတစ်ဆင့် ကိုယ့်အိမ်၊ ကိုယ့်ယာ၊ ကိုယ့်ရေ၊ ကိုယ့်မြေကို တန်ဖိုးထားတတ်အောင်၊ ချစ်တတ်ခင်တတ်အောင် အခွင့်သင့်ရင် သင့်သလိုပြောပြ ပေးရတာကပင် တခုတ်တရ လုပ်ရတဲ့အလုပ် |
ကျောင်းနေရွယ်ကလေးတွေဆိုတာက မိဘနဲ့နေရချိန်ထက် စာသင်ကျောင်းမှာ အချိန်ကုန်ရတာကများတဲ့အတွက် ကျောင်းစာသင်ခန်းတွေမှာ ကလေးတွေရဲ့ဘဝအစ ပျိုးထောင်ရာ ရပ်ဝန်းပင် တည်း |
“မအအောင်လို့ သမိုင်းသင်ရတာ”ဟု သမိုင်း ပါမောက္ခဆရာကြီး ဒေါက်တာသန်းထွန်း ပြောသလို ပဲ သမိုင်းဘာသာရပ်ကို မအအောင်သင်ကြားရခြင်းဖြစ်သလို မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်တို့ကလည်း စာသင်ကျောင်းကအစပြုရတာ ဖြစ်ပါတယ် |
ဒါကြောင့်လည်း စာရေးသူက သမီးကို“ကျောင်းမှာ နိုင်ငံတော်သီချင်းဆိုရသလား”မေးမိခြင်းပင် |
“အတန်းငယ် တုန်းကတစ်ခါတလေ ဆိုရတယ်”ဆိုတာနဲ့ “ဆိုပြပါလားဆိုတော့ သမီးကဆိုပြပါတယ်…. “နိုင်ငံတော်သီချင်း” တရားမျှတ-လွတ်လပ်ခြင်းနဲ့မသွေ- တို့ပြည်-တို့မြေ- များလူခပ်သိမ်း-ငြိမ်းချမ်းစေဖို့- ခွင့်တူညီမျှ-ဝါဒဖြူစင်တဲ့ပြည်- တို့ပြည်-တို့မြေ- ပြည်ထောင်စုအမွေ-အမြဲတည်တံ့စေ- အဓိဋ္ဌာန်ပြုပေ-ထိန်းသိမ်းစို့လေ |
(ကမ္ဘာမကျေ-မြန်မာပြည်- တို့ဘိုးဘွားအမွေစစ်မို့-ချစ်မြတ်နိုးပေ)၂ ပြည်ထောင်စုကို-အသက်ပေးလို့- တို့ကာကွယ်မလေ |
ဒါတို့ပြည်-ဒါတို့မြေ-တို့ပိုင်နက်မြေ |
တို့ပြည်-တို့မြေ-အကျိုးကို ညီညာစွာ- တို့တစ်တွေ ထမ်းဆောင်ပါစို့လေ-တို့တာဝန်ပေ၊ အဖိုးတန်မြေ… |
အမြဲမဆိုရပေမယ့် မှတ်မှတ်ရရရှိပြီး မမှား မယွင်း ဆိုပြနိုင်သည့်သမီးကို “တော်တယ်”ဟု ချီးကျူးပေးရင်းမှ…နိုင်ငံတော်သီချင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားသလို အဓိပ္ပာယ်ကလည်း ရိုးရှင်းပြီးမှတ်ရလွယ်ကူတာမို့ ဒီသီချင်းရဲ့ အနက်အဓိပ္ပာယ်ကို သမီးရင်ထဲစွဲမြဲစေဖို့ အခွင့် ကြုံခိုက် ပြောပြလိုက်မိသေးတာ… အားလုံးရဲ့တာဝန် “မြန်မ... |
နိုင်ငံသား၊ တိုင်းရင်းသားအားလုံး ငြိမ်းချမ်းစေဖို့အတွက် တန်းတူညီမျှ အခွင့်အရေးများရှိတဲ့ ဖြူစင်တဲ့ မူဝါဒ ရှိတဲ့နိုင်ငံဖြစ်တယ် |
ပြည်ထောင်စုရဲ့အမွေ၊ ဘိုးဘွားပိုင် အမွေစစ်ဖြစ်တာကြောင့် နိုင်ငံသူ နိုင်ငံသားအားလုံးက တန်ဖိုးထားချစ်မြတ်နိုးပြီး အစဉ်အမြဲထာဝရ တည်မြဲစေဖို့အတွက် ထိန်းသိမ်းဖို့ အဓိဋ္ဌာန်ပြုထားရမယ် |
တို့နိုင်ငံ၊ တို့ပြည်ထောင်စုကို နိုင်ငံသားတိုင်းက အသက်ပေးပြီး ကာကွယ်ရမယ် |
တို့တိုင်းပြည်၊ တို့ပိုင်နက်မြေရဲ့အကျိုးကိုရှေးရှုပြီး တိုင်းရင်းသား ပြည်သူအားလုံးက ညီညီညွတ်ညွတ်ထမ်းဆောင်ကြရမယ် |
အားလုံးရဲ့တာဝန်ဖြစ်တယ်… သမီးလေးရေ တို့ဘိုးဘွားအမွေဖြစ်တဲ့ တို့နိုင်ငံရဲ့ ပိုင်နက်မြေတွေကို မြတ်နိုးစွာ အမြဲတည်တံ့ အောင် ထိန်းသိမ်းရမှာ သားတို့၊ သမီးတို့၊ အဖေတို့ မိသားစုအပါအဝင် ဒီနိုင်ငံမှာနေတဲ့ ဒီနိုင်ငံသား၊ တိုင်းရင်းသားအားလုံးရဲ့တာဝန်ဖြစ်တယ် |
တာဝန်သိစွာ ကာကွယ်စောင့်ရှောက်ကြရမယ်”လို့ နိုင်ငံတော်သီချင်းက ဖွင့်ဆိုထားတာဖြစ်တယ်ဆိုတာ သမီးသိအောင် ပြောပြလိုက်ရသလို သမီးကလည်း သေချာအာရုံစူးစိုက်နားထောင်နေတာ တွေ့ရတော့ ရင်ထဲကျေနပ်မိသွားပါတယ် |
နားထဲမှတစ်ဆင့် ရင်တွင်းရောက်အောင် နောင်လည်းအခွင့်ကြုံရင် ကြုံသလိုပုံတိုပတ်စ၊ သာဓကများဖြင့် ပြောပြ သွားဖို့ ခေါင်းထဲတေးမှတ်ထားလိုက်ပါတယ် |
အခြေခံပညာအဆင့် သင်ကြားနေတဲ့ ကလေးငယ်တွေကနေ နိုင်ငံသားအားလုံးမှာ ကိုယ့်နိုင်ငံ သားနဲ့ ကိုယ်ပိုင်တဲ့မြေတွေကို တစ်လက်မမှ အထိမခံရအောင် ကာကွယ်ဖို့တာဝန်သိစိတ်ရှိကြဖို့ လိုအပ်ပါတယ် |
အားလုံး ညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံးနဲ့ ဝိုင်းဝန်းကာကွယ်ကြရမယ်ဆိုတဲ့ အသိစိတ်ရှိကြရမှာ ဖြစ်ပါတယ် |
ဇာတိသွေး၊ ဇာတိမာန်ရင့်သန်အောင်၊ အမျိုးကိုချစ်တတ်ပြီး ကိုယ့်ရေ ကိုယ့်မြေကို တန်ဖိုးထား ကာကွယ်တတ်တဲ့ မျိုးချစ်စိတ် နိုင်ငံချစ်စိတ်ရှိအောင်၊ တာဝန်သိစိတ်ရှိအောင် ကလေးတွေကို ငယ်စဉ်ကတည်းက ပျိုးထောင်ပေးကြရပါမယ် |
နိုင်ငံမှာအရေးကြုံရင် နိုင်ငံနဲ့လူမျိုးကို အသက်ပေးကာကွယ်ရမယ့် တာဝန်နဲ့အသိရှိပါမှ စည်းလုံးညီညွတ်စွာ ဘေးရန်တွေကို ကာကွယ်နိုင်မှာဖြစ်ပြီး ဒီအသိ ဒီမျိုးစေ့ဟာ ငယ်စဉ်ကတည်းက ပျိုးထောင်စိုက်ပျိုး ပေးမှရမှာမို့ အားလုံးပဲ ကိုယ်တိုင်ကိုယ်စီတာဝန် အသိစိတ်ဓာတ်ဖြင့် ကျင့်ကြံကြသလို၊ အိမ်မှာရော ကျောင်းမှာပါ နိုင်ငံ့သားကောင်းရတနာလေးများ... |
တင်ထက်ထက်ဇော် မြန်မာနိုင်ငံတွင် နွေ၊ မိုး၊ ဆောင်းဟူသော ဥတုသုံးလီသည် အကြမ်းဖျင်းအားဖြင့် တစ်နှစ်တာ၏ လေးလစီ ပိုင်းခြားထားသော်လည်း ကျယ်ဝန်းလှသည့် မြန်မာပြည်၌ အထက်ပိုင်း၊ အလယ်ပိုင်းဒေသနှင့် အောက်ပိုင်းဒေသတို့တွင် အချိန်ကာလ ကွဲပြားသည် |
အထူးသဖြင့် အထက်မြန်မာပြည် မန္တလေးအပါအဝင် မြန်မာပြည်အလယ်ပိုင်းဒေသတို့တွင် နွေဥတုကာလရှည်၍ အပူချိန်များသည် |
ထို့ပြင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် တစ်နှစ်ထက်တစ်နှစ် အပူရှိန်မြင့်မားကာ ယခုနှစ်တွင်လည်း မတ်လမှစပြီး သိသိသာသာ ပူပြင်းလာပါသည် |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.