text
stringlengths
6
5.73k
မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် မတ်လ၊ ဧပြီလနှင့် မေလများတွင် နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက် တိမ်များဖြစ်ထွန်း၍ မွန်းလွဲပိုင်း၊ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မတ်လဆန်းမှစပြီး သတိပေးထားသည်
အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်း ရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်
လူတို့ဖန်တီးသော သဘာဝဘေး လူတို့၏ မဆင်မခြင်သုံးစွဲမှုကြောင့် သစ်တောများနှင့် ပတ်ဝန်းကျင်ဂေဟစနစ်များ ပျက်စီးယိုယွင်း လာခြင်း၊ စက်မှုလုပ်ငန်းများမှ ပေါ်ထွက်လာသော ကာဗွန်နှင့် နိုက်ထရိုဂျင်အခြေပြုဓာတ်ငွေ့များကြောင့် လေထုညစ်ညမ်းခြင်းများ ကြုံတွေ့လာရာမှ နောက်ပိုင်းတွင် တစ်ကမ္ဘာလုံး၏ အပူချိန်မြင့်တက်လာပြီး ရာသီဥတုပူနွေးလျက်ရှိသ...
ယခုအခါ ယင်းကဲ့သို့ ရာသီဥတုပူနွေးလာစေမည့် ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုဖြစ်စဉ်ကို မထိန်းနိုင်တော့သဖြင့် နောင်အနာဂတ်တွင် ကမ္ဘာတစ်ဝန်းလုံး၌ အပူလှိုင်းများဖြတ်ကာ ယမန်နှစ်ထက်ပို၍ ပူလာတော့မည်ဟု အင်္ဂလန်ရှိသာရစ္စတောလ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက သတိပေးထားပါသည်
၁၉၈ဝ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စု တောင်ပိုင်း၌လည်းကောင်း၊ ၁၉၈၅ ခုနှစ်တွင် ဘရာဇီးနိုင်ငံ၌လည်းကောင်း၊ ၁၉၉၈ ခုနှစ်တွင် အရှေ့တောင်အာရှဒေသ၌လည်းကောင်း ဖြတ်သန်း ခဲ့သော အပူလှိုင်းများအပါအဝင် အပူလှိုင်းငါးခုကို အခြေခံ၍ လေ့လာသုတေသနပြုရာမှ ရာသီဥတု ပြောင်းလဲမှုအခြေအနေသည် အနာဂတ်တွင် ပိုဆိုးလာလိမ့်မည်ဟု မိမိတို့ တွက်ချက်နိုင်ခဲ...
ထူးခြားသော နေ့အပူချိန်များ မြန်မာနိုင်ငံတွင် တစ်နှစ်ပြီးတစ်နှစ် အပူ စံညွှန်းကိန်းကိုကျော်လွန်ကာ ပိုမိုပူပြင်းလာလျက်ရှိသည်
နေ့အပူချိန် မြင့်တက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများအဖြစ် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း (Ultra-Voilet Index) မြင့်မားခြင်း၊ အပူဒဏ် (Heat Stress) ခံစားရခြင်း၊ လူ၏ခံနိုင်သောအပူချိန်ကို ကျော်လွန်သည့် အပူဒဏ် (High Heat Index) ခံစားရခြင်းတို့ကို ဖြစ်စေနိုင်ပါသည်
ထို့ပြင် အပူချိန်မြင့်တက်လာခြင်း၏ ဆိုးကျိုးငါးခုဖြစ်သော နွေရာသီကာလ အပူရှိန်မြင့်မားမှုဒဏ်၊ ရေရှားပါးမှုဘေးဒဏ်၊ မီးလောင်ကျွမ်းမှုဘေးဒဏ်၊ စိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီးမှုဘေးများနှင့် ကျန်းမာရေးထိခိုက်မှု ဘေးဒဏ်များကိုလည်း မြန်မာပြည်၏ တချို့သော တိုင်းဒေသကြီးများတွင် ကြုံတွေ့ကြရသည်
အထူးသတိပြုရမည့်အချက်မှာ အကယ်၍ လူတစ်ယောက်သည် အပူချိန် ၁၀၆ ဒီဂရီဖာရင်ဟိုက် (၄၁ ဒီဂရီစင်တီဂရိတ်) တွင် အပူဒဏ်ကို အချိန်ကြာကြာခံနေရပါက ဦးနှောက်ကလာပ်စည်းများကို ထိခိုက်ပျက်စီးစေနိုင်သည်
အကယ်၍ လူတစ်ယောက်သည် အပူချိန် ၁၀၉ ဒီဂရီဖာရင်ဟိုက် (၄၃ ဒီဂရီစင်တီဂရိတ်) တွင် နေပူထဲ၌ အချိန်ကြာကြာနေရပါက အသက်သေဆုံးနိုင်သည်
ထို့ကြောင့် ပြောင်းလဲလာသော ပြင်ပအပူရှိန်နှင့်အတူ လူ့ခန္ဓာကိုယ်တွင်း၌ အပူချိန်တို့ မျှခြေဖြစ် စေရန်အတွက် ပူပြင်းသောရာသီတွင် ရေများများ သောက်ပေးသင့်ပါသည်
နေပူဒဏ်ကာကွယ်ရန် နည်းလမ်းကောင်းများ ခရမ်းလွန်ရောင်ခြည် (UVR) ဆိုသည်မှာ နေမှထုတ်လွှတ်လိုက်သော ရောင်ခြည်ထဲတွင် ရောနှောပါလာသည့် စွမ်းအားမြင့် လျှပ်စစ်သံလိုက်လှိုင်းများကို ခေါ်ဆိုခြင်းဖြစ်သည်
အိုဇုန်းလွှာယိုယွင်းပါးလွှာမှုကြောင့် ကမ္ဘာတစ်လွှား တစ်နှစ်ထက်တစ်နှစ် သိသိသာသာ အပူဓာတ်ကဲ လျက်ရှိသည်
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း တိုင်းထွာချက်များအရ အဆင့် သုညမှ ၁၁ အထိရှိပြီး အပူချိန် သုညမှ ၃ အထိကို အနိမ့်ဆုံးအဆင့်၊ ၄ မှ ၈ အထိကို အလယ်အလတ်အဆင့်နှင့် ၈ မှ ၁၁ အထိကို အမြင့်ဆုံးအဆင့်ဟု သတ်မှတ်ထားသည်
အထူးသဖြင့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အတွင်း နေရောင်ခြည်အောက် သွားလာလှုပ်ရှားခြင်းကို သတိပြုသင့်ပါသည်
အထူးသဖြင့် ခြောက်နှစ်အောက်ကလေးငယ်များ၊ အသက် ၆၀ ကျော် သက်ကြီးရွယ်အိုများနှင့် မွေးရာပါ အသားဖြူသူများက နေရောင်ခြည်ကို အာရုံခံစားလွယ်ကြသည်
နေလောင်ဒဏ်ခံထား ရသော အရေပြားကို ကိုင်တွယ်ကြည့်ပါက နာကျင်နေတတ်သည်
ထိုအသေးစားနေလောင်ခြင်းကို ကုသရန် လွယ်ကူသော်လည်း အရေပြားနီမြန်း နာကျင်ရုံသာမက ရောင်ရမ်းပြီး အရည်ကြည်ဖုများ ပေါက်လာပါက အတွင်းပိုင်းအရေပြားအလွှာနှင့် အာရုံကြောများကိုပါ ထိခိုက်၍ အန္တရာယ်ရှိပါ သည်
ထို့ကြောင့် နေပူဒဏ်မှကာကွယ်ရန် အောက်ပါ ရှောင်ရန်/ဆောင်ရန် နည်းလမ်းများဖြင့် ကျန်းမာ သုတများကို ရေးသားမျှဝေလိုပါသည်
- ခရမ်းလွန်ရောင်ခြည်ထိတွေ့မှု အနိမ့်ဆုံးအဆင့်မှာ အရေပြားလောင်၍ အသားအရေ မွဲခြောက်ခြင်းဖြစ်ကာ မှဲ့ခြောက်များဖြစ်ခြင်း၊ မျက်စိကျိန်းစပ်ခြင်း ဖြစ်စေသည်
အမြင့်ဆုံးအဆင့်တွင် အရေပြားအိုမင်း ရင့်ရော်၍ အရေးအကြောင်းထင်ခြင်း၊ melanoma (ခေါ် ) အရေပြားကင်ဆာ ဖြစ်ခြင်း၊ သားသမီးမရနိုင်ခြင်း၊ မျက်စိတိမ်စွဲခြင်း၊ ခုခံအားကျဆင်းခြင်း အစရှိသည့်ရောဂါဝေဒနာများကို ခံစားရနိုင်သည်
ထို့ပြင် Heat Stroke (ခေါ်) အပူ ကြောင့်လေဖြတ်ခြင်း၊ အပူပန်းဖျား ဖျားနာခြင်းနှင့် သွေးတိုးခြင်း၊ သွေးပေါင်ကျဆင်းခြင်း၊ နှာခေါင်းသွေးလျှံခြင်း စသည်တို့လည်း ဖြစ်စေနိုင်ပါသည်
- ပူပြင်းသောနေရောင်ခြည်အောက် မဖြစ်မနေသွားလာရမည်ဆိုပါက နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့အောင် မျက်နှာ၊ လည်ပင်း၊ ပခုံး စသည်တို့ကိုပါ အပူဒဏ် ကာကွယ်ပေးနိုင်မည့် ဦးထုပ်နှင့် UV ပါ သောထီးများကိုဆောင်းပါ
ခရမ်းလွန်ရောင်ခြည် အလွယ်တကူမဖောက်နိုင်သည့် အရောင်ရင့်ရင့် ထူထဲသော အဝတ်အထည်များ ဝတ်ဆင်ပါ
- မျက်လုံးတစ်ဝိုက် ၉၉ ရာခိုင်နှုန်း လုံခြုံစွာ ဖုံးအုပ်နိုင်သော နေကာမျက်မှန်တပ်ဆင်ပါ
- အဝတ်လွတ်ကင်းနေသော လက်၊ လည်ပင်း နှင့် ပခုံး စသည့်နေရာများကို SPF 15+ ပါဝင်သော နေရောင်ခံလိမ်းဆေးကို နေရောင်ခြည်ထဲမထွက်မီ ၁၅ မိနစ်ခန့် ကြိုတင်လိမ်းပါ
နေရောင်ခံလိမ်းဆေး တစ်ခါလိမ်းပြီးနောက် နှစ်နာရီကြာပြီးတိုင်း နောက်တစ်ကြိမ် ထပ်လိမ်းပါ
အချို့ UV ကာကွယ်ခရင်မ်တို့သည် သစ်မြစ်သစ်ဥဖြင့် လုပ်ထားသော်လည်း ဘေးထွက်ဆိုးကျိုး ဖြစ်စေနိုင်၍ မိမိနှင့်လိုက်ဖက်သော ခရင်မ် ကိုသာ ရွေးချယ်အသုံးပြုပါ
SPF ပမာဏ မြင့်လေ ဓာတုပစ္စည်းပါဝင်မှုများလေဖြစ်သောကြောင့် အဆိပ်ဓာတ်ပြေစေသော ရှားစောင်းလက်ပပ်မှ ထုတ်လုပ်သည့် ခရင်မ်ကို ဦးစားပေးရွေးချယ်ပါ
- အသားလည်းအေး၊ နေ‌လောင်မှုလည်း သက်သာစေမည့် မြန်မာ့သနပ်ခါးစစ်စစ်ကို ထူထူလိမ်းပါ
- အသက်တစ်နှစ်အောက် ငယ်ရွယ်သော ကလေးများကို နေပူထဲသို့ခေါ်ဆောင်ခြင်း မပြုပါနှင့်
- ဦးရေပြားနေလောင်ခြင်းမှ ကာကွယ်ရန်အတွက် SPF ပါသော ခေါင်းလျှော်ရည်၊ ခေါင်းလိမ်းဆီ စသည်တို့ လိမ်းကျံပြီးမှ ထီး သို့မဟုတ် ဦးထုပ်ဆောင်း၍ အပြင် ထွက်ပါ
- နေလောင်ခြင်းအတွက် နှုတ်ခမ်းအသား ပက်၍ ကွဲအက်ခြင်းမှ ကြိုတင်ကာကွယ် သည့်အနေဖြင့် SPF ပါသော နှုတ်ခမ်း ဆိုးဆေးကို သုံးပါ
- မီးဖိုချောင်သုံး ရှာလကာရည်ကလည်း နေလောင်၍ အသားအရေပူစပ်ပူလောင် ခြင်းကို သက်သာစေပါသည်
- မိမိနေအိမ်ခန်းများသို့လည်း နေရောင်ခြည် စူးရှသည့်အလင်းရောင် တိုက်ရိုက်မကျ ရောက်စေရန် အကာအကွယ်ပြုပါ
ပြင်ပအပူဒဏ်သက်သာစေရန် နေအိမ်တွင် လေဝင်လေထွက်ကောင်းသော ချည်သားအဝတ်အထည် အရောင်ဖျော့ဖျော့ သို့မဟုတ် စပန့်သားပွပွတို့ကို သာ ဝတ်ဆင်ပါ
- နွေရာသီသာမက ဆောင်းရာသီတွင်လည်း နေ့လယ်ဘက် အပူရှိန်ပြင်းထန်သဖြင့် နေရောင်ခြည်ဒဏ် အကာအကွယ်ယူ၍ အပြင်သို့ထွက်ပါ
မိုးအုံ့သော်လည်း ခရမ်း လွန်ရောင်ခြည်က တိမ်တိုက်များကို ဖောက်ထွက်နိုင်သဖြင့် နေရောင်ခြည်ဒဏ် မှ အကာအကွယ်ယူရပါမည်
- နေလောင်ဒဏ်ခံရသော အရေပြားကို ရေခဲဝတ်ကပ်ပေးပါ
နာကျင်မှုသက်သာ စေရန် အကိုက်အခဲပျောက်ဆေး သောက်ပေးနိုင်ပါသည်
- နေလောင်ဒဏ်ကြောင့် သဘာဝအဆီများ ခန်းခြောက်စေတတ်၍ ရေအေးအေးဖြင့် လေးမိနစ်ခန့် ရေစိမ်ချိုးပါ
- ခန္ဓာကိုယ်တွင်း အပူချိန်မြင့်မားစေတတ်သော ချင်း၊ ငရုတ်သီးအမျိုးမျိုး၊ ငရုတ်ကောင်းမှုန့်၊ ချောကလက်၊ ဆိုဒါ၊ ဆီကြော် မုန့်အမျိုးမျိုး၊ အရက်၊ ချိစ်၊ ကော်ဖီတို့ကို ရှောင်ပါ
- ရေများများသောက်၍ အရည်ရွှမ်းသော သစ်သီးဝလံများဖြစ်ကြသည့် နွားနို့၊ အုန်းစိမ်းရည်၊ တလည်းသီး၊ သံပရာသီး၊ မုန်လာဥအဖြူ၊ ဘူးသီး၊ ဖရုံ၊ သခွား၊ ဖရဲသီး၊ သခွားမွှေး၊ လိမ္မော်၊ စပျစ်၊ နာနတ်၊ ဂရိတ် ဖရုသီး၊ ဘယ်ရီသီး၊ မုန်လာဥနီ၊ ဟင်းရွက် သုပ်၊ အစိမ်းရောင်ငရုတ်ချိုပွ၊ ပူစီနံရွက် (ပူဒီနာ)တို့ကို ပိုမိုစားပေးပါ
အဆီပြန် ဟင်းလျာများထက် အိုမီဂါ-၃ ဖက်တီး အက်ဆစ်ကြွယ်ဝသည့် ပင်လယ်ငါးစားပေးပါ
ကိုကိုး၊ မန်ကျည်း၊ ခရမ်းချဉ်သီး ဖျော်ရည်များနှင့် လက်ဖက်ရည်ကြမ်း များများသောက်ပါ
- ချွေးထွက်လွန်နေသော အရွယ်ရောက်ပြီးသူ လူတစ်ဦးအတွက် တစ်နေ့လျှင် သန့်ရှင်း သော သောက်ရေကို ငါးလီတာမှ ရှစ်လီတာ ခန့်အား ဓာတ်ဆားရည်နှင့်ရော၍ သောက်သုံးပေးသင့်ပါသည်
- နေပူထဲမှပြန်လာပြီး ချက်ချင်းရေချိုးခြင်း၊ ပူပြင်းသောနေရောင်အောက်မှ အလွန်အေးသောအခန်း သို့မဟုတ် ကားအတွင်းသို့ ချက်ချင်းဝင်ရောက်ခြင်း၊ ချက်ချင်းထွက်ခြင်း၊ အရက်သေစာသောက်စားခြင်း စသည်တို့ကို အထူးရှောင်ရှားသင့်ပေသည်
- ရေချိုးနည်းမှန်ကန်မှသာလျှင် အပူလေ သင်တုန်း (Heat Stroke) ကို ကာကွယ်နိုင်မည်ဖြစ်ပါသည်
ရေကို အရိပ်ထဲတွင် ချိုးရပါမည်
ဦးစွာ သောက်ရေတစ်ဖန်ခွက် အပြည့်သောက်ပါ
ပြီးနောက် ဦးနှောက်ထဲရှိ အပူထိန်းအာရုံကြောနေရာများဖြစ်ကြသည့် ခြေထောက်အောက်ပိုင်း၊ လက်ဖျားနှင့် လက်မောင်းများ စသည့်သုံးနေရာတို့ကို ကြိုတင်အသိပေးသည့်အနေဖြင့် ရေဆွတ်ကာ ပက်ဖျန်းပေးပါ
ပြီးမှ မျက်နှာသစ်ပါ
တစ်ဆက်တည်းမှာပင် လည်ကုပ်နှင့် လည်ပင်းတို့ကို ရေနှင့်ပက်ပေးပါ
ဖော်ပြပါ နည်းအဆင့်ဆင့်အတိုင်း ဆက်၍ ရေချိုးပါ
အထက်ဖော်ပြပါ နေပူဒဏ်ကာကွယ်ရန် နည်းလမ်းကောင်းများသည် အရွယ်သုံးပါး လူသား အားလုံးအတွက် အကျုံးဝင်ပြီး အထူးသဖြင့် သက်ကြီးဘိုးဘွားများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ နာတာရှည်ရောဂါရှိသူများ (ဆီးချို၊ နှလုံး၊ သွေးတိုးရောဂါ၊ စိတ်ကျန်းမာရေးချို့ယွင်းသူများ)၊ ကာယလုပ်သား များ၊ အားကစားသမားများ၊ ဝလွန်းသောသူမျ...
နွေနေပူပူမှာ အေးချမ်းသာယာရှိကြပါစေ
ကသရ တရားမဝင်ကုန်သွယ်မှုများကြောင့် တရားဝင်လုပ်ငန်းများ လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များနှင့် သုံးစွဲသူပြည်သူများ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လျက်ရှိပါသည်
အဆိုပါ ဆုံးရှုံးနစ်နာမှုများတွင် သတ္တုတရားမဝင်တူးဖော်ခြင်းနှင့် သစ်များ တရားမဝင်ခိုးထုတ်မှုများကြောင့် နိုင်ငံ့စီးပွားရေးသာမက သဘာဝပတ်ဝန်းကျင်ကိုလည်း ဆိုးရွားစွာ ထိခိုက် လျက် ရှိပါသည်
သီးနှံများ၊ အသား၊ ငါးစသည့် စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ဆေးဝါးများကို တရားမဝင် တင်သွင်းခြင်းကြောင့်လည်း ပြည်တွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများ၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်
သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိ မြန်မာနိုင်ငံတွင် သတ္တုတရားမဝင်တင်ပို့မှုများကြောင့် ပြည်တွင်းတွင် တရားမဝင်သတ္တု တူးဖော်မှုများပြားခြင်းဖြစ်သည်
တရားဝင်သတ္တု တူးဖော်လုပ်ကိုင်နေသူများအား ဥပဒေစည်းမျဉ်းများဖြင့် ထိန်းကျောင်းနိုင်သော်လည်း တရားမဝင် သတ္တုတူးဖော်နေသူများသည် နိုင်ငံတော်က ချမှတ်ထားသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာမှုမရှိခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိပါသည်
တရားမဝင်သတ္တုတူးဖော်သည့် လုပ်ငန်းများတွင် သတ္တုသန့်စင်ခွဲထုတ်ရာ၌ နိုင်ငံတော်က ကန့်သတ်ထားသည့် အပြင်းစားဓာတုဆေးများကို အသုံးပြုခြင်း၊ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရန် ချမှတ်ထားသော နည်းလမ်းများကို လိုက်နာမှုမရှိခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် မြေသယံဇာတများကို ပျက်စီးစေပါသည်
မိုးဥတုရောက်ရှိပါက စွန့်ပစ်ဓာတုရေများကို စုဆောင်းထားသော ကန်များတွင် ဓာတုရေများ ပြည့်လျှံကာ မြစ်ချောင်းများအတွင်း စီးဆင်းသောကြောင့် ရေသယံဇာတကိုလည်း ထိခိုက်စေပါသည်
ထို့ပြင် တရားမဝင်သစ်များ ခိုးထုတ်မှုကြောင့် သစ်တောများ ပြုန်းတီးကာ ရာသီဥတုဖောက်ပြန်ခြင်း၊ မြေပြိုခြင်း၊ ရေကြီးရေလျှံခြင်းအပါအဝင် သဘာဝဘေးအန္တရာယ်ကိုလည်း ခံစားရင်ဆိုင်ရမည် ဖြစ်ပါသည်
တရားမဝင် တင်သွင်းလာသော သီးနှံနှင့် အသား၊ ငါးများတွင် ကူးစက်တတ်သော ရောဂါ ပိုးများ ပါဝင်လာပါက ပြည်တွင်းရှိ စိုက်ပျိုး၊ မွေးမြူ ထုတ်လုပ်သော လုပ်ငန်းများကို ကူးစက်ပြီး ထိခိုက် ဆုံးရှုံးမှုများလည်း ဖြစ်ပေါ်မည်ဖြစ်ပါသည်
ထို့ပြင် ပြည်တွင်း၌လည်း စားနပ်ရိက္ခာနှင့် စားသောက်ကုန် ထုတ်လုပ်မှုလျော့ကျလာကာ ပြည်သူများအတွက် အစားအသောက် ဖူလုံရေးကို ထိခိုက်စေပါသည်
ဆေးယဉ်ပါးခြင်း၊ ရောဂါမပျောက်ခြင်းများ ဖြစ်ပေါ်နိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ တင်သွင်းခွင့် ခွင့်ပြုလက်မှတ် ရယူထားခြင်းမရှိဘဲ တရားမဝင်တင်သွင်းလာသည့် ဆေးဝါးများနှင့်အလှကုန်ပစ္စည်းများတွင် အန္တရာယ် ဖြစ်စေနိုင်သော ဓာတုပစ္စည်းများ ပါဝင်နိုင်ပြီး ၎င်းကုန်ပစ္စည်းများကို သုံးစွဲသူများအနေဖြင့် ထိခိုက်နစ်နာမှုမျာ...
တရားမဝင် သယ်ဆောင်လာသော ထိုးဆေးများ၊ သောက်ဆေးများသည် သတ်မှတ်ထားသည့် သယ်ယူပို့ဆောင်ရေးစနစ်ဖြင့် မသယ်ဆောင်နိုင်ပါက ဆေးအရည်အသွေးနိမ့်ကျခြင်းနှင့် ဆေးအာနိသင်လျော့ကျခြင်းတို့ကို ကြုံတွေ့ နိုင်ပါသည်
ထိုကဲ့သို့ ဆေးအာနိသင်လျော့ပါးသော ကာကွယ်ဆေးနှင့် သောက်ဆေးများကို သုံးစွဲပါက ဆေးယဉ်ပါးခြင်း၊ ရောဂါမပျောက်ခြင်းနှင့် မကာကွယ်နိုင်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်
လူသုံးကုန်ပစ္စည်းများ တရားမဝင် တင်သွင်းမှုကြောင့်လည်း စျေးကွက်အတွင်း ကုန်ပစ္စည်းများ ဝယ်ယူရာတွင် ဆင်တူယိုးမှား အတုအပများကို ခွဲခြားရန် အခက်အခဲများ ဖြစ်ပေါ်နိုင်ပါသည်
တရားမဝင် ကုန်ပစ္စည်းများသည် အရည်အသွေးပိုင်းတွင် နိမ့်ကျပြီး အာမခံချက် မရှိသောကြောင့် စားသုံးသူများအတွက် ကုန်ကျစရိတ် ပိုမိုများပြားခြင်းအပြင် အခြားထိခိုက်မှုများပါ ကြုံတွေ့နိုင်ပါသည်
အိမ်သုံးElectronic ပစ္စည်းအတုများသည် အရည်အသွေး မပြည့်မီသောကြောင့် ဝိုင်ယာရှော့ (ခ်) များ မကြာခဏ ဖြစ်ပေါ်ခြင်းနှင့် မီးဘေးအန္တရာယ်လည်း မကြာခဏ ကြုံတွေ့နေရခြင်းများဖြစ်စေပါသည်
စားသုံးသူတို့၏ အကျိုးစီးပွားကို လွန်စွာ ဆုံးရှုံးထိခိုက်စေနိုင် တရားမဝင်တင်သွင်းသော သီးနှံများ၊ အသား၊ ငါးများ၊ စားသောက်ကုန်များ၊ လူသုံးကုန် ပစ္စည်းများ၊ အလှကုန်များ၊ ဆေးဝါးများ စသည်တို့သည် စံသတ်မှတ်ချက်(Standardization) မရှိခြင်း၊ အတုအပနှင့် အရည်အသွေးဆိုင်ရာ အာမခံချက် မရှိခြင်းတို့ကြောင့် ရေရှည်တွင် သုံးစွဲသူများအပေါ် ...
တရားမဝင်တင်သွင်းသည့် ကုန်ပစ္စည်း အများစုသည် အရည်အသွေး နိမ့်ကျမှုများနှင့် တိကျသော အာမခံချက်မရှိခြင်းများကြောင့် စားသုံးသူတို့၏ အကျိုးစီးပွားကို လွန်စွာဆုံးရှုံးထိခိုက်စေနိုင် ပါသည်
ဝိသမလောဘစိတ်ဖြင့် တရားမဝင် ကုန်သွယ်သူများသည် အခွန်အခများ ပေးဆောင်ခြင်းမရှိဘဲ အရည်အသွေးမပြည့်မီသော ကုန်ပစ္စည်းများကို တရားမဝင်တင်သွင်းခြင်းကြောင့် နိုင်ငံခြားသုံးငွေ မှောင်ခိုစျေးကွက်မှာ အားကောင်းလာပြီး ပြည်တွင်းစျေးကွက်အတွင်း စျေးနှုန်းတည်ငြိမ်မှုအားနည်းကာ စားသုံးသူပြည်သူများအတွက် အကျပ်အတည်းများလည်း ဖြစ်လာနိုင်ပါသည်
စီးပွားရေးလုပ်ငန်းများ စျေးကွက်အတွင်း ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းမှုကြောင့် လုပ်ငန်းများ မတိုးချဲ့နိုင်ခြင်း၊ ရပ်ဆိုင်းရခြင်းတို့ကြောင့် အလုပ်လက်မဲ့ဦးရေလည်း မြင့်တက် လာပါသည်
တရားမဝင် ကုန်သွယ်သူများသည် တရားဝင်ကုန်သွယ်မှုလုပ်ငန်းများတွင် ပေးဆောင်ရန် သတ်မှတ်ထားသော အခွန်အခများကို တရားမဝင် ကုန်သွယ်မှုနည်းလမ်းတို့ဖြင့် ရှောင်ရှားသောကြောင့် နိုင်ငံတော်အနေဖြင့် သတ်မှတ်ထားသော အခွန်အခများ၊ အထူးကုန်စည်ခွန်များ၊ ဝင်ငွေခွန်များ၊ ကုန်သွယ်ခွန်များ ဆုံးရှုံးရပါသည်
တရားမဝင်ကုန်သွယ်မှုများ ဖြစ်ပေါ်ခြင်းကြောင့်လည်း နိုင်ငံ့ဝန်ထမ်းများအား အကျင့်ပျက် ခြစားမှုကို ဖြစ်ပေါ်စေခြင်း၊ အကျင့်စာရိတ္တကို ထိခိုက်စေခြင်းနှင့် အုပ်ချုပ်ရေး ယန္တရားကိုလည်း ထိခိုက်စေပါသည်
ထို့ပြင် တရားမဝင်ကုန်ပစ္စည်း ဝယ်ယူ၊ ရောင်းချသည့် ကုန်သွယ်ဖက်နိုင်ငံများ၏ ကုန်သည်များမှလည်း လိုသလိုစျေးကစားခွင့်ကို ရရှိနိုင်ပါသည်
တရားမဝင် ကုန်သွယ်မှုများကြောင့် ပြည်တွင်းတွင် စျေးကွက်ကမောက်ကမ ဖြစ်ပေါ်ကာ စျေးနှုန်းများ မတည်မငြိမ်ဖြစ်ခြင်း၊ တရားဝင်လုပ်ကိုင်နေသော လုပ်ငန်းရှင်များနှင့် စားသုံးသူ ပြည်သူများကို ထိခိုက်နစ်နာခြင်းတို့ကြောင့် တရားမဝင်ကုန်သွယ်မှုများကို အစိုးရဌာနဆိုင်ရာများနှင့် ပြည်သူများပူးပေါင်း၍ ဝိုင်းဝန်းတားဆီးကာကွယ်သွားရန် လိုအပ်ပါက...
မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်​နေ့)တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးက မြန်မာနိုင်ငံအတွက် ပဋိပက္ခများနှင့်အကျပ်အတည်းများကြားမှ နိုင်ငံတစ်နိုင်ငံက ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် စီးပွားရေးပြန်လည်ထူထောင် ရေးဟူသော မျှော်လင့်ချက်စာမျက်နှာသစ်ဆီသို...
မြန်မာနိုင်ငံ၏ အတိတ်သမိုင်းတွင်လည်း ယခုကဲ့သို့စိန်ခေါ်မှုများနှင့် အားနည်းချက်များကြားမှ ကျင်းပခဲ့ရသည့် နိုင်ငံထူထောင်ရေး သမိုင်းဝင်ရွေးကောက် ပွဲများမှတစ်ဆင့် နိုင်ငံ၏ပဋိပက္ခများကို ဖြေရှင်းရန်နှင့် နိုင်ငံတကာအသိုက်အဝန်းတွင် တာဝန်သိစွာဖြင့် ပြန်လည်ရပ်တည်နိုင်မည့် အခွင့်အလမ်းကောင်းများကို ရယူပေးနိုင်ခဲ့သည့်သာဓကများ ရှိခ...
မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ်ကျင်းပသည့် တိုင်းပြုပြည်ပြု အခြေခံအုတ်မြစ်ချရမည့် နိုင်ငံထူထောင်ရေးရွေးကောက်ပွဲကို ၁၉၅၁ ခုနှစ်တွင် စိန်ခေါ်မှုနှင့် အန္တရာယ်များကြားမှ ပြီးမြောက်အောင် ကျင်းပခဲ့ပါသည်
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် နိုင်ငံအနှံ့အပြားတွင် ရောင်စုံသောင်းကျန်းမှုများဖြစ်ပွားခဲ့ရာ ဦးနုအစိုးရ၏ နောက်ဆုံးခံစစ်မှာ မြို့တော်ဟောင်း ရန်ကုန်ဖြစ်ခဲ့သောကြောင့် “ရန်ကုန်အစိုးရ” ဟုပင် အမည်တွင်ခဲ့ပါသည်
သို့သော် ထိုရန်ကုန်အစိုးရက ၁၉၅၀ ပြည့်နှစ်တွင် ထိုးစစ်များပြန်လည်ဆင်နွှဲနိုင်ခဲ့ကာ မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သဖြင့် ၁၉၅၁ ခုနှစ်တွင် ကတိပြုထားသည့် ရွေးကောက်ပွဲကို ကျင်းပခဲ့ပါသည်
ထိုရွေးကောက်ပွဲကို ၁၉၅၁ ခုနှစ် ဇွန်လမှ ၁၉၅၂ ခုနှစ် ဧပြီလအထိ ၁၄ လတာအတွင်း အဆင့် ၃ ဆင့်ဖြင့် ကျင်းပခဲ့ရသည်
ယနေ့ခေတ် တိုင်းရင်းသားပြည်နယ်များဖြစ်သော နယ်စပ်ဒေသအများအပြားတွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သလို မြန်မာနိုင်ငံအလယ်ပိုင်း၏ ၁၁ ရာခိုင်နှုန်းသော ဒေသများမှာလည်း သောင်းကျန်းသူများ လက်အောက်တွင် ရှိနေသောကြောင့် ပြည်သူအများစုမဲမပေးနိုင်ခဲ့ကြပါ
အကြမ်းဖက်ခြိမ်းခြောက်မှုများနှင့် မတည်ငြိမ်မှုများကြားမှ ဦးနုဦးဆောင်သော ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ)က မဲအပြတ်အသတ်အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံသည် ဆယ်စုနှစ်တစ်ခုစာ ငြိမ်းချမ်းသာယာသောဒီမိုကရေစီခရီးကို စတင်လျှောက်လှမ်းနိုင်ခဲ့ပါသည်
ဒုတိယအကြိမ် အခြေခံအုတ်မြစ်ချနိုင်ခဲ့သည့် ရွေးကောက်ပွဲမှာ ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပခဲ့ပါ သည်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီးနောက် ထိုဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင်းပသည့် ပထမဆုံးရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်
တပ်မတော်အစိုးရတာဝန်ယူခဲ့သည့် သက်တမ်းနှစ် ၂၀ အကြာနှင့် နာဂစ်မုန်တိုင်းဒဏ်ဆိုးရွားစွာခံရပြီး နှစ်နှစ်အကြာတွင် ကျင်းပခဲ့ခြင်းလည်း ဖြစ်ပါသည်
ထိုအချိန်က အချို့သောနိုင်ငံရေးပါတီများက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြပြီး “ ဝ ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တစ်ခုလုံးတွင်လည်း ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါ
သို့သော်လည်း ထိုရွေးကောက်ပွဲသည် ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရ အဖွဲ့ကို အောင်မြင်စွာပေါ်ထွက်လာစေခဲ့ပြီး နိုင်ငံတစ်ဝန်း ကြီးမားနက်ရှိုင်းသော နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်လုပ်ဆောင်နိုင်ခဲ့ပါသည်
၂၀၁၁ ခုနှစ်မှစ၍ နောက်ထပ် ဆယ်စုနှစ်တစ်ခုအတွင်း မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် အောင်မြင်စွာ ပြန်လည်ထိတွေ့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ရုံသာမက ပြည်တွင်း၌လည်း တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်
ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည်လည်း အလားတူစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်
နိုင်ငံတကာအဖွဲ့အစည်းအချို့က မြန်မာနိုင်ငံရှိ ဒေသအချို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားဆဲရှိနေ၍ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပရန် မဖြစ်နိုင်ဟု ထောက်ပြကြသော်လည်းမြေပြင်တွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်က မြို့နယ်ပေါင်း ၃၃၀ အနက် ၂၆၅ မြို့နယ် (၈၀ ရာခိုင်နှုန်း)တွင် ရွေးကောက်ပွဲကျင်းပရန် ဆုံးဖြတ်ထားပါသ...
ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် (UEC) အနေဖြင့် လုံခြုံရေးကိစ္စများကို ထည့်သွင်းစဉ်းစားကာ အဆင့် ၃ ဆင့်ဖြင့် ကျင်းပရန် စီစဉ်လျက်ရှိပါသည်
တစ်နိုင်ငံလုံးအနှံ့ ရွေးကောက်ပွဲများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂ မြို့နယ်၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြို့နယ် ၁၀၀ နှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ လ ၂၅ ရက်နေ့တွင် မြို့နယ် ၆၃ မြို့နယ်ဟူ၍ အပိုင်းသုံးပိုင်းခွဲကာ တစ်လအတွင်း အပြီးကျင်းပရန် စီစဉ်ထားပါသည်
လက်နက်ကိုင်အဖွဲ့အစည်းများက ပြည်သူများ မဲပေးခြင်းကို အကြမ်းဖက်နှောင့်ယှက်မည်ဟု ခြိမ်းခြောက်ပြောဆိုနေသည့်ကြားမှ UEC အနေဖြင့် ရွေးကောက်ပွဲကို အကျယ်ပြန့်ဆုံးလွှမ်းခြုံ နိုင်ရန် အစွမ်းကုန်ကြိုးပမ်းလျက်ရှိကြောင်း သိရှိရပါသည်
ရွေးကောက်ပွဲလွှမ်းခြုံနိုင်မှုနှင့်ပတ်သက်၍ လေ့လာသုံးသပ်ရပါက ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ရွေးကောက်ပွဲ ၃ ကြိမ်အတွင်း ရွေးကောက်ပွဲလွှမ်းခြုံ နိုင်မှုနယ်မြေများ သိသိသာသာ လျော့ကျလာသည်ကို တွေ့ရပါသည်