text stringlengths 6 5.73k |
|---|
သမ္မတ ရွေးပွဲဝင်သည် |
အမေရိကန် ပြည်ထောင်စု၏ သမ္မတဖြစ်လာသည် |
လူမည်းများ ကို ကျွန်ဘဝမှ လွတ်မြောက်စေသူ၊ အမေရိကန်နိုင်ငံကို နှစ်ခြမ်းကွဲမည့်ဘေးမှ ကယ်တင်ပေးသူအဖြစ် သမိုင်း တွင်ထင်ရှားသည် |
စာဖတ်သောကြောင့် နိုင်ငံ၏ထိပ်သို့ ရောက်ခဲ့သော ဥပမာဖြစ်သည် |
ထို့ကြောင့် စာဖတ်ကြပါဟု တိုက်တွန်းချင် သည် |
စာစုံဖတ်စေချင်သည် |
နေ့တိုင်းစာဖတ်ချိန် ပေးစေချင်သည် |
ဘယ်သွားသွား စာတစ်အုပ်ယူသွား ပြီး ကားစောင့်ရင်း၊ ရထားစောင့်ရင်း၊ လေယာဉ် ထွက်ချိန်စောင့်ရင်း၊ ကားရထား/လေယာဉ်စီးရင်းဖတ်နိုင်ပါသည် |
ယုတ်စွအဆုံး အိမ်သာတက်ရင် လည်း စာဖတ်နိုင်သည်ပင် |
စာဖတ်၍ ထိပ်ရောက်သည်ကိုရေးပြီးသောအခါ စာမဖတ်၍ ကွဲသည်ကိုလည်းရေးချင်သည် |
မိမိ ဘာသာနေလျှင် ကိစ္စမရှိ |
စာမဖတ်ဘဲ သူများကို ဆရာသွားလုပ်တော့ အရှက်ကွဲသည် |
လွန်ခဲ့သော ဆယ်နှစ်ကျော်လောက် လွန်ခဲ့သော ဆယ်နှစ်ကျော်လောက်က ၈၈ ပွင့်လင်းအဖွဲ့ဝင်တစ်ယောက်က “တပ်မတော် အင်အား ရှိမှ တိုင်းပြည်အင်အားရှိမယ်ဆိုတဲ့ဆောင်ပုဒ်ကိုတော့ ရဲရဲပဲပြောမယ်၊ တစ်မျိုးမ ထင်ပါနဲ့၊ အတွေးအခေါ်အရ မှားယွင်းနေတယ် |
လုံးဝလက်မခံပါဘူး”ဟု ကျောက်ဆည် မြို့တွင် လူသိရှင်ကြား ဟောပြောခဲ့သည် |
သူသာစာဖတ်နာခဲ့လျှင် သို့မဟုတ် နိုင်ငံရေး တက်ကြွလှုပ်ရှားသူဖြစ်၍ စကားမကျွံမီ လေ့လာ မေးမြန်းစူးစမ်းလျှင် တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဆိုသည်မှာ ဆောင်ပုဒ် (motto) မဟုတ်ဘဲ သီချင်းစာသားဖြစ်သည်ကို လည်းကောင်း၊ တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်ဆိုသည်မှာ တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ အတွေးအခေါ်... |
သိလျှင် ဗိုလ်ချုပ်ကိုတော့ စော်ကားလိမ့်မည်မထင်ပါ |
မသိတော့ ဗိုလ်ချုပ်ကို စော်ကားရာရောက်သည် |
ရှေ့တွင်ရေးခဲ့သော ဆရာချစ်ဦးညိုပြောသည့် “သိခြင်းမသိခြင်း၏ကွာဟချက်”သည် အဲဒါပဲဖြစ် ၏ |
စာမဖတ်လို့ဖြစ်၏ |
လူငယ် စာပေဆိုင်ရာစာအုပ်တစ်အုပ် ၂၀၁၅ ခုနှစ်က အမျိုးသားစာပေဆု စိစစ်ရာ တွင် စာရေးဆရာတစ်ယောက်ရေးသော လူငယ် စာပေဆိုင်ရာစာအုပ်တစ်အုပ်ကို ဖတ်မိသည် |
တစ်နေရာမှာ ..“ယနေ့လူငယ်၊ နောင်ဝယ် လူကြီး”လို့ မည်သူက ထွင်လိုက်မှန်းမသိဘူး |
သစ်ပင်ပေါက်လာရင် အပင်ငယ်လေးကနေ အပင်ကြီးဖြစ်လာတာသဘာဝပဲ |
ငယ်ရာကနေ ကြီးလာတယ်ဆိုတာထုံးစံပဲ |
ဒီနေ့လူငယ်ဆိုတာက လည်း နောင်တစ်ချိန်မှာ လူကြီးဖြစ်လာမှာ ဓမ္မတာ ပဲ |
ဘာမှမဆန်းတာကို ရေးကြီးခွင်ကျယ်လုပ်ပြီး သုံးနေတယ်...ဆိုသည့် သဘောမျိုးရေးထားသည် |
“ယနေ့လူငယ်၊ နောင်ဝယ်လူကြီး”ဆိုသည် မှာ ဘယ်သူကမှ ထွင်တာမဟုတ်ဘဲ ဂန္ထဝင်ကဗျာ ဆရာကြီး ဇော်ဂျီ၏ “အို-တက်လူတို့”ကဗျာမှ ပါဒနှစ်ခုကို ကောက်နုတ်ထားခြင်းဖြစ်သည် |
အဓိပ္ပာယ်အလွန်လေးနက်ပြီး လူငယ်များကို လွတ် လပ်ရေးအတွက် လမ်းညွှန်ပေးသော ဇာတိမာန် ကဗျာဖြစ်သည် |
ဆရာဇော်ဂျီ၏ ကဗျာကို၊ ၎င်း စာရေးဆရာ မသိသည်မှာ ထင်ရှား၏ |
ဆရာဇော်ဂျီ ၏ လူသိများကျော်ကြားသော ကဗျာများအနက် ၎င်းကဗျာသည်တစ်ပုဒ်အပါအဝင်ဖြစ်ပြီး တစ်ချိန် က အထက်တန်းကျောင်းသုံး ကဗျာစာအုပ်တွင် ပြဋ္ဌာန်းခဲ့ဖူးသည် |
ထို့ကြောင့် ၎င်းကဗျာကို ကျောင်းဆရာဖြစ်သော စာရေးဆရာ မသိခြင်းမှာ အံ့သြဖို့ကောင်း၏ |
နောက်တစ်ယောက်လည်း ၈၈ မျိုးဆက် သစ်ပွင့်လင်းကျောင်းသားကြီးပဲဖြစ်သည် |
သူက ရန်ကုန်မြို့၌ တပ်မတော်ကို ပုတ်ခတ်ပြောဆိုရာ တွင် အချက်အလက်အမှားများ အများကြီးပါသွား ခဲ့သည် |
မှားသမျှကောက်နုတ်ပြလျှင် နောက်ခံ ရာဇဝင်ပြန်ရှင်းပြရသည်နှင့်စာရှည်မည်စိုး၍ အချက် အချို့ကိုသာ ဆွဲထုတ်ရေးပါမည် |
သူက အောင်ဆန်းအက်တလီစာချုပ်ကို ဖဆပလအဖွဲ့ချုပ် ဥက္ကဋ္ဌ အဖြစ် ဦးအောင်ဆန်းက လက်မှတ် ရေးထိုးခဲ့သည်ဟု ပြည်သူတို့ကို ဟောပြောခဲ့သည်မှာ မှားယွင်း နေ၏ |
အမှန်မှာ မြန်မာနိုင်ငံ ဘုရင်ခံ အမှုဆောင်ကောင်စီ ကိုယ်စားလှယ်အဖြစ် လက်မှတ်ထိုး ခြင်းဖြစ်သည် |
ပြည်သူ့ရဲဘော် အဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီတစ်ခုပါဟု လွဲမှားစွာ ပြောပြန်သည် |
စင်စစ်ပြည်သူ့ရဲဘော် အဖွဲ့သည် နိုင်ငံရေးပါတီ မဟုတ် |
နယ်ချဲ့ ဗြိတိသျှက လွတ်လပ်ရေး မပေး လျှင် ပြန်ချရန် တပ်မတော်၏ အရန်အင်အား အဖြစ် ကန္ဒီစာချုပ်အရတပ်မတော်ထဲ ဆက်ပါခွင့် မရသော စစ်သားဟောင်းများနှင့်ဖွဲ့ ထားသည့် စစ်တိုက်ရမည့်အဖွဲ့ဖြစ်ပြီး ဖဆပလ လက်အောက် တွင်ထားသည် |
ဗိုလ်ချုပ်အစီအမံသည် ဖဆပလက နိုင်ငံရေးလုပ်မည် |
ပြည်သူ့ရဲဘော် ကလျှို့ဝှက်ထားသော လက်နက်များဖြင့်စစ်တိုက်မည် |
တပ်မတော် ကိုကူညီမည် |
နောက်ထပ် ပြောပါသေးသည် |
ဖဆပလဟာ အရပ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ အရပ်သားစစ်စစ် နိုင်ငံရေး ပါတီပါတဲ့ |
တော်တော့် ကို စာမဖတ်တာဖြစ်သည် |
ဖဆပလတွင် တပ်မတော်၊ ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ် (ပြည်သူ့အရေးတော်ပုံ)ပါတီဟူသော အဖွဲ့ သုံးဖွဲ့ ပါဝင်ပြီး ဖွဲ့စည်းထားသည် |
ဂျပန်ကို တော်လှန်သည် |
နယ်ချဲ့အင်္ဂလိပ်ပြန်ဝင်လာတော့ ကန္ဒီစာချုပ်အရ တပ်မတော်ကို အင်အားလျှော့ပြီး ပြန်လည်ဖွဲ့စည်းလိုက်ရသောကြောင့် ဖဆပလတွင် မရှိတော့သည့် တပ်မတော်နေရာတွင် ဗိုလ်ချုပ်က စစ်သားဟောင်းများဖြင့် ပြည်သူ့ရဲဘော်အဖွဲ့ဆိုပြီး ထည့်ပေးခြင်းဖြစ်သည် |
နောက်အမှားတစ်ခုသည် ဦးအောင်ဆန်းကသိမ်ဖြူမဲဆန္ဒနယ်မှ ဝင်ပြိုင်သည် ဆိုသော ဟောပြောချက်ဖြစ်၏ |
ဗိုလ်ချုပ်အမှန် တကယ် ဝင်ပြိုင်ခဲ့သည့် မဲဆန္ဒနယ်မှာ သိမ်ဖြူ မဟုတ် |
လမ်းမတော်မဲဆန္ဒနယ်ဖြစ်သည် |
ထိုသူ၏ အလွဲပြော၊ အမှားပြောချက်များကအန္တရာယ်ကြီး သည် |
ရိုးသားသော၊ မသိနားမလည်သော ပြည်သူ များ၏ဦးနှောက်ထဲကို အဆိပ်ရည်များ ထည့်ပေး လိုက်ခြင်းဖြစ်သည် |
သိနားလည်သော ပြည်သူများ ရှေ့မှောက်တွင်မူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမည်ခံပြီး ကိုယ့်နိုင်ငံ၏ လွတ်လပ် ရေးသမိုင်းကြောင်းကို ဂဃနဏ ဖတ်မထားသူ အရှက်ကွဲ သည် |
သိက္ခာကျသည် |
စာဖတ်လျှင် ထိပ်သို့တက်လှမ်း၍ စာမဖတ် ပါက အလျဉ်းမသင့်လျှင် သိက္ခာကျအရှက်ကွဲ တတ်ပုံကို သာဓကဆောင်ပြခြင်းဖြစ်သည် |
စာလည်း တတ်ပြီ |
စာလည်း ဖတ်ပြီ |
...ဆိုလျှင် ဘာလိုပါသေး လိုတာပေါ့ |
“စာဖတ်တတ်”ရန်လိုပါသေးသည် |
ဆရာမကြီးစောမုံညင်းက “ငါးဟင်းစားသလို စာဖတ်ပါ”ဟုပြောခဲ့သည် |
ငါးဟင်းစားလျှင် အရိုး ထွင်ပြီးအသားကိုစားသလို စာဖတ်လျှင် မကောင်း သည့်စာကိုဖယ်ပြီး ကောင်းသည့်စာကို ရွေးဖတ်ဖို့ ဆိုလိုသည် |
တစ်ဖန် စာဖတ်ရုံနှင့်မပြီးသေး |
မှတ်ဖို့လည်း လိုပါသေးသည် |
မှတ်ဉာဏ်ကောင်းသူများက ကွန်ပျူတာဦးနှောက်ထဲမှာ သိမ်းဆည်းထားသည် |
တချို့ကကိုယ်အလိုရှိသော စာကြောင်း၊ စာပိုဒ်ကို မှတ်စုထုတ်ကူးယူသည် |
ကိုယ်ပိုင်စာအုပ်ဖြစ်လျှင် အလံထိုး မျဉ်းသားမှတ်၏ |
သတင်းစာ၊ ဂျာနယ် များကျတော့ ကိုယ်လိုချင်တာကို cutting ဖြတ်ကာ ဖိုင်တွဲသည် |
သုတတွေ၊ ရသတွေပေးနေတာ စာတစ်အုပ်ဖတ်ပြီးလျှင် စာရေးသူက ဘာပေး ချင်တာလဲ |
ရည်ရွယ်ချက်က ဘာလဲဆိုသည်ကို မိအောင်ဖမ်းရသည် |
ဖမ်းမိပြီဆိုလျှင် စေတနာ လား၊ဝေဒ နာလားပေါ်လွင်လာသည် |
စာဖတ်သူက စေတနာဖြင့် သုတတွေ၊ ရသတွေ ပေးနေတာလား |
ဝေဒနာနဲ့ ဖျက်ဆီးနေတာလား |
စာဖတ်သူအကျိုး အတွက် ရေးတာလား |
စာရေးသူနာမည်ရဖို့ |
လူသိဖို့၊ အထင်ကြီးခံဖို့ ရေးတာလား |
တစ်ဦးတစ်ဖွဲ့ ကို အဆိုးမြင်စေပြီး ကျန်တစ်ဦးတစ်ဖွဲ့ကို အကောင်းမြင်အောင်ရေးတာလား |
ယုတ္တိယုတ္တာ ရှိသလား |
မရှိဘူးလား |
ဓမ္မဓိဌာန်လား၊ ပုဂ္ဂလဓိဋ္ဌာန်လား |
ရေးသင့်တဲ့အကြောင်းအရာလား |
မရေးသင့် တဲ့အကြောင်း အရာလား စသည်တို့ကို စဉ်းစားရ မည် |
ချင့်ချိန်ရမည် |
စာရေးသူရေးသမျှယုံခြင်း သည် အဆင့်နိမ့်သော စာဖတ်သူဖြစ်၍ စဉ်းစား တွေးခေါ်ပြီးမှ လက်သင့်ခံခြင်းသည် အဆင့် မြင့်သော စာဖတ်သူဖြစ်သည် |
စာအဖတ်များလာလျှင် မူကွဲတွေ့လာတတ် သည် |
အချက်အလက်နှစ်မျိုးတွေ့ လာတတ်သည် |
ထိုအခါတွင် ဘယ်မူကွဲကမှန်သလဲ၊ ဘယ်စာရေး ဆရာရေးတာက ဖြစ်နိုင်သလဲဆိုတာ ဆက် လက် စူးစမ်းရန်၊ စဉ်းစားရန်မှာ စာဖတ်သူ၏ အလုပ်ဖြစ် သည် |
ဥပမာ အာဇာ နည်ခေါင်းဆောင်ကြီးများလုပ်ကြံခံရသော အကြောင်းကိုရေးရာတွင် စာအုပ် တစ်အုပ်၌ “(၁) ဗိုလ်ချုပ်ကို လျှို့ဝှက်သက်တော် စောင့်များချပေးလိုတဲ့အတွက် စိတ်ချရတဲ့ရဲဘော်တွေ ပေးပါလို့ ဦးကျော်ငြိမ်းက ဗိုလ်နေဝင်းထံ တောင်း ကြောင်း၊ (၂) မောင်းပြန်သေနတ်များကိုင်ဆောင် ထားသော အရပ်ဝတ်အရပ်စားနှင့် စစ်သား များမှာ တပ်ရင်း(၄)မှရဲဘော်များ... |
သက်တော်စောင့်များ မရှိသည့်လက်သည်မှာ ဗိုလ်နေဝင်းဟု တဲ့တိုးမစွပ်စွဲရုံ တစ်မည်ဖြစ်သည် |
ဗိုလ်နေဝင်းဟု ယုံကြည်သည် |
ယုံကြည်တာတောင်မှ မုချယုံကြည်သည်ဟု ဆင်ဝှေ့ရန်ရှောင်ရေးကာ စာဖတ်သူကို လှည့်စားသည် |
အဆင့်နိမ့်သော စာဖတ်သူဖြစ်လျှင် ဦးစောလူများ ဝင်လို့ရအောင် ဗိုလ်နေဝင်းက အစောင့်များကို ရုပ်သိမ်း ပေးလိုက် သည်၊ ဟပေးလိုက်သည်ဟု ထင်သွားမည်မှာမလွဲချေ |
နောက်စာအုပ်တစ်အုပ်တွင် ဤအကြောင်း အရာကို ရေးသားရာ၌ “(၁) BOD ခေါ် British Ordinance Dep မှ မောင်းပြန်သေနတ်နှင့် ခဲယမ်း များ လိမ်ထုတ်သွားသောသတင်းကို SB ကရသည် |
ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း နိုင်ငံခြားခရီး ထွက်နေချိန်ဖြစ်၍ လယ်ယာ စိုက်ပျိုးရေးဝန်ကြီးပျော်ဘွယ်ဦးမြက ပြည်ထဲရေးကိုတွဲကိုင်နေသည် |
(၂) ဦးမြက ပြည်ထဲရေး ဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာရှိသော သောင်းကျန်းမှုနှိမ်နင်းရေးတပ်နောင် UMPက တပ်စိတ်တစ်စိတ်ကို တာဝန်ချထား လိုက်သည် |
ဗိုလ်ချုပ်သဘောထားကိုသိတဲ့အတွက် ဦးမြနှင့် ဗိုလ်ချုပ်အပါးတော်မြဲတို့က ဗိုလ်ချုပ်ကို အသိမပေးချေ |
(၃) တစ်နေ့ လက်နက်ကိုင်အစောင့် တွေကို ဗိုလ်ချုပ်ကအမှတ်မထင်မြင်၍ အပါးတော် မြဲကိုမေးသည် |
အကျိုး အကြောင်း တင်ပြသည် |
ဗိုလ်ချုပ်က သူ့ကိုဘယ်သူကမှ ဘာမှ မလုပ်ပါဘူးဆို ပြီး အစောင့်တွေကို ဖယ်ခိုင်းလိုက်သည် |
ဦးမြနှင့် အပါးတော်မြဲတို့က အစောင့်တပ်စိတ်ကို ရုပ်သိမ်း လိုက်ရသည်”ဟုတွေ့ရသည် |
အချက်သုံးချက်ကွဲလွဲမှုများ ဤမူကွဲနှစ်ခုမည်သည်က အမှန်ဖြစ်နိုင်သနည်း |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.