text stringlengths 6 5.73k |
|---|
အရပ်သားပြည်သူများကို မည်သို့အနီးကပ် လုပ်ကြံသတ်ဖြတ်မည်လဲ၊ လုပ်ကြံသတ်ဖြတ်ပုံလေ့ကျင့်ခန်းများလည်း ပါဝင်သည် |
ဂိမ်းကစားနေစဉ်တွင် အကုသိုလ် စိတ်ကအပြည့် ဖြစ်သည် |
မိဘများအနေဖြင့် မိမိသားသမီးများ လမ်းမှားမရောက် ဒုက္ခမရောက်စေရန် အချိန်တိုင်းမှာ ဂရုစိုက်၊ ပညာပေး၊ ပြောဆိုဆုံးမနေသင့်သည်ဟု ယူဆပါသည် |
အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ရန် ပြောဆိုသင်ကြားထားသင့်ပေသည် |
တကယ်တော့ PDF ဂိမ်းဆော့ခြင်း၊ ဂိမ်း application ကို မိမိလက်ကိုင်ဖုန်းထဲ ထည့်သွင်းထားခြင်းသည် အကြမ်းဖက်အားပေးခြင်း သက်ရောက်၍ အကြမ်းဖက်ဥပဒေနှင့် ငြိစွန်းနိုင် ပါသည် |
မသိ၍ပဲဖြစ်ဖြစ်၊ သိသော်လည်း သတိလက်လွတ်၍ပဲဖြစ်ဖြစ် သက်ဆိုင်ရာမှ စစ်ဆေးခြင်း နှင့်ကြုံရသည့်အခါ မလိုလားအပ်သော နောက်ဆက် တွဲဆိုးကျိုးများခံစားရနိုင် ပါသည် |
ထိုအချက်ကို လူငယ်လူရွယ်များကော မိဘ၊ ညီအစ်ကို၊ မောင်နှမ များအနေဖြင့်ပါ သိရှိနားလည်ထားသင့်ပါသည် |
အမှန်တကယ်လည်း လူငယ်များအနေဖြင့် ထိုသို့မလုပ်သင့်ပါ၊ မစမ်းသပ်သင့်ပါ၊ စွဲလမ်းစေသည့် မကောင်းသည့်အရာဖြစ်၍ ဝေးဝေးကရှောင်သင့်ပါ သည် |
လူငယ်များအနေဖြင့် ဘာလုပ်မည်လဲ၊ မိမိ အတွက်ကော မိသားစုအတွက်ကော အကျိုးမရှိ၊ ပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းကိုလည်း ကောင်းကျိုးမပေး ဆင်ခြင်သုံးသပ်ကြစေချင်ပါသည် |
အကျိုးထက် အပြစ်ကပိုများ အမှန်ကတော့ ဂိမ်းကစားသည်ဆိုသည့်နေရာမှာ ယခုလိုအကြမ်းဖက်၊ ညှဉ်းပန်းနှိပ်စက်သည့်ပုံစံ ဂိမ်းအမျိုးအစားများကို မဆိုထားနှင့်၊ ရိုးရိုးဂိမ်းများ ဆော့လျှင်ပင် အကျိုးထက် ဆိုးကျိုးအပြစ်က ပိုများ သည်ဆိုသည်ကို အတော်များများလည်းလက်ခံပြီး သားဖြစ်ပါသည် |
ဖိစီးမှုလျှော့ချရန်နှင့် စိတ်ကြည်ရန်၊ လက်ကော၊ မျက်လုံးကော၊ ဦးနှောက်ကော တစ်ပြိုင်တည်း လှုပ်ရှားရသည့်အတွက် အလျင်အမြန် ဆုံးဖြတ်နိုင်စွမ်းနှင့် ပြဿနာကို ဖြေရှင်းနိုင်စွမ်း၊ သိမှုစွမ်းရည်များကို အထောက်အကူပြုသည် ဆိုသော်လည်း အပြစ်က ပိုများပါသည် |
ဘာကြောင့်ဆိုရလျှင် ဆင်ခြင်နိုင်စွမ်းအားနည်းသည့် လူငယ်များကို မဆော့ရမနေနိုင်အောင် သိမ်းသွင်းနိုင်စွမ်းကြောင့် တန်ဆေးလွန်ဘေးဖြစ်ကာ ဂိမ်းစွဲရောဂါရသွားစေ၍ ဖြစ်ပါသည် |
ပစ်ခတ်၊ တိုက်ခိုက်၊ သတ်ဖြတ်ကြသည့် ဂိမ်းများဆိုပိုဆိုးသည် |
ဖြူစင်သန့်ရှင်းရမည့် ကလေးလူရွယ်များ၏ အရိုးခံစိတ်တွင် အကုသိုလ်စိတ်များ စွန်းထင်းသွားသည် |
ဒေါသနှင့် လောဘက အရောင်ဆိုးသွားသည့်အခါသည်းခံစိတ်နှင့် ကိုယ်ချင်းစာ၊ သနားစိတ်နည်းလာပြီး အရာရာကို အကြမ်းဖက်ဖြေရှင်းနည်း ကိုသာ အားသန်လာကြတော့သည် |
ငြိမ်းချမ်းစွာ မဖြေရှင်းတတ်တော့ဘဲ ခက်ထန် ကြမ်းတမ်းရန် လိုလားကြပြီး ပေါင်းသင်းဆက်ဆံ ရေးမှာလည်း အခက်အခဲများ ရှိလာပေတော့မည် |
လူအချင်းချင်းအပေါ်တွင် အမုန်း စိတ်ဓာတ်များ ကြီးစိုးလာတော့မည်ဖြစ်သည် |
မိသားစုအပေါင်း အသင်းများနှင့်ပါ ဆက်ဆံရေး အားနည်းလာပြီး ပညာရေး၊ လူမှုရေးအလုပ်အကိုင်များတွင်သာမက မိမိ၏ ရည်မှန်းချက်များ ကိုပါ ထိခိုက်လာမည် ဖြစ်ပါသည် |
ကြာလာလျှင် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးလည်း ချို့ယွင်းလာမည်မှာ သေချာလှသည် |
စိုးရိမ်လွန်ခြင်း၊ ဒေါသထွက်လွယ်ပြီး စိတ်ဓာတ်ကျ လွယ်ခြင်း၊ စိတ်အားထက်သန်မှု မရှိတော့ခြင်း၊ အထီးကျန်ခြင်း၊ အိပ်မပျော်ခြင်းတို့မှာ စိတ်ရောဂါ သည်အများစုတွင် အတွေ့ရ များသည့် လက္ခဏာများဖြစ်သည် |
ဂိမ်းစွဲ၍ စိတ်ဓာတ်ကျ၊ စိတ်ဓာတ်ကျ၍ ဂိမ်းကစား တဝဲလည်လည်ဖြစ်ကာ အရက်သမား၊ ဆေးသမား ဆေးစွဲ အရက်စွဲသို့နှယ်ဖြစ်ရသည် |
စိတ်ကြောင့် ရုပ်ပိုင်းချို့ယွင်းချက်များ ရှိလာသည့်အခါ မျက်စိအားနည်းပြီး အမြင်အာရုံ ထိခိုက်ကာ မျက်မှန်သမားများဖြစ်လာခြင်း၊ ခေါင်းကိုက်ခြင်း၊ အထိုင်များသည့်အတွက် ခါးနာ၊ လည်ပင်းနာတတ်ကြပြီး အဝလွန်ခြင်း၊ ထမင်းမေ့ဟင်းမေ့ တစ်ခါတစ်ရံ အိပ်ရန်ပင်မေ့ကာ အစားအသောက်က မမှန်၊ အာဟာရက မျှခြေတွင်မရှိ၊ သွေးတိုးခြင်းများအထိ ဖြစ်ပေါ်ရသည် |
အချုပ်အားဖြင့် ယနေ့ခေတ်လူငယ်များ PDF ဂိမ်း၊ ဗီဒီယိုဂိမ်း၊ ကွန်ပျူတာဂိမ်း စသည်ဖြင့် မိမိတို့၏ အကျိုးရှိလှသောအချိန်များကို မဖြုန်းတီးကြဘဲ အချိန်တန်ဖိုးကို ကောင်းစွာ အသုံးချကြစေလိုပါသည် |
အားလုံးက အကျပ်အတည်းကြားတွင် ရောက်နေ သောကာလ၊ ဖိစီးမှုတစ်ခုခုကို လှုပ်ရှားရုန်းကန်ဖြေရှင်း နေကြရသည့်ကာလတွင် ကိုယ့်ကိုယ်ကိုယ် စိတ်ကူးယဉ် ကမ္ဘာထဲတွင် အချိန်ဖြုန်းမနေသင့်တော့ပါ |
ဤဆောင်းပါးကို စာတတ်-စာဖတ်-စာဖတ်တတ်စာငတ်-စာမပြတ်ဟူသော ကျောရိုးအတိုင်း တင်ပြသွားပါမည် |
ယခုခေတ်တွင် စာမတတ်သူဦးရေ အလွန် နည်းပါးသွားပါပြီ |
“အ”သုံးလုံးကျေးဇူးကြောင့်ယခင် စာမတတ်သူများသည် ယခုရေးတတ်၊ ဖတ်တတ် လာကြသည် |
စာရေးသူပြောချင်သော စာတတ်ဆိုသည်မှာ ပညာတတ်ကြီး မဖြစ်ချင်နေပါစေ |
အနည်းဆုံး စာကို ဖြောင့်ဖြောင့် တန်းတန်းဖတ်နိုင် နားလည်နိုင်သော အဆင့်ကို ဆိုလိုပါသည် |
စာအုပ် တစ်အုပ်ကို ဖတ်နိုင် စွမ်းရှိသော အဆင့်ကို ဆိုလိုပါသည် |
ဒီလိုစာတတ်သူတွေ ပေါပေါများများရှိရန် လိုအပ်ပါသည် |
တစ်နိုင်ငံလုံး စာတတ်ကြလျှင် အကောင်းဆုံးပါပေ |
ကောင်းပါပြီ |
စာတတ်သူတွေ အများအပြား ရှိနေပါပြီတဲ့ |
ထိုအထဲမှ ဘယ်နှယောက် စာဖတ် ကြပါသနည်း |
စာရေးသူပြောချင်သော စာဖတ်ဆိုသည်မှာ လုပ်ငန်းဆိုင်ရာစာ၊ ကျောင်းသင် ခန်းစာ စာဖတ်ခြင်းကို မဆိုလိုပါ |
ဗဟုသုတရှာမှီးရန် အလို့ငှာ၊ စိတ်အပန်းဖြေရန် ရသတစ် မျိုးမျိုး ခံစား ရန်အလို့ငှာ ပြင်ပစာပေဖတ်ရှုခြင်းကို ဆိုလိုပါသည် |
၂၀၁၇ ခုနှစ် အမျိုးသားစာပေဆုနှင်းသဘင် တွင်တွေ့သော တိုင်းဒေသကြီးအဆင့် တာဝန်ခံ ရသော ပုဂ္ဂိုလ်တစ်ဦးကို စာရေးသူ၏စာအုပ်လက်ဆောင်ပေးလိုသဖြင့် ပြင်ပစာပေဖတ်ရှုချိန် ရှိ၊ မရှိ ပဋိသန္ဓာရ စကားခံကြည့်ရာ စာမဖတ်ကြောင်း၊ အချိန်မပေးနိုင်ကြောင်း ဖြေလေသည် |
“စာဖတ် လျှင်သိတယ်၊ စာမဖတ်တော့မသိဘူး |
သိခြင်းနှင့် မသိခြင်း အများကြီးကွာသွားတယ်” ဟူသော ဆရာချစ်ဦးညို ၏စကားကို သတိရလိုက်သည် |
နောက်ပိုင်းတွင် ထိုပုဂ္ဂိုလ်၏ ပြောစရာလုပ်ရပ်တွေ ကြားသိသောအခါ မအံ့ဩမိပေ |
- စိတ်၏ကျေနပ်နှစ်သိမ့်မှုကို ရရှိခြင်း စာတတ်ပြီဆိုလျှင် နောက်တစ်ဆင့် တက်ရမှာက စာဖတ်ရန်ဖြစ်သည် |
စာဖတ်ခြင်းကြောင့် အသိဉာဏ်ပညာ ပြည့်ဝခြင်း၊ ဗဟုသုတကြွယ်ဝခြင်း၊ စဉ်းစားတွေးခေါ်တတ်ခြင်း၊ ဝေဖန် ပိုင်းခြားတတ်ခြင်း၊ အကောင်းအဆိုး၊ အကျိုးအပြစ်အမှား အမှန်ကို ခွဲခြားသိမြင် လာသဖြင့် ဆုံးဖြတ်ချက်မှန်၊ အလုပ်မှန်လာခြင်း၊ ရသတစ်ပါးပါးကို ခံစားရသော အခါတွင် စိတ်၏ ကျေနပ်နှစ်သိမ့်မှုကို ရရှိခြင်း ဟူသော အကျိုးကျေးဇူးများကို ရရှိသည် |
ထို့ကြောင့် စာဖတ်ရန် တိုက်တွန်းချင်သည် |
စာဖတ်မှ “ထိပ်” ကိုရောက်မည် |
စာအုပ်ကိုချစ်မှ စာအုပ်က ပြန်ပြီးအကျိုးပြုမည် |
လူသားများ တီထွင်ခဲ့ကြသော ပစ္စည်းများအနက် တန်ဖိုး အရှိဆုံး၊ တန်ခိုးအထက်ဆုံးနှင့် ဩဇာအသက်ရောက်ဆုံး အရာဝတ္ထုသည် စာအုပ်ဖြစ်ကြောင်း ဖတ်မှတ်ဖူးသည် |
“လူခါးတောင်းကျိုက်လျှင် ကူလီပဲဖြစ်မည် |
ဉာဏ်ခါးတောင်းကျိုက်မှ ထိပ်ဆုံးသို့ရောက်မည်”ဟု ဆရာဦးအောင်သင်းက ရေးသားခဲ့သည် |
စာဖတ်၍ ထိပ်ရောက်သူတွေ အများကြီး ရှိသည် |
ဥပမာ သုံးယောက်ပြပါမည် |
ဝန်ဇင်းမင်းရာဇာ |
ငယ်မည် မောင်ညိုဖြစ်၏ |
လယ်သမားဖြစ်၍ ဆင်းရဲသည် |
သူက စာပေဖတ်ရှု လေ့လာမှုတွင် ဝါသနာကြီးသည် |
လယ်ထွန်ရင်း စာဖတ်သည် |
လယ်နားချိန် စာဖတ်သည် |
အိမ်မှာ နေရင်းလည်းဖတ်သည် |
ယောက္ခမကမကြည်ဖြူချေ |
စာတိုပေစများကို ဖတ်လွန်း၊ မှတ်လွန်းအားကြီးတော့ ရွာနီးချုပ်စပ်မှ “စာတိုငညို”ဟု အမည် တွင်သည် |
တစ်နေ့ မိတ္ထီလာရွာသို့ ဘုရင်ကြွလာ သည် |
ကန်ပေါင်ပေါ်က နတ်ကွန်းအကြောင်းမေး သည် |
ရွာလူကြီးက မဖြေနိုင်ချေ |
မောင်ညို စာဖတ်၍ သူသိနိုင်ကြောင်း လူကြီးများက လျှောက် တင်သဖြင့် ခေါ်မေးသည် |
“နတ်ကွန်းမဟုတ်ကြောင်း၊ ဘေးလောင်းတော်၊ ဘိုးလောင်းတော် ကြွလာစဉ် မိဖုရားကွယ်လွန်ကြောင်း၊ မိဖုရားကို မြတ်နိုးတော် မူလွန်း၍ ရုပ်တုထုပြီး ကန်ပေါင်မှာမြှုပ်နှံခဲ့ကြောင်း၊ အပေါ်မှာ နတ်ကွန်းသဖွယ် ဆောက်ထားခြင်းသာ ဖြစ်ကြောင်း”မောင်ညိုက လျှောက်တင်သည် |
ကန်ပေါင်ကို တူးကြည့်တော့ ရုပ်တုတွေ့သည် |
မောင်ညိုကို နန်းတော်ခေါ်သွားပြီး ဝန်ကြီးခန့်သည် |
သမိုင်းတွင် ဝန်ဇင်းမင်းရာဇာဟု ထင်ရှား၏ |
စာဖတ် သောအကျိုးကြောင့် တိုင်းပြည်၏ ထိပ်မဟုတ်သည့် တိုင် သူ့ဘဝ၏ ထိပ်ကိုမူ ရောက်ခဲ့၏ |
ပခုက္ကူ ဦးအုန်းဖေ |
ငယ်စဉ်ကဆိုးခဲ့မိုက်ခဲ့သည် |
ဓားပြဖြစ်သည် |
ထောင်ကျသောအခါ ပခုက္ကူ ထောင် ထဲတွင်ရှိသော စာကြည့်တိုက်မှ စာအုပ်များ အကုန် ဖတ်သည့်အပြင် သူသဘော ကျသော စာကြောင်း စာပုဒ်များကို မှတ်စုကူးယူလာသည် |
စာပေက သူ့ အသိဉာဏ်ကို ဖွင့်ပေးလိုက်သည် |
ကောင်းရောင်းကောင်းဝယ်လုပ်ကိုင်စားသောက်တော့သည် |
စီးပွား တိုး၍ လူကုံထံ ဖြစ်လာသည် |
စာပေကြောင့် သူ့ဘဝပြောင်းလဲရသည်ဆိုပြီး စာပေကို ကျေးဇူးဆပ်ချင် သည် |
လူငယ်များ အားကျစေချင်၊ စာဖတ်စေချင် သည် |
စာပေပြိုင်ပွဲနှင့် ပညာသင်ဆု ထို့ကြောင့် ကျပ် ၇၆ သိန်းကျော် (၁၉၉၂ ခုနှစ်က ငွေတန်ဖိုးပါ) မတည်၍ စာပေပြိုင်ပွဲနှင့် ပညာသင် ဆုငွေ ပဒေသာပင်ထူထောင်ခဲ့သည် |
သူကိုယ်တိုင် လည်း စာရေးဆရာဖြစ်သွားသည် |
နိုင်ငံခြားခရီး များပင် သွားခဲ့ရသည် |
သူကွယ်လွန်သော်လည်း သူထူထောင်ခဲ့သော စာပေပြိုင်ပွဲနှင့် ပညာသင်ဆုမှာ ယနေ့ထက်တိုင်အောင် ရှင်သန်နေဆဲဖြစ် သည် |
ဦးလေးအုံးသည် စာဖတ်သောကြောင့် သူ့ဘဝ၏ ထိပ်ကိုရောက်ခဲ့သည် |
အေဘရာဟင်လင်ကွန်း |
ဆင်းရဲသောမိဘက မွေးဖွားသည် |
တောထဲမှာသစ်လုံးအိမ်နှင့် နေရ သည် |
ပင်ပင်ပန်းပန်း အလုပ်လုပ်ရသည် |
အတန်းကျောင်းမနေခဲ့ရချေ |
အမေနှင့်မိထွေးက စာသင်ပေးသောကြောင့် စာတတ်သည် |
စာတတ်တော့ စာဖတ်သည် |
ရရာစာအုပ်ဖတ်သည် |
မိုင်ချီ ဝေးသောနေရာက စာအုပ်ကို ခြေကျင်သွားသည် |
ညရောက်မှ ထပ်ခိုးအိပ်ခန်းတွင် မီးအိမ်ထွန်းဖတ်သည် |
ဖတ်ပြီးတော့ ခြေကျင်ပဲပြန်သွားအပ်သည် |
စာဖတ်နာလာတော့ ဥပဒေ စာအုပ်များ ဖတ်သည် |
လေ့လာသည် |
တောရှေ့နေဖြစ်လာသည် |
ရွေးကောက်ပွဲဝင်ရာရှုံး၏ |
ထပ်ဝင်ပြန်ရာ ရှုံးပြန်၏ |
နောက်ဆုံးတော့အရွေးခံရပြီးဥပဒေပြုအမတ်ဖြစ်လာ သည် |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.