text stringlengths 6 5.73k |
|---|
အဆိုပါပြိုင်ပွဲသို့ လူငယ်မျိုးဆက်သစ်များစွာ ပါဝင်ယှဉ်ပြိုင်ခဲ့သည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ လူငယ်များ၏ စိတ်ပါဝင်စားမှုကိုသိရှိခဲ့ရပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် လူငယ်များ၏အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်သကဲ့သို့ ပြိုင်ပွဲတွင် ဆုရရှိသူများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျင်းပသည့် (၂၀)ကြ... |
ကော်မရှင်အနေဖြင့် ဖွဲ့စည်းထားသည့် CPU များ၏ လုပ်ငန်းတာဝန် ၃ ရပ်နှင့် လုပ်ငန်းအစီအစဉ် ၆ ရပ်ကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းအစီအစဉ် ၆ ရပ်တွင်ပါဝင်သည့် လုပ်ငန်းလမ်းညွှန်များနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ တည်မြဲလုပ်ထုံးလုပ်နည်းများရေးဆွဲရန် ကျန်ရှိသည့်ဌာနများအား ရေးဆွဲဆောင်ရွက်သွားနိုင်ရေး ... |
၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများ၏ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ နှိုင်းယှဉ်ဖော်ပြထားရှိမှုမှာ- အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှုဆန်းစစ်လေ့လာခြင်းအားဖြင့် အဂတိလိုက်စားမှုများကို လျော့နည်းကျဆင်းစေမည်ဖြစ်သောကြောင့် ဆောင်ရွက်နိုင်ခြင်းမရှိသေ... |
အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရားဖောက်ဖျက်၍ ယုံကြည်စွာအပ်နှံထားသည့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုခြင်း၊ မလျော်ဩဇာသုံးစွဲခြင်း၊ နိုင်ငံတော်၏ငွေကြေး၊ ပစ္စည်း၊ ပိုင်ဆိုင်မှုတို့ကို ထိခိုက်နစ်နာဆုံးရှုံးခြင်းအထိ ပါဝင်ပါတယ် |
ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်သည့်အပြင် ဆုံးရှုံးနစ်နာမှုများကို ပြန်လည်ရရှိအောင် တာဝန်ယူဆောင်ရွက်ပေးရသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် နိုင်ငံတော်ဘဏ္ဍာထိခိုက်နစ်နာ ဆုံးရှုံးမှုမရှိစေရေး၊ ပြည်သူတစ်ဦးချင်း နစ်နာမှုမဖြစ်စေရေး အထူးဂရုပြုဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည် |
နိုင်ငံတကာရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်မှုများအပေါ် သုံးသပ်တင်ပြချက်များ ၂၀၂၃ ခုနှစ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးနှင့်လည်းကောင်း၊ အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ဝင်နိုင်ငံများအနက် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ အစိုးရစုံစမ်းစစ်ဆေးရေ... |
၂၀၂၄ ခုနှစ် ရှေ့လုပ်ငန်းအစီအစဉ် ကော်မရှင်သည် ၂၀၂၄ ခုနှစ်တွင် အဂတိလိုက်စားမှုအသိပညာပေးရေး၊ တားဆီးကာကွယ်ရေး၊ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို အောက်ဖော်ပြပါ လုပ်ငန်းအစီအစဉ်များ ချမှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြထားပါသည်- (က) ပေါ်လစီမူဘောင်နှင့် ဥပဒေမူဘောင် ဖွံ့ဖြိုးတိုးတက်ရေး (ခ) တစ်နိုင်ငံလုံးအတိုင်း... |
ထို့ကြောင့် အဂတိလိုက်စားမှုကို လုံးဝလက်မခံသော ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေရေးနှင့် အကျင့်ပျက်ခြစားမှုများ မရှိစေရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ ပြည်သူလူထုအားလုံးနှင့်ပူးပေါင်း၍ အဂတိကင်းစင်သည့် အသိုက်အဝန်းတစ်ခု ဖြစ်ပေါ်လာစေရေး ရည်မှန... |
စိုးဝင်း (MANA) ယနေ့အထိ ကျွန်တော်တို့ကြိုက်နှစ်သက်ဆဲ၊ လေလှိုင်းမှ အမြဲမပြတ်ပျံ့လွင့်လာနေဆဲ တေး သီချင်းတစ်ပုဒ်ဖြစ်သည့် “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” ဆိုသည့်သီချင်းမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်စာသားများရေးသားပြီး ဆရာဦးရွှေတိုင် ညွန့်အား သံစဉ်သွင်း၍ သီကုံးရေးစပ်စေခဲ့ခြင်းဖြစ်သ... |
ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ကြီးကို အင်အားတောင့်တင်းခိုင်မာအောင် ပြုစုပျိုးထောင်လိုသည် |
တိုးချဲ့ဖွဲ့စည်းရန် ဆန္ဒပြင်းပြခဲ့သည် |
ယင်းသို့ တပ်မတော်အင်အားတောင့်တင်းခိုင်မာပါမှလည်း နိုင်ငံတော်၏အချုပ်အခြာအာဏာ ရေရှည်တည်တံ့ခိုင်မြဲမည်ဖြစ်သည် |
မြန်မာနိုင်ငံသမိုင်းတွင် ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သူ အနော်ရထာ၊ ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သူ ဘုရင့်နောင်၊ တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သူ အလောင်းဘုရားဟူ၍ အထင်အရှား မှတ်တမ်းတင်ထားခဲ့ကြသည် |
တပ်မတော်အင်အားခိုင်မာ တောင့်တင်းအောင် တည်ထောင်ခဲ့ကြသည့် အဆိုပါဘုရင်များလက်ထက်တွင် နိုင်ငံတော်သည် ခံ့ညား ထည်ဝါ၊ တင့်တယ်ဝင့်ကြွားခဲ့သည် |
အမျိုးဘာသာသာသနာအကျိုးကို ထိရောက်အောင်မြင်စွာ သယ်ပိုးနိုင်ခဲ့ကြသည် |
နိုင်ငံသူ နိုင်ငံသားများ၏ စီးပွားရေးတိုးတက်ဖွံ့ဖြိုးအောင် စီမံဆောင်ရွက် ပေးနိုင်ခဲ့သည် |
တိုင်းတစ်ပါးက လေးစားခန့်ညား ခဲ့သည် |
အနော်ရထာ (အေဒီ ၁ဝ၄၄ - ၁ဝ၇၇) သည် နိုင်ငံတော်၏ ကာကွယ်ရေးအင်အား တောင့်တင်းခိုင်မာစေရန်အတွက် ပဒေသရာဇ်မြို့ပြနိုင်ငံများကို မိမိဩဇာအာဏာအောက်ကို သိမ်းသွင်းခဲ့သည် |
စစ်သည်ရဲမက်များကိုဖွဲ့စည်းရာ၌ ကျေးရွာ၊ မြို့နယ်၊ ခရိုင်တို့၏ အင်အားအလိုက် ရာပြုမြို့၊ ထောင်ပြုမြို့များ သတ်မှတ်တည်ထောင်ခဲ့သည် |
နိုင်ငံတော်ကာကွယ်ရေးအတွက် အရေးအခင်းပေါ်ပေါက်လာသည့်အခါ ယင်းခရိုင်၊ မြို့၊ ရွာများမှ သတ်မှတ်ဦးရေအတိုင်း လက်နက်ကိုင်တပ်ဖွဲ့များ စုစည်းသည် |
အေဒီ ၁ဝ၆ဝ ပြည့်နှစ်ခန့်က နန်းစောနှင့် အခြားပြည်ပကျူးကျော်မှုအန္တရာယ်များကို ခုခံကာကွယ်နိုင်ရန် ခံတပ်မြို့ပေါင်း ၄၃ မြို့ကိုလည်း တည်ထောင်ခဲ့သည် |
ယင်းသို့ နိုင်ငံတော်ကာကွယ်ရေး ပြင်ဆင်ကြိုးပမ်းတည်ဆောက်ခဲ့ခြင်းကြောင့်လည်း နိုင်ငံတော် ၏ အခြေခံအုတ်မြစ် ခိုင်ခံ့ခဲ့သည် |
ဘုရင်အနော်ရထာ၏ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်း၌ အရေးပါသည့်အချက်တစ်ချက်မှာ စွမ်းရည်သတ္တိနှင့်ပြည့်စုံသော သူရဲကောင်းများကို မြတ်နိုးစွာ ချီးမြှင့်မြှောက်စားခြင်းပင် ဖြစ်သည် |
၎င်းလက်ထက်တွင် ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးဟူသည့် သူရဲကောင်းများ ပေါ်ထွန်းခဲ့သည် |
ယင်းသူရဲကောင်းများ၏ စစ်ရေးစွမ်းရည်များက နိုင်ငံထူထောင်ရာတွင် များစွာ အကျိုးပြုခဲ့သည် |
အနော်ရထာလက်ထက်တွင် မြန်မာနိုင်ငံတစ်ဝန်း စစ်မှန်သည့် ထေရဝါဒဗုဒ္ဓ ဘာသာကို ထွန်းကားစည်ပင်အောင် ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့သည် |
ထေရဝါဒဗုဒ္ဓဘာသာ စည်ပင်ထွန်းကားလာသည်နှင့်အမျှ တိုင်းသူပြည်သားများ၏ ကိုယ်ကျင့် တရားများ တိုးတက်မြင့်မားကာ လူမှုရေးလည်း ဖွံ့ဖြိုးတိုးတက်လာခဲ့သည် |
နိုင်ငံတော်အေးချမ်းသာယာလာသည်နှင့်အမျှ စားရေရိက္ခာပိုမို စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ပန်းလောင်မြစ်၊ မတ္တရာ မြစ်စသည်တို့မှ ဆည်ပေါင်းများစွာ တည်ဆောက်ကာ လယ်ယာစိုက်ပျိုးရေးကို အားပေးချီးမြှောက် ခဲ့ခြင်းကြောင့် ဆန်ရေစပါးပေါကြွယ်ဝကာ တိုင်းပြည်စည်ပင်ဝပြောခဲ့သည် |
အေဒီ ၁၆ ရာစုအဦးပိုင်း၌ နိုင်ငံမှာ စည်းလုံးမှုကင်းမဲ့ပြီး အကွဲကွဲအပြားပြားဖြစ်နေခဲ့သည် |
ယင်းအခြေအနေများကို တည်ငြိမ်အောင် ပြန်လည် ထိန်းသိမ်းကာ စည်းလုံးညီညွတ်သော ဒုတိယ မြန်မာနိုင်ငံတော်ကြီးကို ဦးဆောင်တည်ထောင်ခဲ့သူမှာ ဘုရင့်နောင် (အေဒီ ၁၅၅၁-၁၅၈၁) ပင် ဖြစ် သည် |
ဘုရင့်နောင်သည် အစည်းပြေလျက်ရှိသော နိုင်ငံတစ်ဝန်းလုံးကို စစ်ရေးအင်အားဖြင့် သိမ်းသွင်း စုစည်းနိုင်ခဲ့ရုံသာမက ကသည်း၊ ဇင်းမယ်၊ လင်းပင်စသည့် အိမ်နီးချင်းနိုင်ငံများ၏ နယ်စပ်မြို့များကိုပါ ချီတက်တိုက်ခိုက်သိမ်းပိုက်ပြီး မြန်မာနိုင်ငံနှင့် တစ်ဆက်တစ်စပ်တည်း တပေါင်းတစည်းတည်း ဖြစ်စေခဲ့သည် |
ထို့နောက်ပိုင်းကာလတွင် စည်းလုံးညီညွတ်မှုပြိုကွဲပြီး သူတစ်လူငါတစ်မင်းဖြစ်ခဲ့ပြန်ရာ မြန်မာတစ်နိုင်ငံလုံး ပြန်လည်စည်းလုံး၍ နိုင်ငံ့အင်အား အထွတ်အထိပ်ရောက်အောင် ကြိုးပမ်းဆောင်ရွက် ခဲ့သူမှာ အလောင်းဘုရား (အေဒီ ၁၇၅၂-၁၇၆ဝ) ဖြစ်သည် |
အလောင်းဘုရားသည် မိမိဒေသအတွင်း ပထမဦးစွာ စစ်ရေးအင်အား စတင်တည်ဆောက်လေ့ကျင့်မှုများပြုလုပ်ခဲ့သည် |
မြင်းရည်တက် သွေးသောက်အဖွဲ့များ ဖွဲ့စည်းလေ့ကျင့်၍ မြေလှန်စနစ်ကို စစ်နည်းဗျူဟာမြောက်ကျင့်သုံးခဲ့ကာ တပ်အင်အားကို ကြီးမားစေခဲ့သည် |
၁၇၅၄ ခုနှစ်မှ ၁၇၅၇ ခုနှစ်အတွင်း ချင်းတွင်း၊ အင်းဝ၊ မိုးညှင်း၊ မိုးကောင်း၊ ပြည်၊ မြန်အောင်၊ ဒဂုံ၊ သန်လျင်၊ ဟံသာ ဝတီစသည်ဖြင့် အကွဲကွဲအပြားပြား သူတစ်လူ ငါတစ်မင်းဖြစ်နေသော မြို့ပြနိုင်ငံငယ်လေးများအား တိုက်ခိုက်သိမ်းသွင်းကာ တပ်မတော်အင်အား တောင့်တင်းခိုင်မာစေခဲ့သည် |
တပ်မတော်အင်အား ကြီးမားလာသည်နှင့်အမျှ ၁၇၅၈ ခုနှစ်တွင် မဏိ ပူရအားလည်းကောင်း၊ ၁၇၅၉ ခုနှစ်တွင် အယုဒ္ဓယမြို့အားလည်းကောင်း ချီတက်တိုက်ခိုက်သိမ်းပိုက် ခဲ့ခြင်းဖြင့် မြန်မာ့တပ်မတော်၏အင်အားစွမ်းပကားကို ပြသခဲ့သည် |
ကုန်းဘောင်မင်းဆက် နောက်ပိုင်းဘုရင်များ၏ စွမ်းရည်ကျဆင်းမှု၊ နည်းပရိယာယ်မကြွယ်ဝမှု၊ စည်းလုံးညီညွတ်ခြင်းအားနည်းမှုစသည်တို့ကြောင့် နိုင်ငံတော်သည် အင်အားချည့်နဲ့သွားခဲ့ပြီး ထီးကျိုး စည်ပေါက်၊ သူ့ကျွန်ဘဝရောက်ခဲ့ရသည် |
မြန်မာ-အင်္ဂလိပ်စစ်ပွဲသုံးကြိမ်၏ တိုက်ပွဲစဉ်များကို အသေးစိတ်လေ့လာသုံးသပ်မည်ဆိုပါက မြန်မာတို့၏ မယှဉ်သာသော ဇာတိသွေး ဇာတိမာန်နှင့် သူ့ကျွန်မခံလိုသော ဇွဲသတ္တိအားမာန်အပြည့်အဝရှိသော်လည်း လူ၊ လက်နက်တောင့်တင်းခိုင်မာသည့် တပ်မတော်တစ်ရပ်တည်ဆောက်နိုင်မှုမရှိခဲ့ခြင်းကြောင့်လည်း မိမိတို့ထက် လူ၊ လက်နက်အင်အားအရာတွင် အဆများစွာသာလွန်သည... |
မြန်မာတို့က ဓားကိုဓားချင်း၊ လှံကိုလှံချင်း အသက်ချင်းလဲ၍ ယှဉ်ပြိုင်တိုက်ခိုက်နိုင်သူများ ဖြစ်ကြ သော်လည်း အင်္ဂလိပ်-မြန်မာစစ်ပွဲများတွင် ဓားနှင့် သေနတ်၊ လှံနှင့်အမြောက် ယှဉ်ပြိုင်ခဲ့ရခြင်းကြောင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ရခြင်းဖြစ်သည် |
ထို့ကြောင့် ကျွန်ုပ်တို့အဘိုးအဘွားများ၏ အသက်သွေးပေါင်းများစွာဖြင့် ရင်းနှီးရယူခဲ့ရသော လွတ်လပ်ရေးကြီး အဓွန့်ရှည်စွာတည်တံ့ခိုင်မြဲရေးအတွက် ထာဝစဉ်ကာကွယ်စောင့်ရှောက်နေသည့် တပ်မတော်ကြီးကို မပြိုကွဲအောင် ဝိုင်းဝန်းကူညီစောင့်ရှောက်ရန် လိုအပ်ပါသည် |
တပ်မတော်ကြီး ပိုမိုခေတ်မီတိုးတက်အောင်၊ ခိုင်မာတောင့်တင်းအောင်လည်း အဘက်ဘက်မှ ဝိုင်းဝန်းကူညီရန် ကျွန်ုပ်တို့အားလုံးတွင် တာဝန်ရှိပါသည် |
နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးအချုပ်အခြာအာဏာ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် Military Might ခေါ် တပ်မတော်အင်အား တောင့်တင်းခိုင်မာမှုသည် မရှိလျှင်မဖြစ်သည့် အဓိက စွမ်းအားတစ်ရပ် ဖြစ်သည် |
Military Might ရှိမှသာ တိုင်းပြည်ငြိမ်းချမ်းသာယာ၍ Unity Might ခေါ် စည်းလုံး ညီညွတ်မှုစွမ်းအားနှင့် Economic Might ခေါ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစွမ်းအားများ ပြည့်ဝလာမည်ဖြစ်သည် |
ယခုအခါ Economic Might နှင့် ပြည့်စုံ ၍ ခေတ်မီတိုးတက်လျက်ရှိသော ကမ္ဘာ့နိုင်ငံကြီး များပင် Military Might ကို အထူးအလေးထားလျက် ခေတ်မီဆန်းသစ်သော နည်းပညာရပ်များနှင့် လက်နက်စွမ်းပကားကို တီထွင်ထုတ်လုပ်အသုံးပြုနေကြသည် |
ယောမင်းကြီးဦးဖိုးလှိုင် (မြန်မာသက္ကရာဇ် ၁၁၉၁-၁၂၄၅)၏ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံကာကွယ် ရေးစိတ်ဓာတ်များဖြင့် ရေးသားဆုံးမခဲ့သည့် “စစ်သည်လက်နက်အင်အားနှင့် ပြည့်စုံမည်ဆိုလျှင် တစ်ပါးသူတို့ ကြံဝံ့မည်မဟုတ်၊ တိုင်းပြည်ငြိမ်းချမ်းသာယာ၍ ပြည်သူပြည်သားတို့ ချမ်းသာကြမည် ဖြစ်သည်၊ သို့မဟုတ်က နှာခေါင်းရှည်ရှည်နှင့် လူမျိုးခြားတို့က ကျွ... |
နောင်နှစ်ပေါင်းထောင်သောင်းသိန်းသန်းမက ကမ္ဘာတည်သရွေ့ လည်း ဆက်လက်မှန်ကန်နေဦးမည်ဖြစ်သည် |
ကျွန်ုပ်တို့သားစဉ်မြေးဆက် ထာဝရမှတ်သား လိုက်နာကြရမည့် ဆုံးမဩဝါဒများပင် ဖြစ်သည် |
တပ်မတော်အင်အား ခိုင်မာတောင့်တင်းရေးနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်ကို နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်နိုင်ရေးအတွက် တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိသည့် ခေတ်မီတပ်မတော် (Standard Army) တစ်ရပ် အဖြစ် ရည်မှန်းချက်ထားပြီး ဖွဲ့စည်းတည်ဆောက်ပေးခဲ့သည် |
တပ်မတော်ကို ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် တည်ဆောက်ရာတွင် ခြေလျင်တပ်ရင်းတပ်ဖွဲ့များကိုသာမက တပ်မတော် (ရေ)၊ တပ်မတော် (လေ) နှင့် လက်ရုံးဝန်ထမ်းတပ်ဖွဲ့များ၏ စွမ်းရည်၊ စွမ်းအားများကိုလည်း မြှင့်တင်ပေးခဲ့သည် |
တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် လက်ရုံးဝန်ထမ်း တပ်ဖွဲ့ဝင်များတွင် လိုအပ်သည့် လက်နက်စနစ်များ အပြင် အခြားလိုအပ်သည့် ဆက်စပ်ပစ္စည်းများကို ဖြည့်တင်းခြင်း၊ ကိုယ်ပိုင်ထုတ်လုပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည် |
ထို့အပြင် ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက် နေ့မှစတင်၍ ပြည်သူ့စစ်မှုထမ်းဥပဒေအာဏာတည် သည့် နေ့ရက်သတ်မှတ်ခဲ့ပြီး အမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လိုသည့် သားကောင်းရတနာ များကို စည်းရုံးစုစည်းကာ အခြေခံစစ်ပညာသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိသည် |
သင်တန်းဆင်း ပြည်သူ့စစ်မှုထမ်းများက ရဲစွမ်းသတ္တိအပြည့်ဖြင့် နိုင်ငံ့ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေ ကြသည်၊ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေကြသည်ကို တွေ့မြင်ကြားသိရသဖြင့် အထူးဂုဏ်ယူဝမ်းမြောက် ဖြစ်ရပါသည် |
(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြု၍ ဆရာရွှေတိုင်ညွန့်၏ အောက်ပါ တေးတစ်ပိုဒ်ဖြင့် နိဂုံးချုပ်လိုက်ပါသည်- “တပ်မတော်သာလျှင် နိုင်ငံ့အမြတ်ကို ပေးအပ် နိုင်လိမ့်မည် xxxxx တပ်မတော်သာလျှင် နိုင်ငံ့ အကျိုးကို တိုးတက်စေနိုင်သည် xxxxx တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် xxxxx တပ်မတော်အင်အားရှိအောင် စွမ်းဆောင်ကာ ကြံစည် ... |
ကျမ်းကိုး အနော်ရထာ- ဒေါက်တာကျော်ဝင်း ဘုရင့်နောင် - ကထိကဦးစိန်လွင်လေး အလောင်းမင်းတရား- ဒေါ်အုန်းကြည် ဆောင်းပါးရှင် စိုးဝင်းမောင်၏ ၂၃-၃-၂ဝ၂၂ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါဆောင်းပါး |
စွမ်းပြည့် ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည် |
PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည် |
PDF လူငယ်များက IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည် |
PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည် |
အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည် |
ကစားသည်ထက် ကြော်ငြာကြည့်ရန်ကအဓိက PDF ဂိမ်းအများစုကို PDF များကပင် ရေးဆွဲထားခြင်းဖြစ်သည် |
၎င်းဂိမ်းတွင် တပ်ဖွဲ့အသွင် တစ်ခုအနေဖြင့် ပစ်ပုံ၊ ခတ်ပုံ၊ တိုက်ပွဲဝင်ပုံများကို ကနဦးသင်ပေးသည် |
တိုက်ပွဲတစ်ပွဲအတွက် ခေတ်မီသေနတ်ပုံစံများဖြင့် ဆွဲဆောင်ထားပြီး ကျည်ဆန်အတောင့် ၄၀၊ ၅၀၊ ၆၀ စသည်ဖြင့် ကျည်အရေအတွက်တစ်ခုပေးထားသည်၊၊ ထို့အတွက် ကျည်မလောက်အောင် ဖန်တီးထားခြင်းပင်ဖြစ်သည် |
ကစားစဉ် ကျည်ဖြည့်ရန် လိုအပ်လာသည့်အခါ ဖြည့်ရမည့်ကျည်အတွက် တက်လာသည့် ကြော်ငြာများကို မဖြစ်မနေ ကြည့်ရတော့သည် |
ကြော်ငြာ တစ်ခုကြည့်ပြီးတိုင်း ကျည် ၁၀ တောင့်ခန့် ရတတ်သည် |
လေ့ကျင့်ရေးကျည်၊ တိုက်ပွဲကျည် စသည်ဖြင့် ကျည်ကုန်မြန်အောင် application က ဖန်တီးထားသဖြင့် ကျည်က ခဏခဏကုန်သည် |
ခဏခဏကုန်တော့ ခဏလေးမှာပင် ကျည်ပြန်ဖြည့်ရန် ကြော်ငြာများကို မကြည့်ချင်ဘဲ ကြည့်ရပြန်သည် |
ဥပမာ- ကစားချိန် မိနစ် ၂၀ ဆိုလျှင် ကျည်ပြန်ဖြည့်ရန် များပြားလှသော ကြော်ငြာများ ကြည့်ရသည်က ၅ မိနစ်မှ ၁၀၊ ၁၅ မိနစ်ခန့်အထိ ကြာတတ်သည် |
အဓိကက ဂိမ်းဆော့ဖို့ထက် ကြော်ငြာကြည့်ဖို့က အဓိကဖြစ်နေသည် |
ကြော်ငြာမကြည့်၍ သတ်မှတ်ထားသည့် အချိန်ပြည့်သွားပါကလည်း မိမိသာတိုက်ပွဲကျမည်ဖြစ်သည် |
တကယ့်လက်တွေ့မှာလည်းတိုက်ပွဲက တိုက်လို့ကောင်းတိုင်း ကျည်ကခဏခဏ ဖြည့်နေရပြီး ကြော်ငြာက မပြီးနိုင်၊ မစီးနိုင် တစ်ခုပြီးတစ်ခု ကြည့်နေရသည်က ဂိမ်းဖန်တီးသူတို့၏ အသက်ဖြစ်သည် |
စီးပွားရေးတွက်ခြေ၊ အကြမ်းဖက်စိတ်ဓာတ်နှင့် ဖြားယောင်းသိမ်းသွင်းမှု ထို PDF ဂိမ်းတွင် ပိုက်ဆံမြန်မြန်ကုန်ရန်၊ ကျည်ပြန်ဖြည့်ရန်အတွက် စီးပွားရေးသမားများက တွက်ခြေကိုက်ရန် ပြုလုပ်ထားသည် |
တစ်ချက်ခုတ်၊ နှစ်ချက်/သုံးချက် ပြတ်သွားသည် |
တစ်ဖက်က စီးပွားရေးအမြတ်အစွန်း၊ တစ်ဖက်က အကြမ်းဖက်ပြုလုပ်၍ အစိုးရကို အကြမ်းဖက်တော်လှန်ချင်စိတ်နှင့် အခြားတစ်ဖက်က လူငယ်တို့၏ စိတ်ဓာတ်ကို ရိုက်ချိုးလိုက်ခြင်းဖြစ်သည် |
ကြော်ငြာမှရသော ကျည်ဖြည့်ငွေဖြင့် အကြမ်းဖက်တော်လှန်ရေးအတွက် လိုအပ်သော လက်နက်ရိက္ခာကို ဝယ်ယူဖြည့်တင်းကြသည်ဟု သိရှိရသည် |
ကြော်ငြာကိုမူ Google က ချိတ်ဆက်ပေးခြင်း ဖြစ်သည် |
ကြော်ငြာအများစုမှာ US နှင့် UK မှာသာ ရှိသည့်အတွက် ၎င်းနိုင်ငံများ၏ VPN ကို ခံထားရခြင်းဖြစ်သည် |
လူငယ်များကို အကြမ်းဖက် စိတ်ဓာတ် ရိုက်သွင်း၍ ဖျက်ဆီးလိုက်ခြင်းဖြစ်သည် |
သွေးဆူလွယ်သော လူငယ်လူရွယ်များက ဂိမ်းဆော့ခြင်းဖြင့် တကယ့်လက်တွေ့တွင် ဂိမ်းထဲကအတိုင်း ဖြစ်မည်ထင်ကြသည် |
ထို PDF အမည်ခံဂိမ်းများအပြင် အခြား online၊ offline ဂိမ်းများစွာလည်း ရှိပါသေးသည် |
ရုပ်ရော၊ အသံရော ကြည့်လို့ကောင်းသည့် graphic ဂိမ်းများ ရှိပါသည် |
မည်သို့ပင်ဖြစ်စေ တိုက်ပွဲ၊ သတ်ဖြတ်မှု၊ စစ်၊ အကြမ်းဖက် စသည်ဖြင့်ဖန်တီးထားသော ဂိမ်းများသည် ဖော်ပြပါ ရည်ရွယ်ချက်များကိုသာ ဖော်ဆောင်သည်၊၊ သေနတ်ပစ်ခတ်ပုံကအစ အတားအဆီးများကို လွယ်လွယ်ကူကူဖောက်ထွက်နိုင်စေရန် ဖန်တီးထားသည် |
ဤသည်ကပင် လူငယ်ထုကို ဖြားယောင်းဆွဲဆောင်ထားခြင်းဖြစ်သည် |
မစဉ်းစားမိသူ လူငယ်များက အပြင်မှာလည်း ဂိမ်းထဲမှာအတိုင်း ဖြစ်မည်ထင်ကြသည် |
စီးပွားရေး သမားကတော့ စီးပွားရေးအမြင်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး လူငယ်များ ဆော့ချင်လာအောင်၊ ကစားတတ်လာအောင် တမင်အကြံပေးတီထွင်ဖန်တီးထားသည်ကို တွေ့ရသည် |
တပ်မတော်ကိုတိုက်ရန် ဒီလောက်လွယ်နေမှတော့ အကြမ်းဖက်စစ်သင်တန်းကျောင်းတွေ ဘယ်လိုတော့မှာလဲ၊ ဂိမ်းဆော့ပြီးတော့မှပဲ ဂိမ်းထဲမှာအတိုင်း လေ့ကျင့်ပြီး စစ်တိုက်လို့ရနေပြီပဲ |
အထင်နှင့်အမြင် တလွဲကြီးဖြစ်သည် |
တကယ့်အပြင်က လက်တွေ့တိုက်ပွဲနှင့် တခြားစီ ဖြစ်သည် |
လက်တွေ့အပြင်မှာက လေ့ကျင့်သည်မှအစ တကယ့်ကျည်အစစ်အမှန်နှင့် လေ့ကျင့်ကြ၊ တိုက်ပွဲဝင်ကြခြင်းဖြစ်သည် |
ဖုန်းထဲကဂိမ်းကဲ့သို့ ကြော်ငြာကြည့်ပြီးဝယ်ရသည့် ကျည်အတုများမဟုတ်သည်ကို သတိပြုရမည်ဖြစ်သည် |
ကစားကြည့်မည်ဆိုပါကလည်း မိမိကအနိုင်ချည်းဖြစ်သည် |
ဘာပညာမှလည်းမရ၊ ဘာဉာဏ်ရည်ဉာဏ်သွေးမှလည်း မတက်၊ ဘာအတွေ့အကြုံ မှလည်းမရပါ |
ကျည်ခဏခဏကုန်၊ ကြော်ငြာကို ကျော်သွားခွင့် မရဘဲပြီးအောင် အချိန်ပြည့်ကြည့်ရကာ နောက်ဆုံးတွင် အကုသိုလ်များ၍ ပိုက်ဆံကုန်သည်သာ အဖတ်တင်မည်ဖြစ်သည် |
ဒုက္ခရောက် လမ်းမှားမရောက်ကြစေရန် ပြောဆိုဆုံးမပညာပေးသင့် လူငယ်ဟူသည် စွန့်စားလိုသည်သာဖြစ်သည် |
အသစ်အဆန်းဆိုလျှင် စမ်းကြည့်လုပ်ကြည့်ချင် ကြသည် |
မိမိအတွက် ဘာကောင်းလာမှာလဲ၊ ဘာအကျိုးရှိမလဲ၊ ကျန်းမာရေး၊ လူမှုရေးမှအစ နောက်ဆက်တွဲဆိုးကျိုးများ ဘယ်လောက်ထိခိုက်မလဲ မစဉ်းစားနိုင်ကြ |
ဂိမ်းသည်စွဲတတ်သည် |
တန်ဖိုးရှိသောပိုက်ဆံများ ဖြုန်းတီးလိုက်သလိုဖြစ်သည် |
သူများကိုသတ်ရန်၊ ဖြတ်ရန်အတွက် သတ်ချင်ဖြတ်ချင်စိတ်ဖြင့် အကုသိုလ်လည်းများရသည် |
ဂိမ်းက လူငယ်လူရွယ်များ၏ သတ်ချင် ဖြတ်ချင်စိတ်ကို အားပေးထားသည် |
မိမိသတ်ဖြတ်လိုသော ပစ်မှတ်များကို ဒလန်၊ စစ်ခွေးစသည်ဖြင့် သုံးနှုန်း၍ စစ်သွေးကြွစေရန် မြှောက်ပင့်ပေးထားသည် |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.