id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,310,601 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | အရှင်ဥရုဝေလကဿပ မထေရ်အကြောင်း | ဤနည်းဖြင့် ခုနစ်ကြိမ်မြောက် ရောက်သောအခါ ထန်းခုနစ်ဆင့်ခန့် ပမာဏရှိသော ကောင်းကင်သို့ ပျံတက်၍ တဖန် ဆင်းသက်ပြီးလျှင် ရှေးနည်းအတူ မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုး၍ အပြစ်လွတ်ရာအရပ်၌ ထိုင်နေတော်မူလေ၏။ |
1,310,602 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | အရှင်ဥရုဝေလကဿပ မထေရ်အကြောင်း | ထိုအခါမှ လူများအပေါင်းသည် “ဘုရားမြတ်ကား လောက၌ အမြတ်ဆုံးသောရဟန်း ဖြစ်တော်မူပါပေ၏”ဟု ဘုရားရှင်အပေါ်၌ ယုံမှားသံသယ ကင်းရှင်းကြလေ၏။ |
1,310,603 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | အရှင်ဥရုဝေလကဿပ မထေရ်အကြောင်း | ထိုအခါ ထိုလူများအပေါင်းအား မြတ်စွာဘုရားသည် တရားဟောတော်မူလေ၏။ |
1,310,604 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | အရှင်ဥရုဝေလကဿပ မထေရ်အကြောင်း | ဒေသနာနိဂုံး ဆုံးသောအခါ ဗိမ္ဗိသာရမင်းကြီးဘည် (၁၁၀၀၀၀) တသိန်းတသောင်းသော ပုဏ္ဏားသူကြွယ် (=ပုဏ္ဏားသူဌေး)တို့နှင့် အတူတကွ သောတာပတ္တိဖိုလ်၌ တည်လေ၏။ |
1,310,605 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | အရှင်ဥရုဝေလကဿပ မထေရ်အကြောင်း | ပုဏ္ဏား သူဌေးပေါင်း( ၁၀၀၀၀ ) တသောင်းသည်ကား ရတနာသုံးရပ်ကို ဆည်းကပ်သူ = ဥပါသကာအဖြစ်ကို လျှောက်ထား ပြောကြားလေ၏ = သရဏဂုံတည်သူ ဥပါသကာများ ဖြစ်ကြလေ၏ဟု ဆိုလိုသည်။ |
1,310,606 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | အရှင်ဥရုဝေလကဿပ မထေရ်အကြောင်း | အရှင်ဥရုဝေလကဿပ မထေရ်၏ အခြံအရံဖြစ်သော ထိုရဟန်းပေါင်း (၁၀၀၀) တထောင်တို့သည်လည်း မိမိတို့ အလေ့အလာအတိုင်း |
1,310,607 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | အရှင်ဥရုဝေလကဿပ မထေရ်အကြောင်း | ၄၉၄ “ငါတို့အရာ ရဟန်းကိစ္စ အထွတ်အထိပ်သို့ ရောက်လေပြီ၊ အပြင်အပ လှည့်လည်သွားလာနေ၍ အဘယ်မူစအံ့နည်း = အပြင်အပ လှည့်လည်သွားလာနေရန် အလုပ်ကိစ္စ မရှိတော့ပြီ”ဟု ကြံစည် ဆင်ခြင်မိကြကာ အရှင်ဥရုဝေလကဿပ မထေရ်ကိုသာလျှင် ဝန်းရံ၍ လှည့်လည်သွားလာ နေထိုင်ကြကုန်၏။ |
1,310,608 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | အရှင်ဥရုဝေလကဿပ မထေရ်အကြောင်း | နောက်တချိန်၌ မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်ဝယ် သီတင်းသုံး နေထိုင်တော်မူစဉ် အရိယသံဃာတို့ အလယ်၌ အရှင်ဥရုဝေလကဿပ မထေရ်သူမြတ်ကို- |
1,310,609 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | အရှင်ဥရုဝေလကဿပ မထေရ်အကြောင်း | “ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ မဟာပရိသာနံ ယဒိဒံ ဥရုဝေလကဿပေါ = ရဟန်းတို့.. များသော ပရိသတ်အခြံအရံရှိကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် ဥရုဝေလကဿပသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”- |
1,310,610 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | အရှင်ဥရုဝေလကဿပ မထေရ်အကြောင်း | ဟု ချီးကျူး မိန့်မြွက်တော်မူကာ “မဟာပရိသ = တပည့်ပရိသတ်များသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။ |
1,310,611 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | အရှင်ဥရုဝေလကဿပ မထေရ်အကြောင်း | အခြားသော မထေရ်တို့မှာ တရံတခါ အခြံအရံ ပရိသတ် ပေါများ၍ တရံတခါ အခြံအရံ တပည့်ပရိသတ် နည်းပါးလေသည်၊ ဤအရှင် ဥရုဝေလကဿပ မထေရ်၏ အဖို့မှာမူ ညီတော်ရဟန်းနှစ်ပါး (နဒီကဿပမထေရ်, ဂယာကဿပမထေရ်)တို့နှင့်တကွ ရဟန်းပေါင်းတထောင် အမြဲ အခြံအရံဖြစ်ရှိ၍ နေ၏၊ ထိုရဟန်းတထောင်တို့အနက်မှ တပါးတပါးလျှင် တပည့်တပါးတပါး ရှင်ရဟန်း ပြုပေးလျှင် တပည့်ရဟန်း နှစ... |
1,310,612 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | အရှင်ဥရုဝေလကဿပ မထေရ်အကြောင်း | အံ ဋ္ဌ ၁၊ စာမျက်နှာ ၂၃၁-မှ)။ |
1,310,613 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | အရှင်ဥရုဝေလကဿပ မထေရ်အကြောင်း | ဤကား ဥရုဝေလကဿပမထေရ် အကြောင်းတည်း။ |
1,310,614 | Uncategorized | အလင်းကျမ်း | အလင်းကျမ်း |
1,310,615 | Uncategorized | အလင်းကျမ်း | နိဒါန်း “မာတွံစုတိံ အတိက္ကန္တော၊ မာတု ထညရသံ ပိဝ” သင်သည် သေလွန်ပြီးနောက်အဖို့ အမိနို့ကို မစို့ချင်နှင့် |
1,310,616 | Uncategorized | အလင်းကျမ်း | အမိနို့မစို့နဲ့ |
1,310,617 | Uncategorized | အလင်းကျမ်း | မာတွံစုတိံ အတိက္ကန္တော၊ မာတုထညရသံပိဝ- ဟူသော ပါဠိအလာကို မြန်မာဘာသာပြန်ဆိုပါသော် “သင်သည် သေလွန်ပြီးနောက်အဘို့၌ အမိနို့ရည်ကို မသောက်စို့ပါနှင့်” ဟု ဆိုလိုရာ အဓိပ္ပါယ် အကျယ်မှာမူ သင်သည် ဤဘဝသံသရာ၌သာ ကျင်လည်ပါစေ၊ နောက်ဘဝသံသရာ ဆက်လက်၍ မကျင်လည်ပါစေနှင့်၊ ဤဘဝသံသရာမှာပင် နောင်သံသရာ၌ ကျင်လည်စေကြောင်း အဝိဇ္ဇာစသော တရားအပေါင်းကို ကေ... |
1,310,618 | Uncategorized | အလင်းကျမ်း | မထင်မမြင် ဤစကားတော်အရ အမိနို့ရည်ကို စို့ရသမျှသည် သံသရာ၌ ကျင်လည်ရသည်သာဖြစ်ရာ --- သို့ကျင်လည်ရခြင်း၊ အမိနို့ရည်ကို စို့ရခြင်းတို့မှာလည်း စင်စစ် သံသရာ၏ အပြစ်ကို မမြင်နိုင်ခြင်း၊ အမိနို့ရည်စို့ရခြင်းတို့၌ ဆက်နွယ်သော သံသရာ့ဒုက္ခတို့ကို မထင်နိုင်ခြင်းတို့ကြောင့်ပင် ဖြစ်ပေကြောင်း။ |
1,310,619 | Uncategorized | အလင်းကျမ်း | အမှောင်ခွင်းအလင်းဉာဏ် |
1,310,620 | Uncategorized | အလင်းကျမ်း | ထိုသို့မမြင်နိုင်၊ မထင်နိုင်ခြင်း၏ အကြောင်းရင်းမှာကား အဝိဇ္ဇာတည်းဟူသော အမိုက်တိုက်ကြီးဖုံးလွှမ်းနေမှုကြောင့်သာ ဖြစ်ပေရာ ---- အမိနို့ရည်ကို မစို့ရတော့ဘို့ သံသရာ၌ မကျင်လည်ရတော့ဘို့မှာ ထို အဝိဇ္ဇာ မှောင်မိုက်ကြီးကို တိုက်ခွဲဖြိုခွင်းဘို့၊ တိုက်ခွဲဖြိုခွင်း၍ အလင်းဉာဏ် ရောင်ရဘို့သာ အရေးကြီးလှပါသည်။ |
1,310,621 | Uncategorized | အလင်းကျမ်း | သို့ဖြစ်ပါ၍ မဟာတမ မှောင်လှ အမိုက်ဖျက်တိုက်ဘို့ရာ အလင်းရောင်ဓာတ်မဟာသည် ဘယ်နှစ်ဖြာ ဘယ်နှစ်ပါး၊ အမိုက်ကား ဘယ်နှစ်ပုံ၊ အဓိပ္ပါယ်အစုံစုံကို အကုန်အစင် ထင်ထင်ရှားရှား ပြတ်သားလှစွာ ညွှန်ပြပါသော လယ်တီဆရာတော် ဘုရားကြီး၏ အလင်းကျမ်း ဤစာကို သံသရာ၌ ကျင်လည်ခြင်းမှ ရပ်စဲလိုသူ၊ အမိနို့ဆက်လက် မစို့လိုသူတို့အကျိုးငှာ |
1,310,622 | Uncategorized | အလင်းကျမ်း | ဘဒ္ဒန္တကေလာသ-နဝမ ပဓာန နာယကဆရာတော်ကြီးမှူးသော ဦးဗိုလ်မောင် (သာသနဓဇ သိရီပဝရ ဓမ္မာစရိယ) |
1,310,623 | Uncategorized | အလင်းကျမ်း | ဦးမောင်မောင်ဦး ( M.A အငြိမ်းစား ကျောင်းအုပ်) တို့က တည်းဖြတ် သုတ်သင် ပြင်ဆင်လျက် အရှင်နန္ဒိသေန ဦးစီးသော မုံရွာမြို့ မဟာ လယ်တီတိုက် လယ်တီရောင်ခြည်ကွန်ပျူတာအဖွဲ့မှ အက္ခရာပုဒ်ရင်း မချွတ်ယွင်းစေရအောင် ဤ အလင်းကျမ်းကို စာစီပြုလုပ်ကာ ထုတ်ဝေ ဖြန့်ချိအပ်ပါသတည်း။ |
1,310,624 | Uncategorized | အလင်းကျမ်း | နဝမ ပဓာန နာယက ဆရာတော် |
1,310,625 | Uncategorized | အလင်းကျမ်း | မုံရွာမြို့။ |
1,310,626 | Uncategorized | အလင်းကျမ်း | လျှောက်ထားချက်နှင့် ဝန်ခံမှု |
1,310,627 | Uncategorized | အလင်းကျမ်း | မြန်မာသက္ကရာဇ် ၁၂၇၂-ခုနှစ်၊ ကဆုန်လအတွင်း ရေဦးမြို့ တရားမဏ္ဍပ်ကြီးတွင် တစ်ထောင်ကျော်မျှလောက်သော ရှင်လူပရိသတ် အပေါင်းတို့အား အမိုက်ကြီး ၅-ပါး၊ အလင်းကြီး ၅-ပါးတို့ကို ထင်ရှားစွာ ဖော်ပြ ပြောဟောတော်မူရာ အမိုက်ကြီး ၅-ပါးတို့မှ ကျွတ်လွတ်၍ အလင်းကြီး ၅-ပါး ဘက်သို့ သက်ရောက်ပါဝင်လိုကြသူ ရှင်လူအပေါင်း သူတော်ကောင်းတို့၏ အကျိုးငှါ အ... |
1,310,628 | Uncategorized | အလင်းကျမ်း | ၁။ ၎င်းရေဦးမြို့ နယ်ပိုင်ဝန်ထောက်မောင်စံမင်း၊ |
1,310,629 | Uncategorized | အလင်းကျမ်း | ၂။ မြို့ပိုင် မြို့အုပ် မောင်ပေါရှန်၊ |
1,310,630 | Uncategorized | အလင်းကျမ်း | ၃။ တန့်ဆည်မြို့အုပ် မောင်ဘိုးဆိပ်၊ |
1,310,631 | Uncategorized | အလင်းကျမ်း | ၄။ ဒီပဲရင်းမြို့အုပ် ထိပ်တင်ဝ၊ |
1,310,632 | Uncategorized | အလင်းကျမ်း | ၅။ တမာတောမြို့အုပ် ထိပ်တင်ကြီးတို့က ရိုသေစွာတောင်းပန်လျှောက်ထားကြသည်တစ်ကြိမ်၊ |
1,310,633 | Uncategorized | အလင်းကျမ်း | ၁၂၇၂-ခုနှစ် တပေါင်းလဆန်း ၇-ရက်နေ့ည မန္တလေး ရွှေမြို့တော်၌ ဒေါင်းရိုးရပ်ကွက် တရားဟောမဏ္ဍပ်ကြီးတွင် ငါးထောင်ကျော်မျှ လောက်သော ရှင်လူအပေါင်းတို့အား ၎င်းအလင်းကြီး ၅-ပါးတို့ကို စေ့စပ်သေချာ ဒေသနာတော်အစဉ်မပျက် ဟောမြွတ်တော်မူရာ ဗုဒ္ဓဘာသာဝင် ရှင်လူအများတို့အား ၎င်းအလင်းကြီး ၅-ပါးတို့ကို ထင်ရှားစွာ ရရှိကြစေခြင်းအကျိုးငှါ အလင်းကျ... |
1,310,634 | Uncategorized | အလင်းကျမ်း | လျှောက်ထားချက်နှင့် ဝန်ခံမှုပြီး၏၊ |
1,310,635 | Uncategorized | အလင်းကျမ်း | --- အမိုက် ၅-သင်း၊ အလင်း ၅-ချက် |
1,310,636 | Uncategorized | အလင်းကျမ်း | (က) အမိုက်ကြီးငါးပါးကို ပြဆိုခန်း |
1,310,637 | Uncategorized | အလင်းကျမ်း | ၁။ ကမ္မသမ္မောဟ အမိုက်ကြီးတစ်ပါး၊ |
1,310,638 | Uncategorized | အလင်းကျမ်း | ၂။ ဓမ္မသမ္မောဟ အမိုက်ကြီးတစ်ပါး၊ |
1,310,639 | Uncategorized | အလင်းကျမ်း | ၃။ ပစ္စယသမ္မောဟ အမိုက်ကြီးတစ်ပါး၊ |
1,310,640 | Uncategorized | အလင်းကျမ်း | ၄။ လက္ခဏသမ္မောဟ အမိုက်ကြီးတစ်ပါး၊ |
1,310,641 | Uncategorized | အလင်းကျမ်း | ၅။ နိဗ္ဗာနသမ္မောဟ အမိုက်ကြီးတစ်ပါး။ |
1,310,642 | Uncategorized | အလင်းကျမ်း | ပေါင်း ငါးပါးတည်း။ |
1,310,643 | Uncategorized | အလင်းကျမ်း | ကမ် ဓမ် ပစ် လက်၊ နိဗ် ငါးချက်၊ ဖုံးဝှက်အမိုက်ငါး။ |
1,310,644 | Uncategorized | အလင်းကျမ်း | (ဧကပိုဒ် သံခိပ်။ |
1,310,645 | Uncategorized | အလင်းကျမ်း | ) (ခ) အလင်းကြီးငါးပါးကို ပြဆိုခန်း |
1,310,646 | Uncategorized | အလင်းကျမ်း | ၁။ ကမ္မသကတာဉာဏ် အလင်းကြီးတစ်ပါး၊ |
1,310,647 | Uncategorized | အလင်းကျမ်း | ၂။ ဓမ္မဝဝတ္ထာနဉာဏ် အလင်းကြီးတစ်ပါး၊ |
1,310,648 | Uncategorized | အလင်းကျမ်း | ၃။ ပစ္စယဝဝတ္ထာနဉာဏ် အလင်းကြီးတစ်ပါး၊ |
1,310,649 | Uncategorized | အလင်းကျမ်း | ၄။ လက္ခဏပဋိဝေဓဉာဏ် အလင်းကြီးတစ်ပါး။ |
1,310,650 | Uncategorized | အလင်းကျမ်း | ၅။ နိဗ္ဗာန ပဋိဝေဓဉာဏ် အလင်းကြီးတစ်ပါး။ |
1,310,651 | Uncategorized | အလင်းကျမ်း | ပေါင်းငါးပါးတည်း။ |
1,310,652 | Uncategorized | အလင်းကျမ်း | ကမ် ဓမ် ပစ် လက်၊ နိဗ် ငါးချက်၊ ပေါ်ထွက်အလင်းငါး။ |
1,310,653 | Uncategorized | အလင်းကျမ်း | (ဧကပိုဒ် သံခိပ်) အမိုက် ၅-သင်း၊ အလင်း ၅-ချက်အမြွက် ပြီး၏။ |
1,310,654 | Uncategorized | အလင်းကျမ်း | --- ပဌမအမိုက်ကြီးနှင့် ပဌမအလင်းကြီး အစုံကိုပြဆိုခန်း |
1,310,655 | Uncategorized | အလင်းကျမ်း | ကမ္မသမ္မောဟ ကံကိုမသိခြင်း |
1,310,656 | Uncategorized | အလင်းကျမ်း | ပဌမ ကမ္မသမ္မောဟ အမိုက်ကြီးနှင့် ပဌမ ကမ္မသကတာဉာဏ် အလင်းကြီးအစုံကို တွဲဖက်၍ပြအပ်၏၊ ထိုအစုံတို့တွင် ကမ္မသမ္မောဟ အမိုက်ကြီးဆိုသည်ကား ကံကိုလည်းကောင်း ကံ၏အကျိုးကိုလည်း ကောင်း မသိခြင်းကို ဆိုသည်။ |
1,310,657 | Uncategorized | အလင်းကျမ်း | ကံကိုမသိခြင်း ဆိုသည်မှာလည်း ခပ်သိမ်းသော သတ္တဝါတို့သည် မိမိတို့ ပြုကြသောကံသည်သာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြကုန်၏၊ ကံသည်သာလျှင် အမွေခံဥစ္စာရှိကြကုန်၏၊ ကံသည်သာလျှင် အကြောင်းရင်းရှိကြကုန်၏၊ ကံသည်သာလျှင် မိဘဆွေမျိုးအစစ် ဖြစ်ကြကုန်၏၊ ကံသည်သာလျှင် ကိုးကွယ်ရာအစစ် ရှိကြကုန်၏ဟု မသိခြင်း၊ မိမိတို့ ပြုကြသော ကိုယ်အမှု၊ နှုတ်အမှု၊ စိတ... |
1,310,658 | Uncategorized | အလင်းကျမ်း | ဘယ်အမှု ဘယ်အမှုမျိုးတို့ကား ကုသိုလ်အမှုမျိုးတို့ ဖြစ်ကြကုန်၏၊ ဤအမှုမျိုးတို့သည် နောက်နောက်ဘဝမျိုးတို့၌ ကောင်းသော အကျိုးတို့ကို ပေးတတ်ကုန်၏၊ လူ့ပြည်နတ်ရပ် မြတ်သောဘဝတို့သို့ ပို့ဆောင်တတ်ကုန်၏ဟု မသိခြင်း၊ ဤကဲ့သို့ ကံ၏သဘာဝ၊ ကံ၏လက္ခဏာတို့ကို မသိခြင်းဟူသမျှတို့သည် ကံကိုမသိခြင်းမည်ကုန်၏။ |
1,310,659 | Uncategorized | အလင်းကျမ်း | ကံအကျိုးကို မသိခြင်း |
1,310,660 | Uncategorized | အလင်းကျမ်း | ကံ၏အကျိုးကို မသိခြင်းဆိုသည်ကား- သတ္တဝါတို့မည်သည် သေရာ၌ ဘဝဆုံးကြကုန်သေးသည် မဟုတ်သေး၊ ကံပစ်ချရာ ကံပို့ဆောင်ရာ ကံဆွဲငင်ရာ ကံစီရင်ရာ ကံချထားရာ ဘဝတစ်ပါး၌ ဖြစ်ကြကုန်၏ဟု မသိခြင်း၊ လူတို့၏ ပကတိမျက်စိဖြင့် မမြင်ကောင်းသော ငရဲမျိုး အနန္တ၊ ပြိတ္တာမျိုးအနန္တ၊ အသုရကာယ်မျိုးအနန္တ၊ တိရစ္ဆာန်မျိုးအနန္တ ရှိကြကုန်၏ဟု မသိခြင်း၊ အကုသိုလ်ကံ... |
1,310,661 | Uncategorized | အလင်းကျမ်း | ပဌမအမိုက်ကြီးကို သိသာထင်မြင်ရုံမျှ |
1,310,662 | Uncategorized | အလင်းကျမ်း | ဖော်ပြချက်ပြီး၏။ |
1,310,663 | Uncategorized | အလင်းကျမ်း | --- ကမ္မသကတာဉာဏ် ပညာအလင်းကြီး |
1,310,664 | Uncategorized | အလင်းကျမ်း | ကမ္မသကတာဉာဏ် အလင်းကြီးဆိုသည်ကား- ကံကိုလည်း ကောင်း၊ ကံ၏အကျိုးကိုလည်းကောင်း သိခြင်းတည်း။ |
1,310,665 | Uncategorized | အလင်းကျမ်း | ကံကိုသိခြင်းဆိုသည်ကား ခပ်သိမ်းသောသတ္တဝါတို့သည် ကံသည်သာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏၊ ကံသည်သာလျှင် အမွေခံဥစ္စာ ရှိကြကုန်၏၊ ကံသည်သာလျှင် အကြောင်းရင်း မူလရှိကြကုန်၏၊ ကံသည်သာလျှင် မိဘဆွေမျိုးအစစ် ရှိကြကုန်၏၊ ကံသည်သာလျှင် ကိုးကွယ်ရာအစစ် ဖြစ်ကြကုန်၏ဟု သိခြင်း၊ မိမိတို့ပြုကြသော ကိုယ်အမှု၊ နှုတ်အမှု၊ စိတ်အမှုတို့တွင် ဤအမှုမ... |
1,310,666 | Uncategorized | အလင်းကျမ်း | ကမ္မသကတာဉာဏ် ပညာအလင်းကြီးကို သိသာထင်မြင်ရုံ ဖော်ပြချက် ပြီး၏။ |
1,310,667 | Uncategorized | အလင်းကျမ်း | --- ကမ္မသမ္မောဟ၏ အပြစ်နှင့် ကမ္မသကတာဉာဏ်၏အကျိုး |
1,310,668 | Uncategorized | အလင်းကျမ်း | ဤကမ္မသမ္မောဟ အမိုက်ကြီးသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှ၏၊ လောက၌ ခပ်သိမ်းသော မိစ္ဆာဒိဋ္ဌိကြီးတို့သည် ဤကမ္မသမ္မောဟအမိုက်ကြီးမှ ဖြစ်ပွားကြကုန်၏၊ ကမ္မသကတာဉာဏ် ပညာအလင်းကြီးသည် အနမတဂ္ဂသံသရာကြီး၌ ကျင်လည်၍ နေကြရကုန်သောသူတို့၏ ကိုးကွယ်ရာကြီးပေတည်း။ |
1,310,669 | Uncategorized | အလင်းကျမ်း | ထိုအလင်းကြီး ရှိကြမှ ဒါန သီလ ဘာဝနာ ကုသိုလ်တရားမျိုးကို ပွားများပြုကျင့်ကြ၍ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာတို့ကို ရနိုင်ကြကုန်၏၊ သဗ္ဗညုဗောဓိပါရမီ၊ ပစ္စေကဗောဓိပါရမီ၊ ဤပါရမီကုသိုလ်မျိုးတို့သည်လည်း ထိုအလင်းကြီးမှ ဖြစ်ပွားရကြကုန်၏။ |
1,310,670 | Uncategorized | အလင်းကျမ်း | ဤကမ္မသကတာဉာဏ်ပညာအလင်းကြီးသည် စကြဝဠာအနန္တတို့မှာပင် သမ္မာဒိဋ္ဌိလူမျိုး နတ်မျိုးတို့မှာ ရှိကြကုန်၏၊ ဤစကြဝဠာမှာလည်း မြတ်စွာဘုရားတို့ မပွင့်ရာ သုညကမ္ဘာတို့၌ပင် သမ္မာဒိဋ္ဌိလူမျိုး နတ်မျိုးတို့မှာ ရှိကြကုန်၏၊ ဤသမ္မာဒိဋ္ဌိဟူသော စကားသည် ဤကမ္မသကတာဉာဏ်ပညာအလင်းကို ဆိုသော စကားပင်တည်း။ |
1,310,671 | Uncategorized | အလင်းကျမ်း | ဤကမ္မသကတာဉာဏ်ပညာအလင်းကြီးသည် ယခုအခါ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာလူမျိုး ဟိန္ဒူဘာသာလူမျိုးတို့၌ တည်ရှိ၏၊ ကြွင်းသော လူမျိုးတို့နှင့် မိုက်မဲသော ခပ်သိမ်းသော တိရစ္ဆာန်မျိုးတို့မှာ မရှိကြကုန်ပြီ၊ ငရဲဘုံ၊ အသုရကာယ်ဘုံ၊ ပြိတ္တာဘုံတို့မှာလည်း မရှိကြသည်သာများ၏။ |
1,310,672 | Uncategorized | အလင်းကျမ်း | ထိုအလင်းကြီး မရှိကြသော သတ္တဝါတို့သည် ကမ္မသမ္မောဟ အမိုက်ကြီး၏အတွင်းမှာ တည်ရှိကြရကုန်၏၊ ထိုအမိုက်ကြီးအတွင်းမှာ တည်ရှိကြရကုန်သော သတ္တဝါတို့သည် သံသရာ၌ချမ်းသာလမ်းမျိုး၊ အထက်ဖြစ်သော လူ နတ် ဗြဟ္မာ သံသရာလမ်းမျိုး အလုံးစုံ ကွယ်ပျောက် ပိတ်ဖုံး၍နေသောကြောင့် အောက်သံသရာ အပါယ်လမ်းကြီး တစ်လမ်းသာလျှင် ဟင်းလင်းပွင့်လျက်ရှိလေကုန်၏၊ ဘဝအထ... |
1,310,673 | Uncategorized | အလင်းကျမ်း | သံသရာ့အလင်းနှင့် ကမ္ဘာ့အလင်း |
1,310,674 | Uncategorized | အလင်းကျမ်း | နိယတဗျာဒိတ် ရရှိကြကုန်ပြီးသော အလောင်းအလျာကြီးများ ဖြစ်ပေမူကား တိရစ္ဆာန်သတ္တဝါမျိုးမှာပင် ဖြစ်ကြကုန်သော်လည်း ထိုအမိုက်ကြီး မဖိစီးနိုင်၊ ထိုအလင်းကြီးသည်လည်း မကွယ်ပနိုင်ပြီ၊ ဤ ကမ္မသကတာဉာဏ်ပညာ သမ္မာဒိဋ္ဌိအလင်းကြီးသည် ဗုဒ္ဓဘာသာကျမ်းဂန်တို့မှာ များစွာလာရှိသော်လည်း ဘုရားမပွင့်ရာကမ္ဘာ၊ ဘုရားမပွင့်ရာအနန္တစကြဝဠာတို့မှာပင် သမ္မာဒ... |
1,310,675 | Uncategorized | အလင်းကျမ်း | သံသရာ့အလင်း ကမ္ဘာ့အလင်းဟူ၍သာ ဆိုရမည်။ |
1,310,676 | Uncategorized | အလင်းကျမ်း | ယခုအခါ သာသနာတော်အတွင်း၌ ကြုံကြိုက်ကြကုန်သော ပညာရှိတို့သည် မြတ်စွာဘုရားကြီးပွင့်လာတော်မူရာ ရည်ရွယ်တော်မူရင်း အလင်းမဟုတ်သောကြောင့် ဤကမ္မသကတာဉာဏ်ပညာသမ္မာဒိဋ္ဌိ အလင်းဘက်သို့ သက်ရောက်ကာမျှနှင့် အားရတင်းတိမ်၍ မနေကြကုန်ရာ၊ ပညာရှိတို့သတိရှိကြရန် အလွန်ကောင်းသော အနက် အချက်ကြီးတစ်ခုပေတည်း။ |
1,310,677 | Uncategorized | အလင်းကျမ်း | ပဌမ အမိုက်ကြီးနှင့် ပဌမအလင်းကြီးအစုံကို ပြဆိုခန်း ပြီး၏၊ |
1,310,678 | Uncategorized | အလင်းကျမ်း | --- ဒုတိယ အမိုက်ကြီးနှင့် ဒုတိယအလင်းကြီး အစုံကို ပြဆိုခန်း |
1,310,679 | Uncategorized | အလင်းကျမ်း | ဓမ္မသမ္မောဟ တရားကိုမသိခြင်း |
1,310,680 | Uncategorized | အလင်းကျမ်း | ဓမ္မသမ္မောဟ ဒုတိယအမိုက်ကြီးနှင့် ဓမ္မဝဝတ္ထာနဉာဏ် ဒုတိယအလင်းကြီး အစုံကိုတွဲစပ်၍ ပြအပ်၏၊ ထိုနှစ်ပါးသော အစုံတို့တွင် ဓမ္မသမ္မောဟ အမိုက်ကြီး ဆိုသည်ကား ဓမ္မကို ဓမ္မဟူ၍ မသိခြင်းတည်း၊ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် ပုဂ္ဂိုလ်မဟုတ်၊ သတ္တဝါမဟုတ်၊ အတ္တမဟုတ်၊ ဇီဝမဟုတ်ကုန်၊ ရုပ်ဓမ္မ နာမ်ဓမ္မတို့သာ အမှန်ဖြစ်ကုန်၏၊ ထိုသို့ ဓမ္မအစစ် ... |
1,310,681 | Uncategorized | အလင်းကျမ်း | ဝိပလ္လာသတရား သုံးပါး |
1,310,682 | Uncategorized | အလင်းကျမ်း | ထိုဓမ္မသမ္မောဟ အမိုက်ကြီးမှ ဝိပလ္လာသတရား သုံးပါးတို့သည် ဖြစ်ပွားကုန်၏၊ ဖြစ်ပွားသောဝိပလ္လာသတရားတို့ကား |
1,310,683 | Uncategorized | အလင်းကျမ်း | ၁။ သညာဝိပလ္လာသတရားတစ်ပါး၊ |
1,310,684 | Uncategorized | အလင်းကျမ်း | ၂။ စိတ္တဝိပလ္လာသတရားတစ်ပါး၊ |
1,310,685 | Uncategorized | အလင်းကျမ်း | ၃။ ဒိဋ္ဌိဝိပလ္လာသတရားတစ်ပါး |
1,310,686 | Uncategorized | အလင်းကျမ်း | ဟူ၍ သုံးပါးတို့သည် ဖြစ်ပွားကုန်၏၊။ |
1,310,687 | Uncategorized | အလင်းကျမ်း | သညာဝိပလ္လာသတရား ဆိုသည်ကား အထင်အမှတ် လွဲခြင်းတည်း၊ ဓမ္မကို ဓမ္မဟူ၍ မထင်မှတ်ဘဲ ပုဂ္ဂိုလ်ဟူ၍ ထင်မှတ်ခြင်း၊ သတ္တဝါဟူ၍ ထင်မှတ်ခြင်း၊ အတ္တဟူ၍ ထင်မှတ်ခြင်း၊ ဇီဝဟူ၍ ထင်မှတ်ခြင်း၊ ဣတ္ထိဟူ၍ ထင်မှတ်ခြင်း၊ ပုရိသဟူ၍ ထင်မှတ်ခြင်းကို အထင်လွဲ၊ အမှတ်လွဲ၊ အထင်မှား၊ အမှတ်မှား ဆိုသည်။ |
1,310,688 | Uncategorized | အလင်းကျမ်း | ၂။ စိတ္တဝိပလ္လာသတရား ဆိုသည်ကား အကြံအသိ လွဲခြင်းတည်း။ |
1,310,689 | Uncategorized | အလင်းကျမ်း | ဓမ္မကို ဓမ္မဟူ၍ မကြံ မသိဘဲ ဓမ္မကို ပုဂ္ဂိုလ်၊ သတ္တဝါ၊ အတ္တ၊ ဇီဝ၊ ဣတ္ထိ၊ ပုရိသ ဟူ၍ ကြံခြင်း၊ သိခြင်းကို အကြံလွဲ၊ အသိလွဲ၊ အကြံမှား၊ အသိမှား ဆိုသည်။ |
1,310,690 | Uncategorized | အလင်းကျမ်း | ၃။ ဒိဋ္ဌိဝိပလ္လာသတရား ဆိုသည်ကား အယူလွဲခြင်း၊ အမြင်လွဲခြင်းတည်း။ |
1,310,691 | Uncategorized | အလင်းကျမ်း | ဓမ္မကို ဓမ္မဟူ၍မယူ၊ ဓမ္မဟူ၍ မမြင်မထင်ဘဲ၊ ဓမ္မကို ပုဂ္ဂိုလ်၊ သတ္တဝါ၊ အတ္တ၊ ဇီဝ၊ ဣတ္ထိ၊ ပုရိသဟူ၍ယူခြင်း၊ အရိုးအစဉ် ကြောင်ကြောင် ထင်မြင်၍နေခြင်းကို အယူလွဲခြင်း၊ အမြင်လွဲခြင်း၊ အယူမှားခြင်း၊ အမြင်မှားခြင်းဆိုသည်။ |
1,310,692 | Uncategorized | အလင်းကျမ်း | ဤကား ဓမ္မသမ္မောဟအမိုက်ကြီးမှ ဖြစ်ပွားသော ဝိပလ္လာသတရား သုံးပါးတို့တည်း |
1,310,693 | Uncategorized | အလင်းကျမ်း | ထိုဝိပလ္လာသတရား သုံးပါးတို့မှ ပါဏာတိပါတစသော ဒုစ္စရိုက်တရား ဆယ်ပါးတို့နှင့် ခပ်သိမ်းသောအမိုက်အမှား မိစ္ဆာဒိဋ္ဌိတရားတို့သည် ဖြစ်ပွားကုန်၏။ |
1,310,694 | Uncategorized | အလင်းကျမ်း | ဓမ္မဝဝတ္ထာနဉာဏ် အလင်းကြီး |
1,310,695 | Uncategorized | အလင်းကျမ်း | ဓမ္မဝဝတ္ထာနဉာဏ် အလင်းကြီးဆိုသည်ကား လောက၌ ပုဂ္ဂိုလ်ဟူ၍ မရှိ၊ သတ္တဝါဟူ၍ မရှိ၊ အတ္တဟူ၍ မရှိ၊ ဇီဝဟူ၍မရှိ၊ ဣတ္ထိဟူ၍မရှိ၊ ပုရိသဟူ၍မရှိ၊ ဓမ္မမျိုးတို့သာ ရှိကုန်၏၊ ရုပ်တရားအစု နာမ်တရား အစုမျှတို့သာ ရှိကုန်၏ဟု သိခြင်းမြင်ခြင်းတည်း။ |
1,310,696 | Uncategorized | အလင်းကျမ်း | ရုပ်တရား နာမ်တရားတို့ကို ခြားနားစွာ မြင်နိုင်ခြင်း၊ ရုပ်တရား တစ်ပါးနှင့် ရုပ်တရားတစ်ပါး၊ နာမ်တရား တစ်ပါးနှင့် နာမ်တရားတစ်ပါးကို ခြားနားစွာ မြင်ခြင်းတည်း။ |
1,310,697 | Uncategorized | အလင်းကျမ်း | ဒိဋ္ဌိဝိသုဒ္ဓိခေါ်သော သမ္မာဒိဋ္ဌိအလင်းကြီးပေတည်း။ |
1,310,698 | Uncategorized | အလင်းကျမ်း | ဤဓမ္မသမ္မောဟ အမိုက်ကြီးသည် အလွန်ကြောက်မက်ဘွယ် ကောင်းလှ၏၊ မြတ်စွာဘုရား သာသနာတော်မြတ်ကြီးနှင့် တွေ့ဆုံ ကြုံကြိုက်ကြသော အခါ၌သာလျှင် ခန္ဓာငါးပါး၊ ရုပ်နာမ်တရားတို့ကို စင်စစ်ဓမ္မအစစ်ဟု အသိဉာဏ်လင်းနိုင် ပေါက်နိုင်ကြကုန်သည်၊ သာသနာတော်မြတ်ကြီးနှင့် မတွေ့မဆုံ မကြုံကြိုက်ကြသည်ရှိသော် ဘဝအရာ၊ ဘဝအထောင်၊ ဘဝအသောင်း ဘဝအသန်း၊ ဘဝအသင်္ချေ... |
1,310,699 | Uncategorized | အလင်းကျမ်း | ဓမ္မဝဝတ္ထာနအလင်းကြီး ပေါ်ခွင့် ပေါက်ခွင့် မရှိကြကုန်ပြီ။ |
1,310,700 | Uncategorized | အလင်းကျမ်း | ယခုအခါ သာသနာတော်မြတ်ကြီးနှင့် ကြုံကြိုက်ပါလျက် ရုပ်ဓမ္မကို ရုပ်ဓမ္မဟူ၍ နာမ်ဓမ္မကို နာမ်ဓမ္မဟူ၍ ထင်ထင်ရှားရှား မသိကြသူ ရှင်လူအပေါင်းတို့သည် ထိုကြောက်မက်ဖွယ် ကောင်းလှသော ဓမ္မသမ္မောဟအမိုက်ကြီးအတွင်းမှာ တည်ကြရကုန်၏၊ ထိုအမိုက်မှောင်ကြီးအတွင်းမှာ ငုတ်တုတ်နေကြရကုန်၏၊ ထိုအမိုက်မှောင်ကြီးတွင်းမှာ နေကြရ၍ ဓမ္မဝဝတ္တာနဉာဏ်အလင်းကြီး... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.