id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,310,801
Uncategorized
အလင်းကျမ်း
နိဗ္ဗာန်မှတစ်ပါးသော သင်္ခတလက္ခဏာရှိသော ပရမတ္ထဓမ္မတို့ မည်သည် ထောက်ပံ့မှု, မှီတွယ်မှုနှင့်ကင်း၍ မျက်တောင်တစ်ခတ်, လျှပ်တစ်ပြက်မျှ အသက်ရှည်၍ တည်နေနိုင်သောမည်သည် မရှိ လေကုန်။
1,310,802
Uncategorized
အလင်းကျမ်း
မြင့်မိုရ်တောင်ကြီး, စကြဝဠာတောင်ကြီး, မဟာပထဝီမြေကြီး တို့၌ ပရမတ်ရေဓာတ်သက်သက်ကို ကွက်ခြား၍ ကြည့်ရှုလိုသည်ရှိသော် ခက်မာမှု ဟူသောမြေဓာတ်နှင့် မရောစေမူ၍ ဖွဲ့စည်းမှုဟူသော ရေဓာတ်သက်သက်ကို ကွက်ခြား၍ ကြည့်ရသည်၊ အဆင်းသဏ္ဌာန် အထည် ဒြဗ်စုခုခံ၍နေတတ်သည်၊ ပရမတ်အစစ်ကို အမြင်စင်ကြယ် လှပါမှ အနိစ္စအစစ်, ဒုက္ခအစစ်, အနတ္တအစစ်ကို မြင်နိုင်...
1,310,803
Uncategorized
အလင်းကျမ်း
မြေဓာတ်၌ ဆိုခဲ့ပြီးသောအတိုင်း ဤရေဓာတ်၌လည်း ဖွဲ့စည်းမှု သက်သက်ဟု ဆိုအပ်သော ရေဓာတ်အမြင် စင်ကြယ်သောအခါ မြင့်မိုရ်, မဟာပထဝီတစ်ခုလုံး၌ အကြိတ်အခဲ အဆံအမာ မရှိသည့်အတွက် မှန်ထဲ, ရေထဲမှာ ထင်မြင်ရသော မိုးရိပ်, တိမ်ရိပ်, နေဝန်း, လဝန်းရိပ်, သစ်ပင်ရိပ်တို့ကဲ့သို့ ဖွဲ့စည်းမှုဟူသော အာပေါလက္ခဏာကြီး ထင်မြင် လိမ့်မည်၊ မြင့်မိုရ်တောင်, မဟ...
1,310,804
Uncategorized
အလင်းကျမ်း
အာပေါဓာတ်ပေါက်အောင်ခွဲ၍ ပြဆိုခန်း ပြီး၏။
1,310,805
Uncategorized
အလင်းကျမ်း
--- တေဇောဓာတ်ကိုခွဲ၍ ပြဆိုခန်း
1,310,806
Uncategorized
အလင်းကျမ်း
ပရမတ်နှစ် မီးအစစ်ကား ပူမှု, အေးမှုဟူသော အမူအရာ ကြိယာမှု သက်သက်သည် ပရမတ်နှစ် မီးအစစ်မည်၏၊ ပူမှု, အေးမှု ဟူသည်လည်း ကလာပ်တူ မဟာဘုတ်သုံးပါးတို့ကို ရင့်မာသန်စွမ်းအောင် ပေါင်းနွေးမှုပေတည်း၊ အပူစွမ်း၊ အအေးစွမ်း နှစ်ပါးစုံသည်ပင်လျှင် ကလာပ်တူ မဟာဘုတ်တို့ကို ရင့်မာအောင် ထက်သန်အောင် အသီးသီး အစွမ်းသတ္တိနှင့် ပြည့်စုံကြအောင် ပေါင်း...
1,310,807
Uncategorized
အလင်းကျမ်း
အမိဝမ်းမှ ဥ၍ မြုံ၌တည်ရှိသော ကြက်ဥတို့သည် အမိဖြစ်သူ ကြက်မက မပြတ်ဝပ်၍ အငွေ့ပေးမှ အစဉ်အတိုင်း ရင့်မာသန်စွမ်း၍ ကြက်သူငယ်အဖြစ်သို့ ရောက်သဖြင့် ပေါက်ဖွားနိုင်သည်၊ အမိကြက်မက မဝပ်ဘဲ အငွေ့မပေးဘဲနေခဲ့သည်ရှိသော် ကြက်သူငယ်အဖြစ်သို့ မရောက်နိုင်ပြီ၊ အမိဝမ်းတွင်းက ထုံခဲ့သော အငွေ့အကုန်တွင် ပုပ်ခြင်းသို့ ရောက်လေတော့သည်။
1,310,808
Uncategorized
အလင်းကျမ်း
ဤအတူ တေဇောဟူသော ဤဓာတ်မီးသည် အမိကြက်မနှင့် တူသည်၊ အတူတကွဖြစ်သော မြေဓာတ်, ရေဓာတ်, လေဓာတ် ဤ ဓာတ်ကြီးသုံးပါးတို့သည် ကြက်ဥနှစ်တို့နှင့် တူကုန်သည်၊ မီးဓာတ်နှင့် အတူတွဲဘက်ရမှ မြေဓာတ်ဟူသော ခက်မာမှုသည် အောင်မြင်စွာ ဖြစ်နိုင်သည်၊ ရေဓာတ်ဟူသော ဖွဲ့စည်းမှုသည်လည်း အောင်မြင်စွာ ဖြစ် နိုင်သည်၊ လေဓာတ်ဟူသော အဝှန်အဝှာ မှုသည်လည်း အောင်မြင...
1,310,809
Uncategorized
အလင်းကျမ်း
မဟာသမုဒ္ဒရာရေ, သီတာရေ, ကမ္ဘာကိုခံသော ရေတို့သည် လည်း သီတဓာတ်မီး၏ အစီးအပွားတို့သည်သာတည်း၊ သီတဓာတ်မီး၏ အုပ်စိုးချက်နှင့် ဆက်လက်ဖြစ်ပွားကာ နေကြရကုန်သည်၊ မြင့်မိုရ်တောင်, စကြဝဠာတောင်, မဟာပထဝီမြေကြီးတို့သည်လည်း သီတဓာတ်မီး၏ အစီးအပွားတို့သည်သာတည်း။
1,310,810
Uncategorized
အလင်းကျမ်း
တစ်ပါးသော ဓာတ်တို့နှင့် မရောမနှောစေဘဲ မီးဓာတ် သက် သက်ကို ရှုသောအခါ အေးသောဝတ္ထုတို့၌ အေးမှုသက်သက်ကို ရှုရမည်၊ ပူသောဝတ္ထုတို့၌ ပူမှုသက်သက်ကို ရှုရမည်၊ အဆင်းသဏ္ဌာန် အထည်ဒြဗ် ပညတ်နှင့်ရောနှော၍ မနေစေနှင့်၊ ပူမှု, အေးမှုဟူသော ဤပရမတ်မီး၏ အဏုမြူမျှ အဆံအမာ အထည်ဝတ္ထု မရှိကြောင်းကား ထင်ရှားပါ၏။
1,310,811
Uncategorized
အလင်းကျမ်း
အဆံအမာ အထည်ဝတ္ထုဟူ၍ အဏုမြူမျှ မရှိသည့်အတွက် ကြောင့် ဤဓာတ်မီးကို အမြင်စင်ကြယ်သောအခါလည်း ရေကြည်, မှန်ကြည် စသည်တို့၌ နေဝန်း, လဝန်းတို့ အရိပ်, တိမ်ရိပ်, မိုးရိပ်တို့ကို ဉာဏ်အမြင်မှာသာ ကြီးကျယ်၍ အထည်ဒြဗ် မရှိကြောင်း ထင်ရှား လိမ့်မည်၊ မိမိကိုယ်ကိုရှုသောအခါ ဉာဏ်မြင်နိုင်ရုံ ပိုင်း၍ ပိုင်း၍ရှု၊ မိမိကိုယ်မှာ အလင်းထင်မြင်နိုင်လျ...
1,310,812
Uncategorized
အလင်းကျမ်း
တေဇောဓာတ်ကိုခွဲ၍ပြဆိုခန်းပြီး၏။
1,310,813
Uncategorized
အလင်းကျမ်း
--- ဝါယောဓာတ်ကို ခွဲ၍ ပြဆိုခန်း
1,310,814
Uncategorized
အလင်းကျမ်း
မီးတောက် မီးခိုး၏ အတွင်း၌ မီးဓာတ်၏ အာနုဘော်ကြောင့် မီးဓာတ်ကိုပင် အစဉ်ဖြစ်ပွား၍ သွားနိုင်အောင် လှုံ့ဆော်ချီးပင့်မှုဟူသော ဝါယောသည် ပါရှိ၏၊ ထိုဝါယောအတွက်ကြောင့် မီး၏ ပြန့်ပွားခြင်း, မီးရှိန်ပြန့်ပွားခြင်း မီးရောင်၏ ပြန့်ပွားခြင်း, မီးတောက်၏ လူလူတက် ပွါးခြင်း, အခိုးထွက်ခြင်း, အဆင့်ဆင့် မီးကူးခြင်း အစရှိသော မီးဓာတ် ပြန့်ပွာ...
1,310,815
Uncategorized
အလင်းကျမ်း
မီး၌ အတွင်းကအရှိန်အဝှန်ညံ့၍ မပွားတည့်နိုင်, မတောက် တည့်နိုင် ရှိလျှင် ယပ်နှင့်ယပ်၍ ပြောင်းနှင့်မှုတ်၍ အပက အရှိန်အဝှန် ကူရသေးသည်၊ ပူမှုရှိလျှင် ပူရှိန် ပူဟုန် ရှိမြဲ၊ အေးမှုရှိလျှင် အေးရှိန် အေးဟုန်ရှိမြဲ၊ ပူမှု, အေးမှုကား တစ်ခြား၊ အရှိန်အဝှန်ကား တစ်ခြား၊ ပူမှု, အေးမှုကား ပရမတ်မီးဓာတ်တည်း၊ အရှိန်အဝှန်ကား ပရမတ် လေဓာတ်တည်...
1,310,816
Uncategorized
အလင်းကျမ်း
ထိုအရှိန်အဝှန် ဟူသော လေဓာတ်သည် ကလာပ်တူ ဖြစ်သော မြေဓာတ်, ရေဓာတ်, မီးဓာတ်တို့၏ အားခွန်ဗလလည်း မည်၏၊ ထိုအရှိန် အဝှန်ပွားရာ ကလာပ်တူ မဟာဘုတ်ရုပ်ကလာပ်တို့သည် ဖြစ်ပေါ်၍ လိုက်ရကုန်၏၊ ထိုအဟုန်အဝှန်သည် အလွန်ထက်သန်သည်ရှိသော် လေပြင်းမုန်တိုင်း ဖြစ်လေ၏၊ ထိုအဟုန်အဝှန်သည် လေမွေ့ရာ, လေခေါင်းအုံး စသည်တို့ကဲ့သို့ ထောက်ကန်, တောင့်တင်းမှု,...
1,310,817
Uncategorized
အလင်းကျမ်း
မြင့်မိုရ်တောင်, စကြဝဠာတောင်, သီလာပထဝီ စသည်တို့၌ ရှိသော သီတဓာတ်မီးသည် ထိုအဟုန်အဝှန်ဟူသော လေဓာတ်၏ အစွမ်းဖြင့် ခဏတိုင်းခဏတိုင်းပွားများ၍ ကမ္ဘာပျက်သည်တိုင်အောင် ရုပ်ကလာပ် အဆက်ဆက်တို့ကို ပွားများစေနိုင်သည်။
1,310,818
Uncategorized
အလင်းကျမ်း
ဝါယောဓာတ် လှုံ့ဆော်ပုံ
1,310,819
Uncategorized
အလင်းကျမ်း
ဟဒယဝတ္ထု၌ ဖြစ်ပေါ်သော တစ်ခု တစ်ခုသော စိတ်ကြောင့် ခဏချင်း ခဏချင်း တစ်ကိုယ်လုံး စိတ္တဇရုပ်ကလာပ်တို့ ပျံ့နှံ့ဖြစ်ပွားမှု, ဥတုဇ ရုပ်ကလာပ်တို့ ပျံ့နှံ့ဖြစ်ပွားမှု, ဝမ်းထဲသို့ ရောက်သော အစာ အာဟာရဓာတ်တို့၏ တစ်ကိုယ်လုံး အနှံ့အပြား ပျံ့နှံ့ဖြစ်ပွားမှု, ကလလ ရေကြည်မှစ၍ သတ္တဝါတို့၏ အစဉ်အတိုင်း တိုးပွားစည်ကားမှု, အညွန့်အညှောက် ပေါ်ပ...
1,310,820
Uncategorized
အလင်းကျမ်း
မိမိကိုယ်မှစ၍ အကုန်လုံး နှံ့အောင်ကြည့်၊ ဦးထိပ်မှစ၍ ခြေဖဝါး တိုင် အလင်းပေါက်အောင် ကြည့်၊ ဤဓာတ်လည်း ဆိုခဲ့ပြီးသော ဓာတ်တို့နည်းတူ အဆံအမာဟူ၍ အဏုမြူမျှ မရှိသည့်အတွက်ကြောင့် ရေထဲမှန်ထဲ၌ ထင်သော လူရိပ်စသည်ကဲ့သို့ ထင်မြင်လိမ့်မည်၊ မျက်စိ တွင် မြင်နေကျဖြစ်သော အဆင်းသဏ္ဌာန် အထည်ဒြဗ် ပညတ်ကြီး ခုခံ၍ နေတတ်သည်၊ အဟုတ်မရှိသော ထိုပညတ်ကို...
1,310,821
Uncategorized
အလင်းကျမ်း
ဝါယောဓာတ်ကိုခွဲ၍ ပြဆိုခန်းပြီး၏။
1,310,822
Uncategorized
အလင်းကျမ်း
ဓာတ်ကြီးလေးပါးတို့ အဖြစ်အပျက်ကို ပြဆိုခန်း
1,310,823
Uncategorized
အလင်းကျမ်း
(၁) ခက်မာမှု
1,310,824
Uncategorized
အလင်းကျမ်း
(၂) ဖွဲ့စည်းမှု
1,310,825
Uncategorized
အလင်းကျမ်း
(၃) ပေါင်းနွေးမှု
1,310,826
Uncategorized
အလင်းကျမ်း
(၄) အရှိန်အဟုန်မှု
1,310,827
Uncategorized
အလင်းကျမ်း
ဤလေးခုသော အခြင်းအရာ အမူအရာ ကြိယာကြီးတို့သည် သဘောလက္ခဏာအားဖြင့် အသီးသီးထင်ရှားကြကုန်၏၊ တည်ရာဌာန အားဖြင့် ခက်မာမှုကို မ-တည်ပြု၍ တစ်ခုတည်းကဲ့သို့ တည်ကြကုန်၏၊ ဖြစ်အတူ ပျက်အတူ တည်အတူတို့သာတည်း။
1,310,828
Uncategorized
အလင်းကျမ်း
ခက်မာမှုဟူသောမြေဓာတ်ပျက်ဆုံးလျှင် တည်ရာမရှိသည်ဖြစ်၍ ကြွင်းသော ဓာတ်သုံးပါးလည်း ပျက်ဆုံးရတော့သည်၊ ထို့အတူ ဖွဲ့စည်းမှု ဟူသော ရေဓာတ်ပျက်ဆုံးလျှင် အဖွဲ့အစည်းပျက်သဖြင့် တစ်ပါးနှင့် တစ်ပါး ထောက်ပံ့မှုကင်းကြ၍ အကုန်လုံး ပျက်ဆုံးကြတော့သည်၊ ပေါင်းနွေး၍ ထက်သန်အောင် ပြုမှုဟူသော မီးဓာတ်ပျက်ဆုံးလျှင်လည်း ကြွင်းသော ဓာတ်သုံးပါးတို့သည် ...
1,310,829
Uncategorized
အလင်းကျမ်း
မီးဟူသော ပူမှု, အေးမှု လှုံ့ဆော်၍ တစ်လူလူ ဆောင်ရွက်ခြင်း ဟူသော လေဓာတ်နှင့်တွဲရမှ ဖြစ်နိုင်သည်၊ လေဓာတ်မရှိလျှင် အားပြတ် ၍ ခဏခြင်းကွယ်ဆုံးလေ၏၊ ထို့အတူ ခက်မာမှုဟူသော မြေဓာတ်သည် လည်း ခက်မာခြင်းကြိယာကို ကြံ့ရံ့တင်းရင်းအောင် ချီးပင့်သော လေ ဓာတ်မရှိလျှင် အားပြတ်၍ ကွယ်ဆုံးလေ၏၊ ဖွဲ့စည်းခြင်းဟူသော ရေ ဓာတ်သည်လည်း ဖွဲ့တွယ်ခြင်းကြိ...
1,310,830
Uncategorized
အလင်းကျမ်း
ဤကား အခြင်းအရာလေးပါးတို့၏ အချင်းချင်းမှီတွယ်ကြပုံ၊ တစ်ပါးပျက်လျှင် အကုန်လုံးပျက်ကြပုံကို ပြဆိုလိုက်သော အချက်တည်း။
1,310,831
Uncategorized
အလင်းကျမ်း
ထိုဓာတ်ကြီး လေးပါးတို့၏ သက်ရှိသက်မဲ့ သန္တာန်နှစ်ပါးတို့၌ ဖြစ်ပုံဆန်းကြယ်မှုသည်လည်း အစိန္တေယျအရာဖြစ်၍ မကြံအပ်မကြံရာ ကြီးကျယ်လှစွာ၏၊ ထိုဓာတ်လေးပါးတို့၏ တန်ခိုးဣဒ္ဓိပါဒ်သည်လည်း မကြံအပ်မကြံရာ ကြီးကျယ်လှစွာ၏၊ ဤဓာတ်လေးပါးကို ဘုရား၏ နည်းလမ်းနှင့် အထင်အမြင် ထိုးထွင်း၍ ထမြောက်ပေါက်ရောက်အောင် လုပ်ကြံနိုင်လျှင် နိဗ္ဗာနပဋိဝေဓဉာဏ်အ...
1,310,832
Uncategorized
အလင်းကျမ်း
--- အချုပ်အချာဓာတ်
1,310,833
Uncategorized
အလင်းကျမ်း
ထိုဓာတ်လေးပါးတို့၌ အချုပ်အချာ ဦးစီးဦးကိုင်ကား တေဇော ပေတည်း၊ စကြဝဠာ ကမ္ဘာမြေရေနှင့်တကွ ရုပ်သဏ္ဌာန်နှင့်စပ်သော သက်ရှိသက်မဲ့အလုံးစုံသည် တေဇော၏ အစီးအပွားချည်းတည်း၊ ဓာတ်မီး ၏ အစီးအပွားချည်းတည်း၊ တေဇောဟူသော ဓာတ်မီး၏ ဣဒ္ဓိပါဒ်တန်ခိုး အကျိုးအသွားကို ဘုရားသဗ္ဗညုတို့၏ ဉာဏ်တော်သည်သာ မှီနိုင်ရာ သတည်း။
1,310,834
Uncategorized
အလင်းကျမ်း
ဤတွင် ဓာတ်လေးပါးတို့၏ ဖြစ်ပုံပျက်ပုံကို ပြဆိုခန်း ပြီး၏။
1,310,835
Uncategorized
အလင်းကျမ်း
--- အာကာသဓာတ်ကို ပြဆိုခန်း
1,310,836
Uncategorized
အလင်းကျမ်း
ဤပြဆိုခဲ့ပြီးသော ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်တည်းဟူသော မြေ, ရေ, လေ, မီး ဓာတ်ကြီးလေးပါးတို့ သည် ကံကြောင့်ဖြစ်သော ဓာတ်ကြီးလေးပါး, စိတ်ကြောင့်ဖြစ်သော ဓာတ်ကြီးလေးပါး, ဥတုကြောင့်ဖြစ်သော ဓာတ်ကြီးလေးပါး, အာဟာရ ကြောင့်ဖြစ်သော ဓာတ်ကြီးလေးပါးဟူ၍ အသီးအသီး အကြောင်းအား လျော်စွာ သူ့အကြောင်းနှင့်သူ ဓာတ်ကြီး လေးပါးတစ်စု၊ ...
1,310,837
Uncategorized
အလင်းကျမ်း
ဆိုအပ်ခဲ့ပြီးသော ဓာတ်ကြီးလေးပါးတို့သည် ဖြစ်အတူ ပျက် အတူဖြစ်ကြသော်လည်း ဤအာကာသဓာတ်ကြီးခြား၍နေသည့် အတွက် ကလာပ်တူ ဓာတ်ကြီးတို့သာ ဖြစ်အတူ ပျက်အတူ ဖြစ်နိုင်၏၊ ပကတိ မျက်စိအမြင် အထင်မှာ သတ္တဝါသန္တာန်၌လည်းကောင်း ဗဟိဒ္ဓ ရုပ်ခဲ ရုပ်စု၌လည်းကောင်း တစ်လုံးတည်း တစ်ခဲတည်းကဲ့သို့ ထင်မြင်၍ နေကြသည်၊ အာကာသဓာတ်ကို မထင်မမြင်ကြ၊ ထိုမြေ,ရေ,လေ...
1,310,838
Uncategorized
အလင်းကျမ်း
ထိုကောင်းကင်တည်းဟူသော အာကာသဓာတ်ကြီးကို ပိုင်ပိုင် ကြီးသိရှိမှ ရုပ်ကလာပ်တစ်ခုစီ, တစ်ခုစီ အသိဉာဏ်ကွဲလိမ့်မည်၊ ထို တစ်ခုစီ, တစ်ခုစီ ရုပ်ကလာပ် အသိဉာဏ်ကွဲမှ လက္ခဏတ္တယဉာဏ် အလင်းကြီးသို့ ပေါက်ရောက်အောင် ပြုလုပ်အားထုတ်ရာ လက္ခဏတ္တယ ဉာဏ်အလင်းကြီးသို့ ပေါက်ရောက်နိုင်မည်၊ ရုပ် အထည် ဝတ္ထုရှိသော သက်ရှိသက်မဲ့ အလုံးစုံတို့၌ ဤအာကာသဓာတ်...
1,310,839
Uncategorized
အလင်းကျမ်း
ဤ အာကာသဓာတ်ကြီးသည် ဥပါဒ်ဇာတိရှိသော ဓာတ်မျိုး မဟုတ်၊ ဥပါဒ်ဇာတိရှိသော ရုပ်ကလာပ် ဓာတ်ကြီးလေးပါးတို့၏ အကြား ကောင်းကင်ကြီးဖြစ်၍ အနိစ္စသဘောလက္ခဏာ, ဒုက္ခသဘောလက္ခဏာ, အနတ္တသဘောလက္ခဏာ ဉာဏ်ပေါက်အောင် ကြည့်ရှုရန်မလို၊ လက္ခဏတ္တယဉာဏ်ဖြင့် ထိုအာကာသဓာတ်ကို မရှုရပြီ၊ မြေ, ရေ, လေ, မီး ဓာတ်ကြီး လေးပါးတို့ကို လက္ခဏတ္တယဉာဏ် ပေါက်ရောက်အောင်...
1,310,840
Uncategorized
အလင်းကျမ်း
အာကာသဓာတ်ကြီးကို ပြဆိုခန်း ပြီး၏၊
1,310,841
Uncategorized
အလင်းကျမ်း
--- ဝိညာဏဓာတ်ကို ပြဆိုခန်း
1,310,842
Uncategorized
အလင်းကျမ်း
ဝိညာဏဓာတ်ဆိုသည်ကား- ထိုထိုအာရုံကို သိသော အသိ ဓာတ်ကို ဆိုသည်။
1,310,843
Uncategorized
အလင်းကျမ်း
ထိုအသိဓာတ်သည်
1,310,844
Uncategorized
အလင်းကျမ်း
၁။ စက္ခုဝိညာဏ် အသိဓာတ်တစ်မျိုး။
1,310,845
Uncategorized
အလင်းကျမ်း
၂။ သောတဝိညာဏ် အသိဓာတ်တစ်မျိုး။
1,310,846
Uncategorized
အလင်းကျမ်း
၃။ ဃာနဝိညာဏ် အသိဓာတ်တစ်မျိုး။
1,310,847
Uncategorized
အလင်းကျမ်း
၄။ ဇိဝှါဝိညာဏ် အသိဓာတ်တစ်မျိုး။
1,310,848
Uncategorized
အလင်းကျမ်း
၅။ ကာယဝိညာဏ် အသိဓာတ်တစ်မျိုး။
1,310,849
Uncategorized
အလင်းကျမ်း
၆။ မနောဝိညာဏ် အသိဓာတ်တစ်မျိုး။
1,310,850
Uncategorized
အလင်းကျမ်း
ဟူ၍ အသိဓာတ်ဝိညာဏ် ခြောက်မျိုးရှိ၏၊ ထိုတွင်
1,310,851
Uncategorized
အလင်းကျမ်း
စက္ခုဝိညာဏ်- ထိုထို အဆင်းတည်းဟူသော ရူပါရုံနှင့် ဆုံမိသောအခါ မျက်စိထဲမှာ ဖြစ်ပေါ်လာသော အသိ ဓာတ်ဝိညာဏ်သည် စက္ခုဝိညာဏ် မည်၏။
1,310,852
Uncategorized
အလင်းကျမ်း
သောတဝိညာဏ်- ထိုထိုအသံတည်းဟူသော သဒ္ဒါရုံနှင့် ဆုံမိသောအခါ နားထဲမှာ ဖြစ်ပေါ်လာသော အသိဓာတ် ဝိညာဏ်သည် သောတဝိညာဏ် မည်၏။
1,310,853
Uncategorized
အလင်းကျမ်း
ဃာနဝိညာဏ်- ထိုထိုအနံ့ တည်းဟူသော ဂန္ဓာရုံနှင့် ဆုံမိသော အခါ နှာခေါင်းထဲမှာ ဖြစ်ပေါ်လာသော အသိဓာတ်ဝိညာဏ် သည် ဃာနဝိညာဏ် မည်၏။
1,310,854
Uncategorized
အလင်းကျမ်း
ဇိဝှါဝိညာဏ် - ထိုထို အရသာတည်းဟူသော ရသာရုံနှင့် ဆုံမိသောအခါ လျှာပေါ်မှာ ဖြစ်ပေါ်လာသော အသိဓာတ် ဝိညာဏ်သည် ဇိဝှါဝိညာဏ် မည်၏။
1,310,855
Uncategorized
အလင်းကျမ်း
ကာယဝိညာဏ်- ထိုထိုအထိအတွေ့ တည်းဟူသော ဖောဋ္ဌဗ္ဗာရုံ နှင့် ဆုံမိသောအခါ တစ်ကိုယ်လုံးမှာ ထိုထိုနေရာ၌ ဖြစ်ပေါ်လာ သော အသိဓာတ် ဝိညာဏ်သည် ကာယဝိညာဏ်မည်၏၊ မနောဝိညာဏ်- သဒ္ဓါ, သီလ, သုတ, စာဂ အစရှိသော၊ လောဘ, ဒေါသ မောဟ အစရှိသော ကောင်းမကောင်းသော ထိုထို ဓမ္မာရုံနှင့် ဆုံမိသောအခါ နှလုံးခေါ်သော ဟဒယဝတ္ထု ဖြစ်ပေါ် လာသော အမျိုးမျိုးသော အသိဓာ...
1,310,856
Uncategorized
အလင်းကျမ်း
မျက်စိဖြင့် ထိုထိုအဆင်းသဏ္ဌာန်ကို မြင်သောအခါ ငါမြင်သည် ဟု မှတ်ထင်စွဲလမ်းကြသည်ကား စက္ခုဝိညာဏ်ကိုစွဲလမ်းသော ဒိဋ္ဌိတည်း။
1,310,857
Uncategorized
အလင်းကျမ်း
ဉာဏ်ဖြင့် ထိုထိုမြင်မှုကို ဓာတ်တစ်ခု အသီးအခြား ဖြစ်သည်ဟု ပိုင်နိုင်စွာ သိရာ၏။
1,310,858
Uncategorized
အလင်းကျမ်း
နားဖြင့် ထိုထိုအသံကို ကြားသောအခါ, နှာခေါင်းဖြင့် ထိုထို အနံ့ကို နံသောအခါ, လျှာဖြင့် ထိုထိုအရသာကို ခံစံသောအခါ ကိုယ် အင်္ဂါအစိတ်ဖြင့် ထိုပူမှု အေးမှု အနု အကြမ်းကို ထိမှန်း သိသောအခါ တို့၌လည်း ထိုနည်းတူ ဓာတ်အသီးအခြားကို သိလေ။
1,310,859
Uncategorized
အလင်းကျမ်း
မနောသက်သက်ဖြင့် ထိုထိုအာရုံဝတ္ထု အမှုအခွင့်ကို ထွေထွေ လာလာ ကြံဖန်သောအခါ, သိသောအခါ, ငါကြံဖန်သည်, ငါသိသည်ဟု မှတ်ထင် စွဲလမ်းမှုကား သက္ကာယဒိဋ္ဌိတည်း။
1,310,860
Uncategorized
အလင်းကျမ်း
ဉာဏ်ဖြင့် ထိုကြံဖန်မှု သိမှုတို့ကို ဓာတ်အမှု ဖြစ်သည်ဟု ပိုင်နိုင်စွာ သိရာ၏။
1,310,861
Uncategorized
အလင်းကျမ်း
သိပုံကား- ရူပကာယကြီးသည် အနာပုပ်ကြီးနှင့် တူ၏၊ အသိ ဝိညာဏ် ခြောက်ပါးသည် အနာပုပ်ကြီးမှာ ထိုထိုနေရာ၌ ကျ၍ တရွရွ နေကြသော သံသေဒဇ ပိုးငယ်တွေနှင့်တူ၏၊ ဝိညာဏ်မည်သည် နာမ် တရား ဖြစ်၍ အထည်ဝတ္ထု မရကောင်းသော်လည်း မျက်စိအစရှိသော ရုပ်အပြင်မှ အသီးအခြားတစ်ပါးသော အခြင်းအရာဖြင့် ဉာဏ်မျက်စိ တွင် ထင်သာ, မြင်သာရှိအောင် မှန်းခြေထား၍ ပိုင်းခြား...
1,310,862
Uncategorized
အလင်းကျမ်း
စက္ခု, သောတ အစရှိသော ရုပ်စုကို အလွန်ကြည်လှစွာသော ရေပွက်ကလေးတွေ အနေထား၍ ဝိညာဏ်ခြောက်ပါးကို ထိုရေပွက် ကြည်ကလေးတွေမှာ ပေါ်ရှိ၍နေသော အရိပ်ကလေးတွေကဲ့သို့ မှန်းခြေ ထား၍ ပိုင်းခြားရမည်။
1,310,863
Uncategorized
အလင်းကျမ်း
နောက်ဆင်ခြင်ခြင်း ရှုမြင်ခြင်းများ၍ ဉာဏ်သိမ်မွေ့၍ လာသော အခါ နာမ်အခြင်းအရာတိုင်းပင် ထင်မြင်နိုင်လတ္တံ့၊ ထိုသို့ပင် မထင်နိုင်မူ၍ အရိပ်အခြင်းအရာ, ရေပွက်ငယ်အခြင်းအရာ, နှင်းပေါက်ငယ် အခြင်း အရာမျိုးအနေပင် ထင်မြင်သော်လည်း ကိစ္စမရှိ၊ မြင်မှု, ကြားမှု, နံမှု, လျက်မှု, တွေ့ထိမှု, သိမှု, ကြံဖန်မှုတို့ကို အသိဉာဏ်မှာ ငုံမိ, ခြုံမိ ...
1,310,864
Uncategorized
အလင်းကျမ်း
နိဒ္ဒေသပါဠိ ,ဝိသုဒ္ဓိမဂ် အဋ္ဌကထာတို့၌
1,310,865
Uncategorized
အလင်းကျမ်း
“ဝိဇ္ဈုပ္ပါဒါဝ အာကာသေ၊ ဥပ္ပဇ္ဇန္တိ ဝယန္တိစ”
1,310,866
Uncategorized
အလင်းကျမ်း
ဟူ၍ ဟောတော်မူသဖြင့် လျှပ်စစ်နွယ်ပန်း၏ ဖြစ်ခြင်း, ပျက်ခြင်း လျင်မြန်သကဲ့သို့ မျက်တောင်တစ်ခတ်အတွင်း စသည်၌ အလျင်အမြန် ဖြစ်နိုင်၊ ချုပ်နိုင်သော အခြင်းအရာကို ထင်မြင်စေရမည်။
1,310,867
Uncategorized
အလင်းကျမ်း
အနိစ္စ ဒုက္ခ အနတ္တ ရှုမှုသည် နိစ္စသညာ, သုခသညာ, အတ္တ သညာ, သတ္တ ပုဂ္ဂလ ဇီဝသညာတို့ကို ဖျက်စီးမှုပေတည်း၊ လျှပ်စစ်ကဲ့သို့ ဖြစ်မှု, ပျက်မှု မြန်သည်ကို ထင်မြင်နိုင်လျှင်ပင် ခိုကိုးရာမဟုတ်သော အနိစ္စအဖြစ်, ဒုက္ခအဖြစ်, အနတ္တအဖြစ်, သတ္တ ပုဂ္ဂလ ဇီဝမဟုတ်သော အဖြစ်ထင်ရှားလှလေပြီ၊ ထိုအဖြစ်ထင်ရှားလျှင် ဓမ္မဝဝတ္ထာနဉာဏ် အလင်းကြီး ကိစ္စပြ...
1,310,868
Uncategorized
အလင်းကျမ်း
နာမ်ရုပ်တရား၏ ဖြစ်မှု, ပျက်မှုတို့သည်ကား လျှပ်တစ်ပြက် အတွင်းမှာ အကြိမ်တစ်ရာ တစ်ထောင်မက ဖြစ်နိုင် ပျက်နိုင်သည်၊ ထိုသို့သော ခဏိကအချက် ဖြစ်မှုပျက်မှုတို့သည်မူကား သတ္တဝါတို့၏ ဉာဏ်အမြင်မှာ ပိုင်းခြား၍ ထင်မြင်နိုင်သော အရာစု မဟုတ်ကုန်ပြီ၊ မထင်မြင်နိုင်သောအရာကို ဝိပဿနာ၏ အချက် အကွက်ပြု၍ ရှုသည် ရှိသော် အနှစ်တစ်ရာ အနှစ်တစ်ထောင်ပင...
1,310,869
Uncategorized
အလင်းကျမ်း
ထိုသဗ္ဗညုတဉာဏ်တော်အရာနှင့် အဘိဓမ္မာကျမ်းဂန်တို့၌ ပြဆိုထားသောအရာ အချက်များကိုနားယောင်၍ စက္ခုဒွါရ တစ်ဝီထိ အတွင်းမှာ ဖြစ်မှုချုပ်မှုများကို လက္ခဏာရေးတင်သည်ဟု ပြောဆို ကြသောအရာများသည် ယောင်ယမ်းကာသာဖြစ်၏၊ ဝိပဿနာဉာဏ ဒဿနအစစ် ဖြစ်နိုင်ရန်အခွင့် အလွန်ဝေးလှ၏ဟု မှတ်လေ။
1,310,870
Uncategorized
အလင်းကျမ်း
ဝိညာဏဓာတ်ကို ပြဆိုခန်း ပြီး၏၊
1,310,871
Uncategorized
အလင်းကျမ်း
--- အလင်းကြီးကို ပိုင်နိုင်ပုံ
1,310,872
Uncategorized
အလင်းကျမ်း
ဤသို့ မြေ, ရေ, လေ, မီး ဓာတ်ကြီးလေးပါး, အာကာသဓာတ် တစ်ပါး, ဝိညာဏဓာတ်တစ်ပါး, ဤခြောက်ပါးတို့ကို ဆိုခဲ့ပြီးသည့်အတိုင်း မြင့်မိုရ်တောင်, စကြဝဠာတောင်, မဟာပထဝီ, သမုဒ္ဒရာရေ စသော ဗဟိဒ္ဓသန္တာန်၌လည်းကောင်း၊ လူသတ္တဝါ နတ်ဗြဟ္မာ စသော ပုဂ္ဂိုလ် သန္တာန်၌ လည်းကောင်း ထိုက်သည့်အားလျော်စွာ ဓာတ်ပေါက်အောင် ကြည့်ရှုမှု ပိုင်နိုင်ပါလျှင် ဗုဒ္ဓ...
1,310,873
Uncategorized
အလင်းကျမ်း
--- တိုက်တွန်းချက်
1,310,874
Uncategorized
အလင်းကျမ်း
ဤအဇ္ဈတ္တဗဟိဒ္ဓသန္တာန်တို့၌ ဤဓာတ်ခြောက်ပါး မပေါက် မရောက် မလင်းမခြင်းခဲ့လျှင် ဗုဒ္ဓဘာသာ ပဌမအလင်းကြီးကိုမျှ မရဘဲ ဓမ္မသမ္မောဟအမိုက်မှောင်ကြီး၏ အတွင်း၌သာနစ်မြုပ်၍ ငုတ်တုတ် နေရလေ၏၊ သာသနာတော်မြတ်ကြီးနှင့် ကြုံကြိုက်ကျိုး တွေ့ကျိုး နပ်စေခြင်းငှါ ဤဓာတ်ခြောက်ပါးကို ပိုင်နိုင်အောင် အားထုတ်သင့်လှ၏။
1,310,875
Uncategorized
အလင်းကျမ်း
ဓမ္မဝဝတ္ထာနဉာဏ်အလင်းကြီးကို အကျယ်ပြဆိုခန်း ပြီး၏။
1,310,876
Uncategorized
အလင်းကျမ်း
--- ၂ -ပစ္စယပရိဂ္ဂဟဉာဏ်အလင်း
1,310,877
Uncategorized
အလင်းကျမ်း
၂။ ပစ္စယပရိဂ္ဂဟဉာဏ် အလင်းကြီး၌ အကျဉ်းဆုံးသောအားဖြင့် အဘယ်မျှလောက်သော ပစ္စယဓမ္မတို့ကို ဉာဏ်အမြင်ပေါက်ရောက်မှ ဤပစ္စယ ပရိဂ္ဂဟဉာဏ်အလင်းကို ပေါက်ရောက်သနည်း။
1,310,878
Uncategorized
အလင်းကျမ်း
ပထဝီ, အာပေါ, တေဇော, ဝါယော, အာကာသဟူသော ရုပ်ဓာတ် ငါးပါးတို့၌ ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရား ၄-ပါး၊ ဝိညာဏ် ဟူသော နာမ်ဓာတ် ၁-ပါး၊ ဝတ္ထုအာရုံဟူသော အကြောင်း တရား ၂-ပါး၊ ဤဓာတ် ခြောက်ပါးတို့၏ အကြောင်းတရား ခြောက်ပါးတို့ကို ဉာဏ်အမြင်ပေါက်ရောက်သည်ရှိသော် ဤပစ္စယ ပရိဂ္ဂဟဉာဏ်အလင်းသို့ ပေါက်ရောက်၏။
1,310,879
Uncategorized
အလင်းကျမ်း
--- အကြောင်းတရား ၄-ပါးကြောင့် ဓာတ်ကြီး ၄-ပါးဖြစ်ပုံ
1,310,880
Uncategorized
အလင်းကျမ်း
ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ် ဟူသော ဤဓာတ်ကြီး လေးပါးတို့သည်
1,310,881
Uncategorized
အလင်းကျမ်း
၁။ ကံကြောင့်ဖြစ်သည်လေးပါး၊
1,310,882
Uncategorized
အလင်းကျမ်း
၂။ စိတ်ကြောင့်ဖြစ်သည်လေးပါး၊
1,310,883
Uncategorized
အလင်းကျမ်း
၃။ ဥတုကြောင့်ဖြစ်သည်လေးပါး၊
1,310,884
Uncategorized
အလင်းကျမ်း
၄။ အာဟာရကြောင့်ဖြစ်သည်လေးပါး
1,310,885
Uncategorized
အလင်းကျမ်း
ဟူ၍လေးပါး လေးလီရှိကုန်၏။
1,310,886
Uncategorized
အလင်းကျမ်း
အာကာသဓာတ်မှာ ဥပါဒ်ဇာတိရှိသော တရားမျိုး မဟုတ်၊ အကြောင်းတရားတို့ကြောင့် ဖြစ်ပေါ်ကြကုန်သော ရုပ်ကလာပ်တို့၏ အကြားမျှသာဖြစ်၍ အကြောင်းအသီးအခြား မရှိပြီ၊ ပစ္စယဓမ္မကို အာကာသဓာတ်ပေါ်မှာ မခွဲမရှာရပြီ။
1,310,887
Uncategorized
အလင်းကျမ်း
ထိုအကြောင်းတရား လေးပါးတို့တွင်
1,310,888
Uncategorized
အလင်းကျမ်း
ကံဆိုသည်ကား- ရှေးဘဝတို့၌ ပြုခဲ့ကြသော ဒါန သီလ စသော ကုသိုလ်ကံမျိုး, ပါဏာတိပါတ အဒိန္နာဒါနစသော အကုသိုလ်ကံမျိုးဟူ၍ နှစ်မျိုးရှိ၏။
1,310,889
Uncategorized
အလင်းကျမ်း
ကံကြောင့်သာ ဖြစ်ကောင်းသော ရုပ်မျိုးကား- အသက် ခေါ်သော ဇီဝိတရုပ်, နှလုံးခေါ်သော ဟဒယဝတ္ထုရုပ်, မိန်းမသဏ္ဌာန် ဖြစ်ပေါ်ရန်အကြောင်းဖြစ်သော ဣတ္ထိဘာဝရုပ်, ယောကျ်ားသဏ္ဌာန် ဖြစ်ပေါ်ရန်အကြောင်းဖြစ်သော ပုမ္ဘာဝရုပ်တို့နှင့် စက္ခုအကြည်ရုပ်, သောတအကြည်ရုပ်, ဃာနအကြည်ရုပ်, ဇိဝှါအကြည်ရုပ်, ကာယ အကြည်ရုပ်တို့တည်း၊ ဤရုပ်တို့ကား ရှေးကံဟောင်း...
1,310,890
Uncategorized
အလင်းကျမ်း
--- ကံဟောင်းကြောင့်ဖြစ်ရာ၌ ယုတ္တိ
1,310,891
Uncategorized
အလင်းကျမ်း
ထိုစကားမှန်၏၊ အသက်ခေါ်သော ဇိဝိတရုပ်သည် တစ်ဘဝ တွင် တစ်ကိုယ်လုံး၌ တစ်ကြိမ်ပျက်ဆုံးခဲ့သော် ဥတု အာဟာရ ဆေးဝါး ဓာတ်စာတို့နှင့် တစ်ဖန် အသစ်ဖြစ်ပေါ်ရန် ပြုစုပျိုးထောင်၍ မရပြီ၊ ဤကိုယ်ခန္ဓာ ပျက်ဆုံးရတော့သည်၊ ဘဝတစ်ပါးပြောင်းသွားရတော့ သည်၊ နှလုံးခေါ်သော ဟဒယဝတ္ထုရုပ် ပျက်ဆုံးရာ၌လည်း ထို့အတူဖြစ် ၏၊ စက္ခုအကြည်ရုပ် ပျက်ဆုံးခဲ့သော် ဆေး...
1,310,892
Uncategorized
အလင်းကျမ်း
ကံကြောင့်ဓာတ်ကြီး လေးပါးဖြစ်ပုံ ပြီး၏၊
1,310,893
Uncategorized
အလင်းကျမ်း
စိတ်ဆိုသည်ကား-အကုသိုလ်စိတ်တစ်မျိုး, ကုသိုလ်စိတ်တစ်မျိုး, အဗျာကတစိတ်တစ်မျိုးဟူ၍ သုံးမျိုးရှိ၏၊ အကုသိုလ်စိတ်တစ်မျိုးသည် လောဘစိတ်မျိုး, ဒေါသစိတ်မျိုး, မောဟစိတ်မျိုး, မာနစိတ်မျိုး ဣဿာစိတ်မျိုး, မစ္ဆရိယစိတ်မျိုး, ကုက္ကုစ္စစိတ်မျိုး, ဗျာပါဒစိတ်မျိုး စသည် များပြား၏။
1,310,894
Uncategorized
အလင်းကျမ်း
ကုသိုလ်စိတ်မျိုးသည် ဒါနစိတ်မျိုး, သီလစိတ်မျိုး, မေတ္တာစိတ်မျိုး, ကရုဏာစိတ်မျိုး, မုဒိတာစိတ်မျိုး, ဥပေက္ခာစိတ်မျိုး, သဒ္ဓါစိတ်မျိုး, ပညာစိတ်မျိုး, စျာန်စိတ်မျိုး စသည်များပြား၏။
1,310,895
Uncategorized
အလင်းကျမ်း
အဗျာကတစိတ်မျိုးသည်လည်း ဝိပါက်စိတ်မျိုး, ကြိယာစိတ်မျိုး, အိပ်ပျော်သောစိတ်မျိုး ပဋိသန္ဓေစိတ်မျိုး, ဘဝင်စိတ်မျိုး, အာဝဇ္ဇန်း စိတ်မျိုး၊ သန္တီရဏစိတ်မျိုး, သမ္ပဋိစ္ဆိုင်းစိတ်မျိုး, တဒါရုံစိတ်မျိုး, စုတိစိတ်မျိုး စသည်များပြား၏။
1,310,896
Uncategorized
အလင်းကျမ်း
တစ်နည်း-ကာယကံစိတ်မျိုး, ဝစီကံစိတ်မျိုး, မနောကံစိတ်မျိုး ဟူ၍ သုံးမျိုးရှိ၏၊ ထိုသုံးမျိုးတို့တွင် ကာယကံစိတ်မျိုးသည်လည်း သွား စိတ်, ရပ်စိတ်, ထိုင်စိတ်, အိပ်စိတ်, ကွေးစိတ်, ဆန့်စိတ် စသည်များပြား၏၊ သွားစိတ်ဆိုသည်ကား သွားခြင်းဣရိယာပုထ်ကို လှုံ့ဆော်၍ ဖြစ်ပေါ် သောစိတ်တည်း၊ ပဌမခြေလှမ်းကို လှုံ့ဆော်သောစိတ်, ဒုတိယခြေလှမ်း ကို လှု...
1,310,897
Uncategorized
အလင်းကျမ်း
ဥပမာကား- မီးရထားကြီးတစ်ခုမှာ ရေနွေးအိုးကြီးမှ အခိုး တစ်သုတ်တစ်သုတ်မှုတ်လျှင် စက်ကိရိယာ တစ်ခါတစ်ခါလည်၏၊ ခေါင်း တိုင်သို့ အခိုး တစ်သုတ်တစ်သုတ် ထွက်၏၊ သူ့မှုတ်ချက်နှင့် သူ့စက် ကိရိယာလည်ချက်, သူ့အခိုးထွက်ချက် အသီးသီးဖြစ်ကြ၏၊ စက်ရုံကြီး စက်သင်္ဘောကြီးတို့၌လည်း သူ့အခိုးမှုတ်ချက်, သူ့စက်ကိရိယာလည်ချက်, သူ့အခိုးထွက်ချက်, အသီးသီ...
1,310,898
Uncategorized
အလင်းကျမ်း
--- ကာယကံရုပ်အမျိုးမျိုးဖြစ်ပုံ
1,310,899
Uncategorized
အလင်းကျမ်း
ထို့အတူ သွားခြင်း ဣရိယာပုထ်မှာလည်း သူ့ခြေလှမ်းရုပ်နှင့် သူ့စိတ်အသီးအသီး ဖြစ်ကြ၏၊ ပဌမခြေလှမ်းကို လှုံ့ဆော်သော စိတ်သည် ပဌမခြေလှမ်း ရုပ်ဆုံးရာ၌ ချုပ်ဆုံး၏၊ ဒုတိယခြေလှမ်းကို လှုံ့ဆော်သော စိတ်မျိုး ဖြစ်ပေါ်၏၊ ဒုတိယခြေလှမ်း၏ ဆိုင်ရာရုပ်လည်း တစ်မျိုး ဖြစ်ပေါ်ပြန်၏၊ ဒုတိယခြေလှမ်း ရုပ်ဆုံးရာ၌ ထိုစိတ်လည်း ချုပ်ဆုံး၏၊ ဤနည်းတူ အလှ...
1,310,900
Uncategorized
အလင်းကျမ်း
တစ်နေ့တစ်နေ့အဖို့မှာ ဦးခေါင်း ခြေလက်စသော ထိုထို ကိုယ် အင်္ဂါ ကြီးငယ်တို့ အထွေထွေ အလာလာ လှုပ်ရှားမှု, ထွက်သက် ရှုရှိုက်မှု, ဝင်သက် မှုတ်ထုတ်မှု, မျက်တောင်ခတ်မှု၊ ပါးစပ်လှုပ်မှု အစရှိသော အမျိုးမျိုးသော ကိုယ်အင်္ဂါလှုပ်ရှားမှုတို့မှာလည်း သူ့လှုပ်ရှားမှုနှင့် သူ့စိတ် အသီးသီးမှတ်လေ။