id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,319,601 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဒိတ္တဇာတ် | မဇ္စျိမေန၊ တိတ္ထိတို့၏ကျောင်း၌ ဈာန်၏ ဥပစာရ, သာသနာတော်၌ စင်ကြယ်သော သီလရှိသော ပုဂ္ဂိုလ်၏ ဈာန်သမာပတ်ကို ဖြစ်စေခြင်းဟုဆိုအပ်သော အလတ်ဖြစ်သော ဗြဟ္မစရိယဖြင့်။ |
1,319,602 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဒိတ္တဇာတ် | ဒေဝတ္တံ၊ နတ်ဗြဟ္မာတို့၏အဖြစ်သို့။ |
1,319,603 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဒိတ္တဇာတ် | ဥပပဇ္ဇတိ၊ ရောက်၏။ |
1,319,604 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဒိတ္တဇာတ် | ဥတ္တမေန၊ တိတ္ထိတို့၏ကျောင်း၌ ရှစ်ပါးသော သမာပတ်, သာသနာတော်၌ ဝိပဿနာကို ပွားစေ၍ အရဟတ္တဖိုလ်ကိုဖြစ်စေခြင်း ဟူသော မြတ်သော ဗြဟ္မစရိယဖြင့်။ |
1,319,605 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဒိတ္တဇာတ် | ဝိသုဇ္စျတိ၊ ကာမမှ စင်ကြယ်ခြင်း, ဝဋ်ဆင်းရဲမှ စင်ကြယ်ခြင်း ဖြစ်၏။ |
1,319,606 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဒိတ္တဇာတ် | သမထဝိပဿနာ ၇၆။ |
1,319,607 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဒိတ္တဇာတ် | ဒါနံ၊ ဒါနကို။ |
1,319,608 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဒိတ္တဇာတ် | အဒ္ဓါဟိ၊ စင်စစ်သဖြင့်လျှင်။ |
1,319,609 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဒိတ္တဇာတ် | ဗဟုဓာ၊ များသောအပြားဖြင့်လျှင်။ |
1,319,610 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဒိတ္တဇာတ် | ပသတ္ထံ၊ ချီးမွမ်းအပ်၏။ |
1,319,611 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဒိတ္တဇာတ် | ဒါနာ စခေါ၊ ဒါနထက်လျှင်။ |
1,319,612 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဒိတ္တဇာတ် | ဓမ္မပဒံဝ၊ သမထ ဝိပဿနာဟု ဆိုအပ်သော တရားအစုသည်သာလျှင်။ |
1,319,613 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဒိတ္တဇာတ် | ပုဗ္ဗေဝ၊ ဤဘဒ္ဒကမ္ဘာ၏ ရှေးဦး၌လျှင်။ |
1,319,614 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဒိတ္တဇာတ် | သန္တော၊ ကဿပဘုရား အစရှိကုန်သော သူတော်ကောင်းဖြစ်ကုန်သော။ |
1,319,615 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဒိတ္တဇာတ် | သပညာ၊ ပညာရှိတို့သည်လည်းကောင်း။ |
1,319,616 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဒိတ္တဇာတ် | ပုဗ္ဗတရေဝ၊ ရှေးထက်ရှေး၌လျှင်။ |
1,319,617 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဒိတ္တဇာတ် | သန္တော၊ ဝေဿဘူဘုရား အစရှိကုန်သော သူတော်ကောင်း ဖြစ်ကုန်သော။ |
1,319,618 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဒိတ္တဇာတ် | သပညာ စ၊ ပညာရှိတို့သည်လည်းကောင်း။ |
1,319,619 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဒိတ္တဇာတ် | တေ၊ ထိုပညာရှိ သူတော်ကောင်းတို့သည်။ |
1,319,620 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဒိတ္တဇာတ် | သမထဝိပဿနံ၊ သမထဝိပဿနာကို။ |
1,319,621 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဒိတ္တဇာတ် | ဘာဝေတွာ၊ ပွားစေ၍။ |
1,319,622 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဒိတ္တဇာတ် | နိဗ္ဗာနမေဝ၊ နိဗ္ဗာန်သို့သာလျှင်။ |
1,319,623 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဒိတ္တဇာတ် | အဇ္စျဂမုံ၊ ရောက်ကုန်ပြီ။ |
1,319,624 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဒိတ္တဇာတ် | ဤသို့ ခုနစ်ဆူကုန်သော ပစ္စေကဗုဒ္ဓါတို့သည် မင်းအား မြတ်သော အမြိုက်နိဗ္ဗာန်ကို ဟော၍ မင်းကို မမေ့မလျော့ခြင်းကို ဆုံးမ၍ ဆိုအပ်ပြီးသောနည်းဖြင့်လျှင် မိမိတို့၏ နေရာသို့ ကြွကုန်၏။ |
1,319,625 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဒိတ္တဇာတ် | မင်းသည်လည်း မိဖုရားနှင့်တကွ အလှူ ပေး၍ အသက်ထက်ဆုံးတည်၍ မင်းအဖြစ်မှ စုတေ၍ နတ်ပြည်ကို ပြည့်စေ၏။ |
1,319,626 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဒိတ္တဇာတ် | ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ... ဤသို့လျှင် ရှေး၌လည်း ပညာရှိတို့သည် စိစစ်ရွေးချယ်၍ အလှူပေးဖူးကုန်၏ဟု မိန့်တော်မူ၍ ပစ္စေကဗုဒ္ဓါတို့သည် ထိုအခါ ပရိနိဗ္ဗာန်ကို ပြုကုန်ပြီ၊ ယခုအခါ ရာဟုလမယ်တော်သည် ထိုအခါ သမုဒ္ဒဝိဇယာမိဖုရား ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မဟာရောရုဝမင်း ဖြ... |
1,319,627 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဒိတ္တဇာတ် | အလှူခံမြတ်၊ ပေးလှူလတ်၊ ရောက်အပ်နတ်တို့ရွာ |
1,319,628 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဒိတ္တဇာတ် | ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော အာဒိတ္တဇာတ်သည် ပြီး၏။ |
1,319,629 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ဗုဒ္ဓဝဂ် ၄။ |
1,319,630 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | အာနန္ဒာမထေရ်၏ ဥပုသ်ပြဿနာဝတ္ထု သဗ္ဗပါပဿ အကရဏံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်အာနန္ဒာမထေရ်တော်၏ ပြဿနာမေးခြင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။ |
1,319,631 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ဘုရားရှင် ခုနှစ်ဆူတို့၏ ဥပုသ် |
1,319,632 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ထိုပြဿနာကို ရှင်အာနန္ဒာမထေရ်သည် နေ့သန့်စင်ရာအရပ်၌ နေလျက် “မြတ်စွာဘုရားသည် ခုနစ်ဆူသော ဘုရားရှင်တို့၏ မယ်တော်,ခမည်းတော်တို့ကိုလည်းကောင်း၊ အသက်အပိုင်းအခြားကိုလည်းကောင်း၊ ပွင့်ရာ ဗောဓိပင်ကိုလည်းကောင်း၊ သာဝကအစည်းအဝေးကိုလည်းကောင်း၊ အဂ္ဂသာဝက အစည်းအဝေးကိုလည်းကောင်း၊ မြတ်သောတပည့် အလုပ်အကျွေးကိုလည်းကောင်း ထိုအလုံးစုံကို ဟောကြားတ... |
1,319,633 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ဥပုသ်ကိုကား ဟောတော်မမူသေး၊ အဘယ်သို့နည်း၊ ထိုဘုရားရှင်တို့၏ ဥပုသ်သည်လည်း ဤဥပုသ်ပင် ဖြစ်သလော၊ တစ်ပါးသော ဥပုသ်ဖြစ်သလော”ဟု ကြံစည်တော်မူလေသတတ်။ |
1,319,634 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ထိုအာနန္ဒာမထေရ်သည် ဘုရားရှင်သို့ ချဉ်းကပ်၍ ထိုအကြောင်းကို မေးလျှောက်လေ၏။ |
1,319,635 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | အကြင်ကြောင့် ထိုမြတ်စွာဘုရားတို့၏ ကာလအပြားသည်သာလျှင် ရှိ၏၊ ဩဝါဒ ဂါထာစကား အပြားကား မရှိ၊ ချဲ့ဦးအံ့၊ ဝိပဿီ မြတ်စွာဘုရားသည် ခုနစ်ခုမြောက် ခုနစ်ခုမြောက်ဖြစ်သော နှစ်၌ တစ်ကြိမ်တစ်ကြိမ် ဥပုသ်ပြုတော်မူ၏။ |
1,319,636 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ထိုဝိပဿီဘုရားရှင်၏ တစ်နေ့ ပေးအပ်သော အဆုံးအမသည်သာလျှင် ခုနစ်နှစ်တို့ပတ်လုံး စွမ်းနိုင်သည် ဖြစ်လေ၏။ |
1,319,637 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | သိခီမြတ်စွာဘုရားသည်လည်းကောင်း၊ ဝေဿဘူ မြတ်စွာဘုရားသည်လည်းကောင်း၊ ခြောက်ခုမြောက် ခြောက်ခုမြောက်ဖြစ်သော နှစ်၌ ဥပုသ်ပြုတော်မူကြကုန်၏။ |
1,319,638 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ကကုသန် မြတ်စွာဘုရားသည်လည်းကောင်း၊ ကောဏဂုံ မြတ်စွာဘုရားသည်လည်းကောင်း နှစ်တိုင်း နှစ်တိုင်း ဥပုသ်ပြုတော်မူကြကုန်၏။ |
1,319,639 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ကဿပ မြတ်စွာဘုရားသည် ခြောက်ခုမြောက် ခြောက်ခုမြောက်ဖြစ်သော ကာလ၌ တစ်ကြိမ်တစ်ကြိမ် ဥပုသ်ပြုတော်မူ၏။ |
1,319,640 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ထိုကဿပမြတ်စွာဘုရား၏ တစ်နေ့ ပေးအပ်သော အဆုံးအမသည်သာလျှင် ခြောက်လပတ်လုံး စွမ်းနိုင်သည်ဖြစ်လေ၏။ |
1,319,641 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ထို့ကြောင့် ငါတို့ မြတ်စွာဘုရားသည် ထိုရှေးဘုရားရှင်တို့၏ ဤကာလ အထူးအပြားကို ဟောကြားတော်မူပြီးလျှင် ထိုရှေးဘုရားရှင်တို့၏ အဆုံးအမ ဂါထာသည်ကား ဤဂါထာသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အလုံးစုံသော ဘုရားရှင်တို့၏ တူသည်သာလျှင်ဖြစ်သော ဥပုသ်ကို ထင်ရှားပြတော်မူလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။ |
1,319,642 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ဘုရားရှင်တို့၏ သြဝါဒ |
1,319,643 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | [၁၈၃] သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။ |
1,319,644 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | [၁၈၄] ခန္တီ ပရမံ တပေါ တိတိက္ခာ၊နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။ |
1,319,645 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။ |
1,319,646 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | [၁၈၅] အနူပဝါဒေါ အနူပဃာတော၊ ပါတိမောက္ခေ စ သံဝရော။ |
1,319,647 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | မတ္တညုတာ စ ဘတ္တသ္မိံ ၊ ပန္တဉ္စ သယနာသနံ။ |
1,319,648 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | အဓိစိတ္တေ စ အာယောဂေါ၊ ဧတံ ဗုဒ္ဓါန သာသနံ။ |
1,319,649 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | သဗ္ဗပါပဿ၊ အလုံးစုံသော အကုသိုလ်ကို။ |
1,319,650 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ယံ အကရဏံ၊ အကြင်မပြုခြင်းသည်လည်းကောင်း။ |
1,319,651 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ကုသလဿ၊ ကုသိုလ်ကို။ |
1,319,652 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ယာ ဥပသမ္ပဒါ၊ အကြင်ပြည့်စုံစေခြင်းသည်လည်းကောင်း။ |
1,319,653 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ယံ သစိတ္တပရိယောဒပနံ၊ အကြင် မိမိစိတ်ကို ဖြူစင်စေခြင်းသည်လည်းကောင်း။ |
1,319,654 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ဧတံ၊ ဤအလုံးစုံသည်။ |
1,319,655 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ဗုဒ္ဓါန-ဗုဒ္ဓါနံ၊ အလုံးစုံသော မြတ်စွာဘုရားတို့၏။ |
1,319,656 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | သာသနံ၊ အဆုံးအမတော်တည်း။ |
1,319,657 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | တိတိက္ခာ၊ သည်းခံခြင်းဟု ဆိုအပ်သော။ |
1,319,658 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ခန္တီ-ခန္တိ ၊ သည်းခံခြင်း ခန္တိသည်။ |
1,319,659 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | တပေါ၊ အကျင့်တည်း။ |
1,319,660 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | နိဗ္ဗာနံ၊ ကိလေသာမှ ငြိမ်းခြင်းနိဗ္ဗာန်ကို။ |
1,319,661 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ပရမံ၊ မြတ်၏ဟူ၍။ |
1,319,662 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ဗုဒ္ဓါ၊ ဘုရား,ပစ္စေက,သာဝကတို့သည်။ |
1,319,663 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ဝဒန္တိ၊ ဟောကြားတော်မူကြကုန်၏။ |
1,319,664 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ပရူပဃာတီ၊ သူတစ်ပါးကို သတ်ဖြတ်ညှဉ်းဆဲလေ့ရှိသောသူသည်။ |
1,319,665 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ပဗ္ဗဇိတော၊ ရဟန်းမည်သည်။ |
1,319,666 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | န ဟိ ဟောတိ၊ မဖြစ်။ |
1,319,667 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ဝိဟေဌယန္တော၊ ညှဉ်းဆဲသောသူသည်။ |
1,319,668 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | သာမဏော၊ ရဟန်းမည်သည်။ |
1,319,669 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | အနူပဝါဒေါ၊ မစွပ်စွဲ, မကဲ့ရဲ့ခြင်းသည်လည်းကောင်း။ |
1,319,670 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | အနူပဃာတော၊ မညှဉ်းဆဲ မသတ်ဖြတ်ခြင်းသည်လည်းကောင်း။ |
1,319,671 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ပါတိမောက္ခေ၊ အကြီးဖြစ်သော ပါတိမောက္ခ သံဝရသီလ၌။ |
1,319,672 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | သံဝရော စ၊ စောင့်စည်း ပိတ်ပင်ခြင်းသည်လည်းကောင်း။ |
1,319,673 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ဘတ္တသ္မိံ၊ ဆွမ်းဘောဇဉ်၌။ |
1,319,674 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | မတ္တညုတာစ၊ အတိုင်းအရှည်ကို သိသည်၏အဖြစ်သည်လည်းကောင်း။ |
1,319,675 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ပန္တဉ္စ သယနာသနံ၊ ဆိတ်ငြိမ်ရာဖြစ်သော ကျောင်း၌ နေခြင်းသည်လည်းကောင်း။ |
1,319,676 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | အဓိစိတ္တေ၊ ရှစ်ပါးသော သမာပတ်ဟုဆိုအပ်သော စိတ်ကို အစိုးရခြင်း အဓိစိတ္တသိက္ခာ၌။ |
1,319,677 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | အာယောဂေါ စ၊ လုံ့လပြုခြင်းသည်လည်းကောင်း။ |
1,319,678 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ဗုဒ္ဓါနံ၊ အလုံးစုံသော မြတ်စွာဘုရားတို့၏။ |
1,319,679 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | (အနူပဝါဒဖြင့် နှုတ်၌ဖြစ်သော သီလကို ဟောအပ်၏။ |
1,319,680 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | အနူပဃာတဖြင့် ကိုယ်၌ဖြစ်သော သီလကို ဟောအပ်၏။ |
1,319,681 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ပါတိမောက္ခေစ သံဝရောဖြင့် ပါတိမောက္ခသံဝရသီလ, ဣန္ဒြိယသံဝရသီလကို ဟောအပ်၏။ |
1,319,682 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | မတ္တညုတာဖြင့် အာဇီဝ ပါရိသုဒ္ဓိသီလ, ပစ္စယသန္နိဿိတသီလကို ဟောအပ်၏။ |
1,319,683 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ပန္တဉ္စ သယနာသနဖြင့် လျောက်ပတ်သော အိပ်ရာနေရာကျောင်းကို ဟောအပ်၏။ |
1,319,684 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | အဓိစိတ္တဖြင့် သမာပတ်ရှစ်ပါးကို ဟောအပ်၏။ |
1,319,685 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | ဤသို့လျှင် ဤဂါထာဖြင့် သိက္ခာသုံးပါးတို့ကိုလည်း ဟောအပ်ကုန်သည်သာလျှင်တည်း။ |
1,319,686 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု | အာနန္ဒာမထေရ်၏ ဥပုသ်ပြဿနာဝတ္ထု ပြီး၏။ |
1,319,687 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု -၂ | ဗုဒ္ဓဝဂ် ၇။ |
1,319,688 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု -၂ | အာနန္ဒာမထေရ်၏ ပြဿနာဝတ္ထု ဒုလ္လဘောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်အာနန္ဒာမထေရ်၏ ပြဿနာ မေးလျှောက်ခြင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။ |
1,319,689 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု -၂ | ယောက်ျားအာဇာနည် ဖြစ်ရာအရပ် |
1,319,690 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု -၂ | ရှင်အာနန္ဒာမထေရ်သည် တစ်နေ့သ၌ နေ့သန့်ရာအရပ်၌ နေလျက် “ဆင်အာဇာနည်သည် ဆဒ္ဒန်ဆင်မျိုး၌လည်းကောင်း၊ ဥပေါသထ ဆင်မျိုး၌လည်းကောင်း ဖြစ်၏၊ မြင်းအာဇာနည်သည် သိန္ဓောမြင်းအမျိုး၌လည်းကောင်း၊ ဝလာဟကမြင်းမင်းအမျိုး၌လည်းကောင်း ဖြစ်၏၊ နွားလားဥသဘ အာဇာနည်သည် ဒက္ခိဏပထအရပ်၌ ဖြစ်၏၊ ဤသို့ အစရှိသည်တို့ကို ဟောကြားတော်မူသော မြတ်စွာဘုရားသည် ဆင်အာဇာနည... |
1,319,691 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု -၂ | ထိုရှင်အာနန္ဒာမထေရ်သည် ဘုရားရှင်သို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌နေလျက် ဤသို့ ကြံစည်မိသောအကြောင်းကို မေးလျှောက်လေ၏။ |
1,319,692 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု -၂ | မြတ်စွာဘုရားသည် “ချစ်သားအာနန္ဒာ- ယောက်ျားအာဇာနည်သည်ကား အလုံစုံသော အရပ်၌မဖြစ်၊ အဖြောင့်အားဖြင့်ကား ယူဇနာသုံးရာ အလျားရှည်သော အပြန့်အားဖြင့် ယူဇနာနှစ်ရာ့ငါးဆယ်ရှိသော၊ အဝန်းအားဖြင့် ယူဇနာကိုးရာ အတိုင်းအရှည်ရှိသော မဇ္ဈိမဒေသအရပ်၌ ဖြစ်၏၊ ဖြစ်သော်လည်း သာမန်အမျိုး၌ ဖြစ်သည်မဟုတ်၊ များသော ဥစ္စာနှစ်ရှိသော ခတ္တိယမဟာသာလမင်းမျိုး၊ မျ... |
1,319,693 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု -၂ | ဒေသနာတော် [၁၉၃] ဒုလ္လဘော ပုရိသာဇညော၊ န သော သဗ္ဗတ္ထ ဇာယတိ။ |
1,319,694 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု -၂ | ယတ္ထ သော ဇာယတိ ဓီရော၊ တံ ကုလံ သုခမေဓတိ။ |
1,319,695 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု -၂ | ပုရိသာဇညော၊ ယောက်ျား အာဇာနည်ကို။ |
1,319,696 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု -၂ | ဒုလ္လဘော၊ ခဲယဉ်းသဖြင့် ရအပ်၏။ |
1,319,697 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု -၂ | ဝါ၊ ရခဲ၏။ သော၊ ထိုယောက်ျားအာဇာနည်သည်။ |
1,319,698 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု -၂ | သဗ္ဗတ္ထ၊ အလုံးစုံသောအရပ်, အလုံးစုံသောအမျိုး၌။ |
1,319,699 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု -၂ | န ဇာယတိ၊ မဖြစ်။ |
1,319,700 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထု -၂ | ဓီရော၊ မတုန်မလှုပ် ပညာရှိသော။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.