id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,319,801 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ၃၉၅။ ခန္တီ ပရမံ တပေါ တိတိက္ခာ, နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ၊န ဟိ ပဗ္ဗဇိတော ပရူပဃာတီ, န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။ |
1,319,802 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | တိတိက္ခာ၊ အရာရာဝယ် အနာခံခြင်းဟူသော။ |
1,319,803 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ခန္တိ၊ အဓိဝါသနခန္တီသည်။ |
1,319,804 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ပရမံ၊ မွန်မြတ်သော။ |
1,319,805 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ၁ ဗုဒ္ဓါ၊ မြတ်ဘုရားတို့သည်။ |
1,319,806 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ပရမံ၊ အမြတ်ဆုံးဟူ၍။ |
1,319,807 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ပရူပဃာတီ၊ သူတစ်ပါးကို ညှဉ်းဆဲ တတ်သော ပုဂ္ဂိုလ်သည်။ |
1,319,808 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | န ဟိ ပဗ္ဗဇိတော၊ ပဗ္ဗဇိတအစစ်မဖြစ်နိုင်။ |
1,319,809 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ဝိဟေဌယန္တော၊ ညှဉ်းဆဲတတ်သော ပုဂ္ဂိုလ်သည်။ |
1,319,810 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ၁။ ခန္တီ...တိတိက္ခာ။ |
1,319,811 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ။ ခန္တိနှင့် တိတိက္ခာကို အရတူယူ၍ ပေးခဲ့သည်၊ “ခန္တိ-အနိ ဋ္ဌာရုံကို သည်းခံခြင်းသည်လည်းကောင်း၊ တိတိက္ခာ-ဣဋ္ဌာရုံကို သည်းခံခြင်းသည်လည်းကောင်း၊ ပရမံ-သော၊ တပေါ-တည်း”ဟု အရကွဲယူ၍လည်း ပေးနိုင်သည်။ |
1,319,812 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | [ပရူပဝါဒံ-သူတစ်ပါးတို့၏ စွပ်စွဲကဲ့ရဲ့ခြင်းလည်းဖြစ်သော၊ ပရာပကာရံ-သူတစ်ပါးတို့၏ ကျေးဇူးမဲ့ပြုခြင်းလည်းဖြစ်သော၊ သီတုဏှာဒိဘေဒဉ္စ-သီတဥဏှအစရှိသော အပြားရှိသည်လည်းဖြစ်သော၊ ဂုဏောပရောဓံအကောင်းဂုဏ်ကို နှောက်ယှက်ဖျက်ဆီးမှုကို၊ ခမတိ သဟတိ အဓိဝါသေတီတိ-မိမိအပေါ်၌ တည်နေစေတတ်သောကြောင့်၊ ခန္တိ-ခန္တိမည်၏၊ (ခမု+တိ၊ ဆန်းကြောင့် ဒီဃပြု၍ ဂါထာ... |
1,319,813 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | န ဟိ..ဝိဟေဌယန္တော။ |
1,319,814 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ။ ဒီ၊ဋ္ဌ၊၂၊၆၉၊ သာရတ္ထ၊၁၊၄၄၂၌ ၄နည်းဖွင့်ရာ စတုတ္ထပါဒကို တတိယပါဒ၏ ပရိယာယ်ဟုယူသော ပထမနည်းအတိုင်း ပေးသည်။ |
1,319,815 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ။ ပရူပဃာတီမှ ပရကို သေဋ္ဌအနက်, နတစ်လုံးအနက်မဲ့ယူ၍ “ယော သမဏော-သည်၊ ပရံ-ကို၊ ဝိဟေဌယန္တော-ညှဉ်းဆဲလျက်၊ ပရူပဃာတီ-မိမိ၏ မြတ်သောသီလကို ဖျက်ဆီးတတ်၏၊ သော သမဏော-သည်၊ န ဟိ ပဗ္ဗဇိတော-ပဗ္ဗဇိတမဟုတ်”ဟု ပေး။ |
1,319,816 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | တတိယနည်း။ ။ |
1,319,817 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | သူတစ်ပါးသေအောင်သတ်သူကို ပရူပဃာတီ, ညှဉ်းဆဲရုံ ညှဉ်းဆဲသူ ကို ဝိဟေဌယန္တောဟု ယူ၍ “ပရူပဃာတီ-သူတစ်ပါးကို သတ်တတ်သူသည်၊ န ဟိ ပဗ္ဗဇိတောမဟုတ်၊ ပရံ-ကို၊ ဝိဟေဌယန္တော-ညှဉ်းဆဲတတ်သူသည်၊ သမဏော-သည်၊ န ဟောတိ”ဟု ပေး။ |
1,319,818 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | စတုတ္ထနည်း။ |
1,319,819 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ။ ဤနည်း၌ သတ်ဖြတ်ညှဉ်းဆဲမှုကိုသာမက သူ့ဥစ္စာခိုးခြင်းစသော အခြားဒုစရိုက်များပြုခြင်းကိုလည်း “ပရူပဝါဒ, ပရဝိဟေဌန”ဟု ယူ၊ ရှေ့၂ပါဒဖြင့် သီလလုံခြင်း ၏ အကြောင်းရင်းဖြစ်သော ခန္တီကို ပဓာနထားလျက် ပါတိမောက်ကို အနွယ(တိုက်ရိုက်)အားဖြင့် ပြ၍ တတိယ, စတုတ္ထပါဒဖြင့် ဗျတိရေက(သွယ်ဝိုက်သော)အားဖြင့် ပြသည်၊ “ဟိ-ဗျတိရိက်ကား၊ ပရူပဝါဒီ-ဒုစရိုက်ဆယ... |
1,319,820 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | (ဒီ၊ဋီ၊၂၊၇၅၊ သာရတ္ထ၊၁၊၄၄၃) |
1,319,821 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ၃၉၆။ အနူပဝါဒေါ အနူပဃာတော, ပါတိမောက္ခေ စ သံဝရောမတ္တညုတာ စ ဘတ္တသ္မိံ, ပန္ထဉ္စ သယနာသနံ၊အဓိစိတ္တေ စ အာယောဂေါ, ဧတံ ဗုဒ္ဓါန သာသနံ။ |
1,319,822 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | အနုပဝါဒေါ၊ နှုတ်ဖြင့် ကိုယ်တိုင်မစွပ်စွဲခြင်း, သူတစ်ပါးကို မစွပ်စွဲစေခြင်းသည် လည်းကောင်း။ |
1,319,823 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | အနုပဃာတော၊ ကိုယ်စိတ်တို့ဖြင့် ကိုယ်တိုင်မညှဉ်းဆဲ မနှိပ်စက်ခြင်း, သူတစ်ပါးကို မညှဉ်းဆဲ မနှိပ်စက်စေခြင်းသည်လည်းကောင်း။ |
1,319,824 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ၁ ပါတိမောက္ခေ၊ ပါတိ မောက္ခသီလ၌။ |
1,319,825 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | သံဝရော၊ စောင့်စည်းခြင်းသည်လည်းကောင်း။ |
1,319,826 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ဘတ္တသ္မိံ၊ ဆွမ်း၌။ |
1,319,827 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | မတ္တညုတာ စ၊ ခံယူသုံးဆောင်ခြင်း၌ အတိုင်းအရှည်ပမာဏကို သိသူ၏အဖြစ်သည်လည်းကောင်း။ |
1,319,828 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ပန္ထံ၊ အစွန်အဖျားကျ၍ ဆိတ်ငြိမ်သော။ |
1,319,829 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | [ပကဋ္ဌံ+အန္တံ ပန္တံ။ |
1,319,830 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ကောတ္ထုဘ။ ] သယနာသနံ၊ အိပ်ရာနေရာကျောင်းသည်လည်းကောင်း။ |
1,319,831 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ဝါ၊ အိပ်ရာနေရာကျောင်း၌ ကိန်း အောင်းခြင်းသည်လည်းကောင်း။ |
1,319,832 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | အဓိစိတ္တေ၊ ဝိပဿနာ၏အခြေခံဖြစ်သော လွန်ကဲ သော သမာပတ်စိတ်၌။ |
1,319,833 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ဝါ၊ မဂ်ဖိုလ်စိတ်၌။ |
1,319,834 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ၁ [နောက်နည်း သာရတ္ထ၊] အာယောဂေါ စလွန်စွာကြိုးကုတ်, အားထုတ်ခြင်းသည်လည်းကောင်း။ |
1,319,835 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ဧတံ၊ အနုပဝါဒ, စသည့်အပြား, ဤခြောက်ပါးသည်။ |
1,319,836 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ဗုဒ္ဓါနံ၊ တို့၏။ |
1,319,837 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | သာသနံ၊ တည်း။ |
1,319,838 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ၁။ အနူပဝါဒေါ အနူပဃာတော။ |
1,319,839 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ။ ဓမ္မ.ဋ္ဌအလို “အနူပဝဒနံ အနူပဝါဒေါ-ကိုယ်တိုင် စွပ်စွဲခြင်း၊ အနူပဝါဒါပနံ အနူပဝါဒေါ-သူတစ်ပါးကို စွပ်စွဲစေခြင်း၊ ထို၂မျိုးလုံးရအောင် “အနူပဝါဒေါ စ+အနူပဝါဒေါ စ အနူပဝါဒေါ”ဟု ဧကသေသ်ပြု၊ အနူပဃာတောကိုလည်း “အနုပဃာတနံ အနူပဃာတော၊ အနူပဃာတာပနံ အနူပဃာတော၊ အနူပဃာတော စ+ အနူပဃာတော စ အနူပဃာတော”ဟု ပြု။ |
1,319,840 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ပါဌ်၂မျိုး။ |
1,319,841 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ။ “အနူပဝါဒေါ, အနူပဃာတော(ဒီ၊၂၊၄၂၊ ဓမ္မ-၄၁၊ ဥဒါန-၁၂၇)”ဟု ဒီဃဖြင့်ရှိလျှင် ရွတ်ဖတ်ရလွယ်ကူစေရန် နု၌ဒီဃပြု(ရူ- ၂၅)၊ “အနုပဝါဒေါ, အနုပဃာတော (ဝိ၊ဋ္ဌ၊၁၊၁၅၅)”ဟု ရဿဖြင့်ရှိလျှင် ၂လုံးလွန်သော သကာရဝိပုလဂါထာဟု ဆိုကြ၏။ |
1,319,842 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | “ဝါစာယ ကဿစိ အနုပဝဒနံ(ဒီ.ဋ္ဌ၊၂၊ ဥဒါန.ဋ္ဌ၊ သာရတ္ထ၊ ဝိမတိ၊ ဝိလံဋီ၊ ကင်္ခါဋီ)”ဟူသော အဖွင့်အလိုကား “အနူပဝဒနံ အနူပဝါဒေါ”ဟုသာ ပြု၊ ဧကသေသ်မလို၊ အနုပဃာတအရလည်း “အနုပဃာတနံ အနုပဃာတော”ဟု ပြု၍ ကိုယ်ဖြင့်မညှဉ်းဆဲခြင်း, စိတ်ဖြင့်ညှဉ်းဆဲဖို့ မကြံခြင်းကို ပါရိသေသနည်းအားဖြင့် ယူ။ |
1,319,843 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | (ဒီ၊ဋီ၊၂၊၇၆၊ သာရတ္ထ၊၁၊၄၄၃) |
1,319,844 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ဥဒါန၊ဋ္ဌ၊၂၃၀-၁။ |
1,319,845 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ။ ထို၌ ၄နည်းဖွင့်ရာ ပထမနည်းကား အထက်၌ ပေးခဲ့သည့် အတိုင်းပင်၊ ဒုတိယနည်းအလို “ပါတိမောက္ခေ-၌၊ သံဝရော-စောင့်စည်းခြင်းဟူသော၊ အနူပ- ဝါဒေါ-ဆန့်ကျင်ဖက်စကားကို မပြောဆိုခြင်းသည်လည်းကောင်း၊ အနူပဃာတော-မသတ်ဖြတ် ခြင်း, မညှင်းဆဲခြင်းသည်လည်းကောင်း”ဟု ပေး၊ စသဒ္ဒါအနက်မဲ့၊ သံဝရောသည် ဝိသေသန, အနူပဝါဒေါ, အနူပဃာတောတို့ကား ဝိသေသျတည်း။ |
1,319,846 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | “ပါတိမောက္ခေ-၌၊ (ဌိတဿ-တည်သူ၏၊) အနူပဝါဒေါ-ဟူသော၊ အနူပဃာတော-ဟူသော၊ သံဝရော-သည်လည်းကောင်း”ဟု ပေး၊ အနူပဝါဒေါ, အနူပဃာတောတို့ သည် ဝိသေသန, သံဝရောကား ဝိသေသျတည်း။ |
1,319,847 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ။ “ပါတိမောက္ခေ-ကြောင့်၊ အနူပဝါဒေါ-သည်လည်းကောင်း၊ အနူပ ဃာတော-သည်လည်းကောင်း၊ သံဝရော-သတိ, ဉာဏ်, ခန္တီ, ဝီရိယတို့ဖြင့် စောင့်စည်းခြင်းသည် လည်းကောင်း၊ ဘတ္တသ္မိံ-၌၊ မတ္တညုတာ စ-ရှာမှီး, ခံယူ, သုံးဆောင်, စွန့်လွှတ်ခြင်းဟူသော အတိုင်း အရှည်ကို သိသူ၏အဖြစ်သည်လည်းကောင်း၊ ...အဓိစိတ္တေ-စိတ်တို့တွင် အမြတ်ဆုံးဖြစ်သော အရဟတ္တဖိုလ်စိတ်ကို... |
1,319,848 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ၁။ အဓိစိတ္တေ။ |
1,319,849 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ။ စိတ္တာနံ+အဓိကံ အဓိစိတ္တံ-စိတ်တို့တွင် အမြတ်ဆုံး အရဟတ္တဖိုလ်စိတ် (ဥဒါန၊ဋ္ဌ၊၂၃၀)၊ စိတ္တတော-အဓိကံ အဓိစိတ္တံ-ကုသလကမ္မပထအစွမ်းဖြင့် ဖြစ်သောစိတ်ထက် မြတ်သော သမာပတ်စိတ်(အံ၊ဋီ၊၂၊၁၉၈)၊ အဓိကံ+စိတ္တံ အဓိစိတ္တံ-လွန်ကဲမြင့်မြတ်သော သမာပတ် စိတ်, အရဟတ္တဖိုလ်စိတ်(အနုဋီ၊၂၊၁၅၄)၊ မုချအားဖြင့် မဂ်ဖိုလ်သမာပတ်စိတ်ကို ရ၍ ပဓာန နည်းအားဖြင့် မဂ... |
1,319,850 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | (ပဋိသံ၊ဋ္ဌ၊၁၊၂၁၂၊ ၎င်း၊၂၊၇၃) |
1,319,851 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ၂။ ဧတံ သာသနံ။ |
1,319,852 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ။ ဧတံဖြင့် “အနူပဝဒန, အနူပဃာတန, ပါတိမောက္ခသံဝရ, ဘောဇနေ မတ္တညုတာ, ပန္တသေနာသန (ဝိဝိတ္တသေနာသန သေဝန), အဓိစိတ္တာနုယောဂ”ဟူသော ၆ပါးကို စွဲ၏။ |
1,319,853 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | (ဥဒါန၊ဋ္ဌ၊၂၃၀၊ သာရတ္ထ၊၁၊၄၄၄) |
1,319,854 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ဒီ၊ဋ္ဌ၊၂၊၇၀၊ ဝိလံ၊ဋီ၊၁၊၃၈၉၊ ကင်္ခါ-ဋီ-၁၂၅။ |
1,319,855 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ။ ထိုကျမ်းတို့၌ “အနူပဝဒန, အနူပဃာတန, ပါတိမောက္ခသံဝရ, ဘောဇနေ မတ္တညုတာ, ပန္တသယနာသန”ဟူသော ၅ပါးကို စွဲ၏၊ ပန္တသယနာသနဖြင့် ယင်း၏အကျိုးဖြစ်သော အဓိစိတ္တာနုယောဂကို ကာရဏူပစာရအားဖြင့် ယူသည်၊ ၆ပါးကိုစွဲသည်နှင့် အတူတူပင် ပြန်ကျ၏။ |
1,319,856 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | (ဒီ၊ဋီ၊၂၊၇၆) [သာသတိ ဧတေန, ဧတ္ထ ဝါ တိ သာသနံ(နေတ္တိ၊ဋ္ဌ၊၇၊ နီတိဓာတု-၁၈၆)၊ ပါပကေ အကုသလေ ဓမ္မေ သာသတိ ဟိံသတီတိ သာသနံ(ဂဠုန်-၁၁၈)။ |
1,319,857 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ | ]အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာနိဿယပြီးပြီ။ |
1,319,858 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | ၇. အာနန္ဒတ္ထေရပဉ္စဝတ္ထု |
1,319,859 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | ၁၉၃။ ဒုလ္လဘော ပုရိသာဇညော၊ န သော သဗ္ဗတ္ထ ဇာယတိ၊ |
1,319,860 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အာဇာနည်ဖြစ်သော ဆင် မြင်း၊ နွား လားတို့၏ အကြောင်းကို ဘုရားထံမှ ကြားနာရသော်လည်း ယောက်ျားအာဇာနည်အကြောင်းကို မကြားနာရသေးသောကြောင့် အရှင်အာနန္ဒာမထေရ်၏ မေးလျှောက်ခြင်းကို အကြောင်းပြု၍ ဟောတော်မူသည်။ |
1,319,861 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | အနက် ပုရိသာဇညော၊ ယောက်ျားအာဇာနည်ပုဂ္ဂိုလ်မျိုးသည်။ |
1,319,862 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | ဒုလ္လဘော၊ ဖြစ်ထွန်းပေါ်ပေါက်ရန် ခဲယဉ်း၏။ |
1,319,863 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | သော၊ ထိုယောက်ျားအာဇာနည်ပုဂ္ဂိုလ်မျိုးသည်။ |
1,319,864 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | သဗ္ဗတ္ထ၊ ခပ်သိမ်းသောအရပ်၊ ခပ်သိမ်းသောအမျိုး၌။ |
1,319,865 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | န ဇာယတိ၊ မဖြစ်ထွန်း။ |
1,319,866 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | သော ဓီရော၊ ထိုယောက်ျားအာဇာနည် ပညာရှိသည်။ |
1,319,867 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | ယတ္ထ၊ အကြင်အရပ် အကြင်အမျိုး၌။ |
1,319,868 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | တံ ကုလံ၊ ထိုအမျိုးသည်။ |
1,319,869 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | ဧဓတိ၊ ရောက်၏။ |
1,319,870 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | ဖြစ်ထွန်းပေါ်ပေါက်ရန် ခဲယဉ်းသော ယောက်ျားအာဇာနည်ပုဂ္ဂိုလ်မျိုးသည် ပစ္စန္တရဋ္ဌအရပ် ယုတ်နိမ့်သော အမျိုးမှာ မဖြစ်။ |
1,319,871 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | ယောက်ျားအာဇာနည် ပညာရှိပေါ်ပေါက်ရာ မဇ္ဈိမဒေသအရပ်တွင် မင်းပုဏ္ဏားမျိုးတို့သည် ချမ်းသာခြင်းသို့ ရောက်ကြသည်။ |
1,319,872 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | ပုရိသာဇညော— သမ္မာသမ္ဗုဒ္ဓ ရ၏။ |
1,319,873 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | ဒုလ္လဘော— ယောက်ျားအာဇာနည်သည် ရခဲ၏။ |
1,319,874 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | ဆင်အာဇာနည်စသည်တို့ကဲ့သို့ ရှာလွယ်သည်မဟုတ်။ |
1,319,875 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | ယောက်ျားအာဇာနည်သည် ပစ္စန္တရစ်အရပ်၌လည်းကောင်း၊ ယုတ်နိမ့်သောအမျိုး၌လည်းကောင်း မဖြစ်။ |
1,319,876 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | မဇ္ဈိမအရပ် လူအများ ရှိခိုးပူဇော်ခြင်းငှာ ထိုက်သော မင်းမျိုး ပုဏ္ဏားမျိုးတို့တွင် တမျိုးမျိုး၌ ဖြစ်သည်။ |
1,319,877 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | အာဇာနည်များ ဖြစ်ရာအမျိုးနှင့် အရပ်ဒေသ |
1,319,878 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | ဆင်အာဇာနည်သည် ဆဒ္ဒန္တဆင်မျိုးနှင့် ဥပေါသထဆင်မျိုး၌ ဖြစ်ပေါ်သည်။ |
1,319,879 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | မြင်းအာဇာနည်သည် သိန္ဓောမြင်းမျိုးနှင့် ဝလာဟကမြင်းမျိုး၌ ဖြစ်ပေါ်သည်။ |
1,319,880 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | နွားအာဇာနည်သည် ဂင်္ဂါမြစ်၏ တောင်ဘက်ဖြစ်သော ဒက္ခိဏာပထအရပ်၌ ဖြစ်ပေါ်သည်။ |
1,319,881 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | လူအာဇာနည်သည် မဇ္ဈိမဒေသအရပ်ဝယ် မင်းမျိုး ပုဏ္ဏားမျိုး သူဌေးမျိုး၌ ဖြစ်ပေါ်သည်။ |
1,319,882 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | (ဓမ္မ၊ဋ္ဌ၊၂၊၁၆၁။ |
1,319,883 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | ပုရိသာဇညော = ပုရိသော အာဇညော ပုရိသာဇညော။ |
1,319,884 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | ပုရိသ + အာဇည။ |
1,319,885 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | အာဇည = အာ + ဉာ + နာ + ဏျ။ |
1,319,886 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | အာနန္ဒတ္ထေရပဉ္စဝတ္ထု ပြီး၏။ |
1,319,887 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | ၇-အာနန္ဒတ္ထေရပဥှဝတ္ထုပါဠိဂါထာ |
1,319,888 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | ၄၀၅။ ဒုလ္လဘော ပုရိသာဇညော, န သော သဗ္ဗတ္ထ ဇာယတိ၊ယတ္ထ သော ဇာယတီ ဓီရော, တံ ကုလံ သုခမေဓတိ။ |
1,319,889 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | ပုရိသာဇညော၊ ယောက်ျားအာဇာနည်ကို။ |
1,319,890 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | ၂ ဒုလ္လဘော၊ ခဲယဉ်းသဖြင့်ရအပ်၏။ |
1,319,891 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | သဗ္ဗတ္ထ၊ အလုံးစုံသောအရပ်, အလုံး စုံသော အမျိုး၌။ |
1,319,892 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | သော၊ ထိုယောက်ျားအာဇာ နည်သည်။ |
1,319,893 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | ၂။ ပုရိသာဇညော။ |
1,319,894 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | ။ အာ ဘုသော ကာရဏာကာရဏံ ဇာနာတီတိ အာဇာနီယော၊ [အာ+ဉာ+အနီယ၊ (တစ်နည်း) အာ+ဉာ+နာ+ဏျ၊] အာဇာနီယော ဧဝ အာဇညော၊ [အာဇာနီယ+ ဏျ၊ ဤ, ယတို့ကိုချေ, နျကိုဉပြု, ဒွေဘော်လာ၊] ပုရိသော စ+သော+အာဇာညော စာတိ ပုရိသာဇညော(ဝိသေသနုတ္တရပဒကမ္မဓာရဲသမာသ်)။ |
1,319,895 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | ၁။ သုခမေဓတိ။ |
1,319,896 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | ။ တံ ကုလံ သုခမေဓတီတိ တံ ကုလံ သုခံ သုခေန ဧဓတိ ဝုဒ္ဓိံ ဝိရုဠှိံ ပါပုဏာတီတိ အတ္ထော၊-ဓမ္မဋီ။ |
1,319,897 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှဝတ္ထုဂါထာ -၂ | အာနန္ဒတ္ထေရပဥှဝတ္ထုဂါထာနိဿယပြီးပြီ။ |
1,319,898 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | ပုပ္ဖဝဂ် ၉။ |
1,319,899 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | အာနန္ဒာမထေရ်၏ ပြဿနာဝတ္ထု |
1,319,900 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | န ပုပ္ဖဂန္ဓော ပဋိဝါတမေတိအစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် အာနန္ဒာမထေရ်၏ပြဿနာ ဖြေဆိုခြင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.