id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,342,501
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဘတောဘဋ္ဌဇာတ်
၁၃၉။ အက္ခီ ဘိန္နာ ပဋော နဋ္ဌော၊ သခီ ဂေဟေ စ ဘဏ္ဍနံ။
1,342,502
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဘတောဘဋ္ဌဇာတ်
ဥဘတော ပဒုဋ္ဌာ ကမ္မန္တာ၊ ဥဒကမှိ ထလမှိ စ။
1,342,503
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဘတောဘဋ္ဌဇာတ်
၁၃၉။ ဘော ပုရိသ၊ အိုယောကျ်ား။
1,342,504
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဘတောဘဋ္ဌဇာတ်
ဘိန္နာ၊ ပေါက်ကုန်၏။
1,342,505
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဘတောဘဋ္ဌဇာတ်
ဘဏ္ဍနံ၊ ခိုက်ရန်ဖြစ်၏။
1,342,506
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဘတောဘဋ္ဌဇာတ်
ဥဒကမှိ စ၊ ရေ၌၎င်း။
1,342,507
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဘတောဘဋ္ဌဇာတ်
ထိုး စ၊ ကြည်း၌၎င်း။
1,342,508
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဘတောဘဋ္ဌဇာတ်
ကမ္မန္တာ၊ အမှုတို့သည်။
1,342,509
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဘတောဘဋ္ဌဇာတ်
ပဒုဋ္ဌာ၊ ပျက်စီးကုန်၏။
1,342,510
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဘတောဘဋ္ဌဇာတ်
ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ တံငါ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရုက္ခဇိုဝ်းနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။
1,342,511
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥဘတောဘဋ္ဌဇာတ်
နှစ်ဘက်အကျိုး၊ ဆုတ်ယုတ်ညှိုး၊ ကိုယ်ဆိုးလို့ သာမှတ် ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော ဥဘတောဘဋ္ဌဇာတ်သည် ပြီး၏။
1,342,512
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
၂။ ဥမ္မာဒန္တီဇာတ်
1,342,513
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ပညာရှိပုဂ္ဂိုလ်သည် ကိလေသာ၏အလိုသို့ မလိုက်
1,342,514
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် နိဝေသနံ ကဿ နုဒံ သုနန္ဒ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဥမ္မာဒန္တီဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် သာသနာတော်၌ ငြီးငွေ့သောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။
1,342,515
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ကာမရောဂါ ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းသည် တစ်နေ့သ၌ သာဝတ္ထိမြို့သို့ ဆွမ်းခံအံ့သောငှာ သွားသည်ရှိသော် တန်ဆာဆင်ခြင်းနှင့်စပ်သော မြတ်သောအဆင်းနှင့် ပြည့်စုံသော မိန်းမတစ်ယောက်ကို မြင်လေလျှင် တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍ ထိုမိန်းမသို့ပြေးသွားသောစိတ်ကို ပြန်လည်စိမ့်သောငှာ မတတ်နိုင်ရကား ကျောင်းသို့သာလျှင် ပြန်ခဲ့သဖြင့် ထိုအခါမှစ၍ ...
1,342,516
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထိုရဟန်းကို အဆွေခင်ပွန်း အကျွမ်းဝင်ကုန်သော ရဟန်းတို့သည် ငါ့ရှင်... သင်သည် ရှေး၌ ငြိမ်သက်သော ဣန္ဒြေရှိ၏။
1,342,517
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ကြည်လင်သော မျက်နှာအဆင်းရှိ၏။
1,342,518
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ယခုတစ်မူကား ရှေးနှင့်မတူ၊ အကြောင်းကား အသို့နည်း ဟု မေးအပ်သော ထိုငြီးငွေ့သောရဟန်းသည် ငါ့ရှင်တို့... မမွေ့လျော်ခြင်း ဖြစ်၏ဟု ဆို၏။
1,342,519
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ကာမဂုဏ်၏ အပြစ်များ
1,342,520
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထိုအခါ ထိုရဟန်းကို အဆွေခင်ပွန်း အကျွမ်းဝင်ကုန်သော ရဟန်းတို့သည် ဆိုကြကုန်၏။
1,342,521
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ငါ့ရှင်... မွေ့လျော်လော့၊ ဘုရားဖြစ်ခြင်းမည်သည်ကို အလွန်ရခဲ၏။
1,342,522
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
သူတော်ကောင်းတို့၏ တရားကို နာရခြင်းကိုလည်း ထို့အတူ အလွန်ရခဲ၏။
1,342,523
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
လူ့အဖြစ်ကို ရခြင်းကိုလည်း အလွန်ရခဲ၏။
1,342,524
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
သင်သည် လူ၏အဖြစ်ကိုရပြီး၍ ဝဋ်ဆင်းရဲ၏အဆုံးကို ပြုခြင်းကို တောင့်တသည်ဖြစ်၍ မျက်ရည်ယိုသော မျက်နှာရှိသော ဆွေမျိုးဖြစ်သော သူတို့ကိုစွန့်၍ သဒ္ဓါသဖြင့် ရဟန်းပြုလျက် အဘယ့်ကြောင့် ကိလေသာ၏နိုင်ငံသို့ လိုက်ရဘိသနည်း။
1,342,525
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထိုကိလေသာတို့မည်သည်ကား တီဖြစ်သောသတ္တဝါကို အစပြု၍ အလုံးစုံသော သူမိုက်တို့အား ဆက်ဆံကုန်၏။
1,342,526
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
အကြင် ငါးပါးသော ကာမဂုဏ်တို့သည် ထိုကိလေသာတို့၏ တည်ရာဖြစ်ကုန်၏။
1,342,527
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထိုငါးပါးသော ကာမဂုဏ်တို့သည်လည်း ကြည်ညိုဖွယ်မရှိကုန်၊ ဤငါးပါးကုန်သော ကာမဂုဏ်တို့၌ များစွာကုန်သော ဆင်းရဲခြင်းတို့သည်, များစွာကုန်သော ပင်ပန်းခြင်းတို့သည်, များစွာကုန်သော အပြစ်တို့သည် ရှိကုန်၏။
1,342,528
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
လွန်စွာလျှင် ကာမဂုဏ်တို့သည် အရိုးသက်သက်နှင့် တူကုန်၏။
1,342,529
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ကာမဂုဏ်တို့သည် သားတစ်နှင့် တူကုန်၏။
1,342,530
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ကာမဂုဏ်တို့သည် မြက်မီးရှူးနှင့် တူကုန်၏။
1,342,531
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ကာမဂုဏ်တို့သည် မီးကျီးတွင်းနှင့် တူကုန်၏။
1,342,532
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ကာမဂုဏ်တို့သည် များလှည့်သည်နှင့် တူကုန်၏။
1,342,533
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ကာမဂုဏ်တို့သည် အိပ်မက်နှင့် တူကုန်၏။
1,342,534
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ကာမဂုဏ်တို့သည် ချေးငှား၍ သုံးဆောင်အပ်သောဥစ္စာနှင့် တူကုန်၏။
1,342,535
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ကာမဂုဏ်တို့သည် အဆိပ်သီးနှင့် တူကုန်၏။
1,342,536
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ကာမဂုဏ်တို့သည် သန်လျက်နှင့် တူကုန်၏။
1,342,537
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ကာမဂုဏ်တို့သည် လှံတံကျင်နှင့် တူကုန်၏။
1,342,538
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ကာမဂုဏ်တို့သည် မြွေဟောက်ဦးခေါင်းနှင့် တူကုန်၏။
1,342,539
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ကာမဂုဏ်တို့သည် မီးပုံကြီးနှင့် တူကုန်၏။
1,342,540
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
သို့စင်လျက် ဤသို့သဘောရှိသာ ဘုရားသခင်သာသာသနာတော်၌ ရဟန်းပြုပြီး၍ ဤသို့ အကျိုးမဲ့ကိုသာ ပြုတတ်ကုန်သော ဏိလေသာတို့၏အလိုသို့ လိုက်တော့အံ့လောဟု ဆိုကြကုန်၏။
1,342,541
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထိုသို့ ဆိုဆုံးမကုန်၍ မိမိတို့၏စကားကို ယူစိမ့်သောငှာ မတတ်နိုင်ကုန်ရကား သဗ္ဗညူ ဘုရားသခင်အထံတော်ဖြစ်သော တရားသဘင်သို့ ဆောင်ယူကုန်၍ ရဟန်းတို့... အလိုမရှိသော ရဟန်းကို အဘယ့်ကြောင့် ဆောင်ယူခဲ့ကြ ကုန်သနည်းဟု မေးတော်မူသည်ရှိသော် အရှင်ဘုရား... ဤရဟန်းသည် သာသနာတော်၌ ငြီးငွေ့သတတ်ဟု နားတော်လျှောက်ကြကုန်၏။
1,342,542
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်း မှန်ပေသလော ဟု မေးတော်မူ၍ ဘုန်းတော်ကြီးတော်မူသော အရှင်ဘုရား... မှန်ပေ၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း... ရှေးပညာရှိတို့သည် တိုင်းနိုင်ငံကို စီရင်ဆုံးမကုန်လျက်လည်း ကိလေသာဖြစ်သည်ရှိသော် ထိုကိုလေသာ၏အလိုသို့ မလိုက်မူ၍ စိတ်ကိုမြစ်သဖြင့် မသင့်လျော်သောအမှုကို မပြုကုန်ဟု မိန့်တော်မူ၍ အတိတ်ကို ဆော...
1,342,543
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
အတိတ်ဝတ္ထု... ရဟန်းတို့... လွန်လေပြီးသောအခါ သိဝိတိုင်း အရိဋ္ဌပုရမြို့၌ သိဝိအမည်ရှိသောမင်းသည် မင်းပြု၏။
1,342,544
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ဘုရားလောင်းသည် ထိုသိဝိမင်း၏ မိဖုရားကြီးဝမ်း၌ ဖြစ်၏။
1,342,545
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထို ဘုရားလောင်းအား သိဝိသတို့သားဟူသော အမည်ကို မှည့်ကုန်၏။
1,342,546
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
စစ်သူကြီးလည်း သားသည်ဖွား၏။
1,342,547
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထိုစစ်သူကြီးသားအားကား အဘိပါရကဟူသော အမည်ကို မှည့်ကုန်၏။
1,342,548
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထိုမင်း၏သား စစ်သူကြီး၏သား နှစ်ပါးတို့သည်လည်း အပေါင်းအဖော်ဖြစ်သဖြင့် ကြီးကြကုန်၏။
1,342,549
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
တစ်ဆယ့်ခြောက်နှစ်ရှိကုန်သော် တက္ကသိုလ်ပြည်သို့ သွားကုန်ပြီးလျှင် အတတ်ကိုသင်၍ လာခဲ့ကြကုန်၏။
1,342,550
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ခမည်းတော် သိဝိမင်းကြီးသည် သားတော်အား မင်းအဖြစ်ကို ပေးတော်မူ၏။
1,342,551
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထိုသားတော် သိဝိမင်းသည်လည်း အဘိပါရကကို စစ်သူကြီးအရာ၌ထား၍ တရားသဖြင့် မင်းပြု၏။
1,342,552
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ဥမ္မာဒန္တီ
1,342,553
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထိုအရိဋ္ဌပုရမြို့၌လျှင် ကုဋေရှစ်ဆယ်ကြွယ်ဝသော တိရိဋိဝစ္ဆ အမည်ရှိသောသူဌေးအား သမီးသည်ဖြစ်၏။
1,342,554
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
တင့်တယ်ခြင်း အထွတ်သို့ရောက်၏။
1,342,555
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
တင့်တယ်သော လက္ခဏာနှင့် ပြည့်စုံ၏။
1,342,556
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထို သတို့သမီးအား အမည်မှည့်သောနေ့၌ ဥမ္မာဒန္တီ ဟူသော အမည်ကို မှည့်ကုန်၏။
1,342,557
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထို ဥမ္မာဒန္တီ သတို့သမီးသည် တစ်ဆယ့်ခြောက်နှစ် မြောက်သောအခါ လူတို့၏အဆင်းကိုလွန်၍ နတ်သမီးကဲ့သို့ အလွန် အဆင်းလှ၏။
1,342,558
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ရှုချင်ဖွယ် ရှိ၏။
1,342,559
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
မြတ်သောအဆင်းနှင့် ပြည့်စုံ၏။
1,342,560
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
အကြင် အကြင် ပုထုဇဉ်တို့သည် ထိုဥမ္မာဒန္တီ သတို့သမီးကို မြင်ကုန်၏။
1,342,561
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထိုထိုပုထုဇဉ်တို့သည် မိမိတို့သဘောအားဖြင့် ကိုယ်ကိုဆောင်အံ့သောငှာ မတတ်နိုင်ကုန်၊ သုရာယစ်သော သူတို့ကဲ့သို့ ကိလေသာဟူသော ယစ်ခြင်းဖြင့် ယစ်ကုန်သည်ဖြစ်၍ သတိကိုဖြစ်စိမ့်သောငှာ စွမ်းနိုင်သူမည်သည် မရှိကုန်။
1,342,562
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ပုဏ္ဏားများ နှင်ထုတ်ခံကြရ
1,342,563
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထိုအခါ ဥမ္မာဒန္တီ သတို့သမီး၏ အဖဖြစ်သော တိရိဋိဝစ္ဆသူဌေးသည် သိဝိမင်းသို့ကပ်၍ အရှင်မင်းမြတ်... အကျွန်ုပ်အိမ်၌ အရှင်မင်းမြတ်အားထိုက်သော မိန်းမရတနာ ဖြစ်၏။
1,342,564
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
လက္ခဏာဖတ်တတ်ကုန်သော ပုရောဟိတ်တို့ကို စေတော်မူ၍ ထိုမိန်းမရတနာကို စုံစမ်းစေ၍ အလိုတော်မြတ်ရှိတိုင်း မိန့်တော်မူပါလော့ ဟု တင်လျှောက်၏။
1,342,565
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
သိဝိမင်းသည် ကောင်းပြီ ဟု ဆို၍ ပုရောဟိတ်ပုဏ္ဏားတို့ကို စေတော်မူ၏။
1,342,566
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထိုပုရောဟိတ် ပုဏ္ဏားတို့သည် တိရိဋိဝစ္ဆ သူဌေးအိမ်သို့ သွားကြကုန်သဖြင့် ပြုအပ်သော ပူဇော်သက္ကာရ မြတ်နိုးတနာ ရှိကုန်သည်ဖြစ်၍ နို့ဃနာထမင်းကို စားကြကုန်၏။
1,342,567
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထိုခဏ၌ ဥမ္မာဒန္တီသည် အလုံးစုံသော တန်ဆာဖြင့် တန်ဆာဆလျက် ထိုပုရောဟိတ် ပုဏ္ဏားတို့၏အထံသို့ သွား၏။
1,342,568
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထိုပုဏ္ဏားတို့သည် ဥမ္မာဒန္တီကိုမြင်လျှင် သတိကို ဖြစ်စိမ့်သောငှာ မတတ်နိုင်ကုန်သည်ဖြစ်၍ ကိလေသာဟူသော ယစ်ခြင်းဖြင့် ယစ်ကုန်သည်ဖြစ်၍ မိမိတို့သည် ထမင်းစား၍ မပြီးသေးသည်၏အဖြစ်ကို မသိကြကုန်။
1,342,569
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
အချို့ကုန်သော ပုဏ္ဏားတို့သည် ထမင်းလုပ်ကိုယူ၍ စားကုန်အံ့ဟူသော အမှတ်ဖြင့် ဦးခေါင်း၌ထားကုန်၏။
1,342,570
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
အချို့ကုန်သော ပုဏ္ဏားတို့သည် လက်ကတီး ကြား၌ ချကုန်၏။
1,342,571
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
အချို့ကုန်သော ပုဏ္ဏားတို့သည် နံရံကိုတိုးဝှေ့ကြကုန်၏။
1,342,572
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
အလုံးစုံကုန်သော ပုဏ္ဏားတို့သည် ရူးကုန်သည်သာလျှင် ဖြစ်ကုန်၏။
1,342,573
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ဥမ္မာဒန္တီသည် ထိုပုဏ္ဏားတို့ကို မြင်လျှင် ဤအရူးတို့သည် ငါ၏လက္ခဏာကို စုံစမ်းကြကုန်လတ္တံ့သတတ် ဟု နှလုံးသွင်း၍ ထိုပုဏ္ဏားတို့ကို လည်၌ကိုင်၍ နှင်ထုတ်လိုက်ကြကုန် ဟု ဆို၍ နှင်ထုတ်စေ၏။
1,342,574
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
အပြစ်လျှောက်တင်
1,342,575
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထိုပုရောဟိတ် ပုဏ္ဏားတော်တို့သည် မျက်နှာမသာကုန်သည်ဖြစ်၍ မင်း၏နေရာ နန်းတော်သို့ သွားကြကုန်ပြီးလျှင် အရှင်မင်းမြတ်... ဥမ္မာဒန္တီအမည်ရှိသော အကြင်မိန်းမသည် အမျက်ဟူးဟူးထွက်၏။
1,342,576
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထိုဥမ္မာဒန္တီ အမည်ရှိသော မိန်းမသည် သူယုတ်မတည်း၊ အရှင်မင်းမြတ်တို့အား မထိုက်မလျော်ပါ ဟု တင်လျှောက်ကြကုန်၏။
1,342,577
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
သိဝိမင်းသည် သူယုတ်မ ဖြစ်သတတ် ဟု ထိုဥမ္မာဒန္တီကို ဆောင်ယူတော် မမူစေ။
1,342,578
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
မင်းကို ရန်ငြိုးဖွဲ့
1,342,579
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ဥမ္မာဒန္တီသည် ထိုသတင်းစကားကိုကြား၍ မင်းကြီးသည် ငါ့အား မိန်းမယုတ်ဟူ၍ မဆောင်ယူသတတ်။
1,342,580
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
သူယုတ်တို့သည်ကား ဤသို့ သဘောရှိသည် မဖြစ်ကုန်ဟုဆို၍ သူယုတ်မဟု ထင်မှတ်တော်မူ၍ မယူသည်ဖြစ်စေ။
1,342,581
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထိုမင်းကို အကယ်၍ မြင်မှမြင်ရစေ၊ သိအံ့ ဟု ထိုသိဝိမင်း၌ ရန်ငြိုးဖွဲ့၏။
1,342,582
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထို့နောင်မှ ဥမ္မာဒန္တီကို အဖသူဌေးသည် စစ်သူကြီး အဘိပါရကအား ပေး၏။
1,342,583
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထိုဥမ္မာဒန္တီသည် ထိုစစ်သူကြီး အဘိပါရက၏ နှလုံးကို ပွားစေတတ်သော မယား ဖြစ်၏။
1,342,584
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ဥမ္မာဒန္တီ၏ ရှေးကုသိုလ်
1,342,585
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
အဘယ်ကောင်းမှုကံ၏ အကျိုးကြောင့် ထိုဥမ္မာဒန္တီသည် ဤသို့ အဆင်းလှသည် ဖြစ်လေသနည်း ဟူမူကား... ဝတ်ပန်းဆိုးသော အဝတ်အလှူ၏ အကျိုးဆက်ကြောင့် ဤသို့ လှသည် ဖြစ်သတတ်။
1,342,586
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထိုဥမ္မာဒန္တီသည် လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် သူဆင်းရဲအမျိုး၌ ဖြစ်၍ ပွဲသဘင်ခံသောနေ့၌ ကောင်းမှုကံ၏ ပြည့်စုံကုန်သော မိန်းမတို့သည် ဝတ်ပန်းဆိုးအဝတ်ကို ဝတ်ကုန်၍ တန်ဆာဆင်ကုန်လျက် ကစားရွှင်မြူးကြကုန်သည်တို့ကို မြင်လေလျှင် ထိုသို့သဘောရှိသော အဝတ်ကိုဝတ်၍ ကစားမြူးရွှင်လိုရာ မိဘတို့အား အကြောင်းကြား၏။
1,342,587
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထိုမိဘတို့သည် ချစ်သမီး... ငါတို့သည် အလွန် ဆင်းရဲကုန်၏။
1,342,588
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ငါတို့အား ဤသို့ သဘောရှိသော အဝတ်သည် အဘယ်မှာရှိအံ့နည်း ဟု ထို မိဘတို့ ဆိုသည်ရှိသော် ထိုသို့ဖြစ်လျှင် ငါ့ကို သူကြွယ်မျိုး တစ်ဦး၌ အခစားလုပ်စိမ့်သောငှာ အခွင့်ပြုကြကုန်လော့၊ ထိုသူကြွယ်တို့သည် ငါ့အား ကျေးဇူးကိုသိ၍ ပေးလတ္တံ့ ဟု ဆို၍ ထိုမိတို့သည် ခွင့်ပြုအပ်သည်ရှိသော် သူကြွယ်မျိုး တစ်ဦးသို့ ကပ်၍ ဝတ်ပန်းဆိုးအဝတ်ဖြင့် အခစားလုပ်လိ...
1,342,589
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထိုအခါ ထိုအမျိုးသမီးကို သူကြွယ်တို့သည် သုံးနှစ်တို့ပတ်လုံး အမှုကို လုပ်ဆောင်သည်ရှိသော် ရှင်မအား ကျေးဇူးကိုသိ၍ ပေးကုန်အံ့ ဟု ဆိုကြကုန်၏။
1,342,590
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထိုအမျိုးသမီးသည် ကောင်းပြီဟု ဝန်ခံ၍ အမှုကို လုပ်ဆောင်၏။
1,342,591
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထိုသူကြွယ်တို့သည် ထိုအမျိုးသမီး၏ ကျေးဇူးကိုသိ၍ သုံးနှစ်မပြည့်မီပင်လျှင် ထိုအမျိုးသမီးအား ခိုင်ခံ့ထူထဲသော ဝတ်ပန်းဆိုး အဝတ်နှင့်တကွ တစ်ပါးလည်းဖြစ်သာ အဝတ်ကိုပေး၍ ရှင်မ၏ သူငယ်ချင်းအဖော်တို့နှင့် အတူသွား၍ ရေချိုး၍ ဆင်ဝတ်လေလော့ ဟု ဆို၍ ထိုအမျိုးသမီးကို စေကုန်၏။
1,342,592
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထိုအမျိုးသမီးသည် သူငယ်ချင်း အဖော်တို့ကို ခေါ်၍ သွားသဖြင့် ဝတ်ပန်းဆိုးအဝတ်ကို ကမ်းနား၌ထား၍ ရေချိုး၏။
1,342,593
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထိုခဏ၌ ကဿပ ဘုရားသခင်၏ တပည့်ဖြစ်သော ရဟန်းတစ်ပါးသည် သင်္ကန်းကို ခိုးသူလုယူသဖြင့် သစ်ခက် သစ်ရွက်ကိုချိုးလျက် ဝတ်ရုံ၍ ထိုအရပ်သို့ ရောက်လာ၏။
1,342,594
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထိုအမျိုးသမီးသည် ထိုသစ်ရွက်သစ်ခက်တို့ကို ဝတ်ရုံ၍ လာသော ရဟန်းကိုမြင်လျှင် အရှင်ကောင်းသည် သင်္ကန်းကို ခိုးသူ လုယူသည် ဖြစ်လတ္တံ့ ဟု နှလုံးသွင်း၍ ငါသည် ရှေး၌လည်း မလှူဖူးသည်၏ အဖြစ်ကြောင့် အဝတ်ကို ရခဲသည်ဖြစ်၏ ဟု ကြံ၍ ထို ဝတ်ပန်းဆိုးအဝတ်ကို နှစ်ပိုင်းဖြတ်ပြီးလျှင် တစ်ပိုင်းကို အရှင်ကောင်းအား လှူအံ့ဟုကြံ၍ ရေမှတက်ပြီးလျှင် မိမိ...
1,342,595
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထိုမထေရ်သည် တင့်တယ်လျောက်ပတ်သော ဖုံးကွယ်ရာအရပ်၌ ရပ်ပြီးလျှင် ချိုး၍ဝတ်အပ်သော သစ်ခက်သစ်ရွက်ကိုစွန့်၍ တစ်ပိုင်းသော ဝတ်ပန်းဆိုးသင်္ကန်း၏ အစွန်းတစ်ဖက်ကိုဝတ်၍ တစ်စွန်းကိုရုံ၍ ထွက်၏။
1,342,596
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ထိုသို့ထွက်သောအခါ ဝတ်ပန်းပုဆိုး သင်္ကန်းရောင်ကြောင့် ထိုမထေရ်မြတ်၏ ကိုယ်အလုံးသည် တက်သစ်သော နေလုလင်ကဲ့သို့ တစ်ခဲနက်နီသော အရောင်ထွက်၏။
1,342,597
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
အမျိုးသမီးသည် ထိုမထေရ်မြတ်ကိုမြင်လျှင် ငါ့အရှင်ကောင်းသည် ရှေးကမူ တင့်တယ်တော် မမူသေး၊ ယခုကား တက်သစ်သော နေလုလင်ကဲ့သို့ တင့်တယ်တော်မူ၏။
1,342,598
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ဤဝတ်ပန်းထည် တစ်ပိုင်းကိုလည်း ထိုအရှင်မြတ်အားသာလျှင် လှူဦးအံ့ ဟု နှစ်ခုမြောက်ဖြစ်သော ဝတ်ပန်းထည်ပိုင်းကို လှူပြန်၍ အရှင်ဘုရား... အကျွန်ုပ်သည် ဘဝတိုင်းဘဝတိုင်း မြတ်သောအဆင်းကို ဆောင်နိုင်သည် ဖြစ်ရပါလို၏။
1,342,599
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
အကျွန်ုပ်ကိုမြင်၍ တစ်စုံတစ်ယောက်သော ယောက်ျားသည် မိမိသဘောအားဖြင့် ကိုယ်ကိုဆောင်အံ့သောငှာ မစွမ်းနိုင်သည် ဖြစ်စေသော၊ တစ်ပါးသောမိန်းမသည် အကျွန်ုပ်ထက်လွန်ကဲ၍ လှသည် မဖြစ်စေသတည်းဟု ဆုတောင်း၏။
1,342,600
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
မထေရ်မြတ်သည်လည်း တောင်းတိုင်း ပြည့်စုံစေ ဟူသော အနုမောဒနာကိုပြု၍ ကြွတော်မူ၏။