id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,342,301 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ဗာရာဏသီမင်းကြီးက “အမောင်မုဆိုး.. အဘယ့်ကြောင့် ငါ့ထံမှောက်သို့ အမောင် လာရောက်သနည်း”ဟု မေးလေလျှင် မုဆိုးသည် “အရှင်မင်းကြီး.. အရှင်မင်းကြီးတို့၏ တောမုဆိုးဖြစ်သူ အကျွန်ုပ်သည် တောင်ခြေ၌ အံ့ဩဖွယ်ကောင်းသော မိန်းမရတနာကို တွေ့မြင်ခဲ့ရ၍ လာရောက်ပါသည်”ဟု ပြောဆိုကာ အကြောင်းအရာ အလုံးစုံကို ပြန်ကြား လျှောက်ထားလေ၏။ |
1,342,302 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | မင်းကြီးသည် မုဆိုးစကားကို ကြားသိပြီးနောက် လျင်မြန်စွာ တောင်ခြေသို့ သွားရောက်၍ ရသေ့ကျောင်းနှင့် မနီးမဝေးအရပ်၌ သစ်ခက်တဲနန်း = ယာယီတဲနန်း ဖန်ဆင်း တည်ဆောက်ပြီးလျှင် မုဆိုးနှင့်၎င်း အခြား မင်းချင်းယောက်ျားများနှင့်၎င်း အတူတကွ ရှင်ရသေ့ ဆွမ်းကိစ္စပြီး၍ ထိုင်နေသောအချိန်ဝယ် ရသေ့ကျောင်းသို့ သွားရောက်လျက် ရှင်ရသေ့ကို ရှိခိုးကာ အစ... |
1,342,303 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ထို့နောက် မင်းကြီးသည် ရှင်ရသေ့အတွက် ယူဆောင်ခဲ့သော ရသေ့ရဟန်း အသုံးအဆောင် ဘဏ္ဍာများကို ရှင်ရသေ့၏ ခြေရင်း၌ ထားပြီးလျှင် “အရှင်ဘုရား.. ဤတောအရပ်ဝယ် အဘယ်အမှု ပြုကုန်အံ့နည်း = ဘာလုပ်ကြမည်နည်း၊ သွားကြပါစို့”ဟု အကဲစမ်းစကား ပြောကြားလေ၏။ |
1,342,304 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ရှင်ရသေ့က “မင်းကြီး.. သင်မင်းကြီးတို့သာ သွားကြပါကုန်လော့”ဟု ပြောဆိုလေလျှင် မင်းကြီးသည် ရှင်ရသေ့ကို “အရှင်ဘုရား.. အိမ်း.. ကောင်းပါပြီ တပည့်တော် ပြန်သွားပါမည်၊ အထူးအားဖြင့် |
1,342,305 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ၅၂ အရှင်ဘုရား၏ အနီး၌ မာတုဂါမတည်းဟူသော = ဝိသဘာဂပရိသတ် ရှိသည်ဟု တပည့်တော်များ ကြားသိကြရပါသည်၊ ဤမာတုဂါမ = ဝိသဘာဂ ပရိသတ်သည် ရသေ့ရဟန်းတို့အား မသင့်လျော်ပါ၊ ထိုမာတုဂါမ = ဝိသဘာဂ ပရိသတ်သည် တပည့်တော်နှင့်အတူ လိုက်စေချင်ပါသည်”ဟု တိုက်ရိုက်ပင် ပြောကြားလေ၏။ |
1,342,306 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | တဖန် ရှင်ရသေ့က “လူတို့၏ စိတ်မည်သည်ကို နှစ်သက်စေနိုင်ခဲ၏ = ကျေနပ်စေရန် ခဲယဉ်းလှပါ၏။ |
1,342,307 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ငါ့သမီးသည် အဘယ်သို့လျှင် မင်းမောင်းမ မိဖုရားတို့အလယ်၌ နေနိုင်လိမ့်မည်နည်း = နေနိုင်လိမ့်မည် မထင်ပါ”ဟု စိုးရိမ်စကား ပြောကြားလေလျှင် မင်းကြီးသည် ရှင်ရသေ့ စိတ်ချရန် “အရှင်ဘုရား.. တပည့်တော်များ မေတ္တာတိမ်းညွတ် နှစ်သက်အပ်သော အချိန်မှစ၍ ကျန်သော မင်းမောင်းမတို့၏ အကြီးအကဲ = မိဖုရားကြီးအရာ၌ ထား၍ ပြုစုစောင့်ရှောက်ပါမည်”ဟု ဖြေသိပ... |
1,342,308 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ရှင်ရသေ့သည် မင်းကြီး၏စကားကို ကြားရလေလျှင် ငယ်စဉ်အခါက မှည့်ခေါ်အပ်သော အမည်အတိုင်း “ချစ်သမီး ပဒုမ၀တီ..”ဟု သမီးကို ခေါ်လိုက်လေ၏။ |
1,342,309 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ပဒုမ၀တီ သတို့သမီးသည် စကားတခွန်းတည်းဖြင့်ပင် သင်္ခမ်းကျောင်းမှ ထွက်ခဲ့၍ ဖခင်ရှင်ရသေ့ကို ရှိခိုးပြီးလျှင် ရပ်တည်နေလေ၏။ |
1,342,310 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ဖခင် ရှင်ရသေ့က သမီးကို “ချစ်သမီး.. သင်ချစ်သမီးသည် အရွယ်သို့ ရောက်ခဲ့လေပြီ။ |
1,342,311 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ဤအရပ်ဝယ် မင်းကြီးမြင်အပ်သော အချိန်မှစ၍ နေခြင်းငှါ မသင့်လျော်ချေ၊ မင်းကြီးနှင့် အတူတကွ လိုက်ပါသွားလော့ ချစ်သမီး..”ဟု ပြောလေလျှင် ပဒုမ၀တီသည် “ကောင်းပါပြီ ဖခင်ဘုရား..”ဟု ဖခင် ရှင်ရသေ့၏စကားကို မငြင်းမဆန် ဝန်ခံ၍ ရှိခိုးငိုကြွေးကာ ရပ်လျက်သာ နေလေ၏။ |
1,342,312 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ဗာရာဏသီ မင်းကြီးသည် “ဤပဒုမဝတီ သတို့သမီး၏ ဖခင် ရှင်ရသေ့စိတ်ကို ငါယူအံ့”ဟု ကြံစည်ကာ ထိုနေရာ၌ပင်လျှင် ပဒုမ၀တီကို ရွှေငွေအသပြာ ရတနာအစုအပုံ၌ တင်ထား၍ အဘိသိက်သွန်းဖျန်းမှုကို ပြုလေ၏။ |
1,342,313 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ၅၃ မင်းကြီး မြတ်နိုးလွန်းသဖြင့် အခြားမိဖုရားမောင်းမတို့ ပဒုမဒေဝီကို မနာလိုကြခြင်း |
1,342,314 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ထို့နောက် မင်းကြီးသည် ပဒုမ၀တီမိဖုရားကို သိမ်းပိုက်၍ မိမိ၏မြို့သို့ ခေါ်ဆောင်သွားပြီးလျှင် ရောက်သောအချိန်မှ အစပြု၍ ကျန်သော မောင်းမမိဿံ မိဖုရားတို့ကို ကြည့်ရုံမျှ မကြည့်တော့ပဲ ပဒုမ၀တီမိဖုရား နှင့်သာလျှင် မွေ့လျော်ပျော်ပိုက်၍ နေလေ၏။ |
1,342,315 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | အခြား မင်းမိန်းမတို့သည် မနာလိုခြင်း ပြင်းစွာ နှိပ်စက်အပ်ကုန်ရကား ပဒုမ၀တီ မိဖုရားကို မင်းကြီး၏စိတ်၌ အချစ်ကွဲပြို ပျက်စီးလိုကြကုန်သည်ဖြစ်၍ “အရှင်မင်းကြီး.. ဤပဒုမဝတီသည် လူစင်စစ်မဟုတ်ပါ၊ အရှင်မင်းကြီးတို့သည် အဘယ်အရပ်မှာများ လူသားတို့ လှည့်လည်သွားလာရာ ဖဝါးအောက်အရပ်၌ ပဒုမာကြာပန်းတို့ အဆန်းတကြယ် ထပေါ်သည်တို့ကို မြင်အပ်ဘူးပါကု... |
1,342,316 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | မင်းကြီးသည် ထိုမိန်းမတို့၏ စကားကို ကြားရလေလျှင် စကားတုံ့မပေးပဲ ဆိတ်ဆိတ်သာလျှင် နေတော်မူ၏။ |
1,342,317 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ထို့နောက် တချိန်၌ ဗာရာဏသီမင်းကြီး၏ တိုင်းစွန်ပြည်နား = ပစ္စန္တရစ်အရပ်သည် သူပုန်ထကြွမှုကြောင့် ပျက်လုမတတ် ဖြစ်လေ၏။ |
1,342,318 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | မင်းကြီးသည် “ပဒုမ၀တီမှာ နှုတ်ငုံသန္ဓေ ရှိချေပြီ”ဟု သိတော်မူကာ ပဒုမ၀တီမိဖုရားကို ရွှေနန်းတော်၌ ထားခဲ့၍ ပစ္စန္တရစ်အရပ်သို့ သွားလေ၏။ |
1,342,319 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ထိုအခါ ထိုမင်းမိန်းမတို့သည် အခွင့်ကောင်းကို ရရှိကြကာ ပဒုမ၀တီမိဖုရား၏ အလုပ်အကျွေး မိန်းမအား လက်ဆောင်တံစိုး ပေးကြပြီးလျှင် “ဤပဒုမ၀တီ၏ သားကို ဖွားပြီးလျှင်ပြီးခြင်း လွတ်ရာဖယ်ရှား၍ အခြားသစ်တုံးတခုကို သွေးဖြင့် လိမ်းကျံကာ ပဒုမ၀တီ၏အနီး၌ ထားပါလေ”ဟု မှာတမ်းပြောဆိုထားကြလေ၏။ |
1,342,320 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ပဒုမ၀တီမိ ဖုရားမှာလည်း မကြာမီပင် ကိုယ်ဝန်မှထခြင်း = မီးရှူးသန့်စင် ဖွားမြင်ခြင်း ဖြစ်လေ၏။ |
1,342,321 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | မဟာပဒုမမင်းသား |
1,342,322 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ၅၄ တဦးတည်းသာလျှင် မယ်တော်ဝမ်း၌ ပဋိသန္ဓေ ယူနေခဲ့လေသည်။ |
1,342,323 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ကျန်သော (၄၉၉) လေးရာ့ကိုးဆယ့်ကိုးယောက်သော သူငယ်မင်းသားတို့သည် မဟာပဒုမမင်းသား မယ်တော်ဝမ်းမှ ဖွားမြောက်ပြီး၍ စက်လျောင်းနေသောအခါ သံသေဒဇမင်းသားများ ဖြစ်၍လာကြလေ၏။ |
1,342,324 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | = သွေးစက်၌ သံသေဒဇ သန္ဓေစွဲမှီ ဖြစ်လာကြလေသည်။ |
1,342,325 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ထိုအခါ အလုပ်အကျွေးမိန်းမသည် “ဤပဒုမ၀တီမိဖုရားကား သတိမရသေး”ဟု သိရှိကာ သစ်သားတုံးတခုကို သွေးဖြင့်လိမ်းကျံ၍ ပဒုမ၀တီမိဖုရား၏ အနီး၌ ထားပြီးလျှင် ထိုမင်းမိန်းမတို့အား (ပဒုမ၀တီမိဖုရား သားဖွားပြီဖြစ်ကြောင်း) အသိပေးလေ၏။ |
1,342,326 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ထိုမင်းမိန်းမ ငါးရာလုံးတို့ပင် တယောက် တယောက်လျှင် မင်းသား တယောက်စီ တယောက်စီကို ဝှက်ယူကြ၍ ပွတ်သမားတို့ထံ လူလွှတ်ပြီးလျှင် ကြုတ်အလုံး (၅၀၀)ငါးရာတို့ကို ယူဆောင်ခဲ့ကြစေ၍ မိမိတို့ ဆောင်ယူအပ်ခဲ့သော မင်းသားငယ်တို့ကို ကြုတ်တို့၌ အသီးအသီး သိပ်ကြပြီးလျှင် ကြုတ်၏ အပြင်အပ၌ အမှတ်တံဆိပ် ခတ်နှိပ်၍ ထားကြလေကုန်၏။ |
1,342,327 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ပဒုမ၀တီ မိဖုရားသည်လည်း အမှတ်သတိရ၍ အလုပ်အကျွေး မိန်းမကို “အိုအမိ.. အသို့နည်း ငါသည် မီးရှူးသန့်စင် ဖွားမြင်ပြီးပြီလော”ဟု မေးလေ၏။ |
1,342,328 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | အလုပ်အကျွေး မိန်းမညစ်သည် ပဒုမဝတီမိဖုရားကို ခြိမ်းချောက် စူအောက်၍ “ရှင်မိဖုရားသည် အဘယ်မှာလျှင် သတို့သားကို ရလိမ့်မည်နည်း”ဟု ရေရွတ်စကား ပြောကြားကာ “ဤသည်ပင် ရှင်မိဖုရား၏ဝမ်းမှဖွားသော သူငယ်တည်း”ဟု ပြောဆိုပြီးလျှင် မိမိစီမံထားသည့် သွေးလိမ်းကျံသော သစ်သားတုံးကို ပဒုမ၀တီမိဖုရား၏ ရှေ့၌ ချထားလေ၏။ |
1,342,329 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ပဒုမဝတီမိဖုရားက ထိုသစ်သားတုံးကို မြင်ရ၍ နှလုံးမသာမယာ ဖြစ်ရှိကာ “အမိ.. ထိုသစ်သားတုံးကို ခွဲစိတ်၍ လျင်မြန်စွာဖယ်ရှားပစ်ပါလော့၊ အကယ်၍ တဦးတယောက် မြင်သွားလျှင် ရှက်ဖွယ်ရာသာ ဖြစ်လေရာ၏”ဟု မချိစကား ပြောကြားလေသော် ထိုအလုပ်အကျွေး မိန်းမညစ်သည် မိဖုရား၏စကားကို ကြားရ၍ |
1,342,330 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ၅၅ အကျိုးလိုလားသူကဲ့သို့ သစ်သားတုံးကို ခွဲစိတ်၍ မီးဖိုခုံလောက်အတွင်း၌ ပစ်ချလိုက်လေ၏။ |
1,342,331 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | မင်းကြီးသည်လည်း ပစ္စန္တရစ်အရပ်မှ ပြန်လာ၍ နက္ခတ်အချိန်ကောင်းကို စောင့်ဆိုင်းငံ့လင့်ကာ မြို့ပြင်ပ၌ သစ်ခက်တဲနန်း = ယာယီတဲနန်း ဆောက်လုပ် စံမြန်းနေလေ၏။ |
1,342,332 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ထိုအခါ ထိုမိဖုရား မောင်းမမိဿံ ငါးရာတို့သည် မင်းကြီးအား ခရီးဦးကြိုဆိုရန် လာရောက်ကြ၍ “အရှင်မင်းကြီး.. အရှင်မင်းကြီးသည် ကျွန်တော်မတို့အား ယုံကြည်တော်မမူခဲ့ချေ၊ ကျွန်တော်မတို့ လျှောက်ထားခဲ့သမျှသည် အကြောင်းမဲ့ကဲ့သို့ ဖြစ်ခဲ့ရပါ၏၊ အရှင်မင်းကြီး ယုံကြည်တော်မမူလျှင် ပဒုမ၀တီမိဖုရား၏ အလုပ်အကျွေး မိန်းမကို ခေါ်စေ၍သာ မေးတော်မူပါလေ... |
1,342,333 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | မင်းကြီးသည် ထိုအကြောင်းကို မမေးမမြန်း မစူးစမ်း မဆင်ခြင်ပဲ “ပဒုမဝတီကား ဘီလူးမျိုး ဖြစ်လိမ့်မည်”ဟု အထင်လွဲကာ ပဒုမ၀တီမိဖုရားကို နန်းအိမ်မှ နှင်ထုတ်လေတော့၏။ |
1,342,334 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ပဒုမ၀တီမိဖုရား၏ အဖို့ရာလည်း ရွှေနန်းတော်မှ ထွက်ရသည်နှင့် တပြိုင်နက်ပင် ပဒုမာကြာပန်းတို့သည် ကွယ်ပျောက်ကြလေကုန်၏။ |
1,342,335 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ကိုယ်ရေအဆင်းသည်လည်း ယိုယွင်းဖောက်ပြန် အကျည်းတန်၍သွားလေ၏။ |
1,342,336 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ပဒုမ၀တီသည် တယောက်တည်းသာလျှင် ခိုကိုးရာမဲ့ လမ်းခရီးအကြား၌ သွားနေလေ၏။ |
1,342,337 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ထိုအခါ ပဒုမ၀တီကို အရွယ်ယွင်းယို အမယ်အိုတယောက်သည် တွေ့မြင်ရ၍ သမီးဟူသော ချစ်ခြင်းကို ဖြစ်စေကာ “သမီး.. အဘယ်သို့ သွားမည်နည်း”ဟု မေးလေ၏။ |
1,342,338 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ပဒုမဝတီက “အိုမိခင်.. ကျွန်တော်မကား အာဂန္တု = ဧည့်သည်ဖြစ်ပါသည်။ |
1,342,339 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | မိမိနေရာဌာနကို ရလိုရငြား ရှာဖွေရှုကြည့် လှည့်လည်နေပါသည်”ဟု ပြောဆိုလေ လျှင် အမယ်အိုသည် “သမီး.. ထိုသို့ဖြစ်လျှင် ဤ(အမေ့)အိမ်သို့ လိုက်ပါလာခဲ့လော့”ဟု ပြောဆိုခေါ်ဆောင်ကာ နေရာထိုင်ခင်းပေး အစားအစာ ကျွေးမွေး၍ ထားလေ၏။ |
1,342,340 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ၅၆ မင်းမိန်းမတို့၏ အလိမ်မှုကြီးပေါ်ခြင်း |
1,342,341 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ပဒုမ၀တီမိဖုရား ဤနည်းဖြင့် အမယ်အိုအိမ်၌ နေထိုင်စဉ် ထိုမင်းမိန်းမ ငါးရာတို့သည် တစိတ်တည်းဖြစ်ကြကာ မင်းကြီးကို “အရှင်မင်းကြီး.. အရှင်မင်းကြီးတို့ စစ်ထိုးသွားတော်မူကြစဉ် ကျွန်တော်မတို့သည် ဂင်္ဂါမြစ်စောင့်နတ်အား ‘အကျွန်ုပ်တို့၏မင်းကြီး စစ်အောင်နိုင်၍ ပြန်လာလျှင် အသင် ဂင်္ဂါမြစ်စောင့်နတ်အား ဗလိပူဇော်မှုကို ပြုပြီးလျှင် ရေကစား... |
1,342,342 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | အရှင်မင်းကြီး.. အရှင်မင်းကြီးတို့ စစ်အောင်မြင်သည့် ထိုအကြောင်းကို ဂင်္ဂါမြစ်စောင့်နတ်ကို အသိပေးကြပါစို့” ဟု လျှောက်ထား ပြောဆိုကြလေ၏။ |
1,342,343 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | မင်းကြီးသည် ထိုမင်းမိန်းမတို့၏ လျှောက်ထား ပြောကြားချက်ဖြင့် ဝမ်းမြောက်ကာ ဂင်္ဂါမြစ်၌ ရေကစားရန် သွားရောက်လေ၏။ |
1,342,344 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | မင်းမိန်းမ ငါးရာတို့သည်လည်း မိမိတို့ယူအပ်သော ကြုတ်များကို ဖုံးလွှမ်းကာ ယူခဲ့ကြ၍ ဂင်္ဂါမြစ်ဆိပ်သို့ ရောက်ကြလျှင် ထိုကြုတ်များကို ဖုံးကွယ်ရန် (မိမိတို့၏ အပေါ်ရုံကိုယ်ဝတ် = ဆာဒီများကို ခြုံလျက် ရုံလျက်ပင် ရေ၌ ခုန်ဆင်းကြ၍ ကြုတ်တို့ကို စွန့်မျောလိုက်ကြလေ၏။ |
1,342,345 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ကြုတ်ငါးရာတို့သည်လည်း တစုတရုံးတည်း မျောပါကြကာ ရေအောက် (အောက်ဆိပ်)တွင် ဖြန့်ကြက်ကာ ရံထားအပ်သော ကွန်ရက် (ပိုက်)၌ ငြိတွယ်၍ နေကြလေကုန်၏။ |
1,342,346 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ထို့နောင်မှ ရေကစားပြီး၍ မင်းကြီး ရေမှတက်သောအခါ ပိုက်ကွန်ကို ချီမ ရုပ်သိမ်းကြသော သူတို့သည် ကြုတ်တို့ကို အထူးတဆန်းတွေ့ရ၍ မင်းကြီးထံသို့ ပို့ဆက်ကြလေကုန်၏။ |
1,342,347 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | မင်းကြီးက ကြုတ်တို့ကိုမြင်၍ “အမောင်တို့.. ကြုတ်များအထဲ၌ အဘယ်ပစ္စည်း ပါရှိသနည်း”ဟု မေးလတ်သော် ကြုတ်ဆက်လာကြသော မင်းမှုထမ်းတို့သည် “အရှင်မင်းကြီး.. ကြုတ်ထဲ၌ အဘယ်ပစ္စည်း ပါရှိသည်ကို အကျွန်ုပ်တို့ မသိကြပါ (အထူးတဆန်းတွေ့ရ၍ ဆက်သကြခြင်း ဖြစ်ပါသည်)ဟု လျှောက်ထားကြလေ၏။ |
1,342,348 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | မင်းကြီးသည် ကြုတ်များကို ဖွင့်စေ၍ ကြည့်ရှုလတ်သော် ရှေးဦးစွာ မဟာပဒုမ မင်းသား၏ ကိန်းစံရာကြုတ်ကို ဖွင့်စေမိလေ၏။ |
1,342,349 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ၅၇ အထူးအားဖြင့် ထိုမင်းသား ငါးရာလုံးတို့ကို ကြုတ်တို့၌ သိပ်သောနေ့မှာပင် မင်းသားတို့၏ ကောင်းမှုကုသိုလ် တန်ခိုးကြောင့် လက်မမှ နို့ရည်များ ယိုစီးဖြစ်ပွါးလာလေသည်။ |
1,342,350 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | သိကြားနတ်မင်းသည် ထိုဗာရာဏသီ မင်းကြီး၏ ယုံမှားကင်းစိမ့်သောငှါ ကြုတ်တို့၏အတွင်း၌- |
1,342,351 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | “ဤမင်းသားတို့ကား ပဒုမ၀တီမိဖုရား၏ ဝမ်းတိုက်၌ ဖြစ်ပွါးမွေးဖွားကြသည့် ဗာရာဏသီမင်းကြီး၏ သားတော်များ ဖြစ်ကြသည်။ |
1,342,352 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ထိုသို့ဖြစ်ကုန်လျက် မင်းသားတို့ကို ပဒုမ၀တီမိဖုရား၏ ရန်သူ မင်းမိန်းမ ငါးရာတို့သည် ကြုတ်တို့၌ ထည့်ပြီးလျှင် ရေ၌ မျောလိုက်ကြကုန်ပြီ၊ ဗာရာဏသီမင်းကြီးသည် ဤအကြောင်းကို သိပါစေသတည်း”- |
1,342,353 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ဟူ၍ အက္ခရာတို့ကို ရေးထွင်းစေခဲ့လေသည်။ |
1,342,354 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ကြုတ်များကို ဖွင့်လျှင်ဖွင့်ခြင်း မင်းကြီးသည် အက္ခရာတို့ကို ဖတ်၍ မင်းသားတို့ကို တွေ့ရလေလျှင် မဟာပဒုမမင်းသားကို မင်းကြီးကိုယ်တိုင် ပွေ့ချီ၍ “အချင်းတို့.. အလျင်အမြန် ရထားတို့ကို က-ကြကုန်လော့၊ မြင်းတော်တို့ကို တန်းဆာဆင်ကြကုန်လော့၊ ငါသည် ယနေ့ မြို့တွင်းသို့ ဝင်ပြီးသော် အချို့သော မာတုဂါမတို့အား ချစ်ခြင်းအမှုကို ပြုပေအံ့”ဟု ... |
1,342,355 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ထိုသို့ စည်လည်သောအသံကို ကြားရ၍ ပဒုမ၀တီသည် မိခင် အမယ်အိုအား “အိုမိခင်.. ဆင်တော်၏လည်မှ အသပြာထောင်ထုပ်ကို ယူလိုက်ပါလော့”ဟု ပြောဆို အသိပေးလေ၏။ |
1,342,356 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | အမယ်အိုက “သမီး.. ငါသည် ဤသို့သော အသပြာကို မယူဝံ့ပါ”ဟု ပြောဆို၍ ပဒုမ၀တီက နှစ်ကြိမ်မြောက်၎င်း, သုံးကြိမ်မြောက်၎င်း |
1,342,357 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ၅၈ ယူလိုက်ဖို့ရန် ထပ်၍ထပ်၍ ပြောဆိုအပ်လေလျှင် အမယ်အိုသည် “သမီး.. အဘယ်သို့ပြော၍ ယူလိုက်ရမည်နည်း”ဟု မေးလေ၏။ |
1,342,358 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ပဒုမဝတီက “အိုမိခင်.. ငါ့သမီးသည် ပဒုမ၀တီမိဖုရားကို တွေ့မြင်ရ၏-ဟု ပြော၍ ယူလိုက်ပါလော့”ဟု ဆိုလေလျှင် အမယ်အိုသည် “ဟုတ်ဟုတ်ငြားငြား = ဖြစ်ချင်ရာ ဖြစ်ပစေတော့”ဟု အောက်မေ့ကာ မင်းချင်းတို့ စည်လည်ရာသို့ သွား၍ အသပြာထောင်ထုပ်ကို တောင်းယူလေ၏။ |
1,342,359 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | မင်း၏လူများက “အိုအဖွား.. အဖွားသည် ပဒုမ၀တီမိဖုရားကို တွေ့မြင်သလော”ဟု မေးကြလေလျှင် အမယ်အိုသည် “ငါကား.. မတွေ့မြင်ပါ၊ ငါ့သမီးသည် ပဒုမ၀တီမိဖုရားကို တွေ့မြင်ရသတဲ့”ဟု ပြန်လည် ဖြေကြားလေ၏။ |
1,342,360 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | မင်းမှုထမ်းတို့သည် “အိုအဖွား.. အဖွား၏သမီးသည် ယခုအခါ အဘယ်မှာနည်း”ဟု ပြောဆိုကြ၍ အမယ်အိုနှင့် အတူတကွ လိုက်ပါသွားကြလေသော် ပဒုမ၀တီမိဖုရားကို တွေ့ရှိမှတ်မိကြ၍ မိဖုရား၏ ခြေရင်း၌ ဝပ်စင်းတုပ်ကွကြလေ၏။ |
1,342,361 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ထိုအခါကျမှ အမယ်အိုသည် “ဤအမျိုးသမီးကား ပဒုမ၀တီမိဖုရားတည်း” ဟု သိရှိကာ “အမျိုးသမီး မင်းမိန်းမသည် ဝန်လေးသောအမှုကို ပြုဘိတကား၊ ယင်းအမျိုးသမီး မင်းမိန်းမသည် ဤသို့သဘောရှိသည့် မင်းကြီး၏ မိဖုရားကြီး ဖြစ်ပါလျက် ဤသို့သဘောရှိသော အရပ်(အိမ်)၌ အစောင့်ကင်းမဲ့ကာ နေရှာဘိ၏”ဟု ကရုဏာဒေါသော = သနား၍ စိတ်ဆိုးသောစကားကို ပြောဆိုလေ၏။ |
1,342,362 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | မင်းချင်းယောက်ျားတို့သည်လည်း ပဒုမ၀တီမိဖုရားနေသော အိမ်ကို တင်းထိမ်ကန့်လန့်ကာ အဖြူထည်တို့ဖြင့် ဝန်းရံကာ၍ တံခါး၌ အစောင့်အနေ ချထားပြီးလျှင် မင်းကြီးအား အကြောင်းကို ပြန်ကြား လျှောက်ထားကြလေကုန်၏။ |
1,342,363 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | မင်းကြီးသည် ရွှေထမ်းစင်ကို ပို့သစေလေ၏။ |
1,342,364 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ပဒုမ၀တီမိဖုရားသည် “ငါကား ဤကဲ့သို့ မထင်မရှား ရွှေနန်းတော်သို့ မလိုက်ပါနိုင်၊ ငါ၏ နေထိုင်ရာအိမ်မှ ရွှေနန်းတော်တိုင်အောင် ဤအတွင်း၌ မွန်မြတ်ဆန်းကြယ်သော အခင်းတို့ကို ခင်းစေပြီးမှ ထို၏အထက်က ရွှေကြယ်တို့ဖြင့် ဆန်းကြယ်သော ပိတ်သားမျက်နှာကြက်ကို ကြက်စေပြီးနောက် |
1,342,365 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ၅၉ တန်းဆာဆင်ယင်ရန် မိဖုရားတို့အဆင်တန်ဆာ အလုံးစုံတို့ကို ပို့အပ်ကုန်သည်ရှိသော် ခြေလျင်သာလျှင် ငါလိုက်ပါပေအံ့၊ ဤနည်းဖြင့် ငါ၏ စည်းစိမ်ချမ်းသာကို မြို့သူမြို့သားတို့ မြင်ကြရလိမ့်မည်”ဟု ပြောဆိုလေ၏။ |
1,342,366 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | မင်းကြီးကလည်း “ပဒုမ၀တီမိဖုရား၏ အလိုအတိုင်း ပြုလုပ်စီမံကြလော့”ဟု အမိန့်ပေးစကား ပြောကြားလေ၏။ |
1,342,367 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ထို့နောင်မှ ပဒုမ၀တီမိဖုရားသည် အလုံးစုံသော အဆင်တန်းဆာကို တန်းဆာဆင်ပြီးလျှင် “ရွှေနန်းတော်သို့ ငါသွားတော့အံ့”ဟု ခရီးချီလေ၏။ |
1,342,368 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ထိုအခါ “ပဒုမ၀တီမိဖုရား ခြေဖြင့် နင်းတိုင်း နင်းတိုင်းသော နေရာ၌ မွန်မြတ် ဆန်းကြယ်သော အခင်းတို့ကို ဖောက်ခွဲ၍ ပဒုမာကြာပန်းတို့သည် အဆန်းတကြယ် မြေမှ ထွက်ပေါ်၍ လာလေကုန်၏။ |
1,342,369 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ပဒုမ၀တီမိဖုရားသည် လူများအပေါင်းအား မိမိ၏စည်းစိမ်ကို မျက်မြင်ဖော်ပြလျက် မင်းအိမ် ရွှေနန်းတော်သို့ တက်ရောက်ပြီးလတ်သော် မွန်မြတ် ဆန်းကြယ်သော အခင်းအားလုံးတို့ကို အမယ်အိုအား ကျွေးမွေးခအဖိုးပြုကာ ပေးစေလေ၏။ |
1,342,370 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ပဒုမ၀တီ၏ သဘောထားကြီးမြတ်ပုံ |
1,342,371 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | မင်းကြီးသည်လည်း ထိုမိဖုရား မောင်းမမိဿံ (၅၀၀)ငါးရာတို့ကို အစုံအညီ ခေါ်စေ၍ ပဒုမ၀တီမိဖုရားကို “ရှင်မိဖုရား.. ဤမိဖုရား,မောင်းမ ငါးရာတို့ကို ကျွန်မများပြုကာ ရှင်မိဖုရားအား ငါပေး၏”ဟု ပြောဆိုလေ၏။ |
1,342,372 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ပဒုမ၀တီမိဖုရားက “ကောင်းပါပြီ အရှင်မင်းကြီး.. ဤမင်းမိန်းမ ငါးရာတို့ကို ကျွန်တော်မအား ပေးအပ်ကြောင်းကို မြို့သူမြို့သား အားလုံးတို့ကို အသိပေးတော်မူစေချင်ပါသည်” ဟု လျှောက်ထားလေလျှင် မင်းကြီးသည် “ပဒုမ၀တီမိဖုရားအား ပြစ်မှားကြသည့် မိဖုရားမောင်းမ ငါးရာတို့ကို ထိုပဒုမ၀တီမိဖုရား၏ ကျွန်မများ ပြုလုပ်ကာ ငါပေးအပ်ကုန်ပြီ”ဟု စည်လည်စေလ... |
1,342,373 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ပဒုမ၀တီမိဖုရားသည် “ယခုအခါ မြို့သူမြို့သား အားလုံးသည် ထိုမိဖုရား,မောင်းမ ငါးရာတို့၏ ကျွန်မများ ဖြစ်ကြကြောင်းကို ကောင်းစွာ သိအပ်ပေပြီ”ဟု ကြံစည်ဆင်ခြင်သိမြင်ကာ “အရှင်မင်းကြီး.. ဘုရားကျွန်တော်မသည် |
1,342,374 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ၆၀ မိမိ၏ ကျွန်မများကို တော်လှန်မင်းစစ် ကျွန်မအဖြစ်မှ ကင်းလွတ်သူများဖြစ်အောင် ပြုလုပ်နိုင်ခွင့်ကို ရပါသလော”ဟု မေးမြန်းလေ၏။ |
1,342,375 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | မင်းကြီးက “ရှင်မိဖုရား.. ထိုသို့ပြုလုပ်ရန်မှာ သင်မိဖုရား၏ အလိုအတိုင်းပင် ဖြစ်၏”ဟု မိန့်ဆိုလေလျှင် ပဒုမ၀တီ မိဖုရားကြီးသည် “အရှင်မင်းကြီး.. ထိုသို့ဖြစ်လျှင် ထိုစည်လည်သော မင်းချင်းများကိုပင် ခေါ်စေတော်မူ၍ ‘ပဒုမဝတီမိဖုရားက မိမိအား ကျွန်မများပြုလုပ်၍ မင်းကြီးပေးအပ်သည့် မင်းမိန်းမငါးရာ အားလုံးတို့ကိုပင် ကျွန်မအဖြစ်မှ လွှတ်အပ... |
1,342,376 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ပဒုမ၀တီမိဖုရားသည် ထိုမင်းမိန်းမ ငါးရာတို့အား ကျွန်မအဖြစ်မှ လွှတ်ပြီးလတ်သော် မင်းသား (၄၉၉) လေးရာ့ကိုးဆယ့်ကိုးယောက်တို့ကို ထိုမိဖုရား, မောင်းမတို့၏ လက်၌ ပြုစုကျွေးမွေးရန် အပ်နှံပေးပြီးလျှင် ကိုယ်တိုင်ကမူ မဟာပဒုမ မင်းသားကိုသာလျှင် ယူလေ၏။ |
1,342,377 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | မင်းသားငါးရာတို့ ပစ္စေကဗုဒ္ဓါဖြစ်ကြခြင်း |
1,342,378 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ထို့နောက် မင်းသား (၅ဝဝ)ငါးရာတို့ မြူးထူးပျော်ပါး ကစားသည့်အရွယ်သို့ ရောက်လတ်သော် ခမည်းတော်မင်းကြီးသည် မင်္ဂလာဥယျာဉ်တော်အတွင်း၌ အထူးထူးအပြားပြား မင်းသားတို့ကစားရန် ဌာနများကို (ကစားကွင်း အမျိုးမျိုးကို) ပြုလုပ်စေလေ၏။ |
1,342,379 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | မင်းသားတို့သည် အသက် (၁၆)တဆယ့်ခြောက်နှစ် အရွယ်ရှိသောအခါ၌ အားလုံးပင် စုပေါင်းကြ၍ မင်္ဂလာဥယျာဉ်တော်အတွင်း ပဒုမာကြာပန်းအပြည့် ဖုံးအုပ်လျက်ရှိသော မင်္ဂလာလေးထောင့်ကန်၌ ပြုံးရွှင်ပျော်ပါး ကစားကြကုန်သည်ရှိသော် ပဒုမာကြာပန်း အသစ်များ ငွါးငွါးစွင့်စွင့် ပွင့်ကြသည်တို့ကို၎င်း, ပဒုမာကြာပန်းဟောင်းတို့ အညှာမှ ကြွေပြုတ်ကာ တဖြုတ်ဖြုတ် ... |
1,342,380 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ၆၁ “ဣမဿ တာ၀ အနုပါဒိန္နကဿ ဧဝရူပါ ဇရာ ပါပုဏာတိ၊ ကိမင်္ဂံ ပန အမှာကံ သရီရဿ။ |
1,342,381 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ဣဒမ္ပိ ဟိ ဧဝံ ဂတိကမေဝ ဘဝိဿတိ။ |
1,342,382 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | = ကံနှင့်မသီ, မြေ့အဆီနှင့် ရေသီတာငွေ့, ဥတုအတွေ့ကြောင့်, ဓလေ့ပွင့်ဆန်း, ဤကြာပန်းသို့, ညှိုးနွမ်းရင့်ကာ, ကြွေကျပါအောင်, ဇရာရန်ဘေး, ရောက်တုံသေး၏..။ |
1,342,383 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | လေးရပ်ကြောင်းစု, ပေါင်း၍ပြုသား, နုဖပ်ရွှန်းစို, ငါတို့ကိုယ်သို့, ထိုကြောက်ဖွယ်ရာ, ဘေးဇရာကား, ဘယ်မှာမရောက်, ရှိတုံမြောက်လိမ့်..။ |
1,342,384 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ညှိုးခြောက်ယွင်းယို, ငါတို့ကိုယ်လည်း, ထိုကြာပန်းသွင်, တနေ့တွင်၌, ရွေ့စင်လျှောကျ, မြေသို့ခ-မည်။ |
1,342,385 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ။ မုချ မချွတ်ပါတကား..” |
1,342,386 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ဟု ဝိပဿနာ ကမ္မဋ္ဌာန်းအာရုံကို ယူကြ၍ ပစ္စေကဗောဓိခေါ်သော (=ဆရာမရှိ မိမိတို့အလိုလို ရုပ်,နာမ်ဓမ္မကို လက္ခဏာယာဉ် သုံးချက်တင်၍ ဆင်ခြင်ပွါးများကာ ရောက်ဆိုက်လာသည့် မဂ်ဉာဏ်လေးပါးကို ဖြစ်စေကြပြီးလျှင် (=ပစ္စေကဗုဒ္ဓါများ ဖြစ်ကြကာ) မိမိတို့နေရာမှ ထ၍ ထ၍ ဣဒ္ဓိဝိဓအဘိညာဏ်ဖြင့် ပဒုမာကြာချက်၌ ထက်ဝယ်ဖွဲ့ခွေ (=တင်ပလ္လင်ခွေ) ထိုင်နေတော်မူ... |
1,342,387 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ထို့နောက် မင်းသားတို့နှင့် အတူတကွ လာရောက်ကြသည့် မင်းချင်းယောက်ျားတို့သည် နေ့အချိန်များစွာ ကုန်လွန်သွားသည်ကို သိရှိကြကာ “အရှင့်သားတို့.. အရှင့်သားတို့၏ ရွှေနန်းအိမ်ပြန်ချိန်ကို နှိုင်းချိန်ဆင်ခြင် သိမြင်တော်မူကြပါလော့”ဟု လျှောက်တင်ကြလေကုန်၏။ |
1,342,388 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ထိုအရှင်ပစ္စေကဗုဒ္ဓါ ငါးရာတို့သည် အဖြေမပေးပဲ ဆိတ်ဆိတ်သာလျှင် နေတော်မူကြလေကုန်၏။ |
1,342,389 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | မင်းချင်းယောက်ျားတို့သည် ရွှေနန်းတော်သို့ ပြန်သွားကြ၍ ဗာရာဏသီပြည့်ရှင် ခမည်းတော်မင်းကြီးအား “အရှင်မင်းကြီး.. မင်းသားတို့သည် ပဒုမာကြာချက်၌ ထိုင်နေကြပါသည်။ |
1,342,390 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | အကျွန်ုပ်တို့က ရွှေနန်းတော်သို့ပြန်ရန် ပြောကြားကြပါသော်လည်း တစုံတရာ နှုတ်မြွက်ပြောဆိုမှု မပြုကြပါ”ဟု လျှောက်ထားကြလေ၏။ |
1,342,391 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ၆၂ ထိုအခါ ခမည်းတော်မင်းကြီးက “ငါ၏ သားတော်များအား သူတို့အလိုအတိုင်း နေနိုင်ခွင့် ပေးကြရမည်”ဟု အမိန့်တော်မြတ် မှတ်လေ၏။ |
1,342,392 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | မင်းသား ပစ္စေကဗုဒ္ဓါအရှင်မြတ် ငါးရာတို့သည် တညဉ့်လုံးလုံး အစောင့်အနေများ ချထားခံကြရလျက် ပဒုမာကြာချက်တို့၌ ထိုင်နေတော်မူကြမြဲအတိုင်းပင် နေအရုဏ်ကို တက်စေကြကုန်၏။ |
1,342,393 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | မင်းချင်းယောက်ျားတို့သည် နောက်တနေ့၌ အနီးသို့ သွားရောက်ချဉ်းကပ်ကြ၍ “အရှင်မင်းသားတို့.. ရွှေနန်းအိမ်ပြန်ချိန်ကို နှိုင်းချိန်ဆင်ခြင် သိမြင်တော်မူကြပါလော့”ဟု ပြောဆိုကြပြန်လေ၏။ |
1,342,394 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | မင်းသား ပစ္စေကဗုဒ္ဓါအရှင်မြတ် ငါးရာတို့က “ငါတို့ကား မင်းသားတို့ မဟုတ်ကြကုန်၊ ငါတို့သည် ပစ္စေကဗုဒ္ဓါတို့ မည်ကုန်၏”ဟု မိန့်ဆိုကြလေလျှင် မင်းချင်းယောက်ျားတို့သည် “အရှင်တို့.. အရှင်တို့သည် ဝန်လေးသောစကားကို ပြောကြားကြကုန်ဘိ၏၊ ပစ္စေကဗုဒ္ဓါတို့မည်သည် အရှင်တို့ကဲ့သို့ မဟုတ်ပါကုန်၊ ပစ္စေကဗုဒ္ဓါတို့ဆိုသည်မှာ လက်နှစ်သစ်မျှသော ဆံ,... |
1,342,395 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ထိုအခါ အရှင်ပစ္စေကဗုဒ္ဓါ ငါးရာတို့သည် လက်ျာလက်ဖြင့် ဦးခေါင်းကို သုံးသပ်လိုက်ကြလေ၏။ |
1,342,396 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ထိုခဏမှာပင် လူ့အသွင် ကွယ်ပျောက်၍ ပရိက္ခရာရှစ်ပါးတို့ ကိုယ်၌ ဝတ်ရုံဆင်မြန်းပြီးသား ဖြစ်ကြလေကုန်၏။ |
1,342,397 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ထို့နောင်မှ အရှင်ပစ္စေကဗုဒ္ဓါ ငါးရာတို့သည် လူအများ ကြည့်ရှုနေစဉ်ပင် ကောင်းကင်ခရီးဖြင့် နန္ဒမူလကလိုဏ်သို့ ကြွတော်မူကြလေကုန်၏။ |
1,342,398 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | လက်လုပ်စား အိမ့်ရှင်မဘဝ |
1,342,399 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ပဒုမ၀တီ မိဖုရားကြီးသည်လည်း “ဩ.. သားများမိခင် ဖြစ်ရာမှ သားမဲ့မိခင် ဖြစ်ရလေပြီ”ဟု နှလုံးပူပန် စိုးရိမ်ခြင်းသို့ |
1,342,400 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း | ၆၃ ရောက်ရှိကာ ထိုနှလုံးပူပန် စိုးရိမ်ချက်ဒဏ်ဖြင့်ပင် ထိုဘဝမှ စုတေခဲ့၍ ရာဇဂြိုဟ်မြို့တံခါးဝ ရွာငယ်တခုဝယ် မိမိလက်ဖြင့် အလုပ်လုပ်ကာ အသက်မွေးရသော (=လက်လုပ်စား) အမျိုးအိမ်၌ အမျိုးသမီး ဖြစ်ပြန်လေ၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.