id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,343,401
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ဤနှစ်ဂါထာတို့ဖြင့် အဘိပါရကသည် မိမိအရှင်သိဝိမင်းအား ချီးမွမ်းခြင်းကို ပြုပြီး၍ တစ်ဖန်လည်း အရှင်မင်းမြတ် တရားကို ကျင့်တော်မူလော့ဟု ထိုသိဝိမင်းအား တရားကျင့်စိမ့်သောငှာ အလွန်လျှင် တိုက်တွန်း တင်လျှောက်ပြန်လိုရကား-
1,343,402
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
၁၁၄။ ဓမ္မဉ္စရ မဟာရာဇ၊ မာတာပိတူသု ခတ္တိယ။
1,343,403
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
၁၂၃။ ဓမ္မဉ္စရ မဟာရာဇ၊ ဣန္ဒာ ဒေဝါ သဗြဟ္မကာ။
1,343,404
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ဟူသောအဆုံး ဤဆယ်ဂါထာတို့ကို ဆို၏။
1,343,405
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
၁၁၄။ မဟာရာဇ၊ မြတ်သောမင်းကြီး။
1,343,406
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
မာတာပိတူသု၊ မယ်တော် ခမည်းတော်တို့၌။
1,343,407
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ခတ္ထိယ၊ အရှင်မင်းမြတ်။
1,343,408
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
စရိတွာနု၊ ကျင့်၍။
1,343,409
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
တွံ ရာဇာ၊ အရှင်မင်းမြတ်သည်။
1,343,410
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ဂမိဿသိ၊ လားတော်မူရလတ္တံ့။
1,343,411
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ပုတ္တဒါရေသု၊ သားတော် သမီးတော် အရှင်မိဖုရားတို့၌။
1,343,412
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ပ ။ ဂမိဿသိ၊ လားတော်မူရလတ္တံ့။
1,343,413
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
၁၁၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။
1,343,414
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
မိတ်တာမစ္စေသု၊ ချစ်ကုန်သော အဆွေခင်ပွန်းတို့၌။
1,343,415
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ဝါဟနေသုစ၊ ဆင် မြင်း အစရှိသော ယာဉ်တော်တို့ကို လည်းကောင်း။
1,343,416
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ဗလေသုစ၊ ဗိုလ်ပါတို့၌လည်းကောင်း။
1,343,417
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ဂါမေသုစ၊ ရွာသူတို့၌လည်းကောင်း။
1,343,418
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
နိဂမေသု စ၊ နိဂုံးသူတို့၌လည်းကောင်း။
1,343,419
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ရဋ္ဌေသု၊ တိုင်းနိုင်ငံ့သူတို့၌လည်းကောင်း။
1,343,420
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ဓမ္မံ၊ တရားကို စရ၊ ကျင့်တော်မူလော့။
1,343,421
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
သမဏေသု စ၊ ရဟန်းတို့၌လည်းကောင်း။
1,343,422
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ဗြာဟ္မဏေသု စ၊ ပုဏ္ဏားတို့၌လည်းကောင်း။
1,343,423
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
အာဝဟတိ၊ ဆောင်တတ်၏။
1,343,424
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
စရိတွာန၊ ကျင့်တော်မူ၍။
1,343,425
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ဣန္ဒာဒေဝါ၊ သိကြား ကာမာဝစရနတ်တို့သည်။
1,343,426
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
သုစိဏ္ဏေန၊ ကောင်းစွာ ကျင့်အပ်သော သုစရိုက်တရားကြောင့်။
1,343,427
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
မာ ပါမဒေါ၊ မေ့လျော့တော်မမူလင့်။
1,343,428
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ဤ ဂါထာတို့ဖြင့် စစ်သူကြီး အဘိပါရကသည် သိဝိမင်းအား တရားစကားတို့ကို တင်လျှောက်သည်ရှိသော် သိဝိမင်းသည် ဥမ္မာဒန္တီ၌ တပ်စွန်းသောစိတ်ကို ပယ်ဖျောက်တော်မူ၏။
1,343,429
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ဇာတ်ပေါင်း... သဗ္ဗညူ မြတ်ဘုရားသည် ဤဥမ္မာဒန္တီဇာတ် ဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။
1,343,430
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ သာသနာတော်ဝယ် ငြီးငွေ့ဆန့်ကျင် မပျော်ရွှင်သည်ဖြစ်၍ လူထွက်ချင်သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။
1,343,431
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ အာနန္ဒာသည် ထိုအခါ သုနန္ဒ ရထားထိန်း ဖြစ်ဖူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ စစ်သူကြီး အဘိပါရက ဖြစ်ဖူးပြီ၊ ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ ဥမ္မာဒန္တီ ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရား ပရိသတ်တော်တို့သည် ထိုအခါ ကြွင်းကုန်သော ပရိသတ်တို့သည် ဖြစ်ဖူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ...
1,343,432
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
ကိုယ်တိုင်တရား ကျင့်မူကား အများတရား ကျင့်ပေမည်
1,343,433
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥမ္မာဒန္တီဇာတ်
နှစ်ခုမြောက်ဖြစ်သော ဥမ္မာဒန္တီဇာတ်သည် ပြီး၏။
1,343,434
မင်စာ, မြန်မာဘာသာ, ပုဂံခေတ်
ဥယျာဉ်ကြီးဘုရားရှိ မင်စာ အမှတ်-၅
ဥယျာဉ်ကြီးဘုရားရှိမင်စာ အမှတ်-၅
1,343,435
မင်စာ, မြန်မာဘာသာ, ပုဂံခေတ်
ဥယျာဉ်ကြီးဘုရားရှိ မင်စာ အမှတ်-၅
၁၊၃၊၅၊၁။
1,343,436
မင်စာ, မြန်မာဘာသာ, ပုဂံခေတ်
ဥယျာဉ်ကြီးဘုရားရှိ မင်စာ အမှတ်-၅
၁“နမော တဿ ဘဂ္ဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ”
1,343,437
မင်စာ, မြန်မာဘာသာ, ပုဂံခေတ်
ဥယျာဉ်ကြီးဘုရားရှိ မင်စာ အမှတ်-၅
] ၁၊၃၊၅၊၂။
1,343,438
မင်စာ, မြန်မာဘာသာ, ပုဂံခေတ်
ဥယျာဉ်ကြီးဘုရားရှိ မင်စာ အမှတ်-၅
၁၄“ဤငာပ္လုသော ငကောင်မှုကီုဝ် စိယ်ေ
1,343,439
မင်စာ, မြန်မာဘာသာ, ပုဂံခေတ်
ဥယျာဉ်ကြီးဘုရားရှိ မင်စာ အမှတ်-၅
၁၅ ဆာဝ်ပါသသူ ့ ကာ ငာနှင်ထပ်တူလျှင် ရဇပါစေကုန် သတည်”
1,343,440
မင်စာ, မြန်မာဘာသာ, ပုဂံခေတ်
ဥယျာဉ်ကြီးဘုရားရှိ မင်စာ အမှတ်-၅
[ဤငါပြုသော ငါ့ကောင်းမှုကို စေ့ဆော်ပါသသူ. ကား ငါနှင့်ထပ်တူလျှင် ရစပါစေကုန်သတည်း။
1,343,441
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
၄။ ဥရဂဇာတ်
1,343,442
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ရသေ့, နဂါး, ဂဠုန်
1,343,443
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဣဓူရဂါနံ ပဝရော ပဝိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ဥရဂဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် စစ်သူကြီး နှစ်ယောက်တို့၏ ခိုက်ရန် ဖြစ်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။
1,343,444
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ကောသလမင်း၏ ခြေရင်း၌ မှီဝဲခစားကုန်သော စစ်သူကြီးဖြစ်ကုန်သော အမတ်ကြီးနှစ်ယောက်တို့သည် အချင်းချင်းတွေ့မြင်ကြရာအရပ်၌ ငြင်းခုံခြင်းကို ပြုကုန်သတတ်၊ ထိုအမတ်ကြီးနှစ်ယောက်တို့၏ ရန်ဘက်၏အဖြစ်သည် မြို့အလုံး၌ထင်ရှားသည် ဖြစ်၏။
1,343,445
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ထိုအမတ်ကြီးနှစ်ယောက်တို့ကို ကောသလမင်းသည်၎င်း အဆွေအမျိုးမိတ်ခင်ပွန်းတို့သည်၎င်း၊ ညီညွတ်သင့်တင့်သည်တို့ကို ပြုအံ့သောငှါ မစွမ်းနိုင်ကုန်သလျှင်ကတည်း၊ ထိုအခါ တနေ့သ၌ သဗ္ဗညူ မြတ်စွာဘုရားသည် မိုးသောက်ထအခါ၌ ကျွတ်ထိုက်ကုန်သော အဆွေ အမျိုးတို့ကို ကြည့်တော်မူသည်ရှိသော် ထိုစစ်သူကြီးနှစ်ယောက်တို့၏ သောတာပတ္တိမဂ်၏ အကြောင်းဥပနိဿယဖြစ်သော...
1,343,446
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
မြတ်စွာဘုရားသည် နေတော်မူ၍ ထိုစစ်သူကြီးအား မေတ္တာဘာဝနာ၏အကျိုးကို ဟောတော်မူ၍ ခံ့သောစိတ်ရှိသည်၏အဖြစ်ကို သိတော်မူလျှင် သစ္စာတို့ကို ပြတော်မူ၏။
1,343,447
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ထိုစစ်သူကြီးသည် သစ္စာကို ပြတော်မူသည်၏အဆုံး၌ သောတာပတ္တိဖိုလ်၌ တည်၏။
1,343,448
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
မြတ်စွာဘုရားသည် ထိုစစ်သူကြီး၏ သောတာပန်ဖြစ်ပြီးသည်၏ အဖြစ်ကို သိတော်မူ၍ ထိုစစ်သူကြီးကိုသာလျှင် သပိတ်တော်ကိုယူစေ၍ ထပြီးလျှင် တယောက်သော စစ်သူကြီး၏အိမ်တံခါးသို့ ကြွတော်မူ၍ ထိုစစ်သူကြီးသည်လည်းထွက်၍ မြတ်စွာဘုရားကိုရှိခိုးလျက် အရှင်ဘုရားတို့ ဝင်တော်မူလော့ဟုလျှောက်၍ အိမ်တွင်းသို့ဝင်၍ နေတော်မူစေ၏။
1,343,449
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
တယောက်သောစစ်သူကြီးသည်လည်း သပိတ်ကိုယူ၍ မြတ်စွာဘုရားနှင့် တကွသာလျင် ဝင်၏။
1,343,450
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
မြတ်စွာဘုရားသည် ထိုစစ်သူကြီးအား တဆယ့်တပါးကုန်သော မေတ္တာ၏အကျိုးအာနိသင်တို့ကို ဟောတော်မူ၍ ခံ့သောစိတ်ရှိသည်၏အဖြစ်ကို သိတော်မူလျှင် သစ္စာတို့ကို ပြတော်မူ၏။
1,343,451
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
သစ္စာကို ပြတော်မူသည်၏အဆုံး၌ ထိုစစ်သူကြီးသည် သောတာပတ္တိဖိုလ်၌ တည်၏။
1,343,452
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ဤသို့လျှင် ထိုနှစ်ယောက်ကုန်သော စစ်သူကြီးတို့သည်လည်း သောတာပန်တို့ချည်း ဖြစ်ကုန်၍ အချင်းချင်း အပြစ်ကိုဖြေကုန်၍ ကန်တော့ကြကုန်၍ ညီညွတ်ကြကုန်သည် ဝမ်းမြောက်ကြကုန်သည် ဆန္ဒတူကြကုန်သည် ဖြစ်ကုန်၏။
1,343,453
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ထိုနေ့၌သာလျှင် မြတ်စွာဘုရား၏ ရှေ့တော်မှောက်၌ အတူတကွ စားကြကုန်၏။
1,343,454
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
သဗ္ဗညူမြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကိုပြီးစေ၍ ကျောင်းတော်သို့ ကြွတော်မူ၏။
1,343,455
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ထိုနှစ်ယောက်ကုန်သော စစ်သူကြီးတို့သည်လည်း များစွာကုန်သော ပန်း နံ့သာ, နံ့သာပျောင်းတို့ကို၎င်း၊ ထောပတ် ပျား တင်လဲ အစရှိသည်တို့ကို၎င်း ယူကုန်၍ မြတ်စွာဘုရားနှင့်တကွသာလျှင် ထွက်ကုန်၏။
1,343,456
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
မြတ်စွာဘုရားအား ရဟန်းအပေါင်းသည် ဝတ်ကိုပြုသည်ရှိသော် ဘုရားရှင်တို့၏ အဆုံးအမကို ပေးတော်မူ၍ ဂန္ဓကုဋီသို့ ဝင်တော်မူ၏။
1,343,457
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ရဟန်းတို့သည် ညချမ်းအခါ တရားသဘင်၌ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးစကားကို ဖြစ်စေကုန်၏။
1,343,458
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
အဘယ်သို့ ဖြစ်စေကုန်သနည်းဟူမူကား ငါ့သျှင်တို့ မြတ်စွာဘုရားသည် မယဉ်ကျေးသေးသောသူတို့ကို ယဉ်ကျေးအောင်ဆုံးမတော်မူတတ်သည်သာလျှင်တည်း၊ အမတ်ကြီးနှစ်ယောက်တို့ကို ရှည်မြင့်စွာနေကြကုန်သော်လည်း ကောသလမင်းသည် ညီညွတ်သည်တို့ကို ပြုအံ့သောငှါ မတတ်နိုင်သည်သာလျှင်တည်း၊ အဆွေအမျိုး မိတ်ခင်ပွန်းအစရှိသောသူတို့သည်လည်း မတတ်နိုင်ကြကုန်သလျှင်ကတည်း...
1,343,459
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
မြတ်စွာဘုရားသည် ကြွတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ငါဘုရားသည် ဤနှစ်ယောက်ကုန်သောသူတို့ကို ညီညွတ်သင့်တင့်သည်တို့ကို ပြုတော်မူသည် မဟုတ်သေး၊ ရှေး၌လည်း ထိုနှစ်ယောက်ကုန်...
1,343,460
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသတတ်၊ ထိုအခါ ဗာရာဏသီပြည်၌ ပွဲလမ်းသဘင်ကို ကြွေးကြော်သည်ရှိသော် ကြီးစွာသေ ပွဲလမ်းသဘင်သည် ဖြစ်၏။
1,343,461
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
များစွာကုန်သော လူတို့သည်၎င်း၊ နတ် နဂါး ဂဠုန်အစရှိသည်တို့သည်၎င်း၊ ပွဲသဘင်ကြည့်အံ့သောငှါ စည်းဝေးရောက်လာကြကုန်၏။
1,343,462
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ထိုပွဲသဘင်ဝယ် တခုသောအရပ်၌ တခုသောနဂါးသည်၎င်း၊ တခုသောဂဠုန်သည်၎င်း၊ သဘင်ကိုကြည့်ကုန်လျက် အတူတကွ ရပ်ကြကုန်၏။
1,343,463
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
နဂါးသည် ဂဠုန်၏အဖြစ်ကို မသိသည်ဖြစ်၍ ဂဠုန်၏ပခုံး၌ လက်ကိုတင်၏။
1,343,464
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ဂဠုန်သည် ငါ၏ပခုံး၌ ဘယ်သူလက်တင်သနည်းဟု ပြန်ကြည့်လတ်သော် နဂါးမှန်းသိ၏။
1,343,465
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
နဂါးသည်လည်းကြည့်လတ်သည်ရှိသော် ဂဠုန်၏အဖြစ်ကိုသိ၍ သေခြင်းမှအလွန်ကြောက်ရကား မြို့မှထွက်၍ မြစ်ဆိပ်သို့ပြေးလေ၏။
1,343,466
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ဂဠုန်သည်လည်း ထိုနဂါးကိုဖမ်းအံ့ဟု လိုက်၏။
1,343,467
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ထိုအခါ၌ ဘုရားလောင်းသည် ရသေ့ဖြစ်၍ ထိုမြစ်၏ကမ်းနားဝယ် သစ်ရွက်မိုးသောသင်္ခမ်း၌နေလျှက် နေပူခြင်းကိုငြိမ်းစိမ့်သောငှါ ရေသနုပ်ကိုဝတ်၍ လျှော်တေသင်္ကန်းကို ထားပြီးလျှင် မြစ်သို့သက်၍ ရေချိုး၏။
1,343,468
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
နဂါးသည် ဤရဟန်းကိုမှီ၍ အသက်ကိုရပါအံ့ဟု ပကတိအသွင်ကိုစွန့်ပြီးလျှင် ပတ္တမြားတုံးအသွင်ကိုဘန်ဆင်း၍ လျှော်တေသင်္ကန်းကြားသို့ ဝင်၏။
1,343,469
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ဂဠုန်သည် လိုက်လာသည်ရှိသော် ထိုနဂါးကို မျှော်တေသင်္ကန်းကြားသို့ ဝင်သည်ကိုမြင်၍ လျှော်တေသင်္ကန်းအား ရိုသေလေးမြတ်သည်၏အဖြစ်ကြောင့် မယူမူ၍ ဘုရားလောင်းကို ခေါ်ပြီးလျှင် အရှင်ဘုရား အကျွန်ုပ်သည် မွတ်၏။
1,343,470
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
အရှင်ဘုရားတို့၏ သင်္ကန်းတော်ကို ယူကုန်လော့၊ ဤနဂါးကို စားအံ့၊ ဤသို့သောအနက်ကို ပြအံ့သောငှါ-
1,343,471
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
၇။ ဣဓူရဂါနံ ပဝရော ပဝိဋ္ဌော၊သေလဿ ဝဏ္ဏေန ပမောက္ခမိစ္ဆံ။
1,343,472
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ဗြဟ္မဉ္စ ဝဏ္ဏံ အပစာယမာနော၊ဗုဘုက္ခိတော နော ဝိတရာမိ ဘောတ္တုံ။
1,343,473
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
၇။ ဘော ပဗ္ဗဇိတ၊ အို ရှင်ရဟန်း။
1,343,474
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ဥရဂါနံ၊ နဂါးတို့၏။
1,343,475
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ပဝရော၊ အထွတ်အမြတ်ဖြစ်သော နဂါးမင်းသည်။
1,343,476
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ပမောက်ခံ၊ ငါမှလွတ်ခြင်းကို။
1,343,477
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ဣစ္ဆံ၊ အလိုရှိသည်ဖြစ်၍။
1,343,478
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
သေလဿ၊ ပတ္တမြားတုံး၏။
1,343,479
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ဝဏ္ဏေန၊ အသွင်ဖြင့်။
1,343,480
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ဣဓ၊ ဤအရှင်ဘုရား၏ သင်္ကန်းတော်သို့။
1,343,481
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
အဟံ၊ အကျန်ုပ်သည်။
1,343,482
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
တုမှာကံ၊ အရှင်ဘုရားတို့၏။
1,343,483
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ဗြဟ္မဉ္စ၊ မြတ်သည်လည်းဖြစ်သော။
1,343,484
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ဝဏ္ဏံ၊ လျှော်တေသင်္ကန်းတော် အသွင်ကို။
1,343,485
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
အပစာယမာနော၊ အလေးဂရုပြုသည်ဖြစ်၍။
1,343,486
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ဗုဘုက္ခိတော၊ အလွန်စားလိုလျှက်လည်း။
1,343,487
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ဧတံ နာဂံ၊ ထိုနဂါးကို။
1,343,488
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
နော ဝိတရာမိ၊ မဝံ့။
1,343,489
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ဤသို့ဆိုသည်ရှိသော် ဘုရားအလောင်းသည် ရေ၌တည်လျက် သာလျှင် ဂဠုန်မင်းအား ချီးမွမ်းခြင်းကို ပြုလိုရကား-
1,343,490
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
၈။ သော ဗြဟ္မဂုတ္တော စိရမေဝဇီဝ၊ဒိဗျာ စ တေ ပါတုဘန္တု ဘက္ခာ။
1,343,491
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ယော ဗြဟ္မဝဏ္ဏံ အပစာယမာနော၊ဗုဘုက္ခိတော နော ဝိတရာသိ ဘောတ္တုံ။
1,343,492
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ဟူသော နှစ်ခုဟို၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကိုဆို၏။
1,343,493
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
၈။ သုပဏ္ဏရာဇ၊ ဂဠုန်ငှက်မင်း။
1,343,494
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ဗြဟ္မဝဏ္ဏံ၊ မြတ်သော လျှော်တေသင်္ကန်းတော်အသွင်ကို။
1,343,495
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ဘောတ္တုံ၊ စားခြင်းငှါ။
1,343,496
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
နော ဝိတရာသိ၊ မဝံ့။
1,343,497
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ဗြဟ္မဂုတ္တော၊ မြတ်သောလျှော်တေသင်္ကန်းကို စောင့်ရှောက် သည်ဖြစ်၍။
1,343,498
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
စိရမေဝ၊ အခါမြင့်သာလျှင်။
1,343,499
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ဒိဗျာ စ ဘက္ခာ၊ နတ်၌ သာလျှင်ဖြစ်ကုန်သော အာဟာရတို့သည်။
1,343,500
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥရဂဇာတ် -၁
ပါတုဘဝန္တု၊ ထင်ရှားဖြစ်စေကုန်သတည်း။