id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,343,501 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၁ | ဤသို့ ဘုရားလောင်းသည် ရေ၌သာလျှင် အနုမောဒနာပြ၍ ရေမှတက်၍ လျှော်တေသင်္ကန်းကိုဝတ်၍ ထိုနဂါး ဂဠုန် နှစ်ပါးစုံတို့ကိုလည်း ခေါ်၍ ကျောင်းသို့သွားပြီးလျှင် မေတ္တာဘာဝနာ၏အကျိုးကို ဟောတော်မူ၍ နဂါးဂဠုန်နှစ်ပါးစုံတို့ကိုလည်း ညီညွတ်သင့်တင့်သည်တို့ကို ပြုတော်မူ၏။ |
1,343,502 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၁ | ထိုနဂါးဂဠုန် နှစ်ပါးစုံတို့သည် ထိုအခါမှစ၍ ညီညွတ်ကုန်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာကြကုန်သည်ဖြစ်၍ ချမ်းသာစွာနေခြင်းဖြင့် နေကြကုန်၏။ |
1,343,503 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၁ | ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ နှစ်ယောက်ကုန်သော ဤအမတ်ကြီးတို့သည် ထိုအခါနဂါးသည်၎င်း ဂဠုန်သည်၎င်း ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။ |
1,343,504 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၁ | မေတ္တာ သက်ဝင်၊ ပြစ်ချက်စင်၊ ခင်မင် ပေါင်းသင်းပြု |
1,343,505 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၁ | လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ဥရဂဇာတ်သည် ပြီး၏။ |
1,343,506 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ၄။ ဥဂရဇာတ် |
1,343,507 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | သေသူကို တ၍ မငိုကြသူငါးဦး |
1,343,508 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဥရဂေါဝ တစံ ဇိဏ္ဏံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဥရဂဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သားသေသော သူကြွယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ |
1,343,509 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် မယားသေသောသူ၏ ဝတ္ထု၊ အဖသေသော သူ၏ဝတ္တုနှင့် တူသလျှင်ကတည်း၊ ဤဥရဂဇာတ်၌လည်း သဗ္ဗညူ မြတ်စွာဘုရားသည် ရှေးအတူသာလျှင် ထိုသားသေသော သူကြွယ်၏အိမ်သို့ ကြွတော်မူ၍ လာ၍ ရှိခိုးလျက်နေသော ထိုသူကြွယ်ကို ဒါယကာ... သင်သည် စိုးရိမ်သလောဟုမေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား... အမိန့်တော်အတိုင်း မှန်ပေ၏။ |
1,343,510 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | သားသေသော ကာလမှစ၍ အကျွန်ုပ်စိုးရိမျ၏ဟု လျောက်သည် ရှိသော် ဒါယကာ... ကွဲပြိုတတ်သော သဘောရှိသော ဝတ္ထုမည်သည်ကား ကွဲပြိုသည်သာလျှင် ဖြစ်၏။ |
1,343,511 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ပျက်စီးတတ်သော သဘောရှိသော ဝတ္ထုမည်သည်ကား ပျက်စီးတတ် သည်သလျှင် ဖြစ်၏။ |
1,343,512 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ထိုသို့ ပျက်စီးခြင်းသည်လည်း တစ်အိမ်တည်း၌သာလျှင် ဖြစ်သည်မဟုတ်။ |
1,343,513 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | စင်စစ်သဖြင့်ကား အတိုင်းအရှည် မရှိကုန်သော စကြဝဠာတို့ဝယ် ဘုံသုံးပါးတို့၌ မသေတတ်သော သဘောရှိသောသူ မည်သည်မရှိ၊ ထိုသဘောဖြင့်လျှင် တည်ခြင်းငှာ စွမ်းနိုင်သော တစ်ခုသာသင်္ခါရသည်လည်း မရှိ၊ ခပ်သိမ်းသော သတ္တဝါတို့သည် သေခြင်း သဘောရှိကုန်၏။ |
1,343,514 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ရှေးပညာရှိတို့သည်လည်း သားသေသည်ရှိသော် သေတတ်သော သဘောရှိသော ဝတ္ထုသည် သေမြဲသာလျှင် ဖြစ်၏။ |
1,343,515 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ပျက်စီးတတ်သော သဘောရှိသော ဝတ္ထုသည် ပျက်စီးမြဲသာလျှင် ဖြစ်၏ဟု မစိုးရိမ်ကုန် ဟု မိန့်တော်မူ၍ ထိုသူကြွယ်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကိုဆောင်တော်မူ၏။ |
1,343,516 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗာရာဏသီပြည်၏ တံခါးရွာဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ ဥစ္စာကို ဖြစ်စေ၍ လယ်လုပ်သောအမှုဖြင့် အသက်မွေး၏။ |
1,343,517 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | အိမ်သား ၆-ယောက် |
1,343,518 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ဘုရားလောင်းအား သားတစ်ယောက်, သမီးတစ်ယေက် ဤနှစ်ယောက်သော သူငယ်တို့သည် ဖြစ်ကုန်၏။ |
1,343,519 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ထိုဘုရားလောင်းသည် အရွယ်ရောက်သော သားအား တူသောအမျိုးမှ သူငယ်မကို ဆောင်၍ ပေး၏။ |
1,343,520 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ဤသို့ ဘုရားလောင်းတစ်ယောက်, မယားတစ်ယောက်, သားတစ်ယောက်, သမီးတစ်ယောက်, ချွေးမတစ်ယောက်, ကျွန်မတစ်ယောက်အားဖြင့် ထိုသူတို့သည် ခြောက်ယောက်ဖြစ်ကုန်၏။ |
1,343,521 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ထိုခြောက်ယောက်သော သူတို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ ချစ်စွာသော နေခြင်းဖြင့် နေကုန်၏။ |
1,343,522 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | သူတော်ကောင်းကျင့်ဝတ် |
1,343,523 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ဘုရားလောင်းသည် ငါးယောက်ကုန်သော သူတို့အား သင်တို့သည် အကြင် အကြင် ရအပ်သောအမှတ်ဖြင့်လျှင် အလှူကို ပေးကုန်လော့, သီလကို စောင့်ရှောက်ကုန်လော့, ဥပုသ်သုံးသော အမှုကို ပြုကြကုန်လော, သေခြင်း၌ အောက်မေ့ခြင်းကို ပြုကြကုန်လော့၊ သင်တို့၏ သေရအံ့သော အဖြစ်ကို မှတ်တ်ကြကုန်လော့၊ ဤသတ္တဝါ အပေါင်းတို့အား သေရခြင်းသည် မြဲ၏။ |
1,343,524 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | အသက်ရှင်ခြင်းသည် မမြဲ၊ ခပ်သိမ်းသော သင်္ခါရတို့သည် အနိစ္စဖြစ်ကုန်၏။ |
1,343,525 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ကုန်ခြင်း ပျက်ခြင်း သဘောရှိကုန်၏။ |
1,343,526 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ညဉ့်၌လည်းကောင်း နေ့၌ လည်းကောင်း မမေ့မလျော့ ဖြစ်ကြကုန်လော့ ဟု အဆုံး အမကို ပေး၏။ |
1,343,527 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ထိုငါးယောက်သော သူတို့သည် ကောင်းပြီ ဟု အဆုံးအမကို ဝန်ခံ၍ မမေ့မလျော့ ဖြစ်ကြကုန်လျက် “မရဏဿတိ”ကို ပွားစေကုန်၏။ |
1,343,528 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | သားကလေး သေဆုံးပြီ |
1,343,529 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ထိုအခါ တစ်နေ့သ၌ ဘုရားလောင်းသည် သားနှင့်တကွ လယ်သို့သွား၍ ထွန်၏။ |
1,343,530 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ဘုရားလောင်း၏ သားသည် အမှိုက်ကိုစု၍ မီးတိုက်၏။ |
1,343,531 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ထိုအမှိုက်စု၏အနီး တစ်ခုသော တောင်ပို့၌ လျင်သော အဆိပ်ရှိသော မြွေသည် နေ၏။ |
1,343,532 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | မီးခိုးသည် ထိုမြွေ၏မျက်စိကိုခတ်၍ ထိုမြွေသည် ဤသူကိုမှီ၍ ငါ့အား ဘေးဖြစ်၏ ဟု အမျက်ထွက်ရကား၊ တောင်ပို့မှထွက်၍ အစွယ်လေးချောင်းတို့ကို လွှတ်၍ ထိုယောက်ျားကို ကိုက်၏။ |
1,343,533 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ထိုယောကျ်ားသည် ပြန်၍လဲ၏။ |
1,343,534 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ဘုရားလောင်းသည် ပြန့၍လဲသော သားကို မြင်၍ နွားတို့ကိုထား၍ လာသည်ရှိသော် သား၏သေသောအဖြစ်ကိုသိ၍ ချီ၍ တစ်ခုသော သစ်ပင်ရင်း၌ အိပ်စေ၍ မျက်ရည်မယို, မငို။ |
1,343,535 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ပျက်စီးတတ်သော သဘောရှိသော ဝတ္ထုသည်ကား ပျက်စီး၏။ |
1,343,536 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | သေတတ်သော သဘောရှိသော ဝတ္ထုသည်ကား သေ၏။ |
1,343,537 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ခပ်သိမ်းသော သင်္ခါရတို့သည် အနိစ္စ ဖြစ်ကုန်၏။ |
1,343,538 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | သေခြင်းလျှင် အပြီးရှိကုန်၏ ဟု အနိစ္စအဖြစ်ကိုသာလျှင် မှတ်၍ လယ်ထွန်၏။ |
1,343,539 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | တစ်အိမ်သားလုံး မငိုကြ |
1,343,540 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ထိုဘုရားလောင်းသည် လယ်၏အနီးဖြင့် သွားသော တစ်ယောက်သော အိမ်နီးချင်း ယောကျ်ားကိုမြင်၍ အမောင်... သင်သည် အိမ်သို့ သွားအံ့လော ဟု မေး၍ သွားအံ့ဟု ဆိုသည်ရှိသော် ထိုသို့တပြီးကား ငါတို့အိမ်သို့လည်း သွား၍ ပုဏ္ဏေးမကို ယနေ့ ရှေး၌ကဲ့သို့ နှစ်ယောက်စာ ထမင်းကို မဆောင်ခဲ့မူ၍ တစ်ယောက်စာထမင်းကိုသာလျှင် ဆောင်ခဲ့ကုန်လော့၊ ရှေးကဲ့သို့ ကျွန်မတစ... |
1,343,541 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ထိုအိမ်နီးချင်း ယောက်ျားလည်းကောင်းပြီ ဟု သွား၍ ပုဏ္ဏေးမအား ဘုရားလောင်းမှာတိုင်းလျှင် သွား၍ ပြောဆို၏။ |
1,343,542 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | အမောင်... အဘယ်သူသည် သင့်အား ဤသတင်းစကားကို မှာလိုက်သနည်း ဟု ပုဏ္ဏေးမသည် မေး၏။ |
1,343,543 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ရှင်မ... ပုဏ္ဏားသည် မှာလိုက်၏ဟု ဆိုသည်ရှိသော် ပု ဏ္ဏေးမသည် "ငါသား သေပြီ ဟု သိ၏။ |
1,343,544 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ပုဏ္ဏေးမအား တုန်လှုပ်ခြင်းမျှသည်လည်း မဖြစ်။ |
1,343,545 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ဤသို့ ကောင်းစွာ ပွားစေအပ်သောစိတ်ရှိသော စင်ကြယ်သော အဝတ်ကိုဝတ်သော နံ့သာလက်စွဲသော ပုဏ္ဏေးမသည် ကျွန်မကို အာရကို ယူခဲ့စေ၍ ကြွင်းသောသူနှင့်တကွ လယ်သို့သွား၏။ |
1,343,546 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | တစ်ယောက်သောသူအားလည်း မျက်ရည်ယိုခြင်းမည်သည် မဖြစ်။ |
1,343,547 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ဘုရားလောင်းသည် သားကို အိပ်စေသော အရိပ်၌လျှင် ထိုင်၍ စား၏။ |
1,343,548 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | စားပြီးသော် ခပ်သိမ်းသော သူတို့သည်လည်း ထင်းတို့ကို ယူဆောင်ကုန်၍ သေသောသူကို ထင်းပုံသို့တင်၍ နံ့သာ, ပန်းတို့ဖြင့် ပူဇော်၍ မီးသင်္ဂြိုဟ်ကုန်၏။ |
1,343,549 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | တစ်ယောက်သောသူလည်း တစ်စက်သော မျက်ရည်ပေါက်မျှလည်း မကျ။ |
1,343,550 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ခပ်သိမ်းသော သူတို့သည် ကောင်းစွာ ပွားစေအပ်သော “မရဏဿတိသာ” ရှိကုန်၏။ |
1,343,551 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | အဖ မငိုခြင်း အကြောင်း |
1,343,552 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ထိုသူတို့၏ သီလတန်ခိုးအားဖြင့် သိကြားမင်း၏ နေရာသည် ပူသောအခြင်းအရာကို ပြ၏။ |
1,343,553 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | သိကြားမင်းသည် ငါ့ကို အဘယ်သူသည်လျှင် နေရာမှ ရွေ့စေလိုသနည်း ဟု ဆင်ခြင်လတ်သော် ထိုသူတို့၏ ကျေးဇူးတန်ခိုးအားဖြင့် ပူသော အခြင်းအရာကိုပြ၏ ဟု သိ၍ ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ ငါသည် ထိုသူတို့၏ အထံသို့သွား၍ ခြင်္သေ့သံနှင့်တူသော အသံကိုဆိုစေ၍ ခြင်္သေ့သံနှင့်တူသော အသံကို ဆိုသည်၏ အဆုံး၌ ထိုသူတို့၏ အိမ်ဝယ် ရတနာခုနစ်ပါးဖြင့် ပြည့်သည်ကိ... |
1,343,554 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | တစ်ယောက်သော လူကို သင်္ဂြိုဟ်ကုန်၏ ဟု ဆိုသည်ရှိသော် သင်တို့သည် လူကို မသင်္ဂြိုဟ်ကုန်၊ တစ်ခုသော သမင်ကိုသတ်၍ မီးဖုတ်ကုန်ယောင် တကား ဟု ဆို၏။ |
1,343,555 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | အရှင်... သမင်ဖုတ်သော အမှုမဟုတ်၊ လူကိုလျှင် ငါတို့ သင်္ဂြိုဟ်ကုန်၏ ဟု ဆိုသည်ရှိသော ထိုသို့တပြီးကား သင်တို့၏ရန်သူ ဖြစ်လတ္တံ့ဟု ဆို၏။ |
1,343,556 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ထိုအခါ ဘုရားလောင်းသည် အရှင်... ရင်၌ဖြစ်သော သားတည်း၊ ရန်သူမဟုတ် ဟု ဆို၏။ |
1,343,557 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ထိုသို့တပြီးကား၊ သင်တို့သည် မချစ်သောသား ဖြစ်လတ္တံ့ ဟု သိကြားမင်းသည် ဆိုလေ၏။ |
1,343,558 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | အရှင်... အလွန်လျှင် ချစ်သောသားတည်း ဟု ဘုရားလောင်းသည် ဆို၏။ |
1,343,559 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ထိုသို့ အလွန်ချစ်သော သားဖြစ်လျှက် အဘယ်ကြောင့် မငိုသနည်း ဟု သိကြားမင်းဆိုသည်ရှိသော် မငိုခြင်း၏ အကြောင်းကို ဆိုလိုသော ဘုရားလောင်းသည် - |
1,343,560 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ၁၉။ ဥရဂေါဝ တစံ ဇိဏ္ဏံ၊ ဟိတွာ ဂစ္ဆတိ သံတနုံ။ |
1,343,561 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ၂၀။ ဍယှမာနော န ဇာနာတိ၊ ဉာတီနံ ပရိဒေဝိတံ။ |
1,343,562 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | တသ္မာ ဧတံ န သောစာမိ၊ ဂတော သော တဿ ယာ ဂတိ။ |
1,343,563 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ၁၉။ သာမိ၊ အရှင်။ |
1,343,564 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | တစံဇိဏ္ဏံ၊ အရေဟောင်းကို။ |
1,343,565 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | မမ ပုတ္တော၊ ငါသားသည်။ |
1,343,566 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | သရီရေ၊ ကိုယ်သည်။ |
1,343,567 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | နိဗ္ဘောဂေ၊ ခံစားခြင်း မရှိသည်။ |
1,343,568 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ပေတေ၊ တမလွန်ဘဝသို့ လားသည်။ |
1,343,569 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ကာလင်္ကတေ၊ သေလွန်သည်။ |
1,343,570 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ဍယှမာနော၊ မီးသင်္ဂြိုဟ်အပ်သော သားသည်။ |
1,343,571 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ပရိဒေဝိတံ၊ ငိုကြွေးခြင်းကို။ |
1,343,572 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ယာ ဂတိ၊ အကြင်ဂတိသည်။ |
1,343,573 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | တံ၊ ထိုဂတိသို့။ |
1,343,574 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ဂတော၊ သွား၏။ |
1,343,575 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ဧတံ၊ ထိုသားကို။ |
1,343,576 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | အမိ မငိုခြင်း အကြောင်း |
1,343,577 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | သိကြားမင်းသည် ဘုရားလောင်း၏ စားကိုကြား၍ ပုဏ္ဏေးမကို မိခင် သေသောသူသည် သင်နှင့် အဘယ်သို့တော်သနည်းဟု မေး၏။ |
1,343,578 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | အရှင်- ဆယ်လပတ်လုံး ဝမ်းဖြင့်လွယ်၍ နို့တိုက်၍ လက်ခြေတို့ကို ကောင်းစွာပြုပြင်၍ ကြီးစေသော သားတည်း ဟု ပုဏ္ဏေးမ ဆို၏။ |
1,343,579 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | မိခင်... အဖသည် ယောက်ျားဖြစ်သောကြောင့် မငိုသည်ဖြစ်စေ၊ အမိနှလုံးသည်ကား နူးညံ့၏။ |
1,343,580 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | သင်သည် အဘယ်ကြောင့်မငိုသနည်းဟု မေးသည်ရှိသော် မငိုခြင်း၏ အကြောင်းကို ဆိုလိုသော ပုဏ္ဏေးမသည်- |
1,343,581 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ၂၁။ အနဝှိတော တတော အာဂါ၊ နာနုညာတော ဣတော ဂတော။ |
1,343,582 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ယထာ ဂတော တထာ ဂတော၊ တတ္ထ ကာ ပရိဒေဝနာ။ |
1,343,583 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ၂၂။ ဍယှမာနော န ဇာနာတိ၊ ဉာတီနံ ပရိဒေဝိတံ။ |
1,343,584 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ဟူသော နှစ်ခုမြောက်သော ဤဂါထာတို့ကို ဆို၏။ |
1,343,585 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | မမ၊ ငါ၏။ ပုတ္တော၊ သားသည်။ |
1,343,586 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | အနဝှိတော၊ မခေါ်ဘဲ။ |
1,343,587 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | တတော၊ ထိုဘဝတစ်ပါးမှ၊အမှာကံ၊ ငါတို့၏။ |
1,343,588 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | နာနုညာတော၊ ခွင့်မလွှတ်ဘဲ။ |
1,343,589 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ဂတော၊ ဘဝတစ်ပါးသို့ သွား၏။ |
1,343,590 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | အာဂတော ယထာ၊ အလိုအလျောက် လာသကဲ့သို့။ |
1,343,591 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ဂတော၊ အလို အလျောက် သွား၏။ |
1,343,592 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | တတ္ထ၊ ထိုအလိုအလျောက် ဘဝတစ်ပါး လားရာ၌ ပရိဒေဝနာ၊ ငိုကြွေးခြင်းသည်ကား။ |
1,343,593 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ၂၂။ ဍယှမာနော၊ မီးဖုတ်အပ်သော သားသည်။ |
1,343,594 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ပရိဒေဝိတံ၊ ငိုကြွေးခြင်းကို န ဇာနာတိ၊ မသိ။ |
1,343,595 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | တဿ၊ ထိုသး၏။ |
1,343,596 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | ဂတော၊ လား၏။ |
1,343,597 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | နှမ မငိုခြင်း အကြောင်း |
1,343,598 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | သိကြားမင်းသည် ပုဏ္ဏေးမ၏စကားကို ကြား၍ သေသောသူ၏နှမကို မိခင်... သေသောသူသည် သင်နှင့် အဘယ်သို့တော်သနည်းဟု မေး၏။ |
1,343,599 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | အရှင်... သေသောသူသည် အကျွန်ုပ်မောင်တည်း ဟု ဆို၏။ |
1,343,600 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥရဂဇာတ် -၂ | မိခင်... နှမတို့သည်ကား မောင်တို့၌ ချစ်တတ်ကုန်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.