id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,346,301
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၁၆။ နိက္ကမဓာတ်ထက် လွန်ကဲအောင် အားထုတ်ခြင်း။
1,346,302
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၁၇။ အနိစ္စ၌ အနိစ္စဟု ဒုက္ခ၌ ဒုက္ခဟု အနတ္တ၌ အနတ္တဟု အသုဘ၌ အသုဘဟု မှန်သော နည်းလမ်းဖြင့် စိတ်၌ထားခြင်း။
1,346,303
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
-- ၃-အကမ္မနိယဝဂ်
1,346,304
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၂၁။ ရဟန်းတို့ မပွါးများအပ်သေးသော၁ ဤစိတ်၂သည် ပြုခြင်းငှါ မသင့်လျော် မလွယ်ကူ၃ သကဲ့သို့၊ ဤအတူ ပြုခြင်းငှါ မသင့်လျော် မလွယ်ကူသော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။
1,346,305
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ မပွါးများအပ်သေးသော စိတ်သည် ပြုခြင်းငှါ မသင့်လျော် မလွယ်ကူဟု (မိန့်တော်မူ၏)။
1,346,306
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၂၂။ ရဟန်းတို့ ပွါးများအပ်ပြီးသော၄ ဤစိတ်၅သည် ပြုခြင်းငှါ သင့်လျော် လွယ်ကူသကဲ့သို့၊ ဤအတူ ပြုခြင်းငှါ သင့်လျော်လွယ်ကူသော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။
1,346,307
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ပွါးများအပ်ပြီးသော စိတ်သည် ပြုခြင်းငှါ သင့်လျော် လွယ်ကူ၏ဟု (မိန့်တော်မူ၏)။
1,346,308
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၂၃။ ရဟန်းတို့ မပွါးများအပ်သေးသော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။
1,346,309
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ မပွါးများအပ်သေးသော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
1,346,310
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၂၄။ ရဟန်းတို့ ပွါးများအပ်ပြီးသော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။
1,346,311
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ပွါးများအပ်ပြီးသော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
1,346,312
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၂၅။ ရဟန်းတို့ မပွါးများအပ်သေးသော ထင်ရှားမဖြစ်ပေါ်သေးသော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။
1,346,313
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ မပွါးများအပ်သေးသော ထင်ရှားမဖြစ်ပေါ်သေးသော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
1,346,314
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၂၆။ ရဟန်းတို့ ပွါးများအပ်ပြီးသော ထင်ရှားဖြစ်ပေါ်ပြီးသော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။
1,346,315
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ပွါးများအပ်ပြီးသော ထင်ရှားဖြစ်ပေါ်ပြီးသော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
1,346,316
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ မပွါးများအပ်သေးသော အဖန်ဖန် အလေ့အလာ မပြုအပ်သေးသော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါ မမြင်။
1,346,317
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ မပွါးများအပ်သေးသော အဖန်ဖန် အလေ့အလာ မပြုအပ် သေးသော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
1,346,318
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၂၈။ ရဟန်းတို့ ပွါးများအပ်ပြီးသော အဖန်ဖန် အလေ့အလာ ပြုအပ်ပြီးသော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။
1,346,319
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ပွါးများအပ်ပြီးသော အဖန်ဖန် အလေ့အလာ ပြုအပ်ပြီးသော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
1,346,320
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၂၉။ ရဟန်းတို့ မပွါးများအပ်သေးသော အဖန်ဖန် အလေ့အလာ မပြုအပ်သေးသော ဤစိတ်သည် ဆင်းရဲဒုက္ခကို ဆောင်သကဲ့သို့၊ ဤအတူ ဆင်းရဲဒုက္ခကို ဆောင်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါ မမြင်။
1,346,321
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ မပွါးများအပ်သေးသော အဖန်ဖန် အလေ့အလာ မပြုအပ်သေးသော စိတ်သည် ဆင်းရဲဒုက္ခကို ဆောင်၏ဟု (မိန့်တော်မူ၏)။
1,346,322
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၃၀။ ရဟန်းတို့ ပွါးများအပ်ပြီးသော အဖန်ဖန် အလေ့အလာ ပြုအပ်ပြီးသော ဤစိတ်သည် ချမ်းသာသုခကို ဆောင်သကဲ့သို့၊ ဤအတူ ချမ်းသာသုခကို ဆောင်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါ မမြင်။
1,346,323
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ပွါးများအပ်ပြီးသော အဖန်ဖန် အလေ့အလာ ပြုအပ်ပြီးသော စိတ်သည် ချမ်းသာသုခကို ဆောင်၏ဟု (မိန့်တော်မူ၏)။
1,346,324
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
သုံးခုမြောက် အကမ္မနိယဝဂ် ပြီး၏။
1,346,325
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၁။ ဘာဝနာ၏ အစွမ်းဖြင့် မပွါးများအပ်သေး မဖြစ်စေအပ်သေးသော။
1,346,326
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၂။ ဝဋ်ဆင်းရဲ၌ အကျုံးဝင်သော လောကီစိတ်။
1,346,327
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၃။ ပါဒကဈာန် ဝိပဿနာ မဂ် ဖိုလ် နိဗ္ဗာန်တို့သို့ ရောက်အောင် ပြုခြင်းငှါ မသင့်လျော် မလွယ်ကူ။
1,346,328
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၄။ ဘာဝနာအစွမ်းဖြင့် ပွါးများအပ်ပြီး ဖြစ်စေအပ်ပြီးသော။
1,346,329
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၅။ ဝဋ်ဆင်းရဲမှ ကင်းလွတ်သော လောကုတ္တရာစိတ်။
1,346,330
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
-- ၄-အဒန္တဝဂ်
1,346,331
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၃၁။ ရဟန်းတို့ မဆုံးမအပ်သော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။
1,346,332
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ မဆုံးမ အပ်သော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
1,346,333
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၃၂။ ရဟန်းတို့ ဆုံးမအပ်သော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။
1,346,334
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဆုံးမအပ်သော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
1,346,335
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၃၃။ ရဟန်းတို့ မလုံခြုံစေအပ်သော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။
1,346,336
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ မလုံခြုံစေ အပ်သော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
1,346,337
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၃၄။ ရဟန်းတို့ လုံခြုံစေအပ်သော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။
1,346,338
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ လုံခြုံစေအပ် သော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
1,346,339
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၃၅။ ရဟန်းတို့ မစောင့်ရှောက်အပ်သော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။
1,346,340
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ မစောင့်ရှောက်အပ်သော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
1,346,341
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၃၆။ ရဟန်းတို့ စောင့်ရှောက်အပ်သော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။
1,346,342
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ စောင့်ရှောက်အပ်သော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
1,346,343
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ဆဋ္ဌမသုတ်။
1,346,344
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ မဆို့ပိတ်အပ်သော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။
1,346,345
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ မဆို့ပိတ် အပ်သော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
1,346,346
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၃၈။ ရဟန်းတို့ ဆို့ပိတ်အပ်သော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။
1,346,347
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဆို့ပိတ်အပ် သော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
1,346,348
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၃၉။ ရဟန်းတို့ မဆုံးမအပ် မလုံခြုံစေအပ် မစောင့်ရှောက်အပ် မဆို့ပိတ်အပ်သော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။
1,346,349
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ မဆုံးမအပ် မလုံခြုံစေအပ် မစောင့်ရှောက်အပ် မဆို့ပိတ်အပ်သော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
1,346,350
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၄၀။ ရဟန်းတို့ ဆုံးမအပ် လုံခြုံစေအပ် စောင့်ရှောက်အပ် ဆို့ပိတ်အပ်သော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။
1,346,351
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဆုံးမအပ် လုံခြုံစေအပ် စောင့်ရှောက်အပ် ဆို့ပိတ်အပ်သော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
1,346,352
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
လေးခုမြောက် အဒန္တဝဂ် ပြီး၏။
1,346,353
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
-- ၅-ပဏိဟိတအစ္ဆဝဂ်
1,346,354
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၄၁။ ရဟန်းတို့ ဥပမာသော်ကား မကောင်းသဖြင့် ထားအပ်သော၁ သလေးစပါးဆူးကို ဖြစ်စေ မုယော စပါးဆူးကိုဖြစ်စေ လက်ဖြင့် နှိပ်သော်လည်းကောင်း၊ ခြေဖြင့် နင်းသော် လည်းကောင်း၊ လက်ကိုသော်လည်းကောင်း၊ ခြေကိုသော်လည်းကောင်း စူးမူလည်း စူးလတ္တံ့၊ သွေးကို ဖြစ်စေမူလည်း ဖြစ်စေလတ္တံ့ဟူသော ဤအကြောင်းသည် မရှိ။
1,346,355
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ဆူးကို မကောင်းသဖြင့် ထားအပ်သောကြောင့်ပေတည်း။
1,346,356
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤအတူပင် ထိုရဟန်းသည် မကောင်းသဖြင့် ထားအပ်သော စိတ်ဖြင့် အဝိဇ္ဇာ၂ကို စင်စစ် ခွဲဖျက်လတ္တံ့၊ ဝိဇ္ဇာ၃ကို ဖြစ်စေလတ္တံ့၊ နိဗ္ဗာန်ကို မျက် မှောက်ပြုလတ္တံ့ဟူသော ဤအကြောင်းသည် မရှိ။
1,346,357
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ စိတ်ကို မကောင်းသဖြင့် ထားအပ်သောကြောင့်ပေတည်းဟု (မိန့်တော်မူ၏)။
1,346,358
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၄၂။ ရဟန်းတို့ ဥပမာသော်ကား ကောင်းစွာ ထားအပ်သော သလေးစပါးဆူးကို ဖြစ်စေ မုယော စပါးဆူးကို ဖြစ်စေ လက်ဖြင့် နှိပ်သော်လည်းကောင်း၊ ခြေဖြင့် နင်းသော်လည်းကောင်း၊ လက်ကိုသော်လည်းကောင်း၊ ခြေကိုသော်လည်းကောင်း စူးမူလည်း စူးလတ္တံ့၊ သွေးကို ဖြစ်စေမူလည်း ဖြစ်စေလတ္တံ့ဟူသော ဤအကြောင်းသည် ရှိ၏။
1,346,359
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ဆူးကို ကောင်းစွာ ထားအပ်သောကြောင့်ပေတည်း။
1,346,360
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤအတူပင် ထိုရဟန်းသည် ကောင်းစွာ ထားအပ်သော စိတ်ဖြင့် အဝိဇ္ဇာ ကို စင်စစ် ခွဲဖျက်လတ္တံ့၊ ဝိဇ္ဇာ ကို ဖြစ်စေလတ္တံ့၊ နိဗ္ဗာန်ကို မျက်မှောက်ပြုလတ္တံ့ဟူသော ဤအကြောင်းသည် ရှိ၏။
1,346,361
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ စိတ်ကို ကောင်းစွာ ထားအပ်သောကြောင့်ပေတည်းဟု (မိန့်တော်မူ၏)။
1,346,362
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၄၃။ ရဟန်းတို့ ဤလောက၌ (ဒေါသကြောင့်) ပျက်စီးသော စိတ်ရှိနေသော အချို့ပုဂ္ဂိုလ်ကို (ငါ၏) စိတ်ဖြင့် (ထိုသူ၏) စိတ်ကို ဤသို့ ပိုင်းခြား၍ သိ၏၊ ဤပုဂ္ဂိုလ်သည် ဤအခါ၌ အကယ်၍ သေငြားအံ့၊ ဆောင်ယူ၍ ချထားအပ်သကဲ့သို့၊ ဤအတူ ငရဲသို့ ရောက်ရမည်သာလျှင် ဖြစ်၏။
1,346,363
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ ထိုပုဂ္ဂိုလ်၏ စိတ်သည် ပျက်စီးသောကြောင့်တည်း။
1,346,364
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသို့ စိတ်၏ ပျက်စီးခြင်းဟူသော အကြောင်းကြောင့် ဤလောက၌ အချို့သတ္တဝါတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ဖြစ်သော ငရဲ၌ ဖြစ်ရကုန်၏ဟု (မိန့်တော်မူ၏)။
1,346,365
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤလောက၌ (သဒ္ဓါတရားကြောင့်) ကြည်လင်သော စိတ်ရှိနေသော အချို့ပုဂ္ဂိုလ်ကို (ငါ၏) စိတ်ဖြင့် (ထိုသူ၏) စိတ်ကို ဤသို့ ပိုင်းခြား၍ သိ၏၊ ဤပုဂ္ဂိုလ်သည် ဤအခါ၌ အကယ်၍ သေငြားအံ့၊ ဆောင်ယူ၍ ချထားအပ်သကဲ့သို့၊ ဤအတူ နတ်ပြည်သို့ ရောက်ရမည်သာလျှင် ဖြစ်၏။
1,346,366
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ ထိုပုဂ္ဂိုလ်၏ စိတ်သည် ကြည်လင်သောကြောင့်တည်း။
1,346,367
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤသို့ စိတ်၏ ကြည်လင်ခြင်းဟူသော အကြောင်းကြောင့် ဤလောက၌ အချို့သတ္တဝါ တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ ဖြစ်ရ ကုန်၏ဟု (မိန့်တော်မူ၏)။
1,346,368
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၄၅။ ရဟန်းတို့ ဥပမာသော်ကား ရေအိုင်သည် နောက်ကျု၏၊ ဘောက်ဘက်ခတ်၏၊ ညွန်အနည် ထ၏၊ မျက်စိအမြင်ရှိသော ယောကျ်ားသည် ကမ်းနား၌ ရပ်၍ ထို ရေအိုင်၌ သွားနေသည်လည်းဖြစ်သော ရပ်တည်နေသည်လည်းဖြစ်သော ယောက်သွား ခရုကိုလည်းကောင်း၊ ကျောက်စရစ် အိုးခြမ်းကွဲကိုလည်းကောင်း၊ ငါးအပေါင်းကိုလည်းကောင်း မမြင်နိုင်ရာ။
1,346,369
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ ရေ၏ နောက်ကျုနေခြင်းကြောင့်တည်း။
1,346,370
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤအတူပင် ထိုရဟန်းသည် နောက်ကျု သော စိတ်ဖြင့် စင်စစ် မိမိအကျိုးကိုလည်း သိလတ္တံ့၊ သူတစ်ပါးအကျိုးကိုလည်း သိလတ္တံ့၊ နှစ်ပါးစုံ အကျိုးကိုလည်း သိလတ္တံ့၊ အရိယာတို့အား လျောက်ပတ်သော ဉာဏ်အမြင် အထူးဖြစ်သော လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော (ဈာန် မဂ် ဖိုလ်)တရားကိုလည်း မျက်မှောက်ပြု လတ္တံ့ဟူသော ဤအကြောင်းသည် မရှ...
1,346,371
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ စိတ်၏ နောက်ကျုနေခြင်းကြောင့်တည်းဟု (မိန့်တော်မူ၏)။
1,346,372
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၄၆။ ရဟန်းတို့ ဥပမာသော်ကား ရေအိုင်သည် ကြည်လင်၏၊ သန့်ရှင်း၏၊ နောက်ကျုခြင်း ကင်း၏၊ မျက်စိအမြင်ရှိသော ယောကျ်ားသည် ကမ်းနား၌ ရပ်၍ ထို ရေအိုင်၌ သွားနေသည်လည်းဖြစ်သော ရပ်တည်နေသည်လည်းဖြစ်သော ယောက်သွား ခရုကိုလည်းကောင်း၊ ကျောက်စရစ် အိုးခြမ်းကွဲကိုလည်းကောင်း၊ ငါးအပေါင်းကိုလည်းကောင်း မြင်နိုင်ရာ၏။
1,346,373
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ ရေ၏ မနောက်ကျုခြင်းကြောင့်တည်း။
1,346,374
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤအတူပင် ထိုရဟန်းသည် မနောက်ကျု သော စိတ်ဖြင့် စင်စစ် မိမိအကျိုးကိုလည်း သိလတ္တံ့၊ သူတစ်ပါးအကျိုးကိုလည်း သိလတ္တံ့၊ နှစ်ပါးစုံ အကျိုးကိုလည်း သိလတ္တံ့၊ အရိယာပုဂ္ဂိုလ်တို့အား လျောက်ပတ်သော ဉာဏ်အမြင်အထူးဖြစ်သော လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော (ဈာန် မဂ် ဖိုလ်)တရားကိုလည်း မျက်မှောက် ပြုလတ္တံ့ဟူသော ဤအကြော...
1,346,375
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ စိတ်၏ မနောက်ကျုခြင်းကြောင့်တည်းဟု (မိန့်တော်မူ၏)။
1,346,376
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၄၇။ ရဟန်းတို့ ဥပမာသော်ကား အမှတ်မရှိကုန်သော သစ်ပင်မျိုးတို့သည် ရှိကြကုန်၏၊ ထို သစ်ပင်မျိုးတို့တွင် ကြို့ပင်ကို နူးညံ့သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ပြုခြင်းငှါ သင့်လျော် လွယ် ကူသည့်အဖြစ်ကြောင့်လည်းကောင်း အကောင်းဆုံးဟု ဆိုအပ်၏။
1,346,377
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤအတူပင် ပွါးများအပ်ပြီးသော အဖန်ဖန် အလေ့အလာပြုအပ်ပြီးသော ဤစိတ်သည် နူးညံ့သည်လည်း ဖြစ်သကဲ့သို့၊ ပြုခြင်းငှါ သင့်လျော်လွယ်ကူသည်လည်း ဖြစ်သကဲ့သို့ ဤအတူ နူးညံ့သည်လည်းဖြစ်သော ပြုခြင်းငှါ သင့်လျော် လွယ်ကူသည်လည်းဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါမမြင်။
1,346,378
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ပွါးများအပ်သော အဖန်ဖန် အလေ့အလာပြုအပ်သော စိတ်သည် နူးညံ့သည်လည်း ဖြစ်၏၊ ပြုခြင်းငှါ သင့်လျော် လွယ်ကူသည်လည်း ဖြစ်၏ဟု (မိန့်တော်မူ၏)။
1,346,379
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤစိတ်သည် လျင်မြန်စွာ ပြောင်းလဲသကဲ့သို့ ဤအတူ လျင်မြန်စွာ ပြောင်းလဲ တတ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။
1,346,380
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ စိတ်သည် အလွန်လျင်မြန်စွာ ပြောင်းလဲတတ်၏၊ ဥပမာပြုရန် မလွယ်ဟု (မိန့်တော်မူ၏)။
1,346,381
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၄၉။ ရဟန်းတို့ ဤ(ဘဝင်) စိတ်သည် ပြိုးပြိုးပြက် တောက်ပ၏၊ ထို စိတ်သည်ပင် (အကုသိုလ်ဇော ခဏ၌) ဧည့်သည်သဖွယ် ဖြစ်ကုန်သော ညစ်ညူးကြောင်း ကိလေသာတို့ကြောင့် ညစ်ညူးရ၏ဟု (မိန့်တော်မူ၏)။
1,346,382
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၅၀။ ရဟန်းတို့ ဤ(ဘဝင်) စိတ်သည် ပြိုးပြိုးပြက် တောက်ပ၏၊ ထို စိတ်သည်ပင် (ကုသိုလ် ဇောခဏ၌) ဧည့်သည်သဖွယ် ဖြစ်ကုန်သော ညစ်ညူးကြောင်း ကိလေသာတို့မှ ကင်းလွတ်၏ဟု (မိန့်တော်မူ၏)။
1,346,383
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ငါးခုမြောက်ပဏိဟိတအစ္ဆဝဂ် ပြီး၏။
1,346,384
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၁။ စူးလတ္တံ့သော အခြင်းအရာဖြင့် ဆူးအဖျားကို အထက်သို့ ထောင်မထားခြင်းကို ဆိုသည်။
1,346,385
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၂။ သစ္စာလေးပါးကို မသိမြင်အောင် ဖုံးလွှမ်းသော မောဟမှောင်တိုက်။
1,346,386
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၃။ မောဟမှောင်တိုက်ကို ဖောက်၍ သိမြင်သော အရဟတ္တဖိုလ်ဉာဏ်။
1,346,387
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
-- ၆-အစ္ဆရာသင်္ဃာတဝဂ်
1,346,388
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၅၁။ ရဟန်းတို့ ဤ(ဘဝင်) စိတ်သည် ပြိုးပြိုးပြက် တောက်ပ၏၊ ထို စိတ်သည်ပင် (အကုသိုလ်ဇော ခဏ၌) ဧည့်သည်သဖွယ်ဖြစ်ကုန်သော ညစ်ညူးကြောင်း ကိလေသာတို့ကြောင့် ညစ်ညူးရ၏၊ ထို (အခြင်းအရာ) ကို အကြားအမြင်မရှိသော ပုထုဇဉ်ပုဂ္ဂိုလ်သည် ဟုတ်တိုင်းမှန်စွာ မသိ၊ ထို့ကြောင့် “အကြားအမြင်မရှိသော ပုထုဇဉ်ပုဂ္ဂိုလ်၁အား စိတ်ကို ပွါးများခြင်း မရှိ”ဟု ငါဆိ...
1,346,389
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၅၂။ ရဟန်းတို့ ဤ(ဘဝင်) စိတ်သည် ပြိုးပြိုးပြက် တောက်ပ၏၊ ထို စိတ်သည်ပင် (ကုသိုလ် ဇောခဏ၌) ဧည့်သည်သဖွယ်ဖြစ်ကုန်သော ညစ်ညူးကြောင်း ကိလေသာတို့မှ ကင်းလွတ်၏၊ ထို (အခြင်းအရာ) ကို အကြားအမြင်ရှိသော အရိယာသာဝက၂သည် ဟုတ်တိုင်းမှန်စွာ သိ၏၊ ထို့ကြောင့် “အကြား အမြင်ရှိသော အရိယာသာဝကအား စိတ်ကို ပွါးများခြင်း ရှိ၏”ဟု ငါဆို၏ဟု (မိန့်တော်မူ၏)။
1,346,390
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၅၃။ ရဟန်းတို့ ရဟန်းသည် လက်ဖျစ်တစ်တွက်ခန့်မျှလည်း မေတ္တာနှင့်ယှဉ်သော စိတ်ကို အကယ်၍ မှီဝဲအံ့။
1,346,391
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤရဟန်းသည် ဈာန်မှ ဆိတ်သုဉ်းခြင်းမရှိမူ၍ နေသူ၊ မြတ်စွာဘုရား၏ သွန်သင်မှုကို လိုက်နာ၍ နေသူ၊ အဆုံးအမကို လိုက်နာ၍ နေသူ၊ တိုင်းသူပြည်သားတို့ ပေးလှူသော ဆွမ်းကို အချည်းနှီး မဖြစ်စေမူ၍ သုံးဆောင်သူဟု ဆိုထိုက်၏။
1,346,392
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ထို မေတ္တာနှင့်ယှဉ်သော စိတ်ကို အဖန်ဖန် အလေ့အလာပြုကုန်သော ရဟန်းတို့ကိုမူကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်းဟု (မိန့်တော်မူ၏)။
1,346,393
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၅၄။ ရဟန်းတို့ ရဟန်းသည် လက်ဖျစ်တစ်တွက်ခန့်မျှလည်း မေတ္တာနှင့်ယှဉ်သော စိတ်ကို အကယ်၍ ပွါးများအံ့။
1,346,394
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
စတုတ္တသုတ်။
1,346,395
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ရဟန်းသည် လက်ဖျစ်တစ်တွက်ခန့်မျှလည်း မေတ္တာနှင့်ယှဉ်သော စိတ်ကို အကယ်၍ နှလုံးသွင်းအံ့။
1,346,396
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၅၆။ ရဟန်းတို့ အကုသိုလ်ကို မှီ၍ ဖြစ်ကုန်သော အကုသိုလ်အသင်းဝင်ဖြစ်ကုန်သော အကုသိုလ်ဟူ သမျှ အားလုံးတို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ ထိုတရားတို့တွင် စိတ်သည် ရှေးဦးစွာ ဖြစ်၏၊ အကုသိုလ်တရားတို့သည် အတူတကွ လိုက်၍သာလျှင် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။
1,346,397
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၅၇။ ရဟန်းတို့ ကုသိုလ်ကို မှီ၍ ဖြစ်ကုန်သော ကုသိုလ်အသင်းဝင်ဖြစ်ကုန်သော ကုသိုလ်ဟူသမျှ အားလုံးတို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ ထိုတရားတို့တွင် စိတ်သည် ရှေးဦးစွာ ဖြစ်၏၊ ကုသိုလ်တရားတို့သည် အတူတကွ လိုက်၍သာလျှင် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။
1,346,398
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၅၈။ ရဟန်းတို့ ဤမေ့လျော့ခြင်း ‘ပမာဒ'၃တရားသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်...
1,346,399
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ မေ့လျော့သောသူအား မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။
1,346,400
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၅၉။ ရဟန်းတို့ ဤမမေ့မလျော့ခြင်း ‘အပ္ပမာဒ'တရားသည် မဖြစ်ပေါ်သေးသော ကုသိုလ်တရား တို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်းဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါ...