id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,346,501 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | -- ၁၀-ဒုတိယ ပမာဒါဒိဝဂ် |
1,346,502 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၉၈။ ရဟန်းတို့ ဤမေ့လျော့ခြင်း ‘ပမာဒ'တရားသည် မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော အကြောင်းကိုမျှလည်း ငါမမြင်။ |
1,346,503 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ မေ့လျော့ခြင်း ‘ပမာဒ'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါဖြစ်၏ဟု (မိန့်တော်မူ၏)။ |
1,346,504 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၉၉။ ရဟန်းတို့ ဤမမေ့မလျော့ခြင်း ‘အပ္ပမာဒ'တရားသည် မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ |
1,346,505 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၀၀။ ရဟန်းတို့ ဤပျင်းရိခြင်း ‘ကောသဇ္ဇ'တရားသည် မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ |
1,346,506 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၀၁။ ရဟန်းတို့ ဤထက်သန်သော လုံ့လ ‘ဝီရိယာရမ္ဘ'တရားသည် မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ |
1,346,507 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | -- ၁၀၂-၁၀၉။ |
1,346,508 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤအလိုကြီးခြင်း ‘မဟိစ္ဆတာ'တရားသည် မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ |
1,346,509 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ အလိုနည်းခြင်း ‘အပ္ပိစ္ဆတာ'တရားသည်။ |
1,346,510 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မရောင့်ရဲခြင်း ‘အသန္တုဋ္ဌိတာ'တရားသည်။ |
1,346,511 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရောင့်ရဲခြင်း ‘သန္တုဋ္ဌိတာ'တရားသည်။ |
1,346,512 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း ‘အယောနိ သောမနသိကာရ'တရားသည်။ |
1,346,513 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း ‘ယောနိသော မနသိကာရ'တရားသည်။ |
1,346,514 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မဆင်ခြင်ခြင်း ‘အသမ္ပဇည'တရားသည်။ |
1,346,515 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဆင်ခြင်ခြင်း ‘သမ္ပဇည'တရားသည်။ |
1,346,516 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၁၀။ ရဟန်းတို့ ဤအဆွေခင်ပွန်းယုတ်ရှိခြင်း ‘ပါပမိတ္တတာ'တရားသည် အပသန္တာန်၌ ဖြစ်သော အကြောင်းဟု ပြု၍ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ အပသန္တာန်၌ ဖြစ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ |
1,346,517 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ အဆွေ ခင်ပွန်းယုတ်ရှိခြင်းသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ |
1,346,518 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၁၁။ ရဟန်းတို့ ဤအဆွေခင်ပွန်းကောင်းရှိခြင်း ‘ကလျာဏမိတ္တတာ'တရားသည် အပသန္တာန်၌ ဖြစ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ အပသန္တာန်၌ ဖြစ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ |
1,346,519 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၁၂။ ရဟန်းတို့ ဤအကုသိုလ်တရားတို့ကို အားထုတ်ခြင်း ကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ |
1,346,520 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၁၃။ ရဟန်းတို့ ဤကုသိုလ်တရားတို့ကို အားထုတ်ခြင်း အကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ |
1,346,521 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤမေ့လျော့ခြင်း ‘ပမာဒ'တရားသည် သာသနာတော်၏ ပျက်စီးခြင်း ကွယ် ပျောက်ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ သာသနာတော်၏ ပျက်စီးခြင်း ကွယ်ပျောက်ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ |
1,346,522 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ မေ့လျော့ခြင်း ‘ပမာဒ'တရားသည် သာသနာ တော်၏ ပျက်စီးခြင်း ကွယ်ပျောက်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ |
1,346,523 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၁၅။ ရဟန်းတို့ ဤမမေ့မလျော့ခြင်း ‘အပ္ပမာဒ'တရားသည် သာသနာတော်၏ ကြာမြင့်စွာ တည်ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ သာသနာတော်၏ ကြာမြင့်စွာ တည်ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ |
1,346,524 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ မမေ့မလျော့ခြင်း ‘အပ္ပမာဒ'တရားသည် သာသနာတော်၏ ကြာမြင့်စွာ တည်ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ |
1,346,525 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အဋ္ဌာရသမသုတ်။ |
1,346,526 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၁၆။ ရဟန်းတို့ ဤပျင်းရိခြင်း ‘ကောသဇ္ဇ'တရားသည် သာသနာတော်၏ ပျက်စီးခြင်း ကွယ် ပျောက်ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ သာသနာတော်၏ ပျက်စီးခြင်း ကွယ်ပျောက်ခြင်းငှါ ဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါမမြင်။ |
1,346,527 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ပျင်းရိခြင်း ‘ကောသဇ္ဇ'တရားသည် သာသနာ တော်၏ ပျက်စီးခြင်း ကွယ်ပျောက်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ |
1,346,528 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဧကူနဝီသတိမသုတ်။ |
1,346,529 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၁၇။ ရဟန်းတို့ ဤထက်သန်သော လုံ့လ ‘ဝီရိယာရမ္ဘ'တရားသည် သာသနာတော်၏ ကြာမြင့်စွာ တည်ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ သာသနာတော်၏ ကြာမြင့်စွာ တည်ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ |
1,346,530 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ထက်သန်သော လုံ့လ ‘ဝီရိယာရမ္ဘ'တရားသည် သာသနာတော်၏ ကြာမြင့်စွာ တည်ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ |
1,346,531 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဝီသတိမသုတ်။ |
1,346,532 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၁၈-၁၂၈။ ရဟန်းတို့ ဤအလိုကြီးခြင်း ‘မဟိစ္ဆတာ'တရားသည် သာသနာတော်၏ ပျက်စီးခြင်း ကွယ်ပျောက်ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ သာသနာတော်၏ ပျက်စီးခြင်း ကွယ်ပျောက်ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ |
1,346,533 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မသင့်လျော်သော အကြောင်းအား ဖြင့် နှလုံးသွင်းခြင်း ‘အယောနိသော မနသိကာရ'တရားသည်။ |
1,346,534 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သင့်လျော်သော အကြောင်းအားဖြင့် နှလုံး သွင်းခြင်း ‘ယောနိသော မနသိကာရ'တရားသည်။ |
1,346,535 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အဆွေခင်ပွန်းယုတ်ရှိခြင်း ‘ပါပမိတ္တတာ'တရားသည်။ |
1,346,536 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အဆွေခင်ပွန်းကောင်းရှိခြင်း ‘ကလျာဏမိတ္တတာ'တရားသည်။ |
1,346,537 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အကုသိုလ်တရားတို့ကို အားထုတ်ခြင်း ကုသိုလ်တရားတို့ကို အား မထုတ်ခြင်းသည်။ |
1,346,538 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ အကုသိုလ်တရားတို့ကို အားထုတ်ခြင်း ကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် သာသနာတော်၏ ပျက်စီးခြင်း ကွယ်ပျောက်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ |
1,346,539 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဧကတ္တိံသတိမသုတ်။ |
1,346,540 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤကုသိုလ်တရားတို့ကို အားထုတ်ခြင်း အကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် သာသနာတော်၏ ကြာမြင့်စွာ တည်တံ့ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ သာသနာတော်၏ ကြာမြင့်စွာ တည်တံ့ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါမမြင်။ |
1,346,541 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ကုသိုလ်တရားတို့ကို အားထုတ်ခြင်း အကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် သာသနာတော်၏ ကြာမြင့်စွာ တည်တံ့ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ |
1,346,542 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဗာတ္တိံသတိမသုတ်။ |
1,346,543 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | စတုက္ကောဋိက ပြီး၏။ |
1,346,544 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၃၀။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အဓမ္မ၁ကို “ဓမ္မ"၂ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သည် မည်ကုန်၏။ |
1,346,545 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ထိုရဟန်းတို့သည် များစွာ သော အကုသိုလ်ကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထိုုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။ |
1,346,546 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | တေတ္တိံသတိမသုတ်။ |
1,346,547 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၃၁။ ရဟန်းတို့ အကြင် ရဟန်းတို့သည် ဓမ္မ္မကို “အဓမ္မ”ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သည် မည်ကုန်၏။ |
1,346,548 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | စတုတ္တိံသတိမသုတ်။ |
1,346,549 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | -- ၁၃၂-၁၃၉။ |
1,346,550 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ အကြင် ရဟန်းတို့သည် အဝိနယ၃ကို “ဝိနယ"၄ဟု ပြကုန်၏။ |
1,346,551 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ ဝိနယကို “အဝိနယ”ဟု ပြကုန်၏။ |
1,346,552 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို “မြတ်စွာဘုရား ဟောအပ် ပြောအပ်၏”ဟု ပြကုန်၏။ |
1,346,553 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ကို “မြတ်စွာဘုရား မဟောအပ် မပြောအပ်”ဟု ပြကုန်၏။ |
1,346,554 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ မြတ်စွာဘုရား အလေ့အကျင့် မပြုအပ်သည်ကို “မြတ်စွာဘုရား အလေ့ အကျင့် ပြုအပ်၏”ဟု ပြကုန်၏။ |
1,346,555 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်သည်ကို “မြတ်စွာဘုရား အလေ့အကျင့် မပြုအပ်”ဟု ပြကုန်၏။ |
1,346,556 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ မြတ်စွာဘုရား မပညတ်အပ်သည်ကို “မြတ်စွာဘုရား ပညတ် အပ်၏”ဟု ပြကုန်၏။ |
1,346,557 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ မြတ်စွာဘုရား ပညတ်အပ်သည်ကို “မြတ်စွာဘုရား မပညတ်အပ်”ဟု ပြ ကုန်၏။ |
1,346,558 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သည် မည်ကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏။ |
1,346,559 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထိုုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။ |
1,346,560 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဒွါစတ္တာလီသတိမသုတ်။ |
1,346,561 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဆယ်ခုမြောက် ဒုတိယ ပမာဒါဒိဝဂ် ပြီး၏။ |
1,346,562 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁။ သုတ္တန်ပရိယာယ်အားဖြင့် အကုသလကမ္မပထတရားဆယ်ပါး ဝိနည်းပရိယာယ်အားဖြင့် မဟုတ်မမှန်သော ဝတ္ထုဖြင့် စောဒနာခြင်းစသည်။ |
1,346,563 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၂။ သုတ္တန်ပရိယာယ်အားဖြင့် ကုသလကမ္မပထတရားဆယ်ပါး ဝိနည်းပရိယာယ်အားဖြင့် ဟုတ်မှန်သောဝတ္ထုဖြင့် စောဒနာခြင်းစသည်။ |
1,346,564 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၃။ သုတ္တန်ပရိယာယ်အားဖြင့် ရာဂစသည်တို့ကို မပယ်ခြင်း ပညာဖြင့် မဆင်ခြင်ခြင်း၊ ဝိနည်းပရိယာယ်အားဖြင့် ဝတ္ထုဝိပတ္တိ သီမာဝိပတ္တိစသည်။ |
1,346,565 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၄။ သုတ္တန်ပရိယာယ်အားဖြင့် ရာဂစသည်တို့ကို ပယ်ခြင်း ပညာဖြင့် ဆင်ခြင်ခြင်း၊ ဝိနည်းပရိယာယ်အားဖြင့် ဝတ္ထုသမ္ပပတ္တိ သီမာသမ္ပတ္တိစသည်။ |
1,346,566 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | -- ၁၁-အဓမ္မဝဂ် |
1,346,567 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၄၀။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အဓမ္မ္မကို “အဓမ္မ”ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးဖြစ်ခြင်းငှါ နတ်လူတို့၏ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သည် မည်ကုန်၏။ |
1,346,568 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထိုုရဟန်းတို့သည် ဤသာသနာတော် ကိုလည်း တည်တံ့စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။ |
1,346,569 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၄၁။ ရဟန်းတို့ အကြင် ရဟန်းတို့သည် ဓမ္မ္မကို “ဓမ္မ”ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးဖြစ်ခြင်းငှါ နတ်လူတို့၏ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သည် မည်ကုန်၏။ |
1,346,570 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထိုရဟန်းတို့သည် ဤသာသနာတော် ကိုလည်း တည်တံ့စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။ |
1,346,571 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၄၂-၁၄၉။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အဝိနယကို “အဝိနယ”ဟု ပြကုန်၏။ |
1,346,572 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ ဝိနယကို “ဝိနယ”ဟု ပြကုန်၏။ |
1,346,573 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို “မြတ်စွာဘုရား မဟောအပ် မပြောအပ်”ဟု ပြကုန်၏။ |
1,346,574 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ကို “မြတ်စွာဘုရား ဟောအပ် ပြောအပ်၏”ဟု ပြကုန်၏။ |
1,346,575 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ မြတ်စွာဘုရား အလေ့အကျင့် မပြုအပ်သည်ကို “မြတ်စွာဘုရား အလေ့ အကျင့် မပြုအပ်”ဟု ပြကုန်၏။ |
1,346,576 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်သည်ကို “မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်၏”ဟု ပြကုန်၏။ |
1,346,577 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ မြတ်စွာဘုရား မပညတ်အပ်သည်ကို “မြတ်စွာဘုရား မပညတ်အပ်”ဟု ပြကုန်၏။ |
1,346,578 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ မြတ်စွာဘုရား ပညတ်အပ်သည်ကို “မြတ်စွာဘုရား ပညတ်အပ်၏”ဟု ပြကုန်၏။ |
1,346,579 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးဖြစ်ခြင်းငှါ နတ်လူတို့၏ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သည် မည်ကုန်၏။ |
1,346,580 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထိုုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း တည်တံ့စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။ |
1,346,581 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | တစ်ဆယ့်တစ်ခုမြောက် အဓမ္မဝဂ် ပြီး၏။ |
1,346,582 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | -- ၁၂-အနာပတ္တိဝဂ် |
1,346,583 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၅၀။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အာပတ်မဟုတ်သည်ကို “အာပတ်”ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သည် မည်ကုန်၏။ |
1,346,584 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော အကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထိုုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။ |
1,346,585 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၅၁။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အာပတ်ကို “အာပတ် မဟုတ်”ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သည် မည်ကုန်၏။ |
1,346,586 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၅၂-၁၅၉။ ရဟန်းတို့ အကြင် ရဟန်းတို့သည် ပေါ့သော အာပတ်ကို “လေးသော အာပတ်”ဟု ပြကုန်၏။ |
1,346,587 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ လေးသော အာပတ်ကို “ပေါ့သော အာပတ်”ဟု ပြကုန်၏။ |
1,346,588 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ ရုန့်ရင်းသော အာပတ်ကို “ရုန့်ရင်းသော အာပတ် မဟုတ်”ဟု ပြကုန်၏။ |
1,346,589 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ ရုန့်ရင်းသော အာပတ်မဟုတ်သည်ကို “ရုန့်ရင်းသော အာပတ်”ဟု ပြကုန်၏။ |
1,346,590 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ ကုစားခွင့် အကြွင်းရှိသော အာပတ်ကို “ကုစားခွင့် အကြွင်းမရှိသော အာပတ်”ဟု ပြကုန်၏။ |
1,346,591 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ ကုစားခွင့် အကြွင်းမရှိသော အာပတ်ကို “ကုစားခွင့် အကြွင်းရှိသော အာပတ်”ဟု ပြကုန်၏။ |
1,346,592 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ ကုစားကောင်းသော အာပတ်ကို “မကုစားကောင်းသော အာပတ်”ဟု ပြကုန်၏။ |
1,346,593 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ မကုစားကောင်းသော အာပတ်ကို “ကုစားကောင်းသော အာပတ်”ဟု ပြကုန်၏။ |
1,346,594 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သည် မည်ကုန်၏။ |
1,346,595 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော အကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏။ |
1,346,596 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထိုုရဟန်းတို့သည် ဤသာသနာ တော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။ |
1,346,597 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၆၀။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အာပတ် မဟုတ်သည်ကို “အာပတ် မဟုတ်”ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးဖြစ်ခြင်းငှါ နတ်လူတို့၏ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သည် မည်ကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွါးစ... |
1,346,598 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ အကြင် ရဟန်းတို့သည် အာပတ်ကို “အာပတ်”ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုး ဖြစ်ခြင်းငှါ နတ်လူတို့၏ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သည် မည်ကုန်၏။ |
1,346,599 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ထို့ရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထိုုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း တည်တံ့စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။ |
1,346,600 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၆၂-၁၆၉။ ရဟန်းတို့ အကြင် ရဟန်းတို့သည် ပေါ့သော အာပတ်ကို “ပေါ့သော အာပတ်”ဟု ပြကုန်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.