id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,352,701
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
တွဲဖက်အတွင်းရေးမှူး (၂)
1,352,702
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
အခြေခံပညာဦးစီးဌာန
1,352,703
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
တွဲဖက်အတွင်းရေးမှူး (၃)
1,352,704
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
ဆရာအတတ်ပညာဦးစီးဌာန
1,352,705
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) ကြီးကြပ်ရေးအဖွဲ့ကို လိုအပ်ပါက ပုဒ်မခွဲ (က) ပါ သတ်မှတ်ချက်နှင့်အညီ ပြင်ဆင်ဖွဲ့စည်းနိုင်သည်။
1,352,706
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၁၀။ ကြီးကြပ်ရေးအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -
1,352,707
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(က) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းအမျိုးအစားအလိုက် ထားရှိရမည့်စံချိန်စံညွှန်းများ သတ်မှတ် ပေးခြင်း၊
1,352,708
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့် ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လျှောက်ထားရာတွင် တင်ပြရမည့် လိုအပ်ချက်များကို သတ်မှတ်ပေးခြင်း၊
1,352,709
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဂ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်း၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြား သော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့် နိုင်ငံခြားသားပုဂ္ဂလိကကျောင်းဆရာ ပါဝင်သင်ကြားသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများကို မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊ သက်တမ်းတိုးမြှင့်ခြင်း၊ ပေါင်းစည်းခြင်း၊ အပြီးပိတ်သိမ်းခြင်း၊ သင်တန်းရပ်နားခြင်းတို့နှင့်စပ်လျဉ်း၍ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊
1,352,710
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဃ) ပုဒ်မခွဲ (ဂ) ပါ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများက မှတ်ပုံတင်သက်တမ်းအတွင်း သင်တန်း ရပ်နားရန် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ သင်ယူသူများ၏ အခွင့်အရေးမဆုံးရှုံးစေရန်နှင့် ကျောင်းသား မိဘများ၏ နစ်နာဆုံးရှုံးမှုများမရှိစေရန် စည်းကမ်းချက်များသတ်မှတ်၍ ခွင့်ပြုပေးခြင်း၊
1,352,711
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(င) ဤဥပဒေအရ ပေးသွင်းရမည့် မှတ်ပုံတင်ကြေး၊ နှစ်စဉ်ကြေးနှင့် အခြားအခကြေးငွေတို့ကို သတ်မှတ် ခြင်းနှင့် ယင်းကိစ္စရပ်များအတွက် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ပေးခြင်းတို့ကို ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့၏ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ခြင်း၊
1,352,712
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(စ) ပုဒ်မခွဲ (ဂ) ပါ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း တည်ထောင်သူ သို့မဟုတ် စီမံအုပ်ချုပ်သူ ပြောင်းလဲခြင်း၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏အမည်ပြောင်းလဲခြင်း သို့မဟုတ် တည်နေရာ ပြောင်းရွှေ့ဖွင့်လှစ်ခြင်းတို့ကို ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊
1,352,713
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဆ) နိုင်ငံခြားသားပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊ သက်တမ်းတိုးမြှင့်ခြင်း၊ ပယ်ဖျက်ခြင်းတို့ကို ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊
1,352,714
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဇ) ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့၊ မှတ်ပုံတင်အရာရှိချုပ်နှင့် မှတ်ပုံတင်အရာရှိတို့အား ကြီးကြပ်ခြင်းနှင့် လမ်းညွှန်ခြင်း၊
1,352,715
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဈ) လိုအပ်သော လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ယင်းအဖွဲ့များ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်း၊
1,352,716
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ည) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနက အခါအားလျော်စွာပေးအပ်သော လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။
1,352,717
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၁၁။ ကြီးကြပ်ရေးအဖွဲ့သည် -
1,352,718
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(က) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်း၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြား သော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့် နိုင်ငံခြားသားပုဂ္ဂလိကကျောင်းဆရာ ပါဝင်သင်ကြားသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများကို မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊ သက်တမ်းတိုးမြှင့်ခြင်း၊ ပေါင်းစည်းခြင်း၊ အပြီးပိတ်သိမ်းခြင်း၊ သင်တန်းရပ်နားခြင်းတို့နှင့်စပ်လျဉ်း၍ ဒေသဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့၏ စိစစ်တင်ပြချက်ကို သတ်မှတ်ချိန်အတွင်း စိစစ်ဆုံးဖြတ်ရမည်။
1,352,719
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) နိုင်ငံခြားသားပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ်နှင့်စပ်လျဉ်း၍ ဒေသဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့၏ စိစစ်တင်ပြချက်ကို သတ်မှတ်ချိန်အတွင်း စိစစ်ဆုံးဖြတ်ရမည်။
1,352,720
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဂ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၏ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများသည် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် ကြီးကြပ်ဆောင်ရွက် ရမည်။
1,352,721
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဃ) အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲဖြတ်ကော်မတီက ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၏ပညာရေးဆိုင်ရာအဆင့်အတန်းနှင့် အရည်အသွေးအကဲဖြတ်ရာတွင် ကူညီပံ့ပိုးရမည်။
1,352,722
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(င) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၏ ပညာရေးဆိုင်ရာအဆင့်အတန်းနှင့် အရည်အသွေးသည် အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲဖြတ်ကော်မတီ၏ သတ်မှတ်ချက်များ နှင့်အညီ ဖြစ်စေရန် ကြီးကြပ်ဆောင်ရွက်ရမည်။
1,352,723
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(စ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းအမျိုးအစားအလိုက် အပ်နှင်းသော သင်တန်းပြီးဆုံးကြောင်း လက်မှတ်၊ အောင်လက်မှတ်၊ ဒီပလိုမာ၊ ဘွဲ့၊ ဂုဏ်ထူးဆောင်ဘွဲ့များသည် သတ်မှတ်ချက်များနှင့် ပြည့်စုံမှု ရှိ မရှိ စိစစ်ကြီးကြပ်ရမည်။
1,352,724
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဆ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ တည်ထောင်ရာတွင် ကျောင်းအမျိုးအစားအလိုက် ရင်းနှီးမြှုပ်နှံနိုင်မှုပမာဏ၏ စစ်မှန်မှုကို စစ်ဆေးရမည်။
1,352,725
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဇ) နိုင်ငံခြားသားပုဂ္ဂလိကကျောင်းဆရာများ၏ အရည်အသွေးအဆင့်အတန်းသည် ဝန်ကြီးဌာနက ချမှတ်သော မူဝါဒနှင့်အညီဖြစ်စေရန် စိစစ်ဆောင်ရွက်ရမည်။
1,352,726
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဈ) နိုင်ငံခြားသား ပုဂ္ဂလိကကျောင်းဆရာရရှိထားသော ဘွဲ့ဘာသာရပ်ဖြင့်ဖြစ်စေ၊ ကျွမ်းကျင်သော အခြားဘာသာရပ်ဖြင့်ဖြစ်စေ သင်ကြားခွင့်ရရှိစေရန် စိစစ် ခွင့်ပြုရမည်။
1,352,727
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၁၂။ ကြီးကြပ်ရေးအဖွဲ့နှင့် ယင်းက ဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့များသည် မည်သည့်ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကိုမဆို အခါအားလျော်စွာ သွားရောက်စစ်ဆေးခြင်း၊ လိုအပ်ပါက ဓာတ်ပုံဗီဒီယို မှတ်တမ်းများရယူခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ သက်ဆိုင်ရာစာရွက်စာတမ်းအထောက်အထားများကို ကြည့်ရှုခြင်းနှင့် မိတ္တူကူးယူခြင်းများ ပြုလုပ်နိုင်သည်။
1,352,728
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၁၃။ ဦးစီးဌာနသည် ကြီးကြပ်ရေးအဖွဲ့၏ ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်၍ ယင်းအဖွဲ့၏ ကုန်ကျစရိတ်များကိုလည်း ကျခံရမည်။
1,352,729
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၁၄။ ကြီးကြပ်ရေးအဖွဲ့သည် -
1,352,730
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(က) ပြည်ထောင်စုနယ်မြေကိုယ်ပိုင်သို့မဟုတ်ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်-
1,352,731
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
နေပြည်တော်ကောင်စီကတာဝန်ပေးအပ်သောကောင်စီဝင်
1,352,732
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
ပြည်ထောင်စုနယ်မြေရှိ တက္ကသိုလ်မှ ပါမောက္ခချုပ်တစ်ဦး
1,352,733
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
သက်ဆိုင်ရာဝန်ကြီးဌာနမှ ကိုယ်စားလှယ်နှစ်ဦး
1,352,734
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
ပြည်ထောင်စုနယ်မြေ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦး
1,352,735
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
ကုသရေးဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦး
1,352,736
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦး
1,352,737
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
ပြည်ထောင်စုနယ်မြေရှိ နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာကျောင်းမှ ကျောင်းအုပ်ကြီးတစ်ဦး
1,352,738
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
ပြည်ထောင်စုနယ်မြေပညာရေးမှူး
1,352,739
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းရမည် -
1,352,740
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့က တာဝန်ပေးအပ်သော ဝန်ကြီး
1,352,741
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရှိတက္ကသိုလ်မှ ပါမောက္ခချုပ်တစ်ဦး
1,352,742
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ကိုယ်စားလှယ် နှစ်ဦး
1,352,743
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ကိုယ်စားလှယ်တစ်ဦး
1,352,744
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ကိုယ်စားလှယ်တစ်ဦး
1,352,745
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ကိုယ်စားလှယ်တစ်ဦး
1,352,746
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရှိ နည်းပညာ၊ သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာကျောင်းမှ ကျောင်းအုပ်ကြီးတစ်ဦး
1,352,747
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
သက်ဆိုင်ရာ တိုင်းဒေသကြီးအတွင်း သို့မဟုတ် ပြည်နယ်ပညာရေးမှူး
1,352,748
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဂ) ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို လိုအပ်ပါက ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ) တို့ပါ သတ်မှတ်ချက် နှင့်အညီ ပြင်ဆင်ဖွဲ့စည်းနိုင်သည်။
1,352,749
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၁၅။ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -
1,352,750
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(က) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်း၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြား သော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့် နိုင်ငံခြားသား ပုဂ္ဂလိကကျောင်းဆရာ ပါဝင်သင်ကြား သော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများကို မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊ သက်တမ်း တိုးမြှင့်ခြင်း၊ ပေါင်းစည်းခြင်း၊ အပြီးပိတ်သိမ်းခြင်း၊ သင်တန်းရပ်နားခြင်းတို့ကို ကြီးကြပ်ရေးအဖွဲ့သို့ စိစစ်တင်ပြ၍ ယင်း၏ဆုံးဖြတ်ချက်နှင့်အညီ ဆောင်ရွက်ခြင်း၊
1,352,751
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) ပုဒ်မခွဲ (က) ပါ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများမှအပ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေအတွင်းရှိ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၏ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊ သက်တမ်းတိုးမြှင့်ခြင်း၊ ပေါင်းစည်းခြင်း၊ အပြီးပိတ်သိမ်းခြင်း၊ သင်တန်းရပ်နားခြင်းတို့နှင့်စပ်လျဉ်း၍ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊
1,352,752
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဂ) သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြန်မာနိုင်ငံသား ပုဂ္ဂလိကကျောင်းဆရာများ၏ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊ သက်တမ်းတိုးမြှင့်ခြင်း၊ ပယ်ဖျက်ခြင်း တို့နှင့်စပ်လျဉ်း၍ စိစစ်ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊
1,352,753
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဃ) နိုင်ငံခြားသား ပုဂ္ဂလိကကျောင်းဆရာ၏ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊ ထုတ်ပေးရန်ငြင်းပယ် ခြင်း၊ သက်တမ်းတိုးမြှင့်ခြင်း၊ သက်တမ်းတိုးမြှင့်ရန် ငြင်းပယ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းတို့ကို ကြီးကြပ်ရေးအဖွဲ့သို့ စိစစ်တင်ပြ၍ ယင်း၏ဆုံးဖြတ်ချက်နှင့်အညီ ဆောင်ရွက်ခြင်း၊
1,352,754
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(င) ပုဂ္ဂလိကကျောင်းဆရာများ၏ အရည်အသွေးအဆင့်အတန်းသည် ဝန်ကြီးဌာနကချမှတ်သော မူဝါဒနှင့်အညီ ဖြစ်စေရန် ကြီးကြပ်စစ်ဆေးဆောင်ရွက်ခြင်း၊
1,352,755
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(စ) မြန်မာနိုင်ငံသား ပုဂ္ဂလိကကျောင်းဆရာရရှိထားသော ဘွဲ့ဘာသာရပ်ဖြင့်ဖြစ်စေ၊ ကျွမ်းကျင်သော အခြားဘာသာရပ်ဖြင့်ဖြစ်စေ သင်ကြားခွင့်ရရှိစေရန် စိစစ်ခွင့်ပြုခြင်း၊
1,352,756
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဆ) သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေအတွင်းရှိ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၏ ပညာရေးဆိုင်ရာအဆင့်အတန်းနှင့် အရည်အသွေးသည် အမျိုးသား ပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ၏ သတ်မှတ်ချက်များနှင့်အညီ ဖြစ်စေရန် ကြီးကြပ်ဆောင်ရွက်ခြင်း၊
1,352,757
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဇ) ပုဒ်မခွဲ (က) ပါ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများမှအပ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေအတွင်းရှိ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၏ တည်ထောင်သူ သို့မဟုတ် စီမံအုပ်ချုပ်သူပြောင်းလဲခြင်း၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ အမည်ပြောင်းလဲခြင်း သို့မဟုတ် တည်နေရာပြောင်းရွှေ့ဖွင့်လှစ်ခြင်းတို့နှင့်စပ်လျဉ်း၍ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊
1,352,758
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဈ) ပုဒ်မခွဲ (က) ပါ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ အမည်ပြောင်းလဲခြင်း သို့မဟုတ် တည်ထောင်သူ သို့မဟုတ် စီမံအုပ်ချုပ်သူပြောင်းလဲခြင်း၊ တည်နေရာပြောင်းရွှေ့ဖွင့်လှစ်ခြင်းတို့နှင့် စပ်လျဉ်း၍ ကြီးကြပ်ရေးအဖွဲ့သို့ စိစစ်တင်ပြ၍ ယင်း၏ဆုံးဖြတ်ချက်နှင့်အညီ ဆောင်ရွက်ခြင်း၊
1,352,759
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ည) ပုဒ်မခွဲ (က) ပါ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများမှအပ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေအတွင်းရှိ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများသည် မှတ်ပုံတင်သက်တမ်းအတွင်း သင်တန်းရပ်နားရန် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ သင်ယူသူများ၏ အခွင့်အရေး မဆုံးရှုံးစေရန်နှင့် ကျောင်းသားမိဘများ၏ နစ်နာဆုံးရှုံးမှုများမရှိစေရန် စည်းကမ်းချက်များ သတ်မှတ်၍ ခွင့်ပြုပေးခြင်း၊
1,352,760
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဋ) သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေအတွင်းရှိ မှတ်ပုံတင် ထားသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းသည် သတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းစတင်နိုင်ခြင်း ရှိ မရှိ ကြီးကြပ်ခြင်း၊
1,352,761
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဌ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့် သက်ဆိုင်သည့် စာရင်းအင်း၊ သတင်းအချက်အလက်များ ပြုစုခြင်း၊ ထိန်းသိမ်းခြင်း၊ ထုတ်ပြန်ခြင်းနှင့် ကြီးကြပ်ရေးအဖွဲ့ထံ သတ်မှတ်ချက်နှင့်အညီ တင်ပြခြင်း၊
1,352,762
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဍ) စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်သော တည်ထောင်သူ၊ စီမံအုပ်ချုပ်သူ၊ ပုဂ္ဂလိက ကျောင်းဆရာများနှင့် စပ်လျဉ်း၍ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်ရန် ကြီးကြပ်ရေးအဖွဲ့သို့ စိစစ်တင်ပြခြင်း၊
1,352,763
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဎ) ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ယင်းအဖွဲ့များ၏ လုပ်ငန်းတာဝန်များကို သတ်မှတ် ခြင်း၊
1,352,764
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဏ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့်စပ်လျဉ်း၍ ကြီးကြပ်ရေးအဖွဲ့က အခါအားလျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။
1,352,765
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၁၆။ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့သည် -
1,352,766
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(က) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်း၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြား သော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့် နိုင်ငံခြားသားပုဂ္ဂလိကကျောင်းဆရာ ပါဝင်သင်ကြားသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း သို့မဟုတ် မှတ်ပုံတင် သက်တမ်းတိုးလျှောက်ထားခြင်း၊ ပေါင်းစည်းခြင်း၊ အပြီးပိတ်သိမ်းခြင်း သို့မဟုတ် သင်တန်းရပ်နားခြင်း တို့နှင့်စပ်လျဉ်း၍ လျှောက်ထားခြင်းကို သတ်မှတ်ချက်နှင့်အညီ ကြီးကြပ်ရေးအဖွဲ့သို့ စိစစ်တင်ပြရမည်။
1,352,767
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) နိုင်ငံခြားသား ပုဂ္ဂလိကကျောင်းဆရာ/ မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း သို့မဟုတ် မှတ်ပုံတင် သက်တမ်းတိုး လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်အညီ ကြီးကြပ်ရေးအဖွဲ့သို့ စိစစ်တင်ပြ ရမည်။
1,352,768
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဂ) ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ (ခ) ပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကြီးကြပ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်ကို သတ်မှတ်ချိန် အတွင်း မှတ်ပုံတင်အရာရှိထံသို့ ပေးပို့ရမည်။
1,352,769
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဃ) ပုဒ်မခွဲ (က) ပါ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများမှအပ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း သို့မဟုတ် မှတ်ပုံတင်သက်တမ်းတိုး လျှောက်ထား ခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်အညီ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုရမည်။
1,352,770
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(င) မြန်မာနိုင်ငံသား ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း သို့မဟုတ် မှတ်ပုံတင်သက်တမ်းတိုး လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်အညီ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုရမည်။
1,352,771
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(စ) ပုဒ်မခွဲ (ဃ) နှင့် ပုဒ်မခွဲ (င) တို့ပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက်ကို သတ်မှတ်ချိန်အတွင်း မှတ်ပုံတင်အရာရှိထံသို့ ပေးပို့ရမည်။
1,352,772
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၁၇။ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့နှင့် ယင်းကဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့များသည် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေအတွင်းရှိ မည်သည့်ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကိုမဆို အခါအားလျော်စွာ သွားရောက်စစ်ဆေးခြင်း၊ လိုအပ်ပါက ဓာတ်ပုံဗီဒီယို မှတ်တမ်းများရယူခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ သက်ဆိုင်ရာစာရွက်စာတမ်းအထောက်အထားများကို ကြည့်ရှုခြင်းနှင့် မိတ္တူကူးယူခြင်းများ ပြုလုပ်နိုင်သည်။
1,352,773
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၁၈။ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပညာရေးမှူးရုံးသည် သက်ဆိုင်ရာ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့၏ ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်၍ ယင်းအဖွဲ့၏ ကုန်ကျစရိတ် များကိုလည်း ကျခံရမည်။
1,352,774
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၁၉။ ဝန်ကြီးဌာနသည် -
1,352,775
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(က) ညွှန်ကြားရေးမှူးချုပ်/ အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနကို မှတ်ပုံတင်အရာရှိချုပ်အဖြစ် ခန့်အပ်ရမည်။
1,352,776
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) အခြေခံပညာဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် ဆရာအတတ်ပညာဦးစီးဌာနတို့၏ ညွှန်ကြားရေးမှူးချုပ်များကို ဒုတိယမှတ်ပုံတင်အရာရှိချုပ်များအဖြစ် ခန့်အပ်ရမည်။
1,352,777
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဂ) မှတ်ပုံတင်အရာရှိချုပ်နှင့် ဒုတိယမှတ်ပုံတင်အရာရှိချုပ်များ၏ လုပ်ငန်းတာဝန်များကို သတ်မှတ် ပေးရမည်။
1,352,778
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၂၀။ မှတ်ပုံတင်အရာရှိချုပ်သည် -
1,352,779
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(က) ဤဥပဒေအရ မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပညာရေးမှူးများကို သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မှတ်ပုံတင်အရာရှိအဖြစ် ခန့်အပ်ရမည်။
1,352,780
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိများအား ကြီးကြပ်လမ်းညွှန်ရမည်။
1,352,781
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၂၁။ ဒုတိယမှတ်ပုံတင်အရာရှိချုပ်များသည် မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာန၏ သတ်မှတ်ချက်နှင့်အညီ ကြီးကြပ်ဆောင်ရွက်ရမည်။
1,352,782
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၂၂။ ဦးစီးဌာနသည် မှတ်ပုံတင်အရာရှိချုပ်၏ ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်၍ မှတ်ပုံတင် အရာရှိချုပ်၏ ရုံးလုပ်ငန်းဆိုင်ရာ ကုန်ကျစရိတ်များကိုလည်း ကျခံရမည်။
1,352,783
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၂၃။ မှတ်ပုံတင်အရာရှိ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -
1,352,784
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(က) သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေအတွင်းရှိ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၏ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊
1,352,785
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) ကြီးကြပ်ရေးအဖွဲ့နှင့် ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့တို့၏ ဆုံးဖြတ်ချက်နှင့်အညီ ဤဥပဒေအရ ပေးသွင်းရမည့် မှတ်ပုံတင်ကြေး၊ နှစ်စဉ်ကြေး၊ အခြားအခကြေးငွေနှင့် ဒဏ်ကြေးငွေများကို ကောက်ခံ ခြင်း၊
1,352,786
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဂ) ကြီးကြပ်ရေးအဖွဲ့၊ မှတ်ပုံတင်အရာရှိချုပ်နှင့် ဒုတိယမှတ်ပုံတင်အရာရှိချုပ်များက အခါအားလျော်စွာ ပေးအပ်သော တာဝန်များကို ဆောင်ရွက်ခြင်း။
1,352,787
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၂၄။ မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၁၆ ပုဒ်မခွဲ (ဂ) နှင့် ပုဒ်မခွဲ (စ) တို့အရ ပေးပို့သည့် ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃ဝ အတွင်း မှတ်ပုံတင်ကြေးနှင့် နှစ်စဉ်ကြေးပေးသွင်းစေပြီး မှတ်ပုံတင် လက်မှတ်ကို ထုတ်ပေးရမည်။
1,352,788
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၂၅။ သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပညာရေးမှူးရုံးသည် မှတ်ပုံတင်အရာရှိ၏ ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်၍ မှတ်ပုံတင်အရာရှိ၏ ရုံးလုပ်ငန်းဆိုင်ရာ ကုန်ကျစရိတ်များကိုလည်း ကျခံရမည်။
1,352,789
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၂၆။ တည်ထောင်လိုသူသည် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းတည်ထောင်ဖွင့်လှစ်ရန် မှတ်ပုံတင် လက်မှတ်လျှောက်ထားရာတွင် ဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာနက သတ်မှတ်ထားသော အခြေခံလိုအပ်ချက်များ၊ ကြီးကြပ်ရေးအဖွဲ့၏သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့သို့ လျှောက်ထားရမည်။
1,352,790
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၂၇။ တည်ထောင်လိုသူသည် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လက်မှတ် လျှောက်ထား ရာတွင် အောက်ပါအထောက်အထား၊ စာရွက်စာတမ်းများကို ပူးတွဲတင်ပြရမည် -
1,352,791
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(က) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ သက်ဆိုင်ရာဥပဒေများနှင့်အညီ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းတည်ထောင်ရန် ခွင့်ပြုထားသော အထောက်အထားများ၊
1,352,792
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းအဖြစ်အသုံးပြုမည့် မြေနှင့် အဆောက်အဦ သို့မဟုတ် အဆောက်အဦ ပိုင်ဆိုင်ခွင့် သို့မဟုတ် ငှားရမ်းအသုံးပြုခွင့်ဆိုင်ရာ အထောက်အထားများ၊
1,352,793
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဂ) သတ်မှတ်သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာအတိုင်း သင်ကြားရန် သင်ကြားမှုအစီအစဉ်၊
1,352,794
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဃ) ကျောင်းသား၊ ကျောင်းသူ အဆောင်များထားရှိပါက ကြီးကြပ်ရေးအဖွဲ့၏ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ထားကြောင်း အထောက်အထားများ၊
1,352,795
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(င) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ ပရိဝုဏ်၊ ပတ်ဝန်းကျင်နှင့် စာသင်ခန်းများသည် ဥပဓိရုပ် ကောင်းမွန်ကာ ကျန်းမာရေးနှင့်ညီညွတ်၍ သန့်ရှင်းစင်ကြယ်မှုရှိစေရန် ဆောင်ရွက်ထားကြောင်း အထောက်အထားများ၊
1,352,796
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(စ) အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်များ၊
1,352,797
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဆ) ကျောင်းလုံခြုံရေးနှင့် မီးဘေးကာကွယ်ရေးအစီအစဉ်များ။
1,352,798
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၂၈။ တည်ထောင်သူသည် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ သင်တန်းများကို ဤဥပဒေနှင့်အညီ မှတ်ပုံတင်လက်မှတ်ရရှိသည့်နေ့မှစ၍ တစ်နှစ်အတွင်းဖွင့်လှစ်ရမည်။
1,352,799
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၂၉။ (က) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ မှတ်ပုံတင်သက်တမ်းသည် စတင်ထုတ်ပေးသည့် နေ့မှစ၍ ငါးနှစ်ဖြစ်သည်။
1,352,800
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းသည် မှတ်ပုံတင်လက်မှတ်သက်တမ်းတိုးမြှင့်ခြင်းကို ခွင့်ပြုသက်တမ်းကာလအတွက် အစီရင်ခံစာနှင့်အတူ မှတ်ပုံတင်လက်မှတ်သက်တမ်းမကုန်ဆုံးမီ ခြောက်လကြိုတင်၍ သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့သို့ လျှောက်ထားရမည်။