id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
16,201
Uncategorized
ကထာသလ္လာပသိက္ခာ
(စာလုံးကို "အက္ခရံ" ဟု သုံး၍ ထိုစာလုံး ရေးထားအပ်သော စာရွက် စာလွှာကို "ပဏ္ဏံ" ဟုသုံးသည်)။
16,202
Uncategorized
ကထာသလ္လာပသိက္ခာ
ပေသိတ စေလွှတ်အပ်, ပေးပို့အပ်။
16,203
Uncategorized
ကထာသလ္လာပသိက္ခာ
သာဒရ (သ+အာဒရ)-ရိုသောခြင်းနှင့် တကွဖြစ်။
16,204
Uncategorized
ကထာသလ္လာပသိက္ခာ
(တစ်နည်း) သာဒရ- (သံ+အာဒရ)-အလွန်ရိုသေ။
16,205
Uncategorized
ကထာသလ္လာပသိက္ခာ
(အာဒရော-ရိုသေလေးစားခြင်း)။
16,206
Uncategorized
ကထာသလ္လာပသိက္ခာ
အာရောစယ-လှောက်ထား, ပြော။
16,207
Uncategorized
ကထာသလ္လာပသိက္ခာ
မေတ္တာပုဗ္ဗင်္ဂမ-မေတ္တာရှေးသွားရှိ။
16,208
Uncategorized
ကထာသလ္လာပသိက္ခာ
သမ္ပဋိစ္ဆ- ခံယူ။
16,209
Uncategorized
ကထာသလ္လာပသိက္ခာ
ဉာတ-ဆွေမျိုး။
16,210
Uncategorized
ကထာသလ္လာပသိက္ခာ
သာလောဟိတော-သွေးအားဖြင့်စပ်သူ, သွေးသားတော်စပ် သူ(သားချင်း)။
16,211
Uncategorized
ကထာသလ္လာပသိက္ခာ
အာနုဘာဝေါ-အာနုဘော် (တန်ခိုး)။
16,212
Uncategorized
ကထာသလ္လာပသိက္ခာ
အဟောရတ္တံ-နေ့ည။
16,213
Uncategorized
ကထာသလ္လာပသိက္ခာ
အာရဘ-အားထုတ်။
16,214
Uncategorized
ကထာသလ္လာပသိက္ခာ
သပ္ပါယံ-လျောက်ပတ်။
16,215
Uncategorized
ကထာသလ္လာပသိက္ခာ
အာဝါသသပ္ပါယ-လျောက်ပတ် စောင့်ရှောက်သော မဟာထေရ် (တာဝန်ခံဘုန်းတော်ကြီး)။
16,216
Uncategorized
ကထာသလ္လာပသိက္ခာ
ဥပါယော-နည်းလမ်း။
16,217
Uncategorized
ကထာသလ္လာပသိက္ခာ
ပီဏသရီရော-ပြည့်ဖြိုးသောကိုယ်ရှိ (ဝဖြိုးနေ)။
16,218
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
သင်ခန်းစာ (၄ဝ) ကထိန်ပွဲ
16,219
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
အကျိုးပေး မြဲမြံခိုင်ခံ့သော အလှူ၊ ဘုရားအစရှိသော ပညာရှိတို့က ချီးကျူးသော အလှူမျိုး ကို ကထိန်ဟု ခေါ်သည်။
16,220
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
မြတ်စွာဘုရားရှင်သည် ရဟန်းတော်များအား ကထိန်ခင်းရန် သီတင်းကျွတ် လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အထိ တစ်လ ခွင့်ပြုတော်မူခဲ့သည်။
16,221
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
ဘဒ္ဒဝဂ္ဂီညီနောင် ရဟန်းတော်အပါး ၃၀ ကို အကြောင်းပြု၍ ကထိန် စတင်ဖြစ်ပေါ်ခဲ့သည်။
16,222
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
ထို ရဟန်းတို့သည် ဝါကျွတ်သောအခါ မြတ်စွာဘုရားကို ဖူးမြော်ရန် ပါဝါမြို့မှ မြတ်စွာဘုရားသီတင်းသုံး နေတော်မူရာ သာဝတ္ထိမြို့ သို့ လာခဲ့ကြ၏။
16,223
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
လမ်းခရီးတွင် လေကြီး၊ မိုးကြီး မိခဲ့ကြ၍ သင်္ကန်းများ မိုးရေစိုရွှဲပြီး ရွှံ့ညွှန်များဖြင့် ပေကျံလျက် မြတ်စွာဘုရားကို ဝင်ရောက် ဖူးမြော်ကြသည်။
16,224
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
မြတ်စွာ ဘုရားရှင်သည် ထိုရဟန်းတို့ကို အကြောင်းပြု၍ ပထမ (ပုရိမ) ဝါမှ ထွက်ကြသော ရဟန်းတော် များကို သင်္ကန်းသစ်ရရှိရန် ကထိန်ခင်းခွင့်ပြုတော်မူခဲ့သည်။
16,225
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
ထိုအချိန်မှစ၍ ဗုဒ္ဓဘာသာဝင်များသည် နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော် တစ်ရက်မှ တန်ဆောင်မုန်းလပြည့်အထိ တစ်လအတွင်း ကထိန်သင်္ကန်း ကပ်လှူပွဲများကို ကျင်းပပြုလုပ်ခဲ့ကြသည်။
16,226
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
မြန်မာနိုင်ငံတွင် ကထိန်ပွဲတော်များကို မြို့ရွာအနှံ့အပြား၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။
16,227
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
ထိုသို့ကျင်းပရာတွင် ကထိန်သင်္ကန်းအပြင် ကထိန်အရံပစ္စည်းများကိုလည်း ပဒေသာပင်များ ဖန်းတီး၍ လှူဒါန်းကြသည်။
16,228
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
ထို့နောက် ပဒေသာပင်များကို မြို့ရွာအတွင်း ဆိုင်းသံ ဗုံသံ တညံညံဖြင့် စည်ကား သိုက်မြိုက်စွာ လှည့်လည်၍ ကထိန်ပွဲ ကျင်းပမည့် ဘုန်းတော်ကြီးကျောင်းများသို့ ပို့ဆောင်လှူဒါန်း ကြသည်။
16,229
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
လှူဒါန်းပြီးသောအခါ သံဃာတော်များထံမှ ကထိန်တရား နာယူ၍ လှူဒါန်းမှု အစုစုတို့ကို ရေစက်သွန်းချ အမျှအတန်း ပေးဝေကြသည်။
16,230
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
အလှူရှင်များ ၊ လှူဒါန်းပြီးသော ကထိန်သင်္ကန်းကို သံဃာတော်များက ဝိနည်းစည်းကမ်း အတိုင်း ကထိန်ခင်းခြင်းကိစ္စကို ဆက်လက်ဆောင်ရွက်ကြသည်။
16,231
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
ကထိန်ခင်းသော ရဟန်းတော်များမှာ အကျိုးငါးပါးကို ရရှိတော်မူကြသည်။
16,232
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
ထိုအကျိုးငါးပါးမှာ ...
16,233
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
၁။ အခြားရဟန်းတစ်ပါးပါးကို မပန်ကြားဘဲ မြို့ရွာအတွင်းသို့ သွားနိုင်ခြင်း။
16,234
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
၂။ “မိမိအနီးမှာ ထားလျက် အသုံးပြုမည်”ဟု အဓိဋ္ဌာန်ပြုထားသော သင်္ကန်းသုံးထည်ကို မယူဘဲ မြို့ရွာအတွင်းသို့ လွတ်လပ်စွာ သွားလာနိုင်ခြင်း။
16,235
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
၃။ “ထမင်းစားလာခဲ့ပါ”စသည်ဖြင့် မသင့်လျော်သော ပင့်ဖိတ်နည်းဖြင့် ဆွမ်းစားပင့်သော်လည်း ဘုဉ်းပေးနိုင်ခြင်း။
16,236
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
၄။ “မိမိအနီးမှာ ထားလျက် အသုံးပြုမည်”ဟု အဓိဋ္ဌာန်လည်းမပြု၊ “မိမိအသုံးမပြုတော့”ဟု ဝိကပ္ပနာလည်း မပြုသော သင်္ကန်းကို အလိုရှိတိုင်း သိမ်းထားနိုင်ခြင်း။
16,237
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
၅။ ကထိန်ခင်းရာ ကျောင်းတိုက်အတွင်း၌ ဖြစ်ပေါ်လာသော သင်္ကန်းများကို ကထိန်ခင်းသော ရဟန်းများသာ သုံးစွဲခွင့် ရရှိခြင်းတို့ ဖြစ်သည်။
16,238
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
ကထိန်ခင်းသော ရဟန်းတော်များသည် အထက်ပါ အကျိုးငါးပါးကို သီတင်းကျွတ်လပြည့်ကျော် တစ်ရက်မှ တပေါင်းလပြည့်နေ့အထိ ငါးလ ရရှိတော်မူကြသည်။
16,239
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
ရဟန်းတော်များကဲ့သို့ ကထိန် သင်္ကန်းအလှူရှင်များလည်း အကျိုးခြောက်ပါး ရရှိနိုင်သည်ဟု ရှေးပညာရှင်များက ဆိုကြသည်။
16,240
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
ထိုအကျိုးခြောက်ပါးမှာ...
16,241
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
(၁) သွားလေရာအရပ်တို့၌ အနှောင့်အယှက်မရှိ ဘေးကင်းစွာ သွားရခြင်း။
16,242
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
(၂) မိမိပိုင်ပစ္စည်းများကို ရန်သူတို့ မဖျက်ဆီးနိုင်ခြင်း။
16,243
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
(၃) စားကောင်းသောက်ဖွယ် အထူးပေါများ၍ အစားအတွက် ဘေးမဖြစ်နိုင်၊ အစာအဆိပ် မသင့်နိုင်ခြင်း။
16,244
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
(၄) မိမိပိုင်ပစ္စည်းများကို ကာလကြာမြင့်စွာ မေ့လျော့နေသော်လည်း မဆုံးပါးနိုင်ခြင်း။
16,245
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
(၅) စီးပွားရှာရာတွင် လွယ်ကူခြင်း။
16,246
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
(၆) ရုပ်ရည်အဆင်း လှပခြင်းတို့ ဖြစ်သည်။
16,247
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
ထိုကဲ့သို့ ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များအတွက်ပါ အကျိုးများသော ကထိန်အလှူပွဲကို သနမဖက် ဖြူစင်သော စေတနာ သက်သက်ဖြင့် ကျင်းပပြီး ကုသိုလ်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အကျိုး အမြတ်များ ပို၍ ထွန်းကားလာစေရန် ဗုဒ္ဓဘာသာဝင်အားလုံး ကြိုးစားဆောင်ရွက် သင့်ကြပေသည်။
16,248
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
ကထိန်ပွဲ သာယာတဲ့ကောင်းကင် ကြည်ပြာပြာ
16,249
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
ဆီမီးမြိုင်မြိုင် အရောင်စုံဖြာ
16,250
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
တန်ဆောင်မုန်း ရာသီအခါ
16,251
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
ရွှင်ပျော်ပျော် ပြုံးကာ ကြည်လင်စွာ
16,252
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
ပီတိဝေဖြာ စိတ်နှလုံးသာ ကြည်နူးမင်္ဂလာအခါ
16,253
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
မြန်မာ့ဓလေ့ ကုသိုလ် သဒ္ဓါပိုပို
16,254
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
လှူဖွယ်စုံစုံ ဗုဒ္ဓဘာသာရဲ့ ထူးခြားတဲ့အလှူ
16,255
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
ကထိန်ရာသီကထိန်ပွဲ နွှဲကြပါစို့ကွယ်။
16,256
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
အိမ်ပြန်မယ်
16,257
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
ဓမ္မစကူးလ်ကကွယ် အိမ်ပြန်မယ် ... ဘုရားဝတ်ပြုကြစို့ကွယ် .. ။
16,258
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
ဘုန်းဘုန်း (ဆရာလေး) ကိုလည်း ကန်တော့မယ် ... ။
16,259
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
ဆရာမကိုလည်း ကန်တော့မယ် ... နှုတ်ဆက်ကြစို့ကွယ် ...။
16,260
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
ဓမ္မစကူးလ်ကကွယ် အိမ်ပြန်မယ် .... ပစ္စည်းတွေလည်း သိမ်းစို့ကွယ် ... ။
16,261
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
ဟိုဟိုဒီဒီလည်း မသွားဘူးကွယ် ... ရန်လည်းမဖြစ်ဘူးကွယ် ... ။
16,262
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
အိမ်ကို အရောက်ပြန်မယ် ... ။
16,263
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
ဓမ္မစကူးလ်ကကွယ် အိမ်ပြန်မယ် ... သူငယ်ချင်းတွေလည်း နှုတ်ဆက်မယ် ... ။
16,264
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
ကျောင်းလည်း မပျက်ဘူးကွယ် .. နောက်တစ်ပတ်တွေ့ ကြမယ် ... ... ။
16,265
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ
တာ့တာ တာ့တာကွယ် ... အို .... တာ့တာ တာ့တာကွယ်
16,266
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
သင်ခန်းစာ (၄၀)
16,267
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
။ ကထိန်ပွဲ
16,268
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
။ ကထိန်ပွဲ စတင်ဖြစ်ပေါ်လာပုံနှင့် ကထိန်ခင်း၍ ရသောအကျိုးကို သိရှိစေရန်။
16,269
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
။ မြန်မာဆယ့်နှစ်လနှင့် ပွဲတော်အမည်ရေးထားသော ကတ်ပြားများ။
16,270
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
֍ အောက်ပါလုပ်ငန်းဖြင့် စာသင်ချိန်ကို စတင်ပါ။
16,271
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
မြန်မာဆယ့်နှစ်လ အမည်များ ရေးသားထားသော ကတ်ပြားများနှင့် လအလိုက် ပွဲတော်များ ရေးသားထားသော ကတ်ပြားများကို ကလေးများအား ဝေပေးပါ။
16,272
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
ထို့နောက် ကလေးများသည် လ အမည်နှင့် ပွဲတော်တူရာကို ရှာ၍ နှစ်ယောက်တစ်တွဲ တွဲပါစေ။
16,273
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
(ကလေးအရေအတွက်အတိုင်း ကတ်ပြားများကို ဆရာက စီစဉ်ထားပါ။
16,274
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
တန်ခူးလ သင်္ကြန်ပွဲတန်ဆောင်မုန်းလ ကထိန်ပွဲ
16,275
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
֍ နှစ်ယောက်တစ်တွဲ တွဲပြီးသောအခါ သင့်လျော်သောနေရာတွင်နေ၍ မိမိလက်ထဲရှိ လနှင့်ပွဲတော် အကြောင်းကို ဆွေးနွေးစေပြီး ပြန်လည်တင်ပြပါစေ။
16,276
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
(အထက်ပါအတိုင်း အတွဲအားလုံးတင်ပြပါစေ၊ လအမည်နှင့်ပွဲတော် တူညီ နေသော အတွဲများသည် ရှေ့ကတင်ပြသွားသောအတွဲနှင့် မတူသောအကြောင်းအရာများ ပါမှသာ ဖြည့်စွက်တင်ပြ ပါစေ။
16,277
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
) ֍ အတွဲအားလုံး ပြောပြီးသောအခါ “နောက်စာသင်ချိန်မှာ တန်ဆောင်မုန်းလ ကထိန်ပွဲတော်အကြောင်းကို ဆက် လက်ဆွေးနွေးကြမယ်”ဟု ပြောပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။
16,278
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
။ ကျောင်းသားကိုင်စာအုပ်ပါ ကထိန်ပွဲအကြောင်းနှင့် သရုပ်ဖော်ပုံများ။
16,279
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
֍ ကလေးများအားလုံး ကထိန်ပွဲအကြောင်းကို ဖတ်ကြပါစေ။
16,280
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
ကထိန်ပွဲ အကျိုးပေး မြဲမြံခိုင်ခံ့သော အလှူ၊ ဘုရားအစရှိသော ပညာရှိတို့က ချီးကျူးသော အလှူမျိုးကို ကထိန်ဟု ခေါ်သည်။
16,281
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
မြတ်စွာဘုရားရှင်သည် ရဟန်းတော်များအား ကထိန်ခင်းရန် သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လ ခွင့်ပြုတော်မူခဲ့သည်။
16,282
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
ဘဒ္ဒဝဂ္ဂီညီနောင် ရဟန်းတော်အပါး ၃၀ကို အကြောင်းပြု၍ ကထိန်စတင်ဖြစ်ပေါ်ခဲ့သည်။
16,283
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
ထိုရဟန်းတို့သည် ဝါကျွတ်သောအခါ မြတ်စွာဘုရားကို ဖူးမြော်ရန် ပါဝါမြို့မှ မြတ်စွာဘုရား သီတင်းသုံးနေတော်မူရာ သာဝတ္ထိမြို့သို့ လာခဲ့ကြ၏။
16,284
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
လမ်းခရီးတွင် လေကြီး၊ မိုးကြီး မိခဲ့ကြ၍ သင်္ကန်းများ မိုးရေစိုရွှဲပြီး ရွှံ့ညွှန်များဖြင့် ပေကျံလျက် မြတ်စွာဘုရားကို ဝင်ရောက်ဖူးမြော်ကြသည်။
16,285
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
မြတ်စွာဘုရားရှင်သည် ထိုရဟန်းတို့ကို အကြောင်းပြု၍ ပထမ (ပုရိမ)ဝါမှ ထွက်ကြသော ရဟန်းတော်များကို သင်္ကန်းသစ်ရရှိရန် ကထိန်ခင်းခွင့်ပြုတော်မူခဲ့သည်။
16,286
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
ထိုအချိန်မှစ၍ ဗုဒ္ဓဘာသာဝင်များသည် နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော် တစ်ရက်မှ တန်ဆောင်မုန်း လပြည့် အထိ တစ်လအတွင်း ကထိန်သင်္ကန်း ကပ်လှူပွဲများကို ကျင်းပပြုလုပ်ခဲ့ကြသည်။
16,287
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
ထိုသို့ကျင်းပရာတွင် ကထိန်သင်္ကန်းအပြင် ကထိန် အရံပစ္စည်းများကိုလည်း ပဒေသာပင်များ ဖန်တီး၍ လှူဒါန်းကြသည်။
16,288
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
ထို့နောက် ပဒေသာပင်များကို မြို့ရွာအတွင်း ဆိုင်းသံဗုံသံ တညံညံဖြင့် စည်ကားသိုက်မြိုက်စွာ လှည့်လည်၍ ကထိန်ပွဲကျင်းပမည့် ဘုန်းတော်ကြီးကျောင်းများသို့ ပို့ဆောင် လှူဒါန်းကြသည်။
16,289
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
လှူဒါန်းပြီးသောအခါ သံဃာတော်များထံမှ ကထိန်တရားနာယူ၍ လှူဒါန်းမှု အစုစုတို့ကို ရေစက်သွန်းချ အမျှအတန်း ပေးဝေကြသည်။
16,290
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
အလှူရှင်များ လှူဒါန်းပြီးသောကထိန်သင်္ကန်းကို သံဃာတော်များက ဝိနည်းစည်းကမ်းအတိုင်း ကထိန်ခင်း ခြင်းကိစ္စကို ဆက်လက်ဆောင်ရွက်ကြသည်။
16,291
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
ထိုအကျိုးငါးပါးမှာ ...၁။
16,292
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
အခြားရဟန်းတစ်ပါးပါးကို မပန်ကြားဘဲ မြို့ရွာအတွင်းသို့ သွားနိုင်ခြင်း။
16,293
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
၂။ “မိမိအနီးမှာ ထားလျက် အသုံးပြုမည်”ဟု အဓိဋ္ဌာန်ပြုထားသော သင်္ကန်းသုံးထည်ကို မယူဘဲ မြို့ရွာ အတွင်းသို့ လွတ်လပ်စွာ သွားလာနိုင်ခြင်း။
16,294
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
၃။ “ထမင်းစားလာခဲ့ပါ” စသည်ဖြင့် မသင့်လျော်သော ပင့်ဖိတ်နည်းဖြင့် ဆွမ်းစားပင့်သော်လည်း ဘုဉ်းပေးနိုင်ခြင်း။
16,295
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
၅။ ကထိန်ခင်းရာ ကျောင်းတိုက်အတွင်း၌ ဖြစ်ပေါ်လာသော သင်္ကန်းများကို ကထိန်ခင်းသော ရဟန်းများသာ သုံးစွဲခွင့် ရရှိခြင်းတို့ဖြစ်သည်။
16,296
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
ကထိန်ခင်းသော ရဟန်းတော်များသည် အထက်ပါ အကျိုးငါးပါးကို သီတင်းကျွတ်လပြည့်ကျော် တစ်ရက်မှ တပေါင်းလပြည့်နေ့အထိ ငါးလရရှိတော်မူကြသည်။
16,297
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
ရဟန်းတော်များကဲ့သို့ ကထိန်သင်္ကန်း အလှူရှင်များလည်း အကျိုး ခြောက်ပါး ရရှိနိုင်သည်ဟု ရှေးပညာရှင်များက ဆိုကြသည်။
16,298
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
ထိုအကျိုးခြောက်ပါးမှာ...၁။
16,299
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
သွားလေရာအရပ်တို့၌ အနှောင့်အယှက်မရှိ ဘေးကင်းစွာသွားရခြင်း၊၂။
16,300
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
မိမိပိုင်ပစ္စည်းများကို ရန်သူတို့ မဖျက်ဆီးနိုင်ခြင်း။