id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
16,301
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
၃။ စားကောင်းသောက်ဖွယ် အထူးပေါများ၍ အစားအတွက် ဘေးမဖြစ်နိုင်၊ အစာအဆိပ် မသင့်နိုင်ခြင်း။
16,302
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
၄။ မိမိပိုင်ပစ္စည်းများကို ကာလကြာမြင့်စွာ မေ့လျော့နေသော်လည်း မဆုံးပါးနိုင်ခြင်း။
16,303
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
၅။ စီးပွားရှာရာတွင် လွယ်ကူခြင်း။
16,304
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
၆။ ရုပ်ရည်အဆင်း လှပခြင်းတို့ဖြစ်သည်။
16,305
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
ထိုကဲ့သို့ ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များအတွက်ပါ အကျိုးများသော ကထိန်ခင်းခြင်းအလှူပွဲကို ပကာသန မဖက် ဖြူစင်သော စေတနာသက်သက်ဖြင့် ကျင်းပပြီး ကုသိုလ်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အကျိုးအမြတ်များ ပို၍ ထွန်းကားလာစေရန် ဗုဒ္ဓဘာသာဝင်အားလုံး ကြိုးစားဆောင်ရွက်သင့်ပေသည်။
16,306
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
ဆယ့်နှစ်ရာသီ မြန်မာ့ရိုးရာ ပွဲတော်များ၊ ဦးအေးနိုင် (ဘီအေ)။
16,307
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
ဝိ၊ဋ္ဌ၊၄၊၁၄၇၊ ၂၁၃။
16,308
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
ဝိ၊ဋ္ဌ၊၅၊၃၀၉။
16,309
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
֍ အောက်ပါမေးခွန်းများ မေးပါ။
16,310
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
-ကထိန်ပွဲတော်ကို ဘယ်လမှာ ကျင်းပကြတာလဲ။
16,311
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
-ကထိန်ရဲ့အဓိပ္ပာယ်က ဘာလဲ။
16,312
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
-ကထိန်ဖြစ်ပေါ်လာရတဲ့အကြောင်းကို ပြောပြပါ။
16,313
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
-ကထိန်သင်္ကန်းကပ်လှူပွဲတွေကို ဘယ်ရက်တွေမှာ ပြုလုပ်ကြတာလဲ။
16,314
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
-ကထိန်သင်္ကန်းလှူရင် ဘယ်လိုအကျိုးတွေရနိုင်သလဲ။
16,315
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
֍ မေးခွန်းများမေးပြီးလျှင် ကထိန်သင်္ကန်းလှူခြင်းကြောင့် ရနိုင်သောအကျိုးတရား ခြောက်ပါးကို ကလေးများ၏ မှတ်စု စာအုပ်ထဲတွင် ကူးရေးကြပါစေ။
16,316
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
။ စာရွက်ကြီးများနှင့် ကထိန်ပွဲ တေးကဗျာ။
16,317
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
֍ ကလေးများအား အုပ်စု (၅) စုဖွဲ့၍ “ကထိန်ခင်းမယ်ဆိုရင် ဘာတွေလုပ်ဖို့ လိုအပ်မလဲ”ဆိုသည်ကို စဉ်းစား ဆွေးနွေးပါစေ။
16,318
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
ဆွေးနွေးရေးသားချက်များကို အောက်ပါပုံစံအတိုင်း ရေးသားဖော်ပြပါစေ။
16,319
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
(မိမိအရပ်ဒေသနှင့် ကိုက်ညီသော ကထိန်ခင်းပုံအတိုင်း လိုအပ်သောအချက်များကို ထည့်သွင်း ရေးသားနိုင်ပါသည်။
16,320
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
) ပဒေသာပင်ဘုန်းကြီးကျောင်းကထိန်ခင်းရန် လိုအပ်သော အရာများကထိန်အလှူ
16,321
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
֍ ဆွေးနွေးထားသည်များကို အုပ်စုကိုယ်စားလှယ် တစ်ဦးစီက ပြန်လည်ပြောပြကြပြီး သင်ပုန်းပေါ်တွင် ကပ်ကြပါ
16,322
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
֍ ထို့နောက် ကလေးများဆွေးနွေးထားသည်များကို ဆရာကအသိအမှတ်ပြုပြီး အောက်ပါကဗျာကို ရွတ်ဆိုစေခြင်းဖြင့် စာသင်ချိန်ကို အဆုံးသတ်ပါ။
16,323
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
ကထိန်ပွဲ သာယာတဲ့ကောင်းကင် ကြည်ပြာပြာဆီမီးမြိုင်မြိုင် အရောင်စုံဖြာတန်ဆောင်မုန်း ရာသီအခါရွှင်ပျော်ပျော်ပြုံးကာ ကြည်လင်စွာပီတိဝေဖြာ စိတ်နှလုံးသာ ကြည်နူးမင်္ဂလာအခါမြန်မာ့ဓလေ့ ကုသိုလ် သဒ္ဓါပိုပိုလှူဖွယ်စုံစုံ ဗုဒ္ဓဘာသာရဲ့ ထူးခြားတဲ့အလှူကထိန်ရာသီကထိန်ပွဲ နွှဲကြပါစို့ကွယ်။
16,324
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
။ စာရွက်လွတ်များ။
16,325
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
֍ ကလေးများကို မိမိတို့ကြိုက်သော ပန်းအမည်များဖြင့် အုပ်စု (၅) စု ဖွဲ့ပါ။
16,326
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
֍ ထို့နောက် အုပ်စုတိုင်းကို စာရွက်လွတ်များပေး၍ ပဒေသာပင်ပုံ ဆွဲကြပါစေ။
16,327
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
֍ ပဒေသာပင်ပုံဆွဲပြီးလျှင် မိမိတို့လှူချင်သော လှူဖွယ်ပစ္စည်းများကို ပုံဆွဲ၍ ပဒေသာပင်တွင် ကပ်ကြပါစေ။
16,328
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
ဥပမာ- ထီးလှူချင်သောကလေးက ထီးပုံဆွဲ၍ကပ်ပြီး ဖိနပ်လှူချင်သော ကလေးက ဖိနပ်ပုံဆွဲ၍ ကပ်ကြပါစေ။
16,329
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
֍ ပဒေသာပင်တွင် ပစ္စည်းအမျိုးစုံ ပါဝင်နိုင်အောင် ဆရာက အုပ်စုများကို လှည့်လည်ကြည့်ရှု ဆွေးနွေးပေးပါ။
16,330
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
֍ ကလေးများအားလုံး မိမိလှူချင်သော ပစ္စည်းများဖြင့် ပဒေသာပင်ကို ပုံဖော်ပြီးလျှင် ကထိန်သင်္ကန်း လှူဒါန်းခြင်း၏ အကျိုးခြောက်ပါးကို ပုံအောက်တွင် ရေးကြပါစေ။
16,331
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
ထို့နောက် ဆရာက “သားတို့သမီးတို့ ... ကထိန်ပွဲဟာ ဗုဒ္ဓဘာသာတို့ရဲ့ ရိုးရာဓလေ့ပွဲတော်တစ်ခု ဖြစ်တယ်၊ ဒီရိုးရာပွဲတော်ဟာ အစဉ်အလာကြီးမားပြီး ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတို့အပေါ် အများကြီး အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ သိခဲ့ရပြီ။
16,332
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
ကထိန်သင်္ကန်း လှူဒါန်းခြင်းကြောင့် ရရှိတဲ့အကျိုးတွေကိုလည်း သိကြပြီ။
16,333
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကထိန်ပွဲ (ဆရာ)
ကိုယ်တိုင်လည်း ဓမ္မစကူးလ် ကထိန်ပဒေသာပင်မှာ ချိတ်ဆွဲလှူဒါန်း မယ့် ပစ္စည်းတွေကိုလည်း စိတ်ကူးစဉ်းစားခဲ့ကြပြီးပြီ၊ ဒီတော့ သားတို့သမီးတို့ ဓမ္မစကူးလ် ကထိန်ပွဲတော်မှာ လှူဒါန်းချင်တဲ့ သင်္ကန်းတွေ၊ လှူဖွယ်ဝတ္ထုပစ္စည်းတွေကို ကိုယ်စီကိုယ်စီ ယူလာကြပြီးနောက်တစ်ပတ်ကျရင် ကထိန်ပွဲတော်ကို လက်တွေ့ဆင်နွှဲကြမယ်”ဟု ပြော၍ သင်ခန်းစာကို အဆုံ...
16,334
ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ်
ကနီမင်းနော်ရထာ ကျောက်စာ
၁၁“သဗ္ဗသတ္တဝာ ခပ်သိမ်သော လူနတ်
16,335
ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ်
ကနီမင်းနော်ရထာ ကျောက်စာ
၁၂ ဗြုဟ္မာသတ္တဝာတိုဝ်အာ ရစိယ်တတ်သော ဖုရာဆုကိုဝ် လိုဝ်ချင်သောကြောင်၊ ဖုရှာနှစ်သက်စုံမ်မက်....
16,336
ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ်
ကနီမင်းနော်ရထာ ကျောက်စာ
၁၃ .. လျက်၊ သက်ခဲနတ်ရွာ ခန္ဓာလွန်သော၊ မန္ဒတ်မင်လိုဝ် နတ်ရွာချံသာသုံပါ ရငြာကိုဝ်တဝ် ဖြစ်ရလိုဝ်ဟု
16,337
ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ်
ကနီမင်းနော်ရထာ ကျောက်စာ
၁၄ ၊စကိုင်ကြီမ္လောက်ပါ တောင်လွဲမည်သော ဖွာ၎္တက္လောင်၏ မနီမဝေသောအရပ်နှိုက်၊ သာ၎္တကိုဝ်စာ
16,338
ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ်
ကနီမင်းနော်ရထာ ကျောက်စာ
၁၅ မဟာဝိဟာရမည်သော က္လောင်ကြီအသီပ္လု၏။
16,339
ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ်
ကနီမင်းနော်ရထာ ကျောက်စာ
” [သဗ္ဗသတ္တဝါခပ်သိမ်းသော လူနတ်ဗြဟ္မာသတ္တဝါတို့အား ရစေတတ်သောဘုရားဆုကို လိုချင်သောကြောင့် ဘုရား နှစ်သက်စုံမက် ............ လျက် သက်ခဲ့နတ်ရွာ ခန္ဓာလွန် သော် မန္ဓာတ်မင်းလို နတ်ရွာချမ်းသာသုံးပါး ရငြား ကိုယ်တော်ဖြစ်ရလိုဟု စစ်ကိုင်းကြီးမြောက်ပါးတောင်လွဲ မည်သော ဘွားတော်ကျောင်း၏ မနီးမဝေးသောအရပ် ၌ သားတော်ကိုယ်စား မဟာဝိဟာရမည်သော ...
16,340
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ
သင်ခန်းစာ (၃၈)
16,341
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ
ကန္တာရကုန်သည်များ
16,342
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ
ကန္တာရခရီးကို သွားကြသော ကုန်သည်များသည် ကန္တာရကို လွန်မြောက်ခါနီးတွင် ပါလာ သမျှ ရေများကို အကုန်သုံးလိုက်ကြသည်။
16,343
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ
ညအချိန် ကုန်သည်များ အိပ်ပျော်နေကြစဉ် နွားများက လှည်းများကို နောက်ပြန်ဆွဲသွားကြသောကြောင့် ကန္တာရအတွင်းသို့ ပြန်ရောက်သွားကြ၏။
16,344
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ
ကုန်သည်များသည် ရေပြတ်လပ်၍ ရေတွင်းတူးကြသည်။
16,345
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ
ကျောက်ဖျာကြီး ခံနေသဖြင့် ဆက်၍ မတူတော့ဘဲ လက်လျှော့လိုက်ကြ၏။
16,346
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ
သို့သော် ခေါင်းဆောင်ကုန်သည်နှင့် တပည့်တို့က ဇွဲကောင်းစွာဖြင့် ကျောက်ဖျာကြီးကို ရိုက်ခွဲကြသည်။
16,347
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ
ကျောက်ဖျာကြီး ကွဲကာ ရေတွေ ပန်းထွက်လာ၏။
16,348
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ
ဇွဲမလျှော့သော ခေါင်းဆောင် ကုန်သည်၏ လုံ့လဝီရိယကြောင့် ရေရရှိကာ ကုန်သည် အားလုံး ပျော်ရွှင်ခဲ့ကြလေသည်။
16,349
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
သင်ယူမှုဦးတည်ချက် ။
16,350
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
။ ဇွဲရှိရှိနှင့် ကြိုးစားလျှင် အရာရာအောင်မြင်နိုင်ကြောင်းသိရှိစေရန်။
16,351
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
စာသင်ချိန် (၁) ။
16,352
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
။ ၃ဝ မိနစ်
16,353
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
သင်ထောက်ကူပစ္စည်း ။
16,354
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
။ မရှိ။
16,355
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
֍အောက်ပါ မေးခွန်းများကို မေးပြီး စာသင်ချိန်ကို စတင်ပါ။
16,356
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
-ကလေးတို့ ကြီးလာရင် ဘာလုပ်ချင်သလဲ။
16,357
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
ဘာဖြစ်ချင်ကြသလဲ။
16,358
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
-ဖြစ်ချင်တာကိုရအောင် ဘယ်လိုကြိုးစားရမလဲ။
16,359
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
-ကြိုးစားတယ်ဆိုတဲ့စကားကို နားလည်လား။
16,360
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
-ကြိုးစားတယ်ဆိုတာကို နောက်တစ်မျိုး ဘယ်လိုပြောသေးလဲ။
16,361
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
(ကလေးများမှ “ဇွဲ ဆိုသော စကားလုံး ရလာတဲ့အထိ ဆရာက လမ်းကြောင်းပေးပါ။
16,362
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
) ֍ကလေးငယ်များထဲမှ သိသောသူရှိလျှင် သူတို့၏ ထင်မြင်ချက်များကို သူတို့နားလည် သလောက် လွတ်လပ်စွာ ပြောပါစေ။
16,363
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
မပြောနိုင်လျှင် သို့မဟုတ် ပြောသော်လည်း အဓိပ္ပာယ်လွဲနေလျှင် ဆရာကဖြည့်စွက်ရှင်းပြပါ။
16,364
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
֍ကလေးများအားလုံး ပါဝင်အောင် ဆရာက တိုက်တွန်းပါ။
16,365
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
֍အချိန်ရပါက ကလေးများကိုယ်တိုင် ကြိုးစားလုပ်ဖူးသော အလုပ်များရှိပါက ပြောတတ် သလို ပြောပါစေ။
16,366
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
။ ကန္တာရကုန်သည်များ ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။
16,367
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
֍“သားတို့၊ သမီးတို့ ဇွဲရှိတယ်ဆိုတာကို နားလည်သွားကြပြီနော်၊ အခု အရမ်းဇွဲကောင်းတဲ့ လှည်းကုန်သည်နှစ်ဦးအကြောင်းကို ပြောပြမယ်နော်”ဟု အစချီပြီး အောက်ပါ ကန္တာရ ကုန်သည်များ ဇာတ်လမ်းကို ဟန်ပန်အမူအရာ၊ အသံနေအသံထားဖြင့် စိတ်ဝင်စားဖွယ် ဖြစ်အောင် ပြောပြပါ။
16,368
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
֍ဇာတ်လမ်း၏ အချို့နေရာများတွင် “ဘာဆက်ဖြစ်မယ်ထင်လဲ”ဟူသော ခန့်မှန်းမေးခွန်း များကိုမေးပြီး ကလေးများ၏ စိတ်ဝင်စားမှုကို နှိုးဆွပေးပါ။
16,369
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
֍ကလေးများ၏ ထင်မြင်ချက်များကို အသိအမှတ်ပြုပေးပြီး “ကဲ သားတို့၊ သမီးတို့ ခန့်မှန်းထားတာ မှန်လားဆိုတာကို သိရအောင် ဆက်နားထောင်ကြည့်ပါဦး” ဆိုကာ ဇာတ် လမ်းကို ဆက်လက်ပြောကြားပါ။
16,370
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
ကုန်သည်တစ်စုဟာ သဲကန္တာရတစ်ခုကို လှည်းအစီးပေါင်းများစွာနဲ့ ဖြတ်ကျော်ခဲ့ကြ ပါတယ်။
16,371
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
သဲကန္တာရဟာ နေ့ခင်းမှာ ပူပြင်းလွန်းလို့ ညကျမှ ခရီးသွားရပါတယ်။
16,372
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
သူတို့ဟာ လမ်းပြတစ်ယောက်ကိုလည်း ငှားရမ်းခဲ့ကြတယ်။
16,373
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
ကန္တာရကို လွန်မြောက်ဖို့ တစ်ညပဲလိုတော့ တာကို လမ်းပြက အသိပေးလိုက်တယ်။
16,374
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
လှည်းသမားတွေဟာ ပျော်ရွှင်သွားပြီး ပါလာတဲ့ရေ တွေ၊ ထင်းတွေကို အဲဒီနေ့မှာ အကုန်လုံး သုံးစွဲပစ်လိုက်ကြတယ်။
16,375
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
လမ်းပြသမားလည်း အိပ်ရေးပျက်တဲ့ညတွေများခဲ့တော့ ပင်ပန်းပြီး အိပ်ပျော်သွားပါ တယ်။
16,376
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
လှည်းတွေက တစ်ညလုံး နောက်ပြန်လှည့်သွားလိုက်တာကို သတိမထားမိကြဘူး။
16,377
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
မိုးလင်းခါနီးမှ လမ်းပြသမားလည်း လန့်နိုးလာတယ်။
16,378
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
ထိတ်လန့်တကြားနဲ့ လှည်းတွေအားလုံး ချက်ချင်းရပ်ဖို့ ပြောလိုက်တယ်။
16,379
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
လှည်းသမားတွေအားလုံး ထိတ်လန့်သွားကြတယ်။
16,380
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
တဖြည်း ဖြည်းနဲ့ နေထွက်လာပြီး ပူပြင်းလာပါပြီ။
16,381
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
လှည်းတွေကို စက်ဝိုင်းပုံဖွဲ့ထားပြီး အပေါ်ကနေ အမိုး မိုးကာ အရိပ်ရအောင် မဏ္ဍပ်ထိုးလိုက်ကြပါတယ်။
16,382
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
ရေမရရင် အကုန်လုံး ကန္တာရထဲမှာ သေဆုံးရမယ့် အခြေအနေဖြစ်လာခဲ့ပါပြီ။
16,383
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
ကန္တာရထဲမှာ ရေတွင်းတူးနိုင်မယ့်နေရာ လိုက်ရှာကြပါတယ်။
16,384
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
မြက်ရိုင်းတွေ အနည်း ငယ်ပေါက်နေတဲ့ နေရာတစ်ခုကို တွေ့ ခဲ့ကြပါတယ်။
16,385
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
ခေါင်းဆောင်ဖြစ်သူက အဲ့ဒီနေရာမှာ ရေတွင်းကို တူးခိုင်းပါတယ်။
16,386
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
မြေတူးတဲ့သူက တူး၊ မြေသယ်တဲ့သူက သယ်ပြီး တစ်ယောက် တစ်လက် ဝိုင်းပြီးလုပ်ကြရာ အတောင်များစွာ နက်လာခဲ့တယ်။
16,387
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
ရေကို မတွေ့ သေးပေမဲ့လည်း ရေဓာတ်ကို ရနေတဲ့အတွက် စိတ်အားထက်သန်ပြီး တူးကြတယ်။
16,388
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
တူးရင်းတူးရင်းနဲ့ ကျောက် ဖျာကြီးတစ်ခုနဲ့ သွားတိုးကြတယ်။
16,389
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
ဆက်ပြီးတူးဖို့ လက်လျှော့လိုက်ကြတယ်။
16,390
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
အကုန်လုံး ခြေကုန်လက်ပန်းကျပြီး လှည်းတွေရှိရာကို ပြန်သွားခဲ့ကြတယ်။
16,391
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
ခေါင်းဆောင်နဲ့ ခွန်အားဗလ ကောင်းတဲ့ လူငယ်တစ်ယောက်ပဲ ကျန်နေခဲ့ကြတယ်။
16,392
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
သူတို့ကတော့ အလုပ်တစ်ခုကို ဘယ် တော့မှ လက်မလျှော့တတ်ကြဘူး။
16,393
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
ခေါင်းဆောင်ဖြစ်သူက တွင်းထဲဆင်းပြီး စူးစမ်းလေ့လာတယ်။
16,394
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
ကျောက်ဖျာကို နားနဲ့ ကပ်ပြီး နားထောင်ကြည့်တော့ အောက်ကရေစီးသံ ခပ်သဲ့သဲ့ကြားရတယ်။
16,395
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
ခွန်အားဗလ ကောင်းတဲ့ လူငယ်ကို ဇွဲသတ္တိမလျှော့ဖို့အားပေးရင်း သံတူနဲ့ ကျောက်ဖျာကို ရိုက်ခွဲခိုင်းတယ်။
16,396
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
လူငယ်ဟာ ကျောက်ဖျာပေါ်မှာ တောင့်တောင့်မတ်မတ် ရပ်လိုက်တယ်။
16,397
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
ပြီးတော့ သံတူအရိုး ကို လက်နှစ်ဖက်နဲ့ သေချာချိန်ပြီး မိမိရရကိုင်ကာ ခေါင်းပေါ်ရောက်အောင် မြှောက်လိုက်ပြီး ရှိသမျှစွမ်းအားနဲ့ ကျောက်ဖျာကို ထုခွဲလိုက်တယ်။
16,398
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
ကျောက်ဖျာဟာ ထက်ပိုင်းကွဲပြီး ရေတွေ အပေါ်ကို ပန်းတက်လာတော့တယ်။
16,399
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
လူငယ်လေးလည်း အလျင်အမြန် တွင်းပေါ်တက်လာ ရတယ်။
16,400
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကန္တာရကုန်သည်များ (ဆရာ)
အားလုံးပဲ ဝမ်းသာအားရနဲ့ ပျော်ပျော်ရွှင်ရွှင် ရေတွေသောက်၊ အားပါးတရ ရေတွေ ချိုးကြနဲ့ ပူပြင်းတဲ့ကန္တာရထဲမှာ ချက်ချင်းပဲ ဆူညံသွားတယ်။