id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
17,801
Uncategorized
ကဗျာဥယျာဉ်
အဲဒါကြောင့် ပေါင်းကြ ဖော်ကြ ဗုဒ္ဓ မိန့်တော်မူ။
17,802
Uncategorized
ကဗျာဥယျာဉ်
ကောင်းကျိုးရဖို့ စာဖတ်စို့
17,803
Uncategorized
ကဗျာဥယျာဉ်
လူကိုစိတ်က ဦးဆောင်တယ်စိတ်ကောင်းထားပါကွယ်စိတ်ကို ဦးဆောင် တာကတော့အသိညာဏ်ပညာပေါ့
17,804
Uncategorized
ကဗျာဥယျာဉ်
ပညာကိုတော့ ဦးဆောင်တာဗဟုသုတပါသူ့ကို ဦးဆောင်တာကတော့စာအုပ်စာပေပေါ့
17,805
Uncategorized
ကဗျာဥယျာဉ်
မမေ့မလျော့ စာအုပ်တွေများများ ဖတ်ပါလေဖတ်ပြီးခါလေ အသုံးချဒါမှ ကောင်းကျိုးရ
17,806
Uncategorized
ကဗျာဥယျာဉ်
ကိုယ့်အား ကိုယ်ကိုး
17,807
Uncategorized
ကဗျာဥယျာဉ်
ညီမလေးငယ် ညီလေးငယ်ကိုယ့်ကိုယ်သာ အားကိုးကွယ်ကိုယ့်ကိုယ်သာ ကိုယ်အားကိုးအစဉ်အမြဲ ကောင်းကျိုးတိုး။
17,808
Uncategorized
ကဗျာဥယျာဉ်
ကောင်း-မကောင်းကျိုးရတာဟာသူတစ်ပါးနဲ့ မဆိုင်ပါ။
17,809
Uncategorized
ကဗျာဥယျာဉ်
ကိုယ်က- ကောင်းတာပြုလုပ်ကပြုတဲ့ကိုယ့်မှာ ကောင်းကျိုးရ။
17,810
Uncategorized
ကဗျာဥယျာဉ်
ကိုယ်က-မကောင်းတာ ပြုလုပ်လျှင်ပြုတဲ့ကိုယ့်မှ ဆိုးကျိုးဝင်။
17,811
Uncategorized
ကဗျာဥယျာဉ်
ဤသို့ အမြင် ပြတ်သားမှဗုဒ္ဓနည်းလမ်း ကျမည်ပ။
17,812
Uncategorized
ကဗျာဥယျာဉ်
ဒါ့ကြောင့် ညီမ ညီငယ်ရေဘိုးတော် မယ်တော် ဂိုဏ်းထွေထွေနတ်တေလေတွေ မကိုးနဲ့ကိုယ့်အား ကိုယ်ကိုးကြပါကွယ့်။
17,813
Uncategorized
ကဗျာဥယျာဉ်
သမ္ပဒါ ၄-ပါး
17,814
Uncategorized
ကဗျာဥယျာဉ်
ဗျဂ္ဃပဇ္ဇ အမျိုးသားအားဒို့ဘုရားက ဟောခဲ့တာအလုပ်ဆိုင်ရာ ကျွမ်းကျင်ရှိလို့ဝီရိယ ဇွဲ သတ္တိပါ။
17,815
Uncategorized
ကဗျာဥယျာဉ်
ကိုယ်ရော သူပါ အလုပ်စေ့စပ်အောင်စီမံတတ်မှ ဥဋ္ဌာန။
17,816
Uncategorized
ကဗျာဥယျာဉ်
(ဥဋ္ဌာနသမ္ပဒါ)
17,817
Uncategorized
ကဗျာဥယျာဉ်
ဘေးရန်ကာကွယ် မလွင့်မပျောက်အောင်စောင့်ရှောက်နိုင်မှ အာရက္ခာ။
17,818
Uncategorized
ကဗျာဥယျာဉ်
(အာရက္ခသမ္ပဒါ)တော်ကောင်းမိတ်ဆွေ ပေါင်းဖော်မှုနဲ့အတုယူပြုမှ မိတ္တတာ။
17,819
Uncategorized
ကဗျာဥယျာဉ်
(ကလျာဏ မိတ္တတာ)
17,820
Uncategorized
ကဗျာဥယျာဉ်
နေ့စဉ်ထွက်ငွေ လွန်နည်းပါးလို့ဝင်ငွေများမှ သမဇီပါ။
17,821
Uncategorized
ကဗျာဥယျာဉ်
(သမဇီဝိတာ)ခုဘဝမနှေး ကြီးပွားရေးလေးပါး သမ္ပဒါ။
17,822
Uncategorized
ကဗျာဥယျာဉ်
အဲ..ဒါမှ ဗုဒ္ဓဝါဒ "ဘဝလမ်းညွှန်"ပါ။
17,823
Uncategorized
ကဗျာဥယျာဉ်
စီးပွားပျက်ကြောင်း
17,824
Uncategorized
ကဗျာဥယျာဉ်
မိန်းမကြူးကာ(၁) သေသောက်စားလို့(၂)လောင်းကစားလည်း လိုက်စားကာ(၃)မိတ်ဆွေယုတ်မာ တွဲဖက်ပေါင်းတော့(၄)စီးပွားပျက်ကြောင်း ဤလေးဖြာ
17,825
Uncategorized
ကဗျာဥယျာဉ်
ပျက်ကြောင်းလေးဖြာ ရှောင်ကာရှားမှဖြစ်ကြောင်းလေးပါး အမှန်လာ။
17,826
Uncategorized
ကဗျာဥယျာဉ်
ပျက်ကြောင်းရှောင်ရှား ဖြစ်ကြောင်းများဆောင်ထား အမြဲသာ။
17,827
Uncategorized
ကဗျာဥယျာဉ်
ကန်ရေပြည့်ဥပမာ
17,828
Uncategorized
ကဗျာဥယျာဉ်
ရေထွက်ပေါက်တွေ ပိတ်ကာထားလို့ဝင်ပေါက်များမှ ရေတည်မှာမပြတ် မကြာ မိုးရွာချတော့ကန်ရေပြည့်ဝ ဤပမာ။
17,829
Uncategorized
ကဗျာဥယျာဉ်
ပျက်ကြောင်းလေးဖြာ ထွက်ပေါက်များကိုပိတ်ကာထားကြ မြဲမြံစွာဖြစ်ကြောင်းလေးဖြာ ဝင်ပေါက်များတော့ဖွင့်ထားကြပါ အမြဲသာ။
17,830
Uncategorized
ကဗျာဥယျာဉ်
လေးပါးသမ္ပဒါ မိုးရွာချတော့တိုးကာပြည့်ဝ မြတ်ဥစ္စာခုဘဝမနှေး ကြီးပွားရေးလေးစား လိုက်နာရာအဲ..ဒါမှ ဗုဒ္ဓဝါဒ "ဘဝလမ်းညွှန်"ပါ။
17,831
Uncategorized
ကဗျာဥယျာဉ်
သင်္ဂဟဝတ္ထုလေးပါး
17,832
Uncategorized
ကဗျာဥယျာဉ်
တို့မျိုးဘာသာ တိုးတက်လမ်းကပေးကမ်းစွန့်ကြဲ ချီးမြှင့်ပါ။
17,833
Uncategorized
ကဗျာဥယျာဉ်
(ဒါန)ခေါ်ဝေါ်ပြောဆို ချစ်ဖွယ်စကားလည်းသကာပျားလို လွန်ချိုသာ။
17,834
Uncategorized
ကဗျာဥယျာဉ်
(ပေယျဝဇ္ဇ)
17,835
Uncategorized
ကဗျာဥယျာဉ်
ကိစ္စကြုံလျှင် မေတ္တာသက်လို့သူကျိုးဆောင်ရွက် ကူညီရာ။
17,836
Uncategorized
ကဗျာဥယျာဉ်
(အတ္တစရိယ)နိမ့်မြင့်ဆူကြုံ မခွဲခြားနဲ့တန်းတူထားလို့ ဆက်ဆံပါ။
17,837
Uncategorized
ကဗျာဥယျာဉ်
(သမာနတ္တတာ)
17,838
Uncategorized
ကဗျာဥယျာဉ်
မျိုးဘာသာမရွေး တိုးတက်ရေးလေးပါး သင်္ဂဟာ။
17,839
Uncategorized
ကဗျာဥယျာဉ်
သုခ (၄)ပါး
17,840
Uncategorized
ကဗျာဥယျာဉ်
တို့မျိုးဘာသာ မောင်မယ်များတို့ဥစ္စာစီးပွား ကြိုးစားရှာ။
17,841
Uncategorized
ကဗျာဥယျာဉ်
စီးပွားဥစ္စာ ပြည့်စုံရှိတော့တွေးမိတိုင်းပေါ့ စိတ်ချမ်းသာ။
17,842
Uncategorized
ကဗျာဥယျာဉ်
(အတ္တိသုခ)
17,843
Uncategorized
ကဗျာဥယျာဉ်
ရှိသည့်ဥစ္စာ အသုံးချလို့ခံစားရတော့ စိတ်ချမ်းသာ။
17,844
Uncategorized
ကဗျာဥယျာဉ်
(ဘောဂသုခ)ဥစ္စာပြည့်စုံ ကြွေးမြီကင်းတော့တွေးမိရင်းပေါ့ စိတ်ချမ်းသာ။
17,845
Uncategorized
ကဗျာဥယျာဉ်
(အာနဏျသုခ)
17,846
Uncategorized
ကဗျာဥယျာဉ်
ပြောဆိုလုပ်ကိုင် ကိစ္စခပင်း၌အပြစ်ကင်းလို့ စိတ်ချမ်းသာ။
17,847
Uncategorized
ကဗျာဥယျာဉ်
(အနဝစ္စသုခ)တို့မောင်မယ်များ အရကြိုးစားလေးပါး ဤချမ်းသာ။
17,848
Uncategorized
ကဗျာဥယျာဉ်
ဥစ္စာယိုထွက်ကြောင်း(၆)ပါး
17,849
Uncategorized
ကဗျာဥယျာဉ်
တို့မျိုးဘာသာ ချမ်းသာပွားဖို့တို့ဘုရားက ဟောမိန့်မှာ။
17,850
Uncategorized
ကဗျာဥယျာဉ်
ပျင်းရိနေတာ(၁) မေ့လျော့များ(၂)လို့ကြိုးစားလုံ့လ မရှိတာ(၃)။
17,851
Uncategorized
ကဗျာဥယျာဉ်
စောင့်စည်းကင်းကွာ(၄) အိပ်လွန်ကဲ(၅) နှင့်ပျင်းကြောဆွဲဆန့် အခါခါ(၆)။
17,852
Uncategorized
ကဗျာဥယျာဉ်
စည်းစိမ်းဥစ္စာ ကုန်ပျက်ပျောက်အောင်ယိုထွက်ပေါက်က ဤခြောက်ဖြာ။
17,853
Uncategorized
ကဗျာဥယျာဉ်
ထွက်ပေါက်ခြောက်ပါး ပိတ်ကာထားကြိုးစားလွန်ချမ်းသာ။
17,854
Uncategorized
ကဗျာဥယျာဉ်
ကိုယ်ကောင်း, နှုတ်ကောင်း, စိတ်ကောင်းရင်ဖြစ်လာသမျှ ကောင်းမည်ပင်။
17,855
Uncategorized
ကဗျာဥယျာဉ်
ဖြစ်လာသမျှ ကောင်းစေဖို့၊စိတ်ကောင်းထားကြစို့။
17,856
Uncategorized
ကဗျာဥယျာဉ်
ဆောင်ကြ ရှောင်ကြ ယဉ်ကျေးလှ ကဗျာများ
17,857
Uncategorized
ကဗျာဥယျာဉ်
၁။ ပြောင်ရှင်းလှတဲ့ ကွင်းသာဝယ်၊လူသွားလမ်း အလယ်။
17,858
Uncategorized
ကဗျာဥယျာဉ်
ညစ်ကြေးကျင်ငယ် စွန့်မထား၊ထွေးနဲ့ တံတွေးများ။
17,859
Uncategorized
ကဗျာဥယျာဉ်
၂။ မြက်ပင်မှိုက်များ ချုံကြားရယ်၊သစ်ပင်ရင်းနားဝယ်။
17,860
Uncategorized
ကဗျာဥယျာဉ်
တံတွေးထွေးဖွယ် နေရာများ၊သိတတ်ပါစေသား။
17,861
Uncategorized
ကဗျာဥယျာဉ်
၃။ စားသောက်ကြတဲ့ အနားမှာ၊ဝေါ့ဝါး ထွီ ထွမ်း ထွာ။
17,862
Uncategorized
ကဗျာဥယျာဉ်
နှပ်ညှစ်ချေတာ သတိချင့်၊လေတက်တာမျှ မပြုနှင့်။
17,863
Uncategorized
ကဗျာဥယျာဉ်
၄။ ရေအိုးစင်သွား ရေသောက်လျှင်၊သန့်ရှင်းခဲ့ပါရှင်။
17,864
Uncategorized
ကဗျာဥယျာဉ်
ဖြူဖွေးစင်စင် သောက်ရေဖလား၊မှောက်ခဲ့ပါတော့လား။
17,865
Uncategorized
ကဗျာဥယျာဉ်
၅။ ပါးစပ်ပေပွ လက်ပွပေ၊ရေမသောက်နဲ့လေ။
17,866
Uncategorized
ကဗျာဥယျာဉ်
ပါးစပ်စင်စေ လက်စင်ဆေး၊ပြီးမှ သောက်ပါလေး။
17,867
Uncategorized
ကဗျာဥယျာဉ်
၆။ ကိုယ်ထိုင်ထားတဲ့ တန်းလျားခုံ၊စားပွဲ စသည်စုံ။
17,868
Uncategorized
ကဗျာဥယျာဉ်
ကမြင်းဆော့ခုန် နှဲ့ကန်ကစား၊မပြုအပ်လေငြား။
17,869
Uncategorized
ကဗျာဥယျာဉ်
၇။ အများသုံးတဲ့ ရေတွင်းရေကန်၊တုတ် ခဲ မချရန်။
17,870
Uncategorized
ကဗျာဥယျာဉ်
ဖုန် မှိုက်ချရန် ဝေးစွာရှား၊ထွေးနဲ့ တံထွေးများ။
17,871
Uncategorized
ကဗျာဥယျာဉ်
၈။ ရေတွင်းဘေးနား ကန်နားတွင်၊ရှုပ်ထွေး ပေပွမြင်။
17,872
Uncategorized
ကဗျာဥယျာဉ်
ရှင်းခဲ့ဖို့ပင် လက်မနှေး၊ကုသိုလ်ယူခဲ့လေး။
17,873
Uncategorized
ကဗျာဥယျာဉ်
၉။ တန်ဆောင်း ပြသာဒ် ဇရပ်ရေကန်၊ဘုရား ကျောင်း မကျန်။
17,874
Uncategorized
ကဗျာဥယျာဉ်
ညစ်ကြေးပေရန် ပြုမထား၊ဆွဲနဲ့ မင်ခဲများ။
17,875
Uncategorized
ကဗျာဥယျာဉ်
၁၀။ တုတ် ခဲ များနဲ့ မပေါက်ရာ၊မဖျက်ဆီးနဲ့ကွာ။
17,876
Uncategorized
ကဗျာဥယျာဉ်
ဆောက်ဦးဆိုတာ ဖြစ်ဖို့အရေး၊အလွန် ခက်လှသလေး။
17,877
Uncategorized
ကဗျာဥယျာဉ်
၁၁။ ရှုပ်ထွေးမှိုက်များ ဖုန်များပေ၊ရှင်းခဲ့ပါတော့လေ။
17,878
Uncategorized
ကဗျာဥယျာဉ်
ထက်ရပ်နတ်ပြည် ဝတိံနန်း၊စောင်းတန်း သွယ်လို့တန်း။
17,879
Uncategorized
ကဗျာဥယျာဉ်
၁၂။ အများနေတဲ့ ဇရပ်သစ်ပင်၊ရှုပ်ထွေး မှိုက်များမြင်။
17,880
Uncategorized
ကဗျာဥယျာဉ်
သန့်ရှင်းဖို့ပင် ဝန်မလေး၊နတ်ပြည်ရောက်တဲ့ဆေး။
17,881
Uncategorized
ကဗျာဥယျာဉ်
၁၃။ မာဃဝတ္ထု ရှုကြလေ၊အမှိုက်ရှင်းလို့ပေ။
17,882
Uncategorized
ကဗျာဥယျာဉ်
တာဝတိံပြည် မြို့တော်နန်း၊သူတို့ တည်ကြဆန်း။
17,883
Uncategorized
ကဗျာဥယျာဉ်
၁၄။ ခရီးလမ်းက ရေချမ်းစင်၊ရေသောက်မလို့ဝင်။
17,884
Uncategorized
ကဗျာဥယျာဉ်
မသန့်ရှင်းရင် ပြုပြင်ထား၊သာဓုခေါ်လို့ မေတ္တာပွား။
17,885
Uncategorized
ကဗျာဥယျာဉ်
၁၅။ အများသွားတဲ့ လမ်းလယ်ခေါင်၊ချိုင့် ကျင့် ငြောင့် ဆူးထောင်။
17,886
Uncategorized
ကဗျာဥယျာဉ်
ညစ်ကြေးဖုံးထောင် နွယ်ထောင်ထား၊ပြုနဲ့ မောင်မယ်များ။
17,887
Uncategorized
ကဗျာဥယျာဉ်
၁၆။ ဒီမကောင်းမှု ပြုသူတွေရောက်ရ ငရဲပြည်။
17,888
Uncategorized
ကဗျာဥယျာဉ်
လူဖြစ်ပြန်လေ ရောဂါများ၊ကျိုးတတ် ပဲ့တတ်သား။
17,889
Uncategorized
ကဗျာဥယျာဉ်
၁၇။ လူသွားများတဲ့ လမ်းလယ်တွင်၊တုတ်များ ခဲများမြင်။
17,890
Uncategorized
ကဗျာဥယျာဉ်
ကန့်လန့်နေရင် ဆူးခတ်များ၊ကောက်ပစ်ခဲ့ပါလား။
17,891
Uncategorized
ကဗျာဥယျာဉ်
၁၈။ မီးရထားစီး ကားစီးကာ၊ခရီးသွားကြရှာ။
17,892
Uncategorized
ကဗျာဥယျာဉ်
တုတ်ခဲနှင့်သာ ပေါက်ပါက၊စည်းကမ်းမဲ့တဲ့ လူ့ဗာလ။
17,893
Uncategorized
ကဗျာဥယျာဉ်
၁၉။ တံတားပေါ်များ လျှောက်သွားရင်၊ကျေးဇူးကြံလို့တင်။
17,894
Uncategorized
ကဗျာဥယျာဉ်
ဖျက်ဆီးဖို့ပင် ဝေးစွာရှား၊ခဲငယ်လေးမျှ ပေါက်နဲ့ဗျား။
17,895
Uncategorized
ကဗျာဥယျာဉ်
၂၀။ ကိုယ် ဝင်နားတဲ့ သစ်ပင်ရိပ်သာ၊သစ်ခက် မချိုးရာ။
17,896
Uncategorized
ကဗျာဥယျာဉ်
အရိပ်နေကာ အခက်ချိုး၊ဆိုးတဲ့ ထိုလူမျိုး။
17,897
Uncategorized
ကဗျာဥယျာဉ်
၂၁။ သန့်ရှင်းလှတဲ့ လမ်းမဝယ်၊ခြံဝင်း ကွင်းအလယ်။
17,898
Uncategorized
ကဗျာဥယျာဉ်
အိတ်ခွံ ဘူးခွံ ပစ်မသွား၊ထွေးနဲ့ ကွမ်းသွေးများ။
17,899
Uncategorized
ကဗျာဥယျာဉ်
၂၂။ မြို့ရော နယ်ရော ရွာငယ်မကျန်၊သန့်ရှင်းစည်းကမ်း ကျစေရန်။
17,900
Uncategorized
ကဗျာဥယျာဉ်
ဝိုင်းဝန်းညီညာ ဆောင်ရွက်ကြ၊ဒါမှ တိုင်းပြည်လှ။