id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
17,901 | Uncategorized | ကဗျာဥယျာဉ် | ၂၃။ မကောင်းမှုမျိုး ရှောင်ကာသွေ၊ကောင်းမျိုး စိုက်ကြလေ။ |
17,902 | Uncategorized | ကဗျာဥယျာဉ် | ကောင်းမှုထွေထွေ ပြုဖို့အရေး၊မမေ့ကြနဲ့လေး။ |
17,903 | Uncategorized | ကဗျာဥယျာဉ် | ဒါမှ လူ့ယဉ်ကျေး။ |
17,904 | Uncategorized | ကဗျာဥယျာဉ် | မေတ္တာပို့နည်း |
17,905 | Uncategorized | ကဗျာဥယျာဉ် | မုန်းသူ၊ ချစ်သူ၊ လယ်လတ်သူနှင့်ရန်သူကိုသာ ဤလေးဖြာ မေတ္တာ မစရ။ |
17,906 | Uncategorized | ကဗျာဥယျာဉ် | လိင်မတူရာ၊ သေသူမှာ၊ မေတ္တာ မပွားနှင့်။ |
17,907 | Uncategorized | ကဗျာဥယျာဉ် | မိမိ၊ ချစ်သူ၊ လယ်လတ်သူနှင့်ရန်သူတစ်ဖြာ မြတ်မေတ္တာ ပွားကာစဉ်တိုင်းသိ။ |
17,908 | Uncategorized | ကဗျာဥယျာဉ် | ချစ်ချစ်ခင်ခင် နေကြစို့ |
17,909 | Uncategorized | ကဗျာဥယျာဉ် | အဖေနဲ့ အမေ ရန်ဖြစ်ရင်သားသမီးတို့ မပျော်ဘူးကွယ်အဖေနဲ့ အမေ စကားများရင်သားသမီးမျက်နှာငယ် |
17,910 | Uncategorized | ကဗျာဥယျာဉ် | အဖေ့ကိုလည်း ချစ်တယ်အမေ့ကိုလည်း ချစ်တယ်သားသား မီးမီး စိတ်ညစ်တယ်။ |
17,911 | Uncategorized | ကဗျာဥယျာဉ် | သားတို့ သမီးတို့ အဖေ မေရယ်ချစ်ချစ်ခင်ခင် နေပါကွယ်။ |
17,912 | Uncategorized | ကဗျာဥယျာဉ် | တရားဓမ္မ အားထုတ်ကြ |
17,913 | Uncategorized | ကဗျာဥယျာဉ် | တရားဘာဝနာ အားထုတ်ထားက၊စိတ်ဓာတ်မြင့်မြတ် သန့်ရှင်းမယ်(၁)။ |
17,914 | Uncategorized | ကဗျာဥယျာဉ် | စိုးရိမ်ငိုကြွေး ကင်းစင်ဝေးလို့၊ကိုယ်စိတ် ငြိမ်းအေး ချမ်းသာမယ်(၅)။ |
17,915 | Uncategorized | ကဗျာဥယျာဉ် | သိဉာဏ်ထက်ကာ ကိုယ့်ကျင့်တရား၊အစဉ်မြင့်မား ဖွံ့ဖြိုးကြွယ်(၆)။ |
17,916 | Uncategorized | ကဗျာဥယျာဉ် | ဒုက္ခချုပ်ရာ နိဗ္ဗာန်တရားကို၊ဧကန်မျက်မှောက် ပြုရမယ်(၇)။ |
17,917 | Uncategorized | ကဗျာဥယျာဉ် | အဲဒါကြောင့် ဓမ္မတရား ကြိုးစား အားထုတ်ကွယ်။ |
17,918 | Uncategorized | ကဗျာဥယျာဉ် | ဘုရား တရား သံဃာမှန် သုံးပါးသရဏံ။ |
17,919 | Uncategorized | ကဗျာဥယျာဉ် | ယုံကြည်စိတ်သန် အားထားဘိဆည်းကပ်ပါ၏ ဂစ္ဆာမိ..(၂) |
17,920 | Uncategorized | ကဗျာဥယျာဉ် | သရဏ ဂမန ပါဠိမှန်သရဏဂုံ ဖြစ်လာပြန်။ |
17,921 | Uncategorized | ကဗျာဥယျာဉ် | သရဏဂုံသုံးတန် တည်သူမှလူ့ထက်ဝက်လို့ ခေါ်ပါရ.. (၂) |
17,922 | Uncategorized | ကဗျာဥယျာဉ် | ငါးပါးသီလ လုံသူမှာလူအစစ်လို့ ခေါ်ပေတာ။ |
17,923 | Uncategorized | ကဗျာဥယျာဉ် | ရတနာသုံးဖြာ ဂုဏ်စုံသိဗုဒ္ဓဘာသာ မည်ပါဘိ..(၂) |
17,924 | Uncategorized | ကဗျာဥယျာဉ် | နိဗ္ဗာန်မြင်သိ ဉာဏ်ပေါ်ပေအပါယ်တံခါး ပိတ်တော့ချေ။ |
17,925 | Uncategorized | ကဗျာဥယျာဉ် | ဒို့ဗုဒ္ဓ ၁။ |
17,926 | Uncategorized | ကဗျာဥယျာဉ် | လူနတ်ဗြဟ္မာ ပူဇော်ရ "အရဟံ"ဂုဏ်ရှင် ဒို့ဗုဒ္ဓ၂။ |
17,927 | Uncategorized | ကဗျာဥယျာဉ် | ကိုယ်တိုင်မှန်စွာ အကုန်သိတာ "သမ္မာသမ္ဗုဒ္ဓ" ဒို့ဗုဒ္ဓ၃။ |
17,928 | Uncategorized | ကဗျာဥယျာဉ် | ဉာဏ်နှင့် အကျင့်မှာ၊ ပြည့်စုံတာ "ဝိဇ္ဇာစရဏသမ္ပန္န" ဒို့ဗုဒ္ဓ၄။ |
17,929 | Uncategorized | ကဗျာဥယျာဉ် | စကားကောင်းစွ ဆိုတတ်လှ "သုဂတ"ဂုဏ်ရှင် ဒို့ဗုဒ္ဓ၅။ |
17,930 | Uncategorized | ကဗျာဥယျာဉ် | သုံးပါးလောက သိပိုင်လှ "လောကဝိဒူ" ဒို့ဗုဒ္ဓ၆။ |
17,931 | Uncategorized | ကဗျာဥယျာဉ် | ယဉ်အောင် တုမရှိ၊ ဆုံးမဘိ "အနုတ္တရော ပုရိသ, ဒမ္မသာရထိ" ဂုဏ်တော်ရှိတဲ့ဒို့ဗုဒ္ဓ၇။ |
17,932 | Uncategorized | ကဗျာဥယျာဉ် | နတ်လူဗြဟ္မာ မြတ်ဆရာ "သတ္ထာဒေဝ မနုဿာနံ" ဒို့ဗုဒ္ဓ၈။ |
17,933 | Uncategorized | ကဗျာဥယျာဉ် | သစ္စာလေးဝ သိမြင်လှ "ဗုဒ္ဓ"ဂုဏ်ရှင် ဒို့ဗုဒ္ဓ၉။ |
17,934 | Uncategorized | ကဗျာဥယျာဉ် | ဘုန်းတော်ခြောက်ဖြာ ပြည့်စုံတာ "ဘဂဝါ"ဂုဏ်ရ ဒို့ဗုဒ္ဓ။ |
17,935 | Uncategorized | ကဗျာဥယျာဉ် | ဤဂုဏ်ကိုးပါး၊ ရှင်ဘုရားကို ညွတ်တွားသဒ္ဓါ၊ ရိုသေစွာဖြင့်သေချာမြတ်နိုး လက်စုံမိုး၍ ရှိးခိုးကန်တော့ပါ၏ အရှင်ဘုရား။ |
17,936 | Uncategorized | ကဗျာဥယျာဉ် | ပြုမြဲဝတ် နေမင်းရီရီ ညနေစောင်းတော့မြရေတကောင်း မလေး ပြင်...ပန်းပေါင်းစုံအောင် စိုက်ကာထိုးလို့ရေချမ်းပန်းအိုး အမြဲတင်... |
17,937 | Uncategorized | ကဗျာဥယျာဉ် | နေလုံးကြီးလေ ဝင်ကာသွားတော့ဘုရားဆောင်ကြား မှောင်ကဝင်..ဆီးမီးရောင်ရှိန် ထိန်ထိန်ကြွားဖို့မောင်လေးသွားလို့ ထွန်းနှင့်ရှင်... |
17,938 | Uncategorized | ကဗျာဥယျာဉ် | မောင်နှမတတွေ ညီညာဖြဖြရှိခိုးကြစို့ ဒို့ပျော်ရွှင်..သီလယူထပ် ရေပန်းကပ် မလပ် မီးပါတင်အမြဲပင် အမြဲပင်.. နေ့တိုင်း အမြဲပင်..)၃ |
17,939 | Uncategorized | ကဗျာဥယျာဉ် | ဖန်ဆင်းရှင် သုံးပါး |
17,940 | Uncategorized | ကဗျာဥယျာဉ် | သားတို့သမီးတို့ စဉ်းစားပါ၊ အရမ်းတော့ မယုံစရာစာမေးပွဲမှာ အောင်လိုက၊ စာကြိုးစားလိုက်ကြ။ |
17,941 | Uncategorized | ကဗျာဥယျာဉ် | ဇွဲနှင့်လုံ့လအရင်းခံ၊ ကြိုးစား ချိန်မှန်မှန်ထိုသူ ဧကန် ချမ်းသာပွား၊ ပညာစီးပွား ကောင်းကျိုးများ။ |
17,942 | Uncategorized | ကဗျာဥယျာဉ် | မကြိုးစားဘဲ အပျင်းထူ၊ ဆုပဲတောင်းနေသူကယ်မည့်သူ ဘယ်မရှိ၊ သေချာ ဒုက္ခရောက်မည်သိ။ |
17,943 | Uncategorized | ကဗျာဥယျာဉ် | ကိုယ့်၏စွမ်းအား ကိုယ့်ကိုပါ၊ သေချာကြီးပွား တိုးတက်မှာဗုဒ္ဓမြတ်စွာ ဟောညွှန်ကြား၊ ကောင်းကျိုးလိုလား ကျင့်စေသား |
17,944 | Uncategorized | ကဗျာဥယျာဉ် | ကံ ဉာဏ် ဝီရိယ စွမ်းအင်များ ဖန်ဆင်းရှင်လို့ မှတ်စေသား။ |
17,945 | Uncategorized | ကဗျာဥယျာဉ် | သီလဆိုတာ သီလဆိုတာ ကိုယ်နှုတ်များကိုကောင်းစွာထားဖို့၊ စောင့်ရသလေ။ |
17,946 | Uncategorized | ကဗျာဥယျာဉ် | ကိုယ်နှုတ်လုံလျှင် လူယဉ်ကျေးကွယ့်။ |
17,947 | Uncategorized | ကဗျာဥယျာဉ် | ကောင်းကျိုးပေးမြဲ အမှန်ပေ၊စိတ်ပါလုံလျှင် ပိုလို့ကောင်းသကွယ့်ကောင်းသထက် ကောင်းအောင်ကြိုးစားလေ။ |
17,948 | Uncategorized | ကဗျာဥယျာဉ် | စိတ်ပါလုံအောင် ဘာဝနာပွားဖို့၊မြတ်ဘုရားက မိန့်ခဲ့ပေ။ |
17,949 | Uncategorized | ကဗျာဥယျာဉ် | ကိုယ်နှုတ်စိတ်ထား ဤသုံးပါးလုံးငြားချမ်းသာပေ။ |
17,950 | Uncategorized | ကဗျာဥယျာဉ် | ယုံကြည်မှု (သဒ္ဓါ)၏ အကျိုးအဆက်ဆက် |
17,951 | Uncategorized | ကဗျာဥယျာဉ် | ကောင်းဆိုးနှစ်တန် ကံတရားနှင့်၊သုံးပါးရတနာ ယုံလျှင်လေ။ |
17,952 | Uncategorized | ကဗျာဥယျာဉ် | ဆိုးကံပြုရန် ရှက်ကြောက်များလို့၊သီလတရား လုံခြုံပေ။ |
17,953 | Uncategorized | ကဗျာဥယျာဉ် | သီလလုံလျှင်၊ ကြည်ရွှင်လန်းလို့၊ဝမ်းသာအားရ နှစ်သိမ့်ပေ။ |
17,954 | Uncategorized | ကဗျာဥယျာဉ် | နှစ်သိမ့်သောအခါ ကိုယ်စိတ်ငြိမ်လို့၊ငြိမ်းအေးချမ်းသာ ရသလေ။ |
17,955 | Uncategorized | ကဗျာဥယျာဉ် | အချိန်တန်ပြီ |
17,956 | Uncategorized | ကဗျာဥယျာဉ် | တရားစစ်မှန် ကျင့်ကြံကြမှချမ်းသာသုခ ရနိုင်သည်။ |
17,957 | Uncategorized | ကဗျာဥယျာဉ် | တရားတုတွေ ကျင့်နေကြလို့ဗုဒ္ဓါဝါဒ ပြယ်ရသည်။ |
17,958 | Uncategorized | ကဗျာဥယျာဉ် | ယခုမြန်မြန် အမှန်လမ်းသို့တစ်ဖန်လှမ်းဖို့ ချိန်တော်ပြီ။ |
17,959 | Uncategorized | ကဗျာဥယျာဉ် | သို့မှ တိုင်းပြည် ဘာသာရေးကြောင့်သာယာအေးဆေး ရှိလိမ့်မည်။ |
17,960 | Uncategorized | ကဗျာဥယျာဉ် | နိုင်ရာတာဝန် ယူကြစို့ |
17,961 | Uncategorized | ကဗျာဥယျာဉ် | ဘုရားရှင်တော် မပွင့်ပေါ်လျှင်လူတော်အများ စိတ်ကောင်းထားလည်းဤကား ကုသိုလ် အကုသိုလ်နှင့်ထိုထိုဘဝ မသိရ များလှ အပြစ်တွေ။ |
17,962 | Uncategorized | ကဗျာဥယျာဉ် | ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍ဟောဖော်ညွှန်ကြား မြတ်တရားကြောင့်ဤကားကုသိုလ် အကုသိုလ်နှင့်ထိုထိုဘဝ သိကြရများလှ ကျေးဇူးပေ။ |
17,963 | Uncategorized | ကဗျာဥယျာဉ် | ကျေးဇူးတော်ရင် ဘုရားရှင်ကိုဦးတင်မပြတ် ကျေးဇူးဆပ်ဖို့အမြတ်ရတနာ သာသနာ၏နိုင်ရာဝန်ထမ်း ကိုယ်စီစွမ်းကြိုးပမ်းကြပါလေ။ |
17,964 | Uncategorized | ကဗျာဥယျာဉ် | ဒီနေ့လုပ်ပါ |
17,965 | Uncategorized | ကဗျာဥယျာဉ် | အဇ္ဇေဝ ကိစ္စမာတပ္ပံ၊ ကောဇညာ မရဏံ သုဝေ။ |
17,966 | Uncategorized | ကဗျာဥယျာဉ် | န ဟိနော သင်္ဂရံ တေန၊ မဟာသေနေန မစ္စုနာ။ |
17,967 | Uncategorized | ကဗျာဥယျာဉ် | စစ်သည်များပြီ သေမင်းအားချိန်းထားလက်ဆောင် မရှိပါ။ |
17,968 | Uncategorized | ကဗျာဥယျာဉ် | တွန်းလှန်နိုင်ကြောင်း ဗိုလ်ပါပေါင်းစုဆောင်ထားခြင်း မရှိပါ။ |
17,969 | Uncategorized | ကဗျာဥယျာဉ် | ဒါကြောင့် ဒို့မှာ နက်ဖြန်ခါသေမှာရှင်မှာ ဧကန် မသိပါ။ |
17,970 | Uncategorized | ကဗျာဥယျာဉ် | ဒါကြောင့် နောက်နေ့ ရက်မရွေ့ယနေပင်လျှင် အားထုတ်ပါ။ |
17,971 | Uncategorized | ကဗျာဥယျာဉ် | ဆိုးတဲ့ ဒီကိုယ် |
17,972 | Uncategorized | ကဗျာဥယျာဉ် | ၁။ ပွဲကျ စွဲကြ တကယ်ပဲ မထချင်သလိုလို၊အစအဆုံး တစ်ညလုံးနေလိုဘုရားအကြိုက် တရားစိုက်တော့ ခါးကိုက်သလိုလိုဩော်.. အကျိုးမဲ့ ဆိုးတဲ့ ဟောဒီကိုယ်။ |
17,973 | Uncategorized | ကဗျာဥယျာဉ် | ၂။ အရပ်စကား၊ ဇာတ်စကား တဟားဟားနေလိုသူ့အတင်း ငါ့အတင်း ခုမငြင်းပြောဆိုဘုရားစကား တရားစကား နားခါးသလိုလိုဩော်.. အကျိုးမဲ့ ဆိုးတဲ့ ဟောဒီကိုယ်။ |
17,974 | Uncategorized | ကဗျာဥယျာဉ် | ၃။ ပျော်ပွဲ ရွှင်ပွဲ၊ နင်ပဲ ခေါင်ဗိုလ်သူမရ ငါမရ တိုးကြ ရှေ့ကိုတရားကျ၊ အနားမကြွ အဖျားက ချောင်ခိုဩော်.. အကျိုးမဲ့ ဆိုးတဲ့ ဟောဒီကိုယ်။ |
17,975 | Uncategorized | ကဗျာဥယျာဉ် | ၄။ မင်းသမီး မင်းသား သီချင်းသား ဘယ်လိုရယ်လုံး ပြက်လုံး တစ်သက်လုံး မမေ့သကိုဟောသမျှ ပြောသမျှ သောတမနာလိုဩော်.. အကျိုးမဲ့ ဆိုးတဲ့ ဟောဒီကိုယ်။ |
17,976 | Uncategorized | ကဗျာဥယျာဉ် | တရားနာသူများ |
17,977 | Uncategorized | ကဗျာဥယျာဉ် | ရုပ်ရှင်ဇာတ်ပွဲ မဲမဲမှောင်မှောင်သူထက်ငါသွား ရှေ့နားရောက်အောင်မကြောက်မရှက် မျက်ခွက်ပြောင်ပြောင်သန်းခေါင်းချဉ်း အလင်းမငိုက်ပေါင်။ |
17,978 | Uncategorized | ကဗျာဥယျာဉ် | ဥပုသ်စောင့်သွား တရားနာသော်ပိတ်ဆုံးနောက်နား ထောင့်ကြားကမျှော်၊မျက်တောင်စင်းလို့ ဟောက်ရင်း အိပ်ပျော်တရားဆုံး တုံလုံးစက်တော်ခေါ်။ |
17,979 | Uncategorized | ကဗျာဥယျာဉ် | အမှောင်မှ အမှောင်သွားမည့်သူ |
17,980 | Uncategorized | ကဗျာဥယျာဉ် | ဤလောကမှာ တစ်ချို့လူရုပ်ရည်မလှ ရောဂါထူ။ |
17,981 | Uncategorized | ကဗျာဥယျာဉ် | စားသောက်နေမှု ဝတ်ဆင်မွဲအောက်ကျနောက်ကျ သူဆင်းရဲ။ |
17,982 | Uncategorized | ကဗျာဥယျာဉ် | အယူလွဲလို့ ရဟန်းမြတ်ဆီရိုသေဆည်းကပ် မပြုပြီ။ |
17,983 | Uncategorized | ကဗျာဥယျာဉ် | သူမယုံကြည် ကံအကျိုးပေးမကောင်းမှုတွေ ပြုလုပ်သေး။ |
17,984 | Uncategorized | ကဗျာဥယျာဉ် | ကပ်စေးနှမြော ဆိုဆဲကာတောင်းရမ်းသူအား မပေးပါ။ |
17,985 | Uncategorized | ကဗျာဥယျာဉ် | သူများပေးကာ တားမြစ်ငြားအမှောင်မှ အမှောင် ထိုသူသွား။ |
17,986 | Uncategorized | ကဗျာဥယျာဉ် | အမှောင်ဆိုတာ ပါယ်လေးပါး။ |
17,987 | Uncategorized | ကဗျာဥယျာဉ် | အမှောင်မှ အလင်းသွားမည့်သူ |
17,988 | Uncategorized | ကဗျာဥယျာဉ် | ဆင်းရဲသော်လည်း ရဟန်းမြတ်ဆီရိုသေဆည်းကပ် ပြုတတ်သည်။ |
17,989 | Uncategorized | ကဗျာဥယျာဉ် | သူက ယုံကြည် ကံကျိုးပေးကောင်းမှုတွေလည်း ပြုလုပ်သေး။ |
17,990 | Uncategorized | ကဗျာဥယျာဉ် | ကပ်စေးနှမြော မရှိရာတောင်းရမ်းသူအား ပေးတတ်ပါ။ |
17,991 | Uncategorized | ကဗျာဥယျာဉ် | သူများပေးတာ ဝမ်းမြောက်သားအမှောင်မှအလင်း ထိုသူသွား။ |
17,992 | Uncategorized | ကဗျာဥယျာဉ် | အလင်းဆိုတာ နတ်ရွာများ။ |
17,993 | Uncategorized | ကဗျာဥယျာဉ် | အလင်းမှ အမှောင်သွားမည်သူ |
17,994 | Uncategorized | ကဗျာဥယျာဉ် | ဤလောကမှာ တစ်ချို့လူရုပ်ရည်လှပ ကျန်းမာသူ။ |
17,995 | Uncategorized | ကဗျာဥယျာဉ် | စားသောက်နေမှု ဝတ်ဆင်မရိုးအထက်တန်းကျ သူဌေးမျိုး။ |
17,996 | Uncategorized | ကဗျာဥယျာဉ် | ကံနှင့်အကျိုး မယုံကြည်ရဟန်းမြတ်ထံ မကပ်ပြီ။ |
17,997 | Uncategorized | ကဗျာဥယျာဉ် | ကောင်းမှုတစ်လီ ပြုဖို့ဝေးမကောင်းမှုတွေ ပြုလေသေး။ |
17,998 | Uncategorized | ကဗျာဥယျာဉ် | ကပ်စေးနှမြောဆိုဆဲကာတောင်းရမ်းသူအား မပေးပါ။ |
17,999 | Uncategorized | ကဗျာဥယျာဉ် | သူများပေးတာ တားမြစ်ငြားအလင်းမှ အမှောင်ထိုသူသွား။ |
18,000 | Uncategorized | ကဗျာဥယျာဉ် | အလင်းမှ အလင်းသွားမည့်သူ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.