id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
4,601 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ထင်ရှားစွာ မဖြစ်ပေါ်သေးခဲ့ပါမူ အနာဂတ်ဝိညာဏ်သည် ရှိ၏ဟူ၍ မဆိုသင့်။ |
4,602 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပစ္စုပ္ပန်ဝိညာဏ်သည် ရှိသလော၊ ပစ္စုပ္ပန်ဝိညာဏ်သည် မချုပ်သလော။ |
4,603 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ မကွယ်ပျောက်ပါသလော။ |
4,604 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်ဝိညာဏ်သည် ရှိသလော၊ အတိတ်ဝိညာဏ်သည် မချုပ်သလော။ |
4,605 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပစ္စုပ္ပန်ဝိညာဏ်သည် ရှိသလော၊ ပစ္စုပ္ပန်ဝိညာဏ်သည် ဖြစ်ဆဲလော။ |
4,606 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ထင်ရှားဖြစ်ပေါ်ဆဲလော။ |
4,607 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် ထင်ရှားဖြစ်ပေါ်ဆဲပါ။ |
4,608 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနာဂတ်ဝိညာဏ်သည် ရှိသလော၊ အနာဂတ်ဝိညာဏ်သည် ဖြစ်ဆဲလော။ |
4,609 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်ဝိညာဏ်သည် ရှိသလော၊ အတိတ်ဝိညာဏ်သည် ချုပ်ပြီးလော။ |
4,610 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ကွယ်ပျောက်ပြီးလော။ |
4,611 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပစ္စုပ္ပန်ဝိညာဏ်သည် ရှိသလော၊ ပစ္စုပ္ပန်ဝိညာဏ်သည် ချုပ်ပြီးလော။ |
4,612 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနာဂတ်ဝိညာဏ်သည် ရှိသလော၊ အနာဂတ်ဝိညာဏ်သည် မဖြစ်သေးသလော။ |
4,613 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ထင်ရှား မဖြစ်ပေါ်သေးသလော။ |
4,614 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပစ္စုပ္ပန်ဝိညာဏ်သည် ရှိသလော၊ ပစ္စုပ္ပန်ဝိညာဏ်သည် မဖြစ်သေးသလော။ |
4,615 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ထင်ရှားမဖြစ်ပေါ်သေးသလော။ |
4,616 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၈၅။ သကဝါဒီ။ |
4,617 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ပစ္စုပ္ပန်ဟူ၍လည်းကောင်း ရုပ်ဟူ၍လည်းကောင်း, ရုပ်ဟူ၍လည်းကောင်း ပစ္စုပ္ပန်ဟူ၍လည်းကောင်း, ပစ္စုပ္ပန်နှင့် ရုပ်ကို မဝေဖန်အပ်သည်ကို ပြု၍ ပစ္စုပ္ပန်သည် ဤရုပ်လော၊ ဤရုပ်သည် ပစ္စုပ္ပန်လော၊ ပစ္စုပ္ပန်နှင့် ရုပ်သည် တူသောအနက် ရှိသလော၊ တူသလော၊ တူသောအဖို့ရှိသလော၊ ထိုပစ္စုပ္ပန်ကြောင့် ရုပ် ထိုရုပ်ကြောင့် ပစ္စုပ္ပန်ဖြစ်သလော။ |
4,618 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပစ္စုပ္ပန်ရုပ်သည် ချုပ်လတ်သော် ပစ္စုပ္ပန်အဖြစ်ကို ပယ်စွန့်သလော။ |
4,619 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရုပ်အဖြစ်ကို ပယ်စွန့်သလော။ |
4,620 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ဤသို့ကား မဆို သင့်ပါ။ |
4,621 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပစ္စုပ္ပန်ဟူ၍လည်းကောင်း, ရုပ်ဟူ၍လည်းကောင်း၊ ရုပ်ဟူ၍လည်းကောင်း, ပစ္စုပ္ပန်ဟူ၍လည်းကောင်း ပစ္စုပ္ပန်နှင့် ရုပ်ကို မဝေဖန်အပ်သည်ကို ပြု၍ ပစ္စုပ္ပန်သည် ဤရုပ်လော၊ ဤရုပ်သည်ပစ္စုပ္ပန်လော၊ ပစ္စုပ္ပန်နှင့် ရုပ်သည် တူသောအနက် ရှိသလော၊ တူသလော၊ တူသောအဖို့ ရှိသလော၊ ထိုပစ္စုပ္ပန်ကြောင့် ရုပ်, ထိုရုပ်ကြောင့် ပစ္စုပ္ပန် ဖြစ်သလော။ |
4,622 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပစ္စုပ္ပန်ရုပ်သည် ချုပ်လတ်သော် ရုပ်၏ အဖြစ်ကို မစွန့်သလော။ |
4,623 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် မစွန့်ပါ။ |
4,624 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ပစ္စုပ္ပန်၏ အဖြစ်ကို မစွန့်သလော။ |
4,625 | Uncategorized | ကထာဝတ္ထုပါဠိတော် | အဖြူရောင်ဟူ၍လည်းကောင်း, အဝတ်ဟူ၍လည်းကောင်း၊ အဝတ်ဟူ၍လည်းကောင်း, အဖြူရောင်ဟူ၍လည်းကောင်း အဖြူရောင်နှင့် အဝတ်ကို မဝေဖန်အပ်သည်ကို ပြု၍ ဤအဖြူသည် ဤအဝတ်လော၊ ဤအဝတ်သည် ဤအဖြူလော၊ အဖြူရောင်နှင့် အဝတ်သည် တူသောအနက် ရှိသလော၊ တူသလော၊ တူသောအဖို့ ရှိသလော၊ ထိုအဖြူရောင်ကြောင့် အဝတ် ထိုအဝတ်ကြောင့် အဖြူရောင်ဖြစ်သလော။ |
4,626 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ဖြူသော အဝတ်ကို ဆေးဆိုးလတ်သော် အဖြူ၏ အဖြစ်ကို စွန့်သလော။ |
4,627 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် စွန့်ပါ၏။ |
4,628 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အဝတ်၏ အဖြစ်ကို စွန့်သလော။ |
4,629 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အဖြူရောင်ဟူ၍လည်းကောင်း, အဝတ်ဟူ၍လည်းကောင်း၊ အဝတ်ဟူ၍လည်းကောင်း, အဖြူရောင်ဟူ၍လည်းကောင်း အဖြူရောင်နှင့် အဝတ်ကို မဝေဖန်အပ်သည်ကို ပြု၍ ဤအဖြူသည်ဤအဝတ်လော၊ ဤအဝတ်သည် ဤအဖြူလော၊ အဖြူရောင်နှင့် အဝတ်သည် တူသောအနက် ရှိသလော၊ တူသလော၊ တူသော အဖို့ ရှိသလော၊ ထိုအဖြူရောင်ကြောင့် အဝတ် ထိုအဝတ်ကြောင့် အဖြူရောင်ဖြစ်သလော။ |
4,630 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဖြူသော အဝတ်ကို ဆေးဆိုးလတ်သော် အဝတ်၏ အဖြစ်ကို မစွန့်သလော။ |
4,631 | Uncategorized | ကထာဝတ္ထုပါဠိတော် | အဖြူရောင်အဖြစ်ကို မစွန့်သလော။ |
4,632 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၈၆။ သကဝါဒီ။ |
4,633 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ရုပ်သည် ရုပ်၏ အဖြစ်ကို မစွန့်ပါသလော။ |
4,634 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရုပ်သည် မြဲသလော၊ ခိုင်ခံ့သလော၊ အမြဲထင်ရှားရှိသလော၊ ဖောက်ပြန်ပျက်စီးခြင်းသဘော မရှိသလော။ |
4,635 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရုပ်သည် ရုပ်၏အဖြစ်ကို မစွန့်ဟု နှလုံးပြု၍ ရုပ်သည် မမြဲသည် မဟုတ်ပါလော၊ မခိုင်ခံ့သည် မဟုတ်ပါလော၊ ထင်ရှားမရှိသည် မဟုတ်ပါလော၊ ဖောက်ပြန်ပျက်စီးခြင်းသဘောရှိသည်မဟုတ်ပါလော။ |
4,636 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ ရုပ်သည် မမြဲခဲ့ပါမူ မခိုင်ခံ့ခဲ့ပါမူ အမြဲထင်ရှား မရှိခဲ့ပါမူ ဖောက်ပြန်ပျက်စီးခြင်း သဘောရှိခဲ့ပါမူ ရုပ်သည် ရုပ်၏ အဖြစ်ကို မစွန့်ဟူ၍ မဆိုသင့်။ |
4,637 | Uncategorized | ကထာဝတ္ထုပါဠိတော် | နိဗ္ဗာန်သည် နိဗ္ဗာန်၏အဖြစ်ကို မစွန့်ဟု နှလုံးပြု၍ နိဗ္ဗာန်သည် မြဲသလော၊ ခိုင်ခံ့သလော၊ အမြဲထင်ရှားရှိသလော၊ ဖောက်ပြန်ပျက်စီးခြင်းသဘော မရှိသလော။ |
4,638 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် ပျက်စီးခြင်း မရှိပါ။ |
4,639 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရုပ်သည် ရုပ်၏ အဖြစ်ကို မစွန့်ဟု နှလုံးပြု၍ ရုပ်သည် မြဲသလော၊ ခိုင်ခံ့သလော၊ အမြဲထင်ရှားရှိသလော၊ ဖောက်ပြန်ပျက်စီးခြင်းသဘော မရှိသလော။ |
4,640 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရုပ်သည် ရုပ်၏ အဖြစ်ကို မစွန့်ဟု နှလုံးပြု၍ ရုပ်သည် မမြဲသလော၊ မခိုင်ခံ့သလော၊ အမြဲထင်ရှား မရှိသလော၊ ဖောက်ပြန်ပျက်စီးခြင်းသဘော ရှိသလော။ |
4,641 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် ပျက်စီးခြင်းရှိပါ၏။ |
4,642 | Uncategorized | ကထာဝတ္ထုပါဠိတော် | နိဗ္ဗာန်သည် နိဗ္ဗာန်၏ အဖြစ်ကို မစွန့်ဟု နှလုံးပြု၍ နိဗ္ဗာန်သည် မမြဲသလော၊ မခိုင်ခံ့သလော၊ အမြဲထင်ရှား မရှိသလော၊ ဖောက်ပြန်ပျက်စီးခြင်းသဘော ရှိသလော။ |
4,643 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်သည် ရှိသည်ဖြစ်၍ အတိတ်သည် အတိတ်၏ အဖြစ်ကို မစွန့်သလော။ |
4,644 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အနာဂတ်သည် ရှိသည်ဖြစ်၍ အနာဂတ်သည် အနာဂတ်၏ အဖြစ်ကို မစွန့်သလော။ |
4,645 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အတိတ်သည် ရှိသည်ဖြစ်၍ အတိတ်သည် အတိတ်၏ အဖြစ်ကို မစွန့်သလော။ |
4,646 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပစ္စုပ္ပန်သည် ရှိသည်ဖြစ်၍ ပစ္စုပ္ပန်သည် ပစ္စ္စုပ္ပန်၏ အဖြစ်ကို မစွန့်သလော။ |
4,647 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အနာဂတ်သည် ရှိသည်ဖြစ်၍ အနာဂတ်သည် အနာဂတ်၏ အဖြစ်ကို စွန့်သလော။ |
4,648 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်သည် ရှိသည်ဖြစ်၍ အတိတ်သည် အတိတ်၏ အဖြစ်ကို စွန့်သလော။ |
4,649 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပစ္စုပ္ပန်သည် ရှိသည်ဖြစ်၍ ပစ္စ္စုပ္ပန်သည် ပစ္စုပ္ပန်၏ အဖြစ်ကို စွန့်သလော။ |
4,650 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်သည် မြဲသည် ခိုင်ခံ့သည် အမြဲထင်ရှားရှိသည် ဖောက်ပြန်ပျက်စီးခြင်းသဘောမရှိသည် ဖြစ်သလော။ |
4,651 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်သည် မမြဲသည် မခိုင်ခံ့သည် အမြဲထင်ရှား မရှိသည် ဖောက်ပြန်ပျက်စီးခြင်းသဘောရှိသည် မဟုတ်ပါလော။ |
4,652 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ အတိတ်သည် အကယ်၍ မမြဲခဲ့ပါမူ မခိုင်ခံ့ခဲ့ပါမူ အမြဲထင်ရှား မရှိခဲ့ပါမူဖောက်ပြန်ပျက်စီးခြင်းသဘော ရှိခဲ့ပါမူ အတိတ်သည် ရှိသည်ဖြစ်၍ အတိတ်သည် အတိတ်၏ အဖြစ်ကိုမစွန့်ဟု မဆိုသင့်။ |
4,653 | Uncategorized | ကထာဝတ္ထုပါဠိတော် | နိဗ္ဗာန်သည် ရှိသည်ဖြစ်၍ နိဗ္ဗာန်သည် နိဗ္ဗာန်အဖြစ်ကို မစွန့်ဟု နှလုံးပြုလျက်နိဗ္ဗာန်သည် မြဲသည် ခိုင်ခံ့သည် အမြဲထင်ရှားရှိသည် ဖောက်ပြန်ပျက်စီးခြင်းသဘော မရှိသည် ဖြစ်သလော။ |
4,654 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်သည် ရှိသည်ဖြစ်၍ အတိတ် သည် အတိတ်၏ အဖြစ်ကို မစွန့်ဟု နှလုံးပြုလျက် အတိတ်သည် မြဲသည် ခိုင်ခံ့သည် ထင်ရှားရှိသည် ဖောက်ပြန်ပျက်စီးခြင်းသဘော မရှိသည် ဖြစ်သလော။ |
4,655 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်သည် ရှိသည်ဖြစ်၍ အတိတ် သည် အတိတ်၏ အဖြစ်ကို မစွန့်ဟု နှလုံး ပြုလျက်အတိတ်သည် မမြဲသည် မခိုင်ခံ့သည် အမြဲထင်ရှား မရှိသည် ဖောက်ပြန်ပျက်စီးခြင်း သဘော ရှိသည်ဖြစ်သလော။ |
4,656 | Uncategorized | ကထာဝတ္ထုပါဠိတော် | နိဗ္ဗာန်သည် ရှိသည်ဖြစ်၍ နိဗ္ဗာန်သည် နိဗ္ဗာန်၏အဖြစ်ကို မစွန့်ဟု နှလုံးပြုလျက်နိဗ္ဗာန်သည် မမြဲသည် မခိုင်ခံ့သည် အမြဲထင်ရှား မရှိသည် ဖောက်ပြန်ပျက်စီးခြင်းသဘောရှိသည် ဖြစ်သလော။ |
4,657 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၈၇။ သကဝါဒီ။ |
4,658 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အတိတ်ရုပ်သည် ရှိသည်ဖြစ်၍ အတိတ်ရုပ်သည် အတိတ်၏အဖြစ်ကို မစွန့်ပါသလော။ |
4,659 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အနာဂတ်ရုပ်သည် ရှိသည်ဖြစ်၍ အနာဂတ်ရုပ်သည် အနာဂတ်၏အဖြစ်ကို မစွန့်ပါ့သလော။ |
4,660 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်ရုပ်သည် ရှိသည်ဖြစ်၍ အတိတ်ရုပ်သည် အတိတ်၏ အဖြစ်ကို မစွန့်ပါသလော။ |
4,661 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပစ္စုပ္ပန်ရုပ်သည် ရှိသည်ဖြစ်၍ ပစ္စုပ္ပန်ရုပ်သည် ပစ္စုပ္ပန်၏ အဖြစ်ကို မစွန့်ပါသလော။ |
4,662 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနာဂတ်ရုပ်သည် ရှိသည်ဖြစ်၍ အနာဂတ်ရုပ်သည် အနာဂတ်၏ အဖြစ်ကို စွန့်ပါသလော။ |
4,663 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်ရုပ်သည် ရှိသည်ဖြစ်၍ အတိတ်ရုပ်သည် အတိတ်၏ အဖြစ်ကို စွန့်ပါသလော။ |
4,664 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပစ္စုပ္ပန်ရုပ်သည် ရှိသည်ဖြစ်၍ ပစ္စုပ္ပန်ရုပ်သည် ပစ္စုပ္ပန်၏ အဖြစ်ကို စွန့်ပါသလော။ |
4,665 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်ရုပ်သည် မြဲသည် ခိုင်ခံ့သည် အမြဲထင်ရှားရှိသည် ဖောက်ပြန်ပျက်စီးခြင်းသဘောမရှိသည် ဖြစ်သလော။ |
4,666 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်ရုပ်သည် မမြဲသည် မခိုင်ခံ့သည် အမြဲထင်ရှား မရှိသည် ဖောက်ပြန် ပျက်စီးခြင်းသဘောရှိသည် မဟုတ်ပါလော။ |
4,667 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ အတိတ် သည် မမြဲခဲ့ပါမူ။ |
4,668 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ဖောက်ပြန်ပျက်စီးခြင်းသဘော ရှိခဲ့ပါမူအတိတ်ရုပ်သည် ရှိသည်ဖြစ်၍ အတိတ်ရုပ်သည် အတိတ်၏ အဖြစ်ကို မစွန့်ဟူ၍ မဆိုသင့်။ |
4,669 | Uncategorized | ကထာဝတ္ထုပါဠိတော် | နိဗ္ဗာန်သည် ရှိသည်ဖြစ်၍ နိဗ္ဗာန်သည် နိဗ္ဗာန်၏အဖြစ်ကို မစွန့်ဟု နှလုံးပြုလျက်နိဗ္ဗာန်သည် မြဲသည် ခိုင်ခံ့သည် အမြဲထင်ရှားရှိသည် ဖောက်ပြန်ပျက်စီးခြင်းသဘော မရှိသည် ဖြစ်ပါသလော။ |
4,670 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အတိတ်ရုပ်သည် ရှိသည်ဖြစ်၍ အတိတ်ရုပ်သည် အတိတ်၏အဖြစ်ကို မစွန့်ဟုနှလုံးပြုလျက် အတိတ်ရုပ်သည် မြဲသည် ခိုင်ခံ့သည် အမြဲထင်ရှားရှိသည် ဖောက်ပြန်ပျက်စီးခြင်းသဘောမရှိသည် ဖြစ်ပါသလော။ |
4,671 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်ရုပ်သည် ရှိသည်ဖြစ်၍ အတိတ်ရုပ်သည် အတိတ်၏အဖြစ်ကို မစွန့်ဟုနှလုံးပြုလျက် အတိတ်ရုပ်သည် မမြဲသည် မခိုင်ခံ့သည် အမြဲထင်ရှား မရှိသည် ဖောက်ပြန်ပျက်စီးခြင်းသဘောရှိသည် ဖြစ်ပါသလော။ |
4,672 | Uncategorized | ကထာဝတ္ထုပါဠိတော် | နိဗ္ဗာန်သည် ရှိသည်ဖြစ်၍ နိဗ္ဗာန်သည် နိဗ္ဗာန်၏အဖြစ်ကို မစွန့်ဟု နှလုံးပြုလျက့်နိဗ္ဗာန်သည် မမြဲသည် မခိုင်ခံ့သည် အမြဲထင်ရှား မရှိသည် ဖောက်ပြန်ပျက်စီးခြင်းသဘောရှိသည် ဖြစ်သလော။ |
4,673 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်ဝေဒနာသည် ရှိသည်။ |
4,674 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်သညာသည် ရှိသည်။ |
4,675 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်သင်္ခါရတို့သည်ရှိကုန်သည်။ |
4,676 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်ဝိညာဏ်သည် ရှိသည်ဖြစ်၍ အတိတ်ဝိညာဏ်သည် အတိတ်၏ အဖြစ်ကို မစွန့်ပါသလော။ |
4,677 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနာဂတ်ဝိညာဏ်သည် ရှိသည်ဖြစ်၍ အနာဂတ်ဝိညာဏ်သည် အနာဂတ်၏ အဖြစ်ကိုမစွန့်ပါသလော။ |
4,678 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်ဝိညာဏ်သည် ရှိသည်ဖြစ်၍ အတိတ်ဝိညာဏ်သည် အတိတ်၏ အဖြစ်ကိုမစွန့်ပါသလော။ |
4,679 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပစ္စုပ္ပန်ဝိညာဏ်သည် ရှိသည်ဖြစ်၍ ပစ္စုပ္ပန်ဝိညာဏ်သည် ပစ္စုပ္ပန်၏အဖြစ်ကို မစွန့်ပါသလော။ |
4,680 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနာဂတ်ဝိညာဏ်သည် ရှိသည်ဖြစ်၍ အနာဂတ်ဝိညာဏ်သည် အနာဂတ်၏အဖြစ်ကိုစွန့်ပါသလော။ |
4,681 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်ဝိညာဏ်သည် ရှိသည်ဖြစ်၍ အတိတ်ဝိညာဏ်သည် အတိတ်၏ အဖြစ်ကိုစွန့်ပါသလော။ |
4,682 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပစ္စုပ္ပန်ဝိညာဏ်သည် ရှိသည်ဖြစ်၍ ပစ္စုပ္ပန်ဝိညာဏ်သည် ပစ္စုပ္ပန်၏အဖြစ်ကို စွန့်ပါသလော။ |
4,683 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အတိတ်ဝိညာဏ်သည် ရှိသည်ဖြစ်၍ အတိတ်ဝိညာဏ်သည် အတိတ်၏ အဖြစ်ကိုစွန့်ပါသလော။ |
4,684 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်ဝိညာဏ်သည် မြဲသည် ခိုင်ခံ့သည် အမြဲထင်ရှားရှိသည် ဖောက်ပြန်ပျက်စီးခြင်းသဘော မရှိသည် ဖြစ်သလော။ |
4,685 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်ဝိညာဏ်သည် မမြဲသည် မခိုင်ခံ့သည် အမြဲထင်ရှား မရှိသည် ဖောက်ပြန်ပျက်စီးခြင်းသဘောရှိသည် မဟုတ်ပါသလော။ |
4,686 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ အတိတ်ဝိညာဏ်သည် မမြဲ မခိုင်ခံ့ အမြဲထင်ရှား မရှိ ဖောက်ပြန့်ပျက်စီးခြင်းသဘော ရှိခဲ့ပါမူ အတိတ်ဝိညာဏ်သည် ရှိသည် ဖြစ်၍ အတိတ်ဝိညာဏ်သည် အတိတ်၏အဖြစ်ကို မစွန့်ဟူ၍ မဆိုသင့်။ |
4,687 | Uncategorized | ကထာဝတ္ထုပါဠိတော် | နိဗ္ဗာန်သည် ရှိသည်ဖြစ်၍ နိဗ္ဗာန်သည် နိဗ္ဗာန်၏အဖြစ်ကို မစွန့်ဟု နှလုံးပြုလျက်နိဗ္ဗာန်သည် မြဲသည် ခိုင်ခံ့သည် အမြဲထင်ရှားရှိသည် ဖောက်ပြန်ခြင်းသဘော မရှိသည် မဟုတ်ပါလော။ |
4,688 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်ဝိညာဏ်သည် ရှိသည်ဖြစ်၍ အတိတ်ဝိညာဏ်သည် အတိတ်၏အဖြစ်ကို မစွန့်ဟုနှလုံးပြုလျက် အတိတ်ဝိညာဏ်သည် မြဲသည် ခိုင်ခံ့သည် အမြဲထင်ရှားရှိသည် ဖောက်ပြန်ပျက်စီးခြင်းသဘော မရှိသည် မဟုတ်ပါလော။ |
4,689 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်ဝိညာဏ်သည် ရှိသည်ဖြစ်၍ အတိတ်ဝိညာဏ်သည် အတိတ်၏ အဖြစ်ကို မစွန့်ဟုနှလုံးပြုလျက် အတိတ်ဝိညာဏ်သည် မမြဲသည် မခိုင်ခံ့သည် အမြဲထင်ရှား မရှိသည် ဖောက်ပြန်ခြင်းသဘောရှိသည် မဟုတ်ပါလော။ |
4,690 | Uncategorized | ကထာဝတ္ထုပါဠိတော် | နိဗ္ဗာန်သည် ရှိသည်ဖြစ်၍ နိဗ္ဗာန်သည် နိဗ္ဗာန်၏အဖြစ်ကို မစွန့်ဟု နှလုံးပြုလျက်နိဗ္ဗာန်သည် မမြဲသည် မခိုင်ခံ့သည် အမြဲထင်ရှား မရှိသည် ဖောက်ပြန်ခြင်းသဘောရှိသည် မဟုတ်ပါလော။ |
4,691 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဝစနသောဓနာ ၂၈၈။ |
4,692 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်သည် မရှိပါသလော။ |
4,693 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ် မရှိခဲ့ပါမူ အတိတ်ရှိ၏ဟူသောစကားသည် မှား၏၊ သို့မဟုတ် ရှိသောသဘောသည် အတိတ် မဟုတ်ခဲ့ပါမူ ရှိသောသဘောသည် အတိတ်ဖြစ်၏ဟူသောစကားသည် မှား၏။ |
4,694 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အနာဂတ်သည် မရှိပါသလော။ |
4,695 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနာဂတ် မရှိခဲ့ပါမူ အနာဂတ်ရှိ၏ဟူသောစကားသည် မှား၏၊ သို့မဟုတ် ရှိသောသဘောသည် အနာဂတ် မဟုတ်ခဲ့ပါမူ ရှိသောသဘောသည် အနာဂတ်ဖြစ်၏ဟူသောစကားသည် မှား၏။ |
4,696 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနာဂတ် ဖြစ်ပြီး၍ ပစ္စုပ္ပန် ဖြစ်ပါသလော။ |
4,697 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထိုအနာဂတ်သည်ပင် ထိုပစ္စုပ္ပန်လော။ |
4,698 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ (အနာဂတ်) ဖြစ်ပြီး၍ (ပစ္စုပ္ပန်) ဖြစ်သလော၊ (ပစ္စုပ္ပန်) ဖြစ်လျက်ပင် (အနာဂတ်) ဖြစ်သလော။ |
4,699 | Uncategorized | ကထာဝတ္ထုပါဠိတော် | (အနာဂတ်) ဖြစ်ပြီး၍ (ပစ္စုပ္ပန်) ဖြစ်သလော၊ (ပစ္စုပ္ပန်) ဖြစ်လျက်ပင် အနာဂတ်ဖြစ်သလော။ |
4,700 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၂ သကဝါဒီ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.