id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
4,501 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂။ ဈာန်ဖြင့် ပယ်စွန့်အပ်ကုန်သော ကာမရာဂဗျာပါဒတို့၏ ပရိယုဋ္ဌာနကို မမြင်သောကြောင့် ပရဝါဒီက ဝန်ခံသည်။ |
4,502 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၃။ ဈာန်ဖြင့် ပယ်စွန့်အပ်ကုန်သော်လည်း ထိုကာမရာဂဗျာပါဒတို့ကို အနာဂါမိမဂ်ဖြင့်သာလျှင် စင်စစ် အကြွင်းမရှိသောအားဖြင့် ပယ်ဖျက်နိုင်ခြင်းဖြစ်ရကား အစ္စန္တစသည်ဖြင့် ထပ်၍ မေးပြန်သည်။ |
4,503 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၄။ ထိုသို့သဘောရှိသော ပယ်စွန့်မှုမျိုး မရှိနိုင်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
4,504 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၅။ အနာဂါမိမဂ္ဂဋ္ဌာန်နှင့်တကွ ပုထုဇဉ်ကို ရောနှော၍ မေးသောဝါဒ ဖြစ်သည်။ |
4,505 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၆။ အနာဂါမိမဂ္ဂဋ္ဌာန်နှင့်တကွ ပုထုဇဉ်ကို ရောနှော၍ မေးသောဝါဒ ဖြစ်သည်။ |
4,506 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၇။ ဈာန်ရသော အနာဂါမ်၏ အဖြစ်ကို ရည်ရွယ်၍ ပရဝါဒီက ဝန်ခံသည်။ |
4,507 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၈။ သောတာပတ္တိမဂ်ဖြင့် ဥဒ္ဓံဘာဂိယသံယောဇဉ်တို့ကို ပယ်ဖျက်နိုင်ခြင်း မရှိသောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
4,508 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၉။ ထိုသို့သဘောရှိသော ဘာဝနာ၏ မရှိသောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
4,509 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၀။ တစ်ဖန် နောက်ထပ် မေးမြန်းလတ်သော် မဂ်သုံးပါးတို့ ကိလေသာတို့ကို ပယ်ဖျက်ခြင်းကိစ္စ ဖြစ်နိုင်သည်ကို ရည်ရွယ်၍ ပရဝါဒီက ဝန်ခံပြန်သည်။ |
4,510 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၁။ ဈာန်နှင့် ယှဉ်သော အနာဂါမ်၏ အဖြစ်ကို ရည်ရွယ်၍ ဖြေဆိုသည်။ |
4,511 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၂။ ကိလေသာသုံးပါးတို့၏ အနာဂါမိမဂ်ဖြင့် မပယ်အပ်သည့်အဖြစ်ကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
4,512 | Uncategorized | ကထာဝတ္ထုပါဠိတော် | -- ၂-သုတ္တာဟရဏကထာ |
4,513 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၈၁။ သကဝါဒီ။ |
4,514 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အနာဂါမိမဂ်ဖြင့် သက္ကာယဒိဋ္ဌိကိုလည်းကောင်း၊ ဝိစိကိစ္ဆာကိုလည်းကောင်း၊ သီလဗ္ဗတပရာမာသကိုလည်းကောင်း ပယ်စွန့်ပါသလော။ |
4,515 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ သံယောဇဉ်သုံးပါးတို့ကို ပယ်ရှားခြင်းကြောင့် သောတာပတ္တိဖိုလ်ကို မြတ်စွာဘုရားဟောအပ်သည် မဟုတ်ပါလော။ |
4,516 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ သံယောဇဉ်သုံးပါးတို့ကို ပယ်ရှားခြင်းကြောင့် သောတာပတ္တိဖိုလ်ကို မြတ်စွာဘုရား ဟောအပ်ခဲ့ပါမူ အနာဂါမိမဂ်ဖြင့် သက္ကာယဒိဋ္ဌိကိုလည်းကောင်း၊ ဝိစိကိစ္ဆာကိုလည်းကောင်း၊ သီလဗ္ဗတပရာမာသကိုလည်းကောင်း ပယ်စွန့်၏ဟူ၍ကား မဆိုသင့်။ |
4,517 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနာဂါမိမဂ်ဖြင့် ကြမ်းတမ်းသော ကာမရာဂကိုလည်းကောင်း၊ ကြမ်းတမ်းသောဗျာပါဒကိုလည်းကောင်း ပယ်စွန့်ပါသလော။ |
4,518 | Uncategorized | ကထာဝတ္ထုပါဠိတော် | ကာမရာဂနှင့် ဗျာပါဒတို့၏ ခေါင်းပါးခြင်းကြောင့် သကဒါဂါမိဖိုလ်ကို မြတ်စွာဘုရားဟောအပ်သည် မဟုတ်ပါလော။ |
4,519 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ ကာမရာဂနှင့် ဗျာပါဒတို့ ခေါင်းပါးခြင်းကြောင့် သကဒါဂါမိဖိုလ်ကို မြတ်စွာဘုရား ဟောအပ်ခဲ့ပါမူ အနာဂါမိမဂ်ဖြင့် ကြမ်းတမ်းသော ကာမရာဂကိုလည်းကောင်း၊ ကြမ်းတမ်းသော ဗျာပါဒကိုလည်းကောင်း ပယ်စွန့်၏ဟူ၍ မဆိုသင့်။ |
4,520 | Uncategorized | ကထာဝတ္ထုပါဠိတော် | အလုံးစုံသော ပုဂ္ဂိုလ်တို့သည် တရားကို (ထိုးထွင်း၍) သိကုန်၏၊ ထိုအလုံးစုံသောပုဂ္ဂိုလ်တို့သည် တရားကို သိသည်နှင့် တစ်ပြိုင်နက် အနာဂါမိဖိုလ်၌ တည်ပါကုန်သလော။ |
4,521 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဤသို့ မဆိုသင့်ပါ။ |
4,522 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပုထုဇဉ်သည် ကာမရာဂနှင့် ဗျာပါဒကို ပယ်စွန့်၏ဟူ၍ မဆိုသင့်ပါသလော။ |
4,523 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ “အခြံအရံ (အကျော်အစော) ရှိကုန်သော ၊ စိမ်းရွှေ (ညှီဟောက်) သော (ကာမ) အနံ့မရှိကုန်သော ၊ သနားခြင်း၌ သက်ဝင်ကုန်သော ၊ ကာမသံယောဇဉ်ကို လွန် မြောက်ကုန်သော အကြင်ဆရာခြောက်ဦးတို့သည် အတိတ်အဖို့ (ကာလ) ၌ ဖြစ်ဖူးကုန်၏၊ ထိုဆရာခြောက်ဦးတို့သည်လိုချင်တပ်စွန်းမှု ‘ကာမရာဂ'ကို ကင်းပြတ်စေ၍ ဗြဟ္မာ့ဘုံသို့ ကပ်ရောက်ကုန်၏။ |
4,524 | Uncategorized | ကထာဝတ္ထုပါဠိတော် | စိမ်းရွှေ (ညှီဟောက်) သော (ကာမ) အနံ့ မရှိကုန်သော ၊ သနားခြင်း၌ သက်ဝင် ကုန်သော ၊ ကာမသံယောဇဉ်ကို လွန်မြောက်ကုန်သော ထိုဆရာခြောက်ဦးတို့၏ အရာမကများစွာသော တပည့်တို့သည် ရှိခဲ့ကုန်၏၊ ထိုတပည့်တို့သည်လည်း လိုချင်တပ်စွန်းမှု ‘ကာမရာဂ’ ကို ကင်းပြတ်စေ၍ဗြဟ္မာ့ဘုံသို့ ကပ်ရောက်ကုန်၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာမဟုတ်... |
4,525 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထို့ကြောင့် ပုထုဇဉ်သည် ကာမရာဂနှင့် ဗျာပါဒကို ပယ်စွန့်၏။ |
4,526 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပုထုဇဉ်သည် ကာမရာဂနှင့် ဗျာပါဒကို ပယ်စွန့်ပါသလော။ |
4,527 | Uncategorized | ကထာဝတ္ထုပါဠိတော် | “ရဟန်းတို့ သုနေတ္တမည်သော ထိုဆရာသည် ဤမျှရှည်သော အသက်ရှိသူ ဤမျှကြာမြင့်စွာ တည်ခြင်းရှိသူ ဖြစ်ပါလျက် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း လွန်စွာ ပင်ပန်းခြင်းတို့မှ မလွတ်မြောက်သူ ဆင်းရဲမှ မလွတ်မြောက်သူဖြစ်၏ဟူ၍ (ငါဘုရား) ဟောတော်မူ၏။ |
4,528 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထိုသို့ မလွတ်မြောက်ခြင်းသည် အဘယ့်ကြောင့်နည်း၊ တရားလေးပါးတို့ကို လျော်စွာ မသိခြင်း ထိုးထွင်း၍ မသိခြင်းကြောင့်တည်း။ |
4,529 | Uncategorized | ကထာဝတ္ထုပါဠိတော် | အဘယ်တရားလေးပါးတို့ကိုလျော်စွာ မသိခြင်း ထိုးထွင်း၍ မသိခြင်းကြောင့် (မလွတ်မြောက်သူ ဖြစ်သနည်း)၊ မြတ်သော သီလကိုလျော်စွာ မသိခြင်း ထိုးထွင်း၍ မသိခြင်းကြောင့်၊ မြတ်သော သမာဓိကို၊ မြတ်သော ပညာကို၊ မြတ်သော နိဗ္ဗာန်ကို လျော်စွာ မသိခြင်း ထိုးထွင်း၍ မသိခြင်းကြောင့် (ဆင်းရဲမှ မလွတ်မြောက်သူဟူ၍ငါဘုရား ဟောတော်မူ၏)။ |
4,530 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန်းတို့ (အကြင်ပုဂ္ဂိုလ်သည် ) ထိုမြတ်သော သီလကို လျော်စွာ သိအပ်ပြီ၊ ထိုးထွင်း၍ သိအပ်ပြီ၊ မြတ်သော သမာဓိကို လျော်စွာ သိအပ်ပြီ၊ ထိုးထွင်း၍ သိအပ်ပြီ၊ မြတ်သော ပညာကို လျော်စွာသိအပ်ပြီ၊ ထိုးထွင်း၍ သိအပ်ပြီ၊ မြတ်သော နိဗ္ဗာန်ကို လျော်စွာ သိအပ်ပြီ၊ ထိုးထွင်း၍ သိအပ်ပြီ၊ (ထိုပုဂ္ဂိုလ်သည် ) ဘဝ၌ တပ်မက်မှု ‘ဘဝတဏှာ’ ကို ဖြတ်ပြီးပြီ၊ ဘ... |
4,531 | Uncategorized | ကထာဝတ္ထုပါဠိတော် | အမြတ်ဆုံးဖြစ်သော သီလကိုလည်းကောင်း၊ သမာဓိကိုလည်းကောင်း၊ ပညာကို လည်းကောင်း၊ နိဗ္ဗာန်ကိုလည်းကောင်း ဤတရားတို့ကို အခြံအရံ အကျော်အစော ရှိတော်မူသောဂေါတမမြတ်စွာဘုရားသည် လျော်စွာ သိအပ်ကုန်ပြီ။ |
4,532 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဤသို့ထူးသောဉာဏ်ဖြင့် သိခြင်းကြောင့် မြတ်စွာဘုရားသည် ရဟန်းတို့အား တရားကို ဟောတော်မူပြီ၊ လူနတ်တို့ ဆရာ မြတ်စွာဘုရားသည် ဆင်းရဲခြင်း၏ အဆုံးကို ပြုတော်မူ၏၊ ပညာမျက်စိရှိတော်မူသောမြတ်စွာဘုရားသည် ငြိမ်းအေး တော်မူလေပြီ”ဟူ၍လည်းကောင်း မြတ်စွာဘုရားသည် ဟောအပ်သောသုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
4,533 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထို့ကြောင့်ပင် ပုထုဇဉ်သည် ကာမရာဂနှင့် ဗျာပါဒကို ပယ်စွန့်၏ဟူ၍ မဆိုသင့်။ |
4,534 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဇဟတိကထာ ပြီး၏။ |
4,535 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁။ သောတာပတ္တိမဂ်၏သာလျှင် ဈာန်နှင့်ယှဉ်သော အနာဂါမိမဂ်၏ အဖြစ်ကိုရည်ရွယ်၍ ဝန်ခံပြန်သည်။ |
4,536 | Uncategorized | ကထာဝတ္ထုပါဠိတော် | -- ၅-သဗ္ဗမတ္ထီတိကထာ |
4,537 | Uncategorized | ကထာဝတ္ထုပါဠိတော် | (ယံကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ။ |
4,538 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ အယံဝုစ္စတိ ရူပက္ခန္ဓော ဤသို့အစရှိသည်ကို ဟောတော်မူသောကြောင့် အတိတ်စသည် ပြားကုန်သော တရားအားလုံးတို့သည် ခန္ဓာသဘောကို မစွန့်ကြကုန်၊ ထို့ကြောင့် အလုံးစုံသော တရားသည် ရှိသည်မည်၏ဟု အယူရှိကြကုန်သော ပရဝါဒီဆရာတို့၏ အယူကို သုတ်သင်တော်မူလိုသောကြောင့် ဤသဗ္ဗမတ္ထီတိကထာကို ဟောတော်မူရသည်။ |
4,539 | Uncategorized | ကထာဝတ္ထုပါဠိတော် | ) ၁-ဝါဒယုတ္တိ |
4,540 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၈၂။ သကဝါဒီ။ |
4,541 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အလုံးစုံသော တရားသည် ရှိသလော။ |
4,542 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပရဝါဒီ၁။ ။ |
4,543 | Uncategorized | ကထာဝတ္ထုပါဠိတော် | အလုံးစုံသော ကိုယ်၌ အလုံးစုံသော တရားသည် ရှိသလော။ |
4,544 | Uncategorized | ကထာဝတ္ထုပါဠိတော် | အလုံးစုံသော တရားသည် ရှိသလော။ |
4,545 | Uncategorized | ကထာဝတ္ထုပါဠိတော် | အလုံးစုံသော အချိန် (ကာလ)တို့၌ အလုံးစုံသော တရားသည် ရှိသလော။ |
4,546 | Uncategorized | ကထာဝတ္ထုပါဠိတော် | အလုံးစုံသော အချင်းခပ်သိမ်း အလုံးစုံသော တရားသည် ရှိသလော။ |
4,547 | Uncategorized | ကထာဝတ္ထုပါဠိတော် | အလုံးစုံသော တရားတို့၌ အလုံးစုံသော တရားသည် ရှိသလော။ |
4,548 | Uncategorized | ကထာဝတ္ထုပါဠိတော် | မယှဉ်ဟု (နှလုံး) ပြု၍ အလုံးစုံသော တရားသည် ရှိသလော။ |
4,549 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်အရာဝတ္ထုသည်လည်း မရှိ၊ ထိုအရာဝတ္ထုသည်လည်း ရှိသလော။ |
4,550 | Uncategorized | ကထာဝတ္ထုပါဠိတော် | အလုံးစုံသော တရားသည် ရှိ၏ဟူသော (သင်၏) အကြင်အယူသည် ရှိ၏၊ ထိုအယူသည် မိစ္ဆာဒိဋ္ဌိ ‘မှားသော အယူ’ဟူ၍လည်းကောင်း၊ (ငါတို့၏) အကြင်အယူသည် ရှိ၏၊ ထိုအယူသည်သမ္မာဒိဋ္ဌိ ‘မှန်သော အယူ’ဟူ၍လည်းကောင်း ဤသို့ (သင်၏ အယူ၌) ရှိသလော။ |
4,551 | Uncategorized | ကထာဝတ္ထုပါဠိတော် | ] ဝါဒယုတ္တိ ပြီး၏။ |
4,552 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁။ ဤကထာ၌ ပရဝါဒီအရ သဗ္ဗမတ္ထိဂိုဏ်းသားတို့ကို ယူ။ |
4,553 | Uncategorized | ကထာဝတ္ထုပါဠိတော် | -- ၂-ကာလသံသန္ဒနာ |
4,554 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၈၃။ သကဝါဒီ။ |
4,555 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ လွန်ပြီးသော ‘အတိတ်’ သည် ရှိသလော။ |
4,556 | Uncategorized | ကထာဝတ္ထုပါဠိတော် | လွန်ပြီးသော ‘အတိတ်’ သည် ချုပ်ပြီး ကင်းပြတ်ပြီး ဖောက်ပြန်ပျက်စီးခဲ့ပြီး ကွယ်ပြီးကွယ်ပျောက်ပြီး မဟုတ်ပါလော။ |
4,557 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ လွန်ပြီးသော ‘အတိတ်’ သည် ချုပ်ပြီး ကင်းပြတ်ပြီး ဖောက်ပြန်ပျက်စီးခဲ့ပြီး ကွယ်ပြီး ကွယ်ပျောက်ပြီးဖြစ်ခဲ့ပါမူ လွန်ပြီးသော ‘အတိတ်’ သည် ရှိ၏ဟူ၍ မဆိုသင့်။ |
4,558 | Uncategorized | ကထာဝတ္ထုပါဠိတော် | မရောက်သေးသော ‘အနာဂတ်’ သည် ရှိသလော။ |
4,559 | Uncategorized | ကထာဝတ္ထုပါဠိတော် | မရောက်သေးသော ‘အနာဂတ်’ သည် မဖြစ်သေးသည် မထင်ရှားသေးသည် ကောင်းစွာမဖြစ်သေးသည် မဖြစ်ပေါ်သေးသည် အသစ် မဖြစ်သေးသည် ထင်ရှား မဖြစ်ပေါ်သေးသည် မဟုတ်ပါလော။ |
4,560 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ မရောက်သေးသော ‘အနာဂတ်’ သည် မဖြစ်သေးသည် မထင်ရှားသေးသည်ကောင်းစွာ မဖြစ်သေးသည် မဖြစ်ပေါ်သေးသည် အသစ် မဖြစ်သေးသည် ထင်ရှား မဖြစ်ပေါ်သေးသည်ဖြစ်ခဲ့ပါမူ မရောက်သေးသော ‘အနာဂတ်’ သည် ရှိ၏ဟူ၍ မဆိုသင့်။ |
4,561 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဖြစ်ဆဲ ‘ပစ္စုပ္ပန်’ သည် ရှိသလော၊ ဖြစ်ဆဲ ‘ပစ္စုပ္ပန်’ သည် မချုပ် မဖောက်ပြန် မပျက်စီးမကွယ်ပျောက်သလော။ |
4,562 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် မကွယ်ပျောက်ပါ။ |
4,563 | Uncategorized | ကထာဝတ္ထုပါဠိတော် | လွန်ခဲ့ပြီးသော ‘အတိတ်’ သည် ရှိသလော၊ လွန်ခဲ့ပြီးသော ‘အတိတ်’ သည် မချုပ်မကင်းပြတ် မဖောက်ပြန် မပျက်စီး မကွယ်ပျောက်ပါသလော။ |
4,564 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဖြစ်ဆဲ ‘ပစ္စုပ္ပန်’ သည် ရှိဆဲလော၊ ဖြစ်ဆဲ ‘ပစ္စုပ္ပန်’ သည် ဖြစ်ဆဲလော၊ ထင်ရှားဆဲလော၊ ကောင်းစွာ ဖြစ်ဆဲလော၊ ဖြစ်ဆဲလော၊ အသစ် ဖြစ်ဆဲလော၊ ထင်ရှား ဖြစ်ပေါ်ဆဲလော။ |
4,565 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် ဖြစ်ပေါ်ဆဲ ဖြစ်ပါ၏။ |
4,566 | Uncategorized | ကထာဝတ္ထုပါဠိတော် | မရောက်သေးသော ‘အနာဂတ်’ သည် ရှိသလော၊ မရောက်သေးသော ‘အနာဂတ်’ သည်ဖြစ်ဆဲလော၊ ထင်ရှားဆဲလော၊ ဖြစ်ပေါ်ဆဲလော၊ အသစ် ဖြစ်ဆဲလော၊ ထင်ရှား ဖြစ်ပေါ်ဆဲလော။ |
4,567 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အတိတ်သည် ရှိသလော၊ အတိတ်သည် ချုပ်ပြီးလော၊ ကင်းပြတ်ပြီးလော၊ ဖောက်ပြန်ပျက်စီးပြီးလော၊ ကွယ်ပြီးလော၊ ကွယ်ပျောက်ပြီးလော။ |
4,568 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် ကွယ်ပျောက်ပြီးဖြစ်ပါ၏။ |
4,569 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပစ္စုပ္ပန်သည် ရှိသလော၊ ပစ္စုပ္ပန်သည် ချုပ်ပြီးလော၊ ကင်းပြတ်ပြီးလော၊ ဖောက်ပြန်ပျက်စီးပြီးလော၊ ကွယ်ပြီးလော၊ ကွယ်ပျောက်ပြီးလော။ |
4,570 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနာဂတ်သည် ရှိသလော၊ အနာဂတ်သည် မဖြစ်သေးသလော၊ မထင်ရှားသေးသလော၊ ကောင်းစွာ မဖြစ်သေးသလော၊ မဖြစ်ပေါ်သေးသလော၊ အသစ် မဖြစ်သေးသလော၊ ထင်ရှားမဖြစ်သေးသလော။ |
4,571 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် ထင်ရှား မဖြစ်သေးပါ။ |
4,572 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပစ္စုပ္ပန်သည် ရှိသလော၊ ပစ္စုပ္ပန်သည် မဖြစ်သေးသလော၊ မထင်ရှားသေးသလော၊ ကောင်းစွာ မဖြစ်သေးသလော၊ အသစ် မဖြစ်သေးသလော၊ ထင်ရှား မဖြစ်သေးသလော။ |
4,573 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၈၄။ သကဝါဒီ။ |
4,574 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အတိတ်ရုပ်သည် ရှိသလော။ |
4,575 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်ရုပ်သည် ချုပ်ပြီးသည် ကင်းပြတ်ပြီးသည် ဖောက်ပြန်ပျက်စီးပြီးသည်ကွယ်ပြီးသည် ကွယ်ပျောက်ပြီးသည် မဟုတ်ပါလော။ |
4,576 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ အတိတ်ရုပ်သည် ချုပ်ပြီးဖြစ်ခဲ့ပါမူ။ |
4,577 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ကွယ်ပျောက်ပြီးဖြစ်ခဲ့ပါမူအတိတ်ရုပ်သည် ရှိ၏ဟူ၍ မဆိုသင့်။ |
4,578 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနာဂတ်ရုပ်သည် ရှိပါသလော။ |
4,579 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနာဂတ်ရုပ်သည် မဖြစ်သေးသည် မထင်ရှားသေးသည် ကောင်းစွာ မဖြစ်သေးသည်မဖြစ်ပေါ်သေးသည် အသစ် မဖြစ်သေးသည် ထင်ရှားစွာ မဖြစ်ပေါ်သေးသည် မဟုတ်ပါလော။ |
4,580 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ အနာဂတ်ရုပ်သည် မဖြစ်သေးခဲ့ပါမူ။ |
4,581 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ထင်ရှားစွာ မဖြစ်ပေါ်သေးခဲ့ပါမူအနာဂတ်ရုပ်သည် ရှိ၏ဟူ၍ မဆိုသင့်။ |
4,582 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပစ္စုပ္ပန်ရုပ်သည် ရှိသလော၊ ပစ္စုပ္ပန်ရုပ်သည် မချုပ်သလော၊ မကင်းပျောက်သလော၊ မဖောက်ပြန် မပျက်စီးသလော၊ မကွယ်သလော၊ မကွယ်ပျောက်သလော။ |
4,583 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်ရုပ်သည် ရှိသလော၊ အတိတ်ရုပ်သည် မချုပ်သလော၊ မကင်းပျောက်သလော၊ မဖောက်ပြန် မပျက်စီးသလော၊ မကွယ်သလော၊ မကွယ်ပျောက်သလော။ |
4,584 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဤသို့ကား မဆို သင့်ပါ။ |
4,585 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ပစ္စုပ္ပန်ရုပ်သည် ရှိသလော၊ ပစ္စုပ္ပန်ရုပ်သည် ဖြစ်ဆဲလော၊ ထင်ရှားဆဲလော၊ ကောင်းစွာဖြစ်ဆဲလော၊ ဖြစ်ပေါ်ဆဲလော၊ အသစ် ဖြစ်ဆဲလော၊ ထင်ရှား ဖြစ်ပေါ်ဆဲလော။ |
4,586 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် ဖြစ်ပေါ်ဆဲပါ။ |
4,587 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနာဂတ်ရုပ်သည် ရှိသလော၊ အနာဂတ်ရုပ်သည် ဖြစ်ဆဲလော၊ ထင်ရှားဆဲလော၊ ကောင်းစွာ ဖြစ်ဆဲလော၊ ဖြစ်ပေါ်ဆဲလော၊ အသစ် ဖြစ်ဆဲလော၊ ထင်ရှား ဖြစ်ပေါ်ဆဲလော။ |
4,588 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်ရုပ်သည် ရှိသလော၊ အတိတ်ရုပ်သည် ချုပ်ပြီးလော၊ ကင်းပျောက်ပြီးလော၊ ဖောက်ပြန် ပျက်စီးပြီးလော၊ ကွယ်ပြီးလော၊ ကွယ်ပျောက်ပြီးလော။ |
4,589 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပစ္စုပ္ပန်ရုပ်သည် ရှိသလော၊ ပစ္စုပ္ပန်ရုပ်သည် ချုပ်ပြီးလော၊ ကင်းပျောက်ပြီးလော၊ ဖောက်ပြန် ပျက်စီးပြီးလော၊ ကွယ်သလော၊ ကွယ်ပျောက်ပြီးလော။ |
4,590 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနာဂတ်ရုပ်သည် ရှိသလော၊ အနာဂတ်ရုပ်သည် မဖြစ်သေးသလော၊ မထင်ရှားသေးသလော၊ ကောင်းစွာ မဖြစ်သေးသလော၊ မဖြစ်ပေါ်သေးသလော၊ အသစ် မဖြစ်သေးသလော၊ ထင်ရှား မဖြစ်ပေါ်သေးသလော။ |
4,591 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩော် မဖြစ်ပေါ်သေးပါ။ |
4,592 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပစ္စုပ္ပန်ရုပ်သည် ရှိသလော၊ ပစ္စုပ္ပန်ရုပ်သည် မဖြစ်သေးသလော၊ မထင်ရှားသေးသလော၊ ကောင်းစွာ မဖြစ်သေးသလော၊ မဖြစ်ပေါ်သေးသလော၊ အသစ် မဖြစ်သေးသလော၊ ထင်ရှားမဖြစ်သေးသလော။ |
4,593 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်ဝေဒနာသည် ရှိသလော။ |
4,594 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ သညာသည် ရှိသလော၊ သင်္ခါရတို့သည်ရှိကုန်သလော၊ ဝိညာဏ်သည် ရှိသလော။ |
4,595 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်ဝိညာဏ်သည် ချုပ်ပြီးသည် ကင်းပျောက်ပြီးသည် ဖောက်ပြန်ပျက်စီးပြီးသည်ကွယ်ပြီးသည် ကွယ်ပျောက်ပြီးသည် မဟုတ်ပါလော။ |
4,596 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ အတိတ်ဝိညာဏ်သည် ချုပ်ပြီးဖြစ်ခဲ့ပါမူ။ |
4,597 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ကွယ်ပျောက်ပြီးဖြစ်ခဲ့ပါမူအတိတ်ဝိညာဏ်သည် ရှိ၏ဟူ၍ မဆိုသင့်။ |
4,598 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနာဂတ်ဝိညာဏ်သည် ရှိသလော။ |
4,599 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနာဂတ်ဝိညာဏ်သည် မဖြစ်သေးသည် မထင်ရှားသေးသည် ကောင်းစွာမဖြစ် သေးသည်မဖြစ်ပေါ်သေးသည် အသစ် မဖြစ်သေးသည် ထင်ရှားစွာ မဖြစ်ပေါ်သေးသည် မဟုတ်ပါလော။ |
4,600 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အရှင်ပရဝါဒီ အနာဂတ်ဝိညာဏ်သည် မဖြစ်သေးခဲ့ပါမူ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.