id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
4,901 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရှိသော တရားသည် အချို့ အတိတ်ဖြစ်ပါ၏၊ အချို့ အတိတ် မဖြစ်ပါ။ |
4,902 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ အတိတ်တရားသည် ရှိသည်ဖြစ်၍ ရှိသော တရားသည် အချို့ အတိတ်ဖြစ်၍ အချို့အတိတ် မဟုတ်ခဲ့ပါမူ ထိုအကြောင်းကြောင့် အတိတ်တရားသည် အတိတ် မဟုတ်၊ အတိတ် မဟုတ်သောတရားသည် အတိတ်ဖြစ်၏ဟု ဆိုသည် မည်၏။ |
4,903 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထိုအမေးပုစ္ဆာ၌ အတိတ်တရားသည် ရှိ၏၊ ရှိသော တရားသည် အချို့ အတိတ်ဖြစ်၍ အချို့ အတိတ်မဟုတ်ဟု သင် ဆိုခဲ့သည်သာတည်း၊ ထို့ကြောင့် အတိတ်တရားသည် အတိတ် မဟုတ်၊ အတိတ်မဟုတ်သော တရားသည် အတိတ်ဖြစ်၏ဟူ၍ အကြင်စကားကို သင်ဆို၏၊ သင်၏ ထိုစကားသည့်မှားသောစကားသာတည်း။ |
4,904 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ အတိတ်တရားသည် အတိတ် မဟုတ်၊ အတိတ် မဟုတ်သော တရားသည် အတိတ်ဖြစ်၏ဟု မဆိုအပ်ခဲ့ပါမူ အတိတ်တရားသည် ရှိ၏၊ ရှိသော တရားသည် အချို့ အတိတ်ဖြစ်၍ အချို့အတိတ် မဟုတ်ဟူ၍ မဆိုသင့်တော့ပေ။ |
4,905 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထိုအမေးပုစ္ဆာ၌ အတိတ်တရားသည် ရှိ၏၊ ရှိသော တရားသည် အချို့ အတိတ်ဖြစ်၍ အချို့ အတိတ်မဟုတ်ဟု သင် ဆိုခဲ့သည်သာတည်း၊ ထို့ကြောင့် အတိတ်တရားသည် အတိတ် မဟုတ်၊ အတိတ်မဟုတ်သော တရားသည် အတိတ်ဖြစ်၏ဟူ၍ အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ထိုစကားသည်မှားသောစကားသာတည်း။ |
4,906 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနာဂတ်တရားသည် ရှိသလော။ |
4,907 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရှိသောတရားသည် အနာဂတ်လော။ |
4,908 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရှိသောတရားသည် အချို့ အနာဂတ်ဖြစ်၍ အချို့ အနာဂတ် မဟုတ်။ |
4,909 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ အနာဂတ်တရားသည် ရှိသည်ဖြစ်၍ ရှိသော တရားသည် အချို့ အနာဂတ်ဖြစ်၍ အချို့အနာဂတ် မဟုတ်ခဲ့ပါမူ ထိုအကြောင်းကြောင့် အနာဂတ်တရားသည် အနာဂတ် မဟုတ်၊ အနာဂတ်မဟုတ်သော တရားသည် အနာဂတ်ဟု ဆိုသည် မည်၏။ |
4,910 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထိုအမေးပုစ္ဆာ၌ အနာဂတ်တရားသည် ရှိ၏၊ ရှိသော တရားသည် အချို့ အနာဂတ်ဖြစ်၍ အချို့အနာဂတ် မဟုတ်ဟု ဆိုအပ်သည်သာတည်း၊ ထို့ကြောင့် အနာဂတ်တရားသည် အနာဂတ် မဟုတ်၊ အနာဂတ် မဟုတ်သော တရားသည် အနာဂတ်ဟူ၍ အကြင်စကားကို သင်ဆိုဘိ၏၊ သင်၏ထိုစကားသည် မှားသောစကားသာတည်း။ |
4,911 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ အနာဂတ်တရားသည် အနာဂတ် မဟုတ်၊ အနာဂတ် မဟုတ်သော တရားသည်အနာဂတ်ဖြစ်၏ဟု မဆိုအပ်ခဲ့ပါမူ အနာဂတ်တရားသည် ရှိ၏၊ ရှိသောတရားသည် အချို့ အနာဂတ်ဖြစ်၍အချို့ အနာဂတ် မဟုတ်ဟု မဆိုသင့်တော့ပေ။ |
4,912 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထိုအမေးပုစ္ဆာ၌ အနာဂတ်တရားသည် ရှိ၏၊ ရှိသောတရားသည် အချို့ အနာဂတ်ဖြစ်၍ အချို့အနာဂတ် မဟုတ်ဟု သင် ဆိုအပ်သည်သာတည်း၊ ထို့ကြောင့် အနာဂတ်တရားသည် အနာဂတ် မဟုတ်၊ အနာဂတ် မဟုတ်သော တရားသည် အနာဂတ်ဖြစ်၏ဟူ၍ ဆိုသင့်၏ဟူသော အကြင်စကားကို သင်ဆိုဘိ၏၊ သင်၏ ထိုစကားသည် မှားသောစကားသာတည်း။ |
4,913 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပစ္စုပ္ပန်တရားသည် ရှိသလော။ |
4,914 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရှိဆဲတရားသည် ပစ္စုပ္ပန်လော။ |
4,915 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရှိဆဲတရားသည် အချို့ ပစ္စုပ္ပန်ဖြစ်၍ အချို့ ပစ္စုပ္ပန် မဟုတ်။ |
4,916 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်သကဝါဒီ ပစ္စုပ္ပန်တရားသည် ရှိသည်ဖြစ်၍ ရှိဆဲတရားသည် အချို့ ပစ္စုပ္ပန်ဖြစ်၍ အချို့ ပစ္စုပ္ပန်မဟုတ်ခဲ့ပါမူ ထိုအကြောင်းကြောင့် ပစ္စုပ္ပန်တရားသည် ပစ္စုပ္ပန်မဟုတ်၊ ပစ္စုပ္ပန်မဟုတ်သော တရားသည်ပစ္စုပ္ပန် ဖြစ်၏ဟူ၍ ဆိုသည် မည်၏။ |
4,917 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထိုအမေးပုစ္ဆာ၌ ပစ္စုပ္ပန်တရားသည် ရှိ၏၊ ရှိဆဲတရားသည် အချို့ ပစ္စုပ္ပန်ဖြစ်၍ အချို့ ပစ္စုပ္ပန့်မဟုတ်ဟု သင် ဆိုအပ်သည်သာတည်း၊ ထို့ကြောင့် ပစ္စုပ္ပန်ဖြစ်သော တရားသည် ပစ္စုပ္ပန်မဟုတ်၊ ပစ္စုပ္ပန်မဟုတ်သော တရားသည် ပစ္စုပ္ပန်ဖြစ်၏ဟူ၍ အကြင်စကားကို သင် ဆို ဘိ၏၊ သင်၏ ထိုစကားသည် မှားသောစကားသာတည်း။ |
4,918 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်သကဝါဒီ ပစ္စုပ္ပန်တရားသည် ပစ္စုပ္ပန်မဟုတ်မူ၍ ပစ္စုပ္ပန်မဟုတ်သော တရားသည် ပစ္စုပ္ပန် ဖြစ်၏ဟုမဆိုအပ်ခဲ့ပါမူ ပစ္စုပ္ပန်တရားသည် ရှိ၏၊ ရှိဆဲတရားသည် အချို့ ပစ္စုပ္ပန်ဖြစ်၍ အချို့ ပစ္စုပ္ပန် မဟုတ်ဟုမဆိုသင့် တော့ပေ။ |
4,919 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထိုအမေးပုစ္ဆာ၌ ပစ္စုပ္ပန်တရားသည် ရှိ၏၊ ရှိဆဲတရားသည် အချို့ ပစ္စုပ္ပန်ဖြစ်၍ အချို့ ပစ္စုပ္ပန်မဟုတ်ဟု ဆိုအပ်သည်သာတည်း၊ ထို့ကြောင့် ပစ္စုပ္ပန်တရားသည် ပစ္စုပ္ပန်မဟုတ်၊ ပစ္စုပ္ပန်မဟုတ်သောတရားသည် ပစ္စုပ္ပန် ဖြစ်၏ဟူသော အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ထိုစကားသည် မှားသောစကားသာတည်း။ |
4,920 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ နိဗ္ဗာန်သည် ရှိသလော။ |
4,921 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရှိဆဲတရားသည် နိဗ္ဗာန်လော။ |
4,922 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရှိဆဲတရားသည် အချို့ နိဗ္ဗာန်ဖြစ်၍ အချို့ နိဗ္ဗာန်မဟုတ်။ |
4,923 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်သကဝါဒီ နိဗ္ဗာန်သည် ရှိသည်ဖြစ်၍ ရှိဆဲတရားသည် အချို့ နိဗ္ဗာန်ဖြစ်၍ အချို့ နိဗ္ဗာန်မဟုတ်ခဲ့ပါမူ ထိုအကြောင်းကြောင့် နိဗ္ဗာန်သည် နိဗ္ဗာန်မဟုတ်၊ နိဗ္ဗာန်မဟုတ်သော တရားသည် နိဗ္ဗာန်ဖြစ်၏ဟု ဆိုသည် မည်၏။ |
4,924 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထိုအမေးပုစ္ဆာ၌ နိဗ္ဗာန်သည် ရှိ၏၊ ရှိဆဲတရားသည် အချို့ နိဗ္ဗာန်ဖြစ်၍ အချို့ နိဗ္ဗာန်မဟုတ်ဟုဆိုအပ်သည်သာတည်း၊ ထို့ကြောင့် နိဗ္ဗာန်သည် နိဗ္ဗာန်မဟုတ်၊ နိဗ္ဗာန်မဟုတ်သော တရားသည် နိဗ္ဗာန်တည်းဟူ၍ အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ထိုစကားသည် မှားသောစကားသာတည်း။ |
4,925 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်သကဝါဒီ နိဗ္ဗာန်သည် နိဗ္ဗာန်မဟုတ်မူ၍ နိဗ္ဗာန်မဟုတ်သော တရားသည် နိဗ္ဗာန်ဖြစ်၏ဟူ၍မဆိုအပ်ခဲ့ပါမူ နိဗ္ဗာန်သည် ရှိ၏၊ ရှိဆဲတရားသည် အချို့ နိဗ္ဗာန်ဖြစ်၍ အချို့ နိဗ္ဗာန်မဟုတ်ဟုမဆိုသင့်တော့ပေ။ |
4,926 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထိုအမေးပုစ္ဆာ၌ နိဗ္ဗာန်သည် ရှိ၏၊ ရှိဆဲတရားသည် အချို့ နိဗ္ဗာန်ဖြစ်၍ အချို့ နိဗ္ဗာန်မဟုတ်ဟုဆိုအပ်သည်သာတည်း၊ ထို့ကြောင့် နိဗ္ဗာန်သည် နိဗ္ဗာန်မဟုတ်၊ နိဗ္ဗာန်မဟုတ်သော တရားသည် နိဗ္ဗာန်ဖြစ်၏ဟူသော အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ထိုစကားသည် မှားသောစကားသာတည်း။ |
4,927 | Uncategorized | ကထာဝတ္ထုပါဠိတော် | သုတ္တသာဓန ၂၉၆။ |
4,928 | Uncategorized | ကထာဝတ္ထုပါဠိတော် | “အတိတ်တရားသည် ရှိ၏၊ အနာဂတ်တရားသည် ရှိ၏”ဟု မဆိုသင့်ပါသလော။ |
4,929 | Uncategorized | ကထာဝတ္ထုပါဠိတော် | “ရဟန်းတို့ အတိတ်အနာဂတ်ပစ္စုပ္ပန်လည်းဖြစ်သော အတွင်းအပြင်လည်းဖြစ်သောအကြမ်းအနုလည်းဖြစ်သော အယုတ်အမြတ်လည်းဖြစ်သော အဝေးအနီးလည်းဖြစ်သော ရုပ်အားလုံးကိုရူပက္ခန္ဓာဟု ဆိုအပ်၏၊ အတိတ်အနာဂတ်ပစ္စုပ္ပန်လည်းဖြစ်သော အတွင်းအပြင်လည်းဖြစ်သောအကြမ်းအနု လည်းဖြစ်သော အယုတ်အမြတ်လည်းဖြစ်သော အဝေးအနီးလည်းဖြစ်သောဝေဒနာအားလုံးကို။ |
4,930 | Uncategorized | ကထာဝတ္ထုပါဠိတော် | သညာ အားလုံးကို။ |
4,931 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဝိညာဏ်အားလုံးကိုဝိညာဏက္ခန္ဓာဟုဆိုအပ်၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
4,932 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထို့ကြောင့်ပင် အတိတ်တရားသည် ရှိ၏၊ အနာဂတ်တရားသည် ရှိ၏။ |
4,933 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်တရားသည် ရှိသလော၊ အနာဂတ်တရားသည် ရှိသလော။ |
4,934 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ “ရဟန်းတို့ ပညာရှိ သမဏဗြာဟ္မဏတို့သည် မတားမြစ်အပ်ကုန်သော မစွန့်အပ်ကုန်သော မစွန့်ဖူးကုန်သော သဒ္ဒါ, အမည်, ပညတ် ဤသုံးမျိုးတို့ကို ယခုလည်း မစွန့်အပ်ကုန်၊ နောင်လည်း စွန့်အပ်လိမ့်မည် မဟုတ်ကုန်၊ အဘယ်သုံးမျိုးတို့နည်းဟူမူ-ရဟန်းတို့ လွန်ပြီး ချုပ်ပြီးကင်းပြတ်ပြီး ဖောက်ပြန်ပြီးသော ရုပ်အား ဖြစ်ပြီးဟူသော အရေအတွက်ကို ဖြစ်ပြီးဟူသော ... |
4,935 | Uncategorized | ကထာဝတ္ထုပါဠိတော် | လွန်ပြီး ချုပ်ပြီး ကင်းပြတ်ပြီး ဖောက်ပြန်ပြီးသော ဝေဒနာအား ဖြစ်ပြီးဟူသောအရေအတွက်ကို ဖြစ်ပြီးဟူသော အမည်ကို ဖြစ်ပြီးဟူသော ပညတ်ကို ရ၏၊ ဖြစ်ဆဲဟူသောအရေအတွက်ကို မရ၊ ဖြစ်လတ္တံ့ဟူသော အရေအတွက်ကို မရ။ |
4,936 | Uncategorized | ကထာဝတ္ထုပါဠိတော် | လွန်ပြီး ချုပ်ပြီး ကင်းပြတ်ပြီးဖောက်ပြန်ပြီးသော သညာအား။ |
4,937 | Uncategorized | ကထာဝတ္ထုပါဠိတော် | သင်္ခါရတို့အား ဖြစ်ပြီးဟူသော အရေအတွက်ကို ဖြစ်ပြီးဟူသောအမည်ကို ဖြစ်ပြီးဟူသော ပညတ်ကို ရ၏၊ ဖြစ်ဆဲဟူသော အရေအတွက်ကို မရ၊ ဖြစ်လတ္တံ့ဟူသောအရေအတွက်ကို မရ။ |
4,938 | Uncategorized | ကထာဝတ္ထုပါဠိတော် | လွန်ပြီး ချုပ်ပြီး ကင်းပြတ်ပြီး ဖောက်ပြန်ပြီးသောဝိညာဏ်အား ဖြစ်ပြီးဟူသောအရေအတွက်ကို ဖြစ်ပြီးဟူသော အမည်ကို ဖြစ်ပြီးဟူသော ပညတ်ကို ရ၏၊ ဖြစ်ဆဲဟူသောအရေအတွက်ကို မရ၊ ဖြစ်လတ္တံ့ဟူသော အရေအတွက်ကို မရ။ |
4,939 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန်းတို့ မဖြစ်သေး မထင်ရှားသေးသော ရုပ်အား ဖြစ်လတ္တံ့ဟူသော အရေအတွက်ကို ဖြစ်လတ္တံ့ဟူသော အမည်ကို ဖြစ်လတ္တံ့ဟူသော ပညတ်ကို ရ၏၊ ဖြစ်ဆဲဟူသော အရေအတွက်ကို မရ၊ ဖြစ်ပြီးဟူသော အရေအတွက်ကို မရ။ |
4,940 | Uncategorized | ကထာဝတ္ထုပါဠိတော် | မဖြစ်သေး မထင်ရှားသေးသော ဝေဒနာအား ဖြစ်လတ္တံ့ဟူသော အရေအတွက်ကို ဖြစ်လတ္တံ့ဟူသော အမည်ကို ဖြစ်လတ္တံ့ဟူသော ပညတ်ကို ရ၏၊ ဖြစ်ဆဲဟူသော အရေအတွက်ကို မရ၊ ဖြစ်ပြီးဟူသော အရေအတွက်ကို မရ။ |
4,941 | Uncategorized | ကထာဝတ္ထုပါဠိတော် | မဖြစ်သေး မထင်ရှားသေးသော သညာအား။ |
4,942 | Uncategorized | ကထာဝတ္ထုပါဠိတော် | သင်္ခါရတို့အား ဖြစ်လတ္တံ့ဟူသော အရေအတွက်ကို ဖြစ်လတ္တံ့ဟူသော အမည်ကို ဖြစ်လတ္တံ့ဟူသောပညတ် ကို ရ၏၊ ဖြစ်ဆဲဟူသော အရေအတွက်ကို မရ၊ ဖြစ်ပြီးဟူသော အရေအတွက်ကို မရ။ |
4,943 | Uncategorized | ကထာဝတ္ထုပါဠိတော် | မဖြစ်သေး မထင်ရှားသေးသောဝိညာဏ်အား ဖြစ်လတ္တံ့ဟူသော အရေအတွက်ကို ဖြစ်လတ္တံ့ဟူသောအမည်ကို ဖြစ်လတ္တံ့ဟူသော ပညတ်ကို ရ၏၊ ဖြစ်ဆဲဟူသော အရေအတွက်ကို မရ၊ ဖြစ်ပြီးဟူသောအရေအတွက်ကို မရ။ |
4,944 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန်းတို့ ဖြစ်နေသော ထင်ရှားနေသော ရုပ်အား ဖြစ်ဆဲဟူသော အရေအတွက်ကို ဖြစ်ဆဲဟူသောအမည်ကို ဖြစ်ဆဲဟူသော ပညတ်ကို ရ၏၊ ဖြစ်ပြီးဟူသော အရေအတွက်ကို မရ၊ ဖြစ်လတ္တံ့ဟူသောအရေအတွက်ကို မရ။ |
4,945 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဖြစ်နေသော ထင်ရှားနေသော ဝေဒနာအား ဖြစ်ဆဲဟူသော အရေအတွက်ကိုဖြစ်ဆဲဟူသော အမည်ကို ဖြစ်ဆဲဟူသော ပညတ်ကို ရ၏၊ ဖြစ်ပြီးဟူသော အရေအတွက်ကို မရ၊ ဖြစ်လတ္တံ့ဟူသော အရေအတွက်ကို မရ။ |
4,946 | Uncategorized | ကထာဝတ္ထုပါဠိတော် | သင်္ခါရတို့အားဖြစ်ဆဲဟူသော အရေအတွက်ကို ဖြစ်ဆဲဟူသော အမည်ကို ဖြစ်ဆဲဟူသော ပညတ်ကို ရ၏၊ ဖြစ်ပြီးဟူသော အရေအတွက်ကို မရ၊ ဖြစ်လတ္တံ့ဟူသော အရေအတွက်ကို မရ။ |
4,947 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဖြစ်နေသောထင်ရှားနေသောဝိညာဏ် အား ဖြစ်ဆဲဟူသော အရေအတွက်ကို ဖြစ်ဆဲဟူသော အမည်ကိုဖြစ်ဆဲဟူသော ပညတ်ကို ရ၏၊ ဖြစ်ပြီးဟူသော အရေအတွက်ကို မရ၊ ဖြစ်လတ္တံ့ဟူသောအရေအတွက်ကို မရ။ |
4,948 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန်းတို့ ပညာရှိသမဏဗြာဟ္မဏတို့သည် မတားမြစ်အပ်ကုန်သော မစွန့်အပ်ကုန်သော မစွန့်ဖူးကုန်သော သဒ္ဒါ, အမည်, ပညတ် ဤသုံးမျိုးတို့ကို ယခုလည်း မစွန့်အပ်ကုန်၊ နောင်လည်း စွန့်အပ့်လိမ့်မည် မဟုတ်ကုန်။ |
4,949 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန်းတို့ အကြောင်းမရှိဟု အယူရှိကြကုန်သော ပြုသော်လည်း ပြုသည် မမည်ဟု အယူရှိကြကုန်သော အကျိုး မရှိဟု အယူရှိကြကုန်သော ဥက္ကလဇနပုဒ်သားဝဿနှင့် ဘညတို့သော်မှလည်း ကဲ့ရဲ့ပုတ်ခတ် ပြစ်တင် စွပ်စွဲမည်ကို ကြောက်သောကြောင့် ဤသဒ္ဒါ, အမည်, ပညတ်သုံးမျိုးတို့ကို ကဲ့ရဲ့ဖွယ် တားမြစ်ဖွယ်ဟု မထင်ခဲ့ကြကုန်”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ)... |
4,950 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ထို့ကြောင့် အတိတ်တရားသည် ရှိ၏၊ အနာဂတ်တရားသည် ရှိ၏ဟု မဆိုသင့်။ |
4,951 | Uncategorized | ကထာဝတ္ထုပါဠိတော် | အတိတ်တရားသည် ရှိသလော။ |
4,952 | Uncategorized | ကထာဝတ္ထုပါဠိတော် | “အရှင်ဖဂ္ဂုနသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- မြတ်စွာဘုရားပပဉ္စတရားတို့ကို ဖြတ်တောက်ပြီးကုန်သော ဝဋ်လမ်းကို ဖြတ်တောက်ပြီးကုန်သော ဝဋ်ဆင်းရဲ ကုန်ခန်းပြီးကုန်သော ဆင်းရဲအားလုံးကို လွန်မြောက်ကုန်သော ပရိနိဗ္ဗာန်စံပြီး၍ လွန်လေပြီးသော ဘုရားရှင်တို့ကို ပညတ်လိုသော သူသည် အကြင်မျက်စိဖြင့် ပညတ်ရာ၏၊ ထိုသို့သော မျက်စိသည်ရှိပါသလော... |
4,953 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ မြတ်စွာဘုရား ထိုလျှာသည် ရှိပါသလော။ |
4,954 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ မြတ်စွာဘုရား ပပဉ္စတရားတို့ကို ဖြတ်တောက်ပြီးကုန်သော ဝဋ်လမ်းကို ဖြတ်တောက်ပြီးကုန်သော ဝဋ်ဆင်းရဲ ကုန်ခန်းပြီးကုန်သော ဆင်းရဲအားလုံးကို လွန်မြောက် ကုန်သော ပရိနိဗ္ဗာန်စံပြီး၍ လွန်လေပြီးသော ဘုရားရှင်တို့ကို ပညတ်လိုသော သူသည် အကြင်စိတ်ဖြင့် ပညတ်ရာ၏၊ ထိုသို့သော စိတ်သည် ရှိပါသလော။ |
4,955 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဖဂ္ဂုန ပပဉ္စတရားတို့ကို ဖြတ်တောက်ပြီးကုန်သော ဝဋ်လမ်းကို ဖြတ်တောက်ပြီးကုန်သော ဝဋ်ဆင်းရဲကုန်ခန်းပြီးကုန်သော ဆင်းရဲအားလုံးကို လွန်မြောက်ကုန်သော ပရိနိဗ္ဗာန်စံပြီး၍ လွန်လေပြီးသော ဘုရားရှင်တို့ကို ပညတ်လိုသောသူသည် အကြင်မျက်စိဖြင့် ပညတ်ရာ၏၊ ထိုသို့သော မျက်စိသည်မရှိ။ |
4,956 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ဖဂ္ဂုန ထိုသို့သော လျှာသည် မရှိ။ |
4,957 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ဖဂ္ဂုန ပပဉ္စတရားကို ဖြတ်တောက်ပြီးကုန်သော ဝဋ်လမ်းကို ဖြတ်တောက်ပြီးကုန်သော ဝဋ်ဆင်းရဲ ကုန်ခန်းပြီးသော ဆင်းရဲအားလုံးကို လွန်မြောက်ကုန်သော ပရိနိဗ္ဗာန်စံပြီး၍ လွန်ပြီးကုန်သော ဘုရားရှင်တို့ကို ပညတ်လိုသော် အကြင်စိတ်ဖြင့် ပညတ်ရာ၏၊ ထိုသို့သော စိတ်သည် မရှိ”ဟု ဤသို့ ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာလျှင် မဟုတ်ပါလော။ |
4,958 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထို့ကြောင့် အတိတ်တရားသည် ရှိ၏ဟူ၍ မဆိုသင့်။ |
4,959 | Uncategorized | ကထာဝတ္ထုပါဠိတော် | “အရှင်နန္ဒကသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ရှေး၌ လိုချင်မှု'လောဘ’ သည် ဖြစ်ခဲ့ဖူးပါ၏၊ ထိုလိုချင်မှု ‘လောဘ’ သည် အကုသိုလ် ဖြစ်ခဲ့ပါ၏၊ ထိုလိုချင်မှု ‘လောဘ’ သည် ယခု မရှိပါ၊ ဤသို့ မရှိခြင်းကား ကောင်း၏၊ ဖျက်ဆီးမှု ‘ဒေါသ’ သည် ရှေး၌ ဖြစ်ခဲ့ဖူးပါ၏၊ တွေဝေမှု ‘မောဟ’ သည် ရှေး၌ ဖြစ်ခဲ့ဖူးပါ၏၊ ထိုတွေဝေမှု ‘မောဟ’ သည် အကုသိုလ် ဖ... |
4,960 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထို့ကြောင့်ပင် အတိတ်တရားသည် ရှိ၏ဟု မဆိုသင့်။ |
4,961 | Uncategorized | ကထာဝတ္ထုပါဠိတော် | အနာဂတ်တရားသည် ရှိ၏ဟု မဆိုသင့်ပါသလော။ |
4,962 | Uncategorized | ကထာဝတ္ထုပါဠိတော် | “ရဟန်းတို့ ကဗဠီကာရအာဟာရ၌ တပ်စွန်းမှု'ရာဂ’ နှစ်သက်မှု'နန္ဒီ’ တပ်မက်မှု ‘တဏှာ'ရှိခဲ့မူ ထိုတေဘူမိကဝဋ်၌ဝိညာဏ်သည် တည်၏၊ စည်ပင်၏။ |
4,963 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်တေဘူမိကဝဋ်၌ဝိညာဏ် သည်တည်၏၊ စည်ပင်၏၊ ထိုတေဘူမိကဝဋ်၌ နာမ်ရုပ် သက်ဝင်၏။ |
4,964 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်တေဘူမိကဝဋ်၌ နာမ်ရုပ်သက်ဝင်၏၊ ထိုတေဘူမိကဝဋ်၌ သင်္ခါရတို့ ကြီးပွားကုန်၏။ |
4,965 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်တေဘူမိကဝဋ်၌ သင်္ခါရတို့ ကြီးပွားကုန်၏၊ ထိုတေဘူမိကဝဋ်၌ နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်းရှိ၏။ |
4,966 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်တေဘူမိကဝဋ်၌နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်းရှိ၏၊ ထိုတေဘူမိကဝဋ်၌ နောင်အခါ ပဋိသန္ဓေနေမှု အိုမှု သေမှု ရှိ၏။ |
4,967 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင် တေဘူမိကဝဋ်၌ နောင်အခါ ပဋိသန္ဓေနေမှု အိုမှု သေမှု ရှိ၏၊ ရဟန်းတို့ ထိုတေဘူမိကဝဋ်သည်စိုးရိမ်ခြင်းနှင့် တကွ ဖြစ်၏၊ ပူပန်ခြင်းနှင့်တကွ ဖြစ်၏၊ ပြင်းစွာ ပင်ပန်းခြင်းနှင့်တကွ ဖြစ်၏ဟု ငါဘုရားဟောတော်မူ၏။ |
4,968 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန်းတို့ မနောသဉ္စေတနာဟာရ၌။ |
4,969 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရဟန်းတို့ဝိညာဏာဟာရ၌တပ်စွန်းမှု ‘ရာဂ’ နှစ်သက်မှု ‘နန္ဒီ’။ |
4,970 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ပူပန်ခြင်းနှင့်တကွ ဖြစ်၏၊ ပြင်းစွာပင်ပန်းခြင်းနှင့်တကွ ဖြစ်၏ဟုငါဘုရား ဟောတော်မူ၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
4,971 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထို့ကြောင့် အနာဂတ်တရားသည် ရှိ၏။ |
4,972 | Uncategorized | ကထာဝတ္ထုပါဠိတော် | “ရဟန်းတို့ ကဗဠီကာရအာဟာရ၌ တပ်စွန်းမှု'ရာဂ', နှစ်သက်မှု'နန္ဒီ', တပ်မက်မှု'တဏှာ’ မရှိခဲ့မူ ထိုတေဘူမိကဝဋ်၌ဝိညာဏ်သည် မတည် မစည်ပင်။ |
4,973 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်တေဘူမိကဝဋ်၌ဝိညာဏ်သည် မတည် မစည်ပင်၊ ထိုတေဘူမိကဝဋ်၌ နာမ်ရုပ် မသက်ဝင်။ |
4,974 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်တေဘူမိကဝဋ်၌ နာမ်ရုပ်မသက်ဝင်၊ ထိုတေဘူမိကဝဋ်၌ သင်္ခါရတို့ ကြီးပွားခြင်း မရှိ။ |
4,975 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်တေဘူမိကဝဋ်၌ သင်္ခါရတို့ကြီးပွားခြင်း မရှိ၊ ထိုတေဘူမိကဝဋ်၌ နောင်အခါ ဘဝသစ်၌ ဖြစ်ခြင်း မရှိ။ |
4,976 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်တေဘူမိကဝဋ်၌နောင်အခါ ဘဝသစ်၌ ဖြစ်ခြင်း မရှိ၊ ထိုတေဘူမိကဝဋ်၌ နောင်အခါ ပဋိသန္ဓေနေမှု အိုမှု သေမှု မရှိ။ |
4,977 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်တေဘူမိကဝဋ်၌ နောင်အခါ ပဋိသန္ဓေနေမှု အိုမှု သေမှု မရှိ၊ ရဟန်းတို့ ထိုတေဘူမိကဝဋ်သည်စိုးရိမ်ခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ ပြင်းစွာပင်ပန်းခြင်း မရှိဟူ၍ ငါဘုရား ဟောတော်မူ၏။ |
4,978 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ ပူပန်ခြင်း မရှိ၊ ပြင်းစွာပင်ပန်းခြင်း မရှိဟူ၍ ငါဘုရား ဟောတော်မူ၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
4,979 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထို့ကြောင့်ပင် အနာဂတ်တရားသည် ရှိ၏ဟု မဆိုသင့်။ |
4,980 | Uncategorized | ကထာဝတ္ထုပါဠိတော် | သဗ္ဗမတ္ထီတိကထာ ပြီး၏။ |
4,981 | Uncategorized | ကထာဝတ္ထုပါဠိတော် | ချုပ်ပြီးသော ရုပ်၏လည်း ရူပက္ခန္ဓာဖြင့် သိမ်းကျုံးရေတွက်အပ်သည်၏ အဖြစ်ကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
4,982 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂။ ချုပ်ပြီးသော ရုပ်၏လည်း ရူပက္ခန္ဓာဖြင့် သိမ်းကျုံးရေတွက်အပ်သည်၏ အဖြစ်ကြောင့်ပင် ပရဝါဒီက ဝန်ခံပြန်သည်။ |
4,983 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၃။ အဝတ်အားလုံးသည် အဖြူချည်းသာ မဟုတ်သော်လည်း ဤပရဝါဒီဆရာက အဝတ်ဟု သာမည မဆိုမူ၍ ဖြူသော အဝတ်ကို မဝေဖန်အပ်သည်ကို ပြု၍ဟု ဆိုအပ်သည်ရှိသော် ဩဒါတသဒ္ဒါ၏ အနက် ဝတ္ထသဒ္ဒါ၏ အနက်တို့၏ တူသောသဘောရှိသည်၏ အဖြစ်ကို သကဝါဒီဆရာက ဝန်ခံအပ်၏။ |
4,984 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၄။ ဖြူသော အဆင်း၏ ကင်းပြတ်ခြင်းကို ရည်ရွယ်၍ သကဝါဒီက ဝန်ခံ၏။ |
4,985 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၅။ အဝတ်ပုဆိုးဟူသော နာမပညတ် မကင်းပြတ်သည်၏ အဖြစ်ကြောင့် သကဝါဒီက ပဋိက္ခေပပြု၍ ဖြေ၏။ |
4,986 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၆။ အတိတ်သည် အတိတ်၏ အဖြစ်ကို စွန့်ခဲ့ပါမူ အနာဂတ်သော်လည်း ဖြစ်ရာ၏၊ ပစ္စုပ္ပန်သော်လည်း ဖြစ်ရာ၏ဟု အောက်မေ့မှတ်ထင်သောကြောင့် ပရဝါဒီက ဝန်ခံသည်။ |
4,987 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၇။ အနာဂတ်သည် အနာဂတ်၏ အဖြစ်ကို မစွန့်ခဲ့ပါမူ အနာဂတ်သာလျှင် ဖြစ်ရာ၏၊ ပစ္စုပ္ပန်အဖြစ်သို့ မရောက်ရာဟု အောက်မေ့မှတ်ထင်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြုသည်။ |
4,988 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၈။ ပစ္စုပ္ပန်သည် ပစ္စုပ္ပန်၏ အဖြစ်ကို စွန့်ခဲ့ပါမူ အတိတ်၏အဖြစ်သို့ မရောက်နိုင်ဟူသော အပြစ်ဖြစ်ရာသောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
4,989 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၉။ အနာဂတ်ခဏ၌သာလျှင် ထိုအနာဂတ်တရား၏ ပစ္စုပ္ပန်အဖြစ် မရှိခြင်းကို ရည်ရွယ်၍ ကာလထူးသည်၏ အဖြစ်ကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
4,990 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၀။ ဒုတိယအမေး၌ အကြင်တရားသည် ဥပါဒ်ခဏမှ ရှေး၌ အနာဂတ်တရား ဖြစ်ခဲ့ပြီ၊ ထိုအနာဂတ်ဖြစ်သော တရား၏ ဥပါဒ် ဌီ ဘင်ဟူသော ခဏသုံးပါးသို့ ရောက်ဆဲကာလ၌ ပစ္စုပ္ပန်ဖြစ်ပြန်သည်၏အဖြစ်ကြောင့် ပရဝါဒီက ဝန်ခံပြန်သည်။ |
4,991 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၁။ အနာဂတ်ဖြစ်ပြီး၍ ပစ္စုပ္ပန်ဖြစ်သော တရား၏ တစ်ဖန် အနာဂတ်မှ ပစ္စုပ္ပန် ပြန်၍ဖြစ်ခြင်း မရှိသောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
4,992 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၂။ နောက်ထပ် တစ်ဖန် မေးပြန်လတ်သော် ထိုအနာဂတ်ဖြစ်၍ ပစ္စုပ္ပန်ဖြစ်သော တရားသည် အနာဂတ်ဖြစ်ပြီး၍ ပစ္စုပ္ပန်ဖြစ်လတ်သော် ‘ဖြစ်ပြီး၍ ဖြစ်၏’ဟု ခေါ်ဝေါ်ခြင်းသို့ ရောက်၏၊ ဤသို့ နှလုံးသွင်းလျက် ဝန်ခံပြန်သည်။ |
4,993 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၃။ အနာဂတ် မဖြစ်ဘဲ ပစ္စုပ္ပန် မဖြစ်သောကြောင့် အနာဂတ် မဖြစ်မူ၍ ပစ္စုပ္ပန် မဖြစ်ဟူသည်ကား ရှိတန်စေ၊ လုံးဝမရှိသော ယုန်ချိုကဲ့သို့ သော တရား၏ မဖြစ်ဟူသောသဘောကား အဘယ်မှာ ရှိနိုင်လိမ့်မည်နည်းဟု နှလုံးသွင်း၍ ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
4,994 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၄။ ပစ္စုပ္ပန်ခဏ၌ပင် ထိုတရား၏ အတိတ် မရှိသည်၏ အဖြစ်ကို ရည်ရွယ်၍ ကာလကွဲပြားသည်၏အဖြစ်ကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
4,995 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၅။ အတိတ်ဖြစ်သည်မှ ရှေး၌ ပစ္စုပ္ပန် ဖြစ်ဖူးပြီ၊ ထိုပစ္စုပ္ပန်တရားသည်ပင် အတိတ်ဖြစ်သောကြောင့် ပရဝါဒီက ဝန်ခံပြန်သည်။ |
4,996 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၆။ ပစ္စုပ္ပန်ဖြစ်ပြီး၍ အတိတ်ဖြစ်သောတရား၏ တစ်ဖန် ပစ္စုပ္ပန်ဖြစ်၍ အတိတ်ဖြစ်ခြင်း မရှိသောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
4,997 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၇။ ထိုတရားသည် ပစ္စုပ္ပန်ဖြစ်၍ အတိတ်ဖြစ်ခဲ့သော် “ဖြစ်၍ ဖြစ်၏”ဟု ခေါ်ဝေါ်ခြင်းသို့ ရောက်၏ဟူ၍ နှလုံးသွင်းလျက် ပရဝါဒီက ဝန်ခံပြန်သည်။ |
4,998 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၈။ စက္ခုစသော အဖြစ်ကို မစွန့်သောကြောင့် သကဝါဒီက ဝန်ခံသည်။ |
4,999 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၉။ ထိုစက္ခုစသောဝိညာဏ်တို့၏ ကိစ္စမရှိသည်၏ အစွမ်းအားဖြင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
5,000 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၂၀။ ထိုဉာဏ်၏ ချုပ်ပြီးသည်၏ အဖြစ်ကြောင့် ထိုဉာဏ်၏ ကိစ္စအဖြစ်ကို မမြင်နိုင်ရကား ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.