id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
5,101
Uncategorized
ကထာဝတ္ထုပါဠိတော်
အနာဂတ်ဝိညာဏ်သည် အာယတနမည်သည် ဖြစ်၍။
5,102
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ အနာဂတဝိညာဏ်သည်ဓာတ်မည်သည် ဖြစ်၍။
5,103
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ အနာဂတ်ဝိညာဏ်သည် ခန္ဓာ, ဓာတ်, အာယတနမည်သည် ဖြစ်၍ အနာဂတ်ဝိညာဏ်သည် မရှိသလော။
5,104
Uncategorized
ကထာဝတ္ထုပါဠိတော်
၁။ အတိတ်တရား၏ ခန္ဓာဖြင့် ရေတွက်အပ်သည်၏ အဖြစ်ကြောင့် သကဝါဒီက ဝန်ခံသည်။
5,105
Uncategorized
ကထာဝတ္ထုပါဠိတော်
၂။ နိရုတ္တိပထသုတ်ဖြင့် ထိုအတိတ်တရား ရှိသည်၏အဖြစ်ကို တားမြစ်အပ်သည်၏ အဖြစ်ကြောင့် သကဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
5,106
Uncategorized
ကထာဝတ္ထုပါဠိတော်
-- ၂-သုတ္တသာဓန
5,107
Uncategorized
ကထာဝတ္ထုပါဠိတော်
၂၉၈။ သကဝါဒီ။
5,108
Uncategorized
ကထာဝတ္ထုပါဠိတော်
။ အတိတ်အနာဂတ်တရားတို့သည် ခန္ဓာ ဓာတ် အာယတနတို့ မည်ကုန်သည်ဖြစ်လျက် ဤခန္ဓာ, ဓာတ်, အာယတနတရားတို့သည် မရှိကုန်ဟူ၍ မဆိုသင့်ပါသလော။
5,109
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ရဟန်းတို့ ပညာရှိ သမဏဗြာဟ္မဏတို့သည် မတားမြစ်အပ်ကုန်သော ။
5,110
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ သဒ္ဒါ,အမည်, ပညတ် ဤသုံးမျိုးတို့ကို ယခုလည်း မစွန့်အပ်ကုန်။
5,111
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ နောင်လည်း စွန့်လိမ့်မည် မဟုတ်ဟူ၍မြတ်စွာဘုရား ဟောတော်မူအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။
5,112
Uncategorized
ကထာဝတ္ထုပါဠိတော်
ထို့ကြောင့်ပင် အတိတ်အနာဂတ်တရားတို့သည် ခန္ဓာ, ဓာတ်, အာယတနမည်ကုန်သည်ဖြစ်သော်လည်း ဤခန္ဓာ, ဓာတ်, အာယတနတရားတို့သည် မရှိကုန်ဟူ၍သာ ဆိုသင့်၏။
5,113
Uncategorized
ကထာဝတ္ထုပါဠိတော်
။ အတိတ်အနာဂတ်တရားတို့သည် ခန္ဓာ, ဓာတ်, အာယတနမည်ကုန်သည် ဖြစ်၍ဤတရားတို့သည် မရှိကုန်သလော။
5,114
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် မရှိကုန်။
5,115
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန်းတို့ အတိတ်အနာဂတ်ပစ္စုပ္ပန်လည်းဖြစ်သော အတွင်းအပြင်လည်းဖြစ်သောအကြမ်းအနုလည်းဖြစ်သော အယုတ်အမြတ်လည်းဖြစ်သော အဝေးအနီးလည်းဖြစ်သော ရုပ်အားလုံးကိုရူပက္ခန္ဓာဟု ဆိုအပ်၏။
5,116
Uncategorized
ကထာဝတ္ထုပါဠိတော်
ဝိညာဏ်အားလုံးကိုဝိညာဏက္ခန္ဓာဟု ဆိုအပ်၏ဟူ၍ မြတ်စွာဘုရား ဟောတော်မူအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။
5,117
Uncategorized
ကထာဝတ္ထုပါဠိတော်
ထို့ကြောင့်ပင် အတိတ်အနာဂတ်တရားတို့သည် ခန္ဓာ, ဓာတ်, အာယတနတို့ မည်ကုန်သည် ဖြစ်၍ ဤတရားတို့သည်လည်း မရှိကုန်ဟူ၍ မဆို သင့်ပါ။
5,118
Uncategorized
ကထာဝတ္ထုပါဠိတော်
အတီတက္ခန္ဓာဒိကထာ ပြီး၏။
5,119
Uncategorized
ကထာဝတ္ထုပါဠိတော်
၁။ ခန္ဓာစသော အဖြစ်ရှိလတ်သော် မရှိသည်၏ အဖြစ်ကို အလိုမရှိသောကြောင့် ပရဝါဒီက ဝန်ခံသည်။
5,120
Uncategorized
ကထာဝတ္ထုပါဠိတော်
၂။ ထိုအတိတ်အနာဂတ်တရားတို့ မရှိသည်၏ အဖြစ်ကို ပြီးစေလိုသောကြောင့် သကဝါဒီက သုတ်ကို ဆောင်ပြသည်။
5,121
Uncategorized
ကထာဝတ္ထုပါဠိတော်
၃။ ဤပါဠိတော်၌ တေန ဟိ န ဝတ္တဗ္ဗံရှိသော်လည်း န ဖြုတ်၍ ပြန်ဆိုလိုက်သည်။
5,122
Uncategorized
ကထာဝတ္ထုပါဠိတော်
၄။ ပရဝါဒီ ဆောင်ပြသော သုတ်သည် ခန္ဓာစသော အဖြစ်ကိုသာ ပြီးစေသည်၊ ရှိသည့် အဖြစ်ကိုကား မပြီးစေ၊ သုတ်ကို ဆောင်ပြသော်လည်း မဆောင်သည်နှင့် တူသည်သာတည်း။
5,123
Uncategorized
ကထာဝတ္ထုပါဠိတော်
-- ၇-ဧကစ္စံ အတ္ထီတိကထာ
5,124
Uncategorized
ကထာဝတ္ထုပါဠိတော်
၁-အတီတာဒိဧကစ္စကထာ
5,125
Uncategorized
ကထာဝတ္ထုပါဠိတော်
၂၉၉။ သကဝါဒီ။
5,126
Uncategorized
ကထာဝတ္ထုပါဠိတော်
အချို့ ရှိ၍ အချို့ကား မရှိပါ။
5,127
Uncategorized
ကထာဝတ္ထုပါဠိတော်
။ အတိတ်တရားသည် အချို့ ချုပ်ပြီးဖြစ်၍ အချို့ ချုပ်ပြီး မဖြစ်သလော၊ အချို့ကင်းပြီးဖြစ်၍ အချို့ ကင်းပြီး မဖြစ်သလော၊ အချို့ ကွယ်ပြီးဖြစ်၍ အချို့ ကွယ်ပြီး မဖြစ်သလော၊ အချို့ ကွယ်ပျောက်ပြီးဖြစ်၍ အချို့ ကွယ်ပျောက်ပြီး မဖြစ်သလော။
5,128
Uncategorized
ကထာဝတ္ထုပါဠိတော်
အတိတ်တရား အချို့ ရှိ၍ အချို့ မရှိသလော။
5,129
Uncategorized
ကထာဝတ္ထုပါဠိတော်
မရင့်ကျက်သေးသော အကျိုးရှိကုန်သော အတိတ်တရား အချို့တို့ ရှိကုန်၍ အချို့တို့သည် မရှိကုန်သလော။
5,130
Uncategorized
ကထာဝတ္ထုပါဠိတော်
ရင့်ကျက်ပြီးသော အကျိုးရှိကုန်သော အတိတ်တရား အချို့တို့သည် ရှိကုန်၍အချို့တို့သည် မရှိကုန်သလော။
5,131
Uncategorized
ကထာဝတ္ထုပါဠိတော်
အတိတ်တရား အချို့ ရှိ၍ အချို့ကား မရှိသလော။
5,132
Uncategorized
ကထာဝတ္ထုပါဠိတော်
အကျိုးကို မပေးတတ်သော အတိတ်တရား အချို့တို့သည် ရှိကုန်၍ အချို့တို့သည်မရှိကုန်သလော။
5,133
Uncategorized
ကထာဝတ္ထုပါဠိတော်
အဘယ်တရားသည် ရှိ၍ အဘယ်တရားသည် မရှိသနည်း။
5,134
Uncategorized
ကထာဝတ္ထုပါဠိတော်
မရင့်ကျက်သေးသော အကျိုးရှိသော အတိတ်တရားတို့သည် ရှိကုန်၍ ရင့်ကျက်ပြီး သောအကျိုးရှိသော အတိတ်တရားတို့သည် မရှိကုန်။
5,135
Uncategorized
ကထာဝတ္ထုပါဠိတော်
။ မရင့်ကျက်သေးသော အကျိုးရှိသော အတိတ်တရားတို့သည် ရှိကုန်သလော။
5,136
Uncategorized
ကထာဝတ္ထုပါဠိတော်
ရင့်ကျက်ပြီးသော အကျိုးရှိသော အတိတ်တရားတို့သည် ရှိကုန်သလော။
5,137
Uncategorized
ကထာဝတ္ထုပါဠိတော်
မရင့်ကျက်သေးသော အကျိုးရှိသော အတိတ်တရားတို့သည် ရှိကုန်သလော။
5,138
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် ရှိကုန်၏။
5,139
Uncategorized
ကထာဝတ္ထုပါဠိတော်
အကျိုးကို မပေးတတ်သော အတိတ်တရားတို့သည် ရှိကုန်သလော။
5,140
Uncategorized
ကထာဝတ္ထုပါဠိတော်
ရင့်ကျက်ပြီးသော အကျိုးရှိသော အတိတ်တရားတို့သည် မရှိကုန်သလော။
5,141
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် မရှိပါကုန်။
5,142
Uncategorized
ကထာဝတ္ထုပါဠိတော်
မရင့်ကျက်သေးသော အကျိုးရှိသော အတိတ်တရားတို့သည် မရှိကုန်သလော။
5,143
Uncategorized
ကထာဝတ္ထုပါဠိတော်
အကျိုးမပေးသော အတိတ်တရားတို့သည် မရှိကုန်သလော။
5,144
Uncategorized
ကထာဝတ္ထုပါဠိတော်
မရင့်ကျက်သေးသော အကျိုးရှိသော အတိတ်တရားတို့သည် ချုပ်ပြီးကုန်သည် မဟုတ်လော။
5,145
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် ချုပ်ပါကုန်၏။
5,146
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်ပရဝါဒီ မရင့်ကျက်သေးသော အတိတ်တရားတို့သည် ချုပ်ပြီးဖြစ်ခဲ့ကုန်မူမရင့်ကျက်သေးသော အကျိုးရှိသော အတိတ်တရားတို့သည် ရှိကုန်၏ဟူ၍ မဆိုသင့်။
5,147
Uncategorized
ကထာဝတ္ထုပါဠိတော်
မရင့်ကျက်သေးသော အကျိုးရှိသော အတိတ်တရားတို့သည် ချုပ်ပြီးဖြစ်ကုန်လျက်ထိုတရားတို့သည် ရှိကုန်သလော။
5,148
Uncategorized
ကထာဝတ္ထုပါဠိတော်
ရင့်ကျက်ပြီးသော အကျိုးရှိသော အတိတ်တရားတို့သည် ချုပ်ပြီးဖြစ်ကုန်လျက်ထိုတရားတို့သည် ရှိကုန်သလော။
5,149
Uncategorized
ကထာဝတ္ထုပါဠိတော်
မရင့်ကျက်သေးသော အကျိုးရှိသော အတိတ်တရားတို့သည် ချုပ်ပြီးဖြစ်ကုန်လျက် ထိုတရားတို့သည် ရှိကုန်သလော။
5,150
Uncategorized
ကထာဝတ္ထုပါဠိတော်
။ အကျိုးကို မပေးတတ်သော အတိတ်တရားတို့သည် ချုပ်ပြီးဖြစ်ကုန်လျက် ထိုတရားတို့သည် ရှိကုန်သေးသလော။
5,151
Uncategorized
ကထာဝတ္ထုပါဠိတော်
ရင့်ကျက်ပြီးသော အကျိုးရှိသော အတိတ်တရားတို့သည် ချုပ်ပြီးဖြစ်ကုန်သည် ဖြစ်၍ထိုတရားတို့သည် မရှိကုန်သလော။
5,152
Uncategorized
ကထာဝတ္ထုပါဠိတော်
မရင့်ကျက်သေးသော အကျိုးရှိသော အတိတ်တရားတို့သည် ချုပ်ပြီးဖြစ်ကုန်သည် ဖြစ်၍ထိုတရားတို့သည် မရှိကုန်သလော။
5,153
Uncategorized
ကထာဝတ္ထုပါဠိတော်
အကျိုးကို မပေးသော အတိတ်တရားတို့သည် ချုပ်ပြီးဖြစ်ကုန်သည် ဖြစ်၍ထိုတရားတို့သည် မရှိကုန်သလော။
5,154
Uncategorized
ကထာဝတ္ထုပါဠိတော်
မရင့်ကျက်သေးသော အကျိုးရှိသော အတိတ်တရားတို့သည် ချုပ်ပြီးဖြစ်ကုန်လျက်ထိုတရားတို့သည် ရှိကုန်သေးသလော။
5,155
Uncategorized
ကထာဝတ္ထုပါဠိတော်
ရင့်ကျက်ပြီးသော အကျိုးရှိသော အတိတ်တရားတို့သည် ချုပ်ပြီးဖြစ်ကုန်၍ ထိုတရားတို့သည် မရှိကုန်သလော။
5,156
Uncategorized
ကထာဝတ္ထုပါဠိတော်
တစ်စိတ်တစ်ဒေသ ရင့်ကျက်ပြီးသော အကျိုးရှိသော အတိတ်တရားတို့နှင့် တစ်စိတ်တစ်ဒေသ မရင့်ကျက်သေးသော အကျိုးရှိသော အတိတ်တရားတို့သည် ချုပ်ပြီးဖြစ်ကုန်၍ ထိုတရားတို့သည် အချို့ ရှိကုန်၍ အချို့ မရှိကုန်သလော။
5,157
Uncategorized
ကထာဝတ္ထုပါဠိတော်
မရင့်ကျက်သေးသော အကျိုးရှိသော အတိတ်တရားတို့သည် ရှိကုန်၏ဟူ၍ မဆိုသင့်သလော။
5,158
Uncategorized
ကထာဝတ္ထုပါဠိတော်
မရင့်ကျက်သေးသော အကျိုးရှိသော အတိတ်တရားတို့သည် ရင့်ကျက်ကုန်လတ္တံ့မဟုတ်လော။
5,159
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်သကဝါဒီ မရင့်ကျက်သေးသော အကျိုးရှိသော အတိတ်တရားတို့သည် ရင့်ကျက်ကုန်လတ္တံ့ ဖြစ်ကုန်မူ ထိုအကြောင်းကြောင့် မရင့်ကျက်သေးသော အကျိုးရှိသော အတိတ်တရားတို့သည်ရှိကုန်၏ဟူ၍ ဆိုသင့်၏။
5,160
Uncategorized
ကထာဝတ္ထုပါဠိတော်
။ မရင့်ကျက်သေးသော အကျိုးရှိသော အတိတ်တရားတို့သည် ရင့်ကျက်ကုန်လတ္တံ့ဟုနှလုံးပြု၍ ထိုမရင့်ကျက်သေးသော အကျိုးရှိသော အတိတ်တရားတို့သည် ရှိကုန်သလော။
5,161
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ရင့်ကျက်ကုန်လတ္တံ့ဟု နှလုံးပြု၍ (ထိုမရင့်ကျက်သေးသော အကျိုးရှိသော အတိတ်တရားတို့သည်) ပစ္စုပ္ပန်ဖြစ်ကုန်သလော။
5,162
Uncategorized
ကထာဝတ္ထုပါဠိတော်
ရင့်ကျက်ကုန်လတ္တံ့ဟု နှလုံးပြု၍ ထိုမရင့်ကျက်သေးသော အကျိုးရှိသော အတိတ်တရားတို့သည် ပစ္စုပ္ပန်ဖြစ်ကုန်သလော။
5,163
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ပစ္စုပ္ပန်တရားတို့သည် ချုပ်ကုန်လတ္တံ့ဟု နှလုံးပြု၍ ထိုပစ္စုပ္ပန်တရားတို့သည် မရှိကုန်သလော။
5,164
Uncategorized
ကထာဝတ္ထုပါဠိတော်
၁။ မရင့်ကျက်သေးသည့် အကျိုးရှိသော တရားအချို့ ရှိ၍ ရင့်ကျက်ပြီးသည့် အကျိုးရှိသော တရားအချို့ မရှိဟု ပရဝါဒီက ဆိုလိုသည်။
5,165
Uncategorized
ကထာဝတ္ထုပါဠိတော်
၂။ သင် ပရဝါဒီ၏ စကားသည် “အတိတ်တရား အချို့ ရှိ၍ အချို့ မရှိခဲ့သော် အချို့သော အတိတ်တရားသည် ချုပ်၍ အချို့သော အတိတ်တရားကား မရအပ်၊ ထိုဥပါဒ်တိုင်းသော အခြင်းအရာအားဖြင့် တည်၏”ဟူသော အနက်ရောက်ခဲ့၏ဟု ပြလို၍ သကဝါဒီက မေးသည်။
5,166
Uncategorized
ကထာဝတ္ထုပါဠိတော်
၃။ အဗျာကတ (ဝိပါက် ကိရိယာ ရုပ် နိဗ္ဗာန်) တရားတို့၏ အစွမ်းအားဖြင့် မေးသည်။
5,167
Uncategorized
ကထာဝတ္ထုပါဠိတော်
၄။ မပြီးဆုံးသေးသော အကျိုးပေးခြင်းကိစ္စရှိသော တရားတို့ကို “ရင့်ကျက်ပြီးသော အကျိုးရှိသော အတိတ်တရား မရင့်ကျက်သေးသည့် အကျိုးရှိသော အတိတ်တရား တစ်စိတ်တို့”ဟူ၍ ဆိုအပ်ကုန်၏၊ ဘဝင်နှင့် စုတိသည် ပဋိသန္ဓေကို ဖြစ်စေသော ကံ၏ အကျိုးတရားပင် ဖြစ်၍ ပဋိသန္ဓေမှ စုတိတိုင်အောင် ထိုကံတရားသည် မပြီးဆုံးသေးသော အကျိုးရှိသော ကံပင် မည်၏၊ ထိုကံတရားက...
5,168
Uncategorized
ကထာဝတ္ထုပါဠိတော်
၅။ ပရိယတ္တိဓမ္မကို ဆောင်သောပုဂ္ဂိုလ်အား အိပ်ပျော်နေစဉ်ပင်လည်း ပရိယတ္တိဓမ္မတို့ များစွာ ထင်ရှားဖြစ်ခြင်း ရှိကုန်၏ဟု ဆိုအပ်ကုန်သကဲ့သို့ လောကဝေါဟာရ၏ အစွမ်းအားဖြင့်သာလျှင် ထင်ရှားရှိသည်၏အဖြစ်ကို ရည်ရွယ်၍ ပရဝါဒီက ဝန်ခံသည်။
5,169
Uncategorized
ကထာဝတ္ထုပါဠိတော်
၆။ ထိုကံ၏ မပျက်စီးခြင်းဟု ဆိုအပ်သော ကမ္မူပစယမည်သော တစ်ခုသော သင်္ခါရတရားသည် ထင်ရှားရှိ၏ဟူသော အယူ၌ တည်၍ ပရဝါဒီက ဝန်ခံသည်။
5,170
Uncategorized
ကထာဝတ္ထုပါဠိတော်
-- ၂-အနာဂတာဒိဧကစ္စကထာ
5,171
Uncategorized
ကထာဝတ္ထုပါဠိတော်
၃၀၀။ သကဝါဒီ။
5,172
Uncategorized
ကထာဝတ္ထုပါဠိတော်
။ အနာဂတ်တရားသည် ရှိသလော။
5,173
Uncategorized
ကထာဝတ္ထုပါဠိတော်
။ အချို့သည် ဖြစ်ဆဲလော၊ အချို့ကား မဖြစ်သေးသလော၊ အချို့ ကောင်းစွာ ဖြစ်ဆဲလော၊ အချို့ ကောင်းစွာ မဖြစ်သေးသလော၊ အချို့ ဖြစ်ပေါ်သလော၊ အချို့ မဖြစ်ပေါ်သလော၊ အချို့သည် ထင်ရှားဖြစ်သလော၊ အချို့ကား ထင်ရှား မဖြစ်သေးသလော။
5,174
Uncategorized
ကထာဝတ္ထုပါဠိတော်
အနာဂတ်တရားသည် အချို့ရှိ၍ အချို့ကား မရှိသလော။
5,175
Uncategorized
ကထာဝတ္ထုပါဠိတော်
ဧကန် ဖြစ်လတ္တံ့ကုန်သော အနာဂတ်တရားတို့သည် အချို့ ရှိကုန်၍ အချို့ကားမရှိကုန်သလော။
5,176
Uncategorized
ကထာဝတ္ထုပါဠိတော်
အနာဂတ်တရားသည် အချို့ ရှိ၍ အချို့ကား မရှိသလော။
5,177
Uncategorized
ကထာဝတ္ထုပါဠိတော်
မဖြစ်လတ္တံ့ကုန်သော အနာဂတ်တရားတို့ အချို့ ရှိကုန်၍ အချို့ကား မရှိကုန်သလော။
5,178
Uncategorized
ကထာဝတ္ထုပါဠိတော်
အဘယ်တရားသည် ရှိ၍ အဘယ်တရားသည် မရှှိသနည်း။
5,179
Uncategorized
ကထာဝတ္ထုပါဠိတော်
ဧကန် ဖြစ်လတ္တံ့ကုန်သော အနာဂတ်တရားတို့သည် ရှိကုန်၍ ဧကန် မဖြစ်လတ္တံ့ကုန်သော အနာဂတ်တရားတို့သည် မရှိပါကုန်။
5,180
Uncategorized
ကထာဝတ္ထုပါဠိတော်
ဧကန် ဖြစ်လတ္တံ့ကုန်သော အနာဂတ်တရားတို့သည် ရှိကုန်သလော။
5,181
Uncategorized
ကထာဝတ္ထုပါဠိတော်
ဧကန် မဖြစ်လတ္တံ့ကုန်သော အနာဂတ်တရားတို့သည် ရှိကုန်သလော။
5,182
Uncategorized
ကထာဝတ္ထုပါဠိတော်
ဧကန် မဖြစ်လတ္တံ့ကုန်သော အနာဂတ်တရားတို့သည် မရှိကုန်သလော။
5,183
Uncategorized
ကထာဝတ္ထုပါဠိတော်
ဧကန် ဖြစ်လတ္တံ့ကုန်သော အနာဂတ်တရားတို့သည် မရှိကုန်သလော။
5,184
Uncategorized
ကထာဝတ္ထုပါဠိတော်
ဧကန် ဖြစ်လတ္တံ့ကုန်သော အနာဂတ်တရားတို့သည် မဖြစ်ကုန်သေးသည် မဟုတ်ပါလော။
5,185
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်ပရဝါဒီ ဧကန် ဖြစ်လတ္တံ့ကုန်သော အနာဂတ်တရားတို့သည် အကယ်၍မဖြစ်ကုန်သေးမူ ဧကန် ဖြစ်လတ္တံ့ကုန်သော အနာဂတ်တရားတို့သည် ရှိကုန်၏ဟူ၍ မဆိုသင့်။
5,186
Uncategorized
ကထာဝတ္ထုပါဠိတော်
ဧကန် ဖြစ်လတ္တံ့ကုန်သော အနာဂတ်တရာတို့သည် မဖြစ်ကုန်သေးဘဲလျက်ထိုအနာဂတ်တရားတို့သည် ရှိကုန်သလော။
5,187
Uncategorized
ကထာဝတ္ထုပါဠိတော်
ဧကန် မဖြစ်လတ္တံ့ကုန်သော အနာဂတ်တရားတို့သည် မဖြစ်ကုန်သေးဘဲလျက်ထိုအနာဂတ်တရားတို့သည် ရှိကုန်သလော။
5,188
Uncategorized
ကထာဝတ္ထုပါဠိတော်
ဧကန် မဖြစ်လတ္တံ့ကုန်သော အနာဂတ်တရားတို့သည် မဖြစ်ကုန်သေးသည်ဖြစ်၍ထိုအနာဂတ်တရားတို့သည် မရှိကုန်သလော။
5,189
Uncategorized
ကထာဝတ္ထုပါဠိတော်
ဧကန် ဖြစ်လတ္တံ့ကုန်သော အနာဂတ်တရားတို့သည် မဖြစ်ကုန်သေးသည်ဖြစ်၍ထိုအနာဂတ်တရားတို့သည် မရှိကုန်သလော။
5,190
Uncategorized
ကထာဝတ္ထုပါဠိတော်
ဧကန် ဖြစ်လတ္တံ့ကုန်သော အနာဂတ်တရားတို့သည် ရှိကုန်၏ဟူ၍ မဆိုသင့်ပါသလော။
5,191
Uncategorized
ကထာဝတ္ထုပါဠိတော်
ဧကန် ဖြစ်လတ္တံ့ကုန်သော အနာဂတ်တရားတို့သည် ဖြစ်ကုန်လတ္တံ့ မဟုတ်ပါလော။
5,192
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်သကဝါဒီ ဧကန် ဖြစ်လတ္တံ့ကုန်သော အနာဂတ်တရားတို့သည် အကယ်၍ဖြစ်ကုန်လတ္တံ့ ဖြစ်ခဲ့မူ ထိုအကြောင်းကြောင့် ဧကန် ဖြစ်လတ္တံ့ကုန်သော အနာဂတ်တရားတို့သည်ရှိကုန်၏ဟူ၍ ဆိုသင့်၏။
5,193
Uncategorized
ကထာဝတ္ထုပါဠိတော်
ဧကန် ဖြစ်လတ္တံ့ကုန်သော အနာဂတ်တရားတို့သည် ဖြစ်ကုန်လတ္တံ့ဟု နှလုံးပြု၍ထိုအနာဂတ်တရားတို့သည် ရှိကုန်သလော။
5,194
Uncategorized
ကထာဝတ္ထုပါဠိတော်
ဖြစ်ကုန်လတ္တံ့ဟု နှလုံးပြု၍ (ထိုအနာဂတ်တရားတို့သည်) ပစ္စုပ္ပန်ဖြစ်ကုန်သလော။
5,195
Uncategorized
ကထာဝတ္ထုပါဠိတော်
ဖြစ်ကုန်လတ္တံ့ဟု နှလုံးပြု၍ ထိုအနာဂတ်တရားတို့သည် ပစ္စုပ္ပန်ဖြစ်ကုန်သလော။
5,196
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ဩော် ဖြစ်ပါကုန်၏။
5,197
Uncategorized
ကထာဝတ္ထုပါဠိတော်
ပစ္စုပ္ပန်တရားတို့သည် ချုပ်ကုန်လတ္တံ့ဟု နှလုံးပြု၍ ထိုပစ္စုပ္ပန်တရားတို့သည်မရှိကုန်သလော။
5,198
Uncategorized
ကထာဝတ္ထုပါဠိတော်
ဧကစ္စံ အတ္ထီတိကထာ ပြီး၏။
5,199
Uncategorized
ကထာဝတ္ထုပါဠိတော်
၁။ မချွတ်ဖြစ်လတ္တံ့ကုန်သော ဝိပါက်တရားတို့ကို ရည်ရွယ်၍ ပရဝါဒီက ဖြေဆိုသည်။
5,200
Uncategorized
ကထာဝတ္ထုပါဠိတော်
၈-သတိပဋ္ဌာနကထာ