title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
Achalasia (အစားအစာကို လည်ချောင်းထဲကနေ အစာအိမ်ထဲကို မပို့ဆောင်နိုင်သော ရောဂါ)
Achalasia ဆိုသည်မှာ ပါးစပ်နှင့်အစာအိမ်ကိုဆက်ထားသည့်အစာရေမျိုပြွန်ရောဂါတစ်မျိုးဖြစ်သည်။ ၎င်းရောဂါသည်အစာမျိုရခက်ခဲမှုကိုဖြစ်စေသည်။ Achalasia ရောဂါခံစားရပါက အစာရေမျိုပြွန်နှင့် အစာအိမ်ဆက်ထားသောကြားကြွက်သား (အောက်ဖက်အစာရေမျိုပြွန်ညှစ်ကြွက်သား) သည် မျိုချပြီးနောက် ပြန်ဖြေလျှော့နိုင်ခြင်းမရှိတော့တာကြောင့်ဖြစ်သည်။သူသည်ရှားပါးသည့်ရောဂါတစ်မျိုးဖြစ်ပြီး အမျိုးသားရောအမျိုးသမီးပါဖြစ်နိုင်၏။ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး လူကြီးများတွင်တွေ့ရများ၏။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များကိုပိုသိလိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးကြည့်ပါ။ဘယ်ရောဂါလက္ခဏာတွေကတွေ့ရများသလဲ။အဓိကလက္ခဏာမှာ မျိုချရခက်ခဲခြင်း သို့မဟုတ် မျိုးချချိန်ရင်ဘတ်အောင့်ခြင်းဖြစ်သည်။ နာသောကြောင့် မျိုမချနိုင်ရာကနေ အစားမစားနိုင်ပဲ ကိုယ်အလေးချိန်လဲလျှော့ကျသွားနိုင်သည်။ တခြားလက္ခများမှာ ရင်ဘတ်အောင့်ခြင်း၊ နှာချေခြင်း၊ ရင်ပူခြင်း၊ ဗိုက်ဖောခြင်းနှင့် အန်ခြင်းတို့ပါဝင်ပါသည်။ တစ်ချို့ဖြစ်ရပ်များတွင် အစာများနောက်ပြန်ထွက်လာနိုင်ပါသည်။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။တိတိကျကျမသိရသေးသော်လည်း alchalasia သည် အစာရေမျိုပြွန်၏ အာရုံကြောထိခိုက်မှုကြောင့်ဖြစ်ရသည်ဟုဆိုသည်။ အစာရေမျိုပြွန်နှင့် အစာအိမ်ဆုံရာတွင် အောက်ဖက်အစာရေမျိုပြွန်ညှစ်ကြွက်သား ရှိသည်။ ပုံမှန်အားဖြင့် ၎င်းသည် အစာမျိုချပါက ပြေလျော့သွားသည်။ alchalasia ရောဂါရှိသူတွင် ၎င်းကြွက်သားက မပြေလျော့နိုင်တော့ပါ။ ထပ်လောင်းပြောရလျှင် အစာရေမျိုပြွန်၏လှုပ်ရှားမှု (Peristalsis) ကို မလုပ်ဆောင်နိုင်တော့ပဲ ဖြစ်သွားပါသည်။တခြားရောဂါများတွင်လဲ တူညီသည့်လက္ခဏာမျိုးရှိတတ်ပါသည်။ ဥပမာ ။ ။ အစာရေမျိုပြွန်ကင်ဆာ၊ အစာအိမ်အထက်ပိုင်းကင်ဆာနှင့် Chagas ရောဂါကိုဖြစ်စေသော ကပ်ပါးပိုကူးစက်ခံရခြင်း။အာရုံကြောပျက်စီးရသည့်အကြောင်းရင်းကို မသိရသောကြောင့် ရောဂါဖြစ်စေသည့်အကြောင်းရင်းများကိုလဲ သေချာစွာ မသတ်မှတ်နိုင်သေးပါ။ တစ်ချို့အချက်များမှာ။ပိုမိုသောအချက်အလက်များကိုသိလိုပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါအတည်ပြုနိုင်ရန်အတွက် ဆရာဝန်သည် Barium မျိုချပြီး ဓါတ်မှန်ရိုက်ခိုင်းမည်ဖြစ်သည်။ (ဓါတ်မှန်မရိုက်ခင် Baium White ဟုခေါ်သောဆေးတစ်မျိုး သို့မဟုတ် ဓါတ်ရောင်ပြန်နိုင်သော အရည်တစ်မျိုးကိုသောက်ရမည်။ သို့မှသာ အစာရေမျိုပြွန်ကိုဓါတ်မှန်တွင်ကောင်းကောင်းမြင်ရမည်) Barium ဓါတ်မှန်သည် ကျဉ်းမြှောင်းသော အစာရေမျိုပြွန်အောက်ဖက်နှင့် အကျယ်အဝန်းကိုပြသနိုင်သည်။ ဒီစစ်ဆေးမှုကို X-ray upper gastrointestinal contrast-enhanced ဟုခေါ်သည်။ဆရာဝန်များသည် အစာရေမျိုပြွန်အတွင်းရှိဖိအားနှင့် လုပ်ရှားမှုရှိမရှိကိုတိုင်းတာသောနည်းများကို တိုင်းတာကြပြီး ညှစ်ကြွက်သား၏ဖိအားတိုးနေမှုကိုသိနိုင်သည်။မှန်ပြောင်းကြည့်ခြင်း (အလင်းနှင့်ကင်မရာတပ်ထားသည့်ပြွန်)နှင့်လည်း ညှစ်ကြွက်သားတင်းမတင်း။စစ်ဆေးကြည့်နိုင်သေးသည်.။ထို့အပြင် အကြိတ်လက္ခဏာများစစ်ဆေးဖို့ ဆရာဝန်မှအသားစယူရန်တောင်းဆိုပါလိမ့်မည်။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်၏ဆရာဝန်နှင့် အမြဲတိုင်ပင်ဆွေးနွေးပါ။Achalasia အတွက်ရွေးချယ်စရာများ။Achalasia သည်ပျောက်အောင်ကုလို့မရသော်လည်း အခြေအနေပိုကောင်းပြီး နောက်ဆက်တွဲအခြေအနေများမဖြစ်အောင် ကုသမှုကလုပ်ပေးနိုင်ပါသည်။Aschalasia ရောဂါရှိနေပါက အောက်ဖက်အစာရေမျိုပြွန်ညှစ်ကြွက်သားကို ဖိအားလျော့ပေးဖို့လိုမည်။ ဘောလုံးများ အထူးပြုကိရိယာများနှင့် ညှစ်ကြွက်သားကိုကျယ်အောင့်ချဲ့နိုင်သည်။ ချဲ့ပြီနောက်တွင်တောင်မှ အစာရေမျိုပြွန်သည့် ပုံမှန်လျှပ်ရှားမှုရှိလာမည်မဟုတ်ပါ။ လက္ခဏာများပြန်ဖြစ်လျှင် ပြန်ချဲ့ရမည်ဖြစ်သည်။ ဆရာဝန်နှင့်ဆွေးနွေးပါ။တာရှည်ခံ nitrates များ calcium channel blocker များကလဲ ညှစ်ကြွက်သားမှဖိအားကိုလျော့ပေးနိုင်ပါသည်။ ချဲ့ခြင်းမလုပ်နိုင်ပါက ဒီဆေးမျိုးကိုဆရာဝန်မှပေးလေ့ရှိပါသည်။ဆရာဝန်က Botox (botulinum toxin) ကို အစာရေမျိုပြွန်ကျယ်သွားစေရန် ညှစ်ကြွက်သားထဲထိုးဖို့အကြံပေးနိုင်ပါသည်။လူနာက ချက်ချင်းမကုလျှင် နောက်ဆက်တွဲအခြေအနေများ ဖြစ်ပေါ်လာနိုင်ပါသည်။ အစာရေမျိုပြွန်ပြဲခြင်း (ပေါက်ထွက်ခြင်း) အစာအိမ်ထဲအက်စစ်များ အစာရေမျိုပြွန်ထဲသို့နောက်ပြန်စီးခြင်း၊ အဆုတ်ထဲရေ သို့ အစာဝင်ခြင်း တို့ဖြစ်လာနိုင်သည်။ တချို့သူများတွင် အစာရေမျိုပြွန်ကင်ဆာဖြစ်ပေါ်လာတတ်ပါသည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် Achalasiaကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/achalasia-%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%a1%e1%80%85%e1%80%ac%e1%80%80%e1%80%ad%e1%80%af-%e1%80%9c%e1%80%8a%e1%80%ba%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8-2/
အနာမရင်းအောင် ဒီနည်းလမ်းတွေနဲ့ ကာကွယ်ပါ
အနြာဖစ်တဲ့အခါသေချာဂရုစိုက်ဖို့က မဖြစ်မနေလိုအပ်တဲ့အချက်တစ်ခုပါ။ ဒီလိုဂရုစိုက်တဲ့အခါမှာလည်း နည်းလမ်းမှန်ဖို့က တော်တော်လေးအရေးကြီးပါတယ်။ အနာကိုသေချာဂရုမစိုက်မိတဲ့အခါ မလိုလားအပ်တဲ့နောက်ဆက်တွြဲပဿနာတွေအများကြီးဖြစ်လာနိုင်တယ်ဆိုတာကတော့ သိပ်ပြီးပြောနေစရာတောင်မလိုပါဘူး။ ပုံမှန်အားဖြင့်ကတော့ထိခိုက်ရှနာဒဏ်ရာတွေက အလွယ်တကူအနာကျက်သွားကြပေမယ့် သေချာ ဂရုမစိုက်တဲ့ အခါမှာတော့ပိုးဝင်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အနာတစ်ခု ဖြစ်လာပြီဆိုရင် အနာကို စနစ်တကျဂရုစိုက်ပေးဖို့က အရမ်းအရေးကြီးပါတယ်။ ။ထိခိုက်မိပြီဆိုတာနဲ့ ပူထူပြီး အနာကို လက်နဲ့ တန်းမထိလိုက်ပါနဲ့။အနာကိုထိတွေ့မယ့်လက်က သန့်စင်နေမှ ရောဂါပိုးမဝင်နိုင်မှာပါ။ ဒါကြောင့် အနာကို မကိုင်ခင် လက်ကို ရေနဲ့ဆပ်ပြာသုံးပြီး အရင်သန့်စင်သင့်ပါတယ်။ထိခိုက်မိပြီးပြီးချင်း အနာကို ရေနဲ့ဆေးပါ။ ဒါမှ အနာထဲဝင်နေတဲ့ ဖုန်တွေ၊ သဲတွေ၊ ရောဂါပိုးတွေ တစ်ဝက်လောက်ကို သန့်စင်ပြီးသားဖြစ်သွားမှာပါ။ အနာတဝိုက်ကိုတော့ ဆပ်ပြာနဲ့ဆေးကြောပေးပါ။ အနာကိုတော့ ဆပ်ပြာမထိပါစေနဲ့။အနာမှာဖုန်တွေ၊ သဲတွေ၊ အစအနတွေရှိနေရင်အရက်ပြန်နဲ့သန့်စင်ပြီးသားဇာဂနာလေးနဲ့ အသာလေး ဖယ်ထုတ်လို့ရပါတယ်။အနာသေးတယ်ဆိုပြီး ဂရုမစိုက်ဘဲ မထားပါနဲ့။ အနာသေးသေးကနေ ပိုးဝင်ပြီး ပိုဆိုးသွားတတ်လို့ပါ။ ဒါကြောင့် အနာကို သေချာဂရုစိုက်ပါ။ ဂရုစိုက်ပါဆိုလို့ ပိုက်ဆံ ရာဂဏန်းလောက်ပဲ ကွာတာကို နှမြောပြီး တွေ့ကရာ အရည်အသွေး မကောင်းတဲ့ ပစ္စည်းတွေဝယ်မသုံးပါနဲ့။ ရာဂဏန်းလောက် ချွေတာလိုက်လို့ အနာပိုဆိုးသွားရင် သောင်းဂဏန်းလောက် ပြန်ကုန်သွားနိုင်ပါတယ်။ဒဏ်ရာသေးတဲ့အနာတွေက သူ့အလိုလိုသွေးတိတ်ေလ့ရှိပါတယ်။ အခန့်မသင့်လို့ မတိတ်ခဲ့ရင်တော့ပတ်တီး၊ဂွမ်းစ၊အဝတ်စသန့်သန့်ကို သုံးပြီး သွေးတိတ်တဲ့အထိ အပေါ်မြှင့်လျက်အနေအထားနဲ့ အနာကိုအသာအယာဖိထားပေးပါ။ပြီးရင် ပိုးသေစေဖို့အတွက်ပိုးသတ်ဆေးရည်ထည့်ပေးပါ။ သူက အရက်ပြန်လို မစပ်စေဘဲ ပိုးလည်းသေ အနာကိုလည်း အကျက်မြန်စေတာကြောင့် အရက်ပြန်ကြောက်တဲ့သူတွေ ဆောင်ထားသင့်တဲ့ ပိုးသတ်ဆေးရည်တစ်ခုပါ။ ဒါ့အပြင် ရောဂါပိုးတော်တော်များများကိုလည်း သူက သေစေနိုင်တဲ့အတွက် အိမ်တိုင်းဆောင်ထားသင့်တဲ့ ဆေးဘူးလေးမှာ ပိုးသတ်ဆေးရည်က မပါမဖြစ်ပါ။ အကောင်းဆုံးအချက်ကတော့ အနာကျက်တာကိုလည်း မြန်ဆန်စေခြင်းပါပဲ။အနာတစ်ခုကို ပိုးဝင်တာကနေ အကောင်းဆုံးကာကွယ်ပေးနိုင်တာကတော့ အနာကို ဖုံးအုပ်ထားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အနာကပ်ပလာစတာတွေ ၊ပတ်တီးတွေပေါ်လာရတာပါ။ တော်တန်ရုံခြစ်ရာ၊ အစင်းရာ၊ ပွန်းပဲ့ရာလေးလောက်ကတော့ ဖုံးအုပ်စရာမလိုပါဘူး။အနာကပ်ပလာစတာတွေ၊ ပတ်တီးတွေကို အနည်းဆုံးတစ်နေ့ကိုတစ်ကြိမ်လောက် အသစ်လဲပေးပါ။ ညစ်ပတ်နေတဲ့ ပတ်တီး၊ ပလာစတာတွေဆို ခဏ ခဏ လဲပေးသင့်ပါတယ်။ပတ်တီးတွေ၊ ပလာစတာတွေကို တစ်ချိုန်လုံး ကပ်ထားစရာမလိုပါဘူး။ အနာကိုလည်း လေတွေ၊ အောက်ဆီဂျင်တွေနဲ့ ပေးထိဖို့လိုသေးတယ်မလား။ ။အရေပြားမှာ ဒါမှမဟုတ် အနာတဝိုက်မှာ နီရဲလာတာ၊ ပိုနာလာတာ၊ ပြည်တွေထွက်နေတာ၊ ရောင်ရမ်းလာတာ လိုမျိုအနာပိုးဝင်တဲ့လက္ခဏာတွေ့ရရင် ဆရာဝန်ပြသင့်ပါတယ်။တိရစ္ဆာန်တစ်ကောင်ကိုက်ခံရတာ၊ ညစ်ပတ်နေတဲ့ အရာတွေနဲ့ ထိခိုက်မိတာ၊ သံစူးတာ သံရှတာမျိုးဖြစ်ရင်တော့မေးခိုင်ကာကွယ်ဆေးထိုးသင့်ပါတယ်။ဒါတွေကတော့ ထိခိုက်ဒဏ်ရာတစ်ခုခုရလာရင် ဒဏ်ရာကို ဂရုစိုက်ပေးသင့်တဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။ ဘယ်လောက်ပဲ သေးတဲ့အနာဖြစ်ပါစေ သေချာ ဂရုမစိုက်ရင် ပိုဆိုးသွားတတ်လို့ ခုပြောထားတဲ့ နည်းလမ်းလေးတွေကို လိုက်နာသင့်တယ်နော်။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းများ မပြုလုပ်ပေးပါ။ ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/wound-care/
ဘက်တီးရီးယားကာကွယ်ပေးတဲ့ လူကြီးသုံးသေးခံတွေကို ဘာကြောင့်အသုံးပြုသင့်တာလဲ။
ဆီးထွက်ကျတယ်ဆိုတာ ကလေးဘဝတုန်းကတော့ သိပ်ပြဿနာမရှိပေမဲ့ အသက်ကြီးလာရင် တော်တော်လေးကို စိတ်ညစ်ဖို့ ကောင်းတဲ့ ပြဿနာတစ်ခုပါ။ အသက်ကြီးလာလို့၊ ကိုယ်ဝန်ရင့်လာလို့၊ ရောဂါတစ်ခုခုရှိလို့ ဆီးမနိုင်တာဖြစ်နိုင်သလို ကာလကြာရှည်အိပ်ရာထဲလဲနေရတဲ့အတွက် ကိုယ်တိုင်မသွားနိုင်တာကြောင့် ဆီးတွေ ဝမ်းတွေ အိပ်ရာထဲတင်ဖြေရှင်းနေရတဲ့ ပြဿနာတွေလည်းရှိနိုင်ပါတယ်။ ဒီလိုဆီးမနိုင်တဲ့ပြဿနာ ဆီးဝမ်းတွေ အိပ်ရာထဲမှာပဲ ဖြေရှင်းရတဲ့ပြဿနာတွေက ခံစားရတဲ့သူအတွက် ဒုက္ခများသလို ပြုစုစောင့်ရှောက်ပေးရတဲ့သူတွေအတွက်လည်း မသက်သာပါဘူး။၁။စိတ်ဖိစီးမှုများတဲ့သူတွေ၊အဝလွန်သူတွေ။၂။ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ပိတ်ဆို့ခြင်း၊ ဆီးနှင့် ပတ်သက်တဲ့ ရောဂါတစ်ခုခု ရှိနေတာ။၃။ ဆီးကျိတ်ကြီးနေတဲ့ အမျိုးသားတွေ၊ဆီးကျိတ်ကင်ဆာဝေဒနာရှင်တွေ။၄။ဆီးချိုရောဂါ၊ဦးနှောက်အာရုံကြောရောဂါ၊ ပါကင်ဆန်ရောဂါ ရှိနေသူတွေ။၅။ကိုယ်ဝန်ဆောင်မိခင်တွေကိုယ်ဝန်ဆောင်နေစဉ်၊ မီးဖွားပြီးခါစချိန်။၆။ သွေးဆုံးပြီးအမျိုးသမီးတွေနဲ့သားအိမ်ထုတ် ခွဲစိတ်ထားတဲ့ အမျိုးသမီးတွေ။၇။ဆေးလိပ်အလွန်အကျွံသောက်တဲ့သူတွေ။၈။ နာတာရှည်ရောဂါရှိတဲ့သူတွေ၊ကျောက်ကပ်မကောင်းတဲ့သူတွေ။၉။ အသက်အရွယ်ကြောင့် ဆီးမနိုင်တော့တာ။၁၀။ အိပ်ယာထဲ လဲနေတဲ့ လူကြီးတွေ၊ လေဖြတ်နေတဲ့သူတွေ အိမ်သာကို ထသွားထလာလုပ်ဖို့ ခက်တာကြောင့် ဆီး၊ ဝမ်း မထိန်းနိုင်ဘဲ ထွက်ကျတတ်ပါတယ်။ဆီးယိုထွက်တဲ့အခါ အဝတ်အစားတွေ အနံ့စွဲပြီးမှိုဘက်တီးရီးယားပိုးတွေစွဲကပ်မယ်။ လူကြီးမိဘတွေကို ပြုစုနေရတဲ့သူတွေအတွက်လည်း သန့်ရှင်းရေးလုပ်ရတာ ပိုပြီး ခက်ခဲနိုင်တယ်။ ခရီးသွားနေတဲ့အချိန်မှာ ဆိုရင်လည်း ကိုယ့်အဝတ်အစားက ဆီး၊ ဝမ်းနံ့ နံနေတော့ ကိုယ်အပြင် တခြားသူတွေအတွက်ပါ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဆီးမထိန်းနိုင်တဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ဆေးကုသမှုတွေလုပ်ဆောင်ရမှာဖြစ်ပေမယ့် လတ်တလောမှာ ဆီးပူလောင်ဝမ်းပူလောင်ပြီးအရေပြားပြဿနာတွေဖြစ်တာ၊ အနံ့ဆိုးတွေဖြစ်တာ၊ ပြုစုပေးရတဲ့သူအတွက် မသက်မသာနဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်ရတာတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းကောင်းကတော့ ပိုးသတ်ထားတဲ့ လူကြီးသုံးသေးခံ ဝတ်ဆင်ဖို့ပါ။၁။ လူကြီး၊ လူငယ် မရွေး ဆီးမထိန်းနိုင်တဲ့ ဝေဒနာ ခံစားနေရတယ်ဆိုတာ၊ ဆီးထသွားရဖို့ အခက်အခဲရှိနေတာ၊ ခရီးသွားနေတဲ့အချိန် ရုတ်တရက် အပေါ့အပါးသွားချင်လာလို့ ကားရပ်လို့ မရတဲ့အခါမှာလူကြီးသုံးသေးခံဝတ်ဆင်ခြင်းခြင်းအားဖြင့် ကိုယ်တိုင်လည်း သက်တောင့်သက်သာရှိ တခြားလူတွေကိုလည်း ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ဖြေရှင်းနိုင်ပါတယ်။၂။ လေဖြတ်နေတဲ့သူတွေ၊ ခြေထောက်မသန်တဲ့သူတွေအစရှိသဖြင့် အိပ်ရာကို အဖော်လုပ်နေရသူတွေအနေနဲ့လည်း ဆီးသွားချင်ရင် အိမ်သာကို ထသွား၊ ထလာ လုပ်စရာမလိုဘဲ အလွယ်တကူ အပေါ့အပါး သွားလို့ အဆင်ပြေစေတယ်။ အဝတ်အစားတွေ ပေကျံနေမှာ၊ ကွက်ပြီး ယိုစိမ့်နေတာ၊ အနံ့အသက်စွဲမှာ ပူစရာမလိုပါဘူး။ ပြုစုပေးရတဲ့သူတွေအတွက်လည်း ဆီးတွေဝမ်းတွေပေကျံနေတဲ့အဝတ်အစားတွေကို လဲလှယ်ပေးရတာ၊ ဆီးဝမ်း အနံ့ဆိုးတွေနဲ့ ပြုစုပေးနေရတာမျိုးမရှိတော့ဘူးပေါ့။၃။ ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ဆီးသွားစိတ်လာလို့ ကိုယ်ဝန်ကြီး တကားကားနဲ့ မကြာခဏအိမ်သာသွားနေရတာ မလွယ်ကူတဲ့ ကိုယ်ဝန်ဆောင်တွေလည်း အသုံးပြုနိုင်ပါတယ်။၄။ ဝတ်ရပြုရအလုပ်မရှုပ်တဲ့ ဘောင်းဘီအမျိုးအစားကို အသုံးပြုမယ်ဆိုရင် လွယ်ကူသက်တောင့်သက်သာရှိပြီး လဲရပြုရတာလည်းအရမ်းလွယ်ကူပါတယ်။သေးခံအမျိုးအစားတွေအများကြီးထဲကမှ ဘက်တီးရီးယားကာကွယ်ပေးတဲ့သေးခံကို ရွေးချယ်သင့်တဲ့အကြောင်းရင်းတွေက။သေးခံအမျိုးအစားတွေက ဆီးတွေဝမ်းတွေကို စုပ်ယူထားပေးတာမှန်ပေမယ့် ဘက်တီးရီးယားကာကွယ်ပေးတဲ့အမျိုးအစားကတော့ ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့အနံ့အသက်ဆိုးတွေ မဖြစ်ပေါ်စေတာနဲ့ အရေပြားပြဿနာတွေကို ကာကွယ်တာတွေမှာ ပိုကောင်းပါတယ်။ဘက်တီးရီးယားကာကွယ်ပေးတဲ့ လူကြီးသုံးသေးခံတွေက အမြဲအိမ်သာထတက်ဖို့ အဆင်မပြေတဲ့ ရောဂါရှင်တွေ၊ လူနာကို ပြုစုစောင့်ရှောက်နေတဲ့ မိသားစုဝင်တွေအတွက်လည်း အလုပ်ရှုပ်သက်သာပြီး သန့်ရှင်းရေးလုပ်ဖို့ လွယ်ကူချောမွေ့စေပါတယ်။ နူးညံ့တဲ့ချည်သားနဲ့ပြုလုပ်ထားတဲ့သေးခံတွေဆိုရင် လေဝင်လေထွက်ကောင်းစေတယ်။ သက်တောင့်သက်သာဖြစ်စေနိုင်ပါတယ်။ သေးခံက ခန္ဓါကိုယ်နဲ့ ကွက်တိဖြစ်နေမယ်ဆိုရင် ပေါင်ပွန်းခြင်း၊ ဆီးပူလောင်ခြင်း၊ အရေပြားပွန်းပဲ့ခြင်း မဖြစ်စေနိုင်ဘူး။ ယိုစိမ့်တာ ပေကျံတာမျိုးတွေလည်းမဖြစ်နိုင်ဘူး။ အရေးအကြီးဆုံးအချက်တစ်ခုကတော့ သေးခံမှာ Anti-bacterial အလွှာပါဝင်နေဖို့ပါ။ ဒီလိုပါဝင်နေမှုက အညစ်အကြေးမှာ ပါနေတဲ့ ဘက်တီးရီးယားတွေကို ကာကွယ်ပေးနိုင်ပြီး အနံ့အသက်ဆိုးတွေကိုပါ ထိရောက်စွာ လျှော့ချပေးနိုင်မှာပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/common-aging-conditions/benefits-of-adult-diapers/
အခန့်မသင့်လို့ မျက်လုံးထဲ တစ်ခုခုဝင်သွားတဲ့အခါ။ ။
မျက်လုံးလောက် အရေးကြီးတဲ့ အရာဆိုတာ မရှိတော့လောက်အောင် မျက်လုံးကအရေးကြီးပါတယ်။ ကိုယ်နေထိုင်ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်အလှအပကိုခံစားနိုင်ဖို့၊ အပန်းဖြေစရာ ရုပ်ရှင်တွေကြည့်ဖို့၊ ဂိမ်းတွေဆော့နိုင်ဖို့နဲ့ ကိုယ်ချစ်ခင်ရတဲ့သူတွေကို တစိမ့်စိမ့်ကြည့်နိုင်ဖို့ဆိုတာ ကိုယ့်ရဲ့ မျက်ဝန်းတစ်စုံ ရှိမှဖြစ်တာပါ။အိပ်ချိန်ကလွဲလို့ အပြင်လောကကြီးနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ အရမ်းနုတဲ့ ကိုယ်ခန္ဓါအစိတ်အပိုင်းဆိုလည်း မျက်လုံးကိုပဲ ပြရပါလိမ့်မယ်။ နေ့ခင်းဆို တစ်ချိန်လုံးဖွင့်ထားရတဲ့ မျက်လုံးထဲကို ပြင်ပက ဘယ်ပစ္စည်းမဆို အခန့်မသင့်ရင် ဝင်သွားနိုင်ပါတယ်။ ။မျက်လုံးထဲကို ဘာပစ္စည်းမှ ဝင်ရမယ်ဆိုတာ မရှိပါဘူး။ အများဆုံးဝင်နိုင်တာကတော့။အခြားအရာတွေ အတွက်နေရာလွတ်မရှိလောက်အောင် မျက်လုံးထဲမှာ သူ့နေရာနဲ့ သူ အားလုံးက အံဝင်ခွင်ကျဖြစ်နေတာပါ။ ဒါကြောင့် အပြင်က တစ်စုံတစ်ခု မျက်လုံးထဲဝင်လာတာနဲ့ တန်းသိကြတာဖြစ်ပါတယ်။ မျက်လုံးထဲမှာ တစ်ခုခုရှိနေတယ်ဆိုတဲ့ အသိက တကယ်ကိုခံစားရခက်တဲ့အရာတစ်ခုပါ။ ရုတ်တရက်ဆို ပြာသွားတတ်ပြီး လုပ်မိလုပ်ရာတွေလုပ်တတ်ကြလို့ ပိုဆိုးသွားတာတွေ အများကြီးပါ။ ဒါကြောင့် မျက်လုံးထဲ တစ်ခုခုဝင်ပြီဆိုတာနဲ့ ပြာမနေဘဲ ဘာတွေလုပ်ရမလဲ၊ ဘာတွေမလုပ်ရဘူးလဲဆိုတာ ပြောပြပေးချင်ပါတယ်။မှန်ရှေ့ကို ချက်ချင်းသွားပါ။ ကိုယ့်သာသာ ကြည့်လို့မရရင် သူများကို အကူအညီတောင်းပါ။ မျက်လုံး အပေါ်အောက်ဘေး နေရာမကျန် အကုန်လုံးကို သေချာကြည့်ပါ။မျက်လုံးထဲဝင်နေတဲ့ အရာကို သင်မြင်ရပြီဆိုတာနဲ့။အစိုင်အခဲတွေ မဟုတ်တဲ့ဆပ်ပြာရည်တို့ ေခါင်းလျှော်ရည်တို့၊ ဓါတုပစ္စည်းအရည်တို့ဝင်သွားပြီဆိုရင်တော့။မျက်လုံးဆိုတာ တကယ်ကို နူးနူးညံ့ညံ့ ကိုင်တွယ်ရမယ့် ကိုယ်ပေါ်က အစိတ်အပိုင်းတစ်ခုပါ။ အခန့်မသင့်လို့ဝင်လာတဲ့ ပစ္စည်းတွေကို မဝင်အောင်တားထားလို့မရပေမယ့် ပိုဆိုးမသွားအောင်တော့ ကာကွယ်လို့ရပါတယ်နော်။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/should-i-do-if-something-gets-in-my-eye/
ပင်စင်နာကို ဘယ်လိုကုစားမလဲ (၁)
“လမ်းထဲက ဦးဘယ်သူလေ အရင်က အမြဲတမ်း တက်တက်ကြွကြွနဲ့ အခု ချက်ချင်းကြီး ဆွဲချသလို အိုစာသွားလိုက်တာဟယ်” “ဪ…. ဦးဘယ်ဝါရော ဘာထူးလဲ။ ငါတို့ ငယ်ငယ်လေးကတည်းက ရုံးသွား၊ရုံးပြန်တိုင်း ငါတို့ အိမ်ရှေ့ကဖြတ်သွားရင် ငါ့ကို ခေါင်းလေးပုတ်ပုတ်ပြီး နှုတ်ဆက်သွားနေကျ၊အခု ပင်စင်လည်း ယူပြီးရော နှစ်လလောက်ပဲ ရှိသေးတယ်။ အဖိုးကြီးအိုလုံးလုံး ဖြစ်ပါလေရော။ ဟိုနေ့က လမ်းမှာတွေ့တာတောင် ငါ့ကို နှုတ်မဆက်ဘူး” “အင်း…. ဒေါ်ဘယ်ဒင်းကတော့ တမျိုးဟဲ့။ အရင် ဘဏ်မှာလုပ်တုန်းကလည်း ပြင်လို့ဆင်လို့ လှလို့ ပလို့ အခုပင်စင်ယူပြီးတော့လည်း သမီးတွေ၊မြေးတွေနဲ့ အပြိုင်လှနေ၊ခန့်နေထည်နေတုန်းပဲ”။ဒီလို စကားလေးတွေကို သင်ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ အသက်ခြောက်ဆယ်ပြည့်လို့ ပင်စင်ယူလိုက်ပြီဆိုတာနဲ့ တသက်လုံး သွက်သွက်လက်လက် ထက်ထက်မြက်မြက်ကြီး လှုပ်ရှားခဲ့တဲ့ လူတယောက်က ဘာလို့များ ရုတ်ချည်း စိတ်ဓါတ်တွေကျပြီး ပြောင်းလဲသွားရတာလဲ?ဘယ်အရာတွေက သူ့ကို ဆွဲချလိုက်တာလဲ?တချို့ကျပြန်တော့ ပင်စင်ယူပြီးလည်း ပျော်လို့ပါးလို့ သန်တုန်းမြန်တုန်းပဲ။ ဘာတွေက ကွာခြားသွားစေတာလဲ?ဒီလိုမျိုး ဆိုးဆိုးရွားရွားတွေ မကြုံတွေ့ရအောင် ဘယ်တွေဆောင်ရ၊ရှောင်ရမလဲ?ဒီဆောင်းပါးလေးမှာ တတ်သလောက်၊မှတ်သလောက် မျှဝေပေးထားပါတယ်။ပင်စင်နာ ဆိုတာဘာလဲ။တသက်တာလုံး ကြိုးစားလုပ်ကိုင်လှုပ်ရှားခဲ့တာတွေကို (ဒီလိုပြောရာမှာ ပင်ပင်ပန်းပန်းလုပ်ရတာ၊ရာထူးအကြီးအသေးကွာဟတာ၊ဝင်ငွေအနည်းအများကို မဆိုလိုဘဲ ဟိုးအောက်ခြေဝန်ထမ်းမှသည် ထိပ်ဆုံးက စီအီးအိုအဆင့်ထိ ရည်ညွှန်းပါတယ်)အသက်ခြောက်ဆယ်ပြည့်တဲ့အချိန်မှာ တိခနဲဖြတ်ချပြီး လုံးဝအားလပ်သွားပြီဆိုတဲ့အခါ အရက်ဖြတ်လိုက်သလို၊ဆေးဖြတ်လိုက်သလိုပဲ လူဟာနေရထိုင်ရ တမျိုးကြီးဖြစ်သွားပြီး စိတ်ဓါတ်ကျမှုတွေ၊စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ သဟဇာတမဖြစ်မှု ပြဿနာတွေ အမျိုးမျိုးအဖုံဖုံ ခံစားလာရခြင်းကို ပင်စင်နာလို့ ဒီဆောင်းပါးလေးမှာ အကြမ်းဖျင်း ရည်ညွှန်းပါမယ်။ပင်စင်နာ ဘာလို့ဖြစ်သလဲ။ပင်စင်နာ မဖြစ်အောင် ဘယ်လိုကျင့်ကြံနေထိုင်ရမလဲ။(၁) ဝါသနာကို အကောင်အထည်ဖော်ပါ။ပင်စင်နာခံစားရတဲ့ အဓိကအချက်က အချိန်တွေပိုသွားတာရယ်၊(self-esteem) လို့ခေါ်တဲ့ မိမိကိုယ်မိမိ တန်ဖိုးထားဂုဏ်ယူမှု ယုတ်လျော့သွားရတာရယ်ကြောင့် ဖြစ်တဲ့အတွက် ဒီအချက်တွေကို အလျင်အမြန် ကုစားဖို့လိုအပ်ပါတယ်။ ဒါကြောင့် တချက်ခုတ်၊နှစ်ချက်ပြတ်ဆိုသလို အထက်ပါ အချက်နှစ်ချက်လုံးကို ကူညီကယ်တင်ပေးနိုင်မယ့် နည်းလမ်းကတော့ မိမိဝါသနာရာပါကို ဇောက်ချလုပ်ခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူသားတွေမှာ အနည်းစုသော ကံကောင်းသူတွေသာလျှင် ဝါသနာနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ထပ်တူကျကြပါတယ်(အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံမှာပေါ့လေ)။ ဒါကြောင့် တသက်လုံး ကွန်ပြူတာရှေ့မှာ အချိန်ကုန်လာခဲ့ပေမယ့် ကိုယ်တကယ်လုပ်ချင်တာက မုန့်ဖုတ်တဲ့ဝါသနာ ဖြစ်ကောင်းဖြစ်နေမယ်။ ဆေးရုံနဲ့လူနာတွေကြားမှာ ဘဝကို မြှုပ်နှံထားရတဲ့ ဆရာဝန်အဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့ပေမယ့် ကိုယ့်ရဲ့ အနက်ရှိုင်းဆုံးအတွင်းစိတ်ထဲက ဝါသနာဟာ စာရေးစာဖတ်ဖို့ ဖြစ်ကောင်းဖြစ်နေမယ်။ ဘဏ်မှာ အမှုဆောင်အရာရှိချုပ်ရာထူးနဲ့ လစာကောင်းကောင်းတွေကို တသက်လုံး ခံစားခဲ့ရပေမယ့် ကိုယ့်ရဲ့အားသန်တဲ့အရာက စိတ်အေးလက်အေးရှိတဲ့ တနေရာမှာ ရွက်ဖျင်တဲလေးထိုးပြီး သဘာဝအလှတရားတွေကို ခံစားတာ၊ငါးလေးမျှားနေတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါဆိုရင် အခု သင်အသက်ခြောက်ဆယ်ပြည့်လို့ အနားယူရပြီဆိုရင်တော့ ကျန်ရှိနေသေးတဲ့ ဘဝအချိန်ပိုင်းလေးတွေမှာ သင့်ဝါသနာကို ဦးစားပေးဖို့ အချိန်ရောက်ပါပြီ။ ဖြစ်သင့်တာတွေကိုချည်း တသက်လုံးလုပ်ခဲ့ပေမယ့် ဖြစ်ချင်တာကို အလှည့်ပေးချိန်တန်ပါပြီ။ ဘဝက တိုတိုလေးပါ။ ဒါကြောင့် သင်ဝါသနာပါရာကို စိုက်လိုက်မတ်တပ်လုပ်ပါ။ လူဟာ ကိုယ်တကယ် စိတ်ပျော်ရာကို လုပ်နေရရင် ထမင်းမေ့၊ဟင်းမေ့ဆိုတာ တင်စားပြောတဲ့စကား မဟုတ်ပါဘူး။ တကယ့်အမှန်တရားဖြစ်ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် ပိုထွက်လာပြီဖြစ်တဲ့ သင့်ရဲ့အချိန်ပိုတွေကို အဓိပ္ပါယ်ရှိစွာ ကုန်ဆုံးစေမယ့်အပြင် မိမိကိုယ်ကို တန်ဖိုးထားစိတ်လည်း ပိုမိုရှင်သန်မြင့်မားလာမှာပဲ ဖြစ်ပါတယ်။(၂) အကောင်းမြင်စိတ်မွေးပါ။အကောင်းမြင်စိတ်မွေးတာဟာ အသက်အရွယ်အပိုင်းအခြားအားလုံးနဲ့ သက်ဆိုင်တယ်ဆိုပေမယ့် ပင်စင်စားဖိုးဖိုးဖွားဖွားတွေအတွက် ပိုလို့တောင် လိုအပ်တဲ့၊အရေးကြီးတဲ့ အရာပဲ ဖြစ်ပါတယ်။ အသက်အရွယ်ကပေးတဲ့ အသိသညာ၊အတွေ့အကြုံတွေအရ ကိုယ့်ရဲ့ သားသမီး၊မြေးမြစ်တွေ၊လူငယ်တွေ လုပ်တာကိုင်တာကို မြင်ရတာဟာ မထော်မနန်းဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် အရာအားလုံးကို တတ်နိုင်သမျှ လျစ်လျူရှုပါ။ ကိုယ်လည်း သူတို့အရွယ်က ဒီလိုပဲ လုပ်ခဲ့မိမှာပဲလေဆိုတဲ့ သဘောတရားကို ရင်ဝယ်ပိုက်ပါ။ အရာခပ်သိမ်းကို အကောင်းမြင်စိတ်ထားပြီး ကြံစည်တွေးတောလုပ်ကိုင်ဆောင်ရွက်ခြင်းအားဖြင့် သင်ကိုယ်တိုင်ရော၊သင်နဲ့ အနီးကပ် သို့မဟုတ် အဝေးက ဆက်ဆံနေရသူအားလုံးပါ ပိုပြီးပျော်ရွှင်ကျေနပ်ရပါလိမ့်မယ်။ မှတ်ထားပါ။ အရာအားလုံးကို အကောင်းမြင်ပါ။ အဓိကအကျဆုံးက သင့်စိတ်တခုပါပဲ။ပင်စင်နာ အပိုင်း(၂)ကို ဆက်လက်ဖတ်ရှုပေးပါအုံးနော်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/aging-mind/%e1%80%95%e1%80%84%e1%80%b9%e1%80%85%e1%80%84%e1%80%b9%e1%80%94%e1%80%ac%e1%81%81/
ကလေးငယ်လေးတွေကို ဆီအသုံးပြုပြီး နှိပ်နယ်ပေးခြင်းက ရရှိနိုင်တဲ့ကောင်းကျိုးများ
ကလေးငယ်လေးကို ဆီတစ်မျိုးမျိုးသုံးပြီးနှိပ်နယ်ပေးတာက ကလေးကို သက်တောင့်သက်သာဖြစ်စေသလို မိခင်နဲ့ရင်သွေးကြားမှာ ရင်းနှီးချစ်ခင်မှု ပိုမိုရရှိစေနိုင်ပါတယ်။ကလေးကို သက်တောင့်သက်သာဖြစ်စေမယ်။ကလေးကို အဆီတစ်ခုခုသုံးပြီးနှိပ်နယ်ပေးတာကခန္ဓါကိုယ်ကအကြောတွေကိုပြေလျော့စေနိုင်သလိုကောင်းကောင်းအိပ်ပျော်စေနိုင်ပါတယ်။နောက်တစ်ချက်ကကလေးလေနြာဖစ်တာကို သက်သာစေပြီးဝမ်းမှန်ေစနိုင်ပါတယ်။ ကလေးကိုစိတ်ဖိစီးမှုကင်းဝေးစေပြီးကြွက်သားတွေနာကျင်တာ၊သွားကြိတ်တာတွေကို ကင်းဝေးစေမှာပါ။ကလေးရဲ့ ခန္ဓါကိုယ်ဖြစ်စဉ်တွေကိုကောင်းမွန်စေနိုင်တယ်။ကလေးကိုနှိပ်နယ်ပေးတာက ကလေးရဲ့သွေးလည်ပတ်မှုစနစ်၊အစာခြေစနစ်၊ ကိုယ်တွင်းဟော်မုန်းတွေနဲ့ကိုယ်ခံအားစနစ်၊ ကလေးရဲ့ ကြွက်သားဖွံ့ဖြိုးမှုနဲ့ ကြီးထွားမှုတွေကိုကောင်းမွန်စေနိုင်ပါတယ်။ ဒါတွေတင်မဟုတ်ဘဲ ကလေးရဲ့ သင်ယူနိုင်မှုစွမ်းရည်နဲ့အာရုံစူးစိုက်နိုင်စွမ်းကိုကောင်းမွန်စေနိုင်ပါသေးတယ်။ချစ်ခြင်းမေတ္တာတိုးစေပြီး ယုံကြည်မှုတိုးလာစေတယ်။ကလေးကို နှိပ်နယ်ပေးတာက ကလေးနဲ့ မိဘကြားမှာ ချစ်ခင်ရင်းနှီးမှု ပိုတိုးလာစေနိုင်သလို ကလေးရဲ့မိဘအပေါ်မှာ ယုံကြည်မှုတိုးလာစေနိုင်ပါတယ်။ ကလေးနဲ့ စကားပြောဆိုဆက်သွယ်မှုမလုပ်နိုင်သေးပေမယ့် ဒီလိုလေးထိတွေ့မှုက ရင်သွေးလေးနဲ့ ကိုယ်နဲ့ကြား မမြင်နိုင်တဲ့ ချစ်ခြင်းမေတ္တာနဲ့ နားလည်နိုင်မှုတွေ တိုးပွားလာစေမှာပါ။ကလေးကိုနှိပ်နယ်ပေးတဲ့အခါ အသုံးပြုမယ့် ဆီအမျိုးအစားကို မှန်ကန်စွာရွေးချယ်မိဖို့လိုပါမယ်။နွေရာသီ။နွေရာသီမှာဆိုရင်တော့ ကလေးငယ်ရဲ့ အသားအရေကိုအေးမြစေပြီးနေပူဒဏ်ကြောင့် အရေပြားထိခိုက်တာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်မယ့် အုန်းဆီ၊နှမ်းဆီလိုမျိုးဆီတွေကိုရွေးချယ်ပေးသင့်ပါတယ်။ ကလေးကိုရေချိုးပြီးစမှာအုန်းဆီလေးခပ်ပါးပါးလူးပေးမယ်ဆိုရင် အရေပြားကို အစိုဓါတ်ထိန်းပေးပြီး ဘက်တီးရီးယားတွေနဲ့မှိုပိုးတွေကြောင့်အရေပြားထိခိုက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ဆောင်းရာသီ။ဆောင်းရာသီလိုမျိုးအေးမြခြောက်သွေ့တဲ့ရာသီမျိုးမှာဆိုရင် အရေပြားကိုနွေးထွေးမှုပေးတဲ့ မုန်ညင်းဆီ၊သံလွင်ဆီနဲ့ အရေပြားခြောက်သွေ့မှုကင်းစေတဲ့ အယ်လ်မွန်ဆီတွေကိုရွေးချယ်သင့်ပါတယ်။ မုန်ညင်းဆီက ကလေးရဲ့ အသားအရေကိုခြောက်သွေ့မှုကင်းပြီး စိုပြည်စေမှာပါ။ သံလွင်ဆီကတော့ အရေပြားအစိုဓါတ်ကို ထိန်းသိမ်းပေးပြီးခြောက်သွေ့တာနဲ့အသားအရေမညီညာတာမျိုးကို သက်သာစေမှာပါ။နောက်ထပ်အားသာချက်တစ်ခုက ကလေးငယ်တွေရဲ့ အရေပြားခြောက်သွေ့ကြောင့်ဖြစ်လာနိုင်တဲ့ အရေပြားပြဿနာတွေကို ကင်းဝေးစေတာပါ။အယ်လ်မွန်ဆီဆိုရင်ဗီတာမင်E ကြွယ်ဝစွာပါဝင်တာကြောင့်ဆောင်းရာသီနဲ့တော်တော်လေးသင့်တော်ပါတယ်။ အရေပြားကိုဆောင်းရာသီအအေးဒဏ်ကနေ အပြည့်အဝကာကွယ်မှုပေးပြီး ကလေးကိုကောင်းကောင်းအိပ်ပျော်စေမှာပါ။တုံ့ပြန်လွယ် အသားအရေပိုင်ရှင်တွေအတွက်ကတော့ သဘာဝဟင်းသီးဟင်းရွက်တွေကနေထုတ်ထားတဲ့ အဆီတွေက အသင့်တော်ဆုံးပါ။ ဥပမာပြောပြရရင်-။မေမေတွေနဲ့ရင်သွေးလေးေတွကြားက ချစ်ခြင်းမေတ္တာနဲ့ယုံကြည်မှုတွေတိုးပွားစေဖို့ဘေဘီလေးတွေကို နှိပ်နယ်ပေးလိုက်ပါနော်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/oils-for-baby-massage/
ပန်းသီးရှာလကာရည်၏ အကျိုးကျေးဇူးများ
ပန်းသီးရှာလကာရည်ဟာ နောက်ပိုင်းမှာ အိမ်တွင်းပစ္စည်းတွေနဲ့ပဲ ပြုလုပ်နိုင်တာမို့ ခေတ်စားလာပါတယ်။ ယခင်ကလည်း အစားအစာချက်ပြုရာမှာရော ဆေးဝါးအနေနဲ့ပါ သုံးစွဲခဲ့ကြပါတယ်။ပန်းသီးရှာလကာရည်မှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီးအကျိုးကျေးဇူးတွေရှိပါတယ်။ အဓိကအားဖြင့် ပိုးမွှားများ သေစေတဲ့ အာနိသင်နဲ့ ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်တွေ ရှိနေပါတယ်။ ဒါ့အပြင် နောက်ပိုင်းသုတေသနတွေအရ ကိုယ်အလေးချိန်ကျခြင်း၊ကိုလက်စထရောကျစေခြင်း၊ သွေးတွင်းသကြားဓာတ် ကျစေခြင်း၊ ဆီးချိုဝေဒနာများ သက်သာစေခြင်း စတဲ့အကျိုးကျေးဇူးတွေ ရှိကြောင်း သိလာရပါတယ်။ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ပန်းသီးရှာလကာရည်ရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ပန်းသီးရှာလကာရည်ထဲမှာ အက်ဆီတစ်အက်ဆစ်ပါဝင်ပါတယ်။ အဆိုပါအက်ဆစ်ဟာ ပန်းသီးရှာလကာရည်ရဲ့ ကျန်းမာရေးအထောက်အကူပြု အာနိသင်တွေအတွက် အဓိကကျပါတယ်။ ပရိုတိန်း၊ အင်ဇိုင်းနဲ့အကျိုးပြုဘက်တီးရီးယားတွေပါဝင်ပါတယ်။ ပိုတက်ဆီယမ်အနည်းငယ် ပါဝင်ပါတယ်။ပန်းသီးရှာလကာရည်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေတော့ များများစားစား ပါဝင်ခြင်း မရှိပါဘူး။ နာမည်ကြီးတံဆိပ်တွေမှာတော့ အမိုင်နိုအက်ဆစ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်အောင် ထုတ်လုပ်ထားပါတယ်။ရှာလကာရည်ဟာ ဘက်တီးရီးယားများကို သေစေနိုင်ပါတယ်။ ရှေးအစဉ်အဆက်ကတည်းက ပိုးမွှားတွေကို သေစေတဲ့ ဂုဏ်သတ္တိကြောင့် ပိုးမွှားသန့်စင်ခြင်း၊ လက်သည်းခြေသည်းပိုးများ၊ သန်းနှင့်လှေးများနှိမ်နင်းခြင်း၊ ကြွက်နို့သတ်ခြင်း၊ နားပိုးဝင်ခြင်းကို ကုသခြင်းစတာတွေမှာ အသုံးပြုပါတယ်။ဆေးလောကရဲ့ ဖခင်ကြီးဖြစ်သူ ဟစ်ပိုကရေးတီးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက အနာတွေကို သန့်စင်ဆေးကြောရာမှာ ရှာလကာရည်ကို အသုံးပြုခဲ့ပါတယ်။အစားအစာတွေထဲမှာ E Coli ရောဂါပိုး ပေါက်ပွားခြင်းကို ကာကွယ်ပေးနိုင်တာမို့ တာရှည်ခံပစ္စည်းအနေနဲ့လည်း အသုံးပြုကြပါတယ်။ အစားအစာတွေကို ရေရှည်ခံအောင် ထိန်းသိမ်းဖို့ဆိုရင် ပန်းသီးရှာလကာရည်ကို သုံးနိုင်ပါတယ်။အင်ဆူလင်မတိုးခြင်း၊ အင်ဆူလင်မထုတ်လုပ်နိုင်ခြင်း စတဲ့အခြေအနေတွေမှာ သွေးတွင်းသကြားဓာတ် မြင့်တက်လာပြီး အမျိုးအစား ၂ ဆီးချိုကို ဖြစ်ပေါ်စေပါတယ်။ ဆီးချိုရောဂါမဖြစ်စေဖို့ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ပမာဏအတွင်း ထိန်းသိမ်းထားနိုင်ဖို့ လိုပါတယ်။ ပန်းသီးရှာလကာရည်မှာ သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။သုတေသနတွေအရ ပန်းသီးရှာလကာရည်ဟာ ကာဘိုဟိုက်ဒရိတ်များများစားချိန်မှာ အင်ဆူလင် ထိရောက်မှုနှုန်းကို ၁၉-၃၄ % ခန့် တိုးတက်စေတယ်လို့ သိရပါတယ်။ အိပ်ရာမဝင်ခင်မှာ ပန်းသီးရှာလကာရည် နှစ်ဇွန်းစားသုံးပေးခြင်းဟာ မနက်ပိုင်းဆီးချိုတိုင်းတာရာမှာ ၄%လျော့ကျစေတယ်လို့ သိရပါတယ်။ တခြားသုတေသနတွေအရလည်း ရှာလကာရည်ဟာ အင်ဆူလင်လုပ်ဆောင်မုှကို တိုးတက်စေပြီး သွေးတွင်းသကြားဓာတ်ကို လျော့နည်းစေတယ်လို့ သိရပါတယ်။ပန်းသီးရှာလကာရည်ဟာ ဗိုက်ပြည့်စေပြီး ကယ်လိုရီများများ စားသုံးမယ့် အခြေအနေကနေ ကာကွယ်ပေးပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကျဆင်းစေပါတယ်။ သုတေသနတခုအရ ပန်းသီးရှာလကာရည်ကို ပုံမှန်ကာဘိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ အစားအစာနဲ့ တွဲဖက်စားသုံးရာမှာ ဗိုက်ကိုပြည့်စေပြီး တနေ့လုံးအတွက် ၂၀၀-၂၇၅ ကယ်လိုရီ ပိုမိုလျော့နည်းစေတယ်လို့ ဆိုပါတယ်။အဝလွန်နေတဲ့ လူပေါင်း ၁၇၅ ဦးနဲ့ စမ်းသပ်ခဲ့တဲ့ သုတေသနအရ နေ့စဉ် ပန်းသီးရှာလကာရည်စားသုံးရင် ဝမ်းဗိုက်အဆီများ လျော့နည်းစေပြီး ကိုယ်အလေးချိန်ကျစေတယ်လို့ ဆိုပါတယ်။ ပန်းသီးရှာလကာရည်တစ်ဇွန်း (၁၂ မီလီလီတာ) ဟာ ကိုယ်အလေးချိန် ၂.၆ပေါင် (၁.၂ကီလို) လျော့စေပြီး နှစ်ဇွန်းဆိုရင် ၃.၇ပေါင် (၁.၇ကီလို) လျော့စေတယ်လို့ သိရပါတယ်။(ယခုအချက်ကတော့ တိရစ္ဆာန်တွေနဲ့ လေ့လာခဲ့တဲ့ သုတေသနရလာဒ်သာ ဖြစ်ပါတယ်။)။တိရစ္ဆာန်တွေနဲ့ လေ့လာခဲ့တဲ့ သုတေသနအရ ပန်းသီးရှာလကာရည်ဟာ ကိုလက်စထရောနဲ့ triglyceride ကို ကျဆင်းစေတယ်လို့ သိရပါတယ်။ တခြားနှလုံးရောဂါဖြစ်နိုင်ခြေ အနေအထားတွေကိုလည်း လျော့ကျစေတယ်လို့ ဆိုပါတယ်။ ကြွက်များနဲ့ စမ်းသပ်ခဲ့တဲ့ သုတေသနအရ သွေးတိုးကျစေတယ်လို့ သိရပါတယ်။ပန်းသီးရှာလကာရည်ဟာာ အသားအရေခြောက်သွေ့ခြင်း၊ နှင်းခူ စတာတွေကို သက်သာစေနိုင်ပါတယ်။ အရေပြားဟာ အနည်းငယ် အက်ဆစ်ဓာတ်ကဲတဲ့နေရာ ဖြစ်ပါတယ်။ အရေပြားပေါ် ပန်းသီးရှာလကာရည်လိမ်းပေးတဲ့အခါ အရေပြားရဲ့ သဘာ၀ pH ကို ပြန်လည်ဟန်ချက်ညီစေပါတယ်။ ပိုးမွှားများသေစေတဲ့ ဂုဏ်သတ္တိကြောင့် အရေပြားကို ကပ်ငြိလာတဲ့ ပိုးတွေကို သန့်ရှင်းဖယ်ရှားပေးနိုင်ပါတယ်။ ပြင်းအားမရှိတဲ့ ပန်သီးရှာလကာရည်ကိုမျက်နှာသစ်ဆေးဒါမှမဟုတ် တိုနာအနေနဲ့ သုံးနိုင်ပါသေးတယ်။ ဘက်တီးရီးယားတွေကို ကာကွယ်ပေးပြီး အစက်အပြောက်တွေကို ကာကွယ်ပေးပါတယ်။……။အထက်ဖော်ပြပါ အချက်တွေကတော့ ပန်းသီးရှာလကာရည်ရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ အဆိုပါအချက်အလက်တွေ ပိုမိုခိုင်မာဖို့ သုတေသနတွေတော့ လိုအပ်နေပါသေးတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုသလို အလွန်အကျွံစားသုံးမှုမပြုရင် အကျိုးကျေးဇူးကိုသာ ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-apple-cider-vinegar/
ကျောက်ကပ် ရောဂါတွေ ကင်းစေဖို့ နည်းလမ်း (၉) ခု
ကျောက်ကပ် ကျန်းမာရေးက အရေးကြီးတယ် မကြီးဘူးဆိုတာ လက်ရှိ ကျောက်ကပ်ရောဂါ ခံစားနေရသူတွေ၊ ကျောက်ကပ်ဆေးနေရသူတွေ၊ ကျောက်ကပ်ခွဲစိတ်ရသူတွေ အသိဆုံးပါ။ ဒါပေမယ့် ဘာရောဂါမှ မဖြစ်သေးတဲ့ သာမန်လူတွေအနေနဲ့ ကြိုတင်ကာကွယ်ထားနိုင်တာ အကောင်းဆုံးပဲ မဟုတ်ဘူးလား။ ဒီတော့ ကျောက်ကပ် ရောဂါတွေ ကင်းစေဖို့ နည်းလမ်း လေးတွေကို ပြောပြပေးချင်ပါတယ်။ဒါဆို ကြိုတင်ကာကွယ်ပြီး ကျောက်ကပ်ကို စောင့်ရှောက်ဖို့ အဆင်သင့်ပဲလား။ ကျောက်ကပ် ကျန်းမာအောင် ဘာတွေလုပ်ရမလဲ၊ ဘယ်လိုနေထိုင်ရမလဲ ဆိုတာ ဆက်ပြီး ကြည့်ရအောင်နော်။ကျောက်ကပ် ရောဂါတွေ ကင်းစေဖို့ နည်းလမ်း လေးတွေကတော့။(၁) ရေဓာတ် ဖြည့်ပါ။ကျောက်ကပ် ကျန်းမာအောင် ရေများများသောက်ပါ၊ ရေသောက်မနည်းပါစေနဲ့ လို့ တဖွဖွ မှာကြ၊ သတိပေးကြပါတယ်။ မှန်ပါတယ်။ ရေသောက်နည်းရင် ရေဓာတ်မလုံလောက်ရင် ကျောက်ကပ်လုပ်ဆောင်ချက်တွေကို ပျက်ယွင်းစေနိုင်တယ်။ ရေကို လုံလောက်အောင် မသောက်ဘူး၊ ရေသောက်နည်းမယ်ဆိုရင် သွေးထဲမှာ အဆိပ်တွေစုလာပြီး ကျောက်ကပ်က စွန့်ထုတ်စစ်ထုတ်နိုင်မှု ကျဆင်းသွားမှာပါ။(၂) ကျန်းမာစေမယ့် အစားအသောက်တွေ ရွေးချယ်ပါ။ကျောက်ကပ် ပြဿနာ အများစုကသွေးတိုး၊ဆီးချို၊နှလုံးရောဂါတို့လို ရောဂါအခံတွေ ကနေ နောက်ဆက်တွဲ ဖြစ်လာတတ်တာပါ။ ဒါ့ကြောင့် ဒီရောဂါတွေကို ကာကွယ်ဖို့ ကျန်းမာရေးနဲ့ ညီအောင် စားသောက် နေထိုင်တာ အသက်ရှည်ဆေးတစ်မျိုးပါပဲ။ အဆီ၊ အငန် တွေလျှော့စားပါ၊ အတုအယောင် မှန်သမျှ ရှောင်ပါ၊ အဆိပ်အတောက်  ဖြစ်စေမယ့် ဓာတုပစ္စည်း ပါဝင်နိုင်တဲ့ အစားအသောက် တွေ ရှောင်ပါ။(၃) ကိုယ်လက်လှုပ်ရှားမှု ပုံမှန် လုပ်ပါ။လေ့ကျင့်ခန်းတွေ သေချာလုပ်မှ၊ GYM သွားမှ ၊လမ်းထွက်လျှောက်ဖြစ်မှ ကိုယ်လက်လှုပ်ရှားမှု ဖြစ်တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ နေ့စဉ် လုပ်နေကျ အလုပ်တွေကလည်း ကိုယ်လက်လှုပ်ရှားမှု ဖြစ်စေနိုင်ပါတယ်။ ဥပမာ ရုံးမှာ ကိုယ့်စားပွဲ သန့်ရှင်းရေးလုပ်တာ၊ ကော်ဖီထဖျော်တာ၊ နားနေချိန်မှာ စားပွဲတင် တင်းနစ်ကစားတာ၊ အိမ်မှာ အိမ်မှုကိစ္စ လုပ်တာ၊ ချက်ပြုတ်၊ အိမ်သန့်ရှင်းရေး လုပ်တာ စတဲ့ အလုပ်တွေက လေ့ကျင့်ခန်း သီးသန့်လုပ်နေစရာ မလိုအောင် အကျိုးရှိစေနိုင်ပါတယ်။(၄) ကိုယ်ထင်ရာအားဆေးတွေ စွတ်မသောက်ပါနဲ့။ခုခေတ်မှာ သဘာဝဓာတ်စာ ဆိုတဲ့ ဖြည့်စွက်ဆေးဝါးတွေ၊ ဟိုဟိုဒီဒီ ရောဂါကာကွယ်နိုင်တယ် အပျောက်ကုနိုင်တယ် ဆိုတဲ့ ဆေးဝါးတွေ အများကြီး ပေါ်ထွက်လာပါတယ်။ ဒီမှာ အရေးကြီးတာက ကိုယ်လိုချင်တဲ့ ကောင်းကျိုးအာနိသင်ထက် အသည်းနဲ့ ကျောက်ကပ်ကို တန်းပြီး ထိခိုက်စေနိုင်တဲ့ အချက်ပါ။တချို့ဆေးတွေက ဆရာဝန်ညွှန်ကြားချက် မလိုဘူးဆိုပေမယ့် ပါဝင်တဲ့ဓာတ်တွေရဲ့ ပမာဏနဲ့ သောက်သုံးသင့်တဲ့ အတိုင်းအတာကို သေချာစနစ်တကျသိဖို့ လိုပါတယ်။ ဆေးရဲ့အရည်အသွေး၊ ဘေးထွက်ဆိုးကျိုး နဲ့ သက်ဆိုင်ရာကျန်းမာရေးထောက်ခံချက်တွေ ပါရှိဖို့လည်း ဂရုစိုက်သင့်ပါတယ်။ ဟိုဆေး၊ ဒီဆေး လိုက်သောက်ရင်း အားဆေးတွေထပ်ပြီး ပါဝင်ဓာတ်ပစ္စည်းတွေကို သောက်သုံးမှု လွန်ကဲသွားရင် ဘေးဖြစ်စေနိုင်တာကို ကြောက်သင့်ပါတယ်။(၅)ဆေးလိပ်မသောက်ပါနဲ့။ဆေးလိပ် သောက်တာက ကြာလေ သွေးကြောတွေကို တောင့်တင်း ကျဉ်းမြောင်းလာစေပြီး ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို နည်းသွားစေပါတယ်။ ဒီလိုမျိုး သွေးပို့လွှတ်ရောက်ရှိမှု နည်းသွားတဲ့ အစိတ်အပိုင်းထဲမှာ ကျောက်ကပ်လည်း ပါပါတယ်။ သွေးစီးဆင်းရောက်ရှိမှု နည်းသွားတဲ့အခါ ကျောက်ကပ်က အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ပါဘူး။(၆)အကိုက်အခဲပျောက်ဆေးကို ကြည့်ကျက်သောက်ပါ။အကိုက်အခဲပျောက်ဆေး တွေကို မကြာခဏ သောက်လွန်းတာ၊ ပုံမှန် ဆက်တိုက် သောက်နေတာတွေက ကျောက်ကပ် ပျက်စီးစေမယ့် လမ်းပါ။ အစာအိမ်သွေးကြောပေါက်တာ၊ အသည်းထိခိုက်တာအပြင် ကျောက်ကပ်အတွက်လည်း အန္တရာယ်ရှိပါတယ်။ ဒါကြောင့် အကိုက်အခဲပျောက်ဆေးတွေကို တကယ်လိုအပ်မှ သောက်ပါ။ နာတာရှည် နာကျင်မှုတွေအတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပါ။(၇)သွေးပေါင်ချိန်ကို အမြဲထိန်းပါ။သွေးတိုးရောဂါ ရှိသူ ထက်ဝက်လောက်က ကိုယ့်မှာ သွေးတိုးဖြစ်နေမှန်း မသိတတ်ကြပါဘူး။ မသိတော့ မထိန်း၊ မထိန်းဘဲ၊ မဆင်ခြင်ဘဲ သွေးတိုးပိုတက်၊ ပိုတက်ရာက ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးကြရတာတွေ ရှိပါတယ်။ကျောက်ကပ် ပျက်စီးရတဲ့ အကြောင်းရင်းတွေထဲမှာ သွေးတိုးက ရှေ့ဆုံးက ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ပုံမှန် စစ်ဆေးသင့်ပါတယ်။ ဆရာဝန် ညွှန်ကြားတဲ့ ဆေးကို မှန်အောင်သောက်ပါ၊ အစားအသောက် အနေအထိုင် ဆင်ခြင်ထိန်းသိမ်းပါ။(၈) အရက် မသောက်ပါနဲ့။ခုနောက်ပိုင်းမှာတော့ နေထိုင်မှုပုံစံ အပြောင်းအလဲတွေအရ အယ်လ်ကိုဟော ကင်းတဲ့သူ နည်းတယ်လို့ ဆိုရမှာပါ။ ဒီတော့ မသောက်နဲ့ ဆိုတာထက် လျှော့သောက်ပါလို့ ပြောရမလို ဖြစ်နေပါတယ်။ အရက်ကြောင့် ခန္ဓာကိုယ်ထဲ ဖြစ်လာစေမယ့် အဆိပ်အတောက်တွေရဲ့ ဒဏ်ကို အသည်းနဲ့ ကျောက်ကပ် က ခါးစည်းပြီးခံရမှာပါ။(၉) ကျန်းမာရေး ပုံမှန် စစ်ဆေးပါ။ကျန်းမာရေး စစ်ဆေးမှုကိုတော့ ခြောက်လ တစ်ကြိမ် သို့မဟုတ် တစ်နှစ် တစ်ကြိမ်လောက် ခံယူသင့်တယ် ဆိုပေမယ့် အဆင်မပြေကြသူတွေအတွက် အပေါ်က နည်းလမ်းတွေနဲ့ပဲ ကြိုတင်ကာကွယ်လည်း ရပါတယ်။ ကိုယ်တိုင်က ကျန်းမာရေး ဂရုစိုက်သူဆိုရင် ရောဂါဖြစ်လာနိုင်ခြေက သူများထက် ပိုနည်းနိုင်ပါတယ်။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/secrets-to-keeping-your-kidneys-healthy/
ခန္ဓာကိုယ် ကရေဝိတ်တွေကို ဒီလိုချပါ
တစ်ခါတလေမှာ ကိုယ်အလေးချိန်များနေတာက ဝနေလို့ဆိုတာထက်ခန္ဓာကိုယ်အရေပြားအောက်မှာစုမိနေတဲ့ အရည်တွေကြောင့် ရေဝိတ်တက်နေတာလည်းဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်မှာ တကယ်ကိုဝိတ်တက်နေတာလား။ရေဝိတ်တက်နေတာလားဆိုတာကို သိနိုင်စေမယ့်နည်းလမ်းလေးတွေနဲ့ ရေဝိတ်တက်တာကို သက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးပါရစေ။ခန္ဓာကိုယ်ရဲ့ ၇၀ ရာခိုင်နှုန်းကို ရေတွေနဲ့ ဖွဲ့စည်းထားတာပါ။ ရေက ဆဲလ်တွေအတွင်းမှာ ရှိနေနိုင်သလို ဆဲလ်တွေရဲ့ အပြင်ဘက်မှာလည်း ရှိနေနိုင်ပါတယ်။ ရေဝိတ်တက်တယ်ဆိုတာက ခန္ဓာကိုယ်ရဲ့သွေးလည်ပတ်မှုစနစ်၊တစ်ရှုးတွေနဲ့ ခန္ဓာကိုယ် အရေပြားအောက်တွေမှာ အရည်တွေစုနေတဲ့သဘောပါ။ ရေဝိတ်တက်တာ ကခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအမျိုးမျိုးမှာ အကြောင်းအရင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ရေဝိတ်တက်တာတဲ့အခါ အရည်တွေစုနေတ့နေရာတွေကို တွေ့ရနိုင်သလို။ပုံမှန်ကတော့ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ကိုယ်အလေးချိန်မှာ ရေဝိတ်က ၅၀ ရာခိုင်နှုန်း လောက်ကနေ ၆၀ ရာခိုင်နှုန်းလောက်အထိ ပါဝင်နေပါတယ်။ဒါပေမယ့် အရေပြားမှာ ဖောနေတာမျိုးရှိမယ်ဆိုရင်တော့ ရေဝိတ်တက်နေတာပါ။   ဒီအခြေအနေတွေကလည်း ရေဝိတ်တက်တာကို ဖြစ်နိုင်ခြေများစေနိုင်ပါတယ်။ရေဝိတ်တက်စေနိုင်တဲ့ အကြောင်းအရင်းက တစ်ခုမကရှိနေနိုင်ပါတယ်။အစားအသောက်– ဆားပါဝင်မှုမြင့်တဲ့အစားအစာတွေ၊ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုမြင့်တဲ့ အစားအစာတွေကို အများကြီးစားသုံးတာက ရေဝိတ်တက်စေနိုင်ပါတယ်။ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်ချို့တဲ့မှုကလည်း ရေဝိတ်တက်စေနိုင်ပါတယ်။ရာသီလာနေတာ– ရာသီသွေးဆင်းခါနီးရက်တွေမှာလည်း ခန္ဓာကိုယ်မှာ ရေဝိတ်များနေနိုင်ပါတယ်။ နောက်တစ်ချက်က ဒီလိုရက်တွေအငန်စားမိနိုင်ခြေများသလို ကာဗိုဟိုက်ဒရိတ်စားမိနိုင်ခြေလည်းများပါတယ်။ကိုယ်လက်လှုပ်ရှားမှုနည်းတာ– တစ်နေကုန် ထိုင်နေရတာ၊ တစ်နေကုန် မတ်တတ်ရပ်နေရတာတွေက ကိုယ်တွင်းမှာ ရေစီးဆင်းလည်ပတ်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေက တစ်ရှူးတွေထဲမှာ ရေတွေစုမိစေပြီး ရေဝိတ်တက်တာကို ဖြစ်စေနိုင်ပါတယ်။နှလုံး ဒါမှမဟုတ်ကျောက်ကပ်ပြဿနာတွေခံစားနေရတာ– ဒီရောဂါတွေက ကိုယ်တွင်းမှာ သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေက ကိုယ်တွင်းမျာ ရေတွေစုပြိး ရေဝိတ်တက်တာကိုဖြစ်စေနိုင်ပါတယ်။သောက်သုံးနေရတဲ့ဆေးဝါးတွေ–တစ်ခါတလေမှာ ရေဝိတ်တက်တာက သောက်သုံးနေရတဲ့ ဆေးဝါးတွေကြောင့်ပါ။ အရောင်ကျဆေးတွေ၊ ားဆေးသောက်ဆေးတွေကို ပုံမှန်သောက်သုံးနေရတဲ့အခါမှာလည်း ရေဝိတ်တက်နိုင်ပါတယ်။ရေဝိတ်တက်တာကို သက်သာစေဖို့ဆိုရင်။ဆားလျှော့စားပါ။ဒါကတော့ ရေဝိတ်ကို လျှော့ကျစေနိုင်တဲ့ အလွယ်ကူဆုံးနည်းလမ်းပါ။ ဆား လျှော့စားဖို့ဆိုရင် ပြုပြင်ထားတဲ့ အစားအစာတွေကို မစားပါနဲ့။ဒါကြောင့် ရေဝိတ်ကျစေဖို့ဆိုရင် ချိစ်၊ ကြက်ဥချောင်း၊ ဝက်ပေါင်ခြောက်၊ ပေါင်မုန့်၊ အခဲခံထားတဲ့ အစားအစာတွေ၊ ငါးပိ၊ ငါးခြောက် စတာတွေကိုလျှော့ချရပါမယ်။ နောက်ပြီး ကိုယ်တွင်းက ဆိုဒီယမ်ပမာဏကို လျှော့ချဖို့အတွက် ငှက်ပျောသီး၊ ထောပတ်သီး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေစားပေးပါ။ရေများများသောက်ပါ။ရေဝိတ်တက်ပါတယ်ဆိုမှ ရေသောက်ခိုင်းနေတယ်လို့ ထင်စရာရှိပါတယ်။ တကယ်ကတော့ ရေသောက်လို့ ရေဝိတ်မတက်ပါဘူး။ ရေသောက်နည်းလို့သာ ရေဝိတ်တက်တာပါ။ ရေသောက်တာက ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုကို ကောင်းစေပြီး ကိုယ်တွင်းက ပိုနေတဲ့ ဆိုဒီယမ်ကို စွန့်ထုတ်ပေးခြင်းဖြင့် ရေဝိတ်မတက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ကာဗိုဟိုက်ဒရိတ်လျှော့စားပါ။ကာဗိုဟိုက်ဒရိတ်ကလည်း ကိုယ်တွင်းမှာ ရေဝိတ်များစေနိုင်တဲ့ အချက်တစ်ခုပါပဲ။ ဒါကြောင့် ရေဝိတ်ချချင်တယ်ဆိုရင်တော့ ကာဗိုဟိုက်ဒရိတ်ကို လျှော့စားပါ။ ပေါင်မုန့်၊ဆန် စတာတွေကိုလျှော့စားပေးပါ။ ပရိုတင်းကြွယ်ဝတဲ့ အသား၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုးတို့ကို စားသုံးပေးပါ။လေ့ကျင့်ခန်း လုပ်ပါ။လေ့ကျင့်ခန်းလုပ်တာက ချွေးထွက်စေနိုင်ပြီး ကိုယ်တွင်းက ပိုနေတဲ့ရေတွေကိုချွေးအဖြစ်နဲ့  ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ လေ့ကျင့်ခန်းလုပ်ပေးတာက ကိုယ်တွင်းမှာ သွေးစီးဆင်းမှုကောင်းစေနိုင်တာကြောင့် ကျန်းမာစေနိုင်မှာပါ။ လေ့ကျင့်ခန်းလုပ်ပြီးရင် ရေပြန်သောက်ဖို့ မမေ့ပါနဲ့။အိပ်ရေးဝဝအိပ်ပါ။ညဘက်မှာ အိပ်ရေးဝဝအိပ်တာက ကိုယ်တွင်းကဆိုဒီယမ် ပမာဏကိုရော ရေပမာဏကိုပါ ထိန်းညှိပေးနိုင်ပါတယ်။ အိပ်ရေးဝတာက ကိုယ်တွင်း ရေပမာဏကို အကောင်းဆုံး ထိန်းညှိပေးနိုင်တာကြောင့် ရေဝိတ်မတက်အောင် ကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် တစ်ညကိုအိပ်ချိန်၇ နာရီ ကနေ ၉ နာရီအတွင်းရှိစေဖို့ ဂရုစိုက်ပေးပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/what-to-know-about-water-retention/
ကားနဲ့ ခရီးသွားတဲ့အခါ ကလေးလေးပါရင် ဒါတွေ မမေ့နဲ့နော်
ကိုယ့်ကားနဲ့ကိုယ်မိသားစုလိုက်ခရီးသွားကြမယ်ဆိုရင် ဘယ်အချိန်ထသွားသွားရတယ်။ ဒါပေမယ့် ကလေးငယ်ငယ်ရှိနေရင် ဘာမှမပြင်ဆင်ဘဲ သွားလို့မဖြစ်ပါဘူး။ လမ်းခရီးမှာ ကလေးအတွက် ဘာတွေလိုမလဲ၊ ဘေးကင်းဖို့၊ သက်သောင့်သက်သာဖြစ်စေဖို့ ထည့်စဉ်းစားရမှာတွေရှိပါတယ်။ မိသားစုဘေးကင်းရေးနဲ့ သာယာပျော်ရွှင်တဲ့ခရီးစဉ်ဖြစ်ဖို့အရေး ကားနဲ့ ခရီးသွားတဲ့အခါ ကလေးလေးပါရင် ဒါတွေ မမေ့ဖို့ လိုပါတယ်။(၁) ကလေးအတွက် car seat ပါရပါမယ်။ကလေးအတွက် ဘေးကင်းရေးက ပထမဦးစားပေးဖြစ်သင့်ပါတယ်။ အထူးသဖြင့် ကိုယ့်ကားနဲ့ကိုယ် သွားမယ်ဆိုရင် ကလေးရဲ့ အသက်နဲ့ ခန္ဓာကိုယ်အရွယ်အစားအလိုက် car seat တစ်ခုဝယ်ထားဖို့အရေးကြီးပါတယ်။ နောက်တစ်ချက်က car seat ကို ကားထဲမှာ မှန်ကန်စွာ တပ်ဆင်ဖို့လည်း လိုပါတယ်။ Car seat ကို ကားနောက်ခန်းမှာ တပ်သင့်ပါတယ်။ ဖြစ်နိုင်ရင် ထိုင်ခုံအလယ်မှာပေါ့။ အသုံးပြုနည်းလမ်းညွှန်ကို သေချာကြည့်ပြီး တပ်ထားတာမှန်ရဲ့လား ထပ်ကာထပ်ကာစစ်ဆေးပါ။ ကြိုးနဲ့ ချိတ်တွေ ခိုင်ရဲ့လားစစ်ပါ။(၂) ပြတင်းပေါက်မှာ နေကာတပ်ပါ။ကလေးကို ပြတင်းပေါက်ကနေ တိုက်ရိုက်နေပူနေမှာကို ဖြစ်စေချင်မှာ မဟုတ်လောက်ပါဘူး။ ဒါ့ကြောင့်ကလေးရဲ့ မျက်လုံးနဲ့ မျက်နှာကို နေမထိုးစေဖို့ ကားပြတင်းပေါက်မှာ sun shade တပ်ထားပါ။(၃) လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ အပြည့်အစုံယူခဲ့ပါ။Diaperသေးခံတွေနဲ့ wipesတွေ များများယူခဲ့သင့်ပါတယ်။ ကိုယ်လိုမယ်ထင်တာထက် အမြဲပိုယူတာကောင်းပါလိမ့်မယ်။ ကလေးကို ကျွေးဖို့ မုန့်၊ ထမင်း၊နို့မှုန့်၊ နို့ဘူး၊ ရေဘူးစတဲ့အစားအသောက်နဲ့ ပတ်သက်တဲ့ ပစ္စည်းပစ္စယတွေအကုန်သာယူခဲ့ပါ။ အဝတ်အစားလည်း အထူအပါး စုံစုံလင်လင်ယူခဲ့ပါ။ ကလေးသောက်နေကျ ဆေးတွေလည်း ယူလာခဲ့တာ မမှားပါဘူး။(၄) ကလေးကို အပျင်းပြေစေမယ့်အရာတွေ မချန်ထားခဲ့ပါနဲ့။လမ်းခရီးတလျှောက် ကလေးကို အပျင်းပြေစေမယ့်ကစားစရာပိစိလေးတွေ ယူခဲ့ပါ။ ကားနောက်ခန်းမှာ သူမြင်သာအောင် အရုပ်သေးလေးတွေ တွဲလောင်းချိတ်ဆွဲထားတာ၊ သီချင်းဖွင့်ပေးတာ ( ကလေးကြိုက်တတ်တဲ့သီချင်း)၊ သူ့လက်ထဲ ဆော့စရာတစ်ခုခုပေးထားတာ (အန္တရာယ်မဖြစ်စေနိုင်တဲ့ အပျော့စား ကစားစရာတစ်ခုခု) အဆင်ပြေနိုင်ပါတယ်။အရုပ်တွေကို အကုန်လုံးတော့ တစ်ခါတည်းမပေးလိုက်နဲ့နော်။ ကလေးကပျင်းနေပြီဆိုမှ တစ်ခုချင်းထုတ်ပေးပြီး အာရုံပြောင်းချော့မြှူတာကောင်းပါတယ်။(၅) ခရီးမစခင် ကလေးကို ဗိုက်အရင်ဖြည့်ပေးပြီး အဝတ်လဲပေးထားပါ။ကားမထွက်ခင်တည်းက ကလေးရဲ့ အခြေခံလိုအပ်ချက်တွေကို ဂရုစိုက်ပေးထားသင့်ပါတယ်။ ကလေးက နွေးနွေးထွေးထွေးရှိနေမယ်၊ ဗိုက်ပြည့်နေမယ်၊ သက်သောင့်သက်သာရှိနေမယ်ဆိုရင် လမ်းမှာ ခရီးဒဏ်ကို ပိုခံနိုင်ပါတယ်။ ဂျီလည်း မကျတော့ဘူးပေါ့။(၆) လမ်းမှာ မကြာမကြာခဏရပ်ပေးပါ။ခရီးလမ်းမှာ တဖြတ်လောက် နားနားပြီးမှ သွားတာက ကလေးအတွက် စိတ်အပန်းပြေစေပါတယ်။ အိပ်နေတဲ့အချိန်ကလွဲလို့ ကားခဏရပ်ပြီး ကလေးကို ကားအပြင် ရှုခင်းခဏပြတာ၊ ကျွေးစရာရှိ ကျွေးတာ၊ ရေတိုက်တာတွေ လုပ်လို့ရပါတယ်။အရေးကြီးတဲ့တစ်ချက်ကတော့ ဘာအကြောင်းနဲ့မှ၊ ဘယ်တော့မှ ကားထဲမှာ ကလေးကို တစ်ယောက်တည်းမထားခဲ့ပါနဲ့။ ကလေးက အိပ်ပျော်နေတယ်ဆိုရင်တောင် လူကြီးတွေက မုန့်ခဏဆင်းစားတာမျိုးလည်း မလုပ်ပါနဲ့။ဒီလောက်ဆိုရင် ကလေးလေးနဲ့ အတူတူ ကားနဲ့ ခရီးသွားဖို့ အဆင်သင့်ဖြစ်လောက်ပါပြီ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/traveling-by-car-with-a-baby/
မိတ်ဖုလေးတွေ ပျောက်ကင်းစေမယ့် သဘာဝ နည်းလမ်းတွေ
နွေရာသီ ပူပြင်းလှတဲ့ကာလမျိုးမှာ မိတ်ဖုထွက်တာက ဖြစ်နေကြလို ကိစ္စမျိုးပါ။ လူတော်တော်များများ နွေရာသီဆိုရင် မိတ်ထွက်တာမျိုး ကြုံရတတ်ပါတယ်။ မိတ်ဖုတွေဟာ အဝတ်နဲ့ဖုံးကွယ်ထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ အများအားဖြင့် ဖြစ်ပေါ်တတ်ပါတယ်။ မိတ်တွေ ထွက်လာရတဲ့အကြောင်းအရင်းကတော့ ချွေးပေါက်တွေ ပိတ်ဆို့မှုကြောင့် ဖြစ်ပါတယ်။ ပူနွေးစွတ်စိုတဲ့ရာသီဥတုမှာ နေထိုင်သူတွေမှာ အဖြစ်များတဲ့ အရေပြားဝေဒနာတစ်မျိုးဖြစ်ပါတယ်။ လည်ပင်း၊ တံတောင်၊ ကျောကုန်းနဲ့ လက်မောင်းတွေမှာ အပေါက်များတတ်ပါတယ်။ မိတ်ဖုလေးတွေ ပျောက်ကင်းစေမယ့် သဘာဝ နည်းလမ်းတွေ မျှဝေပေးလိုက်ပါတယ်။မိတ်ထွက်တာဟာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာမျိုးမဟုတ်ပေမယ့် မိတ်ဖုတွေကြောင့်ဖြစ်ပေါ်လာတဲ့ ယားယံတဲ့ဝေဒနာကတော့ အတော် ခံရခက်ပါတယ်။ ကုတ်ရင်းဖဲ့ရင်း ပွန်းပဲ့တာမျိုးတောင် ကြုံရတတ်ပါသေးတယ်။ ခံစားရခက်တဲ့ ဝေဒနာမျိုးမို့ လူတိုင်းကတော့ ခပ်မြန်မြန်ပျောက်ကင်းချင်တတ်ကြပါတယ်။ မိတ်ဖုထွက်တာကို သက်သာပျောက်ကင်းစေနိုင်တဲ့ သဘာဝ နည်းလမ်းတွေလည်း ရှိပါတယ်။မိတ်ဖုလေးတွေ ပျောက်ကင်းစေမယ့် သဘာဝ နည်းလမ်းတွေ ကတော့။မိတ်ဖုတွေ ထွက်လာတာဟာ မသန့်ရှင်းတဲ့ အဝတ်အထည်တွေ၊ ပူပြင်းတဲ့ ရာသီဥတုတွေနဲ့ ချွေးပေါက်တွေ ပိတ်ဆို့မှုတွေကြောင့်ဖြစ်တာပါ။ ဒါကြောင့် အဝတ်အစားသန့်သန့်တွေ၊ အေးမြအောင် ပြင်ဆင်ထားတာတွေ ပြုလုပ်ထားသင့်ပါတယ်။ကလေးငယ်လေးတွေကို တတ်နိုင်သမျှ အဝတ်အစားပါးပါးပဲ ဝတ်ပေးသင့်ပါတယ်။ ပူပြင်းတဲ့ရာသီဥတုတွေမှာဆိုရင် ပေါ့ပါးပြီး ချွေးထွက်မှုကို သက်သာစေမယ့် အဝတ်အစားမျိုးသာ ဝတ်ဆင်သင့်တယ်။ အရေပြားမခြောက်စေမယ့် ဆပ်ပြာမျိုးတွေ သုံးဖို့၊ ရေချိုးတဲ့အခါမှာ ရေအေးအေးနဲ့ ရေချိုးတာမျိုး၊ ရေချိုးပြီးချိန်မှာ ပဝါနဲ့ ရေသုတ်မယ့်အစား သာမန်အတိုင်းပဲခြောက်သွေ့စေတာမျိုးတွေ ပြုလုပ်ဖို့ လမ်းညွှန်ပါရစေ။မိတ်ဖုဆိုတာ ရက်အနည်းငယ်အတွင်းကောင်းသွားမယ့် ဝေဒနာအသေးစားလေးပါ။ ဒါပေမယ့် ခဏခဏဖြစ်နေမယ်၊ တခြားကြီးမားတဲ့ပြဿနာတွေဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်ပြသင့်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/understanding-heat-rash-treatment/
ကင်ဆာရောဂါ ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းများ
ကင်ဆာရောဂါဆိုတာ အသိနောက်ကျတာများပါတယ်။ အသိနောက်ကျရင် ကုသရခက်လို့ စောစောသိအောင်ကြိုးစားကြပါလို့ ပြောပါတယ်။ ဒီ့ထက်ပိုကောင်းတာက ကာကွယ်တာပါ။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းပါတယ်။ကင်ဆာရောဂါကာကွယ် လို့ရလားလို့မေးစရာရှိပါတယ်။ တချို့သောကင်ဆာတွေက ကိုယ့်ရဲ့နေထိုင်စားသောက်ပုံကို ပြောင်းလဲလိုက်တာနဲ့ အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်ပါတယ်။ ဒီဟာတွေလိုက်လုပ်လို့ ကင်ဆာလုံးဝမဖြစ်တာတော့မဟုတ်ပါဘူး။ အတိုင်းအတာတစ်ခုအထိ ဖြစ်နိုင်ချေလျော့ကျသွားမှာတော့ သေချာပါတယ်။ ဒါကြောင့် ဒီလွယ်ကူတဲ့ နည်းလမ်းတွေကို လိုက်လုပ်ကြည့်ရအောင်။(၁) ဆေးလိပ်ဖြတ်ပါ။ဆေးလိပ်အပါအဝင်ဆေးရွက်ကြီးအုပ်စုက ကင်ဆာရောဂါ ပေါင်းများစွာကို ဖြစ်စေပါတယ်။ ဆေးလိပ်ကအဆုတ်ကင်ဆာ၊ခံတွင်းကင်ဆာ၊လည်ချောင်းကင်ဆာ၊ အသံအိုးကင်ဆာ၊ ပန်ကရိယကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနဲ့ ကျောက်ကပ်ကင်ဆာကို ဖြစ်စေပါတယ်။ ဆေးရွက်ကြီးဝါးတာ၊ ကွမ်းစားတာကတော့ပါးစောင်ကင်ဆာနဲ့ ပန်ကရိယကင်ဆာကို ဖြစ်စေပါတယ်။ဆေးလိပ်ကို ကိုယ်တိုင်သောက်တာအပြင် သူများသောက်တာကို ရှူမိရင်လည်း အလားတူပဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကင်ဆာရောဂါကာကွယ်ဖို့ မသောက်တတ်ရင် မသောက်ပါနဲ့။ စွဲနေရင် ဖြတ်လိုက်ပါ။ ဖြတ်ဖို့အခက်အခဲရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး နည်းလမ်းရှာကြည့်ပါ။(၂) ကျန်းမာရေးနဲ့အညီ စားပါ။ကျန်းမာရေးနဲ့အညီ စားပါဆိုတာ ထမင်းများများစားခိုင်းတာလား။ ဒီလိုမဟုတ်ပါဘူးနော်။ အာဟာရရှိတဲ့အစားအစာတွေကို သင့်တင့်မျှတအောင် စားပေးရမှာပါ။ ဆိုလိုတာက အသီးအရွက်တွေ၊ လတ်ဆတ်တဲ့ အသီးအနှံတွေကို များများစားပါ။ ကြာရှည်ခံအစားအစာတွေကိုရှောင်ပါ။ အဆီအဆိမ့်လျှော့စားပါ။ အချိုနဲ့ အငန်လျှော့စားပါ။ အနီရောင်အသားလျှော့စားပါ။ ကင်ဆာရောဂါကာကွယ် ဖို့ဖြည့်စွက်အားဆေးတွေ သောက်မယ့်အစား မျှမျှတတစားပြီး ဗီတာမင်နဲ့ သတ္တုဓာတ်ပြည့်ဝအောင်နေပါ။(၃)အရက်လျှော့သောက်ပါ။ရင်သားကင်ဆာ၊အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာနဲ့ အသည်းကင်ဆာစတာတွေက သောက်တဲ့အရက်ပမာဏနဲ့ ကြာချိန်ပေါ်မူတည်ပြီး ဖြစ်နိုင်ချေတက်လာပါတယ်။ ဆေးလိပ်ပါသောက်သေးတယ်ဆိုရင် ကင်ဆာရောဂါကာကွယ် နိုင်မှာ မဟုတ်ပါဘူး။(၄) ကိုယ်အလေးချိန်ထိန်းပါ။မပိန်လွန်း မဝလွန်းဘဲ မိမိအရပ်နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန်မျိုးရှိပါစေ။အဝလွန်ခြင်းက ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ကျောက်ကပ်ကင်ဆာတွေနဲ့ ဆက်စပ်နေပါတယ်။ ကိုယ်အလေးချိန်ထိန်းဖို့ အစားကို ချင့်ချိန်စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။(၅) လေ့ကျင့်ခန်းလုပ်ပါ။လေ့ကျင့်ခန်းလုပ်တာက ကင်ဆာရောဂါ ကာကွယ် ဖို့ နည်းလမ်းကောင်း တစ်ခုပါ။ တစ်နေ့ကို အနည်းဆုံးနာရီဝက်လောက် လေ့ကျင့်ခန်းလုပ်ပါ။ ဝိတ်မကျတောင် ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။ ပေါ့ပေါ့ပါးပါး လမ်းလျှောက်တာကနေ အေရိုးဗစ်လေ့ကျင့်ခန်းအထိ ကိုယ်နိုင်သလောက် လုပ်နိုင်ပါတယ်။ နေ့တိုင်းလေ့ကျင့်ခန်းလုပ်ဖြစ်အောင်သာ ကြိုးစားပါ။(၆) နေရောင်ဒဏ်မှကာကွယ်ပါ။အရေပြားကင်ဆာက အဖြစ်များတဲ့ ကင်ဆာရောဂါ ဖြစ်သလို ကာကွယ်နိုင်တဲ့ ကင်ဆာလည်း ဖြစ်ပါတယ်။ အရေပြားကင်ဆာကို အဓိကဖြစ်စေတာက နေလောင်တာပါ။ ဒါကြောင့် အရေပြားကင်ဆာကို လျှော့ချဖို့အတွက် ဒါတွေကို သတိထားပါ။(၇) ပတ်ဝန်းကျင်ညစ်ညမ်းမှုမှ ကာကွယ်ပါ။ခုခေတ်မှာ စက်မှုလုပ်ငန်းတွေ တိုးတက်လာတဲ့အတွက် အဲ့ဒီကနေထွက်တဲ့ မီးခိုးငွေ့တွေ၊ အညစ်အကြေးတွေကြောင့် လေထု၊ ရေထု၊ မြေထုညစ်ညမ်းမှုတွေဖြစ်လာပါပြီ။ မော်တော်ကားတွေကထွက်တဲ့ မီးခိုးငွေ့တွေကြောင့်လည်း လေထုညစ်ညမ်းမှုတွေ ဖြစ်နေပါပြီ။ ဒါ့ပြင် အိမ်တွင်းမှာ မီးသွေး၊ ထင်းတွေနဲ့ချက်ပြုတ်တာ၊ ခြင်ဆေးခွေ၊ အမွှေးတိုင်ထွန်းတာတွေကြောင့် အိမ်တွင်းလေထုညစ်ညမ်းမှုတွေ ဖြစ်ပါတယ်။ ဒီမီးခိုးငွေ့တွေ၊ အညစ်အကြေးတွေမှာပါတဲ့ ဓာတ်ပစ္စည်းတွေက အဆုတ်ကင်ဆာအပါအဝင် တခြားသော ကင်ဆာရောဂါ တွေကိုပါ ဖြစ်စေတဲ့အတွက် သတိထားပြီးရှောင်ကြဉ်ကြဖို့လိုပါတယ်။(၈) ကာကွယ်ဆေးထိုးပါ။တချို့ဗိုင်းရပ်စ်တွေကြောင့်ဖြစ်တဲ့ ကင်ဆာရောဂါ တွေက ကာကွယ်ဆေးထိုးပြီး ကာကွယ်ထားလို့ရပါတယ်။ ဥပမာပြောရရင်။အသည်းရောင်အသားဝါဘီပိုးကြောင့်အသည်းကင်ဆာဖြစ်တတ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်အစီအစဉ်ထဲမှာ ထည့်သွင်းပြီးမွေးစကတည်းက ထိုးပေးနေတာပါ။သားအိမ်ခေါင်းကင်ဆာက HPVဗိုင်းရပ်စ်နဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးထားတာက အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။ ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်အစီအစဉ်မှာ အသက်၉နှစ်မှာတစ်ခါ ၁၀နှစ်မှာတစ်ခါ ထိုးပေးနေပါပြီ။(၉) အန္တရာယ်ရှိတဲ့ အပြုအမူတွေကို ရှောင်ပါ။ကင်ဆာရောဂါ ကာကွယ်တဲ့ နည်းလမ်းတွေထဲမှာ ကူးစက်ရောဂါမရအောင် ကာကွယ်တဲ့နည်းလည်းပါပါတယ်။ အကြောင်းက ဒီကူးစက်ရောဂါတွေကနေ ကင်ဆာဖြစ်လာနိုင်လို့ပါ။ ဥပမာပြောရရင်။(၁၀) ပုံမှန်ဆေးစစ်ပါ။ပုံမှန်ဆေးစစ်ကြည့်ပြီး ကင်ဆာရှိမရှိစစ်ဆေးပါ။ တချို့သော ကင်ဆာတွေက ကိုယ်တိုင်စစ်ဆေးလို့ရပါတယ်။ ဥပမာ ရင်သားကင်ဆာအတွက် မိမိကိုယ်တိုင်ရင်သားကို စစ်ဆေးတာမျိုး၊ အရေပြားကင်ဆာအတွက် ကိုယ့်အရေပြားရဲ့ ပြောင်းလဲမှုကို စောင့်ကြည့်တာမျိုးစသဖြင့် ကိုယ်တိုင်စစ်ဆေးကြည့်ပြီး စောစောသိအောင် လုပ်လို့ရပါတယ်။ကင်ဆာရောဂါ သည်အများစုက တကယ်တမ်း ရောဂါလက္ခဏာပြလို့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ အဆင့်တွေမြင့်နေတာကို တွေ့ရပါတယ်။ ကင်ဆာတွေရဲ့ သဘာဝက ကနဦးအဆင့်မှာ သိပ်ပြီး လက္ခဏာမပြတတ်လို့ပါ။ ဒါကြောင့် ကင်ဆာရောဂါကာကွယ် ပါ။ ရောဂါဖြစ်ဖြစ်ခြင်း သိအောင်ကြိုးစားပါ။ ကင်ဆာက ကနဦးအဆင့်ဆို ကုသမှု အောင်မြင်နိုင်ခြေများပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/prevent-cancers-%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab/
အသက်ကြီးသူတွေ အာဟာရပြည့်ဝနေစေဖို့ ဘယ်လိုလုပ်ပေးမလဲ
လူငယ်ဘဝမှာ စားကောင်းတာလေး၊ ကိုယ်ကြိုက်တဲ့အစားအစာလေးတွေဆိုရင် ငယ်တုန်းမို့စားရတာ လို့ပြောပြောပြီး များများစားလိုက်ရမှ။ တကယ်လည်းဟုတ်ပါတယ်။ ငယ်ရွယ်တုန်းမှာ ဘာစားစား အားပြည့်နေတာပဲ၊ သွားလည်းကောင်းတာကိုး။ အသက်ကြီးလာတဲ့အခါ သွားမကောင်းတာရယ်၊ရောဂါကြောင့် မတည့်တာရှောင်ရတာတွေရယ်၊ အစားစားချင်စိတ်က မတူတော့တာရယ်ကြောင့် သိပ်မစားနိုင်တော့ပါဘူး။ငါကတော့ ဟင်းသိပ်မစားနိုင်ဘူး၊ ခံတွင်းတွေ့မယ့်ဟင်းတစ်မျိုးဆိုရပြီလို့ လူကြီးမိဘတွေပြောတတ်ကြတယ်။ အစားနည်းလာတယ်၊ အစာကြေဖို့ သိပ်မလွယ်တော့ဘူးဆိုတော့ တစ်နေ့တာလိုအပ်တဲ့အာဟာရတွေပြည့်နိုင်ပါ့မလား။ ဆီးချိုရှိတဲ့လူကြီးတွေဆို ပိုဆိုးပါတယ်။ စားချင်စိတ်ရှိတာတောင် အချိုဓါတ်မလွန်ကဲစေဖို့ရှောင်ကြရင်း အစားအသောက်ဘက်မှာဘောင်ကျဉ်းလာတဲ့အခါ အားဖြည့်အာဟာရတွေ၊ အားဆေးတွေကို အားကိုးလာရပါတယ်။ခန္ဓါကိုယ်မှာရှိသင့်တဲ့ အာဟာရဓါတ်တွေချို့တဲ့လာတဲ့အခါ လူကြီးတွေရဲ့ကျန်းမာရေးမှာ စိုးရိမ်စရာတွေရှိလာနိုင်ပါတယ် –။ဒါတွေက အာဟာရချို့တဲ့ခြင်းရဲ့အဖြစ်များတဲ့လက္ခဏာနဲ့ဖြစ်နိုင်ခြေတွေပါ။ ဒါတွေအပြင် အစားစားဖို့ငြင်းဆန်လာတာ၊ အစာစားချင်စိတ်မရှိတာတွေအထိဖြစ်လာခဲ့ရင် ပိုဆိုးစေနိုင်ပြီး အသက်အန္တရာယ်ကိုပါစိုးရိမ်ရပါတယ်။ဒီတော့ ကိုယ်ချစ်ခင်ရတဲ့ လူကြီးမိဘတွေကို အာဟာရပြည့်ဝပြီး ကျန်းမာစေဖို့ ဘယ်လိုစောင့်ရှောက်ပေးကြမလဲ။ အခြေခံကျတဲ့ အကြံပြုချက်တချို့ကိုဖော်ပြလိုက်ပါတယ်။အစားအစာတွေမှာ ဒါတွေပါအောင်ပြင်ဆင်ပေးပါ –လူကြီးမိဘတွေစားသုံးမယ့် အစားအသောက်တွေထဲမှာ နှလုံးရောဂါ၊ ကင်ဆာနဲ့ အဆစ်အမြစ်တွေရောင်ရမ်းတာကို သက်သာစေနိုင်မယ့် Omega 3 fatty acid ကိုစားသုံးပေးပါ။ တစ်ပတ်မှာ ၂ ကြိမ်လောက်တော့ Omega 3 fatty acid ပါဝင်တဲ့အစားအသောက်တွေကျွေးမွေးပေးပါ။ ကယ်လ်ဆီယမ်ကိုလည်း မေ့မ ထားပါနဲ့။ အသက် ၅၀ လောက်ရောက်လာပြီဆိုရင် ခန္ဓါကိုယ်ကြံ့ခိုင်သန်စွမ်းဖို့အတွက် တစ်နေ့ကို အနည်းဆုံး ကယ်လ်ဆီယမ် ၁၂၀၀ မီလီဂရမ်ရရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့်လူကြိးတွေအတွက်ပြင်ဆင်ပေးမယ့်အစာအစာတေါထဲမှာ Omega 3 fatty acid ကြွယ်ဝတဲ့ နှမ်းကြတ်စေ့ဆီ၊ငါး နဲ့ သစ်ကြားသီးတို့ပါဝင်အောင်ပြင်ဆင်ပေးဖို့လိုသလို လိမ္မော်ဖျော်ရည်၊ နွားနို့၊ ဒိန်ချဉ်၊ အယ်လ်မွန်စေ့၊ ပဲပိစပ်စေ့တို့ကိုကျွေးမွေးပေးလို့ရပါတယ်။ဆိုဒီယမ်စားသုံးမှုကို ကန့်သတ်ပါ –အသက်ကြီးလာတဲ့အခါ သွေးတိုးရောဂါဝင်လာနိုင်တာကြောင့် အစားအသောက်တွေ ပြင်ဆင်ပေးတဲ့အခါ အငန်ဓါတ်လွန်ကဲတာမျိုးမဖြစ်အောင်သေချာဂရုစိုက်ပေးဖို့လိုပါလိမ့်မယ်။ လုံးဝမထည့်ရဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ အငန်ဓါတ်များတဲ့ အစားအစာတေါကသွေးတိုးရောဂါဖြစ်စေနိုင်သလို သွေးတိုးရောဂါရှိနေသူတွေမှာလည်း ရောဂါအခြေအနေ ကိုပိုဆိုးစေနိုင်တာကြောင့်ပါ။ လူကြီးတွေကို အသင့်စားအစား အသောက်တွေ၊ အပြင်စာတေါတတ်နိုင်သမျှမကျွေးပါနဲ့။ ငါးပိ၊ငါးခြောက်လိုမျိုး အငန်ဓါတ်ကဲတာတွေကို တတ်နိုင်သမျှရှောင်ပြီး ပြင်ဆင်ပေးပါ။ သစ်သီးလတ်လတ်ဆတ်ဆတ်တွေနဲ့ ဆန်လုံးညိုလိုမျိုး အစားအသောက်တွေကို ကျွေးမွေးပေးလို့ရပါတယ်။ရေဓါတ်ပြည့်ဝနေပါစေ –သက်ကြီးရွယ်အိုတွေက ရေခဏခဏဆာလေ့မရှိကြဘူးဆိုပေမယ့် သူတို့ရဲ့ ခန္ဓါကိုယ်ကတော့ ရေဓါတ်ကိုလိုအပ်နေတာပါ။ အသက်ကြီးလာတဲ့အခါ ဆီးခဏခဏမသွားချင်တာကြောင့် ရေသိပ်မသောက်ကြတာမျိုးလည်း ရှိတတ်ပါတယ်။ ကိုယ့်ရဲ့မိဘတေါကို ရေဓါတ်ပြည့်ဝအောင်သောက်ရဲ့လားဆိုတာကို သေချာဂရုစိုက်ကြည့်ရှု့ပေးပါ။ တစ်နေ့တာအတွက်လိုအပ်တဲ့ ရေဓါတ်ပြည့်ဝအောင် တိုက်ပေးပါ။လေ့ကျင့်ခန်းလုပ်ပေးပါ –ကိုယ်ချစ်ရတဲ့ မိဘဘိုးဘွားတွေကို ကျန်းမာနေစေဖို့အတွက် လေ့ကျင့်ခန်းလုပ်ခိုင်းပါ။ လူကြီးတွေက လေ့ကျင့်ခန်းလုပ်ရမှာကို ပျင်းတယ်ဆိုရင် ကိုယ်တိုင်ပါဝင်လုပ်ဆောင်ပေးပါ။ လေ့ကျင့်ခန်းလုပ်တာက စားချင်စိတ်ကိုတိုးစေနိုင်သလို အရိုးနဲ့ကြွက်သားတွေကို သန်မာစေနိုင်ပါတယ်။လူအများနဲ့တွေ့ဆုံဆက်သွယ်နိုင်အောင်လုပ်ဆောင်ပေးပါ –မိဘတွေဘိုးဘွားတွေမှာလည်း သူငယ်ချင်းတွေ ခင်မင်ရင်းနှီးရသူတွေရှိနိုင်ပါတယ်။ ကိုယ်ကလိုက်မပို့ပေးနိုင်ရင်တောင် သူတို့ခင်မင်ရသူတွေကို အိမ်ကိုဖိတ်ပြီး ညစာပြင်ဆင်ပေးတာမျိုးဖြစ်ဖြစ် အတူတူဝိုင်းဖွဲ့စားသောက်နိုင်အောင်လုပ်ပေးပါ။ ညနေခင်းတွေမှာ လမ်းလျှောက်ထွက် ပေးတာမျိုးလုပ်ပေးပြီး ကိုယ်လက်လှုပ်ရှားမှုရအောင်လုပ်ပေးပါ။ အပြင်ခေါ်သွားပေးတာမျိုးလုပ်ပေးလို့လည်းရပါတယ်။ လူကြီးတွေအနေနဲ့ လမ်းလျှောက်ထွက်ရင်းဖြစ်ဖြစ် အပြင်တစ်နေရာသွားရင်းဖြစ်ဖြစ် ခင်မင်ရင်းနှီးသူတွေနဲ့ တွေ့ဆုံနှုတ်ဆက်ရင်း စိတ်ထဲမှာပျော်ရွှင်တာမျိုးခံစားမိနိုင်ပါတယ်။ စိတ်ပျော်ရွှင်မှုကလည်း ကျန်းမာစေဖို့အထောက်အကူပြုနိုင်တဲ့ နည်းလမ်းတစ်ခုပါ။လိုအပ်နေတဲ့အာဟာရဓါတ်တွေကိုဖြည့်တင်းပါ– လိုအပ်နေတဲ့အာဟာရဓါတ်တွေကို အစားအစာကနေရရှိမှုမလုံလောက်တဲ့ သက်ကြီးပိုင်းတွေကို အားဆေး သို့မဟုတ်ဖြည့်စွက်အာဟာရတွေနဲ့ဖြည့်တင်းပေးဖို့လိုအပ်ပါတယ်။ အာဟာရချို့တဲ့တဲ့လက္ခဏာတွေ မရှိခဲ့ရင်တောင် ဆရာဝန်နဲ့ပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူပြီး လိုအပ်တဲ့ဗီတာမင်အားဆေးတွေ မှီဝဲဖို့သင့်ပါတယ်။ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် ၂၆ မျိုးပါဝင်ပြီး အာဟာရဓါတ်လိုအပ်နေသူတွေ၊ လူကြီးတွေနဲ့ နာလန်ထစ လူနာတွေအတွက် သင့်လျော်တဲ့ Renovit အားဆေးကိုရွေးချယ်နိုင်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/nutrition-for-aging/%e1%80%a1%e1%80%9e%e1%80%80%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%9e%e1%80%b0%e1%80%90%e1%80%bd%e1%80%b1-%e1%80%a1%e1%80%ac%e1%80%9f%e1%80%ac%e1%80%9b%e1%80%95%e1%80%bc%e1%80%8a%e1%80%ba/
နှာခေါင်းသွေးယို လာရင် ဘာတွေလုပ်ကြမလဲ
နှာခေါင်းသွေးယို ခြင်းဟာ နှာခေါင်းအတွင်းမှာ ရှိတဲ့ သွေးကြောသေးသေးလေးတွေ အကြောင်းတစ်ခုခုကြောင့် ထိခိုက်မိပြီး ဖြစ်လာရတာပါ။ နှာခေါင်းကို မကြာခဏ လက်နဲ့ နှိုက်ခြင်း၊ တစ်ခုခုနဲ့ တိုက်မိ၊ထိခိုက်မိခြင်းနဲ့နှာခေါင်းအတွင်းပိုင်းတွေ ခြောက်သွေ့လာခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ များသောအားဖြင့်တော့ တစ်ကြိမ်တစ်ခါလောက် နှာခေါင်းသွေးယိုတာကတော့ စိတ်ပူစရာမရှိပါဘူး။ ဒါပေမယ့် မကြာခဏဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာ ပြသသင့်ပါတယ်။ ဒီဆောင်းပါးလေးမှာကတော့ ရုတ်တရက် နှာခေါင်းသွေးယို လာရင် ဘာတွေလုပ်ကြမလဲ ဆိုတာလေးကို ပြောပြပေးသွားမှာပါ။များသောအားဖြင့်တော့ နှာခေါင်းသွေးယိုတာက အန္တရာယ်ရှိတဲ့ ကျန်းမာရေးပြဿနာတော့ မဟုတ်ပါဘူး။ နှာခေါင်းသွေးယို လာရင် ဘာတွေလုပ်ကြမလဲ ဆိုတော့။၁။ စိတ်ကို ငြိမ်အောင်ထားပါ။စိတ်လှုပ်ရှားရင် ပိုဆိုးနိုင်တဲ့အတွက်စိတ်ကိုတည်ငြိမ်အောင် ထားသင့်ပါတယ်။၂။ မတ်မတ်ထိုင်ပါ။တချို့က နှာခေါင်းသွေးယိုရင် လှဲအိပ်ရမယ်ဆိုပြီး အထင်မှားနေကြပါတယ်။ တကယ်ကတော့ ခေါင်းကို နှလုံးရှိတဲ့ နေရာရဲ့ အမြင့်ပိုင်းကို ရောက်နေအောင်မတ်မတ်ထိုင်နေသင့်ပါတယ်။၃။ ခန္ဓာကိုယ်ကို အရှေ့ကို အနည်းငယ်ကိုင်းထားပါ။များသောအားဖြင့် နှာခေါင်းသွေးယိုလာပြီဆိုတာနဲ့ သွေးတွေအပြင်ကို မထွက်အောင် ဆိုပြီး ခန္ဓာကိုယ် (အထူးသဖြင့် ခေါင်း) ကို အနောက်ဘက်ကို လှန်ပြီးနေကြတာ များပါတယ်။ အမှန်တကယ်ကတော့ အဲဒီနည်းလမ်းက အခန့်မသင့်ရင် သွေးတွေကို လည်ပင်းနဲ့ လေပြွန်တွေဆီရောက်သွားစေနိုင်ပြီးသီးနိုင်တဲ့အတွက် အန္တရာယ်များပါတယ်။ဒါကြောင့် နှာခေါင်းသွေးထွက်ပြီဆိုရင် ခန္ဓာကိုယ်ကို အနည်းငယ်အရှေ့ကို ကိုင်းထားတာအကောင်းဆုံးပါပဲ။၄။ နှာခေါင်းပေါက်ကို ပိတ်ထားပေးပါ။လက်မနဲ့ လက်ညှိုးကို အသုံးပြုပြီး နှာခေါင်းအပေါက်ကို ပိတ်နေအောင် ၅မိနစ်မှ ၁၀မိနစ်လောက်ထိ အနည်းငယ် ညှစ်ထားပေးသင့်ပါတယ်။ အဲဒီအချိန်မှာ ပါးစပ်ကနေတစ်ဆင့် အသက်ရှုသွင်း ရှုထုတ်လုပ်နိုင်ပါတယ်။ အဲဒီနည်းလမ်းက သွေးထွက်နေတဲ့နေရာကို ဖိအားပေးလိုက်သလိုဖြစ်စေတဲ့အတွက်သွေးအမြန်တိတ်ဖို့ ကူညီပေးမှာပါ။၅။ Decongestant spray လေးတွေ ဖြန်းပေးပါ။Decongestant sprayလို့ခေါ်တဲ့ ဖြန်းဆေးလေးတွေဟာ နှာခေါင်းမှာရှိတဲ့ သွေးကြောလေးတွေကို တောင့်တင်းစေတဲ့အတွက်ရောင်ရမ်းခြင်းကို သက်သာစေနိုင်ရုံသာမကဘဲ သွေးထွက်ခြင်းကိုလည်း လျော့နည်းစေနိုင်ပါတယ်။သွေးထွက်တာက မိနစ်၃၀ လောက်နေတဲ့အထိ မသက်သာဘူးဆိုရင်၊ သွေးထွက်တဲ့ ပမာဏက အရမ်းများနေရင်၊ မကြာခဏ နှာခေါင်းသွေးယိုတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။သွေးတိတ်သွားပြီ ဆိုရင်တော့ သွေးပြန်မထွက်စေဖို့နှာခေါင်းပေါက်ကို သွားထိတာမျိုး၊ လေကို မှုတ်ထုတ်တာမျိုး ၊ လက်နဲ့ သွားနှိုက်တာမျိုး မလုပ်မိဖို့ ဂရုစိုက်ပေးရပါမယ်။ ဒါ့အပြင် ရေခဲကို အဝတ်လေးနဲ့ အုပ်ပြီး နှာခေါင်းပေါ်ကို ကပ်ပေးမယ်ဆိုရင်လည်း သွေးတိတ်အောင် ပိုပြီး အထောက်အပံ့ ပေးနိုင်တဲ့အပြင် ရောင်ရမ်းခြင်းတွေကိုပါ သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် အရေပြားကို မထိခိုက်မိစေဖို့ အတွက် ၁၀ မိနစ်ထက် ပိုပြီး ရေခဲ ကပ်မထားဖို့ အကြံပေးချင်ပါတယ်။ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့အခါ နှာခေါင်းသွေးယိုတာတွေ ဖြစ်လာတိုင်း အန္တရာယ်ကင်းပြီး မှန်ကန်တဲ့ နည်းလမ်းတွေကို စိတ်အေးအေးနဲ့ လုပ်ဆောင်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ကျန်းမာကြပါစေ။ရေးသားသူ –  Khine Phoo Ngon။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/nosebleeds-causes-and-treatments/
သူငယ်ပြန်နေတဲ့ ဖိုးဖိုးဖွားဖွားတို့ကို ဘယ်လိုစောင့်ရှောက်ကြမလဲ?
အယ်လ်ဇိုင်းမားရောဂါလို့ စာသံပေသံနဲ့ ခေါ်တဲ့ သူငယ်ပြန်ခြင်းဟာ အသက်အရွယ် အိုမင်းတဲ့ဖိုးဖိုးဖွားဖွားတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ ဝေဒနာတမျိုးပါ။ ဒီရောဂါ ခံစားရပြီဆိုရင် သတိတွေမေ့၊ မသွားတတ် မလာတတ်တွေဖြစ်၊ အမူအကျင့်တွေ ပြောင်းလဲကုန်၊ ရိုးရိုးစာလုံးလေးတွေတောင် မပြောတတ်တော့ စတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ ရင်ဆိုင်ရတတ်တာမို့ သူငယ်ပြန်နေတဲ့ ဖိုးဖိုးဖွားဖွား တွေအနေနဲ့ တစ်ဦးတည်း အထီးတည်း နေထိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့သလောက်ပါပဲ။ဒါကြောင့်မို့ ကိုယ့်ရဲ့ မိဘပဲဖြစ်ဖြစ်၊ အဖိုးအဖွားပဲဖြစ်ဖြစ်၊ အတူနေဆွေမျိုးသားချင်းပဲဖြစ်ဖြစ် အယ်လ်ဇိုင်းမားရောဂါကို ခံစားရပြီ၊ သူငယ်ပြန်ပြီဆိုရင် ကြွေးဟောင်းဆပ်တဲ့အနေနဲ့ ဘယ်လိုမျိုးလေးတွေ ကူညီစောင့်ရှောက်လုပ်ကိုင်ပေးသင့်သလဲဆိုတာကို ဒီဆောင်းပါးလေးမှာ ဖော်ပြသွားမှာပဲ ဖြစ်ပါတယ်။သူငယ်ပြန်နေတဲ့ ဖိုးဖိုးဖွားဖွားတို့ကို ဘယ်လိုစောင့်ရှောက်ကြမလဲ? ဆိုတော့။တယောက်တည်း အပြင်လွှတ်လိုက်တာမျိုး၊ အိမ်မှာ တယောက်တည်း ထားခဲ့တာမျိုးတွေကို တတ်နိုင်သမျှ မလုပ်ပါနဲ့။ ထမင်းဟင်းချက်တာ၊ မီးခလုတ်အဖွင့်အပိတ် အစရှိတဲ့ အန္တရာယ်ကြီးတဲ့ အမှုကိစ္စတွေကနေလည်း ပင်စင်ယူခိုင်းလိုက်ပါတော့။ သင် တလှည့်ပြန်ပြုစုဖို့ အချိန်ကောင်းရောက်လာပြီလေ။ဒါပေမယ့် တချို့အဖွားတွေကျပြန်တော့ ချက်တာပြုတ်တာမျိုးကို ကိုယ်တိုင်လုပ်ရမှ ကျေနပ်တယ်ဆိုတာမျိုးလည်း ရှိသေးတော့ သူတို့ စိတ်ကျေနပ်အောင် သိပ်အန္တရာယ်မများ၊ အထိအခိုက်မရှိနိုင်တဲ့ မီးဖိုချောင်အလုပ်လေးတွေကို ဝိုင်းကူလုပ်ခိုင်းလို့ရပါတယ်။ သင့်အနေနဲ့ မျက်စိဒေါက်ထောက် စောင့်ကြည့်နေဖို့တော့ လိုမှာပေါ့။ဂရုစိုက်ပေးပါ။ ဆေးပုလင်းတွေ အပါအဝင် အန္တရာယ်ရှိတဲ့ ဗူးတွေ၊ပုလင်းတွေကို သူတို့ လက်လှမ်းမီတဲ့ နေရာမှာ မထားပါနဲ့။ ဖိုးဖိုးဖွားဖွားတို့ဟာ ကလေးတွေ တစ်ခါပြန်ဖြစ်နေပါပြီ။အယ်လ်ဇိုင်းမားရောဂါဟာ စဖြစ်ခါစမှာ အခြေအနေ မဆိုးရွားလှသေးတာမို့ အဖိုးအဖွားတွေအနေနဲ့ သူတို့ ဘာဖြစ်နေတယ်ဆိုတာကို တစ်ခါတရံ နားလည်သဘောပေါက်တတ်ပါတယ်။ ဒီလို အခြေအနေဟာစိတ်ဓာတ်ကျခြင်း၊စိတ်ဖိစီးခြင်း အစရှိတဲ့ ပြဿနာတွေဆီကို ဦးတည်စေတာမို့ သင့်အနေနဲ့ နွေးထွေးတဲ့ မေတ္တာကို မျှဝေပေးဖို့ အရေးတကြီး လိုအပ်ပါတယ်။ စိတ်ကျဝေဒနာကို အတော်လေး ဆိုးဆိုးရွားရွား ခံစားလာရပြီဆိုရင်တော့ ဆရာဝန်နဲ့ပါ ဆွေးနွေးတိုင်ပင်သင့်ပါပြီ။ဒါကြောင့် ညနေစောင်းပြီဆိုတာနဲ့ အိမ်မှာ မီးတွေကို ထိန်နေအောင် ဖွင့်ပေးထားပါ။ သူတို့ ကြိုက်တတ်တဲ့ တီဗွီအစီအစဉ်နဲ့ အာရုံလွှဲပေးတာမျိုး၊ဘုရားအတူတူ ဝတ်ပြုရင်း ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုသလို လမ်းကြောင်းလွှဲပေးတာမျိုးတွေကို ပြုလုပ်ပေးပါ။အရင်းနှီးဆုံးလို့ဆိုရမယ့် အိမ်ထောင်ဖက်အဖိုး/အဖွားကို ဒါမှမဟုတ် အနီးကပ်နေနေတဲ့ သားသမီး၊မြေးမြစ်တွေကိုတောင် မမှတ်မိတော့တာမျိုးတွေ ဖြစ်လာမှာပါ။ ရေတိုဖြေရှင်းနိုင်တဲ့နည်းလမ်းကတော့ အဖိုး/အဖွားနဲ့ အများဆုံးတွေ့နေရမယ့်သူရဲ့ ဓါတ်ပုံကို သူတို့မြင်သာမယ့်နေရာ တစ်နေရာမှာ ကပ်ထားပြီး ဓါတ်ပုံအောက်မှာလည်း အဲ့ဒီလူရဲ့ နာမည်ကို ပြူးနေအောင် ရေးထားတဲ့ နည်းပါပဲ။စိတ်မကောင်းစရာကတော့ သင်ဘယ်လိုပဲလုပ်လုပ် နောက်ဆုံးမှာ သင့်ကိုလုံးဝမေ့လျော့သွားမှာဖြစ်ပြီး သူစိမ်းပြင်ပြင်လို့ သဘောထားပြီး ဆက်ဆံမှာပဲ ဖြစ်ပါတယ်။ ဒါလေးကတော့ ဝမ်းနည်းစရာပါ။ ဘာမှလည်း လုပ်လို့ မရပါဘူး။ဒီလိုမှ မဟုတ်ရင် ဒေါသထွက်ခြင်း၊ စိတ်ဖိစီးခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း၊ ကိုယ်လက်များ လေးလံထိုင်းမှိုင်းခြင်း အစရှိတဲ့ ပြဿနာတွေကို သင်ကိုယ်တိုင် ကြုံတွေ့ခံစားလာရနိုင်ပါတယ်။ သင်ကိုယ်တိုင် ကျန်းမာပြီး တက်ကြွရွှင်လန်းနေမှသာ သင်ပြုစုနေရတဲ့ သင်ချစ်သော၊သင့်ကိုချစ်သော ဖိုးဖိုးဖွားဖွားတို့ကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်မှာပါ။ဒါကြောင့် သင့်အနေနဲ့ ဝါသနာပါရာ၊ စိတ်ပျော်ရွှင်ရာ အလုပ်တစ်ခုခုကို နေ့စဉ်(မိနစ်အနည်းငယ်လောက်ပဲဖြစ်ဖြစ်) လုပ်ပေးသင့်ပြီး မိတ်ဆွေအပေါင်းအသင်းတွေနဲ့ တွေ့ဆုံတာ၊ ဆွေမျိုးသားချင်းတွေနဲ့ ဆုံတွေ့တာမျိုးတွေကို အခါအားလျော်စွာ ပြုလုပ်ပေးသင့်ပါတယ်။ဒီလိုတွေ ခံစားလာရပြီဆိုရင်တော့ ဖိုးဖိုးဖွားဖွားတို့ရဲ့ နောက်ဆုံးခရီးလမ်းမှာ သက်တောင့်သက်သာ ဖြစ်စေဖို့၊မနာမကျင် ဝေဒနာ မခံစားရစေဖို့အတွက် ဆေးရုံတင်ဖို့ စဉ်းစားရပါမယ်။ ဆေးရုံတင်သင့်၊ မတင်သင့်ကတော့ လူမှုရေး၊ စီးပွားရေး၊ အရင်ကပြောခဲ့ဖူးတဲ့ အဖိုးအဖွားတို့ရဲ့ ဆန္ဒ စတဲ့ အချက်တွေအပေါ်မှာ မူတည်နေပါတယ်။သင့်မိဘတစ်ဦးဦး အယ်လ်ဇိုင်းမား ဝေဒနာ ခံစားနေရပြီး သင့်မှာလည်း လူမမည်ကလေးတွေ ရှိနေတယ်ဆိုရင် ဒီရောဂါရဲ့ သဘောသဘာဝနဲ့ ဖြစ်တတ်တဲ့ အခြေအနေတွေကို သူတို့လေးတွေ နားလည်အောင် ရှင်းပြထားဖို့လည်း လိုပါသေးတယ်။ ဒါမှသာ သင့်ရဲ့ အတိတ်နဲ့ အနာဂတ်နှစ်ဦးလုံးအတွက် ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အမှတ်တရလေးတွေပဲ ကျန်ရှိသွားမှာ ဖြစ်ပါတယ်။သူငယ်ပြန်ခြင်း သို့မဟုတ် အယ်လ်ဇိုင်းမားဟာ ကူးစက်ရောဂါမဟုတ်သလို ကာကွယ်ဖို့၊ ကုသဖို့လည်း သိပ်မလွယ်လှတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီရောဂါ ခံစားရပြီဆိုရင် ကာယကံရှင်အတွက်ရော၊ အတူနေ မိသားစုအတွက်ပါ စိန်ခေါ်မှုတွေ များလှပါတယ်။ ဒါပေမယ့် ဒီစိန်ခေါ်မှုတွေကို မေတ္တာတရားရဲ့ အကူအညီနဲ့ ကျော်ဖြတ်နိုင်ဖို့အတွက် ဒီဆောင်းပါးလေးက အထောက်အကူ တစ်စုံတရာ ဖြစ်စေနိုင်မယ်လို့ ရိုးသားစွာ ယုံကြည်မိပါကြောင်း။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/aging-mind/alzheimers-overview/
အစွန်းချွတ်ဆေး တွေက ဘယ်လို ဆိုးကျိုးတွေ ရှိသလဲ။
အစွန်းချွတ်ဆေးဆိုတာ အိမ်မှာ အဝတ်တွေ ဖြူဖို့၊ ပိုးသတ်ဖို့ သုံးတဲ့ ဆေးပါ။Bleachလို့ ခေါ်ကြပါတယ်။ကလိုရင်းပါတာနဲ့ မပါတာဆိုပြီးလည်း ရှိပါသေးတယ်။ ခုလိုချိန်မှာ တော်တော်များများ အရင်ကထက် ပိုပြီး အိမ်သန့်ရှင်းရေးတွေ၊ ပိုးသတ်တာတွေ ပိုလုပ်ဖြစ်ကြမှာပါ။ ဒီ့အတွက် ဒီအစွန်းချွတ်ဆေးတွေကို သေသေချာချာ မသုံးတတ်ရင် ဘယ်လိုဆိုးကျိုးတွေ ရနိုင်လဲ။ ဘယ်လို သတိထားပြီး သုံးမလဲဆိုတာ ပြောပြပေးပါမယ်။ အထူးသဖြင့်တော့ ကလိုရင်း ပါတဲ့ အစွန်းချွတ်ဆေးတွေပေါ့။အစွန်းချွတ်ဆေးက ပိုးသတ်နိုင်တဲ့ သတ္တိရှိတာ မှန်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပြင်းလွန်းတာကြောင့် လူရဲ့ ကိုယ်မှာ သုံးဖို့ မသင့်တော်ပါဘူး။ ပစ္စည်းတွေကို ပိုးသတ်ဖို့လောက်ပဲ သင့်တော်ပါတယ်။ သန့်ရှင်းရေးလုပ်ဖို့ ဖျော်စပ်ရင်တောင် သူ့အချိုးအဆအတိုင်း ဖော်စပ်ရမှာပါ။ဒီတိုင်း သုံးရင်တော့ ဖြစ်ခဲပါတယ်။ ဒါပေမယ့်။မျက်လုံးထဲကို တန်းဝင်ရင်တော့ တန်းသိမှာပါ။ တစ်ခါတစ်လေ တန်းမဝင်ဘဲ မျက်လုံးကို အခိုးရိုက်တာမျိုးလည်း ရှိနိုင်ပါတယ်။ နှစ်ခုလုံးက တူတူပါပဲ။ သိတာနဲ့ ချက်ချင်းရေများများနဲ့ ဆေးပါ။ မျက်ကပ်မှန် ဖြုတ်ပါ။ မျက်လုံးကို လက်နဲ့ မပွတ်ပါနဲ့။ ပြီးတာနဲ့ လက်ဆေးပြီး ဆေးရုံကို သွားပါ။အရေပြားပေါ်ကို ဖိတ်သွားတယ်၊ ပေသွားတယ်ဆိုရင်တော့ အရင်ဆုံး စုပ်ယူနိုင်တဲ့ ပစ္စည်းတစ်ခုခုနဲ့ နည်းသွားအောင် စုပ်ပါ။ ပွတ်သုတ်တာမျိုး မလုပ်ပါနဲ့။ ရေများများနဲ့ ဆေးချပါ။ ပြီးရင် ဆေးရုံသွားပါ။အားပျော့သွားအောင် ရေများများ သောက်ချပါ။ လည်ချောင်းမှာ ရှတတ ဖြစ်တာ သက်သာအောင်လို့ နွားနို့သောက်ချင်လည်း ရပါတယ်။ ပြီးရင်တော့ ဆေးရုံကို သွားပြသင့်ပါတယ်။ကလေးဖြစ်ဖြစ် မတော်တဆ မျိုချမိခဲ့ရင် လက်ထိုးပြီး အန်တာမျိုး မလုပ်ပါနဲ့။ အစွန်းချွတ်ဆေးတွေ လည်ချောင်းတစ်လျှောက် ဝင်လိုက်ထွက်လိုက်လုပ်နေတာက ပိုဆိုးစေပါတယ်။ ရေများများတိုက်ပြီးသာ ဆေးရုံသွားလိုက်ပါ။ပမာဏအများကြီး ရှူရှိက်မိလို့အသက်ရှူကြပ်လာခဲ့ရင် ဆေးရုံကို အမြန်သွားပါ။ နဂိုတည်းက အဆုတ်မကောင်းတဲ့သူ၊ပန်းနာရင်ကြပ်ရှိတဲ့သူဆိုရင် ပိုပြီး သတိထားရပါမယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%a1%e1%80%85%e1%80%bd%e1%80%94%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%bd%e1%80%90%e1%80%ba%e1%80%86%e1%80%b1%e1%80%b8-%e1%80%90%e1%80%bd%e1%80%b1%e1%80%80-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c/
သန်ကောင်တွေရဲ့ အန္တရာယ်ကနေ ကင်းဝေးအောင် နေကြမယ်။
ကျွန်ုပ်တို့ နေထိုင်ရာ ပတ်ဝန်းကျင်မှာ လူတွေကို ဒုက္ခပေးနိုင်တဲ့သန်လုံးကောင်၊သန်ပြားကောင်၊ သန်ချိတ်ကောင် စတဲ့ သန်ကောင်တွေ အများကြီးရှိနေပါတယ်။ အကောင်အမျိုးအစားအပေါ် မူတည်ပြီးသန်ကောင်တွေဟာ ခန္ဓာကိုယ်ထဲကို အစာလမ်းကြောင်းက တစ်ဆင့် (သို့) အရေပြားတွေကတစ်ဆင့် ဖောက်ပြီး ဝင်လာနိုင်ပါတယ်။  ခန္ဓာကိုယ်ထဲရောက်လာတဲ့အခါ ကပ်ပါးကောင်တွေလိုမျိုး ကျွန်ုပ်တို့ စားသောက်ထားတဲ့ အာဟာရဓာတ်တွေကို စုပ်ယူစားသုံးပြီး ရှင်သန်ကြပါတယ်။ ဒီလို အာဟာရဓာတ်တွေကို စုပ်ယူရုံတင်မကဘဲ လူသားတွေကိုလည်း ဘေးအန္တရာယ်ဖြစ်စေနိုင်ပါသေးတယ်။ မြန်မာနိုင်ငံမှာ ကူးစက်ရောဂါ အဖြစ်များတဲ့အတွက် သန်ကောင်တွေရဲ့ အန္တရာယ်ကနေ ကာကွယ်ထားဖို့ လိုပါတယ်။၁။ ဗိုက်နာခြင်း။၂။ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း။၃။ ပျို့အန်ခြင်း။၄။ ရင်ပြည့်သလို ခံစားရခြင်း။၅။ အကြောင်းမဲ့ ကိုယ်အလေးချိန်ကျလာခြင်း။၆။အရေပြား ယားယံမှုဖြစ်ခြင်း။၇။ မောပန်းလွယ်ခြင်း စတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။ဒါ့အပြင် နောက်ဆက်တွဲ အနေနဲ့ သန်ကောင်တွေကြောင့် အူလမ်းကြောင်းပိတ်ဆို့ခြင်း ၊သွေးအားနည်းခြင်းစတဲ့ ဆိုးကျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။(၁) သန်ချကြမယ်။သန်ကောင်တွေကြောင့်ဖြစ်တဲ့ ဆိုးကျိုးတွေကို ကာကွယ်နိုင်ဖို့အတွက် အခြေခံအကျဆုံး နဲ့ အလွယ်ကူဆုံး နည်းလမ်းတစ်ခုကသန်ချဆေးတိုက်ကျွေးတာပဲဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံ တစ်ခုမှာ နေထိုင်တဲ့သူတွေ အနေနဲ့ လူတိုင်း ၆လ တစ်ကြိမ် သန်ချဆေးသောက်ကြဖို့ လိုအပ်ပါတယ်။ကျန်းမာရေးဝန်ကြီးဌာနကလည်း အလျင်းသင့်သလို ကျောင်းများ၊ ရပ်ကွက် ကျန်းမာရေးဌာနများ အပြင် ကျေးလက် ကျန်းမာရေးဌာနများမှာ သန်ချဆေးတိုက်ကျွေးခြင်းများ ပြုလုပ်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် သန်ချဆေးများကို ဆေးဆိုင်၊ ဆေးခန်းတွေမှာလည်း အလွယ်တကူ ရရှိနေနိုင်ပြီဖြစ်ပါတယ်။အထူးသဖြင့် ကလေးငယ်တွေမှာလည်း အဖြစ်များတာကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO-World Health Organization) က ကလေးငယ်တွေမှာလည်း အသက် ၁ နှစ်ကစပြီး ၁နှစ်တစ်ကြိမ် (သို့) ၆လ တစ်ကြိမ်လောက် သန်ချပေးကြဖို့ တိုက်တွန်းထားပါတယ်။ WHO ရဲ့ ညွှန်ကြားချက်အရ အသက် ၁နှစ်ကျော် အရွယ်ကစပြီး သန်ချဆေး Albendazole (400mg) (သို့မဟုတ်) Mebendazole (500mg) ကို တစ်ကြိမ်တိုက်နိုင်ပြီး အသက် ၁နှစ်အောက်ကလေးလေးတွေအတွက် ဆိုရင်တော့ တစ်ဝက်ပမာဏ Albendazole (200mg) ပဲတိုက်သင့်ပါတယ် လို့ပြောထားပါတယ်။ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတွေ အနေနဲ့ကတော့ သန်ကောင်ဝင်ခြင်း အဖြစ်များတဲ့ နေရာ (သို့) သန်ကောင်ကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါ အဖြစ်များတဲ့ နေရာတွေမှာ နေထိုင်တယ်ဆိုရင်တော့ Albendazole (400mg) (သို့မဟုတ်) Mebendazole (500mg) တစ်ကြိမ်ကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ကိုယ်ဝန် ပထမ၃လ နောက်ပိုင်းမှာ သောက်နိုင်ပါတယ်။ပုံမှန်သန်ချပေးတာအပြင် သန်ကောင်မဝင်လာအောင် ကြိုတင်ကာကွယ်ခြင်းကလည်း အရေးကြီးတာကြောင့်။စတဲ့ ကြိုတင်ကာကွယ်မှုတွေကိုလည်း လိုက်နာဖို့ လိုအပ်ပါတယ်။ဒီဆောင်းပါးလေးဖတ်ပြီးတဲ့အခါမှာ သန်ကောင်တွေရဲ့ ရန်ကနေ ကင်းဝေးစေဖို့အတွက် သန့်ရှင်းအောင် နေထိုင် စားသောက်ဖို့ရော၊ သန်ချဖို့ရော မမေ့ကြပါနဲ့နော်။ရေးသားသူ- Khine Phoo Ngon။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/prevention-from-worms/
ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းအန္တရာယ် နှင့် ရေနွေးကြမ်း
မြန်မာနိုင်ငံက လူတွေအတွက်  ရေနွေးကြမ်းက နေ့စဉ် သောက်စရာထဲမှာ ပါဝင်နေပါတယ်။ ဒါကြောင့် ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းအန္တရာယ် နှင့် ရေနွေးကြမ်း အကြောင်းလေး နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ရေနွေးကြမ်းက ဆီးကျောက်တည်စေတာလား၊ ကြေစေတာလား။ ဘယ်လို အချက်တွေ သတိထားရမလဲ။ဆီးလမ်းကြောင်းမှာကျောက်တည်ခြင်းရဲ့ အစဟာ ကျောက်ကပ်မှာ ကျောက်ဖြစ်စေမယ့် အရာလေးတွေ အနည်ထိုင် စုစည်းရာက စပါတယ်။ ဆီးကျောက်အမျိုးအစား ၄ မျိုး ရှိတဲ့ အထဲမှာ အများစုဟာ calcium oxalate ကြောင့် ဖြစ်ကြရတာ ဖြစ်ပါတယ်။Oxalate ဆိုတာ ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အစား‌‌အသောက်တွေထဲမှာ ပါဝင်တဲ့ သဘာဝပစ္စည်း တစ်ခု ဖြစ်တဲ့အပြင်အသည်းကနေလည်း နေ့စဉ် ထုတ်လုပ်ပါတယ်။ကျောက်ကပ်ထဲမှာ စပြီး အနည်ထိုင် ဖြစ်တည်လာတဲ့ ကျောက်သေးသေးလေးတွေဟာ များသောအားဖြင့် အန္တရာယ် မရှိဘဲ ဆီးထဲကနေပဲ ခန္ဓာကိုယ် ပြင်ပ ရောက်အောင် စွန့်ထုတ်လေ့ ရှိပါတယ်။ သို့သော်လည်း ကျောက်ဟာ တဖြည်းဖြည်း ကြီးလာပြီး ဆီးလမ်းကြောင်း (ဆီးပြွန်)မှာ တစ်သွားတဲ့အခါ နာကျင်မှုဝေဒနာကို စတင်ခံစားရတော့တာပါပဲ။Tea (လက်ဖက်ရည်ကြမ်း) ဟာ အထက်မှာ ဖော်ပြခဲ့တဲ့ oxalate ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် ဆီးလမ်းကြောင်းမှာ ကျောက်တည်တတ်သော သူများအတွက် ရှောင်ကြဉ်ရမယ့် အစားအသောက် တစ်ခုပဲ ဖြစ်ပါတယ်။ သေချာတာက‌တော့ လက်ဖက်ရည်ကြမ်း အမျိုးအစားပေါ် မူတည်ပြီး oxalate ပါဝင်မှုနှုန်းလည်း မတူနိုင်ပါဘူး။ရေနွေးနဲ့ စိမ်သောက်တဲ့ လက်ဖက်ခြောက်ထုပ်လေးတွေနဲ့ မြန်မာ လူမျိုးတို့ သောက်သုံးလေ့ရှိတဲ့ လက်ဖက်ခြောက်အရွက် ခတ်သောက်တာမျိုးမှာ လက်ဖက်ခြောက် ၁ ဂရမ်တိုင်းမှာ oxalate ၅ မီလီဂရမ် ဝန်းကျင်ခန့် ပါရှိပါတယ်။ Green tea နဲ့ oolong tea တို့မှာတော့ လက်ဖက်ခြောက် ၁ ဂရမ်မှာ ၀.၂၃ မှ ၁ မီလီဂရမ် ခန့်သာ ပါဝင်ပါတယ်။ ဒါကြောင့် မိမိဟာ ရေနွေးကြမ်း မသောက်ရ မနေနိုင်သူ ဆိုရင် oxalate ပါဝင်မှု နည်းတဲ့green teaတို့ herbal tea တို့ကိုသာ ရံဖန်ရံခါ သောက်သုံးပေးနိုင် ပါတယ်။အခုလို ပူပြင်းလှတဲ့ နွေရာသီများ ဆိုရင် Iced tea တွေ အသောက်များ လှပါတယ်။ ချွေးထွက်များပြီး ရေဓာတ် လိုအပ်နေချိန်မှာ ရေအစား iced tea အများကြီးသောက်လိုက်တာဟာ ဆီးလမ်းကြောင်းမှာ ကျောက်တည်ဖို့ အတွက် တွန်းပို့နေသလို ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့်ရေဆာရင်ရေ များများ သောက်ပါ။ ဒါမှမဟုတ် lemonade သောက်ပါ။သံပုရာရည်စစ်စစ်မှာ ပါဝင်တဲ့ citrate ဓာတ်ဟာ ဆီးလမ်းကြောင်းမှာ ကျောက် မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ရေးသားသူ – Dr. Z။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/urinary-track-stones/green-tea-can-cause-kidney-stone/
"ဖိုးဖိုးဖွားဖွား သူငယ်ပြန်သလား"
“ဖိုးဖိုးဖွားဖွား သူငယ်ပြန်သလား” ဆိုတာကို သိချင်နေပြီလား ! ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်တော့နော်။“ဖိုးဖိုးဖွားဖွား သူငယ်ပြန်သလား” ဆိုတော့သူငယ်ပြန်တယ်ဆိုတာကို လူအတော်များများ သိရှိပြီးဖြစ်ကြမှာပါ။ ဆေးပညာအခေါ်အဝေါ်နဲ့ အယ်လ်ဇိုင်းမားရောဂါလို့ ခေါ်တဲ့ ဒီရောဂါဟာ အသက်ကြီးတဲ့ ဖိုးဖိုးဖွားဖွားတွေကို ပြဿနာတွေပေးတဲ့ ရောဂါပေါ့။ ဒီဆောင်းပါးလေးမှာတော့ သူငယ်ပြန်ခြင်းနဲ့ ပတ်သက်လို့ သိသင့်သိထိုက်တဲ့ အချက်လေးတွေကို ဖော်ပြပေးသွားပါမယ်။ သက်ကြီးရွယ်အိုတွေနဲ့ အနီးကပ်နေထိုင်သူတွေအတွက် အထူးရည်ရွယ်ပါတယ်။အယ်လ်ဇိုင်းမားရောဂါရဲ့ ကနဦးလက္ခဏာတွေကတော့ သိပ်မသိသာလှပါဘူး(မသိသာဆို အသက်ကြီးလို့ သတိမေ့တတ်တာကလည်း အထူးအဆန်းမှ မဟုတ်တာကိုး)။ ဒီတော့ အသက်အရွယ်ကြောင့် ရိုးရိုးတန်းတန်းမေ့တတ်လာတာလား ဒါမှမဟုတ် အယ်လ်ဇိုင်းမားရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေလား ဆိုတာကို ခွဲခြမ်းစိတ်ဖြာပြီး သိဖို့ လိုအပ်လာပါပြီ။ထူးခြားတာတခုကအယ်လ်ဇိုင်းမားဖြစ်စပြုနေတဲ့ ဖိုးဖိုးဖွားဖွားတွေ မေ့တတ်တာဟာ လတ်တလောကိစ္စတွေကိုပဲဖြစ်ပြီး ဟိုးအရင် စစ်တွင်းကအကြောင်းအရာတွေ၊ဂျပန်ခေတ်တို့ဘာတို့ဆိုသလို သူတို့ငယ်ငယ်က အကြောင်းအရာတွေကိုတော့ အောချရလောက်အောင် မှတ်မိနေပြီး စကားတွေ ဖောင်ဖွဲ့ပြောနေပါလိမ့်မယ်။ ဂျပန်ခေတ်က အကြောင်းတွေ မှတ်မိသေးတယ်ဆိုပေမယ့် မနက်က ကော်ဖီသောက်လား၊မုန့်ဟင်းခါးစားတာလားဆိုတာကိုတော့ မေ့သွားပါပြီ။ သင့်ကို မေးပြီးသား (သင်လည်း ပြန်ဖြေပြီးသား) မေးခွန်းတွေကို ထပ်ခါတလဲလဲ မေးလာပါလိမ့်မယ်။ စိတ်ရှည်လက်ရှည်နဲ့ ပြန်ဖြေပေးပါ။ ကိုယ်ငယ်ငယ်တုန်းကလည်း ဒီလိုမျိုးပဲ အရစ်ရှည်ခဲ့တာကို သတိရပါ။အမူအကျင့်တွေ ပြောင်းလဲလာမယ်။ ဘယ်လိုမျိုးလဲဆိုတော့ သွားနေကျနေရာတွေကိုတောင် မမှတ်မိချင်တော့ဘူး။ အိမ်ကနေ လမ်းထိပ်လေး ဈေးထွက်ဝယ်၊မုန့်ထွက်စားပြီးရင် ပြန်မလာတတ်တော့ဘူး။ အရင်က သပ်သပ်ယပ်ယပ်နဲ့ စတိုင်ကျကျ နေတတ်တဲ့ဖိုးဖိုးက အခုဆို ဖြစ်ကတတ်ဆန်း ညစ်ညစ်ပတ်ပတ်တွေ နေတတ်လာပြီ၊ရေလည်း မချိုးချင်ဘူး။ အရင်က သနပ်ခါးကိုမှုန်နေအောင် လိမ်းရမှ ကျေနပ်တဲ့ ဖွားဖွားက အခုဆို ခြံထဲမှာ ရှူးထိုင်ပေါက်ချင် ပေါက်နေမယ် စသဖြင့်ပေါ့။ဒီလိုမျိုး ကနဦးလက္ခဏာတွေကို မြင်လာရပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသပါ။ အခြားရောဂါတွေနည်းတူပါပဲ၊အယ်လ်ဇိုင်းမားရောဂါဟာလည်း စောစောသိ၊စောစောကုရင် အများကြီးပိုပြီး အကျိုးရှိပါမယ်။အယ်လ်ဇိုင်းမားရောဂါဟာ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပြီးဦးနှောက်တစ်ရှူးတွေကိုလည်း ဆုံးရှုံးစေတဲ့အတွက် ရောဂါရင့်လာလေ ဦးနှောက်တစ်ရှူးတွေ ကျုံ့လာလေပါပဲ။ နောက်ဆက်တွဲအနေနဲ့ မှတ်ဉာဏ်ပြဿနာ၊စကားပြောခြင်းဆိုင်ရာ ပြဿနာ အစရှိတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင် ပေါ်ပေါက်လာရပါတော့တယ်။အယ်လ်ဇိုင်းမားရောဂါဟာ တချို့အဖိုးအဖွားတွေမှာ မြန်မြန်ဆန်ဆန်ကြီး ပိုဆိုးလာတတ်သလို တချို့တွေမှာလည်း နှစ်ပေါင်းများစွာကြာမှ အနည်းအကျဉ်းလောက်ပဲ ပိုဆိုးလာတတ်တာမျိုးလည်း ရှိပါတယ်။ ရောဂါအဆိုးဆုံး အနေအထားကိုရောက်ဖို့ နှစ်ပေါင်းနှစ်ဆယ်လောက်ကြာတတ်တဲ့ အဖိုးအဖွားတွေလည်း ရှိပါတယ်။ဒီရောဂါဟာနေ့စဉ်သွားလာလှုပ်ရှားနေထိုင်မှုကို အနည်းနဲ့အများဆိုသလို ထိခိုက်စေတာမို့ ကိုယ်ချစ်ခင်ရသူ မိဘ၊ဘိုးဘွား တဦးဦးမှာ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရပြီဆိုရင် ကလေးလေးတဦးလိုပဲ ဂရုတစိုက်နဲ့ ကြပ်မတ်ကြည့်ရှုစောင့်ရှောက်ပေးရပါမယ်။ အစားအသောက်၊အသွားအလာ အနေအထိုင်က စလို့ပေါ့။ အပြင်ကို တဦးတည်း မလွှတ်သင့်တော့သလို သူငယ်ပြန်နေတဲ့ အဖိုး/အဖွားကို အိမ်မှာ တယောက်တည်း မထားခဲ့သင့်တော့ပါဘူး။ ဘေးနားမှာ လူစောင့်တယောက် အမြဲရှိနေနိုင်ရင် အကောင်းဆုံးပါပဲ။ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလေးတွေ လုပ်ပေးခြင်းဟာလည်း အဖိုးအဖွားတို့ရဲ့ ကြွက်သားတွေကို တနည်းတဖုံအကျိုးပြုတဲ့အပြင် စိတ်လက်ကြည်သာရွှင်ပျလာအောင်လည်း ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဒါပေမယ့်အသက်အရွယ်နဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်းမျိုးတွေကိုပဲ (လမ်းလျှောက်တာ၊ခြံထဲမှာ ပန်းပင်လေးတွေ စိုက်တာပျိုးတာ စသဖြင့်) ဂရုတစိုက် ရွေးချယ်ပြီး လုပ်ခိုင်းသင့်ပါတယ်။ လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ရှင်းရှင်းပြောရရင် အယ်လ်ဇိုင်းမားရောဂါကို အရှင်းပျောက်သွားအောင်ဒါမှမဟုတ်အာရုံကြောပျက်စီးမှု နှေးကွေးအောင် လုပ်ပေးနိုင်တဲ့ ဆေးမျိုး မရှိသေးပါဘူး။ ဒါပေမယ့် ရောဂါလက္ခဏာတွေကို တန့်နေအောင်၊နှေးသွားအောင် လုပ်ပေးနိုင်တဲ့ ဆေးတွေတော့ ရှိပါတယ်။ ဒါကြောင့် သင်ချစ်ရတဲ့ ဖိုးဖိုးဖွားဖွားတွေကို စောစောကုသပေးနိုင်ရင်တော့ သူတို့အနေနဲ့ နိစ္စဓူဝလုပ်ငန်းဆောင်တာတွေကို ဘယ်သူ့အားကိုးမှ ယူစရာမလိုသေးဘဲ ကိုယ့်လက်ကိုယ့်ခြေဆိုသလို ကာလကြာရှည်စွာ လုပ်ကိုင်ဆောင်ရွက်သွားနိုင်ဦးမှာပဲ ဖြစ်ပါတယ်။အယ်လ်ဇိုင်းမားရောဂါဟာ သင်လည်း တနေ့ကြုံတွေ့ခံစားလာရနိုင်တဲ့ ရောဂါတမျိုး ဖြစ်ပါတယ်။ ဒီရောဂါကို ကာကွယ်ဖို့ နည်းလမ်းတိတိပပ မရှိသေးသလို ဖြစ်လာပြီဆိုရင်လည်း စောစောကုနိုင်မှ ဖိုးဖိုးဖွားဖွားတို့ အခြေအနေပိုကောင်းနိုင်တာမို့ ရောဂါအစပျိုးတဲ့ ကနဦးလက္ခဏာလေးတွေကို သိရှိအောင် လုပ်ထားပြီး ဒါတွေကို တွေ့လာရပြီဆိုတာနဲ့ သင့်တင့်လျောက်ပတ်တဲ့ ကုသမှုကို အမြန်ဆုံး ခံယူနိုင်အောင် ပြုလုပ်ပေးသင့်ပါတယ်။ ဒီဆောင်ပါးလေးကနေ သင့်အတွက် အကျိုးတစုံတရာ ဖြစ်ထွန်းသွားစေဖို့ ရည်ရွယ်ပါတယ်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/aging-mind/elderly-person-can-feel-alzheimers/
အမျိုးသားတိုင်း သိထားသင့်တဲ့ လိင်တံကင်ဆာ
လိင်တံကင်ဆာ (Penile Cancer) ဆိုတာ အမျိုးသားတွေမှာသာ ဖြစ်နိုင်တဲ့ ရှားပါးကင်ဆာရောဂါထဲက တစ်မျိုးပါ။ လိင်တံထဲမှာ ကင်ဆာဆဲလ်တွေ ဝင်ရောက်လာပြီး ကုသမှုမခံယူဘဲ ပစ်ထားတဲ့အခါ အကျိတ်လိုပုံစံမျိုး ကြီးထွားလာပါတယ်။ အစပိုင်းမှာတော့လိင်တံမှာ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေ တွေ့ရမှာဖြစ်ပြီး တဖြည်းဖြည်းနဲ့ တခြားကိုယ်တွင်းကလီစာတွေ၊ ပြန်ရည်ကြောတွေအထိ ပြန့်နှံ့ကာ အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။အစောပိုင်းကာလမှာ ပြတတ်တဲ့လက္ခဏာတွေကတော့။• လိင်တံရောင်ရမ်းခြင်း။• အဖုအဖောင်းများ ဖြစ်နေခြင်း။• ပိုးဝင်နေသလို ဖြစ်နေတဲ့ အနာကွက်များ။• အလွန်အမင်း ယားယံခြင်း။• လိင်တံအတွင်းမှ ပူစပ်ပူလောင်ဖြစ်ခြင်း။• ပုံမှန်မဟုတ်တဲ့ အရည်များစိမ့်ထွက်လာခြင်း။• လိင်တံရဲ့ အရောင်ပုံမှန်မဟုတ်ခြင်း။• လိင်တံအရေပြား ထူပြီးမာလာခြင်း။• ပေါင်ခြံတစ်ဝိုက်မှာ ရှိတဲ့ ပြန်ရည်ကြောတွေ ရောင်ရမ်းနေခြင်း စတာတွေပဲဖြစ်ပါတယ်။ဒီလိုလက္ခဏာတွေကို တွေ့ရတာနဲ့ ဆရာဝန်နဲ့ အမြန်ဆုံးပြသကြည့်ဖို့ အရမ်းအရေးကြီးပါတယ်။ လိင်တံကင်ဆာဆိုရင်လည်း စောစောကုသလို့ရသလို တခြားကျန်းမာရေးပြဿနာရှိရင်လည်း သိထားရင် ကုဖို့ပိုလွယ်ပါတယ်။အဓိကအားဖြင့်ထိပ်အရေပြားဖြတ်မထားတဲ့ အမျိုးသားတွေမှာတော့ ဖြစ်နိုင်ခြေ အများဆုံးပါပဲ။ ထိပ်အရေပြားဖြတ်မထားတဲ့အခါ လိင်တံထိပ်ပတ်လည်မှာ အဖြူအဖတ်တွေ အမြဲကပ်ငြိနေပြီး နေ့တိုင်းလိုလို သန့်ရှင်းရေးလုပ်ဖို့လိုအပ်ပါတယ်။တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတဲ့အခါ အဲ့ဒီအဖတ်တွေက အချိန်ကြာမြင့်စွာ ကပ်နေရာကနေ မှိုစွဲပြီး ကင်ဆာဆဲလ်တွေအထိပါ ဖြစ်လာစေနိုင်တာကြောင့်ပါပဲ။• အသက် ၆၀ နဲ့အထက် အမျိုးသားတွေ။• ဆေးလိပ်ကို စွဲသောက်တတ်သူတွေ။•တစ်ကိုယ်ရေသန့်ရှင်းမှု မရှိခြင်း။•HPVကဲ့သို့ လိင်မှတစ်ဆင့် ရောဂါပိုးတွေ ကူးစက်ခံထားရသူတွေမှာလည်း ဖြစ်နိုင်ခြေ အရမ်းများပါတယ်။အထက်မှာပြောပြခဲ့တဲ့ ရောဂါလက္ခဏာတွေကို တွေ့ရတာနဲ့ အမျိုးသားရောဂါကုဆရာဝန် သို့မဟုတ် ဆီးလမ်းကြောင်းအထူးကုနဲ့ သေချာပြသဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ကျန်းမာရေး၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ လိင်အပျော်အပါးလိုက်စားခြင်း ရှိမရှိ မေးမြန်းပြီးတာနဲ့ လိင်တံရဲ့ အခြေအနေကို ကိုင်တွယ်စမ်းသပ်စစ်ဆေးမှာဖြစ်ပါတယ်။ ကင်ဆာရှိနေကြောင်း သံသယဝင်ရလောက်တဲ့အခြေအနေမျိုးမှာဆိုရင် လိင်တံအရေပြားပေါ်က တစ်ရှူး သို့မဟုတ်အသားစယူပြီး ဓာတ်ခွဲခန်းမှာ စစ်ကြည့်မှာဖြစ်ပါတယ်။ အဲ့ဒီအခါမှသာ ကင်ဆာရှိမရှိ ဆိုတာကို အတိအကျ သိရမှာပါ။ကင်ဆာရှိမှန်း အတည်ပြုပြီးနောက်မှာ လူနာရဲ့ ကင်ဆာအဆင့်ကို သိရဖို့ ဆီးအိမ်ကြည့်မှန်ပြောင်းကို လိင်တံထိပ်မှ ထည့်သွင်းကာ စစ်ဆေးကြည့်ရမှာဖြစ်ပါတယ်။ တစ်ခါတရံမှာ လိင်တံရဲ့ အတွင်းတစ်ရှူးတွေထိပါ ပျံ့နှံ့နေလားဆိုတာကိုMRIဖြင့် စစ်ဆေးဖို့လိုအပ်တာတွေလည်း ရှိပါတယ်။ လိင်တံကင်ဆာ အဆင့်အနေနဲ့။ကင်ဆာ အစောပိုင်းကာလ(Stage 0) = အရေပြားရဲ့ ထိပ်ဆုံးအလွှာမှာသာ ကင်ဆာဆဲလ်တွေ တွေ့ရပြီး တခြားနေရာတွေထိ မပြန့်သေးတဲ့ အဆင့်။ကင်ဆာ အဆင့် ၁ (Stage 1) = အရေပြားရဲ့ အောက်အလွှာနဲ့ ဆက်စပ်တစ်ရှူးတွေကို ပျံ့နှံ့နေပြီး တခြားနေရာတွေထိ မပြန့်သေးတဲ့ အဆင့်။ကင်ဆာ အဆင့် ၂ (Stage 2) = အရေပြားရဲ့ အောက်အလွှာနဲ့ ဆက်စပ်တစ်ရှူးများအပြင် ပြန်ရည်ကြော၊ သွေးကြော၊ ထောင်မတ်စေတဲ့ တစ်ရှူးနဲ့ ဆီးပို့ပြွန်အထိ ပျံ့နှံ့နေတဲ့ အဆင့်။ကင်ဆာ အဆင့် ၃-က (Stage 3A) = အဆင့် ၂မှာ ပြောပြခဲ့တဲ့ နေရာတွေအပြင် ပေါင်ခြံမှာ ရှိနေတဲ့ ပြန်ရည်ဖု တစ်ခု သို့မဟုတ် ၂ခုထိ ပျံ့နှံ့နေတဲ့ အဆင့်။ကင်ဆာ အဆင့် ၃-ခ (Stage 3B) = ပေါင်ခြံမှာရှိတဲ့ ပြန်ရည်ဖု အများအပြားဆီကို ကင်ဆာဆဲလ် ပျံ့နှံ့နေတဲ့ အဆင့်။ကင်ဆာ အဆင့် ၄ (Stage 4) = လိင်တံပတ်လည်အပြင် ဆီးခုံရိုး၊ဆီးကျိတ်၊ ကပ္ပါယ်အိတ်နဲ့ တခြားကိုယ်တွင်းကလီစာများအထိ ပျံ့နှံ့နေပြီး အလွန်ပြင်းထန်တဲ့ နောက်ဆုံးအဆင့်လို့ သတ်မှတ်လို့ရပါတယ်။ကိုယ့်ရောဂါအခြေအနေနဲ့ ကင်ဆာအဆင့်ပေါ်မူတည်ပြီး ကုသနည်းလမ်းတွေ အမျိုးမျိုးပြောင်းလဲသွားနိုင်ပါတယ်။ များသောအားဖြင့်။• လိင်တံထိပ်အရေပြားဖြတ်ခြင်း (Circumcision)။• လေဆာကုထုံး (Laser Therapy)။• ပြင်းထန်တဲ့ ကီမို ကင်ဆာကုထုံး (Chemotherapy)။• ဓာတ်ရောင်ခြည်ကုထုံး (Radiation Therapy)။• ကင်ဆာဆဲလ်၊ အကျိတ်တွေကို အေးခဲစေပြီး ဖယ်ရှားပေးမယ့် ကုထုံး (Cryosurgery) အပြင်။ကင်ဆာဆဲလ်တွေနဲ့ ပျံ့နှံ့သွားတဲ့ လိင်တံတွင်း တစ်ရှူးစတွေကို ခွဲစိတ်ဖယ်ရှားတဲ့ နည်းလမ်းတွေနဲ့လည်း ကုသနိုင်ပါတယ်။ကင်ဆာရှိမှန်း သိရပြီး စောစီးစွာ ကုသမှုခံယူမယ်ဆိုရင် အကောင်းအတိုင်း ပြန်ဖြစ်လာနိုင်ခြေ ရာခိုင်နှုန်းအလွန်များပါတယ်။ ဒါကြောင့် Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကိုယ့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး မပေါ့ဆဘဲ အမြဲစောင့်ကြည့်လေ့လာနေသင့်တယ်ဆိုတာကို ထပ်မံအကြံပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/cancer-penis/
မီးပိုးကောင် ဆိပ်သင့်ခြင်း
အရေပြားမှာ ရုတ်တရက်အရည်ကြည်ဖုတွေ တန်းစီပြီး ထွက်လာတယ်၊ နီရဲနေတယ်ဆိုရင် “ဟဲ့ ငါ့ ဘာကောင်များ ကိုက်သွားပါလိမ့်”လို့ တွေးတတ်ကြပါတယ်။ ထိမိတဲ့ အကောင်ကိုများ သိထားရင်တော့ ဒါ မီးပိုးကောင် ထိတာပါလား ဆိုပြီး တန်းပြော နိုင်ပါတယ်။ များသောအားဖြင့်တော့ အန္တရာယ်မရှိပေမယ့် အရေပြားမှာ စပ်ဖျဉ်းဖျဉ်းနဲ့ ယားကလည်း ယားသေး ဆိုတော့ လန့်တတ်ကြပါတယ်။ ဒီတော့ မီးပိုးကောင်ထိရင် အရေးပေါ် ဘာလုပ်သင့်လဲ ဆိုတာ ပြောပြပေးပါမယ်။မီးပိုးကောင်ဆိုတာ မည်းမည်းရှည်ရှည် အကောင်လေးပါ။ လိမ္မော် ဖောက်ပါတယ်။ ရုတ်တရက်ကြည့်ရင် ပုရွတ်ဆိတ်နဲ့ တူပါတယ်။ ခြောက်သွေ့တာကို ကြိုက်ပြီး ညဘက်တွေ ပိုထွက်ပါတယ်။ မီးရောင်ကို ကြိုက်ပါတယ်။မီးပိုးကောင်က ကိုက်လည်း မကိုက်သလို တုပ်လည်း မတုပ်ပါဘူး။ သူရဲ့ ခန္ဓာကိုယ်က အရည်နဲ့ ထိတွေ့မိရင် လက္ခဏာပြပါတယ်။ အဲ့အရည်မှာ paederin ဆိုတဲ့ ဓာတ်ပါပါတယ်။ သူက အရေပြားကို ပျက်စီးစေတာပါ။ ဒါကြောင့် မီးပိုးကောင် ဆိပ်သင့်တယ်လို့ ပြောတာပါ။ သူ့ကြောင့် ဖြစ်တဲ့ အရေပြားရောင်ရမ်းတာကိုတော့ paederus dermatitis လို့ ခေါ်ပါတယ်။ထိမိပြီး ၂၄နာရီအတွင်းမှာပဲ လက္ခဏာ စပြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူပါဘူး။ ဘယ်လောက်ထိလဲ ဆိုတာရယ်၊ ဘယ်လောက်ကြာကြာ ထိမိလဲဆိုတာရယ်၊ တစ်ယောက်ချင်းစီရဲ့ ခံနိုင်ရည်ရယ်ပေါ်မူတည်ပါတယ်။သိပ်မပြင်းထန်ဘူးဆိုရင် နီရုံပဲ နီပါတယ်။ နည်းနည်းဆိုးရင်တော့ အရည်ကြည်ဖုတွေပါ ထွက်လာပါတယ်။ တစ်ပတ်လောက်နေရင် ခြောက်ပြီးကွာကျသွားပါတယ်။အမာရွတ်မကျန်ခဲ့ပါဘူး။များသောအားဖြင့် အကြောင်းလိုက်ဖြစ်တာ များပါတယ်။ ဘာလို့လဲဆိုတော့ လူက ကိုယ့်ကိုယ်ပေါ် တစ်ခုခု တက်လာရင် လက်နဲ့ဖိပြီး သပ်ချလိုက်တာကိုး။ သိပ်ဆိုးရင်တော့ အရည်ကြည်ဖု ပေါက်တာအပြင် ဖျားတာ၊ အဆစ်တွေနာတာ၊ အန်တာ ဖြစ်တတ်ပါတယ်။တစ်ခါတစ်လေ မျက်နာတို့ မျက်လုံးတို့ကို ပွတ်မိရင်မျက်ကြည်လွှာရောင်ရမ်းတာအထိ ဖြစ်တတ်ပါတယ်။တစ်ခု ပြောချင်တာက အရေပြားမှာ အရည်ကြည်ဖု ပေါက်တိုင်း မီးပိုးကောင်လို့ ပြောလို့ မရပါဘူး။ သေချာချင်ရင် ဆရာဝန်နဲ့ ပြသပါ။ နောက်ပြီး မီးပိုးကောင်ဆိပ်သင့်ပြီး အသက်ရှူကျပ်လာတယ် ဆိုရင်လည်း ဆရာဝန်နဲ့ အမြန်ဆုံး ပြသပါ။ဒါကြောင့် အရေပြားမှာ အရည်ဖုထတာ၊ ပူတာလိုမျိုး ဖြစ်လာမယ်ဆိုရင် အရင်ဆုံး ရေနိုင်နိုင် ဆေးချပြီး ရေခဲဝတ် ကပ်တာမျိုး လုပ်ပေးပါ။ မသက်သာဘူး ပိုပြင်းထန်လာမယ်ဆိုရင်တော့ နီးစပ်ရာဆေးခန်မှာ ပြသကြည့်ဖို့ အကြံပြုပါရစေ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/paederus-dermatitis/
ရင်သားကင်ဆာ တူတူစစ်ဆေး ကြမယ်။
ရင်သားကင်ဆာ ကသားအိမ်ခေါင်းကင်ဆာလိုမျိုးကာကွယ်ဆေးထိုးပြီး ကာကွယ်လို့မရပါဘူး။ ဒါပေမယ့် စောစောသိအောင်တော့ စစ်ဆေးလို့ရပါတယ်။ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေက တစ်လတစ်ခါလောက် ကိုယ့်ရင်သားကို စစ်ဆေးသင့်ပါတယ်။ ၄၀ရာခိုင်နှုန်းသော ရင်သားကင်ဆာတွေက အမျိုးသမီးတွေ ကိုယ့်ဟာကိုယ်စစ်ဆေးရာက သိလာတာပါ။ ဒါကြောင့် ရင်သားကင်ဆာ တူတူစစ်ဆေး ကြည့်ရအောင်။ဒါဆိုရင်သားဓာတ်မှန်ကရော။ရင်သားဓာတ်မှန်က အလုံးအကျိတ်ကိုမစမ်းမိခင်မှာဘဲ ကင်ဆာကို ရှာဖွေနိုင်ကြောင့် ပိုကောင်းပါတယ်။ ဒါပေမယ့်ရင်သားဓာတ်မှန်ကို မရိုက်ဖြစ်တဲ့သူတွေအတွက် ရင်သားကို ကိုယ်တိုင်ပုံမှန်စစ်ဆေးတာက မိမိရင်သားရဲ့ အနေအထားကိုပိုပြီးသိစေပါတယ်။ တစ်ခုခုပြောင်းလဲတာကို အချိန်မီသိနိုင်ပါတယ်။အဆင့်(၃)ဆင့်ရှိပါတယ်။မှန်ရှေ့မှာစမ်းနည်း။ရေချိုးနေစဉ် စမ်းနည်း။လှဲပြီးစမ်းနည်း။မတော်တဆအကျိတ်စမ်းမိရင်လည်း မလန့်ပါနဲ့။ စမ်းမိတဲ့ အကျိတ်၁၀လုံးမှာ ၈လုံးက အန္တရာယ်မရှိတဲ့အကြိတ်ပါ။ရာသီလာခါနီးစမ်းရင်လည်းဟော်မုန်းကြောင့် ရင်သားတွေတင်းနေလို့ အကျိတ်လိုလိုစမ်းမိတတ်ပါတယ်။ ဒါကြောင့် ရာသီလာခါနီးနဲ့ လာနေချိန်မှာ မစမ်းပါနဲ့။ရင်သားဓာတ်မှန် (Mammogram)က အကျိတ်ကိုမစမ်းမိခင်မှာဘဲ ရှာဖွေပေးနိုင်ပါတယ်။ ရင်သားဓာတ်မှန်ကတော့ အကောင်းဆုံးပါ။ ပုံမှန်ရိုက်ဖို့ အကြံပြုပါတယ်။ ဒါပေမယ့် ရင်သားဓာတ်မှန်ကို ပုံမှန်မစစ်ဆေးနိုင်တဲ့သူတွေမှာ ကိုယ်တိုင်စစ်ဆေးတဲ့နည်းလမ်းကလည်း မဆိုးလှပါဘူး။ ကိုယ့်ရင်သားရဲ့ ပုံမှန်အခြေအနေကို သိထားတဲ့အတွက် တစ်ခုခုပြောင်းလဲတာရှိရင် ချက်ချင်းတန်းသိမှာပါ။ရင်သားကင်ဆာက စောစောသိလေလေ သေချာကုသလို့ ရလေလေပါပဲ။ စောစောသိဖို့အတွက် ရင်သားဓာတ်မှန်ကို ပုံမှန်ရိုက်ဖို့လိုပါတယ်။ ဒီလိုမရိုက်နိုင်ဘူးဆိုရင်လည်း ကိုယ့်ကိုယ်ကို တစ်လတစ်ခါလောက် စမ်းသပ်ပေးဖို့လိုပါတယ်။ အကျိတ်တစ်ခုခုစမ်းမိရင်လည်း မကြောက်ပါနဲ့။ ဆရာဝန်နဲ့ပြသပြီး လိုအပ်တဲ့ကုသမှုခံယူပါ။ စောစောသိဖို့ကသာ အရေးကြီးတာပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/self-examination-of-breast-cancer/
အေးမြတဲ့ဆောင်းတွင်းမှာ ဘေဘီလေးတွေကျန်းမာစေမယ့်နည်းလမ်းများ
အေးအေးချမ်းချမ်းနဲ့ နှစ်တစ်နှစ်ကုန်ဆုံးခါနီးအချိန်မှာ အားလုံးကပျော်နေမှာ အသေအချာပဲပေါ့။ ဒါပေမယ့် အပြည့်အဝမပျော်နိုင်တဲ့သူတွေတော့ရှိနေပါတယ်။ ဒါကတော့ ပူပူနွေးနွေးဘေဘီပိစိကွေးလေးပိုင်ဆိုင်ထားတဲ့ဖေဖေမေမေတွေပေါ့။ အသစ်စက်စက် မိဘဖြစ်သူတွေမှာ ပိုဆိုးမှာအသေအချာပါ။သေးသေးကွေးကွေး ကလေးလေးကိုနွေနွေးထွေးထွေးဖြစ်စေဖု့ိနဲ့ဖျားနာမှုတွေမဖြစ်စေဖို့အတွက် အရမ်းကို ဂရုတစိုက်လုပ်နေရတဲ့အချိန်ပေါ့။ကလေးက ငယ်လွန်းတာကြောင့် အရမ်းနုနယ်သေးသလိုပတ်ဝန်းကျင်ကဒဏ်တွေကို ထိခိုက်ခံနိုင်စွမ်းကလည်း အရမ်းကိုနည်းပါတယ်။ ဒါကြောင့်ဆောင်းတွင်းလိုအေးတဲ့ ရာသီဥတုအခြေအနေမှာ ကလေးငယ်လေးတွေကို အသေအချာဂရုစိုက်နိုင်မှတော်ကာကျမှပါ။ ဒီလိုမျိုးအေးလွန်းတဲ့ရာသီမှာ အိမ်ရဲ့ဆည်းလည်းဘေဘီပေါက်စလေးတွေကို ဘယ်လိုဂရုစိုက်ပေးရမှန်းမသိတဲ့ဖေဖေမေမေတွေအတွက် နည်းလမ်းကောင်းလေးတွေပြောပြပေးပါရစေ။ကလေးကိုနွေးနွေးထွေးထွေးထားပါ– ကလေးလေးတွေကသေးတစွတ်စွတ်ပေါက်တတ်တဲ့အရွယ်ဖြစ်တာကြောင့် ကလေးကိုသေးစိုနေလား၊ အဝတ်အစားတွေစိုနေလားဆိုတာကို အမြဲမပြတ်ဂရုစိုက်ပြီး စိုနေတာတွေ့တာနဲ့ချက်ချင်းလဲပေးပါ။ ကလေးကို အအေးမခံပါစေနဲ့။နွေးနွေးထွေးထွေးဖြစ်စေမယ့်အဝတ်အစားတွေဝတ်ဆင်ပေးပါ။ကလေးကိုအာဟာရမျှတအောင်ကျွေးမွေးပါ– ကလေးက နို့စို့အရွယ်ဆိုရင်တော့ မိခင်က အာဟာရပြည့်ဝအောင်စားသုံးပြီး ကလေးကို နို့ကနေတဆင့် အာဟာရပြည့်ပြည့်ဝဝရရှိအောင်လုပ်ဆောင်ပေးပါ။ ကလေးက အစားစားနိုင်ပြီဆိုရင်တော့ ကလေးကို အစာကြေလွယ်ပြီး အာဟာရပြည့်ဝတဲ့အစားအစာတွေကို ကျွေးမွေးပေးပါ။ဗီတာမင်C ကြွယ်ဝတဲ့ အစားအသောက်များများစားပေးပါ။ရေဓါတ်ပြည့်ဝအောင်ထားပါ-ဆောင်းရာသီကအေးတာကြောင့်ရေသိပ်မသောက်ချင်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့်မေမေတို့က သတိထားပြီး ကလေးငယ်လေးတွေကိုရေသောက်ဖြစ်အောင်တိုက်ပေးပါ။ရေဓါတ်ပြည့်ဝနေမှုကလည်းခန္ဓါကိုယ်ကို ကျန်းမာစေတဲ့ အချက်တစ်ခုပါ။ကလေးကို မချီခင် လက်အရင်ဆေးပါ– လက်မှာ မမြင်နိုင်တဲ့ဘက်တီးရီးယားများစွာကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ချီတာမျိုးမလုပ်ခင် ကလေးအနားကိုမသွားခင် အရင်ဆုံးလက်ကို စင်ကြယ်အောင်ဆေးကြောပါ။ ဒီလိုလုပ်ခြင်းကကလေးကို ဘက်တီးရီးယားတွေကြောင့် ဖျားနာတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်မှာပါ။အိပ်ရာခင်းနဲ့ခေါင်းအုံးစွပ်တွေကို မကြာခဏလျှော်ပေးပါ– အိပ်ရာခင်းနဲ့ခေါင်းအုံးစွပ်တွေကို နံမှ ညစ်ပေနေမှလျှော်တာ၊ လဲတာမျိုးမလုပ်ပါနဲ့။ဖြစ်နိုင်ရင် နှစ်ရက်တစ်ကြိမ် အနည်းဆုံး ၃ ရက်တစ်ကြိမ်လောက်လျှော်ဖွတ်ပေးပါ။ပြီးရင်မီးပူတိုက်ပြီးမှ အသုံးပြုပေးပါ။ မမြင်ရတဲ့ ပိုးမွှားတွေအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ပါ။အိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ-နေအိမ်ပတ်ဝန်းကျင်နဲ့ကလေးရဲ့အခန်းကိုသေချာသပ်ရပ်နေစေဖို့အပြင် သန့်ရှင်းအောင်ထားဖို့လိုပါမယ်။ ဒါမှ ဘက်တီးရီးယား၊မှိုနဲ့ အခြားသော ပိုးမွှားတွေအန္တရာယ်ကနေဘေဘီလေးကို ကာကွယ်နိုင်မှာပါ။အိပ်ရေးဝအောင်သိပ်ပါ– အိပ်ရေးဝနေတဲ့အခါကိုယ်ခံအား‌ကောင်းလာပြီးရောဂါတွေကို ခုခံနိုင်မှာပါ။ ဒါကြောင့် ကလေးကို တစ်နေ့ကို အနည်းဆုံး ၁၀ နာရီကနေ ၁၁ နာရီအထိအိပ်စက်ချိန်ရှိအောင်လုပ်ပေးပါ။ အိပ်ရေးဝတဲ့အခါ ကလေးကိုကျန်းမာစေပြီး အအေးဒဏ်ကြောင့်ဖျားနာမှုကနေ ကာကွယ်နိုင်မှာပါ။ကလေးကိုလူထူတဲ့နေရာတွေခေါ်မသွားပါနဲ့– ကလေးကို လူထူတဲ့နေရာကိုခေါ်မသွားပါနဲ့ လို့ပြောရတာ မမြင်ရတဲ့ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ပါ။ လူတွေထူထပ်လေလေရောဂါပိုးတွေပိုများလေလေပါ။ ခံနိုင်ရည်ရှိတဲ့ လူကြီးတွေအတွက်က သိပ်ပြဿနာမရှိပေမယ့် ခံနိုင်ရည်နည်းလွန်းတဲ့ ကလေးငယ်တွေအတွက်ကတော့ လူထူတဲ့နေရာကအန္တရာယ်များလွန်းပါတယ်။ ဒါကြောင့် ကလေးကိုဈေးဝယ်စင်တာတွေဆီကိုခေါ်သွားတာ၊ ရုပ်ရှင်ရုံ၊ အလှူနဲ့ အခြားသောလူထူတဲ့နေရာကိုခေါ်မသွားဖို့ပြောပါရစေ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/how-to-keep-children-happy-and-healthy-in-winter/
သကြားပြောင်းချိုချိုလေး ကပေးတဲ့ ကျန်းမာရေး
အဝါရောင် သကြားပြောင်းချိုချိုလေး က ပြုတ်ပဲစားစား၊ ကြော်ပဲစားစား၊ မာလာရှမ်းကောထဲထည့်ထည့်၊ဟော့ပေါ့ထဲထည့်စားစား၊ ကင်ပဲစားစား အနံ့အရသာပြည့်စုံပြီး စားကောင်းတာကတော့ အမှန်ပါ။ ဒီစားကောင်းတဲ့ သကြားပြောင်းချိုချိုလေး ကခန္ဓာကိုယ်အတွက် ဘယ်လိုတွေများ အထောက်အကူပေးလဲဆိုတာကို သိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ဖို့ ပြောပါရစေ။သကြားပြောင်းချိုချိုလေး က စားကောင်းရုံတင်မဟုတ်ပါဘူး။အရွယ်တင်စေပါတယ်။သကြားပြောင်းလေးက ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် အရေပြားကို ဓာတ်တိုးပစ္စည်းတွေကြောင့် ပျက်စီးမှုကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အရေးအကြောင်းတွေဖြစ်တာ၊အရွယ်မတိုင်ခင် အိုမင်းတာတွေမဖြစ်စေဖို့အတွက် သကြားပြောင်းချိုချိုလေးစားပေးလို့ရပါတယ်။အသားအရေကြည်လင်စေတယ်။ပြောင်းဖူးစားပေးတာ ဒါမှမဟုတ် ပြောင်းဖူးကနေရတဲ့ အဆီနဲ့ အသားအရေကို လိမ်းကျံနှိပ်နယ်ပေးတာက အသားအရေကို ကြည်လင်စေနိုင်ပါတယ်။ အသားအရေ ကြည်ကြည်လင်လင်လေးလှချင်တယ်ဆိုရင် ပြောင်းဖူးလေးစားပေးလို့ရပါတယ်။ဗီတာမင် E ကြွယ်ဝစွာပါဝင်မှုကြောင့် ပြောင်းဖူးစားပေးတာက ဝက်ခြံအမာရွတ်တွေကို အထိရောက်ဆုံး သက်သာစေနိုင်မယ့် နည်းလမ်းတွေထဲကတစ်ရပ်ပါ။ ပြောင်းဖူးကို ခြစ်ပြီး ရလာတဲ့အနှစ်ကို ဝက်ခြံအမာရွတ်တွေအပေါ် လူးပေးလည်းရပါတယ်။ဦးရေပြားကို သွေးစီးဆင်းမှုကောင်းစေနိုင်ပါတယ်။ပြောင်းဖူးအဆီက သွေးစီးဆင်းမှုကောင်းစေနိုင်သလို ဆံသားကို သန်စွမ်းစေနိုင်ပါတယ်။ ဦးရေပြားမှာ အရေပြား ပြဿနာကင်းပြီး နက်မှောင်သန်စွမ်းတဲ့ ဆံသားကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ပြောင်းဖူးစားပေးပါ။ဆံသားကျန်းမာသန်စွမ်းစေနိုင်တယ်။ပြောင်းဖူးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေမှု နဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုက ဆံပင်ကို အရင်းကနေ အဖျားထိကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ဆံပင်ကျွတ်တာကို သက်သာစေနိုင်ပြီး နက်မှောင် သန်စွမ်းတဲ့ ဆံသားပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ပြောင်းဖူးကို အားကိုးလို့ရပါတယ်။သွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးတယ်။ပြောင်းဖူးမှာ ဗီတာမင် B12 ၊ သံဓာတ်၊ ဖောလစ်အက်ဆစ် တို့ကြွယ်ဝစွာပါဝင်နေတာကြောင့် ပြောင်းဖူးစားပေးတာက သွေးအားနည်းရောဂါကို ကာကွယ်ပြီးသားဖြစ်စေမှာပါ။သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်တယ်။သကြားပြောင်းချိုချိုလေးမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်တွေပါဝင်နေပြီး ဒီအမျှင်ဓာတ်က gel ပုံစံအသွင်ပြောင်းပြီး သွေးကြောတွေထဲက အကျိုးမပြု ကိုလက်စထရောတွေကို စုပ်ယူပေးနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းကိုလက်စထရောကျချင်တယ်ဆိုရင် သကြားပြောင်းချိုချိုလေးစားပေးပါ။အင်အားပြည့်စေတယ်။သကြားပြောင်းက ကစီဓာတ်ပါဝင်တဲ့ အစားအစာတစ်မျိုးပါ။ အခြားအသီးအနှံတွေထက် စွမ်းအင်ပိုရစေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ အင်အားပြည့်ဝနေချင်ရင်တော့ ပြောင်းဖူးစားပေးပါ။ဗီတာမင် ​B ကြွယ်ဝစွာပါဝင်နေမှုက ကိုယ်တွင်းပရိုတင်း၊ အဆီ နဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏတွေကို အထိရောက်ဆုံး ထိန်းညှိပေးနိုင်ပြိး အင်ဆူလင် ဟော်မုန်းထွက်ရှိမှုကို ထိန်းညှိပေးပါတယ်။ ဒါကြောင့် ဆီးချိုရှိသူအနေနဲ့ ပြောင်းဖူးစားပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်မှာဖြစ်သလို ဆီးချိုမရှိသူတွေမှာလည်း ကာကွယ်ပေးနိုင်မှာပါ။ ဒါ့အပြင် ပြောင်းဖူးမှာပါတဲ့ phenolic phytochemicals က သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တာကြောင့်သွေးတိုးသမားတွေအတွက် သင့်တော်ပါတယ်။နှလုံးကျန်းမာစေနိုင်တယ်။အစာကြေစေနိုင်တယ်။သကြားပြောင်းမှာ နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ်တွေပါဝင်နေပါတယ်။ ပြောင်းဖူးမှာပါဝင်နေတဲ့ ပျော်ဝင်မလွယ်တဲ့ အမျှင်ဓာတ်ကဝမ်းချုပ်တာကို ကာကွယ်ပေးနိုင်ပြီး ဝမ်းမှန်စေနိုင်သလို ဝမ်းပျက်ဝမ်းလျှောဖြစ်တာကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။ကိုယ်ဝန်ဆောင်တွေနဲ့ သင့်တော်တယ်။ပြောင်းဖူးမှာ ဖောလစ်အက်ဆစ်ကြွယ်ဝစွာပါဝင်နေမှုကောင့် ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ စားပေးသင့်တဲ့ အစားအစာတစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့ ခြေလက်ဖောရောင်တာတွေကို သက်သာစေနိုင်ပါတယ်။ပြောင်းဖူးချိုချိုလေးစားရင်း အခုပြောခဲ့တဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/benefits-of-sweet-corn/
လူကြီးမိဘတွေသက်လုံကောင်းစေဖို့နဲ့ခွန်အားပြည့်ဝစေဖို့ ဘာတွေလုပ်ပေးရမလဲ
လူတစ်ယောက်ရဲ့ဘဝသက်တမ်းတလျှောက်မှာ သားသမီးတွေရှိခဲ့နိုင်တယ်၊ ခွဲစိတ်မှုတွေခံယူခဲ့ဖူးနိုင်တယ်၊ ဝခဲ့ဖူးမယ်၊ ပိန်ခဲ့ဖူးနိုင်တယ်၊ ထိခိုက်ဒဏ်ရာတွေခံစားရဖူးနိုင်တယ် ဒါမှမဟုတ် အသက်အန္တရာယ်ကြုံခဲ့ရတဲ့ရောဂါတွေ ရင်ဆိုင်ခဲ့ရနိုင်တယ်။ အသက်ကြီးလာတဲ့အခါကျရင်တော့ ဟော်မုန်းတွေအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ ခန္ဓါကိုယ်မှာ ဖြစ်လာတဲ့ပြောင်းလဲမှုအမျိုးမျိုးကို မလွှဲမရှောင်သာ လက်ခံပေးရမှာပါ။ ဒါ့ကြောင့် ကျန်းကျန်းမာမာနဲ့ ခွန်အားပြည့်ဝစွာနေနိုင်ဖို့ လျှို့ဝှက်ချက်ကို လူကြီးမိဘတွေနဲ့ သူတို့ရဲ့စောင့်ရှောက်သူတွေက လိုလားတောင့်တနေကြတာဖြစ်ပါတယ်။ ဒီအကြံပြုချက်လေးတွေကို ဖတ်ကြည့်ပါ၊ အထောက်အကူဖြစ်စေပါလိမ့်မယ်။တိုးတက်နေတဲ့ ဒီနေ့ခေတ်မှာ နည်းပညာပစ္စည်းတွေသုံးစွဲမှုများလာပြီး မိုဘိုင်းဖုန်း၊ တီဗီ၊ ကွန်ပျူတာတွေမရှိတဲ့ အိမ်ဆိုတာ မရှိသလာက်ပါပဲ။ ဒါ့အပြင် တီဗီကြိုက်တဲ့ လူကြီးမိဘတွေဆိုရင်တော့ အိပ်ရေးဝဝအိပ်နိုင်ဖို့ သိပ်မဖြစ်နိုင်ပါဘူး။ အိပ်ရေးပျက်ထားတဲ့လူဟာနောက်တစ်နေ့မှာခေါင်းမူးနေမယ်၊ အာရုံပျံ့လွင့်လွယ်တယ်၊တစ်နေ့တာလုံး အားနည်းသလို နုံးသလိုခံစားနေရတတ်ပါတယ်။ အသက်ကြီးသူတွေမှာဆို ဒီအခြေအနေတွေက ပိုဆိုးနိုင်ပါတယ်။ အသက်ကြီးလာပြီဆိုရင် ခန္ဓါကိုယ်က အရင်ကလို ဒူပေနာပေခံနိုင်တော့မှာမဟုတ်ဘဲ အိပ်ရေးလေးပျက်ရုံနဲ့ ဆီးချိုရောဂါ၊ ကိုယ်ခံအားနည်းခြင်း၊ကြွက်သားအားလျော့ခြင်း၊ ခံနိုင်ရည်လျော့ကျခြင်း၊နဲ့ အရေးပါတဲ့ကိုယ်တွင်းအင်္ဂါတွေမှာ ယိုယွင်းပျက်စီးလာခြင်းတို့လို ကျန်းမာရေးပြဿနာပေါင်းများစွာဖြစ်လာနိုင်ခြေများပါတယ်။ ဒါ့ကြောင့် အရေးကြီးတာက လူကြီးတွေကို ညဘက်ကောင်းကောင်း အိပ်စက်နိုင်ဖို့ ၊ အိပ်ချိန်မလွန်ဖို့ သတိပေးပါ။လူကြီးတွေကိုရေများများသောက်ခိုင်းပါ။ ခန္ဓါကိုယ်ရဲ့ဇီဝဖြစ်စဉ်ကိုထောက်ပံ့ပေးနိုင်ဖို့အတွက် အထိရောက်ဆုံးနည်းလမ်းကရေဓါတ်ဖြည့်တင်းပေးဖို့ပါပဲ။ရေသောက်ဖို့ သတိပေးသင့်သလို ဖျော်ရည်၊ စွပ်ပြုတ်၊ ဟင်းချိုစတာတွေကလည်း သူတို့ရဲ့စားသောက်မှုအာဟာရမှာရေဓါတ်ပါဝင်စေမှာဖြစ်ပါတယ်။အသက်ကြီးလာတာနဲ့အမျှလေ့ကျင့်ခန်းလုပ်ပေးတာက ကြွက်သားတည်ဆောက်မှုကို အထောက်အကူပေးပြီး ကြွက်သားသန်မာအားကောင်းစေပါတယ်။ ဒါ့အပြင် ကြွက်သားလှုပ်ရှားမှုက ကယ်လိုရီပိုလောင်ကျွမ်းစေတာကြောင့် လူကြီးတွေမှာ အစားစားချင်စိတ်ကိုလည်းမြှင့်တင်ပေးနိုင်ပြီး ခွန်အားတိုးကျန်းမာ၊နေကောင်းစေနိုင်ပါတယ်။ဖြည့်စွက်အာဟာရဆိုတာ ကလေးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ နာမကျန်းဖြစ်နေသူတွေအတွက်ချည်းပဲမဟုတ်ပါဘူး။ တကယ်တော့ လူကြီးတွေမှာလည်းနေ့စဉ်စားသုံးသမျှထဲမှာ မပါလို့ မရရှိလိုက်တဲ့အာဟာရဓါတ်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ဖြည့်စွက်အာဟာရတွေလိုအပ်ပါတယ်။ အာဟာရဓါတ်ပြည့်ဝပြီး ညီညွတ်မျှတတဲ့အာဟာရဖြည့်စွက်စာတွေမှာ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင်နဲ့ သတ္တုဓါတ်၊ အမျှင်ဓါတ်တို့ကိုထောက်ပံ့ပေးပြီး ကျန်းမာတဲ့ဘဝကိုရရှိစေမှာဖြစ်ပါတယ်။ ဒါမှနေ့စဉ်ရရှိသင့်တဲ့အာဟာရဓါတ်ကိုပြည့်မီစေပြီး ခွန်အားပြည့်ဝစေမှာပါ။လူကြီးတွေ ခွန်အားပြည့်ဝနေစေဖို့ အကောင်းဆုံးက တခါတည်းအများကြီးကျွေးတာထက် ပမာဏနည်းနည်းနဲ့ အကြိမ်ရေခြားပြီး မကြာခဏကျွေးသင့်ပါတယ်။ နည်းနည်းချင်းစားတဲ့ ထမင်းခြောက်နပ်စာက လူကြီးတွေအတွက် တစ်နပ်စာစီကနေ ထိုက်သင့်မှန်ကန်တဲ့ အာဟာရဓါတ်တွေ ရရှိစေမှာဖြစ်ပါတယ်။လူကြီးတွေဟာ တစ်နေ့တာစားသုံးတဲ့ကယ်လိုရီပမာဏအပြင် သရေစာလည်း စားပေးဖို့လိုအပ်ပါတယ်။ သရေစာစားပေးခြင်းက အရေးပါတဲ့ အာဟာရဓါတ်စားသုံးမှုကို ပိုများစေပြီး ခွန်အားပြည့်စေကာ အထွေထွေကျန်းမာရေးကိုလည်းမြှင့်တင်ပေးပါတယ်။ ဥပမာ –။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/nutrition-for-aging/%e1%80%9c%e1%80%b0%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%99%e1%80%ad%e1%80%98%e1%80%90%e1%80%bd%e1%80%b1-%e1%80%9e%e1%80%80%e1%80%ba%e1%80%9c%e1%80%af%e1%80%b6%e1%80%80%e1%80%b1%e1%80%ac%e1%80%84/
အစာခြေလမ်းကြောင်း တွင် ဖြစ်တတ်သော အနာများနှင့် ဘယ်လိုကာကွယ်ကြမလဲ။
အစာခြေလမ်းကြောင်းဆိုတာ ပါးစပ်၊ လည်မျို ကစ အစာအိမ်၊ အူနဲ့ စအို အဆုံး လမ်းကြောင်းတစ်လျှောက်ကို ခေါ်ပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အစာခြေလမ်းကြောင်းမှာ အဖြစ်များတဲ့peptic ulcerလေးအကြောင်းကို မျှဝေပေးသွားမှာပါ။ peptic ulcer မှာ အဓိကအားဖြင့်အစာအိမ်အနာဖြစ်ခြင်း (gastric ulcer) နဲ့ အူသိမ်ဦးပိုင်းအနာ ဖြစ်ခြင်း (Duodenal ulcer) ဆိုပြီး နှစ်မျိုးပါဝင်ပါတယ်။ဒီအစာခြေလမ်းကြောင်းအနာနှစ်မျိုးဟာ H.Pylori လို့ခေါ်တဲ့ ဘက်တီးရီးယား ပိုးတစ်မျိုးကြောင့် အများဆုံး ဖြစ်တတ်ပါတယ်။ကျွန်ုပ်တို့ရဲ့ အစာအိမ်နဲ့ အူနံရံတွေမှာ အစာခြေဖို့အတွက် ထုတ်လိုက်တဲ့အက်ဆစ်တွေကို ကာကွယ်နိုင်ဖို့အတွက် ထူထဲတဲ့ mucous အလွှာလေးတွေရှိပါတယ်။ အဲဒီအလွှာလေးတွေက ပါးသွားပြီး မကာကွယ်နိုင်တော့တဲ့အခါ အနာတွေဖြစ်လာပါတယ်။ များသောအားဖြင့် အစာအိမ်အနာတွေက အဲလို အကာကွယ်ပေးနိုင်မယ့်အလွှာလေးတွေကို အားနည်းစေတဲ့ အချက်တွေ (ဥပမာ- H.pylori ပိုးဝင်ခြင်း၊ဆေးလိပ်သောက်ခြင်း၊အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံသောက်ခြင်း စတာတွေ) ကြောင့် အဖြစ်များပါတယ်။အူသိမ်ဦးပိုင်းအနာကတော့ အကာကွယ်ပေးမယ့်အလွှာလေးက ကောင်းမွန်နေပေမယ့် အက်ဆစ်တွေ အထုတ်များတာကြောင့် ဖြစ်လေ့ရှိပါတယ်။ အဲ့ဒါကြောင့် အက်ဆစ်အထုတ်များစေနိုင်တဲ့ H.pylori ပိုးဝင်ခြင်း၊စိတ်ဖိစီးမှုများခြင်း၊ နဲ့ အက်ဆစ်အထုတ်များစေတဲ့ hyperparathyroidism, Zollinger Ellison’s Syndrome စတဲ့ ရောဂါမျိုးရှိတဲ့ သူတွေမှာ အူသိမ်ဦးပိုင်းအနာ ဖြစ်လေ့ရှိပါတယ်။အစာအိမ်အနာနဲ့ အူသိမ်ဦးပိုင်းအနာတွေဟာ လူငယ်တွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုများသူများ၊O သွေးပိုင်ရှင်များ၊အစာစားချိန်မမှန်သူများ၊ အပူအစပ် နဲ့အရက်သောက်တဲ့ သူတွေမှာလည်း ဖြစ်နိုင်ချေပိုများပါတယ်။၁။ ဗိုက်နာခြင်း။အစာအိမ်အနာနဲ့ အူသိမ်အနာတွေမှာ ဖြစ်တဲ့ ဗိုက်နာခြင်းမှာ ထူးခြားတဲ့ အချက် ၃ ချက်ရှိပါတယ်။ကွာခြားချက်ကတော့ အစာအိမ်အနာကြောင့်ဖြစ်တဲ့ ဗိုက်နာခြင်းဟာ အစာစားပြီး (အထူးသဖြင့် ပူစပ်တဲ့ အစားအစာတွေစားပြီး) မိနစ်အနည်းငယ်အတွင်းမှာ နာတတ်ပါတယ်။ ဒါပေမယ့် အူသိမ်ဦးပိုင်းမှာ ဖြစ်တဲ့အနာကတော့ အစာမရှိရင်၊ ဆာရင် ပိုနာတတ်ပြီး အစာစားလိုက်ရင်သက်သာသွားလေ့ရှိပါတယ်။၂။ အခြားရောဂါ လက္ခဏာများ။ဗိုက်နာခြင်းအပြင် ပျို့အန်ခြင်း၊ အစာမကြေခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ရင်ပူခြင်းတွေလည်း ခံစားရနိုင်ပါတယ်။အနာပေါက်ထွက်သွားခြင်း၊ သွေးထွက်ခြင်း နဲ့ ကင်ဆာအဖြစ်ပြောင်းလဲသွားခြင်းတွေ ဖြစ်လာနိုင်ပါတယ်။နောက်ဆက်တွဲတွေဖြစ်လာတဲ့အခါမှာ ဝမ်းမည်းမည်းသွားခြင်း၊ သွေးအန်ခြင်း (သို့) ကော်ဖီရောင်အန်ခြင်း၊ သွေးအားနည်းခြင်း၊ မောခြင်း စတဲ့ ရောဂါလက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။ဒီဆောင်းပါးလေးကို ဖတ်ပြီး အစာခြေလမ်းကြောင်းအနာဖြစ်ခြင်းကို  ကြိုတင်ကာကွယ်ကြဖို့ တိုက်တွန်းလိုပါတယ်။ရေးသားသူ- Khine Phoo Ngon။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/%e1%80%a1%e1%80%85%e1%80%ac%e1%80%81%e1%80%bc%e1%80%b1%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8-%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%96/
ကလေး ရေချိုးဆပ်ပြာ များနဲ့ ဓာတုအန္တရာယ်
ကိုယ့်ရဲ့ သားသားမီးမီးလေးတွေအတွက်ပဲ ဖြစ်ဖြစ်၊ လက်ဆောင်ပေးဖို့အတွက်ပဲ ဖြစ်ဖြစ် ကလေး အသုံးအဆောင်ပစ္စည်းတွေ ရွေးချယ်တဲ့အခါ ဘာတွေထည့်ပြီး စဉ်းစားဖြစ်လဲ။ ကျသင့်မယ့် ဈေးနှုန်းလား၊ ဘရန်းဖြစ်မဖြစ်လား၊ လှတပတလေးတွေလား။ ဒါတွေထက်ပိုပြီး အရေးကြီးတဲ့အချက်က နုနယ်တဲ့ ကိုယ်ခန္ဓာပိုင်ရှင် ဘေဘီလေးအတွက် ဘေးအန္တရာယ်ကင်းပြီး အဆင်ပြေစေမယ့် အသုံးအဆောင်ပစ္စည်းတွေ ဖြစ်ဖို့ပါပဲ။ အရေပြားနုနုလေးပေါ်မှာ အသုံးပြုမယ့်ပစ္စည်းတွေဆို သက်ရောက်မှုက ပိုသိသာတာပေါ့။ ဓာတ်မတည့်ခြင်းဖြစ်လွယ်တာက ကလေးတွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်နေတာကြောင့်လည်း ပါပါတယ်။ ဒါ့ကြောင့် ကလေး ရေချိုးဆပ်ပြာ အပါအဝင် ကလေးအတွက် မရှိမဖြစ်လိုအပ်တဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေကိုဝယ်ယူရာမှာ ဒီအချက်လေးတွေ မေမေတို့ သတိထားဖို့လိုတယ်နော်။ကလေးအသားအရေသုံးပစ္စည်းတွေမှာ အရောင်ဆိုးဆေး၊ ရေမွှေးနံ့နဲ့ ဓာတုပစ္စည်းတွေပါနေခဲ့ရင် ပြဿနာရှိပါတယ်။အဲဒီဓာတုပစ္စည်းတွေက ကလေးတွေအတွက် အန္တရာယ်ရှိနိုင်ပါတယ်။အဆိပ်အတောက်ကင်း၊ ဓာတုအပြင်းစားတွေကင်းပြီး ကလေးအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ အပျော့စားဆပ်ပြာပဲ ဖြစ်ရပါမယ်။ကလေးရဲ့ အသားအရေကို လူကြီးသုံးဆပ်ပြာတွေ မသုံးမိပါစေနဲ့။ လူကြီး ဆပ်ပြာဆိုတာဓာတုပစ္စည်းတွေပိုပါတတ်လို့ ကလေးအသားအရေအတွက် မသင့်တော်ပါဘူး။ရနံ့မွှေးကြိုင်နေတဲ့ ကလေး ရေချိုးဆပ်ပြာ တွေမှာ ကလေးအသားအရေကို မကောင်းတဲ့ ဓာတ်ပြုပြောင်းလဲမှုတွေ ရှိလာစေနိုင်တဲ့ အပြင်းစားဓာတုပစ္စည်းတွေပါနေနိုင်တဲ့အတွက်ကြောင့်ပါ။ အနံ့မွှေးမွှေးလေးမှ ကလေးကကြိုက်တယ်ဆိုတိုင်း အလိုမလိုက်ကြပါနဲ့။ကလေးရဲ့ အသားအရေကဓာတ်မတည့်ဖြစ်လွယ်တတ်ရင်၊ခြောက်သွေ့တတ်ရင်၊ အရေပြားပြဿနာတစ်ခုခုရှိရင် အသားအရေမရွေး သုံးနိုင်တဲ့ hypoallergenic အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။တာရှည်ခံပစ္စည်းအနေနဲ့ ပါဝင်တတ်ပြီး ကလေးရဲ့ အရေပြားကနေ အလွယ်တကူ စုပ်ယူနိုင်တာကြောင့် သတိထားသင့်ပါတယ်။အရောင်ပါတဲ့ ရေချိုးဆပ်ပြာတွေက အရေပြားယားယံတာ၊ ဓာတ်မတည့်တာတွေ ဖြစ်စေနိုင်ပါတယ်။ဆပ်ပြာအစွန်းချွတ်ဆေးက ကလေးတွေမှာ မျက်ရည်ပူတွေကျတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းယားယံတာတွေကို ဖြစ်စေနိုင်ပါတယ်။အာရုံကြောပစ္စည်းတွေကို ပျက်စီးစေတဲ့ neurotoxin တစ်မျိုးဖြစ်ပြီး အသားအရေနဲ့ မျက်စိကို ထိခိုက်စေတဲ့အပြင် ကင်ဆာအထိပါ ဖြစ်စေနိုင်ပါတယ်။တချို့ကလေးတွေက ဂလူတန်မတည့်ပါဘူး။ ရေချိုးတဲ့အခါ ရေချိုးဆပ်ပြာတွေက အနည်းနဲ့ အများတော့ ပါးစပ်ထဲ ဝင်နိုင်တာကြောင့် ဂလူတန်မပါတာကို သုံးနိုင်ရင် ပိုကောင်းပါတယ်။က‌လေးအသားအရေကို ခြောက်သွေ့ယားယံစေနိုင်ပါတယ်။Petroleumတွေက ‌ချွေးပေါက်တွေကို ပိတ်စေနိုင်တာကြောင့် ကလေးသုံးပစ္စည်းတွေထဲမှာတော့ မပါသင့်ပါဘူး။Formaldehydeကို တာရှည်ခံပစ္စည်း၊ ပိုးသေစေတဲ့ ပစ္စည်းအနေနဲ့ သုံးတယ်ဆိုပေမယ့် ကလေးသုံးရေချိုးဆပ်ပြာတွေမှာ ပါနေခဲ့ရင် အရေပြားယားယံတာ၊ ဓာတ်မတည့်တာ၊ အာရုံကြောထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။Triclosanက ပိုးသေစေတဲ့ အာနိသင်ရှိပြီး ဆပ်ပြာတွေ၊ သွားတိုက်ဆေးတွေမှာ ပါတတ်ပါတယ်။ လေ့လာချက်တွေအရ Triclosanက ဟော်မုန်းတွေ ကမောက်ကမဖြစ်စေတာ၊ ပိုးသတ်ဆေးမတိုးတော့တာတွေကို ဖြစ်စေနိုင်ပါတယ်။Animal-derived ingredientsတွေက ကလေးတွေမှာ အခန့်မသင့်ရင် ဓာတ်မတည့်တာကို ဖြစ်စေတတ်ပါတယ်။ရင်သားကင်ဆာဖြစ်ပွားမှုနဲ့ ဆက်နွှယ်နေတယ်လို့ သုတေသနတွေက တွေ့ရှိထားတဲ့ ဓာတုပစ္စည်းပါ။ဒီပါဝင်ပစ္စည်းက ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ကိုလင်းဓာတ် စုပ်ယူနိုင်စွမ်းကို ဟန့်တားတာကြောင့် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ဒီပစ္စည်းက အသည်းရဲ့လုပ်ဆောင်ချက်ကို မူမမှန်ဖြစ်စေပြီး ကျောက်ကပ်ပျက်စီးစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ကလေးအတွက် ရေချိုးဆပ်ပြာ အသစ်ကို စသုံးတဲ့အခါ သုံးပြီးပြီးချင်း ၁ရက်၊ ၂ရက်လောက် စောင့်ကြည့်ပါ။ ကလေးအရေပြားမှာ နီရဲရောင်ရမ်းလာရင်၊ ကလေးက ကုတ်နေရင်၊ အသားခြောက်သွားရင် အပြင်းစား ဓာတုပစ္စည်းတွေပါတာ ဒါမှမဟုတ် ကလေးနဲ့ ဓာတ်မတည့်တာ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် သုံးတာကို ချက်ချင်းရပ်လိုက်ပါ။ ဒါနဲ့တောင် အရေပြားပြဿနာတွေက မသက်သာသေးရင် ကလေးဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။ဒီလောက်ဆိုရင် ကလေးလေးတွေအတွက် ရေချိုးဆပ်ပြာ ‌ဝယ်ယူတဲ့အခါ အန္တရာယ်ကင်းတာကို ရွေးပြီး ဝယ်တတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/shower-soaps-and-babies/
Tuberculosis (တီဘီရောဂါ)
အဆုတ်တီဘီ ဆိုသည်မှာ တစ်ရှူးများကို တိုက်ခိုက် ဖျက်စီးတတ်သော ဘက်တီးရီးယားပိုး ကူးစက်မှု တစ်မျိုးဖြစ်ပါသည်။ ထို ဘက်တီးရီးယားကိုMycobacterium tuberculosis (MTB) ဟုခေါ်ပြီး လေထဲမှတစ်ဆင့် ကူးစက် ပျံ့နှံ့ပါသည်။ လူအတော်အများသည် ငုပ်နေသော အဆုတ် တီဘီရောဂါကို ခံစားရပါသည်။ လူနာ၏ကျန်းမာရေး အပေါ် မူတည်၍ အချိန်အတိုင်းအတာတစ်ခု (သီတင်းပတ် အနည်းငယ် မှ နှစ်အတန်ကြာ) ကြာပြီးနောက် တီဘီရောဂါပိုး သည် ရောဂါလက္ခဏာများကို စတင်ဖြစ်ပွားစေပါသည်။ အထူးသဖြင့် လူနာ သည် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ ကင်ဆာ သို့မဟုတ် ကင်ဆာဆေးကုထုံးခံယူနေခြင်း စသော ကိုယ်ခံအားနည်းစေသောအကြောင်းရင်းများ ရှိပါက တီဘီရောဂါသည် ပို၍လျင်မြန်စွာ ဖြစ်ပွားပါသည်။ ရောဂါသည် အဆုတ်ကို ထိခိုက် နေပြီး အရိုး၊ ပြန်ရည်ကျိတ်၊ ပင်မအာရုံကြော အဖွဲ့အစည်း၊ နှလုံး နှင့် အခြားအင်္ဂါများသို့ ပျံ့နှံ့ နိုင်ပါသည်။ကိုယ်ခံအားနည်းသောလူများတွင် ရောဂါဖြစ်ပွားရန် ကြာချိန်သည် တိုတောင်းပါသည်။ ရောဂါအဆင့်တိုးလာပြီး တီဘီသည် အလွယ်တကူ ပျံ့နှံ့ ပါသည်။ အောက်ပါလူများသည် အဆုတ်တီဘီရောဂါ ဖြစ်နိုင်ချေ မြင့်ပါ သည်။တီဘီရောဂါပိုးစဝင်ပြီး လက္ခဏာမပြသေးခင် ကြားချိန် တွင် သင်သည် ပုံမှန်ဟု ခံစားရ မည်။ လူနာအများစုသည် ဤအဆင့်တွင် ရောဂါလက္ခဏာ မပြသလို ရောဂါလည်း မပျံ့နှံ့ပါ။ ရောဂါစ ဖြစ်ပါက ရောဂါ လက္ခဏာ များ စတင်ပေါ်ပေါက်လာသည်။ ထိခိုက်သော အင်္ဂါပေါ် မူတည်၍ ရောဂါလက္ခဏာများသည် ချောင်းဆိုး ခြင်း (အနည်းဆုံး ၃ပတ်လောက်)၊ သလိပ်ထွက်ခြင်း၊ ချောင်းဆိုးရာ တွင် သွေးပါခြင်း၊ အဖျားတက်ခြင်း၊ ညဘက် ချွေးပြန်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ အစာစားချင်စိတ် နည်းခြင်း၊ မောပန်းခြင်း နှင့် အားနည်းခြင်း တို့ဖြစ်ပါသည်။ တီဘီ ရောဂါလက္ခဏာများသည် အခြား အဆုတ်နှင့် ဆိုင်သော ရောဂါများကြောင့်လည်း ဖြစ်နိုင်ပါသည်။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များ လည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန် နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။သင့်တွင် အဖျားတက်ခြင်း၊ ရှင်းမပြနိုင်အောင် ကိုယ် အလေးချိန် ကျခြင်း နှင့် ညဖက်ချွေးပြန်ခြင်း တို့ဖြစ်ပါက ဆရာဝန်နှင့် ပြသပါ။ အထူးသဖြင့် ၃ပတ်ဆက်တိုက် ချောင်းဆိုးခြင်း ရှိပါက တီဘီကြောင့် ဖြစ်နိုင်သည်။ ၎င်း သည် တီဘီ၏ ရောဂါလက္ခဏာဖြစ်သော်လည်း အခြား ရောဂါများ၏ ရောဂါလက္ခဏာလည်း ဖြစ်နိုင်ပါသည်။ ဖြစ်စေသော အကြောင်းရင်းကို အတည်ပြုနိုင်ရန် ဆရာဝန် သည် စစ်ဆေးမှု များ ပြုလုပ်ပါမည်။သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခု ရှိနေပါက ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပါ။ လူတိုင်းရဲ့ ခန္ဓါကိုယ် တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး ခြင်းသည်သင်၏အခြေအနေကောင်းမွန်ရန်အတွက်အကောင်း ဆုံး ဖြစ်ပါသည်။Mycobacterium tuberculosis (MTB) ဟူသော ဘက်တီးရီယားကြောင့် ဖြစ်စေပြီး လေထဲမှတစ်ဆင့် ပျံ့နှံ့ ပါသည်။ ချောင်းဆိုးခြင်းဖြင့် လေထဲသို့ ပျံ့နှံ့သွားသော ဘက်တီးရီးယားကို ရှူသွင်းခြင်းကြောင့် ဖြစ်ပါသည်။ခန္ဓါကိုယ်တွင်းသို့ ဝင်ရောက်ပြီးနောက် ဗိုင်းရပ်စ် သည် မလှုပ်ရှားတော့ပါ။ ထိုအချိန်ကို ရောဂါငြိမ်နေချိန် ၊ အစပျိုးရန်ကြာချိန် ဟု ခေါ် ပါသည်။ ဗိုင်းရပ်စ်သည် မထကြွသောကြောင့် ရောဂါ လက္ခဏာများ မရှိပါ။ ကူးစက်ခြင်းလည်း မရှိပါ။ စစ်ဆေးမှု ပြုလုပ်ပါက ရောဂါလက္ခဏာ မပြသော်လည်း ဗိုင်းရပ်စ် ရှိ ကြောင်း အဖြေထွက်ပါလိမ့်မည်။ ထိုအချိန်မှ စ၍သိရှိပါက တီဘီရောဂါ ဖြစ်နိုင်ချေ ကိုသိသာစွာ လျော့ချနိုင်ပါသည်။သို့သော်လည်း MTB ဗိုင်းရပ်စ် ကူးစက်သော လူ ၁၀ ယောက်တွင် ၁ယောက်သာ ရောဂါဖြစ်နိုင်ပါသည်။ ဗိုင်းရပ်စ် သည် ကိုယ်ခံအားက မတိုက်ခိုက်နိုင်သော အချိန်တွင် ခန္ဓါကိုယ်အား တိုက်ခိုက်ပါသည်။ ကိုယ်ခံအား စနစ် အားနည်းသော အချိန် ( အသက်ကြီးသူများ၊ HIV ရှိသူများ) ကို စောင့်၍ တိုက်ခိုက်ပါသည်။ ထို့ကြောင့် ရောဂါဖြစ်ရန် ကြာသောအချိန်သည် တစ်ယောက်နှင့် တစ်ယောက် ကွဲပြား ပါသည်။ ရောဂါစဖြစ်ပါက ဗိုင်းရပ်စ်သည် အဆုတ်နှင့် သွေး ကြောများ တွင်ကြီးထွားလာကာ ခန္ဓါကိုယ် အခြားနေရာများ သို့ ပြောင်းရွှေ့ပါသည်။အချို့အချက်များသည် အဆုတ်တီဘီရောဂါ ဖြစ်ပွားနိုင်မှုကို မြင့်တက်စေပါသည်။ အဓိကအချက်မှာ ကိုယ်ခံအားစနစ် နည်းခြင်း ဖြစ်ပြီး အောက်ပါတို့ ပါဝင်ပါသည်။ဖြစ်ပွားနှုန်းကို မြင့်စေသော အချက်များ သင့်မှာ မရှိခြင်းသည် သင် ရောဂါမဖြစ်နိုင်ဟု မဆိုလိုပါ။ ဤအချက်များသည် ကိုးကားချက်သာလျှင် ဖြစ်သည်။ ပိုမိုသော အချက်အလက်များ အတွက် အထူးကု ဆရာဝန်နှင့် တိုင်ပင်ပါ။ယခု ဖော်ပြ ထားသည့် အချက်အလက် များမှာ ဆေး ပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေး ချက် များ နေရာ တွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက် သိရှိလို သော အချက်အလက်များအတွက် သင့်၏ ဆရာဝန်နှင့် အမြဲတိုင်ပင် ဆွေးနွေးပါ။သင့်တွင်အကြောင်းရင်းမရှိဘဲ ဆက်တိုက်ချောင်းဆိုးခြင်း၊ ကိုယ်အလေးချိန်ကျခြင်း သို့မဟုတ် အဖျားတက်ခြင်း တို့ဖြစ်နေလျှင် အဆုတ်တီဘီရောဂါ ကြောင့်ဖြစ်နိုင်ပါသည်။ ဆရာဝန်သည် သင်နေထိုင်သော အလုပ်လုပ်သော နေရာနှင့် သင်ထိတွေ့ရ သောလူများ အကြောင်းကို မေးပါလိမ့်မည်။ တီဘီ ကူးစက်ခြင်း၏ ရင်းမြစ် ကို ဖော်ထုတ်ရန်အတွက် ဖြစ်သည်။ ဆရာဝန်သည် တီဘီအရေပြား စစ်ဆေးခြင်း ကို လုပ်ဆောင် ပါမည်။ ရောဂါဖြစ်ပွားမှုကို မြင့်စေသော အချက်များ (အထူးသဖြင့် HIV)၊ နိုင်ငံခြားခရီးသွားခြင်း နှင့် အပြင်ဘက် အလုပ်များ သည် ရောဂါအဖြေရှာခြင်းကို ဆုံးဖြတ် ပေးနိုင်ပါ သည်။အဆုတ်တီဘီရောဂါပိုး တွင်ပါဝင်သော ပစ္စည်း (PPD) ဖြင့် အရေပြားကို စမ်းသပ်ခြင်းကိုလည်း ပြုလုပ်နိုင်ပါသည်။ တီဘီ ဖြစ်စေသည့် ဘက်တီးရီးယားပိုးပါဝင်သော ပရိုတိန်း အနည်းငယ်ကို လက်မောင်းအောက် အရေပြားတွင်း သို့ ထိုး သွင်းခြင်း ဖြစ်သည်။ ထို့နောက် ၄၈-၇၂ နာရီအတွင်း ရောင်လာ သော အစက်နေရာကို တိုင်းတာပါသည်။ ထိုးလိုက်သော နေရာမှ ရောင်လာသော အစက် အရွယ် အစားသည် ရောဂါပိုးရှိမရှိကို ဆုံးဖြတ်ပေးပါသည်။ စစ်ဆေးမှုသည် အပေါင်းလက္ခဏာထွက်နေလျှင် သင့်မှာ တီဘီပိုးကူးစက်ခံရဖူးသည်ဟု ဆိုလိုသည်။ဆရာဝန်သည် MTB ဗိုင်းရပ်စ် ရှိသလားစစ်ရန် ဓါတ်မှန်ရိုက်ခြင်း နှင့် သလိပ်၊သွေး သို့မဟုတ် ဆီးနမူနာ ယူခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ HIV စစ်ခြင်း လည်း ပြုလုပ် နိုင်ပါသည်။အဆုတ်တီဘီရောဂါ ကို လွယ်ကူစွာ ကုသနိုင်ပါသည်။ ဆေး ၆လ သို့မဟုတ် ပိုကြာစွာ သောက်ခြင်း ပြုလုပ်ရမည်။ ကုသမှု တွင် ပဋိဇီဝဆေး နေ့စဉ် ၃-၄ ကြိမ်သောက်ရန် လည်း ပါဝင်ပါသည်။ သီတင်းပတ် အနည်းငယ်တွင် သက်သာမှု ခံစားရပါမည်။ သို့သော်လည်း ရောဂါသည် ပြန်ဆိုးလာနိုင်ပါ သည်။ ရောဂါလက္ခဏာများ ပျောက်သွားသော်လည်း ကုသမှု ကို အပြည့်ခံယူရန် အရေးကြီး ပါသည်။ ဆေးသောက်ခြင်း ကို အချိန်မပြည့်မီ ရပ်တန့်လိုက်ပါက ဘက်တီးရီးယားသည် ခန္ဓါကိုယ်ထဲတွင် ကျန်ရှိနေနိုင်ပါသည်။ တီဘီပြန်ဖြစ်သော အခါ ခန္ဓါကိုယ်၏ အခြားနေရာများသို့ ပျံ့နှံ့ ပါသည်။ သင်နှင့် အနီးကပ် ထိတွေ့ရသူများ နှင့် မိသားစု ဝင်များကိုလည်း ဆေးစစ်ကြည့်သင့်ပါသည်။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် အဆုတ်တီဘီရောဂါ ဖြစ်ခြင်း ကို ထိန်းချုပ်နိုင်ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/tuberculosis/tuberculosis/
သိုင်းရွိုက်ဟော်မုန်းနှင့် ရုတ်တရက် နှလုံးရပ်ခြင်း ဆက်နွယ်မှု
သင်၏နှလုံးခုန်နှုန်းသည် အခြားသူများထက် ဘာကြောင့်နှေးနေလဲ၊ သင်သည်အစားစားပြီး ၂ နာရီအကြာတွင် ဗိုက်ဆာသလိုဘာကြောင့် ပြန်ခံစားရသလဲဆိုတဲ့ အကြောင်းရင်းတွေကို စဉ်းစားကြည့်ဖူးပါသလား။ ၎င်းတို့သည် ဇီဝရုပ်ဖြစ်ပျက်ခြင်းကြောင့်ဖြစ်သည်။ ဤဖြစ်စဉ်တွင် သိုင်းရွိုက်ဟော်မုန်း ပါဝင်သည်။ ၎င်းဟော်မုန်းများသည် အသေးငယ်ဆုံးဖြစ်သော အာရုံကြောများ၏ လုပ်ငန်းများမှစ၍ အလွန်လေးလံသောတံခါးကြီးကိုဖွင့်ရန်လိုအပ်သော လူစွမ်းကောင်းကြီး၏ အင်အား ကိုမြှင့်တင်ပေးသည်အထိ လုပ်ငန်းစဉ်အများစုကို ထိန်းချုပ်ထားသည်။ နှလုံးခုန်နှုန်း မြန်ခြင်း၊ နှေးခြင်း သည်လည်း ဤဟော်မုန်းများကြောင့်ဖြစ်ပြီး ဤဟော်မုန်းပမာဏများနေပါက နှလုံးရောဂါဖြင့်သေဆုံးနိုင်သည့်အန္တရာယ်များသည်ဟု သုတေသနများက အကြံပြုထားသည်။သိုင်းရွိုက်ဂလင်းသည် လည်ပင်း အရှေ့တွင် တည်ရှိသည်။ ၎င်းသည် လိပ်ပြာပုံနှင့်တူသည်။ လိပ်ပြာ၏တောင်ပံ ၂ ခုသည်၎င်း၏ အမြွှာ ၂ခု (ဘယ်မြွှာနှင့် ညာမြွှာတို့ကို ကိုယ်စားပြုသည်)။ ထိုဂလင်းသည် အရေးကြီးသော သိုင်းရွိုက်ဟော်မုန်း ၂မျိုးထုတ်သည်။ Eriiodothyronine နှင့် Thyroxine တို့ဖြစ်သည်။ ၎င်းဟော်မုန်း ၂ခုသည် ခန္ဓါကိုယ်နေရာအနှံ့သို့ သွားသည်။ ၎င်းသည်ဆဲလ်များအလုပ်လုပ်သည့် အမြန်နှုန်းနှင့် ဇီဝရုပ်ဖြစ်ပျက်ခြင်းဖြစ်စဉ်၏ အမြန်နှုန်းကို ထိန်းပေးသည်။ ဥပမာ- ၎င်းဟော်မုန်းပမာဏများနေလျှင် သင်သည်အစာကို မြန်မြန်ပိုချေနိုင်မည်။ နှလုံးခုန် နှုန်းပိုမြန်နေမည်။ ပုံမှန်ပမာဏထက်အလွန်များနေပါက ဝမ်းလျှောခြင်း၊ ကိုယ်အလေးချိန်ကျခြင်းတို့ဖြစ်နိုင် သည်။ အပြန်အလှန်အားဖြင့် ပမာဏနည်းနေပါက နှလုံးခုန်နှုန်းနှေးမည်။ ကိုယ်အလေးချိန်တက်လာမည်။ ဝမ်းချုပ်မည်။ တစ်နည်းအားဖြင့် ၎င်းဟော်မုန်းသည် သင့်ခန္ဓါကိုယ်တစ်ခုလုံး၏ လုပ်ငန်းလုပ်ဆောင်သည့် အမြန်နှုန်းကိုဆုံးဖြတ်ပေးသည်။သိုင်းရွိုက်ဟော်မုန်းပမာဏများလေလေ ရုတ်တရက်နှလုံးရပ်၍ သေဆုံးနိုင်သည့် အန္တရာယ် များလေလေဟု လေ့လာမှုအသစ်များကဆိုသည်။ ရိုတာဒမ်တွင်ပြုလုပ်သော သုတေသနတွင် လူပေါင်း ၁၀၀,၀၀၀ ကျော်ပါဝင်ခဲ့ကြသည်။ တွေ့ရှိချက်များသည် အလွန်အံ့သြဖွယ်ကောင်းသည်။သွေးထဲတွင်ရှိ သော သိုင်းရွိုက်ဟော်မုန်းပမာဏများကို နှလုံးရပ်၍သေဆုံးသွားသော လူနာများတွင်ရှိခဲ့သည့် ပမာဏများ နှင့် နှိုင်းယှဉ်ကြည့်သောအခါ ပုံမှန်ဖြစ်သော်လည်း များသည့်ဘက်သို့ရောက်သည့် သိုင်းရွိုက်ဟော်မုန်း ပမာဏသည် သေစေနိုင်သောနှလုံးထိခိုက်မှုဖြစ်နိုင်ချေမြင့်မားမှုနှင့် ဆက်စပ်နေကြောင်းတွေ့ရသည်။ ၎င်းသည် ပုံမှန်ထက်ပို၍ အလုပ်လုပ်နေသောသိုင်းရွိုက်ဂလင်းကြောင့် ဖြစ်နိုင်သည်။ ပုံမှန်လောက်ပင် အလုပ်မလုပ်သောဂလင်းသည်ပင်လျှင် ဆေးပမာဏအလွန်များပြားမှုကြောင့် ရုတ်တရတ်ထ၍ အလွန်လျင်မြန်စွာ အလုပ်လုပ်နိုင်သည်။ သို့သော် ပုံမှန်အလုပ်မလုပ်သော ဂလင်းရှိသည့်လူနာများအနေနှင့် သိုင်းရွိုက်ဟော်မုန်းပမာဏကျစေရန် ဆေးများကိုအတိုးအလျှော့လုပ်၍ သောက်နိုင်သည်။အထူးသဖြင့် သိုင်းရွိုက်ဟော်မုန်းပမာဏများသောသူများသည် နည်းသောသူများနှင့်နှိုင်းယှဉ်လျှင် သေဆုံးနိုင်ချေသည် ၂ဆခွဲပိုများသည်ဟု မှတ်တမ်းများတွင်တွေ့ရသည်။ ထို့ပြင် ၁၀နှစ်အတွင်း နှလုံးထိခိုက် မှုဖြစ်နိုင်ချေသည် ၄ဆခန့်ပို၍များသည်။ ကိုလက်စထရောပမာဏများခြင်းနှင့် သွေးပေါင်တက်ခြင်းတို့သည် ရလဒ်ကိုပြောင်းလဲနိုင်ခြင်းမရှိ။ ၎င်းတို့ကိုထိန်းနိုင်လျှင်ပင် ကိန်းဂဏန်းများကမပြောင်းလဲသွားပေ။ဤတွေ့ရှိချက်များက ကျွန်ုပ်တို့ကိုဘာပြောနေလဲ။ သေချာသည်မှာ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ သိုင်းရွိုက်ဟော်မုန်းပမာဏနှင့် ပတ်သက်ပြီးနိုးကြားနေဖို့လိုသည်။ နှလုံးနှင့်ပတ်သက်သော သေဆုံးမှုများ တွင် တစ်ဝက်ကျော်ခန့်သည် ရုတ်တရက်နှလုံးရပ်သေဆုံးမှုများဖြစ်သည်။ နှလုံးထိခိုက်မှုဖြစ်လာသောအခါ အချိန်မှာအလွန်တိုတောင်း၍ ကျန်းမာရေးစောင့်ရှောက်မှုချက်ချင်းလိုအပ်သောကြောင့် ရုတ်တရတ်သေဆုံး နိုင်ချေကိုတွက်ချက်ရန် အသုံးချနိုင်ပြီး ၎င်းပေါ်မူတည်ကာ ကာကွယ်ရေးများအတွက် နည်းလမ်းချမှတ်နိုင် မည်ဖြစ်သည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/%e1%80%9e%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1%80%b8%e1%80%9b%e1%80%bc%e1%80%ad%e1%80%b3%e1%80%80%e1%80%b9%e1%80%b1%e1%80%9f%e1%80%ac%e1%80%b9%e1%80%99%e1%80%af%e1%80%94%e1%80%b9%e1%80%b8%e1%82%8f/
Esophageal stricture (အစာမျိုပြွန်ကျဉ်းခြင်း)
အစာမျိုပြွန်ရောင်ရမ်းခြင်း၊ ပျက်စီးခြင်းကြောင့် အမာရွတ်ဖြစ်ရာမှ အစာမျိုပြွန် ကျဉ်းသွားခြင်းဖြစ်သည်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အစာမျိုပြွန်ကျဉ်းခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သည်။ အများအားဖြင့်တော့ ကင်ဆာကြောင့်မဟုတ်ပါ။ အစာခြေရည်ပြန်တက်သည့်ရောဂါကြောင့်ဖြစ်ပြီး အသက်၄၀ကျော်လျှင် အဖြစ်အများဆုံးဖြစ်သော်လည်း အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်။ အဓိကပြဿနာမှာ အစာအိမ်ထဲမှ အစာချေအက်ဆစ်များ အစာမျိုပြွန်ထဲသို့ လျှံတက်လာပြီး အစာမျိုပြွန်အောက်ပိုင်းကို ရောင်ရမ်းစေခြင်းဖြစ်သည်။ ထိုသို့ ရောင်လိုက် ပြန်ကောင်းလိုက် ထပ်ကာထပ်ကာဖြစ်သောအခါ အမာရွတ်များဖြစ်လာသည်။ နောက်ဆုံး အစာမျိုပြွန်အဝတွင် ညီညာသော ကွင်းကလေးပုံစံဖြစ်ပြီး ကျဉ်းသွားသည်။ ရင်ဝမ်းတားကြွက်သားအပေါက်မှ အူကျွံခြင်းကြောင့်လည်း အစာခြေရည် ပြန်တက်နိုင်သည်။Schatzki’s ring ဟုခေါ်သော အစာမျိုပြွန်အောက်ပိုင်းရှိ ကွင်းကလေးသည် အစာအိမ်နှင့် အစာမျိုပြွန်တို့ ဆုံရာတွင်တည်ရှိပြီး တခါထရံ နှစ်ပေါင်းများစွာအထိ ရှိနေနိုင်သည်။ ထိုကွင်းကိုတေ့ွပါက အစာမျိုပြွန်ချဲ့သည့် ကိရိယာထည့်ပြီး အမာရွတ်တစ်သျှူးကို ထိုးခွဲကာ ကျဉ်းနေသည့်နေရာကို အလွယ်တကူချဲ့၍ ကုသနိုင်သည်။ကင်ဆာကြောင့်မဟုတ်သော မွေးရာပါအစာမျိုပြွန်ကျဉ်းခြင်းတွင် အမြှေးပါး/အကန့်များ အစာမျိုပြွန် နေရာတိုင်းတွင် ဖြစ်နိုင်သော်လည်း အပေါ်ပိုင်းတွင် အများဆုံးဖြစ်သည်။ မှန်ပြောင်း သို့မဟုတ် Bougie dilator ဖြင့်ချဲ့ခြင်းဖြင့်လည်း ကုသနိုင်သည်။အစာမျိုပြွန်ကျဉ်းစေနိုင်သော အခြားအကြောင်းများမှာ လှိုက်စားစေတတ်သောအရာများကို မျိုချမိခြင်း ဥပမာ ကြမ်းတိုက်ဆေးရည်ကဲ့သို့ အဆိပ်အတောက်များ၊ ဓါတ်ရောင်ခြည်ထိခြင်း၊ ခွဲစိတ်ကုသမှုခံယူအပြီးတွင် ဖြစ်ခြင်းနှင့် အစာမျိုပြွန်အောက်ပိုင်းရှိ ကြွက်သားများတဖြည်းဖြည်းထူလာသောရောဂါ တို့ဖြစ်သည်။အစာမျိုပြွန်မကျဉ်းသော်လည်း အစာမျိုရခက်သော် အခြေအနေများမှာ အာရုံကြောဆိုင်ရာ ပြဿနာ၊ သွေးကြောပြဿနာ၊ အစာမျိုပြွန်အတက်ထွက်ခြင်း၊ အစာမျိုပြွန်ကျုံ့သည့် လှုပ်ရှားမှုဆိုင်ရာ ပြဿနာ၊ ကြွက်သားမသန်ခြင်းနှင့် myasthenia gravis ရောဂါတို့ကြောင့်လည်း ဖြစ်နိုင်သည်။အစာမျိုပြွန်ကျဉ်းခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အထက်ပါဖြစ်ပွားနိုင်ချေများမရှိခြင်းကြောင့် သင့်မှာ အစာမျိုပြွန်ကျဉ်းခြင်းမဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာမှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။လည်ချောင်းနှင့် အစာမျိုပြွန်ကို ဘေရီယမ်ဓါတ်မှန်ရိုက်ခြင်းတွင် ဘေရီယမ်အရည်ပျစ်ပျစ်ကို မျိုချရသည်။ ဘေရီယမ်က အစာမျိုပြွန်နှင့် အစာအိမ်ကို ဓါတ်မှန်တွင် ပိုမိုရှင်းလင်းစွာ မြင်နိုင်စေသည်။ CT scanဆိုသည်မှာလည်း ဓါတ်မှန်တမျိုးပင် ဖြစ်သည်။ CTရိုက်လျှင်ပုံထွက်ကောင်းစေရန် ကျန်းမာရေးဝန်ထမ်းက သင့်ကို ဆိုးဆေးတစ်မျိုး ပေးလိမ့်မည်။ အကယ်၍ ဆိုးဆေးနှင့် ဓါတ်မတည့်မှုဖြစ်ဖူးပါက ကြိုပြောပါ။မှန်ပြောင်းကြည့်ခြင်းဖြင့် အစာမျိုပြွန်ကျဉ်ခြင်း၏ အကြောင်းရင်းကို ရှာဖွေနိုင်သည်။ ဆရာဝန်က သင့်အစာမျိုပြွန်ကို ကွေးနိုင်သော ပိုက်ပျော့ဖြစ်ပြီး ထိပ်တွင်မီးအလင်းရောင်နှင့် ကင်မရာပါသည့် မှန်ပြောင်းနှင့် စစ်ဆေးကြည့်မည်။အစာမျိုပြွန်ချဲ့ခြင်းဖြင့် ကုသသည်။ အစာအိမ်မှန်ပြောင်းကြည့်ချိန်တွင် ချဲ့ရသည်။ လူနာကိုအိပ်ဆေးထိုးထားပြီး ပါးစပ်ထဲမှတဆင့် အစာမျိုပြွန်ထဲသို့ ဗီဒီယိုမှန်ပြောင်းကို ထည့်ရသည်။ ထို့နောက် အစာမျိုပြွန်ကို စစ်ဆေးကြည့်ပြီး ကင်ဆာကြောင့် မဟုတ်သည့် အစာမျိုပြွန်ကျဉ်းခြင်းဖြစ်ပါက နည်းလမ်းအမျိုးမျိုးနှင့် ချဲ့နိုင်သည်။မှန်ပြောင်းဖြင့်ထည့်၍ ကျဉ်းသည့်နေရာအရောက်တွင် ဘောလုံးကိုဖောင်းလိုက်ပြီး လူနာ၏ဝေဒနာကို သက်သာစေသည်။ မှန်ပြောင်းမသုံးဘဲချဲ့သည့် အခြားနည်းများလည်းရှိသည်။ Mallony or savory dilator ဟုခေါ်သည့် အရွယ်အစား တဖြည်းဖြည်းကြီးလာသော ကိရိယာများကို သုံးပြီး ကျဉ်းသည့်နေရာကို ချဲ့နိုင်သည်။ ချဲ့နည်းနှစ်မျိုးစလုံးတွင် လူနာကို အိပ်ဆေးပေးထားပြီး ဘယ်လိုမှခံစားရမည် မဟုတ်ပါ။အစာမျိုပြွန်ချဲ့ခြင်း၏ အန္တရာယ်များမှာ သွေးထွက်ခြင်း၊ ရောဂါပိုးဝင်ခြင်း၊ စုတ်ပြဲခြင်းတို့ ဖြစ်နိုင်ခြေရှိသည်။ ဖြစ်တောင့်ဖြစ်ခဲ ခပ်နက်နက်စုတ်ပြဲသွားပါက ခွဲစိတ်ပြုပြင်ရန် လိုနိုင်သည်။ကင်ဆာကြောင့်အစာမျိုပြွန်ကျဉ်းခြင်းကို ကုသနည်းများရှိသော်လည်း အများအားဖြင့် စိတ်ပင်ပန်းရတတ်သည်။ ကင်ဆာကျိတ်သည် သေး၍ အစာမျိုပြွန်ပြင်ပ အခြားနေရာသို့ မပြန့်သေးလျှင် ခွဲစိတ်ကုသရန်သင့်တော်ပြီး ရှားရှားပါးပါး ပျောက်ကင်းနိုင်ခြေရှိသည်။ ကင်ဆာသည် ပျောက်ကင်းနိုင်ခြေမရှိတော့ပါက ဆေးသွင်းကုသခြင်း၊ ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း၊ အစာမျိုပြွန်ချဲ့ခြင်း၊ လေဆာဖြင့်ကုသခြင်း၊ ဆေးထိုးခြင်း၊ အစာမျိုပြွန်ပွင့်နေစေရန် (ဝိုင်ယာဖြင့် ယက်ထားသောပြွန်) ပိုက်ထည့်ခြင်း တို့ဖြင့် သက်သာအောင်ပြုလုပ်နိုင်သည်။မည်သည့်အခြေအနေရောက်ရောက် လူနာတစ်ဦးချင်းဆီအတွက် အသင့်တော်ဆုံးကုသမှုပေးနိုင်ရန့် ဆရာဝန်နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ရမည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် အစာမျိုပြွန်ကျဉ်းခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။လိုအပ်သလို အနားယူပြီး တနေ့နည်းနည်းစီ ကြိုးစားပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကို ပြန်လုပ်ပါ။စားသင့်တဲ့အစာတွေအကြောင်း မေးထားပါ။ အချိန်တခုအထိ အစာအဖတ်မစားနိုင်ဘဲ ဖြစ်တတ်ပါတယ်။ ရေ၊ စွပ်ပြုတ်၊ ပန်းသီးဖျော်ရည်၊ သံပုရာရည်တို့ သောက်နိုင်ပါတယ်။ ရေခဲတုံးနဲ့ ဂျယ်လီတို့စားလို့ရနိုင်ပါတယ်။ သက်သာလာလျှင်အစာပျော့ပျော့ အရည်ပျစ်ပျစ်စားနိုင်ပါတယ်။ ကောင်းကောင်းမျိုနိုင်လာလျှင်တော့ ပုံမှန်အတိုင်း အစာအဖတ်များ ပြန်စားနိုင်ပါပြီ။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/esophageal-stricture-%e1%80%a1%e1%80%85%e1%80%ac%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%95%e1%80%bc%e1%80%bd%e1%80%94%e1%80%ba%e1%80%80%e1%80%bb%e1%80%89%e1%80%ba%e1%80%b8%e1%80%81%e1%80%bc/
အသည်းကင်ဆာ နဲ့ ပတ်သက်ပြီး သိသင့်သမျှ
အသည်းကင်ဆာ နဲ့ ပတ်သက်ပြီး လူတော်တော်များများကြားဖူးကြတာက အရက်သောက်ရင် အသည်းခြောက်တယ်။ အသည်းကင်ဆာဖြစ်တတ်တယ်။ ဒါလည်းမှန်ပါတယ်။ တကယ်တော့ အသည်းကင်ဆာလို့‌‌ပြောလိုက်ရင် အမျိုးအစား အများကြီးရှိပါတယ်။ အသည်းဆဲလ်က ဖြစ်တာလား။ သည်းခြေပြွန်ကဖြစ်တာလား။ သွေးကြောကဖြစ်တာလား။ ကလေးတွေရဲ့ အသည်းဆဲလ်နုနုလေးတွေမှာဖြစ်တာလား။ အသည်းကစဖြစ်တာလား။ တခြားကင်ဆာကနေ ပျံ့လာတာလား စသဖြင့်ပေါ့။ ခုပြောမှာက အသည်းဆဲလ်ကဖြစ်တဲ့ ကင်ဆာကို ‌‌ပြောပြပေးမှာပါ။ဒီအသည်းကင်ဆာက မြန်မာနိုင်ငံမှာအဖြစ်များတဲ့ ကင်ဆာတွေထဲက တစ်ခုပါ။ လူလတ်ပိုင်းတွေမှာအဖြစ်များပါတယ်။ အရင်က အမျိုးသားတွေမှာပဲ အတွေ့ရများပါတယ်။ အခုတော့ အမျိုးသမီးတွေမှာပါ အတွေ့ရများနေပါပြီ။ အသည်းကင်ဆာ နဲ့ ပတ်သက်ပြီး သိသင့်သမျှ အကြောင်း လေ့လာလိုက်ရအောင်နော်။စာလိုပြောရရင် အသည်းဆဲလ်မှာရှိတဲ့ ဒီအန်အေမျိုးဗီဇပြောင်းပြီး အဆမတန် ပွားလို့ ကင်ဆာကြိတ်ဖြစ်ရတာပါ။ ကင်ဆာဖြစ်တဲ့အကြောင်းအရင်းကို တစ်ခါတစ်လေ သိပေမယ့် တစ်ခါတစ်လေ ရှာမတွေ့ပါဘူး။ အောက်က အချက်တွေရှိရင်တော့ ကင်ဆာဖြစ်နိုင်ချေများပါတယ်။အသည်းရောင် အသားဝါပိုးရှိတာကို သေချာမကုရင် နှစ်အနည်းငယ်ကြာလာတဲ့အခါ အသည်းကင်ဆာဖြစ်တတ်ပါတယ်။အသည်းရာင်အသားဝါပိုးတွေ၊ အရက်သောက်တာတွေ၊ အသည်းမှာ သံဓာတ်စုတာတွေ စတာတွေကြောင့် နာတာရှည်အသည်းခြောက်‌ရောဂါကနေ အသည်းကင်ဆာဖြစ်တတ်ပါတယ်။မျိုးရိုးဗီဇကြောင့် အသည်းမှာ ကြေးဓာတ်တွေစုပုံတာ (Wilson disease)က ကြာလာရင် အသည်းကင်ဆာပြောင်းတတ်ပါတယ်။သာလာဆီးမီးယားရောဂါရှင်တွေမှာ သွေးခဏခဏသွင်းရတာကြောင့် ကြာလာရင် ခန္ဓာကိုယ်မှာ သံဓာတ်တွေစုပုံလာပြီး အသည်း‌ခြောက်ကာ အသည်းကင်ဆာဖြစ်တတ်ပါတယ်။ ဒါကြောင့် သူတို့ကို သံဓာတ်ဖျက်ဆေး (iron chelating agents)တွေပေးတာပါ။အသည်းက သွေးတွင်းသကြားဓာတ်ကို ထိန်းပေးပါတယ်။ နာတာရှည်ဆီးချို ရောဂါရှင်တွေက သာမန်လူထက် အသည်းကင်ဆာဖြစ်နိုင်ခြေ ၁.၈ဆကနေ ၄ဆအထိရှိပါတယ်။အသည်းမှာအဆီစုလာတာက ရေရှည်မှာ အသည်းခြောက်တာ၊ အသည်းအဆီဖုံးတာကို ဖြစ်စေပါတယ်။ပဲတွေ၊ ငရုတ်သီးတွေကို သေချာမသိုလှောင်တဲ့အခါ မှိုစွဲတာတွေဖြစ်လာပြီး ဒါကိုစားမိတဲ့အခါ အသည်းကင်ဆာဖြစ်တတ်ပါတယ်။အရက်ကိုနေ့တိုင်း ပမာဏများများနဲ့ နှစ်ချီအောင်သောက်မယ်ဆိုရင် အသည်းဆဲလ်တွေပျက်စီးပြီး အသည်းကင်ဆာဖြစ်လာနိုင်ပါတယ်။ကင်ဆာတွေရဲ့ထုံးစံအတိုင်း ကနဦးအဆင့်ဆိုရင် ရောဂါလက္ခဏာမပြတတ်ပါဘူး။ ကင်ဆာကျိတ်ကြီးလာရင်တော့။စောစောသိ စောစောကုတာက အကောင်းဆုံးပါပဲ။ လူနာအခြေအနေ၊ ရောဂါအခြေအနေအပေါ်မူတည်ပြီး။အောက်ကအချက်တွေကိုလိုက်နာရင် အသည်းကင်ဆာ ဖြစ်နိုင်ခြေ အထိုက်အလျောက်တော့ နည်းသွားနိုင်ပါတယ်။-အတူနေတဲ့သူမှာ ရောဂါရှိမရှိမသေချာရင် အတူနေတိုင်း ကွန်ဒုံးသုံးပါ။-မူးယစ်ဆေးမသုံးပါနဲ့။ ဆေးမပြတ်သေးရင်လည်း တစ်ခါသုံးအပ်ကိုပဲသုံးပါ။ တတ်နိုင်ရင် ဆေးဖြတ်လိုက်ပါ။-နားဖောက်တဲ့အခါ၊ တခြားအပေါက်ဖောက်တဲ့အခါ၊ တက်တူးထိုးတဲ့အခါ စိတ်ချပြီး တစ်ခါသုံးအပ်သုံးတဲ့ဆိုင်မှာပဲ လုပ်ပါ။-အသည်းရောင်ဘီပိုး၊ စီပိုးရှိရင်လည်း စောစောစီးစီး ကုသမှုခံယူပါ။အသည်းကင်ဆာ ဖြစ်စေတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပေမယ့် အများစုက ကာကွယ်လို့ ရပါတယ်။ ဒါကြောင့် အသည်းရောင် အသားဝါဘီပိုးကာကွယ်ဆေးထိုးတာ၊ အရက်လျှော့သောက်တာ၊ မှိုမပါတဲ့ ပဲ၊ ငရုတ်သီးတွေကိုသာ စားသုံးတာက ကင်ဆာရောဂါ ကာကွယ်တဲ့နေရာမှာ အများကြီး အထောက်အကူပြုပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/liver-cancer-cancer/about-liver-cancer/
ကလေးတွေကို နား သန့်ရှင်းပေးသင့်သလား
လူကြီးတွေ ဆိုတာကလေ ကိုယ်တိုင်တောင် နားဖာကလော် တကိုင်ကိုင်၊ ဂွမ်းလုံးတံလေး တထုတ်ထုတ်နဲ့ နား ကလော်မှသန့်ရှင်းတယ်ထင်ကြတာပါ။ ဘာမှမရှိရင် ခေါင်းညှပ်ကလစ်လေး နဲ့ တောင် နားဖာချေး ကလော်တတ်ကြပါတယ်။နားအတွင်းပိုင်း ဆိုတာ သူ့အလိုအလျောက် သန့်စင်နိုင်စွမ်း ရှိသလို ထူးထူးခြားခြား သန့်ရှင်းပေးဖို့ မလိုပါဘူး။ အတော်များများ လုပ်လေ့ရှိတဲ့ နားသန့်ရှင်းရေး ကတော့ နားဖာချေး တွေကို ရှင်းထုတ်တာပါပဲ။ ဒါတွေ မရှိမှ သန့်နေမယ်၊ အကြားအာရုံ ပိုကောင်းတယ် လို့ ထင်ကြတယ်လေ။နားဖာချေး ဆိုတာ cerumen လို့ ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုး ဖြစ်ပြီး နားကို ကာကွယ်ပေးဖို့ နဲ့ နားအတွင်းပိုင်း စိုစွတ်မှု ထိန်းပေးဖို့ ခန္ဓာကိုယ်က အလိုအလျောက် ပုံမှန်ထုတ်ပေးနေတာပါ။ နားဖာချေးသာ မရှိရင် နား ထဲမှာ ခြောက်သွေ့ယားယံ နေနိုင်ပါတယ်။သူ့မှာဘက်တီးရီးယားသေစေနိုင်စွမ်းလည်း ရှိလို့ နားကို အလိုအလျောက် သန့်စင်ပေးနိုင်ပါတယ်။ ဖုန်မှုန့် နဲ့ အညစ်အကြေးတွေလို အန္တရာယ်ပေးနိုင်တဲ့ အရာတွေ နားအတွင်းထဲ မရောက်နိုင်အောင် တားဆီးပေးထားတာမို့ နားဖာချေးက နားအတွက် အကာအကွယ် တစ်ခုလိုတောင် ဖြစ်နေပါသေးတယ်။ ဒါပေမယ့် နားဖာချေးက အပြင်ပိုင်းမှာပဲ ရှိပြီး အတွင်းပိုင်းမှာ မရှိတတ်ပါဘူး။နားဖာချေး ပိတ်ရတဲ့ အကြောင်းရင်းကတော့ နားထဲကို နားကြပ်ဂွမ်းလို တစ်ခုခုနဲ့ သန့်ရှင်းဖို့ ကြိုးစားတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး နားထဲ ထိုးလိုက်တဲ့အခါ နားဖာချေးတွေကို အတွင်းထဲ နက်နက်ပိုရောက်သွားအောင် တွန်းပို့သလို ဖြစ်စေတာမို့ပါ။ပြင်ပအရာဝတ္ထုတစ်ခုခု ဒါမှမဟုတ် ချွန်ထက်တဲ့ အရာဝတ္ထု တစ်ခုခု နဲ့ နားထဲကို ကလော်တာ၊ ထိုးတာတွေကြောင့်ပိုးဝင်တာ၊နားစည်ပေါက်ပြဲတာ၊အကြားအာရုံဆုံးရှုံးတာတွေလို နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။လူကြီးတွေတောင် ဒီလိုအန္တရာယ်တွေ ရှိနိုင်တာကို ကလေးတွေကို ဆွဲပြီး နားဖာကလော်ပေးတာ၊ နား သန့်ရှင်းပေးတာတွေက မလုပ်သင့်တာတွေပါ။ ကိုယ်သုံးတဲ့ ကိရိယာ၊ ပစ္စည်း၊ ကိုယ့်ရဲ့လက် စတာတွေက သန့်ရှင်းမှုရောရှိရဲ့လား၊ နည်းလမ်းမှန်ရဲ့လား။ ကလေးရဲ့ အကြားအာရုံကို ထိခိုက်သွားနိုင်မလား ဘယ်သူအာမခံနိုင်ပါသလဲ။ပုံမှန်အားဖြင့်တော့ မလိုပါဘူး။ နားပိတ်ဆို့တာ သိပ်ဆိုးဆိုးရွားရွားမဖြစ်ဘူးဆိုရင်တော့ အဝတ်စ နုနုလေးတစ်ခုကိုသုံးပြီး နားအပြင်ပိုင်းလေးကို အသာအယာသန့်ရှင်းပေးနိုင်ပါတယ်။ဒါပေမယ့် နားဖာချေးတွေ များနေတယ်၊ လက္ခဏာ တစ်ခုခု ဖြစ်လာတယ်ဆိုရင် cerumen impaction လို့ ခေါ်တဲ့ နားဖာချေးပိတ်ဆို့ခြင်းဖြစ်နေနိုင်ပါတယ်။သူ့ရဲ့လက္ခဏာတွေက –။ဆရာဝန်ပြတဲ့ အခါ နားကို စစ်ဆေးကုသပြီး နားဖာချေးတွေကို ကိရိယာ အသေးစားလေးတွေ သုံးပြီး ဖယ်ရှားတာ၊ စုပ်ထုတ်တာ စတဲ့နည်းတွေ လုပ်ပေးမှာပါ။ ဒါ့ကြောင့် နားထဲ ယားလာတာ၊ စပ်လာတာ တစ်ခုခု ဖြစ်လာရင် ဆရာဝန်ပြပါ။ဒါ့ကြောင့် မေမေတို့ရေ ကလေးတွေကို ကိုယ့်သဘောနဲ့ကိုယ် နားသန့်ရှင်းရေး လုပ်မပေးပါနဲ့နော်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%94%e1%80%ac%e1%80%b8/
လူကြီးတွေအစာစားချင်စိတ်တိုးလာအောင် ဘယ်လိုလုပ်ပေးမလဲ
အသက်ကြီးလာတဲ့အခါ အစားအသောက်ပျက်လာတာ၊ အကြိုက်တွေပြောင်းလဲလာတာတွေ ဖြစ်လာမှာပါပဲ။ ဇရာဆိုတာရှောင်လွှဲလို့မရတဲ့ သဘာဝပါ။ ဒါပေမယ့် ထိုက်သင့်တဲ့ အာဟာရဓာတ်ရရှိဖို့က အသက်အရွယ်အပိုင်းအခြား အားလုံးအတွက်၊ အထူးသဖြင့် သက်ကြီးပိုင်းတွေအတွက် အဓိကအရေးပါတာကြောင့် စောင့်ရှောက်သူတွေအနေနဲ့ လူကြီးတွေကို အစာစားချင်စိတ်ပိုဖြစ်လာအောင် လုပ်ဆောင်ပေးဖို့ အရေးကြီးပါတယ်။ ဒီတော့ လူကြီးတွေအစာစားချင်စိတ်တိုးလာအောင် ဘယ်လိုလုပ်ပေးမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။အထက်မှာဖော်ပြခဲ့သလိုပဲ အစာစားချင်စိတ် နည်းလာတာဟာ ဇရာရဲ့သဘာဝတရားကြောင့်ပါ။ ဒါပေမယ့် လူကြီးတွေကိုခံတွင်းပျက်စေတဲ့ တခြားအကြောင်းရင်းတွေလည်းရှိပါတယ် –။လူကြီးတွေအစာစားချင်စိတ်တိုးလာအောင် ဘယ်လိုလုပ်ပေးမလဲ ဆိုတော့။အစားစားချိန်မှာ တစ်ယောက်တည်းမစားခိုင်းပါနဲ့။တစ်ယောက်တည်းအစားစားတာက ဘယ်အသက်အရွယ်အတွက်မဆို စားချင်စိတ် လျော့နည်းစေနိုင်ပါတယ်။ အပေါင်းအသင်းတွေနဲ့ တွေ့ဆုံဖို့ အရင်လို မလွယ်ကူတော့တဲ့ အသက်ကြီးသူတွေအတွက်ဆို တစ်ယောက်တည်းစားသောက်ရတဲ့အခြေအနေက သက်ရောက်မှုကြီးမားတတ်ပါတယ်။ ၂၀၀၃ ခုနှစ်က “International Psychogeriatrics” ဂျာနယ်မှာဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုအရ အထီးကျန်မှု၊ အဖော်အပေါင်းတွေနဲ့ဝေးကွာမှုတို့ကြောင့်ဖြစ်လာတဲ့ စိတ်ကျဝေဒနာက အစာစားချင်စိတ်နည်းလာရတဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ တွေ့ရှိရပါတယ်။ဒါ့ကြောင့် လူကြီးမိဘတွေကို အပေါင်းအသင်းတွေတိုးလာအောင် လုပ်ပေးသင့်သလို မိတ်ဆွေတွေနဲ့အတူ စားသောက်ဖြစ်အောင် တတ်နိုင်သမျှ စီစဉ်ပေးသင့်ပါတယ်။ မိသားစုလူစုံတက်စုံနဲ့မိသားစုထမင်းဝိုင်းဖြစ်အောင်လည်း စီစဉ်ပါ။ ဒီလိုအချိန်မျိုးမှာ တခါတလေ မိဘတွေရဲ့ မိတ်ဆွေတွေကိုပါ ဖိတ်လို့ရပါတယ်။ လူကြီးမိဘတွေကို သက်တူရွယ်တူတွေနဲ့ တွေ့ဆုံဖြစ်စေဖို့ ကျောင်းကန်ဘုရားမှာ၊ တရားပွဲမှာ၊ ရပ်ရွာသာရေးနာရေးကိစ္စတွေမှာ သွားရောက်ဖို့ အားပေးတိုက်တွန်းပေးပါ။ထမင်းစားချိန်ကို သတ်သတ်မှတ်မှတ်ထားပါ။လူကြီးတွေရဲ့ ဆာလောင်မှုကို သိရှိနိုင်စွမ်းက အသက်အရွယ်နဲ့လိုက်ပြီး ကျဆင်းလာပါတယ်။ ဆာရင် ဆာမှန်းမသိကြတာများတာကြောင့် သူတို့ဆာတယ်ပြောမှ ပြင်ဆင်ကျွေးတာထက် ထမင်းစားချိန်နဲ့ သရေစာ စားချိန်တွေကို သတ်သတ်မှတ်မှတ် ထားရှိပေးတာ ပိုကောင်း ပါတယ်။ အစားစားချိန် ပုံမှန်ရှိတာက လူကြီးတွေကို သင့်လျော်တဲ့ အစားအစာ အမျိုးအစားနဲ့ ထိုက်သင့်တဲ့ ပမာဏကို စားမိစေဖို့ အထောက်အကူပေးပါတယ်။ပမာဏအနည်းအများထက် အာဟာရဓာတ်ပြည့်ဝဖို့ကိုပဲ အဓိထားပါ။လူကြီးမိဘတွေကို ပမာဏနည်းနည်းနဲ့အာဟာရဓာတ်ပါဝင်မှု ပြည့်ဝတဲ့ အစားအစာတွေပဲ ကျွေးပါ။ လူကြီးတွေအနေနဲ့ ထမင်းစားပွဲပေါ်က ပန်းကန်အကြီးကြီးကို မြင်လိုက်ရရင် ဒါကို ကုန်အောင် စားနိုင်ပါ့မလားဆိုပြီး ဝန်ထုပ်ဝန်ပိုးစိတ် ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ခါတည်းနဲ့ အများကြီး ကျွေးမယ့်အစား စားစရာကို အကြိမ်များများ ခွဲပြီး အချိန်ခြားကာ နည်းနည်းချင်း ကျွေးတာ ပိုကောင်းပါတယ်။ ဒါ့အပြင် ဒီလိုကျွေးတဲ့ အစားအသောက်တွေက အာဟာရဓါတ် ပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားစရာတွေဖြစ်ဖို့ သတိထားပါ။သရေစာအတွက် ဆိုလည်း စားရလွယ်တဲ့ သရေစာလေးတွေ ပြင်ဆင်ပေးလို့ရပါတယ်။ လူကြီးတချို့က သရေစာကိုပဲ တောင့်တပြီး ထမင်းကို မစားချင်ကြတာတွေရှိပါတယ်။ ဒါ့ကြောင့် အရသာရှိတဲ့သရေစာလေးတွေက တစ်နေ့တာမှာ လိုအပ်တဲ့ ကယ်လိုရီပမာဏကို အလုံအလောက်ရရှိအောင်ဖြည့်ဆည်းပေးပါလိမ့်မယ်။ ဥပမာ –။တကယ်လို့ အစာမျိုချရတာ အခက်အခဲ ရှိနေတယ်ဆိုရင် နွားနို့၊ ဒိန်ချဉ်၊ smoothies ၊milkshakes ဒါမှမဟုတ်သောက်သုံးရတဲ့ဖြည့်စွက်အာဟာရတွေကို တိုက်ကျွေးနိုင်ပါတယ်။ဘာတွေကို ကြိုက်တယ်၊ မကြိုက်ဘူးလဲဆိုတာစောင့်ကြည့်နေပါ။လူကြီးတွေသဘောကျတတ်တဲ့ အစားအစာတွေ၊ မကြိုက်တဲ့အစားအစာတွေ၊ သူတိုနဲ့မတည့်တဲ့အရာတွေကို မှတ်ထားပါ။ သူတို့ အစာစားချင်စိတ်ပိုဖြစ်လာတတ်တဲ့အချိန်တွေ၊ ရက်တွေကိုလည်း မှတ်ထားသင့်ပါတယ်။လူကြီးတွေရဲ့အစာစားချင်စိတ်တိုးလာအောင်လုပ်ရတာတော်တော်လေးပင်ပန်းပါတယ်။ အဓိကကတော့ စိတ်ရှည်ပါ၊ဖြတ်ထိုးဉာဏ် သုံးပါ၊ စိတ်မလျှော့လိုက်ပါနဲ့။ဘယ်လိုပဲကြိုးစားကြိုးစား၊ နောက်ဆုံးမှာ ထင်ထားသလို အစာစားချင်စိတ် တိုးမလာခဲ့ရင်တော့ ဆရာဝန်ပြပြီး အကြံဉာဏ်တောင်းခံတာအကောင်းဆုံးပါပဲ။ အစားစားချင်စိတ်နည်းနေတာ ဆက်ဖြစ်နေရင်appetite stimulantတွေသုံးပြီး စားချင်စိတ်ကို နှိုးဆွပေးတာကမျိုးက အထောက်အကူဖြစ်စေနိုင်ပါတယ်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/nutrition-for-aging/ways-to-stimulate-appetite-in-the-elderly/
သက်ကြီးရွယ်အိုတွေကို နှလုံးကျန်းမာစေနိုင်မယ့် စားသောက်နည်းလမ်းညွှန်
အသက်ကြီးရင့်လာတဲ့သူတိုင်း နှလုံးရောဂါကိုရှောင်လွှဲလို့မရဘူးဆိုတဲ့ လူတော်တော်များများလက်ခံထားတဲ့ အယူအဆကိုငြင်းပယ်ချင်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ နှလုံးရောဂါခံစားရနိုင်ခြေက ပိုများလာနေတယ်ဆိုပေမယ့် သက်ကြီးရွယ်အိုတိုင်း နှလုံးရောဂါကြောင့်သေဆုံးကြတာမဟုတ်ပါဘူး။ ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံက အသက်ကြီးတဲ့သူတွေကို နှလုံးကျန်းမာနေစေအောင် အထောက်အကူပြုပေးနိုင်ပါတယ်။နှလုံးရောဂါဆိုတာက နှလုံးကို ထိခိုက်စေနိုင်တဲ့ အခြေအနေတွေကိုဆိုလိုချင်တာပါ။ နှလုံးရောဂါကဖြစ်နေတယ်ဆိုရင်တောင် အချိန်တော်တော်ကြာတဲ့ အထိသတိမထားမိဘဲဖြစ်နေနိုင်ပါတယ်။ လူတော်တော်များများက ရုတ်တရက်နှလုံးရပ်သွားတာမျိုး လက္ခဏာတွေခံစားရပြီးတဲ့နောက်မှ သူတို့မှာနှလုံးရောဂါရှိနေတယ်ဆိုတာကို ရိပ်စားမိကြတာပါ။ ရုတ်တရက်နှလုံးရပ်သွားတဲ့ရောဂါရဲ့ သတိပေးလက္ခဏာရပ်တွေကတော့ အားနည်းတာ၊ခေါင်းထဲမှာ မူးဝေဝေဖြစ်နေတာ၊ အသက်ရှုကျပ်တာ၊ မအီမသာဖြစ်တာ၊အော့အန်တာ၊ အစာမကြေတာ၊ ရင်ဘတ်အောင့်တာ၊သွေးတိုးတာ၊ချွေးထွက်တာ၊ ဇက်ကြောထဲက ပုံမှန်မဟုတ်ဘဲ နာကျင်တာ၊ ပခုံးနဲ့လက်မောင်းနာကျင်တာ၊ နှလုံးခုန်မမှန်တာလိုမျိုးတွေပါ။ တကယ်လို့များ အခုဖော်ပြခဲ့တဲ့ လက္ခဏာမျိုးတွေဖြစ်နေပြီဆိုရင်မြန်နိုင်သမျှမြန်မြန်ဆေးကုသမှုခံယူ ဖို့လုပ်ဆောင်ပါ။ တစ်ချိန်တည်းမှာပဲ အခုဖော်ပြပေးမယ့်အချက်လေးတွေအတိုင်း နှလုံးကျန်းမာအောင်ကာကွယ်နိုင်ပါတယ်။အသက်ကြီးတဲ့သူတွေမှာ ကယ်လိုရီက အများကြီးမလိုအပ်ဘူးဆိုပေမယ့် သူတို့ခန္ဓါကိုယ်က အာဟာရဓါတ်များများရဖို့တော့ လိုအပ်ပါသေးတယ်။ အကြံပြုချင်တာကတော့ လူကြီးမိဘတွေကို အရောင်စိုစိုရှိတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ကောက်နှံ၊ အဆီမပါတဲ့အစားအသောက်တွေ၊ အဆီနည်းတဲ့အစားအသောက်တွေ၊ ငါး၊အဆီနည်းတဲ့အသား၊ ကြက်သား၊ဘဲသား၊ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊အခွံမာသီးတွေ၊အစေ့အဆန်တွေစတဲ့ အာဟာရပြည့်ဝစွာပါဝင်နေတဲ့ အစားအသောက်တွေကိုကျွေးမွေးပေးရပါမယ်။ အချိုများတဲ့အစားအစာတွေ၊ အချိုရည်တွေ၊အဆီများတဲ့အစားအစာတွေ၊ဆန်၊ပေါင်မုန့်ဖြူ၊ သန့်စင်ထားတဲ့ ဂျုံအနုနဲ့လုပ်ထားတဲ့ ပတ်စတာတွေကိုတော့ အကန့်အသတ်နဲ့ပဲစားသုံးပေးရပါမယ်။ ကျန်းမာအောင်စားသောက်နည်းလမ်းညွှန်အချို့ –။ကိုယ်လက်လှုပ်ရှားမှုက အရွယ်သုံးပါးစလုံးအတွက်အရေးပါပါတယ်။နေ့စဉ်လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးတာက ကြံ့ခိုင်ကျန်းမာစေဖို့ အထောက်အကူပြုပါတယ်။ အသက်ရှည်စေရုံသာမက ကျန်းလည်းကျန်းမာစေနိုင်ပါတယ်။သင့်မှာ နာတာရှည်ဝေဒနာတစ်ခုခုရှိနေမယ်ဆိုရင် လေ့ကျင့်ခန်းလုပ်တဲ့အခါ အခက်အခဲဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ကျန်းမာရေးနဲ့သင့်တော်မယ့် ကိုယ်လက်လှုပ်ရှားမှုမျိုးကိုရွေးချယ်နိုင်ပါတယ်။ တကယ်လို့များ သင့်အနေနဲ့ အချိန်တော်တော်ကြာ ကိုယ်လက်လှုပ်ရှားမှုမရှိဘဲနေခဲ့တာဆိုရင်ဖြည်းဖြည်းချင်းလုပ်တာကနေစတင်ပြီး တစ်နေ့ကိုနည်းနည်းချင်းစီ တိုးလုပ်သွားတာက အကောင်းဆုံးပါ။လေ့ကျင့်ခန်းတစ်ခုခုမလုပ်ခင်မှာ ဆရာဝန်နဲ့တိုင်ပင် ကြည့်ဖို့လည်း မမေ့ပါနဲ့။တိုးတက်လာတဲ့အခြေအနေကိုစောင့်ကြည့်နိုင်စေဖို့နဲ့ ကိုယ့်ကိုယ်ကို တွန်းအားပေးနိုင်စေဖို့အတွက်နေ့စဉ်မှတ်တမ်းလေးရေးမှတ်ထားပေးလို့ရပါတယ်။ သင့်ကိုစိတ်ပျော်ရွှင်မှုဖြစ်စေနိုင်တဲ့ လှုပ်ရှားမှုကိုရွေးချယ်ပါ။ တစ်နေ့ကို ၁၀ မိနစ်နဲ့ တစ်ပတ်ကို ၃ ရက်လောက် လမ်းလျှောက်တာလိုမျိုး ရည်မှန်းချက်သေးသေးလေးတွေကိုပါရေးမှတ်ထားပါ။ ပြီးရင် တဖြည်းဖြည်းချင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့အချိန်နဲ့ရက်ကိုတိုးသွားပါ။ သူငယ်ချင်းတွေကိုလည်း ကိုယ်နဲ့အတူတူလေ့ကျင့်ခန်းလုပ်ဖို့ခေါ်ကြည့်ပါ။ သူငယ်ချင်းတွေနဲ့အတူတူလေ့ကျင့်ခန်းလုပ်တာက ပိုစိတ်ဝင်စားစရာကောင်းပြီး ပိုလည်းတက်တက်ကြွကြွလုပ်ဖြစ်ပါတယ်။ တစ်ခါတလေ အားကစားလုပ်ဖို့ စိတ်မပါတာမျိုးရှိနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို အရမ်းတွန်းအားမပေးဖို့ သတိရပါ။ တကယ်လို့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရင်းကခေါင်းထဲမှာ မူးနောက်နောက်ဖြစ်လာရင်ပဲဖြစ်ဖြစ် နာကျင်တာမျိုးဖြစ်လာရင်ပဲဖြစ်ဖြစ်လေ့ကျင့်ခန်းလုပ်နေတာကို ချက်ချင်းရပ်လိုက်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/nutrition-for-aging/%e1%80%9e%e1%80%80%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%a1%e1%80%ad%e1%80%af%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af-%e1%80%94%e1%80%be/
အဆုတ်ကင်ဆာ
အဆုတ်ကင်ဆာ ကကမ္ဘာပေါ်မှာ အဖြစ်အများဆုံး ဒုတိယအမျိုးအစားကင်ဆာတစ်ခုပါ။ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်ပွားနိုင်ပါတယ်။အဆုတ်မှာဖြစ်တာဖြစ်ပြီး အသက်သေဆုံးသည်အထိ ပြင်းထန်ပါတယ်။အဆုတ်ကင်ဆာဆိုတာက အခြား ကင်ဆာတွေလိုပါပဲခန္ဓာကိုယ်ထဲမှာ ပုံမှန်မဟုတ်တဲ့ဆဲလ်ကွဲပွားမှုတွေကနေ စတာပါ။ ပုံမှန်ကတော့ ခန္ဓာကိုယ်က မလိုအပ်ဘဲ ဆဲလ်ကွဲပွားတာမျိုး မဖြစ်စေဖို့ ဆဲလ်တွေ ပုံမှန် မဟုတ်တဲ့ ကြီးထွားမှုတွေ မဖြစ်စေဖို့ ထိန်းချုပ်ပေးထားပါတယ်။ဒီစနစ် ပျက်ယွင်းသွားပြီဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာ ပုံမှန် မဟုတ်တဲ့ ဆဲလ်ကွဲပွားမှုတွေ ဖြစ်ပြီး အကျိတ်တွေ ဖြစ်ပေါ်ရာကနေတဆင့် ကင်ဆာဖြစ်လာပါတော့တယ်။ အဆုတ်ကင်ဆာဆိုတာကလည်း အဆုတ်ထဲမှာ ပုံမှန်မဟုတ်​တဲ့ ဆဲလ် ကွဲပွားတာတွေအကျိတ်တွေဖြစ်တာမျိုးကို ဆိုလိုတာပါ။အဆုတ်ကင်ဆာက လက္ခဏာမပြတာ ရှိသလို အခုလို လက္ခဏာလေးတွေလည်း တွေ့ရနိုင်ပါတယ်။ အဆုတ်ကင်ဆာက အစောပိုင်းမှာ လက္ခဏာ မပြရင်တောင် နောက်ပိုင်းမှာ အခုလို လက္ခဏာလေးတွေ တွေ့ရနိုင်ပါတယ်။အဆုတ်ကင်ဆာဖြစ်တဲ့အခါ ကင်ဆာက အဆုတ်ကနေ စတင်ဖြစ်ပွားတာရှိသလို အခြားနေရာကနေ စတင်တဲ့ကင်ဆာဆဲလ်က အဆုတ်ဆီ ရောက်လာတာမျိုးလည်း ရှိပါတယ်။အဆုတ်ကနေ စတင်ဖြစ်ပွားတဲ့ ကင်ဆာကိုprimary lung cancerလို့ ခေါ်ပြီး အခြားနေရာကနေ ကင်ဆာဆဲလ်တွေ ပြန့်လာကနေ ဖြစ်ပွားတဲ့ အဆုတ်ကင်ဆာကိုတော့ secondary lung cancer ကင်ဆာလို့ ခေါ်ကြပါတယ်။အဆုတ်ကနေ စတင်ဖြစ်ပွားတဲ့ primary lung cancer ကိုလည်း ကင်ဆာဆဲလ် စတင်ကြီးထွားပုံကိုလိုက်ပြီး အခုလို အမျိုးအစား ခွဲထားပါသေးတယ်။ ဒါတွေကတော့။ဒါက အဖြစ်များတဲ့ ကင်ဆာအမျိုးအစားတွေ ဖြစ်ပြီး တခြားအမျိုးအစားတွေလည်း ရှိပါသေးတယ်။အဆုတ်ကင်ဆာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့။အဆုတ်ကင်ဆာကုသမှုက ခံစားနေရတဲ့ အခြေအနေပေါ်ကို လိုက်ပြီး ကွာခြားနိုင်ပါတယ်။ စောစောသိပြီး စောစော ကုသမယ်ဆိုရင်တော့ ကင်ဆာဆဲလ်တွေ သိမ်ပြန့်ခင်မျာ အထိရောက်ဆုံး ဖယ်ရှား ကုသနိုင်မှာဖြစ်ပြီး အောင်မြင်နိုင်ခြေကလည်း အတော်လေး များပါတယ်။ ကင်ဆာဆဲလ်တွေကို ဖယ်ရှားတဲ့ နည်းနဲ့ ကုသလို့ ရပါတယ်။နောက်တစ်မျိုးကတော့ ဓာတ်ရောင်ခြည် အသုံးပြုပြီး ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ နည်းနဲ့ အဆုတ်ကင်ဆာကို ကုသတာပါ။ဓာတ်ရောင်ခြည် ကုထုံးအပြင် ဆေးသွင်း ကုသမှုနည်းနဲ့လည်း အဆုတ်ကင်ဆာကို ကုသလို့ ရပါသေးတယ်။ရောဂါအခြေအနေကိုလိုက်ပြီး ခံယူရတဲ့ ကုသမှုတွေကတော့ ကွာခြားနိုင်ပါတယ်။အဆုတ်ကင်ဆာမဖြစ်စေဖို့ဆိုရင်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/lung-cancer-cancer/lung-cancer-explained/
လူကြီး၊ ကလေးများ၏ အသက်ရှူလမ်းကြောင်း အတွင်း ပြင်ပ ပစ္စည်းဝင်ခြင်း (ဆို့နင်ခြင်း)
လူကြီး၊ ကလေးများ၏ အသက်ရှူလမ်းကြောင်း အတွင်း ပြင်ပ ပစ္စည်းဝင်ခြင်း (ဆို့နင်ခြင်း) ခေါင်းစဉ်ရတဲ့ ဒီဆောင်းပါးရဲ့ ရည်ရွယ်ချက်ကတော့။၁။ဆို့နင်ခြင်းဖြစ်နေသောလူနာကို စနစ်တကျပြုစုတတ်စေရန် နဲ့။၂။         အခြေအနေပို၍  ဆိုးမသွားစေရန် ပဲဖြစ်ပါတယ်။လူကြီး၊ ကလေးများ၏ အသက်ရှူလမ်းကြောင်း အတွင်း ပြင်ပ ပစ္စည်းဝင်ခြင်း (ဆို့နင်ခြင်း) ဆိုတဲ့နေရာမှာ အခုလို စရှင်းပြချင်ပါတယ်။Choking (ဆိုနင့်ခြင်း)ဆိုတာဘာလဲ ……….။စားစရာ သို့မဟုတ် စားစရာ မဟုတ်သော အရာဝတ္တုတစ်ခုခုသည် ပုံမှန်အစာလမ်းကြောင်းအတိုင်း မသွားဘဲအသက်ရှူလမ်းကြောင်းအတွင်းသို့ရောက်ရှိသွား၍ အသက်ရှူလမ်းကြောင်းပိတ်ဆို့သွားခြင်းကို ဆို့ နင့်ခြင်း လို့ခေါ်ပါတယ်။ဆို့နင်ခြင်းဖြစ်ရသည့်အကြောင်းရင်း တွေကတော့။ဆို့နင်ခြင်းလက္ခဏာများတွေကတော့:။ဒီလိုဆိုရင်တော့ ကိုယ်ရဲ့ပတ်ဝန်းကျင်မှာ ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီး ဖြစ်စေ အကြောင်းအရင်းတစ်ခုကြောင့် ဆို့နင့်တဲ့အခါသင်ကူညီ ပေးလိုက်နိုင်မှာပါ။ရေးသားသူ – ဒေါက်တာမှူး။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/choking/
နောက်ဆုံးပေါ် ကင်ဆာရောဂါကုထုံးတစ်ခုဖြစ်တဲ့ Proton Beam Therapy
ကင်ဆာရောဂါဆိုတာ အရမ်းကြောက်စရာကောင်းတဲ့ရောဂါတစ်ခုပါ။ ခန္ဓာကိုယ် အစိတ်အပိုင်းအတော်များများမှာ ဖြစ်ပွားနိုင်ပြီး ကုသရတာလည်း အရမ်းခက်ခဲပါတယ်။ ဒါပေမဲ့ ခေတ်မီနည်းပညာတွေအသုံးပြုထားတဲ့အဆင့်မြင့်ကင်ဆာရောဂါကုသနည်းစနစ်တွေလည်း အခုချိန်မှာပေါ်ပေါက်လာနေပါပြီ။ ဒါ့ကြောင့် အခုတစ်ခေါက်တော့ Hello Sayarwon စာဖတ်ပရိတ်သတ်တွေအတွက် Proton Beam Therapy လို့ခေါ်တဲ့ အဆင့်မြင့်ကင်ဆာရောဂါကုထုံးအကြောင်း ပြောပြချင်ပါတယ်။ကင်ဆာရောဂါကုသမှုတွေထဲမှာ ဓာတ်ကင်ကုသမှုဆိုတာ အတော်များများကြားဖူးပြီးသားဖြစ်မှာပါ။ ကင်ဆာအကျိတ်တွေကို ဓာတ်ရောင်ခြည်တိုက်ရိုက်ပစ်ပြီး ပျက်စီးစေတဲ့ကုသနည်းဖြစ်ပါတယ်။ ကင်ဆာအကျိတ်တွေရော ကင်ဆာမဟုတ်တဲ့အကျိတ်တွေကို ကုသပေးရာမှာပါ ဓာတ်ကင်ကုသမှုအသုံးပြုပါတယ်။ Proton Beam Therapy ဆိုတာကတော့ ပိုပြီးအဆင့်မြင့်တဲ့ဓာတ်ကင်ကုသမှုတစ်ခုလို့ပြောရမှာပါ။ သူ့နာမည်အတိုင်းပဲ Proton Beam Therapy ဟာ ရိုးရိုးဓာတ်ရောင်ခြည်ထက် စွမ်းအားမြင့် ပရိုတွန်ဒြပ်မှုန်တွေကိုသုံးပြီး ကင်ဆာဆဲလ်တွေ၊အကျိတ်တွေကို ဖျက်စီးပစ်ပါတယ်။ရိုးရိုးဓာတ်ကင်ကုသမှုနည်းတူ Proton Beam Therapy ကိုလည်း ကင်ဆာအကျိတ် ဒါမှမဟုတ် ကင်ဆာမဟုတ်တဲ့အကျိတ်တွေ ကုသဖို့အတွက်အသုံးပြုနိုင်ပါတယ်။ သူ့ချည်းလည်းအသုံးပြုသလို ခွဲစိတ်ကုသတာ၊ ကင်ဆာဆေးသွင်းတာလို တခြားကင်ဆာကုသနည်းတွေနဲ့တွဲပြီးလည်း အသုံးပြုပါတယ်။ Proton Beam Therapy ကိုသုံးပြီးကုသကြတဲ့ရောဂါတွေကတော့။–ဦးနှောက်ကင်ဆာ။–ရင်သားကင်ဆာ။–           အစာရေမြိုကင်ဆာ။–           လည်ချောင်းကင်ဆာ။–အသည်းကင်ဆာ။–အဆုတ်ကင်ဆာ။–ဆီးကျိတ်ကင်ဆာ။–           ကျောရိုးမှာဖြစ်တဲ့ကင်ဆာ။–           Eye melanoma။–           Sarcoma စတဲ့ကင်ဆာရောဂါတွေဖြစ်ပါတယ်။တခြားကင်ဆာရောဂါကုထုံးတွေထက် Proton Beam Therapy ရဲ့အဓိကအားသာချက်ကတော့ တိကျမှုလို့ဆိုရမှာပါ။ ပုံမှန်ဓာတ်ကင်ကုသမှုမှာဆို ကင်ဆာဆဲလ်တွေဆီရောက်ဖို့ ဓာတ်ရောင်ခြည်တွေပစ်ရပါတယ်။ ပစ်လိုက်တဲ့ရောင်ခြည်က ကင်ဆာဆဲလ်တွေဆီဖြတ်သန်းသွားရာလမ်းတစ်လျှောက်က ကျန်းမာတဲ့ဆဲလ်တွေကိုပါ ထိခိုက်ပျက်စီးစေပါတယ်။ ဒါ့ကြောင့် ဓာတ်ကင်ကုသမှု အကြိမ်ရေများများလုပ်လေ ပိုပြီးဘေးထွက်ဆိုးကျိုးခံစားရလေပါပဲ။Proton Beam Therapy ကတော့ ဒီနည်းနဲ့နည်းနည်းကွဲပြားပါတယ်။ ခန္ဓာကိုယ်အပြင်ကနေ ပစ်လိုက်တဲ့ စွမ်းအားမြင့် ပရိုတွန်ဒြပ်မှုန်တွေက ရောဂါဖြစ်တဲ့နေရာကိုရောက်မှ စွမ်းအားတွေထုတ်လွှတ်ပြီး ကင်ဆာဆဲလ်တွေကိုဖျက်ဆီးပစ်ပါတယ်။ ပြောရရင် Proton Beam Therapy ကုထုံးက လမ်းညွှန်စနစ်ပါတဲ့ ဒုံးကျည်တစ်လုံးနဲ့ဆင်တူပါတယ်။ ဒါ့ကြောင့် Proton Beam Therapy က ရိုးရိုးဓာတ်ရောင်ခြည်ကုသမှုနဲ့နှိုင်းယှဉ်ရင် ဘေးထွက်ဆိုးကျိုးအတော်လေးနည်းတာကို တွေ့ရပါတယ်။ Proton Beam Therapy ခံယူရင်ဖြစ်လာနိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေကတော့။–           ပင်ပန်းနွမ်းနယ်လာခြင်း။–           အစားအသောက်ပျက်ခြင်း။–           ခေါင်းကိုက်ခြင်း။–           ကုသမှုခံယူတဲ့နေရာမှအမွှေးအမျှင်များကျွတ်ခြင်း။–           ကုသမှုခံယူတဲ့နေရာမှအရေပြားနီရဲခြင်း၊ ရောင်ရမ်းခြင်း တို့ပဲဖြစ်ပါတယ်။နောက်ပြီးကုသမှုအခြေအနေကို သိနိုင်ဖို့အတွက် ကွန်ပြူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန်လည်းမကြာခဏရိုက်ရနိုင်ပါသေးတယ်။Proton Beam Therapy က နောက်ဆုံးပေါ်ကင်ဆာကုသမှုနည်းပညာတစ်ခုလည်းဖြစ်သလို သူ့အတွက်အထူးထုတ်လုပ်ပြင်ဆင်ထားရမယ့် ကိရိယာတွေလည်းလိုအပ်ပါတယ်။ ဥပမာ ပြောရရင်  စွမ်းအားမြင့်ပရိုတွန်ဒြပ်မှုန်တွေထုတ်လုပ်ပေးမယ့် Cyclotron machine၊ ပရိုတွန်ဒြပ်မှုန်တွေကိုသယ်ဆောင်ပေးမယ့် beam transport system၊ လူနာထားရှိရမယ့် patient position system နဲ့ ကင်ဆာဆဲလ်တွေဖျက်စီးဖို့ ဒြပ်မှုန်တွေပစ်လွှတ်ပေးမယ့် Gantry စက် စတဲ့အဓိက အစိတ်အပိုင်း ၄ ခုလိုအပ်ပါတယ်။နည်းပညာမြင့်ပစ္စည်းတွေဖြစ်တာကြောင့် ဈေးနှုန်းမြင့်မားသလို အသုံးပြုဖို့ တကယ်ကျွမ်းကျင်တဲ့ပညာရှင်တွေလည်း လိုအပ်ပါတယ်။ ဒါ့ကြောင့်လည်း Proton Beam Therapy ကတခြားကင်ဆာကုသမှုတွေလို သိပ်မတွင်ကျယ်သေးတာဖြစ်ကြောင်း ပြောကြားရင်းနိဂုံးချုပ်လိုက်ပါတယ်။ရေးသားသူ – Dr.Htoo Tint။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/proton-beam-threapy/
နွေရာသီအတွက် ရေချိုးနည်း နိဿရည်း
နွေရာသီအတွက် ရေချိုးနည်း နိဿရည်း အကြောင်းလေး နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ နွေကတော့ မှန်မှန်ကြီးကိုအပူရှိန်ပြင်းပြင်းနဲ့ တာထွက်လာခဲ့ပြီ။ ထုံးစံအတိုင်း နွေရောက်ပြီဆိုတာနဲ့ အပူဒဏ်ကို ကာကွယ်ဖို့ ရေချိုး တဲ့ကိစ္စက တွဲလျက်သားပါလာပြီ။ ပုံမှန် ရေချိုးပျင်းတဲ့လူတွေတောင် နွေမှာတော့ တတ်နိုင်သမျှ သည်းညီးခံပြီး ရေချိုးရတာပါပဲ။ ပူတာကိုး။ရေချိုးတယ်ဆိုတာကလည်း ခဏခဏ ချိုးရင် ကောင်းတာမဟုတ်ဘူးရယ်။ ချိုးတဲ့ အချိန်ကလည်း ရှိသေးတယ်၊ အချိန်တိုင်း ချိုးလို့ သင့်လျော်တာမဟုတ်ဘူး။ မချိုးပဲနေရင်လည်းတစ်ကိုယ်ရေသန့်ရှင်းရေးပိုင်းမှာ အဆင်မပြေပြန်ဘူး။ ဒီတော့ နွေပူပူမှာ ရေဘယ်လိုချိုးသင့်သလဲဆိုတာကို လမ်းညွှန်ပြမယ်နော်။နွေရာသီအတွက် ရေချိုးနည်း နိဿရည်း ကတော့။ရေဘယ်နှစ်ကြိမ် ချိုးသင့်သလဲ။ပုံမှန်ဆိုရင် တစ်ပတ်ကို ၃ ကြိမ် – ၄ ကြိမ်လောက်ပဲ ချိုးတာနဲ့တင် လုံလောက်တယ်လို့Dermatologistတွေက လမ်းညွှန်ကြပါတယ်။ နွေရာသီလို ပူတဲ့ အခါမျိုးတွေမှာတော့ တစ်နေ့ကို တစ်ကြိမ်ထက် မနည်းချိုးလို့ရပါတယ်။ ဒါပေမယ့် တစ်နေ့ကို ရေ ၂ ကြိမ်လောက်အထိ ချိုးတာကို တားမြစ်ထားတာမျိုးတော့ မရှိပါဘူး။ ကိုယ့်ရဲ့ ကိုယ်လက်လှုပ်ရှားမှုနဲ့ ချွေးထွက်နှုန်းပေါ်မူတည်ပြီး ချိုးနိုင်ပါတယ်။ဘယ်လောက်ကြာကြာ ချိုးသင့်သလဲ။လူတစ်ယောက်ရဲ့ ပျမ်းမျှ ရေချိုးချိန်က ၈.၂ မိနစ်ဖြစ်ပါတယ်။ အဆိုပါကာလအတွင်းမှာ ရေဂါလံပေါင်း ၁၇.၂ ဂါလံလောက်ကုန်ပါတယ်။ ဒါပေမယ့်ကျန်းမာရေးလမ်းညွှန်ချက်တွေအရဆိုရင်တော့ လူတစ်ယောက်ဟာ ပုံမှန်အားဖြင့် ၅ မိနစ်နဲ့ ၁၀ မိနစ်အကြား အချိန်ယူပြီး ရေချိုးသင့်တယ်လို့ ဆိုထားပြီး တစ်ပတ်မှာ တစ်ခါလောက်တော့ ၁၀ မိနစ်နဲ့ မိနစ် ၂၀ အကြား အချိန်ပေးပြီးလည်း ရေစိမ်သင့်ပါတယ်။ဘယ်အချိန်တွေမှာ ချိုးသင့်သလဲ။များသောအားဖြင့် လူအများစုရဲ့ ရေချိုးချိန်တွေက မနက်စောစောပိုင်းနဲ့ ညနေပိုင်း ဒါမှမဟုတ် အိပ်ရာဝင်ခါနီးအချိန်တွေဖြစ်တာများပါတယ်။ ကိုယ့်ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေနဲ့ ချိန်ညှိပြီး မနက်ဖြစ်ဖြစ်၊ ညနေဖြစ်ဖြစ် ချိုးတာက အကောင်းဆုံးပါပဲ။ဘယ်လိုချိုးသင့်သလဲ။ရေဘယ်လိုချိုးမလဲဆိုရင် ပုံမှန်အားဖြင့် 90-95F ရှိတဲ့ ရေနွေးမျိုးနဲ့ ချိုးတာက အကောင်းဆုံးဖြစ်ပါတယ်။ ဒီလိုရေမျိုးနဲ့ ချိုးမယ်ဆိုရင် သွေးတွင်း သကြားဓာတ်ကို လျှော့ကျစေနိုင်သလို ကြွက်သားတွေကိုလည်း ပြေလျော့စေနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်နေထိုင်တဲ့ နေရာကိုလိုက်ပြီးတော့ သင့်တင့်တဲ့ ရေအပူချိန် (မအေးလွန်း မပူလွန်း)နဲ့ ချိုးတာက အသင့်တော်ဆုံးပါပဲ။အခြေအနေအမျိုးမျိုးကြောင့် ရေစည်ထဲက ခပ်ချိုးတာ၊Bathtubနဲ့ ချိုးတာ၊ ရေပန်းနဲ့ ချိုးတာစသဖြင့် ရေချိုးတဲ့ ပုံစံအမျိုးမျိုးရှိနိုင်ပါတယ်။ဒါ့ပြင် ချိုးရေက သန့်ရှင်းမှုရှိဖို့လည်း လိုပါတယ်။ နောက်ပြီး ဘယ်လိုပုံစံမျိုးနဲ့ ချိုးချိုး ချေး(ဂျီး) တွန်းရာမှာ လက်၊ ကျောက်တုံးစတာတွေနဲ့ တွန်းတာထက် ရေမြှုပ်နဲ့တိုက်ပေးတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ရေချိုးများရင် ဘာဖြစ်သလဲ။ရေချိုးတာများတာပဲ ရေကုန်တာပေါ့တို့၊ ပိုသန့်တာပေါ့တို့ လျှောက်မတွေးပါနဲ့။ ရေချိုးတဲ့ အကြိမ်ရေများလွန်းရင် ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။ ဥပမာ ယားယံတာ၊ အသားအရေခြောက်သွေ့တာ၊ eczema နဲ့psoriasisတို့လို ကုသရခက်တဲ့ အရေပြားရောဂါတွေ ပိုဆိုးလာတာ၊ ဆံပင်ခြောက်တာ၊ ဆံပင်ကျွတ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ရေချိုးနည်းလွန်းရင်ရော။ရေချိုးများတာက အန္တရာယ်များသလို ရေချိုးနည်းလွန်းရင်လည်း မကောင်းပါဘူး။ ရေချိုးနည်းလွန်းတဲ့အခါ တစ်ကိုယ်ရည်သန့်ရှင်းရေး အားနည်းပြီး ရောဂါပိုးမွှားတွေ ကပ်ညိနိုင်သလို အရေပြားဆိုင်ရာ ပြဿနာတွေလည်း ကြုံရနိုင်ပါတယ်။ဥပမာ –ဝက်ခြံတွေထွက်တာ၊ အနံ့ဆိုးတွေ ထွက်လာတာ၊ အရေပြားမှာယားနာတွေ ပေါက်တာ၊ အရေပြားဆိုင်ရာ ကူးစက်ရောဂါတွေ စွဲကပ်တာ၊ အမည်းစက်တွေပေါ်လာတာစတာတွေဖြစ်ပေါ်နိုင်ပါတယ်။ရေပုံမှန်ချိုးတဲ့အခါ။ရေကို တစ်နေ့တစ်ကြိမ်နှုန်းနဲ့ ပုံမှန် ချိုးပေးတဲ့အခါမျိုးမှာအိပ်မပျော်တဲ့ဝေဒနာ၊ စိတ်ဖိစီးမှုများတာ၊ ယားနာဝေဒနာ၊ ကူးစက်ရောဂါ၊နှာချေ၊ ချောင်းဆိုးဝေဒနာတွေ သက်သာစေမှာဖြစ်သလို သွေးလည်ပတ်မှုကိုလည်း အားကောင်းစေမှာဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/tips-to-shower-in-summer/
ကျောက်ကပ် အားကောင်းစေမယ့် အစားအသောက် (၇) မျိုး
ကျောက်ကပ် ဆိုတာ လူ့ခန္ဓာကိုယ်မှာ ရှိသမျှအဆိပ်အတောက်တွေကို ဆီးက တစ်ဆင့် စွန့်ထုတ်သန့်စင်ပေးတဲ့ အရေးပါတဲ့ အစိတ်အပိုင်းပါ။ ကျောက်ကပ်က ပုံမှန် အလုပ်မလုပ်တော့ရင် အဆိပ်အတောက်တွေ ပြည့်နေပြီး ရောဂါဝေဒနာဖိစီးတဲ့ ခန္ဓာကိုယ် ဖြစ်လာပါလိမ့်မယ်။ဒီတစ်ခါတော့ ကျောက်ကပ် ကျန်းမာအောင် ဘာတွေ စားသင့်လဲ ဆိုတာ အကြံပြုပေးချင်ပါတယ်။ ကျောက်ကပ် ကျန်းမာရေးအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ ပါဝင်နေတဲ့ နေ့စဉ် အစားအစာတွေပေါ့ –။ပန်းသီး ဟာ ကိုလက်စထရော နဲ့ ဂလူးကို့စ် ပမာဏကို လျော့စေနိုင်တဲ့ ပျော်ဝင်အမျှင်ဓာတ် pectin ပါဝင်တဲ့ အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် အခွံပါ စားဖို့တော့ မမေ့ပါနဲ့။ ပန်းသီးရဲ့အခွံမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါဝင်သလို ပန်းသီးစီမ်းမှာဆို ဗီတာမင် စီလည်း ကြွယ်ဝပါတယ်။ဘလူးဘယ်ရီသီးတွေက ကယ်လိုရီနည်းပြီးဗီတာမင် စီနဲ့အမျှင်ဓာတ်တွေ ကြွယ်ဝပါတယ်။ ဒီအသီးက ကင်ဆာရောဂါ၊ နှလုံးရောဂါ တို့ကို ကာကွယ်ပေးပြီး ဦးနှောက်ကို အကျိုးပြုတယ်လို့ ‌လေ့လာမှုတွေက ဆိုပါတယ်။အကျိုးပြုအဆီဓာတ် လို့ ခေါ်တဲ့ Omega-3 Fatty Acids တွေကို ပင်လယ်ငါး တွေဆီကနေ ရရှိနိုင်တယ်။ အကျိုးပြုအဆီတွေက အာရုံကြောစနစ်ရဲ့ ဆဲလ်တွေတည်ဆောက်တဲ့နေရာမှာ အဓိကနေရာကနေ ပါဝင်တယ်၊ နှလုံးကြွက်သားတွေကို အားကောင်းစေတယ်၊ ခုခံအားစနစ်ကိုအားကောင်းစေတယ်၊ လိုအပ်တဲ့အာဟာရတွေ စုပ်ယူတဲ့နေရာမှာ အကူအညီပေးတယ်၊ ဦးနှောက်နဲ့ အမြင်အာရုံဖွံ့ဖြိုးစေဖို့အတွက်လည်း သူက အဓိကပါတယ်။Omega-3 Fatty Acids တွေက နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေတယ်၊ သွေးတွင်းကိုလက်စထရောကို ကျစေတယ်၊ သွေးတိုးကို ကျစေတယ်လို့လည်း လေ့လာတွေ့ရှိထားပါတယ်။အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်ထဲမှာ ပါဝင်တဲ့ ကိုက်လန်ရဲ့ အကျိုးကျေးဇူးတွေက အတော်များပါတယ်။ သူ့မှာ ဗီတာမင် အေ၊ ဗီတာမင် စီ ၊ ဗီတာမင် ကေ နဲ့ ကယ်လ်စီယမ်အပါအဝင် အရေးပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများကြီး ပါဝင်နေလို့ပဲ ဖြစ်ပါတယ်။ carotenoids နဲ့ flavonoids တို့ ကြွယ်ဝလို့ မျက်စိကျန်းမာရေးနဲ့ ကင်ဆာကာကွယ်နိုင်စွမ်း တို့မှာ အကျိုးကျေးဇူးများတဲ့ အရွက်ပါ။စတော်ဘယ်ရီ နီရဲရဲလေးတွေက အနံ့အရသာ ကောင်းသလို ဗီတာမင်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်မှုများတဲ့ အသီးတွေပါ။ သူ့မှာပါတဲ့ အမျှင်ဓာတ်နဲ့ အာဟာရဓာတ်တွေကြောင့် နှလုံးရောဂါ၊ ကင်ဆာရောဂါတို့ကို ကာကွယ်ပေးပြီး ရောင်ရမ်းမှုလျော့ကျစေတဲ့ အာနိသင်တွေလည်း ပါရှိပါတယ်။သူ့မှာ ဗီတာမင် အေ ၊ ဗီတာမင် စီ၊ ဗီတာမင် ကေ နဲ့ ဖောလိတ်ဓာတ် ပါဝင်မှု မြင့်မားတဲ့ အပြင် ဘီတာကယ်ရိုတင်း ကြောင့်လည်း ကိုယ်ခံအား ကို ကောင်းစေနိုင်ပါတယ်။ အမြင်အာရုံ အတွက် ကောင်းတဲ့ အစိမ်းရောင် အသီးအရွက်တစ်မျိုး လည်း ဖြစ်တာမို့ မကြာမကြာ စားသုံးသင့်တဲ့ အစားအစာပါ။ကန်စွန်းဥ မှာ ဗီတာမင် အေနဲ့ ဗီတာမင် စီ ကြွယ်ဝတယ်၊ ဗီတာမင် B-6 နဲ့ပိုတက်စီယမ်လည်း ပါဝင်သလို အမျှင်ဓာတ်လည်း ပါဝင်မှု မနည်းပါဘူး။ ပိုတက်စီယမ် အပါအဝင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေက  ခန္ဓာကိုယ်ထဲက ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးပြီး ကျောက်ကပ်အပေါ် သက်ရောက်မှု လျော့နည်းအောင် ကူညီပေးပါတယ်။ဒီလို ဘေးကင်းပြီး အာဟာရကြွယ်ဝတဲ့ အစားအသောက်တွေကို နေ့စဉ်စားသောက်ပုံ အတွင်း ထည့်သွင်း စားသုံးမယ်ဆို ကျောက်ကပ် တင်မကဘဲ ခန္ဓာကိုယ်တစ်ခုလုံးအတွက် အကျိုးရှိစေမှာ သေချာပါတယ်။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%80%e1%80%95%e1%80%ba-%e1%80%a1%e1%80%ac%e1%80%b8%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%85%e1%80%b1%e1%80%99%e1%80%9a/
အစာမကြေရင်ပူချိန်မှာ နာနတ်သီးနဲ့ တည့်ရဲ့လား
အစာမကြေရင်ပူချိန်မှာ နာနတ်သီးနဲ့ တည့်ရဲ့လား … တစ်ခုခုစားပြီးချိန်မှာအစာရေမြိုတဝိုက်မှာ ပူလောင်တဲ့ ခံစားမှုကို တွေ့ကြုံဖူးပါလိမ့်မယ်။ အဆိုပါပြဿနာဟာ အစာအိမ်ထဲမှာ အပူဓာတ်များပြီး အစာရေမျိုကို လျှံတက်ပြီး လည်ချောင်းဝအထိ ရောက်လာလို့ ဖြစ်ပါတယ်။ အစာရေမျိုအဝမှာ အပေါက်ကိုပိတ်ပေးတဲ့ ပတ်လည်ကြွက်သားဟာ အပြည့်မပိတ်နိုင်တာကြောင့်အစာအိမ်ထဲကအစာခြေရည်တွေလျှံတက်လာခြင်း ဖြစ်ပါတယ်။ ဒါဟာ လူတိုင်းလိုလိုကြုံဖူးတဲ့ ပြဿနာဖြစ်ပြီး နေရထိုင်ရခက်လောက်အောင် ကြုံရတတ်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆိုရင် နေ့စဉ်လိုလိုကြုံတွေ့ရပါတယ်။ သာမန်လူတွေရဲ့ သုံးပုံတပုံခန့်ဟာလည်း ဒီပြဿနာကို လစဉ်လိုလိုကြုံရတတ်ကြောင်း စစ်တမ်းများအရ သိရပါတယ်။ အစာခြေရည်ပြန်လျှံတက်ခြင်းကြောင့် အစာရေမြိုကို ထိခိုက်ပျက်စီးစေမယ် ဆိုရင်တော့ နောင်အမြဲလိုလို ကြုံသွားရတတ်ပါတယ်။အစားအစာတချို့ဟာ အစာချေရည်ပြန်လျှံတက်ခြင်းကို ပိုဖြစ်စေတတ်ပါတယ်။ ယေဘုယျအားဖြင့် ဆရာဝန်များဟာ အက်ဆစ်ဓာတ်များတဲ့ အစားအစာတွေကို ရှောင်ခိုင်းတတ်ကြပါတယ်။ ဒီအထဲမှာ နာနတ်သီးလည်း ပါတတ်ပါတယ်။ ဒါပေမယ့် နာနတ်သီးကို ရှောင်ဖို့မဆုံးဖြတ်ခင် နာနတ်သီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေကို သိထားသင့်ပါတယ်။အစာမကြေရင်ပူချိန်မှာ နာနတ်သီးနဲ့ တည့်ရဲ့လား ဆိုတော့ နာနတ်သီးရဲ့ အကျိုးကျေးဇူးလေးတွေကို ပြောပြပေးချင်ပါတယ်။အကျိုးကျေးဇူးများ။– နာနတ်သီးမှာပါဝင်တဲ့ ဘရိုမီလိန်းဟာ ရောင်ရမ်းမှုကိုကျစေတဲ့၊ ကင်ဆာဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေရှိပါတယ်။– နာနတ်သီးရဲ့ အဆီအနှစ်ဟာ အနာရောဂါများ ထိခိုက်ရှနာများကို သက်သာစေပါတယ်။– နာနတ်သီးမှာအမျှင်ဓာတ်နဲ့ရေဓာတ်များပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ပါတယ်။နာနတ်သီးဟာ တခြားအသီးတွေနဲ့ မတူတဲ့အချက်ကတော့ သူ့မှာ ဘရိုမီလိန်းကြွယ်ဝတာပါပဲ။ ဘရိုမီလိန်းမှာ ရောင်ရမ်းမုှကိုကျစေတဲ့ ဂုဏ်သတ္တိနဲ့ ကင်ဆာကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိတွေ ရှိနေပါတယ်။ အက်ဆစ်ဓာတ်ကဲတယ်ထင်ရပေမယ့် ကျွမ်းကျင်သူအချို့ကတော့ အစာချေချိန်မှာ အယ်လ်ကာလီဂုဏ်သတ္တိရှိတယ်လို့ ထောက်ပြကြပါတယ်။ ဒါကြောင့် အစာခြေရည်ပြန်လျှံတက်သူတွေမှာ နာနတ်သီးနဲ့ တည့်တယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် ဘရိုမီလိန်းအင်ဇိုင်းဟာ ရောင်ရမ်းခြင်း၊ အညိုအမည်းစွဲခြင်းနဲ့ တခြားထိခိုက်ဒဏ်ရာနဲ့ ဆက်စပ်နေတဲ့ ပြဿနာတွေကို သက်သာစေပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်နဲ့ရေဓာတ်များတာမို့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပြီး အစာကြေစေပါတယ်။သင့်မှာ အစာခြေရည် ပြန်လျှံတက်ပြီးရင်ပူနေတဲ့ပြဿနာရှိနေမယ် ဆိုရင် နာနတ်သီးကို ရှောင်ဖို့ ဆရာဝန်တချို့က အကြံပြုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် နာနတ်သီးဟာအက်ဆစ်ဓာတ်ကဲတယ်လို့ ယူဆလို့ဖြစ်ပါတယ်။များသောအားဖြင့် အချဉ်ဓာတ်ရှိတဲ့ အသီးအနှံတွေဟာ အက်ဆစ်ဓာတ်များတဲ့အတွက် အစာမကြေရင်ပူခြင်းကို ပိုဖြစ်စေပါတယ်။ (အက်ဆစ်ဓာတ်နည်းတဲ့ အသီးအနှံတွေဟာ ငှက်ပျောသီး၊ ဖရဲသီး စတာတွေ ဖြစ်ပါတယ်) တကယ်လို့သင့်မှာ အစာအိမ်အနာဖြစ်မနေဘူးဆိုရင် နာနတ်သီးကို စိတ်ချလက်ချ စားနိုင်ပါတယ်။အစာမကြေရင်ပူပြီး လေချဉ်တက်ခဲ့ရင် ဆရာဝန် ညွှန်းစာ မလိုဘဲ မိမိဖာသာ ဝယ်ယူသောက်သုံးနိုင်တဲ့ အစာအိမ် လေဆေးတွေ ရှိပါတယ်။ ဒါဟာ ပထမအဆင့် ကုသမှုဖြစ်ပါတယ်။လေဆေးတွေနဲ့ မသက်သာရင် ဆရာဝန် ပြသသင့်ပါတယ်။ အစာမကြေလေပူထခြင်းကို သက်သာစေတဲ့ နေထိုင်မှု ပုံစံတွေ ရှိပါတယ်။ ကိုယ်လက်လှုပ်ရှား လုပ်ပေးခြင်း၊ နည်းနည်းစီ ခွဲစားခြင်း၊ ညဖက် အိပ်ရာဝင်ခါနီး သရေစာများ ရှောင်ခြင်း၊ အပူအစပ်လျှော့စားခြင်း စတာတွေ ဖြစ်ပါတယ်။နာနတ်သီးဟာ အက်ဆစ်ဓာတ် ကဲတာကြောင့် အစာမကြေ ရင်ပူတတ်သူများမှာ သတိထားသင့်တယ် ဆိုပေမယ့် တခြားအာဟာရဓာတ်တွေလည်း များစွာ ပါဝင်နေပါတယ်။ တန်ဆေးလွန်ဘေး ဆိုတဲ့အတိုင်း ချင့်ချိန်စားသုံး နိုင်ပါတယ်။ အစာအိမ်အနာ ဖြစ်နေရင်တော့ ရှောင်သင့်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/heartburn/pineapples-acid-reflux/
သင့်ရဲ့ အစာစားချင်စိတ်ကို ဒီနည်းလမ်းတွေနဲ့ ပြန်မြှင့်ပါ
လူဆိုတာ နေမကောင်းတဲ့အချိန်၊ စိတ်ညစ်တဲ့အချိန်မျိုးဆို အစာစားချင်စိတ်တွေ နည်းသွားပြီး ဘယ်အရာမှ ပါးစပ်ထဲ ခံတွင်းမတွေ့ဖြစ်တတ်ပါတယ်။ တစ်ခါတလေဆို ဘာမှမဖြစ်ဘဲနဲ့တောင် အစာစားချင်စိတ် မရှိသလောက် ဖြစ်သွားတတ်တယ်လေ။ များသောအားဖြင့် အစာစားချင်စိတ်နည်းခြင်းဟာ ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင် သိပ်ပြီးစိုးရိမ်စရာ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း နေ့စဉ်ရက်ဆက်ဆိုသလို အစာစားဖို့ ပျက်ကွက်နေတဲ့အခါ ကိုယ်ခန္ဓာက အာဟာရဓာတ်တွေ ရသင့်သလောက် မရတော့ဘဲ ကိုယ်ခံအားကျဆင်းသွားတတ်ပါတယ်။ဒါကြောင့် ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အမြဲတမ်းလိုလို အစာမစားချင်၊ ခံတွင်းပျက်နေတဲ့ Hello ဆရာဝန်ပရိတ်သတ်ကြီးတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းတွေကို ဒီဆောင်းပါးမှာ ဖတ်ကြည့်ကြရအောင်နော်။အစာစားတဲ့အချိန်မှာ ထမင်းပန်းကန်ကို အပြည့်အမောက်ကြီး ထည့်ပြီး စားတတ်တဲ့သူတွေဟာ တခြားသူတွေထက် ဗိုက်ပြည့်တင်းနေပြီး အစာစားချင်စိတ် နည်းသွားတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အစာစားသောက်မှုပုံစံကို ပမာဏနည်းနည်းနဲ့ ခဏခဏ ခွဲစားပေးတာမျိုး ပြောင်းလဲကြည့်သင့်ပါတယ်။ခံတွင်းပျက်တယ်ဆိုတဲ့ သူတော်တော်များများက ရေခဲသေတ္တာထဲ တွေ့ရာမြင်ရာ သကြားဓာတ်များတဲ့ မုန့်တွေ၊ အအေးတွေ၊ အဆီအကြော်အလှော်တွေကို စားတတ်တာ သတိထားမိကြမှာပါ။ တကယ်တော့ ဒီလိုခံတွင်းပျက်ရခြင်းရဲ့ အဓိကတရားခံဟာလည်း ကိုယ်ခန္ဓာက လိုအပ်တဲ့အာဟာရဓာတ်တွေ မရရှိတာကြောင့်လည်း ပါပါတယ်။ ဒီတော့ တတ်နိုင်သလောက် အစားမရွေးဘဲ ကိုယ့်ရဲ့ တစ်နေ့တာမှာ အသား၊ ငါး၊ ဥ၊ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ နွားနို့၊ အစေ့အဆန်၊ ပဲ အစရှိသဖြင့် စုံလင်စွာ စားပေးသင့်ပါတယ်။တစ်ယောက်ထဲ ထမင်းစားတာမျိုးထက် ကိုယ်ချစ်တဲ့၊ ခင်တဲ့သူတွေ၊ သူငယ်ချင်းမိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတူ ဝိုင်းဖွဲ့ရင်း ရယ်ရယ်မောမော စကားလေးပြောပြီး အစာစားကြည့်ပါ။ ခံတွင်းပျက်နေတဲ့ စိတ်ကလေးတောင် ကြက်ပျောက်ငှက်ပျောက် ပျောက်ပြီး ကိုယ်မသိလိုက်ခင်လေးမှာပဲ စားနေတဲ့အစားကိုတောင် ကုန်အောင် စားပြီးသား ဖြစ်သွားပါလိမ့်မယ်။ဗိုက်ဆာတဲ့အချိန် ထစားလိုက်မယ် ဆိုတာမျိုးထက် ကိုယ်က ဘယ်အချိန်မှာတော့ ပုံမှန်စားရမယ်ဆိုပြီး အချိန်သတ်မှတ်ထားကြည့်ပါ။ ဒီအချိန်အတိုင်းပဲ နေ့တိုင်းစားပေးတဲ့အခါ ဗိုက်သိပ်မဆာရင်တောင် အချိန်ကျလာပြီဆိုတာနဲ့ ကိုယ်ခန္ဓာက အစားအစာကို တောင့်တနေမှာပါ။ငါကတော့ မနက်ဆို နောက်ကျမှနိုးလို့ မနက်စာမစားဘူး၊ဝိတ်ချနေတာမို့လို့ ညစာမစားဘူးဆိုတဲ့ အကျင့်တွေက ကိုယ့်ရဲ့ အစာစားချင်စိတ်ကို လျော့နည်းသွားစေနိုင်တယ်ဆိုတာ သတိထားသင့်ပါတယ်။ ဒါကြောင့် အချိန်တွေဘယ်လိုခွဲပြီး စားစား မနက်စာ၊ နေ့လည်စာနဲ့ ညစာ ၃နပ်ကတော့ တစ်နေ့တာအတွက် မဖြစ်မနေ စားပေးသင့်ပါတယ်။ပုံမှန်က လူတစ်ယောက်ရဲ့ ကျန်းမာရေးနဲ့ အစာခြေစနစ် ကောင်းစွာအလုပ်လုပ်ဖို့အမျှင်ဓာတ်က အရမ်းအရေးကြီးပါတယ်။ ဒါပေမယ့် ခံတွင်းပျက်နေတဲ့အခါမျိုးမှာ အမျှင်ဓာတ်တွေက ဗိုက်ပြည့်လွယ်စေပြီး အစာစားချင်စိတ်ကိုလည်း သိပ်မမြှင့်တင်ပေးနိုင်ပါဘူး။ ဒါကြောင့်အသား၊ ငါးတွေကို ပိုပြီးစားပေးပါ။ အမျှင်ဓာတ်ပါတဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း ထည့်သွင်းပြီးတော့ စားပေးပါ။ လုံးဝမစားဘဲတော့ မနေပါနဲ့။အမြဲတမ်းလိုလို ထိုင်နေတဲ့အခါ လူက ထိုင်းမှိုင်းလေးလံပြီး အစာစားချင်စိတ် နည်းသွားတတ်ပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး နာရီဝက်ခန့် အပြင်းအထန် လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုပါတယ်။ ဒါမှပဲ ကိုယ်ခန္ဓာထဲက သွေးတွေလည်ပတ်စီးဆင်းနှုန်း မြန်မယ်။ ဇီဝကမ္မဖြစ်စဉ်တွေကို လျင်မြန်စွာ ဖြစ်ပျက်ပြောင်းလဲစေပြီး ကိုယ့်ရဲ့ အစာစားချင်စိတ်ကို ပြန်လည်ရရှိစေမှာဖြစ်ပါတယ်။ကိုယ်က အစာအာဟာရနဲ့ပတ်သက်ပြီး လိုအပ်နေတဲ့ အာဟာရဓာတ်တွေ ရှိတယ်လို့ သံသယရှိတယ်ဆိုရင် ဆရာဝန်နဲ့ တစ်ချက်ပြကြည့်ပြီး ကိုယ့်အတွက် ဘယ်အားဆေးက သင့်တော်မလဲဆိုတာ မေးမြန်းကြည့်သင့်ပါတယ်။ များသောအားဖြင့် ဇင့်ဓာတ်အားဆေး၊ သံဓာတ်အားဆေး၊ ငါးကြီးဆီဆေးလုံးတွေက ခံတွင်းပျက်နေတဲ့သူတွေအတွက် အကောင်းဆုံးပါပဲ။အစာစားမှသာ ကျွန်တော်တို့ခန္ဓာကိုယ်က ပုံမှန်အလုပ်လုပ်နိုင်ပြီး အားအင်ပြည့်ဖြိုးလန်းဆန်းနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခံတွင်းပျက်နေတာနဲ့ပဲ အစာမစားချင်ဘူး၊ နောက်မှစားမယ်ဆိုတာမျိုးတွေ တတ်နိုင်သလောက်ရှောင်ဖို့နဲ့ ခုပြောပြခဲ့တဲ့ နည်းလမ်းတွေကို ကိုယ်တိုင်လုပ်ကြည့်ဖို့ ထပ်မံတိုက်တွန်းပေးလိုက်ချင်ပါတယ်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%9b%e1%80%b2%e1%80%b7-%e1%80%a1%e1%80%85%e1%80%ac%e1%80%85%e1%80%ac%e1%80%b8%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%80/
Capricorns တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ
သင်က ဒီဇင်ဘာ ၂၂ (၂၃)နဲ့ ဇန်နဝါရီ ၁၉(၂၀) ကြားမှာ မွေးတဲ့သူဆိုရင် Capricorns တစ်ယောက်ဖြစ်သွားပါပြီ။ Capricornsတွေက မွေးလာတည်းက ခံနိုင်ရည်အားကောင်းကောင်းနဲ့ မွေးလာတဲ့သူတွေမို့လို့ တော်ရုံတန်ရုံဆို ဒူပေဒဏ်ပေ ခံနိုင်တဲ့ သူတွေလည်း ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် အသက်ရှည်တဲ့သူတွေပါ။ အသက်ရလာတဲ့ သူတွေကြားမှာ ကျန်းမာရေးကောင်းတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Capricorns တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ လည်း ရှိနေပါတယ်။Capricorns တွေက အရိုးအဆစ်၊ သွား၊ ဒူးနဲ့ အရေပြားကို လွှမ်းမိုးထားပါတယ်။ ဒါကြောင့် ဒါနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေ အဖြစ်များပါတယ်။ ဒါ့ပြင် သူတို့တွေက အလုပ်ကို ပင်ပင်ပန်းပန်းနဲ့ အားကြိုးမာန်တက် လုပ်တတ်သူတွေဆိုတော့ အရိုးနဲ့ ဆိုင်တဲ့ ထိခိုက်မှုတွေ၊ ဒဏ်တွေ အဖြစ်များပါတယ်။ လူက နာကျင်ပင်ပန်းနေရင်တောင် အနားယူဖို့ သတိရကြတဲ့သူတွေ မဟုတ်ပါဘူး။ဒါ့ပြင် ခေါင်းမာတတ်တဲ့ Capricornsလေးတွေက တစ်ခုခုဆို ဆရာဝန်ပြဖို့လည်း ဝန်လေးတတ်ကြပါသတဲ့။ ဒါကြောင့် တစ်ခုခုဆို ဒဏ်ဖြစ်ပြီး ပျောက်ဖို့ ကြာနေတာပါ။Capricorns တွေက နဂိုတည်းက အသက်ရှည်ပြီး ကျန်းမာတဲ့zodiac signတွေပါ။ ဒါပေမယ့် သူတို့မှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်နိုင်ဖို့ အောက်ပါအချက်တွေကို လိုက်နာဖို့ လိုပါတယ်။အလုပ်ဇွဲကြီးတဲ့သူတွေ ဖြစ်တာကြောင့် အလုပ်ထဲမှာ နစ်မြုပ်ပြီး ကျန်းမာရေး ထိခိုက်တတ်ပါတယ်။ စားချိန်တန်စား၊ နားချိန်တန်နားပါ။ အလုပ်လုပ်မယ့်အချိန် အနားယူမယ့်အချိန်ကို သေချာသတ်မှတ်ထားပါ။အရိုးအဆစ်ပြဿနာတွေ ဖြစ်နိုင်တာကြောင့် လေ့ကျင့်ခန်းတစ်ခုခုကို ပုံမှန်လုပ်ပေးပါ။ ဒါပေမယ့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကိုတော့ ရှောင်ပါ။ တွန်းတွန်းတိုက်တိုက် အားကစားနည်းတွေ၊ဖိနပ်အမြင့်စီးတာတွေကို ဂရုစိုက်ပါ။Capricorns တွေက အရေပြားပြဿနာ (အထူးသဖြင့်နှင်းခူနာ) ဖြစ်တတ်တဲ့အတွက် အရေပြားကို အစိုဓာတ်ထိန်းပေးဖို့ လိုပါတယ်။ ပုံမှန် Skincareဖို့ လိုပါတယ်။Capricornsတွေရဲ့ biological cell saltက ကယ်ဆီယမ် ဖော့စဖရိတ်ပါ။ ဆိုလိုတာက သူက ကယ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးဖို့လိုပါတယ်။ ဒါမှလည်း အရိုးနဲ့ သွားတွေ ကျန်းမာစေမှာပါ။ကယ်ဆီယမ် ဖော့စဖရိတ် ကြွယ်ဝတဲ့ အစားအစာတွေကတော့ ဂေါ်ဖီထုပ်၊ မုန်လာဥ၊ အစေ့အဆန်၊ ပန်းပွင့်စိမ်း၊ ပြောင်းဖူး၊ စပျစ်သီး၊ အုတ်ဂျုံ၊ အာလူး စတာတွေပဲ ဖြစ်ပါတယ်။ ဒါ့ပြင် ပရိုတင်းကြွယ်ဝတဲ့ အသားတွေ၊ ပဲတွေလည်း စားရပါမယ်။ အရိုးနဲ့ သွားအတွက် ကယ်ဆီယမ်ရအောင် နို့နဲ့နို့ထွက်ပစ္စည်းတွေကို စားပေးပါ။  နေ့စဉ်အစားအစာတွေထဲမှာ ခုပြောခဲ့တာတွေကို ပါဝင်အောင် စားပေးဖို့ လိုပါတယ်။Capricorns တွေက အစားအသောက်နဲ့ပတ်သက်ရင်လည်း အစွဲအလမ်းကြီးပါတယ်။ တစ်မျိုးဆို တစ်မျိုးစွဲစားလေ့ ရှိပါတယ်။ ဒါက အာဟာရမမျှတတာမျိုး ဖြစ်တတ်တော့ အစုံစားပေးဖို့ လိုပါတယ်။ နောက်ပြီး တစ်ခါတည်းနဲ့ အများကြီးစားတာကိုလည်း ရှောင်ရပါမယ်။အရက်စွဲလွယ်တာကြောင့် လျှော့သောက်သင့်ပါတယ်။အရေပြားပြဿနာဖြစ်လွယ်တဲ့အတွက် အချိုနဲ့ ချောကလက်တွေကို သင့်တင့်ရုံသာစားပါ။ အစာခြေစနစ်ပြဿနာတွေ ကြုံရနိုင်တဲ့အတွက် အပူအစပ်တွေ လျှော့စားဖို့ လိုပါတယ်။Disclaimer: အထက်ပါ အကြောင်းအရာများက ဗဟုသုတအနေနဲ့သာ တင်ပြထားခြင်း ဖြစ်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်က မတူညီတာကြောင့် ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိမယ်ဆိုရင် ဆရာဝန်နဲ့သာပြသဖို့ အကြံပြုလိုပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/common-health-problems-in-capricons/
ဆောင်းအေးအေးမှာ ဘေဘီလေး တွေ နွေးထွေးစေဖို့
ဆောင်းဝင်လာပြီဆိုတာနဲ့ မိခင်တစ်ယောက်ရဲ့အတွေးကဘာဖြစ်မယ်ထင်လဲ။ ငါ့ကလေးလေးမှနွေးနွေးထွေးထွေးရှိရဲ့လား၊ ချမ်းနေမလားမသိဘူးဆိုတဲ့ ပူပန်မှု။ သူချမ်းလာတာနဲ့ကလေးကို အနွေးထည်တွေအထပ်ထပ် အများကြီးဝတ်ပေးတတ်တဲ့အမေလည်းရှိရဲ့၊ ခံနိုင်ရည်ရှိမှ ကျန်းမာမှာဆိုပြီး အပြင်ကိုတောင် ဒီအတိုင်းခေါ်သွားတတ်တဲ့အမေလည်းရှိတယ်။ ကလေးကို သူ့နည်းနဲ့သူ ဂရုစိုက်ကြတာဆိုပေမယ့် ကျန်းမာရေးရှုထောင့်အရ ပျမ်းမျှဆိုရရင် အအေးဒဏ် အပူဒဏ်တွေကို လူကြီးတွေလောက် ခံနိုင်ရည်မရှိတဲ့ဘေဘီလေးတွေအတွက်က ပုံမှန်ထက်ပိုဂရုစိုက်သင့်ပါတယ်။ ကလေးမှာလည်း တူတူပဲနေမှာဆိုပြီး ကိုယ်ခံစားရတဲ့အသိနဲ့ တန်းတူမတွေးပါနဲ့။အေးတဲ့ရာသီမှာ ဂရုစိုက်ရမယ်ဆိုပြီးကလေးငယ်လေးကို စောင်တွေအထပ်ထပ်လည်း ပတ်မထားပါနဲ့နော်။ ကလေးတွေအိပ်နေရင်းရုတ်တရက်သေဆုံးတတ်တဲ့(Sudden Infant Death Syndrome– SIDS)ရောဂါအန္တရာယ်ကိုဖြစ်နိုင်ခြေနည်းစေဖို့ ကလေးကိုသိပ်ရင်ခေါင်းအုံးတွေ၊စောင်တွေ ထည့်သိပ်တာသိပ်မများသင့်ဘူးလို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုထားပါတယ်။ကလေးကိုဆောင်းရာသီမှာ ဘေးအန္တရာယ်ကင်းပြီး နွေးနွေးထွေးထွေးဖြစ်စေဖို့ကမေမေတို့အပေါ်မူတည်နေတယ်ဆိုတော့…။ဒီအချက်လေးတွေ ဂရုစိုက်ကြည့်ပါဦးလို့။အေးနေတဲ့အချိန်မှာ ကလေးကို အနွေးထည်ဝတ်ပေးဖို့မမေ့ပါနဲ့။ သိပ်မအေးနေဘူးဆိုရင်တော့ အနွေးထည်မဟုတ်ဘဲ အင်္ကျီလက်ရှည်တစ်ထည်တော့ ထပ်ဝတ်ပေးသင့်ပါတယ်။ ကိုယ်တိုင်ကအေးတယ်လို့မခံစားရပေမယ့် အပြင်ရာသီဥတုကအေးနေမယ်၊ တခြားသူတွေအေးနေတယ်ဆိုရင် ကလေးကို ထပ်ဝတ်ပေးပါတော့။ ကိုယ်မချမ်းတာနဲ့ ကလေးကို ဒီအတိုင်းမထားပါနဲ့။ဆောင်းတွင်းဝတ်ဖို့ဆိုပြီး ကလေးအတွက်အနွေးထည်လှလှလေးတွေဝယ်ကြပေမယ့် နွေးတာ၊လှတာအပြင် ကလေးအတွက်သက်တောင့်သက်သာရှိဖို့ကိုလည်းထည့်တွေးသင့်ပါတယ်။နွေးတာထက်ကျော်လွန်ပြီးလှောင်အိုက်၊ ကျပ်ထုတ်နေစေနိုင်တဲ့ အထူကြီးတွေဝတ်ပေးတာမလုပ်သင့်ပါဘူး။အေးလာရင်ပြန်ဝတ်ပေး၊ အိုက်လာရင်ပြန်ချွတ်ပေးဖို့ လွယ်ကူတဲ့ချုပ်သားဒီဇိုင်း၊ အသားလည်းကောင်းတဲ့ ဝမ်းဆက်လေးတွေကိုရွေးချယ်ပါ။ဆံပင်သိပ်မရှိသေး၊ ဦးရေပြားပါးပြီး အအေးမခံနိုင်တဲ့ကလေးလေးတွေအတွက် အနွေးဦးထုပ်လေးတွေက အအေးဒဏ်ကိုကာကွယ်ပေးနိုင်ပါတယ်။ခေါင်းစွပ်၊ခြေစွပ်ပါပြီးသား တစ်ဆက်တည်းဝတ်စုံလေးတွေ အလွယ်တကူဝယ်လို့ရတယ်ဆိုတော့ အပြင်သွားရင် ကလေးအအေးမိမှာသိပ်မပူရတော့ဘူး။ ကလေးက လက်စုပ်တတ်တယ်ဆိုရင် လက်အိတ်အပိုလေးတွေ အရံသင့်ဆောင်ထားပါ။ နွေးလည်းနွေးမယ်၊ တစ်ထည်စိုနေရင် တစ်ထည်လဲလို့လွယ်တာပေါ့။ ခြေဖျားလေးတွေ မအေးစေဖို့ ခြေအိတ်ကလည်း မပါမဖြစ် ဝတ်ပေးသင့်ပါတယ်။ရာသီဥတုကအေးတာပဲ ကလေးတော့အေးနေမှာပဲဆိုပြီး အထပ်ထပ်ဝတ်ပေးထား၊စောင်နဲ့ပတ်ထားပေမယ့် ပူအိုက်လာတဲ့အခါလည်းရှိနိုင်ပါတယ်။ အနွေးထည်ကြားက ကလေးရဲ့အသားကို မကြာခဏ စမ်းကြည့်ပါ။ချွေးထွက်နေရင် တစ်ထပ်ချင်းချွတ်ပေးသင့်ပါတယ်။ချွေးကြောင့် အအေးပြန်ပတ်တာ ပိုစိတ်ပူစရာကောင်းပါတယ်။ အသက်ရှူမြန်နေတာကလည်း အပူများနေတဲ့လက္ခဏာပါ။ ဘာကြောင့်စိုးရိမ်သင့်တာလဲဆို ပူအိုက်လွန်းခြင်းက ကလေးငယ်တွေမှာဖြစ်တတ်တဲ့ ရုတ်တရက်သေဆုံးခြင်းရောဂါ (Sudden Infant Death Syndrome)ဖြစ်စေနိုင်တဲ့ အန္တရာယ်အချက်ထဲမှာ ပါဝင်နေလို့ပါပဲ။ ဒါ့ကြောင့် သင့်တင့်တဲ့နွေးထွေးမှုကိုပေးနိုင်တဲ့ အဝတ်အထည်တွေကို မှန်ကန်စွာရွေးချယ်ဝတ်ဆင်ပေးဖို့ အရေးကြီးပါတယ်။အပြင်ထွက်ကာစမှာ မအေးဘူးဆိုရင်တောင် ဘေဘီလေး အတွက် အနွေးထည်၊ ဦးထုပ် စတာတွေကမပါမဖြစ်ပါ။ ရာသီဥတုအပြောင်းအလဲက လူကြီးတွေအတွက်မသိသာပေမယ့် ကလေးတွေအတွက်တော့ သက်ရောက်မှုမြန်ဆန်နိုင်ပါတယ်။နွေးနွေးထွေးထွေးဝတ်ပေးမယ်၊ အင်္ကျီလက်ရှည်ဘောင်းဘီရှည်ဝတ်ပေးမယ်၊ခြေအိတ်၊ လက်အိတ်ဝတ်ထားမယ်၊ဦးထုပ်လေးဆောင်းမယ်၊ အနွေးထည်က လိုလိုမည်မည်ဆောင်ထားမယ် ဆိုရင် လုံလောက်ပါပြီ။သေးခံဝတ်ထားတယ်ဆိုဦးတော့ လိုအပ်လာရင်လဲပေးဖို့ အပိုအဝတ်အစားတွေလည်း ယူသွားသင့်တယ်နော်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%b1%e1%80%b8%e1%80%a1%e1%80%b1%e1%80%b8%e1%80%99%e1%80%be%e1%80%ac-%e1%80%98%e1%80%b1%e1%80%98%e1%80%ae%e1%80%9c%e1%80%b1%e1%80%b8/
အပြေးသမားများ ရှောင်ရှားသင့်သောမကောင်းသည့် အလေ့အထများ
သင်ပြေးချင်ပါသလား။ အောက်ဖော်ပြပါ အရာများသည် သင် မလုပ်သင့်သောအကြောင်းအရာများ ဖြစ်သည်။ Runer’s World မှ အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်သော Bart Yasso က ဒီလိုဆိုထားပါတယ်။ “တစ်ခါတစ်ရံတွင် တချို့လူတွေဟာကိုယ့်ကိုကိုယ် အပြေးသမားအစစ် မဟုတ်ဘူးလို့ ဆိုကြတယ်။ တကယ်တော့ကျွန်ုပ်တို့အားလုံးဟာအပြေးသမားပါပဲ။ တချို့ကတခြားလူတွေထက် ပိုပြေးနိုင်ရုံပါ။ ကျွန်ုပ် အပြေးသမားအတုနှင့် တခါမျှ မကြုံဖူးပါဘူး။”သင် သည် ပုံမှန်ပြေးနေသူတစ်ယောက်ဆိုလျှင် သင်သည် အပြေးသမားတစ်ယောက် ဖြစ်ပါသည်။ ထို့ကြောင့် ပြေးသည့်အခါတွင်ရှောင်ရှားသင့်သည့်အချက်များကိုသတိထားရန်လိုပါသည်။မသင့်လျော်သော ပြင်ဆင်မှု။အပြေးသမားများသည် ပြေးခြင်းကို ကြိုက်နှစ်သက်ကြပါသည်။ ထိုအချက်ကသင့်ကိုသွေးပူလေ့ကျင့်ခန်း ပြုလုပ်လိုသောဆန္ဒကင်းမဲ့စေသည် ။ အချိန်မရှိခြင်း၊ အလျင်လိုနေခြင်း၊ ပြေးလိုစိတ်တစ်ခုသာရှိနေခြင်းကြောင့်လည်း သွေးပူလေ့ကျင့်ခန်း မလုပ်ခြင်းဖြစ်နိုင်ပါသည်။ သို့သော် ဤအချင်းအရာသည် ရေရှည်တွင် သင့်ကိုထိခိုက်စေပါသည်။ သင့်ကြွက်သားနှင့် သွေးလည်ပတ်မှုစနစ် ကောင်းမွန်စေဖို့ အတွက် သွေးပူလေ့ကျင့်ခန်းလုပ်ရန် လိုအပ်ပါသည်။ အထူးသဖြင့် သင်သည် တစ်နာရီထက်ကျော်လွန်၍ ပြေးမည်ဆိုလျှင်ပေါ့။အစတွင် အလွန်မြန်စွာပြေးခြင်း။တချို့သည် နှေးစွာပြေး၍ တချို့သည် လေကဲ့သို့ လျှင်မြန်စွာပြေးသည်။ သင်၏ကြွက်သားများသည် ခြေလှမ်းများကိုထိန်းညှိနိုင်ရန်အတွက် သွေးပူဖို့အချိန်လိုအပ်ပါသည်။ ရုတ်တရက် အလွန်အကျွံပြေးလွှားခြင်းသည် အပျက်အစီးများကို ဖြစ်စေနိုင် ပါသည်။ရေဓါတ်ဆုံးရှုံးခြင်း။ရေဓါတ်ဆုံးရှုံးခြင်းသည် အပြေးသမားများတွင် အဖြစ်များသော ပြဿနာတစ်ခု ဖြစ်ပါသည်။ အကယ်၍ သင်သည် မိနစ် (၃၀) ထက်ပို၍ ပြေးမည်ဆိုလျှင် ရေဓါတ်ဆုံးရှုံးခြင်းကိုကာကွယ်ရန် လိုအပ်ပါသည်။ တချို့လူတွေကရေသောက်ခြင်းသည် အပိုအချိန်ဖြုန်းနေသည်ဟုထင်ကြသည်။ သို့သော်လည်းရေဓါတ် ဆုံးရှုံးခြင်းက ကြီးမားသော ပြဿနာတစ်ခု ဖြစ်သည်။ ရေဓါတ်အလွန်အကျွံဆုံးရှုံးပါက မူးဝေခြင်း၊ မူးမေ့လဲခြင်းများ ဖြစ်နိုင်သည်။ အပြေးသမားများကြားထဲတွင် မူးမေ့လဲခြင်းက သင့်ကိုအကြည့်ရဆိုးစေသလို စိတ်ကသိကအောက်လည်း ဖြစ်စေနိုင်ပါသည်။ပုံစံမမှန်သောစားသောက်မှုပုံစံ။အချိန်ကြာကြီးပြေးပြီးသောအခါ ဆာလောင်ခြင်းကို ခံစားရသည်မှာ ဓမ္မတာပင် ဖြစ်ပါသည်။ သို့သော်လည်း မိမိသည် အားကစားလုပ် ထားသည်ဆိုပြီး မိမိစားချင်သလိုစား၍ အဆင်မပြေပါဘူး။ ထိုသို့စားခြင်းသည် ခန္ဓါကိုယ်အတွက် ကောင်းမွန်အောင် သင်ပြုလုပ်နေသောအရာများကို ချေဖျက်လိုက်သလိုပင်ဖြစ်သည်။ ကယ်လိုရီ အလွန်အကျွံစားခြင်းသည် သင်အပြေးလေ့ကျင့်ဖို့ ပို၍ခက်ခဲစေနိုင်ပါသည်။အအိပ်ပျက်ခြင်း။ယခုအခါ လူအများစုသည် လုံလောက်စွာ အိပ်စက်ချိန်မရှိကြသည်မှာ အမှန်ကိုဆိုးရွားလှပါသည်။ အပြေးသမားများအတွက် အိပ်စက်ခြင်းသည် ပို၍လိုအပ်ပါ သည်။ အပြေးသမားများသည် ပို၍ကျန်းမာသောကြောင့် အအိပ်ပျက်ခြင်းကို ပုံမှန်လူတွေထက်ပို၍ ခံနိုင်ရည်ရှိပါသည်။ သို့သော် အပြေးသမားတစ်ယောက်အနေနဲ့သူများထက်ပို၍ အိပ်စက်ချိန်လိုအပ်ပါသည် ။ လေ့ကျင့်ရေးများသည် သင့်ခန္ဓါကိုယ်ကိုကျိန်းသေပျက်စီးမှုများရှိစေပြီးထိုပျက်စီးမှုများကို ပြန်လည်ပြုပြင်ဖို့ လုံလောက်သောအိပ်စက်ချိန်လိုအပ်ပါသည်။ အိပ်စက်ချိန်တွင် ကြီးထွားစေသောဟော်မုန်းများထွက်သောကြောင့် ခန္ဓါကိုယ်ရှိ အပျက်အစီးများကို ပြန်လည်ပြုပြင်ပေးနိုင်ပါသည်။ ထို့ကြောင့် ပိုမိုကောင်းမွန်သော အပြေးသမားများဖြစ်နိုင်ရန် နေ့စဉ်လုံလောက်သောအိပ်ချိန်ကို သတ်မှတ်ထားသင့်ပါသည်။နာကျင်ခြင်းကိုလျစ်လျူရှုခြင်း။အကယ်၍သင်သည် ဒဏ်ရာအသေးအဖွဲ့ကို ဂရုမစိုက်ဘဲရေခဲကပ်ခြင်း၊ အကိုက်အခဲပျောက်ဆေးသောက်ရုံနှင့် သက်သာမည်ဟု ယူဆကာ လျစ်လျူရှုထားပါက နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်လာနိုင်ပါသည်။ နာကျင်ခြင်းသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို ပြသော သတိပေးချက် တစ်ခုဖြစ်ပြီး အချိန်တစ်ခုယူ၍ ဖြေရှင်းခြင်းက အသင့်တော်ဆုံးသော အဖြေဖြစ်ပါသည်။ပြေးခြင်းသည် လူသားများ၏ အခြေခံအကျဆုံးလှုပ်ရှားမှု ဖြစ် သည်။ မကောင်းသောအလေ့အထများကို သိရှိပြုပြင်ပြီးနောက် မှန်ကန်သောနည်းလမ်းဖြင့် ကောင်းမွန်စွာပြေးပါ။ ကျန်းမာခြင်းအကျိုးကိုခံစားပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%a1%e1%80%b1%e1%80%bb%e1%80%95%e1%80%b8%e1%80%9e%e1%80%99%e1%80%ac%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%80%b1%e1%80%9b%e1%80%bd%e1%80%ac%e1%80%84%e1%80%b9%e1%80%9b%e1%80%bd%e1%80%ac/
နို့တိုက် မေမေတွေ တစ်နေ့ ရေဘယ်လောက်သောက်ရမလဲ။
ရာသီဥတုကပူပြင်းလာတဲ့အခါ သူသူကိုယ်ကိုယ် နဂိုကထက်ပိုပြီးရေဆာလာတတ်ကြပါတယ်။ ဒီထဲမှာနို့တိုက်မေမေတွေလည်း ပါပါတယ်။ သူတို့က သူတို့အပြင် ကလေးကိုလည်းနို့တိုက်ရတဲ့ အတွက် တစ်နေ့တစ်နေ့ သူတို့ ရေသောက်တာ လုံလောက်ပါ့မလား။ သူတို့ရေသောက်နည်းရင်နို့ထွက်ရော နည်းသွားမလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဒီဆောင်းပါးမှာ မေမေတွေ ရေဘယ်လောက်သောက်သင့်လဲ။ မေမေတွေ ရေသောက်နည်းရင် ကလေးတွေရော ရေငတ်သွားမလားဆိုတာကို ပြောပြပေးပါမယ်။မေမေတွေက တစ်နေ့ကို နို့ ၇၅၀ မီလီလီတာလောက် ထွက်ပါတယ်။ ရေသန့်ဘူး တစ်ဝက်ကျော်ကျော်လောက်ပေါ့။ ဒါကြောင့်  European Food Safety Authorityက တစ်နေ့တာ လိုအပ်ချက်အပြင် အပို ၇၀၀ မီလီလီတာလောက် ထပ်ဆောင်းသောက်ပေးဖို့ ပြောထားပါတယ်။ နို့တိုက်ကျွေးရေး ပညာရှင်တွေကတော့ ရေဆာတိုင်း သောက်တာအပြင် နည်းနည်းလောက် ပိုသောက်ပေးဖို့ ပြောထားပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ တစ်နေ့တာ ရေလိုအပ်ချက်က မတူတဲ့အတွက် ဘယ်လောက်သောက်လို့ ပြောဖို့ခက်ပါတယ်။  အလွယ်နည်းလမ်းကတော့။တော်တော်များများ ထင်ကြတာတော့ ရေများများသောက်ရင် နို့များများ ထွက်မယ်ပေါ့။ ဒါနဲ့ပတ်သတ်ပြီး တစ်ထစ်ချ ပြောလို့မရပါဘူး။  သိပ္ပံနည်းကျလေ့လာထားတာလည်း မရှိပါဘူး။ အဓိကရေသောက်ခိုင်းရတဲ့ အကြောင်းရင်းက နို့မထွက်မှာ စိုးတာထက် သင်ရေဓာတ်မလုံလောက်မှာ စိုးလို့ပါ။ကလေးက နို့စို့လေ နို့ပိုထွက်လေပါပဲ။ ကလေးနို့စို့ရင် ထွက်လာတဲ့ အောက်ဆီတိုစင် ဟော်မုန်းက သားအိမ်ကို ကျုံ့စေသလို နို့ပိုထွက်အောင်လည်း လုပ်ပေးပါတယ်။ ရှားရှားပါးပါး ရေသောက်များလို့ ရေဆိပ်သင့်တာ၊ ဆီးခဏခဏသွားရလွန်းလို့ နို့ရည်ထဲက ရေတွေပါ ပါပြီး နို့ထွက်နည်းသွားတာမျိုးတော့ ရှိတတ်ပါတယ်။အဓိကကတော့ အမေမှာ ရေဓာတ်မလုံလောက်တဲ့ ပြဿနာ ဖြစ်လာမှာပါ။ နို့တိုက်ချိန်မှာ ရေဓာတ်မလုံလောက်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပေမယ့် ရေလုံလုံလောက်လောက် မသောက်တာက အတွေ့ရအများဆုံး အကြောင်းရင်းပါပဲ။ ရေဓာတ်မလုံလောက်ရင်။ဒါဆိုရင် သင့်ခန္ဓာကိုယ်က ရေဓာတ်မလုံလောက်ဘူးလို့ အချက်ပြနေပါပြီ။ ရေသာမြန်မြန် သွားသောက်လိုက်ပါတော့။ရေဆာတာနဲ့ ရေသောက်ပါ။ နို့တိုက်မေမေတွေက သာမန်လူတွေထက် ရေပိုဆာတတ်ပါတယ်။ ဒါကြောင့် ရေဘူးကို လက်လှမ်းမီတဲ့နေရာမှာ အဆင်သင့်ဆောင်ထားပါ။ တစ်ခါတည်း အများကြီး မသောက်နိုင်ရင် တစ်နေကုန် တစ်စွတ်စွတ် သောက်ပေးပါ။နေ့တိုင်း ရေချည်းပဲ သောက်ရတာ ရိုးလာရင် ရေထဲကို သံပုရာသီးစိတ်လေးတွေ၊ သခွားသီးလေးတွေ လှီးထည့်ပြီး သောက်ပေးပါ။ လူကို လန်းဆန်းစေသလို အသီးတွေထဲက အာဟာရတွေလည်း ရစေပါတယ်။သကြားဓာတ်များတဲ့အချိုရည်တွေသောက်မယ့်အစား အိမ်မှာပဲ လတ်လတ်ဆတ်ဆတ် အသီးတွေကို ဖျော်သောက်ပါ။ အချိုရည်တွေက ရေပိုဆာစေပြီး မလိုအပ်ဘဲ ကယ်လိုရီတွေ တက်စေပါတယ်။ကော်ဖီ၊ လက်ဖက်ရည်တွေက ဆီးရွှင်စေပါတယ်။ ဆီးများများသွားတော့ ရေဓာတ်ဆုံးရှုံးတာ ပိုများလာတာပေါ့။ ပြီးတော့ ဒါတွေက အချိုရည်တွေလိုပဲ ရေပိုဆာစေပါတယ်။လိမ္မော်သီး၊ ဖရဲသီး၊ စတော်ဘယ်ရီ စတဲ့ အသီးတွေနဲ့ ဆလပ်ရွက်၊ သခွားသီး၊ ဂေါ်ဖီထုပ် စတာတွေက ရေဓာတ်ပါဝင်မှု များလို့ များများ စားသင့်ပါတယ်။ရေလည်း ဆာတယ်။ နုံးလည်းနုံးတယ်။ ခြေလက်တွေလည်း မသယ်ချင်ဘူးဆိုရင် ဓာတ်ဆားသောက်ပေးလို့ ရပါတယ်။ ဓာတ်ဆားဖျော်သောက်တာက ရေဓာတ်အပြင် ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ ဆားဓာတ်တွေပါ ရရှိစေပါတယ်။ ဒါပေမယ့် ရေဆာတိုင်း ဓာတ်ဆားပဲ သောက်နေတာကိုတော့ အားမပေးပါဘူး။ရေဆာတိုင်း ရေသောက်ပေးတာအပြင် တခြား အရည်တွေ သောက်တာ (ဥပမာ ဟင်းရည်၊ အသီးဖျော်ရည်)၊ အရည်ရွှမ်းတဲ့ အသီးအနှံတွေ စားပေးတာက ရေဓာတ်ပြည့်ဝဖို့ ကူညီပေးပါတယ်။ ရေဓာတ်ပြည့်ဝဖို့ ရေသောက်ပေးတာက အကောင်းဆုံးနဲ့ အခြေခံအကျဆုံး နည်းလမ်းဆိုတာ မမေ့ပါနဲ့။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/how-much-water-should-breastfeeding-mom-should-take/
အူလမ်းကြောင်းဘက်တီးရီးယားများကို အထောက်အပံ့ဖြစ်စေမည့် နည်လမ်းများ
လူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ ဘက်တီးရီးယားပေါင်း သန်းပေါင်းများစွာရှိပြီး အများစုဟာ အူလမ်းကြောင်းထဲမှာ ရှိပါတယ်။ သူတို့ဟာ လူသားတို့ကျန်းမာရေးကို များစွာ အကျိုးသက်ရောက်ပါတယ်။ တချို့ကတော့ ရောဂါဖြစ်စေတတ်ပါတယ်။ အကျိုးပြုဘက်တီးရီးယားပေါင်းများစွာလည်း အူလမ်းကြောင်းထဲမှာ ရှိပါတယ်။ စိတ်ဝင်စားစရာတစ်ချက်ကတော့ သင်စားလိုက်တဲ့ အစားအစာများဟာလည်း အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေအပေါ် အကျိုးသက်ရောက်မှုများစွာရှိတယ် ဆိုတာပါပဲ။အူလမ်းကြောင်းထဲမှာရှိတဲ့ ဘက်တီးရီးယားများဟာ အမျိုးပေါင်းရာချီပါတယ်။ တစ်မျိုးစီဟာ ကျန်းမာရေးအတွက် ကိုယ်စီအရေးပါပြီး မတူညီတဲ့ အာဟာရဓာတ်တွေ လိုအပ်ပါတယ်။ ဒါကြောင့် အစားအစာမျိုးစုံကို စားသုံးပေးဖို့ လိုအပ်ပါတယ်။ အဆီဓာတ်၊ သကြားဓာတ်၊ ပရိုတိန်း၊ ကာဘိုဟိုက်ဒရိတ်၊ အမျှင်ဓာတ် စတာတွေကို သူ့အချိုးအဆနဲ့သူ မျှတစွာ စားသုံးသင့်ပါတယ်။အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များဟာ အူလမ်းကြောင်းဘက်တီးရီးယားတွေအတွက် အကောင်းဆုံးသော အာဟာရရင်းမြစ်တွေ ဖြစ်ပါတယ်။ အသီးအရွက်တွေမှာ အမျှင်ဓာတ်ပါဝင်မှု မြင့်မားပြီး ကိုယ်ခန္ဓာကနေ မချေဖျက်နိုင်ပါဘူး။ အဆိုပါအမျှင်ဓာတ်ကို အူလမ်းကြောင်း ဘက်တီးရီးယားတချို့က ချေဖျက်ပေးပြီး သူတို့ရဲ့ ဖွံ့ဖြိုးကြီးထွားမှုအတွက် အထောက်အကူပြုပါတယ်။ပဲအမျိုးမျိုးမှာလည်းအမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ပြီး အစာအိမ်အူလမ်းကြောင်းက ဘက်တီးရီးယားတွေကို အကျိုးပြုတဲ့ တခြားအစားအစာတွေကတော့။– ရက်စ်ဘယ်ရီ။– အာတီချုပ်ပန်းဖူး။– ပဲစိမ်း။– ပန်းပွင့်စိမ်း။– ကုလားပဲ။– ပဲနီလေး။– ပဲကြီး စတာတွေ ဖြစ်ပါတယ်။အစားအစာများကို အချဉ်ဖောက်ရာမှာ ဘက်တီးရီးယားနဲ့ တစေးကို အသုံးပြုပြီး အစားအစာထဲမှာပါတဲ့ သကြားဓာတ်ကို အော်ဂဲနစ်နဲ့အယ်လ်ကိုဟောအဖြစ် ပြောင်းလဲပေးခြင်း ဖြစ်ပါတယ်။ ဥပမာအားဖြင့်။– ဒိန်ချဉ်။– ကင်ချီ။– ဂေါ်ဖီချဉ်။– နို့ချဉ် စတာတွေ ဖြစ်ပါတယ်။အဆိုပါအစားအစာတွေမှာ lactobacilli ဆိုတဲ့ ဘက်တီးရီးယားတမျိုးပါဝင်ပြီး ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ အဆိုပါအကျိုးပြုဘက်တီးရီးယားတွေများလာရင် အူလမ်းကြောင်းမှာဖြစ်တဲ့ ပြဿနာတချို့ကို လျော့ကျသွားစေပါတယ်။ ဒိန်ချဉ်ဟာဆိုရင်လည်း အူလမ်းကြောင်း မငြိမ်မသက်ဖြစ်တဲ့ ရောဂါကို သက်သာစေကြောင်း သိရပါတယ်။သဘာဝသကြားကို အစားထိုးဖို့ ဆေးသကြားတွေ အစားထိုးသုံးလာကြပါတယ်။ တကယ်တော့ ဓာတုဗေဒဆေးသကြားများဟာ အူလမ်းကြောင်းကို ထိခိုက်စေပါတယ်။ သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိနိုင်ဖို့ ပိုမိုခက်ခဲစေပါတယ်။ကလေးများရဲ့ကိုယ်ထဲက အကျိုးပြုဘက်တီးရီးယားများဟာ မွေးကင်းစကတည်းက စတင်ဖွံ့ဖြိုးလာပါတယ်။ အသက်နှစ်နှစ်အတွင်း Bifidobacteria လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားများ ပွားများလာပြီး မိခင်နို့ထဲက သကြားကို ချေဖျက်ပေးပါတယ်။ ဒါ့အပြင် အသက်ခြောက်လအထိ မိခင်နို့ကိုပဲ သောက်သုံးခြင်းအားဖြင့် အကျိုးပြုဘက်တီးရီးယားတွေ ပိုမိုပွားများလာစေပြီး ရောဂါမျိုးစုံကို ကာကွယ်နိုင်ဖို့ ကိုယ်ခံစွမ်းအား မြင့်တက်လာစေပါတယ်။ပိုလီဖီနောဟာ အပင်များမှာပါဝင်တဲ့ ဒြပ်ပေါင်းတမျိုးဖြစ်ပြီး သွေးတိုးကျစေခြင်း၊ ရောင်ရမ်းမှုကျစေခြင်း၊ကိုလက်စထရောနှင့် ဓာတ်တိုးခြင်းဖြစ်စဉ်ကြောင့် ကိုယ်ခန္ဓာဖိစီးမှုများဖြစ်ပေါ်ခြင်းကို ကျဆင်းစေပါတယ်။ ပိုလီဖီနောကို လူ့ခန္ဓာကိုယ်ဆဲလ်များမှ မချေဖျက်နိုင်ပါဘူး။ အဲဒီအစား သူတို့ကို အူလမ်းကြောင်း ဘက်တီးရီးယားများက ချေဖျက်ပေးပါတယ်။ ပေါ်လီဖီနော်ကြွယ်ဝတဲ့ အစားအစာတွေကတော့။– ကိုကိုးနှင့် ချောကလက်ညို။– ဝိုင်နီ။– စပျစ်သီးခွံ။–Green tea။– ကြက်သွန်နီ။– ဘလူးဘယ်ရီ။– ပန်းပွင့်စိမ်း စတာတွေ ဖြစ်ပါတယ်။ကိုကိုးနဲ့ချောကလက်ညိုမှာပါဝင်တဲ့ ပိုလီဖီနောဟာ Bifidobacteria နဲ့ lactobacilli တို့ရဲ့ အရေအတွက်ကို တိုးတက်စေပြီး Clostridia ရောဂါပိုးရဲ့ အရေအတွက်ကို လျော့နည်းစေပါတယ်။ပရိုဘိုင်အိုတစ်ဟာလည်း အကျိုးပြုဘက်တီးရီးယားတွေ ဖြစ်ပါတယ်။ သူတို့ဟာအူလမ်းကြောင်းမှာ အမြဲမနေနိုင်ပါဘူး။ ဒါပေမယ့် အူလမ်းကြောင်းက ဘက်တီးရီးယားတွေအားလုံးရဲ့ ဖွဲ့စည်းဖြစ်ပေါ်ပုံကို ပြောင်းလဲပစ်ခြင်းအားဖြင့် အကျိုးဖြစ်ထွန်းစေပါတယ်။ ပရိုဘိုင်အိုတစ်ဟာ နေကောင်းကျန်းမာတဲ့သူတွေအတွက် သိပ်မသိသာပါဘူး။ ဒါပေမယ့် နေထိုင်မကောင်းသူတွေ သုံးစွဲရင်တော့ သိသာပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/improve-gut-bacteria/
အစာလျှော့ပြီး ဝိတ်ချတာဟာ အဝလွန်တာထက် ပိုအန္တရာယ်များသလား
ဝိတ်ချတယ်ဆိုတာကို ကိုယ့်ကိုယ်ကို နှိပ်စက်နေတာလို့ တွေးကြည့်ဖူးပါသလား? သင့်တော်တဲ့ အစားအစာတွေကို မစားသောက်ပဲ ကိုယ့်ကိုယ်ကို ပိတ်ပင်တားဆီးနေတာဟာ ကျန်းမာရေးနဲ့ တကယ်ညီညွတ်ရဲ့လား? ကျွမ်းကျင်သူတစ်ချို့ကတော့ ကိုယ်အလေးချိန် လျှော့ချမှုနဲ့ ပတ်သက်ပြီး သင်တို့ရဲ့ အပြုအမူတွေဟာ မှားယွင်းနေတယ်ဆိုတာကို ထောက်ပြနေကြပါတယ်။အစားအသောက်ကို လျှော့ချပြီး ဝိတ်အလွန်အကျွံချတာဟာအဝလွန်နေတာထက် သင့်ရဲ့ ကျန်းမာရေးကို ပိုထိခိုက်စေနိုင်ပါတယ်တဲ့။ ကယ်လိုရီ ပမာဏကို အလွန်အမင်းလျှော့ချပြီး အစားအသောက်တွေကို ခွဲခြားရွေးချယ်စားသောက်နေတာဟာ မှန်ကန်တဲ့ အပြုအမူတစ်ခုမဟုတ်ဘူးလို့ ဆိုပါတယ်။ အာဟာရဓာတ်ကို ပြည့်ဝအောင် မဖြည့်ဆည်းတဲ့အတွက် အစာအိမ်နဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကိုသာမက စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။အစားအသောက်ကို အာဟာရမျှတစွာမစားပဲ ဝိတ်ချလို့ ဘယ်လို့ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ …။စိတ်ရှည်ဖို့က အဓိကပါပဲ။ ခန္ဓာကိုယ်အတွက် လိုအပ်မယ့် အာဟာရကို ပြည့်ဝအောင် စားသောက်ရပါမယ်။ အစားအသောက်ကို ခွဲစားတာမျိုးနဲ့လေ့ကျင့်ခန်းကို သင့်တော်ရုံ မျှတအောင်လုပ်သင့်ပါတယ်။အထူးသဖြင့် အစာစားတဲ့ ပမာဏကို ထိန်းချုပ်နိုင်အောင် အရင်လုပ်သင့်ပါတယ်။ တစ်ကြိမ်တစ်ခါတည်းနဲ့ အမြောက်အများစားတာဟာ ဝိတ်တက်စေနိုင်ပါတယ်။ အသားနဲ့ အသီးအရွက်ကို မျှတအောင်ပြင်ဆင်ပြီး နည်းနည်းစီစားတာ အကောင်းဆုံးပါပဲ။ ဒီလိုမဟုတ်ရင်တောင်မှာ ပုံမှန် ကိုယ်စားနေကျပမာဏထက် ၁၀% လောက် လျှော့ချစားသောက်ရင်တောင်မှ သင့်အတွက် အကျိုးရှိလာတာမြင်ရပါလိမ့်မယ်။လူတစ်ယောက်ဟာ တစ်နေ့ကို ကယ်လိုရီ ၁၅၀၀-၂၀၀၀ ကြားစားပေးနေဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်းကို မျှမျှတတလုပ်ပြီး အစားအသောက်ကိုလည်း အာဟာရမျှတအောင် စားပေးမယ်ဆိုရင် လိုချင်တဲ့ ခန္ဓာကိုယ်အလေးချိန်ကို ဘေးအန္တရာယ်မရှိပဲ ရောက်ရှိနိုင်မှာပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/dieting-will-kill-you-faster-than-obesity/
အသည်းရောင်အသားဝါ Bပိုး မကူးအောင်ဘယ်လိုကာကွယ်ကြမလဲ။
ဒီနေ့ဆောင်းပါးလေးမှာကတော့ Bပိုး မဖြစ်အောင်၊ အထူးသဖြင့် အတူနေ အိမ်သားတစ်ယောက်ယောက်မှာ Bပိုး ရှိနေတဲ့အခါ မကူးအောင် ဘယ်လို ဂရုစိုက်နေထိုင်ကြမလဲ ဆိုတာလေးကို အဓိက မျှဝေပေးချင်ပါတယ်။ အသည်းရောင် အသားဝါ B ပိုးဆိုတာ အသည်းကိုထိခိုက်စေနိုင်တဲ့အသည်းရောင်ရောဂါကို ဖြစ်စေတဲ့ ပိုးတစ်မျိုးဖြစ်ပြီး Bပိုး ကြောင့် ဖြစ်တဲ့ အသည်းရောင်ရောဂါဟာ ကုသလို့ပျောက်နိုင်သေးပါဘူး။ နောက်ဆက်တွဲ အနေနဲ့အသည်းခြောက်ခြင်းနှင့်အသည်းကင်ဆာကို ဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အထိ ဆိုးရွားနိုင်ပါတယ်။မပြန့်ပွားအောင်ကူးစက်မခံရအောင်ကာကွယ်နိုင်တဲ့နည်းလမ်းတွေမပြောပြခင်မှာအရင်ဆုံးဘယ်လိုလူတွေမှာ Bပိုးကူးစက်ခံရနိုင်ခြေများတယ်ဆိုတာလေးနည်းနည်းမျှဝေပေးချင်ပါတယ်။၁။ မကြာခဏသွေးသွင်းကုသမှုခံယူရသူများ။၂။လိင်ဆက်ဆံဖော်များသူများ၊ ရောဂါရှိသူနဲ့ အကာကွယ်မဲ့ လိင်ဆက်ဆံမှု ရှိသူများ။၃။ နာတာရှည်ကျောက်ကပ်ရောဂါရှိပြီးကျောက်ကပ်မကြာခဏဆေးရသူများ။၄။မူးယစ်ဆေးသွေးကြောထဲထိုးသွင်း အသုံးပြုသူများ၊ တက်တူးထိုးသူများ။ ( အပ်များကို မျှဝေအသုံးပြုရင်)။၅။ လုပ်ငန်းခွင်မှာ သွေး (သို့) သွေးနှင့် ဆက်စပ်ပစ္စည်းများဖြင့် ထိတွေ့ရသူများ။အဲလို လူတွေမှာ ဆိုရင်တော့ ကူးစက်ခံနိုင်ခြေတွေများပါတယ်။ဒါဆိုဘယ်လိုကာကွယ်နေထိုင်ကြမလဲ။အသည်းရောင်အသားဝါ Bပိုး ဟာ ရောဂါပိုးရှိတဲ့မိခင်မှကလေးဆီကို ကူးနိုင်တဲ့အပြင် ရောဂါပိုးရှိတဲ့လူရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေ (ဥပမာ- သွေး၊ မိန်းမကိုယ်က ထွက်တဲ့ အရည်၊ သုက်ရည်၊ ချွေး ၊ တံတွေး၊ ဆီး ) စတာတွေကနေ တစ်ဆင့်လည်း ကူးနိုင်ပါတယ်။ အဲဒီအရည်တွေက တစ်နည်းနည်းနဲ့ သွေးကြောထဲရောက်သွားတဲ့အခါ (သို့) ပြဲနေတဲ့ အရေပြားနဲ့ ထိတွေ့တဲ့အခါ (သို့) ဥပမာ ပါးစပ်အတွင်းသားတွေမှာရှိတဲ့ mucosa လို့ခေါ်တဲ့ အရေပြားနဲ့တူတဲ့ နူးညံတဲ့အလွှာတွေရှိတဲ့ နေရာတွေနဲ့ တိုက်ရိုက်ထိမိတဲ့ အခါ ကူးစက်နိုင်ပါတယ်။ဒါ့ကြောင့် အထူးသဖြင့် ရောဂါရှိတဲ့ သူနဲ့ တစ်အိမ်ထဲ အတူတူနေတဲ့အခါမှာ အောက်ပါအချက်လေးတွေကို ပိုပြီး ဂရုတစိုက်လိုက်နာပေးသင့်ပါတယ်။၁။ အရေးကြီးဆုံးနဲ့ အကောင်းဆုံးနည်းလမ်းကတော့ ကူးစက်မခံရအောင် ကြိုတင်ကာကွယ်ဆေးထိုးခြင်းပါပဲ။ ကာကွယ်ဆေးကိုလည်း အကြိမ်ပြည့်အောင်ထိုးပေးဖို့ လိုအပ်ပါတယ်။ ကူးစက်ခံရနိုင်ခြေများတဲ့ သူတွေဆိုရင် ပိုပြီး မဖြစ်မနေ ကာကွယ်ဆေးထိုးထားဖို့ လိုအပ်ပါတယ်။၂။ ရောဂါရှိတဲ့ သူနဲ့ အကာကွယ်မဲ့ လိင်ဆက်ဆံတာမျိုးကို ရှောင်ကြဉ်ရပါမယ်။ ဒါ့အပြင် ရောဂါ ရှိ၊ မရှိ မသိနိုင်တဲ့ သူတွေနဲ့ အတူနေတိုင်းမှာလည်း အကာအကွယ် ကွန်ဒုံးသုံးတာမျိုး လုပ်ရပါမယ်။၃။ ရောဂါပိုးရှိသောသူနဲ့ သွားတိုက်တံ၊ သွားကြားထိုးတံ၊ မုတ်ဆိတ်ရိတ်ဓား၊ လက်သည်းညှပ် စတဲ့ ကူးနိုင်တဲ့ အရည်တွေ ထိစပ်နေနိုင်တဲ့ ပစ္စည်းတွေကို မျှဝေသုံးစွဲတာမျိုးကို လုံး၀ ရှောင်ကြဉ်ရပါမယ်။၄။ မိမိမှာ အရေပြား ပြတ်ရှ၊ ပွန်းပဲ့တာမျိုးရှိမယ်ဆိုရင် အဲဒီနေရာတွေက တစ်ဆင့် အလွယ်တကူကူးစက်နိုင်တဲ့ အတွက် အဲဒီ နေရာတွေကို သေသေချာချာ ပလာစတာကပ်ထားတာ၊ ကာကွယ်ထားတာမျိုး လုပ်ရပါမယ်။၅။ ရောဂါရှိတဲ့ သူနဲ့ ပတ်သတ်တဲ့ ပစ္စည်းတွေ၊ အထူးသဖြင့် ကူးစက်နိုင်တဲ့ ခန္ဓာကိုယ် စစ်ထုတ်ရည်တွေနဲ့ ထိစပ်ထားတဲ့ ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်တဲ့ အခါမှာ လက်အိတ်ဝတ်တာမျိုး လုပ်ဖို့ လိုအပ်ပါတယ်။ဒီအချက်တွေအပြင်။၆။ မိခင်မှာ Bပိုးရှိနေရင်လည်း ကလေးလေးကို ကူးနိုင်ခြေအရမ်းများတဲ့အတွက် ကလေးလေးမွေးပြီး ၁၂နာရီအတွင်းမှာ အမြန်ဆုံး ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်။၇။ သွေးသွင်းရမယ်ဆိုရင်လည်း တစ်ခါသုံးအပ်၊ ဆေးပစ္စည်းများကိုသာသုံးပြီး Bပိုး၊ C ပိုး၊ HIV ပိုး၊ ကာလသားရောဂါပိုးစစ်ပြီး ကင်းရှင်းတဲ့သွေးကိုသာ သွင်းဖို့ ဂရုစိုက်သင့်ပါတယ်။ B ပိုးရှိတဲ့ သူတွေ အနေနဲ့လည်း သွေးမလှူဖို့ သတိပေးချင်ပါတယ်။၈။ ဆေးထိုး၊ သွေးဖောက်၊ နားဖောက်၊ ဆေးမှင်ကြောင် ထိုးတဲ့အခါမှာလည်း အခြားသူနဲ့ မျှဝေမသုံးဖို့၊ တစ်ခါသုံးအပ်တွေသာ သုံးဖို့ အရေးကြီးပါတယ်။၉။ Accidental needle prick မရစေဖို့အတွက် ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ အပ်နဲ့ အခြား လူနာသုံးချွန်ထက်တဲ့ ဆေးပစ္စည်းတွေနဲ့ အလုပ်လုပ်တဲ့အခါမှာ မစူးမိအောင် သတိထားကြဖို့လည်း အကြံပေးချင်ပါတယ်။ကျန်းမာကြပါစေ။ရေးသားသူ- Khine Phoo Ngon။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/how-to-prevent-hepatitis-b-infection/
ပါးစပ်ထဲက တံထွေး ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုသလဲ။
လူတော်တော်များများကတံထွေးလို့ ပြောလိုက်ရင် မသတိစရာ၊ ရွံစရာ၊ သန့်ရှင်းမှု မရှိတဲ့အရာလို့ ယူဆကြတာ များပါတယ်။ တကယ်ကတော့ တံထွေးက ကျန်းမာရေးကို အကျိုးပြုတဲ့ အပိုင်းတွေ ရှိနေပါတယ်။ တံထွေးက ခန္ဓာကိုယ် ကျန်းမာစေဖို့ရောအလှအပကိုပါ အထောက်အကူ ပြုပေးပါတယ်။ လူတွေရဲ့ တံထွေးကခန္ဓာကိုယ်အတွက် ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးသလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးပါရစေ။ခံတွင်းထဲက တံထွေးက ညစ်ပတ်တယ်လို့ ထင်ရပေမယ့်။တံထွေးက ကောင်းမွန်ထိရောက်တဲ့ သန့်စင်မှုပေးတဲ့ အရာဖြစ်သလိုအရေပြားပေါ်က ဘက်တီးရီးယားတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ အနာကျက်စေနိုင်သလို အနာကျက်စေဖို့လည်း အရေပြားကို အားဖြည့်ပေးပါတယ်။မြင်သာအောင် ပြောပြရရင် ပါးစပ်ထဲက အနာတွေက ခန္ဓာကိုယ် အခြားနေရာတွေက အနာတွေထက် အကျက်မြန်ပါတယ်။ ဒါကြောင့်  ခန္ဓာကိုယ်က အနာတွေကျက်စေဖို့ဆိုရင် တံထွေးလေး ဆွတ်ပေးလို့ ရပါတယ်။တံထွေးက သွား နဲ့ ခံတွင်းကိုဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ အစားအစာတွေ၊ သောက်သုံးလိုက်တဲ့ ရေနဲ့ ရှူသွင်းလိုက်တဲ့ လေမှာပါတဲ့ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေကို အထိရောက်ဆုံး ဟန့်တား တိုက်ဖျက်ပေးပါတယ်။သွားနဲ့ခံတွင်းကို သန့်ရှင်းအောင် ထားဖို့တော့ လိုပါမယ်။နေ့စဉ် စားသုံးမိတဲ့ အစားအစာတွေမှာအက်ဆစ်တွေပါဝင်တတ်ပါတယ်။ ဒီအက်ဆစ်တွေက ပမာဏ တအား များတဲ့အခါ သွားနဲ့သွားဖုံး၊ ခံတွင်းထဲက တစ်ရှူးပျော့တွေကို ထိခိုက်စေပါတယ်။ ဒါ့အပြင်အစာရေမျို အတွင်းနံရံကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒီပြဿနာတွေကို ကင်းစေဖို့ အကောင်းဆုံး ဟန့်တားပေးနေတဲ့ ဇာတ်လိုက်က တံထွေးပါ။တံထွေးက သွားနဲ့သွားဖုံးတွေ၊ ပါးစပ်အတွင်းနံရံက တစ်ရှူးပျော့တွေ၊ အစာရေမျို အတွင်းနံရံတွေကို အစားအစာမှာပါတဲ့ အက်ဆစ်တွေကြောင့် ထိခိုက်တာမျိုး မရှိအောင် အကောင်းဆုံး ကာကွယ်ပေးပါတယ်။တံထွေးက အက်ဆစ်ဓာတ် အနည်းငယ် ပါနေပြီး ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားမှု မရှိအောင် ကာကွယ်ပေးရုံတင် မဟုတ်ဘဲ သွားတွေကို ထိခိုက်စေပြီးခံတွင်းထဲမှာ ဘက်တီးရီးယားတွေ အလွယ်တကူ ပေါက်ဖွားစေဖို့ အားဖြည့်ပေးတဲ့ သွားချေးတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။တံထွေးက ခံတွင်းထဲကpH ပမာဏကို ထိန်းညှိပေးပြီးအရသာခံနိုင်စွမ်းမြင့်စေသလို အူတွေ အစာအိမ်တွေထဲ ရောက်ရှိသွားတဲ့ အခါမှာလည်း စားလိုက်တဲ့ အစားအစာတွေကို ကြေညက်စေဖို့ အကောင်းဆုံး အားဖြည့်ပေးပါသေးတယ်။တံထွေးကို ဒါတွေအပြင် ပြင်ပအနာတွေ ကျက်စေဖို့၊ ပါးစပ်ထဲက အနာကျက်စေဖို့၊ဝက်ခြံသက်သာစေဖို့၊ဝက်ခြံ အမာရွတ်​တွေ သက်သာစေဖို့အတွက်လည်း အသုံးပြုလို့ ရပါတယ်။မျက်လုံးအတွက် ချောဆီ အဖြစ်လည်း အသုံးပြုပေးလို့ ရပါသေးတယ်။အနာတွေအတွက် တံထွေးကို အသုံးပြုမယ်ဆိုရင် ကိုယ့်တံထွေးကိုသာ အသုံးပြုတာက အဆင်အပြေဆုံး ဖြစ်မှာပါ။ ဒီလို ပြောရတာက တံထွေးကလည်း ရောဂါတွေ ကူးစက်တာမျိုးရှိနိုင်တာကြောင့်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/uses-of-saliva-for-health/
Endometrial cancer (သားအိမ်ကင်ဆာ)
သားအိမ်ကင်ဆာသည် သားအိမ်တွင်းနံရံမှဖြစ်သော ကင်ဆာဖြစ်ပါသည်။ သားအိမ်သည် အခေါင်းပါ သစ်တော်သီးပုံရှိ ဆီးခုံတွင်းအင်္ဂါဖြစ်ပြီး သန္ဓေသားကြီးထွားသောနေရာလည်း ဖြစ်သည်။သားအိမ်ကင်ဆာမှာ သားအိမ်နံရံ (Endometrium) အလွှာမှ ဆဲလများတွင်ဖြစ်သော ကင်ဆာဖြစ်သည်။ သားအိမ်ကင်ဆာကို Endometrial ကင်ဆာဟုလည်းခေါ်သည်။ သားအိမ်တွင် Uterine Sarcoma ကဲ့သို့ တခြားသော ကင်ဆာအမျိုအစားများကိုလည်း တွေ့နိုင်ပါသည်။ သို့သော် သားအိမ်ကင်ဆာလောက် အဖြစ်မများကြပါ။နှစ်စဉ် US ၌ သားအိမ်ကင်ဆာ ၃၀၀၀၀၀ ကျော် ဖြစ်ပွားနေပါသည်။ ထို့အတူ ဤရောဂါသည် US တွင်သာမဟုတ်ပဲ တစ်ခြားသော ဖွံဖြိုးပြီးနိုင်ငံများတွင်ပါ အဖြစ်များဆုံးသော မီးယပ်ကင်ဆာအမျိုးအစားတွင် ပါဝင်နေသည်။သားအိမ်ကင်ဆာအများစုမှာ အသက် ၆၀ နှင့် ၇၀ ကြားတွင် အဖြစ်များပြီး အနည်းငယ်တွင်တော့ အသက် ၄၀ မတိုင်မှီ ဖြစ်လေ့ရှိပါသည်။သားအိမ်ကင်ဆာမှာ မကြာခဏဆိုသလို ဖြစ်ပေါ်လာသည်နှင့် သိနိုင်၏။ အဘယ်ကြောင့်ဆိုသော် ၎င်းကြောင့် ပုံမှန်မဟုတ်ပဲ မိန်းမကိုယ်မှသွေးဆင်းခြင်း ဖြစ်စေရာမှ ဆေးခန်းသို့အသွားဦးသောကြောင့် ဖြစ်သည်။ သားအိမ်ကင်ဆာအား စောစောသိပါက သားအိမ်ထုတ်ခြင်းဖြင့် ကုသနိုင်ပါသည်။Endometrial ကင်ဆာမှာ သားအိမ်တွင်ဖြစ်သော ကင်ဆာများတွင် လူသိအများဆုံးဖြစ်ပါသည်။ ဖြစ်ရသည့်အကြောင်းရင်းကိုတော့ အတိအကျ မသိရပါ။ မဟော်မုန်းထိုးတက်ခြင်းက ၎င်းကိုဖြစ်စေကြောင်း ဆိုထားပါသည်။ မဟော်မုန်းသည် သားအိမ်မှ နံရံများတည်ဆောက်ရာတွင် အထောက်အကူပေးသော ဟော်မုန်းဖြစ်သည်။ ထိုမှ Endometrium အား မထိန်းနိုင်အောင် ကြီးထွားလာစေကာ ကင်ဆာဖြစ်စေနိုင်သည်ဟု ဆို၏။အောက်ပါအချက်များမှာ ဟော်မုန်းမြင့်တက်မှုကို ဖြစ်စေပြီး သားအိမ်ကင်ဆာဖြစ်နိုင်သည့် အခြေအနေများဖြစ်ပါသည်။အောက်ပါအခြေအနေများရှိသော အမျိုးသမီးဆိုပါက အန္တာရယ်မြင့်မားသည်ဟု ယူဆနိုင်ပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သားအိမ်ကင်ဆာမှာများသောအားဖြင့် အစောပိုင်းအဆင့်တွင် အတည်ပြုရနိုင်ပါသည်။ကင်ဆာမပျံ့သေးပါက အမျိုးသမီး ၉၅% မှာ ၅ နှစ်နောက်ပိုင်းအထိ အသက်ရှည်ပါသည်။ အဝေးမှ အင်္ဂါများကိုပျံ့သွားပြီးဆိုပါက ၂၅ %သော အမျိုးသမီးများသာ ၅ နှစ်ကျော်အထိ အသက်ရှည်နိုင်တော့မည် ဖြစ်သည်။နောက်ဆက်တွဲပြဿနာများမှာ –။Endometrial adenocarcinoma; Uterine adenocarcinoma; Uterine cancer; Adenocarcinoma – endometrium; Adenocarcinoma – uterus; Cancer – uterine; Cancer – endometrial; Uterine corpus cancer။သားအိမ်ကင်ဆာနှင့်ပါတ်သတ်၍ ထပ်မံသိရှိလိုသည်များရှိပါက သင့်ဆရာဝန်ထံ ချက်ချင်းသွားရောက်ဆွေးနွေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/endometrial-cancer-%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac/
ကလေးကို မိခင်နို့ တဖက်တည်း နဲ့ တိုက်ရင် ဘာတွေ ဖြစ်နိုင်လဲ။
မိခင်နို့တိုက်ခြင်းဟာ ကလေးလေးရော၊ မိခင်အတွက်ပါ ကောင်းကျိုးတွေ အများကြီးရစေနိုင်တဲ့ အပြင် ကလေးလေးနဲ့ မေမေကြား သံယောဇဉ်လည်း တိုးစေနိုင်တဲ့ ထူးခြားတဲ့ အချိန်လေးတစ်ခုပဲဖြစ်ပါတယ်။ များသောအားဖြင့်တော့ မိခင်တွေဟာ ကလေးလေးကို နို့ နှစ်ဖက်လုံးနဲ့ တစ်လှည့်စီ တိုက်ကျွေးကြပါတယ်။ ဒါပေမယ့် တချိုု့သော မိခင်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် (ဥပမာ- မိခင် (သို့) ကလေးက တစ်ဖက်ဖက်ကို ပိုအားသန်တာကြောင့် ဖြစ်စေ၊ နို့တစ်ဖက်ဖက်က အထွက်နည်းတာ (သို့)နို့မထွက်တာမျိုးကြောင့် ဖြစ်စေ၊ နို့တိုက်တဲ့ ပုံစံ မမှန်တာကြောင့် ဖြစ်စေ၊ အမေရဲ့ နို့တစ်ဖက်ဖက်က နာတာ၊ရောင်တာ တစ်ခုခုကြောင့်ဖြစ်စေ) နို့တစ်ဖက်တည်းနဲ့ တိုက်ရတာမျိုးတွေ ရှိတတ်ကြပါတယ်။ အဲဒီလို မိခင်တွေအတွက် ဘာတွေဖြစ်နိုင်လဲ ဘယ်လိုလုပ်သင့်တယ်ဆိုတာလေးကို ဒီဆောင်းပါးလေးမှာ ပြောပြပေးမှာပါ။၁။ကလေးလေးအတွက်နို့မဝခြင်း။ပထမဦးဆုံး အဲလို မိခင်တွေအနေနဲ့ နို့တစ်ဖက်နဲ့ပဲ တိုက်တဲ့အတွက် ကလေးအတွက် နို့၀ ပါ့မလား ဆိုပြီး စိုးရိမ်စရာ ဖြစ်လာပါတယ်။ မိခင်က နို့ကို အချိန်မှန်မှန် တိုက်မယ်၊ နို့ကလည်း လုံလုံလောက်လောက် ထွက်တယ်ဆိုရင်တော့ မဝမှာ စိတ်ပူစရာ မရှိပါဘူး။ ဒါပေမယ့် စို့တဲ့ ဘက်က နို့ အလုံအလောက် မထွက်တာ၊ အချိန်မှန်မှန်သေချာ မတိုက်တာမျိုးဆိုရင်တော့ ကလေးလေးအတွက်နို့မဝတဲ့ ပြသနာတွေရှိလာနိုင်ပါတယ်။၂။မိခင်အတွက်ပြဿနာများ။နို့တစ်ဖက်နဲ့ပဲ တိုက်တဲ့ မိခင်တွေ အနေနဲ့ အောက်ပါ ပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။(၁)နို့သီးခေါင်းကွဲခြင်း။ဒါကတော့ အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ တစ်ဖက်တည်းကိုပဲ ဆက်တိုက် အစို့ခံရတာကြောင့် နို့သီးခေါင်းထိပ်လေးတွေ နာပြီး အက်ကွဲနိုင်ပါတယ်။(၂)ရင်သားတင်းပြီး နာကျင်ခြင်း။စို့ခံရတဲ့ဘက်ကတော့ အစို့ခံရတဲ့ အတွက် ကွဲအက်နာကျဉ်နိုင်ပြီး မစို့တဲ့ ဘက်ကတော့ ကလေးလေးမစို့တာကြောင့် နို့ရည်တွေ ပိုလျှံကျကာ နို့တင်းပြီး နာလာနိုင်ပါတယ်။(၃)နို့ပြွန်တွေ ပိတ်သွားခြင်း။ကလေးလေးမစို့တဲ့ ရင်သားဘက်က ပြွန်တွေဟာ မစို့တာကြာတဲ့အခါမှာ ပိတ်ဆို့လာတတ်ကြပါတယ်။ အဲလို ပိတ်ဆို့ပြီး ရင်သားမှာ အလုံးဖြစ်လာတာ၊ နီရဲလာတာမျိုး ခံစားရနိုင်ပါတယ်။(၄)ရောင်ရမ်းခြင်းနဲ့ ပြည်တည်ခြင်း။အစို့မခံရတဲ့ နို့ဟာ ကြာလာတဲ့အခါ ရောင်ရမ်းလာတာမျိုး ဖြစ်နိုင်ပါတယ်။ အဲလို ဖြစ်လာတာကို သေသေချာချာ မကုသဘူးဆိုရင်တော့ ပြည်တည်လာတဲ့ အထိ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အစို့ခံရတဲ့ဘက်မှာလည်း နို့သီးထိပ် ကွဲအက်လာတဲ့အတွက် ပိုးဝင်ပြီး ရောင်ရမ်းလာနိုင်ပါတယ်။၃။ဘယ်အချိန်မှာဆရာဝန်ဆီသွားပြသင့်လဲ။နောက်ဆုံး ပြည်တည် ပိုးဝင်နိုင်တဲ့ အထိ ဖြစ်တတ်တာကြောင့် အထက်ပါပြသနာတွေပေါ်လာမယ်ဆိုရင် ဆရာဝန်နဲ့ ပြပြီး သေသေချာချာ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။၄။နို့နှစ်ဖက်လုံးနဲ့တိုက်ဖြစ်အောင်ဘယ်လိုလုပ်သင့်လဲ။နို့တစ်ဖက်တည်းနဲ့ တိုက်တာဟာ ကလေးလေးအတွက်ရော အမေအတွက်ပါ မကောင်းတာကြောင့် ရောဂါတစ်ခုခုကြောင့်သာ မဟုတ်ခဲ့ဘူးဆိုရင် မိခင် အနေနဲ့ ကလေးလေးကို နှစ်ဘက်လုံးနဲ့ စို့နိုင်အောင် ကြိုးစားပေး သင့်ပါတယ်။ ကလေး အိပ်ငိုက်နေတဲ့ အချိန်မျိုးမှာ အရင်မသောက်တဲ့ဘက်နဲ့ စတိုက်ကြည့်တာမျိုး၊ သိပ်မသောက်တဲ့ နို့ကို နို့ထွက်ကောင်းအောင် နှိပ်နယ်ပေးတာမျိုး၊နို့တိုက်တဲ့ ပုံစံမှန်အောင် တိုက်တာမျိုး၊ ကလေးလေးအတွက် စို့ရ အဆင်ပြေအောင် အနေအထားပြောင်းပေးတာမျိုး၊ စတဲ့ နည်းလမ်းလေးတွေနဲ့ ကြိုးစားနိုင်ပါတယ်။မိခင်တိုင်း နို့တိုက်ခြင်းဆိုင်ရာ ပြသနာတွေအားလုံး ကင်းဝေးပြီး မိမိကလေးလေးရဲ့အသက်(၆)လအထိ မိခင်နို့တစ်မျိုးတည်း လုံလောက်စွာတိုက်ခြင်းဖြင့် ကျန်းမာတဲ့ သားသား၊ မီးမီးလေးတွေ ဖြစ်အောင် ပျိုးထောင်နိုင်ကြပါစေ။ရေးသားသူ- Khine Phoo Ngon။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%99%e1%80%ad%e1%80%81%e1%80%84%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%b7-%e1%80%90%e1%80%96%e1%80%80%e1%80%ba%e1%80%90%e1%80%8a/
ရုတ်တရက် နှာခေါင်းသွေးလျှံတာကို ရပ်တန့်အောင် ဘယ်လိုလုပ်မလဲ
ရုတ်တရက် နှာခေါင်းသွေးလျှံတာကို ရပ်တန့်အောင် ဘယ်လိုလုပ်မလဲ ……  များသောအားဖြင့် ပူပြင်းတဲ့နွေရာသီရောက်လာချိန်တွေမှာနှာခေါင်းသွေးလျှံတာမျိုး ဖြစ်တတ်ကြလေ့ရှိပါတယ်။ လေ့လာချက်တွေအရတော့ လူတွေဟာ တစ်သက်မှာ အနည်းဆုံး တစ်ခါလောက်တော့ နှာခေါင်းသွေးလျှံတာမျိုးဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။နှာခေါင်းဟာ မျက်နှာရဲ့ အလယ်တည့်တည့်မှာ ရှိတဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီးတော့ ထိခိုက်ဖို့ လွယ်ကူတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ နှာခေါင်းသွေးလျှံတာဟာ ဆိုးရွားတဲ့ ဝေဒနာမျိုးမဟုတ်ပေမယ့် အလွန်အမင်း ပြင်းထန်ရင်တော့ အသက်အန္တရာယ်ရှိနိုင်ပါတယ်။နှာခေါင်းသွေးလျှံတာဟာ နှာခေါင်းထဲကသွေးကြောတွေ ပေါက်ထွက်တာကြောင့် အဖြစ်များပြီးတော့ အသက်ငယ်ရွယ်တဲ့ ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ နှာခေါင်းသွေးလျှံစေနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီးရှိပေမယ့် ကိုယ်တွင်းမှာ ထိခိုက်ဒါဏ်ရာရတာ၊ အသက်ရှူလမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ဝေဒနာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကိုကိန်းလို မူးယစ်ဆေးဝါး အသုံးပြုမှုတွေကြောင့်လည်း ဖြစ်နိုင်သလို သွေးတိုးတာ၊ ကယ်လ်ဆီယမ်ဓာတ် ချို့တဲ့တာ၊ တစ်ချို့သော အကျိတ်ရောဂါတွေရှိနေတာ၊ နှာခေါင်းရိုးကျိုးတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ရုတ်တရက် နှာခေါင်းသွေးလျှံတာမျိုး ကြုံလာရရင် သဘာဝအတိုင်း ရပ်တန့်သွားအောင် ပြုလုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ အဆိုပါနည်းလမ်းတွေကတော့။ရုတ်တရက် နှာခေါင်းသွေးလျှံတာမျိုး ကြုံလာရရင် အထက်မှာ ဖော်ပြထားတဲ့ ဒီလို နည်းလမ်းတွေကို အသုံးပြုပြီး ပြုစုကုသနိုင်မှာ ဖြစ်ပါတယ်။ တိကျတဲ့ ရောဂါ အကြောင်းအရင်းကို သိရှိနိုင်ဖို့ ဆိုရင်တော့ ကျွမ်းကျင်သူတွေ နဲ့ ပြသတိုင်ပင်ကြည့်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/nosebleeds-causes-and-treatments-2/
ဘေလုံးထုတ် ပြီးတဲ့နောက်
ဘေလုံးထုတ်လိုက်ရတယ်၊ဘေလုံးကြီးနေတာ ခွဲထုတ်လိုက်ရတယ်ဆိုတဲ့ စကားလေးတွေ အရပ်ထဲမှာ ကြားဖူးမှာပါ။ အထူးသဖြင့် မြန်မာနိုင်ငံမှာဆိုရင် သွေးရောဂါလူနာတွေကြားမှာပေါ့။ ဘေလုံးက တစ်ခုတည်းပါတယ်ဆိုပေမယ့် ထုတ်ပစ်လိုက်လို့လည်း သက်တမ်းစေ့နေလို့ရပါတယ်။ ဂရုစိုက်ရမယ့် အချက်လေးတွေ၊ ဆောင်ရန်၊ ရှောင်ရန်လေးတွေကိုတော့ လိုက်နာနေဖို့ လိုပါတယ်။ဘေလုံးက ဘယ်ဘက်နံကြားမှာ ရှိတာပါ။ လက်သီးဆုပ် အရွယ်လောက်ပဲ ရှိပါတယ်။ တချို့သူတွေမှာ ဘေလုံးသေးသေးလေး အပိုပါလာတတ်ပါတယ်။ ဘေလုံးက ဘာတွေလုပ်ပေးလဲဆိုတော့။ထိခိုက်ဒဏ်ရာတွေ၊ ကားတိုက်မှုတွေ၊ တွန်းတွန်းတိုက်တိုက် ကစားရတဲ့ အားကစားနည်းတွေမှာ ဘေလုံးကွဲတတ်ပါတယ်။ဘေလုံးကွဲရင် သွေးတွေ အများကြီး ထွက်တတ်တာကြောင့် အခန့်မသင့်ရင်သွေးထွက်လွန်တတ်ပါတယ်။ ဒါကြောင့် ထုတ်ပစ်ရပါတယ်။ဘေလုံးကြီးလာတဲ့အခါ ဗိုက်ထဲမှာ အင့်တာ၊ အောင့်တာ၊ အထဲက တခြား ကိုယ်တွင်းအင်္ဂါတွေကို ဖိတာမျိူး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ထုတ်ပစ်ရပါတယ်။သာလာဆီးမီးယားတို့၊ သွေးနီဥများတဲ့ ရောဂါတို့၊ သွေးဥမွှားနည်းလွန်းတဲ့ ရောဂါတို့မှာ တခြား ကုသနည်းတွေနဲ့ အဆင်မပြေရင် ဘေလုံးထုတ်ရတတ်ပါတယ်။သွေးကင်ဆာတွေမှာလည်း ဘေလုံးကြီးတတ်လို့ ထုတ်ပစ်ရတတ်ပါတယ်။ဘေလုံးမှာ ပြည်တည်နာဖြစ်ပြီး သိပ်ကြီးလွန်းလို့ တခြားနည်းတွေနဲ့ မသက်သာရင် ထုတ်ပစ်ပါတယ်။ပြည်တည်နာလိုပါပဲ။ တခြားနည်းလမ်းတွေနဲ့ မသက်သာရင် ထုတ်ပစ်ပါတယ်။ဘေလုံးကို ရောဂါအခြေအနေအရ တစ်လုံးလုံး ထုတ်ပစ်တာ ရှိသလို တစ်စိတ်တစ်ပိုင်းပဲ ထုတ်ပစ်တာမျိုးလည်း ရှိပါတယ်။ ဘေလုံးထုတ်တာ တခြားသော ခွဲစိတ်မှုတွေလိုပါပဲ။မေ့ဆေး၊ ထုံဆေးဒဏ်တွေ၊ တခြားသော ခွဲစိတ်မှု ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ ဖြစ်တတ်တာတွေကတော့။ဘေလုံးထုတ်ပြီးရင်လည်း တတ်နိုင်သမျှ ကျန်းမာအောင် နေရပါမယ်။ ပိုးဝင်ကူးစက်တဲ့ လက္ခဏာတွေဖြစ်တဲ့။ဘေလုံးက တစ်လုံးတည်းရှိတာ မှန်ပေမယ့် ထုတ်ပြီးလည်း သာမန်လူလိုပဲ အသက်ရှင်နေနိုင်ပါတယ်။ တချို့ ဘေလုံးအပိုပါတဲ့သူဆိုရင် ဒီအပိုလေးက ကြီးထွားပြီး ပုံမှန်အတိုင်း အလုပ်ပြန်လုပ်ပါတယ်။ ဘေလုံး မရှိသင့်တဲ့ ရောဂါအခြေအနေဆိုရင်တော့ ဒီအပိုလေးကိုပါ တစ်ခါတည်း ထုတ်ပစ်ပါတယ်။ဘေလုံးထုတ်ပြီးတဲ့နောက်မှာ ဂရုစိုက်ရမယ့် အခြေအနေတွေ ရှိပါတယ်။ ဘာလဲဆိုတော့ ပိုးမဝင်အောင်ပါ။ ဘေလုံးကခုခံအားစနစ်မှာပါတဲ့ အရေးကြီးအင်္ဂါရပ် ဖြစ်တဲ့အတွက် ခုလို ထုတ်ပြီးသွားရင်တော့ ပိုးဝင်လွယ်တဲ့ အနေအထားဖြစ်သွားပါတယ်။ သူ့ဆီကရမယ့် ပဋိဇီဝပစ္စည်းတွေလည်း မရတော့ပါဘူး။ဒါဆို ဘာလို့ ထုတ်သေးလဲလို့ မေးစရာရှိပါတယ်။ မထုတ်ရင် အသက်ရှင်ဖို့ မလွယ်လို့၊ အသက်အန္တရာယ်ထိခိုက်နိုင်လို့ ကောင်းကျိုး ဆိုးကျိုး ချိန်ဆပြီး ထုတ်လိုက်တာပါ။ သူမရှိလည်း ခုခံအားစနစ်က လျှော့သွားတာပဲ ရှိတာပါ။ လုံးဝမရှိတော့တာ မဟုတ်ပါဘူး။ပြန်ကောက်ရရင်  ဘေလုံးထုတ်ပြီးသား လူတစ်ယောက်က တတ်နိုင်သမျှ ပိုးဝင်ကူးစက်ခြင်း မခံရအောင် ဂရုစိုက်ရပါမယ်။ ဒါကြောင့်။ဆောင်ရန် ရှောင်ရန်တွေကို သေချာလိုက်နာမယ်ဆိုရင် ဘေလုံးထုတ်ထားပေမယ့် သာမန်လူတစ်ယောက်လို ကျန်းကျန်းမာမာ နေသွားနိုင်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/%e1%80%98%e1%80%b1%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%91%e1%80%af%e1%80%90%e1%80%ba-%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%90%e1%80%b2%e1%80%b7%e1%80%94%e1%80%b1%e1%80%ac%e1%80%80%e1%80%ba/
နောက်ကျောနာတာသက်သာစေမယ့်လေ့ကျင့်ခန်း ၃ မျိုး
ခါးနာခြင်းအတွက် လေ့ကျင့်ခန်းများ။ခါးနာခြင်းဟာအဖြစ်များတဲ့ ကြွက်သားနာကျင်ခြင်း အမျိုးအစားတမျိုး ဖြစ်ပါတယ်။ ပြင်းထန်တဲ့ ထိခိုက်မှု၊ ရောဂါတို့ကြောင့် ဖြစ်တတ်ပြီး သာမန်အဆစ်လွဲခြင်း၊ ဒဏ်ဖြစ်ခြင်း ဒါမှမဟုတ် အာရုံကြောညပ်ခြင်း၊ ထိခိုက်ခြင်းတို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီပြဿနာကိုကာကွယ်ဖို့၊ ကုသဖို့ဆိုရင် လေ့ကျင့်ခန်းလုပ်ဆောင်ဖို့ ဆရာဝန်များက အကြံပြုပါလိမ့်မယ်။ခဏတာခါးနာခြင်းကိုတော့ အိပ်ရာထဲလှဲပြီးမလှုပ်ရှားဘဲနေခြင်းဟာ အထောက်အကူပြုတယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် သုတေသနအချို့အရ မလှုပ်ရှားဘဲနေခြင်းဟာ ခဏတာမျှဘဲ အထောက်အကူပြုတယ်လို့ သိရပါတယ်။ ဘာလှုပ်ရှားမှုမှမရှိဘဲနေခြင်းဟာ ပျောက်ကင်းမှုကို ကြာရှည်စေပြီး ကြွက်သားတောင့်တင်းခြင်းကို ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။ လှုပ်လှုပ်ရှားရှားနေမှသာ ကြွက်သားများကိုအသုံးချနိုင်မှာ ဖြစ်ပါတယ်။ခါးနာတဲ့အခါ ဘယ်လိုလေ့ကျင့်ခန်းလုပ်ရမယ်ဆိုတဲ့ အချက်တွေကို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဒီအစီအစဉ်မစခင်မှာ။• သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေ ဝတ်ဆင်သင့်ပါတယ်။• လုပ်သင့်တဲ့ အတိုင်းအတာထက် ပိုပြီးလုပ်အောင် မိမိကိုယ်ကိုဖိအားမပေးပါနဲ့။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ထိခိုက်ရတာမျိုးမဖြစ်သင့်ပါ။• လေ့ကျင့်ခန်းကိုဖြည်းဖြည်းမှန်မှန် စတင်ဖို့လုပ်ပါ။ ချက်ချင်းကြီးမစပါနဲ့။ ရုတ်တရက် လှုပ်ရှားမှုတွေကြောင့် ကြွက်သားကိုထိခိုက်နိုင်ပါတယ်။• ညီညာသန့်ရှင်းပြီး ကျယ်ဝန်းတဲ့နေရာမှာ လုပ်ဆောင်ပါ။• ကြွက်သားများ၊ အရိုးအဆစ်များပျော့ပြောင်းအောင် အကြောဆန့်ခြင်းများလုပ်ဆောင်ပါ။ခါးနာခြင်းဟာသင့်ကိုအနှောင့်အယှက်မပြုနိုင်အောင် ဒီလေ့ကျင့်ခန်းတွေလုပ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။အကြောဆန့်ခြင်း။များစွာသောလေ့လာချက်များအရ အကြောဆန့်ခြင်းလေ့ကျင့်ခန်းဟာ ခါးနာခြင်းဖြစ်နိုင်ခြေရော ဝေဒနာတွေကိုပါ လျှော့ချပေးတယ်လို့ သိရပါတယ်။ ခါးနာတဲ့လူနာများဟာ ခါးတစ်ဝိုက်မှာတင်းနေပြီး မနက်ပိုင်းတွေဆိုရင် တောင့်တင်းနေတတ်ပါတယ်။ မနက်ပိုင်းမှာ အကြောဆန့်လေ့ကျင့်ခန်းလုပ်ခြင်းဟာ ခါးနာခြင်းကိုလျော့ကျစေပြီး သက်တောင့်သက်သာ ပြန်ဖြစ်စေပါတယ်။အကြောလျှော့လေ့ကျင့်ခန်းကို ရိုးရိုးရှင်းရှင်းလုပ်နိုင်ပါတယ်။ ကြမ်းပေါ်မှာ ဝမ်းလျားမှောက်ပါ။ ခြေထောက်များကို ဒူးဆစ်ရိုးကနေ ဖြည်းဖြည်းချင်းကွေးယူပါ။ ခါးရိုးနဲ့ ဒူးခေါင်းဟာ ကြမ်းပေါ်ကိုထိနေရပါမယ်။ ပြီးတဲ့အခါ ပခုံးကနေအားပြုပြီးရင်ဘတ်ကို ကြမ်းပြင်ကနေ မ ယူပါ။ အဲဒီအနေအထားမှာစက္ကန့် ၂၀မှ ၃၀ နေပြီးတဲ့အခါ ပုံမှန်အနေအထားကို ပြန်သွားပါ။ အသက်ကိုသက်တောင့်သက်သာရှူဖို့၊ သိပ်ပြင်းပြင်းထန်ထန် မလုပ်ဖို့ သတိပြုပါ။ယောဂလေ့ကျင့်ခန်း။ယောဂဟာ အကြောတွေပြေစေပြီး ဟန်ချက်ညီစေဖို့ တချိန်တည်းမှာလေ့ကျင့်နိုင်တဲ့ လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ ခါးနာခြင်းအတွက်လုပ်ရတဲ့ ယောဂလေ့ကျင့်ခန်းတွေ အများကြီးရှိပါတယ်။ စလုပ်ခါစ လူတွေအတွက် ကလေးပုံစံကလွယ်ကူပါတယ်။ ပထမဒူးထောက်ထိုင်ရပါမယ်။ တင်ပါးကိုဖနောင့်ပေါ် ချထားရပါမယ်။ ပြီးရင် ကိုယ်လုံးကိုလျှော့ချပြီး အရှေ့ကိုကိုင်းလိုက်ပါ။ သက်တောင့်သက်သာဖြစ်သွားချိန်မှာ လက်နှစ်ဖက်ကိုဘေးချထားပြီး ဦးခေါင်းကို ဖျာပေါ်မှာချထားပါ။ ဒီပုံစံဟာလက်မောင်းကနေပုခုံးသားအထိပြေလျော့စေပြီး ခါးဆစ်ရိုးနဲ့ တင်ပါးကိုပါ ပြောလျော့စေပါတယ်။Pilates လေ့ကျင့်ခန်း။Pilates လေ့ကျင့်ခန်းဟာ ကြွက်သားရဲ့ ခွန်အား၊ ပျော့ပြောင်းမှု စတာကို တိုးတက်စေပါတယ်။ ကြွက်သားတွေရဲ့ ခံနိုင်ရည်ကိုတိုးတက်စေပြီး ထိခိုက်ဒဏ်ရာရရှိမှုကို။လျော့နည်းစေပါတယ်။ ရိုးရိုးရှင်းရှင်းပဲ လုပ်ဆောင်နိုင်ပါတယ်။ ပက်လက်လှဲပြီး လက်နှစ်ဖက်ကို ဘေးမှာချထားပါ။ ဒူးကိုဖြည်းဖြည်းချင်းကွေးတင်ပြီး ခြေထောက်များကိုခါးရိုးကနေတဆင့် ဖြန့်ကားပေးပါ။ ကျောကိုဖျာပေါ်မှာချထားပြီး ဗိုက်ကိုဖျော့ထားပါ။ ခါးဆစ်ကို အပေါ်ကို မ တင်ပါ။ ခါးကိုဖျာပေါ် ဖိတွန်းထားသလို ခံစားရပါလိမ့်မယ်။ ဒီအနေအထားကို ၅စက္ကန့်လောက် ထိန်းထားပြီး ပြန်လျှော့ချပါ။လေ့ကျင့်ခန်းတွေဟာ ပုံမှန်လုပ်နိုင်မှ ထိရောက်ပါတယ်။ တစ်ဝက်လောက်လုပ်ပြီးရပ်လိုက်တာ၊ ခါးကိုအလွန်အကျွံသုံးတာရှောင်ကြဉ်ရပါမယ်။ ဘယ်လေ့ကျင့်ခန်းကသင့်တော်မယ်ဆိုတာ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီးစိုးရိမ်ပူပန်မှုတွေရှိရင် အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/strength-training/3-exercises-back-pain/
Probiotics ဘယ်ကစ
ကြားဖူးကြလားအကျိုးပြုဘက်တီးရီးယား( Probiotics)ဆိုတဲ့ စကားလုံးလေးကို။ ကြားဖူးတယ်ဆိုရင် ထပ်မေးကြည့်ချင်တာက ဒီစကားလုံးလေး ဘယ်လိုစဖြစ်ပေါ်လာတာလဲဆိုတာကိုရော သိပြီးပြီလား။ မသိသေးရင်တော့ ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်လိုက်နော်။ဒီစကားလုံးက ဂရိစကားလုံးပါ။ Pro ဆိုတာက promoting (မြှင့်တင်ခြင်း) လို့ အဓိပ္ပါယ်ရပြီး biotic ဆိုတာကတော့ (ရှင်သန်ခြင်း) လို့အဓိပ္ပါယ်ရပါတယ်။ ၂၀ ရာစုနှစ်အစောပိုင်းက ပေါ်ပေါက်လာခဲ့တဲ့ စကားလုံးလေးတစ်ခုပေါ့။ ဒီစကားလုံးလေးကိုမွေးထုတ်ပေးခဲ့သူကတော့ father of probiotics လို့သိကြတဲ့ ဘူဂေးရီးယားနိုင်ငံသား Elie Metchnikoff ပါ။ ဒီအကျိုးပြုဘက်တီးရီးယားလေးတွေကိုဒိန်ချဉ်လိုမျိုးအချဉ်ဖောက်ထားတဲ့အရာတွေမှာ တွေ့ရှိရပြီး ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပေးနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ခန္ဓာကိုယ်ရဲ့အစာခြေစနစ်ကနေစလို့ ခန္ဓာကိုယ်တစ်ခုလုံးနဲ့စိတ်ကျန်းမာရေးအတွက်ပါအကောင်းဆုံးထောက်ပံ့ပေးတဲ့ သက်ရှိဘက်တီးရီးယားလေးတွေပါ။ ကျန်းမာပျော်ရွှင်နေစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့်လည်း အကျိုးပြုဘက်တီးရီးယားလို့ခေါ်တာပေါ့။Probiotics အမျိုးအစားက တစ်မျိုးမကရှိပါတယ်။ အမျိုးအစားမတူသလို အကျိုးပြုပုံချင်းလည်း မတူပါဘူး။ Probiotics အမျိုးအစားတွေက –။Lactobacillus–ဒါကတွေ့ရအများဆုံး Probiotic ပါ။ ဒီ Probiotic အမျိုးအစားကို ဒိန်ချဉ်မှာတွေ့ရများပါတယ်။ Probioticsတွေက ဝမ်းလျှောတာကို သက်သာစေနိုင်ပြီးlactose ကို အစာကြေခဲတဲ့သူတွေအတွက်လည်း အစာခြေစနစ်ကို အထောက်အပံ့ပေးပါတယ်။Bifidobacterium –ဒီProbiotic အမျိုးအစားကိုတော့ နို့ထွက်ပစ္စည်းတွေမှာတွေ့ရတာများပါတယ်။irritable bowel syndrome(IBS) (နာတာရှည် အူလမ်းကြောင်းဆိုင်ရာ ပြဿနာစု) လက္ခဏာတွေနဲ့ အခြားအစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။Saccharomyces boulardii– ဒါကတော့probiotics ထဲမှာတွေ့ရတဲ့ တစေးတစ်မျိုးပါ။ဝမ်းလျှောတာနဲ့ အခြားအစာခြေစနစ်ဆိုင်ရာပြဿနာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။အကျိုးပြုဘက်တီးရီးယားလေးတွေဖြစ်ကြတဲ့ Probiotics တွေက ကျန်းမာရေးအတွက်တော်တော်လေး ထောက်ပံ့ပေးနိုင်ပါတယ်။ အကျိုး​ပြုဘက်တီးရီးယားလေးတွေရဲ့ အရေးအကြီးဆုံးတာဝန်တစ်ခုကအူမကြီးထဲက အကျိုးပြုဘက်တီးရီးယားအရေအတွက်ကို ထိန်းညှိပေးတာပါ။ ဒါတွေအပြင် probiotics တွေက။အကျိုးပြုဘက်တီးရီးယား (Probiotics) က ခန္ဓာကိုယ်ကျန်းမာဖို့အတွက် တော်တော်လေးအရေးပါပါတယ်။ ဒီလိုပြောရတာက အကျိုးပြုဘက်တီးရီးယားလေးတွေက။ဝိတ်ကျစေနိုင်တယ်။ကိုယ်အလေးချိန်များလို့ လျှော့ချနေတဲ့သူတွေ၊ ကိုယ်အလေးချိန်ထိန်းချင်တဲ့သူတွေအတွက် တော်တော်လေးအဆင်ပြေစေနိုင်ပါတယ်။ အဝလွန်တာမျိုးမဖြစ်အောင်လည်း အထိရောက်ဆုံး ကာကွယ်နိုင်ပါတယ်။ အဝလွန်တာကို သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ရပါတယ်။Lactobacillusအမျိုးအစား အကျိုးပြုဘက်တီးရီးယားက ကိုယ်အလေးချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။သွေးကြောတွေထဲမှာ အဆီတွေပိတ်ဆို့တာမျိုးမဖြစ်အောင်လည်း အကောင်းဆုံး ကာကွယ်ပေးနိုင်ပါသေးတယ်။ ကျန်းမာတဲ့BMIကိုထိန်းသိမ်းဖို့ အကောင်းဆုံး ပံ့ပိုးပေးနိုင်တဲ့ အရာတစ်မျိုးပေါ့။ လေ့လာမှုတွေအရတော့ အကျိုးပြုဘက်တီးရီးယားတွေက ကိုယ်တွင်းကအဆီတွေကိုလျှော့ချပေးပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးတာပါ။အစာခြေစနစ် ကျန်းမာစေနိုင်တယ်။ဝမ်းမှန်စေနိုင်တယ်။အကျိုးပြုဘက်တီးရီးယားလေးတွေက အစာခြေစနစ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်စေပြီးဝမ်းချုပ်တဲ့ပြဿနာကနေ ကင်းဝေးစေမှာပါ။ လေပွတာ၊ အစာအိမ်နာတာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ရပါတယ်။စိတ်ကျန်းမာရေးကောင်းစေတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/probiotics-for-health/
တစ်နေ့ကို ကော်ဖီ ၃ ခွက်ထက် ပိုသောက်တာက ကျောက်ကပ်ပျက်စီးစေနိုင်ဟု လေ့လာချက်တစ်ခုကပြော
ကော်ဖီ မကြိုက်သူက ခပ်ရှားရှားပါ။ မနက်ခင်းမှာ ကော်ဖီနွေးနွေးလေး တစ်ခွက်သောက်ရတာက အတော်လေး နှစ်ခြိုက်စရာ ကောင်းတဲ့ အရာပါပဲ။ မနက်ခင်းမှာ ကော်ဖီသောက်တာက အရောင်ကျစေတယ်။နှလုံးကျန်းမာစေတယ်ဆိုတဲ့ ကောင်းကျိုးများစွာကို ရရှိနိုင်တယ်ဆိုတာကြောင့်လည်း လူတိုင်းက ကော်ဖီကို သောက်ဖြစ်နေကျတာ ဖြစ်နိုင်ပါတယ်။ကော်ဖီဆိုရာမှာ နို့ဆီတွေ နို့မှုန့်တွေ မပါတဲ့ အသင့်ဖျော် မဟုတ်တဲ့ သဘာဝ ကော်ဖီစစ်စစ်ကို သောက်မှ ကောင်းကျိုးတွေ ရနိုင်မယ်ဆိုတာကို သတိရစေချင်ပါတယ်။ကော်ဖီသောက်ရင် ကောင်းကျိုးများတယ်ဆိုတာကိုတော့ အရင့်အရင် ကာလတွေထဲက ပြောလာကြတာကြောင့် သိပြီးဖြစ်နိုင်ပေမယ့် ကော်ဖီသောက်တာကကျောက်ကပ်ထိခိုက်စေနိုင်တယ်ဆိုတာကိုတော့ သိသူက နည်းနေနိုင်ပါသေးတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ လေ့လာမှု တစ်ခုကနေ ထွက်ရှိလာတဲ့ ရလဒ်ဖြစ်တဲ့ တစ်နေ့ကို ကော်ဖီ ၃ ခွက်ထက် ပိုသောက်တာက ကျောက်ကပ်ပျက်စီးစေနိုင်တယ် ဆိုတဲ့ အကြောင်းလေးကို ပြောပြပေးသွားချင်ပါတယ်။JAMA Network Openကနေပြီးတော့ တချို့ မျိုးဗီဇရှိတဲ့သူတွေမှာ ကော်ဖီသောက်ရင် ကျောက်ကပ်ထိခိုက်နိုင်သလားဆိုတာနဲ့ ပတ်သက်ပြီး လေ့လာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ဒီလေ့လာချက်မှာ ၁၈နှစ်နဲ့ ၄၅နှစ်ကြား လူပေါင်း ၁၁၈၀ ပါဝင်ပြီး သူတို့ကို ၁၆နှစ်ကြာလေ့လာခဲ့တာဖြစ်ပါတယ်။ ဒီလူတွေ အားလုံးမှာ အဆင့်၁ သွေးတိုးရောဂါ (မပြင်းထန်တဲ့ သွေးတိုးရောဂါ) ရှိပြီး သူတို့က ဆေးကုမနေကြပါဘူး။ (ဆိုလိုတာက ဆေးသောက်မနေကြဘူး။ ဒါကြောင့် ဆေးရဲ့ သက်ရောက်မှုကို ထည့်သွင်းစဉ်းစားစရာမလိုဘူးလို့ ပြောချင်တာပါ။)။နောက်ပြီး ပါဝင်သူတွေရဲ့ တစ်ဝက် (၆၀၄ယောက်) မှာ CYP1A2 မျိုးဗီဇအခွဲ rs762551 variant ရှိနေပါတယ်။ ဒီမျိုးဗီဇရှိတဲ့သူတွေက သူများတွေထပ် ကဖင်းကို ချေဖျက်နိုင်စွမ်းနှေးပါတယ်။ဒီလူတွေထဲက ၁၅၈ယောက်က တစ်ရက်ကို ကော်ဖီတစ်ခွက်အောက်၊ ၃၇၉ယောက်ကတော့ တစ်ရက်ကို ကော်ဖီ ၁ခွက်ကနေ ၃ခွက်၊ ၆၇ယောက်ကိုတော့ တစ်ရက်ကို ၃ခွက်နဲ့အထက် သောက်ကြပါတယ်။ ပါဝင်သူတွေအများစုက အမျိုးသားတွေ ဖြစ်ကြပြီး အသက်က လူလတ်ပိုင်း (၃၃နှစ် ဝန်းကျင်)၊ ကိုယ်အလေးချိန် (BMI)ကလည်း ၂၅ပတ်ဝန်းကျင်တွေ ဖြစ်ကြပါတယ်။ကျောက်ကပ်ထိခိုက်မှု ရှိ၊ မရှိကို လေ့လာဖို့ ဆီးထဲမှာ အယ်ဗျူမင်လို့ခေါ်တဲ့ အသားဓာတ်ပါမပါ (Albuminuria)နဲ့ ကျောက်ကပ်ဇကာယိုနှုန်း (Hyperinfiltration)ကို အဓိက လေ့လာခဲ့ကြပါတယ်။ နောက်ဆုံးတစ်ခုကတော့ သွေးတိုးရောဂါအခြေအနေပါ။ဒီလို လေ့လာကြည့်လိုက်တဲ့အခါ ကဖင်းကို ချေဖျက်နိုင်စွမ်းနှေးတဲ့ CYP1A2 မျိုးဗီဇအခွဲ rs762551 variantရှိသူတွေက ကော်ဖီများများသောက်တဲ့သူတွေက နည်းနည်းပဲ သောက်တဲ့သူတွေထက် Albuminuria ဖြစ်နိုင်ခြေ ၂.၇ဆ၊ Hyperinfiltrationဖြစ်နိုင်ခြေ ၂.၅ဆနဲ့ သွေးတိုးရောဂါဖြစ်နိုင်ခြေ ၂.၈ဆ များတာကို တွေ့ရပါတယ်။ကဖင်းချေဖျက်နိုင်စွမ်း များတဲ့သူတွေမှာတော့ ကော်ဖီသောက်တာနဲ့ Albuminuriaနဲ့ Hyperinfiltrationဖြစ်နိုင်ခြေ၊ သွေးတိုးရောဂါဖြစ်နိုင်ခြေတွေကြား ဆက်စပ်မှုမရှိတာကို တွေ့ရပါတယ်။ဒါဆို ဒီလေ့လာချက်အရ ကောက်ချက်ချနိုင်တာက။ကော်ဖီသောက်တာက တော်တော်များများအတွက်တော့ ပြဿနာမဟုတ်ပါဘူး။ တချို့လေ့လာချက်တွေမှာဆိုရင် ကော်ဖီကို အသင့်အတင့်သောက်တာက (တစ်ရက်ကို ၂ခွက်ခန့်) ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေကို နည်းစေတယ်လို့တောင် ဆိုပါတယ်။ ဒါပေမယ့် ဒါက သာမန်လူတွေမှာပါ။နဂိုတည်းက ကျောက်ကပ်ရောဂါရှိသူတွေမှာတော့ ဒီလိုမဟုတ်ပါဘူး။ ကော်ဖီက ပိုတက်စီယမ်ပါဝင်မှု များပါတယ်။ ဒါကြောင့် ကျောက်ကပ်ရောဂါကြောင့် ပိုတက်ဆီယမ်ပါတာတွေကို လျှော့စား၊ လျှော့သောက်နေရတယ်ဆိုရင် ကော်ဖီကိုလည်း လျှော့သင့်ပါတယ်။နောက်တစ်ချက်က သွေးတိုးတာပါ။ ကဖင်းက ဇီဝကမ္မဖြစ်စဉ်ကို မြန်စေပါတယ်။ ဒီတော့ သွေးတိုးပါတယ်။ နဂိုတည်းက ကျောက်ကပ်ရောဂါရှိသူတွေက သွေးတိုးတတ်ပါတယ်။ ကော်ဖီပါ သောက်လိုက်ရင် သွေးတိုးတာပိုဆိုးနိုင်ပါတယ်။တစ်နေ့တာမှာ ကော်ဖီကို ၆၀၀ မီလီဂရမ် ထက်ပိုသောက်မယ်ဆိုရင်တော့ ဒါက အလွန်အကျွံသောက်နေတာပါ။ မြင်သာအောင် ပြောပြရရင် တစ်နေ့ကို ကော်ဖီ ၆ ခွက် သောက်တာပေါ့။ သာမန်လူ တစ်ယောက်အနေနဲ့ တစ်နေ့ကို ကော်ဖီ ၄ ခွက်ထက် ပိုမသောက်သင့်ပါဘူး။ကိုယ်ဝန်ဆောင်နေတယ်၊ သွေးတိုးရှိနေတယ်ဆိုရင်တော့ ၂ခွက်ထက် မပိုသင့်ပါဘူး။CYP1A2မျိုးဗီဇကို သွေး ဒါမှမဟုတ် တံတွေးကနေ စစ်ပြီး သိနိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ စစ်လို့ ရချင်မှ ရဦးမှာပါ။ကိုယ်က ကျောက်ကပ်ရောဂါရှိသူလား။ ဒါဆိုရင် ကော်ဖီကို လျှော့သောက်ပါ။ တစ်ရက် ၃ခွက်ထပ် မပိုပါစေနဲ့။ ကျောက်ကပ်မကောင်းလို့ ပိုတက်ဆီယမ်ပါတဲ့ အသီးအရွက်တွေပါ လျှော့စားနေရတာလား။ ဒါဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပါ။သွေးတိုးရောဂါရှိသူဆိုရင်လည်း ကော်ဖီသောက်တာကို လျှော့ပါ။ တစ်ရက်ကို ၃ခွက်ထပ် ပိုမသောက်ပါနဲ့။ သွေးတိုးကြောင့် ကျောက်ကပ်ပါ ထိနေပြီဆိုရင် ပိုတောင် လျှော့သင့်ပါတယ်။သာမန်လူ၊ သွေးတိုးတို့ ကျောက်ကပ်ရောဂါတို့ မရှိဘူး။ ဒါပေမယ့် CYP1A2မျိုးဗီဇရှိမရှိလည်း မသိဘူး။ ဒါဆိုရင်တော့ တစ်ရက်ကို ၃ခွက်ထပ် မပိုပါစေနဲ့။ကော်ဖီမှာလည်း ကျန်းမာရေးကောင်းကျိုးတွေ ရှိပါတယ်။ ဒါပေမယ့် အလွန်အကျွံသောက်ရင်တော့ ဆိုးကျိုးပဲ ဖြစ်မှာပါ။ ကောင်းကျိုး ဆိုးကျိုးချိန်ဆပြီး အသင့်အတင့်သောက်ဖို့ကိုပဲ အကြံပြုချင်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/health-news/drinking-3-or-more-cups-of-coffee-a-day-may-increase-kidney-dysfunction-risk/
နွေရာသီရဲ့ အရေးပေါ် အပူ ပြဿနာများ
နွေရာသီကို ရောက်လာပြီဆိုရင် အပူချိန်ပြဿနာက စလာပါပြီ။ကမ္ဘာကြီးပူနွေးလာတာကြောင့် တစ်နှစ်ထက် တစ်နှစ် နွေက ပိုပူလာပါပြီ။ မြန်မာနိုင်ငံမှာလည်း ဒီလိုပဲ နှစ်တိုင်း အပူ လျှပ်တဲ့သူတွေ ပိုများလာပါပြီ။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေက ပိုခံရပါတယ်။ အပူမလျှပ်ရင်တောင်မှ တခြားချွေးထွက်လွန်တာ၊ကြွက်တက်တာတွေ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းက သူတွေက ပိုခံရပါတယ်။ ဒီတော့ ဒီနှစ်နွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ။ နွေရာသီရဲ့ အရေးပေါ် အပူ ပြဿနာများ ကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ကြည့်ကြည့်ရအောင်။အရေးပေါ် အပူပြဿနာလို့ ပြောရင် ၃ခုရှိပါတယ်။ အပူကြောင့် ကြွက်တက်တာရယ်၊ အပူကြောင့် အားအင်ကုန်ခမ်းတာရယ်၊ အပူလျှပ်တာရယ်ပါ။ ၃ခုလုံးက အရေးပေါ်အခြေအနေဖြစ်လို့ အရေးကြီးပါတယ်။အပူချိန်များတဲ့ နေရာမှာ နေတယ်။ ဒါမှမဟုတ် နေပူထဲမှာ အလုပ်လုပ်တဲ့သူဖြစ်တယ် ဆိုရင် ဒီအခြေအနေ၃ခုအကြောင်းကို သိကို သိထားသင့်ပါတယ်။ ဒီအရေးပေါ်ပြဿနာတွေက စောစောသိပြီး စောစောကုနိုင်မယ်ဆိုရင် အသက်ရှင်နိုင်ချေ များပါတယ်။ အထူးသဖြင့် ကြွက်တက်တဲ့ အဆင့်၊ အားအင်ကုန်ခမ်းတဲ့အဆင့်မှာ သိမယ်ဆိုရင်အပူလျှပ်တဲ့အထိ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။အပူကြောင့် ကြွက်တက်ခြင်း။ကြွက်တက်တာက အပူလျှပ်တာရဲ့ ပထမဆုံးအဆင့်ပါ။ နေပူထဲမှာ လှုပ်လှုပ်ရှားရှားနေတဲ့ သူတွေက ပိုဖြစ်ပါတယ်။ လှုပ်လှုပ်ရှားရှားမနေလည်း ဖြစ်တတ်ပါတယ်။အပူကြောင့် ကြွက်တက်တာက သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ အဝလွန်တဲ့သူတွေ၊အရက်သောက်တဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ကြွက်သားတွေ  နာကျင်တာ၊ ကြွက်တက်တာတွေက အဓိက လက္ခဏာပါပဲ။အပူကြောင့် အားအင်ကုန်ခမ်းခြင်း။အပူချိန် လွန်ကဲတဲ့အခါ ချွေးထွက်လွန်ပြီး ရေနဲ့ ဓာတ်ဆားတွေ ဆုံးရှုံးလာပါတယ်။ ဒါ့ပြင် ခန္ဓာကိုယ်မှာ ရေဓာတ်တွေ အလွန်အမင်းဆုံးရှုံးတာကြောင့် နုံးလာပါတယ်။ လက္ခဏာတွေကတော့။ဒါက အပြင်းထန်ဆုံးပါပဲ။ အပူချိန်များတဲ့ နေရာမှာ အကြာကြီးအလုပ်လုပ်ရင် ကြာလာတဲ့အခါ ဦးနှောက်ရဲ့ အပူချိန်ထိန်းတဲ့ နေရာက အလုပ်မလုပ်နိုင်တော့ပါဘူး။ ပုံမှန်က ပူလာရင် အပူကို လျှော့ချတဲ့အနေနဲ့ ခန္ဓာကိုယ်က ချွေးထွက်ရပါတယ်။ ဒီလိုအချိန်မှာတော့ ခန္ဓာကိုယ်က ချွေးမထွက်တဲ့အတွက် ကိုယ်မှာ  အပူတွေ စုလာပါတယ်။ လက္ခဏာတွေအနေနဲ့ကတော့။အပူလျှပ်တဲ့ သူတွေက တစ်ခါတစ်လေ ချွေးထွက်တာမျိုးလည်း ရှိနိုင်ပါတယ်။ များသောအားဖြင့်တော့ရေဓာတ်ဆုံးရှုံးတဲ့အတွက် အသားအရေက ခြောက်ပြီး ကိုင်ကြည့်ရင် ပူခြစ်နေမှာပါ။အဖြစ်များတဲ့ သူတွေကတော့ အပူချိန်များတဲ့နေရာမှာ အကြာကြီး အလုပ်လုပ်တဲ့ သူတွေပါ။ ပူလွန်းတဲ့ နေရာမှာ အကြာကြီးပိတ်မိတဲ့သူတွေ (ဥပမာ ကားထဲမှာ) ကလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။ ပိုဖြစ်နိုင်တဲ့ သူတွေကတော့။အကြောင်းကတော့ ခန္ဓာကိုယ်အပူချိန်ကို ထိန်းသိမ်းရာမှာ ပိုခက်လို့ပါ။ကိုယ်ပဲဖြစ်ဖြစ် သူများပဲဖြစ်ဖြစ် အပူဒဏ်တွေ ခံနေရပြီဆိုရင် အောက်ကအတိုင်း လုပ်ပါ။အရင်ဆုံး အရေးပေါ်ပြုစုနိုင်တဲ့ နည်းလမ်းတွေကတော့။ဒါကတော့ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အတွက် ဆေးရုံကို မြန်မြန်သွားရမှာပါ။ ဒီအချိန်အတွင်းလေးမှာတော့။တော်တော်များများကတော့ အပူလျှပ်ပြီး ရက်အနည်းငယ် အတွင်းမှာ သက်သာလာပါတယ်။ ဒါပေမယ့် အခန့်မသင့်ရင် အပူလျှပ်တဲ့အချိန်မှာ ဦးနှောက်က ရောင်ရမ်းလာပါတယ်။ ဒါက ဦးနှောက်ကို ပျက်စီးစေပါတယ်။ ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။အပူချိန်ကြောင့် ကလေးတွေ သေဆုံးရတဲ့ အထဲမှာ ကားထဲမှာ အလုံပိတ်ထားခဲ့လို့ အပူလျှပ်ပြီး သေရတာက ထိပ်ဆုံးမှာပါ။ ကားကို အရိပ်ထဲမှာ ရပ်ထားရင်တောင် စိတ်မချရပါဘူး။ ဒါကြောင့် နွေရာသီမှာ ကလေးတွေ၊ အိမ်မွေးတိရစ္ဆာန်လေးတွေကို ကားထဲမှာ ပိတ်မထားခဲ့ပါနဲ့။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/heat-emergencies-treatment/
ဘယ်အချိန်မှာ ဝမ်းပျော့ဆေး သောက်သင့်လဲ
ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေညီညွတ်မျှတမှာခန္ဓါကိုယ်ကကျန်းမာတာပါ။ ကားတစ်စီးကောင်းကောင်းမောင်းနိုင်ဖို့ ဆီ၊ရေ၊လေ၊ဝိုင်ပြည့်စုံဖို့လိုအပ်သလို လူတစ်ယောက်ကျန်းမာဖို့အတွက်ဆိုရင်လည်း ဆီး၊ဝမ်း၊လေမှန်ဖို့လိုပါမယ်။ လူတစ်ယောက်ဟာနေ့စဉ် အာဟာရမျှတအောင်စားရမယ်၊အိပ်ချိန်ပြည့်ပြည့်ဝဝအိပ်ရမယ်။ ဆီး၊ဝမ်းပုံမှန်စွန့်ရပါမယ်။ ပုံမှန်အားဖြင့်တော့ ခန္ဓါကိုယ်က သူ့ရဲ့ဇီဝကမ္မလုပ်ငန်းစဉ်တွေကို စည်းချက်ညီညီနဲ့လည်ပတ်နေစေတာပါ။ ဒါပေမယ့် ဒီလုပ်ငန်းစဉ်တွေထဲက တစ်ခုမှာလိုအပ်ချက်ရှိသွားပြီဆိုရင်တော့ အခြားဖြစ်စဉ်တွေမှာပါ သွားထိခိုက်တော့တာပါပဲ။ဝမ်းချုပ်တယ်ဆိုတာက လူတိုင်းလိုလိုကြုံတွေ့နေရတဲ့ ကျန်းမာရေးပြဿနာတစ်ခုပေါ့။ လူတစ်ယောက်က တစ်နေ့ကို တစ်ခေါက်ဝမ်းပုံမှန်သွားရမယ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် အနည်းဆုံး နှစ်ရက်တစ်ခါလောက်တော့ ပုံမှန်ဝမ်းသွားနေဖို့လိုအပ်မှာပါ။ ဝမ်းချုပ်တယ်ဆိုတဲ့နေရာမှာလည်း ဝမ်းလုံးဝမသွားဘဲ ဗိုက်ထဲမှာတင်းတောင့်တောင့်ကြီးဖြစ်နေတာမျိုးဖြစ်နိုင်သလို ဝမ်းသွားတဲ့အခါ ခက်ခက်ခဲခဲသွားရတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဝမ်းချုပ်တဲ့အခါခန္ဓါကိုယ်မှာညောင်းညာကိုက်ခဲတာ၊ အရေပြားမှာ အဖုအပိမ့်တွေဖြစ်တာ၊နေရထိုင်ရတာ မအီမသာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ဝမ်းချုပ်ရတဲ့အကြောင်းအရင်းကတော်တော်လေးတော့များပါတယ်။ သင့်အနေနဲ့အခုပြောပြတဲ့အချက်လေးတွေကိုလုပ်မိနေတာကြောင့်လည်း ဝမ်းချုပ်တာမျိုးဖြစ်နိုင်ပါတယ်။အမျှင်ဓါတ်လုံလောက်လောက်မစားသုံးမိတာ– ဒါကတော့ ဝမ်းချုပ်တာကိုအများဆုံးဖြစ်စေနိုင်တဲ့အကြောင်းရင်းပါ။ လူတစ်ယောက်အနေနဲ့ ဝမ်းမှန်ဖို့ဆိုရင် တစ်နေ့ကို အမျှင်ဓါတ်၁၈ ဂရမ်စားသုံးမိဖို့လိုပါမယ်။ အမျှင်ဓါတ်ကအစာကြေခဲပြီး အူမကြီးထဲမှာကျန်ရှိနေတဲ့အတွက် ဝမ်းသွားစေဖို့ လှုံ့ဆော်ပေးပြီး အူမကြီးကို လုပ်ဆောင်မှုတွေကောင်းကောင်းလုပ်ဆောင်နိုင်အောင် အကူအညီပေးပါတယ်။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေများများစားပေးပါ။ရေလုံလောက်အောင်မသောက်တာ-ရေသောက်နည်းတာက ဝမ်းချုပ်တာကိုပိုဆိုးစေပါတယ်။ ဝမ်းပျော့ပျော့သွားချင်တယ်ဆိုရင်တော့နေ့စဉ်အမျှင်ဒါတ်လုံလောက်အောင်စားသုံးဖို့လိုသလို အရည်ဓါတ်ကြွယ်ဝအောင်စားသောက်နေထိုင်ဖို့လည်း လိုအပ်ပါမယ်။ တစ်နေ့ကို အနည်းဆုံးရေ ၆ ခါက်ကနေ ၈ခွက်အထိသောက်ပေးပါ။ကိုယ်အလေးချိန်ကျအောင်ဓါတ်စာစားသုံးတာ– ဓါတ်စာတွေမှာ အမျှင်ဓါတ်ပါဝင်မှုနည်းတာကြောင့် ဝမ်းချုပ်တာပါ။ဆေးဝါးတွေသောက်သုံးနေရတာ– အချို့ဆေးဝါးတွေကဘေးထွက်ဆိုးကျိုးအနေနဲ့ ဝမ်းချုပ်တာမျိုးဖြစ်စေနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ၊ စိတ်ကျရောဂါကာကွယ်ဆေးတွေ နဲ့ သံဓါတ်အားဖြည့်ဆေးတွေသောက်သုံးတာကလည်း ဝမ်းချုပ်တာကိုဖြစ်စေနိုင်ပါတယ်။ရောဂါအခြေအနေတွေကြောင့်ဖြစ်တာ–သိုင်းရွိုက်ဂလင်းတွေပုံမှန်အလုပ်မလုပ်တာ၊ နာတာရှည်အူလမ်းကြောင်းဆိုင်ရာပြဿနာ (irritable bowel syndrome)တွေခံစားနေရတာကြောင့်လည်း ဝမ်းချုပ်နိုင်ပါတယ်။ကိုယ်ဝန်ဆောင်နေရတာ–ကိုယ်ဝန်ဆောင်အမျိုးသမီး ၅ ဦးမှာ ၁ ဦးကဝမ်းချုပ်တတ်ကြပါတယ်။ဟော်မုန်းအပြောင်းအလဲကြောင့် အူမကြီးလှုပ်ရှားမှုနှေးကွေးသွားပြီ ဝမ်းချုပ်ရတာပါ။ဒါတွေအပြင်ကိုယ်လက်လှုပ်ရှားမှုနည်းတာ နဲ့နေမကောင်းတာကြောင့် အိပ်ရာထဲမှာလှဲနေရချိန်များတာတွေကြောင့်လည်း ဝမ်းချုပ်နိုင်ပါသေးတယ်။ဝမ်းချုပ်တာက အရမ်းမပြင်းထန်ဘူးဆိုရင်တော့ အနေအထိုင်အစားအသောက်တွေဆင်ခြင်လိုက်ရုံနဲ့သက်သာစေမှာပါ။ တကယ်လို့ အခုလိုလက္ခဏာတွေခံစားနေရပြီဆိုရင်တော့ ဝမ်းချုပ်တာက ပြင်းထန်တဲ့အဆင့်ရောက်နေပြီလို့ပြောပါရစေ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/constipation-digestive-health/lactulose-oral-solution/
Aquarius တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ
Aquarius တွေက ၁၁ခုမြောက်zodiac signဖြစ်ပြီး ဇန်နဝါရီ ၂၁နဲ့ ဖေဖော်ဝါရီ ၁၉ထိ အကျုံးဝင်ပါတယ်။ Air signဖြစ်တဲ့ Aquaလေးတွေက ခေတ်မီပြီး လွတ်လွတ်လပ်လပ် နေထိုင်တတ်သူတွေပါ။ တခြား signတွေလိုပဲ Aquarius တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ လည်း သီးသန့်ရှိနေပါတယ်။Aquaတွေက သွေးလည်ပတ်မှုစနစ်၊ အာရုံကြောစနစ်နဲ့ ခြေကျင်းဝတ်တို့ကို လွှမ်းမိုးထားပါတယ်။ ဒါကြောင့် သွေးကြောနဲ့ ဆိုင်တဲ့ရောဂါတွေ (ဥပမာ သွေးတိုး၊ ဆီးချို) အဖြစ်များပါတယ်။အတွေးများတဲ့သူတွေဖြစ်တဲ့အတွက်လည်း အသက်ကြီးလာလေလေ ဦးနှောက်နဲ့ အာရုံကြောနဲ့ ဆိုင်တဲ့ရောဂါတွေ ဖြစ်လာနိုင်ခြေ များလေလေ ဖြစ်ပါတယ်။ခြေကျင်းဝတ်ကို လွှမ်းမိုးထားတာကြောင့် ခြေထောက်ထိခိုက်တာ၊ ခြေပွတ်တိုင်လည်တာ၊ အရိုးကျိုးတာတွေ ဖြစ်တတ်ပါတယ်။Aquarius တွေက ကျန်းမာရေးဂရုစိုက်တတ်တဲ့သူတွေဆိုပေမယ့် ပုံမှန်လုပ်ဖြစ်ဖို့ တွန်းအားတစ်ခုခုတော့ လိုပါတယ်။ ကျန်းမာရေးပြဿနာတွေ ကြုံရနိုင်တယ်ဆိုပေမယ့် ခြုံပြောရရင် အသက်ရှည်ကြတဲ့ Aquaလေးများပဲ ဖြစ်ပါတယ်။သူတို့လေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကတော့။ကံကောင်းတာက Aquarius တို့ရဲ့ အစာခြေစနစ်က အတော်ကို ဒူပေဒဏ်ပေခံပါသတဲ့။ ဒါကြောင့် ဘာစားစား စားလို့ဝင်ကြသူတွေလည်း ဖြစ်ပါတယ်။ခြေကျင်းဝတ်ကို စိုးမိုးတဲ့ ရာသီခွင်ဖြစ်တာကြောင့် တတ်နိုင်သမျှ ခြေကျင်းဝတ်မထိခိုက်အောင် နေထိုင်ပါ။ အမျိုးသမီးတွေအနေနဲ့ ဒေါက်ဖိနပ်ဝတ်တဲ့အခါ ခြေခေါက်လဲတာ၊ အရိုးကျိုးတာမျိုး မဖြစ်အောင် ဂရုစိုက်ပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ၊ အားကစားလုပ်တဲ့အခါ ခြေကျင်းဝတ်မှာ အကာအကွယ်ဝတ်ပါ။ ခြေကျင်းဝတ်မှာ တစ်ခုခုထိခိုက်မိရင် မပေါ့ဆပါနဲ့။သွေးလည်ပတ်မှုစနစ်ကို လွှမ်းမိုးထားတာကြောင့် သွေးတိုးတာ၊ ဆီးချိုရှိတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့်အသင့်စားအစားအစာတွေ၊ အာဟာရတန်ဖိုးမရှိတာတွေ၊ အချိုရည်တွေကို ရှောင်ပါ။ အသီးအရွက်၊ အသားငါး၊ အစေ့အဆန်တွေ စားပါ။Aquarius တို့ရဲ့ biological cell saltက ဆိုဒီယမ်ကလိုရိုက်ပါ။ ဒါပေမယ့် သွေးတိုးတတ်တာကြောင့် သဘာဝအတိုင်း အသီးအရွက်တွေက ပါလာတဲ့ ဆိုဒီယမ်ကို ပိုပြီး အားကိုးသင့်ပါတယ်။ ဥပမာ ပြောင်းဖူး၊ ပဲသီး၊ နာနတ်သီး၊ သံပရာသီး၊ ဂရိတ်ဖရု၊ ဂေါ်ဖီထုပ် စတာတွေကနေ ရတဲ့ ဆိုဒီယမ်ကိုပါ။အာရုံကြောစနစ်ကို လွှမ်းမိုးထားတာကြောင့် နဂိုတည်းက အိပ်မပျော်တာ၊ စိုးရိမ်စိတ်များတာ၊ ဂနာမငြိမ်တာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကော်ဖီလျှော့သောက်ပါ။ ကော်ဖီအစား စိတ်တည်ငြိမ်စေတဲ့ ချာမိုမိုင်းရေနွေးကြမ်းတို့၊ mint teaတို့ သောက်ပေးပါ။အာရုံကြောပြဿနာတွေ ကင်းဝေးစေဖို့ တရားမှတ်တာ၊ စိတ်ဖိစီးမှုလျှော့ချတာတွေ ပုံမှန်လုပ်ပေးပါ။Aquarius တွေက ကျန်းမာရေးလိုက်စားသလို လေ့ကျင့်ခန်းလည်း လုပ်တတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်လုပ်တဲ့ လေ့ကျင့်ခန်းတွေက ကိုယ့်အတွက် ပြင်းလွန်းနေရင် နည်းနည်းသက်သာတဲ့ လေ့ကျင့်ခန်းကို ပြောင်းလုပ်ပါ။ (ကိုယ်က အရိုးကျိုးလွယ်တယ်ဆိုတာ သိတယ်ဟုတ်) ဘာကြောင့်ဒီလိုပြောရလဲဆိုတော့ Aquaတို့က ခေါင်းမာတော့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို ‘ငါလုပ်နိုင်ရမယ်’ဆိုပြီး အတင်းလုပ်တတ်ကြလို့ပါ။Aquarius လေးတွေက ကိုယ့်ကိုယ်ကို ချစ်ပေမယ့် အလုပ်များတဲ့သူတွေ ဖြစ်တာကြောင့် ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မေ့နေတတ်ပါတယ်။ ဥပမာ အစားတော့ ပုံမှန်စားပေမယ့် ပြီးစလွယ် အာဟာရမဖြစ်တာတွေပဲ စားလိုက်တာမျိုး။လေ့ကျင့်ခန်းလုပ်ပေမယ့် ပျက်လိုက် လုပ်လိုက် ဖြစ်နေတာမျိုးပေါ့။ ဒီလို မဖြစ်အောင် ကိုယ့်ကိုယ်ကို အချိန်ပေးပြီး ပိုပြီးဂရုစိုက်ဖို့ အကြံပြုချင်ပါတယ်။Disclaimer: အထက်ပါ အကြောင်းအရာများက ဗဟုသုတအနေနဲ့သာ တင်ပြထားခြင်း ဖြစ်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်က မတူညီတာကြောင့် ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိမယ်ဆိုရင် ဆရာဝန်နဲ့သာပြသဖို့ အကြံပြုလိုပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/common-health-problems-in-aquarius/
နို့တိုက်ခြင်း အနုပညာ
ဒီတစ်ခေါက်တော့ ဘေဘီလေး မွေးဖွားပြီးချိန်မှာ လိုအပ်တဲ့ အာဟာရ ပြည့်ဝစေဖို့  လိုအပ်တဲ့ မိခင်နို့ တိုက်ကျွေးခြင်းနဲ့ ပတ်သက်လို့ နို့တိုက်ခြင်း အနုပညာ အကြောင်းလေး ပြောပြပေးချင်ပါတယ်။မိခင်နို့ဟာ မွေးကင်းစကလေးငယ်လေးတွေ အားလုံးအတွက် ပြီးပြည့်စုံတဲ့ အာဟာရ ဖြစ်ပြီး မိခင်ရော၊ ကလေးလေးတွေအတွက်ပါ ကောင်းကျိုးတွေ အများကြီးရစေနိုင်တဲ့ အတွက် ကလေးငယ်လေး အားလုံးကို အသက်၆လထိ မိခင်နို့ တစ်မျိုးထဲကိုသာ တိုက်ကျွေးကြဖို့ တိုက်တွန်းထားပါတယ်။ အဲဒီ ခြောက်လ အတွင်း အခြားဖြည့်စွက်စာမကျွေးခင်ကာလမှာ မိခင်တွေဟာ ကလေးငယ်လေးတွေကို တစ်နေ့မှာ ခုနှစ်ကြိမ်၊ ရှစ်ကြိမ် ကနေ ဆယ်ကြိမ်လောက်အထိကို နို့တိုက်ကျွေးနေကြရပါတယ်။တစ်ခါတိုက်ရင်လည်း ၁၅ မိနစ်မှ မိနစ် ၃၀ ပတ်ဝန်းကျင် လောက်ကြာတတ်ပါတယ်။ တစ်ချို့ မိခင်တွေက နို့တိုက် နည်း ပုံစံ မမှန်တဲ့ အခါမှာ ကလေးနို့မဝဘဲ လိုတာထက်ပိုကြာတာမျိုးတွေလည်း ဖြစ်တတ်ကြပါတယ်။ မိခင်နို့ကို နေ့စဉ်နေ့တိုင်း တိုက်ရတာဖြစ်တဲ့အတွက် သက်သက်သာသာ၊ အချိန်တိုတိုနဲ့ ထိရောက်မှုရှိဖို့က အရေးကြီးပါတယ်။ ဒါ့ကြောင့် မိခင်နို့ကို ပုံစံမှန်မှန်နဲ့ တိုက်ကြဖို့ အတွက် ဒီ နို့တိုက်ခြင်း အနုပညာ ဆောင်းပါးလေးကနေ အကြံပြုချင်ပါတယ်။၁။နို့တိုက်တဲ့ အချိန်မှာ ကလေးလေးရဲ့ ဦးခေါင်းနဲ့၊ ခန္ဓာကိုယ်နဲ့ က တစ်ဖြောင့်တည်း ဖြစ်နေအောင်ထားရပါမယ်။၂။ ကလေးလေးရဲ့ ခေါင်းက အမေရဲ့ တံတောင်ခွက်ထဲမှာ ရှိနေပြီး ကလေးလေး တစ်ကိုယ်လုံးကို မိခင်က ပင့်မထားရပါမယ်။၃။ ကလေးလေးရဲ့ ပါးစပ်ဟာ မိခင်ရဲ့နို့နဲ့ မျက်နှာချင်းဆိုင်ရှိနေရပါမယ်။၄။ နို့စို့တဲ့ အခါမှာကလေးလေးရဲ့ ပါးစပ်လေးက ကျယ်ကျယ်ဟနေပြီး မိခင်ရဲ့ နို့သီးခေါင်း၊ အောက်အမည်းကွင်း အကုန်လုံးကို ငုံထားတာမျိုး ဖြစ်နေရပါမယ်။ နို့တကယ်စို့နေတဲ့ အခါမှာ ကလေးလေးရဲ့ ပါးလေး ဖောင်းလိုက်၊ ပိန်လိုက်ဖြစ်တာမျိုးကိုတွေ့နိုင်မှာပါ။ဒီလို ပုံစံမှန်မှန် နို့တိုက်မယ်ဆိုရင်တော့ အချိန်ခဏလေးနဲ့ ကလေးလေးလည်းနို့ဝပြီး မိခင်လည်း အချိန်ကုန် လူပင်ပန်း သက်သာလာမှာပါ။(၁) မိခင်အတွက် နို့တိုက်နေတဲ့ အနေအထား မမှန်တဲ့အတွက် ခါးနာ၊ ကျောနာ စတာတွေ ဖြစ်နိုင်ပါတယ်။(၂) ကလေးငယ်လေး အတွက်လည်း ပုံစံမမှန်တဲ့အခါမှာ စို့သလောက်မဝတာ၊ နို့သေချာမရတာမျိုးကြောင့် အသားဝါတာ၊ ဝမ်းပျက်ဝမ်းလျှော မကြာခဏ ဖြစ်တာ၊ အသက်ရှုလမ်းကြောင်းပိုးဝင်တာ၊ မှတ်ဉာဏ်မကောင်းတာ အစရှိတဲ့ ဆိုးကျိုးတွေ အများကြီး ဖြစ်လာစေနိုင်ပါတယ်။(၃) လိုအပ်တာထက် အချိန်ပိုကုန်စေပြီး မိခင်တွေအတွက် အချိန်ကုန် လူပင်ပန်းဖြစ်ပြီး အခြားအလုပ်တွေ မပြီးတာမျိုး စတဲ့ အခက်အခဲတွေကြုံရနိုင်ပါတယ်။မိခင်အတွက်။၁။ သားအိမ် အမြန်ပြန်ကျုံ့ စေနိုင်ပြီးမွေးပြီးသွေးသွန်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။၂။ အချို့သော ကင်ဆာရောဂါများ(ရင်သားကင်ဆာ၊သားဥအိမ်ကင်ဆာ) ဖြစ်နိုင်ခြေ ကို လျော့နည်းစေနိုင်ပါတယ်။၃။ ကိုယ်အလေးချိန် မြန်မြန်ပြန်ကျ အောင် ကူညီပေးနိုင်ပါတယ်။၄။အရိုးပွခြင်း၊ အဆစ်ရောင်ခြင်း၊ သွေးတိုး၊ နှလုံးရောဂါများ ဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။၅။နို့တိုက်နေစဉ် သားဆက်ခြားပေးနိုင်တဲ့အပြင် မိခင်ကိုယ်တိုင် နို့တိုက်ရတဲ့အတွက် မိခင်နဲ့ ကလေးလေး ကြားက သံယောဇဉ်ကိုပိုတိုးလာစေနိုင်ပါတယ်။ကလေးလေးအတွက်။၁။ဦးနှောက်ဖွံ့ဖြိုးပြီး ဉာဏ်ရည်မြင့်မားစေပါတယ်။၂။ ဦးနှောက်ပိုးဝင်ခြင်း၊ အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်း၊ နှာစေးချောင်ဆိုး၊ဖျားနာခြင်း စတဲ့ ပိုးဝင်ခြင်းကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။၃။ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်နိုင်ချေကို လျော့နည်းစေနိုင်ပါတယ်။၄။အဝလွန်ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။၅။ သွားနှင့် သွားဖုံးဖွံ့ဖြိုးမှုကို ကောင်းစေပြီး သွားပြသနာများလျှော့ချပေးနိုင်ပါတယ်။၆။ နောက်ဆုံးအချက်အနေနဲ့အသားဝါခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ဒီလို ကောင်းကျိုးတွေ အများကြီးပေးနိုင်တဲ့ နို့တိုက်ခြင်းအနုပညာကို မိခင်တိုင်းသေသေချာချာလေ့လာပြီး နည်းလမ်းမှန်မှန် အကျိုးရှိရှိ နို့တိုက်နိုင်ကြပါစေ။ရေးသားသူ-Phoo Ngon။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/breastfeeding-technique/
မျက်နှာပေါ်က ဆားဝက်ခြံတွေကို ဘယ်လိုအထိရောက်ဆုံးဖယ်ရှားကြမလဲ
ဆားဝက်ခြံဆိုတာ အဖြစ်အများဆုံးဝက်ခြံပုံစံတွေထဲက တစ်ခုပါ။ ဆားဝက်ခြံတွေရှိနေရင် အသားအရည်ရဲ့ လှပချောမွတ်မှုကို ထိခိုက်စေသလို မိတ်ကပ်လိမ်းလို့လဲ မကောင်းပါဘူး။အဆီပြန်တဲ့အသားအရေရှိတဲ့သူတွေမှာ ဆားဝက်ခြံဖြစ်တာပိုများပေမယ့် ဘယ်လိုအသားအရေ အမျိုးအစားရှိသူမဆို ဆားဝက်ခြံဖြစ်နိုင်ပါတယ်။ ဆဲလ်အသေတွေနဲ့ အဆီဂလင်းက အဆီပိုတွေပေါင်းစုမိပြီး ဆားဝက်ခြံဆိုတာဖြစ်လာတာပါ။ ရိုးရိုးဝက်ခြံနဲ့မတူတာက ရိုးရိုးဝက်ခြံတွေဟာ ထိပ်ဖက်မှာအပိတ်ဖြစ်ပြီး ဆားဝက်ခြံရဲ့ မျက်နှာပြင်ကတော့အပွင့်ပါ။ဒါကြောင့် ပြင်ပလေထုနဲ့ဓာတ်ပြုပြီး ဆားဝက်ခြံကအမည်းရောင်ဖြစ်နေတာပါ။ ဆားဝက်ခြံတွေကို လက်နဲ့ညှစ်ထုတ်တာက လွယ်ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်တာက အရေပြားကိုအမာရွတ်ထင်စေပြီး ပျက်စီးစေပါတယ်။ အကြည့်ရဆိုးပြီး အနှောင့်အယှက်ပေးလှတဲ့ ဆားဝက်ခြံတွေကို ဘယ်လိုတိုက်ထုတ်မလဲဆိုတာ ကြည့်ကြရအောင်။စျေးကွက်ထဲမှာရှိတဲ့ တချို့သော ဆားဝက်ခြံကပ်ခွာတွေနဲ့ mask တွေဟာ ခဏတော့ အသုံးဝင်ကောင်းဝင်ပါလိမ့်မယ်။ ဒါပေမယ့် သင့်အသားအရည်ကို အကျိူးပြုတဲ့ ပစ္စည်းတွေကိုပါ သူကဖယ်ရှားပစ်တာပါ။ ဥပမာ သဘာဝအဆီတွေနဲ့ မျက်နှာပြင်ကမွေးညင်းတွေလိုမျိုး။ အညစ်အကြေးသာမက ရှိသမျှ အရာတွေကိုဖယ်လိုက်တဲ့အတွက် သင့်အသားအရေကိုခြောက်သွေ့စေပြီး အထိခိုက်မခံဖြစ်လာစေပါတယ်။ အဲဒီအခါ တန်ပြန်အနေနဲ့ အဆီဂလင်းတွေကနေအဆီပိုထုတ်ပြီး နောက်ဆက်တွဲအနေနဲ့ ဆားဝက်ခြံတွေပိုဖြစ်လာစေပါတော့တယ်။ ဒါပေမယ့် ဆားဝက်ခြံကို ပရော်ဖက်ရှင်နယ်ကျကျ ထုတ်ပေးတဲ့ နေရာတွေရှိပါတယ်။ ဥပမာ အရေပြားဆရာဝန်လို၊ အလှအပပြုပြင်မှုဆိုင်ရာဆေးခန်းလိုနေရာမျိူးမှာ ထုတ်ရင်တော့ သူတို့ရဲ့ အထူးပြုလုပ်ထားတဲ့ ပစ္စည်းတွေက ပိတ်နေတဲ့ဆားဝက်ခြံတွေကို ဘေးကအရေပြားကိုမပွန်းခြစ်မိစေဘဲ ထုတ်ပေးလို့ရပါတယ်။ ဒါပေမယ့် ပိုးသတ်ထားတဲ့ပစ္စည်းတွေဖြစ်ဖို့နဲ့ service ပေးသူရဲ့ ကျွမ်းကျင်မှုတော့ လိုအပ်ပါတယ်။Benzoyl peroxide ထက် ဆားဝက်ခြံအတွက်ပိုသင့်တော်တဲ့ ဆေးဆိုင်စတိုးဆိုင်တွေမှာ အလွယ်ဝယ်လို့ရတဲ့ ပစ္စည်းကတော့ salicylic acid ပါတဲ့ မျက်နှာသန့်စင်ပစ္စည်းတွေပါပဲ။ နေ့စဉ်အသုံးပြုခြင်းအားဖြင့် ဆားဝက်ခြံအပြင် အဆီပိုနဲ့ မိတ်ကပ်တွေကိုပါ ဖယ်ရှားပေးနိုင်မှာပါ။ တခြားမျက်နှာသစ်ဆေးတွေလိုတော့ တစ်နေ့နှစ်ကြိမ်သုံးဖို့မသင့်တာမို့ တစ်ကြိမ်ကို အခြားမျက်နှာသစ်ဆေးနဲ့သစ်ပြီး salicylic acid ပါတဲ့ မျက်နှာသစ်ဆေးရည်ကိုတော့ တစ်နေ့တစ်ကြိမ်ပဲသုံးပါ။ ဒါပေမယ့် တချို့လူတွေဟာ salicylic acid ကို ထိရှလွယ်တတ်တာမို့ သတိထားဖို့တော့လိုပါတယ်။အရင်တုန်းကတော့ ဒီပစ္စည်းတွေဟာ ဝက်ခြံကိုမသက်သာစေဘဲ ပိုဆိုးစေတယ်လို့ ဆိုသူတွေရှိကြပါတယ်။ အမှန်တကယ်ကတော့ ဒါဟာ ရိုးရိုးဝက်ခြံအတွက်ဖြစ်ပါတယ်။ ဒါပေမယ့် ညင်ညင်သာသာပွတ်တိုက်ပေးမယ်ဆိုရင်  ဆားဝက်ခြံမှာတော့ အလုပ်ဖြစ်ပါတယ်။ ဒီပစ္စည်းတွေဟာ အရေပြားရဲ့အပေါ်ဆုံးအလွှာကိုခွာချတာမို့ အရေးအကြောင်းတွေ၊ မှဲ့ခြောက်တွေကိုသက်သာပြီး ဆားဝက်ခြံတွေကိုလဲ လျော့ပါးစေနိုင်ပါတယ်။ ခုလို ဆဲလ်အသေဖယ်ရှားခြင်း exfoliate လုပ်တာကို တစ်ပတ်တစ်ကြိမ် ဒါမှမဟုတ် အလွန်ဆုံးနှစ်ကြိမ်သာလုပ်သင့်ပါတယ်။Retinoids/ retinol တွေဟာ ဖယ်ရှားရခက်နေတဲ့ ဆားဝက်ခြံတွေကို ကွာစေပါတယ်။ ပိတ်နေတဲ့အပေါက်ထဲက ဆားဝက်ခြံကို ဖယ်ရှားပေးရုံသာမက တခြားလိမ်းဆေးတွေရဲ့ အာဏိသင်ကိုလဲ ပိုမိုကောင်းမွန်စေပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်စဉ်မှာတော့ ဒီလိမ်းဆေးကိုမသုံးသင့်ပါဘူး။Clay maskတွေဟာ အဆီပြန်အသားအရေအတွက်တော့ မရှိမဖြစ်ပါပဲ။ တစ်ပတ်ကိုတစ်ကြိမ်သုံးမယ်ဆိုရင် ဆားဝက်ခြံတွေကိုလျော့ပါးသက်သာစေပါတယ်။chemical peel တွေရဲ့ မူလရည်ရွယ်ချက်ကတော့ အရေးအကြောင်းတွေနဲ့ အသက်အရွယ်ကြောင့်ဖြစ်တဲ့မှဲ့ခြောက်လိုဟာမျိူးတွေအတွက်ပါ။ chemical peels တွေမှာ AHA တွေပါဝင်တတ်ပြီး အရေးပြားရဲ့အပေါ်ဆုံးအလွှာကို ဖယ်ရှားပေးပါတယ်။ ဆဲလ်အသေတွေကိုဖယ်ရှားပေးနိုင်ပြီးအရေပြားကိုနုပျိူစေ ချောမွတ်စေပါတယ်။ ဆားဝက်ခြံတွေဖယ်ပေးနိုင်တဲ့အပြင် ချွေးပေါက်တွေကိုလဲ ကျဉ်းစေပါတယ်။တချို့သော သဘာဝမကျတဲ့ ရုပ်ရှင်ကားတွေမှာ သရုပ်ဆောင်တွေဟာ မိတ်ကပ်တွေအပြည့်နဲ့ ညအိပ်ရာဝင်ကြတာကို ဟာသသဖွယ်တွေ့ဖူးကြမှာပါ။ ဒါပေမယ့် လက်တွေ့လိုက်လုပ်ရင်တော့ ရယ်စရာမကောင်းလှပါဘူး။ ဒါဟာ ဆားဝက်ခြံတွေပိုဖြစ်လာစေဖို့ ဖိတ်ခေါ်နေသလိုပါပဲ။ချွေးပေါက်တွေကိုလဲ မိတ်ကပ်တွေက ပိတ်စေမှာပါ။ အသားအရေခြောက်သွေ့ယားယံခြင်းနဲ့ ပိုးဝင်ခြင်းတွေကိုလဲ ဖြစ်စေနိုင်ပါတယ်။ရေးသားသူ- Dr Sein Moe Satt။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%94%e1%80%be%e1%80%ac%e1%80%95%e1%80%b1%e1%80%ab%e1%80%ba%e1%80%80-%e1%80%86%e1%80%ac%e1%80%b8%e1%80%9d%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%b6%e1%80%90/
သွေးပြန်ကြောထဲမှာ သွေးခဲနေတယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတွေက ဘာတွေများလဲ !
သွေးခဲတယ်ဆိုတာက အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာကိုတော့ လူတိုင်းလိုလို သိထားပြီး ဖြစ်မှာပါ။ သွေးခဲတယ်ဆိုတာက နေ့စဉ်ဘဝရဲ့ ပုံမှန်ဖြစ်စဉ်တွေထဲက တစ်ရပ်ပေါ့။ ဘယ်လို အခြေအနေမှာလဲဆိုရင် အနာတစ်ခုခု ထိခိုက်မိတာ တစ်ခုခု ဖြစ်မယ် သွေးထွက်မယ်။ ဒီထွက်တဲ့သွေး တိတ်စေဖို့အတွက် သွေးခဲဖို့ လိုပါမယ်။ ဒီလို သွေးခဲတာက အန္တရာယ် မရှိသလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဖြစ်စဉ် တစ်ခုလည်း ဖြစ်တာကြောင့် စိုးရိမ်ဖို့မလိုတဲ့ ပုံမှန်ဖြစ်စဉ် တစ်ခုပါ။ဒါပေမယ့် ပုံမှန်မဟုတ်တဲ့ သွေးခဲခြင်းတွေ၊ မခဲသင့်တဲ့ နေရာမှာ ခဲတာတွေကတော့ ပြဿနာပါ။ ဥပမာ ခြေထောက်က သွေးပြန်ကြောတွေမှာ သွေးခဲမယ်။ ဘေးမှာ ခြေသလုံးကြွက်သားလည်း ရှိနေတဲ့အတွက် ကြွက်သားက ညှစ်လိုက်တဲ့အခါ မတော်တဆ သွေးခဲပြုတ်ထွက်ပြီး အဆုတ်သွေးကြောမှာ သွားဆို့နေပြီး အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီတစ်ခေါက်တော့ သွေးပြန်ကြောထဲမှာ သွေးခဲနေတယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတွေက ဘာတွေများလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။သွေးခဲတာက ဖြစ်တတ်ပေမယ့် တစ်ခါတလေမှာ လက္ခဏာတွေကို မသိတာ၊ သတိမထားမိတာတွေကြောင့် ပြင်းထန်တဲ့ အခြေအနေတွေထိ ခံစားရတာမျိုးတွေ ဖြစ်မလာစေဖို့အတွက် သွေးပြန်ကြောထဲမှာ သွေးခဲနေတယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတွေက ဘာတွေများလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ရင်ဘတ်အောင့်တာက ရုတ်တရက် နှလုံးရပ်တာကို ခံစားရတာကြောင့်ပဲ မဟုတ်ပါဘူး။ အဆုတ်သွေးကြောပိတ်ဆို့တာကြောင့်လည်း ရင်ဘတ်အောင့်နိုင်ပါတယ်။ အဆုတ်သွေးကြောပိတ်ဆို့တဲ့အခါရင်ဘတ်ထဲက စူးပြီးအောင့်တာကို ခံစားရနိုင်သလို အသက်ပြင်းပြင်းရှူလိုက်ရင် ရုတ်တရက် ရင်ဘတ်ထဲက စူးပြီးအောင့်တာကို ခံစားရနိုင်ပါတယ်။ချောင်းက ဘယ်လိုစဆိုးလို့ ဆိုးမှန်း မသိပေမယ့် မသက်သာဘူး။ ချောင်းဆိုးတာအပြင် မောတာ၊ ရင်တုန်တာ ဒါမှမဟုတ် ရင်ဘတ်အောင့်တာတွေပါ ခံစားနေရမယ်ဆိုရင် အဆုတ်ထဲမှာ သွေးခဲပိတ်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုချောင်းဆိုးတာက တစ်ခါတလေမှာ ချောင်းခြောက်ဆိုးသလို ဆိုးနေတာမျိုး ရှိနိုင်သလို သလိပ်ထွက်ပြီး ဆိုးတဲ့ ချောင်းလည်း ရှိပါတယ်။ သလိပ်ထွက်တဲ့ ချောင်းမှာတော့ သလိပ်မှာ သွေးပါလာတတ်ပါတယ်။ကိုယ်ထဲမှာ အောက်ဆီဂျင် နည်းသွားတဲ့အခါ နှလုံးခုန်နှုန်းက မြန်လာတတ်ပါတယ်။ နှလုံးခုန်တာလည်း မြန်မယ်။ အသက်ကိုလည်း အားနဲ့ ရှူနေရမယ်ဆိုရင်တော့ သွေးခဲနေတာဖြစ်နိုင်ပါတယ်။ သွေးခဲက သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် သွေးခဲတတ်ပါတယ်။ ဒါကြောင့် ဒီလို လက္ခဏာတွေ ခံစားနေရမယ်ဆိုရင် ဆရာဝန်နဲ့ သေချာလေး ပြကြည့်စေချင်ပါတယ်။[embed-health-tool-heart-rate]။ခေါင်းမူးလာတာက အဆုတ်သွေးကြောမှာ သွေးခဲပိတ်လို့ ထွက်လာတဲ့ ဓာတုပစ္စည်းတွေ၊ အောက်ဆီဂျင် နည်းသွားတာ၊ သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းတွေကြောင့် ဖြစ်တာပါ။ သိပ်မတွေ့ရတတ်ပေမယ့် အပေါ်က လက္ခဏာတွေနဲ့ တွဲပြီး ခံစားနေရရင် သတိထားသင့်ပါတယ်။ခန္ဓာကိုယ်ထဲမှာ မလိုအပ်ဘဲ သွေးခဲတာမျိုး မဖြစ်စေဖို့ ဆိုရင်
health
health
https://hellosayarwon.com/health/symptoms/what-does-a-blood-clot-feel-like/
သွေးအုပ်စု အလိုက် စားသုံးသင့်သော အစားအစာများ
လူ့ခန္ဓာကိုယ်မှာ သွေးတွေစီးဆင်းနေကြတယ်ဆိုပေမယ့် သွေးအုပ်စု တွေကတော့ တစ်ယောက်နဲ့တစ်ယောက်မတူညီကြပါဘူး။ ဒီနေ့မှာတော့ လူအများစုသိရှိထားတဲ့ အေသွေး၊ ဘီသွေး၊ အိုသွေး၊ အေဘီအသွေးတို့ပါဝင်တဲ့ ABO သွေးအုပ်စု စနစ်အပေါ်မှာအခြေခံပြီး သွေသွေးအုပ်စု အလိုက် စားသုံးသင့်သော အစားအစာများ အကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။သွေးအုပ်စု အပေါ်အခြေခံတဲ့ စားသောက်မှုပုံစံတွေက လွန်ခဲ့ဆယ်စုနှစ်စုလောက်စပြီး လူသိများလာခဲ့ပါတယ်။၁၉၉၆ ခုနှစ်မှာ အမေရိကန်ဆရာဝန် Dr. Peter J. D’Adamo ရေးသားထုတ်ဝေခဲ့တဲ့ ကိုယ့် သွေးအုပ်စု အလိုက် မှန်ကန်စွာ စားပါလို့ အဓိပ္ပာယ်ရတဲ့ ‘ Eat Right 4 Your Type ‘ စာအုပ်ဟာ အုပ်ရေ သန်းနဲ့ချီ ရောင်းချခဲ့ရပြီး အရောင်းအများဆုံး စာအုပ် တစ်အုပ် ဖြစ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ သွေးအုပ်စု အခြေခံ စားသောက်မှုအပေါ် လူတွေ အာရုံစိုက်လာကြပါတယ်။စမ်းသပ်မှုတွေ အရလည်း သွေးအုပ်စုပုံစံအပေါ် မူတည်ပြီး အချို့သော ရောဂါဖြစ်ပွားနိုင်မှုတွေ ကွာခြားနေတာတွေ တွေ့ရှိရပါသေးတယ်။အိုသွေးပိုင်ရှင်တွေက ပုံမှန်ထက် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ပိုလျော့နည်းတယ် ဒါပေမယ့် အစာအိမ်ရောဂါ ဖြစ်ပွားနိုင်ခြေတော့ နည်းနည်းပိုများပါတယ်။အေသွေး၊ ဘီသွေးနဲ့ အေဘီသွေးပိုင်ရှင်တွေကတော့ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများသလို အာရုံကြောဆိုင်ရာ ပြဿနာအချို့ ကြုံတွေ့ရနိုင်ခြေလည်း ပိုများနေပါတယ်။သွေးအုပ်စု အလိုက် စားသုံးသင့်သော အစားအစာများ ကတော့။အေ သွေးပိုင်ရှင် တွေက ကစီဓာတ် နဲ့ အသီးအရွက်တွေကိုပို ပြီး လွယ်လွယ်ကူကူချေဖျက်နိုင်ပြီး အသားဓာတ်နဲ့ အဆီတွေကို ချေဖျက်ရာမှာတော့ အချိန်ကြာတယ်လို့ Dr. D’Adamo ကရေးသားထားပါတယ်။အေသွေးပိုင်ရှင်တွေ ပိုပြီးစားသုံးသင့်တာတွေကတော့။A သွေးပိုင်ရှင်တွေအတွက်ကတော့ အသီးအရွက်နဲ့အသီးအနှံတွေကိုအဓိကထားစားသုံးရမယ်လို့ဖော်ပြထားပါတယ်။B for balance လို့အတိုချုံးလေးမှတ်ထားပြီးတော့ အစာအုပ်စုသုံးခုကို မျှတအောင်စားရမယ်လို့လညိး အကြံပေးထားပါသေးတယ်။အို သွေးပိုင်ရှင် တွေ ပိုမိုစားသုံးသင့်တာကတော့။ဒါ့အပြင် အိုသွေးပိုင်ရှင်တွေက ပုံမှန်လေ့ကျင့်ခန်းတွေကိုလည်း ပြုလုပ်တာကြောင့် အသားဓာတ်အဓိကလိုအပ်ပြီး အဆီများတဲ့အစားအစာတွေကို ရှောင်ကြဉ်သင့်တယ်လို့လည်း ဖော်ပြထားပါသေးတယ်။အို သွေးပိုင်ရှင် တွေကတော့ အသားဓာတ် (ပရိုတိန်းဓာတ် ) ပါဝင်တဲ့အစားအသောက်တွေကို ပိုမိုစားသုံးသင့်ပါတယ်လို့လည်း ဆိုပါတယ်။အေဘီ သွေးပိုင်ရှင် တို့အတွက်ကတော့။အေဘီ သွေးပိုင်ရှင် တွေကတော့ ပြောင်းဖူး၊ ပဲအချို့နဲ့ အခွံမာသီးတွေကလွဲရင် အာဟာရစုံအောင်ရောနှောစားသင့်တယ်လို့ဖော်ပြထားပါတယ်။အချုပ်ပြောရမယ်ဆိုရင်တော့ သွေးအုပ်စု အလိုက် အစားအစာတွေခွဲခြားစားသုံးခြင်းဟာ လုံးဝမှန်ကန်ကြောင်းကိုတော့ လက်ရှိချိန်ထိ ငြင်းခုန်နေကြဆဲဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်ခြင်းစီရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံ မတူညီတဲ့အတွက်လည်း လူတိုင်းနဲ့လည်း ကိုက်ညီချင်မှ ကိုက်ညီမှာပါ။ ဒါပေမယ့် ၄အုပ်စုလုံးအတွက် အစားအစာတွေဟာ ကျန်းမာရေးနဲ့လျော်ညီစွာ စားသုံးမှုတွေပဲ ဖြစ်ပါတယ်။ ဘယ်သွေးအုပ်စုပဲ ဖြစ်ပါစေ။ အစာအုပ်စုတွေကို မျှတအောင် စားပါမှ ကျန်းမာရေးနဲ့ ညီညွတ်မယ်ဆိုတာကို သတိပြုစေချင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/blood-groups-and-food-selection/
ကလေးဆံသားကျန်းမာစေဖို့ ဘယ်လိုအစားအစာတွေကျွေးဖို့လိုမလဲ
ကလေးငယ်လေးတွေဟာ မမွေးဖွားခင်မိခင်ဝမ်းထဲမှာနေစဉ် ကိုယ်ဝန် ၅ လလောက်မှာကတည်းကဆံပင်တွေက စထွက်လာနေတာပါ။ ကလေးမွေးဖို့ ၄ ပတ်လောက်အလိုမှာကတည်းက ကလေးဆံသားတွေကတော်တော့်ကိုထူထူထဲထဲဖြစ်နေပါပြီ။ ကလေးကမွေးစကနေ ၆ လအရွယ်လောက်ရောက်လာတဲ့အခါ မှာဆံပင်ကျွတ်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါကဖြစ်နေကျမို့ စိုးရိမ်စရာမရှိပါဘူး။ ကလေးကအမြဲ အိပ်နေရတာ၊ ပက်လက်အနေအထားနေရတာတွေကြောင့် ဆံပင်ကျွတ်တာက မလွဲမသွေဖြစ်မှာပါပဲ။ဆံသားကျန်းမာလှပတာက အလှတိုးစေနိုင်တဲ့အရာတစ်ခုဖြစ်တာကြောင့်မိဘတွေအနေနဲ့ ကိုယ့်ရင်သွေးလေးတွေကို ငယ်စဉ်ကတည်းကသေချာဂရုစိုက်ပေးဖို့လိုပါမယ်။ မီးမီးလေးတွေဆိုရင်တော့ ဆံသားလှပဖို့ ပိုလိုအပ်မှာသေချာပါပဲ။ ကလေးငယ်လေးတွေကို ငယ်စဉ်ကတည်း အစားအသောက်တွေကို မျှတအောင်ကျွေးမယ်ဆိုရင် ကျန်းမာလှပတဲ့ ဆံသားပိုင်ရှင်ဘေဘီလေးတွေအဖြစ်ကြီးပြင်းလာမှာပါ။ ဘယ်လိုအစားအစာတွေကျွေးရင်ဘေဘီလေးတွေရဲ့ ဆံသားကျန်းမာလှပစေမှာလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ဆံသားလှပစေဖို့ အရေးအကြီးဆုံးအချက်က အာဟာရပြည့်ဝအောင်ကျွေးမွေးတာပါ။ အာဟာရမျှတအောင်စားသုံးမှုက ခန္ဓါကိုယ်အစိတ်အပိုင်းအားလုံး ကျန်းမာစေဖို့အတွက်တော်တော့်ကိုအရေးပါပါတယ်။ ဒါပေမယ့် လူတော်တော်များများကအာဟာရပြည့်ဝအောင်စားသုံးရမယ်ဆိုတဲ့ အချက်ကိုမေ့နေတတ် ကြပါတယ်။ ကလေးတွေအတွက်အာဟာရပြည့်ဝစေမယ့် အကောင်းဆုံးအစားအသောက်တွေကတော့ အိမ်မှာပြင်ဆင်ချက်ပြုတ်ထားတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်တွေပဲဖြစ်ပါတယ်။ အာဟာရမျှတတဲ့ အစားအသောက်တွေက ကလေးတွေ ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက်သာမက ဆံသားအတွက်ရော၊ အသားအရေအတွက်ပါ အကျိုးထူးစေမှာဖြစ်ပါတယ်။ ဥပမာပြောပြရရင် ဗီတာမင် B ကြွယ်ဝတဲ့အစားအသောက်တွေက ဆံပင်သန်စွမ်းအောင်အထောက်အပံ့ပေးပါတယ်။Omega-3 နဲ့ omega-6 fatty acidsတွေကလည်း ဆံသားအတွက် အထောက်အပံ့ပေးတဲ့ အာဟာရဓါတ်တွေပါပဲ။ ဒါကြောင့် ကလေးဆံသားကျန်းမာသန်စွမ်းစေချင်ရင် ဒီဗီတာမင်ဓါတ်တွေကြွယ်ဝတဲ့ အစားအသောက်တွေကို မဖြစ်မနေကျွေးဖို့လိုပါမယ်။ဆယ်လ်မွန်။ဆယ်လ်မွန်က ကလေးငယ်တွေမှာ ဆံသားကျန်းမာသန်စွမ်းအောင်လှုံ့ဆော်ပေးနိုင်တဲ့Omega-3 နဲ့ omega-6 fatty acidsတွေပါဝင်နေပါတယ်။ ဒီ fatty acidsတွေက ဆံသားအတွက်တင်မကဘဲ အသားအရေအတွက်ပါ အထောက်အကူပြုပါတယ်။ဥအမျိုးမျိုး။ဘဲဥ၊ကြက်ဥ၊ငုံးဥ လိုမျိုး ဥအမျိုးမျိုးက ကလေးငယ်တွေရော အရွယ်ရောက်ပြီးသူတွေအတွက်ပါ ကျန်းမာစေနိုင်တဲ့ အစားအစားတစ်မျိုးပါ။ ကလေးငယ်ကို တစ်နေ့ကို ကြက်ဥပြုတ်တစ်လုံး ပုံမှန်ကျွေးမယ်ဆိုရင် ဆံသားကျန်းမာသန်စွမ်းစေအောင် အထောက်အကူဖြစ်မှာသေချာပါတယ်။ငှက်ပျောသီး။ငှက်ပျောသီးမှာ ဗီတာမင် B ပါဝင်တာကြောင့် ဆံသားကျန်းမာသန်စွမ်းအောင် အထောက်အကူပေးနိုင်မှာဖြစ်ပါတယ်။ ငှက်ပျောသီးက အစာခြေစနစ်အတွက်လည်း အထောက်အကူပြုပေးပါသေးတယ်။ဟင်းနုနွယ်။အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေက အာဟာရပြည့်ဝသလို ကျန်းမာရေးအတွက်လည်းကောင်းပါတယ်။ ဗီတာမင် E ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတစ်ခုလည်းဖြစ်ပါတယ်။ ဗီတာမင် E က ကလေးဆံသားကျန်းမာအောင်လုပ်ဆောင်ပေးပါတယ်။ လူကြီးတွေလည်း ဆံသားကျန်းမာသန်စွမ်းစေဖို့ ဗီတာမင် E ကြွယ်ဝတဲ့ ဟင်းနုနွယ်ကို စားသုံးပေးလို့ရပါတယ်။ဗီတာမင် စီပါဝင်တဲ့ အသီးတွေ။ရှောက်ချိုသီး၊ လိမ္မော်သီးတို့လိုမျိုး ဗီတာမင် C နဲ့ဖောလစ်အက်ဆစ်ကြွယ်ဝစွာပါဝင်တဲ့အစားအသောက်တွေက ဆံသားကိုကျန်းမာအောင် လုပ်ဆောင်ပေးပါတယ်။ဖောလစ်အက်ဆစ်က ဆံပင်ကို အဖျားကနေ အရင်းထိကျန်းမာသန်စွမ်းစေနိုင်ပြီးဆံပင်ကျွတ်တာကနေလည်း ကာကွယ်ပေးပါတယ်။စတော်ဘယ်ရီ။စတော်ဘယ်ရီက ကလေးတွေမှာ ဆံသားသန်စွမ်းမှုကို တိုးမြှင့်ပေးနိုင်တဲ့ ကယ်လ်ဆီယမ် နဲ့ ဓါတ်တိုးဆန့်ကျင် အာနိသင်တွေကြွယ်ဝစွာပါဝင်နေပါတယ်။နို့။နို့မှာ ဆံပင်သန်စွမ်းစေဖို့အတွက် အဓိကကျတဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်တဲ့ ကယ်လ်ဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့် ဆံသားကျန်းမာသန်စွမ်းတဲ့ဘေဘီလေးဖြစ်စေချင်တယ်ဆိုရင်တော့ ရင်သွေးလေးကို အနည်းဆုံး တစ်နေ့ကို နို့ နှစ်ခွက်တိုက်ပေးပါ။ဒိန်ချဉ်။နို့ထွက် ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဒိန်ချဉ်က ကလေးငယ်တွေရဲ့ အစာခြေစနစ်ကိုတင်မဟုတ်ဘဲ အရိုးတွေကိုကြံ့ခိုင်သန်စွမ်းစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ဒိန်ချဉ်က ဆံသားတွေကိုပါ ကျန်းမာသန်စွမ်းစေနိုင်ပါသေးတယ်။ရေ။ကလေးကို တစ်နေ့တာမှာရေများများတိုက်ပေးတာက ဆံသားရော အသားအရေကိုပါ အစိုဓါတ်ထိန်းပေးနိုင်မှာဖြစ်ပါတယ်။ရေသောက်တာက ဆံသားနဲ့အရေပြားကိုတင် အကျိုးရှိစေတာမဟုတ်ပါဘူး။ ကျန်းမာဖို့အတွက် အရေးကြီးဆုံးအချက်တစ်ခုဖြစ်တဲ့ ဝမ်းမချုပ်အောင်လည်း ကာကွယ်ပေးပါတယ်။ကောက်နှံတစ်ခုလုံး။ကောက်နှံတွေက အစာကြေလွယ်သလို အာဟာရဓါတ်တွေနဲ့ ဗီတာမင်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါကလည်း ဆံသားတွေကို ကျန်းမာသန်စွမ်းစေနိုင်တဲ့ အစားအသောက်တစ်ခုပါ။ထမင်း။ထမင်းမှာKeratin ထုတ်လုပ်မှုကိုတိုးမြင့်စေနိုင်တဲ့ ဗီတာမင် B ကြွယ်ဝစွာပါဝင်နေပါတယ်။Keratin ကဆံသားအိတ်လေးတွေကို ကျန်းမာစေနိုင်ပြီး ဆံပင်အရှည်မြန်စေနိုင်တဲ့ ပရိုတင်းတစ်မျိုးပါ။ပဲစေ့။အစိမ်းရောင်ပဲစေ့သေးသေးလေးတွေမှာ ကလေးလေးတွေရဲ့ ဆံသားကျန်းမာသန်စွမ်းမှုကိုမြှင့်တင်ပေးနိုင်တဲ့ဖောလစ်အက်ဆစ်ကြွယ်ဝစွာပါဝင်နေပါတယ်။ကိုယ့်ရင်သွေးလေးအတွက်ပြင်ဆင်ပေးတဲ့နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ အခုဖော်ပြပေးခဲ့တဲ့အစားအသောက်လေးတွေထည့်သွင်းပြင်ဆင်ပေးပြီး ဆံသားကျန်းမာသန်စွမ်းတဲ့ ကလေးငယ်လေးတွေအဖြစ်ပျိုးထောင်နိုင်ကြပါစေကြောင်း။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/foods-for-baby-hair/
အသက်အရွယ်ကြီးလာတဲ့အခါ အသားအရေတွေ ဘယ်လိုပြောင်းလဲသွားသလဲ
အချိန်ကြာလာတာနဲ့အမျှ အသားအရေများဟာ အိုမင်းရင့်ရော်တဲ့ အသွင်အပြင်တွေကို တဖြည်းဖြည်း ပြောင်းလဲလာပါတယ်။ အသားအရေအကြောင်းကို နားလည်ထားရင် အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေဖို့ နည်းလမ်းရှာနိုင်ပါလိမ့်မယ်။လူကြီးတွေရော ကလေးတွေမှာပါ အရေပြားအလွှာ အရေအတွက် တူညီကြပါတယ်။ ဒါပေမယ့် ကလေးများမှာ အရေပြားတလွှာချင်းစီဟာ ပါးလွှာပါတယ်။ အရေပြားဆဲလ်တွေမှာ ကြမ်းတမ်းမှုနည်းပြီး လူကြီးများရဲ့ အရေပြားနဲ့ယှဉ်ရင် ပျက်စီးလွယ်ပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုတွေကို ပိုမိုခံစားရပါတယ်။ အရေပြားယားယံခြင်း၊ အပိန့်ဖြစ်ခြင်း စတာတွေ ကြုံရပါတယ်။အသက်၄နှစ်မှာ ဆံပင်၊ လက်သည်းခြေသည်း၊ အရေပြားနဲ့ ကိုယ်ခန္ဓါရဲ့ဂလင်းတချို့ဟာ ဖွံ့ဖြိုးလာပါတယ်။ ဒါပေမယ့် သူတို့ဖာသာ ကာကွယ်မှုပြုနိုင်အောင် မတတ်နိုင်သေးပါဘူး။ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို မခံနိုင်သေးပါဘူး။အသက် ၁၂နှစ်မှာတော့ လူကြီးအသားအရေနဲ့ တူလာပါတယ်။လူငယ်အများအပြား အပြောင်းအလဲ ကြီးကြီးမားမား ကြုံရတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ဟော်မုန်းပြောင်းလဲခြင်းကြောင့် အသားအရေအပေါ် ခိခိုက်မှုများစွာ ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် လူတိုင်းတော့ ဆိုးရွားတဲ့ အတွေ့အကြုံနဲ့ မကြုံရပါဘူး။ယေဘုယျအားဖြင့် ဟော်မုန်းပြောင်းလဲခြင်းဟာ အဆီဂလင်းတွေကို မရည်ရွယ်ဘဲ ပိုပြီးပြင်းထန်စွာ အလုပ်လုပ်စေပါတယ်။ အရေပြားမှာ အဆီတွေ ထွက်လာပါတယ်။ အရေပြားကို သေချာဂရုမစိုက်မိရင် ချေးညှော်တွေထူလာတဲ့အခါ ကြမ်းတမ်းပြီး ဝက်ခြံတွေ ထွက်လာနိုင်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်များဟာ ဝက်ခြံပေါက်ခြင်းကို ဆိုးဆိုးရွားရွား ကြုံရခြင်းဖြစ်ပါတယ်။အသက်ကြီးခြင်းရဲ့ လက္ခဏာအချို့ကို တွေ့လာရပါပြီ။ အပေါ်ယံမှာ မျိုးရိုးပုံစံလက္ခဏာတွေ ပေါ်လာပြီး အရေပြားဒုတိယအလွှာကတော့ တဖြည်းဖြည်း ပါးလာပါတယ်။ အရေပြားဟာ မတင်းမာတော၊့ပါဘူး။ မျက်လုံးထောင့်မှာ ကျီးခြေထောက်များပေါ်လာပြီး မျက်လုံး ပါးစပ်နဲ့ နဖူးမှာ အရစ်များပေါ်လာပါတယ်။ တခါတလေ မျက်ခုံးနှစ်ခုကြား ပေါ်လာတတ်ပါတယ်။အသက် ၃၀ခန့်မှာတော့ အရေပြားဟာ ပျက်စီးခြင်း စတင်လာပါတယ်။ အသားအရေရဲ့ သဘာဝစိုစွတ်မှုဟာ ကျဆင်းလာပါတယ်။ အသားအရေ ခြောက်သွေ့ခြင်း၊ တင်းမာမှုလျော့နည်းခြင်း၊ အတွန့်အခေါက်များ ဖြစ်ပေါ်လာပါတယ်။ အရေပြားရဲ့အကာအကွယ်ပြုနိုင်တဲ့ အလွှာဟာ အားနည်းလာပါတယ်။ အရေပြားဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မုဟာ နှေးကွေးလာပါတယ်။အပေါ်ဆုံးအလွှာ ဆုံးရှုံးလာပါတယ်။ ဆဲလ်အနည်းငယ်သာ ကျန်ခဲ့ပြီး ရှိတဲ့ဆဲလ်တွေဟာလည်း ရှုံ့လာပါတယ်။ အရေပြားပါးလာပါတယ်။အဲ့ဒါကြောင့် အောက်ပါအချက်တွေ ဖြစ်ပေါ်လာပါတယ်။– အသားအရေကြမ်းသထက် ကြမ်းလာခြင်း။– အသားအရေများမှာ လိပ်ကျောခွံလို အကွက်များ ထလာခြင်း။– အနာဖြစ်သောအခါ ပြန်ကျက်ရန်ခက်ခဲပြီး ရောဂါပိုးဝင်နိုင်ခြေများခြင်း။အရေပြားဒုတိယအလွှာမှာ အမျှင်ဓါတ်တည်ဆောက်ပုံ လျော့နည်းလာပါတယ်။ ရေဓါတ်ကို ထိန်းထားနိုင်စွမ်း နည်းလာပြီး အရေပြားကျုံ့နိုင်ဆန့်နိုင်မှု ပျက်စီးလာပါတယ်။ အရေပြားကျန်းမာရေး ယိုယွင်းလာပါတယ်။ အတွန့်အခေါက်များ ဖြစ်ပေါ်လာပါတယ်။အရေပြားရဲ့ ပုံမှန်လုပ်ငန်းတခုဟာ အရေပြားရဲ့ ခြောက်သွေ့ခြင်း၊ ရေဓါတ်နည်းခြင်း၊ အတွန့်အခေါက်ဖြစ်ခြင်းကို လျော့နည်းစေဖို့ အဆီဓါတ် ထုတ်လုပ်ပေးခြင်း ဖြစ်ပါတယ်။အရေပြားအသစ်များ ပြန်လည်ဖြစ်ပေါ်ခြင်း နှေးကွေးပြီး အသားအရေပါးလာတဲ့အခါ ပြည့်တင်းမှုမရှိတော့ပါဘူး။ခရမ်းလွန်ရောင်ခြည်ကို မခံနိုင်တာကြောင့်လည်း အရေပြားပေါ်မှာ အစက်အပြောက်တွေ ပေါ်လာပါတယ်။အသက် ၇၀ကျော်သွားရင်တော့ အရေပြားရဲ့ ကိုယ်ခံအားလျော့နည်းသွားပြီး ရောဂါပိုးဝင်ရောက်နိုင်ခြေ များလာပါတယ်။ဒီဆောင်းပါးကတဆင့် အရေပြားရဲ့ဖြစ်ပျက်ပုံတွေကို သိရှိနိုင်ပါတယ်။ လျင်မြန်စွာအိုမင်းရင့်ရော်သွားခြင်း မဖြစ်အောင် ကာကွယ်ဖို့ နည်းလမ်းများကို သိမြင်နိုင်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/aging-body/%e1%80%a1%e1%80%9e%e1%80%80%e1%80%ba%e1%80%a1%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%9c%e1%80%ac%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%81%e1%80%ab-%e1%80%a1/
ကိုယ်လက်လေ့ကျင့်ခန်းအတွက် ဘယ်လိုရည်မှန်းချက် အစီအစဉ်ဆွဲမလဲ
သင်စတင်လှုပ်ရှားဖို့ အဆင်သင့်ဖြစ်ရင် ရည်မှန်းချက်တွေချပြီးအစီအစဉ်ဆွဲရပါမယ်။သင့် အနေနဲ့အစမှာစိတ်သိပ်မပါသေးဘူး၊ ကိုယ့်ကိုကိုယ်မနာကျင်စေချင်ဘူးဆိုရင် နည်းနည်းနဲ့ပဲစတင်ဖို့ သတိပြုပါ။ကိုယ်ကာယလေ့ကျင့်ခန်းအတွက် ရည်မှန်းချက်ချဖို့ရာအဓိကသုံးချက်ကိုထည့်စဉ်းစားရပါမယ်။ဒီသုံးချက်ပါဝင်တဲ့ ဥပမာတစ်ခုကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။တစ်ပတ်မှာလေးရက် နေ့လယ်စာစားချိန်မှာ ၁၀ မိနစ်လောက် လမ်းမြန်မြန်လျှောက်မယ် (ထမင်းစားချိန်မှာတစ်ချိန်လုံးထိုင်စားနေမှာမဟုတ်လို့ပါ)။ရည်မှန်းချက်ဆိုတာ ‘’ငါ ပိုပြီးလမ်းလျှောက်မယ်’’ ‘’ငါပိုပြီးကျန်းမာရမယ်’’ဆိုတာမျိုးပဲမဟုတ်ပါဘူး။ ဒီစကားတွေကသိပ်မတိကျပါဘူး။ရည်မှန်းချက်များကိုချရေးထားတာဟာအထောက်အကူပြုပါတယ်။ အဲ့ဒီစာတွေကိုသင်မြင်ရမယ့် နေရာမျိုးမှာထားပါ။ ရေခဲသေတ္တာမှာ၊ ရေချိုးခန်းမှန်မှာကပ်ထားပါ။ ပိုက်ဆံအိတ်ထဲမှာထည့်ထားပါ။ရည်မှန်းချက်တွေချတဲ့အပြင် ဘယ်လိုအောင်မြင်အောင်လုပ်မယ်ဆိုတာအစီအစဉ်ဆွဲပါ။အောက်ပါမေးခွန်းတွေကိုဖြေကြည့်ပါ။ဒါဆိုရင် ပြီးပြည့်စုံတဲ့ အစီအစဉ်ဖြစ်မှာပါ။ တခြားအရန် အစီအစဉ်ပါ ဆွဲထားပါ။ဥပမာ။ ငါဟာအထိုင်များတယ်။ အများဆုံးလုပ်ဖြစ်တဲ့ လေ့ကျင့်ခန်းကတော့ အိမ်အလုပ်နဲ့ အိမ်အပြင်မှာရေလောင်းပေါင်းသင် တစ်ပတ်တစ်ခါ လုပ်တာပဲ။ဥပမာ။ တစ်ပတ်မှာလေးရက် နေ့လယ်စာစားချိန်မှာ ၁၅ မိနစ်လောက် လမ်းမြန်မြန်လျှောက်မယ်။ ထမင်းစားချိန်မှာတချိန်လုံးထိုင်စားနေစရာမှ မလိုတာပဲ။ဥပမာ။ လမ်းလျှောက်ဖိနပ်နဲ့ ခြေအိတ်တွေလိုတယ်။ ဒါမှ သက်တောင့်သက်သာလမ်းလျှောက်နိုင်မယ်။ဥပမာ။ နေ့လယ်စာစားချိန်မှာ အစည်းအဝေးရှိနေတယ်။ဥပမာ။ ညနေစာစားပြီးချိန်မှာခင်ပွန်း/ဇနီးဒါမှမဟုတ် သူငယ်ချင်းနဲ့ လမ်းလျှောက်မယ်။ဥပမာ။ နောက်တစ်ပတ် တနင်္လာမှာစမယ်။ဥပမာ။ နောက်လဆက်လုပ်နိုင်ရင် ရုပ်ရှင်သွားကြည့်မယ်။ဥပမာ။ နေ့လယ်စာစားချိန်မှာလမ်းလျှောက်တာကိုတစ်နေ့ မိနစ် ၂၀ဆီတိုးပြီး လျှောက်မယ်။ ပိတ်ရက်တွေမှာပုံမှန် မိနစ် ၂၀လမ်းလျှောက်မယ်။အချိန်ကြာလာတာနဲ့အမျှ သင့်ရည်မှန်းချက်တွေကို ပြန်ကြည့်ပြီးဘယ်လိုလုပ်ခဲ့တယ်ဆိုတာဆန်းစစ်ပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%80%e1%80%af%e1%80%ad%e1%80%9a%e1%80%b9%e1%80%9c%e1%80%80%e1%80%b9%e1%80%b1%e1%80%9c%e1%82%94%e1%80%80%e1%80%ba%e1%80%84%e1%80%b9%e1%82%94%e1%80%81%e1%80%94%e1%80%b9%e1%80%b8%e1%80%a1%e1%80%90/
Breast Pain ( ရင်သားနာကျင်ခြင်း )
အမျိုးသမီးတွေမှာ ရင်သားနဲ့ ပတ်သက်ပြီး ဖြစ်နိုင်တဲ့ ပြဿနာတွေက အများကြီးပါ။ ရင်သားနာကျင်ခြင်း ကစလို့ ရင်သားမှာ အကျိတ်စမ်းမိတာ၊ နို့သီးခေါင်းကနေ အရည်တွေ ထွက်တာ စသဖြင့် အများကြီး ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ရင်သားနာကျင်ခြင်းနဲ့ ပတ်သက်ပြီး လေ့လာကြည့်ရအောင်။ရင်သားနာကျင်ခြင်းဆိုတာမှာ ရင်သားကို ထိကိုင်တဲ့အခါနာကျင်ခြင်း၊ တစ်ဆစ်ဆစ်နာခြင်း၊ တစ်ခုခုနဲ့ထိုးနေသလို နာကျင်ခြင်း သို့မဟုတ် တင်းကျပ်နေသလိုနာကျင်ခြင်းတို့ အကုန်ပါပါတယ်။ နာကျင်ခြင်းဟာ ဆက်တိုက်လည်းဖြစ်နိုင်သလို၊ တခါတရံဖြစ်ပေါ်တာလည်းဖြစ်နိုင်ပါတယ်။သာမန်နာကျင်မှုကနေ ပြင်းပြင်းထန်ထန်ထိဖြစ်နိုင်တယ်။ အမျိုးမျိုး ရှိပါတယ်။ရင်သားနာကျင်ခြင်းက သွေးဆုံးပြီးတဲ့ အမျိုးသမီးများမှာ တခါတရံမှ ဖြစ်တတ်ပေမယ့် သွေးမဆုံးသေးတဲ့ အမျိုးသမီးငယ်ငယ်တွေမှာ ပိုတွေ့ရများပါတယ်။ဒါပေမယ့် များသောအားဖြင့် ဒီလို နာကျင်ခြင်းတွေက ကင်ဆာမဟုတ်တတ်ပါဘူး။ ဒါပေမယ့် ဓမ္မတာလာပြီးသည်ထိ အကြောင်းအရင်းမရှိ မပျောက်ဘဲကျန်နေသေးတဲ့ ရင်သားနာကျင်မှုများတွေကတော့ ဆရာဝန်ပြဖို့လိုပါတယ်။ရင်သားနာကျင်မှုတွေကို ရာသီစက်ဝန်းနဲ့ဆိုင်တဲ့နာကျင်မှုနဲ့ မဆိုင်တဲ့ နာကျင်မှုဆိုပြီး နှစ်မျိုးခွဲနိုင်ပါတယ်။ တစ်မျိုးဆီမှာ ထင်ရှားတဲ့အင်္ဂါရပ်တွေရှိပါတယ်။ဓမ္မတာစက်ဝန်းနဲ့ ဆိုင်တဲ့ရင်သားနာကျင်မှု-။ဓမ္မတာစက်ဝန်းနဲ့ မဆိုင်တဲ့ ရင်သားနာကျင်မှု-။တစ်ခါတလေမှာ ရင်သားနာကျင်မှုက ရင်သားကြောင့် မဟုတ်ဘဲ ရင်ဘတ်ကြွက်သားများ ဒဏ်ဖြစ်ခြင်း၊ ထိခိုက်ခြင်းတွေကြောင့် ရင်ဘတ် သို့ နံရိုးနံရံများနာကျင်ပြီး ရင်သားတွေဆီပျံ့နှံ့ခြင်းမျိုး ဖြစ်နိုင်ပါတယ်။အောက်ပါအချက်များကြုံရပါက ဆရာဝန်နဲ့ပြသင့်တယ်-။တခါတလေမှာတော့ အကြောင်းအရင်းအတိအကျရှာဖို့က ခက်ခဲပါတယ်။ တစ်ချက်ထက်လည်း ပိုနေနိုင်ပါတယ်။ ‌ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့။အမျိုးသမီးအများစုမှာတော့ ဒီနာကျင်မှုက ဒီတိုင်းပျောက်သွားလေ့ရှိပါတယ်။တကယ်လို့ ကုသမှုတစ်ခုခုလိုမယ်ဆိုရင်တော့ ဆရာဝန်က ဒါတွေညွှန်းနိုင်ပါတယ် –။တချို့အမျိုးသမီးတွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝအောင်  နေထိုင်စားသောက်တာက ရင်သားနာကျင်ခြင်းကိုသက်သာစေနိုင်တယ်။ အားဆေးသောက်မယ်ဆိုရင် သောက်ရမယ့်ပမာဏ၊ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ဆရာဝန်နဲ့သေချာတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/breast-pain-explained/
လက်သန့်စင်ဆေးရည်အသုံးပြုတဲ့အခါ ဘာတွေသတိထားသင့်လဲ
ပုံမှန်အားဖြင့်တော့ လက်တွေ၊ ခြေတွေ ညစ်ပတ်ပြီဆိုရင် ကျွန်တော်တို့ဆပ်ပြာနဲ့ ရေကို သေချာဆေးတတ်ကြပါတယ်။ ခေတ်က တိုးတက်ပြောင်းလဲလာပြီးတဲ့ နောက်မှာ နည်းပညာအသစ်အဆန်းတွေနဲ့ အလွယ်တကူ သန့်ရှင်းလို့ရတဲ့ လက်သန့်စင်ဆေးရည်ဆိုပြီး ပေါ်လာပါတယ်။သူ့ရဲ့ အားသာချက်ကတော့ ကိုယ်က အပြင်ရောက်နေလို့ လက်ဆေးရမလွယ်ကူဘူးဆိုရင် လက်သန့်စင်ဆေးရည်ကို နည်းနည်းညှစ်ပြီး သုံးပေးရုံပါပဲ။ အယ်လ်ကိုဟော ပါဝင်လို့ဘက်တီးရီးယားပိုးတွေ သေစေတယ်။ အနံ့လေးက သင်းတော့ လူအများစု တွင်တွင်ကျယ်ကျယ် သုံးလာကြပါတယ်။လက်သန့်စင်ဆေးရည်ကို အပြင်မှာ အမြဲသွားလာနေရတဲ့ သူတွေ၊ ဆေးရုံဆေးခန်းမှာလူနာနဲ့ အမြဲထိတွေ့ဆက်ဆံနေရတဲ့ ဆရာဝန်၊ သူနာပြုတွေ အများဆုံး သုံးတတ်ကြပါတယ်။ ဖုန်မှုန့်၊ အညစ်အကြေး၊ ဘက်တီးရီးယား ပိုးမွှားတွေကိုပါ သေစေတယ်။ လူတွေနဲ့ အမြဲထိတွေ့ဆက်ဆံနေရတော့ သူတို့ဆီကနေလည်းရောဂါပိုးတွေ အလွယ်တကူ မကူးစက်နိုင်တော့ပါဘူး။ဒါဆိုရင် သုံးရတာလည်း အဆင်ပြေလွယ်ကူတဲ့ လက်သန့်စင်ဆေးရည်နဲ့ ပတ်သက်ပြီး ဘာတွေ သတိထားဖို့ လိုမလဲ။ ဘာတွေ သိထားသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။၁။ အရင်ဆုံး သိထားသင့်တာကတော့ လက်သန့်စင်ဆေးရည်မှာအသားအရေကို ထိခိုက်ပျက်စီးစေတဲ့ အယ်လ်ကိုဟော အများအပြား ပါဝင်ပါတယ်။ အယ်လ်ကိုဟော ပမာဏ ၆၀ ရာခိုင်နှုန်း အနည်းဆုံးပါဝင်တဲ့ လက်သန့်စင်ဆေးရည်မှသာ ဘက်တီးရီးယားပိုးမွှားတွေကို ချက်ချင်းသေစေနိုင်ပါတယ်။ အသုံးပြုလိုက်တဲ့အချိန်မှာ အယ်လ်ကိုဟောတွေက အသားအရေပေါ်ကနေတစ်ဆင့် အငွေ့ပြန်သွားပါတယ်။ ဒီအခါမှာအရေပြားပေါ်မှာ ရှိနေတဲ့ ရောဂါပိုးမွှားတွေကို သေစေတဲ့အပြင် အသားအရေကို ထိခိုက်မှုဖြစ်လာပါတယ်။၂။ ကြာကြာအသုံးပြုမယ်ဆိုရင် အရေပြားကို ခြောက်သွေ့စေပါတယ်။ လက်သန့်စင်ဆေးရည်မှာ ပါဝင်တဲ့ အယ်လ်ကိုဟောအပြင် တခြားသော ဓာတုဗေဒပစ္စည်းတွေဟာ အသားအရေကို ယားယံပြီး ခြောက်သွေ့စေတယ်။ အသားအရေ အတွင်းပိုင်းထိ ရေဓါတ်ခမ်းခြောက်စေပြီး အရေပြားပြဿနာတွေပါ ဖြစ်လာစေနိုင်ပါတယ်။၃။ အရေပြားခြောက်တာ ကြာလာတဲ့အခါ အသားအရေတွန့်လာမယ်။အရေးအကြောင်းတွေ ထင်လာမယ်။အသားမာတွေ တက်ပြီး ကွဲအက်လာမယ်။ အရေပြားရဲ့ သဘာဝအတိုင်းအစိုဓာတ်ထိန်းပေးနိုင်တဲ့ အာနိသင်ကို အဟန့်အတားဖြစ်စေပါတယ်။ အရေပြားဆဲလ်တွေကိုပါ ပျက်စီးစေပါတယ်။၄။ လက်သန့်စင်ဆေးရည်အများစုမှာ အသားအရေနဲ့ဓာတ်မတည့်စေတဲ့ ဓာတုဗေဒပစ္စည်းတွေ၊ အမွှေးနံ့သာတွေ ထည့်သွင်းအသုံးပြုထားတတ်ပါတယ်။ တချို့သော ဆေးရည်တွေမှာ ပါဝင်တဲ့ အယ်လ်ကိုဟောတွေဟာ အရေပြားဟော်မုန်းတွေကို ပျက်စီးစေသည်အထိ ပြင်းထန်နိုင်ပါတယ်။၅။ ရောဂါပိုးမွှားတွေကို သန့်စင်ပေးဖို့ လက်သန့်စင်ဆေးရည်တွေကို အသုံးပြုတတ်ကြပါတယ်။ ပိုးသေစေတဲ့ အာနိသင်ရှိပေမဲ့ ပါးစပ်ထဲ မတော်တဆ ဝင်ရောက်သွားတဲ့အခါမှာ အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ကိုယ့်ရဲ့ လက်တွေ ညစ်ပေနေပြီဆိုရင် အကောင်းဆုံးကတော့ ဆပ်ပြာနဲ့ ရေကို အသုံးပြုပြီး သေချာဆေးကြောပါ။ ရေအလွယ်တကူ ဆေးမရနိုင်တဲ့ နေရာမျိုးမှာဆိုရင်တော့ အသုံးပြုပါ။ သုံးပြီးလို့ အိမ်ပြန်ရောက်ရင်လည်း လက်ကို သေချာပြန်ပြီး ဆေးပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/hand-sanitizer/
ဆောင်းရာသီမှာ ဓာတ်ဆားဖြည့်ဖျော်ရည် သောက်စရာလိုအပ်မလား
လူတိုင်းလိုလို သိထားတာ တစ်ခုက နွေရာသီရဲ့ အပူချိန် အရမ်းပြင်းတဲ့ ရက်တွေမှာပဲ ဓာတ်ဆားဖြည့်အချိုရည် သောက်ဖို့ လိုတယ်လို့ပေါ့။ တကယ်ကတော့ ဆောင်းရာသီရဲ့ အေးမြတဲ့ ရက်တွေမှာလည်း နွေရာသီရဲ့ နေ့ရက်တွေလိုပဲ ဓာတ်ဆားဖြည့်အချိုရည် သောက်ဖို့ လိုအပ်ပါတယ်နော်။ ဘာကြောင့် ဒီလိုပြောရတာလဲ၊ တကယ်ပဲ ဆောင်းရာသီမှာ ဓာတ်ဆားဖြည့်ဖျော်ရည် သောက်ဖို့ လိုလို့လားဆိုပြီး သံသယရှိတယ်ဆိုရင် ဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ ဖတ်ကြည့်လိုက်ဖို့ ပြောချင်ပါတယ်။တကယ်ကတော့ ရာသီဥတုက အေးပဲအေးအေး ပူပဲပူပူ အပူချိန်က ရှိနေမှာပဲ ဖြစ်သလို ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်မှာရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်မှာ ထိခိုက်နိုင်ပါတယ်။လေ့လာမှု အချို့အရ ရာသီဥတု အေးမြတာက နေရတာ အေးတယ် ဆိုပေမယ့်နွေရာသီလိုပဲ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သက်ရောက်နေနိုင်သလို သိမြင်မှုစွမ်းရည်အပေါ်မှာလည်း သက်ရောက်နေနိုင်ပါတယ်။ တကယ်ကတော့ အေးမြတဲ့ ရာသီဥတုက ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအပူချိန်ကို ထိန်းညှိဖို့ ခက်သလို ရေနဲ့ အာဟာရ လိုအပ်ချက်ကလည်း မြင့်ပါတယ်။ဆောင်းရာသီမှာ တစ်ခုရှိတာက ရာသီဥတု အေးနေတာကြောင့် ရေသောက်ဖြစ်ဖို့ ခဲယဉ်းပြီး ကိုယ်တွင်းမှာ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးနေတာကိုတောင် သိနိုင်ဖို့ ခက်ခဲနေတာမျိုး ရှိနိုင်ပါတယ်။ဆောင်းရာသီမှာ အေးတာကို အံတုဖို့ လူတွေက နွေးနိုင်သမျှ နွေးအောင် လုပ်ဆောင်တာ၊ အနွေးထည်တွေ ဝတ်တာ၊ကိုယ်လက်လေ့ကျင့်ခန်းတွေလုပ်ဆောင်တာကြောင့် ကိုယ်တွင်းက ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေက တဖြည်းဖြည်းချင်း ဆုံးရှုံးနေတာပါ။ နွေရာသီလို သိသိသာသာ သတိပြုမိနိုင်ဖို့ ခက်ခဲတာတော့ ရှိနိုင်တာပေါ့။ နောက်တစ်ချက်က နွေရာသီလိုမျိုး ရေခဏခဏ မသောက်မိတာ၊ အေးတယ်ဆိုပြီးကော်ဖီလိုမျိုး ကဖင်းပါတဲ့ သောက်စရာတွေကို သောက်တာတွေက ကိုယ်တွင်းမှာ ရေဓာတ်ဆုံးရှုံးမှု ဖြစ်စေပြီး ဓာတ်ဆားဓာတ်တွေပါ ဆုံးရှုံးတာမျိုး ဖြစ်စေပါတယ်။ပတ်ဝန်းကျင် လေထုက အေးမြနေတာကြောင့် ရေသောက်ဖြစ်ဖို့က အတော်လေး ခက်ခဲပါတယ်။ မြင်သာတဲ့ ဥပမာ ပေးရရင် ဆောင်းရာသီရဲ့ နေ့ရက်တွေမှာ နွေရာသီရဲ့ နေ့ရက်တွေလောက် ရေမသောက်ဖြစ်ဖူးပေါ့။ ရာသီဥတု အေးနေတာကြောင့်လည်း ရေဆာတာကို အမှုမဲ့ အမှတ်မဲ့ ဖြစ်နေတာပါ။ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ဖို့အတွက် လုံလောက်တဲ့ ရေဓာတ်ကို မရရှိတဲ့အခါ ကိုယ်တွင်းမှာရေဓာတ်ခမ်းခြောက်တာကို ဖြစ်စေပါတယ်။ တကယ်ကတော့ ရာသီဥတု အေးနေပေမယ့်တောင် ကိုယ်တွင်းမှာ လုံလောက်တဲ့ ရေဓာတ် ရရှိအောင် ဖြည့်ပေးဖို့ လိုမှာပါ။ရာသီဥတု အခြေအနေက ဘယ်လိုဖြစ်ဖြစ်ချွေးထွက်တာ၊ ဆီးသွားတာ၊ ဝမ်းသွားတာတွေ ရှိနေတာကြောင့် ကိုယ်တွင်းကရေဓာတ်ကတော့ ဆုံးရှုံးမှု ရှိနေမှာပါ။ ချွေးမထွက်ဘူးဆိုရင်တောင်မှ အရေပြားက တဆင့် ရေဓာတ်ကတော့ ဆုံးရှုံးနိုင်ပါသေးတယ်။ အိမ်အတွင်းမှာ အသုံးပြုတဲ့ အပူပေးစနစ် နဲ့ ခြောက်သွေ့တဲ့ လေထုကြောင့် ကိုယ်တွင်းက ရေဓာတ် နဲ့ ဓာတ်ဆားဓာတ်တွေကတော့ ဆောင်းရာသီမှာလည်း ဆုံးရှုံးနေမှာပါပဲ။ဆောင်းရာသီက အားကစားရာသီလို့ ဆိုရလောက်အောင် ဆောင်းရာသီမှာကိုယ်လက်လေ့ကျင့်ခန်းတွေကို ပုံမှန်ထက် ပိုလုပ်ဖြစ်တာကလည်း ကိုယ်တွင်းက ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေကို ဆုံးရှုံးစေရတဲ့ အကြောင်းအရင်း တစ်ခုပါပဲ။နောက်ဆုံး တစ်ချက်အနေနဲ့ ဆောင်းရာသီမှာ ကိုယ်ခံအား ကောင်းပြီး ဖျားနာမှု ကင်းစေဖို့ ပုံမှန် သွေးပေါင်ချိန် ပမာဏကို ထိန်းညှိဖို့အတွက် ကိုယ်တွင်းအင်္ဂါတွေနဲ့ တစ်ရှူးတွေ ဆဲလ်တွေ ကျန်းမာစေဖို့ လုံလောက်တဲ့ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်ကို ရရှိဖို့ လိုမှာပါ။ ဒါကြောင့်ပဲ ဆောင်းရာသီမှာ ဓာတ်ဆားဖြည့်အချိုရည် သောက်ဖို့ လိုတယ်လို့ ပြောရတာပါ။အေးမြတဲ့ ဆောင်းကာလမှာ နေ့ရက်တိုင်းကို ကျန်းမာပြီး တက်ကြွလန်းဆန်းစွာ ကျော်ဖြတ်နိုင်စေဖို့အတွက် ဓာတ်ဆားဖြည့်အချိုရည်းလေး သောက်ပြီး ကိုယ်တွင်းမှာ လုံလောက်တဲ့ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေ ပြည့်ဝအောင် ဖြည့်ပေးလိုက်ဖို့ မမေ့နဲ့နော်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/why-you-need-electrolytes-drink-in-winter/
လက်ဆေးကြစို့
တစ်ခါတစ်လေမှာ အရိုးရှင်းဆုံးနည်းလမ်းတွေက အထိရောက်ဆုံးနည်းလမ်းတွေဖြစ်နေတတ်ပါတယ်။ လူလူချင်းကူးစက်တတ်တဲ့ရောဂါတွေကို ကာကွယ်ဖို့အထိရောက်ဆုံးနည်းလမ်းတွေထဲမှာ လက်ဆေးတာလည်း တစ်ချက်အပါအဝင်ပါပဲ။ ဒါ့ကြောင့် ဘယ်အချိန်မှာလက်ဆေးရမယ်၊ လက်ကိုသေချာစင်ကြယ်အောင်ဘယ်လိုဆေးရမယ်ဆိုတာ နည်းနည်းလောက်ပြောပြချင်ပါတယ်။လက်ဆိုတာ ခန္ဓာကိုယ်မှာပိုးမွှားတွေအများဆုံး အစိတ်အပိုင်းတစ်ခုပါ။ တချိန်လုံး ပစ္စည်းကိရိယာတွေကိုင်တွယ်အသုံးပြုတယ်၊ အစားအသောက်စားရင်လည်း သုံးတယ်၊ ဒီကြားထဲမှာ မျက်နှာ၊ ဆံပင်တွေလည်း ပွတ်သပ်တတ်ပါသေးတယ်။ ဒါကြောင့် ကိုယ့်ရဲ့လက် ၂ ဖက်ကို သန့်သန့်ပြန့်ပြန့်မထားမိရင် ရောဂါပိုးမွှားတွေ ဘယ်လောက်တောင်ဝင်လာနိုင်လဲဆိုတာ စဉ်းစားကြည့်ပါ။ တချိန်လုံးလက်ဆေးနေဖို့လည်း မလိုပေမဲ့ အောက်ပါအခြေအနေတွေမှာတော့ မဖြစ်မနေဆေးကြောသင့်ပါတယ်။–အစားအစာတွေကိုချက်ပြုတ်ဖို့ မကိုင်တွယ်ခင်၊ ချက်ပြုတ်နေစဉ်နဲ့ ချက်ပြုတ်ပြီးချိန်။– အစာမစားခင်အချိန်။–အော့အန်ဖျားနာနေသူ ဒါမှမဟုတ် ဝမ်းလျှောနေသူလို နေထိုင်မကောင်းသူတစ်ယောက်ယောက်ကို ကိုင်တွယ်မပြုစုခင်နဲ့ ပြုစုပြီးချိန်။–ထိခိုက်ရှနာဒဏ်ရာကို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီးချိန်။– အိမ်သာတက်ပြီးချိန်။– ကလေးသေးခံလဲပေးပြီးချိန် ဒါမှမဟုတ် အိမ်သာတက်တဲ့ကလေးကိုရေဆေးသန့်စင်ပေးပြီးချိန်။–နှာစေး၊ ချောင်းဆိုး၊ နှာချေပြီးချိန်။– အကောင်တစ်ကောင်ကောင်ကို ထိတွေ့ကိုင်တွယ်ပြီးချိန်၊ အစာကျွေးပြီးချိန်နဲ့ မွေးထားတဲ့တိရစ္ဆာန်တစ်ကောင်ကောင်ရဲ့အညစ်အကြေးကို ရှင်းလင်းပြီးချိန်။– တိရစ္ဆာန်အစာတွေကိုင်တွယ်ပြီးချိန်။–အမှိုက်သရိုက်တွေထိတွေ့ကိုင်တွယ်ပြီးချိန် တွေမှာဆို လက်ကိုဆပ်ပြာနဲ့သေချာဆေးကြောသင့်ပါတယ်။လက်ဆေးတာများဘာခက်လဲလို့ ထင်ကြမှာပေါ့။ ခက်ခဲတဲ့ကိစ္စတစ်ခုမဟုတ်ပေမဲ့ လူတော်တော်များများကတော့ လက်ကိုစနစ်တကျမဆေးကြောဖြစ်ကြပါဘူး။ လက်ဆေးတယ်ဆိုတာ လက်ကိုရေစွတ်ပြီးဆပ်ပြာနဲ့ ပွတ်လိုက်ရုံမဟုတ်ပါဘူး။ အောက်ပါအဆင့်တွေအတိုင်း လက်ကိုစနစ်တကျဆေးကြောရပါမယ်။၁. ရေပိုက်ခေါင်းက ထွက်လာတဲ့စီးဆင်းနေတဲ့ရေနဲ့ လက်ကိုစိုစွတ်အောင်လုပ်လိုက်ပါ၊ ပြီးရင်ရေပိုက်ခေါင်းကိုပိတ်လိုက်ပြီး လက်ကိုဆပ်ပြာတိုက်ပါ။၂. လက်ဆေးတဲ့အခါမှာဆပ်ပြာနဲ့လက်ကိုသေချာနှံ့စပ်အောင်ပွတ်တိုက်ဖို့ အရမ်းအရေးကြီးပါတယ်။ လက်ရဲ့ အနောက်ဖက်၊ လက်ချောင်းကြား၊ လက်သည်းတွေကြားကိုပါ ဆပ်ပြာတိုက်ပါ။၃. အနည်းဆုံး စက္ကန့် ၂၀ ကြာအောင်ဆပ်ပြာတိုက်ပါ၊ စက္ကန့် ၂၀ ကိုအချိန်မှတ်ရခက်နေရင် “Happy Birthday” သံစဉ်လေး ၂ ကြိမ်လောက်ညည်းလိုက်ပါ၊ အနေတော်ပါပဲ။၄. ပြီးရင် ရေပိုက်ခေါင်းကိုပြန်ဖွင့်ပြီး လက်ကိုဆပ်ပြာစင်သွားအောင်သေချာပြန်ဆေးပါ။၅. ဆေးပြီးရင် လက်ကို တဘက်သန့်သန့် ဒါမှမဟုတ် တစ်ရှူးနဲ့သုတ်ပါ၊ လေမှုတ်စက်နဲ့ အခြောက်ခံလို့လည်းရပါတယ်။တကယ်လို့ လက်ဆေးဖို့အတွက် ရေနဲ့ဆပ်ပြာမရှိရင်လည်းလက်သန့်စင်ဆေးရည်(hand sanitizer)  သုံးပြီးလက်ဆေးလို့ရပါတယ်။ အယ်လ်ကိုဟောထည့်သွင်းထုတ်လုပ်ထားတဲ့ လက်သန့်စင်ဆေးရည်တွေကို ရေနဲ့ဆပ်ပြာမရှိရင်အစားထိုးသုံးစွဲနိုင်ပြီး အယ်လ်ကိုဟောအနည်းဆုံး ၆၀% ပါဝင်တဲ့ဆေးရည်ဖြစ်ရပါမယ်။ လက်သန့်စင်ဆေးရည်တွေက လက်ကပိုးမွှားတွေကိုလျှော့ချပေးနိုင်ပေမဲ့ပိုးမွှားတွေအကုန်လုံးကိုတော့ ဖယ်ရှားမပေးနိုင်ပါဘူး။ နောက်ပြီး လက်ကအရမ်းညစ်ပတ်နေရင်၊ ဒါမှမဟုတ် လက်မှာဓာတုပစ္စည်းတွေပေနေရင်လည်း ဖယ်ရှားပေးနိုင်မှာမဟုတ်ပါဘူး။တကယ်တော့ လူလူချင်းကူးစက်ပျံ့နှံ့တဲ့ရောဂါအတော်များများကို ကာကွယ်ဖို့အတွက်အရေးကြီးဆုံးက လက်ကိုမကြာခဏသေချာဆေးကြောပေးဖို့ပါပဲ။ သေသေချာချာဆေးကြောထားတဲ့လက်တွေက ပိုးမွှားတွေတစ်နေရာကနေတစ်နေရာမပျံ့နှံ့အောင် တားဆီးပေးနိုင်ပါတယ်။ လူတစ်ယောက်ခြင်းသာ အပေါ်မှာ ပြောခဲ့တဲ့အဆင့် ၅ ဆင့်အတိုင်းလက်ကိုသေချာဆေးကြောမယ်ဆို လူလူခြင်း ရောဂါပိုးပျံ့နှံ့တာကိုတားဆီးနိုင်မှာဖြစ်သလို အစုအဖွဲ့တစ်ခုစီကနေ ရပ်ကွက်၊ မြို့နယ်တွေအလိုက်ကို ရောဂါမပျံ့နှံ့အောင် တားဆီးပြီးသားဖြစ်သွားမှာပါ။ရေးသားသူ – Dr.Htoo Tint။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ ၊ ရောဂါရှာဖွေ အတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/%e1%80%9c%e1%80%80%e1%80%ba%e1%80%86%e1%80%b1%e1%80%b8%e1%80%80%e1%80%bc%e1%80%85%e1%80%ad%e1%80%af%e1%80%b7/
ပန်းဂေါ်ဖီ ကြိုက်ကြလား.....
ဘဲဥလေးနဲ့ပဲကြော်စားစား၊ ချဉ်ရည်ဟင်းပဲချက်ချက်၊ လက်ဖက်နဲ့ပဲရော သုပ်သုပ်၊ ရေနွေးဖျောပြီးပဲ သုပ်သုပ် စားလို့ကောင်းတဲ့ပန်းဂေါ်ဖီကိုကြိုက်ကြလား။ ဒီ မေးခွန်းကို အင်း လို့ ဖြေမယ်ဆိုရင်တော့ သင်က ဒီကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိနိုင်မှာပါ။ဟင်းသီးဟင်းရွက်တွေကို ပုံမှန်စားသုံးတာက ကျန်းမာရေးကောင်းစေနိုင်ပြီး ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီ အပါအဝင် ဟင်းသီးဟင်းရွက်တွေကို များများစားပေးတာက အဝလွန်တာ၊ ဆီးချို၊နှလုံးရောဂါအပါအဝင်နာတာရှည်ရောဂါအမျိုးမျိုး ကို ကာကွယ်ပေးနိုင်ပါတယ်။ပန်းဂေါ်ဖီ စားသုံးပေးမှုက။အစာခြေစနစ်ကျန်းမာစေနိုင်တယ်။ပန်းဂေါ်ဖီမှာအမျှင်ဓာတ်နဲ့ ရေဓာတ်ပါဝင်မှုများတာကြောင့် အစာခြေစနစ်ကို အကောင်းဆုံးလှုပ်ရှားစေနိုင်ပြီး ဝမ်းမှန်စေပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။လေ့လာမှုတွေအရကတော့ ပန်းဂေါ်ဖီမှာပါတဲ့ အမျှင်ဓာတ်က ကိုယ်ခံအားကောင်းစေနိုင်ပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်ပြီး ဆီးချို၊ကင်ဆာနဲ့ အဝလွန်တာတွေ မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်နိုင်ပါတယ်။နေ့စဉ်စားသုံးမှုမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်အောင် စားသုံးပေးတာက။ကင်ဆာ ကာကွယ်ပေးတယ်။ပန်းဂေါ်ဖီမှာဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက် မှုကနေအကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီကို စားသုံးပေးတာက ရင်သားကင်ဆာဖြစ်နိုင်ခြေ နဲ့ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေတွေကို လျှော့ချပေးနိုင်ပါတယ်။ဒါတွေအပြင် ပန်းဂေါ်ဖီစားသုံးပေးတာ ကအဆုတ်ကင်ဆာနဲ့ အူမကြီးကင်ဆာဖြစ်နိုင်ခြေကိုလည်း သိသိသာသာလျှော့ချပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီမှာပါဝင်တဲ့ အင်ဇိုင်းတစ်မျိုးဖြစ်တဲ့ histone deacetylase (HDAC) က ကင်ဆာဆဲလ်တွေ ပြန့်ပွားမှုကို ဟန့်တားပေးနိုင်ပါတယ်။အရေပြားကင်ဆာ၊ အစာရေမြိုကင်ဆာ၊ ဆီးကျိတ်ကင်ဆာ နဲ့ ပန်ကရိကင်ဆာ ကာကွယ်ဖို့အတွက်လည်း ပန်းဂေါ်ဖီကို စားသုံးလို့ရပါတယ်။မှတ်ဉာဏ်ကောင်းစေနိုင်တယ်။ပန်းဂေါ်ဖီမှာပါတဲ့ choline က အိပ်ပျော်စေပြီး၊ ကြွက်သားလှုပ်ရှားမှုတွေကို ကောင်းစေနိုင်သလို၊ သင်ယူမှုစွမ်းရည်ကို တိုးတက်စေပြီး မှတ်ဉာဏ်ကို ကောင်းမွန်စေနိုင်ပါတယ်။ ဦးနှောက် နဲ့ အာရုံကြောတွေကျန်းမာစေဖို့ ပန်းဂေါ်ဖီကို စားပေးလို့ ရပါတယ်။အရိုးတွေသန်မာစေနိုင်တယ်။နေ့စဉ်စားသုံးတဲ့ အစားအစာတွေမှာဗီတာမင် Kပါဝင်မှုနည်းတာကအရိုးပါးတာ၊ အရိုးပွတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဗီတာမင် K စားသုံးပေးတာက အရိုးတွေကို ပရိုတင်းရရှိစေမှု၊ကယ်လ်ဆီယမ်စုပ်ယူမှုကောင်းစေပြီး အရိုးသိပ်သည်းဆကို မြင့်စေနိုင်ပါတယ်။သွေးလည်ပတ်မှုကောင်းစေနိုင်တယ်။အမျှင်ဓာတ်ကြွယ်ဝစွာ စားသုံးပေးမှုက နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေကင်းစေတာကြောင့် ခန္ဓာကိုယ်ကို သွေးစီးဆင်းရောက်ရှိမှုကောင်းစေနိုင်ပါတယ်။ဝိတ်ကျစေနိုင်တယ်။ပန်းဂေါ်ဖီ ကယ်လ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်ကြွယ်ဝတာကြောင့်အဆာခံစေနိုင်တဲ့အတွက် ဝိတ်ချနေသူတွေအနေနဲ့ အထူးသင့်တော်ပါတယ်။ပန်းဂေါ်ဖီက ကျန်းမာရေး အာနိသင်များတာမှန်ပေမယ့်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/benefits-of-cauliflower/
Pisces တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ
Zodiac signတွေထဲမှာ နောက်ဆုံးရာသီခွင်ကတော့ ပိစိလို့ ချစ်စနိုးခေါ်ကြတဲ့ Pisces တွေပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၀ကနေ မတ် ၂၀အတွင်း မွေးဖွားသူတွေ အကျုံးဝင်ပါတယ်။ Piscesတွေက ကျန်းမာရေးနဲ့ ပတ်သက်လာရင် နူးနူးညံ့ညံ့နဲ့ သိပ်ပြီး ခံနိုင်ရည် မရှိကြပါဘူး။ ဒီတော့ Pisces တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ဘယ်လိုကျန်းမာအောင် နေထိုင်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။Pisces တွေက စိတ်နုတဲ့ သူတွေလည်း ဖြစ်ပါတယ်။ စိတ်နုတာကြောင့် ရုပ်ကျန်းမာရေးမှာပါ လာပြီး ထိခိုက်တာမျိုး ရှိတတ်ပါတယ်။ ဒါ့ပြင် သူတို့က ကိုယ်ခံအားနည်းတာကြောင့် မကြာခဏဆိုသလို ဖျားနာတာတွေ ဖြစ်ကြပါတယ်။ခြေထောက်၊ စိတ်ခံစားချက်တွေကို ထိန်းချုပ်ထားတဲ့ သာလမတ်စ်၊ အသက်ရှူလမ်းကြောင်း စတာတွေကို လွှမ်းမိုးထားပါတယ်။ ဒါကြောင့် ဒါတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေး ပြဿနာတွေ ခံစားရတတ်ပါတယ်။ ဥပမာ စိတ်ခံစားချက်နဲ့ ပတ်သက်ရင် စွဲလမ်းလွယ်တာမျိုးက အစားအသောက်၊ အရက်သေစာ စတာတွေမှာပါ လာပြီးသက်ရောက်တတ်ပါတယ်။ခြေထောက်မှာဆိုရင်ဘူနီယွန်၊အရိုးအတက်ထွက်တာ၊ ခြေဖနောင့်နာတာ၊ အသားမာတက်တာ၊ ခြေထောက်သဲဝဲစားတာ စတာတွေ ဖြစ်တတ်ပါတယ်။Pisces တွေက စိတ်ခံစားလွယ်တာကြောင့် ကျန်းမာရေးကိုပါ ထိခိုက်တတ်ပါတယ်။ စိုးရိမ်စိတ်များတာ၊ မေ့တတ်တာတွေလည်း ဖြစ်တတ်ပါသေးတယ်။ Junk foodတွေကို စွဲစွဲလမ်းလမ်း စားတတ်တာကြောင့်လည်း ဝိတ်တက်ပြီး ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ပါတယ်။Piscesတွေက ခုခံအား ကျတတ်တာကြောင့် မကြာခဏဆိုသလို ဖျားနာတတ်တယ်ဆိုတာပြောပြီးပါပြီ။ ဖျားနာတာအပြင် အသက်ရှူလမ်းကြောင်း ပိုးဝင်တာ၊ ထိပ်ကပ်နာ၊ အအေးမိ၊ တုပ်ကွေး စတာတွေလည်း ခဏခဏ ဖြစ်တတ်ပါသေးတယ်။မကြာခဏဖျားနာတတ်တဲ့ Pisces လေးတွေက ခုခံအားကောင်းအောင် ဂရုစိုက်ဖို့ လိုပါတယ်။ အာဟာရပြည့်အောင် စားတာ၊ အိပ်ရေးဝဝအိပ်တာ၊ လက်ဆေးတာ၊ စိတ်ဖိစီးမှု လျှော့ချတာတွေ လုပ်ပေးသင့်ပါတယ်။Pisces တွေရဲ့ biological cell saltက ferrum phosphate တစ်နည်းအားဖြင့် သံဓာတ်ပါ။ ဆိုလိုတာက သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက Pisces တို့နဲ့ သင့်တော်ပါတယ်။ အနီရောင်အသားတွေ၊ ဘယ်ရီသီးတွေ၊ စပျစ်သီး၊ ငှက်ပျောသီး၊ ဟင်းနုနွယ်၊ ပင်လယ်စာ၊ အာလူး စတာတွေ စားပေးပါ။သတိထားရမှာက ဘာကိုပဲဖြစ်ဖြစ် အလွန်အကျွံ မစားဖို့ပါ။ စွဲလမ်းတတ်တဲ့ Piscesတွေက တစ်ခုခုဆို အများကြီး စားတတ်တာကြောင့် သတိလေးနဲ့ ထိန်းစားဖို့ လိုပါတယ်။ အထူးသဖြင့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့junk foodတွေကိုပေါ့။ နောက်ပြီး အရက်နဲ့ ကော်ဖီကိုလည်း လျှော့သောက်ဖို့ လိုပါတယ်။Water signsဖြစ်တဲ့အတွက် နဂိုတည်းက ရေဓာတ်ကို ဆွဲလွယ်ပြီး ဖောလွယ်ပါတယ်။ ဒါကြောင့် ဆားပါတာတွေကို လျှော့စားပါ။စိတ်ခံစားချက်ပြင်းထန်ပြီး စိုးရိမ်တတ်တဲ့ Piscesတွေကို အကြံပေးလိုတာကတော့ တရားထိုင်ဖို့ပါ။ နောက်ပြီး အိပ်ရေးဝအောင် အိပ်ပါ။ စိတ်ဖိစီးမှုသက်သာစေသလို ခုခံအားကိုလည်း ကောင်းစေပါတယ်။ခြေထောက်သန်မာစေဖို့ ယောဂနဲ့ တခြားသင့်တော်တဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ပေးဖို့လည်း အကြံပြုချင်ပါတယ်။Disclaimer: အထက်ပါ အကြောင်းအရာများက ဗဟုသုတအနေနဲ့သာ တင်ပြထားခြင်း ဖြစ်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်က မတူညီတာကြောင့် ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိမယ်ဆိုရင် ဆရာဝန်နဲ့သာပြသဖို့ အကြံပြုလိုပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/common-health-problems-in-pisces/
တင်ပါးဆုံနှင့် ပေါင်သားရှိအဆီခဲများကို အဆီကျ သက်သာစေရန် နည်းလမ်း ၅သွယ်
သင်ဟာ အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ အရွယ်ရောက်ပြီးတဲ့ နောက်ပိုင်းမှာ သင့်ခန္ဓါကိုယ်ရဲ့ နေရာအချို့၌ ဆယ်လူလိုက် လို့ခေါ်တဲ့ အဆီခဲတွေ ဖြစ်လာတဲ့ အခြေအနေကို သတိထားမိလာပါလိမ့်မယ်။ ဒီအဆီခဲတွေဟာ ရွေ့လျားတဲ့ ပုံပန်းသွင်ပြင် ရှိပြီးလိမ္မော်သီးခွံရဲ့ ချိုင့်နေတဲ့ မျက်နှာပြင် ပွယောင်းယောင်း ပုံစံနှင့် ဒိန်ခဲအပျော့ကဲ့သို့ ပုံစံတွေ ရှိနေကြပါတယ်။ ဒီလိုဖြစ်ခြင်းဟာ အန္တရာယ်ရှိတဲ့ ရောဂါလက္ခဏာမျိုး ဖြစ်နေတာမဟုတ်ပေမယ့်လည်း အဆီခဲတွေဟာ သင့်ရဲ့အရေပြားကို ကြည့်ရတာရုပ်ဆိုးစေပါတယ်။ အဆီခဲတွေဖြစ်ပေါ်ခြင်း နှေးကွေးလာအောင်နှင့် အရွယ်အစားသေးသွားအောင် အောက်ဖော်ပြပါ အသုံးဝင်တဲ့ နည်းလမ်း ၅သွယ် ကိုကြိုးစားကြည့်ပါ။သင်ဟာ ကိုယ်အလေးချိန်တိုးလာမယ်ဆိုရင် သင့်ရဲ့ အဆီဆဲလ်တွေဟာ ပိုပြီးကြီးထွားလာပြီး အဆီခဲတွေ ထပ်ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် အဝလွန်တဲ့ သူတွေမှာ ကိုယ်အလေးချိန်လျှော့ချပေးခြင်းဟာ အဆီခဲတွေရဲ့ ပုံပန်းသွင်ပြင်ကို လျော့ကျအောင် လုပ်ဆောင်နိုင်ပါတယ်။ လေ့ကျင့်ခန်းအချို့ ပြုလုပ်ပေးခြင်း နှင့်ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ပေးခြင်းဟာ သင့်ကို ကိုယ်အလေးချိန် လျော့ကျလာစေနိုင်ပြီး ခြေထောက်၊ပေါင်၊ တင်ပါး နှင့် ဝမ်းဗိုက်မှာရှိတဲ့ ကြွက်သားတွေကိုလည်း ပိုပြီးသန်မာလာစေပါတယ်။ ကိုယ်အလေးချိန် လျှော့ချလိုက်ပြီးတဲ့ နောက်မှာအဆီခဲတွေဟာ သိသိသာသာ လျော့နည်းသွားပေမယ့်လည်း လုံးဝအရှင်း ပျောက်သွားတာတော့ မဟုတ်ပါဘူး။ ဒါကြောင့် သင်ဟာအခြားသော ကုထုံးတွေရဲ့ အကူအညီလည်း လိုအပ်နိုင်ပါတယ်။လေဆာဖြင့် ကုသခြင်းဟာ သင့်ရဲ့ အဆီခဲတွေ လျော့ကျတာကို အံ့ဩဖွယ်ကောင်းစွာ သက်သေပြနိုင်ပါတယ်။ တကယ် ပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ အာမခံချက်အရှိဆုံး ဆေးကုသမှု တစ်ခုကတော့ လေဆာအသုံးပြုပြီး ကုသခြင်းပဲ ဖြစ်ပါတယ်။ ၁၄၄၀ နန်နိုမီတာလှိုင်းအင်အားရှိတဲ့ လေဆာလို့ခေါ်တဲ့ စနစ်တစ်ခုဟာ အဆီခဲတွေ လျှော့ချရာမှာ အချိန်အကြာမြင့်ဆုံးနှင့် ကောင်းမွန်တဲ့ ရလဒ်တွေကို သိသိသာသာ ဖြစ်ပေါ်စေပါတယ်။ ခွဲစိတ်မှုခံယူ မယ်ဆိုရင်တော့ အဆီခဲတွေကို ဖြစ်စေတဲ့ ဖိုင်ဘာ အမျှင်တွေကို ဖြတ်တောက်ပစ်ဖို့ရာ အရေပြားအောက်ကို သေးငယ်တဲ့အချောင်း လေးထည့်ပြီးပြုလုပ်ခြင်း ဖြစ်ပါတယ်။ လေဆာဖြင့် ကုသခြင်းမှာတော့ လေဆာမီးဟာ အရေပြားကို ဖြတ်သွားပြီး အဆီခဲတွေဖြစ်ပေါ်စေတဲ့ အတွန့်အချိုင့် နေရာတွေကို အရေပြားရဲ့ မျက်နှာပြင်ပေါ်မှာ ပေါ်လာစေပါတယ်။ လေဆာမီးဟာ ဖိုင်ဘာ အမျှင်တွေနားရောက်လာတာနဲ့ တစ်ပြိုင်နက် ဒီနေရာကိုထောက်ပံ့ပေးထားတဲ့ သွေးထောက်ပံ့မှုကို ဖြတ်တောက်ပစ်လိုက်ပြီး ဒီအမျှင်ကို ဆက်ပြီး မကြီးထွားနိုင်အောင် ပြုလုပ်ပါတယ်။ ဒါ့အပြင် အရေပြားတင်းရင်းစေတဲ့ ကော်လဂျင် ထုတ်လုပ်မှု ပိုမိုပြီးများပြားလာအောင် လှုံ့ဆော်ပါတယ်။၎င်းကို ခန္ဓါကိုယ် ပုံသဏ္ဌာန်ပေါ်အောင် မလိုသောအဆီများ ဖယ်ရှားပစ်ခြင်းလို့လည်း ခေါ်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ အလှအပဆိုင်ရာ ခွဲစိတ်မှု အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ ဒီလို အဆီတွေစုပ်ထုတ်လိုက်ခြင်းဟာ ခန္ဓါကိုယ် ပုံစံပေါ်လာအောင် မလိုလားအပ်သော ကျန်နေတဲ့အဆီတွေကို ဖယ်ရှားပစ်လိုက်ခြင်း ဖြစ်ပြီး ပုံမှန်မဟုတ်တဲ့ ခန္ဓါကိုယ် ကောက်ကြောင်းတစ်ခုကို ချောမွေ့ ပြေပြစ်စေပါတယ်။ ဒီလိုပြုလုပ်တဲ့ နည်းပညာမှာဆိုရင် ထိပ်ခေါင်းလေးတွေ အမျိုးမျိုးရှိတဲ့ ပြွန်ငယ်လေးတွေကို သုံးပြီး အရေပြားနှင့် ကပ်လျှက်ရှိနေတဲ့ အဆီဆဲလ်တွေကို ဖယ်ရှားပစ်ဖို့ရာ သုံးပါတယ်။ ဒါ့အပြင် ဤကဲ့သို့ ပြုလုပ်ခြင်းဟာ အသေးစားထိခိုက်မှုလေးတွေ ဖြစ်နိုင်ပြီး အရေပြားကို ကျုံ့စေပါတယ်။ ဒီလိုအဆီစုပ်ထုတ်ခြင်း ပြုလုပ်မှုဟာ လူနာအတော်များများမှာ အဆီခဲတွေရဲ့ ကြီးထွားမှုကို လျော့ကျအောင် ကူညီပေးနိုင်ပေမယ့်လည်း အန္တရာယ် အကင်းကြီးတော့မဟုတ်ပါဘူး။ အထူးသဖြင့် သင့်ရဲ့ ခွဲစိတ်ဆရာဝန်ဟာ ဒီနည်းပညာမှာ မကျွမ်းကျင်ဘူးဆိုရင် သင် အန္တရာယ်ကင်းမှာ မဟုတ်ပါဘူး။ဗီတာမင်ဓါတ်များ၊ သတ္တုဓါတ်များ၊ သဘာဝမှရသော သစ်ဥသစ်ဖုများမှ ထုတ်လုပ်ထားသော အဆီအနှစ်များနှင့် ဓါတ်တိုးဆန့်ကျင် ပစ္စည်များ စတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ခရင်မ်တွေကို အဆီခဲများကုသဖို့ရာအတွက် ဈေးကွက်ထဲမှာ များသောအားဖြင့် ရနိုင်ပါတယ်။ ပုံမှန်အားဖြင့် သင့်ရဲ့ဆရာဝန်ဟာ ကဖေးဓါတ်နှင့် ရတီနောဓါတ်ပါတဲ့ ခရင်မ်တွေကို အဆီခဲတွေ ကုသရာမှာ လိမ်းပေးဖို့ ညွှန်ကြားနိုင်ပါတယ်။ သို့သော် ဒီခရင်မ် လိမ်းဆေးတွေဟာ အဆီခဲလျော့ကျစေဖို့ သိသိသာသာ တိုးတက်ကောင်းမွန်စေတယ်လို့ လေ့လာတွေ့ရှိထားခြင်းတော့ မရှိသေးပါဘူး။ အချို့သော လူနာတွေမှာ ဒီလိမ်းဆေးတွေရဲ့ ပါဝင်ပစ္စည်းတွေကြောင့် အရေပြားတွင် ဓါတ်ပြုမှုများနှင့် အရေပြားအကွက်များ ဖြစ်စေနိုင်ပါတယ်။အရေပြားကို ဆေးထိုး၍ကုသခြင်း။ဒီလိုဆေးထိုး၍ ကုသခြင်းမှာဆိုရင် အမိုင်နိုဖိုင်လင်း၊ ဟော်မုန်းများ၊ အန်ဇိုင်းများ၊ သဘာဝမှ ရသောသစ်ဥသစ်ဖုမှ ထုတ်လုပ်ထားသည်များ၊ ဗီတာမင်များနှင့် သတ္တုဓါတ်များ စတာတွေကို ရောပေါင်းပြီး ရလာတဲ့အရည်ကို သင့်ရဲ့ အရေပြားအောက်ကို ထိုးထည့်ခြင်း ဖြစ်ပါတယ်။ ဒီလိုကုသမှုဟာ အဆီတွေကို ဖြိုခွဲနိုင်ပြီး အဆီခဲတွေရဲ့ ပုံပန်းသွင်ပြင်ကို အနည်းငယ်တိုးတက် လာအောင် ပြုလုပ်ပေးနိုင်ပါတယ်။ သို့သော် ဒီလိုကုသမှုဟာ ဆိုးရွားတဲ့ မလိုလားအပ်သော အကျိုးသက်ရောက် မှုတွေဖြစ်စေနိုင်ပါတယ်။ ဆိုလိုတာကတော့ ပိုးဝင်ခြင်း၊ အရေပြားအကွက်ထခြင်းနှင့် အရေပြားတွင် အဖုအထစ်များ သို့မဟုတ် မညီညာသော ကောက်ကြောင်းများ ဖြစ်ပေါ်စေနိုင်ပါတယ်။အချုပ်အားဖြင့် ပြောရမယ်ဆိုရင် အပေါ်မှာ ဖော်ပြခဲ့တဲ့ ကုသမှု ဆိုင်ရာနည်းလမ်း ၅ မျိုးဟာ သင့်ရဲ့အသားအရေချောမွေ့ပြီး အရေပြား မျက်နှာပြင်မှာ အတွန့်အခေါက်တွေ၊ အချိုင့်တွေ ဖြစ်ပေါ်ခြင်းကို လျော့နည်းစေတဲ့ အကောင်းဆုံး ရလဒ်တွေကို ဖြစ်စေတယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါပြီ။ သို့သော် သင့်အတွက်အမှန်ကန်ဆုံး ကုသမှု နည်းလမ်းကို ဆုံးဖြတ်ရာမှာ သတိနှင့် ယှဉ်ပြီး ဆုံးဖြတ်သင့်ပါတယ်။ ဒါ့အပြင် ပိုတိကျကောင်းမွန်တဲ့ အကြံဉာဏ်များ ရယူဖို့ရန် ကျွမ်းကျင်သော သမားတော်နှင့် တိုင်ပင်ပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/weight-loss-exercises/%e1%80%90%e1%80%84%e1%80%ba%e1%80%95%e1%80%ab%e1%80%b8%e1%80%86%e1%80%af%e1%80%b6%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%95%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8/
null
null
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/baby-diaper-rash/
အရက်နံ့ကို ဘယ်လို ဖျောက်ကြမလဲ
အိမ်ကို မပိုင်ဘဲ အကြိုက်သောက်ပြီးမှ အိပ်ပြန်ခါနီး အနံ့တွေ ထွက်နေမှာစိုးလို့ အနံ့ဘယ်လို ဖျောက်ရမလဲဆိုတာကို မသိဘူးဆိုတဲ့သူလေးတွေရှိလား။ ဒါဆိုရင်တော့ သောက်ပြီးချိန်မှာ အနံ့မရအောင် အရက်နံ့ကို ဘယ်လို ဖျောက်ကြမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ကဲ ….. ပါတီတွေ၊ ဒင်နာတွေမှာ သောက်ပြီးချိန်မှာ အိမ်မပြန်ခင် အရက်နံ့လေးကို ဒီလိုလေး ဖျောက်လိုက်ရအောင်နော်။အရက်၊ ဘီယာ၊ ဝီစကီ ကစလို့ ဝိုင်အဆုံး ကဇော်ဖောက်ထားတဲ့ အရာတွေတိုင်းကို သောက်ပြီးချိန်မှာ ခန္ဓာကိုယ်က အရက်နံ့လိုလို နံလာတတ်ပါတယ်။ ဒီလို နံလာရတာက အရက်သောက်ပြီးချိန် ဒါမှမဟုတ် အယ်လ်ကိုဟောပါတဲ့ အရာတစ်ခုခုကို သောက်ပြီးချိန်မှာ ပါးစပ်ကပဲ နံနေတာ မဟုတ်ဘဲ ခန္ဓာကိုယ် အတွင်းပိုင်းကပါ အနံ့ထွက်လာတာကြောင့်ပါ။ အယ်လ်ကိုဟောကို သောက်လိုက်ချိန်မှာ ခန္ဓာကိုယ်က အခြား အစားအသောက်တွေကို ချေဖျက်တဲ့ပုံစံနဲ့ မတူကွဲပြားတဲ့ နည်းလမ်းနဲ့ ချေဖျက်ပါတယ်။နောက်တစ်ချက်က ခန္ဓာကိုယ်က အရက်၊ အယ်လ်ကိုဟောကို အဆိပ်အတောက်ဖြစ်စေတဲ့အရာလို့ သတ်မှတ်ပြီး ပါဝင်တဲ့ ဓာတုပစ္စည်းတွေကို လျင်လျင်မြန်မြန် ချေဖျက်ပါတယ်။ ဒီဖြစ်စဉ်က သွေးကြောတွေဆီကို ရောက်ရှိပြီး အဆုတ်အပေါ်မှာပါ သက်ရောက်မှု သွားရှိပါတယ်။ ဒီအခြေအနေက အနံ့ဆိုးအနေနဲ့ ထွက်လာစေတာပါ။အယ်လ်ကိုဟောကို သောက်ချလိုက်ချိန်မှာ ခန္ဓာကိုယ်ကနေ ချိုအီအီနဲ့ မတူကွဲပြားတဲ့ အနံ့တစ်မျိုးကို ထုတ်လွှတ်ပါတယ်။ ဝိုင်၊ ဘီယာ၊ ရမ်စတဲ့ သောက်တဲ့ အယ်လ်ကိုဟော အမျိုးအစားတွေ တံဆိပ်တွေကိုလိုက်ပြီး အနံ့ကွဲပြားတာမျိုးတွေတော့ ရှိပါတယ်။အရက်သောက်လိုက်ခြင်းကြောင့် ဖြစ်ရတဲ့ အနံ့ဆိုးက ပါးစပ်ထဲကနေပဲ ထွက်လာတာ မဟုတ်ဘဲ အစာအိမ်ကနေ အစပြုပြီး ထွက်လာတာကြောင့် နံရတာပါ။အရက်နံ့ကို ဘယ်လို ဖျောက်ကြမလဲ ဆိုတော့ အခုလို နည်းလမ်းလေးတတွေ သုံးပြီး ဖျောက်လို့ ရပါတယ်။အယ်လ်ကိုဟောပါတဲ့ ခံတွင်းသန့်ဆေးရည်နဲ့ အာလုပ်ကျင်းလိုက်တာ မီးကို မီးနဲ့ ငြိမ်းသလို ဖြစ်ပြီး အနံ့ပျောက်စေဖို့ အထောက်အကူဖြစ်စေမှာပါ။ သေသေချာချာလေး ခံတွင်းသန့်ရှင်းပေးလေလေ အနံ့နံနိုင်ခြေ နည်းလေလေပါ။နောက်ထပ် နည်းလမ်းတစ်ခုကတော့ သွားတိုက်လိုက်တာပါပဲ။ သွားကို သွားတိုက်ဆေးလေးနဲ့ သေသေချာချာ တိုက်ပေးတာကလည်း အရက်နံ့နံတာကို သက်သာစေမှာပါ။ကော်ဖီသောက်တာက ခံတွင်းအနံ့ဆိုးကို သက်သာစေနိုင်သလို အရက်နံ့နံတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါက ခဏတဖြုတ်ပဲ သက်သာစေနိုင်တာကိုတော့ သတိပြုစေချင်ပါတယ်။အရက်တွေ အများကြီး သောက်ပြီးချိန်မှာ မြေပဲထောပတ် တစ်ဇွန်း ပြည့်ပြည့် စားလိုက်တာက အရက်နံ့ နံတာကို သက်သာစေသလို အမူးပြေစေဖို့လည်း ထောက်ကူပေးပါတယ်။ ဒါကြောင့် အရက်တွေ အများကြီး သောက်ပြီးချိန်မှာ အရက်နံ့နံမှာစိုးရင် မြေပဲထောပတ်လေး စားပေးပါ။ ခဏလေး ငုံထားပြီးမှ မျိုချဖို့ လိုပါမယ်။အနံ့ပြင်းပြင်းပီကေလေး ဝါးပေးတာကလည်းခံတွင်း အနံ့ဆိုးတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ပီကေလေး အသင့်ဆောင်ထားပြီး သောက်ပြီးချိန်မှာ ခပ်ကြာကြာလေး ဝါးပေးပါ။အရက်သောက်ပြီးချိန်မှာ အနံ့နံတာ သက်သာစေဖို့ဆိုရင် ပူဒီနာရွက်ကို ရေစင်အောင် ဆေးပြီး ၄ – ၅ ရွက်လောက် ဝါးပေးပါ။ ဒီလို ဝါးပေးတာက အနံ့ဆိုး သက်သာစေဖို့ ထောက်ကူပေးမှာပါ။ အရေးပေါ်နည်းတစ်ခုပေါ့။ကြက်သွန်ဖြူက အနံ့ဆိုးတယ်ဆိုပေမယ့် ဒီနေရာမှာတော့ အတော်လေး အသုံးဝင်ပါတယ်။ ဒါကြောင့် သောက်ပြီးချိန်မှာ ကြက်သွန်ဖြူ အစိမ်းလိုက် ၂ မွှာ၊ ၃ မွှာ အခွံနွှာ ရေဆေးပြီး ဝါးစားပေးပါ။သံပုရာသီးက အနံ့ဆိုးတွေကို သက်သာစေသလို အရက်နံ့ နံတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် သောက်ပြီးချိန်မှာ ပါးစပ်ထဲကို သံပုရာရည် ညှစ်ထည့်ပြီး ခဏလောက် ငုံထားပေးပါ။ဒါတွေအပြင်။ဒါက ပါးစပ်ထဲက အနံ့ထဲကိုပဲ သက်သာစေပါတယ်။ ခန္ဓာကိုယ်က ထွက်တဲ့ အနံ့ပါ ပျောက်ချင်ရင်တော့ ရေချိုးတာ၊ ရေစိုဝတ်တဲ့ ရေပတ်တိုက်ပြီး အခြောက်ခံတာ လုပ်ပေးနိုင်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/how-to-cover-alcohol-smell/
သွေးတွင်းဆိုဒီယမ်နည်းပါးခြင်းအကြောင်း
ဆိုဒီယမ်ဟာ လူသားတို့ရဲ့ဆဲလ်အတွင်းပိုင်းနဲ့ ဆဲလ်ပတ်လည်မှာရှိတဲ့ ရေများကို ဟန်ချက်ညီမျှတအောင် ထိန်းသိမ်းပေးရာမှာ မရှိမဖြစ်အရေးကြီးတဲ့ ဓာတ်ဆားတမျိုးဖြစ်ပါတယ်။ကြွက်သားနဲ့အာရုံကြောလုပ်ဆောင်ချက်များ ကောင်းစွာလုပ်ဆောင်နိုင်ဖို့ အရေးကြီးတဲ့ နေရာက ပါဝင်ပါတယ်။သွေးပေါင်ချိန်ကိုလည်း မှန်ကန်အောင် ထိန်းသိမ်းပေးပါတယ်။သွေးထဲမှာ ဆိုဒီယမ်လုံလောက်မှုမရှိတဲ့ အခြေအနေကို ဆေးပညာမှာ hyponatremia လို့ ခေါ်ပါတယ်။ရေနဲ့ဆိုဒီယမ်ဟန်ချက်မညီရင် ဖြစ်တတ်ပါတယ်။ တနည်းပြောရရင် သွေးထဲမှာ ရေအရမ်းများပြီး ဆိုဒီယမ် နည်းပါးနေတဲ့ အခြေအနေဖြစ်ပါတယ်။ပုံမှန်အားဖြင့် သွေးတွင်းဆိုဒီယမ်ပမာဏဟာ ၁၃၅ မှ ၁၄၅ mEq/L အတွင်း ရှိသင့်ပါတယ်။ ဆိုဒီယမ်ပမာဏ ၁၃၅ mEq/L ထက်လျော့ရင် ဆိုဒီယမ်နည်းပါးတယ်လို့ သတ်မှတ်ပါတယ်။တဦးနဲ့တဦး ကွာခြားပါတယ်။ ဆိုဒီယမ်ဟာ တဖြည်းဖြည်းချင်း လျော့နည်းလာမယ်ဆိုရင် ဘာလက္ခဏာမှ ကြုံတွေ့ရမှာမဟုတ်ပါဘူး။ လျင်မြန်စွာကျဆင်းသွားရင်တော့ ဆိုးရွားတဲ့ အခြေအနေတွေ ကြုံနိုင်ပါတယ်။ သတိလစ်ခြင်း၊ တက်ခြင်း၊ ကိုမာမေ့မြောခြင်း စတာတွေ ဖြစ်သွားနိုင်ပြီး အရေးပေါ်အခြေအနေပဲ ဖြစ်ပါတယ်။သွေးတွင်းဆိုဒီယမ်နည်းပါးခြင်းရဲ့ လက္ခဏာတွေကတော့။– အားနည်းခြင်း။– ပင်ပန်းနွမ်းနယ်ခြင်း၊ စွမ်းအင်နည်းပါးခြင်း။– ခေါင်းကိုက်ခြင်း။– ပျို့အန်ခြင်း။– ကြွက်တက်ခြင်း။– အာရုံရှုပ်ထွေးခြင်း၊ သည်းမခံနိုင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။သွေးတွင်းဆိုဒီယမ်ဓာတ်ကို နည်းပါးစေတဲ့ အကြောင်းများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။– ဆိုးရွားစွာ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း။– ဆေးဝါးအချို့သုံးစွဲခြင်း (စိတ်ကျကုသဆေးများ၊ အကိုက်အခဲပျောက်ဆေးအချို့အပါအဝင်)။– ဆီးဆေးများသုံးနေခြင်။– လေ့ကျင့်ခန်းပြုလုပ်စဉ် ရေအလွန်အကျွံသောက်ခြင်း။– ရေဓာတ်ခန်းခြောက်ခြင်း။– ကျောက်ကပ်ရောဂါ၊ကျောက်ကပ်ပျက်စီးခြင်း။– အသည်းရောဂါ။– နှလုံးရောဂါ။– သိုင်းရွိုက်ကောင်းစွာ အလုပ်မလုပ်ခြင်း။– စိတ်ကြွဆေးများသုံးစွဲနေခြင်း။ဘယ်အခြေအနေမှာ အဖြစ်များလဲ။အခြေအနေအကြောင်းခြင်းရာအချို့ဟာ သွေးတွင်းဆိုဒီယမ်ပမာဏကို ကျဆင်းစေဖို့ အခွင့်အလမ်းများပါတယ်။ ၎င်းအခြေအနေတွေကတော့။–အသက်အရွယ်ကြီးခြင်း။– ဆီးဆေးများသုံးနေခြင်း။– စိတ်ကျကုသဆေးများသောက်သုံးနေရခြင်း။– အင်အားကုန်သုံးရသော အားကစားများ ပြုလုပ်နေခြင်း။– ပူနွေးသော ရာသီဥတုတွင် နေထိုင်ခြင်း။– ဆိုဒီယမ်နည်းပါးသော အစားအစာများစားခြင်း။–နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါဖြစ်ပွားခြင်း စတာတွေပဲ ဖြစ်ပါတယ်။သွေးဖောက်ပြီး စစ်ဆေးပါလိမ့်မယ်။ ဆိုဒီယမ်နည်းပါးခြင်းရဲ့ လက္ခဏာတွေ မပြသေးရင်တောင် ပုံမှန်ကျန်းမာရေး စစ်ဆေးသလိုမျိုး စစ်ဆေးနိုင်ပါတယ်။ သွေးတွင်းဆိုဒီယမ်ပမာဏ ပုံမှန်မဟုတ်ရင် ဆီးထဲမှာ ဆိုဒီယမ် ဘယ်လောက်ပါဝင်သလဲဆိုတာပါ စစ်ဆေးပါလိမ့်မယ်။ တကယ်လို့ သွေးတွင်းဆိုဒီယမ်ပမာဏဟာ နည်းပါးနေပြီး ဆီးမှာပါဝင်တဲ့ ဆိုဒီယမ်ဟာ မြင့်နေရင် သင့်ခန္ဓာကိုယ်ဟာ ဆိုဒီယမ်အများအပြားကို ဆုံးရှုံးနေပြီဖြစ်ပါတယ်။ သွေးမှာရော ဆီးမှာပါ ဆိုဒီယမ်နည်းပါးနေရင်တော့ သင့်အနေနဲ့ ဆိုဒီယမ်ကို လု့လောက်စွာ သုံးစွဲခြင်းမရှိဘူးလို့ မှတ်ယူနိုင်ပါတယ်။သွေးတွင်းဆိုဒီယမ်နည်းပါးခြင်းကို ကုသရာမှာ အကြောင်းအရင်းပေါ် မူတည်ပြီး ကွာခြားပါတယ်။ နည်းလမ်းတွေကတော့။– အရည်များသောက်သုံးမှုကို လျှော့ချခြင်း။– ဆီးဆေးပမာဏကို ချိန်ညှိခြင်း။– ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ တက်ခြင်း စတာတွေအတွက် ဆေးဝါးသုံးစွဲခြင်း။– ရောဂါအခံကို ကုသခြင်း။– ဆိုဒီယမ်ပါသော ပုလင်းကြီးချိတ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ရေနဲ့ဓာတ်ဆားပမာဏမျှတအောင် ထိန်းသိမ်းထားခြင်းဟာ ဆိုဒီယမ်နည်းပါးခြင်း မဖြစ်ရအောင် ကာကွယ်ပေးနိုင်ပါတယ်။အားကစားသမားတယောက်ဆိုရင်လေ့ကျင့်ခန်းပြုလုပ်နေချိန်မှာ ရေကို မှန်ကန်တဲ့ပမာဏ သောက်သုံးဖို့ အရေးကြီးပါတယ်။ ဓာတ်ဆားပါဝင်တဲ့ အရည်တွေလည်း သောက်သုံးနိုင်ပါတယ်။ ချွေးထွက်များရင် ပိုမိုသောက်သုံးသင့်ပါတယ်။ ဝမ်းပျက်ခြင်း၊ အန်ခြင်း စတာတွေကြောင့် အရည်ဓာတ်များ ဆုံးရှုံးသွားရင်လည်း သောက်သုံးနိုင်ပါတယ်။ပုံမှန်တနေ့တာမှာ အမျိုးသမီးတဦးဟာ ရေကို ၂.၂ လီတာ သောက်သုံးသင့်ပြီး အမျိုးသားတဦးဟာ ၃ လီတာ သောက်သုံးသင့်ပါတယ်။ ရေဓာတ်ပြည့်ဝနေရင် ဆီးဟာ အဝါရောင်ဖျော့ဖျော့ ဒါမှမဟုတ် ကြည်လင်နေမှာ ဖြစ်ပါတယ်။ ရေလည်းမငတ်ပါဘူး။သတိပြုသင့်တာကတော့ ရေကို တနာရီမှာ တလီတာထက် ပိုမသောက်သင့်ပါဘူး။ ဒါ့အပြင် ရေများများကို တခဏလေးနဲ့ သောက်လိုက်တာမျိုး မပြုလုပ်သင့်ပါဘူး။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/hyponatremia/
အလုပ်များတဲ့ မေမေတွေ မိခင်နို့ကို ဘယ်လိုသိမ်းဆည်း မလဲ။
မိခင်နို့ ဟာမွေးကင်းစကလေးလေးတွေအတွက် ပြီးပြည့်စုံတဲ့ အာဟာရဓာတ်ပေးနိုင်တဲ့ တစ်ခုတည်းသော အဖော်မွန်လေးဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ကလေးလေးတွေရဲ့ အကောင်းဆုံး ကျန်းမာရေးကို ပေးစွမ်းနိုင်ဖို့ အတွက်အသက်၆လအထိ မိခင်နို့ တစ်မျိုးတည်းကိုပဲ တိုက်ကျွေးသင့်တယ်လို့ ကျန်းမာရေးအသိပညာပေးကြတာတွေ တွေ့ဖူးကြမှာပါ။ တကယ်လည်း မိခင်နို့တိုက်ကျွေးခြင်းက ကလေးလေးကိုရော မေမေကိုပါ ကောင်းကျိုးတွေ များကြီးဖြစ်စေပါတယ်။ဒါပေမယ့် တစ်ခုရှိတာက ဒီနေ့ခေတ်ကြီးမှာ မိခင်တော်တော်များများက ကိုယ်ပိုင်အလုပ်တွေ လုပ်ပြီး စီးပွားရှာနေကြရတဲ့သူတွေ ဖြစ်နေကြတဲ့အတွက် တရားဝင်မီးဖွားခွင့် ပြည့်သွားတဲ့အခါ အလုပ်ပြန်ဆင်းရပြီး ကလေးလေးကို ခြောက်လ ပြည့်တဲ့အထိ အနီးကပ် နို့မတိုက်နိုင်ကြတာမျိုးတွေ ရှိကြပါတယ်။ အဲဒီလိုဆိုရင် အလုပ်လုပ်နေတုန်း ကလေးကို နို့လာတိုက်ဖို့က အဆင်မပြေတာမျိုး၊  ဒီလိုမှ မဟုတ်ဘဲ အကြောင်းကိစ္စတစ်ခုခုကြောင့် ခဏတာ ကလေးနဲ့ မရှိနိုင်တာမျိုးမှာ ကလေးအတွက် မိခင်နို့ကို ကိုယ်တိုင်တိုက်နိုင်ဖို့ အတွက် အခက်အခဲတွေရှိလာပါတယ်။ဒါကြောင့် တန်ဖိုးရှိတဲ့ မိခင်နို့ တစ်မျိုးတည်းကို ၆လ ပြည့်အောင်မတိုက်ဘဲနို့မှုန့်တွေ၊ အာဟာရမှုန့်တွေကို တိုက်လိုက်ရပါတယ်။အဲဒီလို မိခင်တွေအတွက် ကလေးနဲ့ အတူမရှိမယ့် အချိန်တွေမှာ ကလေးလေးမိခင်နို့သောက်နိုင်အောင် ကြိုတင်ပြင်ဆင်ပေးခဲ့လို့ရပါတယ်။မိခင်က သဘာဝအတိုင်း တိုက်ရိုက်တိုက်တာမျိုးမဟုတ်ဘဲ သိမ်းဆည်းထား ပြီးမှ တိုက်ရတာမျိုးဖြစ်တဲ့ အတွက် ကလေးအတွက် အန္တရာယ်မဖြစ်စေဖို့က အရမ်းကိုအရေးကြီးပါတယ်။ ဒီဆောင်းပါးလေးကတော့  ကလေးအတွက် ဘေးဥပါဒ် မဖြစ်စေဘဲ မိခင်နို့ကို ဘယ်လိုသိမ်းဆည်း မလဲ ဆိုတာကို ပြောပြပေးမှာပါ။ပထမဆုံးအနေနဲ့ မိခင်နို့ကို မညှစ်ခင် မကိုင်ခင်မှာ လက်ကို ဆပ်ပြာ နဲ့ ရေနဲ့ သေသေချာချာဆေးကြောပေးရမှာပါ။ ဆပ်ပြာနဲ့ရေ မရနိုင်ရင်တော့ alcohol အနည်းဆုံး 60% ပါတဲ့ hand gel (လက်ဆေးရည်) နဲ့ဆေးကြောပေးရမှာပါ။ ဒီအဆင့်က အရမ်းကို အရေးကြီးပါတယ်။ လက်နဲ့ မညှစ်ဘဲ နို့ညှစ်ကိရိယာ တစ်မျိုးမျိုး အသုံးပြုမယ်ဆိုရင်တော့ သုံးမယ့် ပစ္စည်း ကိုပါ စင်ကြယ်အောင် ဆေးကြောပြီးမှ အသုံးပြုသင့်ပါတယ်။နောက်ထပ် အရေးကြီးတဲ့ အဆင့်က အာဟာရဓာတ်တွေအများကြီးပါတဲ့ မိခင်နို့ကို အာဟာရဓာတ်တွေ မပျောက်မပျက်စေဘဲ အန္တရာယ်ကင်းအောင် ဘယ်လိုနေရာမှာ ဘယ်လောက်ကြာကြာထိပဲ သိမ်းသင့်သလဲ ဆိုတဲ့ အချက်လေးပါ။– နို့ကို ညှစ်ထုတ်ပြီးပြီဆိုရင် နို့ထည့်ဖို့အတွက် ထုတ်လုပ်ထားတဲ့ သန့်စင်တဲ့ အိတ် (သို့) ထည့်ခွက် (သို့) ဘူး တစ်ခုခုနဲ့ သိမ်းဆည်းနိုင်ပါတယ်။ ဘယ်လောက်ကြာအောင်ထားနိုင်လဲ ဆိုရင်တော့။(၁) ချက်ချင်းညှစ်ထုတ်ထားတဲ့ လတ်လတ်ဆတ်ဆတ်နို့ ဆိုရင်တော့ အခန်းအပူချိန် ၂၅ဒီဂရီ စင်တီဂရိတ်အောက်မှာ လေးနာရီ ကြာအောင်ထားနိုင်ပါတယ်။ ၄နာရီ ကျော်သွားရင်တော့ ကလေးကို မတိုက်သင့်တော့ပါဘူး။(၂)ရေခဲသေတ္တာထဲ(၄ဒီဂရီစင်တီဂရိတ်အောက်) မှာ သိမ်းထားမယ်ဆိုရင်တော့ ၄ ရက်ထိသိမ်းထားနိုင်ပါတယ်။(၃) Freezer ထဲမှာ ခဲပြီး ထားမယ်ဆိုရင်တော့ ၆လ အထိထားလို့ရပါတယ်။နို့ဘူးမှာ စတင်သိမ်းဆည်းတဲ့ ရက်စွဲ နဲ့ အချိန်ကိုတော့ သေသေချာချာ ရေးကပ်ထားဖို့ အရေးကြီးပါတယ်။ကလေးစို့ပြီး ကျန်တဲ့နို့တွေဆို ရေခဲသတ္တာထဲမှာ ၂နာရီထိ သိမ်းထားလို့ရပါတယ်၊၊။ကလေးလေးကို မတိုက်ခင်မှာ ခဲထားတဲ့နို့ကို ပြန်ပြီး အရည်ပျော်အောင်လုပ်မယ်ဆိုရင်တော့ ရေခဲသေတ္တာ အောက်ထပ်မှာ တစ်ညလောက်ထည့်ထားပြီး ဖြစ်စေ၊ သန့်စင်တဲ့ မပူမအေး ရေထဲမှာ ထည့်ပြီး ခဏစိမ်ထားပြီးဖြစ်စေ၊ ရေဖြင့် ဆေးချပြီးဖြစ်စေ စတဲ့ နည်းတွေနဲ့ အရည်ပြန်ဖြစ်အောင် လုပ်နိုင်ပါတယ်။သတိထားရမှာလေးကMicrowaveထဲထည့်ပြီး အပူပေးလိုက်မယ်ဆိုရင်တော့ မိခင်နို့မှာပါဝင်တဲ့ အာဟာရဓာတ်တွေကို ဖျက်ဆီးပစ်နိုင်တဲ့အတွက် microwave ထဲထည့်ပြီး လုံး၀ အပူမပေးကြဖို့ပါ။ မီးဖိုပေါ်တင်ပြီး ပြုတ်တာလည်း မလုပ်ရပါဘူး၊၊။အခဲကနေအရည် ဖြစ်သွားပြီ ဆိုရင်တော့ ၂၄ နာရီ အတွင်း နို့ကို တိုက်ကျွေးရမှာပါ။ အရည်ပြန်ဖြစ်ပြီး အခန်းအပူချိန်မှာပဲ ဆက်ထားမယ်ဆိုရင်တော့ ၂နာရီ အတွင်း အသုံးပြုပေးသင့်ပါတယ်။ ရေခဲသေတ္တာထဲမှာဆိုရင် ၁ရက်ထားလို့ရပါတယ်၊၊ အရည်ပြန်ဖျော်ပြီးသား နို့ကို freezer ထဲထည့်ပြီး ပြန်ခဲထားတာမျိုးကိုလည်း ရှောင်ကြဉ်ရပါမယ်။နို့တိုက်ပြီးပြီ ဆိုရင်တော့ နောက်ဆုံးအချက်အနေနဲ့ ကလေးလေးအတွက် နို့တိုက်ဖို့ အသုံးပြုထားတဲ့ ပစ္စည်းအားလုံးကို သန့်စင်အောင် ဆေးကြောနည်းလေးပြောပြချင်ပါတယ်။ နောက်တစ်ခေါက်ပြန်အသုံးပြုတဲ့အချိန်မှာ ကလေးလေးကို ဘေးဥပါဒ် မဖြစ်စေဖို့ အတွက် ဒီအချက်လေးကို လည်း မမေ့မလျော့ ဂရုစိုက်သင့်ပါတယ်။– ပစ္စည်းတွေ မဆေးကြောခင် အရင်ဆုံး လက်ဆေးပါ။-နို့တိုက်ပစ္စည်းတွေ အားလုံးကို အစိတ်အပိုင်း တစ်ခုချင်းစီ ဖြစ်အောင် အရင် ဖြုတ်ပါ။– ကလေးအတွက်သီးသန့်အသုံးပြုတဲ့ ဘေစင် (သို့) ဇလုံထဲမှာ ရေနဲ့ ဆပ်ပြာသုံးပြီး သေသေချာချာဆေးကြောပါ။ ကလေးလေး နို့တိုက်ပစ္စည်းတွေ အတွက် သီးသန့် အသုံးပြုမယ့် သန့်စင်တဲ့ brush လေးအသုံးပြုပြီး ဆေးကြောပေးနိုင်ပါတယ်။ ပြီးရင်တော့ ရေပိုက်ဖွင့်ချပြီး နောက်တစ်ကြိမ်ထပ်ဆေးပေးရပါမယ်။– ဆေးပြီး ပစ္စည်းတွေကို ဖုန်တွေ အညစ်အကြေးတွေ မရှိတဲ့ နေရာမှာ ခဏ အခြောက်ခံထားနိုင်ပါတယ်။ဆေးကြောပြီးတဲ့ အခါ နောက်အဆင့် တစ်ခုက ပစ္စည်းတွေကိုပိုးသတ်ပေးရမှာပါ။ ပုံမှန် ၃လ အထက်ကလေးလေးတွေ အတွက် တစ်ပတ် ၂ခါလောက်ပဲ ပိုးသတ်ပေးရင် အဆင်ပြေပေမယ့် ၃ လအောက်ကလေးတွေ၊လမစေ့ဘဲ မွေးထားတဲ့ ကလေးလေးတွေ၊ ခုခံအားနည်းတဲ့ ကလေးတွေဆိုရင်တော့ နေ့တိုင်း မဖြစ်မနေ ပိုးသတ်ပေးဖို့လိုအပ်ပါတယ်။ ရေနွေးဆူဆူမှာ ၅ မိနစ်အကြာပြုတ်ပြီး ဖြစ်စေ၊ microwave သုံးပြီး ပစ္စည်းအညွှန်းပါ အတိုင်း ပေါင်းခံပြီး ဖြစ်စေ ပိုးသတ်ပေးနိုင်ပါတယ်။ဒီဆောင်းပါးလေးကို ဖတ်ပြီး မေမေတိုင်းရဲ့ အဖိုးတန်ရတနာလေးတွေကို ကိုယ်တိုင်ကိုယ်ကျ နို့မတိုက်နိုင်ရင်အောင် အန္တရာယ်ကင်းကင်းနဲ့ အသက် ၆ လထိ မိခင်နို့ တစ်မျိုးတည်း တိုက်ကျွေးခြင်းပြီး ကျန်းမာတဲ့ သားသားမီးမီးလေးတွေ ဖြစ်အောင် ပျိုးထောင်ကြပါစို့လား။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/how-to-store-breast-milk/
ကိုယ့်အိမ်မှာ ဆရာဝန်တစ်ယောက်လောက် မခေါ်ထားချင်ဘူးလား
ကိုယ့်အိမ်မှာ ဆရာဝန်တစ်ယောက်လောက် မခေါ်ထားချင်ဘူးလား ……. နေအိမ်တိုင်းမှာ အရေးပေါ်ဆေးသေတ္တာ ထားသင့်ပါတယ်။ မတော်တဆမှု ဆိုတာမျိုးက ကြိုမှန်းထားလို့မှ မရတာလေနော်။ ချက်ရင်းပြုတ်ရင်း ဓါးရှမလား၊အပူလောင်မလား၊ သွားရင်းလာရင်း ခလုတ်တိုက်မလား၊ ချော်လဲမလား ကြိုမှန်းထားလို့မရတဲ့ အနေအထားမျိုးမှာအရေးပေါ် ထိခိုက်မိရင် သက်သာအောင် လုပ်ဖို့အတွက် ဆေးသေတ္တာ ရှိထားတာက မမှားတဲ့ အရာတစ်ခုလို့ပဲ အကြံပေးပါရစေ။အရေးပေါ်ဆေးသေတ္တာ ဆိုတာက မတော်တဆမှု တစ်ခုခုကြောင့်ထိခိုက်ဒဏ်ရာရရင်ဖြစ်ဖြစ်၊ ရောဂါတစ်ခုခုကြောင့် အရေးပေါ် အခြေအနေ ဖြစ်ပေါ်နေတဲ့အခါ ခံစားနေရတဲ့ အခြေအနေကနေ သက်သာလာအောင် တစ်စုံတစ်ယောက်ကို ကူညီပြုစုပေးနိုင်ဖို့ အသင့်ဖြစ်နေအောင် ထားတာပါ။ ဒီလို စောင့်ရှောက်မှုကို အရွယ်သုံးပါးစလုံး လိုအပ်ပါတယ်။ အရေးပေါ်ဆေးသေတ္တာ ရဲ့ ရည်ရွယ်ချက်က လူတွေရဲ့ အသက်ကို ကယ်တင်ဖို့ နဲ့ အန္တရာယ် ဖြစ်နိုင်တဲ့ အခြေအနေကနေ ကူညီကယ်ဆယ်ပေးဖို့ပါ။အရေးပေါ်ဆေးသေတ္တာမှာ ဘယ်ပစ္စည်းတွေကို ထည့်ထားသင့်သလဲ ဆိုတာလည်း အရေးကြီးပါတယ်။ ဒါမှ လိုအပ်တဲ့အချိန် ထိထိရောက်ရောက် အသုံးချနိုင်မှာဖြစ်ပါတယ်။ ဆေးသေတ္တာမှာ ဒါတွေ ပါဝင်သင့်ပါတယ်။ဆေးသေတ္တာကို ပစ္စည်းတွေ ထည့်ပြီးပြီဆိုရင်။ကလေးတွေ လက်လှမ်းမမီလောက်တဲ့၊ လူကြီးတွေ ယူရလွယ်လောက်တဲ့ နေရာမှာ ထားပါ။ ဆေးသေတ္တာကို ပုံမှန်စစ်ကြည့်ပါ။ ကုန်နေတာရှိရင် ဖြည့်ပါ။ သက်တမ်းရက်လွန်နေတာရှိရင် အသစ် လဲထည့်ပါ။အရေးပေါ်ဆေးသေတ္တာကို ဝယ်ထားဆောင်ထားရုံနဲ့လည်း မပြီးသေးပါဘူး။ ကိုယ်တိုင် အသုံးပြုတတ်အောင်လည်း လေ့လာသင်ယူ တာတွေ လုပ်ရပါမယ်။ ကဲဒီလောက်ဆိုရင်တော့ အရေးပေါ်ဆေးသေတ္တာ ရဲ့ အရေးပါပုံကို သိလောက်ပြီးလို့ ထင်ပါတယ်။ ခုလို ပစ္စည်းတွေ စုံစုံလင်လင် ထည့်ထားတဲ့ အရေးပေါ်ဆေးသေတ္တာ လေးတစ်ခု ကိုယ့်အိမ်မှာ ဆောင်ထားရင် မိသားစုရဲ့ ကျန်းမာရေးကို သင်က ဆရာဝန် မဟုတ်တောင် တစ်စိတ်တစ်ပိုင်းကနေ တာဝန်ယူနိုင်မှာပါ။ ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/first-aid-box/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/cooking-with-fats-oils/
ကလေးတွေမှာ တွေ့ရတတ်တဲ့ ရေဓာတ် ဆုံးရှုံးခြင်း ရဲ့ လက္ခဏာများ
ကလေးတွေမှာ တွေ့ရတတ်တဲ့ ရေဓာတ် ဆုံးရှုံးခြင်း ရဲ့ လက္ခဏာများ က လူကြီးတွေနဲ့ အနည်းငယ်ကွာခြားပါတယ်။ ကလေးတွေရော လူကြီးများပါရေဓာတ် ဆုံးရှုံးခြင်းကို ခံစားရတတ်ပါတယ်။ သဘာဝအရ ရေဓာတ်တွေကို အရေပြားကနေ ချွေးအနေနဲ့ဖြစ်စေ၊ အသက်ရှူထုတ်ရာကဖြစ်စေ၊ ဆီးနဲ့ ဝမ်းကဖြစ်စေ ပုံမှန်စွန့်ထုတ်နေတာကြောင့်ပါ။များသောအားဖြင့်ကလေးတွေဟာလည်း စားသောက်ခြင်းကနေ ရေဓာတ်ကို ရယူပြီး ဆုံးရှုံးသွားတာတွေကို ပြန်လည်ဖြည့်တင်းပါတယ်။ တစ်ခါတရံမှာတော့ ဆုံးရှုံးသွားတဲ့ ရေဓာတ်ဟာ ပြန်လည်ဖြည့်တင်းနိုင်တာထက် ပိုမိုနေနိုင်ပါတယ်။ ဒါ့ပြင် ဖျားနာခြင်း၊ ဝမ်းပျက်ခြင်း၊ ရာသီဥတုပူခြင်း၊ လှုပ်ရှားမှုများခြင်း စတာတွေကြောင့်လည်း ခန္ဓာကိုယ်ထဲက ရေတွေကို အပြင်ကို ပိုရောက်စေပြီးရေဓာတ်ဆုံးရှုံးခြင်းဖြစ်ပေါ်စေပါတယ်။တကယ်တော့ရေဓာတ် ဆုံးရှုံးခြင်းဟာ မပေါ့ဆသင့်တဲ့ကိစ္စဖြစ်ပါတယ်။ ရေဓာတ် လုံလောက်စွာ မရှိတော့ရင် ကိုယ်ခန္ဓာရဲ့ လုပ်ငန်းဆောင်တာတွေကို သေချာစွာ မလုပ်ဆောင်နိုင်တော့ပါဘူး။ ဆိုးရွားလွန်းရင် ဦးနှောက်ပျက်စီးခြင်း၊ သေဆုံးခြင်းတွေပါ ဖြစ်စေတတ်ပါတယ်။ဆယ်ကျော်သက်နဲ့ လူကြီးတွေထက်စာရင် ကလေးတွေဟာ ရေဓာတ် ဆုံးရှုံးခြင်း ဒဏ်ကို ပိုပြီးခံစားရလွယ်ပါတယ်။ကိုယ်ခန္ဓာအရွယ်အစား သေးငယ်လို့လည်း ပါပါတယ်။ အရွယ်အစားသေးငယ်တာကြောင့် ရေထိန်းထားနိုင်တဲ့ ပမာဏလည်း နည်းပါတယ်။ကလေးတချို့ကတော့ ရေကိုလုံလောက်စွာ မသောက်တဲ့အတွက် ရေဓာတ် ဆုံးရှုံးလာတတ်ပါတယ်။ တချို့သောအခြေအနေတွေမှာ ရေဓာတ် ဆုံးရှုံးနိုင်ခြေ ပိုများစေပါတယ်။ အဲဒီအချက်တွေကတော့။ဝမ်းပျက်ခြင်းက ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါး စတဲ့ရောဂါပိုးများ ကူးစက်ခြင်း၊ အစာအဆိပ်သင့်ခြင်း၊ ဆေးဝါးများမတည့်ခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ကလေးအနေနဲ့ အန်နေရင်၊ အရည်ဝမ်းတွေသွားနေရင်၊ အရည်မသာက်နိုင်ရင် ပိုဂရုစိုက်ပြီး ရေဓာတ် ဆုံးရှုံးခြင်းလက္ခဏာတွေ ရှိ၊ မရှိ စောင့်ကြည့်သင့်ပါတယ်။ရေဓာတ် ခမ်းခြောက်ခြင်းဟာ ဖြည်းဖြည်းချင်း ဆုံးရှုံးသွားတာရှိသလို၊ ခပ်မြန်မြန် ဆုတ်ယုတ်သွားတာလည်း ရှိပါတယ်။ ကလေးငယ်များ နေထိုင်မကောင်းရင် ရေဓာတ်ခမ်းခြောက်ခြင်း လက္ခဏာများ ရှိ၊ မရှိ စစ်ဆေးကြည့်ရှုပေးရပါမယ်။ တစ်ခါတရံ လက္ခဏာများတွေက သိသာထင်ရှားခြင်း မရှိတတ်ပါဘူး။သင့်ကလေး ရေအလွန်အမင်း ငတ်လာတဲ့အထိ စောင့်မနေပါနဲ့။ ရေငတ်ခြင်းဟာ ရေဓာတ် ခမ်းခြောက်ခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။ တခြားလက္ခဏာတွေကိုလည်း ကြည့်ရှုရပါမယ်။ အဲဒါတွေကတော့။• နှုတ်ခမ်းခြောက်သွေ့အက်ကွဲခြင်း။• ဆီးအရောင်ရင့်ခြင်း။• ဆီးနည်းသွားခြင်း။• အသားအရေအေးစက်ခြင်း။• မျက်ကွင်းချိုင့်ခြင်း၊ ငယ်ထိပ်ချိုင့်ခြင်း။• အလွန်အမင်း အိပ်ငိုက်နေခြင်း။•အားအင်ကုန်ခမ်းခြင်း။• ငိုသောအခါ မျက်ရည်မထွက်ခြင်း။• ဂျီကျခြင်း။• အသက်ရှူမြန်ခြင်း။•နှလုံးခုန်မြန်ခြင်း။ဆိုးရွားတဲ့ အခြေအနေမှာ ကလေးဟာ ကယောင်ကတမ်းဖြစ်တတ်၊ သတိလစ်တတ်ပါတယ်။အကောင်းဆုံးနည်းလမ်းကတော့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့ပါပဲ။ ရိုးရိုးရေ၊ ဓာတ်ဆားရည်၊ ဟင်းရည်၊ အသီးဖျော်ရည် စတာတွေ တိုက်ပေးနိုင်ပါတယ်။ တော်တန်ရုံကိုတော့ အိမ်မှာပဲ ကုသနိုင်ပါတယ်။ ဒါပေမယ့် ဝမ်းပျက်ရင်၊ အန်ရင်၊ အဖျားတက်ရင်၊ အရည်မဝင်ရင် ဆေးရုံဆေးခန်း ပြသသင့်ပါတယ်။ ကလေးတွေဟာ ရေဓာတ် ခမ်းခြောက်ခြင်းဒဏ်ကို ပိုပြီး ခံစားရလွယ်လို့ ဖြစ်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/signs-of-dehydration-in-toddlers/
ခြေဖနောင့် ကွဲခြင်းအတွက် အိမ်တွင်းနည်းလမ်းများ
ခြေဖနောင့် ကွဲတာဟာ အတွေ့ရများတဲ့ ပြဿနာတစ်မျိုးပါ။ အရွယ်ရောက်ပြီးသားသူတွေရဲ့ ၂၀ရာခိုင်နှုန်းလောက်ကဖနောင့်ကွဲတတ်ကြပါတယ်။ ၅ယောက် ၁ယောက်နှုန်းပေါ့။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုဖြစ်တတ်ပါတယ်။ တော်တော်များများ အတွက်ကတော့ ဖနောင့်ကွဲတာက ရေးကြီးခွင်ကျယ်လုပ်ရလောက်တဲ့ ပြဿနာ မဟုတ်ပါဘူး။ တချို့တွေမှာတော့ ဖနောင့်ကွဲတာ နက်လွန်းရင် နာတာ၊ လမ်းလျှောက်ရ အဆင်မပြေတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဖနောင့်ကွဲတာ သက်သာအောင် အိမ်မှာတင် လုပ်နိုင်တဲ့ နည်းလေးတွေ၊ မဖြစ်အောင် ကာကွယ်တဲ့ နည်းလေးတွေကို ပြောပြပေးပါ့မယ်။ခြေဖနောင့် မကွဲခင် ဖနောင့်သားက အရင်ဆုံး ခြောက်သွေ့လာပါတယ်။ ပြီးတော့အသားမာတွေ တက်လာပါတယ်။ လမ်းလျှောက်တဲ့အခါ တစ်ကိုယ်လုံးက ဝိတ်က ဖနောင့်ပေါ်မှာ ရှိနေတာဆိုတော့ ဖနောင့်ကွဲလာတော့တာပေါ့။ ဖြစ်ရတဲ့ အကြောင်းတွေကတော့။ရှားရှားပါးပါး ရောဂါကြောင့်လည်း  ခြေဖနောင့် ကွဲတတ်ပါသေးတယ်။ ဥပမာ ပြောရရင်ဆီးချိုရှိတဲ့ သူတွေမှာ သွေးတွင်းသကြားဓာတ်များတာရော၊ သွေးလည်ပတ်မှု မကောင်းတာရောကြောင့် အရေပြား ခြောက်သွေ့တတ်ပါတယ်။ ဒီကြားထဲ အာရုံကြောကလည်း ထိလိုက်သေးတော့ အရေပြားခြောက်တာ၊ ကွဲတာ၊ နာတာတွေကိုပါ မသိတော့ပါဘူး။ ဖနောင့်ကွဲစေတဲ့ တခြား အကြောင်းတွေကတော့။ခြေဖနောင့်ကွဲတာ အပြင် တခြားဘာလက္ခဏာတွေ ခံစားရမှာလဲ။ဒီထက်ပိုဆိုးလာရင်တော့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာမှာပါ။ အထူးသဖြင့် ရောဂါတစ်ခုခုနဲ့ ဆက်စပ်နေရင်ပေါ့။ နောက်ဆက်တွဲတွေကတော့။ပိုးဝင်လာပြီဆိုရင် နာတာ၊ ပူတာ၊ ရောင်တာ၊ နီရဲတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါဆိုရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။သာမန် ဖနောင့်ကွဲတာကတော့ အိမ်မှာတင် အလွယ်လေး ကုလို့ရပါတယ်။ နည်းလမ်းတွေကတော့။ခြေဖနောင့်ကွဲတာအတွက် အကောင်းဆုံးဆေးနည်းပါပဲ။ ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရပါတယ်။ သူ့မှာ ပါတဲ့ ပစ္စည်းတွေက ဖနောင့်ကို စိုစွတ် ချောမွတ်စေပြီး အသားမာတွေကို ဖယ်ရှားပေးပါတယ်။ ဝယ်မယ်ဆိုရင် urea၊ salicylic acid၊ alpha-hydroxy acids၊ saccharide isomerate ပါတာတွေကို ရွေးဝယ်ပါ။ မနက်စောစော အရေပြား ပျော့ပျောင်း နေချိန်မှာ လိမ်းတာက ဆေးကို စုပ်ယူမှု ပိုကောင်းစေပါတယ်။ စစလိမ်းချင်းမှာ စပ်ဖျဉ်းဖျဉ်း ဖြစ်တတ်တာ သဘာဝပါ။ ပိုဆိုးလာရင်တော့ ဆက်မသုံးပါနဲ့။-ခြေထောက်ကို ဆပ်ပြာရည် နွေးနွေးလေးထဲမှာ မိနစ် ၂၀ခန့် စိမ်ပါ။-ပြီးရင် ချေးတွန်းကျောက်နဲ့ အသားမာတွေကို စက်ဝိုင်းပုံစံ ဖြည်းဖြည်းတိုက်ပေးပါ။-ရေခြောက်အောင်သုတ်ပါ။-အစိုဓာတ်ထိန်းဖို့ heel balm ဖြစ်ဖြစ် moisturizer ဖြစ်ဖြစ် လိမ်းပေးပါ။-အစိုဓာတ်ကို ကြာကြာထိန်းနိုင်ဖို့ အပေါ်ကနေ vaseline jellyထပ်လိမ်းပါ။ ပြီးရင် ခြေအိတ်စွပ်ထားပါ။သတိထားရမှာက ခြောက်သွေ့နေတဲ့ ခြေထောက်ကို ချေးတွန်းကျောက်နဲ့ မတိုက်ပါနဲ့။ ဒါက သင့်ခြေထောက်ကို ပိုပြီး ပျက်စီးစေပါတယ်။ပျားရည်က ဖနောင့်ကွဲတာကို ကုသဖို့ သဘာဝဆေးနည်းပါပဲ။ သူ့မှာ ပိုးသေစေနိုင်တဲ့ အစွမ်းသတ္တိလည်း ရှိပါတယ်။ လေ့လာချက်တွေအရ ပျားရည်က အနာတွေကို သန့်စေတယ်။ အကျက်မြန်စေတယ်။ အရေပြားကို အစိုဓာတ်ထိန်းပေးတယ်။ ဒါကြောင့် ခြေထောက် ချေးတွန်းပြီးတဲ့အခါ အစိုဓာတ်ထိန်းတဲ့ အနေနဲ့ သုံးပေးနိုင်ပါတယ်။အုန်းဆီက အရေပြားခြောက်သွေ့တာအတွက် ဆေးစွမ်းကောင်းပါပဲ။ ဒါ့ပြင် အစိုဓာတ်ကိုလည်း ထိန်းပေးနိုင်ပါတယ်။ ချေးတွန်းထားတဲ့ ခြေထောက်ကို အစိုဓာတ်ထိန်းပေးဖို့ သုံးနိုင်တဲ့ အကောင်းဆုံး ပစ္စည်းပဲ ဖြစ်ပါတယ်။အရေပြားကို စိုစွတ်စေပြီး အသားမာတွေကို ပျော့ပျောင်းစေတဲ့ တခြား ပစ္စည်းတွေကတော့။-ရှာလကာရည်။-သံလွင်ဆီ။-shea butter။-ချေထားတဲ့ ငှက်ပျောသီး စတာတွေပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%81%e1%80%bc%e1%80%b1%e1%80%96%e1%80%94%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b7-%e1%80%80%e1%80%bd%e1%80%b2%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80/
အိန်ဂျယ်လ်ပိစိကွေးလေးတွေနဲ့ ခရီးသွားတော့မယ်ဆိုရင်
ခရီးသွားမယ် မိသားစုလိုက်ပေါ့။ ဘာတွေများလိုမှာလဲ။အဝတ်အစားနည်းနည်းပါးပါးပဲယူသွားမယ်လို့တွေးနေလား။ လူကြီးတွေပဲဆိုရင်တော့ ခရီးသွားရင် အများကြီးသယ်သွားစရာမလိုဘူးပေါ့။ ကလေးလေးတစ်ယောက်လောက်ကို ခရီးသွားလို့ခေါ်သွားမယ်ဆိုရင်တော့ စဉ်းစားစရာတွေများလာပြီပေါ့။ ကလေးသေးသေးလေးမို့ဆိုပြီး အထင်မသေးလိုက်နဲ့နော်။ဘေဘီလေးတွေခရီးသွားရင် ထည့်သွားရမယ့် ပစ္စည်းတွေကတော်တော်လေးများပါတယ်။ဘေဘီလေးတွေနဲ့ခရီးသွားတဲ့အခါ ထည့်သွားစရာတွေက များသလို အသက်အရွယ်လိုက်ပြီး ထည့်သွားရမယ့် ပစ္စည်းတွေကွာခြားနိုင်ပါတယ်။ အိန်ဂျယ်လ်ပိစိကွေးလေးတွေနဲ့ ခရီးသွားတော့မယ်ဆိုရင် အမြဲမမေ့သင့်တဲ့စကားတစ်ရပ်က ကြိုတင်ပြင်ဆင်ပါ။ လိုအပ်တာအကုန်ယူသွားပါ။ ဆိုတာပါ။ကလေးဆပ်ပြာ– ကလေးငယ်လေးတွေရဲ့အသားအရည်က ထိခိုက်လွယ်တာမို့ လူကြီးတွေသုံးတဲ့ ဆပ်ပြာနဲ့မတိုက်ပေးမိပါစေနဲ့။ ကလေးအတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာရည်ကို သတိထားယူသွားပေးပါ။ဘေဘီရှန်ပူ– ခရီးသွားရင်ဘေဘီလေးတွေကို ခေါင်းလျှော်ပေးဖို့လိုလာတဲ့အခါလျှော်ပေးလို့ရစေဖို့အတွက် ခရီးသွားတိုင်း Baby Shampooလေးဆောင်သွားပေးနော်။သွားတိုက်ဆေး– ကလေးတွေရဲ့ ထွက်သစ်စ သွားလေးတွေ ကြံ့ခိုင်စေဖို့နဲ့ခံတွင်းပြဿနာတွေကင်းစေဖို့နေ့စဉ် အသုံးပြုနေကျ သွားတိုက်ဆေးလေးကို ခရီးသွားတဲ့အခါ တစ်ပါတည်းယူသွားပါ။သွားပွတ်တံ– တစ်နေ့နှစ်ကြိမ်လုပ်ရမယ့် ခံတွင်းသန့်ရှင်းရေးအတွက်လိုအပ်မယ့် သွားပွတ်တံကို မမေ့မလျော့ယူသွားပေးပါ။ ကလေးကိုတွေ့ကရာသွားပွတ်တံနဲ့တိုက်ပေးလို့ မဖြစ်ဘူးဆိုတာကို မမေ့ပါနဲ့။ကလေးတဘက်– ကလေးရဲ့ အသားအရေနုနုနယ်နယ်လေးထိခိုက်တာမျိုး မဖြစ်စေဖို့အတွက်ရေချိုးပြီးတဲ့အခါ သုတ်ပေးရမယ့် ဘက်လေးကို ခရီးဆောင်အိတ်ထဲပါအောင်ထည့်သွားဖို့လိုပါမယ်။ခေါင်းဖြီးဘီး-ခေါင်းဖြီးဘီးကလည်းမေမေတို့ မဖြစ်မနေဘေဘီအတွက်ယူသွားပေးရမယ့် ပစ္စည်းလေးတစ်ခုပေါ့။ လူကြီးသုံး ဘီးတွေကဘေဘီရဲ့ ဦးရေပြားနုနုလေးကိုထိခိုက်စေမှာစိုးရတာကြောင့်ပါ။သေးခံ-ဘေဘီလေးခရီးစဉ်တစ်လျှောက်သက်တောင့်သက်သာဖြစ်စေဖို့အတွက် မဖြစ်မနေယူဆောင်သွာရမယ့် ပစ္စည်းတစ်ခုပေါ့။Baby Wipes– ကလေးကိုသန့်ရှင်းရေးလုပ်ဖို့အတွက်မေမေတို့အမြဲဆောင်ထားသင့်တဲ့ ပစ္စည်းလေးတစ်ခုပေါ့။ ခရီးသွားတဲ့အခါမှာဖြစ်ဖြစ် ခဏတဖြုတ်အပြင်သွားတဲ့အခါမှာပဲဖြစ်ဖြစ် အိတ်ထဲမှာယူသွားသင့်တဲ့အရာပါ။ရေမလိုလက်သန့်ဆေးရည်-ဘေဘီလေးကိုရောဂါပိုးတွေအန္တရာယ်ကနေကာကွယ်ဖို့အတွက်ရေမလိုလက်သန့်ဆေးရည်ကို အသုံးပြုပေးရပါမယ်။ ရေလွယ်တဲ့အခါ ကိစ္စမရှိပေမယ့်ရေကိုသုံးပြီးလက်ဆေးဖို့မလွယ်တဲ့အခါရေမလိုလက်သန့်ဆေးရည်ကိုသုံးပြီး လက်ကိုဆေးကြောသန့်စင်ပေးဖို့ ခရီးဆောင်အိတ်ထဲမှာရေမလိုလက်သန့်ဆေးရည်လေး ထည့်သွားလိုက်ပါ။ဘေဘီ Lotion–ရာသီဥတုအပြောင်းအလဲဒဏ်ကြောင့် ဘေဘီလေးမှာအသားအရေထိခိုက်တာမျိုး မဖြစ်စေဖို့အတွက်ဘေဘီ Lotion ကို သယ်သွားပေးပါ။ ကလေးကိုရေချိုးသန့်စင်ပေးပြီးတိုင်း လူးပေးပါ။ဒါတွေအပြင် ကလေးကြိုက်တတ်တဲ့အစားအစာတွေ၊ အရုပ်နဲ့အိပ်ရာခင်း၊စောင်လိုမျိုး အရာတွေကိုလည်း လိုလိုမယ်မယ်ထည့်သွားပေးပါ။ လိုအပ်နိုင်တဲ့ဆေးဝါးတွေ ကလေးကိုနေ့စဉ်တိုက်နေရတဲ့ အားဆေးလိုမျိုးဆေးဗူးတွေကိုထည့်သွားဖို့လည်း မမေ့သင့်ပါဘူး။ ကလေးအတွက်လိုအပ်မယ့် နို့မှုန့်ဗူး၊ ချိုလိမ်အပို၊ရေဗူး၊နေရောင်ခြည်ကနေကာကွယ်ပေးနိုင်ဖို့ ဦးထုပ်၊ထီး၊ခြေအိတ်၊ ဖိနပ်နဲ့ လက်နှိပ်ဓါတ်မီး၊အရေးပေါ်ဆေးသေတ္တာအသေးစားလိုမျိုး အရာလေးတွေကို ပါအောင်ယူဆောင်သွားပေးပါ။ဒါတွေပြီးရင်နောက်ထပ်စဉ်းစားရမှာတစ်ခုက ကလေးကို သွားမယ့်ခရီးစဉ်နဲ့ ကိုက်ညီအောင် ဘယ်လိုအဝတ်အစားမျိုးဝတ်ပေးမလဲဆိုတာပါ။ သွားမယ့်ခရီးကဝေးတယ်ဆိုရင် ကလေးကို သက်တောင့်သက်သာဖြစ်စေမယ့် ချည်သားအင်္ကျီလက်ရှည်ည်နဲ့ ချည်သားဘောင်းဘီရှည်လေးဝတ်ဆင်ပေးတာက ပိုအဆင်ပြေပါလိမ့်မယ်။ ဒါပေမယ့်အနွေးထည်နဲ့စောင်ပါးပါးလေးတစ်ထည်လောက်ကိုလည်း အသင့်ပြင်သွားပေးတာအဆင်ပြေမှာပါ။ တစ်ထပ်တည်း အထူကြီးဝတ်ဆင်ပေးတာက ကလေးကို စိတ်ရှုပ်စေနိုင်သလိုချွေးထွက်တာနဲ့နေရထိုင်ရမသက်မသာဖြစ်နိုင်ပါတယ်။ ဒါကြောင့်ပေါ့ပေါ့ပါးပါးဖြစ်မယ့် အဝတ်အစားလေးတွေကိုပဲ အထပ်ထပ်ဝတ်ပေးလိုက်ပါနော်။အခုလောက်ဆိုရင်တော့ အိန်ဂျယ်လ်ပိစိကွေးလေးနဲ့ပြည့်စုံတဲ့ခရီးစဉ်တစ်ခုဖန်တီးဖို့ပြည့်စုံလောက်ပြီထင်တယ်နော်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/traveling-with-infants/
နေမကောင်းမဖြစ်ဘဲနဲ့ ရေနဲ့ ဓာတ်ဆားဆုံးရှုံးနိုင်သလား
နေမကောင်းမဖြစ်ဘဲနဲ့ ရေနဲ့ ဓာတ်ဆားဆုံးရှုံးနိုင်သလား ဆိုတော့ ဆုံးရှုံးနိုင်တာပေါ့။ နေ့စဉ် လှုပ်ရှားမှုတိုင်းမှာချွေးထွက်တယ်ဆိုကတည်းက ကိုယ်တွင်းက ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်ကို ဆုံးရှုံးနေတာပါ။ လှုပ်ရှားမှုတိုင်းမှာ အင်အား အသုံးပြုရသလို အသုံးပြုလိုက်ရတဲ့ အင်အားရဲ့ နောက်ဘက်မှာ ရေဓာတ်တွေ၊ ဓာတ်ဆားဓာတ်တွေပါ လိုက်ဆုံးရှုံးနေတာပါ။ ဘာကြောင့် ဒီလိုပြောရသလဲဆိုတာကို အောက်ဘက်မှာ သေချာလေး ရှင်းပြပေးပါမယ်။ရေနဲ့ဓာတ်ဆားခန္ဓာကိုယ်အတွက်အရေးကြီးသလား။ခန္ဓာကိုယ်က ဇီဝဖြစ်စဉ်တွေကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်စေဖို့ ခန္ဓာကိုယ်မှာ အာဟာရဓာတ်တွေ ရေဓာတ်တွေ ဓာတ်ဆားဓာတ်တွေ ပြည့်ဝနေဖို့ လိုပါမယ်။ ဒီလို ပြည့်ဝနေမှလည်း နေ့စဉ် တာဝန်တွေကိုရော နေ့စဉ်အခက်အခဲတွေကိုပါ အကောင်းဆုံး ဖြေရှင်းကျော်ဖြတ်နိုင်မှာပါ။ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ရေဓာတ်နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ကိုယ်ခံအား ကောင်းစေဖို့ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့နဲ့ တီထွင်ဖန်တီးနိုင်စွမ်း ကောင်းဖို့ ရေဓာတ်ကို လုံလောက်စွာ ရရှိဖို့ လိုပါမယ်။ ရေဓာတ်နဲ့အတူ ဓာတ်ဆားဓာတ်တွေ ပြည့်ဝနေစေဖို့ကိုလည်း မေ့ထားလို့ မရပါဘူး။နှလုံး၊ အသက်ရှူလမ်းကြောင်း၊ ဆီးလမ်းကြောင်း၊ အူလမ်းကြောင်း နဲ့ ကြွက်သားတွေ ကျန်းမာပြီး ကိုယ်ခံအားပြည့်ဝနေစေဖို့လည်း ရေနဲ့ဓာတ်ဆားဓာတ်တွေ ပြည့်ဝနေစေဖို့ လိုပါမယ်။ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ဆိုရင် ခန္ဓာကိုယ်မှာရေဓာတ်ရော ဓာတ်ဆားဓာတ်ပါ ပြည့်ဝနေစေဖို့ လိုပါမယ်။ ဒီလောက်ဆိုရင် ရေနဲ့ဓာတ်ဆားခန္ဓာကိုယ်အတွက် ဘယ်လောက်ထိ အရေးကြီးလဲဆိုတာ သိလောက်ပြီ ထင်ပါတယ်။ကိုယ်တွင်းမှာရေနဲ့ဓာတ်ဆားဓာတ်နည်းနေပြီလား။ကိုယ်တွင်းမှာ ရေနဲ့ဓာတ်ဆားဓာတ် နည်းနေပြီဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ကိုယ်တွင်းမှာ ရေနဲ့ဓာတ်ဆားဓာတ် မပြည့်ဝဘူးဆိုရင် အခုလို ကျန်းမာရေးအခြေအနေတွေကို ခံစားရနိုင်တယ်ဆိုတော့ နေထိုင်မကောင်းမှ ခံစားရတာလား။  နေမကောင်းမဖြစ်ဘဲရော ခံစားရနိုင်လား … ဆိုပြီး သိချင်နေတဲ့အ​ဖြေလေးကို အတူတူဆက်ကြည့်လိုက်ရအောင်နော်။နေမကောင်းမဖြစ်ဘဲနဲ့ရေနဲ့ဓာတ်ဆားဆုံးရှုံးနိုင်သလား။နေမကောင်းမဖြစ်ဘဲနဲ့ ရေနဲ့ ဓာတ်ဆားဆုံးရှုံးနိုင်သလား ဆိုတော့ အပေါ်မှာလည်း ပြောခဲ့ပြီးပါပြီ။ ဆုံးရှုံးနိုင်ပါတယ်လို့။ လူတော်တော်များများ လက်ခံထားတာက နေမကောင်းဖြစ်လို့ ချွေးတွေ အများကြီး ထွက်သွားတာ၊ ခံတွင်းပျက်ပြီး အစားမစားနိုင်တာ၊ အဖျားကြီးတာ၊ဝမ်းပျက်တာ၊ အထက်လန်အောက်လျှောဖြစ်ပြီး အော့အန်တာတွေကြောင့် ရေနဲ့ဓာတ်ဆားဓာတ်ကို ဆုံးရှုံးတယ်လို့ပေါ့။တကယ်ကတော့ ဒီအခြေအနေတွေ မဟုတ်ဘဲ အခုလို အခြေအနေတွေမှာလည်း ရေနဲ့ ဓာတ်ဆားဆုံးရှုံးနိုင်ပါတယ်။နေရောင် ပြင်းပြင်းအောက်မှာ ကာယအားစိုက်ရတဲ့ အလုပ်တွေကို ပင်ပင်ပန်းပန်း လုပ်လိုက်တာကြောင့် ချွေးတွေ အများကြီးထွက်တာကိုပဲ မြင်မိတတ်ကြပေမယ့် ဒီလို ချွေးတွေ အများကြီးထွက်တာနဲ့အတူ ကိုယ်တွင်းက ရေနဲ့ဓာတ်ဆားဓာတ်တွေကိုပါ ဆုံးရှုံးသွားတယ်ဆိုတာကို မမေ့ပါနဲ့။ ဒီလိုအပ်ချက်ကို အုန်စိမ်းရည်၊ ဓာတ်ဆားဖြည့်အချိုရည်တွေ သောက်ရင်း ဖြည့်တင်းပေးလို့ ရပါတယ်။ကိုယ်လက်လေ့ကျင့်ခန်းတွေကို အချိန်ကြာကြာ နဲ့ ပြင်းပြင်းထန်ထန် လုပ်မိပြီးချိန်တွေမှာလည်း ကိုယ်တွင်းမှာ ရေနဲ့ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးသွားပါတယ်။ ဒီလို ဆုံးရှုံးသွားချိန်မှာ ရေအပြင် ဓာတ်ဆားဖြည့်အချိုရည်၊ သံပုရာရည်လိုမျိုး သောက်စရာတွေကို သောက်ပြီး ဖြည့်တင်းပေးဖို့ လိုပါမယ်။ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ ကိုလာ၊ အားဖြည့်အချိုရည်တွေမှာ ကဖင်းတွေ ပါဝင်နေပါတယ်။ ဒီလို ကဖင်းပါဝင်နေတာတွေကို အလွန်အကျွံ သောက်လိုက်မိချိန်မှာ ဆီးသွားများပြီး ကိုယ်တွင်းကနေ ရေနဲ့ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ဒါကြောင့် ဖျားမှမဟုတ်ဘဲ အခုလို နေ့စဉ် အမှတ်တမဲပ လုပ်မိတဲ့ စားသောက်မှု အလွဲလေးကြောင့်လည်း ကိုယ်တွင်းက ရေနဲ့ဓာတ်ဆားဓာတ်ကို ဆုံးရှုံးနိုင်ပါတယ်။ကျန်းမာရေး အခြေအနေတစ်ရပ်ရပ်ကြောင့် ဆီးဆေးတွေကို ပုံမှန် သောက်နေရတဲ့သူတွေမှာလည်း ဆေးကြောင့် ဆီးခဏခဏ သွားရတဲ့အခါ ကိုယ်တွင်းက ရေနဲ့ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးတာတွေကို ခံစားရနိုင်ပါတယ်။ကိုယ်တိုင်က ချွေးထွက်သန်မယ်ဆိုရင် နေ့စဉ် စားသောက်မှုမှာ ရေနဲ့ဓာတ်ဆားဓာတ် ပြည့်ဝအောင် ပြန်ဖြည့်ဖို့ လိုပါမယ်။ ဒါမှပဲ ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ကာမိမှာပါ။ ဒါကြောင့် ချွေးထွက် များတတ်တယ်ဆိုရင် ဓာတ်ဆားဖြည့်အချိုရည် သောက်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ကဲ …… နေမကောင်းဖြစ်မှ မဟုတ်ဘဲ အခုလို အခြေအနေတွေကြောင့်လည်း ကိုယ်တွင်းက ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ဆုံးရှုံးနိုင်ပါတယ်နော်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/can-lose-water-and-salt-without-getting-sick/
ဒိန်ချဉ် စားပေးသင့်တဲ့ အကြောင်းအရင်း
ဒိန်ချဉ် စားပေးသင့်တဲ့ အကြောင်းအရင်း လေးတွေက ဘာတွေများဖြစ်မလဲ။နို့ထွက်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဒိန်ချဉ်က အာဟာရပြည့်ဝတဲ့ စားစရာတစ်ခုပါ။ဒိန်ချဉ်ကို ရေခဲအေးအေးလေးနဲ့ သကြား၊ သကြားရည်၊ထန်းလျက်ရည်တို့နဲ့ တွဲဖက်စားရင် တော်တော်လေး စားကောင်းပါတယ်။ ဒီစားကောင်းတဲ့ ဒိန်ချဉ်လေးက အစာခြေစနစ်ကစလို့အရိုးနဲ့ ကြွက်သားတွေသန်မာစေဖို့အထိ အားဖြည့်ပေးနေတဲ့ စားစရာလေးတစ်ခုပါ။ ဒီတစ်ခေါက်တော့ ဒိန်ချဉ်စားပေးတာကကျန်းမာရေးကို ဘယ်လို အထောက်အကူပြုသလဲဆိုတာကို ပြောပြပေးမယ်နော်။ဒိန်ချဉ်ကို ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒိန်ချဉ်ကို ပုံမှန်စားသုံးပေးမယ်ဆိုရင်။ဒိန်ချဉ်သောက်ပေးတာက ကော်ဖီလိုမျိုး သွားမှာ စွန်းထင်းစေတဲ့အရာတွေကြောင့် သွားအရောင်ပြောင်းတာခံတွင်းနံ့ဆိုးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒိန်ချဉ်က ချဉ်ပေမယ့် သွားကြွေလွှာတွေကို ထိခိုက်ပျက်စီးစေတာမျိုး မရှိပါဘူး။ဒိန်ချဉ်မှာပါတဲ့ lactic acid က သွားနဲ့ သွားဖုံးပြဿနာကို ကင်းစေပြီးသွားနဲ့ ခံတွင်းကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ရာသီဥတုကြောင့်ဖြစ်ဖြစ် ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဖြစ်ဖြစ် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ်။ ဒီပြဿနာကို အကောင်းဆုံး ကာကွယ်ဖို့ဆိုရင် နေ့စဉ် ပုံမှန် ဒိန်ချဉ် တစ်ခွက်စားပေးပါ။ ဒါက ဓာတ်မတည့်မှု ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေနိုင်မှာပါ။ဒိန်ချဉ်မှာ ကြွက်သားတွေ ကျန်းမာရေးကို အားဖြည့်ပေးတဲ့ပရိုတင်းကြွယ်ဝစွာ ပါဝင်နေမှုကြောင့် ခန္ဓာကိုယ်က ကြွက်သားတွေ သန်မာစေဖို့ အထိရောက်ဆုံး အားဖြည့်ပေးနိုင်ပါတယ်။ရာသီဥတုအပြောင်းအလဲ​ကြောင့် အအေးမိ၊ ဖျားနာတာမျိုး မဖြစ်ချင်ဘူးဆိုရင်ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တဲ့ ဒိန်ချဉ်ကို တစ်နေ့တစ်ခွက် ပုံမှန် စားပေးသင့်ပါတယ်။ ဒီလို စားသုံးပေးတာက ကိုယ်ခံအားကို ကောင်းစေပြီး အအေးမိဖျားနာမှုကို ကင်းစေနိုင်မှာပါ။ ရောဂါပိုးတွေက ကူးစက်ခံရမှုကိုလည်း အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ဒိန်ချဉ်သောက်ပေးတာကသွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်တာကြောင့် သွေးတိုးရှိသူတွေ အနေနဲ့ သောက်သုံးပေးသင့်ပါတယ်။ လေ့လာမှုတွေအရ ဒိန်ချဉ်မှန်မှန် သောက်သုံးသူတွေက သွေးတိုးတာမျိုး ကင်းသလို သွေးပေါင်ချိန်ကိုလည်း အကောင်းဆုံး အနေအထားမှာ ထိန်းညှိထားနိုင်တယ်ဆိုတာပါ။ သွေးတိုးကို ကာကွယ်ချင်သူတွေရော ကုသချင်သူတွေအတွက်ပါ သင့်တော်တဲ့ ဓာတ်စာလေးတစ်ခုပေါ့။ဒိန်ချဉ်က နို့ထွက်ပစ္စည်းဖြစ်တာကြောင့် ပရိုတင်း​ကြွယ်ဝသလို ကယ်လ်ဆီယမ်လည်း ပြည့်ဝပါတယ်။ ဒီအချက်တွေက အရိုးတွေ သန်မာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပြီးအရိုးသိပ်သည်းဆကောင်းစေပါတယ်။ နောက်တစ်ချက်က ဒိန်ချဉ်ရဲ့ဗီတာမင် Dကြွယ်ဝမှုက အရိုးပွရောဂါ မဖြစ်စေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ကာဗိုဟိုက်ဒရိတ်ပါဝင်နေသလို ဗီတာမင် ​B အုပ်စုပြည့်ဝစွာ ပါဝင်နေမှုကြောင့်ခန္ဓာကိုယ်မှာ အင်အားပြည့်နေစေဖို့ ဒိန်ချဉ်က အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ဒိန်ချဉ်မှာ အကျိုးပြုဘက်တီးရီးယား (probiotics) တွေပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီးအူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေပါတယ်။ ဝမ်းမှန်စေပြီး အစာမကြေတာနဲ့လေပွတာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့လည်း အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။ဒိန်ချဉ်က အဆီတွေကို လောင်ကျွမ်းစေရာမှာ အထောက်အကူပြုပေးပြီး ကြွက်သားနဲ့တစ်ရှူးတွေကို အကောင်းဆုံး အားဖြည့်ပေးတာကြောင့် အဆီကျ လှပချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။ ပရိုတင်းပါဝင်နေတာ​ကြောင့် အဆာခံနိုင်စေပြီး ကြွက်သားတက်စေဖို့လည်း အထောက်အပံ့ပေးမှာပါ။ ဒါကြောင့် ဝိတ်ချဖို့လေ့ကျင့်ခန်းလုပ်နေသူတွေအနေနဲ့ လေ့ကျင့်ခန်းလုပ်ပြီးတိုင်းမှာ ဒိန်ချဉ်တစ်ခွက် စားပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/impressive-health-benefits-of-yogurt/
သံပရိုသီး နဲ့ အသားအရေ ကျန်းမာရေး
အဝါရောင် သန်းသန်း အခွံလေးနဲ့ ရနံ့ သင်းသင်းလေး မွှေးပြီး အရည်ရွှမ်းရွှမ်းနဲ့ စားရတာ အရသာရှိတဲ့သံပရိုသီးက စားရတာတင် ကောင်းတာမဟုတ်ပါဘူး။ အသားအရေအတွက်လည်း အထောက်အကူပြုပေးပါတယ်။ဗီတာမင် C ကြွယ်ဝတဲ့ သံပရိုသီးက ကျန်းမာရေးအတွက် အထောက်အကူပြုသလို အသားအရေကျန်းမာရေးနဲ့အလှအပအတွက်လည်း အထောက်အကူ ပြုပေးပါသေးတယ်။ကော်လာဂျင်မြှင့်တင်ပေးနိုင်တယ်။သံပရိုရည်မှာဓာတ်တိုးဆန့်ကျင် အာနိသင်တစ်မျိုးဖြစ်တဲ့​ဗီတာမင် Cကြွယ်ဝစွာ ပါဝင်တာကြောင့် ကော်လာဂျင် ပမာဏကို မြှင့်တင်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်က ကော်လာဂျင်ကို သူ့အလိုလို ထုတ်ပေးနိုင်တယ် ဆိုပေမယ့် အသက်အရွယ်ရလာတဲ့အခါ ထုတ်လုပ်နိုင်စွမ်း ကျလာသလိုအရေးအကြောင်းတွေဖြစ်တာနဲ့ အသားအရေ လျော့ရဲတာတွေ ဖြစ်လာနိုင်ပါတယ်။ဒါကြောင့် အရေပြား ကျန်းမာစေဖို့အတွက် သံပရိုသီးကို အသုံးပြုပေးလို့ရပါတယ်။ဝက်ခြံသက်သာစေနိုင်တယ်။သံပရိုသီးမှာ အက်ဆစ်ပါတယ်ဆိုပေမယ့်pH ပမာဏလည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့်ချွေးပေါက်တွေပိတ်ဆို့မှုကို ကင်းစေပြီး နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်သလို ဝက်ခြံကို သက်သာစေဖို့ အထိရောက်ဆုံး အားဖြည့်ပေးပါတယ်။ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တာကြောင့်ဆားဝက်ခြံတွေကိုလည်း သက်သာစေနိုင်ပါတယ်။ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်။သံပရိုသီးက ဘက်တီးရီးယား​တွေကို တိုက်ဖျက်နိုင်တာ​ကြောင့် အရေပြား ချွေးပေါက်တွေကနေ ပိုးဝင်ပြီး အရေပြားရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။ ဝက်ခြံဖုတွေ နီရဲရောင်ရမ်းတာကို သက်သာစေဖို့အတွက်လည်း အသုံးပြု ပေးလို့ရပါတယ်။ဝက်ခြံအမာရွတ်တွေကို သက်သာစေနိုင်တယ်။ဝက်ခြံကို ညှစ်လိုက်တဲ့အခါ ပိုးဝင်ပြီး အမာရွတ်​တွေ ကျန်ခဲ့ပါတယ်။ ဒီအမာရွတ်တွေကို သက်သာစေဖို့ဆိုရင် သံပရိုရည်ကိုရှားစောင်းလက်ပပ်နဲ့ ရောစပ်ပြီး ပုံမှန် လိမ်းပေးလို့ ရပါတယ်။သံပရိုရည်က အကျိုးများတာ မှန်ပေမယ့် မတည့်ဘဲ လိမ်းမိရင်အသားအရေခြောက်သွေ့တာ၊ ယားယံတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မျက်နှာအသားအရေအတွက် သံပရိုရည်ကို အသုံးမပြုခင်မှာ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/health-and-beauty-benefits-of-lemon-you-need-to-know/
Hypopharynx Cancer (လည်မျိုကင်ဆာ)
လည်ချောင်းအောက်ခြေဖြစ်ပါတယ်။ နှာခေါင်းနောက်ပိုင်း၊ လည်ပင်းတစ်လျှောက်နဲ့ လေပြွန်နဲ့ အစာရေမျိုပြွန်မှာ အဆုံးသတ်သွားတဲ့ ၅လက်မလောက်ရှည်တဲ့ အခေါင်းပါပြွန်ကို လည်မျိုလို့ခေါ်ပါတယ်။ အစာနဲ့လေဟာ လည်မျိုကနေတစ်ဆင့် လေပြွန်သို့ အစာရေမျိုပြွန်ထဲကို သွားပါတယ်။ လည်မျိုကင်ဆာဆိုတာက လည်မျိုတစ်ရှူးတွေက ကင်ဆာဆဲလ်တွေအဖြစ်ပြောင်းသွားခြင်းကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ ဦးခေါင်းနဲ့လည်ချောင်းကင်ဆာအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။လည်မျိုကင်ဆာ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဘယ်အရာတွေက လည်မျိုကင်ဆာ ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။လည်မျိုကင်ဆာ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အောက်ပါစမ်းသပ်စစ်ဆေးခြင်းတွေကို လုပ်ဆောင်သင့်ပါတယ်။လည်ချောင်းကို စစ်ဆေးခြင်း- လည်ချောင်းမှာရှိတဲ့ပြန်ရည်ကျိတ်တွေရောင်မရောင်စမ်းသပ်ပေးပြီး ပုံမှန်မဟုတ်တဲ့နေရာတွေကိုကြည့်ဖို့အတွက် လည်ချောင်းတစ်လျှောက်မှန်အသုံးပြုကြည့်ခြင်း။စီတီစကန်- ခန္ဓါကိုယ်အတွင်း နေရာတွေကို ပုံရိပ်တွေကိုပြုလုပ်တဲ့နည်းလမ်းဖြစ်ပြီး ရှူထောင့်အသီးသီးကနေရိုက်ထားခြင်းဖြစ်ပါတယ်။ ပုံရိပ်တွေကို ဓါတ်မှန်ရိုက်တဲ့စက်နဲ့တွဲထားတဲ့ ကွန်ပြူတာမှာဖော်ပေးပါတယ်။ သွေးပြန်ကြောအတွင်းကိုဆိုးဆေးထိုးထည့်ခြင်း သို့ အင်္ဂါအစိတ်အပိင်းနဲ့တစ်ရူးတွေ ပိုပြီးထင်ထင်ရှားရှားပြတ်ပြတ်သားသားပြနိုင်ဖို့ မျိုချခိုင်ခြင်းတို့ဖြစ်ပါတယ်။ပီအီတီစကန် – ခန္ဓါကိုယ်အတွင်း ကင်ဆာကျိတ်တွေကို ရှာရာမှာ သုံးပါတယ်။ ဂလူးကို့စ်အနည်းငယ်ကို သွေးပြန်ကြောထဲသွင်းပြီး ပီအီတီစကင်ကို ခန္ဓါကိုယ်တစ်ခုလုံးအနှံ့သွားစေပြီး ဂလူးကို့စ်ကိုအသုံးပြုတဲ့ကိုယ်တွင်းအင်္ဂါကို ပုံဖော်ပေးပါလိမ့်မယ်။ ကင်ဆာကျိတ်တွေက အခြားပုံမှန်ဆဲလ်တွေထက် ဂလူးကို့စ်ကိုပိုသုံးတာကြောင့် ပုံရိပ်ပုံထင်ပါလိမ့်မယ်။ ပီအီတီစကင်နဲ့စီတီစကင်န်ကို တစ်ပြိုင်တည်းလုပ်နိုငပါတယ်။အမ်အာအိုင်- သံလိုက်၊ ရောင်ခြည်လှိုင်းတွေနဲ့ ကွန်ပြူတာကို အသုံးပြုပြီး ခန္ဓါကိုယ်အတွင်းပိုင်းနေရာတွေကို ပုံရိပ်ဖော်ခြင်းဖြစ်ပါတယ်။အရိုးစကန်ဖတ်ခြင်း – အရိုးမှာ ကင်ဆာလိုမျိုး အလွန်လျင်မြန်စွာ ပွားများနေတဲ့ဆဲလ်တွေ ရှိမရှိစစ်ဆေးကြည့်ခြင်းဖြစ်ပါတယ်။ ရေဒီယိုသတ္တိကြွပစ္စည်းကို သွေးပြန်ကြောထဲမှတစ်ဆင့် ထိုးသွင်းပြီး သွေးစီးကြောင်းတစ်လျှေက်သွားစေပါတယ်။ အရိုးမှာပုံသွားပြီး စကင်ဖတ်ကြည့်လို့ရပါတယ်။ဘေရီယမ်အသုံးပြု အစာရေမျိုပြွန်ဓါတ်မှန်ရိုက်ခြင်း – အစာရေမျိုပြွန်ကို ဓါတ်မှန်ရိုက်ခြင်းဖြစ်ပါတယ်။ လူနာကို ဘေရီယမ်ပါတဲ့အရည်ကို သောက်ခိုင်းပါတယ်။ အရည်က အစာရေမျိုပြွန်ကို လွှမ်းသွားတဲ့အခါမှာ ဓါတ်မှန်ရိုက်ကြ ည့်လို့ရပါတယ်။မှန်ပြောင်းကြည့်ခြင်း – လည်မျိုကိုအပေါ်ယံစမ်းသပ်လို့ မရနိုင်တဲ့အခါမျိုးမှာ လည်မျိုအတွင်းကိုကြည်နိုင်ပါတယ်။ မှန်ပြောင်းသေးသေးပိန်ပိန်လေးကို ပါးစပ်ဒါမှမဟုတ်နှာခေါင်းကနေ ထိုးသွင်းလိုက်ပြီး ပုံမှန်မဟုတ်တဲ့အရာတွေရှိမရှိ စမ်းသပ်ကြည့်ခြင်းဖြစ်ပါတယ်။ အသားစယူပြီး စစ်ဆေးလို့လည်း ရနိုင်ပါတယ်။အစာရေမျိုပြွန်မှန်ပြောင်းကြည့်ခြင်း – အစာရေမျိုပြွန်အတွင်း ပုံမှန်မဟုတ်တဲ့နေရာတွေကို စမ်းသပ်ကြည့်ဖို့ သုံးပါတယ်။ နှာခေါင်းသို့ခံတွင်းကနေ လည်ချောင်းတစ်လျှောက် အစာရေမျိုပြွန်အတွင်းရောက်တဲံအထိ ထည့်လိုက်ပါတယ်။ တစ်ရှူးအသားစယူပြီးလည်း စစ်နိုင်ပါတယ်။လေပြွန်မှန်ပြောင်းကြည့်ခြင်း- လေပြွန်အတွင်း ပုံမှန်မဟုတ်တဲ့နေရာတွေကို စစ်ဆေးခြင်းဖြစ်ပါတယ်။ နှာခေါင်းသို့ခံတွင်းကနေတစ်ဆင့် လေပြွန်တွေထဲကို မှန်ပြောင်းကိုထိုးသွင်းလိုက်ပါတယ်။ တစ်ရှူးအသားစစစ်ဆေးခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။အသားစစစ်ဆေးခြင်း- ဆဲလ်နဲ့တစ်ရှူးတွေကို ကင်ဆာလက္ခဏာတွေရှိမရှိ အနုကြည့်မှန်ပြောင်းအောက်မှာ စစ်ဆေးကြည့်ခြင်းဖြစ်ပါတယ်။ကုသမှုက အောက်ပါအခြေအေနေတွေအပေါ် မူတည်နေပါတယ်။ကင်ဆာအဆင့်သတ်မှတ်ချက်။ပုံမှန်အတိုင်း ပြောနိုင်၊ စားနိုင်၊ အသက်ရှူနေနိုင်ခြင်း။လူနာရဲ့ အထွေထွေကျန်းမာရေး။လည်မျိုကင်ဆာဝေဒနာသည်တွေမှာ ဦးခေါင်းနဲ့လည်ပင်းကင်ဆာဖြစ်နိုင်ချေများပါတယ်။ဂရုစိုက်ဖို့အရေးကြီးပါတယ်။အဆင့်၁- လည်မျိုအစိတ်အပိုင်းနဲ့ လည်ပင်းမှာရှိတဲ့အကျိတ်နဲ့ အခြားတစ်ရှူးတွေကို ဖယ်ထုတ်ပစ်ခြင်းဖြစ်ပါတယ်။ ဓါတ်ရောင်ခြည်ကုထုံးကို လည်ပင်းအကျိတ်တွေဖယ်ထုတ်ထားတဲ့လူနာတွေမှာ အသုံးပြုနိုင်ပါတယ်။ ရောင်ခြည်ကုထုံးသက်သက်လည်း ပေးနိုင်ပါတယ်။အဆင့်၂- ကုသမှုအဆင့်၂။လေပြွန်လည်မျိုနဲ့ လည်ပင်းအကျိတ်နဲ့တစ်ရှူးတွေကို ဖယ်ထုတတ်ခြင်းဖြစ်ပါတယ်။ ခွဲစိတ်ပြီးလည်ပင်းအကျိတ်ဖယ်ထားတဲ့လ ူတွေမှာ ရောင်ခြည်ကုထုံးပေးနိုင်ပါတယ်။ ဓါတ်ကင်နေတုန်းမှာလည်း ဓါတုကုထုံးပေးနိုင်ပါတယ်။ ဓါတုကုထုံးအပေါ်အကျိတ်ရဲ့တုန့်ပြန်မှုကို ကြည့်ပြီး ဓါတုကုထုံးပေးပြီးမှ ခွဲစိတ်ကုသခြင်း၊ ဓါတ်ကင်ခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။အဆင့်၃နှင့်အဆင့်၄။ကုသမှုမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ဓါတုကုထုံးနဲ့တွဲပြီးဒါမှမဟုတ်မတွဲဘဲ ခွဲစိတ်မှုအပြီးသို့မလုပ်ခင်မှာ ဓါတ်ကင်ခြင်း။ဓါတုကုထုံးပေးပြီးနောက် ခွဲစိတ်ကုသခြင်း ဓါတ်ကင်ခြင်း။ဓတုကုထုံးနဲ့ဓါတ်ကင်ခြင်းကို တစ်ပြိုင်တည်းပေးခြင်း။ခွဲစိတ်ကုသပြီးနောက် ဓါတ်ကင်ခြင်းနဲ့ဓါတုကုထုံးတစ်ပြိုင်တည်း ပေးခြင်း။လည်မျိုတစ်စိတ်တစ်ပိုင်းသို့ တစ်ခုလုံးကို အစားစားခြင်း၊ အသက်ရှူခြင်းနဲ့ စကားပြောနိုင်ဖို့အတွက် ခွဲစိတ်ပြုပြင်ပေးခြင်း။လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် လည်မျိုကင်ဆာကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။ကျန်းမာရေးနဲ့အညီနေထိုင်ခြင်း- အစားကောင်းကောင်းစားခြင်း၊ လေ့ကျင့်ခန်းလုပ်ြခ်ငး၊ အရက်ဖြတ်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ စိတ်ဖိစီးမှုနည်းအောင်နေခြင်းတွေကလည်း အကူအညီပေးနိုင်ပါတယ်။အစာသင့်တင့်မျှတအောင်စားခြင်း။အနားယူခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း- အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်းတွေက ကင်ဆာအတွက်ကုသမှုခံယူနေရတဲ့လူနာတွေမှာ အဖြစ်များပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက မောပန်းနွမ်းနယ်ခြင်းကို လျှော့ချပေးနိုငပါတယ်။ တစ်ခုခုကိုစမလုပ်ခင်မှာ ကျန်းမာရေးစောင့်ရှောက်မှုအသင်းကို ပြောသင့်ပါတယ်။ သင့်လေ့ကျင့်ခန်းအစီအစဉ်နဲ့ပတ်သက်ပြီး သူတို့ရဲ့အထင်အမြင်ကိုယူသင့်ပါတယ်။ လေ့ကျင့်ခန်းအတူလုပ်ဖော်ကိုလည်း ရှာပါ။ လေ့ကျင့်ခန်းစစပြုချင်းမျာ သူငယ်ချင်းနဲ့မိသားစုဝင်တွေကို အတူပါဝင်စေခြင်းက သင့်အတွက်ခွန်အားဖြစ်စေပါလိမ့်မယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/head-neck-cancer/hypopharynx-cancer-%e1%80%9c%e1%80%8a%e1%80%b9%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac/
ဆောင်းအေးလို့ ကိုယ်ခံအားကောင်းအောင်ဆိုပြီး ကြက်သွန်ဖြူတွေ များများ မစားခင်
ကြက်သွန်ဖြူ စားရင် ကိုယ်ခံအား ကောင်းတယ်။ ဆောင်းရာသီလိုမျိုး အေးမြတဲ့ ရာသီတွေမှာ ဖျားနာမှု ကင်းစေဖို့ ကြက်သွန်ဖြူ စားရမယ်ဆိုလို့ ကြက်သွန်ဖြူတွေ များများစားမှ ဖြစ်မယ် ဆိုပြီး တွေးနေပြီလား။ ဒါဆိုရင်တော့ ဆောင်းအေးလို့ကိုယ်ခံအားကောင်းအောင်ဆိုပြီး ကြက်သွန်ဖြူတွေ များများ မစားခင် သတိထားသင့်တဲ့ အချက်လေးတွေကို သိရှိနိုင်အောင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်တော့နော်။ကြက်သွန်ဖြူက ကျန်းမာရေး အကျိုးကျေးဇူးတွေ များတာကြောင့်ဆောင်းရာသီမှာ ဖျားနာမှု ကင်းစေဖို့ စားပေးသင့်ပါတယ်။ ဒီအဆိုက လူတိုင်းအတွက် အခြေအနေတိုင်းအတွက် မမှန်ပါဘူး။ အများစုက ဆောင်းရာသီမှာ ကိုယ်ခံအား ကောင်းပြီး ဖျားနာမှု ကင်းစေဖို့ ကြက်သွန်ဖြူကို စားပေးသင့်တယ် ဆိုပေမယ့် အချို့သူတွေကတော့ ကြက်သွန်ဖြူကို အများ​ကြီး မစားသင့်ပါဘူး။ဘယ်လိုသူတွေ ဖြစ်မလဲ! ကိုယ်တိုင်ရော ဆောင်းရာသီမှာ ကိုယ်ခံအား ကောင်းအောင်ဆိုပြီးကြက်သွန်ဖြူများများစားဖို့ သင့်တော်ရဲ့လားဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။အစာခြေအက်ဆစ် အထွက်များတဲ့သူတွေ အနေနဲ့ ကြက်သွန်ဖြူ စားမယ်ဆိုရင်ရင်ပူတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အစာခြေ အက်ဆစ် အထွက်များတယ်ဆိုရင် ကြက်သွန်ဖြူကို အများကြီး မစားသင့်သလို အစာမရှိချိန်မှာလည်း ကြက်သွန်ဖြူကို မစားသင့်ပါဘူး။ ဒီလို စားတာက အစာအိမ်ကို ထိခိုက်စေပြီး ရင်ပူတာ အစာမကြေတာတွေကို ဖြစ်စေနိုင်ပါတယ်။အစာအိမ် ရောင်ရမ်းတာ၊အစာအိမ် ပြဿနာရှိနေသူတွေ အနေနဲ့လည်း ကြက်သွန်ဖြူကို အများကြီး မစားသင့်ပါဘူး။ ကြက်သွန်ဖြူက ရှိရင်းစွဲ အစာအိမ် ပြဿနာကို ပိုဆိုးစေနိုင်သလို ဗိုက်အောင့် ဗိုက်နာတာ၊ ဝမ်းခဏခဏ သွားတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစာအိမ် အားနည်းမယ်ဆိုရင် ကြက်သွန်ဖြူကို လျှော့စားပါ။ လိုအပ်ရင် ရှောင်ပါ။ကြက်သွန်ဖြူက ကျန်းမာရေးအတွက် ကောင်းတာမှန်ပေမယ့် ခံတွင်း အနံ့ဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အရင်ကတည်းက ခံတွင်းနံ့ မကောင်းဘူးဆိုရင် ကြက်သွန်ဖြူကို ရှောင်ဖို့ လိုပါမယ်။ ဒါကြောင့် ခံတွင်းနံ့ဆိုးတတ်သူတွေ အနေနဲ့ ကြက်သွန်ဖြူကို အများကြီး မစားပါနဲ့။ကြက်သွန်ဖြူက ခံတွင်းနံ့ကိုတင် ဆိုးစေတာ မဟုတ်ဘဲ ကိုယ်နံ့လည်း ပြင်းစေပါတယ်။ ဒါကြောင့် ကိုယ်နံ့ပြင်းတတ်တယ်၊ ချွေးနံ့ ပုံမှန်ထက် ပြင်းတယ်ဆိုရင်တော့ ကြက်သွန်ဖြူကို အများကြီး မစားပါနဲ့။နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး ပြဿနာ ရှိသူတွေက သွေးကျဲဆေး သောက်နေရတာမျိုး ရှိနိုင်ပါတယ်။ ကြက်သွန်ဖြူမှာလည်း သွေးကျဲစေနိုင်တဲ့ အာနိသင် ပါရှိနေတာကြောင့် သွေးကျဲဆေး သောက်နေရမယ်ဆိုရင် သဘာဝအရ သွေးကျဲစေနိုင်တဲ့ အာနိသင် ရှိတဲ့ ကြက်သွန်ဖြူကို အများကြီး မစားမိဖို့ လိုပါမယ်။ကြက်သွန်ဖြူက ဆောင်းရာသီမှာ ဖျားနာမှု ကင်းစေဖို့ နဲ့ ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးတာမှန်ပေမယ့် အခုပြောခဲ့တဲ့ အခြေအနေ ရှိနေသူတွေမှာတော့ ကျန်းမာရေး ကောင်းကျိုးထက် ဆိုးကျိုးတွေကို ခံစားရစေနိုင်တာကြောင့် ကြက်သွန်ဖြူကို အများကြီး စားတာမျိုး မလုပ်ဖို့ ပြောချင်ပါတယ်။ ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့လည်း ကြက်သွန်ဖြူကို အလွန်အကျွံ စားတာမျိုး မလုပ်ဘဲ တတ်ကျွမ်းနားလည်သူတွေနဲ့ အရင်ဆုံး သေချာလေး တိုင်ပင်ဖို့ လိုပါမယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/conditions-should-not-eat-too-much-garlic/
လေလည်ချင်တာ အောင့်ထားလိုက်ရင် ဘာဖြစ်မှာလဲ
လူကြားထဲလေလည်တာမကောင်းဘူး၊လေထုညစ်ညမ်းတယ်(နံတယ်ပေါ့)၊ ယဉ်ကျေးမှုမရှိဘူး စတာတွေပြောကြတယ်။ အိမ်မှာ လူကြီးတွေပြောကြတာတော့ မိန်းကလေးကလေလည်စရာလားတဲ့။ ဒိုးခပါပဲ။လေလည်တာက လူတိုင်းဖြစ်တတ်တဲ့(လူသိသိ မသိသိ) ကျန်းမာရေးအလေ့အထနော်။ကဲ ဒီအသံတွေကိုကြောက်လို့၊ သူများနှာခေါင်းရှုံ့မှာစိုးလို့လေလည်တာကိုအောင့်ထားလိုက်မယ်ဆိုရင် ဘာဆက်ဖြစ်မလဲသိလား။ သင်သတိမထားမိလောက်ပေမယ့် ခန္ဓါကိုယ်ထဲကပြန်ထွက်ချင်နေတဲ့လေကအောက်ကနေမထွက်ရတဲ့အခါ ပါးစပ်ကပြန်ထွက်လာနိုင်ပါတယ်။လေမလည်ဘူးဆိုရင် ခန္ဓါကိုယ်ထဲမှာရှိနေတဲ့လေတွေကိုပြန်စုပ်ယူပြီး အသက်ရှူထုတ်တဲ့အထဲ ပါသွားစေတဲ့ဖြစ်စဉ်အကြောင်းကိုUniversity of Newcastle ပါမောက္ခ ကလဲရ်ကောလင်းစ် ကထောက်ပြခဲ့ပါတယ်။ ဒီတော့လေလည်ချင်တာအောင့်ထားလိုက်လို့ပျောက်သွားတယ်ဆို အဲဒီလေက သင့်ပါးစပ်ကနေပြန်ထွက်သွားပါလိမ့်မယ်နော်။ပါးစပ်ကထွက်တယ်ဆို လေလည်သံလည်းမမြည်၊ အနံ့လည်းမနံတော့ မဆိုးဘူးပေါ့နော် လို့ သူကပြောပါတယ်။“လေလည်တာကို ကြာကြာအောင့်ထားလိုက်ရင် အူလမ်းကြောင်းမှာ စုနေတဲ့လေတွေက နောက်ဆုံးမှာ ထိန်းမရအောင် ကန်ထွက်တော့တာပဲ။”။ထိန်းမရတဲ့အခါ ေလလည်သံကျယ်ကျယ်နဲ့ ဝုန်းခနဲပေါက်ကွဲနိုင်သလို ဗိုက်အောင့်တာလည်းဖြစ်လာနိုင်ပါတယ်။ဒါ့ကြောင့်လေလည်ချင်နေပြီဆိုရင် ဖွင့်ချလိုက်ပါ။ လူရှင်းတဲ့နေရာကို လစ်တာပဲဖြစ်ဖြစ်၊ အိမ်သာထဲပြေးတာဖြစ်ဖြစ် မသိမသာလေးဖြေရှင်းလိုက်ပါ။အောင့်ထားလိုက်လို့ အန္တရာယ်ကြီးကြီးမားမားမဖြစ်ပေမယ့်နေရခက်တာ၊လေထိုးလေအောင့်တာတွေဖြစ်နိုင်တာကိုး။အမှန်တော့ လေလည်တယ်ဆိုတာက အစာကို ဖြိုခွဲပြီး ချေဖျက်ဖို့ ခန္ဓါကိုယ်က ကြိုးစားတဲ့အခါ သဘာဝအလျောက်တုံ့ပြန်မှုတစ်ခုပါပဲ။ကိုယ်စားချလိုက်တဲ့အစားအသောက်ေတွကို အစာအိမ်နဲ့အစာခြေစနစ်က စီမံခန့်ခွဲရတာဖြစ်လို့လေနည်းနည်းတော့ စွန့်ထုတ်မှာပါပဲ။ အဲဒီကမှလေလည်မှာလား၊လေတက်မှာလား ခန္ဓါကိုယ်ကလုပ်ဆောင်ပါလိမ့်မယ်။လေ့လာမှုတစ်ခုအရတော့ ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ တစ်နေ့ကို ၈ ကြိမ်လောက်လေလည်နိုင်ပါတယ်တဲ့။ တစ်ခါချင်းစီဖြစ်နိုင်သလို တစ်ခါတည်းမှာပဲ ပူပူ ပူပူနဲ့ ဆက်တိုက်လွှတ်တာလည်းဖြစ်နိုင်ပါတယ်။ မယုံရင် ကိုယ့်ကိုယ်ကိုယ် သတိထားကြည့်။လေကိုမျိုချမိတာကြောင့် ဒါမှမဟုတ် အူသိမ်ထဲမှာbicarbonate နဲ့အစာအိမ်အက်စစ်ရောသွားတဲ့အခါထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့်လေလည်တာဖြစ်နိုင်တယ်။ ဒါမှမဟုတ် အူမကြီးထဲမှာရှိနေတဲ့ ဘက်တီးရီးယားကြောင့်လေတွေဖြစ်လာတာလည်းဖြစ်နိုင်တယ်။လေလည်တဲ့အနံ့ပြင်းရတာကတော့ စားထားတဲ့အစားအသောက်တွေအပေါ်မူတည်တယ်လို့ ပါမောက္ခကောလင်းစ်ကပြောပါတယ်။အူလမ်းကြောင်းမှာပိတ်မိနေတဲ့ အနံ့ပြင်းပြင်းလေတွေကို မဖယ်ထုတ်နိုင်ဘူး(လေပေးမလည်ဘူး)ဆိုရင် ဗိုက်ထဲမှာလေပွတာ၊ ကယ်တာ၊ ဗိုက်အောင့်၊လေထိုးတာတွေခံစားရနိုင်တယ်။ ကိုယ်ကအောင့်ထားလိုက်တာမဟုတ်ဘဲ ခန္ဓါကိုယ်ကကို အလိုလိုလေမလည်နိုင်တာဆိုရင် တချို့တွေလေဆေးတောင်သောက်ယူရပါတယ်။လေဆေးသောက်လိုက်မှလေလည်၊လေတက် တစ်ခုခုဖြစ်လာပြီးနေရသက်သာနိုင်ပါတယ်။ဒီတော့ အန္တရာယ်ကို လွယ်မထားပါနဲ့။ လေဆေးတွေဆောင်ထားရမယ့်အစား အခြေအနေကြည့်ပြီး သဘာဝဖြစ်စဉ်ကို အလိုလိုက်ပေးလိုက်ပါ။ လူကြားထဲရောက်မှ တဘူဘူ တဂွမ်ဂွမ်တော့မလုပ်ချနဲ့ပေါ့။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/bloating-gas/%e1%80%9c%e1%80%b1%e1%80%9c%e1%80%8a%e1%80%ba%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%90%e1%80%ac-%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba%e1%80%91%e1%80%ac%e1%80%b8%e1%80%9c%e1%80%ad/
null
null
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/ways-to-keep-baby-safebeach-trips/
ကင်ဆာရောဂါ တွေနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း
မင်္ဂလာပါ။ Hello Sayarwon စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခေါက်ဆောင်းပါးမှာတော့ ကင်ဆာရောဂါ တွေနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း အကြောင်းကို ဖော်ပြပေးမှာပါ ။၂၀၁၉ ခုနှစ်အတွင်းမှာ လုပ်ထားတဲ့ ဆေးသုတေသနစစ်တမ်းတစ်ခုအရ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းက တချို့သော ကင်ဆာရောဂါ‌ တွေကို ကာကွယ်ရာမှာ အကျိုးထူးစေပါတယ် ။ ဒါ့အပြင် ကင်ဆာရောဂါဖြစ်နေရင်တောင်မှ ကုသရာမှာ ရလဒ် အကျိုးထူးစေပါတယ်။ အမေရိကန်နိုင်ငံမှာ ပြုလုပ်ထားတဲ့ ဒီစစ်တမ်းအရ လေ့ကျင့်ခန်းလုပ်ခြင်းက ဆီးအိမ်၊ရင်သား၊အူမကြီး၊အစာမြိုပြွန်၊ကျောက်ကပ်၊အစာအိမ်နဲ့ သားအိမ်ကင်ဆာဖြစ်ခြင်းတွေကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုထားပါတယ် ။ နောက်ထပ်အနေနဲ့ ရင်သားကင်ဆာ၊အူမကြီးကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာ ဝေဒနာသည်တွေကို ကုသရာမှာရော ရလဒ်အရပါ ကောင်းမွန်တာတွေ့ရသလို ကင်ဆာရဲ့ ဘေးထွက်ဆိုးကျိုးပိုနည်းစေတာကိုလည်း တွေ့ရပါတယ် ။သုတေသီတွေကတော့  ကင်ဆာဝေဒနာသည်တွေအနေနဲ့ အေရိုးဗစ်လိုမျိူ ပေါ့ပါးတဲ့ လေကျင့်ခန်းမျိုးကို တစ်ပတ် ၃ကြိမ် ၊ အလေးမခြင်းလို အားစိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းတွေကို တစ်ပတ် ၂ကြိမ် လုပ်ဖို့ နဲ့ တစ်နေ့ကို မိနစ် ၃၀ခန့် လေ့ကျင့်ခန်း လုပ်ဖို့ အကြံပြုပေးထားပါတယ် ။ကင်ဆာရောဂါကာကွယ်ခြင်းမှာတော့ တစ်ပတ်ကို ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်း မိနစ် ၁၅၀ ခန့်နဲ့ အားစိုက်ရတဲ့ လေ့ကျင့်ခန်း ၇၅ မိနစ်ခန့် လုပ်ဖို့ အကြံပေးထားပါတယ်။လေ့ကျင့်ခန်းလုပ်ခြင်းက ကင်ဆာတွေကို ဘယ်လိုနည်းလမ်းနဲ့ကာကွယ်ပေးတာလဲ၊ ဘယ်လိုရောဂါကို သက်သာအောင် လုပ်တာလဲဆိုတဲ့ နည်းလမ်းအတိအကျတွေကိုတော့ ရှာမတွေ့သေးပါဘူး ။ ဒါပေမဲ့ လေ့ကျင့်ခန်းတွေက စိတ်ရောကိုယ်ပါ လန်းဆန်းစေသလို ခန္ဓာကိုယ်ထဲက မကောင်းတဲ့ အဆီတွေကို ကျစေတဲ့အတွက် ကျန်းမာရေးအတွက် ကောင်းစေမှာ အမှန်ပါပဲ။အားလုံးကို ကျေးဇူးတင်ပါတယ်။ရေးသားသူ – Dr.အောင်ကျော်မြင့်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/cancer-and-exercises/
သဘာဝအလျောက် အစာခြေအင်ဇိုင်းပါဝင်သော အသီးအနှံများ
လူသားတို့ နေ့စဉ်စားသုံးလိုက်တဲ့အစားအစာတွေကို ချေဖျက်နိုင်ဖို့ ကိုယ်တွင်းအင်္ဂါများဟာ အတူတကွ ပူးပေါင်းဆောင်ရွက်ပါတယ်။ စားသောက်လိုက်တဲ့ အစာတွေနဲ့အရည်တွေကို ချေဖျက်ပြီး ပရိုတိန်း၊ ကာဘိုဟိုက်ဒရိတ်၊ အဆီနဲ့ ဗီတာမင် စတာတွေအဖြစ် ခွဲထုတ်လိုက်ပါတယ်။ အဆိုပါအာဟာရဓာတ်များကိုအူလမ်းကြောင်းတစ်လျှောက်ကနေ စုပ်ယူပြီး သွေးထဲကို ရောက်သွားစေပါတယ်။ သွေးကတဆင့် ကိုယ်ခန္ဓာအနှံ့ကို ပို့ဆောင်ပေးပါတယ်။အဆိုပါလုပ်ငန်းစဉ်အတွက်အစာခြေအင်ဇိုင်းတွေကို လိုအပ်ပါတယ်။ အဆီ၊ ပရိုတိန်းနဲ့ ကာဘိုဟိုက်ဒရိတ် မော်လီကျူးများကို ပိုမိုသေးငယ်အောင် ခွဲထုတ်ပြီး စုပ်ယူရလွယ်ကူစေပါတယ်။ အဓိကအင်ဇိုင်းတွေကတော့။– Protease အင်ဇိုင်း။ ပရိုတိန်းကို ပက်တိုဒ်နဲ့ အမိုင်နိုအက်ဆစ်အဖြစ် ဖြိုခွဲပေးပါတယ်။– Lipase အင်ဇိုင်း။ အဆီဓာတ်ကို ဖက်တီးအက်ဆစ်အနေနဲ့ ဖြိုခွဲပေးပါတယ်။– Amylase အင်ဇိုင်း။ ကာဘိုဟိုက်ဒရိတ်ကို ပိုမိုသေးငယ်အောင် ဖြိုခွဲပေးပါတယ်။Lactase၊ maltase နဲ့ sucrose စတဲ့ အင်ဇိုင်းတွေလည်း အူသိမ်ထဲကနေ ထုတ်လုပ်ပါသေးတယ်။ တကယ်လို့ ကိုယ်ခန္ဓာကနေ အစာခြေအင်ဇိုင်းတွေကို လောက်ငအောင် မထုတ်လုပ်နိုင်ရင် အစာမော်လီကျူးတချို့ကို ကောင်းစွာမချေဖျက်နိုင်ပါဘူး။ ဥပမာ lactose မချေဖျက်နိုင်ခြင်း ပြဿနာမျိုး ဖြစ်ပါတယ်။ဒါကြောင့် သဘာဝအလျောက် အစာချေအင်ဇိုင်းကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပေးခြင်းဟာ အစာချေဖျက်ရာမှာအထောက်အကူပြပါလိမ့်မယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ သဘာဝအစာခြေအင်ဇိုင်းတွေပါဝင်တဲ့ အစားအစာတွေအကြောင်း ဖြစ်ပါတယ်။နာနတ်သီးဟာ အရသာရှိတဲ့အပြင် အစာချေအင်ဇိုင်းတွေကြွယ်ဝတဲ့ စားစရာတစ်မျိုး ဖြစ်ပါတယ်။ နာနတ်သီးမှာ ပါဝင်တဲ့ အစာခြေအင်ဇိုင်းကို ဘရိုမီလိန်းလို့ ခေါ်ပါတယ်။ Protease အမျိုးအစားဖြစ်ပြီး ပရိုတိန်းကို ဖြိုခွဲပေးပါတယ်။ ပရိုတိန်းကို ချေဖျက်ပေးတဲ့အပြင် ခန္ဓာကိုယ်ကနေ ကောင်းစွာစုပ်ယူနိုင်အောင် ကူညီပေးပါတယ်။ ပန်ကရိယမကောင်းလို့ အစာချေအင်ဇိုင်း ကောင်းကောင်းမထုတ်နိုင်သူတွေမှာ ဘရိုမီလိန်းဟာ ပရိုတိန်းတွေကို ချေဖျက်ဖို့ အကူအညီပေးပါတယ်။နာနတ်သီးလိုပဲ သင်္ဘောသီးမှာလည်း ပရိုတိန်းကို ချေဖျက်ပေးတဲ့ အင်ဇိုင်း ပါဝင်ပါတယ်။ သင်္ဘောသီးမှာပါဝင်တဲ့ အင်ဇိုင်းကိုတော့ papain အင်ဇိုင်းလို့ ခေါ်ပါတယ်။ အဆိုပါအင်ဇိုင်းဟာ ဝမ်းချုပ်ခြင်း၊ လေပွလေထခြင်းဝေဒနာတွေကို သက်သာစေပါတယ်။ သင်္ဘောသီးကိုစားရင် အမှည့်ကို ဒီအတိုင်းပဲ စားတာကောင်းပါတယ်။ အပူပေးလိုက်ရင် အစာခြေအင်ဇိုင်းတွေ ပျက်စီးသွားတတ်လို့ ဖြစ်ပါတယ်။သရက်သီးမှာ amylase အင်ဇိုင်းအုပ်စု ပါဝင်ပြီး ကာဘိုဟိုက်ဒရိတ်များကို ဂလူးကို့စ်နဲ့ မောလ်တို့စ်သကြားများအဖြစ် ဖြိုခွဲပေးပါတယ်။ အဆိုပါအင်ဇိုင်းဟာ သရက်သီးရင့်မှည့်ချိန်မှာ ပိုပြီး အလုပ်လုပ်ပါတယ်။ Amylase အင်ဇိုင်းကို ပန်ကရိယနဲ့ တံတွေးဂလင်းတွေထဲကနေ ထုတ်လုပ်ပါတယ်။ ဒါကြောင့် အစာကိုကြေညက်အောင် သေချာဝါးစားခြင်းဟာ တံတွေးဂလင်းကထုတ်တဲ့ amylase အင်ဇိုင်းကို ပါးစပ်ထဲမှာတင် ကာဘိုဟိုက်ဒရိတ်နဲ့ထိတွေ့ပြီး ဖြိုခွဲပေးနိုင်ဖို့ အထောက်အကူပြုပါတယ်။ပျားရည်ဟာ အရသာရှိတဲ့အပြင် အစာခြေအင်ဇိုင်းများစွာလည်း ပါဝင်နေပါတယ်။ အဆိုပါအင်ဇိုင်းများကတော့။• Diastase အင်ဇိုင်း။ ကစီဓာတ်ကို မောလ်တို့စ်သကြားအဖြစ် ဖြိုခွဲပေးပါတယ်။• Amylase အင်ဇိုင်း။ ကစီဓာတ်ကို ဂလူးကို့စ်နဲ့ မောလ်တို့စ်အဖြစ် ဖြိုခွဲပေးပါတယ်။• Invertase အင်ဇိုင်း။ ဆူးခရို့စ်သကြားကို ဂလူးကို့စ်နဲ့ ဖရက်တို့စ်အဖြစ် ဖြိုခွဲပေးပါတယ်။• Protease အင်ဇိုင်း။ ပရိုတိန်းကို အမိုင်နိုအက်ဆစ်အဖြစ် ဖြိုခွဲပေးပါတယ်။သဘာဝပျားရည်မှာ အဆိုပါ အင်ဇိုင်းတွေကြွယ်ဝပြီး ပြုပြင်ထုတ်လုပ်ထားရင်တော့ အပူဓာတ်ကြောင့် အဆိုပါ အင်ဇိုင်းတွေ ပျက်စီးနေပြီ ဖြစ်ပါတယ်။ငှက်ပျောသီးမှာ amylase နဲ့ glucosidase အင်ဇိုင်းတွေ ပါဝင်ပါတယ်။ ကာဘိုဟိုက်ဒရိတ်ကို ပိုပြီး အနုစိတ်တဲ့ သကြားများအဖြစ် ဖြိုခွဲပေးပါတယ်။ ငှက်ပျောသီးမှည့်ချိန်မှာ အင်ဇိုင်းများဟာ ပိုပြီး အသက်ဝင်ပါတယ်။ အင်ဇိုင်းများအပြင် အမျှင်ဓာတ်များတာကြောင့် ငှက်ပျောသီးဟာ အစာအိမ်အူလမ်းကြောင်းအတွက် အထောက်အကူပြုတဲ့ သီးနှံတမျိုးပဲ ဖြစ်ပါတယ်။ထောပတ်သီးမှာ lipase အင်ဇိုင်းကြွယ်ဝပါတယ်။ အဆီဓာတ်ကို ကိုယ်ခန္ဓာက စုပ်ယူလွယ်အောင် ချေဖျက်ပေးပါတယ်။ Lipase အင်ဇိုင်းကို ပန်ကရိယကနေလည်း ထုတ်လုပ်ပါတယ်။ကီဝီသီးမှာ actinidain လို့ခေါ်တဲ့ ပရိုတိန်းကို ချေဖျက်တဲ့အင်ဇိုင်း ပါဝင်ပါတယ်။ အဆိုပါအင်ဇိုင်းဟာ အသားကြီးငါးကြီးများစားသုံးရာကရလာတဲ့ ပရိုတိန်းများကို ကောင်းစွာချေဖျက်ပေးနိုင်ပါတယ်။ အစာမကြောလေပွခြင်း၊ ဝမ်းချုပ်ခြင်းများကိုလည်း သက်သာစေပါတယ်။ဂျင်းကို လူမျိုးတိုင်းလိုလိုရဲ့ တိုင်းရင်းဆေးပညာမှာ ဆေးဖက်ဝင်အပင်အနေနဲ့ သုံးစွဲလာခဲ့ကြပါတယ်။ ဂျင်းမှာ zingibain လို့ခေါ်တဲ့ ပရိုတိန်းကိုချေဖျက်တဲ့ အင်ဇိုင်းတမျိုးပါဝင်ပါတယ်။ ထူးခြားချက်ကတော့ အင်ဇိုင်းဟာ သက်တမ်းတိုတာကြောင့် အသားငါးများရဲ့ ပရိုတိန်းကို ကြေညက်အောင် မချေဖျက်နိုင်ပါဘူး။ ဒါပေမယ့် ဂျင်းဟာ အစာအိမ်အူလမ်းကြောင်းကို လှုပ်ရှားမှုကောင်းမွန်စေပြီး အစာမကြေဖြစ်ခြင်းကနေ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကိုယ်ခန္ဓာကနေ amylase နဲ့ lipase အင်ဇိုင်း ပိုမိုထွက်လာအောင် ကူညီပေးပါတယ်။သင်စားလိုက်တဲ့ အစားအစာတွေကနေ အာဟာရဓာတ်ကို အပြည့်အဝရရှိနိုင်စေဖို့ အစာခြေအင်ဇိုင်းများက ကူညီပေးပါတယ်။ လူ့ကိုယ်ခန္ဓာထဲကနေ ထုတ်လုပ်ပေမယ့် အသီးအနှံများကို တွဲဖက်စားသုံးခြင်းဖြင့် အဆိုပါအသီးအနှံတွေမှာပါဝင်တဲ့ အစာခြေအင်ဇိုင်းများရဲ့ အာနိသင်ကို ရယူအသုံးချနိုင်မှာ ဖြစ်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/natural-digestive-enzymes/
null
null
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/ways-to-keep-kids-healthy-this-winter/
သင့်ကလေးရဲ့ ကိုယ်ခံအားစနစ်က ဘာကြောင့် အရေးကြီးတာလဲ။
ကိုးလလွယ်လို့ ဆယ်လဖွားပြီး အရိပ်တကြည့်ကြည့် မွေးထားရတဲ့ကလေးက သွက်သွက်လက်လက် တက်တက်ကြွကြွနဲ့ ပျော်နေတာကိုပြုံးပြီး ကြည့်နေရတာနဲ့တင် အမောပြေတယ်ဆိုတဲ့ ဆန္ဒကို  မိဘတွေ အချင်းချင်းပဲ နားလည်မယ်ထင်ပါတယ်။ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ။သားသမီးက ကျန်းမာနေမယ်ဆိုရင် ပင်ပန်းတာကို မမှုပါဘူး။ ဒီတော့ ကိုယ့်သားသမီးတွေ ကျန်းမာပျော်ရွှင်နေဖို့ အဓိကကျတဲ့ကိုယ်ခံအားစနစ်အကြောင်း ပြောကြရအာင်။ခန္ဓာကိုယ်ကျန်းမာနေစေဖို့ ဆိုရင် ပြင်ပက ရောဂါပိုးတွေ ဝင်မလာအောင် တားဆီးဖို့ကလည်း တစ်ချက်အပါအဝင်ပါ။ ဒါကို အဓိက လုပ်ပေးတဲ့ ဇာတ်လိုက်က ကိုယ်ခံအားပေါ့။ ကိုယ်ခံအား ကောင်းနေမှ ပတ်ဝန်းကျင်ကရောဂါပိုးမွှားတွေကူးစက်ခံရတာမျိုး မရှိမှာပါ။ကိုယ်ခံအားကမေမေ့ဗိုက်ထဲက ထွက်ကတည်းက အတူပါလာတဲ့ အရာပါ။ အပြည့်အဝတော့ မဖွံ့ဖြိုးသေးဘူးပေါ့။ ဒီလိုနဲ့ မွေးဖွားပြီးနောက်မှာ တဖြည်းဖြည်းချင်း ဖွံ့ဖြိုးလာပါတယ်။ ကလေးတွေရဲ့ ပထမဆုံး ရက် ၁၀၀၀ မှာ သင်ယူနိုင်စွမ်း၊ ဦးနှောက် နဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုတွေနဲ့အတူ ပြင်ပက ရောဂါပိုးတွေကို တိုက်ထုတ်ပေးမယ့် ကိုယ်ခံအားကလည်း ဖွံ့ဖြိုးလာတာပါ။ဗိုက်ထဲမှာ ရှိတုန်းကတော့ မေမေ့ဆီကနေပဋိပစ္စည်းတွေလက်ခံရယူရင်း ကိုယ်ခံအားကို စတင်ဖန်တီးခဲ့ရတာပေါ့။ မွေးဖွားပြီးတဲ့အချိန်မှာလည်း မေမေ့ဆီကနေ နို့ရည်ကနေ တဆင့်ကိုယ်ခံအားကို ရရှိနိုင်တယ်။ ဒီလိုနဲ့ ကလေးက အသက် ၇ နှစ်၊ ၈ နှစ်လောက်ရောက်လာတဲ့အခါမှာ ကိုယ်ခံအားက ဖွံ့ဖြိုးလာပြီး ရောဂါတွေကို တိုက်ထုတ်နိုင်တဲ့ အခြေအနေကို ရောက်လာတာပါ။ ဒါပေမယ့် ကိုယ်ခံအားက အရွယ်ရောက်တဲ့အခါမှသာ အပြည့်အဝအားကောင်းလာတာဖြစ်ပါတယ်။ကိုယ်ခံအားက ဘာလုပ်ပေးလဲဆိုတော့ ရှင်းပါတယ်။ ကိုယ်တွင်းကို ပြင်ပက ရောဂါပိုးတွေ ဝင်မလာအောင် တားပေးပြီး ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးတာပေါ့။ ဖျားနာတာ၊ အအေးမိ၊ တုပ်ကွေး ဖြစ်တာတွေလိုမျိုး ရောဂါလေးတွေကနေ ကြီးမားတဲ့ကူးစက်ရောဂါတွေအဆုံး ခန္ဓာကိုယ်အတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့အရာမှန်သမျှကို ကိုယ်ခံအားက တိုက်ခိုက်ပေးပြီး ရောဂါကင်းဝေးနေအောင် ကာကွယ်ပေးပါတယ်။ ရောဂါတွေကင်းဝေးပြီး ဖျားနာ နာကျင် ခံစားရမှုတွေမရှိမှ ကျန်းမာပျော်ရွှင်နိုင်မှာမလား။တကယ်ကတော့ ကိုယ်ခံအားစနစ်က ကလေး ကနေစလို့ လူကြီးတွေအထိ အားလုံးအတွက်အရေးပါ တာပါ။ ကြီးထွားဖွံ့ဖြိုးဆဲဖြစ်တဲ့ ကလေးတစ်ယောက်အတွက်ကတော့ ပိုလို့ အရေးပါ တာပေါ့။ ဒီလိုပြောရတဲ့ အကြောင်းက ကလေးတွေဟာ သူတို့ရဲ့  ပထမ ၅ နှစ်တာ ကာလအတွင်းမှာ ဦးနှောက်ရော ခန္ဓာကိုယ်ပါ အကောင်းဆုံး ဖွံ့ဖြိုးဖို့ လိုအပ်ပါတယ်။ ဒီလိုပြည့်ပြည့်စုံစုံ ဖွံ့ဖြိုးဖို့ဆိုတာက ရောဂါတွေနဲ့ အနှောက်အယှက်တွေကင်းဝေးနေရမယ်လေ။ကိုယ်ခံအားကောင်းပြီး ကျန်းမာနေတဲ့ ကလေးတစ်ယောက်ဟာရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအားကောင်းသလိုဦးနှောက်ဖွံ့ဖြိုးမှုလည်းကောင်းပါတယ်။ သင်ယူမှုစွမ်းရည်လည်း ကောင်းပါတယ်။ ဒီတော့ ကိုယ်ခံအားကောင်းအောင် စောင့်ရှောက်ပေးတာက ကလေးကိုဉာဏ်ကောင်းပျော်ရွှင်ပြီး ကျန်းမာတဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းစေဖို့ လုပ်ဆောင်ပေးတာနဲ့ အတူတူပါပဲ။ဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ကလေးတစ်ယောက် အနေနဲ့ ကိုယ်ခံအား ကောင်းစွာ မဖွံ့ဖြိုးတဲ့အခါ။ကိုယ်ခံအားကောင်းအောင် လုပ်လို့ရပါတယ်။ ကိုယ်ခံအားကောင်းစေ ဖို့အတွက်ဖေဖေမေမေတို့ အနေနဲ့ ကလေးကို။ငယ်စဉ်မှာတော့ အာဟာရပြည့်ဝအောင် ကျွေးပြီးကလေးရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးဖို့က သိပ်ကို လိုအပ်ပါတယ်။ ဒီလိုပြောရတာကမိခင်နို့သောက်စဉ် ဗိုက်ထဲမှာ ရှိနေတုန်းက မေမေက အာဟာရပြည့်ဝအောင် စားရင်ကို လုံလောက်ပြီဆိုပေမယ့် ကိုယ်တိုင် အစား စစားချိန်မှာတော့ အာဟာရပြည့်ဝအောင် ကျွေးဖို့လိုပါမယ်။ဒီတော့ ကလေးကို ကိုယ်ခံအားကောင်းပြီး အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့ဆိုရင် နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ  ကိုယ်ခံအားကို အထောက်အပံ့ဖြစ်စေမယ့် ဗီတာမင် C၊ ဗီတာမင် A၊ ဗီတာမင် E၊ ဗီတာမင် D၊ ဖောလစ်အက်ဆစ်၊ ဇင့်။ ဆီလီနီယမ် နဲ့ အကျိုးပြု ဘက်တီးရီးယား (probiotics) တို့ ပြည့်ဝလုံလောက်ဖို့ လိုပါမယ်။ အထူးသဖြင့် အကျိုးပြုဘက်တီးရီးယားတွေဟာ ကလေးရဲ့ အူလမ်းကြောင်းကိုကျန်းမာစေပြီး အာဟာရဓာတ်တွေပြည့်ပြည့်ဝဝ စုပ်ယူနိုင်ဖို့ အကူညီပေးနိုင်တယ်။ မလိုလားအပ်တဲ့ရောဂါပိုးတွေကို တိုက်ထုတ်ပေးနိုင်တဲ့အတွက်ကြောင့် အကျိုးပြု ဘက်တီးရီးယား ပါဝင်တဲ့ ဖြည့်စွက်စာတွေလိုမျိုး ကျွေးသင့်တယ်။ဒါတွေ အားလုံး ပါဖို့ဆိုရင် အာဟာရ ပြည့်ဝမျှတတဲ့ အစားအသောက်တွေကို သေချာပြင်ဆင် ကျွေးမွေးသင့်ပါတယ်။  ဒါကြောင့် ကလေးကိုပဲအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ၊ နွားနို့၊နို့ထွက်ပစ္စည်းတွေနဲ့ အခြားဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေတဲ့အစားအသောက်တွေ၊ လတ်ဆတ်တဲ့သစ်သီးတွေနဲ့ အသီးအရွက်တွေသေချာကျွေးမွေးပေးဖို့လိုအပ်မှာပါ။ အသား၊ငါးမျှတအောင်ထည့်သွင်းပြင်ဆင်ပေးဖို့ကိုလည်းမေ့ထားလို့မဖြစ်ပါဘူး။ ဖြည့်စွက်အာဟာရမှုန့်နဲ့ ဖြည့်စွက်နို့မှုန့်တွေကိုလည်း ကျွေးလို့ရပါတယ်။ဒါဆိုရင်တော့ ကိုယ့်ကလေးရဲ့ကိုယ်ခံအားစနစ်ကို အကောင်းဆုံး ဖွံ့ဖြိုးစေမှာဖြစ်တာကြောင့် ရောဂါတွေကင်းဝေးပြီး စိတ်ရောကိုယ့်ပါ ပျော်ရွှင်ကျန်းမာတဲ့သားသားမီးမီးတွေ ဖြစ်လာနိုင်မှာပါ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/why-your-kids-immunity-is-crucial/
ကျောက်ကပ် လေးကို ညှာတာပါ
ကျောက်ကပ် ကျန်းမာရေးကို အမြဲဂရုစိုက် စောင့်ရှောက်သင့်တာ လူတိုင်း သိကြမှာ ဖြစ်ပေမယ့် သူ့ကို အထိနာစေ၊ ပျက်စီးစေမယ့် အပြုအမူတွေ လုပ်မိနေတတ်တာရော သတိထားမိရဲ့လား…။လူအတော်များများ လုပ်တတ်တဲ့ ကျောက်ကပ် ထိခိုက်စေမယ့် ဒီအပြုအမူတွေကို လုပ်မိတဲ့အထဲ ကိုယ်ရော ပါဝင်နေသလား ဆန်းစစ်ကြည့်လိုက်ရအောင် –။ပရိုတင်းဓာတ်ကို မရှိမဖြစ် လိုအပ်တာ မှန်ပေမယ့်အသားတွေစားတာ များလွန်းရင် ခန္ဓာကိုယ်မှာပရိုတင်းတွေလွန်ကဲပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အနီရောင်အသားတွေ အပါအဝင် အသားစားသုံးမှုကို လိုအပ်တဲ့ ပမာဏ ထက် လွန်ကဲပြီး ဆက်တိုက်မစားပါနဲ့ လို့ သတိပေးချင်ပါတယ်။ကျောက်ကပ် ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းကောင်းလည်ပတ်နိုင်ဖို့ ဆိုရင် ရေဓာတ် ပြည့်ဝနေဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ရေကို လုံလောက်အောင် မသောက်ဘူး၊ ရေသောက်နည်းမယ် ဆိုရင် သွေးထဲမှာ အဆိပ်တွေစုလာပြီး ကျောက်ကပ်က စွန့်ထုတ်စစ်ထုတ်နိုင်မှု ကျဆင်းသွားမှာပါ။ဆီးသွားချင်တာကို အောင့်မထားပါနဲ့။ လုံးဝ မလွှဲသာမရှောင်သာ အခြေအနေတွေမှာ တစ်ခါတလေလောက်က လွဲလို့ ချက်ချင်း ဆီးသွားတာပဲ ကောင်းပါတယ်။ ဒါ့ကြောင့် အန္တရာယ် လွယ်မထားသင့်ဘူးလို့ ရှေးလူကြီးတွေက ပြောကြတာပါ။ ဒီအပြုအမူက ဘာမှမဟုတ်ဘူးထင်ရပေမယ့် ဆီးအိမ်ထဲမှာ ဆီးတွေ အကြာကြီးရှိနေတာကဘက်တီးရီးယားတွေကို အလွယ်တကူ ပေါက်ဖွားစေနိုင်ပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။လူတစ်ယောက်ဟာ တစ်နေ့ကို အငန်ဓာတ် ၅.၈ ဂရမ်ပဲ စားသုံးပေးသင့်တာပါ။ အစားအစာတွေထဲမှာ အငန်ဓာတ် အရမ်းများတာက ကျောက်ကပ်ကို ထိခိုက်စေနိုင်တာကြောင့် အငန်လျှော့စားပါ။ အငန်များတဲ့ အစားအစာ ဆိုတာ ငါးပိ၊ ငါးခြောက် တွေမှ မဟုတ်ပါဘူး။ အသင့်စား အစားအစာတွေ၊ အမြန်စား အစားအစာတွေနဲ့ ပြုပြင်စီမံထားတဲ့ အစားအသောက်တွေလည်း ပါဝင်နေတာ သတိထားပါ။အရက်မှာပါတဲ့ အဆိပ်အတောက်ကအသည်းကိုတင် ပျက်စီးစေတာ မဟုတ်ပါဘူး။ ကျောက်ကပ်ကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အရက်ကို အလွန်အကျွံသောက်သုံးမှု မလုပ်ပါနဲ့။ဆေးလိပ် သောက်တာက ကြာလေ သွေးကြောတွေကို တောင့်တင်း ကျဉ်းမြောင်းလာစေပြီး ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို နည်းသွားစေပါတယ်။ ဒီလိုမျိုး သွေးပို့လွှတ်ရောက်ရှိမှု နည်းသွားတဲ့ အစိတ်အပိုင်းထဲမှာ ကျောက်ကပ်လည်း ပါပါတယ်။ သွေးစီးဆင်းရောက်ရှိမှု နည်းသွားတဲ့အခါ ကျောက်ကပ်က အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ပါဘူး။အိပ်ရေးပျက်လို့ ၊ အာရုံမလန်းလို့ ၊ ပင်ပန်း နွမ်းနယ်နေလို့ကော်ဖီ၊ လက်ဖက်ရည် နဲ့အားဖြည့်အချိုရည်တွေလို ကဖင်းများတဲ့ သောက်စရာတွေကို တစ်ခါတလေ သောက်သုံးတာ ပြဿနာ မရှိပါဘူး။ တစ်ခွက်လောက်က ပြဿနာမဖြစ်ပေမယ့် တစ်ရက်တည်း ၃ ခွက်ထက်ကျော်ပြီး သောက်မယ်ဆိုရင်တော့ ကဖင်းဓာတ်က လွန်ကဲတဲ့ ပမာဏ ဖြစ်နေပါပြီ။ဒီဘက်ခေတ်မှာ ဖုန်းသုံးတာ၊ ဂိမ်းဆော့တာတွေ ၊ အင်တာနက်သုံးတာတွေကြောင့် အိပ်ချိန်တွေက တဖြည်းဖြည်းနောက်ကျလာခဲ့ပါပြီ။ ဒါကြောင့်တစ်နေ့ကို အိပ်ချိန် အနည်းဆုံး ၆ နာရီကနေ ၈ နာရီထားပေးပါ။ လူတစ်ယောက်က လုံလောက်စွာ အိပ်စက်မှုမရတဲ့အခါ ဇီဝတွင်းဖြစ်စဉ်က ထိခိုက်လာပြီး ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ပျက်စီးလာပါလိမ့်မယ်။အကိုက်အခဲပျောက်ဆေးတွေကို ပဲလှော်လို ဝါးမယ် ဆိုရင် အစာအိမ်သွေးကြောပေါက်တာ၊ အသည်းထိခိုက်တာအပြင် ကျောက်ကပ်အတွက်လည်း အန္တရာယ်ပါ။ ဒါကြောင့် အကိုက်အခဲပျောက်ဆေးတွေကို တကယ်လိုအပ်မှသောက်ပါ။ မလိုအပ်ဘဲသောက်သုံးမိရင် ခန္ဓာကိုယ်မှာထိခိုက်မှုတွေ ဖြစ်လာပါလိမ့်မယ်။ကိုယ်လက်လှုပ်ရှားမှု ဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ဆောင်ပေးတာက ကျောက်ကပ်မှာ ကျောက်တည်နိုင်ခြေကို ၃၁ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ကိုယ်အလေးချိန်ကို ထိန်းထားနိုင်တာက ကျောက်ကပ်ကျန်းမာစေဖို့ အထောက်အကူ ဖြစ်စေမှာပါ။သွေးတိုးတာက ကျောက်ကပ်ကို ပျက်စီးစေနိုင်တဲ့ အဓိကအကြောင်းအရင်းတစ်ခုပါ။ သွေးပေါင်ချိန်ကို အရေးမစိုက်၊ ဆေးမှန်အောင် မသောက်၊ အစားမဆင်ခြင်ဘဲ နေမယ်ဆို ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေထဲမှာ ကျောက်ကပ်ပျက်စီးခြင်းက ထင်ထင်ရှားရှားပါဝင်နေတာပါနော်။ကိုယ့်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုချင်းစီ ကို ကြင်နာ၊ ညှာတာမှ ရောဂါကင်းပြီး အသက်ရှည်ရှည် နေထိုင်နိုင်မှာပါ။ ဒါ့ကြောင့် အမူအကျင့်ဆိုးတွေကို သတိထားပြင်ဆင်ပြီး ကိုယ့်ကိုယ်ကို စောင့်ရှောက်ကြရအောင်ပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%80%e1%80%95%e1%80%ba-%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%8a%e1%80%be%e1%80%ac%e1%80%90%e1%80%ac%e1%80%95%e1%80%ab/
Bone Tumors (အရိုးကျူမာ)
အရိုးဆဲလ်တွေ အထိန်းအကွပ်မရှိတိုးပွားလာပြီး တစ်ရူးအဆိုင်အခဲကြီးဖြစ်လာတဲ့အခါမှာ အရိုးကျူမာပေါ်ပေါက်လာပါတယ်။ ကျူမာဆိုတာ တစ်ရှုးအဆိုင်အခဲကြီးတစ်ခုပါ။ကျူမာအများစုကတော့ ကင်ဆာမဟုတ်ကြသလို ပြန့်လည်းမပြန့်တတ်ကြပါဘူး။ ဒါပေမယ့်လည်း အန္တရယ်တော့ ရှိနိုင်ပါတယ်။ ကျူမာဖြစ်နေတဲ့နေရာဟာ ကြံ့ခိုင်မှုအားနည်းသွားပြီး ထိခိုက်မှုတွေကို ခံနိုင်ရည်မရှိတော့ပါဘူး။တချို့ကျူမာတွေကတော့ ကင်ဆာဖြစ်နိုင်ပါတယ်။ ခန္ဓါကိုယ်အနှံ့ပြန်ပွားနိုင်ပြီး ကျန်းမာတဲ့ အရိုးဆဲလ်တွေကိုလည်း ထိခိုက်ပျက်စီးစေတတ်ပါတယ်။အရိုးကျူမာရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။အရိုးကျူမာရဲ့ ရောဂါလက္ခဏာများစွာရှိပါတယ်။ ယင်းတို့မှာ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ကင်ဆာမဟုတ်သော အကျိတ်ဆိုလျှင် ဘာနာကျင်မှုမှ ခံစားရမှာမဟုတ်ပါဘူး။ ခန္ခါကိုယ်ကိုလည်း သိပ်ဒုက္ခပေးမှာ မဟုတ်ပါဘူး။ ဒုက္ခပေးမယ်ဆိုရင်တော့ ကုသမှုလိုအပ်ပါပြီ။ရောဂါလက္ခဏာတွေ ရှိမယ် ဒါမှမဟုတ် မေးစရာတွေ ရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ပြသပေးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ခန္ဓါကိုယ်တွေ မတူကြပါဘူး။ သင့်အခြေအနေအတွက် ဘယ်အရာက အသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါ။ဘာတွေက အရိုးကျူမာဖြစ်စေလဲဆိုတာကို ယနေ့ထိတိုင် တိတိကျကျမသိရသေးပါဘူး။ မကြာခဏဆိုသလို ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုခုက သာမန်ထက်မြန်မြန် ဖွံ့ဖြိုးကြီးထွားတတ်ပါတယ်။ ထိုအခါမှာ ကိုယ်ခန္ဓါရှိ လုပ်ငန်းဆောင်တာများ ပျက်ယွင်းသွားပြီး အကျိတ်အဖုတွေ ဖြစ်လာပါတယ်။ ဓါတ်ကင်ခြင်း၊ အရိုးထိခိုက်ဒဏ်ရာရခြင်းနဲ့ မျိုးရိုးဗီဇလိုမျိုး အခြားအကြောင်းအရာတွေကတော့ တိုက်ရိုက်ဖြစ်စေတာ မဟုတ်ပါဘူး။ကလေးများတွင် အသုံးပြုသော ကင်ဆာဆေးတွေကလည်း အရိုးကျူမာဖြစ်စေနိုင်ပါတယ်။ အခြားကင်ဆာတွေကနေ အရိုးကိုပြန့်ပွားလာလို့လည်း ကျူမာဖြစ်နိုင်ပါတယ်။အသက်အရွယ်မရွေး အရိုးကျူမာဖြစ်ပွားနိုင်ပါတယ်။ ကံကောင်းထောက်မစွာဖြင့် ၁ရာခိုင်နှုန်းကသာ ကင်ဆာကို အရိုးကနေစတင် ဖြစ်ပွားကြတာပါ။ ကျန်တာတွေကတော့ ကင်ဆာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ခန္ဓါကိုယ်အခြားအစိတ်အပိုင်းတွေရှိကင်ဆာတွေကနေတော့ ပြန့်ပွားလာနိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။မိသားစုဆေးမှတ်တမ်းကို မေးမြန်းပါလိမ့်မယ်။ ပြီးနောက် ကျူမာရှိမရှိသိဖို့ စစ်ဆေးမှုအသေးစားလေးတွေ ပြုလုပ်မှာပါ။ သံသယရှိတဲ့ နေရာမှာ ကိုယ်ကာယပိုင်းစစ်ဆေးမှုတွေပြုလုပ်ပြီး အရိုးနာကျင်ကိုက်ခဲတာတွေရှိလားနဲ့ လှုပ်ရှားမှုတွေကိုလည်း စစ်ဆေးပါလိမ့်မယ်။ ထို့နောက် ဆီးစစ်၊ သွေးစစ်ခြင်း၊ ပုံရိပ်ဖော်ခြင်းဖြင့် စစ်ဆေးခြင်းနှင့် အသားစယူခြင်းတို့ကိုလည်း ပြုလုပ်မှာဖြစ်ပါတယ်။ကင်ဆာမဟုတ်တဲ့ အရိုးကျူမာတွေဆိုရင် ကြီးထွားလာနိုင်သလို သူ့ဘာသာသူပျောက်ကွယ်သွားနိုင်ပါတယ်။ ကျူမာက အလျှင်အမြန်ကြီးထွားနိုင်ပြီး ကင်ဆာပြောင်းသွားနိုင်မယ့် လက္ခဏာတွေတွေ့နေရပြီဆိုရင်တော့ ခွဲစိတ်ကုသဖို့လိုအပ်ပါပြီ။ သို့မဟုတ်က ဆရာဝန်နဲ့မှန်မှန်ပြနေဖို့ လိုအပ်ပါတယ်။ ကျူမာသက်သာစေဖို့ ဆေးဝါးတွေလည်းရှိပါသေးတယ်။ဒါပေမယ့်လည်း ကင်ဆာအကျိတ်တွေက ကွဲပြားခြားနားပါတယ်။ မကုသဘဲထားမယ်ဆိုရင် ထပ်တိုးရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ကုသနည်းကတော့ ကင်ဆာဘယ်လောက်ထိ ဖြစ်နေတယ်ဆိုတာပေါ်မှာမူတည်ပါတယ်။ အရိုးကျူမှာပဲမှာရှိနေတဲ့ ကင်ဆာဆဲလ်တွေက မပြန့်ပွားတဲ့အခြေအနေမှာရှိပါတယ်။ အခြားနေရာကို ပြန့်ပွားသွားမယ်ဆိုရင်တော့ ပြန့်နှံ့တဲ့အဆင့်ကို ရောက်ရှိသွားပါပြီ။ ကုသမှုမှာတော့ ခွဲစိတ်ဖို့လိုတာများပါတယ်။ ထုတ်ပြစ်လိုက်တဲ့ အရိုးကို စတီးရိုးနဲ့ အစားထိုးပေးပါလိမ့်မယ်။ ကင်ဆာအရမ်းဆိုးဝါးနေပြီဆိုရင်တော့ ဖြတ်တောက်ပြစ်ဖို့ လိုအပ်ပါလိမ့်မယ်။ ခွဲစိတ်မှုအပြင် ကျူမာဆဲလ်တွေ ကျုံ့သွားဖို့၊ သတ်ပြစ်ဖို့အတွက်လည်း ဓါတ်ကင်ခြင်းတွေနဲ့ ဓါတုကုထုံးတွေလည်း လိုအပ်နိုင်ပါတယ်။အရိုးကျူမာကို ရင်ဆိုင်နိုင်စေဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက အရိုးကျူမာကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။မေးစရာတွေရှိမယ်ဆိုင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို သိရှိနားလည်စေနိုင်ရန်အတွက် ဆရာဝန်ဖြင့်ဆေးနွေးတိုင်ပင်ပေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/bone-cancer-cancer/bone-tumors-%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%ba%e1%80%b4%e1%80%99%e1%80%ac/
နဖူးမှာမှ ရွေးပေါက်တဲ့ ဝက်ခြံလေးတွေ
ဝက်ခြံတဲ့၊ နာမည်လည်း မလှသလို အမြင်လည်း မလှဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု မဲ့စေတယ်။ မတော်တဆ သွားထိမိလို့ ပွန်းပဲ့သွားခဲ့ရင်လည်း နောက်ထပ် ဝင်လာမယ့်အရေပြားပြဿနာတွေက နည်းတာမဟုတ်။ အဲ့သလို စိတ်ညစ်စရာ ကောင်းတဲ့ ဝက်ခြံတွေဆိုတာလည်းလူပျို၊အပျို ဘဝကတည်းက ပေါက်လာလိုက်တာ အသက် ၂၀၊ ၃၀ ရောက်တာတောင် ပေါက်နေတုန်းပဲနော်။တချို့တွေက ပြောတယ်၊ဝက်ခြံပေါက်နေရင် ရုပ်ပိုဆိုးတာပေါ့၊ ညှစ်လိုက်မှ မြန်မြန်ပျောက်သွားမှာလေ ဆိုပြီး ကိုယ်တိုင်ညှစ်ရင်ညှစ်၊ မညှစ်ရင်လည်း တခြားသူတွေကို ညှစ်ဖို့ အကြံပေးတတ်ကြသေးတယ်နော်။ တကယ်တော့ ပေါက်နေတဲ့ ဝက်ခြံကို ညှစ်တယ်ဆိုတာ ဝက်ခြံမပေါက်အောင် ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုတော့ လုံးဝ မဟုတ်ပါဘူး။ ဒါ့အပြင် မသန့်ရှင်းတဲ့လက်နဲ့ ညှစ်မိလိုက်တဲ့အခါ လက်မှာရှိတဲ့ ရောဂါပိုးကအနာထဲကို ဝင်သွားပြီး ပိုးဝင်တယ်၊ ပြည်တည်တယ်၊ ရောင်လာမယ်၊ မခံမရပ်နိုင်အောင် ယားလာမှာပေါ့။ လက်သန့်သန့်နဲ့ ညှစ်လိုက်ပါပြီတဲ့၊ နောက်ပိုင်းမှာ ဝက်ခြံညှစ်ထားတဲ့ နေရာကို သေချာသန့်သန့်ရှင်းရှင်း မထားဘူးဆိုရင်လည်း အဲ့လိုပဲ ထပ်ပြီး ဖြစ်လာမှာပါပဲ။ ဒါကြောင့်ဝက်ခြံပေါက်ရင် လုံးဝ မညှစ်ဖို့၊ သူ့ဘာသာ အချိန်ကြာလာတော့မှ ပြားပြီး ချပ်သွားတဲ့အထိ စောင့်ပေးဖို့ အကြံပေးလိုက်ချင်ပါတယ်။လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာတစ်ခုလုံးသည် အရေပြားနဲ့ ဖုံးလွှမ်းထားတာ ဖြစ်တဲ့အတွက် ချွေးပေါက်တွေက ရှိနေနိုင်ပါတယ်။ ဒီလို ချွေးပေါက်ထဲကို အညစ်အကြေးများ၊ ဖုန်မှုန့်နဲ့ အဆီတွေ ပိတ်မိလာရင် ပိုးဝင်ပြီး ဝက်ခြံကို ဖြစ်စေပါတယ်။နဖူးမှာ ပေါက်တဲ့ ဝက်ခြံအများစုရဲ့ နောက်ကြောင်း ရာဇဝင်ကို ပြန်ကောက်ရမယ်ဆိုရင်။၁။ လူပျို၊ အပျိုဖော်ဝင်ကာစဆယ်ကျော်သက်အရွယ်မှာ ဟော်မုန်းအပြောင်းအလဲ ဖြစ်ခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေဟာ ကမောက်ကမ ဖြစ်ပြီး ဝက်ခြံတွေ ပေါက်လာနိုင်ပါတယ်။၂။ ဒီလိုဆယ်ကျော်သက်ကာလ ပြီးဆုံးသွားပြီးနောက် အသက် ၂၀ မှ စလို့ နောက်ပိုင်း ပေါက်တဲ့ ဝက်ခြံတွေဟာ တစ်ကိုယ်ရေ သန့်ရှင်းမှု နည်းလို့ ပေါက်တာ ပိုများပါတယ်။၃။စိတ်ဖိစီးမှုတွေ အရမ်းများတဲ့ သူတွေမှာလည်း ခန္ဓာကိုယ်တွင်း မကောင်းတဲ့ ကော်တီစောဟော်မုန်း(Cortisol) တွေ အများအပြား ထွက်တဲ့အတွက် ဝက်ခြံပေါက်နိုင်သလို အသားအရောင်ကလည်း ညစ်ထေးလာနိုင်ပါတယ်။၄။ တချို့သော သောက်ဆေးတွေမှာဝက်ခြံပေါက်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေ အနည်းနဲ့ အများ ရှိတတ်ပါတယ်။ ဒီပြဿနာကြောင့် ဆိုရင်တော့ ဆရာဝန်အနေနဲ့ ဆေးကို ရပ်လိုက်တာ၊ သို့မဟုတ် တခြားဆေးတစ်မျိုး ပြောင်းပေးပါလိမ့်မယ်။၅။ ရှေ့ဆံပင်ကို နဖူးဖုံးပြီး အရှေ့ချထားတဲ့သူတွေ၊ ဦးရေပြားနဲ့ ဆံသားက အဆီအရမ်း ပြန်တဲ့သူတွေ၊ ခေါင်းသိပ်မလျှော်တဲ့ သူတွေဆိုရင် ဆံသားမှာ ကပ်ငြိနေတဲ့ ဖုန်မှုန့်က နဖူးမှာ ရှိနေတဲ့ ချွေးပေါက်ထဲ ဝင်သွားပြီး ပိတ်ဆို့ခြင်းကြောင့် ဝက်ခြံ ပေါက်နိုင်ပါတယ်။၆။ ရှားပါးဓာတ်မတည့်ဖြစ်စဉ်တွေ ဖြစ်တဲ့ အဝတ်အစားကို ချုပ်ထားတဲ့ အသားနဲ့ ဓာတ်မတည့်တာမျိုး၊ မိတ်ကပ်နဲ့ ခေါင်းလျှော်ရည်မှာ ပါဝင်တဲ့ ဓာတ်ပစ္စည်း တချို့နဲ့ ဓာတ်မတည့်တဲ့အခါမှာ နဖူးအရေပြားပေါ်မှာ ဝက်ခြံပေါက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။၁။ အိမ်တွင်းနည်းလမ်းတွေဆိုရင် သဘာဝရှားစောင်းလက်ပပ်က ရတဲ့ အနှစ်ကို သုတ်လိမ်းပေးတာ၊ ဇင့်ဓာတ်၊ ဗီတာမင် စီ၊ ဗီတာမင် အီး အားဆေးတွေကို သောက်ပေးနိုင်ပါတယ်။၂။ မျက်နှာကို Cleanser အပျော့စားနဲ့ တစ်နေ့ ၂ကြိမ် သစ်ပေးပါ။မျက်နှာသစ်တဲ့အခါ ပွတ်ဆွဲတာမျိုး လုံးဝမလုပ်ပါနဲ့။ အထူးသဖြင့် ဝက်ခြံပေါက်နေတဲ့ နေရာတွေကို သတိထားပြီး ဆေးကြောပေးပါ။၃။ ခေါင်းကို တစ်ရက်ခြား တစ်ကြိမ်လောက် ပုံမှန်လျှော်ပေးပါ။ နဖူးကို ဖုံးသွားလောက်တဲ့အထိ ရှေ့ဆံပင်ကို ရှည်လွန်းအောင် မထားပါနဲ့။ ညှပ်သင့်ရင် ညှပ်ပါ။ ဒါမှမဟုတ် ဆံပင်ကို ဘေးခွဲထားပါ။၄။ လက်ကို လုံးဝမဆေးဘဲ မျက်နှာကိုင်တာ၊ ကုတ်တာ၊ ပွတ်သပ်တာမျိုး မလုပ်ပါနဲ့။ အပြင်မှာဆိုရင် wet tissue တွေနဲ့ ဖြည်းဖြည်းချင်း သုတ်ပေးပါ။ မျက်နှာကို အဆီတဝင်းဝင်း ဖြစ်အောင် မထားပါနဲ့။၅။ ကိုယ့်သဘောနဲ့ ကိုယ် ဆေးတွေ လျှောက်ဝယ်ပြီး မလိမ်းပါနဲ့။အနာနဲ့ ဆေး မတည့်တဲ့အခါ ဆေးယဉ်ပါးမှု ဖြစ်စေနိုင်သလို အရေပြားကို ဝက်ခြံပေါက်ဖို့အတွက် တွန်းအားပေးလိုက်သလိုလည်း ဖြစ်စေနိုင်ပါတယ်။၆။ ဝက်ခြံသည် များသောအားဖြင့် သန့်သန့်ရှင်းရှင်း ထားမယ်၊ လက်နဲ့ ကုတ်တာ၊ ညှစ်တာမျိုး မလုပ်ရင် သူ့ဘာသာ ပျောက်သွားတတ်ပါတယ်။၇။ ဘယ်လိုမှ မပျောက်ဘူး၊ ပိုဆိုးလာတယ်၊ ဒါမှမဟုတ် ဝက်ခြံပျောက်ပြီး ကျန်ခဲ့တဲ့ အမာရွတ်ကို ဖျောက်ချင်တယ်ဆိုရင်တော့ အရေပြားဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူတာက အကောင်းဆုံး ဖြစ်မှာပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%94%e1%80%96%e1%80%b0%e1%80%b8%e1%80%99%e1%80%be%e1%80%ac%e1%80%99%e1%80%be-%e1%80%9b%e1%80%bd%e1%80%b1%e1%80%b8%e1%80%95%e1%80%b1%e1%80%ab%e1%80%80%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%9d/
ခုခံတဲ့လေ့ကျင့်ခန်းပြုလုပ်စဉ် ကိုယ်ဟန်အနေအထားမှန်ကန်ဖို့ ဘာကြောင့်အရေးကြီးတာလဲ
အခုပြောမှာကို သင်အပြင်မှာ မြင်ဖူးပြီးသားဖြစ်ရင် ဖြစ်မယ်။ ဒါမှမဟုတ် သတိမထားမိပဲ သင်ကိုယ်တိုင် လုပ်ဖူးတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကတော့ လေ့ကျင့်နေစဉ် ကိုယ်နေဟန်ထားမှားယွင်းခြင်းပါပဲ။ ခုခံတဲ့ လေ့ကျင့်ခန်းတွေဟာ ကြွက်သားကို ပိုမိုသန်မာစေပေမယ့် သင့်ပုံစံဟာ လျော့တိလျော့ရဲဖြစ်နေမယ်ဆိုရင် လေ့ကျင့်ခန်းက အကျိုးအပြည့်အဝမရနိုင်ပဲ ဒဏ်ရာရရှိမှုပါ ဖြစ်နိုင်ပါတယ်။ ကိုယ်နေဟန်ထားမှန်ကန်ပြီး သင့်တော်တဲ့ ကြွက်သားတွေကို ပစ်မှတ်ထားလေ့ကျင့်မှသာ လေ့ကျင့်ခန်းလုပ်ပြီး လိုချင်တဲ့အရာတွေကို ရနိုင်မှာဖြစ်ပါတယ်။ အောက်ဖေါ်ပြပါအချက်တွေကတော့ ဘာလို့ ကိုယ်နေဟန်ထားကို အလေးထားသင့်လဲဆိုတာ ဖေါ်ပြထားတာတွေပဲဖြစ်ပါတယ်။ရာဇဝင်ထဲမှာ စွမ်းအားကြီးတဲ့လူအကုန်လုံးဟာ သူတို့ရဲ့ဓါတ်ပုံကိုကြည့်လိုက်ရင် ကိုယ်နေဟန်ထား ဆင်တူကြပါတယ်။ နောက်ကျောကို မတ်မတ်ရပ်တယ်၊ ပုခုံးကားတယ်၊ မေးစေ့ကိုမော့ထားကြပါတယ်။ ကောင်းမွန်တဲ့ ကိုယ်နေဟန်ထားဟာ ယုံကြည်မှုနဲ့ အားအင်ကို ဆောင်ကျဉ်းပေးပါတယ်။ တကယ်တော့ မကြာသေးမီက လေ့လာမှုတစ်ခုက လူတွေရှေ့မှာ စကားပြောတဲ့လူအချို့ဟာ စကားမပြောခင် စူပါမန်းပုံစံကို စက္ကန့်အနည်းငယ်လောက် လုပ်လိုက်ရင် ပိုပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရတယ်လို့ ဆိုပါတယ်။ထိခိုက်ဒဏ်ရာရခြင်းကို ကာကွယ်ပေးခြင်းဟာ ဘာလို့ကိုယ်နေဟန်ထားမှန်အောင် နေသင့်လဲဆိုတာရဲ့ အရေးကြီးတဲ့ အကြောင်းရင်းတစ်ချက်ဖြစ်ပါတယ်။ သင်ဟာ အလွန်လေးတဲ့အရာတွေကိုမ မယ်ဆိုရင် သင့်ကိုယ်ခန္ဓါဟာ ဖြောင့်တန်းမှုလွဲနိုင်ပြီးတော့ အဆစ်တွေလဲ လွဲနိုင်ပါတယ်။ ကြွက်သားတွေနဲ့ အရွတ်တွေဟာလည်း ပျက်စီးနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်နဲ့ ကိုယ်နေဟန်ထားကိုသာ ရွေးရမယ်ဆိုရင် ကိုယ်နေဟန်ထားကိုသာရွေးပါ။ ပုံသဏ္ဍာန်မှန်ကန်စွာနဲ့ ပေါ့တဲ့အရာတွေကို မခြင်းဟာ ပုံသဏ္ဍာန်မမှန်ပဲ မပြီး ဒဏ်ရာရခြင်းထက် ပိုကောင်းပါတယ်။ကောင်းမွန်တဲ့ ကိုယ်နေဟန်ထားဟာ အသက်ရှူခြင်းကို အထောက်အကူပေးပါတယ်။ သင့်လျော်တဲ့ အသက်ရှူနည်းဟာ သင့်ကို အားအင်ပိုရှိစေပြီးတော့ နှလုံးရောဂါ၊ aneurysms၊ သွေးတိုးရောဂါတို့ကို ကာကွယ်ပေးပါတယ်။ တကယ်လို့မှန်ကန်တဲ့ ကိုယ်နေဟန်ထားနဲ့ အသက်ရှူခြင်းတွေသာ ရှိမယ်ဆိုရင် အလေးတွေကို ပိုမို လွယ်ကူစွာ မနိုင်ပါလိမ့်မယ်။လူအများစုဟာ တစ်နေကုန် ကုန်းနေတဲ့အတွက် ခါးနာတတ်ကြပါတယ်။ ဒါဟာ ကျောရိုးမကို သင့်ကိုယ်နေဟန်ထားက ဘယ်လိုလွှမ်းမိုးလဲဆိုတာ ပြပါတယ်။ ကျန်းမာတဲ့ ကျောရိုးမဟာ နောက်ကျောကို ကောင်းမွန်စွာ ထောက်ပံ့ပေးပြီး သူဟာ တစ်နေကုန်ရုံးမှာထိုင်နေ (သို့) မတ်တပ်ရပ်နေရတဲ့သူတွေအတွက် အရေးကြီးပါတယ်။ကိုယ်နေဟန်ထား မှန်ကန်ခြင်းဟာ အစာခြေစနစ်ကိုလည်း သူ့နေရာမှာ သူနေစေပါတယ်။ ကုန်းနေမယ်ဆိုရင် ကိုယ်ခန္ဓါအတွင်းက အင်္ဂါအစိတ်အပိုင်းတွေမှာ ဖိအားသက်ရောက်စေပြီး သွေးလှည့်ပတ်မှုကို တားမြစ်ပါတယ်။အားကစားရုံထဲကို ဝင်သွားပြီး ကျန်းမာပြီး Fit ဖြစ်တဲ့ လူတွေနဲ့တွေ့ပြီဆိုရင် သင်ဟာလည်း သူတို့နဲ့ နေသားတကျဖြစ်ချင်ပြီးတော့ ဝိတ်ကျချင်လာပါလိမ့်မယ်။ ကိုယ်နေဟန်မှန်ခြင်းဟာ ကိုယ်အလေးချိန်ကို ကီလိုအနည်းငယ် ရုတ်တရက် ကျဆင်းစေနိုင်ပြီး ကောက်ကြောင်းပိုမို ပေါ်လွင်စေနိုင်ပါတယ်။ သင်ဟာ ပိုပြီး ပိန်လာမယ်။ ငယ်လာမယ်။ ပိုပြီး fit ဖြစ်လာပါလိမ့်မယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%81%e1%80%af%e1%80%81%e1%80%b6%e1%80%90%e1%80%b2%e1%80%b7%e1%80%b1%e1%80%9c%e1%80%b7%e1%80%80%e1%80%ba%e1%80%84%e1%80%b9%e1%80%b7%e1%80%81%e1%80%94%e1%80%b9%e1%80%b8%e1%80%bb%e1%80%95%e1%80%b3/
နာနတ်သီးဖျော်ရည် သောက်ပေးခြင်းရဲ့ အာဟာရတန်ဖိုး
နာနတ်သီးဆိုတာ အပူပိုင်းဒေသတွေနဲ့ကမ်းခြေအများစုမှာ အဓိက စားသုံးတဲ့ ဒေသ အစားအစာပါ။ အသီးအနေနဲ့ရော၊ဟင်းချက်တဲ့ အခါ၊ ဖျော်ရည် အဖြစ် မျိုးစုံ စားသုံးနိုင်ပါတယ်။ သူ့ရဲ့ အရသာက ချဉ်ချဉ်လေးမို့ခံတွင်းပျက်နေသူတွေအတွက်လည်း အစာစားချင်စိတ်ကို ဖြစ်စေတယ်။ ခံတွင်းရှင်းစေတယ်။ အစားအစာမှာ ထည့်ချက်ရင်လည်းအညှီနံ့ပျောက်ပြီး မွှေးရနံ့ သင်းပျံ့တာမို့ ကလေးတွေလည်း ကြိုက်ကြတယ်နော်။ ခုဆောင်းပါးကတော့ သဘာဝအတိုင်း ကြိတ်ထားတဲ့ နာနတ်သီးဖျော်ရည်ရဲ့ ကောင်းကျိုးတွေကို ပြောပြပေးမှာဖြစ်လို့ နာနတ်သီး ချစ်သူတွေလည်း စိတ်ဝင်စားနေမယ်လို့ မျှော်လင့်မိပါတယ်။တခြားသော အရည်ရွှမ်းပြီးအချဉ်ဓာတ်အရသာရှိတဲ့ အသီးတွေလိုပဲ၊ နာနတ်သီးကို ကြိတ်ပြီးဖျော်ရည်သောက်လို့ အာဟာရဓာတ်တွေ အများအပြား ရနိုင်ပါတယ်။ ဒီအာဟာရဓာတ်တွေထဲမှာ ဗီတာမင် ဘီ စစ်၊ ဗီတာမင် စီ၊ ဖောလစ်အက်ဆစ်၊ ကယ်လိုရီ၊ ပရိုတင်း၊ အဆီ၊ ကစီဓာတ်၊ အချိုဓာတ်၊အမျှင်ဓာတ်၊ ကော့ပါးဓာတ်၊ ပိုတက်စီယမ်ဓာတ်၊ ဇင့်ဓာတ်၊ ကယ်လ်စီယမ်ဓာတ်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေပဲ ဖြစ်ပါတယ်။နာနတ်သီးဟာဓာတ်တိုးဆန့်ကျင်ပစ္စည်း အများအပြား ပါဝင်တဲ့ အသီးအနှံ အဖြစ် နာမည်ကျော်ကြားပါတယ်။ သူ့မှာ ပါဝင်တဲ့ဗီတာမင်နဲ့ အာဟာရဓာတ်တွေဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို ကျန်းမာစေတယ်၊ ကိုယ်ခံအား ကောင်းစေတယ်၊ အာဟာရ စုပ်ယူမှုနှုန်းကို မြှင့်တင်ပေးတယ်၊ ကိုယ်တွင်း ဆဲလ်တွေ ပျက်စီးနေရင် ပြန်လည် ပြုပြင်ပေးတယ်၊အသားအရေကိုလည်း ကြည်လင် ဝင်းပလာစေပါတယ်။နာနတ်သီးမှာအမျှင်ဓာတ်တွေ အများအပြား ပါဝင်လို့ သူ့ကို ကြိတ်ထားတဲ့ ဖျော်ရည်ကို သောက်ပေးခြင်းဖြင့်လည်း ဒီအမျှင်ဓာတ်တွေကို ခန္ဓာကိုယ်က စုပ်ယူနိုင်ပါတယ်။ အမျှင်ဓာတ်ဟာ အစာခြေစနစ်ကို ကောင်းမွန်စေပြီးအစာစားချင်စိတ်ကို ဖြစ်ပေါ်စေတယ်။ အစာအိမ်ကိုလည်း အားကောင်းစေပြီး ကိုယ်တွင်းအင်္ဂါတွေ နီရဲရောင်ရမ်းခြင်းကို ကျစေတယ်။ ဝမ်းမှန်စေတယ်၊ဝမ်းချုပ်တာ၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်တာ၊ အမာဝမ်းတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ကိုယ်ခန္ဓာထဲကို ပြင်ပကနေ ရောဂါပိုးမွှား ပေါင်းစုံက အချိန်မရွေး ဝင်လာနိုင်ပါတယ်။ ဒီလို ရောဂါပိုးတွေ ဝင်လာတာနဲ့ကိုယ်ခံအားစနစ်ထဲမှာ ရှိတဲ့ ဆဲလ်တွေကို လျင်မြန်စွာ အလုပ်လုပ်ပြီး တိုက်ထုတ်ကာ ကိုယ်တွင်းအင်္ဂါတွေ မထိခိုက်အောင် ကာကွယ်ပေးရပါတယ်။ နာနတ်သီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးနိုင်တဲ့အတွက် အလွယ်တကူ ဖျားနာတာ၊ နေမကောင်းဖြစ်တာ၊ နှာစေး အအေးမိတာအပြင် တခြားသော ရောဂါတွေ အလွယ်တကူ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။နာနတ်သီးမှာ ပါဝင်တဲ့ Bromelain ဆိုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးက နှလုံးရဲ့ လုပ်ဆောင်ရည်အားကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင်သွေးတိုးရောဂါရှင်တွေဆိုရင် သွေးတိုးကျစေတယ်၊ သွေးခဲပြီး ပိတ်ဆို့ခြင်း မဖြစ်စေဖို့ ကာကွယ်ပေးတယ်။ နှလုံးရောဂါ ဖြစ်နိုင်ခြေကိုလည်း လျော့ကျစေပါတယ်။နာနတ်သီး ဖျော်ရည်ကို သဘာဝအတိုင်း အာဟာရဓာတ် အပြည့်ဝဆုံး ရစေဖို့ဆိုရင် ကြိတ်စက်ထဲမှာနာနတ်သီးကို အတုံးလေး ဖြစ်အောင် စိတ်ပြီး ကြိတ်လို့ ဖျော်သောက်ရုံပါပဲ။ သကြား၊ နို့ဆီတွေကို ထပ်ထည့်ဖို့ မလိုပါဘူး။ နာနတ်သီးမှာ အချိုဓာတ် အရသာ Flavanoid တွေ ပါဝင်ပြီးသားမို့ပါ။ အသက်အရွယ် မရွေး သောက်ပေးလို့ ရပြီး မနက် အစောပိုင်းအချိန် သောက်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ကိုယ်က ရောဂါပျောက်ဆေး၊ ဆေးပြင်း တချို့သောက်နေတယ်ဆိုရင်တော့ ကိုယ်ပြနေတဲ့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီး နာနတ်သီး ဖျော်ရည် သောက်သင့်၊ မသောက်သင့်ကို မေးမြန်းထားဖို့ လိုပါမယ်။ စားချင့်ရည် ပြန်ဆန်တက်တဲ့ ရောဂါ (GERD) ရှိသူတွေဆိုရင် ရင်ပူတာ၊ လေချဉ်တက်ပြီး ပျို့အန်တာမျိုး ဖြစ်နိုင်တဲ့အတွက် နေ့တိုင်း သောက်တာမျိုးတော့ လုပ်လို့ မရပါဘူး။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/%e1%80%94%e1%80%ac%e1%80%94%e1%80%90%e1%80%ba%e1%80%9e%e1%80%ae%e1%80%b8%e1%80%96%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9b%e1%80%8a%e1%80%ba-%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%95/
စာလုပ်နေချိန် အိပ်မငိုက်စေမယ့် နည်းလမ်းကောင်းတွေ ရှိတယ်နော်
ဘာလိုလိုနဲ့ မတ်လထဲတောင် ဝင်လာပြီနော်။ ဒီအချိန်ဆိုရင် တက္ကသိုလ်ဝင်တန်းကျောင်းသားတွေလည်း စာမေးပွဲ စနေလောက်ပြီ၊ တက္ကသိုလ် ကျောင်းသားတွေ ဆိုရင်လည်း ပထမနှစ်ဝက် ဖြေနေရလောက်ပြီ၊ အငယ်တန်း ကျောင်းသားတွေကျတော့လည်း တစ်နှစ်စာစာမေးပွဲကြီး ပြီးလို့ နောက်နှစ်အတွက် သင်ရမယ့် စာတွေကို ကြိုပြီး ကျက်မှတ်နေလောက်ပါပြီ။ ဒီလိုအချိန်မျိုးမှာ ကျောင်းသားတွေအတွက် စာကောင်းကောင်း ကျက်မှတ်လို့ ရမယ့် နည်းလမ်းတွေကို ဒီဆောင်းပါးလေးမှာ ပြောပြပေးချင်ပါတယ်။ဦးနှောက်ရဲ့ သဘာဝက ငြိမ်ငြိမ်လေး ထိုင်နေရင်ထိုင်းမှိုင်းပြီး လေးလံလာတယ်၊ ပျင်းပြီး အိပ်ချင်လာစေပါတယ်။ ဒါကြောင့် အမြဲတမ်း ထိုင်ပြီး စာကျက်တာထက် မတ်တပ်ရပ် ကျက်တာ၊ လမ်းလျှောက်တာမျိုး လုပ်ပေးပါ။ အဲ့လိုမဟုတ်ဘဲ နာရီဝက်လောက် ထိုင်ကျက်ပြီး ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ၊အကြောလျှော့တာမျိုး လုပ်ပေးနိုင်ရင်လည်း အဆင်ပြေပါတယ်။ပတ်ဝန်းကျင်က လင်းနေရင် အိပ်ချင်တဲ့ စိတ်တွေ ပိုပျောက်ပြီးစိတ်အာရုံကို လန်းလန်းဆန်းဆန်း ဖြစ်စေပါတယ်။ ဒါကြောင့်စာကျက်ဖို့ ရည်ရွယ်ထားတယ်ဆိုရင် ပတ်ဝန်းကျင်အလင်းရောင်သို့မဟုတ် မီးအလင်းရောင် ကောင်းကောင်းရတဲ့ နေရာမှာ စာကျက်ပါ။ မှောင်တဲ့ နေရာတွေကို တတ်နိုင်သလောက် ရှောင်ပါ။ အိပ်ချင်စေသလိုမျက်စိကိုလည်း ထိခိုက်စေနိုင်ပါတယ်။ကျောင်းစာတွေပဲ အမြဲ လုပ်နေရတဲ့အခါ ကျောင်းသား၊ ကျောင်းသူ အများစုက ပျင်းပြီး ငိုက်လာတတ်ကြပါတယ်။ အထူးသဖြင့် သူတို့ စာလုပ်နေတဲ့ နေရာနားမှာ လှဲအိပ်စရာကုတင်တို့၊ ဆိုဖာတို့ ရှိနေရင် ပိုဆိုးတော့မှာပေါ့။ အဲ့ဒါကြောင့် ကိုယ့်ရဲ့အိပ်ခန်းတွေ၊ ခဏတဖြုတ် လှဲအိပ်လို့ ရမယ့် နေရာတွေနဲ့ ဝေးရာမှာ စာသွားကျက်ပေးပါ။ရေသောက်တဲ့အခါ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည် ဖြည့်တင်းပေးသလို လူကိုလည်း လန်းလန်းဆန်းဆန်း ဖြစ်စေတယ်။ စိတ်အာရုံ ကြည်လင်စေတယ်။ အထူးသဖြင့် စာအော်ကျက်တတ်တဲ့ ကလေးတွေဆိုရင် လည်ချောင်းနာတာ၊ ခြောက်တာ ဖြစ်တတ်တဲ့အတွက် ရေများများ သောက်ပေးဖို့ လိုပါတယ်။ ဒါ့အပြင် ရေရဲ့ အေးမြတဲ့ ခံစားချက်က စာကျက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အိပ်ချင်ပြေစေသလို စာကျက်ရာမှာလည်း ပိုပြီး သက်တောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။မုန့်ပဲသရေစာတွေ စားတဲ့အခါ တွေ့ကရာ အချိုများတဲ့ မုန့်တွေ၊ အချိုရည်တွေ၊ အဆီကြော်တွေထက်သစ်သီးစိတ်တွေ၊ ကြက်ဥပြုတ်၊ အစေ့အဆန်တွေ၊ နွားနို့၊ ဂျုံကြမ်းပေါင်မုန့်မျိုး များများစားပေးသင့်ပါတယ်။ အာဟာရ ပြည့်ဝစွာ စားသုံးပေးမှ ဦးနှောက်ရဲ့ လုပ်ဆောင်ရည် အားပိုကောင်းလာမှာ ဖြစ်ပြီး ခဏလေးနဲ့ မေ့တာ၊ စာမှတ်ရမှာ အခက်အခဲ ဖြစ်တာမျိုးတွေကို ကာကွယ်ပေးနိုင်မှာပါ။ကိုယ့်ဘော်ဒါတွေနဲ့ စုစုရုံးရုံး ပျော်ပျော်ပါးပါး စာလုပ်ရတဲ့ ခံစားချက်ကို တကယ်လုပ်ဖူးတဲ့ ကျောင်းသား၊ ကျောင်းသူတိုင်း သိကြမှာပါ။ တစ်ယောက် မရတဲ့ စာကို တစ်ယောက်က ပြန်ထောက်၊ ငိုက်လာပြီဆိုရင် ရယ်စရာ မောစရာလေးပြော၊ စာလည်းလုပ်၊ စာလုပ်ချိန် ပြီးသွားရင် ခဏတဖြုတ် အပြင်ထွက်ပြီး ကစား လုပ်ပေးနိုင်ရင် အိပ်ချင်တဲ့ စိတ်ဆိုတာ ဖြစ်လာစရာ အကြောင်း မရှိတော့ပါဘူး။ကျောင်းသား၊ ကျောင်းသူတွေဟာ အသက် ငယ်သေးတဲ့အတွက် လူကြီးတွေထက် ညဘက် အိပ်ချိန် ပိုမိုလိုအပ်ပါတယ်။ ဒါကြောင့် စာလုပ်ရမယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ညဘက်အိပ်ရေးအပျက်ခံတာမျိုး လုံးဝမလုပ်ပါနဲ့။ ညကို စောစောအိပ်ရာဝင်ပါ။ မနက်ကို စောစောအိပ်ရာထပြီး စာလုပ်ပါ။ နေ့လည်နေ့ခင်း အရမ်းပင်ပန်းရင် တရေးတမော အိပ်ပြီး စာပြန်လုပ်ပါ။ ကြားထဲမှာအစာအာဟာရကို စုံလင်စွာစားပါ။ ကစားတာ၊ အားကစား လေ့ကျင့်ခန်းလုပ်တာ၊ အပြင် ဗဟုသုတတွေ ရှာဖွေဖတ်ရှုတာ စတဲ့ အလေ့အကျင့်ကောင်းတွေ လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။စာလုပ်ရမှာ ပျင်းတဲ့ ညီလေး ညီမလေးတွေ၊ စာကျက်တိုင်း အမြဲငိုက်တတ်တဲ့ ကျောင်းသားတွေအတွက် ဒီနည်းလမ်းတွေက ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ စာမေးပွဲအတွက် လုံးပန်းနေရတဲ့ ကလေးတွေလည်း အကောင်းဆုံး ကြိုးစားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%85%e1%80%ac%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%94%e1%80%b1%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba-%e1%80%a1%e1%80%ad%e1%80%95%e1%80%ba%e1%80%99%e1%80%84%e1%80%ad%e1%80%af%e1%80%80/
စူပါမေမေ ဖြစ်ဖို့အဆင့် (၈)ဆင့်
ကမ္ဘာ့ အလုပ်အများဆုံးသူတွေက ဘယ်သူတွေ ဖြစ်မယ်ထင်လဲ …..မေမေတွေပါပဲ။ ဒီလို ပြောလိုက်လို့ အံ့အားသင့်သွားမလား… တကယ်တော့ မေမေတွေက အားလပ်ချိန်မရှိဘဲ မိသားစုတွေကို ပေးဆပ်တတ်ကြသူတွေပါ။ မေမေတွေဟာ မိုးလင်းကနေ မိုးချုပ် အလုပ်နဲ့ လက်မပြတ်တမ်းလုပ်ကြရပေမယ့် အချို့သော လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းမှ ချီးမွမ်းလေးစားခံရမှု တောင် မရကြပါဘူး။ပျမ်းမျှအားဖြင့် ဘယ်သူ တစ်ဦးတစ်ယောက်ကမှ မေမေတစ်ယောက်လောက် အလုပ်မများတာ အမှန်ပါ။ မေမေတစ်ယောက်ဟာ အပြင်အလုပ်မလုပ်ဘူး အိမ်မှုကိစ္စ ကိုပဲ လုပ်တယ်။ အိမ်ထောင်ရှင်မ တာဝန်ကိုပဲ ယူထားတယ်ဆိုရင်တောင် မဆုံးနိုင်တဲ့အိမ်မှုကိစ္စ၊ သားသမီးတာဝန်၊ လင်သားတာဝန်၊ မိဘတွေကို ပြုစုရတာ၊ စောင့်ထိန်းလိုက်နာရမယ့် ကျင့်ဝတ်တွေကို ပြည့်မီအောင် လုပ်ရတာနဲ့တင် မိုးလင်းကနေ မိုးချုပ် အနားမရကြသူတွေပါ။ မေမေတစ်ယောက်ရဲ့ တာဝန်မှာ ပိတ်ရက်၊အားလပ်ချိန်ရယ်လို့ မရှိပါဘူး။သာမန်အဆင့်ထက်သာလွန်နေတဲ့စူပါမေမေဆိုတာက တိုးတက်လာတဲ့ခေတ်ရဲ့ ခေတ်မီလူနေမှုပုံစံကို စွန့်ခွာလို့ ကိုယ်သက်သာဖို့ထက် ကိုယ့်ရင်သွေး၊ ခင်ပွန်းနဲ့ မိသားစုဝင်တွေကိုကျန်းမာပျော်ရွှင်စေဖို့နဲ့ ကိုယ်တိုင်ကျန်းမာဖို့ အချိန်ခါမလပ် အားထုတ် ကြိုးပမ်းနေကြသူတွေပါ။ ကြုံတွေ့လာရတဲ့ စိန်ခေါ်မှုတိုင်းကို တစ်ချက် တွန့်ဆုတ်မနေဘဲ မိသားစုအတွက် အနစ်နာခံ ပေးဆပ်တတ်ကြသူတွေပါ။မေမေဆိုတာက သူဆိုတဲ့ ရပ်တည်မှုကို စွန့်ခွာလို့ အတွေးတိုင်းကို မိသားစုအတွက်လို့ တွေးတောရင်း ရှင်သန်တတ်ကြသူတွေပါ။ မေမေတစ်ယောက်က သူ့ရဲ့ရှင်သန်နေချိန်ကာလမှာ သားသမီးရဲ့ လိုအင်က ပထမ၊ လင်သား လိုအင်က ဒုတိယ၊ ကိုယ်တိုင်ရဲ့ လိုအင်က နောက်ဆုံးမှာ ဆိုတာကို အမြဲတွေးတောရှင်သန်နေတတ်သူတွေပါ။ ကမ္ဘာပေါ်မှာ မေမေတွေလောက် စွန့်လွှတ် အနစ်နာခံတတ်သူတွေ မရှိပါဘူး။ ဒါကြောင့်လည်း မေမေတွေက စူပါလူသားတွေ (စံပြပုဂ္ဂိုလ်တွေ) လို့ ပြောရတာပါ။နေ့စဉ်တိုင်း အမေ့အလျော့ မရှိ လုပ်နေရတဲ့ မေမေတစ်ယောက်ရဲ့ တာဝန်တွေက။ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက်ရဲ့ နောက်ကွယ်မှာ စူပါမေမေ ရှိပါတယ်။ ဒီတော့ ကိုယ့်အသက်တမျှ ချစ်ခင်ရတဲ့ သားသားမီးမီးတို့ကို ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးနိုင်မယ့်  စူပါမေမေဖြစ်စေဖို့ အတွက်ဆိုရင်။(၁) အခြားသူတွေနဲ့ နှိုင်းယှဉ်မှုကို ရပ်ပါ– လူတိုင်းရဲ့ လုပ်နိုင်စွမ်း၊ ကြုံတွေ့ရတဲ့ အခြေအနေတွေက မတူပါဘူး။ ဒီတော့ အခြားသူတွေနဲ့ နှိုင်းယှဉ်တာမျိုး မလုပ်ပါနဲ့။ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာကို အကောင်းဆုံးလုပ်ပါ။ အခြားသူတွေကို မီအောင် ပြေးလိုက်နေရတာက ပင်ပန်းပါတယ်။ ဒါကြောင့် စိတ်ကို သက်သောင့်သက်သာထားလို့ ကိုယ်ဖြတ်သန်းရမယ့်မိခင်ဘဝကို အကောင်းဆုံး ကျော်ဖြတ်ဖို့ပဲ အာရုံစိုက်ပါ။(၂) ပြန်လည် သုံးသပ်ပါ –ကိုယ်ပိုင် မှတ်စုစာအုပ် တစ်အုပ်ထားလို့ တစ်ပတ်တာ အလုပ်တွေကို ရေးချပါ။ ဒီအလုပ်တွေထဲမှာမှ ဘာတွေကတော့ အိမ်အလုပ်၊ ဘာတွေက ရုံးအလုပ်၊ ဘာတွေက လူမှုရေးကိစ္စတွေဆိုတာကို သေချာလေး ခွဲခြားမှတ်ပါ။ ဒီထဲကမှ ဘာတွေကို ဆက်လုပ်သင့်တယ်။ ဘာတွေကို ဆက်မလုပ်သင့်ဘူးလဲ ဆိုတာကို သေချာခွဲခြားမှတ်ပါ။ ဒီလိုလုပ်တာက ကိုယ်တိုင်အတွက်ရော မိသားစုအတွက်ပါ အချိန်ပိုလေးတွေ ထွက်လာနိုင်ပါတယ်။(၃) လွှတ်ချတတ်ပါစေ –မေမေဆိုတာက တာဝန်တွေများတယ် ဆိုပေမယ့် အားလုံးကို လုပ်ဆောင်နိုင်ဖို့မလွယ်ဘူး။ မေမေဆိုတာကလည်း လူသားတွေထဲက လူသားတစ်ယောက် ဖြစ်တာကြောင့် လုပ်ဆောင်နိုင်တဲ့ အင်အားက အကန့်အသတ်ရှိတယ်ဆိုတာကို လက်ခံ တတ်ဖို့လိုပါမယ်။ တစ်ယောက်တည်းနဲ့ နှစ်နေရာခွဲလုပ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီလို မဖြစ်နိုင်တဲ့ အခြေအနေတွေကို လက်ခံပြီး လွှတ်ချသင့်တာကို လွှတ်ချရပါမယ်။ မေမေဆိုတဲ့ ခရီးရှည်ကြီးကို လျှောက်ဖို့အတွက် မနိုင်ဝန်ကို မထမ်းဖို့ ပြောပါရစေ။(၄) အမှားလုပ်မိနိုင်တယ် ဆိုတာကို လက်ခံတတ်ပါစေ–  မိဘက သားသမီးတွေရဲ့ စံပြဖြစ်ရမှာဆိုပေမယ့် အမှားလုံးဝမရှိအောင် ဂရုစိုက်ရမယ် မဆိုပါဘူး။ မေမေကလည်း ပြဿနာတွေကို၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းရတဲ့အခါ မှားတဲ့အခါမျိုးလည်း ရှိနိုင်ပါတယ်။ တွေ့ကြုံရတဲ့ အခြေအနေတွေများလာတဲ့အခါ အတွေ့အကြုံတွေများလာပြီး ပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းလာနိုင်မှာပါ။(၅)အနားယူပါ– မေမေတွေရဲ့ တာဝန်က ပိတ်ရက်မရှိဘူးဆိုပေမယ့် တစ်သက်တာလုံးမှာ အကောင်းဆုံး ထမ်းဆောင်ရမယ့် မေမေ့တာဝန်ကို ကျေပွန်ဖို့ လိုအပ်တဲ့ ပြည့်ဝတဲ့ အနားယူမှုကို ဖန်တီးပါ။ တစ်ပတ်မှာ တစ်ရက်လောက်တော့ ကောင်းကောင်း အနားယူတာမျိုး လုပ်ပါ။ ဒါမှ ခွန်အားအပြည့်နဲ့ လုပ်ဆောင်ရမယ့် တာဝန်တွေကို အကောင်းဆုံး လုပ်ဆောင်လို့ စူပါ မေမေဖြစ်မှာပါ။(၆)စဉ်းစားတွေးခေါ်မှုပုံစံပြောင်းပါ– တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ ရန်သူက ကိုယ်တိုင်ဖြစ်နေနိုင်ပါတယ်။ ဒီလိုဖြစ်ရတာလည်း ကိုယ့်အတွေးကြောင့်ပါ။ သားသားမီးမီးတို့ရဲ့ ဂုဏ်ယူရတဲ့ မေမေဖြစ်ချင်တာကြောင့် သင်ယူမှုတွေ ဆက်လုပ်မယ်၊ လုပ်ငန်းခွင်မှာ တိုးတက်မှုရအောင် ကြိုးစားတဲ့အခါ အချိန်အပိုင်းအခြားတစ်ခုလောက် သားသားမီးမီးတို့ကို မိဘ (ဘိုးဘိုးဘွားဘွားတို့) နဲ့ ထားသွားရတာ၊ ကလေးထိန်းနဲ့ ထားသွားရတာမျိုးရှိနိုင်ပါတယ်။ ဒါတွေကို အပြစ်ရှိတယ်လို့ မယူဆစေချင်ပါဘူး။ သူတို့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတာလို့ပဲ တွေးစေချင်ပါတယ်။ကလေးကို ဒီ နာရီအပိုင်းအခြားမှာ နို့မတိုက်ရလို့ဆိုပြီး အပြစ်ရှိသလို မခံစားပါနဲ့။မိခင်နို့ရည်ကို ညှစ်ထုတ် သိမ်းဆည်းပေးခဲ့လို့ရသလို ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝစွာ ပါဝင်အောင် စီမံထုတ်လုပ်ထားတဲ့အာဟာရဖြည့်နို့တွေ တိုက်ပေးလို့ရပါတယ်။(၇) လိုအပ်ရင် အကူအညီယူဖို့ ဝန်မလေးပါနဲ့– မေမေဆိုတာကလည်း အပေါ်မှာ ပြောခဲ့သလို သာမန်လူသားတစ်ဦးပါ။ မွေးဖွားလာကတည်း မေမေတစ်ယောက်ရဲ့ တာဝန်တွေကို မလုပ်တတ်ခဲ့ပါဘူး။ ပြုစုယုယခံ သားသမီးတစ်ယောက်အနေနဲ့ မွေးဖွားလာတာပါ။ ဒါကြောင့် အချို့သော မေမေတာဝန်တွေကို မလုပ်ဆောင်နိုင်တာမျိုး၊ မသိနားမလည်တာမျိုး ရှိနိုင်ပါတယ်။ဒီလို အခြေအနေမျိုးမှာ ကိုယ့်ထက် အတွေ့အကြုံရှိသူတွေဖြစ်ကြတဲ့ မိခင်၊ ယောက္ခမ၊ အစ်မတွေဆီကနေ အကူအညီတောင်းရမှာကို ဝန်မလေးပါနဲ့လို့ ပြောပါရစေ။ မတတ်နိုင်တဲ့အရာတွေကို အကူအညီယူဖို့ မတွန့်ဆုတ်နေပါနဲ့။(၈)ကလေးကို အချိန်ပေးပါ–ကလေးကို အချိန်ပေးပြီး စကားပြောပေးတာ၊ လိုအပ်တာလေးတွေကို ဂရုစိုက်ပြင်ဆင်ပေးတာ၊ ခံစားချက်တွေကို မျှဝေပေးတာကလည်း စူပါမေမေတိုင်း လုပ်ဆောင်သင့်တဲ့ အလေ့အထကောင်း တစ်ခုပါ။ ဒါမှ မေမေနဲ့ သားသားမီးမီးတို့ကြားချစ်ခင်မှုတွေ တိုးပွားပြီး ကျန်းမာပျော်ရွှင်တဲ့ မိသားစု ဘဝလေးကို ပျိုးထောင်နိုင်မှာပါ။ကိုယ့်ဘဝတိုးတက်ဖို့လည်း ​ကြိုးစားရင်း သားသားမီးမီးကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ပျိုးထောင်တဲ့ တာဝန်ကိုလည်း မလစ်ဟင်းစေတဲ့ စူပါမေမေတွေဖြစ်ကြပါစေ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/ways-to-be-a-super-mom/