title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
တစ်စုံတစ်ဦး ရုတ်တရက်နှလုံးရပ်သွားသည့်အခါ သင်ဘယ်လိုလုပ်မလဲ
ရုတ်တရက်နှလုံးရပ်ခြင်းသည် အလွန်ကြောက်စရာကောင်းလှသည်။ ထိုအခိုက်အတန့်သည် လူတစ်ဦး၏ဘဝကို မိနစ်ပိုင်းအတွင်းအဆုံးသတ်သွားစေနိုင်သောအခိုက်အတန့်ဖြစ်သည်။ ရှေ့တစ်မိနစ်တွင် သူ၏နှလုံးသည်အကောင်းပကတိအတိုင်းခုန်နေသေးသည်။ နောက်တစ်မိနစ်တွင် သွေးလွှတ်ခန်းများသည် အထိန်းအကွပ်မဲ့စွာတဆတ်ဆတ်ခုန်လာပြီး နှလုံးခုန်နှုန်းစည်းချက်မမှန်ဖြစ်လာသည်။ ထို့နောက် နှလုံး တစ်ခုလုံးအခုန်ရပ်သွားတော့သည်။ အကယ်၍ သင်ရှေ့တွင် တစ်စုံတစ်ယောက် ရုတ်တရက် နှလုံး ရပ် သွားပါက သင်ဘာလုပ်မည်နည်း။လွဲချော်သွားသော စက္ကန့်တိုင်းသည် လူတစ်ယောက်၏ အသက်ဆက်လက် ရှင်သန်နိုင်သည့်အခွင့်အလမ်းကိုလျော့နည်းစေနိုင်သည့်အတွက် ဤအခြေအနေသည် စင်စစ်အားဖြင့် အမှားမခံသောအခြေအနေဖြစ်သည်။ လူတစ်ဦးဟာရုတ်တရက် နှလုံးရပ်သည့်လက္ခဏာများ စတင်ပြသသည်နှင့် သင်လုပ်သင့်သည့်အလုပ် ၂ခုရှိသည်။ ၎င်းတို့မှာ အရေးပေါ် အသက်ကယ်ကုသမှု (CPR) ပြုလုပ်ခြင်းနှင့် လူနာတင်ယာဉ်ခေါ်ခြင်းတို့ဖြစ်သည်။ CPR သည် အရေးပေါ်လုပ်ငန်း စဉ်တစ်ခုဖြစ် သည်။ ၎င်းသည်လူနာ၏ ခန္ဓါကိုယ်ထဲရှိ အောက်ဆီဂျင်ပမာဏ ကိုထိန်းသိမ်းပေးသည့်အပြင် အရေးကြီးလှသည့်ကောင်းမွန်စွာ သွေးစီးဆင်းမှုကိုလည်း ထိန်းသိမ်းပေးသည်။ (ဦးနှောက်နှင့် ကိုယ်အင်္ဂါများ) သွေးကြောများအတွင်းရှိ အာဟာရ နှင့် အောက်ဆီဂျင်မရရှိလျှင် ပြင်းထန်စွာ ထိခိုက်သွားနိုင်သည်။ CPR ပြုလုပ်ရမည့်အဆင့်များကို ဤနေရာတွင်ဖော်ပြထားသည်။လူနာကိုမြေကြီးပေါ် (သို့) မာကြောသော မျက်နှာပြင်တစ်ခုပေါ်တွင် လဲလျောင်းစေပါ။ ပြီးလျှင် သင်ကသူ၏ဘေးကပ်လျက်တွင်နေရာယူပါ။ လက်တစ်ဖက်ကို လူနာ၏ရင်ဘက်အလည်တည့်တည့် နို့သီးခေါင်း ၂ ခုအကြားတွင်ထားပါ။ နောက်လက်တစ်ဖက်ကို ပထမလက်ပေါ်တွင် တင်ပါ။ သင်၏ လက်မောင်းများကို ဆန့်ထားပြီး (တံတောင်ဆစ်များကို မကွေးပါစေနဲ့) သင်၏ ခန္ဓါကိုယ်အပေါ်ပိုင်းသည် သင်လက်များ၏ အပေါ် တည့်တည့် တွင်ရှိနေပါစေ။ သင်၏ခန္ဓါကိုယ်အပေါ်ပိုင်း အားကိုသုံး၍ လူနာ၏ရင်ဘတ်ကို အနည်းဆုံး ၅စင်တီမီတာခန့် ချိုင့်ဝင်သွားအောင်ဖိချပါ။ ဖိရမည့်နှုန်းမှာ တစ်မိနစ်လျှင် အကြိမ် ၁၀၀ နှုန်းဖြစ်သည်။သင်သည် CPR လေ့ကျင့်ဖူးသူဖြစ်ပါက အကြိမ် ၃၀ မြောက်ဖိပြီးချိန်တွင် သင်၏လက်ဖဝါးကို ထိုသူ၏ နဖူးပေါ်တင်၍ ဦးခေါင်းကို နောက်သို့ ညင်သာစွာစောင်းပေးခြင်းဖြင့် လေလမ်းကြောင်းကိုဖွင့်နိုင်ပါသည်။ ထို့နောက်လေလမ်းကြောင်းကိုဖွင့်ရန် မေးစေ့ကို ညင်သာစွာတွန်းလိုက်ပါ။ အသက်ရှုသံ (သို့) ရင်ဘတ် လှုပ်ရှားမှုကဲ့သို့ အသက်ရှုလှုပ်ရှားမှုများ ရှိ၊ မရှိစစ်ဆေးသင့်သည်။ အကယ်၍သူသည် ပုံမှန် အသက်မရှုလျှင် ပါးစပ်ခြင်းတေ့၍ လေမှုတ်သွင်းခြင်းကိုပြုလုပ်နိုင်သည်။ သင်သည် ဤလုပ်ငန်းစဉ်နှင့် အကျွမ်းတဝင်မရှိလျှင် ရင်ဘက်ဖိခြင်းကိုသာဆက်လုပ်ပါ။လေလမ်းကြောင်း ဖွင့်ပြီးဖြစ်သည့်နောက်တွင် သင်သည် သင်၏နှာခေါင်းကို သင်၏လက်တစ်ဖက်နှင့် ပိတ်ထားလိုက်ပါ။ ထို့နောက်ထိုသူ၏ ပါးစပ်ကိုသင်၏ပါးစပ်ဖြင့်လုံအောင်ပိတ်လိုက်ပါ။ အသက်ကယ်လေမှုတ်သွင်းလိုက်ပါ။ ၎င်းသည် တစ်စက္ကန့်လောက်ကြာသင့်သည်။ ထိုအချိန်တွင် လူနာ၏ ရင်ဘတ်မြင့်တတ်လာ၊ မလာကြည့်ပါ။ မြင့်တက် လာလျှင် ဒုတိယတစ်ချက်ထပ်မှုတ်သွင်းပါ။ မြင့်မတက်လာလျှင် လေလမ်းကြောင်း ကောင်းမွန်စွာ ပွင့်မပွင့်ပြန်စစ်ဆေးပါ။ မပွင့်လျှင် ခေါင်းစောင်းခြင်း၊ မေးစေ့တွန်းတင်ခြင်းပြန်လုပ်၍ နောက်တစ်ကြိမ် လေမှုတ်သွင်းပါ။ အသက်ရှုသည့်စက်ဝန်းတစ်ပတ်တွင် ရင်ဘတ်ဖိခြင်းအကြိမ် ၃၀ နှင့် လေမှုတ်သွင်းခြင်း ၂ ကြိမ်ပါဝင်သည်။ ထို့နောက် သွေးလှည်ပတ်မှုအတွက်ရင်ဘက်ဖိခြင်း ပြန်လုပ်သင့်သည်။ကျန်းမာရေးဝန်ဆောင်မှုများရရှိသည့်အထိ (သို့) အလိုအလျောက်ပြင်ပမှနှလုံးနှိုးစက်(AED) ရသည်အထိ CPR ကို ဆက်လုပ်ပါ။ အလိုအလျောက် နှလုံးနှိုးစက် AED သည် နှလုံးကိုရှော့ခ်ရိုက်ခြင်းဖြင့် ၎င်း၏ပုံမှန်စည်းချက်မှန်နှလုံးခုန်မှုပြန်ရရန် ကူညီပေးသော ကိရိယာဖြစ်သည်။ AED နှင့် CPR ပူးပေါင်းလုပ်ဆောင်သည့် လုပ်ရိုးလုပ်စဉ်တွင် ရှော့ခ်တစ်ကြိမ်ရိုက်၊ နောက်တစ်ကြိမ် ရှော့ခ်မရိုက်မီ CPR ၂ မိနစ်ခန့်ပြုလုပ်ခြင်းဖြစ်သည်။ AED ကိုအသုံးပြုပုံကို မသိလျှင် လူနာတင်ယာဉ်လာသည်အထိ ရင်ဘက်ဖိခြင်း ဆက်လုပ်နေပါ။လူတစ်ယောက်သည် မကြာမီနှလုံးရပ်တော့မည်ဆိုလျှင် တွေ့နိုင်မည့်လက္ခဏာအချို့ရှိသည်။ ၎င်းတို့မှာ အသက်ရှုနှုန်းရုတ်တရက်ကျသွားခြင်း၊ မူးဝေလာခြင်း၊ ရင်ဘက်အောင့်လာခြင်း၊ အားနည်း လာခြင်း၊ လက်မောင်း၊ ကျော၊ လည်ပင်းနှင့် မေးရိုးတို့တွင် အောင့်လာခြင်းနှင့် တုန့်ပြန်မှုမရှိတော့ခြင်း တို့ဖြစ်သည်။ နှလုံးရောဂါရာဇဝင်ရှိသော လူတစ်ယောက်ကိုသိခြင်းသည်လည်း သင့်ကို အမြဲနိုးကြားနေစေပါ သည်။ ပုံမှန်မဟုတ်သော အမှုအရာတစ်ခုခုကိုသတိပြုမိသည်နှင့် ပြတ်ပြတ်သားသား ဆုံဖြတ်ပါ။ သင်သည်လူတစ်ဦး၏ အသက်ကို အချိန်မီကယ်ဆယ်ကောင်း ကယ်ဆယ်နိုင်လိမ့်မည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%80%90%e1%80%85%e1%80%b9%e1%80%85%e1%80%b6%e1%80%af%e1%80%90%e1%80%85%e1%80%b9%e1%80%a5%e1%80%ae%e1%80%b8-%e1%82%90%e1%80%af%e1%80%90%e1%80%b9%e1%80%90%e1%80%9b%e1%80%90%e1%80%b9%e1%82%8f%e1%80%bd/
စိတ်ကျရောဂါသောက်ဆေးတွေနဲ့ အော်တစ်ဇင် ဆက်စပ်သလား။
လတ်တလော လေ့လာတွေ့ရှိချက်တခုအရ စိတ်ကျရောဂါသောက်ဆေးတွေကို သုံးစွဲနေတဲ့ ကိုယ်ဝန်ဆောင်တွေ(အထူးသဖြင့် ကိုယ်ဝန် သုံးလနောက်ပိုင်းမှာ)က မွေးဖွားလာတဲ့ ကလေးတွေဟာ အော်တစ်ဇင် ဝေဒနာကို ခံစားရနိုင်ချေ ပိုများတယ်လို့ ဆိုပါတယ်။အော်တစ်ဇင်(Autism Spectrum Disorder လို့လည်း ခေါ်ကြတယ်)ဆိုတာ ပြင်းထန်ဆိုးရွားတဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါတမျိုးဖြစ်ပါတယ်။ ဒီရောဂါဟာ ဝေဒနာရှင် ကလေးရဲ့ တခြားလူတွေနဲ့ ပြောဆိုပေါင်းသင်းဆက်ဆံနိုင်စွမ်းကို အဓိက ထိခိုက်စေပါတယ်။ အရာတခုခု ဒါမှမဟုတ် စိတ်ဝင်စားရာ တခုခုကို တချိန်လုံး ထပ်ခါတလဲလဲ လုပ်နေတတ်တဲ့ အမူအကျင့်ဟာလည်း ဒီရောဂါရဲ့ လက္ခဏာတခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါဟာ ပေါင်းသင်းဆက်ဆံရေး၊ပညာရေး နဲ့ နေ့စဉ်နေထိုင်သွားလာမှုတွေကို ဆိုးဆိုးရွားရွားကို ထိခိုက်စေတာပါ။အော်တစ်ဇင် ကလေးတွေဟာ။လေ့လာမှုတွေအရ ကိုယ်ဝန်ဆောင်ကာလ (အထူးသဖြင့် ကိုယ်ဝန်သုံးလနောက်ပိုင်း)မှာ စိတ်ကျရောဂါသောက်ဆေး သုံးစွဲတဲ့ မိခင်လောင်းတွေက မွေးဖွားလာတဲ့ ကလေးတွေမှာ အော်တစ်ဇင်ဝေဒနာခံစားရဖို့ ၈၇%ပိုများတယ်လို့ ဆိုပါတယ်။Selective Serotonin Reuptake Inhibitor အမျိုးအစား ဆေးတွေဖြစ်တဲ့ escitalopram (Lexapro), fluoxentine (Prozac), sertraline (Zoloft) တွေကို သုံးစွဲရင် ဖြစ်နိုင်ချေပိုများပါတယ်။ ဒါပေမယ့် စိတ်ကျရောဂါသောက်ဆေးတွေကြောင့် အော်တစ်ဇင်ဖြစ်နိုင်တယ်ဆိုတဲ့ သက်သေပြချက် အတိအကျတော့ မသိရသေးပါဖူး။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မိခင်လောင်းတွေအနေနဲ့ ဆရာဝန်က အတိအကျညွှန်ကြားထားတဲ့ အခြေအနေမျိုးကလွဲပြီး မိမိသောက်လက်စ စိတ်ကျဝေဒနာ ပျောက်ဆေးကို ရပ်မပစ်ရပါဖူး။ ဒီလိုမျိုး ရုတ်တရက် ဆေးသောက်ရပ်လိုက်မယ်ဆိုရင် ဆေးဖြတ်လက္ခဏာတွေကို ခံစားရမှာဖြစ်ပြီး အဲ့ဒီလက္ခဏာတွေက ပိုဆိုးနေမှာ ဖြစ်ပါတယ်။ ဒီဖက်နှစ်ပိုင်းမှာ အော်တစ်ဇင်ကလေးတွေ ပိုများလာရခြင်းရဲ့ အကြောင်းရင်း တစိတ်တဒေသကို ဒီလေ့လာမှုက ရှင်းပြကောင်းရှင်းပြနိုင်ပါလိမ့်မယ်။ အော်တစ်ဇင်ဖြစ်စေတဲ့ အကြောင်းရင်းအစစ်မှန်ကို မသိရသေးပေမယ့် မျိုးရိုးဗီဇအရရော ပတ်ဝန်းကျင် အခြေအနေတွေကပါ အော်တစ်ဇင်နဲ့ ဆက်စပ်မှု ရှိတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ကိုယ်ဝန်ဆောင်ကာလမှာ စိတ်ကျဝေဒနာ သောက်ဆေးတွေကို ဆက်သောက်ရမလား၊ဖြတ်ရမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းတခုပါ။ ဆေးဖြတ်ပြီး မကုဘဲထားရင် စိတ်ကျဝေဒနာဟာ မိခင်လောင်းကိုရော သန္ဓေသားကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ ကံကောင်းတာက စိတ်ကျရောဂါကို ကုသဖို့အတွက် ဆေးသောက်ရတဲ့နည်းလမ်း တမျိုးပဲရှိတာမဟုတ်လို့ပါပဲ။ ဆွေးနွေးအကြံပေးတိုင်ပင်တာ ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်တာတွေဟာ သိပ်မပြင်းထန်တဲ့ စိတ်ကျဝေဒနာအတွက် အကျိုးရှိတယ်ဆိုတာ စမ်းသပ်မှုတွေအရ သိရှိခဲ့ရပြီး ဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%bb%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%86%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1/
ကိုကိုတို့ရဲ့ ချွေးနံ့နဲ့ မမတွေရဲ့ အချစ်စိတ်ဟာ ဆက်စပ်နေသလား
ချွေးနံ့လို့ပြောလိုက်ရင် လူအတော်များများက “ဟွန့်” ခနဲ နှာခေါင်းရှုံ့သွားကြမယ်ထင်ပါတယ်။ ဒီလို နံနံဟောင်ဟောင် ချွေးနံ့ကြီးက မထင်မှတ်ထားတဲ့ ဆွဲဆောင်မှုတွေ ရှိနေတယ်ဆိုရင် ယုံနိုင်မလား။ ဒီတစ်ခေါက်တော့ ကိုကိုတို့ရဲ့ ချွေးနံ့နဲ့ မမတွေရဲ့ အချစ်စိတ်ဟာ ဆက်စပ်နေသလား ဆိုတာကို လေ့လာလိုက်ရအောင်နော်။တကယ်တော့ ချွေးထွက်တယ်ဆိုတာက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ ကိစ္စတစ်ရပ်ပါ။ သဘာဝအလျောက်ကိုယ်ခန္ဓာရဲ့ အပူချိန်ကို ထိန်းညှိတဲ့လုပ်ဆောင်ချက်တစ်မျိုးလေ။ ပုံမှန်အားဖြင့် ချွေးထွက်ရင်အဆိပ်အတောက်ကင်းတာ၊ အိပ်ပျော်စေတာနဲ့ စိတ်ကြည်လင်စေတာမျိုး အကျိုးကျေးဇူးတွေ ရတတ်ပါတယ်။ဒါပေမယ့် ဒါတင်မဟုတ်ပါဘူး။ လေ့လာချက်တွေအရဆိုရင် ချွေးရနံ့ဟာ ဆန့်ကျင်ဘက်လိင်ကိုလည်း ဆွဲဆောင်နိုင်ပါတယ်တဲ့။ ပြောရမယ်ဆိုရင် အမျိုးသားတစ်ယောက်ရဲ့ ချွေးရနံ့ကို သဘောကျလက်ခံနိုင်တဲ့ အမျိုးသမီးမျိုးဟာ အဆိုပါအမျိုးသားရဲ့ လက်တွဲဖော်ဖြစ်နိုင်ခြေရာခိုင်နှုန်း သိပ်ကိုများပါတယ်တဲ့။ချွေးထွက်တာကို လူအတော်များများက စိတ်ပျက်စရာလို့ မြင်ကြပါတယ်။ တကယ်တော့ ချွေးထွက်ခြင်းဟာ လူတွေအတွက် အကျိုးရှိစေပါတယ်။လူ့ခန္ဓာကိုယ်ကနေထွက်တဲ့ ချွေးထဲမှာ ရေအပြင်၊အမိုးနီးယား၊ ယူရီးယား၊ ဆား၊ သကြားစတဲ့ ဓာတ်ပစ္စည်းတွေ အနည်းငယ်စီပါဝင်နေပါတယ်။ ဒါ့အပြင် အမျိုးသားတွေရဲ့ ချွေးထဲမှာ အမျိုးသမီးတွေကို ဆွဲဆောင်နိုင်တဲ့ ကွန်ပေါင်းတစ်မျိုးလည်း ထပ်ဆောင်းပါဝင်နေပါသေးတယ်။ ဒီကွန်ပေါင်းကို Androstadienone (AND) လို့ ခေါ်ဆိုပါတယ်။အဆိုပါ AND ကွန်ပေါင်းဟာ အမျိုးသမီးတွေရဲ့ အချစ်စိတ်နဲ့ လိင်စိတ်ဆန္ဒကို လှုံ့ဆော်ပေးနိုင်ပြီး စိတ်ဖိစီးမှုကိုဖြစ်စေနိုင်တဲ့ ဟော်မုန်းတွေကိုလည်း လျှော့ချပေးနိုင်တယ်လို့ လေ့လာချက်တွေကဆိုထားပါတယ်။AND ဟာ အမျိုးသမီးတွေကို စိတ်ပိုင်းအရရော၊ ရုပ်ပိုင်းအရပါ သက်ရောက်မှုဖြစ်စေတယ်လို့ အမျိုးသားတွေရဲ့ ချွေးရနံ့နဲ့ အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ တုန့်ပြန်ချက်တွေကို အထူးပြုလေ့လာခဲ့တဲ့ စီမံကိန်းကို ဦးဆောင်ခဲ့တဲ့ ကာလီဖိုးနီးယားတက္ကသိုလ်က ပါမောက္ခဖြစ်သူ ကလဲယာ ဝိုင်ယက်ထ်က ဆိုပါတယ်။ဒီအချက်ဟာအချစ်စိတ်လားလို့မေးလာရင် ဟုတ်တန်ကောင်းရဲ့လို့တော့ ဖြေလို့ရပါတယ်။ ဟာ … သေချာတာပေါ့လို့တော့ ပြောရခက်ပါတယ်။အကြောင်းကတော့ ချစ်တယ်ဆိုတဲ့ ခံစားချက်ဟာ ဦးနှောက်လှုံ့ဆော်မှုကနေ စတင်တာကြောင့်ဖြစ်တာမို့ပါ။ ဦးနှောက်ကနေ အချစ်ဓာတုပစ္စည်းတွေ ထုတ်လုပ်တာကနေ ချစ်တဲ့စိတ်ကို ဖြစ်စေတာပါ။အချစ်စိတ်ကို ခံစားလာရပြီဆိုရင် နှလုံးခုန်နှုန်းမြန်တာ၊ ချွေးစို့တာနဲ့ ခြေဖျားလက်ဖျားတွေ အေးစက်တာမျိုးတွေလည်း ကြုံဆုံရတတ်ပါတယ်။ အမျိုးသမီးတွေ သူတို့နှစ်သက်တဲ့ အမျိုးသားရဲ့ ချွေးနံ့ ရချိန်မှာ ဖြစ်ပေါ်လာတဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေကလဲ သွေးခုန်နှုန်း၊ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း မြန်လာတာနဲ့ အရေပြားရဲ့ အပူချိန်မြင့်မားလာတာတွေ ဖြစ်တာမို့ ကိုက်ညီတယ်လို့ ဆိုလို့ရပါတယ်။နောက်ပြီး ဒီလို ချွေးနံ့ မျိုးကို ရတဲ့အချိန်မှာ စိတ်ခံစားချက်ကောင်းမွန်တာ၊ ကျေနပ်နှစ်သက်တာနဲ့ နှစ်လိုသဘောကျတဲ့ စိတ်ခံစားချက်မျိုးတွေ ရတတ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ သူတို့နဲ့ ကိုက်ညီတဲ့ အမျိုးသားတစ်ယောက်ရဲ့ ချွေးနံ့ ကို ရှူရှိုက်မိချိန်မှာ ကိုယ်တွင်း ကိုယ်ခံအားစနစ်နဲ့ ပုံသဏ္ဍာန်ပြောင်းလဲသွားတတ်ပါတယ်။ ဒီလိုပြောင်းလဲသွားတာရဲ့ အဓိက အကြောင်းပြချက်ကတော့ သူ့တို့နှစ်ဦးဟာ လိုက်ဖက်ညီတယ်ဆိုတဲ့ ခံစားချက်မျိုးကို မသိစိတ်က လက်ခံလိုက်တာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်လည်း အမျိုးသားတစ်ယောက်ရဲ့ ချွေးနံ့ ကို လက်ခံနိုင်ရင် အဆိုပါအမျိုးသမီးနဲ့ အဲ့ဒီအမျိုးသားဟာ လိုက်ဖက်ညီနေတတ်တယ်၊ ချစ်သူစုံတွဲဖြစ်နိုင်ခြေမြင့်မားနေပြီလို့ ဆိုလို့ရပါတယ်။တစ်ခုသတိထားရမှာကက အမျိုးသားတိုင်းရဲ့ ချွေးနံ့ ကို မဆိုလိုပါဘူး။ လက်ခံနိုင်တယ်ဆိုတာကို အလိုလိုသိနားလည်နေတဲ့ အနံ့မျိုးပါ။ ဒီအနံ့မျိုးကို နှစ်သက်လက်ခံနိုင်ရုံနဲ့ တစ်ခါတည်း တန်းပြီးချစ်သွားမယ်လို့တော့ မျှော်လင့်လို့မရပါဘူးနော်။ ဖြစ်နိုင်ခြေ မြင့်မားသွားရုံသာဖြစ်တယ်ဆိုတာကို နားလည်စေချင်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/smell-male-sweat-may-arouse-women/
ဘေဘီလေးအတွက် အသင့်တော်ဆုံး ခေါင်းလျှော်ရည် ရွေးချယ်မယ်
ဈေးကွက်မှာ ရနိုင်တဲ့ဘေဘီရှန်ပူတွေက အများကြီးရယ်။ ကိုယ့်ဘေဘီအတွက် ဘာလေးနဲ့ကောင်းမလဲ စဉ်းစားရတာမေမေတွေမှာခေါင်းကိုခြောက်ရော။ ကိုယ်သုံးနေတဲ့ခေါင်းလျှော်ရည်တွေ၊ဆပ်ပြာတွေလည်း ကလေးကို သုံးပေးလို့မရတော့ သူ့အတွက် သီးသန့်ဝယ်ရမှာပေါ့။ ဒီတော့ ကလေးအတွက် အသင့်တော်ဆုံး ခေါင်းလျှော်ရည် ကို ဘယ်လိုရွေးချယ်ကြမလဲ။ဘယ်လိုကောင်းကြောင်း၊ ဘာအတွက်ကောင်းကြောင်း တီဗီကြော်ငြာ၊ အွန်လိုင်းကြော်ငြာတွေရဲ့ အာမခံချက်တွေကို မျက်စိစံမှိတ် ယုံကြည်လိုက်တော့မှာလား၊ ဒါမှမဟုတ် အမှတ်တံဆိပ်များစွာထဲကမှ ကိုယ်တိုင်သေချာရွေးဝယ်မလား ဆိုတာက ကိုယ့်ရွေးချယ်မှုပါပဲ။အမှန်တော့ ကလေးငယ်တွေအတွက် အသုံးအဆောင်ပစ္စည်းမှန်သမျှဟာ ကလေးရဲ့လိုအပ်ချက်ကို မူတည်ပြီးရွေးချယ်တာ အကောင်းဆုံးပါပဲ။ တချို့ကလေးတွေဆိုရင် ဆပ်ပြာတွေနဲ့ဓါတ်မတည့်ဖြစ်တတ်တယ်။ တစ်ခါတရံ အရေပြားမှာ အနီကွက်တွေဖြစ်တတ်တယ်။ ဒါ့ကြောင့် ကလေးအတွက် အသားအရေထိန်းသိမ်းရေးအသုံးအဆောင်တွေဝယ်ရင် ဒီလိုအချက်လေးတွေ ထည့်စဉ်းစားကြရပါတယ်။ပထမဆုံး ကလေးခေါင်းလျှော်ရည်ဟာ အဆိပ်အတောက်ဖြစ်စေမယ့် ဓာတုပစ္စည်းတွေမပါရှိတာ သေချာပါစေ။ Sulfates၊phthalatesနဲ့parabensတွေက ကလေးခေါင်းလျှော်ရည်နဲ့လိုးရှင်းတွေမှာ တာရှည်ခံဓါတုပစ္စည်းအဖြစ်နဲ့ပါတတ်ပါတယ်။ ဖြစ်နိုင်ရင် သဘာဝပစ္စည်းတွေကနေ ထုတ်လုပ်ထားတာသေချာတဲ့ ရှန်ပူအမျိုးအစားကိုရွေးသင့်ပါတယ်။ကလေးတွေအတွက်က ရှန်ပူအပျော့စားသုံးတာအကောင်းဆုံးပါပဲ။ အပျော့စားဆိုတာက အရောင်ဆိုးဆေးမပါ၊ အမွှေးနံ့မပါ၊ ဓါတ်မတည့်ဖြစ်စေလောက်တဲ့ပါဝင်ပစ္စည်းမပါဘဲ တာရှည်ခံပစ္စည်းလည်းမပါတဲ့ ရှန်ပူတွေဖြစ်ပါတယ်။ label ကိုသေချာဖတ်ရင် ရှန်ပူထဲကပါဝင်ပစ္စည်းတွေကိုသိလာမှာဖြစ်လို့ ထိခိုက်စေနိုင်တဲ့ဓါတုပစ္စည်းတွေ၊ရေမွှေးနံ့တွေ၊ဆိုးဆေးတွေမပါတဲ့ခေါင်းလျှော်ရည်ကိုပဲ ကလေးအတွက်ရွေးချယ်သင့်ပါတယ်။ခေါင်းလျှော်ရည်တွေမှာ တာရှည်ခံပစ္စည်းပါဝင်လေ့ရှိပါတယ်။ အထူးသဖြင့် ကလေးငယ်တွေသုံးတဲ့ခေါင်းလျှော်ရည်မှာတော့ အပျော့စား တာရှည်ခံပစ္စည်းတွေကို သုံးရပါတယ်။ ဥပမာဗီတာမင်စီအသီးတွေရဲ့အစေ့ကနေ ရရှိတဲ့ Phenoxyethanol နဲ့ ဗီတာမင်အေ၊ စီ၊ အီး တို့ဖြစ်ပါတယ်။ ဒါပေမယ့် တာရှည်ခံပစ္စည်းဟာ FDA ကခွင့်ပြုထားတဲ့ ပမာဏနည်းနည်းလေးပဲ ပါရှိရမယ်ဆိုတာ သတိထားပြီးသေချာစစ်ဆေးပါ။ပြောရရင် မေမေတို့ ဘာအသားအရေထိန်းပစ္စည်းပဲဝယ်ဝယ် အနံ့လေးတော့ အရင်စမ်းသပ်ကြည့်ကြတယ်မဟုတ်လား။ အနံ့လေးမဆိုးဘူး၊မွှေးမွှေးလေးဆိုပြီးဘေဘီလေးတွေကို ဝယ်ပေးချင်ရော။ တကယ်တော့အဲဒီချစ်စဖွယ်အနံ့လေးတွေက ကလေးရဲ့အရေပြားမှာလောင်စေမယ့်၊နီရဲရောင်ရမ်းစေနိုင်မယ့် အမျိုးအမည်မသိဓါတုပစ္စည်းတွေ ပေါင်းစပ်ထားတဲ့ အမွှေးနံ့တွေဆိုတာ သင်သိပါ့မလား။ကလေးငယ်တွေရဲ့အသားအရေက အရမ်းနူးညံ့ပြီးထိခိုက်လွယ်တာကြောင့် အသားမှာထိတွေ့လိုက်သမျှအားလုံးကို စုပ်ယူနိုင်စွမ်းကောင်းပါတယ်။ ဒါ့ကြောင့် ဒီလောက်အရွယ်ငယ်ငယ်လေးမှာ ဓါတုပစ္စည်းတွေအများကြီးထိတွေ့လိုက်ရတဲ့အခါဓါတ်မတည့်မှုတွေဖြစ်လာနိင်ခြေပိုများစေပါတယ်။ ကြာလာရင် အန္တရာယ်ရှိပါတယ်။လူကြီးတွေသုံးတဲ့ရှန်ပူတချို့က သုံးလိုက်ရင် အရမ်းကိုလန်းဆန်းသွားသလိုခံစားရပြီး ဆံပင်လည်းအခြောက်မြန်တာကို ကြုံဖူးကြပါသလား။ အဲဒါက အသားအရေမှာမြန်မြန်ခြောက်သွေ့စေတဲ့ အယ်ကိုဟောပါဝင်နေလို့ဖြစ်ပါတယ်။ ကလေးပစ္စည်းတွေမှာတော့ အသားအရမ်းခြောက်သွေ့ရင် အရေပြားပြဿနာတွေ၊ နီမြန်းတာတွေဖြစ်လာစေနိုင်လို့ အယ်ကိုဟောမပါဝင်သင့်ပါဘူး။ ဒါ့ကြောင့် label ကိုသေချာဖတ်ပြီး ကလေးအတွက် ခေါင်းလျှော်ရည် မှာ အယ်ကိုဟောပါမပါ စစ်ဆေးပါ။နောက်တစ်ချက်အနေနဲ့မေမေတို့ရဲ့ဆန္ဒက ဘေဘီရှန်ပူဟာ မျက်စိမစပ်တဲ့အမျိုးအစားလည်းဖြစ်ရမယ်ဆိုတာပါပဲ။ ကလေးကိုရေချိုးပေးရင်၊ အထူးသဖြင့် ခေါင်းလျှော်ပေးတဲ့အခါ မျက်စိမစပ်မှ အဆင်ပြေမှာပါ။ ဒီအချက်လေးလည်း ထည့်စဉ်းစားရပါမယ်။Diethanolamine (DEA) သို့မဟုတ် Triethanolamine (TEA) တို့ပါတဲ့ဘေဘီရှန်ပူတွေကိုရှောင်ရပါမယ်။ အဲဒီဓါတုပစ္စည်းတွေက ရှန်ပူအများစုမှာပါတတ်တဲ့ တာရှည်ခံပစ္စည်းဖြစ်တဲ့ nitritesတွေနဲ့ ဓါတ်ပြုမိရင် ကလေးရဲ့အရေပြားထဲကို စိမ့်ဝင်နိုင်စွမ်းမြန်ဆန်တဲ့ nitrosamines တွေဖြစ်ပေါ်လာနိုင်ပါတယ်။ nitrosaminesတွေက ကင်ဆာဖြစ်စေနိုင်ပါတယ်။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%9c%e1%80%bb%e1%80%be%e1%80%b1%e1%80%ac%e1%80%ba%e1%80%9b%e1%80%8a%e1%80%ba/
ပုရွက်ဆိတ် (ပုရွက်နီ) ကိုက်ခံရရင် ဘာလုပ်မလဲ
ပုရွက်ဆိတ် (ပုရွက်နီ) ကိုက်ခံရရင် ဘာလုပ်မလဲ …. ဟယ်…ပုရွက်ဆိတ်ကိုက်တာပဲ၊ ဘာမှ ဖြစ်တာမှ မဟုတ်တာလို့ အပြော မစောပါနဲ့ဦး။ တချို့လူတွေ ဆိုရင် ပုရွက်ဆိတ်အနီ ကိုက်တာ တစ်ချက် ခံလိုက်ရရင် ဖုကြီး အကြီးကြီး ထလာပြီး နာလည်းနာ၊ ယားလည်းယားအရေပြားပေါ် အကွက်လိုက်ကြီး နီနေတာမျိုး ဖြစ်ပါတယ် (ကျွန်တော် အပါအဝင်ပေါ့)။ ဒီတော့ ကျွန်တော့်လိုမျိုး ပုရွက်ဆိတ်ကိုက်ရင် ဖုထတတ်တဲ့သူတွေ၊ ခံရခက်တဲ့သူတွေ အတွက် ဖြေရှင်းရမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ပုရွက်ဆိတ် (ပုရွက်နီ) ကိုက်ခံရရင် ဘာလုပ်မလဲ ဆိုတော့ နည်းလမ်းတွေ မပြောခင် အရင်ဆုံး သိစေချင်တာက ဘာမှ မဖြစ်တဲ့သူတွေကို ကြည့်ပြီး ဟင်.. ငါတစ်ယောက်တည်း အထိမခံ ဖြစ်နေတာလားလို့ မတွေးပါနဲ့။ သဘာဝ တရားကြီးက သတ္တဝါတိုင်းကို သူ့ကိုယ်သူ ကာကွယ်နိုင်ဖို့ ဖန်တီးပေးထားတာပါ။ ပုရွက်ဆိတ်တွေလည်း ဒီလိုပါပဲ။ သူတို့ အန္တရာယ် သူတို့ကာကွယ်ဖို့ အဆူးနဲ့ ထိုးတယ် (အရပ်ခေါ်တော့ ကိုက်တယ်ပေါ့)။ ဒီလို ထိုးလိုက်(ကိုက်လိုက်)တဲ့အခါ အကိုက်ခံရတဲ့ သူရဲ့ အရေပြားနဲ့ မတည့်ရင် အခုလိုမျိုး ဖုထတာ၊ အနီစက်ဖြစ်တာ၊ရောင်ရမ်းတာမျိုး ဖြစ်တတ်ပါတယ်။ တချို့သော ပုရွက်နီ (Fire Ants) တွေမှာတော့အာရုံကြောကို ထိခိုက်စေနိုင်တဲ့အဆိပ်တွေပါတယ်လို့ သုတေသနတွေက ဆိုပါတယ်။ ဒီလို အကိုက်ခံရတယ်ဆိုရင်တော့။အကိုက်ခံရတဲ့နေရာမှာရေခဲအုံပါ။ ရေခဲ အခဲလိုက်ကြီး သွားမကပ်ပါနဲ့။ ရေခဲကို ပုဝါ တစ်ခုထဲ ထည့်ပြီး ရေခဲအိတ် သဘောမျိုး ကပ်ပေးပါ။ယားတာ တော်တော်များများက အပူနဲ့ တွေ့ရင် သက်သာပါတယ်။ ဒါပေမဲ့ ပုရွက်ဆိတ် ကိုက်တဲ့အခါ အပူ သွားမပေးပါနဲ့။ကြပ်ထုပ်မထိုးပါနဲ့။ ပိုဆိုးသွားပါလိမ့်မယ်။စတီးရွိုက် လိမ်းဆေးတွေနဲ့ Antihistamines (ဟစ်စတမင်းဆန့်ကျင်ဆေး) တွေ ကလည်းယားယံနာကျင်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ ဒါတွေကတော့ ဆရာဝန်ရဲ့ ညွှန်ကြားချက် ပါမှ သောက်တာ၊ လိမ်းတာမျိုး လုပ်သင့်တာပါ။ပုရွက်ဆိတ် ကိုက်တာပဲ ဆိုပြီး မပေါ့သင့်ပါဘူးနော်။ ဒီလို အကိုက်ခံရပြီး။Wathun Myat Chel။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/symptoms_of_fire_ant_stings/
ကားမူးမှာစိုးလို့ ခရီးမသွားရဲသူလေးတွေရှိလား
ကားမူးမှာစိုးလို့ ခရီးမသွားရဲသူလေးတွေရှိလား …….ခရီးသွားတာက ဘဝအမောတွေကိုပြေစေပြီး အသစ်အဆန်းတွေကို ထိတွေ့ခံစားခွင့်ရနိုင်ပါတယ်။ ဒီအသစ်အဆန်းတွေကိုခံစားချင်ပေမယ့် ကားမူးမှာကြောက်လို့ ခရီးဝေးတွေ မပြောနဲ့၊ မြို့ပြင်ကို နည်းနည်းလောက်ပဲ သွားလိုက်ရင်ကို ကားမူးလို့ ဘယ်မှမသွားရဲဘဲဖြစ်နေတဲ့သူတွေများ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင်စိတ်ရှုပ်နေရတဲ့ အခက်အခဲကို အကောင်းဆုံး ဖြေရှင်းပေးနိုင်မှာပါ။ကားမူးမှာစိုးလို့ ခရီးမသွားရဲသူလေးတွေအတွက် နည်းလမ်းကောင်းလေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။ကားမူးတယ်ဆိုတာကမျက်လုံးကမြင်နေရတဲ့အရာနဲ့ နားကကြားနေရတဲ့ အရာကိုဦးနှောက်ကကောင်းကောင်းမချိတ်ဆက်မိတဲ့အခြေအနေတစ်ရပ်ပါ။ အကြားအာရုံကရရှိနေတဲ့ အချက်အလက်တွေနဲ့ အမြင်အာရုံကနေရရှိနေတဲ့ အချက်အလက်တွေကဟန်ချက်မညီဘဲ ဗဟိုအာရုံကြောစနစ်မှာ ကမောက်ကမဖြစ်ရာကနေစလာတဲ့ ခံစားချက်တစ်ခုပေါ့။ကားမူးတာကို အဓိကခံစားတဲ့ခန္ဓါကိုယ် အစိတ်အပိုင်းတွေက မျက်လုံး၊ အတွင်းနား၊အရေပြားမျက်နှာပြင်ပေါ်က တစ်ရှုးတွေပါ။မြင်တာကို မျက်လုံးကခံစားမယ်။ ခန္ဓါကိုယ်အနေအထားနဲ့ ပတ်ဝန်းကျင်ကရာသီဥတုအခြေအနေကို အရေပြားတစ်ရှုးတွေကခံစားမယ်။ ကြားနေရတာကို အတွင်းနာကခံစားပါတယ်။ ဒီ ၃ ခုဟန်ချက်ညီနေရင် ကားမမူးနိုင်ပေမယ့် တစ်ခုခုက ဟန်ချက်ပျက်သွားပြီဆိုရင်တော့ ရင်ထဲမကောင်းဘူး၊ခေါင်းထဲကမူးတယ်၊ အန်ချင်တယ်ဆိုတဲ့ ကားမူးတဲ့ လက္ခဏာတွေကို စခံစားရတော့ပါပဲ။ကားမူးတဲ့အခါ အခုလက္ခဏာတွေခံစားရနိုင်ပါတယ်။ကားမူးတာက မဖြစ်အောင်ကာကွယ်လို့ရပါတယ်။ ကားနဲ့ပဲဖြစ်ဖြစ်၊ ရထားနဲ့ပဲဖြစ်ဖြစ်၊ သင်္ဘောနဲ့ပဲဖြစ်ဖြစ်၊လေယာဉ်နဲ့ပဲဖြစ်ဖြစ် ခရီးသွားရင် ကားမူးတယ်၊လို့ အလွယ်ခေါ်တတ်တဲ့ မအီမသာဖြစ်တဲ့ အခြေအနေမျိုးကို ခံစားရနိုင်ပါတယ်။ ဒီခံစားချက်က ခံစားရ အတော်ခက်သလိုပျော်ချင်လို့ ခရီးသွားပါတယ်ဆိုမှ ကားကမူးနေတော့ ပတ်ဝန်းကျင် အလှအပတွေကို ခံစားဖို့တော်တော်လေးခက်ပြီပေါ့။ ဒီတော့ ပျော်ရွှင်စရာ ခရီးစဉ်ဖြစ်ဖို့က ခက်ပြီလေ။ ဒီပြဿနာကို အခုပြောပြမယ့်နည်းလေးတွေသုံးပြီး ကာကွယ်လို့ရပါတယ်။ ကားမူးမှာစိုးလို့ ခရီးမသွားရဲသူလေးတွေ အနေနဲ့ ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ကြည့်လိုက်နော်။ခရီးမသွားခင်မှာ အိပ်ရေးဝအောင်အိပ်တာကလည်း ကားမူးတာကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ခရီးမသွားခင်မှာ အိပ်ရေးလေးဝဝအိပ်ပေးပါ။ခရီးမသွားခင်မှာ အစာအများကြီးစားတာက ကားမူးစေနိုင်တဲ့အချက်တွေထဲကတစ်ခုပါ။ ဒါကြောင့် ခရီးမသွားခင်မှာ အများကြီးစားတာ၊ အဆီများတာတွေစားတာ၊အပူအစပ်တွေစားတာမျိုးမလုပ်သင့်ပါဘူး။ခရီးသွားတဲ့အခါ ဆီးသွားချင်မှာကို စိုးပြီးရေမသောက်ဘဲနေတာမျိုးမလုပ်ပါနဲ့။ရေကို လိုအပ်သလောက်တော့သောက်ပါ။ ခရီးသွားရင်လည်း အလွယ်တကူရေသောက်ဖို့ရေဗူးလေးအဆင်သင့်ယူသွားပါ။ ကားမူးလာပြီဆိုရင်ရေနည်းနည်းသောက်လိုက်ပါ။ သက်သာသွားပါလိမ့်မယ်။ကားမူးတတ်တယ်ဆိုရင် ကားစမစီးခင် ၁၅ မိနစ် အလိုလောက်မှာ လက်တစ်ဆစ်စာ ချင်း (ဂျင်း)ပြားလေးကို ဝါးစားပေးပါ။ ဒီလိုလုပ်တာက ခရီးစဉ်တလျှောက်ကားမူးတာကို သက်သာစေမှာပါ။ပြင်ပလေကို ရှုရှိုက်တာကလည်း ကားမူးသက်သာစေနိုင်ပါတယ်။ ကားစီးရင်း ကားမူးတဲ့ လက္ခဏာတွေခံစားလာရပြီဆိုရင်ပြတင်းပေါက်ကို ဖွင့်ပြီးလေရှုတာမျိုးလုပ်ပေးပါ။ခရီးသွားရင် ကားမူးမှာ ကြောက်တတ်သူတွေဆောင်သွားသင့်တဲ့ စားစရာတစ်ခုကတော့ ပီကေပါ။ ကားစီးနေချိန်မှာ ပီကေဝါးပေးတာက ကားမူးတာကို မဖြစ်အောင်ကာကွယ်ပေးသလို ကားမူးနေရင်လည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကားမူးတတ်ရင် ပီကေဝါးပါ။ဝင်လေထွက်လေ မှတ်တာကလည်း ကားမူးတာကို သက်သာစေမယ့် နည်းလမ်းတွေထဲက တစ်ခုပါ။ ဒါကြောင့် ကားစီးနေရင်း တရားမှတ်တာကလည်း ကားမူးမှာကြောက်သူတွေအတွက် အသုံးတည့်မယ့်နည်းလမ်းတစ်ခုပါ။ခရီးသွားရင်း နားကြပ်လေးတပ်ပြီး သီချင်းနားထောင်ရတာက ခံစားချက် ကောင်းသလို ကားမူးတာကိုလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် ကားမူးတတ်တယ်ဆိုရင် ခရီးသွားတဲ့အခါ ဖုန်းလေးနဲ့ နားကြပ်လေး ပါအောင်ယူလို့ သီချင်း နားထောင်ပါ။ကားမူးလို့ စိတ်ညစ်မနေပါနဲ့။ အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေ သုံးပြီး ကားမူးတာကို ကာကွယ်လို့ ပျော်ရွှင်စရာ ခရီးစဉ်လေးတွေကို ဖန်တီးလိုက်ပါ Hello ဆရာဝန်ပရိသတ်ကြီးရေ……………………။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/ways-to-prevent-motion-sickness/
အမြဲတမ်းမောပန်းနွမ်းနယ်နေရတဲ့ အကြောင်းအရင်းများ
ပင်ပန်းနွမ်းနယ်ခြင်းဆိုတာ လူသားတို့ နေ့စဉ်ဘဝမှာ ကြုံရမယ့်အရာပဲ ဖြစ်ပါတယ်။ ရောဂါဝေဒနာ ဒါမှမဟုတ် ရုန်းကန်လှုပ်ရှားမှုများလို့ ပင်ပန်းနွမ်းနယ်ရတာ ရှိသလို တခါတရံမှာ အကြောင်းအရင်းမယ်မယ်ရရ မရှိဘဲလည်း ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ များသောအားဖြင့် နေထိုင်မှုပုံစံတွေကြောင့် ဖြစ်ပါတယ်။အခုဆောင်းပါးမှာ ဖော်ပြမယ့်အချက်တွေကတော့ သင့်အနေနဲ့ ဘယ်လိုကိစ္စတွေကြောင့် မောပန်းနွမ်းနယ်နေရသလဲဆိုတာနဲ့ အဆိုပါအချက်တွေကို ဘယ်လိုဖြေရှင်းနိုင်သလဲ ဆိုတာပါပဲ။ကာဘိုဟိုက်ဒရိတ်ဟာ စွမ်းအင်ကို လျင်မြန်စွာ ရရှိနိုင်တဲ့ ရင်းမြစ်ဖြစ်ပါတယ်။ ကိုယ်ခန္ဓာကနေ သကြားအဖြစ်ကို ဖြိုခွဲပေးလိုက်ပြီး လောင်စာအနေနဲ့ သုံးပါတယ်။ဒါပေမယ့် အဆင့်ဆင့်ပြပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်နဲ့ သကြားကို များများစားမိရင် သွေးတွင်းသကြားဓာတ် တက်လာပါတယ်။ အဲဒီအခါ မုန့်ချိုအိတ်ကနေ အင်ဆူလင်ကို ထွက်လာစေပြီး သကြားဓာတ်နည်းအောင် ပြုလုပ်ပါတယ်။သကြားဓာတ်ကို မြင့်တက်စေပြီး ရုတ်တရက်ပြန်လည်ကျစေခြင်းဟာ သင့်ကို ပင်ပန်းနွမ်းနယ်စေပါတယ်။ အဲဒီအခါ ထပ်စားချင်စိတ်ပေါ်လာပြီး ထပ်စားခဲ့ရင် သံသရာလည်နေမှာ ဖြစ်ပါတယ်။မလှုပ်မရှားဘဲ အထိုင်များခြင်းကလည်း နွမ်းနယ်ခြင်းရဲ့ အကြောင်းအရင်း ဖြစ်နိုင်ပါတယ်။ လူအများစုဟာ လေ့ကျင့်ခန်းလုပ်ဖို့ဆိုရင် ပင်ပန်းတယ်ယူဆပြီး ရှောင်ကြပါတယ်။ တကယ်တော့ ဒီပြဿနာဟာ လေ့ကျင့်ခန်းလုံးဝမလုပ်လို့ဖြစ်တဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးခြင်းဟာ ကျန်းမာသန်စွမ်းပြီး စိတ်ရွှင်လန်းစေနိုင်ပါတယ်။ လေ့ကျင့်ခန်း တကူးတက မလုပ်နိုင်သူတွေအနေနဲ့လည်း နေ့စဉ်ပုံမှန် လှုပ်ရှားသွားလာတဲ့ကြားထဲက လုပ်သွားနိုင်ပါတယ်။ ဥပမာ ရုံးခန်းပေါ် ဓာတ်လှေကားနဲ့ မတက်ဘဲ လှေကားကနေတက်ပါ။ ကားကို သွားမယ့်နေရာ ခပ်လှမ်းလှမ်းမှာရပ်ပြီး လမ်းလျှောက်သွားပါ။သင်အိပ်ပျော်နေစဉ်မှာ သင့်ကိုယ်ခန္ဓာဟာ နားမနေပါဘူး။ မှတ်ဉာဏ်များ သိုလှောင်ခြင်း၊ ဇီဝဖြစ်ပျက်မှုကို ထိန်းညှိဖို့အတွက် ဟော်မုန်းများထုတ်လုပ်ပေးခြင်း စတာတွေကို ပြုလုပ်ပေးပါတယ်။ ကောင်းကောင်းအိပ်စက်ပြီးချိန်မှာတော့ သင့်အနေနဲ့ လန်းဆန်းပြီး အားအင်ပြည့်နေမှာ ဖြစ်ပါတယ်။သုတေသနတွေအရ အရွယ်ရောက်ပြီးသူတွေဟာ တညကို ၇ နာရီခန့် အိပ်စက်သင့်ပါတယ်။ အရေးကြီးတာက ဦးနှောက်အနေနဲ့ အိပ်စက်ခြင်းဖြစ်စဉ်ကို ကောင်းစွာစီမံနိုင်ဖို့ အနှောက်အယှက်ကင်းကင်းနဲ့ အိပ်စက်နိုင်ဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင်တော့ သင့်ရဲ့တနေ့တာမှာ စွမ်းအင်မပြည့်ဝဘဲ နွမ်းနယ်နေပါလိမ့်မယ်။တနေ့တာ စားသောက်ရာမှာ ကယ်လိုရီနည်းပါးလွန်းခြင်းဟာလည်း ပင်ပန်းနွမ်းနယ်ခြင်းရဲ့ အကြောင်းတရပ် ဖြစ်ပါတယ်။ ကိုယ်ခန္ဓာဟာ ရွေ့လျားလှုပ်ရှားဖို့၊ ကိုယ်ခန္ဓာရဲ့အပူချိန်ကို ထိန်းသိမ်းနိုင်ဖို့ စတာတွေအတွက် စွမ်းအင်လိုအပ်ပြီး ဒီအတွက် ကယ်လိုရီကို သုံးစွဲပါတယ်။ကယ်လိုရီနည်းပါးချိန်မှာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုဟာ နှေးကွေးသွားပါတယ်။ အကျိုးဆက်အနေနဲ့ ပင်ပန်းနွမ်းနယ်ခြင်းအဖြစ်ကို ဦးတည်သွားစေပါတယ်။ လူအများစုအတွက် ကယ်လိုရီလိုအပ်မှုဟာ ပျမ်းမျှအားဖြင့် ၁၂၀၀ ကယ်လိုရီဖြစ်ပါတယ်။အိပ်ချိန်မှားယွင်းခြင်းဟာ စွမ်းအင်လျော့ကျစေပါတယ်။ ညအချိန်အိပ်ရမယ့်အစား နေ့ဖက်မှာ အိပ်ခြင်းဟာ ဇီဝနာရီကို အပြောင်းအလဲဖြစ်စေပါတယ်။ အိပ်စက်မှုပုံစံ ပျက်ယွင်းပြီး ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ ဒီပြဿနာဟာ ညပိုင်းအလုပ်ဆင်းသူတွေမှာ တွေ့ရတတ်ပါတယ်။တနေ့တာ စားသောက်ဖွယ်ရာတွေမှာ ပရိုတိန်းဓာတ် လုံလောက်စွာ မပါရင်လည်း ပင်ပန်းနွမ်းနယ်တတ်ပါတယ်။ ပရိတိန်းဓာတ်ဟာ ကာဘိုဟိုက်ဒရိတ်နဲ့ အဆီဓာတ်ထက်စာရင် ဇီဝဖြစ်ပျက်နှုန်းကို မြှင့်တင်ပေးနိုင်ပါတယ်။ ပရိုတိန်းကြွယ်ဝတဲ့ အသားငါး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျီုးကို လုံလောက်စွာ စားသုံးရင် ဇီဝဖြစ်ပျက်မှုနှုန်း မြန်ဆန်ပြီး မောပန်းနွမ်းနယ်ခြင်းကနေ ကာကါယ်ပေးနိုင်ပါတယ်။ကိုယ်ခန္ဓာစွမ်းအင်ပြည့်ဝဖို့ဆိုရင် ရေဟာ အရေးကြီးပါတယ်။ ရေဓာတ်ဆုံးရှုံးတဲ့အခါ ကိုယ်ခန္ဓာထဲမှာ ဇီဝဓာတုဖြစ်ပျက်မှုတွေ အများအပြားဖြစ်ပေါ်နိုင်ပါတယ်။ အားအင်လည်း ကုန်ခမ်းစေပါတယ်။သုတေသနတခုမှာ ဖော်ပြချက်အရ ပြေးစက်ပေါ်မှာ အပြေးလေ့ကျင့်ပြီး ကိုယ်ခန္ဓာရဲ့ ရေဓာတ် ၁% ဆုံးရှုံးသွားသူ အမျိုးသားတွေမှာ ပင်ပန်းနွမ်းနယ်မှုဖြစ်ပေါ်ပြီး ပုံစံတူလေ့ကျင့်ခန်းပြုလုပ်ပြီး ရေဓာတ်ဖြည့်တင်းသူများမှာတော့ ထပ်တူမခံစားခဲ့ရဘူးလို့ ဆိုလိုပါတယ်။တနေ့ကို ပျမ်းမျှအားဖြင့် ရေ ၈ ခွက် ( ၂၃၀ မီလီလီတာခန့်) သောက်သုံးသင့်တယ်ဆိုပေမယ့် သင့်ရဲ့ ကိုယ်အလေးချိန်၊ အသက်အရွယ်၊ ကျား/မကွဲပြားမှု၊ လှုပ်ရှားမှုပုံစံပေါ် မူတည်ပြီး ကွာခြားချက်ရှိနိုင်ပါတယ်။စွမ်းအားဖြည့်အချီုရည်တွေမှာ ပါဝင်တာတွေကတော့ ကဖိန်း၊ သကြား၊ အမိုင်နိုအက်ဆစ်၊ ဗီတာမင်ဘီ စတာတွေ ဖြစ်ပါတယ်။ ၎င်းတို့အနက် ကဖိန်းနဲ့သကြား ပါဝင်မှုများပြားတဲ့အတွက် သောက်သုံးပြီးပြီးချင်းမှာ စွမ်းအင်ပြည့်ဝသွားသလို ခံစားရပါတယ်။ ဒါပေမယ့် ကဖိန်းနဲ့သကြားဓာတ်ရဲ့ အာနိသင်တွေပြယ်သွားချိန်မှာတော့ ပင်ပန်းနွမ်းနယ်ခြင်းဟာ ပြန်ပြီး ပေါ်လာနိုင်ပါတယ်။စွမ်းအားဖြည့်အချိုရည်တဘူးမှာ ကဖိန်းဟာ ၃၅၀ မီလီဂရမ်ထိ ပါဝင်နိုင်ပါတယ်။ ကော်ဖီတခွက်မှာ ၁၅၀ မီလီဂရမ်ထိသာ အများဆုံး ပါဝင်ပါတယ်။ ဒါကြောင့် စွမ်းအားဖြည့်အချိုရည်တွေကို အလွန်အကျွံသောက်သုံးခြင်းကနေ ရှောင်ကြဉ်သင့်ပါတယ်။စိတ်ဖိစီးခြင်းဟာ နေ့စဉ်ကြုံတွေ့ရတတ်တဲ့ အရာဖြစ်ပေမယ့် ဖိစီးမှုဖြစ်နေတဲ့ ကာလရှည်ကြာလာတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်လာပြီး နွမ်းနယ်လာတတ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုကို ဘယ်လိုတုံ့ပြန်သလဲဆိုတာကပါ သင့်ကိုဘယ်လောက်ထိ ပင်ပန်းစေသလဲ ဆိုတာပေါ် မူတည်ပါတယ်။တကယ်တော့စိတ်ဖိစီးမှုဆိုတာ ရှောင်ရှားလို့ လွတ်နိုင်တဲ့ အခြေအနေမဟုတ်ပါဘူး။ ဘယ်လိုဖြေရှင်းမလဲဆိုတာကပဲ အရေးကြီးပါတယ်။ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း စတာတွေဟာ စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေပါတယ်။သင့်ကို ပင်ပန်းနွမ်းနယ်ပြီး အားအင်ကုန်ခမ်းစေနိုင်တဲ့ အကြောင်းအရာ ပေါင်းစုံရှိပါတယ်။ များသောအားဖြင့် နေထိုင်မှုပုံစံပေါ်မူတည်ပြီး အနည်းငယ် အပြောင်းအလဲလုပ်ပေးရင် အဆင်ပြေပါတယ်။ နောက်ခံရောဂါတစုံတရာရှိမရှိကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ရမှာ ဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/reasons-you-are-tired/
အရက်သောက်ပြီး နောက်တစ်နေ့မှာ ဝမ်းခဏခဏသွားတာဘာကြောင့်လဲ
အရက်သောက်ပြီး နောက်တစ်နေ့မှာ ဝမ်းခဏခဏသွားတာဘာကြောင့်လဲ …. ဒီဘက်ခေတ်မှာ လူကြီး၊ လူငယ်မရွေး အရက်နဲ့ ကင်းနိုင်ကြတာမဟုတ်ပါဘူး။ ပေါင်းသင်းဆက်ဆံရေးအရ၊အလုပ်ခွင်မှာ မိတ်ဆုံစားပွဲလုပ်တာဖြစ်ဖြစ် အရက်လေးကတော့ အနည်းနဲ့ အများပါလိုက်ကြတာပါပဲ။ အရက်သောက်တာက ကျန်းမာရေးကို ထိခိုက်စေတာမှန်ပေမယ့် နေ့စဉ်နေ့တိုင်းသောက်တာ၊ သောက်တဲ့ပမာဏ မများဘူးဆိုရင်တော့ အဆင်ပြေပါတယ်။ ကဲ ဒါဆိုရင် အားလုံးစိတ်ညစ်ရတဲ့ အရက်နာကျတဲ့အကြောင်း ဆက်သွားလိုက်ကြတာပေါ့။အရက်သောက်ပြီး နောက်တစ်နေ့နိုးလာတာနဲ့ ပထမဆုံးခံစားရမယ့် ပြဿနာကတော့ အရက်နာကျတာပါပဲ။ ဒါက သောက်လိုက်တဲ့ပမာဏရော၊ လူတစ်ယောက်ရဲ့ သောက်နိုင်တဲ့ ပမာဏပေါ် မူတည်ပြီး ဝေဒနာ ပြင်းထန်မှုကွာသွားနိုင်ပါတယ်။ များသောအားဖြင့် အရက်နာကျတဲ့အခါမှာ။အရက်သောက်ပြီး နောက်တစ်နေ့မှာ ဝမ်းခဏခဏသွားတာဘာကြောင့်လဲ ဆိုတော့။၁။အရက်ကို သောက်လိုက်တဲ့အခါ လည်ချောင်းမှတစ်ဆင့် အစာအိမ်အတွင်း ဖြတ်ကျော်ရပါတယ်။ ဗိုက်ထဲမှာ အစာရှိနေတဲ့အခါ အရက်နဲ့ အစာမှာပါတဲ့ အာဟာရဓာတ်တချို့က အစာအိမ်နံရံကနေ သွေးကြောအတွင်း စုပ်ယူခံလိုက်ရပါတယ်။ ဒီအခြေအနေဟာ အရက်ကို အစာအိမ်က ချေဖျက်တဲ့လုပ်ငန်းစဉ်ကို နှေးကွေးသွားစေပါတယ်။၂။ ဗိုက်ထဲ အစာမရှိဘဲ အရက်သောက်လိုက်တဲ့အခါ အစာအိမ်မှ အူငယ်အတွင်းသို့ လျင်မြန်စွာ ဖြတ်သန်းစီးဆင်းသွားပြီး အရက်သောက်နေတဲ့သူအတွက်လည်း တစ်ခွက်ပြီးတစ်ခွက် သောက်ချင်စိတ်၊ မြူးကပြီး ခုန်ချင်စိတ်ကို ပိုဖြစ်စေကာ အရက်ရဲ့ အရှိန်ကို တက်စေပါတယ်။၃။ အမျှင်ဓါတ်ဆိုတာ ပုံမှန်အချိန်မှာအစာချေဖျက်မှုစနစ်ကို အထောက်အကူပေးတဲ့ အစားအစာဆိုပေမယ့် အရက်နဲ့တော့ လုံးဝမတည့်တဲ့အရာပါ။ ဒီတော့ ဗိုက်ထဲမှာ အမျှင်ဓါတ်ပါတဲ့ အစားအစာတွေ များနေတဲ့အခါ အရက်ကို ချေဖျက်နိုင်စွမ်းနဲ့ သွေးကြောကနေ စုပ်ယူနိုင်စွမ်းက ပိုများလာပြီး လျင်မြန်စွာ ဆီးနဲ့ ဝမ်းအဖြစ် အပြင်ဘက်သို့ စွန့်ထုတ်ပေးပါတယ်။၄။ အရက်သည် ဝမ်းစွန့်ချင်စိတ်ကို ပိုဖြစ်စေသလို အစာဟောင်းတွေနဲ့ အရက်တွေပါ ရောပြီး စွန့်ထုတ်စေတဲ့အတွက် ဝမ်းသွားတဲ့အခါ အကြိမ်ရေလည်း ပိုများသလို ပုံမှန်အမာဝမ်းမဟုတ်တော့ဘဲ အရည်တွေနဲ့ ပြည့်လာပါတယ်။၅။ရေသာက်တဲ့ပမာဏပေါ် မူတည်ပြီး ဝမ်းအရည်ရဲ့ အရောင်သည် အနက်ရောင်ကနေ အညိုရောင်ကို ပြောင်းလဲသွားနိုင်ပါတယ်။လေ့လာတွေ့ရှိချက်အရ အရက် ပမာဏ အနည်းငယ်ပဲ သောက်တဲ့သူတွေက ဝမ်းမကြာခဏ သွားချင်စိတ်ကို ဖြစ်စေပြီး အရက် ပမာဏကို အလွန်အကျွံသောက်တဲ့အခါ ဆန့်ကျင်ဘက်အနေနဲ့ ဝမ်းချုပ်သွားနိုင်တယ်လို့ တွေ့ရှိရပါတယ်။ ဒီလက္ခဏာဟာ တစ်ရက်ကနေ ၃ရက်လောက်အထိ ကြာနိုင်ပြီး အရက် သောက်တာ ရပ်လိုက်ပြီး ပုံမှန်အစားအစာတွေ ပြန်စားပြီဆိုတာနဲ့ ဝမ်းသွားနှုန်းနဲ့ အစာခြေစနစ်က နဂိုအတိုင်း အလုပ်လုပ်သွားမှာဖြစ်ပါတယ်။၁။ ဂလူတန် ဓာတ်မတည့် အူသိမ်ရောဂါ (Celiac Disease)။၂။ နာတာရှည်အူလမ်းကြောင်းဆိုင်ရာ ပြဿနာစု (Irritable Bowel Syndrome)။၃။ အစာအိမ်၊ အူနံရံရောင်သော ရောဂါ (Crohn’s Disease) ရှိတဲ့သူတွေအပြင်။၄။ ညမအိပ်ဘဲ အလုပ်လုပ်တတ်သူတွေမှာ ပိုအဖြစ်များပါတယ်။၁။ ဗိုက်အခြေအနေ နဂိုအတိုင်း ပြန်ကောင်းသွားတဲ့အချိန်ထိ အရက်ကို ရှောင်ပေးပါ။၂။ အရက် သောက်ပြီး နောက်တစ်နေ့မှာ ရေများများသောက်ပါ။၃။မနက်စာလုံးဝမစားဘဲနေလိုက်တာထက် ကြက်ဥ၊ ပေါင်မုန့်၊ ငှက်ပျောသီး၊ ကြက်သားစတဲ့ အစာတွေကို ပေါ့ပေါ့ပါးပါးလုပ်ပြီး စားပေးပါ။၄။ အများကြီးစားဖို့ မလိုပါဘူး။ ဗိုက်ထဲအစာရှိနေဖို့ပဲ လိုတာပါ။၅။ သစ်သီးဖျော်ရည်တွေ၊ကြက်စွပ်ပြုတ်၊ ချင်းပြုတ်ရည် သောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။၆။ အမျှင်ဓာတ်များလွန်းတဲ့ အစားအစာတွေ၊ ဂျုံ၊ နို့ထွက်ပစ္စည်း၊ အဆီများတဲ့အသားတွေ၊ ဟင်းခတ်မှုန့်အများကြီး ထည့်ချက်တဲ့ ဟင်းတွေကို ရှောင်ပေးပါ။၇။ ဝမ်းလျှောတာ သက်သာစေမယ့် ဆေးတွေကို နီးစပ်ရာဆေးခန်းတွေမှာ မေးမြန်းပြီး ဝယ်ယူလို့ရပါတယ်။များသောအားဖြင့်တော့ အရက်ကြောင့်ဖြစ်တဲ့ ဝမ်းလျှောခြင်းဟာ ရက်အနည်းငယ်မှာ သူ့အလိုလို ပြန်ကောင်းသွားတတ်တာကြောင့် ဆရာဝန်နဲ့ အမြန်ပြရလောက်တဲ့အထိ စိုးရိမ်ဖို့ မလိုပါဘူး။ တစ်နေ့ကို အကြိမ်များစွာ ဝမ်းသွားတာ၊ ဝမ်းကို ဘယ်လိုထိန်းလို့မရတော့တာ၊ ဗိုက်အောင့်ဗိုက်နာဖြစ်တာတွေ လုံးဝမသက်သာဘူးဆိုရင်တော့ ပြကြည့်သင့်ပါတယ်။အားလုံးပဲ အရက်ကို လုံးဝမရှောင်နိုင်ဘူးဆိုရင်တောင် ကိုယ့်ကျန်းမာရေးကို အစဉ်ရှေးရှုပြီး သတိနဲ့သောက်ကြပါလို့ အကြံပေးလိုက်ချင်ပါတယ်နော်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/diarrhea-digestive-health/diarrhea-after-drinking-alcohol/
သစ်သီးတွေများ အစားများနေပြီလား......
သစ်သီးစားတာက ကျန်းမာရေးအတွက် ကောင်းတာမှန်ပါတယ်။ ဒါပေမယ့် အများကြီး စားရင်တော့ မကောင်းဘူးနော်။ မြန်မာစကားပုံ တစ်ခုလိုပေါ့။ အရာရာတိုင်းမှာ တန်ဆေး လွန်ဘေး ဆိုသလိုပေါ့။ သစ်သီးစားတာက ကောင်းပါတယ် အလွန်အကျွံ မဖြစ်စေဖို့ဘဲ လိုတာပါ။ ဒီတော့ သစ်သီးကို ကျန်းမာချင်လို့ စားကာမှ အများကြီးစားမိတာမျိုး မဖြစ်စေဖို့ ဒီဆောင်းပါးလေး ကနေတဆင့် ပြောပြပေးပါရစေလား………..။ကောင်းပါတယ်။ ဒီလိုပြောရတာက သစ်သီးစားတာကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက မနည်းဘူးလေ။ နေ့စဉ်မှာ သစ်သီးကို သင့်တင့်တဲ့ပမာဏ စားသုံးပေးခြင်းက။သစ်သီးကို ပုံမှန် စားသုံးပေးတာက ကျန်းမာရေးအတွက် ကောင်းတာမှန်ပေမယ့် လိုတာထက် ပိုစားမိမယ် ဆိုရင်တော့။မကြာခဏလေပွတာမျိုးဖြစ်မယ်။သစ်သီးတွေက လိုအပ်တဲ့ ပမာဏထက် ပိုစားမိတဲ့အခါ လေပွတာမျိုး ခံစားရနိုင်ပါတယ်။ အကြောင်းကတော့ သစ်သီးတွေထဲမှာ fructose လို့ခေါ်တဲ့ သကြားဓာတ် တစ်မျိုး ကြွယ်ဝတာကြောင့်ပါ။ ဒီ သကြားဓာတ်ကို အစာခြေစနစ်က ကောင်းစွာ ချေဖျက်နိုင်ဖို့ ခက်တာကြောင့် သစ်သီးတွေကို လိုတာထက် ပိုစားမိသူတွေထဲက ၄၀ ရာခိုင်နှုန်းလောက်ဟာ အူသိမ်က fructose ကို ပြည့်ပြည့်ဝဝမစုပ်ယူနိုင်တဲ့ ပြဿနာကို ခံစားကြရပါတယ်။ ဒီအခြေအနေက လေပွတာကို ခံစားရနိုင်ခြေ တိုးသွားစေပါတယ်။ဝမ်းပျက်ဝမ်းလျှောဖြစ်မယ်၊ IBS ဖြစ်မယ်။အပေါ်မှာ ပြောခဲ့သလို fructose စုပ်ယူမှုပြဿနာက တစ်ခါတစ်ရံမှာ ဝမ်းပျက်ဝမ်းလျှောတာကို ဖြစ်စေနိုင် ပါတယ်။ သစ်သီးတွေ အများကြီးစားတာက အစာခြေစနစ်ကို ဝန်ပိစေနိုင်ပါတယ်။ ဒါကြောင့် သစ်သီးတွေကို အများကြီး စားသုံးတာက fructose စုပ်ယူနိုင်စွမ်းနည်းတာကြောင့် လေပွတာ၊ ဗိုက်အောင့်ဗိုက်နာဖြစ်တာ၊ ဝမ်းပျက်ဝမ်းလျှောတာ၊ ခေါင်းကိုက်တာ၊ စားပြီးတိုင်း ဝမ်းသွားတာအော့အန်တာမျိုးဖြစ်မယ်ဆိုရင် သစ်သိးတွေကို လိုတာထက် ပိုစားမိနေတာမျိုးဖြစ်နိုင်ပါတယ်။ကိုယ်အလေးချိန်မကျဘဲဖြစ်နေမယ်။နေ့စဉ်စားသုံးမှုမှာ ဆိုဒါတွေကိုလျှော့တယ်။ သကြားလုံးတွေ။ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အဆီများတာတွေကို လျှော့တယ်ဆိုပေမယ့် ပြဿနာက ယိတ်မကျဘဲ ဖြစ်နေတယ်။ အစားလျှော့စားပြီး ကျန်းမာတဲ့ စားသောက်မှုပုံစံကို ပြောင်းထားပါရက်နဲ့ ဝိတ်ကျဖို့ ရုန်းကန်နေရဆဲပဲဆိုရင် တစ်ခုစဉ်းစားဖို့ လိုတာက သစ်သီးတွေ အများကြီး စားမိနေပြီလား ဆိုတာပါ။သစ်သီးတွေ အများကြီးစားမိတဲ့အခါ ကိုယ်တွင်းမှာ ကာဗိုဟိုက်ဒရိတ်တွေများပြီးသွေးတွင်းသကြားဓာတ်ကို မြင့်တက်သွားစေပါတယ်။ ဒီသွေးတွင်းသကြားဓာတ် မြင့်တက်မှုရဲ့ အကျိုးဆက်က ခန္ဓာကိုယ်ကို အင်ဆူလင်များစွာ ထုတ်လွှတ်ဖို့ တွန်းအားပေးလိုက်တာပါ။ ဒီလိုနဲ့ ကိုယ်တွင်းမှာ အဆီတွေ ပိုစုသွားစေပါတယ်။ ငှက်ပျောသီးတစ်လုံးမှာပါတဲ့ ကာဗိုဟိုက်ဒရိတ်က ပေါင်မုန့် ၂ ချပ်စာမှာ ပါတဲ့ ကာဗိုဟိုက်ဒရိတ်နဲ့အတူတူလောက်ပါပဲ။အချိုတွေပဲ စားချင်နေမယ်။သစ်သီးတွေ စားနေပေမယ့်လည်း စားပြီး မိနစ် ၃၀ လောက်ကြာ သွားတဲ့အခါတိုင်းမှာ သကြားလုံး ဒါမှမဟုတ် အချိုပါတဲ့ အရာတစ်ခုခုကို ထပ်စားချင်စိတ်ဖြစ်နေပြီ၊ ဗိုက်က ပြန်ဆာလာသလိုလို ဖြစ်နေပြီ ဆိုရင် သေချာပါတယ်။ ဒါက သစ်သီးတွေကို လိုတာထက် ပိုစားမိနေတာပါ။ အကြောင်းကတော့ သစ်သီးတွေက ပရိုတင်းပါဝင်မှု နည်းတာကြောင့် အမျှင်ဓာတ် ကြွယ်ဝပေမယ့် ဗိုက်ပြည့်တယ်လို့ မခံစားရဘဲ ထပ်စားချင်စိတ်တွေဖြစ်နေတာပါ။သစ်သီးဖျော်ရည်မှ သစ်သီးဖျော်ရည်ဖြစ်နေတယ်။တစ်ခုခုစားမယ်တွေးလိုက်တိုင်း သစ်သီးဖျော်ရည်ပဲသောက်တော့မယ်။သစ်သီးဖျော်ရည်သောက်ချင်လိုက်တာ အရမ်းပဲဆိုပြီး အချိန်တိုင်းလိုလို ခံစားနေရပြီဆိုရင် သေချာပါတယ်။ သစ်သီးတွေကို လိုအပ်တဲ့ ပမာဏထက် ပိုစားမိပြီဆိုတာပါ။သစ်သီးတွေ အများကြီးစားမိရင် ရင်ပူတာ၊ အစာမကြေတာ၊ ဗိုက်အောင့်ဗိုက်နာ၊ လေပွတာနဲ့ ဝမ်းပျက်ဝမ်းလျှောတာမျိုးဖြစ်နိုင်တာကြောင့် သင့်တင့်တဲ့ ပမာဏလောက်ပဲ စားကြဖို့ အကြုံပြုပါရစေလား……. Hello ဆရာဝန် ပရိတ်သတ်ကြီးတို့ရေ……..။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/ways-to-tell-if-youre-eating-too-much-fruit/
မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ
အစာအိမ် နဲ့ အူလမ်းကြောင်းဟာ အရှည်ကြီး ဖြစ်ပြီး အစိတ်အပိုင်းတွေ အများကြီး ပါဝင်တဲ့အတွက် တစ်ခုချင်းစီမှာ ရောဂါတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် ဘယ်လောက်ပဲ သန့်တယ်ဆိုဆို ပြင်ပကနေ ရောဂါပိုးမွှားတွေ အပြည့်နဲ့ အစားအစာတွေကို စားသောက်နေရတာ ဖြစ်တဲ့အတွက် ပိုးကူးစက်လည်း လွယ်ပါတယ်။ အထူးသဖြင့် သန့်ရှင်းမှု အားနည်းတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာပေါ့။နေ့စဉ်နဲ့ အမျှ စားသောက်နေရတာ ဖြစ်တဲ့အတွက် တစ်ချိန်မဟုတ် တစ်ချိန်မှာ အစာအိမ် နဲ့ အူလမ်းကြောင်း က နေမကောင်း ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ က ဘာများလဲ။ ဘယ်လိုတွေ ကုသလို့ရနိုင်သလဲဆိုတာ ပြောပြပေးသွားပါ့မယ်။မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ ကတော့။မထင်မှတ်ထားလောက်အောင်ကို ဒီဝေဒနာခံစားနေရတဲ့ လူနာတွေက သိပ်ကို များလွန်းပါတယ်။ ရင်ပူလို့ တစ်မျိုး၊ ရင်ထဲမှာ တစ်ဆို့ဆို့နဲ့ တစ်ဖုံ အမျိုးမျိုး ပြောတတ်ကြပါတယ်။ သာမန်အပရိကဝေဒနာလောက်ပဲ၊ ပြင်းပြင်းထန်ထန် နာတာ ကျဉ်တာ မရှိတဲ့အတွက် လူနာတွေက သိပ်တော့ မစိုးရိမ်ကြပါဘူး။ဒါက အစာရေမျိုပြွန်နဲ့ အစာအိမ်ကို ဆက်ထားတဲ့ ကျုံ့ဆန့်နိုင်တဲ့ ကွင်းလေးလို ကြွက်သားက အားပျော့လာတာကြောင့် အစာအိမ်ထဲက အက်စစ်တွေ အပေါ်ကို ဆန်တက်လာတာပဲ ဖြစ်ပါတယ်။ကုသနည်းတွေကတော့ စားသောက်နေထိုင်ပုံကို ပြောင်းလဲလိုက်ရုံနဲ့ သက်သာပါတယ်။ ရံဖန်ရံခါ အစာအိမ်ဆေးတွေ သောက်ရတတ်ပါတယ်။အစာအိမ်အနာ ဖြစ်စေတဲ့၊ အစာအိမ်ရောင်စေတဲ့ အကြောင်းရင်းတွေထဲမှာ ထိပ်ဆုံးက ပြေးနေတာကတော့ H.pyloriလို့ ခေါ်တဲ့ ဘက်တီးရီးယားကူးစက်ခံရခြင်းပဲ ဖြစ်ပါတယ်။ ကျန်တဲ့အပူအစပ်တို့၊ ဆေးလိပ်တို့၊ အရက်တို့၊ အကိုက်အခဲပျောက်ဆေးတို့ကတော့ ရှိပြီးသားအနာကို ပိုဆိုးစေပါတယ်။ကုသနည်းတွေကတော့ ဗိုက်နာတာ၊ ရောင်ရမ်းတာ သက်သာအောင် အစာအိမ်ဆေးတွေ ပေးလေ့ရှိပါတယ်။ အစားအသောက် အနေအထိုင် ဆင်ခြင်ရပါတယ်။ ဒါပေမယ့် အဓိကအကျဆုံးနဲ့ အရေးကြီးဆုံးကတော့ အစာအိမ်ပိုးသတ်တယ်လို့ လူသိများတဲ့ H.pyloriကို ပိုးသတ်ဆေးတွေ ပေးပြီး နှိမ်နင်းပစ်ရတာပါပဲ။အစာအိမ်အက်စစ်ကိုတောင် ခံနိုင်ရည်ရှိတဲ့ ဒီပိုးက သိပ်ကိုဆိုးရွားပါတယ်။ ဒီပိုးကို သေချာ မသုတ်သင်နိုင်ဘူးဆိုရင် နောင်အခါမှာ အစာအိမ်ကင်ဆာ ပြောင်းတတ်ပါတယ်။တစ်ခါတလေ အစားလည်း မမှားပါဘဲနဲ့ ရုတ်တရက် အန်တာ၊ ဝမ်းပျက်တာတွေ ဖြစ်တတ်ပါတယ်။ အထက်လန်အောက်လျှောလို့ လူသိများပါတယ်။ များသောအားဖြင့် ဗိုင်းရပ်စ် (ရိုတာဗိုင်းရပ်စ်၊ နိုရိုဗိုင်းရပ်စ်) ကြောင့် ဖြစ်တာ များပါတယ်။ သိပ်တော့ စိုးရိမ်စရာ မရှိပါဘူး။ကုသနည်းကတော့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာဖြစ်တဲ့အတွက် ခုခံအားနဲ့ပဲ တိုက်ထုတ်ရမှာပါ။ ပိုးသတ်ဆေး ပေးဖို့ မလိုပါဘူး။ဒါကြောင့် မက်ထရိုတွေ မသောက်ပါနဲ့။ ဝမ်းလုံးဝပိတ်သွားရင် ပိုးတွေ အောင်းနေနိုင်တာကြောင့် ကိုယ့်သဘောနဲ့ကိုယ် ဝမ်းပိတ်ဆေးတွေ မသောက်ပါနဲ့။လူနာအနေနဲ့ အန္တရာယ်ကင်းကင်း လုပ်ပေးနိုင်တဲ့နည်းလမ်းက တစ်ခုပဲ ရှိပါတယ်။ ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားတွေ ကာမိအောင် အပြင်ကို ထွက်သွားသလောက် ဓာတ်ဆားတွေ သောက်ပြီး ပြန်ဖြည့်ဖို့ပါပဲ။ ကိုယ်ထဲက ပိုးတွေ ကုန်သွားရင်၊ ခုခံအားက တိုက်ထုတ်လိုက်ရင် ရောဂါသက်သာသွားပါမယ်။နာတာရှည် ရောင်ရမ်းနာဖြစ်ပြီး Crohn’s disease နဲ့ ulcerative colitis ဆိုပြီး နှစ်မျိုး ရှိပါတယ်။ ခုခံအားကမောက်ကမဖြစ်တဲ့ ရောဂါတွေပါ။ လက္ခဏာတွေကတော့ ဝမ်းလျှောတာ၊ ပိန်တာ၊ အစားအသောက်ပျက်တာ၊ ဖျားတာ၊ ပျို့တာ စတာတွေ ရှိပါတယ်။Crohn’s disease က အူသိမ်အဆုံးပိုင်းနဲ့ အူမကြီး အစပိုင်းကို ထိခိုက်ပြီး ulcerative colitisကတော့ အူမကြီးနဲ့ မစင်အိမ်ကို ထိခိုက်ပါတယ်။ကုသနည်းကတော့ အရောင်ကျစေတဲ့ ဆေးတွေ ပေးရပါတယ်။ ရံဖန်ရံခါ ခွဲစိတ်ကုသတာမျိုး လုပ်ရတတ်ပါတယ်။ဒီရောဂါနဲ့ အပေါ်က ပြောခဲ့တဲ့ အူလမ်းကြောင်းရောင်ရမ်းတဲ့ ရောဂါကို အမှတ်မှားကြပါတယ်။ နာမည်တွေကလည်း ခပ်ဆင်ဆင်တွေကိုး။ ဒီရောဂါမှာက အူလမ်းကြောင်း ရောင်ရမ်းတာမျိုး မရှိပါဘူး။ အူလမ်းကြောင်းရောင်ရမ်းတာထက်တော့ အဖြစ်များပါတယ်။ ဒါပေမယ့် အန္တရာယ် မရှိပါဘူး။လူနာက ဗိုက်ရစ်သလိုမျိုး ဆွဲညှစ်ထားသလိုမျိုး အောင့်တာ တစ်လကို သုံးခါလောက်ဖြစ်မယ်။ ဒါမျိုး သုံးလဆက်တိုက် ဖြစ်မယ်ဆိုရင် အူလမ်းကြောင်း လှုပ်ရှားမှု မမှန်တဲ့ ရောဂါများလားဆိုပြီး သံသယဖြစ်စရာပါ။ တခြားလက္ခဏာတွေကတော့ ဝမ်းလျှောတာ ဒါမှမဟုတ် ဝမ်းချုပ်တာ ဖြစ်တတ်ပါတယ်။ကုသနည်းတွေကတော့ နေထိုင်စားသောက်ပုံပြောင်းလဲတာက အဓိကပါပဲ။ အစားကို နည်းနည်းစီ ခွဲစားမယ်။ ကိုယ့်ကို ဗိုက်အောင့်စေမယ့် အစားအသောက်တွေကို မှတ်ထားပြီး ရှောင်ကြဉ်ရပါမယ်။ တချို့တွေကတော့ ဝမ်းပျော့ဆေးတို့၊ အမျှင်ဓာတ် ဓာတ်စာတို့၊ ပရိုဘိုင်အိုတစ်တို့ သောက်ရင် သက်သာတယ်လို့ ဆိုကြပါတယ်၊။ရောဂါဆိုတာထက် အဖြစ်များတဲ့ လက္ခဏာတစ်ခုပါပဲ။ လူတိုင်းလိုလို ဝမ်းချုပ်တတ်ကြတာပါပဲ။ တစ်ပတ်မှာ ဝမ်း ၃ခါလောက်မှ မသွားဘူးဆိုရင် ဝမ်းချုပ်တယ်လို့ သတ်မှတ်လို့ရပါတယ်။ တစ်ခါတလေ ဝမ်းချုပ်တာမျိုးက ပြဿနာ မရှိပေမယ့် နာတာရှည် ဝမ်းချုပ်တယ်၊ ဝမ်းချုပ်လိုက် ဝမ်းလျှောလိုက်ဆိုရင်တော့ ရောဂါအခံကို ရှာဖွေကုသသင့်ပါတယ်။ဝမ်းချုပ်တာ သက်သက်ဆိုရင်တော့ အထိုင်မများအောင် နေမယ်၊ အသီးအရွက်များများစားမယ်၊ ရေများများသောက်မယ်ဆိုရင် သက်သာသွားနိုင်ပါတယ်။ ဝမ်းပျော့ဆေးတွေကို ရေတိုအနေနဲ့လည်း သုံးနိုင်ပါတယ်။ဒါကလည်း အဖြစ်များတဲ့ ရောဂါပါပဲ။ ဝမ်းချုပ်တာအဖြစ်များတဲ့အတွက် သူ့နောက်ဆက်တွဲ လိပ်ခေါင်းရောဂါလည်း လိုက်ဖြစ်ပါတော့တယ်။ ကိုယ်ဝန်ဆောင်တွေမှာလည်း အဖြစ်များပါတယ်။လက္ခဏာတွေကတော့ ဝမ်းသွားပြီးတိုင်း နောက်က သွေးလိုက်လာတာပါ။ စအိုနာတာ၊ ယားတာလည်း ဖြစ်တတ်ပါတယ်။ကုသနည်းကတော့ သိပ်မဆိုးရင် အိမ်မှာတင် လိမ်းဆေးဝယ်လိမ်းပါ။ ရေနွေးနွေးလေးထဲ ထိုင်ပါ။ အမျှင်ဓာတ်များများစားပါ။ ရေများများသောက်ပါ။ အထိုင်မများပါစေနဲ့။ လိပ်ခေါင်းက သွေးထွက်တာများရင်၊ အပြင်ထွက်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူပါ။သည်းခြေအိတ်ထဲမှာ ဖြစ်ဖြစ်၊ သည်းခြေပြွန်ထဲမှာ ဖြစ်ဖြစ် ကျောက်တည်တတ်ပါတယ်။ အဝလွန်တဲ့ အမျိုးသမီးတွေ၊ အသက် ၄၀ကျော်တဲ့ အမျိုးသမီးတွေ၊ ကလေးအများကြီး မွေးထားတဲ့ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။တစ်ခါတလေတော့လည်း သည်းခြေကျောက်က အရွယ်သေးတယ်ဆိုရင် သည်းခြေအိတ်ထဲမှာပဲ ဘာမှဒုက္ခမပေးဘဲ နေနေတာမျိုးလည်း ရှိပါတယ်။ကျောက်ရှိပေမယ့် လက္ခဏာ မပြတာမျိုးပေါ့။ လက္ခဏာပြမယ်ဆိုရင်တော့ ဖျားတာ၊ ပျို့အန်တာ၊ ဗိုက်အောင့်တာတွေ ဖြစ်တတ်ပါတယ်။ကုသနည်းကတော့ သောက်ဆေးတွေရှိသလို ခွဲစိတ်ကုသနည်းတွေလည်း ရှိပါတယ်။ ရောဂါအခြေအနေပေါ်မူတည်ပြီး ကုသတဲ့ နည်းလမ်း ကွဲသွားနိုင်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/common-gi-diseases-in-myanmar/
ခြေထောက်အနံ့ဆိုးပျောက်အောင် ရှာလကာရည်နဲ့ စိမ်ကြမယ်
ခြေထောက်နဲ့ ပတ်သက်ပြီး လူတော်တော်များများ ဂရုစိုက်ဖို့၊ သန့်ရှင်းပေးဖို့ မေ့တတ်ကြပါတယ်။ ကျွန်တော်တို့ ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ အလေးချိန်ကို ဟန်ချက်ညီအောင် ထိန်းပေးထားရုံသာမက အမြဲတမ်း လှုပ်ရှားသွားလာနေဖို့ ဒီခြေထောက် တစ်စုံကိုပဲ နေ့စဉ်အသုံးပြုနေကြရတာမလား။ ဒီလိုမျိုး အရေးပါတဲ့ ခြေထောက်ကို သေချာဂရုမစိုက်ဘဲ ပစ်ထားလိုက်ရင်တော့အနံ့ဆိုးတွေ ထွက်လာမှာပေါ့။ ဒီနေ့ဆောင်းပါးမှာ ခြေထောက်အနံ့ဆိုးပျောက်အောင် ရှာလကာရည်နဲ့ ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြပေးပါမယ်။ဘက်တီးရီးယားပိုးတွေကို သေစေတဲ့အပြင် အရေပြားကိုလည်း ထိခိုက်တာနည်းတဲ့အတွက်ရှာလကာရည်ကို အသားအရေထိန်းသိမ်းတဲ့ နေရာမှာ အသုံးများလာကြပါတယ်။ ဟင်းချက်တဲ့အခါမှာလည်း ချက်လိုက်တဲ့ ဟင်းလျာကို မွှေးပျံ့စေတယ်၊ အရသာပိုကောင်းစေတယ်။ သဘာဝအတိုင်း စားစရာတွေကိုတာရှည်ခံအောင် ထားတဲ့နေရာမှာလည်း ဘေးဥပါဒ်ကင်းတဲ့ ရှာလကာရည်ကို အသုံးပြုလာကြပါတယ်။ဒါဆိုရင် ခြေထောက်အရေပြားအတွက် ရှာလကာရည်ကို ဘယ်လိုအကျိုးပြုလဲ။ခြေထောက်ကို ရှာလကာရည်နဲ့ စိမ်တာက အနံ့ဆိုးပျောက်စေတာတင် မကဘဲ အခုလို ကောင်းကျိုးလေးတွေလည်း ရရှိစေနိုင်ပါတယ်။၁။ ခြေထောက် အနံ့အသက်ဆိုးတွေကို ပျောက်စေတယ်။ရှာလကာရည်က ခြေထောက်ပေါ်က ပိုးမွှားတွေကို သေစေတဲ့အတွက် အနံ့ဆိုးထွက်ခြင်း သက်သာစေတယ်။ ခြေဆီနံ့ ထွက်တဲ့သူတွေဆိုရင်လည်း ရှာလကာရည်နဲ့ နေ့စဉ်စိမ်ပေးမယ်ဆိုရင် အနံ့မနံတော့ဘူးနော်။ရှာလကာရည်နဲ့ မစိမ်ခင်မှာ အရင်ဆုံး ခြေထောက်ကို ဆပ်ပြာ၊ ရေနဲ့ သေချာသန့်စင်အောင် ဆေးကြောထားဖို့ လိုပါတယ်။ ပြီးသွားမှ ရေအေးအေးလေးမှာ ရှာလကာရည် အနည်းငယ်ရောပြီး ခြေထောက်ကို စိမ်ရမှာပါ။ တခြားနည်းလမ်းတွေအနေနဲ့ လေဝင်လေထွက်ကောင်းတဲ့ ခြေအိတ်တွေ ဝတ်တာ၊ အိမ်မှာ ခြေဗလာနဲ့ နေတာ၊ သားရေဖိနပ်တွေ ဝတ်ဆင်ပေးလို့လည်းရပါတယ်။၂။ ခြေထောက် သဲဝဲစားခြင်း သက်သာစေတယ်။ရှာလကာရည်မှာ ဘက်တီးရီးယားပိုးတွေအပြင်အရေပြားမှိုစွဲစေတဲ့ ရောဂါပိုးတွေကို သေစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ခြေထောက်သဲဝဲစားတဲ့အခါ ဖြစ်တတ်တဲ့ အရေပြားနီရဲပြီး အဖတ်ကွာတာ၊ ပူစပ်ပူလောင်ဖြစ်ပြီး အရမ်းယားတာတွေကို သက်သာစေပြီး ခြေထောက်ကိုလည်း သန့်စင်ပေးပါတယ်။အရင်ဆုံး ခြေထောက်ကို သန့်ရှင်းပေးရပါမယ်။ ပြီးမှ ရေထဲကို ရှာလကာရည်ရောပြီး ခြေထောက်စိမ်ပေးလို့ ရပါတယ်။ တစ်ရက်ကို ၁၀မိနစ် မှ ၁၅မိနစ်ခန့်၊ နေ့စဉ်လုပ်ပေးရမှာဖြစ်ပြီး ၂ပတ်၊ ၃ပတ်အကြာမှာ ရောဂါဝေဒနာ သက်သာပျောက်ကင်းလာတာကို တွေ့ရမှာပါ။ ‌ဒီနည်းလမ်းနဲ့မှ မပျောက်ဘူးဆိုရင်တော့ အရေပြားဆရာဝန်နဲ့ သေချာပြသပြီး သောက်ဆေး၊ လိမ်းဆေးနဲ့ ကုသမှုခံယူဖို့ လိုပါတယ်။၃။ ခြေထောက်မှာ ရှိတဲ့ ကြွက်နို့တွေကို ပျောက်စေတယ်။ရှာလကာရည်က အရေပြားပေါ်က ဆဲလ်အသေတွေကို ဖြည်းဖြည်းချင်း ကွာကျစေပါတယ်။ ဒါကြောင့် အရေပြားဆဲလ်အသေ စုမိရာကနေ ဖြစ်တတ်တဲ့ကြွက်နို့တွေ၊ အသားမာတွေကို ပျော့ပြီး ကွာကျသွားစေနိုင်ပါတယ်။၄။ အသားခြောက်ပြီး ကွဲအက်နေတာအတွက်လည်း အဆင်ပြေတယ်။အသားခြောက်တဲ့သူတွေ၊ ဒေါက်မြင့်ဖိနပ်စီးတဲ့သူတွေ၊ မကြာခဏ အပြင်ထွက်နေရတဲ့သူတွေ၊ ခြေထောက်က ခြောက်ပြီးအသားမာတက်လာတာ၊ အက်ကွဲတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေကို သက်သာစေဖို့ ရေအေးထဲမှာ ရှာလကာရည် အနည်းငယ်ရောပြီး စိမ်ထားပေးပါ။ ခြောက်အောင် သုတ်ပြီးသွားရင် အစိုဓာတ်ထိန်းခရင်မ် လိမ်းပြီး ခြေအိတ်စွပ်ထားလိုက်ပါ။ခြေထောက်ကွဲအက်တဲ့သူတွေအတွက် ဒီနည်းလမ်းက အဆင်ပြေတယ်ဆိုပေမယ့် အမြဲလုပ်နေမယ်ဆိုရင်တော့ ခြေထောက်က ပိုခြောက်လာနိုင်တဲ့အတွက် တစ်ခါတလေမှ လုပ်တာ ပိုကောင်းပါတယ်။ရှာလကာရည်ဟာ အရေပြားအတွက် ဘေးထွက်ဆိုးကျိုးနည်းပြီး ပိုးသေစေတဲ့ အာနိသင်ကြောင့် အရေပြားပြဿနာတွေအတွက် အိမ်တွင်းဆေးဝါးအဖြစ် အသုံးပြုလို့ ရပါတယ်။ ဆီးချိုဝေဒနာရှင်တွေအတွက်တော့ ဒီနည်းလမ်းတွေနဲ့ ခြေထောက်မစိမ်ခင်မှာ ဆရာဝန်နဲ့ အရင်ပြသကြည့်တာ ပိုကောင်းပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/relieve-bad-foot-odour-with-vinegar/
ဒူးနှံ့ ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး
ငယ်ငယ်က ဒူးနှံ့ ရင် အမေက ဖြန်းခနဲ လှမ်းရိုက်တာ ခံရဖူးမှာပါ။ အပျင်းကြီးတယ်။ မျက်စိနှောက်တယ်။ တချို့ကျတော့လည်း အိမ်လာဘ်တိတ်တယ် မလုပ်ရဘူး စသဖြင့်ပေါ့။ ဒီလိုဆိုပေမယ့် ဒူးနှံ့တာက လုံးဝမကောင်းတာတော့လည်း မဟုတ်ပါဘူး။ဒူးနှံ့တာကကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။ဒူးနှံ့ကြတာ ဘာရယ်လို့ မဟုတ်ပါဘူး။ အများစုကပျင်းလို့ နှံ့ကြတာများပါတယ်။ တချို့ကြတော့လည်း တစ်ခုခုကို စျာန်ဝင်နေလို့ (ဥပမာ ဂိမ်းဆော့နေလို့) မသိလိုက်ဘဲ နှံ့ကြတာလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒူးနှံ့တာက ကျန်းမာရေးပြဿနာဆိုတာထက် အပျင်းပြေ လုပ်ကြတာ များပါတယ်။ဒူးနှံ့တာကို ယောက်ျားလေးတွေမှာ ပိုတွေ့ရပါတယ်။ မိန်းကလေးတွေက မနှံ့တာတော့ မဟုတ်ပေမယ့် ယဉ်ကျေးမှု အဆုံးအမတွေကြောင့် မနှံ့ဖြစ်တော့ပါဘူး။ဒူးနှံ့တာက ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတဲ့ အချက်၂ချက် တွေ့ထားပါတယ်။အထိုင်များတဲ့ ရုံးသမားတွေ၊ မကြာခဏ နာရီနဲ့ ချီပြီး လေယာဥ်စီးရတဲ့ သူတွေက ခြေထောက်ကို ချထားရတာ၊ မလှုပ်မယှက်နေရတာ ဖြစ်တဲ့အတွက် ခြေထောက်သွေးခဲတတ်ပါတယ်။ ဒီသွေးခဲက ပြုတ်ထွက်သွားရင်အဆုတ်သွေးကြောမှာ သွေးခဲပိတ်တာမျိုး ဖြစ်တတ်ပါတယ်။ဒါနဲ့ ပတ်သက်ပြီး လေ့လာချက်အသေးလေး တစ်ခုလုပ်ထားပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး ၁၁ယောက်ကို ၃နာရီကြာထိုင်ခိုင်းပြီး စမ်းသပ်ထားတာပါ။ ၃နာရီအတွင်းမှာ ခြေထောက်တစ်ဖက်ကို တစ်မိနစ် ဒူးနှံ့၊ ၄မိနစ်နား လုပ်ခိုင်းပါတယ်။ နောက်တစ်ဖက်ကိုတော့ ဒီတိုင်းမလှုပ်ပဲ ထားထားပါတယ်။ ပါဝင်သူတွေက တစ်မိနစ်ကို အခါ၂၅၀လောက် လှုပ်နိုင်ကြပါတယ်။၃နာရီပြည့်လို့ခြေထောက် သွေးကြောက သွေးစီးနှုန်းကို တိုင်းကြည့်တဲ့အခါမှာ လုပ်တဲ့ဘက်က စီးဆင်းမှု ပိုကောင်းပြီး ငြိမ်နေတဲ့ဘက် သွေးအစီးနှေးတာကို တွေ့ရပါတယ်။Mayo Clinicက လုပ်ခဲ့တဲ့ လေ့လာချက်တစ်ခုမှာ ဒီတိုင်း ထိုင်နေတဲ့သူတွေထက်  ဒူးနှံ့တဲ့သူ၊ အထိုင်အထ ဟိုနားဒီနားသွားတဲ့သူ၊ ကိုယ်နေဟန်ထား မကြာမကြာ ပြောင်းတဲ့သူတွေက တစ်နေ့ကို ကယ်လိုရီ ၃၅၀လောက် လောင်ကျွမ်းပါတယ်တဲ့။ ဒါက လေ့ကျင့်ခန်း မလုပ်ဘဲ ဒူးနှံ့ရုံနဲ့ လောင်ကျွမ်းတာပဲ ဖြစ်ပါတယ်။များများလှုပ်တဲ့သူက များများလောင်ကျွမ်းပါတယ်။ ဒီလို လေ့ကျင့်ခန်း မပါဘဲ ကယ်လိုရီလောင်ကျွမ်းစေတဲ့ နည်းကိုNon-Exercise Activity Thermogenesis (NEAT)လို့ ခေါ်ပါတယ်။ ဒီထဲမှာ ဒူးနှံ့တာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။နေ့စဉ် ကယ်လိုရီ လောင်ကျွမ်းဖို့ဆိုရင် ဒူးနှံ့ရုံနဲ့တော့ ဘယ်လုံလောက်ပါ့မလဲ။ သင့်တော်တဲ့လေ့ကျင့်ခန်းတစ်ခုခုကို ပုံမှန်လုပ်တာက ပိုသင့်တော်တာပေါ့။ ဒါပေမယ့် တစ်နေကုန် ဘာမှမလုပ်ဘဲ ဒီတိုင်း ထိုင်နေတဲ့သူတွေအတွက်တော့ ဒူးနှံ့တာက နည်းလမ်းတစ်မျိုးပါပဲ။ဒီလိုပဲ ကားတွေ၊ လေယာဉ်တွေ အကြာကြီး စီးရတဲ့သူတွေအတွက်လည်း ထပြီး မကြာမကြာလမ်းလျှောက်နိုင်ရင် ကောင်းပေမယ့် ဒီလိုအခြေအနေမပေးဘူးဆိုရင်တော့ ဒူးနှံ့နေတာကလည်းမဆိုးလှပါဘူး။ဆိုလိုတာက ဒူးနှံ့တာထက် ပိုကောင်းတဲ့ လေ့ကျင့်ခန်းတွေ လုပ်နိုင်ရင်လုပ်၊ မလုပ်နိုင်လို့ ဒူးနှံ့တာလောက် လုပ်နိုင်ရင်တောင် မဆိုးဘူးလို့ ပြောချင်တာပါ။ဒူးနှံ့နေတာက ကိုယ့်အတွက်  ကျန်းမာစေတယ်ဆိုပေမယ့် တချို့က ဒါကို sensitive ဖြစ်တဲ့သူတွေ ရှိပါတယ်။ တချို့ဆို ရိုင်းတယ်လို့တောင်  ယူဆထားကြပါတယ်။ ဒါကြောင့် သူများလည်း အနှောင့်အယှက်မဖြစ်၊ ကိုယ်လည်း ကျန်းမာအောင်  အခြေအနေလေးကြည့်ပြီး ဒူးနှံ့နိုင်ပါကြောင်း။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/health-benefits-of-fidgeting/
ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အတွက် မေမေဖေဖေတို့ဘာလုပ်ပေးမလဲ
ဘေဘီလေးတွေရဲ့ဦးနှောက်ဟာ မွေးစကနေ ၃ နှစ်တာအတွင်းမှာ အလျင်မြန်ဆုံးဖွံ့ဖြိုးတာပါ။ ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု က ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်​ကြီးထွားဖွံ့ဖြိုးမှုအပေါ်မှာ အများကြီးသက်ရောက်နေပါတယ်။ကလေးတစ်ယောက်ဟာ မွေးစကနေ ၃ နှစ်အတွင်းမှာ အဓိကဖွံ့ဖြိုးမှု ၄ ရပ်ရှိနေဖို့လိုပါမယ်။ ဒါကတော့ လှုပ်ရှားသွားလာနိုင်မှု (ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှု)၊ဘာသာစကားစွမ်းရည်၊ လူမှုဆက်ဆံရေး နဲ့ စိတ်ခံစားမှု၊ သိမြင်မှုစွမ်းရည်ပိုင်းတွေမှာ တိုးတက်မှုတွေရှိနေဖို့လိုပါမယ်။သိမြင်မှုစွမ်းရည်ဆိုတဲ့အထဲမှာ ဘေဘီလေး ရဲ့ တွေးခေါ်နိုင်စွမ်း၊ သင်ယူနိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းတွေပါဝင်နေပါတယ်။ ဘေဘီလေး ကို ထူးချွန်ထက်မြက်ချင်တယ်ဆိုရင်တော့ ဦးနှောက်ဖွံ့ဖြိုးမှုအမြင့်ဆုံးဖြစ်နေတဲ့မွေးစက နေ ၃ နှစ်အတွင်းမှာ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပေးမယ့်လှုပ်ရှားမှုတွေကို လုပ်ဆောင်ပေးဖို့လိုပါမယ်။ဘေဘီလေး ကို ဦးနှောက်ဖွံ့ဖြိုးစေဖို့ဖေဖေမေမေတို့အနေနဲ့ ဒီအချက်လေးတွေကို နေ့တိုင်းလုပ်ဆောင်ပေးဖို့လိုပါမယ်။ကစားပေးပါ။ကလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ကစားပေးတာက ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု ကို အကောင်းဆုံး အထောက်အကူပြုပေးနိုင်တဲ့ နည်းလမ်းတစ်ရပ်ပါ။ ကလေးနဲ့အတူတူ ဆော့ကစားပေးတာ၊ စကားပြောပေးတာ၊ သီချင်းဆိုပေးတာတွေက ဘေဘီလေးကို ဦးနှောက်ဖွံ့ဖြိုးစေဖို့ အကောင်းဆုံးအထောက်အကူပြုပေးနိုင်ပါတယ်။အရုပ်လေးတွေကို လုပ်ပြရင်း အမူအရာနဲ့ ကစားပေးပါ။ ဟန်ပန်လေးတွေလုပ်ရင်းသီချင်းတူတူဆိုပေးပါ။ ရောင်စုံတုံးလေးတွေကို အသုံးပြုလို့ အိမ်ဆောက်တမ်းဆော့တာကတွေက ကလေးရဲ့စိတ်ကူးဉာဏ်ကို ရင့်သန်စေနိုင်ပြီး ဖန်တီးနိုင်မှုစွမ်းရည်ကိုလည်း တိုးတက်စေနိုင်ပါတယ်။သက်သောင့်သက်သာထားပါ။ဘေဘီလေး​ တွေမှာလည်း စိတ်ဖိစီးမှုရှိနိုင်ပါတယ်။စိတ်ဖိစီးမှုကင်းကင်းနဲ့ ကြီးပြင်းစေနိုင်မှုက ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေနိုင်မှာပါ။ ဒါကြောင့် ကလေးကို ထွေးပွေ့တာ၊ချော့သိပ်တာတို့လိုမျိုးလုပ်ပေးပြီး သက်သောင့်သက်သာဖြစ်အောင်ထားပါ။ ဒီလိုလုပ်ပေးတာက ကလေးကိုဦးနှောက်ဖွံ့ဖြိုးမှုကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို ချစ်ပေးပါ။စာဖတ်ပြပါ။စာဖတ်ပြတာက ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အကောင်းဆုံးထောက်ပံ့ပေးနိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုပါ။ ကလေးက စကားလုံးတွေကို သေချာမသိသေးဘူးဆိုရင်တောင်မှ မေမေက စာဖတ်ပြတာက ကလေးကိုသင်ယူမှုစွမ်းရည်ကောင်းစေနိုင်ပြီး ဘာသာစကားစွမ်းရည်ကောင်းစေနိုင်ပါတယ်။ နောက်တစ်ခုလုပ်လို့ရတာက ကလေးကို ရုပ်ပုံလေးတွေပြရင်း စာဖတ်ပြတာပါ။ ကလေးကို အရုပ်နဲ့စကားလုံးလေးတွေကိုတွဲမြင်စေပြီး  သိမြင်မှုစွမ်းရည်တိုးလာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။အာဟာရပြည့်ဝအောင် ကျွေးမွေးပေးပါ။ဖွံ့ဖြိုးရမယ့်အရွယ်မှာ အာဟာရပြည့်ဝအောင်မရဘူးဆိုရင် ဦးနှောက်ကလည်း ကောင်းကောင်းဖွံ့ဖြိုးမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘေဘီလေးကို ဦးနှောက် ကောင်းကောင်းဖွံ့ဖြိုးစေချင်တယ်ဆိုရင် ဦးနှောက်ဖွံ့ဖြိုးဖို့ထောက်ပံ့ပေးတဲ့ အစားအစာတွေ ပြင်ဆင်ပေးဖို့ မမေ့ပါနဲ့။ နို့တိုက်နေရချိန်မှာတော့ မေမေက အာဟာရပြည့်ဝအောင်စားသုံးပေးပါ။ အသက် ၆ လပြည့်ပြီဆိုရင်တော့ ဘေဘီလေးအတွက် လိုအပ်မယ့် အာဟာရတွေကို ပြည့်ဝအောင် ပြင်ဆင်ပေးဖို့ ပြောပါရစေနော်။ထူးချွန်ထက်မြက်တဲ့ ဘေဘီလေးတစ်ယောက်ဖြစ်လာအောင် ပျိုးထောင်ပေးနိုင်မယ့်အခွင့်အရေးက မေမေတို့ရဲ့လက်တစ်စုံမှာပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/how-to-encourage-a-childs-brain-development/
လေ့ကျင့်ခန်းလုပ် တာကြောင့် ခါးမနာစေဖို့
ကျန်းမာဖို့လေ့ကျင့်ခန်းလုပ်ပါတယ်ဆိုမှ လေ့ကျင့်ခန်းလုပ် ပြီး ထိခိုက်ဒဏ်ရာရတယ်ဆိုတာ မဖြစ်သင့်ပါဘူး။ အထူးသဖြင့်တော့Gym ဆော့တဲ့ သူတွေက နောက်ရက်ဆို ကိုယ်လက်တွေ ကိုက်ခဲတော့  ဆက်မဆော့နိုင်ဘူးလို့ ညည်းတွားကြပါတယ်။ အဓိကကတော့ ခါးနာလို့ပါပဲ။ ဒီနေ့ Gym ဆော့ပြီး နောက်နေ့ခါးနာတဲ့အတွက် Gym ကို ဆက်မသွားနိုင်တော့ပါဘူး။ ဒီလိုနဲ့ပဲ လေ့ကျင့်ခန်း လုပ်မယ်ဆိုတဲ့ ပလန်လေး ပျက်သွားပါလေရော။ အခုတစ်ခေါက်တော့ လေ့ကျင့်ခန်းလုပ် တာကြောင့် ခါးမနာစေဖို့ သတိထားရမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။တကယ်တော့ လေ့ကျင့်ခန်းလုပ် တယ်ဆိုတာက ကြွက်သားတွေ၊အရိုးအဆစ်တွေ သန်မာစေဖို့ပါ။ ကြွက်သားနာကျင်တဲ့သူတွေကိုတောင် အနာသက်သာဖို့ လေ့ကျင့်ခန်းတွေ လုပ်ခိုင်းလေ့ရှိပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်း လုပ်ပြီး နောက်နေ့မှာဘာကြောင့် ခါးတွေ နာကြတာလဲ။လေ့လာချက်တွေအရတော့ ဒီအချက်တွေကြောင့်ပါတဲ့။လေ့ကျင့်ခန်းကို ပုံမှန်မလုပ်ဖြစ်အောင် တားဆီးနေတဲ့ အကြောင်းရင်းတွေထဲမှာ ခါးနာတာလည်း ပါပါတယ်။ ခါးက ကိုယ်လက်လှုပ်ရှားမှုရဲ့ ပင်မထောက်တိုင်ဖြစ်တာကြောင့် ခါးနာသွားရင် တစ်ကိုယ်လုံး လှုပ်ရှားဖို့ ခက်မှာပါ။ ဒါ့ပြင် ခါးနာတာက ပြန်လည်သက်သာဖို့လည်း အချိန်ယူပါတယ်။ဒါကြောင့် လေ့ကျင့်ခန်းလုပ် တာကြောင့် ခါးမနာစေဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။လေ့ကျင့်ခန်း မလုပ်ခင်မှာရော လုပ်အပြီးမှာရောအကြောလျှော့ဖို့ လိုပါတယ်။ အကြောလျှော့တာက ကြွက်သားတွေကို ပျော့ပျောင်းစေတဲ့အတွက် လေ့ကျင့်ခန်းလုပ် အပြီးမှာ ခါးအပါအဝင်၊ ဒူးနဲ့ တခြားနေရာက ကြွက်သားတွေ နာတာကို သက်သာစေပါတယ်။ မတော်တဆ ချော်လဲပြီး ထိခိုက်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။အကြောလျှော့တာက စလို့ အလေးမတာ၊ ယောဂကျင့်တာ စတာတွေ အကုန်လုံးမှာ ကိုယ်နေဟန်ထား မှန်ဖို့ လိုပါတယ်။ ဒါမှ အရိုးအဆစ်တွေ အလှည့်အပြောင်းမှာကြွက်သားပြဲတာ၊ ကြွက်သားထိခိုက်တာတွေ နည်းမှာပါ။ ကိုယ်နေဟန်ထား မှန်ဖို့ ဆိုရင် သက်ဆိုင်ရာ Gym ဆရာရဲ့ လမ်းညွှန်ချက်ကို လိုက်နာဖို့ လိုပါတယ်။အလေးအပင်မတဲ့အခါ ကိုယ်နေဟန်ထား မှန်ရုံတင် မကပါဘူး။ ကိုယ် မ နိုင်တဲ့အလေးလည်း ဖြစ်ဖို့ လိုပါတယ်။ အလေးမနေကျမဟုတ်တာကို အတင်းမတဲ့အခါ အဆစ်တွေ၊ ကြွက်သားတွေ နာပြီး နောက်ရက်မှာ ထနိုင်မှာ မဟုတ်ပါဘူး။Gym ဆော့တဲ့ ပထမဆုံးရက်က စိတ်အားအထက်သန်ဆုံးဆိုတော့ အချိန်ကြာကြာနဲ့ ပြင်းပြင်းထန်ထန် လုပ်မိတတ်ပါတယ်။ အကြောလျှော့တာကိုတောင် မလုပ်ဘဲ တန်းပြီး စလုပ်တတ်ပါတယ်။ အလေးကြီးတွေ မတတ်ပါတယ်။ ဒါကကြွက်သားတွေကို ဒဏ်ဖြစ်စေတာကြောင့် နောက်ထပ် ရက်အတော်ကြာအထိ ပြန်ဆော့နိုင်မှာ မဟုတ်ပါဘူး။ဘယ်လိုလေ့ကျင့်ခန်းပဲ ဖြစ်ဖြစ် လုပ်နေကျမဟုတ်ရင် ခန္ဓာကိုယ်က ကျင့်သားရဦးမှာ မဟုတ်ပါဘူး။ သူများတွေ အရိုးအဆစ်တွေ ပျော့ပျောင်းတာ၊ အလေးအကြီးတွေ မနိုင်တယ်ဆိုတာ ရက်ရှည်လများ လေ့ကျင့်ထားတာကြောင့်ပါ။ ဒါကြောင့် ကိုယ်လည်း စိတ်မလောပါနဲ့။ ခန္ဓာကိုယ်ရဲ့ အသံကို နားထောင်ပါ။ တစ်နေ့ကို နည်းနည်းနဲ့ နိုင်သလောက်ပဲ လုပ်ပါ။ ကျင့်သားရပြီဆိုမှ တိုးလုပ်သွားပါ။နဂိုတည်းက ခါးနာဝေဒနာရှိတယ် ဒါမှမဟုတ်  ရှေ့အခေါက်က လေ့ကျင့်ခန်း လုပ်ပြီး ခါးနာထားတယ်။ ကောင်းကောင်း မသက်သာသေးဘူးဆိုရင် အပြင်းအထန် မလုပ်ပါနဲ့ဦး။ ကိုယ့်မှာ နဂိုတည်းက ခါးနာဝေဒနာရှိနေရင် အကြောင်းရင်းရှာပြီး အရင်ကုသပါ။ အရင်အခေါက်က ဒဏ်ဖြစ်ထားတာ မသက်သာသေးဘူးဆိုရင် သက်သာအောင် အရင်လုပ်ပါ။ အပြီးမပျောက်သေးတဲ့ ခါးနာဝေဒနာကို အနားမပေးဘဲ အတင်း လေ့ကျင့်ခန်းလုပ် မယ်ဆိုရင် ခါးနာတဲ့ဝေဒနာ ပိုဆိုးသွားနိုင်ပါတယ်။[embed-health-tool-bmr]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/exercise-safety-tips/how-to-prevent-back-pain-from-workout/
ဆီးချိုသမားတွေပါ စားလို့ရတဲ့ စိမ်းစားဥ
စိမ်းစားဥဆိုရင် ချိုအေးတဲ့အရသာလေးကို နှစ်သက်ကြပါတယ်။ ဒါပေမယ့် အတော်များများရဲ့အတွေးမှာ စွဲနေအောင်နေရာယူထားတာက စိမ်းစားဥက မတည့်တာများတယ်ဆိုပြီး သိပ်မစားရဲကြတာပါ။ အမှန်က သူ့ရဲ့အပင်တစ်ပင်လုံးမှာ စိမ်းစားဥက စားလို့ဘေးအကင်းဆုံးပါ။ အရွက်၊ အပွင့်၊ အပင်နွယ်တွေမှာက သဘာဝပိုးသတ်ဆေးအာနိသင်ရှိတဲ့ rotenone ပါလို့ အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။အရည်ရွှမ်းပြီး စားလို့ကောင်းတဲ့ စိမ်းစားဥဟာ အာဟာရဓါတ်တွေနဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေအပြည့်ပါနေတာလည်း စိမ်းစားဥကြိုက်သူတွေအတွက် ဆုလာဘ်တစ်ခုပါ။ စိမ်းစားဥ အကြီးတစ်လုံးမှာ ၄၉ ကယ်လိုရီ၊ အမျှင်ဓါတ် ၆ ဂရမ်၊ ပရိုတင်း ၁ ဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၁၁ ဂရမ်၊ သကြားဓါတ် ၂ဂရမ်၊ ဗီတာမင် C ၂ မီလီဂရမ်၊ ပိုတက်ဆီယမ် ၁၈၀ မီလီဂရမ်၊ မဂ္ဂနိစ် ၁ မီလီဂရမ်၊ သံဓါတ် ၇ မီလီဂရမ်၊ မဂ္ဂနီဆီယမ် ၄ မီလီဂရမ်၊ဖောလိတ် ၄ မိုက်ခရိုဂရမ် ပါဝင်ပါတယ်။စိမ်းစားဥက အာလူးတို့၊ တရုတ်မုန်လာတို့နဲ့ယှဉ်ရင် ကစီဓာတ်၊ သကြားနဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်တွေ ပိုနည်းပါတယ်။ သူ့မှာ အမျှင်ဓာတ်ပါဝင်မှုက မြင့်မားတာမို့ ပန်းကန်လုံးတစ်လုံးစာပမာဏ စားမယ်ဆိုရင် တစ်နေ့တာလိုအပ်တဲ့ အမျှင်ဓာတ် ၂၅ ရာခိုင်နှုန်းကို ရနိုင်ပါတယ်။Prebiotic ဆိုတာ အူတွင်းအကျိုးပြုဘက်တီးရီးယားလေးတွေကို အားဖြည့်ထောက်ပံ့ပေးတဲ့ အမျှင်ဓာတ်တစ်မျိုးဖြစ်ပါတယ်။ စိမ်းစားဥမှာ oligofructose inulin လို့ခေါ်တဲ့ prebiotic တစ်မျိုး  ပါဝင်ပါတယ်။ သူဟာ အစာခြေစနစ်က မချေဖျက်နိုင်တဲ့ အမျှင်ဓာတ်ဖြစ်ပြီး အူလမ်းကြောင်းထဲရောက်တဲ့အခါ အစာခြေစနစ်အင်္ဂါအစိတ်အပိုင်းတွေကို အကျိုးကျေးဇူးတွေ အများကြီးပေးနိုင်ပါတယ်။စိမ်းစားဥမှာ အမျှင်ဓာတ်များပြီး glycemic index ညွှန်းကိန်းနိမ့်တာမို့ ဆီးချိုသမားတွေ စားလို့ရတယ်၊ ကိုယ်အလေးချိန်ကျချင်တဲ့သူတွေလည်း စားလို့ရတယ်။ အမျှင်ဓာတ်များတဲ့ အစားအစာတွေက အစာစားချင်စိတ်ကို ထိန်းညှိရာမှာ အထောက်အကူပေးပါတယ်။တန်ဖိုးရှိတဲ့ prebiotics တွေပါဝင်တဲ့ စိမ်းစားဥဟာ အစာခြေစနစ်နဲ့အူလမ်းကြောင်းအတွင်းကအကျိုးပြုဘက်တီးရီးယားလေးတွေအတွက် အားဖြည့်ပေးတာကြောင့် ရောဂါပိုးကာကွယ်နိုင်စွမ်းကို ပိုကောင်းစေပါတယ်။စိမ်းစားဥမှာ ရေဓာတ်နဲ့ အာဟာရဓာတ်ပါဝင်မှုများတဲ့အပြင် နှလုံးသွေးကြောကျန်းမာရေးကို ပိုကောင်းစေပါတယ်။ ကိုလက်စထရောကိုလည်း ကျစေနိုင်ပါတယ်တဲ့။အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက သွေးကြောကျန်းမာရေးကို ကောင်းစေပြီး ရောင်ရမ်းမှုကို လျော့ကျစေတယ်၊ ကိုလက်စထရောမြင့်တက်ခြင်း၊ သွေးတိုး၊ ဆီးချိုတို့လို နာတာရှည်ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။စိမ်းစားဥမှာပါတဲ့ oligofructose inulin ဟာ သတ္တုဓာတ်ထိန်းထားနိုင်စွမ်းကို မြှင့်တင်ပေးပြီးအရိုးထုထည်လျော့ပါးမှုကို ကာကွယ်ပေးတယ်၊ကယ်လ်စီယမ်တွေကို အရိုးထဲစုပ်ယူနိုင်စွမ်းမှာ ကူညီပေးတယ်။ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ မဂ္ဂနိစ်တို့လို အရေးပါတဲ့ဓာတ်တွေကို ထောက်ပံ့ပေးတယ်။ ဒါ့ကြောင့် အရိုးပွအရိုးပါးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%a1%e1%80%99%e1%80%bb%e1%80%be%e1%80%84%e1%80%ba%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%85%e1%80%ad%e1%80%99%e1%80%ba%e1%80%b8/
သင်ဟာ သူများစားသောက်နေတာကို ကြည့်ရတာ ကြိုက်တဲ့သူလား။
နောက်ပိုင်း youtube, ဖေ့ဘွတ်ခ်တို့လို့မျိုး ဆိုရှယ်မီဒီယာဝက်ဆိုဒ်အမျိုးမျိုးမှာ mukbang လို့ခေါ်တဲ့ အစီအစဉ်တွေ ခေတ်စားလာပါတယ်။Mukbang ဆိုတာ အင်္ဂလိပ်စကားလုံးတော့မဟုတ်ပါဘူး။ Muk ဆိုတာက ကိုရီးယားစကားလုံး “Muk Ja” စားရအောင်ဆိုတဲ့ အဓိပ္ပါယ်ထဲက တစ်လုံးဖြစ်ပြီးတော့ bang ဆိုတာကတော့ တီဗီအစီအစဉ် bang song ဆိုတဲ့ ကိုရီးုယား စကားလုံး bang ကနေ ဆင်းသက်လာပြီး အစားအသောက်တီဗီ အစီအစဉ်ဆိုပြီး ဖြစ်လာတာဖြစ်ပါတယ်။ ပြီးမှ နောက်ကနေ -er ထည့်လိုက်ရင် Mukbangers ဒီအစီအစဉ်တွေထဲမှာ အစားအများကြီးစားပြတဲ့သူပေါ့နော်။စားကောင်းသောက်ဖွယ်တွေအများကြီးကို ကင်မရာရှေ့မှာ ခင်းကျင်းထားပြီး ပါဝင်တင်ဆက်တဲ့သူကလည်း လူ ၁၀ ယောက်စာလောက်ကို တစ်ထိုင်တည်း စားပြတဲ့ အစီအစဉ်တွေပေါ့။ ကယ်လိုရီ ၁၀၀၀၀ ရှိတဲ့ အစားအစာတွေ၊ အသားစိမ်းငါးစိမ်းတွေ စားပြတာ မျိုးလည်းရှိပါတယ်။ဒီလို အစီအစဉ်ဟာ ကိုရီးုယားမှာ ခေတ်စားနေတာ ဆယ်စုနှစ်တစ်ခုလောက်ကြာနေပြီဖြစ်ပြီး ကိုရီးယားလူမျိုးတွေအတွက် ဝင်ငွေတော်တော်ကောင်းတဲ့ အလုပ်လည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ဗီဒီယိုတွေကို ကြည့်ရှုသူ သန်းနဲ့ချီရှိနေပြီတော့ စပွန်ဆာပေးမယ့် စားသောက်ဆိုင်တွေ၊ ဘရန်းတွေကလည်း မနည်းမနောပါပဲ။ ၂၀၁၅ နောက်ပိုင်းလောက်ကနေစပြီး mukbang ရေစီးကြောင်းဟာ Kpop နဲ့အတူ အမေရိကားအထိပါ ရောက်ရှိလာပါတယ်။ ခုဆိုရင် mukbang လောကမှာ ကိုရီးယားတွေနဲ့ အတူ အမေရိကန် mukbangers တွေပါ အများအပြားရှိလာပြီဖြစ်ပါတယ်။ဗီဒီယိုထဲမှာဆို mukbangers တွေဟာ သူတို့ရဲ့ အစာဝါးတဲ့အသံက အရမ်းကျယ်ပါတယ်။ ပုံမှန် အပြင်မှာဆိုရင် အစာကို အသံမြည်ပြီးစားတဲ့သူတွေကို ရွံရှာဖွယ် အကြည့်တွေနဲ့ ကြည့်ကြတယ်လေ။ Mukbang တွေကို ကျတော့ လူတွေ ဘာလို့ စွဲစွဲလမ်းလမ်း ကြည့်နေကြိုက်နေကြလဲပေါ့နော်။ASMR ဆိုတာ autonomous sensory meridian response ပါ။ မြန်မာလို လွယ်လွယ်ကူကူဘာသာပြန်ရမယ်ဆိုရင် အသံတစ်ခုခု၊ ရုပ်ပုံတစ်ခုခုမြင်ရုံနဲ့ ဦးနှောက်ထဲမှာရှိတဲ့ သာယာစေတဲ့အပိုင်း၊ ခံစားချက်တွေကို လှုံ့ဆော်ပေးနိုင်ခြင်းပါ။ဒီအစားအသောက်အစီအစဉ်တွေထဲမှာပါတဲ့ ကြွပ်ရွနေတဲ့ ကြက်ကြော်ကို ကိုက်လိုက်တဲ့အခါ ထွက်လာတဲ့အသံ၊ ခေါက်ဆွဲကို စုပ်ယူလိုက်တဲ့အသံ၊ ရေခဲထည့်ထားတဲ့ခွက်ထဲကို ချိုအေးနေတဲ့ ကိုကာကိုလာကို လောင်းထည့်လိုက်တဲ့အသံ စတဲ့လှုံ့ဆော်မှုတွေကို ကြားရတဲ့အချိန်မှာ ဦးနှောက်ဟာ ဒါအရသာရှိတဲ့ အစားအစာတွေကို စားနေရတာဆိုပြီး သာယာပျော်ရွှင်တဲ့ ခံစားချက်မျိုးကို ပေးနိုင်ပါတယ်။လူတွေဟာ ထမင်းစားရင် တစ်ယောက်တည်းစားရမှာကို ဝန်လေးတယ်။ အထီးကျန်ဆန်တဲ့လို့ ခံစားရတယ်။ ဒါကြောင့် စားနေတဲ့ချိန်မှာ ဒီလို အစီအစဉ်ကို ဖွင့်ထားလိုက်တဲ့ချိန်မှာ တစ်ယောက်ယောက်နဲ့ ထမင်း အတူစားနေသလိုမျိုးဖြစ်တယ်။ တချို့ mukbangs တွေဟာ အစားချည်းပဲစားပြနေတာမဟုတ်ဘဲ ဘဝအကြောင်းတွေ၊ သူတို့နိုင်ငံရဲ့ ရိုးရာတွေ၊ အထင်ကရအကြောင်းအရာတွေကိုပါ အောက်ကနေ စာတန်းနဲ့ ဖြစ်စေ၊ အနောက်ကနေ အသံတစ်ခုနဲ့ ဖြစ်စေ ပြောပြနေတာမျိုးလည်း ရှိတာမို့ တကယ် လူတစ်ယောက်နဲ့ တွေ့ဆုံနေရသလိုမျိုးခံစားချက်မျိုးရရှိစေပါတယ်။သူများစားတာကြည့်ပြီး ပိုစားချင်လာပြီး diet လုပ်တာ ပျက်သွားနိုင်သလို ကိုယ် diet လုပ်နေတဲ့ချိန်စားတဲ့ အရသာမရှိတဲ့အစားအသောက်တွေကို mukbang ကြည့်နေရင်း စားရင် အရသာရှိလာသလိုမျိုး ဖြစ်လာနိုင်ပါတယ်။ဒီအစီအစဉ်လုပ်တဲ့သူတွေကလည်း လူအများ ကြိုက်ကြတဲ့ အကြွပ်ကြော်တွေ၊ ပူစပ်တဲ့ဟင်းလျာတွေ၊ ဈေးကြီးပြီး ရှားပါးတဲ့ ဟင်းလျာတွေကို စားပြလေ့ရှိတဲ့အတွက် တောင့်တမှုတွေကို အမြင်အာရုံကနေတဆင့် ဖြေဖျောက်နိုင်ပါတယ်တဲ့။Mukbang တွေဟာ အခုချိန်မှာ အရမ်းကိုနာမည်ကြီးပြီး လူသိသူသိ ပြန့်နှံ့နေပါပြီ။ ဒီလိုကျယ်ပြန့်လာတာနဲ့အတူ အမေရိကားမှာ ဒီလိုမျိုး အစားအများကြီးစားပြတဲ့ ဗီဒီယိုတွေကို ကြည့်နေရင်း အစကတည်းကeating disordersလို့ခေါ်တဲ့ အစားအသောက်မူမမှန်ရောဂါအခံရှိတဲ့သူတွေအနေနဲ့တော့ mukbangs တွေဟာ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါကတော့ အကောင်းတဲ့က အဆိုးပေါ့နော်။အစားအသောက်ဆိုကို လူတိုင်းက ခုံမင်နှစ်ခြိုက်ကြပါတယ်။ ကိုယ်ကိုယ်တိုင် မစားရရင်တောင် သူများစားနေတာကြည့်ပြီး အာသာဖြေနိုင်ကြပါတယ်။ Mukbang တွေ အောင်မြင်လာတာနဲ့အတူ mukbangers တွေလည်းများပြားလာပြီး mukbanger ဖြစ်ချင်တဲ့သူတွေလည်း များပြားလာပါတယ်။ ကိုယ်ကြို့က်တဲ့အစားအစာတွေကို စားနေရင်းနဲ့ ပိုက်ဆံတွေ ဝင်နေမှာ။ တွေးကြည့်ရင် တော်တော်မိုက်တဲ့ အလုပ်တစ်ခုပဲနော်။ ဒါပေမဲ့ Mukbangers တွေအနေနဲ့ လူ၁၀ယောက်စာကယ်လိုရီများ အဆီများတဲ့ အစားအသောက်တွေကို အစီအစဉ်တစ်ပိုင်းရိုက်တိုင်းစားနေတာ ကျန်းမာရေးနဲ့တော့ ညီညွှတ်မယ်လို့တော့ မထင်ရပါဘူး။ ဒါပေမဲ့ အဲ့လို ရိုက်နေတဲ့သူတွေကလည်း လေ့ကျင့်ခန်းကို သာမန်လူထက် ပိုပြင်းပြင်းထန်ထန်လုပ်တဲ့သူတွေဖြစ်ကြပါတယ်။သင်ကရော mukbang ကိုကြည့်ရတာ ကြိုက်တဲ့သူလား။ Mukbangers တစ်ဦးဖြစ်ချင်သူလား။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%9e%e1%80%84%e1%80%ba%e1%80%9f%e1%80%ac-%e1%80%9e%e1%80%b0%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%85%e1%80%ac%e1%80%b8%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%94%e1%80%b1%e1%80%90/
မလိုချင်တဲ့ အမွေး တွေကို ဖယ်ရှားနိုင်တဲ့ နည်းလမ်းများ
လူတိုင်းလူတိုင်းမှာ ခေါင်းအစ၊ ခြေအဆုံး နေရာအတော်များများမှာ အမွေး တွေ ပေါက်ကြပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့အတွက်အမွေးအမျှင်တွေကို နှစ်သက်ကြတဲ့ သူတွေရှိသလို တချို့ကတော့ အမွေးအမျှင်တွေကို မကြိုက်ကြ၊ မလိုချင်ကြတာကိုလည်း တွေ့ရပါတယ်။ အဲဒီအတွက် ကိုယ်မလိုချင်တဲ့ နေရာမှာ (ဥပမာ-နှုတ်ခမ်းမွေး၊ ပါးသိုင်းမွေး၊ချိုင်းမွေးနဲ့ ကျော၊ ခြေထောက်၊ လက် စတဲ့နေရာတွေမှာ) ထွက်နေတဲ့ အမွေးအမျှင်တွေကို ဖယ်ရှားဖို့ နည်းလမ်းမျိုးစုံးကို အသုံးပြုလာကြပါတယ်။နောက်ပိုင်းမှာလည်း ခေတ်မီတိုးတက်လာတာနဲ့အမျှ အမွေးအမျှင်တွေကို ရှင်းလင်းနိုင်ဖို့အတွက် ပစ္စည်းမျိုးစုံ၊ ကုထုံးမျိုးစုံတွေလည်း ပေါ်လာပြီး ရွေးချယ်စရာတွေလည်း များပြားလာပါတယ်။ ဒါ့ကြောင့် ဒီနေ့ဆောင်းပါးလေးမှာတော့ Hello ဆရာဝန် ပရိသတ်ကြီးအတွက် မလိုချင်တဲ့ အမွေးအမျှင်တွေ ကိုဖယ်ရှားဖို့ စဉ်းစားရွေးချယ်တဲ့အခါ အထောက်အကူပြုမယ့် နည်းလမ်းတွေ နဲ့ တစ်ခုချင်းစီ အကြောင်းကို အနည်းငယ် မျှဝေပေးသွားပါမယ်။ဒီနည်းလမ်းကိုတော့ ခြေထောက်၊ လက်၊ မိန်းမကိုယ် နဲ့ မျက်နှာပေါ်မှာရှိတဲ့ အမွေးတွေကို ဖယ်ရှားဖို့အတွက် အသုံးပြုကြတာများပါတယ်။ ရိတ်တဲ့ နည်းလမ်းက လွယ်ကူမြန်ဆန်၊ အကုန်အကျ သက်သာပေမယ့် အမွေးတွေက ရိတ်ပြီးရက်ပိုင်းလောက်အတွင်းမှာပဲ ပြန်ထွက်လာနိုင်ပါတယ်။ နောက်တစ်ခုကတော့ ingrown hair လို့ခေါ်တဲ့ ရိတ်ပြီး ကျန်ခဲ့တဲ့ အမွေးလေးတွေက အရေပြားထဲကို ပြန်ဝင်သွားတာကြောင့် အဖုလေးတွေ ထွက်လာပြီး ရောင်ရမ်းခြင်း၊ ယားယံခြင်းတွေ ဖြစ်လာစေနိုင်ပါတယ်။ဒီနည်းလမ်းကတော့ နှုတ်တဲ့အချိန်မှာ နာကျင်စေနိုင်တာကြောင့် အမွေးအနည်းငယ်သာရှိတဲ့ နေရာမျိုးအတွက်ပဲ ကောင်းပါတယ်။ များသောအားဖြင့် ဂျိုင်းမွေး အများကြီး မပေါက်တဲ့သူတွေ၊ မျက်ခုံးမွေး ပုံစံဖော်တဲ့ နေရာတွေမှာ အသုံးပြုကြတာများပါတယ်။Depilatory cream သို့ hair removal cream လို့ခေါ်တဲ့ အမွေးကျွတ်ဆေးတွေကို အသုံးပြုမယ်ဆိုရင်တော့ အညွှန်းကို သေချာ ဖတ်ပြီးမှ အသုံးပြုသင့်ပါတယ်။ တချို့ အညွှန်းမပါတဲ့ ဆေးတွေကို အသုံးပြုမယ်ဆိုရင် ခြေထောက်မှာ သုံးဖို့ထုတ်ထားတဲ့ ဆေးကို မျက်နှာမှာ သုံးမိတာမျိုး၊ လိုအပ်တာထက် အချိန်ကြာကြာ လိမ်းထားမိလို့ အရေပြား လောင်ပြီး ထိခိုက်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ဒါ့အပြင် ပါဝင်ပစ္စည်းတွေနဲ့ မတည့်တဲ့အခါ ရောင်ရမ်းခြင်း၊ ယားယံခြင်း နဲ့ အခြားဓာတ်မတည့်တဲ့ ပြသနာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အဲဒီလို အမွေးကျွတ်ဆေးတွေ အသုံးပြုတဲ့အခါ အညွှန်းကို သေချာဖတ်ပြီးမှ အသုံးပြုဖို့ အကြံပေးချင်ပါတယ်။ဒီနည်းလမ်းကတော့ အိမ်မှာပဲဖြစ်ဖြစ်၊ အလှပြင်ဆိုင်တွေမှာ ဖြစ်ဖြစ် ပူတဲ့ ဖယောင်းရည်ကို အသုံးပြုပြီး အမွေးတွေကို ကျွတ်အောင်လုပ်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင်တော့ ရိတ်တာလောက် အမွေးတွေ မြန်မြန်ပြန်မထွက်လာနိုင်ပေမယ့် ပြန်တော့ ထွက်လာနိုင်ပါသေးတယ်။ ဆိုးကျိုးအနေနဲ့ ဖယောင်းရည်က အရမ်းပူသွားတဲ့အခါ အသားအရေလောင်သွားနိုင်သလို ပိုးဝင်တဲ့ ပြသနာတွေလည်း ဖြစ်လာနိုင်ပါတယ်။ အဆိုးဆုံးကတော့ waxing လုပ်တဲ့အချိန်မှာ ခံစားရတဲ့ နာကျင်မှု ပြသနာပဲ ဖြစ်ပါတယ်။အမွေးတွေ အတော်ကြာကြာ ပြန်မပေါက်နိုင်တဲ့ ကြာရှည်ခံတဲ့ နည်းလမ်းထဲက တစ်ခုကတော့လေဆာအသုံးပြုပြီး ဖယ်ရှားခြင်းပါပဲ။  ဒါပေမယ့် ဒီနည်းလမ်းက တစ်ကြိမ်ထဲလုပ်လို့ မရပါဘူး။ ၄ပတ် (သို့) ၆ ပတ်လောက်ခြားပြီး ၃၊ ၄ ကြိမ်လောက် ကုသရမှာ ဖြစ်ပြီး အကုန်အကျများတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။မလိုချင်တဲ့ နေရာတိုင်းမှာ ဖယ်ရှားဖို့ကုသနိုင်ပြီး ထိရောက်မှုရှိတဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ အကုန်အကျခံနိုင်လို့ ဒီနည်းလမ်းကို ရွေးချယ်မယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန် (သို့) ပညာရှင်တွေဆီမှာ သေချာတိုင်ပင်ပြီး ကုသမှု ခံယူနိုင်ပါတယ်။Electrolysisကတော့ လျှပ်စီးကြောင်းကို အသုံးပြုပြီး အမွေးတွေထွက်တဲ့ hair follicle လေးတွေကို ဖျက်ဆီးပစ်ပြီး လုံး၀ အမွေးတွေထပ်မထွက်လာအောင် ကူညီပေးတဲ့ နည်းလမ်းတစ်မျိုးပါ။ ဒီနည်းလမ်းကိုလည်း သေချာ လေ့ကျင့်ထားတဲ့ ကျွမ်းကျင်ပညာရှင်တွေ၊ ဆရာဝန်တွေနဲ့သာ လုပ်ဆောင်သင့်ပြီး ရက်ချိန်းတိုင်းမှာ မှန်မှန်လာပြပြီး လိုအပ်သလို ကုသမှုခံယူမှသာ အကောင်းဆုံးရလဒ်တွေ ရနိုင်မှာဖြစ်ပါတယ်။Spironolactoneနဲ့ အချို့သောဆေးတွေက အမွေးတွေ အထွက်နည်းအောင်၊ အတွက်နှေးအောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် သောက်ဆေးတွေဟာ ဘေးထွက်ဆိုးကျိုးတွေရှိပြီး သင့်အတွက် သောက်ဖို့ သင့်တော်၊ မသင့်တော် ဆိုတာကို ဆရာဝန်နဲ့အရင်ပြသပြီး တိုင်ပင်ဆွေးနွေးပြီးမှ သောက်သုံးသင့်ပါတယ်။ဒီဆောင်းပါးလေးကို ဖတ်ပြီး ကိုယ်မကြိုက်တဲ့ နေရာမှာ ရှိတဲ့ အမွေးတွေကို ဖယ်ရှားဖို့ သင့်တော်တဲ့ နည်းလမ်းကောင်းတွေကို ရွေးချယ်နိုင်ကြပါစေနော်။ရေးသားသူ – Khine Phoo Ngon။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/how-to-remove-unwanted-hair/
လေ့ကျင့်ခန်း မလုပ်ဘဲ ကယ်လိုရီလောင်ကျွမ်း စေဖို့
ကယ်လိုရီလောင်ကျွမ်း တယ်လို့ ပြောလိုက်ရင် ပြေးပြေးလွှားလွှားနဲ့ လေ့ကျင့်ခန်းလုပ်တဲ့သူတွေ၊  Gymမှာ အလေးမတဲ့သူတွေကို ပြေးမြင်မိမှာပါ။ ဒါတွေက တကယ်ကိုကောင်းပြီး တကယ်လည်းကျပါတယ်။ ဒါပေမယ့် ဒီလိုလုပ်မှ ကယ်လိုရီလောင်တာတော့ မဟုတ်ပါဘူး။ လေ့ကျင့်ခန်း မလုပ်နိုင်တဲ့သူတွေကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ နေ့စဉ်ဘဝမှာကယ်လိုရီလောင်ကျွမ်းဖို့ ကြိုးစားနိုင်ပါတယ်။ကယ်လိုရီလောင်ကျွမ်း တယ်ဆိုတာ ခန္ဓာကိုယ်ကနေ စွမ်းအင်ထုတ်သုံးတာပါ။လေ့ကျင့်ခန်းတွေကတော့ စွမ်းအင်များများ ထုတ်သုံးနိုင်အောင် တမင်လေ့ကျင့်တဲ့နည်းပါ။ ဝိတ်ကျချင်တဲ့သူ၊ ကြွက်သားတက်အောင် လေ့ကျင့်ချင်တဲ့သူတွေအတွက် အင်မတန်မှ သင့်တော်ပါတယ်။ တတ်နိုင်ရင် ပုံမှန်လေးလေ့ကျင့်သင့်ပါတယ်။ဒါပေမယ့် လေ့ကျင့်ခန်းလုပ်တာတို့၊ Gymသွားတာတို့ကျတော့ မရောက်တစ်ရက်၊ ပျက်တစ်ရက် (ဒီလိုနဲ့ ရောက်မှာလည်း မဟုတ်တော့ပါဘူး)ဆိုတော့ ဒီနေရာတွေကိုမှ မသွားရင် ကယ်လိုရီလောင်ဖို့ အခွင့်အရေးမရှိသလို ဖြစ်နေပါတယ်။တကယ်တော့ နေ့စဉ်သွားလာလှုပ်ရှားမှုတွေမှာလည်း ကယ်လိုရီလောင်ကျွမ်း အောင်  သူ့နည်းသူ့ဟန်နဲ့ လုပ်လို့ရပါတယ်။ လေ့ကျင့်ခန်း လုပ်သလောက် မလောင်ကျွမ်းဘူးဆိုပေမယ့် ဒီတိုင်းနေတာထက်စာရင် တစ်ခုခုလုပ်ဖြစ်သွားပါတယ်။အထူးသဖြင့်တော့ ဒီနည်းလမ်းတွေက။ခြေလှုပ် လက်လှုပ် အခါအခွင့်သင့်တိုင်း လှုပ်နေပါ။ တချို့က ထိုင်နေရင်း ဒူးနှံ့တာ၊ ခြေထောက်လှုပ်တာတွေ လုပ်တတ်ပါတယ်။ သူများအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်စရာပေါ့။ ဒါပေမယ့် သူတို့အတွက်ကတော့ ကယ်လိုရီလောင်နေပါတယ်။ ပိုကောင်းတာက မပင်ပန်းတဲ့အတွက် ပိုပြီး ကြာကြာ လှုပ်နိုင်ပါတယ်။တီဗွီကြည့်ရင်းနဲ့ လှုပ်၊ ဂိမ်းဆော့ရင်း လှုပ်နိုင်ပါတယ်။အထူးသဖြင့်ရုံးသမားတွေမှာ ကြုံရတတ်ပါတယ်။ ထိုင်နေတာ ကြာပြီ။ ထသင့်နေပြီဆိုတာ သိပေမယ့်လည်း လုပ်လက်စက မပြတ်သေးတာကြောင့် ဆက်ပြီး ထိုင်နေမိတတ်ပါတယ်။ ဒါကြောင့် အလုပ်မှာလည်း ကြုံရင် ကြုံသလို လှုပ်ပေးပါ။ ဥပမာ။-ပါကင်ကို ရုံးနဲ့ ခပ်လှမ်းလှမ်းမှာ ရပ်ပြီး တစ်မိနစ်လောက် လမ်းလျှောက်တာမျိုး။-ရုံးရောက်ဖို့ တစ်ထပ်အလိုမှာ ဓာတ်လှေကားကဆင်းပြီး ခြေလျင်တက်တာမျိုး။-အိမ်သာနဲ့ ခပ်ဝေးဝေးမှာ ထိုင်တာမျိုး။-လမ်းလျှောက်ရင် ခပ်သွက်သွက်လျှောက်တာမျိုး။-ဖုန်းပြောရင်၊ မေးလ်တွေ စာပြန်ရင် လမ်းလျှောက်ပြီး လုပ်တာမျိုး။-ရေခဏခဏ သွားခပ်သောက်တာမျိုး (ရေခဏခဏ သောက်ရပြီဆိုရင် အိမ်သာလည်း ခဏခဏ သွားရတော့မှာပါ)။အများစုက အိမ်ပြန်ရောက်ပြီဆိုရင် ပင်ပန်းလို့ လေ့ကျင့်ခန်း အကြီးစားတွေ မလုပ်နိုင်တော့ပါဘူး။ တီဗွီကြည့်မယ်။ ဖုန်းသုံးမယ် ဒီလောက်ပဲ လုပ်နိုင်ပါတော့တယ်။ ပြီးတော့ အိမ်အလုပ်လေး နည်းနည်းပါးပါးပေါ့။တီဗွီကြည့်ရင်းနဲ့ ကြော်ငြာလာတဲ့အခါအကြောလျှော့လို့ရပါတယ်။  လမ်းထလျှောက်တာ၊ ရှူးထပေါက်တာ လုပ်လို့ရပါတယ်။ ဖုန်းသုံးရင်လည်း အမြဲတမ်း ထိုင်သုံးတာ၊ လှဲသုံးတာ မလုပ်ဘဲနဲ့ လမ်းလျှောက်ပြီး သုံးနိုင်ပါတယ်။ ထိုင်နေရင်လည်း ခုနကပြောသလို ခြေထောက် လှုပ်နေလို့ရပါတယ်။သာမန်အမျိုးသမီးတစ်ယောက်က မပင်ပန်းတဲ့ အိမ်အလုပ်လုပ်ရင်တောင် တစ်နာရီကို ၁၆၀ ကယ်လိုရီလောက် လောင်ကျွမ်းနိုင်ပါတယ်။ ဒါက လေ့ကျင့်ခန်း မလုပ်နိုင်တော့တဲ့ လူကြီးတွေအတွက် သင့်တော်ပါတယ်။ ပေါ့ပေါ့ပါးပါး အိမ်အလုပ်လေးတွေ၊ ခြံအလုပ်လေးတွေက သူတို့ကို ကျန်းမာစေမှာပါ။အိပ်ရေးဝဝအိပ်တာက ဘာမှမလုပ်ရပါဘဲနဲ့ ကယ်လိုရီကို လောင်ကျွမ်းစေနိုင်ပါတယ်။ ဒါက ဇိမ်အကျဆုံး ကယ်လိုရီလောင်စေတဲ့ နည်းပဲ ဖြစ်ပါတယ်။ရေဓာတ်ပြည့်ဝနေတာကMetabolismကို ထိန်းညှိပေးတာကြောင့် ကယ်လိုရီလောင်ကျွမ်းမှုကို အကူအညီဖြစ်စေပါတယ်။ ရေများများသောက်  ရှူးများများပေါက်တဲ့အတွက် လှုပ်ရှားပြီးသားလည်း ဖြစ်သွားပါတယ်။ကိုယ်က သူများတွေလို ကယ်လိုရီလောင်ကျွမ်း ဖို့ တကူးတက အချိန်မပေးနိုင်ဘူးဆိုရင် ကယ်လိုရီအဝင်ကိုထိန်းဖို့ လိုပါတယ်။ သီးသန့် dietမလုပ်နိုင်သည့်တိုင် နေ့စဉ်စားတဲ့အခါ အလွန်အကျွံမစားမိဖို့၊ အဆီအဆိမ့်၊ အချို၊ အငန်တွေကို ရှောင်ဖို့ လိုပါတယ်။ကယ်လိုရီလောင်ကျွမ်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ စနစ်တကျ လေ့ကျင့်ခန်း လုပ်တာပါ။ ပုံမှန်လုပ်နိုင်ရင် ကောင်းပါတယ်။ မလုပ်နိုင်လည်း စိတ်ဓာတ်မကျပါနဲ့။ နေ့စဉ်အလုပ်တွေကနေ တတ်နိုင်သမျှ လှုပ်ရှားမှုလုပ်ပါ။လှုပ်ရှားမှု အနည်းငယ်စီက ကယ်လိုရီနည်းနည်းစီ လောင်ကျွမ်းနေတာကလည်း သင့်ကို ကျန်းမာစေမှာပါ။[embed-health-tool-bmr]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/how-to-burn-calories-without-exercises/
လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေသောက်ပါ
လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ခန္ဓာကိုယ်မှာချွေးတွေအရမ်းထွက်ပြီး ရေဓာတ်ရောဓာတ်ဆားဓာတ်ပါ ဆုံးရှုံးနေမယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာတောင် လိုမယ် မထင်ပါဘူး။ ဒီလို ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို အမြန်ဆုံး ပြန်ဖြည့်ဖို့ လိုပါမယ်။ ဒါကို ဖြေရှင်းပေးနိုင်မယ့် အကောင်းဆုံး နည်းလမ်းက လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေသောက်တာပါ။ ဒီတော့ လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ဘယ်လို အကြောင်းအရာတွေကြောင့် ရေသောက်သင့်တာလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေသောက်ပါ လို့ ပြောရတာက လေ့ကျင့်ခန်း လုပ်တာရဲ့ အကျိုးကျေးဇူး ပြည့်ပြည့်ဝဝ ရရှိစေဖို့ပါ။ လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေသောက်တာကနေ ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ပြီးချိန်မှာ မပြောနဲ့။ အိမ်မှုကိစ္စလေး မနားတမ်း လုပ်ပြီးချိန်တွေနဲ့လမ်းလျှောက်တာပြေးတာမျိုးတွေ လုပ်ပြီးချိန်မှာတောင် ခန္ဓာကိုယ်က ချွေးတော်တော်လေး ထွက်ပါတယ်။ ဒီလို ချွေးထွက်တာက ခန္ဓာကိုယ်မှာ ရေဓာတ် ဆုံးရှုံးပြီး အခန့်မသင့်ရင် ပြင်းထန်တဲ့ နောက်ဆက်ဆွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေသောက်ပါ လို့ ပြောရတာပါ။ခန္ဓာကိုယ်မှာ ရေဓာတ်က ၆၀ ရာခိုင်နှုန်းကျော် ပါဝင်ဖွဲ့စည်းထားပြီး ရေဓာတ် ပြည့်ဝနေမှ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေက ဟန်ချက်ညီမှာပါ။ ဒါကြောင့် ခန္ဓာကိုယ် ကျန်းမာစေဖို့အတွက် အချိန်တိုင်းမှာ ရေဓာတ် ပြည့်ဝနေစေဖို့ လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာဆုံးရှုံးသွားတဲ့ ရေဓာတ်ပြည့်ဝစေဖို့ ရေကို ပြည့်ဝအောင် ပြန်လည် ဖြည့်တင်းပေးဖို့ လိုပါမယ်။ ဒါမှ လုပ်ဆောင်လိုက်တဲ့ လေ့ကျင့်ခန်းရဲ့ အကျိုးကျေးဇူးကိုလည်း ပြည့်ပြည့်ဝဝ ရရှိစေမှာပါ။လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေ အထူးသဖြင့် အခန်း အပူချိန်မှာ ရှိနေတဲ့ ရေကို သောက်ပေးတာက ခန္ဓာကိုယ် ကျန်းမာစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ ဒီလို ပြောရတာက။လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာရေနွေးနွေးလေး ဒါမှမဟုတ် အခန်းအပူချိန်အတိုင်း ရှိနေတဲ့ရေအေးအေးလေး သောက်ပေးတာက ခန္ဓာကိုယ်ကို ရေဓာတ် ပြည့်ဝစေသလို ကယ်လ်လိုရီ လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန် ထိန်းထားဖို့ရော ကိုယ်အလေးချိန် ကျစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာက နှလုံးခုန်နှုန်းကို လျင်လျင်မြန်မြန်နဲ့ ရှိသင့်တဲ့ နှလုံးခုန်နှုန်းထက် တိုးစေပါတယ်။ ဒါကြောင့်ပဲ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ပြီးချိန်မှာ ရင်ထဲကနေ တဒိန်းဒိန်း ခုန်နေတာပေါ့။ ဒီလို နှလုံးခုန်နှုန်း မြန်နေတာကို သက်သာစေချင်တယ်ဆိုရင်တော့ ရေတစ်ခွက်လောက် ဖြည်းဖြည်းချင်း သောက်ပေးပါ။ ဒီလို လုပ်ပေးတာက အမောပြေစေပြီး နှလုံးခုန်နှုန်းကို ပုံမှန်အနေအထား ရောက်ရှိအောင် လုပ်ဆောင်ပေးပါတယ်။လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာရေတစ်ခွက်လောက်သောက်ပေးတာက အဆစ်တွေကြားထဲက အရည်လေးတွေကို ဖြည့်ပေးရာ ရောက်ပြီး လေ့ကျင့်ခန်း လုပ်ထားတဲ့ဒဏ်ကြောင့် အဆစ်တွေ နာကျင်တာကို သက်သာစေပါတယ်။လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေတစ်ခွက် သောက်ရတာက တော်တော်လေး အရသာရှိသလို စိတ်အပန်းပြေစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ လန်းဆန်းပေါ့ပါးသွားတဲ့ ခံစားချက်ကို ရရှိစေလို့ပါ။ကဲ ….. လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေခဲရေ မဟုတ်တဲ့ ရေအေးအေး တစ်ခွက် ဒါမှမဟုတ် ရေနွေးနွေးလေး သောက်ပေးရင်း လေ့ကျင့်ခန်း လုပ်တာကနေ ရလာတဲ့ အကျိုးကျေးဇူးတွေကို ပြည့်ပြည့်ဝဝ ရယူလိုက်ပါ။[embed-health-tool-bmr]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/exercise-safety-tips/should-i-drink-water-after-workout/
ရုတ်တရက်အိမ်သာတက်ချင်လာရင် ဖြေရှင်းနိုင်မယ့် အမြန်ဆုံးနည်းလမ်း(၅)ခု
အန္တရာယ် မလွယ်နိုင်ဘူးလို့ပြောလေ့ရှိကြတယ်။ ရုတ်တရက်ဖြစ်လာခဲ့ရင် တကယ်လည်းလွယ်ထားဖို့ ခက်ပါတယ်။ အလုပ်ကိစ္စအရေးကြီးကာမှ အရေးပေါ်အိမ်သာတက်ချင်တာမျိုး၊ ခရီးဝေးသွားရပါမယ်ဆိုမှ လမ်းမှာ အိမ်သာသွားချင်တာမျိုး အတော်ဒုက္ခရောက်ပါတယ်။ လမ်းသွားရင်း အရေးပေါ်ဖြစ်လာရင် အနီးအနားမှာ ပြေးဝင်လို့ရတဲ့ဆိုင်ရှိရင်တော်သေး၊ မရှိရင် တိုင်ပတ်သွားနိုင်ပါတယ်။ဖြစ်လာရင်တော့ချွေးစေးပဲထွက်ထွက်၊ ကြက်သီးမွေးညင်းပဲထထအောင့်ထားရမှာပဲပေါ့။အောင့်ထားတာကလည်း ပညာသားပါပါတယ်။ ဒါမှ ဟန်မပျက်ဘဲ အိမ်သာရှာနိုင်မှာ၊ ဒါမှမဟုတ် လိုရာခရီးရောက်တဲ့အထိအောင့်ထားနိုင်မှာပါ။ ကဲ ကြည့်ကြည့်ရအောင် ဘာပညာတွေများလဲလို့။စအိုဝကြွက်သားဟာ အလေးစွန့်တဲ့အခါ အဓိကထိန်းချုပ်ပေးနိုင်တဲ့ အချက်အချာပါ။ ပုံမှန်အားဖြင့်တော့ သူ့အလိုလိုကျုံ့ထားလိုက်ပြီးသားဖြစ်သွားတတ်ပါတယ်။ ဒါပေမယ့် စအိုဝ တင်မကဘဲ တင်ပါးကြွက်သားတွေကိုပါ ကျုံ့ညှစ်တာက ပိုအထောက်အကူဖြစ်ပါတယ်။ဝမ်းသွားချင်စိတ်ပျောက်အောင်၊ အာရုံပြောင်းအောင်ဆိုပြီး ဟိုလျှောက်ဒီလျှောက်လုပ်ရင် ပိုဆိုးကုန်မှာပါ။ အိမ်သာရှာနေတဲ့လမ်းမှာဆိုရင်တောင် ထိန်းပြီးလျှောက်ပါ။ လှုပ်ရှားမှုကြောင့် စွန့်ပစ်အညစ်အကြေးတွေ စအိုလမ်းကြောင်းကိုရောက်ရှိမှုမြန်စေပါတယ်။ဖြစ်ဖြစ်ချင်းမှာ အောင့်ပြီး ခဏလောက်ငြိမ်ငြိမ်လေးနေကြည့်ပါ။ပြီးမှ သွားသင့်တဲ့ဆီသွားပါ။ဒီလိုအချိန်မှာ ထိုင်နေတာထက် မတ်တတ်ရပ်နေတာပိုကောင်းပါမယ်နော်။ အဆိုးဆုံးကတော့ ခုံပုလေးမှာထိုင်တာတို့၊ဆောင့်ကြောင့်ထိုင်တာတို့ပါပဲ။ ဒီလိုထိုင်မယ်ဆို ဝမ်းဗိုက်မှာ ဖိအားဖြစ်စေပြီး ဝမ်းသွားဖို့ ပိုပြီးတွန်းအားပေးသလိုဖြစ်စေနိုင်ပါတယ်။ မဖြစ်မနေထိုင်နေရမယ်ဆိုလည်း ကုလားထိုင်မှာ မတ်မတ်ထိုင်ပါ။တကယ်တော့ ဝမ်းတွေကို ခန္ဓါကိုယ်ထဲမှာပဲဆက်ပြီးထိန်းထားနိုင်ဖို့ဘေးကနေဖိအားပေးတာပါ။ ဖြစ်ကာစမှာ တင်ပါးကြွက်သားတွေကိုတောင့်ထားခြင်းအားဖြင့် စအိုလမ်းကြောင်းကိုလည်း အဟန့်အတားလုပ်ပေးနိုင်ပါတယ်။ဝမ်းသွားချင်တဲ့ပြဿနာကိုပဲချွေးသီးချွေးပေါက်ကျအောင် ခံစားနေရတော့ဘေးပတ်ဝန်းကျင်တောင် သိပ်သတိမထားမိတတ်ပါဘူး။ ဒါပေမယ့် ဒီကိစ္စကိုချည်း မတွေးမိနေဖို့ ကြိုးစားရပါမယ်။ စိတ်ကိုလျှော့ပါ။ ရုပ်တည်နဲ့ပေါ့။အာရုံပြောင်းဖို့ တခြားအရာတစ်ခုခုကိုတွေးပါ။ သီချင်းညည်းရင်ညည်း၊ တစ်ယောက်ယောက်နဲ့စကားပြောရင်ပြော၊ ဒါမှမဟုတ် ဘုရားစာရွတ်နေတာမျိုး လည်းရပါတယ်။ဒါတွေက အရေးပေါ်ပြဿနာအတွက် အထောက်အကူဖြစ်စေမယ့် ယာယီနည်းလမ်းအကြံပြုချက်တွေပါနော်။ အမြဲတမ်းအောင့်ထားဖို့ကို အားမပေးသလို ဆီးနဲ့ဝမ်းလို အန္တရာယ်တွေကို လွယ်ထားတာကရေရှည်မှာမကောင်းပါဘူး။အောင့်ထားတာများလာရင်နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေက တကယ်အန္တရာယ်ဖြစ်လာစေနိုင်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/%e1%80%9b%e1%80%af%e1%80%90%e1%80%b9%e1%80%90%e1%80%9b%e1%80%80%e1%80%b9%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%9e%e1%80%ac%e1%80%90%e1%80%80%e1%80%b9%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%9c/
Heart Failure (နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း)
Heart Failureနှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း ဆိုတာက နှလုံးက သူရဲ့အလုပ်ဖြစ်တဲ့ သွေးကို တစ်ကိုယ်လုံး လှည့်ပတ်စီးဆင်းအောင် မညှစ်ထုတ်ပေးနိုင်တော့တဲ့ အခြေအနေဖြစ်ပါတယ်။နှလုံးစွမ်းဆောင်ရည်ကျဆင်းတဲ့ လူတွေမှာ သွေးလည်ပတ်မှု မကောင်းတော့ပါဘူး။ သွေးတွေကို လုံလောက်အောင် မညှစ်ထုတ်နိုင်တဲ့အခါ နှလုံးရဲ့အခန်းတွေဟာ သွေးတွေ ပိုပြီးလက်ခံနိုင်အောင် ဆွဲဆန့်ပေးရတယ် သို့မဟုတ် နှလုံးနံရံတွေ မာကြောလာရပါတယ်။ဒီလိုလုပ်ပေးခြင်းဖြင့် သွေးစီးဆင်းမှုကို ပုံမှန်ပြန်ဖြစ်လာနိုင်ပေမယ့် နှလုံးကြွက်သားတွေက တဖြည်းဖြည်းနဲ့ အားနည်းလာပြီး အလုပ်ကောင်းကောင်း မလုပ်နိုင်တော့တဲ့ အခြေအနေ ဖြစ်သွားတတ်ပါတယ်။ ရလဒ်အနေနဲ့ကတော့ ကျောက်ကပ်ဟာ သွေးတွေ ပြန်ဖြည့်နိုင်ဖို့ ကိုယ်တွင်းမှာရှိတဲ့ ရေနဲ့ ဆားဓာတ်ကို ဆွဲယူဖို့ လုပ်ဆောင်ပေးရတယ်။ဒါကြောင့် နှလုံးစွမ်းဆောင်ရည် ကျဆင်းလာတဲ့အခါ ကိုယ်တွင်းမှာ ရေဓာတ်တွေစုပုံလာတဲ့အတွက်ဖောတာ၊ မောတာတွေ ဖြစ်လာပါတော့တယ်။ဒီကျန်းမာရေးအခြေအနေက အလွန်ဆိုးရွားနေတဲ့ အခြေအနေဖြစ်တယ်။ အသက်အရွယ်မရွေး ဖြစ်ပွားတတ်တယ်။ နှလုံးစွမ်းဆောင်ရည်ကျတာက ကုသရခက်တဲ့အတွက် ရောဂါဖြစ်စေနိုင်တဲ့ အချက်တွေကို လျှော့ချသင့်ပါတယ်။ ထပ်မံသိလိုသော အချက်များရှိပါက ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်။နှလုံး စွမ်းဆောင်ရည်ကျဆင်းခြင်းရဲ့ အတွေ့ရများသော လက္ခဏာတွေကတော့။အထက်မှာ ဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားသော လက္ခဏာတွေ လည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ နှလုံးပျက်စီးတဲ့ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလား ဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အောက်ပါအချက်များဖြစ်ပွားရင် ဆရာဝန်နှင့် ပြသသင့်ပါတယ်။ဒီထဲတွင်မပါသော အချက်များ သို့မဟုတ် သိလိုသောအချက်များကို ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါတယ်။ လူတိုင်းရဲ့ကိုယ်ဟာ ရောဂါကို တုံ့ပြန်ပုံခြင်း မတူတတ်ကြပါ။ သင့်အခြေအနေကို ဆရာဝန်နဲ့ ဆွေးနွေးခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။ ရောဂါကို စောစီးစွာတွေ့လျှင် ဆေးကုသရန်ပိုမိုလွယ်ကူပြီး အကျိုးရှိနိုင်ပါတယ်။နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်းကို ဖြစ်စေတဲ့ အကြောင်းတွေများစွာ ရှိပါတယ်။ ရောဂါအခံတစ်ခုခုကြောင့် နှလုံး စွမ်းဆောင်ရည်ကျဆင်းခြင်းကို ဖြစ်တတ်တာများပါတယ်။ နှလုံး စွမ်းဆောင်ရည် ကျဆင်းခြင်းကို အဖြစ်များစေတဲ့ အကြောင်းရင်းများမှာ။နှလုံးပျက်ဆီးခြင်းကို အဖြစ်များစေတဲ့အကြောင်းရင်းများမှာ။သင့်ရောဂါကို ရှာဖွေရန် ဆရာဝန်မှ သင့်အား ရောဂါရာဇဝင်နဲ့ ရောဂါလက္ခဏာအကြောင်းကို မေးမြန်းပါလိမ့်မယ်။ဆရာဝန်မှ သင့်အား လိုအပ်သလို သွေးစစ်ဆေးခြင်း၊ ရင်ဘတ်ဓာတ်မှန်၊ ECG စစ်ဆေးခြင်းတို့ကို လုပ်ဆောင်ပါလိမ့်မယ်။ယခုအချိန်တွင် ဒီရောဂါကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသ၍မရပါ။ ရောဂါလက္ခဏာကို ထိန်းချုပ်ခြင်းဖြင့် သက်တမ်းစေ့နေနိုင်အောင်သာ ထိန်းထားနိုင်ပါတယ်။ဆရာဝန်မှ သင့်ရဲ့သွေးပေါင်ချိန်ကို ထိန်းထားရန်နဲ့ နှလုံးခုန်မှုကို ထိန်းထားရန်အတွက် သောက်သုံးရန်ဆေးဝါးများကို ညွှန်ကြားပါလိမ့်မယ်။ သောက်သုံးရမည့် ဆေးများထဲတွင် နှလုံးပျက်စီးခြင်းကို ထိန်းထားနိုင်မယ့် ဆေးများအပါအဝင် ရောဂါအခံကို ကုသနိုင်မယ့် ဆေးဝါးများလည်း ပါဝင်နိုင်ပါတယ်။ရေးသားသူ- Phyo Wai Yan။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-failure/heart-failure/
မနက်စာလွတ်ခြင်းနဲ့ ကျန်းမာရေး
မနက်စာ ဆိုတာက တစ်နေ့တာ အတွက် အရေးအပါဆုံး အစားအစာပါ။ ဒီတစ်ခေါက်တော့ မနက်စာ မစားရင်ဘာတွေဖြစ်နိုင်လဲဆိုတာကို ပြောပြပေးချင်တာပါ။ ဒီတော့ မနက်စာလွတ်ခြင်းနဲ့ ကျန်းမာရေး အကြောင်း အတူတူ ကြည့်လိုက်ရအောင်နော်။အစစ အရာရာ အမြန်အဆန် လုပ်နေရတဲ့ ဒီခေတ်ကြီးမှာ လူငယ် အတော်များများ အလုပ် သွားဖို့၊ ကျောင်း သွားဖို့အတွက် အချိန် ပေးရတဲ့အတွက် မနက်စာ လွတ်တတ်ကြပါတယ် ။ ဒီလို လွတ်တတ်တယ် ဆိုရင်တော့ မနက်စာလွတ်ခြင်းနဲ့ ကျန်းမာရေး အကြောင်းကို သိထားဖို့ လိုနေပါပြီနော်။ညအိပ်ရာ ဝင်တာနောက်ကျခြင်း ၊ ကားလမ်း ပိတ်ခြင်းတွေကြောင့် စောစော ကြိုသွားရခြင်းတွေကြောင့် မနက်စာ ကို တစ်ခါတစ်လေ လွတ်တတ်ကြပါတယ် ။ ဒါက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို ဘယ်လို သက်ရောက်မှု ရှိစေသလဲ ။လူ့ခန္ဓာကိုယ်ရဲ့ စွမ်းအင် လိုအပ်ချက်ကို အစာထဲမှာ ပါတဲ့ အာဟာရ‌ဓာတ်တွေကပဲ အဓိက ရယူပါတယ် ။  လူတွေကသာ ညဘက် အိပ်နေပေမဲ့ ခန္ဓာကိုယ်ကတော့ အသက်ရှင်ဖို့ လုပ်ငန်းတွေ လုပ်ဆောင်နေရဆဲပါ ။ခန္ဓာကိုယ်တစ်ခုလုံး အသက်ရှင်ဖို့ အတွက် အာဟာရဓာတ်တွေကို ညတစ်ညလုံး သုံးထားတဲ့အတွက်မနက်ခင်းမှာအာဟာရဓာတ်တွေ အထူးသဖြင့် သကြားဓာတ်တွေက နည်းနေပါတယ် ။အဲ့ဒီအချိန်မှာ မနက်စာ လွတ်တဲ့အတွက်အာဟာရမရရင် နဂို ကတည်းက အာဟာရဓာတ် နည်းနေတဲ့ အချိန် ဖြစ်တဲ့ အတွက် ပိုပြီး သိသာစေပါတယ် ။ခန္ဓာကိုယ် အတွက်ဦးနှောက်က မော်တော် အင်ဂျင် တစ်လုံးလို့ တင်စားရရင်သကြားဓာတ်တွေက အားဖြည့်ပေးတဲ့ ဓါတ်ဆီလို့ ခေါ်နိုင်ပါတယ် ။မနက်ခင်းမှာ အာဟာရ မရှိတော့ ဦး‌နှောက် မကြည်တဲ့ အတွက် အာရုံစိုက်တာ အားနည်းခြင်း ၊ ဒေါသထွက် လွယ်ခြင်း ၊ စိတ်ဂနာမငြိမ် ဖြစ်ခြင်း ၊ ချွေးစေးထွက်ခြင်း ၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းတွေ နဲ့ သကြားဓာတ် အရမ်း ကျရင် သတိလစ်ခြင်းတွေ အထိ ဖြစ်နိုင်ပါတယ် ။မနက်စာ မစားရတာ ရေရှည် ကြာလာတဲ့ အခါမှာတော့ ခန္ဓာကိုယ်ရဲ့ ဇီဝ ဖြစ်စဉ်တွေ ပြောင်းလဲပြီး အဝလွန်ခြင်း ၊ ဟော်မုန်းများ အပြောင်းအလဲ ဖြစ်ပြီးတော့ စိတ်တိုလွယ်ခြင်းတွေ ဖြစ်တတ်ပါတယ် ။အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲတွေ ဖြစ်တဲ့ နှလုံးရောဂါ ၊ သွေးတိုး နဲ့ နှလုံးသွေးကြောကျဉ်း ဝေဒနာတွေလည်း ခံစား ရနိုင်ပါတယ် ။ဒီလို မဖြစ်စေ ရအောင် တတ်နိုင်သမျှတော့ မနက်စာ စားသင့်ပါတယ်။အာဟာရ ဖြစ်စေတဲ့အစားအစာတွေ ၊ သစ်သီးဝလံတွေ စားတာက အားရှိ စေတဲ့အပြင် ကျန်းမာရေးကိုလည်း ကောင်းမွန်စေတဲ့ အတွက် မနက်စာ စားဖို့ အကြံပြု လိုပါတယ် ။အားလုံးကို ကျေးဇူးတင်ပါတယ်။ရေးသားသူ – ဒေါက်တာအောင်ကျော်မြင့်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/skip-breakfast-and-health/
နှာခေါင်းမွေး တွေကို နှုတ်သင့်လား
လူတိုင်းရဲ့ နှာခေါင်းထဲမှာ သဘာဝအရအမွေးအမျှင်လေးတွေ ရှိကြပါတယ်။ အများအားဖြင့် နှာခေါင်းမွေး လေးတွေက စိတ်အနှောင့်အယှက် မဖြစ်စေနိုင်ပေမယ့် တချို့တွေမှာ အဲဒီအမွေးအမျှင်တွေက အပြင်ကို အများကြီးရှည်ထွက်လာပြီး ကြည့်ရရုပ်ဆိုးစေတဲ့အပြင် တစ်ခါတလေမှာ စိတ်အနှောက်ယှက်ဖြစ်စေနိုင်ပါတယ်။ တချို့ကတော့ စိတ်အနှောက်ယှက်ဖြစ်လာတဲ့အခါမှာ အဲဒီအမွေးအမျှင်လေးတွေကို လက်နဲ့ ဆွဲနှုတ်ပစ်လေ့ရှိပါတယ်။နှာခေါင်းထဲမှာရှိတဲ့ အမွေးလေးတွေဟာ ခန္ဓာကိုယ်ရဲ့ခုခံကာကွယ်စနစ်တွေထဲက အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ နှာခေါင်းမွေးလေးတွေဟာ ကျွန်ုပ်တို့ ရှူသွင်းလိုက်မိတဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ဖုန်၊ အမှုန်အမွှားတွေ၊အညစ်အကြေးတွေနဲ့ ပိုးမွှားတွေကိုအသက်ရှူလမ်းကြောင်းကနေ တစ်ဆင့် အဆုတ်ထဲကို မရောက်သွားအောင် ကာကွယ်ပေး၊ တားဆီးပေးပါတယ်။ဒါ့ကြောင့် နှာခေါင်းမွေးတွေကို နှုတ်လိုက်မယ်ဆိုရင် အမှုန်အမွှားတွေဝင်လာနိုင်ပြီး ပိုးဝင်ခြင်း၊ ယားယံခြင်း၊ဓာတ်မတည့်ခြင်း စတဲ့ ပြသနာတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် နှာခေါင်းမွေးလေးတွေကို ဆွဲနှုတ်လိုက်တဲ့အခါ နှာခေါင်းရဲ့ နူးညံ့တဲ့ အတွင်းသားလေးတွေကိုလည်း ဒဏ်ရာဖြစ်စေနိုင်ပါတယ်။၁။Ingrown nose hair။နှာခေါင်းမွေးတွေကို နှုတ်လိုက်တဲ့အခါ အဲဒီနှုတ်လိုက်တဲ့နေရာက အကြွင်းအကျန် အမွေးအမျှင်အစလေးတွေဟာ အရေပြားထဲကို ပြန်ဝင်သွားပြီး သူ့ရဲ့ ထွက်ရမယ့် follicle လို့ခေါ်တဲ့ နေရာလေးတွေကနေ မထွက်နိုင်တော့ပါဘူး။ ဒါ့ကြောင့် နှုတ်လိုက်တဲ့နေရာလေးတွေမှာ နီရဲလာတာ၊ အဖုလေးတွေဖြစ်တာ၊ ယားတာ၊ နာတာ စတဲ့ ပြသနာတွေ ဖြစ်လာစေပါတယ်။၂။ ပိုးဝင်ခြင်း။Nasal vestibulitis လို့ခေါ်တဲ့ နှာခေါင်းထဲမှာရှိတဲ့ nasal vestibule လို့ခေါ်တဲ့ နေရာပိုးဝင်ပြီး ရောင်ရမ်းခြင်းတွေ၊ nasal furunculosis လို့ခေါ်တဲ့ နှာခေါင်းမွေးလေးတွေထွက်တဲ့ follicle လေးတွေကိုပိုးဝင်ခြင်းတွေဖြစ်နိုင်ပါတယ်။၃။ ပန်းနာရင်ကျပ် ဖြစ်နိုင်ခြေပိုများလာခြင်း။အရှေ့မှာ ဖော်ပြခဲ့တဲ့အတိုင်း နှာခေါင်းအထဲမှာရှိတဲ့ အမွေးအမျှင်လေးတွေဟာ အမှုန်အမွှားတွေကို ကာကွယ်ဖို့အတွက် အရေးပါတဲ့အတွက် သူတို့မရှိတော့တဲ့အခါ ဖုန်နဲ့ ပိုးမွှား၊ အမှုန်အမွှားတွေကြောင့် ဓာတ်မတည့်ခြင်းတွေပိုဖြစ်စေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြသနာတွေ (အထူးသဖြင့်ပန်းနာရင်ကျပ်ရောဂါ) ဖြစ်နိုင်ခြေတွေကို ပိုများလာစေပါတယ်။ဒါ့ကြောင့် နှာခေါင်းအထဲက အမွေးလေးတွေကို မနှုတ်ပစ်သင့်ပါဘူး။ ဒါပေမယ့် နှာခေါင်းမွေးတွေက ရှည်လာမယ်၊  ကြမ်းတမ်းပြီး စိတ်အနှောင့်ယှက်ဖြစ်လာမယ်၊ နေရထိုင်ရခက်ခဲပြီး ကြည့်မပျော်၊ ရှုမပျော်ဖြစ်လာမယ်ဆိုရင်တော့ နှုတ်တဲ့ နည်းလမ်းအစား ဘေးဥပါဒ်လည်းမဖြစ်စေဘဲ နှာခေါင်းမွေးတွေအပြင်ကိုလည်း မထွက်နေအောင် အောက်ပါနည်းလမ်းလေးတွေကို အသုံးပြုနိုင်ပါတယ်။(၁)နှာခေါင်းမွေးတွေကို ညှပ်ပေးတဲ့ ကိရိယာ အသုံးပြုခြင်း။Trimmer လို့ခေါ်တဲ့ ထိပ်မှာ နှာခေါင်းမွေးတွေကို ညှပ်ပေးနိုင်တဲ့ ကပ်ကြေးလေးတွေပါဝင်တဲ့ အထူးထုတ် ကိရိယာလေးတွေကို အသုံးပြုနိုင်ပါတယ်။ အဲဒီကိရိယာလေးတွေမှာ ပါတဲ့ ကပ်ကြေးလေးတွေဟာ အရေပြားနဲ့ နှာခေါင်းအတွင်းသားလေးတွေကိုလည်း မထိခိုက်၊ မနာကျင် စေဘဲ နှာခေါင်းမွေးလေးတွေကို သေသေသပ်သပ်နဲ့ ဝိုက်ဝိုက်ကလေး ဖြစ်အောင် ရှင်းလင်းပေးနိုင်ပါတယ်။ electric trimmer လေးတွေကိုလည်း အသုံးပြုနိုင်ပါတယ်။(၂) လေဆာဖြင့် ဖယ်ရှားခြင်း။ဒီနည်းလမ်းကတော့ trimmer သုံးတာထက် အနည်းငယ်ပိုပြီး အကုန်အကျများနိုင်ပါတယ်။ ဒီနည်းလမ်းကလည်း နှာခေါင်းအတွင်းသားလေးတွေကို မထိခိုက်စေဘဲ နှာခေါင်းမွေးတွေကို ရှင်းလင်းစေပါတယ်။ ဒါပေမယ့်လေဆာနဲ့ ဖယ်ရှားတဲ့နည်းလမ်းကို အသုံးပြုမယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ အရေပြားအထူးကုဆရာဝန်နဲ့ အလှအပပိုင်းဆိုင်ရာ ကျွမ်းကျင်ဆရာဝန်တွေနဲ့သာ တိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်သင့်ပါတယ်။ဒါပေမယ့် အမွေးတွေကျွတ်အောင် အသုံးပြုတဲ့hair removal creamတွေကိုတော့ နှာခေါင်းမွေးတွေအတွက် အသုံးမပြုသင့်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီ cream လိမ်းဆေးအများစုဟာ ပြင်းတဲ့အတွက် နူးညံ့တဲ့ နှာခေါင်းအတွင်းသားလေးတွေကို ထိခိုက်စေနိုင်တာကြောင့်ပါ။Hello ဆရာဝန်ပရိသတ်ကြီးလည်း နှာခေါင်းမွေးလေးတွေရဲ့ တန်ဖိုးကိုသိပြီး သိပ်ရှည်လာမယ်ဆိုရင်တောင် နှုတ်ပစ်တာမျိုးမလုပ်ဘဲ အန္တရာယ်မဖြစ်စေမယ့် နည်းလမ်းလေးတွေ အသုံးပြုကြဖို့ ဒီဆောင်းပါးလေးကနေ တိုက်တွန်းချင်ပါတယ်။ရေးသားသူ –  Khine Phoo Ngon။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/should-we-pick-nasal-hair/
အူသိမ်ထဲမှာ ဘက်တီးရီးယားတွေ အဆမတန်များပြားလာခြင်း ( SIBO)
အစာအိမ်နဲ့ အူလမ်းကြောင်းဆိုတာက ဘက်တီးရီးယားတွေ ရှိနေကြပဲလေ။ ဒါအဆန်းတော့ မဟုတ်ဘူးမလားလို့ မေးစရာရှိပါတယ်။ ဟုတ်ပါတယ်။ တချို့ဘက်တီးရီးယားတွေဆို အူလမ်းကြောင်းကို ကျန်းမာစေတဲ့ ကောင်းကျိုးပြုဘက်တီးရီးယားတွေပါ။ ခုပြောမှာက နဂိုရှိရမယ့်ဘက်တီးရီးယားတွေလည်း မဟုတ်၊ ရှိသင့်ရှိထိုက်တဲ့ ပမာဏထက်လည်း ပိုများပြီး လူကို ဒုက္ခပေးနိုင်တာမျိုးပါ။ ပြီးတော့အူသိမ်ပိုင်းမှာ တွေ့ရတဲ့ ဘက်တီးရီးယားတွေပါ။ ဒါကို အူသိမ်ထဲမှာ ဘက်တီးရီးယားတွေ အဆမတန်များပြားလာခြင်း ( SIBO)  – Small Intestinal Bacterial Overgrowth (SIBO)လို့ ခေါ်ပါတယ်။အဓိကကတော့ အူသိမ်က ကောင်းကောင်း မလှုပ်တာကြောင့် အစာခြေတာနောက်ကျပြီး ဘက်တီးရီးယားတွေ ပေါက်လာတာပါ။ မြင်အောင် ပြောရရင် အပြင်မှာ ထမင်းဟင်းတွေကို အချိန်အကြာကြီး ထားထားရင် သိုးသွားသလိုပါပဲ။ အူမလှုပ်နိုင်တဲ့ အကြောင်းရင်းတွေကတော့ အများကြီး ဖြစ်နိုင်ပါတယ်။အစာခြေစနစ်မှာ အူသိမ်က အရှည်ဆုံးပါပဲ။ ပေ ၂၀နည်းပါးလောက်ရှိပါတယ်။ သူ့အလုပ်က စားလိုက်တဲ့ အစာတွေနဲ့ အစာခြေရည်တွေကို ရောပြီး အစာခြေ၊ ရလာတဲ့ အာဟာရဓာတ်တွေကို သွေးထဲကို ရောက်အောင် စုပ်ယူပေးရတာပါ။အူမကြီးနဲ့ မတူတာက အူသိမ်က နဂိုတည်းက ဘက်တီးရီးယား နည်းပါတယ်။ အဓိကကတော့ သည်းခြေရည်ရှိနေတာကြောင့်ရယ်၊ အစာတွေကို မြန်မြန်ခြေပြီး မြန်မြန်စုပ်ယူသွားတဲ့အတွက် ဘက်တီးရီးယားတွေ ပေါက်ဖို့ အချိန်မရှိလို့ပါပဲ။SIBOမှာကျတော့ အူကကောင်းကောင်း မရွေ့တဲ့အတွက် အစာတွေကို ခြေတာကြာတာကြောင့် ပိုးပေါက်ဖို့ အချိန်ရလာပါတယ်။ ပိုးတွေ ပေါက်လာပြန်တော့လည်း အဆိပ်အတောက်တွေ ထုတ်တာကြောင့် အာဟာရတွေ စုပ်ယူတဲ့ နေရာမှာ အနှောင့်အယှက်ဖြစ်ပါတယ်။ ဘက်တီးရီးယားတွေက အစာတွေကို အချဉ်ပေါက်စေတာကြောင့် သိပ်မကြာခင်မှာပဲ ဝမ်းလျှောလာပါတော့တယ်။ဒီလက္ခဏာတွေက တခြားရောဂါတွေနဲ့ ခပ်ဆင်ဆင်ဖြစ်နေတာကြောင့် သိပ်ပြီး သတိမထားမိတတ်ကြပါဘူး။ ဒါပေမယ့်။အဓိကကတော့ အပြင်က ဘယ်လောက်စားနေနေ အူက သူ့အလုပ်ဖြစ်တဲ့ အာဟာရစုပ်ယူတဲ့ အလုပ်ကို မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် တဖြည်းဖြည်း အာဟာရချို့တဲ့ လာပါတော့တယ်။နဂိုအစာတွေကို ခြေဖျက်ပေးနေတဲ့ သည်းခြေရည်တွေကို ဘက်တီးရီးယားတွေက ဖျက်ဆီးလိုက်တဲ့အတွက် အစာကောင်းကောင်း မခြေနိုင်တော့ပါဘူး။ ဒါကြောင့် စုပ်ယူလို့ ရတဲ့ ပုံစံဖြစ်မလာတော့ပါဘူး။ ဒါ့ပြင် ဘက်တီးရီးယားတွေက အူနံရံတွေကို ထိခိုက်စေတဲ့အတွက် အာဟာရစုပ်ယူမှု လျော့နည်းသွားပါတယ်။ဒါ့ပြင် ဘက်တီးရီးယားတွေက လူစားလိုက်တဲ့ အစားအစာတွေကို သူတို့ အသက်ရှင်ဖို့ အသုံးချပစ်ပါတယ်။ ဘက်တီးရီးယားတွေက အစာတွေကို ခြေဖျက်ပစ်ပြီး ထွက်လာတဲ့ ဘေးထွက်ပစ္စည်းတွေက ဝမ်းလျှောစေပါတယ်။ ဒီအချက်တွေကြောင့် လူမှာ ဝမ်းလျှောတာ၊ အာဟာရချို့တဲ့တာ၊ ပိန်သွားတာ စတာတွေ ခံစားရပါတယ်။အဆီတွေကို ကောင်းကောင်း မခြေဖျက်ရတဲ့အတွက် နောက်ဆက်တွဲအနေနဲ့ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေ စတာတွေပါ ချို့တဲ့လာပါတယ်။ ဒါ့ပြင် ဘက်တီးရီးယားတွေက သူတို့တွေ ကောင်းကောင်းပွားနိုင်ဖို့ ဗီတာမင် B12ကို ယူသုံးပါတယ်။ ဒါကြောင့် ဗီတာမင် B12ပါ ချို့တဲ့လာပြီး အာရုံကြောတွေ ထိခိုက်တာကြောင့် ထုံတာ၊ ကျဉ်တာ၊ ကြွက်သားတွေ အားနည်းတာ၊ နုံးတာ၊ နောက်ဆုံး သတိမကောင်းတော့တာအထိ ဖြစ်လာပါတယ်။အချိန်ကြာလာတာနဲ့အမျှ အူကကယ်လ်ဆီယမ်စုပ်ယူမှု အားနည်းလာတာကြောင့် အရိုးတွေပွလာတတ်ပါတယ်။ကယ်လ်ဆီယမ် စုပ်ယူမှု အားနည်းတာကြောင့်ပဲ ကြာလာရင် ဆီးကျောက်တည်တဲ့အဆင့်ပါ ရောက်သွားနိုင်ပါတယ်။အရင်ဆုံးတော့ ဆရာဝန်က သင်ခံစားရတဲ့ ရောဂါရာဇဝင်ကို မေးမြန်းတာ၊ စမ်းသပ်တာတွေ လုပ်မှာပါ။ ပြီးမှ လိုအပ်တာတွေ ဆက်ပြီး စစ်ဆေးမှာပါ။ စစ်လေ့ရှိတာတွေကတော့။သကြားရည်ကို သောက်ခိုင်းပြီး အသက်ရှူထုတ်တဲ့ထဲမှာ ဟိုက်ဒရိုဂျင် ဒါမှမဟုတ် မီသိန်း ဘယ်လောက်ပါလဲဆိုတာကို စစ်ဆေးတာပါ။ သကြားကို ဘက်တီးရီးယားက ဖြိုခွဲလိုက်တဲ့အခါ ဟိုက်ဒရိုဂျင်တွေ မီသိန်းတွေ အများကြီး ထွက်လာပါတယ်။အကောင်းဆုံး စစ်ဆေးနည်းပါပဲ။ အူသိမ်ထဲကို မှန်ပြောင်းထည့်ပြီး အရည်ကိုယူ၊ ဓာတ်ခွဲခန်းမှာ ပိုးမွေးကြည့်တာပဲ ဖြစ်ပါတယ်။ဒါတွေအပြင် အူပုံစံမမှန်လို့ SIBOခံစားရတာလားဆိုတာ သိနိုင်ဖို့ ဓာတ်မှန်၊ ကွန်ပျုတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန် စတာတွေကို လိုအပ်ရင် စစ်ဆေးသွားမှာပဲ ဖြစ်ပါတယ်။ဖြစ်ရတဲ့ အကြောင်းရင်းကိုလည်းကု ဝေဒနာတွေ သက်သာအောင်လည်း ကုပေးရပါတယ်။ အူပုံစံမမှန်တာကြောင့်ဆိုရင် လိုအပ်ရင် ခွဲစိတ်ပြုပြင်ရပါမယ်။ ဝေဒနာတွေ သက်သာအောင်တော့ ပိုးသတ်ဆေးတွေပေးတာ၊ အာဟာရထောက်ပံ့တာ စတာတွေ လုပ်ပေးပါတယ်။အများစုအတွက်ကတော့ ပိုးသတ်ဆေးပေးတာက အဓိကပါပဲ။ ပိုးသတ်ဆေးတွေကို ပေးလိုက်ရင် ဘက်တီးရီးယားတွေ နည်းသွားတာ မှန်ပေမယ့် ရပ်လိုက်ရင် ပြန်များလာတတ်ပါတယ်။ ဒါကြောင့် ရက်အပြည့်သောက်ရပါမယ်။ ဖြစ်ရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ပိုးသတ်ဆေးကို သောက်ရတဲ့ ကြာချိန် ကွာသွားနိုင်ပါတယ်။ဆေးယဉ်ပါး မဖြစ်အောင် ကြားထဲမှာ ပိုးသတ်ဆေးတွေကို လှည့်ပြီး ပြောင်းသုံးရတာမျိုးလည်း ရှိနိုင်ပါတယ်။ ပိုးသတ်ဆေးက ကောင်းတဲ့ပိုးရော၊ မကောင်းတဲ့ ပိုးရော ရှင်းထုတ်ပစ်တဲ့အတွက် ကောင်းကျိုးပြုဘက်တီးရီးယားတွေ ပါပါပြီး ဝမ်းလျှောတတ်ပါတယ်။ ဒါကြောင့် ဆေးသောက်ရင်း ဝမ်းလျှောလာရင် ဆရာဝန်ကို ပြန်ပြောပြပါ။လူနာတွေက ပိန်ပြီး အာဟာရချို့တဲ့နေတဲ့အတွက် အာဟာရထောက်ပံ့တာက လုပ်ပေးရမှာပါ။ တချို့က ရောဂါကျွမ်းပြီးမှ ရောက်လာတဲ့ အတွက် အာရုံကြောတွေထိခိုက်ပြီးသား ဖြစ်နေပါပြီ။ ဥပမာ ဗီတာမင် B12ချို့တဲ့တာမျိုးပေါ့။ ဒါဆိုရင်တော့ ဗီတာမင် ပြန်ဖြည့်ပြီးရင်တောင် အာရုံကြောတွေ ပြန်ကောင်းလာဖို့ မသေချာပါဘူး။ ဒါကြောင့် စောစောသိဖို့ လိုပါတယ်။အာဟာရဖြည့်တင်းရတဲ့ ရည်ရွယ်ချက်ကတော့ ဗီတာမင်တွေ ပြန်ပြည့်လာဖို့ရယ်၊ ကိုယ်အလေးချိန် ပြန်တက်ဖို့ရယ်၊ အူကို ဝန်မပိစေဖို့ရယ် ရည်ရွယ်ပါတယ်။ ဒါကြောင့် အားဆေးတွေ တိုက်တာ၊ ထိုးတာ လုပ်ပေးပါတယ်။ အူကို မထိခိုက်စေတဲ့ အာဟာရတွေ (ဥပမာ လက်တို့မပါတာတွေ၊ အူထိခိုက်ထားတဲ့အတွက် လက်တို့စ်ကို ခြေဖျက်ဖို့ ခက်ခဲနေပါတယ်။ ) ပေးပြီး အားပြန်မွေးရပါတယ်။Takeaways။အူသိမ်ထဲမှာ ဘက်တီးရီးယားတွေ အဆမတန်များလာခြင်းက ကြာလာလေလေ လူအတွက် ထိခိုက်မှု များလေလေပါပဲ။ ကိုယ့်မှာ ဖြစ်နိုင်တဲ့အကြောင်းရင်းတွေလည်း ရှိနေတယ်။ ခံစားရတဲ့ လက္ခဏာတွေကလည်း ကိုက်ညီနေတယ်ဆိုရင် အချိန်မဆွဲဘဲ ဆရာဝန်နဲ့ ပြသဖို့ အကြံပေးလိုပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/sibo/sibo/
အစာအိမ်နာထနေတဲ့အချိန် စားသင့်တဲ့အစားအသောက် ၅ မျိုး ။ ။
အစာအိမ်အောင့်တာ၊ အစာအိမ် အနာ ဖြစ်တာ၊အစာမကြေတာ စတဲ့ အစာခြေလမ်းကြောင်းနဲ့ ဆိုင်တဲ့ ပြဿနာတွေ အများကြီး ရှိသလို အဲဒီ ဝေဒနာ ခံစားနေရတဲ့ သူတွေလည်း တစ်ပုံကြီးပါ။အစာအိမ်ရောင်နေတယ်၊ အနာ ဖြစ်နေတယ် ဆိုရင် အစာအိမ်ကို အနားပေးဖို့ အရေးကြီးတယ်လေ။ ပြဿနာက နေ့တိုင်း အစား မစားဘဲ နေလို့ မရဘူးလေ။ ဒီတော့အစာအိမ်ကို အနားပေးလို့ မရ၊ စားတာတွေကလည်း အစာအိမ်နဲ့ မတည့်ဖြစ်နေရင် ပိုဆိုးပြီပေါ့။ ဒီတစ်ခေါက်တော့ အစာအိမ်နာ ထနေတဲ့အချိန် စားသင့်တဲ့ အစားအသောက် ၅ မျိုး အကြောင်းလေး ပြောပြပေးချင်ပါတယ်။အစာလည်း ဆေး၊ ဆေးလည်း အစာဆိုတာ ကြားဖူးတယ် မလား။ ခုလို အစာအိမ်အနာ၊ အစာအိမ် အောင့်တဲ့ ပြဿနာတွေ အတွက်ဆို ကိုယ်စားတဲ့အစားအသောက်တွေက ပိုတောင် အရေးကြီးတာပေါ့။အစာအိမ်နာထနေတဲ့အချိန် စားသင့်တဲ့အစားအသောက် ၅ မျိုး ကတော့ ပျော့ပြီး မစပ်တဲ့၊ အဆီမများတဲ့ အစားအစာတွေကို အဓိက ရွေးချယ်သင့်ပါတယ်။ ဒါမှအစာကြေလွယ်မှာ ဖြစ်ပြီး ခံစားနေရတဲ့ အစာအိမ်နာ ဝေဒနာ သက်သာမှာ ဖြစ်ပါတယ်။ စားသင့်တာတွေ ကတော့။အခြား သိထားသင့်တာတွေ ကတော့။ကိုယ့်မှာ ဒီလို အစာအိမ် ရောဂါ ရှိလို့ ဘာမှ စားမရဘူး ဆိုပြီး စိတ်တော့ မညစ်လိုက်ပါနဲ့။ အစာအိမ် အတွက် သောက်ရမယ့် ဆေးတွေ အပြင် ရှောင်သင့်တာတွေရှောင်၊ စားသင့်တာတွေသာ စားပေးရင် ခဏလေးအတွင်း ပြန်ပျောက်သွားမှာပါ။ ပြီးတော့ ခုပြောခဲ့တဲ့ အစားအစာတွေက အစာအိမ် အောင့်တာကို သက်သာစေမယ့် အပြင် အနာကျက်ခြင်းကိုပါ အားပေးတာကြောင့် ခံစားနေရတဲ့ ဝေဒနာတွေ အမြန်ပျောက်မှာပါ။ ။ရေးသားသူ−  Dr Thin Yadanar@Frances။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/gastritis-digestive-health/foods-to-eat-for-gastritis/
နှလုံးသွေးကြောကျဉ်းရောဂါသည်များ ရှောင်ရမည့် အစားအသောက်များ
သင့်နှလုံးကျန်းမာရေးသည် အစားအသောက်ပုံစံတွင် များစွာ မူတည်ပါသည်။ အကယ်၍ သင်သည် နှလုံးရောဂါ ခံစား နေရပြီဆိုလျှင် အောက်ပါအစားအစာများကို ရှောင်ကြဉ် သင့်ပါသည်။ဆားစိမ်ထားသောအသား၊ အခြောက်ခံထားသောအသား၊ စည်သွတ်ထားသော အသားများသည် တာရှည်ခံအောင် ပြု လုပ်ထားသော အသားများဖြစ်သည်။ ဝက်အူချောင်း၊ ဝက် ဆားနယ်ခြောက်၊ ဝက်ပေါင်ခြောက်၊ ဟောဒေါ့နှင့် တခြား စည်သွတ်အသားများလည်း ပါဝင်သည်။ ထိုသို့ တာရှည်ခံအောင် ပြုလုပ်ထားသော အသားများသည် အာ ဟာရ ပါဝင်မှုနည်းပါး သွားသည်။ ထိုအစားအစာများသည် အသားဓါတ်ပါဝင်မှု နည်းပါးပြီး မကောင်းသောအဆီနှင့် ဘေးဖြစ်စေသော ဓါတု ပစ္စည်း များစွာပါဝင်သည်။ ထိုအစားအစာများကို အမြောက်အမြား စားသုံးခြင်းသည် နှလုံးကျန်းမာရေးကို ထိခိုက်စေသောကြောင့် တတ်နိုင်သမျှ ရှောင်ကြဉ်ရန် အကြံပြုချင်ပါသည်။ သင် မဖြစ်မနေစားရမည် ဆိုလျှင် တစ်ပတ်လျှင် (၆) အောင်စ ထက်ပို၍ မစားသင့်ပါဘူး။ အေးခဲထားသော အသားများသည် ပို၍ ဘေးကင်းနိုင်ပါသည်။သန့်စင်ထားသော ကာဗိုဟိုက်ဒရိတ် (ပေါင်မုန့်၊ ဆန်)နှင့် ကစီဓါတ် (အာလူး) များသည် နှလုံးရောဂါဖြစ်ပွားမှုနှုန်းကို များစေပါသည်။ ယနေ့ခေတ်တွင် လူအများစုသည် သကြားဓါတ် ကို ကြိုက်နှစ်သက်နေသောကြောင့် ကာဗိုဟိုက်ဒရိတ်ပါသော အစားအစာများကို ပို၍စားသုံးလာ ကြသည်။ ဦးနှောက်သည် ချိုသောအစားအစာများ စားရန် တွန်းအားပေးသည်။ အဘယ်ကြောင့်ဆိုသော် အချိုဓါတ် သည် ဦးနှောက်ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် ကူညီ ပေးနိုင်သည်။ သို့သော်လည်း အချို များများစားလေ သင့်ကျန်းမာရေး ပိုဆိုးလေ ဖြစ်သည်။ သကြားဓါတ်သည် ခန္ဓါကိုယ်တွင် အဆီအဖြစ်သို့ပြောင်းလဲသိုလှောင်ရုံမျှမက ဆီးချိုရောဂါ ကိုလည်းဖြစ်စေနိုင်သည်။ သင့်နှလုံး ကျန်းမာရေးအတွက် ဂျုံပါသော အစားအစာများကို ပြောင်းလဲစားသုံးသင့်ပါသည်။ ဂျုံအပြည့်ပါသော အစားအစာသည် သွေးပေါင် ချိန်နှင့် သွေးအတွင်း ကိုလက်စထရော ပမာဏကို ထိန်းညှိပေးပြီး သင်၏ သွေးကြောများကို ကာကွယ်ပေးမှာပါ။ ဂျုံအစားအစာ များစားသုံးသော လူများသည် အဝလွန်ခြင်း၊ ဆီးချိုနှင့်လေဖြတ်ခြင်းများ အဖြစ်နည်း ကြသည်။ သတ်မှတ်ထားသော သန့်စင်ပြုပြင်ကာဗိုဟိုက်ဒရိတ် (Refined Carbohydrate) ပမာဏသည် တစ်ပတ်ကို (၇)အောင်စအောက်သာ ဖြစ်ပါသည်။သကြားပါသောအချိုရည်များမှာ ဆိုဒါ၊ ရယ်ဒီမိတ် သစ်သီး ဖျော်ရည်နှင့် အားဖြည့်အချိုရည်များပါဝင်သည်။ ၎င်း အချိုရည်များတွင် သကြားပမာဏအမြောက အမြား (လက်ဖက်ရည်ဇွန်း ၁၀ ဇွန်းအထက်) ပါဝင်သောကြောင့် သင့် နှလုံးကျန်းမာရေးအတွက် မကောင်းပါဘူး။ ကြော်ငြာများတွင် ပါဝင်သော ကာဗွန်အချိုရည်များသည် သကြားမပါသောအချိုရည်များ ဖြစ်သည်။ သို့သော်လည်း အာဟာရဓါတ် လုံးဝမပါဝင်ပါဘူး။ အမေရိကန် အာဟာရဂျာနယ်တစ်ခုတွင် ပါသော လေ့လာမှုတစ်ခု၌ အမျိုးသမီး ၉သောင်း ကို နှစ် (၂၀)ကြာ လေ့လာထားရာ ယင်းတို့မှ တစ်နေ့လျှင် ကာဗွန်ပါသောအချိုရည် ၂ခွက်ထက်ပို၍ သောက်သုံးသောအမျိုးသမီးများသည် နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ရန် ၄၀ ရာခိုင်နှုန်း ပိုများ ကြောင်း တွေ့ရှိရသည်။တာရှည်ခံ အသားများ၊ သန့်စင်ပြုပြင် ကာဗိုဟိုက်ဒရိတ် နှင့် အချိုရည်များ မစားသုံးသော်လည်း နှလုံးရောဂါကင်းစေမည်ဟု အာမ မခံပါဘူး။ သို့သော် သင့်ကျန်းမာရေး အခြေအနေကိုတော့ တိုးတက် စေမှာအမှန်ပါ။ ထိုအစားအစာများ ရှောင်ကြဉ်ပါက အဝလွန်ခြင်း၊ ဆီးချိုသွေးချို နှင့် သွေးတိုးရောဂါဖြစ်ပွားမှုကို လျော့ကျစေနိုင်ပါ သည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/coronary-artery-disease/%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%80%e1%80%ba%e1%80%a5%e1%80%b9%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac/
ဓာတ်လိုက် ခံရသူကို အရေးပေါ်ဘယ်လိုကူညီမလဲ
အရာရာတိုးတက်နေတဲ့ အခုခေတ်အခါမှာ လျှပ်စစ်မီးမရှိရင် ဘာမှလုပ်လို့မရပါဘူး။ အိမ်မှာဆို ချက်တာပြုတ်တာ၊လျှော်တာဖွတ်တာ၊ အစားအစာသိမ်းဆည်းတာလည်း လျှပ်စစ်မီးနဲ့ အများစုသုံးကြသလို အပြင်ဆိုလည်း အလုပ်မှာကွန်ပျူတာ၊ဖုန်း၊ပရင့်တာ စတာတွေအကုန် လျှပ်စစ်မီးနဲ့ပဲ အလုပ်လုပ်ကြတာပါ။ ဒီလောက်အသုံးဝင်တဲ့ လျှပ်စစ်ကဆိုးကျိုးလည်းရှိတာပေါ့။ အခန့်မသင့်ရင် ဓာတ်လိုက် နိုင်တဲ့အန္တရာယ်ရှိပြီး အသက်အန္တရာယ်အထိတောင် ဖြစ်စေနိုင်ပါတယ်။လမ်းသွားရင်းဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်မှာ ဓာတ်လိုက် နေတာတွေ့ရရင် ရုတ်တရက် ဘာလုပ်ရမှန်းမသိဖြစ်တတ်ကြတယ်။ လက်မြန်ခြေမြန်နဲ့ ပြေးဆွဲလိုက်တာ၊ ဆွဲဖယ်ပေးတာတွေလုပ်မိရင် ကိုယ်ပါရောပြီး ဓာတ်လိုက်နိုင်တဲ့အန္တရာယ်ရှိပါတယ်။ အကူအညီတွေလာတဲ့အထိ စောင့်နေရင်လည်း အသက်မကယ်လိုက်နိုင်ဘဲနောက်ကျသွားနိုင်ပါတယ်။ဒီတော့ ဓာတ်လိုက်နေတဲ့သူတွေ့ရင်နည်းလမ်းမှန်နဲ့ အရေးပေါ်ဘယ်လိုကူညီမလဲ။ သိထားသင့်တဲ့အဓိကအချက်တွေလေ့လာကြည့်ရအောင်။ အရင်ဆုံး –။ဓာတ်လိုက် ခံရသူကို လျှပ်စစ်စီးကြောင်းကနေ ဖယ်ခွာထုတ်ပါ။ဖြစ်နိုင်ရင် လျှပ်စစ်ဓာတ်ထုတ်လွှတ်နေတဲ့ပင်မနေရာကို ပိတ်လိုက်ပါ။ မရဘူးဆိုရင်ခြောက်သွေ့ပြီး လျှပ်မကူးနိုင်တဲ့အရာဝတ္ထုတစ်ခုခု( ပလတ်စတစ် သို့မဟုတ် သစ်သား)ကိုသုံးပြီး လျှပ်စစ်စီးကြောင်းနဲ့ သူ့ကို ခွာထုတ်ပါ။ သတင်းစာဖြစ်ဖြစ်၊စာအုပ်ဖြစ်ဖြစ် လျှပ်မကူးနိုင်တဲ့အရာဝတ္ထုတစ်ခုခုဆို ရပါတယ်။လိုအပ်လာရင်အရေးပေါ်အသက်ကယ်နည်းCPR ကိုသုံးပါ။လျှပ်စစ်နဲ့ကွာပြီး လူနာကိုထိတွေ့လို့ရပြီဆိုရင်တော့ အရင်ဆုံး သူအသက်ရှူလာအောင် ကယ်တင်ရပါလိမ့်မယ်။ဆေးရုံမပို့နိုင်ခင် အရင်ဆုံး အရေးပေါ်ကယ်ဆယ်ထားမှ အချိန်မီအသက်ရှင်နိုင်မှာပါ။လူနာမှာသွေးခုန်နှုန်း၊အသက်ရှူတာ၊ချောင်းဆိုးတာ ဒါမှမဟုတ် လှုပ်ရှားမှု လက္ခဏာမပြတော့ဘူးဆိုရင် CPR နဲ့စတင်လုပ်ဆောင်ပါ။အသက်ရှုတဲ့ စက်ဝန်းတစ်ပတ်မှာ ရင်ဘတ်ဖိခြင်းအကြိမ် ၃၀ နှင့်လေမှုတ်သွင်းခြင်း၂ ကြိမ်ပါဝင်ပါတယ်။ ပြီးမှသွေးလည်ပတ်မှုအတွက်ရင်ဘတ်ဖိခြင်း ပြန်လုပ်သင့်ပါတယ်။CPRတစ်ခါလုပ်ရင် နှစ်မိနစ်ခန့် လုပ်သင့်ပြီး လူနာ၏အခြေအနေကိုပြန်လည်ဆန်းစစ်ပေးရပါမယ်။ လူနာပြန်သတိမရမချင်း (သို့)လူနာတင်ယာဉ်မလာမချင်းဆက်လုပ်ပေးရပါမယ်။သာမန်လူတစ်ယောက် အနေနဲ့ နှုတ်ခမ်းချင်းတေ့ အသက်ရှူတာကို မလုပ်ရဲရင်၊ မလုပ်ချင်ရင် ရင်ဘတ်ကို တစ်မိနစ် အကြိမ် ၁၀၀ဖိနှိပ်ပေးရုံနဲ့ လုံလောက်ပါတယ်။ ဆေးရုံကား မလာမချင်း လုပ်ပေးပါ။တခြားထိခိုက်ဒဏ်ရာရှိမရှိ စစ်ဆေးပါ။အရေးပေါ်အသက်အန္တရာယ်ရှိနေတဲ့အချိန်ကလွဲလို့ ဓာတ်လိုက်ခံထားရတဲ့သူကိုနေရာမရွှေ့ပါနဲ့။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/first-aid-for-electric-burn/
ရေဓာတ်ခမ်းခြောက်ခြင်း
သင်သောက်သုံးတဲ့ အရည်ပမာဏထက်ကိုယ်ခန္ဓာကနေ ဆုံးရှုံးတဲ့ ပမာဏက ပိုများနေရင် ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်ပေါ်ပါတယ်။ အဓိကဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့။သုတေသနများအရ လူသားတို့အတွက် တနေ့တာ ရေလိုအပ်ချက်ဟာ အမျိုးသမီးများအတွက် ၉၂ အောင်စ (၁၁.၅ ခွက်) ဖြစ်ပြီး အမျိုးသားများအတွက် ၁၂၄ အောင်စ (၁၅.၅ ခွက်) ဖြစ်ပါတယ်။ ဒါက တဦးချင်းပေါ်လည်း မူတည်ပါတယ်။ ဥပမာ အားကစားသမားများနဲ့ သာမန်လူနဲ့ လိုအပ်ချက်မတူပါဘူး။ အပူပိုင်းဒေသကလူတွေအနေနဲ့လည်း အအေးပိုင်းထက် ရေကို ပိုမိုလိုအပ်ပါတယ်။ကိုယ်ခန္ဓာထဲကနေ ရေအများအပြား ဆုံးရှုံးသွားပြီးတဲ့အခါ ဆဲလ်များ၊ တစ်သျှူးများဟာ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်နိုင်စွမ်း မရှိတော့ဘဲ နောက်ဆက်တွဲပြဿနာတွေ ပေါ်လာနိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကို အချိန်မီ မဖြည့်တင်းနိုင်ရင် သွေးလန့်ခြင်းထိ ဖြစ်နိုင်ပါတယ်။သိပ်ပြီးမပြင်းထန်တဲ့ ရေဓာတ်ခမ်းခြောက်ခြင်းကိုတော့ အိမ်မှာပဲ ကုသနိုင်ပါတယ်။ ဆိုးရွားပြင်းထန်ရင်တော့ ဆေးရုံဆေးခန်း ပြသသင့်ပါတယ်။လူတချို့ဟာ သာမန်လူတွေထက် ရေဓာတ်ခမ်းခြောက်နိုင်ခြေ ပိုများပါတယ်။ သူတို့တွေကတော့။သင့်ကိုယ်ခန္ဓာကနေ ချွေးထွက်ခြင်း၊ ဆီးသွားခြင်း စတာတွေကနေ ရေကို ပုံမှန် ဆုံးရှုံးနေပါတယ်။ ဆုံးရှုံးသွားတဲ့ရေကို အစားမထိုးနိုင်ရင် ရေဓာတ်ခမ်းခြောက်ခြင်း စတင်လာပြီ ဖြစ်ပါတယ်။ ရေကို ပုံမှန်ထက် ဆုံးရှုံးနေရပြီဆိုရင် ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်ပေါ်နိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်စေတဲ့ အခြေအနေတွေကတော့။ချွေးထွက်ခြင်းဟာ ကိုယ်ခန္ဓာရဲ့ သဘာဝအလျောက် အအေးခံတဲ့စနစ်ဖြစ်ပါတယ်။ ကိုယ်ခန္ဓာအပူချိန်တက်လာရင် ချွေးဂလင်းများကျယ်လာပြီး အရေပြားကို စိုစွတ်စေကာ အေးသွားအောင် ပြုလုပ်ပါတယ်။ ချွေးထွက်တာနဲ့အမျှ ခန္ဓာကိုယ်အပူချိန်ကျသွားနိုင်ပါတယ်။ ဒါပေမယ့် ချွေးထွက်များလွန်းရင်လည်း ရေဓာတ်ခမ်းခြောက်ခြင်းဖြစ်သွားနိုင်ပါတယ်။နေထိုင်မကောင်းဖြစ်ပြီး ဆက်တိုက်ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း စတာတွေ ဖြစ်ပွားနေမယ်ဆိုရင် ရေဓာတ်ခမ်းခြောက်ခြင်း ကြုံနိုင်ပါတယ်။ အန်ခြင်း၊ ဝမ်းလျှောခြင်းတို့မှတဆင့် ရေဓာတ် အများအပြား ဆုံးရှုံးနိုင်ပါတယ်။ ကိုယ်ခန္ဓာရဲ့ အရေးပါတဲ့ ဓာတ်ဆားတွေကိုလည်း ဆုံးရှုံးနိုင်ပါတယ်။ အဆိုပါဓာတ်ဆားတွေဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးလုပ်ငန်းစဉ်တွေကို ထိန်းချုပ်ဆောင်ရွက်ရာမှာ အဓိကကျပါတယ်။ဖျားတဲ့အချိန်မှာ ကိုယ်ခန္ဓာအပူချိန်တက်ခြင်းကြောင့် အရေပြားမျက်နှာပြင်ပေါ်တွေကနေ ရေများဆုံးရှုံးပါတယ်။ အဖျားကြီးချိန်မှာ ရေဓာတ်ဆုံးရှုံးခြင်းကို အချိန်မီဖြည့်တင်း မပေးနိုင်ရင် ရေဓာတ်ခမ်းခြောက်ခြင်းဖြစ်နိုင်ပါတယ်။ဆီးသွားခြင်းဟာ ခန္ဓာကိုယ်ရဲ့အဆိပ်အတောက်ဓာတ်တွေကို စွန့်ထုတ်ပေးတဲ့ ပုံမှန်လုပ်ငန်းစဉ် ဖြစ်ပါတယ်။ တခါတရံမှာ ခန္ဓာကိုယ်တွင်းဓာတုပစ္စည်းများ မညီမျှခြင်း ဖြစ်ပေါ်ပြီး ဆီးသွားများလာတတ်ပါတယ်။ ဆီးသွားများခြင်းအတွက် အရည်ဓာတ် ပြန်လည်မဖြည့်တင်းပေးနိုင်ရင် ရေဓာတ်ခမ်းခြောက်ခြင်းဖြစ်နိုင်ပါတယ်။ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတွေဟာ သိပ်မပြင်းထန်တဲ့ အခြေအနေနဲ့ ပြင်းထန်တဲ့ အခြေအနေပေါ်မူတည်ပြီး ကွာခြားမှု ရှိပါတယ်။ဆိုးရွားပြင်းထန်တဲ့ အခြေအနေမှာတော့ အထက်ပါလက္ခဏာတွေအပြင် အောက်ပါအချက်တွေပါ တွေ့နိုင်ပါတယ်။အဆိုပါလက္ခဏာတွေရှိနေရင်တော့ နီးစပ်ရာ ဆေးရုံ၊ဆေးခန်းတွေမှာ အရေးပေါ်ဆေးဝါးကုသမှု ခံယူသင့်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/what-you-need-to-know-about-dehydration/
အသားဆေး ထိုးပြီး ပြည်တည်တဲ့အခါ
အသားဆေးထိုးလိုက်တယ်။ ထိုးပြီး ရက်နည်းနည်းလောက်ကြာတော့ ထိုးတဲ့နေရာမှာ အဖုလိုလို အကျိတ်လိုလို ဖြစ်လာတယ်။ နောက်ပြီး ရောင်လာတယ်။ နာလာတယ်ဆိုရင် ဆေးထိုးတဲ့ နေရာကပြည်တည်နေပြီလားဆိုတာ စဉ်းစားဖို့လိုပါတယ်။ သိပ်မကြာခင်ကများ ပြည်တည်တဲ့နေရာမှာ ဆေးထိုးထားဖူးလားပေါ့။ ဆေးထိုးတဲ့နေရာက ပြည်တည်တာ သိပ်ရှားပါးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။အသားဆေးထိုးတဲ့အခါ ပြည်တည်တာအပြင် တခြား ပြဿနာတွေလည်း ဖြစ်နိုင်ပါသေးတယ်။ ဥပမာ ထိုးထားတဲ့ဆေးတွေ ပြန်စိမ့်ထွက်တာ၊ သွေးထွက်တာ၊ အာရုံကြောတွေ ထိမိတာ၊ အသားဆေးက သွေးကြောထဲရောက်သွားတာ၊ အမာရွတ်တွေ ကျန်ခဲ့တာ စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ဒီထဲမှာ အဖြစ်များဆုံးကတော့ ဆေးထိုးတဲ့နေရာမှာ ပြည်တည်တာပါပဲ။ လေ့လာချက်တွေအရ အသားဆေးထိုးတဲ့သူရဲ့ ၃၁ရာခိုင်နှုန်းလောက်က ပြည်တည်နိုင်ပါတယ်တဲ့။ တွက်ကြည့်မယ်ဆိုရင် ၃ယောက် ၁ယောက်လောက်ပေါ့။နောက်ပြီး ပြည်တည်တာက ပိုးပါတာလည်း ဖြစ်နိုင်သလို ပိုးမပါတာလည်း ဖြစ်နိုင်ပါတယ်။ ပိုးမပါဘူးဆိုတာက ထိုးတဲ့ဆေးနဲ့ ဓာတ်မတည့်လို့ ထိုးတဲ့နေရာက အဆီနဲ့ ကြွက်သားတွေနဲ့ ဓာတ်ပြုပြီး သာမန်ပြည်တည်တာပါ။ သူ့မှာဘက်တီးရီးယားပိုးတွေ မပါပါဘူး။အလွယ်ပြောရရင် ထိုးတဲ့နေရာကို ပိုးဝင်သွားလို့ပါပဲ။ ဘယ်ကနေ ဝင်သလဲဆိုရင်။နောက်ပြီး လူနာအနေနဲ့ ကြည့်မယ်ဆိုရင်စတီးရွိုက်တွေ စွဲသောက်နေတဲ့သူတွေ၊ဆီးချိုရှိတဲ့သူတွေ၊အဝလွန်တဲ့ သူတွေ၊ သွေးကြောရောဂါရှိလို့ သွေးလည်ပတ်မှုမကောင်းတဲ့သူတွေက ပိုပြီး ဖြစ်လွယ်ပါတယ်။ပြန်ချုပ်ရမယ်ဆိုရင် အသားဆေးထိုးပြီး ပြည်တည်တဲ့ ကိစ္စတွေက မရှားပါဘူး။ ပြည်မတည်ဖို့ဆိုရင် မလိုအပ်ဘဲ အသားဆေး မထိုးပါနဲ့။ ထိုးမယ်ဆိုလည်းတစ်ခါသုံးအပ်နဲ့သာ ထိုးပါ။ မထိုးခင်မှာလည်း ထိုးတဲ့နေရာကို သေချာ ပိုးသတ်ဖို့ လိုပါတယ်။ ဆေးထိုးပြီးရင်လည်း အားနဲ့ မချေပါနဲ့။ (အမှန်တော့ အသားဆေးတွေက ချေစရာကို မလိုတာပါ။) ဖွဖွလေးချေရုံနဲ့ လုံလောက်ပါတယ်။ အားနဲ့ချေရင် မလိုအပ်ဘဲ ထိုးတဲ့နေရာမှာ ထိခိုက်ဒဏ်ရာ ရသွားနိုင်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/injection-abscess/
နာမကျန်းဖြစ်နေချိန်မျိုးတွေမှာ ရေဘယ်လိုချိုးမလဲ
နာမကျန်းဖြစ်နေချိန် ဖျားနာနေချိန်တွေမှာ ရေချိုးဖို့ဆိုတဲ့ကိစ္စဟာ လူအတော်များများအတွက်တော့ နောက်ဆုံးမှ စဉ်းစားတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ သာမန်အချိန်တွေမှာတောင်ရေချိုးဖို့ ပျင်းတဲ့လူတွေအတွက်ဆိုရင်တော့ ပိုဆိုးပါလိမ့်မယ်။ ဒါက အပြစ်တင်စရာကိစ္စတော့ မဟုတ်ပါဘူး။တုပ်ကွေးလိုရောဂါမျိုးတွေကြောင့် ဖျားနာကိုက်ခဲနေချိန်တွေမှာ ရေချိုးချင်စိတ်မရှိတာဟာ သဘာဝပါပဲ။ နေမကောင်းဖြစ်နေတဲ့သူတစ်ယောက်အတွက် စောင်လေးခြုံပြီး အိပ်ရာထဲမှာ နွေးနွေးထွေးထွေး ကွေးနေချင်စိတ်က ပိုများမှာသေချာပါတယ်။ ဒါပေမဲ့ ရေချိုးတာက လန်းဆန်းစေတယ်၊ သန့်ရှင်းစေတာကြောင့် နာမကျန်းဖြစ်နေချိန်မျိုးတွေမှာ ရေဘယ်လိုချိုးမလဲ ဆိုတာကိုလည်း သိထားသင့်ပါတယ်။ဖျားတာ နာတာကြာလာချိန်တွေမှာတော့ ရေချိုးဖို့ လိုအပ်လာပါလိမ့်မယ်။ တချို့ကတော့ ရေမချိုးပဲ ရေပတ်တိုက်တာမျိုးလုပ်တတ်ကြပါတယ်။ ဒါပေမယ့် ရေချိုးချင်တယ်ဆိုရင်ရော။ ချိုးသင့်သလား။ နာမကျန်းဖြစ်နေချိန်မျိုးတွေမှာ ရေဘယ်လိုချိုးမလဲ ဆိုတာကို ကြည့်လိုက်ရအောင်နော်။ဖျားနာချိန်မှာ ရေချိုးသင့် မချိုးသင့်ဆိုတာနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ သက်သေပြနိုင်စွမ်းတွေကတော့ အကန့်အသတ်နဲ့သာ ရှိနေပါသေးတယ်။ ဖြစ်ပေါ်နေတဲ့ အဖျားရောဂါ အမျိုးအစားနဲ့လည်း သက်ဆိုင်ပါလိမ့်မယ်။ ဒါပေမယ့်လည်းသာမန် အအေးမိ၊နှာစေး၊ တုပ်ကွေးမိတာမျိုး ဆိုရင်တော့ ရေချိုးလို့ ရပါတယ်။ကိုယ်ပူနေချိန် ရေချိုးပေးတာဟာ ခန္ဓာကိုယ်ကို လန်းဆန်းစေရုံမျှ သာမက ကိုယ်အပူချိန်ကိုလည်း ကျဆင်းစေမှာ ဖြစ်ပါတယ်။ အောက်ပါနည်းလမ်းတွေနဲ့ ရေချိုးနိုင်မှာ ဖြစ်ပါတယ်။၁။ရေကြက်သီးနွေးလောက် (80°F နဲ့ 90°F ကြား ဒါမှမဟုတ် 27°C နဲ့ 32°C ကြား) အပူချိန်မျိုးနဲ့ ချိုးပေးမယ် ဆိုရင် ခန္ဓာကိုယ်ကို လန်းဆန်းစေနိုင်တာမို့ အဖျား ဝေဒနာကိုလည်း သက်သာစေဖို့ အထောက်အကူပြု နိုင်ပါတယ်။၂။ရေနွေးငွေ့ပါတဲ့ ရေနွေးမျိုး နဲ့ ရေချိုးပေးတာဟာလည်း ကောင်းမွန်တဲ့ ကိစ္စ ဖြစ်ပါတယ်။ ရေနွေးငွေ့တွေဟာ လူကို လန်းဆန်းသွားစေနိုင်တာမို့ အဖျား ဝေဒနာကို သက်သာစေနိုင်ပါတယ်။၃။ရေပတ်တိုက်တာ ကတော့ လူသိများတဲ့ နည်းလမ်း တစ်ခု ဖြစ်ပါတယ်။ ရေခပ်နွေးနွေးကို အဝတ်သန့်သန့် ထူထူ ဒါမှမဟုတ် ရေမြှုပ်မှာစွတ်ပြီး လူ့ခန္ဓာကိုယ်ကို ပွတ်သတ် သန့်စင်ပေးတဲ့ နည်းလမ်းပါ။ လူသုံးများတဲ့ နည်းလမ်း တစ်ခု ဖြစ်ပါတယ်။ ကလေးငယ်တွေအတွက်ဆိုရင်တော့ ရေမြှုပ်နဲ့ ရေပတ်တိုက် ပေးတာက ပိုကောင်းပါတယ်။၄။ ရေချိုးဇလုံထဲမှာBubble Bathလုပ်ပြီး ခဏတဖြုတ် စိမ်နေတာမျိုးလည်း လုပ်လို့ ရပါတယ်။ မိနစ် အနည်းငယ် လောက်ပေါ့။ဒီအပူချိန်တွေ မသိဘူးဆိုရင်လည်း ပြဿနာ မရှိပါဘူး။ ကိုယ်ချိုးတဲ့ရေက ကိုယ့်ကို သက်သောင့်သက်သာဖြစ်စေတဲ့ အနေအထားဆို ရပါပြီ။ ပူလွန်း၊ အေးလွန်းတာမျိုး မဟုတ်ရင် ခန္ဓာကိုယ်အတွက် အန္တရာယ် မရှိပါဘူး။ဒါပေမယ့်လည်း ဖျားနာ နေချိန် မဖြစ်မနေ ရေချိုးရတော့မယ် ဆိုရင် သတိထားသင့်တဲ့ ဂရုပြုဖွယ်ရာ အချက်လေးတွေလည်း ရှိနေပါသေးတယ်။ ဒါတွေကတော့ …။၁။ ဒါပေမယ့်မူးဝေအော့အန် နေချိန်မျိုးတွေ၊ ကတုန်ကရင် ဖြစ်နေချိန်မျိုးတွေ မှာတော့ ရေမချိုးသင့်ပါဘူး။ ရေချိုးရာမှာလည်း လုံးဝ တုန်ရင်အေးစက်နေအောင် မချိုးသင့်ပါဘူး။ ဒီလို ချိုးမိမယ်ဆိုရင်တော့ အဖျား ဝေဒနာကို ပိုဆိုးသွားစေနိုင်ပါ လိမ့်မယ်။၂။ အကြာကြီး စိမ်ချိုးနေတာမျိုး မဖြစ်အောင်လည်း သတိထားဖို့ လိုမှာ ဖြစ်ပါတယ်။ တတ်နိုင်ရင် မြန်မြန်ချိုး ခြောက်သွေ့သွားအောင် သုတ်ပြီး နွေးနွေးထွေးထွေး နေသင့်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/detox-bath-for-cold/
ကျန်းမာစေမယ့် ကိုယ်လက်လှုပ်ရှားမှု များအကြောင်း
ကိုယ်လက်လှုပ်ရှားမှု တွေကကျန်းမာရေးကို အထေောက်အကူပြုတယ်ဆိုတာကို ချွင်းချက်မရှိလက်ခံကြပါတယ်။ ပုံမှန် လုပ်ဖြစ်တာ မလုပ်ဖြစ်တာက တစ်ပိုင်းပေါ့။ ကျန်းမာရေးကို အထောက်အကူပြုတဲ့လေ့ကျင့်ခန်း အမျိုးအစားတွေအများကြီး ရှိပြီး ကိုယ်ဖြစ်ချင်တဲ့ ပုံစံကို လိုက်ပြီး ကျွမ်းကျင်သူတွေနဲ့ လေ့ကျင့်လို့ရပါတယ်။ လေ့ကျင့်ခန်း လုပ်တာအပြင် ကိုယ့်ရဲ့ စားသောက်နေထိုင်မှုကို ဂရုစိုက်မယ်ဆိုရင် အကောင်းဆုံးပါပဲ။သာမန် လမ်းလျှောက်တာကစလို့အိမ်မှာ ပေါ့ပေါ့ပါးပါး လေကျင့်ခန်း လုပ်တာအလယ်Gymမှာ သွားလေ့ကျင့်တာအဆုံး အားလုံးက ကျန်းမာရေးကို အထောက်အကူပြုတာချည်းပါပဲ။ ကိုယ့် ခန္ဓာကိုယ် လိုအပ်ချက်ကို လိုက်ပြီး လေ့ကျင့်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ကိုယ်က ဝိတ်ကျချင်တာလား၊ ကြွက်သားတက်ချင်တာလား၊ အကြောအခြင်တွေ ပြေလျော့ချင်တာလား စသဖြင့် လိုအပ်ချက်အလိုက် ကျွမ်းကျင်သူနဲ့ လေ့ကျင့်နိုင်ပါတယ်။အများစု လိုက်စားကြတဲ့ လေ့ကျင့်ခန်း အမျိုးအစားတွေကတော့။အေရိုးဗစ် လေ့ကျင့်ခန်းလို့လည်း ခေါ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်ရှားပြီး နှလုံးခုန်မြန်အောင် လေ့ကျင့်ရတာပါ။ ဝိတ်ကျချင်တဲ့သူတွေ လေ့ကျင့်နိုင်ပါတယ်။ စစချင်းမှာ ၁၀မိနစ်လောက် လုပ်ပြီး နောက်ပိုင်း တိုးတိုးပြီး နာရီဝက်လောက်ကြာအောင် လုပ်နိုင်ပါတယ်။နာမည်အတိုင်းပဲ နှလုံးကို အလုပ်ပေးတဲ့ လေ့ကျင့်ခန်း ဖြစ်တာကြောင့် နှလုံးခုန်မြန်တဲ့အထိ လေ့ကျင့်ရပါတယ်။ အသင့်အတင့် Cardioဆိုရင် အများဆုံး နှလုံးခုန်နှုန်းရဲ့ ၆၀%၊ ပြင်းထန် Cardioဆို ၈၀-၉၀% ထိတက်လာအောင် လေ့ကျင့်ရပါတယ်။ (အများဆုံး နှလုံးခုန်နှုန်း= ၂၂၀- အသက်)။နှလုံးကို အလုပ်ပေးတဲ့ လေ့ကျင့်ခန်း ဖြစ်တာကြောင့် နှလုံးရောဂါအခံရှိသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ယောဂ၊ ထိုက်ချိစတာတွေ ပါဝင်ပါတယ်။ လေ့ကျင့်ခန်း မစခင် အကြောလျှော့တာကလည်း အကြောလျှော့ လေ့ကျင့်ခန်းပါပဲ။ သူရဲ့ အားသာချက်က ကြွက်သားတွေ တောင့်တင်းတာကို ပြေလျှော့စေပြိး ကြွက်သားတွေကို သန်မာစေပါတယ်။ လေ့ကျင့်ခန်း မလုပ်ခင်နဲ့ လုပ်အပြီးမှာ အကြောလျှော့ပေးမယ်ဆိုရင်လည်း ထိခိုက်ဒဏ်ရာရတာကို ကာကွယ်ပေးနိုင်ပါတယ်။ဒါ့ပြင် ယောဂလိုမျိုး၊ ထိုက်ချိလိုမျိုးတွေက အသက်ရှူလေ့ကျင့်ခန်း၊ စိတ်လေ့ကျင့်ခန်းတွေနဲ့ တွဲထားတာကြောင့် စိတ်တည်ငြိမ်မှုကိုပါ ရရှိစေပါတယ်။ဒီ Muscle strengthening လေ့ကျင့်ခန်းတွေက ကြွက်သားတက်စေတာအပြင် ကြွက်သားတွေ သန်မာတာ၊ ကယ်လိုရီ လောင်ကျွမ်းစေတာ၊ အရိုးအဆစ်တွေ ကျန်းမာလာတာ စတဲ့ အကျိုးကျေးဇူးတွေကိုပါ ရစေပါတယ်။ အလေးနဲ့ လေ့ကျင့်ရတာမျိုးတွေ ရှိသလို အလေးမဲ့ ဒါမှမဟုတ် resistance bandလို့ ခေါ်တဲ့ သားရေကြိုးလိုမျိုးတွေနဲ့ လေ့ကျင့်ရတာတွေလည်း ရှိပါတယ်။လိုရင်းကတော့ ကြွက်သားကို အလုပ်လုပ်စေတာပါပဲ။ ကြွက်သားကို လေ့ကျင့်ပေးတာဖြစ်လို့ သူ့ရဲ့ လေ့ကျင့်ခန်းတွေက ပြန်ပြန်ကျော့ပြီး လုပ်ရတာကို တွေ့ရမှာပါ။သာမန်အရွယ်ရောက်ပြီးသား လူတွေက အသင့်အတင့် လေ့ကျင့်ခန်းဆို တစ်ပတ်ကို ၁၅၀-၃၀၀ မိနစ်၊ Cardioအပြင်းစားတွေဆို တစ်ပတ်ကို ၇၅-၁၅၀ မိနစ် လုပ်ပေးနိုင်ပါတယ်။ ဒါ့ပြင်  တစ်ပတ်ကို ကြွက်သား လေ့ကျင့်ခန်းအတွက် ၂ရက်လောက် အချိန်ပေးနိုင်ရင် ပိုကောင်းတယ်လို့ ဆိုပါတယ်။အချိန်ခွဲဝေသတ်မှတ်ပုံကတော့ ကိုယ်အဆင်ပြေသလို လုပ်နိုင်ပါတယ်။ ဥပမာ တစ်နေ့ကို တစ်နာရီနဲ့ တစ်ပတ် ၅ရက်လုပ်မလား။ ၅ရက်ကိုလည်း ၅ရက်ဆက်တိုက် ဒါမှမဟုတ် ပိတ်ရက်မှာ ၂ရက်ဆက်တိုက် နားမလား။ တစ်ရက် တစ်နာရီဆိုရင်လည်း တစ်ခါတည်း လုပ်မလား။ တစ်ခါလုပ် နာရီဝက်နဲ့ တစ်နေ့ ၂ခါ လုပ်မလား စသဖြင့် ကိုယ်ရတဲ့ အချိန်ပေါ် မူတည်ပြီး ချိန်ညှိနိုင်ပါတယ်။ကိုယ်လက်လှုပ်ရှားခြင်းက ကိုယ်ရော စိတ်ပါ ကျန်းမာစေပါတယ်။ ရုပ်ပိုင်းဆိုင်ရာအနေနဲ့။စိတ်ပိုင်းဆိုင်ရာအရ ဆိုရင်လည်း။လေ့ကျင့်ခန်း လုပ်တဲ့အခါ ပေါင်ချိန်စက်ပေါ်က ကိန်းဂဏန်းတွေ၊ မှန်ထဲက အသွင်အပြင်တွေကိုပဲ မကြည့်ပါနဲ့။ ကိုယ့်အနေနဲ့ ကိုယ်ရော စိတ်ပါ ပေါ့ပါးလာပြီး နေလို့ ကောင်းလာပြီဆိုရင် ဒါက အလုပ်ဖြစ်တာပါပဲ။ လေ့ကျင့်ခန်းကို ဖြည်းဖြည်းချင်းစပါ။ပုံမှန်လုပ်ပါ။ လေ့ကျင့်ခန်းအပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံ ရှိဖို့လည်း လိုပါတယ်။ ဒါမှ အလုံးစုံ ကျန်းမာရေးကို ရရှိနိုင်မှာပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/all-about-fitness-and-benefits/
သိုင်းရွိုက်ဟော်မုန်း နည်းနေတဲ့သူတွေ ဘာအစားအစာတွေ ဘာဆေးတွေ ရှောင်ရမလဲ ။ ။
ကိုယ်ခန္ဓာမှာရှိတဲ့ ဟော်မုန်းအားလုံးရဲ့ ဂိုဏ်းချုပ်က သိုင်းရွိုက်ဟော်မုန်းတဲ့။ ဒီတော့ သိုင်းရွိုက်ဟော်မုန်းနည်းသွားဖြစ်ဖြစ် များနေရင်ဖြစ်ဖြစ် ကိုယ်ခန္ဓာအပေါ် သက်ရောက်တဲ့ ကျန်းမာရေး ပြဿနာတွေကတော့ အများကြီးပါ။သိုင်းရွိုက်ဟော်မုန်း နည်းတယ်ဆိုတာသိုင်းရွိုက်ဂလင်းကနေ ရှိသင့်တဲ့ သိုင်းရွိုက်ဟော်မုန်းတွေ အလုံအလောက်မထုတ်တဲ့ပြဿနာပါ။သိုင်းရွိုက်ဂလင်းဆိုတာ လည်ပင်းအရှေ့အောက်ဘက်နားလောက်မှာရှိတဲ့ endocrine ဂလင်းတစ်မျိုးဖြစ်ပြီး larynx. အောက်မှာ ရှိနေတဲ့ လိပ်ပြာပုံစံ ဂလင်းတစ်ခုပါ။ သူကနေ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်ကို ထိန်းချုပ်တဲ့ဟော်မုန်းတွေကို ထုတ်ပေးပြီး ကိုယ်ခန္ဓာရဲ့ ကျန်းမာရေးအခြေအနေကိုထိန်းချုပ်နေတာပါ။ ဒီနေ့ဆောင်းပါးထဲမှာတော့ သိုင်းရွိုက်ဟော်မုန်းနည်းနေတဲ့ ဆိုတာဘာလဲ ဘယ်လို ကျန်းမာရေးပြဿနာတွေရှိလဲဆိုတာနဲ့ ဝေဒနာခံစားနေရတဲ့သူတွေ ရှောင်ရမယ့် ဆေးတွေ စားစရာတွေ အကြောင်းပြောပြပေးတော့မှာပဲ ဖြစ်ပါတယ်။•ခုခံအားဆိုင်ရာပြဿနာရှိနေတဲ့သူတွေ။• ဓာတ်ရောင်ခြည်ထိတွေ့မှုခံထားရတဲ့သူတွေ။•သိုင်းရွိုက်ဟော်မုန်း အရမ်းများတဲ့အတွက် radioactive iodine ကုသမှု ခံယူထားရတဲ့သူတွေ။• သိုင်းရွိုက်ဂလင်းတစ်ခုလုံးကို ထုတ်ထားရတဲ့သူတွေ။• သိုင်းရွိုက်ဟော်မုန်းနည်းစေတဲ့ အစားအသောက်တွေ ဆေးတွေ သောက်နေရတဲ့ အခါမျိုးတွေမှာ သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ ပြဿနာဖြစ်တတ်ပါတယ်။သိုင်းရွိုက်ဟော်မုန်းနည်းနေတဲ့ သူတစ်ယောက်အဖို့ သူရှောင်သင့်တဲ့အစားအသောက်တွေရှိပါတယ်။ ဒီအစားအစာတွေကို ရှောင်ပါမှ အားနည်းနေတဲ့ သိုင်းရွိုက်ဟော်မုန်းကို ပြန်အားဖြည့်ရာရောက်သလို နည်းနေတဲ့သိုင်းရွိုက်ဟော်မုန်းတွေ ပိုအားနည်းသွားတာမျိုး မဖြစ်ရလေအောင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ရှောင်သင့်တဲ့ အစားအစာတွေကတော့။•ဟင်းနုနွယ်။•ကိုက်လန်။• ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုတ်။• မုန်ညင်းတို့ကိုရှောင်ရပါမယ်။နောက်ပြီး ပဲပိစပ်ကနေထုတ်တဲ့ ပဲနို့၊ ပဲပိစပ်ဆီ ပဲငံပြာရည်စတာတွေကိုလည်းရှောင်ဖို့လိုပါလိမ့်မယ်။သိုင်းရွိုက်များတဲ့သူတွေသာမက သိုင်းရွိုက်ဟော်မုန်းနည်းတဲ့သူတွေပါ ရှောင်သင့်တဲ့ အစားအစာတွေကတော့ ကေ်ာဖီ လက်ဘက်ရည် ၊အရက်နဲ့ ဆေးရွက်ကြီးတွေ တို့ပဲဖြစ်ပါတယ်။ ကော်ဖီ လက်ဘက်ရည်မှာပါတဲ့ ကဖင်းဓာတ်က သိုင်းရွိုက်ဂလင်းကိုသက်ရောက်မှု ရှိတာကြောင့် သိုင်းရွိုက်ဟော်မုန်းနည်းနေတဲ့သူတွေ အတွက် သတိထားစရာပါပဲ။ နောက်ပြီးဆေးရွက်ကြီးတွေမှာပါတဲ့ နီကိုတင်းဓာတ်ကြောင့်လည်း သိုင်းရွိုက်ဟော်မုန်းတွေ ကမောက်ကမဖြစ်နိုင်တာကြောင့် အဲဒါတွေကို ရှောင်နိုင်ရင် အကောင်းဆုံးပါ။ကိုယ့်သိုင်းရွိုက်ဟော်မုန်းက ပုံမှန် မဟုတ်တာကြောင့် အခြားသူတွေလို ဆေးတွေ ဝယ်သောက်လိုက်တာမျိုး လုပ်လို့မရပါဘူး။ ဆေးသောက်ခါနီးတိုင်း ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုသလို ကိုယ်နဲ့မတည့်တဲ့ဆေးတွေက ဘာတွေလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။သိုင်းရွိုက်ဟော်မုန်းများတဲ့သူတွေကို ကုသတဲ့ antiပthyroid drugs (သိုင်းရွိုက်ဟော်မုန်းဆန့်ကျင်ဆေး) တွေကတော့ hypothyroidism ( သိုင်းရွိုက်ဟော်မုန်းနည်းသူ) တွေ သတိထားရှောင်ရမယ့်ဆေးပါ။• သူတို့တွေကတော့ radioactive iodine, methimazole and propylthiouracil တို့ဖြစ်ပြီး။• hypothyroidism ( သိုင်းရွိုက်ဟော်မုန်းနည်းသူ)တွေ ရှောင်ရမယ့် အခြားဆေးတွေကတော့ lithium နဲ့ amiodrone တို့ပဲ ဖြစ်ပါတယ်။ဒါတွေကတော့ သိုင်းရွိုက်ဟော်မုန်းနည်းတဲ့သူတိုင်းသိထားသင့်တဲ့ ရှောင်သင့်တဲ့ အစားအစာတွေနဲ့ ဆေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဒါလေးတွေ သိထားတော့ ကိုယ်နဲ့မတည့်တာကဘာလဲ ဘာကိုရှောင်မလဲဆိုတာသိသွားလို့ ကုသမှု မြန်မြန်ဆန်ဆန်နဲ့ ပိုထိရောက်တာပေါ့ ။ ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/hypothyroid/
Aortic Valve Replacement (နှလုံးအဆို့ရှင် အစားထိုးကုသခြင်း)
) ကဘာလဲ။နှလုံးအဆို့ရှင်မကောင်းသောရောဂါသည် နာကျင်ခြင်း၊ အသက်ရှူရခက်ခြင်း၊ နှင့် သေဆုံးခြင်းထိတိုင်အောင် ဖြစ်နိုင်ပါသည်။ နှလုံးအဆို့ရှင်ကို အစားထိုးကုသခြင်းဖြင့် သင်၏ နာကျင်မှုကို သက်သာစေပြီး သင့်ကို ပို၍အသက်ရှည်စွာနေထိုင်နိုင်ရစေသည်။နှလုံးအဆို့ရှင်သည် နှလုံးမှ သွေးများစီးဆင်းမှုကို ထိန်းချုပ်ထားသည်။ နှလုံးအဆို့ရှင်မကောင်းလျင် အဆို့ရှင်သည် ကောင်းစွာမပွင့်ခြင်း သို့မဟုတ် ကျဉ်းနေခြင်း သို့မဟုတ် ကောင်းစွာမပိတ်ခြင်းတို့ဖြစ်နိုင်သည်။ အကယ်၍ သင်၏ နှလုံးအဆို့ရှင်သည် ကောင်းစွာမပွင့်ပါက သို့မဟုတ် ကျဉ်းနေပါက မူးဝေခြင်း၊ အသက်ရှူရခက်ခြင်းနှင့် နှလုံးအောင့်ခြင်းများဖြစ်နိုင်သည်။ အဆို့ရှင် ကောင်းစွာမပိတ်ပါက ရင်တုန်ခြင်းနှင့် အသကိရှူမရခြင်းများဖြစ်နိုင်ပါသည်။) က ဘယ်လောက်အဖြစ်များသလဲ။သင့်တွင် ရေတာရှည် အဆို့မလုံခြင်းဆိုးရွားလာပြီး ရောဂါလက္ခဏာများလည်းရှိပါက ခွဲစိတ်ကုသခံရဖို့များသည်။ အဆို့မလုံခြင်းဆိုးရွားလာပါက လက္ခဏာများမရှိပဲလည်း ခွဲစိတ်ကုသခံရနိုင်သည်။ ရုတ်တရက် အဆို့မလုံခြင်းဖြစ်ပါက ချက်ချင်း ခွဲစိတ်ကုသခံရမည်ဖြစ်သည်။သင့်တွင် အဆို့ရှင် ကျဉ်းသော လက္ခဏာများရှိပါက သင်၏ ဆရာဝန်မှ အဆို့ရှင်အစားထိုးကုသရန် အကြံပြုနိုင်ပါသည်။ ရောဂါလက္ခဏာမရှိသော လူနာအများစုတွင် အဆို့ရှင်ကို အစားထိုးကုသရန်မလိုအပ်ကြပါ။ခွဲစိတ်ကုသလိုက်လျှုင် အသက်ရှူရပိုကောင်းလာပြီး နှလုံးအောင့်ခြင်းများသက်သာသွားနိုင်သည်။ အသက်ရှည်ရှည် ပိုနေနိင်ပါလိမ့်မည်။အဆို့ရှင် အစားထိုးကုသခြင်းသည် အောင်မြင်နိုင်ချေများပြီး အခြားပြသနာများဖြစ်နိုင်ချေနည်းသည်။ လူအများစုတွင် အောင်မြင်သောရလဒ်ရှိကြသော်လည်း ခွဲစိတ်မှု အတောအတွင်းတွင် သေဆုံးနိုင်ချေနှင့် အခြားသော ပြသနာများလည်း ရှိနိုင်ပါသည်။ အဆို့ရှင် အစားထိုးခွဲစိတ်မှုသည် Heart attackရဖူးပြီး နှလုံး ဘယ်ဘက်အောက်ခန်းပျက်နေသော လူနာများတွင် အန္တရာယ်ရှိနိုင်ချေများသည်။ ခွဲစိတ်မှုခံယူသော လူနာများ၏ ၅ ရာခိုင်နှုန်းသည် သေဆုံးနိုင်ချေရှိသည်။ အခြားသော ဘေးထွက်ဆိုးကျိုးများမှာ-။• လေဖြတ်ခြင်း။• အဆို့ရှင် အစားထိုးရာတွင် ပိုးဝင်ခြင်း၊။• Heart attack ရခြင်း တို့ဖြစ်သည်။သင့်တွင် နှလုံးအဆို့ရှင် မလုံခြင်း သို့မဟုတ် ကျဉ်းခြင်းတို့ရှိပြီး ရောဂါလက္ခဏာများရှိပါက အဆို့ရှင်အစားထိုးကုသခြင်းသည် နှလုံးခွဲစိတ်ခြင်းထက် ပိုထက် အန္တရာယ်ရှိသည်။နှလုံးအဆို့ရှင်မကောင်းခြင်းကို ကုသရန်အခြားနည်းလမ်းများလည်း ရှိကြောင်း သင်သိသင့်ပါသည်။သင်၏ ဆရာဝန်နှင့် အောက်ပါတို့နှင့် ပတ်သတ်ပြီး ဆွေးနွေးနိုင်ပါသည်။• ဆီးဆေး၊ ACE-inhibitor၊ digoxin ကဲ့သို့သော ဆေးများကို ခွဲစိတ်ကုသခြင်းကို အစားထိုးကုသနိုင်သည်။• ပေါင်ခြံရှိသွေးကြောထဲသို့ ပိုက်ထည့်ပြီး အဆို့ရှင် အစားထိုးကုသခြင်းကို ပြုလုပ်နိုင်သည်။ခွဲစိတ်မှုမခံယူမီ အန္တရာယ်များနှင့် နောက်ဆက်တွဲပြသနာများကို နားလည်သိရှိရန်လိုအပ်ပါသည်။ သင့်တွင် အခြားသိလိုသည်များရှိပါက သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ခွဲစိတ်မှုကို မေ့ဆေးသုံးပြီး ပြုလုပ်သည်။ မခွဲစိတ်မီ သင့်ကို မခွဲခင် အစားစားလို့ရမရ အပါအဝင် ညွှန်ကြားချက်များသေချာပေးသင့်သည်။ များသောအားဖြင့် မခွဲစိတ်မီ ၆ နာရီအလိုတွင် အစာစားရန်ခွင့်မပြုတော့ပါ။ မခွဲစိတ်မီ နာရီအနည်းငယ် အလိုတွင် ကော်ဖီကဲ့သို့သော အရည်များ၊ ဖျော်ရည်များသောက်ခွင့်ပြုနိုင်သည်။ဤ ခွဲစိတ်မှုသည် ၂ နာရီခန့်ကြာမြင့်နိုင်ပါသည်။ ခွဲစိတ်ဆရာဝန်မှ သင်၏ ရင်ဘတ်ရှိ အရိုးများမှ တဆင့် ရင်ဘတ်ကို ဖွင့်ပါမည်။ အဆုတ် နှလုံးအလုပ်လုပ်သည့်စက်နှင့် သင့်ကို ချိန်ဆက်ပေးထားပြီး အဆို့ရှင်ကို လဲလှယ်နေစဉ်အချိန်အတွင် ထိုမှတဆင့် နှလုံးက အလုပ်လုပ်နေပါလိမ့်မည်။ အဓိကအားဖြင့် လဲလှယ်တတ်သော အဆို့ရှင် ၂ မျိုးရှိသည်။ စက်နှင့်လုပ်သော အဆို့ရှင်နှင့် အသားစနှင့်လုပ်သော အဆို့ရှင် ဖြစ်သည်။သင့်တွင် မေးစရာရှိပါက သင်၏ ခွဲစိတ်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ခွဲစိတ်ပြီးလျှင် သင့်ကို နှလုံးရောဂါ အထူးကြပ်မတ်ကုသဆောင် သို့မဟုတ် အထူးလူနာဆောင်သို့ ပြောင်းရွှေ့ထားပြီး ရက်အနည်းငယ်ကြာမှ ပုံမှန်လူနာဆောင်သို့ပြောင်းပါလိမ့်မည်။ ၇ ရက်မှ ၁၀ ရက် အကြာတွင် အိမ်ပြန်နိုင်ပါလိမ့်မည်။ကျန်းမာရေးစောင့်ရှောက်သူများမှ သင် ဘယ်အချိန်တွင် ပုံမှန်လှုပ်ရှားမှုများပြုလုပ်နိုင်မည်ကို သင့်ကို အသိပေးပါလိမ့်မည်။ ပုံမှန်လေ့ကျင့်ခန်းများလုပ်ခြင်းဖြင့် သင့်ကို လှုပ်ရှားသွားလာမှုများကို မြန်မြန်ပြန်လုပ်နိုင်လုပ်နိုင်ပါလိမ့်မည်။ လေ့ကျင့်ခန်းမလုပ်ခင် ကျန်းမာရေးစောင့်ရှောက်သူများနှင့် ဆရာဝန်ကို မေးမြန်းပါ။ လူနာအများစုသည် အသက်ရှူရခက်ခြင်းနှင့် ရင်ပတ်အောင့်ခြင်းများ မရှိတော့ပဲ နေပြန်ကောင်းလာကြသည်။ ပြန်သက်သာလာပြီးနောက်တွင် သင့်တွင် အားအင်များပြည့်နေနိုင်ပါသည်။Hello ကျန်းမာရေးအဖွဲ့သည် ကျန်းမာရေးအကြံပြုချက်များ၊ ရောဂါအမည်တပ်ခြင်းများ နှင့် ကုသခြင်းများကို မပြုလုပ်ပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-valve/aortic-valve-replacement-%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%af%e1%80%b8%e1%80%a1%e1%80%86%e1%80%ad%e1%80%af%e1%80%af%e1%82%94%e1%80%9b%e1%80%bd%e1%80%84%e1%80%b9-%e1%80%a1%e1%80%85/
Cardiomegaly (နှလုံးကြီးခြင်း)
နှလုံးကြီးခြင်း ဆိုတာ နှလုံးကို X-ray ဓာတ်မှန်ရိုက်တဲ့အခါနှလုံးအရွယ်အစားကြီးနေခြင်းကို ခေါ်တာပါ။ နှလုံးကြီးနေပြီဆိုတာနဲ့ အတည်ပြုဖို့ အခြားစစ်ဆေးချက်တွေ ပြုလုပ်ဖို့ လိုပါလိမ့်မယ်။နှလုံးကြီးတယ်ဆိုတာ ရောဂါတော့မဟုတ်ပေမယ့် တစ်ခါတစ်ရံမှာတော့ ကာလကြာရှည် သွေးရောဂါနဲ့ လည်ပင်းသိုင်းရွိုက်ဂလင်း ရောဂါတွေနဲ့တော့ ယှဉ်တွဲနေတတ်ပါတယ်။သွေးတိုးရောဂါနဲ့ နှလုံးရောဂါရှိတဲ့လူတွေမှာ နှလုံးကြီးတတ်ပါတယ်။ လူငယ်တွေထက် လူကြီးတွေမှာ အဖြစ်များပါတယ်။ ဖြစ်စေနိုင်တဲ့ အချက်တွေကို ရှောင်ကြဉ်ခြင်းအားခြင့် နှလုံးကြီးနိုင်ခြေကို လျော့ချနိုင်ပါတယ်။ တခြားသိလိုတဲ့ အချက်တွေရှိရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။နှလုံးကြီးတာဟာ အချို့မှာ လက္ခဏာ မပြတတ်ပါဘူး။ အချို့မှာတော့ အောက်ဖော်ပြပါ လက္ခဏာတွေ ရှိနေပါလိမ့်မယ်။အထက်မှာ မဖော်ပြထားတဲ့ ရောဂါလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ လက္ခဏာတစ်ခုခု ပြနေပြီဆိုရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါပြီ။နှလုံးနဲ့ ပတ်သက်ပြီး နောက်ထပ် ရောဂါလက္ခဏာ အသစ်တွေ ပြနေပါက ဆရာဝန် ပြသင့်ပါတယ်။နှလုံးသွေးကြောပိတ်ခြင်းရဲ့ လက္ခဏာတွေပါ ခံစားနေရမယ် ဆိုရင်တော့ အရေးပေါ်ဆေးကုသဖို့ ရှာဖွေရန်လိုအပ်ပါတယ်။ ဥပမာ။နှလုံးကို အလုပ်ပိုလုပ်စေသော အရာများ၊ နှလုံးကြွက်သား ပျက်စီးစေသောအရာများ စသော အကြောင်းအရင်းများကြောင့် နှလုံးကြီးတတ်ပါတယ်။ ဒါ့အပြင် မွေးရာပါ နှလုံးပုံမှန်မဟုတ်တဲ့လူတွေ၊ နှလုံးသွေးကြောပိတ်ဖူးတဲ့ လူတွေ၊ နှလုံးခုန်မမှန်တဲ့ လူတွေမှာလည်း ဖြစ်နိုင်ပါသေးတယ်။အဖြစ်များစေတဲ့ ရောဂါတွေကတော့။နှလုံးကြီးနိုင်ခြေကို မြင့်မားစေတဲ့ အရာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ထပ်မံသိရှိလိုပါက ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။စမ်းသပ်စစ်ဆေးချက်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ဒီစစ်ဆေးချက်တွေက အကုန်လုံးလုပ်ဖို့ မလိုအပ်ပါဘူး။ လူနာရဲ့ ရောဂါအခြေအနေ၊ ဖြစ်ရတဲ့အကြောင်းရင်းပေါ် မူတည်ပြီး လိုအပ်တာတွေပဲ လုပ်ရမှာ ဖြစ်ပါတယ်။နှလုံးရောဂါတွေကြောင့် နှလုံးကြီးနေမယ် ဆိုရင်တော့ ဆရာဝန်ကအောက်ပါ ဆေးဝါးတွေကိုပေးပါလိမ့်မယ်။ ကုသမှုတွေကလည်း အကုန်လုံးလိုအပ်မှာ မဟုတ်ဘဲ လူနာရဲ့ အခြေအနေပေါ်လိုက်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။ဆေးဝါးများ။ခွဲစိတ်ကုသမှုများ။ဆေးဝါးနဲ့မနိုင်တော့ဘူးဆိုရင်တော့ ခွဲစိတ်ကုသမှု လိုအပ်ပါပြီ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/cardiomyopathy/cardiomegaly-explained/
လေ့ကျင့်ခန်း ပုံမှန်လုပ်ဖြစ်စေမယ့် နည်းလမ်းကောင်းများ
ကျန်းမာအောင် လေ့ကျင့်ခန်း လုပ်လိုက်မဟဲ့ဆိုပြီး ၅ရက်လောက်နဲ့ လက်လျှော့သွားတဲ့သူတွေ ရှိကြလား။ တကယ်တော့ လေ့ကျင့်ခန်းစလုပ်တဲ့သူတိုင်းက ဒီလိုပါပဲ။ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လုပ်မယ်ဆို အပြင်းအထန်စလုပ်လိုက် ရက်ပိုင်းလောက်လည်းနေရော ဒုံရင်း ပြန်ဖြစ်သွားလိုက်နဲ့ ဒီလိုပဲ ချာလည်လည် နေတတ်ပါတယ်။လေ့ကျင့်ခန်း လုပ်တယ်ဆိုတာ ကိုယ်ရော စိတ်ပါ ကျန်းမာစေတယ်ဆိုတာ လူတိုင်း သိပါတယ်။ လက်တွေ့မှာတော့ လိုက်လုပ်တဲ့သူ ရှားပါတယ်။ ပုံမှန်လုပ်တဲ့သူဆို ပိုတောင် ရှားပါတယ်။ လေ့ကျင့်ခန်းတော့ လုပ်ချင်တယ်။ ဒါပေမယ့် ပုံမှန် မလုပ်ဖြစ်ဘဲ ကြားထဲမှာ ပြတ်ပြတ်သွားလို့ စိတ်ဓာတ်မကျပါနဲ့။ ဒီတစ်သက်တော့ လေ့ကျင့်ခန်း မလုပ်နိုင်တော့ဘူးလို့လည်း မတွေးပါနဲ့။ခုပြောမယ့် နည်းလမ်းလေးတွေနဲ့ ဖြည်းဖြည်းချင်း စလိုက်ရအောင်။All or None lawဆိုတာက လုပ်ရင်လည်း တစ်နေ့ကို တစ်နာရီလောက် ပစ်လုပ်လိုက်တယ်။ နောက်ရက်ကျတော့ လုံးဝနားလိုက်တယ်။ ခုမှစလုပ်တဲ့သူတွေက ဒီနည်းလမ်း မသင့်တော်ပါဘူး။ အချိန်တွေ အကြာကြီး လုပ်လိုက်တဲ့အတွက် နောက်ရက်မှာ ကိုက်ခဲနေမှာပါ။ ဒါကြောင့်ပဲ နောက်ရက် လေ့ကျင့်ခန်း လုပ်ဖို့ စိတ်မပါ ဖြစ်တတ်ပါတယ်။All or None law မလုပ်ရဘူးဆိုတော့ Slow and steadyဖြည်းဖြည်းနဲ့ မှန်မှန်လုပ်ရအောင်ပါ။ ပုံမှန်လူတစ်ယောက်က တစ်ပတ်ကို သင့်တင့်တဲ့ လှုပ်ရှားမှု ၁၅၀ မိနစ် လုပ်သင့်ပါတယ်။ ဒီ ၁၅၀ မိနစ်ကို တစ်ပတ်စာ တွက်ပြီး လုပ်ကြည့်ပါ။ ဥပမာ တစ်ရက်ကို မိနစ် ၃၀နဲ့ ၅ရက် လုပ်ကြမလား။ မိနစ် ၃၀ကိုမှ ၁၅မိနစ် မနက်၊ ည ဒါမှမဟုတ် ၁၀မိနစ် ၃ခါ လုပ်နိုင်ပါတယ်။ ဒီလိုမဟုတ်လည်း တစ်ရက်ခြား အချိန်တွက်ပြီး လုပ်လည်း ရပါတယ်။လေ့ကျင့်ခန်း လုပ်တဲ့သူ အများစုကကိတ်ချင်လို့၊ ဗလထွက်ချင်လို့ လုပ်ကြတာ များပါတယ်။ ဒါပေမယ့် သူတို့တွေက ဒီလို ဖြစ်အောင် နှစ်နဲ့ ချီပြီး ကျင့်ခဲ့ကြတာပါ။ အစားအသောက်လည်း ဆင်ခြင်ကြပါတယ်။ ကိုယ်က ခုမှစလုပ်မှာ။ ခန္ဓာကိုယ် ဖွဲ့စည်းပုံတွေ၊ ဇီဝရုပ်ဖြစ်ပျက်တာတွေ မတူလို့ တစ်လ၊ နှစ်လနဲ့တော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကို လက်ခံထားဖို့ လိုပါတယ်။ မကိတ်လည်း အရေးမကြီးပါဘူး။ လေ့ကျင့်ခန်း လုပ်ပြီဆိုတည်းက ကျန်းမာရေး လမ်းကြောင်း ပေါ်ရောက်နေပါပြီ။ဝနေလို့၊ အမောမခံနိုင်လို့၊ မအားလို့၊ရာသီလာနေလို့၊ ကိုယ်လက်ကိုက်နေလို့ စတဲ့ အကြောင်းပြချက်တွေ အများကြီးနဲ့ လေ့ကျင့်ခန်း လုပ်ဖို့ကို ရွှေ့တတ်ကြပါတယ်။ တကယ်က တစ်ခွန်းတည်း ပြောရရင် “ပျင်းလို့ပါ”။ နေမကောင်းဘူးဆိုရင်တောင် ရက်ပိုင်းလောက်နားပြီး ပြန်စသင့်ပါတယ်။ဥပမာ ပြောပြမယ်။ မအားဘူးဆိုရင်တောင် အင်တာနက် သုံးချိန်ကနေ ၅မိနစ်လောက်ဖယ်ပြီး စလုပ်ကြည့်ပါ။ ၅မိနစ်နဲ့ ၃-၄ရက်လောက်ပြီး အကျင့်လေး ဖြစ်သွားရင် နောက်ရက်တွေ တိုးလုပ်နိုင်ပါတယ်။ ပင်ပန်းတယ်ဆိုရင်လည်း ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတွေ လုပ်စရာ မလိုပါဘူး။ အဲ့နေ့မှာ အကြောလျှော့တာလိုမျိုး၊ ယောဂလိုမျိုး ပေါ့ပေါ့ပါးပါးတွေ လုပ်နိုင်ပါတယ်။ အမောမခံနိုင်လို့ ဆိုရင်တောင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ပေါ့ပေါ့ပါးပါး မပင်ပန်းတာတွေ လုပ်နိုင်ပါတယ်။လိုရင်းက ရက်မှန် အချိန်မှန် လုပ်ဖြစ်ဖို့ပါပဲ။Gym သွားတဲ့ သူတွေကတော့ အဆင်ပြေပါတယ်။ ဒီရက် ဒီအချိန်မှာ Gym ရောက်သွားရင် လေ့ကျင့်ခန်း လုပ်ရုံကလွဲပြီး တခြားဟာ မရှိတော့ဘူးလေ။ အိမ်မှာ လုပ်တဲ့သူကတော့ နည်းနည်း ကျင့်ယူရမှာပါ။ ဥပမာ မနက် ၇နာရီလောက် လုပ်မယ်ဆိုရင် ၇နာရီဆိုတာနဲ့ လေ့ကျင့်ခန်း လုပ်ဖို့ သတ်မှတ်ထားတဲ့ နေရာ ဥပမာ ဧည့်ခန်း၊ အိပ်ခန်းကို ရောက်နေဖို့ လိုပါတယ်။ တခြားအလုပ်တွေကို ရပ်ရပါမယ်။ နောက်ပိုင်း အကျင့်ဖြစ်သွားရင် သူ့အချိန်ရောက်တာနဲ့ လုပ်ပြီးသား ဖြစ်သွားမှာပါ။တစ်ပတ်တိတိ ဒါမှမဟုတ် ၅ရက်ဆက်တိုက် ပျက်ရက်မရှိ လေ့ကျင့်ခန်း လုပ်ရင် ဘာဝယ်ပေးမယ် ဆိုတာမျိုး ကိုယ့်ဟာကိုယ် ဆုချပါ။ ဒါလည်း motivationတစ်မျိုးပါပဲ။လေ့ကျင့်ခန်းတွေက အများကြီး ရှိတယ်လေ။Cardio,Zumba,Muscle strengthening,Yogaစသဖြင့် ရွေးစရာတွေ အများကြီးပါ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ရရင် ပုံမှန် လုပ်ဖြစ်ပါတယ်။ နောက်ပိုင်း အကျင့် ဖြစ်တော့မှ ကိုယ့်ခန္ဓာကိုယ် လိုအပ်ချက်အလိုက် ပြောင်းလုပ်ပါ။လေ့ကျင့်ခန်းလုပ်တာ ရက်ကြာလာရင် ပျင်းလာမှာပါ။ ဒီလို မဖြစ်အောင် သီချင်းဆိုပြီးလုပ်တာ၊ ရုပ်ရှင် တစ်ပိုင်းစာလောက် ဖွင့်ထားပြီး လုပ်တာ လုပ်နိုင်ပါတယ်။ အစပိုင်းဆိုတော့ စိတ်ပါလာအောင် ဒီလိုပဲ နည်းလမ်းမျိုးစုံ သုံးရပါတယ်။သူငယ်ချင်းနဲ့ ဖြစ်ဖြစ်၊ စုံတွဲလိုက် ဖြစ်ဖြစ် လေ့ကျင့်ခန်း အတူတူ လုပ်ဖို့ ချိန်းထားပါ။ Stay home ဆိုရင်လည်း video callနဲ့ ဖြစ်ဖြစ် အတူတူ လုပ်လို့ရပါတယ်။ ကိုယ်မလုပ်ရင် သူတစ်ယောက်တည်း လုပ်နေရမယ်ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် အားနာနေတာနဲ့ လုပ်ဖြစ်သွားမှာပါ။ အတူတူ လစ်သွားလို့တော့ မရဘူးနော်။ ဒါကြောင့် သူငယ်ချင်းဆို သိပ်မရင်းနှီးတဲ့သူနဲ့ လုပ်တာမျိုး၊ အတွဲတွေဆို ပျက်ကွက်တဲ့သူက treatရတာမျိုး စည်းကမ်း လုပ်ထားပါ။ဒီနေ့ ဘာလေ့ကျင့်ခန်းကို ဘယ်နှမိနစ်၊ ဘယ်နှခေါက် လုပ်တယ်ဆိုတာကို မှတ်တမ်းတင်ထားပါ။ အကြိမ်ရေ တိုးတက်လာတာ၊ ရက်ပျက်မရှိဘဲ ပုံမှန်လုပ်နိုင်တာကို တွေ့ရတဲ့အခါ ပိုပိုပြီး ကြိုးစားချင်ပါလိမ့်မယ်။လေ့ကျင့်ခန်းလုပ်တာက လုပ်နည်းထက် ပုံမှန်လုပ်ဖြစ်ဖို့က ပိုခက်ပါတယ်။ ငြီးငွေ့လွယ်၊ ပျင်းလွယ်တာကိုး။ ဒါကြောင့် တစ်ရက်ကို ဘယ်နှမိနစ်လုပ်မယ်ဆိုပြီး တစ်ခုခုသာ စလုပ်လိုက်ပါ။ နောက်ပိုင်း အကျင့်ဖြစ်မှ လိုတာ ဆက်ပြင်ပါ။ အကျင့်ဖြစ်ဖို့က အဓိကပါ။ အကျင့်ဖြစ်ဖို့ဆို စလုပ်ဖို့ လိုပါတယ်။ ဘယ်တော့စမလဲဆို ခုပဲ စလိုက်ပါ။New year resolutionတွေ၊ လကုန်မှဆိုတာတွေကို မေ့လိုက်ပါတော့။ နောက်နေ့ဆိုတာ မသေချာဘူးလေနော်။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/fitness-motivation/how-to-stick-regular-exercise/
မိဘတွေမဖြစ်မနေသိသင့်တဲ့ လူငယ်တို့ရဲ့ စိတ်ထဲက ပြဿနာများ
‌ငယ်ငယ်ကတော့ မိဘစကားကို နားထောင်ပါရဲ့။ အရွယ်လေးရောက်လာတော့ ပြောလို့ဆိုလို့ သိပ်မကောင်းတော့ဘူး။ အတွေ့အကြုံရှိတဲ့ လူကြီးတွေစကား နားမဝင်တော့ပါဘူးပေါ့။ ဒါက မိဘတွေ အတွေး။ လူငယ်တွေကလည်း အမေတို့ မသိပါဘူး၊ လူငယ်ပဲလေ ဒီလောက်တော့ နားလည်ပေးပေါ့တို့၊ ဘိုးတော်က ပွားတယ်၊ အိမ်မှာ မနေချင်တော့ဘူးတို့ အသံထွက်လာတတ်တာပေါ့။ ဒီနေရာမှာ ဘာက ပြဿနာလဲ ဆိုတော့ အတွေးမတူကြတာပါ။ ကလေးတွေရဲ့ စိတ်ထဲ ဘယ်လိုရှိနေမလဲ၊ ဘာတွေ ကူညီပေးလို့ရမလဲ၊ဆက်ဆံရေးဘယ်လိုရင်းနှီးအောင် လုပ်ကြမလဲ ဆိုတာမျိုး တွေးလေ့ရှိတဲ့ မိဘတွေဟာသားသမီးနဲ့ ဆက်ဆံရေးပိုကောင်းလေ့ရှိပါတယ်။ ဒါကြောင့် မိဘတွေမဖြစ်မနေသိသင့်တဲ့ လူငယ်တို့ရဲ့ စိတ်ထဲက ပြဿနာများ က ဘာတွေများ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။လူငယ်တွေကတော့ သူတို့ရဲ့စိတ်၊ သူတို့ရဲ့ သဘာဝကို လူကြီးတွေက နားလည်မပေးဘူး၊ သိမှာလည်း မဟုတ်ဘူးလို့ ယူဆတတ်ကြပါတယ်။ တကယ်လည်း နားလည်မပေးတဲ့ လူကြီးတွေ ရှိနေတတ်တာကိုး။ မလုပ်ရဘူး၊ မသွားရဘူး၊ စည်းကမ်းတွေ ချမယ်၊ တင်းကျပ်မယ်၊ ဆူမယ်၊ ပြောစကားနားထောင်စေချင်တယ်လေ။လူငယ်တွေ အနေနဲ့တော့ လွတ်လွတ်လပ်လပ် နေထိုင်သွားလာခွင့် ရချင်တယ်။ လိုက်လျောညီထွေ ပြောဆိုတိုင်ပင်လို့ရတဲ့ လူကြီးတွေ ဖြစ်စေချင်တယ်။ ခေတ်နဲ့အညီ ဗဟုသုတရှိနေတဲ့ လူကြီးတွေ ဖြစ်စေချင်တယ်။ ကန့်သတ်ချက်တွေနဲ့ စည်းနှောင်နေတာမျိုးကနေ ကန်ထွက်ချင်တယ်။စိတ်ဖိစီးစရာတွေကို ပွင့်ပွင့်လင်းလင်း ပြောပြလို့ ရချင်တယ် စသည်ဖြင့် အတွေးရှိနေမှာပါပဲ။ အများအားဖြင့် –။လူကြီးပြောတာ နားထောင်ရမယ်၊ ခွန်းတုံ့မပြန်ရဘူး (အမြင်မတူလည်း ပြန်ဖြေရှင်းရင် ခံပြောတာပဲ)။ ပြီးရင် လိုက်နာရမယ် ဆိုတဲ့မူဝါဒတွေက တကယ်တော့ တစ်ဖက်စောင်းနင်းရာကျပါတယ်။ လူငယ်တွေအနေနဲ့ သူတို့ရဲ့ အမြင်၊ အယူအဆလေးတွေ၊ ခေတ်ကာလ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး လူကြီးတွေနဲ့ ဆွေးနွေးချင်တယ်၊ ပြောပြချင်တယ်လေ။ သူတို့ရဲ့ အမြင်ကို နားထောင်ပေးလိုက်ပါ၊ ပြီးမှ အမြင်ဖလှယ်ရင်း မှန်ကန်တဲ့ဘက်ကို ဆွဲယူစည်းရုံးတာ အကောင်းဆုံးပါ။လူကြီးတွေကတော့ သူတို့အတွက် ဝင်ဖြေရှင်းပေးတာပဲ။ လူငယ်တွေအတွက် တကယ်လိုလားတဲ့ အဖြေ ဟုတ်နေပါ့မလား ဆိုတာ မသေချာပါဘူး။ ဥပမာ သူငယ်ချင်းတစ်ယောက်နဲ့ စိတ်ဆိုးလာဖူးတယ် ဆိုပါစို့။ နောက်ပိုင်း အဲဒီသူငယ်ချင်းနဲ့ တွဲတိုင်း လူကြီးတွေက မကြည်တော့တာမျိုး၊ အဲဒီသူငယ်ချင်းကို မချေမငံ ဆက်ဆံကြတာမျိုးက သူ့အတွက် ပိုပြီးစိတ်ညစ်ရစေနိုင်ပါတယ်။အမှန်တကယ်တော့ သူက သူငယ်ချင်းဖြစ်သူနဲ့ ပိုရင်းနှီးချစ်ခင်ချင်တာမျိုးဆိုရင် လူကြီးတွေ ကြားဝင်လိုက်တာ အမှားကြီးမှားပြီပေါ့။ ဒါ့ကြောင့် ကလေးရဲ့စိတ်ထဲ ဘယ်လိုခံစားချက် ရှိနေတာလဲဆိုတာ အရင်သိအောင် လုပ်ပါ။လူငယ်သဘာဝ သွားလာ လှုပ်ရှားမယ်၊ အရွယ်ရောက်လာပြီ ကလေးမဟုတ်တော့ဘူး၊ အသေးစိတ် စိတ်ပူနေစရာ မလိုတော့ဘူး လို့ မိဘတွေဘက်က ယုံကြည်ပေးစေချင်ကြတယ်။ အရာရာစစ်ဆေးမေးမြန်းနေတာမျိုး၊အပြစ်တင်တာမျိုး မလိုချင်ဘူး။လူငယ် တွေရဲ့ ဘဝမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လွတ်လပ်စွာ နေထိုင်ခွင့်ရတဲ့သူဟာ သူငယ်ချင်းတွေကြားမှာ စတားဖြစ်တော့တာပါပဲ။ ကန့်သတ်ချက်တွေနဲ့ ဘောင်ခတ်လို့ နေထိုင်ရတာက သူတို့အတွက် သိပ်ကျဉ်းကျပ်နေတတ်ပါတယ်။ဒါတွေကို လူကြီးတွေဘက်က သိထားပြီ ဆိုရင် လူငယ်တွေကို နားလည်အောင် ကြိုးစားပေးပါ၊ ရင်းနှီးအောင် နေထိုင်ပါ၊ မတူညီတဲ့ အမြင်တွေကို လက်ခံဆွေးနွေးပေးပါလို့ အကြံပြုချင်ပါတယ်။ ဒါမှ လူကြီးနဲ့ လူငယ် အပြန်အလှန်အဆင်ပြေပြီး သူတို့ဘဝအောင်မြင်မှုကို ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
parenting
parenting
https://hellosayarwon.com/parenting/adolescents/mental-health-adolescents/tips-communicating-with-teen/
ဆောင်းရာသီ မှာ ကလေးတွေကြုံရတတ်တဲ့ အရေပြားပြဿနာများ
ကလေးငယ်တွေရဲ့အသားအရေက နုနယ်လွန်းလို့ ဆောင်းရာသီ ရဲ့လေအေးတွေနဲ့ ထိတွေ့တဲ့အခါ ခြောက်သွေ့မှုဒဏ် အတော် ခံစားရတတ်ပါတယ်။ အရေပြား ခြောက်သွေ့မှုက ကလေးတွေ အတွက် နောက်ဆက်တွဲ ပြဿနာများ စေတဲ့ အကြောင်းရင်း တစ်ခုလည်း ဖြစ်ပါတယ်။ ဆောင်းရာသီမှာ ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေကို ဂရုစိုက်ပြီး ကာကွယ်သင့်တာ ကာကွယ်၊ ကုသသင့်တာကုသမှ ရောဂါ ကင်းစင်ပြီး အသားအရေ ကြည်လင်လှပတဲ့ သားသမီးရတနာလေးတွေ ဖြစ်စေမှာပါ။ ကဲ …. ဆောင်းရာသီ မှာ ကလေးတွေကြုံရတတ်တဲ့ အရေပြားပြဿနာများ အကြောင်း လေ့လာလိုက်ရအောင်နော်။ဆောင်းရာသီ မှာ ကလေးတွေကြုံရတတ်တဲ့ အရေပြားပြဿနာများ ကတော့ –။မိတ်ထွက်တယ်ဆိုတာနွေရာသီမှာပဲဖြစ်တာမဟုတ်ပါဘူး။ ရာသီဥတုအေးတယ်ဆိုပြီး ကလေးကို အဝတ်တွေအထပ်ထပ်ဝတ်ပေးထားတာများနေရင်လည်း ချွေးပေါက်လေးတွေပိတ်ပြီး မိတ်ဖုလေးတွေထွက်စေတတ်ပါတယ်။ ကလေးကိုရေဖတ်တိုက်ပေးတာ၊ကြက်သီးနွေး ရေနဲ့ရေချိုးပေးတာက အသားအေးစေပြီး အရေပြားကို ချွေးပေါက်ပွင့်စေနိုင်တာကြောင့်မိတ်ယားသက်သာစေမှာပါ။ မိတ်ဖုတွေပေါ်ကို လိုးရှင်းတွေလိမ်းတာက အကူအညီမဖြစ်စေတဲ့အပြင် ချွေးပေါက်တွေပိတ်စေလို့ ပိုဆိုးစေနိုင်ပါတယ်။ ကလေးကို ပိတ်လှောင်နေအောင် အထပ်ထပ်မဝတ်ပေးပါနဲ့၊ ပူအိုက်နေပုံရရင် အနွေးထည်တွေချွတ်ပေးပါ။ဆောင်းရာသီမှာဖြစ်တဲ့ အသားပပ်ခြင်းက အရေပြားခြောက်သွေ့၊နီရဲပြီး အရေခွံကွာတာဖြစ်ပြီး ကလေးငယ်တွေမှာဆို မျက်နှာနဲ့လက်တွေမှာဖြစ်တတ်ပါတယ်။ နှုတ်ခမ်းလေးတွေခြောက်သွေ့အက်ကွဲတာ၊ ပါးမှာ အသားပပ်တာတွေဖြစ်တတ်ပါတယ်။ ကလေးတွေက နှုတ်ခမ်းခြောက်တဲ့အခါ လျှာလေးထုတ်၊နှုတ်ခမ်းသပ်တတ်ကြတဲ့အခါ တံထွေးကနှုတ်ခမ်းပိုခြောက်စေပါတယ်။ ဒါ့ကြောင့် အစိုဓါတ်ထိန်းဖို့ အမွှေးနံ့မပါတဲ့hypoallergenic လိုးရှင်း၊ ခရင်မ်စတဲ့ အဆီတစ်ခုခုနဲ့ ကလေးရဲ့ပါးကို အစိုဓါတ်ထိန်းပေးနိုင်ပါတယ်။ နှုတ်ခမ်းလေးတွေကိုတော့ ကလေးတွေအတွက်ထုတ်တဲ့ lip balmလေးတွေဆိုးပေးပါ။ကလေးတွေရဲ့ လက်၊ခြေထောက်၊ ဦးရေပြား၊ နဖူးနဲ့ပါးတို့မှာ နှင်းခူ ဖြစ်လာတတ်ပါတယ်။ အသားခြောက်လွန်းပြီး ယားယံတဲ့ နှင်းခူဟာ ဓါတ်မတည့်ခြင်းလိုပဲ မိသားစုထဲမှာ မျိုးရိုး လိုက်တတ် ပါတယ်။ နှင်းခူက ဆောင်းတွင်းရဲ့ ခြောက်သွေ့တဲ့လေ သို့မဟုတ် နွေရာသီရဲ့အပူနဲ့ချွေးတို့ကြောင့် ပိုဆိုးတတ်ပါတယ်။ လိုးရှင်းတွေ၊ အဝတ်လျှော်ဆပ်ပြာတွေနဲ့ခေါင်းလျှော်ရည်တွေမှာပါတဲ့ အမွှေးနံ့နဲ့ဓါတုပစ္စည်းတွေအပြင်polyester အဝတ်အထည်တွေကလည်း အရေပြားကို ပိုထိခိုက်စေပါတယ်။ ကလေးကို တစ်နေ့နှစ်ကြိမ် ရေချိုးပေးတာ၊ ရေဖတ်တိုက်ပေးတာက အရေပြားကို ရေဓါတ်ပြည့်ဝစေပါလိမ့်မယ်။Cradle cap ဟာ ကလေးရဲ့ ဦးရေပြားက အဆီဂလင်းတွေမှာ အဆီတွေ များလာတဲ့အခါ ဖြစ်လာတဲ့ အရေပြားပြဿနာပါ။ အဆီတွေပြန်နေပြီး အဝါရောင်အဖတ်တွေကွာလာတတ်ပါတယ်။Cradle cap ကဘေးအန္တရာယ်မရှိသလို ကလေးအသက် ၆လ ကနေ ၈ လအတွင်းမှာ မဖြစ်တော့လောက်ပါဘူး။ ဒီကြားထဲမှာ ဦးရေပြားက အဖတ်တွေကို ဖယ်ရှားနိုင်ဖို့ ခေါင်းမလျှော်ခင် သံလွင်ဆီလေးနဲ့ပွတ်လိမ်းပေးပြီး ဘရက်ရှ်အနုလေးနဲ့အသာအယာဖြီးပေးပါ။အေးလို့ ကလေးကို အဝတ်တွေအထပ်ထပ်ဝတ်ပေးထားတယ်ဆိုရင်တောင်မှ ဒိုင်ပါကိုမကြာခဏစစ်ကြည့်ပေးပါ။ ကလေးရဲ့ပေါင်ကြားနဲ့တင်ပါး တဝိုက်ဟာ အစိုပြန်ခြင်း၊ ပူလောင်ခြင်း၊ ယားယံခြင်းစတဲ့အရေပြားပြဿနာတွေဖြစ်လွယ်တဲ့နေရာဖြစ်ပါတယ်။ ဒိုင်ပါက ဆီးနဲ့ဝမ်းကြောင့် စိုစွတ်၊ပေကျံနေတာ ကြာသွားရင် ၊ဒိုင်ပါဝတ်တာအရမ်းတင်းကျပ်နေရင်၊သို့မဟုတ် ပူလွန်း၊ချွေးထွက်များလွန်းရင်သေးခံလောင်တဲ့ဝေဒနာဖြစ်စေနိုင်ပါတယ်။ဆောင်းတွင်းမှာ ကလေးကိုအသားခြောက်စေတဲ့အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ လေပူ၊လေအေးတွေကြောင့်ဆိုတာထက်လေထုတစ်ခုလုံးကိုက ကလေးရဲ့အသားအရေကိုခြောက်သွေ့စေတာဖြစ်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/skin-diseases-in-children/infant-winter-skin-symptoms/
ကျန်းမာရေးထိခိုက်စေနိုင်တဲ့ စမတ်ဖုန်းကို ကျန်းမာရေးအတွက် အသုံးချကြမယ်
စမတ်ဖုန်းတွေဟာ ကျန်းမာရေးကို ထိခိုက်နိုင်စေတယ်၊ ကျန်းမာရေး ရှုထောင့်ကနေကြည့်ရင် လူတွေကို အကျိုးမပြုနိုင်စေဘူးလို့ မကြာခဏ ပြောဖြစ်ဆိုဖြစ်ကြတယ်။ဒါပေမယ့် စမတ်ဖုန်း အသုံးပြုမှုကိုတော့ ဘယ်သူမှ လျှော့ချသွားတာမျိုး မရှိကြပါဘူး။ ဆိုရှယ်မီဒီယာတွေ ပိုသုံးလာတယ်၊ အားကစားပွဲတွေ၊ Live လွှင့်တာတွေ၊ ဂိမ်းဆော့တာတွေ၊ ရုပ်ရှင်ကြည့်တာတွေ၊ အလုပ်အတွက် အသုံးချတာတွေ ပိုများလာတယ်။ကျန်းမာရေးထိခိုက်စေနိုင်တဲ့ စမတ်ဖုန်းကို လူတွေက မစွန့်လွှတ်နိုင်ကြဘူးဆိုတဲ့ သဘော။ ဒီလိုဆိုရင် ပြောင်းပြန်ပြန်စဉ်းစားကြရအောင်။ မစွန့်လွှတ်နိုင်မှတော့ ကျန်းမာရေးမထိခိုက်အောင်၊ ဒီထက်တဆင့်မြင့် တွေးရရင် ပိုကျန်းမာလာအောင် လုပ်ကြရင် မကောင်းဘူးလား။ဒီခေတ်မှာက ဘယ်နေရာသွားသွား စမတ်ဖုန်းတွေကတော့ ပါနေကြမှာပဲ။ ဒီလိုဆို ကိုယ့်လက်ထဲက စမတ်ဖုန်းကို ကျန်းမာရေး လိုက်စားဖို့ ပြန်အသုံးချကြမယ်။ ဘယ်လို အသုံးချကြမလဲဆိုရင် အောက်ပါ နည်းလမ်း ၃ သွယ်နဲ့ အသုံးချလို့ ရတယ်။လူတစ်ယောက် ကျန်းမာစေဖို့ အစားအစာတွေ မှီဝဲစားသောက်မှုပုံစံက အရေးအကြီးဆုံးအချက်ပါပဲ။ ကိုယ့်အနေနဲ့ ဘယ်လို အစားအစာကို ဘယ်လောက်စားပြီး ဘယ်လိုအာဟာရဓာတ်တွေ၊ ကယ်လိုရီတွေ၊ကာဘိုဟိုက်ဒရိတ်တွေ၊အဆီတွေ၊ လက်ခံရရှိထားလဲဆိုတာကို သိနားလည်ထားမယ်ဆိုရင် ကိုယ့်ကျန်းမာရေးကို အထောက်အကူပြုနိုင်တာပေါ့။ဒီလိုလုပ်ချင်တယ်ဆိုရင် စမတ်ဖုန်းတွေကနေတဆင့် လုပ်လို့ရပါတယ်။ ကိုယ့်ရဲ့ စားသောက်မှုပုံစံကို စမတ်ဖုန်းကိုအသုံးချပြီး ပြောင်းလဲနိုင်မယ်ဆိုရင် ကိုယ့်ရဲ့ကျန်းမာရေးဟာလည်း သိသိသာသာပြောင်းလဲလာမှာဖြစ်ပါတယ်။ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းဖို့လည်း စမတ်ဖုန်းတွေ အသုံးချလို့ရတယ်ဆိုရင် အံ့သြနေမလား။ တကယ်လုပ်လို့ရပါတယ်။ တစ်ချို့ Application တွေဟာ လေ့ကျင့်ခန်းလုပ်ဖို့ အထောက်အကူပြုပြီးတော့ ကိုယ်လေ့ကျင့်ခန်းလုပ်လိုက်တိုင်းမှာလည်း ဘယ်လိုအကျိုးတွေ ရလာတယ်ဆိုတာကိုလည်း ပြောပြနိုင်ကြပါတယ်။ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ကောင်းမွန်ပျော်ရွှင်စွာနေနိုင်ဖို့အတွက် စမတ်ဖုန်းတွေကို အသုံးချသင့်တယ်မဟုတ်လား။အထက်မှာဖော်ပြခဲ့တာတွေကတော့ စမတ်ဖုန်းတွေအသုံးချပြီး ကိုယ့်ကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်မယ့် နည်းလမ်းတွေဖြစ်ပါတယ်။တစ်ခုသတိထားရမှာက စဉ်ဆက်မပြတ် အသုံးချနိုင်ဖို့ကတော့ ကိုယ့်ရဲ့စိတ်နဲ့သာ တိုက်ရိုက်သက်ဆိုင်နေတယ်ဆိုတာပါပဲ။ လုပ်လိုက်မလုပ်လိုက်ဖြစ်နေရင်တော့ အကျိုးထူးဖို့ ခက်ပါလိမ့်မယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/the-healthy-approach-to-smartphone-use/
ဆီးချိုမရှိဘဲ သွေးတွင်းသကြားဓါတ်ကျဆင်းခြင်းဝေဒနာ
သကြားဓါတ်ကျတာက ဆီးချိုရှိတဲ့သူတွေမှာဖြစ်လေ့ရှိပေမယ့် ဆီးချိုမရှိသူတွေမှာလည်းဖြစ်တတ်ပါတယ်။ ဆီးချိုမရှိသူတွေမှာဖြစ်တတ်တဲ့hypoglycemia ကနှစ်မျိုးရှိပါတယ်။သွေးတွင်းသကြားဓါတ်ကျတာက နှစ်မျိုးကွဲပြားသလိုပဲ အကြောင်းရင်းကလည်းမတူကြပါဘူး။Reactive hypoglycemia ကသွေးတွင်းမှာ အင်ဆူလင်ပမာဏများနေရာကနေဖြစ်လာတတ်ပါတယ်။ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းတွေက –။Fasting hypoglycemia ကတော့ –။လက္ခဏာတွေကတော့ ကိုယ့်ရဲ့သွေးတွင်းသကြားဓါတ်က ဘယ်လောက်ကျဆင်းသလဲဆိုတာကို မူတည်ပြီး ကွဲပြားတတ်ပါတယ်။ ဖြစ်လေ့ရှိတာကတော့ –။အခြေအနေပိုဆိုးလာရင်တော့။ဒီလိုဖြစ်လာရင် ချက်ချင်းပဲ ကာဗိုဟိုက်ဒရိတ်တစ်ခုခုစားလိုက်၊သောက်လိုက်ပြီးမှသွေးတွင်းသကြားဓါတ်ပြန်တက်အောင်လုပ်ရပါမယ်။ အချိုရည်၊ သကြားလုံး တို့လည်းဆောင်ထားသင့်တယ်။ ပုံမှန်အားဖြင့်တော့ ဒီလောက်နဲ့သက်သာသွားတတ်ကြပါတယ်။နောက် ၁၅ မိနစ်လောက်နေရင်သွေးတွင်းသကြားဓါတ်ကိုပြန်စစ်ကြည့်ပြီး ကျနေတုန်းပဲဆိုရင် ဆက်ကြိုးစားပြီး ၁၅ မိနစ်အကြာ ထပ်စစ်ပါ။ မသက်သာရင် ဒါမှမဟုတ် သကြားဓါတ်ပြန်တက်မလာခဲ့ရင်ဆေးခန်းအမြန်ပြပါ။သကြားဓါတ်ကျဆင်းမှုဆိုးရွားတဲ့ လက္ခဏာတွေဖြစ်တဲ့ မူးလဲတာ၊ တက်တာ၊ အာရုံထွေပြားတာတွေဖြစ်လာရင် ချက်ချင်း ဆေးကုသမှုခံယူသင့်ပါတယ်။ လိုအပ်လာရင် ဆရာဝန်ကဆေးထိုးသင့်ထိုးပေးပါလိမ့်မယ်။ရေရှည်အတွက်ဆိုရင်တော့ပြောင်းလဲမှုတစ်ခုခုလုပ်သင့်ပါတယ်။ ဥပမာဆေးကြောင့်ဖြစ်တယ်ဆိုဆေးပြောင်းသောက်ရပါမယ်၊ အကျိတ်ကြောင့်ဆို ခွဲစိတ်ကုသရမယ်၊ စတာတွေပေါ့။အစားအသောက်၊အနေအထိုင်ပြောင်းလဲဖို့လိုအပ်ကြောင်း ဆရာဝန်ကအကြံပေးပါလိမ့်မယ်။ အခြေခံအားဖြင့်တော့ စားသောက်ပုံအပြောင်းအလဲနဲ့ပတ်သက်လို့ ဒီအချက်လေးတွေ သိထားသင့်ပါတယ်။သွေးတွင်းသကြားဓါတ်ကို ပုံမှန်ထိန်းထားနိုင်ဖို့ကတော့ ဒီအပြောင်းအလဲလေးတွေ လုပ်သင့်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%99%e1%80%9b%e1%80%be%e1%80%ad%e1%80%98%e1%80%b2-%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8/
အိပ်ချိန်ကြီးမှာ အစာအိမ်ထထအောင့်နေလို့ စိတ်ညစ်နေပြီလား။
အိပ်ချိန်ကြီးမှာ အစာအိမ်ထထအောင့်နေလို့ စိတ်ညစ်နေပြီလား။ ပြောမယ့်သာ ပြောရတာ အရမ်းကြီးပြင်းထန်တဲ့ ရောဂါတစ်ခု မဟုတ်ပေမယ့် ပျော့ပျော့လေးနဲ့ ကာလရှည်ကြာ လူတွေကို ဒုက္ခပေးတဲ့ ပြဿနာတွေထဲမှာအစာအိမ် ပြဿနာက ထိပ်ဆုံးကပါ။အစာအိမ်ရောင်တာ၊ အစာအိမ်အောင့်တာနဲ့ အစာအိမ်အနာဖြစ်တာ စတာတွေပေါ့။ ဒါ့ထက်ပိုဆိုးတာက အစာအိမ်ပြဿနာတွေက အချိန်ကောင်းတွေဖြစ်တဲ့ အိပ်ခါနီး အချိန်မှာ ထအောင့်တာနဲ့၊ မနက်အိပ်ရာနိုးတဲ့အချိန် ဗိုက်အောင့်လို့ မထချင်ပေမယ့် အစားတွေထစားလိုက်ရတဲ့အချိန်တွေက တကယ်ကို ကသိကအောက် ဖြစ်ချင်စရာပါပဲ။ ဗိုက်လေးများတစ်ခါလောက် အဆာမခံလိုက်နဲ့။အစာအိမ်ြဿနာပြန်ကိုဖြစ်တော့တာပါပဲ။ဒီတော့ ညဘက်ကြီးကိုယ်က အိပ်ချင်နေပြီ အစာအိမ်ကအောင့်နေလို့၊ ဗိုက်ကဆာဆာ နာနာကြီးဖြစ်နေလို့ စိတ်ညစ်နေသူအားလုံး ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ် ။အိပ်ချိန်ကြီးမှာ အစာအိမ်ထထအောင့်နေလို့ စိတ်ညစ်နေပြီလား။ ညညအစာအိမ်အောင့်ပြီးအိပ်လို့မရဖြစ်နေရင် ဒါလေးတွေ တစ်ချက်သတိထားစေချင်ပါတယ် ။အစာအိမ်အောင့်တဲ့ပြဿနာကို အဓိကဖြစ်စေတာ ကိုယ့်စားလိုက်တဲ့အစားအစာတွေပါ။ နောက်ပြီး စားတဲ့အချိန်ကလည်း အရေးကြီးပါသေးတယ်။ ဘယ်အစားအစာကိုမဆို အိပ်ရာဝင်ခါနီး ၁နာရီ ၂နာရီလောက်ခွာပြီး စားတာ အကောင်းဆုံးပါ။ မစားသင့်တဲ့ အစားအစာတွေကတော့။ဒါတွေကတော့ အစာအိမ်အောင့်ခြင်းကို ပိုဆိုးစေတဲ့ အစားအစာတွေနဲ့ အမူအကျင့်တွေပါ။ ညဘက်အစာအိမ်အောင့်လို အိပ်မရတဲ့အခါမျိုးတွေဆို ကိုယ်ဒါတွေ မလုပ်မိဖို့ သတိထားပြီးရှောင်ဖို့လိုပါတယ်။အစာအိမ်အောင့်တာကို သက်သာစေဖို့အတွက် ရှောင်သင့်တာတွေကို သိထားရုံနဲ့ မပြီးသေးပါဘူး။ ဖြစ်နေတဲ့ ဝေဒနာ သက်သာစေဖို့ ကောင်းကောင်းအိပ်ပျော်စေဖို့ လုပ်လို့ရတဲ့ နည်းတွေရှိပါတယ်။လှဲအိပ်ရတာဆိုတော့ အစာအိမ်မှာ ထွက်နေတဲ့ အက်ဆစ်တွေ လည်ချောင်းနဲ့အစာရေမျိုပြွန်ထဲကို ရောက်လာတတ်ပါတယ် ။ အဲဒီအချိန်မှာ ရင်ပူတယ်ဆိုတဲ့ ခံစားချက် စရတာပါပဲ ။ ဒီလို ညညလှဲအိပ်တဲ့အခါ ဖြစ်တဲ့ရင်ပူခြင်းကို သက်သာစေချင်တယ်ဆိုရင်တော့။ဒါတွေကတော့ အိပ်ခါနီးအစာအိမ်အောင့်လို့ စိတ်ညစ်နေသူတိုင်း သိထားသင့်တဲ့အချက်တွေပါ။ ဒါလေးတွေ ဖတ်ထားတော့မှ ရှောင်ရဆောင်ရမှာတွေ သိသွားလို့ ညည အစာအိမ်အောင့်လို့ အိပ်ရေးပျက်တဲ့ဝေဒနာတွေ ကင်းဝေးသွားစေမှာနော် ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/gastritis-digestive-health/stomach-pain/
ဆိုဒီယမ်နိုက်ထရိတ်ဟာ ကျန်းမာရေးကို ထိခိုက်စေသလား
ယနေ့အခါမှာ လူသားတို့အနေနဲ့ တနေ့တာအချိန်ရှားပါးလာပြီး အစားအစာများကိုလတ်လတ်ဆတ်ဆတ်ပြင်ဆင်ချက်ပြုတ်နိုင်တာ နည်းလာပါတယ်။ အသင့်စားစရာတွေ၊ ရေရှည်ခံအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့စားစရာတွေလူသုံးများလာပြီး တာရှည်ခံဖို့ထည့်သွင်းတဲ့ ဆေးဝါးများလည်း သုံးစွဲလာကြပါတယ်။အစားအစာများကို ပြင်ဆင်ထုတ်ပိုးရာမှာ တာရှည်ခံဖို့အတွက် ဆိုဒီယမ်နိုက်ထရိတ်ကို အသုံးပြုကြပါတယ်။ ဆိုဒီယမ်နိုက်ထရိတ်ဟာ ဆားတမျိုးဖြစ်ပြီး ဝက်ပေါင်ခြောက်၊ အမဲခြောက်၊ ဝက်အူချောင်း၊ ငါးကြပ်တိုက် စတဲ့ အစားအစာတွေကို ပြုလုပ်ရာမှာတာရှည်ခံအောင်ထည့်သွင်းပါတယ်။ ထူးခြားတဲ့ အနံ့အရသာတမျိုးရှိပြီး ပိုးမွှားများကိုသေစေတဲ့ သတ္တိရှိပါတယ်။ဆိုဒီယမ်နိုက်ထရိတ်ကို အပင်များနဲ့သောက်သုံးရေတချို့မှာ တွေ့နိုင်ပါတယ်။ နိုက်ထရိုဂျင်ဓာတ်ဟာ မြေလွှာထဲမှာ ဆိုဒီယမ်နိုင်ထရိတ်အနေနဲ့ ပြောင်းလဲပြီး အပင်တွေ ကြီးထွားစေဖို့ အထောက်အကူ ပြုပါတယ်။ အပင်များဟာ ဆိုဒီယမ်နိုက်ထရိတ်ကို မြေကြီးထဲကနေ စုပ်ယူပါတယ်။ဆိုဒီယမ်နိုက်ထရိတ်များတဲ့ အသီးအရွက်တွေကတော့ ဟင်းနုနွယ်၊ မုန်လာဥ၊ တရုတ်နံနံ၊ မုန်လာဥနီ၊ ဂေါ်ဖီထုပ် စတာတွေပဲ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တခုအရ လူတယောက်ရဲ့ အစားအစာထဲမှာပါဝင်တဲ့ ဆိုဒီယမ်နိုက်ထရိတ်ပမာဏရဲ့ ၈၀%ဟာ ဟင်းသီးဟင်းရွက်တွေကနေလာတယ်လို့ ဆိုပါတယ်။တကယ်တော့ နိုက်ထရိတ်ဟာ ပုံမှန် အစားအသောက်တွေမှာ တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ပမာဏများလာရင်တော့ ကျန်းမာရေးပြဿနာ (ဥပမာ အူမကြီးကင်ဆာ) ဖြစ်နိုင်ပါတယ်။ သွေးကင်ဆာ၊ ပြန်ရေကြောကင်ဆာ၊ နှလုံးရောဂါ စတာတွေအပြင် သားဥအိမ်၊ အစာအိမ်၊ အစာရေမျို၊ ပန်ခရိယ၊ သိုင်းရွိုက် စတာတွေမှာ ကင်ဆာဖြစ်ပွားခြင်းဟာ ဆိုဒီယမ်နိုက်ထရိတ်ပမာဏ အများအပြား စားသုံးမိခြင်းနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။အဆိုပါရောဂါတွေနဲ့ ဆက်စပ်နေတဲ့ နိုကထရိတ်ပမာဏကို သဘာဝအစားအစာတွေကနေ ရနိုင်ဖို့ ခဲယဉ်းပါတယ်။ သဘာဝအလျောက် နိုက်ထရိတ်ပါဝင်တဲ့ အစားအစာတွေမှာလည်း ဗီတာမင်စီလိုမျိုးဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေလို့ ရောဂါတွေဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်။အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ကာကွယ်ရေးဌာနရဲ့ အဆိုအရ တနေ့တာ ဆိုဒီယမ်နိုက်ထရိတ်စားသုံးတဲ့ ပမာဏဟာ ကိုယ်အလေးချိန် တစ်ကီလိုဂရမ်မှာ ၃.၇ မီလီဂရမ် မကျော်သင့်ပါဘူး။ ဥပမာ ကိုယ်အလေးချိန် ၁၅၀ ပေါင်ရှိတဲ့ လူတဦးဟာ တနေ့တာမှာ ဆိုဒီယမ်နိုက်ထရိတ်ကို ဝ.၂၅ ဂရမ်ထက်ကျော်ပြီး မစားသင့်ဘူးလို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အစားအသောက်တွေမှာ ပါဝင်တဲ့ ဆိုဒီယမ်နိုက်ထရိတ်ပမာဏကို တိကျစွာ တွက်ချက်နိုင်ဖို့ ခဲယဉ်းပါတယ်။နိုက်ထရိတ်အဆိပ်သင့်ခြင်းဟာ ဆိုးရွားတဲ့ ပြဿနာတခုဖြစ်ပြီး ကလေးငယ်တွေမှာ methemoglobinemia လို့ခေါ်တဲ့ သွေးရောဂါကို ဖြစ်ပွားစေပါတယ်။ မသန့်ရှင်းတဲ့ရေတွင်းရေကန်တွေကရေကို ကလေးငယ်များအတွက် သုံးစွဲမိရာကနေ ဖြစ်ပွားပါတယ်။ဆိုဒီယမ်နိုက်ထရိတ်ဟာ သွေးကြောတွေကို ထိခိုက်ပျက်စီးနိုင်ခြေ ရှိပါတယ်။ သွေးကြောတွေ မာပြီး ကျဉ်းလာနိုင်ပါတယ်။ အဲဒါကြောင့် နှလုံးရောဂါဖြစ်လာနိုင်ခြေ ရှိပါတယ်။ ဒါ့အပြင် နိုက်ထရိတ်ဟာ သင့်ကိုယ်ခန္ဓာကနေ သကြားကို အသုံးချပုံအပေါ် သက်ရောက်မှု ဖြစ်စေလို့ ဆီးချိုရောဂါဖြစ်လာနိုင်ခြေ ရှိပါတယ်။တကယ်တော့ ဆိုဒီယမ်နိုက်ထရိတ်ဟာ ဘယ်အစားအစာမှာမဆို သဘာဝအတိုင်းပါဝင်တဲ့ ပစ္စည်းဖြစ်ပါတယ်။ ပမာဏအများအပြား သုံးစွဲမိမှသာ ဘေးဥပါဒ်ဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။ဒါ့အပြင်ဆေးဝါးများမှာလည်း ပါဝင်သုံးစွဲထားတာ ရှိပါတယ်။ ဥပမာ အင်အော်ဂဲနစ်နိုက်ထရိတ်ပါဝင်တဲ့ဓာတ်စာတွေဟာ သွေးတိုးကျစေတယ်လို့ ဆိုပါတယ်။ဆိုဒီယမ်နိုက်ထရိတ်ပမာဏ များများစားသုံးမိခြင်းကို ရှောင်ရှားနိုင်ဖို့အတွက် ပြုပြင်ထားတဲ့အသားတွေကို စားသုံးမှု လျှော့ချရပါလိမ့်မယ်။ သွေးပေါင်ချိန်မြင့်တက်နိုင်ခြေကိုပါ ရှောင်ရှားပြီးသား ဖြစ်သွားပါလိမ့်မယ်။ အသားငါးတွေကို တတ်နိုင်သလောက် လတ်လတ်ဆတ်ဆတ် ပြင်ဆင်စားသုံးသင့်ပါတယ်။အော်ဂဲနစ်သီးနှံများကို ရွေးချယ်စားသုံးခြင်းဟာ နိုက်ထရိတ်အများအပြား စားသုံးမိနိုင်ခြေကို ကာကွယ်ပေးပါတယ်။အော်ဂဲနစ်သီးနှံများဟာ ဓာတ်မြေသြဇာမသုံးဘဲ စိုက်ပျိုးထားတာကြောင့် ဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/is-sodium-nitrate-bad-for-you/
အသည်းအင်ဇိုင်း တက်တာ ဘာကြောင့်လဲ
သင့်အနေနဲ့ ပုံမှန် ကျန်းမာရေး စစ်ဆေးရင်ပဲ ဖြစ်ဖြစ်၊ ရောဂါလက္ခဏာ တစ်ခုခု ခံစားရလို့ အသည်းကြောင့်လို့ ယူဆလို့ ဆရာဝန်က ဆေးစစ်ခိုင်းရင်ဖြစ်ဖြစ်liver function test(LFT) ဆိုတာလေးကို မြင်ဖူးမှာပါ။ ဒီထဲမှာအသည်းအင်ဇိုင်း စစ်ဆေးတာလည်း ပါပါတယ်။ ဒီအသည်းအင်ဇိုင်းတွေက ဘာကိုပြောချင်တာလဲ။ အသည်းအင်ဇိုင်းတက်တိုင်း စိုးရိမ်စရာလား။အင်ဇိုင်းဆိုတာ ပရိုတင်း တစ်မျိုးပါပဲ။ ခန္ဓာကိုယ်ထဲက ဇီဝရုပ်ဖြစ်စဉ်တွေကို ကူညီပေးတဲ့ ပရိုတင်းလေးတွေပါ။ အသည်းအတွက်ဆိုရင် အသည်းအင်ဇိုင်းတွေကသည်းခြေရည်ကို ထုတ်ပေးတာ၊ သွေးတိတ်စေတဲ့ ပစ္စည်းတွေ ထုတ်ပေးတာ၊ စားလိုက်တဲ့ အစားအစာတွေကို ခြေဖျက်ပေးတာ၊ ဆေးဝါးတွေ၊ အဆိပ်အတောက်တွေကို သန့်စင်ပေးတာ၊ ရောဂါပိုးတွေကို တိုက်ထုတ်ပေးတာ၊ ပရိုတင်းတွေ ထုတ်ပေးတာ စတဲ့ အလုပ်တွေကို ကူညီပေးပါတယ်။စစ်လေ့ရှိတဲ့ အသည်းအင်ဇိုင်းတွေကတော့။အသည်းမှာ ပြဿနာ တစ်ခုခု ဖြစ်တဲ့အခါ ဒီအင်ဇိုင်းတွေ (အထူးသဖြင့် ALT နဲ့ AST) က သွေးထဲကို ရောက်လာပါတယ်။ ဒါကြောင့် သွေးစစ်ကြည့်တာပါ။အသည်းရောဂါအပါအဝင် တခြားရောဂါတွေ၊ ဆေးဝါးတွေ၊ ရောဂါပိုးတွေက အသည်းအင်ဇိုင်းကို တက်စေပါတယ်။ အတွေ့ရအများဆုံးကတော့။တခြားအကြောင်းရင်းတွေကတော့။အများစုက ဘာလက္ခဏာမှ မခံစားရပါဘူး။ အများစုက နေထိုင်မကောင်းဖြစ်လို့ ဆေးစစ်ရင်းနဲ့မှ အသည်းအင်ဇိုင်းတက်မှန်း သိကြတာပါ။ အသည်းထိလို့ အင်ဇိုင်းတက်တယ်ဆိုရင်တော့။၃ပုံ ၁ပုံလောက်ကတော့ ၂ပတ်ကနေ ၄ပတ်လောက်နေရင် ပုံမှန်ပြန်ဖြစ်သွားနိုင်ပါတယ်။ ဆက်တက်နေရင် ဒါမှမဟုတ် တခြားရောဂါတစ်ခုခုကြောင့်လို့ ယူဆရင် လိုအပ်တဲ့ ဆေးစစ်ချက်တွေကို ဆက်လုပ်ရမှာပါ။ လိုအပ်ရင် အသည်းအထူးကုနဲ့ ပြရပါမယ်။အထူးသဖြင့် ဆေးဝါးတွေ၊ အားဆေးတွေ၊ သစ်ဥသစ်ဖုတွေကြောင့် ဆိုရင် ဒါတွေကို ရပ်လိုက်ရင် ပြန်သက်သာလာနိုင်ပါတယ်။  ရောဂါကြောင့်ဆိုရင်တော့ ရောဂါပေါ် မူတည်ပြီး ကုသမှုတွေ ဆက်လုပ်သွားရမှာပါ။အသည်းအင်ဇိုင်း မတက်အောင် ဘာတွေ လိုက်နာရမလဲ။အသည်းအင်ဇိုင်း မတက်အောင် လုံးဝကာကွယ်လို့တော့ မရနိုင်ပါဘူး။ ဒါပေမယ့် အောက်ပါ အချက်တွေကို လိုက်နာရင် ဖြစ်နိုင်ခြေ လျော့ကျသွားမှာပါ။အသည်းအင်ဇိုင်းတက်တာက လက္ခဏာ သက်သက်ပဲ ဖြစ်ပါတယ်။ အင်ဇိုင်းတက်တာကိုပဲ သီးသန့် မကုပါဘူး။ ဖြစ်စေတဲ့ အကြောင်းရင်းကို ရှာပြီး ကုသမှသာ လူနာသက်သာလာမှာပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/causes-of-increased-liver-enzymes/
မတ်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ
မတ်လဆိုတာက နှစ်တစ်နှစ်ရဲ့ တတိယမြောက် လပါ။နွေဦးရာသီလေးပေါ့။ ရာသီ အကူးအပြောင်းမှာ မွေးတဲ့ ဘေဘီလေးတွေပေါ့။ ဒီလို အကူးအပြောင်းလလေး ဖြစ်တဲ့ မတ်လမှာ မွေးဖွားထားတဲ့ဘေဘီလေးကဘာတွေများ ထူးခြားနေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။မတ်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ကတော့။လူတိုင်းရဲ့ စိတ်ကို ဖတ်နိုင်ကြသလို အရာရာကို အလိုလို သိစိတ် ရှိနေကြသူလေးတွေပါ။ မတ်လဖွားဘေဘီလေးတွေက ဉာဏ်ကောင်းကြပါတယ်။ သူတို့လေးတွေကို အခြားသူတွေက အရူးလုပ်ခံရမှာကို မပူရပါဘူး။မတ်လဖွား ဘေဘီလေးတွေက အရမ်းကိုသနားကြင်နာတတ်ကြသူတွေပါ။ သူငယ်ချင်းတွေမိသားစုဝင်တွေအပေါ် အရမ်းကြင်နာတတ်ကြသူတွေပါ။ အခြားသူတွေကို ပေးဝေလှူဒါန်း တတ်ကြသလို မိတ်ဆွေ သူငယ်ချင်းတိုင်းရဲ့ အသေးအမွှားတွေ အတွက်လည်း အချိန်ပေး ဖြေရှင်းတတ်ကြသူလေးတွေပါ။[embed-health-tool-vaccination-tool]။နွေဦးကာလ နေခြည်နုနုမှာ မွေးဖွားတဲ့ဘေဘီလေးတွေကဗီတာမင် Dလုံလောက်စွာ ရရှိမှုကြောင့် အကောင်းမြင်တတ်ကြပါတယ်။ အခြေအနေတွေ ဘယ်လောက် ဆိုးဆိုး အကောင်းဆုံး ကိုင်တွယ် ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရအောင် ရှာတတ်ကြသလို အရာရာကို အကောင်းမြင်ရင်း အလွယ်တကူစိတ်ဓာတ် မကျတတ်ကြသူလေးတွေပါ။မတ်လမှာ မွေးဖွားတဲ့ ဘေ​ဘီလေးတွေကစိတ်ကူးဉာဏ်ရင့်သန်ကြသလို တီထွင်ဖန်တီးမှုစွမ်းအားလည်း ကောင်းကြပါတယ်။ ကလေးက ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း မြင့်သလို ပဟေဠိတွေကို ဖြေရှင်းနိုင်စွမ်းလည်း ကောင်းကြပါတယ်။ ဖေဖော်ဝါရီဖွားလေးတွေက အနာဂတ်မှာတီထွင်ဖန်တီးဉာဏ်ကောင်းလွန်းတဲ့သူလေးတွေ ဖြစ်လာကြမှာပါ။ အနုပညာမှာ ဝါသနာထုံကြသူတွေဖြစ်သလို ဂီတ၊ အက၊ ပန်းချီစတာတွေမှာလည်း ထူးချွန်ကြပါတယ်။။မတ်လဖွားလေးတွေက ယုံကြည်ရတဲ့သူလေးတွေပါ။ အခြားသူတွေရဲ့ အကြောင်းအရာတွေကို နှုတ်လုံစောင့်စည်းတတ်ကြသလို သူငယ်ချင်းတွေအပေါ်မှာ သစ္စာစောင့်သိကြသူလေးတွေပါ။ အပျက်သဘော မတွေးတတ်ကြသလို အဆိုးမြင်တတ်သူတွေ၊ သစ္စာမဲ့သူတွေနဲ့ အပေါင်းအသင်း မလုပ်တတ်ကြသူတွေပေါ့။မတ်လဖွား ဘေဘီလေးတွေက တစ်ကိုယ်တည်း အချိန်ဖြုန်းရတာကို နှစ်သက်ကြသလို ကိုယ့်အတွေးတွေထဲမှာ နစ်မြောနေတတ်ကြသူတွေပါ။ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာမှာ အချိန်ဖြုန်းတတ်ကြပါတယ်။ ဒါကလည်း သူတို့လေးတွေရဲ့တီထွင်ဖန်တီးနိုင်စွမ်းကို ထောက်ကူပေးနေတာပေါ့။မတ်လဖွားလေးတွေက ညဘက်တွေမှာ စောစော အိပ်ရာဝင်တတ်ကြသလိုမနက်ခင်းမှာ စောစောလေး ထပြီး လုပ်စရာရှိသူတွေကို ကြိုတင်ပြင်ဆင်လို့ ဝီရိယကောင်းတတ်ကြသူတွေလို့ ဆိုရပါမယ်။ သူတို့လေးတွေရဲ့ ဒီအချက်ကြောင့်ပဲ သူတို့က အောင်မြင်သူတွေအဖြစ် ရပ်တည်နိုင်နေကြတာပေါ့။မတ်လမှာ မွေးဖွားကြတဲ့ ဘေဘီလေးတွေမှာ အခုလို ကောင်းမွန်တဲ့ကိုယ်ရည်ကိုယ်သွေးလေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ အကောင်းဆုံး ဖြစ်လာအောင် ပျိုးထောင်ပေးဖို့ကတော့ မေမေဖေဖေတို့မှာ တာဝန်ရှိတာပေါ့နော်။ ကလေးတွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးတာက ကလေးကို ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးလိုက်တာပါပဲနော်။[embed-health-tool-child-growth-chart]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/interesting-facts-about-march-born-babies/
Gym ကနေကူးစက်နိုင်တဲ့ ရောဂါတွေကဘာတွေများလဲ
ခန္ဓာကိုယ်ကျန်းမာပြီး ကျစ်လျစ်သွယ်လျအောင်ဆိုပြီးGymဆော့တော့မယ်လို့ စိတ်ဆုံးဖြတ်ပြီးပြီပေါ့။ Gymဆော့တာက ခန္ဓာကိုယ်ကျန်းမာဖို့ အထောက်အကူပြုနိုင်တယ်ဆိုပေမယ့် လူပေါင်းစုံလေ့ကျင့်ခန်းလုပ်နေတဲ့ Gym ခန်းမကြီးကရောဂါပိုးကင်းဖို့ သိပ်တော့မလွယ်လှဘူးနော်။ဒီလိုကနေ ကိုယ်တိုင်မှာရောဂါပိုးတွေ ကူးစက်လာတာမျိုးဖြစ်နိုင်ပါတယ်နော်။ ဒီတော့ Gymဆော့တော့မယ်ဆိုရင် သတိထားနိုင်စေဖို့ Gym ကနေ ကူးစက်နိုင်တဲ့ရောဂါတွေအကြောင်း နည်းနည်းလောက်ပြောပြပေးပါရစေနော်။Gymဆော့ပြီဆိုရင်ချွေးထွက်မယ်ဆိုတာ ပြောနေစရာမလိုပါဘူး။ ဒီတော့ချွေးကနေတဆင့် ကူးစက်တဲ့ရောဂါတွေ ကူးစက်ခံရမယ်ဆိုတာ ထွေထွေထူးထူးတောင်ပြောနေဖို့ မလိုအောင်ပါပဲနော်။ နေရာတိုင်းမှာ ချွေးတွေပေနေနိုင်သလိုမှိုပိုးတွေ၊ဘက်တီးရီးယားတွေရှိနိုင်နေနိုင်ပါတယ်။ ဒီပိုးတွေက အရေပြားကနေတဆင့်၊ချွေးကနေတဆင့် ကူးစက်ပြီးရောဂါပိုးတွေကူးစက်ခံရနိုင်ပါတယ်။အရေပြားရောဂါဖြစ်စေနိုင်တယ်။Gym ကမှောင်မိုက် စိုထိုင်းတဲ့နေရာတွေဖြစ်တဲ့ ရေချိုးခန်း၊ အဝတ်လဲခန်းတွေမှာ အရေပြားပြဿနာကို ဖြစ်စေနိုင်တဲ့ရောဂါပိုးတွေရှိနေနိုင်ပါတယ်။ ဒီရောဂါပိုးတွေက အဝတ်နဲ့ ချွေးသုတ်တဲ့ တဘက်တို့မှာ ကပ်ညှိပြီး အရေပြားပြဿနာခံစားရနိုင်ပါတယ်။ပွေး။ကူးစက်တတ်တဲ့ အရေပြားပြဿနာတစ်ခုပေါ့။ တစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်တတ်သလို အသုံးအဆောင်တွေကနေတဆင့်လည်း ကူးစက်ခံရနိုင်ပါတယ်။ လူတိုင်းမှာ အရေပြားပြဿနာရှိလားဆိုတာကို မစစ်ဆေးနိုင်တာကြောင့် သတိထားဖို့တော့ လိုမှာပါ။သဲဝဲ။ခြေထောက်မှာ အများဆုံးဖြစ်တတ်ကြတာပါ။ မှောင်မိုက်စိုထိုင်းနေတဲ့နေရာတွေမှာ ရှင်သန်ပေါက်ဖွားတဲ့ မှိုပိုးတွေကြောင့် အဖြစ်များပါတယ်။ ဒီပြဿနာကို အဖြစ်နိုင်စေဆုံး အရင်းအမြစ်ကချွေးစိုပြီး စိုထိုင်းနေတဲ့ အားကစားလုပ်တဲ့အခါ စီးတဲ့ဖိနပ်တွေပါ။ခြေသည်းမှိုပိုးဝင်ခြင်း။ခြေသည်းတွေမှာဖြစ်တဲ့ မှိုပိုးတစ်မျိုးပါ။ လူတစ်ဦးဆီကနေ တစ်ဦးဆီကို ကူးစက်ခံရနိုင်ပါတယ်။ အသုံးအဆောင်တွေ အတူသုံးစွဲတာကြောင့်လည်းခြေသည်းမှိုပိုးကူးစက်ခံရနိုင်ပါတယ်။ပေါင်ခြံမှိုစွဲခြင်း။ပေါင်ခြံနေရာမှာဖြစ်တတ်တဲ့ အရေပြားပြဿနာတစ်ခုပါ။ချွေးကြောင့်ဖြစ်နိုင်သလို အသားချင်းထိတာကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ စိုစွတ်တဲ့အနေအထားမှာ ပေါက်ဖွားလာတဲ့ မှိုတွေကြောင့်ဖြစ်ရတဲ့ အရေပြားပြဿနာတစ်ခုပါ။ ချွေးစိုပြီး ညစ်ပေနေတဲ့ အားကစားပစ္စည်းတွေ၊ အခင်း၊ တဘက်နဲ့ အခြားသောအသုံးအဆောင်တွေမှာရှိနေနိုင်ပါတယ်။အရေပြားခြောက်သွေ့ပြီးအဖတ်လေးတွေလန်နေတာမျိုးပါ။ညှင်း။အသားချင်းထိတွေ့တာ၊ ချွေးကနေတဆင့်ကူးတာ၊ အသုံးအဆောင်တွေ အတူတူသုံးမိတာကြောင့် ကူးစက်ခံရနိုင်ပါတယ်။ အရေပြားကို ယားယံစေသလို မသက်မသာဖြစ်စေနိုင်တဲ့ အခြေအနေပါ။ကြွက်နို့။အသုံးအဆောင်တွေ အတူတူသုံးမိတာ၊ အသားချင်းထိမိတာတွေကနေတဆင့် ကြွက်နို့ ကူးစက်ခံရနိုင်ပါတယ်။အအေးမိ၊တုပ်ကွေး။ရောဂါပိုးရှိသူနှာချေချောင်းဆိုးတာကနေတဆင့် ကူးစက်ခံရနိုင်ပါတယ်။ အားကစားခန်းမတွင်းမှာ ရောဂါပိုးပျံ့နှံ့နေမယ်ဆိုရင် အလွယ်တကူအအေးမိ၊ တုပ်ကွေးဖြစ်နိုင်ပါတယ်။အနာစက်။အနာစက်ဆိုတာက ကူးစက်လွယ်တဲ့ အရေပြားကူးစက်ရောဂါပါ။ အရေပြားမှာ နာကျင်တဲ့အနာတွေကို ဖြစ်စေနိုင်ပါတယ်။အနာရှိနေသူနဲ့ အရေပြားချင်းထိတွေ့မိတာ၊ ချွေးနဲ့ထိတွေ့မိတာ၊ အသုံးအဆောင်တွေ အတူတူသုံးမိတာကြောင့် ကူးစက်ခံရနိုင်ပါတယ်။ဒါတွေတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ဖြစ်နိုင်ခြေနည်းပေမယ့်အသည်းရောင် အသားဝါရောဂါပိုးတွေလိုမျိုး ချွေးကနေတဆင့် ကူးစက်တဲ့ရောဂါတွေကိုလည်း ကူးစက်ခံရနိုင်သလိုတီဘီလိုမျိုးလေထဲကနေတဆင့် ကူးစက်တဲ့ရောဂါမျိုးတွေလည်း ကူးစက်ခံရနိုင်ပါသေးတယ်။ဒီတော့ Gym မှာ အားကစားလုပ်သူတွေအနေနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကိုလည်း စနစ်တကျလိုက်နာပေးကြပါလို့ တိုက်တွန်းလိုက်ချင်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/gym-%e1%80%80-%e1%80%80%e1%80%b0%e1%80%b8%e1%80%85%e1%80%80%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%90/
စိတ်ဓါတ်ခွန်အားမြင့်တက်စေသော နည်းလမ်းများ
စိတ်ခံစားမှုဆိုင်ရာ ကျန်းမာရေးဟာ ဘဝပေါ်မှာ အကျိုးသက်ရောက်မှု ရှိပါတယ်။ လူတွေဟာ စိတ်ခံစားမှုပိုင်းဆိုင်ရာ ကျန်းမာနေတယ်၊ ကျေနပ်ဖွယ်ကောင်းနေတယ်ဆိုရင် ကောင်းမွန်စွာအလုပ်လုပ်နိုင်ပြီး လုပ်ဆောင်ရည်လည်း ပိုမိုကောင်းမွန်နိုင်ပါတယ်။ ဒီလိုပဲ ဘဝရဲ့ အခြားအစိတ်အပိုင်းတွေကို ခံစားချက်တွေက လွှမ်းမိုးနိုင်ပါတယ်။ ဒါကြောင့် သင့်ခံစားမှုတွေကို ကောင်းမွန်စေဖို့ အကျင့်ကောင်းတွေ လိုအပ်ပါတယ်။ဘယ်သူကမှ တစ်ယောက်တည်းနေဖို့ မထိုက်တန်ပါဘူး။ သူငယ်ချင်းတွေရှိခြင်းဟာ ဘဝကို ပိုမို ရှင်သန်စေပါတယ်။ သိသာထင်ရှားစွာပဲ သူငယ်ချင်းတွေ အများကြီးရှိသူတွေဟာ ပျော်ရွှင်ကြပါတယ်။ ဒါပေမယ့် သူငယ်ချင်းကောင်းတွေ ရှိသူတွေဟာ ပိုမိုပျော်ရွှင်ကြပါတယ်။ ပြဿနာတွေကို နားထောင်ပေးပြီး ကူညီမှုပေးနိုင်တဲ့ ဒုက္ခရောက်ချိန်တွေမှာ အမြဲဘေးမှာ ရှိနေပေးတဲ့ လူတွေကို လိုအပ်ပါတယ်။ နောက်တစ်နည်း ပြောရရင် ကိုယ့်ကိုဂရုစိုက်ပြီး ဘေးနားမှာ ရှိနေပေးတဲ့လူတွေကို လိုအပ်ကြပါတယ်။ ဒါမှသာ ဒုက္ခရောက်ခါနီးရင် သူတို့ဆီပြေးသွားပြီး စကားပြောလို့ရမှာဖြစ်ပါတယ်။ သင့်ကိုနားလည်တဲ့လူတွေနဲ့ စကားပြောခြင်းဟာ အဖြေတွေကို ပိုမိုလွယ်ကူစွာ တွေ့နိုင်စေပါတယ်။လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကိုယ်ခန္ဓါကိုရော စိတ်ပိုင်းဆိုင်ရာအတွက်ပါ အကျိုးရှိပါတယ်။ ခြုံပြောရရင် သင့်စိတ်အခြေအနေ ကောင်းမွန်ရင် သင့်ကိုယ်သင် တန်ဖိုးထားမှုလည်း မြင့်တက်လာမှာပါ။ ပိုမိုကောင်းမွန်စွာ အိပ်စက်နိုင်ပြီးအစားအသောက်လည်း ပိုကောင်းလာမှာမို့ ယေဘုယျအားဖြင့် ပိုနေလို့ ကောင်းလာမှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် စိတ်ဖိစီးတဲ့လူဆိုတာကို မမြင်ဖူးကြပါဘူး။ တကယ်လို့ လေ့ကျင့်ခန်းလုပ်ရတာကို မကြိုက်ရင်တောင် ကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်းဟာ အကျိုးရှိပါတယ်။ လမ်းလျှောက်ခြင်း၊ အကသင်တန်းတက်ခြင်းတွေဟာ တူညီတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေမှာ ဖြစ်ပါတယ်။ကျန်းမာတဲ့ စားသောက်ပုံဟာ ရောဂါတွေကိုကာကွယ် ပေးရုံသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိန်းသိမ်းပေးပါတယ်။ မကျန်းမာတဲ့အစားအသောက်ရွေးချယ်ပုံတွေဟာ ဦးနှောက်နဲ့ စိတ်ကို ထိခိုက်စေပါတယ်။ ဒါဆိုအားနည်းလာပြီး ကိုယ်ခံအားလည်း နည်းလာနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီနဲ့ သကြားဓါတ်အနည်းငယ်သာ ပါတဲ့ စားသောက်ပုံဟာ ပိုမိုအိပ်ကောင်းခြင်း၊ ကြည့်ကောင်ခြင်း၊ အားပြည့်ခြင်းနဲ့ စိတ်နေလို့ပိုမိုကောင်းခြင်းတွေ ဖြစ်နိုင်စေပါတယ်။စိတ်ဓါတ်ကျနေတဲ့ လူတွေဟာ အိပ်ရေးပျက်ခြင်းကြောင့် ဖြစ်တဲ့ မျက်ကွင်းညိုခြင်းတွေ ဖြစ်တတ်ပါတယ်။ အိပ်ရေးပျက်ခြင်းဟာ သင့်အလုပ်ရှုပ်နေတယ်ဆိုရင်တော့ အဆင်ပြေသယောင်ရှိပါတယ်။ ဒါပေမယ့် သင်အလွန်အလုပ်ရှုပ်နေတယ်ဆိုရင်တောင် မအိပ်ပဲတော့ မနေသင့်ပါဘူး။ အိပ်ခြင်းဟာ တစ်နေ့တာလုံး စိတ်အခြေအနေကို ကောင်းမွန်စေပါတယ်။ အိပ်စက်မှုနည်းလေလေ ကိစ္စသေးသေးလေးတွေပေါ်မှာ ဒေါသထွက်မှုများလေလေဖြစ်တာကြောင့် သင့်ရုပ်ရည်ကိုလည်း ထိခိုက်နိုင်ပါတယ်။ ကောင်းမွန်စွာ အိပ်စက်ခြင်းထက် ဘာကမှ ပိုမကောင်းပါဘူး။အထက်ဖေါ်ပြပါအချက်တွေကို လိုက်နာဖို့ဟာ ထင်သလောက်မလွယ်ကူပေမယ့် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားသင့်ပါတယ်။ သင့်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်ပုံမရှိဘူးဆိုရင် အခုပဲ ပြောင်းလဲမှုတွေကို တဖြည်းဖြည်း လုပ်သင့်ပါတယ်။ ပြီးပြည့်စုံတဲ့နေထိုင်ပုံဆိုတာ မရှိတာကြောင့် အလျင်အမြန် လုပ်ဖို့ မလိုအပ်ပါဘူး။ ကိုယ့်ကို သက်တောင့်သက်သာ ရှိစေပြီး လုပ်ဖို့အဆင်ပြေတဲ့ နေ့စဉ် အကျင့်ကောင်းတွေကိုသာ မွေးမြူသင့်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%93%e1%80%ab%e1%80%90%e1%80%ba%e1%80%81%e1%80%bd%e1%80%94%e1%80%ba%e1%80%a1%e1%80%ac%e1%80%b8%e1%80%99%e1%80%bc%e1%80%84%e1%80%b7%e1%80%ba%e1%80%90%e1%80%80/
ပူပြင်းလှတဲ့ နွေမှာ ကျန်းမာအောင် စားသောက်ကြမယ်
တစ်နေ့တစ်နေ့တိုးလာတဲ့အရာတစ်ခုကို သိသိသာသာ ခံစားနေကြရတယ်ဟုတ်။ ဒါကတော့အပူချိန်ပါ။ အပူချိန် တိုးလာတာနဲ့အမျှအစားအသောက်တွေကို ပိုဆင်ခြင်ဖို့လိုပါမယ်။ ဒါမှ မလိုလားအပ်တဲ့ကျန်းမာရေး ပြဿနာတွေမတက်မှာလေ။ ဒီတော့ ပူပြင်းလှတဲ့နွေမှာ ကိုယ်တိုင်ရော မိသာစုဝင်တွေပါ ကျန်းမာနေစေဖို့ ဘာတွေစားကြမလဲ……….။နွေရာသီရဲ့ အပူချိန်ကြောင့်ခန္ဓာကိုယ်မှာ အခုလိုတွေ ခံစားရနိုင်ပါတယ်။ပူပြင်းလှတဲ့ နွေမှာ ကျန်းမာနေစေဖို့အတွက်။အရည်များများ သောက်ပါ။နွေမှာ အဖြစ်အများဆုံးက ရေဓာတ်ဆုံးရှုံးမှုပါ။ လှုပ်လှုပ်ရှားရှား လုပ်ရသူတွေ၊ အာကစားသမားတွေ၊ ကာယလုပ်သားတွေအနေနဲ့ ရေဓာတ်ဆုံးရှုံးမှု မဖြစ်စေဖို့ဆိုရင် တစ်နေ့ကို ရေ ၂ လီတာ အနည်းဆုံး သောက်ဖို့လိုအပ်ပါမယ်။ဖြစ်နိုင်ရင် ရေကိုပဲသောက်ပါ။အချိုရည်တွေ၊ ကဖင်းပါတဲ့ သောက်စရာတွေကို သောက်လို့ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို မဖြည့်ပေးနိုင်ပါဘူး။အရည်ရွှမ်းတဲ့အသီးတွေကို စားပါ။နွေပူပူမှာ အသင့်တော်ဆုံး စားစရာတွေက ဖရဲသီး၊ ပန်းသီး၊နာနတ်သီး၊ စပျစ်သီး၊ မာလကာသီး၊ လိမ္မော်သီး တို့လိုမျိုး အရည်ရွှမ်းတဲ့ အသီးတွေပါ။ နေ့လယ်နေ့ခင်း အဆာပြေဖြစ်ဖြစ် ရေငတ်ပြေဖြစ်ဖြစ် သစ်သီးတွေ စားပေးလို့ရပါတယ်။လတ်ဆတ်တဲ့အာဟာရတွေစားသုံးပါ။အစားအသောက်တွေ စားတဲ့အခါ လတ်ဆတ်သန့်ရှင်းမှုကို အဓိက ဂရုစိုက်သင့်ပါတယ်။ အကြောင်းကတော့ လတ်ဆတ်မှုမရှိ၊ သန့်ရှင်းမှုအားနည်းတဲ့ အစားအစာ​တွေက ရောဂါပိုးတွေ ပေါက်ဖွားနေနိုင်တာကြောင့်ပါ။သစ်သီးဖျော်ရည်။နွေပူပူမှာ ရင်အေးစေပြီး အပူသက်သာစေမယ့် အကောင်းဆုံး သောက်စရာက ရေခဲစိမ်ထားတဲ့ အချိုရည်တွေ၊ ရေခဲမုန့်တွေ၊ ရေခဲချောင်းတွေ၊ ရေခဲထုပ်တေါ မဟုတ်ပါဘူး။မန်ကျည်းဖျော်ရည်၊ ဥသျှစ်သီးဖျော်ရည်တို့လိုမျိုး သဘာဝ အသီးစစ်စစ်ကို ဖျော်ထားတဲ့ ဖျော်ရည်လေးတွေပါ။ကြံရည်၊ အုန်းစိမ်းရည်တို့ကိုလည်း သောက်သုံးပေးလို့ ရပါတယ်။ဒိန်ချဉ်။နွေပူပူမှာ ရောဂါကင်းပြီး ကျန်းမာစေဖို့ လတ်ဆတ်တဲ့ ဒိန်ချဉ်ကို သောက်ပေးလို့ရပါတယ်။ ဒိန်ချဉ်မှာအကျိုးပြုဘက်တီးရီးယားတွေပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းပျက်ဝမ်းလျှောတာမျိုး မဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးနိုင်မှာပါ။အခွံမာသီးတွေ။နွေ နေ့လယ်ခင်းတွေမှာ ခန္ဓာကိုယ်ကျန်းမာစေဖို့ရော နွေအပူဒဏ်ကြောင့် ကျန်းမာရေး ပြဿနာတွေ ကင်းစေဖို့ပါ အခွံမာသီးတွေကို စားပေးလို့ရပါတယ်။မြေပဲ၊ အယ်လ်မွန်စေ့၊ သီဟိုဠ်စေ့တွေ စားပေးလို့ရပါတယ်။အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ။နွေပူတဲ့အချိန်မှာ အဆီတွေ၊ အပူအစပ်တွေ မစားချင်ဘူးဆိုရင် ထမင်းစားခါနီးမှာ အရွက်လေးတွေကို ပူပူနွေးနွေးကြော်ပြီး စားပေးလို့ရပါတယ်။ ထမင်းစားရတာ အဆင်ပြေသလို ကျန်းမာရေးအတွက်လည်း သင့်တော်ပါတယ်။လက်ဖက်စိမ်း ရေနွေးကြမ်း။လက်ဖက်စိမ်းရေနွေးကြမ်းက ရေဓာတ်ပြည့်ဝစေသလိုသွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးကျန်းမာစေဖို့ နွေရာသီမှာ ရောဂါအခံရှိသူတွေအတွက်လည်း အထူးသင့်တော်ပါတယ်။ဘယ်ရီသီးတွေ။ဖလေဗာနွိုက်ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ရောဂါတွေကို တိုက်ထုတ်ပေးနိုင်သလို နွေပူပူမှာ ခံတွင်းတွေ့စေမယ့် အစားအစာတစ်ခုပါ။ ဒိန်ချဉ်ထဲကို ဘယ်ရီသီးလေးထည့်ပြီး စားပေးတာက ကျန်းမာစေဖို့ပါ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/foods-to-eat-in-the-summer/
ဖေဖော်ဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ
ဖေဖော်ဝါရီလဆိုတာကချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ လတစ်လပါ။ အခြားလတွေထက် နွေးထွေးပျော်ရွှင်မှုတွေကို ခံစားရတဲ့ လတစ်လပေါ့။ နောက်တစ်ချက်က ဖေဖော်ဝါရီလဆိုတာက နှစ်တစ်နှစ်တာမှာ ကာလအတိုဆုံးလ တစ်လပါ။ ၂၈ ရက်သာ ပါရှိပြီး ရက်ထပ်နှစ်ဖြစ်မှ ၂၉ ရက်ပဲ ရှိတဲ့ လတစ်လပါ။ ဒီလို ရက်အတိုင်းအတာက တိုပေမယ့် ချစ်ခြင်းမေတ္တာ အပါအဝင် အရာရာက နည်းပါးတယ် ရှားပါးတယ်တော့ မရှိပါဘူး။ ဒီလို ထူးခြားတဲ့ လတစ်လဖြစ်တဲ့ ဖေဖော်ဝါရီလမှာ မွေးဖွားတဲ့ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ဖေဖော်ဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ကတော့။ဖေဖော်ဝါရီလဖွားလေးတွေကလိမ်မပြောတတ်ကြတဲ့ လူဖြောင့်တွေပါ။ မုသားမပါ လင်္ကာမချောဆိုတဲ့ အခြေအနေမှာတောင် လိမ်မပြောတတ်ကြသူတွေပါ။ အမှန်တရားကို ချစ်မြတ်နိုးကြသလို ဟန်ဆောင်လိမ်ညာမှု ကင်းတဲ့ ရိုးသားဖြောင့်မတ်ကြသူတွေပါ။မှန်ကန်မှုကို မျှဝေရတာကို နှစ်ခြိုက်ကြသူလေးတွေပေါ့။ဖေဖော်ဝါရီလဖွား ဘေဘီလေးတွေက အရမ်းကိုသနားကြင်နာတတ်ကြသူတွေပါ။ သူငယ်ချင်းတွေမိသားစုဝင်တွေအပေါ် အရမ်းကြင်နာတတ်ကြသူတွေပါ။ အခြားသူတွေကို ပေးဝေလှူဒါန်းတတ်ကြသလို မိတ်ဆွေသူငယ်ချင်းတိုင်းရဲ့ အသေးအမွှားတွေအတွက်လည်း အချိန်ပေး ဖြေရှင်းတတ်ကြသူလေးတွေပါ။လုပ်ကိုင်ဆောင်ရွက်ပုံတွေက အခြားနဲ့ မတူသလိုစိတ်ဝင်စားမှုတွေဝတ်စားပုံတွေကအစ အခြားသူတွေနဲ့ မတူဘဲ အတော်လေး ထူးခြား​ကြပါတယ်။ သူတို့လေးတွေရဲ့ ထူးခြားမှုအပေါ် မိဘတွေက အားဖြည့်ပေးဖို့လည်း လိုပါမယ်။ ကလေးကို သူ့ရဲ့ ကွဲပြားမှုကို ယုံကြည်မှု ရှိအောင် လုပ်ဆောင်ပေးတာက သူတို့လေးတွေရဲ့ ထူးခြားမှုကို အားဖြည့်ပေးရာရောက်ပါတယ်။[embed-health-tool-baby-poop-tool]။ဖေဖော်ဝါရီလမှာ မွေးဖွားတဲ့ ဘေ​ဘီလေးတွေကစိတ်ကူးဉာဏ်ရင့်သန်ကြသလို တီထွင်ဖန်တီးမှုစွမ်းအားလည်း ကောင်းကြပါတယ်။ ကလေးက ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း မြင့်သလို ပဟေဠိတွေကို ဖြေရှင်းနိုင်စွမ်းလည်း ကောင်းကြပါတယ်။ ဖေဖော်ဝါရီဖွားလေးတွေက အနာဂတ်မှာတီထွင်ဖန်တီးဉာဏ်ကောင်းလွန်းတဲ့သူလေးတွေ ဖြစ်လာကြမှာပါ။ အနုပညာမှာ ဝါသနာထုံကြသူတွေပါ။အနုပညာရှင်တွေအပြင် တီထွင်ဖန်တီးနိုင်သူတွေ သိပ္ပံပညာရှင်တွေကလည်း ဖေဖော်ဝါရီလမှာ မွေးဖွားကြပါတယ်။ သိပ္ပံညာရပ်တွေမှာ ဝါသနာထုံကြသူတွေပါ။ သေးသေးမွှားမွှားလေးကစလို့ ကြီးကြီးမားမားတွေအထိ တီထွင်ဖန်တီးနိုင်ကြသူတွေပါ။ဖေဖော်ဝါရီလမှာ မွေးဖွားကြတဲ့ ဘေဘီလေးတွေက အရာရာတိုင်းကို လွယ်လွယ်နဲ့ လက်မခံတတ်ကြပါဘူး။ သူတို့တွေက အခြားသူတွေနဲ့ မတူတဲ့ အတွေးအမြင်တွေ ရှိကြသလိုအပြုအမူကလည်း အခြားသူတွေနဲ့ ကွာခြားကြပါတယ်။ သင်္ချာပုစ္ဆာတစ်ပုဒ်တည်းကိုတောင် အခြားသူတွေနဲ့ မတူတဲ့ ဖြေရှင်းနည်း ပုံသေနည်းတွေနဲ့ ဖြေရှင်းတတ်ကြသူလေးတွေပေါ့။အမျိုးအမျိုးသော စိန်ခေါ်မှုတွေနဲ့ ပြောင်းလဲမှု အမျိုးမျိုးကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ကြသူတွေပါ။ ဖေဖော်ဝါရီလဖွားလေးတွေကစိတ်ခံစားမှုပိုင်း ကြံ့ခိုင်ကြသလို အလွယ်တကူလည်း အရှုံးမပေးတတ်ကြသူတွေပေါ့။ အခက်ခဲဆုံး အချိန်တွေကို မတုန်မလှုပ် ဟန်မပျက် ကျော်ဖြတ်နိုင်ကြသူလေးတွေပါ။ဖေဖော်ဝါရီလဖွား ဘေဘီလေးတွေက စကားပြော ကောင်းကြသူလေးတွေပါ။ အကြောင်းအရာ အမျိုးမျိုးကို ဆွေးနွေးပြောဆိုနိုင်​ကြသလို အများမသိတဲ့ အကြောင်းအရာတွေကိုလည်း ဆွေးနွေးနိုင်ကြသူလေးတွေပါ။ ဒါကလည်း သူတို့လေးတွေရဲ့ သူမတူတဲ့ စွမ်းရည် တစ်ခုပေါ့။ဖေဖော်ဝါရီလမှာ မွေးဖွားကြတဲ့ ဘေဘီလေးတွေမှာ အခုလို ကောင်းမွန်တဲ့ကိုယ်ရည်ကိုယ်သွေးလေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ အကောင်းဆုံး ဖြစ်လာအောင် ပျိုးထောင်ပေးဖို့ကတော့ မေမေဖေဖေတို့မှာ တာဝန်ရှိတာပေါ့နော်။ ကလေးတွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးတာက ကလေးကို ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးလိုက်တာပါပဲနော်။[embed-health-tool-child-growth-chart]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/interesting-facts-about-february-born-babies/
Metabolism မြန်အောင် ဘယ်လိုထိန်းညှိကြမလဲ။
စားသလောက် ဝမလာဘူး။ Metabolism မြန်လို့ ထင်တယ်။ အသက်ကြီးလာလို့ Metabolismနှေးလာလို့လား မသိပါဘူး။ စားသမျှ ဝလာတယ်ဆိုတာမျိုးကို ကြားဖူးမှာပါ။ ဒါ့ပြင် အွန်လိုင်းမှာ လေ့လာကြည့်ရင်လည်း Metabolismနဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောကြတာကို ကြားဖူးကြမှာပါ။Metabolism ဆိုတာကိုယ်ထဲမှာ ဆဲလ်တွေမှာအချိန်နဲ့ ဖြစ်နေတဲ့ ဓာတုဖြစ်စဉ်တွေကို ဆိုလိုပါတယ်။ Metabolismငြိမ်နေတဲ့ အချိန်ဆိုတာမရှိပါဘူး။ ဘာမှမလုပ်ဘဲ အိပ်နေတဲ့ အချိန်မှာတောင်မှ အသက်ရှူဖို့၊ ဆဲလ်တွေ ပြုပြင်ဖို့၊ အစာခြေဖို့ Metabolismတွေ ဆက်ဖြစ်နေပါတယ်။ဒီလို ဆက်တိုက် အလုပ်လုပ်နေဖို့ဆိုရင် စွမ်းအင်လိုပါတယ်။ အသက်ရှင်ဖို့ မဖြစ်မနေလုပ်ရတဲ့ ဓာတုဖြစ်စဉ်တွေအတွက် လိုအပ်တဲ့ စွမ်းအင်ကိုbasal metabolic rate (BMR)လို့ ခေါ်ပါတယ်။BMRက အသက်အရွယ်၊ စားသောက်နေထိုင်မှုပုံစံပေါ်မူတည်ပြီး တစ်နေ့တာရတဲ့ စွမ်းအင်ရဲ့ ၈၀ ရာခိုင်နှုန်းကို အသုံးပြုပါတယ်။ Metabolismနှေးတယ်ဆိုတာ BMRနည်းတယ်လို့ သွယ်ဝိုက်အဓိပ္ပာယ်ရပါတယ်။Metabolism မြန်ခြင်း၊ မမြန်ခြင်းဆိုတာ ခန္ဓာကိုယ်အရွယ်အစား၊ အသက်အရွယ်၊ ကျား/မ၊ မျိုးဗီဇ စတာတွေနဲ့ သက်ဆိုင်ပါတယ်။တချို့ဝိတ်ချဖို့ခက်တဲ့သူတွေက Metabolismနှေးလို့ ဖြစ်ရတယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် ဒါက အမြဲတော့ မမှန်ပါဘူး။ တကယ်ဆိုရင် ဝတဲ့သူတွေက ခန္ဓာကိုယ်အရွယ်အစားကြီးတာကြောင့် ပိန်တဲ့သူတွေထက် စွမ်းအင်ပိုလိုပါတယ်။ ဆိုလိုတာက သူတို့ရဲ့ BMRက ပိုတောင်များပါသေးတယ်။ အဆီများလို့ Metabolism နှေးတာကတော့ တစ်ပိုင်းပေါ့။Metabolismက ကိုယ်တွင်းက ဇီဝဖြစ်စဉ်မို့လို့ စိတ်ကြိုက်မြန်အောင်နှေးအောင်တော့ လုပ်လို့မရပါဘူး။ ဒါပေမယ့် စွမ်းအင်သုံးတာကို (ကယ်လိုရီလောင်ကျွမ်းတာကို) တိုးပေးလိုက်ရင်တော့ Metabolismမြန်အောင် အထောက်အကူဖြစ်နိုင်ပါတယ်။ဒါကြောင့် Metabolismမြန်စေတဲ့ နည်းလမ်းတွေကို ကြည့်လိုက်ရင် ဝိတ်ချနဲ့ နည်းတွေနဲ့ ဆင်တူနေတာကို တွေ့ရမှာပါ။ Metabolism မြန်ရုံနဲ့ ဝိတ်ကျမယ်လို့ ကံသေကံမ အာမမခံနိုင်ပေမယ့်ကယ်လိုရီ လောင်ကျွမ်းမှုများပြီး စားသုံးမှု နည်းမယ်ဆိုရင်တော့ ကိုယ်အလေးချိန်ကျလာမှာပါ။Metabolismမြန်စေဖို့။ခန္ဓာကိုယ်က ဆဲလ်တွေက ခန္ဓာကိုယ်ဖြစ်စဉ်တွေကြည့်ပြီး အလုပ်လုပ်ပါတယ်။ ဥပမာ သူတို့စွမ်းအင် ဘယ်အချိန်ရလဲဆိုတာကို ကြည့်ပြီး ဘယ်အချိန်မှာ သုံးသင့်လဲဆိုတာကို သတ်မှတ်ပါတယ်။ အချိန်မှန်စားတာက Metabolismကို မှန်စေပါတယ်။တချို့တွေက ဗိုက်အပြည့်စားထားပြီး ဘာမှမစားဘဲ အကြာကြီးပြန်နေမယ်ဆိုရင် ခန္ဓာကိုယ်က စွမ်းအင်မရှိဘူးထင်လို့ ကယ်လိုရီလောင်တာကို နှေးလိုက်ပြီး အဆီအဖြစ်စုဆောင်းထားလိုက်ပါတယ်။အကောင်းဆုံးကတော့ နည်းနည်းနဲ့ ခဏခဏ စားတာပဲ ဖြစ်ပါတယ်။ကယ်လိုရီ လျှော့စားတာနဲ့ လုံလောက်အောင် စားတာနဲ့ မတူပါဘူး။ ဘယ်လောက်လျှော့စားစား တစ်နေ့တာ လိုအပ်ချက်ကို ပြည့်မီရမှာဖြစ်ပါတယ်။ မဟုတ်ရင် ခန္ဓာကိုယ်က သုံးစရာ ကယ်လိုရီမရှိဘူးလို့ ယူဆပြီး Metabolismကို နှေးချလိုက်လို့ပါ။အခြခံအားဖြင့်တော့ အရွယ်ရောက်ပြီးသား အမျိုးသားတွေက တစ်နေ့ကို ၂၀၀၀-၃၀၀၀ ကယ်လိုရီ၊ အမျိုးသမီးတွေက ၁၆၀၀-၂၄၀၀ ကယ်လိုရီ လိုအပ်ပါတယ်။ကြွက်သားတွေက အဆီတွေထက် စွမ်းအင်ပိုသုံးလို့ Metabolismမြန်စေပါတယ်။ ကြွက်သားတက်အောင် အလေးမ၊ Strength training စတာတွေ လုပ်ပေးပါ။ရေဓာတ်ပြည့်ဝနေတာက ခန္ဓာကိုယ်က လုပ်ငန်းတွေကို ကောင်းကောင်းလုပ်စေနိုင်ပါတယ်။ Metabolism လုပ်ဖို့ ရေလိုအပ်တာကြောင့် ရေလုံလောက်အောင် သောက်တာကလည်း Metabolismကို မြန်စေနိုင်ပါတယ်။စိတ်ဖိစီးရင် ကော်တီစောဟော်မုန်းတွေ ပိုထွက်လာပါတယ်။ ဒီဟော်မုန်းက စားချင်သောက်ချင်စိတ်ကို အပြောင်းအလဲဖြစ်စေပါတယ်။  အလွန်အကျွံစားတာ၊ ဘာမှမစားဘဲ ရပ်ပစ်လိုက်တာက Metabolismကို ကမောက်ကမဖြစ်စေပါတယ်။ဒါ့ပြင် အိပ်စက်ခြင်းကိုပါ ထိခိုက်စေနိုင်ပါတယ်။အင်တာနက်မှာhigh-intensity interval training (HIIT)လို့ ရှာကြည့်လိုက်ရင် လုပ်နည်း ဗီဒီယိုတွေ အများကြီး ထွက်လာပါတယ်။ HIITဆိုတာ cardioအနှေးနဲ့ ဆင်တူပါတယ်။တချို့တွေကလည်း HIITနဲ့ lower-intensity လေ့ကျင့်ခန်းတွေကို အလှည့်ကျ လုပ်ကြပါတယ်။ လိုရင်းကတော့ ကယ်လိုရီလောင်ပြီး အဆီကျဖို့ပါ။ အဆီကျပြီးကြွက်သားတက်အောင် လေ့ကျင့်နိုင်ရင် Metabolism မြန်လာနိုင်ပါတယ်။အိပ်ချိန်နည်းပြီး အိပ်ရေးမဝတဲ့အခါ ghrelinဆိုတဲ့ ဟော်မုန်းထွက်ပြီး ဗိုက်ဆာလာပါတယ်။ leptinလို့ ခေါ်တဲ့ ပြည့်အင့်စေတဲ့ ဟော်မုန်းကျတော့ အထွက်နည်းသွားပါတယ်။အိပ်ရေးဝအောင် အိပ်တာက ဒီဟော်မုန်းတွေကို မျှတစေပြီး အလွန်အကျွံမစားမိအောင် ထိန်းချုပ်ပေးပါတယ်။ အိပ်ရေးဝဖို့အတွက် အရွယ်ရောက်ပြီးသား လူတစ်ယောက်က တစ်ညကို ၇-၈နာရီလောက် အိပ်သင့်ပါတယ်။Metabolismမြန်အောင် ကော်ဖီတွေ၊ လက်ဖက်စိမ်းတွေ၊ ဖြည့်စွက်ဆေးတွေ သောက်ကြပေမယ့် လေ့လာချက်တွေအရတော့ ဒါတွေက ခဏပဲဖြစ်ပြီး ရေရှည်မှာ အကျိုးမရှိပါဘူး။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/weight-loss-exercises/how-to-boost-metabolism/
သဘာဝရဲ့ Collagen
ဒီနေ့ ပြောပြမှာကတော့ တင်းရင်းလှပမှုအတွက် မရှိမဖြစ် လိုအပ်တဲ့ Collagen ဆိုတဲ့ ဓာတ်တစ်မျိုး အကြောင်း ဖြစ်ပါတယ်။ အသားအရေထိန်းသိမ်းပစ္စည်းတွေ၊ ဖြည့်စွက်စာတွေမှာ collagen  ပါကြောင်း ကြော်ငြာရောင်းချနေတာတွေကို နေ့တိုင်းတွေ့နေရတော့ ဒီစကားလုံးလေးက စိမ်းနေမယ်လို့တော့ မထင်ဘူးနော်။ ကြားသိနေကြပေမယ့် collagen ဆိုတာ ဘာမှန်း သေချာသိချင်နေသူ တွေအတွက် ရည်ရွယ်ပြီး  ဒီစာကို ရေးတာပါ၊ ကဲ ကြည့်လိုက်ကြရအောင်။Collagen ဆိုတာ ဘာလဲ။Collagen ဆိုတာ ခန္ဓာကိုယ်ရဲ့ ဆံပင်၊ခြေသည်းလက်သည်း၊ အရေပြား၊ သွေးကြော နံရံ၊ အရိုး၊ အရိုးနု နဲ့ အရွတ် စတဲ့ တွယ်ဆက်တစ်ရှူးတွေမှာ အများဆုံး တွေ့ရပြီး ခန္ဓာကိုယ်တည်ဆောက်ရေးအတွက် မရှိမဖြစ် အသားဓာတ်တစ်မျိုးပါပဲ။ ခန္ဓာကိုယ်က အသားဓာတ်အားလုံးရဲ့ ၃၀ % လောက်က collagen တွေပါ။ Greek စကားလုံးဖြစ်တဲ့ kolla (glue) နဲ့ French စကားလုံး gen (producing) ဆိုတာကို ပေါင်းစည်းရာမှ ၁၉ ရာစု အလယ်လောက်ကစပြီး collagen လို့ ခေါ်ဝေါ်သုံးစွဲခဲ့ကြတာပါ။Collagen ဘယ်နှမျိုးရှိလဲ။Collagen ဆိုတာ Amino acid တွေပေါင်းစည်းရာမှ ဖြစ်ပေါ်လာတာမို့ ပါဝင်တဲ့ Amino acid အမျိုးအစား နဲ့ အချိုးအစား ကို လိုက်ပြီး ၅ မျိုးခွဲထားပါတယ်။Type I:  အရေပြား၊ အရွတ်၊ သွေးကြော၊ ကလီစာ နဲ့ အရိုးတွေမှာ တွေ့ရတဲ့ အမျိုးအစား။Type II: အရိုးနု မှာတွေ့ရတဲ့ အမျိုးအစား။Type III: Type I နဲ့တူတူ တွဲတွေ့ရတတ်ပြီး တွယ်ဆက်ကြွက်သားတွေမှာ တွေ့ရတတ်တဲ့ အမျိုးအစား။Type IV: ကိုယ်တွင်း ကလီစာတွေရဲ့ အတွင်းလွှာမှာရှိတဲ့ အမျိုးအစား။Type V: ဆဲလ်အပေါ်ယံလွှာ၊ ဆံပင်နဲ့ အချင်း မှာရှိတဲ့ အမျိုးအစား။Collagen ကဘာလုပ်ပေးလဲ။သူရောက်နေတဲ့ နေရာ ပေါ်လိုက်ပြီး တည်ဆောက်ပုံကြာရှည်ခံဖို့၊ တင်းရင်းဖို့ ကို စွမ်းဆောင်ပေးတာပါ။ နှိုင်းရရင် ဘိလပ်မြေလိုပေါ့။ collagen ရှိနေရင် အားလုံး တင်းတင်းရင်းရင်း ဖြစ်နေတဲ့ အတွက် နုပျိုခြင်းရဲ့ အုတ်မြစ် (foundation of youth) လို့တောင် တင်စားထားရပါတယ်။အဓိက အကျဆုံး လုပ်ဆောင်ချက်တွေကို ပြောပါဆိုရင်တော့။၁) အသားအရေကို တင်းရင်းစေတဲ့အတွက် အိုမင်းရင့်ရော်မှုကို လျော့ကျနှောင့်နှေးစေတယ်။၂) ကြွက်သားဖွံ့ဖြိုးမှုကို အားပေးတဲ့ အတွက် ကျစ်လစ်သန်မာစေပြီး အဆီတွေကို ချေဖျက်လျော့ပါးစေတယ်။၃) အရွတ်နဲ့ အရိုးတွေကို သန်မာစေပြီး အဆစ်အမြစ်နာကျင်မှုကို လျှော့ချပေးတယ်။၄) အူလမ်းကြောင်းနံရံတွေကို အစာခြေဖျက်စုပ်ယူမှုအားကောင်းလာအောင် ပံ့ပိုးကူညီပေးတယ်။၅) ခြေသည်းလက်သည်းနဲ့ ဆံပင်တွေကို တောက်ပြောင်လှပစေတယ်။၆) နှလုံးကျန်းမာရေး အတွက် အထောက်အကူပေးတယ် စသည်ဖြင့်ပေါ့ကွယ်။Collagen ကို ဘယ်မှာသုံးလဲ။ဆေးပညာ အရ။အလှအပရေးရာ  အတွက်ဆိုရင်တော့။ဖြည့်စွက်စာ အဖြစ် အများဆုံး အသုံးပြုကြတာကို တွေ့ရှိရပါတယ်။ စျေးကွက်ထဲ တွေ့နေကြ collagen capsule တွေ၊ drink တွေ ဆိုတာက အူလမ်းကြောင်းမှ စုပ်ယူ ခြေဖျက် နိုင်အောင်ပြု ပြင်ထားတဲ့ collagen အမျိုးအစားပါ။ အဲဒီ စားသုံးလိုက်တဲ့ collagen ဖြည့်စွက်စာရဲ့ ၉၀% ကတော့ ပိုမို သေးငယ်တဲ့ မော်လီကျူးပုံစံ ပြောင်းသွားပြီး တစ်နာရီ အတွင်း သွေးကြောထဲ ရောက်ရှိသွားမှာဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ အစိတ်အပိုင်းတွေဆီ ဆက်လက် ရောက်ရှိသွားမှာပါ။သဘာဝရဲ့ Collagen။Collagen ကို ခန္ဓာကိုယ်ကနေ အလိုအလျောက် ထုတ်ပေးပေမယ့် အသက်အရွယ်ကြီးရင့်လာတာနဲ့ အမျှ ထုတ်လုပ်မှု လျော့ကျလာပြီး ယိုယွင်းလာပါတယ်။  အသက် ၂၅ ကျော်လာရင် ခန္ဓာကိုယ်ရဲ့ collagen ထုတ်လုပ်မှုဟာ တစ်နှစ်ကို 1% နှုန်းနဲ့ ကျလာပါသတဲ့။ အဲဒီ အတွက် collagen များများပါတဲ့ အစားအစာတွေ နဲ့ ဖြည့်စွက်စာတွေကိုစားသုံးဖို့ လိုလာပါတယ်။ collagen တည်ဆောက်ရေး အတွက်ဆိုရင် အသားဓာတ် နဲ့ vitamin C ကိုပါ လုံလောက်အောင် စားသုံးပေးဖို့ လိုပါတယ်။သဘာဝ အတိုင်း collagen ပါဝင်မှု မြင့်မားတဲ့ အစားအစာ တွေကတော့ ပင်လယ်ငါး၊ ကမာ ၊ ပဲပုပ်ပဲ ၊ စားတော်ပဲ၊ အစိမ်းရောင်ရှိတဲ့ ဟင်းရွက်တွေ ၊ ရောင်စုံငရုတ်ပွ နဲ့  အရိုးပြုတ်ရည် တို့ဖြစ်ပါတယ်။ အရိုးပြုတ်ရည် ဟာဆိုရင် သက်ကြီးပိုင်းတွေ အတွက်လည်း သင့်တော်ပြီး ကိုယ် အလေးချိန်ထိန်းချင်သူတွေပါ သောက်သုံးနိုင်တဲ့ အဟာရတန်ဖိုးမြင့် အစားအစာ တစ်မျိုး ဖြစ်တာမို့ နောက်ဆောင်းပါးကျရင် လုပ်နည်းလေး ပြောပြပေးမယ်နော်။ဖြည့်စွက်စာ Collagen။နေ့စဉ် collagen ကို ပြည့်ဝစွာရချင်တယ်ဆိုရင်တော့ အသင့်ထုတ်ထားတဲ့ collagen capsule တွေ၊ ဖျော်ရည်အမှုန့်တွေ၊ အချိုရည် တွေ ရှိပါတယ်။ သန့်စင်တဲ့ collagen ပါဝင်မှုများလေ စျေးနှုန်းမြင့်လေပါပဲ။ တစ်ခု သတိထားရမှာက collagen သောက်တဲ့ အခါ အစာအိမ်နဲ့ အူလမ်းကြောင်း မှ စုပ်ယူရလွယ်ကူအောင် အစာစားချိန်နဲ့ အနည်းဆုံး  ၂ နာရီခန့်ခွာရပါမယ်။တန်ဆေးလွန်ဘေး။ဘယ်ဟာမဆို အတိုင်းအတာ ရှိသလို ဘေးထွက်ဆိုးကျိုး ဆိုတာရှိပါတယ်။ လှချင်ဇော နဲ့ အလွန်အကျွံ သောက်သုံးမိတဲ့ အခါ ကိုယ်တွင်း calcium ဓာတ်မြင့်တက်လာနိုင်ပြီး မောပန်းလွယ် ခြင်း၊ ပျို့အန်ခြင်း၊ နှလုံးခုန် မမှန်ခြင်း စတဲ့ လက္ခဏာတွေပေါ်လာနိုင်ပါတယ်။ မိမိသောက်သုံးတဲ့ collagen က ပင်လယ်သတ္တဝါ ကနေ ထုတ်ယူ ဖော်စပ် ထားတာ ဆိုရင် အလွန်အကျွံသောက်သုံးမိတဲ့အခါ  ဒီလိုလက္ခဏာတွေ ဖြစ်နိုင်ချေ ပိုများပါသတဲ့။ကဲ … ဘေးကင်းစွာနဲ့ တင်းရင်းလှပနိုင်ကြပါစေနော်။ရေးသားသူ – နှင်းရိပ်မှုန်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%9e%e1%80%98%e1%80%ac%e1%80%9d%e1%80%9b%e1%80%b2%e1%80%b7-collagen/
အချိုရည် က ကိုယ်အလေးချိန်တက်စေသလား
အချိုရည် က ကိုယ်အလေးချိန်တက်စေသလား ဆိုတာလေးကို ပြောပြပေးချင်ပါတယ်။” ငါကတော့ ရေသောက်တာတောင် ဝတယ်။ ဘာမှမစားလည်းဝ နေတာ ပဲ ……ပေါင်ချိန်တွေလည်း တက်လာတယ်” သူငယ်ချင်းပျိုမေတော်တော်များများညည်းညူကြတာတွေ  ကြားဖူးနေပါရဲ့။ တကယ်လည်း weight လျှော့နေတာဆိုပြီး ထမင်းဟင်း ဟုတ်တိပတ်တိ မစားကြ။” ဘာမှမစားဘဲတော့ ဘယ်ဝပါ့မတုန်းဟ။ တစ်ခုခု မှားနေလို့ နေမှာပါ” လို့ ဖြေသိမ့်ရင်း သေချာမေးကြည့်တော့ သူတို့က အချိုရည်သိပ်သောက်တယ်။ ထမင်းမစားဖြစ်ဘူး … နည်းနည်းဆာချင်ပြီဆိုရင် အချိုရည် တစ်ဘူးလောက်ဝယ်သောက်လိုက်တာပဲ တဲ့ ။ တစ်ခါတလေ သိပ်ဆာရင် တစ်ဘူးတောင် မကဘူး ဆိုပဲ။“ ဟယ်…. အဲတော့ ဘာထူးမှာလဲ…. ပိုတောင်ဆိုးဦးမယ် “ ဆိုတော့မှ မျက်လုံးလေး ကလယ်ကလယ်နှင့် …။အချိုရည် က ကိုယ်အလေးချိန်တက်စေသလား ဆိုတော့ အချိုရည်လို့ ဆိုတဲ့နေရာမှာ သဘာဝက ရတဲ့အသီးအနှံတွေကို ကြိတ် ဖျော်ပြီးရလာတဲ့ ဖျော်ရည်တွေကို ပြောချင်တာ မဟုတ်ဘဲ စျေးကွက်ထဲမှာ ဘူးကြီးဘူးငယ်ပုံစံ မျိုးစံနဲ့ ရောင်းချပြီး အသင့်သောက်သုံးနိုင်တဲ့ အချိုရည်တွေ ကို ရည်ညွှန်းချင်တာပါ။ဒီ အချိုရည်တွေက ဘာလို့ကိုယ်အလေးချိန်တက်စေသလဲ ကြည့်ရအောင်။ ဘယ်လောက်ပဲ သဘာဝ အသီးအနှံက ရတာပါလို့ ကြော်ငြာထားထား အချိုရည်ဘူးတွေ မှာ သဘာဝသကြားမဟုတ်ဘဲ ဓာတုဗေဒနည်းနဲ့ ပြုပြင်ထားတဲ့ high fructose sugar (ခေါ်) စူပါသကြား တွေပါဝင်ပါတယ်။ သကြားက လူကို ဝစေသလားမေးရင်… ဟုတ်ကဲ့၊ ဝစေပါတယ်။ ကျန်းမာရေး လိုက်စားသူတွေနဲ့ gym ဆော့ပြီး ကြွက်သားမွေးတဲ့သူတွေဟာ ရိုးရိုးသကြားကိုတောင် ရှောင်ကြပါတယ်။ထမင်း ပန်ကန်လုံး တစ်လုံးစာမှာ ကယ်လိုရီ (200 ) kcal လောက် ပါတယ်ဆိုရင် အဲဒီလို 300 ml ပါ အချိုရည်တစ်ဘူးဟာ သကြားပါဝင်မှုအပေါ်လိုက်ပြီး အနိမ့်ဆုံး ကယ်လိုရီ ( 150 ) kcal ကနေ အမြင့်ဆုံး (300) kcal ပတ်ဝန်းကျင်ထိရှိနိုင်ပါတယ်။ ဒီတော့ ညစာရှောင်မယ်ဆိုပြီး အချိုရည်တစ်ဘူးဖောက်သောက်လိုက်တာက ဘာမှ သိပ်မထူးပါဘူး။နောက်တစ်ချက်က သည် အချိုရည်တွေမှာ ဆား ( sodium ) ပါဝင်မှုမြင့်တဲ့carbonated gas တွေ၊ soda တွေကို ကြာရှည်ခံစေဖို့နဲ့ အရသာထူးကဲစေဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ ထည့်သွင်း ထုတ်လုပ်ထားပါတယ်။ အဲဒီ့ ဓာတုပစ္စည်းတွေက osmosis (ခေါ်) ရေဆွဲမှုသဘောတရားအရ ခန္ဓာကိုယ် မှာ မလိုအပ်ဘဲ ရေတွေ စုပုံလာစေတယ်။ ဆိုတော့ ကြာရှည်မှာ လူက ပွပွ ဖောဖော ဖြစ်လာပြီး ဝ လာတော့တာပေါ့။ကဲ……  ရေခဲစိမ်ထားတဲ့ အချိုရည် အေးအေးလေးတွေကလည်း သောက်လို့ သိပ်ကောင်းတယ် မဟုတ်လား။ မောလို့… ရေငတ်လို့….ကြိုက်လို့…အလွယ်တကူ အဆာပြေဖို့…ထမင်းမစားချင်လို့ စတဲ့ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ သောက်နေကြတယ်လေ။ ကြော်ငြာတွေကလည်း သောက်ချင်စရာ ကောင်းအောင်ကြော်ငြာတာကိုး။ စစ်တမ်းတွေအရ သည်အချိုရည်တွေကို စွဲစွဲမြဲမြဲ သောက်သုံးနေသူတွေ ထဲက ၆၇% ကတော့ ဆီးချိုရောဂါဖြစ်နိုင်ချေ မြင့်တက်လာပြီး ၃၇% ကတော့ ဇီဝဖြစ်စဉ် ကမောက်ကမ ဖြစ်စေတဲ့ ရောဂါမျိုးတွေ ဖြစ်နိုင်ချေမြင့်တက်လာတာ တွေ့ရပါသတဲ့။ ဒါတွေအပြင် ဆိုးဆေး နဲ့ တာရှည်ခံဆေး အန္တရာယ် ကလည်း မသေးဘူးလေ။ တကယ်တမ်း ခန္ဓာကိုယ် အချိုးအစားကျချင်ပြီ …ကိုယ်အလေးချိန်ချချင်ပြီဆိုရင် အချိုရည်တင်မကဘူး… ကဆီဓာတ် သကြားဓာတ်များတာတွေ ကို အကုန်ရှောင်ရတော့မှာပါ။အစားမစား အငတ်ခံနေတာမျိုး မလုပ်ဘဲ အစားအသောက် ပုံစံကို စနစ်တကျဆွဲ ပြီး ရှောင်သင့်တာရှောင် စားသင့်တာစား လုပ်ရမှာပါ။ weight ထိန်းချင်သူတော်တော်များများက အဆီကို ကြောက်ကြတယ်။ တကယ်တမ်း သူတို့ကြောက်သင့်တာက သကြားဖြစ်ပြီး အဆီထဲမှာမှ သံလွင်ဆီလို ကျန်းမာရေး အထောက်ကူပြု မပြည့်ဝဆီ တချို့ဟာ ဆိုရင် ခန္ဓာကိုယ် ရဲ့ မကောင်းတဲ့ cholesterol အဆီဓာတ်ကိုတောင် ကျစေတယ်လို့ ဆိုပါတယ်။ သတိယှဉ် ဆင်ခြင် စားသုံးနိုင်ကြပါစေ။ရေးသားသူ – နှင်းရိပ်မှုန်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/carbonated-drinks-can-fat/
B ပိုးကာကွယ်ဆေး ထိုးတော့မယ်ဆိုရင် ဒါလေးတွေ သိထားဖို့လိုတယ်နော်။
B ပိုးကာကွယ်ဆေး ထိုးတော့မယ်ဆိုရင် ဒါလေးတွေ သိထားဖို့လိုတယ်နော်။အသည်းရောင် အသားဝါဘီပိုးဆိုတာ လူတွေနဲ့ မစိမ်းတဲ့ ရောဂါပိုးတစ်ခုပါ။ သွေးတွေ၊ ချွေးတွေနဲ့ ကိုယ်ခန္ဓာကထွက်တဲ့အရည်တွေကတဆင့် ကူးစက်တာဆိုတော့ ကူးစက်နိုင်ဖို့ အလားအလာလည်း အင်မတန်များတဲ့ ရောဂါတစ်ခုပါ။ လက္ခဏာတွေကလည်း သိပ်မသိသာဘဲ ရောဂါကျွမ်းမှ၊ မတော်တဆသွေးစစ်ရင်းနဲ့မှ တွေ့သွားတတ်တာဆိုတော့ ကိုယ့်ပတ်ဝန်းကျင်မှာဘီပိုးရှိတဲ့သူတွေ များချင်များနေမှာနော်။နောက်ပြီး ဘီပိုးကအသည်းရောင်စေတာအပြင် နောက်ဆုံးအသည်းခြောက်တာ၊အသည်းကင်ဆာစတဲ့ ရောဂါဆိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ပိုဆိုးတာက သူ့ကို အပြတ်ကုသနိုင်တဲ့ ဆေးနည်းကလည်း မပေါ်သေးဘဲ ရောဂါဆက်မကြီးအောင် ထိန်းထားနိုင်တဲ့ ဆေးနည်းတွေပဲ ပေါ်သေးတာဆိုတော့ ကိုယ့်ဆီ ဘီပိုးရောက်မလာအောင် ကြိုတင်ကာကွယ်ထားဖို့က အရေးအကြီးဆုံး ဖြစ်လာပြီလေ။ကံကောင်းတာတစ်ခုက ဘီပိုးကိုယ့်ဆီ မကူးစက်အောင်လို့ တားထားလို့ရတဲ့B ပိုးကာကွယ်ဆေးတွေ ပေါ်နေပြီလေ။ ကာကွယ်ဆေးရှိနေပြီဆိုတော့ ကာကွယ်ဆေးအကြောင်း သေသေချာချာပြည့်ပြည့်စုံစုံ သိထားဖို့လည်း လိုပြန်ရော။ ဒါမှ ကိုယ်ကာကွယ်ဆေးထိုးရင် အထောက်အကူပြုမှာလေ။ဘီပိုးကူးစက်ခံရဖို့ အင်မတန်မှ လွယ်ကူပြီး ကူးစက်ခံထားရရင်လည်း ရောဂါလက္ခဏာ သေသေချာချာ မသိနိုင်ဘဲ ရောဂါ တော်တော်ကျွမ်းမှ သိသွားနိုင်တဲ့အပြင် ပိုးကို အသေသတ်နိုင်တဲ့ ဆေးနည်းတွေလည်း မပေါ်သေးတာကြောင့်ဘီပိုးကာကွယ်ဆေးက ထိုးကိုထိုးထားဖို့လိုအပ်တဲ့ ကာကွယ်ဆေးတစ်ခုပါ။လူတိုင်း ထိုးထားသင့်တဲ့ ကာကွယ်ဆေး တစ်ခု ဖြစ်ပေမယ့် ခုပြောပြမယ့်သူတွေက ပိုထိုးထားသင့်ပါတယ်။ကာကွယ်ဆေးမထိုးခင် ကိုယ့်မှာ ဘီပိုးရှိနေလားဆိုတာ အရင်သွေးစစ်ဖို့လိုပါတယ်။ ဘီပိုးမရှိတော့မှ ကာကွယ်ဆေးထိုးတာက ပိုသင့်တော်ပါတယ်။ဘီပိုးကာကွယ်ဆေးက တစ်ကြိမ်တည်းထိုးရုံနဲ့ မပြီးပါဘူး။ သုံးကြိမ်ထိုးရမယ့် ကာကွယ်ဆေးတစ်မျိုးပါ။ အသုံးအများဆုံး အကြိမ်ကတော့ 0-1-6 ဖြစ်ပါတယ်။ သဘောက ပထမဆုံးအကြိမ်ထိုးပြီး နောက်တစ်လအကြာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရမှာ ဖြစ်ပြီး ပထမအကြိမ်ပြီး ၆ လအကြာမှာ တတိယအကြိမ် ကာကွယ်ဆေးထိုးရမှာ ဖြစ်ပါတယ်။ ကိုယ့်ထိုးရမယ့်ရက်ကို သေချာမှတ်ထားပြီး အကြိမ်ရေပြည့်အောင်ထိုးပါမှ ကာကွယ်ဆေးအောင်မှာ ဖြစ်ပါတယ်။ကာကွယ်ဆေး သုံးကြိမ်ထိုးပြီပြီဆိုတာနဲ့ ဆေးအောင်မအောင် ပြန်စစ်ဖို့လိုပါတယ်။ ကာကွယ်ဆေးအောင်ပြီဆိုတော့မှ စိတ်ချရမှာဖြစ်ပြီး ဆေးမအောင်ရင်တော့ ပြန်ထိုးဖို့လိုပါတယ်။ဘီပိုးကာကွယ်ဆေးက တစ်ကြိမ်အောင်ပြီးရင် စိတ်ချရသွားပြီဆိုပေမယ့် ပိုပြီး စိတ်ချရအောင် ၅ နှစ်တစ်ကြိမ် ဒါမှမဟုတ် လိုအပ်ရင် ပဋိဇီဝပစ္စည်းကို ပြန်စစ်ပြီး ပြန်ထိုးပေးဖို့လည်း လိုအပ်ပါတယ်။ဆေးရုံဆေးခန်းတွေမှာ ထိုးလို့ရပါတယ်။ အပြင်ဆေးရုံဆေးခန်းတွေမှာ ဝယ်ထိုးလို့ရသလို မွေးစကလေးတွေအတွက် ကာကွယ်ဆေးထိုးအစီအစဉ်မှာ ပါဝင်ပြီး ဖြစ်ပါတယ်။B ပိုးကာကွယ်ဆေး အထိုးအများဆုံးနေရာကတော့လက်မောင်းမှာ ဖြစ်ပြီး ထိုးပြီးတာနဲ့ ဆေးထိုးထားတဲ့ နေရာကို မချေဖို့ လိုအပ်ပါတယ်။ တချို့လူတွေမှာ ကာကွယ်ဆေး ထိုးထားတဲ့နေရာ အောင့်ကျန်တာမျိုး တစ်ပတ်လောက် အထိ ခံစားရ တတ်ပါတယ်။မွေးကင်းစ ကလေးတွေ ဆိုရင်တော့ အသားများတဲ့ ပေါင်လိုနေရာမျိုး မှာ ကာကွယ်ဆေးထိုးပေးပါတယ်။ဒါတွေကတော့ ဘီပိုးကာကွယ်ဆေး မထိုးခင်သိထားသင့်တဲ့ အကြောင်းအရာတွေပါ။ ဘီပိုးကာကွယ်ဆေးထိုးတဲ့ နေရာမှာ အရေးအကြီးဆုံးကတော့ ရက်ချိန်းမှန်အောင်၊ အကြိမ်ရေပြည့်အောင် ဆေးထိုးရမှာ ဖြစ်ပြီး ဆေးအောင်မအောင် ပြန်စစ်ဖို့လည်း မမေ့သင့်ပါ။ ဒါလေးတွေသိထားတော့ ကိုယ်ကာကွယ်ဆေးထိုးတဲ့အခါ အူတူတူ ဖြစ်မနေတော့ဘဲ ဆရာဝန်တွေနဲ့ သေချာ ဆွေးနွေးလို့ရသွားပြီပေါ့။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/facts-to-know-when-you-receive-hepatitis-b-vaccine/
စင်္ကြန်လျှောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုး
ဗုဒ္ဓဘာသာဝင်တွေ အထူးသဖြင့်တရားစခန်း ဝင်ဖူးတဲ့သူတွေဆိုရင် သိကြမယ်ထင်ပါတယ်။ ဗုဒ္ခဘာသာ ယဉ်ကျေးမှုကနေ စင်္ကြန်လျှောက်ခြင်း အလေ့အထက စတင်လာပြီးတော့ ယခုဆိုရင် ကမ္ဘာနဲ့ အဝှမ်း လူသိများလာကြတဲ့ ကျင့်စဉ် ဒါမှမဟုတ်လေ့ကျင့်ခန်း တစ်ခုဆိုလည်း မမှားပါဘူး။ တခြားလေ့ကျင့်ခန်းနဲ့ ဘာကွာသွားလဲဆိုတော့ ခန္ဓာကိုယ်အလှအပကို လေ့ကျင့်ပေးတာ မဟုတ်ဘဲ စိတ်အာရုံကို စုစည်းတတ်စေဖို့နဲ့ အသက်ရှူလေ့ကျင့်ခန်းကို မှန်စေဖို့ ရည်ရွယ်ချက်နဲ့ လုပ်ပေးတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ကဲ … စင်္ကြန်လျှောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုး လေးတွေကို ကြည့်လိုက်ရအောင်နော်။အရှိန်လုံးဝ မထည့်ဘဲ ဖြည်းဖြည်း နဲ့ မှန်မှန်လမ်းလျှောက်ရပါတယ်။ လမ်းလျှောက်တဲ့အခါ မမြန်ရပါဘူး။ ကိုယ့်ရဲ့ ခြေတစ်လှမ်းတိုင်းမှာ ဖြစ်ပျက်နေတဲ့ အရာမှန်သမျှ (ဥပမာ –ခြေထောက်ကြွတယ်၊ ခြေလှမ်းတယ်၊ ခြေထောက်ဘေးကို လေပြေညှင်းတွေ ပွတ်တိုက်သွားတယ်၊ အသက်ရှူသွင်းတယ်၊ ရှူထုတ်တယ် အစရှိသဖြင့်) အာရုံစိုက်ထားရပါတယ်။ လမ်းကြောင်းတည့်တည့် အတိုင်း သွားတာမျိုး ရှိသလို နေရာတစ်ခုမှ စက်ဝိုင်းပုံသဏ္ဍာန် လျှောက်တာမျိုးလည်း ရှိပါတယ်။ ဒါကတော့ ကိုယ်လျှောက်တဲ့ နေရာ အကျယ်အဝန်းပေါ် မူတည်ပြီး အဆင်ပြေသလို ညှိယူလို့ ရပါတယ်။စင်္ကြန်လျှောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုး တွေကတော့။၁။ ခန္ဓာကိုယ်တွင်း အထူးသဖြင့် ခြေထောက်မှာ ရှိတဲ့ သွေးကြောထဲသို့သွေးလည်ပတ်စီးဆင်းမှု ကောင်းစေတယ်။၂။အစာကြေရင်ချောင်စေတယ်။ ထမင်းစားပြီးလို့ ဗိုက် အရမ်း တင်းနေတဲ့ အချိန်ဆိုရင် ခဏတဖြုတ် လမ်းလျှောက်ပေးသင့်တယ်။၃။စိုးရိမ်ပူပန်ခြင်းကို လျော့ကျစေတယ်။စိတ်ကျရောဂါကို ခံစားနေရသူတွေ လမ်းမှန်မှန် လျှောက်တာမျိုး လုပ်သင့်တယ်။၄။ သွေးတွင်း သကြားဓာတ် ပမာဏကို မြင့်တက်စေလို့ အမျိုးအစား (၂)ဆီးချိုရောဂါသည်တွေအတွက် အထူးကောင်းတယ်။၅။ ကိုယ်ဟန်အနေအထားကို ဟန်ချက်ညီအောင် ထိန်းညှိပေးနိုင်တယ်။၆။ အသက်ကို မှန်မှန် ရှူသွင်း၊ ရှူထုတ်လုပ်တတ်အောင် လေ့ကျင့်ပေးတယ်။၇။ ညဘက်တွေမှာ ကောင်းစွာအိပ်ပျော်နိုင်အောင် ကူညီပေးတယ်။၈။ စိတ်အာရုံ စုစည်းမှု အားကောင်းစေလို့ ခဏခဏ စိတ်ပျံ့လွင့်တတ်တဲ့သူတွေ၊ တွေးခေါ်ပြီး အလုပ်လုပ်နေရသူတွေအတွက် အကျိုးထူးရှိတယ်။၉။တီထွင်ဖန်တီးဉာဏ်ကို ထက်မြက်စေတယ်။ ပြဿနာကို ဖြေရှင်းတဲ့ နေရာမှာ မတူညီတဲ့ ရှုထောင့် အမျိုးမျိုးကနေ တွေးခေါ်ပြီး အဖြေရှာတတ်လာတယ်။ပုံမှန်ကတော့ တိတ်ဆိတ်ငြိမ်သက်ပြီး အေးချမ်းတဲ့ တရားစခန်းလို နေရာမျိုး၊ ပန်းခြံ၊ သဘာဝ တောတောင်ဒေသတွေမှာ လမ်းလျှောက်ပေးတာ အကောင်းဆုံးပါပဲ။ အဓိက စိတ်အာရုံကို စုစည်းပြီး လုပ်ရတဲ့ လေ့ကျင့်ခန်းမျိုး ဖြစ်တာကြောင့် အသံဆူနေတဲ့ နေရာမျိုးတွေ တတ်နိုင်သလောက် ရှောင်ပေးပါ။အပြင်ထွက် လမ်းလျှောက်ဖို့ အခက်အခဲ ရှိသူတွေဆိုရင်လည်း ကိုယ့်အိမ်ထဲမှာ သို့မဟုတ် ကိုယ်ပိုင် အိပ်ခန်းထဲမှာ လမ်းလျှောက်တာက အကောင်းဆုံး ဖြစ်မှာပါ။ လေဝင်လေထွက်ကောင်းတဲ့၊ ဆူညံသံ အလွန်နည်းတဲ့ အခန်းမျိုးကို အဓိက ရွေးချယ်ပါ။ဗုဒ္ဓဘာသာဝင်မှ မဟုတ်ပါဘူး၊ ဘယ် ဘာသာဝင်မဆို၊ ဘာသာရေးကို အယုံအကြည် မရှိသူတွေပါ ကိုယ်နဲ့ စိတ်ကျန်းမာရေးအလေးပေး လေ့ကျင့်ခန်း အဖြစ်နဲ့ လုပ်လို့ ရပါတယ်။ အသက်အရွယ် မရွေး လုပ်လို့ ရတယ်။ အသက်ကြီး ဘိုးဘိုး၊ ဘွားဘွား အရွယ်တွေ၊ လှုပ်ရှားမှု နည်းတဲ့သူတွေ၊ စိတ်ဖိစီးမှု အရမ်းများတဲ့သူတွေ ပိုလုပ်ပေးသင့်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/walking-meditation-health-benefits/
Atypical Pneumonia (ပုံစံကွဲအဆုတ်ရောင်ခြင်း)
အဆုတ်ရောင်ခြင်းဆိုတာ အဆုတ်မှာ ပိုးဝင်ခြင်းပဲ ဖြစ်ပါတယ်။ ပုံစံကွဲအဆုတ်ရောင်ခြင်းဟာ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ခြင်း မဟုတ်ပါဘူး။ ပုံမှန်အဆုတ်ရောင်ခြင်းဟာ ပုံစံကွဲအဆုတ်ရောင်ခြင်းထက် ပိုပြင်းထန်ပါတယ်။ဒီအမျိုးအစားကို တခါတရံမှာ လမ်းလျှောက်အဆုတ်ရောင်ခြင်းလို့ ခေါ်ပါတယ်။ အဲဒီရောဂါဖြစ်ချိန်မှာ အနားယူဖို့ ဆေးရုံတက်ဖို့ မလိုသလောက်ဖြစ်လို့ ဖြစ်ပါတယ်။အတွေ့နည်းပါတယ်။ ဘယ်အသက်အရွယ်မဆို ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။တွေ့ရများတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။တခြားလက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။တွေ့ရနည်းတဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။Mycoplasma နဲ့ chlamydophila ဘက်တီးရီယားပိုးကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ခြင်းဟာ သိပ်မပြင်းထန်ပါဘူး။ legionella ကြောင့် ဖြစ်တဲ့ အဆုတ်ရောင်ခြင်းဟာ ပထမ ၄-၆ရက်အတွင်း ပိုဆိုးလာပြီး နောက် ၄-၅ရက်လောက်မှာ သက်သာသွားတတ်ပါတယ်။အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။အောက်ပါအချက်တွေရှိရင် ဆရာဝန်ပြပါ။သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။အောက်ပါဘက်တီးရီးယားတမျိုးမျိုးကြောင့် ဖြစ်တတ်ပါတယ်။Mycoplasma အဆုတ်ရောင်ခြင်း။အသက် ၄၀အောက်မှာ ဖြစ်တတ်ပါတယ်။ နှစ်စဉ် လူ၂သန်းခန့် အနည်းဆုံး ဖြစ်ပွားတတ်ပါတယ်။ကျောင်း၊ အကျဉ်းထောင်၊ စုဝေးနေထိုင်ကြတဲအိမ် စတဲ့လူထူတဲ့နေရာတွေမှာ နေသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒါပေမယ့် လူအများဟာ ဖြစ်နိုင်ခြေအချက်တွေ မတွေ့ရဘဲလည်း ရောဂါတွေ့ရတတ်ပါတယ်။Legionella အဆုတ်ရောင်ခြင်း။လီဂျင်နဲရောဂါလို့လည်း ခေါ်ကြပါတယ်။ ရောဂါပိုးပါတဲ့ရေငွေ့ကို ရှူမိရင် ဖြစ်တတ်ပါတယ်။ ဒီရောဂါပိုးကို အဆောက်အဦတွေရဲ့ ရေပေးဝေရေးစနစ်တွေထဲမှာ တွေ့ရတတ်ပါတယ်။ တခြားအမျိုးအစားထက် ပိုဆိုးတတ်ပါတယ်။တနေရာထဲက လူ၂ယောက် ပုံစံတူဖြစ်ရင် ဒီရောဂါပြန့်နှံ့မှုကြောင့် ဖြစ်တတ်ပါတယ်။ ဒေသန္တရ ကျန်းမာရေးဌာနတွေက ဖြစ်ပါားနိုင်ခြေရှိရင် စစ်ဆေးပါလိမ့်မယ်။ဒီရောဂါပိုးကို ထိတွေ့သူမှန်သမျှ ဖြစ်ပွားတာတော့ မဟုတ်ပါဘူး။ Pontiac ဖျားခြင်းဟာ ဒီရောဂါပိုးကြောင့် ဖြစ်ပါားတတ်တဲ့ အဆုတ်ရောင်ခြင်းလောက် မပြင်းထန်တဲ့ အခြေအနေဖြစ်ပါတယ်။ Pontiac အဖျားရှိရင် အဆုတ်မရောင်ပါဘူး။ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲနေခြင်း ရှိတတ်ပါတယ်။ ဒီရောဂါပိုးကို ထိတွေ့မှုဖြစ်တယ်ထင်ရင် ဆရာဝန်ပြပါ။Chlamydophila အဆုတ်ရောင်ခြင်း။ဒီရောဂါဟာ တနှစ်ပတ်လုံး ဘယ်အချိန်မှာမဆို ဖြစ်တတ်ပါတယ်။ ရောဂါအခြေအနေ သိပ်မပြင်းထန်ပါဘူး။ကျောင်းနေအရွယ်ကလေးတွေမြှ ဖြစ်တတ်ပါတယ်။ အရွယ်ရောက်ပြီးသူတွေရဲ့ ၅၀%လောက်ဟာ အသက်၂၀မှာ ဒီရောဂါဖြစ်ဖူးခဲ့ကြပါတယ်။အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေ ပြုလုပ်ပါလိမ့်မယ်။ ဓါတ်မှန်ရိုက်ပါလိမ့်မယ်။ ရင်ဘတ်ဓါတ်မှန်ဟာ အဆုတ်ရောင်ခြင်းနဲ့ တခြား အသက်ရှူလမ်းကြောင်း ပြသနာတွေကို ခွဲခြားနိုင်ပါတယ်။လက္ခဏာတွေပေါ် မူတည်ပြီး တခြားစစ်ဆေးမှုတွေ လိုအပ်ပါတယ်။ အောက်ပါစစ်ဆေးခြင်းတွေ ပါဝင်ပါတယ်။သွေးမှပိုးမွေးစစ်ဆေးခြင်း။ရောဂါပိုးအပေါ် မူတည်ပြီး ကုသပါလိမ့်မယ်။ သိပ်မပြင်းထန်ရင် ပဋိဇီဝဆေးကို သောက်ဆေး ပေးပါလိမ့်မယ်။ ပိုဆိုးရင် ဆေးသွင်းပါလိမ့်မယ်။ ပဋိဇီဝဆေးတွေကို အနည်းဆုံး ၂ပတ် သောက်သုံးရနိုင်ပါတယ်။ နေကောင်းတယ်ထင်ရင်တောင် ဆေးအားလုံးကို ကုန်အောင်သောက်ပါ။ ဆေးကိုရပ်တာမြန်ရင် ပြန်ဖြစ်တဲ့အခါ ကုရပိုခက်သွားပါတယ်။ပိုပြီးဆိုးရားတဲ့လူနာတချို့ဟာ အောက်ဆီဂျင်ရှူဖို့ လိုအပ်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ပုံစံကွဲအဆုတ်ရောင်ခြင်းအတွက် အထောက်အကူ ပြုသလဲ။အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/pneumonia/atypical-pneumonia-%e1%80%95%e1%80%af%e1%80%b6%e1%80%85%e1%80%b6%e1%80%80%e1%80%bc%e1%80%b2%e1%80%a1%e1%80%86%e1%80%af%e1%80%90%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%bb%e1%80%81/
အစာအိမ်အနာ နဲ့ပတ်သက်ပြီး သိထားသင့်သမျှ
အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက်မှာ အနာမျိုးစုံဖြစ်နိုင်ပါတယ်။ အထူးသဖြင့်တော့ အစာအိမ်နဲ့ အူသိမ်ဦးပိုင်းမှာ အနာအဖြစ်များပါတယ်။ သူတို့ နှစ်ခုကို ပေါင်းပြီးpeptic ulcerလို့ ခေါ်ပါတယ်။ ခုပြောမှာကတော့ သူတို့ နှစ်ခုထဲက တစ်ခုဖြစ်တဲ့ အစာအိမ်အနာ အကြောင်းပဲ ဖြစ်ပါတယ်။အစာအိမ်မှာ အချွဲလွှာရယ်၊ ကြွက်သားလွှာရယ်၊ အပြင်ဘက်ဆုံးက အမြှေးပါးရယ်ဆိုပြီး ၃လွှာ ရှိပါတယ်။ အနာက အချွဲအမြှေးပါးကနေ စဖြစ်တာပါ။ ပုံမှန်ဆို အချွဲလွှာကအစာခြေအက်စစ်ဒဏ်ကို ကာကွယ်ပေးထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အချွဲအမြှေးပါးလေး ပါးသွားတဲ့အခါ အနာစဖြစ်လာပါတယ်။  အချွဲတွေ နည်းသွားပြီး အနာဖြစ်လာတဲ့ အခါကျတော့ အစာအိမ်က အက်စစ်စားတဲ့ ဒဏ်ကို ခံရပါတော့တယ်။အစာအိမ်အနာဖြစ်စေတဲ့ အကြောင်းရင်းတွေက အလွယ်ပြောရရင် အစာအိမ်အချွဲလွှာကို ပါးစေတဲ့ အကြောင်းရင်းတွေပါပဲ။ဒီဘက်တီးရီးယားက အကြမ်းခံတဲ့ ဘက်တီးရီးယားပါပဲ။ ပြင်းထန်လွန်းတဲ့ အစာအိမ်အက်စစ်မှာတောင် အသက်ရှင်နိုင်တဲ့ ဘက်တီးရီးယားပါ။ အစာအိမ်အနာဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ သူက နံပါတ်တစ်ပါပဲ။ စစချင်းတွေ့တုန်းကဆိုရင် သူ့ကြောင့် ဖြစ်တယ်လို့ ပြောတာကို မယုံကြတဲ့အတွက် တွေ့ခဲ့တဲ့ပညာရှင်က ဒီပိုးပါတာကို လက်တွေ့သောက်ပြ အစာအိမ်အနာအဖြစ်ခံပြီး သက်သေပြခဲ့ရတယ်လို့ဆိုပါတယ်။H.pyloriဘက်တီးရီးယားက အဖြစ်များတဲ့အပြင် ကူးလို့ ကူးမှန်းတောင် မသိရပါဘူး။ ဘာကြောင့်လည်းဆိုတော့ လက္ခဏာ မပြတဲ့ အတွက်ကြောင့်ပါပဲ။ အရွယ်မရွေးအကူးခံရနိုင်ပြီး အစာအိမ်အချွဲလွှာမှာ ခိုအောင်းနေတတ်ပါတယ်။ တချို့တွေမှာကျတော့ ခိုအောင်းရုံတင်မဟုတ်ဘဲ အချွဲလွှာကို ဖျက်ဆီးပစ်တဲ့အတွက် အက်စစ်စားတဲ့ဒဏ်ကို ခံရပြီး အနာဖြစ်လာပါတယ်။နာကျင်ကိုက်ခဲတာ၊ ရောင်ရမ်းတာမှာ သောက်တဲ့ ဆေးတွေပေါ့။ စတီးရွိုက်တွေလည်း ပါပါတယ်။ ဥပမာ ပြောရရင် အက်စပရင်၊ ဒိုင်ကလို၊ အိုင်ဗျူပရိုဖန် စတာတွေပဲ ဖြစ်ပါတယ်။ ပါရာစီတမောတော့ မပါဘူး။နောက်ပြီး ဒီဆေးတွေ သောက်တိုင်း အစာအိမ်အနာဖြစ်တာတော့ မဟုတ်ပါဘူး။ သောက်တဲ့ ပမာဏ၊ စွဲသောက်သလား စတာတွေပေါ်လည်း မူတည်ပါသေးတယ်။ ဒါကြောင့် ဒီဆေးတွေကို အစာစားပြီးမှ သောက်ပါလို့ မှာတာပဲ ဖြစ်ပါတယ်။အစာအိမ်အနာ ရှိသူတွေ အနေနဲ့ကတော့ အကိုက်အခဲပျောက်ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် မသောက်သင့်ပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှပဲ သောက်ဖို့ အကြံပြုလိုပါတယ်။အစာအိမ်အနာရှိရင်အပူအစပ်ရှောင်၊ စိတ်ဖိစီးမခံနဲ့၊ အရက်မသောက်နဲ့လို့ ပြောတာ ကြားဖူးမှာပါ။ ဒါတွေက အစာအိမ်အနာကို တိုက်ရိုက်ဖြစ်စေတာ မဟုတ်ပေမယ့် ရှိပြီးသားအနာကို ပိုဆိုးစေလို့ ရောဂါအခံရှိရင် ရှောင်တာကောင်းပါတယ်။နောက်တစ်ခုကတော့ ဆေးလိပ်ပါ။ သူကတော့ ရှောင်ကို ရှောင်ရမှာပါ။ အစာအိမ်အနာကို ဖြစ်နိုင်ခြေကို များစေတဲ့အပြင် ဆေးကုသမှုကိုပါ အနှောင့်အယှက်ဖြစ်စေပါတယ်။အစာအိမ်အနာရှိတိုင်း လက္ခဏာပြချင်မှ ပြတာပါ။ တချို့ဆို အနာကြောင့် နောက်ဆက်တွဲ ဝေဒနာခံစားရမှပဲ သိကြပါတယ်။ လက္ခဏာပြခဲ့မယ်ဆိုရင်တော့ ဗိုက်ထဲမှာ ပူပြီး အောင့်တာကို အဓိက ခံစားရမှာပါ။အစာအိမ်အနာကြောင့် ဗိုက်အောင့်တာက ဝမ်းဗိုက်အပြင် ရင်ခေါင်းထဲထိ တက်အောင့်တာ၊ နောက်ကျောအောင့်တာအထိ ဖြစ်နိုင်ပါတယ်။ မိနစ်ပိုင်းကနေ နာရီပိုင်းအထိ ကြာတတ်ပါတယ်။ အစာစားပြီး သိပ်မကြာခင် အက်စစ်ထွက်လာတာကြောင့် လူနာအများစုက စားပြီးရင် အောင့်တယ်လို့ ပြောတတ်ကြပါတယ်။ တစ်ခါတလေ ညဘက်တွေ ထထအောင့်လို့ အိပ်ရေးပျက်ရတာမျိုးလည်း ရှိတတ်ပါတယ်။အစာအိမ်ဆေးတွေ သောက်လိုက်ရင် အက်စစ်ဓာတ်တွေ ပြယ်သွားတာကြောင့် သက်သာသွားပါတယ်။ ဒါပေမယ့် ဒါက ခဏပဲဖြစ်ပြီး ဖြစ်ရတဲ့ အကြောင်းအရင်းကို ရှာပြီ’ မကုသရွေ့ ဒီလိုပဲ အောင့်လိုက် ပျောက်လိုက် ဖြစ်နေဦးမှာပါ။တခြားလက္ခဏာတွေကတော့။အစာအိမ်အနာကို ထိထိရောက်ရောက် မကုဘဲအစာအိမ်ဆေးလေးတွေနဲ့ပဲ အနာသက်သာအောင် နေမယ်ဆိုရင် ကြာလာတဲ့အခါ နောက်ဆက်တွဲ ဝေဒနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါတွေကတော့။အစာအိမ်အနာရဲ့ အဖြစ်အများဆုံး နောက်ဆက်တွဲ ဝေဒနာပါပဲ။ အထူးသဖြင့် အနာနဲ့ သွေးကြောနဲ့ တည့်နေတဲ့အခါမျိုးဆို ပိုဖြစ်တတ်ပါတယ်။-သွေးက နည်းနည်းစီ စိမ့်နေမယ်ဆိုရင် တဖြည်းဖြည်း သွေးအားနည်းလာပြီး နုံးတာ၊ မောတာ၊ ဖြူဖျော့လာတာ၊ ရင်တုန်တာ စတာတွေ ဖြစ်လာနိုင်ပါတယ်။-တစခါတည်းနဲ့ သွေးတွေအများကြိး ထွက်လာရင်တော့ အပေါ်ကနေ ကော်ဖီရောင်အန်တာ၊ အောက်ကဝမ်းမည်းသွားတာတွေ ဖြစ်တတ်ပါတယ်။ ဒါကတော့ အရေးပေါ်အခြေအနေပါ။ ဆေးရုံ အမြန်သွားပါ။နည်းနည်းတော့ ရှားပေမယ့် ဖြစ်လာရင် အသက်အန္တရာယ် နီးတာကြောင့် သိထားသင့်ပါတယ်။ အနာက အစာအိမ်ရဲ့ အပြင်ဘက်ဆုံးအလွှာအထိ စားပြီး ပေါက်ထွက်သွားတာမျိုးပါ။ ဒါဆိုရင်တော့ အစာအိမ်ထဲမှာရှိတဲ့ တခြားပိုးတွေပါ ဝမ်းခေါင်းထဲကို ရောက်ပြီး ဝမ်းတွင်းအမြှေးပါး ရောင်ရမ်း (Peritonitis) လာမှာပါ။ဒီအခြေအနေထိဖြစ်လာပြီဆိုရင်နော့ မကြာခင်မှာ သွေးထဲအထိ ရောက်ပြီး သွေးဆိပ်သင့်နိုင်ပါတယ်။ မကုဘဲထားမယ်ဆိုရင် အသက်အန္တရာယ် ရှိပါတယ်။ အထူးသဖြင့် ရုတ်တရက် ဗိုက်အောင့်လာပြီး ပိုပိုဆိုးလာတယ်။ အရင်လို အစာအိမ်ဆေးတွေ သောက်တာတောင် မသက်သာဘူးဆိုရင် သတိထားသင့်ပါတယ်။တချို့သူတွေမှာ အစာအိမ်အနာကနေ ရောင်ပြီး ဖောင်းလာတာကြောင့် အစာအိမ်ထွက်ပေါက်ကို ပိတ်မိသလို ဖြစ်သွားနိုင်ပါတယ်။ လက္ခဏာတွေကတော့။-စားပြီး သိပ်မကြာဘူး ပြန်ပြန်အန်တာ၊ အစာတွေ မကြေဘဲ ပြန်ထွက်လာတာ။-ဗိုက်ကြီးတင်း ရင်ပြည့်ပြီး လေခံနေတာကို ရက်အတန်ကြာ ခံစားနေရတာ။-ဘာမှသိပ်မစားရသေးဘဲ ဗိုက်ပြည့်သွားတာ။-အကြောင်းအရင်း မရှိဘဲ ပိန်ပိန်လာတာ စတာတွေပဲ ဖြစ်ပါတယ်။အစာအိမ်အနာကို သေချာမကုဘူးဆိုရင် သာမန်လူတွေထက် အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများလာမှာပါ။မကြာခဏ ဗိုက်အောင့်တယ် ဒါမှမဟုတ် အပေါ်က ပြောခဲ့တဲ့ လက္ခဏာတွေ ခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ ပြသဖို့ အကြံပြုလိုပါတယ်။ ဆရာဝန်က လိုအပ်တဲ့ ရောဂါရာဇဝင်မေးမြန်းတာတွေ၊ စမ်းသပ်တာတွေ လုပ်ပါလိမ့်မယ်။ အစာအိမ်အနာလို့ သံသယရှိတယ်ဆိုရင် လိုအပ်တဲ့ ဆေးစစ်ချက်တွေ ဆက်လုပ်ပါလိမ့်မယ်။ အသုံးအများဆုံး ဆေးစစ်ချက်တွေကတော့။–urea breath testအရည်တစ်မျိုးကို တိုက်ပြီး အသက်ကို ပြင်းပြင်း ရှူထုတ်ခိုင်းကာ စမ်းသပ်တာပဲ ဖြစ်ပါတယ်။–stool antigen testဝမ်းထဲမှာ ပိုးပါ မပါ စစ်ဆေးတာ။–သွေးစစ်ပြီး ပိုးရှိမရှိရှာဖွေတာ။လူနာတိုင်းတော့ မဟုတ်ပေမယ့် တချို့လူနာတွေကို လိုအပ်ရင် အစာအိမ်မှန်ပြောင်းကြည့်ခိုင်းပါလိမ့်မယ်။ လိုအပ်ရင် အသားစယူပြီး ရိုးရိုးအနာလား၊ ကင်ဆာအနာလားဆိုတာပါ စစ်ဆေးပါလိမ့်မယ်။ ပြင်ပလူနာဌာနမှာ အချိန်ခဏပေးရုံနဲ့ အလွယ်တကူ ကြည့်လို့ရပါတယ်။အစာအိမ်အနာ ဘာကြောင့်ဖြစ်တာလည်းပေါ်မူတည်ပြီး ကုသနည်းတွေက ပြောင်းသွားနိုင်ပါတယ်။ အများစုကတော့ တစ်လ နှစ်လနေရင် ပျောက်သွားတတ်ပါတယ်။–H.pyloriပိုးကြောင့်ဆိုရင် ပိုးသတ်ဆေးတွေ၊ အစာအိမ်ဆေးတွေကို ပေါင်းပြီး ရက်ရှည် ကုသရမှာပါ။ လက်ရှိမှာ ဆေးယဉ်ပါးတွေလည်း အဖြစ်များနေတဲ့အတွက် သေသေချာချာ ရက်ပြည့်အောင် သောက်ဖို့ လိုပါတယ်။-အကိုက်အခဲပျောက်ဆေးတွေကြောင့် ဆိုရင်တော့ အစာအိမ်အက်စစ်ပြယ်ဆေးတွေ ပေးပြီး ကုသလို့ ရပါတယ်။ လက်ရှိသုံးနေတဲ့ အကိုက်အခဲပျောက်ဆေးတွေကို ရပ်တာ ဒါမှမဟုတ် အစာအိမ်မထိတဲ့ အမျိုးအစားကို ပြောင်းပြီး ပေးမှာ ဖြစ်ပါတယ်။ဆေးတွေပေးပြီး ၄ပတ်က ၆ပတ်နေရင် အစာအိမ်အနာ ပျောက်သွားပြီလားဆိုတာကို အစာအိမ်မှန်ပြောင်း ကြည့်ရပါမယ်။ (လူနာတိုင်း မလိုပါ။)။ဆေးကုသနေစဉ်အတွင်းမှာ အပူအစပ်တွေ၊ အရက်တွေ၊ ဆေးလိပ်တွေ၊ စိတ်ဖိစီးမှုတွေ ရှောင်ဖို့တော့ လိုပါတယ်။အစာအိမ်အနာနဲ့ ပတ်သက်လာရင် အများစုက အစာအိမ်ဆေးလောက်ပဲ ဝယ်သောက်ကြတာများပါတယ်။ ဒါက လက္ခဏာကိုပဲ သက်သာစေပါတယ်။ ခဏခဏ ပြန်ဖြစ်နေတယ်ဆိုရင်တော့ အစာအိမ်ဆေးသောက်တာထက်စာရင် ဆရာဝန်နဲ့ ပြသပြီး  အကြောင်းအရင်းရှာ ကုသဖို့ အကြံပေးလိုပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/stomach-ulcer/stomach-ulcer/
မိုက်ခရိုဝေ့ နဲ့ ပက်သက်ပြီး မှားသိနေတာလေးတချို့ ။ ။
မိုက်ခရိုဝေ့ ဆိုတာ ခေတ်သစ်ချက်ပြုတ်နည်းပညာတွေထဲမှာ အရမ်းအဆင်ပြေပြီး သုံးရလွယ်ကူတဲ့မီးဖိုချောင်သုံး ပစ္စည်းတစ်ခုပါ။ အအေးခံထားတဲ့ ဟင်းတွေကို ပြန်နွေးတဲ့နေရာမှာပဲ ဖြစ်ဖြစ်၊ ဟင်းတွေ ပြုတ်ကင်ချက်ပြုတ်ဖို့ပဲ ဖြစ်ဖြစ် အဖက်ဖက်က အသုံးဝင်တဲ့ အရာတစ်ခုပါ။ ဒီလို အသုံးဝင်လှတဲ့ မိုက်ခရိုဝေ့နဲ့ ပက်သက်လို့ လူတွေ မှားသိနေကြတဲ့ အရာတစ်ခုရှိပါတယ် ။ ။( ၁ ) မိုက်ခရိုဝေ့ထဲ ထည့်လိုက်ရင်အာဟာရဓာတ်တွေ အားလုံးပျက်ကုန်တယ် ။။အရမ်းပူတဲ့ အပူချိန်နဲ့ထိတွေ့လိုက်တဲ့အခါ တချို့ အာဟာရဓာတ်တွေဖြစ်တဲ့ဗီတာမင် Cတွေက ပြိုကွဲသွားလေ့ရှိပါတယ်။ ဒါပေမယ့် ဒါက အပူချိန်နဲ့ အချိန်အကြာကြီးထိတွေ့မှ ဖြစ်တဲ့အတွက် မိုက်ခရိုဝေ့ လိုမျိုး ခဏလေးနဲ့ ချက်ပြီး ကျက်သွားတဲ့ စားစရာတွေမှာတော့အာဟာရဓာတ်တွေ ဆုံးရှုံးစရာမရှိပါဘူး။( ၂ ) မိုက်ခရိုဝေ့နဲ့ ချက်တဲ့စားစရာတွေကကင်ဆာဖြစ်စေတယ် ။ ။မိုက်ခရိုဝေ့မှာ x-rays တွေ gamma rays တွေ မပါဝင်တဲ့အတွက် စားစရာတွေကို ရေဒီယိုဓာတ်ကြွမဖြစ်စေတဲ့အပြင်ကင်ဆာဖြစ်စရာ အကြောင်းမရှိပါဘူး။ မိုက်ခရိုဝေ့ဆိုတာ စားစရာတွေကို အပူပဲ ပေးတာပါ။ သူတို့ရဲ့ ဓာတုဓာတ်ပေါင်းတွေနဲ့ မော်လီကျူးတွေကို ပြောင်းလဲတာမဟုတ်ပါဘူး။ ဒါ့ကြောင့် မိုက်ခရိုဝေ့အစားအစာတွေကို စားရင် ကင်ဆာဖြစ်စရာ အကြောင်းမရှိပါဘူး။ဒါပေမယ့် တစ်နေရာရာမှာ ထိခိုက်ပျက်စီးနေတဲ့ မိုက်ခရိုဝေ့ကတော့ ရေဒီယိုသတ္တုလှိုင်းတွေ ယိုထွက်နေနိုင်တဲ့အတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် မိုက်ခရိုဝေ့ကို ဘယ်လိုပုံနဲ့ သုံးရမလဲဆိုတဲ့ နည်းအတိုင်း လိုက်နာပြီး သေချာ အသုံးပြုသင့်ပါတယ်။နောက်တစ်ချက်က မိုက်ခရိုဝေ့ထဲပလတ်စတစ်ပါတဲ့ ခွက်တွေနဲ့ စားစရာတွေကို အပူပေးမယ်ဆိုရင်တော့ကင်ဆာရောဂါဖြစ်နိုင်ချေများပါတယ်။ ဒ့ါအပြင် ပလတ်စတစ်ခွက်တွေနဲ့ စားစာရာတွေကို မိုက်ခရိုဝေ့ ထဲထည့်မယ်ဆိုရင် သွေးတိုးရောဂါ၊ အဝလွန်ရောဂါ၊ ဆီးချိုရောဂါတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် မိုက်ခရိုဝေ့ကိုယ်တိုင်က ကင်ဆာဖြစ်စေတာမဟုတ်ပါဘူး။ မှန်ကန်တဲ့ နည်းလမ်းအတိုင်းသာ လိုက်နာမယ်ဆိုရင် မိုက်ခရိုဝေ့ က ကျန်းမာရေးကို မထိခိုက်စေပါဘူး ။ ။( ၃ ) မိုက်ခရိုဝေ့ထဲအသားတွေ ချက်တဲ့အခါ အသားတုံးကြီးလေလေ အပူချိန်မြင့်မြင့် သုံးရလေလေပါ။ ။ဒါကမှားနေတဲ့ အယူတစ်ခုပါ။ မိုက်ခရိုဝေ့ထဲမှာ အသားတုံးကြီးကြီးတွေကို ချက်ပြုတ်တော့မယ်ဆိုရင် အပူချိန် အလယ်လောက်မှာပဲ ထားပြီး အချိန်ကြာကြာချက်ပြုတ်ပေးပါ။ မြန်မြန်ကျက်အောင် အပူချိန်မြင့်မြင့်သုံးရမယ်ဆိုတာ မဟုတ်ပါဘူး။ အလယ်အလတ်အပူချိန်နဲ့ အချိန်ကြာကြာချက်ပြုတ်မှ အတွင်းပိုင်းအသားတွေ သေချာကျက်ပြီး အပြင်ပိုင်းအသားတွေ တူးတာမျိုးကို ဖြစ်စေမှာ မဟုတ်ပါဘူး။မိုက်ခရိုဝေ့ နဲ့ ပက်သက်ပြီး အခြားသိသင့်တဲ့ အချက်တွေကတော့။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/microwave-myths/
Influenza(flu)child (တုပ်ကွေးဆိုတာဘာလဲ)
တုပ်ကွေး ဆိုတာဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးပါ။ နှစ်တိုင်းနှစ်တိုင်း လူပေါင်း ၂သိန်းခွဲကနေ ၅သိန်းအထိ ကူးစက်နေသော တုပ်ကွေးဟာ ၁၀ရာခိုင်းနှုန်းကနေ ၁၅ရာခိုင်နှုန်းလောက်အထိရှိပါတယ်။ တုပ်ကွေးဟာ ချက်ချင်းထဖြစ်ပြီး ၇ရက်ကနေ ၁၀ရက်အတွင်းမှာ ပျောက်ကင်းသွားကြတာများပါတယ်။ တုပ်ကွေးဟာ အန္တရယ်ရှိပါတယ်။ အထူးသဖြင့် ပိုအဆင့်မြင့်တဲ့ တုပ်ကွေးဗိုင်းရပ်စ်တွေနဲ့ဆို ပိုတောင် အန္တရယ်ရှိပါတယ်။ လူအများအတွက်ကတော့ တုပ်ကွေးဟာ ချက်ချင်းထဖြစ်ပြီး ၇ရက်ကနေ၁၀အတွင်းမှာ ပျောက်ကင်းသွားကြသလို လုံးဝလည်း ပြန်ကောင်းသွားတတ်ကြပါတယ်။ ဒါပေမယ့်လည်း အသက်အရွယ် အရမ်းကြီးသူတွေ၊ အရမ်းငယ်သူတွေနဲ့ ကိုယ်ခံအားကျနေသူတွေကတော့ ပိုမိုပြင်းထန်စွာခံစားလိုက် ရပြီးသေတဲ့အထိတောင် ဖြစ်သွားနိုင်ပါတယ်။တုပ်ကွေးရောဂါဟာ လွန်စွာ အဖြစ်များပြီး အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ တစ်နှစ်ကို အနည်းဆုံး တုပ်ကွေး၂ကြိမ်၃ကြိမ်ဖြစ်ဖူးပါတယ်။ ကလေးတွေကတော့ တစ်နှစ်ကို အနည်းဆုံး တစ်နှစ်ကို ၆ကြိမ်၇ကြိမ်လောက်ဖြစ်ဖူးပါတယ်။ တုပ်ကွေးရာသီဖြစ်တဲ့ ဆောင်းရာသီမှာ အဖြစ်များဆုံးပါ။ အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ခြင်းအားဖြင့် ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။တုပ်ကွေးရောဂါပိုးနဲ့ ထိတွေ့ပြီး ၂၄နာရီကနေ ၄၈နာရီအတွင်းမှာ လက္ခဏာပြပါလိမ့်မယ်။ များသောအားဖြင့် ၃ရက်နေ ၅ရက်အထိ ကြာမြင့်တတ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေခံစားနေရပြီဆိုရင် ဆရာဝန်ဖြင့် ပြသပေးပါ။တုပ်ကွေးလက္ခဏာတွေ ပြနေပြီး အန္တရယ်ရှိတဲ့ အခြေအနေနဲ့ နီးနေပြီဆိုရင် ဆရာဝန်ဖြင့် ပြသပေးပါ။ လက္ခဏာပြပြချင်း ဗိုင်းရပ်စ်သတ်ဆေးကို ၄၈အတွင်း သောက်ထားမယ်ဆိုရင် ဖျားနာတဲ့အချိန်ကို လျော့ချပေးနိုင်ပြီး ဆိုးဆိုးရွားရွားတွေ မဖြစ်ရအောင် ကာကွယ်ပေးပါတယ်။တုပ်ကွေးရောဂါဟာ ဗိုင်းရပ်စ်တွေကြောင့် ဖြစ်ရတာပါ။ ယင်းတို့ကို အမျိုးအစား အေ၊ဘီနဲ့စီဆိုပြီး ခွဲခြားနိုင်ပါတယ်။ အမျိုးအစားအေကတော့ အတွေ့အများဆုံးပါ။ ဝက်တုပ်ကွေး(H1N1)နဲ့ ကြက်ငှက်တုပ်ကွေး(H5N1, H7N9)တို့ကို ကြားဖူးလောက်မှာပါ။ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လေကိုရှုမိတဲ့အခါမှာ ယင်းပိုးဟာကိုယ်ထဲရောက်သွားပါတယ်။ တုပ်ကွေးပိုးရှိနေတဲ့ အရာဝထ္တုပစ္စည်းတွေ၊ တိရိစ္ဆာန်တွေနဲ့ ထိတွေ့မိတဲ့ အခါမှာလည်း ကူးစက်ခံရနိုင်ပါတယ်။ ရောဂါပိုးကူးစက်ခံထားရတဲ့လူ ချောင်းဆိုးလိုက်တဲ့အခါ၊နှာချီလိုက်တဲ့အခါမှာ ထွက်လာတဲ့ ရေမှုန်ရေမွှားများထဲမှာလည်း ရှိပါတယ်။ ရောဂါခံစားနေရတဲ့ တိရိစ္ဆာန်အသားတွေစားခြင်းကလည်း ကူးစက်ခံရနိုင်ပါတယ်။အချက်ပေါင်းများစွာရှိပါတယ်။ ရောဂါပိုးမွှားတွေရှိတဲ့ ပတ်ဝန်းကျင်မှာနေမယ် ဒါမှမဟုတ် ကိုယ်ခံအားနည်းနေမယ်ဆိုရင် တုပ်ကွေးအန္တရယ် မြင့်မားနိုင်ပါတယ်။ တုပ်ကွေးအန္တရယ် မြင့်တက်စေတဲ့ အချက်အချို့ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အခြေအနေတော်တော်များများမှာတော့ တုပ်ကွေးရှိမှန်း မိမိဘာသာ သိရှိတတ်ကြပါတယ်။ အဖျားတက်တာနဲ့ ပင်ပန်းတာလိုမျိုး လက္ခဏာတွေကနေ သိရှိမှာပါ။ တုပ်ကွေး၏ပဋိပစ္စည်းစမ်းသပ်ခြင်းဖြင့်လည်း တွေ့ရှိနိုင်ပါတယ်။ ယင်းစစ်ဆေးမှုကို တုပ်ကွေးရာသီမှာ ကူးစပ်ပြန့်ပွားခြင်း ထိန်းချုပ်ဖို့ အများဆုံးအသုံးပြုတာပါ။တုပ်ကွေးစစ်ဆေးမှုမှာတော့ နှာရည်တို့ သွေးတို့ကို အသုံးပြုပါတယ်။တုပ်ကွေးကြောင့် ကိုယ်အင်္ဂါထိခိုက်မှုတစ်ခုဖြစ်တဲ့ အဆုတ်ရောင်ရောဂါရှိမရှိကို ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းဖြင့် သိရှိနိုင်ပါတယ်။ စစ်ဆေးမှုကို ဆေးရုံတင်ထားရတဲ့လူတွေ၊ ကိုယ်ခံအားကျနေတဲ့လူတွေ၊ တုပ်ကွေးကြောင့်ကိုယ်အင်္ဂါထိခိုက်ခံရဖွယ်ရှိတဲ့လူတွေအတွက် အဓိကအကြံပြုထားပါတယ်။ လူထုထဲမှာ တုပ်ကွေးတွေ့ရှိထားတယ်ဆိုရင်တော့ လူတိုင်းက တုပ်ကွေးစစ်ဆေးမှုကို ပြုလုပ်ရမှာဖြစ်ပါတယ်။လူအများစုကတော့ အိမ်မှာပဲ ပျောက်ကင်းနိုင်ကြပြီး ဆရာဝန်ပြဖို့ သိပ်မလိုပါဘူး။ အကောင်းဆုံးကုသနည်းကတော့ အနားယူခြင်းပါပဲ။ လူတော်တော်များဟာ ပဋိဇီဝဆေးတွေက တုပ်ကွေးကို ကုသပေးနိုင်တယ်လို့ နားလည်မှုလွဲနေကြပါတယ်။ ဒါပေမယ့်လည်း ယင်းဆေးတွေ သောက်သုံးခြင်းက တုပ်ကွေးကို မသက်သာစေနိုင်တဲ့အပြင် ဆေးယဉ်ပါးခြင်းဖြစ်စဉ်တွေတောင် ပေါ်ပေါက်လာနိုင်ပါတယ်။ မခံမရပ်နိုင်ဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်ကိုပြောပြီး ရောဂါလက္ခဏာသက်သာစေတဲ့ဆေးအား တောင်းဆိုနိုင်ပါတယ်။ ယင်းဆေးတွေထဲမှ အချို့က ဆေးဆိုင်များမှာ အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ ဆေးဝါးတွေဖြစ်ပါတယ်။ နာကျင်ကိုက်ခဲမှုတွေ သက်သာစေဖို့ ပါရာစီတမောနှင့် အိုင်ဗျူပရိုဖန်လိုမျိုး အက်စပရင်မဟုတ်သည့် ဆေးများ၊ လည်ပင်းနာ၊ချောင်းဆိုးသက်သာစေဖို့ ချောင်းဆိုးပျောက်ဆေးရည်များ၊ နှာခေါင်းပိတ်ခြင်းအတွက် နှာပွင့်ဆေးများပဲဖြစ်ပါတယ်။တုပ်ကွေးရောဂါကို ရင်ဆိုင်နိုင်ဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။ဆေးဝါးဖြင့်မဟုတ်သော နည်းလမ်းအချို့က တုပ်ကွေးရောဂါကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။အောက်ပါတို့က တုပ်ကွေးမမိအောင်နဲ့ အခြားသူတွေကို မကူးစက်အောင် သင်လုပ်နိုင်တဲ့ အရာအချို့ပဲဖြစ်ပါတယ်။မေးစရာတွေရှိနေမယ်ဆိုရင် အကောင်းဆုံဖြေရှင်းနည်းတွေကို ပိုမိုနားလည်သိရှိစေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/influenzafluchild-%e1%80%90%e1%80%af%e1%80%95%e1%80%b9%e1%80%b1%e1%80%80%e1%80%bc%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac%e1%80%98%e1%80%ac%e1%80%9c%e1%80%b2/
ချောကလက်စားရင်း ကောင်းကျိုးတွေအများကြီးရနိုင်တယ်ဆိုတာ သိပြီးပြီလား
ဟုတ်ပါတယ်။ တကယ်ကို ချောကလက်စားရင်း ကောင်းကျိုးတွေအများကြီးရနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်စားလိုက်တဲ့ ချောကလက်ဟာ Dark Chocolate ဆိုတဲ့ ကိုကိုး (Cocoa) ပါဝင်မှုများတဲ့ ချောကလက်တော့ဖြစ်ရပါမယ်။ချောကလက်ကို ကိုကိုး ဆိုတဲ့ အပင်ရဲ့ အစေ့ကနေပြီး ပြုလုပ်တာဖြစ်ပါတယ်။ အခုပြောသွားမယ့် Dark Chocolate ကတော့ ကိုကိုး အနည်းဆုံး ၇၀ % ပါဝင်နေတဲ့ အမျိုးအစားကို ရည်ညွှန်းပြီး ပြောသွားမှာပဲ ဖြစ်ပါတယ်။ ကိုကိုးပါဝင်မှုမြင့်မားပြီး Dark Chocolate ဖြစ်လေလေ၊ အာဟာရ ပါဝင်မှုမြင့်မားလေလေပဲဖြစ်ပါတယ်။ကိုကိုး…။ဒီ Dark Chocolate မှာ ပါဝင်မှုများတဲ့ ကိုကိုးဟာဆိုရင် antioxidants ဆိုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ  ရရှိနိုင်တဲ့ အဓိက အရင်းအမြစ်တေွထဲက တစ်ခုပဲဖြစ်ပါတယ်။ Antioxidants ဆိုတာကတော့ လွယ်လွယ်ပြောရရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တွေ အကြောင်းအမျိုးမျိုးနဲ့ ပျက်စီးမှာကို နှေးကွေးစေတဲ့၊ ဟန့်တားပေးတဲ့ အရာပဲ ဖြစ်ပါတယ်။ Antioxidants ကြွယ်ဝတယ်လို့ နာမည်ကြီးတဲ့ blueberries သီးတွေထက်တောင် Dark Chocolate ဆီကနေ antioxidants ကို ပိုမိုရရှိနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တစ်ခုက ဆိုပါတယ်။Dark Chocolate ကို ဦးဏှောက်အတွက်အစာလို့လည်း ခေါ်ကြပါသေးတယ်။အကြောင်းကတော့… Dark Chocolate စားပေးခြင်းဖြင့် ဦးနှောက်ရဲ့ လုပ်ဆောင်ရည်ဟာဆိုရင် တိုးတက်လာနိုင်လို့ပဲဖြစ်ပါတယ်။– မှတ်ဉာဏ်ကိုလည်း တိုးစေတယ်။– အာရုံစူးစိုက်မှုကိုလည်း ပိုပြီးကောင်းစေတယ်။– ဉီးဏှောက်အတွင်း သွေးစီးဝင်မှုကိုလည်း အားကောင်းစေတယ်။– အကြောအားနည်းပြီး ခြေလက်တုန်သောရောဂါဖြစ်တဲ့ Parkinson’s Disease နဲ့။– ဦး‌နှောက် ပုံမှန်အလုပ်မလုပ်နိုင်တော့ဘဲ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ ပီသစွာစကားမပြောနိုင်တော့ခြင်း  စတာတွေဖြစ်ပွားသောရောဂါတစ်မျိုးဖြစ်တဲ့ Alzheimer’s Disease တွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်တယ်။– အသက် အိုမင်းလာလို့ဖြစ်လေ့ရှိတဲ့ မှတ်ဉာဏ်အား လျော့ကျလာမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။စိတ်နဲ့ပတ်သက်ရင်လည်း…။Endorphins အမည်ရ လူကို ပျော်ရွှင်စေတဲ့ ဟော်မုန်းထွက်စေဖို့ တိုက်တွန်းပေးတာကြောင့် စိတ်ပျော်ရွှင်မှုကိုပေးစွမ်းပေးပါတယ်။ Magnesium ပါဝင်လို့လည်း နာကျင်မှုနဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်။ ဒါကြောင့် စိတ်ကျရောဂါခံစားနေရတဲ့သူတွေအနေနဲ့ Dark Chocolate ကို စားပေးသင့်ပါတယ်။ခန္ဓာကိုယ် ရောင်ရမ်းမှုနဲ့ ပတ်သက်ရင်လည်း…။လူ့ခန္ဓာကိုယ်ဟာဆိုရင် ပိုးမွှားတွေရယ်၊ ထိခိုက်မှုတွေရယ်ကြောင့် ရောင်ရမ်းမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ အချိန်ကြာမြင့်စွာ ရောင်ရမ်းမှုတွေရှိလာတဲ့အခါမှာတော့ ဆီးချိုရောဂါ၊ အဆစ်ရောင်နာတွေ ဖြစ်လာနိုင်ပါတယ်။ Dark Chocolate ဟာဆိုရင် ခန္ဓာကိုယ်ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ဒီ့အပြင်…။Dark Chocoloate ဟာဆိုရင် နှလုံးရောဂါဖြစ်ပွါးနိုင်ချေကိုလည်း လျှော့ချပေးနိုင်ပါသေးတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတဲ့ insulin ဟော်မုန်းကိုလည်း တိုးထုတ်စေနိုင်တဲ့အတွက် ဆီးချိုရောဂါကိုလည်း  ကာကွယ်ပေး၊ ထိန်းပေးနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တစ်ခုမှာဆိုရင် Dark Chocolate ကို နေ့စဉ်အနည်းငယ်စားသုံးပေးခြင်းဖြင့် နှလုံးဖောက်ပြန်မှု (Heart Attack) နဲ့ လေဖြတ်ခြင်း ဖြစ်စေမှုကို ၄၀% နီးပါး လျှော့ချပေးနိုင်ပါတယ်လို့ ဖော်ပြထားပါတယ်။ဒါတင်ပဲလားဆိုတော့…။အသီးအရွက်၊ အသီးအနှံတွေမှာ တွေ့နိုင်တဲ့ Flavonols အမည်ရ Antioxidants တစ်မျိုးကိုလည်း Dark Chocolate ကနေ ရရှိနိုင်ပြီး နေလောင်ခြင်းမှ ကာကွယ်ပေးနိုင်တယ်။ အသားအရေကို ရေဓာတ်ခမ်းခြောက်ခြင်းမှလည်း ကာကွယ်ပေးနိုင်သေးတာကြောင့် ကမ်းခြေလိုနေရာမျိုးကို ခရီးထွက်ဖို့ပြင်နေသူတွေအနေနဲ့ ခရီးမသွားခင်အပတ်တွေမှာကတည်းက ကြိုတင်ပြီး Dark Chocolate ကို စားထားပေးသင့်ပါတယ်။Dark Chocolate မှာက Caffeine တော့ ပါဝင်ပေမဲ့ coffee မှာ ပါဝင်မှုနဲ့ ယှဉ်ရင် ပမာဏအရမ်းနည်းတာဖြစ်လို့ ညအချိန်မှာ အိပ်မပျော်တာမျိုးကိုလည်း မဖြစ်စေပါဘူး။ သို့သော် calories များစွာ ပါဝင်နေတာကိုတော့ သတိထားသင့်ပါတယ်။ဒါကြောင့် သင့်တော်တဲ့ ပမာဏတစ်ခုကိုပဲ နေ့စဉ်စားသုံးပေးသင့်ပါတယ်။ဒီစာကိုဖတ်ပြီး Dark Chocolate ကို သွားဝယ်စားဖို့ စဉ်းစားနေပြီဆိုရင်တော့ ကိုယ်ဝယ်စားမယ့် Dark Chocolate မှာ ကိုကိုးပါဝင်မှု အနည်းဆုံး ၇၀% ရှိရမယ်ဆိုတာကိုတော့ မမေ့ပါနဲ့နော်…။ကျေးဇူးတင်ပါတယ်။ရေးသားသူ – May Kham Eain။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%9c%e1%80%80%e1%80%ba%e1%80%85%e1%80%ac%e1%80%b8%e1%80%9b%e1%80%84%e1%80%ba%e1%80%b8-%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%80/
အသည်းခြောက်တဲ့သူတွေ သိထားသင့်တဲ့ စားသောက်နေထိုင်မှု ပုံစံ ။
အသည်းဆိုတာ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထုတ်ပေး၊ ကိုယ်သောက်လိုက်တဲ့ဆေးတွေ အာဟာရတွေကိုဖြိုခွဲပေး၊ ပိုနေတဲ့ ဂလူးကိုစ့်တွေကို သိမ်းဆည်းပေး၊ လိုလာရင် ပြန်ထုတ်ပေးလိုက်နဲ့ တကယ်ကို အလုပ်များပြီး အရေးကြီးလွန်းတဲ့ကိုယ်တွင်းကလီစာတစ်ခုပါ။ခက်တာက နောက်ပိုင်း ပြောင်းလဲလာတဲ့ လူနေမှု ပုံစံရယ်၊ မဆင်ခြင်တဲ့ ကိုယ်တွေရဲ့ စားသောက်ပုံစံတွေကြောင့် အသည်းရောင်အသားဝါပိုးတွေ ကူးစက်ခံရတာ၊ အသည်းမှာထိခိုက်သွားတာ၊ ကနေ အဆိုးဆုံးတွေဖြစ်တဲ့အသည်းခြောက်၊ အသည်းကင်ဆာတွေ အထိ ဖြစ်သွားပြီး အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ဒီလို ဆိုးဝါးတဲ့ အသည်းခြောက်တဲ့ ပြဿနာကိုယ့်ဆီမှာ ကံမကောင်းစွာနဲ့ ဖြစ်နေပြီဆိုရင်တော့ ကိုယ့်ဘက်က ပြောင်းလဲသင့်တဲ့ စားသောက်နေထိုင်မှု ပုံစံကို သိမှဖြစ်တော့မှာပါ။ ဒါမှ ထိခိုက်နေတဲ့အသည်း ဝန်မပိရအောင်၊ ပိုပြီး ပျက်စီးမသွားရအောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။နောက်ပြီး ကိုယ့်အသည်းအခြေအနေကို ပုံမှန်စစ်ဆေးပေးနေဖို့လိုပါတယ်။ ဒါမှ ရောဂါ ဘယ်အဆင့်ရောက်နေပြီလဲ အသည်းအစားထိုးဖို့လိုလားစတာတွေကို သိနိုင်မှာပါ ။ ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/col/
ဖရီးရယ်ဒီကယ်များအကြောင်း
သင့်အနေနဲ့ အသက်အရွယ်ကြီးရင့်လာသူတွေမှာ မျက်နှာအရေးအကြောင်းတွေပေါ်လာတာ၊ ဆံပင်တွေဖြူလာတာ သတိထားမိပါလိမ့်မယ်။ ဒါဟာ အသက်ကြီးလို့ပုံမှန်ဖြစ်စဉ်တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် ဒီဇရာတရားရဲ့ နောက်ကွယ်မှာ လက်သည်ရှိနေပါတယ်။ အဲ့ဒါကတော့ ဖရီးရယ်ဒီကယ်တွေပါပဲ။ဖရီးရယ်ဒီကယ်ဆိုတာ ဖွဲ့စည်းပုံမတည်ငြိမ်တဲ့ အက်တမ်တွေဖြစ်ပြီးကိုယ်ခန္ဓာရဲ့ဆဲလ်တွေကို ထိခိုက်စေပါတယ်။ ကိုယ်ခန္ဓာဆဲလ်တွေ ထိခိုက်ပျက်စီးတာကြောင့် နေထိုင်မကောင်းဖြစ်ခြင်း၊ အိုမင်းရင့်ရော်ခြင်း စတဲ့ပြဿနာတွေ ဖြစ်စေပါတယ်။ဖရီးရယ်ဒီကယ်တွေရဲ့ သဘောတရားကို နားလည်ဖို့ ဓာတုဗေဒအခြေခံနဲ့ ရှင်းပြလိုပါတယ်။ အရာဝတ္တုတိုင်းရဲ့ အခြေခံအကျဆုံး အစိတ်အပိုင်းဖြစ်တဲ့ အက်တမ်တွေမှာ အီလက်ထရွန်များဟာ သူ့ပတ်လမ်းနဲ့သူ ဘေးကနေဝန်းရံထားပါတယ်။ ပတ်လမ်းတိုင်းမှာ သူ့ဒြပ်စင်အလိုက် အီလက်ထရွန်ပမာဏ ပြည့်နေဖို့လိုပါတယ်။ အဆိုပါပတ်လမ်းဟာလည်း တစ်ခုမက တည်ရှိနေပါတယ်။တကယ်လို့ အက်တမ်တစ်ခုရဲ့ အပြင်ဆုံးပတ်လမ်းမှာ အီလက်ထရွန်မပြည့်ရင် သူ့ရဲ့ပတ်လမ်းကိုပြည့်ဖို့ တခြားအက်တမ်ကို ပေါင်းစပ်ဖို့ ကြိုးစားလာပါတယ်။ အဆိုပါအက်တမ်မျိုးကို ဖရီးရယ်ဒီကယ်လို့ ခေါ်ပါတယ်။အပြင်ပတ်လမ်းမှာ အီလက်ထရွန်ပမာဏပြည့်နေတဲ့ အက်တမ်တွေဟာ တည်ငြိမ်ပေမယ့် ဖရီးရယ်ဒီကယ်တွေကတော့ တည်ငြိမ်မှုမရှိဘဲ သူ့ရဲ့အပြင်ဆုံးပတ်လမ်းကို ဖြည့်ဖို့ ကြိုးစားနေပါတယ်။အကယ်၍သာအောက်ဆီဂျင်မော်လီကျူးဟာ တွဲဖက်မရှိတဲ့ အီလက်ထရွန်တွေကိုယ်စီနဲ့ အက်တမ်နှစ်ခုအနေနဲ့ ပြိုကွဲတဲ့အခါ မတည်ငြိမ်တဲ့ ဖရီးရယ်ဒီကယ်ဘဝကို ရောက်ပါတယ်။ တခြားအက်တမ် ဒါမှမဟုတ် မော်လီကျူးနဲ့ ပေါင်းစပ်ဖို့ ရှာဖွေကြိုးစားပါတယ်။ အဆိုပါဖြစ်ရပ်ကို ဓာတ်တိုးဖိစီးခြင်း (Oxidative stress) လို့ ခေါ်ဝေါ်ပါတယ်။ဓာတ်တိုးဖိစီးခြင်းကြောင့် ကိုယ်ခန္ဓာရဲ့ဆဲလ်တွေကို ထိခိုက်ပျက်စီးစေပြီး ရောဂါတွေ ဖြစ်လာစေပါတယ်။ ဇရာရဲ့လက္ခဏာတွေဖြစ်တဲ့ အရေးအကြောင်းတွေ ပေါ်လာပါတယ်။ဖရီးရယ်ဒီကယ်တွေဖြစ်ပေါ်တာကြာလာတာနဲ့အမျှ ကိုယ်ခန္ဓာရဲ့ဆဲလ်တွေကို တဖြည်းဖြည်း ဖြိုခွဲလာပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဖရီးရယ်ဒီကယ်တွေကို ခုခံတိုက်ထုတ်နိုင်စွမ်းလည်း နည်းလာပါတယ်။ ဒါကြောင့် ဖရီးရယ်ဒီကယ်တွေ များသထက်များ၊ ဓာတ်တိုးဖိစီးခြင်းတွေ တိုးသထက်တိုးပြီး ဆဲလ်တွေပိုမိုပျက်စီးကာ အိုမင်းမစွမ်း ဖြစ်လာပါတယ်။သုတေသနတွေအရ ဖရီးရယ်ဒီကယ်တွေကြောင့် ဖြစ်လာနိုင်တဲ့ ပြဿနာများကတော့။– အယ်လ်ဇိုင်းမားကဲ့သို့ ဗဟိုအာရုံကြောဆိုင်ရာ ရောဂါများ။–သွေးကြောများပိတ်ဆို့ပြီး ဖြစ်ပွားသော နှလုံးနှင့်သွေးကြောရောဂါများ။–လေးဖက်နာအဆစ်ရောင်ခြင်းကဲ့သို့သော မိမိကိုယ်ခံစွမ်းအားက ပြန်လည်တိုက်ခိုက်သော ပြဿနာများ။– မျက်စိအတွင်းတိမ်။–ဆီးချို။– ဇရာပြောင်းလဲခြင်းများ။ အရေပြားများပျော့တွဲခြင်း၊ အရေးအကြောင်းများပေါ်ခြင်း၊ဆံပင်ဖြူခြင်း၊ ဆံပင်ကျွတ်ခြင်း။ကိုယ်ခန္ဓာထဲမှာ ဖရီးရယ်ဒီကယ်တွေ ထွက်လာခြင်းဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဆိုနိုင်ပေမယ့် ပိုဆိုးစေတဲ့နေထိုင်မှုပုံစံတွေ ရှိပါတယ်။– အဆိပ်သင့် ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်း၊ ဥပမာ ပိုးသတ်ဆေးများ ကိုင်တွယ်ခြင်း၊ လေထုညစ်ညမ်းခြင်း။–ဆေးလိပ်သောက်ခြင်း။– အရက်သောက်ခြင်း။– ပြန်ကြော်ထားသော အစားအသောက်များ စားသုံးခြင်း။စတဲ့အကြောင်းအရာတွေကြောင့် ဖရီးရယ်ဒီကယ်တွေ ထွက်ရှိခြင်းဟာ ပိုမိုများပြားလာတတ်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/free-radicals/
အစားအသောက်ပေါ်နားရင်း ယင်ကောင် တွေ လုပ်လေ့ရှိတဲ့ အရာများ
အစားအသောက် ကို ယင် မနားအောင် ဂရုစိုက်ပါ ဆိုတဲ့ စကား က အလကားတော့ မဟုတ်ပါဘူး။ ယင်ကောင် နားတဲ့ အစားအသောက် ဟာ ဘယ်လောက် ဆိုးရွားသလဲ ဆိုတာ ဒါ ဖတ်ပြီးရင် သိသွားပါလိမ့်မယ်။ယင်ကောင် နားတာ စားမိရင်ဝမ်းပျက်တတ်တယ်တဲ့။ ဒီလောက် ကိုပဲ လူသိများကြတာ ဖြစ်ပေမယ့် ယင်ကောင်က ချန်ရစ်ခဲ့တဲ့ အန္တရာယ်တွေက ထင်တာထက် ပိုဆိုးနေတာ သေချာပါတယ်။ဘာလုပ်မယ် ထင်ပါသလဲ။ အစားအသောက် ကို လာစားနေရုံ လောက်ပဲ လို့ ထင်နေတာလား။ မဟုတ်ပါဘူး။ သူတို့က –။ယင်ကောင် တွေဟာ အစားအသောက်တွေပေါ် နားတဲ့အခါ သူတို့ရဲ့ နှုတ်သီးက တစ်ဆင့် အရည်တွေစုပ်ယူပြီး စားသုံးလေ့ ရှိတယ်။ ဒီလိုစုပ်ယူဖို့ အတွက် အရင်ဆုံး အစားအသောက်ပေါ်ကို အန်ချလိုက်တယ်၊ အန်ချလိုက်တဲ့ တံထွေးတွေနဲ့ အစားအသောက်မှာ အရည်ဖြစ်စေပြီးမှ ပြန်စုပ်ယူတာပါ။ကိုယ့်ရဲ့ အစားအသောက် မှာ ယင်ကောင်တွေရဲ့ တံထွေးတွေ ပျံ့နှံ့နေမှာ ဘယ်လောက် ရွံဖို့ ကောင်းလိုက်မလဲ။ နောက်တစ်ချက်က ဒီ့မတိုင်ခင် သူတို့နားခဲ့၊ စားခဲ့တဲ့ အရာက အပုပ်အပွ၊ အသိုးတွေ မသန့်ရှင်းတဲ့ အစားအသောက်တွေ ဒါမှမဟုတ် အညစ်အကြေးတွေ ဖြစ်နေခဲ့ရင် အန်တဲ့ထဲမှာ ပါလာနိုင်ပါသေးတယ်။ ရောဂါပိုးတွေ ဘယ်လောက် ပါလာမလဲ ဆိုတာ တွေးသာကြည့်ပါတော့။အရသာရှိလှတဲ့ ကိုယ့်ရဲ့အစားအစာလေးက ယင်ကောင်တွေရဲ့ သားဖွားခန်း သဖွယ် ဖြစ်သွားနိုင်ပါတယ်။ အစားအသောက်မှာ နားရင်း၊ စားရင်း တစ်ခါတည်း ဥပါ ဥချသွားလေ့ ရှိပါတယ်။ယင်ကောင်ဥတွေ စားမိတဲ့အခါ အစာအဆိပ်သင့်တာ၊ အစာအိမ်ကင်ဆာဖြစ်စေတဲ့ ပိုးတွေ ပါလာတာတွေ ဖြစ်စေနိုင်ပါတယ်။တခြားကနေ ရလာတဲ့ အမျိုးစုံတဲ့ ဘက်တီးရီးယား များစွာကို သူတို့ရဲ့ ခြေထောက်တွေနဲ့ တောင်ပံတွေမှာ သယ်ဆောင်လာကြပါတယ်။ အစားအသောက် မှာ နားလိုက်တဲ့ အခါ တစ်နေရာတည်း မဟုတ်ဘဲ ဟိုကနေ ဒီကို ရွှေ့လိုက်၊ နားလိုက်၊ စားလိုက် လုပ်ကြတာပေါ့။ အဲဒီမှာပဲ ပိုးမျိုးရှစ်ဆယ် ချန်ရစ်ခဲ့ပါရောလား။သူတို့ရဲ့ ကိုယ်ထဲက ရောဂါပိုးမွှားတွေ (အပေါ်မှာ ပြောခဲ့သလို တံထွေးထဲမှာ ပါလာတဲ့ပိုးတွေလို) ထက် သူတို့ရဲ့ ခန္ဓာကိုယ်ပြင်ပ (ခြေထောက်၊ တောင်ပံ) မှာ ကပ်ပါလာတဲ့ ပိုးတွေက အဆပေါင်းများစွာ ပိုများပါတယ်တဲ့။ယင်ကောင် တွေက တစ်ဆင့် လူတွေဆီကို ကူးစက်ပြန့်ပွားစေတဲ့ ရောဂါတွေက အနည်းဆုံး ၆၅ မျိုး ကျော်ပါတယ်။ အဖြစ်များတာတွေကတိုက်ဖွိုက်ရောဂါ၊ဝမ်းကိုက်ခြင်း၊ဝမ်းပျက်ဝမ်းလျှောခြင်း၊ ကာလဝမ်းရောဂါ အပြင် အနာကြီးရောဂါ ပါ ဖြစ်စေနိုင်ပါတယ်။ယင်ကောင်က ပေးတဲ့ ဒီလိုကြောက်စရာ ဒုက္ခတွေကို လက်မခံချင်ဘူး ဆိုရင် ကြိုတင်ကာကွယ်လို့ရပါတယ် –။ဒါ့ကြောင့် ဂရုစိုက်ပါ။ ကျန်းမာရေး အတွက် ကြောက်စရာကောင်းတဲ့ ယင်ကောင်ရဲ့လက်ဆောင်တွေကို လက်မခံလိုက်ပါနဲ့လို့ သတိပေးလိုက်ပါရစေ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/%e1%80%9a%e1%80%84%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba/
နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ
မြန်မာနိုင်ငံမှာ ခြင်မရှိတဲ့ အရပ်၊ ခြင်မရှိတဲ့ အိမ်ရယ်ဆိုတာ ခပ်ရှားရှားပါ။ ဒီတော့ နေရာတိုင်းမှာ တွေ့နိုင်တဲ့ ခြင်ကိုခြင်ဆေးမလိုဘဲ သဘာဝနည်းလေးတွေနဲ့ ခြင်ပြေးအောင် လုပ်နိုင်မယ့်နည်းလမ်းလေးတွေကို ပြောပြပေးပါရစေ။ ကဲ ….. နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ ကို ကြည့်လိုက်ရအောင်နော်။နေအိမ်မှာ ခြင်ပြေးစေဖို့ ခြင်ဆေး ထွန်းစရာ မလိုအောင်နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ ကတော့။ကြက်သွန်ဖြူရဲ့ အနံ့ ခပ်ပြင်းပြင်းက ခြင်တွေကို အဝေးပြေးစေဖို့ အကောင်းဆုံး အထောက်အကူ ပြုပေးပါတယ်။ ကြက်သွန်ဖြူကို ကြိတ်ခြေပြီးရေနွေးဆူဆူထဲထည့်ပါ။ အအေးခံပြီး စပရေးဘူးထဲ ထည့်လို့ အိမ်ရဲ့ နေရာအနှံ့ကို ဖြန်းပေးရုံပါ။သံပရိုသီးကို ထက်ခြမ်းခြမ်းပြီး သံပရိုခြမ်းပေါ်မှာ လေးညှင်းပွင့်လေးတွေ စိုက်ထားပေးပါ။ လေးညှင်းပွင့် နဲ့ သံပရိုသီးတို့ရဲ့ ရနံ့ ပေါင်းစပ်မှုက ခြင်တွေကို ဝေးဝေးပြေးစေဖို့ အကောင်းဆုံး အထောက်အကူပြုနိုင်မှာပါ။ပင်စိမ်းကဟင်းလျာတွေကိုတင် ရနံ့တိုးစေတာ မဟုတ်ဘဲ ခြင်တွေ ပြေးစေဖို့လည်း အကူအညီ ပေးနိုင်မှာပါ။ လတ်လတ်ဆတ်ဆတ် ပင်စိမ်းကို နေအိမ် အခန်းထဲမှာ ထားထားတာကလည်းခြင်ပြေးစေမယ့် နည်းလမ်းကောင်းပါ။ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့ အရေပြားမှာ Tea Tree Oil က အရေပြား ပြဿနာတွေကိုတင် ကင်းစေတာ မဟုတ်ဘဲအရေပြားမှာ လိမ်းထားမယ်ဆိုရင်လည်း ခြင်မကိုက်အောင် ကာကွယ်ပေးနိုင်မှာပါ။ခြင်ကိုက်ဖုတွေကို သက်သာစေဖို့အတွက်လည်း အသုံးပြုလို့ ရပါတယ်။ပန်းသီးရှာလကာရည်ကို ဖြန်းပေးတာကလည်း သဘာဝ ခြင်ပြေးဆေးတစ်ခုပါ။ စပရေးဘူးထဲမှာ ထည့်လို့ နေအိမ်မှာ ဖြန်းပေးပါ။တမာဆီ နဲ့လာဗင်ဒါဆီကို ဆတူရောပြီး အရေပြားပေါ်မှာ လိမ်းပေးတာက အရေပြားကို ထိခိုက်မှု ကင်းပြီး ခြင်တွေကို အဝေးပြေးစေမှာပါ။ပူစီနံရွက်က ရတဲ့ အဆီကို လိမ်းပေးတာ၊ အစိုဓာတ် ထိန်းစက်ထဲ ထည့်ပြီး ဖွင့်ပေးတာ၊ ရေနွေးနဲ့ ရောစပ်ပြီး ဖြန်ပေးတာကလည်း ခြင်ပြေးစေဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။Rosemary ရိုးတံကလည်း ခြင်ပြေးစေဖို့ အထိရောက်ဆုံး ကူညီပေးနိုင် ပါတယ်။ နေအိမ်ထဲမှာ မီးဖို သေးသေးလေးနဲ့ Rosemary ရိုးတံ ကို မီးရှို့ပေးရုံပါ။ ဒီအငွေ့က ခြင်တွေကို မောင်းထုတ်ပေးမှာပါ။နှပ်ကော်ဖီ လုပ်သောက်တဲ့ ကော်ဖီ အကြမ်းမှုန့်ကို ဖြူးပေးထားတာကလည်း ခြင်တွေကို အဝေးပြေးစေမှာပါ။ နေအိမ် အခန်းတွေထဲမှာ ကော်ဖီမှုန့်ကို ဖြူးထားပေးတာ၊ ရေဝပ်နိုင်တဲ့ နေရာတွေကို ကော်ဖီမှုန့် ဖြူးပေးတာက ခြင်တွေ ပြေးစေဖို့ရော ခြင်တွေ မပေါက်ဖွားစေဖို့ပါ အကောင်းဆုံး အထောက်အကူ ပြုပေးနိုင်မှာပါ။ဒီနည်းလမ်းတွေမှာ တချို့က သိပ္ပံနည်းကျ ဆက်လက်လေ့လာမှုတွေ လုပ်စရာ လိုသေးပါတယ်။ ဒါပေမယ့် တချို့တွေမှာလည်း တကယ်ခြင်ပြေးတာကို တွေ့ရပါတယ်။ အန္တရာယ်နည်းတဲ့ နည်းလမ်းတွေ ဖြစ်တာကြောင့် စမ်းသပ်ကြည့်မယ်ဆိုလည်း အကျိုးမယုတ်ပါဘူး။ဒီနည်းလမ်းတွေအပြင် ခြင်ကိုက်မခံရအောင် နေတာ၊ အိမ်နားပတ်ဝန်းကျင်မှာ ခြင်အောင်းနိုင်တဲ့နေရာတွေကို ရှင်းလင်းထားတာကလည်း ခြင်ကိုက်မခံရစေဖို့ အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ကဲ…. အိမ်သုံးပစ္စည်းလေးတွေ သုံးလို့ကျန်းမာရေးထိခိုက်မှု မရှိစေဘဲ ခြင်တွေကို အဝေးမောင်းထုတ်လိုက်ရအောင်လား………………။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/natural-ingredients-that-repel-mosquitos/
အသည်းရောင် စီရောဂါ ရှိသူတွေအတွက် စားသောက်နေထိုင်မှုပုံစံ
ခုချိန်မှာ အသည်းရောင် စီပိုးရှိတဲ့သူတွေအတွက် အရင်ကထက် ဆေးဝါးကုသမှုတွေရွေးချယ်စရာပိုများလာတယ်ဆိုပေမယ့် ကုသမှုကတော့ အချိန်ယူရဆဲပါပဲ။ ဆေးဝါးအမျိုးအစားကို မူတည်ပြီး ကုထုံးတစ်ခုရဲ့ ကြာချိန်က ၈ ပတ်ကနေ ၂၄ ပတ်အထိ ရှိတတ်ပါတယ်။နေပြန်ကောင်းလာဖို့ကို အဓိကထားပြီး သည်းခံတာတောင် တချို့မှာ ကုထုံးဒဏ်အတော်ခံရပါတယ်။ဆေးဝါးတိုင်းမှာဘေးထွက်ဆိုးကျိုးဆိုတာရှိပေမယ့် ဒါတွေကို ကာကွယ်နိုင်ဖို့၊ ခံနိုင်ရည်ရှိဖို့၊ သက်သက်သာသာ ကျော်လွန်နိုင်ဖို့ ကိုယ့်ဘက်ကပြင်ဆင်ထားလို့ရပါတယ်။ အသည်းရောင်ရောဂါရှိတဲ့သူတွေအတွက် ဘယ်လိုနေထိုင်စားသောက်သင့်လဲဆိုတာ သိထားသင့်တဲ့အချက်တွေကို အကြံပြုပေးလိုက်ပါတယ်။အသည်းရောင်စီရောဂါ ကုထုံးတွေရဲ့ အဖြစ်များဆုံးဘေးထွက်ဆိုးကျိုးကတော့မောပန်းအားကုန်တာပဲဖြစ်ပါတယ်။ဖြစ်နိုင်ရင် အလုပ်တွေလျှော့ပြီး အနားယူချိန်ပိုပေးပါ။ အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်တစ်ခု ပုံမှန်သတ်မှတ်ပြီး လိုက်နာတာက ညအိပ်မပျော်တဲ့သူတွေအတွက် အဆင်ပြေစေနိုင်ပါတယ်။ ညနောက်ကျချိန်မှာကော်ဖီ၊လက်ဖက်ရည်၊ ကဖင်းတွေမသောက်ဖို့ သတိထားပါ။ ဖုန်းလည်း သိပ်မကြည့်ပါနဲ့။ အိပ်ရေးပျက်ခဲ့ရင် ပင်ပန်းနွမ်းနယ်မှုကို ပိုဆိုးစေနိုင်ပါတယ်။အသည်းရောင်စီပိုးရှိတာ သိပြီးတာနဲ့ အသည်းကို အားဖြည့်ဖို့လိုနေပါပြီ။ ကျန်းမာရေးနဲ့ညီပြီး အာဟာရပြည့်တဲ့အစားအသောက်တွေက အသည်းကို ဝန်ပိခြင်းလျော့နည်းအောင် ကူညီပေးနိုင်ပါတယ်။ညီညွတ်မျှတတဲ့ အာဟာရပြည့် စားသောက်မှုပုံစံဆိုတာ ကာဗိုဟိုက်ဒရိတ်မျိုးစုံ၊ ပရိုတင်းတွေရယ်၊ အစေ့အဆန်တွေလိုမျိုး အကျိုးပြုအဆီဓါတ်အရင်းအမြစ်တွေပါဝင်ရမယ်။နေ့စဉ်အာဟာရမှာ အသီးအနှံနဲ့ အသီးအရွက်တွေကို မပါမဖြစ် ထည့်သွင်းပါ။ မအီမသာဖြစ်တာ၊ ခံတွင်းပျက်တာတွေဖြစ်နေရင် အစားကို နည်းနည်းချင်း အကြိမ်ရေခွဲစားပါ။ကိုယ့်မှာ အသည်းလုပ်ဆောင်ချက်ပျက်ယွင်းတာ ဒါမှမဟုတ် အသည်းခြောက်တာဖြစ်နေပြီဆိုရင် ပရိုတင်းနဲ့ အငန်စားတာသိပ်များတဲ့အခါ အသည်းကိုထိခိုက်စေတယ်ဆိုတာ သတိရပါ။ ဒါ့ကြောင့် ဘယ်အစားအစာအုပ်စုကိုမှ အလွန်အကျွံမစားဖို့ သတိထားသင့်ပါတယ်။အချိုစာတွေနဲ့ အစပ်တွေကြောင့် မအီမသာဖြစ်တာ၊ ပျို့အန်တာနဲ့ ဝမ်းပျက်ဝမ်းလျှောတာတွေဖြစ်စေနိုင်ပါတယ်။ အသည်းရောင်စီပိုးဆေးဝါးတွေသောက်သုံးနေရသူအများစုမှာ အစာအိမ်နဲ့ အစာခြေစနစ်ပြဿနာတွေ ပိုဖြစ်လွယ်ပါတယ်။ ကုသမှုကာလအတွင်း အရသာပြင်းတဲ့အစားအစာတွေကို မစားပါနဲ့။အသည်းကိုအားဖြည့်ဖို့အတွက်ဆို အရက်ကိုရှောင်သင့်ပါတယ်။ အရက်ကြောင့် အသည်းရောဂါကို ပိုပြီးမြန်မြန်ဆိုးရွားစေနိုင်ပါတယ်။ အရက်၊ ဘီယာ၊ ဝိုင် စတဲ့ အယ်လ်ကိုဟောပါဝင်သမျှသောက်စရာတွေအကုန်လုံး အကျုံးဝင်ပါတယ်နော်။ဖြည့်စွက်အားဆေးတိုင်း မတည့်တာမဟုတ်ပေမယ့် တချို့တလေကြောင့် အသည်းကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ့်မှာ အသည်းရောင်စီပိုးရှိတယ်ဆိုရင် သံဓါတ်အားဆေး၊ ဗီတာမင်အေ အားဆေးတို့နဲ့ သဘာဝအရင်းအမြစ်တွေကနေထုတ်လုပ်တဲ့ဖြည့်စွက်အားဆေးတွေကိုရှောင်ပါ။ကိုယ်လက်လှုပ်ရှားမှုကြောင့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်စေပါတယ်။ အသည်းရောင်စီပိုးရှိတဲ့သူတွေဟာ ဆီးချိုဖြစ်လာနိုင်ခြေပိုများတယ်လို့ အမေရိကန်အသည်းရောဂါဖောင်ဒေးရှင်းကဖော်ပြထားပါတယ်။ ဒါ့ကြောင့် ကျန်းမာတဲ့ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းက ဒီအန္တရာယ်လျော့နည်းစေနိုင်ပါတယ်။ရေများများသောက်ပါ။ အထူးသဖြင့် အသည်းရောင်စီရောဂါကုထုံး ခံယူနေတဲ့အချိန် ပိုအရေးကြီးပါတယ်။ရေဓါတ်ပြည့်ဝနေရင် အသားခြောက်တာ၊ အာခေါင်ခြောက်တာတွေလိုဘေးထွက်ဆိုးကျိုးတွေမဖြစ်စေတော့ဘူးပေါ့။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba-%e1%80%85%e1%80%ae%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab-%e1%80%9b%e1%80%be%e1%80%ad%e1%80%9e%e1%80%b0/
Common Cold (အအေးမိခြင်း)
အအေးမိခြင်းဟာ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း- နှာခေါင်း၊ လည်ချောင်း- တို့မှာ ဗိုင်းရပ်စ်ပိုးဝင်ခြင်းတစ်မျိုးပါ။ ဗိုင်းရပ်စ်အမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး လက္ခဏာတွေက နေရထိုင်ရသက်တောင့်သက်သာမရှိပေမယ့် အန္တရာယ်တော့မကြီးပါဘူး။အလွန်ကိုအဖြစ်များလေ့ရှိပြီး အသက် ၆ နှစ်အောက်ကလေးတွေမှာ ဖြစ်နိုင်ချေအများဆုံးဖြစ်တယ်။ ကျန်းမာတဲ့လူကြီးတွေမှာလည်း တစ်နှစ်ကို နှစ်ခါ သုံးခါလောက်တော့ အအေးမိခြင်းခံစားရလေ့ရှိပါတယ်။ အားပေးသောအချက်များကိုရှောင်ကြဉ်ခြင်းဖြင့် ရောဂါခံစားရနိုင်ချေကိုထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။အအေးမိတဲ့အခါ နှာရည်ကအဝါရောင် သို့ အစမ်းရောင်ရှိတတ်ပြီး ပိုချွဲပျစ်တတ်ပါတယ်။ ဒါဟာဘတ်တီးရီးယားရောဂါကိုပြောတာမဟုတ်ကြောင်း မှတ်ထားသင့်ပါတယ်။ဖော်ပြထားတဲ့လက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။တကယ်လို့ဒီလက္ခဏာတွေခံစားရပါက ဆရာဝန်ပြသင့်ပါတယ်-။လူကြီးတွေမှာ-။ကလေးတွေမှာ-။အထက်ပါလက္ခဏာတွေရှိမယ်၊ သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ခန္ဓါကိုယ်တွေက မတူတာကြောင့် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်ပြတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။အမျိုးမျိုးသောဗိုင်းရပ်စ်တွေကြောင့် အအေးမိနိုင်ပါတယ်။ အဖြစ်အများဆုံးကတော့ rhinoviruses ဖြစ်တယ်။အအေးမိခြင်းဟာ ကူးစက်နိုင်ပြီး ဗိုင်းရပ်စ်တွေဟာ သင့်ပါးစပ်၊ မျက်လုံး၊ နှာခေါင်းတွေကနေတဆင့် သင့်ခန္ဓါကိုယ်ထဲကိုဝင်နိုင်ပါတယ်။ လေထဲရှိအမှုန်အမွှားတွေမှာရှိနေတတ်ပြီး တစ်စုံတစ်ယောက် နှာချေ၊ ချောင်းဆိုး၊ စကားပြောတဲ့အခါမှာ ပျံ့နှံ့တတ်ပါတယ်။ ရောဂါပိုးရှိနေသူနဲ့ထိတွေ့တဲ့အခါ၊ ပစ္စည်းတွေကိုမျှသုံးတဲ့အခါမှာလည်း ကူးစက်နိုင်ပါတယ်။ ပိုးရှိသောအရာတွေကိုထိပြီး ထိုလက်နဲ့မိမိမျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကိုထိလိုက်ပါက အအေးခြင်းကူးစက်နိုင်ပါတယ်။အအေးမိခြင်းကိုအားပေးတဲ့အချက်တွေကတော့-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဒီအချက်တွေဟာ ကျန်းမာရေးအကြံဉာဏ်တွေအတွက် အစားထိုးမဟုတ်တာကြောင့် အမြဲတမ်း ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့မမေ့ပါနဲ့။ဘယ်လိုသိရှိနိုင်မလဲ။ခံစားရသောလက္ခဏာများကိုကြည့်ခြင်းဖြင့် ရောဂါအမည်တပ်နိုင်ပါတယ်။ ဒါပေမယ့် တခြားအခြေအနေတွေ၊ ဘတ်တီးရီးယားရောဂါတွေလို့သံသယရှိမယ်ဆိုရင်တော့ တခြားသောစစ်ဆေးမှုတွေလုပ်ကောင်းလုပ်ရနိုင်ပါတယ်။အထူးတလည်ကုသမှုမရှိပါဘူး။ လက္ခဏာတွေသက်သာဖို့ ကုသမှုကတော့-။အကိုက်အခဲပျောက်ဆေး။ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်းတို့အတွက် ပါရာစီတမော၊ တိုင်လီနောနဲ့ တခြားအကိုက်အခဲပျောက်ဆေးအပျော့စားတို့သုံးနိုင်တယ်။ ဖြစ်နိုင်ပါကအချိန်အတိုဆုံးသာသုံးသင့်ပါတယ်။ ကလေးငယ်တွေ၊ ဆယ်ကျော်သက်တွေကို aspirin ပေးတဲ့အခါ သတိထားသင့်ပါတယ်။ ရေကျောက်၊ တုပ်ကွေးပျောက်ကာစ ကလေးတွေ၊ ဆယ်ကျော်သက်တွေမှာ aspirin မပေးသင့်ပါဘူး။ ဒါကြောင့်လည်းဆိုတော့ aspirin က Reye’s ရောဂါနဲ့ဆက်နွယ်နေတတ်ပြီး ဖြစ်နိုင်ချေနည်းပေမယ့် ထိုကဲ့သို့ကလေးတွေမှာ အသက်အန္တရာယ်ထိခိုက်နိုင်လို့ပါ။ သင့်ကလေးအတွက်ဆိုရင် ကလေးတွေ၊ မွေးကင်းစတွေအတွက် စီမံထားတဲ့ဆေးများကိုသာအသုံးပြုသင့်ပါတယ်။ ဒါတွေကတော့ တိုင်လီနော၊ ပါရာစီတမော၊ အိုင်ဗျူပရိုဖန် (Pediatric Advil, Motrin Infant ) တို့ဖြစ်တယ်။နှာခေါင်းဖြန်းဆေး။လူကြီးတွေမှာ နှာခေါင်းပိတ်ခြင်းသက်သာစေရန် ဖြန်းဆေး၊ အစက်ချဆေးတို့လည်း ၅ ရက်အထိသုံးနိုင်တယ်။ အချိန်ကြာတော့မသုံးသင့်ပါဘူ။ ၆ နှစ်ထက်ငယ်သောကလေးများမှာတော့ နှစ်မျိုးစလုံးမသုံးသင့်ပါဘူး။ချောင်းဆိုးပျောက်ဆေး။အသက် ၄ နှစ်ထက်ငယ်သောကလေးတွေမှာ ဆေးဆိုင်တွေကနေဝယ်ရတဲ့ ချောင်းဆိုးပျောက်ဆေးများ မသုံးဖို့ FDA ကရော American Academy of Pediatrics ကပါတားမြစ်ထားပါတယ်။ ကလေးတွေမှာ အန္တရာယ်ကင်းကြောင်း အထောက်အထားအတိအကျမရှိပါဘူး။ထိုထက်ပိုကြီးသောကလေးတွေမှာတော့ အညွှန်းကိုသေချာလိုက်နာပြီးပေးသင်ပ့ါတယ်။ တူညီသောပါဝင်ပစ္စည်းပါတဲ့ ဆေးနှစ်မျိုးတချိန်ထဲမပေးသင့်ပါဘူး ဥပမာ- antihistamine ၊ အကိုက်အခဲပျောက်ဆေး၊ နှာခေါင်းပိတ်ပျောက်ဆေး။ ဆေးလွန်ကျူးမှုဖြစ်နိုင်ပါတယ်။ ဆေးတစ်မျိုးမျိုးကလေးကိုမတိုက်ခင်မှာလည်း ဆရာဝန်ကိုပြောပြသင့်ပါတယ်။နေထိုင်မှုပုံစံ၊ အိမ်တွင်းကုထုံးများ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/common-cold/common-cold-%e1%80%a1%e1%80%b1%e1%80%a1%e1%80%b8%e1%80%99%e1%80%ad%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
Fungal Pneumonia (မှိုနမိုနီးယား )
Fungal pneumonia ဆိုတာဟာ တစ်ခု(သို့) တစ်ခုထက်ပိုတဲ့ ရောဂါဖြစ်စေနိုင်တဲ့ မှိုတွေကြောင့် ဖြစ်တဲ့ ရောဂါပိုးဝင်ခြင်းတစ်မျိုးဖြစ်ပါတယ်။ Fungal pneumonia ဟာ spores လို့ခေါ်တဲ့ ပိုးမွှားရဲ့ မျိုးမှုန်တွေ၊ conidia လို့ခေါ်တဲ့ ရောဂါဖြစ်စေတဲ့ မှိုရဲ့ အစိတ်အပိုင်းတစ်မျိုးကို ရှုရှိုက်မိရင် (သို့)နဂို ရှိပြီးသား မြုံနေတဲ့ ရောဂါပိုးဝင်ခြင်းတွေ ပြန်လည်ထကြွလာ တဲ့ အခါမျိုးတွေမှာ ဖြစ်နိုင်ပါတယ်။Fungal pneumonia ကိုရောဂါ အမည်သတ်မှတ်နိုင်ဖို့က ခက်ခဲနိုင်ပါတယ်။ ရောဂါအမည်သတ်မှတ်ရာမှာ မှန်ကန်တယ်လို့ထင်ရတဲ့ အခြေခံ အချက်အလက်တွေနဲ့ လုပ်ဆောင်ရပါတယ်။ ရောဂါ အမည်တပ်ခြင်းဟာ ရောဂါ အခြေအနေ၊ ဓါတ်မှန်၊ နဲ့ သေးငယ်တဲ့ပိုးမွှားတွေကို လေ့လာခြင်း စတဲ့ အချက်အလက်တွေ အပေါ်မူတည်နေပါတယ်။လူနာ တစ်ဦးချင်းစီအတွက် ရောဂါ အခြေအနေတိုးတက်မှုကတော့ သူ့ရဲ့ ရောဂါ အခြေအနေဆိုးရွားမှုတွေ၊နောက်ခံရောဂါ အကျိုးရလဒ်တွေ၊ လူနာရဲ့ ခုခံအားစနစ် ကိုတိုးတက်ပြောင်းလဲစေနိုင်မယ့် အချက်တွေ ရှိနိုင်၊ မရှိနိုင် နဲ့လည်း ဆက်စပ်နေပါတယ်။ဒီရောဂါက အဖြစ်များတဲ့ ရောဂါ တစ်ခုတော့ မဟုတ်ပါဘူး။ အမျိုးသားတွေမှာ အမျိုးသမီးတွေထက်ပိုပြီး ဖြစ်နိုင်ချေများပါတယ်။ ဘယ်အသက်အရွယ်မှာ မဆို ဖြစ်နိုင်ပါတယ်။သို့ပေမယ့်လည်း ဒီရောဂါကို ဖြစ်ဖို့အားပေးနေတဲ့ အချက်တွေကို လျှော့ချ ခြင်းအားဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။ နောက်ထပ် ပိုမိုကောင်းမွန်တဲ့ အချက်အလက်တွေ ရရှိနိုင်ဖို့ ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးသင့်ပါတယ်။Fungal pneumonia ရဲ့ အဖြစ်များတဲ့ ရောဂါ လက္ခဏာတွေကတော့။အဆုတ်အပြင်ဘက် အခြားနေရာများမှာ ဖြစ်တတ်တဲ့ရောဂါ လက္ခဏာတွေကတော့ ( အထူးသဖြင့် ခုခံအားကျဆင်းနေသူများတွင်) ဦးနှောက်အမြှေးပါးရောင်ယမ်းခြင်း၊ ဦးနှောက်အတွင်း အနာဖြစ်ခြင်း၊ အရေပြားရောဂါများ၊ ကျောက်ကပ်၊ အသည်း၊ ကြွက်သားများ၊ နှာခေါင်း အတွင်းလမ်းကြောင်းများ နဲ့ နှာခေါင်းအတွင်း ရှိ အပေါက်များ၊ တစ်ကိုယ်လုံးရှိ သွေးကြော၊ ရိုးတွင်းခြင်ဆီများထိ ပိုးဝင်ခြင်းများ ပါဝင်နိုင်ပါတယ်။အပေါ်မှာ မဖော်ပြထားတဲ့ ရောဂါ လက္ခဏာတွေရှိနိုင်ပါသေးတယ်။ ဒါ့ကြောင့် ရောဂါ လက္ခဏာ တစ်ခုခု နဲ့ပတ်သတ်ပြီး သိလိုပါက ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးသင့်ပါတယ်။တကယ်လို့ သင့်မှာ အထက်ပါ ရောဂါ လက္ခဏာတွေ ဖြစ်လာပြီဆိုရင် (သို့)သိလိုတဲ့ အချက်တွေရှိနေရင် တော့ ဆရာဝန်နဲ့ တွေ့ဆုံသင့်ပါတယ်။ လူတွေရဲ့ ခန္ဓါကိုယ်ဟာ တစ်ဦးနဲ့ တစ်ဦးတုံ့ပြန်မှုချင်း မတူပါဘူး။ ဒါကြောင့် သင့်အခြေအနေအတွက် ဘယ်ဟာက အကောင်းဆုံးလဲဆိုတာကို သေချာသိနိုင်ဖို့ ဆရာဝန်နဲ့ အမြဲတမ်းဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါပဲ။fungal pneumonia ဖြစ်ဖို့ အားပေးနေတဲ့ အချက်တွေ အများကြီးရှိပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။မျိုးရိုးဗီဇတွေ အပေါ်အခြေခံထားတဲ့အတွက် ဒီစစ်ဆေးချက်ဟာ မှိုတွေကို စစ်ဆေးနိုင်ဖို့အတွက် တိကျမှုအရှိဆုံးဖြစ်ပေမယ့်ဒီစစ်ဆေးချက်ဟာ pneumocystis jirovecii နဲ့ aspergillus မှိုတွေကိုသာ စစ်ဆေးလို့ရပါတယ်။Fungal pneumonia ကို ထိန်းချုပ်ပေးနိုင်မယ့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေက ဘာတွေလဲ?။အောက်ပါ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေကို လိုက်နာခြင်းက သင့်အတွက် fungal pneumonia ကို ထိန်းချုပ်နိုင်ဖို့ အကူအညီပေးနိုင်ပါတယ်။သင့်မှာ မေးစရာမေးခွန်းတွေ ရှိနေပါက ဆရာဝန်နဲ့တွေ့ဆုံ ဆွေးနွေးပြီး သင့်အတွက် ပိုကောင်းမွန်တဲ့ အဖြေကိုရှာဖွေ နိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/pneumonia/fungal-pneumonia-%e1%80%99%e1%80%bd%e1%80%ad%e1%80%af%e1%80%94%e1%80%99%e1%80%ad%e1%80%af%e1%80%94%e1%80%ae%e1%80%b8%e1%80%9a%e1%80%ac%e1%80%b8/
လေ့ကျင့်ခန်းလုပ်နေပေမယ့် ဘာကြောင့် ကိုယ်အလေးချိန်တက်ရသလဲ
ဆေးပညာဂျာနယ်တစ်စောင်မှာ အမျိုးသမီးတစ်ဦးရဲ့ မေးခွန်းကို ဖော်ပြထားပါတယ်။ သူမရဲ့ မေးခွန်းအရ သူမဟာ အသက်လေးဆယ်အရွယ်အားကစားလိုက်စားသူဖြစ်ကြောင်း၊ တစ်ပတ်ကို ၆ရက်ခန့် တစ်ရက်ကို တစ်နာရီခန့် အားကစားလေ့ကျင့်ကြောင်း၊ ဒါပေမယ့် စားသောက်ချင်စိတ်များနေပြီး ကိုယ်အလေးချိန်ကျသင့်သလောက် မကျကြောင်း စသဖြင့် အကြံဉာဏ်တောင်း မေးမြန်းထားပါတယ်။လေ့ကျင့်ခန်းလုပ်နေပေမယ့် ဘာကြောင့် ကိုယ်အလေးချိန်တက်ရသလဲ။ ဒီအကြောင်းကို ပြန်လည်ဖြေကြား ဆွေးနွေးသွားတဲ့အချက်တွေကို ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။ကိုယ်အလေးချိန်ကို လျှော့ချဖို့ဆိုရာမှာ အချက်များစွာနဲ့ ဆိုင်ပါတယ်။ အဓိကအားဖြင့်။ဒါ့ပြင်စိတ်ဖိစီးမှုဟာ ကိုယ်အလေးချိန်ပြောင်းလဲခြင်းနဲ့ ဆက်စပ်နေပါတယ်။ လေ့ကျင့်ခန်းအလွန်အကျွံ လုပ်ခြင်းဟာလည်း စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ဟော်မုန်းတွေ အတက်အကျကို ဖြစ်စေပါတယ်။ အဲ့ဒီအချိန်မှာ ကိုယ်အလေးချိန်လျှော့ချဖို့ အခက်အခဲဖြစ်စေပါတယ်။ကိုယ်လက်လှုပ်ရှားမှုဟာ ကျန်းမာရေးအတွက် ကောင်းမွန်တယ်ဆိုပေမယ့် အလွန်အကျွံ လှုပ်ရှားပြီး လုံလောက်တဲ့ အနားယူခြင်းမရှိရင် ကိုယ်အလေးချိန်လျှော့ချရာမှာ ထိရောက်ခြင်း မရှိပါဘူး။ ဒါကြောင့် လေ့ကျင့်ခန်းနဲ့ အနားယူအားမွေးချိန်နှစ်ခုအကြား ဟန်ချက်ညီဖို့ လိုပါတယ်။လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခဲ့ရင်၊ နှလုံးနဲ့ သွေးကြောများ အားစိုက်ထုတ်ရတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ရင် (ဥပမာ မာရသွန်ပြေးခြင်း) ကော်တီဆောလို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်း ထွက်လာနိုင်ပါတယ်။ ကော်တီဆောဟော်မုန်းဟာ ကျန်းမာရေးအတွက် အရေးပါတဲ့နေရာမှာ ပါဝင်ပေမယ့် ရေရှည်မြင့်တက်နေမယ်ဆိုရင်တော့ –။ကော်တီဆောဟော်မုန်းမြင့်နေရင် ဆာလောင်မှုကို မြင့်တက်စေပြီး အရသာကောင်းမွန်အောင် ပြုပြင်ထားတဲ့သွားရေစာတွေကို ပိုမိုစားသောက်လာစေပါတယ်။ ဒါကြောင့် ကော်တီဆောဟော်မုန်းမြင့်တက်ခြင်းဟာ ကိုယ်အလေးချိန်တက်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ဖိစီးမှုကြောင့် ကိုယ်အလေးချိန်မြင့်တက်ခြင်းကို ကာကွယ်နိုင်ဖို့ဆိုရင် လေ့ကျင့်ခန်းအစီအစဉ်၊ လှုပ်ရှားမှု စတာတွေကို လျှော့ချရပါမယ်။ လေ့ကျင့်ခန်း တစ်ခုနဲ့တစ်ခုကြား အားပြန်ဖြည့်ရပါမယ်။ ကော်တီဆောလျှော့ချနိုင်တဲ့ လှုပ်ရှားမှုတွေ ဥပမာ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း စတာတွေ လုပ်ဆောင်သင့်ပါတယ်။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်ဖို့အတွက် စားသောက်ပုံဟာ အဓိကကျပါတယ်။ ကိုယ်အလေးချိန်ကို လျှော့ချဖို့အတွက်ဆိုရင် သင့်ရဲ့စားသောက်မှုပုံစံကို အနည်းငယ် ပြုပြင်ရုံပါပဲ။ပရိုတိန်းကြွယ်ဝတဲ့ အစားအစာတွေနဲ့အမျှင်ဓာတ်များတဲ့ အသီးအရွက်တွေ ပိုမိုစားသုံးရပါမယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဆီတွေကိုပဲ စားသုံးရပါမယ်။ ကာဘိုဟိုက်ဒရိတ်ကိုလည်း လျှော့ချစားသုံးသင့်ပါတယ်။တကယ်လို့သင့်ရဲ့ လေ့ကျင့်ခန်း အစီအစဉ်အများစုမှာ လှုပ်ရှားမှုအသားပေးတာများနေပြီး သန်မာမှုကို ဦးစားပေးတဲ့ အစီအစဉ်တွေ နည်းနေမယ်ဆိုရင် ပြန်လည်ပြင်ဆင်သင့်ပါတယ်။ အလေးမခြင်း၊ သားရေပြားဆွဲခြင်း၊ ဒိုက်ထိုးခြင်း စတဲ့ သန်မာမှုနဲ့ ကြွက်သားတောင့်တင်းမှုတည်ဆောက်တဲ့ လေ့ကျင့်ခန်းတွေ ကို အစားထိုးရပါမယ်။ သန်မာတောင့်တင်းမှုကို ဦးစားပေးတဲ့ လေ့ကျင့်ခန်းတွေဟာ ကယ်လိုရီများကို လောင်ကျွမ်းစေပါတယ်။အစာစားချင်စိတ်များနေပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းထားချင်တယ်ဆိုရင် အောက်ပါနည်းလမ်းတွေကို ထည့်သွင်းစဉ်းစားရပါမယ်။အထက်ပါအကြောင်းအရာတွေကို လိုက်နာကျင့်သုံးပေမယ့် အဆင်မပြေသေးရင် ဆရာဝန်နဲ့ တိုင်ပင်ပြသပါ။လေ့ကျင့်ခန်းလုပ်နေပေမယ့် ဘာကြောင့် ကိုယ်အလေးချိန်တက်ရသလဲ ဆိုတာကို အခုပြောခဲ့တဲ့ နည်းလမ်းတွေနဲ့ အဖြေထုတ်ကြည့်လိုက်စို့နော်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/weight-loss-exercises/gaining-weight-despite-exercise/
အစာအိမ်အူလမ်းကြောင်းကို ဒုက္ခပေးသော ရောဂါပိုးကူးစက်ခြင်းများ
အစာအိမ်အူလမ်းကြောင်းကို ဒုက္ခပေးနိုင်တဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးပိုး စတာတွေဟာ မျိုးစုံရှိပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပေမယ့် အသက်ကြီးပိုင်းများနဲ့ ကလေးငယ်တွေမှာ ပိုဖြစ်တတ်ပါတယ်။စစ်တမ်းများအရ ကမ္ဘာတလွှားမှ သေဆုံးခဲ့တဲ့ ကလေးတွေရဲ့ ၉ပုံတပုံဟာအစာအိမ်အူလမ်းကြောင်း ရောဂါပိုးကူးစက်ခံရခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ ပမာဏဟာ အေအိုင်ဒီအက်စ်၊ ငှက်ဖျား၊ ဝက်သက် စတဲ့သုံးမျိုးပေါင်းထက်ကို ပိုမိုများပြားပါတယ်။အစာအိမ်အူလမ်းကြောင်းကို ရောဂါပိုးဝင်ရောက် ကူးစက်တဲ့အခါ အမျိုးအစားအလိုက် ဖြစ်ပေါ်တဲ့လက္ခဏာ ကွာခြားမှု ရှိနိုင်ပါတယ်။ အဓိကအားဖြင့် ဗိုက်အောင့်ပြီး ဝမ်းပျက်တတ်ပါတယ်။ တွေ့ရများတဲ့ တခြားလက္ခဏာတွေကတော့။– ပျို့အန်ခြင်း။– အဖျားတက်ခြင်း။– အစားပျက်ခြင်း။–ကြွက်သားများနာကျင်ကိုက်ခဲခြင်း။– ရေဓာတ်ခန်းခြောက်ခြင်း။– ခေါင်းကိုက်ခြင်း။– သွေးဝမ်းသွားခြင်း၊ အမြှုပ်များပါသော ဝမ်းသွားခြင်း။–ကိုယ်အလေးချိန်ကျခြင်းစတာတွေ ဖြစ်ပါတယ်။အစာအိမ်အူလမ်းကြောင်းကို ဝင်ရောက်ကူးစက်တဲ့ ရောဂါပိုးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။E Coli ဟာ အစာအိမ်အူလမ်းကြောင်းကို ဝင်ရောက်ကူးစက်တဲ့ ဘက်တီးရီးယားတွေထဲမှာ တွေ့ရအများဆုံး ဖြစ်ပါတယ်။E Coli ဘက်တီးရီးယားမှာလည်း မျိုးကွဲတွေရှိပြီး အချို့အမျိုးအစားများကတော့ အန္တရာယ်မရှိပါဘူး။ အန္တရာယ်ပေးတဲ့ အမျိုးအစားတွေဆိုရင်တော့ ဗိုက်အောင့်ခြင်း၊ အန်ခြင်း၊ သွေးဝမ်းသွားခြင်း စတာတွေ ဖြစ်တတ်ပါတယ်။E Coli ကူးစက်ထားတဲ့ အစားအစာ၊ ရေ စတာတွေကို စားသောက်မိရင် အူလမ်းကြောင်းထဲ ဝင်ရောက်သွားနိုင်ပါတယ်။ E Coli ဟာ လူတဦးနဲ့တဦး ထိတွေ့မိရာကနေလည်း ကူးစက်နိုင်ပါတယ်။အသားများကို အစိမ်းစားတဲ့အခါ၊ကျက်အောင်မချက်ထားတဲ့ အသားများ၊ အစားအစာများကို စားတဲ့အခါ ဆယ်မွန်နဲလား ဘက်တီးရီးယားပိုး ဝင်နိုင်ပါတယ်။ အထက်လန်အောက်လျှောဖြစ်နိုင်ပြီးပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။နိုရိုဗိုင်းရပ်စ်ဟာ အစားအစာကနေ ကူးစက်မှုအများဆုံး ဗိုင်းရပ်စ်ဖြစ်ပါတယ်။ ရောဂါပိုးနဲ့ထိတွေ့ထားတဲ့ အစားအစာ၊ ရေ စတာတွေကနေ ကူးစက်နိုင်သလို လူတဦးနဲ့တဦး ထိတွေ့ရာကနေလည်း ကူးစက်တတ်ပါတယ်။ကမ္ဘာတလွှားမှာ ကလေးတွေကိုအထက်လန်အောက်လျှောဖြစ်စေတဲ့ အဓိကဗိုင်းရပ်စ်ပိုးကတော့ ရိုတာဗိုင်းရပ်စ်ဖြစ်ပါတယ်။ ကလေးငယ်တွေအနေနဲ့ နေရာမျိုးစုံကို ထိတွေ့ကိုင်တွယ်ရာကနေ ကူးစက်နိုင်ပြီး ပါးစပ်ထဲကို လက်နှိုက်မိခြင်းကြောင့် အစာအိမ်အူလမ်းကြောင်းကို ဝင်ရောက်နိုင်ပါတယ်။Giardia ဆိုတဲ့ ကပ်ပါးပိုးဟာ လူတဦးနဲ့တဦး ထိတွေ့မိရာကနေဖြစ်စေ၊ ပိုးပါတဲ့ရေကို သောက်သုံးမိရာကဖြစ်စေ ကူးစက်ပါတယ်။ Giardia ဟာ ကလိုရင်းကို ခံနိုင်ရည်ရှိပြီး အများသုံးရေကူးကန်တွေကနေ ကူးစက်နိုင်ပါတယ်။ မြစ်ရေကန်ရေများကို သောက်သုံးမိရာကနေလည်း ကူးစက်နိုင်ပါတယ်။Cryptosporidium ဆိုတဲ့ ကပ်ပါးပိုးဟာလည်း သောက်ရေသုံးရေကတဆင့် ကူးစက်နိုင်ပါတယ်။ သူဟာလည်း ကလိုရင်းကို ခံနိုင်ရည်ရှိပါတယ်။အစားအစာများကို သေချာစွာ ချက်ပြုတ်ရပါမယ်။သန့်ရှင်းတဲ့ရေကိုပဲ သောက်သုံးရပါမယ်။ မြစ်ရေကန်ရေများကို ကျိုချက်ပြီးမှ သောက်သုံးသင့်ပါတယ်။ ကလေးငယ်တွေကို ဖုန်၊ သဲများပေပြီးချိန်၊ ဆော့ကစားပြီးချိန်မှာ လက်ကို သန့်ရှင်းရေး လုပ်ပေးရပါမယ်။သင့်အနေနဲ့ဗိုက်နာဗိုက်အောင့်ခြင်းအပြင် အောက်ပါအခြေအနေတွေရှိနေရင် ဆရာဝန် ပြသင့်ပါတယ်။– အဖျား 102°F (39°C) နှင့်အထက် ရှိနေခြင်း။– ဆက်တိုက်ပျို့အန်နေခြင်း။– အစာနှင့်ရေ ကောင်းကောင်းမဝင်ခြင်း။– အလွန်အမင်းရေငတ်ခြင်း၊ အာခေါင်ခြောက်ခြင်း။– ဆီးမသွားခြင်း။– အလွန်အမင်းအားနည်းခြင်း။– မူးဝေပြီး သတိလစ်ချင်သလိုဖြစ်ခြင်း။– သွေးဝမ်းသွားခြင်း။– အရည်ဝမ်းများ မရပ်မနားသွားခြင်း။ကလေးများ ဝမ်းသွားပြီး အန်နေရင် ဆရာဝန်ပြသင့်ပါတယ်။ ကလေးငယ်များဟာ အူလမ်းကြောင်း ရောဂါပိုးဝင်ခြင်းကြောင့် ဝမ်းပျက်ခြင်း၊ အရည်ဓာတ်ခန်းခြောက်ခြင်း ဒဏ်များကို ပိုမိုခံစားရတတ်လို့ ဖြစ်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/gastrointestinal-infection/
သားသားမီးမီးတို့နဲ့ အသည်းရောင်အသားဝါ အေ
ချစ်ရတဲ့ သားသားမီးမီးလေးတွေကိုကျန်းမာပြီး ရောဂါကင်းစေချင်တာက မေမေဖေဖေတိုင်းရဲ့ စိတ်ကူးပါ။ ဒီတစ်ခေါက်တော့ ကာကွယ်လို့ရတဲ့ အသည်းရောင်အသားဝါ အေ ရောဂါ မဖြစ်ရလေအောင် ဘယ်လို ကာကွယ်လို့ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။သားသားမီးမီးတို့ကို အသည်းရောင်အသားဝါ အေ မဖြစ်ရလေအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာကို မပြောပြသေးခင်မှာ အသည်းရောင်အသားဝါ အေ အကြောင်းလေးကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။အသည်းရောင်အသားဝါ အေ ရောဂါက အသည်းရောင်အသားဝါ အေဗိုင်းရပ်စ်ကြောင့် အသည်းမှာ ရောင်ရမ်းမှု ဖြစ်စေတာပါ။ ဒီအခြေအနေက နာတာရှည် အသည်းပျက်စီးမှု ဖြစ်စေနိုင်ပါတယ်။ ဒီအသည်းရောဂါက ပြင်းထန်ပြီး အသက်အန္တရာယ် ရှိစေနိုင်တာကြောင့် မိဘတွေ အနေနဲ့ သေချာလေး ဂရုစိုက် ကာကွယ်ဖို့ လိုပါမယ်။ တချို့တွေမှာ အလိုလိုပျောက်သွားနိုင်တယ်ဆိုပေမယ့် မကူးစက်အောင် ကာကွယ်တာ၊ ရောဂါလက္ခဏာတွေ သိထားတာက အကောင်းဆုံးပါ။၆နှစ်အောက် ကလေးတွေမှာတော့ လက္ခဏာမပြတတ်ပါဘူး။ ဒီထက်ကြီးတဲ့ ကလေးတွေ ဆိုရင်တော့။များသောအားဖြင့် ဒီလက္ခဏာတွေက ပိုးကူစက်ပြီး ၂−၆ပတ်အတွင်းမှာ ပြသတတ်ပါတယ်။ဒီတော့ ဘယ်လို ကူးစက်ခံရနိုင်လဲ၊ ဘယ်လို ကာကွယ်လို့ရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။အသည်းရောင်အသားဝါ အေကအသည်းရောဂါတစ်မျိုးပါ။ လူတစ်ယောက်ဆီကနေ တစ်ယောက်ဆီကို ရောဂါပိုးရှိသူရဲ့ မစင်တွေက အစာခြေစနစ်ထဲရောက်ရှိမှုကနေတဆင့် ကူးစက်ပါတယ်။ရောဂါပိုးရှိနေတဲ့အစားအစာတွေနဲ့ ရေတွေကို ကလေးက စားသုံးမိတာကနေတဆင့် အသည်းရောင်အသားဝါ အေပိုး ကူးစက်ခံရတာပါ။ ဒါ့ပြင် လက်သန့်ရှင်းမှု အားနည်းရင်လည်းး ရောဂါပိုး ကူးစက်ခံရနိုင်ပါတယ်။[embed-health-tool-vaccination-tool]။တကယ်လို့ အပေါ်မှာ ပြောထားတဲ့ လက္ခဏာတွေ ရှိနေပြီဆိုရင် anti-HAV immunoglobulin M (IgM) ဆိုတဲ့ ပဋိပစ္စည်းကို စစ်ကြည့်မှာပါ။ ဒီပဋိပစ္စည်းက လက္ခဏာတွေစပြ၊ သက်သာပြီးလို့ ၄လကနေ  ၆လအထိ သွေးထဲမှာ ရှိနေနိုင်ပါတယ်။ကလေးအများစုကလည်း အလိုလိုသက်သာသွားကြတာ များပါတယ်။ လက္ခဏာတွေက တုပ်ကွေးလိုလို၊ သာမန်နေမကောင်းဖြစ်တာလိုလိုနဲ့ တူနေတာကြောင့် တချို့ဆို ပိုးရှိမှန်းတောင် မသိလိုက်ကြပါဘူး။ဒါ့ပြင် အသည်းရောင် အသားဝါ အေမှာ ကုစရာ ဆေးမရှိပါဘူး။ ဒါကြောင့် လက္ခဏာတွေ သက်သာဖို့ပဲ ကုရပါတယ်။ ဥပမာ ဝမ်းလျှောရင် ဓာတ်ဆားပေးတာမျိုးပေါ့။တချို့ကလေးတွေကတော့ အသည်းရောင်အသားဝါ အေပိုးကြောင့် ရုတ်တရက် အသည်းပျက်စီးသွားတာတွေ ဖြစ်တတ်ပါတယ်။ ဒါမျိုးဆိုရင်တော့ အသည်းအစားထိုးတာ လုပ်ရပါတယ်။အသည်းရောင်အသားဝါ အေကို ကာကွယ်နိုင်မယ့် နည်းလမ်းကတော့ ရှင်းပါတယ်။ ကူးစက်နိုင်ခြေတွေကို လျှော့ချတာပါ။ ဘယ်လို လျှော့ချကာကွယ်မလဲဆိုတာကိုတော့ အတူတူ ဆက်ကြည့်လိုက်ကြမယ်နော်။ကျန်တာတွေကတော့ ဟုတ်ပါပြီ။ ဒီနေရာမှာ မေးစရာ ရှိလာနိုင်တာက သားသားမီးမီးတို့ကို ဘယ်အချိန်မှာ အသည်းရောင်အသားဝါ အေ ကာကွယ်ဆေး ထိုးပေးရမလဲဆိုတာမျိုးပေါ့။သားသားမီးမီးတို့ကို အသက် ၁၂ လ [၁ နှစ်] ဒါမှမဟုတ် အသက် ၁၃ လရောက်ပြီဆိုရင် ပထမဆုံးအကြိမ် အသည်းရောင်အသားဝါ အေ ကာကွယ်ဆေးကို ထိုးနှံပေးရပါမယ်။ နောက်တစ်ကြိမ်ကိုတော့ ပထမအကြိမ် ထိုးပြီး ၆ လအကြာမှာ ထိုးပေးရမှာပါ။ကာကွယ်ဆေးကို ငယ်စဉ်မှာ မထိုးနှံဖြစ်ထားဘူးဆိုရင်လည်း ကလေးက အသက် ၂ နှစ် ကနေ ၁၈ နှစ်အတွင်းမှာလည်း ထိုးနှံပေးလို့ ရပါတယ်။ ကလေးကိုကာကွယ်ဆေး မထိုးနှံခင်မှာတော့ ကလေးကို ပြသနေကျ ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ဖို့တော့ လိုပါမယ်။အသည်းရောင်အသားဝါ အေ ကာကွယ်ဆေးကလည်း အခြား ကာကွယ်ဆေးတွေလိုပဲ ကာကွယ်ဆေး ထိုးပြီးချိန်မှာ ဆေးထိုးတဲ့နေရာက နာတာ၊ နီရဲတာမျိုးတွေရှိနိုင်သလို အဖျားငွေ့ငွေ့ ရှိတာ၊ အစားစားချင်စိတ် မရှိတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီလို ခံစားရတာက ၁ ရက်ကနေ ၂ ရက်လောက်အထိ ကြာမြင့်နိုင်ပါတယ်။ ဒီကာလအတိုင်းအတာထက် ပိုကြာနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသစေချင်ပါတယ်။ဒီနေရာမှာ ဖေဖေမေမေတို့ကို ပြောပြချင်တာတစ်ခုက ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်တာကြောင့် ကလေးကို အစားမစားခင်၊ ​ရေအိမ်က ဆင်းလာတိုင်းနဲ့ ညစ်ပေတဲ့အရာတွေကို ကိုင်တွယ်ပြီးတိုင်းမှာရေနဲ့ဆပ်ပြာသုံးပြီး လက်ကိုသေချာလေး ဆေးကြောတဲ့ အလေ့အထလေး လုပ်ပေးပါ။ ကလေးကို စောင့်ရှောက်သူအနေနဲ့လည်း ကလေးကိုရော ကိုယ်တိုင်ရဲ့ လက်နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကိုပါ ​သေချာ ဂရုစိုက်ပေးပါ။ အစားအစာသန့်ရှင်းရေးနဲ့ သောက်သုံးရေ သန့်ရှင်းရေးကိုပါ သေချာလေး ဂရုစိုက်ပေးမယ်ဆိုရင် ကလေးကိုရော ချစ်ရတဲ့ မိသားစု တစ်ခုလုံးကိုပါ အသည်းရောင်အသားဝါ အေရောဂါကို ကာကွယ်ပြီးသား ဖြစ်မှာပါ။
parenting
parenting
https://hellosayarwon.com/parenting/child-health/infectious-diseases-in-children/protecting-child-from-hepatitis-a/
ကလေး ရဲ့အသားအရေအတွက် အကောင်းဆုံးအစားအစာများ
ကလေးငယ်လေးတွေဆိုတာ ခန္ဓာကိုယ်က ဆက်လက်ဖွံ့ဖြိုးကြီးထွားရမှာဖြစ်လို့ အပေါ်ယံအရေပြားရဲ့ကျန်းမာရေးကလည်းအရေးကြီးပါတယ်။ ကလေး ရဲ့ကျန်းမာရေးအတွက် အရာရာဂရုစိုက်ဖို့လိုသလို အရေပြားကျန်းမာရေးအတွက် လိုအပ်တဲ့အာဟာရဓါတ်တွေ ပြည့်ဝနေဖို့ လိုပါတယ်။ဒါ့ကြောင့် သားသားမီးမီးတို့ကို ဘာကျွေးရမလဲရွေးချယ်တဲ့နေရာမှာ အထောက်အကူဖြစ်အောင် ကလေးအသားအရေအတွက် အကောင်းဆုံးအစားအစာတချို့ကို အကြံပြုပေးလိုက်ပါတယ်။ ကလေး က ထမင်းစားတတ်ကာစအရွယ်ဆိုရင် ထမင်းထဲထည့်ကြိတ်လို့ရမယ့် အစားအစာတွေပါဝင်တာကြောင့်ဘေဘီလေးတွေ အသက်အရွယ်မရွေး စားလို့ရမယ့်အစားအစာတွေပါ။ခရမ်းချဉ်သီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း lycopene က အရေပြားကိုနေလောင်ခြင်းနဲ့ရောင်ခြည်ထိတွေ့မှုကနေ သဘာဝအလျောက်အကာအကွယ်ဖန်တီးပေးပါတယ်။ ထမင်းစစားတဲ့အရွယ်ဖြစ်နေပြီဆိုရင် ထမင်းကျိုတဲ့အထဲ ခရမ်းချဉ်သီးလေး နည်းနည်းထည့်ကျွေးလို့ရပါတယ်။ လတ်လတ်ဆတ်ဆတ်ခရမ်းချဉ်သီးဖျော်ရည်ကလည်း မိသားစုတစ်စုလုံးအတွက် ခန္ဓါကိုယ်လိုအပ်တဲ့ဓါတ်တွေကိုပြည့်စုံစေမှာပါ။beta-carotene ကြောင့် ခရမ်းချဉ်သီးလိုပဲ မုန်လာဥနီကလည်း အရေပြားကိုအကာအကွယ်ပေးတဲ့အပြင် မျက်စိကျန်းမာရေးနဲ့ ကိုယ်ခံအားစနစ်လုပ်ဆောင်ချက်တွေအတွက် အဓိကကျတဲ့နေရာကထောက်ပံ့ပေးပါတယ်။ မုန်လာဥနီကို ကလေးရဲ့ထမင်းထဲထည့်ကျွေးတာအပြင် ရေစင်အောင်ဆေးပြီး ကလေးလက်ထဲထည့်ပေးထားရင်လည်းဆော့ရင်းစားရင်း အာဟာရဖြစ်စေနိုင်ပါတယ်။ကိုက်လန်က lutein နဲ့zeaxanthin အပြင် (အရေပြားအတွက် အရေးပါတဲ့) ဗီတာမင်အေနဲ့ စီတို့ကြွယ်ဝပါတယ်။ ဒီဒြပ်ပေါင်းတွေက ခရမ်းလွန်ရောင်ခြည်လိုမျိုး ပြင်ပက free radicalsတွေ ထိတွေ့မှုကို ဓါတ်ပြယ်စေပြီးနေလောင်ကာခရင်မ်လိမ်းထားသလိုကာကွယ်ပေးနိုင်ပါတယ်။သစ်ကြားသီးမှ ာomega-3 fatty acids ပါဝင်မှုပမာဏများပါတယ်။ ဒီဒြပ်ပေါင်းချို့တဲ့သူတွေမှာ အသားခြောက်တာ၊ အရေခွံကွာတာတွေဖြစ်နိုင်သလို နှင်းခူနာဖြစ်နိုင်ခြေလည်းများပါတယ်။ ကလေးကိုကျွေးတဲ့ မုန့်တွေကို သစ်ကြားသီးပါတာရွေးချယ်နိုင်ပြီး ပူတင်း၊ကိတ်မုန့်စတာတွေလုပ်တဲ့အခါ သစ်ကြားသီးကိုကြိတ်ပြီးထည့်လည်းရပါတယ်။လိမ္မော်သီး၊ ဂရိတ်ဖရု၊ စပျစ်၊စတော်ဘယ်ရီစတဲ့ အသီးအနှံလေးတွေကိုကျွေးပေးပါ။ ဗီတာမင်စီက အသားအရေအတွက် ဘက်စုံကောင်းမွန်စေပြီး အရေပြားနဲ့ပတ်သက်တဲ့ရောဂါတွေကင်းစင်စေပါတယ်။ချောကလက်မှာပါတဲ့ ကိုကိုးက ဓါတ်တိုးဆန့်ကျင်အာနိသင်(cocoa flavanols ဒြပ်ပေါင်း)တွေကြောင့် အရေပြားကိုရေဓါတ်ဖြည့်တင်းပေးဖို့အထောက်အကူပြုပါတယ်။ အရေပြားမှာရေဓါတ်မလုံလောက်ခဲ့ရင် အရေပြားရဲ့အကာအကွယ်လုပ်ဆောင်ချက်ကလျော့ပါးသွားနိုင်ပါတယ်။နဂါးမောက်သီးမှာ ကလေးတွေအတွက် အရေးကြီးဆုံးဖြစ်တဲ့ ဗီတာမင်အေနဲ့ ဗီတာမင်စီတို့ ပါဝင်ပါတယ်။ ဗီတာမင်အေက ဆံပင်နဲ့ မျက်စိအတွက်ကောင်းပြီး ဗီတာမင်စီက ကိုယ်ခံအားနဲ့ အသားအရေလှပဖို့ အကျိုးပြုပါတယ်။ကန်စွန်းဥမှာbeta-carotene ဓါတ်ကြွယ်ဝပြီး မရှိမဖြစ်လိုအပ်တဲ့ဓါတ်တိုးဆန့်ကျင်အာနိသင်နဲ့ရောင်ရမ်းမှုကိုလျော့ကျစေနိင်တဲ့အစွမ်းတွေရှိပါတယ်။ ကန်စွန်းဥမီးဖုတ်၊ ကန်စွန်းဥပြုတ်ကျွေးလို့ရသလို ကန်စွန်းဥပူတင်း၊ ကိတ်မုန့်လုပ်ပြီးလည်းကျွေးလို့ရပါတယ်။ကန်စွန်းဥမှာ ကလေးရဲ့ဆဲလ်တွေကို oxidative damage မဖြစ်အောင် ကာကွယ်ပေးပြီး ကုသနိုင်စွမ်းပိုကောင်းစေပါတယ်။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/skin-diseases-in-children/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9b%e1%80%b2%e1%82%95%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%a1%e1%80%b1%e1%80%80/
Apple Cider Vinegar ကိုနေ့စဉ်သောက်ခြင်းဖြင့် ရရှိနိုင်မယ့်အကျိူးကျေးဇူးများ
အစာလည်းဆေး ဆေးလည်းအစာဆိုသလို ကျွန်မတို့အိမ်က မီးဖိုချောင်မှာရှိတဲ့ အစားအစာနဲ့ ဟင်းချက်ပစ္စည်းတွေကလည်း ကျန်းမာရေးကောင်းကျိူးတွေ များစွာကို ပေးစွမ်းနိုင်ပါတယ်။ ယနေ့ခေတ်မှာ ဆိုရင်လည်းပန်းသီးရှာလကာရည်အဖြစ်သိကြတဲ့Apple Cider Vinegarကို အလှအပနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် အသုံးပြုလာကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ACVကနေ ရရှိနိုင်တဲ့ ကျန်းမာရေးကောင်းကျိူးတွေကို ဖော်ပြပေးလိုက်ပါတယ်။(၁)အစာစားလိုစိတ်နည်းပါးစေတယ်။ကိုယ်အလေးချိန်ချလိုသူတွေအနေနဲ့ ACV သောက်သုံးသင့်တယ်ဆိုတာကို ကြားဖူးကြမှာပါ။ ပညာရှင်များရဲ့ ရှင်းလင်းချက်အရ ACVဟာ အချိန်ကြာမြင့်စွာ ဗိုက်ပြည့်နေစေပြီး အစာစားလိုစိတ်ကိုလည်း နည်းပါးစေလို့ ကိုယ်အလေးချိန်ကို ကျဆင်းစေတယ်လို့ ဆိုပါတယ်။(၂)အချိုစားချင်စိတ်နည်းပါးစေတယ်။ဗိုက်ပြည့်နေစေတဲ့အပြင် သင့်ရဲ့အချိုကြိုက်မှုကိုလည်း သက်သာစေနိုင်ပါသေးတယ်။ ACVတစ်ဇွန်းမှာ ၃ကယ်လိုရီသာ ပါဝင်ပြီးဗီတာမင်နဲ့ သတ္တုဓာတ်တွေများစွာ ပါဝင်နေပါတယ်။(၃) အစာချေစနစ်ကို ပိုမိုကောင်းမွန်စေတယ်။ACVမှာ ပါဝင်သောprebioticsတွေကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးအတွက် အကျိူးရှိစေပါတယ်။ ACVကို သောက်ခြင်းဖြင့် အစာအိမ်ရှိ အက်ဆစ်များကို မျှတစေတဲ့အတွက်အစာကြေလွယ်စေပါတယ်။(၄)သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးတယ်။ACVဟာ ကာဗိုဟိုက်ဒရိတ် အလွန်မြင့်မားတဲ့ အစားအစာတွေကို စားနေစဉ်မှာတောင်မှ အင်ဆူလင်ကနေ သကြားဓာတ်တွေကို ဖြိုခွဲနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။ ကိုယ်ခန္ဓာကနေ အင်ဆူလင်ကို ပိုမိုအသုံးပြုနိုင်ရန် လုပ်ဆောင်ပေးတဲ့အတွက် ဆီးချိုရောဂါကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။(၅) နှလုံးကျန်းမာရေးကို မြှင့်တင်ပေးတယ်။ACVက နှလုံးသွေးကြောတွင်း အဆီပိတ်ခြင်းကိုဖြစ်စေတဲ့triglycerideအဆီတွေကို နည်းပါးစေပါတယ်။ ဒါတင်မကသေးပဲ ပန်းသီးရောရှာလကာရည်မှာပါ ပါဝင်တဲ့ Pectinလို့ခေါ်တဲ့ အမျှင်ဓာတ်ကလည်း ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်ပေါ်စေတဲ့ ကိုလက်စထရောတွေကို နည်းပါးစေပါတယ်။(၆) စားလိုက်တဲ့ အစားအစာတွေမှာ ပါဝင်တဲ့အာဟာရတွေကို ပိုမိုစုပ်ယူနိုင်ရန် ကူညီပေးတယ်။ACVကို နေ့စဉ်သောက်ခြင်းဖြင့် စားလိုက်တဲ့ အစားအစာတွေမှာပါတဲ့ ကယ်လ်ဆီယမ်နဲ့ သံဓာတ်တွေကို အူကနေ စုပ်ယူမှု ပိုမိုအားကောင်းစေပါတယ်။ ဒီအာဟာရတွေက သင့်ကိုယ်ခန္ဓာရဲ့ လုပ်ငန်းစဉ်တွေကို ပိုမိုကောင်းမွန်စွာလုပ်ဆောင်စေပြီး ကျန်းမာရေးကို ကောင်းမွန်စေမှာ ဖြစ်ပါတယ်။(၇) ကင်ဆာဖြစ်နှုန်း လျော့ကျစေတယ်။ACVဟာ ကင်ဆာကို ကာကွယ်နိုင်တယ်ဆိုတဲ့ သုတေသနပြုလုပ်ချက်များစွာ မရှိသေးသော်လည်း အချို့သော အဖြေရှာချက်များအရကင်ဆာကာကွယ်နိုင်တဲ့ အကျိုးကျေးဇူးများ ရှိနေတာ တွေ့ရပါတယ်။၂၀၁၄ခုနှစ်က လေ့လာချက်တစ်ခုအရ ACVတွင်ပါဝင်သော acetic acidဟာ ကင်ဆာဆဲလ်တွေကို သေစေနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒီAcetic acidဟာဆိုရင် ကင်ဆာဆဲလ်တွေကို တွန်းလှန်နိုင်တဲ့ အစွမ်းထက်အက်ဆစ်ဖြစ်ပြီး အစာအိမ်ကင်ဆာနဲ့ အခြားကင်ဆာတွေကိုကုသရာတွင် အသုံးပြုလေ့ရှိပါတယ်။(၈) ခံတွင်းအနံ့ဆိုးကို သက်သာစေတယ်။နေ့စဉ်ACVကို သောက်ခြင်းဖြင့်ခံတွင်းအနံ့ဆိုးဖြစ်စေတဲ့ ဘတ်တီးရီးယားတွေကိုသေစေပြီး အနံ့ဆိုးတွေကို သက်သာစေပါတယ်။သတိပြုရန်။ACVမှာပါတဲ့ အက်ဆစ်ဓာတ်ကသွားကြွေလွှာကို ပျက်စီးစေပြီး သတ္တုဓာတ်တွေ ဆုံးရှုံးစေခြင်းနဲ့ သွားပိုးစားခြင်းကို ဖြစ်ပေါ်စေပါတယ်။ဒီလိုသွားကြွေလွှာတွေကို မပျက်စီးစေဖို့ ACVတစ်ဆကို ရေ၁၀ဆနဲ့ ရောစပ်ပြီးမှ ပိုက်နဲ့ စုပ်သောက်တာမျိူး လုပ်သင့်ပါတယ်။Dr Rose။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/apple-cider-vinegar-%e1%80%80%e1%80%ad%e1%80%af%e1%80%94%e1%80%b1%e1%80%b7%e1%80%85%e1%80%89%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%96/
Beetroot (ဗီတွတ်) ၏ ကျန်းမာရေးအတွက် ပေးစွမ်းနိုင်သော ကောင်းကျိုးများ
ခရမ်းရောင်ကြွယ်ဝတဲ့ ဒီ Beetroot ရဲ့ ကောင်းကျိုးလေးတွေကို အနည်းငယ် ပြောပြပါရစေ။ တကယ်က Beetroot ကို အဖြူရောင်အနေနှင့်သော်လည်းကောင်း၊ ရွှေရောင်အနေဖြင့်သော်လည်းကောင်း မြင်တွေ့နိုင်ပါသေးတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာ စားသုံးမှု သိပ်မရှိကြပေမဲ့ အနောက်နိုင်ငံတွေမှာတော့ ကင်ခြင်း၊ ပေါင်းခြင်း၊ သုပ်ခြင်း စသည့်နည်းအမျိုးမျိုးကိုအသုံးပြုပြီး ဟင်းပွဲအဖုံဖုံမှာ ထည့်သွင်းကြပါတယ်။ Beetroot ကိုကြိတ်ပြီး Juice အနေနဲ့လည်း သောက်ကြပါသေးတယ်။ ဒါကလည်း Beetroot ဟာ ချိုတဲ့အရသာကို ပေးစွမ်းရုံတင်မက ကျန်းမာရေးအတွက် အထူးကောင်းမွန်လို့ ဖြစ်တယ်ဆိုတာကို တွေ့ရှိရပါတယ်။  အကြောင်းကတော့ ဗီတာမင် နှင့် သတ္တုဓာတ် ကြွယ်ဝစွာ ပါဝင်နေလို့ပဲ ဖြစ်ပါတယ်။ဒါ့အပြင်…။– သွေးပေါင်ချိန်ကို မှန်စေတယ်။အထူးသဖြင့် အပေါ်သွေးတိုးတဲ့သူတွေ အတွက် အရမ်းကို ကောင်းတဲ့ ဆေးတစ်လက်လို့ ပြောလို့ ရပါတယ်။ Beetroot ကိုစားသုံးပြီး နာရီပိုင်းအတွင်းမှာတင် အပေါ်သွေး 4 mmHg မှ 10 mmHg အထိ ကျဆင်းစေနိုင်ပါတယ်။ ပုံမှန်စားသုံးပေးမယ်ဆိုရင်ဖြင့် သိသာကောင်းမွန်တဲ့ အကျိုးရလဒ်ကို ခံစားရမှာပါ။ သွေးတိုးရောဂါအတွက် ကောင်းမွန်တာဖြစ်လို့ နောက်ဆက်တွဲဖြစ်နိုင်တဲ့ နှလုံးနှင့် ဆက်စပ်သော ရောဂါများနှင့် လေဖြတ်ခြင်းတို့ကိုလည်း ဟန့်တားပေးနိုင်ပါတယ်။– အားကစားလုပ်ရာမှာ စွမ်းဆောင်နိုင်စွမ်းကို တိုးစေပါတယ်။လေ့လာချက်နှစ်ခုတွင် အမျိုးသာ ၇ ဉီးနှင့် ၈ဉီးအား 500 ml Beetroot juice ကို ၆ ရက် သောက်စေ၍ လေ့လာခဲ့ရာ အားကစားလုပ်ခြင်းကြောင့် မောပန်းနွမ်းနယ်မှုကို လျော့ကျစေပြီး အောက်စီဂျင် အသုံးပြုမှု တိုးတက်လာတာကို တွေ့ရှိခဲ့ရပါတယ်။ အားကစားမပြုလုပ်မီ ၂ နာရီ မှ ၃နာရီ အတွင်း ကြိုတင် စားသုံးထားခြင်းဟာ အာနိသင် ပိုမိုရှိစေပါတယ်။ ဒါကြောင့် Gym ဆော့တဲ့သူတွေအနေနဲ့လည်း ကိုယ့်ရဲ့ performance တွေမြင့်တက်စေဖို့ Beetroot ကို သုံးဆောင်လို့ ရပါတယ်။– ဉီးနှောက် ကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။အသက်ကြီးလာတဲ့အခါမှာဆိုရင် ဉီးနှောက်ရဲ့ အလုပ်လုပ်နိုင်မှုစွမ်းအားဟာ ကျဆင်းလာလေ့ရှိပါတယ်။ ဉီးနှောက်ထဲကို အောက်စီဂျင်စီးဝင်မှု လျော့ကျလာခြင်းကြောင့် Dementia ဆိုတဲ့ မှတ်ဉာဏ်ဆုတ်ယုတ်ခြင်းမျိုးဖြစ်နိုင်ပါတယ်။ Beetroots ဟာဆိုရင် ဉီးနှောက်အတွင်း အောက်စီဂျင်စီးဝင်မှုကို အားပေးပေးပါတယ်။ ဒါကြောင့် စဉ်းစားတွေးခေါ်မှုအပိုင်းတွင် တိုးတက်လာစေနိုင်ပြီး ဆုံးဖြတ်ချက်ချရာတွင်လည်း ကောင်းမွန်စွာ လုပ်ဆာင်နိုင်ဖို့ ကူညီပေးပါတယ်။– အစာချေဖျက်မှုကို အားပေးပေးပါတယ်။အစာမကြေခြင်း မကြာခဏဖြစ်တတ်တဲ့သူတွေအတွက် Beetroot ဟာ အဖြေတစ်ခု ဖြစ်လာနိုင်ပါတယ်။– နာတာရှည်ရောဂါများ ဖြစ်ပွါးမှုကိုလည်း ဟန့်တားပေးပါတယ်။အူမကြီးကင်ဆာ၊ နှလုံးရောဂါ နှင့် ဆီးချိုရောဂါများ ဖြစ်ပွါးမှုကိုလည်း ဟန့်တားပေးနိုင်ပါတယ်။-ဝိတ်ကျစေပါတယ်။Beetroot ဟာဆိုရင် ကယ်လိုရီ ပါဝင်မှုနည်းပြီး ရေဓာတ်၊ အမျှင်ဓာတ် နှင့် အသားဓာတ် ပါဝင်မှုများတာ‌ကြောင့် ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ရရှိစေဖို့ အထောက်အကူပြုနိုင်ပါတယ်။ Beetroot မှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာဆိုရင် အစားစားချင်စိတ်ကို လျော့ကျစေပြီး ဗိုက်ပြည့်တဲ့ ခံစားချက်ကိုဖြစ်စေတာကြောင့် ကယ်လိုရီစားသုံးမှု နည်းပါးသွားအောင် ဆောင်ရွက်ပေးနိုင်လို့ diet လုပ်နေတဲ့ ကိုကိုမမတွေအနေနဲ့ Beetroot ကို မမေ့ထားသင့်ပါဘူး။– ဝမ်းချုပ်မှာကိုလည်း ဟန့်တားပေးပါတယ်။– ကင်ဆာရောဂါအတွက်လည်း အကျိုးရှိပါတယ်။Beetroot မှာပါဝင်တဲ့ အမျှင်ဓာတ်ဟာဆိုရင် မူမမှန် ဆဲလ်တွေကို လျှော့ချပေးတဲ့ သွေးဖြူဥအရေအတွက်ကို တိုးစေပါတယ်။ တိရစာ္ဆန်လေးများနဲ့ စမ်းသပ်မှုများပြုလုပ်ထားရာမှာလည်း အကျိတ်ကြီးထွားမှုကို ဟန့်တားပေးတာကိုလည်း တွေ့ရှိထားပါတယ်။ လူ့ဆဲလ်များအသုံးပြုပြီး စမ်းသပ်မှုပြုလုပ်ရာမှာတော့ ဆီးကျိတ် နဲ့ ရင်သားကင်ဆာဆဲလ်များကို လျော့ကျသွားစေတာကို တွေ့ရှိခဲ့ရပါတယ်။ဒါတွေတင်မကသေးပဲ beetroot ဟာ အဝလွန်ခြင်း၊ နှလုံးရောဂါ၊ အသည်းရောဂါ နှင့် ကင်ဆာကဲ့သို့သော  နာတာရှည်ရောဂါတွေကြောင့် ခန္ဓာကိုယ်တွင် ရောင်ရမ်းမှုဖြစ်ပွါးတာကိုလည်း လျှော့ချပေးပါတယ်။– Beetroot ကို စားသုံးမှုကြောင့် ဆီး၊ ဝမ်း အရောင်ဟာ အနီ (သို့မဟုတ်) ပန်းရောင်သို့ ပြောင်းနိုင်ပါတယ်။ သို့သော် ဒီအရာဟာ စိုးရိမ်စရာမရှိပါဘူး။– ကျောက်ကပ်မှာ ကျောက်တည်ဖူးတဲ့သူတွေအနေနဲ့ ပမာဏအများကြီးမစားမိဖို့ သတိပြုသင့်ပါတယ်။– သင့်တင့်တဲ့ ပမာဏထက် သုံးဆောင်မယ်ဆိုရင်လည်း အသည်းကို ထိခိုက်နိုင်ပါတယ်။– Beetroot မှာ နိုက်ထရိတ်ပါဝင်မှုများတာကြောင့် လွန်ကဲစွာ စားသုံးမိမယ်ဆိုရင် အားအင်နုံးချိခြင်း၊ ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊ နှုတ်ခမ်း၊ မျက်စိ၊ လက်၊ ခြေထောက် ပြာနှမ်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ အထူးသတိပြုရမှာကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပေါ် နိုက်ထရိတ်ရဲ့ သက်ရောက်မှုဟာ  ပိုများနိုင်တာကြောင့် ကိုယ်ဝန်ဆောင်တွေအနေနှင့် Beetroot စားသုံးပါက သတိနှင့် စားသုံးသင့်ပါတယ်။အားလုံးဟာ တန်ရင်ဆေး၊ လွန်ရင်ဘေးဖြစ်တတ်လို့ ချင့်ချိန်ပြီး စားသုံးသင့်ပါကြောင်း…။ကျေးဇူးတင်ပါတယ်။ရေးသားသူ – May Kham Eain။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/beetroot-%e1%80%97%e1%80%ae%e1%80%90%e1%80%bd%e1%80%90%e1%80%ba-%e1%81%8f-%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1%e1%80%90%e1%80%bd/
Respiratory Tract Infection (အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်း)
အသက်ရှုလမ်းကြောင်းကို အပေါ်ပိုင်းနှင့် အောက်ပိုင်းဟု နှစ်မျိုးခွဲထားပါသည်။ အပေါ်ပိုင်း အသက်ရှုလမ်းကြောင်းတွင် နှာခေါင်း၊ နှာခေါင်းလမ်းကြောင်း၊ နှာခေါင်းတွင်း လေအိတ်ခေါင်းများ၊ အာခံတွင်းနှင့် အသံကြိုးအထက်မှ လည်မျိုတို့အထိပါ၏။ အောက်ပိုင်းအသက်ရှုလမ်းကြောင်းတွင်တော့ အသံကြိုးအောက်မှ လည်မျို၊ လေပြွန်ကြီး၊ လေပြွန်ခွဲနှင့် လေပြွန်ငယ်တို့ ပါဝင်ပါသည်။ အဆုတ်ကို အောက်ပိုင်းအသက်ရှုလမ်းကြောင်းတွင် ထည့်နိုင်သလို သီးခြားတစ်ခုအဖြစ်လည်း ယူဆနိုင်ပါသည်။ ၎င်းတွင် လေပြွန်ငယ်များ၊ လေအိတ်ပြွန်များ၊ လေအိတ်ထုပ်များနှင့် လေအိတ်ငယ်များပါဝင်ပါသည်။အသက်ရှုလမ်းကြောင်းအား ဓါတ်ငွေ့များသယ်ယူခြင်းနှင့် ဖလှယ်ခြင်းပေါ်မူတည်ပြီး ကူးလူးဆက်သွယ်ဇုံနှင့် အသက်ရှုဇုံဟုလည်း ခွဲခြားနိုင်ပါသေးသည်။လေပြွန်ခွဲများမှထက်ပြီး ပြွန်ငယ် ၂၀ မှ ၂၃ ခုစီထိ ထက်ခွဲသွားကာ လေအိတ်ငယ်တစ်ခုတွင် ပြွန်တစ်ခုစီနှင့် အဆုံးသတ်ပါသည်။အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်းများမှာ လေအိတ်ခေါင်းများ၊ လည်မျို၊ လေပြွန်များနှင့် အဆုတ်များဆီသို့ မည်သည့်ပိုးမဆိုဝင်ခြင်းကို ဆိုလိုပါသည်။ များသောအားဖြင့် ဗိုင်းရပ်စ်များကြောင့် ဖြစ်ပြီး ဘက်တီးရီးယားများကြောင့်လည်း တစ်ခါတစ်ရံ ဖြစ်တတ်ပါသည်။ကျန်းမာရေးကျွမ်းကျင်သူများမှ အောက်ပါနှစ်ခုကို ခွဲခြားရန်လိုအပ်၏။ဒီရောဂါသည်အဖြစ်များ၏။ ကလေးများတွင် အဖြစ်များသည်။ ရောဂါဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ပိုးဝင်ပြီးနောက် ၂ ရက် ၃ ရက်အတွင်း လက္ခဏာများ စပြလာပြီးနောက် ၂-၁၄ ရက်ထိ ကြာတတ်ပါသည်။ အဖြစ်အများဆုံးမှာ နှာခေါင်း၊ လည်ချောင်းနှင့် နားတို့ဖြစ်ပြီး လည်ချောင်းနာခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ ငွေ့ဖျားဖျားခြင်း၊ မျက်ရည်ယိုခြင်း၊ အသံအောခြင်း၊ နှာစေး နှာချေခြင်းတို့ ဖြစ်တတ်ပါသည်။ နှာချေခြင်း၊ ခေါင်းကိုက်ခြင်း၊ အစားအသောက်ပျက်ခြင်းနှင့် မောပန်းသလို ခံစားရခြင်းတို့လည်း ဖြစ်တတ်၏။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။သင်သည် အသက် ၆၅နှစ်အရွယ် ချောင်းဆိုးခြင်းနှင့်အတူ အောက်ပါတို့မှ အချက်နှစ်ချက်အထက် ရှိနေလျှင် သို့မဟုတ် အသက် ၈၀ အရွယ် ချောင်းဆိုးခြင်းနှင့်အတူ အောက်ပါတို့မှ တစ်ချက်ရှိနေလျှင် ဆရာဝန်ဆီသွားသင့်ကြောင်း ညွှန်ထားပါသည်။အအေးမိခြင်းကိုဖြစ်ပေါ်စေသည့် ဗိုင်းရပ်စ်ပေါင်း ၂၀၀ ကျော်ရှိပါသည်။ အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်းမှာ နည်းအမျိုးမျိုးဖြင့် ပျံ့နှံ့နိုင်၏။ သင့်၌ အအေးမိခြင်းလို ပိုးကူးစက်ခံထားရလျှင် နှာချေချောင်းဆိုးရာမှ ထွက်သော အစက်အမှုန်လေးများတွင် ပိုးများပါတတ်သည်။ ထိုအစက်များသည် နေရာတိုင်းသို့ ပျံ့သွားနိုင်၏။ ထိုအစက်အမှုန်များကို တခြားတစ်ယောက်မှ ရှုမိလျှင် ပိုးကူးစက်ခံရမည်ဖြစ်သည်။တိုက်ရိုက်မထိတွေ့ပဲနှင့်လည်း ပိုးကူးနိုင်၏။ ဥပမာ – သင့်တွင် အအေးမိခြင်းဖြစ်နေသည်။ သင်က မျက်လုံး နှာခေါင်းတို့ကိုပွတ်မိပြီးမှ တခြားအရာများအားကိုင်လျှင် ထိုအရာများကိုကိုင်မိသူများထံ ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ပါသည်။ရောဂါပိုးပျံ့ခြင်းအား ကာကွယ်နိုင်မည့် အကောင်းဆုံးနည်းမှာ တစ်ကိုယ်ရည်သန့်ရှင်းရန် ဖြစ်ပါသည်။ ဥပမာ ရေနွေး ဆပ်ပြာတို့နှင့် လက်ကိုမှန်မှန်ဆေးခြင်းမျိုး။အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်းဖြစ်ပွားနိုင်သော ဗိုင်းရပ်စ်ပိုး ၂၀၀ ကျော်ရှိပါသည်။ အအေးမိခြင်းသည် ကလေးများတွင် ပိုပြီးအဖြစ်များ၏။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အသက်ရှုလမ်းကြောင်းပိုးဝင်တိုင်း ဆရာဝန်ဆီ သွားစရာလိုသည်တော့မဟုတ်ပါ။ လက္ခဏာများ ပြင်းထန်ပြီး တစ်ပတ်ထက်ပိုလာလျှင်တော့ လည်းချောင်းစထရပ်ပိုးနှင့် လေးအိတ်ခေါင်း ပိုးဝင်ခြင်းအတွက် စစ်ဆေးရမည်ဖြစ်သည်။အိပ်ယာတွင်အနားယူခြင်း၊ အရည်များသောက်ခြင်း (ရေ၊ သစ်သီးဖျော်ရည်၊ လက်ဖက်ရည်)၊ ဆားရည်နွေးနွေးဖြင့် အာလုတ်ကျင်းခြင်း၊ ခေါင်းကိုက် ဖျားနာခြင်းတို့အတွက် ပါရာစီတမော သောက်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ အစာကို ပုံမှန်သာစားပါ။အလွယ်ဝယယူနိုင်သော အအေးမိသက်သာဆေးများ (နှာရည်ယိုပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး) များသည် လက္ခဏာများကို သက်သာစေရုံသာဖြစ်သည်။ အအေးမိခြင်းအား ကာကွယ်ခြင်း အရှင်းပျောက်ခြင်းအတွက် မဟုတ်ပါ။ အလွယ်ဝယ်ယူနိုင်သော အန်တီဟစ်တမင်းများကလည်း နှာရည်ယိုခြင်း မျက်ရည်ယိုခြင်းများအတွက် အထောက်အကူဖြစ်ပါသည်။တစ်ခါတစ်ရံတွင် အအေးမိပြီးနောက် ဘက်တီးရီးယားပိုးဝင်လာတတ်ပြီး ဆရာဝန်နှင့်ပြသရန် လိုအပ်လာတတ်ပါသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကအသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်းကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/respiratory-tract-infection-%e1%80%a1%e1%80%9e%e1%80%80%e1%80%b9%e1%80%9b%e1%82%88%e1%80%9c%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8-%e1%80%95%e1%80%ad/
Psychosis ( စိတ်ရောဂါ )
စိတ်ရောဂါ ဆိုတာက ထင်ယောင်ထင်မှားဖြစ်ခြင်း သို့မဟုတ် သွေးလေချောက်ချားခြင်းတို့ကြောင့် ပုံမှန်မဟုတ်တဲ့  စိတ်ကျန်းမာရေး အခြေအနေတစ်ခုကို ခေါ်ပါတယ်။ထင်ယောင်ထင်မှားဖြစ်ခြင်းဆိုတာ လွဲမှားစွာ ယုံကြည်ခြင်းဖြစ်ပြီး သွေးလေချောက်ချားခြင်းဆိုတာကတော့ တကယ်မရှိတဲ့ အရာတွေကို မြင်ရကြားရခြင်း ဖြစ်ပါတယ်။စိတ်ရောဂါဆိုတာ စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်နှစ်ခွဖြစ်သော ရောဂါများစသော စိတ်မကျန်းမာမှုများရဲ့ အဓိကလက္ခဏာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ရောဂါ သည် အောက်ပါသူတို့တွင် အဖြစ်များပါတယ်။သင့်တွင် စိတ်ရောဂါရှိပါကအမှန်အတိုင်း ဆက်သွယ်စဉ်းစားနိုင်မှုပျောက်ဆုံးနေပါလိမ့်မယ်။ အစီအစဉ်တကျ မရှိသော တွေးခေါ်မှုများ၊ ထူးဆန်းသော စကားပြောမှုများလည်း ပြုလုပ်ပါလိမ့်မယ်။ ဥပမာ။အပြုအမှုများကလည်း ကိုးရို့ကားယားနိုင်ခြင်း၊ ထူးဆန်းခြင်း၊ ကြိုတင်မခန့်မှန်းနိုင်ခြင်းတို့ ပြုလုပ်တတ်ပါတယ်။ သူတို့အား တစ်စုံတစ် ခုပြုလုပ်ရန် ပြောနေသော အသံများ ကြားရခြင်း(အကြားဆိုင်ရာ ချောက်ချားမှုဖြစ်ခြင်း)။ တစ်စုံတစ်ခု ပြုလုပ်ရန် ပြောနေသော ပုံရိပ်များ မြင်ရခြင်း (အမြင်ဆိုင်ရာ ချောက်ချားမှုဖြစ်ခြင်း)တို့ ဖြစ်တတ်ပါတယ်။စိတ်ရောဂါဖြစ်စေသော အကြောင်းရင်းကို တိတိကျကျ မသိရှိရသေးပါ။ လူမှုရေး၊ မျိုးဗီဇ၊ ပတ်ဝန်းကျင်၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အချက်များ ပေါင်းစည်းမှုကြောင့် ဖြစ်လာရတယ်လို့ ယူဆကြပါတယ်။ဒါ့ပြင်ပါကင်ဆန်ရောဂါနဲ့ အတက်ရောဂါမှာ သုံးတဲ့ ဆေးများ၊ စတီးရွိုက်၊ ဓာတုကုထုံး၊ တရားမဝင်ဆေးများ (ဥပမာ- ကိုကိန်း၊ အရက်၊ အန်ဖက်တမင်း ၊ ဆေးခြောက်) တို့ကလည်း  စိတ်ရောဂါကို ဖြစ်စေနိုင်ပါတယ်။စိတ်ရောဂါက အခြားရောဂါများရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ- ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (HIV ကူးစက်ခြင်း)၊ ပါကင်ဆန်ရောဂါ၊ငှက်ဖျားရောဂါ၊လေဖြတ်ခြင်း၊ ဦးနှောက်အကျိတ်နဲ့ အတက်ရောဂါတို့မှာ စိတ်ရောဂါလက္ခဏာများ တွေ့ရတတ်ပါတယ်။လေ့လာမှုများအရ မျိုးဗီဇက အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်တယ်လို့ တွေ့ရပါတယ်။ အမြွှာနှစ်ယောက်မှာ တစ်ဦးမှာ စိတ်ရောဂါရှိပါက အခြားတစ်ဦးတွင် ဖြစ်နိုင်ရန် ၅၀ရာခိုင်နှုန်းရှိပါတယ်။ ဆွေမျိုးရင်းချာ မိသားစုဝင် (မိဘ သို့မဟုတ် မောင်နှမ)တွင် စိတ်ရောဂါရှိပါက သင့်မှာလည်း စိတ်ရောဂါ ဖြစ်နိုင်ချေ ရှိပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။တစ်စုံတစ်ဦးအား စိတ်ရောဂါရှိသည်ဟု သံသယရှိပါက ဆရာဝန်သည် ဆေးမှတ်တမ်းယူခြင်း၊ ခန္ဓာကိုယ်စစ်ဆေးခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်းတို့ပြုလုပ်ပြီး ရောဂါ အဖြေရှာမှုကို ပြုလုပ်ပါလိမ့်မယ်။တစ်ချိန်တည်းမှာပဲ အခြား ရောဂါများကို ဖယ်ထုတ်ရန် စစ်ဆေးမှုများ ပြုလုပ်ပါလိမ့်မယ်။ သွေးစစ်ခြင်း၊ ဦးနှောက်ကို သံလိုက်နဲ့ ကွန်ပျူတာဓာတ်မှန် ရိုက်ခြင်းတို့ ပြုလုပ်ပါလိမ့်မယ်။ ရောဂါပိုးကူးစက်မှု၊ ကင်ဆာနဲ့ အခြား စိတ်ရောဂါဖြစ်စေသော အကြောင်းများကိုလည်း လိုအပ်သလို စစ်ဆေးပါလိမ့်မယ်။ကုသမှုက ဖြစ်စေတဲ့ အကြောင်းရင်းပေါ်  မူတည်ပါတယ်။ဒါ့ပြင်CBTကုထုံးများနဲ့လည်း ကုသနိုင်သည်။ အပြုအမှုကုထုံးသည် လက္ခဏာများအကြောင်း၊ စိုးရိမ်ခြင်းနဲ့ လက္ခဏာများကို တုံ့ပြန်ခြင်းကြားရှိ ဆက်နွယ်မှုကို ဖြတ်တောက်ပေးပါတယ်။အောက်ပါ လူနေမှုပုံစံများနဲ့  အိမ်သုံးကုထုံးများက ကုသမှုကို အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ရေးသားသူ- Dr Zin Wai Yan Lin။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/psychosis-explained/
ဇန်နဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ
ဇန်နဝါရီလ ဆိုတာက နှစ်တစ်နှစ်တဲ့ ပထမဆုံးသော လလေးတစ်လပါ။ နှစ်တစ်နှစ်တာရဲ့ အစဖြစ်သလို ဆုံးဖြတ်ချက်အသစ်တွေ၊ ကတိကဝတ်အသစ်တွေနဲ့ အသစ်အသစ်သောအရာတွေကို ချမှတ်လုပ်ဆောင်ကြတဲ့ လလေးတစ်လပါ။ ဒီလို အသစ်အသစ်တွေကို လုပ်ဆောင်ကြတဲ့ ဇန်နဝါရီလမှာ မွေးဖွားထားတဲ့ဘေဘီလေးကဘာတွေများ ထူးခြားနေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ဇန်နဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ကတော့။ဇန်နဝါရီလဖွား ဘေဘီလေးတွေက အခြားလဖွား ကလေးလေးတွေထက်စာရင် အပြုသဘောဆောင်ကြပါတယ်။ သူတို့လေးတွေကဆောင်းရာသီရဲ့ လတစ်လဖြစ်တဲ့ ဇန်နဝါရီလလိုမျိုး အေးမြတဲ့လမှာ မွေးဖွားတာကြောင့် ကလေးရဲ့အပြုအမူလေးတွေက အေးမြပြီး အပြုသဘောဆောင်ပါတယ်။ တော်တော်လေး အနေအထိုင် အေးသလို ဟန်ဆောင်မှုလည်း ကင်းကြပါတယ်။ဇန်နဝါရီလမှာ မွေးဖွားတဲ့ ဘေ​ဘီလေးတွေကစိတ်ကူးဉာဏ်ရင့်သန်ကြသလို တီထွင်ဖန်တီးမှုစွမ်းအားလည်း ကောင်းကြပါတယ်။ ကလေးက ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း မြင့်သလို ပဟေဠိတွေကို ဖြေရှင်းနိုင်စွမ်းလည်း ကောင်းကြပါတယ်။ ဇန်နဝါရီဖွားလေးတွေက အနာဂတ်မှာတီထွင်ဖန်တီးဉာဏ်ကောင်းလွန်းတဲ့သူလေးတွေ ဖြစ်လာကြမှာပါ။[embed-health-tool-baby-poop-tool]။ဇန်နဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက ကျော်ကြားဖို့ ရည်မှန်းချက် ရှိကြသူတွေပါ။ ကျော်ကြားမှုကိုလည်း နှစ်သက်ကြသလို ကျော်ကြားဖို့လည်း ကြိုးစားကြသူတွေပါ။ဇန်နဝါရီလဖွားလေး ဘေဘီလေးတွေက ဦးဆောင်မှုကို လုပ်ဆောင်ဖို့ လိုလားကြသူတွေပါ။ သူတို့တွေက အားလုံးကို လွှမ်းမိုးဖို့ ကြိုးစားကြသူတွေပါ။ သူတို့လေးတွေဟာ သူငယ်ချင်းတွေကြားမှာရောမိသားစုဝင်တွေထဲမှာပါ ဦးဆောင်ဦးရွက် ပြုတတ်ကြတဲ့သူတွေပါ။[embed-health-tool-child-growth-chart]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/interesting-facts-about-january-born-babies/
အားလပ်ရက်ရှည် ကာလအတွင်း ဘယ်လိုနေမလဲ
အားလပ်ရက်ရှည် ကြုံလာရင် ဘာတွေလုပ်ရမလဲ စဉ်းစားပြီး စီစဉ်ရတာဟာ အချိန်ပေးသင့်တဲ့ ကိစ္စပဲဖြစ်ပါတယ်။ ခရီးသွားခြင်း၊ စာဖတ်ခြင်း၊ အပင်စိုက်ခြင်း စသဖြင့် မိမိအားသန်ရာအလိုက် လုပ်ကိုင်ချင်တာတွေကို အစီအစဉ်ဆွဲထားသင့်ပါတယ်။ အကြောင်းကတော့ မိမိကျင်လည်ရာလုပ်ငန်းခွင်ကနေ ခေတ္တအနားရတဲ့ အခိုက်အတန့်မှာ အချိန်ကို ကျေနပ်နှစ်သိမ့်ဖွယ် ကုန်ဆုံးနိုင်စေဖို့ ဖြစ်ပါတယ်။အောက်ပါနည်းလမ်း ၉ ချက်ကတော့ သင့်ရဲ့အားလပ်ရက်တွေကို ပိုပြီးထူးခြားအောင် ဆောင်ရွက်စေနိုင်မယ့် နည်းလမ်းများပဲ ဖြစ်ပါတယ်။ရေများများသောက်ခြင်းဟာ ရိုးရှင်းလှတဲ့နည်းလမ်းဖြစ်ပေမယ့် သင့်ကို စွမ်းအင်ပြည့်ဝစေပြီး ကိုယ်ခန္ဓာရဲ့ လှုပ်ရှားမှုတွေကို ပုံမှန်ထိန်းညှိပေးထားနိုင်စေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အခုလို ပူပြင်းတဲ့ နွေရာသီမှာ ဖြစ်ပါတယ်။ကောင်းတာကတော့ မနက်စောစောမှာ ရေနှစ်ဖန်ခွက်လောက် သောက်သင့်ပါတယ်။ နေ့လယ်စာစားချိန်မှာ နှစ်ခွက်၊ ညစာစားချိန်မှာလည်း နှစ်ခွက် စသဖြင့် အသီးသီးသောက်သုံးသင့်ပါတယ်။ တနေ့တာမှာ စုစုပေါင်း ၂လီတာခန့် သောက်သုံးပေးသင့်ပါတယ်။ဖြစ်နိုင်မယ်ဆိုရင် သင့်ရဲ့အားလပ်ရက်မှာ အလုပ်စားပွဲပေါ်က တာဝန်တွေ ယူမလာပါနဲ့။ တန်ဖိုးရှိတဲ့ ကိုယ်ပိုင်အချိန်ကို အလုပ်တာဝန်တွေနဲ့ ဝန်မပိပါစေနဲ့။ မဖြစ်မနေ လုပ်ဖို့ရှိရင်တောင် တခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့ တာဝန်ကို ခွဲဝေယူပါ။အလုပ်စားပွဲပေါ်က စာတွေကို ယူလာပြီး ဖတ်နေမယ့်အစား ကော်ဖီတစ်ခွက်ဖျော်ပြီး အေးအေးလူလူ သောက်နေလိုက်ပါ။ စာဖတ်ပါ။ သင်စိတ်ပါရာ အာရုံကျရာကိုပဲလုပ်ပါ။ ကမ္ဘာပေါ်ရှိသမျှ အလုပ်များကို သင်လုပ်စရာမလိုဘူးဆိုတာ သတိရပါ။သင်လုပ်ချင်တာတွေ ချရေးပါ။ သင့်ရဲ့အိပ်မက် ဒါမှမဟုတ် ဝါသနာတွေဟာ မီးဖိုခန်းထဲမှာ နစ်မြုပ်နေတာမျိုး၊ အလုပ်စားပွဲပေါ်က ဖိုင်တွေနောက်မှာ ဖုံးကွယ်နေတာမျိုး ဖြစ်နေနိုင်ပါတယ်။သင်ဖြစ်ချင်ခဲ့တာ လုပ်ချင်နေတာတွေကို စာရွက်နဲ့ ချရေးပါ။ မိမိလုပ်ချင်တာတွေကို ချရေးထားချင်းဟာ မှတ်မိလွယ်သလို အချိန်ကုန်လည်း သက်သာစေပါတယ်။ ခရီးထွက်မယ်ဆိုရင်လည်း သွားမယ့်နေရာအကြောင်း လမ်းညွှန်စာအုပ်ရှာဖတ်ပြီး လုပ်ချင်တာတွေ စာရင်းချရေးထားပါ။သင်တစ်ခုခုကို လုပ်ကိုင်နေရင်း ခဏရပ်တန့်ချင်စိတ် ပေါ်လာရင် ရပ်လိုက်ပြီး အသက်ဝဝ ရှူလိုက်ပါ။ သင့်ပတ်ဝန်းကျင်ရဲ့ အလှအပကို ခံစားရင်း လေကောင်းလေသန့်ကို တဝကြီး ရှူသွင်းပါ။အသက်ကို ဝအောင်ရှိုက်ရှူခြင်းဟာ နှလုံးခုန်နှုန်းကို ကျစေပြီး စိတ်ကိုလည်း တည်ငြိမ်စေပါတယ်။ ဒါ့အပြင် သင့်တနေ့တာအတွက် စွမ်းအင်ကို ရရှိစေနိုင်ပါလိမ့်မယ်။ သတိရတိုင်း ဒီအလေ့အထကို ပြန်လုပ်ပါ။အိပ်ရေးဝဝအိပ်ခြင်းဟာ တစ်နေ့တာ နွမ်းနယ်မှုတွေကို ဖြေဖျောက်ရာရောက်သလို နောက်တစ်နေ့အတွက် အားဖြည့်ရာရောက်ပါတယ်။ နှိုးစက်ကို အိပ်ရာထချိန်အတွက်ပဲ အသုံးပြုဖို့ မဟုတ်ပါဘူး။အိပ်စက်သင့်တဲ့ အချိန်ရောက်လာရင် ကြိုတင်သတိပေးတဲ့အနေနဲ့လည်း သုံးနိုင်ပါတယ်။ တစ်နေ့တာ သွားလာလှုပ်ရှားခဲ့ရတာတွေ ပြေပျောက်စေဖို့ အိပ်စက်သင့်တဲ့အချိန် ရောက်လာရင်တော့ လုပ်ချင်တာတွေ လုပ်လက်စတွေ ရပ်တန့်ပြီး အိပ်ရာဝင်ပါ။သင်ခရီးသွားနေရင်ပဲဖြစ်ဖြစ်၊ အိမ်မှာ အနားယူနေရင်းပဲဖြစ်ဖြစ် ဖြစ်သလိုစားသောက်ခြင်း မပြုပါနဲ့။ အာဟာရပြည့်ဝမယ့် အစားအစာများကိုပဲ ရွေးချယ်စားသောက်ပါ။ ပရိုတိန်း၊ သတ္တုဓာတ်နဲ့ ဗီတာမင်တွေကို မျှတစွာ စားသောက်ပါ။ အဆီများ လျှော့စားပါ။အားလပ်ရက်မှာ လွယ်လွယ်ရတတ်တဲ့ အသင့်စား စားစရာတွေ၊ အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေကို စားသုံးခြင်း မလုပ်ပါနဲ့။ အာဟာရပြည့်ဝစေမယ့် လတ်လတ်ဆတ်ဆတ် အစားအသောက်တွေ ရွေးချယ်စားသုံးပါ။သင့်ပတ်ဝန်းကျင်မှာ သင့်ကို အားဖြစ်စေမယ့် စာသား တခုခု ဒါမှမဟုတ် မိမိရဲ့ နေထိုင်မှုပုံစံနဲ့ ပတ်သက်ပြီး မိမိကိုယ်ကို သတိပေးချင်တဲ့ အကြောင်းအရာ ဒါမှမဟုတ် အားလပ်ရက်ရှည်အတွင်း လုပ်ဆောင်ချင်တဲ့အရာ စတာတွေကို ရေးသားထားပါ။ဖုန်းမျက်နှာပြင်မှာလည်း ရေးထားလို့ ရပါတယ်။ ဥပမာ ပြုံးပါ။ စိတ်အေးအေးထား။ ကျေးဇူးတင်စကားပြောပါ။ ဖြစ်သမျှအကြောင်း အကောင်း၊ ပျော်ပျော်နေပါ စသဖြင့် သင့်ကိုယ်သင် သတိပေးလိုတဲ့ စာသားလေးတွေ ရေးထားပါ။သင်ခရီးထွက်မယ်ဆိုရင်လည်း အမှတ်တရအဖြစ် ဗီဒီယို ဒါမှမဟုတ် ဓာတ်ပုံများများ ရိုက်ထားပါ။ တချိန်မှာ သင်ပြန်လည်ကြည့်ရှုရင်း ပျော်ရွှင်မှုတွေကို ပြန်သတိရနိုင်ပါတယ်။ဥယျာဉ်လေးတစ်ခု ဖန်တီးတော့မယ်ဆိုရင်လည်း အဆင့်ဆင့် မှတ်တမ်းတင်ထားပါ။ ဒါဟာ ဓာတ်ပုံသက်သက်မျှ မဟုတ်ပါဘူး။ ချိုမြိန်တဲ့ အမှတ်တရတွေ ဖြစ်လာပါလိမ့်မယ်။အားလပ်ရက် ကုန်ဆုံးသွားချိန်မှာ မိမိကိုယ်ကို ဆုချပါ။ အနှိပ်ခန်းဖြစ်ဖြစ်၊ ဆံပင်ပြင်ဆိုင်ဖြစ်ဖြစ်သွားပါ။ ဒါမှမဟုတ် ဆိုင်ကောင်းကောင်းမှာစားပါ။ စာအုပ်အသစ်ဝယ်ပါ။ အားလပ်ရက်ရှည်ကို အကျိုးရှိရှိ ကျေနပ်ဖွယ်ရာ ကုန်ဆုံးစေနိုင်ခဲ့လို့ ဖြစ်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/give-yourself-the-gift-of-self-care/
ကယ်လိုရီ လောင်ကျွမ်း ခြင်းနဲ့ လေ့ကျင့်ခန်းအမျိုးအစားကွဲများ
ကယ်လိုရီ လောင်ကျွမ်း စေဖို့ ဆိုတာ လေ့ကျင့်ခန်းလုပ်သူတိုင်းရဲ့ အခြေခံရည်ရွယ်ချက်တစ်ခုပါ။ဒါပေမဲ့ ဘယ်လေ့ကျင့်ခန်း အမျိုးအစားက ဘယ်လောက် ကယ်လိုရီ လောင်ကျွမ်း စေသလဲ ဆိုတာကိုတော့ လေ့ကျင့်ခန်းလုပ်သူတိုင်း အားကစားလုပ်သူတိုင်း တိတိကျကျ မသိတတ်ကြသလို သိဖို့လိုတယ်လို့လည်း တချို့က မထင်ကြပါဘူး။တချို့ကျတော့လည်း တစ်နေ့တာမှာ လိုအပ်တဲ့ ကယ်လိုရီ ပမာဏကို တွက်ချက်စားတတ်ပြီး စားတာများသွားရင် ပိုလျှံပြီး အဆီအဖြစ်ပြောင်းလဲမသွားစေဖို့ သေချာစနစ်တကျ အစီအစဉ်တွေချမှတ်နိုင်ကြပါတယ်။ ဒါပေမဲ့ လူတိုင်းကတော့ လိုက်လုပ်ဖို့မလွယ်သေးပါဘူး။ခုခေတ်မှာလေ့ကျင့်ခန်းလုပ်တဲ့လူတွေ ပိုများလာပါတယ်။Gymတွေမှာ ဆော့ကြတဲ့သူတွေလည်း ရှိသလို တချို့တွေကျတော့လည်း နေအိမ်မှာပဲ တနိုင်တပိုင်ဆော့ကြတာမျိုးပေါ့။ကိုယ်လက်လေ့ကျင့်ခန်းလုပ်တယ်ဆိုတာက ခန္ဓာကိုယ်အတွက် သိပ်ကိုအကျိုးရှိပြီး အလွန်ကောင်းမွန်တဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် ကိုယ်လုပ်နေတဲ့လေ့ကျင့်ခန်းက ကိုယ်နဲ့သင့်လျော်ရဲ့လား ကိုယ်လိုချင်တဲ့အတိုင်းအတာအထိ ထိရောက်မှုရှိရဲ့လား၊ ဘယ်လောက် ကယ်လိုရီပမာဏလောင်ကျွမ်းစေ သလဲ ဆိုတာကိုတော့ သိထားဖို့ လိုမယ်နော်။အထူးသဖြင့်ကိုယ်အလေးချိန်လျှော့ချဖို့ကြိုးစားနေတဲ့သူတွေဆိုရင် ဘယ်လေ့ကျင့်ခန်းမျိုးလုပ်မလဲ၊ တစ်နေ့ကို ဘယ်လောက် ကယ်လိုရီ လောင်ကျွမ်း ဖို့လိုလဲ ဆိုတာကို သိထားမှ တိကျတဲ့ရည်မှန်းချက်ထားပြီး အောင်မြင်အောင်လုပ်နိုင်မှာလေ။ဒီလိုမဟုတ်ပဲ ကြုံသလို လေ့ကျင့်ခန်းတွေလုပ်ပြီး ကိုယ်ဘယ်လိုလုပ်ပြီး ဘယ်လောက် အကျိုးရှိလဲ မသိဘူးဆိုရင်တော့ သင်ရဲ့ ကိုယ်အလေးချိန်လျှော့ချရေး အစီအစဉ်ကြီးက တကယ်ကို အစီအစဉ်မကျပဲ ပရမ်းပတာကြီးဖြစ်နေမှာပေါ့။ကိုယ်ကနေ့စဉ် ပမာဏများများ ကယ်လိုရီလောင်ကျွမ်း ပေးဖို့ လိုအပ်နေရင် ဘယ်လိုလေ့ကျင့်ခန်းမျိုး လေ့ကျင့်ရမလဲ၊ ဘယ်လောက်အချိန်ပမာဏယူပြီး လေ့ကျင့်ရမလဲဆိုတာ သေချာဆုံးဖြတ်နိုင်အောင်လို့ လေ့ကျင့်ခန်းအမျိုးအစားအလိုက် ကယ်လိုရီလောင်ကျွမ်းနိုင်စွမ်းတွေကို ဖော်ပြပေးချင်ပါတယ်။ခုလိုမျိုး ဘယ်လေ့ကျင့်ခန်းက ဘယ်လောက် ကယ်လိုရီလောင်ကျွမ်း ပေးနိုင်တယ်ဆိုတာကို သေချာသိဖို့ ဟယ်လိုဆရာဝန် ရဲ့ကယ်လိုရီလောင်ကျွမ်း မှု တွက်ချက်ခြင်းကိရိယာကိုလည်း အခမဲ့ လွယ်ကူစွာအသုံးပြုပြီး တွက်ချက်နိုင်ပါတယ်။သိသွားပြီဆိုရင် ကိုယ့်လုပ်ဆောင်နိုင်စွမ်း၊ ကယ်လိုရီလောင်ကျွမ်း သွားမယ့် ပမာဏ၊ စိတ်ဝင်စားမှုတွေနဲ့ ကိုက်ညှိပြီး အဆင်ပြေမယ့် လေ့ကျင့်ခန်းကို ရွေးချယ်ပြုလုပ်နိုင်ပါပြီ။ အားလုံး အဆင်ပြေကြပါစေ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/weight-loss-exercises/what-exercise-burns-the-most-calories/
ဆောင်းအအေးကြောင့် ကလေးမှာပန်းနာရင်ကျပ် ပိုမဆိုးလာစေဖို့
ကလေးက ပန်းနာရင်ကျပ်ရှိနေတယ်။ ကျန်တဲ့အချိန်တွေမှာ အဆင်ပြေပေမယ့် ဆောင်းရာသီရောက်လာပြီဆိုရင်ဆောင်းရာသီရဲ့ အအေးဓာတ်ကြောင့် ပန်းနာရင်ကျပ်က ပိုဆိုးလာလို့ စိတ်ညစ်နေတဲ့ မေမေဖေဖေတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုနေပါပြီ။ ကဲ …. ဆောင်းအအေးကြောင့် ကလေးမှာပန်းနာရင်ကျပ် ပိုမဆိုးလာစေဖို့ ဘာတွေ ဂရုစိုက်ပေးရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ပန်းနာရင်ကျပ်က နာတာရှည် ကျန်းမာရေး ပြဿနာဆိုပေမယ့် ဆောင်းရာသီ ရောက်လာချိန်မှာ ပန်းနာရင်ကျပ်က ပိုဆိုးလာပါတယ်။ အကြောင်းကတော့ ဆောင်းရာသီမှာ လေထုက အေးမြခြောက်သွေ့နေပြီး ဒီအေးမြခြောက်သွေ့နေတဲ့ လေထုက အဆုတ်တွေကို မအီမသာဖြစ်စေပြီး အသက်ဝဝရှူဖို့ ခက်ခဲတာမျိုး ခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေတွေက ပန်းနာရင်ကျပ် ဖြစ်တာကို ပိုဆိုးစေမှာပါ။ လေထုရဲ့ အပူချိန် နဲ့ စိုထိုင်းဆက ပန်းနာရင်ကျပ် ဖြစ်တာကို ပိုဆိုးစေနိုင်ပါတယ်။လေထုအေးအေးနဲ့ ထိတွေ့မိတာက ကလေးရဲ့ လေပြွန်တွေကို ကျုံ့စေပြီး ခန္ဓာကိုယ်ထဲကနေ Histamine လို့ခေါ်တဲ့ ဓာတုပစ္စည်း တစ်မျိုးကို ထုတ်လွှတ်ပါတယ်။ ဒီဓာတုပစ္စည်းက ခန္ဓာကိုယ်က ဓာတ်မတည့်မှုကို တုံ့ပြန်ချိန်မှာ ထုတ်လွှတ်တဲ့ ဓာတုပစ္စည်းနဲ့ အတူတူပါပဲ။ဒီလို ဓာတ်မတည့်မှုကို တုံ့ပြန်ချိန်မှာ ရောင်ရမ်းတာ၊ ယားယံတာတွေကို ခံစားရသလို အသက်ရှူရခက်တာကိုလည်း ခံစားရနိုင်ပါတယ်။Histamine ကအဆုတ်ရောင်တာ၊ လေပြွန်တွေ တင်းကျပ်တာမျိုး ခံစားရစေပါတယ်။ လေပြွန်တွေ တင်းကျပ်တာက အသက်ကောင်းကောင်းရှူဖို့ အခက်အခဲ ဖြစ်စေပါတယ်။ နောက်ဆုံးရလဒ်ထုတ်ကြည့်တော့ ပန်းနာရင်ကျပ်တာကို ပိုဆိုးစေတော့တာပေါ့။ဆောင်းအအေးကြောင့် ကလေးမှာပန်းနာရင်ကျပ် ပိုမဆိုးလာစေဖို့ ဖေဖေမေမေတို့အနေနဲ့ ဒီအချက်လေးကို ဂရုစိုက်ဖို့ လိုပါမယ်။အအေးခံတာက ကလေးကို ပန်းနာရင်ကျပ် ပိုဆိုးစေနိုင်တာကြောင့် အိမ်အပြင်ထွက်မယ်ဆိုတဲ့ အခါမျိုးတွေ၊ အရမ်းအေးနေတဲ့ အခါမျိုးတွေမှာ ကလေးကို ရာသီဥတု အနေအထားနဲ့ လိုက်ဖက်ညီအောင် အဝတ်အစားတွေကို ဝတ်ဆင်ပေးပါ။ ကလေးကို ဆောင်းအေးနေချိန်မှာ အချိန်တိုင်း နွေးနွေးထွေးထွေး ထားပေးပါ။ပါးလေးရဲ့ ပါးစပ် နဲ့ နှာခေါင်းကို နွေးနွေးထွေးထွေး ဖြစ်စေဖို့ နဲ့ ဓာတ်မတည့်မှုတွေနဲ့ ထိတွေ့တာကနေ ကာကွယ်ဖို့အတွက် ကလေးကို အိမ်ပြင်ထွက်တဲ့ အခါတိုင်းမှာပါးစပ်နဲ့ နှာခေါင်းစည်းကို သေချာလေး ဝတ်ဆင်ပေးပါ။ ဒီလို ဝတ်ဆင်ပေးတာက အဆုတ်တွေကို လေအေးအေးနဲ့ တိုက်ရိုက်ထိတွေ့မှုကနေ ကာကွယ်ပေးပြီး ဆောင်းအအေးကြောင့် ပန်းနာရင်ကျပ် မဖြစ်အောင် အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်မှာပါ။တုပ်ကွေးဖြစ်တာ၊ အအေးမိတာတွေက ကလေးတွေအတွက်ရော လူကြီးတွေအတွက်ပါ အတော်လေး စိတ်ညစ်ရတဲ့ အခြေအနေပါ။ နောက်တစ်ချက်က တုပ်ကွေးမိတာက ပန်းနာရင်ကျပ်ရောဂါကို ပိုဆိုးစေသလို ပန်းနာရင်ကျပ် ရှိနေတာကလည် တုပ်ကွေးလက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ကလေးမှာပန်းနာရင်ကျပ်ရောဂါရှိမယ်ဆိုရင် ကလေးကိုရော ကျန်တဲ့ မိသားစုဝင်တွေပါတုပ်ကွေးကာကွယ်ဆေးပုံမှန် နှစ်စဉ် ထိုးထားပေးပါ။ကလေးကို ကျောင်းသွားရင် ဖြစ်ဖြစ်၊ အပြင်သွားရင်ဖြစ်ဖြစ် ကလေးနဲ့ အမြဲပါသွားမယ့် လွယ်အိတ် ဒါမှမဟုတ် အိတ်တစ်ခုခုထဲကိုinhalerပါအောင် ထည့်ပေးပါ။ တချို့ကလေးတွက ကလေးက ကစားကွင်းတွေ၊ အပြင်လည်ပတ်စရာနေရာတွေမှာ လှုပ်လှုပ်ရှားရှား ကစားပြီးရင် ကျပ်တတ်ပါတယ်။ ဒါဆိုရင်တော့ ဆရာဝန်ညွှန်ကြားချက်နဲ့  မဆော့ခင် ၁၅ မိနစ် အလိုလောက်မှာပန်းနာရင်ကျပ်မထအောင် ကာကွယ်တဲ့ အနေနဲ့inhaler ရှူဖို့လိုနိုင်ပါတယ်။တုပ်ကွေးကာကွယ်ဆေး ထိုးထားတယ် ဆိုပေမယ့် ဆောင်းရာသီမှာ မတော်တဆ အအေးမိတာ၊ တုပ်ကွေးဖြစ်တာတွေ မဖြစ်စေဖို့အတွက် ကလေးရဲ့တစ်ကိုယ်ရေ သန့်ရှင်းရေးကို သေချာ ဂရုစိုက်ပါ။ အအေးမိတာ နဲ့ တုပ်ကွေးဖြစ်တာက ပန်းနာရင်ကျပ်ကို ပိုဆိုးစေသလို ပန်းနာရင်ကျပ် ရှိနေခြင်းကလည်း အအေးမိတာ နဲ့ တုပ်ကွေးဖြစ်တာကြောင့် ခံစားရတဲ့ လက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။ဒါကြောင့် ကလေးကို တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထတွေဖြစ်တဲ့ မကြာခဏ လက်ဆေးတာ၊ နှာချေချောင်းဆိုးတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို အုပ်ဆိုးတာ၊ မျက်နှာကို လက်နဲ့ ကိုင်တွယ်ထိတွေ့တာမျိုးတွေ မလုပ်ဖို့ သင်ထားပေးပါ။ဒီအချက်တွေအပြင် ကလေးကို အာဟာရပြည့်ဝအောင် ကျွေးတာ၊ အိပ်ရေးဝအောင် အိပ်စေတာ၊ ဓာတ်မတည့်မှု ဖြစ်စေတဲ့ အရာတွေနဲ့ ကိုင်တွယ်ထိတွေ့မိတာမျိုး၊ တဆင့်ခံဆေးလိပ်ငွေ့နဲ့ ထိတွေ့မိတာမျိုး မဖြစ်စေဖို့ ဂရုစိုက်ပေးတာမျိုးတွေ လုပ်ဆောင်ပေးဖို့လည်း မမေ့ပါနဲ့နော် ဖေဖေမေမေတို့ရေ …………။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/respiratory-diseases/how-to-take-care-asthma-childs-during-winter/
ဝိတ်တက်ချင်သူတွေအတွက် ကယ်လိုရီဖြည့်ကူပေးမယ့် အသီးအာဟာရ (၅)မျိုး
ဝိတ်တက်ချင်သူတွေအတွက် ကယ်လိုရီကူပေးမယ့် အသီးအာဟာရ (၅)မျိုး။တချို့က အဆီကျစေဖို့ဆေးအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးရှာဖွေကြိုးစားနေကြချိန်မှာ တစ်ဖက်မှာလည်း ဝိတ်တက်ဖို့ ကြိုးစားနေကြသူတွေရှိပါတယ်။ ဘယ်လိုပဲ ဂရုစိုက်ပြီးစားစား ကိုယ်အလေးချိန်ကမျှော်မှန်းသလောက်တက်မလာ၊ လူကလည်းပိန်မြဲဆိုတော့ ဂျင်မ်သွားကစားရတာနဲ့၊ ပရိုတင်းအာဟာရတွေသောက်ရတာနဲ့ တကယ်မလွယ်ပါဘူး။အဆီချတဲ့သူတွေက အမြန်ဆုံးအဆီကျနည်းဆိုပြီး အချိန်တိုအတွင်း ခပ်ကြမ်းကြမ်းလုပ်လိုက်လို့ရပေမယ့် ဝိတ်တက်ချင်တဲ့သူမှာတော့ အချိန်ယူရပါတယ်။ ဒီလို ကြိုးစားနေတဲ့အချိန်အတွင်းမှာ အားပေးထောက်ပံ့မယ့် အသီးအာဟာရ တွေစားမယ်ဆို ပိုထိရောက်နိုင်ပါတယ်။ဒါ့အပြင် သူတို့ဆီကဗီတာမင်နဲ့သတ္တုဓာတ်တွေကိုလည်း အပိုဆုအနေနဲ့ ရနိုင်သေးတာပါ။ငှက်ပျောသီးက အာဟာရပြည့်တဲ့အပြင် ကာဗိုဟိုက်ဒရိတ်နဲ့ ကယ်လိုရီတွေ ကြွယ်ဝပါတယ်။ အုတ်ဂျုံစားမယ်၊ ဒိန်ချဉ်သောက်မယ်ဆို ငှက်ပျောသီးလေးထည့်စားရင် ကွက်တိပါပဲ။ထောပတ်သီးတွေမှာလည်း ကယ်လိုရီနဲ့ အကျိုးပြုအဆီဓာတ်တွေ အပြည့်အဝပါဝင်ပါတယ်။ ဒီလိုပါဝင်မှုကြောင့် ကျန်းမာရေးနဲ့အညီ ကိုယ်အလေးချိန်တက်စေဖို့ စားပေးသင့်တာဖြစ်ပါတယ်။ သူ့မှာ ပိုတက်ဆီယမ်နဲ့ ဗီတာမင် K၊ ဗီတာမင် C ၊ ဗီတာမင် B5 နဲ့ B6 တို့အပါအဝင် အာဟာရဓာတ်မျိုးစုံပါဝင်နေပါသေးတယ်။ အသီးကို ဒီတိုင်း ဆိမ့်ဆိမ့်လေးစားမလား၊ နွားနို့နဲ့ဖျော်သောက်မလား၊ ရေခဲချောင်းလုပ်စားမလား ရတယ်လေ။အုန်းသီးဆိုတာ ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးပေးနိုင်တဲ့ စွယ်စုံရအသီးတစ်မျိုးပါ။ အုန်းသီးအသား၊ အုန်းရည်၊ အုန်းနို့ စတဲ့ အသွင်အမျိုးမျိုးထဲကမှ ကယ်လိုရီ၊ အဆီနဲ့ ကာဗိုဟိုက်ဒရိတ်တွေ အထိုက်အလျောက်ပါဝင်တာ အုန်းသီးရဲ့အသားပါ။ ဒီအသားမှာမှ ဖော့စဖရပ်နဲ့ ကော့ပါးတို့လို အရေးပါတဲ့ သတ္တုဓာတ်တွေ အများကြီး ပါရှိနေတာလည်း ဖြစ်ပါတယ်။ အုန်းသီးဖြူးစားရတဲ့ မြန်မာမုန့်တွေနဲ့ဆို ကွက်တိပါပဲ။သရက်သီးဟာ အရသာရှိတဲ့အပြင် ကယ်လိုရီ(ကာဗိုဟိုက်ဒရိတ်)တွေလည်း များများရနိုင်တဲ့အသီးအနှံတစ်မျိုးပါ။ ဒါ့အပြင် ကော့ပါး၊ ဗီတာမင် B အုပ်စုတွေ၊ ဗီတာမင် A နဲ့ E တွေ ကြွယ်ဝပါသေးတယ်။ သရက်သီးကို အသီးလို၊ ဖျော်ရည်လို စားသုံးလို့ရသလို မုန့်ထဲထည့်လုပ်စားလို့လည်း ရတယ်။သစ်သီးခြောက်တွေဟာလည်း ရေဓာတ်မရှိတော့တာကလွဲပြီး အာဟာရဓာတ်တွေအကုန် ကျန်ရစ်နေခဲ့တဲ့ အသီးအနှံတွေပါပဲ။ သစ်သီးခြောက်တွေမှာ အာဟာရဓာတ်များပြီး အားပြည့်စေတာမို့ ကိုယ်အလေးချိန်တက်ဖို့ ကြိုးစားနေသူတွေအတွက် သင့်တော်ပါတယ်။ဒါပေမယ့် သူတို့မှာပါဝင်တဲ့ အချိုဓာတ်ကြောင့် သွေးတွင်းသကြားဓာတ်ပြဿနာ မဖြစ်စေဖို့ အသီးခြောက်ကိုချည်း တစ်ထိုင်တည်း အများကြီးမစားဘဲ အကျိုးပြုအဆီ သို့မဟုတ် ပရိုတင်းပါတဲ့ အစားအသောက် တစ်ခုခုနဲ့ တွဲဖက်စားသုံးသင့်ပါတယ်။ ဥပမာ အုတ်ဂျုံ၊နွားနို့နဲ့ သစ်သီးခြောက်။ကယ်လိုရီများတဲ့ သစ်သီးခြောက်တချို့ကတော့ စွန်ပလွံသီးခြောက်၊ဆီးသီးခြောက်၊စပျစ်သီးခြောက်တို့ ပါဝင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%9d%e1%80%ad%e1%80%90%e1%80%b9%e1%80%90%e1%80%80%e1%80%b9%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%9e%e1%80%b0%e1%80%b1%e1%80%90%e1%80%bc%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%a1/
ကျန်းမာစေဖို့ နေ့တိုင်းစားသင့်တဲ့ အစားအစာများ
အစားဆိုတာ စားတိုင်းအာဟာရဖြစ်တာမဟုတ်သလို ကျန်းမာရေးနဲ့ ညီညွတ်တာလည်း မဟုတ်ပါဘူး။ ဒီတစ်ခေါက်တော့ ကျန်းမာနေစေဖို့ နေ့တိုင်းစားသောက်မှုပုံစံမှာ ထည့်သွင်းသင့်တဲ့ ကျန်းမာစေဖို့ နေ့တိုင်းစားသင့်တဲ့ အစားအစာများ ကို မိတ်ဆက်ပေးပါမယ်။စားလိုက်တဲ့အစာတိုင်းက ကျန်းမာရေးကို အထောက်အကူ ပြုစေဖို့ဆိုရင် အစားအသောက်ကို သေချာဂရုစိုက်ဖို့ လိုပါမယ်။ ဒီတော့ နေ့ရက်တိုင်းမှာ ကျန်းမာစေဖို့ နေ့တိုင်းစားသင့်တဲ့ အစားအစာများ ကတော့။ဘယ်ရီသီးမှာအစာခြေစနစ်အတွက် အရေးပါတဲ့အမျှင်ဓာတ်၊ ကင်ဆာကို တိုက်ဖျက်ပေးနိုင်ပြီးမှတ်ဉာဏ်ကောင်းစေတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ကိုယ်ခံအားကောင်းစေတဲ့ ဗီတာမင် C တို့ ပါဝင်နေပါတယ်။တစ်နေ့ကို ဘယ်ရီသီး တစ်ခွက်လောက် ဖျော်သောက်တာ၊ ပန်းကန်လုံး တစ်လုံးစာလောက် စားပေးတာမျိုး လုပ်ပေးပါ။ဥအမျိုးမျိုးက ပရိုတင်း​ ကြွယ်ဝတဲ့ စားစရာမျိုးပါ။ ကြက်ဥ တစ်လုံးမှာ ပရိုတင်း ၆ ဂရမ်လောက်ထိ ပါဝင်နေပါတယ်။ ကြက်ဥအနှစ်မှာ အမြင်အာရုံကို ကျန်းမာစေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်ကြတဲ့ lutein နဲ့ zeaxanthin တို့ ပါဝင်နေပါတယ်။ အသက်အရွယ်ကြောင့် အမြင်အာရုံ ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ lutein က အရေပြားကိုခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ကန်စွန်းဥမှာ မျက်လုံး၊ အရိုး နဲ့ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ဗီတာမင် Aကြွယ်ဝစွာပါဝင်နေပါတယ်။ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝနေမှုက ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကန်စွန်းဥမှာ ဗီတာမင် C၊ ဗီတာမင် B6၊ ပိုတက်ဆီယမ်၊ မဂ္ဂနိစ်၊ lutein နဲ့ zeaxanthin တို့ ပါဝင်နေပါတယ်။အစိမ်းရောင်ရှိတဲ့ ပန်းဂေါ်ဖီစိမ်းမှာ ကျန်းမာစေဖို့ အရေးပါတဲ့ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် K၊ ဖောလိတ် တို့ပါဝင်ပါတယ်။ ကိုယ်တွင်းက အဆိပ် အတောက်တွေ ဖယ်ရှားပေးပြီးကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းနုနွယ်မှာ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် K၊ ဗီတာမင် E၊ အမျှင်ဓာတ်၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့ ပါဝင်နေတာကြောင့် ကိုယ်ခံအားကို ကောင်းစေနိုင်ပါတယ်။ဦးနှောက်ကျန်းမာစေပြီး ကင်ဆာ ကာကွယ်ပေးနိုင်ပါတယ်။လိမ္မော်သီးမှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်ပြီး သွေးဖြူဥဆဲလ်တွေကို ဖြစ်ပေါ်စေတဲ့ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေသလို ရောဂါပိုးတွေကို တိုက်ထုတ်ပေးနိုင်တဲ့ antibody တွေ ပါဝင်နေပါတယ်။ အသားအရေကို အားဖြည့်ပေးနိုင်တဲ့ကော်လာဂျင်ပါဝင်နေပါတယ်။ အမျှင်ဓာတ်နဲ့ ဖောလိတ်လည်း ကြွယ်ဝစွာ ပါဝင်နေပါသေးတယ်။ဒိန်ချဉ်မှာ အစာခြေစနစ်ကို ကျန်းမာစေတဲ့ အကျိုးပြုဘက်တီးရီးယား (probiotics) ပါဝင်နေသလို အရိုးနဲ့သွားတွေ သန်မာစေတဲ့ ကယ်လ်ဆီယမ်လည်း ပါဝင်ပါတယ်။ ဒါတွေအပြင် ဒိန်ချဉ်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပိုတက်ဆီယမ်၊ ဇင့်၊ ပရိုတင်း၊ ဗီတာမင် B12၊ phosphorus၊ riboflavin တို့ ပါဝင်နေပါတယ်။နေ့ရက်တိုင်းမှာ အခု ပြောပြခဲ့တဲ့ အစားအစားလေးတွေကို ၂ မျိုးကနေ ၃ မျိုးလောက်ပါအောင် စားသုံးမယ်ဆိုရင် အာဟာရ ပြည့်ဝပြီး ကျန်းမာနေမှာ အသေအချာပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/everyday-superfoods/
ပန်ကရိယလေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ
ပန်ကရိယဆိုတာကသွေးတွင်း သကြားဓာတ်ကို ထိန်းညှိဖို့အင်ဆူလင်ကိုထုတ်ပေးသလိုအစာအိမ် အက်ဆစ်ပမာဏကို ထိန်းညှိပေးဖို့ပါ တာဝန်ယူထားတဲ့ အရေးပါတဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းလေး တစ်ခုပါ။ပန်ကရိယ ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ အင်ဆူလင်ဟော်မုန်းကို မထုတ်နိုင်တော့ဘဲသွေးတွင်းသကြားဓာတ်မြင့်တက်ရာကနေတဆင့်သွေးချိုဆီးချိုဖြစ်လာပါတော့တယ်။ ဒီတော့ ဆီးချိုရောဂါကို ကာကွယ်ဖို့အတွက် ပန်ကရိယလေး ကျန်းမာအောင် လိုက်နာသင့်တဲ့ အလေ့အထလေးတွေက ဘာတွေ ဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်လား……………။သွေးတွင်းသကြားဓာတ်ကို ထိန်းညှိတာနဲ့အစာခြေတဲ့နေရာမှာ အင်တိုက်အားတိုက် လုပ်ဆောင်ပေးနေတဲ့ ပန်ကရိယ(မုန့်ချိုအိတ်)လေး ကျန်းမာစေဖို့ဆိုရင်။အဆီများတာတွေ ဥပမာ တိရစ္ဆာန် အဆီတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်ထောပတ်သီး၊ ငါးအဆီ၊ အသီးအရွက်အဆီ၊ အခွံမာသီး စတာတွေကနေရတဲ့ အဆီတွေကိုပဲ စားပေးပါ။အများစု ကြိုက်ကြတဲ့ ကြက်ကြော်၊ အာလူးချောင်းကြော်နဲ့ ဟမ်ဘာဂါတို့လိုမျိုးအသင့်စား အစားအစာတွေမှာ အဆီတွေ အများကြီး ပါတတ်ပါတယ်။ ဒီလို အဆီများတဲ့ ဆီကြော်စာတွေက မုန့်ချိုအိတ် ရောင်ရမ်းတာ အပါအဝင် မုန့်ချိုအိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဆီကြော်စာတွေကို တတ်နိုင်သမျှ ရှောင်ပါ။ရေသောက်တာကခန္ဓာကိုယ်ကို ကျန်းမာစေတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ ရေသောက်နည်းတာကအသားအရေ၊ကျောက်ကပ်အပါအဝင် ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ပန်ကရိယကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ရေ ၆ ခွက် ပြည့်အောင် သောက်ပါ။ ပိုသောက်လို့လည်း ရပါတယ်။ ရေသောက်ပေးတာကလည်း ပန်ကရိယ ကျန်းမာရေးကို စောင့်ရှောက်တဲ့ နည်းလမ်းတစ်ခုပါ။ပရိုတင်းက ခန္ဓာကိုယ်အတွက် လိုအပ်တာ မှန်ပေမယ့် ပန်ကရိယလေး ကျန်းမာစေဖို့ဆိုရင် အဆီမပါတဲ့ ပရိုတင်း ဖြစ်ဖို့တော့ လိုပါမယ်။ ဒါကြောင့်အနီရောင်အသားတွေကို တတ်နိုင်သမျှ လျှော့စားပါ။ စားဖြစ်ရင်တောင် အဆီမပါဖို့ ဂရုစိုက်ပါ။ကြက်သား၊ ငါးစတာတွေကို ပိုစားပေးပါ။ ဥအမျိုးမျိုး၊အခွံမာသီး၊ ပဲအမျိုးမျိုးစတဲ့ပရိုတင်း အရင်းအမြစ်တွေကို စားသုံးပေးလို့လည်း ရပါတယ်။အချိုကို တတ်နိုင်သမျှ လျှော့စားပါ။ အချို လျှော့စားတာက ကျန်းမာရေးကို ဂရုစိုက်ရာကျသလို ပန်ကရိယလေး ကျန်းမာစေဖို့လည်း အထောက်အကူ ဖြစ်စေပါတယ်။ အချိုအစားများတဲ့အခါ ပန်ကရိက အင်ဆူလင်တွေကို အများကြီး ထုတ်ပေးရပြီး ရေရှည်မှာသွေးတွင်းသကြားဓာတ်မြင့်တက်တာမျိုး ဖြစ်နိုင်ပါတယ်။ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာကကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်သလို ကျန်းမာရေးကိုလည်း အထိရောက်ဆုံး အားဖြည့်ပေးနိုင်ပါတယ်။ တစ်နေ့ကို နာရီဝက်လောက် လေ့ကျင့်ခန်းလုပ်ပေးတာက စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ပန်ကရိယလေးကိုလည်း ကျန်းမာစေပါတယ်။တစ်နေ့တာမှာ လမ်းလျှောက်တာ၊ ရေကူးတာ၊ စက်ဘီးစီးတာ၊gymဆော့တာလိုမျိုး လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ပေးပါ။ဒီအချက်တွေအပြင်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/healthy-tips-for-pancreas/
လေ့ကျင့်ခန်း လုပ်တာ ရပ်လိုက်ရင် ပြန်ဝ လာသလား
လေ့ကျင့်ခန်း မလုပ်ချင်ရတဲ့ အကြောင်းရင်းကို မေးကြည့်လိုက်ရင် ပြန်ဖြေတတ်ကြတာက “ လေ့ကျင့်ခန်း လုပ်တာ ရပ်လိုက်ရင် ပြန်ဝ လာမှာ စိုးလို့ပါ”တဲ့။ တချို့ဆို ဒီတိုင်းနေနေတုန်းက အကောင်းသား။ လေ့ကျင့်ခန်းလုပ်ပြီး နားလည်း နားလိုက်ရော အရင်ကထက်တောင် ပိုဝလာပါသတဲ့။ ဒါက အမှန်ပဲလား။ ဒီလိုဆို လေ့ကျင့်ခန်း မလုပ်တာကတောင် ပိုကောင်းနေမလားပဲ။သဘောတရားက ရှင်းပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အချိန်မှာကယ်လိုရီလောင်ကျွမ်းပြီး ခန္ဓာကိုယ်က အဆီပိုတွေ ကျသလို ကိုယ်အလေးချိန်လည်း ကျပါတယ်။ ခန္ဓာကိုယ်ကmetabolismကိုလည်း မြှင့်ထားပါတယ်။လေ့ကျင့်ခန်း လုပ်တာ ရပ်လိုက်တဲ့ အခါကျတော့ ကယ်လိုရီ လောင်စရာမရှိတော့ စားသမျှက ဝိတ်တက်ပါတော့တယ်။ တချို့ဆို လေ့ကျင့်ခန်းလုပ်တဲ့အချိန်တုန်းက ကယ်လိုရီလောင်တာကို ကာမိအောင် ပိုစားတတ်တဲ့ အကျင့်က လေ့ကျင့်ခန်း ရပ်လိုက်တဲ့အချိန်ထိ ပါသွားတာကြောင့် အရင်ကထက်တောင် ပိုဝလာပါသေးတယ်။လေ့ကျင့်ခန်း ရပ်လိုက်တာနဲ့ နေ့ချင်းညချင်း ပြန်ဝလာတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီတိုင်း ဆက်သွားရင်တော့ ဝနိုင်ခြေ ရှိပါတယ်။လေ့ကျင့်ခန်းလုပ်တာ ရပ်လိုက်တာခြင်းအတူတူ တချို့က ဝလာပြီး တချို့က ဒီတိုင်းလေးဆိုသူတွေလည်း ရှိပါတယ်။ ဒါက သူတို့ရဲ့ စားသောက်နေထိုင်ပုံတွေကြောင့်ပါ။အကြောင်းအမျိုးမျိုးကြောင့် လေ့ကျင့်ခန်းလုပ်တာ ရပ်လိုက်ပေမယ့် ကိုယ်က အစားအသောက်ကို ဆင်ခြင်မယ်။ Gymမှာလို ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်ဖြစ်ရင်တောင် အိမ်မှာအပေါ့စား လေ့ကျင့်ခန်းတွေ ဆက်လုပ်မယ်။ အနည်းဆုံးတော့ အထိုင်မများစေဘဲ လှုပ်လှုပ်ရှားရှားနေမယ်ဆိုရင် ကိုယ်အလေးချိန် ပြန်တက်လာမှာ မဟုတ်ပါဘူး။ဒီလိုမဟုတ်ဘဲ Gym ဆော့တုန်းကအတိုင်းပဲ စားမယ်။ ကိုယ်လက်လှုပ်ရှားမှု နည်းသွားမယ်ဆိုရင်တော့ ပြန်ဝလာဖို့ အသေအချာပါပဲ။အကြောင်းအမျိုးမျိုးကြောင့် Gymဆော့တာကို နားလိုက်ရတယ်။ ဒါမှမဟုတ် ပုံမှန်မသွားဖြစ်တော့ဘူး။ ဒါပေမယ့် ပြန်လည်း ဝမလာချင်ဘူးဆိုရင် အောက်က နည်းလမ်းတွေကို လိုက်နာကြည့်ပါ။Gym ဆော့တုန်းကလို စားလို့ မရတော့ပါဘူး။ Gym ဆော့တုန်းက စားတာကို ပြန်လောင်နိုင်ပေမယ့် လေ့ကျင့်ခန်း လုပ်တာ ရပ်လိုက်ရင် လောင်ကျွမ်းစရာ မရှိတော့တာကြောင့် လျှော့စားရမှာပါ။ဘယ်လောက်လျှော့စားရမလဲဆိုတာကိုတော့ တစ်နေ့တာကယ်လိုရီလိုအပ်ချက်ကို တွက်ချက်ပြီး စားရမှာ ဖြစ်ပါတယ်။ တစ်နေ့တာမှာ ကိုယ့်ရဲ့ အခြေခံကယ်လိုရီလိုအပ်ချက်ရယ်၊ ကိုယ်လှုပ်ရှားသလောက် သုံးရမယ့် ကယ်လိုရီရယ်ကို ‌တွက်ပြီး စားရမှာ ဖြစ်ပါတယ်။ ဒီထက်ပိုရင် ဝလာနိုင်ပါတယ်။Gymမသွားဖြစ်တော့ဘူး ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်တာ ရပ်လိုက်ရတယ်ဆိုရင်တောင် လုံးဝနားလိုက်တာမျိုးတော့ ရှောင်ပါ။အနည်းဆုံးတော့ လမ်းများများလျှောက်ပါ။ အိမ်မှာ အပေါ့စား လေ့ကျင့်ခန်းတွေ လုပ်ပါ။ အလေးတုံးလေးတွေ၊ elastic bandတွေ ဝယ်ပြီး တစ်ရက်ကို ၁၀မိနစ်၊ ၁၅မိနစ်လောက် ကစားပါ။အထူးသဖြင့် ကိုယ်က အစားလျှော့ဖို့ ခက်တယ်ဆိုရင်ကိုယ်လက်လေ့ကျင့်ခန်းကို အားပြုရမှာ ဖြစ်ပါတယ်။ တစ်ပတ်ကို အသင့်အတင့် ကိုယ်လက်လှုပ်ရှားမှုဆိုရင် ၁၅၀ မိနစ်၊ ပြင်းထန်ကိုယ်လက်လှုပ်ရှားမှုဆိုရင် ၇၅မိနစ် လုပ်ပေးပါ။ အနည်းဆုံးတော့ တစ်ရက် နာရီဝက်လမ်းလျှောက်ပါ။ရေငတ်တဲ့အခါ ဗိုက်ဆာတာနဲ့ အချက်ပြတတ်တော့ မလိုအပ်ဘဲ အစားတွေ ပိုစားမိတတ်ပါတယ်။ နေ့စဉ် ရေ ၂-၃လီတာလောက် သောက်ပါ။ အချိုရည်တွေကို ရှောင်ပါ။အိပ်ရေးပျက်ရင် metabolismတွေ ကမောက်ကမဖြစ်တာကြောင့် ဝဖို့ လွယ်ပါတယ်။ ညမအိပ်လေလေ ဗိုက်ဆာလေလေ စားမိလေလေပါ။ တစ်ညကို အနည်းဆုံး ၇နာရီလောက် ပြည့်အောင်အိပ်ပါ။ စောစောအိပ်ပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/can-i-gain-weight-if-i-stop-exercise/
Hypoxia (အောက်စီဂျင်နည်းခြင်း)
အောက်စီဂျင်နည်းခြင်းသည် တစ်ရှူးများဆီသို့ အောက်စီဂျင်နည်းပါးစွာရောက်သော အခြေအနေကို ဆိုလိုပါသည်။ ဟိုက်ပေါက်စီးမီးယားဟုခေါ်သော သွေးတွင်းအောက်စီဂျင်ပမာဏ ပုံမှန်ထက်လျော့နည်းခြင်းမှ ဖြစ်ရခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် အထက်ပါအခြေအနေနှစ်မျိုးလုံးကိုညွှန်သည့်အနေဖြင့် အောက်စီဂျင်နည်းခြင်းဟုသာခေါ်လေ့ရှိပါသည်။ အောက်စီဂျင်နည်းခြင်း နှင့် ဟိုက်ပေါက်စီးမီးယားသည် တခြားသောအခြေအနေများ၏လက္ခဏာလည်း ဖြစ်နိုင်သည်။ ထိုအခြေအနေများသည် များသောအားဖြင့် အသက်ရှုစနစ်နှင့် သွေးလှည့်ပတ်မှုတွင်ဖြစ်သော အခြေအနေများဖြစ်သည်။ ပုံမှန်သွေးလွှတ်ကြောတွင်း သွေးများ၌ အောက်စီဂျင် ၇၅ – ၁၀၀ mmHg ရှိရမည်ဖြစ်သည်။ ၆၀ mmHg အောက်ဆိုပါက သင့်တွင် အောက်စီဂျင်နည်းခြင်းဖြစ်နေပြီး အောက်စီဂျင်ရှုရန် လိုအပ်နိုင်ပါသည်။ဒီရောဂါသည် အဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။အောက်စီဂျင်နည်းခြင်း၏လက္ခဏာများမှာ တစ်ဦးနှင့်တစ်ဦး မတူတတ်ပါ။ သို့သော် အဖြစ်များဆုံးလက္ခဏာများကတော့။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။အောက်ပါလက္ခဏာများရှိလာပါက ဆရာဝန်နှင့်ချက်ချင်းပြသပါ။အောက်စီဂျင်နည်းခြင်းမှာ သင်၏အသက်ရှုစနစ်နှင့် သွေးလှည့်ပတ်စနစ်တွင် ဖွဲ့စည်းပုံနှင့် လုပ်ငန်းစဉ်များ ပုံမှန်မဟုတ်ခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။ တစ်ချို့သော အခြေအနေများကလည်း အောက်စီဂျင်နည်းခြင်းကို ဦးတည်စေနိုင်ပါသေးသည်။ ဥပမာ –။အောက်စီဂျင်နည်းခြင်းသည် ဆိုးဝါးသောပန်းနာရင်ကြပ်ဖောက်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ ရောဂါဖောက်စဉ်တွင် အသက်ရှုလမ်းကြောင်းမှာ ကျဉ်းသွားပြီး အဆုတ်များဆီသို့ လေမရောက်ဖြစ်နိုင်ပါသည်။တစ်ခါတစ်ရံတွင် သင်သောက်သောဆေးများ ဥပမာ အကိုက်အခဲပျောက်ဆေးပြင်းများကလည်း အသက်ရှုမဝခြင်းကို ဖြစ်စေနိုင်ပါသည်။အောက်စီဂျင်နည်းခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။Pulse Oximeter (လက်တွင်ညှပ်ပြီးတိုင်းသော ကိရိယာ) ကိုသုံးပြီး သွေးတွင်းမှဓါတ်ငွေ့များကို တိုင်းတာမည်ဖြစ်သည်။ သို့မဟုတ် သွေးလွှတ်ကြောမှ သွေးနမူနာကိုယူကာ တိုက်ရိုက်လည်း တိုင်းနိုင်ပါသည်။ oximeter များ၌ ပုံမှန် ၉၅% မှ ၁၀၀% ကြားရှိရမည်ဖြစ်သည်။ အောက်စီဂျင်လယ်ဗယ် ၉၀ နှင့် အောက်ဆိုပါက သင့်၌ အောက်စီဂျင်နည်းခြင်းရနေပြီ ဖြစ်သည်။ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်ခြင်းကဲ့သို့ အခြေအနေများအား သံသယရှိသည်ဆိုပါက ဆရာဝန်သည် တခြားသောစစ်ဆေးမှုများကို ပြုလုပ်ပါလိမ့်မည်။ ၎င်းတို့မှာ အဆုတ်လုပ်ငန်းစစ်ဆေးခြင်းနှင့် မရှင်းပြနိုင်သော အောက်စီဂျင်လျော့နည်းမှုကို ဆုံးဖြတ်နိုင်မည့် တခြားလေ့လာများပြုလုပ်ခြင်းတို့ဖြစ်ပါသည်။အောက်စီဂျင်နည်းခြင်းကိုကုသရန်အတွက် ဆေးရုံတက်ရန်လိုအပ်ပြီး အောက်စီဂျင်လယ်ဗယ်ကို စစ်ဆေးနေရန် လိုအပ်ပါသည်။ အရေးပေါ်အခြေအနေများတွင် အဓိကသော့ချက်မှာ ခန္ဓါကိုယ်တွင်းသို့ အောက်စီဂျင်များများရောက်ရန်သာ ဖြစ်သည်။ နှာခေါင်းနှင့် ပါးစပ်ကိုလုံသော Mask ကိုသုံးပြီး အောက်စီဂျင်ပေးပါလိမ့်မည်။ထိုသို့လုပ်လျှင်သော်မှ အောက်စီဂျင်လယ်ဗယ်ပုံမှန်ပြန်မဖြစ်လာလျှင် အသက်ရှုလွယ်ကူစေရန် ပန်းနာရင်ကြပ်ဆေး သို့မဟုတ် ရှုဆေးများကိုပေးနိုင်ပါသည်။ ထိုထိအောင်အဆင်မပြေသေးပါက အကြောဆေးသွင်းရမည်ဖြစ်သည်။ ရောင်နေသောအဆုတ် ခဏတာကျုံ့သွားစေရန်အတွက် စတီးရွိုက်များ လိုအပ်နိုင်ပါသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကအောက်စီဂျင်နည်းခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အောက်စီဂျင်နည်းခြင်း ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/hypoxia-%e1%80%b1%e1%80%a1%e1%80%ac%e1%80%80%e1%80%b9%e1%80%85%e1%80%ae%e1%80%82%e1%80%ba%e1%80%84%e1%80%b9%e1%80%94%e1%80%8a%e1%80%b9%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
တစ်ကိုယ်ရေသန့်ရှင်းရေးက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်နေလဲ
တစ်ကိုယ်ရေသန့်ရှင်းရေး ကို ဂရုစိုက်တာကကျန်းမာရေးကို အထောက်အကူပြုပေးနိုင်တယ်ဆိုတာ သိပါရဲ့လား။ လူတစ်ယောက် ကျန်းမာပျော်ရွှင်ဖို့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးက တော်တော်လေး အရေးပါတဲ့ အရာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးက ကျန်းမာရေး အတွက်တင် မဟုတ်ပါဘူး။ လူမှုဆက်ဆံရေးနဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်မှုအပေါ်မှာပါ သက်ရောက်မှု ရှိနေပါတယ်။စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ ကျန်းမာဖို့ဆိုရင် တစ်ကိုယ်ရေသန့်ရှင်းရေးကို မဖြစ်မနေ ဂရုစိုက်ဖို့လိုပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်မှုကဖျားနာမှုကင်းစေသလိုရောဂါပိုးတွေကူးစက်ခံရတာနဲ့ခန္ဓာကိုယ်အနံ့ဆိုးတွေကနေပါ ကာကွယ်ရောက်ပါတယ်။တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာကကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်အနေအထိုင်အစားအသောက်ကစလို့ အဝတ်အစားတွေအထိ သေသေချာချာဂရုစိုက်ပေးပါမှ ခန္ဓာကိုယ်ကို ကျန်းမာစေမှာပါ။ ရောဂါကူးစက်နိုင်ခြေကိုလည်း လျှော့ချနိုင်မှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်မှုက အဖိုးမများတဲ့ ကျန်းမာရေးစောင်ေ့ရှာက်မှုပေါ့။ တစ်ကိုယ်ရေသန့်ရှင်းမှုက လူမှုဆက်ဆံရေးမှာလည်း လူဝင်ဆန့်စေနိုင်တဲ့အချက်တစ်ခုပါ။ ခန္ဓာကိုယ်က အနံ့ဆိုးတွေထွက်နေမယ်၊ခံတွင်းနံ့ဆိုးတွေဖြစ်နေမယ်၊အရေပြားမှာ မှိုစွဲတာနဲ့ အခြားသော အနာတွေဖြစ်နေမယ်၊လက်သည်း၊ ခြေသည်းတွေက ညစ်ပေနေမယ်ဆိုရင် လူအထင်သေးခံရနိုင်သလို ပတ်ဝန်းကျင်က လူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင်ရောဂါပိုးတွေကို လက်ခံထားရာဖြစ်နေတော့ အလွယ်တကူဆိုသလို မကျန်းမမာဖြစ်နိုင်တာပေါ့။ ဒါကြောင့် ကျန်းမာရေးပျော်ရွှင်တဲ့နေ့ရက်တွေပိုင်ဆိုင်ပြီး လူချစ်လူခင်ပေါများချင်တယ်ဆိုရင် တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာဂရုစိုက်ပေးပါ။တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းရင်ဖြစ်လာနိုင်တဲ့ရောဂါတွေက။တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတဲ့အခါဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ကပ်ပါးပိုးတွေကူးစက်ခံရမှုကြောင့်။တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တဲ့အခါ ဒီအချက်လေးတွေကို ဂရုစိုက်ပါ။လက်ကိုမှန်မှန်ဆေးကြောပေးပါ– အစားမစားခင်၊ အစားစားပြီးချိန်၊ အိမ်သာကဆင်းတဲ့အခါ၊ ညစ်ပေတဲ့အရာတွေကို ကိုင်တွယ်ထိတွေ့မိတဲ့အခါ မျိုးမှာ လက်ကိုသေချာဆေးကြောပေးပါ။ရေပုံမှန်ချိုးပါ– တစ်နေ့ကို နှစ်ကြိမ် မချိုးဖြစ်ရင်တောင်မှ တစ်နေ့တစ်ကြိမ်တော့ ပုံမှန်ရေချိုးပေးပါ။ ရေချိုးတာက ရောဂါပိုးတွေကို ကာကွယ်ရာရောက်သလို စိတ်ကို ကြည်လင်လန်းဆန်းစေနိုင်ပါတယ်။သွားနဲ့ခံတွင်းကို သန့်ရှင်းပေးပါ– တစ်နေ့နှစ်ကြိမ်ပုံမှန်သွားတိုက်ပေးပါ။ သွားနဲ့ခံတွင်း ကျန်းမာရေးကလည်း တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် မဖြစ်မနေဂရုစိုက်ပေးသင့်တဲ့ အချက်တစ်ခုပါ။ခေါင်းမှန်မှန်လျှော်ပါ– တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်ခေါင်းလျှော်ပါ။ဦးရေပြားမှာဖြစ်တတ်တဲ့ဗောက်ထတဲ့ပြဿနာနဲ့ အခြားသော ပြဿနာတွေကို ကာကွယ်နိုင်မှာပါ။တစ်ပတ်တစ်ခါ ခြေသည်းလက်သည်းညှပ်ပါ-ခြေသည်းလက်သည်းရှည်တွေကရောဂါပိုးတွေ ခိုအောင်းဖို့ကောင်းတဲ့နေရာတွေဖြစ်နေနိုင်တာကြောင့် လက်သည်းခြေသည်းတွေကို ရှည်လာတာနဲ့ညှပ်လိုက်ပါ။ အနည်းဆုံး တစ်ပတ်တစ်ကြိမ်တော့ မဖြစ်မနေခြေသည်းလက်သည်းတွေကို သန့်ရှင်းရေးလုပ်ပေးပါ။အဝတ်အစားတွေကို သန့်ရှင်းသပ်ရပ်စွာဝတ်ဆင်ပါ– အဝတ်တွေကို သန့်သန့်ရှင်းရှင်းမဝတ်တဲ့အခါ အရေပြားပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သေချာသန့်စင်အောင် လျှော်ထားတဲ့အဝတ်တွေကိုပဲ သပ်သပ်ရပ်ရပ်ဝတ်ဆင်ပေးပါ။တစ်နေ့နှစ်ကြိမ်မျက်နှာသစ်ပေးပါ– အရမ်းပျင်းတယ်ဆိုရင်တောင်မှာ မနက်တစ်ကြိမ် ညအိပ်ရာဝင်ခါနီးတစ်ကြိမ် တစ်နေ့ကို နှစ်ကြိမ် မျက်နှာသစ်ပေးပါ။ခြေထောက်တွေကို သန့်ရှင်းအောင်ထားပေးပါ-ခြေထောက်မှာ သဲဝဲစားတာ၊ မှိုစွဲတာလိုမျိုး၊ခြေသည်းလက်သည်းမှိုပိုးဝင်တာလိုမျိုးရောဂါတွေကနေကာကွယ်ဖို့ခြေထောက်တွေကိုသေချာသန့်စင်အောင်ဆေးကြောပြီးခြောက်သွေ့အောင်ထားပေးပါ။ကာကွယ်ခြင်းက ကုသခြင်းထက် ပိုပြီးထိရောက်တယ်ဆိုမှာတော့ ကိုယ်ကျန်းမာ စိတ်ချမ်းသာနဲ့ရောဂါဘယ ကင်းစင်တဲ့နေ့စဉ်ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ တစ်ကိုယ်ရေ သန့်ရှင်းရေးကိုသေချာဂရုစိုက်ပေးပါနော်………။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/importance-of-good-personal-hygiene/
ကျန်းမာရေး ရှုထောင့်မှ Chocolate တစ်တောင့်
ယုံဖို့ခက်မလား မသိပေမဲ့ ချောကလက်က ကျန်းမာရေးအတွက် ကောင်းပါတယ်။ချောကလက်တောင့်ထဲမှာ ကိုကိုးမှုန့် ပိုပါလေလေ ကျန်းမာရေးနဲ့ ပိုပြီး ညီညွတ်လေလေပါ။ဒါဆို အမေတွေက ကလေးတွေကို ချောကလက်စားတာ မကောင်းဘူးလို့ ဘာကြောင့်များ ပြောကြတာပါလိမ့်။၁။   ချောကလက်က သွားပိုးစားစေတယ်။သွားပိုးစားတယ် ဆိုတာက ကာဘိုဟိုက်ဒရိတ် ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးတဲ့အခါမျိုးမှာ ခံတွင်းထဲ အချဉ်ပေါက်လာလို့ဖြစ်တာပါ။ ဒီကာဘိုဟိုက်ဒရိတ်တွေက သွားထဲမှာ အချိန်ကြာကြာ ကျန်နေတဲ့အခါ အက်ဆစ်ထွက်ပါတယ်။ အဲဒါက သွားကြွေလွှာကို ပျက်စီးစေနိုင်ပြီး သွားကို ယိုယွင်းပျက်စီးစေနိုင်ပါတယ်။ ဆိုတော့ ချောကလက်စားမှ သွားပိုးစားတာမဟုတ်ပါဘူး။ ဘာပဲစားစား၊ စားပြီးတိုင်း ပလုတ်ကျင်းပေးရင် ဒီပြဿနာက ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။ တကယ်တော့ ချောကလက်မှာ သွားအခေါင်းပေါက်တွေ မဖြစ်အောင် တားဆီးပေးတဲ့ တန်နင် (tannin) ဓာတုပစ္စည်းဓာတ်ပါဝင်ပါတယ်။ ဒါကြောင့် နောက်ဆို အမေတို့ရေ ကလေးကို ချောကလက်နည်းနည်း စားခွင့်ပေးလိုက်ပါ။ သူတို့နဲ့အတူ စားလည်း ရတယ်နော်။၂။   ချောကလက်မှာ အဆီတွေ၊ သကြားတွေများလို့ ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ဟုတ်ပါတယ်။ ချောကလက်မှာ ပြည့်ဝဆီရော၊ မပြည့်ဝဆီရော နှစ်မျိုးလုံး ပါပါတယ်၊ ဒါပေမဲ့ အဲဒီအဆီအများစုက oleic acid နဲ့ stearic acid ပုံစံ ရှိနေတာပါ။ အခုဆို oleic acid (သံလွင်သီးမှာလည်း ပါဝင်) နဲ့ stearic acidက သွေးတွင်းကိုယ်လက်စထရောပမာဏကို လျှော့ချဖို့အတွက် ကောင်းပါတယ်။ ဒါကြောင့် အဓိက အနေနဲ့ ကိုကိုးမှုန့်ပါဝင်မှု များတဲ့ ချောကလက်ကို ရွေးစားပေးသင့်ပါတယ်။ ကိုကိုးမှုန့်ပါဝင်မှု များလေလေ ချောကလက်ထဲမှာ အဆီ နဲ့ သကြားပါဝင်မှုနည်းလေပါပဲ။ Dark chocolate လို့ခေါ်တဲ့ ချောကလက် အမည်း လိုမျိုးကို ရွေးစားနိုင်ရင်တော့ အကောင်းဆုံးပေါ့။ချောကလက်မည်းတယ်ဆိုတာ ကိုကိုးမှုန့်တွေအများကြီးပါနေလို့  ဆိုတော့  ကိုကိုးထောပတ်၊ သကြား၊ ပဲ စတဲ့အရာတွေလိုမျိုး အခြားဖြည့်စွက်ထည့်စရာတွေအတွက် နေရာမရှိတော့ဘူးပေါ့။၃။   ချောကလက်စားလို့ အာဟာရ မဖြစ်ဘူး။တကယ့် ချောကလက် အစစ်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝပါတယ်။ အဲဒီဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကိုယ်ခန္ဓာမှာ အိုမင်းရင့်ရော်မှုနဲ့ ရောဂါတွေကို ဖြစ်စေတဲ့ free radicals (ခေါ်) ဆဲလ်ပျက်စီးစေတဲ့ဓာတ်တွေကို ရှင်းလင်းပေးပါတယ်။ ဒါကြောင့် ချောကလက် အစစ်ကို စားတာဟာလည်း ငယ်ရွယ်နုပျိုခြင်းကို အားပေးပါတယ်နော်။ ဒုတိယအနေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ ဓာတ်စာတွေက နှလုံးရုတ်တရက်တိုက်ခိုက်ခံရမှုများ၊ လေဖြတ်ခြင်း၊ နှလုံးသွေးကြောရောဂါများ၊ သွေးတွင်းအဆီများခြင်းနဲ့ အရိုးအဆစ်ရောင်ရမ်းနာကျင်မှု ဖြစ်ပွားတဲ့ပမာဏကို လျှော့ချပေးကြောင်း တွေ့ရပါတယ်။၄။   ချောကလက်မှာ နှလုံးအတွက် သိပ်မကောင်းတဲ့ ကဖင်းဓာတ်ပါဝင်ပါတယ်။ချောကလက်ထဲမှာ ကဖင်းပါဝင်မှုက လက်ဖက်ရည်၊ ကော်ဖီ (သို့) ကိုလာအချိုရည်နဲ့ ယှဉ်ရင် နည်းပါတယ်။ လန်းဆန်းစေရုံလေးပဲမို့ အန္တရာယ်ရှိလောက်တဲ့ ပမာဏတော့ မဟုတ်ပါဘူး။ချောကလက်နဲ့ ပတ်သက်ပြီး မကောင်းဘူးထင်ထားကြတာလေးတွေကို အခုရှင်းပြပေးပြီးပြီနော်။ တကယ်တော့ ချောကလက် မှာ။-neuroprotective function လို့ခေါ်တဲ့ ဦးနှောက်စွမ်းဆောင်ရည်တက်စေခြင်း။-စိတ်ဖိစီးမှုလျော့ကျစေပြီး နာကျင်ကိုက်ခဲမှု သက်သာစေခြင်း ( မိန်းကလေးတွေ ဓမ္မတာချိန်ဆို ချောကလက်တောင်စားသင့်သေးတယ်)။-လိင်မှုရေးရာစွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း။တို့လိုမျိုး လူသိပ်မသိကြသေးတဲ့ ကောင်းကျိုးတွေတောင်ရှိပါသေးတယ်။တစ်ခုရှိတာက ချောကလက် အစစ်ကို ရွေးစားဖို့တော့ လိုတာပေါ့နော်။ရေးသားသူ – နှင်းရိပ်မှုန်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8-%e1%80%9b%e1%80%be%e1%80%af%e1%80%91%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b7%e1%80%99%e1%80%be-cho/
သမ်း တာက ကူးတတ်လား
ဒီစာရေးဖို့ သမ်း တဲ့အကြောင်းကို ရှာဖတ်နေရင်းနဲ့ သမ်းလိုက်တာဆိုတာ ဘယ်နှကြိမ်မှန်းတောင် မသိတော့ပါဘူး။ သမ်းတာက ကူးမကူးတော့မသိဘူး။ သမ်းတဲ့အကြောင်းကို စဉ်းစားရင်ပဲ သမ်းလိုက်ချင်တော့တယ်။စာဖတ်သူတွေပဲ ဒီလိုပဲ နေမှာပါ။ တစ်ယောက်ယောက်က ကိုယ့်ရှေ့မှာ သမ်းလိုက်ရင် ဘာရယ်မသိ သမ်းချင်စိတ်ဖြစ်ပြီး လိုက်သမ်းကြတယ်မလား။ သမ်းတာက တစ်ယောက်နဲ့ တစ်ယောက် ကူးတတ်လားဆိုတာ တွေးဖူးကြပါသလား။ လေ့လာကြည့်လိုက်တော့ သမ်းတာမှာ စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေ တွေ့နေရပါတယ်။ ဒါလေးကို မျှဝေပေးချင်ပါတယ်။ဒါက အရင်စပြောရအောင်။ လူတွေ ဘာလို့သမ်းတာလဲ။ အများသိတာကအိပ်ချင်လို့ သမ်းတာ၊ ခန္ဓာကိုယ်ကအောက်ဆီဂျင်လိုလို့ သမ်းတာပေါ့။ ဒါပေမယ့် ဒီသီအိုရီက ခေတ်နောက်ကျနေပါပြီ။ နောက်ဆုံးလေ့လာတွေ့ရှိချက်တွေအရဆိုရင် သမ်းတာကဦးနှောက်ရဲ့ အပူချိန်ကို ထိန်းချုပ်တာပါတဲ့။၂၀၁၄မှာ ထုတ်ဝေတဲ့ Physiology & Behavior ဂျာနယ်မှာ ဖော်ပြချက်တွေအရ လူပေါင်း၁၂၀ကို လေ့လာခဲ့ရာမှာ ဆောင်းတွင်းမှာ သိပ်မသမ်းကြပါဘူးတဲ့။ ဦးနှောက်ရဲ့ အပူချိန်က အပြင်ထက် မြင့်လွန်းရင်လေကိုရှူသွင်းပြီး ဦးနှောက်အေးအောင် လုပ်ပါတယ်။ဒါနဲ့ဆက်စပ်ပြီး အရင်က ကိုယ်တွေးဖူးတာတွေ ဆက်စပ်ကြည့်ရအာင်။-ပင်ပန်းလို့ သမ်းလိုက်တယ်ဆိုတာက ဦးနှောက်က အလုပ်ကောင်းကောင်း မလုပ်တော့ဘဲ အပူချိန်လျှော့သွားလို့ပါ။-တစ်ခါတစ်လေ ပျင်းလို့ သမ်းတယ်ဆိုတာက ဦးနှောက်က activeမဖြစ်တော့ဘဲ အလုပ်မလုပ်တော့လို့ အပူချိန်ကျသွားလို့ပါ။-တစ်ယောက်ယောက်သမ်းတာကို မြင်လို့ လိုက်သမ်းတယ်ဆိုတာက သင်တို့က ပတ်ဝန်းကျင်အတူတူ၊ အပူချိန်အတူတူမှာ နေကြလို့ပါ။ ဒီလို ယူဆချက်တွေလည်း ရှိနေပါတယ်။နောက်တစ်ခုကတော့ ခန္ဓာကိုယ်က သူ့ကိုယ်သူ ပြန်လန်းအောင် လုပ်တာပါ။ သမ်းလိုက်တဲ့အတွက် အဆုတ်နဲ့ ကိုယ်တွင်းအင်္ဂါတွေ လေဝင်ပြီး ဆန့်သွားပါတယ်။အကြောအခြင်တွေ ပြေသွားပါတယ်။ မျက်နှာနဲ့ ဦးနှောက်ကို သွေးတွေ ရောက်လာပါတယ်။သမ်းတာက သေချာပေါက် ကူးစက်ပါတယ်။ ရုပ်ရှင်ကြည့်နေရင်း ရုပ်ရှင်ထဲက တစ်ယောက်ယောက် သမ်းလိုက်ရင်တောင်  အပြင်က လူတွေက လိုက်သမ်းတတ်ကြပါတယ်။ တစ်ယောက်ယောက်သမ်းလို့ လိုက်သမ်းတယ်ဆိုတာ တကယ်တော့မျှဝေခံစားတတ်တယ်ဆိုတဲ့သဘော၊ရင်းနှီးတတ်တဲ့သဘော ဖြစ်တယ်လို့ Baylor Universityက ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ ယေဘုယျပြောတာပါ။ ဒီလိုပြောလို့ လိုက်မသမ်းတဲ့သူတွေက စိတ်ရောဂါရှိနေသူ၊ တစ်ကိုယ်ကောင်းဆန်တဲ့သူလို့ ပြောတာမဟုတ်ပါဘူး။သမ်းတာ သိပ်များလွန်းတယ်။ တစ်နေကုန် သမ်းပဲ သမ်းနေတယ်ဆိုရင် ဆရာဝန်နဲ့ ပြကြည့်ပါ။ ပင်ပန်းလို့လား၊အိပ်ရေးတွေများ တော်တော်ပျက်နေလို့လား အကြောင်းရင်းကို ရှာပြီး ကုရမှာပါ။ ဒီကြားထဲမှာ ကိုယ့်ဟာကိုယ် သက်သာအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။သင့်ကိုယ်သင် အဆက်မပြတ်သမ်းနေပြီလို့ ယူဆရင် နှာခေါင်းကနေအသက်ပြင်းပြင်းရှူပါ။ ခန္ဓာကိုယ်က အောက်ဆီဂျင်လိုလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ၂၀၀၇လေ့လာချက်တွေအရ နှာခေါင်းကနေ အသက်ပြင်းပြင်းရှူတာက သမ်းတာကို လျော့စေတယ်လို့ ဆိုထားပါတယ်။လုပ်လက်စအလုပ်ကနေ ခဏနားလိုက်ပါ။ ဦးနှောက်က လေးလံထိုင်းမှိုင်းနေပါပြီ။ ပင်ပန်းတာတွေ၊ ပျင်းရိတာတွေ၊ စိတ်ဖိစီးတာတွေက လူကိုပိုပြီး သမ်းဝေစေပါတယ်။ ဒါကြောင့် ထိုင်ရာထ ကော်ဖီလေးဘာလေးသောက်လှုပ်လှုပ်ရှားရှားနေလိုက်ပါ။အပြင်ထွက်လမ်းလျှောက်တာဖြစ်ဖြစ် အေးတဲ့နေရာမှာ နေတာ ဖြစ်ဖြစ် လုပ်လို့ရပါတယ်။ အပြင်မထွက်နိုင်ရင် ရေအေးအေးသောက်တာမျိုး၊ အသီးအေးအေးလေးတွေ စားတာမျိုး လုပ်ပေးပါ။သမ်းတာဟာ ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေ အများကြီး ရှိနေမှန်း မသိခဲ့ဘူး။ ကဲ စာဖတ်သူတွေရော ဒီစာဖတ်ပြီးချိန်အထိ ဘယ်နှခေါက်များ သမ်းမိလိုက်ပြီလဲ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/is-yawning-contagious/
အလုပ်ခွင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး ပြဿနာများ
မကြာခဏဖျားနာတာမျိုးမရှိဘူးဆိုရင်တော့ သင်ဟာ ကံကောင်းသူ တစ်ဦးလို့ ဆိုရပါမယ်။ အထူးသဖြင့် အလုပ်ခွင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး  ပြဿနာများ ကို ကောင်းကောင်းကာကွယ်ထားနေနိုင်တာပါ။အလုပ်ခွင်ဆိုတာ များသောအားဖြင့် အလုံပိတ်အခန်း၊ လူစုလူဝေးနဲ့ နေကြတာဆိုတော့ ရောဂါပိုးတွေ ကူးစက်လွယ်ပြီး ဖျားနာလွယ်ပါတယ်။ ဒါတွေအပြင် တစ်ချိန်ကုန် အလုပ်လုပ် နေရတာကြောင့် နဲ့အလုပ်ဖိအားတွေကြောင့် ခံစားရနိုင်တဲ့ တခြားကျန်းမာရေးပြဿနာတွေလည်း ရှိနေနိုင်ပါတယ်။တစ်နေ့တာမှာ ၈ နာရီလောက် အလုပ်လုပ်နေရတဲ့ အလုပ်ခွင်မှာ အလုပ်လုပ်ရင်းကနေ အခုလို ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။တုပ်ကွေးက ကူးစက်လွယ်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ လုပ်ဖော်ကိုင်ဖက်တွေထဲက တစ်ယောက်မှာ ဖြစ်နေပြီဆိုရင် အခြားသူတွေဆီကို အလျင်အမြန် ကူးစက်နိုင်ပါတယ်။ ရုံးမှာရှိတဲ့ အများသုံး ပစ္စည်းတွေကနေတဆင့် တုပ်ကွေးရောဂါပိုး အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။နှာချေ၊ချောင်းဆိုးရာကနေတဆင့် လေထဲကို ရောက်ရှိလာတတ်တဲ့တုပ်ကွေးရောဂါပိုးက ကွန်ပျူတာ၊ ကီးဘုတ်၊ ဖုန်း၊ စားပွဲခုံ၊ တံခါးလက်ကိုင်၊ အဲကွန်း ရီမုတ်ခ် စတဲ့ပစ္စည်းတွေမှာ တုပ်ကွေးရောဂါပိုးတွေ ရှိနေနိုင်ပါတယ်။ဒါကတော့ သန့်ရှင်းမှု အားနည်းတဲ့ အစားအစာတွ။ သောက်ရေတွေကြောင့် အစာခြေစနစ်မှာ ဘက်တီးရီးယား ပိုးဝင်ကူးစက်ပြီး အစာအိမ်နဲ့ အူနံရံတွေ ရောင်ရမ်းတာပါ။ဒီStomach flu(အထက်လန်အောက်လျှော) ဗိုင်းရပ်စ်တွေက ကူးစက်မြန်တဲ့ ရောဂါပိုး တစ်မျိုးပါ။ လူတစ်ယောက်ကနေတစ်ယောက်ကို အစားအသောက်တွေကနေတဆင့် ကူးစက်နိုင်သလို ရောဂါပိုးရှိနေတဲ့ မျက်နှာပြင်တွေကို ထိတွေ့မိတာကနေတဆင့် ကူးစက်နိုင်ပါတယ်။ဓာတ်မတည့်မှုကလည်း အလုပ်ခွင်မှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပေါ့။ အထူးသဖြင့် လုပ်ငန်းခွင် ဓာတ်မတည့်မှုတွေပါ။ရာသီဥတု အခြအနေကြောင့် ဖြစ်နိုင်သလိုပန်းဝတ်မှုန်တွေ၊ ဖုန်မှုန့်တွေ။ ဆေးလိပ်ငွေ့ စတာတွေကြောင့်လည်း ဓာတ်မတည့်မှု ဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်မှု ဖြစ်တဲ့အခါ နုံးတာ၊ ခြေကုန်လက်ပမ်းကျတာတွေ ခံစားရနိုင်ပါတယ်။ခေါင်းကိုက်တာကလည်း အဖြစ်များတဲ့ ရုံးတွင်း ကျန်းမာရေးပြဿနာ တစ်ခုပါ။  အလုပ်က ဖိအားတွေကြောင့် ခေါင်းကိုက်နိုင်သလို တစ်ချိန်လုံး စခရင်မ်ကို ကြည့်နေရတာကြောင့်လည်းမျက်လုံးတွေညောင်းပြီး ခေါင်းကိုက်နိုင်ပါတယ်။ဖြစ်နိုင်တဲ့ နောက်ထပ် အချက်တွေက ထိုင်တဲ့ ပုံစံ မမှန်တာကြောင့် ခေါင်းကိုက်တာမျိုး ရှိနိုင်ပါတယ်။စိတ်ဖိစီးမှုတွေကြောင့်လည်း ခေါင်းကိုက်နိုင်ပါသေးတယ်။အလုပ်စားပွဲမှာ တစ်ချိန်လုံး ထိုင်နေရတာကလည်းကြွက်သားတွေကို နာကျင်စေနိုင်ပါတယ်။ ထိုင်နေတဲ့ တလျှောက်လုံး ပုံစံ မမှန်တဲ့အခါ ခါးနဲ့ တင်ပါးပေါ်ကို ဝန်ပိပြီး ခါးနာတာမျိုး ဖြစ်စေနိုင်ပါတယ်။နောက်ထပ် ခါးနာစေနိုင်တဲ့ အခြေအနေက စားပွဲနဲ့ ကုလားထိုင် အမြင့်က အဆင်မပြေဖြစ်နေတာမျိုးပါ။ ဒီအခြေအနေကလည်းကိုယ်နေဟန်ထားကို ပုံစံ မမှန်ဖြစ်စေပြီး ခါးနာစေနိုင်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/most-common-office-illnesses-and-ailments/
အစားအသောက် တစ်ခုခုကို တအားတောင့်တမိနေတာ အာဟာရဓာတ် ချို့တဲ့နေလို့များလား
အစားအသောက် တစ်ခုခု ကို တောင့်တနေတယ်၊ အရမ်းစားချင်နေတယ် ဆိုတာကိုcravingဖြစ်တယ်လို့ ခေါ်ကြပါတယ်။ ဒါကို သွေးတောင်းတယ်၊ ဓာတ်ကျနေတယ် စသည်ဖြင့်လည်း မြန်မာစကားအခေါ် မျိုးစုံ ပြောတတ်ကြပါသေးတယ်။ဒါက ခန္ဓာကိုယ်မှာ လိုအပ်တဲ့အာဟာရဓာတ်တစ်ခုခု လိုအပ်နေတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ သူ့အလိုလို တောင့်တမိလာတာလို့ တချို့က ယူဆကြတယ်။တချို့ကတော့ ဒီလို ဖြစ်တာဟာ ခန္ဓာကိုယ်က တောင်းဆိုတာထက်ဦးနှောက်က တောင့်တနေတာက ပိုတယ် လို့ ဆိုပါတယ်။ တကယ်တမ်း ဘာက အမှန်လဲ ဆိုတာ ဆက်ပြီး လေ့လာကြည့်ရအောင်။သုတေသနလေ့လာတွေ့ရှိချက် တွေအရဆို ဒီလိုတောင့်တနေတာက အာဟာရဓာတ် ချို့တဲ့မှုနဲ့ ဆက်နွှယ်မှုတော့ ရှိပါတယ်။ သို့သော် အကန့်အသတ်နဲ့ ပါပဲ တဲ့။လူတစ်ယောက်ရဲ့ အစားအသောက် တောင့်တစိတ်နဲ့ အကြိမ်ရေ ဟာ ကျား/မ ကွဲပြားမှုနဲ့ တစ်စိတ်တစ်ပိုင်း သက်ဆိုင်တယ်လို့ သုတေသန အရ သိရပါတယ်။ဥပမာ – အမျိုးသမီးတွေက ဒီလိုတောင့်တစိတ်ဖြစ်တဲ့နေရာမှာ အမျိုးသားတွေထက် နှစ်ဆ ပိုပြီးဖြစ်လေ့ရှိပုံ ရပါတယ်။အမျိုးသားတွေက အရသာပြင်းပြင်း အစားအသောက်တွေ တောင့်တချိန်မှာ အမျိုးသမီးတွေကချောကလက်လို အချိုများတဲ့ အစားအသောက်ကို ပိုတောင့်တနေတတ်တာမျိုး။ဒါပေမယ့် ဒီတွေ့ရှိချက်က အထောက်အထားနည်းသေးသလို ဆက်လေ့လာဖို့ လိုအပ်သေးတယ်လို့ ဆိုပါတယ်။အာဟာရဓာတ် တစ်ခုခု ချို့တဲ့နေတဲ့သူတွေမှာ အဲဒီဓာတ် ပါဝင်တဲ့ အစားအသောက်တစ်ခုခု ကို ပိုတောင့်တမိလေ့ရှိတယ်လို့ အများစုက ထင်နေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒါက အမြဲတမ်းအတွက် မမှန်နိုင်ပါဘူး။ဥပမာ – ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားဖွံ့ဖြိုးဆဲကာလ အတွင်း အာဟာရဓာတ်တချို့ကို နှစ်ဆ ပိုလိုအပ်နိုင်ပါတယ်။ အပေါ်က အတွေးအရဆို ဒီအချိန်မှာ အာဟာရဓာတ်ပိုများတဲ့ အစားအစာတွေပဲ ပိုတောင့်တလိမ့်မယ်ပေါ့။ဒါပေမယ့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက အာဟာရပိုများတာတွေထက် ကာဗိုဟိုက်ဒရိတ်များ၊ အဆီများတဲ့ ဒါမှမဟုတ် အာဟာရမရှိတဲ့ အစားအသောက်တွေကို ချဉ်ခြင်းတပ် တတ်တယ်လို့ သုတေသနတွေက တွေ့ရှိခဲ့ပါတယ်။ကိုယ်အလေးချိန်လျှော့ချသူတွေကို လေ့လာခဲ့တဲ့ သုတေသနတွေ မှာလည်း အလားတူပဲ ဖြစ်ပါတယ်။ကာဗိုနည်းတဲ့ စားသောက်ပုံနဲ့ နှစ်နှစ်လောက် စားခဲ့သူတွေဟာ ကာဗိုကြွယ်ဝတဲ့ အစားအစာတွေကို မတောင့်တတဲ့ အပြင် ဒါတွေကို စားချင်စိတ် နည်းသွားတာတွေ့ရပါတယ်။အလားတူပဲ အဆီလျှော့စားသူတွေ ဆိုလည်းအဆီများတာတွေ မစားချင်တော့တာ၊ မတောင့်တတော့တာ တွေ့ရမှာပါ။မရမနေ စားချင်နေတဲ့ အာသီသစိတ်က ဒါမှဒါ ဆိုတာမျိုး၊ ဒါက လွဲလို့ တခြား ဘာစားစား တင်းတိမ်ကျေနပ်မှာ မဟုတ်ပါဘူး။ဒါပေမယ့် အများစုက စားမိနေတာ ခန္ဓာကိုယ်ရဲ့ လိုအပ်နေတဲ့ ဓာတ်အတွက် ကောင်းတဲ့ အရင်းအမြစ် မဟုတ်နေတတ်ပါဘူး။ဥပမာ- ချိစ်တွေ၊ အဆိမ့်တွေ စားချင်လွန်းနေတာ ခန္ဓာကိုယ် က ကယ်လ်စီယမ်ဓာတ် လိုအပ်နေတဲ့အချိန် ဖြစ်နေနိုင်ပါတယ်။ဒါပေမယ့် သူ့ထက် ကယ်စီယမ်ပါဝင်မှုပမာဏ နှစ်ဆပိုများတဲ့ ပဲပြား၊ တို့ဟူးတို့လို အရင်းအမြစ်တွေက ပိုကောင်းပေမယ့် ကျန်းမာရေးနဲ့ မညီနိုင်တဲ့ အရင်းအမြစ်ကို ပိုတောင့်တမိတတ်ပါတယ်။အစားအသောက် ကို အရမ်းတောင့်တမိတာက အာဟာရဓာတ် လိုအပ်နေလို့ ဆိုတာထက် တခြား အကြောင်းရင်း တွေလည်း ရှိနိုင်ပါသေးတယ် –။ကျန်းမာရေးနဲ့ မတည့်လို့ ဖြစ်ဖြစ်၊ အဆီချဖို့ ရှောင်ရတာ ဖြစ်ဖြစ် ကိုယ်စားဖို့ မသင့်ဘူး လို့ အတွေးထဲမှာ တံဆိပ်ကပ်ပြီး မြင်နေရတဲ့ အစားအသောက်တွေကို စားချင်စိတ် ပိုဖြစ်လာတတ်ပါတယ်။ ဥပမာ Diet Plan ဝင်ကာစ လိုမျိုးပေါ့။တစ်ခါတလေ အနေအထားတစ်ခု၊ ဖြစ်ရပ်ဝန်းကျင်တစ်ခုနဲ့ ဆက်စပ်ပြီး စားချင်စိတ် ကို ဦးနှောက်က ဖန်တီးပေးတတ်ပါတယ်။ ဥပမာ ရုပ်ရှင်ကြည့်ရင် ပြောင်းဖူးပေါက်ပေါက် စားတာမျိုး။ နောက်တစ်ခါ ရုပ်ရှင်ကြည့်ပြီဆို ပြောင်းဖူးပေါက်ပေါက် သို့မဟုတ် နေကြာစေ့ စားချင်တာ။စိတ်တွေ ညစ်နေ၊ စိတ်ပင်ပန်းတဲ့အခါမျိုးမှာ ဒါစားလိုက်ရင် စိတ်ပေါ့သွားမယ် ဆိုတာမျိုး ဖြစ်လာတတ်ပါတယ်။စိတ်ဖိစီးနေတဲ့သူတွေဟာ သူများနဲ့မတူ ခုနေ ဟိုတစ်ခုအရမ်းစားချင်၊ တော်ကြာနေ ဒီတစ်ခု တအားစားချင်တာမျိုး မကြာခဏ တောင့်တမှုတွေဖြစ်တတ်ပြီး အဲဒီအချိန် စားလိုက်ရမှလည်း စိတ်ကျေနပ်ကြပါတယ်။အိပ်ချိန်မမှန်၊ အိပ်ချိန်နည်းတာက ဟော်မုန်းမညီမျှမှုကို ဖြစ်စေနိုင်ပြီး ဒီလို အစားအသောက်တောင့်တတာတွေ ဖြစ်လာစေတာပေါ့။ရေဓာတ် မပြည့်ဝတာကြောင့် လူတချို့မှာ ဒီပြဿနာ ဖြစ်လာတတ်ပါတယ်။ပရိုတင်း နဲ့ အမျှင်ဓာတ် တွေက လူကို ဗိုက်ပြည့် တင်းတိမ်စေပါတယ်။ သူတို့ကို လုံလုံလောက်လောက် မရရှိတဲ့အခါ ဆာလောင်မှု နဲ့ တောင့်တစိတ်တွေ တိုးလာစေနိုင်ပါတယ်။ဒါ့ကြောင့် အဆုံးသတ်ရရင် အစားအသောက် တောင့်တစိတ်ဟာ အာဟာရလိုအပ်မှု ဆိုတာထက် တခြားအကြောင်းရင်းတွေကြောင့် ဖြစ်တာများပါတယ်နော်။ကိုယ် အရမ်း စားချင်နေတိုင်း ခန္ဓာကိုယ်က လိုအပ်လို့ သွေးတောင်းနေတာပဲ လို့ တွေးပြီး အလွန်အကျွံ မစားမိပါစေနဲ့ လို့ သတိပေးပါရစေ။ ဘာကြောင့် စားစား ကျန်းမာရေးနဲ့ ညီတာကို ပိုရွေးချယ်မိပါစေ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%a1%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%90%e1%80%85%e1%80%ba%e1%80%81%e1%80%af%e1%80%81%e1%80%af%e1%80%80%e1%80%ad%e1%80%af-%e1%80%90%e1%80%a1/
သားသားမီးမီးတို့ right brain development အတွက် ဘာလုပ်ပေးကြမလဲ!
သားသားမီးမီးတို့ကို စိတ်ကူးဉာဏ်ရင့်သန်စေချင်တယ်။တီထွင်ဖန်တီးမှုကောင်းသူလေးတွေ ဖြစ်စေချင်တယ်ဆိုရင်တော့ ငယ်စဉ်ကတည်းက right brain development လုပ်ဆောင်ပေးဖို့က မေ့ထားလို့ မဖြစ်တဲ့ အချက်တစ်ခုပါ။ ဒီတော့ ဘေဘီလေးရဲ့ right brain development အတွက် ဘာတွေများလုပ်ပေးလို့ရမလဲဆိုတာကို သိချင်နေပြီလား …… ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ကိုယ်တိုင် ဖတ်ကြည့်လိုက်ပါ မေမေဖေဖေတို့ရေ ….. ဒီလိုပြောရတာက ဆောင်းပါးလေးထဲမှာ သားသားမီးမီးတို့ right brain development အတွက် ဘာလုပ်ပေးကြမလဲ ဆိုတာကို ပြောပြပေးမှာ မို့လို့ပါပဲ။ အတူတူ ကြည့်လိုက်ကြစို့နော်။သားသားမီးမီးလေးတွေဟာ သူတို့လေးတွေရဲ့ မွေးစကနေ အသက် ၆ နှစ်အတွင်းမှာ ဦးနှောက်ဖွံ့ဖြိုးမှုက ၉၀ ရာခိုင်နှုန်းအထိ ဖွံ့ဖြိုးကြပါတယ်။ ဒါကြောင့်ပဲ အခုနောက်ပိုင်းမှာ မေမေတွေကဘေဘီလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးစေဖို့ကိုယ်ဝန်ဆောင်အချိန်မှာကတည်းက ဖြည့်စွက်အာဟာရတွေ သောက်သုံးတာ၊ ကလေးတွေကိုလည်း ငယ်စဉ်ကတည်းက လုံလောက်တဲ့ အာဟာရ ရရှိအောင် ပြင်ဆင်ပေးတာ၊ ငယ်စဉ်ကတည်းကဦးနှောက် ဖွံ့ဖြိုးစေမယ့် သင်ကြားမှုတွေကို လုပ်ဆောင်ပေးတာမျိုးတွေ လုပ်ဆောင်ပေးနေကြတာပါ။ဒီလို ကလေးကိုဦးနှောက် ဖွံ့ဖြိုးပြီး ဉာဏ်ရည် ထက်မြက်စေဖို့ လုပ်ဆောင်ပေးတဲ့အခါမှာ သိထားဖို့ လိုမှာက ကလေးရဲ့ ဘယ်ဘက် ဦးနှောက်ခြမ်းက ဘာတွေ လုပ်ဆောင်ပေးပြီး ကလေးရဲ့ ညာဘက်ခြမ်း ဦးနှောက်က ဘာတွေကို တာဝန်ယူ လုပ်ဆောင်ပေးနေသလဲဆိုတာပါ။ ဒါက အတော်လေး အရေးကြီးတဲ့ အချက်တစ်ခုပေါ့။[embed-health-tool-vaccination-tool]။သားသားမီးမီးတို့ right brain development အတွက် လုပ်ဆောင်ပေးဖို့ အကောင်းဆုံး အချိန်ကတော့ အသက် ၇ နှစ် မတိုင်ခင်မှာပါ။ အကြောင်းကတော့ ဒီကာလက ကလေးတစ်ယောက်ရဲ့ဦးနှောက်ကိုကျန်းမာစွာနဲ့ အကောင်းဆုံးဖွံ့ဖြိုးလာစေနိုင်ဖို့ အရေးအပါဆုံး ကာလဖြစ်နေလို့ပါပဲ။ကလေးရဲ့  right brain development အတွက် လုပ်ဆောင်ပေးမှုကို စောစော လုပ်ဆောင်ပေးနိုင်လေလေ ကောင်းလေလေပါ။ ကဲ ….. ဒီတော့ သားသားမီးမီးတို့ right brain development အတွက် ဘာတွေ လုပ်ဆောင်ပေးလို့ ရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။သားသားမီးမီးတို့ right brain development အတွက် ဘာလုပ်ပေးကြမလဲ။ဒီကစားနည်းက လွယ်ကူရိုးစင်းသလို ကလေးကိုလည်း ပျော်ရွှင်စေမှာပါ။ ဒီကစားနည်းမှာ ကလေးကို ပုံစံမတူ အရောင်မတူတဲ့ ပုံလေးတွေကို ကြည့်ခိုင်းပြီး အရောင်လေးတွေကိုလည်း မှတ်ထားခိုင်းပါ။ ကလေးက ပုံဆွဲနိုင်တဲ့ အရွယ်ရောက်ပြီဆိုရင် ပုံတူ ကူးဆွဲခိုင်းတာမျိုး လုပ်ပေးပါ။ ကလေးကို ပြန်ပြီး မေးပေးတာမျိုး လုပ်ပေးလို့လည်း ရပါတယ်နော်။သားသားမီးမီးတို့ရဲ့ right brain ကျန်းမာစေဖို့ Flash card တွေကို အသုံးပြုပေးလို့ ရပါတယ်။ ကလေးကို ဘာအကောင်လေး၊ ဘာအရောင်လေးဆိုတာကို မြန်မြန်လေး ပြောရင်း ပြရင်း လုပ်ဆောင်သွားပါ။ မြန်မြန်လေးပြောပေး ပြပေးတာက ကလေးရဲ့ right brain ကို လှုံ့ဆော်ပေးတာပါပဲ။ ကလေးကို ပြီးရင် ပြရင်း ပြန်မေးပါ။ ဒီလိုမေးတာက ကလေးကို right brain ဖွံ့ဖြိုးမှု ကောင်းအောင် လုပ်ဆောင်ပေးတာပါပဲ။ပဟေဠိ ဖြေခိုင်းတာကလည်း ကလေးရဲ့ right brain ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ကစားနည်းမှာ သစ်သားတုံးလေးတွေနဲ့ သစ်သားတုံးပုံလေးတွေအတိုင်း ဆွဲထားတဲ့ ပုံကားချပ်လေး တစ်ခုလည်း ပါမှာပါ။ ဒီကားချပ်ပေါ်မှာ ကလေးက အရွယ်အစား ကိုက်ညီမယ့် အတုံးလေးတွေကို ဆက်တတ်အောင် လုပ်ဆောင်ခိုင်းတာပါ။ ကလေးကို ပျော်ရွှင်စေမှာ ဖြစ်သလိုသိမြင်မှု စွမ်းရည်၊ မျက်လုံးနဲ့ လက်လှုပ်ရှားမှု ဟန်ချက်ညီမှုကိုရော လက်လေးတွေကို ကောင်းကောင်း လှုပ်ရှားနိုင်စေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။ကလေးတိုင်းက သီချင်းကို စိတ်ဝင်စားကြပါတယ်။ သီချင်းက ကလေးတွေရဲ့ အမျိုးမျိုးသော ခံစားချက်တွေကို ဖော်ပြနိုင်စေဖို့ ထောက်ကူပေးတဲ့ မိတ်ဆွေတွေပေါ့။ သီချင်းနားထောင်တာက ကလေးကိုစိတ်ရောကိုယ်ပါ အနားရစေပြီး အာရုံစူးစိုက်မှု ကောင်းစေဖို့ ထောက်ကူပေးသလို စိတ်ခံစားမှုပိုင်းမှာပါ ထိန်းချုပ်နိုင်စွမ်း ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ပုံပြင်ပြောပြတာက စိတ်ပိုင်းဆိုင်ရာကိုရော ပညာသင်ယူမှုမှာပါ အများကြီး အကျိုးရစေနိုင်ပါတယ်။ ကလေးတွေက စူးစမ်းလိုစိတ် ပြင်းထန်ကြပြီး ပုံပြင်မှာ နောက်တစ်ခန်းက ဘာဖြစ်မလဲဆိုတာကို အရမ်း သိချင်စိတ် များကြပါတယ်။ ကလေးကို ပုံပြင်ပြောပြတာက ကလေးရဲ့ ပေါင်းသင်းဆက်ဆံရေးကို တိုးတက်စေသလို ဘာသာစကား စွမ်းရည်ကိုလည်း တိုးတက်စေပါတယ်။ ဝေါဟာရ ကြွယ်ဝစေပြီး အလေ့အကျင့်ကောင်းလေးတွေကို ရရှိစေပါတယ်။ ကလေးရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေဖို့အတွက်ကတော့ ပုံပြောပြရင်း မေးခွန်းလေးတွေ ပြန်မေးသွားဖို့လည်း မမေ့နဲ့နော်။အခုဆိုရင် right brain trainingအတွက် ကျောင်းတွေလည်း ရှိနေပါပြီ။ ဒါပေမယ့် right brain training ယူလိုက်တိုင်း ကလေးက တော်သွားမှာလားဆိုတာက ဖြေရခက်တဲ့ မေးခွန်းတစ်ခုပါ။ တချို့ မိဘတွေက သူတို့ရဲ့ ကလေးက ကျောင်းစာမှာ သင်ယူရလွယ်ပြီး အာရုံစူးစိုက်မှု ပိုကောင်းတယ်လို့ ဆိုကြသလို တချို့ကလည်း ဒီလောက်ကြီး တိုးတက်လာတာမဟုတ်ဘူးလို့ ဆိုကြပါတယ်။ Right brain trainingတွေ လူတွေကြားမှာ ပျံ့နှံ့လာတာ မကြာသေးတဲ့အတွက် ဒါက တကယ်အလုပ်ဖြစ်မဖြစ်ဆိုတာကို ပြောဖို့ရာ ခက်နေဆဲပါပဲ။ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ဒီလို trainingပေးတာအပြင် အာဟာရ၊ အိပ်စက်မှုပုံစံ၊ မျိုးဗီဇစတာတွေကလည်း လွှမ်းမိုးနေပါသေးတယ်။ဒါကြောင့် ဉာဏ်ကောင်းပြီး ထက်မြတ်တဲ့ ကလေးဖြစ်ဖို့ဆိုရင် မိဘတွေက အဘက်ဘက်က ဂရုစိုက်ပေးဖို့ လိုပါတယ်။[embed-health-tool-child-growth-chart]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/right-brain-activities-for-kids/
အပ်မှိုနဲ့ Listeria
၂၀၂၀ မတ်လ ၁၁ရက်နေ့က အမေရိကန် CDC ကနေ  ကိုရီးယား ကုမ္ပဏီတစ်ခုကနေ တင်ပို့တဲ့ Enoki အပ်မှိုမှာListeria monocytogenesဘက်တီးရီးယားပိုးကို တွေ့ရှိခဲ့တဲ့လို့ ဆိုပါတယ်။ မတ်လ ၉ရက်နေ့က အမေရိကန် ပြည်နယ် ၁၇ခုမှာ ရောဂါပိုးရှိသူ ၃၆ယောက်ကို တွေ့ရှိခဲ့ပြီး ၄ဦး သေဆုံးခဲ့ပါတယ်။မကျန်းမာသူများသည် အသက်၁နှစ်မှ ၉၇နှစ်အတွင်း ဖြစ်ပြီး ပျမ်းမျှတွက်ကြည့်ရင် ၆၇နှစ် ပတ်ချာလည်ပါ။ ဖျားနာသူ ၈၈ရာခိုင်နှုန်းက အမျိုးသမီးတွေ ဖြစ်ကြပြီး ရောဂါဖြစ်ပွားမှု ၆ခုမှာ ကိုယ်ဝန်ဆောင်တွေ ဖြစ်ပြီးသန္ဓေသား ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည်။လက်ရှိမှာတော့ တခြားအပ်မှိုတွေမှာ ရောဂါပိုးရှိမရှိကို စစ်ဆေးနေပြီး လတ်တလောမှာတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊  အသက်၆၅နှစ်အထက် လူကြီးများ၊ ကိုယ်ခံအား နည်းသူများကို အပ်မှို မစားဖို့ တားမြစ်ထားပါတယ်။မြန်မာနိုင်ငံမှာတော့ အပ်မှို အစားများကြတဲ့ အတွက် သတိထားသင့် ပါတယ်။ Listeria ဆိုတာ ဘယ်လို ရောဂါပိုးလည်း။ ဘာဖြစ်နိုင်လဲဆိုတာ ဆက်ကြည့်ရအောင်။Listeria monocytogenesဆိုတာ ဘက်တီးရီးယားပိုးဖြစ်ပြီး သူကြောင့် ဖြစ်တဲ့ ရောဂါကိုတော့Listeriosisလို့ ခေါ်ပါတယ်။ အဓိကကတော့ ပိုးရှိတဲ့ အစားအစာကို စားမိရာကနေ ဖြစ်တာပါ။ ကိုယ်ဝန်ဆောင်တွေ၊ မွေးကင်းစ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခ့အားနည်းတဲ့သူတွေက ပိုပြီး ခံရပါတယ်။ သာမန်လူတွေကတော့ ရောဂါပိုးဝင်ဖို့ ခက်ပါတယ်။ရောဂါပိုးက သွေးထဲရောက်ရင်သွေးဆိပ်သင့်တာ၊ဦးနှောက် အမြှေးပါးဒါမှမဟုတ်ဦးနှောက်သား ရောင်ရမ်းတာ၊ တခြား ကိုယ်တွင်း အင်္ဂါတွေဖြစ်တဲ့ အရိုးအဆစ်တွေ၊ အဆုတ်နဲ့ ဝမ်းဗိုက်ကို ပိုးဝင်တာတွေလည်း ဖြစ်နိုင်ပါတယ်။သာမန်လူတွေ မှာဆိုရင်တော့။ဒီလက္ခဏာတွေက ပိုးရှိတဲ့ အစားအစာတွေကို စားပြီး ရက်အနည်းငယ်အတွင်း ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ ရက် ၃၀လောက်နေမှ လက္ခဏာပြတာမျိုးလည်း ရှိနိုင်ပါတယ်။မတော်တဆများ ဦးနှောက်နဲ့ အာရုံကြောကို ရောက်သွားရင်တော့။ကိုယ်ဝန်ဆောင်တွေနဲ့ မွေးကင်းစ ကလေးတွေမှာ ဆိုရင်တော့။ကိုယ်ဝန်ဆောင်တွေမှာဆိုရင်တော့ သာမန်ဖျားတာ၊ ကိုယ်လက်ကိုက်တာလောက်ပဲ ဖြစ်တာပါ။ ပြဿနာက ဗိုက်ထဲက ကလေးမှာပါ။ ကလေးပျက်ကျတာ၊အသေမွေးတာ ဖြစ်နိုင်သလို မွေးပြီး သိပ်မကြာခင်မှာ ပြင်းထန်တဲ့ လက္ခဏာတွေပြတာလည်း ဖြစ်နိုင်ပါတယ်။မွေးစကလေးတွေမှာ ဘာလက္ခဏာတွေ ပြမလဲ ဆိုတာက ပြောရခက်ပါတယ်။ အတွေ့များတာကတော့။သတိမထားမိရင် အသက်သေဆုံးတဲ့အထိ ဖြစ်သွားတတ်ပါတယ်။Listeria ပိုးက မြေကြီး၊ ရေနဲ့ တိရိစ္ဆာန်တွေရဲ့ မစင်ထဲမှာ ရှိပါတယ်။ လူတွေ ဘယ်လိုကူးတာလဲ ဆိုတော့။အမေကနေ ဗိုက်ထဲက ကလေးကိုတော့ အချင်းကနေ တစ်ဆင့် ကူးစက်နိုင်ပါတယ်။ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ခုခံအားနည်းတဲ့ သူတွေက ကူးစက်နိုင်ချေပိုများပြီး ကူးခဲ့ရင်လည်း ရောဂါပြင်းထန်တတ်ပါတယ်။ကိုယ်ဝန်ဆောင်နဲ့ မွေးစ ကလေးများ။ကိုယ်ဝန်ဆောင်တွေက တခြားသူတွေထက် ပိုးကူးနိုင်ချေ ပိုများပါတယ်။ ကိုယ်ဝန်ဆောင်မှာ ဖြစ်ခဲ့ရင် သာမန် ဖျားတာ နာတာလောက်ပဲ ဖြစ်ပေမယ့် ကလေးတွေကတော့။ခုခံအားနည်းသူများ။များသောအားဖြင့်တော့ ရောဂါသိပ်မဆိုးတဲ့ အတွက် ဘာမှ မခံစားရဘဲ ပြန်ကောင်းသွားတတ်ကြပါတယ်။ တချို့တွေမှာတော့ ပြင်းထန်တဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်တဲ့။ကာကွယ်ဖို့ဆိုရင်။အစားအစာ မပြင်ခင်နဲ့ ပြင်ပြီးမှာလက်ကို ရေနဲ့ ဆပ်ပြာနဲ့ သေချာဆေးပါ။ ချက်ပြုတ်ပြီးတဲ့ အခါမှာလည်း မီးဖိုချောင်သုံးပစ္စည်းတွေ၊ စဥ့်တီတုံးတွေ၊ ဓားတွေကို သေချာ ဆေးကြောပါ။အသီးအရွက်တွေကို ရေနဲ့ နိုင်မသေပါဘူး။နိုင် ဆေးကြောပါ။ အထူးသဖြင့် အစိမ်းစားမယ့်၊ တို့စရာအနေနဲ့ စားမယ့် အသီးအရွက်တွေကို ပိုပြီး သတိထားပေးပါ။အစားအစာတွေကို ချက်ပြုတ်တဲ့ နေရာမှာ အပူချိန်များများနဲ့ သေချာကျက်အောင် ချက်ပါ။ Deliveryနဲ့ မှာစားတာတွေကိုလည်း အေးနေရင် သေချာပြန်နွေးပါ။ နို့စိမ်းတွေ မသောက်ပါနဲ့။Listeria ကို ရောဂါပိုးရှိတဲ့သူဆီက သွေးကို ယူပြီး ဓာတ်ခွဲခန်းမှာ ပိုးကောင်မွေးမှသာ ရောဂါရှိမရှိ သေချာ သိနိုင်တာပါ။ဘက်တီးရီးယားဖြစ်တဲ့ အတွက် ပဋိဇီဝဆေးနဲ့ ကုလို့ရပါတယ်။မြန်မာနိုင်ငံ အနေနဲ့ လတ်တလောမှာ အပ်မှိုကနေ ပိုးတွေ့တယ်လို့ မကြေညာသေးပါဘူး။ အမေရိကန်တွေ့တာကလည်း တချို့တံဆိပ်တွေမှာပါ။ ဒါပေမယ့် သတိထားသင့်ပါတယ်။ FDAခွင့်ပြုချက်နဲ့ ရောင်းချတာကိုပဲ စိတ်ချလက်ချစားပါ။ သေချာဆေးပြီး ကျက်အောင် ချက်ပြုတ်စားသောက်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/enoki-listeria/
အိပ်ရေးပျက်တာက ကလေးတွေကို ဘယ်လိုတွေ ထိခိုက်စေမလဲ!
အိပ်စက်မှုကကလေးရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အလွန်အရေးပါပါတယ်။ ကလေးကို ငယ်ငယ်ကတည်းက အကောင်းဆုံး ကြီးထွားစေဖို့ဆိုရင်အစာအာဟာရ ပြည့်ဝအောင်ဂရုစိုက်ပေးဖို့ လိုသလို အိပ်ရေးဝအောင် အိပ်ဖို့လည်း လိုပါမယ်။ ဒါမှ ကလေးက ကောင်းကောင်းမွန်မွန် ကြီးထွားလာမှာပါ။ ဒီလို ပြောရတာက အိပ်ရေးပျက်တာက ကလေးတွေကို ထိခိုက်တာတွေ ရှိလာစေနိုင်တာကြောင့်ပါ။ ကဲ ….. အိပ်ရေးပျက်တာက ကလေးတွေကို ဘယ်လိုတွေ ထိခိုက်စေမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။အိပ်ရေးဝတာက ကလေးရဲ့ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေဖို့ရော စိတ်ပိုင်းဆိုင်ရာနဲ့ ဦးနှောက် ဖွံ့ဖြိုးစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ကလေးတွေကို ငယ်စဉ်မှာ အိပ်ရေးဝဝ ပေးအိပ်တာက ကလေးကို နိုးကြားတက်ကြွစေဖို့ ထောက်ကူပေးသလို စိတ်ခံစားမှု ကောင်းစေဖို့ရော သင်ယူနိုင်စွမ်းတွေ ကောင်းမွန်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။အိပ်စက်ချိန်က အသက်အရွယ်ကို လိုက်ပြီး ကွာခြားနိုင်ပါတယ်။ အသက်အရွယ်အလိုက် လိုအပ်မယ့် အိပ်စက်ချိန်လေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။အိပ်ရေးပျက်တာက ကလေးတွေကို ဘယ်လိုတွေ ထိခိုက်စေမလဲ ဆိုတော့။ကလေးက အိပ်ရေးဝမှ အရာရာကို ကောင်းကောင်း အာရုံစိုက်နိုင်မှာပါ။မှတ်မိနိုင်စွမ်းလည်း တိုးလာမှာပါ။ အပြုအမူတွေလည်း ကောင်းမွန်စွာ လုပ်ဆောင်ပြုမူနိုင်မှာပါ။ ကလေးကို စာတော်ပြီး ထက်မြက်စေချင်တယ်ဆိုရင်တော့ ကလေးကို ပြည့်ဝတဲ့ အိပ်စက်ချိန်ကို ရရှိအောင် ဂရုစိုက်ဖို့ လိုပါမယ်။ညဘက်တွေမှာ ကောင်းကောင်း မအိပ်ပျော်တာကကလေးရဲ့ အာရုံစူးစိုက်မှုကို ထိခိုက်စေပြီး မှတ်မိနိုင်စွမ်း နဲ့ သင်ယူနိုင်စွမ်းတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ ကလေးက ညဘက်မှာ ကောင်းကောင်း မအိပ်ပျော်ဘူးဆိုရင် ကလေးကစာသင်ချိန်မှာ အိပ်ငိုက်နေပြီး သင်ယူမှုမှာ အခက်အခဲ ရှိစေနိုင်ပါတယ်။အိပ်ရေးမဝလို့အိပ်ငိုက်နေတဲ့ ကလေးဟာ  နေ့ဘက်တွေမှာ ကောင်းကောင်း အာရုံစိုက်ဖို့ ခက်ပါတယ်။ ကလေးက ညဘက်မှာ ကောင်းကောင်း အိပ်မပျော်ဘူးဆိုရင်တော့ အာရုံတွေစူးစိုက်ဖို့ ခက်မှာပါ။ ကလေးရဲ့ သင်ယူနိုင်စွမ်းကိုလည်း ထိခိုက်စေမှာပါ။မှတ်မိနိုင်စွမ်းက သင်ယူလေ့လာခြင်းရဲ့ တစ်စိတ်တစ်ပိုင်းပါ။ ကလေးက အရမ်းပင်ပန်းနေပြီဆိုရင်တော့ ကလေးက စာလုံးတွေကို ဘယ်လို ပေါင်းရမယ်၊ ဂဏန်းတွေကို ဘယ်လို တွက်ချက်ရမလဲဆိုတာတွေကို သိရှိနားလည် မှတ်မိဖို့ ခက်ခဲမှာပါ။ ဒါကြောင့် ကလေးကို မှတ်ဉာဏ်ကောင်းစေချင်တယ်ဆိုရင်တော့ ကလေးကို အိပ်ရေးမပျက်အောင် သေချာလေး ဂရုစိုက်ပေးလိုက်တော့နော်။အိပ်ရေးမဝတာကကလေးရဲ့ အပြုအမူပိုင်းဆိုင်ရာမှာပါ ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ အိမ်မှာရော ကျောင်းမှာပါပေါ့။ အိပ်ရေးပျက်တာ များတဲ့ ကလေးက အိပ်ငိုက်နေတာကြောင့် ဆရာ/ဆရာမတွေရဲ့ ညွှန်ကြားချက်တွေကို သေသေချာချာ သိရှိနိုင်ဖို့ ခက်ခဲသလို အခြားကလေးတွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်ဖို့လည်း ခက်ခဲပါတယ်။ကဲ ….. အိပ်ရေးပျက်တာက ကလေးကို အခုလိုလေးတွေ ထိခိုက်စေနိုင်တာကြောင့်သားသားမီးမီးတို့ကိုအိပ်ရေးဝစေဖို့ သေချာလေး ဂရုစိုက်လိုက်တော့နော်။[embed-health-tool-child-growth-chart]
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/complication-of-sleep-deprivation-in-child/
ပုခုံးဆစ်လွဲ ခြင်းအတွက် ရှေးဦးသူနာပြုနည်းလမ်း
ပုခုံးဆိုတာ ခန္ဓာကိုယ်မှာ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်တဲ့အဆစ်တစ်ခုပါပဲ။ ဒီလို လှုပ်နိုင်တာကြောင့်ပဲ မကြာခဏဆိုသလို အဆစ်ချော်ထွက်တာမျိုး ဖြစ်တတ်ပါတယ်။ မတော်တဆထိခိုက်ဒဏ်ရာရလို့ပဲ ဖြစ်ဖြစ်၊အားကစားလုပ်ရင်းပဲ ဖြစ်ဖြစ် ခိုက်မိတဲ့အခါပုခုံးဆစ်လွဲတတ်ပါတယ်။ အဖြစ်လည်းများပါတယ်။  ဒါဆိုရင် ဒီလို အခြေအနေမျိုးမှာ ကိုယ့်အနေနဲ့ ဘာလုပ်ပေးနိုင်မလဲ။ ဆေးရုံမရောက်ခင် စပ်ကြားမှာ ကိုယ့်အနေနဲ့ ဘယ်လိုများ ကူညီပေးလို့ရလဲဆိုတာ ပြောပြပေးပါမယ်။ပုခုံးဆစ်လွဲတာက အခန့်မသင့်ရင်။အချင်းချင်း အားကစား လုပ်ရင်း တစ်ယောက်ယောက်ကများ ပုခုံးဆစ်ချော်ခဲ့ရင် သင့်အနေနဲ့။-လက်မောင်းကို သွားမလှုပ်ပါနဲ့။-လက်မောင်းနဲ့ ရင်ဘတ်ကြား (ချိုင်းကြား)မှာ ခေါင်းအုံးအပါး ဒါမှမဟုတ် စောင်ခေါက်လေး ခံထားပါ။ ဘာမှမရှိရင် အဝတ်ခေါက် ထူထူ (အင်္ကျီဖြစ်ဖြစ်) ခေါက်ပြီး ခံထားပါ။-ပြီးရင် ခန္ဓာကိုယ်နဲ့ လက်မောင်းကို အဝတ်တစ်ခုယူပြီး ပတ်လိုက်ပါ။ ကိုယ်နဲ့ ပူးချည်လိုက်တဲ့ သဘောပါ။ ဒါဆို သိပ်မလှုပ်နိုင်တော့ပါဘူး။-ဒါမှမဟုတ်လည်း လူနာခံနိုင်တယ်ဆိုရင် တံတောင်ဆစ်ကို ၉၀ဒီဂရီထားပြီး ကြိုးနဲ့ သိုင်းထားပါ။-ရောင်နေတဲ့ နေရာကိုရေခဲကပ်ပေးပါ။ တစ်ခါကပ်ရင် မိနစ် ၂၀နဲ့ တစ်ရက်ကို ၄ခါကနေ ၈ခါ ကပ်နိုင်ပါတယ်။-ရေခဲကို အရေပြားအပေါ် တိုက်ရိုက် မကပ်ပါနဲ့။ အဝတ်တစ်ခုခု ခံပြီး ကပ်တာက ပိုသင့်တော်ပါတယ်။သာမန်လူတစ်ယောက်အနေနဲ့ ဒီလို ကူညီလိုက်တာက တကယ်တမ်း ဆေးရုံမှာ ကုသဖို့ အထောက်အကူ အများကြီး ဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%95%e1%80%af%e1%80%81%e1%80%af%e1%80%b6%e1%80%b8%e1%80%86%e1%80%85%e1%80%ba%e1%80%9c%e1%80%bd%e1%80%b2-%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80/
အသည်းရောင် အသားဝါ ဘီပိုးရှိသူတွေ ကျန်းမာနေစေဖို့
ပြောင်းလဲလာတဲ့နေထိုင်စားသောက်မှုပုံစံတွေကြောင့် မြန်မာနိုင်ငံမှာလည်း အသည်းရောဂါ ခံစားရသူ ဦးရေဟာ တစ်နှစ်ထက် တစ်နှစ် ပိုများလို့ လာပါတယ်။ အသည်းရောဂါတွေထဲမှာမှ အဖြစ်များတဲ့ အသည်းရောင် အသားဝါ ဘီပိုးရှိသူတွေ ကျန်းမာနေစေဖို့ ဘာတွေကိုဂရုစိုက်ဖို့ လိုမလဲ ဆိုတာကို ဒီ ဆောင်းပါးလေး ကနေတဆင့် ပြောပြပေးပါရစေ။ရောဂါပိုး ကူးစက်ခံထားရသူရဲ့သွေး နဲ့ ထိတွေ့မိတာ၊မျိုးပွားအင်္ဂါကထွက်တဲ့ အရည် ၊ သုက်ပိုးနဲ့ ထိတွေ့မိတာတွေကြောင့် ကူးစက်နိုင်ပါတယ်။ အသည်းရောင် အသားဝါ ဘီပိုး ကူးစက်ခံရတဲ့အခါအသည်းမှာ အမာရွတ် ဖြစ်တာ၊ အသည်း လုပ်ဆောင်ရည် ကျဆင်းသွားတာ၊အသည်းကင်ဆာဖြစ်တာတွေ ခံစားရနိုင်ပါတယ်။သေချာ မကုသဘဲ ထားမယ်ဆိုရင် အသက် သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။အသည်းရောင် အသားဝါ ဘီပိုး ရှိသူတွေမှာ။အသည်းရောင် အသားဝါ ဘီပိုးရှိသူတွေ ကျန်းမာနေစေဖို့ဆိုရင်။အသည်းရောင် အသားဝါ ဘီပိုးရှိသူတွေအနေနဲ့ ခန္ဓာကိုယ်မှာ အာဟာရပြည့်ပြီး ကျန်းမာနေစေဖို့အတွက်။ဒါတွေ အပြင် အမြဲမပြတ် သတိထား ရမှာက နေ့စဉ် နဲ့အမျှ ကိုယ်ရှူသွင်းသမျှ၊ သောက်သမျှ၊ စားသမျှ အားလုံးကို အသည်းက စုပ်ယူသန့်စင်ပေးနေတယ် ဆိုတာကိုပါ။ ဒါကြောင့် ကျန်းမာနေစေဖို့ ခန္ဓာကိုယ် အတွက် အရေးပါတဲ့ အသည်းကို သေချာလေး ဂရုစိုက်စေချင် ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/how-to-live-with-hepatitis-b/
နေရောင်ခြည်၏ အကျိုးကျေးဇူးများ
နေရောင်ခြည်ဟာ အရေပြားကို ထိခိုက်စေတယ်လို့ အကြိမ်ကြိမ် ကြားဖူးခဲ့ကြပါတယ်။ ဒါပေမယ့် ဘယ်နေရာမှာမဆို အကျိုးအပြစ်ရှိသလို နေရောင်ခြည်ကြောင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။နေရာင်ခြည်ရော အမှောင်ထုပါ ဦးနှောက်ကနေ ဟော်မုန်းတွေကို ထွက်လာဖို့ နှိုးဆွပေးပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့ချိန်မှာ ဦးနှောက်ကနေ ဆီရိုတိုနင်ဟော်မုန်းကို ထွက်လာစေပါတယ်။ ဆီရိုတိုနင်ဟာ စိတ်အခြေအနေကို တည်ငြိမ်ကောင်းမွန်စေပြီး အာရုံစူးစိုက်မှု ကောင်းစေပါတယ်။ ညဖက်အမှောင်မှာတော့ ဦးနှောက်ကနေ မယ်လတိုနင်ဟော်မုန်းကို ထွက်လာစေပါတယ်။ ဒီဟော်မုန်းဟာ သင့်ကို အိပ်ပျော်စေပါတယ်။နေရောင်ကောင်းကောင်းမရရင်ဆီရိုတိုနင်ဟော်မုန်းကျဆင်းနိုင်ပါတယ်။ ဆီရိုတိုနင်ကျလာခြင်းဟာ ရာသီဥတုပေါ် မူတည်ပြီးဖြစ်တတ်တဲ့ စိတ်ဓာတ်ကျခြင်းနဲ့ ဆက်စပ်နေပါတယ်။ အထူးသဖြင့် ထိုင်းမှိုင်းပြီး နေရောင်မမြင်ရတဲ့ ရာသီတွေမှာ ဖြစ်တတ်ပါတယ်။တကယ်တော့ နေရောင်ခြည်ဟာ စိတ်ကိုမြှင့်တင်ပေးနိုင်ရုံတင် မကပါဘူး။ အတော်တသင့်ပြင်းအားပဲရှိတဲ့ နေရောင်ခြည်ဟာ ကျန်းမာရေးနဲ့ပတ်သက်ပြီး အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။နေရောင်ခြည်ထိတွေ့မှုလျော့နည်းခြင်းဟာ ဆီရိုတိုနင်ကျဆင်းခြင်းနဲ့ ဆက်စပ်နေပြီး ရာသီပေါ်မှီပြီး စိတ်ကျခြင်းနဲ့ သက်ဆိုင်နေပါတယ်။ ဆီရိုတိုနင်ကို ထွက်စေတဲ့ နေရောင်ခြည်ရဲ့ ဒီသက်ရောက်မှုဟာ မျက်လုံးကနေတဆင့် ရရှိပါတယ်။ အမြင်လွှာကို ရောက်ရှိချိန်မှာ ဆီရိုတိုနင်ကို ထွက်လာစေပါတယ်။ ဒါကြောင့် နေ့တာတိုပြီး နေရောင်ခြည်ရတာနည်းတဲ့ ဆောင်းတွင်းတွေမှာ ကြုံရတာများပါတယ်။ဒီဆက်နွယ်မှုကြောင့်ရာသီအပြောင်းအလဲစိတ်ကျမှုကိုကုသရာမှာ အလင်းရောင်ကုထုံးကို အသုံးပြုလာကြပါတယ်။ အဆိုပါအလင်းရောင်ဟာ နေရောင်ခြည်အစားဦးနှောက်ကနေ ဆီရိုတိုနင်ထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။နေရောင်ခြည်ဟာ လူ့အရေပြားနဲ့ ထိတွေ့တဲ့အခါမှာ ဗီတာမင် ဒီ ထွက်လာစေပါတယ်။ သုတေသနတခုရဲ့ တွေ့ရှိချက်အရ နေရောင်ခြည်ကို နာရီဝက်ခန့် ထိတွေ့ပေးရင် ဗီတာမင်ဒီကို အောက်ပါအတိုင်း ထွက်လာစေပါတယ်။– ကော့ကေးရှပ်လူဖြူများတွင် ၅၀၀၀ ယူနစ်။– အသားနီ/ညိုသူများတွင် ၂၀၀၀၀ မှ ၃၀၀၀၀ ယူနစ်။– အသားအရောင်မည်းသူများတွင် ၈၀၀၀ မှ ၁၀၀၀၀ ယူနစ် စသဖြင့် ဖြစ်ပါတယ်။ဗီတာမင် ဒီဟာ အရိုးများရဲ့ ကျန်းမာသန်စွမ်းရေးအတွက် များစွာ အရေးကြီးပါတယ်။ ဗီတာမင် ဒီ လျော့နည်းခြင်းဟာ ကလေးများမှာ အရိုးပျော့ရောဂါ၊ လူကြီးများမှာ အရိုးပွတဲ့ ရောဂါ စတာတွေ ဖြစ်ပွားနိုင်ပါတယ်။နေရောင်ခြည် အလွန်အကျွံ ထိတွေ့ခြင်းဟာ အရေပြားကင်ဆာကို ဖြစ်စေတယ်ဆိုပေမယ့် အသင့်အတင့်လောက်ဆိုရင် ကင်ဆာရောဂါအချို့ကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ သုတေသနအချို့အရ နေရောင်ခြည်ထိတွေ့မှုနည်းတဲ့ ဒေသတွေမှာ နေထိုင်သူတွေဟာ နေရောင်ခြည်ကောင်းစွာ ရရှိတဲ့ဒေသတွေမှာ နေထိုင်သူတွေထက် ကင်ဆာရောဂါတချို့ ဖြစ်ပွားမှု ပိုမိုပါတယ်။ အဆိုပါရောဂါတွေကတော့။–အူမကြီးကင်ဆာ။– ဟော့ဒ်ကင်းပြန်ရေကြောကင်ဆာ။– သားဥအိမ်ကင်ဆာ။– ပန်ခရိယကင်ဆာ။– ဆီးကျိတ်ကင်ဆာ စတာတွေ ဖြစ်ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အဆိုအရ နေရောင်ခြည်နဲ့ ထိတွေ့ပေးခြင်းဟာ အရေပြားပြဿနာတချို့ကို တိုးတက်ကောင်းမွန်စေပါတယ်။ ခရမ်းလွန်ရောင်ခြည်ထိတွေ့သင့်တဲ့ အရေပြားရောဂါတချို့ကတော့။– Psoriasis အရေပြားရောဂါ။– နှင်းခူ။–အသားဝါခြင်း။– ဝက်ခြံ စတာတွေ ဖြစ်ပါတယ်။လူတိုင်းနဲ့တော့ အဆင်မပြေနိုင်ပါဘူး။ အရေပြားဆရာဝန်ကပဲ ဆုံးဖြတ်ပေးပါလိမ့်မယ်။…………………………………………………………………………………………..။နေရောင်ခြည်ဟာ ကျန်းမာရေးအတွက် နည်းမျိုးစုံနဲ့ အကျိုးဖြစ်ထွန်းစေပါတယ်။ စိတ်ရောကိုယ်ပါ အကျိုးကျေးဇူးပြုပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုသလို အလွန်အကျွံထိတွေ့ခြင်းမဖြစ်အောင် ဂရုပြုရပါမယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/depression-benefits-sunlight/
ကျောင်းနေအရွယ် သားသားမီးမီးတို့ကို သင်ကြားပေးထားသင့်တဲ့ ကိုယ်ခံအားဖြည့်အလေ့အထများ
ကျောင်းဆိုတဲ့နေရာက ကလေးတွေကို အမှီအခိုကင်းတဲ့ လူကြီးလေးတစ်ယောက်အဖြစ် ရှင်သန်ကြီးပြင်းလာစေဖို့ လေ့လာစရာတွေကို သင်ကြားပေးပြီး လူမှုဆက်ဆံရေးပညာရပ်တွေနဲ့ သိမြင်မှုစွမ်းရည်တွေ တိုးတက်အောင် သင်ကြားပေးတဲ့နေရာပါ။ကျောင်းနေအရွယ် ရောက်လာပြီဆိုရင်ကလေးတွေရဲ့ အချိန်တော်တော်များများက စာသင်ခန်းတွေထဲမှာ ကုန်ဆုံးကြတာပါ။စာသင်ခန်း ဆိုတဲ့နေရာမှာ ကလေးတွေ အများအပြားရှိသလို ရောဂါပိုးတွေလည်း မနည်းပါဘူး။ ကလေးတစ်ယောက်ကနေ တစ်ယောက်ကို ရောဂါပိုးတွေ ကူးစက်နိုင်ခြေကလည်း တော်တော်လေး များပါတယ်။ ဒီပြဿနာတွေက ရှောင်လွှဲလို့ မရဘူးလားဆိုတော့ မဟုတ်ပါဘူး။ သားသားမီးမီးတို့ကို သင်ကြားပေးထားသင့်တဲ့ ကိုယ်ခံအားဖြည့်အလေ့အထများ ကို လေ့လာထားမယ်ဆိုရင် ကလေးကို ရောဂါပိုးတွေကနေ ကာကွယ်ထားနိုင်မှာပါ။ကျောင်းနေတဲ့အရွယ်ရောက်လာပြီဆိုပေမယ့် သားသားမီးမီးတွေက အသက် ၇ နှစ် ကျော် ၈ နှစ် မရောက်သေးခင်အထိ သူတို့လေးတွေရဲ့ ကိုယ်ခံအားက ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးပါဘူး။ ဒီတော့ ဖျားနာမှုတွေ အလွယ်တကူဖြစ်နိုင်ပါသေးတယ်။ ဒီတော့ ကျောင်းမှာ ကလေးအချင်းချင်း ရောဂါပိုးတွေ ကူးစက်တာမျိုးမဖြစ်အောင် မေမေတို့အနေနဲ့ သားသားမီးမီးတွေကို ဒီအချက်လေးတွေ ဂရုစိုက် သင်ကြားပေးဖို့ လိုပါမယ်။ သားသားမီးမီးတို့ကို သင်ကြားပေးထားသင့်တဲ့ ကိုယ်ခံအားဖြည့်အလေ့အထများ ကတော့။လက်ဆေးတတ်အောင် သင်ပေးပါ။လက်ဆေးတတ်အောင် သင်ပေးပါဆိုတဲ့ နေရာမှာ လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး စက္ကန့်၂၀ ကြာ သေသေချာချာ ဆေးကြောလို့ ရောဂါပိုးတွေကို ကာကွယ်တတ်အောင် သင်ပေးစေချင်တာပါ။ လက်ကို သေချာစွာ ဆေးကြောတတ်တာက အအေးမိတာ၊ တုပ်ကွေး၊ ကိုဗစ်၊ ဝမ်းပျက်ဝမ်းလျှောတာနဲ့ အစာခြေစနစ်ရောဂါတွေ မဖြစ်အောင် ကာကွယ်ရာ ရောက်ပါတယ်။ပိုးမွှားတွေ ပေကျံနေတဲ့ လက်နဲ့ မျက်နှာတွေ နှာခေါင်းတွေကို မကိုင်တွယ်မိတော့ရင် ကိုယ်ခံအား ထိခိုက်မှု မဖြစ်တော့ဘူးပေါ့။ကာကွယ်ဆေး ထိုးပါ။ရောဂါပိုး တော်တော်များများကိုကာကွယ်ဆေး ထိုးပြီး ကာကွယ်တာကလည်း ထိရောက်တဲ့ နည်းလမ်းပါ။ ကလေးအသက်အလိုက် လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးဖို့လိုသလို ရာသီအလိုက် လိုနိုင်တဲ့ ကာကွယ်ဆေးတွေလည်း ထိုးဖို့ လိုပါတယ်။ ဥပမာ တုပ်ကွေး ကာကွယ်ဆေးလိုပေါ့။ တစ်နှစ်တစ်ကြိမ် ထိုးနှံပေးရုံနဲ့ တုပ်ကွေးကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးပါတယ်။ အသက်အလိုက် ကာကွယ်ဆေးတွေ၊ ထပ်ဆောင်းကာကွယ်ဆေးတွေကိုလည်း ပြည့်စုံအောင် ထိုးထားသင့်ပါတယ်။ကျန်းမာပြီး အာဟာရပြည့်ဝစွာ စားတတ်အောင် သင်ပေးပါ။ကလေးကို ကိုယ်ခံအားကောင်းစေဖို့အစာခြေစနစ် ကျန်းမာစေဖို့ မဖြစ်မနေ သင်ကြားပေးရမယ့် အလေ့အထ တစ်ရပ်က ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရ ပြည့်ဝအောင် စားတတ်စေဖို့ပါ။ ကျောင်းနေအရွယ်ကလေးတစ်ယောက်ကိုကိုယ်ခံအား ပြည့်ဝပြီး အစာခြေစနစ် ကျန်းမာစေဖို့ ဆိုရင် မေမေတို့အနေနဲ့  သားသားမီးမီးတို့ကို အခုလိုလေးတွေ ပြင်ဆင်ပေးဖို့ လိုပါမယ်။အိပ်ရေးဝအောင် ဂရုစိုက်ပါ။သားသားမီးမီးတို့ ကိုယ်ခံအား ကောင်းစေဖို့ ဂရုစိုက်ပေးရမယ့် နောက်ထပ် အချက်တစ်ခုကအိပ်ရေးဝအောင် အိပ်စက်ဖို့ပါ။ ကလေးတစ်ယောက်ဟာ အသက်အရွယ်အလိုက် ရှိသင့်တဲ့ အိပ်စက်ချိန် ရှိမှ ကိုယ်ခံအား ကောင်းပြီး ကျန်းမာမှာပါ။ ဒီတော့ ကလေးက။ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့ အားပေးပါ။သားသားမီးမီးတို့ကို သင်ကြားပေးထားသင့်တဲ့ ကိုယ်ခံအားဖြည့်အလေ့အထများထဲမှာ မေ့ထားလို့ မဖြစ်တဲ့ အချက်တစ်ခုက ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးနိုင်တဲ့ကိုယ်လက်လှုပ်ရှားမှုလုပ်တာကိုလည်း ချန်ထားခဲ့လို့ မဖြစ်ပါဘူး။ တစ်နေ့တာကို အနည်းဆုံး ၁နာရီလောက် လှုပ်လှုပ်ရှားရှား လုပ်ပေးတာက ကလေးကို ကိုယ်ခံအား ကောင်းစေသလိုအသက်အရွယ်အလိုက်ရှိသင့်တဲ့ ကိုယ်အလေးချိန် နဲ့ အရပ်အမြင့် ရစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ဒါကြောင့် ကလေးကို သူတို့ စိတ်ပါဝင်စားတဲ့ လေ့ကျင့်ခန်းလေးတွေကို လုပ်ဆောင်ခိုင်းပါ။အခုပြောခဲ့တဲ့ ကိုယ်ခံအားဖြည့်အလေ့အထလေးတွေကို သင်ကြားပေးပြီး သားသားမီးမီးတို့ကို ကျန်းမာပျော်ရွှင်စွာနဲ့ အရွယ်ရောက် ကြီးပြင်းလာအောင် ပျိုးထောင်လိုက်ပါ မေမေတို့ရေ …………..။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-growth-development/good-immune-habits-for-school-age-kids/
မီးခိုးမွှန်လို့ အသက်ရှူကျပ်နေသူကို ဘယ်လိုအရေးပေါ်စောင့်ရှောက်မလဲ
မီးခိုးမွှန်လို့ အသက်ရှူကျပ်နေသူကို ဘယ်လိုအရေးပေါ်စောင့်ရှောက်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။မီးဘေးနဲ့ ကြုံလာရတဲ့အခါ အရင်ဆုံး ရင်ဆိုင်ရမှာက မီးလောင်ခံရနိုင်တဲ့ အန္တရာယ် ဖြစ်ပေမယ့်နောက်ထပ်အသက်အန္တရာယ်ရှိစေနိုင်တဲ့အရာက မီးခိုးမွှန်ခြင်းပဲ ဖြစ်ပါတယ်။ မီးလောင်ပြီဆို ကာဗွန်မိုနောက်ဆိုက်၊ ဟိုက်ဒရိုဂျင် ဆိုင်ယာနိုက်နဲ့ ဟိုက်ဒရိုဂျင် ဆာလ်ဖိုက်တို့ လိုအောက်ဆီဂျင် ရရှိမှုကို အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ထွက်စေလို့ ပါပဲ။ဒါတွေ ရှူမိပြီဆို အသက်ရှူဖို့ အောက်ဆီဂျင်မလုံလောက်တော့ဘူး။ ဒါ့ကြောင့် ထမင်းဟင်း ချက်တဲ့ မီးဖိုက ထွက်တဲ့ မီးခိုးနံ့၊ လမ်းမှာ အမှိုက်ပုံ ရှို့တဲ့ မီးခိုးနံ့တောင် မခံနိုင်ဘဲအသက်ရှူကျပ်လာတတ်တယ် မဟုတ်လား။မီးလောင်မှုနဲ့မီးခိုးရဲ့ အပူရှိန်ကို မူတည်ပြီး ၂ မိနစ်ကနေ ၁၀ မိနစ်အတွင်း အသက် ဆုံးရှုံးရနိုင်ပါတယ်။ မီးလောင်မှုကြောင့် အောက်ဆီဂျင်တွေကို လောင်ကျွမ်းစေပြီး မီးခိုးတွေကြောင့် အဆုတ်ထဲကို ကာဗွန်မိုနောက်ဆိုက်တွေ အများကြီး ရောက်ရှိစေပါတယ်။ အောက်ဆီဂျင်ပြတ်လပ်တဲ့ မီးခိုးမွှန်ခြင်းက ၅ မိနစ်ကနေ ၁၀ မိနစ်ကြာရင်ဦးနှောက် သေဆုံးမှုကိုဖြစ်စေပြီး အသက်ဆုံးရှုံးတဲ့ အထိ ဖြစ်စေနိုင်တယ်။အသက်ရှူလမ်းကြောင်းမှာ မွန်းကျပ်လာပြီ ဆိုတာနဲ့ မီးလောင်မှု အဆင့်နဲ့ မီးခိုး အခြေအနေကို မူတည်ပြီး ဒီလက္ခဏာတွေ ခံစားရနိုင်ပါတယ်။မီးခိုးမွှန်လို့ အသက်ရှူကျပ်နေသူကို ဘယ်လိုအရေးပေါ်စောင့်ရှောက်မလဲ ဆိုတော့။ဘေးလွတ်ရာ ရွှေ့ပြောင်းပေးပါ။အောက်ဆီဂျင်ပေးပါ။အိမ်မှာ အရေးပေါ်အောက်ဆီဂျင်ဘူးရှိခဲ့ရင် သို့မဟုတ် အရေးပေါ်ဆေးရုံကားရောက်ရောက်ချင်း လူနာကို အသက်ရှူအကူအောက်ဆီဂျင်ပေးပါ။ မီးခိုးမွှန်ထားသူအတွက် အောက်ဆီဂျင်ရဖို့က မြန်နိုင်သလောက်မြန်ဖို့ အရေးကြီးပါတယ်။အရေးပေါ်အသက်ကယ်နည်း (CPR) သုံးပါ။ဆေးရုံကားစောင့်ဆိုင်းနေစဉ်အတွင်း လူနာက အသက်မရှူတော့ရင် အရေးပေါ်ရှေးဦးသူနာပြုစုနည်းအသုံးပြုဖို့ လိုပါမယ်။ အသက်ရှူမမှန်တော့တဲ့ လူနာက ကလေးအရွယ်ဖြစ်နေမယ်ဆိုရင် –။လူကြီးတွေအတွက်ကတော့ –။နောက်ပိုင်းဘယ်လိုဂရုစိုက်ပေးမလဲ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/smoke_inhalation_treatment_firstaid/
ကလေးရဲ့ဘဝကို သက်ရောက်နိုင်တဲ့ မေမေတို့ရဲ့ အမှား များ
ကလေးတွေကိုစည်းကမ်းတင်းကျပ်ပြီးပုံစံချလွန်းတာမကောင်းသလို သွန်သင်ထိန်းကျောင်းမှုမရှိလို့လည်းမဖြစ်ပါဘူး။ ကလေးတွေကို ပျိုးထောင်ရာမှာလည်း နည်းလမ်းမှန်ကန်ဖို့က အရေးကြီးပါတယ်။ ကလေးတွေကို သွန်သင်ထိန်းကျောင်းရင်း မိဘတွေလုပ်မိတတ်တဲ့ အမှား တွေရှိပါတယ်။ မသိလိုက်ဘဲ လုပ်မိနေတဲ့ နည်းလမ်းမှားတွေက ကလေးတွေရဲ့ကြီးပြင်းမှုမှာ အကျိုးဆက်မကောင်းတဲ့ ဂယက်တွေဖြစ်လာစေနိုင်ပါတယ်။ အခု သင့်ကလေးကို ပျိုးထောင်တဲ့နည်းလမ်းကရော မှန်ကန်ရဲ့လားဆိုတာ အောက်မှာဖော်ပြထားတဲ့ မိဘတွေရဲ့အမှား တွေကို ကြည့်ရအောင်။ကလေးတွေကို အမြဲလိုလို အပြစ်ပြောတာက ရှက်ရွံ့စိတ်နဲ့ချိုးနှိမ်ခံရမှုကို ခံစားရစေပါတယ်။ အပြောပဲခံနေရပြီး အမှန်ကိုသေချာမရှင်းပြတဲ့အတွက် ကလေးက အမှားထပ်လုပ်မိဦးမှာပဲဖြစ်ပါတယ်။ တကယ်တော့ ကလေးကို ညင်ညင်သာသာသတိပေးစကားပြောပြီး ဒီ အမှား ကို ဘာကြောင့်မလုပ်သင့်တာလဲ ရှင်းပြဖို့ပါပဲ။ကလေးကို သူလုပ်ခဲ့တဲ့ အမှား အတွက် ဆုံးမဖို့လိုနေပြီလို့ယူဆတယ်ဆိုရင် မွေးချင်းမောင်နှမရှေ့၊ သူငယ်ချင်းတွေရှေ့မှာ အပြစ်မပြောသင့်၊ မဆူသင့်ပါဘူး။ တစ်ယောက်တည်းရှိချိန်မှဆိုဆုံးမတာပိုကောင်းပါတယ်။ကလေးတွေကို ပြစ်ဒဏ်ပြင်းပြင်းပေးတာက မိဘတွေရဲ့မဟာအမှားတစ်ခုပါ။ ကလေးတွေရဲ့ အပြုအမူပိုင်းဆိုင်ရာ သုတေသနတွေအရ စည်းကမ်းပေးခြင်းက ပျော့ပျောင်းတဲ့အချိန်မှသာ ထိရောက်မှုရှိတာလို့ တွေ့ရှိရပါတယ်။ကလေးကို ထိန်းကျောင်းမှုက သိပ်ကြမ်းလည်း မကောင်းသလို အလိုလိုက်လွန်းလည်း ဆိုးကျိုးရှိပါတယ်။ ဖူးဖူးမှုတ်အလိုလိုက်ထားပြီး သည်းသည်းလှုပ်ချစ်တာ ကလည်း ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းမှာ ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေ ရှိလာစေနိုင်ပါတယ်။ အထူးသဖြင့် မေမေတွေက အရမ်းသည်းလွန်းရင် ကလေးက ဘာလုပ်လုပ် ကိုယ်တိုင်မလုပ်နိုင်ဘဲ မဝံ့မရဲဖြစ်နေတာ၊ တသီးတသန့်နေတတ်တာ၊ ကြောက်စိတ်ဝင်တာ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်နည်းတာတွေ ဖြစ်လာတတ်ပြီး ရွယ်တူတွေကြားမှာ နောက်ကောက်ကျနေတတ်ပါတယ်။ကလေးကို ဘာမှမသင်ပေးဘဲထားတာတော့ လုံးဝမှားပါတယ်။ သိတတ်တဲ့အရွယ်ကစပြီး သူ့အရွယ်နဲ့ကိုက်ညီမယ့် အသိလေးတွေ၊ အပြုအမူလေးတွေ၊ ဘာပဲဖြစ်ဖြစ် သင်ပေးရမှာပါ။ ကပြပါဦး၊ ရယ်ပြပါဦး၊ တာ့တာလုပ်ပါဦး စသည်ဖြင့် အလွယ်ဆုံးအဆင့်ကနေ စပြီးသင်ပေးရင်း ဒါလုပ်သင့်တယ်၊ ဒီလိုမလုပ်ရဘူး စသည်ဖြင့် အကောင်းအဆိုးကို သင်္ကေတပြပြီး ခွဲခြားပေးရပါမယ်။ကလေးတွေကြားမှာ ပိုအရေးပေးတာ၊ ပိုဂရုစိုက်တာ၊ မု့န်ပိုကျွေးတာမျိုး ခွဲခြားပြီးမျက်နှာလိုက်တာတွေက မလုပ်သင့်တဲ့အချက်ပါ။ မိဘတွေဆိုတာ ကလေးတွေကို တူညီစွာချစ်ပေးနိုင်ရပါမယ်၊ဒါကိုလည်း ကလေးတွေသိအောင်နေပြရပါမယ်။ကလေးက စကားပြောနေတဲ့အခါ ဒါမှမဟုတ် သူဖြစ်ချင်တာကို သူ့နည်းသူ့ဟန်နဲ့ဖော်ပြနေချိန်မှာ လှောင်ပြောင်တာ၊” နေစမ်းပါဦး” ဆိုတာမျိုး ပြောပြီးရပ်တန့်ခိုင်းတာ မကောင်းပါဘူး။ ကလေးက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းလာပြီး မှားမှာကြောက်လို့ စကားသိပ်မပြောတော့တာ၊ လူရှေ့မှရှက်တတ်လာတာမျိုး ဖြစ်စေနိုင်ပါတယ်။မေမေတို့ လုပ်မိတာများတဲ့ အမှားတစ်ခုက ကလေးရဲ့ခံစားချက်ကို ထည့်မတွေးတာပဲဖြစ်ပါတယ်။ ဥပမာ ငိုနေတဲ့အခါမျိုးဆို ရုတ်တရက်အငိုတိတ်အောင် တစ်နည်းနည်းနဲ့လုပ်လိုက်တာထက် သူတို့ဘာကိုခံစားနေရလဲဆိုတာနားလည်နေတဲ့အကြောင်း ကလေးသိအောင် ကြင်ကြင်နာနာ ချဉ်းကပ်ဖြေရှင်းပေးသင့်ပါတယ်။ကိုယ့်သားသမီးအတွက် ဘာမဆိုလုပ်ပေးနိုင်တယ်လို့ မိဘတွေ တွေးလေ့ရှိပါတယ်။ ကလေးကို ဘာမှမခိုင်း၊မသင်ဘဲ ပိုးမွေးသလိုမွေးကြတဲ့အခါ ဘာမှမတတ်၊ အလိုက်မသိတတ်တဲ့ ပေါ်ကြော့ကလေးတွေအဖြစ် ကြီးပြင်းလာပါလိမ့်မယ်။ မိဘတွေအနေနဲ့ ကလေးတွေကို ငယ်ကတည်းက ဝိုင်းကူတတ်တဲ့အကျင့်လေး ကျင့်ထားပေးသင့်ပါတယ်။ ကိုယ့်အမှိုက်ကိုယ်ရှင်းစေတာမျိုး။ ကူညီတတ်ပြီး အမှီအခိုကင်းကင်းနဲ့ ကိုယ့်တာဝန်ကိုယ်ယူနိုင်တဲ့ ကလေးတွေ ဖြစ်လာစေဖို့ ပျိုးထောင်ပေးရပါမယ်။ကလေးကို ဘယ်လိုစည်းကမ်းသတ်မှတ်ပေးရမလဲ၊ လိုက်နာအောင်ဘယ်လိုလုပ်ရမလဲဆိုတာ တချို့မိဘတွေက မသိကြပါဘူး။ ကိုယ့်တုန်းက စည်းကမ်းဘောင်ထဲ မွန်းကျပ်ခဲ့ရတဲ့အတွေ့အကြုံရှိသူမိဘတွေက သားသမီးတွေအလှည့်ကျ ကလေးက ကလေးပဲလေ ဆိုပြီး အလိုလိုက်ထားတတ်ကြပါတယ်။ ရလဒ်ကတော့ မိသားစုထဲမှာ သူတို့သာအရေးကြီးဆုံး၊ သူတို့ရဲ့လိုအပ်ချက်သာ အရေးကြီးဆုံးလို့ ကလေးတွေကမှတ်ယူလာတတ်ပါတယ်။ စည်းကမ်းမသတ်မှတ်ထားတဲ့အတွက် ဆိုးလာတဲ့ကလေးက နောက်မှ သွန်သင်လို့မလွယ်တော့ပါဘူး။ ဒါပေမယ့်စည်းကမ်းတင်းကျပ်လွန်းရင်လည်း သိတတ်လိမ်မာတဲ့သူတွေ ဖြစ်လာနိုင်သလို၊ မလိုက်နာတဲ့ကလေးကျတော့ ခံပြောတတ်တဲ့၊တော်လှန်တတ်တဲ့သဘာဝနဲ့ ကြီးပြင်းလာနိုင်တယ် ဆိုတာလည်း မမေ့ပါနဲ့။ကလေးဆိုတာ မြင်ရတွေ့ရတာ တွေကို အတုခိုးတတ်ပါတယ်။ ကလေးကို ပျော်ရွှင်တတ်၊ ချစ်ခင်ကြင်နာတတ်ပြီး တွေးခေါ်မြော်မြင်တတ်၊ ရိုသေလေးစားတတ်တဲ့သူ အဖြစ် ကြီးပြင်းလာစေချင်တယ်ဆိုရင် အဲဒီလိုဖြစ်စေချင်တဲ့ပုံစံအတိုင်း မိဘတွေက စံနမူနာကောင်းနေပြရပါမယ်။ ကလေးရှေ့မှာ ဒေါသကြီးတာ လိုမျိုး အပြုအမူတွေ မလုပ်သင့်ပါဘူး။ မိဘတွေက မဆင်ခြင်သရွေ့ သားသမီးဆီက အမှန်တကယ်လေးစားမှုကို ရနိုင်မှာမဟုတ်ပါဘူး။ ကိုယ်တော့လုပ်ပြီး ကလေးက လိုက်လုပ်တော့ အပြစ်ပေးမယ် ဆိုတာမျိုး ဘယ်တော့မှမလုပ်မိပါစေနဲ့။ကလေးဆိုတာ အိပ်ချိန်အိပ်၊ စားချိန်စား၊ ကစားချိန်ကစားရမယ်။ တီဗီရှေ့ကမခွာ၊ ဂိမ်းကစားတာကနေ မခွာတမ်း လုပ်ချင်ရာလုပ်နေတာမျိုးကို ဒီအတိုင်း ကြည့်မနေသင့်ပါဘူး။ ကလေးအတွက် မကောင်းမှန်း သိနေလျက်နဲ့တော့ ဆက်ပြီး ခွင့်မပြုထားပါနဲ့။ ကျန်းမာပျော်ရွှင်ပြီး ထူးချွန်ထက်မြက်တဲ့ ကလေးလေးတွေ ဖြစ်စေချင်တယ်ဆိုရင် ကလေးအတွက် ဘာက ကောင်းလဲဆိုတာ သေချာနားလည်ပြီး အကောင်းဆုံးကြိုးစားပဲ့ပြင်သွားရမှာ ဖြစ်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/%e1%80%a1%e1%80%99%e1%80%be%e1%80%ac%e1%80%b8/
ကိုလက်စထရောကျစေမည့် လေ့ကျင့်ခန်းများ
အကယ်၍ သင့်ဆေးစစ်ချက်မှာကိုလက်စထရောပမာဏမြင့်တက်နေမယ် ဆိုပါစို့။ သင့်အနေနဲ့ မဖြစ်မနေ လိုက်နာရမယ့်အချက်တွေကို ဆရာဝန်က ပြောပြပါလိမ့်မယ်။ အဲဒီအချက်တွေမှာ မဖြစ်မနေ ပါဝင်မှာကတော့ လေ့ကျင့်ခန်းလုပ်ဖို့ပါပဲ။ စားသောက်တဲ့ပုံစံကို ပြင်ဆင်ထိန်းညှိရုံသာမကဘဲ ကိုယ်လက်လှုပ်ရှားခြင်းပါ ပြုလုပ်မှသာ ကိုလက်စထရောကို သိသာစွာ ကျဆင်းစေမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုလက်စထရောကျစေမည့် လေ့ကျင့်ခန်းများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ကိုလက်စထရောဆိုတာ သွေးထဲမှာလှည့်ပတ်နေတဲ့ အဆီဓာတ်တမျိုး ဖြစ်ပါတယ်။ များပြားသွားရင်သွေးကြောအတွင်းနံရံတွေမှာ တွယ်ကပ်သွားနိုင်ပြီး သွေးကြောကို ကျဉ်းမြောင်းသွားစေပါတယ်။ အဲဒီအခါ နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုမိုများပြားလာပါတယ်။ကိုလက်စထရောမှာ နှစ်မျိုးရှိပါတယ်။LDL ကိုလက်စထရောကတော့ ကျန်းမာရေးအတွက် ကောင်းကျိုးမပေးတဲ့ ကိုလက်စထရောဖြစ်ပြီး ရောဂါတွေဖြစ်စေပါတယ်။ HDL ကိုလက်စထရောကတော့ အကျိုးပြုကိုလက်စထရောဖြစ်ပြီး သွေးထဲမှာ မလိုလားအပ်တဲ့ ကိုလက်စထရောတွေ စုပုံလာခြင်းကနေ ကာကွယ်ပေးပါတယ်။လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ HDL ကိုလက်စထရောကို တက်လာစေပါတယ်။ အမျိုးသမီးများကို လေ့လာခဲ့တဲ့ သုတေသနတခုမှာ အထိုင်များသူ အမျိုးသမီးများထက် လှုပ်ရှားသွားလာနေတဲ့ အမျိုးသမီးများမှာ HDL ကိုလက်စထရောများကြောင်း သိရပါတယ်။သုတေသနတွေအရတော့ လေ့ကျင့်ခန်းဘယ်လောက် လုပ်သလဲဆိုတာက ဘယ်လေ့ကျင့်ခန်းမျိုး လုပ်တယ်ဆိုတာထက် အရေးကြီးတယ်လို့ ဆိုပါတယ်။ သဘောကတော့ နှစ်သက်ရာလေ့ကျင့်ခန်းမျိုးကို စွဲစွဲမြဲမြဲလုပ်ဆောင်နိုင်ပါတယ်။ ဥပမာ နေ့လယ်ထမင်းစားပြီး လမ်းလျှောက်ခြင်း၊ လှေကားအတက်အဆင်းလုပ်ခြင်း စတာမျိုးတွေ လုပ်နိုင်ပါတယ်။ စနစ်တကျနဲ့ ပုံမှန်လုပ်ဆောင်ချင်တယ်ဆိုရင်တော့ အောက်ပါလေ့ကျင့်ခန်းတွေကို လုပ်ဆောင်သင့်ပါတယ်။ကိုလက်စထရောကျစေမည့် လေ့ကျင့်ခန်းများ ကတော့။၁။ ပြေးခြင်း၊ခပ်ရွရွပြေးခြင်း။သင့်ရဲ့ အဆစ်အမြစ်တွေကောင်းသေးရင်၊ ပြေးဖို့လည်း စိတ်ပါတယ်ဆိုရင် ပြေးခြင်းဟာ ကိုလက်စထရောကျစေဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ အပြေးပြိုင်ပွဲဝင်နေသလို ပြေးစရာ မလိုပါဘူး။ ကိုယ်နိုင်သလောက်ပဲ ခပ်မှန်မှန်ပြေးနိုင်ပါတယ်။၂၀၁၃ မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ တာဝေးအပြေးသမားတွေဟာ တာတိုအပြေးသမားတွေက် HDL ကိုလက်စထရော သိသိသာသာ တိုးတက်မှုရှိကြောင်း သိရပါတယ်။ သွေးပေါင်ချိန်လည်း ကောင်းမွန်ပါတယ်။၂။လမ်းသွက်သွက်လျှောက်ခြင်း။လမ်းလျှောက်ခြင်းဟာ ပြေးခြင်းလိုတော့ ကိုလက်စထရောကို မကျစေဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့် ကျန်းမာရေးသိပ်မကောင်းသူတွေ၊ အဆစ်အမြစ် နာကျင်ကိုက်ခဲသူများဟာ ပြေးဖို့ အခက်အခဲရှိတာကြောင့် လမ်းလျှောက်ခြင်းလောက်သာ လုပ်သင့်ပါတယ်။ ဒါ့အပြင် ပုံမှန်လမ်းလျှောက်ပေးခြင်းဟာ အဆစ်များအတွက် အကျိုးရှိပါတယ်။၂၀၁၃ မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ အပြေးသမားများနဲ့ လမ်းလျှောက်သူများကို လေ့လာကြည့်ရာမှာ ထိရောက်မှု သိပ်မကွာခြားတာကို တွေ့ရပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း အမျိုးအစားထက်စာရင် ဘယ်လောက်ထိ လုပ်နိုင်သလဲဆိုတာ အဓိကကျပါတယ်။ စွမ်းအင်ကို တူညိစွာ စိုက်ထုတ်လုပ်ဆောင်နိုင်ရင် အကျိုးရလဒ်တူညီမှာ ဖြစ်ပါတယ်။တူညီတဲ့ ကယ်လိုရီပမာဏကို လောင်ကျွမ်းစေဖို့အတွက်တော့ လမ်းလျှောက်ခြင်းမှာ အချိန်ပိုယူရမှာဖြစ်ပါတယ်။ သုတေသီတဦးရဲ့ လေ့လာချက်အရ ၄.၃ မိုင်ခန့်ကို ခပ်သွက်သွက်လမ်းလျှောက်ပေးခြင်းဟာ ၃ မိုင်ပြေးခြင်းနဲ့ စွမ်းအင်သုံးစွဲမှုခြင်း တူညီတယ်လို့ ဆိုပါတယ်။၃။စက်ဘီးစီးခြင်း။စက်ဘီးစီးခြင်းဟာလည်း ခပ်သွက်သွက်လမ်းလျှောက်ခြင်းလောက် စွမ်းအင်တူညီစွာ သုံးစွဲရပါတယ်။ အရိုးအဆစ်တွေကိုတော့ ပိုမိုသက်သာစေပါတယ်။ ဒါကြောင့် အသက်ကြီးလာသူတွေအတွက် ပိုအဆင်ပြေပါတယ်။ မကြာခဏ အဆစ်နာသူတွေဟာ ပြေးခြင်းထက်စာရင် စက်ဘီးစီးခြင်းနဲ့ ပိုသင့်တော်ပါတယ်။သုတေသနစာစောင်တခုမှာ ဖော်ပြချက်အရ လုပ်ငန်းခွင်ကို စက်ဘီးစီးပြီးသွားသူများဟာ တခြားသူတွေထက်စာရင် ကိုလက်စထရောနည်းပါးတယ်လို့ ဆိုလိုပါတယ်။ ဒါ့အပြင် စက်ဘီးစီးချိန်မှာ ဖြစ်ပေါ်တဲ့ သွေးလည်ပတ်မှုဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ အသက် ၅၀ နဲ့ ၆၅ နှစ်ကြား အရွယ်ရှိ စက်ဘီးပုံမှန်စီးသူများကို လေ့လာခဲ့ရာမှာ ဘာမှမလုပ်သူ တခြားအရွယ်တူများထက်စာရင် နှလုံးရောဂါဖြစ်နိုင်ခြေ ပိုနည်းတယ်လို့ ဆိုပါတယ်။၄။ရေကူးခြင်း။ရေကူးခြင်းဟာ အဆစ်အမြစ်များကို ထိခိုက်နိုင်ခြေအနည်းဆုံး လေ့ကျင့်ခန်းတခု ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ အသက် ၅၀နဲ့ ၇၀ကြား ရေကူးသူအမျိုးသမီးများနဲ့ လမ်းလျှောက်သူအမျိုးသမီးများကို လေ့လာခဲ့ရာမှာ ရေကူးခြင်းဟာ ကိုယ်အလေးချိန်လျှော့ချရာမှာ၊ အဆီချရာမှာ လမ်းလျှောက်ခြင်းထက် ပိုမိုသာလွန်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပုံမှန်ရေကူးသူများဟာ နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေ ပိုနည်းတယ်လို့ ဆိုပါတယ်။၅။ယောဂကျင့်ခြင်း။ဖော်ပြပြီးခဲ့တဲ့ အင်အားအသင့်အတင့်သုံးရတဲ့ လေ့ကျင့်ခန်းတွေနည်းတူ တည်ငြိမ်စွာ လှုပ်ရှားရတဲ့ ယောဂလေ့ကျင့်ခန်းတွေဟာလည်း ကိုလက်စထရောလျှော့ချဖို့ အထောက်အကူ ပြုပါတယ်။ သုတေသနတွေအရ သုံးလလောက်ဆက်တိုက် ယောဂလေ့ကျင့်ခန်းလုပ်ပေးရင် LDL ကိုလက်စထရောကို ကျဆင်းစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/cardio-endurance/exercises-to-reduce-cholesterol/
ခွေးကိုက်ခံရတဲ့ ဒဏ်ရာကို ဘယ်လိုပြုစုပေးမလဲ
လူတော်တော်များများခွေးကိုက်ခံရဖူးမယ် ထင်ပါတယ်။ ခွေးမွေးထားတဲ့ အိမ်ကို အလည်သွားရင်းနဲ့ အကိုက်ခံရတာလည်း ရှိသလို၊ ရပ်ကွက်ထဲ၊ လမ်းထဲက ခွေးတွေလည်း ကိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ခွေးကိုက်ခံရတဲ့အခါသေချာဂရုမစိုက်မိရင်အနာထဲ ပိုးဝင်နိုင်ခြေပိုးများသလိုခွေးရူးပြန်ရောဂါ ကူးစက်တဲ့အထိဖြစ်နိုင်ပါတယ်။ခွေးကိုက်ခံရတဲ့ ဒဏ်ရာကို ဘယ်လိုပြုစုပေးမလဲ။ခွေးရူးပြန်ကာကွယ်ဆေးက ဘယ်နှကြိမ်ထိုးပေးရမှာလဲ။ခွေးကိုက်ခံရတာ၊ အကုတ်ခံရတဲ့အခါ အချိန်မဆွဲပဲ ဆရာဝန်ဆီမှာ ခွေးရူးပြန်ကာကွယ်ဆေး တစ်ကြိမ် အမြန်ဆုံး ထိုးပေးရပါမယ်။ ပထမအကြိမ်ထိုးပြီး နောက် ၃ရက်အကြာမှာ တစ်ကြိမ်၊ ၇ရက်အကြာမှာ တစ်ကြိမ်၊ ၁၄ရက်အကြာမှာ တစ်ကြိမ် စုစုပေါင်း ၄ကြိမ်ထိုးပေးဖို့ လိုပါတယ်။ ဆေးမထိုးခင်မှာ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေ၊ အကိုက်ခံရပုံကို ဆရာဝန်ကို သေချာပြောပြပေးပါ။မေးခိုင်ကာကွယ်ဆေးကတော့ တစ်ကြိမ်ထိုးရုံနဲ့ လုံလောက်ပါတယ်။ခွေးရူးပြန်ရောဂါဟာ ကာကွယ်ဖို့ လွယ်ကူသလောက် ဖြစ်လာတဲ့အခါမှာ ကုသစရာဆေးမရှိပဲ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တဲ့အတွက် ခွေး အပါအဝင် ကြောင်၊ လင်းနို့၊ ကြွက် အစရှိတဲ့ တိရစ္ဆာန်တွေရဲ့ ကိုက်တာခံရပြီဆိုတာနဲ့ ကာကွယ်ဆေးကို ထိုးပေးရမှာပါ။ ဆေးထိုးဖို့ ဆရာဝန်သတ်မှတ်ထားတဲ့ ရက်မှာလည်း မပျက်မကွက် လာထိုးပေးမှ ခွေးရူးပြန်ရောဂါ မဝင်ရောက်အောင် ကာကွယ်နိုင်မှာပါ။ ကိုယ့်ကို ကိုက်လိုက်တဲ့ ခွေးက ကာကွယ်ဆေးထိုး၊ မထိုး သေချာမသိနိုင်တာကြောင့် ဖြစ်လာတာနဲ့ ကာကွယ်ဆေးထိုးတာ ကိုယ့်အတွက် အကောင်းဆုံးပါပဲ။ခွေးကိုက်ခံရတဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး သတိပြုစရာတွေ။ခွေးကိုက်တဲ့အနာကို သေချာဂရုစိုက်ပြီး သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။ အနာကို လက်နဲ့ မကြာခဏထိမိရင်ဘက်တီးရီးယားပိုးဝင်ပြီး အနာရင်းသွားနိုင်ပါတယ်။ ကိုယ်ခံအားနည်းတဲ့သူတွေ၊ ဆီးချိုရောဂါရှိတဲ့သူဆိုရင် အနာကျက်နှေးစေနိုင်တဲ့အတွက် ပိုပြီးတောင် သတိထားပေးရပါမယ်။ အကိုက်ခံရတဲ့နေရာက ပြည်ထွက်တာ၊ နီရဲနေတာ၊ အလွန်အမင်းနာကျင်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသဖို့ လိုပါလိမ့်မယ်။ခွေးအကိုက်မခံရအောင် ဘယ်လိုကာကွယ်သင့်လဲ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/dog-bite/
သားသားမီးမီးတွေရဲ့ ကိုယ်ခံအား ပြည့်ပြည့်ဝဝဖွံ့ဖြိုးစေဖို့ ဘယ်လို အာဟာရတွေ ဖြည့်ဆည်းပေးရမလဲ။
ရောဂါတစ်ခုခုဖြစ်ရင် ကလေးတွေက ပိုကူးစက်လွယ်တာကို သိကြတယ်ဟုတ်။ ဒါက ဘာကြောင့်လဲဆိုတော့ ကလေးတွေရဲ့ ကိုယ်ခံအား က ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတာကြောင့်ပါ။ ဒါပေမယ့်ကလေးရဲ့ ကိုယ်ခံအားတွေ ဒီထက်ပို ဖွံ့ဖြိုးလာဖို့ မိဘတွေက ဘေးကနေ ကူညီပေးလို့ ရပါတယ်။ ကလေးတွေကို အသက်အလိုက် ကာကွယ်ဆေးတွေ ထိုးနှံတာ၊ လိုအပ်တဲ့ အာဟာရတွေ ဖြည့်ပေးတာက ကိုယ်ခံအားပြည့်ပြည့်ဝဝဖွံ့ဖြိုးစေဖို့ နည်းလမ်းကောင်းတွေပါပဲ။ကိုယ်ခံအားစနစ်က ကလေးတွေကို ရောဂါပိုးတွေနဲ့ ဖျားနာမှုတွေကနေ ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားစနစ်ထဲမှာ ဆဲလ်တွေ၊ ပရိုတင်းတွေ၊ တစ်ရှူးတွေနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံးက လက်တွဲညီညီနဲ့ ပြင်ပကနေ ကျူးကျော်ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ပါတယ်။ ကိုယ်ခံအားက အရွယ်ရောက်လာလေလေ သန်မာလာလေလေပါ။ကိုယ်ခံအားတစ်ရပ်ကိုဘယ်လိုတည်ဆောက်ယူရသလဲ။မေမေဆီကနေ မွေးဖွားလာချိန်မှာကိုယ်ခံအားက ကလေးတွေဆီကို သဘာဝလက်ဆောင်အနေနဲ့ ပါလာတာဖြစ်ပါတယ်။ နောက်ပိုင်းကာလတွေမှာတော့ ဖေဖေမေမေတွေက ကလေးရဲ့ ကိုယ်ခံအား တည်ဆောက်မှုကို စတင် အားဖြည့်ပေးဖို့လိုပါမယ်။ အာဟာရပြည့်ဝအောင် ကျွေးမွေးပေးရင်း၊ ကောင်းမွန်တဲ့ အလေ့အထလေးတွေကို သင်ကြားပေးရင်းပေါ့။အာဟာရတွေ ပြင်ဆင်ကျွေးမွေးမှုနဲ့အတူ တစ်ဖက်ကလည်းအသက်အရွယ်အလိုက် ထိုးနှံရမယ့် ကာကွယ်ဆေးတွေကို ထိုးနှံပေးရပါတယ်။ အာဟာရပြည့်မီအောင် ဂရုစိုက်တာ ကာကွယ်ဆေး ထိုးနှံတာအပြင် ကလေးကို ပြည့်ဝတဲ့ အိပ်စက်ချိန်ရှိအောင်လည်း ဂရုစိုက်ပေးရပါတယ်။ အကြောင်းကတော့ ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိမှလည်း ကလေးက ကိုယ်ခံအားကောင်းကောင်း နဲ့ အကောင်းဆုံး ဖွံ့ဖြိုးနိုင်မှာကိုး။သားသားမီးမီးတွေရဲ့ ကိုယ်ခံအားက ဗိုင်းရပ်စ်တွေ ဘက်တီးရီးယားကူးစက်မှုတွေကို ခံရရင်း တိုက်ထုတ်ရင်းနဲ့ အသက်ကြီးလာလေလေ ပိုသန်မာလာလေလေ ဖြစ်ပါတယ်။ဒီလိုနဲ့သားသားမီးမီးတို့အသက် ၇ နှစ် ၈ နှစ် ကျောင်းနေအရွယ်ရောက်လာချိန်မှာတော့ ကာကွယ်ဆေးတော်တော်များများလည်း စုံသွားပြီ ဖြစ်သလို ကိုယ်ခံအားက ပြည့်ပြည့်ဝဝ ဖွံ့ဖြိုးလာပါပြီ။ ကိုယ်ခံအား ပြည့်ပြည့်ဝဝ ဖွံ့ဖြိုးသွားပြီဆိုတော့ ရောဂါတွေ အားလုံးကို ကာကွယ်နိုင်ပြီလား။ ဂရုစိုက်စရာ မလိုတော့ဘူးလားဆိုတော့ မဟုတ်ပါဘူး။ကိုယ်ခံအား ကောင်းပြီး ကျန်းမာနေစေဖို့နဲ့ ဖျားနာမှုကင်းပြီး အကောင်းဆုံး ကြီးပြင်းအရွယ်ရောက်လာစေဖို့ ဖေဖေမေမေတို့က အာဟာရ ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့ လိုပါမယ်။ ဒီတော့ ကျန်းမာပြီး ကောင်းစွာ ကြီးပြင်းလာစေဖို့ ဘယ်လို အာဟာရတွေ ဖြည့်ဆည်းပေးရမလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ကလေးကို ကိုယ်ခံအား ကောင်းစေဖို့ လက်ဆေးတာ၊ ပြည့်ဝတဲ့ အိပ်စက်ချိန် ထားရှိတာ၊ ကာကွယ်ဆေးတွေ ထိုးပေးတာအပြင် ကိုယ်ခံအားကောင်းစေဖို့ဆိုရင် အာဟာရပြည့်ဝလုံလောက်အောင် ဖြည့်ဆည်းပေးဖို့လည်း လိုပါမယ်။ ဒီတော့ သားသားမီးမီးတို့ကို ကိုယ်ခံအား ပြည့်ဝစေဖို့အတွက် ဒါတွေကို နေ့စဉ်ပါအောင် ကျွေးပေးပါ။ဇီဝဓာတုဓာတ်ပြုမှုတွေကို။ထောက်ကူပေးပါတယ်။ဝင်ရောက်မလာအောင်။တိုက်ထုတ်ပေးပါတယ်။မဖြစ်အောင်။ကာကွယ်ပေးပါတယ်။မပါတဲ့။ကြက်သား။ကလေးကို အခုပြောပြခဲ့တဲ့ အာဟာရတွေ ပြည့်မီအောင်လည်း ပြင်ဆင်ပေးမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထတွေကိုလည်း သေချာ ဂရုစိုက်ပေးမယ်ဆိုရင် ကိုယ်ခံအားလည်း အကောင်းဆုံးဖွံ့ဖြိုးပြီးကျန်းမာထက်မြက်စွာနဲ့ အရွယ်ရောက်လာမှာပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-nutrition/what-age-is-a-childs-immune-system-fully-developed/
လေ့ကျင့်ခန်း လုပ်ခြင်း နှင့် စိတ်ခံစားမှုအခြေအနေ
ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ခြင်းဟာ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင် စေနိင်ရုံတင်မကပဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် ကြွက်သားတွေကို တောင့်တင်းစေခြင်း၊ အဆီကျစေနိုင်ခြင်း ၊ နှလုံးအားကောင်းစေနိုင်ခြင်း၊ သွေးပေါင်ထိန်းပေးနိုင်ခြင်း စတဲ့ ကောင်းကျိုးတွေ အများရှိပါတယ်။ ဒီနေ့ ဒီဆောင်းပါးလေးမှာကတော့ ကိုယ်လက်လေ့ကျင့်ခန်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုနိုင်တယ် ဆိုတာလေးကို မျှဝေပေးချင်ပါတယ်။(၁) လေ့ကျင့်ခန်းလုပ်တဲ့ အချိန်မှာendorphinလို့ခေါ်တဲ့ စိတ်ခံစားမှုတွေကို ကောင်းမွန်စေနိုင်တဲ့ ဓာတုပစ္စည်း နဲ့ အခြား သဘာဝပစ္စည်းလေးတွေကို အများကြီးထုတ်ပေးပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်တဲ့ အခါမှာ သင့်အတွက် လန်းဆန်းတက်ကြွပြီး ပျော်ရွှင်တဲ့ ခံစားမှုမျိုးရစေနိုင်ပါတယ်။  အဲဒီ endorphin လို့ခေါ်တဲ့ ဓာတုပစ္စည်းလေးတွေက နာကျင်မှုကို ဖြစ်စေနိုင်တဲ့ ခံစားချက်ကိုလည်း သက်သာစေနိုင်ပါတယ်။(၂)ပုံမှန်လေးလုပ်ပေးမယ်ဆိုရင် နေ့စဉ်ကြုံတွေ့နေကြရတဲ့စိတ်ဖိစီးမှုတွေကိုလည်း သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။(၃)ဒါ့အပြင် ကိုယ်လက်လေ့ကျင်ခန်း ပုံမှန်လုပ်ခြင်းဟာစိတ်ဓာတ်ကျခြင်း၊စိုးရိမ်ပူပန်ခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ ရောဂါတွေကိုလည်း သက်သာစေတဲ့ အစွမ်းသတ္တိရှိပါတယ်။ ဒါ့ကြောင့်လည်း စိတ်ဓါတ်ကျတဲ့သူတွေအတွက် လေ့ကျင့်ခန်းလုပ်ခြင်းကို ကုသနည်းတစ်ခု အနေနဲ့ အသုံးပြုကြပါတယ်။(၄) ပုံမှန်လေး exercise လုပ်တဲ့အခါမှာ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရပြီး ဘယ်လောက်ပဲသေးငယ်တဲ့ အောင်မြင်မှု ဖြစ်ပါစေ တဖြည်းဖြည်း မိမိကိုယ်ကို ယုံကြည်မှုရလာနိုင်ပါတယ်။ “ငါလုပ်နိုင်တယ်” ဆိုတဲ့ယုံကြည်ချက်အပြင် ခန္ဓာကိုယ်လည်းသွယ်လျကျစ်လစ်လာတဲ့ အတွက် မိမိကိုယ်ကို ပိုပြီးယုံကြည်ချက်ရှိလာတဲ့ အတွက် လူမှုဆက်ဆံရေး၊ ပေါင်းသင်းဆက်ဆံရေးတွေမှာ ပိုပြီး အဆင်ပြေ ချောမွေ့လာမှာပါ။(၅)လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပြသနာတွေကို ကုသပေးနိုင်ရုံတင်မကပဲ ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်အောင်လည်း ကူညီပေးနိုင်တဲ့ အတွက် သင့်ရဲ့ နေ့ရက်တိုင်းဟာအိပ်ရေးဝပြီး လန်းဆန်းတက်ကြွနေနိုင်မှာပါ။တစ်ကြိမ်ကို မိနစ် ၃၀ (သို့) ၄၅မိနစ်လောက် တစ်ပတ်ကို ၃ ရက်မှ ၅ရက် အထိ လုပ်ပေးသင့်ပါတယ်။ ပုံမှန်လေး ဂရုစိုက်ပြီး လေ့ကျင့်ခန်းတွေ လုပ်ပေးမယ်ဆိုရင်တော့ ပိုပြီးထိရောက်တဲ့ အကျိုးကျေးဇူးတွေ ရနိုင်မှာပါ။ကျန်းမာရေးအတွက် အထောက်အကူပေးနိုင်မယ့် လေ့ကျင့်ခန်း အမျိုးအစားတွေ အများကြီး ရှိပါတယ်။ ဒါ့ကြောင့် စစချင်းလုပ်တော့မယ်ဆိုရင်တော့ ဘယ်လိုမျိုး ကိုယ်လက်လေ့ကျင့်ခန်းမျိုးကို စိတ်ပါဝင်စားလဲ ဆိုပြီး အရင်ဆုံး စဉ်းစားသင့်ပါတယ်။ ဥပမာ –စက်ဘီးစီးခြင်း၊ ကခြင်း၊ အိမ်မှုကိစ္စများလုပ်ခြင်း ( တံမြက်စည်းလှဲ၊ ကြမ်းတိုက်၊ စသည်) ၊ ရေကူးခြင်း၊ တင်းနစ်ကစားခြင်း၊ ကြက်တောင်ရိုက်ခြင်း ၊ လမ်းလျှောက်ခြင်း၊ Yoga ဆော့ခြင်း နဲ့ အခြား လေ့ကျင့်ခန်းတွေ အများကြီး ရှိတဲ့ အတွက် ကိုယ်တိုင်ရွေးချယ် လုပ်ဆောင်နိုင်ပါတယ်။ကျန်းမာကြံ့ခိုင်ပြီး တက်ကြွလန်းဆန်းနေဖို့ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ရင်း မိမိအတွက် အကျိုးရှိတဲ့ ဝါသနာလေးတွေကိုလည်း ရှာဖွေ တွေ့ရှိနိုင်ကြပါစေ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။ရေးသားသူ- Phoo Ngon။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/fitness-motivation/%e1%80%9c%e1%80%b1%e1%80%b7%e1%80%80%e1%80%bb%e1%80%84%e1%80%b7%e1%80%ba%e1%80%81%e1%80%94%e1%80%ba%e1%80%b8-%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-%e1%80%94/
Pneumonia ( နမိုးနီးယား )
Pneumonia (နမိုးနီးယား)ဆိုတာ အဆုတ် ဘယ်ခြမ်း သို့ ညာခြမ်း သို့ တစ်ခုလုံးကိုပိုးဝင်တဲ့ ရောဂါဖြစ်ပါတယ်။ နမိုးနီးယားဖြစ်စေသော ရောဂါပိုးများစွာရှိပါတယ်။ ကူးစက်ခံရသော အဆုတ်မှ အရည်များစိမ့်ထွက်ပြီး ဆဲလ်သေများကို ခွာချတဲ့အခါ လေအိတ်ငယ်များကို ပိတ်စေပါတယ်။ ဒါကြောင့် အဆုတ်မှ အောက်စီဂျင်ယူပြီး သွေးဆီသွင်းပေးရန် ခက်ခဲသွားပါတယ်။ အောက်စီဂျင်မလုံလောက်လျှင် သင့်ခန္ဓာကိုယ်လည်း ကောင်းကောင်း အလုပ်လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။နမိုးနီးယားရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အထက်က ဖော်ပြထားသည့်အထဲမှာ မပါဝင်သေးတဲ့ အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ တကယ်လို့ ကိုယ့်ဆီမှာ ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေတယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။အောက်ဖော်ပြပါ အချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။အကြောင်းရင်းတွေ အများကြီးရှိပေမယ့် အဓိကကတော့ ၃မျိုးပါပဲ။နမိုးနီးယား ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။နမိုးနီးယားကို အအေးမိ၊ တုပ်တွေးများနဲ့ မှားလေ့ရှိပါတယ်။ ဒါပေမယ့် နမိုးနီးယားသည် ဖြစ်ချိန်ပိုကြာပြီး လက္ခဏာများကလည်း အအေးမိတာထက် ပိုပြီးဆိုးဝါးတတ်သောကြောင့် သေချာသတိထားသင့်ပါသည်။သင့်မှာ နမိုးနီးယားရှိမရှိ ဆုံးဖြတ်နိုင်ရန် သင့်ရောဂါအခြေအနေနဲ့ ပတ်သတ်သည်များကို ဆရာဝန်မှ မေးမြန်းနိုင်ပါသည်။ ဥပမာ –။လိုအပ်ပါက ဆရာဝန်သည် အောက်ပါ စမ်းသပ်စစ်ဆေးမှုများကို လုပ်ပါလိမ့်မည်။နမိုးနီးယားကုသမှုသည် အမျိုးအစားနဲ့ ပြင်းထန်မှုပေါ် မူတည်ပါတယ်။ တချို့အခြေအနေများတွင်တော့ မပြင်းထန်တဲ့အတွက် အိမ်မှာပဲ ဆေးသောက်လို့ ရပါတယ်။တစ်ဖက်ကလည်း ဆေးဝါးတွေနဲ့ ကုသနေသလို တစ်ဖက်ကလည်း အိမ်တွင်းနည်းလမ်းတွေနဲ့ သက်သာအောင် နေနိုင်ပါတယ်။ ဒါကြောင့်။နမိုးနီးယားဆိုတာ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ရောဂါတစ်ခုပါ။ တချို့တွေက သိတောင်မသိလိုက်ရပေမယ့် တချို့တွေမှာတော့ ဆေးရုံတက်ရတဲ့အထိ ပြင်းထန်ပါတယ်။ အကြောင်းရင်းတွေလည်း အများကြီးရှိပြီး ရောဂါအလိုက် ကုသမှု ပေးရပါတယ်။ စောစောသိလို့ စောစောကုသနိုင်ရင်တော့ အကောင်းဆုံးပါပဲ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/pneumonia/pneumonia/